Monday, September 1, 2025

ရွှေစင်ဦး ကြိုက်၏ မကြိုက်၏

အဖြူရောင်နတ်သမီးလေး ရဲ့ တာဝန်ပေးချက် အရ ဒီပိုစ့် လေးကို ရေးပေးပါမယ်... ဒါပေမဲ့ အခုအချိန်မှာ ရွှေစင်ဦး ရဲ့ စာဖတ်သူ တွေ ကတော့ ရွှေစင်ဦး အကြောင်း အခုလို ရေးမပေးသော်လည်း အားလုံး သိနေကြပြီ ထင်ပါတယ်... ဒါပေမဲ့လည်း လူ့ သဘာဝအရ ကိုယ့်အကြောင်းကိုယ် သူများမမေးရင်တောင် ပြောချင်နေကြ တာဆိုတော့ အခုလို တရားဝင် ပြောခွင့် ရပြီဆိုတော့ ပိုဝမ်းသာသွားတာပေါ့ဗျာ.. နတ်သမီး ရေ ကျေးဇူးပါ...။

ကိုယ်ခန္ဒာ

အင်း ညီမ နတ်သမီးလို လည်း အရပ်မမြင့်ဘူး... ပု တယ် လို့ ပြောရအောင် လည်း မပု ဘူး... သာမန် ကိုယ် လို သူလို ဘယ်လို မှ ထူးခြားမှု့ မရှိတဲ့ အရပ် ကလေးနဲ့ စိတ်နောက် ကိုယ်မပါ လုံးလုံး  လုံးလုံး နဲ့ သွားနေပြီ ဆိုရင် ရွှေစင်ဦးသာ မှတ်လိုက်ပါ... ။

ငယ်ငယ်တုန်းကတော့ ပေါင်၁ဝဝ မပြည့် တဲ့ ဘော်ဒီဝိတ် လေးနဲ့ ဝါးခြမ်းပြားလေး ထောင်ထားသလို လှ မှ လှ... ကြီးလာတော့လည်း ခေါင်းအုံး ထဲ လေသွင်းမှုတ် ထားသလို ကစ်ကစ်လေး နဲ့ ချစ်..ချစ် စရာလေး ... အမလေး မွှန်းတတ်လိုက်တဲ့ ရွှေစင်ဦးလေး ပါလား...။

မျက်နှာလေး ကတော့ ရေမိုးချိုးပြီးရင်တော့ သပ်သပ်ရပ်ရပ်လေး နဲ့ ကြည့်ပျော်ရှု့ပျော် ရှိသလိုလို ပေမဲ့..  အိပ်ယာ ထဲ မှာ ... ချစ်ချစ်ကြီး ကို အိပ်တော့မယ် လို့ နှုတ်ဆက်ရင် လှလှလေး အိပ်ကွာ.. လှလှလေး မအိပ်နိုင် ရင် ဟိုဘက်လှဲ့အိပ်  ဆိုလို့တဘက်လှဲ့ ပြီး အိပ်ရတဲ့ အဆင့်... ။

ဘယ်လို ခန္ဒာကိုယ် အချိုးအစား မျိုးကို ကြိုက်သလည်း ဆိုရင်တော့ ဖယ်ရှင် ဆိုင်ရှေ့ ချထားတဲ့ အရုပ်လေး တွေ သာကြည့်လိုက်တော့ ဒီဘဝ တော့ ဘယ်လိုမှ မရနိုင်တဲ့ ခန္ဒာကိုယ် နဲ့ မဝတ်နိုင်တော့ တဲ့ အဝတ်အစားလေး တွေ ကြိုက်မှကြိုက်....။

အပြုအမူ

အမှန်အတိုင်းပြောရရင် နေပုံထိုင်ပုံ တွေဟာ မိန်းမ မဆန်ပါဘူး.... မိန်းမဆန်တဲ့ နူးညံသိမ့်မွေ့ မှု့ တွေ လုံးဝ မရှိပါဘူး.... ဒါပေမဲ့ လူသားတိုင်းမှာ ရှိသင့်တဲ့ တည်ကြည်တဲ့ အပြုအမူ တခုတော့ ရှိတယ် လို့ ကိုယ့် ကိုကိုယ် ထင်ပါတယ်..။

 နှလုံးသား ထဲက လာတဲ့ စကားတွေ ကိုဘဲပြောတတ် သလို.... ရင်ထဲက လာတဲ့ အတိုင်းဘဲ ပြုမူတတ် ပါ တယ်...။

ကိုယ်ကြိုက် တာကို ပြောရရင်တော့ မိန်းမ သိပ်ဆန်ပြီး ဟန်ဆောင်မှု့ကင်းတဲ့ ချစ်စရာ အပြုအမူလေး တွေ ကို နှစ်သက် ပါတယ်...။

အစားအသောက်

ဘယ်အစားအစာ ဘဲ ဖြစ်ဖြစ် သေသေချာချာ ချက်ထားရင် ကြိုက်တယ်...  ဘယ်လောက်ကောင်း ကောင်း ပြီးစလွယ် ချက်တဲ့ အစားအစာ မျိုး ဆိုရင် စားကိုမစားဘူး.. စားမကောင်းအောင် ချက်တဲ့သူ လည်း ရန်သူ ဘဲ....၊  ငါးပိရည် ... တို့စရာမျိုးစုံ နဲ့ မြန်မာ ဟင်းစစ်စစ် တွေကိုကြိုက်တယ်..... မလွဲသာ လို့ စားရမယ် ဆိုရင် တရုပ်အစား အစာ ကိုဘဲရွေးမယ်...။

ကော်ဖီ နဲ့ .... ကလွဲပြီး ဘာ အအေး အပူ မှ မသောက်ဘူး.... ကော်ဖီ ခါးခါးလေး တခွက် ကတော့ တကယ် ဘဲ အမောပြေစေတယ်....။





>>>ဆက္ဖတ္ရန္>>> >>

Sunday, August 24, 2025

ချစ်သူများသို့

အားလုံးကိုကျေးဇူးတင်ပါတယ်
>>>ဆက္ဖတ္ရန္>>> >>

Wednesday, August 20, 2025

ချစ်သော ရွာကလေး (၁)

ချစ်သော စာဖတ်သူ အပေါင်းတို့ ခင်ဗျား ကျွန်တော် ဟာ ကျေးလက်သဘာဝ တွေကို ချစ်ခင်ပါတယ်..၊ အဲဒီ အတွက် ..... အဆင်ပြေ သလို ရွာလေး တွေကို သွားရောက်. လေ့ရှိပါတယ်.. ဒါကြောင့်..... ကျွန်တော် ရေး တဲ့ ဆောင်းပါး တွေထဲက ကျွန်တော် ဟာ အားလုံး ကို ကိုယ်စားပြုတဲ့ ကျွန်တော် ပါ...၊ စာထဲ မှာ ပါတဲ့ ဇာတ်ကောင် တွေ ဟာ လည်း မြန်မာပြည် ကျေးလက်နေ ကျွန်တော် တို့ အားလုံး ရဲ့ အဖိုးအဖွား တွေ အမျိုးအဆွေ တွေ ပါလို့ နားလည်ပေးကြပါဗျာ...

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
ဒီနေ့ ကျွန်တော် ရွာ ပြန်တယ်... သူငယ်ချင်း တယောက်လည်း ပါတယ်... ကျွန်တော် တို့ရွာကလေးက မိုးကုတ်- သပိတ်ကျင်း ကားလမ်းဘေးမှာ တည်ရှိပါတယ်...၊ မြန်မာမင်း များ လက်ထက် - အင်္ဂလိပ် လက်ထက် ကတော့ ရှမ်းပြည် ဘက်က လာတဲ့ ခရီးသွားတွေ ရပ်နားရာ စခန်း တခုအဖြစ် နံမည်ကျော် နေရာလေး တခုပါ... ။

ဒဂုန်ခင်ခင်လေး ရဲ့ နှစ်ပေါင်း ၆ဝ ဝတ္ထု ကြီးထဲက ဒဂုန်ခင်ခင်လေး တို့ အဖေ မိုးကုတ် မှာ တာဝန်ကြတော့ မြင်းတွေ လှည်းတွေ နဲ့ မိသားစု တပည့် တပန်းတွေ  ပြောင်းရွှေ့တဲ့ အခါမှာ ကျွန်တော် တို့ ရွာလေး ကိုဖြတ်သွားကြ တယ်လေ... နောက်တခါ ရွှေဥဒေါင်း ရဲ့ ဝတ္ထုတပုဒ် ထဲမှာ လည်း ကျွန်တော် တို့ ရွာကလေး (စခန်း) ကို အခြေပြုပြီး စာတပုဒ်ရေးဘူးတယ်... အဲဒီအချိန်က တော တောင် တွေ ထူထပ်ပုံ ကတော့ အဲဒီဝတ္ထုတိုလေး ဖတ်ရင်းတောင် ကြက်သီး ထအောင် လန့်စရာကောင်း လှပါတယ်...။

ကျွန်တော် ငယ်ငယ်ကတော့ ကားလမ်းဘေး က အိမ်တွေရဲ့ နောက်မှာ တကယ်ကို ထူထပ် တဲ့ တောကြီး ပါဘဲ...အဲဒီတုန်း ကတော့  လူသူ အရောက်အပေါက် နည်း ပြီး တောကောင် မျိုးစုံ ကျင်လည် ကျက်စား ရာ တောကြီး ပါ.. အင်္ဂလိပ်မင်း များ လက်ထက်ကတော့ အခု ကျွန်တော် တို့ ရွာအစွန် က ပြိုကျလု ဆဲဆဲ ဗိုလ်တဲ မှာ တည်းခို ကြပြီး အမဲပစ် ကြပါသတဲ့ (အခုတော့ အသစ်ပြန်ဆောက် ထားကြပါပြီ)..... ။

ဒါတွေဟာ ယုံတမ်း စကား တွေများလား .. ကျွန်တော် နဲ့ လိုက်လာတဲ့ သူငယ်ချင်း ကတောင် ကျွန်တော် တို့ တောကြီး ကိုကြည့် ပြီးတော့ နင်တို့ တောကလည်း ဘယ်လို များ တောကောင် တွေ ကို ပစ် သလည်း ငါဖြင့် မျက်စေ့ တဆုံး တတောလုံး ကို ရှင်းရှင်းလင်းလင်း လှမ်းမြင် နေရ တာဘဲ.. တောကောင် တွေကလည်း ဒို့ကိုမြင်မှာပေါ့.. ဒို့ကလည်း အကောင် တွေမြင်တော့ ထိပ်တိုက် စီးချင်း ထိုးရမှာလား တဲ့....။

သူငယ်ချင်း စကားကို ဟားတိုက် ရီလိုက်ရင်း .. ဘာဖြေရမှန်း ရုတ်တရက် မသိဘူး.. ငါလည်း ရွာကို တနှစ် မှ တခေါက် လောက်ပြန်တာ.. ငါပြန်တိုင်း တနှစ်ထက် တနှစ် ဒီတောအကြီးကြီး ဟာ ဒီလို ဖြစ်လာ တာဘဲ... အခု မင်းမြင်ရတဲ့ ဒို့ရွာ လမ်းဘေးက အပင်တွေ ဟာ အနဲဆုံး နှစ်ပေါင်း ၁ဝဝ ကျော်တွေ ဘဲ ဒို့အမေ ငယ်ငယ် က လည်း ဒီအပင် တွေ ရှိတယ်.. အဖွား ငယ်ငယ် ကလည်း ဒီ အပင် တွေရှိတယ်... ။

တောထဲ က အပင် တွေလည်း အဲဒီလိုဘဲ ... ဒါပေမဲ. အခုနောက်ပိုင်း မှာတော့ တော ထဲက အပင်တွေ ဟာ ဟို ကားပေါ် မှာ ပါကုန်ပြီ .. တစီးပြီး တစီး မနားတန်း သွားနေတဲ့ သစ်လုံး အကြီးကြီး တွေ အပြည့် နဲ့ သစ်ကား တွေ ကို ပြလိုက်ပါတယ်....  ဒို့စီမှာ...  အခု ရွာလမ်းဘေး က အပင် တွေဘဲ ကျန်တော့ တယ်... တောထဲကတော့ ကုန်ပြီထင်တာပါဘဲ.... ။

လေးနာရီ ခရီးလောက်ဘဲ ဖြစ်တဲ့ အတွက် စကားပြောလို့ မဝခင်မှာဘဲ သူငယ်ချင်းနှစ်ယောက် ရွာကလေး ကိုရောက် လို့လာခဲ့ပါပြီ...။

ရွာကလေး ရဲ့ နံနက်ခင်း

သူငယ်ချင်း ရေ အားလုံးကို မေ့ထားလိုက်တော့... အခု မနက်အစော ဘာစား မလည်း... ငါတော့ ဟင်းပေါင်း စားမယ်... မင်းလည်း စားကြည့် လို့ ပြောလိုက်တယ်၊ ကျွန်တော် ရွာရောက်တိုင်း မနက်စောစော ဗန်းလေး နဲ့ လာရောင်းတဲ့ ဟင်းပေါင်း ကို အကြိုက်ဆုံးဘဲ... ရွာနား တဝိုက် က ရသမျှ ဟင်းရွက် ပေါင်းစုံ ကို ဆန်မှုံ့နဲ့ နယ်ပြီး ကျွန်းရွက် နဲ့ ထုတ်ထားတဲ့ ထားတဲ့ ဟင်းပေါင်း နီနီ ပူပူနွေးနွေး လေးကို ပဲပုတ်.. ငရုပ်သီး ရောနယ် ထားတဲ့ အချဉ်လေး နဲ တို့စားရတာဟာ ကျနော့် အတွက် မမေ့နိုင် တဲ့ ရွာလေး က စားစရာတွေ ထဲ က တခု ပေါ့.. မြို့ မှာ လုပ်စားတဲ့ ဟင်းပေါင်း နဲ့ ဘယ်လိုမှ မတူ နိုင်ပါဘူး.. လတ်ဆတ် မှု့ တွေ ကွာသွား လို့ဘဲ ထင်ပါရဲ့....

ဟိုး အရင်တုန်းကတော့ ရွာမှာ ဈေးသည် တွေ ဘာတွေ မရှိပါဘူး.. ကိုယ်စားချင်တာ ကိုယ် လုပ်စားရုံ ဘဲ.. တွေ့တဲ့ အရွက်ပေါင်းစုံ ကို ကြိုက်သလောက် ခူးပြီး ကိုယ့် ဘာသာ လုပ်စားကြတာဘဲ... ကျွန်တော် တို့ ခြံထဲမှာ ဆိုရင် ဟင်းရွက်ပေါင်းစုံ ရှိတယ်... ဆူးပုတ်ကြီးပင်ကြီး ကလည်း လူတောင်တက် လို့ရနေပြီ... ။

တခြား ခြံစည်းရိုး မှာ ပေါက်နေတဲ့ အပင်တွေ နဲ့ အပင်တွေမှာ နွယ်တက်နေတဲ့ အပင် တွေကလည်း အများကြီး ... ကျွန်တော် ဟင်းပေါင်း လုပ်စား ရင်တော့ ရသမျှ အရွက်အားလုံး ခူးထည့်တယ် နုထွတ် နေတဲ့ အရွက် ကလေး တွေ ရွေးခူးတယ် ... အရသာ ကတော့ အစုံဘဲ တချို့ က အခါး မကြိုက်တော့ ဂွေးထောက်ညွှန့်လေးတွေ မထဲ့ ဘူး ကျွန်တော် ကတော့ ဂွေးထောက်ညွှန့် ခါး စိမ့်စိမ့် လေး လည်း ကြိုက်တာ ဘဲ....။

မြို့မှာလို သင်စရာ တော့ မလိုဘူး ကိုယ် တိုင်ခူး ထား တဲ့ အညွှန့်လေးတွေ ဘဲ ဆိုတော့  ရေစင်စင်ဆေး ပြီး.. ရေစစ်ထားလိုက်ရုံပါဘဲ.. ရေလေး နဲနဲ စစ်သွား မှ ဆန်မှုန့် အသင့် အတင့် ထဲ့.. ဆားလေး အချိုမှုန့် လေး ထဲ့ ... ပဲပုတ်ကြိုက်ရင် ပဲပုတ် လေး ထောင်းထဲ့ ပြီး  အရွက်တွေ နဲ့ ရောနယ်... ဆန်ကာထဲ မှာ စီထည့် တယ်.. ရေနွေးတည် ထားတဲ့ အိုးလေးပေါ် ဆံကာလေးတင် အပေါ်က အဖုံးလေး အုပ်ထားတယ်. .. အိုးဘေး မှာလည်း အငွေ့ တွေ တခြား မရောက်အောင်.. ရေစိုအဝတ်ကလေး ပတ် ပေးထား ရတယ်... ခဏနေ မွှေးလာရင် အရွက် ကလေးတွေ နပ်ရင် ရပြီ...။

အရွက်ပေါင်း ထားတုန်း.. ဟင်းရွက်ပေါင်း နဲ့ စားဘို့ အချဉ်လေး ကို ကိုယ်တိုင်လုပ်တယ်.. ခရမ်းချဉ်သီး ၂လုံး ၃လုံးလောက် မီးအုန်း ထားလိုက်တယ်... ထင်းမီးကျီးခဲ တွေ ရဲ့ အစပ် ပြာတွေကြားမှာ ထိုး ထည့် ထား လိုက်တာဘဲ ... ခြံထဲ က စွပ် လာ တဲ့ ငရုပ်သီး လေးငါးခြောက်တောင့် လည်း အဲဒီလိုဘဲ ပြာအုန်း ထားတယ် ပဲပုတ် ကို လည်း မီးကင် ထားတယ်... မီးကင် ထားတဲ့ ပဲပုတ် လေးငါးချပ် ကို အရင်ထောင်းတယ်... အဲဒီနောက်မှ ငရုပ်သီး မီးသင်းမွှေးမွှေး လေး ထဲ့ထောင်း ကြက်သွန်ဖြူ အသေးလေး တွေ လေးငါးမွှာ ထဲ့ ထောင်း နောက်ဆုံးမှ ခရမ်းချဉ် မီးအုံးလေး အခွံခွာ ပြီးထောင်း လိုက်တာဘဲ... ။

အဲဒါ ဟင်းပေါင်း နဲ့ တွဲဖက်စား ဘို့ အကောင်းဆုံး ခရမ်းချဉ်သီးထောင်းဘဲ... ကျွန်တော် ကတော့ ဟင်းရွက်ခူး တာက စပြီး အားလုံး ကိုယ့် စိတ်ကြိုက်လုပ်လိုက် ရမှ စိတ်တိုင်းကျတယ် ... ဒါပေမဲ့ အခုနောက်ပိုင်း ကျွန်တော် ရွာပြန်ရင် အမေ တို့က စပြီး ဈေးသည် ကလေး တွေ စီက ဘဲ ဝယ် စားတော့ တယ်.. အိမ်မှာ လုပ် မစား တော့ဘူး.... ကျွန်တော် ဟင်းရွက်ပေါင်းဖို့ ဟင်းရွက်ခူးမယ် လုပ်ရင်လည်း ဝယ်စား လိုက်ပါတော့ သမီးရယ် တဲ့ ... အလုပ် ရှုတ် ပါတယ် တဲ့...။

သြ ... ရွာလေး မှာတောင် အချိန်တွေ ရှားပါးသွားပြီလား.... ဒါမှ မဟုတ် ဟင်းရွက်ပေါင်း ရောင်းတဲ့ ကလေး လေး ကို အားပေးချင်လို့ လား ... တကယ် တော့ အဲဒီ ကလေး ခေါင်းပေါ် က ဟင်းရွက်ပေါင်း တဗန်းစာ လုံးရောင်းတာတောင်မှ ကျွန်တော် တို့ မြို့ မှာ မနက်ခင်းတိုင်း ဝယ်စားခဲ့တဲ့ ရှမ်းခေါက်ဆွဲ တပွဲ ဘိုး တောင် ပြည့်မယ် မထင်ပါဘူး....။

ရွာကလေး မှာ ဘာမှ ကြည့်ရှု့စရာ ထူးထူးဆန်းဆန်း မရှိတဲ့ အတွက် သူငယ်ချင်းကို ကျနော့် ဖွားလေး တို့ နေတဲ့ တကောင်း ကို ခေါ်သွားမယ်ဆိုပြီး ကျနော်တို့ အဝတ်ကလေး ၂စုံ ၃စုံ လောက် ယူပြီး ကားလမ်းဘေး မှာ တကောင်း သွား ဘို့ ကားစောင့် ကြပါတယ်...။

ကားစောင့် ရင်းနဲ့ ကားလမ်းဘေး မှာ ရှိနေ တဲ့  ဇရပ်လေး ထဲမှာ တချိန်က အလှူအတန်း တခုအတွက်   ဘုန်းကြီး တရား နာ နေတဲ့ ကြား မှာ လွန်ခဲ့ တဲ့ ၅နှစ်လောက်က သေဆုံးသွားပြီ ဖြစ်တဲ့ အမကြီး တယောက် တရားနာ သွား တဲ့ ဓါတ်ပုံတွေ ရှိတယ် ဆိုပြီး  သူငယ်ချင်း ကို ခေါ် ပြပါတယ် ...  ရေစက်ချတဲ့ ပုံတွေ ရိုက်တဲ့ ဓါတ်ပုံ တွေ ထဲမှာ သေဆုံးပြီးသား အမကြီး ပါနေတာ တွေ့ရတဲ့ အတွက်ပါ.... ဒါပေမဲ့ သူငယ်ချင်း ကတော့ ဓါတ်ပုံ ဆရာ က ဓါတ်ပုံပညာ နဲ့ လုပ်ထားတာ နေမှာပါတဲ့.. ဒါပေမဲ့ ကျွန်တော် စဉ်းစားမိ တာက ဘာ အကျိုးအမြတ် ကို မျှော်ကိုးပြီးများ အဲဒီဓါတ်ပုံဆရာက လွန်ခဲ့ တဲ့ နှစ်များစွာက သေဆုံးသွားတဲ့ အဲဒီ အမကြီး ကို ထည့်ထားလေ သလဲ ဆိုတာပါဘဲ ...။

ကြမ်းတမ်းလှတဲ့ တကောင်းလမ်း

ဆိုးလိုက်တဲ့ လမ်း... နဲနဲလေး မှ မကောင်းဘူးလို့ သူငယ်ချင်း က ရွတ်လာပေမဲ့ ကျနော် ကတော့ ဒီလမ်းလေး ပေါ်လာလို့ ဒို့ ဒီလို လွယ်လွယ် သွားလို့ ရတယ် မှတ်ပါသူငယ်ချင်း... ကိုယ်တို့ ငယ်ငယ် က အခုလို အဖွားတို့ စီသွားရင် ရေလမ်း တလမ်းကဘဲ သွားနိုင်တယ်....

တကောင်း တို့ ကြာညှပ် တို့ က သူငယ်ချင်း တွေ မန္တလေး ကျောင်းလာတက်ရင် လည်း  ရေလမ်းက ပဲ သွားရတယ်... အချိန်ကြာပေမဲ့ အဲဒီအချိန်က လူငယ်သဘာဝ ဆိုတော့ သူငယ်ချင်း တွေစုပြီး မော်တော် နဲ့ ကျောင်းသွားတက်ရတာကိုက တအားပျော်စရာကောင်းတယ်လို့ ပြောတယ် ..... မော်တော်ပေါ် မှာ လာရောင်းသမျှ ဝယ်စား.. ဂစ်တာတီး သီချင်းဆို... ပျင်းလာရင် ဖဲရိုက်... တကယ်တော့ ဖဲဝိုင်း က ၂၄နာရီပါ ... တယောက်ဝင် တယောက်ထွက်ပေါ့... အပျင်းပြေဆော့ကြတာပေါ့ လို့ ကျောင်းတက် တဲ့ အကြောင်းကို အမြဲတမ်း မှတ်မှတ်ရရ အဲဒီဘက်က သူငယ်ချင်းတွေက  ပြောကြတယ်....

ဒို့ကတော့ ရွာလေး ကနေ ကျောင်းတက်တာဆိုတော့ ကားလမ်းပေါက်တယ်....  အဖွားတို့စီ သွားချင်ရင် ဘဲ  သပိတ်ကျင်း ဘက်ကလှည့်ပြီး မော်တော်စီးသွားရတယ်... ဒို့ အလွမ်းဆုံး ကတော့ ဧရာဝတီ မြစ်ထဲ က လတ်လတ်ဆတ်ဆတ် ပုဇွန်ထုတ်ကြီး တွေဘဲ... ဈေးလည်း မများဘူး.. ကားလမ်း မပေါက် တော့  ကိုယ့် ဧရာဝတီ က ထွက်တာ ကိုယ်စားရတာပေါ့....

ကျွန်တော် ပြောတာတွေ ကို စိတ်မပါတပါ နားထောင်နေတဲ့ သူငယ်ချင်း ကတော့ ပုဇွန်ထုတ် ကြီး အသံကြား မှ အခုရော ငါတို့ စားရမှာလားလို့ စကားသံ ထွက်လာပါတယ်.. အခုတော့ ကားလမ်းက နေ မိုးကုတ် တို့ မန္တလေး တို့ကို ပို့နေ လို့ ရှိတော့ ရှိတယ် ဈေးကတော့ များတယ်.. ဒါပေမဲ့ မြို့ပေါ်ထက်စာရင် ဈေးချိုပါသေး တယ်.. သူငယ်ချင်း ကို ကျွေးမှာပါ လို့ ပြောရသေးတယ်... 

ကျွန်တော် တို့ အဖွားစီသွားလည်ရင် တံငါစု ဆိုတဲ့ တံငါ အများစု နေကြတဲ့ တဲအိမ် ကလေးတွေ ကို အမြဲ သွားတယ်....  စားချင်တဲ့ ငါးတွေ ပုဇွန် တွေ သွား ဝယ်တယ်... အပြန်ကြရင် ငါးဘတ် လတ်လတ် တွေ ကို တံငါချက် ချက်စားတယ်.... ပုဇွန်ထုပ် လတ်လတ်ကြီးတွေ ကို ချက်စား... သုတ်စား ကြတယ်...။

အခုတခေါက် ကျနော် နဲ့ အတူ တကူးတက လိုက်လာတဲ့ သူငယ်ချင်း ကို အဖွားနဲ့ အဒေါ်တွေက ဂရုတစိုက် နဲ့ ချက်ပြုတ်ကျွေးမွေး ကြပါတယ်... တော ထဲ ကရသမျှ အသားတွေ လည်း ချက်ကျွေးတယ်.. ဂျီသား နဲ့ တောဝက်သား ချက် လည်း စားခဲ့ ရတယ်... ပုရစ် ပေါ်တဲ့ အချိန်နဲ့ ဖြစ်နေလို့ ပုရစ်တွေ အားရပါးရ ကျော်ကျွေးတဲ့ အပြင် ရွာ အတွက် လည်း ထည့်ပေး လိုက်ပါ သေး တယ်...

အဖွားရဲ့ ခြံထဲက အုန်းပင်တွေ အောက်က ကော်ဖီပင်တွေ မှာ ပြွတ်နေအောင် သီးနေ တဲ့ ကော်ဖီသီးလေး တွေ ကြည့်ပြီး သူငယ်ချင်းကတော့ ပျော်နေတယ်... ကျွန်တော်တို့ အဖွားအိမ် မှာ ကော်ဖီ ကို ဝယ်မသောက် ရပါဘူး တနှစ်စာ ကော်ဖီမှုန့် ကတော့ ကိုယ့်ခြံကထွက်တာ နဲ့ ကိုယ် လုံလောက် ပါတယ်.. အုန်းသီးတွေ ကတော့ ရောင်းစား လို့ လဲ လောက်လောက်လားလား မရ ဆိုတော့  အိမ်အောက်ထပ် မှာ အပင်ပေါက် တဲ့ ထိ ဒီတိုင်း ဘဲ ထားကြတာ အများကြီးပါဘဲ..







