Monday, January 3, 2011

ပဆစ်အိမ် အပိုင်း (၂၅)

ပုတီးစိပ်သည်။ မေတ္တာသုတ်ကို ဆယ့်ရှစ်ခေါက် ရွတ်နေကျ။ ဂုဏ်တော် တစ်ထောင် စိပ်နေကျ။
သည်လို နှင့် ရှစ်နာရီ ရောက်လာတော့ ဆရာဝန် ညွှန်းသည့်ဆေးများ သောက်သည်။ စာအုပ် တစ်အုပ် ယူကာ အိပ်ခန်း သို့ ရောက်ရမြဲ။
အစကတော့ စာ သိပ်မဖတ် ဖြစ်ခဲ့ပေ။
ကိုကို စာပေလုပ်ငန်း လုပ်တော့မည် ဆို မှ စာတွေ ပြန်ဖတ်ဖြစ်ခဲ့သည်။

သို့သော် "ပဒေသရာဇာ"က ထုတ်ဝေသော စာအုပ်များကိုမူ မြိုင် အရသာမခံတတ်။ မြိုင် အဖတ်များသည် ၀တ္ထု များ ဖြစ်သည်။ သွက်လက်လှသော အမျိုးအစားထက် နက်နက်ရှိုင်းရှိုင်း ရှိသော ၀တ္ထုများကို ကြိုက်သည်။
စာအုပ်ကို ငှားဖတ်၍ရကြောင်း ယခင်က မြိုင်မသိ။ အလျင်ကတော့ ၀ယ်ဖတ်တာ များသည်။ သူငယ်ချင်း တစ်ယောက် က အကြံပေး၍ အငှားဆိုင်မှ ငှားဖတ် ဖြစ်သည်။ ယခုတော့ အငှားဆိုင် နှင့် ဖောက်သည် ဖြစ်နေပြီ။ တစ်ပတ် လျှင် အနည်းဆုံးငါးအုပ်တော့ ဖတ်ဖြစ်သည်။
စောစော က ဖတ်နေသည့် ဖတ်လက်စ စာအုပ် ဘယ်ရောက်သွားပါလိမ့်။

သြော် … ခေါင်းအုံးပေါ်မှာ မှောက်တင်ထားရင်းကနေ ကြမ်းပြင်ပေါ်သို့ လျှောကျနေသည်ကိုး။
မြိုင်စာအုပ်ကို ကောက်ယူလိုက်သည်။ စာအုပ်က "မငိုရဘူး၊ မရယ်ရဘူး" တဲ့။ နှလုံးရောဂါ အကြောင်း တွေပါပဲ။
မြိုင် သည် ခင်ဆွေဦး၊ ယုဝတီ ခင်စိန်လှိုင်၊ မစန္ဒာ၊ မိုးမိုး (အင်းလျား) တို့၏ ၀တ္ထုများကို ဖတ်သည်။
ဂျာနယ်ကျော် မမလေး တို့ ခင်နှင်းယု တို့ စာတွေ မဖတ်ရတာ  ကြာပြီ။ သူတို့တတွေ စာများများ ရေးလျှင် ကောင်းမှာပဲ တွေးမိသည်။

မြိုင်သည် "မငိုရဘူး၊ မရယ်ရဘူး" ကို ကောက်ယူလိုက်သည်။ ဘယ်နေရာ ရောက်သွားပါလိမ့်။ မှတ်ထား သော စာမျက်နှာကို မေ့သွားပြီ။ ဇာတ်ကိုလည်း မေ့သွားပြီ။ စာပိုဒ်တွေကိုလည်း အမှတ် မရတော့။ စာအုပ် ကို ပြန်ချထားလိုက်သည်။
"သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲ ချင်တယ်တဲ့ x x x ကျွန်မနဲ့ လက်ထပ်ချင်တယ်တဲ့ x x"
စောစော က စကားသံသည် နားထဲတွင် ပဲ့တင်ရိုက်ခတ်လာသည်။
မြိုင်တစ်ချက် ရှိုက်လိုက်မိသည်။

ငါးသုံးလုံး စီးကရက်ဗူးကို ဆွဲယူသည်။
ဆရာဝန် က တားမြစ်ထားသော်လည်း မြိုင်သည် စီးကရက်ကို မသောက်ဘဲ မနေနိုင်ခဲ့ပေ။
စင်စစ် စီးကရက်စွဲ သည်မှာ ဘာမျှ မကြာလှသေး။ ကိုကို ထားခဲ့သည့် စီးကရက်ဘူးထဲမှ စီးကရက်ကို စမ်းသောက် ကြည့်ပြီး မှ စွဲသွားခြင်း ဖြစ်သည်။ ကိုကို အိမ်ပြန်နောက်ကျသော ရက်များ မှ စတင်ခဲ့သည်။ အထီးကျန် ဆံရခြင်း မှ ဆေးလိပ်ကို အဖော်ရှာမိခြင်း ဖြစ်သည်။

မြိုင်သည် ခုတင်မှ ထသည်။ ပြတင်းပေါက်ရှိရာမှ လာရပ်သည်။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သော မြိုင်တို့ အရပ် မှာ ခုနှစ်နာရီဆိုလျှင် လူအသွားအလာ ကျဲသွားတတ်သည်။ ငြိမ်သက်တိတ်ဆိတ် နေတတ် သည်။
တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ရ ကောင်းမလား စဉ်းစားမိသည်။ တစ်စုံတစ်ယောက်နှင့် စကား ပြောချင် နေသည်။ မြိုင့်တွင် ကိုကိုနှင့်ပတ်သက်သော မိတ်ဆွေအများအပြားပင် ရှိသည်။
အများ အားဖြင့်တော့ ကိုကို တို့လို လေးဆယ်အရွယ်နှင့် ငါးဆယ် ခြောက်ဆယ်အရွယ်တွေ ဖြစ်သည်။ သူတို့သည် မြိုင် တို့ ထမင်းစားခန်း၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။
မြိုင့်ကို လှသည်ဟု အမြဲပြောကာ၊ မြိုင့်လက်င်္ရာတွေကို  ကောင်းသည်ဟုဆိုကာ ကိုကို့ကို မိန်းမရ ကံကောင်းသူ ဟု ချီးကျူးတတ်ကြ သူများ ဖြစ်သည်။

ရှေ့နေ ရှေ့ရပ်တွေ ပါသည်။ တရားသူကြီးတွေ ပါသည်။ သူဌေးတွေ၊ လုပ်ငန်းရှင်တွေ၊ ကျောင်းဆရာတွေ ပါသည်။ စာရေးဆရာ၊ ပန်းချီဆရာ၊ ရုပ်ရှင် ဒါရိုက်တာတွေ ပါသည်။
အရက်ဝိုင်းမှာ ကျယ်လောင်စွာ စကားပြောပြီး အော်ဟစ် ရယ်မော တတ်ကြသူများ ဖြစ်သည်။ အရက်ဝိုင်း မစမီ တွင် သူတို့ကို လူကြီးလူကောင်းတွေအဖြစ် မြိုင် မြင်မိသော်လည်း အရက်ဝိုင်း သိမ်းချိန်တွင်မူ အရူးအပေါ တွေ ဟုသာ ထင်မိလေသည်။

သူတို့ကို "မြိုင့်ယောကျာ်းက မြိုင့်ကို ကွာရှင်းပြတ်စဲချင်တယ်တဲ့၊ တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ချင် တယ်တဲ့"
မြိုင် ပြောထွက်နိုင်ပါ့မလား။
သည်အထိ သတ္တိရှိနိုင်ပါ့မလား။
ဖုန်းဆက်ခဲ့သည့် မိန်းကလေးကို မြိုင် မသိပါ။ အသံကိုပင် မကျက်မိပါ။ ရုပ်သွင်က မည်သို့ရှိမည် မမှန်း တတ်ပါ။ သူ့ဘ၀၊ သူ့အကျင့်စာရိတ္တတွေ ကို မြိုင် မသိနိုင်ပါ။
သည်ကနေ့ ခေတ်ထဲက မိန်းကလေး တစ်ယောက် ဖြစ်မည် ဆိုသည်ကိုသာ သိသည်။

မြိုင့်ထက်တော့ ငယ်ပေမပေါ့။
မြိုင့်ထက်တော့ လှပေမပေါ့။
အို … မြိုင့်ထက် သာ လို့သာ ကိုကိုက လက်ထပ်ချင်တာ ဖြစ်မှာပေါ့။
တလောက မိတ်ဆွေတစ်ယောက်ကတော့ သတိ အပေးသား။
"ကိုတင်မောင်သန့်ကို ထိန်းဦးမြိုင်၊ အမျိုးသမီးတစ်ယောက်နဲ့ တွဲနေတယ်၊ သူတို့ သိပ်လေးလေး နက်နက် ဖြစ်နေကြတယ်၊ လွန်ကုန်ရင် ရှင်းရခက်မယ်"
ကိုကို မိန်းမတစ်ယောက် နှင့် တွဲသည်ဆိုသည်မှာ မဆန်း။

တစ်ယောက် မဟုတ် တစ်ယောက်နှင့် တွဲမည်ပင်။ ကိုကို က မြိုင့်နှင့်အိမ်ထောင်ရေးသုခ မရဘူးတဲ့ လေ။ ဒါကို မြိုင် သိနေခဲ့ရသည်မှာ ကြာပြီကော။ ကိုကို့ အသက်အရွယ်၊ ကိုကို့ ဂုဏ်၊ ကိုကို့ ကြွယ်ဝ မှုတွေကြောင့် အပြင် မှာ သာယာမှု ရှာလျှင်လည်း အလွယ်တကူ ရနိုင်မည်ကို မြိုင် သိပါသည်။
သည်ကနေ့ခေတ် မိန်းကလေးတွေကလည်း မြိုင်တို့လို ဟုတ်ချင်မှ ဟုတ်မည်။ အညှာလွယ်သည်။ အကာအကွယ် တွေကလည်း ပေါပါဘိနဲ့။

အင်္ဂလိပ်စာတတ် ပေတတ်တွေကျတော့ "ဟာရိုးရော်ဘင်"တို့ "ဂျက္ကလင်းဆူဆန်"တို့၏ စာအုပ် များကို ဖတ်နေကြသည်။ သည်စာအုပ် ဖတ်သည့်အဆင့်မှာ နှစ်ဆယ်နှင့် သုံးဆယ် ၀န်းကျင် ခေတ်ပညာတတ်တို့ ဖြစ်နေ ကြ သည်။
သူတစ်ပါးတွေကိုထား။ ကိုယ့်သမီးပါးစပ် က "ဒိုင်ယာဖရမ်"တွေ "ရစ်သမက်မက်သဒ်" အကြောင်း တွေ ပြောသံ ကြားရတော့၊ မြိုင် တုန်လှုပ်ချောက်ချားလာမိသည် အမှန်ပင်။
မြိုင် သည် ယခုတော့ သုံးဆယ့်ရှစ်နှစ် ရှိလာပြီ။ လောကအကြောင်းကို ထိုက်တန် သလောက်တော့ သိနေပြီ။ လောကအကြောင်းကို သိရလေလေ လောကထဲ တိုးဝင်ဖို့ ကြောက်လေလေ ဖြစ်သည်။
သည်လို နှင့် လောက၏ အပစ်ပယ်ခံ ဖြစ်လာသည်။ လောကကို ရှောင်လေ လောက က မြိုင့်ကို စိမ်း လေလေ ဖြစ်သည်။

မိမိအတ္တနှင့် မိမိဘ၀၊ မိမိလောကနှင့် မိမိကမ္ဘာ ကျဉ်းကျဉ်းကလေးထဲမှာပင် မိမိကိုယ်မိမိ ပျောက်ဆုံး နေသော မြိုင် ဖြစ်ခဲ့ရပါပြီ။
တစ်နေ့သော အခါ သည်အရာ ပေါ်ပေါ က်လာမည်ကို မြိုင်ကြိုတင် မျှော်လင့်ပြီးသား ဖြစ်သည်။
ထို "တစ်နေ့"သည် ယခုတော့ ရောက်လာရပြီပေါ့။
သူတို့ က မြိုင့် ကို အလိုမရှိတော့။

မြိုင်သည် သူတို့အတွက်၊ အားလုံးအတွက်၊ အို ... တစ်လောကလုံး အတွက် အပိုသက်သက် အသက်ရှင် နေသည့် မိန်းမတစ်ယောက် ဖြစ်နေပြီလား။ တစ်ကြိမ်တစ်ခါတုန်းကတော့ မြိုင်သည် အားလုံးအတွက် အသုံးကျသည့် မိန်းမတစ်ယောက် ဖြစ်ခဲ့ပါသေးသည်။
ကိုကို့ ဘ၀ကို မြှင့်တင်ခဲ့သည်။ အခက်အခဲ ကုဋေ ကုဋာကြားက ညိုမာ့ ကို မွေးဖွားပေးခဲ့သေးသည့် မြိုင် ဖြစ်ခဲ့ ပါသည်။
ကိုကို့အား လက်လွှတ်ဆုံးရှုံးရသည် ထား။ တွယ်တာစရာအဖြစ် သမီး ကျန်ခဲ့သေးလျှင်တော့ တော်ပါ သေးသည်။ ဖြေနိုင်စရာ ရှိပါသေးသည်။

ယခုတော့ လွန်ခဲ့သည့် မေ ကပင် သမီးသည် တက္ကသိုလ် ဒုတိယနှစ်ကို ကျရှုံးခဲ့သည်။ တက္ကသိုလ် ဆက်တက် ဖို့ ငြင်းဆန်ခဲ့သည်။
သူမ ၏ သူငယ်ချင်း ရူဘီ၏ အစ်ကို ရောဘတ်နှင့် လက်စွပ်ချင်း လဲခဲ့သည်။
ရူဘီ တို့ အသိုင်းအ၀ိုင်း က ကပြားများ ဖြစ်ကြသည်။
မြန်မာပြည် ၌ နေမပျော်သော သူများ ဖြစ်ကြသည်။ သြစတေးလျားသို့ တစ်သုတ်ပြီးတစ်သုတ် ပြောင်းရွှေ့ နေကြသည်။ ရူဘီတို့၊ ရောဘတ် တို့သည် နောက်ဆုံးအသုတ်အဖြစ် ပြောင်းရွှေ့ကြပေ လိမ့်မည်။ သည်အခါ ညိုမာ ချန်နေရစ် ခဲ့လိမ့် မည်မဟုတ်။

မြိုင်က သည်ကိစ္စကို ကန့်ကွက်ခဲ့ပေမယ့် ကိုကိုကမူ သူနှင့် မဆိုင်သလို လုပ်နေသည်။
"လူတွေဟာ ကိုယ့်ဘ၀လမ်းကို ကိုယ်လျှောက်ရမယ့် လူချည်းပဲ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြမှာပဲ၊ ဒယ်ဒီ ကတော့ ညိုမာ ရဲ့ သတ္တိကို ချီးကျူးတယ်"
ပြောနိုင်စွမ်း ရှိခဲ့သေးသည်။
သည်တော့ ... သူတို့အားလုံး မြိုင့်ကို စွန့်ခွာသွားကြတော့မည် ဆိုသည်မှာ သေချာသလောက် ရှိနေပြီ။
မြိုင့် ကို တစ်ယောက် တည်း ထားခဲ့ကြတော့မယ်လား။

ဖေဖေ၊ မေမေနှင့် အစ်ကို အစ်မတွေက အလျင်စွန့်ခွာသွားနှင့် ကြသည်။ သည်တစ်ခါ ကိုကိုနှင့် ညိုမာ အလှည့်လား။
အစဉ် လို အရောင်နုတွေနှင့် မှေးမှိန်နေသည့် အိမ်၊ အိမ်စေနှင့် မာလီက လွဲ၍ ဆွေးမျိုးသားချင်း ကင်းသည် အိမ်၊ ပန်းပင် ပန်းအိုးတွေလို အ၀ိညာဏကသာ ကြီးစိုးနေသည့် အိမ်မှာ မြိုင် တစ်ကိုယ် တည်း စီးကရက် တစ်လိပ်၊ စာတစ်အုပ် နှင့် အဖော်လုပ် နေရတော့မှာလား။

ဆရာဝန် များ၏ မြိုင့် နောက်ပါးမှ ပြောစကားအရ မြိုင့် လူလောကမှာ ကြာကြာနေရတော့မည် မဟုတ်ပါ။ နေလှ လေးငါးနှစ် အလွန်ဆုံးပါပဲတဲ့။
မြိုင်၏ ယိုယွင်းနေသော ကျန်းမာရေးက သူတို့နှင့် ဝေးရာကို ဆွဲခေါ်သွားမှာပါ။
သြော် ... သည်အထိတောင် မစောင့်နိုင်ကြတော့ဘူးလားကွယ် ...။

ဖြစ်နိုင်မည်ဆိုလျှင် မြိုင်သည် စိတ်အတွေးတို့ မလေးနက်သေးသည့် ကလေးဘ၀သို့ ပြန်ရောက် ချင်သည်။
မြိုင်၏ စိတ်အစဉ်တွင် ကလေးဘ၀ ကို ထိုင်ငေးခဲ့ရသော မိုးမခချောင်းကလေးကို သတိရနေသည်။
မိုးဦးကျ လောက်မှာ သည်ချောင်းတွင် "ကွန်မက" ကောင်ကလေးများ ချောင်းလုံးပြည့် ကျဆင်း လာတတ်သည် ကို သတိရနေသည်။
"ကွန်မက" ကောင်ဆိုသည်မှာ ဂဏန်းကောင်ကလေးများ ဖြစ်သည်။ သင်္ဘောသီးစေ့ အရွယ်ခန့် ရှိသည်။ သိန်းသန်း ကုဋေ ချီကာ ကျဆင်းလာတတ်သည်။
သူတို့သာ ကြီးပြင်းလာကြလျှင်တော့ ကမ္ဘာပေါ်မှာ သူတို့ချည်းသာ ရှိမည် ထင်ရသည်။ သည်လောက်ပင် များပြား သည်။ သို့သော် သူတို့သည် ပင်လယ်သို့ ရောက်သွားကာ ငါးများ၏ အစာ ဖြစ်ကုန်သည်ဟု ဆိုသည်။

သူတစ်ပါး၏ အာဟာရ အတွက် ကိုယ်က မွေးဖွားပေးလာရသည်မှာ စင်စစ် နာကြည်းစရာတော့ ကောင်းလှ သည်။
သည်ကာလ မှာပင် ဗေဒါဒိုက်တွေလည်း အများအပြား ကျလာတတ်သည်။ ပြာလဲ့လဲ့ ဗေဒါပန်း သည် အဝေး မှ အကြည့် တွင် အလွန်လှပသည်။
ယခု အသက်အရွယ်မှာ ဆရာဇော်ဂျီ၏ "ဗေဒါလမ်း" ကဗျာကို ဖတ်ရပြီး ကြည်ကြည်ဌေးပါသော "ပန်းပန်လျက်ပါ" ရုပ်ရှင် ကို ကြည့်ရတော့ ဗေဒါကို ပိုပြီး နှစ်သက်မြတ်နိုးခြင်း ရှိရသည်။
ထိုချောင်းကလေး ၏ ဘေးတွင် မြိုင်တို့၏ ဆန်စက်များ ရှိသည်။ ဆန်စက်နှင့် မနီးမဝေးမှာပင် မြိုင် တို့၏ တိုက်အိမ် ရှိသည်။

အိမ်မှာ မီးခံသေတ္တာ လို လုံခြုံလှသည်ကို အမှတ်ရနေသည်။ အုတ်နံရံတို့ ထူထဲကာ သံဘာဂျာ တံခါးကို ပြတင်းပေါက်တိုင်း ၌ တပ်ဆင်ထားသည်။
မြိုင် သည် အထွေးဆုံးသမီးဖြစ်ကာ မိသားစုတွင် တစ်ဦးတည်းသော သမီးလည်း ဖြစ်သည်။ မြိုင့်တွင် အစ်ကို သုံးယောက် ရှိသည်။ အစ်ကိုတွေက မြိုင့်ကိုချစ်ကာ မြိုင်ကလည်း အစ်ကိုတွေကို ချစ်သည်။
ငယ်စဉ် ကပင် မြိုင်သည် ဆူညံရှုပ်ထွေးသော ဆန်စက် အစိတ်အပိုင်းများကို မုန်းသည်။ သမ္ဗာန် ဘောက်တူ နှင့် သင်္ဘောများနှင့် ဝေးရာမှာ နေတတ်သည်။
မြိုင့်ကို အများဆုံး တွေ့တတ်သည်မှ ညောင်ချဉ်ပင် အောက်တွင်သာ ဖြစ်သည်။

မြိုင် လူမှန်းသိတတ်စေ အရွယ်မှာ ဒုတိယကမ္ဘာစစ် ဖြစ်သည်။ ဗုံးတွေ တ၀ုန်းဝုန်း ကြဲချခံရပြီး ကောင်းကင်ယံ မှာ လေကြောင်းတိုက်ပွဲမှာ မကြာခဏဖြစ်တော့ မြိုင်တို့ စစ်ပြေးကြသည်။ တောင်ပိုင်းသို့ ဖြစ်သည်။
သည်မှာ ကိုကိုနှင့်စ၍ တွေ့ရခြင်း ဖြစ်သည်။
သည်တုန်းက ကိုကို့ အမည် တင်မောင်သန့် မဟုတ်သေး။ "ခွေးညို" သာ ဖြစ်သည်။ ယောင်ပေ စူးကလေး နှင့် ဖြစ်သည်။
ကိုကိုသည် မြိုင်တို့မှ ပါ လာသော "ချိစ်"ခေါ် ဒိန်ခဲကို မစားတတ်။ ချောကလက်ကို ခါးသည်ဆိုပြီး မကြိုက်တတ်။
ကိုကို နှင့် အတူ ဘုန်းတော်ကြီးကျောင်းမှာ လိုက်သွားပြီး "ယံမင်္ဂလံ" သင်ရတာတွေ၊ မန်ကျည်းပင် ရိပ်မှာ ခုံညင်းဒိုး ပစ်ကစား တာတွေကို ခပ်ရေးရေးတော့ မှတ်မိနေသေးသည်။

ကိုကိုတို့ရွာမှာ မြိုင့် အစ်ကိုငယ် ဆုံးသည်။ မြို့မှာ ကျန်ရစ်သည့် အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့ စပိုင်ဆိုပြီး ဂျပန် အသတ်ခံ ရတာတွေတော့ ၀ါးတားတား ဖြစ်နေပြီ။
တစ်နေ့ မှာ မြိုင်တို့ကို ဓားပြတိုက်ဖို့ လာသော လူစုနှင့် ကိုကို့ဖေဖေ ခေါင်းဆောင်သော ရပ်ရွာ ကာကွယ်ရေး တွေ တိုက်ပွဲ ဖြစ်ကြသည်ကိုတော့ ဖေဖေ မေမေတို့က မကြာခဏ ပြောပြထား၍ မြိုင် သိနေသည်။ ကိုကို့ကို သည်စဉ်ကပင် ကျေးဇူး ရှိဖူးသော လူတစ်ယောက်အနေနှင့် မြိုင် သတိထား ခဲ့မိ သည်။
တစ်နေ့မှာတော့ မြိုင့်ဖေဖေ့ကို ပစ္စည်းများ ထုပ်ပိုးပြင်ဆင်နေကြသည်။ စစ်ကြီး ပြီးပြီ၊ မြို့သို့ ပြန်ကြ ရတော့မည်။

သည်မှာ ကိုကိုရော မြိုင်ပါ ခွဲရမှာကြောက်ပြီး ငိုခဲ့ကြသည်။ ကိုကို က မြိုင့်ကို သူ့ ကစားစရာ ရွှံ့ရုပ် ကလေး တွေ ပေးကာ မြိုင်က ကော်ပတ်ရုတ်ကလေးတွေ အမှတ်တရ ပေးခဲ့သည်။
သည်ကတည်းက ခွဲခွါခဲ့ကြပြီး ကိုကိုနှင့် မြိုင်တို့ ပြန်တွေ့ကြသောအခါ မြိုင်သည် ကိုကို့ကို မမှတ်မိတော့ပေ။
ပြည်တွင်း ၌ ရောင်စုံသောင်းကျန်သူများ ထကြွလာချိန်မှာ ကိုကိုတို့ မိသားစု မြိုင်တို့မြို့သို့ ရောက် လာသည်။
မြိုင်သည် အသက်ဆယ့်နှစ်နှစ်ရှိလာပြီး ကိုကိုက ဆယ့်ငါးနှစ် ရှိနေခဲ့ပြီ ဖြစ်သည်။

ဖေဖေ မေမေတို့က ကိုကို့ကို မိသားစုကို တစ်လှည့်တစ်ပြန် ကြည့်ရှု စောင်မသည်။
စာသင်ပျက်ခဲ့သော  ကိုကို့ကို အလွတ်ပညာသင်ကျောင်းမှာ ထားပေးသည်။ ပညာတော်သော ကိုကိုသည် ဆန်တန်း ကို နှစ်ချင်းပေါက် အောင်မြင်သည်။ ကောလိပ်သို့ သွားသည်။
မြိုင်ကတော့ ဖေဖေ မေမေတို့က သမီးမိန်းကလေးမို့ စိတ်မချသည်နှင့်၊ မေမေ့ကျန်းမာရေး အခြေ အနေ မကောင်းသည် နှင့် ရှစ်တန်းနှစ်မှာပင် ကျောင်းထွက်စေခဲ့သည်။
မြိုင့်မိဘများက "သမီးမိန်းကလေးဆိုတာ စာများများ တတ်ဖို့ မလိုပါဘူး" ဟူသော ရှေးရိုးဆန်သည့် အယူအဆ ရှိသည်။
မြိုင် သည် မေမေ့ကို ပြုစုရင်း အချိန်အား၌ ၀တ္ထုများကိုသာ ဖတ်နေခဲ့သည်။

အမှန်တော့ ဖေဖေ မေမေတို့က ကိုကိုနှင့် မြိုင့်ကို နေရာချထားပေးရန် မရည်ရွယ်ခဲ့။ မြိုင်နှင့် လက်ထပ် စေချင်သူ မှာ ဆန်စက်များကို အုပ်ချုပ်နေသူ ကိုမင်းသောင်နှင့်သာ ဖြစ်သည်။
ကိုမင်းသောင်သည် ဖေဖေ၏ လက်ရုံး။ ဖေဖေ၏ ယုံကြည်အားထားရာ။ ပြီး မြိုင်နှင့်လည်း ငယ်စဉ် ကတည်း က လက်ပွန်းတတီး ရှိခဲ့သူ။ သူက မြိုင့်ထက်တော့ အရွယ်ကြီးသည်။
ကိုမင်းသောင် ကို မြိုင် ချစ် မချစ် မသိခဲ့ပေ။ သိရန်အရွယ်ကလည်း ငယ်သေးသည်။
မြိုင် ဆယ့်ရှစ်နှစ်မှာ မေမေက မြိုင့်ကို ကိုမင်းသောင်နှင့် လက်ထပ်ပေးမည်ဟု ဆိုသည်။ သည်စဉ် ကတော့ ငြင်းပယ် ရကောင်းမှန်းလည်း မသိ။ လက်ခံရကောင်းမှန်းလည်း မသိ။ မေမေတို့ သင့်တော်၍ စီမံသည် ထင်ကာ ငြိမ်နေခဲ့သည်။

ချစ်သည်၊ လက်ထပ်သည် ဆိုးခြင်းကိုလည်း လေးလေးနက်နက် မတွေးတတ်ခဲ့။
လူတို့ လက်ထပ်ကြသည်မှာ အတူနေကြဖို့ ဖြစ်သည်ဆိုခြင်းလောက်ပဲ သိသည်။ အမွေဆက်ခံရန် သားသမီး တွေ မွေးကြသည်ဆိုတာလောက်ပဲ သိသည်။
ဖေဖေနှင့် မေမေလည်း သည်အတိုင်းပဲ မဟုတ်လား။
လက်ထပ်ပြီး အတူနေကြကာ မြိုင်တို့ကို မွေးဖွားခဲ့သည်ပဲ မဟုတ်လား။
သည်နှစ်မှာ ကိုကို မြိုင့်ဘ၀ဲ ၀င်လာသည်။ ဘွဲ့ရပြီးနောက် ရောက်ရှိလာခြင်း ဖြစ်သည်။

လက်ထပ်ရေးနှင့် ပတ်သက်သော မြိုင့်အတွေးတို့က ပြောင်းကပြန် ဖြစ်ရလေတော့သည်။
ကိုကိုသည် မြို့မှ ထွက်ခွာသွားသည်ထက် ချောမောလှပလာသည်။ ထွားကျိုင်းသန့်စင်လာသည်။ ဖေဖေ မေမေတို့ ကိုယ်တိုင်က ကိုကို့ကို ပညာတတ်တစ်ယောက်အနေနှင့် လေးလေးစားစား ဆက်ဆံကြသည်။

ယခင်ကတော့ လူချင်း ရင်းနှီးအောင်ဆိုကာ ညနေပိုင်းတွင် လယ်ကွင်းများဆီသို့ မြိုင်နှင့် ကိုမင်းသောင် တို့ လမ်းလျှောက် ထွက်ကြသည်။ ဇာတ်ပွဲများ၊ ရုပ်ရှင်များ ကြည့်ကြသည်။
ကိုမင်းသောင် နှင့် မြိုင်တို့ အလွန် ပျင်းရိခြောက်သွေ့ဖွယ်ကောင်းသော စကားများ ပြောကြသည်။ ကိုမင်းသောင် က မြိုင်နှင့် လက်ထပ်ပြီးလျှင် ဆန်စက်တွေ တိုးချဲ့ဖို့၊ လယ်သမားတွေထံ စပါးပေးနှင့် ငွေတိုးချေး ဖို့ အကြောင်းတွေကို ပြောပြတတ်လေ့ ရှိသည်။

ကိုကို ရောက်လာသောအခါ မြိုင်သည် ကိုမင်းသောင်နှင့် တွဲ၍ လမ်းလျှောက်ရသည်ထက် ကိုကို နှင့် တွဲ၍ လမ်းလျှောက် ရသည်ကို ပိုမို နှစ်ခြိုက်မိသည်။ ပြီး ... ကိုကို ပြောသော စကားများမှာ ကိုမင်းသောင်၏ စကား များလို ပျင်းရိ ခြောက်သွေ့ဖွယ် မကောင်း။
ယူနီဗာစီတီ အကြောင်း၊ အင်္ဂလိပ် ရုပ်ရှင်တွေအကြောင်း၊ စာအုပ်တွေအကြောင်း၊ ပန်းချီကားတွေ အကြောင်း။

သည်အချိန်က မြိုင်တို့ ကိုမြကြီး၊ စိန်စိန်အတွဲဆိုလျှင် အသည်းစွဲပေါ့။ ကိုမြကြီး၏ "မခင်နှင်းဆီ" သီချင်းမှာ အရောင်း ဓာတ်ပြားလောက မှာ ဘုရင်ပေါ့။ မခင်နှင်းဆီအဆက်ဖြစ်သော "မခင်နှင်းဆီရဲ့ နှင်းဆီ၊ "မခင်နှင်းဆီ ဇာတ်သိမ်း" သီချင်းတွေကို သိပ်ကြိုက်ခဲ့သည်။ သည်သီချင်းရေးသည့် "မြတ်လေး" ကို၊ ကိုကို တို့ တက္ကသိုလ် မှာ ဆုံဖူးသည်ဆိုတော့ ကိုကို့ကို အထင်ကြီးမိသည်။
ကိုကိုနှင့် စကားပြောရသည်က စိတ်ဝင်စားဖွယ် ကောင်းသည်။ ပျော်စရာ ကောင်းသည်။ မြိုင်မြိုင် ဆိုင်ဆိုင် ရှိသည်။
သို့ဖြင့် ... ကိုမင်းသောင်က လမ်းလျှောက်ဖို့ခေါ်လျှင် မြိုင်သည်ခေါင်းကိုက်သည်၊ ၀မ်းနာသည်နှင့် ရှောင်စ ပြုလာ သည်။
အချစ်ဆိုသည်ကိုလည်း ကိုကိုက သင်ပေးတာပဲ မဟုတ်လား။

နောက် ... အတူ လမ်းလျှောက်ရင်း လက်ကလေးတွေကို ကိုင်ကာ၊ ပခုံးကလေးတွေကို ဖက်ကာ မြိုင့် နှလုံးသား ကို ပူနွေးစေခဲ့တာ ကိုကိုပဲ မဟုတ်လား။
ညတစ်ည မြိုင်တို့ အိမ်ပြန် နောက်ကျကြသည်။ ရုပရှင်ညပွဲ ကြည့်ကြသည်။ မြိုင်တို့ ကြည့်ကြသည့် ရုပ်ရှင် မှာ အင်္ဂလိပ် ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။
လ အလွန်အမင်း သာသည့် ဆောင်းညကလေး တစ်ညမှာ ဖြစ်သည်။ ညသည် အေးစိမ့်ပြီး ဆိပ်ဖလူး ပန်းရနံ့ လည်း သင်းမွှေးနေသည်။

