Monday, February 22, 2010
ရွှေစင်ဦး ရဲ့ စာပေသမိုင်းကြောင်း
ဒီနေ့လည်း အလုပ်တွေ ရှုတ်နေတာနဲ့ အခုမှ ကွန်ပျူတာနား ထိုင်ရတယ်..၊ ထိုင်တော့ လည်း စာရေး ချင်ပြန်ရော..၊ အကယ်ဒမီဆုပေးပွဲကြီး အတွက် စာရေးထားသေးတယ်ဗျ.. ဒါပေမဲ့ ဆုစာရင်းက မထွက်နိုင် ဖြစ်နေတော့ တင်မရသေးဘူး..၊ ကြားထဲမှာ အပျင်းပြေဖတ်ရအောင် စာလေးတွေ ဟိုရောက် ဒီရောက် ရေးနေရတယ်..၊ အဲဒီအတွက်လည်း စာဖတ်သူများ ကို အားနာပါတယ်..။
ဟို.. ကိုကြီးကျောက်ကြီး ဖျားသွားတော့ တောင် ကိုပီတာ ကြီးက လာအော် သွားသေးတယ်..၊ ကျနော့် စာတွေ ဖတ်ရလို့နေမှာတဲ့...၊ မမရေ ဖြေးဖြေး ရေးပါတဲ့...၊ ကျနော်လည်း သူရေးသွားမှ သေချာ ပြန်စဉ်းစား တော့ ကိုကြီးကျောက် ဖျားတာ ငါ့ ပရောဂ မကင်းနိုင်ဘူးလို့..၊ သူခမျာ မော်ဒယ်ဖွားဖွား များနဲ့ အေးဆေး ပျော်နေလည်း မနာလို့တဲ့.. ကျနော်က စာလာဖတ်အုန်း ဆိုပြီး.. သွားခေါ်တော့ လာဖတ်ရှာ တယ်.. sorry  ကိုကြီး ကျောက် ရေ..။
နောက်တခြား သူတွေလည်း ရှိပါသေးတယ်..၊ စာလာမဖတ်ရင် ကျနော် သွားသွားခေါ်နေတာ.. အားလုံး sorry  ပါ ..၊ အခု လည်း စာဖတ်သူများ ရဲ့ comment လေးများကို ဖြေပေးချင် တာနဲ့ ကျနော့် ရဲ့ စာပေသမိုင်း ကို လည်း ပြောချင်လို့ ဒီစာလေး ရေးပါတယ်..။
ပထမဆုံး ကိုမြစ်ကျိုးက ငါးပိပေါင်း တဲ့ မကြားဘူးပါဘူး တဲ့ ဝက်သားပေါင်း ဆိုရင်တော်သေးတယ်တဲ့.. ကျနော် ဝက်သားပေါင်းလည်း ကြိုက်တယ်ဗျ.. ဝက်သားကို အဆီနဲနဲ အသားများများ ဝယ်..၊ နှတ်နှတ်စင်း... ကြက်သွန်နီ..ဖြူ..ဂျင်း နဲနဲလောက် နှတ်နှတ်စင်း..၊ ဘဲဥ သုံးလုံးလောက် ခလောက်ထည့်.. တရုပ်မဆလာ လေး ထည့်.. ငရုပ်ကောင်း နဲနဲထည့် ဆေးဘဲဥ ရှိရှင်လည်း ပြုတ်ထည့်ပေါ့ ဗျာ ပြီးရင် ပေါင်းရုံပါဘဲ.. ဝက်သားလည်း မကြာမကြာပေါင်းစားပါတယ်..။
နောက်ပြီး ချစ်ညီမ က မန့်တော့ မမန့်ဘူးဗျ.. အပြင်မှာတော့ ပြောတယ်.. သူများတွေက ကောင်းကောင်း မွန်မွန် ရှယ်ချက်ပြီး ဘလော့ဂ် ပေါ်တင်.. ခင်ဗျားကတော့ အရိုးဆန်ပြုတ် တဲ့ ငါးပိပေါင်း တဲ့ သူက ရှက်နေတာဗျ.. ကျနော်လည်း ကျနော် ကြိုက်တာလေး တင်ရတာဘဲဗျာ.. ၊ ကဲ..နောက်တော့ ရွှေစင်ဦး နဲ့ အကြိုက်တူကြတဲ့ ညီမများ အတွက် ကောင်းကောင်း ချက်ပေး ပါမယ်ဗျာ..။
