၃.၂
ကဲ..နောက်ဆက်တွဲလေး ဆက်ရေးပေးလိုက်အုန်းမယ်..၊ တခြား ကလေးတွေကလည်း သူ့တို့ အကြောင်း မရေးရင် ကျနော့် ကိုစိတ်ဆိုးနေကြမှာလေ..။
ကျနော် က တပည့်ကျော် အကြောင်း ၃.၁ မှာ ဖော်ကောင် လုပ်လိုက်တော့ တခြား သူတွေက ဝိုင်းဖတ်ပြီးတော့ သူ့ကို ဝိုင်းရီကြတယ်ဗျာ..ဒီကောင်ကတော့ သူ့ရီမှန်းလည်း မသိဘူး ခပ်တည်တည်ဘဲ...။
အဲဒီတော့ ကျနော်လည်း ငါ့ကောင်ရှက်သွားရင်တော့ ဒုက္ခဘဲဆိုပြီးတော့ .. ဟေ့ကောင် ဒီမှာ ဆရာမ ဘလော့ လေးလာဖတ်အုန်း ဆိုပြီး အရင်ဖတ်ခိုင်းရတယ်..၊ နောက်ပြီး သူ့အခြေအနေ ကြည့်ပြီး အဲဒါဘယ့်သူ့ အကြောင်းလည်းကွ ဆိုတော့..အတော်ကြာကြာ စဉ်းစားပြီး ..အင်း ကျနော့် အကြောင်းထင်တာဘဲတဲ့....။
ခဏ နေတော့ ဆရာမ ကမတရားပါဘူးတဲ့..၊ ဘာလို့လည်းကွ ဆိုတော့ သူတို့လည်း ကျနော် လိုဘဲ add လုပ်တြတာဘဲတဲ့..၊ အေး..အေး.. ငါသူတို့ အကြောင်းလည်း ရေးမယ်..ဘယ်သူတွေက ဘယ်သူတွေကို add လုပ်လည်းပြောစမ်း ဆိုတော့.. ။
အင်း ရဲလေး တို့ စိုင်းစိုင်းခမ်းလှိုင်တို့ ကိုရီးယားမင်းသား ၊မင်းသမီးတွေ ထဲက ဒါရိုက်တာ ရင်တို့၊ ဘေယောင်ဂျွန်း တို့ ရိန်းတို့ ဂူဂျွန်ပျို တို့ ယွန်ဂျီဟို တို့တဲ့ ဗျာ..၊ အေး.အေး.. ငါရေးမယ်ကွာ ဆိုပြီး ကျနော်လည်း တချက်လောက် ငိုင်သွားတယ်..သူတို့ရဲ့ ချစ်သော ဆရာမကြီး shwezinu1961@gmail.com ကိုတော့ ဘယ်သူမှ add မလုပ်ကြလို့လေ..အဟဲ..ပြောရင်းနဲ့တောင် ငိုချင်လာပြီ..။
.
3 comments:
ကျွန်တော် add ထားလိုက်ပါမယ် အစ်မ...
စိတ်ဓာတ်မကျပါနဲ့ အဟဲ
ပျော်ရွှင်ပါစေ
တကယ် အက် ရမယ်နော် အဟဲ
sis, ငိုပါနဲ့၊ ကျနော် add လိုက်ပြီ
Post a Comment