ဒီနေ့မနက် ကျနော်တို့ မုံသွားစားရင်း ကျနော် ရွတ်တော့ (ဘုရားစာများ မဟုတ်ပါ) (ဆူပူမှု့ အသေး စားလေး များပါ ) ချစ်ချစ်ကြီးက မင်းက အကျင့်ပါနေပြီ မရွတ်စမ်းပါနဲ့ တဲ့..၊ အဲဒီမှာ ကျနော်လည်း ကျနော့် အဖွားအကြောင်း ရေးဘို့ အကြံပေါ်လာတာ နဲ့ ငါ့ အဖွား ရွတ်တဲ့ အကြောင်းလေးတော့ ရေးအုန်း မှပေါ့..(စာမရေးရင်လည်း မရဘူးဗျ ဖတ်ချင်တဲ့ သူတွေက တောင်းဆိုနေတော့ ရေးအုန်းမှရမယ် တော်ကြာ စာမရေးလို့ဆိုပြီး ကိုကြီးကျောက်က မှင်စာလေးလွှတ်ပြီး keyboard ပေါ် ခုန်ချခိုင်း လိုက်ရင် အသက် ထွက်သွား အုန်းမယ်..)။
ကျနော် ချစ်ချစ်ကြီး နဲ့ မရခင်တုန်းက ပေါ့ ဖေဖေ နဲ့ မေမေ က အလုပ်ပြောင်းတဲ့ မြို့ကို စုံတွဲ ခုတ်သွားတော့ အိမ်အိုကြီးနဲ့ ကျနော် တို့ မောင်နုမ တစုဘဲ ကျန်ခဲ့တာပေါ့ ..၊ ကျနော်တို့ နေတဲ့ အိမ်က အဲဒီတုန်း က ၂ထပ်အိမ်မဲမဲ ကြီး ရေနံချေးတွေကလည်း နှစ်တိုင်း ကျနော် နဲ့ ဖေဖေ နဲ့ လက်စွမ်းပြသုတ်ထား တာဆိုတော့ တော်တော်လေး မဲသဲ ပါတယ်..၊ ကျနော် အဖေကလည်း တခြား အလုပ်တွေတော့ ဘာမှ မလုပ်ဘူး ထုံးသုတ်တာနဲ့ ရေနံချေးသုတ်တာ တော့ အတော် ဝါသနာပါသဗျ..၊ ဘယ်တော့မှ အလုပ်သမား မငှားဘူး ကျနော့် နဲ့ ညီမ များ ကိုဘဲ မြှောက် မြှောက်ခိုင်းတာ..၊ ကျနော်တို့ အိမ်က သွပ်မိုး ထရံကာ ဗျ..၊ အောက်ထပ် တထပ်လုံးက စာသင်ခန်းလုပ်ထားတာ..၊ စာသင်ခန်းထဲကို ထုံးသုတ်ရတယ်..၊ အပြင်ထရံတွေကို ရေနံ သုတ်ရတယ်..၊ရေနံသုတ်ရတာများ လွယ်မှတ်လို့ အပေါ်ထပ် ဆိုရင် လှေကား နဲ့ သုတ်ရတာ..၊ ကျနော်တို့ သုတ်တာ ဘယ်ကောင်းနိုင်မှာလည်း ..၊ ဒါပေမဲ့ ဒီလိုဘဲ မညီမညာ နဲ့ ပြီးပြီး သွားတာဘဲ..။ အိမ်ကြီးကလည်း နှစ်ပေါင်း ကြာပြီဆိုတော့ တဘက်ကိုစောင်းပြီး တော်တော် အိုနေပါပြီ..။
ပြောချင်တာက အဲဒီအိမ်အိုကြီးနဲ့ ကျနော်တို့ မောင်နုမ တစု ရယ် ဘုတ်ဘုတ် သရဲတကောင်ရယ် ကျန်ခဲ့တယ်ဗျ..၊ ဘုတ်ဘုတ် သရဲဆိုတာ အိမ်ပေါ်မှာ လူ မရှိဘူး ဒါမှမဟုတ် တယောက်တလေ ဘဲရှိတယ် ဆိုရင် နံရံကို တဘုတ်ဘုတ် နဲ့ လာလာ ပုတ်တာဗျ..၊ အဲဒီတော့ အိမ်ပေါ်မှာ လူမရှိရင် ဘယ်သူမှ မနေရဲဘူး အကုန်ပြေးဆင်းတာဘဲ..