နောက်တခါ ကိုလူထွေးက (မတရားတဲ့ အမိန့်ကို အဖေသောဘာသော နားမလည်ဘဲ ဆန့်ကျင်ပြတာ  အတုယူထိုက်တယ်...) တဲ့.. အဲဒီအတွက်လည်း ပြောချင်ပါတယ်..၊ အဖေ မို့လို့ပေါ့ .. အဟဲ ..ရွှေစင်ဦး ကသတ္တိမရှိပါဘူး.. ကြောက်တတ်ပါတယ်..။
နောက်ပြီး ကျနော့် စာအများစုကို သရော်စာတွေတဲ့.. အမှန်တော့ သရော် တာကို ကျနော် မကြိုက်ဘူးဗျ.. တယောက် မျက်နှာ တယောက်ကြည့်ပြီး အားရပါးရ ကို ကလော် တုတ်ချင်တာဗျ.. ဘာကိုလည်း ဟုတ်လား.. ကျနော် မကြိုက်တာတွေကိုပါဗျာ.. ဒါပေမဲ့ ကျနော့် မှာ အခွင့်မရှိပါဘူး.. ကျနော် မကြိုက်တာ တွေကို အဲဒီလို ကလော်တုတ်နေရင် .. မကျေနပ်တဲ့ သူတွေက ရုံးတိုင်လိုက်လို့  အဟင်း..ဟင်း... ချစ်ချစ်ကြီး နဲ့ ခွဲနေရလိမ့်မယ်.. ရွှေစင်ဦး တို့က ခွဲနိုင်ဘူးဗျ.. အချစ်ကြီး တယ်..။
အခု စာတွေ ရေးတာများနေတော့ အရင်တုန်းက ငါဘာလို့များ စာမရေးခဲ့ တာပါလိမ့်.. ဆိုပြီး စဉ်းစားမိတယ်.. အမှန်တော့ ပျင်းလို့ပေါ့ဗျာ.. ဒါအပြင် မြန်မာပြည်က စာရေးဆရာများ ရသော စာမူခက သနားစရာကောင်းလောက် အောင် နဲလွန်းတော့  စာမူခ အများကြီး ရသော ကမ္ဘာစာရေးဆရာများ  ကိုကြည့်ပြီး စာမူခ ရတဲ့ ပိုက်ဆံနဲ့ ငါစာရေးရတာနဲ့ မတန်ဘူး ဆိုပြီး မရေးခဲ့တာဗျ.. ကိုယ်ရေးချင်ရာ မရေးရလို့လည်း ပါတာပေါ့......ဒါပေမဲ့ နောက်ဆုံး ဆန်းစစ် လိုက်တော့ ငွေနဲ့လည်း မဆိုင်ပါဘူး.. အခု ရေးနေတော့ လည်း ပိုက်ဆံ ရ မှ မရတာ.. ၊ နောက် ရေးချင်တာ မရေးရလို့ ဆိုတာနဲ့ လည်း မဆိုင်ပါဘူး.. အခုလည်း ရေးလို့ မှ မရတာ..တခုတော့ ရှိတယ်ဗျ.. မဂ္ဂဇင်း တွေထဲ ပါချင်ရင်တော့ အယ်ဒီတာမင်းများ တော့ ကြိုက်ရ မယ်ပေါ့ဗျာ..၊ အခုတော့ အယ်ဒီတာ မလိုတော့ပါဘူး.... ဒါပေမဲ့ စာဖတ်သူ အယ်ဒီတာ မင်းများတော့ ရှိတာပေါ့လေ..။
နောက်ဆုံး စဉ်းစားလိုက်တော့ စာဖတ်သူ များရှိနေကြလို့.. ကျနော်ရေးတဲ့ စာလေးများကို လာဖတ်ကြတဲ့ သူများသာ ကျနော့် ရဲ့ ကျေးဇူးရှင် အစစ်ပါလား..ဆိုပြီး တွေးမိပါတယ်.. ကျနော် ဘာသာ ရေးချင်တာတွေ ရေးနေတာကို ဖတ်သူမရှိဘဲ.. တင်ထားရရင်လည်း ကျနော် ရေးဖြစ်မှာမဟုတ်ပါဘူး.. နောက်တခုက စာဖတ်သူရဲ့ အသံကို ချက်ခြင်းကြားရလို့ပါဘဲ.. သိပ်မြန်တဲ့ ကမ္ဘာရွာကြီးဆိုတော့ ကျနော် published လုပ်ပြီးတာနဲ့ တန်းပြီး comment သိရတော့ ကျေနပ်တာပေါ့ဗျာ..။
