ကျနော် ဒီနေ့ တာဝန်ကျေပွန် ပြီ ဖြစ်တဲ့ အတွက် ကျနော့် ရေးချင်တာလေးတွေ နဲနဲ ရေးလိုက်အုန်းမယ်..၊ ကျနော့့် ည တုန်းက တော်တော် နဲ့ အိပ်မပျော် တာနဲ့ ဟိုစဉ်းစား ဒီစဉ်းစား လုပ်ရင်း အိပ်ဘို့ ကြိုးစား၊ တခါ အိပ်မရ အဲဒါနဲ့ မဖြစ်ချေဘူး အိပ်ရာထဲမှာ တော့ အချိန်ကုန် မခံနိုင်ဘူး ဆိုပြီး အင်တာနက် သုံးမယ် ဆို ထလိုက်တယ်..။
ဒါပေမဲ့ အေးတာရယ်၊ ခဏသုံးပြီးတော့ မျက်လုံးက အိပ်ချင်လာပြန်တယ်..၊ အဲဒါနဲ့ အိပ်ရာထဲ ပြန်ဝင် အိပ် ဘို့ ကျိုးစား မရ..၊ ဒါနဲ့ ဒီတခါတော့ အင်တာနက် မသုံးတော့ ဘူး စာဖတ်မယ် လို့ စဉ်းစားပြီး ဒီနေ့ ငှားလာတဲ့ ရွှေအမြူတေအသစ် မဂ္ဂဇင်း လေး ပြီးအောင်ဖတ်မယ် ဆိုပြီး ဖတ်ပစ်လိုက်တယ်..။
အဲဒါ မဂ္ဂဇင်း တောင်မကုန်သေးပါဘူး ပြန်အိပ်ချင်လာတာနဲ့ အိပ်လိုက်တယ်..၊ ဟဲ..ဟဲ.. အိပ်သံသရာ လည် နေတာ နဲ့ အားတောင်နာ လာပြီ..စပါပြီဗျာ.. အဲဒီအိပ်ခါနီးနေမှာ ကျနော် စဉ်းစားမိလိုက်တာက ကျနော် မျက်လုံးလေး..၊ ကိုယ့် ကို ကိုယ့် ကြံဖန် သနားတတ်တဲ့ လူ့သဘာဝ ဆိုတော့ ကိုယ့် မျက်လုံးလေး ကိုယ် ပြန်သနားနေတယ်..။
ကျနော့် ဆိုင်မှာ လာ အားပေးနေကြတဲ့ ဆရာ၊ ဆရာမ မိတ်ဆွေများနဲ့ ကျောင်းသူ ကျောင်းသား မိတ်ဆွေများ ကို အင်တာနက် သုံးလား၊ ကွန်ပျူတာ သုံးလား၊ စာအုပ်ဖတ်လား ဆိုတာကို အမြဲတမ်း ကျနော် မေးကြည့်မိတယ်..၊ အင်တာနက် သုံးတယ်ဆိုရင် ဘာတွေ အကြည့်များလည်း ဆိုတာနဲ့ စာအုပ် ဖတ်တယ် ဆိုရင်လည်း ဘာစာအုပ်တွေ ဖတ်လည်း ဆိုတာ စပ်စုတယ်..။
အမှန်တော့ ဗျာ အင်တာနက် သုံးတယ်ဆိုရင် နောက်တဆင့် တက်ပြီး ဘလော့ ဖတ်လား ပေါ့ ဖတ်တယ် ဆိုရင် ကျနော့် ဘလော့ လိပ်စာလေး ပေးပြီး ဖတ်ခိုင်းမလို့ပေါ့လေ၊ အကြံဉာဏ်တွေပေါ့၊ စာအုပ်ဖတ်တယ် ဆိုရင်လည်း ကိုယ်မဖတ်ဘူးတဲ စာအုပ်များ သူတို့ဖတ်ရင် ငှားဖတ်ရအောင်ပေါ့..။
ဒါပေမဲ့ စာဖတ်တဲ့ သူတော်တော် နဲ တယ်ဗျ၊ သူတို့ ကျောင်းစာတောင် မလွဲသာလို့ တခြားစာအုပ် ဆိုရင် ယောင်လို့တောင် မကိုင်ချင်ဘူးပေါ့..၊ နောက် မျက်စေ့ မကောင်းဘူးပေါ့ စာကြည့်ဖန်များရင် မျက်ရေကျတယ် မျက်ရိုး ကိုက်တယ် ဘာညာပေါ့ဗျာ.။
