Wednesday, April 21, 2010

ရွှေစင်ဦး သွားခဲ့တဲ့မင်္ဂလာဆောင်များ (၃)

 ဒဏ္ဍာရီ

ချစ်သူ နှုတ်ခမ်း

လွမ်းလို့...နမ်းသော်

နမ်းရာမထင်... လွမ်းရာထင်လို့

ရင်မှာငြိပြီ... ဒဏ္ဍာရီ

ဒဏ္ဍာရီ ရုပ်ရှင် ရဲ့ အရေးကြီးတဲ့ ဇာတ်ဝင်ခန်း တခန်း ကို ရိုက်ကူး ဘို့ အတွက် ဒဏ္ဍာရီရုပ်ရှင် ကန်တော့ ပွဲ အခမ်းအနား ကို မန္တလေး မြို့ရဲ့ အဲဒီအချိန်တုန်း က အကြီးကျယ်ဆုံး ဖြစ်တဲ့ မြို့တော်ခန်းမ (၁) မှာ ကျင်းပ ခဲ့ပါတယ်.. အဲဒီလို ကျင်းပရင်း နဲ့ ဒဏ္ဍာရီ မင်္ဂလာအခမ်းအနား တွေကို တကယ် မင်္ဂလာဆောင် အစစ် တခု ကဲ့ သို့ ရုပ်ရှင်ရိုက် ယူခဲ့ပါတယ်...။

ကျနော် ကလည်း မန္တလေး သူဆိုတော့ မန္တလေး မြို့ ရီမြင့် ရုပ်ရှင် က ထုတ်လုပ်တဲ့ နာမည်ကြီး ရုပ်ရှင် ဖြစ်တဲ့ ဒါရိုက်တာမောင်တင်ဦး ရဲ့ မန်းတက္ကသိုလ် ကို နောက်ခံထား ရိုက်ကူးခဲ့တဲ့  ဒဏ္ဍာရီ ဇာတ်ကား အကြောင်း ကို နဲနဲလောက် ပြောပြချင် ပါတယ်..၊ သင်္ကြန်မိုး ပြီးရင် ဒီကားဟာ လည်း တော်တော် နာမည် ကြီးခဲ့ ပါတယ်..။

ဇာတ်လမ်း ကတော့ ရိုးရိုးလေးပါ.. တက္ကသိုလ် ကျောင်းသူ... ကျောင်းသား တွေ လူငယ် သဘာဝ ချစ်ကြ ပေမဲ့ .. အကြောင်း အမျိုးမျိုးကြောင်း နှလုံးသား ဆန္ဒကို ထိမ်းချုပ်ပြီး ဦးနှောက်ကို ဦးစားပေးခဲ့တဲ့ အကြောင်း လေး တွေပါ...၊ လူငယ် တွေဟာ ထိမ်းချုပ်နိုင်တယ်.. သတ္တိရှိတယ်.. ယဉ်ကျေးတယ်.. ကျေးဇူး တရား သိတယ်... ဆိုတဲ့ သဘာဝ လေး ကို ပြောပြခဲ့တဲ့ အပြင်... တက္ကသိုလ် ကျောင်းသား ဘဝ ပုဂံ ကို Trip ထွက်ခဲ့တဲ့ ပျော်စရာ ကျောင်းသား ပုံရိပ်လေးတွေ ကလည်း တကယ့်ကို လွမ်းမော ဖွယ်ရာ တွေ့ရ ပါတယ်..။

ပုဂံ ရှေးဟောင်း ဘုရားတွေ.. ကျောင်းသူကျောင်းသား သဘာဝတွေ.. အဆောင်ကျောင်းသူကျောင်းသား ပုံရိပ်တွေ ကို ဒီကားမှာ  သိက္ခာရှိရှိ တွေ့နိုင်ပါတယ်... ဇာတ်ဝင် သီချင်း တွေကိုလည်း မီမီဝင်းဖေ တို့ ခင်မောင်တိုး တို့ သီဆိုခဲ့ပါတယ်... သီချင်း တွေ အတွက်ကတော့  ဒဏ္ဍာရီ သီချင်းကို ကိုမောင်မောင် ရေးခဲ့ပါတယ်.. နောက်ပြီး တခြား တေးရေး ဆရာတွေလည်း ပါမယ် ထင်ပါတယ်...၊ ကျနော် သေချာ မမှတ်မိတော့ပါ.. သိတဲ့သူတွေ comment ထဲမှာ ရေးခဲ့ရင် အားလုံး ပြည့်စုံ သွားမယ်ထင်ပါတယ်...။

