ကျနော် လည်ခဲ့သော အိမ်ကလေး များကို ဖတ်ပြီးတော့ ဒီတခါတော့ ငါ့ တို့ အမကြီး ဘယ်အိမ်တွေ လည် ပြီး ဘာတွေများ မဟုတ်တရုတ် တွေတတ်လာအုန်းမှာ လည်းဆိုပြီးတော့ တွေးတော နေကြသူများ အတွက် (မတွေးလည်း တွေးတယ်လို့ ယူဆပါမည်) ဆက်လက် ရေးသားပါအုန်းမယ်..။
ကျနော် ငယ်ငယ်က အလွန် (တကယ်တော့ နဲနဲ ပါ) ဆိုးတော့ ဖေဖေ နဲ့လည်း ခဏခဏ စိတ်ဆိုး ရန်ဖြစ်လေ့ ရှိပါတယ်ခင်ဗျား..၊ ရန်ဖြစ်တိုင်းလည်း ကျနော်ဟာ စက်ဘီးလေး စီးပြီး ကျနော့် သူငယ်ချင်း အိမ် ထွက်ထွက် သွားလေ့ရှိပါတယ်..၊ သူငယ်ချင်း အိမ်က မန္တလေးမြို့ ရဲ့ နာမည်ကျော် ရပ်ကွက် တခုဖြစ်တဲ့ စီပီလိုင်း ရပ်ကွက် ဖြစ်ပါတယ်..၊ ကြုံ လို့ ပြောလိုက်ရအုန်းမယ် မန္တလေး အကြောင်းရေးတဲ့ ဝတ္ထုတွေ ဆိုရင် သူဌေးဆိုရင် စီပီလိုင်း မှာ နေလေ့ရှိတယ်..၊မယုံရင် သတိထားကြည့်ကြပါ ခင်ဗျား..၊ သူငယ်ချင်း ကတော့ သူဌေးမဟုတ်ပါ..။
သူငယ်ချင်း ဟာ အမေ ရော အဖေ ရော ဆုံးသွားပြီး မောင်နှမ တစု စုနေကြတဲ့ အတွက် ကျနော် ဟာ သူငယ်ချင်းမျက်နှာနဲ့ လွတ်လွတ်လပ်လပ် နေရပါတယ်..၊ သူငယ်ချင်း က မောင်နှမ ၇ ယောက်မှာ အငယ်ဆုံး ဖြစ်တဲ့ အတွက် သူ့မောင်နှမများက အလိုလိုက်ပါတယ်..။
သူငယ်ချင်းအိမ်က ခြံအကျယ်ကြီးပါ၊ သရက်ပင် အုန်းပင် ပိတောက်ပင် တွေ အများကြီးနဲ့ ကျနော် အဖို့ တော့ အလွန်ပျော်စရာ ကောင်းပါတယ်..၊ ကျနော်ဟာ သူငယ်ချင်းနဲ့ အဖေ မကောင်းကြောင်း ကိုယ် ကောင်းကြောင်းပြောပြီး ပျော်ပျော်ပါးပါး စားသောက် နေထိုင်ပါတယ်..၊ ဒါပေမဲ့ ညထိတော့ နေလို့ မရပါဘူး..၊ ကျနော် ဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် နေနေ သူများ အိမ်မှာတော့ ညအိပ် မနေရဲ ပါဘူး..၊ ဖေဖေ ကို အဲဒီလောက်တော့ မဆန့်ကျင်ရဲပါဘူး..၊ အဲဒါနဲ့ အချိန်တန်တော့ အိမ်ပြန် ရတော့တာပေါ့..။
