ဒီနေ့ တော့ စောစောစီးစီး ချစ်ညီမရဲ့ သြဘာပေးခြင်း ခံလိုက် ရတယ်..၊ ခင်ဗျားဟာလေ နေ့တိုင်း နေ့တိုင်း ဒီလို မဟုတ်တာတွေ ရေးနေမယ့် အစား သမိုင်းတွင်မယ့် စာလေး ဘာလေး ရေးပါလားတဲ့.. ။
အဟင်း သမိုင်းတွင် မယ့် စာတော့ ရေးနိုင်မှာ မဟုတ်ဘူး သမိုင်း ဖျက်မယ့် စာတော့ ရေးနိုင်မလား မသိဘူး.. ၊ ဒါပေမဲ့ ရပါတယ်.. သမိုင်း တွင်မယ် ..စာလည်း မရေးခဲ့.. သမိုင်း ဖျက်မယ့် စာလည်း ရေးမရ ဖြစ်နေရင် တော့ အဟင်း.. သမိုင်း ပြင်ရုံပေါ့.....။
အဟင်း သမိုင်းတွင် မယ့် စာတော့ ရေးနိုင်မှာ မဟုတ်ဘူး သမိုင်း ဖျက်မယ့် စာတော့ ရေးနိုင်မလား မသိဘူး.. ၊ ဒါပေမဲ့ ရပါတယ်.. သမိုင်း တွင်မယ် ..စာလည်း မရေးခဲ့.. သမိုင်း ဖျက်မယ့် စာလည်း ရေးမရ ဖြစ်နေရင် တော့ အဟင်း.. သမိုင်း ပြင်ရုံပေါ့.....။
ချစ်ညီမကို...ကျနော့် လည်း ခပ်တည်တည် ပြန်ပြောလိုက်တယ်.. မင်းက ဘာသိလို့ လည်း ငါ သမိုင်း တွင်မယ် စာရေးခဲ့ပြီးသားပါလို့... သနားစရာ ချစ်ညီမ ခမျာ.. ဘယ်တုန်းက ရေးခဲ့တာလည်းဟင်တဲ့ .. ၊ ခင်ဗျား ရဲ့ မနေ့က ရေးတဲ့ စာထဲမှာတော့ ရွှေစင်ဦး ရဲ့ စာပေသမိုင်းကြောင်း ဆိုပြီး ရေးခဲ့ တယ်မဟုတ်လား..၊ ခင်ဗျား ရဲ့ သမိုင်းကြောင်းဟာ မကောင်းလွန်းလို့ ခင်ဗျားတောင် ရှက်လွန်း လို့ စာမရေးတော့ဘူး ဆိုပြီး ..... အခု အင်တာနက် ထဲက ခင်ဗျားကို သနားလို့ စာလာ ဖတ်တဲ့ သူတွေ ရှိလို့ ပြန်ရေးတာဆို.... လို့ ပြန်ပြော ရှာတယ်ဗျာ့..။
သနားတယ်..ရွှေစင်ဦး တို့က ချစ်ညီမ လောက်တော့ သနားတယ်...၊ ကဲ ချစ်ညီမ ရေ မင်းသိထားတဲ့.. ရွှေစင်ဦး ရဲ့ သမိုင်းကြောင်းကို မေ့လိုက်စမ်း..၊ ချစ်ညီမ က အူကြောင်ကြောင် နဲ့ ဘာကို မေ့ရမှာလည်း ဗျတဲ့ ...၊ မနေ့က ရွှေစင်ဦး ရဲ့ စာပေသမိုင်းလေ ဆိုတော့.. ချစ်ညီမ က အင်း ကျနော်လည်း မရူးသေးပါဘူး.. အတိတ် မေ့ရအောင်လည်း အခုမှ ၂ရက်တပိုင်းရှိပါသေးတယ်.. မမေ့ဘူးဗျာ.. မမေ့ဘူး တဲ့..၊ လူများ အရူး မှတ် နေလား မသိဘူး တဲ့..။
ဟေ့.. ငါဟာ မင်းအမ.. မင်း ဒီလို နေထိုင် စားသောက်နေနိုင်အောင်. ငါ မနားမနေ အလုပ် လုပ်ပြီး လုပ်ကိုင် ကျွေးမွေး နေတာ.. ငါ့ကျေးဇူးတွေ မင်းမသိဘူးလား .. အဲဒီ ကျေဇူး တရားတွေ ထောက်ထားပြီး.. ငါ့ စာပေ သမိုင်း ကို မင်းမေ့လိုက်စမ်းပါ....ဆိုပြီး ချော့ချော့ မော့မော့ နဲ့ ချောက်ပြောလေး ပြောလိုက်တော့.. ချစ်ညီမ က နဲနဲ သနားသွားတဲ့ ပုံနဲ့ ..ငါ့အမကြီးတော့ ရူးသွားရှာပြီ ဆိုပြီး. အင်း ကျနော်က မေ့ပြစ်လိုက်ပေမဲ့.. ခင်ဗျား ရဲ့ အင်တာနက် ကြီးထဲက စာဖတ်သူ တွေကိုကြ ဘယ်လိုလုပ်မှာလည်း တဲ့.....၊။
