"ရုရှားလေယာဉ်ပျံတွေ ဖြစ်မယ်"
ဒါပေမယ့် သူတို့ခေါင်းပေါ်ကနေ အုပ်လိုက်ပျံသွားတာ ဂျာမန်လေယာဉ်ပျံတွေပါ။ ရိုမန်ညီနောင်ရဲ့ အငယ်ကောင် ဟာ ဂျေကော့ဗ်ကို မရမကမေးတယ်။ ဂျေကော့ဗ် အဖြေမပေးနိုင်တဲ့အချိန်မှာပဲ ရထား ကြီး တစ်စင်း ဆိုက်လာပြီး ရထားပေါ်မှာ လူသံတွေကြားရတယ်တဲ့။ အားလုံးတားနေတဲ့ကြားထဲက ရိုမန် အငယ်တစ်ကောင် ဟာ ရထားနားကိုပြေးပြီး ရုရှားတွေသတင်းကို သွားမေးတယ်။ ကင်းစပ်ပေါ်က ဂျာ မန်စစ်သား ဟာ ရိုမန်အငယ်ကောင်ကို ပစ်ချလိုက်ပါတော့တယ်။
စိတ်မကောင်းမှုတွေနဲ့ အလုပ်သိမ်းပြန်လာတော့ လမ်းမှာ သူတို့အားလုံး လေးစားရတဲ့ ဒေါက်တာကြီး က ဂျေကော့ဗ်ကို နားချတယ်။
"ဘာမှ ဥပါဒန်ဖြစ်မနေပါနဲ့ကွာ၊ ရိုမန်အငယ်ကောင်ဟာ သေချိန်ရောက်လာလို့ သေရတာပါ"
မီရှဲလ် ကလည်း ဂျေကော့ဗ်ကိုပြောပါတယ်။
"ခင်ဗျားဘက်က အကောင်းဆုံးလုပ်ခဲ့တာပဲ ဂျေကော့ဗ်ရာ။ စိတ်မကောင်းမဖြစ်ပါနဲ့"
"ငါ ဘာအကောင်းဆုံးလုပ်လို့လဲ"
"လူတွေအတွက် မျှော်လင့်ချက်ပေးနိုင်တယ်လေ၊ လူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် သတ် သေနေတဲ့ အချိန်မှာ ခင်ဗျားရဲ့ရုရှားတပ်တွေ သတင်းကြောင့် လူတွေရဲ့ဘဝတွေ ဘယ်လောက် အဓိပ္ပါယ် ပြန်ရှိလာ၊ ပြန်ရှင်သန်လာလဲ သိရဲ့လား"
ရပ်ကွက် ထဲကို ဝင်လာတဲ့အချိန်မှာ သူနဲ့အလုပ်တွဲဖော် လူမမာ အဘိုးကြီးက စောင့်ပြီးမေးတယ်။
"ဂျေကော့ဗ် ဘာထူးသလဲ"
ဂျေကော့ဗ် တစ်နေ့လုံး ညစ်နေတဲ့စိတ်တွေဟာ အဘိုးကြီးဆီမှာ လွတ်ထွက်သွားတယ်။
"ဒီမှာ ခင်ဗျား သိထားဖို့ ကျွန်တော်ပြောမယ်။ အားလုံးကို ကျွန်တော်ညာခဲ့တာ၊ ကျွန်တော့်မှာ ဘာ ရေဒီယို မှ မရှိဘူး။ ဘာရုရှားတပ်တွေမှ မလာဘူး၊ ဟုတ်ပြီလား"
အဘိုးကြီး ဟာ ငိုင်ပြီး ကျန်ခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ အဘိုးကြီးဟာ သေဆုံးသွားခဲ့ပါ တယ်။
"သူ သူ ကိုယ့ိကိုယ်ကို သတ်သေသွားတာလားဟင်"
ဂျေကော့ဗ်နဲ့ မီရှဲလ်တို့အမေးကို ဒေါက်တာကြီးက မချိပြုံးနဲ့ ရှင်းပြတယ်။
"ဒီသဘောပါပဲကွာ၊ သူ့ကျန်းမာရေးက စိတ်ကြောင့်ပဲ ခုချိန်ထိ ရှင်သန်နေတာ၊ သူတစ်ခုခုကြောင့် စိတ် ကို လျှော့ချ လိုက်တယ်နဲ့တူပါတယ်၊ အဲဒါကြောင့် ချက်ချင်း သေသွားခဲ့တယ်"
လူနှစ်ယောက် ရှိသွားပါပြီ။ ဒီသတင်းကြောင့် သေသွားခဲ့ရတာ၊ အဲဒီအချိန်မှာ ဒေါက်တာကြီးက ဆက် ပြောတယ်။
"သူက ရုရှားတပ်တွေရောက်လာမယ်ဆိုတာကို တကယ်အောက်မေ့သွားပြီး တစ်ရက်နှစ်ရက် အသက် မထွက် ဘဲ အောင့်နေပုံရပါတယ်ကွာ၊ တကယ်မိုက်တဲ့လူ၊ သက်သက်မဲ့ နှစ်ရက်လောက် ဘဝဆိုးကြီး ကို ဒုက္ခ ထပ်ခံသွားတယ်"
ဂျေကော့ဗ်က ဒေါက်တာကြီးကို ကြည့်လိုက်တယ်။
"အဲဒါက တကယ်ပါ ဒေါက်တာ၊ ရုရှားတပ်တွေ လာမယ်ဆိုတာ တကယ်ပါ"
"ဟင်"
အဲဒီနောက်မှာတော့ ဂျေကော့ဗ်ဟာ လူတွေအားလုံးအတွက် သတင်းတွေကို ဖန်တီးလုပ်ကြံပြောဖို့ ဆုံး ဖြတ်လိုက် တဲ့ အတိုင်း ပြောပါတော့တယ်။
"စတာလင်ရဲ့ တပ်မဟာကြီးတွေဟာ လက်နက်ခဲယမ်းအပြည့်နဲ့ ချီတက်လာနေပြီ၊ ဒါတင်ဘယ်ကမလဲ အမေရိကန် တွေကလည်း တင့်ကားတွေနဲ့ ဝင်လာပြီ"
"တင့်ကားတွေ အများကြီးပဲလား"
"သိပ်အများကြီးတော့ ဘယ်ဟုတ်မလဲကွ၊ ဒါပေမယ့် လုံလုံလောက်လောက်တော့ ချီလာတာပေါ့"
"အမေရိကန် တပ်တွေက ဘာထူးခြားလို့လဲ"
"အမေရိကန်တွေက တီးဝိုင်းတွေပါတယ်ကွ၊ သိတယ်မဟုတ်လား၊ အမေရိကန်တွေက အပျော်အပါးကို စစ်ဖြစ်နေတာတောင် လုပ်တာလေ"
"ဘယ်လို တီးဝိုင်းတွေလဲ"
"ဂျပ်ဇ်တီးဝိုင်း"
"ဟာ ဆက်ဆိုဖုန်းတွေ ပါမှာပေါ့"
"အေး ကလဲနက်တွေတောင် ပါသေးတယ်"
ဂျူးလူတွေရဲ့မျက်နှာတွေမှာ ပန်းသွေးရောင်တွေ ပြန်ထလို့လာတယ်။ သူတို့မျက်လုံးတွေဟာ အရောင် တဖိတ်ဖိတ် တောက်လို့ အရည်တလဲ့လဲ့နဲ့။ ဒါပေမယ့် ဒါကို မစ္စတာဖရန့်ဖို့တာက တားမှဖြစ်တော့မယ် လို့ ဆုံးဖြတ် လိုက်ပါတယ်။ ဂတ်တိုတစ်ခုလုံး ဒီသတင်းပြန့်နေတဲ့အတွက် သိပ်မကြာခင်မှာ အားလုံးကို အန္တရာယ်ကျတော့မယ်၊ အန္တရာယ်မကျအောင် အဲဒီရေဒီယိုကို ဖျက်ဆီးပစ်ဖို့လိုတယ်လို့ သူက ယူဆ ပါတယ်။
ဂျေကော့ဗ် တစ်ယောက်ကတော့ ညဘက်တစ်ယောက်တည်း အ၀တ်တွေလျှော်ရင်း ပါးစပ်က တတွတ် တွတ် နဲ့ ကွယ်လွန်သွားတဲ့ဇနီးသည်ဆီမှာ ၀န်ချ တောင်းပန်နေတယ်။