ခြံဝိုင်း၏ သံတံခါးပေါက်ရှေ့မှာ ပထမဆုံးအကြိမ်ဖြစ် မြိုင့်ကို ကိုကို နမ်းခဲ့သည့်။ ရုပ်ရှင်ကားထဲ ကလို ဖြစ်သည်။
မြိုင့်အသည်းတံခါး ကို စတင်ဖွင့်ခဲ့တာ၊ မြိုင့် အချစ်ကာလနဂါး ကို နှိုးခဲ့တာ ကိုကို ကိုယ်တိုင်ပါပဲ ကိုကိုရယ် ...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၂)

ဒင်နီ ကတော့ ပီလွန်ကို စိတ်ထဲက ကျိတ်၍ ကျေးဇူးတင်နေဆဲ။ သူသည် ၀ိုင်ခွက်ထဲမှ ၀ိုင်ကို နှုတ် ခမ်းများ ဖြင့် စုပ်ယူလိုက်သည်။ " တော်ရဲလီး ရဲ့ဝိုင်ကလည်း တစ်နေ့တခြား ညံ့သထက်ညံ့ပြီး အညံ့ဆုံးဖြစ်လာပြီ" ဟု ပြောသည်။ " ဒီပုံအတိုင်းသာဆိုရင် ၀က်တွေတောင် သောက်မှာ မဟုတ်ဘူး"
မမျှော်လင့် ဘဲ တော်ရဲလီးကို လက်စားချေသလို ဖြစ်သွားရသည့်အတွက် သူတို့၏ စိတ်တွင် ကျေနပ် သလိုလို ဖြစ်နေမိကြ၏။
" တကယ်လို့ တော်ရဲလီးက မကြည်တော့ကော ဘာဖြစ်လဲ" ဟု ဒင်နီက ပြောသည်။ " ငါတို့ သောက်ချင် တဲ့ အခါ တခြားဆိုင်က ၀ယ်ကြတာပေါ့ "
---------------------
၁၀
သူငယ်ချင်းတစ်စုသည် တပ်ကြပ်တစ်ယောက်ကို ကူညီစောင့်ရှောက်ကြခြင်း၊ ယင်းကဲ့သို့ ကူညီ စောင့်ရှောက်ရာမှ ဖခင်တစ်ဦး၌ ရှိအပ်သည့် တာဝန်ဝတ္တရားတစ်ခုကို သိနားလည်လိုက်ရခြင်း

ဂျီးဆပ်စ်မေရီယာ ကော်ကိုရန်သည် ကရုဏာတရားကို လက်ကိုင်ထားတတ်သူဖြစ်သည်။ ဝေဒနာတစ်ခုခု ခံစား နေရလျှင် ထိုဝေဒနာမှ သက်သာရာရအောင် ကူညီတတ်သည်။ ပူဆွေးသောက ရောက်နေလျှင် ပူဆွေးသောက ရောက်နေခြင်းမှ လျော့ပါး ပျောက်ပျက်သွားအောင် ဖျောင်းဖျတတ်သည်။ ပျော်ရွှင်ကြည်နူး နေလျှင် သူကပါ ရော၍ ပျော်ရွှင်ကြည်နူးနေတတ်သည်။ သူ့နှလုံးသားသည် နူးညံ့သည်၊ ပျော့ပျောင်းသည်၊ သိမ်မွေ့ သည်။

ဂျိုစီခြေထောက် ကျိုးသွားစဉ်က ဂျိုစီကို ထမ်း၍ လေးမိုင်ခရီးကို မရပ်မနား သယ်ဆောင်လာခဲ့သူမှာ ဂျီးဆပ် မေရီယာ ပင် ဖြစ်သည်။ မစ္စက်ပါလိုချီကို တစ်ယောက် သူ အလွန်ချစ်သည့် ဆိတ်တစ်ကောင် ပျောက်ခဲ့ဖူး သည်။ နို့ကောင်းကောင်းထွက်သော ဆိတ်မဖြစ်၍ မစ္စက် ပါလိုချီကိုမှာ နှမြောလည်း နှမြောသည်။ အလွန် ချစ်သော ဆိတ်မဖြစ်သဖြင့် များစွာ ပူဆွေးသောကရောက်ရသည်။ မစ္စက်ပါလိုချီကို၏ အဖြစ်ကို မကြည့်ရက်သူ မှာ ဂျီးဆပ်စ်မေရီယာပင်ဖြစ်သည်။ သူသည် ပျောက်သွားသော ဆိတ်ကို ခြေရာခံ၍လိုက်ရာ ကောင်ကြီးဂျိုး ၏ လက်ထဲတွင် သတ်လုဆဲဆဲ တွေ့ရသည်။ သူက မသတ်ရန် တားမြစ်ပြီး ပြန်ပေးလိုက်ရန် ဖျောင်းဖျ သည်။ ဤသို့ဖြင့် ဆိတ်သည် ပိုင်ရှင်၏ လက်ထဲသို့ ပြန်ရောက်သွားခဲ့၏။ တစ်ချိန်က ချာလီပတ်ရှ် သည် မြောင်းတစ်ခုထဲသို့ လိမ့်ကျပြီး သတိလစ်နေခဲ့သည်။ သူ့ကို မြောင်းထဲမှ ဆွဲတင်ပြီး ပြုစု စောင့်ရှောက်ခဲ့သူ မှာ လည်း ဂျီးဆပ်စ်မေရီယာပင် ဖြစ်လေသည်။

ကောင်းသော အမှုကိစ္စများကို ဆောင်ရွက်ပေးချင်တတ်သော ဂျီးဆပ်စ်မေရီယာ သည် အမြဲတမ်းလိုလို ကောင်း သော အမှုကိစ္စများ ဆောင်ရွက်ပေးရမည့် အခြေအနေမျိုးနှင့်ကြုံရတတ်၏။
စိတ်ကောင်း နှလုံးကောင်းရှိသည့် ဤအကျင့်စရိုက်များကြောင့် တစ်ချိန်သောအခါ " တကယ်လို့သာ ဂျီးဆပ်စ်မေရီယာ ကို ဘုရားရှိခိုးကျောင်းမှာ တာဝန်ပေးထားမယ်ဆိုရင် ငါတို့ မွန်ထရေးတစ်မြို့လုံး သူတော်စင် တစ်ပါး ရထားသလို နေမှာပဲ " ဟု ပီလွန်က မှတ်ချက်ချဖူးလေသည်။

ဂျီးဆပ်စ်မေရီယာ သည် နေ့စဉ်မှန်မှန် ဆက်သွယ်ရေးရုံးဘက်သို့ သွားလေ့ရှိသည်။ ထိုကဲ့သို့ သွားခြင်းမှာ အကြောင်းနှစ်ခု ရှိသည်။ ပထမအကြောင်းမှာ သူ့မိတ်ဆွေ အပေါင်းအသင်းများနှင့် ဆုံမိတတ်၍ဖြစ်သည်။ ဒုတိယ အကြောင်း မှာ လေကောင်းလေသန့်ရသည့် ဆက်သွယ်ရေးရုံးထောင့်တွင် စုနေတတ်သော မိန်းကလေး ကျသည်၊ ယုတ်နိမ့်သည်ဟု တွက်၍မဖြစ်ပေ။ ပန်းချီပြခန်းများနှင့် ကပွဲများသို့ သွားရောက် ကြည့်ရှုလေ့ ရှိသော လူများကဲ့သို့ပင် ဂျီးဆပ်စ်မေရီယာကလည်း မိန်းကလေးများ၏ ခြေထောက်အလှကို အနုပညာ မျက်စိဖြင့် ကြည့် လို၍သာ ဖြစ်သည်။

တစ်နေ့တွင် သူသည် ဆက်သွယ်ရေး ရုံးထောင့်နံရံကို မှီ၍ ရပ်နေသည်။ နှစ်နာရီတိတိမျှ ကြာသွားပြီ ဖြစ်သော် လည်း သူ့စိတ်တိုင်းကျအလှကို မမြင်ရ၊ ထိုအခိုက်တွင် သနားစရာကောင်းသည့် မြင်ကွင်းတစ်ခု နှင့် ကြုံရသည်။ ပုလိပ်တစ်ယောက်သည် အသက်ဆယ့်ခြောက်နှစ်ခန့်ရှိ လူငယ်တစ်ယောက်ကိုဆွဲ၍ လမ်းဘေး ပလက်ဖောင်း ပေါ် လျှောက်လာသည်။ လူငယ်၏ လက်ထဲတွင် အရောင်ညိုမွဲမွဲ စောင်တစ်ထည် ဖြင့် ထုပ်ထားသော နို့စို့ကလေး တစ်ယောက် ပွေ့လာသည်။

ပုလိပ်က " ငါဖြင့် မင်းလုပ်နေပုံကို နားမလည်ဘူး၊ ရေမြောင်း ထဲ မှာ တစ်နေကုန် ထိုင်နေလို့ ဘယ်ဖြစ် မလဲကွ၊ ငါတို့ မင်းအကြောင်းတော့ စုံစမ်းရလိမ့်ဦးမယ် "
လူငယ် မှာ စပိန်လူမျိုးတစ်ဦးဖြစ်၍ အသံဝဲပုံမျာ ထူးခြားသည်။ " ဒါပေမယ့်ဗျာ ကျုပ်မကောင်းတာ ဘာမှ မလုပ် ပါဘူး။ ဘာကြောင့် ခင်ဗျား က ကျုပ်ကို အခုလို ခေါ်လာရတာလဲ " ဟု လူငယ်က ပြန်ပြောသည်။

ပုလိပ်က ဂျီးဆပ်စ်မေရီယာကို မြင်သည်။ " ဟေး ပီဆာနိုး" ဟု လှမ်းခေါ်သည်။ " ဒီကောင် ဘာပြော နေတာလဲ၊ ငါ နားမလည်လို့"
ဂျီးဆပ်စ်မေရီယာက လူငယ်ကို လှမ်းမေးသည်။ " ငါ မင်းကို ကူညီနိုင်မလား "
လူငယ် သည် အတော်ကြီး အားတက်သွားပုံရသည်။ " ကျုပ် အလုပ်လုပ်ဖို့ လာခဲ့တာပါ။ မက္ကဆီကန်လူမျိုး တချို့ က ဒီမြို့မှာ အလုပ်ပေါတယ်လို့ ပြောကြတယ်၊ ဒီရောက်တော့လည်း ဘာအလုပ်မှ မရှိဘူး၊ ကျုပ် မော လို့ ထိုင်နားနေတုန်း ဒီလူရောက်လာပြီး ဆွဲခေါ်လာတာပဲ"

ဂျီးဆပ်စ်မေရီယာက ခေါင်းတစ်ချက် ညိတ်ပြပြီး ပုလိပ်ဘက်သို့ ပြန်လှည့်လိုက်သည်။ " သူ ရာဇ၀တ်မှု တစ်ခုခု ကျူးလွန်လို့လား"
" မကျူးလွန်ပါဘူး၊ ဒါပေမယ့် ဒီကောင် အယ်ဗာရေးဒိုး လမ်းဘေးက ရေမြောင်းထဲမှာ ထိုင်နေတာ သုံးနာရီ လောက်ကြာတယ်"
" သူ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပါ" ဟု ဂျီးဆပ်စ်မေရီယာ က ပြောသည်။ " ကျွန်တော် သူ့ကို ခေါ်သွား ပါ့မယ်"
" အေးလေ ခေါ်သွားပေါ့၊ နောက်ထပ် ရေမြောင်းထဲ မထိုင်စေနဲ့တော့"

ဂျီးဆပ်စ်မေရီယာ နှင့် သူ့မိတ်ဆွေသစ်တို့သည် တောင်ကုန်းပေါ်သို့ ပြန်တက်လာကြသည်။ " ငါ မင်းကို ငါနေတဲ့အိမ် ခေါ်သွားမယ်၊ ဟိုရောက်ရင် တစ်ခုခုတော့ စားရမှာပေါ့၊ ကလေးက ဘယ်သူ့ကလေးလဲ"
" ကျုပ်ကလေး ပါ" ဟု လူငယ်က ပြောသည်။ " ကျုပ်က တပ်ကြပ်တစ်ယောက် ပါ၊ ကလေးက ကျုပ်ကလေး ပါ၊ အခု ဖျားနေတယ်၊ ဒါပေမယ့် သူကြီးလာရင် ဗိုလ်ချုပ်ကြီး ဖြစ်မှာ "
" ဘယ်လို အဖျားမျိုးလဲတပ်ကြပ် "

" ကျုပ်လည်း မသိဘူး၊ ဖျားနေတာပဲ" ပြောပြောဆိုဆို စောင်ခြုံကိုလှစ်၍ ကလေးမျက်နှာကိုပြသည်။ ကလေး မှာ အတော်ကြီး ဖျားနေပုံရသည်။
ဂျီးဆပ်စ်မေရီယာ ၏ ကရုဏာစိတ်သည် ကြီးမားလာသည်။ " ငါနေတဲ့ အိမ်ရှင်က ငါ့သူငယ်ချင်းပဲ၊ လူကောင်း တစ်ယောက်ပဲ တပ်ကြပ်၊ လူတစ်ယောက်က ဒုက္ခရောက်နေရင် အကူအညီ တောင်းရမှာပဲ၊ ငါတို့ အဲဒီအိမ် ကို သွားမယ်၊ ဒင်နီက လက်ခံမျာပါ။

ငါ့မိတ်ဆွေ မစ္စက်ပါလိုချီကိုမှာ ဆိတ်တစ်ကောင်ရှိတယ်။ ကလေးအတွက် သူ့ဆီက ဆိတ်နို့ နည်းနည်းပါးပါး တောင်းပြီး တိုက်မယ်"
တပ်ကြပ်၏ မျက်နှာသည် ပထမဆုံးအကြိမ် ပြန်လည် ကြည်လင်လာပြီး အလွန်စိတ်အေးသွားဟန်ဖြင့် ပြုံး သည်။ " မိတ်ဆွေ အပေါင်းအသင်းရှိတာဟာ ကောင်းတယ်ဗျ" ဟု ပြောသည်။ " ကျုပ် ဒုက္ခရောက်ရင် တောင်းပြီး တော့ ကျွေးရ ကျွေးရ ဖြစ်တဲ့နည်းနဲ့ ရှာကျွေးမယ့် မိတ်ဆွေတွေဟာ တိုရီယွန် မြို့မှာတော့ အများကြီး ရှိပါတယ်။ ချမ်းသာတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကျတော့ ကျုပ်ရဲ့ လိုအပ်ချက် ကို မသိကြပါဘူးဗျာ"

ဂျီးဆပ်စ်မေရီယာသည် ဒင်နိ၏ ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး သူ့မိတ်ဆွေသစ်နှင့်အတူ အိမ်ထဲသို့ ၀င်ခဲ့ ကြသည်။ ဒင်နီ၊ ပက်ဘလိုနှင့် ကောင်ကြီးဂျိုးတို့သည် ဧည့်ခန်းထဲ၌ ထိုင်ကာ သူ့အလိုလို တန်ခိုးဣဒ္ဓိပါဒ်နှင့် ရောက်လာ မည့် အစားအစာကို စောင့်နေကြသည်။ ဂျီးဆပ်စ်မေရီယာက နောက်တွန့်နေသော လူငယ်၏ ကျော ကို တွန်း ၍ အခန်းထဲ သို့ သွင်းသည်။
" ဟောဒီမှာ လူငယ်စစ်သား တစ်ယောက်၊ တပ်ကြပ်ကွ" ဟု လှမ်းပြောသည်။ " သူ့ မှာ ကလေးပေါက်စန လေး ပါလာတယ်၊ ကလေးက ဖျားနေရှာတယ်ကွာ "
ထိုင်နေသူများသည် ကသောကမျော ထကာ တပ်ကြပ်အနီး သို့ ကပ်သွားကြသည်။ တပ်ကြပ်က စောင်ခြုံကို ဖွင့် ၍ ကလေးမျက်နှာကို ပြသည်။

" အေး ဟုတ်တယ်၊ ကလေးကတော့ ဖျားနေတာ အမှန်ပဲ" ဟု ဒင်နီက ပြောသည်။ " ငါတို့ ဆရာဝန် တစ်ယောက် ပင့်မှ ဖြစ်မယ်ထင်တယ်"
သို့သော်လည်း တပ်ကြပ်က ခေါင်းယမ်းသည်။ " ဆရာဝန်တွေ ဘာတွေ ပင့်မနေပါနဲ့၊ ကျုပ်ကလည်း ဆရာဝန် တွေကို သိမ်မပြချင်ဘူး၊ ကလေးက မငိုပါဘူး၊ အစာလည်း သိပ်မစားနိုင်ပါဘူး၊ နားနားနေနေ နေရရင် နေကောင်း သွားမှာပါ "

ဤအခိုက်တွင် ပီလွန်သည် အပြင်မှ ပြန်ရောက်လာပြီး ကလေးကို စေ့စေ့စပ်စပ် ကြည့်သည်။ " ဟာ ကလေး က ဖျားနေတာပဲကွ" ဟု ပြောသည်။
ပီလွန်သည် ချက်ချင်းပင် အခြေအနေကို ထိန်းသည်။ သူက ဂျီးဆပ်စ်မေရီယာကို ဆိတ်နို့ နည်းနည်းယူရန် မစ္စက်ပါလိုချီကို ထံ လွှတ်သည်။ ကောင်ကြီးဂျိုးနှင့် ပက်ဘလိုတို့က ပန်းသီးထည့်သည့် ကတ်ထူဘူးခွံ တစ်လုံး ယူသွားရန်နှင့် ဘူးထဲတွင် မြက်ခြောက်ခံပြီး သိုးရေတပ်ချပ်ရှာ၍ ခင်းခဲ့ရန် ခိုင်းသည်။ ဒင်နီက ကလေး ကို သူ့ အိပ်ရာပေါ် သိပ်ရန် ပြောသည်။ ဧည့်ခန်းထဲတွင် ရပ်နေသော တပ်ကြပ်သည် သဘော ကောင်းသည့် ဤလူစုကို ကြည့်၍ ပြုံးသည်။ နောက်ဆုံးတွင် ကလေးကို ပန်းသီးဘူးလွတ်ထဲ ထည့်သိပ်သည်။ ကလေး၏ မျက်လုံးများမှာ တွေတွေငေးငေး နိုင်လွန်းလှ၏။ ဆိတ်နို့ တိုက်ကြည့်သည်။ လက်မခံ။

ပင်လယ်ဓားပြ သည် ငါးကွင်းရှပ်များ ထည့်လာသော အိတ်တစ်လုံးနှင့် ပြန်ရောက်လာသည်။ သူရလာသော ငါး ကို တစ်ယောက်တစ်လက် ခုတ်ထစ်ပြီး ချက်ကာ ညစာ စားကြသည်။ ကလေးကို ငါးဖတ်နည်းနည်း ကျွေး ကြည့် သေးသည်။ မစား။ သူတို့သည် ညစာ ကို ဖြောင့်ဖြောင့် မစားနိုင်။ မကြာခဏ တစ်ယောက် တစ်လှည့် ထကာ ကလေး ကို သွားကြည့်သည်။ ညစာစားပြီးသောအခါ သူတို့သည် မီးဖိုဘေး၌ ငြိမ်သက်စွာ ထိုင်နေကြ သည်။

တပ်ကြပ်သည် နှုတ်ဆိတ်လျက်ရှိသည်။ သူ့အကြောင်းကိုပင် မပြော။ သူ့အကြောင်းကိုမှ ပြောမပြသည့် အတွက် ကျန်လူစုသည် စိတ်မကောင်းဖြစ်နေကြသည်။ သို့သော်လည်း အချိန်တန်လျှင် ပြောလာ လိမ့်မည် ဟု သူတို့ နားလည်ထားကြသည်။ အကြားအမြင် ဗဟုသုတကို ရွှေတွင်းလောက် တန်ဖိုးထားလျက်ရှိသော ပီလွန် သည် တပ်ကြပ်ကို သူ့အကြောင်း ပြောပြလာစေရန် ရေလာမြောင်းပေး စကားများ ပြောလျက် ရှိလေသည်။

" ဒီလောက် အသက်ငယ်တဲ့ စစ်သားတစ်ယောက်ကို ကလေးတစ်ယောက် အဖေအဖြစ်နဲ့ တွေ့ရတာ အံ့သြစရာ ပဲ၊ ဒါမျိုးကို တွေ့ဖို့မလွယ်ဘူး" ဟု ပီလွန် က လေအေးကလေးဖြင့် ဖြေသည်။
တပ်ကြပ် က ပြုံးသည်။
ပက်ဘလိုက ၀င်ပြောသည်။ " ဒီကလေးက အာဒမ် နဲ့ ဧ၀ တို့ ရဲ့ အချစ်ဥယျာဉ် ထဲက ကောက်ရလာတဲ့ ကလေး ဖြစ်ချင်ဖြစ်မှာ၊ အဲဒီကလေးမျိုးတွေဟာ အကောင်းဆုံး အမျိုးအစားတွေချည်းပဲ၊ သူတို့မှာ အကောင်း တွေချည်း ပါလာတတ်တယ်"

" ငါတို့လည်း စစ်သားဟောင်းတွေပဲ" ဟု ဒင်နီက ပြောသည်။ " ငါတို့သေတဲ့အခါ အမြောက်တင်တဲ့ ရထား ပေါ်မှာ တင်ပြီး သဂြိုဟ်ခံကြရမှာပဲ၊ ငါတို့ရဲ့ ခေါင်းပေါ်မှာ သေနတ်တွေ ဖောက်ပြီးမှ မြေမြှုပ်မှာကွ"
တစ်ယောက်တစ်ပေါက် စကားဝိုင်းပြောကြခြင်းဖြင့် တပ်ကြပ်ထံမှ သူ့အကြောင်း ပြောလာလိမ့်မည်ဟု မျှော် လင့်ချက်ထားကြသည်။ တပ်ကြပ်သည် သူတို့ကို တလေးတစား ကြည့်နေသည်။ " တိုရီယွန်မြို့က ကျုပ် သူငယ်ချင်း တွေ နဲ့ ဘာမှမခြားပါဘူး။ ဒီကလေးက ကျုပ်ကလေးပါ၊ ကျုပ်မိန်းမက မွေးလိုက်တဲ့ ကလေးပါ"
" ဒါဆိုရင် မင်းမိန်းမ က အခု ဘယ်မှာလဲ" ဟု ပီလွန်က မေးသည်။

တပ်ကြပ် မျက်နှာပေါ်မှ အပြုံးရိပ်သည် ဖျတ်ခနဲ ပျောက်သွားသည်။ " သူ အခု မက္ကဆီကိုနိုင်ငံမှာ" ဟု ပြော သည်။ သူ့ မျက်နှာသည် ပြန်၍ ကြည်လင်ရွှင်လန်းလာပြန်သည်။ " ကျုပ်လူတစ်ယောက်  တွေ့ဖူးတယ်၊ သူက ကျုပ်ကို အထူးအဆန်းတစ်ခု ပြောသွားတယ်။ သူ ပြောတာက ကျုပ်တို့ ကလေးတွေကို ကျုပ်တို့ ဖြစ်စေချင် သလို ဖြစ်လာအောင် လုပ်လို့ ရတယ်တဲ့၊ သူက မင်းအနေနဲ့ ကလေးကို မင်း ဖြစ်စေချင်တာ မကြာမကြာ ပြော ပေးပါ၊ သူကြီးလာတဲ့အခါ မင်းဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ ပြောတယ်၊ ကျုပ်ကတော့ ဒီကလေးကို မင်းဗိုလ်ချုပ်ကြီး ဖြစ်ရမယ်လို့ ခဏခဏ ပြောပေးနေတာပဲ။ သူ ဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့် မယ် လို့ ထင်သလားဟင်"

အားလုံးက ခေါင်းညိတ်ကြသည်။ " ဖြစ်ချင်လည်းဖြစ်မှာပဲ" ဟု ပီလွန်က ပြောသည်။ " ငါ အဲဒီနည်းကို မကြား ဖူးဘူးကွ"
" ကျုပ် ဒီစကားကို တစ်နေ့ တစ်နေ့ အကြိမ် နှစ်ဆယ်ပြောတယ်၊ မင်နုရယ်လ်၊ မင်း ဗိုလ်ချုပ်ကြီး ဖြစ်ရမယ်၊ မင်း ပန်းပွားကြီးတွေနဲ့ စလွယ်ကြီးတွေ တပ်ရမယ်၊ မင်းဓားက ရွှေဓားကြီးဖြစ်ရမယ်။ စစ်မြင်းကြီးကို စီးရမယ် လို့ ပြောတာ၊ ဟိုလူကတော့ ကျုပ်ကသာ ဒီစကားကို မှန်မှန်ပြောပေးသွားရင် ကျုပ်သားဟာ မုချဗိုလ်ချုပ်ကြီး ဖြစ်ရ မယ်လို့ ပြောတာပဲ"
ဒင်နီက ထိုင်ရာမှ ထကာ ပန်းသီးဘူးဆီသို့ သွားသည်။ " မင်းဗိုလ်ချုပ်ကြီး ဖြစ်ရမယ်" ဟု ကလေးကို ငုံ့ကြည့် ပြီးပြောသည်။ " မင်းကြီးလာရင် အကြီးဆုံး ဗိုလ်ချုပ်ကြီးဖြစ်ရမယ် "
ကျန်လူစု က ပါ ထလိုက်သွားကြညပီ " မင်း ဗိုလ်ချုပ်ကြီး ဖြစ်ရမယ် " ဟူသော စကားကို တစ်ယောက် တစ်ခွန်း ပြောပေးကြသည်။

ပင်လယ်ဓားပြကမူ " မင်း ဗိုလ်ချုပ်ကြီးဖြစ်ရမယ်" ဟု တိုးတိုးကလေးရွတ်သည်။ ဤစကားကို သူ့ခွေးတစ် ကောင် အား ပြော၍ ပြောသည့်အတိုင်း ဖြစ်လာမည်ဆိုပါက မည်မျှ ကောင်းပါမည်နည်းဟုတွေးသည်။
" ကလေး ကတော့ သိပ်ကို ဖျားနေတာပဲ"ဟု ဒင်နီက ပြောသည်။ " သူ့ကို နွေးနွေးထွေးထွေးဖြစ်အောင် ထားမှပဲ"
အားလုံး ကိုယ့်နေရာ ကိုယ် ပြန်ထိုင်လိုက်ကြသည်။
" အင်း၊ မင်းမိန်းမ ကတော့ မက္ကဆီကိုနိုင်ငံမှာ နေခဲ့တယ် ဟုတ်လား" ဟု ပီလွန်က စကားစသည်။

တပ်ကြပ်သည် မျက်မှောင်ကုပ်ကာ တစ်ခဏမျှ စဉ်းစားနေသည်။ ထို့နောက် အားရပါးရ ပြုံးလိုက်သည်။ " ကျုပ် ခင်ဗျားတို့ကို ပြောပြပါမယ်။ လူစိမ်းတွေကို ပြောပြဖို့ မသင့်တဲ့ အကြောင်းအရာ တစ်ခုပါ။ ဒါပေမယ့် ခင်ဗျား တို့ ကတော့ ကျုပ် မိတ်ဆွေကောင်းတွေ ဖြစ်နေပြီပဲ၊ ကျုပ်ဟာ ချီဟူရာ ဟူရာ မြို့က စစ်သား တစ်ယောက် ပါ။ ကျုပ်က စည်းကမ်းလိုက်နာတယ်။ သန့်သန့် ရှင်းရှင်း နေတတ်တယ်။ ကျုပ်ရဲ့ သေနတ် ကိုလည်း အမြဲတမ်း တိုက်တယ်။

ဒါကြောင့် ကျုပ်ကို တပ်ကြပ်ရာထူး တိုးပေးတယ်။ အဲဒီနောက်တော့ အလွန်ချော အလွန်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ သူ ကျုပ်ကို လက်ထပ်ခဲ့တာ ကျုပ်လက်မောင်းက အရစ်တွေ ကြောင့် လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် သူဟာ အသက်လည်း ငယ်တယ်။ သူ့မျက်လုံးတွေဟာ ကြည်လင် ၀င်းလဲ့ နေတယ်၊ သွားတွေကလည်း ဖြူဖွေးညီညာပြီး ပုလဲသွယ်စီထားသလိုပဲ၊ သူ့ဆံပင်တွေဟာ ရှည်လျားပြီး တောက်ပြောင်နေတာပဲ၊ သူက သိပ် လှလွန်းတော့ ကျုပ်သူနဲ့ရပြီး မကြာခင်မှာပဲ ဒီကလေး ကို မွေးတာပဲ"

" ဒါဟော ကောင်းတာပေါ့ကွ" ဒင်နီက ပြောသည်။ " မင်းနေရာမှာ ငါဖြစ်လိုက်ချင်ပါဘိတယ်၊ ကလေးတစ် ယောက် ရတာလောက် ကောင်းတာ ဘယ်ရှိပါ့မလည်း"
" မှန်ပါတယ်" ဟု တပ်ကြပ်က ပြောသည်။ " ကျုပ်ကလည်း သိပ်ဝမ်းသာခဲ့ပါတယ်။ ကျုပ်တို့ကလေးကို ရေဖျန်း မင်္ဂလာ လုပ်တဲ့နေ့မှာ ကျုပ်ဟာ စလွယ်တွေဘာတွေ တပ်သွားမိပါသေးတယ်၊ ဘုရားရှိခိုးကျောင်း ထဲက ကျုပ်တို့ ပြန်ထွက်လာတော့ ပန်းပွားတွေ စလွယ်တွေနဲ့ ငွေဓားကြီး ခါးမှာချိတ်ထားတဲ့ ကက်ပတိန် တစ်ယောက် နဲ့ ဆုံမိ တယ်၊ သူက ကျုပ်မိန်းမကို မြင်သွားတယ်၊ မကြာလိုက်ပါဘူး၊ ကျုပ်မိန်းမဟာ အဲဒီစစ်ဗိုလ် နဲ့ လိုက်ပြေးတာပါပဲ၊ နောက်တော့ ကျုပ်က အဲဒီစစ်ဗိုလ်ဆီသွားပြီး ကျုပ်မိန်းမကို ပြန်ပေးပါလို့ ပြောတယ်။ သူက မင်းအထက်အရာရှိကို ဒီစကားမျိုးပြောတာဟာ မင်းအဆင့်ကို တန်ဖိုးမထားလို့ဘဲလို့ ပြောတယ်" တပ်ကြပ် သည် သူပလက်နှစ်ဖက် ကို ဖြန့်ကာ ပခုံးများကို တွန့်လိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 2, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၉)

ဤအကြိမ်တွင်မူ ထိုသူသည် ကျွန်တော့်ရင်ဘက်မှ သေနတ်ခွာ၍ လှိုက်လှိုက်လှဲလှဲ ရယ်သည်။ သူ ရယ် သော် ဦးလေးပုသည် လိုက်ရယ်သည်။  ထို့နောက်မှ သူ့ဘာသာသူ့ သတိရဟန် ချက်ချင်း အရယ် ရပ် ၍ ဥသျှစ်သီးပြန်စားသည်။  ထိုသူကသာ အတော်မသတ် ရယ်မောပြီးနောက် ကျွန်တော့် ပခုံးအား ပုတ်၍ ချိုသာ စွာ ပြောသည်။
"ကြိုက်သဟေ့ ငါ့လူ...အဲ မင်းနာမည်ဘယ်သူ"

"သန့်ဇင်"
"အေး... မောင်သန့်ဇင် မင်းဂျပန်ကိုသတ်ချင်ရင် သတ်ရမယ်။ အများကြီးသတ်ရမယ် .... ၊ ဒါပေမယ့် ငါဒီမှာ ရှိတဲ့ အကြောင်း လျှောက်မပြောရဘူးနော်"
"စိတ်ချပါဗျ... ကျုပ်မပြောပါဘူး"
ထိုသူ သည် ဂူတွင်းသို့ဝင်သွား၍ တစ်စုံတစ်ခုကို ယူလာကာ ကျွန်တော့်အားပေး သည်။
"ရော့..ကလေးစား၊ မင်းဒါစားဖူးလား"
ကျွန်တော် သည် ငွေရောင်ပတ်ထားသော မည်းမည်းအရာတို့ကို စားကြည့်သည်။ အလွန်မွှေးကြိုင်၍ ချိုဆိမ့် သည်။
"ကလေး.မင်းဒါစားဖူးလား"