>>>ဆက္ဖတ္ရန္>>> >>

Sunday, June 18, 2017

shwezinu: ဒေါက်တာစိုးလွင် ၏ မိုက်ကယ်ရယ်၊ သော်တာဆွေရယ်၊ လူနာတစ်ယောက်ရယ်၊ ကျွန်တော်ရယ်

ပထမဦးစွာ ကျွန်တော်ဆိုသော ကောင်လေးတစ်ယောက်နှင့် စာဖတ်သူကို မိတ်ဆက်ပေးဖို့ လိုမည်ဟု ထင်ပါသည်။ မိတ်ဆွေဖြစ်သွားကြသောအခါမှ ကျွန်တော့်ရင်ထဲက ပြောပြချင်သည်တို့ကို ရှင်းရှင်း လင်းလင်း ပြောပြ၍ ကောင်းမည်ဟု ကျွန်တော် ယုံကြည်နေမိသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့်ကို ရင်းနှီးသူများက "ပေါက်ကလေး" ဟု ချစ်စနိုး ခေါ်ကြပါသည်။ အညာသား သူငယ်ချင်း တစ်ယောက်က "ဖိုးပေါက်" ဟု အားပါးတရအာလုပ်သံနှင့် ခေါ်တတ်သည်။ ကျွန်တော်၏ အဒေါ်နှင့် အမများကမူ ကျွန်တော့်ကို "မိပေါက်" ဟုခေါ်ကြသည်။ ပြောမနာဆိုမနာ သူငယ်ချင်းများကတော့ "ငပေါက်" ဟု အားရပါးရ ခေါ်လေ့ ရှိပါသည်။ ကျွန်တော့်ထက်ငယ်သူများကတော့ ရိုရိုသေသေနှင့် "ကိုပေါက်" ဟုခေါ်ပါသည်။ ဘယ်သူတွေက ဘယ်လိုခေါ်ခေါ်လေ တစ်ယောက်သောသူကမူ ကျွန်တော့်အား "မောင်" ဟုခေါ်ပါသည်။ သို့သော် ကျွန်တော့်ကို "ကိုကို" ဟုခေါ်သောသူ မရှိသေးပါ။ ဝမ်းနည်းစွာပြောရမည်ဆိုလျှင် ယခုအရွယ်အထိ ကျွန်တော့်မှာ ရည်းစားတစ်ယောက်တည်းသာ ရှိဖူး သေးသောကြောင့် ဖြစ်ပါသည်။

ကျွန်တော့်နာမည်ကို ပြောပြပြီးသောအခါ ကျွန်တော့်အလုပ်အကိုင်ကိုလည်း ပြောပြရပါဦးမည်။ ကျွန်တော် သည် ဆရာဝန်ပေါက်စလေးတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့်နာမည်နှင့် အလုပ်အကိုင် ကို ပေါင်းစပ်လိုက် လျှင် ကျွန်တော့်ကို "ဒေါက်တာပေါက်ကလေး" ဟုခေါ်ကြပါစို့။
ကျွန်တော့်၌ ငယ်ငယ်ကလေးတည်းကပင် အလွန်စဉ်းစားတွေးတောငေးမောတတ်သော၊ လူကလေး ပိစိကွေးနှင့် မလိုက်သော စာအုပ်ထူကြီးများကို လူကြီးများ မသိအောင် ချောင်တစ်ချောင်၌ ကုတ်ကုတ် ကလေး ဖတ် တတ်သော ဝါသနာ ရှိပါသည်။
ထို့ကြောင့် ကျွန်တော်သည် စာပေဝါသနာပါသော ဒေါက်တာပေါက်ကလေးဖြစ်သည့်အကြောင်း စာဖတ်သူနှင့် ပဏာမ မိတ်ဆက်ပေးလိုက်သည်။

(၂)

စာပေဝါသနာပါသော ကျွန်တော်သည် စာပေ၏လွှမ်းမိုးမှုကို ခံရမည်ဆိုသည်မှာ ယုံမှားသံသယ ရှိကြ မည် မထင်ပါ။ ယခု ကျွန်တော်၏ စိတ်နေသဘောထား အတွေးအခေါ်လောကအမြင် စသည်တို့သည် ကျွန်တော် ဖတ်ရှုခဲ့ရသော စာအုပ်များနှင့် များစွာသက်ဆိုင်နေသည်ဟု ကျွန်တော် ယုံကြည်ပါသည်။
စာအုပ်တစ်အုပ်ကို ခံစားချက်နှင့် ဖတ်သည်။ စူးစမ်းလိုစိတ်နှင့် ဖတ်သည်။ မည်သို့ပင်ဖတ်ဖတ် စာတစ်အုပ်ကို စာတစ်ပုဒ်ကို ဖတ်ပြီးလျှင်ကား စိတ်ထဲတွင် တစ်ခုခုကျန်ရစ်အောင် ကျွန်တေယ် ဖတ်လေ့ ရှိပါသည်။ ကျွန်တော့်၌ မှတ်စုစာအုပ်လေးတစ်အုပ် ရှိပါသည်။ ကျွန်တော်ဖတ်သော စာအုပ် များထဲမှ ကျွန်တော်၏စိတ်ထဲ ထိခိုက်သွားစေနိုင်သော အရေးအသားများ အတွေးအခေါ်များကို ထိုစာအုပ်လေး ထဲတွင် ကျွန်တော်ကူယူထားလေ့ ရှိသည်။ ပျင်းပျင်းရှိလျှင် ထိုစာအုပ်လေးကို ခဏခဏ ပြန်ဖတ် ၍ တွေးတောနေတတ်ပါသည်။ စာအုပ်ဖတ်ရင်း ပြုံးတတ် ရယ်တတ် မဲ့တတ် ငိုတတ်သော ကျွန်တော့်ကို နားမလည် သူများက အရူးဟု ပြောကြမည်ဆိုလျှင် စာပေဝါသနာရှင်များကမူ ကျွန်တော့် ဘက်မှ ကိုယ်ချင်းစာ ၍ နားလည်နိုင်ကြမည်ဟု ထင်ပါသည်။

ကျွန်တော် စတင်တွေးခေါ်တတ်ခါကစ ဖတ်ရသော စာအုပ်တစ်အုပ်ထဲမှ အတွေးအခေါ်တစ်ခုကို ကျွန်တော် များစွာ သဘောကျမိပါသည်။
ထိုစကားလေးများကို ကျွန်တော် တင်ပြလိုပါသည်။ ဤသည်ကို ဖတ်ရလျှင် ဤစကားသည် မည်သည့် ဝတ္ထုထဲမှ မည်သူပြောခဲ့သည့်စကားဆိုသည်ကို စာဖတ်သူများလည်း သိလိမ့်မည် ထင်ပါသည်။
"ကျုပ် ဗေဒင်ကို မယုံဘူး ... ဗေဒင်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူတွေ မေးတာပဲ၊ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်မယ် ဆိုတာ မသိလို့ တခြားသူမေးရတာဟာ အမှန်တော့ ရှက်စရာ အကောင်းဆုံး အလုပ်တစ်ခုပေါ့။ ကျုပ်ဘဝရဲ့ဗေဒင်ကို သူများ မေးစရာ မလိုဘူး။ ကျုပ်ဘာသာကျုပ် ဟောနိုင်တယ်။ ကျုပ်ဘာဖြစ်မယ် ဆိုတာကို ကျုပ်အရည်အချင်းနဲ့ ကြိုးစားမှုက အဆုံးအဖြတ်ပေးမှာပဲ"
ဆရာအောင်လင်း ၏ "အရိုင်းစံပယ်" ဝတ္ထုထဲမှ ဇာတ်လိုက်ကိုဘခက် ပြောခဲ့သော စကား ဖြစ်ပါသည်။ ထိုစကားအား စာအုပ်လေးထဲတွင် သေချာစွာ ကူးရေးထား၍ ခဏခဏ ဖတ်ကာ သဘောကျရင်း ကျရင်းမှ ထိုဇာတ်လိုက်ကဲ့သို့သော သဘောထားသည် ကျွန်တော့်သဘောထား ဖြစ်မှန်းမသိ ဖြစ်လာ ပါတော့သည်။

ထို့ကြောင့်လည်း ဘယ်အရပ် ဘယ်ဒေသရောက်ရောက် စုံစမ်းမေးမြန်း၍ ဗေဒင်မေးလေ့ ရှိသော ကျွန်တော့် အမေနှင့် အဒေါ်များအား ကျွန်တော်၏ ကိုယ့်အကြောင်းကို သူများ သွားမေးနေရတယ် မသိပါဘူး။ သူတို့မပြော လည်း ကိုယ့်အကြောင်းကိုယ် သိနေတာပဲ မဟုတ်လား။

(၃)
အမျိုးသမီးတိုင်း ဗေဒင်လက္ခဏာကို ယုံကြည်ဝါသနာပါသည်လို့တော့ ကျွန်တော် မပြောလိုပါ။ သို့သော် ကျွန်တော့် ပတ်ဝန်းကျင်မှ တွေ့ရသမျှသော အမျိုးသမီးအများစုသည် ဗေဒင်ဝါသနာပါသည် ဟုတော့ ကိုယ်တွေ့ မို့ သိနေပါသည်။
ကျွန်တော် ၏ မေမေဆိုလျှင် ဗေဒင်ကို အတော်ယုံ၏။ ကျွန်တော့်အား ဗေဒင်ဆရာဆီ ခေါ်သွားရန် မေမေ မကြာခဏ ကြိုးပမ်းဖူးပါသည်။ ဆရာဝန်ဖြစ်လာမည့်သားအား စိတ်မချနိုင်သော အမေ တစ်ယောက်၏ စိတ်ထားကို နားလည်နိုင်လိမ့်မည် ထင်ပါသည်။ အမေဘယ်လောက်ပင်ခေါ်ခေါ် ကျွန်တော်ကတော့ မလိုက်ရေးချ မလိုက်။
"မေမေကလည်းဗျာ ... ကိုယ့်အကြောင်းများ သူများ သွားမေးရမယ်လို့" ကျွန်တော် ဘာပြောပြော အမေ စိတ်မပျက်၊ ကျွန်တော်မပါလည်း အမေတစ်ယောက်တည်း ထီးကလေးဆောင်းပြီး ကျွန်တော့် ဇာတာပေရွက်ကလေးကိုင်ကာ ဗေဒင်ဆရာဆီသွားတတ်သည်။ ဗေဒင်ဆရာ၏ ဟောချက်များကို စာနှင့် သေချာ ရေးယူလာခဲ့သည်။ ကျွန်တော့်ကိုလည်း အလွတ်ကျက်ခိုင်းလိုခိုင်း၊ ပြီးတော့ ဗေဒင် ဆရာ ခိုင်းလိုက်သော ယတြာများ အဆောင်များကိုလည်း ခက်ခက်ခဲခဲ ရှာဖွေ လုပ်ကိုင်တတ်လေသည်။

တစ်ခါတုန်းက ကျွန်တော့်ကို ဗေဒင်ထဲမှ ကျွန်တော် မှတ်မိနေမိသည်မှာ ...
"ဤဇာတာရှင်သည် အလွန်စန်းပွင့်သည်။ မိန်းကလေးများ ပတ်လည်ဝိုင်းနေသည်။ အနောက်တောင် ဘက်မှ အမျိုးသမီးအနှောင့်အယှက်ကို သတိထားပါ။ ဒီနှစ်အတွင်း အရှေ့မြောက်ဘက်သို့ ခရီး မသွားပါနှင့်"
အမယ်မယ် တယ်ဟုတ်တဲ့ငါပါလား။ ဘဝင်တော်တော်မြင့်သွားမိလေသည်။ အမေစိတ်ပူမည်ဆိုလည်း စိတ်ပူစရာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ အရှုံးရှိတာ မှတ်လို့။ ကျွန်တော့်စိတ်ထဲ အနောက်တောင်အရပ်မှ မိန်းကလေးတစ်ယောက် ရှာပြီး အရှေ့မြောက်ဘက်ဆီ ခရီးသွားချင်လိုက်တာ မပြောပါနှင့်တော့လေ။

ကျွန်တော်၏ ရည်စားသ်ညလည်း မိန်းကလေးတစ်ဦး ဖြစ်ပါသည်။ မိန်းကလေးတစ်ဦးမို့ ဗေဒင်ဝါသနာ ပါလိမ့်မည်ဆိုတာ ကျွန်တော်မပြောလည်း သိလိမ့်မည် ထင်သည်။ ကြုံတုန်းလေး အတိတ်ကံကို တစ်ခေါက်လှန်ပြီး ဇာတ်ကြောင်း ပြန်ပြချင်ပါသေးသည်။
ဟိုတစ်လောတုန်းက ကျွန်တော်တို့ နောက်ဆုံးနှစ်အပိုင်း(ခ)စာမေးပွဲကြီး ဖြေရခါနီး ဖြစ်ပါသည်။ ဒီစာမေးပွဲက ဆေးတက္ကသိုလ်ရဲ့နောက်ဆုံးနှစ် အခက်ခဲဆုံး၊ ကုသိုလ်ကံကောင်းဖို့လည်း အလိုအပ်ဆုံး၊ ဆရာဝန် တစ်ယောက် ဖြစ်ထိုက်၊ မဖြစ်ထိုက် အဆုံးအြဖတ်ပေးမည့် စာမေးပွဲ။ နေ့မအား ညမအား စာကျက်နေ ရချိန်၊ ငိုချင်သလိုလိုနှင့် ရူးချင်ချင်ဖြစ်ရသောအချိန် ဖြစ်ပါသည်။
အဲဒီအချိန်မှာ သူဘယ်လို စိတ်ရူးပေါက်သည်မသိ။ အခုဖြေရမယ့် စာမေးပွဲကြီးအောင် မအောင်ကို ဗေဒင်သွားမေးချင်သည်တဲ့။ စာမေးပွဲနီးလို့ စိတ်ညစ်ရတဲ့ကြားက သူကလည်းတစ်မှောင့်။ "ယောကျ်ား တို့ဘုန်း မိုးသို့ချုန်း" ဆိုသည့် စကားအတိုင်း ကျွန်တော်ရေရေလည်လည် ဟောက်ပစ် လိုက်လေ သည်။

"ဟာ မဟုတ်တာဘဲကွာ ... စာမေးပွဲအောင်မအောင်များ ဗေဒင်သွားမေးရဦးမှာလား။ ကိုယ်ကြိုးစား ရင် ကိုယ်တော်ရင် အောင်မယ်၊ ကိုယ်အသုံးမကျရင် ကျမှာဘဲ။ ဒါများ ဗေဒင်မေးစရာ မလိုပါဘူး။ ဘယ်သူဖြစ်ဖြစ် စဉ်းစားကြည့်လိုက်ရင် အသိသာကြီးပဲ" ထိုစကားကို ကြာသောအခါ သူမည်သို့ လုပ်သည်ဟု မိတ်ဆွေ ထင်ပါသနည်း။
"ခုမှသိရတော့တယ် ... သူ့ကို ချစ်မှမချစ်ဘဲ၊ မချစ်လို့ အလိုမလိုက်တာပေါ့။ ဒါလေးများ ဘာပင်ပန်း တာကျနေတာပဲ။ ဓူဝံကြယ်များသွားဆွတ်ခိုင်းရင် ဘယ်လိုများနေမယ် မသိဘူး" ဟု ဆိုကာ၊ ၂ရက် ၂နာရီနှင့် ၂မိနစ် တိတိ ကျွန်တော့်ကို စကားမပြောဘဲ စိတ်ကောက်ပါတော့သည်ခင်ဗျား။

အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားကြီးဖြစ်သော ကျွန်တော်သည် ထိုလက်နက်၏ ဒဏ်ကို ကြံ့ကြံ့ မခံနိုင်ခဲ့တာ အမှန်ပါပဲ။ ခုနေတုန်းတော့ ဒင်းလုပ်ထားဦးပေါ့။ မရခင်တော့ ဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ရ မယ်လို့ ဘိုးဘေးဘီဘင် အဆက်ဆက်က မှာခဲ့သေးတာပဲဟု စိတ်ကို ဖြေလိုက်ကာ အမေ့တုန်း ကတင်း နိုင်သူ ကျွန်တော်တစ်ယောက် စက်ဘီးနောက်မှ သူ့ကိုတင်ပြီး မန္တလေးအခေါ်အပြ (၂၀)လောက် ကို လျှာထွက်အောင်နင်း၍ နာမည်ကြီး ကိုရွှေဗေဒင်ဆရာထံမှောက် အရောက်ပို့ ရပါတော့သည်။
ကြုံကြိုက်တုန်းမို့သာ ပြောရပါသည်။ ရှက်တော့လည်း အရှက်သား၊ သူများတွေ သိကုန်မှာ စိုးရသေး သည်။ ထို့ကြောင့် စာဖတ်သူအား ဤအကြောင်းတွေ သူများကို လျှောက်မပြောဖို့ ကြိုတင်၍ တောင်းပန်အပ်ပါသည်။
မထူးပါဘူးလေ ပြောလက်စနှင့် ဆက်ပြောရတော့မည်။ စလေအညာက ကိုရွှေဗေဒင်ဆရာ ဘာဟော သည်ထင်ပါသနည်း။ စာကြိုးစားဖို့ အထူးလိုသည်။ အနှောင့်အယှက်တွေ ရှိနေသည်။ ဒါကြောင့် ယတြာချေ ရမည်။ စာမေးပွဲခန်းထဲသို့ ဝင်တိုင်း အင်္ကျီတွင် အရွက်တစ်မျိုး (အခုတော့လည်း ပြီးပြီးရော ထုံးစံအတိုင်း နာမည်တော့မေ့သွားပြီ)ကို တွယ်၍ ဖြေမှ အနှောင့်အယှက်က ကင်းဝေးမည်ဟု ဆိုသည်။

စာကျက်ဖို့အချိန် မရှိရတဲ့ထဲမှာ ရှာရခက်မည့် အရွက်ကိုမှ ညွှန်းသော ဗေဒင်ဆရာအား ရိုက်ချင် စိတ် ပေါ်လာသည်။ ဒါပေမဲ့ တတ်နိုင်ပါဖူးလေ။ သမိုင်းပေးတာဝန်ဆိုတော့လည်း ရှောင်လွှဲနေလို့မှ မရတာ ဘဲ။ ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားဝတ္ထုများ ဖတ်ထားသူ၊ ကာတွန်းအောင်ရှိန်၏ စုံထောက် ကြီး ဦးရှံစားကာတွန်းများ ဖတ်ထားသူ ကျွန်တော့်အဖို့ ဒီအရွက်လောက်များတော့ အပျော့ပဲ၊ မန်းမြေ အနှံ့ခြေဆန့်ကာ ယတြာချေသော သစ်ရွက်အား ရှာဖွေပါတော့သည်။
အတိုချုပ် လိုက်လျှင် ... ယတြာတန်ခိုးတော်ကြောင့် ကျွန်တော်တို့နှစ်ယောက်လုံး စာမေးပွဲအောင်ခဲ့ သည်ဟုပဲ ဆိုပါတော့လေ။ စာမေးပွဲအောင်၍ အမေ့ဆီ ပြန်သောအခါတွင် အမေပြောသော စကား ကြောင့် ကျွန်တော် ပြုံးမိလေသည်။ "သားစာမေးပွဲအောင်ဖို့ အမေဗေဒင်ကြိုမေးပြီး အပင်ပန်းခံ ယတြာ ချေထား တယ်လေ" ဟု ဝမ်းသာအားရနှင့် အမေကပြောတော့ ကျွန်တော် မပြုံးမိရင် ကျွန်တော်က ဘာကောင် မို့လို့ပါလဲခင်ဗျာ။

(၄)

ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်ကတော့ "ဆရာဝန်ပေါက်စလေးတစ်ယောက်" ဖြစ်လာပြီ။ ကျွန်တော် ဆရာဝန်ဖြစ်ပြီ အမေရေဟု ရင်ကော့ပြီး အမေ့ဆီ ပြန်လာခဲ့ရသည်။ ဆရာဝန်ဘွဲ့ကြီးကို ပိုက်ပြီး ဘွဲ့ရ အလုပ်လက်မဲ့ ဆရာဝန်လေးတစ်ယောက်လုပ်နေလို့တော့ မဖြစ်သေးပါဘူး။ ကျွန်တော် အလွန်အားကျ ကြည်ညိုသော နှလုံးလှ ဆရာဝန်ကြီးများဖြစ်သည့် ဒေါက်တာနော်မန်ဗက်သွန်းတို့၊ ဒေါက်တာအဲလ် ဘက်ရွိက်ဇာတို့လမ်းကို လိုက်ရမလား။ ဟုတ်ပြီ ဒီလမ်းကို လိုက်မယ်။ ဒီတော့ သူတို့လိုပဲ ငယ်ငယ် တုန်းတော့ အေးအေးဆေးဆေး နေပြီး အသက်ကြီးမှပဲ ကိုယ်ကျိုးစွန့်ပြီး ဆရာဝန်အလွန် လိုအပ်နေသော တရုတ်ပြည် တို့၊ အာဖရိကတောနက်ထဲတို့ကို သွားတော့မယ်။
လောလောဆယ်တော့ ဆရာဝန်ဖြစ်သည်အထိ (၁၇)နှစ်တိတိ ငွေကုန်ကြေးကျများပြားစွာ ပညာသင် ပေးခဲ့ပြီး ၍ နွမ်းလျနေပြီဖြစ်သော မိဘနှစ်ပါး ကို ကျေးဇူးဆပ်ရန် အတွက် နောင်တော့်နောင်တော် တို့၏ လမ်းစဉ်ကို စိတ်ထဲ အတွေးထဲမှ မလိုက်ချင် ပါဘဲလျက် လက်တွေ့မှာတော့ လိုက်ရကာ ဆေးခန်းငယ် လေးတစ်ခုကို ဖွင့်ရပါတော့သည်။ ဤသို့ဖြင့် "ဒေါက်တာပေါက်ကလေး" ၏ ဆေးခန်းပိစိကလေးတစ်ခု သည် ကျွန်တော်တို့ မြို့သေးသေးလေး၏ များပြားလှစွာသော ကွမ်းယာဆိုင် ဆံပင်ညှပ်ဆိုင်များနှင့် အပြိုင် လမ်းထောင့်တိုင်းတွင် တည်ရှိနေသော ဆေးခန်းကြားတွင် မထင်မရှား ပေါ်ထွက်လာခဲ့လေ သည်။

ပျော်စရာလား စိတ်ညစ်စရာလားတော့မသိ၊ ဒေါက်တာပေါက်ကလေးရဲ့ ဆေးခန်းမှာတော့ အမြဲတစေ လူရှင်းနေ တာ အမှန်ပါပဲ။ ဆေးရုံတို့ ဆေးခန်းတို့ဆိုတာ လူစည်ကားအပ်တဲ့နေရာ မဟုတ်ပါဘူးလေဟု စိတ်ကို ဖြေနေရသည်။ ကောင်းတာတစ်ချက်ကလည်း ရှိပါသေးသည်။ ခုမှပဲ ဆေးကျောင်းသား ကာလ ဆေးစာအုပ်ကြီးတွေကြားထဲမှာ မြှုပ်နှံထားရသော ကျွန်တော့် မျက်လုံးအစုံ ကို ကျွန်တော် ဝါသနာပါလှ သော စာပေထဲမှာ အေးဆေးစွာ နှစ်မြှုပ်နိုင်တော့သည် မဟုတ်ပါလား။

စာပေအကြောင်း ပြောလျှင် ကျွန်တော်အကြိုက်နှစ်သက်ဆုံး စာရေးဆရာအကြောင်းလည်း ပြောရပါ ဦးမည်။ သူကား ဆရာသော်တာဆွေပါတည်း။ ဆရာ့စာတွေကို ဖတ်၍ ရယ်မောပျော်ရွှင်ခဲ့ရသလို အတွေးနက်နက်တွေးကာ ဘဝ၏ အမှန်တရားများကို ရှာတတ်စေခဲ့ပါသည်။ ဆရာသော်တာဆွေ၏ အကြောင်းပြောနေခြင်းမှာ ကျွန်တော်ယခု ပြောပြချင်သည့်အကြောင်းနှင့် ဆရာသော်တာဆွေ၏ စာ တစ်ပုဒ်နှင့် များစွာသက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။
ဆေးခန်းလူမလာတော့လည်း ဘာအရေးစိုက်ရမှာလဲ။ လူနာစမ်းသပ်တဲ့ ခုတင်ကြီးအားနေတော့ အဲဒီ ခုတင်ပေါ်တက်အိပ်ပြီး အားပါးတရ စာအုပ်တွေ ဖတ်ပစ်လိုက်မှာပေါ့။ ဒါနဲ့ပဲ ဟိုတစ်နေ့က စာအုပ်ဆိုင် ကို သွား စာအုပ်တွေကိုမွှေနှောက်၊ ဆရာသော်တာဆွေဝတ္ထုပါတဲ့ မဂ္ဂဇင်းတွေအားလုံး ငှားခဲ့လေသည်။ ဆရာဝန်ကလေးဆိုပြီး အထင်တော့မကြီးလိုက်ပါနဲ့။ မဂ္ဂဇင်းအဟောင်းတွေကို တစ်အုပ်ကိုငါးမူးစီ ပေးပြီး ငှားနိုင်တဲ့ ဒေါက်တာလေးပါခင်ဗျာ။

အဲဒီနေ့က မှတ်မှတ်ရရ ဗေဒင်လက္ခဏာနဲ့ ပတ်သက်တဲ့ ဆရာသော်တာဆွေရဲ့ ငယ်မူပြန်ဝတ္ထုလေး တစ်ပုဒ် ကို ဖတ်လိုက်ရသည်။ ၁၉၈၅ခု ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်းထဲက "မိုက်ကယ်ရယ်၊ သန်းဆွေရယ်၊ ခိုင်ရယ်၊ ကျွန်တော်ရယ်" ဆိုတဲ့ ဝတ္ထုလေး ဖြစ်ပါသည်။ အဲဒီဝတ္ထုထဲက ဗေဒင်ဆရာ မိုက်ကယ်၏ ပညာစွမ်းကို အံ့သြချီးမွမ်း မိလေသည်။
ထိုဝတ္ထုထဲမှာ ပါသော အချက်များထဲက ကျွန်တော် ပြောချင်သည့်အကြောင်းနှင့် တိုက်ရိုက် ပတ်သက် သော ဗေဒင်ဟောချက်တစ်ချက်တည်းကိုသာ တင်ပြလိုပါသည်။ ဆရာမိုက်ကယ်က စာရေးဆရာ သန်းဆွေ ကို ဒီလူဟာ နှစ်မကူးခင်သေမှာပဲဟု အတတ်ဟောပြောခဲ့သည်။ ဘယ်သူမှ မယုံချင်သော် လည်း ထိုနှစ် နှစ်မကူးခင်မှာ ဆရာသန်းဆွေရေနှစ်ပြီး တကယ့်ကို သေသွားခဲ့လေသည်။
ထိုဝတ္ထု ကို ဖတ်ပြီး အတွေးနယ်ချဲ့မိရင်းမှ ဗေဒင်လက္ခဏာကို မယုံကြည်ချင်သော ကျွန်တော် တစ်ယောက်တော့ဖြင့် အလွန်လေးစားသော ဆရာသော်တာဆွေ၏ ကိုယ်တွေ့ဝတ္ထုထဲမှ ဆရာ မိုက်ကယ် ၏ ဗေဒင်ပညာရပ်ကို မယုံနိုင်လောက်အောင် အံ့သြမိလေသည်။

(၅)

တွေးရင်းငေးရင်း မိုးချုပ်လာလေပြီ။ ဆေးခန်းပိတ်တော့မှပဲ။ လူနာတစ်ယောက်မှ မလာသေး ဘဲ ဆေးခန်းပိတ်ရမှာ ကိုယ့်လိပ်ပြာကိုယ် ရှက်မိလိုက်ပါဘိ။ တတ်နိုင်ပါဘူးလေ ကျောင်း မှာ  နောက်ကြ ပြောင်ကြတုန်းကလို ငါတို့တွေ ဆေးဗန်းလေးခေါင်းမှာ ရွက်ပြီး "ဟောဒီက ဆရာဝန်ပါဗျို့ ... ဆေးထိုး ကြဦး မလား။ အားဆေးကောင်းကောင်းတွေ ပါတယ်။ တစ်ခါထိုးမှ တစ်မတ်တည်းရယ်" လို့ မအော်ရ သေးတာ ဝမ်းသာရမယ်လို့ ရသေ့စိတ်ဖြေတွေးနေမိစဉ် လူရိပ်နှစ်ခု ဆေးခန်း တံခါးဝသို့ ရောက်လာ သည်ကို တွေ့လိုက်ရလေသည်။
ဝမ်းမြောက်ဖွယ်ရာ တကယ့်လူနာပါလား။ တစ္ဆေခြောက်တာ မဟုတ်ပါဘူးဟု ဆိုတာ သေချာမှ ကျောင်းတုန်းက မသင်ခဲ့ရပေမယ့် ကိုယ့်ဘာသာလေ့လာထားသော ဦးနု၏ "လူပေါ်လူဇော်လုပ်နည်း" စာအုပ်ထဲကအတိုင်း ပြုံးရွှင်စွာ ကြိုဆိုလိုက်လေ သည်။ နေရာ ထိုင်ခင်းပေးပြီးသည်နှင့် စုံထောက်ကြီး ရှားလော့ဟုမ်းစတိုင်နှင့် လူနာကို အကဲခတ်လိုက်လေသည်။

ဒီနှစ်ယောက်ထဲကမှ လှပသွက်လက်တဲ့ မိန်းမပျိုလေးကတော့ လူနာဟုတ်မယ်မထင် ... မိုးရွာခါနီး အုံ့ဆိုင်းနေတဲ့ကောင်းကင်လို အသက်နဲ့စာရင် အိုမင်းနေပုံရတဲ့ သောကမျက်နှာပိုင်ရှင် အဘိုးကြီးဟာ လူနာ ဖြစ်ရမယ်။
"ကဲ အဘ ... ဘာဖြစ်သလဲခင်ဗျာ၊ ကျွန်တော့်ကို ပြောပြပါဦး"
အဘိုးကြီးက ကျွန်တော်မေးတာကို သူ့မေ်းတယ် လို့မှ အောက်မေ့ရဲ့လား မသိ တွေတွေကြီးငေးနေ လေ သည်။ ထိုအခါ မိန်းကလေးက "ဆရာ ဒါ ကျွန်မအဖေ ပါ၊ အဖေသိပ်နေမကောင်းလို့ ဆရာ့ဆီ ခေါ်လာတာပါ"
"သြော် ဟုတ်လား ... ဘယ်လို နေမကောင်းတာလဲ။ အနာသိရင် ဆေးရှိရမှာပေါ့ဗျာ၊ ကျွန်တော့် ကို သေချာပြောပြပါဦး။ ရောဂါကို သေချာသိရမှ ဆရာဝန်ဟာ အနာနဲ့ဆေးတည့်အောင် ပေးနိုင်မှာ ဖြစ်ပါ တယ်"
"ဆရာရေ ဒီလိုပါရှင် ... ဧပြီလထုတ် ချယ်ရီမဂ္ဂဇင်းထဲမှာပါတဲ့ သော်တာဆွေရဲ့ဝတ္ထုကို ဖတ်ပြီး တွေးနေ မိတာ မဟုတ်လား။ သို့သော် သေချာအောင် မေးလိုက်လေသည်။ ခုနက စားပွဲပေါ်ချထား လိုက်သော ချယ်ရီ မဂ္ဂဇင်းထဲက ဝတ္ထုကို ပြလိုက်ကာ ...
"ဒီဝတ္ထုလားဗျာ ... တိုက်တိုက်ဆိုင်ဆိုင် အခုပဲ ကျွန်တော် ဖတ်ပြီး သွားလို့ ဒီဝတ္ထုအကြောင်း တွေးနေတာဗျာ"