"ငါ့မှာရွေးစရားလမ်း မရှိလို့ ငါလိမ်ရတာပါကွာ"တဲ့။ ဂျေကော့ဗ်ကယ်ထားတဲ့ ကမလေးမလေးဟာ နေမ ကောင်းဖြစ်ပါတော့တယ်။ ဂျေကော့ဗ်ထင်လိုက်တာက မနေ့ကစားမိတဲ့ မှိုတစ်မျိုးကြောင့်လို့ပါ။ ဒါကြောင့် သူဒေါက်တာကြီးကို သွားခေါ်ဖို့ စီစဉ်ရပါတယ်။ ဂျေကော့ဗ်တစ်ယောက် ဒီဘက်အိမ်ခေါင်မိုးအ ထပ်ခိုး ထဲမှာ အလုပ်တွေရှုပ်နေတာကို မသဲမကွဲကြည့်ပြီး မျက်တောင်မခက်နိုင်ဖြစ်နေရတာ ဟိုဘက် အိမ်က မီရှဲလ် ပါ။
"ငါအထင် ဒီလူဟာ ရေဒီယို ရှိရုံတင်မက ရုရှားတွေနဲ့ မြေအောက်ဆက်ဆံရေးပါရှိမယ်လို့ ထင်တယ်။ ဒါကြောင့် ဒီလောက် သတင်းတွေကို အသေးစိတ်သိနေတာ"
"မီရှဲလ် ရှင် ကျွန်မနဲ့ ချိန်းထားပြီးရင်တော့ ကျွန်မကိုပဲ အာရုံထားသင့်တယ်လို့ ကျွန်မထင်တယ်"
တကယ်တော့ မီရှဲလ်ဟာ သူ့ချစ်သူရိုစာနဲ့ လွတ်လွတ်လပ်လပ်နေဖို့ ချိန်းထားခဲ့တာပါ။ ဒါပေမယ့် သူ့အာရုံ တွေက ချစ်သူ ရိုစာဆီမှာ ထားလို့မရဘဲ ဂျေကော့ဗ်ဆီမှာပဲ ရောက်နေတယ်။
ဂျေကော့ဗ် ဟာ ဒေါက်တာကြီးကို သွားပင့်ဖို့ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်ရတယ်။ မီရှဲလ် မနေနိုင်တော့ဘဲ အ၀တ်အစား တွေကို ပြန်ဝတ်ပြီး နောက်ကလိုက်ချောင်းဖို့ လုပ်တယ်။ ရိုစာက အော်တယ်။
"မီရှဲလ် ရှင့်ကိုယ်ရှင် ဘာလုပ်နေတယ်လို့ ထင်သလဲ"
"ရိုစာ မင်းကို ကိုယ်ချစ်ပါတယ်ကွာ ၊ ဒါပေမယ့် ရုရှားတွေက အရေးကြီးလို့ပါ"
ရှေ့က ဒေါက်တာကြီးဆီကို ပြေးနေတဲ့ဂျေကော့ဗ်ရဲ့ နောက်မလှမ်းမကမ်းမနေ မီရှဲလ်လိုက်သွားတယ်။ အချိန်က ကာဖျူးချန်ကြီး။ ဒါကို အပေါ်ထပ်က လှမ်းမြင်လိုက်တဲ့ မစ္စတာဖရန့်ဖို့တာက သူ့လူတွေနဲ့ လိုက်ပါ တော့တယ်။
"ဒီဂျေကော့ဗ် ဆိုတဲ့ လူရှုပ်နဲ့ မင်းသမက်လောင်း မီရှဲလ် ကာဖျူးအချိန်ကြီး လမ်းပေါ်မှာ ဘာလို့ရောက် နေရတာလဲ၊ ပြောနေတာကြာတယ်။ ငါတို့ သူ့အိမ်ကို သွားရှာပြီး သူ့ရေဒီယိုကို သွားရှာပြီး ဖျက်ဆီး ကြမယ်"
မစ္စတာဖရန့်ဖိုတာတို့ လူစုဟာ ဂျေကော့ဗ်အိမ်ကို ဦးတည်ပြီးသွားကြတယ်။ ဒေါက်တာကြီးအိမ်ရှေ့မှာ စောင့် နေတုန်းပဲ မီရှဲလ်က သူ့ကိုလည်းတိုင်ပင်ပါလို့ ဂျေကော့ဗ်ကိုပြောတယ်။ ဂျေကော့ဗ်က မီရှဲလ်ကို မောင်းထုတ်ရတယ်၊ ဒေါက်တာကြီးဟာ ဂျေကော့ဗ်ကို သူ့ဆေးတွေပြတယ်။
"ဒီ မစုံမလင် ဆေးဝါးတွေက လူတွေအတွက် ဘာမှအကျိုးအာနိသင် မရှိပါဘူးကွာ။ ပြောရမယ်ဆိုရင် မင်းပြောတဲ့ အမေရိကန်တင့်ကားတွေနဲ့ တင့်ကားပေါ်က ဂျပ်ဇ်တီးဝိုင်းလောက်တောင် လူတွေရဲ့ စိတ် နှလုံး ကို မကုစားနိုင်ပါဘူး။ ကဲ ဘာပဲဖြစ်ဖြစ် မင်းရဲ့ကလေးမလေးကို ငါတို့သွားကြည့်ကြတာပေါ့"
အဲဒီအချိန် မှာ မစ္စတာဖရန့်ဖို့တာတို့ လူတစ်စုဟာ ဂျေကော့ဗ်ရဲ့ သူငယ်ချင်းဆံသဆရာ ကိုဝေါ့စကီးကို သွားနှိုး ကြတယ်။ ညကြီးမင်းကြီး တံခါးလာခေါက်ခံရတဲ့အခါ သွေးလန့်စွာနဲ့ပဲ ကိုဝေါ့စကီးက တံခါးကို ဖွင့် ပေးတယ်။
"ခင်ဗျားတို့ အရေးပေါ်မုတ်ဆိတ်ရိတ်ဖို့ လာတာတော့ မဟုတ်ပါဘူးနော်"
သူတို့ဟာ ဂျေကော့ဗ်ရဲ့ ရေဒီယိုကို သွားရှာဖို့ အစီအစဉ်ကို ပြောတယ်။ ကိုဝေါ့စကီုးကို ခေါ်ခဲ့ကြတယ်။ ဂျေကော့ဗ်အိမ်ထဲဝင်ပြီး မွှေနှောက် ရှာဖွေကြတယ်။ ရိုမန်အကြီးကောင်ဟာ ဂျေကော့ဗ်ကယ်တားတဲ့ ကောင်မလေး ရဲ့ အတွင်းခံ ဘောင်းဘီလေး လှမ်းထားတာကို တွေ့သွားတယ်။
"ဒီမှာ မစ္စတာဖရန့်ဖို့တာ ကျွန်တော် အဲဒီဂျေကော့ဗ်ဆိုတဲ့လူရဲ့ ဘုရားမကြိုက်တဲ့ အကျင့်စာရိတ္တကို မြင် နေရပါပြီ၊ သူဟာ ဂျူးလူအဖွဲ့အစည်းရဲ့ အမှိုက်ပါဗျာ"
"ထားလိုက်စမ်းပါကွာ၊ ကိုယ်ရေးကိုယ်တာတွေ ထားလိုက်ပါ။ ငါတို့ ခုလိုပ်ရမှာ ရေဒီယိုရှာဖို့အဓိကပဲ"
"ကျွန်တော်တို့ အထပ်ခိုးပေါ် တက်ရှာကြရအောင်"
သူတို့လူစု အထပ်ခိုးကို တက်သွားပြီး မရှေးမနှောင်းမှာပဲ ဂျေကော့ဗ်နဲ့ ဒေါက်တာကြီးရောက်လာတယ်။
"ခင်ဗျားလှေကားတွေက များလိုက်တာ ဂျေကော့ဗ်၊ ကျွန်တော် နှလုံးအခြေအနေမှာ ကျွန်တော် နား နားပြီး တက်မှရမယ်"
"ခွင့်လွတ်ပါ ဒေါက်တာကြီး၊ ကလေးမလေးကို ကျွန်တော်က အထပ်ခိုးမှာ ၀ှက်ထားရလို့ပါ"
မစ္စတာဖရန့်ဖိုတာ တို့ဟာ အထပ်ခိုးမရောက်ခင် အဆင့်လေးမှာ ကွယ်ပြီးပုန်းနေကြတယ်။ ဒေါက်တာ ကြီး က ကလေးမလေးကို စစ်ဆေးပေးတယ်။
"အာသီးယောင်နေတယ်၊ ချောကလပ်တို့ ရေခဲမုန့်တို့ မစားမိစေနဲ့"
