Monday, February 8, 2010
စာဖတ်သူ အသံ (၁)
ဒီနေ့မနက် စောစောနိုးနေတာနဲ့ ကိုယ့်စိတ်ထဲမှာလည်း ရေးချင်တာလေးတွေရှိလို့ စာရေးမယ်လို့ စိတ်ကူးပြီး စက်လေးဖွင့်လို့ ရွှေစင်ဦး ဘလော့ဂ် လေးထဲဝင်လိုက်ပါတယ် ချောချောမောမော ပါဘဲ..၊ စာရေးဘို့ sign in လည်း လုပ်လိုက်ရော connection ကကျသွားပါတယ်..၊ စာရေးချင်တဲ့ စိတ်ကလေး တောင် ဘယ်ရောက် သွားမှန်းမသိပါဘူးဗျာ....။
ဒါနဲ့ တောင်လုပ် မြောက်လုပ် လုပ်နေရင်း ဆရာနေဝင်းမြင့် နဲ့ ဆရာမ ခင်ခင်ထူးတို့ ဆိုင်ရောက်လာတဲ့ အကြောင်းကို ပြန်သတိရသွားပါတယ်..၊ ဆရာ နဲ့ ဆရာမ တို့ ရဲ့ စာတွေကို ကျနော် အင်မတန် လေးစား ပါတယ်..၊ ဆရာ တို့ရဲ့ စာလေးတွေကို ဖတ် ပြီးရင် ဒါမှ အနုပညာ ဆိုပြီး ဂုဏ်ယူလိုက်ရတာလည်း အမောပါ..၊ ကျနော် လေးစားရသော အားကျရသော ဆရာတို့ ၂ယောက် ကို အပြင်မှာ တွေ့လိုက်ရတဲ့ အတွက် ကျနော် ရဲ့ ပိတိဟာ ဖြင့် တော်တော် ကြီးမားပါတယ်..။
 ဆရာတို့က ဆိုင်မှာ မိတ္တူလာကူး တာပါ..လမ်းသင့်နေလို့ ဆိုင်ကို ရောက်လာတာပါ..၊ ဆရာမ နဲ့ ဖွေးဖွေး ကို ကားပေါ်က ဆွဲခေါ်ပြီး အအေး တွေဘာတွေတိုက်ပြီး ကျနော့် ရဲ့ အင်တာဗျူး လေးကိုစဖြစ်တယ် ခင်ဗျား..၊ ကျနော်က ဆရာ တို့ စာရေးရင် ဘာနဲ့ ရေးပါသလည်းလို့ စာရွက်နဲ့လား ကွန်ပျူတာ နဲ့ လားလို့ မေးတာပါ..၊ ဆရာ က စာရွက်နဲ့ ဘဲ ရေးတာပါတဲ့.. ဆရာမ လည်း အတူတူပါဘဲတဲ့..၊ ကျနော့် စိတ်ထဲ မှာ အားမလို အားမရတွေ တအားဖြစ်သွားတယ်..။
ဆရာ ရယ် ကွန်ပျူတာ လေး နဲ့ ရေးပါလား လို့ လျှာရှည်လိုက် ပါတယ်..၊ ဆရာက ကွန်ပျူတာ သိပ်မသုံး ဘူးတဲ့ ကွန်ပျူတာ ရှေ့ထိုင်လိုက်ရင် ဈန်မဝင် တော့ဘူးတဲ့..၊ ကျနော် ကလည်း ကျနော် ဖြစ်စေချင်တာ ဇွတ်ပြောတာဘဲ.. ဆရာ ရယ် ကွန်ပျူတာ နဲ့ စာရေးရင် သိပ်သက်သာတယ် လူမပင်ပန်း တော့ဘူး ဆိုပြီး ပြောပါတယ်..၊ အဲဒီတော့ ဆရာက အားနာလို့ ထင်တယ် ကျနော် ကျိုးစားပါမယ်တဲ့.. ။ 
ဆရာမ ကိုလည်း ကျနော်က ဂတိတွေပေး သေးတာခင်ဗျား.. ဆရာမ ရယ် ကွန်ပျူတာလေး နဲ့ စာရေးပါ.. ဆရာမ အသုံးခက်နေရင် ကျနော် ကူပေးပါမယ်လို့ ပြောလိုက်တယ်ခင်ဗျား..၊ ကျနော့် စိတ်ထဲမှာ ဆရာ တို့ ကို တကယ်ကို မပင်ပန်းစေချင်လို့ပါ..၊ စာရွက်နဲ့ ရေးရတာ အခုမှ စဉ်းစားကြည့် ရင် တော်တော် ခက်တာဘဲဗျာ..၊ အမှားပြင်ရတာလည်း လွယ်မှမလွယ်တာ..၊ ဆရာ တို့လို ဖန်တီး နိုင်စွမ်း မှာ သူ့မတူအောင် တော်နေတဲ့ သူတွေမှာ နည်းပညာ နဲ့ ပတ်သက်တဲ့ အချက် လေးတွေကို ဖြည့် လိုက်ရင် ပိုမို ပြီးတော့ စာတွေ ရေးနိုင်လာအောင် ဆရာတို့ မပင်ပန်းပင်အောင် ပါဗျာ....စေတနာပါ..။