"ဟင့်အင်း"
"ကြိုက်ကောကြိုက်ကဲ့လား"
"သိပ်ကြိုက်တယ်ဗျ"
ဤသို့ကျွန်တော်တို့ အချီအချပြောနေခိုက် ဦးလေးပုသည် လှမ်းကြည့်သည်။ ထို့နောက် အလွန်အံ့သြဟန် ဆိုသည်။
"အံမယ်…….အံမယ်………. ချောကလက်တွေပါလား၊ ငယ်လေး ငါ့နည်းနည်းပေးစမ်း"

ဦးလေးပု သည် သူ့ဥသျှစ်သီးအားဘေးချ၍ ကျွန်တော့်လက်တွင်းမှ ချောကလက်ကို လှမ်းလုသည်။ စောစောက သေနတ်နှင့်လူကြီးက ၀တ်ဖျန်ဖြေပေးပြီး ဂူတွင်းသို့ ပြန်ဝင်လျက် ဦးလေးပုအတွက် ချောကလက် တစ်ထုပ် ယူလာပေးသည်။ ဦးလေးပုသည် ချောကလက်ကို အငမ်းမရစားသည်။ စားရင်း လည်း ကျွန်တော့် အား ပြောသည်။
"ငယ်လေး..မင်းကို ငါမပြောဘူးလား၊ ဗြိတိသျှအင်ပါယာကြီး၊ ဆိုတာ ဗြိတိသျှတွေရှိတုန်း က……. တစ်ကျပ်ဖိုးဝယ်စားရင် ချော့ကလက်တွေ အများကြီးစားရတယ်၊ ပြီးတော့…..မင်း ငါးသေတ္တာစားဖူးလား၊ သိပ်ကောင်းမောင်…..အရိုးပါ ၀ါးစားလို့ရတယ်"

ကျွန်တော်သည် သေနတ် နှင့်လူကြီးအား လှမ်းမေးသည်။
"သူပြောတာ တကယ်လားဗျ"
ထိုသူကြီးက ခေါင်းညိတ်ပြသည်။ ထိုအခါမှ ကျွန်တော်သည် သတိရ၍ မေးသည်။
"အမြှုပ်ထွက် တဲ့ သွားတိုက်ဆေး ဆိုတာကော ရှိလား"
"အေး….. ရှိတယ်ကွ"
ထိုခဏတွင်ပင် ကျွန်တော်သည် မယဉ်နွယ်ကို သတိရ၏။

ပထမ သော် မယဉ်နွယ် အတွက် ပါ ချောကလက်တစ်ထုပ်တောင်း မည်ကြံသည်။ သို့ရာတွင် ထိုသူကြီး သဒ္ဓါ ပျက်သွားမည်ကို စိုးရိမ်သည်။ ထို့ကြောင့် ထပ်မတောင်း တော့ ဘဲ ကျွန်တော့် ချောကလက် ချွေ စားသည်။ ၎င်းပြင် အင်္ဂလိပ်လက်ထက်မှ ပစ္စည်းများတွေ့ လျှင် ဂျပန်အဖမ်းခံရကြောင်း ကျွန်တော် ကြားဖူးသည်။ ချော့ကလက်မြင်လျှင် အင်္ဂလိပ်လူ နှင့်ဆက်မှန်းကျွန်တော့်ကို သိသွားမည်။
လျှို့ဝှက်သော ဤလူကြီးကလည်း ချော့ကလက်ကို ကျွန်တော်တို့ရွာသို့ ပြန်ယူသွားခွင့် ပေးချင်မှပေးမည်။ ထို့ကြောင့် ချောကလက်ကို ချွေစားခြင်းဖြစ်သည်။ ကျွန်တော်သည် ချောကလက်ဝှက်ရန် အကြံယူရင်း ထိုလူကြီး အား ဆက်မေးသည်။

"ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ"
ထိုသူကပြုံးသည်။
"ငါလည်း……. မင်းလိုပဲ ဂျပန်သတ်ချင်လို့ပေါ့ကွ"
"ခင်ဗျား က ဘာလို့ ဂျပန်သတ်ချင်တာလဲ"
ထိုလူကြီး ၏ မျက်နှာသည် ငိုင်ကျသွားသည်။ သူ့မျက်နှာကြီးမှာ အလွန်စိတ်ထိခိုက်ဟန် လှုပ်ရှားသွား၏။ ပြန်မေးသော သူ့အသံသည်တုန်ယင်နေ၏။
"ကလေး က ခုနင်က ပြောတယ်၊ မင်းဆရာကတော် ကို ဂျပန်က ရန်ရှာတယ်လို့……… ဟုတ်လား"

"ဟုတ်တယ်ဗျ…..ကျုပ်ဆရာနဲ့မရခင် အပျိုကတည်းက ရန်ရှာတာ၊ ဒါကြောင့် မသန်းရှင် ပြေးလာပြီး ကျုပ်ဆရာ နဲ့ ယူတော့ ဂျပန်က ရွာလိုက်လာတယ်၊ အဲဒါကစပြီး ဂျပန်ကိုသတ် ပြီးကျုပ်ဆရာနဲ့ ဆရာကတော် ကော……. သူ့အစ်ကိုနဲ့ သူ့မိန်းမရော….. တောထဲ ထွက်သွားကြတာပဲ"
ငိုင်နေသော ထိုသူ၏ မျက်လုံးများမှ မျက်ရည်များကျလာသည်။ ကျွန်တော်အံ့သြသွား၏။
စောစော က ခက်ထန်သောလူကြီးသည် ယခုအဘယ်ကြောင့် မျက်ရည်ကျနေရ သနည်း။

"ဆရာကြီး….ခင်ဗျားငိုနေသလား၊ ဘာဖြစ်လို့လဲ၊ ကျုပ်ဆရာနဲ့ ဆရာကတော်ကို သနား လို့လား"
သူသည် မျက်ရည်များသုတ်၍ ကျွန်တော့်ကို မော်ကြည့်သည်။
"မင်းဆရာ နဲ့ ဆရာကတော်က ကံကောင်းပါသေးတယ်ကွာ၊ ငါ့မိန်းမ နဲ့ ငါ့နှမ ကိုတော့ ဂျပန်တွေက သိမ်းသွားတာ၊ ငါ့အဖေ….. ကိုလည်း သတ်သွားတယ်၊ တောက်……."
လူကြီး သည် တောက်ခေါက် ၍ အံကြိတ်ကာ ခေါက်တုံ့ခေါက်ပြန်လမ်း လျှောက်နေ၏။
ကျွန်တော် သည် သူ့အနားကပ်သွား၍ လှိုက်လှဲစွာပြောမိသည်။

"၀မ်းမနည်းပါနဲ့ ဆရာကြီးရာ…..၊ ဒီဂျပန်ကောင် တွေက နွားသိုးတွေပဲ၊ မိန်မကလေးတွေ ဆိုလျှောက် ဖျက်ဆီး နေတာ၊ ဒါကြောင့်လည်း ကျုပ်ဆရာက ပြောသွားတယ်၊ တစ်နေ့မှာ မြန်မာ တစ်မျိုးသား လုံး က ဒီဂျပန် ကောင် တွေ ကို ထချမယ်တဲ့၊ ကျုပ်တို့အားလုံး လိမ်လိမ်မာမာ စည်းစည်းရုံးရုံး လုပ်ကြတဲ့"
"မင်း ဆရာ က ဒီအတိုင်း ပြောသွားလား... "

"ဟုတ်တယ်...၊ ဒါကြောင့်လည်း ကျုပ်တို့တစ်ရွာလုံးကလည်း စည်းစည်းရုံးရုံး လိမ်လိမ်မာမာနဲ့ စောင့်နေကြတာ၊ ဂျပန်ကိုချချင်လို့ လက်ယားနေပြီ ခက်တာက ကျုပ်တို့မှာ လက်နက်မရှိသေးဘူ ဗျ၊ ခင်ဗျား ကျုပ်တို့ ကို လက်နက်ပေးနိုင်လား"
လူကြီးက ပြုံလိုက်သည်။ ထို့နောက် ကျွန်တော့်အားခေါ်၍ ဂူတွင်းသို့ဝင်ခဲ့သည်။ ဂူတွင်းတစ်နေ ရာ၌ နာနတ်သီးသဏ္ဍာန် အလုံးကလေးများ တွေ့ရ၏။
"အဲဒါ လက်နက်တွေပဲ မင်းတို့ခံချချင်ရင် ငါ ဒါတွေပေးမယ်"
ကျွန်တော်သည် အလွန်ဝမ်းသာသွား၏။ ထို့ကြောင့် လူကြီး၏ လက်မောင်းကို ကိုင်၍ပြောသည်။
"ဒီလိုဆို ကျုပ် ရွာကိုမပြန်တော့ဘူးဗျာ၊ ခင်ဗျားနဲ့ပဲနေမယ်၊ အဲဒီလက်နက်တွေ ပစ်နည်း ကျုပ်ကို သင်ပေး မလား"
လူကြီးက ရယ်သည်။

"ကလေးရာ မင်းသတ္တိကို ငါသိပ်ကြိုက်တယ်၊ ဒါပေမယ့်... မင်းဟာ ငယ်သေးတယ်၊ လူကြီးတွေ လုပ်မှဖြစ်တာ"
ကျွန်တော် ချက်ချင်းသတိရ၏။
"ဒီလိုဆိုရင် ကျုပ်သတိရပြီ၊ လူကြီတွေရှိတယ်ဗျ"
"ဘယ်သူတွေလဲ"
"ကျုပ်ဆရာ"
"မင်းဆရာ ဘယ်မှာလဲ"
ကျွန်တော်သည် ခေါင်းကုတ်မိ၏။

"အဲဒါခက်တာပဲဗျာ... ကျုပ်ဆရာ ဘယ်မှာမှန်း ကျုပ်မသိဘူး၊ ဂျပန်သတ်ပြီး တောထဲဝင်သွားတာ ပဲ"
ထိုသူကလည်း စိတ်ပျက်သွားပုံရသည်။
"မင်းဆရာကို မရှာနိုင်ဘူလားကွာ"
ကျွန်တော အတန်ကြာစဉ်းစားသည်။ ချက်ချင်းပင် အသိဥာဏ်တစ်ခု ခေါင်းထဲဝင်လာ၏။
"ဟာ... ကျုပ်အကြံရပြီ၊ ကျုပ်ဆရာက ဒီတောတွင်းတစ်ဝိုက်မှာပဲ ရှိရမယ်၊ ဦးလေးပုကြီးက တောကျွမ်းကျင် တယ်၊ သူ့ကိုရှာခိုင်းမယ်၊ ဘယ့်နှယ်လဲ"

သူက သဘောတူသည်။ ထို့ကြောင့် ခဏချင်းပင် သူ၊ ကျွန်တော်နှင့် ဦးလေးပုတို့သည် ဂူဝ၌ အစည်းအဝေး လုပ်ကြသည်။ အစည်းအဝေး၌ ဆရာတို့အားရှာရန် ဥိးလေးပုကို ကျွန်တော်တို့က တာဝန်ပေးသည်။ 
ဥိးလေးပုက မငြင်းဘဲ လက်ခံသည်။ အစည်းအဝေးအပြီး၌ ထိုလူကြီးက ကျွန်တော်တို့ နှစ်ယောက်လုံးအား ဂူတွင်း သို့ခေါ်သွား၍ ထူးထူးဆန်းဆန်း အရာတစ်ခုကို ပြပြန်သည်. လေးထောင့်ရှည်ရှည် အရာတစ်ခု ဖြစ်သည်။ မှန်တပ်ပြတင်းပေါက်ကလေးများလည်းပါ ၏။ ပြတင်းပေါက်အောက်၌ မြှားကလေးများလည်း ပါ၏။ ကျွဲကော်လို မည်းနက်သော အ၀ိုင်းကလေးများလည်း ပါသည်။

"ကလေး...မင်း ခုနင်ကပြောတဲ့ ဓါတ်ခွက်ဆိုတာ ဒါပဲ၊ ဒီတော့ မင်းတို့ရွာက ဂျပန်တိုက်ချင်ရင် နောက်ထပ် လက်နက် တွေ အများကြီးငါးပေးမယ်၊ ဒါပေမယ့် ... ငါ့ကို သစ္စာဖောက်ရင် မင်းတို့တစ်ရွာလုံး စက်သေနတ် နဲ့ပစ်ပြီး မီးလောင်တိုက်သွင်းဖို့ လေယာဉ်ပျံတွေ မှာလိုက်မယ်... ကြာလား"
ကျွန်တော် တို့သည် ဂူပြင်သို့ ပြန်ထွက်ခဲ့သည်။ ဦးလေးပုသည် ယခုပင် ဆရာတို့အား ရှာပုံတော် ထွက်ရန် ပြင်သည်။
သူယူခဲ့သော အိတ်ကြီးအတွင်းသို့ သူယူခဲ့သည့် ပစ္စည်းမျာအနက်မှ ဥသျှစ်သီးများကို ရွေး၍ ထည့်သည်။
လူကြီးက သူ့အိတ်တါင်းမှနှိုက်၍ ပိုက်ဆံစက္ကူများပြ၏။ ပိုက်ဆံအချို့မှာ ဂျပန်စက္ကူများ ဖြစ်၍ အချို့မှာ ကျွန်တော် ရေးရေး မှတ်မိသော အင်္ဂလိပ်ပိုက်ဆံများ ဖြစ်၏။

"ခင်ဗျား ကြိုက်တဲ့ပိုက်ဆံယူသွား"
ဦးလေးပုသည် ခေါင်းခါ၏။
"ကျုပ်... ဒါတွေမလိုပါဘူး ဆရာကြီးရာ၊ ဟောဒါတွေပါရင်...ပြီးတယ်"
ဦးလေးပုက ဥသျှစ်သီးတွေပြရင်း အိတ်တွင်းသို့ ဆက်ထည့်သည်။ ကျွန်တော်ကလည်း အလစ် တွင် ချောကလက် တစ်ပိုင်းတစ်စကို အိတ်ထဲထည့်လိုက်သည်။
ဦးလေးပုကို ကျွန်တော်တို့က လျှိုဝအထိလိုက်ပို့သည်။ ခွဲခွာခါနီး ၌ ဦးလေးပုကမေးသည်။
"ကျုပ် ဆရာကိုအုန်ဖေကိုတွေ့ရင် ဘယ်သူက ရှာခိုင်းတယ်လို့ ပြောရမှာလဲ ဆရာကြီး"
လူကြီး က ငိုင်သွား၏။ အတန်ကြာမှဖြေသည်။

"ဗိုလ်စောလင်း က လို့ပြောပါ။ ဂျပန်တော်လှန်ရေးအတွက် အိန္ဒိယက ပြန်ရောက်လာတဲ့ ဗမာ ရဲဘော်တစ်ဦး လို့ ပြောပါ၊ ကိုပု ကြားလား"
ဦးလေးပုသည် ခေါင်းညိတ်လျက် ထွက်သွားတော့၏။
နေစောင်းပြီး မြူဝိုင်းသော တောတို့ထူသည့် လျှိုမြောင်အတွင်းသို့ ဥသျှစ်သီးအိတ်ကြီးထမ်းရင်း စိုက်စိုက် စိုက်စိုက် နှင့် တိုးဝင်ပျောက်ကွယ်သွားသည့် ဦးလေးပုအား ငေးကြည့်မိစဉ် ကျွန်တော့်ရင်၌ ဆို့တက် လာသည်။
ဤတောအတွင်းသို့ပင် ကျွန်တော်၏ ချစ်လှစွာသော ဆရာသည် တိုးဝင်ပျောက်ကွယ်သွားသည်။ ယခုလည်း ဆရာမှလွဲလျှင် ထိုရွာ၌ ကျွန်တော့်အချစ်ဆုံးဖြစ်သော ဦးလေးပုကြီးလည်း ဂုံနီအိတ် ထမ်းလျက် တိုးဝင်ပျောက်ကွယ်သွားပြန်ပါ၏။
ကျွန်တော်သည် တရှုပ်ရှုပ် ငိုကြွေးမိသည်။ ဗိုလ်စောလင်းက ကျွန်တော့်ခေါင်းအား ယုယစွာပွတ် သပ်ရင်း ချော့မော့ စွာ ဆို၏။
"မငိုပါနဲ့ကလေးရယ်... သူတို့အားလုံးတစ်နေ့ ပြန်လာပါလိမ့်မယ်... "

(၁၂)
မှည့်ဝင်းနေသောဥသျှစ်သီးတစ်လုံး

ကျွန်တော် ရွာသို့ပြန်ရောက်ချိန်၌ နေ၀င်စပြုပြီ။ အနောက်မိုးပြင်တွင် ရဲရဲနီ၍ စိတ်ချောက်ချားဖွယ် ရှိ၏။
ကျွန်တော့် ရင်ထဲ၌ လည်း ဟာနေသည်။ ယခုအချိန်၌ မယဉ်နွယ်ကိုတွေ့ရလျှင် စိတ်ပြေတန် ကောင်းပါ၏။ ကျွန်တော် သည် အိမ်သို့မပြန်ဘဲ ကျွန်တော်တို့ကျောင်းနေရာသို့ အမှတ်တမဲ့ လျှောက်လာခဲ့သည်။
ဤ ကျောင်းနေရာ ကိုမြင်မှ ရင်ပိုဆို့သည်။ တစ်ကြိမ်က ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင် စာပေသင် ကြား ဆော့ကစား ခဲ့ရာ ကျောင်းကြီးကို မမြင်ရတော့ပြီ။ ကျောင်းအစား မီးကျွမ်းတိုင်ငုတ် နှင့် ပြာပုံသာရှိတော့၏။

တစ်ကြိမ်က လောကဓာတ်ကျောင်းသား ကျွန်တော် အလွန်ဖြစ်ချင်ခဲ့သည်။ အခက်အခဲကြားမှ ဖြစ်လာရပြန်တော့လည်း ယခု... ကျောင်းက မရှိပြီ။ ဤအတွေးတို့ကြောင့် ပတ်ဝန်ကျင်ကို သတိမပြုမိသော ကျွန်တော် ၏ နားတွင် ရှိုက်ဖိုငိုသံ ကြားရသည်။ ကျွန်တော်သည် အံ့သြစွာ လှမ်း ကြည့်လိုက်သောအခါ မီးကျွမ်း တိုင်ငုတ်ကလေး တစ်ခုအနီး၌ ထိုင်ငိုနေသော မယဉ်နွယ်ကို တွေ့ရ သည်။ ကျွန်တော်သည် ကပျာကယာ မယဉ်နွယ်အနားသို့ အပြေးကလေး ကပ်သွားမိသည်။

"မယဉ်နွယ်...နင် ဘာဖြစ်လို့ငိုနေရတာလဲ"
မယဉ်နွယ် သည် မျက်ရည်လည်ရွဲနှင့် ကျွန်တော့်အား မော့ကြည့်သည်။ ဘာမှတော့ မဖြေ။ ဖြေစရာ လည်း လိုအပ် တော့မည် မထင်။ ဆရာကို ကျွန်တော်ချစ်သမျှ မယဉ်နွယ်ကလည်း ချစ်သည်။ ဤကျောင်းကြီးကို ကျွန်တော် သံယောဇဉ်ကြီးသည်ထက် ဤကျောင်း၌ ကျွန်တော်ထက်အနေကြာ သော မယဉ်နွယ်သည် ပိုသံယောဇဉ် ကြီးမည်။ ထို့ကြောင့်ပင် မယဉ်နွယ်ငိုသည်ဖြစ်ရမည်။

ကျွန်တော်ကိုယ်၌က ငိုချင်သဖြင့် မယဉ်နွယ်ကို အားပေးချော့မော့ခြင်း မပြုမိဘဲ ငိုင်နေမိ၏။ အားရအောင် ငိုပြီး မှ မယဉ်နွယ်က အံကလေးကြိတ်၍ ဆိုသည်။
"သန့်ဇင်... နင့်လို ငါ ယောကျာင်္လေးဖြစ်ရင် သိပ်ကောင်းမယ်"
ထူဆန်းသော မယဉ်နွယ်၏စကားကြောင့် ကျွန်တော် ကြောင်သွား၏။
"မယဉ်နွယ် နင်ဘာပြောတာလဲ"
မယဉ်နွယ်က မျက်ရည်ကြားမှ ဒေါသထွက်သော မျက်နှာပေးဖြင့် အခြောက်တိုက် ရန်တွေ့သည်။
"သန့်ဇင် နင့်ကို ငါက အစက သိပ်သတ္တိကောင်းတယ် ထင်တယ်။ အခုတော့ နင်အလကားပဲ"
"မယဉ်နွယ်ရယ်၊ ငါသတ္တိရှိပါတယ်ဟ၊ နင်က ဘာဖြစ်လို့ ငါကိုအလကားပဲ ပြောရတာလဲ"
"နင်လား သတ္တရှိတာ၊ ငါသာယောကျာင်္ဆို ဟိုနေ့က ဂျပန်တွေ တို့ကျောင်းမီရှို့တော့ ဒီကောင်တွေကို ဆရာ့လိုပဲ သေနတ်နဲ့ ပစ်သတ်လိုက်မှာ"
"မယဉ်နွယ်ရာ ဒီရွာကလူကြီးတွေတောင် ငြိမ်ခံနေရတယ် မဟုတ်လား၊ ဒီတော့ ငါသတ္တိတော့ရှိ တယ်၊ မိုက်ရူးရဲ တော့ မလုပ်ချင်ဘူး"
"ဘာပြောတယ် မိုက်ရူးရဲဟုတ်လား"
"နင် ဒီစကားကို နာလည်မှာမဟုတ်ဘူး မယဉ်နွယ်၊ ငါ့ကို ဆရာက သေသေချာချာ သင်ဖူတယ်၊ သတ္တိရှိတာ က တခြား မိုက်ရူးရဲတာကတခြား"
"ဘယ်လိုတခြားလဲ"
"ဆရာ့ လိုတော့ ပြန်မပြောတတ်ဘူး၊ ဒါပေမယ့် ငါရှင်းပြမယ်၊ သတ္တိရှိတဲ့လူက ဥာဏ် ရှိတယ်၊ မိုက်ရူးရဲ တာ က ကောက်ရိုးမီး တဲ့၊ နင် နားလည်လား"
မယဉ်နွယ်က ခေါင်းခါသည်။ ကျေနပ်ပုံလည်းမရ။
"ဒါ နင့်ဆင်ခြေတွေပါ... "
ကျွန်တော် အလွန်စိတ်ထိခိုက်သွားသည်။ ထို့ကြောင့် ၀မ်းနည်းဝမ်းနည်း ပြောမိသည်။
"မယဉ်နွယ် ငါသိပ်စိတ်ညစ်နေတယ်၊ ဘုရားစူးပါစေရဲ့၊ နင်ကိုတွေ့ရင် ငါစိတ်ချမ်းသာမယ် အောက်မေ့ နေတာ၊ နင်ကပါ ငါ့ကိုနှိပ်စက်နေပြန်ပြီ၊ ကဲပါလေ ငါမိုက်ရူးရဲပဲ ရဲပါတော့မယ်၊ ဒီဂျပန်တွေကို ငါပစ်သတ်မယ်၊ ဒါပေမယ့် ငါ့မှာ သေနတ်မရှိဘူး၊ နင့်အဖေနှစ်လုံးပြူးကြီး ငါ့ကိုခိုး ပေးမလား"
မယဉ်နွယ် မျက်လုံးကလေးများ အရောင်တောက်လာ၍ ကျွန်တော်ပခုံး ကို သူ့လက်ကလေးဖြင့် ဆွဲကိုင် လိုက်သည်။

"နင်...တကယ်ပြောတာလား သန့်ဇင်၊ အိမ်မှာအခုငါ့အဘ မရှိဘူး၊ ဆရာတို့ဖြစ်တဲ့ကိစ္စနဲ့ မြို့တက်ပြီး မြို့ပိုင် ကို အစီရင်ခံနေရတယ်တဲ့ သူ့နှစ်လုံးပြူးကြီး ကျန်နေခဲ့တယ်၊ အဲဒါငါခိုး ပေးမယ်၊ ပြီးတော့နင်နဲ့ငါ ဆရာ တို့ နောက် လိုက်ရအောင်"
ဤတစ်ကြိမ်တွင်မူ ကျွန်တော်ဘာပြန်ပြောရမှန်းမသိ၊ ကျွန်တော့်ဆီက စကားပြန်မရသော အခါ မယဉ်နွယ် က ကျွန်တော့် ကို တွန်းပစ်လိုက်သည်။

"ငါမပြောဘူးလား နင်အလကားပါလို့"
ကျွန်တော် အလွန်မခံချင်ဖြစ်သွားသည်။ ထို့ကြောင့် မယဉ်နွယ်ကို တည်တည်ကြည့်၍ မေးသည်။
"နင် တကယ် ဂျပန်ကိုသတ်ချင်သလား"
"ငါ အစိမ်းလိုက် ၀ါးစားချင်တယ်"
"ဒီကောင်တွေ ကို အစိမ်လိုက်ဝါးစားဖို့ မလိုဘူး၊ ဘွဲ့ဖြူလက်နက်မှန်သလို ငါမီးလောင် တိုက်သွင်းပြမယ်"
"ဘာပြောတယ် သန့်ဇင်"
ကျွန်တော်သည် နေရာမှထလိုက်သည်။ ထို့နောက်ကျွန်တော့်ဆရာဟန်အတိုင်း မျက်လုံး ကို မှေး လက်ကို ပိုက်ရင်း မယဉ်နွယ်ကို အလွန်တည်ငြိမ်စွာ ပြောရ၏။
"မယဉ်နွယ်.......၊ နင်ကလေးပဲရှိသေးတယ်၊ နင်ဒါတွေနားမလည်နိုင်ဘူး၊ ငါအကြီး အကျယ်တွေ စီစဉ် ထားတယ်၊ နင့်အဖေနှစ်လုံးပြူးကြီးလည်း ငါမလိုချင်ဘူး၊ နှစ်လုံးပြူးဆို တာ(ဆရာပြောသလိုပဲ) မန်းကျည်းသီး မှည့် ခြွှေဖို့ပဲ ကောင်းတယ် ၊ ငါအဲဒီထက်ကောင်း တဲ့လက်နက်လိုချင်တယ်"

ကျွန်တော်၏။ ဟန်ပန်အမူအရာကြောင့် မယဉ်နွယ် ငြိမ်ကျသွားသည်။ ထို့နောက် လေသံ လျှော့၍ မေး သည်။
"နှစ်လုံးပြူးထက်ကောင်းတဲ့လက်နက်....နင်ဘယ်ကရမှာလဲ"
ကျွန်တော်သည် မယဉ်နွယ်နား ထိုင်လိုက်၏။
"ဒါကြောင့်နင့်ကိုငါပြောတယ်၊ သတ္တိရှိတဲ့လူဟာ ဥာဏ်ရှိရတယ်လို့....၊ ငါတကယ်ကောင်း တဲ့ လက်နက် ရမယ်၊ မယုံရင်ကြည့်စမ်းဒီမှာ"
ကျွန်တော်သည် အိတ်တွင်းမှ မယဉ်နွယ်အတွက် တမင်ချန်ခဲ့သော ချောကလက် တစ်ဝက် ကိုထုတ်ပြ၏
မယဉ်နွယ် မျက်လုံးပြူးသွားသည်။ ထို့နောက် ထိတ်လန့်တကြားမေး၏။

"သန့်ဇင် ဒီဥစ္စာ ချောကလက်၊ နင်ဒါဘယ်ကရလဲဟင်"
"အေးပါဟ ချောကလက်မှန်း ငါသိပါတယ်၊ နင်စားစေချင်လို့ ငါတမင်ယူလာတာ၊ ရော့ဟာ.....စာစမ်းပါ"
ကျွန်တော်များများ မတိုက်တွန်းရ။ မယဉ်နွယ်သည် ချောကလက်ကို နှစ်ခြိုက်ကျေနပ် စွာစားသည်။ စားရင်း လည်း မေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၁)

" သူငယ်ချင်းချင်း ရပ်ပြီး စကားပြောနေဖို့ အချိန်မရှိဘူးကွ" ဟု ဒင်နီကပြန်ပြောသည်။ " ငါ အခု အမျိုး သမီး တစ်ယောက်အတွက် ၀ိုင်သွားဝယ်မလို့ မင်း လိုက်ချင်ရင် လိုက်ခဲ့၊ ၀ိုင် တစ်ခွက်တော့ သောက်ရ မယ်၊ အမျိုးသမီး တွေ အတွက် ၀ိုင်ဝယ်ရတဲ့ အလုပ်ကလည်း စိတ်ကုန်စရာပါပဲကွာ၊ သူတို့အတွက်ဆိုပြီး သွားဝယ်ရော၊ ဟိုရောက်တော့ အပေါင်းအသင်းတွေနဲ့ တွေ့ပြီး ၀ိုင်သောက်ကြတာနဲ့ပဲ ၀ိုင်အားလုံး ကုန်ရော "
ပက်ဘလိုက ဒင်နီ့စကားကို ထောက်ခံသည်။ ဤအဖြစ်မျိုးနှင့်ကြုံရသည်မှာ သည်းမခံနိုင်စရာဖြစ် သည်။ သူကိုယ်တိုင် က လည်း ဒင်နီ၏ ၀ိုင်ကို လိုက်၍ မသောက်ချင်။ သို့သော်လည်း သူက ခေါ်နေ သဖြင့် အဖော် အဖြစ် လိုက်သွားပြီး အားနာပါးနာဖြင့် တစ်ခွက်လောက်သော သောက်မည်ဟု စိတ်ကူး သည်။

သူတို့သည် တော်ရဲလီး၏ ဆိုင်သို့ ရောက်သွားကြသည်။ ဒင်နီ ၀ယ်လိုက်သော ၀ိုင်တစ်ဂါလန်ထဲမှ တစ် ယောက် တစ်ခွက် သောက်ကြသည်။ သူနှင့် အလွန်ရင်းနှီးခင်မင်သော သူငယ်ချင်း တစ်ယောက်ကို ၀ိုင် တစ်ခွက်တည်း တိုက်ခြင်းသည် မျက်နှာမထောက်ရာကျသည်။ မလေးမစားပြုရာ ရောက်သည်ဟု ဒင်နီက ၀န်ခံ စကား ပြောသည်။ ထိုအခါ ပက်ဘလိုကလည်း နောက်ထပ်တိုက်ရန် လှိုက်လှိုက်လှဲလှဲ တောင်းပန် နေသည်။ ဤသို့ဖြင့် သူတို့သည် နောက်ထပ် တစ်ယောက် တစ်ခွက်မော့ကြပြန်သည်။

" အမျိုးသမီးတွေဟာ ၀ိုင်ကို အများကြီး သောက်လို့ မကောင်းပါဘူး" ဟု ဒင်နီက တွေးသည်။ " သိပ် သောက် ရင် သူတို့ ကိုယ် သူတို့ ဘယ်ထိန်းနိုင်မှာလဲ၊ ပြီးတော့လည်း ယောက်ျားတစ်ယောက်က နိုးကြား တက်ကြွ နေစေချင်တဲ့ အာရုံဟာ လေးလံထိုင်းမှိုင်းကုန်မှာပေါ့" သူတို့သည် နောက်ထပ် တစ်ခွက်ပြီးတစ်ခွက် သောက်ကြပြန်သည်။ ၀ိုင်တစ်ဂါလန်သည် နောက်ထပ် ဒင်နီဝယ်မည့် လက်ဆောင်နှင့် ပေါင်းလိုက်လျှင် အလွန် များသော လက်ဆောင်တစ်ခုဖြစ်လာနိုင်သည်။ ထို့ကြောင့် သူတို့သည် ၀ိုင်ဂါလန် ၀က် ကုန်သည် အထိ တိုင်းထွာသတ်မှတ်၍ သောက်ကြပြန်သည်။ ထို့နောက် ၀ိုင် အကျန် ဂါလန်ဝက်ကို ဒင်နီက မြောင်းတစ်ခု ထဲရှိ မြက်ပင် ချုံပင်များကြားသိုပ ထိုးထည့်ပြီး ၀ှက်သည်။
" ငါ လက်ဆောင် ပေး ဖို့ ပစ္စည်းတစ်ခု သွားဝယ်မလို့ကွ၊ မင်း ငါနဲ့ လိုက်စေချင်တယ်" ဟု ဒင်နီ က ပြော သည်။