အဲဒီကားမှာ အဓိက သရုပ်ဆောင်ကတော့ ဇင်ဝိုင်း နဲ့ မေသန်းနု ပါ...၊ နောက် ထွန်းထွန်းနိုင် လား မသိဘူး.. မေသန်းနု ရဲ့ ကျေးဇူးရှင် ဆရာလုပ်တာ..၊ ထွန်းထွန်းနိုင် နဲ့ မေသန်းနု တို့ မင်္ဂလာဆောင်တာ အဲဒီ မြို့တော်ခန်းမ (၁) မှာပါ.. ဇင်ဝိုင်း က သူ့ ချစ်သူ နဲ့ သူ့ ဆရာ အတွက် မင်္ဂလာဆောင်မှာ ဓါတ်ပုံ ရိုက်ပေးခဲ့ တာပါ...၊ အဲဒီ ရုပ်ရှင်ထဲမှာ ပါတဲ့ မင်္ဂလာဆောင် အခန်းကို ရိုက်ဘို့ အတွက် ကိုဇော်မြင့် ဟာ ရုပ်ရှင် ကန်တော့ပွဲ အခန်းအနား ကို တကယ့် မင်္ဂဆောင် တခုလို ရိုက်ခဲ့တာပါ..။

အကျွေးအမွေး က စပြီးတော့ .. စားပွဲပေါ်က ပန်းအိုး ထဲမှာ ထိုးဘို့ ပန်း က စပြီးတော့  ပွင့်လုဆဲဆဲ ပန်း ကလေး တွေကို ...ပန်းခြံ မှာ ဘွတ်ကင် လုပ်ထားခဲ့တာပါ (အဲဒီခေတ်က အခုလို ပန်းမပေါသေးပါ .. ပန်းများ ရှိပေမဲ့ စိတ်ကြိုက်ရအောင် လို့ လို ပြောပါတယ်)... တီးဝိုင်းကလည်း နံမည်ကျော် မြို့မ တီးဝိုင်းပါ.. ၊ မင်္ဂလာ မောင်မယ်တွေ ခန်းမ ထဲ စဝင်တဲ့ အချိန်မှာ ဆိုတဲ့ သီချင်းကိုလည်း မြို့မ က အဆိုတော် ... ဆိုထား ပါတယ်..။

အပေါ်ဆုံးမှာ ပါတဲ့ ကဗျာလေး ရယ် နှုတ်ခမ်း ရာ ကလေး ရယ် နဲ့ ရောက်ရှိလာတဲ့ ဖိတ်စာ ကလေး က စပြီး တော့ တကယ်ကို လွမ်းမောဖွယ် ကောင်းလှပါတယ်...၊ ကိုဇော်မြင့် ဒီကားကို ရိုက်တာကတော့ သူတို့ တက္ကသိုလ် တက်စဉ်က Trip ထွက်ခဲ့ တဲ့ ကျောင်းသားဘဝ ပုံရိပ် ကလေး တွေ နဲ့ လူငယ် တွေ ကို သိတတ် ယဉ်ကျေး စေချင်လို့နဲ့ မန္တလေး မင်္ဂလာဆောင်တွေ သဘာဝ ကို ပြချင် လို့ ဒီ ကားကို ရိုက်ခဲ့ တာလို့ ကြားဘူး ပါတယ်...။

အင်း ရွှေစင်ဦး တို့ ဒီလို ပွဲမျိုးကို ဘယ်အလွတ်ပေး ပါမလည်း.. သေသေချာချာ သွားခဲ့တာပေါ့ဗျာ... ကျွေးတဲ့ မုန့်တွေတော့ သေချာ မမှတ်မိတော့ ပါ..၊ မန္တလေး မှာ ရတဲ့ အကောင်းဆုံးတွေ ဖြစ်မှာ သေချာ ပါတယ်...၊ လဘက် ကတော့ အရီးတောင်း ဘဲထင်ပါတယ်...။

အစ- အဆုံး ပွဲပြီးသည် ထိ ဒဏ္ဍာရီ ထဲမှာ မြောပါ ခံစားပြီးတော့မှ ပါဝင်ဆင်နွဲ ခဲ့ပါတယ်...၊ အခု ရေးပေးခဲ့ တာလည်း ကျနော် တို့ မန္တလေး မင်္ဂဆောင်တွေ အကြောင်းရေးတဲ့ အခါမှာ အမှတ်တရ ဖြစ်သွားအောင် ရေးပေးခဲ့ တာပါ..။

ဒဏ္ဍာရီ ရုပ်ရှင် ရိုက်ခန်းလေး ကြည့်ပြီး တကယ် ဘဲ ဒဏ္ဍာရီ မင်္ဂလာဆောင်လေး က ပြန်လာခဲ့ပါတယ်...။

