Saturday, June 30, 2012
ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၅)
မစ္စတာဂလန်ဒန်နင် က သူကောင်းပြုသည့်သဘောဖြင့် မဲလ်ဘုန်းပဲ့တင်သံ ညနေသတင်းစာတိုက်တွင် သူ့ကို အလုပ် ခန့် သည်။ ကောင်းစားချင်သည့် ဇောကပ်နေ၍ စမစ် လုပ်ငန်း အတက်မြန်သည်။ သုံးနှစ်အတွင်း စီမံ ခန့်ခွဲရေး မှူး ဖြစ်လာသည်။
>>>ဆက်ဖတ်ရန်>>> >>
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၉)
ထိုအခါများတွင် အတော့်ကိုစိတ်မချမ်းမသာဖြစ်တတ်ရ သည်။ သို့သော် ရုပ်ရှင်ပြီးခါနီးလောက်တွင် လသာဆောင်ပေါ် အသာတက်နှင့်ပြီး ရုံလွှတ်လျှင် သူများ နောက်မှ ကိုယ်က ဖြည်းဖြည်းလေး ဆင်းလာကာ လူတကာမြင်အောင် လူလုံးပြ ကြွားဝါဖြစ်အောင် တော့ ကြွားဝါ တတ်စမြဲပင်။ ရုံစောင့် ကို ဘောက်ဆူးပေးသည့် အကြောင်း ကိုမူ မည်သူမျှ အသိမပေး။
>>>ဆက်ဖတ်ရန်>>> >>
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၁ဝ)ဇာတ်သိမ်း
ထိုမယ်မျှင်သည် တူမချောစိန်ကို သံယောဇဉ်ကြီး၏။ သမီးငယ် ခင်ခင်လှ ငယ်စဉ်ကဆိုလျှင် ချောစိန် ထံသို့ ခင်ခင်လှကို ပို့ထားသည်။ သူမူကာ မောင်မောင်အေး တာဝန်ကျသည့်အရပ်နှင့် ရမ်းဘိုကုန်း ကို ခေါက်တုံ့ခေါက်ပြန် သွားနေ၏။ ယခုသော်ကား အစိုးရ စစ် လေးတန်း သို့ မောင်မောင်ကြီး ရောက်နေ သ ဖြင့် မယ်မျှင် လမ်းမသလားနိုင်တော့ပေပြီ။ မည်သို့ဖြစ်စေ ဦးကျန်ကြီး၊ မယ်ကြွယ်စိုး ကား ခမည်းခမက် ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ထက် အိုကံကောင်းသည် အပြော ခံ ရ၏။ သမက်နှင့် သမီးက "ဆိတ်နို့မုန့်" ဟု ခေါ်သော နူးညံ့သည့်မုန့်များပင် ဝယ်ပေးကြ သည်။ ရမ်းဘိုကုန်းတစ်ရွာလုံး နို့ဆီ နို့မှုန့် မမြင်ဖူးငြား၊ ဦးကျန်ကြီး၊ မယ်ကြွယ်စိုး တို့ဘေးတွင် နို့ဆီနှင့် နို့မှုန့် အမြဲတမ်ရှိနေသည်။ သို့ပါလျက် မယ်ကြွယ်စိုး ချူချာသည်။
ခေါင်းမနာ လျှင် ခြေနာသည်၊ ခြေမနာရလျှင် ခေါင်းနာသည်။ ခေါင်းနှင့် ခြေက ကောင်းနေလျှင် ခါးနာ သည်။ ထို့ကြောင့် မယ်ကြွယ်စိုး နေကောင်းချိန်မှာ ခပ်ရှားရှားပင်။
ကို ဆက်ဖတ်ရန်...........
(၁၀)
လဆန်း ဆယ့်လေးရက်နေ့၏ ငွေလပြည့်ဝန်းသည် လပြည့်နေ့ကို နှုတ်ဆက်သောအားဖြင့် အနောက်ဘက် ခင်တန်း သို့ ရွေ့ဆင်းနေ၏။ လှည့်စားထိုးထားပါလျက် မြည်ချင်နေသော နွားလှည့်လေးစီးသည် မလင်းတလင်း မမှောင့်တမှောင်တွင် စမ်းချောင်းတွင်းသို့ အပြေးဆင်းလာ ကြသည်။
ကုန်းပေါ် တွင် ခြေသွက်သွက်ဖြင့် ပြေးခဲ့သော နွားများသည် သဲပြင်နှင့် လှည်းဘီးနှင့် ထိလျှင်ထိ ချင်းတို့ ဆိုင်းသွားကြ၏။ တပေါင်းလပြည့်သို့ တိုင်ခဲ့ပြီးဖြစ်ငြား၊ ချောင်းရေသည် မခန်းသေး။ မဆိုစလောက်ကျန်သေးစေကာမူ၊ ရေစီးကြောင်းဖြစ်လျက်စီးဆင်းနေဆဲပင်။
"နွားတွေရဲ့ အမြီးကို ဆွဲထားကြနော်"
ရှေ့ဆုံးလှည်းမှ စတင်အော်သောအခါ နောက်လှည်းတွေကလည်း လိုက်လံအော်ဟစ်ကြသည်။
"နွားမြီးတွေခတ်ရင် လူကိုစင်သယ်နော်"
ချောစိန်လည်းချောအောင်လှအောင် ပြင်ဆင်ထား၏။ သို့ကြောင့် နွားမြီးခတ်တိုင်း မျက်နှာကို ရေစင်ပြီး အလှပျက်မခံနိုင်။ သို့ကြောင့် သူ့ဘက်ကနွား၏ အမြီးကိုလှမ်းဆွဲထားသည်။ လူက အဘယ်မျှပင် ဆွဲထားကိုင်ထား စေကာမူ သဲပြင်ထဲတွင်ရုန်းရသောအခါ နွားသည်အမြီးကို လှုပ်ခတ်၏။ သတိမရှိ လျော့ရိလျော့ရဲ ကိုင်ထားသူ၏ လက်ထဲက အမြီးလွတ်ထွက်သည်။ လှည်း ပေါ်ရှိ လူတွေကို အမြီးဖြင့် ရေဖျန်းပေးတော့ သည်။ ချောစိန်ဘက်သို့ ရေမှုန်တွေ ရောက်လာသည်။
"ဟဲ့ အေးသီ၊ နွားမြီးကို မြဲမြဲကိုင်မှပေါ့ဟဲ့"
"ကိုင်တော့ ကိုင်သာပဲတော့်၊ လွတ်ထွက်သွားတာ"
ချောစိန် တို့လှည်းသည် ကုန်းပေါ်သို့ တက်မိသည်နှင့် တအီအီတကျွီကျွီမြည်တော့သည်။
"ဦးဘမင်းကြီးက အပျင်းကြီးပြီး လှည်းစားမထိုးလို့ မြည်ပြီ။ ကိုးရေလျဉ်က အဝေးကြီးလိုသေး တယ်"
ချောစိန်က ဘမင်းကို အပြစ်တင်၏။
"ဟဲ့ လှည်းစား ထိုးထားပါသယ်ဟာ၊ ကုန်းတက်မို့ မြည်သာထင်ပါတယ်၊ တော်ကြာရင် ပျောက်သွားမှာပါ"
ဘမင်း၏ ဆင်ခြေ ကို ချောစိန်မကြားပါ။ ခြေကျင်သွားသော လူအုပ်ထဲသို့ လှမ်းကြည့်နေရသော ကြောင့်ဖြစ်၏။ သည်တပေါင်းလပြည့်နေ့ကား စည့်ဆွဲရွာအနီးရှိ ကိုးရေလျဉ်တောသို့ ရမ်းဘိုကုန်း တစ်ရွာတည်းက လာသည် မဟုတ်။ ကုတင်ကြီးစုနှင့် ရမ်းဘိုကုန်းနှစ်ရွာတည်းမှ လာသည်မဟုတ်။ ရွာပေါင်းစုံ ရပ်ပေါင်းစုံမှ လာကြ သည်။ သို့ကြောင့် ခြေကျင်သမားများ ပြည့်နေ၏။ လှည်းတွေက လည်းဖုန်တထောင်းထောင်း၊ တအီအီဖြင့် ညံနေ၏။
လှည်းတစ်စီးသည် ချောစိန်တို့လှည်းကို ကျော်တက်ရန်ညာသံပေးလျက် အပြင်းမောင်းလာသည်။ ဤသည် ကို ချောစိန်မကြိုက်။
"ဦးဘမင်း မောင်းမောင်း၊ ကျော်တက်တော့မယ်"
ဘမင်း ကလည်း ဤကဲ့သို့သော အပြုအမူကို သည်းမခံ။ "ဟဲ့ဖေ့သားကြီတွေ"အော်ကာ နှင်တံကို ၀င့်သည်။ ကျွီခနဲ ကျွီခနဲ လိမ့်နေသော လှည်း သည် ချက်ချင်းမြည်သံပျောက်ပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်း ဆောင့်ပြီး ပြေးတော့ သည်။
"ဟေး ရှက်ပါသယ်ဟေ့"
ချောစိန်ခေါင်းဆောင်ပြီး အော်ခြင်းဖြစ်၏။ သို့ရာတွင် သူကကျောပေးပြီး အောသော်ငြား၊ သူ့အဖော်တွေက လက်ညှိုး ထိုးပြီးအော်သည်။ ထိုအခါ ကျော်ရန်ကြိုးစားမှု မအောင်မြင်သော လှည်းက ညာသံမပေးဘဲ အပြင်းမောင်း လာ၏။
"ဦးဘမင်း မောင်းမောင်ား၊ ဟိုလှည်းက ကျော်တက်တော့မယ်"
"လမ်းမကောင်းဘူးဟ၊ နွားတွေ ပခုံးပေါက်ကုန်မယ်၊ ကျော်ပါစေဟာ"
"အလကား ဦးဘမင်းကြီး"
ချောစိန် မကျေမနပ်အော်သည့်နည်းတူ ချောစိန်၏အဖော်တွေကလည်း ဘမင်းကိုး ၀ိုင်းဝန်းရှုတ်ချ ကြ၏။
"အလကားလူကြီး၊ ကြောက်အီးကြီး"
သို့သော် ချောစိန်တို့လှည်းကို ကျော်တက်ရန်အတွက် အပြင်းမောင်းလာသော လှည်း သည် ချောစိန် တို့လှည်းနှင့် ဘေးချင်းအယှဉ်တွင် လှည်းနားစောင့်ကျွတ်ကာ ဘီးတစ်ဖက် ပြုတ်လျက် တုံးလုံးကြီး ဖြစ်သွားလေ၏။
"ဟေး ရှက်ပါသယ်ဟေ့"
ထိုအချိန်တွင် လှည်းတစ်စီး အပြင်းမောင်းလာကာ၊ ချောစိန်တို့ လှည်းဘေးတွင် ရပ်၏။ လှည်းပေါ် မှမောင်မောင်အေး ခုန်ဆင်းလာ၏။
"ဒုက္ခရောက်သူကို မလှောင်ရဘူး၊ မပြောင်ရဘူးဟဲ့"
"ဟေ့ကောင် ဘမင်း၊ ဆင်း ဆင်း"
မောင်မောင်အေးပြောသောကြောင့် ချောစိန်တို့ လှည်းပေါ်မှ "လက်ပံပင်ဆက်ရက်"များ ငြိမ်ကျ သွား၏။ ဘမင်းလည်း လှည်းပေါ်မှ ခုန်ဆင်းကာ ဆီးပြုတ်သွားသောလှည်းထံ ပြေးသွား၏။ ထိုလှည်းမှာ လူငါးယောက်သာပါသဖြင့် လှည်းနားစောင့် ပြုတ်ကာ လှည်းဘီးကျွတ်သည်ကို မဖြုံ ပေ။ သို့ရာတွင် ၀င်ရိုးမှာ မူလကတည်းက နာနေခဲ့သည့်အတွက် အရေခွံလန်ကာ ကျိုးထွက်နေ ၏။
"ဟာ ဆရာလေး၊ အားနာစရာဗျာ"
လှည်းပေါ်မှလူများက မောင်မောင်အေးကို အားနာစကားဆိုကြ၏။
"ရွာထဲဝင်ပြီး ၀င်ရိုးဌားရ ကောင်းမလား"
"ကောင်းသယ်၊ သည်အကြံကောင်းသယ်"
သို့သော် ချောင်းဖြူရွာတွင်ရှိသော နွားလှည်းအားလုံးသည် ကိုးရေလျဉ်ကို သွားနေကြ၏။ အိမ်တွင် ကျန်ခဲ့သူများကလည်း လှည်းဝင်ရိုးအပို မည်သည့်နေရာတွင်ထားသနည်း မသိကြ။ ဤသို့ဖြင့် မောင်မောင်အေးတို့မှာ ရွာဦးမှာ ရွာဖျားသာရောက်၏။ လှည်းဝင်ရိုးငှား၍မရ။ မောင်အေးတို့မှာ ရွာဦးမှ ရွာဖျားသာရောက၏။ လှည်းဝင်ရိုးငှား၍မရ။
"ကိစ္စမရှိဘူး ဆရာလေး၊ နေပူမယ် သွားနှင့်ပါ"
မောင်မောင်အေးသည် ဘမင်းတို့လှည်းကို သွားနှင့်ရန် လွှတ်လိုက်ငြား သူမူ လှည်းကျိုးနှင့် ဆက်ပြီးနေခဲ့သည်။
မောင်မောင်အေးနေခဲ့ခြင်းမှာ ၀င်ရိုးအသစ်မလဲဘဲ လှည်းကို မည်သို့မောင်းမည်နည်း သိလိုသော ကြောင့်ဖြစ်သည်။ ဤသည်မှာလည်း အခက်ကြီးမဟုတ်ပါ။ ကျွတ်ထွက်သောဘီးကို လှည်းပေါ် တင်သည်။ သစ်ကိုင်းတစ်ကိုင်းရှာပြီး ဘီးနေရာတွင်ထောက်သည်။ လှည်းသည်ဘီးပါသောဘက် ဘီးလည်ပြီးရွေ့၏။ ဘီးမပါသောဘက်က တရွက်တိုက်ပြီးရွေ့၏။ သို့ရွာတွင် ထိုလှည်းသည် နောက်ကြောင်းပြန်၏။ လူအချို့ ထိုလှည်းဖြင့် ပြန်ပြီးပါသွားသော်ငြား အချို့ကား ကျန်နေခဲ့ရာ ထိုသူများကို မောင်မောင်အေးက သူ့လှည်းတွင် တင်လာသည်။
ကိုးရေလျဉ်သည် သဲကန္တရတွင်းက အိုအေစစ်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာဗဟုသုတခေါင်းပါး သော အရပ်ဖြစ်သောကြောင့် နတ်၏ တန်ခိုးဖြင့် စမ်းရေးစမ်းရေတွင်ပေါ်ပေါက်လာသည် ထင်ကြ ၏။ အလှူအတန်း ရှိလျှင် ကန်တော့ပွဲပေးကာ ရေတောင်းလျှင် ရေရသည်ထင်နေရှိကြ၏။
တောင်ဖျားအကျဆုံးက အုတ်ကန်ရေလျဉ်မြစိမ်းစမ်း။ ကံကော်ရေလျဉ်ဟုခေါ်ရခြင်းမှာ ကံ့ကော် ပင်တွေချည်း ပေါက်ရောက်သဖြင့် ဖြစ်ပေသည်။ ပုန်းညက်ရေလျဉ်ဆိုလျှင်လညး ပုန်းညက်ပင် တွေချည်း ပေါက်ရောက်သည်။ သို့သော် မောင်မောင်အေးတို့ရောက်ချိန်၌ ကိုးရေလျဉ်သည် ဆုတ်ယုတ်ပျက်စီးစပြုပြီ၊ နတ်ကြီးသည်ဆိုကာ မတို့ရဲ မထိရဲသောကြောင့် သစ်ရွက်ကြွေများဖြင့် မြေသြဇာကောင်းခဲ့သည်။ နှာင်းလူတို့ကား နတ်ကိုမကြောက်နိုင်ဘဲ ကိုးရေလျဉ်ကို ၀င်ရောက် ခုတ်ထွင်သည်။ စိုက်ပျိုးရေးလုပ်သည်။ တစ်ယောက် အဆင်ပြေသည်ကို မြင်ရသောအခါ နတ်မ ကြောက်သော နောက်လူများကလည်း တောတိုးကြပြန်သည်။ ကိုးရေလျဉ်သည် ဤသို့လျှင် စိုက်ပျိုးရေးသမားများကြောင့် အရိပ်အာဝါသ ပျက်စီးရသည်။ နောက်တစ်မျိုးကား သစ်ပင်တွေ ခုတ်ပြီး အုတ်ဖုတ်ခြင်းကြောင့် အရိပ်ရပင်များ လျော့ပါးသည်။ ဤနည်းဖြင့် နိမ့်ရာသို့စီးလာ သောစမ်းရေလည်း ဆုတ်ယုတ်တော့သည်။
သည်လူအုပ်တွင် ကိုဆေးရိုး ပါမလာငြား သူ့ဇနီးပါသည်။ သူ့သားနှင့်သမီးပါသည်။
မကျီးဒန်နှင့် မယ်မျှင် အမှူးပြုသူများသည် မောင်မောင်အေးကို "ဆပ္ပကျင်း"ရေလျဉ်မှ စောင့်ကာ၊ ထမင်းစားရန် အသင့်ပြင် ထားသည်။
"ဦးအေးရေ။ မောင်နှမကိုးယောက်။ အင်းဝသိုမာန်ဘွားရဲ့ ဘေးကြောင့် ပြေးလာခဲ့ရာက သည်တောအရောက် မှာ အမောဆို့ပြီးကွယ်လွန်ရာက သည်တောအရောက်မှာ အမောဆို့ပြီး ကွယ်လွန်ရာက နတ်ဖြတ်သာတဲ့ဗျ"
ဘညိန်း က သူကြားခဲ့ရသမျှကို မောင်မောင်အေးသို့ ၀မ်းသာအားရ ဖောက်သည်ချသော် လည်း မောင်မောင်အေး ခေါင်းမညိတ်။
"မင်း ခေတ်လူငယ်ဖြစ်ပြီး ယုံမနေနဲ့။ မင်းပြစ်မင်းဒဏ်သင့်လို့ ကုန်းကြောင်းပြေးလာရင်လဲ ဆိပ်ဖြူမှာမသေဘဲ သည်ရောက်မှ သေရသလား" "အေးဗျ၊ ဟုတ်သယ်"
"ရေလမ်းက ပြေးလာရင်လဲ ဟိုဘက်က ပခန်းငယ်စလေမှာ မသေဘဲ သည်ရောက်မျ သေရသ လားကွ"
"ဟုတ်သယ်နော်၊ ယုတ္တိမရှိဘူးဗျ"ဟု ဘညိန်းက သံယောင်လိုက်သော်လည်း မကျီးဒန်နှင့် မယ်မျှင်တို့ကား ရှိဦးတဖျားဖျားဖြစ်နေကြ၏။
"အရှင်ကြီး အရှင်ကောင်ားတို့တော်၊ မလိမ်မိုးမလိမ်မာ အမိုက်အမဲကို ဗွေမယူကြပါနဲ့တော်၊ တောင်းပါတယ်"
လက်အုပ် တချီချီဖြင့် ရှခိုးတောင်းပန်နေရာက မောင်မောင်အေးကို ငေါက်ငမ်း၏။
"နင်က ကံကောင်းလို့ နင့်ကို မလုပ်နိုင်ပေမဲ့၊ နင့်သားသမီးနင့်ဆွေမျိုးတွေ ကံအနိမ့်မှာ ဖမ်းစား လိမ့်မယ်တဲ့"
မကျီးဒန်မှာ သူ့ယောက်ဖ၏ ဇနီးဖြစ်သောကြောင့် မောင်မောင်အေးရိုးသေသည်။ သို့ကြောင့် ဆန့်ကျင် စကားဖြင့် မတုံ့ပြန်စေကာမူ ဘညိန်းကဲ့သို့သော် လူငယ်များကိုကား သွေးအထိုးမ လျှော့။
"ပထ၀ီ အနေအထားအရ မြင်းသဲ့ နေရာမှာ စမ်းရေမထွက်ဘူး၊ နိမ့်သဲ့ဟိုမြောက်ဘက် ငှက်ကွေး ကော်တုံနဲ့ မြေနုဘက်မှာ စမ်းရေထွက်သလို သည်ကိုးရေလျဉ်ဘက်မှာထွက်သယ်၊ အိုအေစစ် သဘောပေါ့ကွာ"
မောင်မောင်အေး၏ တရားနာသူမှာ ဘညိန်းတစ်ယောက်တည်းမဟုတ်ပေ။ ရမ်းဘိုကုန်းသား လူငယ်ကလေးတွေ ချည်း မဟုတ်။ ကြားသောလူငယ်တိုင်း ၀င်ရောက်နားထောင်ကြ၏။
"ဘုရင့်ရဲမက်တွေလိုက်ဖမ်းလို့ သေပြေးရှင်ပြေးပြေးရသဲ့ မောင်နှမ ခုနှစ်ယောက် မဖြစ်ဘဲ ဘာကြောင့်ကိုးယောက် ဖြစ်နေရတာတုံး။ ရေလျဉ်ကိုးခုမို့ မောင်နှမကိုးယောက်တဲ့။ ငါ့အထင် ပြောရရင်တော့ သည်လုပ်ဇာတ်ကို ပါးစပ်ရာဇ၀င်ပြောသဲ့ လူဟာ၊ ၀ဏ္ဏပဘာတို့ ၀ဏ္ဏကလျာတို့ မကြားဖူးလို့သာ "မဆေး၊ မကတိုး၊ မပု၊ မစု၊ မယု" ဆိုသဲ့ နာမည်တွေ မှည်သယ်ထင်တာပဲ"
"ဟုတ်သယ်ဗျ နော်၊ နှမက ရှစ်ယောက်၊ မောင်ကတစ်ယောက်တည်း"
"မောင်နန္ဒတို့ မောင်ဇေယျတို့၊ မောင်စန္ဒတို့ ရှေးခေတ်ကမှည့်ပါတော့လား။ အခုတော့ ကိုရင်ကြီးတဲ့"
"တစ်ဆိတ်ရှိ နတ်၊ တစ်ဆိတ်ရှိ နတ်နဲ့ဗျာ"
"စူးစမ်းလေ့လာမှု ဟာ ဤသည်မှာတွင် လမ်းပျောက်တာပေါ့ကွာ"
မောင်မောင်အေး သည် မတိုးတက်သော မိမိပတ်ဝန်းကျင်ရှိ လူများကိုကြည့်ကာ အားမရစွာ မြည်တမ်း၏။
"နင့်ပါးစပ်ကိုပိတ်၊ နတ်ဖမ်းစားလိမ့်မယ်"
မကျီးဒန်က လှမ်းပြောသည့်နည်းတူ၊ မယ်မျှင်ကလည်း ပြော၏။
"လှည်းတစ်စီး၊ ဘီးပြုတ်ပြီး ၀င်ရိုးကျိုးသာဟာ တော့်ကြောင့်သိလား"
မောင်မောင်အေး ပြုံး၏။
"အဲသည် လှည်းဝင်ရိုး ကျိုးသဲ့ လူတချို့ ရွာပြန်သွားကြသယ်၊ တချို့က ငါ့လှည်းနဲ့  လိုက်လာပေ မယ့် လူအုပ်ထဲ ပျောက်သွားပြီ။ အဲသည်လူတွေကို နာမည်တောင် မသိလိုက်ပါဘူး မယ်မျှင်ရာ"
"ကိုးရေလျဉ်နတ် က တော့်ကို သတိပေးတာ၊ ကံမြင့်နေသဲ့တော့ကို မထိဘဲ တော့်ဘေးက ကံနိမ့် သဲလူတွေကို သွားထိပြီး လှည်းဝင်ရိုးကျိုးသာ၊ မသေသော ကံကောင်းသယ် ပြောရတော့မှာပေါ့"
ကာယကံရှင် မောင်မောင်အေးက ပြုံးရုံသာပြုံုးငြား၊ ဘညိန်းတို့က ၀ိုင်းဝန်းရယ်မောသည်။ ထိုအခါ ဘညိန်း အမာန်ခံရ၏။
"နင်က ဘာဟီလာတိုက်နေသာတုံး"
ဘညိန်းသည် မောင်မောင်အေး၏တရားကို ဆက်နာလျှင် ခုံဖိနပ်စာ မိနိုင်သောကြောင့် ထပြီးလူ အုပ်ထဲသို့ ၀င်ရောက်ပျေက်ကွယ်သွားလေ၏။ နတ်မကြောက်သူနှင့် အုတ်ဖုတ်သူတို့ကြောင့် စိမ့်ကြီးမြိုင်ကြီး ပါးလျားစေကာမူ၊ နေပြောက်သည် အနည်းငယ်သာ ထိုး၏။ မည်သည့်ပန်း၏ ရနံ့ပါဟု အတတ်ပြော၍ မရသော်ငြား၊ ကိုးရေလျဉ်လေထုမှာ ပန်းနံ့သင်းနေ၏။ သွားသူ၊ ပြန်သူ၊ ထိုင်သူ၊ ထသူဖြင့် ဆပ္ပကျင်းရေလျဉ်မှာ လူအစည်းကားဆုံးဖြစ်သည်။ နတ်တဲ နတ်နန်းမရှိငြား နတ်အခမ်းအနားဖြစ်သည်။ နတ်အခမ်းအနား ဖြစ်ကာမှ ဖြစ်ရော နောက်ပြောင်မှုမရှိချေ။
ကိုရေလျဉ်တောကြီးမှာ အုတ်အုတ်ကျက်ကျက် လူသံများဖြင့် စည်ကားနေရာတွင် မကျီးဒန်၏ အသံ စူးစူးဝါးဝါးပေါ်လာသည်။
"ဟဲ့ ဘညိန်း၊ ဘညိန်း"
မကျီးဒန်အပါးတွင် မယ်မျှင်တို့ လင်မယားသာရှိသည်။ ဘညိန်းတို့မောင်နှမ မရှိပါ။
"ဘညိန်း မရှိဘူးလေ၊ ဘာခိုင်းချင်လို့တုံး"
မယ်မျှင်က အခြေအနေကို ရှင်ပြ၏။
"ဘညိန်း က အရေးမကြီးဘူး၊ အရေးကြီးတာက သူ့အစ်မချောစိန်"
မကျီးဒန် သည် သူဘေးရှိ ချောစိန် မည်သည့်အချိန်က ထသွားသည်ကို မသိလိုက်ပေ။ မောင်မောင်အေး၏ စကားတွင် အာရုံရောက်နေသောကြောင့် ဖြစ်သည်။ သည်ကိုးရေလျဉ်ကို ရမ်းဘိုကုန်း ကဲ့သို့သော တောင်အရပ် မှ လူများသာ လာသည်မဟုတ်ပေ။ မြောက်အရပ်မှလည်း လာသည်။ အရပ်လေးမျက်နှာ မှ လာသူများကြား တွင် ချောစိန် ကို ရှာဖွေရန်မလွယ်ကူပေ။ ချောစိန် သည်လှည်းပေါ်မှာ ကတည်းက လူအုပ်ထဲရှိ ကာလသားများထံ မျက်စိ ရောက်နေသည်။ ကာလသားအုပ်ထဲရှိ ထွန်ရထံသို့ မျက်စိအရောက် တွင်ကား ချောစိန် ဣနြေ္ဒရသွားတော့၏။
မယ်မျှင်မှာ ချောစိန်နှင့် အနေမနီးသော်ငြား၊ ရည်းစားရှိကြောင်းကား ရိပ်မိသည်။ ယခု လှစ်ခနဲ ချောစိန်ပျောက်သွားခြင်းမှာ ရည်စားနှင့်ချိန်တွေ့ခြင်းဖြစ်ရမည်ဟု ခန့်မှန်းသည်။ မကျီးဒန် ဟိုကြည့် သည်ကြည့် သမီးကို ရှာနေစဉ် မယ်မျှင်သည် မသိမသာထလာသည်။
သူ့တူမ ချောစိန် မည်သည့်နေရာတွင် ရှိနိုင်သနည်း။ မယ်မျှင်သည် ဆိတ်ကွယ်ရာကို ရှာသည်။ အင်းကြင်းပင် တစ်ပင်အောက်ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ချောစိန်ကို ရိပ်ခနဲ မြင်သည်။ မယ်မျှင်ကိုလည်း ချောစိန်က မြင်သွားဟန်ရှိသည်။ ဒုတိယအကြိမ် လှမ်းကြည့်သောအခါ ချောစိန်ကို မတွေ့ရတော့ပေ။ သို့ရာတွင် ထိုနေရာသို့ မယ်မျှင်လာသည်။ ကျောက်တုံးကြားတွင် ၀ပ်နေသော တူမချော။
"အမေ့ကို ပြန်မပြောပါနဲ့ ထွေးလေးရယ်"
ချောစိန် က မယ်မျှင်ကို ဖက်ပြီးတောင်းပန်သည်။ ချောစိန့်ရည်စားထွန်ရမူ လက်အုပ်ချီမိုး ရှိခိုးပြီး တောင်းပန် သည်။
"ဒေါ်ကျီးဒန် မသိပါစေနဲ့ဗျာ"
မယ်မျှင် ကား အိမ်ထောင်ရှင်ဖြစ်သည်။ ရှေ့နောက် နှိုင်းချိန်၍လည်း စဉ်းစားတတ်ပေပြီ။ ထို့ကြောင့် အလေးအနက်ပြော ရတော့သည်။
"ဟဲ့ သမီးကိစ္စ မအေမသိလို့ ဖြစ်မလား"
"စိတ်ဆိုးပြီး ရိုက်မှာစိုးလို့ပါ ဒွေးလေးရယ်"
"အေး၊ ဆဲခါမှဆဲ၊ ရိုက်ခါမှရိုက်၊ အမေကိုတော့ ပြောရမှာပဲ၊ နေပါဦး၊ တစ်နေ့သောအခါမှာ အမေ တောင် မဟုတ်ဘူး၊ အဖေ့ကိုပါ အသိပေးရမှာ မဟုတ်လား"
"ဟုတ်တော့ ဟုတ်ပါတယ် ဒွေးလေးရယ်"
"ကဲ လာ၊ သွားကြစို့" မယ်မျှင် သည် ရည်းစားနှင့်ချိန်းတွေ့သောတူမကို မကျီးဒန်ရှေ့မှောက်သို့ ခေါ်လာသည်။
"ရည်စားနဲ့ချိန်းတွေ့တာကို တွေ့လို့ခေါ်လာသာ၊ အဲသည်လို ပွင့်ပွင့်လင်းလင်းပြောသာကို မထောက်ထားဘဲ ဆူလားပူလားမလုပ်နဲ့နော်"
