တကယ်တန်းတော့ ၁၀ တန်း ကို ၁၀ နှစ် ဖြေပြီးမှ အောင်တဲ့လူတယောက်က ဘယ်လိုလုပ် ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး အဆင့် ကို ရနိုင်မှာလည်း၊ ချစ်ချစ်ကြီး ကိုသာ အဲ့ဒီ အဆင့်မျိုး မှန်းခိုင်းနေရင် ကျနော့် တသက်တော့ ယူနိုင်တော့ မှာ မဟုတ်ဘူး။ ဒါပေမဲ့ မိဘ ဆိုတော့ ကောင်းစေချင်တဲ့ စေတနာ ပေါ့ဗျာ... အဟင့် ..ဟင့်..။
ဟို..ဥပမာ နဲ့ ပြောရရင်..ရွေးကောက်ပွဲ နိုင် ပေမဲ့ တကယ့် အခြေခံ ကျတဲ့ အခြေခံ ဥပဒေ ဆိုတာ မခိုင်မာဘဲ ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုလုပ် ပြီး ဒီမိုကရေစီ ဆိုတာကြီး ကိုပေးလို့ ရမှာလဲဗျ... အဟဲ..စေတနာတွေပါ..။
ဒါကြောင့် ကျနော်တို့ ရဲ့ အစိုးရမင်းများက အခြေခံဥပဒေ ဆိုတာကြီးကို တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစား ပေါင်းစုံနဲ့ ခိုင်မာစွာတည်ဆောက်ပြီး သကာလ...သက္ကရစ် ၂၀၁၀ မှာ ပြည်သူအားလုံး အလိုရှိတဲ့ ပါတီကို မဲပေးနိုင်ဘို့ ရွေးကောက်ပွဲ ကြီးကို ကျင်းပပေး ပါ့မယ်တဲ့..၊ ခင်ဗျားတို့ များ မေ့ များ နေသည် ရှိခဲ့သော် ကျနော်က သတိပေးရခြင်း ဖြစ်ပါတယ်..၊ ..ကဲ..၂၀၁၀ မှာ မဲရုံ ကို မဲရုံကို...တပြည်လုံး မဲပေးကြမယ်...။
ကဲ..ရွာစား..ကြာသလားလို့..အသဲကြားက..မဲတပြား.......။

အဟင်း..ဟင်း..ကောင်းစေချင်တဲ့ စေတနာ တွေပေါ့ဗျာ...၊ မိဘ နဲ့ တူသော အစိုးရက သားသမီး နဲ့ တူသော ပြည်သူလူထုပေါ်မှာ အဲဒီလို..အဲဒီလို..စေတနာတွေ ထားကြပါတယ်..။
နှစ်ပေါင်းကလည်း..မနဲတော့ဘူးဗျာ....ရွှေပြည်တော်....မျှော်တိုင်းဝေး....ဖြစ်နေတာ..၊...တခြားတဘက်မှာ လည်း.. ကျနော်တို့ ၂ယောက်ကို...နိုင်ငံတကာ မှ ဆန့်ကျင့်ခြင်း.. ဖိအားပေးခြင်းများ အဆက်မပြတ် ခံနေရ ပါတယ်..အဲ.. နိုင်ငံရေးတွေနဲ့.. မှားသွားပြန်ပြီ..။
ကျနော်ရဲ့ မတော်ရသေးတဲ့ ယောက်ခမ ကြီးကလည်း သူ့သားကြီးကို မင်္ဂလာဆောင် မပေးရသေးတဲ့ အတွက် ညည အိပ်မပျော်အောင်ကို ခံစားနေရပါကြောင်း ..သူ သေသွားသည်ရှိသော် အသေမဖြောင့် ဘဲ နေမည်ဖြစ်ကြောင်း၊ အခုလည်း အပေါ်သွေး ၂၀၀၊ အောင်သွေး ၁၆၀ ဖြင့် အိပ်ရာထဲ လဲ နေပါကြောင်း နောက်ဆုံးသတင်း ရရှိပြီးနောက် ကျနော်ရဲ့ ဂျီးတော်၊ ဘကြီးတော်၊ ဦးရီးတော် များနဲ့ မာတာမိခင်ကြီး ကလည်း မြန်မြန် မင်္ဂလာ ဆောင်ဘို့ ရာဇသံ တွေပေးလာကြပါပြီ..၊ သို့ပေမဲ့ ဖခမည်းတော်ကို ဘယ်သူမှ ရွှေနားတော် မသွင်းရဲ ကြပါဘူး..။
နောက်တော့ ကျနော်ရဲ့ အဖွားတော် ဦးဆောင်ပြီး....ဆွေတော်မျိုးတော် တစုဟာ ဖခမည်းတော်ကြီးကို ဝိုင်းဝန်း တော်လှန်ကြဘို့ အသင်းအဖွဲ့ တွေဖွဲ့စီးပြီး အစီးအဝေးပွဲ ကျင်းပခဲ့ပါတယ်... ။
