tag:blogger.com,1999:blog-37473044225659057052024-03-12T21:15:18.959-05:00shwezinuSHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.comBlogger2854125tag:blogger.com,1999:blog-3747304422565905705.post-27661892338227150842017-06-18T03:15:00.001-05:002017-06-18T03:15:48.931-05:00shwezinu: ဒေါက်တာစိုးလွင် ၏ မိုက်ကယ်ရယ်၊ သော်တာဆွေရယ်၊ လူနာတစ်ယောက်ရယ်၊ ကျွန်တော်ရယ်shwezinu: ဒေါက်တာစိုးလွင် ၏ မိုက်ကယ်ရယ်၊ သော်တာဆွေရယ်၊ လူနာတစ်ယောက်ရယ်၊ ကျွန်တော်ရယ်SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-68065232377947425092015-09-10T01:08:00.000-05:002015-09-10T01:10:44.337-05:00မွေးနေ့ အလွန် ( ချစ်ချစ်ကြီး နှင့် လစ်ဗင်းတူဂဲသား )
မြန်မာပြည်နေယောက်ကျားများ နဲ့ အခုအချိန်မှာ အသင့်တော်ဆုံး ကွာရှင်းပြတ်ဆဲခြင်း မွေးနေ့ လက်ဆောင်လေး ချစ်ချစ်ကြီး ကို ပေးအပြီးမှာတော့ ချစ်ချစ်ကြီး ဟာ အတော်ပျော်ပြီး လွတ်လပ်ပြီ ဆိုပြီး ပိတိဖြာနေပါတယ်။
မွေးနေ့ ညမှာတော့ ရွှေစင်ဦး ဟာ အခန်းတံခါး လောခ် ချထားပြီး တယောက်ထဲ အိပ် နေပါတယ်။ ခနနေတော့ ချစ်ချစ်ကြီး ဟာ အခန်းတံခါး လာခေါက်ပါတယ်။ တော်တော်နဲ့ ဖွင့်မပေးတော့ စိတ်တွေဆိုး လို့ပေါ့ ။
အခန်းထဲ ဝင်ဖို့ပြင်တော့ ရွှေစင်ဦး က " တော် ဒီအခန်း နဲ့ မသက်ဆိုင်တော့ ဘူးလေ၊ ဟိုဘက်ခန်း သာ ကြွပေတော့ "ဒါ က ဘာသဘောလည်း " "ကွာရှင်းပြတ်ဆဲ ပြီးပြီလေ " အဲဒါ ဖဘ ထဲမှာ ရေး တာလေ၊ တကယ် ဟုတ်လို့လား " " ဖဘ ထဲမှာ ရေးတာဟာ၊ တကယ် မလို့ ရေးတာပေါ့၊ ကျုပ်တို့ထက် အဆင့်မြင့် တဲ့ လွှတ်တော်အမတ် နဲ့ ကာတွန်းဆရာကြီးတောင် ဖဘ ထဲမှာ စိမ်ခေါ်ပြီး တရားဝင် ထိုး၊ အဲလေ တရားဝင် ဟိုဖက်၊ ဒီဖက် နဲ့ နှစ်ဖက်မိဘ အဲလေ အမေ တွေ ကန်တော့ ကြတာ တော် မတွေ့ဘူးလား " " ဒါဆိုလည်း ပြီးတာဘဲ၊ အခုတော့ ဒီအခန်းထဲ အိပ်မယ်ကွာ " လို့ ပြောလာပါတယ်။
ဆက်လက်ပြီး အပြန် အလှန် ပြောစကား များကို နားသောတ ဆင်ကြရအောင်ပါ။
ရွှေ - ဒီအခန်းထဲ အိပ်တာတော့ ဟုတ်ပါပြီ၊ ဥပဒေနဲ့ မလွတ်ကင်းဘူးနော်။
ချစ် - ဘာဖြစ်လို့လည်း။
ရွှေ - သမ္မတကြီး ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတဲ့ လူဆိုး၊ သူခိုး များဟာ ခိုးဆိုး၊ လုယက်၊ ဒါးမြတိုက် တာတို့ ရဲသတ် ပြီး ထွက်ပြေးတာတို့ မုဒိမ်းမှု့ကျူးလွန်တာတို့ ကို မလုပ်တော့ ဘဲ ဥပဒေ နဲ့ ကိုက်ညီတဲ့ နည်း တွေ နဲ့ဘဲ ငွေ ရှာတော့ မယ်လို့ သတင်းရထားတယ်။
ချစ် - အဲဒါ ငါတို့ နဲ့ ဘာဆိုင် လို့လည်းဟ။
ရွှေ - ဆိုင်တာပေါ့၊ ဟော်တယ် တို့ တည်းခိုခန်း တို့ မှာ တော်တို့လို့ သက်ကြား အိုတွေ မိန်းမ ရှိ ရဲ့ သားနဲ့ ဖောက်ပြန်ချင်တဲ့ သူတွေ အပျော်ကျူးး မဲ့သူတွေ နောက် ကို လိုက်ပြီး ဗွီဒီယို ရိုက်မယ်၊ ရဲစခန်း တို့ မဘသ စခန်း တို့ ကို တိုင်ပြီး ဆုငွေယူ မယ်လေ။
ချစ် - အိမ်ထောင်ရှိတဲ့ သူတွေ ကတော့ ထားပါတော့လေ၊ လူလွတ်၊ လူလွတ်ခြင်း အတူနေကြ တာ၊ ခွေး တွေ လို လမ်းမပေါ် တက် ဟိုဟာလုပ် လို့ ရမလား၊ တည်းခိုခန်း သွားလုပ်တာ နှစ်ဦး သဘောတူ ဘဲ ဘာလုပ်လို့ ရမှာလည်းကွ။
ရွှေ - အင်း အဲဒါပြောတာပေါ့၊ လူ က ဥပဒေ ကို ဘာသိဘာသာ နေပေမဲ့၊ ဥပဒေ ကတော့ ဘာသိဘာသာ မနေဘူးတဲ့၊သူ့ ကို ဖောက်ဖျက်ရင် ဖောက်ဖျက် တဲ့ အတိုင်း ခံရမှာဘဲ ဆိုတာ ဆရာမောင်သော်က လား မသိရေးဘူးတယ်လေ၊ အပေါက်စောင့် တဲ့ ဥပဒေ မှာ လစ်ဗင်းတူဂဲသား၊ လက်မထပ် ဘဲ အတူနေ ရင် ထောင်ဒဏ်ခွန်နှစ်နှစ် တဲ့၊ ထောင်ဒဏ်ခွန်နှစ်နှစ် ဆိုတဲ့ အမှု့ ဟာ အာမခံ လည်းပေး မရဘူး၊ တော်တို့ အဖမ်းခံ ရရင် ထောင်နန်းသာ တန်းစံ ပေတော့။
ချစ် - ငါ့ ...... ဥပဒေ၊ သေကြပါစေဗျာ
ဟုတ်ရော ဟုတ်လို့လားဟ၊
ရွှေ - ဟုတ်လွန်း လို့ မှ ဟုတ်၊ ဟုတ်၊ ဟုတ် နဲ့ တောင် နေသေးတယ်၊
ချစ် - ဒီတညတော့ ကိုယ့် အိမ်ကိုယ် ဘဲ မလာလောက် ပါဘူးကွာ၊
ရွှေ - အို - ကိုယ့် အိမ် ကိုယ် လည်း ကျုပ်တို့ က ကွာရှင်းပြတ်ဆဲ ထားတာ ဖဘ ပရိတ်သတ်များ အသိ ဆိုတော့ မတော် လာရှာလို့ တခန်းထဲ တွေ့ နေရင် ကျုပ်ပါ အချောင် ထောင်ခွန်နှစ်နှစ် ကျမယ်။ တော် အခန်း မပြောင်း ရင် ကျုပ်ပြောင်းအိပ်မယ်။
ချစ် - ငါ့ ...... ဥပဒေ၊ သေကြပါစေဗျာ
ရွှေ - ဆဲမနေနဲ့၊ လာဖမ်းရင် သက်သေခံ စာကြီး နဲ့ ကျုပ်တို့တော့ ဆဲ လည်း မဆဲဘူး၊ ကွာရှင်းပြီး မှ တခန်း ထဲ မှာလည်း အတူမအိပ်ဘူး၊ ကျုပ် ဖုန်းပေး၊ သွားပြီ၊ ဂွတ်နိုက်
ချစ် - ဟေ့ ဟေ့ ဒါနဲ့ မနက်ဖြန် ပို့စ်လေး ပြန်တင်ပေးအုန်း နော်၊ ကွာရှင်းတာ တကယ် မဟုတ်ဘူးလို့။
ကဲ - ရွှေစင်ဦး တို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း များတို့ရေ ကြား၊ ကြားသမျှ အမျှ အမျှ အဲလေ တကယ် ကွာရှင်းပြတ်ဆဲတာ မဟုတ်ပါကြောင်း နှင့် ရွှေစင်ဦး ရဲ့ မွေးနေ့ လက်ဆောင် ကို တန်ဖိုး မထားသော ချစ်ချစ်ကြီး အား အလွန်အမင်း စိတ်ဆိုး ပါ၍ နှစ်ရက် နောက်ကျပြီး မှ ပြန်ပေါင်းထုတ်ကြောင်း ပိုစ့် လေး အား တင်ပေးပြီး အသိပေးလိုက်ရပါတယ်။ အားလုံး အားလုံး ကျေးဇူးပါ။
လေးစားစွာဖြင့်
ရွှေစင်ဦး
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-60885645309844828052015-09-10T00:24:00.000-05:002015-09-10T00:24:16.673-05:00ရွှေစင်ဦး နှင့် ချစ်ချစ်ကြီးတို့ ကွာရှင်းပြတ်စဲ ကြလေပြီ
တနေ့တည ကျွန်ုပ် တို့ လင်မယားနှစ်ယောက်သည် သူ့ဟာ သူပွတ် ကိုယ့်ဟာကိုပွတ် ဖြင့် အိပ်ရာ ထဲတွင် ဇိမ် ကြနေကြပါသည်။ အတန်ကြာသော အခါ ချစ်ချစ်ကြီး သည် ဖေစ့်ဘွတ်ခ် ထဲမှ မစားရ ၊ အညှော်မခံ ရသော အရာများကို ပွတ်ရုံ၊ ကြည့်ရုံ ဖြင့် အားမရတော့ဘဲ " မိန်းမ ထ၊ ထ မောင် ဒီနေ့ည စားရတာ အားမရဘူးကွာ ညလည်စာလေး မကျွေးချင်ဘူးလား" ဟု အင်မတန် ခယသော လေသံဖြင့် နူးညံ သိမ့်မွေ့
စွာ ပြောလာပါသည်။
ရွှေစင်ဦး သည် ယခင်ညများ ၌ မည်သို့ပင်ပြောစေကာမူ မတုန်မလှုပ် နှင့် ခပ်မဆိတ် နေလေသမျှ ဒီနေ့ည ကြမှ သနားစိတ်ကလေး ဝင်သွားသဖြင့် မီးဖိုချောင် သို့ ထသွား၍ ကြက်သွန်ဖြူလေး ငရုပ်သီးစိမ်းလေး ပါးပါးလှီး၊ ပုဇွန်ခြောက်ကလေး ထောင်း၍ မြေပဲမှုန့်၊ ပဲပုတ်မှုန့် လေး ပါလေကာဖြင့် ဆီချက်ကလေး ချက်လို့ သံပရာ တစိတ်လောက် အနံထွက်ရုံလေး ညှစ်၍ ထမင်းလေး သုတ် ၍ ကျွေးလိုက်ပါသည်။
ရေနွေးတကြိုက် ထမင်းသုတ်ကလေး တလုပ်စားရင်း စိတ်ကျေနပ်မှု့ ရသွားသော ချစ်ချစ်ကြီး အားကြည့် ၍ ရွှေစင်ဦး တခုစဉ်းစားမိသွားပါသည်။
သြ ဒါ ငါကျွေးနိုင်တာ မလို့ ငါ လည်း အသက်ကြီးလို့ အိုစနာ ကြနေပြီ၊ ယောက်ကျား ဆိုတာ ဖွဲတဆုပ် နိုင် ရင်တောင် သားစိတ်မယားစိတ် မကုန်ဘူးပြောတယ်၊ တကယ်လို့များ သူ့မှာ ငါမကျွေးနိုင်တာ ကို စားချင်လို့များ မထိမ်းနိုင်၊ မသိမ်းနိုင် နဲ့ တခုခု များ လုပ်မိရင် ဖောက်ပြန်တဲ့ ယောက်ကျား မယားငယ်နေ တဲ့ ယောက်ကျား အဖြစ် ထောင်ခွန်နှစ်နှစ် ကြ တော့မှာပါလား လို့ တွေးမိရင်း စိတ်မသက် မသာ ဖြစ်လာ ပါတယ်။
ဖေ့စ်ဘွတ်ကြီး ဖတ်ရင်း ဖတ်ရင်း မဘသ နဲ့ သမ္မတကြီး တို့ အကောင်အထည် ဖော်ခဲ့ ကြတဲ့ အပေါက်စောင့် ဥပဒေရဲ့ ပြင်းထန်ပုံကိုလည်း သတိပြုမိလာပါတယ်၊ တသက်လုံး ပေါင်း လာ တဲ့ ယောက်ကျားကြီး ပေါင်ကြား ဥပဒေကြောင့် ဒုက္ခ မရောက်စေဖို့ ကွာရှင်းစာချုပ်လေး များကြိုချုပ်ထားရင် သူ့ သိပ်ပျော်သွားမလားလို့ တွေးမိသွားတယ်။
စိတ်ထဲရှိတာကို အကြွေးမထားတတ်ဘဲ ချစ်ချစ်ကြီး နဲ့ ဖွင့်ဟ တိုင်ပင်လိုက်တော့ တခနအတွင်း ဝင်းကနဲ့ ဖြစ်သွား တဲ့ မျက်နှာကြီးကို ကြည့်ပြီး ပြောပြီးသား စကား ပြန်ရုတ်သိမ်းရင် ကောင်းမလား လို့ပင်
တွေးမိပြန်သော်လည်း ထွက်ပြီးသား ဆင်စွယ် ဝင်သည် မရှိဟု စဉ်းစားရင်း ခပ်မစိပ် နေလိုက်ပါသည်။
မနက်ဖြန် ၅ရက်၉လ ချစ်ချစ်ကြီးမွေးနေ့ မှာချစ်ချစ်ကြီး ဝမ်းသာမဲ့ အကောင်းဆုံး လက်ဆောင်လေး ကို ပေး ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဒါကြောင့် ရွှေစင်ဦးနဲ့ ချစ်ချစ်ကြီး တို့ ရဲ့ ဆွေတော်မျိုးတော် အပေါင်းနဲ့ မိတ်ဆွေ သူငယ်ချုင်း တို့ ရွှေစင်ဦး တို့ ရဲ့ ကွာရှင်းပြတ်စဲခြင်း အတွက် မအံသြ ကြနှင့် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါသည် ဆိုသော အဆို ကို ရွှေစင်ဦး ကျင့်သုံးပါပြီ။
လေးစားစွာဖြင့်
ရွှေစင်ဦး
.SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com3tag:blogger.com,1999:blog-3747304422565905705.post-78645632394343951282015-01-17T01:02:00.000-06:002015-01-17T01:02:55.716-06:00နတ်သက်ကြွေသွားတဲ့ စည်းစိမ်ရှင်
ကိုယ့်ဝန်းကျင်မှာ ဝေဒနာရှင်တွေ မြင်ရတာများများလာတော့ ဝေဒနာနုပဿ နာ အကြောင်းလေး ကို ဆွေးနွေးချင်ပါတယ်၊ ခန္ဓာရှိရင်တော့ ခန္ဓာ့ဒုက္ခဆိုတာရှိတာပါပဲ၊ ဒါပေမဲ့ကျန်းမာနေတုန်းတော့ ဒီခန္ဓာကြီးကို အရေးတယူ လုပ်ပြီး စောင့်ကြည့်တဲ့ အလုပ် မလုပ်ကြပါဘူး။ ခန္ဓာကိုယ် ကျန်းမာ၊ စိတ်ကလေးချမ်းသာတဲ့အချိန် တရား အလုပ်လုပ်ရင်တောင် မကြာခဏ အမေးခံရတဲ့မေးခွန်းက ဘာစိတ်ညစ်စရာရှိလို့ ရိပ်သာဝင်တာလဲတဲ့၊ အများစုထင်နေကြတာက ရိပ်သာ ၀င်တယ်ဆိုတာ စိတ်ညစ်စရာရှိမှ မကျန်းမာမှ လို့ထင်နေတတ်ကြပါတယ်၊ ဒီခန္ဓာကြီး မကျန်းမာရင် ဘယ်လိုမှု တရားအလုပ် မလုပ်နိုင်ပါဘူး၊ နာကျင်ခံခက်ဝေဒနာဆိုးတွေ ရောဂါဆိုးတွေရမှဆိုရင် အဲဒီဝေဒနာအပေါ်မှာပဲ စိတ်ကညွတ်နေပြီး တရားအလုပ် လုပ်ဖို့ မဖြစ်နိုင်တော့လို့ပါ၊ ဒါကြောင့် မအိုခင်၊ မနာခင် တရားအားထုတ်နိုင်ဖို့ ပထမဆုံး တိုက်တွန်းနိုးဆော်ချင်ပါတယ်။
တရားအလုပ်လုပ်တာ မြန်မာပြည်မှာဆိုရင် မခက်ခဲသလို ငွေမကုန်ဘဲ ရိပ်သာဝင်လို့ရတဲ့နေရာတွေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့ ကိစ္စများမြောင်လှတဲ့ လူတွေဆိုတော့ ရိပ်သာကို အမြဲတန်းမ၀င်နိုင်ကြပါဘူး။