ဒင်နီက ခေါ်နေသည့် အကြောင်းရင်းကို ပက်ဘလို နားလည်သည်။ သူ ခေါ်နေသည့် အကြောင်းရင်း တစ်ဝက် မှာ သူနှင့် အဖော်ရစေလို၍ ဖြစ်ပြီး ကျန်တစ်ဝက်မှာ ပက်ဘလိုကို သူ့မျက်ကွယ်၌ လွှတ်ထား ခဲ့ပါက သူ ၀ှက်ထားသည့် ၀ိုင်ဂါလန်ဝက်ကို ခိုးသွားမည်စိုး၍ ဖြစ်သည်။ ထို့ကြောင့် ပက်ဘလိုက မငြင်း။ သူတို့ နှစ်ယောက်သား မွန်ထရေးမြို့ဘက်သို့ ရင်ကော့၍ လျှောက်ခဲ့ကြသည်။
ဆီမွန် ရွှေငွေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးနှင့် ငွေချေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင် မစ္စတာ ဆီမွန်က သူ တို့ကို ခရီးဦးကြိုပြုပြီး သူ့စတိုးဆိုင်အတွင်းသို့ ခေါ်သွင်းသွားသည်။ ဆိုင်ထဲတွင် ဆက်က လိုဖုန်းများ၊ ရေဒီယို များ၊ ရိုင်ဖယ်သေနတ်များ၊ ဓားများ၊ ငါးမျှားတံများနှင့် ရှေးဟောင်းငွေဒင်္ဂါးများ။ အားလုံး တစ်ကြိမ်သုံးပြီး ပစ္စည်းများ ချည်း ဖြစ်သည်။

" ခင်ဗျား တို့ ပစ္စည်းတစ်ခုခု ၀ယ်ဖို့ စိတ်ကူးရှိဟန်တူပါရဲ့" ဟု မစ္စတာ ဆီမွန်ကမေးသည်။
" ဟုတ်ကဲ့ " ဟု ဒင်နီက ဖြေသည်။
ဆိုင်ရှင်က သူ့ဆိုင်ရှိ ပစ္စည်းစာရင်းကို တစ်ခုချင်းစီ ဖတ်ပြသည်။ ဖတ်နေရင်းမှ ဒန်သတ္တု အမှိုက် ရှင်းစက် တစ်လုံး အပေါ် စိတ်ဝင်စားဟန်ဖြင့် ငေးကြည့်နေသည့် ဒင်နီ ကို သတိထားလိုက်မိသဖြင့် ဆက်မဖတ် တော့ဘဲ ရပ်ပစ်လိုက်သည်။ အမှိုက်ရှင်းစက်၏ အမှုန်ထိန်းအိတ် သည် အပြာရောင်၊ ၀ါယာ ကြိုး မှာ အနက်ရောင်၊ အသစ်ကျပ်ချွတ်ကဲ့သို့ပင် ပြောင်လက်နေဆဲ၊ မစ္စတာ ဆီမွန် က စက်ရှိရာသို့ သွားပြီး သူ့ လက်ဖြင့် အသာအယာ ပွတ်သပ်သည်။ ပြီးတော့ နောက်တစ်လှမ်းဆုတ်၍ ရပ်လိုက်ပြီး "ခင်ဗျား ဒီစက်ကို စိတ်ဝင်စား နေသလား" ဟု မေးသည်။

" ဘယ်လောက်လဲ "
" ဆယ့်လေး ဒေါ်လာ "
မစစ္စတာဆီမွန် နှုတ်မှ ထွက်လာသောဈေးမှာ " ဆိုဈေး" မျှသာ ဖြစ်၏။ ဒင်နီ့ လက်ထဲတွင် ငွေမည်မျှ ရှိနေသည် ကို သိရှိရန် အားထုတ်လို၍ ပြောလိုက်သော ဈေးမဟုတ်၊ ဒင်နီကလည်း အမှိုက်ရှင်းစက်ကို လိုချင်သည်။ စက်က အရွယ်အစားကြီးသည်။ တောက်တောက် ပြောင်ပြောင် ရှိသည်။ စက်သစ် နှင့် ဘာမျှ မခြား၊ တော်တီလာဖလက် ရပ်ကွက်ထဲတွင် ဘယ်အမျိုးသမီးမှ ဤစက်မျိုးကို မပိုင်၊ လိုချင်စိတ် တစ်ခုတည်း အတွင်း ၌ လျှပ်စစ်မီး မရှိသည့် အဖြစ် ကို လုံးဝ သတိမရ။ ဒင်နီက သူပေးနိုင်သော ငွေနှစ် ဒေါ်လာကို ကောင်တာ ပေါ် တင်လိုက်ပြီး တစ်ဖက်မှအဖြေကို စောင့်သည်။ မစ္စတာဆီမွန်ကလည်း လက်ခံသည်။ ထို့နောက် စက်တစ်ခုလုံးကို ဖုန်ခါခြင်း၊ ပွတ်တိုက်ခြင်း စသည့် အလုပ်များ ဆက်တိုက် ဖြစ်လာသည်။ အားလုံးပြီး သွားသောအခါ ဒင်နီသည် အမှိုက်ရှင်းစက်ကို မ၍ ဆိုင်ပြင်သို့ ထွက်လာခဲ့ လေ၏။

ထိုနေ့မှစ၍ မွန်းလွဲပိုင်း အချိန်တိုင်း ချစ်စရာသည် အမှိုက်ရှင်းစက်ကို အိမ်ပြင်သို့ထုတ်ယူကာ ကုလား ထိုင်တစ်လုံး တွင် မှီ၍ တောင်ထားလေ့ရှိသည်။ အိမ်နီးနားချင်းများနှင့် မိတ်ဆွေအပေါင်းအသင်း များက ကြည့်နေပြီ ဆိုလျှင် သူသည် အမှိုက်ရှင်းစက်ကို ရှေ့ထိုးနောက်ငင် ဆွဲပြသည်။ ပါးစပ်မှလည်း မော်တာ မြည်သံ နှင့် တူသော အသံကို မြည်သည်။
" ငါ့ သူငယ်ချင်း အမျိုးသားက လူချမ်းသာ တစ်ယောက်ဟဲ့ " ဟု ပြောသည်။ " မကြာခင် အိမ်မှာ လျှပ်စစ်မီး သွယ်ပေးမှာ၊ အဲဒီကျရင် ဟောဒီ စက်ဟာ ဟောဒီလို ဟောဒီလို အလုပ်လုပ်မှာ၊ တစ်အိမ်လုံး ကို သန့်ရှင်း နေမှာပဲ"

သူ့အပေါင်းအသင်းများကမူ သူ့စက်၏ ဂုဏ်ကို သေးငယ်နုပ်ဖွဲ့ သွားအောင်ပြောကြသည်။ " နင့်စက် ကို လည်အောင် မလုပ်နိုင်တာကတော့ ဆိုးပါတယ်ဟယ်။ တို့ကတော့ တံမြက်စည်း တစ်ချောင်းနဲ့ အမှိုက်သိမ်း ဂေါ်ပြား ကို ပဲ အမြဲတမ်းသုံးတာ၊ တစ်အိမ်လုံး ပြောင်စင်နေတာပါပဲတော် "

မနာလို ၀န်တိုသူများက မည်မျှပင် သေးဖွဲ့အောင် ပြောနေသော်လည်း စက်၏ ဂုဏ်မှာ ကျသွားခြင်းမရှိ။ ဤစက်မျိုး တစ်လုံးကို ပိုင်ဆိုင်ထားသည့်အတွက် ချစ်စရာသည် တော်တီလာဖလက် ရပ်ကွက်အတွင်းရှိ ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်၌ ထိပ်ဆုံးသို့ ရောက်သွားသည်။ သူ့နာမည်ကို ရုတ်တရက် မမှတ်မိသူ များက " အမှိုက်ရှင်းစက်နဲ့ မိန်းမဟာလေ" ဟု ပြောစမှတ်ပြုကြသည်။ သူ၏ ပြိုင်ဘက် ရန်သူတော်များ သူ့အိမ်ရှေ့ မှ ဖြတ်လျှောက်သွားသည့်အခါများတွင်လည်း အမှိုတ်ရှင်းစက် တွန်းသော ချစ်စရာကို ပြတင်းပေါက် မှ လှမ်းမြင်ရသည်။ သူ့ပါးစပ်မှ ထွက်လာနေသည့် စက်မြည်သံများကိုလည်း ကြားရသည်။

သူ့ကြောင့် ရပ်ကွက်ထဲရှိ အိမ်အပေါင်း အမြောက်အမြားတွင် မနာလို ၀န်တိုမှုများ ပေါ်နေကြသည်။ သူ့ အမူအရာ ကလည်း ခေါင်းတမော်မော် လည်ကြောတထောင်ထောင် ဖြစ်လာသည်။ စကားပြောကြ ပြီ ဆိုပါကလည်း " ဒီကနေ့မနက် ကျွန်မ အမှိုက်ရှင်းစက် တွန်းနေတုန်း ရာမွန်ဖြတ်သွားတာ မြင်လိုက် ရတယ် " စသော အပြောမျိုး ပြောလေ့ရှိသည်။ သူ့ပါးစပ်မှ ဘာတွေပဲ ပြောပြော အမှိုက်ရှင်းစက် မပါ လျှင် မပြီး သလောက် ဖြစ်လာသည်။

အမှိုက်ရှင်းစက်ကြောင့် အခြေအနေ မြင့်လာသော ချစ်စရာသည် စက်လက်ဆောင်ပေးသူ ဒင်နီကို ပစ် ပယ်ခြင်းမပြုပေ။ ဒင်နီကို လိုလေသေးမရှိအောင် ပြုစုသည်။ ဒင်နီရှိနေလျှင် သူ့တစ်ကိုယ်လုံးသည် လေထဲတွင် ယိမ်းနွဲ့ လှုပ်ရှားနေသည့် ထင်းရှူးပင် တစ်ပင်နှင့် သူသည်။ ဒင်နီကလည်း ညစဉ် ညတိုင်း ချစ်စရာအိမ်မှ ဘယ်ကိုမှမသွား။

ပထမတွင် ဒင်နီ၏ သူငယ်ချင်းများသည် သူတို့သူငယ်ချင်း တစ်ယောက်အိမ်မှ ပျောက်နေခြင်းကို လုံးဝ ဂရုမစိုက် ကြချေ။ ဤကဲ့သို့သော အဖြစ်မျိုးနှင့် ကြုံရတတ်သည်မှာ ယောက်ျားတိုင်း၏ အကျင့်ဖြစ်၍ ယောက်ျား တိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် သူတို့အဖို့ ထူးဆန်းသော အရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လည်း ဒင်နီအတွက် ပူပန်ကြောင့်ကြခြင်း မဖြစ်ကြပေ။ ဤသို့ဖြင့် သီတင်းအပတ်ပေါင်းများစွာ ကုန်လွန် လာခဲ့သည်။ ယခင်ကနှင့် မတူသော ဒင်နိ၏ ပြောင်းလဲမှုများကို လည်း သတိပြုမိလာကြသည်။ ဒင်နီသည် တွေတွေငေးငေးဖြစ်လာသည်။ အသားအရေများ ဖြူဖပ်ဖြူ ရော်ဖြစ်လာသည်။ အမှိုက်ရှင်း စက် အတွက် ချစ်စရာ၏ကျေးဇူးတုံ့ပြန်မှုသည် ဒင်နီ၏ ကာယကျန်းမာမှု ကို များစွာ ထိခိုက်စေသည်ဟုလည်း သူ့သူငယ်ချင်း များက နားလည်သဘောပေါက်လာသည်။ ထို့ပြင် လည်း သူတို့ သူငယ်ချင်း၏ အာရုံကို သူ့တစ်ဦးတည်းအပေါ်၌သာ စူးစိုက်နေအောင် လုပ်ထားသည့် ချစ်စရာအပေါ်၌လည်း မနာလိုတိုရှည် ဖြစ်လာ ကြသည်။

ဤသို့ဖြင့် ပီလွန်၊ ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီယာတို့သည် ဒင်နီ၏ မေတ္တာကျက်စား နားနေရာ အသိုက်ကို သူ မရှိခိုက် ချင်းနင်းဝင်ရောက်ကြပြီး ဖျက်ဆီးပစ်ရန် ကြိုးစားအားထုတ်ကြသည်။ သို့သော် လည်း သူ့ဂုဏ်နှင့် သူ့သိက္ခာကို တက်အောင်၊ သူ့အခြေအနေကို မြင့်မားအောင် လုပ်ပေးခဲ့သည့် ယောက်ျား တစ်ယောက် ၏ ကျေးဇူးကို အလေးအနက်ပြုနေဆဲ ဖြစ်သော ချစ်စရာသည် ဒင်နီအပေါ်၌ သစ္စာစောင့်သိနေသဖြင့် ကြံရကျပ်နေသည်။ ချစ်စရာအနေဖြင့် သူတို့အားလုံးကို လုံးဝလ်မခံခြင်းကား မဟုတ်။ ကံကြမ္မာဆိုသည်မှာ ကံသေကံမ ပြောနိုင်သည် မဟုတ်။ နောက်အနာဂတ်ကာလတွင် သူတို့ လူစုထဲ မှ တစ်ဦးဦးနှင့် တွဲနေဖို့ လိုအပ်ချင် လိုအပ်လာလိမ့်မည် ဖြစ်၏။ထို့ကြောင့် သူတို့နှင့် မိတ်ဆွေ အပျက် မခံ။ လိမ္မာပါးနပ်စွာဖြင့် လှည့်စားပြီး ကြိုးရှည်ရှည်နှင့် လှန်ထားသည်။ သို့သော်လည်း ယခု လောလောဆယ် ဒင်နီ ကွယ်ရာ တွင် ဒင်နီ သူငယ်ချင်းများအား မျှတ ခွဲဝေပေးဖို့ ဆိုသည်ကတော့ မဖြစ် နိုင်သေး။

ထို့ကြောင့် ဒင်နီ ၏ သူငယ်ချင်းများသည် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည့်ကြားမှ ချစ်စရာကို ပျက်စီးခြင်း ငါးပါး တိုင် အောင် လုပ်ရန်ကြံစည်စိတ်ကူးကြသည်။
ဒင်နီ သည် ချစ်စရာအပေါ်တွင် စိတ်ကုန်ချင် ကုန်နေလောက်ပြီ။ အကယ်၍ ယင်းစိတ်မျိုး ဒင်နီ၌ ရှိနေခဲ့ ပါမူ သူသည် အမှန်အတိုင်း ထုတ်ဖော်ဝန်ခံခြင်းတော့ ပြုလုပ်မည် မဟုတ်။ သို့ဆိုလျှင် မိမိတို့က အလိုက်သိစွာ ဖြင့် ၀င်ရောက်ဖြေရှင်းပေးဖို့ လိုမည်ဟု ထင်သည်။

တစ်နေ့သော မွန်းလွဲပိုင်း သုံးနာရီထိုးခန့်တွင် ပီလွန်၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာနှင့် ကောင်ကြီးဂျိုး တို့သည် တိုက်ပွဲတစ်ခုမှ အောင်မြင်စွာ ပြန်လာကြသည်။ ဤတိုက်ပွဲတွင် ပီလွန်၏ စိတ်ကူးကို ပက်ဘလိုနှင့် ဂျီးဆပ်စ်မေရီယာ တို့၏ အားထုတ်မှုနှင့် ပေါင်းစပ်ပြီး ခက်ခက်ခဲခဲနှင့် အနိုင်ရခဲ့ခြင်းဖြစ် သည်။ ဤတိုက်ပွဲတွင် ကောင်ကြီးဂျိုး၏ ကူညီလှုပ်ရှားမှု လုံးဝမပါဝင်ခဲ့ပေ။
သူငယ်ချင်း လေးယောက်သည် တိုက်ပွဲမှ အပြေးအလွှား ပြန်လာခဲ့ကြသည်။ ခက်ခဲစွာဖြင့် အနိုင်ရ လိုက်သောပွဲဖြစ်၍ လေးယောက်စလုံး ပျော်မြူးနေကြသည်။ သူတို့ ပျော်ရွှင်မြူးတူးနေသော အချိန်တွင် မွန်ထရေးမြို့တွင်းရှိ အီတလီ အမျိုးသားတစ်ယောက်မှာမူ လူလိမ်ခံရသဖြင့် စိတ်နောက်ကျိ ရှုပ်ထွေးလျက် ရှိလေသည်။

ပီလွန်သည် အိုင်ဗီခေါ် နံရံကပ် ပန်းအနွယ်များဖြင့် ထုတ်ထားသော ၀ိုင်တစ်ဂါလန်အိုး ကို သယ်လာ သည်။ လေးယောက် သား ဒင်နီ ၏ အိမ်ထဲသို့ တပျော်တပါး ၀င်ရောက်သွားကြပြီး ပီလွန် က သူ့လက်ထဲမှ ၀ိုင်တစ်ဂါလန်အိုး ကို စားပွဲပေါ် သို့ လှမ်းတင်လိုက်သည်။

ထိုအချိန် ကျမှပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ဒင်နီအိပ်ရာမှနိုးသည်။ သူ့ သူငယ်ချင်းများကို ကြည့်၍ တစ်ချက်မျှ ပြုံးလိုက်ပြီး အိပ်ရာထက်မှ ထလာသည်။ ခွက်များ သွားယူပြီး ၀ိုင်ထည့်ပေးသည်။ မောပန်း နွမ်းနယ် လာကြသော သူ့သူငယ်ချင်း လေးယောက်သည် ကုလားထိုင်များတွင် ခြေပစ်လက် ပစ် ထိုင်ကြသည်။
သူတို့သည် ၀ိုင်ကို အေးအေးဆေးဆေး အရသာခံ၍ သောက်ကြသည်။ ဤအချိန်သည် အနားယူချိန် ဖြစ်၏။ တော်တီလာဖလက် ရပ်ကွက်အတွင်းရှိ လူတိုင်းလိုလိုပင် နားကြသော အချိန်ဖြစ်၏ မနက်ပိုင်း က လုပ်ခဲ့ပြီး သမျှ ဖြစ်ခဲ့ပြီးသမျှများကို ပြန်၍ စားမြုံ့ပြန်ကြသည်။ အတင်းအဖျင်း သတင်းအဖြစ် ပြောကြ ဆိုကြ ဝေဖန် ကြသည်။ ညပိုင်းတွင် ဖြစ်ပျက်လာနိုင်ဖွယ်ရာ ရှိသည်များကို ဆွေးနွေးမှန်းဆကြ သည်။ သူတို့အဖို့ အခုလို မွန်းလွဲပိုင်း အချိန်တွင် ပြောမဆုံးပေါင် တောသုံးတောင်ဟု ဆိုရလောက် အောင် ပြောစရာတွေက များသည်။

" ဟေ့ ဒီမယ်၊ ဟိုကောင်မ ကော်နဲလီယာရုဇ်လေ၊ လူတစ်ယောက် ကနေ့ မနက်ပဲ ရသွားတယ်ကွ" ဟု ပီလွန် က ပြောသည်။ " အဲဒီလူက ထိပ်ပြောင်ကွ သိလား၊ သူ့နာမည်က ကစ်လ်ပက်ထရစ်တဲ့၊ ကော်နဲ လီယာက ပြောတယ်၊ သူစောစောက တွဲနေတဲ့ကောင် ပြန်မလာတာ သုံးရက်ရှိသွားပြီတဲ့။ အဲသလို လုပ် တာကို သူ မကြိုက်ဘူးတဲ့ "
" ဟာကွာ ကော်နဲလီယာဆိုတဲ့ ကောင်မက သိပ်ပြီး စိတ်အပြောင်းအလဲ မြန်တယ်ကွ" ဟု ဒင်နီ က ပြောသည်။ သူသည် အမှိုက်ရှင်းစက်ဟူသော ကျောက်ဆောင်ကြီးပေါ်၌ တည်ဆောက်ထား သည့် သူ့ချစ်ရိပ်မြုံ ကလေး၏ အခြေခိုင်မှုကို တွေးကာ စိတ်ထဲတွင် ကျေနပ်သာယာလျက် ရှိလေသည်။

" ကော်နဲလီယာရဲ့ အဖြေကြီးက ပိုဆိုးတယ်ကွသိလား" ဟု ပက်ဘလိုက ၀င်ပြောသည်။ " သူကတော့ ဘယ်တော့မှ အမှန်မပြောဘူး။ တစ်ခါတုန်းက သူ ငါ့ဆီက ငွေတစ်ဒေါ်လာ ချေးသွားဖူး တယ်၊ ငါက သူ ငွေချေး သွားတာ ကို ကော်နဲလီယာကို ပြောပြတယ်။ ဒါပေမယ့် သူက ပြန်မဆပ်ဘူး"
" တစ်သွေးတည်း က ပေါက်ဖွားလာတဲ့ လူနှစ်ယောက်ပဲကွာ၊ မျိုးရိုးသိရင် ခွေး အကြောင်း သိတာပဲ မဟုတ်လား"  ပီလွန်က ပြောသည်။

ဒင်နီက ခွက်များအတွင်းသို့ ၀ိုင် ထပ်ဖြည့်ပြန်သည်။ ၀ိုင်တစ်ဂါလန်မှာ အတော်လျော့သွားခဲ့လေပြီ။ သူ သည် လျော့နေသည့် ၀ိုင်အိုးကို စိတ်မကောင်းဖြစ်သော မျက်နှာထားဖြင့် ငေးကြည့်နေသည်။
ငြိမ်နေသော ဂျီးဆပ်မေရီယာက စကားဝင်ပြောသည်။ " ငါ ဆူစီဖရန် စစ္စကိုနဲ့ တွေ့ခဲ့တယ်။ ဆေးနည်း ကအတော့်ကို အစွမ်းထက်သူ ချာလီဂတ်ဇ်မင်း ရဲ့ မော်တော်ဆိုင်ကယ် နဲ့ လိုက်လိုက်သွားတာ သုံးခါတောင် ရှိပြီတဲ့။ ပထမနှစ်ခေါက် လိုက်ရတုန်းက အဲဒီပီယဆေး ကျွေးလိုက်တယ်တဲ့၊ ဆေးလည်း စားပြီးရော ချာလီဂတ်ဇ် လည်း နေမကောင်းဖြစ်တာပဲတဲ့၊ ဆူစီကတော့အဲသလိုဖြစ်တာ မကောင်းဘူးလို့ ထင်နေတယ်။
" အဲဒီ ဆေးနည်းထဲ မှာ ဘာပါသတဲ့လဲ" ဟု ပက်ဘလိုက မေးသည်။

ပီလွန်က ဆေးနည်းကို ထုတ်ဖော်၍ မပြောချင်။ " ဘာတွေပါတယ် ဆိုတာ အသေးစိတ် တော့ မသိ ပါဘူးကွာ၊ ငါ ထင်တာကတော့ အဲဒိအထဲမှာပါတဲ့ ၀က်သစ်ချသားပြာကြောင့် ချာလီဂတ်ဇ် နေထိုင် မကောင်း ဖြစ်သွား တယ် ထင်တာပဲ"
ဝိုင် တစ်ဂါလန်မှာ အကုန်န်ြလွန်းလှချေသည်။ အပေါင်းအသင်းခြောက်ဦးစလုံးသည် ရေငတ်မပြေကြ သေး။ နောက်ထပ် ၀ိုင်သောက်ချင်သော ဆန္ဒသည် ပြင်းပြနေကြဆဲ။ ပီလွန်က သူ့အဖော်များ၏ မျက် လုံးများကို သေသေချာချာ လိုက်ကြည့်သည်။ သူတို့ကလည်း ပီလွန်ကို ပြန်ကြည့်ကြသည်။ အကြံ အစည်ကို လက်တွေ့ အကောင် အထည် ဖော်ဖို့ အသင့်ဖြစ်ပြီ။
ပီလွန်က ချောင်းတစ်ချက် ဟန့်ကာ လည်ချောင်းရှင်းလိုက်သည်။ " မင်း အခုတလော ဘာတွေ လျှောက်လုပ် နေတာလဲ ဒင်နီ၊ တစ်မြို့လုံးက မင်းကို ၀ိုင်းပြီး သရော်နေကြပြီ"
" မင်းစကားက ဘာအဓိပ္ပာယ်လဲ ပီလွန် "

" လူတွေက ပြောနေကြတယ်လေကွာ၊ မင်းက မိန်းမတစ်ယောက်ကို အမှိုက်ရှင်းစက် တစ်လုံးဝယ်ပေး တယ်တဲ့၊ အဲဒီစက် က အိမ်မှာ လျှပ်စစ်မီးမရှိဘဲနဲ့ အလုပ်မလုပ်နိုင်ဘူးတဲ့၊ မီးသွယ်မပေးနိုင်ဘဲ စက်ဝယ် ပေးတော့ ရယ်စရာ ဖြစ်နေတာပေါ့"
ဒင်နီ စိတ်မသက်မသာဖြစ်လာသည်။ " ဒါကတော့ကွာ အဲဒီအမျိုးသမီးက အမှိုက်ရှင်းစက်ကို သဘောကျ နေတာ ကိုးကွ"
" အေးလေ၊ ဒါက ထားလိုက်ပါတော့၊ အခု သူက လျှောက်ပြောနေတယ်။ မင်းက သူ့အိမ်မှာ လျှပ်စစ်မီး သွယ်ပေးမယ်လို့ ကတိပေးထားပြီတဲ့။ မကြာခင် အဲဒီစက်ကို ခိုင်းလို့ရတော့မယ်တဲ့ "
ဒင်နီ၏ စိတ်သည် ပို၍ အနျောက်အယှက် ဖြစ်သွားပုံရသည်။ " သူက အဲသလိုပဲ ပြောသတဲ့လား "
" ပြောနေတယ်လို့ ငါ့ကို ပြောကြတာပဲ "
" ငါက လုပ်မပေးပါဘူးကွ "

" တကယ်လို့ ဒီကိစ္စဟာ ရယ်စရာ မကောင်းဘူးလို့ ငါ့စိတ်က ထင်ရင်တော့လည်း ဒီစကားမျိုးတွေ ပြောပြီး ကိုယ့်သူငယ်ချင်း တစ်ယောက် ကို သရော်နေကြတာဟာ ငါ စိတ်ဆိုးသင့်တဲ့ ကိစ္စပေါ့ကွာ၊ ဟုတ်ဘူးလား၊ အခုတော့"
" တကယ်လို့ သူက မီးသွယ်ပေးပါလို့ ပူဆာရင်ကော မင်းဘယ်လိုလုပ်မလဲ" ဟု ဂျီးဆပ်စ်မေရီယာက ကြားဖြတ်မေးသည်။
" မလုပ်ပေးနိုင်ဘူးလို့ ပြောမှာပေါ့ကွ" ဟု ဒင်နီက ဖြေသည်။
ပီလွန်က ရယ်သည်။ " ငါ မင်းအနားမှာ ရှိချင်သကွာ၊ မလုပ်ပေးနိုင်ဘူးလို့ မိန်းမတစ်ယောက်ကို လွယ် လွယ် ကလေး ပြောလို့ရမယ် ထင်သလား"
ဤကိစ္စ နှင့် ပတ်သက်၍ သူ့သူငယ်ချင်း အားလုံးက သူ့ကို ဆန့်ကျင်နေကြပြီဟု ဒင်နီ စိတ်ထဲက သိလာသည်။ " ဒီလိုဆို ငါဘယ်လို လုပ်ရမလဲ" ဟု မေးသည်။

ပီလွန်က ပြဿနာကို အလါန် အလေးအနက်ထားပြီး ဆင်ခြင်သုံးသပ်သည်။ လက်တွေ့ လုပ်နိုင်မည့် နည်းလမ်းများကို ရှာသည်။ " တကယ်လို့ မင်းအမျိုးသမီးမှာ အမှိုက်ရှင်းစက် မရှိတော့ရင် သူ့အိမ်မှာ လျှပ်စစ်မီး သွယ်ဖို့ မလိုတော့ဘူးကွ" ဟု ပြောသည်။
ကျန်လူစု က တညီတညွတ်တည်း ခေါင်းညိတ်ပြကာ ထောက်ခံကြသည်။
" ဒါကြောင့် " ဟု ပီလွန်က စကားဆက်သည်။ " လုပ်ရမှာက အမှိုက်ရှင်းစက်ကို သူ့အိမ်က ဖယ်ရှား ပစ်ရမယ် "
" ဟာ အဲဒါတော့ မလွယ်ဘူး ကိုယ့်လူ၊ သူ့အနေနဲ့ ငါ့ကို စက်ပြန်ယူဖို့ ဘယ်နည်းနဲ့မှ မပေးဘူး" ဟု ဒင်နီက ပြောသည်။

" ဒီလိုဆို ငါတို့က ကူညီမှာပေါ့ကွာ" ဟု ပီလွန်က ပြောသည်။ " စက်ကို ငါသွားယူမယ်၊ မင်းက စက် အစား ၀ိုင်တစ်ဂါလန်ဝယ်ပြီး လက်ဆောင်ပြန်ပေးလိုက်၊ ဒါဆိုရင် မင်းစက် ဘယ်ရောက်လို့ ဘယ် ရောက်သွားမှန်းတောင် သူ သိမှာ မဟုတ်ဘူး"
" ငါတို့ စက်ဝင်ယူရင် အိမ်နီးနားချင်းတွေ မြင်သွားမှာပေါ့ကွ"
" မပူပါနဲ့ ဟု ပီလွန်က ဆိုသည်။ " မင်းက ဒီမှာပဲ အေးအေးဆေးဆေး နေခဲ့ ဒင်နီ၊ စက်ကို ငါ့ဘာသာငါ သွားယူမယ် "
သူ့ပြဿနာကို သူ့သူငယ်ချင်းများက ၀ိုင်း၍ ဖြေရှင်းပေးလိုက်သဖြင့် ဒင်နီမှာ များစွာ စိတ်သက်သာရာ ရသွားသည်။ သူသည် အခုမှပင် သက်ပြင်းချနိုင်လေတော့သည်။

ပီလွန်သည် တော်တီလာဖလက် ရပ်ကွက်အတွင်း၌ ဖြစ်ပျက်နေသမျှကို သိသူဖြစ်၏။ ပြီးတော့ သူ့ မျက်လုံး များက မြင်မြင်သမျှနှင့် သူ့နားများက ကြားကြားသမျှကို သူ့စိတ်က မှတ်သားထားတတ်သူဖြစ် သည်။ နေ့စဉ် မွန်းလွဲပိုင်း အချိန် လေးနာရီခွဲတိတိတွင် ချစ်စရာသည် စတိုးဆိုင်သို့ သွားလေ့ရှိကြောင်း သူ မှတ်သား ထားဖူးသည်။ သို့ဖြစ်ရာ ဤပြဿနာကို ဖြေရှင်းရာ၌ ဤအချက်ကို ထိရောက်စွာ အသုံးချ ဖို့လိုသည်ဟု သူ ချက်ချင်း နားလည်လိုက်သည်။
" ဒီကိစ္စကို ဘယ်လို လုပ်ကိုင်သွားတယ်ဆိုတာ မင်းဘာမှ မသိလေကောင်းလေပဲ" ဟု ပီလွန်က ဒင်နီကို ပြောသည်။

ခြံထဲ၌ ဂုန်နီအိတ်တစ်လုံး အသင့်ရှိနေသည်။ ပီလွန်သည် သူ့ဓားဖြင့် နှင်းဆီကိုင်းကြီး တစ်ကိုင်းကို ခုတ်၍ အိတ်ထဲသို့ ထိုးထည့်သည်။
ချစ်စရာအိမ်တွင် သူ တွက်ထားသည့်အတိုင်း ချစ်စရာမရှိ၊ အိမ်ထဲသို့ ၀င်၍ အမှိုက်ရှင်းစက်ကို ဂုန်နီ အိတ်ထဲထည့်ကာ အပေါ်မှ နှင်းဆီကိုင်းကြီးဖြင့် ကျကျနန ဖုံးရသည့် အလုပ်မှာ ပီလွန် အဖို့ ငှက်ပျော သီး အခွံနွှာစား ရသည်ထက် ပင် လွယ်သေးသည်။
သူ အိမ်ဝင်းထဲမှ ပြန်ထွက်လာသည့်အခါ ချစ်စရာနှင့် ဆုံမိသည်။ ပီလွန်က ခေါင်းမှ ဦးထုပ်ကို ချွတ်ကာ ယဉ်ကျေး သိမ်မွေ့စွာဖြင့် နှုတ်ဆက်သည်။ " တစ်နေ့နေ့ကျမှ လာလည်ဦးမယ်" ဟု သူက ပြောသည်။

" အခု ၀င်ပါဦးလား ပီလွန် "
" အခုတော့ မဖြစ်သေးဘူး၊ မွန်ထရေးမြို့ထဲမှာ လုပ်စရာ အလုပ်တစ်ခုရှိနေလို့ နောက်တောင် ကျနေပြီ"
" ဒီနှင်းဆီကိုင်းကြီး က ဘယ်သွားပို့မှာလဲ"
" မွန်ထရေးမြို့ထဲက လူတစ်ယောက်က ၀ယ်မယ်ဆိုလို့ ယူလာတာ၊ သိပ်မျိုးကောင်းတဲ့ နှင်းဆီအပင် ဘယ်လောက်သန်သလဲ၊ ကြည့်ပါဦး"

