Friday, July 30, 2010

ကြယ်နီ အပိုင်း (၁၈)

ငါးနောက်သွား
(၁)

ကျွန်တော့ကို လူတွေက "ငါးနောက်သွား"ဟု ခေါ်ကြပါသည်။ အမှန်စင်စစ် ကျွန်တော်အမည်မှာလည်း ငါးနောက်သွား ပင် ဖြစ်ပါသည်။ ကျွန်တော် ရေးကူးရာတွင် အခြားငါးမျိုးများကဲ့သို့ မှောက်လျက်မကူးဘဲ ပက်လက် ကူးပါသည်။ ဤကား အလွန်ပင် ဆန်းနေပါသည်။ အဘယ်သိုကသော ၀ဋ်ကြွေးကြောင့်များ ကျွန်တော် တို့တစ်တွေသည် အခြားသော ငါးမျိုးများလို မဟုတ်ဘဲ ပက်လက်ကူးခတ်နေရပါသနည်း။ ကျွန်တော် သိချင်လှပါသည်။ ပြီးတော့ ကျွန်တော်အား အဘယ့်ကြောင့် ငါးနောက်သွားဟု လုံးဝ ကဗျာ မဆန် လှသော အမည်ဆိုးကြီးဖြင့် မှည့်ခေါ်ကြပါသလဲဆိုတာကိုလည်း ကျွန်တော်သိ လိုပါသည်။

    ကျွန်တော် အရွယ်ရောက်၍ ငါးလားမြောက်သည့် အချိန်မှစပြီး ကျွန်တော်သိလို သော အကြောင်း အချက် များကို မနေမနား လိုက်လံ စုံစမ်းခဲ့ပါသည်။ အခြားသော ငါးမျိုးများ ထ့ပါးသို့ ချဉ်းကပ်ကာ မေးမြန်း ပါသော်လည်း သူတို့တစ်တွေသည် ကျွန်တော့အား လှောင်သလို ပြောင်သလိုလုပ်ကာ အဖက်မတန်သလို အဖြေ မပေးကြပါ။ သူတို့၏ လှောင်သလို ပြောင်သလို အမူအရာများကြောင့် ကျွန်တော်လည်း နောက်ထပ် မမေးရဲ တော့ပါ။ ငါးသတ္တ၀ါချင်း ဖြစ်ပါလျက် အသွင်ကွဲပြား တစ်မူခြားနေသည့် အတွက်ကြောင့် ကျွန်တော့မှာ စိတ်ဝမ်းများ ငယ်မိပါတော့သည်။

    နောက်ဆုံးတွင် ကျွန်တော်သည် ရှေ့မီနောက်မီ သက်ကြီးရွယ်ကြီး ငါးနောက်သွား အဘိုးအိုထံမှ ကျွန်တော် သိလိုသမျှ အကြောင်းအချက်များကို တစ်စမကျန် သိရှိခဲ့ရပါသည်။ သူသည် ကျွန်တော် သိလိုသမျှ အကြောင်းအချက်များကို ပြောပြရာ၌ ကိုယ့်အမျိုးအတွက် ဂုဏ်တက်နေသော မျက်နှာမျိုးဖြင့် ပြောပြခြင်း မဟုတ်ဘဲ၊ သိမ်ငယ်လှ သော ကျွန်တော်တို့ မျိုးရိုးအတွက် အချိတင်ကဲ ၀မ်းပန်းတနည်း အမူအရာ ဖြင့်သာ ပြောပြရှာပါသည်။ သူပြောသမျှ ကြားရသည့် ကျွန်တော့မှာလည်း နားမချမ်းသာတော့။ သြော်... ကြားရ ကြားရ နားဝမှာ မသက်သာပါကလား။

    ကျွန်တော် ဤအကြောင်းကို ပြန်ပြောရမှာ ရှက်လှပါသည်။ သို့ပေမဲ့ မပြောဘဲလည်းမနေနိုင်ပါ။ ရင်တွင်း ၌ မသက်မသာ ခံစားနေရသော ဝေဒနာကို အပြင်သို့ ဖွင့်ထုတ်လိုက်မှ သက်သာရာ ရမည်ထင့်။ ဒါကြောင့်မို့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်စေမည့် ကျွန်တော်တို့ အဖြစ်ဆိုးကိုပင် မရှက် မကြောက် ဖွင့်ထုတ်ဖော်ပြ ရပါမည်။

(၂)

ကျွန်တော်တို့ ငါးနောက်သွားမျိုးကို သင်တို့ မြင်ဖူးကြပါရဲ့လား။ ရှားပါးလှသော ငါးမျိုးဖြစ်၍ မြင်ဖူးသူ နည်းလိမ့်မည် ထင်ပါသည်။ ကျွန်တော်ပေါ်လွင်သော ဝေါဟာရများနှင့် သရုပ်ဖော်ပြပါမည်။ ကျွန်တော် တို့ကိုယ်၌ ငါးကြေးခွံ မရှိပါ။ ကြာမရှိသော ရေအိုင်သည် မတင့်တယ်သကဲ့သို့ ငါးကြေးခွံ ကင်းမဲ့သော ကျွနတော်တို့ ကိုယ်ကာယမှာလည်း တင့်တယ်ခြင်း မရှိလှပါ။ ကျွန်တော်တို့ အသွေးအရောင်မှာ ပြာနှမ်းနှမ်း မည်းကြုတ်ကြုတ်နှင့် ဘိန်းစားရုပ်ပေါက်နေပါသည်။ ချစ်စရာ ပုပုဝိုင်းဝိုင်းကလေး မဟုတ်ဘဲ ရှည်မြောင်းမြောင်း ကိုယ်ခန္ဓာကြောင့် အန်ချင်စရာ ငါ့ပုံကပဲ ဆိုးရော့သလားဟု ဟစ်ဆိုလောက်ပါသည်။ သည်ကြားထဲ ရှည်လျားသော နှုတ်ခမ်းမွေးများ ရှိနေပြန်ရာ၊ မလှရသည့်အထဲ ဖြဲပြသလိုဆိုသော စကားလို ဖြစ်နေ ပါသည်။ "နတ်ပန်းချီမောင်၊ ရေးကြံဆောင်၊ တူပေါင် ခေါင်းကုတ် ညည်းလေသည်" ဆိုတာ ကျွန်တာ် တို့ ရုပ်ပုံမျိုးကို ဆိုလိုတာထင့်။ လှလွန်း ချောလွန်းလို့ မဟုတ်ဘဲ အရုပ်ဆိုး အကျည်းတန်လွန်းလို့ ဖြစ်ပါသည်။

    အဲ... ကျွန်တော်တို့ ငါးနောက်သွား ရုပ်ဆင်းအင်္ဂါနဲက ဆန့်ကျင်ဘက်ကျအောင် ချောလွန်း လှလွန်း တာကတော့ ငါးသိုင်းမယ်ကလေးပါ့ ခင်ဗျာ။ ဖြူဖြူဖွေးဖွေး ရေဆေး ငါးလို အသားတော်ကလေးနှင့် တစ်တစ်ရစ်ရစ် ချစ်ချင်စရာ ကိုယ်ခန္ဓာပိုင်ရှင် ဖြစ်ပါသည်။ နီတျာတျာ မျက်လုံးတော်ကလေးကလည်း ၀ိုင်းစက်ကြည်လင်နေပါသည်။ ရေကူးတဲ့ ဟန်ကလေးကိုက ကြော့ကြော့ကလေးနှင့် သွက်လက် ဖျတ်လတ်ပြီး တင့်တယ်လှပါသည်။ တင့်လှပေဟန်၊ ဘက်မရံတည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကများ လာသလား လို့ စိတ်မှာ မှတ်ထင်ရပါသည်။

    အဲဒီလောက်တော့ အရုပ်ဆိုးတဲ့ ကျွန်တော်တို့ ငါးနောက်သွား ဘိုးဘေးဘီဘင်များဟာ အဲဒီလောက် ချောလွန်း လှလွန်းတဲ့ လှထွတ်ခေါင် ငါးသိုင်းမယ် ကလေးကိုမှ ရွေးပြီး ချစ်မိပါသတဲ့။ စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ၀ိဇာယတိ... စက္ခုနဲ့ ရူပါရုံ တွေ့ဆုံပေါင်းဖက်မိတဲ့ အခါမှာ ရာဂဆိုတဲ့ သားကလေးကို ဖွားမြင့်တတ်မြဲ ဓမ္မတာမို့၊ တင့်လှပေသော ငါးသိုင်းမယ်ကလေးနဲ့ ရူပါရုံနဲ့ ကျွန်တော်တို့ ငါးနောက်သွား ဘိုးဘေး ဘီဘင်များရဲ့ ရင်တွင်းမှာ ချစ်ခြင်းစိတ်ဓာတ် တဖျတ်ဖျတ် ဖြစ်ပေါ်လာတာဟာဖြင့် အဆန်း မဟုတ်ပါဘူးနော်။ အပြစ်မတင်ထိုက်ပါဘူးနော်။

    ဒါပေမဲ့ လှသလောက် မာနကြီးလှတဲ့၊ အလှဂုဏ်မောက်လှတဲ့ ငါးသိုင်းမယ်ကလေးက တူသလား တန်သလား၊ ကိုယ့်ရုပ်ကိုယ်မှ အားမနာ၊ ရာရာသသ ချစ်စကား ကြိုက်စကား ပြောမှ ပြောရပလေ၊ အုန်းမှုတ် လို အနေအစားက ရွှေဖလားကို တက်လှမ်းလို့ ဖြစ်နိုင်ပါ့မလား၊ ဘော်ငွေနှင့် ခဲမဖြူ၊ ဒါယူနှင့်ကညင်ဆီ၊ ကြေးနီနှင့် မိုးကြိုး၊ ကတိုးနှင့်ကြောင်သို၊ ရှိန်းခိုးနှင့် ဥသျှစ်၊ မြစစ်နှင့် ဖန်စိမ်း၊ တိန်းညက်နှင့် ပိန္နဲ၊ ပုလဲနှင့် ဂေါ်မုဒါ၊ ခပ်ပြာနှင့် ရွှေဝါ၊ ဒုတ္ထာနှင့်နီလာ ၊ မဟူရာနှင့်မီးသွေး၊ ချင်းရွှေနှင့် ပတ္တမြား၊ ယောက်သွားနှင့် ခရုသင်း၊ တွင်းထွက်နှင့် မန္ဒာလီ၊ သီရီမြင်သူ၊ သွင်တူယိုးခိုး၊ ဘုန်းကြီးနဲ့ ဘီကမှ နီးချင်နီးဦးမယ်။ ငါသိုင်းနဲ့ ငါးနောက်သွား နီးဖို့ကတော့ ဖြစ်နိုင်ဖို့ဝေးစွ၊ စိတ်တောင်မှ မကူးဘူးလို့ ကက်ကက်လန် ရန်တွေ့ပြီး ပစ်ပစ်ခါခါ ဆိုလိုက်တော့ ကျွန်တ်ာတို့ ငါးနောက်သွား ဘိုးဘေးဘီဘင်များဟာ ရှက်ရှက်နဲ့ ပက်လက်လှန် ကူးခတ်ပြီး နောက်ဆုတ်ပြန်ခဲ့ရတဲ့အတွက် ငါးနောက်သွားလို့ အမည်တွင် ပါသတဲ့။ အဲဒီအချိန်ကစပြီး အခုထိ ကျွန်တော်တို့တစ်တွေဟာလည်း ပက်လက်သာ ကူးခတ်နေရပါ သတဲ့။

    ဘယ်လောက်ဆိုးတဲ့ အဖြစ်လဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။ ကျွန်တော်တော့ ရင်ထဲမှာ မသက်မသာ နာလွန်းလို့ အော်ဟစ်ပြီးသာ ငိုလိုက်ချင်တော့...။

(၃)

ဟယ် ... သို့သော်လည်း ယောက်ျားဘသား ဘာအားငယ်ရမှာလဲ၊ ချောသလောက် အလှဂုဏ်မောက်နေတဲ့ မယ်ပပဟာ နောက်ဆုံးကျတော့ အရုပ်ဆိုးတဲ့ ကုသရဲ့ ခြေရင်းမှာ ပြားပြားဝပ် ခ စားရတာပဲ မဟုတ်လား၊ ဘုရားလောင်း သူဖုန်းစား မာတင်္ဂကို မတူမတန်သလို 'ထွီ ... ထွမ်'နဲ့ တံတွေး ထွေးရက်တဲ့ သူဌေးသမီး ဒိဋ္ဌမင်္ဂလိကဟာ နောက်ဆုံးတစ်နေ့မှာ 'ထတော်မူပါ မောင်တော်'လို့ ဆိုပြီး ယုယုယယ ပွေ့ထူ ပေးခဲ့ရတာပဲ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ ငါးနောက်သွား ဘိုးဘေးဘီဘင်များရဲ့ ကောင်းမှုကြောင့် ကျွန်တော်တို့အပေါ် တင်ရှိနေတဲ့ ရာဇ၀င်ကြွေးကို ကုသနဲ့ မာတင်္ဂရဲ့ နှလုံးမူပြီး အပြေပေးဆပ်နိုင်အောင် ကျွန်တော်ကြိုးစား မယ်လေ။ တောင်ကြီးဖ၀ါးအောက်၊ လှိုင်းကြီးလှေအောက်တဲ့၊ အလှဂုဏ်မောက်နေတဲ့ ငါးသိုင်းမယ်လေးဟာလည်း တစ်နေ့ကျရင် ကျွန်တော် ငါးနောက်သွား အောက်ကို ရောက်ရစေမပေါ့။

    ကျွန်တော်လည်း အားငယ်တဲ့စိတ်၊ နိမ့်ကျတဲ့စိတ်တွေကို ပယ်ဖျောက်ပစ်လိုက်ပြီး ငါးသိုင်းမယ်ကလေးများ ပျော်မြူးရာ ဌာနကိုသာ မနေမနား လိုက်လံ စုံစမ်းခဲ့တယ်။ သူကလေးတို့ ကျက်စား တတ်တဲ့ နေရာကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ဒိုက်ပင်များ ပေါများရာ ကွင်းပြင်ထဲမှာလို့ စုံစမ်း သိရှိရလေတော့ ကျွန်တော်လည်း ကိုယ်နဲ့နီးစပ်ရာ ကွင်းပြင်ထဲမျာသာ တ၀ဲလည်လည် ရှာဖွေ ခဲ့တယ်။

    ရှာရကျိုးနပ်ပါပြီ။ တစ်နေ့မှာ ဒိုက်ပင်ကလေးတွေကို ၀ိုင်းကိုက်နေတဲ့ ငါးသိုင်းအုပ်ကို ကျွန်တော် တွေ့ခဲ့ရပြီလေ။ ကျွန်တော်လည်းမနီးမဝေးနေရာက ကိုယ်ရောင်ဖျောက်ပြီး တစေ့တစောင်း ချောင်းကြည့်နေခဲ့တယ်။ အချိန်ကတော့ နေမွန်းတည့်အချိန်မို့ တောက်ပတဲ့ နေရောင်အောက်မှာ ကွင်းရေဟာဖြင့် တ၀င်းဝင်း တလက်လက်နဲ့ အရောင်လျှပ်လို့ပေါ့လေ။ ဒါကြောင့်မို့ ဖြူဖြူဖွေးဖွေး ရေဆေးငါး ကိုယ်ကာယပိုင်ရှင် ငါးသိုင်းမယ်ကလေးတွေဟာလည်း နေရောင်ဟပ်ပြီး ၀င်းဝင်းပပနဲ့ အလှကြီး လှနေကြတာပေါ့။ ကျွန်တော်ဖြင့် ကြည့်မ၀ရှုမ၀နဲ့ ရင်ထဲ အသည်းထဲမှာ အေးခနဲ စိမ့်ခနဲ နေအောင် အချစ်နတ် ဖမ်းစားခြင်းကို ခံလိုက်ရတယ်လေ။

    သူကလေးတို့ ငါးသိုင်းအုပ်ဟာ ဒိုက်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးလိုက်သန်းလိုက်နဲ့ ဖျတ်ဖျတ် လတ်လတ် သွားလာလှုပ်ရှား နေပုံကလေးဟာ ရင်သပ်ရှုမော အံ့သြလောက်အောင်ကိုပဲ တင့်တယ် လှပါပေတယ်။ ကူးရင်းသန်းရင်းနဲ့ ငါးသိုင်းမယ်ကလေး တစ်ကောင်ဟာ အုပ်ကွဲပြီး ကျွန်တော့်အနီး ရောက်လာပြီလေ။ ဒါဟာ ကျွန်တော့အဖို့ အခွင့်ကောင်းပေါ့။ စောစောက မိုးလား ကဲလား ကြုံးဝါးထားတဲ့ ကျွန်တော်လည်း တကယ်တန်း စွန့်စားရမယ့်အခါကျတော့ ရင်တွေခုန်ပြီး ကြောက်ရွံ့ နောက်တွန့် နေခဲ့တယ်။

    ဒီလိုသာ ကြောက်ရွံ့ပြီး နောက်တွန့်နေမယ်ဆိုရင် ကြုံလာတဲ့ အခွင့်ကောင်းဟာ လက်လွတ် သွားတော့ မှာမို့ ကျွန်တော်လည်း ရဲဆေးတင်ပြီး ပုန်းကွယ်နေရာမှာ လွပ်လပ်မြူးထူးစွာ ရေကစားနေရှာတဲ့ ပပ၀တီ မင်းသမီး ကလေးဟာ ကြာရွက် ကြားထဲက ဘွားခနဲ ထွက်ပေါ်လာတဲ့ မင်းကုသကို မြင်လိုက်တော့ အလန့်ကြီး လန့်သွားသလို သူကလေးဟာလည်း အသွင်တစ်မျိုးနဲ့ အမြင်ဆိုးလှတဲ့ ကျွန်တော့ကို မမျှော်လင့် ဘဲ တွေ့လိုက်ရတော့ လန့်ဖျပ်ပြီး ကူးပြေးမယ်အကြံ၊ ကျွန်တော်က ကြိုတင်ပြီး သူ့ရှေ့မှ ကာဆီး ထားလိုက်တယ်။ သူကလေးဟာ အပျိုစင် အပျိုရိုင်းကလေးမို့ထင့်၊ ရှက်သွေးရောင်ဖြန်းပြီး ကတုန်ကယင်ကလေး ဖြစ်နေရှာတယ်။ အတော်ကလေး ကြာတော့မှ ဒေါသသံကလေးနဲ့ 'ဘာလာပြီး နှောင့်ယှက် တာလဲ'လို့ ခပ်ထန်ထန်ကလေး မေးလိုက်တယ်။

    'နှောင့်ယှက်တယ်လို့ မထင်လိုက်ပါနဲ့ နှမလေးရယ်၊ မောင်တို့အဖို့ အင်မတန်အရေးကြီးတဲ့ စကားကို ပြောကြားဖို့ စွန့်စားပြီး လာခဲ့ရပါတယ်။ တစ်ဆိတ်ကလေး ပါးဟက်နဲ့မနာ အမြီးဖျားနဲ့ နာတော်မူပါ၊ နှမကလေးများရဲ့ ရက်စက်စွာ ငြင်းပယ်မှုကြောင့် ပက်လက်ကူးခတ်နေရတဲ့ မောင်တို့ရဲ့ အဖြစ်ကို သနားသောအားဖြင့် မောင့်အချစ်ကို လက်ခံပါလား နှမလေးရယ်၊ နှမကလေးကပါ ဆက်လက်ပြီး ငြင်းပယ်မယ်ဆိုရင် ငါးနောက်သွားဆိုတဲ့ အမည်ဆိုးကြီးနဲ့ ပက်လက်ကူးခတ်နေရတဲ့ မောင်တို့ရဲ့ဝဋ်ဟာ ဘယ်တော့ မှ ကျွတ်လွတ်နိုင်မယ် မဟုတ်လို့ သနားချစ်ကလေးတော့ ပြန်ပြီး ချစ်သင့်ပါတယ်'လို့ ကျွန်တော် က အသနားခံလိုက်တယ်။

    သူကလေးဟာ ပိုပြီး ဒေါသထွက်လာသလို ပါးဟက်ကလေးကို ဟ၊ နှုတ်ခမ်းတော်ကလေးကိုလည်း ရှေ့သို့ယွန်းထွက်လာအောင် စူပစ်လိုက်ပြီး 'ဟဲ့ ခွေးကျွေးလို့မှ ၀က်မစားတဲ့ နင့်ရုပ်ကိုလည်း နင်ပြန်ကြည့်ပါဦး၊ အမဲရိုးနယ် ဟင်းအိုးမှ အားမနာ၊ ရာရာသသ ငါကဲ့သို့ သူဇာပျို လှယမင်းကို နင့်လို တာတေလံ အရုပ်ဆိုးတဲ့ သရဲသဘက်ရုပ်မျိုးနဲ့ ဟိုဘ၀ ဒီဘ၀ နောင်ဘ၀ ဘယ်ဘ၀မှ ရနိုင်မှာ မဟုတ်လို့ တော်တန်တိတ် ထပ်လို့ဖြင့် မဆက်နဲ့၊ နားခါးပါတယ်'လို့ ရင့်သိးစွာ ဆိုလိုက်တယ်။

    အရှက် ဆိုတာ ကျွန်တော့်မှာလည်း ရှိပါတယ်။ သည်လို ရင့်ရင့်သီးသီး အဆိုခံရတော့ ကျွန်တော်လည်း ရှက်နာကြီး ဖြစ်မိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ရှက်ရမ်း ရမ်းတော့မယ်လေ။ အနုနဲ့ မရရင် အကြမ်း ဖက်ပြီး ကြံရမှာပေါ့၊ ပြောနေ ကြာရော့မယ်၊ မာနကြီးလှတဲ့ မိငါးသိုင်းကို ခုမဆိုင်း အရကြံမှာမို့၊ ရွာစား ... ပတ်ကြမ်း တိုက်လို့ ပို့တော်မူစမ်း။
    ကျွန်တောလည်း စိတ်လိုက်မာန်ပါ ငါးသိုင်းမယ်ကလေးနဲ့ ကိုယ်လုံးချင်း ပူးကပ်သွား သည့်တိုင် ချဉ်းကပ်တော့မည်အလုပ်၊ ရုတ်တရက် ငါးသိုင်းအုပ်နဲ့ ငါးကြင်း အုပ်ဟာ ကျွန်တော်တို့ အနီးကို ၀န်းရံပြီး ရောက်လာတယ်။ လှပတင့်တယ်တဲ့ ဥဒေါင်းများ ရဲ့အလယ် မဖွယ်မရာ ရောက်ရှိနေတဲ့ ကျိးသူငယ်လို ကျွန်တော့်မှာလည်း ငါးကြင်း ငါးသိုင်းများရဲ့ အလယ်မှာ မျက်စိသူငယ်နှင့် ရှက်ကြောက် အားငယ် နေမိတာပေါ့။

    အခုန ငါးသိုင်းမယ် မချောကလေးဟာလည်း ထည်ဝါခံ့ညားစွာ ကြည့်နေကြတဲ့ ငါးကြင်းအုပ်ထဲ ၀င်ရောက်ပြီး ကျွန်တော်အကြောင်းကို တိုင်တန်း ပြောဆိုလိုက်တယ်။ ဒီတော့ ငါးကြင်းတစ်ကောင်က ကျွန်တော့ အနားကို ဆောင့်ကြွားကြွားလာရောက်ပြီး 'ဟေ့ကောင်... ငါးသိုင်းမယ်ဟာ ငါးကြင်းမောင်ရဲ့ မူပိုင်လုပ်ပြီး အချစ်ဆိုတာ မသိဘူးလား၊ ငါးကြင်းနဲ့ ငါးသိုင်းဟာ နေနဲ့လ ရွှေနဲ့မြလို ရှေ့သွား နောက်လိုက် ညီတဲ့ မောင်နှံစုံ ဖြစ်တယ်ဆိုတာ မင်းမြဲမြဲကြီး မှတ်ထား ပြီး ခု ထါက်သါားလိုက်ပါ၊ ခွေးမသား ဘိန်းစားရုပ် ... နောင်တစ်ခါ ၀င်ရှုပ်ရင် နားရင်းအုပ် ခံရမယ်'လို့ တည်တည်ခံ့ခံ့ ဘာကိုမျှ ပမာမခန့်တဲ့ အမူအရာမျိုးနဲ့ ကြိမ်းဝါး လိုက်တယ်။

    ကျွန်တော် တော့ သေပစ်ချင်လောက်အောင် ရှက်လည်းရှက်၊ ၀မ်းလည်းနည်းလှ တာနှင့် နောင်တော့် နောင်တော် ငါးနောက်သွားများလိုပဲ ပက်လက်ကလေး ကူးခတ်ပြီး နောက်ဆုတ်ပြန်ခဲ့ရပြီလေ။
    သြော် ... စိမ်းရက်ပေ့ ငါးသိုင်းမေရယ်၊ မောင့်ကို သေစေ... ညွှန်း ... ညွှန်း ... ညွှန်းရော့... သလား။

(၄)

ကျွန်တော့်မှာ မျှော်လင့်ချက် လုံးဝ ကင်းမဲ့ခဲ့ပြီ။ ငါးပြည်မျာ အသက်ရှင်နေလို့လည်း မကောင်းတော့ပါ။ သည်မျှလောက် အောက်တန်းကျလှတဲ့ ငါးနောက်သွားဘ၀ကို ဇာတ်သိမ်းပစ်လိုက်ဖို့ ကောင်းနေပါပြီ။ ဒါပေမဲ့  သေကံမရောက်သေးတော့ ကျွန်တော်တို့ အသက်ဟာလည်း မပျောက်သေးပါ။

    အခုတော့ ကျွန်တော်တို့ရဲ့ အရှက်တကွဲ အကျိုးနည်း ဇာတ်လမ်းကို လူတွေတောင် သိကုန်ပါပြီ။ စာဆိုတော်ကြီတွေကလည်း မနေနိုင် မထိုင်နိုင်၊ အားတိုင်း ယားတိုင်း လက်ကမြင်းပြိး ကျွန်တော်တို့ကို လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ မယုံမရှိကြပါနှင့်၊ ဘကြီးတော် သို့မဟုတ် ရွှေဘိုမင်းလက်ထက်မှာ ရေးတဲ့ စာဆိုတော် ဦးလွမ်းပြေရဲ့ "တောင်သမန်အင်းဘွဲ့ လှိုင်းကြက်ခွပ်ကြိုး"ကိုသာ အောက်မှာ တစ်ဆိတ် ကလေး ဖတ်ကြည့်ကြပါတော့။

    "မင်းလွင်မင်းလွင် မှိုင်းအုံ့၊ လေပြေလေညင်း သုံ့ပါလို့လေး၊ ကဆုန်နယုန့် သည်ချိန်ခါ၊ ပြည်ကြီးညာလက်ျာ၊ သောင်းယူဇနာကျယ်ဝန်း၊ တောင်သမန်တည့် အင်း၊ မြစ်ချင်းမြစ်ချင်း ငါးဟင်းငန်၊ လှိုင်းတဲ့လှိုင်းသောင်လျှံ၊ ငါးတန် ငါးတန်၊ ငါးခုံးမ၊ ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စ ငယ်လေ များလျား၊ ငါးနောက် ငါနောက်သွား၊ ကမ်းနားခိုမျှ ပြိုကြလေ၊ ထမြူလေ မုန်တိုင်း၊ တံပိုးပင်လယ်လှိုင်း၊ အပြိုင်ပြိုင်၊ ဂလိုင်ညီညွတ်၊ လှိုင်းပင် လှိုင်းကြက်ခွပ်ကယ်နှင့်လေး၊ လေနတ်ကယ် ရွှင်ပျော်မြူးလို့လေ၊ ခွေညွတ်ကယ် မြင်သူမူးမျှလေ ... ထူးထွေလာလေတည့် ထူးထွေလာ"

    ကဲ ... ကောင်းနိုင်ကြသေးရဲ့လား ဗျာတို့။ "ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စငယ်လေ များလျား၊ ငါးနောက် ငါးနောက်သွား"တဲ့။ ဒါဟာ ကျွန်တော်တို့ကို တိုက်ရိုက်လှောင်လိုက်တဲ့ အပိုဒ်ပေါ့ ခင်ဗျ။ ငါးလူးငါးလဲ ဆိုတာ အထက်အညာသုံးဝေါဟာရပါပဲ။ အောက်အရပ်မှာတာ့ ငါးလူးကို ငါးကြင်းစောက်လို့ ခေါ်ပါတယ်။ ငါးလဲကို ငါးသိုင်းပေါက်လို့ ခေါ်ပါတယ်။ ဒီတော့ "ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စငယ်လေ များလျား၊ ငါးနောက် ငါးနောက်သွားရဲ့"ဆိုတာ ငါးသိုင်းမယ် ကလေးကို ဇနီးမတော်လိုကရတဲ့ ကျွန်တော်တို့ ငါးနောက်သွားရဲ့ အဖြစ်ဆိုးကို လှောင်ပြောင် ထားတဲ့ စာပိုဒ်ဖြစ်ကြောင်း ထင်ရှားမနေပေဘူလား။ သြော် ... လှောင်ရက်ပေ့ ဦးလွမ်းပြေရယ်။
    "ငါးလူးသမီး၊ ငါးလဲကြီးငယ်ကို၊ ဇနီးမတော်ရတည့်လေး၊ မှင်စငယ်လေများလျား၊ ငါးနောက် ငါးနောက်သွား"တဲ့။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, July 29, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၈)


 
မန္တလေးသား တွေက အစုံ စားတယ်.. အခုလို မိုးတွင်းဆို ဖားသားတွေ ပေါပြီ... ကျနော်တို့ အိမ်နား က မင်္ဂလာ ဈေးထဲမှာ တောတန်း လေး ဆိုတာ သီးသန့်ရှိတယ် အရင် တုန်းက ပါ.. ဈေးသစ် မဆောက်ခင် ကပေါ့... အဲဒီ ဈေးတန်းထဲမှာ တောစာ လေးတွေ ရတယ် .. လယ်ပုဇွန်လုံး လတ်လတ် လေးတွေ တချို့ဆို တွားတောင် သွားနေသေးတယ်... နောက်တခါ ... စားဖားတွေ ... ငါးရံလုံးလေးတွေ ... လယ်ငါးခူပေါက် လေး တွေ .... ကန်စွန်းရွက် နဲ့ ချဉ်ရေ ကြိုရင်ကြို ဒါမှ မဟုတ် အကောင်လိုက် ကျွပ်နေအောင်ကြော် ကောင်းမှ ကောင်း....။

နောက် အသီး အနှံ လေးတွေ ကလည်း ဆန်းဆန်းပြားပြား ...... မိုးဦးကျ မှ ပေါ်လာတဲ့ ပေါ်ဦးပေါ်ဖျား မှို နဲ့ အင်ဥလေး တွေလည်း  တွေ့ရတယ်.. လယ်ကန်စွန်း သင်ပြီးသားလေးတွေ .. ဇရစ်ရိုး ..ဂုံမင်း .. မျှစ်.. ဋကောက်.. မကျီးသီးစိမ်းနုနုလေး တွေ နဲ့ တခြား အရွက် တွေ အသီးတွေ လည်း တွေ့ပါ.. အင်း ဒါမျိုးကြ ရွှေစင်ဦး ကသိပ်မကျွမ်းဘူး....။

သြ ... ကျနော် က ဖားတို့ ဘာတို့ တော့ မစားရဲဘူး မောင်လေး တွေ နဲ့ မေမေ စားတယ်... ဒါပေမဲ့ မေမေ လက်ရာ ဖားကျွပ်ကျွပ် ကြော် လေးတွေ ဆိုရင်တော့ နဲနဲ ပါးပါး စားပါတယ်...၊ တနေ့ ကတောင် အိမ်ရောက်သွားလို့ မေမေ က ဖားသားချက် အကြောင်းပြောလိုက်သေးတယ်... ဖားသားဆူဆူ တွေ ကို ကလီစာ တွေ ထုတ်ပြီး အရေ မစုတ် ပဲ နဲ့ ဆီပြန်ငရုပ်သီးစပ်စပ်ချက်... ချခါ နီးတော့ မန်ကျီးရွက် နုနု ကလေး အုပ်လိုက် ရင် စားလို့ သိပ်ကောင်း တယ် ပြောလို့ တံထွေးတောင် မျိုချရသေး.... ။

ကျနော် တို့ အိမ်က မန်ကျီးပင် သက်ကြီးပု လေးတွေ က အမြဲတန်း မန်ကျီးရွက်နု ရတယ်.... အခုတော့ အဲဒီ အပင်ပုလေးတွေ မရှိတော့ပါဘူးဗျာ.. ခုတ်တဲ့ထဲ ပါသွားပါပြီ..... အပင်တွေ အတွက် နေရာ မပေးနိုင် လောက် အောင် ကို မြေနေရာတွေက ရှားပါး လာတော့ အပင်တွေ လည်း ဘဝပြောင်း ကုန်ကြ ရော....  ။

နောက်တခါ ငှက်သား .. ငုံး .. ဂျိုး .. ဇရက်... စာကလေး တို့ များဆို ပေါမှပေါ...  စာကလေး များဆို အကုန် အမွှေးနှုတ်ပြီး ဒုတ်တံလေး နဲ့ ၁ဝကောင် တချောင်း ထိုးထားတာ .. အဲဒါလေးတွေ ကျွပ်ကျွပ်ကြော်ပြီး ဂျင်း ကြက်သွန်ဖြူ လေး အုပ်လိုက်ရင် မွှေးနေတာဘဲ.... အဲဒါကြောင့် လည်း ဒေါ်ပတ္တမြားခင် ရေးတဲ့ ဆောင်းပါးထဲ မှာ မန္တလေး က အစားအစာ တွေ အကြောင်းပြောတဲ့ အထဲမှာ ဒီငှက်ကလေး တွေ ကို စားတယ် ပြောတော့ နိုင်ငံခြားသား တွေက မင်းတို့ တတွေက ဒီလောက် ချစ်စရာကောင်း တဲ့  အပြစ်ကင်း တဲ့  ငှက်ကလေး တွေ ကို စားရသလား လို့မေးတယ် တဲ့ ... ။

အင်း အခုလည်း မင်းတို့ မန္တလေး သူတွေ ဒီလောက် အစားကြမ်းကြ သလား မေးနေကြ အုန်းမယ် .. စားကြ တာပါဘဲ ... ဆောင်းတွင်း များဆို ရင် ပုရစ်ကြော် များဆို စားလို့ ကို မဝဘူး... ဓလေ့ပေါ့လေ .. အားလုံး စားကြတာကိုး ပုရစ်ပေါ်ချိန်များဆို ၇၃လမ်း တလျှောက် ပုရစ် ကြော်နံ တွေ ကိုမွှေးလို့... ဆိုက်ကားဆရာ ကလည်း ဆိုက်ကား ရပ်ဝယ်သလို... ကားပေါ်က လည်း ဆင်းဝယ်တာဘဲ.. ဟော ဆိုင်ကယ် နဲ့ သမီး ရီးစား စုံတွဲ တွေကရော မဝယ်ဘဲ မနေကြပေါင်ဗျာ.... တမြို့လုံး ကြိုက်ကြတယ်...။

ကျနော်များဆိုရင် ပုရစ် ဆို ဥလေး တွေနဲ့ အမ မှကြိုက်တာ... နောက် တော့ ဒဂုန်ခင်ခင်လေး ဖတ်ရင်း နဲ့ ရှေး က ဘုရင်တွေ လက်ထက်မှာ ပုရစ်ဥပြောင်းကြော် ဆိုတာ ရှိတယ်တဲ့ နန်းတွင်း ထဲမှာ စားတာပေါ့လေ... ပုရစ်မှာ အထီး နဲ့ အမ ရှိတယ်... အထီးက အကောင်ပိုကြီးတယ် .. ဖမ်း မိတဲ့ အခါ အဂါၤစုံတယ်... အမ က အကောင် သေးတယ် ဖမ်းမိတဲ့ အခါ..  အင်္ဂါမစုံတာများတယ်... ဒါပေမဲ့ ဥ တွေက အပြည့် အဲဒီ ဥလေး တွေက စားကောင်းတာ... အကောင်လည်း လှ စားလည်း ကောင်းအောင်... အမထဲက ဥ ကို အထီး ထဲ ပြောင်းထဲ့ ပြီး ဂျင်း ကြက်သွန်ဖြူ နဲ့ ကြော်တာပေါ့ လေ .. အဲဒါကို ဥပြောင်းကြော် တဲ့.. အင်း ဒို့မြန်မာ တွေလည်း ကိုရီးယား ကားတွေ ထဲက စားတော်ကဲ တွေ နဲ့ ယှဉ် နိုင်သားဟလို့ တွေးမိပါရဲ့...။