အခု ကျနော် စာရေးတဲ့ အခါမှာ တော့  ကျနော့် က လူပါးဝလွန်းအားကြီးနေတယ်ဗျ.. ကွန်ပျူတာနဲ့ စာရေး တာတင် မကဘူး တခါထဲ ဘလော့ထဲက new post ထဲမှာ ရေးရမှကို ဈာန် ဝင်တော့ တာကိုးခင်ဗျား...အရူး အမဲသားကျွေးမိတယ် ဆိုတာ ဒါမျိုးနေမှာလို့ ကိုယ်ကိုကိုယ့် လည်း သြဘာပေးလိုက်မိတယ်..၊ ဒါတွေက ကြုံလို့ ပြောမိတာပါ..။
အခု ကျနော် ရေးချင်တာက စာဖတ်သူ အသံခင်ဗျား..၊ ကျနော့် စာတွေကို ဖတ်ပြီး တကယ့် ကို ကျနော့်ကို သူတို့ကောင်းစေချင်တဲ့ စေတနာနဲ့ ဝေဖန် အကြံပေးခဲ့ကြသော မိတ်ဆွေ နှစ်ယောက် ရဲ့ ဝေဖန်ချက်ပါ..၊ နှစ်ယောက် ခင်ဗျား..၊ နှစ်ယောက်စလုံး က ကျနော်ထက် အသက်အားဖြင့်တော့ ငယ်ပါတယ်..၊ ဝါအားဖြင့် တော့ ကျနော့် ထက်ကြီးမယ် ထင်ပါတယ်..။
ကျနော် ဟာ ဘာမဟုတ်တဲ့ ဆိုင်လေးမှာ ဘာမဟုတ်တဲ့ application course လေးတွေသင်ပြီး ဘာမှ အထင်ကြီးစရာ မရှိတဲ့ အလုပ် တွေ လုပ်ဘို့ဘဲ သိပါတယ်ခင်ဗျား..၊ ကြီးမားတဲ့ တာဝန် တွေ မထမ်း ဆောင် ဘူးပါဘူး..၊ ကျနော့် ရဲ့ ပညာကလည်း ဗမာပြည်က လူမသုံးတဲ့ ဘွဲ့လေးတဘွဲ့ ထဲ ပါဘဲ..၊ဒါဟာ ကျနော့် ရှိသမျှ အရည်အချင်း အကုန်ပါဘဲ..။
ဒါပေမဲ့ အခုကိစ္စက အဲဒါတွေနဲ့ မဆိုင်ပါဘူး..၊ ကျနော် စာရေးတဲ့ ပုံစံကို ဝေဖန်ခဲ့တာပါ..၊ ပထမ ဆုံး စာရေးတဲ့ ပုံစံက စာမချောဘူး ပေါ့ဗျာ.. စာရေးတာကို ဖတ်တဲ့ အခါမှာ ထောက်တယ်ပေါ့..၊ အဲဒါနဲ့ ပတ်သက်လို့ ကျနော် ပြောချင်ပါတယ်..၊ ဝေဖန် အကြံပေးတာ မှန်ပါတယ်..၊ ကျနော် ဟာ စာရေးချင်တဲ့ စိတ်တွေ သိပ်များ နေတဲ့ အပြင် publish လုပ်ချင်တဲ့ စိတ်တွေ သိပ်များ နေတဲ့ အတွက် သေချာ စာချော အောင် အချိန်မပေးခဲ့ ရဘူးခင်ဗျား..၊ အဲဒီအတွက် ကျေးဇူးတင်ပါတယ်.. ကျနော့် ရဲ့ စာတွေကို ဖတ်ခဲ့ ကြတဲ့ ပရိတ်သတ်ကို မလေးစား ရာရောက်တဲ့ အတွက် ကျနော် ပြုပြင်ပါမယ်.. သေချာ ချောမောအောင်လုပ်ပြီးမှ တင်ပါမယ် လို့ ဒီနေရာကနေ ဂတိပေးပါတယ်..ကျနော် အစွမ်းရှိသမျှတော့ ချောအောင် လုပ်ပေးပါမယ်ခင်ဗျား..။
ဒုတိယ က သတ်ပုံအမှားတွေ သိပ်များနေတယ်တဲ့...၊ အဲဒီ အတွက်လည်း ကျနော် ဝန်ခံပါတယ် ခင်ဗျား..၊ ကျနော်ဟာ စာဘယ်လောက်ဖတ်ဖတ် ကျနော့် ရဲ့ သတ်ပုံ က မှားမြဲမှားနေတာဘဲ ခင်ဗျား..၊ ချစ်ညီမ ကလည်း တတ်နိုင်သလောက်တော့ ပြင်ပေးရှာပါတယ်..၊ သူကလည်း သူ့စာသူသင်.. သူ့အလုပ်သူ လုပ်ရ သေးတာဆိုတော့ အားတိုင်း ရေးနေတဲ့ ကျနော့် ရဲ့ အမှားတွေကို ပြင်ပေးဘို့ အချိန်မပေး နိုင်ဘူး ခင်ဗျား..၊ ကျနော် ကလည်း သူပြင်ပေးတဲ့ အချိန်ထိကို မစောင့်နိုင်ဘူး ...၊  ဒီတချက်ကလည်း ကျနော့် ရဲ့ အားနဲချက် ပါခင်ဗျား..။
စာချစ်သူ တွေကို မလေးစားရာ ရောက်တဲ့ အတွက် ကျနော် တတ်နိုင်သလောက် ပြင်ပေးပါမယ်ခင်ဗျား..၊ နောက်ထပ် အမှားတွေ တွေ့ရင်လည်း ကျနော့် ရဲ့ ပညာ အခြေခံ နည်းပါးမှု့ နဲ့ အလောသုံးဆယ် လုပ်တတ်မှု့ တွေ အတွက် ခွင့်လွှတ်ပေးဘို့တောင်းပန်ချင်ပါတယ်ခင်ဗျား..။