ကျနော် အဲဒီတုန်းက ၉တန်းနှစ်ထင်တယ်..၊ ကျနော့် အဖေ နဲ့ တော်တော် စကားများပါတယ်..၊ အဲဒီမှာ ကျနော် လည်း ထုံးစံအတိုင်း သူငယ်ချင်း အိမ်ထွက်သွားတာပေါ့..၊ ညနေ မိုး ချုုပ်ချုပ်ပေါ့..၊ အခါတိုင်း သူငယ်ချင်းအိမ် သွားတယ်ဆိုတာ နေ့ ဘက်ပါ..၊ ညနေစောင်း တော့ပြန်တာဘဲ ...၊ မပြန်လို့ လည်းမရဘူး ကျနော် မပြန်ရင် ကျနော့် အမေ ဘဲ ဒုက္ခရောက်မှာ..၊ ခဏနေရင် ဆိုက်ဂျဲရိုး နဲ့ (ကလေးပေါက်စနဲ့ ) အခေါ်တော် ရောက်လာမှာ ဆိုတော့ ပြန်ရတော့တာပေါ့..။
အဲဒီ နေ့ကတော့ မိုးလည်းချုပ် စိတ်လည်း တော်တော်ညစ်ပြီး သူငယ်ချင်းစီကို ထွက်လာတာပါ..၊ သူငယ်ချင်း က လွယ်အိပ်ကလေးနဲ့..၊ နင်ဘယ်သွားမလို့လဲ ဆိုတော့.....ငါ့ အကို အမ ဝမ်းကွဲ တွေအိမ် စာသွားကျက် မလို့တဲ့..ကျနော်လည်း နင်အခါတိုင်းလည်း အဲဒီသွားကျက်တာလား ဆိုတော့ အခုမှ အမကြီးက အိမ်တယောက်ထဲ စာကျက်တာ ကောင်းကောင်းမကျက် လို့ အဲဒီလွှတ်တာတဲ့..၊ ကျနော့် မှာတော့ ခိုကိုးရာမဲ့ ပေါ့ စိတ်ဓါတ် တော်တော် ကျသွားတယ်..၊ ငါ ဘယ်များသွားရပါ့မလည်း ပေါ့..၊ ဒါပေမဲ့ သူငယ်ချင်းက အလိုက်သိတယ်ဗျ..နင်လည်းလိုက်ခဲ့..ငါ့ အကို အမတွေက စာလည်းတော်တယ်..၊ သဘော လည်းကောင်းတယ်..၊ စာတွေရှင်းခိုင်းတာပေါ့ ဘာညာနဲ့ ဆွယ်တော့ တာပေါ့..။
အဲဒီမှာ ကျနော်လည်း စဉ်းစားတာပေါ့..၊ ဒီအချိန်မှ စာကျက်ရင် ညမိုးချုပ်မှာ..၊ ငါဒီမှာ မရှိရင် မေမေ ဆိုက်ဂျဲရိုး နဲ့ ရောက်လာ ပြီး စိတ်ပူနေမလား ဆိုပြီး စိတ်တထင့်ထင့် နဲ့ နေတယ်..၊ တဘက်ကလည်း ငါ ဘယ်သွားသွား အိမ်က မသိလေကောင်းလေ.. သူတို့ များများ စိတ်ပူအောင် ဆိုပြီး သွားချင်တာက တဘက်နဲ့ ဝေခွဲမရ ဖြစ် နေပါတယ်..၊ နောက်တော့ သူငယ်ချင်းနဲ့ လိုက်သွားလိုက်တယ်..၊ သူငယ်ချင်း အိမ်ကိုလည်း မေမေ လာရင် စာသွားကျက်တယ် မိုးချုပ်မှပြန်ခဲ့မယ် ပြောခိုင်း ပြီးထွက်လာကြတယ်..။
သူငယ်ချင်း နဲ့ သွားပေမဲ့ စိတ်ထဲကတော့ ညစ်ညစ်ဘဲ ကိုယ် မရင်းနှီးတဲ့ အိမ်တအိမ် သွားရမှာရယ်..၊ စာမကျက်ချင် ဘဲ ကျက်ရမှာရယ်..တွေး ပြီး စိတ်ညစ်နေတာပေါ့..၊ အမှန်တော့ သူငယ်ချင်းကို ကိုယ်ကောင်းကြောင်း တွေပြောပြီး ရင်ဖွင့် ချင်နေတာ..၊ အဲဒီလိုနဲ့ သူငယ်ချင်း အိမ်နဲ့ ၂လမ်းကျော် လောက်မှာ ဘဲ သွားရမယ့် အိမ်ရောက်သွားပါရော..။
