ဒီနေ့ စာမရေးရသေးတာနဲ့ နေလို့ မကောင်းချင် ဖြစ်နေတယ်ဗျ..၊ ဒါနဲ့ ရေးအုန်းမှ ပါလို့.. စဉ်းစားပြီး ရေးလိုက်တယ်..ရောက်တတ်ရာရာ ပေါ့ဗျာ..၊ အပျင်းပြေ ဖတ်ဘို့ပါ..။
ကျနော် ငယ်ငယ်က (အိမ်ထောင်မကျခင်ထိပေါ့) ကျနော့် တို့အိမ်မှာ ငါးပိ မစားရဘူး.. ငံပြာရည် သုံးရင် လည်း ပဲ ငံပြာရည်ဘဲ သုံးရတယ်..၊ ကျနော် တို့ အဖေ က ငါးပိမကြိုက်လို့ လား.. မဟုတ်ဘူး ကြိုက် သလား မမေးနဲ့ သူများအိမ်က ငါးပိကြော်တို့ ငါးပိရည်တို့ ဆို တအားစားတာ..၊ သူက အိမ်မှာဘဲ မစား ရတာ.. နံ လို့တဲ့ ၊ ညစ်ပတ်လို့ တဲ့.. အနိုင်ကျင့်တာပေါ့ဗျာ..၊ ဘယ်ဗမာက ငါးပိမစားဘဲ နေနိုင်မှာလည်း..။
အဲဒီတော့ ကျနော် တို့ တမိသားစုလုံးက ဒီအမိန့်ဟာ မတရားဘူးပေါ့..၊ အဲဒီတော့ မတရား တဲ့ ဥပဒေ မှန်သမျှ ဆန့်ကျင်ကြတဲ့...၊ စိတ်ချ .. အားရှိပါးရှိကို ဆန့်ကျင့်ပြမယ်.ဆိုပြီး ကျနော် တို့ တအိမ်လုံး က ဆန့်ကျင့်ကြတယ်...၊ အားလုံး က ငါးပိကြိုက်တာကိုးဗျ..၊ သူများအိမ်က ငါးပိစားရအောင် ဘယ်သူက နေတိုင်း ထမင်းဖိတ်ကျွေး နိုင်မှာလည်း..၊ အဲဒီတော့ ကျနော် တို့လည်း နေ့တိုင်း ငါးပိစားနိုင်အောင် အကြံအဖန် တီးရတာပေါ့..။
အဲဒီတော့ ကျနော် တို့ က ဖေဖေ ကျောင်းသွားမဲ့ အချိန်ကိုစောင့်တယ်... ဖေဖေ ကျောင်းသွားတာ သေချာ အောင်လည်း နာရီဝက်လောက် စောင့်ရတယ်..၊ တခါတခါ စိတ်မထင် ရင် ပြန်ပြန် လှည့်လာတယ်.. စာအုပ် ကျန်လို့ ဘာညာပေါ့ဗျာ.. အမှန်တော့ သူက သူ့အမိန့် ကို နာခံကြရဲ့ လားဆိုတာ လာလာ ထောက်လှန်း တာ.. ထောက်လှန်းရေး ကောင်းတယ်ပေါ့ဗျာ... ဖေဖေ ရဲ့ ပုံမှန် ထောက်လှန်းရေး ကို တန်ပြန် ထောက်လှန်း ရေးနဲ့ ကျနော် တို့က ဆန့်ကျင် ရတာပေါ့...။
ဖေဖေ သွားတာ သေချာပြီ လို့ထင်ရင် အားလုံး သဘောတူ စားချင်တဲ့ ငါးပိနဲ့ ပတ်သက်တာ လုပ်စားကြတယ်ဗျ..၊ ငါးပိကြော်..၊ ငါးပိထောင်း..၊ ဘာလချောင်ကြော်..၊ ငါးပိသုတ်..၊ ..ငါးပိချက်..၊ ငါးပိရည်..၊ ငါးပိပေါင်း ပေါ့..၊ အဲဒီထဲမှာ မှ ကျနော် တို့ မကြာမကြာ လုပ်စားလေ့ ရှိတဲ့ ငါးပိပေါင်း လုပ်နည်း လေး ပြောချင်လို့ ဗျ.. ကျနော် တို့ အားလုံး ငါးပိပေါင်း ကို ကြိုက်တယ်ဗျ...၊ ငါးပိဆိုရင် ဘာဘဲဖြစ်ဖြစ် ကြိက်တော့ ကြိုက်တာပါဘဲ...။