မကျီးဒန်သည် သမီးကို စူးစိုက်ကြည့်၏။ မိမိက ယခုထက်တိုင် ကလေးဟုမြင်ထားသော သမီးသည် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြင့် အရွယ်ရောက်နေပါပြီကော။
"အင်း ငါကတော့ ငါ့သမီး ငယ်သေးငယ်သေးနဲ့၊ လက်စသတ်တော့ မရွှေစာက ရည်းစားတောင် ရှိနေပြီကိုး"
သည် အချိန်ဝယ် ချောစိန်အလုပ်တတ်ဆုံ အပြုအမူမှာ ခေါင်းငုံ့ထားခြင်းသာဖြစ်၏။ ထိုအခါ မယ်မျှင် ၀င်ဖြေရသည်။
"ငါ့တူမရဲ့ ကောင်လေးက ဘယ်လိုခေါ်တုံး၊ ဘယ်ရွာကတုံး၊ ညည်းတို့ ဘယ်လိုလုပ်ပြီး တွေ့ကြ တာတုံး"
"သူ့နာမည် က ထွန်းရပါ ဒွေးလေး၊ တောင်ပစ်ကုန်းကပါ၊ ကျီးသိုက်ဘုရားပွဲမှာ တွေ့ခဲ့သာပါ ဒွေးလေး"
"သူ့မိဘကကော"
"ဦးအေးမောင် ဒေါ်လှသင်၊ ယာလုပ်သယ်၊ မုဆိုးလုပ်သယ်တဲ့ ဒွေးလေး"
မကျီးဒန် မဲ့ကာရွဲ့ကာ သူတပါးကို မှိုချိုး မျှစ်ချိုး ပြောတော့၏။
"ယာလုပ်သတဲ့၊ ယာလောက် မိုးခေါင်တဲ့အရပ်မှာ ယာလုပ်တော့မြက်ပဲ စားရမှာပေါ့၊ ဒါလောက် သစ်ကြီးဝါးကြီး မရှိသဲ့အရပ် မှာ မုဆိုးလုပ်တော့ကော ဖွတ်နဲ့ပုတက်ပဲ ရမှာပေါ့၊ ဟင်း ဟင်း ကြီးပွား ဦးမယ်"
မည်သို့ပင် မကျီးဒန်မဲ့ကာရွဲ့ကာ အငေါ်တူးစေကာမူ၊ ထွန်ရအကြောင်းကို စုံးစမ်းရပြီ။ ကျောက်ခဲ ကုန်းဘက်တွင် အသိမရှိစေကာမူ ထိုရွာဘက်၌ ကျွမ်းကျင်သော ညောင်ကုန်းသူ ညောင်ကုန်း သား၊ ရှားတောသူ ရှားတောသားများမှ တဆင့် စုံစမ်းကြည့်ရသည်။ အားရှိစရာ မကောင်းပါ။
ချောစိန်၏ရည်းစား ထွန်းရမှာ မသောင်သာသော မိဘ၏သားဖြစ်သည့်အပြင် မွေးချင်းကလည်း များသေးသည်။ မွေးချင်း စုစုပေါင်း သူပါဆိုလျှင် ခုနစ်ယောက်ဖြစ်သည်။ ထွန်းရအထက်တွင် မိန်းကလေးနှစ်ယောက် မိဦးနှင့် မိခြူးဟူ၏။ မိခြူးအောက်တွင် ထွန်းရ။ ထွန်းရအောက်၌ ထွန်းလှနှင့် ထွန်းမြ၊ မယ်ခင် မယ်ယဉ်။
မကျီးဒန် ရင်မောရသည်။ "ကံပေါ့အေ"ဟု ကံကို လွှဲချရသည်။ ကိုယ်ကိုယ်တိုင်က မဟာပထ၀ီမြေ ကြီးကို အိုးထိန်းစက်ပေါ် တင်ပြီး ထမင်းစားနေရစေကာမူ ကိုယ့်သမီးကို ကြွယ်ဝသူနှင့် အကြောင်း ပါစေချင်၏။ မကျီးဒန် မှာ င့ါသမီးလေး ငယ်လှသေးဟု အိမ်ထောင်ရေးကိစ္စ မသင်ပြမိ။ သို့ဖြစ် သောကြောင့် ကြိုက်မိကြိုက်ရာ ကြိုက် ကြပြီ။
သို့ကြောင့် မကျီးဒန် ရင်မောရသည်။ ရင်မောရသည့်ကိစ္စကိုမေ့ပျောက်စေကာ၊ လက်ငယ်းရောက် ရှိနေသော ကိုးရေလျဉ်ပွဲတော်ကို မကျီးဒန် အာရုံပြုသည်။ မောင်မောင်အေးတို့ ဘယ်ရောက်နေ ပါလိမ့်ဟု လည်ပင်းရှည်ကြည့်၏။
မောင်မောင်အေးသည် ဝေးဝေးမသွား၊ ရိပ်ခနဲ ရိပ်ခနဲ လှမ်းမြင်ရသည်။ သူသည် ပန်းကောက်အဖွဲ့ တွင်သူငယ်ချင်းများနှင့်တွေ့ကာ ဟားတိုက်ရယ်မောနေရာက မကျီးဒန်ထံ ရောက်လာ၏။
"အစ်မကြီးရဲ့ သားသမီးတွေကို ငယ်သေးတယ် ထင်မနေနဲ့နော်"
"တော်က ဘယ်မှာ ဘယ်လိုမြင်ခဲ့သတုံး"
သူ့အမေး ကို မောင်မောင်အေး ဖြေချိန်မရှိ။ မယ်မျှင်ကို လက်ဆွဲလျက် ပြေးထွက်သွားပြီး။ မကျီးဒန်၏ရှေ့ တွင်ကား မသာယာသော မျက်နှာဖြင့် ငေးမှိုင်နေသော ချောစိန်။
"ကဲပါ သမီးရယ်၊ ညည့်အဖေသိရင် ညင်ညင်သာသာဖြစ်အောင် ဘယ်လိုပြောမတုံး စဉ်းစားထား ပေါ့အေ၊ ကြိုပြီး စိတ်ညစ်မနေနဲ့"
မကျီးဒန်သည် သမီးကိုပြောရင်းက ထမင်းအိုးကို ဖွင့်သည်။ ဆွမ်းခူးသည်။ နီးရာစေတီတွင် ဆွမ်းတော်ကပ် လှူသည်။ ဘုရားဖက်တော့ အသက်ရှည်ဟူသော စကားသည်မှန်၏။ အကြောင်းမူ မကျီးဒန်မှာ ရတနာသုံးပါး ဖက်သို့ အာရုံရောက်မိသည်နှင့် စိတ်အေးချမ်းကြည်လင်လာရ သောကြောင့်တည်း။
"ဟဲ့ ထမင်းစားကြတော့မလား"
မောင်မောင်အေးနှင့် မယ်မျှင်တို့ ပြန်ရောက်လာသဖြင့် ဆီးကြိုမေးရာ မယ်မျှင်က "အစ်မနေ၊ ကျွန်မ ခူးပေးလိုက်မယ်" ပြောကာ ထမင်းအိုးနားကပ်သွားသည့် အခိုက် မောင်မောင်အေးက မကျီးဒန်ကိုပြော၏။
ချောစိန် က အရွယ်ရောက်လို့ ရည်စားထားသာ ရှိစေတာ့။
သို့သော် မောင်မောင်အေး သည် မယ်မျှင်ခူးလာသော ထမင်းကို လှမ်းယူရသဖြင့် စကားပြတ်သွား လေ၏။
"ကိုမောင်မောင်အေး တော့်စကားက ဘာတုံး၊ ချောစိန်က အရွယ်ရောက်လို့ ရည်စားထားတာ ရှိစေတော့ ဆိုတော့၊ ဘညိန်း ဘာဖြစ်သတုံဟင်၊ ကျွန်မသားလေး ရည်းစားသနာ ရှိပြီလား"
မကျီးဒန် အသက်ရှူမှားမတတ်ဖြစ်လာသောအခါ မောင်မောင်အေးသည် လက်ဝါးပေါ်တင်ထား သည့်ထမင်းအောက်ခံ ကျွန်းရွက်ကို မျက်နှာပြင်ညီညာ သည့် ကျောက်တုံးပေါ်သို့ ပြောင်းရွှေ့ချ ထား၏။
"ဟုတ်သယ် မကျီးဒန်ရေ၊ ခင်ဗျာ့သားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားသဗျ"
"အလိုလေးတော်"
မကျီးဒန် ရင်ဘတ်ကိုဖိငြား၊ မောင်မောင်အေးက အပြောမရပ်။
"သာစည်ရွာက ကျုပ်သူငယ်ချင်းရဲ့နှမ လှမေတဲ့ဗျား၊ သူ့မိဘတွေကတော့ မိရိုးဖလာ လယ်သမား ချောင်းသမားပဲ"
"ကိုမောင်မောင်အေးရယ်၊ ကိုသိုလ်လိုချင်လို့ ဘုရားပွဲကိုလာတော့မှပဲ၊ အနို့နေပါဦး၊ မိန်းကလေး ရဲ့မိဘက ဘယ်သူတွေတုံး"
"ကိုပန်းဆီ မပန်းဥတဲ့၊ သားသမီးသုးယောက်မှာ လှမေက အငယ်ဆုံး"
မကျီးဒန်မှာ နားတွေ အူလာ၏။ ကိုးရေလျဉ်၏ အအေးဓာတ်သည် မကျီးဒန်အတွက် မဟုတ်လေ ယောင်။
၁၁
မယ်မျှင် သည် ကိုးရေလျဉ်မှအပြန်တွင် သူ့အမေ မယ်ကြွယ်စိုး၏ အခြေအနေကို အားမရ သဖြင့် မောင်မောင်အေးထံ ခွင့်တောင်းပြီး အမေ့ထံပါးတွင် နေခဲ့၏။ မယ်ကြွယ်စိုးမှာ အမှတ်တမဲ့ကြည့် လျှင် လူကောင်း ထင်ရငြား၊ မကောင်းပေ။ အိမ်ချင်းကပ်နေသော သားနှင့် ချွေးမကိုမသိသည့် နည်းတူ မယ်မျှင် ကိုလည်း "ညည်းက ဘယ်သူ့သမီးတုံး" မေးနေသည်။ သို့ကြောင့် မယ်မျှင် သည်မောင်မောင်အေးထံတွင် မျက်ရည်လည်ရွဲဖြင့် တောင်းပန် ရသည်။
"အမေ့အခြေအနေ မကောင်းဘူး မောင်ကြီး"
"အေးပါကွယ်၊ ငါလည်း ခွင့်ယူလို့ရင် လာခဲ့ပါမယ်"
ထိုသို့လျှင် မယ်ကြွယ်စိုး၏အပါးတွင် မယ်မျှင် ရောက်နေသောအခါ ကိုဆေးရိုးမှာ လယ်ပြင်သို့ သွားသာ၏။ ကိုဆေးရိုးမှာ သားလူပျိုပေါက်ရှိသော်ငြား၊ စိတ်မချရ။ လယ်ပြင်တွင် ငန်းပြား စိုက်ထားခဲ့ပြီး ဝေးဝေးလံလံ လယ်ပွဲသို့သွားကာ လူပျိုလှည့်နေတတ်သဖြင့် စိတ်မချ။ ကိုဆေးရိုး သည်သူ့ဇနီး မကျီးဒန် ပူစောင့် ပူပန်ဖြတ်တတ်သဖြင့် ဘညိန်းအကြောင်းကို ပြောမပြပေ။ သားအကြောင်းကို အတန်အသင့် သိထားငြား၊ သမီးအကြောင်း ကို မသိပေ။ မသိသောကြောင့် လည်းကန့်လန့်တင် နှမ်းပင်ပေါက်များကို ကြည့်လျက် ကြည်နူးချမ်းမြနေရခြင်း ဖြစ်၏။
"မပြေးသော် ကန်ရာရှိနိုင်ပါ့မလားဗျ၊ ဒွေးနှစ်ဖော် သံဝါညှိစဉ်က တန်ပါဘိရယ်တဲ့ မဘို့မယ်"
လူချင်း မရင်းနှီးသော်ငြား၊ လယ်ပွဲ သုံးပွဲကျော်က သီးကုန်းသား၏ လွမ်းလွမ်းဆွေးဆွေး ဟစ်လိုက် သောအသံဖြစ်မှန်း ကိုဆေးရိုးသိ၏။ ထိုအခါ မန်းကျည်းပင်ပု ဘုန်းကြီးကျောင်းအနီးရှိ ယာထဲမှ ကိုကျော်အေး ကို သတိရသည်။ ဤသို့ဖြင့် မရီးဖြစ်သူ မယ်ငြိမ်းစည်ကို ပြေးပြီး မြင်ယောင်သည်။
အစ်ကိုငထွန်းကား သည် မယ်ငြိမ်းစည် ကို ချဉ်သည်ခါးသည် မပြောငြား၊ အရေးတကြီးကား တန်ဖိုးမထားပေ။ ယခု ရေနံချောင်း သို့ သူတို့ ပြောင်းသွားခြင်းသည် မည်သူ့အကြံနည်း၊ မန်ကျည်းပင်ပုတွင် နာမည်ပျက်လွန်း သဖြင့် မယ်ငြိမ်းစည် တောပြောင်းခြင်းလော။ ငထွန်းကား နယ်သစ်ရှာခြင်းလော။
ကိုဆေးရိုးသည် လယ်ပွဲအဆုံးရှိ မြောင်းပေါင်ပေါ်တွင်ရပ်လျက် တောင်အရပ်သို့ မျှော်ကြည့်နေ သည်။ မည်းမည်း အရာတစ်ခုကို မြင်သည်။ ထိုအရာသည် တဖြည်းဖြည်း ကြီးလာငြား၊ ကိုင်းတော အစပ် တွင် ပျောက်ကွယ်သွား၏။ ကိုဆေးရိုး မျှော်ကြည့်ခြင်းမှာ ထိုအရာသည် သူ့သား ဘညိန်း ဖြစ်လေမည်လော မျှော်လင့်ချက်ဖြင့် ကြည့်ခြင်း ဖြစ်၏။
ယခု ဘညိန်း မဖြစ်သဖြင့် ကိုဆေးရိုး သက်ပြင်းချ၏။ လှမေအမည်ရှိသော သည်မိန်းကလေးကို မည်သို့ သိသနည်း။ မည်သို့ငြိသနည်း။ ကိုဆေးရိုး တွေးရင်း ငေးသည်။ ငေးရင်းက တစ်ဖက် လယ်ပွဲသို့ ဆင်းခဲ့သည်။ ပျိုးခင်းသော် မျှ မထွန်းရသေးပါတကား။
လယ်ရှင်သည် လယ်လုပ်သူကို လယ်ထဲမဆင်းရန် တားမြစ်ခြင်းဖြင့် သူရင်းငှားအသစ်ချထားရန် ကြိုးစားခြင်းလော။ လယ်ရှင်သည် တရုတ်လော၊ ကုလားလော၊ ချစ်တီးလော၊ မြန်မာမြေပိုင်ရှင် လော၊ ကိုဆေးရိုး မသိပါ။ ကိုဆေးရိုးသိသည်မှာ နှမ်းကြဲသည်ဖြစ်စေ၊ မကြဲသည်ဖြစ်စေ ပျိုးခင်းအ တွက်ကား ထွန်သင့်ပြီ။
ကိုဆေးရိုး သည် ထိုလယ်ပွဲတွင်ရှိနေရမည့် ပျိုးခင်းထွန်ရေးကို မတွေ့ရသောကြောင့် စိတ်ထင့်ခဲ့ ၏။ သို့ရာတွင် ခွေးကတက်လယ်ပွဲ၊ ဖားပြုတ်ပင်လယ်ပွဲ၊ ဥနှဲပင်လယ်ပွဲနှင့် အခြားလယ်ပွဲသုံးခုမှာ ပါပျိုးခင်းထွန်ရေး မတွေ့ရသောအခါ ဥပေက္ခာတရား ရင်တွင်ပိုက်တော့သည်။
"တို့လယ်သမားတွေရဲ့ ဘ၀ကတော့"
ကိုဆေးရိုးသည် ဤမျှထက်ပိုပြီး မသုံးသပ်တတ်ပါ။ ရွာတံခါးသို့ ၀င်မိလျှင်ဝင်မိချင်း အိမ်ဘက် သို့လှမ်းကြည့်သည်။ ကြားနေကျမကျီးဒန်၏ အိုးပုတ်သံကို မကြားရပြန်သောအခါ ရင်ထဲ၌ ဟာ၏။
"မအေ မအားလဲ သမီးပုတ်ရမှာပါ၊ အခုတော့"
အမှန်ပင် မကျီးဒန်၏ ကန္နားဖျင်းမှာ တိတ်ဆိတ်နေ၏။ မကျီးဒန်ချက်ပြုတ်လုပ်ကိုင်နေသလော။ သို့ဆိုက သမီးကြီး အဘယ်မှာနည်း။ မယ်ကြွယ်စိုးသည် မကျီးဒန်၏ အမေရင်းမဟုတ်စေကာမူ အနေနီးသဖြင့် အမေရင်း သဖွယ် ဖြစ်နေ၏။ သူ့ထံတွင် မယ်မျှင်ရောက်ပြန်သော်လည်း ပစ်မထား နိုင်။ အမေမယ်ရွှေအိမ်ကလည်း "ကိုယ့်ယောက်ျား ရဲ့ အမေကိုယောက္ခမလို့ သဘောမထားနဲ့။ အမေရင်းလို သဘောထား၊ ဆက်ဆံပါ"ဟု မှာကြား သည်။ ထို့ကြောင့် မယ်ကြွယ်စိုးထံ မကျီးဒန် သွားသည်။ မယ်မျှင်ထံတွင် တိုးတိုးတိတ်တိတ် စုံစမ်း ရသည်။
"ဘယ့်နှယ်နေသတုံး"
"လျှက်မန်းရည် တစ်ပန်းကန်တော့ ကုန်လုနီးပါးပဲ"
လျှက်မန်းရည် တစ်ပန်းကန် ဆိုသည်မှာ မနည်းပေ။ ထို့ကြောင့် ၀မ်းသာအားရ ပြန်ဆင်းလာသော အခါ သမီးကြီးမရှိချေ။ ခုနက အိုးပုတ်မည့်ယောင်ယောင်၊ မြေနင်းမည့်ယောင်ယောင် လုပ်နေ သည်။
"ဘယ်သွားလိုက်ပါလိမ့်"
ရွက်အိုးများ တန်းစီထားသည့်စင်တွင် ရေအိုးတစ်လုံး လျော့နေသည်။ ရေမှုတ်အသစ်လည်း ပျောက်နေသည်။
"ဧကန္တ ရေခပ်ဆင်းသွားတာ ဖြစ်ရမယ်"
ချောစိန် ရေခပ်ဆင်းရာ တွင် ရိုးရိုးမဆင်းပေ။ တောင်ဖျားကလှရီ လာခေါ်မှ လိုက်သွားသည်။ လှရီ ကလည်းအကောင်းခေါ်ခြင်း မဟုတ်။ သူ့ထံသို့ ထွန်းရရောက်လာသောကြောင့် ထွက်လာခြင်း ဖြစ်သည်။ လက်ယက်တွင်းတွေ က နက်ကုန်ပြီ။ သို့ကြောင့် ချောင်းလယ်ဘက်သို့ ရွှေပြီး တွင်း ယက်ကြ ရေခပ်ကြရသည်။ ထွန်းရမှာ လက်ယက်တွင်း ဟောင်းထဲ ၀င်နေကာ ချောစိန်ကို စောင့်ရ သည်။ သဲပြင်ပေါ် ပြောင်ကြီး တွင် မနေရဲ။ သို့ဆိုပါက ချောစိန်နှင့်လည်း စကားပြောလမ်း မရှိ။
ချောင်းလယ်ရေစီးအနီးတွင် ရေဆုတ်သွားသော တွင်းဟောင်းရှိသည်။ ရေခပ်ဆိပ်တွင် လူပါးချိန် မို့ တွင်းဟောင်းထဲသို့ ထွန်းရအေးအေးဆေးဆေး ၀င်နေရဲသည်။ သို့သော် မကြာခဏကား ခေါင်းဖော်၍ ကြည့်ရသည်။
ချောင်းလယ် က သောင်တွင် ဆင်နီပင်နှင့် ကိုင်းပင်များ "တလိန်းထိုး"နေကြ၏။ လေဝှေ့လျှင် ရှဲခနဲ မြည်သော အသံ ကိုပင် ထွန်းရ လန့်နေရ၏။
ဤသို့ရှိစဉ် သူရှိသောတွင်းဘေးသို့ ချောစိန် ရောက်လာ၏။ သူခေါင်းဖော်ရုံ ဖော်သည်။ တွင်းဟောင်း ထဲတွင် နှစ်ယောက် ချောင်ချိစွာ ထိုင်နိုင်ငြား၊ မခေါ်ရဲ။
"ချောစိန် နေကောင်းလား"
"နေကောင်း လို့ ရေခပ်ဆင်းလာတာပေါ့တော့်"
အငေါ်တူးသည့် စကား၊ ပြေပြေပြစ်ပြစ်မရှိသောစကား ဖြစ်စေကာမူ ထွန်းရနားထဲတွင် သာယာလှ သည်။
"နင်တို့လယ်မှာ ပျိုးခင်း ထွန်ပြီလား"
"မသိတော့လားတော်၊ ကျုပ်မှ လယ်ပြင်မရောက်သာ"
"အေ ဟုတ်လား၊ နှမ်းပင်တွေကော အပေါက်စုံပြီလား"
"မသိဘူး"
ငုတ်တုတ်ကြီးထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် တိတ်ဆိတ်စွာ ကြည့်မနေရရန် လျှောက်မေးရငြား၊ ထွန်းရ သည် လယ်သမားမဟုတ်၊ ဥယျာဉ်သမားသာ ဖြစ်၏။
"တစ်ဝါကျွတ်ပြီး၊ နောက်တစ်ခါ နီးလာပြန်ပြီ ချောစိန်"
"အဲသာ ဘာဖြစ်တုံး"
"နင်နဲ့ငါနဲ့ နီးဖိုးကောင်းပြီဟ၊ ကြာရင် လူပျိုကြီး အပျိုကြီးတွေ ဖြစ်ကုန်တော့မှာပဲ"
"လူပျိုကြီး အပျိုကြီး ဘ၀ဟာ ဘယ်လောက် အေးသတုံး"
"မလုပ်လိုက်ပါနဲ့ဟာ တောင်းပန်ပါတယ်"
လက်နှစ်ဖက်ကို ကိုင်ပြီးတောင်းပန်စကား ဆိုချင်သော်ငြား၊ ထွန်းရမှာ တွင်းဟောင်းထဲက မတက်ရဲ။
"နင်သာ အပျိုကြီးလုပ်သွားရင် ငါတော့ရူးမှာပဲ ချောစိန်"
"တော်ပြောစရာက သာပဲလား၊ ဟိုမှာ ရေအိုးပြည့်နေပြီ"
"ငါပြောချင် သာကတော့ တောင်းဖို့ရမ်းဖို့အတွက် ကြောင်းလမ်းမယ့်လူကြီးတွေ ကနေ့ညနေ လွှတ်လိုက် ရမလား"
ချောစိန် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။
"သည်မှာ ဘာမျှမပြောရ မဆိုရသေးဘဲနဲ့ တော်က အကြောင်းအလမ်းက လွှတ်မယ်ဆိုတော့၊ ဘာလဲ၊ လူကို ဟင်းရွက် ကန်စွမ်းရွက် မှတ်နေသလား"
"အမယ်လေးဗျာ မမှတ်ပါဘူးဗျာ၊ တောင်းပန်ပါသယ်"
ထွန်းရသည် တွင်းထဲမှ ခုန်ထွက်မတက် တောင်းပန်သည်။
"ချစ်လွန်းလို့ စကားအပြော လောကြီးသွားသာပါ။ တောင်းပန်ပါသယ်"
"နက်ဖြန် သည်အချိန် သည်နေရာကိုပဲ လာခဲ့ပေါ့၊ ကနေ့အမေတို့ အမေကြီးတို့ကို ပြောကြည့် မယ်လေ။ အခြေအနေကို နက်ဖြန်ကျမှ ပြောမယ်"
"အမယ်လေး၊ ၀မ်းသာလိုက်သာ ချောစိန်ရာ"
ထွန်းရသည် တွင်းဟောင်းထဲမှ ထရပ်ကာ ချောစိန်ကိုဖက်ငြား၊ ဖက်ခွင့်မရပါ။ ဆောင့်အတွန်းခံရ သဖြင့် တွင်းထဲသို့ ဖင်ထိုင်ကျသွား၏။ ချောစိန်မှာ လက်ဖျားဖြင့် အထိအခတ်ခံရသည်ကိုပင် ရှိန်းဖိန်းနေ၏။ သို့သော် အမေ့ထံ မည်ကဲ့သို့သော မျက်နှာထားဖြင့် ချဉ်းကပ်မည်နည်း။ မည်ကဲ့ သို့သောစကားကို စပြောမည်နည်း။
"အမေ သမီးမှာ ရည်စားရှိသယ်"ဟူ၍ ဆိုင်းမဆင့်ဗုံမပါပြောရမည်လော။
"အမေ သမီးလေ ရည်းစားနဲ့ချိန်းတွေ့တာ သူက"
အမေ့ထံ မည်သို့ချဉ်းကပ်ရမည်နည်း စိတ်ကူးလာသောကြောင့် ချောစိန်၏မျက်နှာမှာ ချို၍နေသ လော၊ မရွံ့မရဲပင်ဖြစ်နေသလော၊ ရေခပ်ချိန်မဟုတ်ဘဲနှင့် ရေခပ်ဆင်းခြင်းကိုက ပြောစရာ၊ သို့တစေ ချာစိန်မှာ စိတ်ကူးဖြင့် မောနေ၏။
အမေ့ထံသို့ မသွားဘဲ အမေကြီးထံ ဦးစွာချဉ်းကပ်လျှင် မည်သို့ ရှိမည်နည်း။ သူတို့သားအမိချင်း ပြောရဆိုရ အဆင်ပြေလွယ်မည်။
"ဟုတ်သယ်၊ အမေကြီးကို"
ချောစိန်၏ အတွေး မဆုံးပေ၊ စိတ်ကူးနှင့်အတူ အမေကြီးကို အိမ်ဘက်သို့ မျက်တောင်ကော့ကြီး တွေပင့်ကြည့်၏။
"ဟင်၊ အလို အို"
အမေကြီးတို့ အိမ်ပေါ်တွင် လူရှုပ်နေသည်။ ဆင်းကြတက်ကြသော မိန်းမတွေ၏ မျက်နှာထားမှာ စိုးရိမ်ကြောင့်ကြသော အမူအရာ များအထင်းသား ပေါ်နေသည်။ အမေကြီး အခြေအနေ မကောင်း  သေးလျှင် မိမိကိစ္စ လည်း ရွှေ့ထားဦးမှ။
ဆင်ဖြူကွန်းအောင်သိန်း
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
Friday, June 29, 2012
ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၄)
မိတ်တလန် သ ည် မြောက်ပိုင်းဒေသ သစ်တော်သီး ကောင်းကောင်းတစ်လုံးကဲ့သို့ပင် မာကျော၏။ အပြစ် အနာအဆာ ကင်း ၏။ ၀ါသနာအရာမှာပင် ကိုယ်စိတ်နှစ်ပါးစလုံး အကျိုးပွားများမှုအတွက် သာ သူ ရှေ့ရှု သည်။ မြင်း ဆိုလျှင် တန်းတန်းခွဲ ခုံမင်သည်။ တစ်တိုက်လုံးတွင် အခြားသူများထက် ပို၍ ပေ့နှင့် ရင်းနှီးသည်။ ကို ဆက်ဖတ်ရန်..........
>>>ဆက်ဖတ်ရန်>>> >>
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၈)
ကျွန်တော်က သူတို့အားလုံးမြင်နိုင်အောင် ပြတင်းပေါက်အားလုံး ဖွင့်စေသည်။ သီးသန့်စုံတွဲ အချို့ ကို ပြတင်းပေါက်နား သို့ တမင်ခေါ်ပြီး သူတို့နှင့် မိတ်ဆက်ပေးထားလိုက်သည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကို ဆိုးသွမ်းလေးတစ်ဦး က တိုးတိုးလေးပင် လာပြောသည်။ "ဟေ့လူ… ဟိုငတိမလေးကို ကျွန်တော့် အစား တွဲကပေးစမ်းပါဗျာ"
>>>ဆက်ဖတ်ရန်>>> >>
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၉)
ဤသို့ဖြင့် ငထွန်းကား မယ်ငြိမ်းစည်တို့အိမ်တွင် အိမ်သာ ပေါ်ပေါက်လာသာအခါ ကိုရင်ကုမာရ ကိုကျော် လူထွက်သည်။ "အမေ့ကို သနားပါဦး သားရယ်" စသော အပြောတွေလည်း ပါသည်။ သိုရာ တွင် ကိုရင်သာသန က လူမထွက်။
>>>ဆက်ဖတ်ရန်>>> >>
Thursday, June 28, 2012
ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၃)
ယခုမူ ပေ့ကြောင့် မျက်မာန်ပွားနေသဖြင့် အဲလစ် ဟောဟော ဒိုင်းဒိုင်း ပြောချလိုက်သည်။
"သူတို့ လင်မယား ကို မြို့ထဲလည်း မကြာမကြာလာအောင် ပင့်ပါဦး ရှင့်။ ကပွဲဖြစ်ဖြစ်၊ ဂီတ ပွဲဖြစ်ဖြစ် ပေါ့။ ကျွန်မ တို့နဲ့ လည်း သွားလား လာလား လုပ်ပါဦးလို့။ လူတွေက ပြောကြတယ်ရှင့်။ သိရဲ့လား။ တောကြီးမျက်မဲထဲ သွားပြီး အောင်းနေတာတော့ မတော်ဘူးပေါ့ရှင်။ ကျွန်မ အသိုင်းအ၀ိုင်း က ဘယ်လို အဓိပ္ပာယ် ကောက်မလဲ ဆိုတာ တွေးမိရင် ကြက်သီးတောင် ထမိတယ်"
ပေ့ က အလိမ္မာ ဖက်ကာ ထိန်းထိန်းသိမ်းသိမ်းပင် ပြန်ပြောလိုက်လေသည်။ "ကောင်းပါပြီလေ ...၊ အချစ် ရယ်။ ပြောလိုက်ပါ့မယ်"
ကို ဆက်ဖတ်ရန်.....