ဂတ်တို့ထဲ မမြင်ရတာကြာတဲ့ အစားအသောက်တွေကို ဒေါက်တာကြီးက စနောက်ပြီးပြောတယ်။
"ကျွန်တော် တို့ ဘာမှမတတ်နိုင်ဘူး ဂျေကော့ဗ်၊ ကလေးမလေးက အာဟာရချို့တဲ့တာ၊ သူ့ဘာာ ခံနိုင် ရည်အား တက်လာအောင် ခင်ဗျားရဲ့ သတင်းတွေကိုသုာ များများပြောပေတော့"
သူတို့တွေ အဆင်းမှာ မစ္စတာဖရန့်ဖိုတာ တို့လူစုနဲ့ မျက်နှာချင်းဆိုင် ပက်ပင်းတိုးကြတယ်။
"ခင်ဗျားတို့ ကျုပ်အိမ်ထဲကို ဘာဝင်လုပ်ကြတာလဲ"
"ဒီမှာ ဒေါက်တာကြီးကိုတော့ အားနာပါတယ်။ ဒါပေမယ့် ဂျေကော့ဗ် မင်းရဲ့အပြုအမူတွေဟာ ငါတို့ဝတ် တိုတစ်ခုလုံး အသက်ဘေးကြုံရမယ့် ကိစ္စတွေ ဒါကြောင့် မင်းရေဒီယို ဖျက်ဆီးဖို့ ငါတို့လာခဲ့တာပဲ"
ဂျေကော့ဗ် က ခေါင်းတဆိတ်ဆိတ် ညိတ်တယ်။
"ကောင်းပြီလေ၊ ဖျက်ဆီးဆို ဖျက်ဆီးလိုက်ပါမယ် ဟုတ်ပြီလား"
ဒေါက်တာကြီး က ချောင်းဟန့်ပြီးဝင်ပြောတယ်။
"အဟမ်းဟမ်း ရေဒီယိုကို ဖျက်ဆီးတာလွယ်တယ်၊ ဒါပေမယ့် အဲဒီရေဒီယိုသတင်းတွေ ထွက်လာတဲ့နေ့ ကစပြီး ကျုပ်တို့ဂတ်တိုထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့လူ မှရှိတော့ဘူးဆိုတာ ခင်ဗျားတို့ သတိမ ထားမိကြဘူးလား။ လူတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာပါ မစ္စတာဖရန့်ဖိုတာ အဲဒီမျှော်လင့် ချက်မရှိရင် ဂတ်တိုတစ်ခုလုံး ကိုယ့်ကိုယ်ကို သတ်သေတဲ့လူတွေနဲ့ ပြည့်သွားလိမ့်မယ်"
မစ္စတာဖရန့်ဖို့တာ ငိုင်ကျသွားတယ်။ ဂျေကော့ဗ်ကတော့ လိုက်ယောင်နေတယ်။
"ဒါဆိုလည်း ဆက်ထားလိုက်မယ်လေ"
ကိုဝေါ့စကီးက ဒီလိုအကြံဥာဏ်ပေးတယ်။
"ကျုပ်တို့နောက်ဆုံးအနေနဲ့ သတင်းကို နားထောင်ပြီး ဖျက်ဆီးပစ်လိုက်ကြရင် မကောင်းဘူးလား"
ရိုမန်အကြီးကောင်ဟာ ဒီရေဒီယိုကိစ္စနဲ့ သူ့ညီရိုမန်အငယ်ကောင် သေခဲ့ရတာကို နာကြည်းနေတာပါ။ ဒါ ကြောင့် "ဒီမှာ ခင်ဗျားတို့ အရည်မရအဖတ်မရ ရူးကြောင်ကြောင်တွေ လျှောက်ပြောမနေပါနဲ့တော့ အဲဒီ ရေဒီယိုကို"
သူ့စကားမဆုံးခင်မှာ မီးပျက်သွားတယ်။ အဲဒါပြဿနာပဲ။ မီးပျက်သွားတိုင်း ဂျာမန်တွေဝင်လာပြီး ခွေးဆွဲ သလို လူတွေကို ဆွဲသွားတတ်တယ် မဟုတ်လား။ သူတို့အားလုံး အစားတွေရပ်ပြီး ကိုယ့်အိမ်ကို အမြန် ပြန်ဖို့ လှေကားကနေ အပြေးဆင်ကြတယ်။ လှေကားတစ်ဝက်မှာ မီးက ဖြုတ်ဆိုပြန်လာတယ်။ မစ္စတာဖရန့်ဖို့တာ က ပြန်လှည့်လိုက်တယ်။
"ကျုပ်တို့ သေချာဆွေးနွေးကြတာပေါ့"
ဒါပေမယ့် လှေကားသုံးထစ်လောက်ပဲ ပြန်တက်ရသေးတယ်။ မီးကဖျတ်ခနဲ ပြန်ပျက်သွားရော။ ဒီတစ် ခါတော့ အားလုံးဝရုန်းသုံးကားနဲ့ အလုအယက် ပြေးဆင်းကြပါတော့တယ်။
ကိစ္စ၀ိစ္စ တွေရှင်းတာနဲ့ ကောင်မလေးက ဂျေကော့ဗ်ကို ပူဆာပြန်ပါတော့တယ်။
"ဂျေကော့ဗ် ကျွန်မကိုလည်း ရှင့်ရေဒီယိုပေးနားထောင်ပါလား"
"ကောင်းပြီလေ။ မင်းမြန်မြန်နေကောင်းအောင် လုပ်မယ်ဆိုရင်ငါမင်းကို ရေဒီယို ပေးနားထောင်မယ်"
ဘာပဲပြောပြော ဂတ်တိုတစ်ခုလုံး ဂျေကော့ဗ်ဆီက သတင်းကို နားစွင့်ကြတာ နေ့စဉ်အလုပ်ဖြစ်နေပါပြီ။ ပြဿနာဖြစ်နေရသူက ဂျေကော့ဗ်ပါ။ မနက်မနက် အလုပ်စခန်းကို သွားခါနီး သူလာမယ့်လမ်းမှာ စောင့်ပြီး သတင်းမေးတတ်တဲ့ မီးရှဲလ်တို့လူစုကို ရှောင်ကွင်းပြီးသွားရတာ သူ့အဖို့ အပန်းကြီးလှပါ တယ်။ သတင်း... သတင်း ဒီဂတ်တိုတစ်ခုလုံး မျှော်လင့်နေတဲ့သတင်းကို သူဘယ်ကရပါ့မလဲ။ သတင်း အစအနလေး တစ်ခုခုလောက်ရမှ သူကျန်တာတွေ လုပ်ကြံလို့ရမှာပါ။ ခုတော့ သတင်းအစအနလေး တောင် မရဖြစ်နေတယ်။
တစ်နေ့မှာတော့ ဂျာမန်စစ်သားကြီးတစ်ယောက်ဟာ အိမ်သာထဲကို သတင်းစာတစ်စောင်နဲ့ ၀င်သွား တာ ဂျေကော့ဗ် တွေ့လိုက်ရပါတယ်။ သူလိုချင်တဲ့ သတင်းကို တွေ့လိုက်ပါပြီ။ ဂျေကော့ဗ်ဟာ ဘာကိုမှ မမှုဘဲ အဲဒီစစ်သား ထွက်သွားတာနဲ့ အိမ်သာထဲကို ၀င်သွားလိုပ်တယ်။
"ဒီအရူး ဘာလုပ်တာလဲ။ ဂျာမန်အိမ်သာထဲကို ဂျူးဝင်တက်ရင် ပစ်သတ်ခံရမယ်ဆိုတာ နားမလည်ဘူး လား"
ကိုဝေါ့စကီးနဲ့ မစ္စတာဖရန့်ဖို့တာတို့ဟာ ဂျေကော့ဗ်ရဲ့ အပြုအမူကို နားမလည်နိုင်ဘဲ ကြည့်နေကြတယ် ဒါပေမယ့် ဂျေကော့ဗ်မှာ သူတို့လိုက်မမီတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်လို့လည်း ခံယူထားကြတော့ အသာစောင့်ကြည့်နေကြတယ်။ အိမ်သာထဲမှာ ဂျေကော့ဗဟာ သတင်းစာစက္ကူ အပိုင်းအစတွေထဲက စစ်မြေပြင် သတင်းပါတာတွေကို ရှာတယ်။ အိမ်ခြံမြေသတင်း၊ လက်ထပ်သတင်း၊ ကွာရှင်းသတင်း၊ သတင်း သတင်း သူလိုချင်တဲ့သတင်းကို တွေ့လိုက်တဲ့ အချိန်မှာ ဂျေကော့ဗ်တစ်ယောက် အားရပါးရ ဖတ်ပါတော့တယ်။
