၈.၈.၁၉၈၈ မှာ တကယ်ဘဲ ကျနော် တို့အားလုံး မမျှော်လင့်ဘဲနဲ သမိုင်း တွင်မဲ့ လူထုအုံကြွမှု့ကြီး ဖြစ်ပေါ် လာပါတယ်။ ဒီလို ဖြစ်လာလိမ့်မယ်လို့ တသက်လုံး အားလုံးက မထင်ကြပါဘူး။ ဒီနှစ်ပိုင်းမှာတော့ အဲဒီနေ့ မတိုင်ခင်ကထဲက ဒီလို လုပ်ကြမယ် ဆိုတာ ကြိုတင်ကြေငြာ ထားတာဆိုတော့ မျှော်မိကြတာပေါ့၊
အဲဒီနေ့ က ကျနော်က ကျောင်းထဲကဆိုင်မှာ ရှိနေတယ်၊ နေ့လည် ၂ - ၃ နာရီ လောက်မှ ကြွေးကြော် သံတွေကို စကြားရပါတယ်။ ကျနော် တို့ လည်း ဆိုင်အနောက်ဘက် (ရေနီမြှောင်းဘေး) ကိုပြေးကြည့် ကြတာပေါ့၊ အဲဒီ အချိန်မှာ မျက်နှာမှာ အဝတ်စည်းထားတဲ့၊ ကြွေးကြော်သံ တွေကို စည်းချက်ညီညီ အော်ဟစ်လာတဲ့ လူတန်းရှည် တစုကို ကျနော် ဘဝ မှာ ပထမဆုံး စိတ်လှုတ်ရှားစွာ၊ ရင်ခုံစွာနဲ့ စတင်တွေ့လိုက်ရပါတယ်။
အဲဒီမှာ ကျနော့်မောင်ငယ် တယောက်လည်း ပါဝင်တာကို မြင်လိုက်ရပါတယ်၊ စိတ်ဝင်စားစွာနဲ့ ညပိုင်းမှာ သတင်းများကို အသံလွှင့်အစီအစဉ် အမျိုးမျုးိက နေနားထောင်ပါတယ်။ ကျနော် တို့ တအိမ်လုံး ရှေ့ဘာဖြစ်လာမလည်း ဆိုတာ အမျိုးမျိုး ပြောဆိုရင်း အိပ်ရာဝင်လိုက်ကြပါတယ် ။
အဖွဲ့အစည်းမျိုးစုံကလည်း သပိတ် အရေးအခင်းကြီးထဲကို တဖြည်းဖြည်း ဝင်ရောက်လာပါတယ်။ နောက်တော့ အားလုံးသိကြတဲ့ အတိုင်းပါဘဲမဆလ အစိုးရပြုတ်ကြသွားပါတယ်။
အရေးအခင်း ကာလ ရဲ့စိတ်လှုတ်ရှားစရာ တွေကတော့ ပြောမကုန်နိုင်အောင်ပါဘဲ..၊ တသက်မှာ တခါ မမေ့နိုင်တဲ့..မကြုံဘူးတဲ့..အတွေ့အကြုံ တွေပါဘဲ..။
ကျနော်က နိုင်ငံရေး ရေးနေတာ မဟုတ်ဘဲ အချစ်ရေး ဆိုတော့ အကျယ်ချဲ့မပြောတော့ပါဘူး..၊ အခုဟာ ကလည်း စကြိုက်ကထဲက အမြဲတန်း အစိုးရကို တိုက်ခိုက်လာပြီး ..ဒီမတိုင်ခင် ၂ နှစ်၃နှစ် လောက်ကထဲက ဒီအစိုးရ ပြုတ်ကြမယ် လို့အလွန်အကြူးပြောပြီး သမီးရီးစား သက် ၁၁ နှစ်မှာ ပထမ ဆုံး အကြာဆုံး စိတ်ကောက်ကြတဲ့ ပွဲရဲ့ နောက်ဆက်တွဲ ဖြစ်ရပ် အဖြစ် ကျနော် အောင်ပွဲဆင်ခဲ့ ရခြင်းဟာ ကျနော့် အတွက်တော့ မဆလ အစိုးရ ပြုတ်ကြခဲ့ ခြင်းနဲ့ထပ်တူ ဝမ်းမြောက်ခဲ့ ရပါတယ်။
အဟဲ..တနည်းအားဖြင့် ပြောရရင် ကျနော့် ရဲ့ ဂုဏ်သိက္ခတွေ မြင့်တက်လာတယ်ပေါ့..၊ နောက်တော့ ကျနော် တို့ရဲ့ အပြန်အလှန် ယုံကြည်မှု့ တည်ဆောက်ခြင်း အောင်မြင်သွားပါတယ်..၊ ခင်ဗျားတို့ လည်း အားမလျှော့ကြပါနဲ့..၊ ကျနော် တို့လို ဘာမဟုတ်တဲ့ လူ၂ယောက် ပေါင်းသင်းဆက်ဆံရေး တောင် ဒီလောက် ကြာနေတာဆိုတော့ .. အင်း အခုလို တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့..အရေးဆိုတော့ ကြာမှာ ပေါ့လေ..၊ ......ဆန္ဒာ... မစော.....ကြ...ပါနဲ့....စိတ်...ရှည်....ရှည်........ထားကြပါ..။
