Sunday, November 29, 2009

လက်ဆော့လိုက်တာ မုန်းမေရာ

ဓမ္မပဒ

ဓမ္မဟူသည် တရား၊ ပဒဟူသည် ပုဒ်ဖြစ်သည်။ တရားဟူသည် သဘာဝကျစွာ ဖြစ်တည်ပေါ်ပေါက် လာသော အကြောင်းနှင့် အကျိုးများဖြစ်သည်။ထို အကြောင်းနှင့် အကျိုးများကို ဗုဒ္ဓရှင်တော်မြတ် သည် နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က သူ၏ မျက်မှောက်တွင် ဖြစ်ပျက်၊ပေါ်ပေါက် ခဲ့သည်တို့၌ အခြေခံလျက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့အား အကျယ်ဝေဖန်၍ ဟောကြားခဲ့၏။

ထို အနှစ်ချုပ်ကလေးများသည် ဓမ္မပဒဟူသော အမည်ဖြင့် ထင်ရှားသော တရားပုဒ်ကလေးများ ဖြစ်လာသည်။ ထို တရားပုဒ်ကလေးများကို ရှေးယခင်က ရဟန္တာအရှင်တို့က ပေါင်းစုညီညာ ရွတ်ဆိုကာ  သံဂါယနာတင်ထားခဲ့ကြ၏။ တစ်ဖန်နှောင်းခေတ်လူများက ကျောက်ထက်အက္ခရာ၊ စာရွက်အက္ခရာ တင်ခဲ့ကြ၏။ ဘာသာအသီးသီးသို့လည်း ပြန်ဆိုခဲ့ကြ၏။

ထို့ကြောင့် ဘုရားရှင်၏ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က ဓမ္မပဒဟူသည့် တရားအနှစ်ချုပ် စာပုဒ်ကလေး များသည် ယခု ကျွနု်ပ်တို့၏ မျက်မှောက်သို့ မြန်မာဘာသာဖြင့် ရောက်လာရခြင်း ဖြစ်ပေသည်။

ထိုစာပုဒ်ကလေးများသည် ဖတ်ကောင်းရုံ၊ ဖတ်၍ သိရရုံမျှသာမဟုတ်။ ဖတ်ရှုပြီးနောက် လိုက်နာကျင့်ကြံ ကြိုးကုတ် အားထုတ်ပါက အလုပ်၏ အရည်အသွေးအလျောက် အကျိုးတရားပေါ် ပေါ်ပေါက်နိုင်သည့် စာပုဒ်ကလေးများ ဖြစ်ပေသည်။
 
အရှင်သေဋ္ဌိလ။ 
ပဏ္ဍိတ သာမဏေဝထ္ထု 
(မဟာဒုဂ် ဖြစ်စဉ် အကျဉ်း)

 
ဤတရားဒေသနာတော်ကို ဂေါတမ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဏ္ဍိတ သာမဏေကို အကြောင်းပြု၍ ဟောတော်မူလေသည်။

လွန်လေပြီးသောအခါက ကဿပမြတ်စွာဘုရား သည် ရဟန္တာ နှစ်သောင်းခြံရံတော် မူလျှက် ဗာရာဏသီ ပြည်သို့ ကြွမြန်းတော်မူလေ၏၊ လူတို့သည် မိမိ အစွမ်းရှိသမျှ အာဂန္တုက အလှူ ပေးလှူ ကြ၏။

ထိုအခါ တနေ့တ၌ မြတ်စွာဘုရားသည် ဆွမ်းဘုန်းပေးပြီး နောက် တရားကို ဟောတော်မူခဲ့သည်။

၁။ ဥပသကာ ဒါယကာတို့ - ဤလောက၌ အချို့သောသူတို့သည် မိမိ၏ဥစ္စာကိုသာ လှူဒါန်းသင့်၏၊ သူတပါးကို တိုက်တွန်းစေသဖြင့် အဘယ်အကျိုးရှိအံနည်း ဟု နှလုံးသွင်း၍ မိမိသာလျှင် အလှူပေးလှူ၏။ ထိုသူတို့သည် ဖြစ်ရာဘဝ၌ ဥစ္စာ ပြည့်စုံခြင်းကို ရ၏၊ အခြံအရံ ပြည့်စုံခြင်းကိုမရ။

၂။ အချို့သောသူတို့သည်သူတပါးကို နှိုးဆော်တိုက်တွန်း၏၊ မိမိက မလှူဒါန်း၊ ထိုသူသည် ဖြစ်ရာဘဝ၌ အခြံအရံပြည်စုံခြင်းကို ရ၏။ ဥစ္စာပြည့်စုံ ခြင်းကိုမရ။


၃။ အချို့သောသူတို့သည် မိမိ လည်းမပေးမလှူ၊ သူတပါးကိုလည်း မနှိုးဆော်၊ မတိုက်တွန်း၊ ထိုသူသည် ဖြစ်ရာဘဝ၌ ဥစ္စာပြည့်စုံ ခြင်းကိုမရ၊ အခြံအရံပြည့်စုံခြင်း ကိုလည်းမရ၊ စားကြွင်းစား ဖြစ်၍သာ အသက် မွေးရ၏။


၄။ အချို့သောသူတို့သည် မိမိလည်း လှူဒါန်း၏၊ သူတပါးကို လည်း နှိုးဆော်တိုက်တွန်း၏၊ ထိုသူသည် ဖြစ်ရာဘဝ၌ အခြံအရံပြည်စုံခြင်းကို ရ၏။ ဥစ္စာပြည့်စုံ ခြင်းကိုလည်းရ၏။

 ထိုတရားကို ကြားနာ ရသော ပညာရှိယောက်ကျားသည် မြတ်စွာဘုရားနှင့် ရဟန်းနှစ်သောင်း တို့အား မနက်ဖြန် တပည့်တော်၏ ဆွမ်းကိုခံယူတော်မူကြပါဟု ပင့်ဖိတ်ခဲ့၏။

ထိုနောက် ထိုပညာရှိ ယောက်ကျားသည် ရွာသို့ဝင်၍  မြတ်စွာဘုရားနှင့် ရဟန်းနှစ်သောင်း တို့အားမိမိတို့ တတ်နိုင်သလောက် လှူဒါန်းကြရန် တိုက်တွန်းနှိုးဆော်လေ၏။

လူအများလည်း မိမိတို့တတ်နိုင်သလောက် ဆွမ်းလုပ်ကျွေးရန် စာရင်းမှတ်စေ၏။



မဟာဒုဂ် ရဟန်းတပါးအတွက် တာဝန်ခံခြင်း 

ထိုအခါက ဗာရာဏသီ ပြည်တွင် အလွန်ဆင်းရဲခြင်း အဖြစ်ကြောင့် မဟာဒုဂ် အမည်ရ သာမဏေ အလောင်းလျာ သူဆင်းရဲနှင့် သူ့မယားတို့လည်း နေထိုင်ကြပါတယ်။ ဆွမ်းဖိတ်သော ယောက်ကျားသည် မဟာဒုဂ် ကိုလည်း တိုက်တွန်း၏၊ မဟာဒုဂ် ကမရှိဟု ပြောဆိုသောလည်း ဆိတ်ဆိတ် မနေ၊ ဆက်လက်၍ အခစားလုပ်ပြီး အစွမ်းရှိသလောက်လှူရန် ထပ်မန် တိုက်တွန်းပြန်၏။

ထိုကြောင့် မဟာဒုဂ်လည်း ရဟန်းတပါးအား ဆွမ်းလုပ်ကျွေးရန် ပညာရှိ ယောက်ကျားအား စာရင်း မှတ်စေ၏။  ပညာရှိ ယောက်ကျား လည်း ရဟန်းတပါးစာတော့ ကိစ္စမရှိတန်ရာဟုထင်၍ စာရင်းမမှတ်ဘဲ ထား၏။ 

မဟာဒုဂ် လည်း သံဃာတစ်ပါးရပြီဆိုပြီး အိမ်သို့ဝမ်းသာအားရပြေးပြီး ဇနီးမယား ကိုဖြစ်ကြောင်း ကုန်စင် ပြောပါတော့သည်။ မယားကလည်း  စိတ်ထားခြင်းထပ်တူကျခဲ့ပါသည်။

ဆွမ်းကပ်မည့် နေ့တွင် မဟာဒုက်သည် သံဃာအပါးတစ်ထောင် လုပ်ကျွေးရန် တာဝန်ယူထားသော သူဌေးကြီး၏အိမ်တွင် အလုပ်ရခဲ့သည် ။ စိတ်ရွှင်လန်းစွာဖြင့် အလုပ်လုပ်နေသော မဟာဒုဂ် ကိုကြည့်ပြီး သူဌေးကြီးမှ သဘောကျကာ သလေးဆန်၊ ဆီ၊ဆားနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပေးအပ်လိုက်ပါသည်။ မဟာဒုဂ်၏ ဇနီးသည်လည်း ထိုအိမ်တွင်ပင် အလုပ်ရခဲ့ပြီး မဟာဒုဂ် နှင့်ထပ်တူရခဲ့သည်။

မဟာဒုဂ် သည် သီချင်းတစ်ကြော်ကြော်ဖြင့် ဟင်းရွက်ရှာ ထွက်လာပြန်ရာ လမ်းတွင် ငါးဖမ်း နေကြသော တံငါများက ပျော်ရခြင်း အကြောင်းကို မေးပြီး ငါးကြင်းများကို သီရန်ခိုင်းစေပါသည်။ ငါးကြင်းများ သီပြီးနောက် ဆွမ်းကိစ္စများရှိနေသဖြင့် ငါးများလာဝယ်ကြသဖြင့် ရှိသမျှသော ငါးများ ကုန်သွားသော ကြောင့် တံငါသည်များမှ ၎င်းတို့စားရန်ချန်ထားသော ငါးကြင်းတစ်တွဲကိုပေးလိုက်ကြသည်

အိမ်တွင် ဆွမ်းချက်နေချိန်တွင် သိကြားမင်း၏ကျောက်ဖျာ တင်းမာလာသောကြောင့် သိကြားမင်းသည် အဘိုးအိုတစ်ဦးဟန်ဖြင့် ခရီးသွားဟန်ဆောင်ကာ နတ်သြဇာများဖြင့် ဆွမ်းများကူညီကာချက်လေသည်။

ဆွမ်းကပ်ရန် အချိန်ကျသောကြောင့် မဟာဒုဂ် သည် သံဃာသွားပင့်ရာ ပညာရှိ ယောက်ကျား (နိဗ္ဗာန်ဆော်) မှ သံဃာတစ်ပါး ဆိုသဖြင့် စာရင်းမမှတ်မိကြောင်း ပြောကြား၍ မဟာဒုဂ် အား မည်သို့လုပ်ရမည်ကို အကြံပေးလေသည်။ ဘုရားရှင်တို့မည်သည် သူဆင်းရဲတို့အား ချီးမြှောက် တတ်ကြောင်း ပြောကြားလေသည်။

ထို့ကြောင့် မဟာဒုဂ်လည်း  ဘုရားရှင်၏ ဂန္ဓကုဋိတိုက် တော်တွင် ဦးတိုြက်ပီး ဘုန်းတော်ကြီး တော်မူသော သဗ္ဗညု မြတ်စွာဘုရား - ဤဗာရာဏသီပြည် ကြီး၌ ဘုရားတပည့်တော်အောက် ပင်ပန်း ဆင်းရဲသူ မည်သူ မှ မရှိပါဘုရား၊ ဘုရားရှင်တို့သည် တပည့်တော်၏ ကိုးကွယ်မှီခိုရာ ဖြစ်တော်မူ ကြပါသည်။ တပည့်တော်အား ချီးမြှောက်ခြင်းကို ပြုတော်မူပါဘုရားဟု လျောက်ကြားရာ မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက် တံခါး ကိုဖွင့်လှစ် တော်မူ၍ မဟာဒုဂ် အား သပိတ်တော် ကို ကမ်းပေးလေသည်။

ထိုအချိန်တွင် ဆွမ်းပင့်ရန်ရောက်ရှိလာသော ရှင်ဘုရင် ၊ စစ်သူကြီးနှင့် အိမ်ရှေ့မင်းတို့သည် သပိတ်တော် အားမည်သည့် ငွေကြေးဖြင့်မဆို ရောင်းပါရန်ပြောသော်လည်း မရောင်း၊  ဘုရားရှင် ကိုယ်တော်တိုင် ပေးတော်မူထားသောကြောင့် အနိုင်အထက်လည်းမယူရဲကြ သို့ဖြင့် ၎င်းတို့လည်း ဤမဟာဒုဂ် ၏လှူဘွယ် ဝထ္ထူ မည်သည် အဘယ်မျှရှိသည် ဖြစ်လတ္တံနည်း၊ မဟာဒုဂ် လှူပြီးသောအခါ မြတ်စွာဘုရားကို နန်းတော်သို့ ပင့်ဆောင်ပြီးလျှင် ငါတို့၏ ကောင်းစွာ စီရင်အပ်သော အာဟာရကို ပေးလှူပေအံ ဟု ကြံလျှက် မြတ်စွာဘုရား နှင့် အတူတကွ လိုက်ပါသွားလေသည်။

မဟာဒုဂ် တို့၏ အိမ်သို့ရောက်သော် အိမ်မှာ အလွန်နိမ့်သော်လည်း ဘုရားရှင်၏ တန်ခိုးတော်ကြောင့် မြေကြီးလည်း နိမ့်ဝင်သွားပြီး အမိုးမှာလည်း မြင့်တက်သွားခဲ့သည်။ ယာဂုခဲဘွယ် တို့၏ တကြိုင်ကြိုင် လှိုင်သော အနံတို့သည် တစ်ပြည်လုံးကို လွှမ်းမိုး ၍ တည်လေ၏။

မင်းကြီးသည် စသည်တို့ကို ကြည့်ရှု့ပြီးလျှင် ဘုရားအားလျှောက်လေ၏၊  တပည့်တော်သည် ဤ သို့ သဘောရှိသော အဟာရကို ရှေးအခါက မမြင်ဘူးပါ၊ ဤအရပ် ၌ တပည့်တော် နေသည်ရှိသော်  မဟာဒုဂ် သည် ပင်ပန်းရာ၏ ဟုလျှောက်ထား၍ ဘုရားရှင်အား ရှစ်ခိုး၍ သွားလေ၏။

သို့နှင့် ဆွမ်းအနုမောဒနာပြီးမြောက်ကာ ဘုရားရှင်ကျောင်းတော်သို့ပြန်ြကွချိန်တွင် သိကြားမင်းသည် အိမ်ပြင်သို့ထွက် ကောင်းကင်သို့မော့ကြည့်ကာမျှြဖင့် ရတနာ ၇ပါးဖြင့် ပြီးသော မိုးရွာကာ အိမ်လုံးပြည့် ပါသည်။

သို့ဖြင့် မဟာဒုဂ်သည် သူဌေးကြီးအရာဖြင့် ဘုရင်၏မြောက်စားခြင်းခံရကာ သေလွန်သောအခါ နတ်စည်းစိမ် လူစည်းစိမ် အကြိမ်ကြိမ် ခံစားပြီးနောက် ဂေါတမ ဘုရားရှင် လက်ထက်တော်တွင် အရှင်သာရိပုတ္တရာ အား ဥပဇ္ဇျာယ်ပြုကာ သာမဏေပြုပြီးနောက် (၇)နှစ်သားမျှဖြင့် မြင့်မြတ်သော ရဟန္တာ ဖြစ်လေသည်။

အရှင်ဓမ္မဿမီဘိဝံသ စီရင်ခဲ့သော ပုံတော်စုံ ဓမ္မပဒဝထ္ထုတော်ကြီး နှင့် အခြားဖတ်ဘူးသော ဓမ္မပဒ စာအုပ်များ မှ မှီငြမ်းပါသည်။

 ပရိက္ခရာ(၈) ပါးထဲမှာ ပါဝင်တဲ့ သပိတ် အကြောင်းနဲ့  မြသပိတ် အကြောင်း

သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တဝင့် ပြောချင်တယ်။ ဘုရား အလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရ ဗြဟ္မာကြီး က ပရိက္ခရာ လှူဒါန်းပါတယ်။ ဒီပရိက္ခရာ ထဲမှာ သပိတ်လည်း ပါပါတယ်။ ဗြဟ္မာလှူတဲ့ သပိတ်ဟာ ဘာနဲ့ လုပ်ထားတယ် ဆိုတာ တိတိပပ မဖေါ်ပြပေမဲ့ သုဇာတာ သဌေးသမီး နို့ဃနာဆွမ်း လှူဒါန်းတဲ့ ကာလမှာ (ဃဋိကာရ မဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပ တ္တော) ဗြဟ္မာကြီး လှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ် (မြေသပိတ်) လို့ ဆိုပါတယ်။ ဘုရား အလောင်းတော်ဟာ ဒုက္ကရ စရိယာအကျင့် ကျင့်နေတဲ့ ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာ သူဌေးသမီး နို့ဃနာဆွမ်း လှူဒါန်းဖို့ လာတဲ့ အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက် သွားခဲ့တယ်။

ဘုရား အလောင်းတော်ဟာ မဟာ သက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် နေ့မှာ ဘုရား အဖြစ်သို့ ရောက်တော် မူပါတယ်။ အဲဒီကနေ သတ္တာသတ္တဟ စံတော်မူကာ နောက်ဆုံး ရာဇာယတန သတ္တာဟ စံနေတော် မူတဲ့ အချိန်မှာ နတ်မင်းကြီး လေးပါးက (ဣန္ဒနီလ မဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့ သပိတ် (မြသပိတ်)ကို ကပ်လှူကြ ပါတယ်။

ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တဖန် ပဲနောက် အဆင်းရှိတဲ့ ကျောက်နဲ့ လုပ်ထားတဲ့ သပိတ် လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော် မူပါတယ်။ ဘုရားရှင်က ထိုပဲနောက် အဆင်းရှိတဲ့ သပိတ် လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ် လေးလုံးကနေ အနားရစ် လေးရစ်ပါတဲ့ သပိတ် တစ်လုံးတည်း မြင်တွေ့ရ ပါတယ်။

ဒါကြောင့် ဘုရားရဲ့ သပိတ်တော် အရောင်ဟာ ပဲနောက် အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။ တဖန် ပါတိမောက် ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီး မြေသပိတ် သံသပိတ် နှစ်မျိူးသာ အပ်ပါတယ် လို့ဆိုပါတယ်။ ဒီနှစ်မျိူးမှာ မြေသပိတ်ကို ၂-ကြိမ် မီးဖုတ်ပြီး သံသပိတ်ကို ၅-ကြိမ် မီးဖုတ်ရမယ် လို့ အဋ္ဌကထာက ဆိုထား ပါတယ်။
ဒီလို မီးဖုတ် ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်း ရှိစေလိုရင်း ဖြစ်တယ်။

သပိတ် အမဲရောင် ဖြစ်အောင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ- (သမဏသာ ရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ- ကျက်ပြီးသော) ဟုဆိုထားတဲ့ အတွက် သမဏ သာရုပ္ပ ဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ
ဘုရား အလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော် မူတာက မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့် နေ့ဖြစ်ပြီး၊ သတ္တာ သတ္တာဟ ၄၉-ရက်အကြာ ဝါဆို လဆန်း (၄)ရက်နေ့ခန့်မှာ နတ်မင်းကြီး လေးဦး၏ ပဲနောက် အဆင်းရှိ သပိတ်ကို အလှူခံယူတော် မူတဲ့အတွက် သပိတ် သတ်မှတ်ရာ ကာလကို မဟာ သက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆို လဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါ တယ်။

မြသပိတ် လို အစိမ်းရောင်တွေ ပေါ်လာတာကို ပြောရမယ်ဆိုရင်-

ဘုရား ဖြစ်တော်မူပြီး ၄၉-ရက်ခန့် အကြာမှာ နတ်မင်းကြီး လေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ် လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရား ရုပ်ပွားတော် မြတ်အား မြသပိတ် လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ် လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ ခေါ်ကြတဲ့ ဖန်သပိတ် တွေပါ။ အဲဒီသပိတ် တွေလည်း ဘုရာအား လှူဒါန်းဖို့ရာ မသင့်တော် ဘူးလို့ ထင်ပါတယ်။

ဘုန်းဘုန်းဦးကောဝိဒ(မြိတ်) ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။

လက်ဆော့လိုက်တာ မုန်းမေရာ

ကျနော်တို့ ရွာမှာ နှစ်စဉ် ပြုလုပ်တဲ့၊ အလှူပွဲလေး တခုအကြောင်းနဲ့ အဲဒီ အလှူပွဲလေးကို အမှီပြုပြီး ရွာကလေး မှာ အသုံးတည့် သွားတဲ့ စကားလေး တခွန်းအကြောင်းကို ပြောပြချင်ပါတယ်။

ဒီအလှူ ပွဲလေးအကြောင်းကို ပြောပြတဲ့ အခါမှာ အထက်မှာ ဖော်ပြခဲ့တဲ့ တရားလေးတွေ ကို ဗဟုသုတ အလိုငှာ တင်ပြပေးခြင်း ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင်လည်း နဂိုက သိချင်သလိုလို ရှိနေပေမဲ့ ပိုမိုပြီးတော့ ရှင်းလင်းသွားချင်လို့ ဖတ်မှတ်ထားခဲ့ တာလေးတွေကို ပြန်လည် စုစည်းဖော်ပြခြင်း ဖြစ်ပါတယ်။ သိပြီးသားပုဂ္ဂိုလ် များအတွက် တော့ sorry ပါဘဲဗျာ။

ရွာကလေး မှာ နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့ မှာ အလှူပွဲလေး တခုပြုလုပ်လေ့ ရှိပါတယ်။ လပြည့်နေ့ မတိုင်မှီ ဒီအလှူပွဲ လေးအတွက် တရွာလုံး မဲနှိုက်လေ့ ရှိပါတယ်။ အဲဒီ မဲထဲမှာ ပါလေ့ရှိတဲ့ မဲတွေကတော့ လပြည်နေ့ မှာ မြသပိတ် ထဲကို ဆီဥ ထောပတ် အကောင်းအမွန် ဆွမ်း၊ ဆွမ်းဟင်း များ ထည့်ပြီး၊ ရွာထိပ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ဘုရား မှာ မြတ်စွာဘုရားအား ရည်ညွှန်းပြီး ဆွမ်းကပ်လှူ ခွင့် ရရှိခြင်း၊ ကျန်မဲများကတော့ ဘုရားရုပ်ထုတော်မှာ ရွှေသင်္ကန်း ကပ်လှူခွင့် ရခြင်းနဲ့ တခြား ဘုန်းကြီး ကျောင်းမှာ လိုအပ်တဲ့ အရာအားလုံးကို မဲပြုလုပ်ထားပြီး ဝိုင်းဝန်း လှူဒါန်း ကြခြင်း ဖြစ်ပါတယ်။

အဲဒီၤမဲတွေထဲမှာ မြသပိတ် ပေါက်တဲ့ အိမ်ကတော့ ကံထူးသူပါဘဲ။ ရွာကလေးက ဉာဏ်ကို မမှီ ကံကို မှီပြီး လုပ်ကိုင်စားသောက်ကြတဲ့ သူတွေဘဲဆိုတော့ ဒီလို မြသပိတ် ပေါက်ခဲ့ရင် မဟာဒုဂ် လို ရွှေမိုးငွေမိုး ရွာဘို့ အခွင့်အခါ ရောက်ပြီလို့ ယူဆပြီး ဝမ်းသာအားရ နဲ့ မြသပိတ် မဲကို အထွတ်အမြတ်ထားကြပါတယ်။