 ဤ တွင် ဒဏ္ဍာရီ ပြီး၏

တလက်စထဲ မန္တလေး မင်္ဂလာ ဆောင်တွေ မှာ ကျွေးတဲ့ မုန့် တွေ အကြောင်း ဆက်ရေးပေးပါ မယ်...၊ ကျနော် တို့ မန္တလေး မင်္ဂလာဆောင် တွေ မှာ လဘက် မပါရင် မဖြစ်ပါဘူး..၊ အရီးတောင်း ကို မှ ဘလက်အုပ် အမျိုးမျိုး ခွဲထားပါတယ်.. တချို့ မင်္ဂလာဆောင်တွေ ဆိုရင် လဘက် အသား ကို က ၃မျိုး လောက် ပါပါတယ်.. ။

ဇယန်းနှပ်..... ချဉ်စပ်.... ကြက်ခြေနီသုတ်... ဒညင်းသီးလဘက်.... လို မျိုးပါ...၊ နောက် လွန်ဆံ (ဖရုံစေ့ လိုမျိုး)၊ နောက် ကိုကြီးကျောက် ပြောတဲ့ တွင်းပိုး မဲမဲ လေးတွေပါ.. (အဲဒါမျိုး က အထူးပွဲတွေ မှ ပါ ပါတယ် ..) ပုဇွန်ခြောက် မှုံကတော့ လဘက်အုပ် တိုင်း မှာ ပါ ပါတယ်...၊ ကျနော် ကတော့ မင်္ဂလာဆောင် တခုသွားရင် ရေခဲမုန့် လဘက်ရည် မုံ ဆိုတာမျိုး တွေ မစားချင်ပါ ... ၊ လဘက်ယွန်းအစ် ကလေး သာ မျက်စောင်းထိုးပါတယ်... တဝိုင်းမှာ တအစ် မက ပါဘူး လိုသလို ချပေးပါတယ်... လဘက်များ ကောင်းလို့ ကတော့ မင်္ဂလာဆောင် မှာ ကြာကြာ နေပြီး ... အသစ် တပွဲ တောင် ထပ်ချ ရတဲ့ ထိ စားပစ်လိုက်ပါတယ်...။ 

အခု.. နောက်ပိုင်း မန္တလေး မှာ ခန်းမ အသစ်တွေ တိုးလာပါတယ်.. ဆီဒိုးနား ဟော်တယ် တို့  အိုရီရင်တယ် ဟောက်စ် တို့မှာ အဆောင်များပါတယ်...၊ ဆီဒိုးနား ကတော့ တကယ့် ကိတ်မုံ တုံးနဲ့ ရေခဲမုန့် နဲ့ ဥရောပ အစားအစာ တွေကျွေးပါတယ်..။

အိုရီရင်တယ် ကတော့ ဘာမုန့်မှန်း မသိ (ကြက်ဥ နဲ့ ပေါင်မုံကြော် ထင်ရတဲ့ ခပ်သေးသေး တပြား.၊ ကောက်ညှင်း တတုံး..၊ ဝက်သား ကြိတ်ထားတဲ့ အလုံးတလုံး.. ပုဇွန် အမြီးလေး ကော်မှုန့် ကပ်ထား တာလေး တခု ငါးဖယ် လုံး တလုံး) နဲ့ တခြား ဘာမသိညာမသိ လေး တွေပါ.. ကျနော် တို့သွားတာ တော့ အိုရီရင်တယ်ဟောက်စ် အသွား များပါတယ် ။

တယောက်စာ ပန်းကန်ပြားလေး တွေ နဲ့ ချပေးပါတယ်...၊ မဝရင် မရှက်ရင်တော့ ထပ်တောင်း လို့ ရပါတယ်..၊ အရင်ခေတ် ကနဲ့ တော့ နဲနဲ ကွာသွားတာပေါ့ ... လိုက်ပွဲမလာတော့ဘူး.. မုံတန်ဘိုး ကလည်း ကွာသွားမှာ ကိုးဗျ...၊ ပြီးတော့ ရေခဲမုန့် အကျွေးများပါတယ်..၊ မန္တလေး ကလည်း ပူတာကိုး..၊ ရေခဲမုန့် ကလည်း အဆင့် အတန်း အမျိုးမျိုး ရှိပါတယ်..။

ကျနော် ကတော့ အလကား စားရပေမဲ့ သိပ်ကောင်းမှ စားပါတယ်...၊ သိပ်မကောင်း ရင် ချစ်ချစ်ကြီး အပို စားပေါ့... မုန့်ကလည်း ပုဇွန်ကြော် တမျိုးလောက်ဘဲ စားပါတယ်.. ဘာမသိ ညာမသိ တွေ သိပ် မစားပါ...၊ လဘက် ကိုဘဲ စားပါတယ်....၊ လဘက် အစ် ကတော့ အခုထိ မပြောင်းမလဲ ပါမြဲ ပါဗျာ...။