"ဟုတ်တာပေါ့ရှင် ... အဲဒီဝတ္ထုပေါ့။ ဒီဝတ္ထုကြောင့် အဖေဒီလို ဖြစ်ရတာ" တစ်ခဏအချိန်အတွင်းမှာပင် ကျွန်တော် သည် စာပေဝါသနာပါသူပီပီ စိတ်ဝင်စားဖွယ်ရာ ဆက်စပ်တွေးတောလိုက်လေသည်။ ဟာ ကြည့် ရတာ ... ဒီအဘိုးကြီး ဆရာသော်တာဆွေတို့နဲ့ ရွယ်တူပဲ။ သူ့ဝတ္ထုထဲက ခိုင်ဆိုတာနဲ့များ ဘယ်လို ပတ်သက်နေပါလိမ့်။ မဟုတ်မှာလွဲရော ခိုင့်ရဲ့ပန်းဦးကို ခူးသွားတဲ့ ငယ်ရည်းစားကြီးလား မသိဘူး။
ဇာတ်လမ်း ကတော့ စိတ်ဝင်စားစရာကောင်းလာပြီ။ "ကဲ ညီမလေး ဆရာတော့ သိပ်စိတ်ဝင်စားနေပြီ၊ ဆရာ့ ကို နားလည်အောင် သေချာရှင်းပြပါဦး"
"ဒီလိုပါဆရာ ... ကျွန်မအဖေဟာ ဒီလဆန်းကပဲ အသက်"၆၉နှစ်" ပြည့်ခဲ့တာပါ။ အရင်က ကျန်းကျန်း မာမာ ပါပဲ။ လွန်ခဲ့တဲ့ ၂လလောက်ကမှ ဒီဝတ္ထုပါတဲ့ မဂ္ဂဇင်းကို ဖတ်မိပြီးကတည်းက ဒီရောဂါစပြီးရတော့ တာပါ"
ထိုစဉ်မှာ အဘိုးကြီးသည် ကျွန်တော်တို့ စကားပြောနေသည်ကို စိတ်ဝင်စားပုံမပေါ်ဘဲ စားပွဲပေါ် ချထား သော ထိုဝတ္ထုပါသည့် ချယ်ရီမဂ္ဂဇင်းကို မျက်မှောင်ကြီးကုတ်ကာ စူးစိုက်ကြည့်နေလေသည်။

"ဒီဝတ္ထုကြောင့် ဘယ်လိုဖြစ်ရတာလဲဗျာ"
"သြော် ... ဟုတ်သားပဲလေ၊ သေချာမသိသေးတော့ ဆရာအံ့သြနေမှာပေါ့။ အစကစပြီး ပြောပြပါ့မယ် ရှင်။ ဒီလိုပါ ... ကျွန်မဖေဖေ ငယ်ငယ်တုန်းက သိပ်ခင်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ အဲဒီတုန်းက သူတို့နှစ်ယောက်လုံး ဆင်းဆင်းရဲရဲ ပေပေတေတေ နေခဲ့ကြတယ်။ တစ်နေ့ကျတော့ သူတို့နှစ်ယောက်ဟာ ဟိုဝတ္ထုထဲမှာပါတဲ့ ဗေဒင်ဆရာမိုက်ကယ်နဲ့ ခင်မိကြတယ်။ ဟိုဝတ္ထုထဲကလိုပဲ ဆရာမိုက်ကယ်ဟာ ခင်ပြီးမကြာခင် မှာဘဲ သူတို့နှစ်ယောက်လုံးကို ဗေဒင်ဟောပါလေရောရှင် ...
သူဟော ခဲ့တာ သူတို့နှစ်ယောက်အတွက် တစ်ယောက်တစ်ချက်စီတည်းပဲ။ အဖေ့သူငယ်ချင်းကို "ခင်ဗျား ဟာ အခုသာ ဆင်းရဲနေတယ်။ ဒါပေမဲ့ မကြာခင်မှာဘဲ ဘယ်လိုမှလည်း ပင်ပင်ပန်းပန်း မလုပ်ရ ပါဘဲနဲ့ ကျိကျိတက် ချမ်းသာလာလိမ့်မယ်လု့ ဟောလိုက်တယ်"

အဖေ့ကိုတော့ ထူးထူးဆန်းဆန်း ဟိုဝတ္ထုထဲမှာ ဆရာသန်းဆွေကို ဟောခဲ့သလိုပဲ" ခင်ဗျားဟာ အသက်(၇၀)မှာ သေမှာပဲ" ဆိုတဲ့ စကားတစ်ခွန်းတည်း ပြောခဲ့တယ်လေ။ အဲဒီတုန်းကတော့ အဖေရော သူ့သူငယ်ချင်းရော ရယ် နေလိုက်တာပဲ။ ဟောတာကလည်း အရက်ဝိုင်းမှာကိုး။ သူတို့ နှစ်ယောက်လုံး မယုံကြဘူး။ အလကားလျှောက်ပြောတယ် ပဲ အောက်မေ့ကြတာပေါ့။
ဒီလိုနဲ့ သူတို့(၃)ယောက် လုံး ကွဲသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်ရောက်လို့ ရောက်မှန်းလဲ မသိကြဘူးပေါ့။ အရင်(၄)လလောက်တုန်းက အဖေ ရန်ကုန်ကို ရောက်သွားတယ်။ ဗိုလ်ချုပ်ဈေး ထဲလျှောက်ရင်း မမျှော်လင့်ဘဲ သူနဲ့ကွဲသွားတဲ့ သူငယ်ချင်းကို သွားတွေ့တယ်။ မတွေ့တာ နှစ်ပေါင်း များစွာ ကြာပြီ ဆိုတော့ သူတို့သိပ်ဝမ်းသာကြတာပေါ့။ ဒါနဲ့ ဟိုတယ်တစ်ခုသွားပြီး စားရင်း သောက် ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတယ်။
ဒီအခါ ဖေဖေ့သူငယ်ချင်းက သူ့အကြောင်း ပြောပြတယ်။ သူ အဖေနဲ့ ကွဲသွားပြီး ဟိုလိုလိုနဲ့ မိုးကုတ် ဘက် ရောက် သွားတယ်။ အဲဒီမှာ မမျှော်လင့်ဘဲ ကံစွပ်ပြီး ကျောက်အောင်သွားတယ်။ ဒါနဲ့အဲဒီကစပြီး သူ သူဌေးဖြစ်သွားတယ် တဲ့လေ။ အခုဆိုရင် တကယ့်ကိုချမ်းသာတဲ့ သူဌေးကြီး ဖြစ်နေပြီတဲ့။

အဲဒီမှာ သူတို့နှစ်ယောက် ဆရာမိုက်ကယ် ဟောထားတဲ့ ဗေဒင်တော့ မှန်နေပြီဆိုတာ လက်ခံလိုက်ရ တယ်။ အဲဒီရန်ကုန်က ပြန်လာပြီး ဖေဖေမျက်နှာ သိပ်မကောင်းမှန်းတော့ ရိပ်မိတယ်။ ဒါပေမဲ့ ဘာမှန်း မသိကြ ဘူးပေါ့။ ဖေဖေကလည်း ဗေဒင်ကို သိပ်ယုံတာ မဟုတ်တော့ ဒီလိုပဲ စွပ်ရွပ်ပြီး မှန်သွားတာနဲ့ တူပါတယ်ဆိုပြီး သူ့စိတ်သူ ဖြေနိုင်ပါတယ်။
ဒီလိုနဲ့နေလာတာ ဟိုတစ်လောက ချယ်ရီမဂ္ဂဇင်းကို ကျွန်မတို့ ငှားဖတ်ကြတယ်။ ကျွန်မတို့ ဖတ်ပြီး ချထား တုန်း အဖေက ပျင်းပျင်းနဲ့ ကောက်ဖတ်လိုက်မိတယ်။ အဲဒီထဲက သော်တာဆွေရဲ့ ဝတ္ထုကို ဖတ်ပြီး အဖေဟာ သိသိ သာသာ မျက်နှာပျက်လာတယ်။

ညညဆိုရင်လည်း ကောင်းကောင်း မအိပ်ဘူး။ ထမင်းလည်း ကောင်းကောင်း မစားဘူး။ သူ့မှာ ဒီအရွယ် အထိ ဘာရောဂါမှလည်း ထွေထွေထူးထူး ရှိတာ မဟုတ်တော့ ကျွန်မတို့လည်း အတော် စဉ်းစားရကျပ် နေတာပေါ့။ ရုတ်တရက်ဗြုန်းစားကြီး ဖြစ်လာတာ မဟုတ်လား။ အိမ်မှာ ကျွန်မက အကြီးဆုံး သမီး၊ အဖေကအသက်ကြီးမှ အိမ်ထောင်ကျတော့ အခုသားအငယ်တွေက ကျောင်းနေကြတုန်း။ သားတွေ ကလည်း မလိမ်မာကြတော့ အဖေက သားသမီးတွေကို စိတ်မချဘူး။ သံယောဇဉ်သိပ်ကြီးတာပဲ ...
အဖေ ကတော့ ဒီနှစ်အတွင်း သေတော့မှာ သားသမီးတွေကို စိတ်မချဘူးလို့ ပြောလိုပြော။ သူသေရင် ဘယ်သူက ဘယ်လိုနဲ့ အမွေတွေ ခုကတည်းက ခွဲပေးလိုပေးနဲ့။ ဒီလိုတွေပြောလွန်းတော့ ကျွန်မတို့က အတင်းဝိုင်းပြီး မေးကြတာပေါ့။ အတန်တန်မေးမှ ဒီအဖြစ်မှန်တွေကိ ုသူပြောပြတယ်။
ခက်ပါတယ် ဆရာရယ် ဗေဒင်ဆိုတာကို ကျွန်မတို့ ယုံပါတယ်။ ဒါပေမဲ့ ဒီလောက်မှန်ပြီး မသိသင့်တာ ကြီး ကြိုသိနေတော့ ဘာများ အကျိုးရှိမှာမို့လဲ မသိဘူး။ ကိုယ့်သေနေ့ကို ကိုယ်ကြိုသိနေတယ် ဆိုတာမျိုး ဟာ ထောင်ထဲမှာ ကြိုးပေး သတ်ခံရမယ့် အကျဉ်းသားမျိုးမှာမှ ရှိကြတာမျိုး မဟုတ်လား။ ဆရာသော်တာဆွေ ကိုလည်း သွားပြီးရန်တွေ့ချင်လိုက်တာ အရမ်းပဲ။ ဆရာစဉ်းစားကြည့် ... မိုက်ကယ်ဟာ ကျွန်မအဖေအပြင်ကို တခြားလူဘယ်နှယောက်လောက်ကိုများ သေမယ့်ရက်တွေကို ပြောခဲ့သေးလဲ မသိပါဘူး။ အဲဒီလူတွေက မယုံဘူးဆိုရင်အကြောင်း မဟုတ်ဘူး။ ဒီလို ဆရာသော်တာဆွေရေးတဲ့ ဝတ္ထုကို ဖတ်ရပြီး ကျွန်မအဖေလို ဖြစ်ကုန်ရင် မခက်ပါဘူးရှင်။

ဟိုတစ်နေ့ ကပဲ ဧည့်သည်တစ်ယောက် အိမ်လာလည်ရင်း အဖေ့မျက်နှာကို မြင်တာနဲ့၊ ဟော ခင်ဗျား ဘာဖြစ်နေတာ လဲ။ ခင်ဗျားမျက်နှာကလည်းဗျာ အေးစက်စက်နဲ့ တစ်မျိုးကြီးပါပဲလားလို့ ပြောသွားတာနဲ့ အဖေ့မှာ တုန်လှုပ်လိုက်တာလေ။ ဟိုဝတ္ထုထဲမှာ သန်းဆွေသေခါနီး ကာတွန်းဦးဖေသိန်း မြင်လိုက်ရတဲ့ မျက်နှာ က လူသေမျက်နှာလို အေးစက်စက်ကြီးလို့ ရေးထားတာ မဟုတ်လား။
ကဲ အဲဒါ ဆရာအကြံပေးစမ်းပါဦးရှင် ... ကျွန်မတို့လည်း မကြံတတ်တော့ဘူး။ အဖေကလည်း အိမ်ပြင် ထွက် ရင်တောင် ကားတိုက်မှာစိုးလို့ မထွက်ရဲဘူး။ အခုတောင် အတင်းဆွဲခေါ်လာတာ။ အနီးဆုံးဖြစ်တဲ့ ဆရာ့ဆေးခန်းကို လာပြပြီး အကူအညီတောင်းရတာပါပဲရှင်"

ဤသို့သော စိတ်ဝင်စားဖွယ် ရှည်လျားလှသော စကားကို ဆက်တိုက်ပြောလိုက်ပြီး မိန်းကလေးသည် ကျွန်တော့်အား အားကိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ ကျွန်တော့်အား အားကိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ ကျွန်တော် အတော်အကျပ် တွေ့သွားလေသည်။ ကျွန်တော့်လို ဆရာဝန်ပေါက်စလေး တစ်ယောက်အတွက် ဒီရောဂါပြသဿနာဟာ နူးညံ့သိမ်မွေ့စွာ ခက်ခဲလွန်းနေ တာအမှန်ပါပဲ။
ကဲ ... ဗေဒင် ကို မယုံချင်တဲ့ စာပေဝါသနာရှင်လေး ဒေါက်တာပေါက်ပေါက်ရယ် ဗေဒင်ဆရာမိုက်ကယ် ရယ်၊ စာရေးဆရာသော်တာဆွေ ရယ် ဆေးကုရမယ့် လူနာတစ်ယောက်ရယ် ဗေဒင်နဲ့ ပတ်သက်နေ တဲ့ ရောဂါတစ်ခုရယ်ဟာ အပြန်ပြန်အလှန်လှန် ပတ်သက်လာပြီ ဖြစ်ပါတယ်။

စာဖတ်သူဟာ ကျွန်တော့်နေရာမှာဆိုရင် ဒီအဘိုးကြီးကို ဘယ်လိုပြောမလဲဗျာ။ ဗေဒင်ဆိုတာ အလကားပါ။ ကိုယ့်ကိုယ် ကိုယ် မယုံတဲ့သူတွေမေးတာပဲ။ ကိုယ့်ဘဝရဲ့ဗေဒင်ကို ကိုယ့်အရည်အချင်းနဲ့ ကြိုးစားမှုကို ကြည့်ပြီး ကိုယ့်ဘာသာဟောနိုင်တယ်လို့ အရင်တုန်းက ကျွန်တော် သူများတွေကို ပြောသလို အခုရော ပြော လို့ ဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ် ... ဒီမှာ အဘရယ် ဗေဒင်ဆိုတာရှိရင် ယတြာဆိုတာလည်း ရှိရမှာပဲ။ ဒီတော့ ဆရာ မိုက်ကယ် ဆီက ယတြာလေးဘာလေး တောင်းကြည့်ပါလားလို့ ကျွန်တော်ပြောပြရင်ကော။

(၆)

ဆရာဝန်လေးမောင်ပေါက်ပေါက် တစ်ယောက်တော့ဖြင့် ဆေးခန်းကို ရှားရှားပါးပါး လူနာ တစ်ယောက် ရောက်လာတာတောင် မပျော်နိုင်ဘူး ဖြစ်နေပါတယ်။ လူနာရဲ့ရောဂါကိုရော၊ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကိုရော သေချာသိရပါလျက်နဲ့ ဘယ်လိုကုသရမယ်ဆိုတာ စဉ်းစားရင်း ဦးနှောက် ထဲမှာ ချာချာလည် နေပါသည်။
"အနာသိရင် ဆေးရှိရမယ်" ဆိုတဲ့ဆိုရိုးရှိတာမို့ ဒီလူနာအတွက်လည်း ဆေးတစ်ဖုံတော့ ရှိကိုရှိရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် ဒီဆေးကို ကျွန်တော် အပူတပြင်း ရှာဖွေနေပါတယ်။
ဒီတော့ "ကျွန်တော်ရယ် ကျွန်တော့် လူနာတစ်ယောက်ရယ်အတွက် တတ်နိုင်လျှင် တစ်ခုခု ကူညီပါ ရန် လေးစားစွာ တောင်းပန်အပ်ပါသည် ဆရာမိုက်ကယ်နှင့် ဦးသော်တာဆွေတို့ခင်ဗျား ..."

ချစ်စွာသောစာဖတ်သူ

ကျွန်တော် ဆရာဝန်ပေါက်စဘဝက ထူးဆန်းသော လူနာတစ်ဦးနှင့် ဆုံခဲ့ရ၏။ ဆေးခန်းမှ အပြန်တွင် ဝေခွဲမရသောအတွေးများဖြင့် အိပ်မပျော်နိုင်ရာမှ ဤဝတ္ထုကလေးကို ညလုံးပေါက်ရေးခဲ့မိ၏။ ဤဝတ္ထု စာမူလေး ကျွန်တော့်သံသေတ္တာထဲတွင် ရှိနေသည်မှာ (၁၈)နှစ်တိတိ ကြာညောင်းခဲ့ကာ စာရွက်များပင် ဝါကြင်နေပြီ။ အချိန်တွေ ဤမျှကြာညောင်းခဲ့သော်လည်း ဘဝတစ်ကွေ့၌ တစ်ခဏသာ ဆုံတွေ့ခဲ့ရ သော လူနာ၏ အသွင်သည် ယနေ့တိုင် ကျွန်တော့်စိတ်အစဉ်တွင် စွဲထင်နေဆဲပင်။ မကြာမီက ကျွန်တော်နှင့် အစ်ကိုသဖွယ် ရင်းနှီးခင်မင်သော ဒေါက်တာခင်ဇော်လွင် (သုခချမ်းသာ မဂ္ဂဇင်း အယ်ဒီတာ)နှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြရင်း ကျွန်တော် ဆုံခဲ့ဖူးသည့် ထူးဆန်းသော လူနာ တစ်ဦး အကြောင်းကို သူ့အားရင်ဖွင့်ဖြစ်ခဲ့၏။

ဤသို့ဖြင့် မမျှော်လင့် မထင်မှတ်ပါဘဲနှင့် ကျွန်တော့်သံသေတ္တာလေးထဲ သိမ်းဆည်းထားခဲ့သော ကျွန်တော့် ရင်ထဲ ယနေ့တိုင် ပဟေဠိဖြစ်ဆဲ ဇာတ်လမ်းပုစ္ဆာလေးတစ်ပုဒ်သည် ယခု စာဖတ်သူ ၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ။ ဤလူနာနှင့် သင့်လျော် မည့် ဆေးတစ်ဖုံကို သင်ရော စဉ်းစားမိပါ၏လော။ ကျွန်တော်သည် ဤလူနာနှင့် တွေ့ပြီး မည်သို့ ဆေးကုရမည်ကို စဉ်းစားနေဆဲမှာပင် ခရီးထွက်ခဲ့ ရ၏။ မြန်မာပြည်တစ်နံတစ်လျား လှည့်လည်တာဝန် ထမ်းဆောင်ရသော ဝန်ထမ်း ဆရာဝန်တစ်ဦး ဖြစ်ခဲ့ရ၏။ ကျွန်တော့်လူနာ၏ ကံကြမ္မာသည် မည်သို့ မည်ပုံ ဖန်ခဲ့ပါသနည်း။

ကျွန်တော် သိလိုလှပါ၏။ တိုင်းကျော်ပြည်ကျော် သွေးထွက်အောင် မှန်ကန် သည်ဟု နာမည်ကြီးလှသော ဆရာမိုက်ကယ်၏ ဗေဒင်သည် ယခုတစ်ကြိမ်တွင်ရော တကယ် မှန်ကန်ပါ၏လော။ သို့မဟုတ် လူနာရှင်မိသားစုသည် အစွမ်ထက်လှသော ယတြာတစ်ခုခုကိုများ ကံကောင်းထောက်မစွာ အချိန်မီ ရှာဖွေတွေ့ရှိ၍ လူနာသည် သေတွင်းမှ လွတ်ကင်းခဲ့ပါသလော။ အကယ်၍ လူနာရှင်မိသားစုသည် ဤဝတ္ထု ကို ဖတ်မိသည်ရှိသော် စာဖတ်သူမျာသည် သိလိုလှမည် ဖြစ်သော ပုစ္ဆာအဖြေ ကို အောက်ပါ လိပ်စာအတိုင်း ကျေးဇူးပြု၍ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒေါက်တာစိုးလင်း
သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊
ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့။
 .
>>>ဆက္ဖတ္ရန္>>> >>

Thursday, September 10, 2015

မွေးနေ့ အလွန် ( ချစ်ချစ်ကြီး နှင့် လစ်ဗင်းတူဂဲသား )

မြန်မာပြည်နေယောက်ကျားများ နဲ့ အခုအချိန်မှာ အသင့်တော်ဆုံး ကွာရှင်းပြတ်ဆဲခြင်း မွေးနေ့ လက်ဆောင်လေး ချစ်ချစ်ကြီး ကို ပေးအပြီးမှာတော့ ချစ်ချစ်ကြီး ဟာ အတော်ပျော်ပြီး လွတ်လပ်ပြီ ဆိုပြီး ပိတိဖြာနေပါတယ်။
>>>ဆက္ဖတ္ရန္>>> >>

ရွှေစင်ဦး နှင့် ချစ်ချစ်ကြီးတို့ ကွာရှင်းပြတ်စဲ ကြလေပြီ

တနေ့တည ကျွနု်ပ် တို့ လင်မယားနှစ်ယောက်သည် သူ့ဟာ သူပွတ် ကိုယ့်ဟာကိုပွတ် ဖြင့် အိပ်ရာ ထဲတွင် ဇိမ် ကြနေကြပါသည်။ အတန်ကြာသော အခါ ချစ်ချစ်ကြီး သည် ဖေစ့်ဘွတ်ခ် ထဲမှ မစားရ ၊ အညှော်မခံ ရသော အရာများကို ပွတ်ရုံ၊ ကြည့်ရုံ ဖြင့် အားမရတော့ဘဲ " မိန်းမ ထ၊ ထ မောင် ဒီနေ့ည စားရတာ အားမရဘူးကွာ ညလည်စာလေး မကျွေးချင်ဘူးလား" ဟု အင်မတန် ခယသော လေသံဖြင့် နူးညံ သိမ့်မွေ့
စွာ ပြောလာပါသည်။
>>>ဆက္ဖတ္ရန္>>> >>

Saturday, January 17, 2015

နတ်သက်ကြွေသွားတဲ့ စည်းစိမ်ရှင်

ကိုယ့်ဝန်းကျင်မှာ ဝေဒနာရှင်တွေ မြင်ရတာများများလာတော့ ဝေဒနာနုပဿ နာ အကြောင်းလေး ကို ဆွေးနွေးချင်ပါတယ်၊ ခန္ဓာရှိရင်တော့ ခန္ဓာ့ဒုက္ခဆိုတာရှိတာပါပဲ၊ ဒါပေမဲ့ကျန်းမာနေတုန်းတော့ ဒီခန္ဓာကြီးကို အရေးတယူ လုပ်ပြီး စောင့်ကြည့်တဲ့ အလုပ် မလုပ်ကြပါဘူး။ ခန္ဓာကိုယ် ကျန်းမာ၊ စိတ်ကလေးချမ်းသာတဲ့အချိန် တရား အလုပ်လုပ်ရင်တောင် မကြာခဏ အမေးခံရတဲ့မေးခွန်းက ဘာစိတ်ညစ်စရာရှိလို့ ရိပ်သာဝင်တာလဲတဲ့၊ အများစုထင်နေကြတာက ရိပ်သာ ဝင်တယ်ဆိုတာ စိတ်ညစ်စရာရှိမှ မကျန်းမာမှ လို့ထင်နေတတ်ကြပါတယ်၊ ဒီခန္ဓာကြီး မကျန်းမာရင် ဘယ်လိုမှု တရားအလုပ် မလုပ်နိုင်ပါဘူး၊ နာကျင်ခံခက်ဝေဒနာဆိုးတွေ ရောဂါဆိုးတွေရမှဆိုရင် အဲဒီဝေဒနာအပေါ်မှာပဲ စိတ်ကညွတ်နေပြီး တရားအလုပ် လုပ်ဖို့ မဖြစ်နိုင်တော့လို့ပါ၊ ဒါကြောင့်  မအိုခင်၊ မနာခင် တရားအားထုတ်နိုင်ဖို့ ပထမဆုံး တိုက်တွန်းနိုးဆော်ချင်ပါတယ်။
>>>ဆက္ဖတ္ရန္>>> >>

Thursday, September 11, 2014

အချစ်ဆုံး အဖိုး နဲ့ ရှမ်းဆေးတော်ကြီး တခွက်

ရွှေစင်ဦး ဖေ့စ်ဘွတ်ခ် စသုံး ကထဲက စေတနာ အပြည့် နဲ့ တင်ကြ တဲ့  မြန်မာ့ရိုးရာ နဲ့ တခြား ရိုးရာ ဆေးနည်းပေါင်းစုံ ကို ဖေ့စ်ဘွတ်ခ် မှာ တွေ့ ရတဲ့ အပြင် ဆေးမြည်းတို လို့ ခေါ်တဲ့ ဘယ်ဆေးကျမ်း ထဲ မှာ မှ မပါတဲ့ ဆေး နည်း တွေ လည်းတွေ့ရပါတယ်။

အဖိုး နဲ့ ခမည်းခမက် တော်တဲ့ ရှမ်းအဖိုး ရဲ့ ပွဲတွေ့ရှမ်းဆေးတော်ကြီး ကို လဲ သတိရ သွား ပါတယ်၊ ကျနော့် အဖိုးဟာ အသက်၈၆ နှစ် မှာ ဆုံးသွားပေမဲ့ မဆုံး ခင် လပိုင်း လောက် မှာဘဲ ကျန်းမာရေး တော်တော်ဆိုးသွားတာပါ၊  ကျန်တဲ့ အချိန်တွေမှာ တော်တော်လေး ကျန်းမာရေးကောင်း ပါတယ်၊ အသက် ၈၀ ကျော်ထိ မန္တလေး လာလိုက် ရန်ကုန်သွားလိုက် လုပ်နေ ပါ တယ်၊  နောက်ဆုံး  ရှမ်းဆေးတော်ကြီး နဲ့ တွေ့ မှ ဘဲ ဘယ်မှ မသွားရတော့ဘဲ ရန်ကုန် က အဒေါ် အကြီးဆုံး ရဲ့ အိမ်မှာ အကျယ်ချုပ် ကျသွားပါတော့တယ်၊ အဲဒီ အကြောင်းလေး ကို အမှတ်ရ လို့ နဲနဲလေး ရေးပါမယ်။
>>>ဆက္ဖတ္ရန္>>> >>

Sunday, November 24, 2013

မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၇)

တခြားအလုပ် ကို ကျွန်တော့်အဖေက လိုက်ပြောပေးတာပေါ့။ ရေးဘက်မှာ ရှိတဲ့ ပလိုင်ကီးက ဆားလုပ်ငန်းရှင်၊ သူ့နာမည်က  ဦးဟန်တင်လား... ကျွန်တော် သိပ်မမှတ်မိဘူး။ အဲဒီပုဂ္ဂိုလ်ကြီးကို သွားပြောပေးတာ။ အဲဒီပုဂ္ဂိုလ်ကြီးက ဆားတွေကို အကြွေးရောင်းပေးတယ်။ အဲဒါတွေ မန္တလေးကို တင်ပို့ ရတယ်။ တစ်ပိဿာကို "ဆယ်ပြား" လောက် မြတ်တယ်။ တစ်ခေါက် တစ်ခေါက်သွားရင် ပိဿာ သောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ကို မီးရထားနဲ့ တင်ပို့တာရှိတယ်။ ကားနဲ့တင်ပို့တာရှိတယ်။ အမေ့ ကို အကူအညီပေး ခဲ့ဖူးတယ်။ နောက်ပိုင်း ကျ တော့လည်း မလုပ်ဖြစ်တော့ဘူး။ ဘာကြောင့်မှန်းတော့ ကျွန်တော်လည်း မမှတ်မိတော့ဘူး ဗျ။ သိပ်အလုပ် မဖြစ်တော့လို့ နေတယ်။ အမေနဲ့တော့ အဲဒါ လုပ်ဖူးပါတယ်။ကို ဆက်ဖတ်ရန် ...
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 21, 2013

မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၆)

ကျွန်တော် တို့က အဲဒီလိုမျိုး ဆန်ခါစိပ်စိပ်နဲ့ တိုက်တဲ့အတွက် ရွှေအသစ်လို့ တင်ပေးလိုက်တဲ့ ကလောင်သစ်က ဒေါင်ဒေါင်မြည်တာတော့ အမှန်ပဲ။ ကျွန်တော်တို့ တင်ပေးလိုက် တဲ့ ရွှေအသစ် တော်တော် များများ တခြားမဂ္ဂဇင်းတွေမှာ ၀င်ရေးနေတာ။ နေရာ ရနေတာ တွေ့ရတဲ့အတွက် ၀မ်းသာတယ်။ ကိုယ့်သား သမီးတွေလိုပဲ။ သို့သော် ကျွန်တော် တင်ပေးလိုက်တဲ့ တချို့ ကလောင်သစ်တွေက တခြားမဂ္ဂဇင်းက ဖွင့် ထားတဲ့ အသစ်ကဏ္ဍမှာ ၀င်ရေးတာတော့ ကျွန်တော်မကြိုက်ဘူး။ ရွှေမှာ အသစ်အဖြစ် ၂ ခါ ပါပြီး ရိုးရိုး ၀တ္ထုတွေမှာ ၀င်ရေးနေပြီး တခြားမှာ အသစ်အဖြစ် ၀င်ရေးနေတာတော့ ကျွန်တော် မကြိုက်ဘူး။

စာတည်း။     ။  ဟုတ်ကဲ့၊ ဆရာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ကို ဆက်ဖတ်ရန် ..... 