နောက်တခါ ဝေဖန်ခဲ့တာကတော့ ကျနော့် စာတွေဖတ်ပြီးရင် ပူလောင်ရတယ်တဲ့....၊ စိတ်မအေးချမ်း ရဘူး ပေါ့ဗျာ..၊ အဲဒီအတွက်တော့ ကျနော် နဲနဲလောက် ဖြေရှင်းချင်ပါတယ်..၊  ကျနော် စာတွေရေးတဲ့ အခါမှာ ဘဝ မှာ တွေ့ကြုံ ခဲ့ ရသမျှကို အမှန်အတိုင်း သိစေချင်တဲ့ အတွက် ကျနော် မှတ်မိသလောက် အမှန် အတိုင်းဘဲ တင်ပြခဲ့ ခြင်းဖြစ်ပါတယ်..။
ဘယ်သူ့ကိုမှ သာစေ နာစေ သဘောမထားခဲ့ သလို ကျနော့် စိတ်ထဲမှာ အညှိုးအတေး တွေရှိနေလို့ ရေးခဲ့ခြင်းမဟုတ်ဘဲ စာဖတ်သူများ အမှန်အတိုင်း အရာရာကို သိစေချင်တဲ့ အတွက် အမှန်အတိုင်းဘဲ ရိုးရိုးသားသား ဘဲရေးခဲ့ခြင်း ဖြစ်ပါတယ်..၊ ကျနော့် ဘဝ ဟာ ဒီလိုဘဲ ဖြစ်နေလို့ ဒီလို ဘဲ ရေးခဲ့ခြင်း ဖြစ်ပါတယ်..၊ ပူလောင်တယ်လို့ ထင်ခဲ့ရင် ပူလောင်ခဲ့တဲ့ ကျနော့် ဘဝကိုဘဲ အပြစ်တင်ပါတော့ခင်ဗျား..။
နောက်တချက် ကတော့ ကျနော် ဟာ ရင့်ကျက်မှု့(mature) မဖြစ်ဘူးတဲ့..၊ အဲဒီ အတွက်လည်း သေချာ ပြောထား သေးတယ်ခင်ဗျား..၊ ကျနော့် အသက် အရွယ်ဟာ စိတ်အေးချမ်းမှု့ကို ရှာပြီး ဘုရား တရားလုပ် ရမယ့် အရွယ်ပေါ့ဗျာ..၊ ဒါတွေကို ရေးပြီး ဒီလို လုပ်နေတာတွေဟာ (ဘလော့ ထောင်ပြီး မဟုတ်တာတွေရေး ပြိုင်ပွဲ မှာ မကောင်းကြံနေတာကို ပြောတာနေမှာပေါ့) mature မဖြစ်တာတွေကို ပြရာရောက်တယ် လို့ထင်နေပါတယ်....၊ (ဒါလည်း ကျနော် ထင်တာပြောတာပါ၊ ဘာကိုကြည့်ပြီး mature မဖြစ်ဘူးလို့ သူထင်ခဲ့ လည်း ကျနော် သေချာ မသိပါဘူး..)..အဲဒီ အတွက်လည်း ကျနော် မတတ်နိုင်ပါဘူး..၊ mature မဖြစ်တာ ဟာ မဖြစ်တာဘဲ ဖြစ်တဲ့ အတွက် ထင်တဲ့ အတိုင်းဘဲရှိစေချင်ပါတယ်ခင်ဗျား...။
ဘလော့ဂ် ထောင်ပြီး မဟုတ်တရုပ်တွေ ကျနော် ရေးနေခြင်း မဟုတ်ပါ..၊ စာချစ်သူများကို ကျနော့် ဘလော့ဂ် လေးကနေ ကျနော် တတ်နိုင်တဲ့ အခြေအနေမှာ စာကောင်းလေးတွေ ဖတ်စေချင်တဲ့ စေတနာ နဲ့ ကျနော် စာကောင်းလေးတွေ တင်ပေးပါတယ်..၊ နောက်တခုက စာရေးချင်တဲ့ ကျနော့် ဝါသနာကို ကျနော့် ရဲ့ စိတ်အဟာရ ကိုဖြည့်တင်းတဲ့ အနေနဲ့ ကျနော် စာရေးပါတယ်..၊ စာတွေ မကောင်းလို့ မဖတ်ချင်ရင်လည်း ကျနော် အပြစ် မတင်ပါဘူး..ခင်ဗျား..၊ ကျော်ခွပြီးတော့ ဖတ်သွားလို့ ရပါတယ်ခင်ဗျား..။
ကျနော်ဟာ ငယ်ငယ် လေးထဲက စာတွေဖတ်ရင်း ကြီးပျင်းလာခဲ့ပါတယ်..၊ စာဟာ ကျနော့် ရဲ့ ကစားဖော်..၊ စာ ဟာ ကျနော့် ရဲ့ချစ်သူ..၊ စာ ဟာ ကျနော့် ရဲ့ ဆရာ..၊ စာ ဟာ ကျနော့် ဘဝ ရဲ့ ပဲ့ကိုင် ထိမ်းသိမ်းသူ...၊ စာ သာလျှင် ကျနော့် ဘဝ ကို အဆုံးအဖြတ်ပေးသူ ဖြစ်ခဲ့ လို့ ကျနော့် ဘဝကို စာနဲ့ ရင်းနှီးအောင် စတင် ပြုစု ပျိုးထောင်ပေးတဲ့ ကျနော့် ဖေဖေ..