မန္တလေး မင်္ဂလာဆောင် တွေမှာ တော့ မတွေ့ရတာကြာတဲ့ သူငယ်ချင်း မိတ်ဆွေတွေ နဲ့ စကားဝိုင်းဖွဲ့လို့ ကိုယ် ထိုင်ချင်သလောက်ထိုင် ပြီး စားချင်သလောက်စားပြီး ပြန်ကြတာ များပါတယ်ဗျာ..။

ကျနော် အခုရေးတာ အကြောင်းအရာ ကို အကြမ်းဘဲ ရေးထားတာ ပါ ..၊ တချို့ အချက်အလက် နဲ့ နေရာ အတိအကျ တွေ မပါ ပါဘူး..၊ မင်္ဂလာ ဆောင်ကျင်းပတဲ့ တခြားနေရာတွေ လည်း အများကြီး ရှိပါတယ်.. ကျနော် သွားလေ့ရှိတဲ့ နေရာကိုသာပြောတာပါ.. နောက်ပိုင်း မင်္ဂလာ ဆွမ်းကျွေး တွေကိုတော့ ဘုန်းကြီး ကျောင်းတွေ သာသနာ့ တက္ကသိုလ် တွေမှာ လည်းလုပ်ပါတယ်.. မိဘမဲ့ ဂေဟာ မှာလည်း ကျွေး ပါတယ်..။

ဒါတွေကတော့ ကျနော် သွားလေ့ ရှိတဲ့ မင်္ဂလာဆောင် တွေလေးတွေ အကြောင်း နဲနဲ ပါးပါး ရေးပေး ထားတာပါ..၊ ပြည့်စုံမှု့ မရှိ ပါဘူး.. ကျနော် သိသလောက် မန္တလေး မင်္ဂလာဆောင် ပုံရိပ်လေး တွေပါဗျာ...။

ဒဏ္ဍာရီ ရုပ်ရှင် နဲ့ ပါတ်သက်လို့ လည်း ကျနော် ရေးထားတာတွေ ဟာ ကျနော့် မှတ်မိသလောက် အသိ တွေပါ.. သိပ်ကြာသွားတော့ မေ့လည်း မေ့သွားပါတယ်.....၊ Data တွေလည်း ရှာရခက်သွားပါတယ်....၊  နောက်ပြီး အပေါ်ဆုံးမှာ ရေးထားတဲ့ ကဗျာလေး ပိုင်ရှင် ကဗျာဆရာ နံမည်လည်း မမှတ်မိတော့ပါ..။

ဖိတ်စာလေး မှာ ကဗျာလေး နဲ့ နှုတ်ခမ်း အရာလေး ပါတာဘဲ မှတ်မိပါတယ်..၊ ကဗျာလေး တောင် ကျနော် ကြိုက်လို့ မှတ်မိသလောက် ရေးထားတာပါ.. ဖိတ်စာ လိုက်ရှာ တာလည်း မရပါ...၊ သိတဲ့ သူများ comment  မှာ ရေးထားနိုင်ပါတယ်.. ကျေးဇူးပါ..။

ပုံကို Google မှ ယူပါ၏....။ ဒဏ္ဍာရီ သီချင်း လင်ခ် လေး တွေ့လို့ထဲ့ပေးလိုက်ပါတယ်..ဒီမှာပါ...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

26 comments:

Anonymous said...

INTERESTING!!!!!

I missed Mandalay and Letphet after reading your post.

Any way, i also like the food from Oriental House.

Thank you.


Ray

Min said...

I think Tun Tun Naing instead of Nay Aung

အင်ကြင်းသန့် said...