စာရေးတာနဲ့ ပတ်သက်ပြီးဘာလို့ ဒီလောက်ပြောနေတာ လည်း ဆိုတော့ ကျနော် ကစာတွေ ဖတ်ဖတ် ပြီးတော့ စာရေးမယ် စာရေးမယ် နဲ့ တသက်လုံးကျွေးကြော် နေခဲ့တာဆိုတော့ စာမရေးဖြစ်ပေမဲ့ လည်း ကျနော့် မိသားစု နဲ့ သူငယ်ချင်းများကတော့ သိကြတာပေါ့..၊ နောက်ပြီး ကျနော် က ဘဝရည်မှန်းချက်က လည်း စာရေးရန် တဲ့ ရီရတယ်နော်...။
စာရေးမယ် ဆိုတော့ အားလုံးက စာရေးမယ် ဆိုရင် ရေးတော့လေပေါ့ ... ဘာလည်း မရေးတတ် ဘူးလားလို့ မခံချင်အောင် ပြောကြပြန်တယ် ..၊ စာ ၁ပုဒ် မှ ဘယ်လောက်ရတာ.. စာရေး ရတာ လက်ညောင်း တယ်.. အိပ်ရေးပျက်တယ်.. အိပ်ရေးပျက်ရင် အလှပျက်တယ်. အလှပျက်ရင် ချစ်ချစ်ကြီး ထားသွားမယ် ဆိုပြီး.. မရေးဘူး..၊ ကိုယ် ရေးချင်ရာ ရေးလို့ရရင်.. စာမူခ အများကြီး ရရင် ရေးမှပေါ့ ဘာညာ နဲ့ နည်းပေါင်းစုံ နဲ့ လှည့်တွက်ပြီး. စာမရေးဘူးဗျ.. ၊ အိမ်က မောင်လေး တွေက မခံချင်အောင် ပြောတာနဲ့ ရွှေစင်ဦး တို့က မရေးချင်လို့ ရေးချင်ရင် အချိန် မရွေး ဆိုပြီး ၂ပုဒ်  (အစ - အဆုံး) ရေးဘူးပါတယ်..၊ ၂ပုဒ် စလုံး  မြှားနတ်မောင် မဂ္ဂဇင်းထဲမှာ ပါ ဘူးပါတယ်..။
ရန်ကုန် သွားရင်းနဲ့ မဂ္ဂဇင်း တိုက်ရှိတဲ့ နေရာ (မဂ္ဂင်လမ်း လားမသိ ) ကို သွားပြီး စာမူခထုတ် တယ်ဗျ.. ၊ အဲဒီတုန်းက ဆရာဦးခင်မောင်တိုး (မိုးမိတ်) က အယ်ဒီတာ ဆိုတော့ ကျနော့် ကို ဆရာမ နောက်လည်း စာဆက်ရေးပါ..ဘာညာဆိုပြီး စာမူခလေး.. စာအိတ်နဲ့ ထည့်ပေး..၊ မဂ္ဂဇင်း လေးတွေ လက်မှတ် ထိုးပြီးပေး ဆိုတော့ ကျနော် က ဘာပြန်ပြောရမှန်း ကိုမသိဘူး.. ကိုယ့် အဆင့် အတန်းကိုယ် ကသိနေ တာကိုးဗျ.. ကိုယ့် ဝတ္ထု ပါတယ်ဆိုတာ.. ချစ်စေတမန် ထဲမှာ...၊ ပြီးတော့ မောင်လေး တွေကို မခံချင်စိတ်နဲ့ ဇာတ်လမ်းရှာပြီး ဖြစ်ညှစ် ရေးလိုက်တာဆိုတော့. ကိုယ့် စာ ကိုယ် ၂ခါ မဖတ်ရဲပါဘူးဗျာ.... ရှက်လွန်း လို့ပါ...။