ထူးခြားချက် တွေကလည်း ရှိပါတယ်။ မြသပိတ် ပေါက်တဲ့ အိမ်များဟာ တချို့က အလှူပွဲ မတိုင်ခင် တချို့က အလှူပွဲ အပြီးမှာ ရွှေတွေ ကျောက်တွေ အောင်တဲ့ ထုံးစံရှိပါတယ်၊ အဲဒီတော့ မြသပိတ် မဲကို မက်ကြတာပေါ့။ မြသပိတ် ပေါက်တဲ့ သူကတော့ မဲအားလုံးထဲမှာ အဓိက အကျဆုံးမဲဆိုတော့ ငွေတော့ အတော်ကုန်ပါတယ်။ ဘုန်းကြီးကျောင်းက သံဃာတွေကိုလည်း ဆွမ်းကပ်ရပါတယ်။ လူတွေအားလုံး တရွာလုံးမက (တခြားရွာက လာတဲ့ ဧည့်သည်များ လည်းရှိတဲ့ အတွက်ပါ) ကိုလည်း ကျွေးမွေးဧည့်ခံ ရပါတယ်။

တချို့က မြသပိတ်ပေါက်ရင် မန္တလေးဆင်းပြီး မြသပိတ် တလုံးဝယ်ပြီး အသစ်စက်စက်ထဲမှာ ကပ်လှူကြပါတယ်။ တချိုု့ ကတော့ ဘုန်းကြီးကျောင်းက မြသပိတ်ငှားပြီး ကပ်လှူကြပါတယ်။ အမျိုးမျိုးပေါ့ ဒါပေမဲ့ ရွာကလေး ကတော့ ဘယ်လောက်ဘဲ ဆင်းရဲ ဆင်းရဲ မြသပိတ် ဟာဆင်းရဲတွင်း လွတ်ကင်း အောင် ရွှေအောင် ကျောက်အောင် စေမဲ့ ဘုရားပေးတဲ့ သပိတ် အစစ် အဖြစ် ယူဆပြီး မက်မက်မောမော နဲ့ တောင့်တ ကြပါတယ်။
 
ကျနော်တို့ရွာမှာ ဗာရာဏသီ ပြည်က မဟာဒုဂ် လင်မယားကဲ့ သို့ဆင်းရဲသော မမုန်းမေ တို့လင်မယားနဲ့ သားသမီးများ ရှိပါတယ်။ အဲဒီနှစ်ကတော့ မှတ်မှတ်ရရပါဘဲ မြသပိတ် ပေါက်မဲ ကို မယားဖြစ်သူ မမုန်းမေ ကိုယ်တိုင် နှိုက်ယူပြီး ကံထူးသူ အဖြစ်ခံယူသွားပါတယ်။ အဲဒါကို ယောက်ကျား ဖြစ်သူ က တောထဲ သွားနေတဲ့ အတွက် တောက အပြန်မှ သိရပါတယ်။

ယောက်ကျားဖြစ်သူ တောထဲက အပြန်မှာ တရွာလုံးနီးပါးက ဝိုင်းအုံပြီး ကောင်းသတင်း ဆိုတော့ ပြောကြ တာပေါ့။ မုန်းမေ ကလည်း သူယောက်ကျား ကို သူ မဲပေါက်တာကို ပြောချင်လွန်းလို့ ဝမ်းသာအားရ ခုန်ပေါက် ထွက်လာပြီး ပြောတော့တာပေါ့။

အဲဒီမှာ ယောက်ကျား လုပ်သူရဲ့ ရွာကလေး ရဲ့ ရာဇဝင် ကို တွင်စေမဲ့ စကားတရပ် ထွက်ပေါ်လာတော့ တာပါဘဲ၊ ` လက်ဆော့လိုက်တာ မုန်းမေရာ` တဲ့။ အမှန်တော့ ယောက်ကျားလုပ်သူက ဒီလောက် ဆင်းရဲ နေတော့ မြသပိတ် ပေါက်ရင် ကုန်ရမဲ့ စရိပ်စက တွေမှန်းပြီး(ရွှေအောင်တာက ဘယ်နေမှန်းမှ မသိသေးတာကိုး) တော်တော် စိတ်ညစ်သွားလို့၊ စိတ်ပျက်လက်ပျက် ပြောလိုက်တဲ့ စကားလေး တခွန်းပါဘဲ။

အဲဒီ နောက်တော့ ရွာကလေး မှာ တခုခုကို ကိုယ့်သဘောနဲ့ ကိုယ်လုပ်ပြီး ငွေကုန်ကြေးကျ များမယ် ဆိုရင် လက်ဆော့လိုက်တာ မုန်းမေရာ ဆိုတဲ့ စကားလေးကို အခုထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြ ဆဲပါခင်ဗျား။ 
 
(ညီမငယ် seeseinshin@gmail.com ၏ပြောပြချက်များအား ခံစားရေးဖွဲ့ပါသည်)


>>>ဆက္ဖတ္ရန္>>> >>

Friday, November 27, 2009

ခံစားကြည့်ပါ

Click here to join nidokidos


Click here to join nidokidos

Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos




Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos



Click here to join nidokidos

 

Everybody has an apple tree in his life. And its your Parents  !!!  




Click here to join nidokidos

email မှရောက်ရှိလာသော cartoon လေးအားမျှဝေပေးပါသည်။
>>>ဆက္ဖတ္ရန္>>> >>

ပေါစိန်မလာနဲ့ ပိုင်စိလာ

ကျနော့် ဆောင်းပါးထိပ် ခေါင်းစဉ်စာသားလေး က ကျနော်တို့ရွာမှာ တခါက အမှန် တကယ်ဖြစ်ခဲ့ တာလေးပါ၊ ရွာကလေးကတော့ ပေါစိန် မလာနဲ့ ပိုင်စိ လာ ဆိုတဲ့ စကားလေးကြားလိုက်ရင် ဘာကို ရည်ရွယ် သလည်း ဆိုတာ သိကြပါတယ်။ ဥပမာဗျာ..ကျနော်တို့ နိုင်ငံမှာ ကူညီပါရစေ ဆိုရင် အားလုံး သိကြပါတယ်နော်၊ ကျနော်တို့ ကတော့  ဟဲ...ဟဲ အကူအညီ မတောင်းရဲ ပါဘူးဗျာ၊  ( ကြောက်.. ကြောက်တတ် လို့ပါ)

အခုလည်း အဲဒီလိုပါဘဲ။ ကျနော် ရွာပြန်ရင်းနဲ့ ကြုံ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် လေးပါ၊  ပြန်လည် တင်ပြလိုက် ရပါတယ် ခင်ဗျား။

မှတ်မှတ်ရရ အဲဒီနှစ် ဆောင်းတွင်း က နှင်းကျချက် ကတော့ လွန်လွန်းတယ်၊ ရေခဲမှုန် လေးတွေနဲ့ မခြား အေးစက်နေတဲ့ နှင်းပွင့် ဖြူဖြူလေး တွေရဲ့ အောက်မှာ ရွာလေးက နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျ နေလေရဲ့။ ကျနော် ကတော့ ညက စောစော အိပ်တာဆိုတော့ စောစောနိုး နေတယ် ၊ ဒါပေမဲ့ တအိမ်လုံး မထကြသေးတော့ ဆက်ကွေးနေရတာပေါ့။

ကျနော်တို့ ရွာလေးက စိုက်ပျိုး သီးနှံလုပ်ကိုင်တဲ့ ရွာမဟုတ်ဘူး၊ တရွာလုံး ရွှေကျင်တယ်။ ကျောက်တူးတယ်၊ တပိုင်တနိုင် လည်းလုပ်ကြတယ်၊ ပိုက်ဆံ ရှိတဲ့သူတွေကတော့ တွင်းသားတွေနဲ့ လေလံ ဆွဲပြီး တွင်းပိုင်လုပ်တာပေါ့ဗျာ။

ဒါပေမဲ့ ဒါကလည်း လွယ်တာမဟုတ်ပါဘူး၊ တွင်းသားတွေ အတွက် နေ့စဉ်စားစရိတ်၊ စက်စရိတ်၊ ဆီဘိုး ဒါတွေကို တတ်နိုင်မှ တွင်းထောင်လို့ရပါတယ်၊ တခါတလေ ဗျုံးက မတွေ့နိုင်ဘူး၊ စားရိတ်က ပြတ်နေပြီ ဆက်လုပ်ဘို့ ခက်နေပြီ၊ ဒါဆိုရင် ရှိသမျှ ရောင်းချ၊ ပေါင်နှံ ပေါ့၊ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ရင်တော့ ရှုံးပေါ့။ ရွှေအောင်ရင်လည်း ပြီးပြီပေါ့။

ဒါပေမဲ့ ရွာထဲကလူတွေကတော့ ရွှေအောင်လို့၊ ကျောက်အောင်လို့ ဆိုပြီး ကားတွေဝယ်၊ ကားထောင်၊ တိုက်တွေဆောက် နောက်တော့ ကားတွေပြန်ရောင်း နဲ့ ဒုံရင်း၊ ဒုံရင်း ပြန်ရောက်တာပါဘဲ၊ ရွှေ အောင်တဲ့ အချိန်မှာ အောင်ပေမဲ့၊ ရွှေသမား ကရွေဘဲ ဆက်လုပ်တာ ဆိုတော့ ၊ ပြန်ရှုံးသွားတာများပါတယ်။

ကျနော်တို့ အိမ်ကတော့ ကျောက်တခါ အောင်ဘူးတယ်။ မန္တလေး တက်ပြီး မြေကွက် တွေဘာတွေ ဝယ်ထားသေးတယ်၊ နောက်တော့ လည်း ထုံးစံအတိုင်း ပါဘဲ၊ အောင်တဲ့ အချိန်ကတော့ ok ပါဘဲ၊ သုံးလို့ကောင်းသလား မမေးနဲ့။ နောက်တော့ လည်း ကုန်တာပါဘဲ။ အခုတော့ ကျောက်တွင်းလည်း မတူးတော့ ဘူး။ ရွှေတွင်း လည်း မထောင် တော့ဘုး။

ဈေးရောင်းစားတယ်ဗျာ၊ ပြောရရင်တော့ ဈေးရောင်းရတာ မှကောင်းပါသေးတယ်။ ချက်ခြင်း ချမ်းသာစရာ အကြောင်းတော့ မရှိတော့ဘူးပေါ့၊ ဒါပေမဲ့ ပူစရာ နဲသွားတော့ ကောင်းတာပေါ့။ ရွာထဲရောင်းတာ မဟုတ်ပါဘူးဗျာ၊ ရွှေ လုပ်ကွက်တွေထဲရောင်းတာပါ။ လေလံ ကွက်တွေရှိတဲ့ တောင်ပေါ်မှာ ရောင်းတာပါ။

အခုလည်း ဈေးဝယ်ဆင်းရင်းနဲ့ အိမ် (ရွာထဲ) ဝင်နှပ်နေတာပါ။ ကြာတော့လည်း နားချင်လာပြီဗျာ၊ တောင်ပေါ်မှာ လည်း ရေကအစ ရှားတဲ့ အပြင် အလုပ်လုပ်ရတာလည်း အတော်ပန်းတယ်။ အဲဒီလို တောင် စဉ်းစား၊ မြောက်စဉ်းစားနဲ့ ကျနော် နှပ်ကောင်းကောင်းနဲ့ နှပ်နေတုန်းဗျာ ပေါစိန်မလာနဲ့ ပိုင်စိလာ၊ ပေါစိန်မလာနဲ့ ပိုင်စိလာ ဆိုတဲ့ အော်သံကြီး ထွက်လာပါတယ်။

ငယ်သံကို ပါနေတာပါဘဲ။ ဒါကြီးတော် အသံဆိုတော့ ကျနော်လည်း လန့်သွားတာဘဲ၊ ပေါစိန် ဆိုတာ ကြီးတော် သမက်၊ ပိုင်စိ ဆိုတာ သမီး။ ဘာများ ဖြစ်လို့ ပေါစိန် မလာရဘဲ ပိုင်စိ ဘဲလာရမှာ လည်း ဆိုပြီး၊ စပ်စုချင်တဲ့ စိတ်ကြောင့် ကမန်းကတန်း နဲ့ ကြီးတော်အိမ်ဘက် ပြေးသွားကြည့်မိတယ်။ ကျနော် လိုဘဲ တရွာလုံး ကလည်း ဘာကြောင့် ပေါစိန်မလာခိုင်းရသလည်း ဆိုတဲ့ စပ်စုချင်တဲ့ သူတွေ တရွာလုံး နီးပါးပါဘဲ။

သနားစရာ ကြီးတော် ခမျာ၊ ခြံစည်းရိုး ကြီးခွတက်ကျော်ရင်း မတော်ရာ စူးမိတယ်ထင်ပါရဲ့ ဗျာ၊ ဆင်းမရ ကျော်မရ ဆိုတော့  သူအော်လိုက်ရင်လည်း သူ့သမက်လာမှာ ကြောက်ပြီး အကူအညီလည်း ရချင်ဆိုတော့ တခါထဲ အလုပ်ဖြစ်သွားအောင်၊ ပေါစိန် မလာနဲ့ ပိုင်စိ လာဆိုပြီးအော်လိုက်တာနေမှာပေါ့၊

အခုတော့ ပေါစိန် တင်မကဘူး၊ တရွာလုံး လာကြည့်လိုက်ကြတာ ရပ်ကျော်ရွာကျော် ကိုဖြစ်လို့ပေါ့၊  အားလုံးကလည်း ကြီးတော် ကို သနားရမဲ့ အစား တဟားဟား နဲ့၊ ကြီးတော် ကလည်း လာကြည့် သမျှ လူတွေကို  ခြံစီးရိုးကြီး တန်းလန်း နဲ့ ဆဲ လိုက်၊ ဆိုလိုက်တာ၊ ပွက်လော ကို ရိုက်သွားတာဘဲ၊။

နောက် တော့မှ သူ့ သမီး ပိုင်စိ က တရွာလုံး တောင်းပန် ပြီး သွားခိုင်းလိုက်ရတယ်။ အဲဒီနောက်တော့ ရွာထဲမှာ ယောက်ကျားသူ မသိစေချင်တဲ့ ကိစ္စ မျိုးဆိုရင် ပေါစိန် မလာနဲ့ ပိုင်စိ လာဆိုတာ၊ တရွာလုံး ရဲ့လက်သုံး စကားကို ဖြစ်လို့ပေါ့ဗျာ။ နဲနဲရရ ကြီးတော် မဟုတ်ဘူး နော်၊ အခုထိ ကြီးတော် စကားဟာ တရွာလုံး လက်သုံးစကား ဖြစ်တုန်းပါ။

ခင်ဗျား တို့လည်း အဲလိုကြုံလာရင် အော်သာအော်လိုက် ပေါစိန်မလာနဲ့ ပိုင်စိလာ ပေါ့ဗျာ.........

(ညီမငယ် seeseinshin@gmil.com ၏ ပြောပြချက် များကို ခံစားရေးဖွဲ့ပါသည်)


>>>ဆက္ဖတ္ရန္>>> >>

Wednesday, November 25, 2009

ကျနော် ဗေဒင် ဆရာ

တခါ တလေ ကျတော့ လည်း ကျောင်းနေတုန်းက ဗေဒင် ဆရာ၊ လက္ခဏာ ဆရာ ဖြစ်ခဲ့ ရတဲ့ ဘဝ ကို ပြန်သတိ ရမိတယ်၊ အထက်တန်း ကျောင်းသားဘဝ က ကလေးမမယ်၊ အရွယ် လည်းမရောက် ခင်ကပေါ့။ စာတွေလျှောက် ဖတ် တော့ ကိုင်ရို ရဲ့ လက္ခဏာ ကြည့်နည်း စာအုပ်တွေ လည်း ဘယ်ပြေးလွတ် မလည်း။

သိပ်ဖတ်လို့ ကောင်းတာပေါ့လေ၊ လေကောင်းကောင်းနဲ့ ကိုင်ရို ကိုယ်တွေ့တွေပြော၊ ဘယ်လို မှန်တာ၊ ဘယ်လို တော်တာ ဆိုတာတွေ အာဘောင်းအာရင်း သန်သန် နဲ့ ပြော၊ ကောင်မလေးတွေရဲ့ ထိုးပေးထားတဲ့ လက်ကလေးတွေကို မှန်ဘီလူး အစား မျက်မှန် ထူထူကြီး ကို ချွတ်လိုက်။ တတ်လိုက် လုပ်ရင်း လက်ခလေး ဟိုပွတ် ဒီပွတ် လုပ်ရင်း လက္ခဏာ ကြည့်ပေးခဲ့တာတွေကို သတိရမိတယ်။

အဲဒီအချိန်မှာ ကျောင်းသူ ကျောင်းသားအများစုက ကျောင်းစာ ပြီးရင် ကာတွန်းစာအုပ် တောင်မှ အနိုင်နိုင် ဖတ်ကြတာကိုး၊ ကျနော် ကတော့ သိတဲ့ အတိုင်းဘဲ ကျောင်းစာ ကလွဲရင် ဘယ်စာအုပ်လာလာလေ၊ ဖတ်ပြ  လိုက်မယ်၊ စာအုပ် မပြီးမခြင်း၊ မစားဘူး၊ မအိပ်ဘူး .. အဲဘာဆိုဘာမှ မလုပ်ဘူး ဆိုတဲ့ ဇွဲသတ္တိ အပြည့်နဲ့ လေ၊ အဲဒီလို အားမာန် အပြည့်နဲ့ ကျိုးစားထားတာ ဆိုတော့ ဒီလို လူစွမ်းလူစ ပြလို့ရတဲ့ အချိန်ဆိုရင် ကျနော့် ရဲ့ ရှိသမျှ ပညာအကုန် သုံးပြီး လေကောင်းကောင်း နဲ့ မရပ်မနား အားသွန်ခွန်စိုက် လျှောက်ပြော တော့ တာဘဲ။

တကယ်ဆိုရင် ဒိလို ပညာရပ် ကြီး တခုကို ဘယ်လိုလုပ် ပြီး စာအုပ်ဖတ်ရုံနဲ့ ဘယ်သူက တတ် မှာလည်း၊ ဒါပေမဲ့  သိတယ်မဟုတ်လား မသိတဲ့ လူတွေကြား ထဲမှာ နဲနဲလေး တတ်တဲ့ လူက ဆရာ လုပ်မြဲဆိုတော့  ဘာမှ မသိတဲ့ ကျနော့် သူငယ်ချင်းတွေကြားထဲမှာ တော့ လုပ်စားလို့တော်တော် ကောင်းတာပေါ့။ နောက်ပြီး ဒီသူငယ်ချင်းတွေ ဆိုတာ ၁၆ ကျောင်းမှာ သူငယ်တန်းကနေ စပြီး နှစ်ပေါင်းများစွာ ပေါင်းလာခဲ့ ကြတာဆိုတော့ အတွင်းသိ၊ အဆင်းသိ တွေပေါ့ ဗျာ။

ကျနော် လည်း အခုပြောမှ သမားတော် ချန်ဂင် ကိုးရီးကား ထဲက မယ်မယ် ၂ယောက်ရဲ့ ထမင်းချက် ပြိုင်ပွဲ ကိုပြန်သတိရတယ်၊ အနိုင်ရသွားတဲ့ မယ်မယ် က ထမင်းတအိုးထဲမှာတင် တဘက် ကို အပျော့၊ တဘက်ကို အမာ ချက်ထားပြီး သူ့ သူငယ်ချင်းတွေကို ကျွေး တဲ့အခါ သူက ငယ်ကထဲက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ဆိုတော့ ဘယ်သူ အမာကြိုက်တယ်၊ ဘယ်သူ အပျော့ ကြိုက်တယ် ဆိုတာသိတော့ သူက သူငယ်ချင်းတွေ အကြိုက်ကို ထည့်ကျွေးတာပေါ့၊ အဲဒီမှာ အနိုင်ရသွားတယ်လေ။ ကျနော်က အဲဒီကားကို ကြိုက်လို့ အခု စမြုံ ပြန်ကြည့်တာပါ။ ကြည့်ပြီးသားလူများလည်း sorry ပါဘဲဗျာ။

အခုလည်း အဲဒီလိုပေါ့၊ သူတို့ စိတ်ထဲမှာ ဘာရှိနေလည်း၊ သူတို့ ဘာဖြစ်ချင်လည်း ဆိုတာက စပြီး ကျနော်သိနေတယ် ဆိုတာ ဗေဒင် ပညာကြောင့် မဟုတ်ဘူး၊ သူ့တို့ အကြောင်းသိနေတာကိုးဗျ။ ဒါကို သူတို့ကလည်း သတိမထားမိပါဘူး၊ ကျနော်ကလည်း အဲဒီ သိထားတာလေး အခြေခံပြီး လျှောက်ပြော လိုက်တော့၊ မှန်လိုက်တာ၊ မှန်လိုက်တာ ဆိုပြီး နံမည်တွေကြီးလို့ပေါ့။

အခုခေတ် လို့ ဆရာမင်းသိက္ခရဲ့ ဗေဒင်၊ လက္ခဏ စာအုပ်တွေ မပေါ် သေးလို့ ပေါ့ဗျာ၊ ပေါ်များပေါ်ရင် ကျနော် အခုလောက်ဆိုရင် တိုက်တွေစီး၊ ကားတွေ ဆောက် ပြီး အဲ ယောင်လို့ ဘောစိ ဘောစိ တော့ ဖြစ်လောက်ပြီ၊

အဲဒီလို ဗေဒင် ဆရာ လုပ်ခဲ့တာ ဆိုတော့ စားဘို့ သောက်ဘို့ မပူပင်ရတော့ ဘူးပေါ့ဗျာ၊ အဲဒီ အချိန်က မြီးရှည် တပွဲ ငါးမူး (ပြား၅၀) အဲဒီ တပွဲက အခုခေတ် ၅၀၀ တန်ပွဲ အတိုင်းဘဲ၊ မြီးရှည်သည် ကြီးဆို လက်မလည် အောင်ရောင်းရတယ်၊ ဒါပေမဲ့ ကျနော် တို့ က ဗိုလ် တွေဆိုတော့ ကျနော် တို့အတွက်က အဲဒီ ပွဲ တွေထက်ကိုများတယ်။

ပုံမှန် ပွဲထက် မုံဖတ် ကိုယ်သဘောနဲ့ ကိုယ် ကြိုက်သလောက် ဆွဲထည်တယ်၊ ကျန်တာတွေက တော့ ပြောမနေနဲ့ ပေါ့လို့ ပဲငါးပိ၊ အချိုပေါ့လို့ ဟင်းချိုမှုံ ထည့်၊ ငရုပ်သီးဆီ ထပ်ထည့်၊ ပုံမှန် ပွဲထက် တဆခွဲ လောက်ပိုတာပေါ့ဗျာ။ မြီးရှည် သည်ကြီး ကတော့ ကျနော်တို့ အဖွဲ ဆို လက်မြှောက်၊ ခြေမြှောက် အားလုံးမြှောက်။ နောက် တခါ မုံဟင်းငါး ဆိုရင်လည်း အဲဒီလိုဘဲ အကြော် နဲ့မှ ငါးမူး ဘဲ။ အဲဒါတွေက ဂွင်ကြီး တည့် မှ အထူးလိုက်ကျွေး တာတွေပေါ့၊