(၂)
နောက်တစ်နေ့တွင် နေသာသည်။ ကောင်းကင်ပြာပြာတွင် တိမ်တစ်စ နှစ်စသာ ရှိသည်။ ပေ့၏ ဘိုးဘေးတို့သည် ဘာသာတရား ကိုင်းရှိုင်းသူများ ဖြစ်ကြ၏။ ပေ့ကမူ ဘုရားရှိခိုးကျောင်း မှန်မှန် တက်လေ့မရှိ။ သူ့ ဇနီးနှင့် ဒေါ်ရော်သီတို့ နံနက် ၁၁နာရီ ၀တ်တက်သွားကြချိန်တွင် ကော်ရာ အတွက် ပန်းခူး၊ ဒေးဗစ်အတွက် သတင်းစာတိုက် သို့ ဝေဖန်ရန် ပို့ထားသည့် စာအုပ်တစ်အုပ်ကို ယူကာ ကားပေါ်သို့ တက်သည်။
အိမ်နီးချင်း တို့ စကားတင်း မဆိုသာအောင် ကားကို နောက်ဖေးလမ်းကြားမှ တဖြည်းဖြည်း မောင်းလာခဲ့သည်။ သို့သော် မစ္စက်ဟားဘော်တယ် ကို လွတ်အောင် မရှောင်နိုင်။ မစ္စက်ဟား ဘော်တယ်သည် သူ့ဖခင်၏ သူငယ်ချင်း ဘော့ဟားဘော်တယ်၏ ဇနီး မုဆိုးမကြီး ဖြစ်၏။ အဘွားကြီးသည် စိန့်မတ်ခ် ဘုရားရှိခိုးကျောင်းသို့ ဟိတ်ဟန်ပါပါ ၀တ်စားဆင်ယင်ကာ တလှုပ်လှုပ် လျှောက်နေ၏။ ဟင်နရီ၏ နှုတ်ဆက်မှုကို ပြစ်တင် မျက်စောင်းဖြင့် တုံ့ပြန် သည်။
မကြာမီ စလီဒန်ရွာကလေးသို့သွားရာ လမ်းမကြီးပေါ်သို့ ရောက်သွားသည်။ မနေ့ညနေက စိတ်ညစ်ညူးမှုများ လွင့်စဉ် သွားသည်။ ခါတိုင်းနှင့်မတူ စိတ်လွတ်လူလွတ် ဖြစ်လာသည်။ ပေ့သည် အလုပ်ထဲ အမြဲနစ်နေ သည်။ ပျော်စရာ ပါးစရာ နားစရာ အချိန်မရှိသလောက် ဖြစ်၏။ ဂေါက်သီး ရိုက်ရန်လည်း စိတ်မပါ။ တင်းနစ် ကစားရန်လည်း စိတ်မရှိ။ အမှန်အားဖြင့်လည်း သူ့မှာ အားကစားသွေးမပါ။ သူ့အသက်က ၄၉နှစ်သာ ရှိသေး သည်။ သို့သော် နှလုံးရောဂါက ဖြစ်ချင် သလိုလို အရိပ်အယောင် ပြနေ သည်။ ဒေါက်တာဘတ် က ခေါင်းတရမ်းရမ်း လုပ်နေစေကာ မူ သူကတော့ ပေါ့ပေါ့ပင်သဘောထားသည်။
ဟင်နရီ က နှုတ်ဆိတ်သည်။ တစ်ကိုယ်တည်း နေတတ်သည်။ တင်းကြပ်မှုကို ကလေးသုတ်သင် ပဲ့ပြင်မှု၏ အခြေခံ အဖြစ် ယုံကြည်သည့် မိဘများ၏ စည်းကမ်းကလနား ကြပ်မမှုအောက်၌ ကြီးပြင်း လာရသူ ဖြစ်သည်။ မြို့တော်ဝန် ဖြစ်လာချိန်မှာပင် ဧည့်ခံပွဲများသည် သူ့အဖို့ မချိမဆန့် ကိစ္စပမာ ဖြစ်နေခဲ့သည်။ အဲလစ်က သူ့ကို လူတော မတိုးဟု မကြာခဏ ပြစ်တင်ရှုတ်ချသည်။ ရှုတ်ချလောက် သော အကြောင်းလည်း ရှိပါပေ၏။
ပေ့က သူ့ပန်းခြံ ကို တန်းတန်းစွဲသည်။ မှန်လုံခန်းကလေးများဖြင့် ပန်းစိုက်သည်။ သူ စုဆောင်းထား သည့် စတက်ဖို့ ကြွေထည်များ ကို တကိုင်ကိုင် လုပ်ခြင်းဖြင့် ရသေ့စိတ်ဖြေ လုပ်တတ်သည်။ ဆောင်းဦးရာသီ ဂီတပွဲတော် များ ကျင်းပရေး အတွက် စီစဉ်ခြင်းသည် သူ့အဖို့ အလွန်အမင်း စိတ်ကြည်နူးစရာ ကိစ္စ ဖြစ်၏။ ဟက်ဒယ်လ်စတန်မြို့ သို့ သူ စတင် သွတ်သွင်းခဲ့သည့် ထိုဂီတ ပွဲတော်သည် ယခုအခါ မြို့၏ နှစ်စဉ်အချိန်မှန် ပွဲတော် များ ဖြစ်နေလေပြီ။
ရံဖန်ရံခါ ပင်လယ်ကမ်းခြေသို့ သွားရောက်ရသည်မှာ သူ့အဖို့ စိတ်အကြည်နူးဆုံး ဖြစ်လေသည်။ စလီဒန်ရွာအနီး ပင်လယ်ကမ်းခြေ သို့ သွားရသည်ကိုလည်း ပျော်သည်။ ထိုရွာကလေးက မြို့နှင့် နီးစေကာမူ အရှေ့မြောက်ပိုင်းဒေသ ပင်လယ် ကမ်းရိုးတန်းတစ်လျှောက်လုံး တွင် ရိုးရာစရိုက် မပျက်ဆုံး တံငါရွာ ကလေး ဖြစ်၏။
ထိုရွာကလေး ကို ကလေးဘ၀ကပင် သူ သိခဲ့၏။ ယခု သူ့သားကိုယ်တိုင် ထိုရွာတွင် နေနေသည်။ ဤသံယောဇဉ် နှောင်ကြိုးကလေးများကြောင့်သာ မဟုတ်သေး။ ဤရွာကလေးတွင် ရှေးဟောင်း အင်္ဂလန်နိုင်ငံ စစ်စစ် ၏ အစိတ်အပိုင်းတစ်ရပ် သက်ဆိုးရှည်နေသေးခြင်းကြောင့်လည်း ဤရွာကလေး ကို သူ တန်းတန်းစွဲ စွဲမက်နေခြင်း ဖြစ် သည်။
တစ်ခေတ်တစ်ခါက ရွှေထီးဆောင်းခဲ့သည့် အင်္ဂလန်။ တစ်နေ့သောအခါတွင် ရွှေထီးဆောင်းရပြန် ဦးမည့် အင်္ဂလန်။ ဤသည်ပင် ဟင်နရီပေ့၏ ရမ္မက်ဇော၊ ဤသည်ပင် သူ့ဘာသာတရား၊ ဤသည်ပင် သူ့ဥပါဒါန်ဟု ဆိုချင် ဆိုပေရော့။ သူ့နိုင်ငံကို သူ စေတနာသန့်သန့် ချစ်သည်။ နိုင်ငံ၏ မြေသား၊ ထိုမြေသားကို ရိုက်ခတ်သော ပင်လယ်ရေ ဆားဓာတ် ကအစ အားလုံးကို ချစ်သည်။
စစ်ပြီးချိန်မှ စ၍ အမျိုးသားဘ၀ အဆောက်အအုံအား ပြောင်းလဲစေခဲ့သည့် ယိုယွင်းမှုများကို သူ မျက်ကွယ်ပြု သည် မဟုတ်။ သို့ရာတွင် ထိုအချင်းအရာသည် မဟာရုန်းကန်ကြိုးပမ်းမှုကြီး၏ ဒဏ်ရာ ဒဏ်ချက် ဖြစ်သည်။ ခေတ္တ ယာယီမျှသာ ဖြစ်နိုင်သည်။ ဖြစ်ရမည်။ အင်္ဂလန်သည် တစ်ဖန် ပြန်ရှင်နိုးထ လာပေ လိမ့်ဦးမည်။
အင်္ဂလန်သည် တစ်နိုင်ငံလုံး အားအင်ကုန်ခမ်းကာ အသက်သွေးမရှိတော့လောက်အောင် ဖြစ်ပြီး မျှော်လင့်ချက် မရှိတော့လောက်အောင် အနာဂတ် အလားအလာ ပိတ်ဖုံးသော ဆိုးဆိုး ၀ါးဝါး ပြုတ်ပြုတ်ပြုန်း ဘေးဒုက္ခ အန္တရာယ်ကြီးပေါင်း များစွာကိုပင် လွန်မြောက်နိုင်ခဲ့သည်။ သမိုင်းက သက်သေခံနေ သည်။
အင်္ဂလန်သည် ပင်ကိုအားဖြင့် အင်္ဂလန်ပင်ဖြစ်၍ လန်းဆန်းသော သက်ရှိတရားကို ပေါက်ဖွားနိုင်ခဲ့ သည့် ကြီးမြတ်သော အစဉ်အလာကို ပြန်လည် သစ်ဆန်းနိုင်ခဲ့သည်။ တိမ်ကောနစ်မွန်းမှုကို မဆုတ်မနစ် အာခံငြင်းဆန်ခြင်းဖြင့် အန္တိမအခြေတွင် အောင်ပွဲခံနိုင်ခဲ့သည်။
စလီဒန်ရွာကလေး ၏ ၀ပ်ဝပ်စင်းစင်း သဏ္ဍာန်သည် သူ့ရှေ့တွင် ပေါ်လာ၏။ ဆိပ်ခံတံတားတွင် လှိုင်းရိုက် ၍ ရေမှုန်ရေမွှား တဖွားဖွားထနေ၏။ ပေ့ သည်ဆိပ်ကမ်းတစ်လျှောက် ကားမောင်းလာ သည်။ ကျောက်ကြိုးချထားသည့် တံငါလှေကလေးများ၊ နေလှန်းထားသည့် ငါးဖမ်းပိုက် များ ကို ကျော်ဖြတ်ခဲ့သည်။ ထုံးဖြူသုတ်ထားသည့် ဆိပ်ကမ်းစောင့်ရုံးကိုပတ်ပြီး ကမ်းပါးပြတ်ပေါ်သို့ တက်လာခဲ့ သည်။ ဒေးဗစ်အိမ်သို့ ရောက်လာသည်။
ကော်ရာက ခြံတံခါးဝမှ ဆီးကြိုစောင့်နေသည်။ ခေါင်းမှာ အဆောင်းမပါ။ နက်မှောင်မှောင် ဆံပင်တွေ က လေတိုးနေ၍ ပါးပြင်ပေါ်၌ ပျံဝဲနေသည်။ အနီရင့်ရောင်ဝတ်စုံက ကိုယ်ပေါ်တွင် ချပ်ချပ်ရပ်ရပ် ကပ်နေသည်။ သားတော်မောင် အတွက် အားဆေးတစ်ခွက်လိုဖြစ်သော ကြင်နာ လှိုက်လှဲမှုသည် ကော်ရာထံမှ ပျံ့လွင့်ပေါ် ထွက်နေသည်။
ကော်ရာ က ပေ့၏လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ ကော်ရာ မပြောမီကပင် သူ့ကို တွေ့ရ ၍ ကော်ရာ ၀မ်းသာကြောင်း သူ သိနှင့်နေသည်။
"သူ ဘယ်နှယ့်နေလဲ"
ဟင်နရီပေ့က မေးသည်။
"တစ်ပတ်လုံး ကောင်းပါတယ်။ အခု အပေါ်ထပ်မှာ စာရေးနေတယ်"
ကော်ရာက အိမ်ခေါင်ခန်း ပြတင်းကလေးကို လှမ်းကြည့်လိုက်၏။ အခန်းဆီမှ ထွက်လာသော ဘားတော့ခ်၏ ကွန်ရှပ်တို ဂီတသံကို ကြားနေရသည်။
"ကျွန်မ ခေါ်လိုက်ဦးမယ်"
ပေ့က ဒေးဗစ်ကို အနှောက်အယှက် မပေးချင်။ ဒေးဗစ် ရေးနေသည့် "အစ္စလာမ်သာသနာ ခေတ်ကြို ကဗျာများ" စာအုပ် သည် ကျားကုတ်ကျားခဲအား ထုတ်ရသည့် အဆိုအမိန့်တစ်ခု ဖြစ်သည်။ ဒေးဗစ်သည် လွန်ခဲ့ သည့် ခြောက်လအတွင်း အာရပ်ဒေသီ စကားသုံးမျိုးကို သူ့ဘာသာ သူ သင်ယူသည်။ "ကီတာအယ်အဂါနီ" ခေါ် တေးချင်းများစာအုပ်ကို ဘာသာပြန်နေသည်။ ထိုအားထုတ်မှုကို ပျက်ပြားအာင် မလုပ် သင့်။ ကော်ရာ က ပေ့ ချီတုံချတုံ ဖြစ်နေပုံကို မြင်၍ ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်လေ။ နေ့လယ်စာကလည်း နာရီဝက်နဲ့ မစားဖြစ်သေးပါဘူး"
ဟင်နရီပေ့ ထင်ထားသည်ထက်ပို၍ သူ့ပန်းများက ကော်ရာကို စိတ်ကြည်နူးစေသည်။ ကော်ရာက ပန်းများကို ပန်းအိုးတွင် ထိုးသည်။ ဟင်နရီပေ့ကို ပန်းခြံထဲသို့ ခေါ်သွားသည်။ လွန်ခဲ့သည့်ရက်ပတ် အတွင်း သူစိုက်ထားခဲ့၊ ပျိုးထားခဲ့ပုံကို ပြသည်။ ကျောက်ထူသော မြေကွက်ကလေး၌ သပ်သပ်ရပ်ရပ် အကွက်ချ စိုက်ပျိုးထားသည့် ဟင်းသီး ဟင်းရွက် အခင်းကလေး။ "ဘယ်သူက မြေတူးပေးသလဲ" "ကျွန်မပဲ တူးတာပေါ့"
ကော်ရာ က ရွှင်ရွှင်မြူးမြူး ရယ်လိုက်၏။
"မပင်ပန်းလွန်းဘူးလားကွယ်။ အိမ်အလုပ်က တစ်ဖက်။ ချက်ရပြုတ်ရတာက တစ်ဖက်။ ပြီးတော့ ဒေးဗစ် ကလည်း ရှိသေး" "အို မပင်ပန်းပါဘူး။ ကျွန်မ အားရှိပါသေးတယ်။ ကျွန်မက ပန်းခြံဆိုရင် သိပ်ကြိုက်တာ"
ကော်ရာ က သူ့ကို ရှက်စနိုးကြည့်ကာ ... "ပန်းခြံလုပ်ဖို့ဆိုတာ ကျွန်မမှာ ဘယ်တုန်းကမှ အခွင့်ကြုံခဲ့ဖူးတာမှ မဟုတ်တာ" ဟု သည်းလှိုက် အူလှိုက်ပြောသည်။
ကော်ရာ မီးဖိုဆောင်ထဲ ၀င်သွားချိန်တွင် ဟင်နရိပေ့က ပန်းခြံလမ်းကျဉ်း ကလေးပေါ် ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ မကြာလိုက်မီမှာပင် ကော်ရာက နောက်ဘက်တံခါးမှ သူ့ကို လှမ်းခေါ် သည်။
အိမ်ရှေ့ခန်း တွင် စားပွဲခင်း ထားသည်။ ခ၀ါကျ သန့်သန့်ပြန့်ပြန့် အ၀တ်လွှမ်းထားသည်။ သူ ပေးထားသည့် ဇွန်းခက်ရင်း များ၊ ဓားများ၊ ကြွေပန်းကန်များကို မြင်သာထင်သာ ခင်းကျင်းထား သည်။ ကြက်ကောင်လုံးကြော် ကလည်း ပန်းကန်ထဲတွင် ကျွတ်ကျွတ်ရွရွ၊ ၀င်းဝင်းပပ။ ကော်ရာ လုပ်သမျှ ပိုင်ပိုင်နိုင်နိုင် ရှိပုံကို ပြနေသလို။
သူတို့ စောင့်နေခိုက်မှာပင် အပေါ်ထပ်မှ ဓာတ်စက် ဂီတသံတိတ်သွားသည်။ ခဏအကြာတွင် ဒေးဗစ် ဆင်းလာသည်။ ခါတိုင်းလိုပင် မျက်နှာထားက ခပ်တန်းတန်း။ သို့သော် စိတ်ကောင်းဝင်နေ ပုံကို ပေ့ချက်ချင်း သတိထား မိလိုက်သည်။ ကျန်းမာပုံ လည်း ရသည်။ လည်ဖုံးဆွယ်တာအင်္ကျီနှင့်။ သားရေရောင် ပိတ်ထူဘောင်းဘီနှင့်။ စုတ်ဖွာနေသော သားရေပျော့ဖိန်ပနှင့်။ ကြောင်စီစီ ၀တ်ဆင် ထားသော်လည်း တကယ့် လူခန့်ချောကြီးပေပဲ ဟု ဘယ်သူမှ မတွေးမိဘဲ မနေနိုင်။ ဒေးဗစ်က ကော်ရာလိုပင် အရပ်အမောင်း အလွန်ကောင်းသည်။ ပိန်ပင် ပိန် လွန်းနေသည်။ ဆံပင်က ရွှေဝါရောင်။ အသားက လတ်လတ်။ သွားက ညီညီ။
"အလုပ် ပြီးရဲ့လား" ဟင်နရီ က သားကို မေးသည်။ ကော်ရာက ကြက်ကြော်လှီးနေသည်။
"အတော် ဟန်ပါတယ်"
ကော်ရာ က ကြက်ရင်အုပ်၊ ဂေါ်ဖီပြုတ်၊ အားလူးမွှေများဖြင့် စားချင့်စဖွယ် ပြင်ဆင်ထားသည့် ပန်းကန်ကို လှမ်းပေး သည်။ ဒေးဗစ်က ပန်းကန်ကို ခဏကြည့်ပြီး အမှတ်မထင်ပင် ခက်ရင်းကို ကောက်ကိုင်လိုက်သည်။
"အက်စွက် ဖစ်ဂျရယ် ရဲ့ အတ္ထုပ္ပတ္တိသစ်တစ်အုပ် အဖေတို့ဆီ ရောက်လာတယ်"
ဒေးဗစ် က မျက်မှောင်ချီလိုက်၏။ "သားကြည့်ချင်မလားလို့" ပေ့က မယုံမရဲ သဲ့သဲ့ပြောသည်။ ဒေးဗစ်က သူ့အဖေ ကို သရော်တော်တော် ပြန်ကြည့်သည်။
"သဘောကြိုက်ညီ
မကြိုက်ညီသော
မပြောသာသည်
ဂူလီအလား
ကစားသူတို့
ရိုက်ပို့လိုက်ရာ
ဟိုမှာသည်မှာ
သွားလာရောက်ရက်"
ဆိုတဲ့ ကဗျာမျိုးတွေရေးတဲ့ အရှေ့အင်္ဂလန်က မဟာမက်အနွယ်တော်ကို အဖေ ကြိုက်တယ်ဆိုတာ တော့ လာပြော မနေနဲ့နော်"  ပေ့က မချိပြုံး ပြုံးသည်။ သားတော်မောင်က ဆရာလုပ်နေခြင်းကို သူ အရေးမစိုက်။
သူ့သားက အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ဂုဏ်ထူးပထမဆင့်နှင့် သီသီကလေး ကပ်လွဲခဲ့သည့် ဂန္ထ၀င်စာပေ ပညာရှင်တစ်ဦးဖြစ်၍ ထိုသဘောထားကို ပြောပိုင်ခွင့် ရှိသည်။ ဟင်နရီပေ့၏ ပညာရေးမှာမူ သူ့အဖေ နာမကျန်း မှုကြောင့် စကောစက ဖြစ်ခဲ့ရသည်။ စာအုပ်စာတမ်းမှန်သမျှကို မလွတ်တန်း ဖတ်ရှုခြင်းဖြင့် ကိုယ့်ဒူးကိုယ်ချွန် အသိပညာ အဆင့် မြှင့်ခဲ့ရသည်။ အက်ဒင်ဘာရာ တက္ကသိုလ်တွင် ပညာသင်ခဲ့ရသည်မှာလည်း နှစ်နှစ်ထက် မပို။ သူ့ အဖေက ထိုတက္ကသိုလ်တွင် ပညာသင်ခဲ့ဖူး သည်။ ထို့ကြောင့် သူ့ကိုလည်း ထိုတက္ကသိုလ်သို့ပင် ဇွတ်အတင်း ပို့ခဲ့ခြင်း ဖြစ်သည်။
"အိုမာခေယမ် က သိပ်မဆိုးလှပါဘူးကွယ်"
ပေ့က သာယာညင်းပျောင်းစွာ လျှောက်လဲချက်ပေးသည်။
"ရပ်စကင်တောင် သူ့ကို ကြိုက်သေးတာပဲ"
ဒေးဗစ် က ရှုံ့မဲ့မဲ့ မျက်နှာထားဖြင့် အာရပ်စကားလုံးတွေ ကို တသီကြီး ရွတ်နေလေသည်။
"အဲဒါ အိုမာခေယမ်ကြီး ကို မြင်တဲ့ ကျွန်တော့်အမြင်ပဲ"
"အဓိပ္ပာယ် က ဘာတဲ့လဲ"
ကော်ရာက ၀င်မေး သည်။
"မင်းကို မှ ငါ ကောင်းကောင်း မသိတာ ဘယ်ပြောနိုင်ပါ့မလဲ"
ဒေးဗစ် က ပြောပြောဆိုဆို တဟားဟား ရယ်ချလိုက်လေသည်။
ဟင်နရီပေ့က သူ့သားကို မယုံသင်္ကာ ကြည့်သည်။ သို့သော် သူ့သား တစ်ယောက်တည်း ခေါင်းငိုက်စိုက်ထိုင် လက်နှစ်ဖက် ပေါင်ကြားညှပ်၊ ကြမ်းပြင် စိန်းစိန်းကြည့်နေလေ့ ရှိသည့် နေ့ရက် များ ကို ပြန်ပြောင်းအမှတ်ရမိသည်။ ထိုအခါ ရယ်မောနေသည်က တော်သေးဟု စိတ်သက်သာရာ ရမိလေသည်။
ဒေးဗစ် အဖို့ အကာလ ညအခါများသည် ပိုဆိုး၏။ တစ်မှေးမျှ မအိပ်ရ။ ညတာများသည် ဆုံးနိုင် သည်မရှိ။ မသိရသော ရန်သူ ကို စိုးရွံ့သော အကြောက်တရားက ဖိစီးမြဲ။ သူ့စစ်မှုထမ်းကာလသည် ဆိုးဆိုးဝါးဝါး မဟုတ်။ ဂရိကျွန်း တွင် သူ ပါဝင် တိုက်ခဲ့၏။ တပ်ဆုတ်ချိန်တွင် ၀မ်းကိုက်ရောဂါစွဲခဲ့၏။ စစ်ထဲ၌ ပင်ပန်းခဲ့ရခြင်းကြောင့် စိတ်ထိခိုက် လွယ်သော ဝေဒနာ စွဲကပ်လာခဲ့၏။ အောက်စ်ဖို့ဒ် တက္ကသိုလ် တက်သည်အထိ ထိုဝေဒနာ ကပ်ပါ လာခဲ့၏။ လွန်ခဲ့သည့် တစ်နှစ်ခွဲကမူ စိတ်ကယောင် ချောက်ချား ဖြစ်လာတော့သည်။
ဒေါက်တာဘတ်က ဒေးဗစ်တွင် ငယ်ငယ်ကတည်းကပင် စိတ်မနှံ့သော သဘောရှိခဲ့သည်ဟု ဆိုသည်။ ဟင်နရီပေ့ လက်မခံနိုင် ခဲ့။ ထိုအယူအဆကြောင့်ပင် တစ်သက်လုံး ခင်မင်ခဲ့သည့် ရင်းနှီး မှုမှာ ပျက်မတတ် ပင် ဖြစ်ခဲ့ရသေး၏။ သို့သော် ယခုမူ မထူးသလောက် ဖြစ်နေလေပြီ။
ဒေးဗစ် စိတ်အားထက်ထက်သန်သန် ဖြစ်နေပုံကို ကြည့်ရင်း ထူးခြားသလောက် ကံကောင်း ထောက်သော သူ့အိမ်ထောင်ရေး က သူ့ဘ၀ကို ကယ်တင်ခဲ့တာပါကလားဟု ဟင်နရီပေ့ စဉ်းစားမိ၏။
ဆေးဝါးကုသ ရန် စကာဘာရာမြို့သို့ ဒေးဗစ် သွားနေခဲ့ရသည်။ ထိုမြို့ဆိပ်ကမ်း၌ ကြုံကြိုက်ခဲ့သည့် အမှတ်မထင် ဆုံဆည်းမှုကလေးတစ်ခုကြောင့် ဒေးဗစ် စိတ်ပြန်မှန်လာသည်။ အနာဂတ်အတွက် ယုံကြည်ချက်ဖြင့် စိတ်ထိန်း လာနိုင်သည်။ ဘယ်တုန်းကမဗ၊ ဘယ်မိန်းမကိုမှ ဒေးဗစ် ဟုတ်တိပတ်တိ အာရုံမကပ် ခဲ့။ သူ့အသိဥာဏ်နှင့် ဖီလာဖြစ်သော ပညာမဲ့ မိန်းမသားတစ်ဦးအပေါ် အာရုံငြိဖို့ ကားဝေစွ ခြောက်ပါး။ ထို့ကြောင့် နှစ်ထပ်ကွမ်း ဆန်းကြယ်နေတော့၏။
သို့ရာတွင် ကော်ရာ၏ စာမတတ် ပေမတတ်အဖြစ်ကြောင့်ပင် နီးစပ်ရန် အကြောင်းဖန်လာခြင်း လည်း ဖြစ်နိုင်ပေ ၏။ အသူတစ်ရာ ချောက်ထဲကျနေ၍ လက်လှမ်းမီရာ မာယာေ၀၀ုစ် အကင်းရှင်း ဆုံးသတ္တ၀ါကလေးကို အလိုလို လှမ်းဆွဲမိခြင်း လည်း ဖြစ်တန်ရာ၏။ သူ လှမ်းဆွဲခဲ့သည့်လက်သည် ကော်ရာ၏ လက်ဖြစ်နေခြင်းမှာ ကံအကြောင်း လှလေစွ။
စားသောက်ပြီး၍ ကော်ရာ စားပွဲသိမ်းသည်။ ပေ့နှင့် သားဖြစ်သူတို့ ပြတင်းပေါက်နားတွင် ထိုင်ပြီး စကားပြောကြသည်။ ခါတိုင်းဆိုလျှင် ဒေးဗစ်က သူ့အလုပ်အကြောင်းကို မေး၍ စမ်း၍ မရ။ ယနေ့တော့ မျိုသိပ်ချုပ်တည်း မှုတွေ ဘယ်လွင့်ကုန်လေသည်မသိ။ စိတ်ရွှင်သည်။ နှုတ်သွက်သည်။
စစ်အတွင်းက သူ ရေးခဲ့သည့် အစမ်းစာများအနက် "ညဥ့်မင်းမူရာဒေသ" အမည်ရှိ အစမ်းစာများကို မာကြူရီဒဖရန့် စာစောင်က ဘာသာပြန် ဖော်ပြကြောင်း အယ်ဒီတာထံမှ ရေးပို့သော ချီးကျူးစာကို ထုတ်ပြသည်။ သူ့အစွမ်းအစကို အသိအမှတ်ပြုသည့် ဤစာသည် ဒေးဗစ်အဖို့ အားဆေးတစ်ခွက် ဖြစ်သည်။ ပေ့အဖို့လည်း အားပေးမှုတစ်ရပ်ပင် ဖြစ်ပေတော့၏။ ဥတ္တရအလင်းကို ပြောင်ပြောင် မြောက်မြောက် သတင်းစာ ဖြစ်လာစေရန် ပေ့က ဒေးဗစ်ကို သူနှင့်အတူ အမြန်လာ၍ အလုပ်လုပ်စေချင်သည်။
သားအဖနှစ်ယောက်အတူ လမ်းလျှောက်လေ့ရှိသည်မှာ ထုံးစံလို ဖြစ်၏။ ယနေ့ နေ့လယ်တွင်မူ ဒေးဗစ် အပေါ်ထပ်ပြန်တက်ပြီး အလုပ်လုပ်သည်။ နောက်တစ်နေ့တွင် ပြန်အပ်ရမည့် လန်ဒန် စာကြည့်တိုက်မှ စာအုပ်တစ်အုပ် ကို အချိန်ပြည့် လေ့လာချင်သည်ဟု ဆိုသည်။ ကော်ရာကတော့ အပေါ်အင်္ကျီပင် ၀တ်ပြီးနေပြီ။ ထို့ကြောင့် ကော်ရာနှင့် ပေ့တို့ ဆိပ်ကမ်းဘက်သို့ ထွက်လာခဲ့ကြ သည်။
အစတော့ သူတို့ စကားမပြောကြ။ ကော်ရာက တိတ်တိတ်ဆိတ်ဆိတ်နှင့် အဖော်ရသည်။ ထို့ကြောင့် ဟင်နရီပေ့ အဖို့ နှစ်ပေါင်း များစွာ သိရှိပေါင်းဖက် လာသူပမာ ခင်တွယ်ရသည်။ သဲခုံကို ကျော်တော့ ပင်လယ်မှော်ခြောက် များ အပေါ် မှ နင်းသွားရသည်။ လှိုင်းကာတံတိုင်းဘက်သို့ ချိုးကွေ့လျှောက်ကြသည်။ ကော်ရာက ပေ့ လက်ကို ကိုင်ထားသည်။ ပျော်ပျော်ကြီး ပင်လယ် လေညင်းခံနေသည်။
"အင်္ကျီထူထူ ၀တ်ခဲ့ဖို့ ကောင်းတယ်ကွယ်"
ပေ့က ကော်ရာ ၀တ်လာသည့် သက္ကလပ်အင်္ကျီခပ်နွမ်းနွမ်းကို သတိထားမိလိုက်သည်။
"ကျွန်မတော့ နည်းနည်း မှ မချမ်းပေါင်။ ဒီကိုလာရတာ မပျော်ဘူးလား" ဟု ပြန်မေးသည်။
"ပျော်တာပေါ့" ပေ့က ဖြေသည်။
ထိုစကားမှာ ကော်ရာအဖို့ အားဆေးတစ်ခွက်ပမာ ဖြစ်လေသည်။ လူသူကင်းရှင်းနေ သော ဆိပ်ခံတံတား အဆုံးရှိ သက်ကယ်လှေစခန်းထဲ၌ သူတို့ လေခိုကြသည်။ ပင်လယ်စင်ရော်ကြီးများ ပျံဝဲထိုးသုတ်နေဟန်ကို ကြည့်နေကြသည်။ ပင်လယ်ထဲတွင် လှိုင်းကြမ်းနေ၏။ လှိုင်းလုံးများပေါ်မှ ဖြတ်တိုက်လာသော လေသည် ငန်ငြိငြိ စပ်ဖျဉ်းဖျဉ်း ဖြစ်နေ၏။ ဤနေရာမျိုးတွင် ထာဝစဉ် နေရ နေရ နေသွားနိုင်သည်ဟူသော ဆန်းဆန်းကြယ်ကြယ် ခံစားမှု တစ်ခု ပေ့၏ စိတ်ထဲတွင် ပေါ်လာ၏။ ခဏကြာမှ စကား စပြောသည်။
"မင်း ဒေးဗစ် အပေါ် အများကြီး ကောင်းရှာပါပေတယ်ကွယ်"
"သူက ကျွန်မအပေါ် ကောင်းတာပါ"
ကော်ရာ က သွက်သွက်ပြန်ပြောသည်။ ကော်ရာက စကားခဏ ရပ်ထားသည်။ ပေ့ကို ကြည့်သည်။ ပြီးတော့ အဝေး သို့ ငေးနေလိုက်သည်။
"ကျွန်မတို့ တွေ့စကတော့ ကျွန်မလည်း ဒီလောက် မပျော်လှပါဘူး"
ထိုစကားဖြင့် ကော်ရာက သူ့ကို နှစ်နှစ်ကာကာ အလေးအမြတ် ပြုသည်ဟု ဟင်နရီပေ့ ယူဆသည်။ ကရားရေလွှတ် တတွတ်တွတ် ပေါက်ကရပြောတတ်သည့် မိန်းမအကျင့်ကို သူ စက်ဆုပ်သည်။ ကော်ရာကိုမူ ထိုအကျင့် မရှိခြင်း၊ နှုတ်သိုသိပ်ခြင်းကြောင့် တွေ့စကတည်းကပင် နှစ်သက်ခဲ့သည်။ ကော်ရာ့တွင် အမြတ်နိုးခံချင် စိတ်၊ ယောက္ခမ မိသားစုအပေါ် တွယ်တာလိုစိတ် များ ရှိကြောင်း သတိထားမိသည်။ အတိတ်ကာလ က ဆင်းရဲဒုက္ခရောက်ခဲ့ရခြင်းကို လှစ်ပြနေခြင်း ဖြစ်လေသည်။
နောက်ပိုင်းတွင် ကော်ရာက သူ မိတဆိုး ဖတဆိုး ဖြစ်ခဲ့ရပုံ၊ လန်ဒန်မြို့တွင် အဒေါ်ထံ ကပ်နေခဲ့ရပုံ၊ ကိုယ့်ဝမ်း ကိုယ်ကျောင်းခဲ့ရပုံများကို ပြောပြ သည်။ ဘ၀ဇာတ်ကြောင်းလှန်သည်။ ကိုယ့်ကိုယ်ကိုယ် အသနားပိုပုံ တစ်စွန်း တစ်စ မျှ မပြ။ သို့သော် လက်ရှိ ပျော်ရွှင်ကြည်နူးမှုကြား၌ပင် အတိတ်က ၀မ်းနည်းကြေကွဲရမှုကား သဲ့သဲ့မျှပင် ဖြစ်စေကာမူ သိသိသာသာ ပဲ့တင်ထပ်နေလေ၏။
"တစ်ကောင်ကြွက် လို ဖြစ်နေခဲ့တာပေါ့လေ"
"ဟုတ်ပါတယ်"
ကော်ရာက ဖြေသည်။
"အဲဒီ သဘောပါပဲ"
လေပြင်းကျ လာ၏။ ပေ့က ကော်ရာ့ပခုံးပေါ် လက်တင်ပြီး ထိန်းပေးထားသည်။
"ငါတို့ မင်းကို ဘယ်တော့မှ အဲဒီလို မဖြစ်စေချင်တော့ပါဘူးကွယ်။ တို့မိသားစုထဲက ရောက်နေပြီပဲ။ အထီးကျန်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး။ အဲလစ်က မနေ့ကပဲ အဲဒါကို ပြောနေသေးတယ်။ ဒေးဗစ်ရယ်၊ မင်းရယ် ဒီမှာချည်း နေနေရတာ တစ်ခါတလေ ပျင်းစရာကောင်းမှာပဲလို့ သူ ထင်နေတယ်။ တစ်ခါတလေ ဟက်ဒယ်လ်စတန် ကို မင်းလာဖို့ ကောင်းတယ်။ နှစ်ယောက်စလုံး ပေါ့။ ကပွဲလေး ဘာလေးလာကြပေါ့"
"ကျွန်မ က ကတာခုန်တာ သိပ်စိတ်မပါပါဘူး"
ကော်ရာက ပြောသည်။ သူ့ပြောပေါက်ဆိုပေါက်က ခပ်ဆန်းဆန်း ဖြစ်နေမည်စိုးသည့်အလား စကား ဖြည့်ပြော သည်။
"ဒေးဗစ်ကလည်း စိတ်မပါ ပါဘူးလေ။ သူက အဲဒီလိုလူစားမှ မဟုတ်တာ"
"ဒါဖြင့်လည်း ပြဇာတ်တို့ ဘာတို့ပေါ့။ ဂီတပွဲကော"
ကော်ရာက သူ့ဘက်လှည့်လိုက်၏။
"ကျွန်မ ဒီမှာ ပျော်တယ်။ တိတ်တိတ်ဆိတ်ဆိတ်နေရတာ ကြိုက်တာပဲ။
ညတိုင်း အိပ်ရာထဲ မှာ ဆိုရင် ..."