အဲဒီအချိန်မှာ အိမ်သာတက်ချင်လွန်းလို့ ကသောကမျော ၀င်လာတဲ့ ဂျာမန်စစ်သားတစ်ယောက်ဟာ ဂျေကော့ဗ်ကို တွေ့သွားတော့ ဆောရီးဆိုပြီး ချွေးပြန်ပြီး ဘာလုပ်ရမှန်းမသိတော့ပါဘူး။ ကိုဝေါ့စကီးတို့ မစ္စတာဖရန့်ဖို့တာ တို့ မီရှဲလ်တို့လည်း ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြတယ်။ ဂျာမန်စစ်သားဟာ အိမ်သာ တက်ချင်လွန်းလို့ အကြောဆွဲသလို ခြေဆာဆာနဲ့ အိမ်သာရှေ့လမ်းလျှောက်လိုက်၊ တံခါးကို ခေါက်ပြီး အထဲကလူ မြန်မြန်တက်ဖို့ သတိပေးလိုက် လုပ်နေပါတယ်။ ဒီတစ်ခါတော့ ဂျေကော့ဗ်တစ် ယောက် ဘယ်လိုမှ လွတ်လမ်းမရှိတော့ပါဘူး။ အင်မတန်မြင့်မြတ်လှတဲ့ အာရိယာန်အနွယ် ဂျာမန်လူ မျိုးတွေသုံးတဲ့ အိမ်သာထဲ ဝင်သုံးတဲ့ ဂျူးတစ်ယောက်အတွက် အပြစ်ဒဏ်က သေဒဏ်တစ်မျိုးသာရှိ ပါတယ်။
အားလုံး ရင်တမမဖြစ်နေတဲ့အချိန်မှာ ကိုဝေါ့စကီးဟာ မမျှော်လင့်တဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်ပါ တယ်။ အဲဒါကတော့ မြူးမြူးကြွကြွသီချင်းတစ်ပုဒ်ကို ဘိလပ်မြေအိတ်တွေပေါ်တက်ပြီး လက်ဟန်ခြေ ဟန် ကိုယ်ဟန် အမျိုးမျိုးနဲ့ အော်ဆိုလိုက်တာပါပဲ။ နဂိုကမှ အိမ်သာတက်ချင်လွန်းလို့ စိတ်တိုနေတဲ့ ဂျာ မန် စစ်သားကြီးဟာ ကိုဝေါ့စကီးဆီကိုပြေးလာပြီး ဘိလပ်မြေအိတ်တွေပေါ်က ဆွဲချ အားရပါးရထိုး ကြိတ် တော့တာပဲ။ ဂျေကော့ဗ်လည်း စစ်သားကြီးက ကိုဝေါ့စကီးကိုမဲနေတုန်း အခွင့်ကောင်းယူပြီး ထွက် လာခဲ့ပါတယ်။ ကြည့်ရတာ ရယ်လည်း ရယ်၊ စိတ်မကောင်းလည်းဖြစ်နေတဲ့ ဇာတ်ဝင်ခန်းပါ။ သူ တို့ အားလုံး သေရမှာကို အရမ်းကြောက်တတ်ကြတဲ့ သာမန်ပြည်သူတွေပါ။
ဒါပေမယ့် အရေးကြုံလို့ သက်လုံကောင်းလိုက်ကြတာလေ။ လာမယ့်ဘေးကို ပြေးတွေ့လိုက်ကြတာလေ။ အဲဒီနေ့ ထမင်းဝိုင်းမှာ တော့ ဂျေကော့ဗ်တစ်ယောက် အားလုံးနားထောင်ချင်နေတဲ့သတင်းကို တစ်လှေကြီး ပြောပြလိုက်နိုင်ပါ တော့တယ်။ သတင်းတွေ အရသာရှိပုံများ အထိုးအကြိတ် အကန် အကျောက် ခံထားရလို့ ဖူးဖူး ယောင်နေတဲ့ မျက်နှာကြီးနဲ့ ကိုဝေါ့စကီးလည်း စိတ်ပါဝင်တစား နားထောင် လို့ပေါ့။ မစ္စတာဖရန့်ဖို့တာ တစ်ယောက်ကလွဲရင် သူ့ပါတနာကအစ ဂျေကော့ဗ်တို့ဝိုင်းထဲ ဝင်ပါလာပါပြီ။ သူက အားလုံးကို မျက် နှာချိုသွေးပြီး ဒီလိုပြောလိုက်တယ်။
"ကျွန်တော်တို့အားလုံး စည်းလုံးရမယ့်အချိန်ရောက်ပြီ ထင်တယ်"တဲ့။
ညကျတော့ မစ္စတာဖရန့်ဖို့တာဟာ အိပ်လို့မရပါဘူး။ သူ့မိန်းမက မေးတယ်။ "ရှင် ဘာဖြစ်နေတာလဲ"တဲ့ "မင်း ခန့်မှန်းကြည့်လေ"လို့ ပြောလိုက်တဲ့အခါမှာ ဖရန့်ဖို့တာရဲ့ကြောကို ကောင်းကောင်းသိနေတဲ့ သူ့ မိန်းမ က-
"ရှင် ဘယ်လိုမှတော့ မအောက်မေ့နဲ့နော်၊ ကျွန်မတော့ ခုကိစ္စမှာ ဂျေကော့ဗ်ကို မှန်တယ်လို့ထင်တာပဲ" လို့ ပြန်ပြော လိုက်တယ်။
မစ္စတာဖရန့်ဖို့တာက မချိုပြုံး ပြုံးရင်း ပြန်ပြောလိုက်တယ်။
"ငါက မှားနေတာပေါ့ကွာ ဟုတ်လား"
နောက်တစ်နေ့မှာ သူ့သမက်လောင်းနဲ့ သမီး (သူတို့က လက်မထပ်ရသေးပေမယ့် အတူနေနေပါပြီ) တို့ ဆီ မစ္စတာဖရန့်ဖို့တာ လိုက်သွားလိုက်တယ်။ ပြီးတော့ သမီးအတွက် သူ့အမေဝတ်ခဲ့တဲ့ သတို့သမီးဝတ် စုံနဲ့ သမက် အတွက် သူ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ခြောက်လုံးပြူးသေနတ်ကိုပေးလိုက်တယ်။
"မင်းမိတ်ဆွေ ဂျေကော့ဗ် မှန်ပါတယ်ကွာ၊ ငါ ဆုံးဖြတ်ချက်မှားခဲ့တဲ့အတွက် ငါတောင်းပန်ပါတယ်"တဲ့။
သူတို့ဂတ်တိုထဲက ဂျူးအဖွဲ့အစည်းအတွက် ရွေးကောက်တင်မြှောက်မှုလုပ်တဲ့အခါမှာ ဂျေကော့ဗ်ဟာ သူသိပ်လေးစားရတဲ့ ဒေါက်တာကြီးကို မဲထည့်တယ်။ သူ့စိတ်ထဲ ဒေါက်တာကြီးဟာ ဂတ်တိုရဲ့ ခေါင်း ဆောင်ကြီး ဖြစ်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် မဲတွေလည်း စရရော။
"ဂျေကော့ဗ်"
"ဂျေကော့ဗ်"
"ဂျေကော့ဗ်"
သူက မဲအများဆုံးနဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံလိုက်ရပါတော့တယ်။ အားလုံးဟာ ဂျေကော့ဗ်ကို တညီတညွှတ်တည်း မဲပေးခဲ့ကြပြီး ဝိုင်းပြီးချီးကျူးကြတယ်။ အဲဒီအချိန်မှာပဲ တံခါးကို တဒုန်းဒုန်းထုပြီး ဂျာမန်အသံနဲ့ တံခါးကို မြန်မြန်ဖွင့်စမ်းလို့ အော်ဟစ်သံထွက်လာတယ်။ သူတို့အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတယ်။ တံခါးဖွင့်လိုက်တဲ့အခါမှာ မီရှဲလ်။