ဘာရေးရမှန်း မသိလို့... ဟိုရောက်.. ဒီရောက် ရေးလိုက်တာပါ... အညာဟင်း လေးတွေ ချက်ဘို့ရာ က လည်း ရွှေစင်ဦး က ပျင်းပျင်း နဲ့ ..... အင်း....  စောင့်စားတဲ့သူတွေ တော့ သနားပါ့ဗျာ...။

သြ.. ဒါနဲ့ အပေါ်က ဟာ အမြီး လုပ်မလို့လားလို့ အထင်မလွဲလိုက်နဲ့အုန်း... ရွှေစင်ဦး လေး မှာ ပျင်းဖို့ အချိန် မရှိအောင် ကို အလုပ်ရှုတ်နေပါသေးတယ် ...နောက်မှ နောက်မှ အတိုးနဲ့....... အခုတော့ ညီမ ချော ရဲ့ ရေနွေးကြမ်း .... လသာညရဲ့ ကော်ဖီ ...... ဝေဖန်ရေး သမားတွေ အရက် နဲ့  စိမ်သောက်ဖို့  ရယ် (ဂျူး လိုများ နာမည်ကြီး မလား လို့)  ရှိတာလေး... ကောက်ထည့် ပေးလိုက်ပါတယ်....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

ငှက်ပုံလေး၊ပုဇွန်ပုံလေးတွေကို ဂူးဂဲလ် ကယူတယ်... ကျန်တာတော့ ရွှေစင်ဦး လက်ရာပုံလေးတွေပါ..
.
>>>ဆက်ဖတ်ရန်>>> >>

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၃)

ဘဝအဖော်
စာရေးသူ - သတင်းထောက်တဦး

ဂျာနယ်ကျော် ဦးချစ်မောင်ကွယ်လွန်ပြီးသည့်နောက် ၁၃နှစ်တိုင်တိုင် အိမ်ထောင်မပြု ဘ၀အဖော်မရှိဘဲ တစ်ကိုယ်တည်း မုဆိုးမအဖြစ် တာဝန်များ တပင်တပန်း ထမ်းဆောင်နေခဲ့သော နိုင်ငံကျော် စာရေး ဆရာမကြီး ဂျာနယ်ကျော်မမလေးသည် ဘ၀ခရီးတွင် တစ်ဦးထဲမသွားဘဲ အဖော်နှင့်သွားရန် တိုက်တွန်း တောင်းဆို သော ကိုစံလွင်ခေါ် ကိုအောင်ဇေယျကို ဘ၀အပေါင်းအဖော်(ငါ) ကြင်ယာလောင်း အဖြစ် လက်ခံကာ လက်ထပ်ရန် သဘောတူ လိုက်လေပြီ။

ဤသတင်း အစွန်းအစထွက်လာသည်နှင့် ကျွန်ုပ်တို့ အထူးသင်တင်းထောက်သည် ဂျာနယ်ကျော်မမလေး နေထိုင်ရာ ပြည်လမ်းအမှတ် ၂၇၅ (ဘီ)နေအိမ်သို့ သွားရောက်စုံစမ်းရာတွင် ဂျာနယ်ကျော်ဒေါ်မမလေးနှင့် ကြင်ယာလောင်း ကိုစံလွင်ခေါ် ကိုအောင်ဇေယျကိုပါ အဆင်သင့်ပင် အတူတကွ တွေ့ဆုံရတော့၏။

ခရီးရောက်မဆိုက် အထက်ပါအတိုင်း သတင်းကြားသိရသဖြင့် မှန်မမှန် ဂျာနယ်ကျော်ဒေါ်မမလေး အား ကျွန်ုပ်တို့ အထူး သတင်းထောက်က မေးမြန်းတော့ရာ ဒေါ်မမလေးက ဤသတင်းမှန်ကြောင်း အတည်ပြု လိုက်လေသည်။ ဆက်လက်၍ ဒေါ်မမလေးက "ဦးချစ်မောင်နှင့် ယူစဉ်က သတ္တိရှိရှိနှင့် ဆုံးဖြတ် ချက် ချခဲ့သလို ယခုတစ်ကြိမ်လည်း သာမန်ဆုံးဖြတ်ချက်မဟုတ်ဘဲ သတ္တိရှိရှိနှင့် ဆုံးဖြတ်ရတော့တာဘဲ....." ကျွန်ုပ်တို့ က အထူးသတင်းထောက်အား ပြောပြလေသည်။

ကိုစံလွင်ခေါ် ကိုအောင်ဇေယျမှာ ဂျာနယ်ကျော်မမလေး ရေးသားခဲ့သော "၁၀ နှစ်ဆောင်းပါး" ဖတ်မိသည် မှ စ၍ စိတ်ထိခိုက်လျက် ဤဆောင်းပါးနှင့် အကြောင်းပြု၍ လူချင်းသိကျွမ်းကြသည်။ ဂျာနယ်ကျော် မမလေး အပေါ်၌ သာမန်မေတ္တာနှင့်မဟုတ်ဘဲ လေးစားကြည်ညိုခြင်းပါ ပေါင်းစပ်ကာ ရှေ့အနာဂတ်ဘ၀တွင် တစ်ယောက် တည်း မနေဘဲ အဖော်အဖြစ် လိုက်ပါရစေဟု တိုက်တွန်းတောင်းဆိုသူ ဖြစ်သည်။

ဒေါ်မမလေးကလည်း ကိုအောင်ဇေယျ၏ မေတ္တာရင့်သန်းမှုကို ယုံကြည်စိတ်ချပြီး အထက်ပါအတိုင်း ဘ၀အဖော် အဖြစ် လက်ထပ်ရန် သဘောတူလိုက်ခြင်းဖြစ်လေသည်။
ယခု လာမည့် မေလ၁၆ရက်နေ့တွင် ပြည်လမ်းရှိ ဂျာနယ်ကျော်မမလေးနေအိမ်၌ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ လွှတ်တော် ဥက္ကဌကြီး ဦးတင်နှင့်ဇနီး၊ ဆရာဦးသိန်းဟိန်(ဇော်ဂျီ)နှင့် ဇနီး၊ ဗိုလ်လကျာ် နှင့် ဇနီး စသော လူကြီးစုံရာရှေ့တွင် နံနက် ၈နာရီ၌ လက်ထပ်ကြကာ ညနေပိုင်း၌ ဗိုလ်လက်ျာ၏ အိမ်ရှေ့ ပန်းခြံထဲ ၌ ကွယ်လွန်သူ ဂျာနယ်ကျော်ဦးချစ်မောင်၏ မိတ်ဆွေရင်းချာများကို ညစာ စားပွဲ တည်ခင်း ကျွေးမွေးပြီး ဂျာနယ်ကျော်မမလေးနှင့် ကိုအောင်ဇေယျတို့ကို ဘာ့ကြောင့် လက်ထပ်ပေးရသည့်အကြောင်း ရှင်းလင်းလျက် ဦးချစ်မောင်၏ မိတ်ဆွေရင်းချာများနှင့် မိတ်ဆက်ပေးရန် အစီအစဉ်များ ပြုလုပ် စီစဉ်ပြီးကြောင်း သိရှိရလေသည်။ ဤအစီအစဉ်များကို ဗိုလ်လကျာ်က ကမကထပြုလုပ်လျက် ရှိသည်။

ဒေါ်မမလေးနှင့်အတူ တွေ့ခဲ့ရသော ကိုစံလွင်ခေါ် ကိုအောင်ဇေယျအား ၄င်း၏ ခံစားချက်နှင့် အမြင်ကို ကျွန်ုပ် တို့ အထူးသတင်းထောက်က မေးမြန်းကြည့်သည်တွင် ၄င်းက "ကျွန်တော် အင်မတန် လေးစား ကြည်ညို တဲ့ ဦးချစ်မောင်ရဲ့ မိသားတစ်စုထဲကို ရောက်ရတော့မည့် ကျွန်တော့အတွက် ဒီကိစ္စလွယ်လွယ်နဲ့ ဖြစ်တယ် လို့တော့ မမှတ်ပါနဲ့ လေးလေးနက်နက် ပြန်လည်ဖြေကြားလေသည်။

ကိုစံလွင် သည် အချစ်စာမေးပွဲကြီး မအောင်ခင်တစ်ပတ်လောက်က ဥပစာတန်း စာမေးပွဲကို အောင်မြင်ခဲ့ သေးသည်။ ဂျာနယ်ကျော်မမလေးက ရှုမ၀တွင် ပြည်ရွှေဘို ဆောင်းပါးဖြင့် ကိုအောင်ဇေယျဟု နာမည်ပေး ခဲ့သည်ကို အစွဲပြု၍ ကိုစံလွင်က ကလောင်နာမည် အောင်ဇေယျ ပုံစံယူလိုက်ခြင်းဖြစ်သည်။ ကိုစံလွင်သည် ကွန်မြူနစ် အဖြစ် ၉နှစ်လောက်တော့ ရှိခဲ့ပြီ။ ဆိုင်ရာမှ ဖမ်းဆီးမိပြီး ရွှေဘိုထောင်တွင် တစ်နှစ်ကျော် အချုပ် ခံရဖူးသည်။ ထောင်တွင်း၌ ဂျာနယ်ကျော်မမလေးရေး ၁ဝနှစ် အမည် ဆောင်းပါးကို ဖတ်မိရာမှ စွဲလန်းမိပြီး ဆိုင်ရာမှ ၄င်းလက်နက်ချသဖြင့် ထောင်မှလွှတ်လိုက်သောအခါ ဂျာနယ်ကျော်မမလေးကို သွားရောက် တွေ့ဆုံခြင်းဖြစ်သည်။

စာရေးသူ - သတင်းထောက်တဦး
.
>>>ဆက်ဖတ်ရန်>>> >>

ကြယ်နီ အပိုင်း (၁၇)

'အဲဒီလောက်နဲ့ မလုံလောက်သေးလို့ ထပ်ပြီး အကိုးအကားနဲ့ ရှင်းပြစမ်းပါလို့ ဆိုရင်လည်း အဲဒီ သံဝေဂပျို့ ကပဲ အပိုဒ် ၃၆ ကို ထုတ်နုတ်ကိုးကားရွတ်ဆိုပြရသေးတာပေါ့ဗျာ။ "မိစ္ဆာယူမှား၊ အလားလားနှင့်၊ လေးပါး ပါယ်ဝ လူ့ဗာလတို့၊ ကြံဆကောင်းစွာ မာယာလျည့်ဖျား၊ လူ့ငနွားတို့၊ မယားထွေထွေ၊ သံခြေ ညင်းညင်း၊ နားချိုသွင်း၍၊ မောင်မင်းနှင့်ငါ၊ ချစ်ကြပါငြား၊ တို့အကြောင်းတွင်၊ နှစ်ပါးမလို၊ မကြည်ညိုအောင်၊ တို့ကို ဖျက်ဆီး၊ ရှင်နတ်ကြီးအား ခင်းနှီးကော်ဇော၊ အုန်းငှက်ပျောနှင့်၊ မနောလင်ပန်း၊ မခန်းခန်းဖြင့်၊ ပွဲလမ်း ကျင်းပ၊ ပူဇော်သလျှင်၊ နှမလည်းချစ်၊ မောင်လည်းချစ်၏၊

ငုပ်နစ်ကျွမ်းလောင်၊ ပေါင်းရအောင်လျှင်၊ လက်ဆောင်စကား၊ ပြောပေငြားသော်၊ ချစ်အားကြီးစွာ၊ ကိလေသာ ကို၊ မြိန်စွာမက်မော၊ တဏှာဇောလည်း၊ ဖြောဖြောအင်ခြိုက်၊ လူငမိုက်က၊ အကြိုက်နှင့်ကြုံ၊ ကိုယ်လုံး ထုံ၍၊ အယုံတရား၊ ရှိပေငြား၍၊ မယားယုတ်မာ၊ နတ်မိစ္ဆာကို၊ မေတ္တာချစ်ခင်၊ ရှိသည့်အင်နှင့်၊ သူ့လင် အိမ်သွေး၊ အထွေးထွေးဖြင့်၊ ပါယ်လေးဝဘောင်၊ လိုက်၍မြှောင်သည်၊ လက်ဆောင်အများ၊ နတ်ကနား နှင့်၊ သစ်ဝါးအသင့်၊ စင်နိမ့်မြင့်နှင့်၊ လိုသင့်လိုရာ၊ ငွေသပြာကို၊ များစွာထုတ်ပိုး၊ ဆယ်ဆုံဖြိုးမှ၊ တိုး၍ ချစ်ပါ၊ ဆုပန်ကာနှင့်၊ ရတနာသုံးဦး၊ မြတ်ကျေးဇူးကို၊ မကူးစိတ်မှာ၊ ရှင်းရှင်းခွာ၍၊ မောဟာကတိ၊ ကိုယ်လုံး ငြိလျက်၊ မရှိတရား၊ အမှားမှားနှင့်၊ မီးပွားမီးပူ၊ ရန်သူနှိပ်စက်၊ ခံစားလျက်နှင့်၊ ဖိုလ်မဂ်ရှစ်တန်၊ မဆန်စုန်ဆင်း၊ ခန္ဓာကင်းသည်။  ။ ပြည်မင်းပါယ်ဝ ရပ်သာတည်း"တဲ့။

ရှင်းရှင်းကလေးဗျနော်၊ ရှင်းရှင်းကလေး။ အိမ်က မယားတွေက သံခြေညင်းညင်း နားချိုသွင်းပြီးတော့ မောင်မင်းနှင့်ငါ ချစ်ကြပါတဲ့။ တို့အကြားမှာ နှစ်ပါးမလို မကြည်ညိုအောင် တို့ကို ဖျက်ဆီးနေတဲ့ ရှင်နတ်ကြီးအား ခင်နှီးကော်ဇော အုန်းငှက်ပျော စသည်များနဲ့ မနောလင်ပန်း အခန်းခန်းနဲ့ ပွဲလမ်းကျင်းပ ပူဇော်ပသမှသာလျှင် နှမလည်းချစ် မောင်လည်းချစ်ပြီး စိတ်ချလက်ချ ချစ်ခင်ပေါင်းသင်းရမယ် အစရှိသဖြင့် ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လူငမိုက်တွေက ပစ်ယုံလိုက်ပြီး နတ်ကနားကို သစ်ဝါးအသင့် စင်နိမ့်မြင့်နဲ့ ဆောက်လုပ်၊ လိုသင့်လိုရာ ငွေသပြာများကို များစွာထုပ်ပိုးကာ လက်ဆယ်စုံ ထိပ်မှာမိုးပြီး တိုး၍ ချစ်ကြပါစေလို့ ဆုများတောင်းပန်လိုက်ကြသေးတယ် မဟုတ်လား။ အဲဒါ အပါယ်သွားမယ့် တစ်လမ်းသွား အလုပ်တွေဗျ'

ဦးပဉ္စင်းသည် အတော်ကလေး ဟောပြောလိုက်ရ၍ အာခြောက်သွားဟန်ဖြင့် ကိုဒေါင်းစိန် ထံမှ ရေတစ်ခွက် တောင်းသောက်ပြီးနောက် သူ့စကားကို ဆက်ပြန်၏။
'အဲဒီနတ်တွေနဲ့ ပတ်သက်ပြီး အရှင်မဟာသီလ၀ံသနဲ့ တစ်ခေတ်တည်းပေါ်တဲ့ အင်းဝ ခေတ်စာဆို အရှင်မဟာရဋ္ဌသာရရဲ့ အာဘော်ကို သိချင်သေးသပဆိုရင်လည်း ၈၅၆ ခုနှစ်မှာ ရေးစပ်တဲ့ ဘူရိဒတ် ဇာတ်ပေါင်းပျို့ထဲက ကောက်နုတ်ပြီး ရွတ်ဆိုပြရသေးတာပေါ့။ အဲဒီ ဇာတ်ပေါင်းပျို့၊ "လူတို့လုံ့လ"အစချီတဲ့ အပိုဒ်မှာ "တချို့သသူ၊ အမိုက်လူကား၊ အယူမှားချွတ်၊ မီးကိုနတ်ဟု၊ အမှတ်တရ၊ ရိုညွတ်ခ၏"တဲ့။ တချို့ လူမိုက် တွေကတော့ အယူလွဲမှားပြီး မီးကိုနတ်ဟု၊ အမှတ်တရ၊ ရိုသေကိုင်းညွတ် ခယပူဖော်ကြတယ်တဲ့။ "တောစတောင်ခြေ၊ နေသည်တစ်စု၊ မိလက္ခုကား၊ အမ္ဗုအာပေါ်၊ မယောတောယ၊ ကံဒကနှင့်၊ ၀ါလ၀ါရိ၊ အစရှိသား၊ အဘိဓာန၊ နာမအများ၊ ဝေါဟာပြားသည်၊ ရေအားဒေ၀၊ မှတ်ကုန်ကြ၏"တဲ့။'

' တောစ တောင်ခြေမှာနေတဲ့ မိလက္ခု (မိလက္ခုဆိုတာ တောင်သူပေါ့ဗျာ) အဲဒီ တောင်သူ တစ်စု ကတော့ အမ္ဗုတဲ့၊ အာပေါတဲ့၊ ပယောတဲ့၊ တောယတဲ့၊ ကံတဲ့၊ ဒကတဲ့၊ ၀ါလတဲ့၊ ၀ါရိတဲ့ ... အစရှိတဲ့ အဘိဓာန်ထဲက ရေဟောပရိယာယ် ၁၅ ပုဒ်ထဲက ရေကိုပဲ နတ်ရယ်လို့ မှတ်ယူထားကြတယ်တဲ့။ ' ထိုမှတစ်ပါး၊ နတ်ဝင်များမူ၊ ထင်ရှားသသူ၊ သေသောဟူက၊ အယူမလွဲ၊ နတ်ဖြစ်မြဲဟု၊ ၀မ်းထဲ ပြတ်ပြတ်၊ မှတ်သိရကား၊ ဘူးကရားနှင့်၊ မှန်းထားမြည်ရည်၊ နတ်အိမ်တည်၍၊ အကြည်အညို၊ နတ် ကိုချည်းသာ၊ လုံးပန်းရှာ၏' တဲ့။

' အဲ နတ်ဝင်တွေကတော့ ထင်ရှားတဲ့လူတွေ သေရင် အယူမလွဲ နတ်သာလျှင် ဖြစ်မြဲလို့ တရားသေ စွဲမှတ်ထားကြတဲ့အတွက် နတ်အိမ်တည်ပြီး အကြည်အညို နတ်ကိုချည်းသာ လုံးပန်းကြရှာတယ် တဲ့။ ' ရတနာသုံးပါး၊ အမြတ်အားမူ၊ များများမယုံ၊ အာရုံနှောင့်နှေး၊ နှစ်ခတွေးလျက်၊ နာရေးဖျားတာ၊ ရောက်သော ခါလည်း၊ ကြမ္မာဘုံဟောင်း၊ အိမ်မကောင်းကို၊ မြဲကြောင်းပင့်ကူ၊ ထောက်တိုဟူသား၊ အလှူသီတင်း၊ ဆည်းပူးခြင်းကို၊ စင်းစင်းမပြု၊ နတ်မှုစုန်းရယ်၊ အကယ်ကယ်သို့၊ ရယ်ဖွယ်အိုးကြီး၊ မရှက်သီးဘဲ၊ ကနားပွဲနှင့်၊ ၀တ်လဲဖြူနီ၊ ပန်းသီးပန်းနှစ်၊ ဆင်ကာ ရစ်လျက်၊ လက်နှစ်လက်ဝန်း၊ တဖျင်သန်းတည့်၊ သွန်းမှန်မသိ၊ မျက်စိသံလည်း နတ်ရှုံးသည်ဟု၊ မတည်မတံ့၊ လွင့်ပျံ့နှလုံး၊ သူမိုက်ထုံးလည်း၊ စွဲသုံးလေ့လာ၊ မကျင့်ရာသည်၊ မိစ္စာ ယောင်ယိယောင်ယမ်းတည်း' တဲ့။

' ရတနာသုံးပါးကိုတော့ များများမယုံ၊ ချော်တွေး ငေါ့တွေး နှစ်ခွတွေးပြီး နာရေးဖျားတာ ရောက်တဲ့ အခါမှာ ဆိုရင်လည်း ကုသိုလ်ကံအကျိုးကို ဆက်ပေးတဲ့ သဘောနဲ့ အလှူသီတင်း ဆည်းပူးခြင်းကို တော့ စင်းစင်းမပြု၊ နတ်လိုလို စုန်းလိုလိုနဲ့ ရူးမိုက်တဲ့ အလေ့အလာ အပြုအမူတွေကို မကျင့်ရဘူးတဲ့၊ ဒါတွေဟာ ယောင်ကန်းကန်း မိစ္ဆာအလုပ်တွေပါပဲတဲ့။ အဲဒီစာဆို အရှင်နှစ်ပါးရဲ့ ပျို့ ကဗျာ သုံးပိုဒ်နဲ့ပဲ နတ်ကိုးကွယ် ယုံကြည်မှုဟာ အပါယ်သွားမယ့် မိစ္ဆာအယူဖြစ်ကြောင်း ထင်ရှားပြီး ဖြစ်လို့ ကျုပ်က ထပ်မံပြီး ပြောပြဖို့ လိုပါသေးသလား
ဦးပဉ္စင်းကား သူ ပြဆိုခဲ့သော အကိုးအကား အထောက်အထားများမှာ နတ်ကိုးကွယ် ယုံကြည်မှု၏ အကောင်း အဆိုးကို ပြတ်ပြတ်သားသား ဝေဖန်ပိုင်းခြားနိုင်လောက်သည်အထိ ပြည့်စုံလုံလောက်ခြင်း ရှိပြီဟု ယူဆကာ သူ့တရားကို နိဂုံးချုပ်လိုက်လေပြီ။ ဤတွင် စာကြည့်တိုက် မှူး လူရွယ်က တစ်စခန်း ထ ပြန်၏။

' ဒီ နတ်စုတ် နတ်ပဲ့ နတ်ဘိန်းစား နတ်အရက်သမားတွေကို ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး တလောက ဓနုဖြူအသွား မယ်ဘာလညောင်ပင်မှာ ခင်ဗျားတို့ မယ်ဘာလကို ပသစဉ် အချိန်က ကျုပ်ရဲ့ သဘောထား ကို ပြောကြားပြီး ဖြစ်လို့ အခု ဘာမှ ထပ်ပြောစရာ မရှိပါဘူး။ တစ်ခုပဲ ပြောချင်တာက ခင်ဗျားတို့ အဲဒီ နတ်တို့၊ ဗေဒင်တို့၊ အင်းအိုင် မန္တရား စတဲ့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေကို မဖျောက် နိုင်သေးသရွေ့ ကာလပတ်လုံး ခင်ဗျားတို့ မွဲသထက် မွဲ၊ ငတ်သထက်ငတ်၊ ဒုက္ခရောက်သထက် ရောက်ရ ဦးမယ် ဆိုတာကတော့ သေချာပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ အကိုးအကား အထောက်အထားတွေနဲ့ အကြောင်းပြပြီး ဟောပြောပေမဲ့ ခင်ဗျားတို့ နှလုံးသားထဲမှာ ချိုးကပ်အောင် စွဲမြဲနေတဲ့ အစွဲအလမ်းတွေကို ဒီအကြောင်း ယုတ္တိက မောင်းထုတ်ဖယ်ရှားပစ်ခြင်း မပြုနိုင်ဘူး ဆိုတာလည်း ကျုပ် သိပါတယ်။ အဲဒီအတွက် ခင်ဗျားတို့ ကိုလည်း အပြစ်မတင်ချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ပညာရေးစံနစ်ဟာ ခင်ဗျားတို့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေကို ပ ပျောက်ကုန်အောင်၊ အတွေးအခေါ်သစ် ပညာသစ်ကို မပေးဘဲ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေ ထဲမှာပဲ နစ်မြုပ်နေအောင် သင်ကြားပေးခြင်းကို ခံယူနေရလို့ပဲ ဆိုတာ ကျုပ်သိထားလို့ပဲ။

ဥပမာ ... ခင်ဗျားတို့ကို ဖတ်ခွင့်ပြုထားတဲ့ စာအုပ်တွေဟာ ဘာစာအုပ်တွေလဲ၊ အုပ်စိုးတဲ့မင်းကို သစ္စာစောင့် သိဖို့၊ ခေတ် ဘယ်လိုပဲပြောင်းပြောင်း ရှေးထုံးစဉ်လာကို မပယ်ဖို့၊ ခပ်ရှင်းရှင်းပြောရရင် ကျိုးကျိုးနွံနွံ ကျွန်ပီသအောင် ဆုံးမသြ၀ါဒ ပေးထားတဲ့ နီတိကျမ်းတွေ၊ ယောက်ျားကောင်း မောင်းမ တစ်ထောင်ဆိုတဲ့ စကားမျိုးနဲ့ မြေကျွန် ယာကျွန်တို့ရဲ့ ချွေးနှဲစာဖြင့် မယားငယ် အများအပြား ယူထားတဲ့ ပဒေသရာဇ် မြေရှင်ကြီးတွေကို ထောက်ခံထားတဲ့ စာအုပ်တွေ၊ အဲဒီစာအုပ်တွေသာ ခင်ဗျားတို့ ဖတ်နေရတယ် မဟုတ်လား။

ခင်ဗျားတို့ ကြည့်နေရတဲ့ ဇာတ်တွေကတော့ ဘာအကြောင်း အရာကို ဇာတ်ကွက် ဆင်ပြီး ကပြတဲ့ ဇာတ်တွေလဲ၊ ပဒေသရာဇ်ရှင်ဘုရင်ရဲ့ ကြီး ကျယ်ခမ်းနားပုံတွေ၊ နတ်တွေ သိကြားတွေ နဂါးတွေ မြေလျှိုးပြီး မိုးပျံပုံတွေ၊ ဒါတွေကိုသာ ခင်ဗျားတို့ ကြည့်နေရတယ် မဟုတ်လား။ ဒီတော့ အဲဒီ ပဒေသရာဇ် ယဉ်ကျေးမှု အစဉ်အလာ အစွဲ အလမ်းတွေဟာ ပဒေသရာဇ် စီးပွားရေးစနစ်ရဲ့ ဖိနှိပ်ခြယ်လှယ်မှုအောက်မှာ ဆင်းရဲတွင်း နက် နေရတဲ့ ခင်ဗျားတို့ကို တကယ့်အကြောင်းရင်းအမှန်ကို မမြင်စေဘဲ၊ မိရိုးဖလာနတ်တွေ ဘာနတ်တွေ ညာနတ်တွေဆီမှာသာ ဆည်းကပ် ကိုးကွယ်ရာကို ရှာစေပြီး လမ်းလွဲကို ပြထားတဲ့ အတွက် ခင်ဗျားတို့လည်း အဲဒီ နတ်တွေကိုသာ အယူသီးနေရတာပဲ။

ဒါပေမဲ့ ခေတ်ရဲ့ တိုးတက်မှုကို ဘယ်သူမှ မပိတ်ပင်နိုင်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ခင်ဗျားတို့ကိုယ်တိုင် အလိုလို နိုးကြားလာမှာပါပဲ။ ပြည်သူ့ခေတ်မှာ ပြည်သူ့ ပညာရေး စနစ်သစ်ဟာ ခင်ဗျားတို့ဆီ အရောက်လာပြီး ခင်ဗျားတို့ရဲ့ နှလုံးသည်းပွတ်ထဲမှာ ချိုးကပ်နအောင် စွဲမြဲနေတဲ့ အစဉ်အလာ အစွဲအလမ်းဟောင်းတွေကို အပြီးတိုင် မောင်းထုတ်ပစ်မယ့်နေ့ကတော့ တစ်နေ့မှာ မုချ ဆိုက်ရောက်လာပါလိမ့်မယ်။ အခုနေမှာတော့ ကျွန်တော်တို့က လူတတ်ကြီးလုပ်ပြီး ဟောပြောနေမပမဲ့ ကျွဲပါးစောင်းတီး အချည်းနှီးပဲ နေမှာပဲ'

လူငယ်ကား ကိုဒေါင်းစိန်တို့၏ နတ်အယူသီးမှုကို ယခုအချိန်၌ တိုက်ဖျက်၍ ရမည်မဟုတ်ဟု သိမြင် ယုံကြည် သဖြင့် လုံးဝ လက်လျှော့လိုက်ပေပြီ။ မှန်လည်း မှန်လှပေသည်။ သူတို့၏ နားလည်ရန် ခက်သော အကြောင်း ယုတ္တိများမှာ ပညာအခြေခံဟူ၍ လောက်လောက်လားလား မရှိရှာသော ကိုဒေါင်းစိန်တို့၏ နှလုံးသည်းပွတ်ထဲအရောက် စူးဝင်သွားခြင်းမရှိဘဲ နားထဲမှသာ လျှံထွက်သွားကြ ပါသည်။ သုတို့အား အတွေး အခေါ်သစ်၊ ပညာသစ်များကို ပေးချင်လျှင် သူတို့၌ ပညာအခြေခံရှိသည့် အချိန်သို့တိုင် စောင့်ဆိုင်း ရပေမည်။ နောက်ဆုံးတွင် ဦးပဉ္စင်းလည်း ဤအချက်ကို ရိပ်မိ သဘောပေါက်လာဟန်ဖြင့် လုံးဝ လက်လျှော့ လိုက်ကာ လူငယ်နှင့်အတူ ပြန်ကြွသွားတော့၏။

ကိုဒေါင်းစိန်တို့ချည်း ကျန်ရစ်သောအခါ မပြားကြီးက 'မိရိုးဖလာ နတ်ကိုးကွယ်မှုကို ဘုရားတောင်မှ တားမြစ်ခြင်းမပြုဘူးလို့ ငါတော့ ကြားဖူးတာပဲ' ဟု ပြောလိုက်ရာ၊ အားလုံးက 'ဟုတ်တယ်' ဟု ၀ိုင်းဝန်း ထောက်ခံလိုက်ကြ၏။ နောက်တွင် သူတို့သည် နတ်ကရန် အစီအစဉ်များကို ဆက်လက် ဆွေးနွေး တိုင်ပင်နေကြတော့သည်။
နတ်ကနားအတွင်းမှ နတ်ဆိုင်းသံ တညံညံကို ကြားရပေပြီ။

နတ်ဝင်ဖူးသော နတ်ဝင်သည်များနှင့် နတ်ကို စွဲစွဲလမ်းလမ်း ယုံကြည်နေသူများကား မရိုးမရွနှင့် ကချင် ကွေးချင်၊ ခုန်ချင် ပေါက်ချင်လာအောင် နတ်ဆိုင်းသံသည် ညှို့နေပေပြီ။ ဂီတသည် လူတို့၏ စိတ်အာရုံကို ညွတ်နူးလာအောင် ဆွဲဆောင်လာနိုင်သည်ဖြစ်ရာ ယခု နတ်ဆိုင်းမှာလည်း နတ်ဝင်သည်မျာှးင့် နတ်ယုံကြည်သူများ၏ စိတ်အာရုံကို ညွတ်နူးပြီး ယိမ်းယိုင်လာအောင် သွေးဆောင်နေပေပြီ။
နတ်ကနား ပတ်လည်ရှိ စင်မြင့်ပေါ်တွင်ကား ၃၇ မင်း နတ်ကို ရည်စူး၍ ကန်တော့ပွဲ ၃၇ ပွဲကို ပြင် ဆင်ထား သည်။

စင်ပေါ်တွင် ၃၇ မင်း နတ်ရုပ်အစုံအစေ့မရှိသော်လည်း ဓားထမ်းထားသော မင်းညီ နောင်နတ်ရုပ်နှင့် အချို့ နတ်ရုပ်လေးငါးရုပ်ကို တွေ့မြင်ရသည်။ ခေါင်းပေါင်းအနီ အနက်၊ အ၀တ် တန်ဆာ၊ အမေးအကြိုက်စသော အသိုင်း အ၀ိုင်း အဆောင်အယောင်များများကိုလည်း နတ်စင်ပေါ်တွင် တွေ့မြင်နိုင်သည်။ ဤပတ်ဝန်းကျင် အသိုင်း အ၀ိုင်း အဆောင်အယောင်များကလည်း နတ်ဝင်သည်များနှင့် နတ်ကိုးကွယ်ယုံကြည်သူများ၏ စိတ်အာရုံကို နတ်ဘက်သို့ ညွတ်နူးလာအောင် ဖျားယောင်းနေသည်။

နတ်ကနား၏ အလယ်တည့်တည့်တွင်ကား စည်ပိုင်းကြီးတစ်လုံးတည်းထား၍ ဤစည်ပိုင်းကြီး အတွင်း၌မူ နတ်ကမည့် ပဲခူးမောင်နှံ ခုနစ်စုံအတွက် ငါးရံ့ကြီး ခုနစ်ကောင်ကို ကျွဲခုနစ်ကောင် အမှတ်ဖြင့် ရေများနှင့် လှောင်ထားသည်။
ကိုဒေါင်းစိန်နှင့် မယ်စိန် အပါအ၀င် ပဲခူးမောင်နှံ ခုနစ်စုံကား အ၀တ်သစ်အစားသစ်နှင့် နတ်ကနား အတွင်းသို့ ရောက်နေကြပေပြီ။ ဦးပဉ္ဇင်းနှင့် လူငယ်၏ ဟောပြောမှုောကာင့် နတ်ယုံကြည်မှုမှာ လုံးဝ ပျောက်ကွယ် မသွားသော်လည်း သူတို့၏ စိတ်ထဲ၌မူ နတ်အပေါ်အနည်းငယ် သံသယကလေး ရှိလာ၏။

သို့သော် ယခုလို နတ်ဆိုင်း၊ နတ်ရုပ်၊ ကန်တော့ပွဲ စသော အသိုင်းအ၀ိုင်းအဆောင်အယောင်များ ပြည့်နှက် နေသည့် နတ်ကနားအတွင်း နတ်စက်ကွင်းသို့ ၀င်မိသည့်အခါ၌ကား၊ ထိုသံသယကလေးပင် လုံးဝ ပျောက်ကွယ် သွားပြီး နတ်ကို ယုံကြည်မှုမှာ ရာခိုင်နှုန်းအပြည့် ပြန်ဖြစ် သွားတော့သည်။

ကလေးသူငယ်များကား နတ်ကနားအပြင်မှနေ၍ ကန်တော့ပွဲအတွင်းရှိ ငှက်ပျောသီး၊ အုန်းသီးများကို မျက်စောင်းထိုးနေကြလေပြီ။ နတ်ပွဲတိုင်း၌ ပါလေ့ရှိသော ဒေါ်ကလီစာ၊ ဒေါ်အေးစိန်၊ ဒေါ်မယ်ဟန်တို့ နတ်ဝင်သည်တစ်စုလည်း နတ်ကနားအတွင်းသို့ ရောက်နေကြလေပြီ။ သင်္ကြန်စာများတွင် ၀ါးတို့၏ အဓိပတိကား ဘာ၊ သစ်ပင်တို့၏ အဓိပတိကား ဘယ်သင်း၊ အခြေလေးချောင်းတို့၏ အဓိပတိကား ဘယ်ဟာ စသဖြင့် ပါတတ်သော သင်္ကြန်စာ လေသံအတိုင်း သုံးနငန်းရလျှင် ဤရွာတွင် နတ်ဝင်သည်တို့၏ အဓိပတိကား ဒေါ်ကလီစာ၊ သူမပါလျှင် နတ်ပွဲ မစည်ကား။