ဟဲ.. ဟဲ ပိုင်တယ်.. ရတယ် ငါ့ ဘလော့ လာတဲ့ စာဖတ်သူ ဟာ ငါ့လူ ဘဲ .. ကဲ ချစ်ပရိတ်သတ် များ ရေ မကြာခင်မှာ ရွှေစင်ဦး ရဲ့ သမိုင်းပြင်မဲ့ စာကြီး ကို ပြန်ရေးပါအုန်းမယ် ဖတ်ရှု့ အားပေးကြပါလို့.. နောက်ပြီး.. ဟို..ဟို..မနေ့ကရေးထားတဲ့ ရွှေစင်ဦး ရဲ့ စာပေသမိုင်းကြောင်း ဆိုတာကြီး ကိုမေ့လိုက်ကြတော့နော်... အဟဲ မေ့ မယ်မဟုတ်လား ဟင်... ။
အင်း မိုမိဂျိ လေး က ညီမ ကဉာဏ်ကောင်း တယ်. မေ့လို့မရဘူးတဲ့...၊ ကိုမိုးကြီး ကလည်း မမေ့ဘူး.. ဘယ်တော့မှ မမေ့ဘူး တဲ့ ဂျစ်တီး ဂျစ်ကန် ပြန်ပြောတယ်..၊ ရွှေစင်ဦး တို့က ပြုံးပြုံးလေး ဘဲပြန်ပြော လိုက်တယ်.. ရတယ်လေ.. ဖြတ် ၂ဖြတ် ခင်ခင်လေး ဖြတ်၊ ဟယ်လင် ဖြတ်... ကဲ အားလုံး အားလုံး မေ့လိုက်ကြ တော့နော်..၊ အင်း မိုမိဂျိ လေး အတိတ်မေ့ သွားပြီ.. ကိုမိုးကြီး ကတော့ အဟင်း.. မေ့ဘို့ ကျိုးစားပါမယ်တဲ့...။
ကဲ.. ချစ်ညီမ ရေ ကြားတယ် မဟုတ်လား ... ရွှေစင်ဦး ရဲ့ စာဖတ်သူများဟာ ရွှေစင်ဦး ရဲ့ လူများပါလို့... သူတို့ အားလုံး ရွှေစင်ဦး ရဲ့ စာပေသမိုင်း ဆိုတာကြီးကို မေ့ သွားကြပြီ တဲ့...၊ မကြာခင်မှာ ရွှေစင်ဦး ရဲ့ သမိုင်း ပြင်မဲ့ စာလေး ကိုဖတ်ပြီး ထောက်ခံအားပေး ပါမယ်တဲ့...။
အမှန်တော့ ကျနော် ဟာ ရွှေစင်ဦး ရဲ့ စာပေသမိုင်း ဆိုတာကြီးကို မနေ့က ရေးခဲ့ ပြီး အားတိုင်း ပြန်ဖတ် နေရင်း အတွေးပေါ်သွားတာဗျ.. သူများတွေများ.. သမိုင်း တွင်မဲ့ စကား တို့ သမိုင်း တွင်မဲ့ စာတို့ သမိုင်း တွင်မဲ့ လုပ်ဆောင်ချက် တို့ နဲ့ ထူးချွန် ထက်မြက်လိုက်ကြတာ.. ငါ့ ရဲ့ စာပေသမိုင်း ဆိုတာကြီးကတော့ အနှစ်မဲ့ လိုက်တာ.. ဆိုပြီး ရွှေစင်ဦး ရဲ့ စာပေသမိုင်း ကို ပြင်ဘို့ အတွေးပေါ်လာတဲ့ အတွက် အားလုံး အထင်ကြီး လေးစားသွားအောင် ရွှေစင်ဦး ရဲ့ စာပေသမိုင်း ဆိုတာကြီးကို ပြင်ရေးချင် သွားတဲ့ အတွက် ပါခင်ဗျာ...။ မကျေနပ် လည်း ငြိမ်သာ ခံလိုက်ကြပါ..၊ ကျနော် ကတော့ ပြင်ကို ပြင်မှာဘဲ...။
(မျှော်ရန်.. ရွှေစင်ဦး ရဲ့ စာပေသမိုင်း (ဒုတိယအကြိမ်))
.
17 comments:
ဟယ် စိတ်ကြီးချက်တော် !!
မန်းလေးမှာ နေလို့တော်သေးတယ်။ ရန်ကုန် သမိုင်းမှာ နေရင်တော့ မလွယ်ဘူး။။ ဇွတ်...
မေ့ပလိုက်ပါပြီ...။
မေ့မပစ်ခင် တစ်ခေါက်ပြေးဖတ်လိုက်သေးတယ်... :)
သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့လား
လူတွေစဉ်းစားကြ စဉ်းစားကြ......