စကားမှား သွားသလို ကော်ရာ ရှက်သွေး ဖြန်းသွားသည်။ ပြီးမှဆက်ပြောသည်။
"အိမ်ကို လေတိုးနေတဲ့အခါ လှိုင်းသံတွေကို ကြားနေရတာပဲ။ ရဲတိုက်ကြီးထဲမှာ နေရသလိုပဲ။ ကျွန်မတော့ စလီဒန် ကို ဘယ်နေရာနဲ့မှ မလဲနိုင်ဘူး"
"ကဲ ပြန်ဖို့ အချိန်တော်ပြီ"
ကားရှိရာ သို့ သူတို့ရောက်ချိန်တွင် အိမ်ခေါင်ခန်းဆီမှ ဓာတ်စက်ဖွင့်သံ ကြားရသည်။ ဘရွတ်ခနာ၏ အီးဖလက်မေဂျာ စတုတ္ထဆင်ဖိုနီပင် ဖြစ်ဟန်တူသည်။ ဒေးဗစ် စိတ်ကူးစိတ်သန်း ရှာနေသည်မှာ သေချာသည်။ ထို့ကြောင့် ပေ့ အိမ်ပေါ်မတက်တော့။
ဟင်နရီပေ့ က လကုန်တိုင်း ပေးနေကျ စာအိတ်ကို ကော်ရာ၏ ဘေးအိတ်ထဲသို့ မသိလိုက် မသိဘာသာပင် ထိုးထည့် လိုက်သည်။ မျက်လှည့်ဆရာ ဖဲချပ် ဖျောက်ပြသလို ကျွမ်းကျွမ်းကျင်ကျင် ထည့်နိုင်အောင် သူ ကြိုးစားသည်။ သို့သော် စာအိတ်ထည့်တိုင်း အမြဲတန်းပင် နည်းနည်းတော့ သူ အနေခက်သည်။ လှီးလွှဲစကား လေးများကိုလည်း အဆစ်ထည့်ပြောရသေးသည်။ လူငယ်တွေမှာ မာနရှိသည်။ သို့သော် နေရေးစာရေး က ရှိသေးသည်။ ယခုအကြိမ် သူပြောသည့် စကားမှာ ...
"မင်းပန်းခြံ ကလေးအတွက် ပန်းမျိုးစေ့ဖိုး"
ကော်ရာက မရယ်မပြုံး။ ပါးရိုးမြင့်မြင့်၊ ပါးပြင်ချိုင့်ချိုင့် ကော်ရာ့မျက်နှာက်က ထူးထူးဆန်းဆန်း မျက်ထားနှင့်။ လေပြင်းကြောင့် ကော်ရာ့မျက်လုံးများတွင် မျက်ရည်လည်နေသည်။ ဆံခွေ ကလေးတစ်ခုက မျက်ခုံးပေါ်ဝဲနေသည်။
"ကျွန်မတို့ အပေါ် ဦးတို့ မိသားစုအားလုံး သိပ်ကောင်းကြပါတယ်။ အထူးသဖြင့် ဦးက ကျွန်မအပေါ် သိပ်ကောင်း ပါတယ်။ ကျွန်မကို ... ကျွန်မကို ..."
ကော်ရာ စကားမဆက်နိုင်။ ပေ့အနီးသို့ ရုတ်တရက် ကပ်လာသည်။ ပေ့၏ ပါးပြင်ကို ဖျတ် ခနဲ နှုတ်ခမ်းဖြင့် တေ့နမ်း လိုက်သည်။
ပေ့သည် ဟက်ဒယ်လ်စတန်သို့ ဖြည်းဖြည်းဆေးဆေး ကားမောင်းပြန်လာသည်။ ထိုအယုအယ ကလေး ကို ပြန်တွေးရသည်မှာ အိမ်ရောက်သည်အထိ ရင်ဝယ်တသိမ့်သိမ့် ဖြစ်နေလေတော့၏။
(၃)
တနင်္လာနေ့သည် အမြဲအလုပ်ရှုပ်သောနေ့။ ရက်အားအတွင်း သတင်းတွေ စုပုံနေခဲ့သည်။
ဟင်နရီပေ့တိုက်သို့ စောစောရောက်နေသည်။ အပေါ်သို့ မတက်သေး။ သတင်းဌာနသို့ ၀င်သွား သည်။ သတင်းသမားများ အလုပ်လုပ်ရာ သတင်း ဌာနသည် ကျောက်တုံးခင်းထားသော ကွက်လပ်ဘက်သို့ မျက်နှာမူ ထား၏။ အခန်းကျယ်၏။ ဟောင်းတော့ ဟောင်းနေပြီ။ သို့သော် အလင်းရောင် ကောင်းကောင်းရသည်။
အဆောက်အအုံ က မကျယ်လှ။ ပုံနှိပ်စက်များထားသည့် ကပ်လျက်တိုက်ကို ငှားထား၍သာ ဤမျှ ကျယ်ခြင်း ဖြစ်၏။ ခေတ်လည်း မမီတော့။ သို့သော် နှစ်ပေါင်းများစွာ ဤအတိုင်းပင် ရှိနေခဲ့သည်။ သူ့အတွက် အဆင်ပြေ သည်။ သူကလည်း သဘောကျသည်။
လက်ထောက်အယ်ဒီတာ ပီတာဖန်းဝစ်က သတင်းမြည်းအယ်ဒီတာ ဖရန့်နှင့်အတူ အေပီတယ်လီ ပရင်တာ သတင်းဖမ်းစက် အနီးတွင် ရပ်နေသည်။
"အီဂျစ်သတင်း ဘာလာသေးသလဲဟေ့" ဟင်နရီပေ့က မေးသည်။
"စူးအက် တူးမြောင်းကတော့ ပိတ်ထားတုန်းပဲ ခင်ဗျ" ဖန်းဝစ်က ဖြေသည်။
"အမေရိကန်တွေလည်း ဖောင်ကြီးတွေ ဆယ်ခွင့်မရကြသေးဘူး။ ဆော့ဘုရင်နဲ့ အိုက်ဆင်ဟောင်ဝါ ဆွေးနွေးနေကြပြီ။ ဂျက်လေယာဉ်တွေ နဲ့ ကာဒီလက် ကားတွေ တောင်းနေတယ်။ နတ်ဆာ ကတော့ သြဇာသုံးနေတုန်းပဲ။ အစ္စရေးကလည်း မလှုပ်ဘူး။ ဗြိတိန်မှာ ရေနံပြတ်နေပြီ။ ၀န်ကြီးချုပ်အီဒင် ပနားမား ရောက်သွားပြီ" ပေ့ ခပ်မဆိတ် နားထောင်နေ၏။ စကားလုံးတိုင်းသည် အနာဟောင်းကို ဆွ သလို ဖြစ်နေလေ သည်။
"ပြည်တွင်း သတင်းကကော"
"ဘဲလ်ဖက်စ်က ကြောက်စရာ သတင်းကြီးလာတယ်။ နှစ်လောင်းပြိုင် သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သွားတဲ့ သတင်းခင်ဗျ။ မိန်းမ ရယ်။ ကြာခိုသမားရယ်။ လင်ရယ်။ အားလုံး လည်ပင်းပြတ်နေ ကြသတဲ့"
ပေ့က သတင်းကို ဖတ်ကြည့်သည်။ သတင်းအချက်အလက်များမှာ တကယ့်ကြောက်စရာ လန့်စရာပင်။
"ဖြုတ်လိုက်ကွာ" ပေ့က ပြောသည်။ "ကျောဖုံးမှာ တစ်ပိုဒ်လောက်ထည့်လိုက်ရင် မကောင်းဘူးလား"
ဖန်းဝစ် က အကြံပေးသည်။
"တစ်ကြောင်းမှကို မထည့်နဲ့" ကျန်သတင်းများ ကို အမြန်ကျော်လွှားဖတ်ကြည့်သည်။ ဆွဲဆွဲဆောင်ဆောင် မရှိလှ။ အာရှ အနောက်ပိုင်း အခြေအနေက ပိုဆိုးလာသည်။ ဆိုက်ပရပ်တွင် ဆူပြန်ဦးတော့မည်။
"တခြား ဘာရှိသေးတုန်း" ပေ့က မေးသည်။ တယ်လီပရင်တာ သတင်းဖမ်းစက်မှ သတင်းများကို "မြည်း" ကြည့်ပြီး အရှေ့မြောက်ပိုင်းဒေသနှင့် သက်ဆိုင်သည့် သတင်းများကို ရွေးရသည့် ဖရန့်က ...
"ဒီသတင်း ဘယ်နှယ့်နေမလဲ" ဟု မေးသည်။ သတင်းမှာ စနေနေ့ညပိုင်း လွှတ်တော်သတင်း ဖြစ်၏။ ခဲတံပြာနှစ်ချက် ခြစ်ထားသည်။ "အရှေ့မြောက်ပိုင်းဒေသ မဲဆန္ဒနယ် အမတ် မစ္စတာ ဘာနေးကိတ်ဒီမတ်စ် ၏ မေးခွန်းကို အစိုးရ ကိုယ်စား မစ္စတာ ဖိလစ်လက်စတာက ဖြေကြားရာတွင် အင်အားယူ စီမံကိန်းဟု အမတ်မင်း ခေါ်ဝေါ်သမုတ်သည့် ကောလာဟလများသည် အခြေအမြစ် မရှိ။ အရိပ်မပြ အကောင် အထင်သော ကောလာဟလများသာ ဖြစ်ကြောင်းဖြင့် ပြောကြားသွားသည်။
"အင်အာယူ စီမံကိန်း ဟုတ်လား"
ဟင်နရီပေ့က ပုစ္ဆာထုတ်သလို မေးသည်။ အယ်ဒီတာများကို တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေသည်။
"တစ်ခါမှတော့ မကြားမိပါဘူး" ဖန်းဝစ်က ပြောသည်။
"အင်အာယူ" ဖရန့်က မျက်မှောင်ကြုတ်ပြီး စဉ်းစားသည်။
"နေရှင်နယ် ရေးရုတ် ယူနီယန်လား" "မဖြစ်နိုင်ပါဘူး" ဖန်းဝစ်က ဖြေသည်။ "သတင်းမှားနဲ့ တူပါတယ်။ ဒီ ကတ်ဒ်မတ်စ်ဆိုတဲ့လူက လျှာဦးတည့်ရာ စွတ်ပြောတဲ့လူ" ပေ့က သတင်းစာရွက်ကို ပြန်ပေးလိုက်သည်။
"ဘာပဲ ဖြစ်ဖြစ်လေ။ သတင်းဆက်လက်ဖို့ တစ်ယောက်တော့ ချထားလိုက်။ မင်းပေးနိုင်ရင် လူးဝစ်ကလေးကို ချပေးလိုက်" ပေ့သည် သူ့အခန်းသို့ တက်သွားသည်။ သူ့အတွင်းရေးမှူးလည်းဖြစ်၊ ဖြန့်ချိရေး လုပ်ငန်းကို တွဲကိုင်သူလည်း ဖြစ်သည့် မစ်မော့ဖတ်က စာများကို ရွေးနေသည်။
မစ်မော့ဖတ် သည် အသက်ကကြီးကြီး၊ ရုပ်ရေက ရွက်ကြမ်းရေကြို။ အငြိမ်းစား ကျောင်းဆရာမကြီး နှင့် တူ သယောင်ယောင်။ အသားအရေက အရောင်အဆင်းမရှိ။ ဆံပင်က ဖြူကြောင်ကြောင်။ နွေရော ဆောင်းပါ ရာသီမရွေး မီးခိုးရောင် ဂါဝန်၊ မီးခိုရောင် သိုးမွေးအင်္ကျီကိုသာ ၀တ်လေ့ ရှိသည်။
သတင်းစာတိုက်တွင် မရှိမဖြစ်သူ။ တောက်တိုမယ်ရရော အရေးကြီးကိစ္စပါ မညည်းမညူ အားလုံး ကျုံးလုပ်သူ။ လွန်ခဲ့သည့် နှစ် ၃၀ကျော်က ဟင်နရီပေ့၏ ဖခင် ရောဘတ်ပေ့ခန့်ခဲ့၍ သတင်းစာ တိုက်တွင် စတင်လုပ်ကိုင်ခဲ့သည်။ သူက ဟင်နရီပေ့ကို အဖေ့အရိုက်အရာ ဆက်ခံသူအဖြစ် ဘယ်တော့မှ သဘောမထား။
ယနေ့နံနက်တွင် မစ်မော့ဖတ် ၏ အမူအရာက သိသိသာသာ "ငူ" နေသည်။ သူ့စိတ်ထဲတွင် တစ်ခုခု တော့ ရှိနေပြီဟု ပေ့ ချက်ချင်း သိလိုက်သ်ည။ ပေးစာများကို ပေ့ ဖတ်နေစဉ် မော့ဖတ်က စောင့်နေ သည်။ စာထုပ်များမှ ကြိုးကလေးတစ်စကို ဆွဲယူပြီး အထုံးကလေး လုပ်နေသည်။ ကြိုးများ၊ စက္ကူ ဖြတ်စများ၊ မသုံးရသေးသော တံဆိပ်ခေါင်းများ စသည့် အသေးအဖွဲများကို ချွေတာရေး မလုပ်ရ မနေနိုင်။ ပေ့က လက်ရေးကို မလိုက်ခိုင်းမီ မော့ဖတ် က စကားစပြောသည်။
"သူ ဖုန်းဆက်ပြန်ပြီ" "ဘယ်သူလဲ" "ဆမ်မာဗီးလ်ပေါ့" ဟင်နရီပေ့က သူ့ကို တအံ့တသြ ပြန်ကြည့်နေသည်။
"ဘာပြောချင်တာတဲ့လဲ" "ရှင်နဲ့ပြောချင်တာတဲ့။ ဆာရီးမြို့ကနေ ဖုန်းခေါ်တာ။ မကန်၇နာရီခွဲပဲ ရှိသေးတယ်။ ရှင်မရှိသေးဘူး ဆိုတာ သိပုံရပါတယ်။ ကျွန်မက ရှင် မရောက်သေးဘူးလို့ ပြောတော့ မှာစရာလေး ပြောထားခဲ့ တယ်" "ဒီတော့" မစ်မော့ဖတ်က မှတ်စုစာအုပ်ကို ထုတ်သည်။ လက်ရေးတိုဖြင့် လိုက်မှတ်ထားသည့် မှာကြားချက် ကို ဖတ်ပြသည်။
"ကျေးဇူးပြု၍ မစ္စတာပေ့အား ကျွန်တော် မေတ္တာပို့ကြောင်း ပြောကြားပါရန်။ လာမည့်ရက်ပတ်တွင် ကျွန်တော့် ထံမှ တာဝန်ခံပုဂ္ဂိုလ်နှစ်ဦးအား လာရောက်တွေ့ဆုံခွင့်ပြုလျှင် အလွန်ဝမ်းသာ ကျေးဇူး တင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားပါရန်" ပေ့ ငြိမ်နေသည်။ ပြီးမှ စဉ်းစားချိန်ရစေရန် ...
"တစ်ခေါက် ပြန်ဖတ်စမ်းပါဦး" ဟု ခိုင်းသည်။
မော့ဖတ် က ပြန်ဖတ်သည်။ နောက်တစ်ခေါက် ပြန်ဖတ်မှ လွန်လွန်ကျွံကျွံ ယဉ်ကျေးဖော်ရွေသံ ပိုပေါ်လာသည်။ စနေနေ့ ကတည်းက သူ့ကို စိတ် စနောင့်စနင်း ဖြစ်နေစေခဲ့သည့် ဤနဝေတိမ် တောင်ကိစ္စသည် အရှိန်ကောင်းကောင်းဖြင့် သူ့ဆီ ပြန်ရောက်လာပြန်သည်။ သူ့စိတ်တွင် မသိမသာ ကြောင့်ကြမှု ၀င်လာသည်။
"ခင်ဗျား ဘယ်လို ထင်သလဲ"
မစ်မော့ဖတ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ ခေါင်းကို တူးတူး ခါးခါး ဆတ်ခနဲ ခါလိုက်၏။
"ဥတ္တရအလင်း ကို ၀ယ်ချင်နေတာပေါ့" ဟု ပြောလိုက်၏ဒ။
"ဟုတ်တယ်။ သူက ဒီသတင်းစာကို ရောင်းမယ် ထင်နေတာ။ သူ သတင်းကြားမှားနေတာကို ကျွန်တော်လည်း ပြောပြီးသားပဲဟာ"  "သူက မှားတတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး"
"အင်းလေ။ ခင်ဗျားပြောတာ ဟုတ်ရင်တောင်မှ အကြောင်းကတော့ မထူးပါဘူး။ သူက အတင်း ၀ယ်ချင်တယ်။ ကျွန်တော်က အရှင်းမရောင်းချင်ဘူး။ ဒါပဲပေါ့"
"ဒီလောက်ကို ရှင်းတာပဲလား"
"ရှင်းတာပေါ့"
ပေ့ စိတ် ကသိကအောက် ဖြစ်ပြီး ကျွဲမြီးတိုလာသည်။
"သတင်းစာတစ်စောင်ကို မောင်းထုရောင်းနေတာ မဟုတ်ရင် ဘယ်သူက ဘယ်လိုလုပ် ၀ယ်လို့ရမှာလဲဗျ"
"ဗာနန်ဆမ်မာဗီးလ်အကြောင်းကို ရှင်သိရဲ့လား"
"တစ်ခါလောက်ပဲ တွေ့ဖူးတာပါ" "ဒါဖြင့် သိတယ်လို့ မဆိုနိုင်သေးဘူး။ အနည်းဆုံးတော့ သူ ဘယ်လို သတင်းစာကို ထုတ်တယ်ဆို တာတော့ ရှင်သိမှာပေါ့လေ။ ဒီနေ့မနက် ပြန်တမ်းကို မြင်ပြီးပလား"
လန်ဒန်မြို့ထုတ် သတင်းစာအားလုံးကို ပြတင်းပေါက်အနီးရှိ မဟော်ဂနီ စားပွဲကြီးပေါ်တွင် စနစ်တကျ စဉ်ထား သည်။ မစ်မော့ဖတ်က ပြန်တမ်းကို ယူသည်။ သူ့ရှေ့တွင် ဖြန့်ပြသည်။ မျက်နှာဖုံးတွင် အလောင်း သုံးလောင်းပုံ ကို ကော်လံပြည့် ဖော်ပြထားသည်။ ယောက်ျား နှစ်လောင်း။ ကိုယ်တွင် အ၀တ်မကပ်တကပ် သနားစရာ မိန်းမ အလောင်း တစ်လောင်း။ အိမ်ခန်း တစ်ခန်း၏ ကြမ်းပြင်ပေါ်တွင် အဆန့်သားသေနေကြ၏။ ဓာတ်ပုံအပေါ် တွင် ခြောက်လိုင်းစာလုံး မည်းကြီများဖြင့် "ရာဂ၏ ဆုလာဘ်"ဟု ခေါင်းစီးတပ်ထား၏။
"မယဉ်ဘူးလား" မစ်မော့ဖတ်က အနက်ဖွင့်ရန်ခက်သော လေသံဖြင့် ပြောသည်။
"ကျွန်မတို့ သတင်းစာမျက်နှာဖုံးမှာ ထည့်လိုက်ရရင် ကောင်းမှာပဲ"
မစ်မော့ဖတ် ဘာဖြစ်နေပါလိမ့်။ ပေ့ စဉ်းစားမရ။ ဤပေါက်ကရကိစ္စကို ရပ်တန်းက ရပ်ပစ်မှ ဖြစ်တော့မည်။ ပေ့က သတင်းစာကို ပြန်ပေးပြီး ထန်ထန် ပြောလိုက်၏။ "လက်ရေးတိုလိုက်စမ်း"
စာအဆက်အသွယ်ကိစ္စများကို ဆောင်ရွက်ပြီးနောက် မစ်မော့ဖတ် ပြန်ထွက်သွားသည်။
ပေ့သည် စင်္ကြံမှ လျှောက်ပြီး အခန်းတစ်ခန်းထဲသို့ ၀င်သွားသည်။ ထိုအခန်း၌ နံနက်တိုင်း ၁၀နာရီ တိတိ တွင် နောက်တစ်နေ့ထုတ် သတင်းစာအတွက် ဌာနမှူးများနှင့် ပေ့ တွေ့ဆုံညှိနှိုင်းသည်။ ဒု-အယ်ဒီတာချုပ် မယ်လ်ကမ်မိတ်တလန်ရောက်နှင့်နေသည်။ ဓာတ်ပုံဌာနမှူး ဟတ်တလေစလိတ် နှင့် စကားစမြည် ပြောနေ၏။ ပေ့ ရောက်သွားချိန်တွင် အားကစား အယ်ဒီတာ ပူးလ်နှင့် ကြော်ငြာ ဌာနမှူး ဟောရေ့စ်ဘယ်လ်မာတို့ သူ့နောက်မှ ၀င်လာကြသည်။
ပေ့သည် အရောင်တင်ထားသော စားပွဲရှည်ကြီး၌ ထိုင်လိုက်ချိန်တွင် ဆမ်မာဗီးလ် ကမ်းလှမ်းချက် ကိစ္စကို ပြောပြချင်စိတ် ရုတ်တရက် ပေါ်မိသေး၏။ ပျော့ကွက်ဖွင့်ပြသလို ဖြစ်နေမည်စိုး၍ ထိန်းထားလိုက်သည်။ သတင်းစာ အထားအသိုကို ဆွေးနွေးကြသည်။ မိတ်တလန်တင်ပြသည့် သတင်းဇယားကို တစ်ခုချင်း စိစစ်ကြသည်။ ထည့်သင့်တာထည့်၊ ဖြုတ်သင့်တာဖြုတ်။
ဥတ္တရအလင်း ၏ မူဝါဒသည် နှစ်ပေါင်းများစွာကပင် စာတန်းကလေး တစ်တန်းတည်းဖြင့် သင်္ကေတ အကျဉ်းချုပ် ထားခဲ့ပြီး ဖြစ်သည်။ ထိုစာတန်းကလေးကို ပိုက်ကားစာလုံး သေးသေးလေးဖြင့်သာ စာစီထားသည်။ သတင်းစာ မျက်နှာဖုံး ထိပ်ဆုံးတွင်ဣနြေ္ဒရရ ဖော်ပြထားသည်။ ထိုစာတန်းမှာ "ဖတ်သင့် ဖတ်ထိုက်သမျှ သတင်းစုံ" ဟူ၍ ဖြစ်လေ သည်။
ဥတ္တရအလင်းသည် မြှူဆွသတင်းများကို မလျှော့တန်း ဆန့်ကျင့်ခဲ့၏။ မျိုးဆက်ငါးဆက်တိုင်တိုင် သမာဓိရှိမှု၊ သမာသမတ်မျှမှု၊ သတင်းခိုင်လုံ တိကျမှု တို့အတွက် ယုံကြည်ကိုးစားခံခဲ့ရသည်။ ကျော်စော ထင်ရှားခဲ့ သည်။ မြောက်ပိုင်းဒေသ၏ အစဉ်အလာကြီးသော အဖွဲ့အစည်း တစ်ရပ် ပမာ ဖြစ်လာခဲ့သည်။
ယနေ့ အဖို့ အဓိက သတင်းသည် မလွဲမရှောင်သာပင် အာရှအနောက်ပိုင်းကို မဏ္ဍိုင်ပြုနေသည်။  ပေ့နှင့် အယ်ဒီတာအဖွဲ့ သည် ထိုသတင်းကို အကျယ်တ၀င့် ဆွေးနွေးကြသည်။ နိုင်ငံလုံးဆိုင်ရာ သတင်း၊ ဒေသဆိုင်ရာ သတင်းများကို စိစစ်ကြသည်။ နောက်ဆုံးတွင်မှ မရိုးနိုင်သော သတင်းကို ကိုင်ကြသည်။ မိုးလေ၀သသတင်း။ လင်ကွန်းရှိုင်းယားနယ်တွင် ညတွင်းချင်း ရေကြီးလာ၍ သတင်းထောက်တစ်ယောက်ကို ဓာတ်ပုံ သတင်းထောက် ချုပ်နှင့် အတူ သတင်းယူလွှတ်သည်။ မြို့နယ်သတင်းများကိုလည်း ရေးရန် ရှိသေးသည်။ မြို့မ သတင်းထောက်များအား တာဝန်ပေးအပ် မှု အစီအမံမျိုးစုံကိုလည်း လုပ်ရသေးသည်။
ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြပြီးနောက် တစ်နာရီခန့်အတွင်း ကိစ္စပြီးသည်။ နောက်တစ်နေ့ သတင်းစာအတွက် အတော် အတန် ရေရေရာရာ ပုံပန်းဖော်နိုင်လာသည်။
အခြားသူများ ထွက်သွားကြချိန် တွင် မယ်လ်ကမ်မိတ်တလန်နှင့် ဟင်နရီ ပေ့တို့ စင်္ကြံမှ အတူ လျှောက် လာကြသည်။ မိတ်တလန်သည် လုပ်ရည်ကိုင်ရည် ထူးထူးချွန်ချွန် ထက်မြက်သည်။ ကိုယ်ကျင့် တရား ထူးထူးခြားခြား ပြည့်ဝသည်။ ယုံကြည်ချက်ခိုင်မြဲပြီး ခေါင်းမာသော နော့သမ်ဘာလမ်နယ်သား ပီသည်။ သူ့ အယူအဆများ ကို ပေ့ အလေးထားသည်။
မိတ်တလန် သည် ဘက်လင်တန် ကျောက်မီးသွေးတွင်း ရွာကလေးမှ ယမ်းထုပ်ခွဲသမားတစ်ဦး၏ သား ဖြစ်သည်။ ကျောက်မီးသွေးတွင်းတူးသမား အိမ်တန်းလျား၌ မွေးဖွားခဲ့သည်။ ဒါဟမ် တက္ကသိုလ်တွင် ကိုယ့်ဒူးကိုယ်ချွန် ပညာသင်ခဲ့သည်။ ပညာသင်ဆုနှစ်ဆု ရခဲ့သည်။ နောက်ဆုံး နှစ် တွင် နိုင်ငံရေး ဘောဂဗေဒ ပညာရပ်အတွက် ၀ှစ်တင်ဂမ် ဆုတံဆိပ် ဆွတ်ခူးခဲ့သည်။ တိုင်းကာဆယ်မြို့ တွင် ကျောင်းဆရာ လုပ်ခဲ့သည်။ အားလပ်ချိန်တွင် သင်္ဘောကျင်းမှ လူငယ်များ အား ညကျောင်းဖွင့်ပြီး စာသင်ပေး ခဲ့ပါသည်။
ဒါဟမ်မြောက်ပိုင်း မဲဆန္ဒနယ်မှ လစ်ဘရယ် ပါတီ အမတ်လောင်းအဖြစ် ပါလီမန် လွှတ်တော် ရွေးကောက်ပွဲ တွင် နှစ်ချီနှစ်လား ၀င်ပြိုင်ခဲ့သည်။ နှစ်ကြိမ်စလုံး ပွတ်ကာသီကာ ကပ်ရှုံးခဲ့သည်။ စီးပွားရေး အခြေအနေ အရ နိုင်ငံရေးကို စွန့်ခွာခဲ့ သည်။ သတင်းစာတွင် ၀င်လုပ်ခဲ့သည်။
မိတ်တလန် သည် အသားနီစပ်စပ်၊ အရုပ်ဆိုးဆိုး၊ ခြေထောင့်နင်းနင်း ဖြစ်၍ အကျည်းတန်သည်။ အကျည်းတန် သလောက် စိတ်ကောင်းနှလုံးကောင်း ရှိသည်။ လူပျိုကြီးဖြစ်၍ ၀ူးတန်ရပ်ကွက် တိုက်ခန်းတစ်ခန်းတွင် တစ်ကိုယ် တည်းနေသည်။
မိတ်တလန်သ ည် မြောက်ပိုင်းဒေသ သစ်တော်သီး ကောင်းကောင်းတစ်လုံးကဲ့သို့ပင် မာကျော၏။ အပြစ် အနာအဆာ ကင်း၏။ ၀ါသနာအရာမှာပင် ကိုယ်စိတ်နှစ်ပါးစလုံး အကျိုးပွားများမှုအတွက် သာ သူ ရှေ့ရှု သည်။ မြင်း ဆိုလျှင် တန်းတန်းခွဲ ခုံမင်သည်။ တစ်တိုက်လုံးတွင် အခြားသူများထက် ပို၍ ပေ့နှင့် ရင်းနှီးသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၇)
မကြာခဏ ယောင်ပြီးက နိုးလာတတ်သည်။ ခြေထောက်များကို ခွင်ပြီး တစ်ခုနှင့်တစ်ခု လိမ်ကာ အိပ် ပစ်နေမိ သည်။ အမေ သည် အထဲဝင်လာကာ ထိုင်ချလိုက်ပြီး ကျွန်တော့်ခြေထောက်ကို ငြင်ငြင်သာ ပွတ်သပ်ပေးနေ သည်။
"လူဖြစ်အောင် လုပ်စရာတွေ အများကြီးရှိပါသေးတယ် သားရယ်။ မင်းအပြင်ထွက်ပြီး ဒါမျိုး လုပ်တာ တော့ မင်း မိုက် တာပဲ။ မင်း ကိုယ်ခန္ဓာတွင်း မှာ မင်းကို အပြင်ရောက်အောင် လုပ်တဲ့အရာက ဘာလဲ ဟင်။ ငါ မင်းကို တကယ်ကြောက်လာပြီ ရစ်ချတ်" ဟု အမေ က ပြောကောင်း ပြောနေ ပါလိမ့်မည်။ 
   ကို ဆက်ဖတ်ရန်..............