ပြီးတော့ မျက်နှာပြောင်ပြောင်နဲ့ စာမူခ သွားထုတ်သေးတယ်..၊ ဆရာ နဲ့ တွေတဲ့ အချိန်မှာ ဆရာက ဆရာမ တခွန်းခေါ်တိုင်း ကျနော် ရဲ့ အရှက် ဒီဂရီ ဟာ တက်တက် လာပြီး.. နောက် ကို ရွှေစင်ဦး ဒီလို ဘယ်တော့ မှ မမိုက်တော့ပါဘူး ဆိုပြီး ဆုံးဖြတ်မိတယ်..၊ တကယ် လည်း မမိုက်တော့ပါဘူး..၊ ချစ်ကိုယ်တွေ့ လေး ရေးပြီး ဆရာ ခင်မောင်တိုး တို့လို အဆင့် အတန်းမျိုးက ဆရာမ အခေါ်ခံရတာကို ရှက်လွန်းလို့ပါဗျာ.. တကယ်ကို ပါဘဲ..၊ ဒီလို စာမျိုးရေး တဲ့ စာရေးဆရာမ တော့ ဘယ်တော့ မှ မလုပ်ဘူးပေါ့.. ဒါပေမဲ့ လည်း ကိုယ်ရေးခဲ့ တာလည်း ဒါဘဲ ဆိုတော့ တသက်စာ နောင်ကျဉ် သွားပြီး စာရေးဆရာ ဇာတ်လမ်း တခန်း ရပ်သွား ပါတယ် ...။
ဒါပေမဲ့ မောင်တွေ ညီမ တွေကို တော့ ကြွားစရာ တခုတော့ ရသွားတယ်..၊ ရွှေစင်ဦး မလုပ်ချင်လို့ လုပ်ချင်ရင် အချိန်မရွေး ဆိုပြီး.. ခပ်ကြွားကြွား လေး ပြောစရာတော့ ရသွားတာပေါ့ဗျာ..၊ ဒါက ရွှေစင်ဦး ရဲ့ နောက်ခံ စာပေသမိုင်း ကြောင်း.. ၊ အဲဒီ ၂ ပုဒ် ပါတဲ့ မဂ္ဂဇင်း လေး တွေ ကိုလည်း ရိုရိုသေသေ သိမ်းထား ပါတယ် (ရွဲ့ ပြောတာပါ )..၊  မရှိတော့တာ အတော်ကြာသွားပါပြီ.၊ တခါထဲ အပြတ်ဖြတ်ထားတာ တော်ကြာ ဘလော့ဂ် ပေါ်တင်ပေးပါ ဆိုရင် အရှက်ကွဲနေမှာဆိုးလို့... စတာပါဗျာ.. တကယ်ကို မရှိတော့ တာပါ..။
ဒါပေမဲ့ ဆရာသာထက်အောင် က မြှားနတ်မောင် မဂ္ဂဇင်းထဲ က ချစ်စေတမန် ကဏ္ဍာ က ဝတ္ထုလေးတွေ နဲ့ စာရေးသူ တွေကို ဝေဖန်ထားတဲ့ မဂ္ဂဇင်း ကိုတော့ သေချာ သိမ်းထားတယ်.. အခု ခင်ဗျား တို့ ကို ပြမလို့.. ရှာမတွေ့ပြန်ဘူး.. ပြန်ရှာလို့ရရင် တင်ပေးပါမယ်.. ဒါက စာပေသမိုင်း အကုန်ပါဘဲ...။
အခုတော့ ကျနော် ဟာ စာ တအား ရေးချင်နေတယ်ဗျ..၊ အရင် တုန်းက ဆက်မရေးမိတာ မှားလေခြင်း ပေါ့..၊ အဲဒီမှာ.. စာပေ ကို ငွေ နဲ့ တန်ဘိုးဖြတ်.. အကြောင်းမျိုးစုံ ပြပြီး စာမရေးခဲ့တာ မှားတယ်ပေါ့..၊ စာရေးရင်း နဲ့ အသိတခု တော့ ရတယ်ဗျ.. စာရေးတတ်ချင်ရင် တကယ်ကို စာရေး..၊  စာရေးမှ စာရေးတတ် မှာ ဆိုတာဘဲ..၊ စာဖတ် ခဲ့ တဲ့ ဝမ်းစာတော့ ရှိရမှာပေါ့ဗျာ.. စာမဖတ်ဘဲ စာရေးလို့ တော့ ဘယ်လိုမှ မဖြစ်ဘူး လို့ ထင်ပါတယ်..။
နောက်တခုက ကျနော် ရဲ့ ဘလော့ဂါ မောင်နှမ တွေထဲမှာ စာရေးကောင်း တဲ့ သူတွေ အများကြီး တွေ့ပါတယ်.. ဒါပေမဲ့ စာသိပ်မရေး ကြတာဘဲ.. ၊ ဘာအကြောင်း နဲဘဲ မရေး.၊ မရေး.. နှမြောတော့ နှမြောတယ်.. ကျနော် က စာကောင်းလေး တွေ ဖတ်ချင်တာကိုးဗျ...၊ ဒါပေမဲ့ ချစ်သော ဘလော့ဂါများ ထဲမှာ စာရေးချင်တဲ့ သူ ရှိရင်တော့ စာရေးကြပါလို့ဘဲ ပြောချင်ပါတယ်..။