ကျန်တဲ့ နေကြာစေ့တို့။ အာလူးကြော် တို့ အချဉ် ထုပ် တို့ကတော့ မစားခြင် အဆုံး ကျနော် တို့အဖွဲ့ တဖွဲ့လုံးစားမကုန်ဘူး၊ နေ့တိုင်းနော်၊ ထမင်းစားချိန်၊ မုံးစားချိန် ဆိုလက်မလည် ဘူး၊ မျက်နှာပွင့် လိုက်ပုံက၊  ကျနော် တို့ တတန်း ထဲတင် ဘယ် က မလည်း၊ တခြား အတန်း က မိန်းခလေးတွေလည်း လာမေးကြတာပေါ့။ ယောက်ကျားလေးတွေ ကတော့ မေးတဲ့ သူတွေကို လိုက်လောင်နေကြတာပေါ့။ တချို့ခင်တဲ့ သူတွေ ကလည်း အတင်း လက်ထိုးပေးတာပေါ့ အဲဒီတော့ လည်း သူတို့ စိတ်ကျေနပ်အောင် တခွန်းနှစ်ခွန်း ပြောလိုက်တာပေါ့။

ဒီလိုနဲ့ တနေ့တော့ ကျနော့် စားပေါက်ကြီးပိတ်မယ့် နေ့ရောက်လာပါတယ်။ အဲဒီနေ့ က ကျနော့် နားမှာ မိန်းခလေးတွေ မဝိုင်းဘဲ ယောက်ကျားလေးတွေ ဝိုင်းနေပါတယ်။ ကျနော့် သူငယ်ချင်းတွေကတော့ ဘယ်သူ့ မှ အလွတ် မပေးပါဘူး၊ ဘယ်သူလာလာ သူတို့ကို အခွန် ပေးမှ ကျနော် ဆီမှာ လက်ဖြန်ခွင့် ရှိပါတယ်။

တန်ရာတန်ကြေး ရရဲ့လား ဆိုတာကိုလည်း တွက်ချက်ပြီးမှ လက်ခံတယ်။ နည်း နေရင် လည်း မရဘူး ဆရာရေ။ ဟေ့ ငါးမူးဘိုးဘဲ ဟောဟေ့၊ တမတ် ဘိုးဘဲ ဟောဟေ့ ဆိုပြီး ဘေးကနေ ညွှန့်ကြားချက် တွေ ပေးနေပါတယ်။ ဘယ့်သူ့မျက်နှာ မှ မထောက်ထားဘဲ တိကျ၊ မှန်ကန်၊ မြန်ဆန်စွာနဲ့ လာဘ်ပေး၊ ရန်မလို (အဲ..ဘာတွေမှန်း လည်း မသိဘူး၊ လျှောက်ပြောနေပြန်ပြီ)

ကျနော် လည်း တယောက်ပြီး တယောက် ထုံးစံအတိုင်း အပျော်များများ တဟားဟား နဲ့ လျှောက်ပြော နေတာပေါ့၊ ဒီလိုနဲ့ ကျနော် ရဲ့ အလားအလာကောင်းလှတဲ့ ဘဝကို ဖျက်စီးမဲ့ (အလဲ့ ..) လဒကြီး အလှည့် ရောက်လာပါတယ်။ ထုံးစံ အတိုင်းပေါ့ အခုတွဲနေတဲ့ ကောင်မလေး က မင်းရဲ့ အိမ်ထောင်ဘက် ဖြစ်နိုင်တယ်။ အပျော်တွဲ ရာကနေ တဖြေးဖြေး သံယောဇဉ်တွယ် ပြီး တသက်လုံး ပေါင်းရမယ်ပေါ့။ လျှောက်ပြောတာပေါ့ဗျာ။ အဲ မကြာပါဘူး ကိုယ်တော်ချောက တဟင်းဟင်း နဲ့ ငိုပါလေရော၊ အဲဒီကြမှ ကျနော်လည်း ပြူးပြဲ ကြည့်ရတော့တာပေါ့။ ဟဲ...ဟဲ မိန်းမ မရချင် ဘဲ  ယောက်ကျားရချင်နေတဲ့ အခြောက်ကြီး မှ သွားရွှီးမိ ပါလေရောဗျာ။

ကျနော့် ကိုလည်း ရန်ထောင်လိုက်တာ၊ သူ အခုတွဲ နေတဲ့ မိန်းခလေး သူငယ်ချင်းနဲ့ စွပ်ဆွဲတယ်ပေါ့၊ ကျနော်လည်း ဘုရားစူး လက်ဖြန့်လို့ သာ ကြည့်လိုက်ရတာ သူမှန်း လုံးလုံး ကို သတိမထားလိုက်မိဘူး၊ အဲဒါနဲ့ မောင်မင်းကြီးသားက ငိုချင်း ရှည်၊ အရစ်ရှည်၊ ကျနော့် သူငယ်ချင်းတွေက စွာစွာနဲ့ ဆရာ၊ ဆရာမ  တွေ ထိရောက် သွားပါလေရော။ အမှု တွဲက ကြီးသွားတာပေါ့။

အဲဒီတော့ အမှု့ စီရင်ချက်အရ ကျနော့် ရဲ့ အတန်းထဲမှာ လက္ခဏာ ကြည့်ခြင်းကို ဗီတို အာဏာ သုံးပြီး ထာဝရ ပိတ်ပင်ခြင်းခံလိုက်ရပါတယ် ခင်ဗျား။ အဲ... အဲ နောက်ဆက်တွဲ အဖြစ် သိပ်ဟောချင် နေရင်ဖြင့်  ဘုရားကြီးစောင်းတန်း မှာ စားပွဲ လေးချပြီး သွားဟောချီ ဆိုပြီး အယူခံခွင်မရှိ ၊ ရှေ့နေ ငှားခွင့် မရှိ၊  တဘက်သတ် စီရင်ချက် အချခံလိုက်ရ ပါတယ် ခင်ဗျား။

တောက်မဲ့ မီးခဲ တရဲရဲ နဲ့ ဝါသနာ ဗီဇ အရင်းအမြစ် လေး ကို မညှာမတာ ရေခဲရေ လောင်းပြီး  ငြိမ်း ပြစ် လိုက်တဲ့ အတွက် ကျနော် ဟာ အခုလို ဆင်းရဲ ပင်ပန်းစွာနဲ့ လုပ်ကိုင် စားသောက်နေရ ကြောင်းပါ၊ တကယ် ဆိုရင် ကျနော်ဟာ နံမည်ကြီး ဗေဒင်၊ လက္ခဏာ ဆရာတယောက် အဖြစ် ချမ်းချမ်းသာသာ နေရမှာအမှန်ပါ၊ ကံကောင်းရင် ဖြင့် ထင်ပေါ်လို့ စင်တော် အကောက်ခံရပြီး၊ ထောင်နန်းစံ အဲလေ ကြီးပွားချမ်းသာမှာ အမှန်ပါ ခင်ဗျား၊ အခုတော့ ....အခုတော့...လဒကြီး အပြစ်၊ သူငယ်ချင်းတွေအပြစ် ..ဆရာမ အပြစ်။ အဲ ကျနော်မှာတော့  လုံးဝ အပြစ်မရှိ..။



>>>ဆက္ဖတ္ရန္>>> >>

Monday, November 23, 2009

ငယ်ဘဝ များ (၁ဝ) နှင့် ကျနော့် ချစ်ခရီး ၁၁ နှစ် အပိုင်း (၆)

blog ရေးရတာလည်း မလွယ်ပါဘူးဗျာ၊ စီစစ်ရေး တွေကများသား၊ ခဏနေ ညီမလုပ်တဲ့ သူက လာကြည့်လိုက် ခင်ဗျား ထမင်းထုပ် မပို့နိုင်ဘူး၊ လျှောက်ရေးမနေနဲ့တဲ့။ ခဏနေ ချစ်ချစ်ကြီး ကလာလိုက် မင်း မဟုတ်က (နိုင်ငံရေး)၊ ဟုတ်က (အချစ်ရေး) တွေ လျှောက်ရေး မနေနဲ့ တဲ့၊ ကျနော် က ကျနော်ရေးတာ က ဟုတ်က၊ ဟုတ်က တွေကြီးပါဘဲလို့။

ကဲ ကျနော် တို့ ရဲ့ အမှတ်တရ လေးတွေဆက် လိုက်ကြရအောင်၊ ကျနော်လည်း ဟုတ်က ဟုတ်က တွေကို ကြီးပြောနေတာ ဆိုတော့  ကိုယ့်အကြောင်းကိုယ်မို့ တော်သေးတာပေါ့နော် ၊ တော်ကြာ ကျနော့် ရဲ့ favorite blog ထဲကလို ဆိုရင် ဖော်ကောင် ဆိုပြီး စုံထောက်ငှားပြီး လုပ်ကြံခံမှာကို ကြောက်နေရအုန်းမယ်။

ကိုမင်းဒင် ကြီးရေ သတိထားဗျို့၊ ယုံရတာ မဟုတ်ဘူး၊ (အင်းစိန် CID က ဆားပုလင်း နှင်းမောင် ဆိုတာလည်း အတော် တော်ဆိုဘဲ) ခင်ဗျားနေတာကလည်း (မင်းဒင်ဆိုတာ ဘယ်သူလဲ ဆိုတဲ့မေးခွန်းကို အဖြေမပေးချင်ဘူး။ မင်းဒင်ဆိုတာ တကယ့်ဇာတ်လိုက်တစ်ယောက်။ အပြင်မှာ တကယ်ရှိနေတယ်။ လှပတဲ့ပယ်လယ်ကမ်းစပ်ရဲ့ တစ်နေရာမှာ တစ္ဆေခြောက်တဲ့ နှစ်ထပ် ရဲတိုက်ကြီး တစ်တိုက်ရှိတယ်။ အဲ့ဒီ အဆောက်အဦးထဲက မနောမယ ကွမ်းဘမ်းကို ဘေးမှာထားပြီး မနောမယ ကွန်ပျူတာတစ်လုံးနဲ့ တစ်တောက်တောက်ခေါက် အလုပ်တွေရှုပ်နေတာ မင်းဒင်ပေါ့ဗျာ။)  (ashin mettacara blog မှ ကိုမင်းဒင် ၏ နေရပ် ကိုကူးယူဖော်ပြပါသည်) ဆိုတော့ လုပ်ကြံခံနေရလို့ ကျနော်တို့ စာဖတ်သူများ ဇာတ်လမ်းစုံကို မသိလိုက်ရဘဲ ဖြစ်နေအုန်းမယ်ဗျာ။

ကဲ ကျနော် လည်း ဖော်လက်စနဲ့ ဆက်ပြီး ဖော်ကောင် လုပ်လိုက် ရအုန်းမယ်။ ကျနော် ရဲ့ ချစ်ချစ်ကြီးက လည်းသိပ်တော့ ခေသူမဟုတ် ဘူးဗျ၊ တရက်တော့ အရက်သောက်ပြီး ကျနော်စီလာတယ်၊ ဘာ ညာ လာရစ်တာပေါ့ဗျာ၊ ကျနော် ကလည်းသိတာပေါ့၊ သူ ဘယ်လောက် သောက်လာတယ်၊ ဘယ်လောက်ထိ မူးလာတယ်ဆိုတာ၊ ဒါပေမဲ့ အသာဘဲ အလိုက်သင့်ပြောပြီး ဆက်ဆံလိုက်တာပေါ့။

စိတ်ထဲကတော့ ငါမပါဘဲ ဒင်းတယောက်ထဲ ဒီလို ကောင်းတာလေး သောက်ပြီး အရသာခံနေလို့ ဘာရမလည်း၊ ပညာ သုံးလိုက်အုံးမှ ဆိုပြီး၊ နောက် နေ့ကြ အေးဆေး ပြောပြတယ်ဗျာ၊ အရက် သောက်တာ ကောင်းလားလို့၊ မကောင်းပါဘူးတဲ့၊ ပြန်ဖြေတယ်။

ကျနော်က မဟုတ်ပါဘူး ကောင်းပါတယ်လို့ ကောင်းလို့ သောက်ကြတာပေါ့၊ ယောက်ကျား ၁၀၀ ကို အရက် သောက်ဖို့ သွားခေါ်ကြည့် ၉၉ ယောက်လောက်တော့ လိုက်မှာဘဲလို့၊ ဒီလောက် ကောင်းနေတာကိုး၊ ဒါပေမဲ့ မကောင်းတဲ့ အရက်ရဲ့ ဆိုးကျိုးတွေကို သိပြီးမသောက်ဘဲ နေနိုင်တာကမှ တကယ့် ယောက်ကျားကောင်း ဆိုပြီး စကားထည့်ပေး လိုက်တာ၊ နောက် ဘယ်တော့မှ အရက်သောက်တဲ့ အသံမကြားရတော့ ဘူးဗျာ၊ ပိုင်တယ် မဟုတ်လား ။

အမှန်တော့ဗျာ ကျနော်လည်း သောက်နေကျ ၊ ကျနော့် အဒေါ်အငယ် က ကချင်ပြည်နယ် မှာ အလုပ်လုပ် နေတာဆိုတော့ ကျနော်တို့ စီလာလည်ရင် (အထူး သဖြင့် ကျနော့် အတွက်ပေါ့၊ ကျနော် ကသိပ်မကောင်း တာ သိနေတာကိုး) ကချင် ဆေးအရက်ဆိုပြီး၊ ကချင် ဆန်အရက် ဦးရေထဲမှာ ကချင်ဆေးမြစ် တွေထည့်ပြီး နှစ်ပေါက်စိမ်ထားတဲ့ ဆေးအရက် နီနီ တွေကို ဂါလံ ပုံးလေးနဲ့ ထည့် ထည့်ပြီးယူလာတာ၊။

အကြမ်း ပန်းဂံ ထဲကို နဲနဲလေး ထဲ့ပြီး မီးခြစ်ဆံ နဲ့ ရှို့လိုက်ရင် တကယ် မီးတောက်တဲ့ ကချင်ဆေးစိမ် အရက်ပြင်းတွေပါ။ မိန်းခလေး တွေနဲ့ သင့် တော်တယ် တလတခါ နဲနဲစီ သောက်ဆိုပြီး၊ သူ တခါလာရင် တပုံး တပုံး ယူ ယူလာပေးတယ်ဗျ၊ မေမေ ကလည်း ဆေး ဆိုတော့ ဘာမှ မပြောတော့ ဘူး၊ ကျနော် ကတော့ ဆေးအဖြစ်က ကျော်လွန်ပြီး ..... သိတယ်မဟုတ်လား၊ အဲဒီလို ကောင်းကြောင်းလေးက သိနေတော့ သူတယောက်ထဲ ကောင်းနေတာ မကျေနပ် လို့ ပညာတွေသုံးပြီး ပိတ်ပင် ထားတာ လေ။

ဒီလို့နဲ့ သူ့မှာတော့  သူတော်ကောင်း ကြီးဖြစ်လို့ပေါ့၊ အမှန်က ကျနော် တော်လို့နော်။ ဒီလိုနဲ့ ကျနော်တို့ ၂ယောက်ဟာ ကိုယ် ဆရာဖြစ်လိုက်၊ သူ တပည့်ဖြစ်လိုက် (ယောင်လို့ သူဆရာဖြစ်လိုက်) နဲ့........ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ ကြပါတယ်။ ငြင်းတာခုံတာတွေကတော့ ပြောမနေပါနဲ့နော် ကျနော်က စာထဲမှာသာ အလွယ်ရေးထားတာ၊ တကယ်က ကျနော်ကလည်း အရာရာကို တော်တော် နဲ့ အလျှော့ပေးတာ  မဟုတ်တော့၊ ပြသာနာ ဆိုတာ အမြဲတန်း ရှိနေပါတယ်။


သူကလည်း ခေါင်းက တော်တော်မာတယ်။ တခါ ကဆိုရင် ကျနော်တို့ ပြသာနာ ကတော်တော် ကြီးသွားတယ် ထင်တယ်၊ ကျနော် မှတ်မိသလောက် ပြောပြရင် နိုင်ငံရေးနဲ့ ဘဲ သက်ဆိုင်မယ် ထင်တယ်၊ ကျနော် ကလည်း လမ်း ခွေး၂ကောင် ကိုက်တာက စပြီး အစိုးရမကောင်းလို့ ကအရင် စပြောလိုက်တာ ဆိုတော့၊ ကြာတော့ စိတ်မရှည်တော့ ဘူးထင်တယ်၊ ကျနော် ကလည်း တခြား ဟာတွေသာ လျှော့ ရင် လျှော့မယ်၊ နိုင်ငံရေးမှာတော့ မလျှော့ဘူး။

အဲဒါနဲ အတော် ပြင်းပြင်းထန်ထန် ဖြစ်ကြပါတယ်။ အဲဒီမှာ ကျနော်က ဒီအစိုးရ (မဆလ) သေချာပေါက် ပြုတ်ကျရမယ်ဆိုတာလည်း အလွန်အကျူးပြောလိုက်တယ်။ ကျွန်ခေတ်မှာတောင် စာတလုံးမှ မတတ်တဲ့ ကျွန်တွေ တောင် ကျွန်ဘဝက လွတ်မြောက်ခဲ့သေးတာဘဲ၊ အခုဟာက အဲဒီခေတ်က ကျွန်တွေ ထက်တော့  သာသူတွေကြီးဘဲလို့ ၊ အားလုံး စာတတ်ကြတယ်၊ မကောင်းဘူး ဆိုတာလည်း သိကြတယ်၊ အဲဒီတော့ တချိန်မှာတော့ သေချာပေါက် ဒီအစိုးရ ခွေးကျ ကျမယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြောလိုက်တယ်။ (မဆလ အစိုးရ၊ မဆလ အစိုးရ)

သူကလည်း သူ့ဆိုဆုံးမ တရားထဲမှာ တော်တော် ဘောင်ဝင်နေပြီ ဖြစ်တဲ့ ကျနော် ကဒီလို့ ဒေါသ တကြီးနဲ့ မဟုတ်တရုပ် (သူ့ စိတ်ထဲမှာ တကယ်မဖြစ်နိုင်ဘူး  ထင်နေတာကိုး) ပြောတာဆိုပြီး တော်တော် စိတ်တို သွားပါတယ်။ အဲဒီမှာ ကျနော်တို့ ပထမ ဆုံးအကြိမ် အဖြစ် ရက်ပေါင်းတော်တော် ကြာကြာ မခေါ်ဘဲ နေကြပါတယ်။

နဲနဲကြာလာတော့ ကျနော် ကသိပ်ခေါ်ချင်နေပြီ၊ ဒါပေမဲ့ အလျှော့ မပေးချင်တဲ့ စိတ်ကြောင့် မန္တလေး မှာ နေရင် ခေါ်မိမှာဆိုးလို့ ပြည်ကိုလစ်သွားပါတယ်၊ အဲဒီမှာ ကျောင်း လည်းပိတ်ထားတာ ဆိုတော့ ကျနော် လည်း အဒေါ်ဆီကို ထွက်သွားလိုက်ပါတယ်။

အဲဒီမှာ ဆရာသမားက သူ့ကို တကယ်ပြစ်သွားပါပြီဆိုပြီး ခံစားချက်တွေ ပြင်းထန်ပြီး သင်္ကြန်မှာ သီချင်းတွေ တက်ဆိုလို့ ကျနော့် သူငယ်ချင်း တွေက သနားပြီး ၊ နင် မြန်မြန် ပြန်လာတော့ ခဏနေ အရည်းကြီးဖြစ်သွားလိမ့်မယ်၊  ပြီးတော့ တိုက်သစ်တွေ လည်း  ဆောက်နေ ရ အုန်းမယ်ဆိုပြီး ဖုန်းဆက် ခေါ်ကြပါတယ်။

အရည်းကြီး ဖြစ်ရမယ့် အကြောင်းက ကျနော် ထွက်သွားတဲ့ နေ့က စပြီး မုတ်ဆိတ် မွှေးတွေ၊ နှုတ်ခမ်းမွှေး တွေ မရိပ်ဘဲထားတော့ တအားရှည်နေလို့ ပြောကြတာ၊ တိုက်သစ် ဆောက်ရမယ် ဆိုတာက သင်္ကြန်မှာ အလွမ်းသီချင်း တွေ ဆိုတာကို ရည်ရွယ်ပြီးပြောကြတာပါ၊ သူ့သီချင်းလေးက၊ ကျနော် မေ့ နေလို့သွား မေးလိုက်အုန်းမယ်။ အနားလာလို့ မေးလိုက်ပါပြီ၊ ခွန်သန်းထွန်း ရဲ့ ညောင်ညိုပင် လမ်းခွဲ တဲ့။

ကျနော် တခုပြောဘို့ မေ့သွားတာက ကျနော့် ချစ်ချစ်ကြီးက တီးဝိုင်း မှာ သီချင်းဆိုတယ်၊ ဂစ်တာ တီးတယ်၊ မန္တလေးက မြို့မ တီးဝိုင်းတို့၊ ရည်မွန် တီးဝိုင်း တို့ လို့ နံမည်မကျော်လာတာ ကတော့၊ တခါ လာငှားရင် တခါနံမည် ပြောင်းပြီး တီးကြလို့ပါ၊ အရင်နံမည် နဲ့ ဆိုရင် အားပေးမဲ့သူ မရှိမှာ စိုးလို့တဲ့ ။ သူကတော့ အသံတော်တော် ကောင်းပါတယ် (ကျနော်ထင်တာလေ ဟဲ..ဟဲ ဖားထားရတာ)

အဲဒါနဲ့ ကျနော်လည်း နဂိုကထည်းက ပြန်ချင်ချင် ဆိုတော့ ပြန်လာလိုက်တာပေါ့ဗျာ၊ အဲဒီမှာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊ ဆံပင် အရှည်ကြီးနဲ့ တောပုန်း ကြီးကို တွေ့လိုက်ရတော့တာပါဘဲ။  ကျနော့် အတွက် သူကိုယ်တိုင် ဂစ်တာတီးပြီး ဆိုထားတဲ့ c60 Sony သီချင်းခွေလေးကိုင်လို့ သူလည်း တော်တော် နောင်တရသွားပါတယ်။

နောက် ကျနော့် ကို စိတ်မကောက်ရဲတော့ ပါဘူး၊ နိုင်ငံရေးကတော့ အဲဒီလို အကြီးအကျယ် နောင်ဂျိန်ချပြီး သိပ်မကြာဘူး တနှစ်၊ နှစ် နှစ် လောက်ဘဲ ရှိမယ်ထင်တယ်၊ ၈၈ အရေးအခင်းကြီး စဖြစ်ပါလေရောဗျာ။ အဲဒီမှာ .............။

အခန်း (ရ) ကို ကျနော် နောက်မှ ဘဲ ဆက်ရေးပေးပါတော့မယ်၊ ကျေးဇူး ပါဘဲဗျာ။


>>>ဆက္ဖတ္ရန္>>> >>

Sunday, November 22, 2009

ငယ်ဘဝ များ (၁ဝ) နှင့် ကျနော့် ချစ်ခရီး ၁၁ နှစ် အပိုင်း (၅)

ဒီနေ့ စာရေးမလို့ ကျနော့် ကွန်ပျူတာ နားထိုင်မယ်လုပ်ပါတယ် ဖခမည်းတော်က အနားက ကွန်ပျူတာ မှာ လာသုံးနေတော့ ကျနော်လည်း ဘေးနားထားပြီး အတင်းတုပ် ရမှာ အားနာ လို့ ဟဲ..ဟဲ စာရေးရတာ နောက်ကျသွားပါတယ်။ နောက်ပြီးဗျာ ကျနော့် ဘလော့ လည်းဖွင့် ဖတ်နေသေးတော့ မျက်ခုံးတော်တော် လှုပ်နေတယ်  ဟား..ဟား။ ခင်ဗျား တို့ အားပေးချင်ရင် ကျနော့် c box ထဲက hlamyint ဆိုတာ ကျနော့် ရဲ့ ချစ်သော ဖခင်ကြီးပါဘဲဗျာ။ ဘလော့ က http://nyeinchansarpay.blogspot.com , site ကတော့  http://sites.google.com/site/mandalayuniversityfamily2009/ ဒါပေမဲ့  ဖတ်လို့ နားမလည်ရင် တော့ ကျနော့် အပြစ် မဟုတ်ဘူးနော်....။