နတ်ထိန်းလုပ်သူမှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိ ယောက်ျားကြီးတစ်ဦးဖြစ်၏။ သူ့ခေါင်းတွင်ကား သျှောင်ထုံးနှင့်ဖြစ်၍ ဆံပင်များမှာ ငွေရောင်ပြေးနေလေပြီ။ ဤငွေရောင်တောက် နေသော သျှောင်ထုံးကို ပတ်လည်လှည့်၍ ပ၀ါနီနှင့် ခေါင်းပေါင်းထားသည်။ ရှပ်အင်္ကျီအဖြူ လက်ရှည်၊ ကော်လာ မပါ ခေါက်လက် မဟုတ်သော လက်ရိုးနှင့် ခပ်နွမ်းနွမ်း ရခိုင်လုံချည် အနီကွက်တုံးကြီးကို ၀တ်ထားသည်။ မယ်စိန်တို့ ပဲခူးမောင်နှံ ခုနစ်စုံက နတ်ပွဲအစမှ အဆုံးအထိ ကြီးကြပ်စီမံပေးရန် ငွေပေး၍ ငှားထား ရသော နတ်ထိန်းဖြစ်သည်။

ကိုဒေါင်းစိန်ကား ဤနတ်ထိန်းကြီးနှင့် စင်ပေါ်မှ နတ်ရုပ်များ၊ ကန်တော့ပွဲများကို ကြည့်၍ နတ်ဆိုင်းသံကို နားထောင်ရင်း သူ့စိတ်တွင်း၌ တုန်လှုပ်ချောင်းချားကာ ကြောက်အားပဲ ပိုလာသလိုလို၊ တုန်ယင်လှိုက်လှဲ ၀မ်းပန်းတနည်းပဲ ဖြစ်လာသလိုလို၊ ရိုးရိုးရွရွနှင့် ခပ်ကြမ်းကြမ်း ခုန် ပေါက်ပြီး ထ က လိုက်ချင်သလိုလိုနှင့် အကောင်အထည် ရှာမရသော ဝေဒနာအမျိုးမျိုးကို သူ့ရင်တွင်း၌ ခံစားနေရသည်။

အတန်ကြာသောအခါ နတ်ထိန်းကြီးက ယခု ပဲခူးနတ်ခေါ် နံကရိုင်းမယ်တော်ကြီးကို သွင်းတော့မည်ဖြစ်၍ ခါတိုင်းဝင်နေကျ နတ်ဝင်သည်များအား မသွင်းလိုဘဲ ကာယကံရှင်များဖြစ် သည့် ပဲခူးမောင်နှံ ခုနစ်စုံမှ မိန်းကလေး ခုနစ်ဦးအနက် တစ်ဦးဦးကို သွင်းလိုောကာင်း၊ သို့မှသာ အချို့ နတ် မယုံကြည်သူများလည်း ယုံလာမည်ဖြစ်ကြောင်းနှင့် ပြောပြကာ ကာယကံရှင် မိန်းကလေးများထဲမှ တစ်ဦးဦး လာရောက်ရန် ခေါ်လေ၏။

သို့သော် ကာယကံရှင် မိန်းမခုနစ်ဦးစလုံး နတ်ဝင်ဖူးသော မိန်းမများ မဟုတ်သဖြင့် ရှက်ကြောက်နေကြသောကြေင့် မည်သူမျှ ထ မလာပေ။ ထိုအခါ ဒေါ်ကလီစာ၊ ဒေါ်အေးစိန်တို့လို နတ်ဝင်သည် အဓိပတိကြီးများက ရှက်စရာမရှိသည်ကိုမှ ကြံဖန်ပြီး ရှက်နေရသလားဟုဆိုကာ ကာယကံရှင် မိန်းမ ခုနစ်ဦးအနက် မိန်းမရွယ်တစ်ဦးကို ခွေးသေကောင် လင်းတဆွဲသလို အတင်းဆွဲထုတ်လာ၏။ ထိုမိန်းကလေးကား ပတ္တမြားရွှေကြုတ် နှုတ်ငုံတော် အရင့်အမာနှင့်ဖြစ်၍ သူမ၏ ဂမ္ဘသေယျ ပူနာရေတိအတွက် ဘေးပရိသတ်ကို ရှက်ရွံ့နေဟန်ဖြင့် မျက်နှာကလေး နီမြန်း နေရှာသည်။

သူမ၏ ခေါင်းပေါ်သို့ ကန်တော့ပွဲတစ်ပွဲကို အတင်းတင်ပေးလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ဆိုင်းဆရာများကလည်း ဆိုင်းချက်မြိုင်မြိုင်ဖြင့် နတ်ဆိုင်းကို တီးမှုတ်ကြတော့၏။ ဒေါ်ကလီစာနှင့် နတ်ထိန်းဆရာကြီးက စိတ်ကို တင်းမထားဘဲ လျှော့ထားပြီး နတ်ကိုသာ အာရုံပြုနေရန် ပြောကြား ပြီးနောက်၊ မိန်းကလေး၏ ကိုယ်ကို ဆိုင်းချက်အတိုင်း ဘယ်ညာ ယိမ်းနွဲ့နေအောင် ဆွဲငင်တွန်းထိုး နေ၏။ အမွှေးရည် များဖြင့်လည်း မိန်းကလေး၏ ကိုယ်ပေါ်သို့ ပက်ဖျန်းပေးနေ၏။ ဒါပေမဲ့လည်း အချည်းအနှီး ပါပဲကလား ဒေါ်ကလီစာရယ်။

တစ်ယောက် လဲလိုက်ပြန်၏။ မ၀င်။ နောက်တစ်ဦးကို အစားထိုးပြန်၏။ အလဟဿ။ နောက်တစ် ယောက်နှင့် ဖလှယ်ပြန်၏။ အချည်းနှီး။ လာလေဟဲ့ နောက်တစ်ယောက်၊ နကမ္ပတိ။ ကျန်သည့်နှစ် ဦးမှာလည်း ထိုနည်းလည်းကောင်း။ သြော် ... ခုနစ်ဦးပဲ စေ့သွားပေါ့၊ ဘောက်မယ့်ကြောင့်များ မ၀င်ရတာလဲ နံကရိုင်းမယ်တော်ရယ်။
ကိုဒေါင်းစိန်က မိန်းကလေး ခုနစ်ဦး အလဲအလှယ် သွင်းသည့်တိုင် မ၀င်ဘဲ ရှိနေသော နံကရိုင်း မယ်တော်သည် သူတို့နတ်ပွဲအတွက် စီမံပုံအမှား အယွင်းများရှိနေလို့ စိတ်ဆိုးနေသည့်အတွက် မ၀င်တာ များလားဟု တွေးတောစိုးရိမ်နေမိ၏။ သို့သော် အလို ... ဒါက ဘာလဲ။

ဆိုင်းဆရာများက ဆိုင်းခထျက်ကို ခပ်ကြမ်းကြမ်း တီးလိုက်၍ ဒေါ်ကလီစာမှာ နတ်ကနားအတွင်း ကန်တော့ပွဲများ ပြင်ဆင်ထားသော နတ်စင်ရှေ့တင် ခပ်ကြမ်းကြမ်း ခုန်ပေါက်၍ က နေလိုက်ပါပြီ ကော။ သြော် ... သူတစ်ပါးကို သွင်းမရလို့ ကိုယ်တိုင်ပဲ ၀င်ရော့ထင့်။

အားရအောင် ခုန်ပေါက်ပြီးသောအခါ နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိန်၊ ဒေါ်မယ်ဟန်တို့က နံကရိုင်းမယ်တော် ၀င်နေသည်ဟု ကျမ်းကိုင်ပြီး ပြောနိုင်သော ဒေါ်ကလီစာအား အသင့်ချထား သော ကုလားထိုင်ဆီသို့ တွဲခေါ်လာပြီးထိုင်စေ၏။ နောက် ပဲခူးမောင်နှံ ခုနစ်စုံက နံကရိုင်းမယ်တော်ကြီးခေါ် ဒေါ်ကလီစာအား ၀ိုင်းဖွဲ့ကာ ရိုသေစွာ လက်စုံမိုး၍ ရှိခိုး ကန်တော့ကြ တော့၏။
ပထမ မိန်းကလေး ခုနစ်ဦး သွင်းစဉ်က မ၀င်ဘဲ ဘာ့ကြောင့် ယခုမှဝင်ရသလဲဟု နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိန်တို့က မေး၏။

ကိုဒေါင်းစိန်သည် နံကရိုင်းမယ်တော်၏ အဖြေကို ကြားချင်ဇောနှင့် နားကိုတအားစွင့်ထား၏။ သို့သော် နံကရိုင်းမယ် တော်ကြီးခေါ် ဒေါ်ကလီစာမှာ အားရပါးရ ကလိုက်ခုန်လိုက်ရသောကြောင့် အတော်ပင် မောဟိုက် နေသဖြင့် ချက်ချင်း ပြန်မဖြေနိုင်ဘဲ အတန်ကြာမှ လေသံသဲ့သဲ့နှင့် ယဲ့ယဲ့ကလေး ဖြေဆိုနိုင်ရှာ၏။ ကိုဒေါင်းစိန်မှာ ကြားချင်ဇောနှင့် နားအစွင့် လွန်သွားသောကြောင့် နံကရိုင်းမယ်တော်၏ ဖြေသံသည် သူ့အာရုံတွင်းသို့ ရောက်မလာဘဲ အတန်ကြာမှ နားထဲမှ လျှံထွက်သွား၏။ စိတ်တည် ငြိမ်မှ နံကရိုင်းမယ်တော်၏ အဖြေကို သူ့အာရုံဖြင့် လိုက်ဖမ်းရာ ရေးရေးကလေးမှ တစ်ဆင့် ကွင်း ကွင်းကွက်ကွက် ပေါ်လာသည်ထိ ဖမ်းမိတော့၏။ သြ ... ခရီးဝေး ရောက်နေလို့ ကြာနေပါသတဲ့။

အတော်ကလေး အမောပြေသွားသောအခါ နံကရိုင်းမယ်တော်ကြီးသည် ကိုဒေါင်းစိန်တို့ ဇနီးမောင်နှံအား ဖိကြိမ်းတော့၏။ ' ငါ့အကြောင်းကို သိပလားဟဲ့၊ နင်တို့နှစ်ယောက်ဟာ မင်္ဂလာ ဆောင်ပြီးလို့ ကလေးလေးယောက်ရတဲ့တိုင်အောင် ငါ့ကို သတိမရဘူး မဟုတ်လား၊ အခု နင့်တို့ ကလေးနှစ်ယောက်ကို ငါ ဖမ်းစားသတ်ဖြတ်လိုက်မှ ငါ့ကို သတိရတယ် မဟုတ်လားဟဲ့' စသည်ဖြင့် ကြိမ်းမောင်းနေရာ နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိတ်တို့က သတိမရလို့ မဟုတ်ပါ၊ ဆင်းရဲသည့် အတွက် ယခုမှ နတ်ကရခြင်းဖြစ်ကြောင်း ၀ိုင်းဝန်းတောင်းပန်ကြမှ ငြိမ်သွားတော့၏။

ပြီးနောက်ကား နံကရိုင်းမယ်တော်ကြီးခေါ် ဒေါ်ကလီစာအား စည်ပိုင်းထဲတွင် ရေများနှင့် လှောင်ထားသော ငါးရံ့များကို ခေါ်ပြပြီးနောက် -
'ပဲခူးမောင်နှံ ခုနစ်စုံအတွက် ကျွဲခုနစ်ကောင် ဖြစ်ပါတယ်၊ ကျေနပ်ပါရဲ့လား'ဟု နတ်ထိန်းဆရာကြီး ကမေး၏။ နံကရိုင်းမယ်တော်၏ ဖြေသံကို ကိုဒေါင်းစိန်သည် ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေ၏။ အကယ်၍ နံကရိုင်းမယ်တော်က မျက်နပ်ဟုဆိုလျှင် ယခု လုပ်ပြီးသား အစီအစဉ်ကို ဖျက်၍ နောက်ထပ် ပြန်ကရမည်ဖြစ်ရာ စရိတ်ပိုကုန်ရပေဦးမည်။ သို့သော် တော်ပါသေး၏။ နံကရိုင်းမယ် တော်က ကျေနပ်ပါသည်ဟု ခေါင်းညိတ်အဖြေပေးလိုက်သဖြင့် တစ်ပူအေးသွားရ၏။ ဤသည့်နောက်၌ကား ၃၇ မင်းကို အစဉ်လိုက်သွင်း၍ ကကြ ခုန်ကြ၊ သောက်ကြစားကြနှင့် ဆူလို့ သာ ညံနေတော့သည်။ အထူးသဖြင့် ပွဲအကျဆုံးကား မင်းညီနောင်နှင့် ဘိုးမင်းကျော်ဖြစ်သည်။

ယစ်ထုတ်နတ်တွေဖြစ်၍ လက်တစ်ဖက်ကား အရက်ပုလင်း၊ လက်တစ်ဖက်ကား ကြက်ပေါင်ကြော် ကိုကိုင်ကာ ဟန်ရေးတပြပြ လုပ်နေကြ၏။ ထိုအချိန်တွင် မိန်းမတစ်ယောက်သည် နတ်ဝင်ပူးသလို ယိမ်းထိုးကာ ၀င်လာပြီးနောက် ခုန်ပေါက်၍ က ပြန်၏။ ဆိုင်းဆရာများမှာ ဘာနတ်မှန်း မသိ၍ တီး ကွက်မပြောင်းဘဲရှိရာ 'ဟေ့၊ မင်းညီနောင် မယ်တော်မယ်ဝဏ္ဏကွ'ဟု ကိုယ့်ကိုယ်ကိုယ် သရုပ်ဖော် လိုက်မှ ဆိုင်းဆရာများ တီးကွက်ပြောင်းကာ ဘီလူးဆိုင်း တီးပေးရ၏။ မင်းညီနောင်မယ်တော် မယ်ဝဏ္ဏဆိုသူက ဘီလူးက က၍ မင်းလေးနှင့် မင်းကြီးက ရင်ညွန့်ရှေ့တွင် လက်ဝါးနှစ်ခုဟပ်ကာ ရှိခိုးရင်း နောက်မှလိုက်၏။ အတန်ကြာ၍ မယ်ဝဏ္ဏနှင့် မင်းကြီး ထွက်သွားသော်လည်း မင်းလေးမှာ မထွက်ဘဲ ကုလားထိုင်ပေါ်၌ ထိုင်ကာ လေဖောနေ၏။ အခြားနေရာများ၌ ပထမတန်းအရက်ကို အ၀ သောက်ရသော်လည်း ယခု ဤနေရာ၌မူ အပေါစားအရက် အာတားသာရကြောင်း ညည်းညူ နေ၏။ ကိုဒေါင်းစိန်ကား ဤမျှလောက် သောက်ချင်လျှင် နတ်တို့၏ တန်ခိုးဖြင့် ဘုံဆိုင်ထဲသွားပြီး ဘာ့ကြောင့် ခိုးမသောက်ပါလိမ့် စဉ်းစားနေ၏။

နေ့လယ် တစ်နာရီလောက်ရောက်မှ ၃၇ မင်းစေ့သွားတော့၏။ ဤပွဲတင် ပဲခူးမောင်နှံစုံများ ကျွဲဆွဲ ရတော့မည်ဖြစ်သိဖြင့် မည်သူအလျင်ဆွဲမည်နည်းဟု အချင်းချင်း တိုင်ပင်ညှိနှိုင်းကြရာ ကိုဒေါင်းစိန်တို့ မောင်နှံစုံ အလျင်ဆွဲရန် သဘောတူညီချက် ရရှိကြ၏။ ဤတွင် ကိုဒေါင်းစိန်လည်း မြန်မြန် ပြီးချင်သည့် ဇောဖြင့် ဆိုင်းငံ့မနေဘဲ ငါးရံ့လှောင်ထားသော စည်ပိုင်းအထက်၌ သူ စောစော ကဆွဲချိတ်ထားသော ကျွဲကျောင်းသား လက်သုံးတန်ဆာပလာများဖြစ်သည့် ကြိုး၊ ကြိမ်၊ ပလွေ၊ ပက်ခွန့်ငယ်၊ ဘူးခါးရေဘူး၊ စတိပြုလုပ်ထားသော  လှော်တက်ကလေး၊ ခမောက် စသော ပစ္စည်းမျိုးစုံများကို လှမ်းယူလိုက်၏။ ငှက်ပျော ပွဲထဲ၌ကား ငှက်ပျောတစ်ဖီး၊ ကောက်ညှင်းတစ်ထုပ်၊ မုန့်ဖြူ၊ မုန့်နီ၊ အုန်းသီးစိတ်၊ ကောက်ညှင်းပေါင်း၊ ဖယောင်းတိုင် တစ်တိုင်စီ ပါရှိ၏။

ထိုငှက်ပျောပွဲ၏ ရှေ့နား၌မူ ခေါင်ရည်အမှတ်ဖြင့် သောက်ရန် ထန်းလျက်နှင့် မန်ကျည်းမှည့်ဖျော်ထားသော ဖျော် ရည်များ ထည့်ထားသည့် မြေအိုးအသစ်ကလေး ခုနစ်လုံးကို စီရရီ ချထားသည်။ ထိုမြေအိုးအထဲရှိ ဖျော်ရည်ကို ခေါင်ရည်အမှတ်ဖြင့် ပါးစပ်နှင့် စုပ်သောက်ရန် သင်္ဘောပင်မှ အကိုင်းကို ဖြတ်တောက် သန့်စင်ထားသည့် သင်္ဘောရိုးတစ်ခုစီ တပ်ထားသည်။ ဖိုးသူတော်ဘွဲ့ကို ခံယူထားသည့် လူတစ် ယောက်ကမူ အပျိုတော် ခုနစ်ယောက်၏ ထိပ်၌ ကုလားထိုင်ဖြင့် ထိုင်နေသည်။ နတ်ထိန်းဆရာကြီး၏ အမိန့်အရ ကိုဒေါင်းစိန်သည် စည်ပိုင်းထဲမှ ငါးရံ့ကြီးတစ်ကောင်ကို ဖမ်းယူ လိုက်၏။ သူ့လက်တွင်း၌ ရုန်းကန်နေသော ငါးရံ့ကြီးအား ကျွဲအမှတ်ဖြင့် ပါးဟက်နှစ်ခုကို ခွ၍ လည်ပင်းကြိုး တပ်ချည်လိုက်၏။

နောက် ကြိုးတပ်ထားသော ဆန်ကောတစ်ချပ်ထဲတွင် ငါးရံ့ကို ထည့်ကာ ငါးရဲ့၏ လည်ပင်းကြိုးနှင့် ဆန်ကော၌ တပ်ထားသော ကြိုးကို ပူးတွဲချည်နှောင်ထားလိုက်၏။ ဤနည်းအားဖြင့် ငါးရံ့သည် ဆန်ကောအပြင်သို့ ခုန်ထွက်ခြင်း မပြု နိုင်တော့ဘဲ ဆန်ကောထဲတွင်သာ လူးလွန့်လှုပ်ရှားနေ၏။ မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲရုပ်ကလေး တစ်ရုပ်ကိုလည်း လည်ပင်းကြိုးတပ်ချည်၍ ငါးရံ့၏ ဘေး၌ ချထားသည်။ မယ်စိန်က ခမောက်ကလေးကို ဆောင်း၍ ညာလက်တွင် ကြိမ်လုံးကို ကိုင်ထားရသည်။

ကိုဒေါင်းစိန်ကတော့ ကြိုး၊ ကြိမ်၊ ပလွေ၊ ပက်ခွန့်ငယ်၊ ဘူးခါး ရေဘူးကလေးများကို စတိပြုလုပ်ထားသော လှော်တက် ကလေး၌ ကြိုးများဖြင့် ဆွဲချိတ်ကာ ဘယ်ဘက်ပခုံးထက်တွင် တင်ထမ်းထား၍၊ ညာလက်ကမူ ဆန်ကော၌ တပ်ထားသော ကြိုး၏ အခြားတစ်ဖက်စကို ဆွဲကိုင်ထားရသည်။ နောက် နယ်ထိန်း ဆရာကြီး၏ အမိန့်ဖြင့် အပျိုတော် ခုနစ်ယောက်သည် ငှက်ပျောပွဲ ကိုယ်စီပင့်၍ ရှေ့နောက် အစဉ် လိုက် တန်းကာ နတ်ကနား ပတ်လည်တစ်လျှောက်၍ ကိုဒေါင်းစိန်က ငါးရံ့နှင့်မုန့်နှစ်ကျွဲရုပ် ထည့် ထားသော ဆန်ကောမှ ကြိုးကို ကျွဲအမှတ်ဖြင့် ဆွဲ၍ နောက်မှ လိုက်ရ၏။ မယ်စိန်ကမူ ကြိမ်လုံး တစ်ချောင်းနှင့် ကျွဲအမှတ် ပြုလုပ်ထားသော ငါးရံ့ကို တို့၍ တို့၍ မောင်းနှင်ရင်း နောက်ဆုံးမှ လိုက်ရ၏။ နယ်ထိန်းဆရာကြီးက ကြိမ်လုံး ကိုင်ထားသော မယ်စိန်၏ လက်ကို သူ့လက်နှင့် အုပ်ကိုင်ကာ ငါးရံ့၏ ကိုယ်ကို တို့ပေးရင်း မွန်ဘာသာ နှင့်တူသော ဘာသာစကားကို တိုင်ပေး၍ မယ်စိန်က လိုက်ဆိုရ၏။

ကိုဒေါင်းစိန်သည် ဆန်ကောမှ ကြိုးကိုဆွဲ၍ အပျိုတော် ခုနစ်ယောက်နောက်မှ လျှောက်လိုက်ရင်း သူ့အဖြစ်ကို သူတွေး၍ ရယ်ချင်နေ၏။ သို့သော် နတ်စိတ်ဆိုးမည်ကို ဆိုးရွံ့သည့်အတွက် သူ မရယ် ၀ံ့ရှာ။ နတ်ထိန်းဆရာကြီးသည် မည်သို့သော် အဓိပ္ပာယ်နှင့် သည်လိုအထူးအဆန်းတွေ လျှောက် လုပ်ခိုင်းနေသည် ဆိုတာကိုတော့ သူ မသိ။ သူ သိတာကတော့ သူတို့ဇနီးမောင်နှံနှင့် ကျန်ရှိသော ရင်သွေးနှစ်ယောက်ကို နတ်က ထပ်မံဖမ်းဆီးသတ်ဖြတ်ခြင်းမပြုရန် နတ်ကနေရခြင်းဖြစ်သည် ဆိုတာကိုပဲ သူ သိသည်။

နတ်ကနားကို သုံးပတ် ပတ်မိသောအခါ မြေအိုးအသစ်ကလေးနှင့် ထမင်း ချက်နေသော နေရာ၌ရပ်လိုက်ကြ၏။ ထိုနေရာ၌ နတ်ထိန်းဆရာကြီး၏ အမိန့်အရ မယ်စိန် အား အုပ်ထိန်းသူ အကြီးအကဲဖြစ်သော မယ်စိန်၏ အစ်ကိုကြီးသည် ရပ်စောင့်နေရသည်။ မယ် စိန်၏ မိဘနှစ်ပါးမှာ ကွယ်လွန်ပြီးဖြစ်၍ မယ်စိန်၏ အစ်ကိုကြီးက အုပ်ထိန်းသူ အကြီးအကဲအဖြစ် ရပ်စောင့်နေရခြင်းဖြစ်သည်။ နတ်ထိန်း ဆရာကြီး၏ သင်ပြပေးချက်အရ မယ်စိန်၏ အစ်ကိုတော်က ကိုဒေါင်းစိန်အား ' အမောင် ဘယ်က လာသလဲ 'ဟု မေးလိုက်၏။ ကိုဒေါင်းစိန်ကလည်း နတ်ထိန်း ဆရာကြီး သင်ပေးသလိုပင် ' ပဲခူးမြို့က လာပါသည် ခင်ဗျား၊ ကျွဲကို မထိန်းနိုင်၊ မကျောင်းနိုင်လို့ လာအပ်ပါသည်' ဟု ပြန်ဖြေလိုက်၏။

တစ်ဖန် မယ်စိန်၏ အစ်ကိုတော်က ' ကောင်းပါပြီ၊ ထမင်းစား သောက်ပြီးမှ ပြန်ပါ' ဟု ပြောလိုက်၍ ကိုဒေါင်းစိန်က ' တစ်သက်တစ်ခါသာဖြစ်ပါစေ' ဟု ပြောပြီး ခမောက်၊ ကြိုး၊ ကြိမ် စသော ကျွဲကျောင်းသား လက်သုံးတန်ဆာပလာများနှင့် ငါးရံ့ကျွဲကို မယ်စိန်၏ အစ်ကိုတော် လက်ထဲသို့ အပ်နှံလိုက်၏။ ဤတွင် အုပ်ထိန်းသူ အကြီးအကဲအား အပ်နှံ သော အခမ်းအနားသည် ပြီးဆုံးလေပြီ။ နတ်ထိန်းဆရာကြီးသည် မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲ ရုပ်ကလေးကို အရင် ယူလိုက်၍ စဉ်းတီးတုံးပေါ် တင်လိုက်ကာ ကိုဒေါင်းစိန်အား ပုဆိန်အနှောင့်နှင့် ၇ ချက်၊ အသွားနှင့် ၇ ချက် ခုတ်ပိုင်းမည့်ဟန် ရွယ်လိုက်စေ၏။

ကိုဒေါင်းစိန်ကလည်း နတ်ထိန်း ဆရာကြီး၏ အမိန့်အတိုင်း လိုက်နာပြုလုပ်၏။ တစ်ဖန် ပုဆိန်ကို ပြန်ချ၍ ဓားမကြီးကို ယူလိုက်ပြန် ကာ အနှောင့်နှင့် ၇ ချက်၊ အသွားနှင့် ၆ ချက် ရွယ်ပြီး၊ ၇ ချက်မြောက်တွင် တကယ်ပင် ခုတ်ပိုင်း လိုက်တော့၏။ တစ်ချက်တည်းနှင့် ထက်ပိုင်းမပြတ်လျှင် အထ မြောက်၊ မအောင်မြင် ဟု အယူရှိကာ နောက်တစ်ကြိမ် ပြန် က ရတတ်သည်ဖြစ်၍ ကိုဒေါင်းစိန်သည် ရင်တထိတ်ထိတ်ဖြင့်ပင် အားရှိ သမျှ ခုတ်ပိုင်းလိုက်ရ၏။ တစ်ချက်တည်းနှင့် ထက်ပိုင်းပြတ်သွား၍ သူ အသက်ရှူချောင်သွား၏။

နောက် ခုတ်ပိုင်းထားသော ငါးရံ့ကို အတစ် ၈ တစ်၊ မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲရုပ်ကလေးကို လည်း အတစ် ၈ တစ်ပြုပ်၍ တံစို့ ၃ ချောင်းတွင်မျှ၍ ထိုးသီ၏။ ပြီးလျှင် ကြပ်စင်ပုံသဏ္ဍာန် ၀ါများ ဖြင့် စတိပြုလုပ်ထားသော တြိဂံ ထောင့်ချွန်းပုံရှိသည့် ကျပ်စင် အသေးကလေးတွင် တံစို့များကို ကန့်လန့် ထိုးတင်ကာ အောက်မှ မီးအနည်းငယ် ထည့်ပေးပြီး 'ညှော်ကြမယ်ဗျို့'ဟု အော်လိုက်၏။
ထမင်း ဟင်းချက်သူများ လက်သို့ ထို ငါးတစ်၊ မုန့်နှစ်ကို အပ်လိုက်ရာ ထိုသူများလည်း ယူ၍ ဟင်းချက်ရန် ပြင်ဆင် နေ၏။

ထိုသို့ ထမင်းဟင်းချက်ပေးသူက ထမင်းဟင်းချက်သော မြေအိုးအသစ် ကလေးများနှင့် ချက်ပြုတ်၍ ပိုနေသော ဆန်နီ၊ ငရုတ်စသည့် ပစ္စည်းများကို ပိုင်ဆိုင် သည်။ ထမင်းဟင်းများ ကျက်သောအခါ ထမင်းပွဲ ခုနစ်ပွဲ ပြင်၍ ငှက်ပျောပွဲ ကိုယ်စီနှင့် ထိုင်နေသော အပျိုတော် ခုနစ်ဦး ရှေ့ရှိ ခေါင်ရည်အိုး ခုနစ်လုံးအနီး၌ ထမင်း ခုနစ်ပွဲကို ခင်းကျင်း ထားသည်။ ကိုဒေါင်းစိန်နှင့် မယ်စိန်တို့သည် ထိပ်ဆုံးမှ ထမင်းစားပွဲတွင် ၀င်ထိုင်၍ ထမင်းလက်ဆုံ စားကြ၏။ ကိုဒေါင်းစိန်က ထမင်းတစ်လုတ်နှင့ ငါးရံ့ဟင်းတစ်ဖဲ့ စားလိုက်၍ နတ်ထိန်းဆရာကြီး သင်ပေးသည့်အတိုင်း ' တီ ... မတီ ' ဟု ဆိုလိုက်ရာ မယ်စိန်ကလည်း ထမင်းတစ်လုတ်နှင့် ဟင်းတစ်ဖဲ့ စားလိုက်ပြီးနောက် ' တီ .. ငန်းငန်း' ဟု ပြန်ပြောလိုက်ရ၏။ ထိုနည်းအတိုင်း ခေါင်ရည် အမှတ် ပြုလုပ်ထားသော အိုးသစ်ထဲမှ ဖျော်ရည်များကို သင်္ဘောရိုးဖြင့် တစ်ယောက် တစ်လှည့် စုပ်မျိုရင်း ' တီ မတီ '၊ ' တီ ငန်းငန်း' လုပ်ကြပြန်၏။ သည်ထမင်းပွဲပြီးလျှင် နောက် ထမင်းပွဲ တစ်ပွဲ သို့ ကူးပြန်၏။ သည်လိုနဲ့ နောက်တစ်ပွဲ ..... နောက်တစ်ပွဲ။

ထမင်းပွဲ ခုနစ်ပွဲ စေ့သွားသောအခါ သူတို့ ကျွဲနတ်ကသော အခမ်းအနားမှာလည်း ပြီးဆုံးလေပြီ။ ဤတွင် ဖိုးသူတော်ဘွဲ့ကို ခံယူထားသော သူသည် အပျိုတော် ခုနစ်ဦးထံ အလှူလိုက်ခံရာ အပျိုတော် ခုနစ်ဦးကလည်း သူတို့ ငှက်ပျောပွဲထဲ၌ ရှိသော ပစ္စည်းများအနက် အချို့အ၀က်ကို ဖိုးသူတော်အား အသီးသီးပေးလှူလိုက်ကြရ၏။ အပျိုတော် လုပ်သူ မိန်းကလေး ခုနစ်ဦးမှာ ငှက်ပျောပွဲ အတွင်း၌ ရှိသော ပစ္စည်း များကို ပိုင်ဆိုင်၍ ဖိုးသူတော်လုပ်သူကလည်း အပျိုတော်များ ထံမှ အလှူခံ ရရှိသော ပစ္စည်းများကို အပိုင် ရရှိသည်။

နောက် လူတစ်ယောက်ကေ ခွးယောင်ဆောင်ကာ ' ၀ူး ၀ူး ' ဟု ဟောင်ရင်း ဖိုးသူတော်အား လိုက် ကိုက်ရ၏။ ဖိုးသူတော်က ခြေသလုံးကို ခွေးကိုက်မိသွားဟန်ဖြင့် ခြေသလုံးတွင် ကွမ်းစားထုံး အနည်းငယ် သုတ်ပေးလိုက်ရပြီးသည့်နောက် ကိုဒေါင်းစိန်တို့ ပဲခူးမောင်နှံ အလှည့်သည် လုံးဝ ပြီးဆုံးလေပြီ။
ကိုဒေါင်းစိန်တို့ စုံတွဲ ပြီးဆုံးသောအခါ မပြားကြီးနှင့် အငှားလင်တို့၏ အလှည့်ဖြစ်၏။ သို့သော် ကိုဒေါင်းစိန်သည် ရှေ့ရေးကို တွေးကာ ရင်လေးပြီး စိတ်စက်မကောင်းလှသဖြင့် စောင့်ဆိုင်းကြည့်ရှု မနေတော့ ဘဲ သူ့အိမ်ကလေးသို့ ပြန်လာခဲ့၏။

သူသည် သူ့အိမ်ကလေးပေါ်၌ ပက်လက်လှန်အိပ်၍ နဖူးပေါ် လက်တင်ကာ ဆင်ခြင် စဉ်းစား၏။ အတိတ်ကို တွေး၏။ ပစ္စုပ္ပန်ကို ဆင်ခြင်၏။ အနာဂတ်ကို မျှော်မှန်းကြည့်၏။ အတိတ်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှတစ်ဆင့် အနာဂတ်ဆီသို့ (၀ါ) မိုးဦးမှသည် မိုးနှောင်းဆီသို့၊ ထိုမှတစ်ဆင့် ရောက် လာမည့်အနာဂတ်ဘ၀ သံသရာ ၀ဲဂယက်အတွင်းဆီသို့ တွေးခေါ်ဆင်ခြင် မျှော်မှန်း ... ။

သို့သော် ဘာတစ်ခုမှ ကြည်လင်ပြတ်သားစွာ ပေါ်လာခြင်း မရှိဘဲ အားလုံးမှုန်တ၀ါးဝါးနှင့် ထင်တရေးရေး။ နောက်တော့ အမှောင်ကသာ ပိန်းပိတ်အောင် လွှမ်းခြုံသွားသည်။ သူသည် စိတ် ပျက်စွာဖြင့် သက်မကိုသာ ချလိုက်မိ၍ ဘာကိုမှ တွေးခေါ်ဆင်ခြင် မျှော်မှန်းခြင်း မပြုတော့ဘဲ ဖြစ်သလိုသာ နေသွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ ကာလကြာမြင့်စွာက မျှော်မှန်း တောင့်တခဲ့သော အရာများကား ရခဲလှစွာနှင့်ပင် ရရှိပိုင်ဆိုင်နိုင်ခဲ့ပါသော်လည်း၊ ကြာရှည်စွာ လက်ခံ ထိန်းသိမ်းထားခြင်းမပြုနိုင်ဘဲ ချက်ချင်းပင် လက်လွတ် ဆုံးရှုံးခဲ့ရပြန်သည့်အတွက်၊ နောက် တွင်တော့ ဘာတစ်ခုကိုမှ မျှော်မှန်းတောင့်တခြင်းမပြုတော့ဘဲ ဘ၀၏ ရေစီးကြောင်းတွင် မျက်စိကို စုံမှိတ်၍ အလိုက်သင့် မျှောချလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ ကျောက်ဆောဆင်နှင့် တိုက်မိပြီး ကြေမွပျက်စီးကာ ၀ဲဂယက်အောက်ဝယ် နစ်မြုပ်ပျောက်ကွယ် သွားချင် လည်း သွားပါစေတော့။

ကိုဒေါင်းစိန်အကား အားလျှော့လေပြီ။
မှန်သည်။ သူတို့၏ ဘ၀၌ အလင်းရောင်ဟူသည်ကား မှောင်မည်းမည်းတွင် ထ ပြက်လိုက်လျှင် လျှပ် တစ်ပြက်မျှသာ ဖြစ်၍၊ နောက်တွင်တော့ အမည်းနှင့် အမှောင်။ သုခ ဟူသည်မှာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာသာဖြစ်၍၊ နောက်တွင်တော့ ဒုက္ခနှင့် သောကပရိဒေ၀။ ဤသည်ပင်လျှင် သူတို့၏ ဘ၀သံသရာ။
-------------------
ပြီးပါပြီ

.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 28, 2010

ပန်းသတင်း (ဂျွန် ၂၈)

