Friday, January 8, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၁)


ဒုတိယ အကြိမ်မြောက် မြန်မာဘလော့ဂ် အကယ်ဒမီ ဆုပေးပွဲကို မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂ္ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၁၀ ခုနှစ် နှစ်ကူးကာလတွင် အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစံနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ နည်းပညာနှင့် ဝဘ်ဆိုဒ် ပြင်ဆင်မှုများကို ကမကထပြု ပံ့ပိုးပေးခြင်းခြင်း ဖြစ်ကာ၊ မြန်မာဘလော်ဂါ လူငယ်တစု ၏ အားထုတ်မှု၊ မြန်မာ သတင်းသမဂ္ဂ၊ နယ်ခြားမဲ့ သတင်းထောက်များ အသင်း RSF တို့၏ ကူညီမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များအရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2009 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2009 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

၂၀၀၉ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆု များတွင်

* အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု
* အကောင်းဆုံး နည်းပညာ အကျိုးပြု စာပေဘလော့ဂ်ဆု
* အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု
* အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့ ဘလော့ဂ်ဆု
* အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု
* အကောင်းဆုံး လူမှုဘဝသရုပ်ဖော် နှင့် ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု
* အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှုစာစု များနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၇ ဆုအထိ ပါဝင်ပြီး၊ ဘလော့ဂ် ပိုင်ရှင်များကိုယ်တိုင် မိမိဝင်ရောက်လိုသည့် ဘလော့ဂ် အမျိုးအစားများ အလိုက် ဝင်ရောက် စာရင်းသွင်းရန် လိုအပ်မည် ဖြစ်ကာ၊ အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ် တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2009 မှ အစီစဉ် ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။

ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေး ရွေးချယ်မှုကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်မည် ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ မြန်မာ စံတော်ချိန်ည (၁၂ း ၀၀) တိတိတွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂ း ၀၀) တိတိတွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည်ဟု သိရှိသည်။


 ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အတွက် ဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် ကျင်းပ ပေးသွားမည် ဖြစ်ပြီး၊ ဘလော့ဂ်ဆု ရရှိသူများအတွက် နေထိုင် စားသောက်စရိတ် အတွက် MBAA 2009 အစီအစဉ်မှ တာဝန်ယူ သွားမည်ဖြစ်ကာ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းမှ ဆုရှင်များအတွက် ခရီးစရိတ်ပါ ထပ်မံကူညီ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ်ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကာ၊ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် ဤနေရာတွင် ဝင်ရောက် ကြည့်ရှု့နိုင်ကြပြီ ဖြစ်သည်။

ဘလော့တွေ လိုက်လည်ရင်းနဲ့ ချစ်တဲ့ မနောမြေ ဘလော့ ထဲက ကိုဒူကဘာ ရဲ့ အကယ်ဒမီ ဆုကြီး အတွက် ကြေငြာချက်ကို တွေ့လိုက်တော့ အတော်ဝမ်းသာသွားတယ်ဗျ..။

အဲ ငါတော့ ပွပြီပေါ့..၊ ဒီတခါတော့ အပိုင်ကြံ မှပေါ့..ဆိုပြီး..ပျော်လိုက်ရတာ..၊ ထိုင်းနိုင်ငံ မပြောနဲ့ မြန်မာနိုင်ငံ ထဲတောင် နှံအောင် မရောက်ဘူးတဲ့ ကျနော့် အတွက်တော့ ထိုင်းနိုင်ငံ ထဲ ဆုယူသွားဘို့ စားရိပ်ငြိမ်း ဆိုတာ ကြီး ကို တွေ့တော့ ပိုတောင် ပျော်သွားပါတယ်..။