ပထမဆုံး မေမေ ဈေးက ဝယ်လာတဲ့ လှို့ဝှက် တဲ့ နေရာက ငါးပိအစိမ်း ငါးကျပ်သားလောက် ကို ယူ ဟင်းပန်ကန် ခပ်ပက်ပက် လေးထဲမှာထည့် .. ကြက်သွန်ဖြူ ပါးပါး လှီး ..ကြက်သွန်နီလည်း ပါးပါးလှှီး.. ပုဇွန်ခြောက် မှုန့် ဒါမှမဟုတ် အကောင်လိုက်ပေါ့.. ပြီးတော့ ငရုပ်သီး အစိမ်း ပါးပါးလှီး .. နောက် ငရုပ်သီး အကြမ်းမှုန့်ပေါ့ အဲဒါတွေ အားလုံးကို အဲဒီ ဟင်းပန်ကန် ပက်လေးထဲ ဒါမှ မဟုတ် ဂျိုင့် ခပ်ကြီးကြီးထဲ မှာ တပုံစီ ထည့်.. ။
အားလုံး ထည့် ပြီးမှ ဆီစိမ်း ကို ငါးပိ မြုပ်နေအောင်ထည့် တယ်ဗျ...၊ ပြီးရင်တော့ ရေနွေးတည် ပြီး ပေါင်းတော့တာဘဲ.. ငါးပိနံလေး မွှေးပြီး.. ကြက်သွန်တွေ နပ်ပြီဆိုရင်တော့ စားလို့ရပြီပေါ့.. ရှယ်ဗျ.. ကောင်းသလား မမေးနဲ့ အချဉ်စားချင်ရင် လည်း သံပရာသီးလေး ညှစ်လိုက်ကြပေါ့ဗျာ..။
အဲ.. ပြောဘို့မေ့တော့မလို့ အားလုံးစားပြီးရင် အဖုံးကို လုံအောင် ပိတ်ပြီး ဖေဖေ မတွေ့နိုင်တဲ့ ဆန်အိုးထဲမှာ ထည့်ပြီး ဖွက်ခဲ့ဘို့ လည်း မမေ့ကြနဲ့နော်...၊ ဒါက အရေးအကြီးဆုံးဘဲ.. ၊ အဲ.. သိသွား ရင်တော့ ဟိုဘက် ဘလောဂ့် က ညီမ အင်ကြင်း လာပေးတာလို့ ညာပြောလိုက် ကြနော်..။
တကယ်ဆိုရင်.. ဖေဖေ ရေ မညာ ချင်ပါဘူး.. ၊ ဒါပေမဲ့ တခါတလေ ကြရင် လူတွေ လက်မခံနိုင်တဲ့ ဥပဒေ မျိုး မလိုက်နာနိုင်တဲ့ ဥပဒေမျိုး ထုတ်တဲ့အခါ စထုတ်တဲ့ အချိန်က စပြီး အဲ့ဒီ ဥပဒေ ဟာ ပြယ်သွားပြီတဲ့.. ဖေဖေ ပြောခဲ့တာနော်..၊ မြန်မာ အိမ်တအိမ် မှာ ငါးပိ မစားရလို့ ဖေဖေ တသက်လုံး အမိန့်ထုတ်ထားတယ်နော်.. မတရားတဲ့ ဥပဒေ နဲ့မလိုက်နာနိုင်တဲ့ ဥပဒေ မျိုး ဖြစ် နေတဲ့ အတွက်.. ရွှေစင်ဦး တို့ တမိသားစုလုံး အဲဒီလိုမျိုး ဆန့်ကျင့်ခဲ့ ညာခဲ့ပါတယ်..ဖေဖေရေ..။
(ဤ စာစုလေး အား ရုံးတရုံး မှ ဝန်ထမ်း များအားလုံးအား G mail နှင့် G talk မသုံးရဟု အမိန့်ထုတ်ပြန် လိုက်ကြောင်း နှင့် ယင်းအမိန့် အား သိရှိကြောင်း တရုံးလုံး လက်မှတ် ထိုး လိုက်ရကြောင်း ဆိုတဲ့ သတင်းလေး ကို ကြားလိုက်ရတော့ စိတ်ထဲမှာ ခံစား လိုက်ရတာလေး အတွက် ရေးလိုက်တာပါ..)