သူငယ်ချင်းအိမ် မှာတောင် သစ်ပင်တွေနဲ့ ခြံအကျယ်ကြီးဆိုပြီး သဘောကျနေတဲ့ ကျနော့် အတွက်တော့ အခု အိမ်က သူငယ်ချင်း အိမ်ဝန်းထက် ၂ဆ လောက်ကျယ်ပြီး..၊ ၂ထပ်အိမ် မဲမဲ အကြီးကြီးကို သစ်ပင်အကြီးကြီးတွေ ကြားထဲမှာ ဝိုးတိုးဝါးတား တွေ့လိုက်ရကထဲက နဲနဲ ပျော်သွားပြီ..၊ အထဲလည်း ရောက်ရော ယောက်ကျားလေး မိန်းခလေး ၅ယောက် ၆ယောက်လောက် ပုံစံမျိုးစုံနဲ့ စားပွဲ ဝိုင်းကြီးမှာ ဆူဆူ ညံညံနဲ့ စာဝိုင်းကျက်နေတာ တွေ့လိုက်ရပါတယ်..၊ ကျနော်တို့ ကိုလည်း တွေ့လိုက်ရောက် သူငယ်ချင်းကို ဝိုင်းနှုတ်ဆက်လိုက် ကြတာ ဆူညံသွားပါတယ်..။
သူငယ်ချင်းက သူ့ တဝမ်းကွဲ အကိုတွေ အမ တွေကို ကျနော့် အကြောင်း ကြေငြာလိုက်ပါတယ်..၊ ဒါ ငါ့ သူငယ်ချင်း ငါနဲ့ အတူ စာလာကျက်တာ ဆိုပြီးပြောလိုက်ရော အားလုံးက ဝိုင်းအော်လိုက်ကြတာ ကျနော်တောင် လန့် သွားတယ်..၊ နောက်မှ သူတို့က ကျနော်လာတာကို ဝမ်းသာတဲ့ အတွက် ဝိုင်းကြိုဆို လိုက်တဲ့ အဓိပ္ပါယ်ပေါ့..၊ အဲဒီနောက်တော့ ကျနော့် တို့အတွက် နေရာတွေ ဘာတွေပေးပြီး စာကျက်ခိုင်း ပါတယ်..။
ကျနော့် မှာတော့ ဘာမှ စာကျက်စရာ စာအုပ်မပါတော့ သူငယ်ချင်း စီက စာအုပ်ငှားပြီး ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာပေါ့..၊ အဲဒီမှာ သူငယ်ချင်း အမ တယောက်က နင် ဘာကျက်လည်း ပြောစမ်း ဒီဘာသာဆို ဒါတွေဒါတွေကျက် ဆိုပြီး ဗျာ ဒိုးဒိုး ဒေါက်ဒေါက် နဲ့ ရှင်းပြပေးနေလိုက်တာ သူ့ အရေးကိစ္စ ကျနေတာပါဘဲ..၊ သူငယ်ချင်း ကိုလည်း တခြားအမ တယောက်က စာတွေရှင်းပြ နေလိုက်တာ အားကျိုး မာန်တက်ဗျ..။
ကျနော်လည်း ခဏတော့ သူတို့ စိတ်ကျေနပ်အောင် ဟိုလှန်ဒီလှန် လုပ်ပြီး ရန်ဖြစ်ထားတာနဲ့ စာအုပ် လှန်လိုက် ရတာနဲ့ ဘိုက်က ဆာလာပါရော..၊ အဲဒီ အချိန်မှာဘဲ ကဲ စာကျက် တဲ့ သူတွေ စားဘို့ ဆိုပြီး သူ့တို့ အမေ က ကော်ဖီ နဲ့ ထမင်းကျော် ပူပူနွေးနွေး အငွေ့ တထောင်းထောင်း လာကျွေးပါတယ်..။