မီရှဲလ်ဟာ ယောက္ခမဆီက သေနတ်နဲ့သွေးကြွနေတယ်။ လူတွေအားလုံးက မနောက်သင့်တဲ့ပုံစံနဲ့ နောက် လို့ ဝိုင်းမာန်မဲတာခံရတဲ့အခါမှာ အင်္ကျီအောက်က သေနတ်ကို ထုတ်ပြီးကြွားလိုက်တယ်။ အား လုံး ထိတ်ထိတ် ပျာပျာနဲ့ လန့်ဖျပ်ကုန်ကြတယ်။
"ဒါ ဘာဆန်းသလဲ။ ခင်ဗျားမှာ ရေဒီယိုရှိတယ်။ ကျွန်တော့်မှာ သေနတ်ရှိတယ်"
အားလုံးက ကလေးဆန်တဲ့ မီရှဲလ်ဆီက သေနတ်ကို ခေါင်းဆောင်ဂျေကော့ဗ်ဆီ အပ်ထားဖို့ ဆုံးဖြတ်ခဲ့ တယ်။ မီရှဲလ် တစ်ယောက် မအပ်ချင်အပ်ချင်နဲ့ အပ်လိုက်ရတယ်။ အဲဒီအချိန်မှာ ခုနကအတိုင်းပဲ တံခါး ကို တဒုန်းဒုန်းထု တဲ့အသံတွေ ပေါ်လာပြန်တယ်။
"မီရှဲလ်"
"မဟုတ်ဘူး။ ကျွန်တော်ဟာ ခင်ဗျားတို့နဲ့အတူရှိတယ်လေ"
"ဒါဆိုရင်တော့ ဂျာမန်အစစ်တွေ"
ဒေါက်တာကြီးရဲ့ဇနီးဟာ တံခါးကိုဖွင့်ပေးပြီး မေးလိုက်တယ်။
"ဒေါက်တာကြီး အနားယူနေပါတယ်။ ရှင်တို့ အပွိုင်မင့်ယူထားပါသလား"
"ကျုပ်တို့အတွက် ဘာအပွိုင်မင့် မှမလိုဘူး"
ဂျာမန်စစ်ဗိုလ်တွေဟာ တံခါးကိုတွန်းဖွင့်ပြီး အိမ်ထဲကို ဝင်လာကြတယ်။
"ကျုပ်တို့ဗိုလ်ချုပ်ကြီး အသည်းအသန်ဖြစ်နေလို့ ဒေါက်တာကြီးကို လာခေါ်တာ"
ဒေါက်တာကြီးဟာ ပုန်းအောင်းနေရာက ထွက်လိုက်တယ်။ သူ့မိတ်ဆွေတွေကို စိမ်းစိမ်းကြည့်ပြီး ပြုံးပြ တယ်။ ပြီးတော့ နှုတ်ဆက်လိုက်ပါတယ်။
"ရှလုံ"
"ခင်ဗျားတို့ဗိုလ်ချုပ်ကြီးက ကျွန်တော့်လူနာမဟုတ်တော့ ကုသရာမှ အခက်အခဲရှိပါလိမ့်မယ်"
"ခင်ဗျားက ငြင်းချင်တဲ့သဘောလား"
ဒေါက်တာကြီး ရဲ့ဇနီးဟာ သူ့ခင်ပွန်းသည်ကိုဖြတ်ပြီး ပြောလိုက်တယ်။
"ကျွန်မ ဆေးအိတ်သွားယူလိုက်မယ်၊ ဒီဆေးလေးတွေက ရှင်သောက်ဖို့ပါ၊ ရော့ ဒီမာဖလာလေးကို ခြုံ သွားနော်"
မျက်ရည်တဖျပ်ဖျပ်လဲ့နေတဲ့ မျက်လုံးတွေနဲ့ သူ့ခင်ပွန်းကိုကြည့်ပြီး အမျိုးသမီးကြီးဟာ ဒေါက်တာကြီးရဲ့ မာဖလာ ကို သေချာပြင်ပြီး စည်းပေးလိုက်တယ်။ ပြီးတော့ သူ့မျက်မှန်ကိုချွတ်လိုက်တယ်။ မျက်မှန်ချွတ် နေတုန်းမှာပဲ လက်ထဲက မျက်မှန်ကလွတ်ကျပြီး ကွဲသွားတယ်။ ဒေါက်တာကြီး အပြုအမူတွေကိုကြည့် ပြီး ဗိုလ်ချုပ်ကြီး နဲ့ ဂျာမန်စစ်ဗိုလ်တွေဟာ သဘောပေါက်သွားကြတယ်။
"လာကြစမ်း၊ ဒီလူ အဆိပ်တွေသောက်လိုက်တာ"
စစ်ဗိုလ်တွေဟာ ဒေါက်တာကြီးကို အတင်းလှုပ်ကြတယ်။ ဒေါက်တာကြီးက ဗိုလ်ချုပ်ကြီးကို တစ်ခွန်း တော့ အကြံဉာဏ်ပေးသွားပါတယ်။
"သိပ်စိတ်လှုပ်ရှားမခံပါနဲ့၊ ခင်ဗျားရောဂါက စိတ်နှလုံးငြိမ်မှ ဖြစ်မယ်"တဲ့။ ဗိုလ်ချုပ်ကြီးဟာ သူ့ရင်ဘတ် ကိုလက်နဲ့ဖိပြီး သူ့စစ်ဗိုလ်တွေကို အမိန့်ပေးလိုက်တယ်။
"ခုညတွင်းချင်း ဂတ်တိုထဲမှာရှာ။ မနက်ဖြန်မနက်ကို ငါ အဲဒီရေဒီယိုကို လိုချင်တယ်"
ဂတ်တိုတစ်ခုလုံး သေနတ်သံတွေ တဒိုင်းဒိုင်း တဒက်ဒက် ဆူညံသွားပါတယ်။ လူအတော်များများကို လည်း ဖမ်းခေါ်သွားကြတယ်။ ညဘက် ဂျာမန်စစ်သားတွေ ခြေချင်းလိမ်နေတဲ့ကြားထဲမှာပဲ ကိုဝေါ့စကီး ဟာ ဂျေကော့ဗ် အိမ်ကို ရောက်အောင်လာတယ်။
"ဂျေကော့ဗ် တို့ ဘယ်လိုလုပ်ကြမလဲ"ပေါ့။
ကိုဝေါ့စကီးယူလာတဲ့ စီးကရက်လေးကို အလယ်ကချိုးပြီး တစ်ယောက်တစ်ဝက်ရှိုက်ဂင်း ဖွာရင်း ဂျေကော့ဗ် က မီးပိတ်လိုက်တယ်။
"သူငယ်ချင်း ဒီစကားတွေကို ငါ မင်းကို မီးရောင်အောက်မှာ မပြောရဲဘူး။ အမှောင်ထဲမှာပဲ ငါ ပြောပါရ စေ"တဲ့။
"တကယ့်တော့ ငါ့မှာ ဘာရေဒီယိုမှမရှိဘူး။ ငါပြောခဲ့သမျှ သတင်းတွေ အမေရိကန်တင့်ကားတွေ၊ ဂျပ်ဇ် ဘန်တွေ အကုန်ညာခဲ့တာပါ။ မင်း အထိုးခံရတဲ့နေ့ကပြောတဲ့ ပိုလန်အသင်းက ဂျာမန်အသင်းကို အနိုင် ကန် လိုက်တယ်ဆိုတဲ့ ဘောလုံးသတင်းကတော့ အမှန်ပါ"
ကိုဝေါ့စကီးက မီးလုံးကို ပြန်ဖွင့်တယ်။
"မင်း ပြောခဲ့တာတွေ တစ်ခုမှမဟုတ်ဘူး ဟုတ်လား"
"အေး အားလုံး ငါညာခဲ့တာပါ။ ငါ့ကိုငါလည်း ဒီလောက်လုပ်ကြံပြောတတ်တာကို အံ့သြမိပါတယ်ကွာ"
ကိုဝေါ့စကီးဟာ ဂျေကော့ဗ်ကို ဘာမှမပြောဘဲ အကြာကြီးစိုက်ကြည့်နေတယ်။ ဂျေကော့ဗ်ဟာ ကိုဝေါ့ စကီး ကျေနပ်အောင် ဘယ်လိုတောင်းပန်ရမှန်းတောင် မသိဘူးဖြစ်နေတယ်။