ကျနော် အဓိက ပြောချင်တာကတော့ ကျနော် ရေးတဲ့ စာလေးတွေ လာ လာဖတ်ကြတဲ့.... ချစ်သော စာဖတ်သူများ ကို ပါဘဲ..၊ စာဖတ် ရတာလည်း မလွယ်ဘူး (မလွယ်ဘူး ဆိုတာ ကိုယ် မကြိုက်ခဲ့ရင် ပေါ့ဗျာ) ဆိုတာ ကျနော် သိပါတယ်.. ၊ မလွယ်တဲ့ ကြားက စာလေးတွေ လာဖတ် ရင်း ကောမန့်လေးတွေပေးလို့ အားဆေး လေးတွေ တိုက် တိုက်သွားကြတဲ့ ကျနော့် ရဲ့ ချစ်သော စာဖတ်သူများ ကို ကျေးဇူး အထူး တင်ပါတယ်ဆိုတာ.. ထပ်ခါ ထပ်ခါ ပြောချင်ပါတယ်ဗျာ..။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
14 comments:
Vista said...
ရေးဘာာာ ဖတ်နေဘာာာဒယ်........
သူကြီးမင်း (တုံးဖလား) said...
ဆရာမ...းဝ
စာတွေဆက်ရေးပါဗျာ။ အားပေးနေပါတယ်။
အကယ်ဒမီဆုပေးပွဲကြီးက အဖြေမသိရသေးဘူးပေါ့။
Anonymous said...
ကျေးဇူးရှင်တစ်ယောက်လာဖတ်တယ်။ ခမ်းနားကြီးကျယ်တဲ့ စာပေသမိုင်းနဲ့ အစ်မကြီးကို သတိမတ်မတ်ဆွဲ၍ အလေးပြုသွားပါသည်။
အလေးးးးးးပြု.....ချီးပု။။။
Nyein said...
စာရေးဆရာလဲ လုပ်ပါ မမ...စာရေးဆရာဘ၀က တော်တော်စိတ်ချမ်းသာစရာကောင်းမယ့်ပုံပဲ။ အဲ ဒါပေမယ့် စာရေးတဲ့အလုပ်နဲ့ အဓိက ၀င်ငွေရှာမယ်ဆိုရင်တော့ မြန်မာပြည်နဲ့ သိပ်မကိုက်လှဘူး။ ဘလော့ပေါ်မှာရေးထားတာလေးတွေကို စုပြီးစာအုပ်ထုတ်ပါလား။ နာမည်ရလာရင် ဆက်ရေးလို့ရတာပေါ့ :)) မမကစာရေးကောင်းတယ်။ ဟာသလိုင်းလိုက်လိုက် အတည်အခန့်ရေးရေးအောင်မြင်မယ့်ပုံပဲ :)
moemoestar said...
မမရွှေစင်...
ဆက်ရေးပါ...အမြဲအားပေးနေပါတယ်...
Anonymous said...
အမ ရေးတာတကယ်ကောင်းတယ်..အမရဲ့..
ကျနော်လေ.. အမကိုသိလည်းသိဘူး။ သူများပြောတာလဲဟုတ်ဘူး.
အမအဘိုးအကြောင်းက စဖတ်ရတာ.. စဖတ်တာနဲ့ကြိုက်သွားတာ.. ဒါနဲ့အကုန်လိုက်မွှတာ. အားလုံးကြိုတယ်.တကယ်ပါ။ စာရေးတာ သွက်တယ်။ အရမ်းဖတ်ကောင်းတယ်။ များများရေးပါ...အမရ။
အမရဲ့ချစ်ညီမကြီးကရော အားပေးတာ.. ချစ်ချစ်ကြီးကလဲအားပေးနေတာ..
အမမှာလဲ အခုဆိုအမာခံပရိတ်သတ်ကြီးကလည်းအပြည့်..။ ဟဲဟဲ..ဟင်းလဲချက်..စာလဲရေး..အမဖတ်ထားသမျှစာတွေထဲက ကောင်းတာလေးတွေလဲရေး.ပေးနော်..အမ။
အမ သရော်စာတွေ တအားပညာရှိတယ်..ဟီးး.