ဆရာမျိုးမြင့်ညိမ်း
(၂၀၁၀ ခုနှစ်)

>>>ဆက်ဖတ်ရန်>>> >>

Tuesday, November 19, 2013

မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၅)

ဒီမေးခွန်း မေးတဲ့အခါ ဆရာမ မြစိမ်းက ကျွန်မဟာ ကိုယ်တိုင် ကိုယ်ကျ လိုက်မေးမြန်းပြီး၊ လေ့လာပြီး ရေးတဲ့ စာရေးဆရာမပါ။ တပည့်တပန်းတွေ လွှတ်၊ မေးမြန်းပြီး ရေး တဲ့ စာရေးဆရာမ မဟုတ် ဘူး။ အဲဒီလို ပြောတယ်။ ဒီအဖြေနဲ့ ပတ်သက်ပြီး မန္တလေး ရောက်တဲ့အခါ အမေမာ ကို ဂါရ၀ပြုတယ်။ သူက ဘာပြောသလဲဆိုတော့ မင်း စာရေးဆရာတွေကို အင်တာဗျူး မေးတဲ့အခါ စာရေးဆရာချင်း ရန်တိုက်ပြီး မေးတယ်။ မင်း မေးခွန်းတွေကို ငါ မကြိုက်ဘူး။ 

ကျွန်တော် က ရှင်းပြတယ်။ မဟုတ်ဘူး အမေ … ကျွန်တော်က အမှန်ကို သိချင်လို့ပါ၊ တိုက်ပြီး မေးတာ မဟုတ်ပါဘူး ဆိုတော့ အမေက ဘာပဲဖြစ်ဖြစ် သူ ဖြေတဲ့အဖြေက အဲဒီလိုမျိုး ဖြစ်နေတယ်။ နောက် အဲဒီလို မမေးပါနဲ့လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်က အမေမာ တို့နဲ့ ပတ်သက်ပြီး သူတို့ မကြိုက်တ့ဟာတွေကို ရှောင်တယ်။ ကျန်တဲ့ သူတွေတော့ မေးဖြစ်တယ်။
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 17, 2013

မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၄)

ဒီနှစ်မှာတော့ စောင့်ကြည့်စရာ ဖြစ်လာညပီ။ ''မိုးညအိပ်မက်မြူ'' ပါတယ်၊ ''အတိတ်၏ အရိပ်'' ပါတယ်၊ ''ကြိုးကြာတောင်ပံခတ်သံ'' ပါတယ်၊ ''ကျောက်စက်ရေ'' ပါတယ်။ ဒီလေးကားက တကယ့် ဒရာမာ လေးကားပါ။ ကျန်တဲ့ ဆယ့်နှစ်ကားက ဟာသကားတွေ။ အဲဒီကားတွေထဲက ကျွန်တော်တို့ ဘယ်လို မှ မထင်မှတ်တဲ့ ''အတိတ်၏ အရိပ်'' ကားက တရုတ်မှာ ကျင်းပတဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ''အောင်သူရ'' က အကောင်းဆုံး သရုပ်ဆောင်ဆု ရထားတယ်။ အဲဒီတော့ ကျွန်တော် တို့ မြန်မာအကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ ဘယ်လိုလုပ်ကြမလဲ။ တော်တော် ကြည့်လို့ ကောင်းမယ့် ပွဲပဲလေ။ သိပ်ကြည့်ကောင်းမယ့်ပွဲပါပဲ။ ကို ဆက်ဖတ်ရန်...
>>>ဆက်ဖတ်ရန်>>> >>

Saturday, November 9, 2013

မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၃)

 ဒေါက်တာတင်ထွန်းဦး က ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦး။ သူက သုတစွယ်စုံ ဆိုတဲ့ စာအုပ်တိုက် လုပ်ထား တယ်။ မောင်သာချိုက တက္ကသိုလ်က နည်းပြတစ်ဦး။ သူက အိပ်မက်ဖူးဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခွင့် ကတ်ပြား ရထားတယ်။ သူတို့ကို ကျွန်တော် တိုင်မယ်။ ကျန်တဲ့သူတွေကို ရှာပြီးတိုင်မယ် ဆိုတော့ မလုပ်ပါနဲ့၊ မတိုင်ပါနဲ့တဲ့။ တကယ်တော့ ကျွန်တော် လည်း မတိုင်ဖြစ်ပါဘူး။ အဲဒီ စစ်ဆေးမှုကြောင့် တကယ်ပရိုမိုးရှင်းပေးမယ်ဆိုတော့ ခြောက်လ ထပ်နောက် ဆုတ်သွား ပါတယ်။ ခြောက်လ ပြည့်ပြီးတော့ မှ ကျွန်တော် တစ်ယောက်တည်းကို သက်သက် ပရိုမိုးရှင်း အော်ဒါ ထွက်ပေး ပါတယ်။ ကို ဆက်ဖတ်ရန် ..
>>>ဆက်ဖတ်ရန်>>> >>

Friday, November 8, 2013

ဆရာမာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင်မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း, အပိုင်း (၂)

ကျွန်တော် မန္တလေးမှာ အဘိုး၊ အဘွားတွေနဲ့ နေလာစဉ်ကတော့ နွေကျောင်းပိတ်ရက်ဆိုရင် မိဘ တွေရှိတဲ့ ရန်ကုန်ကို လာပါတယ်။ ကျောင်းပိတ်ရက်တွေ ရန်ကုန်ရောက်တဲ့အခါ ကျွန်တော့်အဖေက မဂ္ဂဇင်း မှာ အားကစားဆောင်းပါးတွေ ရေးနေတော့ မဂ္ဂဇင်းစာအုပ်တွေ လက်ဆောင် ရပါတယ်။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ သွေးသောက် အဲဒါတွေ ရပါတယ်။ အမေက စာဖက်တာ အရမ်းဝါသနာပါတယ်ဗျ။ ညီတွေက ငယ် သေးတော့ စာမဖတ်ကြသေးဘူး။ အိမ်မှာ ဆိုရင် အမေရယ်၊ အဖေရယ်က စာဖတ် ၀ါသနာပါတယ်။ အမေက သူ ဖတ်ပြီးရင် စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ထင်းရှူးသေတ္တာနဲ့ သေသေချာချာ သိမ်းထားပေးတယ်။ လစဉ် ရသမျှ မဂ္ဂဇင်းတွေ၊ တခြား လုံးချင်းတွေဆိုရင် စနစ်တကျ ဗီရိုနဲ့ ထည့်သိမ်းထားပါတယ်။ ကျွန်တော် နွေရာသီ ကျောင်း ပိတ်တဲ့ ၂ လမှာ လာပြီဆိုရင် အဲဒါတွေ ဖတ်တော့တာပဲ။ ဒါက စာဖတ် ၀ါသနာ အစ ပါ။ ကို ဆက်ဖတ်ရန် ...
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 7, 2013

ဆရာမာန် (တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာ များနှင့် တွေ့ဆုံခြင်း အပိုင်း (၁)

ချစ်သောစာချစ်သူ မိတ်ဆွေများ အား စာကောင်းလေးများ ဖတ်စေချင်သော စေတနာ ဖြင့် ဘလောဂ်လေး တည်ဆောက်ထားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ ... စာကောင်းလေး များလည်း တင်ပေးခွင့်ရသလောက် တင်ပေးခဲ့ပါပြီ ... 

ယခုအခါ ခေတ်ပြောင်းသွားသည့်  အတွက် ( .. ခစ် .. ခစ် .. ) အရင် က ပိတ်ပင် ထားခဲ့သော Blogspot လို လိုင်း များလည်း ပွင့်လာခဲ့ပါပြီ .. ရှားပါး စာအုပ်များလည်း ပြန်လည်၍ ထုတ်ဝေ လာကြပါပြီ .. သို့ဖြစ်ပါ၍ စာရေးဆရာများ ၏ အကျိုးစီးပွား .. ထုတ်ဝေသူများ ၏ အကျိုးစီးပွား ကို ကြည့်၍ စာများ မတင်ဖြစ်ခဲ့တော့ ပါ ...
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 24, 2013

ထမင်းမဝ တဲ့ ရွှေစင်ဦး နဲ့ ကျန်းမာရေးပညာပေး

ညီမ မဒမ်ကိုး က အစားအသောက်တွေ နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပေး ပိုစ့် လေး ဘလော့ဂ် မှာ ရေးခိုင်းပါတယ် ... ကျနော့် အရင်ရေး တဲ့ ဘလောဂါ တွေရှိပါတယ်  ... အင်မတန် အကိုျးရှိပါတယ် ... အတော်ပြည့်စုံပါတယ် .... ကျနော် မှာတော့ ပညာဗဟုသုတ ကလည်း နည်း ... ရှာဖွေ တူးဖော်ဖို့ ဝိရိယ ကလည်း မရှိတော့ ... ကျနော် နဲ့နီးစပ်ရာ ကို အစားအသောက် နဲ့ ကျန်းမာရေး ပညာလေး ပေးကြည့်တဲ့ အတွေ့အကြုံလေးဘဲ ရေးမယ် စိတ်ကူးပါတယ် ....

ဆိုင်မှာ ကလေးတွေ ဟင်းချက်ပါတယ် ... ဆီလျှော့သုံးဖို့ ပညာပေးပါတယ် ... တလ နေတော့ စာရင်းခုျပ် ကြည့်ပါတယ် ... ထူးမခြားနား ပါဘဲ ဒီဆီ ဒီဆီ ကုန်တာပါဘဲ .. ဆက်ပြောရင်လည်း ကပ်စီးအိုး ဖြစ်ရတော့မယ် ဆိုတော့ မပြောတော့ပါဘူး ... ဆိုင်သုံးဖို့ သကြားဝယ်ခိုင်းပါတယ် ... အကောင်းဆုံးလို့ သူတို့ ယူဆတဲ့ အဖြူဆုံး သကြား ကို ဝယ်လာပါတယ် ... ချွတ်ဆေးမသုံးတဲ့ သကြားအညို တွေ ဝယ်ဖို့ ပြောပါတယ် ... သူတို့ နားမလည်ပါဘူး .. ဈေးချိုတဲ့ သကြားဆိုတော့ မကောင်းဘူးလို့ ဘဲထင်ပါတယ် ... ဆရာမ ဂျီးများတယ်ပေါ့ ...

ဟင်းသီးဟင်းရွက် ချက်ရင် ဓါတုဆေးဝါး ဒဏ်တွေ နဲနဲ ခံသာအောင် ... ဆားရည်နဲ့ တနာရီလောက် စိမ်ပြီးမှ ကြော်ဖို့ ချက်ဖို့ ပြောတယ် ... ပြောရင်တော့ ဟုတ်ကဲ့ ပြောတာဘဲ ... လုပ်မလုပ် မသေချာ ပါဘူး .. ဆိုင်မှာ အသီးအရွက် မစားတဲ့ ကလေးတွေ ရှိပါတယ် ... လုံး၀ မစားတာပါ ... ဟင်း အနှစ်နဲ့ ချက်ရင်တောင် အသား ကို ရေဆေးပြီး  .. ထမင်း ကို ဆီဆမ်းဆားဖြူး ပြီး အသား သက်သက် နဲ့ စားပါတယ် ... ဟင်းသီးဟင်းရွက် မစားရင် ဖြစ်လာမဲ့ ရောဂါ တွေ ကို အာပေါက် မတတ်ပြောပြပါတယ် ... ကျနော့် ရှေ့တော့ ဟုတ်ကဲ့ ပြောပြီး ထမင်းပန်းကန်ထဲ ထည့်တယ် .. ခဏနေ သွားကြည့်ရင် ဟင်းပန်းကန် ထဲ ပြန်ထည့် တယ်... အမှိုက်တောင်း ထဲ ပစ်ထည့် တယ် ... ကျနော် မမြင်ချင်ယောင် ဘဲ ဆောင်ပါတော့တယ် ...

အိမ်က တူလေးတွေ (https://www.facebook.com/htetmyatayechan.maymyo, https://www.facebook.com/minluaye.chan.7 ,https://www.facebook.com/phyothant.kyaw.18 , နဲ့ တူမချောလေး https://www.facebook.com/sunyeinnyeinchan.mdy )  ဟာ အိတ်ခွံလှလှလေး တွေ နဲ့ ထဲ့ထားတဲ့ Junk food မုန့်တွေ ကို အများကြီး စားပါတယ် .. တခါကများ တူငယ်လေး  https://www.facebook.com/minluaye.chan.7 က ကြက်ပေါင်လား .. ကြက်ခြေထောက်လား မသိဘူး ... အိတ်လှလှလေး နဲ့ ထဲ့ထား တဲ့ မုန့် က သိပ်ကောင်းတယ် အစစ်နဲ့ သိပ်တူလို့စားပါလို့ လာကျွေးတယ်... အန်တီ မစားဘူး ... သားလဲ မစားရဘူး ... မကောင်းဘူး .. ရေရှည်ခံအောင် လုပ်ထားတဲ့ အတွက် အန္တာရာယ် များတယ် ... ငှက်ပျောသီး .... ကန်စွန်းဥ.. ပိန်းဥ.. အာတလွတ်ဥ ... ပြောင်းဖူး ..ပဲမြစ် .. မြေပဲပြုတ် ... ထန်းပင်မြစ်  စတဲ့ ရာသီပေါ်လေး တွေ ဘဲ စားဖို့ ပြောပြပါတယ် .. လုပ်ပေးပါတယ် ... သူ တို့ မစားပါဘူး ..... ဒါတွေ မှ မကြိုက်ရင် မုန့်ပြစ်သလက်လေး ... မုန့်ပေါင်းလေး ....  စားပေါ့ လို့ ပြောတော့ ... အန်တီရွှေစင်ဦး စိတ်မှန်ရဲ့ လားလို့ အကြည့်ခံရပါတယ်...

ချစ်ချစ်ကြီး https://www.facebook.com/thein.soekywe ညီမအလတ် https://www.facebook.com/paukpauk.estateagent နဲ့ ချစ်ညီမ https://www.facebook.com/seesein.shin  တို့ ဟာ အအေးဗူး လှလှလေး တွေ ကို ရေခဲသေတ္တာ ထဲက ထုတ်ပြီး တဗူးပြီး တဗူး အားရပါးရ သောက်ကြပါတယ် ... မနေနိုင်တဲ့ ရွှေစင်ဦး က  သံပရာသီးလေး ညှစ်ပြီး သကြားလေး ဆားလေး နဲ့ သံပရာရေ လေး ဖျော်သောက်ကြပါလား ပိုကောင်းပါတယ် ... သံပရာ ရေ မကြိုက်ရင်လည်း မန်ကျီးရည် သောက် ... ဟို ဗွီဗွီ ဆိုတာ ကို မသောက်ဘဲနဲ့ (ဝိုင်တပုလင်း နဲ့ မည်သို့ မှ မပတ်သက်ပါ) မီးဖိုချောင်ထဲက ပုလင်းထဲ မှာ အိမ်က မန်ကျီးပင် ကြီး က ရတဲ့ မန်ကျီးသီးမှည့် လေးတွေ ကို အခွံချွတ်ပြီး ဆားနဲ့လုံးထားပါတယ်... အဲဒါလေး ထန်းလျှက်လေး နဲ့ ဖျော်သောက်ပါလား လို့ ပြောပြန်တော့  ကိုယ်ဘဲ တခြားကမ္ဘာက လူသား  ...  ကိုယ် ဘဲ လူ့ ဂွစာ..  ဖြစ်ရပြန်ပါတယ် ...

အိမ်က ယောင်းမလေး https://www.facebook.com/chan.daughter နဲ့ မောင်အငယ်ဆုံးလေး https://www.facebook.com/nyein.chan.104 တို့ မိသားစု ဟာ မနက်အစောစာ အဖြစ် ရှမ်းခေါက်ဆွဲ .. ဆန်ပြား .. ဖက်ထုတ် .. လိုမျိုး ဆိုင်က အစာ တွေ ကို နေ့တိုင်းစားပါတယ် ... ပိုက်ဆံလည်း ကုန်တယ် .. ရေရှည် ဆိုရင် ဆိုင်အစားအစာ ဆိုတော့ ကျန်းမာရေး အတွက်မကောင်းဘူး ... မနက် အစောထပြီး ထမင်းအိုးလေး တည် ထမင်းပူလေး နဲ့ ပဲပြုတ်လေး .. အကြော်လေး  နဲ့ စားကြပါလား ... လို့ ပြောဖို့ ကြံရွယ်ပါတယ် ... မနက်မိုးလင်း က မိုးချုပ် စာသင်ရတဲ့ ယောင်းမလေး မျက်နှာပြန်မြင်ပြီး ပြောချင်တာတွေ မြို့ချထားရပါတယ် ...

နောက်ဆုံးတော့ ကျနော့် ဖေဖေ မကွေးပြောင်းတုန်း က ကြုံရတာလေးတွေ ပြန်သတိရမိတယ် .. လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ က ကျနော်ရဲ့ ဖေဖေ မကွေးတက္ကသိုလ် ကိုပြောင်းရတယ် ... အဲဒီအချိန်က တက္ကသိုလ် ဖြစ်ပြီလား မဖြစ်သေးဘူးလားတော့ မမှတ်မိတော့ပါ..

ထမင်းစားချိန်ရောက်ရင်  ကျောင်းသား တခိုျ့ ရဲ့ ခါးမှာ ပုလင်းလေးတွေ အသီးသီး ထိုး လို့ ... တခိုျ့ ကျောင်းသားတွေ ကတော့  ပုလင်းလေးတွေ ကိုင်လို့  ထမင်းစားဆောင် Dining room  ကို သွားကြတယ် ...  အစောပိုင်းကတော့ ဘာရယ်မသိတတ်ဘူး ... နောက်တော့မှ ဆီပုလင်းလေး တွေ ဆိုတာသိလာတယ် ... အညာသားတွေ ဆီကြိုက်ပုံ က ဘာဟင်းချက်ချက် ဆီမဆမ်း ဘဲ မစားတတ်ကြဘူး .... အိမ်က မောင်အကြီးဆုံး https://www.facebook.com/zaw.maymyo  ကလည်း ဆီသိပ်ကြိုက်တယ်.. ဘာဟင်းချက်ချက် ဆီဆမ်းလိုက် ရမှ ဆားဖြူး လိုက်ရမှ ကျေနပ်တယ် ..... ဒီခေတ်လိုမိုျး ဆီမသန့် တာတွေ... ဆီကြောင့် ဖြစ်တဲ့ ရောဂါတွေများ ရကြရင် အညာသားတွေ ဒုက္ခရောက်ပြီပေါ့ ....

အဲဒီခေတ် ကတော့ ကိုယ့် ပဲခင်းထဲက ရတဲ့ ပဲနဲ့ ကိုယ့်ကြိတ်ဆုံ နဲ့ ကိုယ်ဘာသာ ကြိတ်တဲ့ ဆီ ဆိုတော့ ပြဿနာ သိပ်မရှိဘူးထင်ပါရဲ့ ... အခု ပုံအတိုင်းသာ အဲလို ဆီ ဆက် စား နေရင်တော့ အသက်တိုမှာ သေချာပေါက်ပါဘဲ ... များသောအားဖြင့် တော့ တချို့တလေကလွဲ လို့ နေပုံထိုင်ပုံ စားသောက်ပုံ တွေ သိပ်မပြောင်းကြပါဘူး ..

မကွေးတက္ကသိုလ် မှာ အလုပ်လုပ်နေတဲ့ ကျနော့် ဖေဖေ https://www.facebook.com/hla.myint1  က မိသားစု မပါတော့ ထမင်း ဟင်း ချက်မစားပါဘူး .. ဆိုင်တွေမှာ ကြုံသလို ဘဲ စားပါတယ်... တနေ့တော့ ထမင်းဆိုင် တဆိုင် မှာ ထမင်းစားပါတယ် .. ဆိုင်မှာ ယင်ကောင်တွေ သိပ်များနေတော့ ထမင်းစားတဲ့ ဖေဖေ လည်း  ထမင်းစားလိုက် ယင်မောင်း လိုက်နဲ့ အလုပ် ရှုပ်နေတာပေါ့ ... နောက်တော့ ဖေဖေ ဒုက္ခ ကို မကြည့်ရက်တဲ့ ဆိုင်ရှင် အဒေါ်ကြီးက ...
 ဆရာ ရယ် ထမင်းစားရတာ ဒုက္ခများလိုက်တာကွယ် ... ယင် စားတာ သိပ်မကုန်ပါဘူး ... ဒေါ်ကြီး ပြန် ထဲ့ ပေးပါမယ် ... ထမင်း သာ အေးအေး စားပါလို့ ပြောတယ်တဲ့ ... ဖေဖေ ခမျာလည်း ယင် မမောင်းဘဲ ထမင်းဆက် စားရရင်လည်း အခက် ... ယင်မောင်းပြန်ရင်လည်း ယင်စားတာလေး တောင် မသဒ္ဒါ တဲ့ လူ့ကပ်စီးအိုးကြီး ဖြစ်ရတော့ မယ် ...  ဆိုပြီး ထမင်းမဝ ဘဲနဲ့ ထ လာခဲ့ရသတဲ့ ... (တကယ်တော့ ညစ်ပတ်တဲ့ ဆိုင်တွေကို ဟာသလုပ်ထားတဲ့ ပုံပြင်လေး တပုဒ်လည်း ဖြစ်နိုင်ပါတယ်)

ကျနော်လည်း အခုတော့  ကျနော့် ဖေဖေ  လို ထမင်းမဝ ဘဲ ထ ရမဲ့ ဘဝရောက်နေပါပြီ .... အားလုံးဘဲ ကျန်းမာရေး အသိ ကြွယ်စွာ နဲ့ စားသောက် နေထိုင်ပြီး ...အသက် ရာကျော် ရှည်ပါစေဗျာ ....

(ညီမ မဒိုးကန် လည်း ကျေနပ်ပါနော်)

 .....................................................................................................................................
မနက်ဖြန် 25 - 10 - 2013 သောက်ကြာနေ့ ကျနော်မွေးနေ့ပါ ... ဝက်သားအိုးကြီးချက် နဲ့ ဆွမ်းလောင်းပါမယ် (နေ့တိုင်းတော့ အရောအနှောလေးပေါ့) ...

ရှစ်ဆယ့်ရှစ် အရေးတော်ပုံပြီးတော့ ကျနော့် မောင်အလတ်လေး https://www.facebook.com/ko.win.1840  စစ်ကိုင်းချောင် တခုမှာ ကိုရင်ကြီး သွားဝတ်ပါတယ် ... သုံးလလောက်ကြာပါတယ် ... ကျနော် တို့အိမ်ကလည်း အစားအသောက် သိပ်မပို့နိုင် ... ချောင်ကလည်း သိပ်ခေါင်တော့ သူခမျာ အစားအသောက် ရှားပါး ပါတယ် ... လူထွက် လာတော့ အိမ်မှာ ကိုရင်ကြီး အတွေ့အကြုံတွေ အမြဲပြောပြပါတယ် .....

တပတ်မှာ တရက် ရွာတရွာက ဘုံဆွမ်းကို ဝက်သားအိုးကြီးချက်နဲ့ လောင်းပါတယ် တဲ့ ... အဲဒီဘုံဆွမ်းလောင်း မဲ့ ရက်များဆို စောစောစီးစီး ထပြီးဆွမ်းခံရတာ တက်ကြွနေတယ်လို့ ပြောပါတယ် ... မောင်လေး က ဝက်သားသိပ်ကြိုက်တယ်လေ .. ဘာဘဲဖြစ်ဖြစ် အာသဝေါ တရားမကုန်ကြသေးတော့ အမြဲတမ်း အမှတ်နဲ့ မစားနိုင်ကြဘူးပေါ့ ... အနည်းဆုံးတော့ ဆွမ်းခံကြွတဲ့ စာသင်သားကိုရင်လေးများ ဝက်သားအိုးကြီးချက် နဲ့ ဆွမ်းစားရင်း သာသနာ တည်မြဲရေးအတွက် တရားစာပေများ ကျက်မှတ်နိုင်ကြ ပါစေ လို့ ဆုတောင်းပြီး မွေးနေ့ ဆွမ်းဟင်းလေး လောင်းပါတယ်ဗျာ ....

ချစ်သော စာဖတ်သူ များ နဲ့ ဘလောဂါ များအားလုံး ... မြန်မာပြည်အတွင်းမှာ... ကမ္ဘာအရပ်ရပ် မှာ နေထိုင်ကြတဲ့ လူမျိုးမရွေး ဘာသာမရွေး လူသား အားလုံး ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော် ရှည်စေဖို့ မွေးနေ့ ဆုမွန်လေး တောင်းပေး လိုက်ပါတယ်....

(ချစ်သော ဖေဖေ နဲ့ မေမေ ကိုလည်း ဒီစာလေး နဲ့ မွေးနေ့ မှာ ကန်တော့ပါတယ် .. ချစ်သော မောင်နှမ များအားလုံး ချစ်သော တူ တူမ များအားလုံး ကို လည်း ထည့်သုံး ထားတဲ့ အတွက် ဟုတ်သော်ရှိ ... ဟုတ်သော်ရှိ ...  ခွင့်လွှတ်ကြပါလို့ ပြောရင်း အမကြီး အတွက် မွေးနေ့လက်ဆောင် ကောင်းကောင်းလေး များပေးကြ ပါ လို့ တောင်းဆိုပါတယ် )

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

အစားအသောက်နဲ့ ပတ်သက်လို့ ပညာပေးရေးကြတဲ့ ပို့စ်လေးတွေ ဖတ်ကြည့် လို့ ရအောင် ထပ်မံ ရှယ်လိုက်ပါတယ် .. တကယ်ဖတ်သင့်တဲ့ ပိုစ့် လေး တွေ ပါဘဲ ...

ညီမဒိုးကန် ရဲ့ ကျန်းမာဘေးကင်းရောဂါရှင်း (သို့ ) ကြိုတင်ကာကွယ် ကင်ဆာအန္တာရာယ်
http://madankoo.blogspot.com/2013/09/blog-post_12.html

ကိုညီလင်းသစ် ရဲ့ ယူရီးယား (သို့) ရင်းနှီးနေသော တစိမ်း
http://nyilinnthit.blogspot.com/2013/09/blog-post_24.html

ညီမ မိုးငွေ့ ရဲ့ အစားအသောက်နှင့် ကင်ဆာ
http://coralnyo.blogspot.com/2013/10/blog-post_8.html

တီတီဆွီ ရဲ့ အာဂျီနိူမိုတို (သို့) အခိုျမှုန့် (သို့) MSG (သို့) ၆၂၁ ရှာပုံတော်
http://auntysweet.blogspot.com/2012/07/msg-621_23.html
.
>>>ဆက္ဖတ္ရန္>>> >>

Monday, September 2, 2013

ဘလော့ဂ်ဒေး အမှတ်တရ မှောက်ပြတဲ့ စာလေး


အင်တာနက် သုံးရင်း 31-8-2013 ဟာ ဘလော့ဂါဒေး ဆိုတာ အမှတ်ရတယ်... စာရေးချင်စိတ်ပေါ်လာလို့ စာရေး ကြည့်တယ်... ဘလောဂါမသက်ေ၀ က အိတ်သွန်ဖာမှောက် ဆိုလို့ ရွှေစင်ဦး လည်း မှောက်ဖို့ စဉ်းစား လိုက်တော့ မှောက်စရာ အိတ် က မရှိ ... ရှိတဲ့ အိတ်ကို ချွတ် မှောက် ရင်လည်း မြန်မာ အလင်းဆောင်မဲ့ ခင်ဝင့်ဝါ လေး ငိုသွားမှာစိုးလို့ မမှောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ... ရွှေစင်ဦး မှာ ဘာအိတ် မှ မရှိပါဘူး.. အသုံးလိုသမျှကို အင်္ကျ ီအိတ် ထဲမှာဘဲ ထည့်ထားတဲ့ အတွက် ဒီတက်ဂ်ပိုစ့် လေး ကို အကျီ ချွတ် မခါနိုင်တဲ့ အတွက်ရေးလို့ မဖြစ်ပါဘူး ... ဒါကြောင့် ရောက်တတ်ရာရာ အခုတလော စဉ်းစားဖြစ်ခဲ့တဲ့ အိတ်သွန်ဖာမှောက် ဇာတ်လမ်းကြောင်းလေး တွေဘဲ ရေးပါမယ်.....