"မင်း ငါ့ကို ဘယ်လောက်မုန်းတီးစက်ဆုပ်သွားမယ် ရွံသွားမယ်ဆိုတာ ငါ နားလည်ပါတယ် သူငယ်ချင်း မင်း ငါ့ကို စိတ်တိုင်းကျသာ အပြစ်ပေးပါ"
ကိုဝေါ့စကီးဟာ ဘာမှမပြောဘဲ ကြည့်နေရာက ခွက်ထိုးခွက်လန် ထရယ်ပါတော့တယ်။
"မင်း... ဟားဟား... အားလုံး လိမ်တာဟုတ်လား။ တတ်လည်း တတ်နိုင်တဲ့ကောင်၊ ဟား ဟား ဟား အမေရိကန်တင့်ကားကြီးတွေ၊ ဂျပ်ဇ်ဘန်တွေ အားလုံးဟာ မင်း လုပ်ကြံဖန်တီးထားတာ ဟားဟား ဟား"
ဂျေကော့ဗ်ဟာ ပထမတော့ ကြောင်ကြည့်နေမိသေးတယ်။ နောက်တော့ သူလည်း ကိုဝေါ့စကီးနဲ့အတူ လိုက်ရယ်မိပါတော့တယ်။
"အေး ငါလည်း ငါ့ကိုယ်ငါတောင် အံ့သြမိတယ်။ ဘယ်က ဘယ်လိုစိတ်ကူးတွေ ထွက်လာလဲလို့ ဟား ဟားဟား"
သူတို့နှစ်ယောက် အဲဒီလိုပြောဆိုရယ်နေကြတာကို အထပ်ခိုးပေါ်က ကောင်မလေးက အစအဆုံးကြား လိုက်မြင်လိုက်ရပါတယ်။ ကိုဝေါ့စကီးပြန်သွားတဲ့အခါမှာ ဂျေကော့ဗ်ဟာ ကောင်မလေးကို သွားပြော တယ်။
"မင်း ကျန်းမာရေးကို ခုအတိုင်းပဲ တောင့်ထားနော်၊ ရုရှားတွေ ရောက်လာတဲ့ အချိန်ထိပေါ့"
ကောင်မလေးက ဂျေကော့ဗ်ရဲ့မျက်နှာကိုငေးပြီး ပြန်ပြောတယ်။
"ဒါလည်း ညာတာပဲလေား ဂျေကော့ဗ်၊ ရှင် ကျွန်မကို ပြောခဲ့တာတွေ အားလုံးဟာ ညာတာတွေချည်းပဲ ဆိုတာ ကျွန်မ အကုန်ကြားခဲ့ပြီးပြီ"
ဂျေကော့ဗ် ဘာမှမပြောနိုင်ဘဲ ငိုင်နေမိတယ်။ ကောင်မလေးက ဂျေကော့ဗ်ကို ဖက်လိုက်တယ်။
"ဒါပေမယ့် ကျွန်မ နားလည်ပါတယ်။ ရှင်က အကောင်းတစ်ခုခုကို မျှော်လင့်ပြီး အားလုံးကိုညာခဲ့တယ် ဆိုတာ"
"ငါ့အလုပ် လုပ်စရာရှိသေးလို့ မင်းကိုဆက်မစောင့်ရှောက်နိုင်တော့ဘူး၊ မင်းကို ငါ့သူငယ်ချင်း မီရှဲလ်တို့ နဲ့အတွဲနဲ့ အပ်ပေးခဲ့ပါမယ်"
ဂျေကော့ဗ်ဟာ မီရှဲလ်နဲ့ ရိုစာတို့အတွဲကို သွားတွေ့တယ်။
"မီရှဲလ် ငါ ပြောတာသေချာနားထောင်၊ မင်းအတွက် ငါ အရေးကြီးတဲ့ တာဝန်တစ်ခုကို ထားခဲ့တယ်။ မင်းဟာ အဲဒီတာဝန်ကို ကျေပွန်အောင် ထမ်းရလိမ့်မယ်၊ ငါ့အိမ်ရဲ့အထပ်ခိုးမှာ အဲဒီတာဝန်ကို ထား ခဲ့တယ်"
"ကျွန်တော် အခုသွားရမှာလား ဂျေကော့ဗ်"
မြေအောက်တော်လှန်ရေးသမားအရမ်းဖြစ်ချင်တဲ့ မီရှဲလ်ဟာ စိတ်ဓါတ်တွေ အရမ်းတက်ကြွနေတယ်။
"မဟုတ်ဘူး၊ နောက်နေ့လောက်မှ မင်းသွားပါ"
"ကျွန်တော့်သေနတ်ကော ဂျေကော့ဗ်"
"ဒီတာဝန်မှာ သေနတ်မလိုပါဘူး မီရှဲလ် ဦးနှောက်ကို သေချာအသုံးချဖို့ပဲ လိုတာပါ။ ငါ မင်းကို အယုံ ကြည်ဆုံးမို့ ရွေးချယ်ခဲ့တာ မင်း ဒီတာဝန်ကို ကျေပွန်မယ်မဟုတ်လား"
"စိတ်ချပါ ဂျေကော့ဗ်"
အဲဒီနောက်မှာတော့ ဂျေကော့ဗ်ဟာ ဂတ်စတာပိုရုံးကို သွားပါတယ်။ ဒီတစ်ခါလည်း ကာဖျူးချိန် ကုန်လု ကုန်ဆဲ ရောက်နေပါပြီ။
မျက်နှာတစ်ခုလုံး ယောက်ကိုင်းပြီး သွေးချင်းချင်းထွက်နေအောင် နှိပ်စက်ခံရပါတယ်။ ရေချိုးကန်ထဲကို ဇောက်ထိုးနှစ်ထားပြီး မေးမြန်းနေတုန်းမှာ နှလုံးရောဂါသည် ဗိုလ်ချုပ်ကြီးဟာ ရောက်လာတယ်။
"ဒီကောင် ဖော်ပြီလား"
"ဟုတ်၊ ကျွန်တော်တို့ ကြိုးစားနေပါတယ် ဗိုလ်ချုပ်ကြီး မကြာခင် သတင်းပို့ပါ့မယ်"
ဂျေကော့ဗ်ဟာ နာလွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေတယ်။ ဂျာမန်ထောက်လှမ်းရေးစစ်ဆေး ရေးသမား လူသန်ကြီးဟာ အားနဲ့လွှဲလွှဲပြီး ထိုးတယ်။
"ရေဒီယို ဘယ်မှာလဲ ပြောလေကွာ ပြော"
ဂျေကော့ဗ်ဟာ လက်ကလေးထောင်ပြီး တားတယ်။
"ခဏရပ်ပါပြီး ကျွန်တော် ကျွန်တော် ပြောပါ့မယ်"
"ပြော"
ဂျေကော့ဗ်ဟာ ဖူးယောင်ပြီး ပိတ်လုနီးပါးဖြစ်နေတဲ့ မျက်စိနဲ့ အရာရှိ အခန်းထဲကိုရှာလိုက်တယ်။ ရေဒီ ယိုဟာ ပထမဆုံး သူ ဒီအခန်းထဲကို ရောက်လာတဲ့နေရာမှာပဲ ရှိနေဆဲပါ။
"ဟိုမှာ ဟိုမှာ လှမ်းမြင်နေရတဲ့ ရေဒီယိုဟာ ကျွန်တော် နားထောင်ခဲ့ရတဲ့ ရေဒီယိုပါပဲ"
"မင်းက ငါ့ကို အရူးလုပ်တာလား"
စစ်ဆေးရေးသမား လူသန်ကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ ဂျေကော့ဗ်ကို ထပ်ထိုးဖို့လုပ်တယ်။ အရာရှိဟာ တွေဝေ သွားတယ်။ သူ့အခန်းထဲကို ဂျူးတစ်ယောက်ရောက်လာခဲ့တဲ့ညကို သူ ပြန်အမှတ်ရလာတယ်။
"နေဦး"
အရာရှိဟာ ဂျေကော့ဗ်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။
"ဟိုတစ်လောက ငါ့အခန်းထဲကို ကာဖျူးချိန်နောက်ကျလို့ ရောက်လာတဲ့ ဂျူးဟာ မင်းပဲလား"
