ဒီလိုနဲ့ အခြေအနေအားလုံး ဟာထူးမခြားနား ဖြစ်နေခဲ့ပါတယ်..၊ ကျနော့် ချစ်ခရီးကို မဆက်ခင် ကျနော့် ဘဝ အကြောင်းကို နဲနဲပြောချင်တယ်၊ ရှေ့မှာလည်း ကျနော် ပြောခဲ့ ပြီးသားပါ..၊ ဒါပေမဲ့ အချစ် (လက်ထပ်ခြင်း) နဲ့ပတ်သက်ပြီး ကျနော့် ခံယူချက်တွေ ဟာ ကျနော် ဖြတ်သန်း ရတဲ့ ဘဝအပေါ် မူတည်ပြီး ပြောင်းလဲသွားတယ် ဆိုတာ ပြောမပြရင် ကျနော် ကို ကျနော် လိပ်ပြာမသန့် ဖြစ်နေမှာစိုးလို့ နဲနဲလောက် ပြောချင်ပါတယ်..၊သည်းခံပြီး ဖတ်စေချင်ပါတယ်..။
ကျနော့့် မှာ မောင် ၃ ယောက်၊ ညီမ ၂ ယောက် ရှိပါတယ်..၊ ကျနော့် မောင် အငယ်ဆုံး ဆိုရင် ကျနော် နဲ့ ချစ်ချစ်ကြီး စကြိုက်ကြတုံးက ၃နှစ်ဘဲ ရှိပါသေးတယ်..၊ ကျနော်နဲ့ ၁၆ နှစ်တိတိ ကွာပါတယ်၊ ကျနော် ကတအား ချစ်ပါတယ်.၊ ညီမ အငယ်ဆုံးက လည်း အဲဒီလိုပါဘဲ ကျနော် တော်တော် ချစ်ခဲ့ပါတယ်..၊ ကျနော့်အဖေ ကဝန်ထမ်း ဆိုတော့ ဟိုပြောင်း၊ ဒီပြောင်း၊ မပြောင်းလည်း သားသမီးကို ဘာမှ ဂရုမစိုက် တတ်ဘူး ဆိုတော့ အဲဒီ မောင်နှမ တွေကို ကျနော် ဘဲ ပြုစုစောင့်ရှောက် ခဲ့ရပါတယ်..။
ကျနော့် မေမေ ကလည်း လုံးဝရိုးပြီး လောကကြီး အကြောင်းကို ဘာမှ မသိပါဘူး.၊ ဖေဖေ နဲ့ ပြဿနာ မဖြစ်ရင် ပြီးရော ကျန်တာတွေကို နားမလည်ပါဘူး..၊ မေမေက အဲဒီလိုရှောင်ပေမဲ့ ဖေဖေ ရဲ့ တပူပူ တဆူဆူ ဒဏ်တွေကတော့ ကျနော့် ဘဝမှာ တော်တော် ပြင်းပြင်းထန်ထန် စိတ်ကို ထိခိုက်ခဲ့ရပါတယ်..။
ကျနော့် တသက်လုံးလည်း မိဘ မေတ္တာနဲ့ `ဂရုစိုက်မှု့ ကို မရခဲ့ဘူးဆိုတော့ ကျနော် သိတတ်တဲ့ ... ကျနော့် မှာ ဂရုစိုက်နိုင်စွမ်း ရှိတဲ့ အချိန်က စပြီးတော့ မောင်နှမ တွေကို ဂရုစိုက် ခဲ့ပါတယ်..၊ ကျနော့် မောင်အကြီးဆုံးဆိုရင် တခြား အကြောင်းတွေ ခဏထားလိုက်အုန်း ပညာရေးနဲ့ ပတ်သက်တာ တခုဘဲ အရင်ပြောပါအုန်းမယ်..၊ သူ့ first year ကနေ final ထိ physics major နဲ့ တက်နေစဉ်မှာ သချာၤ ကို ကျနော် သင်ပေးခဲ့တာပါ..၊ ခင်ဗျား တို့ စာသင်တာများ လို့ မထင်လိုက်ပါနဲ့ သူက ကျူ ရှင်လည်း မတက် ကျောင်းလည်း လုံးဝမတက် တော့ တက္ကသိုလ် သချာၤကို ကျနော် သင်ပေးတာဘဲ သူတတ်ပါတယ်..။