ဒီကြားထဲမှာ ဗျာ..ကျနော့် အဖေ ရဲ့ ရာဇသံ က ထွက်လာပါတယ်..၊ ဒီလောက် နှစ်ပေါင်းများစွာ တွဲခုတ်ပြီး မန္တလေး တမြို့လုံး မမြင်ချင် အဆုံးဖြစ်နေတဲ့ ကျနော် တို့၂ယောက်ကို တရေးနိုး လောက်မှ ကျနော် သူ့စက်ဘီးနောက်က လိုက်ထိုင်ပြီး ထီးလေးဆောင်းပေးထားတာကို မြင်တော်မူသွားတယ်ဗျာ..။
အဲဒီမှာ..ကျနော့်ကို ရာဇသံတွေပေးပြီး..၊မေမေ ကိုဆူတော့ပူတော့ တာပါဘဲ..၊ မေမေ ကတော့ သူ့ သမက်လောင်း ကို ကျနော့် ထက်တောင် ပိုချစ်လွန်းလို့...သဘောတူ သလားမမေးနဲ့ မြန်မြန်သာ ယူလိုက်ကြ မေမေ နောက်ကနေ အထုပ်ပြင်ပေးမယ်ဆိုတဲ့ အထဲကပါ..။
ကျနော့် ဖေဖေက သူ့မတော်ရတဲ့ သမက်လောင်း လေးအကြောင်းကို စစစ ဝင်တော့ ..... သူ့ သမက်လောင်း ကလေးရဲ့ ကောင်းတဲ့ အရည်အချင်းများကို ဖုံးလွှမ်းသွားစေတဲ့ အခုထိ ၁၀ တန်းမအောင် သေးဘူးဆိုတဲ့ အားနဲချက် ကို အသေအလဲ ထောက်ပြီး တိုက်ခိုက်တော့ တာပါဘဲဗျာ..၊ ၁၀ တန်းတောင် မအောင်တဲ့ ကောင်ကို ဘာလုပ်ရမှာလည်းတဲ့..ဟင်း..ကျနော် ပြောလိုက်ရရင် မကောင်းနေတော့မယ်..၊ ၁၀တန်း မအောင်ပေမဲ့ လုပ်လို့ရတာတွေ ရှိပါတယ်ဗျာလို့ ...။
အမှန်တော့ ကျနော့် တို့ မောင်နှမ တွေနဲ့ ကျနော် တို့ အသိုင်းအဝိုင်းမှာ ၁၀တန်းအောင် ဘို့ ဆိုတာ စဉ်းစားစရာမလိုတဲ့ အချက်ဘဲ..၊ ကျနော် ဘယ်လောက်ဆိုးဆိုး စာကျက်ကျက် မကျက် ကျက်၊ ဆယ်တန်း အောင်ဘို့ကိုတော့ ဘယ်လိုမှ ထည့်မတွက်ဘူးဗျာ..၊ အိပ်ဖြေရင်တောင်အောင်တယ်..၊ တကယ်လည်း ဝတ္ထုဖတ်၊ အိပ် ပြီးဖြေလာတာပါ..။
သူ့မောင်နုမတွေလည်း ဒီအတိုင်းပါဘဲ..၊ အားလုံး ၁၀ တန်းအောင်တဲ့ အပြင် ညီအငယ်ဆုံးတောင် အင်ဂျင်နီယာ ဖြစ်တော့မယ်။ ညီမ အငယ်ဆုံးလည်း ၁၀ တန်းအောင်သွားပြီ..၊ ဘာမှ ဆန်းတဲ့ ကိစ္စတွေ မဟုတ်ပါဘူး..၊ နောက်ပြီး ကျနော်ကလည်း တလွဲ ဆံပင်ကောင်းဆိုတော့ ၁၀ တန်းမအောင်တော့ ဘာဖြစ် လည်းဆိုပြီး ကြည့်နေတာလေ.။