အင်တာနက် ပေါ်မှာ အထူးသဖြင့် ဖေစ်ဘွတ်ပေါ်မှာ လူမျိုးရေးခွဲခြားမှု့ တွေ အများဆုံး တွေ့နေပါတယ် ... နိုင်ငံ အရေးနဲ့ ပါတ်သက်လို့လည်း ဘာသာရေး လူမျိုးရေး ခွဲခြားမှု့ကြောင့် ဖြစ်တဲ့ ပြဿနာတွေ အများဆုံး တွေ့နေပါတယ်... မန္တလေး သူ တယောက်အနေ နဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှု့ သဘောထား ခံယူချက်တွေ အတွက် ကိုယ့်ကို ကိုယ် ပြန်စမ်းစစ် မိပါတယ် ... ငယ်ငယ်လေး ကထဲက လူမျိုးရေး ခွဲခြားခဲ့လား .. ခွဲခြားရမှန်း မသိပါဘူး.. ဘာသာရေး ခွဲခြားခဲ့လား .. ဒါတော့ ခွဲတယ် ... ဘယ်သာသာဝင် တွေရဲ့ ဘယ်နေ့ဆို ဘယ်လို အစားတွေ စားရမယ် ဆိုတာဘဲ ခွဲခြားခဲ့ပါတယ် ...   ခရစ်စမတ် နီးရင် ပျော်တယ် ... ခရစ်ယာန် သူငယ်ချင်း   တွေနဲ့ ပျော်ကြမယ် ... မုန့်စားမယ် ...

တရုတ်နှစ်သစ်ကူး နီးရင် သူငယ်ချင်းတရုတ်မလေး အိမ်က ဝက်ခြံ ကို စေ့စေ့ မကြည့်တော့ပါဘူး ... နှစ်ကူးရက် ရောက်မှဘဲ ပါးစပ်ထဲ ထည့်ပါတယ် .... တနှစ်ကို ဝက်တကောင် သတ်ပြီးတော့ ဝက်နဲ့ ပတ်သက်တဲ့ ဟင်းမျိုးစုံ ချက်ပြီး နှစ်ကူးစားသောက်ပွဲ မှာ ပျော်ပျော်ကြီး ဆင်နွဲလေ့ ရှိတဲ့ အကျင့် သူငယ်ချင်း အိမ်မှာ ရှိပါတယ်.....

 အစ်နေ့ လည်း အတူတူပါဘဲ ... ငယ်သူငယ်ချင်း တယောက် ရဲ့ မေမေ က အစ် နီးရင် ကျနော်တို့စားချင် တဲ့ အစာတွေ မေးနေကြပါ... အုန်းထမင်း ချက်ရမလား ... ဒန်ပေါက် ချက်ရမလား ... ဒန်ပေါက် ဆိုရင်လည်း အမဲသား မစားမှန်းသိတော့ ကြက်သား.. ဆိတ်သား နဲ့ ချက်ကျွေး ပါတယ် ... ဟိန္ဒူ မီးထွန်းပွဲ ဆိုလည်း မုန့်အချိုတွေ မလိုင်မုန့်တွေ အဝတီးကြပါတယ် ... ကိုယ်နဲ့ ဘာသာမတူသူတွေ နဲ့ သူတို့ ရဲ့ နေ့ထူးနေ့မြတ်မှာ ပျော်ရွှင်ခဲ့တာတွေ ပါ ... ကျန်တဲ့ အပိုင်းတွေ ကတော့ သူငယ်ချင်း တွေ ထုံးစံ အတိုင်းဘဲ ... ပျော်စရာရှိပျော်ကြ စိတ်ကောက်စရာရှိကောက်ကြ ပါဘဲ...

သူက ကုလား ဖြစ်လို့ ... တရုတ် ဖြစ်လို့ ... ဆိုပြီး မစဉ်းစားမိပါဘူး ... ကျန်တဲ့ သူငယ်ချင်းတွေ လည်း ဒီလိုပါဘဲဗျာ ... အခုကြမှ ဘယ်နဲ့ ဖြစ်ပြီး ဒီလောက် မုန်းတီးနေကြတာလည်း ...ငယ်စဉ်ဘဝ ကနေ အရွယ်ရောက်တဲ့ အထိ ဘယ်တရုတ် .. ကုလား ကမှ နှောက်ယှက်တာ မပြောနဲ့ ရီးစား စာပေးတာတောင် မခံရဘူးပါဘူး  ...  အခုအချိန်မှာ မျိုးချစ်ပုဂ္ဂိုလ် များက မျိုးစောင့်ဥပဒေ ဆိုတာ တွင်တွင်ပြောနေကြတော့ ... အရပ်ထဲမှာ လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်တာ တာတွေ ကိုပြန် စဉ်းစား မိပါတယ်...

ကျနော် တို့ ငယ်ငယ်သမဝါယမ ခေတ် ... ပါတီကောင်စီခေတ် က ပါတီကောင်စီ လူကြီး .. ရပ်ကွက်လူကြီး လုပ်တဲ့ ဦး....... ဆိုတာရှိတယ် ... သူက ဗုဒ္ဓဘာသာ ... သူ့မိန်းမ က အစ္စလမ်ဘာသာဝင် ... ကလေး   တွေ မွေးထားတာ အများကြီးဘဲ .. ကျနော်တို့ မောင်နှမ တွေ နဲ့ အစဉ်အဆက် သူငယ်ချင်း တွေဘဲ .. သူ့သားသမီး တွေ လည်း အတိအကျတော့ မသိပေမဲ့ ဗုဒ္ဓဘာသာ ယူတာများတယ် ထင်ပါတယ် ... သူတို့ လင်မယား လည်း ချစ်ချစ်ခင်ခင်ပါဘဲ ... အခု သူ့သားသမီး တွေတောင် အင်တာနက် သုံးပြီး ကျနော် ရေးတဲ့ စာကို ဖတ်ချင်ဖတ်နိုင်ပါတယ် ... သူတို့လင်မယားလည်း အိုအောင်မင်းအောင် အခု အချိန်ထိ   ပေါင်းသင်း   နေကြ ပါတယ် ...


ကျနော် တို့ ငယ်ငယ်က ကျနော် တို့အိမ်နဲ့ မျက်နှာချင်းဆိုင် မှာ ကိုကုလား လို့ ကျနော်တို့ ကခေါ်တဲ့ ကျနော်တို့ ထက် အသက်ရော အတန်းရော အများကြီးကြီး တဲ့ အိမ်နီးခြင်း တယောက် အကြောင်း ကို လည်း စဉ်းစားမိပါတယ် ... သူတို့ မိသားစုက အဖေ တယောက်လုပ်စာနဲ့ စားနေရတဲ့ အတွက် အဆင်မပြေကြ ပါဘူး .. မောင်နှမ တွေလည်း အများကြီးရှိပါတယ် ... ကိုကုလား က အကြီးဆုံး... ဗမာ ဗုဒ္ဓဘာသာပေမဲ့ အသားမဲတာ ကို အကြောင်းပြုပြီး ကိုကုလား နံမည်တွင်တာပါ ... သူ ဆယ်တန်းအောင် တော့ သူ့အဖေ အလုပ် လုပ်တဲ့ဌာန မှာ အလုပ်သွင်းပေးတယ် .. မိသားစု အဆင်ပြေခါစ ရှိသေးတယ် ... မိန်းမ ယူသွားပါတယ်..

မိန်းကလေးက အစ္စလာမ် ဘာသာဝင်ပါ ... သူ့ အမေကြီး အော်အော် ငိုတာ အခုထိကြားယောင်မိတယ် ... ကုလားလို့ ငါနာမည် မှည့်မိလို့များ တကယ် ကုလား ဖြစ်သွားတာလား ကုလား ရဲ့ ဆိုပြီးတော့ပါ  ... ကိုကုလား က အဲဒီဘာသာကိုပါ ပြောင်းလိုက်ရတာကိုး ... ဟိုတလောက သူ့အဒေါ်နဲ့ တွေ့လို အမှတ်တရ ကိုကုလား အကြောင်းမေးလိုက်ပါတယ် ... သူ့ မိသားစု နဲ့ အဆင်ပြေပြေ ပါဘဲတဲ့ ... ဒါပေမဲ့ ဒီဘက်က ဆွေမျိုး မိတ်ဆွေ များနဲ့တော့ အဆက်အသွယ် မရှိပါဘူး လို့ ပြောပါတယ် ......

နောက်တယောက် ကတော့ ကျနော် ကျောင်းပြီး မှ သိခဲ့ရတဲ့ သူငယ်ချင်းမလေး သူက လည်း အစ္စလာမ် ဘာသာဝင် ပါ ... သူ့ရီးစားက မြန်မာ ဗုဒ္ဓဘာသာ .. ငယ်ချစ်တွေ နှစ်ပေါင်းများစွာ ချစ်ခဲ့ကြတော့.. အချိန်တန် တော့ ယူချင်ကြတယ် .. ဒါပေမဲ့ သူငယ်ချင်း အစ္စလမ်မလေးက ဘာသာပြောင်း မှ လက်ထပ် မယ်လို့ ပြောလိုက်တယ်တဲ့ ... သူ့ရီးစား ဗုဒ္ဓဘာသာ ကလည်း ပြောင်းမယ်တဲ့ ... ကောင်လေး ရဲ့ မိဘ တွေ ညီအစ်ကို မောင်နှမတွေ ကတော့ ဘယ်သဘောတူကြမလည်း ... ကျနော့် စိတ်ထဲလည်း မကျေမနပ် ဖြစ်သွားတယ် .. ဘာလို့ ပြောင်းရမှာလည်း ကိုယ်ဘာသာ ကို ဘာလို့ စွန့်ရမှာလည်း ဆိုပြီး သူငယ်ချင်း  ကို တောင်ပြောမိပါသေးတယ် .. သူငယ်ချင်း ကတော့ သူတို့ ဘာသာက ဘာသာမတူရင် လက်ထပ်လို့ မရတဲ့ အတွက်ပါတဲ့ .. ဒါကြောင့် သူ့ချစ်သူ ဘာသာမပြောင်းချင်ရင်လည်း လက်မထပ်ဘဲ အခုလိုဘဲ တသက်လုံးနေသွားတော့မယ် လို့ ပြောပါတယ် ...

 ယောက်ကျားလေး ဘက် ကလည်း  ဘာသာမပြောင်းဖြစ်ပါဘူး ... နောက်တော့ အဲဒီ အစ္စလာမ် သူငယ်ချင်းကောင်မလေး က သူ့ရီးစား ဗုဒ္ဓဘာသာ ကောင်လေး နောက်ကို ခိုးရာ လိုက်ပြေးသွားပါတယ် ... မင်္ဂလာတော့ မဆောင်ကြတော့ဘူး ... အခုတော့ ကလေးနှစ်ယောက် ရနေကြပြီ.. ကောင်မလေး ဘက် နဲ့လည်း အဝင်အထွက် ပြန်ရှိသွားပြီ .. ကောင်လေးနဲ့ လည်း ဘာသာ မပြောင်းကြဘဲ .. ပေါင်းနေကြ ပါတယ် ... ချစ်ချစ်ခင်ခင် ပါဘဲ ... အခု ကျနော်တို့ အိမ်နား မှာဘဲ နေကြပါတယ် .........

နောက်ဆုံး တယောက်ကတော့ ကျနော် ရဲ့ အသိ ထဲကပါဘဲ ... မလေးရှား မှာ ဆယ်တန်းအောင် ကထဲက အလုပ်သွားလုပ်ပြီး မိဘ ကိုရှာကျွေးနေတာပါ ... မလေးသူလေး နဲ့ ရီးစားဖြစ်တယ် ... နှစ်ပေါင်း ကြာလာတော့ လက်ထပ်ကြတယ် ... ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အဲဒီ ယောက်ကျားလေး က အစ္စလာမ် ဘာသာ ကို အရင်ပြောင်းရပါတယ် ... သူ့ရဲ့ ဘာသာပြောင်းပွဲ ပုံတွေ ဖေစ်ဘွတ်ပေါ် မှာတင်ပါတယ် ... ပြီးရင် လက်ထပ် တဲ့ ပုံတွေ ပါတင်ပါတယ် ... လက်မထပ် ခင်က မြန်မာပြည် ပြန်လာပါသေးတယ် .. အမေနဲ့ ညီမ က ဘာသာ မပြောင်း ဖို့ မြန်မာပြည်မှာဘဲ ရှိတာလေး နဲ့ လုပ်စားဖို့ ငိုယိုပြီး တောင်းပန်ပါတယ် ...ဒါပေမဲ့လုံးဝ လက်မခံဘဲ မလေးရှား သူနဲ့ ယူသွားပါတယ် ... သူ ကြိုက်မကြိုက် မသိလို့ ဖေ့စ်ဘွတ် လင့်ခ် ကို တော့ တင်မပေးတော့ ပါဘူး...

မြန်မာမလေး များ ကုလားနဲ့ယူတာတော့ ကျနော့် မျက်မြင် မှတ်မှတ်ထင်ထင် ဖြစ်ရတဲ့ အတွေ့အကြုံမျိုး မရှိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး ... အခု အင်တာနက် ပေါ် မှာ ဖေ့စ်ဘွတ်ခ် သုံးမှဘဲ ဘယ် မြန်မာမလေး က ဘယ်ကုလား ကို ယူလို့ ဘာဖြစ်သွားတယ် .. ဘယ်လို အနှိပ်စက်ခံရတယ် ဆိုတာ ကြားပါတယ် ... ဒါကြောင့် ချစ်ညီမ ကိုတောင် ခဏ ခဏ ပြောဖြစ်တယ် ... ငါ့ကို က ဒီလောက် ဟိုးလေးတကျော် အနှိပ်စက်ခံ ဇာတ်လမ်းတွေ ကို ဖေ့စ်ဘွတ် သုံးမှ ဘဲ တွေ့ဘူး မြင်ဘူးတာ ဆိုတော့ တော်တော် ဗဟုသုတ နည်းတယ် .. လို့ ပြောမိပါတယ် ...  ဒါတောင် ဒီဘက်ခေတ်ရောက် မှ ဒီလောက် များများတွေ့ဘူးတာပါ ... ကျနော် စသုံး တုန်းက ဒါတွေ မရှိပါဘူး .. အခုမှဘဲ ဒီမိုကရေစီ ကို လျှောက်လှမ်းတော့မှဘဲ ဒါတွေ အတွေ့များလာတာပါ ...

ကျနော် နဲ့ ဟိုတလောက ခင်မင်တဲ့ ဦးဇင်း နဲ့ မျိုးစောင့် ဥပဒေ အကြောင်း ငြင်းကြ တာ မှတ်မိအုန်းမှာပါ ... (မျိုးစောင့် ဥပဒေ နဲ့ ရွှေစင်ဦး နဲ့) တနေ့ကတော့ အဲဒီ ဦးဇင်း နဲ့ ပါလာတဲ့ ဦးဇင်း က နောက် တခေါက် ပြန် လာပါတယ် ... ဒကာမကြီး ဟိုနေ့က ဟို ဦးဇင်း....  နဲ့ဒကာမကြီး  နဲ့ ငြင်း ကြတော့ ကျုပ်လည်း ဒကာမကြီး ဘက်ကပါ .. မျိုးစောင့် ဥပဒေ မလိုအပ်ဘူး လို့ ထင်ခဲ့ပါတယ်  ... ဒါပေမဲ့ အခု စိန်ပန်းထဲ မှာ ကျုပ် မျက်မြင် ဖြစ်ရပ်မှန် တွေ တွေ့လာတဲ့ အတွက် စိတ်ပြောင်းသွားပြီ ... မျိုးစောင့်ဥပဒေ ဆိုတာ လိုအပ်ပါ တယ် ...  အဲဒါ ဒကာမကြီးလည်း စိတ်ပြောင်းအောင် လို့ လာပြောတာဆိုပြီး အစ္စလာမ်ဘာသာ ဝင် ယောက်ကျား က ဗုဒ္ဓဘာသာဝင် မိန်းမ ကို နှိပ်စက် တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ပြောပြပါတယ် ...

တပည့်တော် ယုံပါတယ်ဘုရား ... နောက်ပြီး ဗုဒ္ဓဘာသာဝင် ယောက်ကျားက ဗုဒ္ဓဘာသာဝင်မိန်းမ ကို နှိပ်စက် တဲ့ ဇာတ်လမ်းလေး တွေ လည်း တပည့်တော် ပြောပြပါမယ် ဆိုတော့ ဦးဇင်း ငြိမ်သွားပါတယ် ... လူ အခြင်းခြင်း နှိပ်စက် ညှင်းပန်းတာ ကို တပည့်တော် လက်မခံပါဘူး .. ဘယ်ဘာသာဝင်ဆိုတာ မကြည့်ပါဘူး လို့ ပြောလိုက်ပါတယ် ... ဒါပေမဲ့ ဦးဇင်း က ဇွဲမလျှော့ ပါဘူး နောက်နေ့ မှာ မျိုးစောင့် ဥပဒေ ဆိုတဲ့ အခွေလေး လာပို့သွားပါတယ် ... ဒကာမကြီး နားထောင်ဖြစ်အောင် ထောင်ပါလို့ လည်း ပြော သွားပါတယ် ... ကျနော် ယူထားလိုက်ပါတယ် ..  ဦးဇင်း စိတ်ချမ်းသာပါစေတော့ .. သူတို့ မေတ္တာရှိတဲ့ ဒကာမကြီး အမြင်မှန်ရအောင် ကျိုးစားကြတာပါ ... တကယ့် အရိုးခံ ဘာပရောဂ မှ မပါဘူးဆိုတာ ယုံကြည်ပါတယ် ...

ကျနော် တို့ မန္တလေး ဆိုတာ မီးလောင်လည်း ဘုန်းကြီးတွေ က ရှေ့ဆုံးက နေပြီး.. ဒကာ၊ ဒကာမ တွေ ကို အမြဲတမ်း အကာကွယ်ပေးနေကြ ... ၈၈၈၈ အရေးတော်ပုံကြီး တုန်းကလည်း တမြို့ လုံး  အေးချမ်းအောင် ...... စောင့်ရှောက် ပေးခဲ့တယ် ... ပြည်သူ နဲ့ လက်တွဲလို့ စစ်အစိုးရ ကို ဖြုတ်ချဖို့ ကျိုးစား ပါဝင်ခဲ့တယ် .. ၂၀၀၇ သံဃာအရေးအခင်း တုန်းကလည်း အသေခံ..... အဖမ်းခံပြီး အာဏာရှင် တွေကို ဖြုတ်ချဖို့ ကျိုးစားခဲ့ တယ် ..မသင့်တော်တာ ရှိရင်လည်း ဘုန်းဘုန်းတွေ က ဆုံးမပဲ့ပြင်ခဲ့တယ် .. ဘာသာရေး အသိကြွယ်အောင် ဆိုဆုံးမ ခဲ့တယ် ... အချစ်ဆုံး အဖိုးက လည်း ဘုန်းကြီး ဝတ်နဲ့ တချိန်လုံး ဘုရားစာသင် တရားထိုင်သင် ဆိုတော့ ဘုန်းဘုန်းတွေ ကို ကြည်ညိုပြီးသား ...  လေးစားပြီးသားပါ..  ထောင်ထဲမှာ မန္တလေး က ဂဠုန်နီဘုန်းဘုန်း..  ငြိမ်းချမ်းရေးကိုယ်တော်.. နဲ့ တခြားဘုန်းဘုန်း များ အနှိပ်စက်ခံရတယ် ကြားရတုန်းက မျက်ရေ ကျလောက်အောင် စိတ်ထိခိုက်ရပါတယ် ...

မြန်မာပြည် မှာ အထူးသဖြင့် နယ်ဘက်မှာက သားယောက်ကျားလေးများကို အလှူအတန်း လုပ်ပြီးတဲ့ အခါ သာသနာ့ဘောင်မှာ ပျော်မွေ့သွားရင် သိပ်ဝမ်းသာကြပါတယ် .. ကျောင်းထိုင်ဘုန်းဘုန်းများ ကလည်း ဉာဏ်ကောင်းတဲ့ ကိုရင်များကို လူပြန်မထွက်စေချင်တော့ပါဘူး ... အဲဒီတော့ မြန်မာပြည်က လူတော်များ (နယ်ဘက်က အများစုပေါ့) ဟာ ငယ်ဖြူ ကိုယ်တော်များ ဖြစ်နေကြပါတယ် ...

လူလောက သဘာဝတွေ .. နိုင်ငံရေးပရိယာယ် တွေ နဲ့ အာဏာရှင် တွေ ရဲ့ ညစ်ပတ် စုတ်ပြတ်ပုံ ယုတ်မာ ကောက်ကျစ်ပုံ ကို အလုံးစုံ နားမလည်နိုင်အောင် ရိုးသားကြပါတယ် .. ဒါကြောင့် ဘုန်းဘုန်း များလည်း အခုအချိန်မှာ မျိုးစောင့်ဥပဒေ လို သဘောထား ကွဲပြားစေတဲ့ အရာတွေ ကို ခဏ ထားလိုက်ပါအုန်း ... လို့ တောင်းပန်ချင်ပါတယ် ....  မျိုးစောင့်ဥပဒေ ကနေ အမုန်းမီးပွားများ ပေါက်ဖွား လာပြီး တိုင်းပြည်မအေးချမ်း တဲ့ အတွက် ကယ်တင်ရှင်များက တိုင်းပြည် ကို ဂျောက်ထဲ မကြအောင် ကယ်တင်ကြ ပါလိမ့်မယ် ဘုရား ..... တပည့်တော် တို့ ပြည်သူများ နောက်တကြိမ် အကယ် မခံနိုင်တော့ ပါဘူး ...

အခု တပည့်တော်တို့ မြန်မာပြည်မှာ အာဏာရှင်လက်အောက် က လွတ်မြောက်ဖို့ လမ်းစလေး ရေးရေးပေါ်နေပါတယ် . ဒါပေမဲ့ အာဏာ လက် မလွှတ်ချင် တဲ့ သူတွေ ... အာဏာရူး တွေ ရှိနေပါတယ် ... အာဏာ လက်မလွှတ်ရအောင် ဘက်ပေါင်းစုံကနေ ပြည်သူများ.. သံဃာများ.. ဘာသာကွဲများ.. နိုင်ငံရေးသမားများ.. တိုင်းရင်းသားများ ကို စည်းရုံးရေး ပျက်ပြားအောင် အကြီးအကျယ် လုပ်ဆောင်နေကြတယ် လို့ တပည်တော်ထင်တဲ့ အတွက် အခုအချိန်မှာ လမ်းစလေးရေးရေး ကို မပျောက်အောင် ထိမ်းသိမ်းဖို့ ကလွဲပြီး မျိုးစောင့်ဥပဒေ အပါအဝင် ညီညွတ်ရေး ပျက်ပြားစေတဲ့ အရာအားလုံး ကို စိတ်မဝင်စားပါဘူး လို့ ပြောချင်ပါတယ် ဘုရား ...

နောက်ဆက်တွဲ အနေနဲ့ ပြောရရင် ကျနော် နဲ့ သိကျွမ်းတဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ ရှိပါတယ် ... တနေ့က ဆရာမ က ဗုဒ္ဓဘာသာလား လို့ မေးပါတယ် .. ဟုတ်တယ်လို့ ပြောတော့ စီဒီခွေလေး ထုတ်ပေးပါတယ် ... ၉၆၉ မှာ ဈေးဝယ်ဖို့ ဆိုတဲ့အခွေလေးပါ .. ကျနော်ဖွင့်မကြည့်မိပါဘူး ... တော်တော်လည်း စိတ်ပျက် သွားပါတယ်  .. M.Res လုပ်နေတဲ့ ကလေးတွေပါ ... ဒီလို ပညာတတ် ကလေး တွေ ရဲ့ ဦးနှောက်ထဲ မှာ  ဒီလို အတွေးအခေါ်တွေ ဝင်ရောက်နေ တာ ဟာ တိုင်းပြည် အတွက် မကောင်းတဲ့ အလားအလာ တွေပါ ...

ကျနော် တို့ မြန်မာပြည်ကြီး တိုးတက်ဖွင့်ဖြိုးရေးအတွက် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု့ တွေ လိုအပ်နေတဲ့ အချိန်မှာ အမြင်ကျဉ်းမြှောင်းတဲ့ ၉၆၉ မှာ ဈေးဝယ်ပါ ဆိုတဲ့ ဆောင်ပုဒ် ကို လည်း လက်မခံနိုင်ပါဘူး .. ဒီအတိုင်းသာ ဆက်သွားနေရင် ၉၆၉ မှာ ဈေးဝယ်ရရုံတင် မကဘူး.. နောက်ဆိုရင် အပ်ချီလုံး တလုံးနဲ့ ဓါတ်ခဲ တလုံး ... ဆန်တပြည် ကို တနေကုန် တန်းစီပြီ ထုတ်ရတဲ့ သမဝါယမ ခေတ်ကို ပြန်ရောက်ပြီး ... အာဏာရှင် တွေ လက်အောက် မှာ ပြန်လည် ဒူးထောက်ရလိမ့်မယ် ... လို့ ကျနော် ထင်ပါတယ်..

ဘလော့ဂါတဦး အနေနဲ့ ရေးသင့်တယ် ထင်တဲ့ ပိုစ့်လေးကို ဘလော့ဂ်ဒေး အမှတ်တရလေး ရေး လိုက် ပါတယ် ...  ဧရာဝတီအရေး ကဲ့ သို့ အရေးကြီးတဲ့ နောက်ထပ်... နှစ်ပေါင်းများစွာ အာဏာရှင် များ လက်ထဲ ဆက်လက် နေရမဲ့ အရေးလို့ လည်း ကျနော် ထင်ပါတယ် ... ဒါကြောင့် ဒီပိုစ့် လေး ကို ရေးပါတယ်


 ကျနော့် ဘလော့ဂ်လေးမှာ လေးနှစ်ကျော် ဖတ်ရှု့ အားပေးခဲ့ကြတဲ့ စာဖတ်သူ မိတ်ဆွေ များကိုလည်း အထူးကျေးဇူး တင်ပါတယ် ... အခုတလော အလုပ်နည်းနည်း များတဲ့အတွက် ... ဘလော့ဂ်လိပ်စာလည်း အပြောင်းအလဲ ဖြစ်သွားတဲ့ အတွက် ...  စာတင်တာ နည်းနည်း အဆက်ပြတ်သွားပါတယ် ... အားလုံး ကို တောင်းပန်ပါတယ် ... ဘလော့ဂါ မိတ်ဆွေများလည်း လင့်ခ် လေးပြောင်းချိတ်ပေးကြပါ... ကျနော်လည်း ဆက်လက်ပြီး စာကောင်းလေးများ တင်ပေးနိုင်ဖို့ ကျိုးစားပါမယ် ....