ထွန်တုံးပိတ်ချိန်
ဆင်ဖြူကျွန်း အောင်သိန်း

မချောစိန် စိတ်ဆိုးလိုက်ပုံမှာ ပြောစရာမရှိ အသားပင်တုန်နေ၏။ ဒေါသတွင် မောပန်းခြင်းနှင့် ဆာလောင်ခြင်း တို့ စွက်ဖက်လာသည့် အတွက် ဆောက်တည်ရာမရပေ ၊ မြေကြီးပေါ်တွင် လှဲ အိပ်လိုက် လျှင် ဝေဒနာပြေနိုးနိုး အော်ဟစ် ငိုကြွေးလိုက်လျှင် သက်သာ နိုးနိုး အတွေးဝင်လာသည်။

မြှေင်းကို တစ်ခါ ဖြတ်တိုင်း လက်ခုပ်ဖြင့် တစ်ကြိမ် ရေခပ်သောက်သည် ရေသည် လည်ချောင်းမှ တစ်ဆင့် အူတွင်း တစ်လျှောက် စီးဆင်းသွားသည်ကို အတိုင်းသား သိရ၊ ခံစားရ၏။ ဆာလောင်ခြင်းကား လျော့ပါး မသွားချေ။ မချောစိန်၏ တစ်ကိုယ်လုံးရှိ အကြောအခြင်များ သေကုန်ကြပြီ ထင်မိ၏။ ကုန်းကိုတက်ရပြီ။ မြောင်း သေးသေးကို ကျော်ရပြီဆိုလျှင်ကား မောလိုက်ပုံမှာ မချိတရိပင်။ ပင်ပန်းလွန်းလှသည်။ မောလှသည်။ အသက်ကို ၀အောင်ရှူကြည့်သည်။ အို----ရင်ဘတ်က  အောင့်လိုက်တာ။ အသက်ကို မျှင့်းသည်။ အို----ရင်ဘတ် က  အောင့်လိုက်တာ။ အသက်ကို မျှင်းရှူသည်။ သည်မျှမကသေး၊ လက်မောင်းက အောင့်သေး။ ဇက်က နာနေလိုက်သေးသည်။

မချောစိန်မှာ တောကျီးကန်းနှယ် ပါးစပ်ကို ဟထားရသည်။ ကောက်ပင်တွေ စတုဂံအကွက်ကြီး။ ငိုချင်လာသည်။ ၀ါခေါင်လပြည့်နေ့ကတည်းက စိုက်ရန်အသင့်ဖြစ်နေခဲ့သော တမန်းပြင်ကြီး၊ မဲဇလီ ကွေ့က ကောက်စိုက်စည်း သည်ဘက်မလာနိုင် ဆိုစဉ်က ဒေါသသည် စတိမျှသာ ဖြစ်ရ၏။ ရက်ပေါင်း ၃၀မှ တစ်ရက်ပြီး တစ်ရက်ကျော်လာသော ကောက်ပင်များကိုကြည့်ရင်း ဟိုပြေးလိုက် သည်လွှားလိုက် နှင့် ပျိုးသက် ရင့်လာသည်။ ပျိုးပင်တွေ တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာငြား စိုက်ရက်မသေချာ။ ကောက်စိုက်စည်း ရမည့်နေ့ မရေရာ။

ကြည့်ပါဦး၊ စိုက်မည့်စိုက်တော့ တော်သလင်းလပြည့်။ ပျိုးသက်က ၄၅ရက်ကျော်ပြီ။ ပျိုးသက်နုနု ရွှေ့ ပေးပါမည် ပြောလည်း မရနိုင်။ ထွက်ပေရော့၊ လှန်ထွက် ထွက်ပေရော့။ စတိမျှသာဖြစ်ခဲ့သော ဒေါသ သည် မချောစိန် ၏ ရင်၌ တစ်နေ့တစ်ခြား ရင့်သန်လာခဲ့ရာ ယနေ့ အထွတ်အထိပ်သို့ ရောက်တော့ သည်။ ကောက်စိုက်မ တွေနှင့်လည်း ရန်ဖြစ်ရ၏။ စိုက်ကြပ်နှင့်လည်း စကားများရ၏။ သို့သော် သိမ်မွေ့စွာ ပြောနေကျ ဆိုနေကျ မချောစိန် ဒေါသကြီးသဖြင့် အားလုံးမှာ အံ့အားသင့်ကြသည်။

"ဘယ့်နှယ်တော်၊ ၀ါခေါင်လပြည့်ကို ပျိုးသက်နုလွန်းတယ်ဆို ထားပါတော့၊ အခုတော"့။
ဒေါသ မိုးတိမ် စင်သောအခါ ခလုတ်တိုက်သည်ကိုလည်း မချောစိန် မသိပါ။ ဆူးစူး၍လည်း မနာကျင်တော့ပါ။ နေပူ လေတိုက် သဖြင့် မည်းမှောင်နေသော မချောစိန်၏ မျက်နှာပြင်သည် ဒေါသ ကြောင့် ထူးပြီး အကျည်းမတန်ငြား ရင်တွင်း၌ကား ဆို့ကျပ်နေသည်။ ဒေါသသည် ပြေးလွှားလှုပ်ခတ်ရန် ကျဉ်းကျပ် လွန်းသဖြင့် ရင်ကိုတွန်းသည်။ နှလုံးသားကို ဖိသည်။

ထန်းသားရေကျော် သို့ရောက်လာသည်။ တစ်ဖက်လယ်ကွက်မှ ရေပိုရေလျှံသည် သည်ဘက်လယ်ကွက် အတွက် အသက်သွေးဖြစ်၏။ ဖြစ်ငြား ကန်သင်းကို ဖောက်ပြီးလွှတ်လိုက်ရုံမျှဖြင့် မရချေ။ ကြားမှာ ရင်စို့ခန့် နက်သော မြောင်းကြီး ခြားနေ၏။ သို့အတွက် ထန်းသားရေတံလျှောက်ကို အသုံးပြုရသည်။ ထန်းသားပင် လုံးကို ထက်ခြမ်းခြမ်းသည်။ အလယ်က အူသားတွေကို ထုတ်ပစ်သည်။ မြောင်းဖြတ်ကျော်ပြီး အလယ် ကန်သင်း နှစ်ခု ဆက်ထားရာ ကြည်လင်သော ရေရှင်သည် တသွင်သွင်စီးဆင်းနေပေ၏။

ရေတွေ ဗုံးပေါလအောရှိသော လယ်ကွက်ထဲမှ မျောကျလာသော ပုစွန်ဆိတ် တစ်ကောင် သည် ထန်းသားရေကျော် အစပ်သို့ ရောက်လာသည်။ ရေက တသွင်သွင်ဆိုရငြား လယ်ကွက်ထဲနှယ် မများ။ ပုစွန်ဆိတ် မကျေနပ်၊ သူ့အတွက် လုံခြုံသည် မထင်။ ရေစီးဖြင့် မျှောပြီးလိုက်လျှင် လုံခြုံပါမည်လား။ သို့အတွက် ရေစီးအားထက် လျင်မြန်စေရန် ခုန်ပေါက်ပြေး၏။ ပထမတစ်ချက် ထန်းသားရေတံလျှောက် နှုတ်ခမ်း ပေါ်တင်သည်။ ကြောက်လန့်တကြား ခုန်လိုက်ပြန်ရာ မချောစိန်ခြေဖမိုးပေါ်သို့ တန်းတန်း မတ်မတ် ရောက်သွား၏။

မချောစိန်သည် ပုစွန်ဆိတ်ကို မမြင်ပါ။ မြင်လျှင်ကား ဟန်ကျတာပဲဆိုကာ ကောက်ယူမည်မုချ။ ယခု မကောက်နိုင်။ သူမြင်နေရသော ကောက်ပင်စိမ်း မှောင်မှောင်တွေက ဆွဲဆောင်ထားသည်။ မချောစိန် တို့ လယ်ပွဲ နှင့် အတူတူပင်။ ၀ါခေါင်လပြည့်က အသင့်ဖြစ်ခဲ့သော လယ်ပွဲများ။ သူတို့ကား ပျိုးသက်ပေါင်း ၃၀ တွင် ချောမောစွာ စိုက်ခဲ့ရသည်။ ထို့ကြောင့် ကောက်ပင်တွေ သန်စွမ်းလှသည်။ သားတက်တွေပင် မူရင်း ပင်မကြီး နှင့် မယိုးမယိမ်း။ ထိုအခါ မချောစိန်၏ ဒေါသသည် ပို၍ပြင်းထန်လာ၏။ ကောက်စိုက်စည်းတွေ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန်ခြင်းကိုလား၊ မဲဇလီကွေ့က ကောက်စိုက်မတွေကိုလား ဟူသည်ကား မသိပါ။ ဒေါသမှာမူ ပို၍ကြီးလာသည်။ သို့အတွက် ထန်းသားရေကျော်ကို ရွရွမနင်း၊ ညင်ညင်သာသာမဖြတ်၊ အမျှင်မျှင် ဖြစ်နေသည့် ထန်းသားအမျှင်မျှင်ဖြစ်နေသည့် ထန်းသားအမျှင်သည် ငြောင့်တစ်ချောင်းအဖြစ် မချောစိန် ၏ ခြေမ အသားထဲသို့ ချောမောစွာ စူးဝင်သွားလေ၏။

စလင်းချောင်း သည် ညောင်ကုန်းရွာနှင့် ရှားတောသုသာန်ကို ဗြောင်းဆန်အောင် ဖျက်ဆီးငြား ရမ်းဘို ကုန်းသော်မူ မထိပါး။ ရွာနောက်ဖေးက ချောင်းတိမ်ယာများသည် နှံစားပြောင်းများဖြင့် ဝေလွင်နေ၏။ ချောင်းရေက ယာများပေါ်အထိ တက်လွှမ်းခဲ့သဖြင့် ပြောင်းပင်တို့အကြိုက် ကျနေသည်။

'ငါတို့ကောင်းဖို့အတွက် ညောင်ကုန်းရွာဘက်မှာ ကမ်းပြိုတာတော့ မကောင်းပါဘူး
တွေးရင်းက ရီးဆေးရိုးသည် 'အင်း'ခနဲ ညည်းညူသံပေးလျက်  ကမ်းပါးစပ်တွင် ထိုင်၏။ ချောင်းရေသည် ရီးဆေးရိုး သည် ကျောဘက်ရှိ ယာပြင်တန်းကြီးကို လည်ပြန်လည့်၍ ကြည့်ပြန်၏။စင်စစ် သူသည် နှံစားပြောင်း အားလုံး ရိတ်သိမ်းအပြီးတွင် နောက်တစ်လှည့်ဝင်ရသည့်အသီးကို စိတ်ကူးနေခြင်း ဖြစ်၏။

နေကြာပဲ ကြဲရကောင်းမလား၊ ခ၀ဲ ပဲလင်းမြွေ ချရကောင်းမလား စဉ်းစားသည်။ နေကြာမှာ စီမံကိန်း လည်း ၀င်သည်။ ကြဲထားပြီးနောက် ပေါင်းလိုက်ရန်သာ လိုသည်။ ရေလောင်းပေးရန် မလို။ ဆီထွက်သီးနှံမို့ ဈေးကွက် လည်း မပူရ။ သို့သော် တစ်ဦးတည်းကွကပြီး နေကြာခင်း အဖြစ် ထီးတည်းကြီး တည်ရှိနေပါက ကျေးနှင့် စာဒဏ်ကို သေလုအောင် ခံပေရော့။ သို့ဖြစ်၍ ခ၀ဲနှင့် ပဲလင်းမြွေကို စိတ်ကူးပြန်သည်။ နှစ်ခုလုံး ပေါင်းလိုက် ရမည်။ ပဲလင်းမြွေမှာ အသီးမကျိုးအောင် အောက်က ငှက်ပျောဖက်ခံပေးရန် လိုအပ်သလို ခ၀ဲ မှာလည်း ခရမ်းပိုး နှိပ်စက်လှသည်။
ရီးဆေးရိုးသည် ဖြူဖွေးသောဆံပင်ငုတ်များကို လက်ဖြင့်သပ်မိ၏။ အင်း---ငရုတ်ချရ ကောင်းမလား အကြံပေါ်လာစဉ်မှာပင် 'ရွာနားက နီးနီး၊ ဟိုလူက တစ်တောင့် လာကောင်း။ မပေးပြန်ရင် တိုထွာရာ ကျမည်။ ပေးပြန်ရင် လူတစ်ရာ။ ဟာ-----မဖြစ်သေးပါဘူး။

အတွေးပေါ်လာသဖြင့် ချက်ချင်း ပျက်ပြားရပြန်၏။ ရီးဆေးရိုး၏ မျက်လုံးများက ရေစီးကြောင်း၏ ဟိုဘက်သို့ ရောက်သွားပြန်၏။ ကျနေ၏ နေခြည်အောက်၌ တောက်ပနေသည့် ငွေပွင့်များ တလက်လက် တ တောက်တောက်။

သဲပြင်၏ အမျိုးအစားနှင့် အနေအထားသည် ကြက်သွန်ကြီးစိုက်သူတို့် သွားရေကျစရာ။ သို့တစေ ၀ါသနာ ပါ၍ သွားရည်ယိုငြား ရီးဆေးရိုး မလုပ်နိုင်ပါ။ နွားချေးချခြင်း၊ ဖွဲချခြင်း၊ ဓါတ်မြေသြဇာထည့်ခြင်းနှင့် ထွန်ယက်ခြင်းတို့အနက် ထွန်ရန်သက်သက်ကိုပင် ရီးဆေးရိုး အနိုင်နိုင်။ သို့သော် အလျား ၀ါးနှစ်ပြန်သာသာ ချောင်းတိမ်ယာကလေးကိုကား----
ရီးဆေးရိုး၏ မျက်လုံးများ ၀င်းတောက်လာသည်။ သည်မျှကိုကား သူတတ်နိုင်သည်။ ထည့်သမျှသော မြေသြဇာများမှာလည်း ကိုယ့်ယာထဲမှာသာ ရှိနေမည်။ ရေစီးနှင့်ပါသွားစရာ မရှိ။ တစ်ခုကား စဉ်းစားစရာရှိ၏။ ချောင်းပြင်တွင်း ဆင်းစိုက်ထားသော ကြက်သွန်မှာကား 'စမ်း' ရှိသဖြင့် ရေလောင်းရန် မလို။ ချောင်းတိမ်ယာမူ 'မောင်းတက်'ဖြင့် ရေလောင်းပေးရလိမ့်မည်။ ကြက်သွန်ဈေးက ယခုပင် ခုနစ်ကျပ် အထက်သို့ မြားပြနေသဖြင့် ရီးဆေးရိုး စိတ်အားတက်ကြွသည်။

'နေကြာကော'
နေကြာ ကိုလည်း ရီးဆေးရိုး သံယောဇဉ်မပြတ်။ ကြက်သွန်ကိုလည်း အာသီသပြင်းပြသည်။ သို့အတွက် ရေစီးကြောင်း ဘေးမှ ခွါခဲ့သည်။ နေကြာအဖော်မရှိပါက ကြက်သွန်စိုက်မည်။ ကင်ပွန်းခါးပင်များသည် ရမ်းဘိုကုန်းရွာ ၏ ကျောပြင်ကို ဖုံးကွယ်ထားသည်။ အပွင့်ဝါများသည် ရေခပ်ဆင်းလာသော လှပျိုဖြူ များအား လှောင်ပြောင်နေသည်။ ရွာပေါ်သို့ ရီးဆေးရိုး မတက်တော့ပါ။ လာလမ်းအတိုင်း ယာခင်းများကို တစ်ခုပြီး တစ်ခု ဖြတ်လာခဲ့၏။ အချို့ယာသည် ထွန်ယက်စ၊ အချို့ယာသည် ထွန်ယက်စ၊ အချို့ ထွန်ယက်ပြီး၊ အချို့သော်ကား မြက်သောသောနှင့် နလန်(နွားလှန်)သာရှိသဖြင့် နွားစားကျက်။

အိမ်ထဲသို့ဝင်မိသည်နှင့်တစ်ပြိုင်နက်တည်း မချောစိန်သည် အရုပ်တစ်ရုပ် ကြိုးပြတ်သွားသည်အလား ပုံကျ သွားသည်။ဒေါသကို မေ့ပစ်နိုင်ငြား၊ ဆာလောင်ခြင်း နာကျင်ခြင်းတို့မူ ဖျောက်မရချေ။
မချောစိန်၊ ကိုထွန်းရတို့အိမ်မှာ အိမ်ဆိုသည်ထက် တင်းကုတ်ကြီးနှင့် ပိုပြီးတူသည်။ မြေစိုက် ထန်းရွက် တဲကြီးမှ တံစက်မြိတ်များသည် မြေကြီးနှင့် ထိမတတ် နိမ့်ဆင်းထား၏။ အထဲတွင် လေးပုံသုံးပုံက မြေပြင်ကြီး။ သည်မြေပြင်ပေါ်တွင် အိုးများ၊ သပိတ်များ ဟိုနားတစ်စု သည်နားတစ်စုရှိသည်။ သည်အထဲ၌ သင်္ကြန် တုန်းက မရောင်းလိုက်ရသော အိုးအချို့လည်း ရှိ၏။

ပုတ်ပြီးပြီဖြစ်ငြား တစ်ဖိုစာမပြည့်သဖြင့် မဖုတ်ရသေးသော သပိတ်နှင့် ဆီအိုးမှာ အများစုဖြစ်သည်။ ခေါင်းရင်း ဘက် တွင် မိသားစုတစ်တွေ အိပ်စက်ရန်အတွက် အဆင့်ထိုးထားသော နေရာတစ်ခုသာ ၀ါးကြမ်း ခင်း၍ ထရံကာထားသည်။ အခန်းရှေတွင် ကျောမှီမပါသော ခုံတန်းလျားတစ်ခုနှင့် နွားသားရေခင်းသည့် ပက်လက် ကုလားထိုင် တစ်လုံး။ ဟိုဘက်တွင်ကား ဆန်ဆေးရည်နှင့် ကြက်သွန်ခွံနံ့တို့ တဟောင် ဟောင် လှိုင်နေသည့် ရေပုပ်အင်တုံတစ်လုံး ဦးဆောင်သော မီးဖိုချောင်။

မချောစိန်သည် တန်းလျားပေါ်တွင် လှဲချပြီးနောက် တစ်အောင့်ကြာမှ တစ်အိမ်လုံး တိတ်ဆိတ်နေပါကလား သတိပြု မိသည်။ ယမန်နေ့က ထွန်တုံးပိတ်သဖြင့် အားလုံးပင် ကျောင်းသွားကုန် ကြပြီလော။ သည်နှယ် လည်း မဟုတ်။ နံနက်က မချောစိန် လယ်ပြင် သွားခါနီးတွင် သားစုံသမီးစုံကို အိမ်ရှေ့၌ မြင်ခဲ့ရသေးသည်။ မည်သို့ပင်ဖြစ်စေ၊ မည်သူတွေ မည်သို့ပင်ရှိရှိ သမီးကြီး ခင်ခင်ကြီးတစ်ယောက်ကား အိမ်တွင် မုချရှိရ မည်။ သူသည်ရှစ်တန်း နှစ်ခါကျသဖြင့် ရှက်သည်ဆိုကာ ကျောင်းထွက်ထားသူ ဖြစ်၏။ အမေ မချောစိန် ကိုယ်စား အိမ်ထောင်ထိန်းသိမ်းရသူလည်း ဖြစ်ပေ၏။
"သမီးရေ၊ ရေတစ်ခွက်လောက် သမီးရယ်"
တိတ်ဆိတ်ခြင်း မှတစ်ပါး အခြားတုံ့ပြန်မှုမရှိ။

"သမီး ခင်ခင်ကြီး"
ထပ်မံခေါ်ရင်း လက်ထောက်၍ ထသည်။ နံကြားက အောင့်သဖြင့် ရှုံ့မဲ့ရသည်။  လည်ပင်းက နာသဖြင့် စုတ်သပ်ရသည်။ တိတ်ဆိတ်သော တင်းကုပ်ကြီး အတွင်းဝယ် မချောစိန်တစ်ယောက်တည်းပါ။ အဖော်ဟူ၍ ရေအိုးစင် မှ ရေစိမ့်ကျသံသာရှိသည်။ ရေးအိုးစင်ပေါ်ရှိ သောက်ရေအိုးမှ ရေသည် အောက်ခံအင်တုံထဲသို့ တစ်ပေါက်ချင်း စိမ့်ကျနေ၏။ အစသော် ပလုံခနဲ လိုဏ်သံပါ၏။ အင်တုံထဲ၌ ရေများလာသောအခါ ပေါက်ခနဲ၊ ပေါက်ခနဲအသံတို့ ပြောင်းလာသည်။ သည်ရေကျသံတို့ အဖော်ပြုချက် မချောစိန် ရှုံ့မဲ့ထသည်။

ရေအိုးစင် ဘေး အရောက်တွင် ချူပ်ထိန်းထားရသည့် ဒေါသက လူးလွန့်လာ၏။ ကြည့်လေ၊ ဦးချွန်ခမောက် ကလေး သည် ရေးအိုးပေါ်တွင် မရှိ။ ရေခွက်ကို မျစ်စိတစ် ကမ်းအတွင်း၌ မမြင်။ ရေအိုးက ဟောင်းလောင်းကြီး။ သို့ကြောင့်မီးဖိုချောင် သုံးရေမှုတ်ဖြင့် သောက်ရန် မီးဖိုဘက်သို့ လှမ်းခဲ့သည်။ ရေမှုတ် မှာသာ အာရုံရောက် နေသောကြောင့် ထင်းခွဲဓားကိုမမြင်။ မြင်စရာလည်းမလို။ ဓားထားနေကျနေရာက "ထင်းစင်" ဘေးမှာမဟုတ်လား။

ထန်းသား ရေကျော်တုန်းက ထန်းသားငြောင့် တစ်ချောင်းခြေမတွင် စူးဝင်ထားခဲ့သည်။ ဓားသွားနှင့် တိုက်မိ ပါလျှက် မရှငြား၊ အနာနှင့် တိုက်မိသဖြင့် မျက်ရည်ပိုးပိုး ပေါက်ကျ အောင်နာသည်။
"ဓားကို သတိထားတဲ့၊ ကိုယ့်ထိလည်းမကောင်းဘူး၊ တခြားလူထိလည်း ကိုယ်မိဘနဲ့ ကိုယ့်ညီအစ်ကို မောင်နှမတွေပဲ၊ နေရာတကျထား"

ဓားကိုယူပြီး ဆော့တတ်သည့်အရွယ်ကတည်းက သင်ခဲ့သောအချက်။ မကြာခဏ သတိပေးခဲ့ရသော စည်းကမ်း။ နမော်နမဲ့ အရွယ်ပါဆိုရန်ကလည်း သင်းအသက်သည် ၁၅နှစ်ရှိပြီ။ ပြီးတော့ အိမ်ထောင်ထိန်း၊ မချောစိန် ဒေါသဖြစ်ရချေပြီ။ ဓားကို နေရာ တကျ ထားအပြီး၌ ထမင်းရည်အိုးဘက်သို့ မျက်စိရောက်၏။ ထမင်းရည် တွေလျှံကျ နေသည်။ ထမင်းကြမ်းခဲတစ်ခဲ က သောင်တင်သော ငါးကြီးအာနန္ဒာ ဖြစ်နေ၏။

"ထမင်းရည် အသစ်မငှဲ့ခင်မှာ ထမင်းရည်အဟောင်းတွေ သွန်ပစ်ရတယ်။ ဒါမှ မတော်တဆ ထမ်င်းစေ့တွေ အန်ကျရင် ပြန်ယူလို့ကောင်း တော့မပေါ့။ ထမင်းရည် အသိုးအပုပ်ထဲက ထမင်းစေ့တွေကို ပြန်ယူရင် တစ်အိုးလုံး ကို ပုပ်စော်နံကုန်မှာစိုးလို့ အန်ကျတဲ့ ထမင်းစေ့တွေကို အဆုံးခံရရော"
သည်မျှပြည့်လျှံနေသည့် ထမင်းရည်အိုးပေါ်သို့ စောင်းတင်ပြီး ထမင်းရည်ငှဲ့ပါက တမင်းအိုးနှုတ်ခမ်းမှာ ထမင်းရည်အဟောင်းထဲသို့ နစ်နေမည်မဟုတ်ပလော။ သည် အချက်ကိုလည်း မချောစိန် တတွတ်တွတ် ရှင်းလင်း                                                                                                                                                                                                                                                                                                                                                                                           သင်ပြခဲ့ပြီးပြီ။ ထိုထမင်းရည်အိုးထဲသို့ စားကြွင်းစားကျန်တွေလည်း ထည့်သဖြင့် ခွေးကျွေး ချိန်မတိုင်သေးမီ လုံအောင်အုပ်ထားရမည်။ အုပ်မထားပါလျှင် ခွေးလာနှိုက်သဖြင့် ခွေးစား ခွက်အဖြစ်သို့ ရောက်ရှိသွားမည်။ ထမင်းကြမ်း ကျန်၍ စားမကုန်လျှင် ရေဆေးပြီး ခြေမွပါ။ ဆန်ကောထဲတွင် ဖြန့်ပြီး နေလှန်းပါ။ ရေနွေး ပွက်ပွက်ဆူထဲသို့ ထမင်းခြောက်ကိုထည့်ပြီး ရေငှဲ့လိုက်ပါက ထမင်းဖြစ်သည်။ ထမင်းအဖြစ်မစားလို၍ ဆီပူထိုးလျှင် အဆာပြေ စားစရာတစ်မျိုး ဖြစ်လာသည်။

ရီးကျီးဒန့်လက်ထွက်၊ ရီးကျီးဒန့်သမီးပီပီ အကွက်အကွင်းကျကျ ရှင်းလင်းသင်ပြခဲ့ငြား၊ သမီးကြီးသည် အမေကြီး၏ မြေးမပီသည်သို့၊ အမေ့သမီး မဟုတ်ဘိသို့ 'ကပက်ကစက်' လုပ်ထား၏။ ဒေါသကို မချောစိန် ထိန်း၍မရပါ။ မရတော့ပါ။ ဖိုခနောက် (ဖိုခုံလောက်) သုံးလုံးပေါ်သို့ လှမ်းကြည့်သည်။
ဟင်းအိုးအဖုံးမှာ ပြာထဲသို့ စောင်းကျနေ၏။ အဖုံးအဖိမရှိသည့်အတွက် ကျီးဝင်ထိုးခြင်း ဖြစ်သည်။ အိုးအဖုံးဘေး သည် ကြက်သွန်ထည့်သော ဆန်ဆေးတောင်းထားသည့် နေရာ မဟုတ်။ 'နေပါဦး၊ ဟင်းအိုးကို မဖုံးဖိ နိုင်ရအောင်၊ ထမင်းရည်အိုးကို မအုပ်နိုင်ရအောင်၊ ကြက်သွန်တောင်းကို နေရာတကျ မထားနိုင် ရအောင် ဘာအရေးတကြီးဖြစ်လို့လဲ' စိတ်ထဲကမေးရင်း မချောစိန်၏ ဦးခေါင်းသည် တံစက်မြိတ်အပြင်သို့ ရောက်သွားသည်။ အိမ်သာဘက်သို့ လှမ်းကြည့်ပြီးမှ နွားတင်းကုပ်၊ တင်းကုပ်ပြီးမှ နွားစာစဉ်းသော ခြေနင်း
စင်။
နွားစာစဉ်းသော ခြေနင်းဓားစင်ပေါ်တွင် ပြောင်းဖူးပင်အချို့နှင့် ကောက်ရိုးထုံးကြီး ရှိသည်။ ကောက်ရိုး ထုံးကွယ်နေသည့် အတွက် ခင်ခင်ကြီးကို မမြင်ရ။ သို့ရာတွင် ဖွင့်လျက်ထား သောစာအုပ်တစ်အုပ်ကိုကား မချောစိန်မြင်ရသည်။ ဓားရှေ့ရှိ နွားစာစဉ်းသော ရေတံလျှောက်အောက်မျာ နွားစာခံသော ခြင်းကြား တောင်းရှိသည်။ သည်တောင်းကို လှမ်းကြည့်သည်။ စဉ်းပြီးသားနွားစာ တောင်းဝက်ပင်မရှိသေး။ မချောစိန် ၀ါးခြမ်းပြားကို လှမ်းဆွဲသည်။ ၀တ္ထုဖတ်နေတဲ့ မိန်းမလာခဲ့စမ်းဟေ့ လှမ်းခေါ်သည်။

"၀တ္ထုဖတ်နေတဲ့ မိန်းမလာခဲ့စမ်းဟေ့၊ ဟိုမှာ ထမရည်(ထမင်းရည်)အိုး ဘာဖြစ်နေလဲ၊ ဟင်းအိုးအဖုံး  ဘာပြုလို့ ပွင့်နေတာလဲ၊ ဒါကြက်သွန်တောင်း ထားတဲနေရာလား"
သည် အသံများ ရီးဆေးရိုး၏နားထဲဝင်လာသို့ ၀င်လာသည်။ ၀င်လာပုံက ရိုးရိုးမဟုတ်၊ ပို၍ပို၍ ကျယ်လောင် လာသည်။

"မောင်မြမင်းရေ တော်တော်ကြာမှ တစ်ခေါက်လာခဲ့ဦးမယ်ကွာ။ နေကြာကြဲမယ့် အဖော်ရ လို့ဝမ်းသာပေမဲ့ အေးကွာခဏ ခဏ"
ရီးဆေးရိုး သည် စောင်ရန်းတန်းတစ်ခုသာ ခြားသော သမီးအိမ်ဘက်သို့ သုတ်ခြေတင်ခဲ့ သည်။ မတင်၍ မဖြစ်။ လယ်ပိတ်ရေးအတွက် သူ့သမီးအဘယ်မျှ ကိုယ်ရောစိတ်ပါ ဆင်းရဲ ကြောင်းသိသည်။ သူ့မြေးမ မည်မျှ နမော်နမဲ့ နိုင်ကြောင်းလည်း ရီးဆေးရိုးသိသည်။ သိငြား၊ ထုံထုံနုံနုံ သည်မြေးမကို သူအတွယ်အတာ ပိုရသည်။

"ကြောက်ပါပြီ အမေရဲ့၊ နောက်ကို မဖတ်တော့ပါဘူး အမေရဲ့၊ နောက်ကို အမေခိုင်းသလို လုပ်ပါ့မယ်"
တဖုန်းဖုန်း တရွှမ်းရွှမ်း ၀ါးခြမ်းပြားသံများနှင့် ခင်ခင်ကြီး၏ငိုသံသည် 'ဟဲ့ မိန်းကလေး' အော်သံပေါ်လာလျှင် လာချင်း တုံ့ခနဲ ရပ်သွားလေ၏။ မြေးမ၏ အားထားသောမျက်နှာ။ သမီး၏ ညှိုးချုံးဝမ်းနည်းမျက်နှာ။

"မိန်းကလေးရယ်.....ဒေါသဖြစ်နေတုန်းမှာ ကလေးတွေကို မရိုက်ပါနဲ့ဟယ်၊ ကလေးရဲ့ အပြစ်က နည်းနည်းပေမဲ့ ဒေါသတွေပုံချမိတော့ ကလေးခမျာ နာရှာမှာပေါ့ မိန်းကလေး ရယ်"
မချောစိန်သည် ၀ါးခြမ်းပြားကို ပစ်ချသည်။ တံစက်မြိတ်လက်ခံတိုင် ခြေရင်းရှိ ထန်းဖုံးဖတ် ဖင်ထိုင်ခုံကို ဆွဲယူထိုင်သည်။ ဒူးပေါ် လက်တစ်ဖက်တင်ပြီး ခေါင်းကိုအုပ်လိုက်သည်။
"သမီးလိုလူတွေ အများကြီးပါပဲ သမီးရယ်။ မခံချင်စိတ်တွေ၊ ဒေါသစိတ်တွေနဲ့ ကလေးကို မဲရင်မှားမှာပေါ့။ ကိုယ်ရိုက်ရင် ခံရမယ့် ကိုယ့်သမီးမဟုတ်လား"
ရီးဆေးရိုး ၏ စကားအဆုံးတွင် မချောစိန်သည် ဆိုင်းမဆင့်ဗုံမပါဘဲ ဟီးခနဲငိုချလိုက်လေ၏။ တစ်ပြိုင်နက် တည်းမှာပင် ခေါင်းပေါင်းပုဆိုးစုတ်ကိုဆွဲချပြီး မျက်နှာကိုအုပ်ထားလိုက်လေ ၏။ ရှိုက်ကြီးတငယ်ငိုသံသည် ပုဆိုးစုတ် အောက် မှ သဲသဲမဲမဲထွက်ပေါ်နေငြား ရီးဆေးရိုး နှစ်သိမ့်ရန် သတိမရ။ သြော်........ သူကိုယ်တိုင် သည်ပင် နက်ရှိုင်းစွာ ငေးမော နေသည် မဟုတ်လား။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၂)

မမလေးရဲ့ အိပ်ချိန်တန်

"လတန်ခူးပေမို့ xxx အလှထူးပါဘိ xxx မြမြဖူးရယ်တဲ့
ခိုင်ရွှေဝါ xxx တကယ်တန်းသာဖြင့် xxx ဘယ်ပန်းသော်
စံမတူဘု xxx နန္ဒမူဖန်ဂူရိပ်မှာလ xxx ပစ္စေကာ
ချွေးတော်သိပ်ရတယ် xxx အေးရိပ်ဆာယာ"
 
(စုံနံ့သာမြိုင်ဦးကြော့)

ရောက်ပြန်ပြီလေ တန်ခူးလ။ "ဂျာနယ်ကျော်ပြပွဲ"ကို မနှစ်က ကျင်းပခဲ့သည့်မှာလည်း တန်ခူးလ။ သြော် ... တစ်နှစ် တောင် လည်ခဲ့ပြီပေါ့။ တိုက်ဆိုင်လွန်းသည်ကို ဆိုရပေမလား။ ဤတန်ခူးလ သည် မိခင် ဂျာနယ်ကျော် မမလေး ကွယ်လွန်ခြင်း ၂၁နှစ် ပြည့်မြောက်လ။
ဤလ မှာပဲ မိခင်၏ နိဂုံးကမွတ် အဆုံးသတ်အပိုင်းကို ရေးရတော့မှာပါလား။

ရှေ့ပိုင်းမှာ မိခင်နဲ့ပတ်သက်၍ "ကောက်ကြောင်းကိုကျော်ကာ" "သွေးဆိုသည့်သွေး"၊ "သွေးစေတမန်" "မနားသော ရဟတ်" စသည့် စာပေမီးရှူးတန်ဆောင်နှင့် ဘ၀တည်ထောင်မှု အပိုင်းတွေ ရေးခဲ့ပါပြီ။ ယခုလ အဖို့ "မမလေးရဲ့ အိပ်ချိန်တန်"နှင့် မိခင်ကို ကန်တော့ပန်းဆင်ရန် သာ ကျန်ပါတော့သည် "မမလေး" လို့ တွင်သည့် မွေးမေမေးကို စာပေမြေမှာ တဖန်ပြန်ပြီး မြှုပ်ရ တော့မှာပေါ့။
ဤဆောင်းပါး ကို အထက် ဖော်ပြထားသည့် ကဗျာဆိုလည်းဟုတ်၊ တေးချိုဆိုလည်းမှန်သော နိဒါန်း ဖြင့် အစ ချီရသည်မှာ အကြောင်း ရှိပါသည်။ ကလေးဘ၀ငယ်စဉ်ကပင် တန်ခူးလကို ကျွန်တော် မုန်းခဲ့သည်။ တကယ်ဆို ကလေးတစ်ယောက်အဖို့ ပျော်စရာအကောင်းဆုံးသောလ ဖြစ်သင့်ပါ သည်။ အတာသင်္ကြန်မှာ ရေပက်ခံ ထွက်၊ ကိုယ်ကလည်းရေပက်၊ နှစ်သစ်ကူးတဲ့အခါ ကုသိုလ် မင်္ဂလာအဖြာဖြာနှင့် စိတ်လွတ် ကိုယ်လွတ် နေနိုင်သည့်လပါ။