၊ ဖေဖေ နယ်ပြောင်းရတဲ့ ပထဆုံးအခေါက်မှာ မေမေက အိမ်စိတ်မချလို့ ကျနော်တို့ အဖွား ကို အိမ်မှာ တောင်းတောင်းပန်ပန် နဲ့ ခေါ်ထားပေးခဲ့တယ်ဗျ..၊ ကျနော့် မေမေ ရဲ့ အမေ ပခုက္ကူသူ ကြီးပေါ့ဗျာ..၊ အဲဒီ အချိန်တုန်းက အဖွားက အသက် ၇၀ ကျော်ပြီ ဒါပေမဲ့ အထင်မသေးနဲ့ ဗျ..ရုပ်က တအားချောတာ..၊ မနက်မိုးလင်းရင် သနပ်ခါး အရင်လိမ်း လဘက်ရည်သောက် မုန့်စားပြီး ပိုလိုလေး ခဲလို့ order အောက်တော့တာဘဲ..။
အဖွားက ကျနော့် တို့ အမေနဲ့ တခြားစီဗျ...၊ မေမေက အရမ်းအေးဆေးပြီး တကယ့် innocent သားသမီး ဆို လည်း ချစ်တာဘဲသိတယ်.ဘာမှပြောဆို ဆူပူခြင်းမရှိဘူး ကျနော့် တသက်မှာ မေမေ စိတ်ဆိုးပြီး ဆူတာ ပူတာ မခံရဘူး..။ မေမေကြီးနဲ့ တော့ တခြားစီ မေမေကြီးကတော့ ရောက်တဲ့ နေရာမှာ ဗိုလ်..၊ သမီး ၂ယောက် သား၃ယောက်ရှိတာ..ဘယ်သူနဲ့ နေနေ သူ့အမိန့်က မလွတ်ဘူး..၊ မြေးတွေအားလုံးကလည်း ကြောက်ရတယ်..၊ သူ စိတ်တိုင်း မကျရင် ရွတ်ရုံမကဘူး လက်ပါ ပါတော့တာဘဲ..။
အဲဒီလို အဖွားဟာ ကျနော့် တို့ အိမ်လို ဗိုလ်တထောင် တပ်ဖွဲ့မောင်နှမများ (အဖေထက်သား တနှစ် ကြီးတဲ့ အိမ်မျိုးမှာ မပျော်ဘူးဗျ) ၊ ကျနော်လည်း အဖွားကို ချစ်ပါတယ် အိမ်မှာ အဖွားလည်း နေစေချင်တယ်..၊ အဲဒါနဲ့ အဖွား မပျော်ရတဲ့ အကြောင်းကို ရှာဖွေတော့ အဖွားဟာ ကျနော် တို့ အိမ်မှာ သူ ရွတ်ရမဲ့ သူ (သူ နိုင်ရမဲ့သူ) မရှိတာက အကြောင်းရင်းဖြစ်နေတယ်..။
ကျနော်တို့ မောင်နှမ များက အဖွားရဲ့ ငယ်မွေးခြံပေါက် မြေးများ မဟုတ်တာ တကြောင်းနဲ့ အဖွားထက် ၁၀ နှစ်လောက်ကြီးတဲ့ မြေးများဆိုတော့ အဖွားက သိတ်လည်း မဆူပူ ရဲဘူးဗျ..၊ ဒါတောင် နဲနဲတော့ ဆူတာဘဲ..၊ ကျနော် တို့ အိမ်မှာ ဟင်းချက်ရင် ကြက်သွန်ကို ပါးပါးလှှီးပြီး ဆီသပ် ချက်တာ.၊ အဲဒါကို အဖွားက မကြိုက်ဘူး လက်ကြောမတင်းဘူးတဲ့..၊ အဲဒါ ကျနော့် ညီမ အငယ်ကိုဆူတာ..ငရုပ်ဆုံနဲ့ ကြက်သွန်နီ နဲ့ ငရုပ်သီးကို ညက်အောင်ထောင်းပြီး မှ ချက်ရမယ်တဲ့..။