ဂျေကော့ဗ်ဟာ ဒစ်ရာဗရပွဲနဲ့ ရယ်ပြလိုက်တယ်။ အခုအချိန်မှာတော့ ရေဒီယိုပြဿနာဟာ ဂတ်တိုထဲက ဂျူးတစ်ယောက်ရဲ့ပြဿနာတင်သာမက ဂျာမန်လူမျိုး အက်စ်အက်စ်စစ်ဗိုလ်တစ်ယောက်ရဲ့ ပြဿနာ လည်း ဖြစ်လို့လာပါပြီ။ ဒီကိစ္စသာ အထက်ကသိသွားရင် သူလည်း ပြစ်ဒဏ်ကျနိုင်ပါတယ်။ စစ်မြေပြင် သတင်း ကို ရန်သူဆီပေါက်ကြားမှုဆိုတာ သေးသေးလေးမှ မဟုတ်တာ။ အရာရှိက သူ့ကိုညှိနှိုင်းပါ တယ်။
"ဂျေကော့ဗ် မင်းကို ငါမသတ်ဘူးလို့ ကတိပေးမယ်။ မင်းက ရေဒီယိုမရှိခဲ့ပါဘူး ပြောခဲ့ဆိုခဲ့တာတွေ လုပ်ကြံ တာပါလို့ မင်းတို့ဂတ်တိုထဲက လူတွေရှေ့မှ ဝန်ခံရမယ်၊ ဒါမှမဟုတ် ငါ့ကိုပါ ထိခိုက်လိမ့်မယ်"
"ခင်ဗျား ကျွန်တော့်ကို မသတ်ဘဲ မနေပါဘူး ဆရာရယ်၊ ကျွန်တော် သိပါတယ်"
"မင်းကိုငါ အလေးအနက်ပြောနေတာ ဂျေကော့ဗ်၊ မင်း သတိမထားမိဘူးလား၊ ငါတို့တွေ ဒီကအမြန်ဆုံး ဆုတ်ခွာဖို့ ပြင်ဆင်နေတာ၊ ဒီမှာ ရုရှားတွေဟာ တစ်ပတ်အတွင်း ရောက်လာတော့မယ်။ ဒီတော့ မင်း လိမ်လိမ် မာမာနဲ့ တစ်ပတ်လောက် တောင့်ခံထားလိုက်ရင် မင်း လွတ်မြောက်ပါလိမ့်မယ် ဂျေကော့ဗ် ဘယ်နှယ့် လဲ"
ဂျေကော့ဗ်ဟာ စားပွဲပေါ်က စားလက်စထမင်းပွဲက ကြက်ပေါင်ကို လှမ်းကြည့်နေတယ်။ ပြီးတော့ အရာ ရှိဆီမှ ခွင့်တောင်းလိုက်တယ်။
"ကျွန်တော့်ကို အဲဒီကြက်ပေါင်လေး စားခွင့်ပြုပါခင်ဗျာ"
ဂတ်တိုတစ်ခုလုံး ဗြောင်းဆန်နေအောင် ရှိသမျှ ဂျူးတွေကို အတင်းဆွဲချပြီး ခေါ်လာပါတော့တယ်။ ဂျူး တွေဟာ သူတို့ကို တစ်နေရာကတစ်နေရာပြောင်းတိုင်း လူသတ်စက်ရုံတွေကို ပို့တော့မယ်လို့ ကြောက် လန့်တကြားနဲ့ ပြေးလွှားကြ၊ ပုန်းအောင်းဖို့ ကြိုးစားကြပါတယ်။ အဲဒီလို ပြေးလွှားပုန်းအောင်းတဲ့ သူတွေ ကတော့ အဲဒီနေရာမှာပဲ ပစ်သတ်ခံကြရပါတယ်။ ကိုဝေါ့စကီးက သူ့ရဲ့ဆံသဆိုင်မှန်လေးမှာ မုတ်ဆိတ် ရိတ်တဲ့ ဆပ်ပြာတုံးလေးနဲ့ စာတစ်စောင် ရေးခဲ့ပါတယ်။
သူငယ်ချင်း ဂျေကော့ဗ် တဲ့။ ဘာပဲပြောပြော မင်းကျေးဇူးကြောင့် သတ်မသေဖြစ်သေးဘဲ၊ လူ့လောက မှာ ရက်နည်းနည်းပိုနေဖြစ်ခဲ့တာကို ကျေးဇူးတင်ပါတယ်ကွာ။ အဲဒီရက်ကလေးတွေဟာ ငါ့ဘဝတစ် လျှောက်လုံး ဘယ်တုန်းကမှမတူတဲ့ မျှော်လင့်ခြင်းတွေနဲ့ နေခဲ့ရတဲ့ရက်တွေပါ။ ငါ ဘယ်တော့မှ မေ့မှာ မဟုတ် ပါဘူး။ နောက်ဘဝကျရင် ပြန်ဆုံကြတာပေါ့။ အဲဒီအခါကျရင် မင်း ကော်ဖီဆိုင်ကို ငါအမြဲလာ ထိုင်မယ်။ မင်းလည်း ငါရဲ့ဆံသဆိုင်ကို အမြဲအားပေးတဲ့ ဖောက်သည်လုပ်ပါဦး တဲ့။
ဂျာမန်စစ်သားတွေ ရောက်လာတဲ့အချိန်မှာတော့ ဒီတစ်ခါ အောင်အောင်မြင်မြင် သေကြောင်းကြံစည် လိုက်နိုင်တဲ့ ကိုဝေါ့စကီးရဲ့အသက်ကင်းမဲ့တဲ့ ကြိုးတန်းလန်းနဲ့ ခန္ဓာကိုယ်ကြီးကိုပဲ တွေ့လိုက်ကြရပါ တော့တယ်။
မီရှဲလ်တို့ အတွဲဟာ လူအုပ်ထဲက ခြေကုန်သုတ်ပြေးပြီး ဂျေကော့ဗ်ရဲ့အထပ်ခိုးကို ရောက်အောင်သွား ကြတယ်။ ဂျေကော့ဗ် သူ့အတွက် ဘာထားခဲ့မှာလဲ။ ရေဒီယိုလား၊ ဒါမှမဟုတ် ဒါ့ထက်မက....။ တကယ် တမ်း သူတို့နှစ်ယောက်တွေ့လိုက်ရတာ ရထားပေါ်က ဆင်းပြေးလာတဲ့ကောင်မလေးတစ်ယောက်ပါ။
"ကျွန်မကို ဂျေကော့ဗ်က ကယ်ထားခဲ့တာပါ။ ရှင်တို့နှစ်ယောက်က ကျွန်မကို ဆက်စောင့်ရှောက်လိမ့် မယ်လို့ သူက မှာခဲ့ပါတယ်"
"မင်း ဂျေကော့ဗ်ရဲ့ ရေဒီယိုကို တွေ့ဖူးလား၊ အဲဒါ ဘယ်မှာထားလဲ"
သူတို့တွေ ရေဒီယိုကို ရှာကြတယ်။ ဒါပေမယ့် ရေဒီယိုကို အစအနေတောင် မတွေ့သေးခင် ဂျာမန် စစ်သားတွေဆီမှာ အဖမ်းခံလိုက်ကြရတယ်။ ဂျာမန်စစ်သားတွေဟာ ဂတ်တိုထဲက လူတွေအကုန်လုံး ကို ကွက်လပ်ထဲမှာ စုရုံးရပ်ခိုင်းထားပြီး ဂျေကော့ဗ်ကို ကြိုးစင်ပေါ်တင်လိုက်တယ်။ ဗိုလ်ချုပ်ကြီးဟာ သူ ကိုယ်တိုင် ကုလားထိုင်တစ်လုံးနဲ့ထိုင်ပြီး ပရိသတ်ကိုကြည့်လိုက်တယ်။ အရာရှိဟာ ဂျေကော့ဗ်ကို လက်ညှိုးထိုးပြီး လူထုကို ကြေညာလိုက်တယ်။
"ဒီမှာ ဒီလူ ဘယ်သူဆိုတာ ခင်ဗျားတို့သိတယ်"
ဂတ်တိုထဲက လူတွေဟာ ဂျေကော့ဗ်ရဲ့ယောင်ကိုင်းနေတဲ့ မျက်နှာကိုကြည့်ပြီး စိတ်မသက်မသာနဲ့ ညည်းတွားနေကြတယ်။ ဂျေကော့ဗ်ကတော့ သူ့လူတွေကို တစ်ယောက်ချင်းမျက်နှာတွေကိုကြည့်နေ တယ်။ မစ္စတာဖရန့်ဖို့တာ မီရှဲလ်နဲ့ ရိုစာကို ကောင်မလေးနဲ့အတူတွေ့တော့ သူပြုံးသွားတယ်။ ရိုမန်အ ကြီးကောင်၊ သူ့ရဲ့အိမ်နီးနားချင်း၊ ဆိုင်နီးနားချင်းတွေကို သူတစ်ယောက်ချင်း လိုက်ကြည့်တယ်။ နှုတ် ဆက် လိုက်ပါတယ်။ နှုတ်ဆက်လိုက်ပါတယ်။ မိတ်ဆွေတို့။ အရာရှိက သူ့စကားကို ဆက်ပြောနေတယ်။