ကျနော့် ရဲ့ အလွန်အင်မတန် ကြာရှည်လှသော ချစ်ခရီးကို ဖတ်ရတဲ့ အခါ ညီမလုပ်သူက တော်တော် ပျင်းစရာ ကောင်းတယ် တဲ့၊ နိုင်ငံရေး လား အချစ်ရေး လားတဲ့၊ ပြောရရင် ကျနော်လည်း အချစ်ရေး ကို ရေးတာပါဘဲ၊ ဒါပေမဲ့ နောက်ဆုံး ဒီဘူတာ ဘဲဆိုက် ဆိုက် သွားတော့ ဟဲ..ဟဲ ခွင့် လွှတ်ပါဗျာ။

ဒါကြောင့် ကျနော် အချစ်ကဗျာလေး တင်ထားတယ်ဗျာ၊ အချစ်မိုး တဲ့ ဟား..ဟား၊ နောက်ပြီး ကျနော်က ချစ်ချစ်ကြီးကို မောင် လို့ ခေါ်တယ်နော်၊ သဘောပေါက်...၊ နောက်ပြီး အဲဒါ ကျနော့် ဘဝ ရဲ့ ပထမဆုံး ကဗျာလေးပါဘဲ..။ ကျနော် က ကဗျာတွေ ကိုခံစားတတ်ပါတယ်၊ ရေးဘို့တော့ တခါမှ မစဉ်းစား ဘူး။ ကဗျာ ဆိုတာ သိပ်ပြိး နူးညံ သိမ့်မွေ့တယ် မဟုတ်လား၊ ကျနော် က ကြမ်းတမ်းတယ်လေ။

စလိုက်ကြရအောင်ဗျာ၊ ကျနော် တို့ ၂ယောက် ကြိုက်ခါစမှာပေါ့ ညဘက် လမ်းလျှောက် ထွက်တော့ ဟိုနားထိုင်၊ ဒီနားထိုင် ဆိုတော့ ကိုယ်တော်ချောက ဆေးလိပ်ဘူး လေးထုတ် ထုတ်ပြီး ဆေးလိပ် သောက်တယ်ဗျာ၊ ရီးစားရှေ့ စတိုင် ထုတ်ချင် လို့နေမှာပေါ့၊ ကျနော့် ကိုလည်း ခွင့်တောင်းသေးတယ်၊ ဆေးလိပ် သောက်လို့ရလားတဲ့၊ ကျနော် က ရတယ်..ရတယ် သောက်ပါပေါ့။

တကယ်တော့ ကျနော်ကလည်း ကူပြီး သောက်ချင်နေတာ၊ မကောင်းတတ်လို့ အသာလေး ငြိမ်နေရတာ (ဟား..ဟား) ကျနော် က အဲဒီ အချိန်မှာ ပျင်းတဲ့အခါ၊ စိတ်ညစ် တဲ့အခါ စီးကရက် သောက်ရင်း အကျင့်က တော်တော် ပါနေပြီ၊ နောက်ပြီး ကျနော့် အဖွား (မေမေ ရဲ့ အမေ) နားကပ်ပြီးလည်း ဆေးလိပ် မီးညှိညှိ ပေးရင်း အဖွားနဲ့ အတူတူ ရောသောက်နေကြလေ။

ကျနော့် အဖွားက ပခုက္ကူ သူလေ၊ ရုပ်က သိပ်ချောတာ၊ မေမေ တောင် အဖွားကို မမှီပါဘူး၊ သနပ်ခါးတွေ ဖွေးနေအောင်လိမ်း (နံသာဖြူ၊ ကရမက် တွေနဲ့ ရောလို့) မွှေးကြိုင်နေတာဘဲ၊ သူ့ ဆံပင်နဲနဲလေးကို အုန်းဆီ တွေရွှဲ နေအောင်လိမ်းပြီး ဆံပင်ဖြူတွေ ကို ကာဘွန်ပေပါလေး ထုတ် ထုတ် သုတ်ရင်း နက်အောင်လုပ်၊ ထမင်းစားပြီးရင် လဘက်ရည် ခွက်လေးရှေ့ချ၊ လဘက် အုပ်ကလေး ကလည်းပါသေး။

လဘက်ရည် တကြိုက် သောက်လိုက်၊ ဆေးလိပ်လေး တဖွာရှိုက်လိုက်ပေါ့၊ ဆေးလိပ် သောက်ချင်ရင် ၊ မီးခြစ်လေး ဟိုစမ်းဒီစမ်း လုပ်ရင်း ကျနော့် ကို တွေ့ရင် လာ ငါ့မြေး လာ လာ မေမေကြီး ကို ဆေးလိပ် မီးညှိပေးစမ်း ဆိုပြီး ညှိခိုင်းတာလေ၊ အမှန်က ကျနော် ဆေးလိပ် ကြိုက်မှန်း သိလို့ ပေးသောက်တာလေ။
သတိရ စရာလေးတွေပေါ့၊ ကျနော့် အဖွားက အသက် (၈၄) နှစ်မှာ လူကြီးရောဂါနဲ့ ဘဲဆုံးသွားပါတယ်၊ ရောဂါကြီး မယ်မယ်ရရမရှိပါဘူး၊ သတိရ ပါတယ်ဗျာ။

ခုနက ဇာတ်လမ်းပြန်ဆက်ရင် ကျနော်က သူဆေးလိပ်သောက်တာ အနံခံရင်း ကျနော်ပါ သောက်ချင် လာတယ်၊ ဒါပေမဲ့ ဗျာ ကြိုက်တာမှ ၂ရက် တမွန်းတည့်ရှိသေးတယ်၊ ပြောလိုက်ရင် ဘယ်ကောင်း ပါမလည်း၊ အဲဒီတော့ အောင့် အည်း နေရတာပေါ့၊ ကျန်တာတွေ (ခင်ဗျားတို့ သမီးရီးစား တွေလိုပါဘဲ ) ကို သိပ်စိတ်မဝင်စားတော့ဘူး (နဲနဲတော့ စိတ်ဝင်စားတာပေါ့ဗျာ)၊ စိတ်က ဆေးလိပ် မှာဘဲ ရောက် ရောက် နေတာ ဟား..ဟား၊ နောက်တော့ နဲနဲကြာတော့ ကျနော်က စသလိုလိုနဲ့ သူဆေးလိပ် သောက်နေချိန်မှာ ကျနော်လည်း သောက်ကြည့်ချင်တယ်လို့ စမ်းကြည့် လိုက်တယ်။ အဲဒီတော့ ကြိုက်ခါစ ယောက်ကျား လေး တွေထုံးစံ အတိုင်း ဘယ်ငြင်းရဲပါ့မလည်း၊ သောက်ကြည့်ပေါ့။

နောက်တော့ ကျနော့် ပုံက စမ်းသောက်တဲ့ ပုံစံမှ မဟုတ်တာ၊ ဝါရင့် အသောက်သမားလို့ ဖြစ်နေလို့ ထင်တယ်။ မဝင့်မရဲ နဲ့ နဂို ကထဲက ဆေးလိပ် သောက်တတ် တာလားတဲ့။ ကျနော်က ဟုတ်တယ်လို့ မေမေကြီး ကို မီးညှိပေးရင်း အမြဲသောက်တယ်လို့၊ အမှန်တော့ မေမေကြီး ကို တရားခံ လွဲလိုက်တာလေ၊ သူလည်း အဖွားနဲ့ဆိုတော့ ဘာမှ မပြောရဲတော့ဘူး။

နောက်တော့ ကျနော့် ကို ကြောက်လာတယ် ထင်တယ် (သူ စတိုင်ထုတ် သောက်တာက နဲနဲ၊ ကျနော် သောက်တာက များများဆိုတော့) ဆေးလိပ် ဖြတ်တော့မယ်တဲ့၊ တကယ် ဖြတ် မဖြတ်တော့ မသိဘူး၊ ကျနော့် ရှေ့တော့ မသောက် ရဲတော့ဘူး။ ကျနော်လည်း သူဆေးလိပ်ဖြတ်မယ် ပြောတော့ နဲနဲတောင် ဝမ်းနည်း သွားသလိုဘဲ၊ ဟား..ဟား၊ ခင်ဗျား တို့လည်း ရီးစား တွေ ဆေးလိပ်ဖြတ် စေချင်ရင် ကျနော့်နည်း သုံးလို့ ရတယ်လေ..။

ကျနော် တို့၂ ယောက်က အဲဒီလို အဲဒီလို ထုံးတမ်း စဉ်လာတွေကို ဆန့်ကျင် ခဲ့ ကြတာ။ ဒီ ပိုစ့် ထဲမှာ  ကျနော် တို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်း တပိုင်းတစ လေးတွေကို ကျနော် မှတ်မိ သလောက်လေး တွေ  စုပြီး တင်ပေးထားပါမယ်..သီးခံ ခွင့်လွှတ်ပြီး ဖတ်စေချင်ပါတယ် ။

ကျနော့် အကြောင်း ပြောရင် ကျနော့် မိသားစု အကြောင်းလေး တွေက မပါမဖြစ်လို့ ထည့်ရေးပေးရပါ အုန်းမယ်၊ ကျနော့် မိသားစုမှာ ဖေဖေ က ပထမ ဆိုတော့ ဖေဖေ အကြောင်းဘဲပြောရအုန်းမှာဘဲ။

ကျနော့် ဖေဖေ က တဦးတည်းသော သားပါ၊ ညီမ ၂ယောက်၊ အမ တယောက်၊ တဝမ်းကွဲ အမတယောက် ကလည်း မွေးစားသမီးလို့ဖြစ်နေတော့ အမ ၂ယောက်ပေါ့၊ ဖေဖေ ဟာ တသက်လုံး အလိုလိုက်ခံပါ။ အခု ကျနော်တို့မိသားစု အဆင်မပြေဘူး ဆိုတာ ဖေဖေ နိုင်ငံခြား ကပြန်လာပြီး သူ့ အမ နဲ့ စိတ်ကောက်နေတဲ့ အချိန်တွေ ထင်ပါတယ်။

သူ့အမ က သူ့စကားနားမထောင်လို့ စိတ်ကောက်၊ ဖေဖေ ကလည်း ပြန်မခေါ်နဲ့ ဆိုတော့ ကျနော် တို့ ကြားထဲက  ပိုဒုက္ခရောက်တာပေါ့၊ ကျနော့် အဒေါ် ဖေဖေ ရဲ့ အမအရင်း က ချမ်းသာပါတယ်၊ ဆရာဝန်မ ပေါ့။ ကျနော် ပြောခဲ့တဲ့ အတိုင်း ဒေါ်ကြီးက ပြည်မြို့မှာ ဆရာဝန် သိပ်မရှိစဉ် ကထဲ က ပြည်ဆေးရုံမှာ ပထမဆုံး အလုပ်ဝင်ခဲ့ တာပါ၊ နောက်ပြီး ရွှေတောင်မှာ ၊ နောက် ပြည်ပြန်ပြောင်း ဆိုတော့  ပြည်ဘက်က လူတွေဆိုရင် ကျနော် အဒေါ် ကို သိသူများပါတယ်။ ရွှေတောင်မှာ တော်တော်နေ ပြီး မှ ပြည် ပြန်ပြောင်း လာပါတယ်။

အဲဒီ အမ က ဖေဖေ ကို အရမ်းချစ်ပါတယ်၊ ဖေဖေ တသက်လုံး လိုသမျှ၊ ဖေဖေ တောင်းသမျှ ပေးခဲ့တာ များပါတယ်၊ နောက်ပြီး ကျနော့် အဖွားတို့ အဖိုးတို့ ကိုလည်း အဲဒီ အဒေါ်ကဘဲ စောင့်ရှောက်ထားတာပါ၊ ကျနော် လည်း ငယ်ငယ် ကထဲက နွေရာသီဆိုရင် အဲဒီ အဒေါ် အိမ်မှာ သွားပြီး stay ရှောင်တာများပါတယ်၊ ဖေဖေ ကို အမ ကတင်မဟုတ်ဘူး၊ အမေ၊ အဖေ ကလည်း တော်တော် ချစ်တယ် ထင်တယ်၊ ကျနော်တို့ အခုနေတဲ့ အိမ်ဆိုရင် အရင်က ခြေတံရှည် တထပ်အိမ်လေးပါ၊ ကပ်မိုးပေါ့၊ ကျနော့် အဖွားက သူ့သမီး ဆီက ပိုက်ဆံတောင်းပြီး သွပ်မိုးလိုက်ပါတယ်။

နောက်တခါ နှစ်ထပ် အိမ်လုပ်မယ် ဆိုတော့ ဖေဖေက သူစာမေးပွဲ နီးလို့ မလုပ်နဲ့ အုန်းလို့ ပြောတယ်တဲ့၊ ကျနော့် အဖွားကလည်း ခေသူမဟုတ်ဆိုတော့ ကျနော့် အဖေ တညလုံး စာကျက်ပြီးတော့ အိပ်ရာထရင် မနက် -၁၀ နာရီ လောက်မှ ထတာ ဆိုတော့ အဲဒီ အိပ်နေတဲ့ အချိန် မှာဘဲ တထပ်အိမ် လေးကို ၂ထပ် အိမ် အဖြစ် တိုင်တွေဆက်ပြီး ပြောင်းပြစ်လိုက်ပါတယ်တဲ့၊ ဖေဖေ အိပ်ရာနိုးတော့ တထပ်က နှစ်ထပ် ဖြစ်သွာပြီတဲ့၊ အဲဒါတွေက မေမေ ပြောလို့ သိရတာတွေပါ။ ကျနော် ငယ်တုန်းကပေါ့။ ကျနော် ကြီးလာမှတော့ အိမ်ကနေ တိုက်ဖြစ်သွားပါပြီ၊ ဒေါ်ကြီးရဲ့ ကျေးဇူးတရားတွေနဲ့ ပေါ့။

နောက်တော့ အိမ်မျက်နှာကျက် လုပ်ဘို့ ၊ အခန်းကာ ဘို့ ၃ထပ်သား တွေ အများကြီး ဝယ်ထားတာ၊ အဲဒါလည်း ဖေဖေ ရောင်းစားပြစ်လိုက်တယ်၊  အိမ်မှာ နယ်က မေမေကြီး အမျိုးတွေ လာတည်းခိုရင် လည်း သူစာမေးပွဲ နီးလို့ အိမ်မှာ မတည်းဘို့ စီးပြောလို့ မေမေကြီး မှာ ဒုက္ခတွေရောက်လို့ ပေါ့၊ အဲဒီလို ဘိုကျ တာတွေ အများကြီးပါ၊

အဲဒီတော့ ကျနော် လည်းအိမ် သိပ်မနေချင်ဘူး၊ လွတ်ရင်ပြေးချင်တာပေါ့နော်၊ နွေရာသီ တော်တော် များများ မှာ အဒေါ်ရှိတဲ့ နေရာကို လိုက်သွားတာများပါတယ်၊ သွားရင်လည်း အဝတ်တထည် ကိုယ်တခု သွားပါတယ်၊ ဟိုမှာ ကျနော့် ညီမတဝမ်းကွဲ အဝတ် တွေကို ဝတ်ပါတယ်၊ ပြန်တဲ့ အချိန်မှ ဒေါ်ကြီး ဝယ်ပေးတဲ့ အဝတ် တွေဝတ်ပြန်လာပါတယ်၊ ဒါထုံးစံပါဘဲ။ အဝတ်ထဲ့ သွားလည်း ကောင်းကောင်း ကန်းကန်း ဘာမှမှ မရှိတာ..။ (ဓါးမြလာတိုက် မှာစိုးလို ကြို သတိပေးထားရတာ) အခုလည်း အဲဒီ အတိုင်းပါဘဲ။

ကျနော် တို့ရဲ့ ချစ်သူ သက်တမ်း ကာလအရှည်ကြီး ထဲမှာ မေ့မရတဲ့  ညအိပ်ခရီး လေးအကြောင်း ပြောချင် ပါသေးတယ်၊ ကျနော် တို့၂ယောက် ကြိုက်ပြီး သိပ်မကြာခင်မှာဘဲ ကျနော့် အဖွားဟာ သူ့ သမီးနဲ့ နေရာကနေ ကျနော့် အဖေ နဲ့နေချင်တယ်။ လာခေါ် လှည့်ပါဖြစ်ရော၊ အဲဒီမှာ အဒေါ်နဲ့ ဖေဖေနဲ့ ပြောကြဆိုကြပေါ့၊ နောက်ဆုံးတော့ တရားခံ ကျနော့် ခေါင်းပေါ် ကြလာပါရော။ ကျနော် ကို သူ့ကိုယ်စား အဖွားကို ခေါ်ခိုင်းလိုက်မယ်ပေါ့။

အဲဒါနဲ့ ပြည်သွားဖို့ ဖြစ်လာပါရော၊ ကျနော် ကတော့ ထုံးစံအတိုင်း ပျော်တာပေါ့၊ မပျော်တာက ကျနော့် ချစ်ချစ်ကြီးပါ၊ မခွဲ နိုင်ဘူးပေါ့၊ လိုက်ချင်တယ်ပေါ့၊ သူ ကယောက်ကျားလေး တယောက်ဖြစ်ပေမဲ့ ကျနော်လို သွားလို့လာလို့ လွယ်ကူသူ မဟုတ်ပါဘူး၊ နောက်ဆုံးတော့ သူလည်းသွားခွင့် ရသွားတယ်ထင်ပါတယ်၊ သူ့ အဖေ ကလည်း ပြည်သားဆိုတော့ သူ့ အဖိုးနဲ့ ပြည်မှာ ဆွေတော်မျိုးတော် တွေအများကြီးရှိပါတယ်။

ကားဂိတ်ကို သူ့အဖေရဲ့ ရုံးကကားနဲ့ hand back အိတ်တလုံး နဲ့ ဆွေတော်မျိုးတော် တွေနဲ့ ချီတက် လာပါတယ်၊ ကျနော်ကတော့ လွယ်အိတ်ကလေး တလုံး နဲ့ လမ်းမှာ ဖတ်ဖို့ စာအုပ် ၂အုပ်နဲ့ ပေါ့ ဘတ်စကားပေါ်က ဝံကြွားစွာ ဆင်းလာပါတယ်၊ အဲဒီလို အဲဒီလိုဗျာ၊ အဝတ်တထည် ကိုယ်တခု (လွယ်အိပ် ၁လုံး စာအုပ် ၂အုပ်) ဒါပါဘဲ၊ ပိုက်ဆံ ဆိုလို့လည်း လမ်းစားဘို့ နဲနဲပါဘဲ၊ အပြန်စရိပ်တောင် ဖခမည်းတော် ကအပိုဆောင်း မပေးလိုက်ပါဘူး ဟား..ဟား။

အဲဒီလို မိသားစု ရဲ့ ဂရုစိုက်မှု့ခြင်းက သိပ်ကွာပါတယ်။ ကျနော့် အတွက်တော့ အိမ်နဲ့ ဝေးရာဆို ဘယ်နေရာဘဲ ဖြစ်ဖြစ် နိဗ္ဗါန်ကိုးဗျ၊ ဒီတခါ နိဗ္ဗါန် အသွားမှာတော့ ချစ်သူနဲ့ ဆိုတော့ ပိုပျော်ရတာပေါ့၊ ကျနော်က ကားလက်မှတ် ဝယ်ပြီးသားဆိုတော့ ပြသာနာ မရှိပါဘူး၊ သူ့အတွက်တော့ လက်မှတ် မရပါဘူး၊ ထိုင်ခုံနေရာ မရတာပါ၊

အဲဒီမှာ သူ့အိမ်က တပူပူပေါ့ ထိုင်ခုံနေရာ မရရင် မလိုက်စေချင်ဘူးပေါ့၊ အဲဒီမှာ ချစ်ချစ်ကြီးရဲ့မျက်နှာက ဇီးရွက် လောက်ဘဲ ရှိပါတော့တယ်၊ နောက်တော့ ဖြစ်သလိုဘဲ လိုက်လာပါတယ်၊ driver ဘေးက သံ ဖရိန် ပေါ်မှာ ထိုင်လိုက် လာပါတယ်။ အောက်က အင်ဂျင်လား မသိဘူး ရှိတော့ ပူနေတာပါဘဲ။ ဒါပေမဲ့ သိပ်ပျော် နေ တာ နေမှာပေါ့၊ မပူဘူးဘဲ ပြောပြီး တညလုံး တယောက်မျက်နှာ တယောက်ကြည့်ပြီး လိုက်လာပါတယ်။

မြို့တမြို့ ဝင်တယ်ဆိုရင်လည်း ပျာယာခတ်နေတာပါဘဲ။ ဂရုစိုက်လိုက်တာ ကျနော်တောင် မနေတတ် အောင်ပါဘဲ။ အခုထိလည်း ဒီအတိုင်းပါဘဲ၊ နှစ်ယောက်ထဲများ မုံ့စားလို့ကတော့ ကျနော့် ပုဂံကို နယ်ပေး ဘို့ ဘယ်တော့ မှ မမေ့ပါဘူး၊ ကျနော် ဖြစ်ချင်တာတွေကိုလည်း သူ့ ကိုယ်ကျိုးစွန့် ပြီး အားလုံး အနစ်နာခံ ပေးထားပါတယ်။ ချစ်သူ တယောက် အနေနဲ့ တင်မဟုတ်ပါဘူး၊ အကို လို အဖေ လို ဆရာ လို အားလုံး နဲ့ အကြုံး ဝင်ပါတယ်။

ပြည် ကားဂိတ် ရောက်တော့ အဒေါ်ဆေးခန်း (၆၉၉၊ တရုပ်တန်း) ကို ဆိုက်ကားစီးပြီး ကျနော် ကဆက်လက် ချီတက်ပါတယ်။ သူကတော့ သူ့အဖိုးအိမ်ကို ဘယ်လိုသွားတယ် မသိပါဘူး၊ တကယ်တန်း ကျနော်က ကျနော့် အဖွားကို ခေါ်သွားမယ်လုပ်တော့ ကျနော့် အဒေါ်က မလွှတ်ချင် တော့ပါဘူး၊ ဒါနဲ့ အချိန် ဆွဲထားလိုက်တာ ၄၊ ၅ ရက်ကြာသွားပါတယ်။ ဒီရက်တွေ ထဲမှာတော့ ပြည်ပန်းခြံထဲမှာ ဓါတ်ပုံတွေဘာတွေ ရိုက်ရင်း နဲ့ တရက်တော့ ရအောင် လျှောက်လည် လိုက်ပါသေးတယ်၊ မန္တလေး မှာလို့တော့ လွတ်လပ်မှု့ သိပ်မရှိတော့ ပါဘူး။

ဒါနဲ့ ကျနော်တို့ ပြည်ကနေ ပြန်ခဲ့ကြပါတယ်။ ကျနော့် အဖွား၊ အဖွား မွေးစားထားတဲ့ ကျနော့် ညီမ ဝမ်းကွဲ တယောက်၊ သူ့ အကြောင်းကို ကျနော့် autobiography ထဲမှာ စိတ်ရောဂါသည် ဘဝရောက်ခဲ့ရ တခဏ  ဆိုတဲ့ နံမည်နဲ့ ဆောင်းပါးတပုဒ် ရေးထားးပါတယ်။ သူက အဲဒီပြည်က လိုက်လာတဲ့ အချိန်မှာ ၄တန်း၊ ၅တန်း ဘဲရှိအုန်း ထင်ပါတယ်။

နောက်ပြီး လမ်းမှာ စားဘို့ ဒေါ်ကြီး က ပေါင်မုန့် ထောပတ်သုတ်၊ ကြက်ဥပြုတ်၊ ငှက်ပျောသီး တွေ နဲ့ မုန့်တွေကို လိုလေးသေးမရှိ ထည့်ပေးလိုက်ပါတယ်။ ထိုင်ခုံ ကိုလည်း အပို တခုံ ပိုဝယ်ပေးလိုက်ပါတယ်၊ မေမေကြီး ကျယ်ကျယ် ဝင့်ဝင့် စီးရအောင် ဆိုပြီးတော့ ပေါ့၊ ဒါပေမဲ့ မေမေကြီးက သူတယောက်ထဲ ၂ယောက်စာမထိုင်ပါဘူး၊ သူ့မြေးကိုလည်း ကျနော်နဲ့ နောက်ခုံမှာ ထိုင်တာကို သူ့ဘေးပြောင်း ထိုင်ခိုင်းပါတယ်။ အဲဒီမှာ သူ ကျနော့်ဘေးနား ပြောင်းလာထိုင်ပါတယ်။ ပျော်စရာ အပြန်ခရီးလေးပေါ့။

ကျနော့် အတွက်တော့ တကမ္ဘာ လုံးမှာ မကောင်းသတင်းတွေ ပျံနှံလို့ပေါ့ (ရော သွားပြန်ပြီ) တဆွေလုံး၊ တမျိုးလုံးကြားမှာ ရီးစားကို ပြည်ထိတောင် ခေါ်သွားတာဆိုပြီးနံမည်တွေကြီးလို့ပေါ့။

အပိုင်း (၆) ဆက်ဖတ်ပါရန်
>>>ဆက္ဖတ္ရန္>>> >>

Friday, November 20, 2009

အချစ်မိုး

 မိုးဖွဲဖွဲ အောက်မှာ
 မစဲဘဲ တသဲသဲ ရွာလိုက်တာ
 အဲဒါ အချစ်မိုး တဲ့..

