ဆရာသော်တာဆွေ ရဲ့ မန္တလေး သင်္ကြန် အကြောင်းရေးထားတာ ဖတ်ရတော့ တချို့ကလည်း ထင်ကြ တယ်..၊ မန္တလေး ကလူတွေ တကယ်ဘဲ တချိန်လုံး က နေချင်ကြတာလား မသိဘူးပေါ့..။ တချိန်လုံး က မနေချင်ပေမဲ့ အက နဲ့ တော်တော် နီးစပ်ကြတာတော့ ဟုတ်ပါတယ်ဗျာ..။
နောက်ပြီးတချို့ ကလည်း မန္တလေး ဆိုတာ မြန်မာလူမျိုး အများစု ရှိပြီးတော့ ရိုးရာယဉ်ကျေးမှု့ တွေ အများဆုံး မန္တလေးမှာ ကျန်နိုင်တယ်ပေါ့နော်..၊တကယ်လည်း တချိန်ကတော့ မြန်မာ့ ရိုးရာယဉ်ကျေးမှုှု့ တွေကို တွေ့ချင်ရင် မန္တလေး ကို လာကြတာပါ.၊ အခုရော အဲဒီလို ရှိသေးလားပေါ့...၊ ဒါကြောင့် ကျနော် ဒီပို့စ်လေး ကို ရေးဖြစ်သွားတာပါ..။
ဆရာ သော်တာဆွေ တို့ မန္တလေး လာတဲ့ အချိန်တုန်းက ကျနော်တို့ တောင် မမွေးသေးပါဘူး..၊ ဒါပေမဲ့ ကျနော် မွေးပြီး သိတတ်စ အရွယ်ရောက်တော့ တနှစ်ပါတ်လုံး ပွဲတော်တွေမှာ သင်္ကြန် ပွဲတော်ဟာ ပျော်စရာ အကောင်းဆုံးပါ..၊ ဒုတိယ ကတော့ ရပ်ကွက် အလိုက် လုပ်ကြတဲ့ ဘုရားပွဲ တွေပါဘဲ..၊ မန္တလေး ဘုရားပွဲ တွေအကြောင်းကို အညာဟင်းလေးများ (Mandalay Article) ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ကျနော် သိသလောက် တော့ ရေးပြီးပါပြီ...၊ အခု မန္တလေး သင်္ကြန် အကြောင်းရေးပေးပါ့မယ်..။
ကျနော် ငယ်ငယ်က သင်္ကြန် မရောက်သေးဘူး.. ၂ လလောက် အလို ထဲက ကြိုပျော်နေပြီဗျ..၊ လမ်းတိုင်း မှာ ဘုရားပွဲ ဖြစ်သလို သင်္ကြန် ဆိုရင်လည်း လမ်းတိုင်းမှာ အသင်း တ သင်း ဖြစ်တာကိုးဗျ..၊ ကျနော်တို့ အရပ်ဆိုရင် ရန်မျိုးလုံ ရပ် လှည်းတန်း (အခု သရဖီလမ်း) က လှဆန်းယဉ် တဲ့ နှစ်တိုင်း ဖြစ်တယ်..၊ ကျနော် တို့ နဲ့ ကပ်ရက်က သာစည်တန်း တဲ့ အဲဒီ အတန်းက ဆိုရင် ရွှေဝတ်မှုံ ၊ နောက် တပြက နဝရတ်သူဇာ ...အဲဒီနောက် ပိတောက်ကေသီနွယ်..ပိတောက်သူဇာနွယ်..နောက်တော့ မမှတ်မိတော့ဘူး..၊ တခြားလမ်း သွယ် ၅ခု လောက်ရှိသေးတယ်..။