နောက်ပြီး သူများတွေ သင်သလို လူတွေ သင်တဲ့ အချိန်မှာ သင်ရတာ မဟုတ်ပါဘူး..၊ သူ့ အပြင်က ပြန်လာတဲ့ အချိန် ည ၁၂ နာရီ ၁ နာရီ မှာ ကျနော် အိပ်ရာထဲက ထပြီးသင်ရတာပါ..၊ တခါတလေ သူ့စီက အနံလေး တသင်းသင်းနဲ့ပေါ့ဗျာ..၊ ကျနော်က သူစာမေးပွဲ ကျမှာ စိုးရိမ်ပြီး ည ည ထသင်ပေး ရတာပါ..၊ တော်တော် ဆိုးပါတယ်..၊ နောက်ဆုံး final ပြီးမှ ရန်ကုန်တက္ကသိုလ် မှာ qualify သွားတက်မှ ကျနော် တာဝန်ပြီးသွားပါတယ်..။
ဒုတိယ မောင်အလတ်ကတော့ လိမ်မာပါတယ်၊ မိသားစု နဲ့ နေရတဲ့ အချိန်လည်း နဲပါတယ်..၊ ပြည်မှာ ကျနော့် ဒေါ်ကြီးနဲ့ သွားနေပါတယ်၊ နောက်ဆုံး သူ ဘွဲ့ရပြီးတော့ စင်ကာပူမှာ အလုပ်သွားလုပ်တော့ အိုဗာ စတေး ဖြစ်သွားတော့ ဟို မလေးရှား ဘက်သွားစတေးရှောင် ဘာညာ ဆိုတော့ ကျနော် သူ့ကို သနားလွန်းလို့ သူသွားနေတဲ့ ၃နှစ် တိတိ ညစဉ် ပဌာန်း အရှည် နဲ့ မေတ္တာသုဒ် သူ့အတွက် ရည်ညွှန်းပြီး ညစဉ် ရွတ်ဖတ် ပေးပါတယ်..။
ညီမ အငယ်ဆုံးကတော့ ကျနော် အချစ်ဆုံးနဲ့ အသက်လည်းကွာတယ် ဆိုတော့ ကျနော် ဂရုစိုက်တာ အခံရဆုံးပါ..၊ သူ ၈တန်း နှစ်က စပြီးတော့ အချိန်မှန် စာကြည့်စားပွဲထိုင် ဘို့ စာကျက်ရင်း စားဘို့တခုခု နဲ့ ခြင်ဆေးခွေ ထွန်းပေးတာ ကစပြီးတော့ နေစဉ် မပျက် လုပ်ပေးပါတယ်..၊ ဆယ်တန်းအောင် တော့ လည်း ကြိုက်ရာယူခွင့် ရှိရဲ့သားနဲ့ ဘီအီးဒီ တက်မယ် စာသင်တာဘဲ ဝါသနာပါတယ် ဆိုလို့ ကျနော့် မှာ စိတ်တွေဆင်းရဲ ပြီး နောက်ဆုံး အတိုက်အခံ တော်တော်လုပ်လိုက်မှ MIT သွားတက်ပါတယ်..။
အဲဒီတုန်းက မန္တလေး ရန်ကင်းတောင်ခြေ နားမှာ MIT စဖွင့်တာပါ၊ ညီမက second batch ဆိုတော့ ဘာမှ မဖွံဖြိုးသေးတဲ့ အချိန် တောထဲ၊တောင်ထဲ မှာ သွားတက်ရတာ ပင်ပန်းလွန်းလို့ ကျောင်းကပြန်လာရင် ကျောင်းမတက် တော့ဘူး..ဆိုပြီး အမြဲတန်း ခြိမ်းခြောက် နေပါတယ်.. သူကျောင်းက ပြန်တဲ့ အချိန်ဆိုရင် ကျနော် အမြဲတန်း ရှောင်နေ ရပါတယ်၊ နောက်တော့ အဆောင်ပို့ပေးမှ နားအေး ပါတော့တယ်၊ ဒါပေမဲ့ အဆောင် နေတော့လည်း ရေက အစပို့ပေး ရပါတယ်..၊ သူ့အတွက် အပတ်စဉ် အခြောက်အချမ်း လုပ်ပေးတာက စပြီးတော့ ကျနော်ဘဲ တာဝန်ယူခဲ့ပါတယ်..။