ဒီတခါတော့ ရွှေစင်ဦး တို့ အရှုံးမပေးနိုင်ဘူး..ငါ ကို ထောက်ခံမဲ့ မဲတွေ ကြို ပြီး အစမ်းကောက်အုန်းမှ ဆိုပြီး အမေရိကန် ရွေးကောက်ပွဲ အကြို စစ်တမ်းကောက် ယူပွဲကြီးကို အားကျ လို့ ကိုယ့်စိတ်ထဲကိုယ် မဲကောက် ယူမိတယ်ခင်ဗျား..။

ငါဘလော့ ထဲ မှာ လာလာ အားပေးနေ တဲ့ ဂျပန်နိုင်ငံ က မိုမိဂျိ လေးကို မမ ဘလော့ ကို မဲမပေးရင်လေ နောက်ကို ဟင်းချက်မကျွေး တော့ဘူးဆိုပြီး အကျပ်ကိုင် ပြီး မဲပေးခိုင်းရင် တမဲရမယ်..၊ နောက်ပြီး ချစ်ခရီး ၁၁ နှစ်ကို ဆက်မရေးရင် ဘလော့ လာမဖတ်ဘူးဆိုပြီး ဆက်ရေးခိုင်းတဲ့ ဂျပန် က မဝါးတား ကိုလည်း နောက်တခါ ၁၁ နှစ် အလွန် အမုန်းခရီး ဆိုပြီး ဆက်ရေးပေးပါမယ် မဲလေး တော့ ထဲပေးပါ ဆိုပြီး မဲဆွယ်ရမယ်..၊ အမြဲတန်း စာလာဖတ်တဲ့ std လေးကိုလည်း တခြား ဘလော့ တွေ မပေးဘဲနဲ့ ကျနော့် ကိုမဲပေးအောင် တိတ်တိတ်ပုံး လာဘ် ထိုးပြီး မဲပေးခိုင်းရမယ်....အင်း စဉ်းစား လိုက်ရင်တော့ ပေါ်အုန်းမှာပါ.. ဆိုပြီး ...အကယ်ဒမီ ဆုကြီးကို စိတ်ကူးယဉ်ပြီး အိပ်ပျော်သွားတယ်ဗျ..။

နောက်နေ့တော့ ငါမှာ သူငယ်ချင်း ဘလော့ဂါတွေရှိသားဘဲ သူတို့ကိုလည်း မဲပေးခိုင်းရမယ်..၊ ဒါပေမဲ့ သူတို့က သိပ်မသေချာဘူး သူတို့ဘလော့လေး သူတို့ ပေးကြမှာ ဆိုတော့ အင်းခက်လှပါပြီ..။

အကယ်ဒမီ မဲပေးပွဲကြီး အတွက် မဲ များများရအောင် ညည အကြံထုတ် နေရတာနဲ့ ကောင်းကောင်း တောင် အိပ်မပျော်ပါဘူး ဗျာ ခက်လိုက်တဲ့ အကယ်ဒမီ မဲပေးပွဲကြီး ရယ် စိတ်များရယ် ညစ်ပါဘိ..၂၀၁၀ မှာ မဲ အများဆုံး ရ ပြီး အကယ်ဒမီ ဆုကြီးကို ရအောင် ဘယ်လိုများ အကန်ကျောက် (အကောက်ကြံ ) ရမလည်း ဆိုတာ စဉ်းစားရင်း စဉ်းစားရင်း နဲ့ အင်း..ငါက ဘာဆုကြီး အတွက် လျှောက်လွာတင် ရမလည်း ဆိုပြီး အိပ်ရင်းတန်းလန်း တခါ ဘလော့ ဖွင့် ဖတ်လိုက်ရပြန်ရော..။