တချို့ကတော့ ပြောတယ် တရားအလုပ်လုပ်တယ် ဆိုတာ မတရားတာတွေ မလုပ်ရင်ပြီးတာပါပဲတဲ့၊ ဟုတ်ကဲ့ ကျွန်တော်တို့ အခြေခံ ငါးပါးသီလ လုံခြုံနေမယ်ဆိုရင် မတရားတာတွေ မလုပ်ဖြစ်တော့ပါဘူး၊ မတရားတဲ့ အလုပ် မလုပ်တာနဲ့ တရား ရတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ပုထုဇဉ်သဘာဝ ကတော့ အ၀ိဇ္ဇာ (မသိမှု) ၊ တဏှာ (စွဲလန်းခြင်း ) အခြေခံ နှစ်ခုကစပြီး လောဘ၊ ဒေါသ၊ မောဟ ၊မာန စသည် စသည် တရားများနဲ့ မျောနေသလို အလောဘ ၊ အဒေါသ စတာတွေနဲ့လည်း ကျင်လည် နေတတ်ပါတယ်။
ရုပ်တရား တွေ နာမ်တရားတွေ ရဲ့ ဖောက်ပြန်မှု၊ မမြဲဆင်းရဲခြင်းအကြောင်းတွေ သိဖို့ နှစ်စဉ် ဧပရယ်လ ဆို ရင် ရိပ်သာမှာ ကျွန်တော် သွားနေပါတယ်၊ အမတော် ရဲ့ ဘလော့လေးပေါ်မှာတောင် နတ်သမီးဖြစ်သွားတဲ့ စည်းစိမ်ရှင် ဆိုပြီး http://www.shwezinu.blogspot.com/2011/05/blog-post_15.html တခေါက် ရေးဘူးပါသေးတယ်။ အဲဒီ ဆောင်းပါးလေး ရေးထားတာက ၂၀၁၁ ကပါ၊ အခု ၂၀၁၅ တော်တော်ကြာ သွားပါပြီ၊ ကိုယ့်ကိုကိုယ် ပြန်ကြည့်တော့လည်း ဆံညိုတွေတောင် ဖြူလာပါပြီ။ အလုပ်မအားတာရော ပျင်းတာရော အကြောင်းမျိုးစုံပြပြီး မရေးဘဲနေလာလိုက်တာ အခုတော့ ရေးပြ၊ ပြောပြချင် တဲ့ အကြောင်းတရားလေးတွေ က ရှိလာပြန်တော့ ချစ်သောမိတ်ဆွေများ အတွက် စာရေးပြီး မဲဆွယ်ရတာပါ။
အရင်ဆောင်းပါးမှာ ပါတဲ့ နတ်သမီးဖြစ်သွားတဲ့ စည်းစိမ်ရှင်ဆိုတာ တကယ်တော့ တင်စားမှုတခုပါ၊ တကယ့်နတ်ပြည် ရောက်သွားသလို အစားအသောက်တွေ ကလဲ နတ်သုဒ္ဒါလို ကောင်းမွန် တဲ့ အပြင် နတ်ပြည်လိုပဲ အလုပ် လုပ်စရာ မလို ပါဘူး၊ ရေတအိုး ဖြည့်စရာ မလိုသလို တံမြက်စည်း တချက် လှဲစရာ မလိုပါဘူး၊ တကယ်လို့များ တချို့သော ယောဂီများ လုပ်တယ် ဆိုရင်လဲ ယောဂီ များကို စောင့်ရှောက် တဲ့ ဆရာလေးများ က အမှတ်ကလေး နဲ့ လုပ်ဖို့ ဖြစ်နိုင်ရင်တော့ ဗာဟီရ အလုပ်များ မလုပ်ဘဲ နေကြဖို့တားမြစ်တတ်ပါတယ်၊ စိတ်ဆိုတာကလဲ ခက်ပါတယ်၊ ဘာမှ မလုပ်ရပါဘူး ဆိုမှ လုပ်ချင်ကြပြန်တယ်၊ ဆွမ်းစားဖို့အဆင်သင့် ပြင်ပေးတဲ့ အပြင် စားပြီးသားပန်းကန်က အစ ဆေးကြောပေးကြပါတယ်၊ ဓမ္မလုပ်သားများ နဲ့ ယောဂီဟောင်း များက လုပ်အား ကုသိုလ်ပြု ကြ ပါတယ်။ ယောဂီ ရဲ့ အလုပ်ကတော့ တရား အလုပ် လုပ်ဖို့ တခုထဲ ဖြစ်ပါတယ်။ နောက်တချက် နတ်သမီးဖြစ်သွားတဲ့ စည်းစိမ်ရှင်လို့ ဘာကြောင့်ပြောရတာလဲ ဆိုတော့ တရားထိုင်နေစဉ် တလျှောက်လုံး နာခြင်းဆင်းရဲ မရှိတော့လို့ တင်စားပြောတာပါ။
တရားအားထုတ်ဖူးသူတိုင်း သိကြမှာပါ၊ ခန္ဓာကိုယ် မနာကျင်ဘူးတဲ့သူ ဘယ်သူများရှိပါသလဲ၊ ကျွန်တော်ကရော၊ ဘယ်နေလိမ့်မလဲ နာတာမှ နည်းမျိုးစုံနဲ့ နာကျင်တာပါ၊ တရား စစထိုင်ခြင်းတော့ နာတာ၊ ကျင်တာတွေ မရှိပါဘူး။ နာတာကျင်တာမရှိတော့ ဘာမှတ်သလဲဆိုတော့ ပင်တိုင် ၀မ်းဗိုက် က ဖောင်းခြင်း ပိန်ခြင်း ကိုပဲ မှတ်ပါတယ် (ဒါကလဲ မဟာစည်နည်းစနစ် နဲ့မှတ်တာကြောင့်ပါ) ရိပ်သာဝင်ကာစပဲဖြစ်ဖြစ် တရားစထိုင်ကာစပဲဖြစ်ဖြစ် စိတ်ကို ထိန်းရတာလဲ မလွယ်ကူပါဘူး၊ စိတ်ကိုမှတ်ရင်ရတယ်ဆိုပေမဲ့ အလေ့ အကျင့်မရှိရင်၊ စိတ်ပျံ့လွင့် တွေးတော နေတာတွေနဲ့ပဲ အချိန်တွေကုန်ပြီး သမာဓိ ရဖို့မလွယ်ကူပါဘူး။
အခု အဓိကပြောချင်တာက နာကျင်ခြင်းဝေဒနာခံစားမှုတွေ တခါတလေ ကြည်နူးပျော်ရွှင်မှု ပီတိတွေစတဲ့ ကောင်းတဲ့ဝေဒနာ အကြောင်းတွေကို ပြောချင်တာပါ၊ နာတာကို နာတယ်၊ နာတယ်လို့ ရွတ်ဆိုပြီးမှတ်တတ်ကြပါတယ်။ ကျွန်တော်လဲ အဲလိုပဲ နာတဲ့နေရာ ကို ကြည့်ပြီး ရွတ်ရင်း၊ ရွတ်ရင်းနဲ့ ပြောင်းရွေ့ရတာမကြာခဏပါ။ ခြေကျင်းဝတ်ကနေ နာတယ် တခါတလေ ဒဂေါက်ကွေးထဲကနေ နာလိုက်တာများ မီးစနဲ့ထိုးသလို ပါဘဲ။ တခါတလေ ပေါင်ရင်းပေါ့ဗျာ၊ နောက်ကျော လက်ပြင်နေရာ ကလည်း ညောင်းလိုက်တာ မပြောပြတတ်အောင်ပါပဲ အထူးသဖြင့်တော့ အရိုးအဆက်၊ အဆစ်(ဂျွိုင့်) တွေရှိတဲ့နေရာတွေကပါ။
ကျွန်တော်လည်း မှတ်တာမှ အစွမ်းကုန်ပါဘဲ၊ သူများတွေကို ကြည့်ပြီး ကိုယ်ကမလုပ်နိုင်တဲ့အခါ စိတ်တိုမှု ၊ ရအောင်လုပ်မယ်ဆိုတဲ့ လိုချင်လောဘတွေနဲ့ လည်ထွက်နေခဲ့တဲ့ နှစ်တွေ မနည်းပါဘူး။ (မှတ်ချက်- တရားအားထုတ်သူများ အထူး သတိထားရမဲ့ အကြောင်းတခုကတော့ ဘယ်တော့မှ သူတပါးနဲ့ မနှိုင်းယှဉ်မိပါစေနဲ့) တခြားသူတပါး ပြောတဲ့ စကားတွေကိုလဲ နားမယောင်မိပါစေနဲ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတဲ့အတိုင်း ကိုယ်က ဖြစ်၊ မဖြစ် တွေးတာကြီးက ဆိုးလွန်းလို့ပါ။
တခါတလေ စာသမားကျွန်တော်ကိုယ်တိုင် စာဖတ်ပြီး စာအုပ်ထဲက စာတွေအတိုင်း မဖြစ်ဘူးဆိုတာကြီး လဲ ဖြစ်တတ်ပါတယ်။ ဒါတွေကို နှိုင်းယှဉ်ပြီး စဉ်းစား တွေးတောနေတာကလဲ တရားအလုပ်လုပ်တဲ့အခါမှာ တရားတိုးတက်မှု နှောင့်နှေးစေတဲ့အချက်တွေပါ (တရားစာဖတ် ၊တရားနာတာ၊ ဆွေးနွေးတာတွေကို မလုပ်ရဘူးလို့ မဆိုလိုပါ တရားအားထုတ်နေတဲ့အချိန်တွင်သာ မလုပ်မိစေဖို့ပြောခြင်းဖြစ် ပါသည်။ နေ့ခင်းတနာရီစာ တရားနာတာ တချိန်ကတော့ နာယူရပါတယ်။)
တရားအလုပ် အားထုတ်စဉ်မှာ ယောဂီအများစုတွေ့ကြုံခံစားရတာက ဝေဒနာနုပဿ နာ (ကောင်းခြင်း ဆိုးခြင်း မကောင်းမဆိုး အလယ်အလတ်နဲ့ ပါ) ခန္ဓာကြီးက ဘာမှ မလုပ်ရဘဲနေတာတောင် နာကျင်ကိုက်ခဲ ယားယံ စတဲ့ မကောင်းမှု ဝေဒနာတွေ ၊ ပျော်ရွှင်ကြည်နူးမှု တခါတလေ စိတ်ကလေး အေးချမ်းလိုက်တာများ အဲဒီလို အေးငြိမ်းမှုလေးကနေ ဘယ်တော့မှ မပြောင်းတော့ဘဲ အဲဒီငြိမ်းအေးမှုလေးကိုဘဲ တချိန်လုံး လိုချင်နေတာ စတဲ့ ကောင်းတဲ့ဝေဒနာတွေ မျိုးစုံလာပါတယ်၊ ကောင်း မကောင်း အလယ်အလတ် တွေနဲ့ တလှည့်စီဖြစ်နေတာပါ။
အထူးသဖြင့် စစခြင်းတော့ နာတာကျင်တာတွေ နာကျင်ကိုက်ခဲတင်လား ဆိုတော့ ဟုတ်ဘူး ယားယံတာတွေ ခြင်ကိုက်လို့ပဲ ယားယား ချွေး စသည် တစုံတခုသော အကြောင်းကြောင့် ယားယား ယားတာကို ယားတယ် ယားတယ် ဆိုပြီးမှတ်လိုက်တာ မှတ်ရင်းတန်းလန်းနဲ့ အမှတ်မနိုင်တော့ ကုတ်လိုက်ရတာ တဗျင်းဗျင်းပေါ့။ ကုတ်တော့ ကုတ်တယ် မှတ်ဆိုတော့ တချိန်လုံး တလှုတ်လှုတ် တရွရွနဲ့ သမာဓိ ရဖို့ ဆိုတာ အဝေးကြီးမှ တကယ့်ကို အဝေးကြီးပါ။ ကုတ်လို့မရတဲ့နေရာမျိုးတွေဖြစ်တဲ့ လည်ပင်းက ယားလာပြန်တဲ့အခါ ကုတ်မရလို့ ချောင်းတဟန့်ဟန့် တတွေးတမြိုမြိုနဲ့ ချောင်းဟန့်လိုက် တတွေးမြိုလိုက်နဲ့ အတော် မငြိမ်တာပါ၊ မငြိမ်မှတော့ သမာဓိက အကျဲသားဖြစ်ပြန်ပေါ့။
သမာဓိမရတဲ့အပြင် နာကျင်တာ ကိုက်ခဲတာ ယားတာတွေကို စိတ်မှတ်နဲ့ရွတ်ဆိုရွတ်ဆိုပြီးမှတ်တဲ့အခါ စိတ်သဘာဝအရ ရွတ်ဆိုတဲ့ဆီကို စိတ်ကရောက်ပြန် နာတာကို ကြည့်ပြန်နဲ့ ငါ့ခြေထောက် ငါ့ဒူး ငါ့ပေါင် ငါ့ကျော လုပ်နေသမျှတော့ နာတာကြီးပျောက်မသွားတဲ့အပြင် ပိုပိုတိုးတိုးပြီး နာလာ လို့ ဖြုတ်လိုက် ရ ပြင်လိုက်ရနဲ့ ၁၅ မိနစ်တခါပြောင်း ၁၅ မိနစ် တခါပြင်ရင်း ချာလပတ်ရမ်းလို့ပေါ့။ စိတ်ကလေး တင်းပြီးလုပ်လဲ ခဏပါပဲ၊ ကြာတော့ တချိန်လုံး နာရီစေ့ဖို့ အချိန်တနာရီမြန်မြန်ပြည့်စေဖို့သာ ဆုတောင်းနေတော့တာပါပဲ။
အဲလို ဆုတောင်းရင်းနဲ့ အချိန်တွေကလည်း တရက်ပြီး တရက်ကုန်လာတယ်၊ တရားစခန်းဝင်ပြီးလို့ သုံးလေးရက် နေပြီးရင် တရားစခန်းဝင်ကာစက စာမေးပွဲစစ်မဲ့ကလေး လို ကြောက်လန့် တတ်တဲ့ ဝေဒနာတမျိုးကလဲရှိသေးတယ်၊ ဘာကြောက်တာလဲ သရဲလား တစေလားဆိုတော့ တခုမှ မဟုတ်ပါဘူး၊ ကျောင်းမှာရှိတဲ့ ဆရာတော်က တရားစစ်မယ်ဆိုတာကိုး၊ ဘုရား.... ဘုရား.. တရားစစ်ရင်တော့ ဘာတွေဖြေရပါ့ ဆိုပြီး တွေးတောပူပန် ကြောက်လန့်နေတာပေါ့၊ အမှန်တကယ် ကတော့ တရားအားထုတ်တဲ့ယောဂီတွေကို တရား လမ်းကြောင်းမှာ လမ်းမချော်အောင် လမ်းကြောင်း မှန်အောင် တည့်မတ်ပေးတာပါ။ ဒါတွေကို အစက မသိတော့ ကြောက်တာပါပဲ။ တကယ်တော့ တရားထိုင်နေတုန်း ကိုယ်ဖြစ်နေတာတွေကို ကိုယ်ပြောပြရုံပါပဲ။
ဆရာတော်ဘုရား တည့်မတ်ပေးလိုက်မှပဲ အဆင်ပြေသွားပြီး ဘယ်နေရာက နာနာကျင်ကျင် ရွတ်ဆို မှတ်နေတာထက် နာတဲ့နေရာကို စောင့်ကြည့်ပြီး နာတာရဲ့ အတိုးအလျော့ အကျယ်အပြန့် အကျဉ်းအကျုံ့ စတာတွေ ကို သေသေချာချာစူးစူးစိုက်စိုက်လေ့လာတဲ့အခါမှ နာတာလဲမရှိ ကျင်တာတွေလဲ မတွေ့ နာတာ ကို သေချာစောင့်ကြည့်လိုက်တော့ ပူမှုသဘောကို ခံစားရတယ် ဘယ်လောက် တောင်ပူသလဲဆိုတော့ အငွေ့တွေ ထွက်လာတယ်လို့ထင်လာအောင် ပူတာပါပဲ။ (စစခြင်းမမှတ်နိုင်ပါ သမာဓိ တော်တော်လေး ရပြီဆိုမှ ခန္ဓာကိုယ်ကို သီးခံပြီးစောင့်ကြည့်နိုင်တာပါ)၊ အဲဒီသဘောလေးတွေက မမြဲပါဘူး၊ တဖြည်းဖြည်း တဖြည်းဖြည်း ပူမှုသဘောလေးက ပျောက်သွားလိုက် ပြန်ပေါ်လိုက် ဒါလေးကိုပဲ အမြဲမရှိ ဆင်းရဲခြင်း အစိုးမရခြင်း ဆိုတာတွေကို သိပြီး သေချာခံစားပြီးမှတ်နေပါတော့တယ်။
အဲလိုလဲမှတ်တတ် မှတ်နိုင်ရော ဘာလုပ်ပြန်သလဲဆိုတော့ ခန္ဓာကိုယ်မှာ ဝေဒနာပေါ်လာပါစေ ဆုတောင်းနေမိပါတယ်၊ ဘာလို့လဲဆိုတော့ မှတ်တတ်သွားလို့ မှတ်ချင်နေတော့တာပါ။ စိတ်ဆိုတာလဲ ခက်ဘူးလား။ မဖြစ်တော့ ဖြစ်ချင်၊ ဖြစ်တော့ မဖြစ်ချင်နဲ့။ ဒီလိုနဲ့ ဝေဒနာမျိုးစုံတွေကို နိုင်အောင် တဖြည်းဖြည်းချင်းမှတ်တတ်လာပါတယ်။
ခေါင်းကိုက်တာ တဒိတ်ဒိတ် နဲ့ တော်တော်ခံရခက် ပါတယ်၊ ခေါင်းကိုက် တာကိုသေသေ ချာချာကြည့်မိပြန်တယ်၊ ဘာတွေ့ရသလဲ ဆိုတော့ သွေးကြောမျှင်လေး ထဲ ရေစီးကြောင်းလိုမျိုး ရှေ့ကို တိုးလိုက် နောက်ပြန် ဆုတ်လိုက်နဲ့ တွေ့နေရပါတယ်၊ ရှေ့ကို တိုးတော့ တိုးပြန်ပြီ၊ စိတ်မှတ် ကလေးနဲ့ပေါ့၊နောက်ကိုရွေ့တော့ရွေ့သွားပြန်တယ်၊ အဲလိုပဲ စောင့်ကြည့်ရင်း စောင့်ကြည့်ရင်း နဲ့ ခေါင်းကိုက်တဲ့ အရာလဲမရှိပြန်တော့ပါဘူး။
ပေါ်လာသမျှ နာကျင်ခံစားမှုတွေအကုန်လုံး ဒီနည်းနဲ့ပဲ မှတ်ပါတယ်။ အစပိုင်းတော့ နိုင်လိုက် မနိုင်လိုက်ပေါ့။ မမှတ်နိုင်တဲ့အခါ စိတ်ညစ် စိတ်ပျက်တာတွေ ဖြစ်တတ်ပါတယ်၊ အဲဒီစိတ်ညစ် စိတ်ပျက်တာတွေကိုလည်း သိ သိပြီး နေရပါတယ်။ နောက်ရက်တွေ ကြာလာတာနဲ့အမျှ ဘာတွေပဲဖြစ်ဖြစ် တချိန်လုံး အမှတ်တရား နဲ့ နေနိုင်ပါ တော့တယ်။ စာလဲရှည်ပြီမို့ ဒီနေရာလေးမှာပဲ အဆုံးသတ်ပါရစေ၊ (အမှန်ကတော့ ပြောချင်နေ တုန်းပါပဲ ) ။ တကယ်လို့များ တရားရိပ်သာဝင်ချင်တဲ့သူများရှိပါက အကျိုးတော်ဆောင်ပေးပါ့မယ် တရားရိပ်သာဝင်ကြေဲးမရှိပါဘူး။ တရားတကယ်အလုပ်လုပ်ဖို့ပဲလိုပါတယ်။