သို့သော် ကလေးဘ၀တုန်းကပင် အိမ်ရှေ့မှာ တစ်ရက်နှစ်ရက်လောက်သာ ရေတစ်ခါနှစ်ခါထွက်ပြီး ပက်ရုံ ကလွဲလို့ အိမ်ထဲမှာပဲ ကုပ် နေသည်သာ။ အရွယ်ရောက်တော့ ပိုလို့တောင် ဝေးသွားပါသေး။ ပိန်းပိတောက် သည် မွှေးပါ၏။ အတာရေသည် အေးပါ၏။ ဤအခါတွင် (ဖြစ်နိုင်လျှင်) တစ်ရပ်တစ်ကျေးသို့ မောင်မိုးဟိန်း ပြေးပါ၏။

ဘာကြောင့် တန်ခူးလကို ကျွန်တော်မုန်းမိပါသနည်း။ တပေါင်းလမှာ ကြည်နူးချမ်းမြေ့သလောက် တန်ခူး ရောက်သော် စိတ်တွေထံထိုင်းမှုန်မှိုင်းသွားပါ၏။ ငယ်စဉ်မှ ယခုထိ။ တစ်ခုသောအကြောင်း မှာ တန်ခူးလ သည် မိခင်ဖခင်နှစ်ပါးစလုံးကို ခြွေသွားလို့လား။ ဧပြီလ ၃ရက်တွင် ဖခင်ဆုံးခဲ့သလို ဧပြီလ ၆ရက်တွင် မိခင် ဆုံးခဲ့ပါသည်။ နောင်တော် ကိုသိန်းတန်ပင် ဖေဖော်ဝါရီလအတွင်း အတော် မကျန်းမမာဖြစ်စဉ် တန်ခူးလ၏ တန်ခူးလေ က လာခြွေအုံးမှာလားလို့ ကျွန်တော် ပူပင်မိပါသည်။ မိခင်က ဧပြီလမှာ မွေးခဲ့ပြီး ဧပြီလမှာပဲ ဆုံးခဲ့ သလို နောင်တော်ကိုသိန်းတန်က ဖေဖော်ဝါရီလမှာ မွေးပြီး ဖေဖော်ဝါရီလမှာပဲ ဆုံးပါသည်။

မိဘနှစ်ပါးကို အကြောင်းပြုပြီး "ဂျာနယ်ကျော်ပြပွဲ"ကို တန်ခူးလမှာပင် ပြခဲ့ပါသည်။ ဖခင်၏ နိဂုံး ကဏ္ဍကို စုံစုံ လင်လင် ဖော်ပြနိုင်ပေမယ့် မိခင်၏ အဆုံးကဏ္ဍကိုတော့ ဈာပနာဓာတ်ပုံ အချို့ဖြင့် သာ ပြခဲ့ပါ၏။ "ပြုံး" စာပေ မှ ထုတ်ဝေသည့် "ကမာကလူမှကလောင်တစ်ချောင်း" စာအုပ်ကတော့ မိခင်၏ နိဂုံးမှတ်တမ်းလို့ ဆိုနိုင် ပါရဲ့။ အနှစ်၂၀လောက်အောင်းခဲ့ရသော အကြောင်းအရာများ သည် "ဂျာနယ်ကျော်ပြပွဲ"ကျမှ နိုးကြား လာတော့သည်။ ယခင် ကျွန်တော် တင်ပြခဲ့သလို အချို့ ကိစ္စတွေမှာ စတိအဖြစ်သာ ပြသနိုင်ပြီး နှုတ်ဖြင့် စာဖြင့် ပြောကြားရေးသားမှသာ အကြောင်းအရာ စုံလင်နိုင်မည်။ မိခင်ကွယ်လွန်ခြင်းနှင့် ပတ်သက် ၍ ဆွေမျိုးနှင့် မိတ်ဆွေအချို့သာ ကွယ်လွန်သွား ရသည့်အကြောင်းနှင့် ကွယ်လွန်ပုံတို့ကို သိပါသည်။ အရင်း အကျဆုံး သိတာကတော့ ကျွန်တော်တို့ မိသားစုတွေပါ။ "သွေး" ရုပ်ရှင်နှင့်ပတ်သက်ပြီး တဖွဖွ ပြောကြ၊ မေးကြပေမယ့် "သွေး" ရုပ်သေနှင့် ပတ်သက်၍ ခပ်အုပ်လုပ်ကလေးမေးကြ ပြောကြ သည်များ ရှိခဲ့ပါ၏။

မသိခြင်းနှင့် အားနာခြင်းတို့ကြောင့် ဖြစ်ပါမည်။ မိခင်၏ ရှေ့ပိုင်းဘ၀ဇာတ်ခုံကို စာပေစင်မြင့်မှ အတော်စုံလင်စွာ မြင်ခဲ့ကြပေမယ့် မိခင်၏ ဇာတ်သိမ်းကန့်လန့်ကာအချမှာ မြန်လွန်းသွားသည်မို့ မသိလိုက် မမီလိုက်ခြင်း ဖြစ်ကောင်းပါ့။

ကျွန်တော်တို့ မိဘတွေနှင့် နောင်တော့်အကြောင်းရေးဖို့ တိုက်တွန်းခဲ့သူမှာ ဆရာကိုမြတ်ခိုင် ဖြစ် သည်။ ရေးဖြစ်အောင် ရေးပါလို့ နိုးဆော်ခဲ့သူ။ မလွှဲသာမရှောင်သာလွန်းလို့ ၁၉၉၉ခုနှစ် ဇန်န၀ါရီလ တွင် အုတ်ဖို မြို့မှ ထုတ်ဝေခဲ့သည့် "ရတနာမြေ" မဂ္ဂဇင်းမှာ "ပို၍ ပို၍ သိလာရသော အုတ်ဖိုသား တစ်ယောက် အကြောင်း" ခေါင်းစဉ်တပ်ပြီး ဖခင်အကြောင်း ရေးခဲ့ပါသည်။ မိခင်အကြောင်းကိုမူ ဖော်ပြခဲ့သည့်အတိုင်း The International မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ ရေးလို့သာ ရေးရတာ ချည်း။ ဆရာကိုမြတ်ခိုင် တိုက်တွန်း လွန်းလို့ တစ်ခါတော့ စဉ်းစားမိပါ၏။

မိခင်အကြောင်း ထူးထူး ခြားခြား ၃ပုဒ်လောက် တင်ပြရကောင်းမလား။ ကျွန်တော်နှင့် တိုက်ရိုက် ပတ်သက်သော အကြောင်းအရာပေါ်မူတည်ပြီး ရေးလိုခြင်းပါ။ မေ့မရသော အဖြစ် အပျက်များ အနက် မေ့မရဆုံး အဖြစ်အပျက်တွေပါ။ နောင်ကြုံသော် ရေးပါမည်။ ယခုတော့ "ဂျာနယ်ကျော်ပြပွဲ" မှာ တင်ဆက်ခဲ့ သည့် အကြောင်းအရာကိုသာ အခြေခံပြီး မိခင်၏နောက်ဆုံးအပိုင်းကိုသာ ဖော်ပြသွားမှာပါ။ "မမလေး ရဲ့အိပ်ချိန်တန်" ခေါင်းစဉ်ကို ရွေးရသည်မှာ အကြောင်းအရာနှင့် ကိုက်ညီလှပါသဖြင့် တစ်ကြောင်း၊ မိခင်ဆုံး ဖို့ နီးလာသည့်နှစ်မှာ ထင်ရှားသော ဆရာတော်ကြီး တစ်ပါးက အိမ်ကို ကြွလာစဉ် "မမလေးရဲ့ အိပ်ချိန်တန်၊ ဗျိုင်းရှေ့ကပျံ" လင်္ကာကို မှတ်မှတ်သားသား ရွတ်ပြလေ့ရှိ သည်က တစ်ကြောင်း ... ဤခေါင်းစဉ်ကို ရွေးလိုက် ပါသည်။
... မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ တစ်ပွင့်ကို လွင့်ကြွေအောင် တန်ခူးလေ ခြွေလိုက်ပုံကတော့ ...။

(၂)

"မမြစိန် နင်ပဲ လူနာတွေ ကြည့်လိုက်တော့"
မကြာဖူးသော စကားပါလား။ ခရီးသွားစဉ်နှင့် ရုံးပိတ်ရက်မှအပ ဘယ်တော့မဆို ကိုယ်တိုင် လူနာတွေကို ကြည့်ရှု မှာကြား ကုသပေးသည့် မိခင်သည် ယခုတော့ ထိုစကားကို ဆိုလာပါကော။ ဒီမတိုငမီ တစ်လလောက် တုန်းက ဆေးခန်းကို ပုံမှန်လာပြီး လူနာတွေကို ကုပေးသေး၊ ဘေးမှ စာလိုက် ရေးပေးရသည့် မမစိန် သို့မဟုတ် ကျွန်တော်က မိခင်၏ အခြေအနေကို မပြတ်အကဲခတ် နေပါသည်။ နေမကောင်း သည့်ကြားမှ အပျက်မခံလိုသဖြင့် ဆေးခန်းကို လာနေခြင်း။

အားလုံးက အနားယူဖို့ ပြောပါသည်။ မရ။ "မဖြစ်ဘူး၊ မဖြစ်ဘူး" ပြောပြီး မြို့ထဲထွက်ဖို့ ကားပေါ်တက်ပါတော့ ၏။ မိခင်သည် မသိမဟုတ်၊ သိပါ၏။ ဆေးဆရာမို့ ပိုသိပါ၏။ ရှေ့ရေးကို ပူတတ်လွန်းသူ တစ်ယောက် အနေဖြင့် ပိုလို့တောင် သိပါမည်။  အထင်ရှားဆုံးမှာ "တပေါင်းလပြည့် ဆေးလှူပွဲ"။ ပဲခူးရွှေမောဓော ဘုရား တွင် နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ပြုလုပ်နေကျ ဆေးအလှုပွဲကို မိခင် ဘယ်တုန်းကမှ မပျက်ကွဲခဲ့။ ကိုယ်တိုင် ဦးဆောင်ပြီး လှူနေကျ။ ဆုံးမည့်နှစ်မှာတော့ ထုတ်ပြန် လိုက်သည့်အမိန့်မှာ "မိုးဟိန်းပဲ လိုက်သွား၊ ကျန်တဲ့လူတွေ အိမ်မှာ နေရစ်ခဲ့"
ဤစကား သည် ကြီးစွာသော စိတ်မချမ်းသာခြင်းကို ဖြစ်စေမည့် ဗွေဆော်ဦးစကား။ နှစ်တိုင်း ကျွန်တော်တို့ မိသားစု အားလုံး တပျော်တပါးကြီး ဆေးလှူပွဲသွားကြသည်။

တစ်ခါတစ်လေ အဖိတ် နေ့ကို ကြိုသွားလိုက်သေး။ ယခု မမစိန်က ဦးဆောင်ပြီး ကျွန်တော်က နောက်လိုက် အဖြစ် သွားရ မည်။ ဆေးလှူသည့်နေ့တွင် မြင်နေကျ အလှူရှင်ကို မတွေ့ရသည့်အတွက် အလှူခံနှင့် မိတ်ဆွေ များကို ကျွန်တော်ဖြေလိုက်ရပုံမှာ

"ဆရာမကြီး အနားယူနေလို့ပါ" ဟု ဘယ်တုန်းကမှ ဆေးလှူပွဲတွင် အနားမယူခဲ့သည့် ဆရာမကြီး သည် ဤနှစ်တွင် အနားယူပြီ။ ခြောက်ကပ်ကပ်ဆေးလှူပွဲမှာ ကျွန်တော်တို့ စိတ်မသက်မသာစွာနှင့်  ပြန်လာခဲ့ ရပါသည်။ ညနေဘက် အိမ်ပြန်ရောက်တော့ အမေ့မျက်နှာကို ကြည့်လိုက်ရာ နွမ်းလျလျ။ "မသွားလိုက် ရခြင်း" ဝေဒနာကို အမေထပ်ဆင့်ပြီး ခံစားနေရပါကလား။ ပဲခူးကိုသာ မသွားလိုက်ပေ မယ့် နောက်ရက် တွင် ဆေးခန်းကိုတော့ ဖြစ်မြောက်အောင် မိခင် သွားခဲ့ပါသည်။

လူနာ ရှေ့တွင်ထိုင်၍ ညွှန်ကြားချက်များပေးနေသော ဆရာ လူမမာကို လူနာတွေ ရိပ်မိဖို့ဝေးစွ။ စိတ်ရှည် လက်ရှည် စစ်ဆေးပြီး လိုအပ်တာတွေ မကျန်အောင် မှာကြားနေသော ဆရာကို အဘယ် လူနာသည် သိနိုင် ပါမည်နည်း။ တစ်ခါတစ်ခါ လူနာရှင်းတုန်း နေရာမှထ၍ ရှောက်ရည်နှင့်ဆေး သို့မဟုတ် ကြံရည်ကို မိခင် သောက်သည်။ နှစ်ပေါင်းများစွာ လူနာထောင်ချီပြီး ရောဂါများ ပျောက်ကင်းသက်သာအောင် မနားတမ်း ကုသ ပေးခဲ့သော ဆရာသည် ယခုမောဟိုက်လာသည့် ကြားမှ မနားဘဲ လူနာ့အကျိုးသယ်ပိုးနေပါလား။

မြင်ရသူ (ထိုထက်ပြောရလျှင်  အဖြစ်မှန်သိသူ များ)အဖို့ ဘယ်သို့နေမည်နည်း။ ဦးလေး ဦးအောင်ဇေယ မှအစ အိမ်သားတွေအားလုံးက အနားယူ ဖို့ ပြောနေရပါသည်။ တွင်တွင်ခါပြလိုက်သော ခေါင်းသည် အခါနှေးသွားပါ၏။ သို့သော် သွားဆဲ။ အခါရပ် သွားပါ၏။ သို့သော် ကြိတ်မှိတ်ပြီး သွားဆဲ။ နောက်ဆုံးကျ လူနာ တွေကို တူမဖြစ်သူ ဒေါ်မြစိန်လက်ဝယ်သို့ အပ်လိုက်ပါပြီ။ ထိုအချိန် မှစပြီး မိခင်တစ်ယောက် ဘောက်ထော် အမှတ် ၈ ပြည်သာယာ လမ်းအိမ်မှ မထွက်ဘဲ အနားယူပါတော့၏။ ပရံပရက ဆရာဇီဝက၏ အနီးကပ် အမျိုး အနွယ် တော်စပ်ဟန်ရှိခဲ့ဖူးသည့် မြန်မာသမားောတ်သည် နှစ်ပေါင်းများစွာ သမားတို့ထုံး နှလုံးပြု ကာ သမားလမ်းကြောင်းပေါ် လျှောက်ခဲ့ရာ နောက်ဆုံးအချိန်ကျမှပဲ မိမိကိုယ်မိမိ အနားပေးပါတော့ ၏။ သည်တော့မှ ကျွန်တော်တို့ မိသားစုအားလုံး "ဟင်း"ခနဲ သက်ပြင်းချနိုင်ပါပကော။

ထုံးစံအတိုင်း ဓာတ်စာစား၊ ဆေးသောက်၊ လမ်းလျှောက်နှင့် မိခင်သက်သာသလို ရှိလာပါသည်။ ညနေတိုင်း အလုပ်တိုက် မှ ပြန်လာသူ ဦးလေး ဦးအောင်ဇေယျကို တိုက်ကိစ္စများမေးသလို ဆေးကိစ္စနှင့် လူနာ ကိစ္စတွေပါ မကျန်အောင်မေးပါသည်။ ဦးလေးက အကုန်ပြောပြပါ၏။ စာရေး ဆရာတွေက မေးနေ ကြကြောင်း။

"ဆရာမကြီး ဒါလောက် အပင်ပန်းခံ ဆေးကုလာတာ၊ နားဖို့ လိုအပ်ပါတယ်၊ ကောင်းပါတယ်" ဟု လူနာ အချို့၏ စကားကို ပြန်ပြောပြသောအခါ အမေ့မျက်နှာ ငြိမ်သက်သွားပြီး နှုတ်ခမ်းတွေ စေ့ သွားသည်။ မဟုတ်မှ လွဲရော၊ ရင်ထဲတွင် အနည်းငယ်တော့ ဒုတ်ဒုတ် ဒုတ်ဒုတ်လို့ ခုန်သွားမည် ထင်ပါ၏။ တစ်ခါတစ်ခါ လိုအပ် တာတွေ မှာလိုက်သေး။ တစ်နေ့တွင် အိမ်က ဖုန်းမှတစ်ဆင့် ကြား နေရသည်။ နောင်တွင် ထိုလူနာ လာ ကန်တော့ ပါ၏။ ယခု လုံးလုံး အနားယူနေပြီမို့ မိခင်အတွက် စိတ်အေးမိပါ၏။ "အေး" ဆိုပေမယ့် ခဏပါ။ ခန္ဓာမျက်လှည့်ဆရာက ဝေဒနာကို ဘယ်ပုံ ထုတ်ပြ ဦးမည်မသိ။

(၃)
ပထမဆုံး သတင်းလာမေးသူတွေကတော့ ဆွေမျိုးတွေပါ။ လူနာသတင်းမေး ပုံစံမျိုးမဟုတ်ဘဲ ကြုံသလို ၀င်လာ သည့်ပုံ။ နောက်တွင် မိတ်ဆွေအနည်းငယ် တချို့လာကြသည်။ မြို့ထဲမလာတာ ကြာ၊ မမြင်တာ ကြာမို့ လာတွေ့သည့်ပုံ။ အာလာပ သလ္လာပပြော၊ ရှောင်ကွင်းထားသည့် စကားရပ် ကတော့ မိခင်၏ ကျန်းမာရေး အခြေအနေပါ။ ပါးစပ်ဖြင့် မမေးဘဲ မျက်စိဖြင့်သာ အကဲခတ်ကြ သည်။ နား အထူးစွင့်ထားပြီး ဘာပြော မလဲ နားထောင်ကြသည်။ မိခင်ကတော့ အေးအေး ဆေးဆေးပုံပန်းနှင့် အလိုက်အထိုက် ပြော ပါ၏။ စကားဆက်တွေကတော့ ဝေးသည်။

အစပိုင်းက ဧည့်သည်တွေကို အောက်ထပ်မှာ လက်ခံတွေ့ဆုံပြီး နောက်ပိုင်းတွင် အိမ်ပေါ်ထပ်မှာပဲ အနေများ ပါသည်။ ဧည့်သည်လည်း အလာနည်းသွား၏ နံနက်မိုးလင်းသည်မှအစ မိုးချုပ်သည့် အဆုံး မိခင် တစ်ယောက် ဓာတ်စာဆေးဝါးအတိုင်း စားသောက် နေထိုင်ပါသည်။ နဂိုကမှ ဓာတ်စာ အတိုင်းစားသူမို့ အကြောင်း မထူး။ အနေအထိုင်ကတော့ အပြောင်းလွဲကြီး ပြောင်းလွဲသွားပေါ့။ အိမ်မှာပဲ နေနေပြီမို့ ရေအကြိမ်ကြိမ် ချိုး၊ ဆေးလိမ်း၊ ဆေးသောက်၊ မှိုင်းရှူ၊ ဒန်းစီး (ဒန်းကို ထိုင်ခုံ ရှည်ဖြင့် ပြုလုပ်ထားပါသည်)၊ လမ်းလျှောက်၊ ဘုရားဝတ်တက်စသည်ဖြင့် စက်ရဟတ်လို လည်ပတ်နေသည်။ အိမ်တွင်ရှိသူများက တစ်ခုပြီး တစ်ခု ပြီးစီးသွားရန် အဆင်သင့် အနေအထား ရှိကြပါသည်။

 ဦးလေးက နေ့စဉ် အလုပ်တိုက်ကိုသွားရ၊ အစ်မဖြစ်သူ ဒေါ်ခင်လေးမြင့်က ပြင်သစ် နိုင်ငံရောက်နေ၊ အစ်ကို ဖြစ်သူ ကိုသိန်းတန်ကို ၀င်ချီထွက်ချီမို့ တစ်နေ့တစ်ခေါက် မိခင်အိမ်ကို လာနေသော ကျွန်တော်က မိခင် ကို ပိုပြီး ကြည့်ရှုနိုင်ရန် မိမိနေအိမ်မှ ပြောင်း၍ လာနေပေးပါသည်။ ကလေးဘ၀တုန်းက မိခင်နှင့်အတူ ဘောက်တော် မင်္ဂလာလမ်းနေအိမ်တွင် နေခဲ့ရသလို ယခု ပြည်သာယာလမ်းအိမ်တွင် ပြန်နေရပါပြီကော။ မိခင် နှင့် ပြန်လည် အနီးကပ်နေရပြီမို့ ၀မ်းသာရ မလိုလို ဖြစ်သော်လည်း တကယ်တော့ ၀မ်းနည်းစရာပါ။ ဇာတ်သိမ်းပိုင်း ကို အမီကြည့်ရန် ရောက်နေသလိုပါလား။

ဘယ်လောက်ပဲ အလုပ်များများ၊ စာရေးချိန်တန်စာရေး၊ စာဖတ်ချိန်တန် စာဖတ်ခဲ့သော သူမှာ ယခုတော့ ရေးဖို့ဝေးစွ၊ စာပင် မဖတ်နိုင်တော့။ စာပေနယ်တွင် နှစ်ပေါင်းများစွာ ကလောင်ထမ်းခဲ့ သော ထိုလက်သည် ယခု ကလောင်ကို ကိုင်နိုင်စွမ်း မရှိတော့။ စာလုံးပေါင်းများစွာကို ဖတ်ရှု စစ်ဆေးခဲ့ရသော မျက်လုံးများသည် ယခု စာလုံးတွင် မျက်လုံးမအပ်နိုင်တော့ မှတ်မှတ်ရရ မိခင် နေမကောင်းစဉ် ကမ္မဋ္ဌာန်းနှင့် ပတ်သက်ပြီး ပြောကြရာမှ ဝေဠုဝန် ဆရာတော်ဘုရားကြီးရေးခဲ့ သော ကမ္မဋ္ဌာန်းကျမ်းမှ ကောက်နုတ်ချက်အချို့ကို မိခင် အား ကျွန်တော် ဖတ်ပြခဲ့ရပါသည်။

သာမန်ကိစ္စများ ပြောသည်ကလွဲ၍ ဓမ္မစကားပြောဖြစ်ကြသည်က များပါ၏။ "သွေး" ၀တ္ထုကို အကြောင်းပြုပြီး ဂျပန် သွားရာမှ အပြန်တွင် မိခင်သည် အစ်မအရင်းဖြစ်သူ ဒေါ်လှခင်နှင့်အတူ ရတနာမာန်အောင် ဆရာတော် ဘုရားကြီး၏ တရားပွဲများသို့ အတူသွားခဲ့ကြသည်။ အစ်မနှင့်မ ဟုတ် လျှင် ပုဇွန်တောင်ရှိ ဂန္ဓမာလာမုန့်တိုက်မှ ဒေါ်အေး ဒေါ်မြတို့နှင့်တူ သွားခဲ့ပါသည်။ ရတနာ မာန်အောင်ဆရာတော် ဘုရားကြီး (ရွှေဗျိုင်းနားဆရာတော်) နှင့် ပတ်သက်ပြီး "တစ်ဇွန်းဆန်" ဆောင်းပါးကို ရေးကာ လက်ကမ်းစာအုပ် ကလေးအဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ ထိုစာမှာ မိခင် နောက်ဆုံးရေးခဲ့သည့် စာဖြစ်၏။ သုံးခေါက်မျှ အိမ်ကို ကြွလာ၍ ဆရာတော်ဘုရားကြီး တရားချီးမြှင့် ပေးပါ၏။

ထို့ကြောင့် ဖော်ပြခဲ့သလို မိခင်နောက်ပိုင်း ပြောသောစကားများမှာ တရားဓမ္မနှင့် အများဆုံးဆိုင်သော စကား များဖြစ်သည်။ ယခုလို အေးအေးလူလူ မိခင်အနားယူတုန်း တရားစ ကားပြောဖြစ်သည်ကို ကျွန်တော် အလွန် ကြည်နူးခဲ့ရပါ့။ စာဆို၏ နှောင်းပိုင်းကာလကို ဓမ္မမိုးရိပ်များ လွှမ်းထားသည်မို့ ခန္ဓာနွမ်းလျ ပါသော်လည်း စိတ္တကတော့ အေးမြနေမှာပါ။ မိခင်အိမ်မှာသွား နေစဉ်ကျွန်တော့်အဖို့ ဆရာနန္ဒာသိန်းဇံ၏ "ခရောင်းလမ်း ကို ဖြတ်ကျော်ခြင်း" စာအုပ်ကို အင်္ဂလိပ်  လိုဘာသာပြန် ဖြစ်ပါသည်။

စာအုပ်ထဲမှ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း အကြောင်းကို ဖတ်ရင်း ရေးရင်း၊ စာအုပ်အပြင်မှ မိခင်၏ ခရောင်းလမ်းကို ဖြတ်နေရပုံကို ကြည့်ကာ ရင်တမမဖြတ်ရပါ ကော။ "မေမေ ဝေဒနာခရောင်းလမ်းကို ဖြတ်ကျော် နိုင်ပါ့မလား"လို့ စိတ်ထဲတွင် တထင့်ထင့်။

အစားအသောက် ပုံမှန် စားရာမှ တဖြည်းဖြည်းလျော့လာသည်။ လှုပ်ရှားမှုများ နှေးကွေးလာသည်။ စကားပြော နည်းလာသည်။ ဆေးရုံမှာလို လူနာ၏ အခြေအနေကိုသိရန် ဇယားတွေ မှတ်စုတွေဖြင့် ချိတ်ပြ ထားခြင်း မရှိမို့ မျက်စိနှင့် နားများကို အထူးလူနာကို အကဲခတ်နေပါသည်။ ဦးလေး အလုပ် တိုက်မှ ပြန်လာလျှင် "ဒီနေ့ဘယ်လိုလဲ"ဟု တန်းမေးပါသည်။ အစားအသောက် အနေအထိုင် အခြေအနေကို အိမ်က လူတွေက ပြန်ပြောပြစမြဲ။

အနားယူခါစက အိမ်အောက်ထပ်အိပ်ခန်းတွင် မိခင်နေပါသည်။ ဧည့်ခန်းနှင့်နီး၊ ထမင်းစားခန်းနှင့် နီး လမ်းလျှောက် လို့လဲရမို့ အဆင်ပြေပါသည်။ အပေါ်မှာပဲရေချိုး။ အပေါ်မှာပဲ ထမင်းစား။ တစ်ခါ တွင် အမှတ် မထင် စကားတစ်ခွန်းကို ပြောပါလေကော။ "ငါနေရာရွှေ့ချင်တယ်၊ ဟိုလက်အိမ်က အခန်းတစ်ခန်း မှာ ပြောင်းရင်ကောင်းမယ်" လို့။

ကျွန်တော် တို့က မပြောင်းပါနဲ့ အမေရယ်၊ ဒီမှာ တင်နေပါ။ ပြည့်စုံနေမှာပဲ" ဟု ၀ိုင်းပြောကြလို့ မပြောင်း ဖြစ်တာပါ။ အပေါ်ခန်းရောက်ပြီးနောက် အစားအသောက်နည်းလာပြီး ဧည့်သည်တွေလာလျှင် မှိန်းနေ ပါသည်။ နောက်ပိုင်းတွင် ဧည့်သည် တွေကို လုံးဝအတွေ့မခံတော့ပါ။ ဧည့်သည်တွေကသတင်းမေးပြီး အောက် ကပဲ လှည့်ပြန်ကြပါ သည်။ ဧည့်သည်မျက်လုံးများသည် စူးစမ်းနေကြသလို နှုတ်ခမ်းများကလည်း တလှုပ်လှုပ် နှင့် "ကိုင်း ဘာဆက်လုပ်ကြမလဲ" မပြောရုံတစ်မယ်သာ။

"ဒေါ်သန်းခင် ကော ရောက်သလား"လို့ မေးကြပါသည်။ ကြီးကြီးဒေါ်သန်းခင်မှာ အမေ့ဆရာ အဘဆရာလှိုင် ကြီး၏ သမီးဖြစ်ပါသည်။ ညီအစ်မအရင်းနှင့် မခြားပါ။ မြန်မာ့ဆေးပညာကို မိခင်အား သင်ပြ ပေးသူမှာ အဘဆရာလှိုင်။ မိခင်နေမကောင်းစဉ် စောဦးပိုင်းက ကြီးကြီးခင် ပုံမှန်လာပါ သည်။ နှစ်ယောက် သား တိုင်ပင်ပြောဆိုနေကြ။

နောက်ပိုင်းတွင် ကြီးကြီးခင်အလာနည်းရန် အကြောင်းပေါ်လာပါကော။ မောင်အရင်းဖြစ်သူ ဦးကျော်ရင် မဆိုင်းမတွ မကျန်းမမာ ဖြစ်လာပြီး ရောဂါဆိုးဝါးကာ မစားနိုင်မသောက်နိုင်သည့် အခြေအနေ ရောက်သွားပါ၏။ မိခင်ကမှအစာအနည်း ငယ်ဝင်သေး။ ကြီးကြီးခင်မှာ မောင်၏အခြေအနေကို အချိန်ပြည့် စောင့်ကြည့် ဂရုစိုက်နေရသည်မို့ ကျွန်တော်တို့ဘက်အရောက်နည်းလာခြင်းပါ။ သတင်းတော့ မပြတ် မေးနေပါ၏။ မောင်နှင့် ညီမကြား စိတ်သောက ဗျာများခဲ့ရသူပါ။ ဦးကျော်ရင်မှာ မကြာခင်ဆုံးသွားပါသည်။

မိခင်သည် ဆေးဝါးဓာတ်စာအတိုင်း အပြောင်းအလဲမရှိ အတိအကျစားပါသည်။ ဆရာတစ်ယောက် အနေဖြင့် လူနာတွေကို ညွှန်ကြားခဲ့သလို မိမိကိုယ်တိုင် လိုက်နာ၏။ အတိအကျလိုက်နာပါသည်။ လိုက်နာ သည့်ကြားမှပင် အခြေအနေတွေ ဆုတ်ယုတ်လာပါ၏။ ဖျားနာခြင်း၊ ၀မ်းကိုက်ခြင်း၊ အစာအိမ်ဒုက္ခပေးခြင်း လက္ခဏာ တို့ ရှေ့ဆင့်နောက်ဆင့် ၀င်လာကြပါပြီ။ လူမမာကတော့ သံပတ် ရုပ်တစ်လို ဆေးသောက် ဆေးလိမ်း၊ ရေစိမ်၊ ဒန်းစီး၊ မှိုင်းရှူ၊ ရောဂါတစ်ခု သက်သာသလိုရှိရာမှ နောက်ရောဂါတစ်ခုကဖိစီး။ ထိုရောဂါ ကို ခုခံတိုက်ဖျက်နေတုန်း နောက်တစ်ခုက ထပ်ဖိဖြင့် လုံးချာ လိုက်လာသည်။ အိမ်ကလူတွေ လက်မလည် တော့ပါ။

(၄)

မိခင်စတင်နေထိုင်မကောင်းစဉ်တုန်းက ပြင်သစ်ရောက်နေသူ အစ်မဒေါ်ခင်လေးမြင့်ဆီမှ ဖုန်းလာ ရာ စိတ်ပူစရာ ဖြစ်မှာမို့ ရိုးရိုးနေမကောင်း ဖြစ်ကြောင်းသာ ပြန်ပြောခိုင်းပါ၏။ ယခုအခြေအနေ သည် ထိုသို့ မဟုတ်။ ရန်ကင်းမှ မိခင်၏ တူမဖြစ်သူ ဒေါ်ခင်စောမြင့်နှင့် ခင်ပွန်းဦးကျော်ဇော် (အငြိမ်းစားညွှန်မှူး) တို့အိမ်ကို မပြတ်လာကြသည်။ အစ်ကိုကြီး ဦးကျော်ဇောက ဆေးပြောင်းကု ချင်ကြောင်း ပြောပါ တော့သည်။ သားဖြစ်သူ မောင်မြင့်ခိုင်က ဆရာဝန်။ မိခင်၏ တူဖြစ်သူ ကိုကို လှမြင့်ဦး (လယ်ယာစိုက်ပျိုး ရေးရုံးမန်နေဂျာ)က အနောက်တိုင်းဆေးပညာဖြင့် ပြောင်းလဲကုသ လိုသောဆန္ဒရှိသည်။ အမေရိကန် ရောက်နေသော ဦးလှမြင့်ဦး၏ ညီမအရင်း ဒေါ်ခင်မလေးက "အဒေါ်ကြီးဆီလာပြီး ဆးကုပေးချင်တယ်"ဟု ဖုန်းဆက် ပြောခဲ့၏။

ခင်မလေးမှာ အမေရိကန်ဆေး ရုံကြီးတစ်ခုမှ သမားတော်တစ်ယောက်။ တစ်ယောက်နှစ်ယောက် သာဓက ပါ။ အနောက်နည်းဖြင့် ဆေးပြောင်းကုဖို့ တိုက်တွန်းကြပြီ။ သို့သော် မည်သူမှမိခင်ကို မပြောရဲ။ ဆွေမျိုး တွေတိုင်ပင် ကြသည်။ ဆေးခန်းသို့ နေ့စဉ်းသွားနေသော မမစိန်တစ်ယောက် ဆေးခန်းသို့မသွားတော့ဘဲ မိခင် နားမှာ နေပါတော့သည်။ တစ်ရပ်ကွက်တည်းမှာ ရှိတာမို့ ကျွန်တော့်မိသားစု အားလုံးလိုပင် ပြည်သာယာ အိမ်ကို ပြောင်းလာကြပါသည်။

ကျွန်တော့်သဘောအရ ပြောရပါလျှင် မိခင်ရောဂါပျောက် ကင်းဖို့သာ လိုရင်းပဓါန။ ဘာနည်းဖြင့် ကုကု။ ထောင်ပေါင်း များစွာ လောလူနာတွေကို ပျောက်ကင်းသက်သာအောင် ကုသပေးခဲ့သော မိခင်၏ သမားတော် သမိုင်းကို ကျွန်တော်သိပါ၏။ ပျောက်ကင်းခဲ့သည်များ မျက်မြင်ဒိဌတွေ့ခဲ့ပါ။ မယုံစရာမရှိ။ သို့ ပေတည့် ဤလိုမရခဲ့သော ထိုလိုများ ရလေမလားလို့ စိတ်ဝယ်ဖြစ်လာမိတာ အမှန်။ ဓားနှင့်ခွဲရမည့် ကိစ္စကိုဆားစည်းပြီး ပျောက်စေခဲ့သလို အောက်စိဂျင်အစား နနွင်း၊ အုန်းဆံ၊ တောင်တန်ကတိုးမှုင်းရှူစေပြီး ပျောက်ကင်း ခဲ့သည်များကို သိခဲ့မြင်ခဲ့ပါ့။

တစ်ခုမဟုတ်လျှင် တစ်ခုနှင့် တည့်သွားမလားလို့တွေးရင်း "ကြိုက်တဲ့နည်းကိုသာ လုပ်ပါ။ ပျောက်ဖို့သာ ပဓါန"ဟု ပြောမိပါ၏။ ကိုသိန်းတန်ကတော့ ယခုအတိုင်းဆက်လုပ်ဖို့ တိုက်တွန်းပါသည်။ ဘာပဲပြောပြော မိခင် ၏ ရပ်တည်ချက်ကိုတော့ အားလုံးသိကြပြီးသားပါ။  ဦးလေးဦးအောင်ဇေယျနှင့် အိမ်ထောင် ကျစဉ်က မိခင် ပြောခဲ့သော စကားများမှာ "ဘုရားပြီးရင်တော့ ဓါတ်ပဲ" ထိုစကားကို ဦးလေးအား အခါခါ ပြောဖူးရုံမက ဦးလေး ကိုပါ ဓာတ်စာအတိုင်း စားခိုင်းခဲ့ပါသည်။