နောက်တခါ အင်တာနက် သုံးတာနဲ့ ပတ်သက်ရင် လည်း စာရှာတယ်၊ အီးမေး သုံးတယ်၊ ဂျီတော့ သုံးတယ်၊ ဗွီဇက်အို သုံးတယ်ပေါ့၊ ဆရာမ တွေကတော့ အီးမေး နဲ့ စာရှာတာဘဲ များပါတယ်၊ အင်တာနက် ကြာကြာ မထိုင်နိုင်ဘူးပေါ့..၊ ထုံးစံအတိုင်းဘဲ မျက်ရိုးကိုက်တယ် မျက်စိ မကောင်းဘူးပေါ့၊ ကွန်ပျူတာ လည်း ထိုနည်း၎င်း ပါဘဲ..။
ကျနော်က အဲဒါတွေ ပြန်သတိရ ပြီး ကျနော့် မျက်လုံးလေး ကို သနားသွားတာဗျ..၊ ငါ့မျက်လုံးလေး များတော့ သနားရှာပါတယ်..၊ တချိန်လုံး ဘယ်တော့ မှ အနားမရ ရှာဘူးဆိုပြီးတော့ ပေါ့..၊ အဲဒါနဲ့ ကျနော့် မျက်လုံး အသုံးပြုချိန်လေး ပြန်စဉ်းစားကြည့် လိုက်တော့ မနက်မိုးလင်းလို့ မျက်လုံး ၂ လုံးဖွင့် တာနဲ့ ကွန်ပျူတာ တန်းဖွင့် ဘလော့ လေးဖွင့် နဲနဲလောက် စာမြီးလိုက် ပြီးမှ အိမ်သာထဲဝင် ရင် ဖတ်ဘို့ စာအုပ်တအုပ် ကမန်း ကတန်းရှာ ပြီးပြေးတော့တာဘဲ..။
အဲဒီနောက်တော့ ရေမိုးချိုး၊ စားသောက်ပြီးရင် တန်းပြီး ကွန်ပျူတာကိုင် အင်တာနက် သုံးတော့ တာဘဲ.၊ ထမင်းစားချိန်မှ ထစား ပြီးရင် တခါပြန်ထိုင်၊ အဲဒါ ညထိ ဘဲနော်၊ ဒီကြားထဲမှာလည်း ကျနော်က ကွန်ပျူတာ တယောက်ချင်း နှစ်ယောက်ချင်း လည်း သင်လိုက်သေးတာ ဆိုတော့ user ရောက်တဲ့ အချိန်မှာ လည်း ကွန်ပျူတာ နဲ့ ဘဲ စာသင်ရတာ ..၊ ကဲ ဘယ်မှာလဲ မျက်လုံး အနားရချိန်။
အင်တာနက် လည်း အားရအောင် သုံးပြီးလို့ အိပ်ချိန် ရောက်ပြီ ထားပါတော့ အိပ်ရာထဲမှာ ဖတ်ဘို့ စာအုပ်ဆိုင်က ငှားလာတဲ့ မဂ္ဂဇင်း၊ စာအုပ်သစ် အဲဒါ ဆက်ဖတ်၊ မျက်လုံး က လုံးဝ ဖွင့်မရအောင် အိပ်ချင်တော့ မှ အိပ်ပစ်လိုက်တာ၊ ကျနော့် မျက်လုံး လေးကို ကျနော် သနားတယ်ဗျာ၊ ကျနော် အင်တာနက် မသုံးခင်ကတော့ ကွန်ပျူတာကို user စာသင်တဲ့ အချိန်ဘဲသုံးဖြစ်တာ၊ ကျန်တဲ့ အချိန်တော့ စာအုပ်ဖတ်ပေါ့ အဲဒီတုန်းကလည် အခုလို ပါဘဲ တချိန်လုံး သုံးနေတာ ဆိုတော့ ...