စည်းစိမ်ရှင်ကတော့ နတ်ပြည်ကို အဲလိုမြင်ပါ တယ်၊ နတ်ဘ၀ ဆိုတာ လူ့ပြည်မှာ တုန်းကကောင်းမှု ကုသိုလ်ပြုခဲ့လို့ ကုသိုလ် အကျိုးတွေ ခံစားနေရတာပါ။
ဥပမာ အားဖြင့် ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေ တနှစ်ပတ်လုံး ငွေရှာဖွေစုဆောင်ပြီး ဗမာပြည်ပြန်လာ တလ လောက် အနားယူပြီးအပန်းဖြေသလိုပေါ့……ခွင့်ရက်ကုန် ပြီဆိုတော့ အလုပ်ပြန်လုပ်ရသလို ကုသိုလ်ကံ အရှိန်ကုန်သွားရင် နတ်ပြည်က နတ်သက်ကြွေရသလို စည်းစိမ်ရှင်လဲ နတ်ပြည်လို နေနေရတဲ့ ရိပ်သာလေးကနေ လူ့ဘောင်လောကထဲ ပြန်သွားရပါတော့တယ်။ လာမဲ့ ဧပရယ်လမှာ နတ်ပြည်သွားဖို့ အစီအစဉ်ရှိသူများ စာရင်းပေးထားဖို့ ကြေငြာမောင်းခတ်လိုက်ရပါကြောင်း သူတော်ကောင်းအပေါင်းတို့။
လေးစားလျှက်
စည်းစိမ်ရှင်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com5tag:blogger.com,1999:blog-3747304422565905705.post-88615885840616254532014-09-11T03:02:00.000-05:002015-09-10T01:23:49.749-05:00အချစ်ဆုံး အဖိုး နဲ့ ရှမ်းဆေးတော်ကြီး တခွက်
ရွှေစင်ဦး ဖေ့စ်ဘွတ်ခ် စသုံး ကထဲက စေတနာ အပြည့် နဲ့ တင်ကြ တဲ့ မြန်မာ့ရိုးရာ နဲ့ တခြား ရိုးရာ ဆေးနည်းပေါင်းစုံ ကို ဖေ့စ်ဘွတ်ခ် မှာ တွေ့ ရတဲ့ အပြင် ဆေးမြည်းတို လို့ ခေါ်တဲ့ ဘယ်ဆေးကျမ်း ထဲ မှာ မှ မပါတဲ့ ဆေး နည်း တွေ လည်းတွေ့ရပါတယ်။
အဖိုး နဲ့ ခမည်းခမက် တော်တဲ့ ရှမ်းအဖိုး ရဲ့ ပွဲတွေ့ရှမ်းဆေးတော်ကြီး ကို လဲ သတိရ သွား ပါတယ်၊ ကျနော့် အဖိုးဟာ အသက်၈၆ နှစ် မှာ ဆုံးသွားပေမဲ့ မဆုံး ခင် လပိုင်း လောက် မှာဘဲ ကျန်းမာရေး တော်တော်ဆိုးသွားတာပါ၊ ကျန်တဲ့ အချိန်တွေမှာ တော်တော်လေး ကျန်းမာရေးကောင်း ပါတယ်၊ အသက် ၈၀ ကျော်ထိ မန္တလေး လာလိုက် ရန်ကုန်သွားလိုက် လုပ်နေ ပါ တယ်၊ နောက်ဆုံး ရှမ်းဆေးတော်ကြီး နဲ့ တွေ့ မှ ဘဲ ဘယ်မှ မသွားရတော့ဘဲ ရန်ကုန် က အဒေါ် အကြီးဆုံး ရဲ့ အိမ်မှာ အကျယ်ချုပ် ကျသွားပါတော့တယ်၊ အဲဒီ အကြောင်းလေး ကို အမှတ်ရ လို့ နဲနဲလေး ရေးပါမယ်။
ဘဘကြီး ဟာ မန္တလေး မှာ နေရတာ တော်တော်ပျော်ပါတယ်၊ သူ့ မြေးတွေ အများ ကြီး ရှိတဲ့ အပြင် သား၊ သမီး သုံးယောက် က လည်း မန္တလေး မှာ ဘဲ ရှိတော့ မန်းလေး မှာ ဘဲ နေချင် ပါ တယ်၊ သတ်သတ်လွတ် သမား ဖြစ်တဲ့ အတွက် ကျနော့် ချစ်မေ ရဲ့ လက်ရာ အကောင်း စား လေး တွေ အပြင် တခြား သမီး များ က လည်း ကောင်းနိုး ရာရာ လေး တွေ ပို့ပေး ကြတော့ အစားအသောက် ကလည်း အတော် အဆင်ပြေ ပါတယ်။
ကျနော် မှတ်မိသလောက် အိမ်ရှေ့ ဂွေးတောက်ရုံကြီး က နုထွတ်နေ တဲ့ ဂွေးတောက် ရွက် နုနု လေး တွေ နဲ့ လမ်းထိပ် အကြော်ဆိုင် က ပူပူနွေးနွေး ဘယာကြော် များ ကို ရောကြော် ထား တဲ့ ဂွေးတောက်ရွက် ဘယာကြော်ချက်၊ ပဲနီလေး နဲ့ ကြာဇံ ပူပူနွေးနွေးလေး၊ အခုလို မိုးရာသီ ဆို မှို နဲ့ ကန်ဇွန်း ရွက်ကြော် ချက်၊ အင်ဥကြော်လေး နဲ့ အမြဲတမ်း မပါ မဖြစ်တဲ့ ကြက်သွန် နီ - မြေပဲကြော် က တခွက်၊ စားတော်ပဲပြုတ်- ကြက်သွန်နီလေး နဲ့သုပ်၊ ခရမ်းသီး နှပ် ကလေး တို့ အာလူး ချက် တို့လို ဟင်းလေး တွေ ဟာ ဘဘကြီး ကြိုက်တဲ့ ဟင်းလေး တွေပါ။
မြေးတွေ က လည်း အဖိုး ဘုရားစာ ဆိုခိုင်း တဲ့ အချိန်မှာ ပျော်ပျော်ပါးပါးကြီး ဆိုကြတဲ့ အတွက် ဘဘကြီး ဟာ အလွန် ဝမ်းသာပါတယ်၊ ရန်ကုန် အိမ် က မြေးသုံးယောက် ကတော့ ငယ်စဉ် အခါ က လွဲလို့ အဲဒီ အချိန်မှာတော့ သူတို့ အလုပ် နဲ့ သူတို့ မအား လို့ ဘုရားစာ ဆိုဖို့ စိတ်ကူး ကြ မယ် မထင်ပါဘူး၊ အစား အသောက် က လည်း မန္တလေးအိမ် လောက်တော့ အဆင်ပြေမယ် မထင် ပါဘူး၊ တသက်လုံး စား လာတဲ့ မေမေ ချက်တဲ့ ပူပူနွေးနွေး လက် ရာတွေ ဟာ တယောက် ပြီး တယောက် ပြောင်းနေ တဲ့ အိမ်အလုပ်သမကလေး တွေ ချက်တာ နဲ့ တခြား စီ ဖြစ် မှာ သေချာ ပါတယ်။
အကျယ်ချုပ် ကျသွားတဲ့ ကျနော့် အဖိုး အတွက် စိတ်မကောင်း သလို ရှမ်းဆေးတော်ကြီး ကို ကိုယ့် ရောဂါ နဲ့ တည့် မတည့် မသိ ဘဲ သောက်လိုက်မိ တဲ့ အဖိုး နဲ့ တိုက်လိုက် တဲ့ ရှမ်းအဖိုး ကို လည်း အဲဒီအချိန် က စိတ်တို မိ ပါတယ်၊ ဘဘကြီး သက်သာ သွားတဲ့ အချိန် မှာတော့ အဲဒီနေ့ က မြင်ကွင်း တွေ ကို မြင်ရောင် ပြီး ပြုံးချင်ပါတယ်။
ကျနော် အဖိုး ဟာ ကျန်းမာရေးတော်တော်ကောင်းပါတယ်၊ ရောဂါအကြီးအကျယ် လည်း မရှိတဲ့ အတွက် မန္တလေး မှာ ဆေးရုံ ဆေးခန်း နဲ့ ဝေးဝေး နေရပါတယ်၊ ရန်ကုန်အိမ် မှာ လည်း အဒေါ် လုပ်သူ ကိုယ်တိုင် လိုအပ်တာ ကုသ ပေးနေတော့ နေမကောင်း ဖြစ်တာ မရှိသလောက် ဘဲ ဆို ပါတော့၊ အဲလို နေတဲ့ အချိန်မှာ ဘဘကြီး ဟာ ရှမ်း အဖိုး နဲ့ အဖိုးအိုခြင်း စကားပြောကြတော့ ရှမ်းအဖိုး က သူ ကျန်းမာရေးကောင်းတာ ဟာ သူ ကိုယ်တိုင် ဖော်စပ်တဲ့ ရှမ်းဆေးတော် ကြီး ကြောင့် ဖြစ် တယ် လို့ ပြောပါတယ်၊ ရှမ်းဆေးတော်ကြီး ရဲ့ ကောင်းခန်း တွေ ကို အများကြီး ပြောပါတယ်၊ အဲဒီ အချိန် ကထဲက ဘဘကြီး ဟာ သူ့ရှမ်းဆေးကြီး ကို သောက် ချင် လို့ မျက်စပြစ်နေ ပါတယ်။
တနေ့တော့ နေလို့ ထိုင်လို့ သိပ်မကောင်းကြောင်း ပြောလာပါတယ်၊ ရှမ်းအဖိုး ကလည်း သူ့ ရဲ့ ရှမ်းဆေးတော်ကြီး တိုက် ဖို့ အချိန်တန်ပြီ လို့ ယူဆပြီး ရှမ်းဆေး တခွက် တိုက် လိုက် ပါတယ်၊ နောက်နေ့ မနက် မှာ ဆီးတွေ ဝမ်းတွေ မှန်ပြီး နေကောင်းသွား မှာ ဖြစ်ကြောင်း ပြော ပါတယ်၊ ဘဘကြီး လည်း သူ သောက်ချင်တဲ့ ရှမ်းဆေးကြီး သောက်ရ တဲ့ အတွက် ဝမ်းသာပြီး အိပ် သွားပါတယ်၊ နောက်နေ့ မနက် မှာတော့ အထက်မတက် အောက်မကျ နဲ့ မအီ မလည် ဝေဒနာ ကြီး ကို ခံစားနေရပါပြီ။
ဝေဒနာ သိပ်မခံစား ဖူးတဲ့ ဘဘကြီး ဟာ အဲဒီ မအီမလည် ကြီး ဒဏ်ကို မခံနိုင်တော့ ပါဘူး၊ ဟေ့ ငါ့ ကို ဆေးရုံပို့ကြတော့ ငါ မခံနိုင်တော့ ဘူး၊ ဟေ့ ရွှေစင်ဦး လာအုန်း၊ ဒီ ရှမ်းဆေးတော် ကြီး ကို မသောက်နဲ့နော် သိပ် ခံရဆိုးတယ်၊ မော်မော် လာအုန်း ဒီ ရှမ်းဆေးတော်ကြီး ကို ဘယ်တော့ မှ မသောက် နဲ့ ဆိုပြီး တယောက်ပြီး တယောက် တွေ့ တဲ့ သူ ကို အမှာတော် ပါးနေ ပါတယ်၊ကျနော် တို့ လည်း ဆေးရုံ တင်ဖို့ရာ ဝေဒနာ ပြစရာ အကြီး အကျယ် ကလည်း မရှိ ဆေးခန်းလောက်သွား ရင် မရဘူးလား ဘဘကြီး ရယ် ဆိုတော့ မရဘူး၊ မရဘူး ငါ့ ဝေဒနာ က ဆေးရုံသွား မှ သက်သာ မှာ ဟေ့ မောင်ဝမ်းမောင် လာအုန်း ရှမ်းဆေးတော် ကြီး ကို ဘယ်တော့ မှ မသောက် နဲ့ ဆိုပြီး ပြောနေပါတယ်။
မနီးမဝေး က ကြည့်နေတဲ့ ရှမ်းအဖိုး ရဲ့ မျက်နှာလေး ဟာ ဘဘကြီး ရဲ့ အမှာတော် နဲ့ ဝေဒနာ တွေ ကို ကြည့်ပြီး တစထက် တစ သေးငယ် လာလိုက် တာ ဇီးရွက်လောက် ဘဲ ကျန် ပါတော့ တယ်၊ မအီမလည် ခံစားချက်တွေ ကြောင့် ဘဘကြီး လည်း ဆေးရုံ တက်လိုက် ရ သလို ဘဘကြီး တခုခု ဖြစ်သွားမှာ ကြောက်လွန်းလို့ ရှမ်းအဖိုး ခမျာလည်း စိတ်ပူသွား တာ နေစရာ တောင် မရှိတော့ပါဘူး။
ဘယ်ဆေးဘဲ ဖြစ်ဖြစ် စွမ်းကြ မှာ ဖြစ်သလို ပေးတဲ့ သူကလည်း စေတနာ အပြည့် နဲ့ ပေးကြ မှာ ပါဘဲ ၊ ရောဂါ အကြောင်း၊ ဆေးအကြောင်း သေချာ မသိဘဲနဲ့ ဘယ်ဆေးမှ အလွယ်တကူ မသောက်သင့် ပါဘူး ဆိုတာ သိလိုက်ရပါတယ်။
နောက်ဆုံးတော့ ဒီသတင်း တွေ ကို ကြားသွားတဲ့ ရန်ကုန် က သမီး ဆရာဝန်မ ဒေါ် ကြီး က ဖေဖေ အသက်ကြီးပြီ၊ စိတ် မချ နိုင်တော့ ဘူး၊ တွေ့ချင်တဲ့ သား၊သမီး မြေးတွေ ရန်ကုန် လာတွေ့ ကြ ဆိုပြီး ဘဘကြီး ရဲ့ ခရီး သွားလာခွင့် တွေ ကို ဗီတိုအာဏာ နဲ့ ပိတ်ချ လိုက် ပါတော့ တယ်၊ ကျနော် တို့ မြေး တသိုက်၊ မန္တလေး အိမ်ကြီး နဲ့ ဘဘကြီး ရဲ့ ပျော်ရွှင်မှု့ တွေ ဟာ ထာဝရ ကွဲကွာ သွားပါပြီ၊ မြေးတွေ တယောက်စ နှစ်ယောက်စ ရန်ကုန်ရောက် တဲ့ အခိုက် မှာ မထိမ်းသိမ်းနိုင် လောက်အောင် ဘဘကြီး ဟာ ပျော်ရွှင် နေတတ်သလို လာမယ် ဆို တဲ့ နေ့မှာလည်း လမ်းထိပ် ထိ ထွက်ကြို နေရလောက်အောင် အထီးကျန် ဆန်နေ ရှာပါ တယ်၊ ပြန် မယ် ဆို လည်း မျက်နှာ မကောင်းတော့ ပါဘူး။
အခုအချိန်မှာ ပြန်စဉ်းစားမိရင် ဘဘကြီး ရဲ့ နောက်ဆုံး နေ့များအတွက် အလွန် စိတ် မကောင်း ဖြစ် မိပါတယ်၊ အားလုံး ဘဲ အသက်ကြီး သွားကြတဲ့ အချိန်မှာ တော်ရာ နဲ့ ပျော်ရာ မှာ သားသမီး၊ မြေးမြစ် အစုံ အလင် နဲ့ နေရ ပါစေကြောင်း ဆုမွန် တောင်းပေးပါတယ်။
ကျေးဇူးတင်စွာဖြင့်
ရွှေစင်ဦး
1.လသာည ၊ 2.ကိုဆိုဆီ၊ 3.ကိုဇော်၊ 4.ကိုအောင်ခင်မြင့် (ပျူနိုင်ငံ)၊ 5.စနိုးလေး(နှင်းနဲ့မာယာ)၊ 6.ကိုမျစ် (မြစ်ကျိုးအင်း)၊7.မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)၊8.အင်ဂျင်းသန့်၊ 9.မကေ၊ 10ကိုဧရာ နဲ့ မသီတာ။
(သကြီး နဲ့ အမတင့် တို့ တက်ဂ် လုပ်ထားတဲ့ အတွက် ပိုစ့် လေးကို ဘလောဂ် မှာ ပါ တခါထဲ တင်လိုက်ပါပြီ တက်ဂ် လုပ်မဲ့စာရင်းလေး ကို ရေးပေးထားပါတယ်၊ အဆင်မပြေ လို့ မရေးအားရင်တော့ အသပြာ ငါးထောင် သာ အသင့်ဆောင်ထားပါလော)
https://www.facebook.com/shwe.zin1 (ရွှေစင်ဦး ရဲ့ ဖဘ အိမ်လိပ်စာ)
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com5tag:blogger.com,1999:blog-3747304422565905705.post-80737121961923814532013-11-24T09:24:00.000-06:002015-09-10T04:37:50.771-05:00 မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၇)
တခြားအလုပ် ကို ကျွန်တော့်အဖေက လိုက်ပြောပေးတာပေါ့။ ရေးဘက်မှာ ရှိတဲ့ ပလိုင်ကီးက ဆားလုပ်ငန်းရှင်၊ သူ့နာမည်က ဦးဟန်တင်လား... ကျွန်တော် သိပ်မမှတ်မိဘူး။ အဲဒီပုဂ္ဂိုလ်ကြီးကို သွားပြောပေးတာ။ အဲဒီပုဂ္ဂိုလ်ကြီးက ဆားတွေကို အကြွေးရောင်းပေးတယ်။ အဲဒါတွေ မန္တလေးကို တင်ပို့ ရတယ်။ တစ်ပိဿာကို "ဆယ်ပြား" လောက် မြတ်တယ်။ တစ်ခေါက် တစ်ခေါက်သွားရင် ပိဿာ သောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ကို မီးရထားနဲ့ တင်ပို့တာရှိတယ်။ ကားနဲ့တင်ပို့တာရှိတယ်။ အမေ့ ကို အကူအညီပေး ခဲ့ဖူးတယ်။ နောက်ပိုင်း ကျ တော့လည်း မလုပ်ဖြစ်တော့ဘူး။ ဘာကြောင့်မှန်းတော့ ကျွန်တော်လည်း မမှတ်မိတော့ဘူး ဗျ။ သိပ်အလုပ် မဖြစ်တော့လို့ နေတယ်။ အမေနဲ့တော့ အဲဒါ လုပ်ဖူးပါတယ်။ကို ဆက်ဖတ်ရန် ...