" အလည်လာခဲ့ဦးနော် ပီလွန် "
သူ လမ်းမပေါ် လျှောက်လာခိုက်တွင် အိမ်ထဲမှ ပစ္စည်းပျောက်၍ အော်ဟစ်သံမကြားရ၊" ဘယ်နည်းနဲ့မဆို လောလောဆယ်ကတော့ သိမှာ မဟုတ်သေးဘူး" ဟု တွေးသည်။
ပြဿနာ တစ်ဝက်ကတော့ ပြေလည်သွားပြီ။ သို့သော်လည်း ထပ်မံဖြေရှင်းဖို့ တစ်ဝက် ကျန်နေသေး ၏။ " ဒီစက်ပြန်ရရင် ဒင်နီက တကယ်လို့ သူ့လက်ထဲ ပြန်ပေးလိုက်ရင် ချစ်စရာက ဒီစက်ကို ဒင်နီ ပြန် ယူသွားတာလို့ သိသွားမှာပဲ၊ ငါ ဒီစက်ကို လွှင့်ပစ်ရမလား၊ ဘယ်ဖြစ်မလဲ၊ စက်က တန်ဖိုး ရှိနေသေး တာပဲ၊ လုပ်ရမှာက ဒီစက်ကို လက်ထဲမှာ မထားဖို့ဘဲ၊ ဒါပေမယ့် သူ့ရဲ့ တန်ဖိုးကိုတော့ တစ်နည်းနည်းနဲ့ သုံးနိုင်နေသေးတာပဲ "

ဤသို့ဖြင့် ပြဿနာ တစ်ခုလုံးသည် ဖြေရှင်းပြီးဖြစ်သွားသည်။ ပီလွန်၏ခြေထောက်များသည် တောင် ကုန်းပေါ်မှ ဆင်းကာ တော်ရဲလီးဆိုင်သို့ ဦးတည်လျက်ရှိလေသည်။
အမှိုက်ရှင်းစက်သည် စက်ကြီးဖြစ်၍ အရောင်ကလည်းယခုအချိန်အထိ တောက်ပြောင်သစ်လွင်ဆဲ၊ ဘယ်နည်းနှင့်မဆို တစ်မျိုးတစ်ဖုံ သုံးလို့ကတော့ရနိုင်သေးသည်။ ပီလါန်တောင်ကုန်းပေါ်သို့ ပြန် တက်လာသည့်အခါ သူ့လက်တစ်ဖက်တစ်ချက်တွင် ၀ိုင်တစ်ဂါလန်ဝင်အိုး တစ်လုံးစီ ပါလာသည်။

ဒင်နီ၏ အိမ်ထဲသို့ ပီလွန် ၀င်သွားသည့်အခါ သူငယ်ချင်းများက တိတ်တိတ်ဆိတ်ဆိတ်ပင် ဆီးကြိုကြ လေသည်။ ပီလွန်သည် လက်ထဲမှ အိုးများကို စားပွဲပေါ်ချလိုက်သည်။ " မင်း အမျိုးသမီးကိုပေးဖို့ ငါ မင်းအတွက် လက်ဆောင် တစ်ခု ယူလာတယ်" ဟု ဒင်နီကို လှမ်းပြောသည်။ " ဟောဒါကတော့ ငါတို့ အတွက်"

သူတို့သည် တပျော်တပါး ၀ိုင်းဖွဲ့၍ ထိုင်ကြသည်။ အားလုံးရေငတ်လွန်း၍ လည်ချောင်းတွေ ခြောက် ကုန်ပြီ။ ၀ိုင်တစ်ဂါလန်သည် တစ်ခဏ အတွင်းပြောင်သွားသည်။ ပထမတစ်ဂါလန် ကုန်အသွားတွင် ပီ လွန်သည် သူ့လက်ထဲမှ ဖန်ခွက်ကို ဖယောင်းတိုင် မီးရောင်တွင် ထောင်၍ ကြည့်လိုက်သည်။ " အမှန်ကတော့ ဖြစ်လာ သမျှ အဖြစ်အပျက်တွေက အရေးကြီးတာ မဟုတ်ဘူးကွ" ဟု ပြောသည်။ " ဒါပေမယ့် ဖြစ်လာသမျှ အရာရာတိုင်း မှာ ပါလာတဲ့ သင်ခန်းစာကသာ အရေးကြီးတာ၊ အခုကိစ္စမှာ ကြည့်၊ လက်ဆောင်တစ်ခု ပေးတော့မယ် ဆိုရင် ပစ္စည်းရွေးတာမှန်ဖို့ သိပ်အရေးကြီးတယ်။

သိလား၊ အထူးဖြင့် မိန်းမတစ်ယောက်ကို ပေးမယ့် လက်ဆောင်ဟာ နောက်ထပ် နောက်ဆက်တွဲ လက်ဆောင် တစ်ခု ထပ်ဆောင်း ပေးရမယ့် ပစ္စည်းမျိုး မဖြစ်သင့်ဘူး၊ အဲဒါ အခုလောလောဆယ် ဒင်နီရဲ့ အဖြစ် က ပေးတဲ့ သင်ခန်းစာပဲ။ ပြီးတော့ ငါတို့ ထပ်ယူရမယ့် သင်ခန်းစာက လက်ဆောင်ပေးတဲ့အခါမှာ သိပ်ပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတစ်ခုကို လက်ဆောင်အဖြစ် ဘယ်တော့မှ မပေးသင့်ဘူး၊ အဲသလိုပေးတာဟာ ဒုစရိုက်မှု တစ်ခုကို ပြု၇ာရောက်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကပေးလိုက်တဲ့ လက်ဆောင် ပစ္စည်း ကြောင့် ရလာတဲ့ လူမှာ လောဘ၀င်လာရင် ဒါဟာ ငရဲကြီးမှာပဲ မဟုတ်လား"

ဝိုင်တစ်ဂါလန်ကတော့ ကုန်သွားပြီ။ သူငယ်ချင်းများက ဒင်နီ၏ အရိပ်အခြည်ကို အကဲခတ်ကြသည်။ ဒင်နီကတော့ မလှုပ်မချောက်။ သို့သော်လည်း သူငယ်ချင်းများက သူ့ထံမှ တစ်စုံတစ်ခုကို ရလိုသော သဘောဖြင့် မျှော်လင့်စောင့်စားနေကြမှန်း သူ ရိပ်မိနေသည်။
" အမျိုးသမီးက အတော့်ကို တက်တက်ကြွကြွရှိတယ်ကွ" ဟု ရေရွတ်သည်။ " ပြီးတော့ ကြင်ကြင်နာ နာလည်း ရှိတယ်၊ ဒါပေမယ့် ဟာကွာ အသုံးမကျပါဘူး၊ ဒါတွေဟာ အလကားပါ ဒီကိစ္စကို ငါ စိတ်ကုန် ပြီ" သူ သည် ၀ိုင်ဒုတိယအိုးကို ဆွဲယူပြီး အဖုံးကို ဖွင့်လိုက်သည်။

တစ်ဖက်သောထောင့် ခွေးများ၏ အလယ်၌ ထိုင်နေသော ပင်လယ်ဓားပြသည် သူ့အတွေးနှင့်သူ ပြုံးသည်။ အံ့သြ ချီးမွမ်းသော စကားများကို တီးတိုးရေရွတ်သည်။ " ဒါတွေဟာ အလကားပါ။ ဒီကိစ္စကို ငါ စိတ်ကုန်ပြီ" ပင်လယ်ဓားပြ သည် ထိုစကားများကို အလွန်သဘောကျသည်။် " သိပ်ကို ကောင်းတဲ့ စကား" ဟုတွေးသည်။
ဒုတိယ ၀ိုင်အိုးသည် မကြာခင်မှာပင် တစ်ဝက်ကျိုးသွားသည်။ သူတို့လူစု သီချင်းနှစ်ပုဒ် ဆိုပြီးစတွင် ဂျော်နီပွမ်ပွမ် ရောက်လာသည်။ " ကျုပ်တော်ရဲလီးဆိုင်က လာတာ" ဟု ဂျော်နီက ပြောသည်။ " တော် ရဲလီး တော့ အရူးကြီးလို ဖြစ်နေပြီ၊ ဒေါသတွေကြီးပြီး အော်လိုက်ဟစ်လိုက် စားပွဲ ကို လက်သီးနဲ့ ထုလိုက်တာ ဟာဗျာ ဗြောင်းဆန်နေတာပဲ"

အားလုံးက ကြားရသည့် သတင်းအပေါ်တွင် စိတ်ဝင်စားကြသည်။ " တစ်ခုခုဖြစ်လို့ နေမှာပေါ့၊ တော်ရဲ လီး အနေနဲ့ ခံသင့်ခံထိုက်လို့ ဖြစ်လာတာပဲနေမှာပါ"
" ဟာ ဒီကောင်က သူ့ဖောက်သည်တွေကို ၀ိုင်တစ်ခွက် တစ်ဖလားတောင် အလကား ပေးသောက် ချင်တာမှ မဟုတ်ဘဲ"
" တော်ရဲလီး ဘာဖြစ်လို့လဲကွ ဂျော်နီ" ဟု ပက်ဘလိုက မေးသည်။

ဂျော်နီပွမ်ပွမ်က သူ့ကိုတ်သော ၀ိုင်ခွက်ကို လှမ်းယူသည်။ " တော်ရဲလီး ပြောနေတာကတော့ သူ ပီလွန် ဆီက အမှိုက်ရှင်းစက် တစ်လုံး ၀ယ်လိုက်သတဲ့။ အဲဒါ သူ့ဆိုင်က ပလပ်ပေါက်မှာ ထိုးပြီးတွန်းတာ လုံးဝ မသွားဘူး တဲ့၊ ဒါနဲ့ စက်ဖုံးဖွင့်ကြည့်လိုက်တော့ အထဲမှာ မော်တာ မပါဘူးတဲ့၊ သူကတော့ အော်ပြော နေတာပဲ၊ ပီလွန် ကို ငါသတ်မယ်တဲ့ "
ပီလွန် တုန်လှုပ်သွားသည်။ " ဟာ စက်ထဲမှာ မော်တာမပါတာ ငါမသိရိုး အမှန်ပါကွာ၊ တကယ်ပါ" ဟု ပြောသည်။ " ဒါပေမယ့် တော်ရဲလီး ခံသင့်ခံထိုက်လို့ ရလာတဲ့ အပြစ်ဒဏ် တစ်ခုပဲကွ၊ အဲဒီစက်ဟာ ၀ိုင်သုံးဂါလန် လေးဂါလန်တော့ တန်တယ်ကွ၊ ဒါပေမယ့် ကော်တရာ ကပ်စေးနှဲကောင် တော်ရဲလီး က ငါ့ကို နှစ်ဂါလန် ထက် ပိုမပေးဘူး"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၂၄)

"သူသည် ဟိုတယ်တစ်ခုခုတွင် ရောက်နေပုံရသည်။ နောက်ပိုင်းမှ စကားပြောသံတွေ ကြားနေရ သည်။ ရယ်မောသံ တွေ ပေါ်လာသည်။ ဇွန်းသံ၊ ပန်းကန်သံ၊ ဖန်ခွက်သံ တွေ ဝေေ၀စီစီ ဖြစ်နေသည်။
"ကိုယ် အတော် မူးနေတယ်"
"ဇင် လာကြိုပေး ရမလား"
"ဟင့်အင်း ကိုယ်မူးနေတာမြင်ရင် ဇင် မုန်းသွားမိလိမ့်မယ်။ သူငယ်ချင်းတွေကလဲ သိပ် ဂျီကျတတ် ကြတယ်  ဇင်ရဲ့။ ကိုယ်အခု ဖုန်းဆက်တာက ဇင့်ကို သတိရလို့။ ဒီမယ် ဇင် … ဇင့်ကို ကိုယ် ချစ်တယ်။ သိပ်ကို ချစ်ပါတယ် ကွယ်။ ဒါဘဲ ဇင်၊ မနက်ဖြန်မှ တွေ့ကြမယ်နော်"

ဒါပါပဲ။
ဒါနှင့်ပဲ စကားပြောခွက်ကို ချသွားသည်။
ဇင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

နောက်တစ်နေ့ တွေ့ကြတော့ ထုံးစံအတိုင်း စားသောက်ဆိုင်တွင် ဖြစ်သည်။ ညစာစားကြဖို့ လာခဲ့ ကြခြင်း ဖြစ်သည်။ သည်ကနေ့လည်း သူ အရက်အတော်များများ သောက်သည်။ အရှိန်ရနေသည်။ သူ သည်မျှ အရက်သောက် နေခြင်းမှာ အကြောင်းတစ်ခုခုကြောင့် ဖြစ်ပုံရသည်ကို ဇင် တွေးတတ် လာသည်။
သူ စိတ်ညစ် နေသည်။

မထွေးနိုင် မအန်နိုင် ဖြစ်နေသည်။
ဤသည်မှာ ဇင်နှင့် ပတ်သက်သည့်အဖြစ်မှတစ်ပါး အခြား မဖြစ်နိုင်။
ဇင် ကိုယ်တိုင်သည်လည်း မစောင့်ဆိုင်းနိုင်တော့။ လိပ်ခဲတည်းလည်း အခြေအနေကို သည်းမခံနိုင် တော့။
ဇင် စကားစ ရပါတော့သည်။

"ဒီမှာ ကိုယ်၊ ဇင်တို့ ကလေးကစားသလို လုပ်နေကြလို့ မဖြစ်တော့ဘူး"
"ဘာကိုလဲ ဇင်"
"ဘာကို ရမှာလဲ၊ ဇင်တို့ လက်ထပ်ဖို့ကိစ္စ အတွက်ပဲ။ ဇင် ပွင့်ပွင့်လင်းလင်း ပြောမယ်။ ဇင် အပျော်မယား အဖြစ် မခံနိုင်ဘူး။ အမြှောင် အဖြစ် မခံနိုင်ဘူး။ ဒုတိယနေရာက မနေနိုင်ဘူး။ အဲဒီလို ဖြစ်မယ့် အစား ကိုယ့်ကိုယ် ကိုယ်သာ သတ်သေလိုက်မယ်သိလား"

"ဖြည်းဖြည်းပြောပါ ဇင်၊ ဇင့်အနေနဲ့ အားလုံးသိအောင်တောင် ကြေငြာလိုက်ချင်တာ။ ကိုယ့်ဇနီးကို မနေ့က ဖွင့်ပြောတော့မယ်ဆို"
"မနေ့က ကိုယ် သိပ်မူးသွားခဲ့တယ်၊ မပြောဖြစ်ခဲ့ဘူး။ ဒါပေမယ့် ပြောမှာပါ"
ဇင်သည် အတော်ကြီး ဒေါသ ဖြစ်သွားသည်။ အသားသည်ပင် ဆတ်ဆတ်တုန်ချင်လာသည်။

"ခုထိ ပြောပါ့မယ် အဆင့် ပဲ ရှိသေးသလား။ ဒီမှာ ဇင့်ကို လက်ထပ်ချင်တယ်ဆိုတာက ကိုယ်ပါ။ ဇင့်ကို လက်ထပ် ပါရစေလို့ တောင်းဆိုတာက ကိုယ်ပါ။ ခုတော့ ဇင်ကလဲ လက်ထပ်ဖို့ အခွင့်ပေးခဲ့ပြီ၊ လက်ထပ် ပါတော့ လို့လဲ ပြောနေပြီ။ အခြေအနေက နောက်ဆုတ်လို့ မဖြစ်တော့ဘူး ဆိုတာလဲ ကိုယ်အသိ။ ဇင့်ကို လိမ်နေ တာလား၊ လှည့်စားနေတာလား၊ ဒါမှမဟုတ်ကို သတ္တိကြောင် နေတာလား။ အမှန်တော့ ဒီကိစ္စဟာ အခုလောက် ကြာနေဖို့ မကောင်းဘူး၊ မိနစ်ပိုင်းအတွင်းမှာ ပြီးရ မယ့် ကိစ္စပါ"
ဇင်သည် ယခုလို တောင်းဆိုနေရသည့် အဖြစ်ကိုပင် နာကြည်းလာမိသလို ရှိသည်။

"သိပ် အစိုးရိမ်ကြီး မနေစမ်းပါနဲ့ ဇင်။ ကိုယ်က လူကြီးလူကောင်း တစ်ယောက်ပါ။ ဘယ်တော့မှ ကတိ မဖျက်ဘူး ဆိုတာ ယုံ။
သူသည် ဇင့်မျက်နှာကို မကြည့်။ ၀စ္စကီ ဖန်ခွက်ထဲမှာ ပေါလောမျောနေသည့် ရေခဲတုံးကလေးများ ကို ငေးနေသည်။
သူ၏ အေးဆေးနေပုံကို မြင်ရတော့ ဇင် ပို၍ ဒေါသဖြစ်ရသည်။
"ကိုယ် မပြောရဲရင် ဇင့်အနေနဲ့ စာလှမ်းရေးလိုက်ရမလား"
"ဘာဖြစ်လို့ ဒီလောက်တောင် လောနေရတာလဲ ဇင်ရဲ့"

"ဘာဖြစ်လို့ လောနေရတာလဲ ဟုတ်လား။ ဇင့်ဘက်က ပြန်တွက်ကြည့်၊ ဇင့်မှာ အသိုင်းအ၀န်းနဲ့၊ အပေါင်းအသင်းနဲ့။ ဘေးက ပြောကြ ဆိုကြ ကဲ့ရဲ့ကြလွန်းလို့ ဇင့်မှာ နားတွေ အူနေပြီ၊ ဦးနှောက် တွေ ဆူနေပြီ။ အိမ်ထောင်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး၊ ဘွာခတ်လို့ မရဘူး၊ ကိုယ့်မှာ သတ္တိမရှိဘူးဆိုရင် ဇင့်မှာတော့ ရှိရတော့မယ်။ မနက်ဖြန်ကျရင် စာရေးပြီး ပြောလိုက်တော့မယ်"
"ဇင်ကလဲကွယ်"
သူက စိတ်ပျက်သလို ညည်းညူလိုက်သည်။
ဝစ္စကီဖန်ခွက် ကို ကောက်ယူကာ ပါးစပ်မှာ တေ့လိုက်သည်။

တစ်ဘက်က သည်မျှ ပူပူလောင်လောင် ဖြစ်နေပါလျက် သူက အေးအေးဆေးဆေး ရှိနေသည်ကို တွေ့ရသော အခါ ဇင် စိတ်မထိန်းနိုင်တော့။
ဇင်သည် ဖန်ခွက်ကို ပုတ်ချပစ်လိုက်သည်။
ဖန်ခွက် သည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
အစိတ်စိတ် အမြွာမြွာ ကွဲသွားသည်။
အစသော် သူသည် ကြောင်နေသည်။

ပြီးလျှင်တော့ ဇင့်ကို ဒေါသလွှမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့မျက်ဝန်းသည် တောက်ပြောင် နေပြီး မျက်နှာမှာ သွေးရောင်လွှမ်းတတ်နေသည်။ မျက်နှာရှိ အကြောစိုင်များ တင်းမာနေသည်။
ဇင်ကလည်း သည်အတိုင်းပင် ဖြစ်သည်။
သူ့ကို တင်းမာစွာ ပြန်ကြည့်နေလိုက်သည်။
အခြေအနေ သည် ရုတ်ချည်းမှာပင် ပေါက်ကွဲတော့မတတ် တင်းမာလာသည်။
ဇင်သည် စိတ်ထဲမှ သူ့ကို ကြောက်နေသော်လည်း ဟန်ကိုယ်ဖို့ဆိုသလို မျက်နှာပေါ်မှ တင်းမာမှု များကို လျှော့ချ မပစ်ခဲ့။
ဆူဆူညံညံနှင့် ဖန်ခွက်ကွဲသံကြောင့် စားပွဲထိုးက ကောင်ကလေး ပြေးဝင်လာသည်။

"ဘာမှ  ဖြစ်တာ မဟုတ်ပါဘူး၊ မတော်တဆ ဖန်ခွက် ကျကွဲသွားတာပါ"
သူက ကာကွယ်စကား ကို စ၍ ဆိုသည်။
စားပွဲထိုး ကောင်ကလေးက ဖန်ခွက်ကွဲများကို သိမ်းကျုံး ယူငင်သည်။ အခန်းအပြင်သို့ လှည့်ထွက် ပြီး အပေါက်ဝ သို့ အရောက်တွင် နောက်မှ ခေါ်သံကြောင့် ခြေလှမ်းတုံ့သွားသည်။
"တယ်လီဖုန်း သုံး လို့ ဖြစ်မလား"
"ဖြစ်ပါတယ် ခင်ဗျာ့"
"ဟုတ်ပြီ"
သူသည် အိတ်အတွင်းမှ စာရွက်အလွတ် တစ်ခုကို ထုတ်ယူသည်။

ဘောလ်ပွိုင့်ဖြင့် ဂဏန်းခြောက်လုံးကို ရေးချလိုက်သည်။
ဇင်က သူ့အပြုအမူကို စောင့်ကြည့်နေသည်။
သူ၏ မျက်နှာမှာ တင်းမာဆဲ ဖြစ်သော်လည်း သည်တစ်ခါ တင်းမာမှုမှာ သိန္နိဌာန်ကြောင့် ဖြစ်ကြောင်း ဇင် သဘောပေါက် မိသည်။
"ကောင်းပြီ ဇင် မြိုင့်ကို ဇင်ကိုယ်တိုင်ပဲ ပြောမယ် ဟုတ်လား။ ဒါကိုယ့်အိမ်ရဲ့ တယ်လီဖုန်းနံပါတ်ပဲ။ အခုချိန် ဆိုရင် မြိုင် တယ်လီဖုန်းဘေးမှာ ရှိနေမှာပဲ"
ဇင်သည် စာရွက်ဖြူပေါ်မှ ဂဏန်းခြောက်လုံးကို ကြည့်ကာ ငိုင်နေသည်။
စိတ်ထဲမှာ အပြင်းထန်ဆုံး လှုပ်ရှားနေသည် အမှန်ပင်။

"ဇင် ပြောတာ မှန်ပါတယ်၊ မြိုင့်ကို ဖွင့်ပြောဖို့သတ္တိ ကိုယ့်မှာ မရှိတာ အမှန်ပါပဲ။ မြိုင်နဲ့ ပတ်သက်ပြီး  ကိုယ်ပြောခဲ့တဲ့ စကားတွေ အနက် အမှန်တွေ ပါသလို မုသား တစ်ချို့လဲ ပါခဲ့ပါတယ်။ ကိုယ်တို့ အိမ်ထောင်ရေး ဘ၀ဟာ သေနေခဲ့ပြီ ဆိုတာတော့ အမှန်ပါ။ ညိုမာ့ကို မွေးဖွားပေးခဲ့ပြီးကတည်းက သူ့မှာ နှလုံးရောဂါ ရှိနေတယ် ဆိုတာ သိခဲ့ရတယ်။ သာယာမှု ပေးနိုင်စွမ်းမရှိတဲ့ အိမ်ထောင်သည် တစ်ယောက် အနေ နဲ့ သူဟာ ကိုယ်က ဘယ်နေ့ကွာရှင်းခွင့်တောင်းမလဲဆိုတာကို တထိတ်ထိတ်နဲ့ စောင့်နေခဲ့ရရှာတယ်။ မြိုင်ဟာ ကိုယ့်ဘ၀ ကို ပြုစုပျိုးထောင်ပေမယ့် ကိုယ့်အပေါ် မမောက်မာခဲ့ရှာ ပါဘူး။ ထဘီရေသီနား ခိုစားတဲ့ အဖြစ်မျိုး မဖြစ်ခဲ့ပါဘူး။

ဒါကို ဇင့်ရှေ့မှာ ကိုယ်ပြောပြမိတာ ကတော့ စည်းရုံးရေး သက်သက်အတွက် သာ ဆိုပါတော့၊ ကိုယ်ဟာ ငယ်ရွယ် ပါသေးတယ်၊ ကျန်းမာသန်စွမ်းပါသေးတယ်၊ အိမ်ထောင်သုခ ရချင်သေးတယ်။ ဇင့်ကို ကိုယ် တကယ်ချစ်ပါတယ်၊ လက်ထပ်ချင်တယ်။ ဘ၀တစ်ခုကို ပြန်ပြီး အစပျိုးချင်တယ်။ ဒါပေမယ့် မြိုင့်ကို ကိုယ် သနားတယ်။ မြိုင်ဟာ စောစောက ပြောသလို ကရုဏာသက်စရာ ကောင်းတဲ့ မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် အခုတော့ ကိုယ့်ဘက်က ၀တ္တရားကျေခဲ့ပြီလို့ အောက်မေ့ပါတယ် ဇင်။ ဘာကြောင့်လဲဆိုတော့ ညိုမာ့ ကို မွေးဖွားပြီးတဲ့နောက် ဆယ်နှစ်လုံးလုံး ကိုယ်သည်းခံနေခဲ့တယ်။ စည်းစောင့်ခဲ့တယ်။ ဒါဆိုရင် မြိုင့်ဘက် ကလဲ ကျေနပ်သင့်လောက်ပြီလို့ ထင်တယ်။ ကိုယ့်ကို ကွာပေးပါလို့တော့ ကိုယ့်ပါးစပ်က မပြောရက် နိုင်တာ အမှန်ပါ"
စကားအဆုံးအတွင် နှစ်ယောက်လုံး ငြိမ်နေကြသည်။

တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေမိကြသည်။
ဇင်၏ စိတ်ထဲမှာ တွေဝေသွားသည်။
ထိုင်းမှိုင်းသွားသလို ခံစားရသည်။
ဒေါ်ခင်မြိုင် ကို ကရုဏာမသက်ဘဲ မနေနိုင်။ ဦးတင်မောင်သန့်ကိုလည်း စာနာမိသည်။
သို့ပေမယ့် … ဇင် ဘာလုပ်ရမလဲ။
ဇင်သည် သေရေးရှင်ရေးတမျှ အရေးကြီးသော အဆုံးအဖြတ်ကို ပြုရပေတော့မည်။
ဇင်သည် နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်လိုက်သည်။

ထိုင်ရာမှ ထရပ်လိုက်သည်။
စာရွက်ပိုင်းကလေးကို ကောက်ယူလိုက်သည်။
ဇင် တယ်လီဖုန်းရှိရာသို့ လာသောအခါ သူသည် နောက်မှ လိုက်လာခဲ့သည်။ စာရွက်ပိုင်းတွင် ပါသော နံပါတ်ခြောက်လုံး ကို သိသိသာသာ တုန်ယင်နေသောလက်ဖြင့် လှည့်လိုက်သည်။
ဦးတင်မောင်သန့် သည် လည်ပတ်နေသော ဒိုက်ကွက်ကို မျက်ရည်အ၀ဲသားနှင့် စိုက်ကြည့်နေ သည်။

ယခု တော့လည် ဇင်သည် မိမိကိုယ်မိမိ ပဆစ်ဝိုင်း တစ်ဝိုင်းမှာ ပါဝင်လာရပြီဟု ထင်သည်။ အဓိက ယှဉ်ပြိုင် ကစား ရမည့် လက်ရွေးစင်တစ်ယောက် ဖြစ်လာခဲ့ပြီ။
ပထမတစ်ကြိမ်တုန်းကတော့ ဇင်သည် ပေါ့လျော့ခဲ့သည်။ ပြိုင်ဘက်ကို အထင်သေးခဲ့သည်။ ထို့ကြောင့် လည်း ထို ပွဲ တွင် ဇင် မရှုမလှ အရေးနိမ့်ခဲ့သည်။
ယခုတော့ ပေါ့၍ မဖြစ်။
အထင်သေး၍ မဖြစ်။
ဇင့်မှာ အရှုံးခံနိုင်စွမ်း မရှိတော့ပြီ။

ပဆစ်ဝိုင်းမှာ ထိုင်မိမှတော့ ပဆစ်ကစားသူတို့၏ ထုံး ကို နှလုံးမူရတော့မည်။
ပဆစ်ကစားနည်းဆိုသည်က အခြား ကစားနည်းတွေထက် ရက်စက်သည်။ ကျားတစ်ကောင်ဆုံး လျင် တစ်မြုံ လုံး ဆုံးရှုံးရခြင်း ဖြစ်သည်။
"အထိုင်" အိမ်မှာ မြဲဖို့နှင့် "ကျစ" မထောင်မိအောင် ကြိုးစားရမည်။
သည်ကစားနည်း၏ အဓိကမှာ အကွက်များများ "ပြေး" ဖို့ထက် တစ်ဘက်က ကျားကို "သတ်" ဖို့က အရေးကြီး ဆုံး ဖြစ်သည်။
ကိုယ်က သတ်နိုင်ပါမှ။

မသတ်လျှင်တော့ ကိုယ်အသေ၊ ကိုယ်အရှုံး။
ပဆစ်ဝိုင်းမှာ …
သနား၍ မရ။
ညှာ၍မရ။
ကြင်နာ၍ မရ။
ကရုဏာထား၍ မရ။
ပဆစ်ဝိုင်း ရောက်မှ တော့ ပဆစ်ကစားသမား ၏ အသည်းနှလုံး အတိုင်း ကျင့်သုံးရတော့မည်။

သည်တော့ ဇင်သည် မိမိကိုယ်ထက် မည်သူ့ကိုမျှ ကရုဏာ မပွားနိုင်တော့ပါ။ ညှာတာမနေနိုင် တော့ပါ။ နောက်ဆုတ် ၍ မရနိုင်တော့ပါ။
လက်ထဲမှ တယ်လီဖုန်းခွက်သည် ရှိရင်းစွဲထက် လေးလံလာသည် ထင်မိသည်။  လျှောထွက်သွား တတ်သော အရာ အလား တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
တစ်ဘက်မှ စကားပြောခွက်ကို ကောက်ယူလိုက်ဟန်နှင့် အသံပေါ်လာသည်။
"ဟယ်လို x x x"
"ဟယ်လို x x x"
"ဒေါ်ခင်မေမြိုင်ပါလား x x x"
"ကျွန်မ x x x ကျွန်မနာမည် မသက်ဇင်ပါ။ x x x အစ်မကြီးနဲ့ တိုက်ရိုက်တွေ့ရတာ ၀မ်းသာပါ တယ် x x x။ ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ် x x x အစ်မကြီး ရဲ့ ခင်ပွန်း ဦးတင်မောင်သန့် နဲ့ ပတ်သက် လို့ပါပဲ x x x သူ အခု ကျွန်မနဲ့အတူ ရှိနေပါတယ် x x x သူကဘဲ တယ်လီဖုန်း အဆက်ခိုင်းတာပါ x x x မသက်ဇင် သည် အတန်ကြာ ဆိုင်းသွားသည်။ ညည်းညူ သလို၊ သက်ပြင်းရှိုက်သလို အသံအနေအထားနှင့် ပြောလိုက်သည်။ "သူ … သူက အစ်မကြီးကို ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ x x x ပြီးရင် ကျွန်မ … နဲ့ … လက်ထပ် ချင် ပါတယ်တဲ့ x x x"
 
"အပိုင်းနှစ် ဒေါ်ခင်မေမြိုင်၏ ဆယ်စုနှစ်များ"

    ဓူဝံကြယ် မြေမှာ ခကြွေ
    ကောင်းကင်မှာ နေလတွေ ကွယ်စေ
    မြမြင့်မို ပြိုအက်ကာကြွေ …
    သွေကွယ်မယ်စိတ်ဝယ်မသွေ
    ချစ်တဲ့သူ အမူတုန်းကလေးက
    တိမ်စင်လနယ် အလှကြွယ်ရှာပေ
    ကြာကြာနေ မရိုးတဲ့အပြင်
    ဆထမ်းပိုးတိုးတဲ့ အချစ်တွေ
    ကမ္ဘာမြေ သင်္ချေလဲတောင်
    မခွဲပေါင် တောင်းဆုကိုခြွေ
    သက်ဝေ … ချစ်မက်မပြေပါလေ …

ပြည်လှဖေ-မေရှင်
(ခေတ်ဟောင်းတေးပုဒ်)