အကောင်းဆုံး သာသနာတော် အကျိုးပြု စာပေဘလော့ဂ်ဆု

 ဒီဆုကြီးကိုတော့ ငါလျှောက်ရင်လည်း ဖြစ်နိုင်ပါတယ် ကိုအိုင်တီ တို့ ကိုမိုး တို့ မိုးကောင်းကင် ဘလော့က ကိုဇော်သိင်္ခ တို့ sangpi တို့ကိုအမြန်ဆုံး ဘုရားပုံ လေး ဘယ်လို ထည့်ရမလည်း လို့ အပူကပ်ပြီး  ထည့်ခိုင်း၊  ရောင်ခြည်တော်လွှတ် နေတဲ့ ပုံလေး မှနော်လို့ အလကား ရတဲ့ နည်းပညာတွေ သွားဖြဲကြည့်၊  ဘုန်းဘုန်း  တွေ ဘလော့ နဲ့ ကိုသန့်ဇင် ရဲ့ ဓမ္မစေတမန် က ဘုရားစာတွေ ကော်ပီကူး၊ ပို့စ် အသစ်တွေ မြန်မြန်လုပ် ပြီး တနေ့ကို ဘုရားစာ post ၁၀ခုလောက်တင်..အင်း တလ အတွင်းတော့ မှီလောက်ပါတယ်..။ မိုးကြိုးတွေ ပစ်ကုန်ရင်တော့ ဒုက္ခ မတန်မရာ တွေမှန်းရမလား ဆိုပြီး.. ခက်ပခက်ပ..။


အကောင်းဆုံး နည်းပညာ အကျိုးပြု စာပေဘလော့ဂ်ဆု


 အင်းဒီဆုကိုတော့ ငါဘယ်နည်းနဲ့ မှ မရနိုင်ဘူး..၊ ဒါပေမဲ့ ဒီဆုကြီး ကို အမှီပြုပြီး ငါ့ကို ဘယ်သူက အကူအညီ အပေးဆုံးလည်း ..၊ ငါ့ကို ကျော်နိုင်ခွနိုင်တဲ့ နည်းလေးပေးတဲ့ မိုးကောင်းကင် လည်း မေ့လို့ မရဘူး..၊ Christmas countdown လေးလုပ်ပေးထားတဲ့ အိုင်တီ ဘလော့ လေးလည်း မေ့လို့ မရဘူး..၊ i paper ယူနည်းလေး ပြောတဲ့ ကိုအိုင်တီလေးလည်း သနားစရာပါ..၊ ကိုမိုး ကြီးကလည်း ငါ့ကို ခင်ရှာတယ်..၊ ငါ့ ဘလော့ ကို ဘယ်သူ အများဆုံး လာလည်း အင်း ဒါတွေ ဒါတွေကြည့် ပြီးမှ သေသေ ချာချာ ရွေးချယ်ပြိး မဲ ပေးရမယ်..အသဲကြားက မဲတပြား က တန်ဘိုးရှိတယ်ဗျ..၊ အလွယ် လုပ်ပစ်လို့ မရဘူး ကဲ နည်းပညာ ဘလော့များ မဲရချင် ရင်တော့ နောက်ဖေးပေါက်က လာဘ််ပေး လာဘ်ယူ ဒို့ရန်သူ မဟုတ်ဘဲ.... လက်ခံပါတယ် ဆိုတဲ့ အကြောင်း ကြေငြာ လိုက်ပါတယ်..။

အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု


ဒီဆုကြီးကတော့ နိုင်ငံအကျိုးပြုဆိုတော့  အင်း ငါ့ဘလော့ မှာ နိုင်ငံအတွက် အကျိုးပြုတာ ဆိုလို့ မူးလို့မှ ရှုစရာ မပါ..၊ သတင်းဆိုလို့လည်း ငါတို့ အသက်၂၀၀၀ ဂုရုကွေးကြီး ကွယ်လွန် တဲ့ သတင်းလေး တခုဘဲ ရှားရှားပါးပါး ပါဘူးတာ ဆိုတော့ ဒီဆုနဲ့ ငါနဲ့တော့ မထိုက်တန်လေဘူး ဝေါင်ဝေါင် ရှေး မှ..၊ နိုင်ငံ အကျိုးပြု တာ ဘာဆိုလည်း ဆိုတာတောင် ကောင်းကောင်း မသိလေတဲ့ ငါ့ခမျာ ဘယ် ဘလော့ လေး ကိုများ မဲပေး ရမလည်း ဆိုတာ စဉ်းစားမိတာနဲ့တောင် ခေါင်းကိုက်ပါရဲ့ဗျာ..သိပ်တော့ မပူပါဘူး..သူငယ်ချင်း ချစ်ကြည်အေး ဘလော့ လေးထဲက ဆီပုံးလေးထဲ တိုးတိုးတိတ်တိတ် သွားပြီး အကြံတောင်း ရင်တော့ ပေးမှာပါလို့ ထင်ရပါရဲ့..။

 အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့ ဘလော့ဂ်ဆု

လူမှု အကျိုးပြုဘို့ နေနေသာသာ ကိုယ့် ဆိုင်က ကိုယ့် သား၊ သမီးတွေတောင် အကျိုးပြု ဘို့ ပေးဒေး နေ့ဆို ပြေးဒေး လုပ်ဘို့ ကျိုးစားလွန်းလို့ သမီးတွေက လိုက်လိုက်ဆွဲနေရတာဆိုတော့ အင်း ဒီဆုကြီး လည်း ငါဝေးဝေး ရှောင်မှ လို့စဉ်းစားရင်း..ညီမ အင်ကြင်း စီသွားပြီး အကြံတောင်းအုန်းမှ..၊ အကျိုးပြု ပရဟိတ ဘလော့ ဆိုတာလည်း ဖတ်ဘူးသလိုလို သာရှိတာ လိပ်စာလည်း မသိတော့ ဘူးဆိုတော့ ခက်ပ..၊ ညီမငယ် အင်ကြင်းတော့ ဘယ် ဟာကို မဲပေးရမယ်ဆိုတာ သိကောင်းပါရဲ့..၊ အခုကထဲက အချိတ်အဆက် လေးတော့ လုပ်ထားအုန်းမှပါ...ကိုယ်မသိရင်လည်း သိတဲ့ လူတွေစီသွားပြီး အကြံဉာဏ်လေး စောစောစီးစီး ယူမှ ..အဖိုးတန်တယ်..အသဲကြားက မဲတပြား..အဟင့်..ဟင့်..။

 အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု


အင်း ပညာရေး ဆိုတာတော့ သိပါတယ်..၊ ပညာပေး ဆိုလို့ ရေးရေးတောင် မသိတော့ အဝေးကြီး အဝေးကြီး ပြေးမှ..၊ ဒါပေမဲ့ ဒါမျိုးဆို မငယ်နိုင် တို့က ကျွမ်းကျင်တယ် ဆိုတော့ အရင်သွား ပြီး မေးထား အုန်းမှပါ..။ အင်း ဒီဘလော့ အကယ်ဒမီဆုကြီး ကတော့ နှိုတ်စက်ပဗျာ..။