(၅)
ကျွန်တော် ကျောင်းသို့သွားလျှင် ကောင်လေး ကောင်မလေးများ သည် ကျွန်တော့်နောက်က တစ် ကောက်ကောက် လိုက်ကြ၊ သူ့ထက်ငါ တိုးဝှေ့ပြီး "ဟေး… ဂရီဂိုရီ ဘယ်လိုလဲကွ။ စနေနေ့က မင်း တကယ့် ကို အနိုင်ရလိုက်တာပဲနော်" ကျွန်တော်ကမူ နောက်သို့လှည့်ပြီး အသာပြုံးပြ၊ လက်ဝှေ့ယမ်း ပြရုံမျှ။ ကိုယ့်ကိုယ်ကိုယ်လည်း ရယ်နေရသည်။
ကျွန်တော် ၏လှုပ်ရှားမှုများမှာ ဤမျှသာဖြစ်သော်လည်း သူတို့က ကျွန်တော့်အမူအရာကို နှစ်သက်နေ ကြသည်။ သူတို့က ကျွန်တော့်ကို ချစ်ကြသည်။ ကျွန်တော်ကား ကျော်စောကိတ္တိ ရှိနေသူကိုး။
"မစ္စတာဘင်" ၏ ဆိုင်ကို ရောက်သွားလျှင်လည်း သူသည် လုပ်လက်စအလုပ်များကို ခဏဖြတ်ထား လိုက်ပြီး ကျွန်တော့်ဆီ လာကာ စကားမရှိ စကားရှာ လာပြောတတ်သည်။ ကျွန်တော်တို့နှစ်ယောက်မှာ တကယ့် မိတ်ဆွေ ရင်းချာကြီးတွေဖြစ်ကြောင်း နံဘေးနဘီမှလူအားလုံး သိရှိစေရန်ဖြစ်ပါသည်။ တနင်္ဂနွေနေ့က ကျွန်တော့်ပြေးလမ်း ကို သွားကြည့်သောအခါ ကလေးတစ်အုပ်ကြီးသည် ကျွန်တော့်ကို ကြည့်ရန် စောင့်ဆိုင်းနေသည် ကို တွေ့ခဲ့ရကြောင်း ကျွန်တော်က ပြောပြလိုက်သည်။ အရင်တုန်းက ကျွန်တော် လမ်းထောင့်တစ်နေရာတွင် ရပ်နေ လျှင်ပင် မင်း ဒီမှာ ဘာလာလုပ်တာလဲဟု မေးတတ် သော ပုလိပ်ကြီးပင်လျှင် ကျွန်တော့်ကိုလာပြီး မင်း ဘယ်လိုပြေးတာ လဲ ဟု လာမေးပုံများကို ပြောပြသည်။
ကျွန်တော့်ကို သိပ် အထင်မကြီးသူမှာကား အမေတစ်ယောက်သာလျှင် ဖြစ်တော့သည်။ သူ့အဖို့လည်း အိမ်တွင် ကလေးငါးယောက်နှင့်အတူ လက်မလည်အောင် ဗျာများနေခဲ့ရာ အပြင်တွင် ကျွန်တော် ဘယ်လောက် ထင်ပေါ်နေကြောင်း ကို သူ သတိထားမိချင်မှ ထားမိပေမည်။ တစ်နေ့ ကျွန်တော် အိမ် သို့ ပြေးပြန်လာပြီး ဆရာ က ကျွန်တော် လေ့ကျင့်နေချိန်တွင် အစားကောင်းများစားရန်လိုကြောင်း အမေ့ကို ပြောပြမိသည်။ ထိုအခါ အမေက ကောင်းကောင်းစားချင် ရင် နင့်ဆရာအိမ်ရှေ့သွားရပ်ပြီး တောင်းချေ ဟု ပြန်ပြောခဲ့လေသည်။
"အမေ မသိသေးပါဘူး။ ကျွန်တော်က ဂရီဂိုရီ ဆိုတဲ့ နာမည်တွင်ရစ်အောင် လုပ်နေတာ အမေရဲ့၊ မြေပုံ မှာ ဂရီဂိုရီ ဆိုတဲ့ နာမည်ကို ထည့်သွင်းနေတာပါ"
"ဒီမှာ သား၊ ငါ မင်းကို လူဖြစ်အောင် ကမ္ဘာကြီးထဲ ဆွဲသွင်းလာတာပါဟ။ ကမ္ဘာဆိုတာ မြေပုံတွေ မပေါ် သေးခင်ထဲ ကကို ရှိနေတဲ့အရာပါ"
တစ်ကြိမ်တော့ ကျွန်တော့်ပြေးပွဲတစ်ခုသို့ အမေ့အား ဖိတ်ခေါ်လာမိပါသည်။ ကျွန်တော့်ကို အလံတိုင် ဂရီဂိုရီကွ၊ သူရဲကောင်းကြီးကွ ဟု အော်ဟစ်အားပေးနေကြသော ဆရာဝန်သားများ၊ "ဟယ်လင်းတပ် ကား" မလေး များကြားတွင် အပေါ်အကျီစုတ်ကြီး၊ ခြေဖောခြေယောင်ကြီးနှင့် သူ့ကို ကျွန်တော် မမြင် လိုကြောင်းကို အမေသိပါ သည်။
ကျွန်တော့် ကို ကျောင်းမှ ဂုဏ်ပြုတည်ခင်းသော ညစာစား ကပွဲအခန်းအနားသို့ ကျွန်တော့်အား ချီးကျူး နှစ်သက် သူ ကောင်မလေးထဲမှ တစ်ယောက်ကိုရွေးပြီး ဖိတ်ခဲ့ပါသည်။
ကျွန်တော့် အား ညစာစားကပွဲအခမ်းအနား လုပ်ပေးသည် ဆိုသော သတင်းမှာ ကျွန်တော်တို့ အိမ်နီး နားဝန်းကျင် တွင်ကား တကယ့်သတင်းကြီးတစ်ရပ် ဖြစ်နေပါသည်။ သို့သော် ကျွန်တော့်တွင် ညစာစား ပွဲတက် ဝတ်စုံ မရှိ။ ငှားလည်း မငှားနိုင်။ ငှားလျှင်ပင် စပေါ်ပေးစရာမရှိ။ စပေါ်အနေနှင့် ရိုးရိုးဝတ်စုံတစ် စုံပေးထားရ သည်။ ထိုရိုးရိုး ဝတ်စုံပင် ကျွန်တော့်၌ မရှိ။
သို့သော် အမေသည် ညစာဝတ်စုံ ဘောင်းဘီတစ်ထည်နှင့် အပေါ်အင်္ကျီဖြူတစ်ထည်ကို ဆွဲလာပါ သည်။ သူ အလုပ် လုပ်သော လူဖြူများအိမ်က ကျွန်တော့် အမျိုးသမီး အတွက် ပန်းတစ်ပွင့်ကိုလည်း ပေး လိုက်ပါသည်။ အမေသည် ကျွန်တော့် ကို နေ့တစ်ဝက်မျှကြာအောင် ဝတ်စားဆင်ယင်ပေးခဲ့ပါသည်။ "ငြိမ်ငြိမ်လေး နေ လိုက်စမ်း" ဟုဆိုကာ ကျွန်တော့်လည်ပင်းကော်လာများကို တပ်ပေးသည်။
ကျွန်တော့် ပတ်ဝန်းကျင်တွင် ညီအစ်ကိုမောင်နှမအားလုံးဝိုင်းပြီး အဝတ်အစားလဲသည်ကို ကြည့်နေကြ ပေရာ ဘုရင်တစ်ပါးအား အခစားဝင်နေကြသော မှူးမတ်များပမာပင် ရှိနေကြသည်။ ကျွန်တော့်ကို ကြည့်လိုလှသော အိမ်နီးနားချင်းများ အတွက်လည်း လာကြည့်နိုင်အောင် တံခါးမကြီးကိုပင်ဖွင့်ထားပေး သည်။ ကျွန်တော် ကလည်း ဝတ်စုံနှင့် အတော်ကြည့်ကောင်းသား။ ဘောင်းဘီကြီးရှည်လွန်းနေသည်မှ အပ၊ ဖိနပ် မတော်တရော်ကြီး စီးထားသည်မှအပ၊ ဖိနပ် မတော်တရော်ကြီး စီးထားသည်မှအပ လည်စီး နှင့် အင်္ကျီ မလိုက်သည်မှအပ၊ ကိုယ့်ကိုယ်ကိုတော့ သိပ်ဟုတ်လှပြီ ထင်နေမိပါသည်။
ထို့နောက် အမေသည် တစ်နာရီမျှကြာအောင်ပင် "မစ္စစ်ရက်တာ"၊ "မစ္စစ် ဆီမွန်"၊ အဒေါ် "အဲလင်း"တို့ အိမ်များ သို့ လှည့်ပတ်ပြီး ကျွန်တော့်ကို လျှောက်ပြပါသည်။ "မစ္စတာဘင်" သည် ဆိုင်တံခါးကိုပိတ်၊ နေကာယင်းကို ဆွဲချကာ သူ၏ပထမဆုံး ကပွဲအတွေ့အကြုံများကို ပြောပြနေသည်။
သူက တကယ်ပဲ ကပွဲတက်ခဲ့ မတက်ခဲ့တော့မသိ။ သူက နှစ်ဒေါ်လာတော့ လာပေးသည်။ အမေက ငါး ဒေါ်လာပေးသည်။ အိမ်အပြန် တရုတ်တန်းဝင်ပြီး အိမ်အတွက် ညစာဝယ်ခဲ့ရန်လည်း မှာသည်။ ကျွန်တော် အိမ်ပြန်ရောက် လျှင် အိမ်တွင် ပါတီပွဲလေးတစ်ခု ကျင်းပကြနမယ်လေ။
ကပွဲတွင် သိပ်မပျော်ခဲ့ပါ။ ကောင်မလေးကို အငှားကားဖြင့် သွားခေါ်သောအခါ၌ပင် အိမ်ရှေ့အငှား ကား ရပ်မပေးမှာ ကို တထိတ်ထိတ်နှင့် စိုးရိမ်နေခဲ့ရသည်။ များသောအားဖြင့် သူတို့သည် ရပ်ခိုင်းသည့် နေရာကို ရပ်ချင်မှ ရပ်တတ်ကြလေသည်။ ကျွန်တော် ခေါ်သွားသောအခါ၌ ကောင်မလေး၏အဖေနှင့် အမေသည် တစ်ယောက် မျက်နှာ ကို တစ်ယောက်ကြည့်ပြီး တီးတိုးပြောဆိုနေကြသည်။
ကပွဲခန်း သို့ ရောက်သောအခါ သူသည် တခြားမိန်းကလေးများနှင့်အတူ ရေချိုးခန်းထဲဝင်သွားပြီး ဆရာ ဝန်သား တစ်ယောက်နှင့် တိုးတိုးကြိတ်ကြိတ် စကားပြောသံကိုကြားနေရပါသည်။ သူသည် အမေရိကန် နီဂရိုး "ဘလူးစ်" သီချင်း များ၊ အနှစ်သာရပါသော "ဂတ်ဘတ်ကတ်" သီချင်းကြီး သီချင်းခန့်များနှင့် မက ချင်ပေ။ သူတို့လူစုသာ ခန်းမကြီးထဲ တွင် စုရုံးရောက်ရှိလာကြပြီး ကျောင်းပိတ်ရက် ခရီးထွက်ပုံများ အကြောင်း၊ ကားများအကြောင်း၊ အဝတ်အစား များအကြောင်း စကားလက်ဆုံကျနေကြပါသည်။ ကျွန် တော်ကမူ အားကစားရုံ အစွန်း တစ်နေရာသွားပြီး အပြေးအသင်းမှ လူများနှင့် သွားစကားပြောနေရ သည်။
ကျွန်တော် အရူးလုပ်ခဲ့ဖူးသော မိန်းမများအကြောင်း၊ ဝီစကီ မည်မျှသောက်နိုင်ပုံ၊ ကျွန်တော် ဓားနှင့် ခုတ် ခဲ့ဖူးသော လူများအကြောင်းကို ရောက်တတ်ရာရာ ပြောခဲ့ရသည်။ အရင်အပတ်တုန်းက သူ့ကိုမှ ကျွန်တော်က မချစ် လျှင် ကိုယ့်ကိုယ်ကို သတ်သေမည်ဟု ပြောသော မိန်းမတစ်ယောက်နှင့် ချိန်းတွေ့ နေစဉ် သူ့ယောက်ျားကြီး ဖမ်းမိသွားသဖြင့် နောက်ဖေးတံခါးမှ ခုန်ချထွက်ပြေးရပုံ၊ သို့သော် ဘောင်းဘီ အိတ်ထဲတွင် သူ့ပစ္စည်း များ ထည့်ယူခဲ့ပုံများကိုပါ ပြန်ပြောပြသည်။ ကျွန်တော် အရက်ဆိုင်တွင် ကြားခဲ့ ရသမျှ ဇာတ်လမ်းများ ကို အဟုတ်လုပ်ပြီး အကုန်ပြန်ပြောပြသည်။
ကပွဲပြီးသွားသော အခါ ကျွန်တော့်ကို လာစကားမပြောကြသူ၊ လာတွဲမကကြသူအားလုံးသည် ကျွန်တော်နှင့် အတူတူ ပြန်ချင်နေကြသည်ကို တအံ့တသြ တွေ့လိုက်ရသည်။ တံခါးပေါက်မှ လမ်း လျှောက်ထွက် လာကြသောအခါ မှ အကြောင်းရင်းကို သိရတော့၏။
အပြင် တွင်ကား လူငယ် ရာပေါင်းများစွာ စုဝေးနေကြသည်။ မိန်းမပိုး၍မရသူ၊ ချိန်းချက်၍မရသူ၊ ဆံပင် ရှည်ရှည်၊ ဘောင်းဘီချက်ပြုတ် ဝတ်ထားသော လူငယ်များက စောင့်ကြည့်နေကြသည်။ ကျွန်တော် တို့ လှေကားပေါ်မှ ဆင်းလိုက်သည်နှင့် ဆရာဝန်သားတစ်ယောက်၏ဦးထုပ်ကို ပုတ်ချလိုက်ကြသည်။ သူက ဦးထုပ်ကုန်း အကောက် သူ့မျက်နှာကို ခြေထောက်နှင့် ပိတ်ကန်ပစ်လိုက်သည်။ ကျွန်တော်က ကျွန်တော့် အုပ်စု ကို ခေါ်ကာ အထဲပြန်ဝင်ခဲ့ရတော့သည်။
ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ ဖြူနီပြာဝါ ကြောင်ကြောင်ကျားကျား အဝတ်အစားများဖြင့် လူ အုပ်ကြီး ကို တရုန်းရုန်း မြင်နေရသည်။ မိန်းကလေးများမှာ ခေါင်းထိအောင် ဂါဝန်ကြီးများ လှန်ပြီး မြေ ကြီးပေါ်တွင် လူးလိမ့်နေကြသည်။ ကောင်လေးတစ်ယောက်မှ အင်္ကျီစုတ်ပြီး ကုတ်အင်္ကျီအမြီးမှာ လည် ပင်းတွင်ပတ်ပြီး လမ်းမပေါ်ပြေးသွားနေသည်။ အတော်တော့ ရယ်စရာကောင်းသည်။ ဆိုးသွမ်းလူငယ် လေးများသည် သူတို့ ဘာသာ သူတို့ ကပွဲကြီးတစ်ခုကျင်းပနေတော့သည်။ တဖြည်းဖြည်းနှင့် အနီး အနားမှ လမ်းသူရဲဆန်ဆန် လူငယ်များ လည်း ပါဝင်လာကာပိုပြီး အင်အားကောင်း အရှိန်တက်လာကြ သည်။
အချို့လူ ရပ်ကြည့်အော်ဟစ်နေရုံနှင့် မရပ်တော့ဘဲ ကောင်မလေးများ၏အင်္ကျီများကို လိုက်ဆွဲ နေကြ သည်။ ကောင်မလေးတစ်ယောက်မှာ သူ့ဂါဝန်ဝါကြီးကွင်းလုံးကျွတ်ကျပြီး အတွင်း ခံဘောင်းဘီ လေးသာ ကျန်နေရှာတော့ သည်။ သူ့ငနဲသားမှာကား ဖိနပ်ကျွတ်ထွက်သွား၍ ခုန်ဆွခုန်ဆွနှင့် လမ်းမ ပေါ် ထွက်ပြေးသွားတော့သည်။ ပုလိပ်တွေလည်း ရှိသည်။ သို့သော် သူတို့ ကိုယ်တိုင် ကိုယ့်ဦးထုပ် မပျောက်အောင် အတော်ကြိုးစား ထိန်းသိမ်းနေကြရသည်။ ဆိုးသွမ်းလူငယ်လေးများကို တကယ်တမ်း ဝင်ချနေသူများကား အငှားသမား များက ကပွဲလာဖောက်သည်များ ပျက်အောင် လုပ်ကြလေခြင်းကို သူတို့ကို အလွန် ဒေါသ ထွက်နေကြလေ သည်။
ကျွန်တော် ကြည့်နေစဉ် ဘောလုံးအသင်းမှ ကောင်လေးများသည် ဆိုးသွမ်းလူငယ်လေးများနှင့် ဖက် ပြိုင်ထိုးသတ် ရင်း ဖုန်တလူးလူး သဲတပေပေဖြစ်နေသည်ကိုတွေ့ရသည်။ သူတို့မှာ သူတို့ကောင်မလေး များဖြင့် တွဲပြီး ကျွန်တော့် ထက် အရင်ဆင်းသွားသူများဖြစ်ကြသည်။ ကျွန်တော်လည်း ကျွန်တော့်အုပ်စု ကို ခေါ်ကာ အပြင် ထွက်ခဲ့တော့ သည်။ ကောင်လေးတစ်ယောက်၏ခေါင်းကို ရိုက်ချနေသော ဆိုးသွမ်း လူငယ် ခေါင်းဆောင် တစ်ဦးက ကျွန်တော့်ကို မော့ကြည့်လိုက်သည်။
"ရစ်ချက် ဂရီဂိုရီပါလား။ ဒီမှာဟေ့၊ အလံတိုင် ဂရီဂိုရီကြီးကွ။ လာပါဗျာ ခင်ဗျားကို ကျွန်တော်တို့ ဘာမှ မနှောင့်ယှက် ပါဘူး" သူက ကျွန်တော့်ကိုကြည့်ပြီး ပြောသည်။ ထို့နောက် ကျွန်တော့်နောက်မှ လူအုပ် ကို ထပ်ကြည့် ကာ "ခင်ဗျားနဲ့ ခင်ဗျား အမျိုးသမီးကိုတော့ ကျွန်တော်တို့က သွားခွင့်ပြုပါ့မယ်၊ အပြင်လူ တော့ မရ ဘူးနော်"
သူတို့ခေါင်းဆောင်ကြီး စကားပြောနေစဉ်တွင် သူ့ရဲဘော်များက ကျွန်တော့်ကို ခဏရပ်ကြည့်နေကြ သည်။ သူ ပြောတာက "ခင်ဗျားနဲ့ ကျွန်တော်တို့က အတူတူပါပဲဗျာ။ ခင်ဗျားအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တခြားလူတွေ အတွက်တော့ မကူညီစမ်းပါနဲ့။
တကယ်တော့ ခင်ဗျားတောင် ကျွန်တော်တိုနဲ့ပေါင်းပြီး သူတို့ကို တိုက်ရဦးမှာ မဟုတ်လား"
ကျွန်တော့်အုပ်စုမှ လူများကား လူစုကွဲသွားပြီး ပြေးကုန်ကြတော့၏။ ကျွန်တော်နှင့် အမျိုးသမီးသာ ဘုရင်ကြီးနှင့် မိဖုရားကြီးများ ပမာ ဆိုးသွမ်းလူငယ်ကြီးများနှင့် ဆိုးသွမ်းလူငယ်ပေါက်စတို့၏ကြားမှ အုတ်ခဲများ။ အသံဗလံများ ကို ဖြတ်ပြီး ဆင်းလာခဲ့ကြသည်။ ရဲကား နောက်ခုံပေါ်မှ ဆိုးသွမ်းလေးတစ် ယောက်ကမူ သူ့လက်ထိပ် ခတ်ထားသော လက်များကို ယမ်းပြရင်း "နောက်နှစ်ကျ မင်းတို့သိသေးတာ ပေါ့" ဟု ကြုံးဝါးသွားလေသည်။ ယခုနှစ်တွင် သူ မချခဲ့ရသော ကပွဲလာ ပရိသတ်အားလုံးကို ရည်ညွှန်း အော်ကာ သွားဟန်တူသည်။
ကပွဲလာ အချို့နှင့်အတူ ကားတစ်စီးဆွဲပြီး "ဒီလပ်စ်" စားသောက်ဆိုင်သို့ သွားကြသည်။ စိန့်လူဝီမြို့ တွင် အကောင်းဆုံး နီဂရိုးစားသောက်ဆိုင်ဖြစ်သည်။ ထိုဆိုင်တွင် ပုစွန်ဆိတ် တစ်ပန်းကန် ကိုပင် နှစ် ဒေါ်လာ ကျော်ပေး ရသည်။ ကျွန်တော့်တွင် အမေပေးသော ငါးဒေါ်လာကျော် ကျန်သေးသည်။ ကျွန် တော့်ကောင်မလေးနှင့် သိသော လူစုမှာ စားပွဲတစ်လုံးတွင် စုထိုင်ကြေသည်။ ကျွန်တော်တို့အတွက် မပေးချင် ပေးချင်နှင့် ကုလားထိုင်နှစ်လုံး ထိုးပေးသည်။
မျက်နှာအကန်ခံလိုက်ရသော ဆရာဝန်သားက ကျွန်တော့ကို ကြည့်ပြီး "မင်းတော့ ဘာမှမဖြစ် ပါလား ကွ"ပြောသည်။
"ငါလည်း ခဏခဏ အထိုးခံရတာပဲ။ ဒါပေမယ့် ကံကောင်းလို့ ဘာမှမဖြစ်ဘူးကွ" ကျွန်တော် က ပြောလိုက်သည်။ သို့သော် သူကလည်း သိနေပါသည်။
တစ်ပွဲတစ်လမ်းကား စတော့၏။ စားပွဲဟိုဘက်ထိပ်မှစသည်။
"ဒီစားပွဲမှာ ကြမ်းပိုးတစ်ကောင်ရှိတယ်ကွ။ မင်းတို့ မတွေ့ကြဘူးလား"
ကျွန်တော်က ကြမ်းပိုး၊ လိုက်ရှာကြည့်နေသည်။
"ကြမ်းပိုးကြီးလားကွ"
တစ်ဘက်စွန်းမှ ကောင်က ၀င်ထောက်သည်။
"မင်း သိတယ် မဟုတ်လား"
"ကြမ်းပိုးမှန်း မင်း ဘယ်လိုလုပ်သိလဲဟင်"
"ကြမ်းပိုးနံ့ နံတားကိုးကွ"
ခဏကြာတော့ သူတို့ ကျွန်တော့်ကို စောင်းပြောကြမှန်း ရိပ်မိလိုက်သည်။ ကျွန်တော်သည် ဤဆိုင် တွင် ရနိုင်သော အစားအသောက်စားရင်း စာအုပ်လေးကို ဆွဲယူပြီး ကိုင်ဖတ်လိုက်သည်။ ယင်းစာအုပ် မှာ သေတ္တာတစ်ခုကို ဖွင့်လိုက်သောအခါ ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး မျက်ခွက်ကြီးတစ်ခုက သင့် ကို စိမ်းစိမ်းကြီး ပြန်စိုက်ကြည့်နေသလိုပင် ခံစားလိုက်ရသည်။ ထိုစာရင်းတွင် အပေါဆုံး အစားအစာက ကြက်သားတစ်ပွဲ ၁.၂၅ ဒေါ်လာ။ "ကျွန်မတော့ ပုစွန်ပဲ စားမယ်" သူက ပြောသည်။
သူတို့ မျက်နှာတွေ ဘယ်ပုံရှိကြမလဲကိုပင် ကျွန်တ်ာမသိတော့။ ကျွန်တော် ကိုယ်တိုင် ကမူ ချွေးပြန်အောင် ပင် ကြောက်လန့်နေသည်။ ကျွန်တော် အိတ်ထဲက အသပြာ ငါးဒေါ်လာလေးကို သာ သတိရနေသည်။ ဒီငွေကလည်း အိမ်က ကလေးတွေအတွက် အစားအသောက် ၀ယ်ဖို့ပေး လိုက်တဲ့ငွေ။ ဘာပဲဖြစ်ဖြစ် သုံးရတော့မှာပဲ။ ကြက်သားမှာလိုက်သည်။
ကျွန်တော် ကြက်သား စားသည်။ ပက်စီကိုလာ ဘိလပ်ရည်သောက်သည်။ သို့သော် ဘာအရသာ မှမတွေ့။
"ဒီနေရာမျိုး မှာ ကြမ်းပိုးတွေတော့ ၀င်ခွင့်ပြုဖို့ မကောင်းပါဘူးနော်"
"ကြမ်းပိုး မှာ လည်စီးပါရင်တော့ ၀င်ခွင့်ပြုရတယ်လေ"
"ကြမ်းပိုးက ရန်ပွဲကြားက လေးဘက်ထောက်ြေးလာတယ်ကွ"
"အချမခံခဲ့ရဘူးလား" "ကြမ်းပိုး ကြမ်းပိုးချင်းတော့ ဘယ်ချမလဲကွ"
"ထိုညတွင် ကျွန်တော့်အဖို့ နောက်ဆုံးပြောစရာ စကားတစ်ခွန်းတော့ လိုပါသေးသည်။ စားပွဲထိုး မလေးရောက် လာပြီး ကျသင့်ငွေပြေစာကို စားပွဲပေါ်လာတင်ပါသည်။ ကျွန်တော်က သူ့ကို မေ့ကြည့်လိုက်ပြီး "ကျုပ်ပေး ပါမယ်" ဟုပြောလိုက်သည်။"
စားပွဲတစ်ခု လုံး ငြိမ်ကျသွားသည်။
"ကျုပ် ခင်ဗျားကို တစ်ခုတော့ ပြောလိုက်ချင်သေးတယ်။ ဒီဆိုင်မှာ ခင်ဗျား စားပွဲထိုးတာ အတော် ကျေနပ်စရာကောင်း ပါတယ်၊ ကျုပ်ဆိုရင် လူဖြူဆိုင်တွေ အတော်များများမှာ အလုပ်လုပ်ခဲ့ဖူး တယ်၊ ဒီဆိုင်က တော့ ကျုပ်ရောက်ခဲ့ဖူးတဲ့ အထဲမှာ အကောင်းဆုံးပါပဲ"
စားပွဲထိုးမမှာ နှုတ်ခမ်းကြီးစူသွားပြီး သူ့တင်ပါးများပေါ်တွင် သူလက်ထောက်လိုက်သည်။
"အောင်မာ လူပါးဝလို့၊ ခွေးမသားလေးကများ၊ ကဲနင် ၁၂ဒေါ်လာနဲ့ဆင့်ငါးဆယ် အခုပေးစမ်း၊ ခု ငါနင့်နားက ထွက်သွားစမ်းမယ်"
"ကျွန်တော်က ကိုယ့်ဇာတ် ကိုယ်ကရတော့၏။"
"ခွေးစုတ်မ ကများ ငါ့ကို ရာရာစစ ဆဲလားဆိုလားနဲ့၊ နင်က ငါ့မိတ်ဆွေတွေရှေ့မှာ၊ ဟောဒီ မိန်းမသားတွေ ရှေ့ မှာ ငါ့ကို ဆဲတယ်ပေါ့လေ"
ကျွန်တော်ကလည်း သူကို ပြန်ဆဲတော့၏။ ကလေးဘာဝ တစ်လျှောက်ထွက်ခဲ့ဖူးသော အဆဲမျိုး စုံ၊ လမ်းပေါ်မှာ၊ အရက်ဆိုင် မှာ အဖေ့ဆီက ကြားခဲ့ဖူးသော ဆဲရေးတိုင်းထွာမှု မျိုးစုံသည် ပါးစပ် သေနတ်ပစ်သလို ထွက်လာတော့ သည်။ စားပွဲထိုးမလေးမှာ ပါးစပ် အဟောင်းသားနှင့်။ ကျန်တဲ့ ကောင်တွေအားလုံးလည်း စားပွဲမှ ထသွားကြပြီ။ ကျွန်တော့်ကောင်မလေးသည် ငိုချေပြီ။ သူက အိမ်ပြန်ချင်သည်ဆိုသဖြင့် ကားခ တစ်ဒေါ်လာ ပင် ထုတ်ပေးလိုက်၏။