မင်္ဂလာဈေး ရောက်ပြီမှတ်လိုက် အဲဒီမှာ မင်္ဂလာမယ် တဲ့ အဲဒီလို တလမ်းကို တသင်းဖြစ်လိုက်တာ ဗျာ..ကျနော်တို့ လမ်းနဲ့ မင်္ဂလာဈေးဆိုတာ ၁မိုင် တောင်မဝေးဘူး ၁၅ သင်းလောက် ရှိတယ်..၊ တချို့ လမ်းကတော့ ၂သင်းတောင် ဖြစ်လိုက်သေးတယ်ဗျာ..၊ အဲဒီတော့ ၁ မိုင်လောက် အတွင်းမှာ မဏ္ဍပ်တွေ မျက်နှာခြင်း ဆိုင် ပြစ်မလွဲ ၉-မမ ပေါ့ဗျာ (ကိုမိုး ရဲ့ ၉-မမ ကတော့ ပြစ်လွဲ ဗျ) ...၊ အဲဒီလို အဖွဲ့ တွေဟာ မန္တလေး တမြို့လုံး အနေနဲ့ ဆိုရင် ဘယ်လောက်များ မလည်း ဆိုတာ စဉ်းစား ကြည့်ကြ ပေတော့ဗျာ..။
အိမ်ခြေ တရာတောင် မပြည့် တဲ့ လမ်းလေး တွေက အခုလို မဏ္ဍပ် တွေဖြစ်နေ တာဆိုတော့ အိမ်တိုင်း က အပျိုချောတွေ က ကြရတော့တာ ပေါ့ဗျာ..၊ နို့မို ဆိုရင်လည်း က သူ ဘယ်ပြည့် ပါတော့ မလည်း ၊ ဒီလောက် မဏ္ဍပ် တွေ ဆက်နေတဲ့ ဥစ္စာ..၊ မဏ္ဍပ် တွေကလည်း အပြိုင် အဆိုင်ဗျ..၊ ဆုတွေ ဘာတွေလည်း ပေးတယ်.. ၊ နောက်ပြီး ဆုမရတောင် ကိုယ့်အသင်းက လှလှပပ လေး ဖြစ်သွား အောင် ချဲ ကြတာဆိုတော့ ကိုယ် နဲ့ သက်ဆိုင်တဲ့ အဖွဲ့ ကလေး ဂုဏ်မငယ်အောင် အားလုံး မှာ တာဝန်ရှိ တဲ့ အတွက် အိမ်တိုင်း အိမ်တိုင်း က အပြောချိုတဲ့ အပျိုချောလေး တွေ အကုန် က ကြ တယ်ဗျ..၊ ကိုယ့် သဘောနဲ့ ကိုယ်ဆိုပေမဲ့ အပျိုဖြစ်ရင် တော့ အဲဒီ ရေသဘင် အဖွဲ့ တွေမှာ မပါဘူးတဲ့ သူ ခပ်ရှားရှားပါဗျာ..(ကျနော် ကလွဲလို့)။
ကျနော်ကတော့ ဘယ်လို့မှ မကတတ်ဘူး..၊ အိမ်က ညီမ တို့ သူငယ်ချင်း တို့ ဆိုရင် ငယ်ငယ်လေး ကထဲက ကတဲ့ ထဲမှာပါတယ်..၊ မန္တလေး သူစစ်စစ် တွေဆိုရင် က ဘူးတာများပါတယ်ဗျာ..၊ ဆရာ သော်တာဆွေ ပြောတာ မမှားပါဘူး..။
ကျနော် ကလေး ဘဝ က မန္တလေး သင်္ကြန်လေး ကို မှတ်မိ သလောက်ပြန်ပြောရရင်.. သင်္ကြန် ကတဲ့ အဖွဲ့ တွေက အက ညီအောင် အရင် ဇာတ်တိုက်ရသေးတာကိုးဗျ.. အဲဒီ အသင်းထောင်တဲ့ အိမ်မှာဘဲ အငြိမ့် မင်းသမီး တွေကိုယ်တိုင် လာသင်ပေးတာ..၊ သီချင်းတွေကလည်း ဒီခေတ်လို ကာရာအိုကေ တွေ မဟုတ် ပါဘူးဗျာ..၊ ဘယ်လောက် အဖွဲ့တွေ များများ ကိုယ်ပိုင်သီချင်းနဲ့...လူကိုယ်တိုင် အရှင်လတ်လတ် ဆို တာပါ..။