ကျနော့် မျက်လုံးလေး ကို သနားပါ၏။
အဲဒီလိုဘဲ ကျနော် အင်တာဗျူး ခဲ့တဲ့ မျက်စိကိုက်လို့ မျက်ရိုးကိုက် လို့ စာမဖတ်နိုင် ကွန်ပျူတာ မသုံးနိုင်၊ အင်တာနက် မသုံးနိုင်သော မိတ်ဆွေများ၏ မျက်လုံး လေးများကိုလည်း သနားပါ၏။
နောက်ဆက်တွဲ အနေနဲ့ ခင်ဗျားတို့ကို သနားပါ၏..
ဘာကြောင့်လည်း.
ကျနော် ဒီနေ့ ထမင်း စားတော့ ကျနော့် သမီး အလိမ်မာ လေးများက ကျနော် ကြိုက်တဲ့ ဟင်းလေးတွေ ချက်ထားတယ်ဗျ..။ ဒါပေမဲ့ သူတို့က ဘာမှ မပြောဘူး ကျနော် ဗိုက်အရမ်းဆာ တဲ့ အချိန်မှ ကျနော် တွေ့ တာ..ပျော်သွားတာဘဲ..
သိချင်လား ...
ဘာဟင်းလည်း ဆိုတာ
ငါး ဝမ်းတွင်းသားလေဗျာ..ငါးကြီးသားထဲက အူတို့ အသဲတို့ အူစီပေါင်း (စူဇီဝေါင်း မဟုတ်) တို့ကို ငရုပ်သီးစိမ်း နံနံပင် မန်းကျီးရည်လေး အုပ်ပြီးချက်ထားတာ ကတခွက်၊ ငါးပိကို ငရုပ်သီးစိမ်းလေး နဲ့ ထောင်းထားတာက တခွက်..၊ ချဉ်ပေါင်ဟင်း ပျစ်ပျစ်လေး ထဲကို ခရမ်းသီးခြောက် ခရမ်းသီးစို နဲ့ ရုံးပတီသီး စိမ်းစိမ်းလေးတွေ ခပ်ထားတာက တခွက်၊ ဝက်သားလေး ကို ဂျင်းကြက်သွန်ဖြူ နဲ့ ရောပြီး ကျွတ်နေအောင် ကြော်ထားတာက တခွက်..၊ စားကောင်းလိုက်တာဗျာ..၊ မုဒိတာ ပွားကြပါနော်..၊ ကျနော် စိတ်ရင်း အမှန်ပြောရရင် ခင်ဗျားတို့ ကို တအားကျွေးချင်ပါတယ်..။
ခင်ဗျားတို့က မလာနိုင်တော့ ခင်ဗျားတို့ ကို သနားပါ၏..။
.