စားပွဲထိုးမလေး မှာ အသားများ တစ်ဆတ်ဆတ်ပင် တုန်နေရှာသည်။
"ငါ့ကို ပိုက်ဆံပေး မှာသာ ပေးစမ်း"
ကျွန်တော် က သူ့ကို တိုးတိုးလေး ကပ်ပြောလိုက်ရသည်။
"ကျွန်တော့်မှာ ပိုက်ဆံ မပါဘူးဗျ"
"ဘာ....နင့်မှာ ပိုက်ဆံမပါဘူး ဟုတ်လား"
သူက တအားအော်တော့၏။ သူ့အသံကို သူတို့အားလုံးပင် ကြားလိုက်ရသည်။ ကျွန်တော် တောင်းပန် ပါတယ်ဗျာ၊ ခုနက ဆဲတာဆိုတာတွေက တမင် အချိန်ဆွဲထားချင် လို့ပါ၊ ဟောဒီ မှာ လေးဒေါ်လာ။ ခင်ဗျားအတွက် လုပ်ခ။ ကျွန်တော် မနက်ဖြန် လာခဲ့ပါဦးမယ်။ ဒါမှ ရှင်းစရာ ပိုက်ဆံ မရှိသေးရင် ကျွန်တော် ပန်းကန်တွေ လာဆေးပေး ပါ့မယ်။ မနက်ဖြန် လာပါ့မယ်"
သူ ကျွန်တော့်ကို ကြည့်နေသည်။ သူဇာတ်စုံသိသွားပြီဟု ကျွန်တော် ထင်သည်။
"အေး...ငါမင်းကို ယုံပါတယ်ကွယ်"
လမ်းပေါ် ရောက်သောအခါ ကျွန်တော့်ကောင်မလေးမှာ ငိုနေဆဲပင်။ ကျွန်တော် သူ့ကို အိမ် လိုက်ပို့ လိုက်သည်။ သူတို့ အိမ်တံခါးဝရှေ့ ရောက်သောအခါ သူက ပြန်လှည့်ပြီး ခါးကလေး ညွှတ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကျွန်မပျော်ပါတယ်"
သူက ကျွန်တော့်ကို နှုတ်ဆက်အနမ်း နမ်းချင်သည်။ ကျွန်တော် ယုံတောင်မှ မယုံချင်။ သူသည် ကျွန်တော့်တစ်သက်တာတွင် ပထမဆုံးနမ်းရဖူးသော မိန်းကလေး။
အိမ်ကိုမနက်လေးနာရီလောက်မှ ပြန်ရောက်သည်။ တစ်အိမ်သားလုံးမှာ အိမ်ရှေ့ခန်းတွင် ထိုင်ပြီး ကျွန်တော့်ကို စောင့်နေကြသည်။ ကျွန်တော်က သူတို့ကို ပြုံးပြလိုက်သည်။ နောက် လက်ရမ်း နှုတ်ဆက်ပြီး ထိုင်ချလိုက် သည်။ နောက်တော့ ကပွဲအတွေ့အကြုံများကို ပြောပြတော့သည်။ ဒါပဲ ဖြစ်ရမည်မဟုတ်ပါလား။
သူတို့ မျက်ရည်တွေ ကျကြသည်။ အင်္ကျီပန်းရောင်နှင့် အ၀ါရောင်ဝတ်ထားသော မိန်းကလေးများ သည်နတ်သိကြားများ တီးသော ဂီတတေးသံများအကြားတွင် တိမ်စိုင်တိမ်ခဲလေးများပမာ တလွင့် လွင့်မျောနေကြပုံများ ကို ပြောပြသောအခါ သူတို့မျက်နှာပြင်ပေါ်သို့ မျက်ရည်များ စီးကျလာကြ သည်။ ယောက်ျားတွေ ကလည်း ကပွဲဝတ်စုံများနှင့် ခန့်ခန့်ညားညား။ "ဒီလပ်ခ်" ဟိုတယ်မှ စားပွဲ ခင်းများ သည် နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေပုံ။ ပုစွန်ကြီးတစ်ကောင်မှာလည်း ကျွန်တော့် လက်သီး ဆုပ်မျှ ကြီးလှပုံ။ စားပွဲထိုးမလေးက ပြုံပြပုံ။ ကိုင်းညွှတ်နှုတ်ဆက်ပုံ။ အငှားကားသမားများက လည်း တန်းစီပြီး အလုအယက် ကြိုဆိုကြပုံ။ ဘုရင်တွေ ဘုရင်မတွေလိုပင် လမ်းတစ်လျှောက် အော်ကြ၊ ဟစ်ကြ၊ သီချင်း ဆိုကြနှင့်တကယ့် အထက်တန်း လွှာတွေအတိုင်း။ ကျွန်တော်နှင့် ဆရာဝန်သားများမှာလည်း တစ်ယောက်နှင့် တစ်ယောက် သိပ်ချစ် သွားပြီး နောက်တစ်ပတ်မှာ သူ့အိမ်လာ ထမင်းစားရန်ပင် ဖိတ်ခေါ်ပုံ။
ထို့နောက် လက်ကိုင်ပ၀ါပေါ်မှာပေနေသော နှုတ်ခမ်းနီများကို သူတို့အားပြလိုက်သည်။ ကျွန်တော့်ကောင်မလေး က ကျွန်တော့်ကို သိပ်ချစ်၊ သိပ်တန်ဖိုးထားပုံများကို ပြောပြသည်။ သူတို့ အားလုံး အိမ်ရှေ့ခန်း တွင်ထိုင်ပြီး ဒါတွေနဲ့ လွဲရလေခြင်းဆိုကာ ငိုကြပါလေတော့သည်။ ကျွန်တော် ကလည်း ငိုပါသည်။ သူတို့ ဘာတစ်ခုနှင့်မျှ မလွဲကြောင်း ကျွန်တော် သိ၍ ရင်နင့်ကာ ငိုရခြင်းဖြစ်ပါ သည်။
ထို့နောက် အထဲဝင်ပြီး အမေနှင့် တွေ့ပါသည်။
"ဂါလင် က တစ်ညလုံး ငိုနေတယ်။ သူ ဘာမျှမစားရရှာသေးဘူးကွယ်"
မီးဖိုစားပွဲတွင် သူ့ဘေး၌ ထိုင်ချလိုက်ပြီး ကျွန်တော် ပိုက်ဆံအားလုံး သုံးပစ်ခဲ့ပြီဖြစ်ကြောင်း ပြော လိုက်သည်။ အမေ က ငိုပြန်သည်။
"မင်း ပျော်ကော ပျော်ရဲ့လား ရစ်ချက်"
"ဟို မသွားခင် ကတည်းက ပျော်နေတာပါ အမေရယ်၊ ဘေးအိမ်က လူတွေအားလုံး ကျွန်တော့်ကို လာကြည့်ကြ တယ်။ အိမ်ရှေ့ခန်းမှာ "ဘူး"နဲ့ သူတို့တစ်တွေကို ကျွန်တော် တစ်နေ့သွားရမဲ့ ကပွဲ တွေ အကြောင်း ပြောရတာလည်း ပျော်စရာပဲပေါ့ အမေရဲ့"
သူက ကျွန်တော့်ကို လာဖက်သည်။ "ဒါ ငါ့အပြစ်တွေပါပဲ ရစ်ချက်ရယ်။ ဒေါ်လာနှစ်ဆယ်လောက် အိမ်ထဲမှာ မပါဘဲ နဲ့ ကလေးတွေ ဒီလိုကပွဲမျိုးကို ဘယ်တော့မှ မသွားနိုင်ဘူးဆိုတာ ငါ သိပါတယ်။ ငါ ငွေများများ အစ ထဲက ချေးခဲ့ရင် အကောင်းသား"
"မဟုတ်သေး ဘူး အမေ၊ ဒီညမှာ ကျွန်တော် ဒေါ်လာနှစ်ဆယ်ပါတောင် မလောက်သေးဘူး။ ကျွန် တော်က အကုန် စားချင်သေးတယ်။ စားပွဲရုံတွေမှာ ရှိတာတွေ အကုန်မှာလိုက်ချင်သေးတယ်။ လူ တိုင်းစားသမျှတွေ အကုန် လိုက်ရှင်းပစ်ချင်တယ် အမေ"
နောက်ပိုင်း တက်ခဲ့ရသော ကပွဲများတွင်မူ ကျွန်တော်က လိမ္မာသွားပြီ။ ပျော်စရာ ရှာတတ်လာပြီ။ ကျွန်တော်နှင့် လိုက်ချင်သော မိန်းကလေးကို သွားခေါ်သည်။ ကျွန်တော်နှင့် ကလိုသော မိန်းကလေး ကိုသာ ရွေးသည်။ ကပွဲမပြီးခင် နှစ်နာရီလောက်တွင် လစ်ထွက်ခဲ့ပြီး အပြင်မှာရှိသော ဆိုးသွမ်းလူငယ် ခေါင်းဆောင်များအတွက် အရက် ဝယ်ပေးတတ်လာသည်။ သူတို့ခေါင်းဆောင်များနှင့် ကျွန်တော့်အမျိုး သမီးကို မိတ်ဆက်ပေးတတ် လာသည်။ သူတို့ကလည်း ဒါကိုပင် လိုချင်နေကြသည်ကို ကျွန်တော်တို့ ထွက်လာကြလျှင် သတ်ပုတ်နေကြသော သူ့လူများကို ခဏမျှရပ်ခိုင်းပြီး ကျွန်တော်တို့ကို ဘေးကင်း ရန်ကင်းသွားစေသည်။ သူနှင့် ကျွန်တော့် အမျိုးသမီး မှာ သိကျွမ်းခဲ့ပြီးဖြစ်ရာ အမျိုးသမီးရှေ့တွင် သူ သည် အရုပ်ဆိုးလောက်အောင် မကြမ်းရမ်းပြတော့ပေ။ တတိယအကြိမ် ကပွဲတက်သောအခါ၌မူ သူတို့ ကို ဘယ်ပုံဘယ်နည်း ရန်မဖြစ်အောင် ထိန်းသိမ်းနည်း ကိုပါ သိလာခဲ့သည်။
ကျွန်တော်က သူတို့အားလုံးမြင်နိုင်အောင် ပြတင်းပေါက်အားလုံး ဖွင့်စေသည်။ သီးသန့်စုံတွဲ အချို့ကို ပြတင်းပေါက်နား သို့ တမင်ခေါ်ပြီး သူတို့နှင့် မိတ်ဆက်ပေးထားလိုက်သည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ကို ဆိုးသွမ်းလေးတစ်ဦး က တိုးတိုးလေးပင် လာပြောသည်။ "ဟေ့လူ… ဟိုငတိမလေးကို ကျွန်တော့် အစား တွဲကပေးစမ်းပါဗျာ" ဟု အရက်ပုလင်းများ ပြတင်းပေါက်မှ လှမ်းပေးပြီး "ငါ့ အတွက် သောက်လိုက်စ မ်းပါ ငါ့လူရာ" ဟုပင် အတင်းအရက်လာတိုက်တတ်ကြသည်။ သူတို့လည်းဘဲ အပြင် မှ နေ၍ ပါတီ တွင် ဝင်ရောက်ပါဝင်နေကြခြင်းဖြစ်သည်။ သူတို့ ယဉ်ယဉ်ကျေးကျေးပင် ဆက်ဆံလှုပ်ရှား ကြသည်။ ပြတင်းပေါက် များ ပိတ်ပစ်လိုက်မည်ကို သူတို့လည်း မလိုလားကြတော့ချေ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၈)
"အေးဟ။ မင်းနွားနှစ်ကောင်ကို တွေ့ခဲ့သမောင်။ မယ်ငြိမ်စည်က နွားစာတွေ ဘာတွေ စဉ်းလို့ဗျာ။ အစောကြီးမို့ ငါက အားနာနေပေ မဲ့ မဟုတ်ဘူးတဲ့။ ဆန်အိတ်သယ်ရအောင်လာရာမှာ ငါ့ကို ခရီးကြုံ လိုက်ပို့သာတဲ့" မောင်ဆေးရိုး လွန်စွာ ကျေနပ်၏။ သည်ပုံအတိုင်းသာ "လှည်းငှား" လိုက်စားနေလျှင် ငါးဆယ် ကျပ် ဖြင့် ပေါင်နှံ ထားသော ဆယ်ဧကကျော် ကျယ်သည့် ယာကြီးကို မကြာမြင့် မီ ရွေးနိုင်တော့ မည် ယုံကြည်သောကြောင့် ဖြစ်၏။ ကို ဆက်ဖတ်ရန်..........
>>>ဆက်ဖတ်ရန်>>> >>
Wednesday, June 27, 2012
ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၂)
 အပိုင်း - ၁
(၁)
ဒုတိယအယ်ဒီချုပ် မယ်လ်ကမိတ်တလန်ကို နှုတ်ဆက်ခဲ့ပြီး ဥတ္တရအလင်း သတင်းစာတိုက်မှ ဟင်နရီပေ့ ထွက်လာချိန် မှာ ၈နာရီကျော်ပေပြီ။ စွတ်စိုသော ဖေဖော်ဝါရီလ၏ ညဦးပိုင်း။
တနင်္လာနေ့ အတွက် အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းကို ရေးရသည်မှာ ခါတိုင်းထက်ပို၍ အချိန်စားသည်။ သတင်းစာ လုပ်သက် နှစ်၂၀ကျော် ရှိလာပြီ ဖြစ်ပါလျက် သူ့ စာ အနှုန်းအဖွဲ့က ဟုတ်တိပတ်တိ မချောချင်။ ဗာနန်ဆမ် မာဗီးလ် ထံမှ ထူးထူးခြားခြား အကြောင်းကြားချက်ကလည်း အလုပ်ဖင့်ပြီး အာရုံပျံ့စေသည်။
ဇနီးသည်က ကားကိုယူထား၍ အိမ်သို့ လမ်းလျှောက်ပြန်မည်ဟု သူ အတွေးပေါက်မသေး၏။ မကြာမီ ကပင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် ဒေါက်တာဘတ်က သူ့ကို တိုက်တွန်းထားခဲ့သေး၏။ သို့သော် ယခုတော့ အချိန်လင့် နေပြီ။ ဓာတ်ရထားစီး၍ ပြန်ရန် ဆုံးဖြတ် လိုက်လေသည်။
စနေနေ့ ညပိုင်းဖြစ်၍ ဟက်ဒယ်လ်စတန်မြို့ဟောင်းပိုင်း အရောင်းအ၀ယ်ရပ်ကွက် ရိက္ခာဈေးတန် တွင် လူမစည်။ ဟင်နရီပေ့၏ သတင်းစာတိုက်နှင့် ပုံနှိပ်စက်ရုံ တည်ရှိရာ ၀ိတိုရိယ ကွက်လပ်တွင် လမ်းမြှောင် ကလေးများ၊ စင်္ကြံကလေးများ လက်ယှက်ထိုးနေသည်။ သတင်းစာတိုက် တစ်စိတ် တစ်ပိုင်း နေရာယူထားသည့် အဒမ်တိုက်တန်း ကား ရှေးဟောင်းမီးခိုးနှင့် ရာသီဒဏ် အညှိတက်ကာ ၁၈ရာစု ဇာတိရုပ်ကို လှစ်ပြနေလေ သည်။
ယာဉ်အသွားအလာ ရှင်းနေသည်။ ရိက္ခာဈေး၏ ကျောက်တုံးခင်းလမ်းများသည် ပိတ်ပိတ်သား ငြိမ်ဆိတ်နေ သည်။ ဟင်နရီပေ့အဖို့ ဤမြို့ဟောင်းပိုင်းကို သူတို့ ဆွေစဉ်မျိုးဆက် ငါးဆက်တိုင်တိုင် မှီတင်းနေထိုင် လုပ်ကိုင် စားသောက်ခဲ့ကြသည့် နော်သမ်ဘာလန်ခရိုင်၏ ဗဟိုချက်ချာ နေရာအလား ခါတိုင်းထက်ပို၍ ထင်ယောင်မြင်ယောင် ဖြစ်နေ မိသည်။ စိုထပ်ထပ် နံတန်တန် လေပြည်လေးကို ပင် အလိုလို ရှူရှိုက် မိရက်သား ဖြစ်သွားလေ၏။
ဒင်းလမ်းကြားအတိုင်း ဖြတ်လမ်း လိုက်လာခဲ့သည်။ လမ်းမကြီးပေါ်သို့ ရောက်လာသည်။ ဓာတ်ရထား မှတ်တိုင် တွင် တန်းစီးစောင့်နေသူတွေ မရှိ။ ဂူးတန်ဓာတ်ရထားမှာလည်း ခရီးသည် ကျိုးတို့ကျဲတဲ။ တစ်သက်လုံး စွဲလာသည့် အကျင့်လို ဖြစ်နေသည့်အတိုင်း ဓာတ်ရထားဆိပ်ရှိ ဥတ္တရ အလင်း သတင်းစာစောင်ရေ အကျန် ကို ရေတွက်ကြည့်လိုက်မိ၏။ မြင်ရသမျှ လေးစောင်သာ ကျန်တော့သည်။
အသက် ၆၀ခန့် အရွယ် အလုပ်သမားကြီးတစ်ဦးက တန်ဆာပလာအိတ်ကို ခြေရင်း၌ သံကိုင်း မျက်မှန်ကြီး ကိုတပ်၊ သတင်းစာကို လျှပ်စစ်မီးလုံး မှုန်ဝါးဝါးအနီး၌ ကပ်၊ ပါးစပ်တလှုပ်လှုပ်နှင့် စာလုံးပေါင်းရွတ်ကာ သူ့ခေါင်းကြီးပိုင်း ကို ဖတ်နေ၏။ လူကြီးပိုင်းကတော့ အကောင်းဆုံးပဲဟု သူ တွေးမိ၏။
သူ့ သားတော်မောင် ဒေးဗစ်က ထိုခေါင်းကြီးပိုင်းများကို သူ့ "ကြေညာချက်များ" ဟု ဆိုကာ လှောင်ပြုံးပြုံးချင်လေ သည်။ သူကလည်း သူ့အရေးအသား သူ့စာဟိတ် သူ့စာဟန်နှင့် စပ်လျဉ်း၍ အမြင် မမှောက်။ သို့သော် သူ့စာများက အညတရ မြို့သူမြို့သားများထံ  ပေါက်ပေါက် ရောက်ရောက်ရှိပြီး သြဇာညောင်းနိုင်ခြင်း ကို တွေးလိုက်မိသည့်အခါမျိုးတွင်ကား စိတ်ချမ်းမြေ့ရ၏။ အညတရ မြို့သူမြို့သားများ အပေါ် တာဝန်သိသော စိတ်ဓာတ်ကို အစဉ်သဖြင့် တကြောင့်ကြကြ သူ မွေးမြူလေသည်။ ဟန်လေလမ်းတွင် သူ ဓာတ်ရထားပေါ် မှ ဆင်းသည်။ လမ်းထိပ်ရှိ အိမ်ကြီး အားလုံးပင် အယ်လ်ဒန်ကျောက်ကျင်းမှ သဲကျောက်နီ များဖြင့် ဆောက်ထားသည်။ သစ်သား ဘုံဆောင်ကလေးများမှအပ ကွဲပြားခြားနားသော ပုံပန်းသဏ္ဍာန် မရှိ သလောက် ဖြစ်သည်။ သူ့အိမ် ကတော့ ကောက်ကောက်ကွေးကွေး သွန်းသံမီးတိုင်နှစ်တိုင်ကြောင့် အလှပျက်နေ သည်။ မီးတိုင် များတွင် အပြာရောင် နောက်ခံဒိုင်းအပေါ်၌ ဘော်ဖြူရောင် ပျံလွှား သုံးကောင် ပျံသန်းနေ ဟန် ဟက်ဒယ်လ်စတန်မြို့ တံဆိပ်ကြီးကို ရွှေဗိန်းချ ဖောင်းကြွပုံဖော်ထားသည်။
ဟင်နရီပေ့သည် ဟန်ရေးပြ ပန်ရေးပြ မှန်သမျှကို စက်ဆုပ်သူ ဖြစ်၏။ သို့ရာတွင် ဤမြို့ကလေး၌ သူ မြို့တော်ဝန်နှစ်ကြိမ် ဖြစ်ခဲ့ဖူးခြင်းကြောင့်  မြို့ထုံးတမ်းစဉ်လာကို လိုက်နာရန် လိုအပ်သည်ဟု ခံယူသည်။ ထို့ကြောင့် သူ မြို့တော်ဝန် အဖြစ် ဆောင်ရွက်ခဲ့သည့် နှစ်ကာလများအား သတိရစေ သည့် အမှတ်အသား များ ကို လက်ခံ ထားခြင်း ဖြစ်လေသည်။
အားလပ်သည့် အခိုက်အတန့်တိုင်း သူ စိတ်ပြေနပြေ လမ်းလျှောက်နေလေ့ ရှိသည့် ပန်းခြံတစ်ခု လုံး သည် နွေဦးအရိပ်အရောင်များကို အားရပါးရ လှစ်ပြနေလေပြီ။ အိမ်ရှေ့လှေကားထစ်များကို တစ်ထစ်ချင်း တက်ခဲ့ သည်။ ခန်းမထဲတွင် ကုတ်အင်္ကျီကို ချိတ်လိုက်သ်ည။ တအောင့် နားစွင့်လိုက် ၏။ ဧည့်ဝတ် ဆောင်ဝတ် ကိစ္စများ မရှိ။ စားသောက်ခန်းထဲသို့ ၀င်သွားသည်။ ညစာ အသင့်ပြင် ထား၏။ ကော်ဇောပေါ် တွင် ခြေထောက်ဖြင့် စမ်းပြီး လူခေါ် ခေါင်းလောင်းခလုတ်ကို ဖိနင်းလိုက် သည်။
ချက်ချင်းပင် အရိုးဂေါင်ပင် အရပ်ရှည်ရှည် အိမ်ဖော်မိန်းမတစ်ယောက်က သိုးသားတုံး၊ အားလူး၊ ဂေါ်ဖီ စသော စားစရာများ ကို ယူလာသည်။ သူ အမှုထမ်းလာသည့် နှစ်ပေါင်း ၂၀ကျော် တစ်လျှောက်လုံး လုပ်မြဲအတိုင်း ပါးစပ် ကို ရွဲ့ရုံကလေးရွဲ့ကာ ပြောသည်။
"မီးဖိုပေါ် မှာ တင်ထားတာတော့ အတော်ကြာနေပြီ မစ္စတာပေ့ ..."
"မြည်းကြည့်သေးတာပေါ့ကွယ်" ဟင်နရီပေ့က ပြောသည်။
"ကြက်ဥ နည်းနည်း ပြုတ်ပေးရဦးမလား" အိမ်ဖော်မိန်းမက မေးသည်။
"ဒုက္ခမရှာပါနဲ့တော့ ဟန်နာရေ။ လိုရ မယ်ရ ဘီစကွတ်နဲ့ ဒိန်ခဲကလေး နည်းနည်းလောက်သာ ယူခဲ့ပါတော့"
ဟန်နာ က သူ့ကို ငေါ့တော့တော့ အကြည့်ဖြင့် ကွက်ခနဲ ကြည့်လိုက်၏။ အလုပ်ရှင်၏ အမူအကျင့် အပေါ် အကဲဖြတ်ချက် ကို ခင်တွယ်မှုဖြင့်ရော ပဲ့ပြင်မှုဖြင့်ပါ ဖော်ပြသည့် အခွင့်ထူးခံ အိမ်ဖော်၏ အကြည့်မျိုး။
အဆီအပြား ခြောက်ခမ်းစွာ စားသောက်ရခြင်းအတွက် ဟင်ရနီပေ့က သူ့ကိုယ်သူသာ အပြစ်တင် သည်။ သူလို အချိန်မှန် အိမ်မပြန်သူအား မည်သူကမှ အခုတ်တရ ပြုစုနိုင်လိမ့်မည်မဟုတ်။ သူ သိသည်။ ည ၇နာရီတိတိ ညစာ စားရန် သူ ကိုယ်တိုင်ပင် သတ်မှတ်ထားခဲ့သည်။ ယနေ့ညတော့ သူ ဟုတ်တိပတ်တိ မဆာလှ။ ချက်ဒါဒိန်ခဲ၊ ဘီစကွတ်တို့ဖြင့်သာ ကိစ္စငြိမ်းလိုက်သည်။
ဟန်နာက သူ့ကွင်းထိုးဖိနပ်ကို ယူပေး၏။ အိမ်ခေါင်ထပ်ခိုး သူ့အလုပ်ခန်းသို့ တက်ပြီး အလုပ်မလုပ် မီ သူ့လုပ်မြဲအတိုင်း စာကြည့်ခန်းထဲသို့ ၀င်သွားလေသည်။
သူ့ဇနီး အဲလစ် က သမီးဒေါ်ရော်သီနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်နေသည်။ အမေ့မေ့ အလျော့လျော့ နှင့် ခေါင်းပေါ် က ဦးထုပ် ကိုပင် မချွတ်သေး။ နှစ်ယောက်သား ပဟေဠိ ဖြေနေကြသည်။ သမီးဖြစ်သူ ကို အိမ် တွင် တွေ့ရ ၍ ပေ့စိတ်စိတ်ကျေနပ်သွားသည်။ တိုင်းကာဆယ်မြို့သို့သွားပြီး ပန်းချီ သင်တန်း တက်နေချိန်မှ စ၍ ၁၆နှစ်သမီး ဒေါ်ရော်သီတစ်ယောက် အိမ်ပြင်ထွက်လွန်း၊ အိမ်ပြန် နောက်ကျ လွန်း ဖြစ်နေခဲ့ သည်။
သူ ၀င်သွားချိန်တွင် ဒေါ်ရော်သီက သူ့ကို မော်မကြည့်ဘဲ ...
"ဖေဖေ တို့ ပဟေဠိကလည်း နည်းနည်းမှ အထက်တန်းမကျဘူး" ဟု ပြောသည်။
"တော်ရုံ တန်ရုံ ဥာဏ် ရှိတဲ့ လူတွေအတွက်လောက်သာ လုပ်ထားတာပဲ သမီးရယ်" ပေ့က မီးစေပြု နေသော မီးလင်းဖို ကို မီးဆွပေးလိုက်သည်။
"သမီး ဘာခက်နေလို့လဲ" မေးသည်။
"ရောဘတ်လူဝီစတီဗင်ဆင်ရဲ့ တောင်ပင်လယ် နာမည်ပေါ့"
"တူဆီတာလာ လို့ ထည့်ကြည့်စမ်း။ သမီးစာဖတ်များလာရင် အဲဒီစာရေးဆရာ အကြောင်း ကို ပိုသိ လာမှာပေါ့ကွယ်"
ဒေါ်ရော်သီ က သူ့ဆံပင်ကို ခါယမ်းလိုက်သည်။
"ဖေဖေက တိုက်မှာကတည်းက အဖြေကြည့်လာတာ သမီး သိပါတယ်။ သမီးလည်း သူ့ဝတ္ထုကို ရိုက်တဲ့ ရုပ်ရှင် ကို ကြည့်ဖူးပါတယ်။ ဒီပရတနာလေ"
ဟင်နရီပေ့ ငိုင်နေမိ ၏။ သူ့သားသမီးတွေ ဖီလာကြီး ကွဲပြားကြပုံကို တွေးနေမိ၏။ ဒေးဗစ်က ဥာဏ်ထက်သည်။ ကြိုးစား သည် ဒေါ်ရော်သီက တကယ့်နဝေတိမ်တောင်။ သူ့ဇနီးက ...