သီချင်းဆိုတာနော်
သမိုင်းမေ့ခိုင်းလိုက် ပထ၀ီရွတ်ခိုင်းလိုက် သတ်ပုံစစ်ခိုင်းလိုက်နဲ့ မန်မန်တူတူပုန်းချင်ပြီလား အမကြီး
အခုတော့ မနားမနေ လုပ်ကိုင်ပေးနေရတယ် အချိန်ပြည့် စက်ရှေ့ထိုင်ပြီး ပြုံးလိုက် ရယ်လိုက် မဲ့လိုက်နဲ့ တခါတလေ ခိုးခိုးခစ်ခစ် ရယ်သံတွေတောင်ကြားရသေး ဟေ့ဟေး..အဟိဟိ .....အခြေနေ စောင့်ကြည့်ပြီး ဆေးခန်းပို့သင့်ရင်လည်း ပို့ရတော့မှာလား မသိဘူးဗျို့
သမိုင်းဆိုတာ...........
ချစ်ညီမ
သမိုင်းပြင်မယ်ဆိုတော့ နောက်ဆို အုတ်ကျင်းတို့ ဘာတာတို့ကော ဆက်ပြီး ပြင်ဦးမှာလား? ပြင်မယ်ဆို အမျိုးတွေ အိမ်ရောင်းပြီး သမိုင်းက ရွေ့ခိုင်းမလို့
စိတ်ကလည်းကြီးပါ့ဗျာ...
Mama Shwezin,I really forgot what you had written about your writing-history,really....re.re.really.
Yours lovingly,Jasmine.
သမိုင်း တွေ အုတ်ကျင်းတွေ နောက်မှပြင်
အခု အရင် ဟယ်လင်တင်စမ်းပါ အမရာ
အိပ်ချင်နေဘီ
မနေ့ညကလဲ စောစော မတင်ဘူး။
လူဆိုး
ပြင်ပါ ပြင်ပါ
ကြိုက်သလိုသာ ပြင်နိုင်ပါတယ်။
ဒါမျိုးပဲ သမိုင်းတွေ ရေးလိုက် ပြင်လိုက်တွေနဲ့က တသက်လုံး နေသားကျနေပြီ။ မပြင်ရင်တောင် မကောင်းသလိုလို ဖြစ်နေအုံးမှာ မဟုတ်လား။
ဒါကြောင် မရွှေစင် စိတ်ကြိုက်ပြင်ပါ။ သို့ပေသည့် အရင် သမိုင်းဟောင်းကိုတော့ လွယ်လွယ်နဲ့ မေ့နိုင်ဘူးနော်။ ဟယ်လင် မျက်နှာ ဒဂုန်ခင်ခင်လေး မျက်နှာနဲ့ မေ့ချင်ယောင်ဆောင်ပေးမယ်။ နှစ်ဦးနှစ်ဘက် အဆင်ပြေစေရမှာပေါ့။ ဟဲဟဲ။ :P
သမိုင်း ဆိုတာ အောင်နိုင်တဲ့ သူတွေကရေးတာ၊
အောင်နိုင်တဲ့ သူတစ်ယောက်အဖြစ် ဆက်ရေးပါ စောင့်ပြီးဖတ်ပါမယ်။
သမိုင်းဆိုတာ လိမ်ညာမှုမပါပဲရေးလို့မရဘူးတဲ့။ ငယ်ငယ်က အဲဒီအဆိုကို လက်ခံထားသူပါ.
ပီးတော့ သမိုင်းဆိုတာ အောင်နိုင်သူတွေကပဲရေးတာဆိုတော့... ထားပါ..အဲ့သမိုင်းကသတ်သတ်။
ခုအမသမိုင်းက ဘာသမိုင်းလဲဟင်... လူတွေနေတဲ့သမိုင်းလား..
အမရေးမဲ့သမိုင်းလား..
အို..ဘာသမိုင်းဖြစ်ဖြစ်.. အမသဘော.. အမသဘော.. နို့မို့.... စာတွေဆက်မရေးမှ .... အမသဘောတော်အတိုင်းပါပဲ။ မေ့ဆိုမေ့ပါ့မယ်။ နေ့စဉ် နားပူတာကလွဲလို့ပေါ့။ ဟဲဟဲ..ခုတော့ခဏမေ့ချင်ယောင်ဆောင်မယ်..နော်..အမ
အိပ်ပျော်သွားတာ..အမရ။ စိတ်ပင်ပန်းလို့။ခုမှထဖတ်ရတာ..
မမရွှေစင်...
သမိုင်းပြင်ချင်လဲ အကုန်မေ့ဆို မေ့ပေးပါမယ်...
စာလေးတော့ဆက်ရေးနော်...
ပြင်လို့ဆုံးနိုင်ပါဦးမလား....
ပြင်သာပြင် အစ်မရေ
စောင့်ဖတ်ပြီးကို အားပေးဦးမှာ....
:)
မေ့ဘူး မေ့ဘူး...ဆတ်သားခြောက်ကြော်တွေ ပေပါလိုက် လေယာဉ်နဲ့တင်ပေးလိုက်မှ မေ့မယ် ဒါပဲ...
ချစ်ညီမလေး
မနေ့ကမှ ဖတ်ထားတာကို အခု မေ့ရမှာလား.:)
အင်း မေ့ကွက်ကို ရှာ ရှာ ရှာ ..........
Post a Comment