"ဒီလူဟာ သူ့ဆီမှာ ရေဒီယိုရှိတယ်။ ညတိုင်း ဘီဘီစီကို ဖမ်းတယ်၊ အဲဒီထဲက သတင်းတွေမှာ ကျုပ်တို့ ဂျာမန်တွေ စစ်ရှုံးနေတယ်၊ ရုရှားတပ်ကြီးလာတော့မယ်လို့ ခင်ဗျားတို့ ပြောခဲ့တယ်၊ အဲဒါတွေအားလုံး ဟာ လိမ်တာ ညာတာတွေပါ။ အမှန်တရားမဟုတ်ပါဘူး။ ဒီလူဟာ လူလိမ်ပါ။ သူကိုယ်တိုင် ခင်ဗျားတို့ ကို ဘယ်လို လုပ်ကြံလိမ်ညာခဲ့သလဲဆိုတာ ဝန်ခံပါလိမ့်မယ်။ ကဲ... မင်းပြောလိုက်တော့"
ဂျေကော့ဗ်ဟာ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ သူ့လူတွေကို ကြည့်တယ်။ အားလုံးက သူ့ကိုအားကိုး တကြီး နဲ့ ကြည့်နေကြတယ်။ ပြောရမယ်ဆိုရင် မကြာသေးခင်ကမှ သူတို့အားလုံး သူ့ကို အထင်တကြီး နဲ့ ခေါင်းဆောင် အဖြစ် တင်မြှောက်ခဲ့ကြသေးတယ်။
"ဟေ့ကောင် ပြောလိုက်လေ"
အရာရှိက ဂျေကော့ဗ်ကိုထပ်ပြီး လောဆော်လိုက်တယ်။ ဂျေကော့ဗ် အရာရှိကိုကြည့်လိုက်တယ်။ အရာရှိရဲ့ မျက်လုံးထဲမှာ သူတို့ညှိနှိုင်းပြောဆိုခဲ့တာတွေကို သတိပေးတဲ့ အရိပ်အယောင်တွေတွေ့ရ တယ်။ မမိုက်ချင် စမ်းပါနဲ့၊ နောက်လေးငါးဆယ်ရက်အတွင်း မဟာမိတ်တွေရောက်လာတော့မှာဆိုတဲ့ သဘောမျိုး ပေါ့။ ကောင်းကင်မှာ ငှက်ကလေးတွေ အုပ်လိုက်ပျံသွားကြတယ်။ ဟော ဟိုမလှမ်းမကမ်း မှာ ဂျေကိုဗာဆိုတဲ့ ဆိုင်းဘုတ်အဟောင်းလေးနဲ့ သူ့ရဲ့ကော်ဖီဆိုင်လေး၊ မဟာမိတ်တပ်တွေကို သူမယုံ ဘူး။ သူ ယုံကြည်တာ သူ့စိတ်ကူထဲးက အမေရိကန်တင့်ကားကြီးပေါ်က ဂျပ်ဇ်တီးဝိုင်း၊ ဟော သူ့ကို လှမ်းကြည့် နေတဲ့ သူတို့ဂတ်တိုထဲက ဂျူးလူ့အဖွဲ့အစည်းရဲ့မျက်လုံးထဲမှာလည်း အဲဒီယုံကြည်မှုကို တွေ့ရတယ်။ နှလုံးရောဂါ သည် ဗိုလ်ချုပ်ကြီးဟာ ထလာတယ်။ ဒေါသအမျက်ချောင်းချောင်းထပြီး ဂျေကော့ဗ်ကို သေနတ်နဲ့ ချိန်ပြီး ပြောတယ်။
"ဟေ့ကောင် ပြောလိုက်လေ"
ဂျေကော့ဗ်ဟာ အရမ်းကြောက်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီပခုံးပေါ်က ကြယ်ပွင့်တွေအပြည့်နဲ့ သေနတ် ကိုင်ထား တဲ့ ဗိုလ်ချုပ်ကြီး၊ သူမပြောမှာ၊ အမှန်တရားကို ဖုံးကွယ်မပေးမှာကို ကြောက်လန့်တကြားဖြစ် နေတာ ကိုကြည့်ပြီး ရယ်ချင်သွားတယ်၊ သူ ရယ်လိုက်တယ်၊ ဗိုလ်ချုပ်ကြီးဟာ ဒေါသတကြီးနဲ့ သေနတ် မောင်း ကို ဖြုတ်ချလိုက်တယ်။
ဂျူး တွေ ကို သယ်သွားတဲ့ ရထားကြီးဟာ ရုရှားတပ်တွေနဲ့တိုးပြီး အားလုံးလွတ်မြောက်ခဲ့ကြပါတယ်။ အံ့ သြစရာ ကောင်းတာက ကလေးမလေးဟာ ဂျပ်ဇပ်တီးဝိုင်းကြီးတင်လာတဲ့ အမေရိကန်တင့်ကားကြီးတစ် စင်း ကို အမှန်တကယ် တွေ့လိုက်ရပါတယ်တဲ့။
ဇာတ်ကားပြီးဆုံးသွားပါပြီ။ အတွေးတွေကတော့ မပြီးဆုံးနိုင်တော့ပါဘူး။ ဘရော့ဗ်ဟတ်ထဲက ဝီလျံဝေါ လေ့စ် လို သူရဲကောင်းကြီးတွေဟာ တကယ်ကို ကြည်ညိုလေးစားစရာ သမိုင်းစာမျက်နှာတွေမှာ နိုင်ငံ အသီးသီးရဲ့မော်ကွန်းတွေမှာ နေရာယူထားကြပါတယ်။ သူတို့တွေဟာ ကောင်းကင်ပေါ်က ကြယ်ပွင့် တွေပါ။ သူတို့လို သတ္တိမျိုး ကျွန်တော်တို့မှာ ရှိချင်မှ ရှိကောင်းနိုင်ပေမယ့် လူလိမ်ဂျေကော့ဗ်ထဲက ကိုဝေါ့စကီး တို့၊ ဒေါက်တာကြီး တို့၊ ဂျေကော့ဗ် တို့၊ မစ္စတာဖရန့်ဖို့တာ တို့လို ကြောက်ကြောက်နဲ့ပဲ လုပ် သင့် လုပ်ထိုက် တာတွေကို လုပ်သွားမယ်၊ လုပ်ကြမယ်ဆို ဆရာပြောတဲ့ လာမယ့်ဘေးကို ပြေးတွေ့လို့ ရလောက်ပြီ ထင်ပါတယ်။
ချိုတူးဇော်
၂ဝဝ၉ ခုနှစ်၊ မေလ
နွယ်နီမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
.

5 comments:
ကြိုက်တယ်..
သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအပေါ် စဉ်းစားရင်း....။
အကိုရဲ့ FB စာမျက်နှာတွေတော့ ခဏခဏဖတ်ဖြစ်တယ်..။ အကိုချိုတူးဇော် နေကောင်းကျမ္မာပါစေ...။
ရန်သူကို ဦးမညွှတ်တဲ့ သူရဲကောင်းတွေ ရှိသလို ၊အခြေအနေအရ လိမ်ညာခဲ့ရတဲ့ သူရဲကောင်းတွေလည်းရှိတာပေါ့ နော်....၊ ဘာ ပဲ ဖြစ်ဖြစ် သူရဲကောင်းချင်းတော့ တူကြတာချည်းပါပဲ ။ ဒါပေမဲ့ လူတွေရဲ့လေးစားမှု က ရော ..တူနိုင်ကြပါ့မလား..
မမရေ ကျေးဇူးပါလို့....:)
သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို
နားလည်ရပါတယ်အမရွှေစင်ရေ
အဖိုးတန်တဲ့ စာအုပ်တွေအတွက်
ကျေးဇူးပါရှင်....
ချစ်တဲ့ jasmine
Post a Comment