ခမည်းတော်ကြီးနဲ့ ထိပ်တိုက် ဆွေးနွေးရန်အတွက် လူရွေးပွဲကြီးကို အကြိမ် တစ်သောင်း မြောက် အစည်းအဝေး ထိုင်ပြီးတဲ့ နောက်မှာတော့ အတည်ပြုချက် ရရှိပြီး ..ဖခမည်းတော်ရဲ့ ချစ်လှစွာသော ယောက်ခမကြီး (မေမေ ရဲ့ အမေ) ကတာဝန်ယူပြီး ခမည်းတော်ကို ဆွေးနွေး တိုက်တွန်းပေးမဲ့ တာဝန်ကြီး ကို ခြေတုန်..လက်တုန်..အကုန်လုံး တုန်ပြီး မလွဲသာလွန်းလို့ လက်ခံ ယူလိုက်ပါကြောင်း ပြောကြားရင်း နဲ့ အစီးအဝေး တက်ရောက်သူအားလုံးကို ကြက်သား ဒန်ပေါက်၊ ဆိတ်သားဒန်ပေါက် နှင့် ရေခဲမုန့် များ အဝ သုံးဆောင် ကြဘို့ (အိမ်ကို ပါဆယ်အိပ်နဲ့ မသယ်ဘို့ နောက်ဆက်တွဲ ပြောကြားရင်း) တိုက်တွန်းရင်း အစီးအဝေးကြီး ကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြပါတယ်ခင်ဗျား..။
နောက်ရက် များမှာတော့ အဖွား ဟာ ဖခမည်းတော် မျက်နှာကို အရိပ်တကြည့်ကြည့် နဲ့ ဘက်ပေါင်းစုံ မှ အချိန်ရှိသရွေ့ စဉ်ချင်သုံးသပ်ပြီး သကာလ ယောက်ခမ အာဏာကို အပြည့်အဝ သုံးစွဲပြီး စေ့စပ်ညှိနှိုင်း ပေးခဲ့ ပါတယ်..၊ သို့ပေမဲ့ မအောင်မြင်ခဲ့ပါ ခင်ဗျား..။
အဲဒီလို အဲဒီလို ဖြစ်နေတဲ့ အချိန်မှာဘဲ ပြည်မှာ ရှိတဲ့ ကျနော့်ရဲ့ ဂျီးတော်ကြီး ဖခမည်းတော်ရဲ့ တဦးတည်း သော အမကြီးက ရာဇသံပေးလာပါတယ်၊ သူသဘောမတူရင်နေ ငါသဘောတူတယ်..၊ ငါကိုယ်တိုင်လာပြီး မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးမယ်..လို့ ဖုန်းဆက် လာပါတယ်..။
သို့သော်လည်း သမီးအလိမ်မာလေးက အဖေ မပါသော မင်္ဂလာပွဲကို မကျင်းပချင်တဲ့ အတွက် လုံးဝ.. လုံးဝ.. ပယ်ချခဲ့ပါတယ် ခင်ဗျား..။
( အားတော့ နာပါတယ်ဗျာ..ဒီနေ့တော့ နားလိုက်အုန်းမယ်..လုံးဝ...လုံးဝ..အလုပ်များနေလို့ပါ..)
.

8 comments:
hinnnnnnnnnnnnnn
I really don't know how to explain .
The same as Dream said like Korean-movies.
:P
ကျွန်တော်နဲ့ချစ်ချစ်ကြီးရဲ့မင်္ဂလာပွဲလေးအကြောင်း
မျှော်နေပါတယ်။ဆက်ရေးပါအုံး။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ
ဒီနေ့မှပဲ အကုန်ဖတ်လို့ပီးတော့တယ်။
မဖတ်ရတာ အရမ်းကောင်းတာပဲ.
အရှိန်ပျက်မှာဆိုးလို့ မမန့်တာ။
အမြဲလာဖတ်ပါတယ်။
ဟဲဟဲလုပ်ပြီ
း) ဆက်ပါဦးဗျး)
ဖတ်လို့ကောင်းပါ့...။ ဘ၀ထဲက ဟာသတွေ...။ မွတ်မွတ်ကြေအောင်မွှေသွားတယ်...
ဒီနေ့မှပဲ အကုန်ဖတ်လို့ပီးတော့တယ်။
ဖတ်ရတာ အရမ်းကောင်းတာပဲ.
အရှိန်ပျက်မှာဆိုးလို့ မမန့်တာ။
အမြဲလာဖတ်ပါတယ်။
အပေါ်က စာရေးတာ မပါ နေတာတွေပလို့ မှားလို့ အမှားပြန်ပြင်လိုက်တာပါ။
ဆောတီးးးးး
ရပါတယ်ဗျာ..လာရောက်အားပေးတာကို ကျေးဇူးတင်လှပါပြီ
အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ် ကိုရီးယားကားလို အခန်းဆက်ကြီးကို စိတ်ရှည်လက်ရှည် အားပေးကြတဲ့အတွက်
မကြာခင် မင်္ဂလာပွဲ ရောက်တော့ မှာပါ
ဇာတ်ရှိန်ကတက်လာပီ...ဟိဟိ
ချစ်ညီမလေး
Post a Comment