"ဘုရားပြီးလျှင် ဓာတ်ပဲ"ဟု ခံယူရုံမက တစ်သက်လုံး ဓာတ်ပညာအတိုင်း ကျင့်သုံးရပ်တည် ခဲသော မိခင် သည် ဘယ်တော့မှ ပြောင်းမည်မဟုတ်ကြောင်း သိပါ၏။ အသည်းအသန်ဖြစ်နေစဉ် တောင်မှာ တိုက်သော နို့အား "ကျွဲနို့စစ်ရဲ့လား"ဟု စစ်မေးခဲ့သူ။ တစ်ချက် ကလေးမှ အတိမ်းအစောင်းမခံ။ ရှိသမျှဆွေမျိုး၊ သိသမျှ မိတ်ဆွေ တွေ ၀ိုင်းပြောတောင်မှ တုတ်တုတ်လှုပ်မည်မဟုတ်သော၊ ရပ်တည်ချက်ကို စွန့်မည်မဟုတ်သော ပုဂ္ဂိုလ် မျိုးပါ။ ကျွန်တော်တို့ ဆွေမျိုးတွေကသာ ယူကြုံးမရ ဆောက်တည်ရာမရ ဖြစ်နေပါသည်။

ဆုံးခါနီး တစ်ပတ်၁၀ ရက်လောက်အလိုတွင် ဦးလေးကို မိခင်က သော့တွဲတွေအပ်ပါသည်။ ဦးလေး ကမယူပါ။ သော့တွဲတွေ အပ်လိုက်ပြီဆိုကတည်းက မိခင်အိမ်ကိစ္စကို ခေါင်းထဲမထားချင်တော့ အခြေအနေ အရ ပြောဖို့လိုအပ်လာပြီမို့ ကျွန်တော်က မိခင်ကို-
"မမလေး ကို အကြောင်းကြားရမလား အမေ"ဟု မေးလိုက်ရာမိခင်က "ဒီနေ့ဘယ်နှစ်ရက် လဲ"ဟုမေးရင်း မျက်စိ မှိတ်ရင်း ရက်တွေတွက်နေပါ၏။ အတန်ကြာမှ ဖြည်းဆေးသော အသံဖြင့် "ခေါ်လိုက်တော့"ဟု ပြောပါသည်။ ညနေဘက် ပြင်သစ်နှင့် ဖုန်းဆက်သွယ်ရသောအခါ အစ်မထံ သို့ အမြန်ပြန်လာဖို့ အကြောင်း ကြားလိုက်သည်။

အိမ်အောက်ထပ်တွင် ဆွေမျိုးတွေ စုနေကြပြီး အပေါ်ထပ်အခန်းမှာသာ နှစ်ယောက်လောက် မိခင်နှင့်နေသည်။ ဘယ်ဆေးကိုယူခဲ့၊ ဘာကိုလုပ်လိုက်ဟု ပြောသည့်အခါ ပြောပါ၏။ များသော အားဖြင့် မျက်စီမှေးနေပြီး ၀င်လေထွက်လေမှတ်နေသည်။ ဆွေမျိုးတွေကတော့ မိခင်ပြန်ကောင်း လာဖို့အားလျှော့လိုက်ပါပြီ။ အများဆုံးလုပ်နေကြသည့် အလုပ်ကတော့ ဗေဒင်မေးခြင်း၊ ယတြာချေ ခြင်းတို့ဖြစ်၏။ တတ်နိုင်သည့်ဘက်က မလစ်ဟင်းအောင် လုပ်ဆောင်ပေးနေကြပါ လား။ တစ်ယေက်သောသူ ငြိမ်သက်နေသလောက် အများက ပျားပန်းခတ်နေသည်။ ဤအခြေအ နေတွေကို တစ်ဆင့်ကြားရ လို့ထင်ပါ့။ အရပ်ထဲက အသိမိတ်ဆွေတွေပါ မျက်စိနှင့် နားစွင့် နေကြ ပြီ။ နေ့လား၊ ညလား။

မှတ်မှတ်ရရ မိခင်ကျွန်တော့်ကို မခိုင်းစဖူး နောက်ဆုံးခိုင်းခဲ့သော အရာမှာ တပေါင်းဆေးလှူပွဲမှ အပြန် တစ်နေ့ တွင် ဖြစ်သည်။ အင်အားဆုတ်လိုက် တက်လိုက်ဖြစ်နေသော အချိန်။
"သားလေး........မေမေ့ကို မန်ကျည်းရွက်ခူးပေးပါလား ခေါင်းအုံးထဲက မှို့တွေထုတ်ပြီး ထည့်ဖို့"

အရွယ်ရလာသည့် အချိန်မှစ၍ အမည်အတိုင်း မိုးဟိန်းသော်လည်းကောင်း၊ ရှေ့က 'မောင်' တပ်၍ သော် လည်းကောင်း အခေါ်ခံခဲ့ရသော ကျွန်တော့်မှာ ထိုအခေါ်ကြောင့် ရင်ထဲတွင် နင့်ခနဲ ကြည်မွေ့ သွားပါ၏။ ခြံထဲ ရှိ မန်ကျည်းပင်ကြီးဆီသွားကာ မန်ကျည်းရွက်တွေခူးရင်း "တစ်ရွက် မကျန်တစ်ပင်လုံးသာ ခြွေချ လိုက်ချင်ပါ့ မေမေရာ"ဟု ရင်ထဲပြောမိပါ၏။ အိပ်နေကျ ခေါင်းအုံးထဲမှ မှို့ကိုထုတ်ပြီး မန်ကျည်းရွက်တွေ ဖြည့်ခဲ့ ရပါ။

သားကြီးဖြစ်သူ ကိုသိန်းတန်တစ်ယောက် ယတြာကိစ္စများဖြင့် ဒေါင်းတောက်နေသည်။ အိမ်ပေါ် တက်ပြီး မိခင်ကို လာကြည့်လိုက်၊ ဆင်းသွားလိုက်၊ ဆေးကိစ္စများအတွက် လုပ်လိုက်နှင့် သူ့မျက်နှာ တွင် မျှော်လင့်ချက် ကို မစွန့်ဘဲ အားခဲထားသည့်ပုံ။ သို့သော်မိခင်၏ ဆုတ်ယုတ်လာသော အခြေ အနေကြောင့် မျက်နှာ မှုန်မှေးလာပါ၏။ တစ်ခုခုပြောင်းလုပ်မလားဟု စောင့်မေးနေသူကတော့ ဒေါက်တာမြင့်ခိုင်။ လူကြီး တွေ၏ အပြောကို စောင့်နေဟန်။ ၀မ်းစစ်ဖို့ ဓာတ်ဆားရည်တိုက်ဖို့ တိုက်တွန်းသည်။

ဦးလေး၊ မမစိန်နှင့် ကိုကိုလှမြင့်ဦးတို့ကတော့ ခေါင်းချင်းဆိုင် တိုင်ပင်နေကြ။ ပြည်သာယာအိမ်ကို ရောက်နေသော ကျွန်တော်၏ ဇနီးကြည်ကြည်က ဆွေမျိုးအဖွဲ့နှင့်အတူ ပြောဆိုလုပ်ကိုင်နေပေမယ့် အများ နည်းတူ "ရပါ့မလား"ဟု စိတ်မကောင်းဖြစ်နေသည်။ မိခင်က အစောကတည်းကပဲ လာနေဖို့ခေါ်ထားသည်။

အမေဆိုလည်းဟုတ်၊ အဘွားဆိုလည်းဟုတ်သော မြေးကြီး မောင်သိန်းစိုးအဖို့ ဘွားအေအဖြစ်ကို မရှု့ရက်သည် ကတစ်ကြောင်း၊ လူငယ်ဖြစ်နေ သည်က တစ်ကြောင်း ချောင်တစ်ချောင်တွင် ကုပ်နေသည်။ သူ့ကို ဖူးဖူးဖွဖွ ယုယုယယ ပြုစုခဲ့သော ဘွားအေသည် လဲရှာပြီမို့ သည်ကလေး၏ စိတ်မှာညှိုးရှာနေပါပြီ။ ကျွန်တော် ၏ ကလေးများဖြစ် သောမောင်မိုးသန့်နှင့် မဟိန်းဟိန်းမြတ်တို့က "ဘွားဘွား ဘယ်လိုနေသလဲ" မေးတတ်ရာမှ လူကြီးတွေ၏ အရိပ်အခြေကိုကြည့်ကာ မမေးတော့ပါ။ ဘွားအေ၏ အဖြစ်ကို မြင်သိ နေရပြီလေ။

အားသည့်အချိန်တွင် ပါးစပ်မှ တတွတ်တွတ်ရွတ်ဖတ်နေသူကတော့ ဦးလေးပါ။ ဤမိသားစုကြီး၏ တာဝန်ကို ၂၃နှစ်တိုင် မိခင်နှင့်တွဲ၍ ထမ်းဆောင်လာသူအဖို့ အဖော်မဲ့ရတော့်မည့်မို့ ဦးလေးရင်ထဲ ဘယ်လိုရှိမည်ကို ကျွန်တော် တို့ ခံစားမိပါသည်။ ရှေ့အခြေအနေကို သိနေသည့်အတွက် ရင်ထဲမှာ ပူလောင်နေသလောက် ခေါင်းအေးအေး ထားပြီး လုပ်စရာပြောစရားများကို လုပ်သွား ပြောသွား သည်။ "မင်းတို့ မေမေနေရာမှာ ငါသာ ရှိလိုက်ချင်ပါ့ကွာ၊ ကျန်ချင်းကျန် သူကျန်တာ ပိုကောင်းပါ တယ်"တဲ့။

(၅)
နောက်ဆုံးညသို့ ရောက်ခဲ့ပြီ။
ညဦးပိုင်းတွင် ကျွန်တော်အလုပ်လုပ်သော သံရုံးမှ မိတ်ဆွေနှစ်ဦး သတင်းလာမေးရင်း သတင်းတစ် ခု လာပေးပါသည်။ ထိုသတင်းအား မိခင်ကိုပြောပြဖို့ အတန်တန် တိုက်တွန်းကြသည်။ ကျွန်တော်သည် ချိန်ဆ နေရင်းမှ "ပြောလိုက်ပါ့မယ်"ဟု ဖြေပြီး အိမ်အပေါ်ထပ်သို့ တက်သွား သည်။ မိခင်သည် ဒန်းပေါ်မှ အထ နှင့်ဆုံသည်။

"မေမေ ကျွန်တော့သံရုံးကလူတွေ အခုပဲလာသွားပါတယ်။ ဂျပန်သံရုံးကတစ်ဆင့် သိရတာက တော ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာနကဦးဆောင်ပြီး "သွေး" ၀တ္ထုရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတယ် လို့ လာပြော ပါတယ်"
မိခင်သည် ငြိမ်နေရာမှ မျက်စိကို မှိတ်ထားရင်း ဖြည်းလေးစွာ ပြောလိုက်ပုံက-
"မေမေ ဒါတွေကို စိတ်အာရုံမရှိတော့ဘူး၊ ကိုယ့်တရားသာ ကိုယ်မှတ်နေတယ်"
ထိုစကား ကို ခဏရပ်ပြီးမှ ဆက်ပြောသည်မှာ.........
"အင်္ဂပူဆရာတော် ဘုရားကြီးပြောသလို အားလုံးဟာ အသာရကဋ္ဌေနပဲ"

ကျွန်တော်ကြားခဲ့ရသော မိခင်၏ နောက်ဆုံးစားပါ။ ဖခင်ဆုံးစဉ်က All are miserable (အားလုံးဟာ ဒုက္ခပါလား) လို့ ပြောသွားခဲ့ကြောင်း သိရပါသည်။ ယခုမိခင်က "အသာရကဋ္ဌေန"တဲ့ ဘ၀ဖြင့် လည်ပတ် နေရာ မှ ဓမ္မဖြင့် အဆုံးသတ်ပါကလား။ တာထွက်မောသလောက် တာဝင်တွင် ငြိမ်းပါဘိ။

ညလယ်ပိုင်းတွင် အမေမောလာပါသည်။ ပန်းသီးတစ်စိတ် ပါးပါးလေးစားကာ ငြိမ်သွားသလိုရှိ၏။ ကျွန်တော် တို့က တောင်တန်းကတိုး၊ ထင်းရှူး၊ အုန်းဆံကို မီးခဲထဲထည့်ပြီး မှိုင်းကို ခပ်ဝေးဝေးက ခပ်ငွေ့ငွေ့ လေးပေးသည်။ အတန်ကြာမှ လက်မောင်းနှင့် ရင်တွေကို ဖျော်ထားသော တောင်တန် ကတိုး ဖြင့် သာသာလေးလိမ်းပေးပြီး ဒေါနပန်းတွေ ရံထားပါသည်။ မိခင်သည် အသက်မှန်မှန်ရှူ ရင်းအိပ်ပျော် သွား၏။ ကျွန်တော်တို့ ဘယ်သူမှ ဆက်မအိပ်ကြပါ။ တစ်ခါတစ်ခါ အခန်းထဲသို့ ၀င်ကြည့်သည်။ မိခင်၏ အသက် ရှူသံ ကို မှန်မှန်ကြားရ၏။

နံနက်၅နာ၇ီလောက်တွင် မိခင်နိုးလာပြီး အသက်မှန်မှန်ရှူနေရာမှ ချွဲသံတွေကြားရသည်။ ဆေးထပ်လိမ်း၊ ငြိမ်သွားလိုက် နှင့် တစ်ပြန်စီဖြစ်နေသည်။ ဦးလေးက အခန်းထဲဝင်ကာ ပါးစပ်မှ ဖွဖွရွက်ပြီး မိခင်၏ခေါင်းမှ လက်မောင်း တဆုံး အသာကလေး သပ်ပေးပါသည်။ အားလုံးကို ထိန်းထိန်းသိမ်းသိမ်းရှိဖို့ မှာထားပြီးသား။ အသက် မှန်မှန်ရှူနေသောပုံမှာ ဖြည်းဖြည်းညင်းညင်း ရှိပေမယ့် စည်းချက်ညီသလိုရှိသည်။ အသားအရောင် ဖျော့လိုက် လာပြီ။ လက်တွေ့အေးစပြုပြီ။

ကျွန်တော်သည် မိခင်ကို မျက်နှာမှုကာ လက်အုပ်ချီပြီး သရဏဂုံကို အားစိုက်၍ တိုးတိုးကလေး ရွတ်နေပါသည်။ ရင်ထဲမှာတော့ ပေါက်ကွဲမတတ်။ ပြိုကျတော့မည့်တာကို မနည်းကြိတ်မှိတ်ပြီး ဆည်ထား ရပါ၏။ မိခင်သည် ညာနံစောင်းသို့ လှဲနေရာမှပင် အသက်မျှင်းမျှင်းလေးရှူကာ နောက်ဆုံးတွင် မေးတစ်ချက် တွန့်ပြီး အသက်ရှူရပ်သွားပါပြီ။ ဧပြီ၆ ရက် နံနက် ၆နာရီ ၄၅မိနစ် တွင်တန်းခူးလေသည် အိပ်ချိန်တန် နေပြီဖြစ်သူအား အသာကလေး ခြွေသွားပါပကော.........။

(၆)
ဓမ္မအလိုအရ ဤခန္ဓာသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ် မှီနေရပါ၏။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့၏ ပြုပြင်မှု ရှင်သန်နေရပါကော။ မိခင်ကွယ်လွန်ခြင်းကို ပြန်တွေးလိုက်သောအခါ စိတ်ပိုင်းဆိုင် ရာတွင် ခိုင်မာစွာ တစ်သမတ်တည်းရပ်တည်သော စိတ်၊ မိမိယုံကြည်လိုက်စား ရပ်တည်ခဲ့သော ဆေးပညာမှ တစ်ဖ၀ါးမျှ နောက်မဆုတ်။ ဥတုပိုင်းဆိုင်ရာတွင် လျော်ကန်သင့်မြတ်သော ဥတုအနေအထားကို ဖန်တီး ထားသူ။ အာဟာရပိုင်းတွင် ကိုယ်နှင့်သင့်မည့် ဓာတ်စာကိုသာ မှီဝဲလျက်။ သို့သော်လယ်လောက်ပဲ စိတ်၊ ဥတု၊ အာဟာရတို့ကို မိမိအလိုကျ ပြုပြင်စီရင်နိုင်ပေ မယ့် "ကံ"သည်ကား အလွန်ထူးခြား အင်အား ကြီးမားသော အပိုင်း ဖြစ်၏။ ပစ္စုပ္ပန်နှင့်သာ ဆိုင်သည် မဟုတ်။ အတိတ်နှင့်လည်းဆိုင်၏။ စိတ်၊ ဥတု၊ အာဟာရ တို့ကတော့ ပစ္စုပ္ပန် ပစ္စည်းများ။

"ရှင်သေမင်းက အတင်းလာလျှင် မငြင်းသာပါရချေလိမ့်လေး" ဆိုသည့်လယ်တီဆရာတော် ဘုရားကြီး၏ နိဗ္ဗိတေးထပ် ပါစကားသည် "ကံ"၏ စွမ်းအားကို မိန့်သောစကားပါလား။ "ကံ"က အပိုင်တစ်ချက် ဆွဲလိုက်ပြီ ဆိုလျှင် ဟိုမှာဘက်တွင် ရှိသော စိတ်၊ ဥတု၊ အာဟာရတို့က "ကံ" ဆွဲရာသို့ လိုက်ပါပြီး လွန်ဆွဲပွဲကို သိမ်းရ ပါတော့သည်။ ထို့ကြောင့် တပ်ချင်သည့် ရောဂါကြိုက်သလို အမည်တပ်ပါ။ မရဏက သိမ်းချိန်တန်လျှင် သိမ်းသွားပါမည်။ စိတ်၊ ဥတု၊ အာဟာရတို့ပေါ်မှာ ကြံ့ကြံ့ခံ ရပ်တည်ရင်းမှ မိခင်သည် မလွှဲမသွေသော "ကံ" လေ နောက်သို့ အေးငြိမ်းစွာ ပါသွားခြင်းဖြစ်၏။
အေးရိပ်ဆာယာ သို့ စာဆိုတစ်ဦး၊ သမားတော်တစ်ဦးသည် ဦးလည်မသုန်သွားပုံကိုကြည့်ရင်း......

ကျွန်တော် သည် စုံနံ့သာမြိုင် ဦးကြော့ ၏ ကဗျာလေးကို ရွတ်ကာ မိခင်၏ ၂၁နှစ်မြောက် ကွယ်လွန် ခြင်းအထိမ်းအမှတ် အဖြစ် ဤဆောင်းပါဖြင့် ကန်တော့ပန်းဆင်လိုက်ပါတော့သည်။

စာရေးသူ - မိုးဟိန်း (သား - ဂျာနယ်ကျော်)
ပန်းတောက်ပွင်သစ် ဂျူလိုင် ၂၀၁၀
.
>>>ဆက်ဖတ်ရန်>>> >>

ကြယ်နီ အပိုင်း (၁၆)

နတ်ကနားပွဲ

ကိုဒေါင်းစိန်သည် သူ့အိမ်နှင့် မနီးမဝေးတွင် ဆောက်လုပ်ထားသော နတ်ကနားကို ကြည့်ရှုရင်း မိုးဦးမှသည် မိုးနှောင်းသို့ ပင်ပန်းကြီးစွာ ဖြတ်သန်းလာခဲ့ ရသော သူ့ဘ၀ခရီးစဉ်ကို ပြန်လှန်သုံးသပ် ကြည့်ရှု၍ နေ၏။

    သူ့အိမ်အတွင်း သူနှင့် မနီးမဝေး၌မူ ပဲခူးနတ်ကရန် ဖက်စပ်ပါဝင်သော နံကရိုင်းအနွယ် မိန်းမ ခုနှစ်ဦးသည် နတ်ကရန် အစီအစသ်များကို ဆွေးနွေးတိုင်ပင်နေကြ၏။ သည်အထဲ၌ ကိုလေးဖိုးကွန့်၏ မိန်းမ မပြားကြီးကလည်းပါ၏။ ကိုလူမောင်၏ ဇနီးသ်ကလျာ မဖွာသက်လည်း ပါ၏။  အိမ်ထောင်ကျစ မိန်းမရွယ် များလည်း ပါ၏။ ကိုလေးဖျိုးကွန့်က သူ နတ်ကရမှာ ရှက်သည်ဟု ဆိုသောကြောင့် မပြားကြီးမှာ လင်အငှား နှင့် ကရမည်ဖြစ်သည်။ နတ်ပွဲပြီးသောအခါ ထိုအငှားလင်ကို ကွမ်းတစ်ယာနှင့် ကွာပစ်ရသည်။ သို့မဟုတ်က နတ်ပေးစားသော လင်ဖြစ်၍ ထို အငှားလင်မှာ အတည်ဖြစ်သည်ဟု အယူရှိကြသည်။

    ထိုအချိန်တွင် ဦးပဉ္စင်းတစ်ပါးနှင့် ရွာမှ စာကြည့်တိုက်မှူး လူငယ်သည် ကိုဒေါင်းစိနတို့ အိမ်သို့ ၀င်လာရာ ကိုဒေါင်းစိန်သည် ခေါင်းရင်းဘက်တွင် ဖျာတစ်ချပ် ထ ခင်း၍ ဦးပဉ္စင်းအား နေရာချထားပေး၏။ လူငယ် မှာမူ ကိုဒေါင်းစိန်နှင့်အတူ ၀င်ထိုင်၏။ စောစောက နတ်ကရန် အစီအစဉ်များကို ဆွေးနွေး တိုင်ပင်လျက်ရှိသော မပြားကြီးတို့ မိန်းမအုပ်မှာလည်း ဦးပဉ္စင်း ရောက်လာသည်မှ စ၍ တိတ်ဆိတ် သွားကာ ဦးပဉ္စင်းအား ၀တ်ပြုပြီးနောက် ဆိတ်ငြိမ်စွာ ထိုင်နေကြ၏။

    ကိုဒေါင်းစိန်ကား ဦးပဉ္စင်းသည် မည်သည့် ကိစ္စအတွက် ကြွရောက်လာခြင်း ဖြစ်သည်ကို မသိသဖြင့် ဦးပဉ္စင်း အား ငေးကြည့်ရင်း ဦးပဉ္စင်းနှုတ်မှ ထွက်လာမည့်စကားကို နားစွင့်နေ၏။ ဦးပဉ္စင်းမှာ သက်တော် ၂၈ နှစ်ခန့် ရှိပြီဖြစ်၍ ညောင်တုန်းမြို့ သုဓမ္မာ ပရိယတ္တိ ပထမပြန်စာမေးပွဲ အကြီးတန်းနှင့် အစိုးရ ပထမပြန် စာမေးပွဲ အကြီးတန်းကို ဖြေဆိုအောင်မြင်ပြီးသော ကျမ်းတတ် ပုဂ္ဂိုလ်ဖြစ်၍ ရပ်ရွာ ဒကာ ဒကာမများ၏ ကြည်ညို လေးစားမှုကို ခံယူရရှိထားသော ဦးပဉ္စင်းဖြစ်သည်။ ငယ်ရွယ်သော ပဉ္စင်းပျိုပင် ဖြစ်စေကာမူ တည်ငြိမ် ရင့်ကျက်သော ဣနြေ္ဒသိက္ခာ ရှိခြင်းကြောင့် မြင်ရသူ လူတိုင်းကပင် ကြည်ညိုလေးစားကြသည်။ ကျယ်ပြန့်သော နဖူးပြင်၊ ပေါ်လွင်ထင်ရှားသော နှာခေါင်း၊ စေ့စပ်သေသပ်ပိရိသော နှုတ်ခမ်းတို့ကား ဦးပဉ္စင်း ၏ ထင်ရှားသော ရုပ်လက္ခဏာများပင် ဖြစ်သည်။

ခက်ခဲနက်နဲသော ကျမ်းဂန်များကို စူးစူးစိုက်စိုက် သင်အံ လေ့လာခဲ့ရသူပီပီ ဦးပဉ္စင်း၏ မျက်လုံးအစုံမှာ စူးရှ နက်နဲသော အသွင်ကို ဆောင်သည့် ရောင်ခြည်များ လျှမ်းလျှမ်းတောက် ကွန့်မြူးနေသည်။ အတန်ကြာ သော အခါ ဦးပဉ္စင်းသည် နတ်ကနားကို လက်ညှိုးညွှန်၍ -
    'ကိုင်း ပြောကြစမ်းပါဦး၊ အခု နတ်ကမယ့် အထဲမှာ ဘယ်သူတွေ ပါသလဲ'ဟု မေးလိုက်၏။

    အားလုံးက သူ့ကြည့်ငါ့ကြည့်နှင့် မည်သူမျှ မဖြေပဲ ရှိကြရာမှ မပြားကြီးက 'အားလုံး ပါပါတယ် ဘုရာ့'ဟု ၀င်၍ အဖြေပေးလိုက်၏။
    'ကဲ ဒါဖြင့် အားလုံး နားထောင်ကြပါ။ ဒကာကြီးတို့ ဒကာမကြီးတို့ဟာ ကျုပ်တို့ သံဃာတော်တွေရဲ့ ဆွမ်းဒကာ ဆွမ်းဒကာမတွေဖြစ်လိုက မကောင်းမြစ်တားပြီး ကောင်းရာကို ညွှန်ပြရမယ့် တာဝန် ကျုပ်တို့မှာ ရှိတယ်။ ဒါကြောင့် နတ်ကိုးကွယ် ယုံကြည်မှုရဲ့ အကောင်းအဆိုး အကျိုးအပြစ်ကို ကျမ်းဂန် အကိုးအကားနဲ့ ကျုပ် ပြောပြမယ်။ ပထမဆုံး နတ်ဆိုတဲ့ ဝေါဟာ့က ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ အရင်းအမြစ်ကို ကျုပ်တို့ ရှာဖွေရမယ်။

နတ်ဆိုတာ မဂဓဘာသာမှ နာထသဒ္ဒါကို အစွဲပြုပြီး နတ်ရယ်လို့ ခေါ်ဝေါ်ခြင်းဖြစ်ကြောင့် ကျုပ်တို့ နားလည် ထားရမယ်။ အဲဒီ နာထသဒ္ဒါဟာ ကိုးကွယ်ရာအနက်ကို ဟောတယ်။ ကမ္ဘာဦးသူတွေဟာ ကိုးကွယ်ရာ ကို ရှာဖွေရင်း ကိုယ်စိတ်ကူးတည့်ရာကို မျှော်မှန်း ရော်ရမ်းပြီး ကိုးကွယ်လာရာကစပြီးတော့ အဲဒီ နာထ၊ မြန်မာလိုတော့ နတ်ဆိုတဲ့ ဝေါဟာရ ပေါ်လာတယ်လို့ ယူဆဖွယ်ရှိတယ်။ တကယ့် ကိုးကွယ်ရာ အစစ်က အဲဒီနတ်တွေ ဟုတ်ရဲ့လား၊ အဲဒီ မေးခွန်းကို ကျုပ်ကိုယ်တိုင် မဖြေဘူး၊ ဘုရားဟော ဓမ္မပဒ ပါဠိတော် ထဲက ထုတ်နုတ်ကိုးကားပြီးဖြေမယ်။ "အတ္တာဟိအတ္တနောနာထော၊ ကောဟိနာထော ပရောသိယာ"တဲ့၊ အနက်ကတော့ "အတ္တာဟိအတ္တာဧ၀၊ မိမိကိုယ် မိမိသည်သာလျှင်။ အတ္တနောနာထော၊ မိမိ ကိုးကွယ်ရာ အစစ်ဖြစ်၏။ ပရော၊ မိမိမှ တစ်ပါးသော။ ကော၊ အဘယ်မည်သော သူမျှ။ နာထော၊ ကိုးကွယ် ရာသည်။ သိရာ၊ ဖြစ်ချမ့်မည်နည်း။"တဲ့ဗျ၊ မိမိကိုယ် မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ အစစ် ဖြစ်တယ်။

မိမိမှ တစ်ပါး အဘယ်မည်သောသူ တစ်စုံတစ်ယောက်သည် မိမိ၏ ကိုးကွယ်ရာ ဖြစ်နိုင်မည်လဲတဲ့။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုးကွယ်ရာ အစစ်ဟာ နတ်တွေ မဟုတ်ဘဲ ခင်ဗျားတို့ကိုယ်တိုင်သာ ဖြစ်တယ် ဆိုတာ မြဲမြဲကြီး မှတ်ထားကြပါ'
    အားလုံးပင် ခေါင်းငုံ့ တိတ်ဆိတ်လျက် ရှိကြစဉ် စာကြည့်တိုက်မှူး လူငယ်က၀င်၍ "မှန်တယ်၊ ကိုယ့်ကြမ္မာ ကို ကိုယ်သာလျှင် ဖန်တီးနိုင်တယ်။ ကိုယ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကိုယ့်ကိုယ်ကို ကိုယ့်ကိုယ် တိုင်သာလျှင် ပေးစွမ်းနိုင်တယ်။ ဘယ်နတ်ဘယ်သိကြား ဘယ်ကံကြမ္မာကမှ ပေးစွမ်းနိုင်ခြင်း မရှိဘူး"ဟု ၀င်ထောက် လိုက်၏။

    'အဲဒီလောက်ကလေးနဲ့ သဘောမပေါက်နိုင်သေးဘူးဆိုရင်လည်း ရှေးပညာရှိ စာဆို အကျော်အမော် တွေရဲ့ ပျို့ကဗျာများမှ ထုတ်နုတ် ကိုးကားပြီး ကွင်းခနဲ ကွက်ကနဲနေအောင် ရှင်းပြပါဦးမယ်'
    ဦးပဉ္စင်းသည် ပြတ်သွားသော စကားဆက်ကို ပြန်ကောက်လာရာမှ ဤ နေရာသိုက အရောက် ခေတ္တ ရပ်နားလိုက်၍ သူ ထုတ်နုတ်ကိုးကားရမည့် အချက်အလက်များကို ပြန်လည်သုံးသပ်နေဟန်ဖြင့် အတန်ကြာအောင်ပင် ဆိတ်ငြိမ်စွာ စသ်းစားနေပြီးနောက်မှ -

    'အဲ အခု ကိုးကား ပြောဆိုမယ့် ကဗျာကတော့ စာဆို အရှင်မဟာသီလ၀ံသ ၈၅၃ ခုနှစ်မှာ စပ်ဆိုတဲ့ သံဝေဂခန်း ပျို့ထဲက ထုတ်နုတ်ကိုးကားမယ့် ကဗျာ ဖြစ်တယ်။ အဓိပ္ပာယ်ရှိပြီး ထိလွန်း မိလွန်းလို့ တစ်ဆိတ် ကလေး ကြိုးစားပြီး နားထောင်ကြစမ်းပါ။ အဲဒီ သံဝေဂခန်းပျို့ အပိုဒ် ၃၅ မှာ "ကာလရှည်လျား၊ လူ့ငနွားတို့၊ ကြီးမားယုတ်မာ၊ နတ်မိစ္ဆာကို၊ ဘိုးလာ ဘွားဘက်၊ မြေးသားဆက်၍၊ မပျက်ခုတိုင်၊ နတ်ခရိုင်နှင့်၊ ပန်းခိုင်ရေအိုး၊ ဆယ်စုံဖြိုး၍၊ မြတ်နိုးနှစ်သက်၊ အနက်အနီ၊ တစ်လီခေါင်းပေါင်း၊ တင်အုပ်ဆောင်းနှင့်၊ အပေါင်း စုဝေး၊ အမွှေးအကြိုင်၊ မုန့်ဆိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍၊ ဗုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငါတို့နတ်ကို၊ မပြတ်ကိုးကွယ်၊ အန္တရာယ်လည်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိ လျဉ်း၏"တဲ့၊ ရှင်းပါပေ့ဗျာ။

မိုက်မဲတဲ့ လူ့ငနွားတွေဟာ အကြီးအကျယ် ယုတ်မာလှတဲ့ နတ်မိစ္ဆာတွေကို ဘိုးစဉ်ဘောင်ဆက်ကစ မြေးသားတိုင်အောင် ဆက်ပြီးတော့ နတ်ခရိုင်ဆောက်လုပ်၊ ပန်းခိုင်ရေအိုး ခေါင်းပေါင်း အနီအနက်တွေနဲ့ ပူဇော်ပသရုံမျှမက အပေါင်းအဖော်တွေ စုဝေးပြီး အမွှေးအကြိုင် မုန့်ဆိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍ ၊ ဗုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊ ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊ စိတ်ထဲထင်မှတ်၊ ငါတို့နတ်ကို၊ မပြတ်ကိုးကွယ်၊ အန္တရာယ်လညှ်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိလျဉ်း၏"တဲ့၊ ရှင်ပါပေ့ဗျာ။ မိုက်မဲတဲ့ လူ့ငနွားတွေဟာ အကြီး အကျယ် ယုတ်မာလှတဲ့ နတ်မိစ္ဆာတွေကို ဘိုးစဉ်ဘောင်စက်ကစ မြေးသား တိုင်အောင် ဆက်ပြီးတာ့ နတ်ခရိုင် ဆောက်လုပ်၊ ပန်းခိုင်ရေအိုး ခေါင်းပေါင်း အနီအနက်တွေနဲ့ ပူဇော်ပသရုံမျှ မက အပေါင်း အဖော် တွေ စုဝေးပြီး အမွှေးအကြိုင် မုန့်ဆိုင်မုန့်ခဲ ကြက်ဝက်ပါလဲပြီး ဗုံနှဲခရာတွေကို တီးကာ မှုတ်ကာနဲ့ ဒီနတ် တွေဟာ ချမ်းသာဆင်းရဲကို ပေးနိုင်တယ်။ သူတို့ကို မပြတ်ကိုးကွယ်ရင် ဘေးအန္တရာယ်များ ကင်းလွတ်မယ် လို့ စိတ်ထဲမှာ စွဲမှတ်ထားကြတယ်တဲ့။ ဒီအတိုင်းပဲ မဟုတ်လားဗျို့'

    အားလုံးကား သည်အတိုင်း မှန်ပါသည်ဟု ၀န်ခံနေကြသည့်အလား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ဆိတ်ငြိမ်နေကြ၏။ သူတို့၏ စိတ်တွင်း၌မူ သူတို့ လုပ်ပုံကိုင်ပုံ စွဲမှတ်ထားပုံတွေကို ကွင်းခနဲ ကွက်ခနဲ ဖော်ပြနိုင်စွမ်းရှိသော သူတို့ မသိသည့် စာဆို အရှင်အား အံ့သြနေမိကြ၏။

    'နောက်ပြီးတော့ "ဆောင်နှင်းမင်္ဂလာ၊ လှူဒါပုည၊ ပြုကာလလည်း၊ မိဘရှေ့မှတ်၊ ငါတို့နတ်ကို၊ ပေးအပ် အပ်လျှင်၊ ပွဲလမ်းပြင်၍၊ အရှင် မှတ်မှတ်၊ ကိုယ်ဝယ် ကြပ်လျက်၊ မပြတ်ထင်ရှား၊ မမေ့မှားဟု၊ ဆုများ ရွယ်ရွယ်၊ ရှက်စဖွယ်နှင့်၊ ဘယ်ဝယ်တကာ၊ ကိုယ်တိုင်လာ၍၊ ဥစ္စာထင်ရှား၊ ဘယ်သူ့အားကိုး၊ နတ်များပို့လာ၊ ရှိဖူးပါအံ့"တဲ့ဗျ။ မင်္ဂလာဆောင်တဲ့အခါ၊ အလှူကောင်းမှု ပြုတဲ့အခါများမှာ ဆိုရင်လည်း မိဘ ရှေ့မှောက် မှာ နတ်ကို အပ်နှံတဲ့သဘောနဲ့ ပွဲလမ်းပြင်ပြီး အရှင်မှတ်မှတ်နဲ့ ကိုယ်မှာ ကြပ်မတ်ပြီး မပြတ် သတိရနေပါမယ်လို့ ဆုများတောင် ရွယ်လိုက်သေး။