အကောင်းဆုံး လူမှုဘဝသရုပ်ဖော် နှင့် ဘာသာပြန်ရသစာပေ ဘလော့ဂ်ဆု

လူမှု ဘဝသရုပ်ဖော် နှင့် ဘာသာပြန် ရသစာပေဆုတဲ့ လူမှု ဘဝသရုပ်ဖော် လားဘာလားတော့ မသိဘူး ဒါ ငါ့အမေ ဒါ ငါ့အဖေ .... ဆိုတဲ့ ဘလော့ လေးဖတ်ရတာတော့ ကောင်းသား၊ ဟို နိုင်းနိုင်းစနေ ဆိုတဲ့ ဘလော့ လေးကလည်း ဘာသာပြန်တော်တော်ကောင်းဆိုဘဲ..၊ ဒါပေမဲ့ သူ့ပေးဘို့ သိပ်တော့ မသေချာ သေးဘူး ၊ ဟိုဘော်ဒါ အရင်းကြီး ကိုကြီးကျောက် ကရှိသေး နောက်ဆုံး သတင်းကြားရတာတော့ ဘယ်သူမှ ဘာသာမပြန် သေးတာတွေကို ရွေးပြန်ဘို့ ဘာစကားဆိုလား သင်နေလေရဲ့ တဲ့ ဘာသာပြန်ခြင်း အတူတူ ကိုကြီးကျောက် ပြိုင်ပွဲ ဝင် ရင်တော့ ကျောက် ကလွဲပြီး ဘယ်သူ့ မှ ပေးလို့ မရဘူး..၊ ငါ့ ဘလော့ လေး ထဲလည်း သူတယောက်ဘဲ သစ္စာရှိရှိ အသစ်တင်တိုင်း လာ လာမန့် ပေးတာဆိုတော့..ကျောက်မှ ကျောက်ဘဲ...၊ သူ့ခမြာ သနားတော့ သနားပါတယ် သူ့ ဂမ္မိရလိုင်းက ဘောင်မဝင်ရှာဘူး.. အင်းဘာသာပြန် လေးနဲ့ အကွက်တည့်ပါစေလို့ ဆုတောင်းပေးရမှာဘဲ..။

အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှုစာစု များနှင့် ရသကဗျာ 
စာပေ ဘလော့ဂ်ဆု

အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု့ စာစုတဲ့ ကိုမြစ်ကျိုးအင်း လိုဟာမျိုးလား ကို မင်းဒင် လိုမျိုး လား... ၊ စဉ်းစားရတာ ဗိုက်တောင်ဆာလာပြီ..၊ ဟို မစုဘူးအိမ် ဘလော့ ထဲက ဟင်းလေးတွေ သွားဖတ်ပြီး တံတွေး တွေမြို့ချအုန်းမှ..။ သြ ကိုလူထွင်းတို့ အညာသားလေးကိုမျိုး တို့ လည်းရှိသေး တယ်..နွေဆူးလင်္ကာ ..၊ ဏီလင်းညို..၊ ကိုဘကြိုင်ကြီး..၊ အဖြူရောင်နတ်သမီး လေး..၊ ကိုသက်တန့်ချို..၊ ကိုဘာကဒူး..သြ ရောင်လို ကိုဒူးကဘာ..၊ ခပ်ကောင်းကောင်း အဲ ခပ်ညံညံ..၊ မြှားများ.၊ ဇွန်မ..၊ မကေ ..၊မမေကျော်..၊ အချစ်မဲ့ ဂစ်တာ ..၊ အိမ်မက်လမင်း..၊ မြတ်မွန်..၊ မိုးစက်ပွင့်လေး..၊ အွန်စော..၊ အဖြူလေး၊ ရဲဝင့်သူ me art..၊ ဇာနည်မောင်..၊ မောင်ကောင်း..၊ ကိုဝင်းဇော် welcome ၊ craton..၊ မိုးမမ..၊ justfreeman..၊ penai..၊ လင်းသင်..၊ yaw net than..၊ မိုးထက်အိမ်..၊ အညာသူမလေး..၊ မဆုမွန် ၊ တောသူမလေး..၊ ကိုလင်းဦး (စိတ်ပညာ)၊ လုံမလေး..၊ ကောင်းကင်ပြာ..၊ တောင်ပေါ်သား၊ ကိုဇော်.၊ ရွှေလမ်းငွေလမ်း ဝင်းကြည်..၊ July Dream ၊ ကိုကျော်ကျော်..၊ ဆိုးသွမ်း..၊ သေမင်းတမန်၊ ရီနိုမာန်..၊ စိတ်၏ဖြေရာ..၊ ကိုဇော်မျိုးလွင်..၊ ကိုဂျေဂျူဝိုင်..- အလှတရား (ကျနော် နဲ့ ပြိုင်ဘက် ဖြစ်ဘို့များတယ်)၊ ဦးသင်ကာ (mm thinker) တို့ လည်း မေ့လို့ မဖြစ်ဘူး ငါ့ ဘလော့လေးတော့ လာရှာသား..၊ ကဲ ကျနော့် cbox က old message တွေယူလို့ မရတော့လို့ ကျနော့် ဘလော့ ထဲကို လာလည်ရဲ့သားနဲ့ အခု ရေးတဲ့ အထဲမှာ မပါရင် ကျနော် ကို ဆက်သွယ်ကြဘို့ တိုက်တွန်း ပါတယ်..ကျနော် မှာ အသဲကြားက တပြားမက တဲ့ မဲတွေ ရှိပါတယ်ခင်ဗျား..၊ (ကျနော် ကြိုက်သလောက် မဲပြားတွေ ယူလို့ ရပါတယ် ) အစောကတော့ အသဲကြားက မဲတပြား ဘဲဗျ..အခုမှ ရည်ရွယ်ချက်ပြောင်းသွားတာ..၊ အပြောင်း အလဲ မြန်လွန်းသူပါ..။