၊ စာကောင်း တွေကို ဖတ်တတ်အောင် ပြုစုပျိုးထောင်ပေးတဲ့ (choice of book ) လုပ်ပေးခဲ့ တဲ့ ကျနော့် ရဲ့ ငယ်ဆရာ အုန်း (ဦးအုန်းမြင့်လှိုင်) တို့နဲ့ ကျနော် ဖတ်ခဲ့ တဲ့ စာအုပ်တွေကို ရေးခဲ့ကြတဲ့ ..၊ ကျနော် မဖတ်ဖြစ်တဲ့ စာအုပ်များကို ရေးခဲ့ ကြတဲ့ ...ဆရာ ..ဆရာမ များရဲ့ ကျေးဇူးတရားကို အမြဲ အောင့်မေ့ အမှတ်ရနေရနေကြောင်း ထပ်ဆင့် ဖော်ပြပါတယ်..။
စာဖတ်ခြင်းကြောင့် ကျနော် လို ဘာမှ မဟုတ်တဲ့ (ဉာဏ်လည်း မကောင်း၊ နိုင်ငံခြား မှ ပေးသော ဘွဲ့များကိုလည်း မရ၊ ရာထူးကြီး အဆင့် မှာလည်း တာဝန် ထမ်းဆောင်နိုင်ခြင်းမရှိ၊ ငွေကြေးလည်း မချမ်းသာ) တဲ့ ကျနော်ဟာ အခုလို ကမ္ဘာကြီး နဲ့ ဆက်သွယ် နိုင်လာပါတယ်..၊ အခုလို ကိုယ်လက်လှန်းမှီ သလောက် ကျနော့် သား သမီး များကို အလုပ်တခုပေးနိုင်လာပါတယ်..၊ ဒါတွေအပြင် ဆိုင်မှာ လာရောက် အားပေးကြတဲ့ မိတ်ဆွေများ စိတ်ချမ်းသာအောင် လုပ်ကိုင်ပေးနိုင် ခဲ့ပါတယ်..၊ ဒါတွေဟာ.. စာဖတ်ခြင်း ကြောင့် ပါလား.. ဆိုပြီး တခြား လူများလည်း ကျနော်ထက် အဆပေါင်းများစွာ ကမ္ဘာကြီး အတွက် အကျိုးပြု နိုင်အောင် စာကောင်းများ ကို လက်လှန်းမှီသလောက် ဖတ်နိုင်အောင် ကျိုးစားပေးနေပါတယ်..။
နောက်တဆင့် အနေနဲ့  စာကောင်းပေကောင်းများ ရေးနိုင်အောင်လည်း ကျိုးစားနေပါတယ်..၊ ဒါပေမဲ့ ကျနော် ရေးတဲ့ စာတွေကို ဖတ်ပြီး ပူလောင်စေသူများ..၊ mature မဖြစ်ဘူးလို့ ယူဆပြီး ဘာအကျိုးအမြတ် တခုမှ ရမသွားတဲ့ အပြင် စိတ်မအေးချမ်း နိုင်သူများ ရှိနေတဲ့အတွက် တော့ ကျနော်ဟာ ဝမ်းနဲလို့ မဆုံး နိုင်အောင် ဖြစ်နေ ရပါတယ် လို့ ပြောရင်း ဒီ ပို့စ် လေးကို ရေးပါတယ်ခင်ဗျား..။
နောက်ဆုံး အနေနဲ့ ကျနော် ပြောရရင် ဒီလောက် mature မဖြစ်တဲ့ ကျနော့် ရဲ့ စာများကို စိတ်ရှည်စွာ သည်းခံ ဖတ်ပေး ကြတဲ့ ကျနော့် ရဲ့ စာဖတ်သူများကို ကျေးဇူးများ ထပ်ခါထပ်ခါ တင်ပါကြောင်းနဲ့  ကျနော် mature မဖြစ်ပေမဲ့ mature ဖြစ်တဲ့ သူများရဲ့ စာများကိုလည်း တင်ပေးထားတဲ့ အတွက် လာရောက် ဖတ်ကြပါ ခင်ဗျား..၊ mature မဖြစ်တဲ့ ကျနော့် ရဲ့ စာများကို မဖတ်ဘဲ ချန်ထားလို့ရပါတယ် ခင်ဗျား..၊ အဲဒီလို ဖတ်သွားတဲ့ အတွက်လည်း ကျနော် ဟာ ကျေးဇူးတင်ပါတယ်..လို့ ပြောကြားရင်း တကယ်ကိုဘဲ အဆုံးသတ် လိုက်ပါပြီခင်ဗျား...အားလုံးအတွက် ကျေးဇူးပါ..။
စာကြွင်း
ကျနော့် ကို ဝေဖန် အကြံပြုချင်ရင် အားမနာ ပါနဲ့ ခင်ဗျား.. comment ကနေ ပြောလို့လည်း ရပါတယ်..၊ ကျနော် တင်ပေးပါ့မယ်..၊ အီမေးလ် ကနေ ပို့ချင် ရင်လည်း shwezinu1961@gmail.com ပါ..၊ mail ကို မဖော်ပြ စေချင်ရင်လည်း မဖော်ပြပေးပါဘူး ခင်ဗျား.. ကျေးဇူးအထူးတင်ပါတယ်..။
စာရေးသူ-ရွှေစင်ဦး
.