ကျနော် က သူ နှစ်တိုင်း ၁၀ တန်းကို အာကြိုးမာန်တက် သွားသွားဖြေပြီး..သိပ်မဖြေနိုင်တဲ့ ဘာသာ ရှိလည်း စိတ်ဓါတ်မကျ ဘဲ နောက်တနေ့ဘာသာ အတွက် အားကျိုးမာန်တက် စာတွေဆက်ကျက်ပြီး သွားဖြေ.. အောင်စာရင်း ထွက်တော့ သူ့နာမည် မပါလည်း အပြုံးမပျက် နေနိုင်တဲ့ သူ့ရဲ့စိတ်ဓါတ်ကို ကြိုက်နေတာကိုးဗျ..၊ နောက်ပြီး ကျနော့် အဖေနဲ့ ဆန့်ကျင်အောင်ကို ပညာမတတ်တော့ ပိုတောင် ကောင်းသေး ဆိုပြီး သူ..နှစ်တိုင်း ၁၀တန်း ဖြေတာကို ကြည့်ကောင်းကောင်း နဲ့ ကြည့်နေတာလေ..။
အခုတော့ တကယ်တန်း ရန်သူ အဲ..ဖေဖေ ကတိုက်ခိုက်လာပြီဆိုတော့ မနေသာတော့ ဘူးဗျာ ငါ မကယ် သေဘွယ်သာရှိတော့ တယ်ဆိုပြီး အဲ ဒီတသက် ၁၀တန်းအောင်တော့ မှာ မဟုတ်ဘူးဆိုပြီး..ကျနော် ကိုယ်တိုင် ဆရာမကြီး ဝင်လုပ်ရပါတော့တယ်..၊ တကယ်တန်း တော့ ချစ်ချစ်ကြီး ၁၀ တန်းဖြေနေတာ ကျနော် နဲ့ မကြိုက်ခင် ၃-၄ နှစ်လောက်ကထဲကပါ..၊ ကျနော် စာသင်ပေးတဲ့ နှစ် ရောက်တော့ ၁၀ ကြိမ်မြောက် ဖြေတော့မှာပါ..။
အဲဒီနှစ်မှာတော့ ကျနော် တို့ရဲ့ ချစ်မှု့ရေးရာ တွေကို အသာထားပြီး (တခါ တခါ တော့ တခါ တခါ ပေါ့နော်) ရတဲ့ အချိန်မှာ စာသင်ရပါတော့တယ်..၊ သူ့ အိမ်ကလည်း အားကျိုးမာန်တက် အားပေးကြပါတယ်၊ ဒီနှစ် သူ့တို့ သား ၁၀တန်း အောင်ရင် အငြိမ့်ခံပေးမယ်တဲ့..၊ သူ့ အဖေ ကလည်း မိန်းလှေကားထစ်ပေါ် ဂျွမ်းထိုး ပြမယ်တဲ့..၊ ချစ်ကြတာလေ..ချစ်ကြတာ..။
အဲဒီတော့ ဆရာမကြီးသိက္ခာ မကြအောင် တပည့်ကြီးကို ဖိအား အမျိုးမျိုး ပေးပြီး သင်ရတော့တာပေါ့..၊ ခေါ်ရတာ ကောင်းလိုက်တာဗျာ.. တပည့်ကြီး..တပည်ကြီး..ဟား..ဟား..။
တပည့်ကြီး ကလည်း ဆရာမကြီး အမိန့်ကို နာခံပါတယ်..၊ ဒီနေ့ သချာၤ ၁၀ ပုဒ် တွက်မယ် ဆိုရင် အပုဒ် ၂၀ တွက်ပြစ်တယ်..၊ ဒီလို တွက်ဆိုရင် ဟိုလို တွက်ပြစ်လိုက်တယ်..၊ တခါ တခါ ကျနော်တောင် သူတွက်ထားတဲ့ စဉ်းစားထားတဲ့ နည်းတွေကြည့် ကြည့် ပြီးမျက်စေ့ တွေတောင် လည် လည်သွားတယ်.၊ တော်တာ.. တော်တာ..ဒီလို ဆရာကောင်း တပည့်ပီသတာ..။
ကဲ..ကျနော်လည်း..တပည့်ကြီး ခေါ်ရတာ အားရပြီ ဆိုတော့ ၁၀ တန်း စာမေးပွဲကြီး ဖြေတဲ့ အချိန်ရောက် လာပြီ ထားလိုက်ပါတော့..၊ စာမေးပွဲ လည်း ဖြေပြီးသွားပါပြီ..၊ ကျနော်.. စစ်ဆေးကြည့်သလောက်တော့ စာမေးပွဲ ကျစရာအကြောင်းမရှိတော့ ပါဘူး..၊ ဒါပေမဲ့လေ ၁၀ တန်းဆိုတာ..။
ချစ်ချစ်ကြီး လည်း သူ့ ရဲ့သမိုင်းပေးတာဝန် (၁၀) တန်းဖြေရခြင်း ကို ၁၀ နှစ်မြောက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသွားပြီဆိုတော့ ဝမ်းသာအားရနဲ့ သူ့ရဲ့အလုပ်တွေပြန်လုပ်ပါတယ်..၊ ၁၀ တန်း အောင်စာရင်း ကြီးလည်း ထွက်ချိန်နီးပါပြီ..၊ သူလည်း ကြောက်ကြောက်နဲ့ (ကျနော်ထင်တာ) အရောင်း အဝယ် ကိစ္စတခု အကြောင်းပြပြီး တောင်ကြီးဘက် ခရီးထွက်သွားပါပြီ....။