 လျှပ်ပန်းတချက်
 ပျက်ခနဲ လက်လိုက်
 တသိမ့်သိမ့် ရင်မှာဖိုရှိုက်
 မောဟိုက်လို့မပြီးနိုင်ဘူး..

 မောင်..အဲဒါ အချစ် လားဟင်

...
>>>ဆက္ဖတ္ရန္>>> >>

Thursday, November 19, 2009

ငယ်ဘဝ များ (၁ဝ) နှင့် ကျနော့် ချစ်ခရီး ၁၁ နှစ် အပိုင်း (၄)

 ချစ်ခရီးကာလ(၁၁) နှစ် ကိုပြောရင် ကျနော်တို့ ၂ဘက် မိသားစု type ကိုလည်း ပြောပြမှ အဆင် ပြေမယ် ထင်တဲ့ အတွက် နဲနဲ ပြောပရစေ။

မိသားစု ဆက်ဆံရေး ပုံစံဟာတော်တော် ကွဲပြားပါတယ်၊ ဥပမာ ပြောရရင် အဲဒီခေတ်က ကျနော်တို့ မန္တလေးမြို့က အိမ်တိုင်း မှာ စက်ဘီး တစီးတော့ အနဲဆုံးရှိကြပါတယ်၊ တချို့ အိမ်တွေ တော့ လူစေ့ စက်ဘီးရှိကြပါတယ်၊ ကျနော် တို့အိမ်ကတော့ အဲဒီအချိန်မှာ စီးပွားရေး အဆင်မပြေနေတဲ့  အချိန်ဆိုတော့ စက်ဘီးတစီးတောင် အနိုင်နိုင် ပါဘဲ။

အဲဒီတော့ လူအများကြီးရှိတဲ့ ကျနော် တို့အိမ်အတွက် အဆင်မပြေပါဘူး၊ အဲဒီ စက်ဘီးကလည်း ဖေဖေ ကျောင်းသွားတဲ့ အခါ စီးသွားတာဆိုတော့ ကိုယ့်အတွက် သုံးဘို့ မျှော်မနေနဲ့၊ သွားစရာရှိရင် ခြေလျှင်သာ ကြိတ်ပေတော့၊  ကျနော်အတွက်တော့ ပြသာနာ သိပ်မရှိပါဘူး၊ သူငယ်ချင်း တွေ စက်ဘီး နဲ့သွားလို့ ရပါတယ်။ သွားလည်းသွားပါတယ်။

နောက်ပြီး အဲဒီအချိန်မှာ မိန်းခလေး တွေ သဘာဝ နဲ့ လူ့သဘာဝ ပေါ့ ဗျာ၊ ကိုယ့် မှာ စက်ဘီးအပိုင် မရှိဘူး သူ့များ စက်ဘီးနဲ့ လိုက်စီးရမယ် ဆိုရင် အဲဒီ စက်ဘီးပိုင်ရှင် ကို တင်နင်းပေတော့ ဗျာ၊ အသွားရော အပြန်ရော၊ ကျနော့် သူငယ်ချင်း တွေထဲမှာ တော့ သိပ်မပါ ပါဘူး၊ ဒါပေမဲ့ ကျနော် ကလည်း ဘယ်တော့ မှ သူများနောက်က အဲဒီလို လိုက်မစီးတတ်ဘူး၊ ကိုယ် ကဘဲ သူတို့ကို တင်နင်းတာဆိုတော့ ဘာပြသာနာ မှ မရှိပါဘုူူး။ ကိုယ့် စက်ဘီးနဲ့ လိုက်လည်း ကိုယ်ကဘဲ တင်နင်း၊ သူတို့ စက်ဘီးနဲ့ လိုက်လည်း ကိုယ်ကဘဲ တင်နင်းခဲ့ပါတယ်။

အဲဒါ ခဏထား လိုက်အုန်းမယ်၊ ခုနက ပြောသလိုဘဲ စက်ဘီး တစီး ထဲ စီးနေရတာ ဆိုတော့ စက်ဘီး အားတဲ့ အချိန်မှာ မောင်နှမ တတွေ လုစီးရပါတယ်။ သူကလည်း သွားချင်၊ ကိုယ်ကလည်း သွားချင် ဆိုတော့ အဲဒီမှာ ပြသာနာတွေ ဖြစ်ကြပါတယ်၊ ပြောရရင် ဘယ်သူ့ဘယ်သူ့မှညှာတာ၊ ထောက်ထား ရမှန်း နားမလည် ကြပါဘူး၊ ကိုယ့် အတွက် ဘဲကိုယ် ကြည့်ကြတာပါ။

ဒါပေမဲ့ သူတို့ အိမ် ပုံစံ ကြတော့ ကျနော်တို့ နဲ့ ဆန့်ကျင့်ဘက်ပါ။ သူတို့ က ညီအကို ၃ ယောက်၊ ညီမ အငယ် တယောက် ရှိပါတယ်။ သူက အကြီးဆုံးပါ၊ တယောက်နဲ့ တယောက် တော်တော် ချစ်ခင် လေးစား ကြပါတယ်။

အဖြစ်အပျက် တခုပြောမယ် ဗျာ အဲဒီအချိန်မှာ သူတို့အိမ်မှာ ဂျပန်ကလာတဲ့ ဖီးဆင့် ဆိုတဲ့ မန္တလေး အခေါ်တော့ ပန်းဘီး ပေါ့ဗျာ အဲဒါ အသစ်လေး တစီးဝယ်ထားပါတယ်၊ အားလုံးက အဲဒီ စက်ဘီး လေး စီးချင်ကြမှာပေါ့၊ ဥပမာ- ကျနော်တို့ ရုပ်ရှင်သွားမယ်။ အဲဒီဘီးလေးနဲ့ သွားမယ်၊ ဒါပေမဲ့ မသွားခင် အားလုံးကို လိုက်မေးတယ်ဗျာ၊ သွားစရာ ရှိလား၊ မရှိရင် ကိုကို ယူသွားမလို့ လို့ ပြောပြီးမှ ယူပါတယ်။

သွားချင်ရင်တောင် သွားမဲ့လူက ကိုကိုပြန်လာမှ သွားမယ် ယူသွားပါဆိုပြီး၊ ကြည်ကြည် ဖြူဖြူ ခွင့်ပေး ကြတယ်ဗျာ၊ သူ့စိတ်ထဲ  သူ့ ညီတွေ၊ ညီမတွေ သွားစရာက အရေးကြီးတယ် ထင်ရင် သူ့ညီ၊ ညီမတွေကို လိုက်ပို့ လိုက်သေးတယ်၊ ပြီးရင် ကောင်းကောင်းမွန်မွန် သွားကြို တယ်၊ အဲဒီလိုမျိုးတွေပေါ့၊ ကျနော်တို့ အိမ်လို လုယက် ဘို့ဆိုတာ ဝေးပေါ့၊ အားလုံး ဟာ တယောက်နဲ့ တယောက် ချစ်ခင် ညှာတာကြပါတယ်။

ဒါဟာ ဆင်းရဲခြင်း၊ ချမ်းသာခြင်း နဲ့ မဆိုင်ပါဘူး၊ ချမ်းသာတယ် ဆိုရင်လည်း ပိုကောင်းတာ ကို လုယက် နေကြ အုန်းမှာပါ၊ ကျနော် ဘဝမှာ အဲဒါတွေကို မသိခဲ့ ပါဘူး၊ မိသားစု ချစ်ခင်ခြင်း၊ ညှာတာဖေးမခြင်း ဆိုတာ နားမှ မလည်ခဲ့တာ။ ကျနော် ကိုယ်တိုင်လည်း အဲဒီလို မခံစားခဲ့ရဘူးလေ။

ကြုံတုန်း ပြောပြလိုက်ရအုန်းမယ်။ ကျနော် ၁၀ တန်းဖြေတော့ ကျနော် တို့သူငယ်ချင်းတွေ နဲ့ ဖြေရမယ့် ကျောင်းတွေ ကွဲ သွားပါတယ်၊ ကျနော်က အ.ထ.က (၆) မှာ ဖြေရပါတယ်။ ကိုယ် စာမေးပွဲ ဖြေရမယ့် ကျောင်းကို ကိုယ် သိပါတယ်၊ အိမ်ကနေ လမ်း လျှောက်မယ်ဆိုရင် ဖြေးဖြေး လျှောက်ရင် ၄၅  မိနစ် ၊ မြန်မြန် လျှောက်ရင် နာရီဝက် လောက်ခရီးပေါ့။ ဝေးတယ် မပြောနိုင်သလို သိပ်လည်းမနီးပါဘူး၊ စက်ဘီးနဲ့ သွားရင်တော့ အဆင်ပြေဆုံး ပေါ့။

အဲဒီအချိန်မှာ တအိမ်လုံး မှာ စက်ဘီးတစီး၊ လက်ပတ်နာရီ တလုံး ဘဲရှိပါတယ်၊ စက်ဘီး ကလည်း ဖေဖေ ကျောင်းသွားရမှာမို့၊ နာရီ ကလည်း ဖေဖေ စာသင်ရင် အချိန်ကြည့် ရမှာ မို့ဆိုပြီး ၂မျိုးစလုံး စာမေးပွဲ ဖြေချိန်မှာ တခုမှ ကျနော်မသုံးရပါဘူး၊ နာရီ ယူမယ် ဆိုရင် စားပွဲတင် နာရီ ယူသွားတဲ့၊ ဘယ်လို လုပ် ယူချင်မှာ လည်းဗျာ။ 

သူငယ်ချင်း တွေကတော့ သူတို့ သွားရမယ့် ကျောင်းတွေက ဝေးတော့ တချို့က ကျောင်းကားနဲ့ တချို့က မိဘ တွေက လိုက်ပို့ကြပါတယ်။ ကျနော်လည်း အဲဒီ အချိန်ထိ ဘာ ပြသာနာ မှ မရှိသေးပါဘူး၊ တော်ရုံနဲ့ ဝမ်းနဲအားငယ်တဲ့ စိတ်ဓါတ်မျိုး ကျနော့် မှာ မရှိပါဘူး၊ကျနော်ဘာသာ ကျနော် ကျောင်းကို စာမေးပွဲဖြေဘို့ ခြေလျှင် လျှောက်သွားပါတယ်။

အဲဒီ မှာ ထင်တားတဲ့ အချိန်ထက် နဲနဲ ပိုလျှောက်လိုက်ရတာရယ်၊ ကျောင်းက ဝင်ပေါက် ၂ ခုရှိတာ ဆိုတော့ ကျနော် သိတဲ့ အပေါက်က အသေပိတ်ထားပြီး လမ်းတခြားဘက်က အပေါက်ကို လှည့်ဝင်ရတာ ဆိုတော့ မောလည်းမော ဆိုတော့ စိတ်မကြည်တော့ပါဘူး၊ နောက်ပြီး ကျောင်းဝန်း အပြင်မှာ စိတ်ပူပင်စွာနဲ့ သားသမီးတွေကို စောင့် ရှောက်နေ  ကြတဲ့ မိဘတွေကို တွေ့တော့ ဝမ်းလည်း နဲသွားပါတယ်။

စာမေးပွဲ ဖြေရမဲ့ အခန်းကို လည်း လိုက်ရှာ နေရပါတယ်၊ အဲဒါနဲ့  စာမေးပွဲခန်းထဲကို  နောက်ကျမှ ရောက်သွား ပါတယ်။ အဲဒီအချိန်ကျမှ ကြည့်စရာ နာရီ မပါတာလည်း သတိရသွား ပါတယ်။ နောက်ပြီး ဖေဖေ ယူခိုင်းတဲ့ စားပွဲတင် နာရီ ကြီး ကိုလည်း သတိရပြီး စိတ်လည်းတို သွားပါတယ် (ဟား....ဟား)၊ အားလုံး စုံသွားတယ် ဆိုပါတော့ ၊ စာမေးပွဲ ခန်းထဲမှာ စာမေးပွဲ ဖြေရင်း မျက်ရည် ကျပါတယ်။ ကျနော် သိတတ် မှ ဘဝအတွက် ဝမ်းနဲအားငယ်မှု့ နဲ့ ကျတဲ့  မှတ်မိတဲ့ မျက်ရည် တစပေါ့။

နောက်ပြီး အစားအသောက်စားတာက အစ ကျွန်တော် ပထမပိုင်း မှာ ရေးထားတဲ့ အတိုင်းပါဘဲ ဖေဖေရဲ့ သားသမီး အစားအသောက်စားတာကို မဟန့်တားရဘူးဆိုတဲ့ မူနဲ့ ဆိုတော့ စားကောင်းတဲ့ ဟာဆိုရင်  ကိုယ့်နောက်မှာ မစားရသေးတဲ့ သူ ဘယ်သူတွေ ရှိသေးလည်း ဘာမှနားမလည် ပါဘူး၊ အကုန်စား ပစ်တော့တာပါဘဲ၊ မောင်နှမ အားလုံးပါဘဲ၊ မေမေ ကဟင်းမလောက်ရင် အပြင်မှာ ထပ်ဝယ်၊ မောင်နှမ  တယောက် နဲ့ တယောက် ညှာတာ ရမှန်းမသိကြပါဘူး။

ဘယ်သူ ကမှလည်း သင်ကြား မပေးကြပါဘူး၊ နောက်တော့မှ ကျနော့် ရဲ့ ချစ်ချစ်ကြီး က ကျနော့် ကို သင်ကြား ပေးပါတယ်၊ လူမှု့ ဆက်ဆံရေးက စပြီးတော့ ပေါ့ ဗျာ၊ ပြောရရင်တော့ ကျနော်ဟာ သူတို့ စံချိန်နဲ့ ကြည့်ရင် ရိုင်းတဲ့ အထဲထိကို ပါနေပါတယ်။ တကယ် လည်းဟုတ်ပါတယ်၊ လူမှု့ ဆက်ဆံရေး ဆို တာလည်း လွယ်မှမလွယ်တာ။ ကျနော် နားလည်တာ စာသိ ဘဲကိုး၊ အပြင်က လူတွေနဲ့ ဆက်ဆံရေး မှာ တော့ တော်တော်ညံခဲ့ပါတယ်။

လူကြီး ကို လူကြီးမှန်း သိရမယ်၊  တခါတလေ မှားနေလည်း ငြိမ်နေရတယ်၊ နောက်မှ သေချာ ပြန်ရှင်းပြတို့ ဘာတို့ ဆိုတာ နားလည်ခဲ့ရပါတယ်။ သိလာ ပါတယ်၊ လူ့ ဂုဏ်သိက္ခာ ဆိုတာရှိ သေးတာကိုးဗျ၊ ပြောသင့် တဲ့ အချိန်ကြမှ ပြောရမယ်။ ကလေးလည်း ကလေးအလျှောက်၊ လူကြီးလည်း လူကြီး အလျှောက် ကိုး၊ ကိုယ် မှန်တာဘဲ ဆိုပြီး သူတို့ ကို ဖိပြီး ၊သိပ်ထိခိုက်အောင် မပြောသင့်တဲ့ အခြေအနေလေးတွေ ရှိနေတာ ကိုး။

ကျနော် နဲ့ ဖေဖေ နဲ့ ဆိုတာ စိတ်သဘော တိုက်ဆိုင်မှု့ မရှိဘူးဆိုရင်၊ ငြင်းခုံ ပြောဆိုနေတာ၊ ဖေဖေ မမှန်ဘူး ထင်ရင် ကျနော် ပြန်ပြောတာဘဲ၊ ဘယ်သူ့ရှေ့မှ မရှောင်ခဲ့ပါဘူး၊ အဲဒါတွေ ဟာသူတို့ မျက်စိ ထဲမှာ အရမ်းကို ထူးဆန်း နေပါတယ်၊ ကျနော့် အတွက် တော့လည်း သူတို့ လူကြီး၊ မိဘ တွေ မှားနေတဲ့  အချိန် မှာ ဘာမှ ပြန်မပြော ဘဲ နားထောင် နေနိုင်ကြတာကို အံသြ နေတာပေါ့။

တခါတလေ သားသမီးက မှန်နေရင် လည်း မိဘ ပြောတဲ့ အချိန်မှာ နားထောင်နေတာဘဲ၊ ကျနော်က ဘာဖြစ်လို့ အဲဒီအတိုင်းမဟုတ်ဘူး ဆိုတာ ပြန်ရှင်းမပြတာလည်း၊ ပြောတာကို ဘာကြောင့် ခံနေတာလည်း ဆိုတော့၊ သူတို့ စိတ်အေး သွားတဲ့ အချိန်ကြမှ အေးအေးဆေးဆေး ရှင်းပြမှာပါ လို့ပြန်ပြောတယ်။ ကျနော် လည်း အရမ်းအံသြမိတယ်၊ ကျနော်တို့ သားအဖ စတိုင်နဲ့တော့ တခြားစီကိုး။

ဘယ်လိုမှ အသွင်မတူတဲ့ ၂ယောက်ပါဘဲ၊ အသွင်မတူ ရင် အိမ်သူမဖြစ်ဆိုတဲ့ စကားသာမှန်ရင် ကျနော် တို့ ၂ ယောက် ရှေ့ ခရီးဆက်စရာ မရှိပါဘူး၊ ဒါပေမဲ့ လုပ်ပြီးတဲ့ အလုပ်တခု (ချစ် ခြင်းဟာလည်း အလုပ်တခု ဘဲနော်)၊ (ဘဝ တခုကို ဖန်တီးရမှာ ဆိုတော့ အရေးကြီး တဲ့ အလုပ်တခု ပါဘဲ၊ ) ကို နောက်မဆုတ်ချင် တဲ့ ဆန္ဒ နဲ့ မတူတာ ကို တူအောင်ညှိမယ် ဆိုပြီး ရှေ့ဆက် ခဲ့ကြတာပါ။

ကျနော်တို့ ၂ယောက်မှာ စကားပြောရင်တောင် ကောင်းကောင်းပြောလို့ မရပါဘူး၊ ကျနော် ကအမြဲတန်း ကျယ်ကျယ် ဘဲပြောတတ်တယ်၊ စိတ်အားထက်သန်ရင် ပိုကျယ်လာတယ်။ အဲဒါကို အမြဲတန်း တိုးတိုး၊ တိုးတိုး နဲ့ ဆိုတော့ စကား ပြောရတာ တခါတလေ စိတ် ညစ်ညစ် သွားတယ်၊ ပြောချင်စိတ်တောင် ကုန်ကုန် သွားတယ်၊ တရက်တလေ အလုပ်မှ မဟုတ်တာ၊ ပြောတိုင်း သတိထားနေရတာဆိုတော့၊ အဲဒီ လို စကားပြော တဲ့ အကျင့် က ကျနော့် အတွက် တသက်လုံး ပါလာတာကိုး။

ဒါပေမဲ့ တယောက် မကြိုက်တဲ့ အရာကို ဒါ ငါ့ အကျင့် ဘဲ တသက်လုံး ဒီလိုပြောလာတာဘဲ ဆိုပြီး နေမြဲတိုင်း နေလို့မရပါဘူး၊ ခဏတော့ ဘာမှ မဖြစ်ဘူးပေါ့ ကြာလာရင် ဘယ်သည်းခံနိုင်တော့ မှာလည်း၊ ကျနော် လည်း ကျနော် တတ်နိုင်တာဆိုရင် သူမကြိုက်ဘူး ဆိုရင် လျှော့ပေးပါတယ်၊ မလျှော့နိုင် တာကတော့ နိုင်ငံရေး နဲ့ ပတ်သက် တဲ့ အယူအဆတွေပါဘဲ။ 

ချစ်ခြင်းဟာ လေးစားခြင်းပါမှ တည်မြဲပါတယ်၊ လေးစားခြင်း မရှိတဲ့ ချစ်ခြင်းဟာ ရေရှည် မဖြစ်နိုင်ပါဘူး။ တယောက် အတွေးအခေါ်၊ အယူအဆ တွေကို တယောက်က နားထောင် ပြီး အပြန်အလှန် လက်ခံနိုင် အောင်ကျိုးစားရပါတယ်။ သူ့ က တခုကောင်းသွားတာက အမှန်ကို လက်ခံနိုင်ခြင်းပါဘဲ၊ ကျနော့် ရဲ့ အထောက် အထား တွေနဲ့ အမြဲတန်း ပြောဆို နေတာကို လက်ခံပြီး၊ မဆလ စနစ်ဆိုးကြီး ကို ခါးသီး စပြု လာပါတယ်။

 ဒါကြောင့်လည်း ကျနော်တို့ ၂ယောက် ရှေ့လျှောက်လို့ ရခဲ့တာပါ။ ကျနော် အဲဒီအချိန် ကသိနေတဲ့ အသိတခုရှိတယ်၊ ဘယ်မှာ ဖတ်ဘူးလည်းတော့ မမှတ်မိတော့ဘူး၊ အဲဒီ စာအုပ်ထဲမှာ ပါတဲ့ ဇာတ်လိုက် ဘဲဆိုပါတော့ သူငယ်ငယ်က လူတွေဟာ မကောင်းမှုတွေ၊ မမှန်တာ တွေကို လုပ်တယ်ဆိုတာ မသိလို့ လုပ်တယ် လို့ ထင်တာ၊ သူတို့ကို သေချာပြန်ရှင်း ပြလိုက်ရင် သိသွားရင် မလုပ်တော့ဘူးပေါ့၊ တကယ်တန်း တော့ အဲဒါမဟုတ်ပါဘူး ဆိုတာ သူကြီးလာမှ တဖြေးဖြေးသိလာတယ် လို့ပြောပါတယ်၊ ဒီလိုပါဘဲ တကမ္ဘာလုံးက ဝိုင်းပြီး ကန့်ကွက်၊ အားလုံးက မှားပါတယ် ဆိုတာတောင် သူတို့ မှ မှန်ပါတယ် လို့ ဗျောင်ညာနေတဲ့ သူတွေရှိ နေတာ ကိုကြည့်ရင်သိနိုင်ပါတယ်။