 ကျနော့် ဘလော့ဂ်လေး မှာ တင်ထားတဲ့ ဆောင်ပုဒ်လေး ရှိပါတယ် ...  အောက်မှာထပ်ဖော်ပြ ထားပါတယ် ... အဲဒီအတိုင်းဘဲ ကျနော် ကျင့်သုံး မှာပါ ...
“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”
“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
အားလုံးကိုလေးစားလျှက်
ရွှေစင်ဦး 
http://www.shwezinu.blogspot.com
.
>>>ဆက်ဖတ်ရန်>>> >>

Monday, August 5, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, (ပြီးပါပြီ)

သကြားမှန်ကူ အုန်းမှန်ကူ

အလုပ်က ငါးသည်
စာကကောင်းကောင်းမတတ်။
ငါးသည်ဆိုတော့ ၀တ်တာစားတာကရော စုတ်ပြတ်နေတာ။
လင်စိတ်သားစိတ်ဆိုတာ သူကကြိုက်တယ်လို့ပြောမှပဲ
ဖျတ်ခနဲပေါ်လာတော့တာပါတော်။ မိုးကြိုးပစ်ကျိန်ရဲပါရဲ့။

    ကိုမြရှင်နဲ့ပတ်သက်ရင် ကျုပ်တော့ နားမလည်တာ များပါတယ်။
    ကျုပ်ကို ကြိုက်ပါတယ်လို့ စပြောခဲ့ကတည်းက စပြီး နားမလည်ခဲ့တာပေါတော်။ တော်တို့ပဲ စဉ်းစား ကြည့်လေ။ ကျုပ်က ငါးသည် (ငါးသယ်)၊ ဗျပ်ကလေးနဲ့ ပျံကျဈေးလမ်းဘေးမှာ ကြုံသလိုချရောင်းရတဲ့ ငါး သည် ... သူက ကျောင်းဆရာ။ တကယ်ဆို သူကြိုက်စရာရှားသမို့လား။ အရပ်သူချောချော ကလေးတွေ၊ ကျောင်းသူလေးတွေ သူလိုထဲက ဆရာမလှလှကလေးတွေ ပြည့်လို့။
    ကျုပ်ကို ကြိုက်ပါတယ်လို့လာပြောတော့ ကျုပ်က နားမလည်နိုင်လွန်းလို့ ဘာ့ကြောင့် ကြိုက်ရတာလဲ လို့ မေးပါတယ်။ သူဖြေပုံကျတော့လည်း လွယ်လိုက်တာ။
    "နဖူးစာလေ" တဲ့။
    ကဲ ... ကျုပ်ကလည်း အဲဒီနဖူးစာဆိုတာကြီးကို နားမလည်တော့တာ။ ကျုပ်က ဒီတန်းက သူ့ကို ပြန်ကြိုက်တာ မကြိုက်တာ အသာထားလို့၊ စိတ်ကရှုပ်နေတာ၊ ဒါနဲ့ လွယ်လွယ်ပဲ ပြောလိုက်တယ်။
    " တော်က ကျောင်းဆရာမဟုတ်ဘဲ ကျုပ်တို့လို တံငါသည်ဆိုလည်း ကောင်းသား" လို့။
    အဲဒီတော့ ကိုမြရှင်ရယ်လေ ဘာမှတောင် မစဉ်းစားဘူး။

    " ဒါဆိုရင်တော့ သိပ်လွယ်သွားပြီ။ ကျုပ် ကျောင်းဆရာမလုပ်တော့ဘူး၊ တံငါသည်ပဲ လုပ်တော့မယ်" တဲ့။
    ကျုပ်ကတော့ နောက်နေတယ်ပဲထင်တာ။ မဟုတ်ဘူး တော်ရေ ... တကယ်ပြောနေတာတဲ့။
    " ဒီမှယ ခွေးမ၊ နင့်အကြောင်း ငါ ကောင်းကောင်းသိပြီးသား။ နင့်မှာ အမေလည်းမရှိတော့ဘူး။ အဖေ တံငါသည်အဘိုးကြီးနဲ့ နေရတာ။ သူ့ကို နင် မခွဲနိုင်သလို သူကလည်း နင့်ကို မခွဲနိုင်ဘူး။ သူကလည်း သူ့တံငါအလုပ်ကို မစွန့်နိုင်ဘူး။ ဒီတော့ ရှင်းရှင်းလေးရယ်၊ နင်သာ ငါ့ကိုယူမယ်ဆိုရင် ငါ နင်တို့နဲ့ လာနေမယ်။ ငါလည်း တံငါပဲလုပ်တော့မယ်။ ငါ နင့်ကို သိပ်ချစ်တယ်" တဲ့။
    ကျုပ်ကို သိပ်ချစ်ရအောင် ကျုပ်က အရုပ်ဆိုးအကျည်းတန်မဟုတ်ပေမယ့် လှမှမလှတာကြီးကို။ ပြီးတော့ လူမပြောနဲ့ နာမည်တောင် မလှဘူး။ "ခွေးမ"တဲ့။ အလုပ်က ငါးသည်။ စာက ကောင်းကောင်းမတတ်။ ငါးသည် ဆိုတော့ ၀တ်တာ စားတာကရော စုတ်ပြတ်နေတာ။ လင်စိတ်သားစိတ် ဆိုတာသူက ကြိုက်ပါတယ် လို့လာပြောတော့မှပဲ ဖျတ်ခနဲ ပေါ်လာတော့တာပါတော်။ မိုးကြိုးပစ် ကျန်ရဲပါရဲ့။ ဒီတုန်းက သူ တံငါသည်လုပ်တော့မယ်ဆိုတော့ ဘယ်ယုံလိမ့်မှာတုံး။ ဒါနဲ့ ပြီးစလွယ်ပြောလိုက်တ်။
    " တော်က တံငါသည်လုပ်မယ်ဆိုလို့မှ ကျုပ်က တော့်ကို ပြန်မကြိုက်ရင် ကျုပ် အဆိုးဖြစ်တော့မပေါ့ တော်" လို့ ပြန်ပြောလိုက်တယ်။

    အဲဒီနေ့လယ်က ကျုပ်ငါးတွေရောင်းလို့ကုန်တော့ ကျုပ်တို့ အိမ်ရှိတဲ့ကျွန်းထဲကို လှေကြုံနဲ့ပြန်ခဲ့ တယ်။ ကျုပ်တို့နေတဲ့ ကျွန်းဆိုတာက မန္တလေးအနောက်ဘက် ဧရာဝတီမြစ်ကြီးထဲက နန်းတော်ကျွန်းတို့၊ သမင်ခြံပတ်ဝဲ တို့ဆိုတဲ့ ကျွန်းကြီးတွေရဲ့နောက်ဘက်ကို ကျသေးတာ။ နောက်ပေါ်တဲ့ ကျွန်းပေါက်စကလေး ပါ။ တော်တော်ကို ခေါင်တာပါလို့ဆို။ အဲ ... အိမ်ထဲလည်းဝင်လိုက်ရော အဖေနဲ့ ထိုင်စကားပြောနေတဲ့ သူ့ကို တွေ့တော့တာပဲ။ အံ့ရော ... ကျုပ်တေ့ နားကိုမလည်တော့ဘူး။
    သူက အဖေ့ကို ဇာတ်စုံရှင်းပြီးသားဖြစ်နေပြီ။ အဖေက ကျုပ်ကို တန်းမေးတာပဲ။
    " ခွေးမ ... သူက တံငါလုပ်မယ်ဆိုရင် နင် သူ့ကိုယူပါ့မယ်လို့ ပြောလိုက်တယ်ဆို " တဲ့။ ဒီတော့ -
    " ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ... " ပဲပြောရသေးတယ်။
    " ဒါပေမယ့် တွေဘာတွေ လုပ်မနေနဲ့။ ဒီကောင် ငါ့လိုပဲ ဒိုးတူပေါင်ဖက် တံငါလုပ်မယ်ဆိုလို့ကတော့ ငါလည်း သဘောတူတယ်။ သူ့မိဘတွေပြီးရင် ပြီးပြီ" တဲ့။
    အဲဒီမှာ ကိစ္စကပြတ်တော့တာပဲ။ သူ့မျာက မိဘတွေမှ မရှိတော့တာ။ သူက တစ်ကောင်ကြွက်ဥစ္စာ။

    ကျောင်းဆရာအလုပ် ဆိုတာ တံငါသည်အလုပ်နဲ့ အကွာကြီးပါတော်။ သူက မူလတန်းကျောင်း ဆရာဆိုပေမယ့် ၀င်ငွေက ငါးဖမ်းစားတာထက်တော့ ပုံမှန်ဝင်သေးတာပဲ။ ဘယ်နည်းနဲ့မှ ရေရှည်ခံနိုင်မှာ မဟုတ်ဘူး လို့ ကျုပ်ကတော့ သေချာပေါက် တွက်ထားလိုက်တယ်။ ကျုပ်အဖေနဲ့လိုက်ပြီးတော့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ကို တံငါအတတ်ကို သင်ယူရတာပါတော်။
    ကျုပ်လည်း ကျုပ်စကားနဲ့ကျုပ် သူနဲ့ညားတော့တာပါပဲ။ ညားလည်းပြီးရော ဒေါ်ကျုပ်ကြီး ပြော သလိုပါပဲ ကျုပ်လည်း သူ့ကို သိပ်ချစ်သွားတော့တာပါပဲ။ သူလည်း ကျုပ်ကို တကယ်ချစ်ရှာတာပါ။ ကျုပ် က ပြောပါသေးတယ်။
    " တံငါသည်မလုပ်ပါနဲ့တော့။ ကျောင်းဆရာပဲ ပြန်လုပ်ပါ။ အဖေ့ကို ပြောပေးပါ့မယ်" ပေါ့။ ကိုယ်က ချစ်လာပြီကိုး။ မရပါဘူးတော်။
    " အဖေ စိတ်ညစ်သွားလိမ့်မယ်" တဲ့။ ပြီးတော့ " တံငါသည်နဲ့ ငါးသည်နဲ့ညားတာပဲ။ သဘာဝကျပါ တယ်" တဲ့။ ပြီးတော့ အဖေနဲ့သူနဲ့က လိုက်လည်းလိုက်တယ်။

    " ဒီကောင် တကယ်ကြိုးစားတဲ့ကောင်၊ ငါ့လိုမဟုတ်ဘူး။ တံငါဆိုပေမယ့် ကြီးပွားမယ့်ကောင်။ ခွေးမ ... နင် ကြည့်နေ၊ ဒီမြရှင်ဆိုတဲ့ကောင်ဟာ တစ်နေ့ကျရင် တံငါတော့တံငါပဲ။ ဒါပေမယ့် အင်းသူကြီး တွေဘာတွေ တက်ဖြစ်မယ့်ကောင်ကွ" တဲ့။
    ကိုမြရှင်ကလည်း ကြိုးစားလိုက်တာမှ အချိန်မရွေးကို လုပ်တော့တာ။ တံငါသည်ပီသလိုက်တာမှ။ ငါးကြီး၊ ငါးကလေး ငါးမရွေး၊ အလုပ်အကြီးအသေး၊ ရာသီအဆိုးအကောင်း ဘာမှကြည့်နေတာမဟုတ်ဘူ။ အဖေက "မရှင်ရေ ... "လို့ ခေါ်လိုက်ရင် သူက လှေပေါ်ရောက်နှင့်နေပြီ။ အဖေ အရက်သောက်ရင် သူလည်းသောက်၊ ကြက်တိုက် ရင် သူလည်းတိုက်ပဲ။ ကျုပ်တို့ အသိုင်းအ၀ိုင်း တံငါသည်တွေက ပထမ သူ့ကို ကျောင်းဆရာ လူထွက်ဆိုပြီး အာနာတာနဲ့ အတော်ကလေး ခပ်တန်းတန်းနဲ့ ပေါင်းကြတာ။ သူက ဘယ်ဟုတ် လိမ့်မှာလဲ။ တစ်ခါတည်း ရောပစ်လိုက်တာ တစ်လတောင် မကြာလိုက်ပါဘူး။ ကိုမြရှင်ဟာ တစ်သက်လုံး ဒီကျွန်းရွာကလေးပေါ် ကြီးလာပြီး တစ်သက်လုံး ငါးဖမ်းစားလာတဲ့လူကျနေတာပဲ။
    သူလည်း တံငါအတတ်ကောင်းကောင်းတတ်လို့ ၆ လလောက်လည်းကြာရော အဖေ လေဖြတ်ပါ လေရော။ ညာလက်နဲ့ ဘယ်ခြေထောက် ဒေါင့်တန်းဆွဲ၊ အကြောတွေ သေ သွားပါရောလား။ တစ်သက်လုံး တံငါအလုပ် မလုပ်နိုင်တော့ပါဘူး။ ဒါန့ ကျုပ်က ကိုမြရှင် ကို ပြောပါသေး တယ်။
    " အဖေလည်း တံငါမလုပ်နိုင်တော့ဘူး။ တော်လည်း တံငါမလုပ်ရင် ဘာမှပြောတော့မှာ မဟုတ်ဘူး။ ကျောင်းဆရာပြန်လုပ်ချင်လုပ်လေ" လို့။

    ဒီတော့ သူက အဖေစိတ်မကောင်းဖြစ်မှာ သေချာတယ်တဲ့။ ခုလို ဒုက္ခတဖြစ်နေတဲ့အချိန်မှာ သူ စိတ်ချမ်းသာအောင်ထားဖို့ပိုလိုတယ်တဲ့။ သူက စာတတ်တယ်မဟုတ်လား။ သူက ပိုသိတာပေါ့။
    ခက်တာက ကိုမြရှင်နဲ့ ရွာခံတွေနဲ့ သိပ်ရင်းနှီးလာတော့ ရွာခံတွေက သူ့ကို မနာလိုတတ်လာကြပြီ လေ။ သူက စာတတ်ပေတတ်မဟုတ်လား။ ဘာလေးပဲပြောပြော ကျန်တဲ့လူတွေက သူ့ကိုမီအောင် ပြောနိုင် ကြတာ မှ မဟုတ်ဘဲ။ ကြာလာလေ ကိုမြရှင် ဘာပြောပြော၊ ကြွားတယ် လူတတ်လုပ်တယ်လို့ ထင်လာကြ လေပဲ။
    တစ်နေ့တော့ အကြီးဆုံးပြဿနာပေါ်တော့တာပဲ။ ကျုပ်တို့ အိမ်မှာ စုပြီးအရက်သောက်ကြတဲ့ တစ်ည။
    အရက်ဝိုင်းဆိုတော့ ရောက်တတ်ရာရာ သီချင်းတွေ ဘာတွေဆိုကြတာပေါ့။ တွံတေးသိန်းတန် သီချင်းတွေပဲ များတာပါပဲ။ နောက်တော့ တစ်ယောက်က မာမာအေးသီချင်းဆိုတယ်။ အစအဆုံး မဟုတ်ပါ ဘူး။ ရသလောက်ပါပဲ။ အဲဒါကလေးကိုပဲ အားလုံးသိပ်ကြိုက်ကြပြီးတော့ မာမာအေး ချီးမွမ်းခန်းဖွင့်ကြတော့ တာပေါ့။ အဲဒီမှာ ကိုမြရှင်က ဘာဝင်ပြောလိုက်သလဲဆိုတော့ သူကိုယ်တိုင် မာမာအေးနဲ့တွေ့ဖူးတယ်တဲ့။ ဒီမှာတင် အားလုံးက ၀ိုင်းဟားကြတော့တာပဲ။ ကိုမြရှင်ကလည်း မလျှော့ဘူး။ တွေ့ရုံတင်မဟုတ်ဘူးတဲ့။ သူဆိုတဲ့သီချင်းကို မာမာအေးကလိုချင်ပါတယ်ဆိုလို့ သူက သင်ပေးလိုက်ရတဲ့အကြောင်း၊ အဲဒီမှာတော့ တစ်ဝိုင်းလုံးဗြောင်းဆန်ကုန်တော့တာပဲ။ လှောင်ကြပြောင်ကြ၊ ရိကြကလိကြနဲ့ ၀ိုင်းဟားကြတာ။ ဖြီးတာ လည်းဖြီး၊ ကြွားတာတော့ကြွားပေါ့။ ဒါပေမယ့် အလွန်အကျွံတော့မလုပ်ဖို့။ တံငါသည်တွေ၊ တောသားတွေ ဆိုပြီး ထင်တိုင်းလှိမ့်လို့ရလိမ့်မယ်တော့ မထင်ဖို့ ဘာညာပေါ့။ ဆူညံနေတာပါပဲ။
    ကျုပ်ကတောင် ၀င်ပြောမိသေးတယ်။ "ကိုမြရှင်ရယ် ဟုတ်ကောဟုတ်ရဲ့လားလို့"။ ဒီတော့ "ဒုက္ခ ပါပဲ ခွေးမရယ်၊ ငါ့စကားကို ငါ့မယားတောင် မယုံတော့ပါလား" တဲ့။

    ဟုတ်တယ်၊ ကျွန်မလည်း မယုံတာတော့ အမှန်ပဲ။ ကိုမြရှင်က မန္တလေးသား၊ မြို့ပေါ်ကဆိုပေမယ့် မိုးကြိုးပစ်ဘုရားဟူးရယ်ပါ။ မန္တလေးမြို့ရဲ့ အနောက်မြောက်ထောင့် ရွှေပြည်၊ မင်းတဲ၊ အီကင်းကျော်ပြီး ထီးတန်ဆောင်းဘုရားမြောက်ဘက်အရပ်က သူ့ဇာတိလေ။
    ကျောင်းဆရာလုပ်တော့လည်း ရပ်ကွက်မူလတန်းကျောင်းဆရာလေးပါ။ မာမာအေးနဲ့ ဘယ်လိုနီး စပ်မှာလဲ။ နောက်ပြီးတော့ သူ့ဟာက မြင်ဖူးပါတယ်ဆိုတာလောက်ဆို တော်သေး။ ခုတော့ လူ ကိုယ်တိုင် တွေ့ဖူးရုံတင်မကဘဲ သူကတောင် သီချင်းတက်ပေးလိုက်ရသေးတယ်ဆိုတော့ ကျုပ်လည်း ဘယ်ယုံလိမ့် မှာလဲ။
    အဲဒီတစ်ညလုံးကတော့ ကိုမြရှင်ကို နောက်ကြပြောင်ကြတော့တာပါပဲ။ မာမာအေးကို သီချင်းသင် ပေးတုန်းက ရိုက်ရသေးလား၊ ဒဏ်ပေးရုံပဲလား ဘာညာနဲ့ တ၀ါးဝါးပါပဲ။ ကျုပ်ကတော့ ကိုယ့်ယောက်ျားကို ဒါလောက်တောင် ၀ိုင်းလှောင်နေကြတာကိုတော့ မကြိုက်ပါဘူး။ ကိုမြရှင်ကတော့ "မယုံလည်း နေကြပေါ" တဲ့။ သူ ဘာမှဆက်မရှင်းတော့ဘူးတဲ့။ ဘဒွေးကြီး ဖိုးထူးကတော့ -
    " နေကြစမ်းပါဦးကွာ ... သူ မာမာအေးကို ဘယ်မှာ ဘယ်လိုတွေ့လို့ ဘာ့ကြောင့် ဘာသီချင်းကို ဘယ်လို တက်ပေးရတယ်ဆိုတာလည်း မေးဦးမှပေါ့ကွ" လို့ ၀င်ပြီး ပြောရှာပါတယ်။

    ဒါပေမယ့် ကိုဝက်က မူးမူးနဲ့ဝင်ပြီး -
    " တွေ့တာက အိပ်မက်ထဲမှာ။ တက်ပေးတဲ့သီချင်းက ချိုမိုင်မိုင်ဗျာ " လို့နောက်လိုက်တော့ တစ်ဝိုင်းလုံး တ၀ါးဝါးတဟားဟားနဲ့။ ကျုပ်လင်ကတော့ မချိပြုံးကလေးနဲ့ပဲ " ဟုတ်ပါတယ် ... ဟုတ်ပါတယ်" နဲ့ နေလိုက်ရရှာတာပေါ့ရှင်။
    ကျုပ်ကတော့် ကိုယ့်လင်ကို မယုံတာကတစ်ပိုင်းပဲ။ ဒါလောက်တောင် ၀ိုင်းပြီး လှောင်နေကြတာကို မခံနိုင်တော့ဘူး။ တဲနောက်ဖေးသွားပြီး ငိုကိုပစ်လိုက်ရတယ်။ အမြည်းကုန်သွားရင် ထပ်ဖြည့်ဖို့ ငါးသလဲထိုး တွေ ကြော်ထားတာလည်း စေတနာပျက်သွားလို့ ချမပေးတော့ဘူး။ မှတ်ကရော။ တဲရှေ့ လည်း ပြန်မထွက် တော့ဘူး။ တစ်ခါတည်း အိပ်ရာထဲသွားနေလိုက်တယ်။ အိပ်လို့တော့ မရပါဘူး။ တော်တော်ကြီးကို မိုးချုပ်မှ ၀ိုင်းသိမ်းကြတာလေ။ အကုန်ပြန်သွားကြတော့ လမ်းမှာ အော်ကြီး ဟစ်ကျယ် နဲ့။
    ကိုမြရှင်နဲ့မာမာအေး စုံတွဲသီချင်းဆိုထားတာကိုပဲ ရေဒီယိုက လာတော့မှာလိုလို ဘာလိုလိုတွေ တဟားဟားနဲ့ ပြောသွားကြလေရဲ့။ ဟိုသေချင်းဆိုး ငပြူးဆိုတဲ့ကောင်ကလည်း ကိုမြရှင်တစ်ယောက် မာမာအေးနောက် ပါသွားရင် ခွေးမတော့ မလွယ်ဘူး၊ ဘာညာနဲ့ မီးလောင်ရာလေပင့်သေးတာ၊ ကာလနာတွေ။
    အားလုံးပြန်ကုန်ပေမယ့် ကိုမြရှင် အိပ်ရာထဲဝင်မလာသေးလို့ ထွက်ကြည့်တော့ မြစ်ကမ်းစပ်ဘက် ထွက် သွားတာမြင်လို့ သူ့နောက်ထွက်လိုက်ခဲ့တယ်။ သဲသောင်ပေါ်ကို ထိုင်မိကြတော့
    " ခွေးမ ... မာမာအေးနဲ့ ငါ တွေ့ခဲ့ဖူးတယ်ဆိုတာကို နင်လည်း ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် နင်ကတော့ ငါ့မယားမို့ ပြောပြမယ်" တဲ့။

    ကျုပ်တို့ မညားခင် တစ်နှစ်ကတဲ့။ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ရန်ကုန်ကို လိုက်သွားတာတဲ့။ တည်းခိုတဲ့အိမ်မှာ လွတ်လွတ်လပ်လပ်ရှိတာနဲ့ သူငယ်ငယ်က သူ့အဖေဆီကရလိုက်တဲ့ သီချင်းတစ်ပုဒ်ကို စိတ်လိုလက်ရဆိုမိသတဲ့။ အဲဒီသီချင်းက "သကြားမှန်ကူ အုန်းမှန်ကူ" ဆိုတဲ့ မန္တလေးသီချင်း၊ နောက်ပြောင် စပ်ထားတဲ့ သီချင်းပါ။ မန္တလေးမှာရနိုင်တ့ အစားအစာတွေကို စာရင်းလုပ်ပြီး သီချင်းစပ်ထားတာ။
    အဲဒီအချိန်မှာ တစ်ဖက်အိမ်ကို အလည်ရောက်နေတဲ့ အဆိုတော်မာမာအေးက ကြားသွားတော့ ဒီဘက်အိမ်ကူးလာပြီး သူ့ကိုယ်သူမိတ်ဆက်ရင်း စာသားကို တောင်းပါသတဲ့။ စာသားပေးလိုက်တော့ အလိုက်ကလေး ပြန်ဆိုပြပါဦးဆိုလို့ ဆိုပြရတာတဲ့။ မာမာအေးကတော့ တကယ့် ပါရမီရှင်ဆိုတော့ ခဏ ကလေးနဲ့ အလိုက်ကိုလည်း ရသွားတာပါပဲတဲ့။
    ဒီလိုဆိုတော့ သိပ်ဖြစ်နိုင်တာပေါ့။ ကျုပ်က "တော် အဟုတ်ပြောတာလား" လို့ဆိုတော့ "အဟုတ် ပြောတာပါကွာ" တဲ့။ ဒါနဲ့ "ဟိုလူတွေကို ဘာလို့ပြောမပြလိုက်တာလဲ" လို့ဆိုတော့ "အစကတည်းက ငါက မှားပြီး ပြောလိုက်မိတာပါကွာ။ သူတို့ကို ရှင်းပြနေစရာလည်း မလိုပါဘူး" တဲ့။ သူလည်း နောက်ထပ် ရှင်းနေ တော့မှာ မဟုတ်ဘူးတဲ့။ ကျုပ်ကိုလည်း ဘယ်တော့မှ ပြန်မပြောရဘူးလို့ အကျိန်ခိုင်း လို့ ကျိန်လိုက်ရသေး တယ်။
    ကျုပ် မခံနိုင်ဆုံးကတော့ ကိုဝက်တို့၊ ငမြူးတို့ပဲ။ သူတို့အုပ်စုက ကိုမြရှင်နဲ့ မာမာအေးကိစ္စကို မပြီး နိုင်တော့ဘူး။

    ဟိုနေရာတွေ့လည်း ဒါပဲ။ ဒီနေရာလည်း ဒါပဲ။ ကိုမြရှင်ကတော့ မချိပြုံးကလေးနဲ့ ဘာကိုမှ မပြောတော့တာ။ ကျုပ်ကလည်း ကျိန်ထားရတာမှုတ်လား။ ကျုပ်သိတာကိုလည်း ပြန်မပြောပါဘူး။ ပြော လည်း အလကားပဲလေ။ ဘယ်မှာလဲ သက်သေ။ မာမာအေး သွားမေးရမို ဖြစ်နေတာ။ ကျုပ် ရင်ထဲမှာတော့ မခံချင်တဲ့စိတ်တွေနဲ့ တင်းကျပ်နေတာပဲ။
    တစ်နေ့တော့ မင်းကွန်းမရောက်ခင် မြစ်လယ်မှာ အသစ်ပေါ်တဲ့ သောင်ထိပ်က သရက်မှော်ကလေး ကို ကျုပ်တို့လင်မယား လှေကလေးဆိုက်ပြီး ကွေ့လေးထဲ မန်ကျည်းကိုင်းတွေများ ချရကောင်းမလားလို့ ကြည့်နေကြ တုန်း မော်တော်ကြီးတစ်စင်း မြစ်လယ်မှာ စက်ရပ်သွားလို့ ကျုပ်တို့လှေနဲ့ မနီးမဝေးမှာ လာ ဆိုက်တယ်။ စက်ကို နည်းနည်းပြင်ရဦးမှာဆိုတော့ မော်တော်ပေါ်မှာ ပါလာတဲ့ ခရီးသည် နည်းနည်း သောင် ပေါ်ကို အညောင်းပြေ အညာပြေ ဆင်းလာကြတယ်။ အဲ... အဲဒီအုပ်စုထဲက အမျိုးသမီး တစ်ယောက်ဟာ ကိုမြရှင်ကိုလည်းမြင်ရော ဝမ်းသာအားရ ပြေးလားပြီး "ရှင်... ရှင် ကိုမြရှင်မဟုတ်လား" တဲ့။ ဝမ်းပန်းတသာ နှုတ်ဆက်ရှာတာလေ။ ဘယ်သူရှိရဦးမှာလဲ။ အဆိုောတ် မာမာအေးပေါ့ရှင်။
    ကျုပ်ယောက်ျား ကိုမြရှင် ပြောတာတွေ အားလုံးအမှန်တွေပဲတော့။ ဒေါ်မာမာအေးက ရန်ကုန်မှာ တုန်းက ကိုမြရှင်ကို ဘာလက်ဆောင်မှ မပေးလိုက်ရလို့တဲ့ ငွေ ၅၀၀ ပေးတယ်။ နောက် သူတို့မှာပါလာတဲ့ ဘာကင်မရာကြီးမှန်း မသိပါဘူး။ ဓာတ်ပုံရိုက်လိုက်ရင် ချက်ချင်း အရုပ်တွေပေါ်လာပြီး ကြည့်လို့ရတယ်။ အဲဒါကြီးနဲ့ ကျုပ်တို့လင်မယားနှစ်ယောက်ပုံတွေလည်း ရိုက်ပေးတယ်။ သူနဲ့လည်း တွဲပြီးတော့ ရိုက်တယ်။ ပြီးတော့ အဲဒီဓာတ်ပုံတွေ ကျုပ်တို့ကို ပေးခဲ့တာလေ။ ဓာတ်ပုံတွေမှာ အားလုံး ၈ ပုံတောင် ပဲ။ ရောင်စုံတွေ တော့ လှမှလှ။ ဒေါ်မာမာအေးက သိပ်သဘောကောင်းတာ။ ကျုပ်ကိုလည်း ညီမလေး... ညီမလေး နဲ့။ ကိုမြရှင်ကိုလည်း ကျေးဇူးတင်လွန်းလို့ပါတဲ့ဆို။
    ကိုမြရှင်ဆီက ရတဲ့သီချင်းက ရှေးရုပ်သေးမင်းသမီးကြီး အမေပုဆိုတာရဲ့ ရှားရှားပါးပါး သီချင်းတစ် ပုဒ်ပါတဲ့လေ။ သူဆိုပြတဲ့ နေရာတိုင်းမှာ သိပ်ကြိုက်ကြတာတဲ့။

    သီချင်းက ရယ်စရာ ရွှင်စရာကလေး မဟုတ် လား။ အမလေး... ပြန်တောင် ဆိုပြသွားသေး တာ။ ဒေါ်မာမာအေး ကို လိုက်ပို့ကြတဲ့ မန္တလေးက အမျိုးသမီး ကြီးတွေဆို ကြိုက်ကြလွန်းလို့ သူတို့ မန္တလေး မှာ မွေးပေမယ့် တစ်ခါမှ မကြားဖူးပါဘူးတဲ့။
    ဒေါ်မာမာအေးကတော့ သူ ကိုမြရှင်ဆီက ဘယ်လိုတက်ယူလိုက်ရတာဖြစ်ကြောင်း အားရပါးရကြီး ကို ပြောပြနေတာပါတော်။ ကျုပ်ကတော့ ခုလိုချိန်များ ကိုဝက်တို့၊ ငပြူးတို့အုပ်စု ရောက်လာရင် ဘယ် လောက်ကောင်းမလဲလို့ တွေးပြီး အူကိုယားနေတာပဲ။
    မော်တော်ကြီး စက်ပြင်တာပြီးလို့ ဒေါ်မာမာအေးတို့အုပ်စုကြီးလည်း ခရီးဆက်ထွက်သွားကြရော။ ကျုပ်က ပြောတော့တာပေါ့။ ဒီကနေ့ ဘာမှဆက်မလုပ်တော့ဘဲ ရွာကိုပြန်ပြီး ဟိုသေချင်းဆိုးတွေကို ဓာတ်ပုံ တွေပြလိုက်မယ်ပေါ့။ ကျုပ်က အားရပါးရပြောလိုက်ပေမယ့် ကိုမြရှင်က ကျုပ်ကို မျက်နှာတည်ကြီးနဲ့ ကြည့် နေတယ်။ ပြီးတော့မှ "ဒီဓာတ်ပုံတွေကို လုံးဝမပြရဘူး။ ဒီအဖြစ်အပျက်တွေကိုလည်း ဘယ်တော့ မှ ပြန်မ ပြောရဘူး" တဲ့။ "သူ မှန်တယ်ဆိုတာကို သူက သက်သေပြနေစရာ ဘာမှမလိုဘူး" တဲ့။ ကျုပ်ကိုလည်း ကျိန်ခိုင်းပြန်တယ်။ ကျုပ်မျာ အကျိန်ခက်လိုက်တာလေ။ ဒါပေမယ့် သူ့မျက်နှာတည်ကြီး ကို ကြောက်တော့ ကျိန်လိုက်ရတာပါပဲ။
    အဲဒီဓာတ်ပုံတွေကို သူကိုယ်တိုင် သိမ်းထားတယ်တော့။ သူ့ထင်းရှူးသေတ္တာလေးထဲမှာ ရှိတယ်။ ဟိုလူတွေကို မပြဘူး။ ဟိုလူတွေကလည်း သူ့ကို ဆက်ပြီးလှောင်နေကြတာပဲ။ ကိုမြရှင်ကတော့ ကျုပ် မျက်နှာကိုတောင် လှမ်းမကြည့်ဘူး။ ပြုံးပြုံးပဲ။ အခုတော့ သူ့အပြုံးဟာ မချိပြုံးမဟုတ်ဘူးဆိုတာ ကျုပ် သဘောပေါက်ပါပြီ။
    ဒါပေမယ့် ကျုပ် သူ့ကို နားကိုမလည်သေးပါဘူးတော်။

    (မှတ်ချက်- ကိုမြရှင်က မာမာအေးကို ပေးလိုက်သည်ဆိုသော ရှေးရုပ်သေးမင်းသမီးကြီး အမေပု လက်တန်းစပ်ဆိုခဲ့သည်ဆိုသည့် သီချင်းကို ကြိုးစားရှာဖွေ ဖော်ပြပေးလိုက်ပါသည်)
    "သကြားမှန်ကူ၊ အုန်းမှန်ကူ၊ ဖရုံယိုနဲ့ ထတ္တရာဆိုင်၊ ကပ်ခါဆိုင်၊ ကာဖီဆိုင် မလိုင်နံပြား၊ ထိုင်နားပါ လို့၊ တပါးပျို့၊ စားစို့၊ နွားနို့နဲ့ ဖာလူဒါ၊ ကြက်ဥနဲ့ ထောပတ်ပါ၊ သည်မှာ နံသပုတစ်လုံး၊ ယခု သုံးစရာ၊ နှုန်းပြည့်ပါတဲ့၊ ဘင်္ဂလားကွမ်းယာ၊ ကုလားကြီး ထိုင်၊ အရီးရှမ်း ဆိုင်၊ ငါးဖောင်ရိုးကြော်၊ အမူစု က ကောင်းတဲ့ မောင်စိန်ခို၊ နံပြားချို၊ လမုန့်ပေါက်စီ၊ ဦးကြွယ်မုန့်တီ၊ တပါးခင်ကညာ စားချင်စရာ၊ ပဲ၊ သကြား ပလာတာ"
    စသဖြင့် ဖြစ်ပါသည်။ အဆုံးထိ ရှာ၍မရပါ။ စာသားအပြည့်ရသူရှိပါက ပို့ပေးစေလိုပါသည်။
....................................................................................................................................................................