နောက်ဆုံးတော့ ကျနော့် မှာ ကိုယ့်ကိုကိုယ် နဲ့ ကျနော့် ကို ထောက်ခံသူ တွေ  အတွက် မဲပေးစရာတွေ တအားများ နေတော့ ကျနော် တခုစဉ်းစားထားပါတယ်..၊ နည်းပညာရှင် ဘလော့ဂါ တွေနဲ့ ပူးပေါင်းပြီး ၂၀၁၀ မှာ မဲ ခိုးပရစေတော့ ခင်ဗျား.. လို့ ပွင့်ပွင့် လင်းလင်း မရှက်မကြောက် ဖွင့်ပြောပရစေ..၊(ကျနော့် မှာ မြန်မာ ဘလော့ အကယ်ဒမီ ဆုကြီးရဘို့ ဒီတနည်း ဘဲရှိပါတော့တယ်.) အဲဒီ အတွက်လည်း ခွင့်လွှတ်ပါ..၊ ကျနော် ဟာဖြင့် သိပ်ကို အနိုင် ရချင်နေပါပြီ.. မဲခိုး ပရစေတော့ ခင်ဗျား....။ (မပြောလည်း သိပါတယ်)


၂၀၁ဝ အကယ်ဒမီ ဘလော့ ဆုကြီး ရဘို့အရေး ဒို့အရေး...ဒို့အရေး



ခွင့်မတောင်း ဘဲ ဘလော့ဂါ နံမည်များ ယူသုံးထားတဲ့ အတွက် ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါ တယ်..၊ နံမည် မပါစေလိုရင်ဖြင့် ဆီပုံးထဲမှာ တိုးတိုးတိတ်တိတ် လာပြောကြပါ ကျနော်ဖြုတ်ပေး ပါမယ် ခင်ဗျား..။

အင်မတန် ရည်ရွယ်ချက် ကောင်းမွန်ပြီး မြန်မာ ဘလော့ဂါ တွေအတွက် အားတက်စရာ စီစဉ်ထားတဲ့ အကယ်ဒမီ ဘလော့ ဆုကြီးကို မလေး မစားလုပ်တာ မဟုတ်ဘဲ ဝမ်းသာလွန်းလို့ ဒီ ပို့စ်လေး ကို ရေးမိ တာပါ..။ 
အမိုက်အမဲလေးကို ခွင့်လွှတ်ပြီး ဆုပေးမဲ ရေတွက်တဲ့ အခါမှာ လည်း ပိုပိုသာသာလေး (ကျနော့် ဘက်ကြီး တွန်းပို့ဘို့..) လုပ်ဘို့ မဲများတူ နေရင်လည်း ကျနော့် ကိုသာ အနိုင်ပေးဘို့ ပြောကြားရင်း ပြောမှား ဆိုမှား ရှိရင်လည်း ခွင့်လွှတ်ကြပါ ခင်ဗျား..။