သူခရီးထွက်နေစဉ်မှာ ဘဲ အောင်စာရင်း တွေ မနက်ဖြန်ထွက်မယ် ဆိုပြီး သူ့ညီမငယ်က လာသတင်း ပေးပါတယ်..၊ ကျနော့်..ရင်ထဲက... အလုံးကြီးတက်လာအောင် ကို လန့်ဖြန့်သွားတော့တာဘဲ..။
ကဲ..မနက်ဖြန်ကို ဘယ်လို ရင်ဆိုင်ရမလည်း..ဘယ်လို ကျော်ဖြတ်ရမှာလည်း....၊ ...ချစ်ချစ်ကြီးလည်း မရှိ..၊ ကြောက်လှပါဘိ..။
ဆက်လက်ဖတ်ရှု့အားပေးပါရန်
ကဲ..ဒေါ်ဝါးတား wather ရေ
စိတ်ကောက်ပြီး ဘလော့ လာမဖတ်တာကြာလို့....ချစ်အားချစ်မာန် တွေသွင်းပြီး ဆက်ရေး ပေးလိုက် တယ်နော်... ဖတ်တော်မူပါတော့..၊
.

9 comments:
ဟာဗျာ လုပ်ပြန်ပြီ ဆက်ရေးပါဦး
အချိန်လည်းအားပါစေဗျား)
Hi
I will read all ur post when i reach home. now at office n busy. :)
အားပေးကြတဲ့ အတွက် ကျေးဇူးပါဘဲ၊ အချိန်တွေက လည်း အားနေတာပါဘဲ ဖတ်တဲ့သူတွေ မဖတ်နိုင်မှာ ဆိုးလို ဖြေးဖြေးရေးနေရတာပါ...အဟဲ.
comment လေးတွေရေးပေးတာ အားဆေးပါဘဲ
Most excellent heart throbbing on the site account of an eye witness unbelievable situation. This will goes down in the story of Burma for many years to com. An unforgettable event.
အပေါ်ဆုံးမှာမန့်သွားတာကျွန်တော်နော်
း) အရင်ရင်ဘတ်ကြီးလေ ကလိလွန်ပြီပျက်သွားလို့
း)
ဟုတ်ကဲ့ ကိုဘကြိုင် အကြောင်းတော့ သိပါတယ် ကျနော်တောင် လျှပ်စစ် ပညာတွေလာသင်မလို့ တခါထဲ နတ်ပြည် ရောက်သွားအောင်
ဖတ်ရတာက တန်းလန်းကြီးပါလား ကျွန်မက အခန်းဆက်မဖတ်တတ်ဘူး ပြီးမှ တခါတည်း သိမ်းကျုံးပြီး ဖတ်တတ်သူ။ နောက်တခါဆို ဆက်ရန် ရှိသေးရင် နိဂုံးပိုင်းပြီးမှ တခါတည်း ပြန်လာဖတ်တော့မယ်။ ၈.၈.၈၈ အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်မ ဘလော့ဂ်က သြဂုတ်လမှာ ပြန်ကြည့်ရင် ကျွန်မရေးထားတဲ့ စာသင်ခန်းကို စွန့်ခွာတဲ့နေ့မှာ ကျွန်မတို့မြို့က အရေးအခင်း စတင်ပုံကို ရေးထားတာ ရှိပါတယ်။
အားလုံးပြီးရင် အကြောင်းကြားလိုက်ပါမယ့်ဗျာ ဟုတ်ကဲ့ မငယ်နိုင် ရဲ့စာကို ပြန်ဖတ်ကြည့်လိုက်ပါအုန်းမယ် ကျနော်လည်း တချို့ဟာတွေမေ့နေတယ်
အေးလေ...ဆယ်တန်းမအောင်လည်း လုပ်လို့ရတာတွေရှိသားပဲ....ခွိ... :D :D
ချစ်ညီမလေး
Post a Comment