မမရွှေစင်...ညီမလေးက ရုပ်ရှင်ကြည့်ရတာကို ၀ါသနာသိပ်မပါပေမယ့် ကြည့်ဘူးခဲ့သမျှကားတွေထဲမှာ သိပ်ကို ကြိုက်လွန်းလို့ ပြန်ကြည့်တိုင်း ဘယ်တော့မှ မရိုးတဲ့ ကြည့်မိတိုင်းလည်း စိတ်ထဲမှာဆို့နင့်နေအောင် ခံစားရတဲ့ကားတွေထဲမှာ ဒဏ္ဍာရီ ကလည်း တစ်ကား အပါအ၀င်ပါပဲ... လူငယ်တွေ ဖြစ်ကြပေမယ့် အသိစိတ်ဓါတ်တွေနဲ့ နှလုံးသားရဲ့ အလိုဆန္ဒကို ထိန်းချုပ်နိုင်ခဲ့တဲ့ ဇင်ဝိုင်းနဲ့ မေသန်းနုတို့ရဲ့ သရုပ်ဆောင်ချက်တွေကို အရမ်းကြိုက်တယ်... (ဒါနဲ့ ညီမလေးက ဆရာလုပ်တာတော့ မဟုတ်ဘူးနော်...လွဲနေတာလေးတွေတွေ့လို့ နဲနဲပြင်ပေးခဲ့တယ်... မေသန်းနုနဲ့ လက်ထပ်တဲ့သူက ဇင်ဝိုင်းမဟုတ်ဘူးရယ်...ထွန်းထွန်းနိုင်ပါ...ပြီးတော့သူက ဇင်ဝိုင်းရဲ့ ကျေးဇူးရှင်မဟုတ်ဘူး...မေသန်းနုရဲ့ ကျေးဇူးရှင်...ဇင်ဝိုင်းအစ်ကိုအဖြစ်သရုပ်ဆောင်တဲ့ ဟိန်းစိုးရဲ့ သူငယ်ချင်းပါ...ဘာရယ် မဟုတ်ပါဘူး မမရွှေစင်က ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး data တွေရှာရခက်ကုန်ပြီး မေ့သွားတယ်..သိတဲ့သူများ comment မှာရေးထားနိုင်ပါတယ် ဆိုလို့ပါ..... :))))

ချစ်ညီမလေး

SHWE ZIN U said...

ထွန်းထွန်းနိုင် ထင်ပါတယ် ကျနော် ပြင်ထားလိုက်တယ်ဗျာ

ကျေးဇူးပါ
ရွှေစင်

ဇော်သိင်္ခ said...

ဆရာမရေ.. အခုနောက်ပိုင်း တချို့ ခန်းမတွေမှာဆောင်တဲ့ မင်္ဂလာဆောင်တွေရဲ့ လက်ဖက်တွေက အရင်တုန်းကလို မကောင်းတော့ဘူးနော်.. ဘုန်းကြီးကျောင်းတို့ သာသနာ့ တက္ကသိုလ်ထဲ တို့ ဆောင်တဲ့ မင်္ဂလာဆောင်တွေကမှ မဆိုးဘူးနော်.. နသုဒ္ဓါ တို့ ကြက်ဆီထမင်းတို့ ကျွေးပြီးတော့ အမြည်းအနေ့ ကျောက်ကျောတို့ လိမ္မော်သီးတို့ အပြင်ကို တခြား မုန့်လေးတွေ ပါသေးတယ်နော်..အဲဒါမှ ကောင်းသေးတယ်..

kiki said...

မန္တလေး မင်္ဂလာဆောင်တော့ တခါမှ မသွားဖူးဘူး ။ လက်ဖက်တော့ကြိုက်တယ် ။ လိုက်ပွဲ ထပ်တောင်းလို့  ရတယ် ဆိုလို့  သွားကြည့်ချင်လိုက်တာ မရွှေစင် ရယ် ..း))
ဒါပေမဲ့ ခု ရော ဆိုးဆေး လက်ဖက်တွေ ရှိနေသေးလား မသိဘူး နော် ...

ချိုကျ said...

မန္တလေးမှာ တစ်နှစ်လောက်တော့ နေခဲ့တယ်ဗျ။ ပြန်လိုက် သွားလိုက်နဲ့ဆိုတော့ ဘယ်မင်္ဂံလာဆောင် မှရောက်ဖူးဘူးဗျ။ သိရတဲ့အတွက်ကျေးဇူးပါပဲ...

မောင်မောင် said...

မရွှေစင်ဦး ကမင်္ဂလာဆောင် တွေ ကို အတော် စိတ်ဝင်စားစွာ နဲ့ မှတ်တမ်းတင်ထားတယ်နော်။
ဗဟုသုတ အများကြီး ရပါတယ်။
ရုပ်ရှင် နဲ့ ပက်သက်လို့ သိပ်မကြည့်ဖြစ်လို့  ဘာမှသိပ်မသိပါခင်ဗျ။

အားပေးနေတဲ့ စာဖတ်ပရိတ်သတ်
မောင်မောင်

Anonymous said...

အဲဒီဇင်ဝိုင်းနဲ့ မေသန်းနုလား ခင်သန်းနုလားမသိဘူး
မမစိမ်းဆိုပြီး ကားတစ်ကားလည်းနာမည်ကြီးခဲ့ သေးတယ်
ဒါပေမယ့် ကျော်ဟိန်းနဲ့ ခင်သီတာထွန်း တို့ ပါဝင်ခဲ့ တဲ့ 
မျက်ရည်စိမ်း ဆိုတဲ့ ကားကိုပိုကြိုက်တယ်ဗျာ...
လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပါပဲ...
ငယ်ဘ၀ အမှတ်တရလေးတွေပေါ့...