18 comments:
Nyein said...
mature မဖြစ်ဘူးလို့ ဘယ်လိုမှထင်လို့မရပါဘူး မမရယ်။ စာရေးတာလဲ အရမ်းဖတ်လို့ ကောင်းပါတယ်။ စာဖတ်သူတွေအပေါ်စေတနာရှိတယ်ဆိုတာလဲ ရှားပါးစာအုပ်တွေကို နေ့စဉ်မပျက်ရိုက်တင်ပေးနေတာ နဲ့ တင် သိသာနေပါပီ။ ကျွန်မဆို ဒီဘလော့ကို မနက်တခါ ညတခါ အမြဲဝင်ဖတ်တယ်။ ဒဂုန်ခင်ခင်လေး အသစ်များတင်ရင် ပျော်သွားတာပဲ။ နိုင်ငံခြားကဘွဲ့ရတာ မရတာ ကိုလည်း ဂရုစိုက်စရာမလိုပါ။ ကိုယ့်နိုင်ငံမှာနေပီး ၀ါသနာပါတာလေးတွေ လုပ်နေရတာလဲ စိတ်ချမ်းသာစရာတမျိုးလို့မြင်မိပါတယ်။ Carry On!! နော်...စိတ်မကောင်းဖြစ်မနေပါနဲ့ ။ မြည်းတကောင်နဲ့ သားအဖ ပုံပြင်ကိုသာသတိရလိုက်ပါ :P
မောင်မိုး said...
Pro ရေးနေတာမှမဟုတ်တာ။ ဒီအလုပ်နဲ့ ပိုက်ဆံရှာပြီး ရပ်တည်နေတာလဲမဟုတ်ဘူးလေ။ ကိုယ်ရေးချင်သလို ရေးမယ်။ အဓိက စိတ်ထဲရှိတာရေးမယ်။ ဘာဖြစ်လဲဗျာ။ မဟုတ်ဘူးလား။ သူများကို မထိခိုက်ရင် ပြီးရောပေါ့။ Heat တက်မနေပါနဲ့ဗျာ။ ဘလော့ဂ်ရေးတာ စိတ်ညစ်ခံဖို့မှ မဟုတ်ဘဲ။ ကြိုက်ရင်ဖတ်၊ မကြိုက်ရင် မဖတ်နဲ့ပေါ့။ ရှင်းနေတာကို ရှုပ်အောင်မလုပ်ပါနဲ့။ မင်းသိင်္ခကို ပီတာ ကျောထုသလို ထုလိုက်မယ်။ ဟင်းး။
ယောနက်သန် said...
ကျနော် တော့ Post အသစ်တွေကို မျှော်နေပါတယ် ခင်ဗျား။
Anonymous said...
စေတနာကောင်းကောင်းနဲ့  စာကောင်းတွေကိုတင်ပေးနေတာကိုက ကျေးဇူးတင်စရာကောင်းနေလှပါပြီ...
ငွေကုန်ခံ၊ အချိန်ကုန်ခံ၊ လူအပင်ပန်းခံပြီး
ဒါမျိုးလုပ်နိုင်တဲ့ သူ အနည်းငယ်လေးပဲရှိပါတယ်...
ဆက်လက်ပြီးတော့ တင်ဆက်ပေးပါဦး...
Min said...
Please carry on. Thanks for your posts.
Anonymous said...
ဟာ..အမ...မအားလို့ လှည့်မလာတာ ဘာတွေဖြစ်တာလဲ။ဒုက္ခေါ..နေရင်းထိုင်ရင်းနဲ့များ။
အဲတာ အမကိုမနာလိုတာ
မိန်းမတယောက်ရဲ့စွမ်းဆောင်နိုင်စွမ်းရှိနေတာ ထက်မြက်နေတာကိုမနာလိုတာအမ.