ဂျပန်အလံ

ဂျပန်တပ်ကြပ်ရဲ့ပါးကို ဘယ်ပြန်ညာပြန်
သုံးလေးခေါက်လောက်ရိုက်ပစ်လိုက်တယ်။
ပြီးတာနဲ့ တပ်ကြပ်ကြီးရဲ့လက်ထဲက ပန်းချီပုံတွေကို
ဖျပ်ခနဲ ...။

    မြို့ထဲထွက်တော့မလို့ပြင်နေတုန်း ဦးလေးဦးကျော်မြက ကျွန်တော့်ကို ဖုန်းဆက်ခေါ်ပါတယ်။ ဦးလေးဦးကျော်မြကို ကျွန်တော်တို့ညီအစ်ကိုတစ်တွေက ကျော်ကျော်မြလို့ ခေါ်ကြရပါတယ်။ နှုတ်ကျိုးနေ ကြပါပြီ။ ဘယ်က ဘယ်လိုစပြီး အဲဒီလိုခေါ်ကြမှန်း မမှတ်မိတော့ပါ။ ကျော်ကျော်မြဟာ အလွန်ပျော်တတ်ပါ တယ်။ သတ္တိ လည်း သိပ်ကောင်းတယ်။ ကာယဗလလည်း လိုက်စားတော့ သန်မာထွားကြိုင်းတယ်။
    အခု ကျွန်တော့်ကို ဖုန်းဆက်ပြီးခေါ်ရတဲ့အကြောင်းကိုလည်း ကျော်ကျော်မြက ကျွန်တော့်ကိုတစ်ခါ  တည်း ပြောပြ ပါတယ်။ လပိုင်းအတွင်း သူ သေရတော့မယ်တဲ့။ နေရလှရင် လွန်ရော ကျွံရော ခြောက်လ လောက်ပဲတဲ့။ ကင်ဆာပါပဲတဲ့။ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးပဲ ပြောပြပါတယ်။
    ကျွန်တော့်အိမ်က စပီကာဖုန်းနဲ့ နားထောင်မိတာမို့ ဘေးလူတွေလည်း ကြားနေရတော့ ဧည့်ခန်းထဲ မှာ ရောက်နေတဲ့ ဆွမ်းခံဦးပဉ္ဇင်းက-
    "ဒကာကြီး ဦးလေးက အတော်နောက်တတ်တာပဲ။ ရယ်စရာဆိုပေမယ့် အတော်ကြမ်းတယ်" လို့ မိန့်တော်မူ ပါတယ်။

    ကျော်ကျော်မြ နောက်တတ်တာမှန်ပါတယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ နောက်နေတာမဟုတ် ကြောင်း၊ သူ တကယ်သေတော့မှာဖြစ်ကြောင်း ကျွန်တော်က ဦးပဉ္ဇင်းကို ပြန်ရှင်းပြတော့ ဦးပဉ္ဇင်းဟာ အတော်ကြီးကို နားမလည်နိုင်အောင်ဖြစ်သွားပုံရတယ်။ ကျွန်တော်လည်း ဆက်ရှင်းမနေတော့ ပါဘူး။ ကျော်ကျော်မြ တို့နေတဲ့ အင်းစိန် ကို ခပ်သုတ်သုတ်ပဲ ထွက်ခဲ့တယ်။
    ကျော်ကျော်မြ သေတော့မယ်ဆိုမှ သူ့ကို အရေးတကြီး မေးမြန်းထားလိုက်ဖို့ ကိစ္စကလေးတစ်ခုကို အပူတပြင်း သတိရ လာတယ်။ ဒီလိုပါ။ ဟိုး... နှစ်ပေါင်း ၅၀ ကျော်လောက်က အဖြစ်အပျက်ကလေးနဲ့ ပတ် သက်ပါတယ်။
    အရင်က ဘာပြုလို့ မေးမထားမိတာလဲဆိုတော့ မေးမယ် မေးမယ်ဆိုပြီး အကြောင်းအမျိုးမျိုး ကြောင့် မမေးဖြစ်ခဲ့ဘူးလို့ပဲ ဖြေရပါတော့မယ်။

    ဟိုး... နှစ်ပေါင်း ၅၀ ကျော် ဒုတိယကမ္ဘာစစ်ကြီးစဖြစ်တော့ မန္တလေးက မိသားစုအမြောက်အမြား ဟာ အနောက်ဘက်က ဧရာဝတီမြစ်ကြီးကို ဖြတ်ကူးပြီး စစ်ကိုင်းတောင်ပေါ်က ဘုန်းကြီးကျောင်းတွေ၊ သီလရှင် ဇရပ်တွေ ဘုရားပုထိုးတန်ဆောင်းတွေမှာ စစ်ပြေးတိမ်းရှောင်ခိုလှုံကြရတယ်။
    ကျွန်တော်တို့မိသားစုက ပထမ မင်းကွန်းဘက်၊ နောက်တော့ စစ်ကိုင်း ခေမေကချောင်၊ နောက် တော့ မြောက်ဘက်ထပ်ရွှေ့ပြီး မြန်အောင်ချောင်ရောက်သွားကြပါတယ်။ အဲဒီတုန်း က ကျွန်တော့်အသက် ၈ နှစ်လောက်ပေါ့။ ကျွန်တော်တို့ကလေးတွေကို ဘုန်းကြီးကျောင်းတွေက သင့်တင့်သလို စာသင်ပေးပါ တယ်။ ကျွန်တော်တို့ကို စာသင်ပေးတာ က မြန်အောင် ဆရာတော်ကြီး ရဲ့တပည့်လက်ရုံးတွေ ထဲက ဦးပဉ္ဇင်း တစ်ပါးဖြစ်တဲ့ ဦးပဉ္ဇင်းဃော တဲ့။ ဘွဲ့နာမည်အပြည့်အစုံကိုတော့ ကျွန်တော် မေ့သွားပြီ။ သိပ်တော့ အရေး မကြီးပါဘူး။
    ကျွန်တော်တို့ သင်ကြရတာကတော့ ထုံးစံအတိုင်း ပရိတ်ကြီးတို့၊ မင်္ဂလာ့သုတ်တို့ ဆိုတာတွေပါပဲ။

    ကျွန်တော့်တို့ ဆရာဦးပဉ္ဇင်းမှာက ထူးခြားတဲ့အကျင့်စရိုက်တစ်ခုရှိတယ်။ သူက ပိုးဆိုးဆေးရောင် စုံတွေကို ရေနဲ့ဖျော်ပြီး ပန်းချီရေးတာ ဝါသနာပါတယ်။ ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက ပန်းချီရေး တာ သိပ်ဝါသနာပါလေတော့ ဦးပဉ္ဇင်းဃောကတည်း သူ့တပည့်၊ သူ့ကျောင်းသားတွေထဲမှာ ပန်းချီဝါသနာပါ တဲ့ ကျွန်တော့်ကို အချစ်ဆုံးပါပဲ။
    ဦးပဉ္ဇင်းဃော ပန်းချီရေးတာကို မြန်အောင်ဆရာတော်ကြီး ရဟန်းအနေနဲ့ ပစိပစပ် မများစေချင်လို့ ဆက်မလုပ်ဖို့ အရိပ်အမြွက် တားမြစ်တော်မူဖူးသတဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းဃောကလည်း သူ့ဆန္ဒနဲ့ သူ့ဝသီကို မစွန့်နိုင်လို့ ဆရာတော်ကြီး မမြင်လောက်တဲ့အကွယ်မှာသွားပြီး ပန်းချီရေးတာပါပဲ။
    ဦးပဉ္ဇင်းဃောရဲ့ ပန်းချီရေးချင်တဲ့စိတ်ကလည်း တော်တော်ဆန်းပါတယ်။ သူ့ဟာက ပန်းချီရေး တယ်လို့သာပြောရတာ။ သူများလို ရှုမျှော်ခင်းပုံတွေ၊ လူပုံတွ၊ အဆောက်အဦးတွေ ဘာညာ အဲဒါမျိုးတွေ ရေးတာဆွဲတာ မဟုတ်ဘူး။ ဦးပဉ္ဇင်းဃောက အလံတွေကိုဆွဲတာ၊ သူ့ဆီမှာ ကမ္ဘာ့နိုင်ငံ အသီးသီး က သူ့ဟာ သူရနိုင်သမျှစုထားတဲ့ အလံပုံတွေ အများကြီးရှိတယ်။ အဲဒါတွေကို သူက ရေနဲ့ဖျော်ထား တဲ့ ပိုးဆိုးဆေးရောင်စုံတွေနဲ့ သပ်သပ်ရ်ရပ် စိတ်ရှည်လက်ရှည် ပြန်ပြီးတော့ဆွဲတယ်။ အရောင်ခြယ် တယ်။ နောက် သူကိုယ်တိုင်ထွင်ပြီး ရေးဆွဲထားတဲ့ အလံတွေလည်း ရှိတယ်။
    အဲဒီလို ကိုယ်ပိုင်အလံဒီဇိုင်းအများစုမှာတော့ တိရစ္ဆာန်ပုံတွေကို သုံးထားတယ်။ အမျိုးမျိုးပဲ၊ သိပ်လှတယ်။ ကျွန်တော် ကတော့ အဲဒီတုန်းက ကလေးပဲ။

    ဦးပဉ္ဇင်းဃောရေးတဲ့အလံတွေ ကူးရေးထားတဲ့ အလံတွေအားလုံးကို သိပ်ကြိုက်တာပဲ။ ဦးပဉ္ဇင်းဃောကိုလည်း လွှတ်အထင်ကြီးတာ။
    တစ်ခုတော့ ရှိတယ်။ ဦးပဉ္ဇင်းဃောကို အလံတွေတင်မဟုတ်ဘဲ တခြားရှုမျှော်ခင်းပုံတွ၊ လူပုံတွေ၊ ကာတွန်း ရုပ်တွေ၊ ဆင်၊ မြင်း၊ ကျား၊ ခြင်္သေ့ဆိုတာတွေလည်း ဆွဲစေချင်တာပေါ့။ ကြောက်ကြောက်နဲ့ ဦးပဉ္ဇင်းကို တစ်ခါလျှောက်ကြည့်တော့ ဦးပဉ္ဇင်းက တိုတိုပဲဖြေတယ်။ မဆွဲချင်ဘူးတဲ့။ ကျွန်တော် လည်း နောက်ဆက်ပြီး မလျှောက်ရဲတော့ပါဘူး။
    ဦးပဉ္ဇင်းဃောက သူ့ဆီလာတဲ့လူကြီးတွေကိုလည်း သူကူးဆွဲထားတဲ့ နိုင်ငံစုံကအလံတွေကို ထုတ် ထုတ်ပြတတ်တယ်။ ဘယ်အလံတွေက ဘယ်လိုကောင်းပြီး ဘယ်အလံတွေကတော့ ဘယ်လိုညံ့တယ်၊ ဘာ ညာဆိုတာတွေ ကိုလည်း ရှင်းပြတတ်တယ်။ ဘာ့ကြောင့်ကောင်းတယ်၊ ဘာ့ကြောင့် ညံ့တယ် ဆိုတာမျိုးတွေ ပေါ့။ သူ့ကိုယ်တိုင် ဒီဇိုင်းအလံတွေမှာက ကျွန်တော် စောစောကပြောခဲ့တဲ့အတိုင်းပဲ တိရစ္ဆာန်တွေ ကို အမျိုးမျိုးသုံးထားတာ သိပ်လှတာပဲ။ သိတယ်မဟုတ်လား။ ပိုးဆိုးဆေးတွေ ကို ရေနဲ့ဖျော်ပြီးရေးတာဆိုတော့ အရောင်တွေက သိပ်တောက်ပြီး သိပ်ကြည့်လို့ကောင်းတယ်။ သိပ် လှတယ်။
    အဲ ... နောက်တစ်ခုရှိတာက နိုင်ငံတကာက အလံတွေကို ကူးဆွဲတဲ့အခါမှာ နဂိုရှိတဲ့အရောင်တွေ အတိုင်းဆွဲတဲ့အပြင် မူလအရောင်တွေကို သူကြိုက်တဲ့အရောင်တွေနဲ့ ပြောင်းပြောင်းပြီး ဆွဲလိုက်တာတွေ လည်းရှိတယ်။ ဥပမာ အင်္ဂလိပ်ဗြိတိသျှယူနီယံ ဂျက်အလံမှာ အနီရောင်ရယ်၊ အပြာရောင်ရယ်၊ အဖြူရယ်၊ ကက်ခြေခတ် ဒီဇိုင်းဆိုပေမယ့် ဦးပဉ္ဇင်းကြီးက မူလဒီဇိုင်းကို မပြောင်းဘဲ အရောင်တွေကို ပြောင်းပစ်လိုက် တာမျိုးတွေရှိတယ်။ ယူနီယံဂျက်အလံက အနီနေရာမှာအစိမ်း၊ အပြာနေရာမှာ အ၀ါန့ အဖြူနေရာမှာ အနက် လုပ်ပစ်လိုက်တယ်။ တစ်မျိုးပြောင်းသွားပြီး တစ်မျိုးကြည့်လို့ကောင်းတာပဲ။
    ဦးပဉ္ဇင်းကြီး အကြိုက်ဆုံးအလံဒီဇိုင်းတွေကတော့ ယူနီယံဂျက် အင်္ဂလိပ်အလံနဲ့ ဂျပန်အလံပဲ။ အလံ ဆိုတာ ဒေါင်လိုက်ရော၊ အလျားလိုက်ရော၊ တစောင်းရော လိုအပ်သလို ချိန်နိုင်ဖို့ လိုတယ်တဲ့။ ယူနီယံဂျက် အလံနဲ့ ဂျပန်အလံတွေကို ဘယ်လိုချိတ်ချိတ် ဘယ်တော့မှ ပြောင်းပြန်ဖြစ်မသွားနိုင်ဘူးတဲ့။ ဘယ်တော့မှ မမှားနိုင်ဘူးတဲ့။ အမေရိကန်အလံဆိုရင် ကြယ်တွေအများကြီးနဲ့ အစင်းအစင်းတွေများနေလို့ ရဲတယ်၊ နုတ် တယ်တဲ့။ ပြီးတော့ ဂရုစိုက်ပြီး မချိတ်ရင် ပြောင်းပြန်လည်းဖြစ်၊ ဇောက်ထိုးလည်းဖြစ်။ အမျိုးမျိုးမှားနိုင်တယ် တဲ့။ ဒီဇိုင်းထုတ်တဲ့လူ ညံ့တယ်လို့ ဝေဖန်တတ်ပါတယ်။
    အင်္ဂလိပ်အလံနဲ့ ဂျပန်အလံတွေကိုတော့ ဦးပဉ္ဇင်းကြီးက သူ့နဂိုအရောင်တွေအတိုင်းလည်း ကူးကူး ဆွဲတယ်။ နောက် သူကြိုက်တဲ့ အရောင်တွေနဲ့လည်း ပြောင်းပြောင်းဆွဲပြီး ကျေနပ်အားရနေတတ်တယ်။

    အဲ ... တစ်ခုပြောရဦးမယ်။ ဒုတိယကမ္ဘာစစ်ကြီးစဖြစ်တာနဲ့ ဂျပန်တွေက တစ်နိုင်ငံပြီးတစ်နိုင်ငံ သိမ်းလာလိုက်တာ ဘာကြာလိုက်လို့လဲ။ ဗမာပြည်ထဲရောက်လာတယ်။ ရောက်တယ်ဆိုတာနဲ့ ဂျပန်စာနဲ့ ဂျပန်စကားသင်တဲ့ကျောင်းတွေ အမြန်ဆုံးဖွင့်၊ ဗမာတွေကို တက်သုတ်ရိုက်စသင်တော့တာပဲ။
    ကျွန်တော်တို့ကလေးတစ်သိုက်လည်း ဂျပန်စာနဲ့ ဂျပန်စကားကို ခေမေသကချောင်သွားပြီး တက်ကြသင်ကြရတယ်။ ကျွန်တော်တို့ကို သင်ပေးတဲ့ဂျပန်ဆရာကို ကျွန်တော် မှတ်မိသလိုပြောရရင် ခဲ့မုဆာဝါတဲ့။ လူကြီးတွေပြောကြတာကတော့ ဆရာခဲ့မုဆာဝါဟာ အရပ်သားကျောင်းဆရာတဲ့။ တခြား ကျောင်းတွေ မှာဆိုရင် ဂျပန်စစ်သားတွေထဲကထွက်ပြီး စာသင်ပေးတာ တဲ့။ မောက်မာ တယ်။ ဒေါသကြီးတယ်၊ ရိုင်းစိုင်းတယ်တဲ့။ မထင်ရင် မထင်သလို နားအုံကျင်းတာတို့၊ ပါးရိုက်တာတို့ သိပ်လုပ်တာပဲတဲ့။ စစ်တပ်ကဆိုတော့ ပညာလည်း သိပ်မတတ်ကြဘူးလို့ဆိုတယ်။
    ဆရာခဲ့ မုဆာဝါကတော့ အဲဒါမျိုးတွေ မရှိပါဘူး။ အတော်ကြီးကို ယဉ်ယဉ်ကျေးကျေးရှိပါတယ်။

    နေရာတော်တော်များများမှာ ဗမာတွေ ယဉ်ကျေးသိမ်မွေ့လှပါတယ်ဆိုတာထက်တောင် ဆရာခဲ့မုဆာဝါက ယဉ်ကျေးပါသေးတယ်။ ကျွန်တော်တို့ ကလေးတစ်အုပ်စုလုံးက ဂျပန်ဆရာခဲ့မုဆာဝါကို ချစ်ကြပါတယ်။ ကျွန်တော်တို့နဲ့ တွေ့ရအောင်ဆိုပြီး ဆရာခဲ့မုဆာဝါက ဦးပဉ္ဇင်းဃောကျောင်းကိုတောင် မကြာမကြာလာတတ် တယ်။ ဦးပဉ္ဇင်းကြီးရေးတဲ့ အလံတွေကိုလည်း သိပ်ကြိုက်တာ။
    အဲဒီတုန်းက ဦးလေးကျော်ကျော်မြတို့က လူပျိုပေါက်တွေပေါ့။ ဂျပန်ကျောင်းကိုလည်း ကျွန်တော်တို့ထက် အများကြီး စောပြီး တက်ကျရတယ်။ ဦးလေးကျော်ကျော်မြက ဥာဏ်ကောင်းတော့ ဂျပန်စာနဲ့ ဂျပန်စကား ကို တော်တော်ကြီးကိုတတ်သွားတာ။ နောက်ပိုင်းကျတော့ ဂျပန်စကားပြန်တောင် လုပ်နိုင်လာတယ်။
    ကျွန်တော်တို့ ဂျပန်စာသင်လို့ နှစ်လလောက် ရှိသေးတယ်၊ တစ်နေ့တော့ ဂျပန်တပ်စုတစ်စု ဦးပဉ္ဇင်းဃောကျောင်းဝင်းထဲကို ရောက်လာကြပါလေရော။ တော်တော်ရိုင်းတဲ့တပ်ကြပ်ကြီး တစ်ယောက် ဦးဆောင်တဲ့ အုပ်စုလေးတစ်ခုပါ။ စစ်သားလေးငါးဆယ်ယောက်လော်ပဲ ရှိမယ်ထင်ပါရဲ့။ ဆရာတော်ကြီးဆီ မှာလည်း ခွင့်မတောင်းဘူး။ ဦးပဉ္ဇင်းကြီးကိုလည်း အသိမပေးဘူး။ ဂရုမစိုက်ဘူး။ ကျောင်းဝင်းထောင့်က သန်းပင်ရိပ်မှာ သူတို့ပါလာတဲ့ပစ္စည်းတွေကိုချ၊ မီးဖိုတစ်ခုစပြီးဖို၊ ဘာညာပေါ့လေ။ စားဖို့သောက်ဖို့ ပြင်ဆင် ကြတာနဲ့တူပါတယ်။
    သူတို့နဲ့ပါလာတဲ့ ကြက်မကလေးတစ်ကောင်ကိုလည်း ခြေထောက်မှာ ကြိုးတစ်ချောင်းနဲ့ စစ်အိပ်ကြီးတစ်ခုက ခါးပတ်နဲ့ ချီထားတယ်။

    ကျွန်တော်တို့ကလေးတစ်သိုက်ကတော့ ပထမခပ်ဝေးဝေးက လှမ်းပြီးကြည့်နေကြတယ်။ နောက်ပိုင်း အတင့်ရဲ လာတော့ သူတို့ ကြိုးချီထားတဲ့ ကြက်မကလေးကို အစာကျွေးကြ၊ ရေတိုက်ကြပေါ့လေ။ ဦးပဉ္ဇင်းဃော ကတော့ ပထမ ခဏထွက်ကြည့်ပြီး ချက်ချင်းဆိုသလို ပါပဲ ပြဿနာ ကိုရှောင်တဲ့ အနေနဲ့ ကျောင်းထပြန်ဝင်သွားတယ်။ နောက် ... ခဏနေတော့ အဲဒီဂျပန် တပ်ကြပ်ကြီးလည်း ဦးပဉ္ဇင်းကြီး ရဲ့ ကျောင်းကလေး ထဲကိုစစ်ဖိနပ်ကြီးမ မချွတ်ဘဲဝင်သွားတယ်။
    ဂျပန်တပ်ကြပ်ကြီး ဘာသွားလုပ်ပါလိမ့်ဆိုပြီး ကျွန်တော်တို့ကလေးတစ်သိုက်လည်း အဲဒီ ကို ပြေးသွားကြည့်ကြတယ်။ အတွင်းကို မ၀င်ရဲပါဘူး။ ကျောင်းပြင်ကနေ အထဲကို ချောင်းကြည့်ကြရတာပါ။ ဂျပန်တပ်ကြပ်ကြီး က ဘာတွေပြောလို့ ဦးပဉ္ဇင်းကြီးက ဘာတွေပြန်ပြောနေမှန်းမသိဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ နားလည်ကြဟန်မူတပါဘူး။ ဘယ်နားလည်ကြမှာလဲ၊ တစ်ယောက်က ဂျပန်လိုပြောပြီး တစ်ယောက် က ဗမာလိုပဲ ပြောနေတဲ့ဥစ္စာ။ နောက်တော့ ဂျပန်တပ်ကြပ်ကြီးက ဘာမှဆက်ပြောမနေတော့ ဘဲ ဦးပဉ္ဇင်းကြီး ပန်းချီကားတွေထည့်ထားတဲ့ဗီရိုကို ဆွဲဖွင့်တယ်။
    အဲဒီဗီရိုထဲမှာ ဦးပဉ္ဇင်းကြီးရဲ့ ပန်းချီကားတွေ အကုန်ရှိတယ်လေ။ တစ်ထပ်ကြီးပဲ။ အဲဒါတွေကို တွေ့တော့ ဂျပန်တပ်ကြပ်ကြီးဟာ တော်တော်စိတ်ဝင်စားသွားပုံရတယ်။ ပုံတွေကို အထပ်လိုက် ထုတ်ယူလာပြီး ကြမ်းပေါ်မှာချ၊ တစ်ခုပြီးတစ်ခု ကြည့်တော့တာပဲ။ ဦးပဉ္ဇင်းကြီးကတော့ တော်တော်စိတ်ရှုပ် နေတဲ့ပုံပဲ။ အဲဒီအချိန်ကြက်မလေးရဲ့ ဂျပန်စစ်သားတစ်ယောက်က သတ် လိုက်ပြီလေ။ ခြေထောက်နှစ်ချောင်း စုကိုင်ပြီး မြေကြီးပေါ် ကို သုံးချက်လောက် ဆင့်ရိုက်လိုက်တာပါပဲ။
    အဲဒီအချိန်ပဲ ဦးပဉ္ဇင်းကြီးကျောင်းပေါ်က "ခူးရား၊ ဘတ်ကဲရိုး" ဆိုတဲ့အသံကြိးကို ကြားကြရတာပါပဲ။

    ချက်ချင်းဆိုသလိုပဲ ဂျပန်တပ်ကြပ်ကြီးက အလံပုံပန်းချီကားတွေက တစ်ဖက်၊ နောက်တစ်ဖက်နဲ့ ဦးပဉ္ဇင်းကြီး ရဲ့ လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲပြီး ကျောင်းပြင်ခေါ် ထုတ်လာတယ်။ ကျောင်းရှေ့ က မြေကွက်လပ်ပေါ်ကိုရောက်တော့ ဂျပန်တပ်ကြပ်ကြီးက ဒေါသတကြီးနဲ့ ဦးပဉ္ဇင်းကြီး ကို တွန်းပစ်လိုက်လို့ ဦးပဉ္ဇင်းကြီးဟာ မြေကြီးပေါ်ကို လဲကျသွားတယ်။
    ဒီတော့မှ ဂျပန်တပ်ကြပ်ကြီးက သူယူလာတဲ့ အလံပုံပန်းချီကားတွေနဲ့ ဦးပဉ္ဇင်းကြီးကို ပစ်ပေါက် လိုက်တယ်။ စက္ကူပန်းချီကားသုံးလေးဆယ်လောက်ဟာ ဖွာလန်ကျဲသွားတယ်။ ဂျပန်တပ်ကြပ်ကြီးဟာ ပါးစပ် က ရုတ်ရင်းကြမ်းတမ်းတာတွေကို ဆဲရေးတိုင်းထွာရင်း ကုန်းထလာတဲ့ ဦးပဉ္ဇင်းကြီးကို ပခုံးကနေကိုင် ပြီး သုံးလေးချက် ဆွဲဆောင့်တယ်။ နောက် ... ဦးပဉ္ဇင်းကြီးကို ပါးရိုက်ဖို့ လက်ပြန်ရွယ်လိုက်တဲ့အချိန်မှာ ဘယ်အချိန်က ဘယ်လိုရောက်လာမှန်းမသိလိုက်ရတဲ့ ဆရာခဲ့မုဆ၀ါရဲ့ ဟန့်တားလိုက်တဲ့အော်သံကို ကြား ကြရတာပဲ။ ဦးလေးကျော်ကျော်မြတို့ လူငယ်တစ်သိုက်လည်း ရောက်လာကြတယ်။
    ဆရာခဲ့မုဆ၀ါက ချက်ချင်းပဲ ဂျပန်တပ်ကြပ်ကြီးလက်က ဦးပဉ္ဇင်းကြီးလက်ကို လွှတ်ခိုင်းလိုက်ပြီး " ဘာဖြစ်နေကြတာလဲ" လို့လည်း မေးပုံရတယ်။ ဂျပန်တပ်ကြပ်ကြီးက အလံပုံပန်းချီကား တချို့ ကို မြေကြီး ပေါ်ကကုန်းကောက်ပြီး ဆရာခဲ့မုဆာဝါကိုပြရင်း ဘာတွေမှန်းတော့ မသိဘူး။ ဒေါသ တကြီး အော်ဟစ်ပြော ဆို တယ်။
    ဆရာခဲ့မုဆာဝါက တပ်ကြပ်ကြီးပြတဲ့ ပန်းချီကားတွေကို တစ်ချက်ပဲ ကြည့်လိုက်ပြီး မြန်လိုက်တဲ့ ဖြစ်ချင်း။