တစ်စုံတစ်ယောက်သည် မြစ်ကမ်းနား၌ ထိုင်ကာ မြစ်အတွင်း စူးစိုက်ကြည့်နေခဲ့မည်ဆိုလျှင် မြစ်အတွင်း စီးဆင်းသွားသည့် အလျင်မပြတ်သော ရေစီးကြောင်းကို မြင်ရမည်။ အမှိုက်သရိုက်နှင့် ဗေဒါများ မျောပါ သွားသည်ကို တွေ့ရလိမ့်မည်။ သင်္ဘောမှအစ လှေသမ္ဗာန်များ စုန်ဆန် ကူးခတ် သွားသည်ကိုလည်း တွေ့ရ လိမ့်မည်။
သို့သော် … မြစ်ရေအလျဉ်သည် ဘယ်နေရာမှ အစပျိုးကာ ဘယ်နေရာတွင် မြစ်ကျဉ်းနှင့် ဆုံပြီး၊ ဘယ် နေရာ မှာ မြစ်ပြင်ကျယ်ကာ ဘယ်နေရာမှာ လှိုင်းတံပိုးထခဲ့သည်ကိုမူ သိချင်မှ သိရပေလိမ့် မည်။
အိမ်မှုကိစ္စ တွေ၊ လင်မှုသားမှုတွေနှင့် ရှုတ်ပွနေသော မြိုင်တို့လို အိမ်ထောင်သည် မိန်းမ တစ်ယောက် အဖို့ မှာမူ ခေတ် ကို ကြည့်မြင်ရာ၌ မြစ်ကမ်းပါးမှနေ၍ မြစ်အတွင်း ထိုင်ကြည့်နေခဲ့ရ သည့် သူလိုသာ ဖြစ်သည်။

ဆယ်စုနှစ်များသည် မိမိရှေ့မှ မျောပါစီးဆင်းသွားသည့် ရေအလျဉ်သာ ဖြစ်သည်။ မိမိအား ဖြတ်သန်း သွားကြ သည့် အမှတ်မထင်သော အရိပ်များသာ ဖြစ်သည်။

ကျွန်မ နာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကား တစ်ချို့ ရှိပါတယ် x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူအခု ကျွန်မနဲ့ အတူရှိနေပါတယ် x x x သူက အစ်မကြီးကို ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ x x x ပြီး … ကျွန်မနဲ့ လက်ထပ်ချင်ပါတယ်တဲ့ x x x
ယင်းစကားစုများ ကို ဒေါ်ခင်မေမြိုင်သည် အိပ်မက်ထဲမှာ ကြားလိုက်ရသည်ဟု ထင်သည်။
ချိုသာ နူးညံ့သော မိန်းမသံတစ်ခု ဖြစ်သော်လည်း နားမှာ ခါးသီးပူလောင်သွားသည် ထင်မိ၏။
တစ်ဘက် မှ စကားပြောခွက်ကို အလျင်ချသွားသည်။ တယ်လီဖုန်းလိုင်းမှာ အသံ တိတ်သွားသည်။

"ဟယ်လို" ခေါ်လိုက်မိသေးသည်။ သို့သော် တစ်ဖက်ကသာ စကားဆက်ပြောခဲ့မည်ဆိုလျှင် စကားသံ များ ကို မိမိ ကြားနိုင်စွမ်း ရှိလှမည် မဟုတ်ကြောင်း သိနေသည်။
မီးခိုးရောင် တယ်လီဖုန်းခွက်ကို ၎င်း၏ ပုခတ်ချိတ်အပေါ်သို့ ပြန်ချထားလိုက်သည်။
အဘယ်ကြောင့် မှန်းမသိ။ မြိုင် သည် အစဉ်လို မှေးမှိန်သော အရောင်များကို နှစ်ခြိုက်လေ့ ရှိသည်။ မီးခိုးရောင် ကတော့ အနှစ်ခြိုက်ဆုံး ပေါ့။ အပြာနုနုတွေ၊ ဖက်စိမ်းနုနု တွေ၊ ခရမ်းနုနု ကလေးတွေ ဆင်ယင် လေ့ ရှိသည်။ အိမ်မှာ ခန်းဆီးတွေ၊ ဆိုဖာအဖုံး တွေဆိုလျှင်လည်း သည်အရောင်ချည်း။
တစ်ချို့ ကတော့ မြိုင်၏ အိမ် အဆင်အယင်ကို အလွန်နှစ်ခြိုက်မိသည်ဟု ဆိုကြသည်။
"မြိုင့်အိမ်ထဲ ၀င်လိုက်ရင် အေးချမ်းသွားတော့တာပဲကွယ်" ချီးကျူးသည်။

တစ်ချို့အဖို့ကတော့ တကယ်စိတ်ပါလက်ပါရှိ၍ ဖြစ်ကောင်း ဖြစ်မည်။ တစ်ချို့ကတော့ မြှောက်ပင့် ပြောခြင်း သာ ဖြစ်မည်။
သို့သော် အားလုံးက တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြသည်မှာတော့ မြိုင်သည် အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်သည်ဆိုခြင်းပင်။
မြိုင်သည် တစ်ပတ် တွင် ခန်းဆီးနှင့် ဆိုဖာဖုံးများကို သုံးကြိမ်လဲနေကျ။
အိမ်ကြမ်းပြင်များသည် ထာဝစဉ် ပြောင်လက်နေပြီး သဲတစ်ပွင့်၊ အမှိုက်တစ်စ မမြင်ရတတ်ပေ။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း စသည်တို့တွင် ပစ္စည်းများကို နေရာချထားရာ၌ အစီအစဉ် စနစ်တကျ ရှိသည်။ သူ့နေရာ နှင့် သူ ကြည့်ကောင်းလှသည်။

အလှစိုက် ပန်းအိုးတွေမှာ အစဉ်လို ပန်းများ ဝေေ၀ဆာဆာ ရှိနေတတ်သည်။ ပန်းအလှပြင် ပညာ ကို တကူး တကန့် မသင်ယူခဲ့ပေမည့်လည်း လူတွေက ဂျပန် ပန်းအလှပြင်ဆရာမ၏ လက်ရာများ နှင့် နှိုင်းယှဉ် ပြောတတ် ကြသည်။
တစ်ခါတစ်ရံတွင် မြိုင်တို့ အသိမိတ်ဆွေများအား ထမင်း ဖိတ်ကျွေးကြသည်။ မြိုင်၏ လက်ရာ ကို ခံတွင်း တွေ့ သွားကြသည်သာ ဖြစ်သည်။ အထူးသဖြင့်တော့ ကိုကို့ သူငယ်ချင်းများ၏ အရက်ဝိုင်း တွင် မြိုင်စီစဉ် ပေးသော အမြည်း များ မှာ လက်ရာမြောက်လှသည်ဟု အဆို ရှိသည်။

"ခင်ဗျားဟာ တကယ့် အိမ်ရှင်မကောင်းတစ်ယောက်ကို ရထားတာပဲ ဦးတင်မောင်သန့်"
လူတို့ အားကျ ချီးမွမ်းကြသည်။
မှန်ပါသည်။ မြိုင်သည် အိမ်ရှင်မကောင်းတစ်ယောက်သာ ဖြစ်ပါသည်။ အိမ်နှင့် အချိန်ကုန်နေရ သော မိန်းမ တစ်ယောက် သာ ဖြစ်ပါသည်။ မြိုင်ဘ၀၊ မြိုင့်ပတ်ဝန်းကျင်သည် အိမ်ပဲ ရှိသည်။
မြိုင့် တွင် ခင်တွယ်စရာဟူ၍ အိမ်ပဲ ရှိတော့သည် မဟုတ်လား။
သူတို့ မြိုင့်ကို အိမ်အပြင်ပ သို့ ခေါ်ထုတ်မသွားကြသည်မှာ ကြာပြီ။
မြိုင်သည် တစ်ချက် ရှိုက်လိုက်လေသည်။ လိမ့်လျှောကျလာသည့် မျက်ရည်ကို လက်ကိုင်ပ၀ါနှင့် တို့ယူ လိုက်သည်။

အချိန်က ရှစ်နာရီခွဲသာ ရှိသေးသည်။ အိမ်ဖော်များကို အနားပေးထားခဲ့ပြီး မြိုင်ကိုယ်တိုင်ကတော့ အိပ်ရာထဲ သို့ ရောက်နေရပေပြီ။ တယ်လီဖုန်းကို ခုတင်ခေါင်းရင်း မီးအုပ်ဆောင်းတင်သည့် စားပွဲမှာ တင်ထားသည်။
ကိုကို့ ထံမှဖြစ်စေ၊ သမီး ထံမှဖြစ်စေ တယ်လီဖုန်းခေါ်ခဲ့လျှင် အလွယ်တကူ ပြန်ထူးနိုင်အောင် ဖြစ်သည်။ သို့မဟုတ်    ကိုကို အရက်မူးလွန်ပြီး ကားချင်းတိုက်မိ မှာ၊ ကားမှောက် မှာ၊ ကလပ် သို့မဟုတ် ဟိုတယ် သို့မဟုတ် စားသောက်ဆိုင် တွေမှာ ရန်ဖြစ်မှာ ကို သတင်းရနိုင်ရန် ဖြစ်သည်။
သို့မဟုတ် သမီးညိုမာ အန္တရာယ် တစ်စုံတစ်ရာ နှင့် ကြုံရမှာ၊ သူငယ်ချင်း အိမ်မှာပဲ အိပ်လိုက်တော့ မယ် ပြောလာ မှာကို စောင့်နားထောင်ဖို့ ဖြစ်သည်။

သည်အလေ့အကျင့် ကို မြိုင်နှစ်ပေါင်း အတော်ကြာကပင် ရခဲ့သည်။ သည်တာဝန် ကို မနှစ်ခြိုက်ပါ ဘဲလျက် အပ်နှင်း ခံထားရသည်။ မြိုင့်အဖို့ တစ်ခြားလုပ်စရာ များများစားစား ရှိလှသည်လည်း မဟုတ်ပါ။
အစ ကတော့ မြိုင့်တွင် ထမင်းဝိုင်း မှာ လူစုံမှ ညစာစားတတ်သော အလေ့အကျင့် ရှိခဲ့သည်။ ယခု တော့ ထမင်းဝိုင်း တွင် ကိုကိုနှင့်ရော သမီးနှင့်ပါ မျက်နှာချင်း မဆိုင်မိကြသည်ပင် ကြာပြီ။ ကိုကိုက အိမ်တွင် စားသောက်လေ့ မရှိလှပေ။ မိတ်ဆွေ တွေ အပေါင်းအသင်း တွေ နှင့် ဟိုတယ် မှာသာ စားလေ့ရှိသည်။

သမီးညိုမာကတော့ သူငယ်ချင်းအိမ်မှာ ကြုံသလို စားသည်။
သည်တော့ မြိုင်သည် ထမင်းကို စောစောစား ဖြစ်သည်။ ဆရာဝန် က အဆာမခံရန် တိုက်တွန်း ထားသည်။ မြိုင် ၏ ထမင်းဝိုင်း သည် ဟင်းအမယ် အဘယ်မျှ စုံစေကာမူ ငြိမ်သက်တိတ်ဆိတ်ကာ ခြောက်သွေ့နေမြဲ ဖြစ်သည်။
ထမင်းစားပြီး ပန်းခြံထဲ ခဏတစ်ဖြုတ် လမ်းလျှောက်ရင်း၊ ပန်းပင်ပန်းအိုးတို့ကို အညောင်းအညာ ပြေ ပြုပြင် ရင်း အမှောင်သန်း လာတော့သည်။
မြိုင်သည် ဘုရားဆောင်သို့ ရောက်လာသည်။ သောက်တော်ရေချမ်း ကပ်သည်။ ဘုရားရှိခိုးသည်။ အမျှအတန်း ဝေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 1, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၁၈)

(၁၁)
အရူး၏သစ္စာ

ဆရာတို့သွားလေရာကိုကြည့်ရင်း ကျွန်တော်တစ်ယောက် ငိုခဲ့ပါ၏။ သို့ရာတွင် နောက် တစ်နေ့၌ ကျွန်တော် တို့တစ်ရွာလုံး ငိုပွဲဆင်ကြရသည်။
ဆရာ၏ အမှာစကား အတိုင်း ရွာရှိအပျိုအားလုံး ကန်မကြီး၊ ဥသျှစ်ပင်စသော တစ်ပါးရွာများ ကို ညတွင်းချင်း ရှောင်ရှား ကုန်ကြသည်။ ကြေးရေတတ်တို့လည်း တစ်အိမ်ထောင်လုံးလို လို လှည်းကိုယ်စီဖြင့် ပြေးကြ သည်။

မပြေးနိုင် မပြေးသာသူတို့သာ ဒုက္ခကြမ္မာကို ရောက်လာမည်မှန်းသိလျက် ပင့်သက်ရှူ အံ ကြိတ်ရင်း စောင့်မျှော်နေကြရသည်။
စောင့်မျှော်နေကြသည့် အတိုင်းလည်း နောက်တစ်နေ့ ဆွမ်းခံချိန်၌ တစ်ရာခန့်ရှိသော ဂျပန်စစ်တပ်သည် ကျွန်တော် တို့ရွာကို ၀ိုင်းတော့သည်။
မြင်သမျှ လူ ကို ရိုက်သည်။ တွေ့သမျှလူကို စစ်သည်။ ရှိသမျှအိမ်ကို ရှာသည်။

သူတို့မွှေလို့အားရမှ နီပွန်တပ်မတော်ကို အာဏာဖီဆန်သောရွာအား ထိုက်ထိုက်တန်တန် ဆုံးမ တော့သည်။
ဂျပန်တို့သည် ရွာကိုမီးတင်ရှို့သည်။ ရွာတစ်ဝက်ပြောင်၏။
ကျွန်တော်တို့၏ လောကဓာတ်ကျောင်းကိုလည်း မီးတင်ရှို့ရာ ကျွန်တော်တို့ကျောင်းတွင် မက သိမ်တစ်ခု နှင့် ဦးလေးပုကြီး ၏ ကျောင်းပျက်တစ်ခြမ်းပါ ပါသွားတော့သည်။
ဂျပန်တို့ ပြန်သောအခါ ရွာရှိလူကုန်သည် မီးလောင်ပြင်ကိုကြည့်၍  ငိုသူငို၊ အံကြိတ်သူ ကြိတ်နှင့် ဖြစ်နေကြ သည်။ ငိုသူရော အံကြိတ်သူရော အားလုံး၏နား၌ ဆရာကိုအုန်းဖေ ပြောခဲ့သော စကားသည် ပဲ့တင်ထပ် နေ၏။

"တစ်ခုတော့ ကျုပ်မှာခဲ့မယ်၊ ဒီဂျပန်ကောင်တွေကို တစ်နေ့ ဗမာတစ်မျိုးသားလုံး ခံချလိမ့် မယ်၊ အဲဒီ အချိန် မတိုင်ခင် လိမ်လိမ်မာမာ စည်းစည်းရုံးရုံးနေကြ"
ကျွန်တော့်အဘသည် မီးလောင်ပြင်ကိုကြည့်ရင်း အံကြိတ်နေသည်။ သူကြီးကမူ ပေါ်မလာ။ ရွာသူရွာသား အားလုံးက မျက်နှာငယ်များဖြင့် အဘထံ ၀ိုင်းလာကြသည်။
အဘ သည် ဆို့နင့်သောရင်ကို မျိုသိပ်၍ သူတို့အား စကားပြောသည်။

"ရွာသူရွာသားတို့ ၀မ်းလည်မနည်းကြနဲ့၊ အားလည်းမငယ်ကြနဲ့၊ တစ်ချိန်တုန်းက ကျုပ် တို့ရွာကို ကုလားဖြူတွေက ဒီလိုပဲ မီးတင်ရှို့ခဲ့ဖူးတယ်၊ ဟုတ်တယ်မဟုတ်လား"
ရွာသူရွာသားများက ဖြိုင်ဖြိုင်ညီညီ လက်သီးလက်မောင်းတန်း၍ အော်ကြသည်။
"ဟုတ်တယ်…ဟုတ်တယ်…ဟုတ်တယ်"
အဘသည် ကြေကွဲမှုနှင့် ဒေါသရောသော သူတို့အသံများ ငြိမ်သည်အထိ စောင့်ပြီးမှ စကား ဆက်ပြော သည်။

"ကျုပ်တို့ရွာ မီးရှို့ခဲ့တဲ့ ကုလားဖြူတွေ ဒီနေ့မရှိတော့ဘူး၊ ကျုပ်တို့ရွာတော့ ရှိသေးတယ်"
တက်ကြွ နေသော ရွာသူရွာသားများက သံပြိုင်အော်ကြသည်။
"ရှိနေသေးတယ်…ရှိနေသေးတယ်"
အဘ သည် ရွာသူရွာသားများအား စူးစိုက်ကြည့်ရင်း အဓိပ္ပာယ်ရှိရှိဆိုသည်။
"ဒီတော့…ကျုပ်တို့ တစ်ခုပြောမယ်၊ သဘက်ခါမှာ ဒီမီးလောင်ပြင်ပေါ်မှာ အိမ်တွေပြန် ဆောက်ရမယ်၊ ဒါပဲ"
အဘ သည် စကားတိုတိုဖြတ်၍ လူအုပ်ကြားထဲမှ ထိုးထွက်သွားသည်။

အဘစကားကို လူတိုင်းလိုက်နာကြသည်။ နောက်တစ်နေ့နံနက်၌ လှည်းရှိသူတို့က လှည်းပေးကြသည်။ လှည်း မရှိသူတို့က လုပ်အားစိုက်ကြသည်။ လုပ်အားမစိုက်နိုင်သော ကြေးရေတတ်တို့က ငွေကြေးနှင့် ထမင်းထုပ် များ ထောက်ပံ့ကြသည်။ သူကြီးဦးသာဇံကြီး ပင် မနေရဲ၊ ကျွန်တော်တို့ တစ်ရွာလုံး ရိုးလေး တွင်ဝင်၍ သစ်ခုတ်သူကခုတ်၊ ၀ါးခုတ်သူက ခုတ်၊ အင်ဖက်ခူးသူကခူး၊ ကိုယ်တာဝန် ကိုယ်ကျေပွန်စွာ လုပ်ကြ၏။

မီးရှို့သူတို့ ရှို့ကြပါစေ၊ သို့ရာတွင် ဤတောဤတောင် ဤမြေရှိသမျှ အိမ်ဆိုတာလည်း ဖြစ်ရမည်။ အဘ ပြောသကဲ့ သို့ ကျွန်တော်တို့ရွာသည် ရှိရမည်။
အဘ သတ်မှတ်ခဲ့သည့်အတိုင်း တစ်ရက်ကျော်သောအခါ မီးလောင်ပြင်၌ အိမ်အသီးသီး ပြန်ပေါ်ခဲ့သည်။ ကျွန်တော် ၀မ်းနည်းဆုံးမှာ သွပ်မိုးကျွန်းကာ နှင့် ကျွန်တော်တို့၏ ကျောင်း ကြီးကို ပြန်မဆောက် နိုင်တော့ခြင်းပင်ဖြစ်သည်။ ကျောင်းကို ပြန်ဆောက်၍လည်း မထူး တော့။

ကျွန်တော်တို့တစ်ကျောင်းလုံး၌ ဆရာနှစ်ဦးသာ ရှိခဲ့ဖူးသည်။ ဆရာကိုအုန်းဖေနှင့် ဆရာကိုကြင်ခဲသာ ဖြစ်သည်။ ဆရာကိုအုန်းဖေ မရှိသည့်နောက် ဆရာကိုကြင်ခဲသည် ဤကျောင်းကို မည်သည့်နည်းနှင့်မျှ ဆက်လက်မထောင်နိုင်၊ တစ်ချောင်ချောင်တွင်မှိုင်း ရင်း ရွာပျက်ရတုပိုဒ်စုံကြီး တစ်ပုဒ်များ စပ်နေမည်လား မပြောတတ်။
ဤသို့ဖြစ်ပျက်ပြီး သုံးရက်ခန့်အကြာ၌ ကျွန်တော်သည် ဦးလေးပုကြီးနေသော ကျောင်း ပျက်ကြီးဆီ ထွက်ခဲ့ သည်။

ယခင်က ဦးလေးပု၏ကျောင်းကြီးသည် ယိုင်နေယွင်းနေ ဆွေးနေပါ၏။ သို့ရာတွင် ကျောင်းဟူ၍ မှတ်မိ နိုင်သော ပုံသဏ္ဌာန်၌ ရှိသေးသည်။
ယခုမူ တစ်ခြမ်းမီးလောင်ထားသဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

ဤကျောင်းပျက်ကြီးအပေါ်၌ ဦးလေးပု အလွန်သံယောဇဉ်ကြီး၏။ အကြောင်းမှာ ဤရွာ၌ ဦးလေးပု သောင်တင် ကတည်းက ဤကျောင်းပျက်ကြီးသည် ဦးလေးပုတစ်ဦးတည်း အပိုင်စားသော ရွှေနန်းတော်ကြီး ဖြစ်ခဲ့သည်။ ဤရွှေနန်းတော်ကြီး မီးခချိန်၌ ဦးလေးပု တစ် ယောက် သောကမီးလောင်နေမည်လော မပြောတတ်။ သို့ရာတွင် ကျောင်းပေါ်သို့ ကျွန်တော်ရောက်သောအခါ ကျွန်တော့်အတွေးတို့သည် တက်တက်စင် မှားကြောင်း သိရ သည်။

ခြကိုက်နေသော သေတ္တာအပျက်ကြီးဘေး၌ ကုပ်ကုပ်ကုပ်ကုပ်နှင့် ဦးလေးပုသည် အလုပ် ရှုပ်နေ၏။ မည်မျှ အလုပ်ရှုပ် သနည်းဆိုသော် ကျွန်တော် တက်လာသည်ကိုပင် သူသတိ မမူမိ။
ဦးလေးပုသည် ဂုံနီအိတ်ကြီးတစ်ခုတွင်းသို့ ပစ္စည်းများ ထိုးသွင်းထည့်နေသည်။ ခါတိုင်းကဲ့ သို့ ဥသျှစ်သီး များ ချည်းမဟုတ်၊ ဥသျှစ်သီးများလည်း ပါသည်။ ငှက်ပျောဖီးများလည်း ပါ သည်။ ငါးရံ့ခြောက်များလည်း ပါသည်။ အမဲခြောက်များလည်း ပါသည်။ ကျွန်တော်ကပ် သွားချိန်၌ ဦးလေးပုသည် ဆန်တစ်ပြည်ခန့်ကို ဂုံအိတ် တွင်း သို့လောင်းထည့်ရန် ကြိုးစား နေသည်။ အရေးထဲ ဂုံအိတ်က အစနှစ်ခုပူးနေ၍ ဦးလေးပု ၌ အခက်အခဲ တွေ့နေ၏။

"ဦးလေးပု…ဘာလုပ်နေတာလဲ"
ဦးလေးပုသည် ထိတ်လန့်တကြား ကျွန်တော့်အား ပြန်ကြည့်သည်။ မည်သို့မျှတော့ စကားမပြန်နိုင်။ ကျွန်တော် က ဂုံနီအိတ်အစနှစ်ခု ဖြဲပေးသည်။ ဦးလေးပုက ဂုံအိတ်တွင်း သို့ ဆန်တစ်ပြည် လောင်း ထည့်သည်။ ထို့နောက် ကျောင်းထောင့်တစ်နေရာသို့သွား၍ ကျစ်ကနဲ ကျစ်ကနဲ အားရပါးရ တံတွေး ထွေးနေတော့သည်။
"ဦးလေးပု…ခင်ဗျား ကျုပ်တို့ရွာက သွားတော့မလို့လား"
ကျွန်တော် က ၀မ်းနည်းပန်းနည်းဖြင့် မေးမိသည်။ ဦးလေးပုက ကျွန်တော့်အနီး ပြန်ကပ်လာသည်။ ထို့နောက် မှုန်ကုပ်ကုပ် နှင့် ဆိုသည်။

"ငါက ရွာက ဘာကြောင့် သွားရမှာလဲ…သွားရင် ငါ စပိုင်ဖြစ်သွားမှာပေါ့"
"ခင်ဗျားက ဘာကြောင့် စပိုင်ဖြစ်ရမှာလဲ ဦးလေးပုရ"
"အေးလေ…ဒါဖြင့် မင်းက ဘာကြောင့် ငါ ရွာကထွက်သွားမယ်လို့ ပြောရတာလဲ"
ကျွန်တော် သည် ဦးလေးပုအား ဆက်စကားမပြောလို၍ စိတ်ပျက်လက်ပျက် ထိုင်နေသည်။ ထိုအခါကျမှ ဦးလေးပု သည် ကျွန်တော့်အနားသို့ ကပ်လာသည်။
"ငယ်လေး…စပိုင်လုပ်ရမှာ သိပ်ကြောက်ဖို့ ကောင်းတယ်၊ စပိုင်ဆိုရင် ဂျပန်က ခြေသည်း လက်သည်း ခွာ တယ်ကွ"
အရေးထဲ ဦးလေးပုသည် ဘာတွေလာပြောနေသနည်း။ ကျွန်တော်က စိတ်တိုစွာ ပြန်အော်သည်။

"ဒီခွေးတိရစ္ဆာန်ဂျပန်တွေ လက်သည်းခွာစမ်းပါစေ…ဒီကောင်တွေပေါ် ဗုံးကျပြီးသေအောင် ကျုပ် သိပ်ပြီး စပိုင် လုပ်ချင်တယ်"
ဦးလေးပု၏မျက်လုံးများ အရောင်တောက်လာသည်။
"ငယ်လေး…မင်း တကယ်ပြောတာလား"
"ကျုပ် တကယ်ပြောတာဗျ…ဦးလေးပုလို ဗိုလ်စကားတတ်ရင် ကျုပ် တကယ်စပိုင်လုပ် တယ်"
"မင်း က ဘာလို့ စပိုင်လုပ်ချင်တာလဲ"

"ကျုပ်ဆရာလည်း ပြေးရပြီ…..ကျုပ်ရွာကိုလည်း မီးရှို့သွားတယ်၊ ကျုပ်ဒီဂျပန်ကောင် တွေကို တိုက်ချင် တယ်" ဦးလေးပုသည် ဘာမျှမပြောဘဲ သူ့သေတ္တာကြီးဖွင့်သည်။ သေတ္တာတွင်းမှ အင်္ဂလိပ် သတင်းစာ အဟောင်းများကို ထုတ်ယူသည်။ ထို့နောက် ဟိုလှန်ဒီလှန်နှင့် ဘာရှာသည်မသိ ရှာနေ၏။ အတန်ကြာမှ ဓာတ်ပုံ တစ်ပုံကို ထောက်ပြသည်။
"ဟောဒီမှာတွေ့လား………မင်း သေသေချာချာကြည့်"
ဦးလေးပု ပြသော ဓာတ်ပုံမှာ ကုလားဖြူတစ်ကောင်၏။ ဓာတ်ပုံဖြစ်သည်။ သူ့ခေါင်းထက်၌ ထူးထူး ဆန်းဆန်း ဦးထုပ်တစ်မျိုး ဆောင်းထားသည်။
"အဲဒါဘယ်သူလဲဗျ"

"ကင်းဂျော့ ဿီစစ်"
"အဲဒါ ဘာလဲဗျ"
"ကွာ……….. မင်းကလည်း…….. ဟို…….ခြောက်ခု…အဲ…အဲ ဂျော့ဘုရင်"
"ခင်ဗျားဘုရင် ကို……… ကျုပ်ကဘာလုပ်ရမှာလဲ"
ဦးလေးပုသည် ကုပ်ကုပ်ကုပ်ကုပ်နှင့် ထွက်သွားပြန်သည်။ ကြေးဆင်းတုတော်တစ်ခုကို တွန်မ၍ ဆင်းတုတော် အခေါင်းတွင်းမှ စက္ကူထုပ်များ ယူလာသည်။
"အဲဒါ လေနတ်သားတွေကွ……… ငါစုထားတာ၊ ငါဖတ်ပြမယ်၊ မင်းနားထောင်" ဦးလေးပုသည် လေသံနှိမ့် ၍ ဖတ်ပြတော့သည်။

"ဂျော့ဘုရင်မင်းမြတ် မိန့်တော်မူသည်…….တဲ့၊ မြန်မာပြည်သူပြည်သားများ……တဲ့၊ ဂျပန်ကို မကူညီကြ နဲ့…..တဲ့"
ကျွန်တော်သည်ပို၍ စိတ်တိုလာ၏။ ထို့ကြောင့် ဘုပြန်ပြောသည်။
"ခင်ဗျားဂျော့ဘုရင်က စဖြီးပါဗျာ၊ ဂျပန်တွေက ကျုပ်တို့ကို ဒီလောက်နှိပ်စက်နေသော ခင်ဗျား မမြင်ဘူးလား၊ ဘယ်မှာလဲ ခင်ဗျား ဗြိတိသျှစစ်တပ်တွေ"
ဦးလေးပု သည် တဟဲဟဲရယ်သည်။ ထို့နောက် တံတွေးကို သုံးလေးချက် ဆက်တွေးလိုက် ပြီးဆက်ပြော၏။

"ငါ့လူက သိပ်ညံ့တာပဲ၊ မင်းလေယာဉ်ပျံသံတွေ မကြားဘူးလား၊ အဲဒီဗြိတိသျှတပ်တော် တွေပေါ့ကွ"
ဦးလေးပု က ဤသို့ပြောမှ ကျွန်တော်သည် သတိရမိတော့သည်။
"ဟာ ဦးလေးပု ကျုပ်သတိရပြီ၊ လွန်ခဲ့တဲ့ သုံးလေးညက လေယာဉ်ပျံသံကြားတော့ ကျုပ်ထွက်မပြေးပဲ စောင့်ကြည့် တယ်၊ လေယာဉ်ပျံပေါ်က မှိုပွင့်ကြီးလို အပွင့်ကြီးတစ်ခုကျ လာတယ်၊ အဲဒါဘာကြီးလဲ"
"နင် အဲဒါတွေ အကြောင်း ဘယ်သူ့လျှောက်ပြောသလဲ"
"ပြည်ရွှေဆံတော် စူးရပါစေရဲ့ဗျာ……ကျုပ်ဘယ်သူ့မှ မပြောရပါဘူး"
ဦးလေးပုသည် သူ့လေနတ်သားနှင့် သတင်းစာများကို ပြန်သိမ်းသည်။ ၎င်းနောက် အလွန်လျှို့ဝှက်သော အမူအရာဖြင့် မေးသည်။

"ငယ်လေး မင်းဂျပန်ကို တကယ်သောက်မြင်ကပ်သလား"
"ဂျပန် ကို ကျုပ်သောက်မြင်ကပ်တာမဟုတ်ဘူး၊ သတ်ချင်နေတာ"
ဦးလေးပု သည် ဘာမျှမပြောတော့ဘဲ သူ့ဂုံနီအိတ်ကြီးကို ထမ်း၍ ကျွန်တော့အားခေါ် သည်။

"မင်းဂျပန်သတ်ချင်ရင် ငါနဲ့လိုက်ခဲ့၊ ဘာမှတော့ စကားဆက်ရှည်မနေနဲ့"
ဦးလေးပုက ဂုံနီအိတ်ကြီးထမ်း၍ ရှေ့မှသွားသည်။ ကျွန်တော်က နောက်မှလိုက်သည်။ ဦးလေးပုသည် ရွာမှ ထွက် ၍ ရိုးကလေးဆီသို့ ရှေ့ရှုသွားသည်။
"ဦးလေးပု ခင်ဗျားဘယ်လဲ"
ဦးလေးပုက လှည့်ကြည့်၍ ပြောသည်။

"မင်းခါတိုင်းလိုက်ရင် ဘယ်လဲလို့ မမေးဖူးပါဘူး"
ဦးလေးပုပြောသည်မှာ မှန်၏။ ထို့ကြောင့် ကျွန်တော်သည် ဆက်လက်မမေးတော့ဘဲ သစ္စာရှိစွာဖြင့် နောက်မှ လိုက်ခဲ့သည်။
ဦးလေးပုသည် ဦးပွားသိုက်တွင်းများဆီ ကျွန်တော့်အား ခေါ်ခဲ့သည်။ သိုက်တွင်းများကို ကျော်၍ တစ်ဖက်လျှိုတွင်းထဲသို့ ဆင်းသည်။ ထို့နောက် စမ်းချောင်းကလေး တစ်ခုအတိုင်း ဆက်လျှောက်သည်။ ဂျုံးဂျုံးကျရေတံခွန်နား ရောက်သောအခါ ရပ်လိုက်၏။ သူရပ်သဖြင့် ကျွန်တော်လည်း ရပ်ရသည်။