အင်း..ရေးသာရေးရတယ်.. အိမ်က သမီးတွေ gtalk သုံးလွန်းလို့ ချစ်ညီမ များ အမိန့် ထုတ်လိုက်လေသလား...
စာရေးသူ-ရွှေစင်ဦး
.
14 comments:
အားအားရှိ ညီမ လာလာခလုပ်တိုက်နေ ဟင်းစပ်တွေ မပြောပြဘဲထားလိုက်ရလို့ online ပေါ်တောင် အညာဟင်းလေးတွေ မချက်တတ်ဘူးဖြစ်သွားမယ်နော်
ကော်ဖီလည်း အတိုက်တော့ဘူး ချိတ်ချိုးတယ်
ချစ်ညီမ
seesein
မရွှေစင်က အချက်အပြုတ်လဲ ကောင်းမဲ့ပုံပါ
ငပိပေါင်းလေးက ဖတ်ရင်းအနံ့တောင်ရလာသလို..
ငပိမစားရတာကြာလို့ ရေးထားတာဖတ်ပြီး ဗိုက်တောင်ဆာလာတယ်..
ဟုတ်တယ် မရွှေစင်ပြောသလိုဘဲ
မြန်မာနဲ့ငပိက ကွဲကွာလို့ မရစကောင်းဘူးဆိုတာ..
ထောက်ခံသွားတယ်....
ရေးထားပုံ ရယ်ရတယ်...
ငါးပိဖုတ်ပြီး ကိုယ်တိုင်လုပ်တာ မဟုတ်ပါဘူး လိမ်လို့ရသလား...
အနံ့တော့ ရှိအုံးမယ် ထင်တယ်ဗျ...
မတရားတဲ့ အမိန့်ကို အဖေသောဘာသော နားမလည်ဘဲ ဆန့်ကျင်ပြတာ အတုယူထိုက်တယ်...
းဝ)
ငပိပေါင်းတဲ့ မကြားဖူးဘူးအမရ
ဝက်သားပေါင်းလေးဆို တော်သေး :)
အင်း..စားချင်စရာလေးပဲ..
အစကငါးပိထောင်းသိပ်မစားဖြစ်ဘူး..ဒီရောက်မှစားချင်လာပေမဲ့ အခွင့်မသာတော့ဘူး..
အမငါးပိပေါင်းလေး အားချိန်လုပ်စားဦးမယ်။ တခါမှစားဘူးဘူး။ မရမ်းသီးငါပိထောင်းကျတော့ကြိုက်တယ်။
ငါးခူနဲ့ကန်စွန်းရွက်ချဉ်ရည်ချက် ငါးပိထောင်းလေးနဲ့ ပီးတော့ ငါးမုန့်လေးပါကြော်ကျွေး ..ငါပိထောင်းက စပ်ပေမဲ့ တအားမစပ်နဲ့နော်..။ ချက်ကျွေးပါ..အဲဒီဟင်း
အဲဒါ အမတို့ဖေဖေက ကလေးတွေကို ညာတတ်အောင်သင်ပေးလိုက်တာ..ဟီးဟီး..ရန်တိုက်သွားတယ်..
