Monday, December 7, 2009

မြန်မာပြည် ကြီး နှင့် အင်တာနက် သုံးစွဲသူများ (၃)


၃.၁

အင်တာနက် သုံးသူများအကြောင်းကို ရေးတဲ့ အခါမှာ ကျနော့် ဆိုင်က တပည့်ကျော်များ အကြောင်းလည်း ပြောချင်ပါတယ်..။ သူတို့ အကြောင်းကျန်နေရင် စိတ်များဆိုးမလားလို့ .. အခုစောစောစီးစီးထရေးရတာပါ။

ကျနော့် ဆိုင်မှာ အင်တာနက် တတ်တာ တနှစ်လောက် ဘဲရှိသေးတယ်၊ အင်တာနက် တတ်ရခြင်း ရည်ရွယ်ချက် ထဲမှာ ဆိုင်က ကလေးတွေ အင်တာနက် သုံးစေချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်၊ ကျနော်က စာဖတ်တော့ ဆိုင်က ကလေးတွေကို စာဖတ်စေချင်တယ်၊ တိုက်လည်းတိုက်တွန်းတယ်၊ စာအုပ်ကောင်း တာလေးတွေ ရွေးပေးတယ်။

ဒါပေမဲ ၄-၅ ယောက်လောက်ကလွဲလို့ ထူးမလာဘူး၊ အဲဒီတော့ အင်တာနက် တတ်ရင်တော့ စာဖတ်ကြမှာဘဲ၊ ကမ္ဘာကြီးနဲ့လည်း ဆက်သွယ်မိမယ်၊ နောက်ပြီး ကျနော် သဘောအရ ပြောရရင် တော့ ကွန်ပျူတာ စာစီစာရိုက် အလုပ်ဟာ တော်တော် ပျင်းစရာကောင်းတဲ့ အလုပ်ဆိုတော့ သူတို့ အင်တာနက် သုံးရင်းနဲ့ လုပ်ငန်းခွင်မှာ ပျော်စေချင်တဲ့ ရည်ရွယ်ချက်တွေပါ ပါတယ်။

အဲဒီတော့ အင်တာနက်လည်း ဆင်ပြီးရော ကျနော့် ကလေးတွေအားလုံးကို အင်တာနက် သင်တန်း ပေးပါတယ်။ ကျနော် သင်တာတော့ မဟုတ်ဘူး၊ မောင်လေးကို သင်ခိုင်းရတာပေါ့၊ ကျနော် ကလည်း သိပ်တတ်သေးတာမှ မဟုတ်တာ၊ ဒါပေမဲ့ သင်တဲ့သူကလည်း မောင်လေး၊ အသင်ခံရတဲ့ သူတွေကလည်း ကျနော့် တပည့်တွေကြီးဘဲ ဆိုတော့..ကျနော်က တတ်သလိုလို နဲ့ မောင်လေး ကို ဘေးကနေ instructor လုပ်ပေးရတာပေါ့။

ကိုယ် ကတော့ မောင်လေး သင်တဲ့ အချိန်မှာ အသေအချာ စိတ်ထဲက မှတ်ရတာပေါ့၊ ကလေးတွေကတော့ စာအုပ်ထဲမှတ်ပေါ့၊ ပြီးတော့မှ သူတို့ထဲက ယူယူကြည့်ရတာ..၊ ပြီးတော့ ဟိုဟာ မှတ်လိုက်အုန်း၊ ဒီဟာ မှတ်လိုက်အုန်းနဲ့ ကိုယ် သိချင်တဲ့ ဟာတွေမှတ်ခိုင်းရတာ..။

ပြီးတော့ နေ့မအိပ် ညမအိပ် နဲ့ မဟာအင်တာနက်ကြီးကို အသေအလည်း စမ်းရတာ၊ ပြောရရင် ကျနော်က ဉာဏ်လည်းမကောင်း၊ ဖြတ်ထိုးဉာဏ်လည်းမရှိဆိုတော့ အတော်လေးသုံးတော့ မှ နဲနဲလောက် တတ်တာပါ။

အဲ ဘယ်တောင် ရောက်သွားပါလိမ့် ကိုယ်တော်တဲ့ အကြောင်းတွေ ကြွားနေရတာနဲ့၊ အင်း အဲဒီလို အင်တာနက် သင်တန်းကြီးကို ဆရာ၊ တပည့်တွေ စိတ်ဝင်တစား..ဇွဲရှိရှိ နဲ့ သင်လိုက်ကြတာ g talk သင်တဲ့ အချိန်ရောက်လာပါရော..၊ အဲဒီမှာ မောင်လေးက အားလုံးကို account ဖွဲ့ပြီးတော့ တယောက်နဲ့ တယောက် invite လုပ်ခိုင်းပြီးတော့ gtalk သုံးခိုင်းတာပေါ့ဗျာ၊