မောင်မိုး said...

ဒဏ္ဍာရီကတော့ ငယ်ငယ်တုန်းကတစ်ခါကြည့်ဖူးတယ်။ သိပ်မမှတ်မိတော့ဘူး။ မန္တလေးမင်္ဂလာဆောင်မျိုးတော့ ကြုံဖူးချင်သေးသဗျာ။ လဘ္ဘက်ကြိုက်လို့ပါ။

sosegado said...

ကိုဇော်မြင့် ဟာ ရုပ်ရှင် ကန်တော့ပွဲ အခန်းအနား ကို တကယ့် မင်္ဂဆောင် တခုလို ရိုက်ခဲ့တာပါ. ဆိုတာ ကိုဇော်မြင့် ထက် ဒါရိုက်တာမောင်တင်ဦးက စီစဉ်တာလို့ထင်တယ်။ ကျနော် ညီမလေးလည်း အဲဒီ ထဲမှာပါတယ်၊ သူလည်း ခလေးဆိုတော့ သူပုံတွေ ရုပ်ရှင်ထဲပါမယ်ထင်နေတာ။

SHWE ZIN U said...

ကိုဆိုဆီ ရေ

ဒါရိုက်တာမောင်တင်ဦး စီစဉ်တာလည်း ပါမှာ ပေါ့လေ..

ဒါပေမဲ့ ခန်းမ (၁) လို နေရာမျိုး မှာ တကယ်ကို တခမ်းတနား ရိုက်ဘို့ဆိုတာ ထုတ်လုပ်သူ ကိုဇော်မြင့် ရဲ့ မန္တလေး ယဉ်ကျေးမှု့ ကို ထုတ်ဖော်ချင်တဲ့ ဆန္ဒ နဲ့ ငွေကုန် ကြေးကျ ခံပြီး ရိုက်နိုင်မှု့ က ပိုလို အဓိက ကြမယ်ထင်ပါတယ်..

နောက်ပြီး ကိုဇော်မြင့် ရဲ့ အနှပညာ နဲ့ မန္တလေး ကို ချစ်မြတ်နိုးမှု့ ကလည်း တော်တော်ပြင်းထန် တယ်လို့ သိရပါတယ်...

ခင်မင်တဲ့
ရွှေစင်

kay said...

ဆယ်ကျော်သက်က..အရူးအမူး ကြိုက်ခဲ့တဲ့.. ရုပ်ရှင်လေး တခု ပါပဲ..။ အခုလို မန်းလေး နောက်ခံ..မန်းသူ မန်းသား တွေ ကိုယ်တိုင် ပြောပြတာ ဖတ်ရတော့.. ပို ကောင်းတယ်.. ။ မန်းလေး တက္ကသိုလ်က..လှေခါးကြီးတွေကို..တခါပဲ တက်ခဲ့ဖူးလိုက်တယ်။

နောက်.. မောင်တင်ဦး..ဆက်တိုက် ရိုက်ခဲ့တာတွေ...မမစိမ်း လည်း ကြိုက်တယ်။

မြစ်ကျိုးအင်း said...

ဧကန္တတော့ မရွှေစင်တို့ မင်္ဂလာနှစ်ပါတ်လည် ပြန်လုပ်ဖို့ စီစဉ်နေပုံပဲ။ အားပေးတယ်အစ်မး)

အခုခေတ် မြို့ပေါ်မှာ ဆောင်တဲ့ မင်္ဂလာဆောင် တွေက စားရတာ မစို့မပို့နဲ့။ နယ်ဘက်တွေများ ဒန်ပေါက် ရေခဲမုန့် အအေး တွေနဲ့ ဗိုက်တင်း အောင် စားရတယ်

မေဓာဝီ said...