စာတည်း။ ။ဆရာ... ဆရာနဲ့ ဦးဝင်းငြိမ်းတို့ ၁၉၇၇ ခုနှစ်က သိမ်ဖြူကွင်းမှာ ရုံသွင်းခဲ့တဲ့ ပလေးဘွိုင်းသန်းနိုင် စတိတ်ရှိုးပွဲအကြောင်း ဖတ်ဖူးပါတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး ဆရာ။ ဆရာ မှတ်မိသလောက် ပြောပြပေးပါဦး။
ဆရာမျိုးမြင့်ညိမ်း။ ။အဲဒါက ကိုဝင်းငြိမ်းက၊ ဒီလိုဗျ... သူက ငယ်ငယ်ကတည်းက Music နဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်။ ကျွန်တော်တို့ လေးတန်းကျောင်းသားလောက်က ဖြစ်မယ်ထင်တယ်။ အဲဒီကာလမှာ သူ လည်း တက္ကသိုလ်တော့ မရောက်သေးဘူး။ ကျွန်တော်လည်း သုံးတန်း၊ လေးတန်းပေါ့။ ကျွန်တော်တို့ ဒိုင်အို ကျောင်းမှာ Fun Fair လုပ်တဲ့အခါမှာ သူက သီချင်းတောင်းတဲ့ အစီအစဉ်လေး လုပ်တယ်။ အဲဒီတုန်းက Recorder တွေက ပေါ်ခါစပဲရှိသေးတယ်။ Recorder အကြီးကြီးတွေ၊ "အကိုင်း" တို့ ဘာတို့ပေါ့။ ကျွန်တော် တို့ အဘိုးအိမ်မှာလည်း Recorder တစ်လုံးရှိတယ်။ အဲဒီ Recorder နှစ်လုံးနဲ့ သူက သီချင်းတောင်းတဲ့ အစီ အစဉ်ပေါ့။ The Charm ဆိုပြီးတော့ လက်မှတ်လေးတွေ ရောင်းတယ်။ လက်မှတ်တစ်စောင် တစ်မတ် (၂၅ ပြား)။ သီချင်းတစ်ပုဒ် တောင်းရင် တစ်မတ် (၂၅ ပြား) ပေါ့။ ဘယ်သူက ဘယ်သူ့အတွက် တောင်းတယ်။ ဘယ်သူက ဘယ်သူ့အတွက်ပေါ့။ ရေဒီယိုကလာတဲ့ သီချင်းလက်ဆောင်လို ကဏ္ဍမျိုးပေါ့။ ဘယ်သူကနေ ဘယ်သူ့ကို ဘာအတွက်ဆိုတာ ဒါလေးကို Announce လုပ်ပေးရတယ်။ ဆိုတော့... ခုန စလစ်လေးတွေ တစ်စောင် တစ်မတ်၊ တစ်စောင် တစ်မတ်နဲ့ရောင်း။
ရောင်းပြီးလို့ရှိရင် ဘယ်သူက ဘယ်သူ့အတွက် သီချင်း လက်ဆောင်ကဏ္ဍဆိုပြီး သူက အဲဒီလိုလုပ်ခဲ့တာ၊ ကျွန်တော် မှတ်မိတယ်။ သူ ပထမဆုံး လုပ်ခဲ့ဖူးတာ ကျွန် တော် မှတ်မိတယ်။ Recorder ကြီး ယူသွားပြီးတော့ ဘယ်သူက ဘယ်သူ့အတွက် တောင်းတဲ့သီချင်းတွေ ကို ဖွင့်ပေးတာ။ အထဲမှာ Reel တွေ ရှိတယ်။ Recorder က နှစ်လုံးမှာ တစ်လုံးက ပွင့်တယ်။ တစ်လုံးက သီချင်းရှာထားတယ်။ ပြီးတော့ ဒီအခွေကို ဒီမှာပြောင်းတယ်လိုက်တယ်။ ပြီးတော့ သီချင်းဖွင့်ပေါ့။ များသော အားဖြင့်တော့ သီချင်းအပုဒ် သုံးလေးရာလောက် ကိုင်ပြီး လုပ်ပုံရတယ်။ အဲဒါ ပထမဆုံး သူ့ရဲ့ဂီတနဲ့ပတ် သက်ပြီးတော့ စ ခဲ့တာပဲ။ အဲဒီအချိန်တုန်းက တခြားလူတွေ လုပ်တာတော့ ကျွန်တော် မတွေ့ဖူးဘူး။ တေး သရုပ်ဖော်တွေ၊ ဘာတွေလည်း မရှိသေးဘူး။ မပေါ်သေးဘူး။
နောက်... သူက ဂီတနဲ့ပတ်သက်ရင် တော်တော်လေးကို ထဲထဲဝင်ဝင် ရှိတယ်။ ရှိတယ်ဆိုတာ သီချင်းဆို တာ၊ ဂီတာတီးတာ မဟုတ်ဘူး။ သီချင်း နားထောင်တာ။ သူက သီချင်းတွေ အကုန်လုံးနီးပါး ရတယ်။ ဘယ် သီချင်းကို ဘယ်သူ ဆိုတာ စသဖြင့်ပေါ့။ ဘယ်သီချင်းက ဘယ်တီးဝိုင်းနဲ့ဆိုတာ။ ဘယ်သီချင်းရေးဆရာ က ရေးတယ်။ အဲဒါတွေကို ပြောနိုင်တဲ့အနေအထားထိ ရှိတယ်။ အဲဒီလောက်အထိ သီချင်းကို ဝါသနာ ပါတယ်။
အဲဒီလို နေလာတဲ့အခါ ပြီးတော့ ရန်ကုန်ရောက်ပြီး ၁၉၇၀ ကျော်လောက်မှာ အဲဒီတုန်းက တေး သရုပ်ဖော် တွေ ခေတ်စားလာပြီး နောက်ပိုင်း Music Concert လေးတွေ စတိတ်ရှိုး လို့ ခေါ်တာလေးတွေပေါ့။ ရပ်ကွက် အလိုက်၊ ရပ်ကွက်အလိုက် သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့မှာ လုပ်ကြတယ်။ နာမည်ကြီးတာတော့ ဖ.ဆ.ပ.လ မှာ နာမည်ကြီးတယ်။
နာမည်အကြီးဆုံးက ကြည့်မြင့်တိုင်နဲ့ ဖ.ဆ.ပ.လ ပဲ။ ကြည့်မြင်တိုင်မှာ ကိုစိုးပိုင်တို့ တီးတယ်။ ဖ.ဆ.ပ.လ မှာက ကိုကျော်မင်းတို့၊ ပလေးဘွိုင်းတို့ များတယ်။ Free Show ရပ်ကွက် ထဲက ပွဲတွေမို့ ပိုက်ဆံမရဘူး။ ပိုက်ဆံနဲ့လုပ်တဲ့ပွဲတွေ မဟုတ်ဘူး။ သီတင်းကျွတ်တို့ တန်ဆောင်တိုင်ပွဲတို့မှာ လုပ်တဲ့ပွဲတွေပေါ့။ အဓိကကတော့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်နှစ်ခုပဲ။ ရန်ကုန်မှာက သီတင်းကျွတ်ဆို ရင် ရန်ကုန်အရှေ့ပိုင်းမှာ လုပ်တယ်။ ဖ.ဆ.ပ.လ က အစည်ဆုံး။ တန်ဆောင်တိုင်ကျလို့ရှိရင် အနောက်ပိုင်း နဲ့ ကြည့်မြင်တိုင်က လုပ်တယ်။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း အဲဒီလို ခွဲထားတယ်။ သီတင်းကျွတ်ကျရင် ရန်ကုန်အနောက်ပိုင်းတစ်ခုလုံး အရှေ့ပိုင်းကို လာတယ်။ တန်ဆောင်တိုင်ကျရင် အရှေ့ပိုင်းက လူတွေ အနောက်ပိုင်းကို သွားတယ်။ အရမ်းစည်တယ်။ အဲဒီမှာ Music Concert တွေစပြီး ပေါ်နေပြီ။ Music Concert လို့ စပြီး မသုံးကြသေးဘူး။ စတိတ်ရှိုးလို့ပဲသုံးတယ်။ စတိတ်ရှိုးဆိုတဲ့ အသုံးအနှုန်းကို ဘယ်သူက စသုံးသလဲတော့မသိဘူး။ အမှန်တော့ ဒီအသုံးအနှုန်းကြီးက မှားနေတယ်ဗျ။ အမှန်က Music Concert ဆိုမှ အမှန်။ ဒါတွေက ထားပါတော့။ စတိတ်ရှိုးဆိုမှလူတွေက နားလည်တာ။
အဲဒီလို လုပ်ကြတဲ့အခါကျတော့ ကျွန်တော်တို့လည်း ရပ်ကွက်ထဲမှာ ပွဲလေးတစ်ခု လုပ်တာပေါ့။ ကျွန်တော် တို့နေတဲ့ ဒီပုဇွန်တောင်၊ သီတာဆိပ် ရပ်ကွက်လေးမှာပေါ့။ စတိတ်ရှိုးလေး တစ်ခုလုပ်တယ်။ လုပ် တော့ ကျွန်တော်တို့နဲ့ သိတာ ဘယ်သူနဲ့ သိတာလဲဆိုတော့ မင်းမင်းလတ်ကို သိတယ်။ မင်းမင်းလတ်ကို တိုက်ရိုက်သိတာတော့ မဟုတ်ဘူး။ မင်းမင်းလတ်ရဲ့ ရည်းစားပေါ့။ အခု အနဂ္ဂတို့ အမေက ကျွန်တော်တို့ သူငယ်ချင်းတွေပေါ့။ သူတို့ နောင်နှမနဲ့ ကျွန်တော်တို့ မောင်နှမတွေက ရွယ်တူတွေပဲ။ သူတို့အဖေ၊ အမေနဲ့ ကျွန်တော်တို့ အဖေ၊ အမေက သူငယ်ချင်းတွေ။ တော်တော်ကြီး ရင်းနှီးတယ်။ သူ့နာမည်က ယမင်းကြိုင်။ ကျွန်တော်တို့က သူ့ကို ကုလားမလို့ခေါ်တယ်။ သူ့ရည်းစားက ယမင်းကြိုင်။ ကျွန်တော်တို့က သူ့ကို ကလားမလို့ ခေါ်မယ်ပေါ့။ သူ့ကို အကူအညီတောင်းတဲ့ အခါကျတော့ သူက ခေါ်ပေးမယ်ဆိုပြီး ခေါ်ပေး တယ်။
နောက်တစ်ခါ ကျွန်တော်တို့ထဲမှာ နေတဲ့ သူငယ်ချင်းတစ်ယောက်က အောင်ကိုလတ်ကို ခေါ်ပေး မယ်ဆိုပြီး ခေါ်ပေးတယ်။ အဲဒီလိုတွေ လုပ်ကြတာပေါ့။ ဟိုလူ ခေါ်၊ ဒီလူ ခေါ်ပေးမယ်ဆိုပြီး ခေါ်ပေးတယ်။ အဲဒီလိုတွေ လုပ်ကြတာပေါ့။ ဟိုလူ ခေါ်၊ ဒီလူ ခေါ် လုပ်ကြရင်း ဘိုဘိုဟန်ကို ခေါ်ပေးမယ်။ တစ်ယောက်က ဂျင်မီဂျက်ကို ခေါ်ပေးမယ်။ အဲဒီလို လုပ်ကြတာပေါ့။ အဲဒီလိုနဲ့ မင်းမင်းလတ်၊ အောင်ကိုလတ်တို့နဲ့ ဒီလေး ယောက်လောက် ရထားပြီး လုပ်တယ်။ အဲဒီတုန်းက သူတို့က စတားတွေ။ သူတို့က ခဏပါ။ တစ်ပုဒ်၊ နှစ်ပုဒ် လောက်ဆိုပြီး ပြန်သွားတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲက သူငယ်ချင်းတွေကပဲ တီးကြတယ်။ အဲဒါတွေကို အဲဒီလို လုပ်တဲ့အခါကျတော့ သဘောကျကြတယ်။ ကျွန်တော်တို့က ဒီ အဆိုတော်တွေ နာမည်ပြပြီး လက်မှတ်လည်းရောင်းတယ်။ အလှူငွေပေါ့လေ။ အဲဒါ ရတယ်။ ရတဲ့အခါ ကျတော့ ဒီဟာကို နည်းနည်းစိတ် ၀င်စားသွားတယ်။
အဲဒီကာလတွေ မတိုင်ခင်ကတည်းက လက်ဝှေ့ပွဲတွေကို ကျွန်တော်တို့က ငယ်ငယ်လေးကတည်း ကလုပ်ခဲ့ရတကိုး။ လက်ဝှေ့ပွဲ ရုံသွင်းကိစ္စတွေပေါ့။ ကျွန်တော်တို့ အဖေ မြန်မာ့လက်ဝှေ့ပွဲတွေ အကောင် အထည်ဖော်တဲ့အခါကျတော့ အား/ကာ ကနေပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ်လုပ်ဆိုပြီး Authority အပြည့်ပေးထားတယ်။ လက်ဝှေ့သမားလည်း ကိုယ့်ဟာကိုယ် ခေါ်၊ ရုံကိုယ့်ဟာကိုယ် ဆောက်၊ ပွဲကိုယ့်ဟာကိုယ် သွင်း။ ရတဲ့ ပိုက်ဆံ ကိုယ့်ဟာကိုယ်ယူဆိုပြီး Authority အပြည့်ပေးထားတယ်။ အမှန် တော့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဆိုပြီး ဖွဲ့ထားတဲ့အဖွဲ့က အားကစားနဲ့ ကာယပညာဦးစီးရဲ့ လက်အောက်မှာ မရှိဘူး။ ဒါက အစိုးရအဖွဲ့ကနေပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ်လုပ်ဆိုပြီး Authority အပြည့်ပေးထားတယ်။ လက်ဝှေ့သမားလည်း ကိုယ့်ဟာကိုယ်ခေါ်၊ ရုံ ကိုယ့်ဟာကိုယ် ဆောက်၊ ပွဲ ကိုယ့်ဟာကိုယ်သွင်း။ ရတဲ့ပိုက်ဆံ ကိုယ့်ဟာကိုယ်ယူဆိုပြီး Authority အပြည့်ပေးထားတယ်။ အမှန်တော့ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဆိုပြီး ဆွဲ့ထားတဲ့အဖွဲ့က အားကစားနဲ့ ကာယပညာဦးစီးရဲ့ လက်အောက် မှာ မရှိဘူး။ ဒါက အစိုးရအဖွဲ့ကနေပြီးတော့ ကျွန်တော့်အဖေကို တိုက်ရိုက် တာဝန်ပေးထား တာ။
အဲဒီတုန်းက အကူအညီပေးတာက ဗိုလ်မှူးချုပ် တင်ဖေတို့၊ ဦးဇော်ဝိတ်တို့ပေါ့။ သူတို့က တာဝန်ပေး ထားတယ်။ ကျွန်တော်တို့အဖေက လုပ်ရတယ်။ ဒါဟာ ဘတ်ဂျက်အနေနဲ့ မပါဘူးဗျ။ နိုင်ငံတော်က ခွင့်ပြု ထားတဲ့အထဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့အတွက် ဘတ်ဂျက် မပါဘူး။ အဲဒီတော့ ကျွန်တော့်အဖေကို Full Authority ပေးထားတယ်။ သူတို့ပစ္စည်းတို့ ဘာတို့တော့ ထောက်ပံ့တယ်။ အားကစားရုံ သုံးလို့ရတယ်။ အား ကစားကွင်းမှာ နေလို့ရတယ်။ တည်းခိုလို့ရတယ်။ ရုံဆောက်ဖို့ပေးတယ် စသဖြင့်ပေါ့လေ။ ကျန်တဲ့ Facilities ဖြည့်ပေးတယ်။ ငွေရေးကြေးရေး အပိုင်းကိုတော့ မပေးဘူး။ ကျွန်တော့်အဖေက ကိုယ့်ဟာကိုယ် လုပ်ရတယ်။ ပထမပိုင်းမှာတော့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက Fund ငွေ နည်းနည်းထည့်ပေးတာရှိ တယ်။ ဆရာကြီး ဥိးဇော်ဝိတ်က Fund ငွေ နည်းနည်းထည့်ပေးတာ ရှိတယ်။
နောက်ပိုင်းကျတော့ ကျွန်တော့်တို့အဖေ ကိုယ့်ဟာကိုယ် လုပ်ရတယ်။ လုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ရုံဆောက်တဲ့ ကိစ္စတို့၊ ရုံသွင်းတဲ့ ကိစ္စတို့၊ ပွဲကြီးတစ်ပွဲကို ဘယ်လို တည်ဆောက်မလဲ၊ ဖန်တီးမလဲဆိုတာ နားလည်တယ်။ နားလည်တဲ့အခါကျတော့ ဒီဟာအပေါ်မှာ အတွေ့အကြုံရှိနေတော့ စောစောက ပြောတဲ့ စိတိတ်ရှိုး လုပ် မယ်ဆိုရင် လုပ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ယုံကြည်တယ်။ ဆိုတော့ ... နောက်တစ် ဆင့် တက်လိုက်တာပေါ့။ ရပ်ကွက်ထဲက Music Concert လေး လုပ်နေရာကနေ ရုံပွဲ လုပ်မယ်ပေါ့။ ခုန Music Concert တွေက လမ်းဘေးမှာချည်းပဲရှိတာ။ ရုံပွဲမရှိဘူး။ ရုံသွင်းတာ မရှိဘူး။ အဲဒီတုန်းက လမ်း ဘေးမှာ ခဏခဏ ရိုက်တယ်။ ဆေးခြောက်ရှူတဲ့ လူနဲ့၊ ဆံပင် ရှည်ကြီးတွေနဲ့။ အောက်က ကြည့်တဲ့ လူချင်း ရိုက်ကြတာ။ ရေကျော်မှာ ဆိုလို့ရှိရင် ချိန်းချိန်းပြီး ရိုက်ကြတာကိုး။ ဆိုတဲ့လူက ဆိုနေ၊ အောက်မှာ ရိုက်တဲ့ လူတွေက ရိုက်ကြပေါ့။ နောက်ပိုင်းကျတော့ ပြဿနာတွေ အများကြီး ရှိလာတယ်။
ဆိုတော့ ... ဒီ Music Concert၊ စတိတ်ရှိုးဆိုရင် လမ်းသရဲတွေ၊ လမ်းသရဲတွေရဲ့ပွဲလို့ သတ်မှတ် ကြတယ်။ ရန်ဖြစ်မှာပဲ၊ ပွဲသွားရင် လမ်းသရဲတွေ တွေ့မှာပဲလို့ ထင်ကြတယ်။ တချို့တွေကလည်း သွားမကြည့် ချင်ကြဘူး။ မိသားစုကိုလည်း မလွှတ်ဘူးပေါ့။ အဲဒီမှာ ကျွန်တော်တို့ သိမ်ဖြူကွင်းမှာ လုပ်ပါ တယ်။ ပထမဆုံး ရုံသွင်းတဲ့ ပွဲပေါ့။ အဲဒီမှာ ကျွန်တော်တို့ သိမ်ဖြူကွင်းမှာ လုပ်ပါတယ်။ ပထမဆုံး ရုံသွင်းတဲ့ပွဲ ပေါ့။ စတီရီယို အဆိုကျော်တွေ နဲ့ ရုံသွင်းတဲ့ပွဲ။ ပထမဆုံး စပြီး ဆိုဖြစ် တီးဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ သိမ်ဖြူ ကွင်းမှာ ဆိုတဲ့ပွဲပါ။ ပလေးဘွိုင်းအဖွဲ့နဲ့ပါ။ ပလေးဘွိုင်းကိုသန်းနိုင် ပါတယ်။ တော်မီကျော်နိုင်၊ ပုလဲ၊ သိန်းတန် (မြန်မာပြည်)၊ ဧပရယ်ချစ်ခင်၊ ဘိုဘိုဟန် ပါတယ်။ ပထမဦးဆုံး ပါပဲ။ မြန်မာပြည်မှာ ပထမဦးဆုံး လို့ ပြောလို့ရတဲ့ စတိတ်ရှိုး ရုံသွင်းပွဲပါ။
စာတည်း။  ။ ဆရာ အသက် ၂၇၊ ၂၈ မှာ စာပေနယ်ထဲမှာ ကျင်လည်နေတယ်လို့ အင်တာဗျူးထဲမှာ ဖတ် လိုက်ရပါတယ်။ စာပေနယ်ထဲကို မ၀င်ခင်တုန်းက တခြား အသက်မွေးဝမ်းကျောင်း အလုပ်တွေ ဘာတွေ လုပ်ခဲ့သေးလဲ ဆရာ။