    ဂျပန်တပ်ကြပ်ရဲ့ပါးကို ဘယ်ပြန်ညာပြန် သုံးလေးခါလောက် ရိုက်ပစ်လိုက်တယ်။ ပြီးတာနဲ့ တပ်ကြပ်ကြီးရဲကလက်ထဲက ပန်းချီပုံတွေကို ဖျတ်ခနဲယူလိုက်ပြီး လက်ညှိုးနဲ့ ထောက်ထောက်ပြရင်း ဘာတွေမှန်း မသိဘူး ရှင်းပြတယ်။ ကျန်တဲ့စစ်သားတွေ အပါအ၀င် ဂျပန်တပ်ကြပ်ကြီးဟာ တ "ဟိုက်" " ဟိုက်" နဲ့ ဟုတ်ကဲ့ချင်းထပ်အောင် ပြောရင်း ခါးတွေကိုလည်း အကြိမ်ကြိမ်ကိုင်းပြီး အလေးပြုရင်း အရိုအသေပေးနေကြရတ်။ ပြီးတာနဲ့ ဆရာခဲ့မုဆာဝါက ဂျပန်တပ်စုကလေးကို အဲဒီနေရာက ချက်ချင်းထွက် သွားကြဖို့ နှင်ထုတ်လိုက်တယ်။
    အဲဒါပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့က ငယ်သေးတယ်လေ။ ဂျပန်စာကလည်း သင်ခါစ၊ ဘာမှလည်း မတတ်သေး။ ဘာတွေဖြစ်ကုန်တယ်ဆိုတာလည်း မသိလိုက်ပါဘူး။ အဲဒီတုန်းက ဦးပဉ္ဇင်းကြီးဟာ ရှက်လည်း ရှက်၊ စိတ်လည်းအတော်ထိခိုက်ပုံရတယ်။ သူ့ဇာတိရွာရှိတဲ့ ရေမျက်ကြီးအင်း ဘက်ကို ပြန်ကြွသွားလို့ ကျွန်တော် တို့တောင် တစ်လလောက် ဦးပဉ္ဇင်းကြီးကျောင်း ပျက်ကြရသေးတယ်။ အင်းစိန်ရောက် လို့ ကျော်ကျော်မြ နဲ့တွေ့ရင် ဒီတုန်းက ဘာမှန်းမသိလိုက်တာတွေကို မေးရမယ်။ ဂျပန်တပ် ကြပ်ကြီးက ဦးပဉ္ဇင်းကြီး ကို ဘာပြုလို့ရန်ရှာရတာလဲ။ ဆရာခဲ့မုဆာဝါက ဂျပန်တပ်ကြပ်ကြီးကို ပါးရိုက်ပြီး ဘာတွေ ရှင်းပြတာလဲဆိုတာ အဲဒါတွေ သိချင်တယ်ဗျာ။
    အင်းစိန်က ကျော်ကျော်မြတို့အိမ်ကို ရောက်တော့ အလွန်ကာယဗလတောင့်တင်း သန်မာ တဲ့ ကျော်ကျော်မြ ဟာ ၆ လလောက်အတွင်း သုံးပုံတစ်ပုံလောက် ဆွဲချလိုက်သလို ကျသွားတာ ကိုတွေ့ ရတယ်။ ကျွန်တော် သူနဲ့မတွေ့ရတာလည်း ၆ လလောက်ရှိပြီလေ။
    " ဖုန်းထဲကပြောတုန်းက မင်း စိတ်မချမ်းသာမှာစိုးလို့ သုံးလေးလလောက်ပဲနေရတော့မယ်လို့ ပြော လိုက်တာကွ။

    တကယ်တမ်းက နောက်ထပ်အရက်နှစ်ဆယ်ထက် မကျော်နိုင်တော့ဘူးလို့ စန်းလေးက အသေအချာ ကို ပြောလိုက်ပြီကွ" လို့ ကျော်ကျော်မြက ပြုံးပြုံးရယ်ရယ်နဲပပဲ ပြောပါတယ်။ စန်းလေးဆိုတာ ကသူ့ငယ်သူငယ်ချင်း ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာစန်းတင့်ကို ပြောတာပါ။
    ဦးလေးကျော်ကျော်မြဟာ သူ့အနေနဲ့ ဒီဘ၀မျာ ရက်ပေါင်းနှစ်ဆယ်လောက်ပဲ နေရတော့မယ်။ မုချ သေရတော့မယ်ဆိုတဲ့ကိစ္စကို ပြောပြနေပုံက လွယ်လိုက်တာ။ နောက်ရက်ပေါင်း နှစ်လလောက်အတွင်း မန္တလေး ခဏသွားလိုက်ဦးမယ်ကွာ။ ဘာမှာဦးမလဲလို့ ပြောနေသလိုပါပဲ။
    အဲ ... ကျွန်တော်ကလည်း ကျွန်တော်ပဲ။ စိတ်ဆိုတာ ဖြစ်တတ်ပုံကို ပြောပါတယ်။ ကျွန်တော် တစ်လမ်းလုံး စဉ်းစားလာ တဲ့ အတိတ်ကအကြောင်းတွေနဲ့ မေးချင်တဲ့စိတ်ကလောကြီးနေတယ်။ ဒါနဲ့ လိုရင်း ကို မေးပစ်လိုက်တာပါပဲ။

    ဟိုး ... လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော်က ဦးပဉ္ဇင်းဃောကျောင်းရှေ့မှာ ဂျပန်တပ်ကြပ်ကို ဂျပန် စာသင်ဆရာခဲ့မုဆာဝါက ဘယ်ပြန်ညာပြန် ပါးရိုက်ပြီး ငေါက်ငမ်းရှင်းပြနှင်ထုတ် လိုက်တဲ့ အချိန် က ကျော်ကျော်မြတို့လည်း ရောက်လာတယ်ဆိုတော့ ဘာတွေရှင်းပြလိုက်တာလဲ မှတ်မိသေးသလားလို့ မေး လိုက်တယ်။
    " သိပ်မှတ်မိတာပေါ့ကွာ" လို့ဆိုပြီးတော့ ကျော်ကျော်မြက စိတ်ပါလက်ပါ ရှင်းပြပါတယ်။ ဂျပန်တပ် ကြပ်ကြီး က ဦးပဉ္ဇင်းကြီး ကျောင်းပေါ်တက်ပြီး ဗီရိုထဲက အလံပုံပန်းချီကားတွေကို ထုတ်ကြည့်တဲ့အခါ အင်္ဂလိပ် အလံပုံတွေကိုတွေ့တော့ ဒေါသထွက်သတဲ့။ နောက် ... ဂျပန်အလံပုံတွေကို တွေ့ပြန်တော့ သဘောကျ သွားသတဲ့။ ဒါပေမ့် ဂျပန်အလံက နေလုံးနီကြီးကို အစိမ်းရောင်၊ နေလုံးကြီးအဖြစ် အရောင်ပြောင်းဆွဲ တရောင်ခြည်တန်းနဲ့ နေလုံးနီတွေကို အစိမ်းရောင်ပြောင်းဆွဲထားတာတွေတွေ့တော့ အလါန်ဒေါသ ထွက်သတဲ့။ ဒါဟာ ဂျပန်အင်ပါရာကို တိုက်ရိုက်စော်ကားတာပဲဆိုပြီး ရိုက်ဖို့နှက်ဖို့ လုပ်တော့ တာပဲတဲ့။
    ဆရာခမုဆာဝါကကျတော့ တစ်အချက်က ဂျပန်တပ်ကြပ်ကြီးအနေနဲ့ ဘုန်းကြီးတစ်ပါးကို မလေး မစားနဲ့ ကိုယ်ထိ လက်ရောက် စော်ကားတာကို မကြိုက်တာ။ နောက် ... ဘုန်းကြီးကျောင်းထဲလာပြီး ကြက် သတ်၊ ငှက်သတ် လုပ်နေကြတာလဲမကြိုက်။ နောက် ... ဂျပန်အလံက နေလုံးနီနီကို အစိမ်းရောင်ပြောင်းဆွဲ တာနဲ့ပတ်သက် လို့ ဒါဟာ ဂျပန်နိုင်ငံတော်ကို စော်ကားတာမဟုတ်ကြောင်း၊ တပ်ကြပ်ကြီးဟာ အနုပညာ ဗဟုသုတ နည်းကြောင်း၊ အနီကို အစိမ်းပြောင်းဆွဲဖို့ အနုပညာသည်မှာ အခွင့်အရေးရှိကြောင်း၊ လွတ်လပ် ခွင့် ရှိကြောင်း၊ ပြောင်းလဲစဉ်းစားတတ်တဲ့ တီထွင်ဥာဏ်ဖြစ်ကြောင်း၊ ဒီပုံတွေကို မိမိအစ ကတည်း က မြင်ဖူး ကြောင်း ... စသဖြင့် ဖြစ်တယ်လို့ ကျော်ကျော်မြက အသေးစိတ်ရှင်းပြပါတယ်။
    ထူးခြားတာက ကျော်ကျော်မြဟာ သူ့ကို လူနာလာမေးကြတဲ့ မိတ်ဆွေတွေကိုလည်း ဒီအကြောင်း တွေကိုပဲ ပြန်ပြန်ပြောနေတဲ့ကိစ္စပါပဲ။ သူ့ရောဂါအကြောင်းကို မပြောတော့ဘူးတဲ့။

    အထူးခြားဆုံးကတော့ ကျော်ကျော်မြဟာ နေရလှရင် ရက်နှစ်ဆယ်ပါပဲဆိုပေမယ့် ရက်ပေါင်းနှစ် ဆယ်ကျော်လာလို့လည်း မသေတဲ့အပြင် ကင်ဆာရောဂါဟာ ထူးထူးဆန်းဆန်းသက်သာပျောက်ကင်းသွား လို့နောက်ထပ် ငါးနှစ်ကျော်လောက်တောင် နေသွားပါတယ်။

ဝင်းဖေ
အားလုံးပြီးပါပြီ
.
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, August 4, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၈)

သူတော်စင်နဲ့မုဆိုး

အိမ်ကိုလည်းတန်းပြန်မှာဟုတ်ဘူး
သူကြီးအိမ်ကိုသွားမယ်။
တစ်ရွာလုံးငလန်းဟာ
ဘယ်လိုမုဆိုးမျိုးလဲဆိုတာ
ကောင်းကောင်းသိစေရမယ်။

နံနက်မိုးလင်းစ ကောင်းကင်ဟာ ငြိမ်သက်ကြည်လင်နေတယ်။ တောင်ခြေတောစပ် တလျှောက် အေးမြ လန်းဆန်းနေ တယ်။ တောငှက်တွေရဲ့ ကျီကျီကျာကျာ အသံကလေးတွေဟာ တစ်တောလုံး တည်ငြိမ်နေတာ ကို အနှောင့်အယှက်မဖြစ်စေတဲ့အပြင် အေးချမ်းနေတာကို ပိုပြီး ပေါ်လွင်စေပါတယ်။
    ကျွန်းပင်ကြီးတွေအောက် တောင်ကမူစွန်းကလေးမှာ သူတော်စင်ကြီးရဲ့ သစ်ခက်သစ်ရွက်တဲကလေး ရှိပါတယ်။ သူတော်စင်ကြီး အဘဖုန်းဟာ တဲငယ်ကလေးရဲ့ရှေ့ ၀ါးကွပ်ပျစ်လေးပေါ်မှာ ပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းမှု နဲ့ အတူ နံနက်စောစော တရားဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းနေပါတယ်။

ဒီအချိန်မှာပဲ တောင်ခြေခင်တန်းကလေးဆီက သစ်ရွက်သစ်ခက်တွေ ကျိုးသံ၊ ချိုးသံတွေ တဖြောင်း ဖြောင်း ကြားရပါတယ်။ မနက်စောစောစီးစီး မုဆိုးငလန်း အလောသုံးဆယ်တောတိုးလာတာ ဖြစ် ပါတယ်။ လက်ထဲမှာ လင်းကင်းဓားတစ်ဖက်၊ တူမီးသေနတ်တစ်ဖက် ကိုင်စွဲထားပြီး ခြုံနွယ်အတားအဆီး တွေကို အင်နဲ့အားနဲ့ ခုတ်ထွင်ဖယ်ရှားပြီး သူတော်စင်ကြီး အဘဖုန်းရဲ့ တဲကလေးဆီသို့ ချဉ်းကပ်လာပါ တယ်။
    အဘဖုန်းက မော့ကြည့်လိုက်တော့ မနက်စောစော ချွေးတွေရွှဲနေတဲ့ မုဆိုးငလန်းကို တွေ့ရတယ်။

" အဘဖုန်း ... မနေ့ညက ၀က်ဝံတစ်ကောင် ရွာထိပ်က သန်းညွန့်တို့ ယာတဲအထိရောက်လာပြီး ကြက်ခြံကို ၀င်မွှေသွားတယ်။ ကြက် ၆ ကောင်သေတယ်။ သန်းညွန့်ခယ်မ မိထူးကို ကုတ်သွားလို့ ရင်ညွန့် စုတ်သွား တယ်။ ဒီကောင် ဒီလမ်းကနေ ပြန်တက်သွားတာဗျ။ အဘ ညက သတိများထားလိုက်မိသလားလို့ "
    အဘဖုန်းက ရေတစ်ခွက်ကို ကမ်းပေးရင်း -
    " မင်းမလဲ စောစောစီးစီး ချွေးတွေသံတွေနဲ့၊ ရော့ ... ရေသောက်လိုက်ဦး၊ ကျောက်စက်ရေကွဲ့"
    မုဆိုးငလန်းက ရေကို ကမန်းကတမ်းသောက်ရင်း -
    " အချိန်သိပ်မရဘူး အဘရ၊ ဒီကောင့်ကိုသတ်ဖို့ ကျုပ်မီနိုင်သေးတယ်"
    ငလန်းဆီက ရေခွက်ကို ပြန်ယူရင်း အဘဖုန်းက -
    " မနေ့ညက မိုးလေးတဖြိုက် ရွာသွားတယ်ကွဲ့"

    အဘဖုန်းရဲ့ စကားအတိုကလေးမဆုံးခင်မှာပဲ မုဆိုးငလန်းလှည့်ထွက်သွားလိုက်တာ တောထဲကို ချက်ချင်း ဆိုသလို ၀င်ရောက်ပျောက်ကွယ်သွားတယ်။ အဘဖုန်းဟာ ခဏချင်းမှာပဲ တရားဘာဝနာ ကမ္မဋ္ဌာန်း မှာ ပြန်လည်တည်ငြိမ်သွားပါတယ်။
    ဒေါသတကြီး လောဘတကြီး တောတိုးလာနေတဲ့ ငလန်းဟာ ပါးစပ်ကလည်း ၀က်ဝံကို အမျိုးမျိုး ကျိန်ဆဲနေတယ်။ ဒီရွာမှာ သူလိုမုဆိုးကျော်တစ်ယောက်ရှိနေပါလျက်နဲ့ ဒီလိုတောကောင် ၀င်ရမ်းတယ်ဆို တာ ငလန်း အတွက်ကတော့ ဒေါသဖြစ်တယ် ဆိုတာထက် ဒါ ငါ့အကွက်ပဲဆိုပြီးတော့ တက်ကြွနေတာက ပိုပါတယ်။
    ဒီဝက်ဝံကို လျှော့တွက်လို့ မရဘူး။ လူကို ရန်ပြဖူးနေပြီ။ မိထူးရဲ့ရင်ညွန့်ကို ဆွဲဖြဲထားဖူးပြီ။ သူက လူကို နိုင်ဖူးထားပြီးပြီ။ သိပ်သတိထားမှဖြစ်တော့မယ်။ ငလန်းက ၀က်ဝံနဲ့ သူနဲ့ သိပ်နီးကပ်နေပြီဆိုတာ သိလာ တယ်။ ဆဲနေတာတွေကိုရပ်၊ တတ်နိုင်သမျှ ခြေသံလုံအောင်သွား၊ ဒါပေမယ့် တောကျပ်တဲ့။ ချုံထူ တဲ့ နေရာတွေကို ကျော်လာပြီး အောက်ခြေတော်တော်ရှင်းတဲ့ တောတွင်းကွက်လပ်ကိုရောက်လာတော့မှ ရှား ရှားပါးပါး ချုံပုတ်ကလေးတစ်ခုနောက်က ၀က်ဝံ ခုန်ထွက်လာတယ်။ မျှော်လင့်မထားတဲ့နေရာ၊ လုံးဝ ထင်မထားတဲ့နေရာကထွက်လာပြီး ငလန်းကို ဇွတ်ဝင်ကုတ်တယ်။ ငလန်းလက်ထဲက တူမီးသေနတ်ဟာ ဘာမှ အသုံးမကျတော့သလို လင်းကင်းဓားကို မြှောက်ဖို့တောင် အချိန်မရလိုက်ဘူး။
    သူတော်စင်ကြီးအဘဖုန်း ကမ္မဋ္ဌာန်းက ထလိုက်ပြီး ခန္ဓာဝန်ထမ်းဖို့၊ အာဟာရမှီဝဲဖို့ ပြင်ဆင်နေချိန် မှာ သူ့တဲကလေးရှိရာကို ငလန်း ပြန်ရောက်လာတယ်။ သွေးသံရဲရဲ၊ ခွေးတွေတစ်ကိုယ်လုံးရွှဲ၊ သွေးစိမ်းရွှင်ရွှင် ဖြတ်ယူလာတဲ့ ပခုံးပေါ် က ၀က်ဝံခေါင်းကြီးကို အဘဖုန်း တဲရှေ့ကွက်လပ်မှာ အုံးခနမြည် အောင် ပစ်ချလိုက်တယ်။
    အဘဖုန်းက ငလန်းတစ်ကိုယ်လုံးကိုကြည့်ပြီး ပြောတယ်။

    " မဖြစ်ဘူး ... မဖြစ်ဘူး၊ မင်းတစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်လို့ပါလား။ သွေးတွေ သိပ်ထွက်နေ တယ်။ ပထမဆုံး ကျီးဝိုင်းရွက်တွေနဲ့ သုတ်ပစ်ပြီး အမြန်ဆုံး သွေးတိတ်အောင် လုပ်ရမယ်"
    ငလန်းက ကွပ်ပျစ်ကလေးပေါ် ထိုင်ချလိုက်ရင်း -
    သိပ်ဆိုးတဲ့ကောင်ကြီးဗျာ၊ ကျုပ်တော့ သေပြီကို အောက်မေ့တော့တာ။ ဒါပေမယ့် အဘရယ်၊ ကျုပ် ကလည်း ငလန်း ဗျ။ ပထမ တစ်ချက်နှစ်ချက်ပဲ အလစ်မို့ ခံလိုက်ရတာပါ။ သတိရတာနဲ့ ကျုပ်က အပူးကို မခံတော့ တာ။ ခွာပြီး လင်းကင်းနဲ့ ဆီးခုတ်တာပေါ့။ ဘာရမလဲ"
    ကျီးဝိုင်းရွက်တွေ က အဆင်သင့်။ တဲကလေးရဲ့ဘေးမှာ တင်ရှိတာဆိုတော့ အဘဖုန်းက မြန်မြန်ခူး ပြီး ငလန်း ကိုယ်ပေါ်ကို အရည်ညှစ်ချပေးတယ်။ အလွန်အရည်ရွှန်းတဲ့အမျိုးပဲ။ တော်တော်လည်း အေး တယ်။ နောက် ဘာဓာတ်ပါသလဲ မပြောတတ်ဘူး သွေးတိတ် သိပ်မြန်တယ်။
    " ကျုပ် ဒီကောင်ကြီးရဲ့နှာနုကို ၂ ချက်မိလိုက်တာ ကံကောင်းတာပဲ။ အဲဒီလိုလည်းထိပြီးရော ဒီကောင်ကြီး မူးပြီး ပြာ သွားပြီလေ။

ကျုပ်လည်း လည်ပင်းကိုချည်း ဖိခုတ်တော့တာ။ ဟား .. ဟား .. ဟား"
    အဘဖုန်းက အချိန်ကို မဖြုန်းဘူး။ ကျီးဝိုင်းရွက်ရည်တွေကြောင့် ငလန်းရဲ့ဒဏ်ရာ သွေးတိတ်တာနဲ့ ဂဋ္ဌုန်လက်သည်းရွက်တွေခူးပြီး ငလန်းရဲ့ဒဏ်ရာတွေပေါ်ကို အရည်တွေ ညှစ်ပြန်တယ်။ ဒါက ၀က်ဝံ ကုတ်ထားတဲ့ ဒဏ်ရာတွေကို မရင်းအောင်လုပ်တာလေ။ ပြီးတော့မှ တဲကလေးထဲကို ၀င်သွားပြန်တယ်။ အနာတွေပြင်းတဲ့အရှိန်နဲ့ အဖျားဝင်မလာအောင် ဆောင်ထားတဲ့ ငန်းဆေးလေးတော့ တိုက်လိုက်ဦးမှ။ ရွာကိုပြန်ရောက်ဖို့ ဆိုတာ နောက်ထပ် အတော်လျှောက်ရဦးမှာ။ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ မလွယ် လိုက်တာ။ အဘဖုန်းက အပိုတွေမပြော။ လုပ်စရာရှိတာတွေကိုသာ ဇယ် ဆက်သလို တောက်လျှောက်လုပ်တယ်။
    ငလန်းကတော့ ဒဏ်ရာတွေဆေးထည့်လို့နာတဲ့ကြားက ပြောနေတာပဲ။
    " သိပ်ကောက်ကျစ်တဲ့ အကောင်ကြီး အဘရ။ ကျုပ်ကို စောင့်ပြီး ခုန်အုပ်တာတောင် ကျုပ် ဘယ်လိုမှ မမျှော်လင့် တဲ့နေရာကပုန်းပြီး ထွက်ကုတ်တာဗျ။ ကျုပ် ခု ... ရထားတဲ့ဒဏ်ရာတွေဟာ ဒီကောင်ကြီးရဲ့ ၂ ချက်ပုတ် ပဲ ရှိတယ်။ ၃ ချက်ဆိုရင် ကျုပ် အသေပဲ။ ကျုပ် မလွယ်တော့ဘူး။ ကျုပ်ကလည်း ဒင်းနှာနုကို မိလိုက်တာ နဲ့ တစ်ချက်ကလေးမှကို မညှာတော့တာ။ နောက်ဆုံး သူ့ခေါင်းပြတ် ထွက်သွားတဲ့အထိ ဆက်တိုက် ခုတ်တာလေ။ နို့မို့ မလွယ်ဘူးဗျာ၊ နော ... "
    အဘဖုန်းက ရေတစ်ခွက်ခပ်လာပြီး မန်းဆေးကို တိုက်တယ်။

    " ဒီဒဏ်ရာတွေအရှိန်နဲ့ဆိုရင် မင်း ရွာပြန်မရောက်ခင်ကို အဖျားဝင်လာနိုင်တယ် လူလေးရဲ့။ သေက် ... သောက်လိုက်။ ရေတွေကို အကုန်သောက်လိုက်။ ရော့ ... ထပ်သောက်လိုက်ဦး။ ရေကလည်း ဆေးပဲကွ"
    ရေတွေ တော်တော်များများ သောက်ဖို့လိုမှန်း ငလန်းလည်း သိတယ်။ သူ သိပ်ပင်ပန်း လာတယ်။ ချွေးထွက် သိပ်များနေတယ်။ သွေးထွက်လည်း လွန်နေတယ်။

 မောတာကတော့ မပြောနဲ့တော့။ ဒါပေမယ့် ၀က်ဝံကို သေအောင် သတ်နိုင်ခဲ့ပြီး အောင်သေအောင်သား စားရ လို့ ၀မ်းသာလုံးဆို့နေလို့ခံသာတာ။
    " ကျုပ်က ဒင်းခြေရာကို ကောက်မိပြီဆိုကတည်းက သိတယ်။ ဒင်း ဘယ်လောက် ထိ ကောက်ကျစ် နိုင်တယ်ဆိုတာ၊ ဒေါသ ဘယ်လောက်ကြီးတယ်ဆိုတာ၊ လက်သည်းတွေ ဘယ်လောက် ထက်တယ် ဆိုတာ၊ အကိုက်ကလည်း သိပ်သန်တယ်၊ လက်ညှိုးလောက်ရှိတဲ့ သစ်တိုကိုင်းကိုများ ဒေါသနဲ့ ကိုက်ထားတာ တိခနဲ ပြတ်နေတယ်။ ပြောလို့သာပြောတာပါ။ ကျုပ်က လည်းအလွန်ဒေါသကြီးတဲ့ကောင်ပါပဲ အဘရာ ... ဒီနှစ် ကောင်တွေ့ကြတော့ ပွဲကကြမ်းတော့တာပေါ့"

    အဘဖုန်းက ဗူးတောင်နဲ့ထည့်ထားတဲ့ရေကိုပါ လမ်းမှာသောက်ဖို့ ထည့်ပေးရင်း -
    " ကဲ ... ဖိုးလန်း၊ မင်း သွားတော့။ ဟောဒီမှာ လမ်းမှာသောက်ဖို့ရေ၊ တောက်လျှောက်လည်း မသွားနဲ့။ မကြာမကြာ နားပေး။ ဆက်တိုက်သွားရင် သိပ်ပန်းသွားမယ်။ နားနားနေနေ သွား၊ ရေသောက် လည်းမပျင်းနဲ့။ မကြာမကြာ သောက်သောက်ပေး။ ဒစ်ရာတွေကလည်း ပြန်ပြီးသွေးထွက်မလာစေနဲ့။ ကြား လား ... ကဲ ... သွားတော့၊ ပြန်တော့"
    ငလန်းဟာ မုဆိုးတစ်ယောက်ပီပီ ကြမ်းတမ်းခက်ထန်တယ်။ ဒါလောက်တောင် ဒဏ်ရာတွေနဲ့ စုတ်ပြတ်ပြီး ပင်ပန်းနေတဲ့ကြားက အောင်သေအောင်သား ၀က်ဝံခေါင်းပြတ်ကြီးကို ဆက်ထမ်းသွားတယ်။ သူ့စိတ်ကူး ထဲမှာ အဘဖုန်းက ဘယ်လိုပဲ နားဖို့ ပြောပြော ရွာကို ရောက်ရင် နားဖို့မရှိဘူး။ သူကြီးအိမ်ကို တန်းသွားမယ်၊ ရွာကိုဝင်ရင် မြောက်ဖျားက ၀င်ရမယ်။ သူကြီးအိမ်က တောင်ဖျားမှာ။ ရွာတစ်နံတစ်လျားကို ၀က်ဝံခေါင်းပြတ်ကြီးထမ်းရင်း ဖြတ်ရမယ်။ တစ်ရွာလုံး ကြည့်လိုက်ကြမစမ်း။ မေးလိုက်ကြမယ့် မေးခွန်းတွေ။ ဘယ်ကောင် ကိုမှ မဖြေဘူး။ 

သူကြီးအိမ်ကျတော့မှ အားလုံးကို တစ်ချိန်တည်း ပြောပြ ရမယ်။ ဒွေးလေးလုံးတင် တို့အိမ်ရှေ့ကဖြတ်ရင် သိန်းနွဲ့ ထွက်ကြည့်နေ မှာတော့ သေချာတယ်။ သူကြီး အိမ်မှာ ၀က်ဝံခေါင်းပြတ်ကြီးကို ချပြရမယ်။ တစ်ရွာလုံးကြည့်ကြစမ်း။ ငလန်း တူမီးနဲ့ပစ်လာတာ မဟုတ်ဘူး။ လင်းကင်းဓားနဲ့ အပြတ် ဘယ်လို ခုတ်လာတယ်ဆိုတာကို ရှင်းပြရမယ်။ တစ်ကိုယ်လုံး ဒဏ်ရာတွေကို ကြည့် လိုက်ကြစမ်း။ ငလန်းမဟုတ်ရင် ရွာထဲက ဘယ်ကောင်ကိုပဲဖြစ်ဖြစ် ကပ်နဲ့ထမ်းသယ်မှ တောထဲကနေ ရွာ ပြန်ရောက်နိုင်ကြမယ်။ အဘဖုန်း က ရွာကို နားနားနေနေပြန်ဖို့ ရောက်တာနဲ့ ချက်ချင်း အနားယူဖို့ ဘယ်လိုပဲ မှာလိုက်ပေမယ့် ငလန်း မြန်မြန် သွားတယ်။ အိမ်ကိုလည်း တန်းပြန်မှာ မဟုတ်ဘူး။ သူကြီးအိမ်ကို သွားမယ်။ တစ်ရွာလုံး ငလန်းဟာ ဘယ်လိုမုဆိုးမျိုးလဲဆိုတာ ကောင်းကောင်းသိစေရမယ်။


    အဘဖုန်း ရဲ့ သစ်ခက်တဲကလေးက ငလန်း ထွက်ခ့လို့ ခြေလှမ်း ၁၀ လှမ်းမပြည့်ခင်မှာပဲ သူတော်စင်ကြီး ဟာ နံနက် စာကလေးစားဖို့ကိုတောင် ဆက်မကြိုးပမ်းတော့ဘဲ ကွပ်ပျစ်ပေါ်မှာ ပြန်ထိုင်ပြီး တခြား အာရုံကြမ်းတွေ မ၀င်နိုင်အောင် ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းနေလိုက်တယ်...။

    ("မှန်" ၀တ္ထုကြီးထဲက စ-လယ်-ဆုံး ပြည့်စုံတဲ့ သီးခြားဝတ္ထုငယ်တစ်ပုဒ်ဖြစ်ပါတယ်။)
နိုဝင်ဘာ ၂၈၊ ၂၀၀၆
သီးခြားတပုဒ်ဆက်ရန်
.
.
>>>ဆက်ဖတ်ရန်>>> >>