ဦးလေးပုသည် ကျေက်ဆောင်တစ်ခုထက်တက်၍ သူ့ပါးစပ်ပေါက် ကို လက်ဝါးနှစ်ခုနှင့် ကာလျှက် အသံ ကုန် ဟစ်သည်။
"အောက်အီး…….အီး……….အွတ်"
"အောက်အီး……..အီး…….အွတ်"
ဤသို့အော်ပြီးသောအခါ ဦးလေးပုသည် ကျောက်ဆောင်ပေါ်၌ အေးအေးဆေးဆေးထိုင် ၍ဂုံနီအိတ် ကို ဖွင့်လျက် ဥသျှစ်သီးတစ်လုံးထုတ်ကာ ငြိမ်းချမ်းစွာ စားနေတော့၏။
ကျွန်တော် သည် ဦးလေးပုအား စိတ်ပျက်လက်ပျက် ကြည့်မိသည်။ ဦးလေးပုကြီး အရူးဖောက် ပြီလော။
သို့ရာတွင် ဦးလေပု ဥသျှစ်သီးစားနေသည်မှာ ခါတိုင်းလိုပင် ဣနြေ္ဒရရဖြစ်သည်။

ကျွန်တော်သည် စိတ်ပျက်လက်ပျက် ဦးလေးပု ဥသျှစ်သီးစားနေသည်ကို ကြည့်နေဆဲ နောက်မှ ခြေသံလိုလို ကြား သဖြင့် လှည့်မိသည်။ တွေ့လိုက်ရသည့်သဏ္ဌာန်မှာ ကြောက်စ ရာဖြစ်၏။
တောင်ကမ်းပါးတောပင်များကို ကျောခိုင်းလျက် ထွားကြိုင်းသော လူကြီးတစ်ဦး ရပ်နေ သည်။ သူ့ကိုယ်၌ အစိမ်းရောင် စစ်ဝတ်စုံ ကို ၀တ်ထားသည်။ မဖြီးဘဲထားသည့် ဆံပင်များ ပွနေသကဲ့သို့ မုတ်ဆိတ် ပါးသိုင်းမွေး များ လည်းရှည်နေသည်။ သူ့လက်တွင်း၌ တစ်ထောင်သာသာခန့်ရှိသေနတ်တစ်မျိုးကို ကိုင်ထားသည်။ ဤသေနတ်ပြောင်းဝက ကျွန်တော်တို့နှစ်ဦးအား ချိန်ထားသည်။
ကျွန်တော် က တုန်လှုပ်နေသမျှ ဦးလေးပုသည် ဥသျှစ်သီးစားမပျက်ဘဲ ထိုသူအား အေးချမ်း စွာဆိုသည်။

"မစိုးရိမ်ပါနဲ့ ဆရာကြီး….ဒါ… ငယ်လေးကျုပ်တူကလေးပါ"
သို့ရာတွင် ထိုသူက မည်သို့မျှ စကားမပြောဘဲ လက်ဟန်ခြေဟန်နှင့်သာ ကျွန်တော်တို့ နှစ်ဦးကို မတ်တတ်ရပ် ရန် ပြောသည်။ ကျွန်တော်က မတ်တတ်ရပ်လိုက်၏။ ဦးလေးပုက လည်း သူ့အိတ်ကြီး ကို ထမ်း၍ မတ်တတ်ရပ် သည်။
ရပ်သည်။ ထိုသူက လက်ရပ်ခေါ်သဖြင့် ကျွန်တော်တို့နှစ်ဦး သူ့ဆီသွားသည်။ အနီးရောက်သော် သူက ကျွန်တော် တို့ အား ရှေ့ဆက်သွားခိုင်းသည်။ သူက ကျွန်တော်တို့နောက်မှ သေနတ်နှင့်ချိန်ရင်း လိုက်လာသည်။

ကျွန်တော်တို့သည် အလွန်ချောင်ကျသော ဂူတစ်ခုရှေ့ရောက်လာ၏ ဤနေရာရောက်မှာ ထိုသူက ကျွန်တော် တို့အား ရပ်ခွင့်ပေးသည်။ ကျွန်တော်သည် ဘာလုပ်ရမည်မသိ ကြောင်နေခိုက် ဦးလေပုသည် အိတ်ကြီးကိုဖွင့်၍ တစ်စုံတစ်ခု နှိုက်မည်ပြုသည်။ သို့ရာ တွင် ထိုသူသည်  လျင်မြန်စွာဖြင့် အိတ်ကြီးကို  ဦးလေးပု လက်မှ ဆွဲယူသည်။ သေနတ် ပြောင်ဝကို ကျွန်တော်တို့ဘက်ချိန်းထားရင်း လက်တစ်ဖက်ဖြင့် အိတ်တွင်း မှ အရာတို့ကို သွန်းကြည့်၏။ အိတ်တွင်းမှ ဥသျှစ်သီး၊ ငှက်ပျောသီး၊ ငါးခြောက်စသည့်တို့ ကျလာမှ ထိုသူသည် ကျေနပ်ဟန် သူ့သေနတ်ကို ပခုံး၌လွယ်ပြီး ကျွန်တော်တို့အား စကားပြောသည်။

"ဒီကလေး ဘယ်ကလဲ"
"ကျုပ်တူလေးပါ ဆရာကြီးရာ"
"ခင်းဗျား ဘာကြောင့် ဒီကလေးကိုခေါ်လာရသလဲ"။
ဦးလေးပုသည် ရုတ်တရက်  မဖြေနိုင်ဘဲ ကျွန်တော့်ကိုတစ်လှည့်  ထိုသူကိုတစ်လှည့် သနားဖွယ်ကြည့်နေ၏ မနေနိုင် သော ကျွန်တော်က ၀င်ပြောရသည်။
"စိတ်မရှိပါနဲ့ ဆရာကြီးရာ၊ ကျုပ်က ဂျပန်ဆို သိပ်သတ်ချင်တယ်။ ဦးလေပုက ဒီလိုက်လာ ရင် ဂျပန် သတ်ရမယ် ဆိုတာနဲ့ ကျုပ်လိုက်လာတာ"
    ထိုသူသည် စူးစမ်းစွာဖြင့် ကျွန်တော်မျက်နှာအား ကြည့်သည်။ ကျွန်တော်က ဆက်တောင်းပန်သည်။ "ကျုပ်စကားကို ယုံပါဆရာကြီးရာ၊ ဂျပန်တွေက နှိပ်စက်လိုက ကျုပ်တို့လည်း ထွက်ပြေးရပြီး၊ ကျုပ်တို့ ရွာလည်း မီးရှို့သွားပြီး၊ ကျုပ်ကိုခင်ဗျားလက်ထဲက သေနတ်မျိုး တစ်လက်ပေးစမ်းပါ။

"ကျုပ် ဂျပန်တွေကို အကုန်ပစ်သတ်မယ်"
ထိုသူသည် မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ဦးလေးပုအား လှမ်းမေးသည်။
"ဒီကလေးပြောတာ အမှန်တွေပဲလား"။
ဦးလေးပိုသည် ခေါင်းကို တဆက်ဆက်ညိတ်၍ နှုတ်မှလည်း တဖွဖွပြောသည်။
"အမှန် ပါပဲ အမှန်ပါပဲ၊ ဒီကလေး မညာတတ်ဘူး၊ ဟုတ်ဖူးလား၊  ငါ့လူရာ၊ ငါ့လူ ဘယ်တုန်း က ညာဖူးလို့လဲ"
ကျွန်တော် ကလည်း ထိုသူ့မျက်နှာထားကြည့်၍ ဦးလေပုစကားထောက်ခံကြောင်း ခေါင်းညိတ်ပြမိသည်။

မမျှော်လင့်ဘဲ သူသည် ဟတ်ဟက်ပက်ပက်ရယ်မောသည်။ ကျွန်တော်က လိုက်ရဲသော် လည်း ဦးလေးပုက သူ့မျက်လုံးများ မပွင့်အောင် ထိုသူနှင့်အတူ လိုက်ရယ်သည်။ ထိုသူအ အရယ်ရပ်သည်အထိ ဦးလေးပုက ရယ်တုန်းရှိသေးသည်။ ထိုသူက မျက်နှာပိုးသတ်၍ ဦးလေးပိုအား တည်ကြည်စွာ စူးစိုက်ကြည့်လိုက်သည်။ ထိုအခါ ဦးလေးပုသည် မျက်နှာကို  ချက်ချင်းအရိတ်အုပ်လိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခက်နှင့် ဟိုကြည့် ဒီကြည့်ကြည့်၏ ကံအားလျော်စွာ အနီး၌ ဥသျှစ်သီးတစ်လုံးတွေ့သဖြင့် ဆွဲယူလိုက်ပြီး အခွံခွာကာ မျက်လွှာ လေးချ၍ ငြိမ်ငြိမ်ဆိတ်ဆိတ်စားနေတော့၏။
ထိုသူက လျင်မြန်စွာ ထလိုက်ပြန်၍  ဦးလေးပုနှင့် ကျွန်တော်တို့ကိုယ်တို့အား လိုက်စမ်း သည်။  ဘာမျှ မတွေ့သော် သူက သူ့သေနတ်ပြောင်းကို ကျွန်တော်တို့ရင်ဘက်၌   တေ့ လိုက်ပြီး ခက်ထန်စွာပြောသည်။

"ဟေ့ မင်း ရီးတီးရားတား မလုပ်နဲ့၊ သေသွားမယ်။ နားလည်လား၊  ငါမေးတာဖြေစမ်း... "
 ကျွန်တော်သည် ထိုသူ့မျက်နှာကို ကြည့်မိသည်။ သူ့မျက်နှာကြီးက သူပြောသည့်အတိုင်း တကယ်လုပ်မည့် ဟန် ခက်ထန် နေသည်။ ထို့ကြောင့် သူ့အမေးကို လျင်လျင်မြန်မြန် ဖြေလိုက်ရသည်။
 "ဖြေ...ဖြေပ့ါမယ်ဗျာ။ ကျုပ်ကိုတော့ မသတ်ပါနဲ့"
"မင်းနာမည် ဘယ်သူလဲ... "
"သန့်ဇင်..... "
"ရွှေဂူ... "
"မင်း ဂျပန် တွေ့ဖူးလား.... "
"တွေ့ဖူးတယ်.... "
"ဘယ်မှာတွေ့ဖူးသလဲ"

"မြို့မှာလည်း တွေ့ဖူးတယ်၊ တစ်နေ့က ရွာလာမီးရှို့တော့လည်း တွေ့ဖူးတယ်"
"ရွာ ဘာလို့မီးရှို့လဲ... "
"ကျွန်တော်ဆရာက ဂျပန်ကိုသတ်လို့"
"မင်းဆရာ...ဘာလို့ ဂျပန်သတ်တာလဲ"
"မင်းဘာလို့ ဒီလိုက်လာလဲ"
"ကျုပ် ဂျပန်ကို ပြန်သတ်ချင်တယ်...၊ ဦးလေးပုကြီးက သူ့နောက်လိုက်ခဲ့ရင် ဂျပန် ကိုသတ်ရမယ်လို့ ပြောတယ်"

"ငါဒီမှာရှိမှန်း  မင်းသိလား"
"ဟင်းအင်း......... မသိဘူး၊ နေဦးဗျ....ကျုပ်သတိရပြီး"
ထိုသူသည် မျက်နှာကြီးကြုတ်၍ ကျွန်တော်အားကြည့်သည်။
"မင်းဘာသတိရတာလဲ"
"ကျုပ်..တစ်ညက မှိုပွင့်လို့ဟာကြီး လေယာဉ်ပျံပေါ်က ကျတာတွေ့ရတယ်။ အဲဒါ ခင်ဗျား မဟုတ်လား။
"ဘာကွ"
"ဟုတ်ပါတယ်... ခင်ဗျားပဲဖြစ်ရမှာပဲ"

"ကျုပ် ဘယ်သူ့မှ လျှောက်မပြောဘူး.... ခင်ဗျား စပိုင်မဟုတ်လား၊ ကျုပ် စပိုင်နဲ့သိပ် တွေ့ချင်းနေတယ်ဗျ"
ထိုသူသည် ရုတ်တရက် ကြောင်းသွား၏ ကျွန်တော်အား မေးခွန်းဆက်မထုတ်နိုင်၊ ကျွန်တော်ကသာ ဆက်ပြောသည်။
"ခင်ဗျား စပိုင်ဆိုရင်... ကျုပ်ကို သေနတ်နဲ့ မပစ်ပါနဲ့ဗျာ၊ ခင်ဗျားမှ ဓာတ်ခွက်မပါဘုးလား၊ ဓာတ်ခွက်ပါရင် လေယဉ်ပျံတွေခေါ်ပြီး ဂျပန်တွေအပေါ် ဗုံးကြဲခိုင်းစမ်းပါဗျာ၊ ခင်ဗျားမပြောချင်နေပါ။ ကျုပ်ကို ဓာတ်ခွက် ပေး၇င်... ခင်ဗျားတို့ ဂျော့ဘုရင်ဆီ ကျုပ်ကိုယ်တိုင် လှမ်းအကြောင်းကြားပါ့မယ်ဗျာ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၂၃)

အပျင်းပြေသဘောနှင့် ဟောလီးဝုဒ် ကစားကြသည်။
ဇင် နိုင်သည်။
သူက ဖဲချပ်များကို စိတ်ပျက်စွာ ဖြန့်ကြဲပစ်သည်။ ဖဲချပ်အချို့ကို မီးရှို့သည်။ ဖယောင်းတိုင် ၀ိုင်းဝိုင်းလည် နေသည့် အကြားမှာ ဖဲချပ်တွေပေါ်မှာ ချစ်ကြတော့ ဇင်သည် မိမိအဖြစ်ကို ရယ်ချင် သလို ရှိလာသည်။
"လိုင်ဇာမင်နယ်လီ" ပါသော "Cabaret" ရုပ်ရှင်ကားကို သတိရမိသည်။
ထိုရုပ်ရှင်ကားကို မကြာမီကမှ ဇင် ကြည့်ဖြစ်ထားသည်။

"ဇင်တို့အဖြစ်က ကဘရေး ရုပ်ရှင်ထဲကလိုနော်"
"အစစ်ပဲဇင်၊ ပျော်စရာ ကောင်းလိုက်တာကွာ၊ ဒီညကို ကိုယ့်တစ်သက် မေ့မှာ မဟုတ်တော့ဘူး"
သည်နောက် ဇင်တို့ သောင်ယံတို့ ဆင်းလာကြသည်။ ပင်လယ်ကို မျက်နှာပြုကာ ထိုင်ကြသည်။
လရောင်အောက်တွင် လှိုင်းခေါင်းဖြူတို့ လိမ့်လူးတက်လာကြသည်။ လေတိုးနေသည်။ ဇင်၏ ဆံပင်သည် လေတွင် လွင့်မျောနေသည်။
နဂါးငွေ့တန်းသည် နို့နှစ်များလို ကောင်းကင်ပြာထဲမှာ ဖွေးနေသည်။

ရေတွက်၍ မဆုံးနိုင်သော ကြယ်ပွင့်များသည် ကတ္တီပါ အပြာထဲမှ စိန်ပွင့်တွေကြဲထားသလို တဖျပ်ဖျပ် တောက်ပ လင်းလက်နေသည်။
"ဒါထက် မေးရဦးမယ်၊ ကိုယ် ဒီကိုလာတာ ကိုယ့်ဇနီးသိသလား ဟင်"
"မသိပါဘူး၊ ကိုယ်က တလောက ဆုံးသွားတဲ့ အဒေါ်ရဲ့ အမွေကိစ္စအတွက် မန္တလေး သွားမယ်လို့ ပြောထား ခဲ့တယ်"
"ယောက်ျားတွေဟာ အတော်ဥာဏ်များသားနော်"
သည်ကစပြီး ဇင်တို့ အနာဂတ်အတွက် စီမံကိန်းများကို စကား စဖြစ်ခဲ့ကြသည်။

"ကိုယ့်အဒေါ်က အပျိုကြီး၊ သွေးအရင်းဆုံး ဆိုလို့ ကိုယ်ပဲ ရှိတယ်။ အစကတော့ ကိုယ်တို့ မျိုးရိုး ထုံးစံအတိုင်း ခပ်မွဲမွဲ ပါပဲ။ နောက်တော့မှ ပွဲရုံအလုပ်နဲ့ ကြီးပွားလာတယ်။ ကိုယ့်အတွက် အမွေတွေ ချန်ထားနိုင်ခဲ့တယ်"
"အမတေ ရှိရာ စု ဆိုသလိုပေါ့နော်၊ ချမ်းသာတဲ့ သူတွေအတွက် ပိုပြီး ချမ်းသာဖို့ ကြံဖန်ဖြစ်လာတာ ပဲ။ သူဌေး ကို ထီရွေးပေါက်သလိုပဲ"
"ဒါကြောင့်လဲ မြိုင်နဲ့ ကွာရှင်းပြတ်စဲလိုက်ဖို့ ကိုယ် သတ္တိရှိလာတာပေါ့ ဇင်"
"ဒီကိစ္စကလဲ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့တော့ ကောင်းနေပြီ ထင်ပါတယ်"
"ဒီက အပြန်မှာ ကိုယ် ဖွင့်ပြောဖို့ စိတ်ကူးပြီးသားပါ"
"သူက သဘောမတူခဲ့ရင်ကော"

"သူ သဘောတူမှာ သေချာပါတယ် ဇင်၊ ဒါကြောင့်လဲ ကိုယ် အာမခံရဲ နေခဲ့တာပေါ့"
သူ့စီမံကိန်း ထဲတွင် ဇင့်ကို အဆောင်မှာ ဆက်မနေစေချင်တာတွေ ပါသည်။ ၀ါဏိဇ္ဇမှ ထွက်စေချင် သည်။ ဇင့်သမီး နှင့် သားကို ရန်ကုန်က ကျောင်းကောင်းကောင်းမှာ ထားပေးချင်တာပါသည်။ သူတို့ နောင်ရေး အတွက် ဘဏ် မှာ ငွေများများစားစား အပ်ပေးထားမည့် ကတိကိုလည်း ရသည်။
သူက အနာဂတ်ရေးအတွက် အလေးအနက် ထားသည်ကို တွေ့ရတော့ ဇင် ၀မ်းသာပါသည်။ ဇင်က စပေးရခြင်း မဟုတ်ဘဲ သူ့အလိုလို ပြောလာခြင်းမှာ ကျေနပ်စရာ ကောင်းပါသည်။
တကယ်ပဲ ဇင် သည် ဘာကိုမျှ မတောင်းဆိုခဲ့။ သူပြောသမျှကိုသာ အင်းလိုက်ခဲ့သည်။

တကယ်တော့လညး ဇင် သူ့ကို လိုက်လျောခဲ့သည်မှာ တောင်းဆိုဖို့ မဟုတ်။ လောဘကြောင့် မဟုတ်။ ချစ်ခြင်း သက်သက်အတွက်ဟုလည်း မပြောချင်ပါ။
ဇင့်အသက်အရွယ် အတွေ့အကြုံ အချစ်ဆိုသည်မှာ သီးခြားဆန်သော စိတ်ကူးယဉ်မှုသာ ဖြစ် သည်။ စိတ်ကူးယဉ် ချင်းယဉ်လျှင် တည်ငြိမ်သော ဘ၀တစ်ခုကို တည်ဆောက်ရန်အတွက်သာ ဖြစ်သင့်သည် ထင်ပါ၏။

ဒီရေ အမြင့်ဆုံး တက်လာပြီ လေအလွန် ထန်လာသော ကာလမှာ ဇင်တို့ သဲသောင်ပြင်ပေါ်မှာ ထလိုက်ကြ သည်။
ဇင် နှုတ်ဆက် နေမိပါသည်။
ငွေကြယ်ပြည့်ကာ လ၀န်း ထွန်းလင်းနေသည့် ငပလီ၏ နက်ပြောင်ရောင် မိုးကောင်းကင် …
လိမ့်လူး ပြေးတက်လာတတ်သည့် လှိုင်း …
ဝါဖန့်သော ကမ်းခြေသောင်ပြင်နှင့် စိမ်းညိုသော အုန်းပင်တန်းများ …

ငပလီမှ ပြန်လာပြီ ဆိုသောအခါ ဇင့်မှာ အိပ်မက်မှ လန့်နိုးလာသူလို ဖြစ်သည်။
အပျော်ခရီး တစ်ခုမှ ပြန်လာပြီးနောက် ပျော်ခဲ့သမျှကို ပြန်လည် တွေးကာ နေရသည့်ပမာ ဖြစ်သည်။
မောင်ပို နှင့် ရွှေကျားပုံပြင်လိုပါပဲကလား။
ကြားဖူးမည်တော့ ထင်သည်။ သို့သော် ထပ်ပြောပါရစေဦး။

မောင်ပိုအမည်ရှိ ကလေးငယ်တစ်ယောက်သည် လှောင်ချိုင့်အတွင်းမှာ မိပြီး အစာငတ် ရေငတ် ဖြစ်နေသည့် ကျားကို သနားသောကြောင့် လှောင်အိမ်မှ လွှတ်ပေးလိုက်သည်။
ကျားက အစာဆာလွန်းနေသည်ဖြစ်၍ မောင်ပိုကို စားမည်ဟု ကြိမ်းဝါးသည်။ မောင်ပိုက ကျေးဇူး တရားကို ထောက်ထား၍ မစားရန် တောင်းပန်သည်။
ကျေးဇူးတရားကို ထောက်ထားသင့် မထောက်ထားသင့် ဆုံးဖြတ်ပေးမည့် တရားသူကြီးကို ရှာကြ သည်။

ပထမ ညောင်ပင်ကို မေးသည်။  ညောင်ပင်က လူတို့ ကျေးဇူးတရား မရှိပုံကို သူ့အရိပ်ခိုကာ သူ့ အခက် များကို ချိုးကြသည့် သာဓက ပြောသည်။ ကျားသည် မောင်ပိုကို စားသင့်သည်ဟု ဆုံးဖြတ် သည်။
တစ်ဖန် ကျွဲခေါင်ရိုးကို မေးသည်။ ကျွဲခေါင်းရိုးကြီးက လူတို့သည် သူမကို တစ်သက်တလုံး လယ်ယာ လုပ်ငန်း ၌ ခိုင်းခဲ့သည်။ အိုမင်းမစွမ်း ရှိလာသောအခါ ကျေးဇူးတရားကို မထောက်ထားဘဲ သတ်စား လိုက်ကြသည့်အကြောင်းကို ဥပမာပေးသည်။  ကျားသည် မောင်ပိုကို စားသင့်သည်ဟု ဆုံးဖြတ်သည်။

အဆုံးတွင် ယုန်ပညာရှိထံ ရောက်လေသည်။ ယုန်ပညာရှိက အခင်းဖြစ်သည့် အချိန်က ဘယ်သူ ဘယ်နေရာ မှာ ရှိသည်ကို ကျကျနန သိချင်သည်ဟု ဆိုသည်။
သို့ဖြင့် လှောင်အိမ်ရှိရာသို့ လာကြသည်။ ကျားက သူ လှောင်အိမ်ထဲမှာ သည်လိုရှိသည်ဟု သရုပ် သဏ္ဍာန် ပြသည်။ ယုန်ပညာရှိ က မောင်ပိုအား လှောင်ချိုင့်ကို ပိတ်လိုက်စေလေသည်။
ပုံပြင် က သည်သို့ အဆုံးသတ်သည်။

"ကျားသည် လှောင်အိမ်အတွင်း ရောက်ရှိသွား၍ မောင်ပိုင်သည် ရွာသို့ ပြန်ကာ၊ ယုန်ပညာရှိသည် တောသို့ ၀င်လေသတည်း" ဟူ၍ ဖြစ်သည်။
ယခုလည်း သည်သို့ပင် ဖြစ်သည်။
ရန်ကုန်သို့ ပြန်ရောက်သောအခါ ဇင်သည် အဆောင်သို့ ပြန်ကာ၊ ဦးတင်မောင်သန့်သည် အိမ်သို့ ပြန်လေ သတည်း။
ထိုအခါကျမှ ဇင့်မှာ တုန်လှုပ်ချောက်ချားရမှုတွေ ရှိလာတော့သည်။ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာရ တော့ သည်။
ယခုတော့လည်း သူနှင့် ဇင့်အကြောင်းမှာ ကြေညာမောင်းမခတ်ရဘဲ ရပ်သိရွာသိ ဖြစ်ခဲ့ရပေပြီ။

မေမေလည်း သိခဲ့ပြီ။
အလုပ်ထဲ က လုပ်ဖော်ကိုင်ဘက်တွေကလည်း သိခဲ့ပြီ။
အဆောင်နေတို့ အဖို့ကတော့ ပြောစရာ မလိုတော့ပါဘူး။ မကြည့်ချင် မြင်နေလျက် ဆိုသလို ဖြစ် သည်။
သူ့ ထံမှ တယ်လီဖုန်းလာတာတွေ၊ သူ့ကား အဆောင်ရှေ့မှာ ရပ်လာတာတွေ၊ သူနှင့် တွဲထွက်သွား တာတွေ မမြင်ချင် အဆုံး။ မတွေ့ချင်အဆုံး။
မေမေက ကိစ္စ မရှိဘူး ထား။

အဆောင်မှာတော့ သတင်း ကျော်စောသည်နှင့် အမျှ အတင်းအဖျင်းတွေလည်း ပါလာသည်။
အချို့ကတော့ မဲ့ရွဲ့ကဲ့ရဲ့ကြသည်ပေါ့။ မနာလို ၀န်တိုသည်ပေါ့။
အတည် ယူမှာ မဟုတ်ပါဘူး၊ အငြီးပြေသာ သဘောထားမှာပါ၊ ယူသည့်တိုင် အဆွယ်အမြှောင်သာ ဖြစ်မှာပါ ဆိုသော စကားကို နော်ရာ က ကြားလာသည်။
ဇင့်ဘက်က မခံချိ။
နော်ရာ သည် ဇင့်ကို ခင်မင်ကာ ဇင့်အကျိုးကို လိုလားသူ ဖြစ်သည်။

"ရှင်းရှင်းလင်းလင်းဖြစ်ဖို့ ကောင်းပြီ ဇင်" သတိ ပေးခဲ့သေးသည်။
အဆောင်ပိုင်ရှင် ကပင် ဇင့်ကို ခေါ်၍ သတိပေးလာသည်။
"မသက်ဇင့် သတင်းတွေ ကြားရတာ ခုတလော မကောင်းပါလား။ အမှန်တော့ မသက်ဇင်ဟာ တို့များ အဆောင် မှာ သမဏိအရှည်ဆုံးနေလာတဲ့သူ၊ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ စံထားရတဲ့သူ။ ဒီတော့ ကြားရတဲ့ သတင်းစကာတွေ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပါတယ်ကွယ်"
ဇင်ကိုယ်တိုင် လည်း သိပါသည်။

သည်ပြဿနာကို အမြန်ဆုံး ရှင်းလင်းနိုင်မှ ဖြစ်မည်ဆိုခြင်းကို သိသည်။
သူနှင့် တွေ့တော့လည်း ဇင့်မှာ နားပူနားဆာ လုပ်ရာကျနေသည်။
အဆောင် မှာ မနေပျော်သည့်အကြောင်းကို ပြောပြရသည်။
"ကိုယ်ကလဲ ဇင့်ကို အဆောင်မှာ မနေစေချင်တာ ကြာပါပြီ။ တိုက်ခန်း သန့်သန့်တစ်ခု ရှာပေးဖို့ အိမ်ပွဲစား တွေကို ပြောထားတယ်။ ဒါမှမဟုတ်လဲ ပါရမီလို သမိုင်းလို နေရာမှာ ခြံဝန်းကျယ်ကျယ်နဲ့ အိမ်တစ်လုံး ၀ယ်လိုက် တာပေါ့"

"အိမ်ခန်းတွေ၊ ခြံဝင်း တွေ အကြောင်း မဟုတ်ပါဘူး၊ အရေးကြီးတာက ကိုယ့်ဘက် ပြတ်ပြတ်စဲစဲ ဖြစ်ဖို့ပဲ၊ ဇင် တို့ လူသိရှင်ကြား လက်ထပ်ကြဖို့ပဲ။ ဒါဆိုရင် ဘယ်မှာ နေရ နေရ အကြောင် မဟုတ်ပါဘူး။ ဇင်တို့အကြောင်း ဒေါ်ခင်မေမြိုင် ကို ဖွင့်ပြောလိုက်ပြီလား"
"မပြောရသေးဘူး၊ ပြောမှာပါ။ ခဏကလေး စောင့်ပါဇင်။ ခဏကလေးပါ။ မကြာခင် အားလုံး ရှင်းသွားမှာပါ။ ဒီအခါ မှာ ကိုယ်တို့ ခမ်းခမ်းနားနား လက်ထပ် ကြတာပေါ့"
"ခန်းနားဖို့ ကလဲ တကယ်တော့ မလိုပါဘူး၊ ဇင်တို့ဟာ ပထမ မှ မဟုတ်ပဲ"
သည်စကားကို သူ သဘောကျဟန် မပြ။

"ပထမ မဟုတ်ဘူးလို့ မပြောစမ်းပါနဲ့"
"နို့ဟုတ်ကော ဟုတ်လို့လား"
"တော်စမ်းပါ ဇင်၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ကရ၀ိတ်လောကနတ်ဆောင်မှာ လူတစ်ရာလောက် တော့ ဖိတ်ကျွေး ရမှာပဲ၊ အသိအမှတ်တစ်ခုခုတော့ လုပ်ရမှာပဲ။ ကိုယ့်အပေါင်းအသင်း ဇင့် အပေါင်း အသင်း တွေက ရှိသေးတယ် မဟုတ်လား"
"ထားပါတော့လေ၊ စင်စစ် ဒါတွေက ဇင့်အနေနဲ့ အငြင်းပွားစရာ အကြောင်း မဟုတ်ပါဘူး"
ဇင့်မှာ တာဝန်တွေ ပိုလာသည်။

မနက်ပိုင်း သတင်းစာတွေ ရောက်လာပြီး ဆိုလျှင် ကြော်ငြာကော်လံ ကို အလျင် ကြည့်ရသည်။ "ကွာရှင်းပြတ်စဲကြောင်း" ကြော်ငြာတွေမှာ နာမည်တွေ ရှာရသည်။
စင်စစ်မုန်းတီးဖွယ်ရာ ကောင်းသည်အမှန်။ ကွာရှင်းပြတ်စဲကြောင်း ကြော်ငြာတွေ မကြာခဏ တွေ့ရသည်။
သြော်  … လောက်မှာ အိမ်ထောင်ရေး အဆင်မပြေသူတွေ အများသား ပါကလား။
သို့ဖြင့် ဇွန်လ သည် ကုန်ဆုံးသွားသည်။

ဇူလိုင်လလယ်သို့ပင် ရောက်ခဲ့ပြီ။
ဇင်တို့အဖြစ်က ထူးမခြားနား။
မြို့သို့ပြန်တော့ မေမေသည် သည်သတင်းကိုပင် ဆီး၍ ပြောသည်။
"သမီးတို့ ကိစ္စက ဘယ်လိုလဲ၊ ပြီးသွားပြီလား"
"ပြီးသွားပြီလား" ဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ကွဲကွာသွားပြီလား၊ ပြတ်တောက်သွား ပြီလားဟု ဆိုလိုကြောင်း ဇင် ရိပ်စားမိပါသည်။
ဇင် အဖြေရ ခက်ခဲ့သည်။ မထူးတော့ပြီမို့  မေမေ့ကို ဇင် နောက်မဆုတ်နိုင်တော့ကြောင်း ဖွင့်ပြော လိုက်ရ တော့သည်။

"သမီး စိတ်ပိုင်းဖြတ်ပြီးဆိုရင်တော့ မေမေ ဘာမှ မပြောလိုတော့ပါဘူး။ သူ့ကိုတော့ မေမေတို့ဆီ ခေါ်လာ ခဲ့ပါဦး၊ ဘယ်တော့ ခေါ်လာမလဲ"
"အမြန်ဆုံး ခေါ်လာပါမယ် မေမေ"
သမီး ဥမ္မာ ကပင် သည်အကြောင်းတွေ သိနေသည်။
"မေမေ လက်ထပ်တော့မလို့ဆို"
"ဟင် … သမီးကို ဘယ်သူ ပြောသလဲ"
"မေမေနဲ့ ဖွားဖွားနဲ့ ပြောတဲ့စကားတွေ သမီးနားထောင်ရင်း ကြားခဲ့တာပါ"
"ဒါ လူကြီးတွေအလုပ်၊ သမီး ၀င်မပါနဲ့"
မအော်ငေါက်စဖူး အော်ငေါက်ခဲ့မိသေးသည်။

မထူးခြားသော အခြေအနေများကြောင့် အဆာင်နေတို့က သူတို့တွက်ကိန်း မှန်ပြီ ထင်ကြသည်။ ၀မ်းနည်းသူ ရှိသလို ၀န်တိုမစ္ဆရိယစိတ်ဖြင့် ၀မ်းသာကြသူတွေကလည်း ရှိနေသည်။
ဇင်ကိုယ်တိုင် သံသယ ၀င်စပြုရပြီ။
စိတ် အလှုပ်ရှားဆုံးကာလသို့ ရောက်ခဲ့ရပြီ။
အဖြစ် က သည်လိုနှင့် ပြီးသွားရမှာလား။ သည်လိုနှင့် နိဂုံးချုပ်ရတော့မှာလား။
ဇင် တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။
ဇင်သည် အိမ်ထောင်ရေးမှာ တစ်ကြိမ်တစ်ခါ ရှုံးခဲ့ရဖူးပြီ။ အိမ်ထောင်ရေး ဘ၀ တစ်ခါ ပျက်ခဲ့ရဖူးပြီ။

သည်တစ်ကြိမ်မှာ အဆုံးရှုံး ခံရဦးမည် ဆိုလျှင်တော့ ဇင် လူလာဖြစ်ရသည့်ဘ၀မှာ ဘာအဓိပ္ပာယ် မျှ ရှိတော့ မည် မဟုတ်။
သို့ပေမယ့် ဇင်သည် သူ့ကို  အခါခါ တိုက်တွန်းပြီးဖြစ်နေ၍ ထပ်မံ မတိုက်တွန်းဖြစ်ရန် ကြိုးစားသည်။ နှုတ်ဖျား မှာ ယားနေသော်လည်း နှုတ်ထမ်းကို ကိုက်ကာ စကားသံ ထွက်မလာစေရန် အားထုတ် သည်။
စနေ တစ်နေ့ တွင် ဆုံကြတော့ သူက စပြီး တနင်္ဂနွေနေ့မှာ ဖွင့်ပြောလိုက်တော့မည် ဆိုသည်။ အကျိုး အကြောင်း ကို ထိုနေ့မှာပင် ဖုန်းဆက်ပြီး ဇင့်ထံ အကြောင်းကြားမည် ဆိုသည်။
ဇင် တယ်လီဖုန်းဘေးတွင် တစ်နေ့လုံး ထိုင်နေသည်။

သို့သော် … သူ့ထံမှ တယ်လီဖုန်း မလာ။
နာရီပေါင်းများစွာ ကြာသွားသည်။
ဇင် စိတ်ပျက်လက်ပျက် ဖြစ်ရသည်။
တယ်လီဖုန်း ဘေးမှာ ခွာခဲ့သည်။
ညရှစ်နာရီကျတော့ တယ်လီဖုန်းလာသည်။

ဇင့်အတွက် ဖြစ်သည်။
သူ့ထံမှပင် ဖြစ်သည်။
သူ့ထံမှပင် ဖြစ်သည်။
"ကိုယ်ပါ" ဇင် ဆိုသောအခါ သူ့အသံမှာ လေးလံနေသည်။ "သူငယ်ချင်းတွေ ရောက်လာတာနဲ့ ကိုယ် ဆိုင်မှာ လိုက်ပြီး ပြုစုနေရတယ်"

ဆက်ရန်
.