ဆရာမြင့်ညိမ်း။  ။ ကျွန်တာ် မလုပ်ဖူးဘူး။ အခုအချိန်အထိလည်း မလုပ်ဖူးဘူး။ အမေ့ကို ဆားအရောင်း အ၀ယ်လုပ်တုန်းက အကူအညီပေးဖူးတယ်။ ကျန်တာတော့ ဘာမှ မလုပ်ဖူးဘူး။
စာတည်း။  ။ ဟုတ်ကဲ့ပါ ဆရာ။ ဆရာ စစ်ပြန်မဂ္ဂဇင်းမှာ အလုပ်သင်အယ်ဒီတာဘ၀နဲ့ စခဲ့တုန်းက ဒရ၀မ် အဆင့်က စခဲ့ရတယ်လို့ ဆရာ့ရဲ့ မဟေသီမဂ္ဂဇင်း အင်တာဗျူးထဲမှာ ကျွန်တော် ဖတ်ခဲ့ရပါတယ်။ စစ်ပြန် အဖွဲ့က လူတွေ ရုံးဆင်းချိန် မဂ္ဂဇင်းတိုက်ကို ရောက်လာတဲ့အခါ ဆရာတို့က စက်ပိုင်းနေရာကို သွား၊ စာစီ တာတွေ၊ ဒမ်မီ ချတာတွေ လေ့လာ၊ လေ့လာပြီးတော့မှ အယ်ဒီတာပညာတွေ သိလာတယ် ဆိုတော့ အယ်ဒီ တာ တစ်ယောက် လေ့လာရမယ့် ပညာရပ်တွေ ဆရာ သိသလောက် ပြောပြပါဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။  ။ အယ်ဒီတာ တစ်ယောက်အနေနဲ့ ဘာကို မားလည်ရမလဲဆိုရင် အဓိကအနေန့ စာကို နားလည်ဖို့ လိုတာပေါ့။ စာဆိုတာ ဘာလဲ၊ ဘယ်လို စာလဲ၊ ဘယ်လို စံလဲ၊ နားလည်ဖို့ လိုတယ်။ စာတွေ့သမျှ ဒီဟာက ငါတို့နဲ့ ဆိုင်တယ်၊ မဆိုင်ဘူး ခွဲခြားဖို့တော့ လိုတာပေါ့။ စာဖတ်ဖို့က အဓိက၊ ဒီစာဟာ ငါတို့နဲ့ ဆိုင်လား ... မဆိုင်ဘူးလား၊ ဒီစာက စာဖတ်သူအတွက် အကျိုးရှိမလား၊ မရှိဘူးလား။ ဒီစာဟာ ငါတို့ စာဖတ်သူတွေအတွက် တူသလား၊ တန်သလား ဆိုတာတွေ အထိအောင် စဉ်းစားရတယ်။ ကျွန်တော်တို့ မဂ္ဂဇင်း အယ်ဒီတာတွေ မှတ်ချက်မှာ ရေးလေ့ရှိပါတယ်။ ဒီစာမူဟာ ဥပမာ ပေဖူးလွှာမှာ ဆိုပါတော့၊ ဒီစာမူ ဟာ ရွှေအမြုတေမဂ္ဂဇင်းနဲ့ မသင့်လျော်ပါ၊ မဆီလျော်ပါ။ ကျွန်တ်ာတို့ ဒီလို ရေးရတဲ့ မှတ်ချက်တွေ ရှိတယ်။ အဲဒီလို ရေးလိုက်လို့ရှိရင် စာရေးသူက ကြားသွားတဲ့အခါ စိတ်မကောင်းဖြစ်ရင် ဖြစ်နေမယ်။ ပြောမယ်ဆိုရင် ဒီဟာက အဆင့်မမီဘူး၊ အဲဒီလိုဟာမျိုးပေါ့။
ပြောမယ်ဆိုရင် ကိုယ့်မဂ္ဂဇင်းက ဘယ်တန်းမှာ သွားနေသလဲ ဆိုတာ၊ ကိုယ့် Audience က ဘာလဲဆိုတာ သိရမယ်။ ကိုယ့်စာဖတ်သူရဲ့ တန်း၊ သူ့တန်းကို ကျွန်တော်တို့ ကြည့်ရတယ်။ ရွှေအမြုတေ ဖတ်နေတဲ့ စာဖတ်ပရိသတ်ရဲ့တန်းက ဘယ်လောက် ရှိသလဲ။ ကျွန်တော်တို့ သိထားရတယ်။ ကိုယ် လုပ်နေတဲ့မဂ္ဂဇင်း၊ ကိုယ့်စာဖတ်ပရိသတ် ဘယ်တန်းမှာရှိသလဲ ကျွန်တော်တို့ သိထား ရတယ်။ အဲဒီအတွက် ကျွန်တော်တို့ စာဖတ်ရတယ်။ စာအများကြီး ကျွန်တော်တို့ ဖတ်ရတယ်။ ကိုယ့်ဆီ ရောက် လာတဲ့ စာမူဟာ သိပ်မြင့်နေလို့ရှိရင်၊ တစ်ခါတလေကျရင် ကိုယ် လိုက်မမီတာ မျိုး ဖြစ်သွား တတ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က စာကို ဖတ်ရတယ်။ အဓိကက စာအစုံ ဖတ်ဖို့ပါ။ စာအစုံဖတ်ဖို့ အရေးကြီးပါတယ်။
နောက်တစ်ဆင့်က ဘာလဲဆိုတော့ အဲဒီစာရေးနေတဲ့ သူတွေကို သိနေဖို့လိုတယ်။ စာရေးဆရာတွေပါ။ တချို့ကစာကိုဖတ်နေတယ်။ ဒီစာရေးဆရာကိုမသိဘူး။ မသိတဲ့အတွက် နည်းနည်းလေး ဆက်ဆံရေးတို့ ဘာတို့မှာ အခက်အခဲဖြစ်သွားတယ်။ ဒါဟာကျွန်တော်ကြုံဖူးပါတယ်။ နောက်တော့ ကျွန်တော်ပြောပြ မယ်။ ဆိုတော့ ဒီစာရေးဆရာကိုလည်း သိနေရမယ်။ ဒီစာရေးဆရာကိုလည်း သိနေရမယ်။ ဒီ စာရေးဆရာ Character ကိုလည်း သိနေရမယ်။ စာရေးဆရာရဲ့ Type ကိုလည်း သိနေဖို့လိုတယ်။ အယ်ဒီ တာတစ်ယောက်အနေနဲ့ပေါ့။
နောက်တစ်ခုက ကိုယ် လုပ်နေတဲ့၊ ကိုယ် သွားနေတဲ့ Trend ဟာ ဘယ်သွားနေတာလဲ။ မူပေါ့။ ကိုယ့်မဂ္ဂဇင်းရဲ့ မူက ဘာလဲ။ နောက် ကိုယ့်မဂ္ဂဇင်းရဲ့ ပေါ်လစီပေါ့။ ကိုယ်က ဘာအတွက် လုပ်မှာလဲ။ ဘယ်သူ့ အတွက် လုပ်မှာလဲ။ ဒီအပိုင်းတွေတော့ လေ့လာထားဖို့ လိုပါတယ်။ ပထမဦးဆုံးကတော့ စာအစုံ ဖတ်ရမယ်။ စာဖတ်ထားမှ ကိုယ့်ဆီ ရောက်လာတဲ့ စာမူရဲ့ အနေအထားကို ကိုယ် ခန့်မှန်းလို့ ရတယ်။ နောက်တစ်ခုက ကိုယ့်စာရေးဆရာတွေကို ကိုယ်သိနေရမယ်။ နောက်တစ်ခုက ကိုယ် ပေးလိုက်တဲ့ ဟာ ဘယ်လောက်ထိအောင် ရောက်သလဲ ... မရောက်သလဲ ကိုယ် ပေးလိုက်တဲ့ဟာ ဘယ်လောက် ထိအောင် ရောက်သလဲ ... မရောက်သလဲ ကိုယ် စောင့်ကြည့်နေရမယ်။ ဒီဟာတွေကို အဓိက ထားရ ပါမယ်။ ပြောချင် တာက စာဖတ်ပါ။ စာအစုံဖတ်ပါ။ စာအစုံဆိုလို့ ဒီပြည်တွင်းကစာ ကွက်ကွက်လေး ဖတ်ပြီးတော့ ငါတို့ စာဖတ်တာပဲဆိုတဲ့ တချို့ အဟောင်းတွေကို ကြွပ်ကြွပ်ဝါး ထားတာတွေ ရှိတယ်။
အဲဒါဟာ အယ်ဒီတာ တစ်ယောက်ရဲ့ အရည်အချင်းတော့ မဟုတ်ဘူး။ စာအဟောင်းတွေ ကျေညက်ရုံနဲ့ အယ်ဒီတာ တစ်ယောက်ရဲ့ အရည်အချင်းလို့ သတ်မှတ်လို့မရပါဘူး။ အယ်ဒီတာကောင်းပါလို့ ပြောလို့ မရပါဘူး။ စာတွေတော့ ကြွပ်ကြွပ် မြည်အောင် ၀ါးထားပါရဲ့။ဒါပေမဲ့ အယ်ဒီတာရဲ့ တခြား အတတ်ပညာတွေ အများကြီး ရှိသေးတာ ကိုး။ ကျွန်တော်ခုနက ပြောတဲ့ စာဖတ်ပါ ဆိုတာ အဓိကအပိုင်း ကို ပြောတာ။ ကျန်တဲ့အပိုင်းတွေ မပါဘူးလား ဆိုတော့ ပါတာပေါ့။ စာရေးဆရာတွေကို သိနေမယ်။ စာရေးဆရာနဲ့ ပေါင်းသင်းဆက်ဆံရေး။ စည်းရုံးနိုင် ရမယ်။ ဆိုပါတော့ ... ကျွန်တော်တို့ ရှုမ၀တိုက်က ဆရာဦးကျော်တို့ဆိုရင် ကျွန်တော်တို့ မီခဲ့ပါတယ်။ မီခဲ့ တယ်ဆိုတာ ခပ်လှမ်းလှမ်းကပဲ ကြည့်ခဲ့ဖူးတာပါ။ တကယ်တော့ ကျွန်တော်က ကိုဆွေတင့်တို့နဲ့ပဲ Familiar ဖြစ်တယ်။ မောင်မြင့်မြတ်တို့ကို Familiar ဖြစ် ပါတယ်။
ဆရာ ဦးကျော်ကို ကျွန်တော်တို့က အဝေးကပဲ ကြည့်ခဲ့ရတာ။ ဒါပေမဲ့ အစဉ်အလာအရ ဒီဆရာကြီးတွေဟာ စာရေးဆရာတွေကို ညီအစ်ကိုတွေလို၊ သူငယ်ချင်းတွေလို၊ သားတပည့်တွေလို သံယောဇဉ်ရှိတယ်။ အဲဒီစာရေးဆရာကြီးတွေကလည်း ဦးကျော်ကို မိဘလို၊ ဆရာသမားလို၊ ဦလေးလို သံယောဇဉ် ရှိတယ်။ ခေါ်တာတောင် ဦးလေးကျော်ပဲ ခေါ်တာ များတယ်။ အဲဒီလောက်ထိအောင် စာပေလောကသား နဲ့ အယ်ဒီတာနဲ့ဟာ Familiar ဖြစ်တာ။ အဲဒီတော့ ဘာဖြစ်လာသလဲဆိုတော့ စာရေးဆရာ က မိဘကို လုပ်ကျွေးပြုစုသလိုပဲ၊ အယ်ဒီတာကလည်း သားသမီး ကို ပြုစုစောင့်ရှောက် သလိုပဲ လေးစားမှု၊ အပြန်အလှန် ဆက်ဆံမှု ရှိကြတယ်။ အဲဒီလိုကြောင့် ဒီမဂ္ဂဇင်းတွေ ဟာ ရေရှည်၊ နှစ်ပေါင်းများစွာ ရပ်တည်သွားကြတယ်။ အဲဒါဟာလည်း အယ်ဒီတာရဲ့ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတစ်ရပ်ပဲ။ ကိုယ့်ရဲ့ စာရေးဆရာတွေအပေါ်မှာ သားတပည့်လို၊ ညီအစ်ကို မောင်နှမလို သဘောထားဖို့လိုတယ်။
တချို့က ပိုက်ဆံပေးတာပဲဆိုပြီး ပိုက်ဆံထုပ် ကိုင်လာပြီး ခင်ဗျားစာမူလိုတယ်၊ ပိုက်ဆံ ဘယ်လောက် ပေး ရ မလဲ ဆိုပြီး စာမူ ၀ယ်တာပေါ့။ အယ်ဒီတာကောင်း တစ်ယောက်အနေနဲ့ ဘယ်တော့မှ မလုပ်သင့်ဘူး။ ကျွန်တော်တို့ ဒီအသက်အရွယ်ထိ တစ်ခါမှ မလုပ်ခဲ့ဘူး။ ကျွန်တော့်ဆရာတွေ လည်း မလုပ်ခဲ့ဘူး။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ဆရာတွေလည်း တစ်ခါမှ မလုပ်ခဲ့ဘူး။ ဒါဟာ စာမူ ၀ယ်တာ။ သာမန်ထုတ်ဝေသူတွေ လုပ်တဲ့ အလုပ်။ ဆရာ့စာမူ လိုချင်တယ်။ စာမူခ ဘယ်လောက်ပေး ရမလဲ။ သူများက ဘယ်လောက် ပေး သလဲ။ ကျွန်တော် ပိုပေးမယ်ဆိုတာ Publisher လုပ်တဲ့ အလုပ်။ Publisher နဲ့ အယ်ဒီတာကွာတယ်။ သိပ် ကွာပါတယ်။ Publisher ဆိုတာ အောင်မြင်တဲ့ သူရဲ့စာကို ထုတ်တာ စာအုပ် ထုတ်ဝေသူ။ တန်ရာတန်ကြေး စာရေးဆရာ ကို ပေးပြီး ထုတ်တာ။ အယ်ဒီတာက ဒီလို မဟုတ်ဘူး။
အယ်ဒီတာ ရဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီးတော့၊ ဒီမဂ္ဂဇင်း ဘယ်လောက် အောင်မြင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီးတော့ စာရေးလိုသူများက လာရေးတာ။ လာရေးတဲ့အခါမှာ ကိုယ်က ကြိုက်မှသုံးပြီး မကြိုက်ရင် ပြန်ပေးလို့ရတယ်။ ကိုယ့်မှာ ရွေးချယ်ခွင့်ရှိတယ်၊ ငြင်းပယ်ခွင့်ရှိတယ်။ ထုတ်ဝေသူမှာ အဲဒီ အခွင့်အရေးမရှိ ဘူး။ အယ်ဒီတာမှာ ရှိတယ်။ အဲဒါအပြင် အယ်ဒီတာမှာ တည်းဖြတ်ခွင့်ရှိတယ်။ ဒါပေမဲ့ ငါ့မှာ လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိတယ်ဆိုပြီးတော့ လုပ်ချင်တာ လုပ်ခွင့်တော့ မရှိဘူး။ အလွန် အကျွံတွေ ဖြစ်သွားတဲ့အခါ စာရေးဆရာနဲ့ အယ်ဒီတာတို့ရဲ့ ဆက်ဆံရေးတွေ ပျက်ပြားသွား တတ်ပါတယ်။ အဲဒီတော့ ပဋိပက္ခတွေဖြစ် ကြ။ သူ့ဘက်ကိုယ့်ဘက်တွေ ဖြစ်ကြမယ်။ ကျွန်တော် ပြောချင်တာ ဘာလဲဆိုတော့ စာရေးဆရာနဲ့ အယ်ဒီ တာကြားမှာ သီးခြား ဆက်ဆံရေးတစ်ခု ရှိရမယ်။ အဲဒီတော့ အယ်ဒီတာတစ်ယောက်ရဲ့ အရည်အချင်းကို ပြန်ပြောမယ်ဆိုရင် စာဖတ်ပါ။ စာရေးဆရာ နဲ့အတူ စာပေနယ်ပယ် ထဲမှာ ကိုယ့်ရဲ့ သံယောဇဉ်တစ်ခုရှိနေအောင် ကြိုးစားပါ။ ဒါလေး နှစ်ခု အဓိကထား ပြီးတော့ လုပ်စေချင်ပါတယ်။
စာတည်း။  ။ ဟုတ်ကဲ့ပါ ဆရာ။ ဆရာ့ရဲ့ မဟေသီ အင်တာဗျူးထဲမှာ ဆရာ ပေဖူးလွှာကို ၀င်လုပ်တဲ့ အချိန်။ ဒီ ဒုတိယအကြိမ် ပြန်ထုတ်တဲ့အချိန်မှာ ၁၉၈၀၊ ဇွန်လလို့ ဆရာ ပြောထားပါတယ်။ ကျွန်တော် လေ့လာကြည့်တော့ ၁၉၈၁၊ ဇွန်လလို့ တွေ့ရပါတယ်။ ကျွန်တော် သိချင်တာက ပေဖူးလွှာမှာ ဆရာ တာဝန်ယူခဲ့ရတဲ့ အခန်းကဏ္ဍလေးတွေ ပြောပြပေးပါဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ ဟုတ်တယ်ဗျ။ ၁၉၈၁ ဇွန်လက အမှန်။ ကျွန်တော် မှားသွားတာ ပါ။ ပေဖူးလွှာမှာက ပေဖူးလွှာကို မရောက်ခင် စစ်ပြန်မှာ။ စစ်ပြန်ကနေစပြီး ကျွန်တော် ပြောပြပါ့မယ်။ စစ်ပြန် မှာကတည်းက ခုနက ပြောပြီးသားပါ။ တံမြက်စည်းလှည်း၊ ရေခပ်၊ သောက်ရေအိုး ရေဖြည့်၊ လက်ဖက်ရည် ၀ယ်၊ ကျွန်တော်တို့ စခဲ့ရတာ။ မှတ်မှတ်ရရ ကိုဝဏ္ဏနဲ့ ကျွန်တော် ခဏခဏ ပြောပါတယ်။ ကျွန်တော် စစ်ပြန် မှာ ရှိနေတဲ့ ကာလတုန်းက စာရေးဆရာ မောင်ဝဏ္ဏ လာလိမ့်မယ်၊ မင်း အဲဒါ သူ့ကို ကြိုဆိုပြီးတော့ လိုအပ် တာအားလုံး လုပ်ပေးလိုက်ပါ ဆိုပြီး ကျွန်တော့်ဆီ ဆရာ ဦးမြလှိုင်က လှမ်း ဖုန်းဆက်တယ်။ ကျွန်တော်က မဂ္ဂဇင်းတိုက်မှာ ရှိနေတယ်။ ဟုတ်ကဲ့ ... ဆိုပြီး မကြာခင် မောင်ဝဏ္ဏက မဂ္ဂဇင်းတိုက် ကို ရောက်လာတယ်။ ဆေးပေါ့လိပ်နဲ့။ ဟာ ... ဆရာ လာပါ၊ ထိုင်ပါပေါ့။ ဆရာ ဘာလုပ်ပေးရ မလဲပေါ့။ ရတယ်၊ စာရေးဖို့ လာတာတဲ့။ သူ စာရေးတော့ ဘေးနားကနေ အရိပ်အခြည် ကြည့်နေရတယ်။ သူ ဆေးပေါ့လိပ် ကိုင်လိုက်တာနဲ့ ကျွန်တော်က ပြေးပြီး မီးညှိပေးရတယ်။ ဒိုင်းခနဲပေါ့။
ဒါက ကိုယ့်ဘက်က လုပ်တာပါ။ သူ့ဘက်က အဲဒါကို လက်မခံပါဘူး။ ရတယ်၊ ရတယ်၊ ရတယ်တဲ့။ သူက ဆေးပေါ့လိပ် ချတယ်။ စာရေးတယ်။ ဆေးလိပ် သောက်လိုက်၊ စာရေးလိုက်ပေါ့။ သူက ဟိုအိတ် စမ်းလိုက်၊ ဒီအိတ်စမ်းလိုက်၊ လွယ်အိတ်ထဲ စမ်းလိုက်၊ တိုက်ပုံအင်္ကျီထဲ စမ်းလိုက်ဆိုရင် ဆရာ ဘာလဲ၊ ဆေးလိပ်လား၊ ဟုတ်တယ် ဆေးလိပ်ဆိုရင်၊ ဘာဆေးလိပ်လဲ ဆရာ၊ ခြင်္သေ့ သုံးကောင်လား၊ ဟုတ်ပြီ ကျွန်တော် သွားဝယ်မယ်။ ကျွန်တော်တို့ အဲဒီလို အပြေးအလွှား လုပ်ခဲ့ရဖူးတယ်။ လက်ဖက်ရည် ချိန်ကျရင် ဆရာ လက်ဖက်ရည် ဘာသောက်လဲ၊ ချိုပေါ့၊ ချိုပေါ့ကို လက်ဖက်ရည် ချိုင့်ဆွဲပြီး ပြေးဝယ်ပေး ရတယ်။ လက်ဖက်ရည် ခွက်နဲ့ ငှဲ့ပေး၊ ပြီးရင် ရေနွေးသောက်မလား၊ သောက်မယ်ဆိုရင် ရေနွေးအိုး တည်ပေး၊ အဲဒီလို ကျွန်တော်တို့ နေခဲ့ရတယ်။ အဲဒါ ကိုဝဏ္ဏ။ ကျွန်တော် ပြန်ပြောတော့ ရယ်တယ်။ သူ မမှတ်မိဘူး။