ဘယ်လောက်ရှက်ဖို့ကောင်းပါသလဲတဲ့၊ အဲဒီလို ပေးအပ်ပူဇော်ပသတဲ့အတွက် ဘယ်တုန်းကများ နတ် ကိုယ်တိုင် လာရောက်ပြီး ဥစ္စာထင်ရှား  ' ဘယ်သူ့ အားကိုး နဲ့ ပေးဖူးပါသလဲ တဲ့ ခင်ဗျားတို့ ပဲခူးနတ် အဆက် နံကရိုင်းအနွယ်တွေ ဟာလည်း ဒီလိုပံ မင်္ဂလာဆောင်တဲ့ အခါမှာ ခင်ဗျားတို့ နတ်ကို ပေးအပ် ကြရတာပဲ မဟုတ်လား အဲဒီလို ပေးအပ်ပူဇော် ပသတဲ့ အတွက် ခင်ဗျားတို့ ကိုရော ခင်ဗျားတို့ နတ်က သစ္စာ ထင်ရှား ပေးဖူးပါသလား

မည်သူ မျှ မလှုပ် သူတို့၏ သဘာဝ ကို ဤမျှ ပေါက်ပေါက် ရှာရှာ ရေးနိုင်စွမ်းရှိသည့် စာဆိုအရှင်ကိုသာ သူတို့ အံ့ချီးကျူးနေမိကြ၏ သူတို့၏ အတွင်းစိတ်မှာတော့ မှန်လိုက်လေ ဟု ကျိတ်၍ ဝန်ခံနေကြ၏။

မိစ္ဆာစွဲမျတ် ဘယ်အရပ်မှာ နတ်တို့ နေရာ အိမ်ခန်းဝါနှင့် သာယာခမ်းနား နတ်မယားနှင့် နတ်သားနှင့် နတ်သား နတ်လင် ကြည့်မမြင်တည့် တဲ့ ခင်ဗျားတို့ မှားထွင်းစွာ စွဲမှတ်ထားတဲ့ နတ်တွေ နေထိုင်ရာ အိမ်ခန်းဝါ နဲ့ သာယာခမ်းနားတဲ့ နတ်မယားတွေ နတ်သားနတ်လင်တွေကို ဘယ်အရပ်မှာလဲ ဆိုတာ သူကြည့် လို့ မမြင်ဘူးတဲ့ ခင်ဗျားတို့ကော မြင်ကြရဲ့လား..။
ဤတွင် မပြားကြီး က ဝင်၍ ဘယ်မြင်ရမလဲ ဘုရာ့ သူတို့ က ကမ္မသိဒ္ဓိ တန်ခိုးရှင် တွေမို့ တပည့်တော်တို့ သာမန် လူသားတွေ ဘယ်မြင်နိုင်မလဲ စောဒက ဝင်လိုက်ရာ ဦးပဉ္စင်းက အားရပါး ပြုံးလိုက်ပြီးနောက် ရှေ့ အပိုဒ် ကို ကောက်ဆက်ပြန်သည်။

ငြိုငြင်စိတ်စွဲ အံသွားခဲ၍ ညှင်းဆဲ နှိပ်စက် နတ်တို့ လက်နှင့် ထုတ်လျက် ဆွဲငင် ပြုကြအင်ကို မမြင်ဖူးပါ တဲ့ ဒေါသ တကြီး အံသွားကို ခဲပြီး နတ်တို့ လက်နဲ့ တွန်းထိုး ရိုက်ပုတ် ညှဉ်းဆဲ နှိပ်စက်တာကိုလည်း သူမမြင်ဖူး ပါတဲ့ ခင်ဗျားတို့ကော မြင်ဖူးကြလား၊

ဘယ်မြင်ဖူးမလဲ ဘုရာ့ သူတို့ က ကိုယ်ထိလက်ရောက် ရိုက်ပုတ်ထုထောင်း ပြီး နှိပ်စက်တာမှ မဟုတ် ဘဲကိုး နတ်တို့ ရဲ့ တန်ခိုးနဲ့ ဖမ်းစားနှိပ်စက် တာမို့ ဘယ်မြင်ရလိမ်လဲ ဘုရာ့၊
မပြားကြီး ၏ အကြောင်းပြချက်ကို ဦးပဉ္စင်းက ရှေးနည်း အတူ ပြုံး တော်မူ၍ သာလျှင် ရှေ့အပိုဒ်ကို ဆက်နေ ပြန်၏။

သ်ညအရာကို မိစ္ဆာမောဟ အယူ ခွ၍ နတ်များသခင် နတ်ဘုရင် ဟု နတ်တွင် အကြီး ငါ့သမီးကို ဖမ်းဆီးတတ်ငြား ငါ့မယားကို ဖမ်းစားတတ် ချေဟု နတ်တွင်အကြီး ငါ့သမီးကို ဖမ်းဆီးတတ်ငြား ငါမယားကို ဖမ်းစား တတ်ချေ ချမ်းသာစေဟု ကချေ ပွဲလမ်း အခမ်းအနား နတ်ထိမ်း များနှင့် သောက်စားဟစ် အော် တကြော်ကြော် နှင့် မေင်တော်ရှင်ချစ် နတ်သံပစ်၍ မူးယစ်မှိုင်ဝေ အထွေထွေလျှင် လူ့မြေရပ်ရွာ နတ်မိစ္ဆာကို ကံသာအရင်း ပြုဖန်ဆင်းဟု ယူလျှင်အပ်စွာ ယခုမျာ ကား ချမ်းသာဆင်းရဲ နတ်ခပဲသည် ပေးမြဲတို့မှာ ထင်မှတ်ရာသည် မိစ္ဆာယူမိယူမှားတည်း တဲ့ ၊ အကျယ်ရှင်းပြနေဖို့ မလိုအောင် ရှင်းနေတာပါပဲ အဲဒီလို ဖမ်းဆီးမလား ငါ့မယားကို များ ဖမ်းစားလေမလားဆိုတဲ့ မိစ္ဆာမောဟ တွေ ဖုံးလွှမ်းပြီး နတ်တွေသာလျှင် ငါတို့ကို ကယ်နိုင်မယ် ဆိုတဲ့ မိစ္ဆာ အယူအရ ကချေပွဲလမ်း အခမ်းအနား နတ်ထိန်းများ နဲ့ သောက်စား ဟစ်အော် တကြော်ကြော် နဲ့ မောင်တော် ရှင်ချစ် နတ်သံပစ်ပြီး မူးကြ ရူးကြ ကကြ ခုန်ကြ ဒီလို မဟုတ်လား ဗုဒ္ဓဘာသာ တရားတော်အရ နတ်လူဗြဟ္မာ သတ္တဝါ အားလုံးကို ကံသာအရင်းပြု ဖန်ဆင်း၏ လို့ ယူဆ ရမယ် အစားထခုတောပ ချမ်းသာ ဆင်းရဲကို နတ်များကသာ ပေးစွမ်းနိုင်မြဲ လို့ ထင်မှတ်နေကြတော့ ခင်ဗျား တို့ဟာ ဗဒ္ဓဘာသာ အမည်ခံထားပေမဲ့ အပါယ်သွားမယ့် မိစ္ဆာ ဒိဌိတွေ ဖြစ်ကုန်ကြပါမကောလား...။

နေရာတကာ၌ လျှာရှည်ရမှ ကျေနပ်လေ့ရှိသော မပြားကြီးပင် ဤ အပိုင်းတွင် စောဒက ဝင်စရာမရှိသလို ငြိမ်ချက်သား ကောင်းနေ၏။ ကိုဒေါင်းစိတ်ကတော့ ဦးပဉ္စင်း ပြောသမျှ စကားလုံးများ အချက်အလက်များ အားလုံး ကိုလုံးစေ့ ပတ်စေ့ နားလည်ခြင်မရှိသော်လည်း သူတို့ဘဝနှင့် ဟပ်မိသော အကိုးအကား အထောက် အထား အကြောင်းပြချက် များကြောင့် အာလုံ့း အမှန်တရား များသာ ဖြစ်မည်ဟု လက်ခံ ယုံကြည် ထား၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၄) ဇာတ်သိမ်း

အခန်း (၄၄) ဦးလေးတွမ်အတွက် အထိမ်းအမှတ်

ဂျော့ရှယ်လဗီ သည် သူ့မိခင်ထံသို့ သူပြန်ရောက်မည့်ရက်ကို ကြိုတင်၍ စာရေးခဲ့သည်။ သို့သော် ထိုစာ၌ သူသည် ဦးလေးတွမ်နှင့် ပက်သတ်၍ မည်သည့်အကြောင်းမျှ မဖော်ပြခဲ့ပေ။
ဂျော့ရှယ်လဗီ ပြန်ရောက်မည်နေ့တွင် ရှယ်လဗီအိမ်ကြီးတအိမ်လုံးတွင် လှုပ်လှုပ်ရွရွ ဖြစ်နေ၏။
ဒေါ်ကြီးချလိုသည် အ၀တ်သစ်သစ်များကို ၀တ်လျက်ညစာစားပွဲ ပြင်နေသည်။ မလှမ်းမကမ်း၌ မစ္စက် ရှယ်လဗီ သည် ထိုင်နေ၏။

ဟုတ်ပီ။ ထမင်းပွဲတော့ ပြင်ပီးဘီ။ တခင်ဂျော့အကြိုက်တဲ့။ ဒါထက် တခင်မ၊ တခင်ဂျော့စာ ထဲမှာ အဖိုးကြီး အကြောင်း ဘာမှ ရေးမထားဘူးလားဟင် ထမင်းပွဲပြင်နေရာမှ သူ့သခင်မအား လှမ်းမေးလိုက်သည်။
စာထဲမှာတော့ ရေးမထားဘူးကွယ်။ သူ အိမ်ပြန်ရောက်မှ အားလုံးပြောပြမယ်ဆိုတာဘဲ။
တခင်ဂျော့ ကတော့ ဒီလိုဘဲ။ တူစာရေးရင် ဘယ်တော့မှ ပြည့်ပြည့်စုံစုံမရေးဘူး။
မစ္စက်ရှယ်လဗီသည် ပြုံးနေ၏။

ကျုပ်ကတွေးကြည့်နေလိုပါ။ ခုနေ အဖိုးကြီးပြန်လာရင် တူ့တားတေ တမီးတေကို တူမှတ်မိမှာ မဟုတ်ဖူး။ တမီးပေါ်လီ ကိုလဲ ကြည့်စမ်း။ ဘလောက်ကြီးလာလဲ။ တူနဲ့ခွဲတုန်းကဆို လမ်းတောင် ကောင်းကောင်း မရှောက်နိုင် တေးဘူ။ အမယ်ခုများဒင်းက မုန့်တေဘာတေ ဖုန်လို့။
    မစ္စက်ရှယ်လဗီသည် သက်ပြင်းတချက် မှုတ်ထုတ်လိုက်မိလေသည်။ သူသည် သူ့သားဆီ မှစာကို ရကတည်း ကပင်။ ဒေါ်ကြီးချလိုအတွက် စိတ်မကောင်းခဲ့ပေ။ ထိုစာ၌ ဦးလေးတွမ်အ ကြောင်း ဖော်ပြ မထားခြင်း ကိုကပင် တစုံတခု အကြောင်းရှိ၍သာ ဖြစ်မည်ဟု မစ္စက်ရှယ်လဗီ သဘောပေါက်ခဲ့ပြီးဖြစ်၏။

    "ဒါထက် တခင်မ။ ပိုက်ဆံတေ အတင့်ဘဲနော်။"
    "အသင့်ပါဘဲချလို"
    "ကျုပ်က တူတွေ့စေချင်လို့ပါ။ တူ့အတွက် ကျုပ်ဘယ်လိုအလုပ်လုပ်ခဲ့တယ်။ ငွေတွေ ဘယ်လောက် ရအောင် ရှာခဲ့တယ်ဆိုတာ တူမြင်ရအောင်လို့ပါ။ အဲဒါလေ ကျုပ်ပြန်မယ့်တာ ပြန်လာတာ။ ကျုပ်အလုပ် လုပ်တဲ့ မုန့်ဆိုင်ပိုင်ရှင်ကဆို ကျုပ်ကို  ပြန်စေ့ချင်တေးတာ မဟုတ်ဖူး။ အဲဒါ ကျုပ်အဖိုးကြီး ပြန်ခါနီးဘီ။ ကျုပ် ပြန်အုံး မှ လို့ မုန့်ဆိုင်ရှင်ကို မနဲကြီး ပြောခဲ့ရတာ။ မုန့်ဆိုင် ရှင်ကလဲ ကောင်းပါဘိတော်။

    ဒေါ်ကြီးချလိုသည် သူအလုပ်လုပ်၍ရသော ငွေကို စုခဲ့သည်။  ယခု ဤငွေကို အဖိုးကြီးပြန် အလာတွင် မြင်စေ ချင်၏ ထို့ကြောင့် သူမစ္စက်ရှယ်လဗီအား ကြိုပြောထားခဲ့ခြင်းဖြစ်သည်။
    ထိုအခိုက်မှာပင် ရထားဝင်လာသံကို ကြားရသည်။
    "ဟော၊ တခင်ဂျော့ပြန်လာဘီ" ပြောပြောဆိုဆို ပြတင်းတံခါးသို့ ရောက်လာသည်။
မစ္စက် ရှယ်လဗီသည် တံခါးဝမှထွက်၍ သားကို  ကြိုသည်။  ဒေါ်ကြီးချလိုသည် အပြင်ဖက် အမှောင်ထဲသို့ စိုးရိမ် တကြီး စူးစိုက်ကြည့်နေ၏။

    "အို၊ ဒေါ်ကြီးချလို" ဂျော့သည် ဒေါ်ကြီးချလိုဆီသို့ ရောက်လာသော ဒေါ်ကြီးချလို၏ လက်ကို ဆွဲယူ ကိုင်ဆုပ်လျက် "ကျနော်သူ့အတွက် ရှိသမျှ စည်းစိမ်းအားလုံးပေးပြီး ၀ယ်ခဲ့ပါတယ်။ ဒါပေမယ့် သူကျနော် နဲ့ အတူ မလိုက်နိုင်ခဲ့ဘူး။ သူ့အဖို့ပိုပြီး ကောင်းမြတ်တဲ့နေရာကို သူ့ထွက် သွားရှာပြီ ဒေါ်ကြီးချလို ဟု ပြောလိုက်သည်။
    မစ္စက်ရှယ်လဗီ စိတ်မကောင်းနိုင်တော့ပေ။  ဒေါ်ကြီးချလိုသည်လည်း နှုတ်ဆိတ်နေပေပြီ။
    သူတို့သည် ထမင်းစားခန်းထဲသို့ ၀င်ခဲ့ကြသည်။ စားပွဲပေါ်၌ ဒေါ်ကြီးချလို၏ ပိုက်ဆံများ ရှိလေသည်။

    "ဒါတွေ၊ ဒါတွေ" ဒေါ်ကြီးချလိုသည် ပိုက်ဆံများကိုလက်ဖြင့်  ကတုန်ကယင် ဆုပ်ကိုင်၍" ဒါတွေကို ကျုပ် မမြင် ချင်ဘူး။ မမြင်ချင်ဘူး။ ဟုတ်ပါတယ်။  တူတေမယ်ဆိုတာ ကျုပ်တိပီးတားပါ။ "မစ္စက်ရှယ်ဗီအား လှမ်းပေး လိုက်သည်။
ဒေါ်ကြီးချလို သည် နေရာမှ ချာကနဲလှည့်၍ အပြင်သို့ ထွက်ခဲ့သည်။ သူ့ဟန်ပန်သည် တင်းမာသော အသွင်ကို ဆောင်နေ၏။ မစ္စက်ရှယ်လဗီသည် သူ့နောက်မှ အငြင်အသာ လိုက်လာ ပြီးလာက်တဖက်ကို လှမ်းဆွဲ ၍ သူ့ဘေး၌ ထိုင်စေသည်။

"အို၊ ချလို"
ဒေါ်ကြီးချလိုသည် မစ္စက်ရှယ်လဗီ၏ ပခုံးတွင် မှီချလိုက်ပြီး ရှိုက်၍ငိုလိုက်သည်။
"ကျုပ်ရင်ကွဲရပြီးပေါ့  တခင်မရယ်"
"သခင်မ သိပါတယ်ကွယ်။ ဒါပေမယ့် သခင်မတို့ နောက်ကျသွားပြီ" မျက်ရည်သည် သွယ်ကျလာ၏။
ဂျော့သည် မိခင်နှင့် ဒေါ်ကြီးချလိုဘေးသို့ ရောက်လာကာ နှစ်သိမ့်စကားဆိုသည်။ ဦးလေးတွမ် သေဆုံးရခြင်း အတွက် ဂုဏ်ယူဖွယ် ဖြစ်စေသော စကားကို ပြော၏။ ဦးလေးတွမ်၏ နောက်ဆုံး စကား တို့ကိုလည်း ပြော၏။

ထို့နောက် တလအကြာ တနံနက်တွင် ဂျော့ရှယ်လဗီသည် သူ့ခြံတွင်းရှိ သူ၏ကျွန်အား လုံးကို အိမ်ကြီး အတွင်း ခန်းမကြီး၌ စုဝေးစေလေသည်။ ထို့နောက် သူသည် သူ့လက်တွင်အသင့် ယူလာသော လွတ်လပ်ခွင့် လက်မှတ်များကို အားလုံးအား ဝေငှပေးလိုက်၏။
ပထမတွင် ဂျော့ရှယ်လဗီ၏ အပြုအမှုနှင့် ပတ်သက်၍ အားလုံးအံ့သြနေ၏။ ထို့နောက် တွင်ကား ကျွန် အားလုံးသည် ခွဲခွာရမည်အတွက် ၀မ်းနည်းပန်းနည်း ဖြစ်ကြရပြန်သည်။ ငိုယိုသူတို့ လည်း ငိုယိုကြ လေသည်။

"မိတ်ဆွေတို့။ ယခုကျနော် ခင်ဗျားတို့အားလုံးသလို လွတ်လပ်ခွင့်ပေးတာဘဲ။ ဒီအတွက် ကျနော်တို့နဲ့ ခွဲခွာ ကြရမယ်ဆိုတဲ့သဘော မဟုတ်ဖူး။ ခွဲခွာစရာလည်း မလိုပါဘူး။ ဒီနေရာမှာ မိတ်ဆွေတို့ကို ရှေးက အတိုင်းဘဲ အလိုရှိနေပါတယ်။ ဒါပေမယ့် မိတ်ဆွေတို့ကို နှောင်ဖွဲ့ထားဘို့ ရာ အလိုမရှိပါဘူး။  မိတ်ဆွေ တို့ဟာ လွတ်လပ်တဲ့  အမျိုးသား အမျိုးသမီးတွေ ဖြစ်ကြပြီ။ ခင်ဗျား တို့ဒီမှာ အလုပ်လုပ်နိုင်တယ်။ အလုပ် လုပ်တာ နဲ့ အမျှ ထိုက်သင့်တဲ့ လခ ရကြမယ်။

ဒီကိစ္စမှာ အကျိုးထူးတာက ကျနော့်မှ  ကြွေးတင်လို့ဘဲဖြစ်စေ၊ ကျနော်သေသွားလို့ဘဲဖြစ်စေ။ မိတ်ဆွေတို့ ကို ဘသူ ကမှမရောင်းချနိုင်တဲ့ အကျိုးကျေးဇူးဘဲ။ ဒီတော့ မိတ်ဆွေတို့ဟာ ဒီခြံကြီးမှာ ရှေးကလိုဘဲ လုပ်ကိုင် သွားလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ တချိန်ထဲမှာဘဲ လွတ်လပ်တဲ့အမျိုးသမီးတွေ ဟာ သူတို့ရဲ အခွင့်အရေးကို ဘယ်လိုအသုံးချရမယ်ဆိုတာကိုလဲ ကျနော်သင်ပြပေးမယ်။ ခင်ဗျား တို့ဟာ သင်ယူ လေ့လာနိုင်တဲ့ လူကောင်းတွေဘဲလို့ ကျနော်ယုံကြည်တယ်။  ကျနော် ခင်ဗျားတို့ ကို ပညာပေးသင်ပြပါမယ်။ မိတ်ဆွေတို့ခုလို ခင်ဗျားတို့ကို လွတ်မြောက်မှုအတွက် ဖုရားသခင်ရဲ့ ကျေးဇူးတော် ကို အောက်မေ့ကြပါလို့ ကျနော်ပြောလိုပါတယ်"

ထိုအခါ ဆံပင်ဖြူဖွေး၍ မျက်စီကွယ်နေပြီ ဖြစ်သော အဖိုးကြီးတစ်ယောက်က ဖုရားသခင် ၏ ကျေးဇူးတော် ကို အောက်မေ့ကြောင်း ဓမ္မသီချင်းကို တိုင်ပေးလိုက်လေသည်။ အားလုံးလိုက်၍ ဆိုကြ၏။
"နောက် တစ်ခု ကျနော် ပြောချင်တာကတော့မိတ်ဆွေတို့ အားလုံးဟာ ကျနော် ပြောချင် တာကတော့ မိတ်ဆွေ တို့ အားလုံးဟာ ကနော်တို့ရဲ့ မိတ်ဆွေကောင်းကြီး ဦးလေးတွမ်ကို အမြဲ သတိရနေကြပါလို့ဘဲ" ဂျော့ရှယ်လဗီ သည် စကားစကို ပြန်ကောက်ပြီး ဦးလေးတွမ် သေဆုံးရပုံ အကြောင်းနှင့် ဦးလေးတွမ် ၏ နောက်ဆုံး နှုတ်ဆက်စကားတို့ကို ပြောပြသည်။

"မိတ်ဆွေတို့။  ကျနော်ဟာ ဘယ်တော့မှ ကျွန်ပိုင်ဘ၀မှာ မရပ်တည်ပါဘူးဆိုတဲ့စကားကို သူရဲ့ သင်္ချိုင်းပုံပေါ်မှာဘဲ  ဖုရားသခင်ကို တိုင်တယ်ပြီး ပြောခဲ့ပါတယ်။ ကျနော်ကြောင့် ဘယ်လိုလူ မျိုးမှ အိုးကွဲ အိမ်ကွဲဆွေကွဲ မျိုးကွဲအဖြစ်နဲက သူသေသလို မသေစေရပါဘူးလို့ပဲ ကျနော်ပြောခဲ့ပါ တယ်။ ဒါကြောင့် ခင်ဗျား တို့ ခုလိုလွတ်လပ်မှု အရသာကို ခံယူရတာဟာ သူရဲ့ ကျေးဇူးတရား ဖြစ်တယ်လို့လဲ မှတ်ယူ စေချင် ပါတယ်။ ဒီအတွက် သူ့ဇနီးနဲ့ သူ့သားသမီးတွေတို့ စောင့်ရှောက် ကြပါလို့လဲ ကျနော် ပြောလိုပါတယ်။  ဦးလေးတွမ်ရဲ့ တဲကလေးကို မြင်ရတိုင်း ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးကို သတိရကြပါ။ ဦးလေးတွမ်ရဲ့ လမ်းစဉ်ကို သတိရကြပါ။ ဦးလေးတွမ်ရဲ့ တဲကလေး ဟာ ဦးလေးတွမ်ရဲ့ ရိုးသားတဲ့၊ သစ္စာရှိတဲ့၊ ခရစ်ယန်ကောင်းတစ်ယောက် ပီသတဲံ အဖြစ်ကို ဖော်ပြနေတာဘဲဆိုတာကို အမှတ်တရ ဖြစ်စေချင်ပါတယ်။ မိတ်ဆွေတို့အားလုံးဟာလဲ ဦးလေးတွမ်ရဲ့ လမ်းစဉ်းအတိုင်း လိုက်နာ ကျင့်သုံး ကြစေ ချင် ပါတယ်"
"နိဂုံးမှတ်ချက်"

ဖော်ပြပါ ဇာတ်လမ်းနှင့် ပတ်သက်၍ နိုင်ငံတွင်းရှိ နေရာအနှံ့အပြားကပင် စာရေးသူထံသို့ စာရေး၍ ထိုဇာတ်လမ်းသည် အဖြစ်မှန် ဟုတ်မဟုတ် စုံစမ်းလာကြပါသည်။ ထိုစာများနှင့်ပတ်သက် ၍ စာရေးသူသည် တပေါင်း တစည်းတည်း ပြန်ကြားရပါမည်။

    ဤဇာတ်လမ်းသည် စာရေးသူ၏ မိတ်ဆွေများနှင့်တကွ စာရေးသူကိုယ်တိုင် တွေ့ကြုံခဲ့ရ သော နိုင်ငံနှင့် အ၀န်း ဖြစ်ရပ်မှန်များ၊ အချက်အလက်မှန်များကို ဖွဲ့စည်းပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဇာတ်လမ်းပါ ဇာတ်ဆောင် အများအစုမှာလည်း စာရေးသူနှင့် စာရေးသူ၏မိတ်ဆွေများ တွေ့ကြုံခဲ့ရသူများ ဖြစ်ပါသည်။ ဇာတ်ဆောင် တို့၏ ပြောစကားအများသည်ပင်လျှင် စာရေးသူ ကိုယ်တိုင် ကြားနာခဲ့ရသော စကား လုံးများ။ အချို့မှာ စာရေးသူတဆင့်ကြားရသော စကားလုံးများ ဖြစ်ကြပါသည်။

    ဇာတ်လမ်းပါ အယ်လစ်ဇာနှင့် ပတ်သက်သမျှ ဖော်ပြချက်တို့သည် တကယ့်လူပုဂ္ဂိုလ်တစ် ယောက်၏ ဖြစ်ရပ် ကို မူတည်ဖော်ပြထားခြင်း ဖြစ်ပါသည်။  ဦးလေးတွမ်သည် စာရေးသူ၏ ကိုယ်တွေ့ ဇာတ်ဆောင် တယောက် ကို အရင်းခံပါသည်။ သူတို့၏ ၀မ်းနည်းဖွယ်၊ ကြည်နုးဖွယ်နှင့် အချို့သော စက်ဆုပ်ဖွယ် ဖြစ်ရပ်များ မှာလည်း ထိုအမှန်တကယ် လူပုဂ္ဂိုလ်တို့၏  ဖြစ်ရပ်မှန်များကို အခြေပြု ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ အို ပိုင်အိုးမြစ်ကို အယ်လီဇာ ဖြတ်ကူးသော အဖြစ်အ ပျက်သည် အမှန်တကယ် အထင်အရှား ရှိပြီး အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။ ၀တ္တုပါ အဖွားကြီး ပရှုးအကြောင်းမှ ထိုစဉ်က နယူးအောလင်းရှိ ကုန်ရုံ တခုတွင် အမှုထမ်းနေသော စာရေးသူ၏ မောင်တယောက် မြင်တွေ့ခဲ့ရသည့်  အဖြစ်မှန် ဖြစ်လေသည်။ လက်ဂရီးသည်လည်း ထိုစာရေးသူ ၏မောင် တွေ့ခဲ့ဖူးသော  တောင်ပိုင်းဝါခင်းပိုင်ရှင် တယောက် ကို ကိုယ်စားပြု ဖော်ပြထားခြင်းဖြစ်၏။

    ဦးလေးတွမ်း သေဆုံးရသော  အဖြစ်မျိုးကိုကား အများအပြား တွေ့နိုင်ပေသည်။ တခု သတိပြုရမည်မှာ တောင်ပိုင်းပြည်နယ်များ ၏ တရားဥပဒေဆိုင်ရာ အပိုင်းဖြစ်ပေသည်။ ထိုဒေသ၌ မည်သည့် အသားမည်း မှန်သမျှ လူဖြူ တစ်ယောက်၏ ပြစ်မှုတစ်ခုအတွက် သက်သေလိုက်နိုင်ခွင့် မရှိဟူသော အချက်ဖြစ်သည်။ မည်သည့် ကျေးကျွန် သည်မျှ သခင်တယောက်၏ မည်သို့သော စီရင်မှုမျိုးကိုမဆို လွန်ဆန်နိုင်သော ကာကွယ် နိုင်ခြင်း မရှိပေ။
    ဤသို့သော မတရားမှုဖြင့်သာလျှင် ကျွန်စနစ်ကို တည်တံ့စောကြခြင်း ဖြစ်လေသည်။

    အမ်မလင် နှင့် ကက်ဆီကဲ့သို့ မိန်းမချော ကလေးများကို ရောင်းချဝယ်ယူကြကုန်သော အရှက်ကင်းမဲ့ လှသည့် အပြုအမှုမျိုးမှာလည်း အမှန်တကယ်ပြုမှု ကျင့်ကြံခဲ့ကြောင်း ထင်ရှားသော အထောက်အထားများ ရှိခဲ့ဖူး ၏။

    စာရေးသူ ဖြော်ပသည့် စိန့်ကလဲယားကဲ့သို့သော တရားနှင့် လူမျိုးသည်လည်း စစ်စစ်မရှိ မဟုတ်။ သူလို့ လူမျိုးအကြောင်းကိုလည်း စာရေးသူ ကြားခဲ့၊ သိခဲ့ရ၏ ထိုကဲ့သို့သော  လူမျိုးရှိ သေး၍သာ စာရေးသူ တို့အဖို့ အတန်ငယ် ဖြေသာစရာရှိသည်ဟူ၍ကား ဆိုနိုင်၏။ သို့သော ထိုကဲ့သို့သော လူမျိုးမှာ မည်မျှ ရှိပါ မည်နည်း။ နေရာတကာမှာ တွေ့နိုင်ပါမည်လား။
    စာရေးသူသည် ကျွန်မွေးမြူးနှင့် ပတ်သက်၍၎င်း၊ ယင်းတို့အကျိုးပြု၍၎င်း၊ ရေးသားဖော်ပြ သော စာရွက် စာတန်းများကို ဖတ်ရမည့်အတွက် စိတ်မချမ်းမြေ့ခဲ့ပေ။ ထို့ကြောင့် ထိုစာမျိုးကို မဖတ်မိအောင် ရှောင်ရှားခဲ့ ပေသည်။ သို့စေကာမူ ၁၈၅၀ ခုနှစ်တွင် ပြဌာန်းလိုက်သော ဥပဒေနှင့် ပတ်သက်၍မင စာရေးသူသွားသော မရ တော့ပေ။

ထိုဥပဒေ မှာ ထွက်ပြေး လွတ်မြောက်သွားသော ကျွန်များကို ထိန်ချန်မထားရန်၊ အားမပေးရန်၊ မတူညီရန်၊ တားမြစ်ပြီး၊ ထိုကဲ့သို့သော ကျွန်များကို ကျွန်စာရင်းသို့ ပြန်သွင်းရန် ပြဌာန်းထားသော ဥပဒေ ဖြစ်လေသည်။ ထိုဥပဒေကို လူစိတ်ရှိသည်ဆိုသော လူများ၊ ခရစယန်များ ကိုယ်တိုင်က ထောက်ခံကာ နိုင်ငံကြီးသား တို့၏ မရှောင်မလွဲသာသော တာဝန်ကြီးအဖြစ် မြောက်ပိုင်း ပြည်နယ်များ၌ပင် လက်ခံ လာကြ လေသည်။ ထိုအခါ ဤဥပဒေနှင့် ပက်သတ်၍ မြောက်ပိုင်းပြည်နယ်ကလူများ ပြောဆို ဆွေးနွေး လာကြ သည်ကို စာရေးသူသည် မရှောင်မလွဲသာ ကြားလာရပေသည်။ စင်စစ်မှု ထိုခရစ်ယန်များ၊ လူသား များ သည် ကျွန်စနစ်၏ သဘောအမှန်ကို မသိကြ၍သာ ဤဥပဒေကို ဆွေနွေးကြသည်ဟု စာရေးသူ သဘော ရမိပါသည်။ ကျွန်စနစ်သာမရှိလျှင် ဤဥပဒေမျိုးသည် ဆွေးနွေးစဉ်းစားစရာ ပြဿနာတခု ဖြစ်လာ နိုင်မည် မဟုတ်ပေ။

    စာရေးသူသည် တောင်ပိုင်းရှိ စိတ်သဘောထားမြင့်မြတ်သူ၊ သဘောထားပြည့်ဝသူ၊ စိတ်ထား ဖြူစင် သူများကို ပန်းကြားလို့ပါသည်။  သင်တို့သည် ဤစနစ်ကြောင့် ဖြစ်ပွားပေါ်ပေါက် နေသော ဖြစ်ရပ်များ အတွက် စိတ်မချမ်းမမြေ့ မဖြစ်ပဲနေကြသလော။ သတို့လို လူကောင်း သူကောင်းတွေ ရှိနိုင် သလို၊ ရက်စက်ယုတ်မာသော ကျွန်ပိုင်ရှင်ကြီး အများပင် သင်တို့ပတ်လည် တွင် ရှိကြသည် မဟုတ်လော။ ကျွန်စနစ်ကြီး ကို ဤသူတို့အားဖြင့် ပေါ်ပေါက်စေသည် မဟုတ် လော။ သင်တို့စိတ်ထား ကောင်းရုံ မျှဖြင့် မပြီး။ အများစုလည်း လူယုတ်မာ၊ လူရမ်းကားများသာ ဖြစ်ကြသည်မဟုတ်လော။
    အမေရိကန်တရားဥပဒေအရ တည်ရှိနေသော ကျွန်ကုန်ကူးလုပ်ငန်းသည် ဒမြတိုက်ခြင်း လုယက်ခြင်း ဖြစ်လေသည်။ အာဖရိကတိုက် ကမ်းခြေတလျှောက်၌ ကျွန်ကုန်သည်များရှိနေ ခြင်းသည်မှာလည်း  အမေရိက နိုင်ငံက ကျွန်စနစ်ကြောင့်ပင်ဖြစ်လေသည်။

    ယခု စာရေးသူသည်  များလှထွေထွေ ဒုက္ခပင်လယ်ဝေနေကြရသော လတ်တလော ဖြစ်ရပ်များမှ အချို့ အ၀က် ကိုသာဖော်ပြခဲ့ခြင်းဖြစ်လေသည်။  စာရေးသူ၏ ဖော်ပြချက်သည် မထင်မရှားသော ပန်းချီးကား တချပ်မျှသာ ဖြစ်ပေသည်။ စင်စစ်အားဖြင့်မှု ထိုဖြစ်ရပ်တို့ထက်မက စာရေး ဖော်ပြခြင်းငှားလည်း မစွမ်းသာ၊ နှုတ်ပြောဖြင့်လည်း မပြည့်စုံမထင်ရှားနိုင်သည့် ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်အများမှာ  ယခုအခါ တွင် အမေရိကန်တရား ဥပဒေ၏ အရိပ်ကိုခို လှုံကာ ခရစ်တော်၏ လက်ဝါးကပ်တိုင်ရိပ်အောက် ဤနေရာ တွင် နေ့စဉ်နှင့်အမျှ နာရီနှင့်အမျှ ဖြစ်ပွားပေါ်ပေါက်နေကြသည်သာတည်း။

    အမေရိကန်လူမျိုး အမျိုးသား အမျိုးသမီး အပေါင်းတို့။ ဤကိစ္စအတွက် ၀န်ချ တောင်းပန် ရုံမျှ ဖြင့်သော်၎င်း၊ ဤကိစ္စအမှတ်မထင် ပြုခြင်းဖြင့် သော်၎င်း အသေးအဖွဲ့ ကိစ္စတစ်ခုအဖြစ် ပြုမှု ကြအံ့လော။ ဤကိစ္စ သည် အားပေး အားမြှောက်ပြုစရာ ကိစ္စမျိုးပင်လော။ ဤကိစ္စသည် အားပေးအားမြောက်ပြုစရာ ကိစ္စ မျိုးပင်လော။ ဤကိစ္စကို သင်တို့ အကာအကွယ် ပေးကြမည် လော။
    အမေရိကန် မိခင်အပေါင်းတို့။  သင်တို့သည် သင်တို့ရင်သွေး၏ ပခက်ဘေးမှာပင်  မိခင် ၏မေတ္တာ၊ လူသား၏မေတ္တာကို သင်ယူခဲ့ကြ၏  သင့်ရင်သွေးကို သင်ချစ်သည်။ သင့်ရင်သွေး၏ ရှုမငြီးအသွင်ဖြင့် သင်ပျော်ရွှင်၏ အပြစ်မဲ့ ရင်သွေးအတွက် သင်ကြည်နူးရ၏ မိခင်၏မေတ္တာကရုဏ ဖြင့် သင့်ရင်သွေးကို သင်ကျွေးမွေးပြုစု၏ သင်ပညာသင်ပေး၏ သင့်ရင်သွေးအတွက် သင်တို့သည် ဖုရားရှေ့တွင် စိုးရိမ်တကြီး ဆုပန်တတ်ကြ၏။ သင်တို့အား ကျွန်ုပ် အနူးအညွှတ် တောင်းပန်ပါရ စေ။ မည်သည့် တရားဥပဒေကမျှ အကာ အကွယ် မပေး၊ လမ်းညွှန်မှုမပေးနိုင်သော ရင်သွေးငယ်အ ပေါ်၌ သင်နှင့်ထပ်တူ၊ ချစ်မြတ်နိုး တတ်သော မိခင်တို့အား သနားကြင်နာကြပါကန်။