မောင် အငယ်ဆုံးကတော့ ပြောမနေနဲ့ တော့ ပေါ့ဗျာ.၊ တော်တော် ဆိုးပါတယ်..၊ ဆိုးတယ် ဆိုတာ မကောင်းတာတွေ လုပ်တာမဟုတ်ပါဘူး..၊ စာမကျက်တာ..၊ စာကျက်ချိန်မှာ ဘောလုံးကန်တာ လျှောက်လည် တာ ပေါ့ဗျာ..၊ အဲဒါတွေ အတွက် ကျနော်က မိဘ နဲ့ မခြား ပူပန်ခဲ့ ရပါတယ်..၊ ကျနော့် မိသားစု အနေနဲ့ ပြောရရင် မိဘ ထက်တောင် ပိုပြီးပူခဲ့ ရပါတယ်..။
ညီမ အလတ်ကတော့ ကျနော်နဲ့ လည်း အသက်သိပ်မကွာဘူး ဆိုတော့ သူ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာမှ လုပ်မပေးခဲ့ရပါဘူး..၊ သူလည်း ကျနော် နဲ့ထပ်တူ မိသားစု ပြဿနာ ကို ခံစားခဲ့ ရသူပါ၊ နောက်ဆုံး MSc part II မှာဘဲ သူစာကျက်ရတာ ဦးနှောက်ခြောက်လို့ ဆိုပြီး သူတို့ စာသင်တဲ့ ပါမောက္ခကို စာကျက်ရမယ့် ဟာသွားမေးခိုင်းပါတယ်.၊ ဆရာကြီးတွေက ကျနော့်ဆိုရင် ချစ်ကြပါတယ်..၊ ငယ်ငယ် ကလေးထဲက အိမ်မှာ ဝင်ထွက်နေတဲ့ ဖေဖေ သူငယ်ချင်းတွေဆိုတော့ ကျနော် ကတော့ မေးရဲပါတယ်..။
ဒါပေမဲ့ ဗျာ မနက်ဖြန်ဖြေရမှာ ဒီနေ့ညနေ သွားမေးခိုင်းတာ တခြားသူဆိုရင် ရိုက်ထုတ်မှာပေါ့ ကျနော် ဆိုတော့လည်း ဆရာကြီးက ပညာရှိနည်းနဲ့ ဖြေလိုက်ပါတယ်၊ သူမေးခိုင်းတဲ့ ကျက်ရမလားမကျက်ရဘူး လားဆိုတဲ့ အပိုင်းကို အချိန်ရရင် ကျက်ပါတဲ့..၊ မရရင် မကျက်ပါနဲ့ ဆိုပြီး ဖြေလိုက်ပါတယ်..၊ အဲဒါ အခုပြောတော့ သာ ဘာမှ မဟုတ်တာ ကျနော့် ကို တော်တော် stress ဖြစ်စေခဲ့တယ်.. ၊..နောက်ပြီး NCC ဖြေတော့ လည်း ညီမ အလတ်နဲ့မောင်အငယ်ဆုံး ဖြေခဲ့တာပါ..၊ အဲဒီတော့လည်း တော်တော် ဂရုစိုက်ခဲ့ ရပါတယ်..။
ကျနော် ရေးတဲ့ တချို့ အချက် တွေက ကျနော် နဲ့ ချစ်ချစ်ကြီး နဲ့ အိမ်ထောင် ကျပြီးမှ လုပ်ပေးရတာတွေပါ ပါပါတယ်၊ ဒါပေမဲ့ ဒါတွေအားလုံးဟာ ကျနော် ဘာသာ ကျနော် သူတို့ကို ချစ်ခဲ့တာတွေပါ..၊ ကျနော့် ခံစားချက်တွေပါ..၊ နောက်ဆုံး ကျနော် ပြောချင်တာက ကျနော် သိပ်ချစ်တတ်တယ်..၊ နောက်ပြီး ချစ်ဖို့ ကြောက်သွားတယ်..၊ ကိုယ် ကို ကိုယ် ပြန်သုံးသပ်ရရင် မောင်နှမ တွေကိုတောင် ဒီလောက်ချစ်ရ ပူပင်ခဲ့ ရတာ သားသမီး ဆိုရင် ဆိုပြီး တော်တော် ကြောက်သွားပါတယ်..။