သိတဲ့အတိုင်းဘဲ သူတို့ စိတ်အဝင်စားဆုံး အခန်းဆိုတော့ ပျော်နေလိုက်ကြတာ တပြုံးပြုံးနဲ့ပေါ့၊ အဲဒီမှာ ကျနော့် ရဲ့ မဟာတပည့်ကျော် တယောက်ဘဲ ငူငူငိုင်ငိုင် လုပ်နေတာ ဆိုတော့ ကျနော်လည်း ဒီကောင် ဘာများဖြစ်နေပါလိမ့် ဆိုပြီး သွားမေးရတယ်။

ဟေ့ကောင် မင်း invite လုပ်ပြီး စကားပြော လေကွာ ဆိုတော့..၊ အင်း.. ဒင်းက ဆရာမ ကျနော် invite လုပ်ထားပါတယ်၊ သူတို့က accept မလုပ်လို့ပါတဲ့၊ ကျနော်လည်း ဒေါသဖြစ်သွားတာပေါ့၊ ဟေ့ကောင်တွေ ဒီမှာ invite လုပ်ထားတာကို မင်းတို့က ဘာလို့ accept မလုပ်တာလည်းဆိုတော့..၊ မောင်မင်းကြီးသားက မဟုတ်ဘူးဆရာမ သူတို့မဟုတ်ပါဘူးတဲ့..၊ အဲဒါနဲ့ ကျနော်လည်း သူတို့ မဟုတ်ရင် ဘယ်သူလည်းကွ ဆိုတော့ ဒီမှာတဲ့ davidbackham @ gmail.com တဲ့ သူအကြိုက်ဆုံးဘောလုံးသမား ဘက်ခမ်းကို add လုပ်ထားတာလေ..။

ကျနော်လည်း စိတ်တိုတို နဲ့ မင်းဘက်ခမ်းတယောက်ထဲကို invite လုပ်တာကိုးကွ၊ သူမအားရင် အားတဲ့ သူတွေနဲ့ ပြောရအောင် မင်းကြိုက်တဲ့ ဘောလုံးသမားတွေ အကုန်လုံးကိုသာ add လုပ်ထားလေကွာ ဆိုတော့ ဟုတ်ကဲ့ ဆိုပြီးတော့ တယောက်ပြီးတယောက် add လုပ်တော့တာပါဘဲဗျာ..။

သြ..ခင်ဗျားတို့ သိချင်တာလား..သူဘယ်သူနဲ့စကားပြောရလည်းဆိုတာ အင်း အခုထိတော့ ဘယ် ဘောလုံး သမားမှ မအားသေးဘူး ထင်တယ်။ တယောက်နဲ့မှ ပြောသံမကြားသေးဘူး....။

.

7 comments:

မောင်သီဟ said...

ဟာာာ ထူးပါ့ဗျာ ကောင်မလေးတွေအကောင့်အက်တတ်
အောင်သင်ပေးလေဗျာ အစ်မကလဲ
ဘယ်နှယ်ဘောလုံးသမားသွားအက်နေတာလဲသိဖူး
း)

khin oo may said...

khinoomay77@gmail.com

စိတ်၏ဖြေရာ said...

စာရေးကောင်းတယ်။အဖေလားအပိုင်း၅ဆက်ရေးပါအုံး။
ဆက်လက်အားပေးနေပါတယ်။

Talkii said...

အီးမေလ်းပို့တာရော သင်ပြီးသွာပြီလား။ gtalk မှာ မအားပေမယ့် email မှာတော့ reply ရလောက်ပာတယ်။ :)

Welcome said...

ဤသည်လည်း တစ်ဒုက္ခပဲနော် ..

ပျော်ရွှင်ပါစေ။

me said...

အားလုံးကို ကျေးဇူးတင်ပါတယ် အပိုင်း ၅ လည်းဆက်ရေးတော့မှာပါ အတင်းပြောလို့ဝသွားပြီလေ

Anonymous said...

:D :D

အခုတော့ ဘောလုံးသမားတင်မကလောက်တော့ပါဘူး...



ချစ်ညီမလေး