သူက ကျနော်ပြောပြတဲ့ နိုင်ငံရေးတွေကို သဘောပေါက် ပါတယ်။ လက်လည်း ခံပါတယ်၊ ဒါပေမဲ့ ဒီစနစ်ဆိုး ကြီး ဟာပြုတ်မကျ နိုင်သေးဘူးပေါ့၊ ကျနော် ဒီလို ပြောနေတာတွေကိုလည်း စိတ်ကူးယဉ် လွန်းတယ်လို့ ထင်တယ်၊ သူပြောတာလည်း မမှားပါဘူး၊ အဲဒီ အချိန်က ဒီလို အရေးအခင်းကြီးဖြစ်ပြီး အဲဒီလို အစိုးရကြီး ပြုတ်ကျ သွားမယ် ဆိုတာ ယုံနိုင်စရာမှ မရှိတာ။

တကယ်လို့ ကျနော် ပြောသလို့ဖြစ်ဘို့ဆိုရင်တောင် နှစ်ပေါင်းများစွာကြာမယ်ပေါ့၊ အဲဒီတော့ ကျနော့်ကို အေးအေးနေဘို့ ပြောပါတယ်။ ကျနော်ကလည်း အေးအေးနေပါတယ်၊ ကျနော် လို့ ဘာမှ မဟုတ်တဲ့ မိန်းမ တယောက်က ဘာတွေများ လုပ်လို့ရမှာလည်း။

ဒါပေမဲ့ ကျနော့် သိသလောက်တော့ ပြောနေမှာဘဲ၊ လေသေနပ် နဲ့တော့ တိုက်နေမှာဘဲပေါ့၊ သူက မြန်မာ လူမျိုးတွေရဲ့ထုံးစံအတိုင်း အကြောက်တရားက ကြီးစိုးထားပါတယ်၊ အပြောင်းအလဲ တွေကို လက်ခံလိုက် ရင် ဖြစ်လာမှာတွေကို ကြောက်တတ်တဲ့ စိတ်ရှိပါတယ်။ မူလ အနေအထား တခုပျက်သွားမှာကို ကြောက်ပါတယ်။ အဲဒါ ကျနော်သိတဲ့ မြန်မာ အများစုရဲ့စိတ်ဓါတ်ပါဘဲ။

နောက်ပြီး လူတွေရဲ့ ခံယူချက် ဆိုတာ ကိုယ်ရောက်နေတဲ့ အနေအထား ပေါ်မှာ လိုက်ပြီး ပြောင်းလဲ သွားတတ် ကြပါတယ်၊ ဥပမာသူ့ အတွက် ပြည်တော်သာ နေတဲ့ လူတယောက်ဟာ၊ အပြောင်းအလဲ တခုဖြစ်လိုက်ရင် သူ့အတွက် ဘယ်လို ထိခိုက်သွားမလည်းဆိုတာ အရင်ကြည့်ပါတယ်။

ဒီအပြောင်းအလဲ ဟာ အားလုံး အတွက် ဘယ်လောက် အကျိုးရှိရှိ သူ့အတွက် နဲနဲလောက်ထိခိုက် မယ်ထင်ရင် ဒီအပြောင်းအလဲ ကို လက်မခံဘို့ များပါတယ်။ အမှန်တော့ အဲဒီလို ပြောင်းလဲခြင်းဟာ သူ့အတွက်လည်း ပိုကောင်းရင် ကောင်းသွားမှာ အဲဒါကို လက်မခံ ကြပါဘူး။ ဒါဟာ သာမန်လူတွေ အတွက်ဘဲ ပြောတာပါ။

တချို့ ကတော့ ရှိတာပေါ့ ဗျာ၊ တခုခုပြောင်းလဲ သွားရင် ကြိုးစင်တက်ရမယ့် သူတွေ သူတို့ကတော့ ဘယ်လိုမှ အပြောင်းအလဲ ကိုမှ လက်မခံနိုင်တဲ့ လူမိုက်ကြီးတွေပေါ့၊ လူမိုက်ကြီးတွေ လို့ ကျနော် ပြောတာနော်၊ လူမိုက်ကြီး တွေ ဟဲ..ဟဲ။

ကျနော် စာဖတ်တာတော့ ပြောပြီး ပြီ နော်၊ သူ ကလည်း စာဖတ်ပါတယ်၊ ကျနော် လောက်တော့ ဘယ်ဖတ် မလည်း၊ ဒါပေမဲ့ မဆိုးတဲ့ အဆင့်မှာ တော့ ပါပါတယ်၊ စာအုပ် တအုပ် ဖတ်ပြီးရင် ကျနော်တို့ ဆွေးနွေး နိုင်တဲ့ အဆင့် ရှိပါတယ်၊ ကျနော် က စာဖတ်တာကို ကြိုက်တော့ ပိုပြီး အချိန်ပေးဖတ်ပါတယ်။

ကျနော် သူ့အပေါ်မှာ ဘယ်တော့မှ အလျှော့ မပေးတာကတော့ နိုင်ငံရေး အယူအဆတွေ ပါဘဲ၊ ကျနော် က ဒီအစိုးရဟာ ဘယ်လိုမှ မကောင်းဘူး၊ မြန်မာပြည် ဟာ ဒီအစိုးရ လက်ထက်မှာတော့ ဘယ်တော့ မှ ဘာမှ အောင်မြင်မှာ မဟုတ်ဘူး၊ ဘယ်လို အကျင့်ပျက်နေတာ၊ ဘယ်လို မဟုတ်တာ တွေလုပ်နေတာ၊ လုပ်ခဲ့တာ ဆိုတာတွေကို အထောက် အထားတွေနဲ့ ပြောပါတယ်။ တချိန်မှာ ဒီအစိုးရ ပြုတ်ကျလိမ့်မယ်၊ မတရားမှု့တွေ ဒီလောက်လုပ်ထားတာ တွေ အတွက် ပြည်သူ့ ရဲ့ ဒဏ်ခတ် ခြင်းကို ခံရလိမ့်မယ် ဆိုတာ တွေကို အမြဲတန်းပြောပါတယ်။

(မိတ်ဆွေ များ သည်းခံပါ၊ မေ့မသွားဘို့ သတိပေးပရစေ၊ ကျနော် ပြောတာ မဆလ အစိုးရ ဖြစ်ပါတယ်၊ အထင် မှားသွားမှာကို ကြောက်လှပါတယ်။)

အပိုင်း (၅) ဆက်ရန်၊




>>>ဆက္ဖတ္ရန္>>> >>

Wednesday, November 18, 2009

ငယ်ဘဝ များ (၁ဝ) နှင့် ကျနော့် ချစ်ခရီး ၁၁ နှစ် အပိုင်း (၃)

ကျနော်ရဲ့ ၁၁နှစ်တာ ချစ်ခရီး ဆိုတော့ ကြာလှ ကိုယ့်လူ ရ လို့ မထင်ကြပါနဲ့အုန်း၊ တယောက်နဲ့ တယောက် နားလည် မှု့ရှိအောင်၊ တယောက်ကို တယောက် လေးစားလို့ရအောင် ၄-၅ နှစ် လောက်ထိ အချိန်ယူ ရပါတယ်၊ နောက်ဆုံး ၈၈ အရေးအခင်းကြီး ကယ်တင်သွားလို့ ကျနော် တို့ ၂ ယောက်  နိုင်ငံရေး တင်းမာ မှု့တွေ လျှော့ကြသွားပါတယ် (ကြီးကြီးကျယ်ကျယ် စကားလုံးတွေ သုံကြည့်နေတာလေ) ဟား..ဟား။

ကျနော် ကတော့ သူ့ကို ကျနော်လိုချင်တဲ့ အချက်တွေ တော်တော်များများ ရှိတဲ့ အတွက် ရွေးချယ် ထားတာဆိုတော့ ပြသ၁နာ သိပ်မရှိပါဘူး။ သူ ကတော့ ကျနော် ပြောတာတွေကို သိပ်မယုံဘူး၊ ကျနော် ပြောရင် သိပ်မလေးစားချင်ဘူး။ နောက်ဆုံး ဆိုရှယ်လစ် စနစ်ကြီး တဝုန်းဝုန်းနဲ့ ပြုတ်ကျ သွားမှဘဲ ကျနော့် ကို နဲနဲ လေးယုံကြည်သွား ပါတယ်။

အဲဒီလို ပြောလိုက်လို့ ကျနော်က ၈၈ အရေးအခင်း ခေါင်းဆောင်ကြီးလား၊ သပိတ် အဖွဲ့ကြီးမှာ ဘာတွေများ လုပ်ခဲ့လို့ လဲဆိုပြီး အထင်တွေကြီး မသွားပါနဲ့အုန်း၊ အဲဒါတွေ တခုမှ မဟုတ်ပါဘူး၊ အယူအဆ အတွေးအခေါ် မတူခဲ့ ကြတာတွေပါ။

ကျနော်တို့ခေတ်က လူတိုင်းလူတိုင်း ပါတီဝင်ဖြစ်ကြပါတယ်၊ ကျောင်းလည်းကျောင်းမို့ တေဇလူငယ်၊ လမ်းစဉ်လူငယ်၊ ကြက်ခြေနီ၊ ရပ်ကွက် ပါတီဝင်၊ မြို့နယ် ပါတီဝင်၊ ကောင်စီဝင်  ဆိုတာတွေ တခုမဟုတ် တခုပါရပါတယ်၊ အစိုးရ အလုပ်ဝင်တယ် ဆိုရင်လည်း ပါတီဝင်မှ ရပါတယ်။ အစိုးရ အလုပ် မှာဆိုရင်လည်း အဲဒီပါတီဝင် တွေမှ ရာထူးတိုးပါတယ်၊ အဲဒီတော့ လူတိုင်းလိုလို ပါတီ၊ ကောင်စီ နဲ့ မကင်း နိုင်ပါဘူး။

အဲဒီ ထဲမှာ ကျနော့် မိသားစု၊ သူ့ မိသားစု ပါဝင်ပါတယ်၊ ပါဝင် တဲ့ နေရာမှာ တက်တက်ကြွကြွ ယုံယုံ ကြည်ကြည် ပါဝင်တာလား၊ ဒါမှ မဟုတ် ကိုယ့် အခြေအနေ နဲ့ မလုပ်မဖြစ်လို့ လုပ်ရတာ လား ဆိုတာတွေကို ကြည့် ဘို့ လိုအပ်လာပါပြီ။ ကျနော် တို့ ဖေဖေ ကတော့ ရှင်းတယ်၊ အစိုးရ ဝန်ထမ်း  ဖြစ်လို့ ပထမ အကြိမ် နိုင်ငံခြားက ပြန်လာပြီးမှ တခါ ရပ်ကွက် က၊ မြို့နယ်က ပါတီမှာ ပညာတတ် တွေပါရမယ် ဆိုပြီး ဝိုင်းဝန်း တင်မြှောက်လိုက်ကြလို့ တခါ မြို့နယ် ပါတီမှာ ပါလိုက်ရတယ်၊ အဲဒါ ပြီးတော့ နောက် ပါတီက အပြီးထွက်လိုက်ပါတယ်။ ဒုတိယ အကြိမ် အဖြစ် နောက်ဆုံး အချိန် ရာထူးတိုး မှာ မဖြစ်မနေ ပါလိုက်ရတယ်။

သား၊ သမီးတွေအားလုံး ကတော့ အစိုးရဝန်ထမ်း လုပ်သူလည်း မပါ၊ ကျောင်းမှာလည်း ဘယ်ပါတီ ဘယ် အဖွဲ့ အစည်းမှာမှ တယောက်မှ တခါမှ မပါဝင်ဘူးပါဘူး၊ အဲဒီတော့ အဲဒီခေတ် က ပါတိကောင်စီ တွေနဲ့ ကျနော်ဟာ လုံးဝကင်းရှင်းပါတယ်။  ကင်းရှင်းယုံ အပြင် အဲဒီခေတ်က အဲဒီ အဖွဲ့ဝင် (တက်ကြွသူ) တွေဟာ ဘာတွေလည်း ဆိုတာလည်း သဘောပေါက်ပါတယ်။

ရှရှား ပြည်ရဲ့ ဆိုရှယ်လစ်စနစ် ကို သရော်ထားတဲ့ Animal farm ဆိုတဲ့ စာအုပ်ကလေးကိုလည်း၊ ကျနော့် ဖေဖေ နဲ့ အတူတူ ဘာသာပြန်ပြီး ဖတ်ပြီး ပါပြီ၊ စာရေးဆရာ ဂေါကီ ရဲ့ စာအုပ်တွေကို ဘာသာပြန် ထားတာတွေလည်း တော်တော်ဖတ်ပြီးပါပြီ၊ ပြောရရင်တော့ ဆိုရှယ်လစ် စနစ်ရဲ့ အနှစ်သာရ တွေကိုလည်း တော်တော် သဘောပေါက်ပြီး သွားပြီပေါ့ဗျာ။

ဒါက စာအသိပါ၊ လက်တွေ့ အသိမှာလည်း ကျနော်က ကျနော်ဖေဖေ ရဲ့ မိတ်ဆွေ တွေ သူငယ်ချင်း တွေ ပြောစကားတွေကိုနားထောင်၊ ပြောစရာရှိရင်လည်း ပြော၊ မေးစရာရှိရင်လည်းမေး ဘယ်ရာထူးကြီး၊ အကောင်ကြီး တွေကိုမှ မကြောက်ပါဘူး၊ လက်တွေ့ ကျနော် အလုပ်လုပ် နေရတာလည်း ဆရာကြီးတွေနဲ့ လုပ်နေရတာ ဆိုတော့ ဘယ်သူကိုမှ ဘယ်တော့မှ ကြောက်ရတယ် ဆိုတာမသိပါဘူး၊ ပြောစရာရှိပြော လုပ်စရာရှိတာ လုပ်တာပါဘဲ။

ကျနော့် ချစ်ချစ်ကြီးကတော့ အင်မတန် အထက်လူကြီးများ၊ ပုဂ္ဂိုလ် ကြီးများ နဲ့  မိဘနှစ်ပါး ကို တော်တော် လေးစား တတ်တယ်ဗျ၊ ဆိုရှယ်လစ် စနစ်ကြီး တချိန်ချိန်မှာ ပြုတ်ကြလိမ့်မယ်၊ ဦးနေဝင်း ကြီး အခုလို အဖြစ်မျိုးနဲ့ ယဉ်ဆိုင်ရလိမ့် မယ်ဆိုတာ နဲနဲလေးမှ မယုံကြည်ဘူး စိတ်ကူး လေး တောင် ယောင်လို့ မယဉ် ဘူးဘူး ဗျာ၊ ကျနော် ကတော့ နေ့တိုင်း အဲဒီလို တချိန်ချိန်မှာ ဖြစ်ရမယ်ဆိုတာ ယုံကြည်ထားပါတယ်။ အဲဒီလို နိုင်ငံရေး ခံယူချက်ခြင်း အသိဉာဏ်ခြင်းက ကွာခြားခဲ့ပါတယ်။

ကျနော်တို့ တိုင်းပြည်ကြီး က ကမ္ဘာ နဲ့ ယှဉ်ရင် ဘယ်လောက် နောက်ကျ ကျန်ရစ်ခဲ့လည်း၊ ဘယ်လောက် ဆင်းရဲ နေလည်း ဆိုတာ ကျနော် ကလုံးဝ သဘော ပေါက်ပါတယ်။ ဘယ်သူတွေ ဘယ်လို မတရား လုပ်နေကြလည်း ဆိုတာလည်း နားလည်တယ် ဟဲ..ဟဲ၊ အမြဲတန်းလည်း ပါးစပ် (လေ သေနပ်) နဲ့ တိုက်ခိုက် နေတယ်။

သူ ကတော့ အဲဒီလို မဟုတ်ပါဘူး၊ ကျနော် နဲ့ ဆန့်ကျင့်ဘက်ပေါ့၊ သူ လေးစား၊ အထင်ကြီး ရသော ပုဂ္ဂိုလ်များ နဲ့ တနိုင်ငံ လုံး ပါဝင်နေကြတဲ့ ဒီ အဖွဲ့ အစီးကြီး ဟာ ဘယ်တော့ မှ ပြုတ်မကျ နိုင်ဘူး လို့ ရဲရဲဝန့်ဝန့် ယုံစားထားပါတယ်။ အဲဒီတော့ နိုင်ငံရေး ခံယူချက် ခြင်းလုံးဝ ကွဲပြားနေကြပါတယ်။ အမြဲတန်း ငြင်းခုံ တိုက်ခိုက်နေရပါတယ်။

ဝတ္ထူ ထဲကလို ကျနော်တို့ ၂ ယောက် ချစ်သွားကြပြီး ပျော်ပျော်ပါးပါး သစ္စာထား ကြပြီဟဲ့ ဆိုပြီး သိပ်အထင် မကြိးကြပါနဲ့အုန်း၊ ဒါပေမဲ့ ချစ်တဲ့ အခါလည်း ချစ်ကြတာပေါ့ဗျာ၊ ဖြစ်တဲ့ အခါလည်း ဖြစ်ကြ တာပေါ့။

ကျနော် သူ့ကို ရွေးချယ်ခဲ့တာလည်း (နောက်တယောက် ရွေးစရာမရှိလို့ လို့ မထင်ပါနဲ့) ကျနော့် အကြောင်း နဲ့ ကျနော်ပါ၊ ကျနော်က ဖေဖေ ကို ချစ်တယ်၊ အထင်ကြီးတယ်၊ ဒါပေမဲ့ လက်တွေ့ ရင်ဆိုင်ရတဲ့ အခါ (အထူးသဖြင့်) မေမေ နဲ့ပတ်သက်တဲ့ အခါ လုံးဝ မကျေနပ်ဘူး၊ မေမေ ကို အနိုင် ကျင့်တယ်၊ မိသားစု ကို နိုင် တယ် လို့ထင်ပြီး တော်တော် မကျေနပ်ခဲ့ပါဘူး။

အဲဒီတော့ ကျနော့် ဖေဖေ နဲ့ ဘယ်နေရာမှ မတူလေ ကြိုက်လေ ဆိုပြီး ရွေးချယ်ခဲ့တာပါ။ ဖေဖေ လို ပညာမတတ်ဘူး ရတယ်၊ ဖေဖေ လို ရာထူးမရှိဘူး no problem၊ ဒါပေမဲ့ ချစ်သူကို အလေးထားတယ်၊ ဂရုစိုက်တယ်။ ကြင်နာတယ်။ အလုပ် ထဲက ပြသ၁နာ တွေကို မိသားစု နဲ့ မပတ်သက်စေရဘူး၊ ကြိုက်တယ်၊ ကျနော့် ဖေဖေ ကတော့ အလုပ်ထဲမှာ ပြသာနာ ရှိလည်း မိသားစု အပေါ် ပုံချတာ လို့ အဲဒီတုံးက မြင်တာကိုး။

နောက်ပြီး စိတ်ဓါတ်ခိုင်မာတယ်၊ ဘယ်လောက်ဘဲ စိတ်ဓါတ်ကျ စရာရှိလည်း အေးအေးဘဲ ပျော်ပျော်ရွှင်ရွှင် လောကဓါန် ကိုရင်ဆိုင်လေ့ ရှိတယ်၊ အကြိုက်ဆုံးပေါ့။ နောက်ပြီး ဒေါသ မရှိဘူး၊ လောဘ၊ မောဟ နဲတယ်။ ကျနော် အဲဒီ အချက်တွေ ကိုကြိုက်ပါတယ်။

ဒီလိုနဲ့ ဇာတ်မြောကြီးကို က ခဲ့ကြပါတယ်၊ ကျနော် တို့ ၂ ယောက်ဟာ  ယုံ ကြည်မှု့ကို နှစ်အကန့်အသတ် မရှိ တည်ဆောက်၊ အဲ ရောကုန်ပြီ ဟဲ..ဟဲ..၊ မတူညီ တဲ့ နိုင်ငံရေး အမြင်တွေကို အချိန် အကန့်အသတ်မရှိ ညှိနှိုင်း၊ ရွှေ့ဆိုင်း၊ အဲ..အဲ (ကျနော်တို့ ၂ယောက်ပြောတာနော်) အဲဒီလိုနဲဘဲ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပါတယ်။

အပိုင်း (၄) ဆက်လက်ဖော်ပြပါမည်။
>>>ဆက္ဖတ္ရန္>>> >>

အမှားကို ဝန်ခံဖို့ဆိုရင် ဘယ်တော့ မှနောက်မကျဘူး

post အသစ် တင်မရလို့ စိတ်ကညစ်၊ အလုပ်ကများ (ကလေးကငို၊ သေးကစို၊ ပုလင်း က ပျောက်၊ လင်က ငေါက်) ဖြစ်နေတဲ့ အတွက်  အသစ်မရေးနိုင်သေးဘူး ဖြစ်နေပါတယ်ဗျာ၊ email က ရောက်လာတဲ့ စာကလေး တစောင်ကိုဘဲ မျှေ၀ ခံစားဘို့ တင်ပေးလိုက်ပစေ။

အမှားကို ဝန်ခံဖို့ဆိုရင် ဘယ်တော့ မှနောက်မကျဘူးဆိုတဲ့ သင်ခန်းစာလေးပါရတဲ့ ဖြစ်ရပ်မှန်လေးပါ။

ကျွန်တော်ဖတ်ပြီး အရမ်းခံစားခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပေါ့။ သူငယ်ချင်းတို့ လည်း ဖတ်ကြည့်စေချုင် လွန်းလို့ ပို့ပေး လိုက်ပါတယ်ခင်ဗျာ။ အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါ။ သနားစရာ လည်း ကောင်းအမှား ကိုဝန်ခံရဲ တဲ့ သတ္တိကိုလည်းလေးစားခဲ့ရပါတယ်။ ဘယ်လောက်ပဲမှားမှား။ အမှားကို ဝန်ခံဖို့ဆိုရင် ဘယ်တော့ မှ နောက်မကျဘူးဆိုတဲ့ သင်ခန်းစာလေးပါရတဲ့ ဖြစ်ရပ်မှန်လေးပါ။ သူငယ်ချင်း တို့လည်း ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်မလွတ်သွားအောင် ပို့ပေးလိုက်ပါတယ် ခင်ဗျာ။

ခင်မင်လျက်ဆူမိုပေါက်စီ။ *၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်း တဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။ “၁၉၉၂ ခုနှစ် လ ပိုင်း ၁၇ရက်နေ့မှာ ဗွိုင်လာရီ မြို့တော်လမ်းမ စီးပွားရေးရပ်ကွက် ၅ က ကားရပ်တဲ့နေရာ တစ်ခုမှာ လူဖြူ အမျိုးသမီး တစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့် ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်းသမီး လေး တစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန် ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။

အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာ တယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ဖခင် ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို ဖတ်မိတဲ့ကာယာကံရှင်ကိုယ်တိုင် အယ်လီဇဘက် ဆေးရုံ ဒေါက်တာအင်ဒရေယာ နဲ့ ဆက်သွယ်ပါ” ဒီလူပျောက်ကြော်ငြာက လူထုတွေကြားမှာ လှိုင်းဂယက် တစ်ခု ထသွားစေခဲ့တယ်။