ကျနော် အခုပြောနေတာတွေ ဟာ ကျနော့် အတွက် အရေးကြီးပါတယ်..၊ ဖေဖေ နဲ့ မေမေ နဲ့ အိမ်ထောင် ရေး ကိုကြည့်ပြီး ငယ်ငယ် လေးကထဲက ယောက်ကျားတွေကို မုန်းတယ်..၊ ချစ်ချစ်ကြီးက ချစ်တတ်လွန်း လို့သာ ကျနော် ရုန်းမထွက်နှိင် ခဲ့တာကိုးဗျ..။
နောက်ပြီး မောင်နှမ တွေကို သား၊ သမီး ကဲ့သို့ စောင့်ရှောက်လာပြီး မိဘ ကဲ့သို့ ပူပင်လာခဲ့ရတာ တွေကြောင့် ကျနော် ဟာ အိမ်ထောင်ပြု သားသမီးမွေး ဆိုတဲ့ စိတ် ကုန်သွားတာပါဘဲ..။ ကျနော့် ချစ်ချစ်ကြီး ကတော့ ကျနော် နဲ့ ဆန့်ကျင်ဘက်ပါ။ သူက အကြီးဆုံး ပေမဲ့ မိသားစု အပူရှိခဲ့ ရင်တောင် သူ့အောက်က ညီအလတ်က သာ တာဝန်ယူခဲ့တာပါ။ သူကတော့ အမေ အချစ်ဆုံးနဲ့ အိမ်မှာ ဗိုလ် အကြဆုံးပါ..၊ သူ့တို့ ညီအကို ၃ယောက် နဲ့ ညီမ တယောက်ထဲရှိတာတောင် အဲဒီ ညီမအငယ်ဆုံးက တောင် သူ့ကို အလိုလိုက်ရပါတယ်..။
ချစ်ချစ်ကြီး က ကျနော့်ရဲ့အပူတွေကို ကြည့်ပြီးတော့ အံသြပါတယ်၊ ဒါပေမဲ့လည်း သူလည်း ကျနော့်ကို ချစ်လွန်းလို့ ကျနော် နဲ့ အတူ ခွဲဝေထမ်းဆောင် ခဲ့ပါတယ်..။ ဒါတွေက ကျနော့် စိတ် နဲ့ မိသားစု အခြေအနေကို ခင်ဗျားတို့ နားလည်သွားအောင် နဲနဲလောက်ပြောပြတာပါ..။
အခုလို ကျနော်တို့ မင်္ဂလာဆောင်ဘို့ အခြေအနေ မပေးဖြစ်နေတဲ့ အချိန်မှာ ကျနော့် မောင်လေး တွေကလည်း သူတို့ အဖေရဲ့ အဓိပ္ပါယ် မရှိတဲ့ ကန့်ကွက်မှု့ကို တော်တော် မုန်းနေပြီဆိုတော့ ကျနော် တို့ ၂ယောက် လုပ်ချင်ရာလုပ် သူတို့က အထုပ်ထမ်းပို့မယ် တကဲကဲပါ..။
ကျနော့် အမေက လည်း ဒီလို ပါဘဲ.၊ ဒါပေမဲ့ ကျနော် အဲဒီလို ဘယ်တော့မှ မလုပ်ပါဘူး..၊ ခိုးရာလိုက်တာ ကိုလည်းမုန်းပါတယ်..၊ ဖေဖေ သဘောမတူလို့ တကယ်ယူရတော့ မယ်ဆိုရင်တောင် ဖေဖေ ရှေ့မှာဘဲ ပြောပြီးသွားမယ် လို့ ဆုံးဖြတ်ထားပါတယ်..၊ မင်္ဂလာဆောင် တာကတော့ ဖေဖေ သဘော မတူဘဲနဲ ဘယ်လိုမှ ဆောင်လို့ မဖြစ်ပါဘူး..၊ ချစ်ချစ်ကြီးရဲ့ မိဘတွေကို အားနာရအုန်းမယ် မဟုတ်လား..။
နောက်ပြီး ကျနော့် ရဲ့စိတ်ရင်း အမှန် ကိုပြောရရင် အိမ်ထောင်ပြုချင် တဲ့ စိတ် ကို မရှိတော့ပါဘူး..၊ အခုလို့ နှစ်ပေါင်းများစွာ တွဲနေရတာကိုဘဲ အသားကြသလို ဖြစ်နေတော့ အဲဒီလို ဘဲ နေချင်ပါတော့ တယ်..၊ အိမ်ထောင်ပြုရင် ခံရမဲ့ အိမ်ထောင်ရေး ဒုက္ခတွေကို မခံချင်တော့ ပါဘူး..၊ အဲဒီလို မခံချင်တာနဲ့ အမျှ ချစ်ချစ်ကြီး ကိုလည်း အိမ်ထောင်ပြုတာ မကောင်းတဲ့ အကြောင်း သားသမီးအပူဟာ ဘယ်လောက် ဆိုးတယ် ဆိုတဲ့ အကြောင်းတွေကို အချိန်ရှိသ၍ နားသွင်းထားတာဆိုတော့ ချစ်ချစ်ကြီး က လည်း တော်တော် နားဝင်နေပါပြီ..။