လှဆန်းယဉ် အဖွဲ့ သီချင်းဆိုရင် သင်္ကြန် မတိုင်ခင် ကထဲက ကျနော် တို့ ကလေးတွေ ပါးစပ်ထဲမှာ စွဲ နေပြီး အကုန်အလွတ်ရနေပါပြီ..၊ ကိုယ့် အရပ်က အဖွဲ့ ကိုးဗျ..၊ သင်္ကြန် သီချင်းက စပြီး မန္တလေး က နာမည်ကြီး နီးစပ်ရာ အနုပညာရှင် တွေစီမှာ သေချာ ပိုက်ဆံ ပေး စပ်ခိုင်းပြီးမှ အကျအန အဆိုတော်နဲ့ ဆိုပြီး စနစ် တကျ အကတိုက်ပြီးမှ ကကြတာပါ..၊ ကျနော် တို့ မန္တလေး မှာ ဘယ်တော့ မှ အနုပညာကို လွယ်လွယ် မလုပ်ကြပါဘူးဗျာ..၊ တန်ဘိုး ထားပြီး အနုပညာ ကိုခံစားကြတာပါ..။
ခုနကလို ၂လလောက် အလို စ အက တိုက် တဲ့ အချိန်က စပြီးတော့ ပျော်လိုက်ရတာ သင်္ကြန်ပြီးတဲ့ အထိ ပါဘဲ..၊ ကျနော် တို့ကလေး တွေ အားလုံး အကတိုက်တဲ့ ညတွေဆိုရင် ထမင်းစားရတာတောင်မဖြောင့် ပါဘူးဗျာ... အကတိုက်တာ ကြည့်ချင် လွန်းလို့ပါ....။
ကလေး တွေတင် မကပါဘူး လူကြီး တွေလည်း ဒီအတိုင်းပါဘဲ..၊ ကျနော့် တို့အိမ်နဲ့ တအိမ် ကျော်က မုန့် ရောင်းတဲ့ ဈေးသည် အဒေါ်ကြီး ဆိုပိုတောင်ပျော်သေး..၊ သူကလည်း သူ ဈေးရောင်းရတော့ မှာ ဆိုတော့ သူအတွေးနဲ့ သူပေါ့ဗျာ..၊ သူက အကတိုက်တဲ့ အချိန်က စပြီးတော့ ဖရဲသီးတွေ ကို ကိုင်းတန်း ဈေးက နေ မြင်းလှည်း နဲ့ စီးလုံး တိုက်ဝယ်လာပြီဗျ..။ သူ ကိုယ်တိုင်လည်း သူ့ဆိုင်မှာ ရောင်းတယ် အက တိုက်တဲ့ နေရာမှာ သွားရောင်းမဲ့ ဈေးသည် လေးတွေကိုလည်း ဖောက်သည်ပေးတယ်..၊ အားလုံးကတော့ လှုတ်ရှား တက်ကြွပြီး မပျော်သူ ရှိမထင်ပါဘူး..၊ ကျနော်တို့ ကလေး တွေကတော့ ချိုရဲနေ တဲ့ ဖရဲသီး စိတ် အကြီးကြီး တွေကို စားရင်း အကတိုက် တာကို မျက်တောင် မခတ် ကြည့်ကြ..သူငယ်ချင်း တွေအခြင်းခြင်း အကတိုက်နေတဲ့ အပျိုမ ချောချော တွေကို ကြည့် ပြီး အတင်း တုတ်ခဲ့ ကြတာကိုလည်း မမေ့ပါဘူးဗျာ..။
မန္တလေးသူစစ်ရင် က တာကြည့် တာနဲ့ကို ခါးမပါဘူး ဂေါင်းမပါဘူး လက်ချိုးမလှဘူး မျက်လုံး က မကဘူး ခြေထောက် ခတ်တာ မလှဘူးဆိုတာ ကလေး ကတောင် ဝေဖန်နိုင်တယ်ဗျ..၊ တနှစ် တနှစ်မှာ ၂လ ၃လ လောက်က က တာကို အလုပ် တခုလုပ်ပြီး ကြည့် လာကြတာကိုးဗျ..သိတော့ တာပေါ့..အရင် တုန်းက မန္တလေး ပါ..။
အခန်း (၂) ဆက်ရန်
.