    မမာမကျန်းဖြစ်နေသော သင့်ရင်သွေး၊ သေလုအံ့ ရောဂါခံစားနေရသော သင့်ရင်သွေး၏ မျက်လုံးအစုံကို သင်ဘယ်သောအခါမျှ မေ့နိုင်မည်မဟုတ်ပေ။ သင့်နှလုံးသည်းပွတ်တွင်  မချိတင် ကဲ စွဲထင်ကျန်ရစ်သော သင့်ကလေး ၏ နောက်ဆုံးငိုသံ၊ သင့်ကလေး အသက်ဆုံးရှုံးရသော အဖြစ် တို့ကို သင်ကြုံဘူး မည် မဟုတ်လား။ ကျွန်ုပ် အနူးအညွှတ်တောင်းပန်ပါသည်။ အမေရိကန် ကျွန်ကုန်သွယ်မှုကြောင့် သားမဲ့ သမီးဆုံး ဖြစ်ကြရသော  မိခင်များကို သနားကြင်နာကြပါကုန်။

    အမေရိကန် မိခင်အပေါင်းတို့။ ဤကျွန်စနစ်ကို အကာအကွယ်ပြုကြအံလော။ ထောက်ခံ ကြအံ့လော။ မသိ စကျွန်ပြုကာ နှုတ်ဆိတ်နေကြအံ့လော။
    လွတ်လပ်သော နိုင်ငံသားများအနေနှင့် ဤကိစ္စမှာ ဘာမျှမပက်သတ်ဟုမှတ်ယူအံ့လော။ ဤကိစ္စ အတွက် ဘာမျှမဆောင်ရွက်နိုင်တော့ဟု မှတ်ယူထားကြအံ့လော။ ဖုရားသခင်အဖို့ ဤကိစ္စကို အားပေး နေခြင်း၊ အကာအကွယ်ပြုနေကြခြင်း၊ ဤကိစ္စတွင် ပါဝင်ဆောင်ရွက် နေခြင်းသည်ပင်လျှင် ဖုရားသခင် ၏ ရှေ့မှောက် တွင် ပြစ်မှုကျူးလွန်နေကြခြင်း ဖြစ်ပေသည်။

    အို၊ခရစ်ယန်ဝင် အပေါင်းတို့။ ထိုဒုက္ခသယ် ကြမ္မာဆိုးအပေါင်းတို့အပေါ် သင်တို့ အဘယ် သို့သော ကြွေးမြီတင်ရှိနေပြီးနည်း။ အမေရိကန် တမျိုးသားလုံး မိုက်မှားပြုကျင့်မှုကြောင့် အာဖရိက အမျိုးသား များအပေါ် သင်တို့လျော်ကြေးပေးဆပ်ရန် တာဝန်ရှိသည်မဟုတ်လော။ သင်တို့သည် သူတို့မလာ မ၀င်နိုင်အောင် စာသင်ကျောင်း တံခါးများကို၎င်း၊ ဖုရားရှိခိုးကျောင်း တံခါးများကို၎င်း၊ ပိတ်ထား ကြမည်လော။ခရစ်တော်၏ ကျောင်းသင်ခန်းရှေ့၌ သူတို့လက်ဆန့် တန်း၍ တောင်းပန်တိုးရှိုး အကူအညီ တောင်းခံလာသည်ကို မသိစကျွန်ပြုကာ ခပ်မဆိတ်နေမည် လော။ ယူကျုံးမရဖွယ်သာတည်း။

    သို့ဖြစ်ရာတွင် သင်တို့သည် ထိုအာဖရိကတိုက်သားတို့ကို အလိုမရှိ၊ အာဖရိကသို့ ပြန်ပို့ကုန်ဟု တာဝန်မဲ့ စကားဆိုမည်လော။ စင်စစ် ကျွန်ုပ်တို့ကို သူတို့အားလက်ခံရမည်။ ကြိုဆိုရ မည်။ ပြုစုရမည်။ အထူးသဖြင့် ကား အသိပညာဖြင့် ကြွယ်ဝစေမည်။

    ယေဘုယျအားဖြင့် အနှောင်အဖွဲ့ကလွတ်ပြီး ကျွန်တယောက်သည် ပညာသင်ကြားရေးကို အဓိကထား၍ တောင့်တကြသည်သာဖြစ်သည်။ ထိုသူတို့သည် သူ့တို့၏ရင်သွေးများအား ပညာမပေးလိုသည်၊ မညွှန်ပြ လိုသည်၊ မပဲ့ပြင်လိုသည်ဟူ၍ မရှိကုန်။ စာရေးသူ၏  အတွေ့အကြုံ အရ သူတို့သည် သင်ယူ လိုကြသည်။ ညဏ်လည်း ထက်မြတ်ကြသည်သာ။

    ကျွန်ုပ်တို့အဖို့  ဤအချိန်သည်ကား အမင်္ဂလာ အချိန်သာတည်း။ မြောက်ပိုင်း တောင်ပိုင်း နှစ်ခုစလုံး သည်ပင် ဖုရားသခင်ရှေ့မှောက်တွင် ပြစ်မှုများကျူးလွန်နေကြခြင်း ဖြစ်၏။ ယင်းကို ခရစ်ယန် ဖုရားရှိခိုး ကျောင်းတို့ကလည်း နှုတ်ဆိတ်ရေငုံ လုပ်နေကြ၏။ ဤအဓမ္မမှုများ၊ ရက်စက်မှုများကို  အများစုပေါင်း၍ အကာ အကွယ်ပေးမထားဘဲ ဧရာမ စုပေါင်းပြစ်မှုကြီးအဖြစ် စုပေါင်းကျူးလွန်သည့်  အဖြစ်မျိုးသို့ အရောက် မခံဘဲ ဤအမှုအတွက် ကြေကွဲဝမ်းနည်းခြင်း၊ တရားမျှတခြင်း၊ အကြင်နာတရားထားခြင်းတို့ကို ပွားများ စေမှသာလျှင် ဤပြည်ထောင်စုကြီးကို ကယ်တင်ရာ ရောက်မည် ဖြစ်ပေသနည်း။

ပြီးပါပြီ
ယခု ဆောင်းပါးလေး ဟာ  မဂ္ဂဇင်း ထဲမှာ ဖော်ပြထားပြီးသား ဘာသာပြန် ဆောင်းပါးလေးပါ ... တဆက် တည်း ဖော်ပြပေးလိုက်ပါတယ် ...

ဂျင်မ်ခရိုးအတွက် အမှန်တရား
စာရေးသူ - ဦးခင်မောင်ဆွေ

ဂျင်မ်ခရိုး (Jim Crow) ဆိုတာဟာ တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာ လူဖြူ မဟုတ်တဲ့ အသားအရောင်ရှိသူ လူမည်းကပ္ပလီတွေကို ခေါ်ဝေါ်တဲ့နာမည်ပါ၊ တနည်းအားဖြင့် သည်အမည်နာမဟာ အမေရိကန် ပြည်တွင်းစစ်ကြီး (၁၈၆၁-၆၅)အပြီး ၁၉-ရာစုအလယ်ပိုင်းလောက်ကနေ ၂၀-ရာစု အလယ်ပိုင်း လောက် (၁၉၆၅)အထိ တရားဝင်ကျင့်သုံးခဲ့တဲ့ လူမျိုးခွဲခြားရေးဇတ်စနစ် (racial caste system) ကို ရည်ညွှန်း ပါတယ်။ သည်စနစ်ပေါ်ပေါက် တည်ရှိနိုင်ခဲ့အောင်လည်း ဂျင်မ်ခရိုး ဥပဒေ (Jim Crow Law) ဆိုတာ ကိုလည်း ပြဋ္ဌာန်း ထားမှု ရှိခဲ့တာပါ။ အတိတ်ကာလမှာ အသားအရောင်ရှိမှုကို သိစွမ်း ဥာဏ်ရည် မပြည့်မှီမှုနဲ့ ညီမျှခြင်းချခံထားခံခဲ့ ရသူတွေရဲ့ သည်ကနေ မျိုးဆက်တွေမှာ ဘယ်လိုနောက်ဆက်တွဲ အကျိုးဆက် တွေ တွေကြုံ ခံစားနေရပါသလဲ။

    လူမည်းတွေကို ဂျင်ခရိုးဆိုတဲ့အမည်နဲ့ ခေါ်တွင်ခဲ့ရခြင်းမှာ သမိုင်းဝင်နောက်ကြောင်း ဖြစ်ရပ် ရှိနေခဲ့ပါ တယ်။ ၁၈၂၈ပြည့်နှစ်တဝိုက်လောက်တုန်းက ပြည်နယ်စင်စင်နာတိ             (Cincinatti) မြို့မှာ သောမတ်စ် ဒတ်မောက်ရိုက်ခ်(Thomas Darthmouth Rice) ဆိုတဲ့ လူရွှင်တော် ဟသ ဖျော်ဖြေရေး သမား တစ်ဦး ရှိခဲ့တယ်။ သူက သူမျက်နှာကို အိုမည်းသုတ်လိမ်းထားပြီး၊ ခပ်နွမ်းနွမ်း အဖါ အထေးတွေပါတဲ့ ဝတ်စုံဟောင်း ကို ဝတ်ဆင်လျက် ဗျတ်စောင်းကို တီးခတ်ပြီး (Jump Jim Crow) ဆိုတဲ့ သီချင်းကို ခပ်ရွှင်ရွှင် သီဆိုကာ ခုန်စွခုန်စွ ကခုန်ပြီး ဖျော်ဖြေတယ်။ သူကပြပုံကလည်း သည်မြို့မှာ တကယ်ရှိခဲ့တဲ့ ခြေတဖက် မသန် ထော့နေတဲ့ ဂျင်မ်ဆိုတဲ့ လူမည်းကပ္ပလီတစ်ယောက်ရဲ့ ကပြတဲ့ပုံစံကို အတုခိုးခဲ့တာပါ။ ရိုက်စ်ရဲ့ ကပြ ဖျော်ဖြေပုံက ရယ်စရာကောင်းလွန်းလို့ ရောက်လေရာမှာ လူစုလူဝေးနဲ့ ပွဲကျခဲ့တာ နောက်တော့ အမေရိကန် တစ်နိုင်ငံလုံးမှာ ရိုက်စ်ရဲ့ ဂျင်မ်ခရိုး အကနဲ့ သီချင်းဟာ ပျံ့နှံ့သွားပြီး လူသိသူသိများတဲ့အထိ ကျော်ကြား သွားခဲ့ပါတယ်။

 သည်အချိန်တုန်းက လူမည်းတွေက ကျွန်အဖြစ်က မလွတ်မြောက်ကြသေးပါဘူး။ များသော အားဖြင့် သူတို့ တစ်တွေ ဟာ ကျွန်ပိုင်ရှင်ရဲ့ အလုပ်ခိုင်းစေချက်အောက်မှာ တိရိစ္ဆာန်တွေလို ရုန်းကန်ရလွန်းလို့ ဥပဓိရုပ်က ပိန်ညှော် ခြောက်ကပ်၊ အရိုးပေါ်အရေတင်၊ နရိုးငေါလော ပေါ်နေပြီးဘဝ လုံခြုံမှုလည်း ကင်းမဲ့ နေတဲ့ အကြောင်း ဂျင်မ်ခရိုးသီချင်းမှာ ထည့်သွင်း စပ်ဆိုထား တယ်လို ဆိုပါတယ်။

    သည်အချိန်ကစလို အမေရိကားတစ်ခွင်မှာ ဂျင်မ်ခရိုးဆိုတာ အသားအရောင်ရှိ၊ လူမည်း၊ ကျေးကျွန်၊ ဥာဏ်ရည် ဥာဏ်သွေးအားဖြင့် အပြစ်အနာအဆာရှိသူဆိုတဲ့ ပုံရိပ်ကို ဖေါ်ဆောင်ပေးလိုက်သလို ရှိခဲ့ တာပေါ့။ တကယ်တော့ ဒါဟာ လူမျိုးတစ်မျိုးက တစ်မျိုးအပေါ်မှာ အာဃာတလွှမ်းတဲ့ သဘောထား အမြင်မျိုး ဖြစ်ပေါ် အောင် အမှတ်သကေင်္တ တံဆိပ်ခတ်နှိပ် (stegmatize) ပေးလိုက်သလို ရှိစေခဲ့တာပါ။ နောင်မှာ သိစွမ်း ဥာဏ်ရည်အားဖြင့် အပြစ်အနာအဆာရှိခြင်းဟာ မျိုးဗီဇပြဋ္ဌာန်းချက်ကြောင့် ဖြစ်ရတာ၊ ပြုပြင် ပေးလို့ လေ့ကျင့် ပေးလို့ကို မရနိုင်ဘူး ဆိုတဲ့ ပုံသေအစွဲပါတဲ့ အမြင်မျိုးအထိ ခြဲထွင်လာခဲ့တာပါပဲ။ တနည်း အားဖြင့် ကျွနစနစ်ကို လိုလားတဲ့ အစွန်း ရောက် လူဖြူတချို့ကတော့ ဒါဟာ ဂျင်မ်ခရိုးရဲ့ ဖြစ်တည်မှု အတွက် အမှန်တရားပဲလို့ တရားသေခံယူခဲ့ကြပါတယ်။
သမိုင်းထဲကဂျင်မ်ခရိုး

    ဥာဏ်ရည်ဥာဏ်သွေးအားဖြင့် အပြစ်အနာဆာရှိတယ်လို့ မှတ်ယူခံရတဲ့ ဂျင်မ်ခရိုးအကြောင်း ပြောကြမယ် ဆိုလျင် သမိုင်းဖြစ်စဉ်ထဲမှ ဂျင်မ်ခရိုရဲ့ ဇာတိ ဥပတိ (identity) ဆင့်ကဲ ပြောင်းလဲခဲ့ရပုံကိုပါ ထည့်သွင်း ပြောမှ ပြည်စုံမှာပါ။

    ဂျင်ခရိုးလို့ နာမည်ပြောင်နဲ့ ခေါ်တွင်ခံရတဲ့ အာဖရိကနွယ်ဖွား လူမည်းတွေဟာ ယခုအမေရိကန် ပြည်ထောင်စုကို ၁၈ရာစု စောစောပိုင်းလောက်မှာပဲ ငွေဝယ်ကျွန်တွေအဖြစ်နဲ့ ရောက်ရှိလာခဲ့ကြတာပါ။ ငွေကြေး အမြတ်အစွန်း ကြီးမားတဲ့ ကျွန်ကုန်ကူးသူ လူဖြူတွေက အာဖရိကတိုက်မှ လူမည်းကျွန်တွေကို အမေရိကန် နိုင်ငံ တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ ဂျုံ၊ ကြံ၊ ဝါ စတဲ့ စိုက်ခင်းတွေမှာ ငွေဝယ်ကျွန်တွေအဖြစ် အလုပ် လုပ်ကိုင်ဖို့ လူဖြူမြေပိုင်ရှင် စိုက်ပျိုးရေးသမားတွေဆီမှာ လာရောက် ရောင်းချကြတယ်။ ဗာဂျီးနီးယာ၊ တောင်/မြောက် ကာရိုလိုင်းနား၊ မစ္စစပီ လူဝီဇယန်းနား၊ အဲလ်ဘားမား၊ တက္ကခ်ဆက် ပြည်နယ် တွေက စိုက်ခင်းတွေမှာ သူတို့ ကျွန် လုပ်သားအဖြစ် အလုပ်လုပ်ကိုင်ကြရတာပေါ။ သူတို့တစ်တွေဟာ အသက် တစ်ချောင်း ရှင်သန်မှုအတွက် အလုပ် လုပ်ကိုင်နေထိုင်မှုအခြေအနေ ရှုမြင်ကွင်းက ရင်နင့်စရာပါ။

    ကျွန်ပိုင်ရှင်ကို ဆန့်ကျင်အာမခံတဲ့ ကျွန်တစ်ဦးကို ကြာပွတ်နဲ့ ရိုက်နှက်ခွင့်၊ ခန္ဓာကိုယ်ပေါ်မှာ သံပူနဲ့ အမှတ် တံဆိပ်ခတ်နှိပ်ခွင့် ကိုယ်လက်အင်္ဂါကျိုးပဲ့ ချိုတဲ့သွားတဲ့ထိ လုပ်ပိုင်ခွင့်ရှိတယ်။ သည်လို ကျွန်ပိုင်ရှင် က အပြစ်ပေးရာမှာ အသက်သေဆုံးသွားခဲ့လျှင်လည်း ကျွန်ပိုင်ရှင်သခင်မှာ အပြစ်တစ်စုံ တစ်ရာမရှိ ကင်းလွတ်ခွင့် ရှိတယ်လို့ သည်တောင်ပိုင်းပြည်နယ်တွေမှာ ပြဋ္ဌာန်းထားတဲ့ ကျင်ထုံးဥပဒေတွေက အကာ အကွယ် ပေးထားတယ်။ သည်ကျင်ထုံးဥပဒေကပဲ သည်ကျွန်တွေကို စာရေး စာဖတ် သင်ကြားပေးခွင့် မရှိဘူးလို့ အတိအလင်း ဆိုထားသေးတယ်။ ကျွန်ပိုင်ရှင်တစ်ဦးက ကျွန်မိသားစုဝင်တွေထဲက ခင်ပွန်းနဲ့ဇနီး၊ မိဘနှင့် သားသမီးတွေကို ခွဲပြီး တခြား ကျွန်ပိုင်ရှင်တစ်သီးဆီ ကို ရောင်းချပိုင်ခွင့်လည်း ရှိတယ်။

    အမေရိကန်ပြည်ထောင်စုရဲ့ ၁၄ယောက် မြောက်သမ္မတဖြစ်တဲ့ အေဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅) က သည်ကျွန်စနစ်ကြိးဟာ ဧရာမကြောက်ခမန်းလိလိမတရားမှုကြီး(monstrarous unjustic) ပါပဲလို့ မှတ်ချက် ချခဲ့တယ်။ သည်အချိန်မှာ နိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်တွေ ဖြစ်ကြတဲ့ နယူးယောက်၊ ပင်ဆဲလ်ဗေးနီးယား၊ အိုဟိုင်အို၊ မစ်ချိဂန်၊ အီတလီနိုင်အင်ဒီယန်းနား အခြားပြည်နယ်စုစုပေါင်း ၁၅ပြည်နယ် တွေက အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံမှာ ပါရှိတဲ့အတိုင်း နိုင်ငံသားအားလုံး တန်းတူညီမျှတဲ့ အခွင့်အရေး ရှိကြသည် လို့ ဆိုထားသည့်အတိုင်း လူသားအချင်းချင်း နိုင်ထက်ကလူပြုမှု နှိပ်စက် ညှင်းပန်း မှုပြုတဲ့ ကျွန်စနစ်ကို လုံးဝ ဥသုဉ် ဖယ်ရှား ပြစ်လိုကြတယ်။ တကယ်က မြောက်ပိုင်းပြည်နယ်တွေမှာ စက်မှုနဲ့ နည်းပညာ ထွန်းကားပြီး ခေတ်ရှေ့က ပြေးနေတာပါ။ မြောက်ပိုင်းပြည်နယ်တွေက နိုင်ငံရေးရာ ဦးဆောင် ဦးရွက်ပြုသူတွေ၊ တတ်သိ ပညာရှင်တွေဟာ အသိဥာဏ် ပွင့်လင်းတဲ့ အနာဂါတ်ဆီကို မြော်မြင်မှု ရှိခဲ့ကြသူ တွေပဲပေါ့။

    သည် ဧရာမကြောက်ခမန်းလိလိ မတရားမှုကြီးကို လူဘောင်အဖွဲ့အည်းမှ အပြီးအပိုင် ဖယ်ရှားပြစ်ဖို့ သန္နိဋ္ဌာန်ချ လုပ်ဆောင်သွားခဲ့သူကတော့ သမ္မတအေဗရာဟင်လင်ကွန်းပဲ ဖြစ်ပါတယ်။ ၁၈၆၃ပြည့်နှစ် နှစ်ဆန်း ရက်မှာပဲ သူနဲ့ ရီပတ်ဘလည်ကင်ပါတီဝင်တွေ ပြုစုတဲ့ လူမည်းကျွန်တွေရဲ့ လွတ်မြောက်ရေး ကြော်ငြာ စာတမ်း (Emancipation Proclamation Bill) ကို သူကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ပါတယ်။ သိန်းသောင်းချီ ရှိတဲ့ လူမည်းကျွန်တွေကို လယ်ယာစိုက်ခင်းတွေမှာ အလုပ်စေခိုင်းထားတဲ့ အမေရိကန် နိုင်ငံတောင်ပိုင်းက မြေပိုင်ရှင်တွေ၊ လယ်ယာထွက်ကုန်စီးပွားလုပ်ငန်းရှင်တွေ၊ ကျွန်ပိုင်ရှင် တွေက သည်ကျွန်လွတ်မြောက်ရေး ကြေငြာ စာတမ်းကို ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ခဲ့ကြတယ်။ သူတို့က ကျွန်စနစ် ကို မပယ်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုကြီးကနေ ခွဲထွက်ရေးကို လှုံ့ဆော် စည်းရုံး လာကြတယ်။ တောင်ပိုင်းပြည်နယ်တွေ မဟာမိတ်ပြု အသင်းဖွဲ့ပြီး လက်နက်တပ်ဆင်ထားတဲ့ ကိုယ်ပိုင်တပ် တွေ (Confecdrate Army) ထူထောင်ကြတယ်။ ၁၈၆၃ပြည့်နှစ်ဝက်လောက်မှာပဲ ကျွန်စနစ်ဖျက်သိမ်းရေး သဘောထားကွဲလွဲမှု ပဋိပက္ခပေါ်မှာ အခြေခံပြီး မြောက်ပိုင်း ပြည်ထောင်စုတပ်တွေနဲ့ တောင်ပိုင်းခွဲထွက်ရေး မဟာမိတ်တွေ စစ်တိုက်ကြပါတော့တယ်။ သည်စစ်ပွဲကို သမိုင်းမှာ အမေရိကန် ပြည်တွင်း စစ်ကြီး (American Civil War) လို့ သမိုင်းတွင်ခဲ့တာပေါ့။ သည်ပြည်တွင်းစစ်ဟာ တကယ်က ၁၈၆၁ မှ ၁၈၆၅ပြည့်နှစ်အထိ လေးနှစ်ကျော်ကြာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူအပါဝင် လူ အသက်ပေါင်း ၆၀çဝ၀ဝ၀လောက် ဆုံးရှုံးခဲ့ကြရတယ်။

    မရှောင်လွှဲသာဘဲ တိုက်ခဲ့ရတဲ့သည်စစ်ပွဲမှာ လင်ကွန်းရဲ့ အဓိကရည်ရွယ်ချက်က ပြည်ထောင်စု မပြိုကွဲ ရေးပါ။ စစ်ကို နိုင်အောင် တိုက်နိုင်ခဲ့လျှင် ဆိုရွားတဲ့ ကျွန်စနစ်ကိုလည်း ဖျက်သိမ်းနိုင်မယ်ဆိုတာ သူက ကြိုတင် မြင်ထာခဲ့တာပေါ့။ တကယ်လည်းပဲ မြောက်ပိုင်းပြည်ထောင်စုတပ်တွေက အောင်ပွဲခံနိုင်ခဲ့ပါတယ်။

    လူမည်းကျွန်တွေ လွတ်မြောက်ရေး ကြေငြာစာတမ်းအရ တောင်ပိုင်းပြည်နယ်တွေဟာ လူဖြူတွေရဲ့ ကျွန်ပိုင်ရှင် စနစ်ကို တရားဝင် လုံးဝဥသုဉ် ဖျက်သိမ်းရမှာ ဖြစ်ပြီး နိုင်ငံသားအားလုံးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဥပဒေက တန်းတူညီမျှ အကာအကွယ်ပေးမှုအားမခံချက်ကို ရပိုင် ခံစားခွင့် ရှိလာရမှာ ပါ။ သည့်အပြင် အမေရိကန်နိုင်ငံသား ဘယ်သူမဆို လူမျိုး၊ အသားအရောင်၊ ယခင် အတိတ်ကာလက ကျေးကျွန် ဖြစ်ခဲ့ရခြင်း စသည်ကို ထောက်ရှုစရာမလိုဘဲ မဲဆန္ဒပေးပိုင်းခွင့်ကို ဥပဒေ အရရော၊ နိုင်ငံတော်ကရော  အကာ အကွယ်ပေးသည်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိတာပါ။

    သို့ပေမယ် လူမည်းတွေရဲ့ ကံကြမ္မာလိုပဲ ဆိုရလေမလား လက်တွေ့ ဖြစ်ပေါ်လာခဲ့တဲ့ သမိုင်းလမ်း ကြောင်းမှာ လူမည်းကျေးကျွန်တွေရဲ့ လွတ်မြောက်ရေးက လွယ်ကူချောမွေ ဖြောင့်တန်းခြင်း မရှိခဲ့ပါဘူး။ ပြည်တွင်းစစ်မှာ ရှုံးနိမ့်သွားခဲ့တဲ့ တောင်ပိုင်းကွန်ဖက်ဒရိတ်တပ်တွေ လက်နက်ချက် အညံ့ခံပြီး စစ်ပြေငြိမ်း စာချုပ် မချုပ်ဆိုခင် ၁၈၆၅နှစ်မှာပဲ သမ္မတအေဗရာဧင်လင်ကွန်းဟာ မသမာသူတစ်ဦးရဲ့ လုပ်ကြံ သတ်ဖြတ် တာကို ခံလိုက်ရပါတယ်။ လင်ကွန်းရဲ့ ရာထူးနေရာမှာ ဒုသမ္မတလောင်း အရွေးခံသူ အင်ဒရူးဂျွန်ဆင် က ဆက်ခံခဲ့ပါ တယ်။ သူဟာ တောင်ပိုင်းသား ဒီမိုကရေစီပါတိကဖြစ်ကြောင်း ပြည်တွင်းစစ် လွန်ကာလမှာ မြောက်ပိုင်းနဲ့ တောင်ပိုင်းပြန်လည် ပေါင်းစည်းရေး ဦးစားပေးလို စိတ်ဇောသန် နေသူပါ။ ကျေးကျွန်ပိုင်ဆိုင်မှု စနစ်ကို တရားဝင် အတိအလင်း တားမြစ်ပိတ်ပင်ခဲ့ပေမယ့်လို့ လွတ်မြောက် လာတဲ့ အာဖရိကန် အမေရိကန်တွေရဲ့ နိုင်ငံသား အခွင့် အရေးနဲ့ တန်းတူညီမျှရေး စတာတွေကို ဥပဒေကြောင်း အရ အကာအကွယ်ပေးဖို့အတွက် စွမ်းစွမ်းတမံ မဆောင်ရွက်ဘဲ ပျက်ကွက် နေပါ တော့တယ်။
ဂျင်မ်ခရိုးဥပဒေသ (The Jim Crow Law)

    သမ္မတ အေဗရာဟင်လင်းကွန်းသာ လုပ်ကြသတ်ဖြတ်ခြင်း မခံရဘူးဆိုလျှင် လူမည်းကျွန်တွေရဲ့ အြွကင်းမဲ့ လွတ်မြောက်ရေးသမိုင်က နောက်ထပ်နှစ်တစ်ရာနီးပါးကြာမှာ မဟုတ်ဘူးလို့ တွက်ဆစရာ ရှိပါတယ်။ အခုတော့ လင်ကွန်းရဲ့ နေရာကို ဆက်ခံတဲ့ အင်ဒရူးဂျွန်ဆင်ဟာ တောင်ပိုင်းသား မြေပိုင်ရှင် ကျွန်ပိုင်ရှင် တွေနဲ့ စေ့စပ်ညှိနှိုင်းပြီး သူရဲ့ ဦးဆောင်မှုအောက်မှာ လူမည်းကျင့်ထုံးဥပဒေသ (သို့) လူမည်း ကိုဓ ဥပဒေ(Black Codes) ကို ရေးဆွဲပြဋ္ဌာန်း လိုက်ကြပါတယ်။ သည်ဥပဒေအရ ဒေသခံ ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က လူမည်းတွေရဲ့ စည်းရုံးဖွဲ့စည်းခွင့်၊ လက်နက်ကိုင်ဆောင်ခွင့်နဲ့ ခရီးသွား လာခွင့် တွေကို ကန့်သတ်ကွပ်ညှပ်ထား တယ်။ သို့ပေမယ့်လည်း ၁၈၇၅ပြည့်နှစ်မှာ လူမည်းတွေရဲ့ နိုင်ငံသား အခွင့်အရေး ကို ကွန်ဂရက်လွှတ်တော်က အတိအလင်း အသိအမှတ်ပြုပေးတဲ့(The Civil Right Act - 1875) ကို ပြဋ္ဌာန်းအတည်ပြုထားခဲ့တာပါ။

ဒါပေမယ့်လို့ တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ လူဝီဇယန်းနားပြည်နယ် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က ကွန်ဂရက် ရဲ့ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုပြီး ဇတ်စနစ်သဖွယ် လူမျိုးခွဲခြားရေးကို တရားဝင်ခွင့်ပြုရာ ရောက်တဲ့ ကျင့်ထုံးဥပဒေ (racial segregation Law) စတင် လက်ခံကျင့်သုံးပါတော့တယ်။ သည် ဥပဒေ အရ လူဖြူနဲ့ လူမည်းတွေဟာ သီးခြားစာသင်ကျောင်း၊ သီးခြား မီးရထားတွဲ၊ သီးခြားဘတ်စ်ကားထိုင်ခုံ၊ သီးခြား စာကြည့်တိုက်၊ သီးခြားစားသောက်ဆိုင်၊ သီးခြားဟိုတယ်၊ သီးခြားကျန်းမာရေးဝန်ဆောင်မှု၊ နောက်ဆုံးပိတ် အများပြည်သူ သွားလာရာနေရာမှာရှိတဲ့ သောက်ရေတိုင် တောင်မှ သီးခြားနေရာ ခွဲခြား ထား ရှိတာပါ။ မလိုက်နာသူဟာ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူ ရုံးတင် အပြစ်ပေးတာကို ခံကြ ရပါတယ်။

    အသားအရောင်ပေါ် မူတည်ပြီး သည်လို လူဖြူနဲ့ လူမည်း အခွင့်အရေး ခွဲခြားမှု ကျင့်သုံးတဲ့ ဥပဒေကို ဂျင်မ်ခရိုး ဥပဒေသ(Jim Crow Law) လိုလည်း သမိုင်းမှာ တွင်ကျန်ရစ်ခဲ့တာပေါ့။ တောင်ပိုင်းပြည်နယ် အာဏာ ပိုင်တွေက သည်လိုကျင့်သုံးတာကို သီးခြားဖြစ်၏ သို့သော် တန်တူညီမျှမှု ရှိပါ၏။ (Seperate but equal)  ဆိုပြီး  သဘာဝမကျတဲ့ အတုအယောင်စနစ်ကို ဖုံးကွယ်တဲ့ အမည်ကို ပေးခဲ့ကြတယ်။ သည်ခေတ် စနစ်အောက် မှာ လူမည်းတွေက နိုင်ငံသား အခွင့်အရေး အပြည့်အဝ မရရှိ မခံစားရဘဲ နောက်ထပ် အနှစ် တစ်ရာ ဆက်လက် ဖြတ်သန်းခဲ့ကြရပါတယ်။

    သည်နေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းဝင် အဖြစ်ပျက်မှုကတော့ ၁၈၇၅ပြည့်နှစ်၊ ကွန်ဂရက် လွှတ်တော် က အတည်ပြုပေးခဲ့တဲ့ နိုင်ငံသားအက် ဥပဒေနဲ့ ပတ်သက်ပြီး ထောက်ခံသူနဲ့ ဆန့်ကျင်သူ တွေက နိုင်ငံဗဟိုတရားရုံးချုပ်ရောက်သည်အထိ အငြင်းပွားတရား ရင်ဆိုင်ကြရာမှာ သည်နိုင်ငံသား အက်ဥပဒေ ရဲ့ နည်းပညာပိုင်းနဲ့ ဟာကွက်တွေကို ထောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်အစိုးရ ကိုယ်၌ ရဲ့လူမျိုးခွဲခြား ဆက်ဆံမှုပြုခြင်းကို တားမြစ်တာ ဖြစ်တယ်။ နိုင်ငံသားလူပုဂ္ဂိုလ် တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ခွဲခြားဆကဆံမှုပြခြင်းကို တားမြစ် မထားဘူးဆိုပြီး လူမျိုးခွဲခြားရေး ကျင့်ထုံးဥပဒေ    (rail segregation Law or Jim Crow Law) ကို ဆက်ပြီး ကျင့်သုံးခွင့် ပြုတဲ့ စီရင်ချက် ချမှတ်ခဲ့မှုပါပဲ။

    သည်လိုနှင့် ကျွန်ဘဝ လွတ်မြောက်လာတဲ့ လူမည်းတွေဟာ နောက်ထပ် ရာစုနှစ်တစ်ခု ကြာသည်အထိ မိမိတို့ရဲ့နိုင်ငံသား အခွင့်အရေး တင်းပြည်ကျပ်ပြည် ရရှိရေးအတွက် မျိုးဆက်သစ်တွေ တဆက်ပြီးတဆက် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရတာပေါ့။ နောက်ဆုံး ၁၉၆၄ပြည့်နှစ်မှာ သမ္မတ လင်ဒွန်ဘီ၊ ဂျွန်ဆင်      (Lyndon B. Johnson)  လက်ထက်မှာ လူမျိုးခွဲခြား ကျင့်သုံးတဲ့ ဂျင်မ်ခရိုးဥပဒေကို ဆက်လက်မတည်ရှိ နိုင်တော့ဘူး လို့ မိန့်ခွန်းပြောဆိုပြီး  ကွန်ဂရက်ရဲ့ နိုင်ငံသားအက်ဥပဒေ(Civil Right Act.1964) ကို အတည်ပြု ပြဋ္ဌာန်း ပေးလိုက် တယ်။

လူမည်းတွေ တန်းတူညီမျှ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့်စတဲ့ အခြေခံ လူအခွင့်အရေး တွေ ရရှိခံစား ခွင့်ရရှိလာကြတယ်။ သို့ပေမယ့် သည်အခွင့်အရေးတွေ လက်တွေ့ဘဝ နယ်ပယ် ထဲမှာ လက်ငင်းအကောင်းအထည် ပေါ်လာအောင် တောင်ပိုင်းပြည်နယ်တွေမှာ ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ တိုက်ပွဲဝင်ကြရတုန်းပါ။ သည်လှုပ်ရှားတိုက်ပွဲဝင်မှု တလျောက်လုံးမှာ ဦးဆောင် ခဲ့တဲ့ ပြောင်မြောက်တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာ မာတင်လူသားကင်း ဂျူနီယာ(Dr. Martin Luther King- Jr 1929-1968) ဟာ ၁၉၆၈ပြည့်နှစ် ဧပြီလမှာ မသမာသူရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက် ရပါတယ်။ ဒေါက်တာကင်း ကျဆုံးမှုဟာ သမိုင်းမှာ လူမည်းတွေရဲ့  လူ့အခွင့်အရေးတိုက်ပွဲ ဥပဒေကြောင်း အရ အောင်ပွဲခံမှု့ မှတ်တိုင်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။
 
စာရေးသူ - ဦးခင်မောင်ဆွေ
Ref:    1.    Free At Last      (collect authors. History of Civil right movement 2009-Ny).
.
>>>ဆက်ဖတ်ရန်>>> >>