>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂ဝ)

အကယ်၍ သူ့မြို့ထဲသို့ လာခဲ့ပါမူ အဖမ်းခံချင်ခံရလိမ့် မည်။ သူ့ဘောင်းဘီများကိုတော့ ဤဂုစ္ဆာမကြီးက တန်ရာတန်ကြေး မပေးဘဲ ယူလိုက်ပြီ။ ဘောင်းဘီ အကောင်းစားများကို ၀ိုင်တစ်စိတ်ပေး၍ ယူလိုက်ခြင်း သည် မတရား ကျလွန်းလှ၏။ ယင်းကဲ့သို့ တွေး လိုက်မိသောအခါ ပီလွန်သည် မစ္စက်တော်ရဲလီးအပေါ် အကြီးအကျယ် ဒေါပွလာသည်။

" ခဏနေရင် ကျုပ်သွားတော့မှာပါ " ဟု သူက မစ္စက်တော်ရဲလီးကို လှမ်းပြောသည်။ မစ္စက်တော်ရဲလီး သည် ဘောင်းဘီ များကို မီးဖိုတစ်ဖက်ရှိ အခန်းကလေးထဲမှ ကြိုးတန်းပေါ် လှမ်းတင်လိုက်သည်။
" အေး သွားတော့၊ ဂွတ်ဘိုင်" ဟု မစ္စက်တော်ရဲလီးက နှုတ်ဆက်ပြီး ညစာချက်ဖို့အတွက် စတိုခန်းထဲသို့ ၀င်သွား သည်။ ပီလွန်သည် ကြိုးတန်းပေါ်မှ ဘောင်းဘီများကိုသာမက ဒင်နီ၏ စောင်ကိုပါ လှမ်းယူပြီး အခန်းထဲ မှ ခပ်သုတ်သုတ် ထွက်လာခဲ့လေ၏။

ပီလွန်သည် ကောင်ကြီးဂျိုးကို ထားခဲ့သည့် သောင်ပြင်ဘက်သို့ ပြန်လာသည်။ သဲပြင်ပေါ်တွင် တထိန်ထိန် တညီးညီး ဖြစ်နေသော မီးပုံကြီးကို အဝေးမှပင် လှမ်းမြင်နေရ၏။ မီးပုံကြီးရှေ့တွင် တလှုပ်လှုပ်ဖြစ် နေသော အရိပ်မည်းမည်းများ။ အမှောင်ရိပ်များသည် ပတ်ဝန်းကျင်တွင် ကျရောက်လျက် ရှိလေပြီ။ သူသည် မီးပုံမှ မီးရောင်ကိုအားပြု၍ လျှောက်လာခဲ့သည်။ အနီးသို့ ရောက်သွားသည့်အခါကျမှပင် မိန်းကလေး ကင်းထောက် အဖွဲ့ဝင်များ ဖြစ်နေသည်ကို တွေ့ရသည်။ သူသည် သတိထား၍ လျှောက် ကာ သူ့သူငယ်ချင်း ကို မျက်စိရှာသည်။

ပထမတော့ သူသည် ကောင်ကြီးဂျိုးကို မမြင်။ အတန်ကြာရှာမိသောအခါမှ သူ့တစ်ကိုယ်လုံးကို သဲများ ဖြင့်ဖုံး၍ သောင်ပြင်ပေါ်၌ လှဲအိပ်နေသော ကောင်ကြီးဂျိုးကို လှမ်းမြင်ရသည်။ ကောင်ကြီးဂျိုးမှာ အအေးဒဏ် ကို အပြင်းအထန် ခံနေရသည်။ သူ့ကိုမြင်သောအခါ ရုတ်တရက် စကား မပြောနိုင်။ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လျက်ရှိသည်။ ပီလွန်က ဂျိုးထံသို့ လျှောက်သွားပြီး ဘောင်းဘီ များကို မြှောက်ပြ သည်။

" ရော့ဟေ့ ဂျိုး၊ မင်းဘောင်းဘီတွေကို ပြန်ရတာ ၀မ်းသာပေတော့ "
ဂျိုးသည် သွားချင်တဆတ်ဆတ်ရိုက်ကာ တစ်ကိုယ်လုံးတုန်လျက်ရှိသည်။ " ငါ့ဘောင်းဘီတွေကို ဘယ် အကောင် ခိုးသွားတာလဲ ပီလွန်၊ ဘောင်းဘီမပါဘဲ ငါ အခုလိုကြီး လှဲနေရတာ နာရီပေါင်းကို မနည်း တော့ဘူး၊ ဟိုကောင်မလေးတွေ ရှိနေလို့ ဘယ်ကိုမှလည်း မသွားရဲဘူး "

ပီလွန်သည် မီးပုံကြီးကိုပတ်၍ ခုန်ပေါက်ပြေးလွှားနေကြသည့် ကောင်မလေးများနှင့် ကောင်ကြီးဂျိုးကြား မှ ရပ်ကာ အကာအကွယ်ပေးနေရသည်။ ကောင်ကြီးဂျိုးသည် သူ့ကိုယ်၊ ပေါင်နှင့် ခြေထောက်များ၌ ကပ် နေသော သဲများကို ခါချပြီး ဘောင်းဘီများကို ကသောကမျော ၀တ်သည်။ ထို့ နောက် နှစ်ယောက် ဘေးချင်း ယှဉ်ကာ သဲသောင်ပြင်ပေါ်အတိုင်း မွန်ထရေးမြို့ဘက်သို့ ဦးတည်၍ လျှောက်သွားကြသည်။ သောင်ပြင်၏ နောက်ဘက် ရှိ သဲသောင်ကြီးများသည် ခုန်၍ အုပ်ဖမ်းရန် အသင့် စောင့်ဆိုင်း ချောင်းမြောင်း နေကြသည့် အမဲလိုက် ခွေးကြီးများနှင့် တူလှ၏။ လှိုင်းဂယက်များ သည် အသာအယာ ရိုက်ခတ်လျက် ရှိသည်။ ညသည် အေးလှ ၏။ အပူငွေ့များသည် တဖြည်းဖြည်းချင်း ဆုတ်ခွာသွားနေကြလေပြီ။

ပီလွန်သည် ယခုအချိန်ထိ ငေးငိုင်တွေဝေနေဆဲ။ ကောင်ကြီးဂျိုးသည် ပီလွန်စိတ်ညစ်နေသည်ကို ရိပ် မိသည်။ နောက်ဆုံးတွင် ပီလွန်က ကောင်ကြီးဂျိုးကို လှည့်ကြည့်ပြီး " ငါတို့အနေနဲ့ အခုကြုံခဲ့ရတဲ့ အဖြစ်ကို ကြည့်ပြီး မိန်းမတစ်ယောက်ကို ယုံကြည်စိတ်ချခြင်းဟာ မိုက်မဲမှုကြီးတစ်ခုပဲလို့ သင်ခန်းစာ ယူရမယ်" ဟု ပြောလေ သည်။
" ငါ့ဘောင်းဘီ တွေ ခိုးသွားတာ မိန်းမလား " ဟု ကောင်ကြီးဂျိုးက မေးသည်။ " ဘယ်သူလဲကွ၊ ငါ့ကို ပြောစမ်းပါ၊ ဒီကောင်မကို ဆောင့်ကန်ပစ်လိုက်မယ် "

ပီလွန်ခေါင်းယမ်းသည်။ " သူ့ကို အပြစ်ဒဏ်ပေးပြီးပါပြီ၊ သူ့အပြစ်နဲ့သူ ခံသွားရတြ့သဘောပဲ၊ အဲဒါဟာ အကောင်းဆုံးသော အပြစ်ပေးနည်းပဲကွ။ သူက မင်းဘောင်းဘီတွေကို ရသွားတယ်၊ လောဘတက်ပြီး ၀ယ်တာ၊ ဟောအခုတော့ အဲဒီဘောင်းဘီတွေ သူ့လက်ထဲမှာ မရှိတော့ဘူး"

ဤစကားများမှာ ကောင်ကြီးဂျိုး နားလည်သဘောပေါက်ရန် အလွန်အလှမ်းဝေးသည့် စကားများဖြစ်၏။ သို့သော်လည်း ကောင်ကြီးဂျိုးက စပ်စပ်စုစု လုပ်၍ မေးမြန်းခြင်းမပြု။ ပီလွန်ကလည်း ဤအဖြစ်ကို လျှို့ဝှက်သည်းဖို ဇာတ်လမ်းအဖြစ်သာ ထားချင်သည်။ " အေးကွာ၊ ငါ့ ဘောင်းဘီတွေကို ပြန်ယူလာ တဲ့ အတွက် မင်းကို ကျေးဇူးသိပ်တင်တယ် ပီလွန်" ဟု ကောင်ကြီးဂျိုးက ပြောသည်။ သို့သော်လည်း ပီလွန်သည် ဒဿနိက အမြင်တစ်ရပ်ပေါ်တွင် စိတ်ဝင်စားပြီး အလေးအနက် ဆင်ခြင်စဉ်းစားနေသဖြင့် ကောင်ကြီးဂျိုး၏ ကျေးဇူးတင် စကားကို မကြားနိုင်။

" တကယ်တော့ကွာ၊ ဒီကိစ္စဟာ အလကားပါ" ဟု ပီလွန်က ရေရွတ်သည်။ "ဒီကိစ္စတစ်ခုလုံးကို ခြုံကြည့်ပြီး ငါတို့ယူထားလိုက်တဲ့ သင်ခန်းစာက တန်ဖိုးသိပ်ရှိတာကွ"
သူတို့သည် သောင်ပြင်ထက်မှနေ၍ တောင်ကုန်းပေါ်သို့ တက်လာကြပြီး ဓာတ်ငွေ့စက်ရုံ မျှော်စင်ကြီး ရှေ့မှ ဖြတ်လျှောက်လာခဲ့ကြသည်။

ကောင်ကြီးဂျိုးသည် ပီလွန်နှင့် ပေါင်းရသင်းရသည့်အတွက် များစွာ ပျော်ရွှင်လျက်ရှိ၏။ " သူငယ်ချင်း အပေါင်းအသင်း တွေပေါ်မှာ အလွန်စောင့်ရှောက်တဲ့ကောင် တစ်ယောက်ပါလား၊ ကိုယ့်သူငယ်ချင်း အိပ်ပျော်နေချိန် မှာ အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ကာကွယ်ပေးရှာတယ်" ဟု တွေးသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပီလွန်ကောင်းကျိုးဖြစ်အောင် ကျေးဇူးတုံ့ပြန်မည်ဟုလည်း ဆုံးဖြတ်လိုက် လေသည်။
-------------------
၉
ဒင်နီသည် သန့်ရှင်းရေး အလုပ်သမားတစ်ဦး၏ ထောင်အဖမ်းကို ခံရခြင်းနှင့် ဒင်နီနှင့် သူငယ်ချင်းများက သူ့ကို ၀ိုင်း၍ ကယ်တင်ကြခြင်း

ဒိုလိုရက်စ် အင်ဂရာစီယာ ရာမီးရာက်ဇ်သည် တော်တီလာဖလက် ရပ်ကွက်၏ အစွန် အမြင့်ပိုင်းကျကျ နေရာ တွင် အိမ်ငယ်ကလေးတစ်လုံးနှင့် နေထိုင်သည်။ သူသည် မွန်ထရေးမြို့ထဲမှ ဂုဏ်သရေရှိ အမျိုးသမီး ကြီး တချို့၏ အိမ်များသို့ သွားရောက်ပြီး အိမ်မှုကိစ္စများကို လုပ်ပေးကိုင်ပေးခြင်းဖြင့် အသက်မွေးသည်။ သူသည် မိန်းမချော မိန်းမလှတစ်ယောက်မဟုတ်။ ပိန်ကြုံသော မျက်နှာသည် ပီဆာနိုးမ တစ်ယောက် စစ်မှန်ကြောင်း ဖော်ပြနေသည်။ သို့သော်လည်း သူ၏ ကိုယ်လုံးကိုယ်ပေါက်ထဲတွင် ကာမဂုဏ်အာရုံကို ခံစားချင် လာအောင် ဆွဲဆောင်နိုင်သည့် လှုပ်ရှားမှုများရှိသည်။ တချို့ယောက်ျားများကတော့ လိုဏ်သံပေါက်နေသည့် သူ့အသံကို စွဲကြ သည်။ ပြင်းပြသော ရာဂဆန္ဒကို ဖော်ပြနေသည့် သူ့မျက်လုံးများ သည် သွေးသားတောင့်တမှု တစ်ခုတည်းကိုသာ အဓိကထားကြသော ဖိုသတ္တ၀ါများအတွက် ဆွဲဆောင်မှု အပြည့်ရှိ လေသည်။

သူသည် အပြောအဆို တိုတောင်းပြီး အပြုအမူ ကြမ်းတမ်းသည်။ သူ၏ အပြောအဆိုနှင့် အပြုအမူများကို ကြည့် ပါက နည်းနညိးကလေးမှ နှစ်လိုဖွယ်ရာမရှိ။ သို့သော်လည်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်ဖွဲ့စည်း လျက်ရှိသော အခြားချစ်ခင်မက်မောဖွယ်ရာ အရည်အသွေးများက ရှိနေသဖြင့် သူ့ကို " တော်တီလာဖလက် မှ ချစ်စရာ ရာမီးရက်ဇ်" ဟု အမည်ပေးထားကြသည်။
မည်သို့ပင်ဖြစ်စေ ရာမီးရာက်ဇ်တစ်ယောက် သားကောင်ရှာသည့်အခါများတွင် သူ၏ လှုပ်ရှားမှုများကို မြင်ရသည် မှာ အလွန်စိတ်သာယာဖို့ ကောင်းသည်။

သူ့အိမ်ရှေ့ ၀င်းခြံတံခါးကို မှီ၍ ရပ်နေသည့် ကိုယ် ဟန်အမူအရာ၊ အိပ်ချင်မူးတူး ဖြစ်နေဟန်ဖြင့် ပြောနေသည့် သူ့အသံ။ နွေရာသီ လှိုင်းလုံးများ လှုပ်ရှားနောကည့်နှယ် ဘယ်ပြောင်းညာနွဲ့ အိအိစက်စက် လှုပ်ရှား နေကြသော တင်ပါးကြီးများ၊ ဤ အရာအားလုံးသည် မြင်သူတကာတို့၏ စိတ်နှလုံးကို ဆွဲကိုင်ခါယမ်းလျက်ရှိသည်။ သို့ဖြစ်ရာ ဤကမ္ဘာ လောကတွင် ဤမျှလောက်လေးနက်ပြီး ဤမျှလောက် အဓိပ္ပာယ် ပါသော လှုပ်ရှားမှုမျိုးကို သူ့လောက် မည်သူမှ ဖန်တီးနိုင်မည် မဟုတ်ဟုပင် ထင်ရလောက်၏။

သာမန် အချိန်များတွင်မူ သူ့အသံသည် စွာတာတာနှင့် စူးစူးရှရှ နိုင်လွန်းသည်။ မျက်နှာထားကလည်း ခက်ထန် မာကျော လှ၏။ သွားလာလှုပ်ရှားပုံများကလည်း လေးလံထိုင်းမှိုင်းလှ၏။ သူ့စိတ်နေစိတ်ထား မှာလည်း တစ်ကိုယ်ကောင်း ဆန်လွန်းသောအတ္တက လွှမ်းမိုးလျက်ရှိသည်။ သို့သော်လည်း ရက်သတ္တ တစ်ပတ် လျှင် တစ်ကြိမ် နှစ်ကြိမ်မျှ နူးညံ့ပျော့ပျောင်းသော အတ္တစိတ်ဝင်လာလေ့ရှိသည်။ အထူးသဖြင့် ထိုစိတ် သည် ညနေစောင်းအချိန်များတွင် အများဆုံး ၀င်လာတတ်လေသည်။

ဒင်နီ အမွေစားအမွေခံ တစ်ဦးဖြစ်လာသည်ဟူသော သတင်းကို ချစ်စရာ ကြားသည့်အခါ သူ ၀မ်းမြောက် ၀မ်းသာဖြစ်သည်။ တော်တီလာဖလက်ရပ်ကွက်အတွင်းမှ အခြားသော မိန်းမများပြုလုပ်သကဲ့သို့ သူ့ကိုယ်သူ ဒင်နီ၏ ဇနီးမယားအဖြစ် စိတ်ကူးယဉ် အိပ်မက်မက်သည်။ ညနေတိုင်း ချစ်စရာသည် သူ့ အိမ်ရှေ့ ၀င်းတံခါးတိုင်ကို တင်ပါးတစ်ဖက်နှင့် မှေးမှီ၍ရပ်ကာ သူ့အိမ်ရှေ့မှ ဒင်နီဖြတ်အလာကိုမျှော်သည်။ သူ့ထောင်ချောက် ထဲသို့ ဒင်နီ ကျအလာကို စောင့်စား သည်။ သို့သော်လည်း အချိန်တွေသာ အများကြီး ကုန်သွားသည်။ ငါးစာပစ်ထားသော သူ့ထောင်ချောက်တွင်းသို့ ဒင်နီကျမလာ၊ ထောင်ချောက်ထဲသို့ ကျလာနေသူ များမှာ အိမ်ခြေရာမဲ့ ရက် အင်းဒီးယန်း လူမျိုးများနှင့် ပီဆာနိုး လူမျိုးများသာဖြစ်သည်။

သူတို့ လူစုမှာ အိမ်ခြေရာခြေရှိဖို့ မဆို ထားနှင့်၊ အ၀တ်အစားပင် ကောင်းကောင်း မ၀တ်နိုင်သည့် လူများဖြစ်သည်။ အများအားဖြင့် သူတို့ လူစုမှာ အ၀တ်အစား စုတစုတ်ပြတ်ပြတ် ပေပေရေရေနှင့် တောပုန်း လိုလို ၀ရမ်းပြေးလိုလို လူစားများသာဖြစ်လေသည်။

ချစ်စရာအနေဖြင့် အဘယ်မှာလျှင် ကျေနပ်နိုင်ပါမည်နည်း။ ဒင်နီ၏ အိမ်မှ ကြည့်လျှင် ချစ်စရာ၏ အိမ် သည် တောင်ကုန်းအမြင့်ပိုင်း၌ တည်ရှိသည်ဖြစ်ရာ ဒင်နီမကြာခဏ လာတတ်သည့်လမ်း မဟုတ်။ သူမလာလျှင် ကိုယ်ကသွားရမည်ဟူသော သဘောဖြင့် ဒင်နီကို အရှာထွက်ဖို့မှာလည်း ချစ်စရာ မလုပ်နိုင်သည့်ကိစ္စ၊ အဘယ်ကြောင့် ဟူမူ သူသည် အမျိုးသမီးတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ အကယ်၍ ဒင်နီက သူ့အိမ်ဘက် သို့ လျှောက်လာမည်။ သူနှင့်ဆုံမိပြီး စကားပြောကြမည်။ ထိုအခါ အိမ် ထဲဖိတ်ခေါ်ပြီး ၀ိုင်တစ်ခွက် တစ်ဖလား တိုက်မည်။

ထို့နောက် ဖိုသဘာဝက အင်အားကြီးပြီး မ ဆိုသော သတ္တ၀ါ၏ အားနည်းမှုများကြောင့် ကိုယ်ပိုင် ပစ္စည်းများ ကို ထိုးအပ်ရသည်က တစ်မျိုး၊ သို့သော်လည်း သူ့အိမ်ဝင်း တံခါးမှ ခွာထွက်ပြီး သူ့ထံသွားဖို့ ဆိုသည်ကတော့ တွေးပင် မတွေးဝံ့။

ဤသို့ဖြင့် ချစ်စရာသည် ဒင်နီရောက်အလာကို ညနေတိုင်း မျှော်လင့်စောင့်စားခဲ့၏။ သို့သော်လည်း သူ မျှော်လင့်သည့်အတိုင်း ဖြစ်မလာသဖြင့် ကံကြမ္မာက ပေးသည့် လက်ဆောင်များ ဖြစ်သော ဂျင်း ဘောင်ဘီဝတ် လူဆန်းစားများကိုသာ လက်ခံရယူခြင်းဖြင့် အချိန်ကုန်လာခဲ့ရသည်မှာ လပေါင်းများစွာ ကြာလာ ခဲ့သည်။ သို့သော်လည်း တော်တီလာဖလက် ရပ်ကွက်အတွင်း၌ သွားစရာလမ်းမှာ များများ စားစား ရှိသည် မဟုတ်ပေ။ မည်သည့်နည်းနှင့်မဆို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဒင်နီသည် ဒိုလိုရက်ဇ် အင်ဂရာစီယာ ရာမီးရက်ဇ်၏ အိမ်ဝင်းတံခါးရှေ့မှ ဖြတ်လျှောက်လာမိသည်သာဖြစ်၏။ ထင်သည့်အတိုင်းပင် တစ်ရက် တွင် ဒင်နီသည် ချစ်စရာ၏ အိမ်ရှေ့မှ ဖြတ်လျှောက်လာသည်။

အမှန်တော့ သူတို့သည် တစ်ယောက်နှင့် သိကျွမ်းလာခဲ့ကြသည်မှာကြာပြီ။ ချစ်စရာအနေဖြင့် ဒင်နီ အလာ ကို ယခုလောက်အထိ အကြီးအကျယ်မျှော်လင့် စောင့်စားရသည့် အဖြစ်မျိုးနှင့် လုံးဝ ကြုံခဲ့ဖူးခြင်းမရှိ။ ယခုတစ်ကြိမ် သည် ပထမဆုံး အကြိမ်ဖြစ်၏။ ထိုနေ့မနက်က ဒင်နီသည် ဗဟို ထောက်ပံ့ရေး ကုမ္ပဏီမှ ပိုင်ဆိုင် သော ကြေးနီပြားပတ် စည်ပိုင်းတစ်လုံးကို တွေ့သည်။ သူတွေ့သော စည်ပိုင်း၏ အနီးအနားတွင် ကုမ္ပဏီ မှ လူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသဖြင့် စည်ပိုင်းသည် အသုံး မလိုတော့၍ စွန့ပစ်လိုက်သည့် ပံ့သကူ ပစ္စည်းတစ်ခုဟု သူ့သလောနှင့်သူ လိုရာဆွဲ၍ ဆုံးဖြတ်လိုက်ကာ အပိုင်စီးလိုက်၏။ ထို့နောက် စည်ပိုင်း မှ ကြေးပြားအားလုံးကို ခွာ၍ ဆာလာအိတ် တစ်လုံးတွင် ထည့်သည်။

ပြီးတော့ ပင်လယ်ဓားပြ၏ လက်တွန်းလှည်းကို ခဏငှားပြီး ပင်လယ်ဓားပြကိုပင် တွန်းပို့ခိုင်းသည်။ သူသည် ထိုပစ္စည်းကို အနောက်ပိုင်း ဒေသ ထောက်ပံ့ရေးကုမ္ပဏီသို့ ယူသွားပြီး သုံးဒေါ်လာနှင့် ရောင်းသည်။ စည်ပိုင်း ကိုမူ ပင်လယ်ဓားပြလက်သို့ ၀ကွက်အပ်လိုက်သည်။

" မင်း ထည့်ချင်တာ ထည့်ရတာပေါ့ကွာလ ဟု ဒင်နီက ပြောသည်။ စည်ပိုင်းလွတ်ကို ရသည့်အတွက် ပင်လယ်ဓားပြမှာ အလွန်အမင်း ပျော်မြူးလျက်ရှိလေသည်။
ထို့နောက် တိကျပြတ်သားသော အစီအစဉ်ဖြင့် တော်ရဲလီးဆိုင်သို့ တန်း၍သွားရန် တောင်ကုန်းပေါ်မှ ဆင်းလာ ခဲ့၏။ ငွေသုံးဒေါ်လာသည် သူ့အင်္ကျီအိတ်ကပ်ထဲတွင် အသင့်ပါလာသည်။
ဒင်နီ လျှောက်လာနေခိုက်တွင် ဒိုလိုရက်ဇ်၏ ချိုအေးသာယာသော သီချင်းဆိုသံကို ကြားရသည်။ ထိုအခါ ဒင်နီ သည် ရှေ့ဆက်၍ မလျှောက်နိုင်တော့ဘဲ ရပ်လိုက်သည်။ သူ၏ မူလအစီအစဉ်များထဲတွင် တော်လှန်မှု တစ်ရပ်ဖြစ်ပေါ်လာသည်။ " နေကောင်းရဲ့လားချစ်စရာ" ဟု သူကလှမ်း၍ နှုတ်ဆက်သည်။

" ကျွန်မ နေကောင်းတယ် ဆိုတော့ကော ဘာထူးမှာလဲ၊ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေက ကျွန်မကို ဆေးဖော် ကြောဖက်တောင် လုပ်ကြတော့တာမှ မဟုတ်တာ" ဟု ကနွဲ့ ကလျလေသံဖြင့် ခနဲ့ တဲ့တဲ့ ပြောသည်။ သူ့တင်ပါးများကိုလည်း နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့် ဖြစ်သွားအောင် ခါလိုက် ယမ်းလိုက် လှုပ်လိုက် သည်။
" နင့်စကားက ဘာအဓိပ္ပာယ်လဲဟ" ဟု ဒင်နီက မေးသည်။

" ရှင်းပါတယ်၊ ကျွန်မရဲ့ မိတ်ဆွေ ဒင်နီတောင်မှ ကျွန်မဆီ အလည်လာလို့လား"
" အခု ငါ နင့်ဆီ အလည်လာတာလေ "
ချစ်စရာက ၀င်းတံခါးကို အနည်းငယ် ဟလိုက်သည်။ " ကိုယ့်မိတ်ဆွေချင်း ခင်မင်ကြောင်း ပြတဲ့ အနေနဲ့ အိမ်ထဲ ၀င်ပြီး ၀ိုင်လေးတစ်ခွက် တစ်ဖလားမှ မသောက်တော့ဘူးလားရှင်ရယ်" ဒင်နီက အိမ်ထဲသို့ ၀င်လိုက် သွားသည်။" ရှင်က ဒီဘက်ကို ဘာလာလုပ်တာလဲ" ဟု ဒိုလိုရက်ဇ်က ချိုးမကလေး ကူသံမျိုးဖြင့် ထပ်မေး ပြန်သည်။
ထိုအခါ ဒင်နီသည် အမှားတစ်ခု ပြုမိသည်။ သူ ဤဘက်ပိုင်းသို့ လာရသည့် အကြောင်းကိစ္စကို အခြောက် တိုက် မကြွားသင့်ဘဲ ကြွားမိသည်။ သူရလာသည့် ငွေသုံးဒေါ်လာ အကြောင်းကိုလည်း ထုတ် ဖော်ပြော မိသည်။

" ကျွန်မမှာ ၀ိုင်က အလုံအလောက် မရှိတော့ဘူးရှင့်၊ အပ်ထောက်အရွယ်လောက်ရှိတဲ့ ခွက်ကလေး နှစ်ခွက်စာ လောက်ပဲ ရှိတော့တယ်" ဟု ဒိုလိုရက်ဇ်က ပြောသည်။
သူတို့သည် ချစ်စရာ၏ မီးဖိုခန်းထဲတွင် ထိုင်ကာ ၀ိုင်တစ်ယောက်တစ်ခွက် သောက်ကြသည်။ နောက် တစ်ခဏမျှ အကြာတွင် ဒင်နီသည် ချစ်စရာကို ကိုယ်ထိလက်ရောက် ထိကပါး ရိကပါး လုပ်သည်။ သူ သိထား သမျှ ဆိုလျှင် ချစ်စရာသည် ဤအပြုအမူမျိုးကို လွယ်လွယ်နှင့် လက်ခံတတ်သူ မဟုတ်။ အခုအခံ ရှိတတ်သည်။ ယခုတော့ အထင်နှင့်အမြင် များစွာ ကွာနေသဖြင့် အံ့သြနေမိ၏။ ချစ်စရာ သည် သူပြုသမျှ နုတော့ မည့် အနေအထားကို ဖော်ပြနေသည်။ ထိုအခါ သူ့ရင်ထဲတွင် ပြင်းပြသော အလိုရမ္မက် ပေါက်ဖွား လာသည်။

" ရှင် ကနေ့ည ကျွန်မနဲ့ ထပ်တွေ့ချင်သေးတယ် မဟုတ်လား ဒင်နီ" ဟု ချစ်စရာက မြှူဆွယ်သံဖြင့် မေးသည်။ သူ့မျက်လုံးများကလည်း အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ဖိတ်ခေါ်လျက်ရှိ၏။
ဒင်နီ ကလည်း ချက်ချင်း သဘောပေါက်သည်။ " အေး ငါ တစ်ခေါက်ပြန်လာခဲ့မယ်" ဟု ကတိပေး လိုက်သည်။

ဒင်နီသည် မူလက စိတ်ကူးစီစဉ်ထားသည့်အတိုင်း တော်ရဲလီးဆိုင်သို့ သွားရန် တောင်ကုန်းပေါ်မှ ပြန် ဆင်းလာခဲ့သည်။ သူ့ရင်တွင်း၌ စောစောက ဖြစ်ပေါ်ခဲ့သော ရမ္မက်ဆန္ဒသည် အသွင်တစ်မျိုး ပြောင်း လာသည်။ ရိုင်းစိုင်းပြီး မာန်ဖီနေသော ၀ံပုလွေတစ်ကောင်၏ စိတ်မျိုးမှသည် စိတ်လှုပ်ရှားမှုအားကြီးသော ၀က်ဝံတစ်ကောင်စိတ်မျိုးသို့ ကူးပြောင်းသွားသည်။ " ချစ်စရာအတွက် ငါ ၀ိုင်ဝယ်သွားမယ်" ဟုေ တွးသည်။
တောင်ကုန်းဆင်ခြေလျှော လမ်းအတိုင်း ဆင်းလာနေခိုက် လမ်းခုလတ်တွင် ပက်ဘလိုနှင့် ဆုံမိသည်။ " မင်း ဘယ်သွား မလို့လဲ" ဟု ပက်ဘလိုက မေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>