ဒဏ္ဍာရီ ဇာတ်ကားကို အရမ်းကြိုက်ခဲ့တာ။ အဲဒီဇာတ်ကား ပြပြီးနောက်ပိုင်း တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ မေဂျာလိုက် ပုဂံခရီးထွက်တာ ခေတ်စားသွားတယ်။ ကျမတို့လဲ အပါအ၀င်ပေါ့။ နှစ်တိုင်းကို လိုက်တာ။
ကဗျာလေးကို ကျမ စိတ်ထဲ စွဲနေတာက ...
ချစ်သူနှုတ်ခမ်း
လွမ်းလို့ နမ်းသော်
နမ်းရာ မထင်
လွမ်းရာထင်လို့
ရင်မှာ ငြိပြီ
ဒဏ္ဍာရီ ... ပါ။
တလုံး တလေပဲ မရွှေစင်နဲ့ လွဲပါတယ်။
ဘယ်သူရေးတာလဲ မသိပေမဲ့ အရမ်းနှစ်သက်ခဲ့ပါတယ်။
ကိုမောင်မောင်ရေးတဲ့ ဒဏ္ဍာရီသီချင်းကိုလည်း ကြိုက်လွန်းလို့ ဂစ်တာနုတ်စ်တောင် ခုထိ သိမ်းထားပြီး ဒီထိအောင် ယူလာပါတယ်။ တီးလုံးလေးကလဲ အရမ်းနူးညံ့တယ်၊ စကားလုံးတွေကလဲ အရမ်းကောင်းတယ် ... ။
"ဆုံတွေ့ကြစဉ်ခဏ လှေကြုံအတူ ခရီးသွားဧည့်လို ဘ၀တနေရာ လောကဇာတ်ထဲ" ဆိုတဲ့ စာသားလေး တအားကြိုက်တာ။
အဲဒီဇာတ်ကားထဲက ဇာတ်ဝင်တေး အားလုံးကို ကြိုက်တယ်။
မေသန်းနုရေလောင်းရင်း ဆိုတဲ့သီချင်းက "ရွာမယ်ဆိုရင်လေ"။ နောက်ပြီး ပန်းချစ်သူ သီချင်း ... အရမ်းကြိုက်တယ်။ အဆောင်ရှေ့မှာ သွားဆိုကြတဲ့သီချင်း နဲ့ ပျော်ပွဲစားထွက်ရင်း ကားပေါ်မှာ ဆိုတဲ့သီချင်းတွေ ... နာမည်တွေတော့ မေ့ကုန်ပြီ။ ဆိုတာက ခင်မောင်တိုး တယောက်ထဲ မဟုတ်ဘူး တခြားလူတွေလဲ ပါသေးတယ်။ ခင်မောင်တိုးရဲ့ ဒဏ္ဍာရီသီချင်းများဆိုပြီး အခွေထွက်တယ် ထင်တယ်။
မရွှေစင်လုပ်တာနဲ့ ဒဏ္ဍာရီလေးကို ပြန်သတိရပြီး လွမ်းလိုက်တာ။ ပုဂံဘုရားတွေလဲ တခေါက်လောက် ထပ်ဖူးချင်သေးတယ်။
အဲ ... အဲဒီဇာတ်ကားထဲ ဒိုင်ယာလော့ဂ် တခုမှားနေတာ သတိထားမိတယ်။ မေသန်းနု သူငယ်ချင်းတွေက ပျော်ပွဲစားလိုက်ဖို့ မေသန်းနု အမေကို လာပြောတဲ့ အခန်းမှာ မေသန်းနု အမေက ကောင်မလေးတွေ ကြည့်ကွက် ကြည့်ကွက်နဲ့ ဘာဖြစ်နေတာလဲ ဆိုပြီး ပြောတာ။ ကွက်ကြည့်ကွက်ကြည့်ကို မှားပြောမိတာ ထင်တယ်။ အဲဒါလေးလဲ မှတ်မိနေပါကြောင်း။

ကိုအောင် said...

စာတွေ ဖတ်လို့ကောင်းတယ်၊ ကျောင်းသားဘ၀ဟာ လွမ်းစရာအများသာ။

Anonymous said...

ချစ်သူ နှုတ်ခမ်း
လွမ်းလို့...နမ်းသော်
နမ်းရာမထင်... လွမ်းရာထင်ပြီ
ရင်မှာငြိပြီ... ဒဏ္ဍာရီ

မဟုတ်ဘူးလားဟင်.

Anonymous said...

ချစ်သူနှုတ်ခမ်း
လွမ်းလို့ နမ်းသော်
နမ်းရာ မထင်
လွမ်းရာထင်လို့
ရင်မှာ ငြိပြီ
ဒဏ္ဍာရီ ...

အရမ်းကြိုက်တယ်..ကဗျာရယ်..သီချင်းရယ်..ဒါပေမဲ့ဆွေးတာတွေသိပ်မကြိုက်တော့..အဲ့ဒီထဲက
မိုးရွာမယ်ဆိုရင်လေ.....
ပျော်မယ်..ပျော်မယ်..ခုညလေးမှာ..မပြေလည်တာတွေမေ့လို့ထားမယ်...အဲ့သီချင်းတွေတအားကြိုက်

မြတ်နိုး

Flower said...

ဒါကြောင့် မြို့မှာမင်္ဂလာမဆောင်ချင်တာ
မ၀တ၀လေး မကျွေးချင်လို့လေ
ဒါကြောင့် ရွာမှာဆောင်မယ်
မရွှေစင်တို့ မဖြစ်မနေလာရမယ်သိလား
ထော်လာဂျီလွတ်လိုက်မယ်နော်
အကြိုထောက်ဖို့လေ

ရွှေရတုမှတ်တမ်း said...