ဂရုမစိုက်ပါနဲ့။ mutual မဖြစ်ဘူးဆိုတာ သူကဘာပေတံနဲ့တိုင်းပါလိမ့်နော်..။
စာလုံးပေါင်းကနဲနဲမှားတာပါ။မှားတာကလဲ အမကစာတွေ ဒီလောက်အများကြီးရိုက်တာ မှားမှာပဲ။ဘာဖြစ်လဲ..တတ်နိုင်သလောက်အမှားပြင်မယ်ပြောထားတာပဲဟာ။ လူတိုင်းအမှားနဲ့မကင်းလို့ ခဲဖျက်တွေရောင်းနေတာပေါ့..။ တမင်တကာမှားပီးစတိုင်ထုတ်တာမှမဟုတ်တာ. ..အဲ့အတွက်ဘာမှမဖြစ်နဲ့..နော်..အမ။
ငါတို့အမက ဒီလောက်စာကောင်းပေမွန်တွေရွေးထုတ်တင်ပြပေးနေတာကိုမှ သူ့မို့ပြောရက်တယ်။
ဘာပဲဖြစ်ဖြစ်အမရေးတဲ့ကိုယ်ပိုင်ပို့စ်တွေလည်းကောင်းတာပဲ။ ဒါကို ဒီလိုmutualမဖြစ်ဘူး ပြောနေတယ်ဆိုတဲ့ ဆရာသမားရေ.. လာဖတ်မနေနဲ့။ဘယ်သူမှ လိုက်မဖိတ်ဘူး။ ကိုယ့်လမ်းကိုယ်သွား မဖတ်ချင်ကျော်သွားဗျာ။ ကျနော်တို့ကိုစေတနာထားပီး စာကောင်းပေမွန်တွေတင်ပေးနေတဲ့ အမကိုတော့ စိတ်ရှုပ်အောင်လာမလုပ်ပါနဲ့။
မြစ်ကျိုးအင်း said...
စာချောအောင်နဲ့ သတ်ပုံမှားတွေ နည်းအောင် ဂရုစိုက်တာတော့ အင်မတန်ကောင်းပါတယ်။
ရင့်ကျက်တာ ၊ ပူလောင်တာကတော့ ပုဂ္ဂိုလ်ရေး ပိုင်း ဖြစ်နေလို့ ဝေဖန်ဖို့ မသင့်ဘူး ထင်ပါတယ်။
ကျနော့်စိတ်ထဲ ရှိတာပြောရရင် အမ ဘလော့လေး ရပ်သွားမှာတောင် စိုးရိမ်မိတယ်။
စာကောင်းလေးတွေ ဖတ်စေချင် စိတ်နဲ့ အချိန်ကုန်ခံပြီး စာတွေ ရိုက်တင်ပေးတဲ့ ဘလော့ ထပ်မရှိနိင်ပါဘူး။ စာကောင်းလေးတွေ ဖတ်ရတိုင်း အခါခါ ကျေးဇူးတင်နေမိပါတယ်။
လိုသူ မလိုသူ အမြင်ကြည်သူ မကြည်သူ အမျိုးမျိုး ရှိနိင်ပေမယ့် အမ ယုံကြည်ရာ အတိုင်း ဆက်လျှောက်ပါဗျာ။
ahphyulay said...
ဟေ့ ဟေ့  ...
အပြုသဘောဆောင်တဲ့ ဝေ ဖန်မှု ဆို ကြိုဆို ရမှာပါ။
ဘာခံစားမှု မှ မထားနဲ့ လေ။ ဖြစ်ရပ်က ကျွန်တော့်  အဖြစ်နဲ့ 
အတူတူပါပဲ။ ရေးချင်တင်ချင် တာလေးပဲသိတယ်။
လိုင်းပေါ်ေ၇ာက်ပြီးမှ မြင်မကောင်းအောင် မှားနေလို့  ဝိုင်းအော်
ကြလို့  ပြန်လိုက်ပြင်နေရတုံးပဲ။ နောက်ဆုံးဗျာ.. ကိုယ့် စာလေး
ဖန်သားပြင်မှာပြန်ဖတ်နေရတာကို က ထမင်းမေ့  ဟင်းမေ့ ။
အခုချိန်ထိ မှားနေတုံး မယုံယင် လာဖတ် ၊ အနှိုင်းမဲ့  မှာ။
အားရင်ပြောတာ။ ဆက်လုပ် ဘော်ဘော်ရေ့  ။
မေဓာဝီ said...