အဲဒီတုန်းက ဆွေလှိုင်ဦးခေတ်ပေါ့ဗျာ။ ဆွေလှိုင်ဦး ဝေါခနဲ ကားထိုးဆိုက်လာတာနဲ့ ကျွန်တော် တို့က အဆင်သင့် လုပ်ထားရတယ်။ ဆွေလှိုင်ဦးက အဲဒီတုန်းက ကျွန်တော် တို့ဆီမှာ ကြောင်ရိုင်း သုံးဆယ် ရေးနေတာ။ အခန်းဆက်ပါ။ ကိုသုမောင်က အချစ်သစ်ပင် အခန်းဆက်၊ ကိုဝဏ္ဏကလည်း အခန်းဆက် ပဲ။ ကျွန်တော် မမှတ်မိဘူး။ ထားပါ။ ဆိုတော့ ... ဆွေလှိုင်ဦးလာတော့ အဲဒီတုန်း က ဆွေလှိုင်ဦး လာရင် " ဖယ်မလီယာ" တက္ကစီနဲ့ဗျ။ တစ်နာရီ ၇ ကျပ် ပေးရတယ်။ ဖယ်မလီယာ ကားအစိမ်းဗျ။ ကျွန်တော် မှတ်မိတယ်။ သူ လာပြီဆိုရင် ဂျိမ်းစဘွန်းလိုပဲ ကားက ဝေါခနဲ မောင်းချပြီး ဒိုင်းခနဲ ထိုးဆိုက်လိုက်တယ်။ ကားနောက်မှာ ဖုန်တွေက လုံးထွေးပြီး လိုက် လာတယ်။ အဲဒီမှာ သူ့နောက်က ကုလားတစ်ယောက် အမြဲတမ်း ပါတယ်ဗျ။ ဖြူဖွေး ဆိုတဲ့ ကုလား အမြဲပါတယ်။ သူက ကမန်းကတန်း ပြေးဆင်းပြီးတော့ ကားတံခါး ကို ဆွဲဖွင့်ပေးရတယ်။ ဆွဲဖွင့်ပေးတော့မှ ဆွေလှိုင်ဦးက အပေါ်ဖြူ၊ အောက်ဖြူ တက်ထရွန်နဲ့ ၀င်းဦး ၀တ်တဲ့ ဟာမျိုး။ တိမ်လွှာမို့မို့လွင်မှာ ၀င်းဦးဝတ်တဲ့ ယူနီဖောင်းမျိုးနဲ့ ဆင်းလာတာ။ ဆင်းလာပြီး နောက်ကားတံခါး ပိတ်လိုက် လို့ရှိရင် ဘောင်းဘီအိတ်ထဲမှာ ပစ္စတို တွေ့ရတယ်။
အဲဒီတုန်းက "အတက်ချီကေ့စ်" ကိုလူတိုင်း မကိုင်နိုင်သေးဘူး။ သူ ကိုင်တယ်။ ခုနက ဖြူဖွေးက တံခါးပိတ်ပြီးရင် "အတက်ချီကေ့စ်" ကိုဆွဲထုတ်ပြီး အထဲက စီးကရက်ဘူးကို ထုတ်ပေးတယ်။ စီးကရက် ဘူးထဲက ဆေးလိပ်တစ်လိပ် ထွက်လာအောင် လုပ်ပြီး ဆရာ့ကို ပေးတယ်။ ဆရာက ဆေးလိပ်ကို ယူတယ်။ ညာဘက်လက်က ဘောင်းဘီနောက်အိတ်ကပ်ထဲက ပစ္စတိုကို ဆွဲထုတ်ပြီး ထောက်ထောက် ... ဆို မီးညှိတာ။ သေနတ်မီးခြစ်ပေါ့ဗျာ။ အဲဒီလိုဗျ။ ဆွေလှိုင်ဦးက အဲဒီလို လာတာ။ အဲဒီလို လုပ်ထားတာ။ နောက်က ဖြူဖွေးဆိုတဲ့ ကုလားလေးကလည်း အဆင်သင့် လုပ်ထားတာ။ ၀င်လာတာ နဲ့ ဒေါင်း၊ ဒေါင်း၊ ဒေါင်း ဆိုပြီး အသံတွေ မြည်ပြီး ရောက်လာတာဗျ။ စာရေးဆရာတွေ အဲဒီလို ခမ်းနားခဲ့ဖူး တယ်။ ကျွန်တော်တို့က ငချွတ်တွေလေ။ ဆွေလှိုင်ဦး လာတယ်ဆိုရင်လည်း ကျွန်တော်တို့မှာ ပျာနေရတယ်။
မောင်ဝဏ္ဏ လာတယ်ဆိုရင်လည်း ကျွန်တော်တို့မှာ ပျာနေရတယ်။ သုမောင် လာတယ်ဆိုရင်လည်း ပျာနေ ရတယ်။ ကျွန်တော်တို့ အဲဒီလို နေခဲ့ရဖူးတယ်။ အဲဒါတွေက ကျွန်တော်တို့ကို တစ်ခါတည်း စာရေးဆရာတွေ ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သင်ပေးထားတာ။ ကိုယ်က အယ်ဒီတာဆိုပေမယ့် အယ်ဒီတာပေါက်စ ပေါ့ဗျာ။ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေကို ရိုကျိုးသွားအောင် ကျွန်တော်တို့ကို တစ်ခါတည်း လုပ်ပေးထားတာ။ ကျွန်တော်တို့က ဒီစာရေးဆရာတွေကို အင်မတန်ကို ရိုကျိုးပြီး နေရမယ် ဆိုတာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပုံစံသွင်းပြီးသားဖြစ်သွားတယ်။ ဒါကြောင့်မို့ စာရေးဆရာတွေနဲ့ ဆက်ဆံ တဲ့အခါမှာ ကျွန်တော်တို့က ရိုရိုကျိုးကျိုး ဆက်ဆံတယ်။ လေးလေးစားစား ဆက်ဆံတဲ့ အနေအထားတစ်ခု ရလာတယ်။ ကိုယ့်ထက် အသက်အရွယ် ငယ်ပေမယ့်လည်း ဒီလူတွေကို ဆရာလို့ပဲ ကျွန်တော်တို့ ခေါ်ရတယ်။ စာရေးဆရာတွေအဖြစ် လေးလေးစားစား ဆက်ဆံတယ်။
ဒါလည်း ကျွန်တော်တို့ ဆရာတွေက သင်ပေးခဲ့တဲ့ အယ်ဒီတာ အတတ်ပညာတစ်ခုပါပဲ။ အခု ကြားကြားနေ ရတာပဲ။ စာရေးဆရာကို စာရေးဆရာ မှန်းမသိ။ စာမူခ သွားထုတ်တော့ မရှိဘူး ပြော လိုပြော။ စာအုပ် လက်ဆောင်မပေး။ ဒါတွေက ကျွန်တော်တို့ ဆရာတွေက လေ့ကျင့်ပေးခဲ့ပြီးသား။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ ဘယ်အချိန် ဘာလုပ်ဆိုပြီး။ ကျွန်တော်တို့ ကျင်လည်ခဲ့တဲ့ ဧရိယာတွေမှာ ဘယ်တော့ မှ အဲဒီလို ပြဿနာမျိုးတွေ မရှိဘး။ မေတ္တာလက် ဆောင်နဲ့ ပတ်သက်လို့ မရှိဘူး။ စာမူခနဲ့ ပတ်သက်လို့ မရှိဘူး။
နောက်ဆုံးဗျာ ... စာမူ ပယ်တယ်လို့တောင် ကျွန်တော်တို့ ဘယ်တော့မှ မသုံးဘူး။ ဆရာ ဒါလေး ပြန်ယူသွား၊ မသုံးဖြစ်လို့ပါ၊ ဆရာ နောက်တစ်ပုဒ် လောက် ပေးပါဦး၊ ဒါ အင်မတန် ယဉ်ကျေးစွာ တုံ့ပြန်ရတဲ့ အယ်ဒိတာတစ်ယောက်ရဲ့ ကျင့်ဝတ်။ စာရေး ဆရာကို လေးစားစွာ အသိအမှတ်ပြုပြီးတော့ အယ်ဒီတာ က ဒီလို တုံ့ပြန်ရတယ်။ ဆရာ ဒီစာမူလေးတော့ မသုံးဖြစ်ဘူး။ နောက်တစ်ပုဒ် ပေးပါဦး။ ဒီလို ပြောရပါတယ်။ ဒါတွေက ကျွန်တော်တို့ ဆရာတွေက ကျွန်တော်တို့ကို သင်ပေးခဲ့ပြီးသား။ အင်မတန် အပိုးကျိုးအောင် လုပ်ပြီးတော့ ဒီဆရာတွေကို ဒီလို ဆက်ဆံ ရတယ်လို့ သင်ပေးခဲ့တာပါ။ ဒါကြောင့်မို့ လည်း အခု စာရေးဆရာတွေက ဘယ်မဂ္ဂဇင်းကတော့ ဘာဖြစ်လို့၊ ဘယ်ပန်းချီဆရာကတော့ ဘယ်မဂ္ဂဇင်း ဆို မရေးဘူးကွ၊ ကြွေးကြော်သံတွေ၊ ကဗျာဆရာတွေက ဘယ်မဂ္ဂဇင်းဆို မရေးဘူးကွ ...။
ဒါတွေက အယ်ဒီတာတွေနဲ့ အပြန်အလှန် ဆက်ဆံရေးတွေ မရှိလို့ ဒီလို ပြဿနာတွေ ပေါ်လာတာ။ အဲဒီတော့ စောစောက မေးတဲ့ မေးခွန်းက ပေဖူးလွှာမဂ္ဂဇင်းမှာ ကျွန်တော် တာဝန်ယူရတဲ့ အပိုင်းကို ပြောပါဆိုရင် စ၀င်လာကတည်းက အယ်ဒီတာချုပ်က ဦးမြလှိုင်၊ နာယက က ဗိုလ်မှူးကြီး စောမြင့် (မှူးသမိန်)၊ နောက် တ်ာဝန်ခံအယ်ဒီတာက ဦးခင်မောင်မြင့်၊ အယ်ဒီတာအဖွဲ့မှာ ဦးအောင်မြင့်၊ မောင်သုခနဲ့ ကျွန်တော်။ ဒီခြောက်ယောက်နဲ့ လုပ်တာ။ ကျွန်တော်တို့ဆီမှာ အုပ်ချုပ်ရေးမှူး တစ်ယောက် ရှိတယ်။ ဦးဝင်းနိုင်။ နောက်တစ်ခါ ပုံနှိပ်လုပ်ငန်းပိုင်ရှင် ဦးမြတ်ကျော် ရှိတယ်။ ဒီရှစ်ယောက်က မဂ္ဂဇင်းကို အဓိက လည်ပတ်အောင် လုပ်ရတာ။ အဲဒီကာလတုန်းက ပုဂ္ဂလိကမဂ္ဂဇင်းက မရှိသလောက် ရှားပါတယ်။ စန္ဒာမဂ္ဂဇင်း ရှိတယ်။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီတို့ရှိတယ်။ အဲဒီကနေပြီးတော့ ပုဂ္ဂလိကမဂ္ဂဇင်း ပေဖူးလွှာကို ထုတ်ဝေခွင့်စပြီး ပေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဦးမြလှိုင်က စာပေစိစစ်ရေးကနေ အနားယူ တော့မယ်ဆိုတော့ အနားယူရင် စာအုပ် လုပ်ချင်တယ် ဆိုတဲ့အတွက် ဦးမြလှိုင်က မြ၀တီမဂ္ဂဇင်း တည်ထောင်တဲ့ Founder ထဲမှာ ပါပါတယ်။ ပြီးတော့ တစ်လျှောက်လုံးကလည်း စာပေသမားအဖြစ်ပဲ နေခဲ့ တယ်။ ဆိုတော့ သူ့ကို ဒါ ထုတ်ဝေခွင့်ပေးပါဆိုပြီးတော့ တောင်းတယ်။ သူက အရင်တုန်းကလည်း ပေဖူးလွှာ မဂ္ဂဇင်းကို ၁၉၅၇ ခုနှစ်က ထုတ်ခဲ့ဖူးတယ်။ အရှုံးဒဏ် မခံနိုင်တဲ့အတွက် သူက ဒီမဂ္ဂဇင်းကို ၁၉၅၇ ခုနှစ်က ထုတ်ခဲ့ဖူးတယ်။ အရှုံးဒဏ် မခံနိုင်တဲ့အတွက် သူက ဒီမဂ္ဂဇင်းကို ပြန်အပ်ခဲ့တာ။ ဘယ်လို ခေါ်မလဲ။ ဆိုင်းငံ့ထားလိုက်တာ။ ပိတ်ထားတာ မဟုတ်ဘူး။ သူ တကယ်လို့ ပြန်ထုတ်မယ်ဆိုရင် ပြန်ထုတ် ခွင့်ရအောင် တင်ခဲ့တာ။ သူ ပြန်တင်တော့ သူ ရတယ်။ အဲဒီအချိန်တုန်းက ဦးမြလှိုင်က ၃ လ ခွင့်နဲ့ ပင်စင် မယူခင် သွားနေတဲ့ ကာလ။ အဲဒီမှာ ကျွန်တော်တို့ စလုပ်ဖြစ်တာပါ။ ခုန အယ်ဒီတာတွေကလည်း ဒီလိုပဲ။ ကျွန်တော် စတာဝန်ယူရတာက ဘာလဲဆိုတော့ အဓိကက ကျွန်တော်က ပုံနှိပ်လုပ်ငန်းကို တာဝန်ယူရ တယ်။ တာဝန်ခံအယ်ဒီတာကို တွဲပြီး လုပ်ပေးရတယ်။
အဲဒီအချိန်တုန်းက မဂ္ဂဇင်းတိုက်မှာ အချိန်ပြည့် တာဝန်ခံတာက ဦးမြလှိုင်နဲ့ ဗိုလ်မှူးကြီး စောမြင့်နဲ့ .. ကျွန်တော်နဲ့ ကိုသုခပဲ ရှိတယ်။ အချိန်ပြည့် ထိုင်ကြ တာပါ။ ဦးခင်မောင်မြင့်နဲ့ ဦးအောင်မြင့်က Part Time ပဲ ထိုင်ကြတယ်။ ဘယ်လောက်အထိလဲဆိုတော့ သူတို့ ၁၉၈၃ အထိအောင် Part Time ပဲ ထိုင်ကြတယ်။ ဦးခင်မောင်မြင့်က တောင်သူလယ်သမား ဂျာနယ်မှာ အယ်ဒီတာ လုပ်တယ်။ ဦးအောင်မြင့်က အသေးစား ချေးငွေလုပ်ငန်း (ဗဟန်း)မှာ လုပ်ရတယ်။ သူက ၃ နာရီလောက်မှာ လာတယ်။ ဦးခင်မောင်မြင့်က ၄ နာရီ၊ ၄ နာရီခွဲ ရုံးဆင်းချိန်လောက်မှာ လာတယ်။ သူတို့မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့က လိုအပ်တာတွေ အကုန်လုပ်ထားရတယ်။ နောက်နေ့ လုပ်မယ့် အလုပ်တွေ အားလုံးကို သူတို့က ဘာတွေ ဘာတွေ လုပ်ဆိုပြီး ကျွန်တော်တို့ကို Assignment တွေ ပေးခဲ့တာ ပေါ့။ ပုံနှိပ်ဖို့၊ ဒီမဂ္ဂဇင်းထုတ်ဝေရေးအပိုင်းကို ကျွန်တော်က ဦးခင်မောင်မြင့်ကို Assist လုပ်ပေးရ တယ်။ ပန်းချီအပ်ရတာမျိုး၊ စာမူဖတ်ပြီး မှတ်ချက် ရေးပေးရတာမျိုး၊ စာဖောင်စစ်ပေးရတာမျိုး၊ စာစီချပေးရ တာမျိုး စသဖြင့် ဒီမဂ္ဂဇင်းနဲ့ ပတ်သက်တဲ့ အားလုံးကို ကျွန်တော် လုပ်ရတယ်။ အဓိကက ဦးခင်မောင်မြင့်ကို ကန်တော် Assist လုပ်ပေးရတယ်။
ကျွန်တော်က တာဝန်ခံအယ်ဒီတာကို Assist လုပ်ပေးရတဲ့အတွက် တိုက်ထိုင်အယ်ဒီတာ ပဲ ပြော ပြော၊ ဖောင်ကိုင်အယ်ဒီတာပဲ ပြောပြော ပြောလို့ရတယ်။ ဒီစာအုပ်တစ်အုပ်လုံး လည်ပတ်ဖို့ အတွက် တာဝန် ယူပေးရပါတယ်။ အဲဒီအတွက် ကျွန်တော်က စာရေးဆရာတွေနဲ့ အထိအတွေ့ ပိုများတယ်။ ပန်းချီဆရာတွေနဲ့ အထိအတွေ့များတယ်။ ဒီလောကသားတွေနဲ့ အထိအတွေ့များတယ်။
စာတည်း။  ။ဟုတ်ကဲ့ ဆရာ၊ ဆရာ့ရဲ့ အိမ်ထောင်ရေးနဲ့ ဆရာ့ရဲ့ မိသားစု အကြောင်းလေး ပြောပြပေး ပါ ဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ ကျွန်တော် ၇၄ ခုနှစ်မှာပဲ အိမ်ထောင်ကျတယ်။ ကျွန်တော့် ဇနီးနာမည် က ဒေါ်ဝင်းဌေးပါ။ အိမ်ထောင်ကျတော့ အမျိုးသမီးက တခြား စီးပွားရေးလုပ်ငန်း မလုပ်ဘူး။ အိမ်ထောင်ကျခါစ ကျွန်တော် အလုပ်မရှိသေးဘူး။ စစ်ပြန်မှာ တစ်လ ၁၅၀ ရခါစက အမျိုးသမီးက အိမ်မှာ စက်ချုပ် တယ်။ နှစ်နှစ်၊ သုံးနှစ်လောက် စက်ချုပ်ဆိုင်ဖွင့်ပြီး အဲဒီအလုပ် မလုပ်တော့ဘူး။ ကျွန်တော် ပဲ တောက်လျှောက် မဂ္ဂဇင်းအယ်ဒီတာ လုပ်ရင်း တစ်လ ၁၅၀ ရတာနဲ့ နေခဲ့ရဖူးတယ်။ ကျန်တာတော့ ညီအစ်ကိုတွေက ကျွန်တော့်ကို ထောက်ပံ့ပါတယ်။
သားသမီးသုံးယောက်ရတယ်။ အကြီးဆုံးသားက ဇာနည်မျိုးမြင့်ညိမ်း၊ ဒုတိယက ဒါလီမျိုးမြင့်ညိမ်း၊ အငယ်ဆုံးသား က ဘိုမျိုးမြင့်ညိမ်း။ သားအကြီးက အိမ်ထောင်ကျပြီးတော့ မြေး ဟန်နီညိမ်းဆိုတာ ရှိတယ်။ အငယ်ဆုံးသားက အိမ်ထောင်ကျပြီးတော့ မြေး ဂျူနိုက်ဆိုတာ ရှိတယ်။ သမီးက အိမ်ထောင်တော့ ကျနေပြီ။ သားသမီး မရသေးဘူး။
စာတည်း။  ။ ဆရာ ... ဆရာတို့ လက်ထက်မှာ ပေဖူးလွှာမဂ္ဂဇင်းဟာ ၁၉၈၁ ဇွန်လကနေ ၁၉၉၁၊ သြဂုတ်လ အမှတ် ၁၁၈ ထိ ထုတ်ခဲ့တယ်။ ထုတ်ပြီးတော့ ရပ်ဆိုင်းလိုက်တယ်။ အဲဒီလို ထုတ်နေရင်းနဲ့ ရပ်ဆိုင်းသွားတဲ့ အခြေအနေရယ်၊ နောက် လူတွေကို တစ်လတာ လွှဲဖြစ်ပြီး သူတို့လည်း ရပ်သွားတယ်။ ဒါဟာ ခေတ်ကို မျက်ခြည်ပြတ်သွားလို့လား၊ ခေတ်ရဲ့ လိုအပ်မှုကို မသိတော့လို့လား၊ ကံကြမ္မာတွေ စုပြုံ သွား လို့လား ဆိုတာ ဆရာ မြင်တာလေး ပြောပြပေးပါဦး။ ပထမဆုံးက ဆရာ့ အင်တာဗျူးကို မဟေသီမဂ္ဂဇင်းမှာ ကျွန်တော် ဖတ်ခဲ့မိတုန်းက မဂ္ဂဇင်းတစ်ခုကို လုပ်တာ ခေတ်ရဲ့ လိုအပ်ချက်ကိုသိလို့။ အဲဒီတုန်းက စန္ဒာမဂ္ဂဇင်းက ခေတ်ရဲ့ လိုအပ်ချက်ကို မသိတော့တဲ့အတွက် အခြေအနေတစ်မျိုး ဖြစ်သွား တယ်ပေါ့။ ဆရာတို့က ခေတ်ရဲ့ လိုအပ်ချက်ကို နားလည်လို့ တစ်ခါတည်း တစ်ဟုန်ထိုး စောင်ရေ သောင်း ကျော်တဲ့အထိ အောင်မြင်သွားတယ်ပေါ့။ အဲဒီတော့ ကျဆုံးသွားတဲ့ အခါ ခေတ်ရဲ့ လိုအပ်ချက်ကို မသိလို့လား၊ ကံကြမ္မာတွေ စုပြုံသွားလို့လားဆိုတာ ဆရာ့ရဲ့ အမြင်လေး ပြောပြပေးပါဦးဆရာ။
ဆရာမျိုးမြင့်ညိမ်း။  ။ အဲဒါတွေ ပြောရင် တချို့ဟာတွေမှာ အတွင်းရေးတော့ နည်းနည်းပါ လိမ့်မယ်။ ပါပေမယ့် ဘယ်သူ့ကိုမှ နစ်နာစေလိုတာ မဟုတ်ဘဲ ကျွန်တော် မှန်တဲ့အတိုင်း ပြောရမယ်။ ကျွန်တော် တို့ ပေဖူးလွှာလုပ်နေရင်း မဟေသီမဂ္ဂဇင်းကို တွဲပြီး လုပ်ခဲ့ဖူးတယ်။ မဟေသီမဂ္ဂဇင်း ၆ လလောက် လုပ်ပြီးတဲ့ အခါကျတော့ ပေဖူးလွှာက စောင်ရေကျပြီး မဟေသီ က စောင်ရေတက် သွားတယ်။ ပေဖူးလွှာ က သောင်းနှစ် ထောင်ကနေ ရှစ်ထောင်လောက် ရော့သွားပြီ။ မဟေသီ က ခြောက်ထောင်ကနေ သောင်းနှစ်ထောင်လောက် ရောက်သွားတယ်။ Balance က အဲဒီလို ကွာ ထွက်သွားတယ်။ အဲဒီမှာ ဘာဖြစ် တာလဲဆိုတော့ မဟေသီမှာ ပါတဲ့ အကြောင်းအရာတွေက ပိုပြီးတော့ Pop များလာတယ်။ ပိုပြီးတော့ Celebrity တွေရဲ့ News တွေ၊ Pop ဆောင်းပါးတွေ ပိုပြီးတော့ ပါတယ်။