ကိုကြီးကျောက်လဲ မင်္ဂလာဆောင်ရင် သတို့သားအရံကို
ကိုမင်းနောင်၊ သတို့သမီးအရံကို မာမာအေးနဲ့ စီစဉ်ထားတာပဲ.. အကြွေးအမွေးကတော့ ဆူဆူညံညံရှိအောင် ပဲကြီးလှော် အဝစားကြွေးရရင် ကောင်းမယ်ထင်တယ်

ပန်းခရမ်းပြာ said...

မရွှေစင်ရေ .. အမြဲ လာဖတ်ဖြစ်ပေမဲ့ ခုမှပဲ ကွန်မန့် ရေးဖြစ်တယ်။ ကျမ အရမ်းကြိုက်တဲ့ ဒဏ္ဍာရီ ဖြစ်နေတာကိုး။ ဇာတ်ဝင်ခန်း ရိုက်တဲ့ အကြောင်း သိရလို့ ကျေးဇူးပါ။
ကဗျာလေးကိုလည်း ဘာကြောင့်မှန်း မသိ စွဲလမ်း နေမိတုန်းပဲ။
မှတ်မိနေတာကတော့ ....

“ချစ်သူ့ နှူတ်ခမ်း .... လွမ်း၍ နမ်းသော် ....
နမ်းရာ မထင် .... လွမ်းရာ ထင်သည် ....
ရင်မှာ ငြိပြီ .... ဒဏ္ဍာရီ....”

http://pan-khayan-pyar.blogspot.com/2008/05/dan-dar-yi.html
ဒီမှာလည်း ရေးခဲ့ဘူးသေးတယ်။

မချို (ပန်းခရမ်းပြာ)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ရွှေစင်..

မန္တလေးက မင်္ဂလာဆောင်တွေတော့ မတက်ဘူးဘူး။ ရန်ကုန်မှာတော့ သွားဘူးတယ်။ စားရ..သောက်ရတာ အားမရပါဘူးဗျာ။
ကျုပ်တို့ အညာမှာလို ထမင်း အ၀တီး လိုက်ရမှ အားရတာဗျ.....
လဘက်ကတော့ ကြိုက်တယ်ဗျို့...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Mamoonn said...

မင်္ဂလာဆောင်တွေ သွားတာနည်းတယ် မမရေ..
မန္တလေး မင်္ဂလာဆောင်တော့ သွားကြည့်ချင်ပါသေးတယ်..

ဆောင်း said...

ညီမရွှေစင်ရေ မန်းမင်္ဂလာဆောင် အကြောင်းရေးပြတာ အဆန်းတကြယ်ပါဘဲ။ ချောကလည်း မင်္ဂလာဆောင်မယ် ဆိုတော့ ဒို့ကိုဖိတ်နော် မဖိတ်ရင် ရွှေစင်က မင်္ဂလာနစ်ပတ်လည် ဆိုပြီးပြန်ဆောင်။ မန်းကိုလာခဲ့မယ်။
ကိုဇော်သိင်္ခ က နသုဒ္ဓါ ဆိုပြီး ရေးခဲ့တယ်။ အဲဒါ ဘာမုန့် တုန်း... ခက်တော့တာဘဲနော် သိချင်တာ များပီ

Anonymous said...

မအယ်လည်း အဲ့ရုပ်ရှင်ကြိုက်တယ်။

မန်းလေး မင်္ဂလာဆောင် ရောက်ဖူးတယ်။
မရွှေစင်ရေးမှ မအယ်လည်း ကိုယ်ရောက်ဖူးတဲ့ မင်္ဂလာဆောင်တွေ တန်းစီ သတိရတော့တယ်။

အရပ်ဒေသနဲ့ လူမျိုးပေါ်လိုက်လို့ ဘာသာပေါ်လိုက်လို့ မတူကြဘူး အမျိုးမျိုးပဲ။


မအယ်

သက်ဝေ said...

ဒဏ္ဍာရီ အကြောင်းလေးဖတ်ရတော့ ကျောင်းသားဘဝကို သတိရသွားတယ်... တကယ်ကောင်းတဲ့ ရုပ်ရှင်လေးပါ...။

အဲဒီရုပ်ရှင်ကြည့်ပြီးတော့ ခြံထဲက သစ်ပင်လေးတွေ ရေလောင်းရင် မေသန်းနုဆိုတဲ့
မိုး... ရွာမယ်ဆိုရင်လေ... သီချင်းလေးဆိုခဲ့မိတာ သတိရသွားသေးတယ်... ငယ်ငယ်တုန်းထဲက ပေါတောတော အူကြောင်ကြောင်မှန်း သိသာလိုက်တာနော်...း))