ကျနော် တို့ ကတော့ အဲဒီလို ဘဲ တသက်လုံး ချက်လာတာဆိုတော့ ညီမအငယ်က ပြန်ပြောတာပေါ့..၊ မေမေ လည်း ဒီလိုချက်တာဘဲ ဆိုတော့ မရှိတဲ့ သူ့ သမီး (ကျနော် တို့ မေမေ) ကိုရွတ်တော့တာဘဲ..၊ သမီး တွေကို မသင်ဘူးပျင်းတယ်ပေါ့ (မေမေ လေး သနားပါတယ်) အဲဒါနဲ့ ကျနော်လည်း ညီမ ကို သူကြိုက်သလိုဘဲ ချက်ပါဆိုတော့ ငရုပ်ဆုံ နဲ့ ကြက်သွန်တွေ ငရုပ်သီး တွေထောင်းပြီးချက်ခိုင်းရတာပေါ့..၊ အဲဒါလည်း မပြီးသေး ဘူးဗျ မညက်လို့တဲ့ ငြီးစော်နံတယ် တဲ့ စုံနေတာပါဘဲဗျာ..။
ညီမ အငယ် ကနဲနဲ စွာတယ်..၊ နောက် ပြီး သူက အများဆုံး ဟင်းချက်ရတာဆိုတော့ သူနဲ့ ဘဲ ထိပ်တိုက် တွေ့တော့တာပေါ့..၊ နောက်တခါ ကျနော့် တို့ အိမ်မှာ ကြောင်တွေ ခွေးတွေ အများကြီး ရှိတယ်..၊ ခွေးတွေကတော့ အောက်မှာ နေတာဆိုတော့ ပြသာနာ မရှိဘူး..၊ ကြောင်တွေက ပြသာနာ..၊ ကြောင် ကလည်း နဲနဲနောနော မဟုတ်ဘူး..အနဲဆုံး မရှိဘူးဆိုတဲ့ အချိန်မှာ တောင် ၅ကောင်၆ကောင်ရှိတယ်..။ ကြောင်များတဲ့ အချိန်ဆိုရင် ၁၀ကောင်ကျော်လောက်ရှိတယ်..၊ အဲဒီတော့ ကြောင်စာ၊ ခွေးစာ ကလည်း ကျနော်တို့ အိမ်မှာ သီးသန့် ဝယ်ရပါတယ်..၊ ငါးဆိုရင် သေးသေးလေးတွေ နဲ့ အသားခြစ်ပြီးသား ငါးရိုးများ ဝယ်ပြီးပြုတ်ထားရပါတယ်..၊ သူတို့စားချိန်ကြမှ နှယ်ပြီး ကျွေးရပါတယ်..၊ အဲဒါတွေ အသင့် မဖြစ်ရင် ငါးသတ္တောဘူး ဖောက်ပြီးတော့ နယ်ကြွေးရတာဆိုတော့ အဲဒါတွေကို ကျနော့်အဖွားက ကြည့်မရ ပါဘူး..၊။
တိရစ္ဆာန် တွေကို အရေးလုပ်လွန်းတယ်ပေါ့..၊ နောက်ပြီး ကြောင်တွေက နေရာတိုင်းမှာ ရှိနေတာဆိုတော့ သူနင်းမိမှာ လည်းကြောက်တယ်ပေါ့..၊ အမြဲတန်း ဆူနေတာဘဲ ကျနော်တို့ ညီမ ၂ ယောက်ကတော့ အဖွားကို ဘေးမဲ့ ပေးထာတာဆိုတော့ (ကန်တော့ ကန်တော့) ဘာပြောပြော မကြားသလိုနေလိုက်တာ..၊ ညီမအငယ်က တော့ ငယ်လည်းငယ်တော့ သူ့ကို အများဆုံး အဆူခံနေရတာဆိုတော့ ညီမ အငယ်က စိတ်ညစ်ပါတယ်..။
အဖွားကိုလည်း ပြန်ပြန် ပြောနေတာဆိုတော့ ကျနော်လည်း စိတ်ညစ်လာတယ်..၊ အဲဒါနဲ့ အကြောင်းရှာလိုက် တော့ အဖွား ဟာ တသက်လုံး ရွတ်တာ ဆူတာပူတာ ဝါသနာဖြစ်နေပြီ..၊ သူရွတ်စရာ ရှာပေးရမယ်လို့ သဘောပေါက်သွားပြီး ၁၀ နှစ် ၁၁ နှစ်ကလေး လေး တယောက်ကို အဖွား အတွက် ဆိုပြီး ရှာပေးလိုက် ရပါတယ်..၊ အဲဒီကြမှ ဂွင်တွေတည့်သွားပြီး ကျနော် တို့မောင်နှမ တတွေလည်း လေဘေးဒဏ် လွတ်သွား ပါတယ်..။