7 comments:
မန်းသင်္ကြန်မရောက်ဖူးတာ နာတာပဲ။
ဒါကြောင့် သင်္ကြန်အထင်ကရ ရုပ်ရှင်ဇာတ်ကားတွေဆို မန်းသင်္ကြန်ကိုပဲ အခြေတည်ပြီး ရိုက်ကြတာ ထင်ပါရဲ့။ မောင်တို့ချယ်ရီမြေ သင်္ကြန်မိုး ... သင်္ကြန်တိုင်း ကြည့်လို့ မရိုးနိုင်တဲ့ ဇာတ်ကားတွေနော်။
ဟုတ်ပါ့ရွှေဇင်ရာ..ကိုကြီးကျောက်တို့ငယ်ငယ်က သင်္ကြန်မဏ္ဍပ်တွေပေါမှပေါ..ခုခေတ်လို မျောက်ခုန်ခုန်နေတာမဟုတ်ဘူး.ဆိုင်းဝိုင်းကြီးတွေနဲ့ တကယ်ကတာ..
oh! i never been to Mann Thingyan.
I heard about Mann Thingyan when I was young.
Ygn Thingyan is so rude.
When I was young ,I was happy to see dance and playing water.
But when I grown up, I hate to touch my body by throwing water with hand. So, most of Thingyan time, I spent to go to meditation center.
It was peaceful for me.
Whatever, this post gave me some knowledge of your younger age in Manadalay Thingyan.
I am really proud to know your blog and you.
I can get good knowledge from your experience .
:)
Momiji
မန်းသင်္ကြန်ကို ကြုံတိုင်းသတိရပါတယ်။ ၂၀၀၄ ခုနှစ်က မန်းသင်္ကြန်မှာ ဆိုင်ကယ်နဲ့ သူများကားကို နောက်ကနေ၀င်ကြုံးပလိုက်တာ ကားနောက်က မီးခွက်တွေ ကွဲကုန်တယ်။ လျော်တော့မလျော်လိုက်ရဘူး၊ ကားနောက်မှာ ပါတဲ့ မန်းသားတွေက ညီလေး ပြေးတော့...ပြေးတော့ဆိုလို့။ ဟီးး။
ဒါနဲ့စကားမစပ်..မန်းသူတွေစကားပြောရင် ဘာလို့ ကျနော်လို့ ပြောတာလဲဗျ။
မမရေ.....
ညီမလေးက မန်းသင်္ကြန်ကို မရောက်ဘူးပေမယ့်
မြန်မာနိုင်ငံမှာရှိတဲ့ သင်္ကြန်တွေထဲမှာ မန်းသင်္ကြန်ကို
သဘောအကျဆုံးပါပဲ သင်္ကြန်ရက်တွေဆိုရင် အဲဒီမန်းသင်္ကြန်ကို ကြည့်ချင်လို့ ၈နာရီ သတင်းကိုစောင့်စောင့်ကြည့်ရတာလေ
ချစ်ညီမလေး
မမရေ...
ခုနပြောဖို့ ကျန်ခဲ့လို့ ကိုမိုးတို့များဘယ်လောက်တောင် ကဲခဲ့လည်း မသိဘူးနော် :D
ကိုမိုးရေ..ကျနော်လို့ပြောတာမင်းတုန်းမင်းကြီးကြောင့်ဗျ..
သိချင်ရင်...maungnaipe@gmail.com မှာတိုးတိုးတိတ်တိတ်မေးနိုင်ပါသည်
Post a Comment