မရွှေစင်ဦးရေ
မအားတာရယ် နေမကောင်းတာရယ်ကြောင့် နောက်ပိုင်းပို့စ်တွေ ကွန်မန့်မရေးဖြစ်ပေမဲ့ အချိန်ရရင် ရသလို အမြဲလာလာဖတ်ပါတယ်။
စာလုံးပေါင်းသတ်ပုံမှားတယ်ဆိုတာ ကျမများပြောမိသလားလို့ မလုံမလဲ ဖြစ်ရသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ မရွှေစင်ဦးရယ် စာလုံးပေါင်း မှန်အောင်ရိုက်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ မရွှေစင်ဦးလို စာတွေ အများကြီးရိုက်ရသူအဖို့မှာတော့ အမှားအယွင်း အကျအပေါက်က အနည်းနဲ့အများပါမှာပေါ့။ ဒါကို ကျမတို့ နားလည်ပါတယ်။ တမင်မှားတာမဟုတ်ဘဲ မှားတတ်တဲ့ အမှားတွေပါပဲ။
တချို့စာလုံးတွေအတွက် ကျမ ထောက်ပြပြင်ဆင်ပေးမိတာလဲ စိတ်မရှိပါနဲ့နော်။
မရွှေစင်ဦးစာတွေဖတ်ရတာ ကျမဖြင့် ပူလောင်တယ်လို့ မမြင်မိပါဘူး။ ရသတခုခု ခံစားရတာချည်းပါပဲ။ မန်းသင်္ကြန်ပို့စ်တွေဆို ဖတ်လို့လဲ ကောင်းတယ်၊ ဗဟုသုတလဲ ရတယ်။ အညာဟင်းလေးတွေဆိုလဲ ဒီလိုပါပဲ၊ ရသပေးသလားမမေးနဲ့ ဖတ်ရင်းကို ဗိုက်ဆာလာတာ။ :) ဘလော့အကယ်ဒမီပို့စ်တွေဆို သရော်စာပုံစံမျိုးလေးတွေမို့ တမျိုးနှစ်သက်စရာကောင်းပါတယ်။
ငယ်ကျွမ်းဆွေ ဇာတ်လမ်းလေးကတော့ သနားစရာ ကရုဏာရသပေါ့။ ကုမ္ပဏီအလုပ်များအကြောင်းဆိုလဲ မရွှေစင်ဦးရဲ့ မဟုတ်မခံစိတ်နဲ့ သတ္တိကို သဘောကျမိတယ်။
ချစ်ချစ်ကြီးနဲ့ဇာတ်လမ်းကိုတော့ သဘောကျလို့ မဆုံးဘူး။ ဇာတ်သိမ်းခန်းကို အကြိုက်ဆုံးပဲ။ မင်းသားမင်းသမီး ရှမ်းပြည်တခွင် ဆိုင်ကယ်တစီးနဲ့ လျှောက်လည်ခန်းကို မျက်စိထဲတောင် မြင်ယောင်ကြည့်နေမိသေးတယ်။
ရေးတာလဲ ရှည်သွားပြီ။ နိဂုံးချုပ်ရရင်တော့ မရွှေစင်ဦး ကိုယ်တိုင်ရေး အကြောင်းအရာပဲဖြစ်ဖြစ် ကောင်းနိုးရာရာ တင်ပေးနေတဲ့ စာပေတွေပဲဖြစ်ဖြစ် ကျမတို့က တကူးတက စောင့်ဖတ်နေပါတယ်။ မပြောပလောက်တဲ့ အမှားအယွင်းလေးတွေအတွက် စာဖတ်သူတွေက နားလည်ပေးနိုင်ကြပါတယ်။ အင်တာနက် နှေးတဲ့ကြားက စာဖတ်သူတွေအတွက် စေတနာထားပြီး နေ့စဉ်နဲ့အမျှ ပို့စ်တွေ တင်ပေးနေတာကို ကျေးဇူးတင် ၀မ်းသာပါကြောင်းလည်း ဒီနေရာကနေ ပြောကြားလိုက်ပါတယ်ရှင့်။ (မောသွားပြီ) :D
ရွှေရတုမှတ်တမ်း said...
ငါါ့နှမရာ..ကိုယ်ဝါသနာပါတာကိုယ်လုပ်တာ..
ဘယ်သူတွေဘာပြောပြော..လူ့ဘာတိုတိုလေး..စိတ်ပေါ့ပေါ့ပါးလေးနဲ့ ဖြတ်သန်းလိုက်စမ်းပါ..အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ နှမလေးတွေ(မယ်ချစ်၊ရွှေစင်၊မယ်ကိ၊မအယ်)၊ရှိလို့ ဝမ်းသာနေတာ၊ စာရေးတာတော့ ကိုကြီးကျောက်လဲ စာရွက်နဲ့အရင်ရေးတာ၊ စာရိုက်ရင်နှေးတော့ စိတ်ကူးနောက်လက်ကမလိုက်နိင်ဘူး၊ တခါတလေ တော့လဲ ရိုက်ရင်းရေးသွားတာပါပဲ၊ စာဖတ်သူတွေဝေဖန်တာတော့ ငါ့နှမရဲ့စာတွေစိတ်ဝင်စားကြောင်းပြတာမို့မကျေနပ်စရာမရှိပါဘူး၊ ကိုကြီးကျောက်ကိုတော့ ဝေဖန်ရင် ဟာသအလုပ်ခံရမှာကြောက်လို့ထင်ပါရဲ့ ဘာမှမပြောကြဘူး၊ အသက်ကြီးလို့ဘေးမဲ့ပေးထားတယ်နဲ့တူပါရဲ့..း))))
~ဏီလင်းညို~ said...
မရွှေစင်ရေ...