အဲဒီတော့ ကျနော် တို့၂ယောက် သဘော အတိုင်းဆိုရင် မယူရင်လည်း ရပြီ..၊ ဒါပေမဲ့ ချစ်ချစ်ကြီး မိဘ များနဲ့ ကျနော့် အမေနဲ့ မောင်နှမများနဲ့ ဆွေတော်မျိုးတော် တစုက သဲသဲ လှုတ်နေကြတာဆိုတော့ ကျနော် တို့ ၂ယောက်ဟာ ပြောမကောင်းလို့ အလိုက်သင့်သာ နေရတာ သိပ်တော့ စိတ်မပါတော့ပါဘူး..။
ကျနော် တို့ မင်္ဂလာ ဆောင်ကိစ္စ ကို ဖေဖေ သဘောမတူလို့ မဆောင်ရဘူး ဒီလောက်နှစ်ပေါင်းများစွာ တွဲပြီး မယူရဘူးဆိုပြီး အားလုံးရဲ့ အမြင်မှာ သနားစရာ သမီးအလိမ်မာ လေး အဖြစ် မြို့မေတ္တာခံယူနေရပြီး တော်တော် ဟန်ကျနေတဲ့ အချိန်မှာမှ..ဖခမည်းတော် ဘုရားကို ဘယ်နတ်ကောင်းနတ်မြတ် တွေကများ သဘောထားတွေ ပြောင်းလဲစေသလည်း မသိပါဘူးဗျာ..ကျနော့် ကိုခေါ်ပြီးတော့ ၂ ကိုယ်ကြား မင်္ဂလာ ကိစ္စကို စ ပြောလာပါတယ်..။
မနက်ဖြန်ဆိုရင်တော့ The end
.မင်းသား နဲ့ မင်းသမီး မဟုတ်ပါ ချစ်ချစ်ကြီး နဲ့ ကျနော် နဲ့ဖြစ်ပါတယ်...အဟီး...ချက်စရာကြီး
ီ

7 comments:
ဒိုင်ယာရီ မှတ်တမ်းလေး လာဖတ် ဖြစ်ပါတယ်။
ဇာတ်သိမ်းပိုင်းမျှော်နေပါမယ်
လေးစားလျက်နဲ့
လာဖတ်ဖြစ်ပါတယ်။
နုစဉ်ဘဝက ပုံလား..း)
ချစ်ခရီးသက်တန်း ၄-၅ နှစ်လောက်က ပုံပါဗျာ
ဟဲ..ဟဲ
အခုပုံဆိုရင် ထွက်ပြေးသွား မှာစိုးလို့
အဲလိုအစ်မကြီးတယောက်ရှိတဲ့ မောင်တွေညီမတွေကို
အားကျတယ်ဗျာ လေးစားတယ် ချီးကျူးပါတယ်
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေး)အဲ
ချစ်ချစ်ကြီးနဲ့လဲ အဆင်ပြေပြီး
ဘဝလမ်းတူလျှောက်လှမ်းနိုင်ပါစေး)
မင်္ဂလာပါ..
ဇတ်သိမ်းပိုင်း ကိုလဲ စောင့်ဖတ်နေပါ့မယ်။ အရင်အပိုင်းတွေကိုလဲ အကုန်မဖတ်ဘူး သေးဘူးလေ။ ဇတ်သိမ်းပိုင်းက စပြီး ကြည့်တဲ့သဘောပေါ့။ 2010 ရောက်မှ ဇတ်သိမ်းလေကွယ်။ ဟဲ..ဟဲ..
ခင်မင်စွာဖြင့်
ကိုမျိုး
ကိုရီးယားမင်းသား မင်းသမီးတွေလောက်တော့ ငါ့အစ်မတို့က ပျင်းတောင်ပျင်းသေးတယ်....ဟဲဟဲ
ချစ်ညီမလေး
Post a Comment