နောက် အတော်ကြာတော့ ကျနော် အဖွား က ဦးလေးအိမ် ပြန်ပြောင်းသွားပါတယ်..၊ ငါ ညီးတို့ မောင်နှမ တွေနဲ့ ကြောင်တွေ ခွေးတွေ နဲ့ မဖြစ်ဘူး.၊ ကြာရင် ငါ အသက်တိုလိမ့်မယ် ဆိုပြီးပြန်သွားတာပါ..၊ ကျနော့် မောင်အကြီးဆုံးက ညမိုးချုပ်မှ အိမ်ပြန်လာတာဆိုတော့ ညမိုးချုပ်လို့ ရပ်ကွက်ထဲမှာ ဆူသံပူသံ တွေကြားရင် ကျနော် တို့ က မောင်လေးများလား ဆိုပြီး ထ ထ ကြည့်၊ အဖွားကလည်း သူ မရောက်မခြင်း စိတ်ပူပြီး သူ့ရင်ဝမှာ အလုံးကြီး ဆို့ဆို့ လာတယ် ဆိုပြီး တားမရတော့ ဘဲ ပြန်သွားတော့ တာဘဲဗျာ..။
ကျနော့် အဖွားက အသက် ၈၆ နှစ်မှာဆုံးသွားပါတယ်..။ ဒီ post လေးက အဖွားကို သတိရ လို့ သက်သက်ရေး လိုက်တာပါ..။ ဖတ်လို့ မကောင်းရင်တော့ ခွင့်လွှတ်ပါ။
စာကြွင်း
ကျနော်တို့ အိမ်က ဘုတ်ဘုတ် သရဲ အကြောင်း မပြော ဘဲနဲ ကျန်ခဲ့ရင် သရဲ အကြောင်း စိတ်ဝင်စားသူများ က စိတ်ဆိုးမှာ ဆိုတော့ နောက်ဆက်တွဲ ပြောလိုက်အုန်းမယ်..၊ ကျနော် တို့ အိမ်ကြီးကို တိုက်ပြောင်း ဆောက်တော့ ဘုတ်ဘုတ် သရဲ ရှိတဲ့ အခန်း နံရံ ကြီး ဖြို ချလိုက်တော့ နံရံပေါ်မှာ ကပ်ထားတဲ့ ဓါတ်ပုံ ဘောင်ကြားထဲမှာ ရှိတဲ့ လင်းနို့သိုက် ပြုတ်ကြလာပါတယ်..၊ အဲဒီ လင်းနို့ က နံရံ ကို အတောင်နဲ့ ရိုက်တဲ့ အသံထင်ပါတယ်... ဒီလောက် ကပ်သီးကပ်သပ် ဝင်နေတာ ဆိုတော့ ကျနော် တို့လည်း ဘယ်သတိ ထားမိမလည်း..၊ ကျနော် တို့ မောင်နှမ များမှာတော့ နှစ်ပေါင်းများစွာ ဘုတ် ဘုတ် သရဲကို ကြောက်လိုက် ရတာ..ဟင်း ...မတန်ပါဘူး..၊ သရဲ ဝတ္ထုလေး တပုဒ် တောင် ရေးစရာမရဘူး..။
စာရေးသူ..ရွှေစင်ဦး
.
3 comments:
ဟားဟား....ရွှေစင်တို့ အဖွား ရွတ်ဖို့ ဒါရိုက်ရှင် ပြောင်းပြီး ဂွင်ထည့်လိုက်တာ သဘောကျသွားတယ်...ပိုင်ပါ့...။
သရဲကြောင်းများဖတ်ရမလားလို့လာတာ
မမရွှေစင်...အသက်ကြီးမှ ၀ဍ်လည်မယ်နော်...
သိတ်မရွတ်နဲ့...... :D
Post a Comment