အဲ ကျနော်က ဘယ်ဆုကြီး အတွက်များ စာရင်းပေးထားတာပါလိမ့်..အဟီး ရှက်စရာကြီး မပေးတော့ ပါဘူး.. ကျနော့် ဘလော့ ဟာဖြင့်


အကောင်းဆုံး သာသနာတော် အကျိုးပြု 
အကောင်းဆုံး နည်းပညာ အကျိုးပြု 
အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနှင့်စာပေ
 အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းအဖွဲ့
အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေ
အကောင်းဆုံး လူမှုဘဝသရုပ်ဖော် နှင့် ဘာသာပြန်ရသ 
အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှုစာစု များနှင့် ရသကဗျာ ဆု 

တို့ကို ရသင့်ပါတယ်လို ကိုယ့်ကိုကိုယ် စာရင်းပေးပြီး ပြိုင်ရဲ ပါဘူးဗျာ....။ သူရို့ဘာသာ သူရို့ လာပေး ရင်တော့ အဟင့်....ရှက်ရှက်နဲ့ ယူရမှာဘဲ..။


စာရေးသူ-ရွှေစင်ဦး
.

15 comments:

မြစ်ကျိုးအင်း said...

မဲပေးပါတယ်ခင်များ ထောက်ခံမဲပေးချင်လွန်းလို့ မနက် ၄ နာရီထဲက ထမင်းဘူးနဲ့ လာစောင့်နေတာပါ :)

မြစ်ကျိုးအင်း said...

ဖတ်ရသလောက်တော့ ပထမဆုံး ကိုယ့်နာမည် စာရင်းတင်သွင်းရမယ်ဆိုပဲ ။
ကျနော်တောင်တင်သွင်းမလားတွေးမိသေး မတန်မရာလုပ် လို့ မိုးကြိုးပစ် မှာကြောက်တာ နဲ့ အသာလေးငြိမ်နေလိုက်ရတယ်း)

ရွှေရတုမှတ်တမ်း said...

မဲခိုးတာဒို့မပါဘူးနော်
ဒို့ကသန့်သန့်လေးနဲ့ ၉၂ % ရအောင်ယူမှာ

ချစ်ကြည်အေး said...

ဟုတ်ပ...ရွှေစင်ရေ...၂လ သာကျော်လာပြီ...ကိုယ့်ဘလော့ဂ်လေးထဲပြန်ကြည့်လို့မှ တန်းဝင်တာ တခုမှ တွေ့ဘူး အားငယ်ပါ့...။ ကိုယ့်ထက်ဝါရင့်နေတဲ့ ဘလော့ဂ် ဘိုးအေ၊ ဘွားအေ ကြီးတွေကိုပဲ အားပေးရမှာပေါ့အေ.....။ တကယ်ကောင်းတဲ့ ကဗျာ ဘလော့ဂ်တွေ အများကြီးဗျ၊ ကဗျာဆု ဘာလို့ မပါလဲ မသိဘူးနော်....။ ကိုမျှစ်ချိုး ကို သတိထား ရွှေစင်ရေ....မာမီတွေ ဘာတွေ လုပ်ကုန်ပြီ...မျက်နှာပွင့်ပါ့ သမီးတို့အမေရေ...ဒါလဲ မဲဆွယ်နည်း တမျိုး.....:D

Welcome said...

အဟဲ
မကြီးရွှေစင်ဦး ကို မဲပေးပါမယ်၊ ဟင်းကောင်းကောင်းသာ ချက်ကျွေးပါ။

လေးစားလျက်နဲ့

~ဏီလင်းညို~ said...