"ဒီနေ့ည ဒေါ်ရီ ဖိတ်စာ ရထားတယ်။ ၀ဲလ်စဘီအိမ်မှာ ရုပ်မြင်သံကြား ပါတီတက်ဖို့လေ" ဟု ပြောသည်။
ဘဏ်တိုက် လုပ်ငန်းရှင်၊ ဖိနပ်လုပ်ငန်းရှင် အာဆာချီဘော်လ်စဘီသည် ဟက်ဒယ်စတန်မြို့၏ ဆာဘွဲ့ရ လူကုံထံတစ်ဦး ဖြစ်၏။ သူ့ဇနီး အယ်လီနာသည် အဲလစ် ရွေးပေါင်းသူများအနက် တစ်ဦး ဖြစ်လေသည်။
"ဒါပေမဲ့ ၁၀နာရီ ထိုးခါနီးနေပါပေါ့လား"
ဟင်နရီပေ့က သူ့နာရီကို ကြည့်ပြီး ပြောလိုက်၏။
"သိပ်လည်း မချုပ်ချယ်ချင်ပါနဲ့ ဟင်နရီရယ်။ ကိုယ့်အိမ်မှာ ကလေးတွေဖို့ ရုပ်မြင်သံကြားမထားရင် တခြားအိမ် သွားကြည့်မှာပေါ့ရှင်"
ဒေါ်ရော်သီ ကတော့ တံခါးဝသို့ပင် ရောက်နေပြီ။
သမီးထွက်သွားတော့ ပေ့ စောဒကမတက်ဘဲ မနေနိုင်။
"မင့်သမီးက မနိုင်တော့ဘူးကွ။ ဘာဖြစ်လို့ သူ့ကို အနုပညာကျောင်း စုတ်သွားပို့ရတာလဲ။ ဒီကလေးတွေ ဘာမှ မလုပ်ဘူး။ ရုပ်ရှင်ထဲမှာ အချိန်မဖြုန်းရရင် တိုင်းကာဆယ်မြို့ထဲက လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ပြီး အတင်းအဖျင်း ပြောကြတာပဲ။ သူ့မှာ ဘာအစွမ်းအစမှ မရှိတာ လည်း မင်းအသိပဲ"
"ရှိချင်မှ ရှိမှာပေါ့ရှင့်။ ဒါပေမဲ့ လူကောင်း သူကောင်းတွေနဲ့ တွေ့ရဆုံရတာပေါ့။ တချို့ဆိုရင် မျိုးကြီး ဆွေကြီးတွေရှင့်။ အယ်လာတန်ရဲ့သား ဆိုရင် ဒေါ်ရောသီနဲ့ တစ်တန်းတည်းပဲ။ ပြီးတော့ ဒီရက်ဆီရဲ့ သမီး လည်း အတူတူပဲ။ ဒါက တကယ်အရေးကြီးတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ တစ်ပူပေါ် နှစ်ပူ မဆင့်ချင်တော့ပါဘူးရှင်"
ဟင်နရီက ခွန်းတုံ့မပြန်။ အဲလစ်က မဟေဠိကို ဘေးချလိုက်သည်။ ပန်းထိုးအပ်ကောက်ကိုင်လိုက် သည်။ ပန်းထိုးရင်း က နေ့လယ်ပိုင်းက သူ တက်ခဲ့သည့် ဧည့်ခံပွဲအကြောင်းကို ဆိုင်းမဆင့် ဗုံမဆင့် ဇာတ်ကြောင်း လှန်တော့သည်။ ဧည့်ခံပွဲတက်သူတို့ အကြောင်းကို အသေးစိတ်ပြောနေ၏။ သူတို့၏
ဗာနန်ဆမ်မာဗီးလ် ထံမှ တယ်လီဖုန်းအကြောင်းကြားချက် ကိစ္စက ပေ့၏ စိတ်ထဲတွင် စွဲနေဆဲ ရှိသေး၏။ သူ့ အဖို့ တွေးရခက်ကြီး ဖြစ်နေသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က လန်ဒန်မြို့၌ ပြုလုပ် သည့် ထုတ်ဝေသူများ ညစာစားပွဲ တွင် ဆမ်မာဗီးလ်နှင့် မိတ်ဆက်ရုံ မိတ်ဆက်လိုက်ရဖူးသည်။ သူလို အညတရ နယ်သတင်းစာ အယ်ဒီတာချုပ်တစ်ဦး ကို ဆမ်မာဗီးလ်ကို လျှမ်းလျှမ်းတောက် ပုဂ္ဂိုလ်တစ်ဦးက အမှတ်ရလိမ့်မည်ဟု သူ ဘယ်တုန်း ကမှ မထင်ခဲ့။ ဥတ္တရအလင်း သတင်းစာ အပေါ် ဆမ်မာဗီးလ်၏ အထင်အမြင်က ကောင်းလှလိမ့်မည် ဟုလည်း မထင်ခဲ့။ နံနက်ပြန်တမ်း သတင်းစာ ပိုင်ရှင်ကြီးအဖို့ ပြောင်းတိပြောင်းပြန်သာ ထင်ဖို့မြင်ဖို့ ရှိသည်။
"ဟင်နရီ ... ရှင် နားထောင်နေတာမှ ဟုတ်ရဲ့လား"
ပေ့ ဆတ်ခနဲ တုန်သွားသည်။
"စိတ်မရှိပါနဲ့ အချစ်ရယ်"
"တကယ်ပဲ။ ရှင်ဟာလေ အကြင်နာတရား သိပ်ခေါင်းပါးတာပဲ"
"ဒီည ငါ့စိတ်ထဲ မှာ ခုလုခုလု ဖြစ်နေတာလေးတစ်ခု ရှိနေလို့ပါကွယ်" ဟင်နရီပေ့က တောင်းပန် သည်။
"ဘုရားရေ ... ဘာများပါလိမ့်ရှင်"
ယေဘုယျအားဖြင့် ဟင်နရီပေ့ သည် သတင်းစာကိစ္စကို အိမ်တွင် မပြော။ သူတို့ ညားစက တစ်ခါပြောမိခဲ့ဖူး၍ မတော်မတည့်တွေ ဖြစ်ခဲ့ဖူးပြီ။ သို့သော် ယနေ့ညအဖို့မူ တစ်စုံတစ်ယောက်ကို သူ ရင်ဖွင့်လိုက်ရမှ ဖြစ်တော့မည်။
အဲလစ်ကို သူ လှမ်းကြည့်နေ၏။ ကိုယ်ဟန်က ကနွဲ့လျ။ ပါးပါးလျားလျား။ အသားအရေက စိုစို ပြည်ပြည်။ ဆံပင်နှင့် လိုက်ဖက်သည်။ ပြာလဲ့လဲ့မျက်လုံးများက ထာဝရအံ့အားသင့်နေသယောင်။ ကွေးညွတ်ညွတ် မျက်ခုံးများအောက် မှ သူ့ကို စူးစူးစမ်းစမ်း ပြန်ကြည့်နေ၏။ နှစ်ပေါင်း၂၀ကျော် ပေါင်းသင်းလာခဲ့သည့် ကာလ အတွင်း ခင်ပွန်းသည်က စိတ်ပျက်အားငယ်ဖွယ် များစွာကို ဖန်တီးခဲ့ စေကာမူ ဒူပေနာပေ ခံနေသည့် မိန်းမသားတစ်ဦး၏ အကြည့်မျိုး။
"ဒီနေ့ တို့သတင်းစာတိုက်ကို ၀ယ်မယ့်လူ ပေါ်တယ်"
"၀ယ်မယ် ဟုတ်လား"
အဲလစ် ခါးဆန့်လိုက်သည်။ ဧည့်ခံပွဲအကြောင်းတွေကို မေ့ပျောက်သွားသည်။
"ဟန်ကျလိုက်တာရှင်။ ၀ယ်မှာက ဘယ်သူတဲ့လဲ"
"ပြန်တမ်း ပိုင်ရှင် ဆမ်မာဗီးလ်ပေါ့"
"ဗာနန်ဆမ်မာဗီးလ်။ သူ့မိန်းမက ဘလန်ချီဂီလီဖလားဝါးလေ။ မနှစ်က သူတို့ လင်မယားကွဲတယ်"
လူရည်တတ်အသိုင်းအ၀ိုင်း၏ ဆွေစဉ်မျိုးဆက်၊ သားချင်းတော်စပ်ပုံနှင့် အတွင်းရေးကလေးများကို နောကျေအောင် သိထားသူပီပိ အဲလစ်က အက်ဒင်ဘာရာမြို့၏ ထိပ်ထိပ်ကြဲ အပိုင်းဖြစ်သော မောနင်းဆိုက်ရပ်ကွက် လေယူလေသိမ်းဖြင့် ပြောနေသည်။
"ဟင်နရီ ဒီိကိစ္စက တကယ့်ကိစ္စကြီးရှင့်။ ကမ်းလှမ်းတာက"
အဲလစ် က ချိန်ချိန်ဆဆလုပ်ကာ စကားကို ဖြတ်လိုက်သည်။
"ကမ်းလှမ်းချက် ကို လက်မခံ လိုက်ပါဘူး အချစ်ရယ်။ ဒီတော့ မင်းသိလည်း ကိစ္စမရှိတော့ပါဘူး။ ပေါင် ငါးသောင်းပေး မယ်တဲ့" "ဘုရားရေ ... များလှချည့်လား"
အဲလစ် မျက်လုံးများ ငေးလာသည်။
"အဲဒီ ငွေတွေနဲ့ ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်စမ်း။ ခရီးသွားနိုင်မယ်။ ကမ္ဘာလှည့်နိုင်မယ်။ အို ... ဟင်နရီ ရယ်။ ကျွန်မ တစ်သက်လုံး ဟာဝိုင်ယီကျွန်းဘက်ဆီကို သွားချင်တာ ရှင်သိပါတယ် ရှင်"
"စိတ်မကောင်းပါဘူး အဲလစ်ရယ်။ ဟာဝိုင်ယီကိစ္စကတော့ ဆိုင်းထားရဦးမှာပဲ"
"ရှင် လက်မခံဘူးလို့ ပြောတာလား"
"ဆမ်မာဗီးလ်မှာ သတင်းစာ သုံးစောင် ရှိတယ်။ သူ့ပေါက်လွှတ်ပဲစား ဂျာနယ်ရယ်။ တနင်္ဂနွေ မျက်လုံးရယ်၊ နံနက်ပြန်တမ်း ရယ်။ နောက်ထပ် သတင်းစာ မလိုတော့ပါဘူး။ ပြီးတော့ သူတို့ သရဲမရဲစီးပုံက တို့ သတင်းစာကလေး နဲ့ မကိုက်ပါဘူး" ဟု ပေ့က ပြောလိုက်လေသည်။
စကားစ ပြတ်သွားသည်။ "ဒါပေမဲ့ တကယ့် အခွင့်ကောင်းပဲရှင့်" အဲလစ်က စကားဆက်ပြောသည်။ အပ်ကြိုး ထိုးသည်။ လေသံက အေးအေးပေါ့ပေါ့၊ ချော့ချော့မော့မော့။
"ခုတစ်လော ရှင်နေထိုင်မကောင်းတာလည်း ရှင်အသိပဲ။ ဒေါက်တာဘတ်ကလည်း အလုပ်ပိလွန်း တာတို့၊ စားချိန်အိပ်ချိန်မမှန်တာတို့ ရှင်နဲ့ မဖြစ်ဘူးလို့ မပြတ် ပြောနေတာပဲ မဟုတ်လား"
"မင်းက ငါ့ကို အငြိမ်းစားသတင်းစာဆရာ လုပ်ခိုင်းချင်နေပြီပေါ့လေ။ ပင်လယ်ကမ်းခြေသွားပြီး အိမ်ကလေး တစ်လုံးနဲ့ ငြိမ်ကုတ်နေရတော့မှာလားကွာ။ အဲဒီလိုဆိုရင် ငါ့အဖို့တော့ ပြောမဖြစ် လောက်အောင်ကို စိတ်ဆင်းရဲ ရတော့မှာ မုချပဲ"
"ဒီလောက်တောင် လုပ်ဖို့အထိလည်း ပြောတာမဟုတ်ပါဘူးရှင်။ ရှင်လည်း အရွယ် ရှိပါသေးတယ်။ ကျွန်မတို့ နယ်မှာချည်း တစ်သက်လုံးတွယ်နေလို့ ဘယ်ဖြစ်မလဲ။ ရှင့်သြဇာတိက္ကမနဲ့ဆိုရင် ရာထူး လေး ဘာလေး တစ်နေရာရာတော့ ရနိုင်ပါတယ်။ ကုလသမဂ္ဂတို့ ဘာတို့မှာ ဆိုပါတော့ရှင်"
"ငါ့ကိုငါ စကားလုံးရဲတိုက်ကြီးထဲ လှောင်ပိတ်ထားရမှာလား။ ဒါမျိုးတော့ တစ်သက်လုံး မလုပ်ဘူး ဟေ့"
"ဒါပေမဲ့ ဟင်နရီရယ်၊ ကျွန်မတော့ ဟက်ဒယ်လ်စတန်မြို့ကိုရော၊ မြို့ထဲက လူတွေကိုပါ ငြီးငွေ့ လာပြီ။ ကျွန်မ အတွက် သင်သက်ပြောနေတာ မဟုတ်ပါဘူး။ ဒီအခွင့်အလမ်းက မစဉ်းစးထိုက်ဘူး လား။ လမ်းစပေါ် တိုင်း ရှင် ဘယ်တော့မှ ပိုင်ပိုင်ကြီး မနင်းဘူး။ ဒါလည်း ရှင်အသိပဲ။
ဟင်နရီပေ့က ခေါင်းခါလိုက်သည်။
သူ တကယ် ကြိုးစားရင် ဒုတိယအကြိမ် မြို့တော်ဝန်သက်တမ်းအပြီးတွင် ဆာဘွဲ့ရနိုင်သည်ဆို သော ဖန်တစ်ရာတေအောင် ကြားနေခဲ့ရသည့်အပြောမျိုးဖြင့် စောင်းပါးရိပ်ခြေစကား ချိတ်လိုက်ခြင်း ကို မကြားယောင်ပြုနေလိုက်၏။
"ငါ့ဘ၀ တစ်ခုလုံး ကို ဒီသတင်းစာမှာ မြှုပ်ထားတာပဲ အဲလစ်ရယ်။ ပြီးတော့ ဒီသတင်းစာကို ပီပီမြည်မြည် ဖြစ်လာအောင် လည်း ငါပဲ လုပ်လာခဲ့တာပဲဟ"
"ဒေးဗစ်ဆက်လုပ်လည်း ဖြစ်ပါတယ်ရှင်"
"ပေါက်ကရတွေ မပြောစမ်းပါနဲ့ အဲလစ်ရာ။ သတင်းစာကို ဆမ်မာဗီးလ် ၀ယ်ပြီးမှတော့ မင်းရဲ့ သားတော်မောင်က လုပ်ပါလိမ့်မယ်။ စိတ်ကြီးချနေ။ သူက လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။ သူ့ကို ငါ ဘယ်လို မြေတောင်မြှောယက်နေတယ်ဆိုတာလည်း မင်းအသိပဲ။ သူ ပြန်ကောင်းလာရင် တော့ ..."
"ဒါပေမဲ့ ပေါင်ငါးသောင်း"
"အချစ်ရယ်။ ဒီငွေကို သိပ်များတယ်လို့ မင်းထင်နေရင် ငါ ရဲရဲကြီး အာမခံလိုက်မယ်။ တို့ပစ္စည်းက အဲဒီငွေရဲ့ နှစ်ဆမက တန်ပါတယ်ကွယ်"
ခဏတော့ အဲလစ်ခမျာ ကြက်သီးမွေးညှင်းပင် ထသွားသည်။
"ကဲပါလေ"
စကားဖြတ်ထားခိုက် အဲလစ်၏ စိတ်ပျက်လက်ပျက် မျက်နှာထားသည် အက်ဒင်ဘာရာ တရားရုံး၌ အဲလစ်၏ အဖေ လျှောက်လဲချက်ပေးတိုင်း ထားခဲ့သည့် အကင်းပါးပါး ရုပ်လက္ခဏာကို အတိုင်းသား ပြန်မြင်ယောင်စေ၏။ အဲလစ် ၏ မျက်နှာပေါ်တွင်မူ ထိုရုပ်လက္ခဏာက ရိုးစင်းလွန်းနေ၏။ ဟင်နရီကို စိတ်မယိုစေနိုင်။
"ဆွဲထားလိုက်ရင် ဈေးပိုပေးချင်ပေးမှာပေါ့လေ"
"မဟုတ်ဘူး။ အဲလစ် ..."
ဟင်နရီက ညင်ညင်သာသာ ပြောသည်။
"ဘယ်တော့မှ မရောင်းဘူးလို့ အပြတ်ပြောလိုက်ပြီးပြီ"
ထိုစကားကို ကြားရပြီးနောက်တွင် အဲလစ် နှုတ်ဆိတ်သွားသည်။ ထိုးမြဲ ထိုးနေသည်။ စိတ်ထဲတွင် ကား ထိုကိစ္စ ကို တနုံ့နုံ့တွေးနေ၏။ ဘယ်လို သဘောပိုက်ရမှန်း မသိသေး။ ဟင်နရီကိုင်စွဲသည့် သဘောထားကြောင့် စိတ်အားတက်ရမလိုလို။ စိတ်မကြည်မသာ ဖြစ်ရမလိုလို။
စကားအိုး တစ်ဦး ဖြစ်ပါလျက် ထူးထူးဆန်းဆန်း နှုတ်ဆိတ်ခြင်း၊ သုန်သုန်မှုန်မှုန်ကြည့်ခြင်း၊ သဘောမကြိုက်ညီမှု မှ ရှောင်ခွာခွာလုပ်ဟန်ပြခြင်းတို့သည် အမြဲတမ်းလိုလိုပင် အဲလစ်၏ မလိုတမာ လက္ခဏာများ ဖြစ်ချေ၏။
ဟင်နရီပေ့က သူ့ကိုယ်သူ ကျွဲမြီးတိုနေမိ၏။ အဲလစ်ရှေ့မှောက်မှာ ရင်ဖွင့်၍ အကျိုးမထူးမှန်း အတွေ့အကြုံများ အရ သူ သိဖို့ကောင်းသည်။ သို့ပါလျက် သူ့အလိုမပြည့်မှုက သူ့ကို ရင်ဖွင့်အောင် လုပ်သည်။ အကျိုး သက်ရောက်မှုကား ခါတိုင်းလိုပင်။ နားလည်မှု မရှိ။ သဘောညီမှု မရှိ။ မကျေမချမ်း ဖြစ်ရသည်သာ အဖတ် တင်သည်။ လန်းလန်းဆန်းဆန်း ဖြစ်အောင် ရေကန်ထဲ ခုန်ချပါ မှ ရေတိမ်ထဲ ခုန်ချမိလျက်သား ဖြစ်ရသူပမာ။
ခဏကြာ မှ အဲလစ်က တိုတိုတောင်းတောင်း ပြောသည်။
"ရှင် မနက်ဖြန် စလီဒန်သွားဦးမှာလား" "သွားမှာပေါ့ကွာ။ လကုန်ရက် ရောက်နေပြီပဲ။ မင်းကော လိုက်ဦး မှာလား"
အဲလစ်က ခေါင်းခါသည်။ သူ ငြင်းမည်မှန်းပေ သိသည်။ သားတော်မောင် အိမ်ထောင်ပြုခြင်းကို အဲလစ် မကျေနပ်။ စိတ်ပျက်နေဆဲ ရှိသေးသည်။ ရည်မှန်းချက် ပြိုကွဲပြီးနောက် ခံစားရသည့် စိတ်ပျက်မှုမျိုး။ ဒါကို အဲလစ် က "ဒုက္ခရောက်" သည်ဟု နှစ်ကိုယ်ကြား ပြောလေ့ ရှိသည်။ သူ့သားသမီးများကို ဆင်စီးမြင်းရံ ဖြစ်စေလိုသည်။ ကော်ရာ ကို တော်လေး၀၀င် မိန်းမသားမျိုး အဖြစ် ဟင်နရီပေ့က ထင်ထားသည်။ အဲလစ် ကမူ မောင်းမောင်း၊ ဖြူဖတ်ဖြူရော်၊ ရှိုးတိုးရှန့်တန့်၊ မျက်နှာစိမ်း မိန်းမတစ်ယောက်နှင့် ဒေးဗစ် ရုတ်တရက် တွဲခုတ်လာသည့် ပထမဆုံး ဆုံဆည်းမှု ကြောင့် အဲလစ် ခံစားခဲ့ရသော ရင်ဆို့မှု သည် ပြေပျောက်သွားခဲ့ပြီ။ သို့သော် အခက်အခဲတွေ ရှိသေးသည်။ ကန့်ကွက်ချက်တွေ ရှိသေးသည်။ အဲလစ် ၏ ဆွေကြီးမျိုးကြီးပီသသော ချုပ်တည်းမှု ကြောင့် သာ ထိုစကားလုံးကို ဖွင့်ဟမပြောခြင်း ဖြစ်၏။
ယခုမူ ပေ့ကြောင့် မျက်မာန်ပွားနေသဖြင့် အဲလစ် ဟောဟော ဒိုင်းဒိုင်း ပြောချလိုက်သည်။
"သူတို့ လင်မယား ကို မြို့ထဲလည်း မကြာမကြာလာအောင် ပင့်ပါဦး ရှင့်။ ကပွဲဖြစ်ဖြစ်၊ ဂီတပွဲဖြစ်ဖြစ် ပေါ့။ ကျွန်မ တို့နဲ့ လည်း သွားလား လာလား လုပ်ပါဦးလို့။ လူတွေက ပြောကြတယ်ရှင့်။ သိရဲ့လား။ တောကြီးမျက်မဲထဲ သွားပြီး အောင်းနေတာတော့ မတော်ဘူးပေါ့ရှင်။ ကျွန်မ အသိုင်းအ၀ိုင်းက ဘယ်လို အဓိပ္ပာယ် ကောက်မလဲ ဆိုတာ တွေးမိရင် ကြက်သီးတောင် ထမိတယ်"
ပေ့က အလိမ္မာ ဖက်ကာ ထိန်းထိန်းသိမ်းသိမ်းပင် ပြန်ပြောလိုက်လေသည်။
"ကောင်းပါပြီလေ ...၊ အချစ်ရယ်။ ပြောလိုက်ပါ့မယ်"
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၆)
ထို့နောက် ဖိုမင် သည် အခြားအရာရှိတစ်ယောက်အား ကျွန်တော့်ကို မီးကျင်းသို့ပို့ရန် ပြောသည်။ "ငမည်းတွေ က အပူဒဏ် ကို ပိုခံနိုင်တယ်"ဟု ပြောပါသည်။ ထိုအစီအစဉ်မှာလည်း ကျွန်တော့်ကို မထိ ခိုက်နိုင် ပါ။ သို့သော် မီးဖိုကြီးရှေ့ တွင် ရပ်ပြီး အလုပ်လုပ်ရသည်ကား မသက်သာလှ။ မီးကျီရဲရဲ ကြီး ရှေ့တွင် ကုန်းပြီး အလုပ်လုပ်ရရာ မျက်နှာ များ ကျိန်းစပ် ပူလောင်နေ၏။ နေ့လယ်စာ စားချိန် ဥသြ ဆွဲသောအခါ ကျွန်တော်သည် ကြမ်းပြင်ပေါ်တွင် ပစ်လဲကျကာ နာရီဝက် ခန့်ပင် သွေး အန်တော့သည်။ ထိုသွေးများ ကို ကိုယ့်ဘာသာကိုယ် သုတ်ပစ် ခဲ့ ရသေးသည်။ ကို ဆက်ဖတ်ရန်...
>>>ဆက်ဖတ်ရန်>>> >>
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၇)
အဲသည်ကတည်းက အိမ်ထောင်ရေးကို မစဉ်းစားတာ၊ အခုအထိပါပဲဗျာ" ထိုအပြောဖြင့် ကပ္ပိယကြီး ဦးပြား သည် သူအိမ်ထောင်မပြုခြင်း၏ အကြောင်းကို နိဂုံးချုပ်၏။
"ဒါလည်း ဟုတ်သာပဲ။ သို့ပေမဲ့ ခင်ဗျားလိုသာဆိုရင် တစ်လောကလုံးမှာ လူပျိုကြီး အပျိုကြီးတွေ ချည်း ဖြစ်ကုန်တော့ မှာပေါ့" သို့သော် ဦးပြား သည် မောင်ဆေးရိုးကို ရှင်းပြမနေတော့ဘဲ ကိုသော်ကို လက်ဆွဲ လျက် ကျောင်းဘက်သို့ ထွက် သွားပြီတည်း။
ကို ဆက်ဖတ်ရန်.......