ဘာမှ မဖြစ်နဲ့လေဗျာ...။
ဘလော့ပေါ်မှာ ဖတ်စေချင်လို့ စာကောင်းလေးတွေအပင်ပန်းခံ ကိုယ်တိုင်ရိုက်၊ နောက် မရွှေစင်ရဲ့ သမီးတွေကို ရိုက်ခိုင်းနေတာ... ဒီဘလော့လေးကိုရောက်ဖူးတဲ့ မောင်နှမတွေအားလုံးသိပါတယ်ဗျာ...။
များသောအားဖြင့် တချို့တွေက အဲ့သလိုပြောတယ်ဆိုရင်လည်း...စိတ်ထဲဘာမှ မထားပါနဲ့နော်...။
အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံပြီး ဘလော့တစ်ခုကို ရေရှည် အသက်သွင်းနိုင်ဖို့ဆိုတာ မလွယ်မှန်း တစ်ကယ်တမ်း ဘလော့ရေးနေတဲ့သူတွေလောက် တစ်ခြားဘယ်သူမှ မသိနိုင်ဘူးလို့ကျွန်တော်ထင်တယ်လေ...။ နောက်ပြီး ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စကားအတိုင်းပြောရရင် လောကမှာ အလွယ်ကူဆုံးအလုပ်ဟာ... သူများပြစ်ချက်ကိုရှာပြီး ကဲ့ရဲ့ပြစ်တင်ခြင်းပါပဲတဲ့ဗျာ...။ စေတနာနဲ့ တိုးတက်ရာတိုးတက်ကြောင်းကိုရှေးရှုပြီးဝေဖန်သလား... ဒါမှမဟုတ်လက်ညှိုးထိုးကဲ့ရဲ့ပစ်တင်ချင်တာလားဆိုတာကတော့ ကာယကံရှင်တွေရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကပဲ အသိဆုံးဖြစ်မှာထင်ပါတယ်ဗျာ...။
စာလုံးပေါင်းမှားတယ်ဆိုတာကလည်း... ဘလော့ရေးသူတိုင်း တစ်နေ့မဟုတ် တစ်နေ့ကြုံတွေ့နေရတာတွေပါပဲနော့်...။ ပြီးတော့လည်း.. ဘလော့ရေးတဲ့သူအများစုက ပရော်ဖက်ရှင်နယ်လ်တွေမဟုတ်လို့ ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာ သိပ်ကိုရှားမှာပါဗျာ...။
ရေးတဲ့သူအချင်းချင်းကတော့ နားလည်စွာနဲ့ ဖြည့်ဖတ်သွားကြမှာပါပဲ...။ ပျော်အောင်နေပါဗျာ...။
အဲ့ဒီလိုအကြောင်းလေးတွေကြောင့် စိတ်မညစ်ပါနဲ့...။
မောင်နှမတွေ အားကြီးရှိပါတယ်ဗျာ...။
ခင်မင်တဲ့
ဏီလင်းညို
ချစ်ကြည်အေး said...
ရွှေစင်...သူငယ်ချင်း...ဘူပေါလဲ...ဟုတ်ပေါင်...ငါ့သူငယ်ချင်း အကောင်းစားလေးကို ဘသူ ပြောတာတုန်း ဟွန်းးး တို့ကို ပြောပြ...ခေါင်းကို ၁၀ ချက်ထက် မနဲစေရဘူး ကျွေးပစ်လိုက်မယ်...ဘာမှတ်တုန်း....
ပုံ
ချစ်ကြည်ဖိုးတုတ်
အင်ကြင်းသန့် said...
မမရွှေစင်ရယ်...
ဖြစ်မှဖြစ်ရလေ...ဘယ်လိုလူမျိုးကများ ငါ့အစ်မကို အဲဒီလိုပြောထွက်ပါလိမ့်...နေပါဦး အဲဒီသူတွေကရော ငါ့အစ်မရဲ့ ဆယ်ပုံပုံတစ်ပုံလောက်တောင် ငါ့အစ်မလိုမျိုး စာဖတ်သူအပေါ်မှာစေတနာထားပြီး ပိုက်ဆံလည်းရတာမဟုတ်ပဲနဲ့ အချိန်ကုန်လူအပင်ပန်းခံပြီး ဒီလိုမျိုးတွေလုပ်ပေးဖူးကြလို့လား...ဘယ်သူတွေဘာပြောပြောဂရုစိုက်မနေနဲ့ မမ...ကိုယ့်စေတနာမှန်တာ လူတိုင်းသိတယ်...စကားပုံတစ်ခုပြောပြမလို့ဟာ ရိုင်းမှာစိုးလို့ မပြောတော့ပါဘူး...ကဲ...ညီမလေးကတော့ အခု မမကိုယ်တိုင်ရေးထားတဲ့စာတွေကိုပဲရွေးဖတ်ခဲ့တယ်...
ချစ်ညီမလေး
htwemamaaung@gmail.com said...
Dear sister,
I was astonished when i read this article.Nevertheless, please keep on writing your own articles.
I never thought that you are immature cause of writing those kind of articles.
To be honest i like your articles very much and you are the only one blogger i always read ( without fail)
I also thankful to you for enabling us to read the priceless (old and famous) books.
I like the presenting style and emotion of your articles.
Please do not feel seriously and keep on writing your amusing articles based on your experienced.
Looking forward reading your articles more and more.....
Ray
Thet Oo said...
Comments တွေ အများကြီးရနေတာပဲ။ ဘာမှ အားမငယ်နဲ့ ရေးသာရေး။
ဦးစားကြီး said...
ကျနော်တော့ ကြိုက်ပါတယ်။ ဘယ်သူတွေဘာပြောပြော လူဆိုတာ ကောင်းတဲ့အလုပ်လုပ်ရင်တော့ ဘယ်သူ့ကိုမှ ဂရုစိုက်ဖို့မလိုဘူးလို့ထင်ပါတယ်။ အမ ကျန်းမာပါစေ
သူကြီးမင်း (တုံးဖလား) said...
အပြစ်ရှိသော မျက်လုံးဖြင့် ကြည့်သော သူများသည် မြင်သမျှ အရာအားလုံးကို အပြစ်တွေချည်းဟု ထင်မှတ်တတ်ကြလေ၏။
Anonymous said...
ဟမ်.............
ဒီအဖြစ်မျိုးတွေ ရှိခဲ့ဖူးသလား.......................
sdl