12 comments:
ချဉ်ပေါင်ဟင်း ပျစ်ပျစ်လေး ထဲကို ခရမ်းသီးခြောက် ခရမ်းသီးစို နဲ့ ရုံးပဒေသီး စိမ်းစိမ်းလေးတွေ ခပ်ထားတာက တခွက်၊
စားချင်တယ်..ဗျာ။
ကိုရွှေစင်ဥ(ဟုတ်လားမသိဘူး နာမည်အသံထွက်တာ၊ မှားရင်ပြောနော်)ရေ... မြန်မာပြည်မှာ စာဖတ်တဲ့သူတွေနည်းလာတာ စိုးရိမ်စရာပါပဲ။ ကိုရွှေစင်ဥရေးတဲ့စာက ဖတ်လို့ကောင်းပြီး သတ်ပုံတွေက နည်းနည်းမမှန်ဖြစ်နေတော့ ဒန်ပေါက်ကြားထဲ သဲရှပ်သလိုဖြစ်နေတယ်ရှင်။ တွေ့သလောက် ပြင်ပေးခဲ့တယ်။ မကြိုက်ရင် ပွင့်ပွင့်လင်းလင်းပြောနော်။ ထပ်လျှာမရှည်မိအောင်လို့ပါ။
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို သွားကြည့်လို့ရပါတယ်။
http://myanmarwords.pikay.org/
ကြိုးစား
အိပ်ရာ
အိပ်သံသရာ
အမြဲတမ်း
အကြံဥာဏ်
တော်တော်နည်း
မလွှဲသာ
မျက်စိ
ထုံးစံအတိုင်းပဲ
စာမြည်း
သုံးတော့တာပဲ
ညထိပဲ
တစ်ယောက်ချင်း နှစ်ယောက်ချင်း
ဘယ်မှာလဲ
အချိန်ပဲ
ခုလိုပါပဲ
ဗိုက်အရမ်းဆာ
အသည်း
ရုံးပတီသီး
တအားကျွေးချင်
အိုး မှားသွားတယ် မန္တလေးသူလား.. ဒါဆို မရွှေစင်ဥပေါ့.. တခြားအပုဒ်တွေမဖတ်တော့ မသိလိုက်ဘူးရှင့် ခွင့်လွှတ်နော်
တတိယမ္ပိ မှားပြန်ပြီ မရွှေစင်ဦးရေ... တောင်းပန်ပါတယ်.. ခွင့်လွှတ်နော်
ဟုတ်တယ်.. ဟုတ်တယ်..
ကိုယ့်မျက်လုံးလေး လည်း ဒီလိုပဲ သနားစရာ.. :D
အသက်ကြီးလာရင် မျက်လုံးတော့ ဘယ်လိုဖြစ်လာမယ် မသိဘူး။ အစ်ကိုပြောသလိုပဲ အိပ်ချိန်ကလွဲရင် မျက်လုံးကိုပဲ တရစပ် သုံးနေမိတယ်။ တစ်ခါတလေလဲ မျက်စိအစာကျွေးပေးရသင့်တယ် ထင်လို့ ဗိုလ်ချုပ်ဈေးရှေ့ မယောင်မလည် လုပ်တတ်တယ်။
နေ့အိမ်မက်
ညီမလေး ရေ မမှားသင့် တဲ့ အမှားတွေကြောင့် ရှက်တောင်ရှက်မိတယ် ကျေးဇူးပါ သက်သေပြစရာ မလိုပါဘူး ပြင်ထားတယ် ညီမရေ ထပ်ဆင့် ကျေးဇူးတင်ပါတယ် တယောက် ကိုတော့ တစ်ယောက် မလုပ်ချင်တာ မမ ဒီတိုင်းထားချင်လို့နော် ကျန်တာတွေ ပြင်ထားပါတယ် နောက်လည်း တွေ့ရင်ပြောပါ
နေ့အိပ်မက်ရေ..ကိုယ်တိုင်စာလုံးပေါင်းမှန်အောင်အရင်ကျင့်ဦး
အကြံဥာဏ်..မဟုတ်
အကြံဉာဏ်..ဖြစ်၏
အစ်မရေ...
အဲ့ဒီဟင်းတွေ အကုန်စားချင်တယ်ဗျ.....ဟီးးးးး
(ငိုသွားဒါနော်....)
ခင်မင်တတ်တဲ့
ဏီလင်းညို
အံ့သြလိုက်တာ မြန်မာနာမည်မှာ ရွှေစင်ဥ ရယ်လို့ရှိသလား
ကိုယ်တိုင်တောင် စာလုံးပေါင်းမှန်အောင်မလုပ်ပဲနဲ့ သူများသွားဆရာလုပ်နေတယ်.
အမ.. နောက်ဆိုဟင်းပုံလေးပါတင်နော်..။
အံ့ဖွယ်သရဲ
မရေ...........
စားချင်လိုက်တာ
သရေထပ်ယိုပြီး ပြန်ပြီ အဟင့်
စားချင်လိုက်တာ အခွင့်ရှိရင် စားချင်ပါတယ်...
Post a Comment