>>>ဆက်ဖတ်ရန်>>> >>
Tuesday, June 26, 2012
ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း အပိုင်း (၁)
"လူထုစိန်ဝင်းရဲ့ အမှာ"
"သဘောထား အတင်းမာဆုံးသူ"
အကြောင်းမသိသူ တိုင်းက သူ့ကို ဒီလိုပဲ မြင်ကြတယ်။ ခေါင်းမာလွန်း၊ မာကြောလွန်းတယ် လို့ လည်း ကောက်ချက်ချကြတယ်။ တချို့ကဆို ကွန်မြူနစ် လက်ဝဲသမားလို့တောင် တံဆိပ်တပ်လိုက်ကြ တယ်။
နှစ်ပေါင်း ငါးဆယ်ကျော် လက်ပွန်းတတီး ရင်းရင်းနှီးနှီး အတူလက်တွဲ လုပ်ကိုင်ခဲ့သူတစ်ယောက် အနေနဲ့ ဒီလို ပြော ဆိုသံတွေ ကြားရတဲ့အခါတိုင်း ပြုံးမိတယ်။ စေ့စေ့စပ်စပ် စနစ်တကျ ပိုင်းခြား ဝေဖန် သုံးသပ်မှုမျိုး မလုပ်ဘဲ ကိုယ်လိုချင်ရာ ဆွဲပြီးပြီးစလွယ် ကောက်ချက်ချ၊  တံဆိပ်တပ်မှု မျိုး တွေကြောင့် နှစ်ပေါင်း ခြောက်ဆယ်ကျော် ရေစုန်မျော ခဲ့ ရတာ ပါလားလို့ မတွေးဘဲ မနေနိုင် ဖြစ်ရ တယ်။
နိုင်ငံရေးပါတီကြီး တစ်ခု စတင်တည်ထောင်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ကြီးလေးတဲ့ တာဝန်ကို ယူခဲ့ ရပေမယ့် သူဟာ နိုင်ငံရေးသမား နဲ့ နည်းနည်းလေးမှကို မတူတဲ့ သူတစ်ယောက် အဖြစ်ပဲ ရှိနေသေး တာ တွေ့ ရတယ်။ နိုင်ငံရေးသမားဆိုတာ ယေဘုယျအာဖြင့် ကိုယ့်ကိုယ်ကိုယ် ပေါ်ပြူလာဖြစ်အောင် လုပ်ကြ ရတယ်။ လူရှေ့ထွက်ပြီး လူလုံးပြတာနဲ့ စင်ပေါ်တက်ပြီး ဟောရ ပြောရတာကို မဖြစ်မနေ လုပ်ကြ တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် သူ နိုင်ငံရေးလုပ်တဲ့ လမ်းခရီးမှာ သူဟာ စင်ပေါ်တက် လူလုံးပြတာမျိုးတွေ သိပ်မလို ဘဲ လုပ်စရာအလုပ်တွေကို ကန့်လန့်ကာ နောက်ကွယ်ကပဲ သိမ်းကြုံးလုပ်နေလေ့ ရှိတယ်။
နိုင်ငံရေးသမား အများစုက စားပွဲနဲ့ ကုလားထိုင်ကို သိပ်ခုံမင်ကြပြီး ရာထူးကို ဖော်ပြတဲ့ သုံးမျှောင် တုံးကိုလည်း သိပ် စုံမက်ကြတယ်။ သူက အဆောင်အယောင် အခမ်းအနားတွေကို သိပ်မုန်းသူ ဖြစ်တယ်။ သူ ပုဂ္ဂလိက ကြေးမုံသတင်းစာ ကို တာဝန်ယူ လုပ်နေစဉ်က မျက်နှာချင်းဆိုင် စီတန်း ထားတဲ့ စားပွဲတွေမှာ တခြား အယ်ဒီတာတွေ သတင်းထောက်တွေနဲ့ အတူတူထိုင်ပြီး အလုပ်လုပ် တယ်။ မန္တလေးက ပြည်သူပိုင် ဟံသာဝတီ သတင်းစာကို သူပဲ စတင် တည်ထောင်ပြီး သူပဲ တာဝန် ယူ လုပ်ကိုင်ရတော့လည်း သူ့အယ်ဒီတာချုပ် ရုံးခန်းမှာ တံခါး မရှိပါဘူး။ စာစီတွေ၊ ဖိုမင်တွေ၊ စက်ဆရာတွေဟာ သတင်းထောက်တွေလိုပဲ သူ့အခန်းကို ဥဒဟို ၀င်ထွက်နေ တာ တွေ့ရတယ်။
မန္တလေးနန်းရှေ့ က ယူဂိုဆလပ် တိုက်တန်းတွေက သူ့အခန်းမှာ သူရှိတဲ့ အချိန်ဆိုရင် ကလေးတွေ တရုန်းရုန်းနဲ့ စည်ကားနေ တတ်တယ်။ ဘယ်အရပ်ရောက်ရောက် သူ ပထမဦးဆုံး မိတ်ဆွေဖြစ်တာ ကလေးတွေပဲ။ သူ့ဟာသူ ထမင်း နပ်မှန် စားချင်မှစားပေမယ့် ရုံးက ပြန်ရင်တော့ ကလေးတွေ စားဖို့ မုန့်ပဲသရေစာ ၀ယ်သွားဖို့ သူ ဘယ်တော့ မှ မမေ့ဘူး။ ရှားရှားပါးပါး အားလပ်ရက်ရတဲ့အခါများ ဆိုရင် ကလေးပရိသတ် တစ်အုပ်ကြီးကို ထမင်းဟင်း ချက်ပြုတ်ကျွေးရင်း သူ တပြုံးပြုံးနဲ့ ဖြစ်နေ တတ်တယ်။ ကွယ်လွန်သူ ကျွန်တော်တို့ မိတ်ဆွေ သူ့ မိတ်ဆွေ သတင်းစာဆရာ၊ စာရေးဆရာ မောင်နေ၀င်းရဲ့ သားသမီးတွေ ဖြစ်ကြတဲ့ မောင်နေဦး၊ မောင်ကြည်လင်၊ ရီရီဝင်း၊ မောင်ဥာဏ် တို့ ဆို သူ သိပ်ချစ်တယ်။ စလည်း စလေ့ ရှိတယ်။ အခု သူ နေတဲ့ သူ့သူငယ်ချင်း ကိုအုန်းထွန်း သမီးတွေ ဆိုလည်း သူ့သမီးတွေလို့ သူက သတ်မှတ်ထားတယ်။
ကိုအုန်းထွန်း ကို သံယောဇဉ်ရှိလို့ အတူနေတာထက် သူ့သမီးတွေကို သံယောဇဉ် ပိုရှိလို့ အတူနေတာလို့တောင် ထင်မှတ် ရတယ်။ ရောက်လေရာအရပ်မှာ ကလေးတွ တရုန်းရုန်းကြားမှာ နေတတ်သူမို့ ကျွန်တော်တို့၊ ကိုနေ၀င်း တို့ တစ်တွေက သူ့ကို ကလေးဗိုလ်ကြီး လို့ ခေါ်ကြတယ်။
ကျွန်တော့်သားကြီးဆိုရင် တကယ်ကို သူ့လက်ပေါ်မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။ ၁၉၆၇၊ ဇူလိုင် မှာ လူထု သတင်းစာ အပိတ်ခံရပြီး ကျွန်တော် အဖမ်းခံရတော့ သားကြီး က ဆယ်လသားအရွယ်ပဲ ရှိသေးတယ်။ သူ့ အမေက မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်း မှာ ဆရာမ လုပ်နေတာ ဆိုတော့ ကလေးကို တစ်နေကုန် မျက်နှာလွှဲ ထားခဲ့ရတယ်။ အဲဒီတော့ ကလေးက ချူချာတယ်။ နည်းနည်းလေး ကိုယ်ပူတာနဲ့ တက် တတ်တယ်။ ကလေးအမေ ကလည်း မင်္ဂလာဒုံမှာ ဆိုတော့ ပြန်မလာနိုင်ဘူး။ အိမ်သားတွေက သူ့ဆီပဲ လှမ်းပြီး ဖုန်းဆက် ရတယ်။ သူ ချက်ချင်း ရောက်လာပြီး ကလေးဆေးရုံ လိုက်ပို့ရတယ်။ တစ်ကြိမ်တစ်ခါ မဟုတ်ဘူး။ တစ်ခါ တစ်လေ တစ်လနှစ်ကြိမ် လောက်၊ တစ်ခါတလေ သုံးလတစ်ကြိမ်လောက်။ ဒါကြောင့် သားကြီးဟာ တကယ်ပဲ သူ့လက်ပေါ် မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။
တခြား နိုင်ငံရေးသမားတွေနဲ့ သူ မတူကွဲပြားတဲ့ နောက်တစ်ချက်ကတော့ "နင်ဘဲငဆ" မငြင်းတတ် တာ ဖြစ် တယ်။ နိုင်ငံရေးသမား အများစု ဟာ အငြင်းသန်ကြတယ်။ "ငါ့စကားနွားရ" ပြောတတ် တယ်။ နောက်ပြီး နိုင်ငံရေးသမားတွေ က လက်ဖ၀ါးလို ကျင့်လေ့ ရှိတယ်။ မှောက်ချီလှန်ချီ လုပ်တတ်တယ်။ သူက ဗလောင်းဗလဲ မလုပ်တတ်ဘူး။ သူ ကိုင်ခဲ့တဲ့မူကို အခိုင်အမာ ဆုပ်ကိုင်ပြီး သဘောထား တင်းမာတာလို့ သတ်မှတ် ကြတာ ဖြစ်တယ်။ နိုင်ငံရေးသမား ဆိုတာ ရပ်တည်ချက် ခိုင်မာရတယ်။ အခြေခံမူကို အရောင်းအ၀ယ် မလုပ် ရဘူး။ စည်းရုံးရေးနဲ့ ဆက်ဆံရေးမှာတော့ ပျော့ပျောင်း ငြင်သာရမယ်။ အဲဒီလို ဆိုကြတဲ့အတိုင်း သူ ကျင့်ကြံ နေထိုင် ခဲ့တာ ဖြစ်တယ်။
သူဟာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ထောင်နန်းစံခဲ့ရတဲ့ ပါတီထိပ်သီး ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်နေပေမယ့် ကျွန်တော် ကတော့ သူ့ကို အခုထိ နိုင်ငံရေးသမားလို့ မမြင်ဘဲ သတင်းစာဆရာ တစ်ယောက် လို့သာ မြင်နေဆဲ ဖြစ်တယ်။ မူကို အပြုအပြင် မခံတာ၊ အပြောင်းအလဲ မလုပ်တာဟာ သတင်းစာဆရာများရဲ့ အခြေခံ အကျဆုံး ကျင့်ဝတ် ဖြစ်တယ်။ သတင်းသမား ဆိုတာ ဖြစ်တာ ကို ဖြစ်တဲ့ အတိုင်း၊ မြင်တာ ကို မြင်တဲ့အတိုင်း ရေးရတယ်။ ဖြည့်တာ စွက်တာ မလုပ်ရ သလို ဖြုတ်တာ ဖျောက်တာလည်း မလုပ်ရဘူး။ သနပ်ခါးလိမ်း ပန်းပန်ပြီး လူမြင်ကောင်းအောင် မလုပ်ရသလို၊ လူမြင်မကောင်း လို့ ဆိုပြီး ထိန်ချိန်တာလည်း မလုပ် ရဘူး။
သတင်းစာဆရာ ဗီဇစိတ်နဲ့ နိုင်ငံရေး ၀င်လုပ်ရတော့ လူတွေက သူ့ကို အပြောင်းအလဲ မလုပ်ချင် တဲ့ သဘောထား တင်းမာသူ လို့ မြင်နေကြတာ ဖြစ်တယ်။ တကယ်တော့ သူ ကိုယ်တိုင် က နိုင်ငံ ရေးသမား ဖြစ်ချင်တာ မဟုတ်ဘူး။ နိုင်ငံရေးလုပ် ဖို့လည်း သူ ဘယ်တုန်းကမှ စိတ်ကူးခဲ့တာ မဟုတ် ဘူး။ မလုပ်မဖြစ် လို့ အရေးတော်ပုံကြီးအတွင်း ၀င်ရောက်လုပ်ကိုင်ရင်းနဲ့ ဇွတ်အတင်း "ပေါ်တာ" ဆွဲသလို အဆွဲခံ ခဲ့ရလို့ နိုင်ငံရေးသမား ဖြစ်သွားခဲ့ရတာသာ ဖြစ်တယ်။
သူက သူ့ဘ၀တစ်ခုလုံးကို သတင်းစာထဲမှာပဲ မြုပ်နှံထားတာ ဖြစ်တယ်။ သတင်းစာ ကိုယ်တိုင် မလုပ်ရတဲ့ အချိန်တွေ ကို "ကွိ" လို ၊ "ဥတ္တရအလင်း" လို သတင်းစာဆရာတွေ ရဲ့ အကြောင်းရေးတဲ့ စာအုပ်တွေကို ဘာသာပြန်ရင်း နဲ့ "ရသေ့စိတ်ဖြေ" လုပ်သူ ဖြစ်တယ်။ အခုအချိန်က မြန်မာစာနယ် ဇင်းလောကမှာ အပတ်စဉ် ထုတ် ဂျာနယ်တွေ ၂၀၀ လောက်အထိ ထွက်ရှိလာတဲ့ စံချိန်တင်ရတဲ့ ကာလ ဖြစ်တယ်။ အသက်နှစ်ဆယ်နဲ့ အစိတ်ကြား ယောက်ျားလေးတွေ၊ မိန်းကလေးတွေ အားတက်သရော ၀င်ရောက် လုပ်ကိုင်နေကြတယ်။ သတင်းစာ ပညာသင်တဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ မရှိလေတော့ ဒီသူငယ်လေးတွေ အားလုံးဟာ မုဆိုးစိုင်သင် ဆိုသိလု "လုပ်ရင်းသင်၊ သင်ရင်းလုပ်" လုပ်နေကြရရှာတယ်။ အုတ်အရောရော၊ ကျောက် အရောရော ဖြစ်နေကြတာလည်း ရှိတယ်။ ဒီလိုအချိန်မှာ "ဥတ္တရအလင်း" ပြန်ထုတ်ခွင့်ရတဲ့ အတွက် ၀မ်းသာ မိတယ်။
"ဥတ္တရအလင်း" က သတင်းစာလောကအကြောင်း မီးမောင်း ထိုးပြထားတဲ့ စာအုပ် ဖြစ်တယ်။ သတင်းစာ အလုပ်ကို သာသနာပြု လုပ်ငန်းလို့ သဘောထား တဲ့ "တိုင်းပြုပြည်ပြု" သတင်းစာနဲ့၊ သတင်းစာလုပ်ငန်းကို စီးပွားရှာဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးအောင် လုပ်ဖို့ အသုံးချတဲ့ "ပေါက်လွှတ်ပဲစား" သတင်းစာတွေ အကြောင်း ကို ရှင်းခနဲ ထင်းခနဲ မြင်သာအောင် ရေးထားတဲ့ အတွက် "မုဆိုးစိုင်းသင်" စမ်းတ၀ါးဝါး လုပ်နေရတဲ့ လူငယ်တွေ အတွက် အများကြီး အထောက်အကူ ရလိမ့်မယ်လို့ ထင်တယ်။
ဒါ့အပြင် သိက္ခာသမာဓိ ရှိတဲ့ သတင်းစာဆရာ ဆိုတာ ဘယ်လိုလူမျိုး ဖြစ်တယ်၊ "အ၀ါရောင်သတင်း စာဆရာ" ဆိုတာ ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာ ခွဲခြားပြီး သိနားလည်အောင်လည်း လုပ်ပေးပါ လိမ့်မယ်။ ကမ္ဘာတစ်ခုလုံး မှာ သိက္ခာရှိ သတင်းစာ ဆိုတာ တော်တော် ရှားနေပြီ။ အများစုက စီးပွား ရှာဖို့ အမြတ်အစွန်း များများ ရဖို့ ဘာမဆို လုပ်မယ်ဆိုတဲ့ သတင်းစာတွေ ဖြစ်နေပြီ။
"သတင်းစာ လုပ်ငန်းကို များ မြင့်မြတ်တော်မူပေသော ကိစ္စလို လုပ်ပြီး တရားဟောနေသေးတာ၊ ပတ်ချွဲနပ်ချွဲ သုစရိုက်သမားတွေ၊ တလွဲဆံပင်ကောင်းတဲ့ သတင်းစာစုတ်နဲ့ လောကနိဗ္ဗာန် ဖန်ဆင်း ချင်တဲ့ မြှင့်တင်ရေး သမားတွေ ကို ကျွန်တော် နည်းနည်းမှ ကြည့်လို့မရဘူး"
ဥတ္တရအလင်းထဲက "လီယိုနဒ်ညေး"ရဲ့ စကားထဲက သတင်းစာသမားမျိုးတွေပဲ ဒီခေတ်မှာ များနေတယ်။
"ဒီလုပ်ငန်းကလည်း တခြားလုပ်ငန်းတွေလိုပဲပေါ့။ ငွေရဖို့နဲ့ သြဇာကြီးဖို့ ဆိုတဲ့ ပန်းတိုင် နှစ်ခုပဲ ရှိတာပါဗျ။ အဲဒီ ပန်းတိုင် ရောက်ဖို့ စောင်ရေတိုးရမယ်။ စောင်ရေတိုးဖို့ လူဖတ်ချင်တာတွေကို ရေးရ မယ်။ လူအများစုကြီး ဖတ်ချင်တဲ့ "ဓာတ်စာ" သတင်း က ဘာလဲ။ သူတို့ ဖတ်ချင်တာက အရေရွှမ်း တဲ့ မတော်တရော် သတင်းတွေဗျ။ အညှီအဟောက် သတင်းတွေ၊ အမနာပ သတင်းတွေ၊ အမြူအဆွ သတင်းတွေဗျ။ ရာဇ၀တ်ရုံး သတင်းတွေ၊ ထရံပေါက် က သတင်းတွေနဲ့ စောင်ရေ ခုနှစ်သန်းအထိ ရောက်နေတဲ့ "တနင်္ဂနွေ အထောက်တော်"က သက်သေခံနေ တာပဲ"
"ညေး"ရဲ့ စကားတွေက သွေးထွက်အောင် မှန်ပါတယ်။ ကမ္ဘာပေါ်က သတင်းစာနဲ့ ဆက်စပ် မီဒီယာလုပ်ငန်း အားလုံး ကို အခုအခါ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ချုပ်ကိုင်ထားကြပြီး အမြတ်အစွန်းရရေးအတွက် သက်သက်သာသာ လုပ်ကိင်နေကြတာကြောင့် "စတုတ္ထမဏ္ဍိုင်" ပီသတဲ့ သတင်းစာ ဆိုလို့ နည်းနည်းပါးပါး ပဲ မြင်တွေ့နိုင်ပါတော့တယ်။
"ဥတ္တရအလင်း" ကို လူငယ်တွေ ဖတ်ပြီး "ဟင်နရီပေ့"ကို အားကျရုံလောက် ရှိတယ်ဆိုရင်ပဲ ကျွန်တော်တို့ အနေ နဲ့ ကျေနပ်နိုင်ပါပြီ။
လူထုစိန်ဝင်း
၂၂.၁၁.၁၁.
သတင်းစာသမား၏ "သွေး"
(၁)
"ဘာသာပြန် စာအုပ်ပဲဗျ။ အမှာတွေ ဘာတွေ လိုလှ မထင်ပါဘူး။ ကိုယ်မြင်တာလေးလောက် ရေးလိုက် ... တော်ပေါ့ ထင်ပါရဲ့" ထင်လင်း က ပြောသည်။
ထင်လင်း က နာမည်ကျော် စာရေးဆရာ။ ပြီးတော့ ဆုရဘာသာပြန်ဆရာ။ ဒါထက် ကရိုနင် ၀တ္ထု တစ်ပုဒ်၊ (တစ်ကျွန်းစံ ၏ အပြန်လမ်း)ကို ဘာသာပြန်ခဲ့သူ။ ထို့ကြောင့် ဤကရိုနင် ဘာသာပြန် စာအုပ်တွင် အမှာစာ ရေးခိုင်းရကောင်းသား ဟု ကျွန်တော်တို့ အတွေးပေါ်မိသည်။
ဘာစာအုပ်မျိုး ထုတ်လုပ် ဆရာကြီးငယ်တို့၏ အပို့အပင့် အမိန့်အမှာတွေက တန်းလန်းပါမြဲ။ အလေ့အထ လို ပင် ဖြစ်နေပြီ။
ကျွန်တော် ရေးခဲ့ သည့် စာအုပ်များတွင်လည်း ထိုနည်းလည်းကောင်း၊ လူထုဦးလှ၊ တက်တိုး၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ မင်းယုဝေ၊ ဂျာနယ်ကျော်မမလေး စသော စာရေးဆရာကြီးငယ်များ၏ အမှာတွေနှင့်။ ဦးအုန်းလွင် လို ပန်းချီဆရာ ပန်တျာ မြင့်အောင်လို ဂီတပညာရှင်၊ ကိုကြည်မြ လို နိုင်ငံရေးသမားတို့၏ အမှာ များ ပင် ပါလိုက်ချည်သေး။
ဤစာအုပ်တွင် လည်း တစ်ယောက်ယောက်ကို "ပင့်"ဦးမှ တော်တော့ မှာကိုး ဟု ကျွန်တော်တို့ အကျင့် ပါပါ တွေးမျှော် ထားခဲ့သည်။
ထင်လင်း စကားကြားတော့ ဟုတ်သားပဲလိုလို ထင်မိလာ၏။ မဟုတ်သေးပါဘူးလိုလိုလည်း ထင်မိ လာ၏။ ဘာပဲဖြစ်ဖြစ် "ဆရာကြီး"တွေ ကို အားနာလာမိသည်တော့ အမှန်။
ကျွန်တော် ကိုယ်တိုင် ကဗျာစာအုပ်၊ ၀တ္ထုစာအုပ်တွေ အစ၊ ဘာသာပြန်စာအုပ်၊ ဆောင်းပါးစာအုပ် တွေ အလယ်၊ အကပညာ စာအုပ်၊ တရားစာအုပ်တွေ အဆုံး (ဘုမသိဘမသိ အကြိမ်များစွာ အပါအ၀င်) အမှာတွေ  ဗောင်းလံအောင် ရေးပေးခဲ့ရဖူး၍ "ဆရာကြီး" တွေကို ကိုယ်ချင်းစာနာလာ မိသည်လည်း အမှန်။
သို့ဖြင့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကာ ထင်လင်း ပြောသလို "ကိုယ်မြင်တာလေးလောက် ရေးလိုက် ... တော်ပေါ့ထင်ပါရဲ့" ဟု တွေးလာမိသည်လည်း အမှန်။
(၂)
ဤစာအုပ် အင်္ဂလိပ်စာရေးဆရာ (A.J. Cronin ၏ The Northern Light) အကြောင်း သတင်းကောင်းကြားနေ ခဲ့ သည်မှာ ကြာပြီ။ စာကောင်းပေကောင်း ကို အမြည်းအမြုံ့ အဖတ် အမှတ်ကောင်း သော တက္ကသိုလ် များ ဗဟို စာကြည့်တိုက်မှူး ဦးသော်ကောင်း က "လက်တို့" ထားခဲ့သည် မှာ လည်း ကြာပြီ။
နှစ်၃၀ ခန့် ကျွန်တော် တို့ ကျင်လည်ခဲ့သည့် သတင်းစာသမားဘ၀က တာဝန်ပိလွန်းသည်။ စိတ်အား လူအား အချိန် အား ရသည် ဟူ၍ မရှိသလောက်။ ၁၀နှစ်ခန့် ကျွန်တော်တို့ နေထိုင်ခဲ့သည့် မန္တလေး မြို့က ခေတ်ပေါ် စာအုပ် ရှားလွန်း သည်။ စာအုပ်ဆိုင် ကောင်းကောင်းကြီးကြီးဟူ၍ မရှိသလောက်။
အလုပ် က ဗလပွ။ စာအုပ်က ရှာမရ။ သည်လိုနှင့် ဤစာအုပ်ကို မဖတ်ဖြစ်ခဲ့။ ဘာသာပြန်ဖို့ကား ဝေလာဝေး။
"ကောင်းသားပဲ" "ရေးဗျာ" ယခုတစ်လော ကျွန်တော်တို့ စိတ်အား လူအား အချိန်အား ။အားချင်တိုင်းအား အများကြီးအားနေ သည်။ ထို့ကြောင့် ထိုစာအုပ် ကို ဘာသာပြန်လိုက်သည်။
"ဥတ္တရအလင်း ..."
(၃)
သတင်းစာ သည် လူ့အဖွဲ့အစည်းတွင် မရှိမဖြစ် လူမှုနိုင်ငံရေး လက်နက်တစ်ခု။ ထိုလက်နက်သည် သုံးချင်သလို သုံး စူးရှသည်။ ထက်မြက်သည်။ ထိရောက်သည်။ သြဇာကြီးသည်။ တန်ခိုးထွား သည်။ အကောင်းသုံး အကောင်းဖြစ်။ အဆိုးသုံး အဆိုးဖြစ်။ ထို့ကြောင့် အကောင်းသုံးသူက သုံး၊ အဆိုးသုံးသူက သုံး။ သို့ဖြင့် အကောင်းတွေ ဖြစ်ထွန်း။ အဆိုးတွေ ကျရောက်။ ပြီးတော့ အကောင်း အဆိုးပဋိပက္ခတွေ ပေါ်ပေါက်။
အကောင်းဆုံး ပဋိပက္ခ သည် အကောင်းအဆိုးတို့ကို ဖန်တီးစွမ်းရှိသော သတင်းစာလောက်တွင် လည်း ဖြစ်ပွားလေ သည်။
ဥတ္တရအလင်းသည် ပြည်သူ့အကျိုးဆောင် သတင်းစာကောင်းနှင့် ပုဂ္ဂလိက ကိုယ်ကျိုးရှာ သတင်းစာဆိုး၏ ပဋိပက္ခ၊ ဒေါင်ဒေါင်မြည် သတင်းစာသမားနှင့် မူးတင်းပဲတင်း သတင်းစာသမား၏ တိုက်ပွဲ၊ သဘောရိုးနှင့် မနောဆိုး ၏ ၀ိရောဓိ တို့ကို ဇာတ်လမ်းဖွဲ့သည်။
ဗြိတိန်နိုင်ငံ အရင်းရှင် သတင်းစာလောက၏ စီးပွားရေး စားကျက်လုပွဲ၊ သတင်းစာကောင်းဆိုး၏ ပဋိပက္ခ၊ ပြည်သူ့အကျိုးဆောင် သတင်းစာကောင်း၏ အစဉ်အလာ၊ သြဇာတိက္ကမနှင့် ရပ်တည် ချက်၊ ပုဂ္ဂလိက ကိုယ်ကျိုးရှာ သတင်းစာဆိုး ၏ "မှိုင်း"၊ ထိုးကွက်နှင့် ဆင်လုံး၊ သတင်းစာသမား ကောင်း၏ "သွေး"၊ မာရနှင့် စေတနာ၊ သတင်းစာသမား၏ ဥာဉ်၊ ၀သီနှင့် စရိုက်တို့ကို မီးမောင်း ထိုးပြသည်။ ကြည်နူးစရာအချစ်၊ ရင်နင့်စရာ အလွမ်းတို့က ထိုမီးမောင်းအလယ် မှာ မြူးပျံရင်း ကျေပြုန်းသည့် ပိုးလိပ်ပြာနှယ်။
(၄)
တစ်လောကဆီက ငွေဥဒေါင်း ဧည့်ခံပွဲတွင် ဒဂုန်တာရာ၊ မြသန်းတင့်၊ ထင်လင်း၊ ပါရဂူ၊ မောင်နေ၀င်း၊ သာဘန်း၊ ရွှေစင်မောင်မောင်ခင် တို့နှင့် ဆုံသည်။ ဒဂုန်တာရာက ကျွန်တော်တို့ကို မေးသည်။
"ဘာတွေ ရေးဖြစ်နေတာလဲ"
"သဗ္ဗရနာမ် ပေါင်းပဲဗျာ။ စုံရော။ ကရိုနင် တစ်အုပ်လည်း ပြန်နေတယ်"
"ဘယ်ဟာလဲ"
"ဥတ္တရအလင်းလေ"
"တက္ကသိုလ်တုန်း ကတော့ ကရိုနင် ကို ကြိုက်ခဲ့သားဗျာ။ ခုတော့လည်း သိပ်မကြိုက်ချင်သလိုလို ဘဲ"
"ဟား ... ဟား ... ဟား ... ခင်ဗျား အဘိုးကြီး ဖြစ်လာလို့ နေမှာပါဗျာ။ ကျွန်တော်တို့က ကြိုက်တုန်းပဲ၊ နင်လားဟဲ့ ငါလားဟဲ့ ဘ၀တိုက်ပွဲရယ်၊  လူမှုအတွေးအခေါ်ရယ်၊ သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းရယ် ဆိုတာ ရသမြောက် ဖွဲ့ရင် အမြဲဖတ်လို့ ကောင်းတာပါပဲဗျာ။ ခင်ဗျားကြီးပဲ အဲသလို ပြောဖူးတာ မဟုတ်လားဗျ။ ငယ်မူလေး ပြန်လာအောင် ဖတ်ကြည့်စမ်းပါဦးလေ"
"ဒီလိုဆိုလည်း ဖတ်ရဦးမှာပေါ့ဗျာ"
ဝင်းတင်
၁၂-၃-၇၉
 .
>>>ဆက်ဖတ်ရန်>>> >>
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၅)
နောက်ဖေးတွင် အဘိုးကြီး မြက်ရိတ်စက်ဓားသွားများကို ကူပြီးသွေးပေးနေစဉ်တွင် ကျွန်တော် ကြား လိုက် ရပါသည်။ "ရောဘတ်၊ သည် ဒရီဂိုရီဆိုတဲ့ကောင်လေး ညတိုင်း ငါတို့အိမ် ညစာ လာစားနေတာ ငါသိပ်သဘော မကျတော့ ဘူးကွာ။ ဘယ့်နှယ်စားပြီးလို့ ကျေးဇူးတင်ပါလေး တစ် ခွန်း တောင် ပြောဖော် မရ ဘူး။ သူ့မှာ အဖေနဲ့အမေမှ ရှိသေးရဲ့လား မသိဘူး" ကျွန်တော် ငိုချလိုက် ပါသည်။ နောက်ပြေးထွက်ခဲ့သည်။ကို ဆက်ဖတ်ရန်.......
>>>ဆက်ဖတ်ရန်>>> >>
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၆)
ဦးဘ မည်သည် ကို ဆိုလိုကြောင်း မောင်ဆေးရိုး သိပါသည်။ ဦးဘ စကားမဆက်နိုင်ဘဲ တိုးလိုး တန်းလန်းဖြစ်နေ စဉ် တွင် သူ့သမီး ရောက်လာသည်။ ကြေးပြားရှစ်ပြား သူ့ဖခင် ကို ပေးသည်။ ကို ဆက်ဖတ်ရန်..............
>>>ဆက်ဖတ်ရန်>>> >>
Monday, June 25, 2012
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၄)
နောက်တစ်နေ့ အမေ့ အတွက် ပေါင်မုန့် သွားဝယ်သော အခါ အသားများတုန်တုန်ရီရီဖြင့် မိန်းမကြီး တစ် ဦး အား ပြောနေသံ ကို ကြားလိုက်ရပါသည်။ "ဒီတစ်ပဲနိ တန် သကြားချောင်း နဲ့ များ ဘာဖြစ်လို့ မှန်တံခါးခွဲတယ် ဆိုတာ ကျုပ်ဖြင့် မစဉ်းစား တတ်အောင် ပဲ။ ဒီ အစုတ်ပလုတ် သကြားချောင်း လာတောင်းလှည့် ပါလား။ တောင်းရုံ ပဲတောင်း ကျုပ် ပေးလိုက်မှာ ပေါ့" ကို ဆက်ဖတ်ရန်......
>>>ဆက်ဖတ်ရန်>>> >>
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၅)
"ပြန်ကြရအောင်။ လ ရှိတုန်း ပြန်ကြရအောင်" "အမေကလဲ" "ဘာအမေ ကလဲ။ နင်တို့ ဘိုင်စကုတ်က ကြီးလာလိုက်၊ သေးသွား လိုက်၊ ပျောက်သွား လိုက်၊ ပေါ်လာလိုက် နဲ့ ဘာအသုံးကျ သတုံး ကိုဆေးရိုး ထ လှည်းတပ်" အိမ်ပြန်မည့် ကိစ္စကို ကန့်ကွက်သူ မှာ ချောစိန်တစ်ယောက်သာ ရှိ၏။
>>>ဆက်ဖတ်ရန်>>> >>
အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၈)(ဇာတ်သိမ်း)
"လန်ဒန် ကို ပြန်ကြမယ်ထင်တယ်" "မှန်ပါတယ်ခင်ဗျာ" "အကောင်းဆုံးလမ်း ကတော့ ဟောဟို  ကျောက်တိုင် နားရောက် ရင် ဘယ် ကိုကွေ့… ပြီးတော့ ဘုရားရှိခိုးကျောင်း နားရောက်တော့ ညာ ကိုကွေ့... အဲဒီမှာ လမ်းဖြောင့် သွားပြီ" "ကျေးဇူးတင် ပါတယ်... သိပ် ကို ကျေးဇူးတင် ပါတယ်" ကားများဆီ ကို ကျွန်မတို့ ထွက်လာကြသည်။ ဒေါက်တာဘေကာ က ခွေးကို အခန်းထဲ ဆွဲသွင်းပြီး တံခါးပိတ် လိုက်သံ ကြားရသည်။
>>>ဆက်ဖတ်ရန်>>> >>
Sunday, June 24, 2012
ဟိန်းလတ် ဘာသာပြန် ငမဲ, အပိုင်း (၃)
ထိုညအိမ်သို့ ပြန်လာသောအခါ တံခါးဂျက်မချထားပါ။ အိမ်ရှေ့ခန်းလည်း မီးထွန်းထားပါသည်။ အမေ သည် ထိုနေ့ တစ်ညလုံး ထိုင်နေပါသည်။ ပြတင်းပေါက်မှ တဆင့် မျှော်နေရှာပါသည်။ သည် လိုပင် နောက်ထပ် သုံးလေးလ လုံးလုံး ပြတင်းပေါက်မျှမျှော်ရင်း၊ ထိုင်စောင့်ရင်း၊ ရေဒီယိုမှ မှုခင်း သတင်း များကို နားထောင် ရင်း နေတတ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>
ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၄)
"မင်း ဘာသိတုံး၊ ကောင်မလေး နဲ့ ငြိနေပြီ" "ငြိငြိတော်၊ ငြိပြီး မပြန်နိုင်ရင် ကောင်းတာပဲ" "မင်း ဟာ တော်တော်ယုတ်မာတဲ့ မိန်းမပဲ" "ကျုပ် ယုတ်မာတာ တော် အခုမှ သိလား" ငထွန်းကား သည် "အေး ဟုတ်တယ်" ပြောရုံမက ရေနွေး ပန်းကန်ဖြင့်ပါ ထပေါက်တော့သည်။ ထိုမှ ဆက်လက်ပြီး ရိုက်နှက် ကန်ကျောက်သည် အထိ ဖြစ်လာနိုင်ငြား သားနှစ်ယောက် ရောက်လာသည်။
>>>ဆက်ဖတ်ရန်>>> >>
အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၇)
တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးလာသည်။ တစ်မိုင်ပြီးတစ်မိုင် ခရီးပေါက်လာသည်။ ရှေ့တည့်တည့် သို့သာ ကျွန်မကြည့်နေ မိသည်။ နောက်ခုံမှာ ကာနယ်ဂျူလယန်းကတော့ တစ်လမ်းလုံးလိုလို အိပ် လိုက် လာသည်။ ဖေဗယ် ၏ ကားကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
>>>ဆက်ဖတ်ရန်>>> >>