မတရားမှုမှန်သမျှသွေဖီကြ....
အနော်ပြောတာဟုတ်ဘူးနော်..
ငပိစားရဖို့အရေး...တို့အရေး
နံတာ မနံတာ ....တို့အရေး
အရေးတော်ပုံ ...အောင်ရမည်။
ငပိ..ငပိ..ဖုတ်..ဖုတ်
မီးတုတ်..မီးတုတ်..ရှို့...ရှို့
မန်းလေးလာရင် ငပိပေါင်းလုပ်ကျွေး...ဒါပဲ...:))
Mama Shwezin,I want to eat your "Ngapi" with your mother's pork curry with dried mango,but just now I can't get this curry,so the best for me is to go into the kitchen for a bowl of ready made noodle.
Last year,in January,I enojoyed Mandalay.My friends and I came to Mandalay for an exam.So no sooner we had sat for it than we flew from here to there,all around Mandalay,there to Amarapura(which also possesses amazing environment),and then to Maymyo in the next day at dawn.(We chose the motor-cycles.It is unforgettable journey,really nice.)
I will try to visit again Mandalay in next coming years.
Wishing to greet you also at this time,yours lovingly Jasmine.
စားစရာတွေလာလာမပြောနဲ့..
ဒီသရော်စာလေးတော့ကြိုက်တယ်ရွှေစင်ရေ...
မရွှေစင်ရဲ့ အာဏာဖီဆန်တဲ့ ငါးပိစစ်ဆင်ရေးကြီးပါလား။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တောင် ငါးပိနဲ့တွေ့တော့ မခံနိုင်တော့ဘူးနော်။ မိုက်တယ် :P
ကျမလဲ ငါးပိပေါင်းလုပ်စားကြည့်အုံးမယ်။ ဘယ်လောက်ကြာကြာပေါင်းရင် ရလဲ မသိဘူး။
တိန်!!!!! နေရင်းထိုင်ရင်း တရားခံဖြစ်ရမယ့်အပေါက်ပဲ...ဒါ့ကြောင့်ပြောတာ အပေါင်းကြောင့်ဂုဏ်တက် အပေါင်းကြောင့်ဂုဏ်ပျက်တဲ့...အပေါင်းအသင်းပေါင်းတာကြည့်ပေါင်းမှ...
ညီမလေးက ဘဘကြီးအမျက်တော်ရှမှာကိုကြောက်တယ်
(မှတ်ချက်။ ။ ဘဘကြီးဆိုတာ မမရွှေစင်ရဲ့အဖေကိုပြောတာနော် အဟက်...)
ချစ်ညီမလေး
ငပိပေါင်းတာ သိပ်နားမလည်လို့မေးပါရစေ.. ငါးပိစိမ်းကိုပေါင်းတာလား..ကြိုပြီးသားငပိ၇ည်ကိုပေါင်းတာလား..ငပိစိမ်းကိုပေါင်းတာဆို အရိုးတွေစစ်ပစ်လိုက်လား..ထည့်ထားတဲ့ အဆာပလာတွေကရော..ဦးနတ်အိမ်ကိုလုပ်ကျွေးချင်လို့..
ငါးပိပေါင်းတယ်ဆိုတာ ငပိအစိမ်းကိုပေါင်းတာလား ...ငပိရည်ကျိုပြီးသားကိုပေါင်းတာလား..ငပိစိမ်းကိုပေါင်းတာဆို အရိုးတွေထုတ်ပစ်ရလား..အဆာပလာတွေထည့်ထားတာဆိုတော့ ဘယ်လိုလုပ်လည်း...တို့က အရမ်းနုံတော့ နားမလည်လို့ပါ..
Post a Comment