ဦးခင်မောင်မြင့် ကိုယ်တိုင်က စာပေထက်စာရင် Celebrity News တွေ ပိုပြီးတော့ စိတ်ဝင်စားတယ်။ အဖုံးရိုက်တာက အစ သူကိုယ်တိုင် လိုက်ပြီးတော့ ကြည့်တာမျိုး လုပ်တယ်။ သူက ဒီအပေါ်မှာ ပိုပြီးအာရုံစိုက်တဲ့အခါကျတော့ ဦးမြလှိုင်က နည်းနည်းလေး စိတ်အနှောင့်အယှက် ဖြစ်လာတယ်။ တကယ်တမ်း ကျတော့ မဟေသီမဂ္ဂဇင်းကလည်း ဦးမြလှိုင် ပိုက်ဆံနဲ့ပဲ စပြီးတော့ ထူထောင်တာပါ။ ဦးမြလှိုင် က အရင်းစိုက်ပေးထားတယ်။ ငွေချေစရာရှိတာ စိုက်ချေပေး တယ်။ နောက်တော့ ပြန်ရှင်းပေး ပါတယ်။ မဟေသီကို စခဲ့တုန်းက ဦးမြလှိုင်ရဲ့ အကူအညီတွေ အများကြီး ပါပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာတဲ့အခါ ဦးမြလှိုင်က ဒီအပေါ်မှာ နည်းနည်းလေး လက်မခံတဲ့ အပိုင်းတွေ ဖြစ်လာတယ်။ ဘယ်လိုလဲ ဆိုတော့ အိမ်ကြီးပေါ် အိမ်ငယ် ဆောက်သလို ဖြစ်လာတယ်။ ဒီတော့ လုပ်ငန်းခွဲမယ်ဆိုပြီး ခွဲကြတယ်။ ပေဖူးလွှာ က တစ်တိုက်ဖြစ်ပြီး မဟေသီက တစ်တိုက်ဖြစ်သွား တယ်။
အဲဒီအချိန်မှာ ဗိုလ်မှူးကြီး စောမြင့်က သူ့ဟာသူ လည်ပတ်လို့ ရသွားပြီ။ နံပါတ် ၆ မှာ ခွဲလိုက်ပြီး ၇ မှာ သူ့ဟာသူ ရပ်တည်လို့ ရသွားပြီ။ အဲဒီအချိန် ဦးခင်မောင်မြင့်က တာဝန်ခံအယ်ဒီတာဆိုတော့ ဟိုဘက်မှာ လည်း ထိုင်၊ ဒီဘက်မှာလည်း ခွဲထိုင်ပေါ့။ အဲဒါကို ဦးမြလှိုင်က ရွေးချယ်ခိုင်းတယ်။ ဟိုဘက်မှာ ထိုင်မလား၊ ဒီဘက်မှာ ထိုင်မလားပေါ့။ စဉ်းစားဦးမယ်လို့ သူက ပြောတယ်။ ဒါကို စဉ်းစားမနေနဲ့တော့၊ တစ်ခါတည်း ထွက်တော့ဆိုပြီး ဦးခင်မောင်မြင့် ကို စာပို့ပြီး ထွက်ခိုင်းလိုက် တယ်။ ပေဖူးလွှာ ကနေပြီးတော့ တစ်ခါတည်း အနားယူခွင့်ပေးလိုက်တယ်။ အဲဒါနဲ့ ဦးခင်မောင်မြင့်က ဟိုဘက် ရောက် သွားတယ်။
အဲဒီတော့ ကျွန်တော်တို့ ဒီဘက်မှာ လုပ်ရတယ်။ နဂိုကလည်း ကျွန်တော်တို့ဆီမှာ Team Work ရှိတယ်။ တစ်ယောက်တည်း တော်လို့၊ တစ်ယောက်တည်း ကောင်းလို့ မဟုတ်ဘူး။ ကျွန်တော်တို့မှာ Team ရှိတယ်။ အားလုံးက လူငယ်မျိုးဆက်သစ်တွေချည်းပဲ။ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်မှ မပါဘူး။ ဆိုပါတော့ ဦးခင်မောင်မြင့်၊ ကိုအောင်မြင့်၊ ကိုသုခ၊ ကျွန်တော်၊ ကိုဝင်းငြိမ်း၊ ဓတ်ပုံဆရာ တက္ကသိုလ် အေးမြင့်နဲ့ သူ့မိန်းမ နုနုယဉ်၊ မိတ်ကပ်ဆရာ အကြိုင်၊ ဓာတ်ပုံဆရာ စိုင်းဘုဏ်းထူး၊ စာရေးဆရာမ မြနှောင်းညို၊ ဒီဇိုင်းပန်းချီဆရာ မြင့်မောင်ကျော်တို့ ရှိကြတယ်။ အဲဒီလို New Blood တွေချည်းပဲ ဒီမှာ လာစုနေကြ တာ။ Team ရှိတယ်။ New Idea နဲ့ လုပ်နေကြတယ်။ အဲဒီအထဲက တစ်ယောက် ကျွန်တော်တို့ထဲက ပဲ့ ထွက်သွားတယ်။ ဦးခင်မောင်မြင့်။ အိုကေ ... ကိစ္စမရှိဘူး။
ဒါကို ဆက်လုပ်မယ်ဆိုတော့ လုပ်ကြတယ်။ ဒီစောင်ရေက အတူတူ ပြန်ဖြစ်ပါတယ်။ ဖြစ်ပြီးတော့ ဘာဖြစ်လာသလဲ ဆိုရင် ၁၉၈၅ ကနေ ၈၅၊ ၈၆၊ ၈၇ တွေမှာ ပေဖူးလွှာဟာ အင်မတန်ကို စောင့်ဖတ်ရတဲ့ အခြေအနေ ထိ ဖြစ်လာတယ်။ သခင်အောင်ကြီး (ပေါင်းတည်)ရဲ့ "ကျွန်တော် အညာသားပါ" ဆိုတဲ့ ဆောင်းပါးရှိတယ်။ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေး ကိစ္စတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုကိစ္စတွေ ပါတယ်။ တော်ဘုရားလေးအောင်ဇေရဲ့ နန်းစဉ်ရတနာတို့ ဒါမျိုးတွေပါနေ တယ်။ ပြောရမယ် ဆိုလို့ရှိရင် ပေဖူးလွှာက နိုင်ငံရေး၊ နိုင်ငံရေး Scene တွေ ပါတယ်။ အဲဒီကာလမှာ ပြန်ကြည့်မယ်ဆိုရင် အစိုးရ မျက်မုန်းကျိုးတဲ့၊ အစိုးရ မကြိုက်တဲ့ ဆောင်းပါး တွေ ကျွန်တော် တို့မှာ ပါနေတယ်။ အစိုးရနဲ့ တစ်သားတည်းမကျတဲ့ လူတွေက ပေဖူးလွှာမှာ ပါတယ်။
ပြန်ပြီးတော့ ကြည့်ရင် သခင်အောင်ကြီး၊ တော်ဘုရားလေးအောင်ဇေ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မသီတာ (စမ်းချောင်း)၊ မောင်သော်က၊ မောင်ကိုယု၊ လင်းယုန်မောင်မောင်၊ အထောက်တော်လှအောင်၊ ဒီနာမည်တွေ ကြည့်လိုက်လို့ရှိရင် ဘယ်လိုလူတွေဆိုတာ သိပါတယ်။ သမိုင်းကြောင်းတွေရှိတယ်။ အဲဒါတွေက ပေဖူးလွှာမှာပဲရှိတယ်။ တခြား မဂ္ဂဇင်းတွေမှာ မရှိဘူး။ ဒါတွေကို ကြည့်။ တချို့က သမိုင်းကြောင်းတွေ ကို မှိန်ပစ်လိုက်ချင်ကြတယ်။ အဲဒီတုန်းက နိုင်ငံရေး စိတ်ဓာတ် နိုးကြား တက်ကြွအောင် လုပ်တာ ပေဖူးလွှာမဂ္ဂဇင်းပဲ ရှိတယ်။ ဘယ်မဂ္ဂဇင်း မှ မရှိဘူး။ ပြန်လှန်ကြည့်လို့ရတယ်။ ကျွန်တော် ပြောတာ မဟုတ်ဘူးဆိုရင် သက်သေပြလို့ရတယ်။ ကျွန်တော် အဲဒါကို အသေ အချာ ပြောချင်တယ်။
၁၉၈၈ ကာလမှာ မြန်မာနိုင်ငံက စာဖတ်ပရိသတ်တွေကို နိုင်ငံရေးစိတ်ဓာတ်နိုးကြားတက်ကြွအောင် လုပ်တာ ပေဖူးလွှာမဂ္ဂဇင်းပဲရှိတယ်။
မဟေသီ မှာက ဆန်းထွန်း(မန်းတက္ကသိုလ်)ပါမယ်။ ရုပ်ရှင်မင်းသမီးတွေရဲ့ တစ်နေ့တာ ပါမယ်။ ဘာသာရေး အကြောင်း ပါမယ်။ သူ့မူက အဲဒီလို သွားတာ။ ခွဲထွက်သွားတယ်။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ ခုနက Popularity ကြိုက်တဲ့သူတွေက မဟေသီဖတ်တယ်။ အဲဒီအချိန်က မဟေသီ မှာ ကောင်းတာ ဘာလဲ ဆိုတော့ စာအိုးရဲ့ စာအုပ်ဝေဖန်ချက်တွေပါတယ်။ နောက် အတိုဆုံး ၀တ္ထုလေးတွေ ပါတယ်။ သူ့မှာလည်း ကောင်းတာလေးတွေပါတယ်။ အခန်းဆက်တွေပါတယ်။ ဒါပေမဲ့ သူ့မှာ တစ်ဝက်လောက်က Pop တွေ များတယ်။ ပေဖူးလွှာမှာ အဲဒါတွေ အင်မတန် နည်းပါတယ်။ စာမျက်နှာ ၆၀ လောက် ပေးထားတယ်။ စီးရီး အညွှန်းလို ဟာမျိုးပါမယ်။ ရုပ်ရှင် အကြောင်းပါမယ်။ ပေဖူးလွှာမှာက နိုင်ငံရေးနဲ့နွှယ်တဲ့ ဆောင်းပါးတွေများ တယ်။ နိုင်ငံရေး နိုးကြား တက်ကြွအောင် လုပ်တာတွေပါတယ်။
ဦးမြလှိုင်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိ ရင် ဦးမြလှိုင်ဟာ ငယ်စဉ် ကျောင်းသား ဘ၀ကတည်းက တော်လှန်ရေး စိတ်ဓာတ်ရှိတယ်။ ဖျာပုံမြို့မှာ ဂျပန်ကို တော်လှန်တော့မယ် ဆိုကတည်း က ရန်ပုံငွေရှာတဲ့အခါ တစ်မြို့လုံးကို ၀င်ဓားပြတိုက်ပြီး သူ့အိမ်ကို တောင် သူ ပြန်ဓားပြတိုက်ပြီး ရန်ပုံငွေရှာတဲ့ လူမျိုး။ ဦးမြလှိုင်ဆိုတာ အဲဒီလိုလူ။ သူ့သမိုင်းကြောင်းက အဲဒီလို ရှိပါတယ်။ တိုင်းပြည်ကို တကယ် ချစ်တယ်။ သူ့အစ်ကိုက ဗိုလ်လက်ျာ၊ သူ့အစ်ကိုအကြီးဆံးက ဒေါက်တာလှရွှေ ... အာဏာရှင်လှရွှေ၊ တော်လှန်ရေးမှာ အဲဒီလို တစ်မိသားစုလုံးပါတယ်။ တိုင်းပြည်အပေါ်မှာ အဲဒီလောက် ထိအောင် သံယောဇဉ်ရှိတဲ့လူတွေ၊ အကြိမ်ပေါင်းများစွာ ထောင်ကျ၊ အဖမ်းခံ၊ ဒုက္ခခံ။ သူ့အစ်ကိုတွေဆို တိုက်ပွဲမှာကျ၊ တစ်ယောက်ဆိုရင် လေယာဉ်ပျက်ကျ၊ ဒီလို ပုဂ္ဂိုလ်တွေ။ တိုင်းပြည်အပေါ်မှာ တကယ် သံယောဇဉ်ရှိတဲ့လူတွေ။
အဲဒီတော့ ဒီအချိန်မှာ အချိန်တစ်ခု ရောက်လာပြီ။ တိုင်းပြည်အတွက် တစ်ခုခု လုပ်ရတော့မယ် ဆိုတဲ့အချိန် မှာ စာပေအရ လူထုကို အသိပေး လှုံ့ဆော်မှုတွေ လုပ်ခဲ့တာ ဖြစ်တယ်။ ပြန်ဖတ်ကြည့်ပါ။ သခင်အောင်ကြီး (ပေါင်းတည်)ဆိုတာ ၁၉၈၈ ခုနှစ်မတိုင်မီက တိုင်းပြည်မှာ အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့ ခေါင်းဆောင် တစ်ယောက်ပါ။ လူထုလှုပ်ရှားမှုမှာ တကယ် ဦးဆောင်၊ တယ်လှုံ့ ဆော် ခဲ့တဲ့ လူတစ်ယောက်ပါ။ သူ့ဆောင်းပါးတွေအားလုံး၊ သူ ရေးခဲ့တာတွေ အားလုံးက ကျွန်တော် တို့ ပေဖူးလွှာမှာ အရင်ပါတာပါ။ ကျွန်တော်ကိုယ်တိုင် သွားစောင့်ပြီး ယူပြီးတော့ ထည့်ရတာ။ သခင်အောင်ကြီး စာတွေမှာ ဖော်ပြခွင့် မရတာတွေ၊ အပယ်ခံရတာတွေ၊ အဖြတ်ခံရတာတွေ အများကြီး ပဲ။ ပေဖူးလွှာ ပေါ်မှာ ကျတော့ နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေက ပေဖူးလွှာကို စိတ်ဝင်စားတယ်။
သာမန်စာပဲ ဖတ်မယ်ဆိုတဲ့ သူတွေကတော့ မဟေသီကို ဖတ်ကြတာများပါတယ်။ ဒီနှစ်ခုဟာ နည်းနည်းတော့ ကွာခြားမှုရှိတယ်။ အဲဒီ အချိန်မှာပဲ ကလျာတို့၊ ချယ်ရီတို့၊ ဒဂုန်တို့၊ စံပယ်ဖြူတို့၊ နွယ်နီတို့ ထွက်နေပါပြီ။ အဲဒီမဂ္ဂဇင်းတွေ ပြန်ကြည့်လည်း အဲဒါမျိုး မပါဘူး။ မယုံရင် ပြန်ကြည့်ပါ။ မပါဘူး။ ချယ်ရီ မှာလည်း မပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဗိုလ်မှူးကြီးမြတ်ထန်၊ တပ်ထွက်တွေ လုပ်တာ။ မဟေသီက ဗိုလ်မှူးကြီးစောမြင့်၊ တပ်ထွက်ပုဂ္ဂိုလ်တွေ လုပ်တာ။ သိပ္ပံ၊ ဗိုလ်မှူးကြီးတင်မောင်၊ တပ်ထွက်ပုဂ္ဂိုလ်တွေ လုပ်တာ။ လုံမလေး၊ ဘာသာရေးဆိုင်ရာ အမျိုးသမီးစာရေးဆရာမ မလေးလုံလုပ်တာ။ သူတို့ က နိုင်ငံရေး နဲ့ပတ်သက်လို့ရှိရင် ကင်းတယ်။
ဦးမြလှိုင်ကတော့ တစ်သက်လုံး နိုင်ငံရေးအရ ရပ်တည်လာတဲ့သူဖြစ်တယ်။ နိုင်ငံရေးအရ နေလာခဲ့ တယ်။ အနုပညာလုပ်ငန်းတွေ လုပ်ရင်လည်း နိုင်ငံရေးနွှယ်တဲ့အနုပညာပါလာတယ်။ တစ်ခုရှိတယ်။ ကွန်မြူနစ်နဲ့ ပတ်သက်တာ၊ ဒီအပေါ်မှာ ကွန်မြူနစ်ဇင်နဲ့ ပတ်သက်တာ မြှောက်ထိုးပင့်ကော် လုပ်တာတော့ မပါဘူး။ အဲဒီတော့ ခုန မေးလိုက်တဲ့ မေးခွန်းဘာလို့ ကျသွားလဲ။ ဟုတ်လား ... အမှန်တကယ် ကျသွားတာ မဟုတ်ဘူးဗျ။ မကျဘူး။ ဆိုပါတော့ ... ၈၈ ဖြစ်တယ်။ ၈၈ အထိအောင်။ ဒီနှစ်ုက အပြိုင်ပဲ။ ရှစ်ထောင် ... ရှစ်ထောင် ရှိတယ်။ မဟေသီက ရှစ်ထောင်၊ ပေဖူးလွှာက ရှစ်ထောင် အဲဒီလို သွားနေတယ်။ သွားနေရင်းနဲ့ ဘာလို့ ပြိုကွဲသွားတယ်။ ပေဖူးလွှာမှာ ပြိုကွဲသွားတယ်။ ၈၈ မတိုင်ခင် ကတည်းက ကျွန်တော်တို့ ပေဖူးလွှာ စားပွဲဟာ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ အမြဲလုပ်လေ့ရှိတယ်။
ကျွန်တော်တို့စားပွဲမှာ ဘယ်သူတွေ ရှိသလဲဆိုရင် စာရေးဆရာမောင်သော်က ရှိတယ်။ လေထီး ဦးအုန်းမောင်ရှိတယ်။ အထောက်တော်လှအောင် ရှိတယ်။ လင်းယုန်မောင်မောင် ရှိတယ်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ရှိတယ်။ ကျွန်တော်တို့က ဒီမှာ ညနေ အလုပ်သိမ်းပြီဆိုရင် စကားဝိုင်းလေးတွေ၊ အယ်ဒီတာ စားပွဲဝိုင်းမှာရှိတယ်။ အဲဒီလိုပဲ လောကနတ်မှာလည်း ရှိတယ်။ အဲဒီလိုပဲ ၃၇ လမ်းက ဆရာအထောက်တော်လှအောင်ရဲ့ သတင်းမဂ္ဂဇင်းမှာလည်း နိုင်ငံရေးဆွေး နွေးပွဲတွေရှိတယ်။ ကျွန်တော်က အဲဒီအချိန်က သတင်းမဂ္ဂဇင်းမှာ ညပိုင်း အယ်ဒီတာ လုပ်ရတယ်။ ဆိုတော့ ... ဒီဟာလေး က သူ့ဟာသူ စီးမျောနေတာပေါ့။ ခုနက ဒီစားပွဲဝိုင်းမှာ စကားပြောကြားတဲ့အထဲက မောင်သော်က ကနေပြီးတော့ လောကနတ် မှာ ရှိတဲ့ တပ်မှူးဟောင်းတွေရဲ့ စကားဝိုင်းကို ရောက်တယ်။ အဲဒီမှာ ဆွေးနွေးကြတယ်။ အဲဒီလိုပဲ မောင်သော်က ကနေပြီးတော့ အဲဒီစကားဝိုင်းက ဟာတွေ ဘယ်ယူသွားသလဲ ဆိုတော့ အထောက်တော်လှအောင်ရဲ့ ၃၇ လမ်းက သတင်းမဂ္ဂဇင်းတိုက် ကို ရောက်တယ်။ သတင်းမဂ္ဂဇင်း တိုက်မှာ ဘယ်သူတွေ ရှိသလဲဆိုရင် ဆရာဦးဝင်းတင်ရှိတယ်။ ဆရာ ဦးဖေသိန်း ရှိတယ်။ ဆရာလင်းယုန် မောင်မောင်ရှိတယ်။ ဆရာမောင်ကိုယုရှိတယ်။ ဆရာတင်မောင်မြင့် ရှိတယ်။ ဆရာမြတ်ငြိမ်းရှိတယ်။ မောင် အောင်မွန်ရှိတယ်။ သူတို့တွေ ရှိကြတယ်။ ဆိုတော့ ဒီဟာတွေက အမြဲ လုပ်နေတယ်။ ဒီ Discussion တွေက အမြဲ လည်နေတယ်။ ဒါ လူမသိတဲ့ကိစ္စ၊ ကျွန်တော်တို့ပဲ သိတဲ့ကိစ္စ။
အဲဒီလို နိုင်ငံရေး ဆွေးနွေးပွဲတွေက အမြဲရှိတယ်။ နိုင်ငံရေး အခြေအနေသုံးသပ်တာရှိတယ်။ နိုင်ငံရေး အခြေအနေ ရှေ့အလားအလာတွေကို အဲဒီအချိန်တွေတုန်းက ဘာဖြစ်နိုင်တယ်။ ဘာဖြစ်မယ် ဆိုတာ မျက်မမြင် ဆင်စမ်း ပြောကြတုန်းပဲရှိတယ်။ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင် သေးဘူး။ ဟိုမှာ တပ်မှူးကြီးဟောင်းများမှာလည်း တပ်မှူးကြီးတွေ ပါတာကိုး။ ဓမ္မိကဦးဘသန်းတို့ရှိတယ်။ သူတို့ဆီက သတင်းတွေက အထောက်တော်လှအောင်တို့ဆီရောက်၊ အထောက်တော်လှအောင်တို့ဆီက သတင်းတွေက ကျွန်တော်တို့ဆီရောက်၊ ကျွန်တော်တို့ဆီက သတင်းတွေက လောကနတ်ဆီရောက်။ ဆိုတော့ ... ပေဖူးလွှာရယ်၊ သတင်းမဂ္ဂဇင်း ရယ်၊ လောကနတ် ရယ် ဒီသုံးခုက ဒီလိုမျိုး လည်နေတာ။ အဲဒီလို သွားနေကြရင်းနဲ့ ဘာဖြစ်တာလဲ ဆိုတော့ ၈၈ ဖြစ်ခါနီးမှာ ကျွန်တော်တို့ဆီက ပိုပြီးတော့ Movement တွေ များလာတယ်။