မရွှေစင်ရေ...
အဲ့ဒီ အကယ်ထမီကိုဒေါ့... လိုချင်သား...။
ဒါပေမယ့် ကျွန်တော်ရဲ့ အိမ်ကလေးက ချောက်တီးချောက်ချက်ရယ်လေဗျာ....ရွှတ်...(ငိုသံ၊ နှပ်ညှစ်သံ ပေါင်းစည်းခြင်းးးးးး)
ကိုကြီးကျောက် ကိုတော့ ကျွန်တော်မဲပေးမယ်သိလား... သူ့လိုင်းပါပါ မပါပါ...ဒီက လူဇိုးလေ....။ ဇွတ်ဆိုမှ ဇွတ်....း)
ခင်မင်တဲ့
ဏီလင်းညို

မောင်မိုး said...

အဟဲ...မဲပေးရမယ့်လူတွေ များလာပြီ။ ကိုယ်တောင် ၀င်ပြိုင်ရင်ကောင်းမလားလို့ စဉ်းစားနေတာ။ တော်ကြာ ဆုအားလုံး ကျွန်တော်တစ်ယောက်ထဲ ရသွားရင် မသင့်တော်ဘူးဆိုပြီး ငြိမ်နေလိုက်မလားလို့။

mm thinker said...

အဟား ... ကောင်းပါ့ဗျာ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အင်း.. ဘယ်ဆုကို ၀င်ပြိုင်ရင် ကောင်းမလဲ။ အင်း.. အနိုင်အရှုံးက အဓိက မဟုတ်ပါဘူးလေ။ ယှဉ်ပြိုင်မှုကသာ အဓိကပါ။ ဆုအားလုံးအတွက် ၀င်ပြိုင်မယ်။ ဟ ဟ...
ဘယ်သူတွေဘာပြောပြော..ဘယ်ဆုရရ.. " စု " ရရင်..ပြီးရော.. :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

အင်ကြင်း said...

ဟားဟား...
မမရွှေစင်ရေ...
အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတ အသင်းနဲ့ပတ်သက်လို့ တိုးတိုးတိတ်တိတ် အီးမေးလ်ပို့လိုက်မယ်နော် (ဘယ်သူမှ မသိစေနဲ့သိလား...အဟမ်း အဟမ်း)
တောက်....!!!!ဆုတစ်ဆုက ပါမလာဘူးကွာ...အဲဒီဆုသာပါရင် သေချာပြီ ဗေဒင်မမေးနဲ့ ညီမလေးရပြီးသားပဲ (ဟဲဟဲ...အဆိုးရွားဆုံးအရေးအသားများနဲ့ ချာတူးလန်ဘလော့ဂ်ဆု ကိုပြောတာပါ...ဟီးဟီးးးးးးးးးးးးးး)

ကိုလူထွေး said...

ဘယ်ကက်တဂိုရီအတွက် ရွေးပေးရမလဲဆိုတာသာ ပြောလိုက်ပါ...

းဝ)

htwemamaaung@gmail.com said...

Heyyyyyyyyyy

Konnichiwa.

Let me think a bit more.:P:P

My vote for you is not 100%, only 92.48%.

နွေဆူးလင်္ကာ said...

အဲဒီ အကယ်ဒမီဆိုတာကြီးက ဟိုအကယ်ဒမီလို မိန်းမတွေ မပေးဘူးတို့ ယောက်ျားတွေ မပေးဘူးတို့များ ရှိသလားဟင် ?????

Dr Phyo Wai Kyaw said...

နောက်တဲ့လူပဲဗျာ...။

thaingarra said...

အမှတ်တရ ပါပဲ မရွှေစင်ဦးရေ ...

Blogging Sphere ထဲမှာ ကိုယ့် အိမ်ထဲ ကိုယ်နေတာ

များတော့ ခုမှ စာတွေ လာဖတ်ဖြစ်ပါတယ် ။ သတင်းတွေ

နောက်ကျလို့ မဲမပေးဖြစ်ခဲ့ပါဘူး ။ နောက်နှစ်ပေါ့ ခင်ဗျာ :)