လူတော်တော်များများ ဝေဖန်ကြတဲ့အကြောင်းက မုဒိန်းကျင့်ခဲ့တဲ့ လူမည်း ထွက်လာပြီး ဝန်ခံပါ့ မလား? တကယ်လို့ ထွက်လာပြီးဝန်ခံရင် သူ့နာမည်ပျက်မယ်။ သူ့မိသားစု ပြိုကွဲမယ်။ တကယ်လို့ မထွက်လာဘဲ အသံတိတ်နေမယ်ဆိုရင် သူဟာ လုံးဝခွင့်မလွတ်နိုင်တဲ့ အပြစ်ကြီး တစ်ခုကို ထပ်ကျူးလွန်သူဖြစ်သွား

အီတလီ ဗွိုင်လာရီ မြို့ရဲ့ ရပ်ကွက်တစ်ခုက မော်နီကာ ဆိုတဲ့ လူမည်း ကလေးမ တစ်ဦးဟာ အရှက် တစ်ခုရဲ့ လျှို့ဝှက်ချက်ကို အစဆွဲထုတ်ခဲ့တယ်။ သူ့အမေ... မုဒိန်းကျင့်ခံခဲ့ရဖူးတဲ့ အသက် ၃၅ နှစ်အရွယ် မာမိတာ က လူတကာရဲ့ပစ်မှတ်ဖြစ်လာခဲ့တယ်။ သူနဲ့ သူ့ခင်ပွန်း ပီတာက လူဖြူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကလေးတွေက အဖြူတစ်ယောက်၊ အမည်းတစ်ယောက်ဖြစ်နေတယ်။ အဲဒီထူးခြားတဲ့ မြင် ကွင်းက ပတ်ဝန်းကျင်က လူတွေကို ပိုပြီးသံသယဝင်စေခဲ့တယ်။

ဒါကို မာမိတာကဘယ်လိုပြောလဲဆို တော့ သူ့အဘွားက လူမည်းဖြစ်ပြီး အဘိုးက လူဖြူဖြစ်တဲ့ အကြောင့် ဒါကြောင့် သမီးလေးမော်နီကာ ကျမှ သွေးကလာဆန့်ကျင်တာပါပေါ့လေ။ ၂၀၀၂ ခုနှစ် ဆောင်းဦးပေါက် မှာ လူမည်းလေး မော်နီကာ နာမကျန်းဖြစ်ပြီး ကိုယ်အပူချိန်တွေတက်ခဲ့တယ်။

နောက်ဆုံး ဒေါက်တာ အင်ဒရေယာက မော်နီကာမှာ သွေးကင်ဆာရှိနေတဲ့အကြောင်း ရိုးတွင်းချဉ်ဆီ ရွှေ့ပြောင်းကုသနည်းကမှ သူ့အတွက် တစ်ခုတည်း သော အကောင်းဆုံး ကုသနည်းဖြစ်ကြောင်း ပြောတယ်။ ဆရာဝန်က ဆက်ပြီး “မော်နီကာနဲ့ သွေးသားတော်စပ်တဲ့ လူတွေမှာ လိုအပ်တဲ့ ရိုးတွင်း ချဉ်ဆီကို အလွယ်တကူ ရှာနိုင်ပါတယ်။

ဒါကြောင့် ခင်ဗျားတို့ဆွေမျိုးတွေအားလုံး ဆေးရုံလာပြီး စစ်ဆေးပါ” လို့ ပြောတယ်။ မာမိတာ ကမျက်စိ မျက်နှာ ပျက်လို့ပေါ့။ ဒါပေမဲ့ ဆွေမျိုးတွေအားလုံးကို ခေါ်ပြီးစစ်ဆေး ခဲ့ပါတယ်။ နောက်ဆုံး ရတဲ့ အဖြေက
သွေးချင်း “မကိုက်ညီပါ”တဲ့။ မော်နီကာရဲ့ ရောဂါအခြေအနေက သူနဲ့ သင့်တော်မဲ့ ရိုးတွင်းချဉ်ဆီ ရဖို့နှုန်း အင်မတန်သေးငယ်တဲ့ အကြောင်း ဆရာဝန်က ပြောပြန်တယ်။

ဖြစ်နိုင်ဖို့အခြေအနေတစ်ခုက မာမိတာ နဲ့ သူ့ခင်ပွန်း နောက် ထပ် ကလေးတစ်ယောက် မွေးပြီး အဲဒီကလေးရဲ့သွေးတွေ မော်နီကာထဲ သွင်းပေးဖို့ ဆရာဝန်က အကြံ ပေးပြန်တယ်။

ဒီအကြံကို ကြားတော့ မာမိတာ တစ်ယောက် တုန်လှုပ်ခဲ့မိတယ်။ “ဘုရားရေ... ဘာဖြစ် လို့ ဒီလို ဖြစ်ရတာလဲ” လို့ သူ့နှုတ်က လွတ်ခနဲ့ အော်လိုက်မိတယ်။ ခင်ပွန်းဖြစ်သူ ကို မျှော်လင့်ချက်မဲ့တဲ့ အကြည့်၊ ချောက်ချားတဲ့ အကြည့်နဲ့ သူကြည့်လိုက်မိတယ်။

ခင်ပွန်းသည် ပီတာလည်း အဲဒီအကြံကြောင့် မျက်မှောင်ကြုတ်လို့။ ဒေါက်တာအင်ဒရေ ကလူအတော် များများလည်း ဒီလိုသွေးသွင်းနည်းနဲ့ သွေးကင်ဆာကို ကုသကြကြောင်း၊ ဒီလိုကုသလို့လည်းမွေးဖွား လာတဲ့ ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်တဲ့အကြောင်း ထပ်တလဲလဲ ရှင်းပြနေခဲ့တယ်။ဇနီး မောင်နှံ နှစ်ဦးက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနားထောင်ေနခဲ့တယ်။

နောက်မှ“ကျွန် တော်တို့ စဉ်းစားပါရစေဦး” ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောနိုင်ခဲ့တယ်။ နောက်တစ်နေ့ ညနေ ဒေါက်တာအင်ဒရေတစ်ယောက် ဆေးရုံမှာ တာဝန်ကျနေတုန်း မာမိတာတို့ ဇနီးမောင်နှံ့နှစ်ဦး ရောက်လာ ခဲ့တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားတဲ့ မာမိတာရဲ့ လက်ကို ခင်ပွန်း သည်က တွဲထားတယ်။

မျက်နှာ မသာမယာနဲ့ ဆရာဝန်ကို “ ဒေါက်တာကို ကျွန်တော်တို့ အဖြစ်အပျက် တစ်ခု ပြောပြချင် ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို ဒေါက်တာလျှို့ဝှက်ပေးရမယ်။ဘာြဖစ်လို့လဲဆို တော့ ဒါဟာ ကျွန်တော်တို့ နှစ်ပေါင်း အတော်ကြာ လျှို့ဝှက်လာတဲ့ ကိစ္စမို့ပါ” ဆရာဝန်ကတလေးတစား ခေါင်းညိတ် ပြလိုက်တယ်။ “လွန်ခဲ့တဲ့ ၁၀နှစ် ၁၉၉၂ခုနှစ် မေလမှာ ကျွန်တော့်သမီးလေး ယီလီယာနာ နှစ်နှစ်ပြည့်တယ်။ ကျွန်တော့်ဇနီး မာမိတာက စားသောက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်တယ်။

သူက ညတိုင်း(၁၀) နာရီမှ အလုပ်ဆင်းတယ်။ အဲဒီညသူအလုပ်ဆင်းတော့ မိုးအကြီးအကျယ် ရွာနေခဲ့တယ်။ လမ်းပေါ်မှာလည်း လူခြေတိတ်နေတယ်။ စွန့်ပစ်ထားတဲ့ ကားရပ်နားနေရာ တစ်ခုရောက်တော့ နောက်ဖက်မှာ ခြေသံတစ်ခု ကို သူကြားလိုက်မိတယ်။

နောက်လှည့်ကြည့်လိုက်တော့ လူမည်း လူရွယ်တစ်ဦး သူ့နောက်မှာ ရပ်နေ တာကို တွေ့လိုက်တယ်။ လူမည်းက လက်ထဲကတုတ်နဲ့ သူ့ကိုရိုက်လိုက်တယ်။ မူးမေ့သွားတော့ သူ့ကို မဖွယ်မရာ လုပ်တော့ တာပဲ။ သတိရလာတော့ အိမ်ကို အမြန်ဆုံး သူပြန်ပြေးခဲ့တယ်။

အိမ်ရောက်တော့ မနက်(၁)နာရီ ထိုးနေပြီ။ အရူးတစ်ယောက်လိုကျွန်တော်အိမ်ထဲကနေ ကမူးကရူး ပြေးထွက်ပြီး အဲဒီ လူမည်းကိုလိုက်ရှာခဲ့သေးတယ်။ ဒါပေမဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ဘူး။ အဲဒီညကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုခဲ့ကြတယ်။ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျခဲ့သလိုပါပဲ” ပီတာက စကားကို ခဏရပ်လိုက်တယ်။

သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတယ်။ ပီတာက ဆက်ပြီး “ အဲဒီကိစ္စပြီးတော့ မကြာပါဘူး မာမိတာ မှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်က လူမည်းရဲ့ ကိုယ်ဝန်ပဲဖြစ်မယ်ဆိုပြီးကျွန်ေတာ်တို့ ကြောက်ရွံ့ စိုးရိမ်ခဲ့တယ်။ မာမိတာ က ကိုယ်ဝန်ဖျက်ချ မလို့ဘဲဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကလေး ဖြစ်နေမှာလဲ စိုးခဲ့တယ်။စိုးရိမ်ကြောင့်ကြမှုနဲ့ ကျွန်တော်တို့ လအတော်ကြာ စောင့်နေခဲ့တယ်။

၁၉၉၃ခုနှစ် မတ်လမှာ ကလေးတစ်ဦး ဖွားမြင်ခဲ့တယ်။အဲဒီကလေးက လူမည်းဖြစ်နေတယ်။ ကျွန်တော် တို့ရဲ့ မျှော်လင့်ချက်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကလေးကို မိဘမဲ့ဂေဟာပို့ဖို့ ကျွန်တော်တို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကလေးရဲ့ငိုသံကြားတော့ မလုပ်ရက်ခဲ့ဘူး။ သူ့က လည်း ဝမ်းနဲ့ လွယ်ခဲ့ရတဲ့
သက်ရှိတစ်ခုပါပဲလေ။

ကျွန်တော်နဲ့ မာမိတာ ကသစ္စာတရားရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေပါ။ နောက်ဆုံး၏ သူ့ကို ကျွန်တော်တို့မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့နာမည်ကို မော်နီကာလို့ ပေးလိုက်တယ်။ ဒေါက်တာ အင်ဒရေယာ ရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ တွဲခိုနေတယ်။ ဒီဇနီးမောင်နှံ့နှစ်ဦး ဘာဖြစ်လို့ နောက်ကလေးတစ်ယောက်
ထပ်မွေးဖို့ဒီလောက်တောင် ကြောက်ရွံ့နေရသလဲဆိုတာကို သူအခုမှ သဘော ပေါက်တော့တယ်။

ဆရာဝန်က အလေးအနက်စဉ်းစားတဲ့ ပုံစံနဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး “အင်း... ဒီအဖြစ်အပျက် အတိုင်းဆိုရင် ခင်ဗျားတို့ နောက်ထပ် ကလေး(၁၀)ယောက်မွေးလဲမော်နီကာနဲ့ သင့်တော်မဲ့ ရိုးတွင်း ချဉ်ဆီကို ရမှာမဟုတ်ဘူး” မာမိတာ ကိုသူတစ်ချက်ကြည့်ပြီး “ ဒီပုံအတိုင်းဆိုရင် ခင်ဗျားတို့ မော်နီကာ ရဲ့ဖခင်အရင်းကို ရှာရလိမ့်မယ်။ သူ့ရဲ့ ရိုးတွင်းချဉ်ဆီ ဒါမှမဟုတ် သူ့ကလေးရဲ့ ချဉ်ဆီကမှ မော်နီကာအတွက် သင့်တော်လိမ့်မယ်။

ဒါပေမဲ့ ခင်ဗျားတို့ဘဝထဲသူနောက်ထပ်တစ်ြကိမ် ပေါ်လာ မှာကို ခင်ဗျားလို့ လိုလားသလား” “ကလေးအတွက်ဆိုရင် သူ့ကို ကျွန်မခွင့်လွတ်နိုင်ပါတယ်။ တကယ်လို့ ကလေးကို ကယ်တင်ဖို့ သူထွက်လာမယ်ဆိုရင် သူ့ကို ကျွန်မတို့ တရားမစွဲပါဘူး”မိခင်တစ်ဦးရဲ့ ကြီးမားလေးနက်တဲ့ မေတ္တာ စကားက ဒေါက်တာအင်ဒရေယာကို ကိုင်လှုပ်ခဲ့တယ်။ ရိုးတွင်းချဉ်ဆီ လှူဒါန်းဖို့အတွက် ထူးခြားတဲ့ လူပျောက်ကြော်ငြာနဲ့ လှုပ်ဆော်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တာလည်း နှစ်နဲ့ချီကြာခဲ့ပြီ။

လူ့ပင်လယ်မှာ တရားခံကို ဘယ်လိုရှာကြမလဲ? မာမိတာနဲ့ခင်ပွန်းက သေချာစဉ်းစားပြီး နာမည် အမှန်ကို မထုတ် ဖော်ဘဲ သတင်းစာမှာ လူပျောက်ကြော်ငြာထည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၂၀၀၂ခုနှစ် ၁၁လပိုင်း ဗွိုင်လာရီမြို့ရဲ့ သတင်းစာတိုင်းမှာ အထက်က ဖော်ပြခဲ့တဲ့အတိုင်း ထူးခြားတဲ့ လူပျောက် ကြော်ငြာ ပါလာခဲ့တယ်။ မုဒိန်းကျင့်ခဲ့တဲ့ တရားခံကို မားမားမတ်မတ် ထွက်လာပြီး ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးရဲ့အသက်ကိုကယ်ဖို့ဖြစ်တယ်။

အဲဒီသတင်းက လူထုတွေကြားမှာ တောမီးလို ဟုန်းဟုန်းတောက်ခဲ့တယ်။ ဒေါက်တာ အင်ဒရေယာရဲ့ စာတိုက်ပုံးနဲ့ ဖုန်းက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဓားစာခံအမျိုးသမီးက ဘယ်သူလဲ? သူ့ကို လူချင်း တွေ့ပြီး အကူအညီ အားပေးစကားတွေ ပေးချင်ကြောင်း လူတွေပြောကြမေးခဲ့ကြတယ်။ ဒါပေမဲ့ မာမိတာက လူတွေရဲ့ အကူအညီကို ငြင်းဆန်ခဲ့သလို သူ့နာမည်အမှန်ကိုလည်း ထုတ်ဖော် မပြောပြခဲ့ဘူး။

မော်နီကာက အဲဒီမုဒိန်းကောင်ရဲ့ သမီးပါလို့ လူတွေကို ပိုမသိစေချင်ခဲ့ဘူး။ သတင်းထောက်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးကြပြန်တယ်။ရောမသတင်းစာက “အဲဒီလူမည်း ထွက်လာပြီး ဝန်ခံရဲ ပါ့မလား? တကယ်လို့ သူက သတ္တိရှိရှိနဲ့ ထွက်လာရဲတယ်ဆိုရင် လူတွေက သူ့ကို ဘယ်လို ဆက်ဆံကြမလဲ? တရားဥပဒေကရော သူ့ကိုဘယ်လို စီမံချက်ချမလဲ? ဖြစ်ခဲ့တဲ့ ပြစ်မှုအတွက် အပြစ်ပေးတာကို သူခံရမလား? ဒါမှမဟုတ် မားမားမတ်မတ် သတ္တိရှိရှိနဲ့ ထွက်ပြီးဝန်ခံတာကို အချီးကျူးခံမလား?” လို့ ဝေဖန်ပြန်တယ်။ တစ်ဖန် ဗွိုင်လာရီမြို့ခံ သတင်းစာက “ တကယ်လို့ ခင်ဗျားဟာ အဲဒီလူမည်းဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ?” လို့ သတင်းဖတ်သူ အများနဲ့ ရှေ့မတိုးသာ နောက်မဆုတ် သာတဲ့ ပြဿနာကို ဆွေးနွေးပြန်တယ်။

မြို့ခံ ထောင်တွေကလဲ မာမိတာကို ကူညီကြတယ်။ ၁၉၉၂ ခုနှစ်က တရားခံတွေရဲ့ စာရင်းကို ဆေးရုံကို တင်ပြတယ်။ အဲဒီမြို့မှာ လူမည်းတွေက နည်းတော့ ၁၀နှစ်အတွင်း ပြစ်မှုကျူးလွန်တဲ့ လူမည်းတရားခံ တွေကလည်း နည်းခဲ့တယ်။ သူတို့က မာမိတာကို “အဲဒီနှစ်တုန်းက မုဒိန်းမှုမဟုတ်တဲ့ ပြစ်မှုနဲ့ထောင်ကျ တဲ့ လူတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ဖူးဘူးလို့လဲ မပြောနိုင်ဘူးလေ” လို့ အားပေးခဲ့တယ်။

တစ်ချို့က ထောင်ကလွတ်သွားခဲ့ပြီးတစ်ချို့က ထောင်ကျနေတုန်းပဲ။ မာမိတာနဲ့ ခင်ပွန်းက သူတို့ရဲ့ အကူအညီနဲ့ သဲလွန်စကို လိုက်ရှာခဲ့တယ်။ ထောင်သားတွေက ရိုးသား ဂရုစိုက်တဲ့ပုံစံနဲ့သဲလွန်စရဖို့ ကူညီပေးကြပါတယ်။ ဒါပေမဲ့ သူတို့တွေက မာမိတာကို အနိုင်ကျင့်ခဲ့တဲ့ လူမည်း မဟုတ်ခဲ့ပါဘူး။ မာမိတာရဲ့ အဖြစ်အပျက်ကထောင်ထဲမှာ ပြန့်လို့နေတယ်။ မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာက
ထောင်သား အများကို ထိခိုက်ခံစားစေခဲ့တယ်။

လူဖြူပဲဖြစ်ဖြစ်၊လူမည်းပဲဖြစ်ြဖစ် မော်နီကာအတွက် ချဉ်ဆီလှူဒါန်းဖို့ သူတို့သဘောတူ အစစ်ဆေး ခံခဲ့ကြတယ်။ ဒါပေမဲ့ သင့်လျှော်တဲ့လူ တစ်ယောက်မှ မတွေ့ခဲ့ဘူး။ဒီအဖြစ် အပျက်က လူအတော် များများကို စိတ်ထိခိုက်စေခဲ့တယ်။ သင့်တော်တဲ့ ချဉ်ဆီရဖို့ ပါဝင်စစ်ဆေးကြတဲ့ စေတနာရှင် တွေက လည်း မနည်းခဲ့ဘူး။စေတနာရှင်တွေ တစ်နေ့တစ်ခြား ပိုပိုများလာခဲ့တယ်။

မြို့မှာချဉ် ဆီလှူဒါန်းတဲ့ ဂယက်လှိုင်းတစ်ခု ထသွားခဲ့တယ်။ သွေးကင်ဆာ ခံစားနေရတဲ့ ဝေဒနာရှင် တော်တော် များများက ဒီစေတနာရှင်တွေကြောင့် ကယ်တင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ မော်နီကာလေး ကအဲဒီ ကံကောင်း ခြင်းထဲမှာ မပါခဲ့ပါဘူး။ မာမိတာတို့ ဇနီးမောင်နှံ့နှစ်ဦးက အဲဒီလူမည်း ထွက်ပေါ် အလာကို
စိုးတထိတ်ထိတ်နဲ့စောင့်စားခဲ့ကြ တယ်။

(၂)လကြာတဲ့အထိ လူမည်းရဲ့အရိပ်အယောင်ကို မတွေ့ခဲ့ဘူး။ ဒီလူမည်း လူ့ပြည်မှာ ရှိပါသေး သလားလို့ သူတို့စိတ်တွေ မတင်မကျဖြစ်ခဲ့ရတယ်။ ဒါမှမဟုတ် ဒီမြို့နယ်က ခွာသွားပြီလား? အီတလီမှာကော ရှိသေးရဲ့လား? ဒါမှမဟုတ် သူ့မိသားစု ပြိုကွဲမှာစိုးလို့ ထွက်မလာရဲတာလား? ဘယ်လိုပဲဖြစ်ဖြစ် မော်နီကာ တစ်ရက် အသက်ရှင်နေသေးရင် လူမည်းကိုရှာဖို့ မျှော်လင့်ချက်တစ်ရက် ရှိတယ်ဆိုတဲ့စိတ်နဲ့ သူတို့ လက်မလျှော့ ခဲ့ကြဘူး။

အသက်ဝိညာဉ်တစ်ခုက နာကျင်တဲ့ ဝေဒနာကြားမှာ အလူးအလှိမ့် ခံစားလို့နေတယ်။ မမျှော်လင့်တဲ့ အဖြစ်တစ်ခုက မျှော်လင့်ချက်မဲ့နေချိန်မှာ ရောက်လာခဲ့တယ်။ ထူးခြားတဲ့ လူပျောက်ကြော်ငြာက အသက်(၃၀)ရှိ လူမည်း ဟိုတယ်ပိုင်ရှင် “အာချီလီ” ကို တုန်လှုပ်ချောက်ချားစေခဲ့တယ်။ ၁၉၉၂ ခုနှစ် မေလ ၁၇ ရက်နေ့ မိုးညတစ်ညမှာ အဲဒီလို အိပ်မက်ဆိုးတစ်ခု သူမက်ခဲ့ဖူးတယ်။

သူဟာ ဒီဇာတ်လမ်းရဲ့ ကာယာကံရှင်ပါပဲ။ လူကြီးလူကောင်း သူဌေးအာချီလီကို တစ်ချိန်တစ်ခါက ပန်းကန်ဆေးသမားလို့ ဘယ်သူထင်ရက်ခဲ့မလဲ? သူငယ်ငယ်ကတည်းက မိဘတွေ ကွယ်လွန် သွားခဲ့ပြီး စာလည်း သေချာမ သင်ခဲ့ရဘဲ အလုပ်ထွက်လုပ်ခဲ့ရတယ်။ အလုပ်ကြိုးစားပြီး ထက်မြက်တဲ့ အာချီလီဟာ
ကိုယ်ပိုင်လုပ်အား ငွေနဲ့ လူတွေရဲ့ လေးစားမှုကို ခံယူချင်ခဲ့တယ်။

ဒါပေမဲ့ သူ့အလုပ်ရှင်က လူတန်းစားခွဲခြားတဲ့ လူဖြစ်ပြီး သူဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်လဲ အဆူအဆဲပဲ ခံခဲ့ရတယ်။ ၁၉၉၂ ခုနှစ် မေလ ၁၇ရက်နေ့က အာချီလီ အသက် ၂၀ပြည့်တဲ့ နေ့ဖြစ်တယ်။ အလုပ်စောစောဆင်းပြီး ကိုယ့်မွေးနေ့ပွဲကို ကျင်းပမလို့ပါပဲ။ ဒါပေမဲ့သူ့ရဲ့ အလျှင် လိုမှုကြောင့် ပန်းကန် တစ်ချပ် ကျကွဲသွားခဲ့တယ်။