စားလို့ ကောင်းလိုက်တာဗျာ..၊ ထမင်းကျော်က ကြက်ဥတွေဝက်ဥချောင်း တွေနဲ့ ကျနော် လည်း အများကြီး စားပစ်လိုက်တာပေါ့..၊ စားသောက်တဲ့ နေရာမှာလည်း ကျနော့် ကို တကယ့် အထူးဧည့်သည်တော် လို သဘောထားပြီး တော်တော် ဂရုတစိုက် ကျွေးမွေးကြတယ်..၊ စားပြီးတော့ ကျနော်လည်း အိပ်ငိုက်ပြီ၊ အိမ်ကိုလည်း နဲနဲ သတိရစပြုပြီ ဆိုတော့ သူငယ်ချင်းကို ခဏနေ ငါပြန်တော့မယ် လို့လည်း ပြောရော.. နာရီကြည့် လိုက်တော့ ည၁၁နာရီကျော်နေပြီ..၊ အဲဒီဘက်က ခြံကျယ်ကြီးတွေဆိုတော့ မဟာသတ္တိရှင် ကျနော်လည်း ဘယ်ပြန်ရဲတော့မလည်း သူငယ်ချင်း အိမ်က အကိုတွေကိုပြန်လိုက်ပို့ ခိုင်းရင်တော့ ရတယ်ဆိုပြီး..သူငယ်ချင်းကို တခါအပူကပ်ရပြန်တယ်..၊ ဒို့ပြန်ကြစို့ ငါမပြန်ရဲတော့ဘူး..၊ နင့်အကို တွေကို ပြန်လိုက်ပို့ခိုင်းပေးအုန်း ဆိုပြီး ပြောရတော့တာပေါ့..။
အဲဒီမှာ သူငယ်ချင်းလည်း ကြေငြာရတော့တာပေါ့..၊ ငါတို့ ပြန်တော့မယ်ပေါ့ ..၊ အားလုံးက ဝိုင်းပြီး .... ဒို့လိုက်ပို့မယ်ဆိုပြီး သူငယ်ချင်း ကို အိမ် ပြန်လိုက်ပို့ရင်းနဲ့ ကျနော့် အိမ်နေရာကိုလည်း စပ်စုတော့ ကျနော်လည်း ပြောရတော့တာပေါ့..၊ အဲဒီမှာ သူတို့ဘဲ တခါထဲ လိုက်ပို့မယ် ဆိုပြီး အားလုံး အိမ်ရှေ့ အရောက် လိုက်ပို့လိုက်ကြပါတယ်..၊ ကျနော် ကိုလည်း နောက်နေ့တွေ ဒီလိုဘဲ စာလာကျက်ပါ..၊ သူတို့ ပြန်လိုက်ပို့ ပါမယ်ဆိုပြီး စေတနာ အပြည့်နဲ့ ဝိုင်းပြီး ဖိတ်ခေါ်ကြပါတယ်..။
ကျနော် လည်း အဲဒီနောက် အားကိုးရာ တအိမ်ရပြီး မကြာခဏ ရောက်ဖြစ်ပါတယ်..၊ ရောက်တိုင်းလည်း သူတို့ဟာ နွေးထွေးမှု့ အပြည့် နဲ့ ကြိုဆိုကြပါတယ်..၊ စာရှင်းပြ၊ အိမ်ပြန်လိုက်ပို့၊ မုံကျွေး နဲ့ သူတို့ ဘက်က တဘက်သပ် သာ ကူညီခဲ့ ကြတာဘဲဖြစ်ပါတယ်..၊ သူတို့ မိဘ တွေကလည်း ဒီအတိုင်းပါဘဲ..၊ တကယ်တော့ ကျနော်ဟာ သူငယ်ချင်းနဲ့ ပတ်သက်ပြီး သူ့တို့အိမ်ရောက်လာခဲ့တဲ့ သူစိမ်းသက်သက်သာဖြစ်ပါတယ်..၊ ကျနော် ဆိုရင် စာဆိုလည်း တော်တော်များများ သူတို့ရှင်းပြ ရတယ်၊ မုံလည်း ကျွေးရတယ်..၊ ပြန်လိုက်ပို့ ရတယ်.၊ကျနော် အတွက် သူတို့ အလုပ်ရှုတ်တာ သက်သက်ပါ.၊ ဒါပေမဲ့ အဲဒီလို မယူဆ ဘဲနဲ ကျနော့် ကို ဧည့်သည်တော် တဦးအဖြစ်ယူဆပြီး နွေးထွေးစွာနဲ့ အိမ်ကလေး ကကြိုဆိုခဲ့ကြပါတယ်..။