” တယောက် မျက်နှာ တယောက်ကြည့်ပြီး အားရပါးရ ကို ကလော် တုတ်ချင်တာဗျ.. ဘာကိုလည်း ဟုတ်လား.. ကျနော် မကြိုက်တာတွေကိုပါဗျာ.. ဒါပေမဲ့ ကျနော့် မှာ အခွင့်မရှိပါဘူး.. ” အကျယ်ကြီးအော်ရယ်ပစ်လိုက်တယ်။ တူလို့...ဟားဟား
ဂျူနို said...
စာ လာဖတ်သူက အချိန်လည်း ပေးရတယ် အပူကိုလည်း မျှယူသွားတယ်၊ ကိုယ့်ကိုလည်း ဖြေသိမ့်လည်း ပေးတယ်။ ဒီလို မိတ်ဆွေသာ မရှိရင် တယောက်တည်း စကားပြောနေရသလိုဖြစ်နေမှာ။
မအယ်မှာက အပြင်မှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို အချိန် ပေး နားထောင်ပေးမယ့် လူ ရှိတာ မဟုတ်ဘူးလေ။ မအယ် ချရေးနေတာတွေကလည်း ဘယ်သူ့အတွက် ဘာအကျိုးရှိစေ ရေးနေတာ မဟုတ်ဘူးလေ၊ ကိုယ့်စိတ် ကျေနပ်မှုအတွက် ရေးတာကိုး။စာလာဖတ်သူ ကိုတော့ မရွှေစင်လိုပဲ တကယ့်ကို ကျေးဇူးတင်တယ်။
မရွှေစင်ရေးတာက မအယ် ဖတ်ပြီးသလောက်မှာ အပူမပေးပါဘူး။ ရီစရာလေးတွေ အတွေ့အကြုံလေးတွေကို ရိုးရိုးလေးပဲ ရေးထားပါတယ်။ စာကောင်းတွေ မျှထားတာ တော်ရုံ စေတနာ တော်ရုံ အားထုတ်မှု့မှ မဟုတ်တာ။ ဆက်ရေးပါ အားပေးပါတယ်။
မအယ်
အင်ကြင်းသန့် said...
မမ...အဲဒါ ညလေးကို ကြောဒါလားဟင် ......(ဟီးးးးးးးးးးး မရှက်မကြောက်သူမို့မေးသွားရဲသေးသည်)
ချစ်ညလေး
ahphyulay said...
ဟေ့ ...
စာကို စာနဲ့  တူအောင် ကြိုးစားရေးနေတဲ့ သူ တစ်ယောက်အနေနဲ့ 
ဆက်သာရေး ဗျို့ ...။
Unknown said...
Mama Shwezin,I liked all of your own articles,fictions and long story.Please keep on writing both on blog and for the magazines,naw!
yours lovingly,Jasmine.
ရွှေရတုမှတ်တမ်း said...
ဆရာမစာကတော့..ဖျားလောက်ပါတယ်ခင်ဗျာ
မှတ်ချက်။ ။ကိုယ်တွေ့
မေဓာဝီ said...
မရွှေစင်က စာရေးကောင်းပါတယ်လို့ မှတ်နေတာ လက်စသတ်တော့ စာရေးဆရာမကိုး။
အတွေ့နောက်ကျသွားတယ်။ ဆရာမ မို့ ဆရာမခေါ်ခံရတာ မရှက်ပါနဲ့ ဆရာမရယ်။ :P
အချစ်ဝတ္ထုရေးတာလဲ ရှက်စရာမှ မဟုတ်ဘဲ။ လူမှန်ရင် အချစ်နဲ့မကင်းဘူး။ မရွှေစင်လဲ ချစ်ချစ်ကြီးနဲ့ မကင်းဘူးမဟုတ်လား။ :D
ချစ်ချစ်ကြီးဆိုလို့ ... ၂၇ ရက်နေ့ နီးလာပြီနော်။ ဘာကျွေးမှာလဲ။ အထူးစပယ်ရှယ်ပို့စ်လေးတော့ တင်စေချင်ပါတယ်။ အမှတ်တရပေါ့။
လသာည said...
မရွှေစင်က စာရေးကောင်းတာပဲဟာ.. ရေးသာရေးပါ နောင်အမြဲလာဖတ်နေမှာပါ.. (လင့်ခ်ပါယူသွားရင်း :D)
:P said...
မေ့မပစ်ခင် တစ်ခေါက်လာဖတ်တာ..ဟီးးးးးးးးးးးးးး