သူဌေးက သူ့ခေါင်းကို အတင်းဖိနှိပ်ပြီး ပန်းကန်ကွဲတွေကို မြိုချခိုင်းတယ်။အာချီလီက သူဌေးကို မုန်းမုန်း တီးတီးနဲ့ ဆွဲထိုးပြီး ဆိုင်ထဲကနေ ထွက်ပြေးလာခဲ့တယ်။ ဒေါသစိတ်ကြောင့် လူဖြူတွေကို ကလဲ့စားချေဖို့ သူဆုံးဖြတ်လိုက်တယ်။ မိုးညက လမ်းပေါ်မှာ တိတ်ဆိတ်နေခဲ့တယ်။

ကားပတ်တစ်ခုမှာ မာမိတာကို တွေ့တော့ လူဖြူတွေကို မုန်းတီးတဲ့စိတ်နဲ့ အပြစ်မဲ့သူ အမျိုးသမီး တစ်ဦးကို သူအနိုင်ကျင့်ခဲ့မိတယ်။ အနိုင်ကျင့်ပြီး အာချီလီ ကြောက်ရွံ့တုန်လှုပ်မိခဲ့တယ်။

အဲဒီညမှာပဲမွေးနေ့အတွက် စုထားတဲ့ငွေနဲ့ နေပယ်လ် မြို့ကိုသွားမဲ့ ရထားလက်မှတ်ကိုဝယ်ပြီး ဒီမြို့နဲ့ ဝေးရာကို သူထွက်ပြေးခဲ့တယ်။ နေပယ်လ်မြို့မှာသူကံကောင်းတယ်လို့ ဆိုရမယ်။

အမေရိကားလူမျိုးတစ်ဦး ဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ သူအလုပ်ရခဲ့တယ်။ ကြိုးစားပြီး အပင်ပန်း ခံနိုင်တဲ့အာချီလီကို ဆိုင်ပိုင်ရှင် သူဌေးလင်မယားက သဘောကျခဲ့တယ်။ သမီးဖြစ်သူ “လီနာ”ကိုပါ
သူနဲ့လက်ဆက်ပေးတဲ့အပြင် ဆိုင်တစ်ခုလုံးကိုလဲ အာချီလီလက်ထဲအပ်ခဲ့တယ်။

လာဘ်မြင်တဲ့ အာချီလီက စားသောက်ဆိုင်လေးကို ဟိုတယ်ကြီးတစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့သလို ချစ်စရာကောင်းတဲ့ သားသမီး၃ဦးဖွားမြင်ခဲ့တယ်။ အလုပ်သမားနဲ့ မိသားစုရဲ့ အမြင်မှာ အာချီလီ ဟာ သူဌေးကောင်း၊  ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတစ်ဦး ဖြစ်ခဲ့တယ်။

ပြစ်မှုတစ်ခုကျူးလွန်ခဲ့ဖူးတယ်ဆိုတာကိုလည်း သူဘယ်တော့မှမမေ့ခဲ့ဘူး။သူကျူးလွန်ခဲ့မိတဲ့ အမျိုးသမီး ကို ဘုရားသခင် စောင့်ရှောက်ဖို့၊ ဘေးမသီရန်မခဖို့ သူအမြဲဆုတောင်းခဲ့ပေမဲ့ ဘယ်သူ့ကိုမှ အဲဒီလျှို့ဝှက်ချက်ကိုသူမပြောြပရဲခဲ့ဘူး။ အဲဒီနေ့မနက်က သတင်းစာထဲက သတင်းကိုဘယ်နှစ်ကြိမ် မြောက်သူကြည့်မိခဲ့လဲ မသိဘူး။

သူဟာ သူတို့အလိုရှိနေတဲ့ တရားခံပဲဖြစ်ရမယ်လို့သူ့သိစိတ်ထဲကနေ သိလိုက်မိတယ်။ သနားစရာ ကောင်းတဲ့ အဲဒီအမျိုးသမီးကိုယ်ဝန်ရှိသွားမယ်လို့ သူလုံး၀ တွေးမထား မိခဲ့ဘူး။ ကလေးကိုမွေးခဲ့မယ်လို့လဲ မထင်ခဲ့မိဘူး။

ဒီရက်ပိုင်းအတွင်း ဒေါက်တာအင်ဒရေယာဆီ အာချီလီဖုန်းဆက်ချင်ခဲ့တယ်။ဒါေပမဲ့ဖုန်းနံပါတ် လှည့်ပြီး တိုင်း ဖုန်းကို သူချလိုက်မိတယ်။ သူစိတ်တွေမတင်မကျနဲ့ တကယ်လို့ ဒီကိစ္စကို သူဝန်ခံခဲ့ရင်
သူ့ရဲ့ အတိတ်ဆိုးကိုလူတွေသိကုန်တော့မယ်။ သားသမီးတွေက သူ့ကို မချစ်မနှစ်သက်တော့ဘဲ အေးချမ်း တဲ့သူ့အိမ်ထောင်ရေး ပြိုကွဲတော့မယ်။

လှပတဲ့ ဇနီးမယားတစ်ဦးနဲ့ ပတ်ဝန်းကျင်ရဲ့လေးစားမှုတွေ ဆုံးရှုံးရတော့မယ်။ ဒီလိုချမ်းအေးတဲ့ အခြေအနေတစ်ခုရောက်အောင်သူမနည်း ကြိုးစားခဲ့ရတယ်မဟုတ်လား..? တစ်ည ညစာစား နေတဲ့ အချိန်မှာ မိသားစုအားလုံးက ယခင်ပုံမှန်အတိုင်းပဲအဲဒီသတင်းကို ဆွေးနွေးနေကြတယ်။

မယားဖြစ်သူ လီနာက “မာမိတာကိုကျွန်မအရမ်းချီးကျူးမိတယ်။ တကယ်လို့ ကျွန်မသာ သူဖြစ်ခဲ့ရင် သတ္တိရှိရှိနဲ့ကလေးကို မွေးခဲ့မှာ မဟုတ်ဘူး။ မာမိတာရဲ့ ခင်ပွန်းကို ကျွန်မ ပိုချီးကျူးမိတယ်။ သူဟာ ဒီလိုကလေးတစ်ယောက်ကို လက်ခံပေးနိုင်တဲ့လေးစားထိုက်တဲ့ လင်ယောက်ျားတစ်ဦးပါပဲ” အာချီလီက
နှုတ်ဆိတ်ပြီး မယားရဲ့စကားကို နားထောင်နေခဲ့တယ်။

ရုတ်တရက် သူက “အဲဒီ တရားခံကို ဘယ်လိုမြင်သလဲ?” လို့ မေးလိုက်တော့ လီနာက“သူဟာ အမှားတစ်ခု လုပ်ခဲ့ပြီးပြီ။ အခုလို အချိန်မှာသူထပ်ပုန်းရှောင်နေသေးရင် အဲဒီလူကို ကျွန်မ လုံးဝခွင့် လွတ်မှာ မဟုတ်ဘူး။သူဟာ စက်ဆုပ်ဖို့ကောင်းတဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ၊သူရဲဘောကြောင် တဲ့လူ၊ သတ္တိနည်းတဲ့လူပဲ” လို့ပြောတော့စိတ်ဆိုးမာန်ဆိုးေြပာနေတဲ့ ဇနီးသည်ရဲ့စကားကို နားထောင်ပြီး အဖြစ်မှန်ကိုပြောပြဖို့ အာချီလီ တွန့်ဆုတ်နေခဲ့တယ်။

အဲဒီညက အာချီလီရဲ့ (၅)နှစ်အရွယ်သားတစ်ယောက် အိပ်ချိန်မှာ မအိပ်လို့ အာချီလီ စိတ်မထိန်း နိုင်ဘဲ ရိုက်လိုက်မိတယ်။ ကလေးက ငိုပြီး “ဖေဖေကလူဆိုးကြီး၊ ဖေဖေ့ကို မခေါ်တော့ဘူး။ သားရဲ့ ဖေဖေ မလုပ်နဲ့တော့” လို့ပြောလိုက်တဲ့ စကားက အာချီလီရဲ့ ရင်ဝကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ သားကို ပွေ့ဖက်ပြီး “ဖေဖေမှားပါတယ်။

နောက်ကို မရိုက်တော့ပါဘူး” လို့ တောင်းပန်ရင်းသူမျက်ရည်ကျနေမိ ခဲ့တယ်။ အဖေ မျက်ရည် ကျတာကို မြင်တော့ သားဖြစ်သူက အံ့သြသွားတယ်။ “ဖေဖေ့ကို သားခွင့်လွတ်ပါတယ်။ ဆရာမက ပြောတယ်။

အမှားကို ပြင်နိုင်တဲ့သူဟာလူကောင်းတဲ့” လို့ အဖေကို ပြန်ချော့မေ့နေခဲ့တယ်။ အဲဒီညတစ်ညလုံး သူ့ကိုယ်သူ ငရဲရောက်နေသလားလို့ အာချီလီ ထင်မှတ်ခဲ့တယ်။ အတိတ်ဆိုးဆိုး မိုးသည်းညနဲ့ အမျိုးသမီးရဲ့ ပုံရိပ်တစ်ခုကို သူမြင်ယောင်နေမိတယ်။ အမျိုးသမီးရဲ့ အကူအညီမဲ့သံနဲ့ ငိုကြွေးသံကို သူကြားယောင် နေမိတယ်။

“ငါဟာလူကောင်းလား.. လူဆိုးလား ” လို့ သူ့ကိုယ်သူ မေးမိတိုင်း ဘေးမှာ အိပ်စက်နေတဲ့ ဇနီးရဲ့ စည်းချက်မှန်မှန် အသက်ရှုသံကို နားထောင်ပြီး ထရပ် ဝန်ခံဖို့ အင်အားတွေ ပျောက်ဆုံးခဲ့ရတယ်။ မနက်မိုးလင်းတော့ ခါတိုင်းနဲ့မတူဘဲ မျက်နှာမသာမယာဖြစ်နေတဲ့ သူ့ကို ဇနီးက သတိထားမိလိုက်တယ်။

“ဘာဖြစ်တာလဲ” ဆိုတဲ့အမေးကို “နေမကောင်းလို့ပါ” ဆိုတဲ့အဖြေနဲ့ သူကွေ့ရှောင်ခဲ့မိတယ်။ အလုပ်သမား တွေရဲ့ နွေးထွေးတဲ့ နှုတ်ဆက်မှုအောက်မှာ သူလိပ်ပြာမလုံဖြစ်ခဲ့တယ်။ စိတ်ထဲမှာ ပြည့် ကျပ်နေတဲ့ ရှက်ရွံ့ ထိတ်လန့်ခြင်းတွေက သူ့ကို ဝါးမြိုမတတ်ပါပဲ။

အရှက်တရားနဲ့ ဖုံးဖိထားတဲ့ သူ့ဘဝကို လွတ်မြောက်ဖို့ အာချီလီ နှုတ်ဆိတ်မနေနိုင်တော့ဘူး။ အများသုံးဖုန်းနဲ့ ဒေါက်တာအင်ဒရေယာဆီသူဖုန်းဆက်ခဲ့တယ်။ အတတ်နိုင်ဆုံး အသံကို တည်ငြိမ် အောင်ထားပြီး “ကံခေတဲ့ ကလေးရဲ့ ကျန်းမာရေးကို သိချင်လို့ပါ” လို့ မေးတော့ “ကလေးရဲ့ အခြေ အနေကတော်တော်ဆိုး နေတယ်။

သူ့ဖခင်ကို သူတွေ့ခွင့်ရမှ ရနိုင်ပါ့မလား မသိတော့ဘူး” လို့ ပြန်ဖြေလိုက်တဲ့ ဆရာဝန်ရဲ့ စကားက ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာကို လှုပ်နိုးခဲ့တယ်။ သူဟာ ငါ့ရဲ့ သွေးသားပါလား..? တစ်ခါ မှားခဲ့ဖူးတဲ့ အမှားကို သူထပ်မကျူးလွန်မိဖို့၊မော်နီကာအတွက် ထရပ်ဖို့ သူဆုံးဖြတ်ချက် ချလိုက်တယ်။

ညရောက်တော့ အရဲစွန့်ပြီး ဇနီးသည်ကို အကြောင်းစုံ သူပြောပြလိုက်တယ်။ “ငါဟာ မော်နီကာ ရဲ့အဖေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ငါသူ့ကို ကယ်မှဖြစ်မယ်”သူ့စကားကို ကြားတော့ လီနာ တုန်လှုပ် သွားခဲ့တယ်။
ဝမ်းနည်းခြင်းတွေနဲ့အတူ စိတ်ဆိုးဒေါသထွက်ပြီး “ရှင်ဟာ လူလိမ်ပဲ” အော်ပြီး ကလေးတွေနဲ့ မိဘအိမ်ကို ပြန်သွားခဲ့တယ်။ အာချီလီရဲ့ အကြောင်းစုံကို မိဘတွေကို ပြောပြ လိုက်တယ်။ စစခြင်းမှာ ယောက္ခမတွေက
စိတ်ဆိုးဒေါသထွက်ကြပေမဲ့ ခဏအတွင်းမှာပဲ စိတ်တွေတည်ငြိမ်သွားပြီး.... “မှန်တယ်။

သူပြုခဲ့တဲ့ အပြုအမှုတွေအတွက် ငါတို့သူ့ကို ဒေါသထွက်သင့်တယ်။

ဒါပေမဲ့ အဖြစ်မှန်ကိုပြောပြဖို့ သူ့အတွက် သတ္တိတွေ ဘယ်လောက်လိုခဲ့သလဲ ဆိုတာကို ငါတို့ ပြန်တွေးကြည့်သင့်တယ်။ ဒါဟာ သူ့စိတ်ရင်းအမှန် မမှေးမှိန်သေးဘူးဆိုတာ သက်သေပြနေတာပဲ။ အမှားလုပ်ခဲ့ပြီး အမှန်ကို ပြုပြင်တဲ့ ခင်ပွန်းတစ်ယောက်ကို သမီးအလိုရှိသလား..? ဒါမှမဟုတ် တစ်သက်လုံး အမှားကို ဖုံးကွယ်ထားတဲ့ ခင်ပွန်းတစ်ယောက်ကို အလိုရှိသလား?” မိဘစကားကို နားထောင်ပြီး လီနာ ခဏ နှုတ်ဆိတ်သွားခဲ့မိတယ်။

နောက်တစ်နေ့ မနက်အစောကြီး အိမ်ကို လီနာပြန်ခဲ့တော့ ရီဝေကြေကွဲနေတဲ့ မျက်လုံးနဲ့ အာချီလီကို တွေ့လိုက်တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အာချီလီကို “ဒေါက်တာ အင်ဒရေယာကို ရှင်သွားရှာပါ။ ကျွန်မ
အဖော်လိုက်ခဲ့မယ်” ဆိုပြီး ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဒေါက်တာ အင်ဒရေယာနဲ့ သူတို့ အဆက်အသွယ် ရခဲ့တယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ အယ်လီဇဘက်ဆေးရုံမှာ အာချီလီကို DNA စစ်ဆေးခဲ့တယ်။ ရလဒ်က မော်နီကာဟာ အာချီလီရဲ့ သွေးသားပဲဖြစ်တယ်။မုဒိန်းတရားခံ လူမည်းကြီး သတ္တိရှိရှိနဲ့ လာရောက် ဝန်ခံတယ်ဆိုတဲ့သတင်းကိုကြားတော့ မာမိတာမျက်ရည်ကျမိတယ်။

လူမည်းအပေါ်ထားတဲ့ သူ့ရဲ့အမုန်းရန်ငြိုးဟာ ၁၀နှစ်ရှိပြီဆိုပေမဲ့ အခုလို သတ္တိရှိရှိ ထွက်ပြီး ဝန်ခံ လာတာ ကိုတော့ သူစိတ်လှုပ်ရှားမိတယ်။ ကာယကံရှင်တွေရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ေတွ မပေါက်ကြားစေဖို့ အရာအားလုံးကို လျှို့ဝှက်တင်းကျပ်စွာ စစ်ဆေးခဲ့တယ်။

ဆေးရုံက တာဝန်ရှိသူများကလည်း ကာယကံရှင်တွေရဲ့နာမည်အမှန်ကို သတင်းထောက်တွေဆီ မပေါက်ကြား စေဘဲ မော်နီကာရဲ့ ဖခင်ကိုရှာတွေ့ပြီဖြစ်ကြောင်းပဲ သတင်းပေးခဲ့တယ်။ ဒီသတင်းကို ဂရုစိုက်
အလေးထားကြားတဲ့ လူထုတွေက ဒေါက်တာ အင်ဒရေယာကိုဖုန်းတွေ၊ စာတွေနဲ့ ဆက်သွယ်ပြီး တရားခံ လူမည်းကို သူတို့ ခွင့်လွတ်လေးစားကြောင်း သတင်းပါးစေတယ်။ “တစ်ချိန်တစ်ခါမှာ သူဟာ ပြစ်မှု ကျူးလွန်သူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ သူဟာ သူရဲကောင်း တစ်ဦး ဖြစ်တယ်” လို့လည်း အားပေးစကား ပြောကြတယ်။

ဖေဖော်ဝါရီ၁၀ရက်နေ့မှာ အာချီလီကို တွေ့ဆုံခွင့်ပေးဖို့ မာမိတာ တို့ လင်မယား တောင်းဆိုခဲ့တယ်။ စစခြင်းမှာတော့ သူတို့နဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့အာချီလီ သတ္တိမရှိခဲ့ဘူး။ ဒါပေမဲ့ မာမိတာ ရဲ့ ထပ် တလဲလဲ တောင်းဆိုမှုကို သူသဘောတူလိုက်တယ်။ ဖေဖော်ဝါရီလ ၁၈ရက်နေ့ တာဝန်ရှိသူတွေရဲ့ လျှို့ဝှက်စီစဉ် ပေးမှုနဲ့ဆေးရုံမှာ သူတို့တွေ့ခွင့်ရခဲ့ကြတယ်။

ဆံပင်ညှပ်ပြီးစ အာချီလီဟာ မာမိတာ ကိုတွေ့တော့ လှမ်းနေတဲ့ ခြေလှမ်းတွေ ရွေ့မရအောင် လေးလံ နေသလိုမျက်နှာတစ်ခုလုံး ဖြူရော်လို့နေတယ်။ မာမိတာ တို့ ဇနီးမောင်နှံ့က ရှေ့တိုးပြီး အာချီလီရဲ့ လက်ကို
တင်းတင်းဆုပ်ကိုင်လိုက်တယ်။သုံးယောက်သားရဲ့ ပါးပြင်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့ နေတယ်။

အာချီလီက ဆို့နင့်တဲ့ အသံနဲ့ “ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွတ်ပါဆိုတဲ့ စကားက ကျွန်တော့် ရင်ထဲမှာ
ကိန်းအောင်းနေတာ ၁၀နှစ်ရှိခဲ့ပါပြီ။ ဒီနေ့မှပဲ ကျွန်တော့်နှုတ်နဲ့ တောင်းပန်ဖို့ အခွင့်ရ တော့တယ်“ “ ရှင်အခုလို ထွက်ပြီး ဝန်ခံလာတာကို ကျွန်မတို့ကျေးဇူးတင်ပါတယ်။

ရှင်ရဲ့ချဉ်ဆီနဲ့ ကျွန်မသမီးလေးကို ကယ်တင်ဖို့ဘုရားသခင်က ရှင့်ကို ကောင်းချီးပေးပါစေ” ဖေဖော်ဝါရီ ၁၉ရက်မှာ အာချီလီရဲ့ ချဉ်ဆီကို ဆရာဝန်တွေက ခွဲစိတ်စစ်ဆေးခဲ့ကြတယ်။ ကံကောင်း စွာပဲ သူ့ရဲ့ချဉ်ဆီတွေ မော်နီကာအတွက် လုံးဝသင့်တော်နေခဲ့တယ်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့ လူတွေ မျှော်လင့်စောင့်စားနေတဲ့အချိန် ရောက်ရှိလို့ လာပါပြီ။

အာချီလီရဲ့ ရိုးတွင်းချဉ်ဆီတွေ မော်နီကာကိုယ်ထဲ ရွေ့ပြောင်းပေးလိုက်ကြတယ်။ အသက်အန္တရာယ် ကနေ မော်နီကာ သီသီလေးလွတ်ခဲ့ပြီး (၁) ပတ်အတွင်းမှာ နေကောင်းကျန်းမာလာခဲ့တယ်။ မာမိတာ တို့ လင်မယား အာချီလီကိုလုံးဝခွင့်လွတ်ပေးပြီး ဒေါက်တာ အင်ဒရေယာနဲ့ အတူ ထမင်းစား ဖိတ်ခဲ့ တယ်၊ ်ဒါပေမဲ့ ထမင်းစားဖိတ်တဲ့နေ့မှာ အာချီလီကိုယ်စား ဒေါက်တာ အင်ဒရေယာက စာတစ်စောင် ယူလာခဲ့တယ်။ စာထဲမှာ အားနာခယစွာနဲ့ “ခင်ဗျားတို့ရဲ့ တည်ငြိမ်အေးဆေးနေပြီဖြစ်တဲ့ ဘဝကို ကျွန်တော် မနှောင့်ယှက်ပါရစေနဲ့တော့။

မော်နီကာလည်း ပျော်ရွှင်စွာ ခင်ဗျားတို့နဲ့ အတူရှိနေနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ အကူအညီလိုခဲ့ရင် ကျွန်တော့်ကို ပြောပါ။ အတတ်နိုင်ဆုံး ကျွန်တော်ကူညီပါ့မယ်။ တစ်ဆက်ထဲမှာပဲ မော်နီကာကိုလည်း ကျွန်တော်အရမ်း ကျေးဇူးတင်မိပါတယ်။ သူ့ကြောင့် အပြစ်တစ်ခုကို ဝန်ချဖို့ ကျွန်တော် အခွင့်ရခဲ့တယ်။

သူ့ကြောင့် ကျွန်တော်ရဲ့ လက်ကျန်ဘဝလေး ပျော်ရွှင်ခွင့်ရခဲ့တယ်။ ဒါဟာ သူပေးတဲ့ ကျွန်တော့်အတွက် အကောင်းဆုံးလက်ဆောင်ဖြစ်တယ်” လို့ပြောခဲ့ပါတယ်.....................................။။

လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့ အပြုမှုကို တာဝန်ယူဖို့အတွက် သတ္တိတွေ ဘယ်လောက်လိုသလဲ? လူတိုင်းရဲ့ ရင်ထဲမှာ စံပေတံတစ်ခု ရှိပါလိမ့်မယ်။ ဒီစာကို ဖတ်ပြီး မာမိတာ တို့ လင်မယားကို အရမ်း လေးစားမိတယ်။

အဖြူတစ်ယောက်၊ အမည်းတစ်ယောက် မွေးထားတဲ့ ကလေးတွေကြောင့် လူတွေရဲ့ အထင်အမြင် လွဲမှားတဲ့ အကြည့်နဲ့ ကြည့်ခံခဲ့ရပေမဲ့ ကလေးလေးကို လူလားမြောက်အောင် သူတို့ ပြုစုခဲ့တယ်။ အာချီလီရဲ့ လုပ်ရဲခံရဲတဲ့ သတ္တိကိုလဲ ချီးကျူးမိတယ်။ လူသားတိုင်းအမှားနဲ့မကင်းနိုင်ြကပါဘူး။*

သူငယ်ချင်း ထံမှ ရောက်ရှိလာသော email အတွက် မျှဝေပေးပါသည်။
>>>ဆက္ဖတ္ရန္>>> >>