ကျနော် ဟာဖြင့် ဒီအိမ်ကလေး ကို အလည်သွားခြင်းနဲ့ လူတွေရဲ့ မေတ္ထာတရား နဲ့ ကူညီစောင့်ရှောက်မှု့ တို့ကို ကိုယ်တိုင် ခံစားခဲ့ ရသလို အခုထက်ထိ ကျနော် တတ်နိုင်သမျှ အားလုံးအပေါ်မှာ ပြန်လည် မေတ္တာ ထားခြင်း နဲ့ ကူညီစောင့်ရှောက်ခြင်း ဆိုတဲ့ ကောင်းမွန်တဲ့ အပြုအမူ လေးကို အိမ်ကလေးကနေ ရယူခဲ့ ပါတယ်ဗျာ လို့ ပြောကြားရင်း ကျနော် လည်ခဲ့သော အိမ်ကလေးများ (၃) ကို အဆုံးသတ်ပရစေ..။
နှစ်ဦးမှာ ဆုမွန်ကောင်း တောင်းပေးကြသော ဘလော့ဂါ မောင်နှမ များအား ကျေးဇူး အထူးတင်ကြောင်း ပြောကြားရင်း.....
အားလုံးသော ကမ္ဘာမြေပေါ်မှ လူသားအပေါင်းတို့ ကောင်းသော အိမ်ကလေးများ ကို သာ လည်နိုင်ကြ ပြီး လူသားအချင်းချင်း နှိပ်စက်ခြင်း မှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေလို့ နှစ်သစ် ဆုမွန်ကောင်း ပြန်လည် တောင်းဆို ပေးလိုက်ပရစေ.....

နှစ်ဦးမှာ ဆုမွန်ကောင်း တောင်းတဲ့ အခါမှာ အရင်ဆုံး တခု ဆုတောင်းပရစေ....
အားလုံး ချစ်တဲ့ ရွှေမြန်မာပြည်ကြီး အတွက်
၂၀၁၀ မှာ
ဒီမိုကရေစီ ပန်း
ပွင့်လန်းကာ လာပါတော့
ကြိုချင်စမ်းပါဘိ
ဒို့...ပြည်သူတွေ
အောင်ပန်းတွေ တဝေဝေ နဲ့
နှစ်ဦးမှာ ဆုမွန်ကောင်း တောင်းပေးကြသော ဘလော့ဂါ မောင်နှမ များအား ကျေးဇူး အထူးတင်ကြောင်း ပြောကြားရင်း.....
အားလုံးသော ကမ္ဘာမြေပေါ်မှ လူသားအပေါင်းတို့ ကောင်းသော အိမ်ကလေးများ ကို သာ လည်နိုင်ကြ ပြီး လူသားအချင်းချင်း နှိပ်စက်ခြင်း မှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေလို့ နှစ်သစ် ဆုမွန်ကောင်း ပြန်လည် တောင်းဆို ပေးလိုက်ပရစေ.....
ရွှေစင်ဦး
2 comments:
အဟိ
အောင်ပန်းတွေ တဝေေ၀နဲ့တဲ့
မရွှေဇင်ဦးရေ...
ဒီပို့စစ်လေးဖတ်ရတာ ပျော်စရာလေးပဲဗျာ...။
မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့စရိုက်လေးကိုပါတွေ့ရတယ်...။
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေနော့်....ကြိုဆုတောင်းပေးခဲ့ပါတယ်ဗျာ....
ခင်မင်တဲ့
ဏီလင်းညို
Post a Comment