ပေဖူးလွှာကနေပြီးတော့ လှုံ့ဆော်တဲ့ စာတွေ အများကြီး ထွက်ခဲ့ဖူးတယ်။ ဆရာမောင်သော်ကကိုယ်တိုင် ဒီဟာတွေ ကို Slogan ရေးတယ်၊ ထုတ်တယ်၊ ဖြန့်တယ်။ ဒီဟာတွေ ကျွန်တော်တို့ လုပ်ခဲ့ကြတယ်။ ၈၈ စတော့ စာပေနဲ့ အနုပညာရှင်များအဖွဲ့ကို ကျွန်တော်တို့ပဲ ပထမဆုံး စဖွဲ့တယ်။ ဘကြီးမိုး (မောင်မိုးသူ)၊ မောင်သော်က၊ ဦးတင်စိုး၊ ဦးဝင်းတင် စသဖြင့် ဦးဆောင်ပေါ့။ ကျွန်တော်တို့ပဲ စပြီး Run ကြတယ်။ စံပယ်ဦး ဦးတင်စိုးဆီမှာ ဘေ့စ် Base လုပ်ပြီးတော့ ကျွန်တော်တို့စပြီး လက်မှတ်ထိုးကြတယ်။ စာရေးဆရာတွေ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ဖို့ဆိုပြီး ကျွန်တော်တို့ စပြီး စာထုတ်ကြတယ်။ အဲဒါ ၁၉၈၈၊ သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်တယ်။ ၉ ရက်နေ့မှာ ထုတ်တာ က ဒေါက်တာခင်ဆင့်တို့ ဆရာဝန်များအသင်းက ထုတ်တယ်။ ၁၀ ရက်နေ့မှာ ရှေ့နေများအသင်းက ထုတ်တယ်။ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ စာပေအနုပညာရှင်များအဖွဲ့က ထုတ်တယ်။
ဆိုတော့ ... အဲဒီ Movement ထဲမှာ ကျွန်တော်တို့ အကုန်ပါသွားတယ်။ ပေဖူးလွှာမှာ ဘယ်သူတွေ ကျန်ခဲ့သလဲ ဆိုတော့ ဆရာမောင်မြင့်မြတ် ကျန်ခဲ့တယ်။ ဖျာပုံနီလုံဦး (ဦးအောင်မြင့်) ကျန်တယ်။ မောင်သုခ ကျန်တယ်။ ကျန်တဲ့ အယ်ဒိတာ တစ်ယောက် ကျန်တယ်။ ကျွန်တော် မရှိဘူး။ ကျွန်တော် မရှိတော့ ဘာဖြစ် သလဲဆိုတဲ့အခါကျတော့ ကျွန်တော် အဲဒီအချိန်မှာ NLD မှာ ပြန်ကြားရေးဌာန မျတ်တမ်းလွှာအဖွဲ့မှာ အုပ် ချုပ်ရေးတာဝန်ခံ လုပ်နေတယ်။ Volunteer ပေါ့။ ကျွန်တော်နဲ့အတူ ဆရာမ မသီတာရှိတယ်။ တက္ကသိုလ် အေးမြင့်၊ မြင့်မောင်ကျော်ရှိတယ်။ ကိုမြားနီ ရှိတယ်။ အားလုံးပေါင်း ၁၇ ယောက်ပေါ့။ စာပေနဲ့ အနုပညာရှင် အဖွဲ့က ၀င်လုပ်ကြတယ်။ ၈၈ မှာ စုပေါင်းလှုပ်ရှား ရုန်းကန်ခဲ့တဲ့ စာပေနဲ့ အနုပညာရှင်အဖွဲ့က ၁၇ ယောက် အဲဒီမှာ သွားပြီး အလုပ်လုပ်တယ်။
ဆိုတော့ ... လကုန်တဲ့အခါကျတော့ ကျွန်တော် တိုက်မှာ သွားပြီး လခ ထုတ်တယ်။ လခ မရဘူး။ လခ မရဘူး ဆိုရင်တော့ မဖြစ်ဘူး။ ကျွန်တော် လခရမှ ဖြစ်မယ်။ ကျွန်တော် ဒါက တာဝန်အနေနဲ့ သွားတာ။ ပေဖူးလွှာ က တာဝန်အနေနဲ့ သွားတာပေါ့။ နောက်တော့ လခပေးလိုက်ပါတယ်။ အဲဒီတုန်းက အန်ကယ်ဦးမြလှိုင် မရှိဘူး။ အမေရိက သွားနေတယ်။ နောက် အန်ကယ် ဦးမြလှိုင် ပြန်ရောက် လာတယ်။ ရောက်တော့ ကျွန်တော့်ကို ခေါ်တယ်။ မင်း ပါတီထဲမှာ အလုပ်လုပ်နေတာလားတဲ့။ ဟုတ်တယ်။ ကျွန်တော် လုပ်နေတယ်။ မင်း နိုင်ငံရေး မလုပ်ပါနဲ့တဲ့။ ကျွန်တော် အံ့သြသွားတယ်။ မင်း NLD မှာ လုပ်နေတယ်။ နိုင်ငံရေး မလုပ်ပါနဲ့တဲ့။ ဘာဖြစ်လို့လဲ အန်ကယ်လို့ မေးတော့ မင်း နိုင်ငံရေး မလုပ်ပါနဲ့၊ မင်း ဒုက္ခရောက် မယ်တဲ့။ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ကျွန်တော်က တစ်လျှောက်လုံး မှာ ရန်ကုန်ဘဆွေ၊ အန်ကယ် ဦးမြလှိုင်တို့ရဲ့ နိုင်ငံရေးစာအုပ်တွေ ဖတ်လာတာ။ ဆရာ ဦးမြလှိုင်ဆိုရင် ''တော်လှန်ရေး ၀တ္ထုတို့ရဲ့ နိုင်ငံရေး စာအုပ်တွေ ဖတ်လာတာ။ ဆရာ ဦးမြလှိုင်ဆိုရင် ''တော်လှန်ရေး ၀တ္ထုတိုများ''ဆိုပြီး အမျိုးသား စာပေဆုရခဲ့တာ။
''ဘ၀နေ၀င်ချိန်''ဆိုရင် ကျွန်တော်တို့ အမြဲ ဖတ်ခဲ့တာ။ ကျွန်တော်ကိုယ်တိုင်ပဲ ရှုမ၀ကို စာမူသွား သွားပေးရတာ။ ကျွန်တော်ဖတ်ပြီးမှ အယ်ဒီတာအဖွဲ့ ဖတ်ရသလိုမျိုး။ သူကိုယ်တိုင်လည်း နိုင်ငံရေး ဆိုတာ လုပ်ကိုလုပ်ရမယ့် အလုပ်အဖြစ် မြိန်ရေရှက်ရေ အသိပညာပေးခဲ့ပြီးပြီး။ ရန်ကုန်ဘဆွေ ဆိုရင် ''တိုက်ယူရတဲ့ မျက်ရည်တစ်ပေါက်''တို့၊ ''သေသော်မှာတည့် သြော် ကောင်း၏'' တို့၊ ဒါတွေ ကျွန်တော်တို့ ဖတ်ခဲ့ရတာတွေ အများကြီးပဲ။ အဲဒီတော့ ကျွန်တော် အံ့သြသွားတယ်။ ကျွန်တော် အဲဒါတွေ ဖတ်ပြီးမှ နိုင်ငံရေးလုပ်တာ။ အေး၊ မင်းဖတ်တော့ ဖတ်ပါ၊ နိုင်ငံရေးတော့ မလုပ်ပါနဲပါနဲ့တဲ့။ သူ့ဆီ ပြန်လာတဲ့။ ကျွန်တော် ချက်ချင်းမဖြေဘဲ စဉ်းတော့ စဉ်းစားသေးတယ်။ ကျွန်တော် လုပ်လက် စတွေမပြတ်သေး ဘူးဆိုပြီး ပြန်လာခဲ့တယ်။ ကျွန်တော် သူ့ဆီ မပြန်ပါဘူး။
ကျွန်တော် NLD က ကိစ္စတွေ ဆက် လုပ်တယ်။ တစ်ရက်ကျတော့ ကျွန်တော့်ကို ခေါ်တယ်။ ပြီးတော့ မင်း ပြန်လာမှာလားတဲ့။ ဒီမှာ အလုပ်လုပ် ရတာ အဆင်မပြေဘူးတဲ့။ ဆိုတော့ ... ကျွန်တော် ပြန်လာမယ်၊ အဲဒီက တာဝန်ခံအယ်ဒီတာ ကိုမြင့်မြတ်နဲ့ အုပ်ချုပ်ရေးမှူး ကိုဝင်းနိုင်ကို ထုတ်ပေး ရင် ပြန်လာမယ်။ ကြားထဲမှာ ဆက်ဆံရေးအဆင်မပြေတာလေးတွေ ရှိတာကိုး။ သူတို့ကို ထုတ်ပေး၊ ပြန်လာမယ်လို့ ကျွန်တော် တောင်းဆိုလိုက်တယ်။ အေး ... ကိုယ် Meeting ခေါ်လိုက်မယ်တဲ့။ ကျွန်တော် မပါဘဲ သူတို့ Meeting ခေါ်ပြီးတော့ ကန့်ကွက်သူမရှိ၊ ကျွန်တော် မပါလည်း လုပ်လို့ရတယ် ဆိုပြီး ကျွန်တော့်ကို ဖြုတ်ချလိုက်တယ်။ ကျွန်တော့်ဆီ အကြောင်းကြားစာ ရောက်လာတယ်။ ကျွန်တော့် ကို အလုပ်က အနားပေးပြီဆိုတဲ့စာ။
အဲဒီမှာ တဖြည်းဖြည်းနဲ့ ပြုတ်ကျလာတယ်။ ဆိုတော့ ... ကျွန်တော် တစ်ယောက်တည်းကြောင့် တော့ မဟုတ်ဘူး။ ကျွန်တော် မရှိတော့တဲ့အခါ ကျွန်တော်နဲ့ ဆက်နွယ်ပြီး ရေးနေကြတဲ့၊ ပင်တိုင်ရေးနေတဲ့ စာရေးဆရာတွေ ကို ပညာပြတယ်။ စာမူ ဘယ်နေ့ ပေးရမယ်တို့ ဘာတို့ ပြောလာတယ်။ အမှန်က ပညာပြ တာတော့ မဟုတ်ဘူး။ သူတို့ မကိုင်တွယ်တတ်တော့ဘူး။ စာရေးဆရာတွေ ကတော့ ပြောတာပေါ့။ သူတို့ကို ပညာပြတယ်ပေါ့။ အမှန်တော့ ဒီဥစ္စာကို သူတို့ မလုပ်တတ်တော့ဘူး။ ဒီအတတ်ပညာ ကို သူတို့ မလုပ်တတ် ဘူး။ အဲဒါတွေ တစ်လျှောက်လုံးက ကျွန်တော် ပဲ ဖောင်ကိုင်လာခဲ့တဲ့ အခါကျတော့ ကျွန်တော့်အောက်မှာ '' ကိုမြင့်အောင်'' ဆိုတာ တစ်ယောက် ရှိပါတယ်။ သူက ကျွန်တော့်လောက် မလှည့်တတ်ဘူး။ မကိုင်တတ်ဘူး။ ဆိုပါတော့ဗျာ .... ဒါ မရရင် ဟိုဟာ၊ ဟိုဟာ မရရင် ဒီဟာ ဆိုပြီး ကျွန်တော်တို့မှာ ထိန်းထားရတာတွေရှိတယ်။ စာစီ၊ ပုံနှိပ်သမားကို ထိန်းထား တာ ရှိတယ်။ ပုံနှိပ်စက် အမြဲ လည်နေအောင်။
ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com1tag:blogger.com,1999:blog-3747304422565905705.post-58472922736197116122013-11-21T04:03:00.000-06:002015-09-10T04:47:09.221-05:00မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၆)
ကျွန်တော် တို့က အဲဒီလိုမျိုး ဆန်ခါစိပ်စိပ်နဲ့ တိုက်တဲ့အတွက် ရွှေအသစ်လို့
တင်ပေးလိုက်တဲ့ ကလောင်သစ်က ဒေါင်ဒေါင်မြည်တာတော့ အမှန်ပဲ။ ကျွန်တော်တို့
တင်ပေးလိုက် တဲ့ ရွှေအသစ် တော်တော် များများ တခြားမဂ္ဂဇင်းတွေမှာ ၀င်ရေးနေတာ။
နေရာ ရနေတာ တွေ့ရတဲ့အတွက် ၀မ်းသာတယ်။ ကိုယ့်သား သမီးတွေလိုပဲ။ သို့သော်
ကျွန်တော် တင်ပေးလိုက်တဲ့ တချို့ ကလောင်သစ်တွေက တခြားမဂ္ဂဇင်းက ဖွင့် ထားတဲ့
အသစ်ကဏ္ဍမှာ ၀င်ရေးတာတော့ ကျွန်တော်မကြိုက်ဘူး။ ရွှေမှာ အသစ်အဖြစ် ၂ ခါ
ပါပြီး ရိုးရိုး ၀တ္ထုတွေမှာ ၀င်ရေးနေပြီး တခြားမှာ အသစ်အဖြစ်
ဝင်ရေးနေတာတော့ ကျွန်တော် မကြိုက်ဘူး။
စာတည်း။ ။ ဟုတ်ကဲ့၊ ဆရာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကို ဆက်ဖတ်ရန် .....
ဆရာမျိုးမြင့်ညိမ်း
(၂၀၁၀ ခုနှစ်)
မြန်မာနိုင်ငံရဲ့ အယ်ဒီတာလောကမှ ဘ၀တစ်လျှောက်လုံး အယ်ဒီတာဘ၀နဲ့ ဖြတ်သန်းကြသူတွေ ရှားပါးပါ တယ်။ အဲဒီရှားပါးတဲ့အထဲက တစ်ယောက်ဖြစ်တဲ့ ဆရာမျိုးမြင့်ညိမ်းကို ဘ၀ဖြတ်သန်းမှု ပုံရိပ်တွေ အင်တာ ဗျူးဖို့အတွက် ကျွန်တော် ပြင်ဆင် လေ့လာခဲ့ချိန်မှာ အင်တာနက် စာမျက်နှာတွေထဲမှာရော မဂ္ဂဇင်း စာမျက် နှာတွေထက်မှာပါ ဆရာနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ တွေ့ခဲ့ ရပါတယ်။ ကျေနပ်စရာ ကောင်းတာက ဆရာဟာ စာအင်မတန်ဖတ်တယ်၊ ထူးထူးကဲကဲကို စာဖတ်ဝါသနာ ပါတယ်လို့ သိရတဲ့ အတွက် ကျွန်တော်တို့အဖို့ ဗဟုသုတများစွာ ရတော့မှာဖြစ်လို့ ဝမ်းသာမိပါတယ်။
ဆရာ့ကို ၁၉၅၂၊ ဇွန် ၂၈ ရက်နေ့ မွေးဖွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ်ကတည်းက အလုပ်သင်အယ်ဒီတာ ဘ၀နဲ့ စာပေနယ်မှာ ကျင်လည်ခဲ့တာ အခုဆိုရင် အနှစ် ၃၀ ကျော် အယ်ဒီတာ အတွေ့အကြုံရှိနေသူဖြစ်ပါ တယ်။ ဆရာနဲ့ အင်တာဗျူးတဲ့အခါမှာ ခိုင်မာပြတ်သားတဲ့ စကားလုံးတွေ၊ ဟာသပါတဲ့ အဖြစ်အပျက်တွေ၊ အမှန်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ ၈၈ သမိုင်းကြောင်းတွေ၊ အကျဉ်းစံကာလ မှတ်သား စရာတွေ၊ နိမ့်တုံ မြင့်တုံ လောကဓံ လှိုင်းတွေကို သေသေချာချာ ရှင်းလင်း ပြောပြသွားခဲ့တဲ့အတွက် စာဖတ်ပရိသတ်များအနေနဲ့ သိသင့်သိထိုက်တဲ့ သမိုင်းကြောင်းတွေ အများကြီး သိရမှာပါ။
ဆရာ့ရဲ့ စေတနာစကားတွေမတွက် ကျေးဇူးများစွာတင်ရှိပါကြောင်း အမှတ်တရ ပြောကြားရင်း ဆရာ့ရဲ့ အင်တာဗျူးကို တင်ဆက်ပေးလိုက်ပါတယ်။
စာတည်း။  ။ မင်္ဂလာပါဆရာ။
ဆရာနဲ့ ပတ်သက်ပြီး ငယ်ဘ၀ပုံရိပ်တွေ အရင်ဆုံးမေးခွင့်ပြုပါ ဆရာ။ ဆရာ ငယ်စဉ်က မန္တလေးကနေ မိဘတွေနဲ့အတူ ရန်ကုန်ကို လိုက်လာဖြစ်တယ် ဆိုတာကို ဆရာ့အစ်ကို ဆရာဥိးဝင်းငြိမ်းနဲ့ အင်တာဗျူးတုန်း က သိခဲ့ရပါတယ်။ အဲဒီတုန်းက အဖြစ်အပျက်လေးတွေ ဆရာ မှတ်မိ သလောက် ပြန်ပြော ပြပေးပါဦး။ ဆရာ ကျောင်းနေစဉ်က အကြောင်းလေးတွေပါ ပြောပြပေးပါဦးဆရာ။
ဆရာမျိုးမြင့်ညိမ်း။  ။ ဟုတ်ကဲ့။ ... အချိန် ဘယ်လောက်လောက် ကြာမလဲ။
စာတည်း။  ။ ဒီနေ့လား ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ မဟုတ်ဘူး။ အားလုံး Total မေးတာ။
စာတည်း။  ။ Total ကတော့ ဆရာ ပြောသလောက်ပဲ။ ကျွန်တော် အားလုံးပေါင်း မေးခွန်း ၂၅ ခု ထုတ်ထား တာပါ။
ဆရာမျိုးမြင့်ညိမ်း။  ။ ... ဆိုတော့၊ အဖေက အစိုးရ၀န်ထမ်းဆိုတော့ အဖေနယ်ပြောင်းတဲ့အခါ၊ မန္တလေး ကနေ ရန်ကုန်ကို ပြောင်းတယ်။ ကျွန်တော် တော်တော်ငယ်ပါသေးတယ်။ ကျွန်တော့်ကို မွေးတာ ၁၉၅၂၊ ဇွန်လ၊ ၂၈ ရက်နေ့။ ကျွန်တော့်ကို မွေးပြီး သိပ်မကြာခင်မှာပဲ တစ်နှစ်ကျော်ကျော်လောက်ဖြစ်မယ် ထင်တယ်။ ရန်ကုန်မှာ အားကစားနဲ့ ပတ်သက်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ ဖွဲ့တဲ့အခါမှာ ကျွန်တော့် အဖေ က လက်ဝှေ့နဲ့ပတ်သက်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးမှူးပေါ့။ ကျွန်တော် ဒီ ပါလာတယ်။ ကျွန်တော့် အထက်က ကိုဝင်းငြိမ်း၊ ကိုဆန်နီညိမ်း၊ ကိုရဲမြင့်ညိမ်းနဲ့ ကျွန်တော်က မန္တလေးမှာ မွေး တယ်။ အောက်က လေးယောက်က မာလာညိမ်း၊ စန္ဒာညိမ်း၊ နောက် ... ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်း၊ သူတို့လေးယောက် က ရန်ကုန်မှာ မွေးတာဆိုတော့ အားလုံး ရန်ကုန်မှာ ရောက်ပြီး တစ်ခါ ၁၉၆၃ မှာ ကျွန်တော့်အဖေ က မန္တလေးက တစ်ခါ ပြန်ပြောင်းရတယ်။
မန္တလေး ပြောင်းတဲ့အခါ ကျွန်တော်တို့ မန္တလေး ကို တစ်ခါ ပြန်ရောက်သွားတယ်။ တစ်အုပ်စုလုံး၊ တစ်မိသားစု လုံး၊ တစ်မိသားစုလုံး ပြန်ရောက်သွားတယ်။ ရောက်ပြီးတော့ မန္တလေး အ.ထ.က (၁၀)၊ အခု ခေါ်တာပေါ့။ ဟိုတုန်းကတော့ "ဒိုင်အိုဒီဇင် ဟိုက်စကူး" (Diocezin High Scholl)။ အရင် သီပေါမင်း နေခဲ့တဲ့ကျောင်း။ ဒေါက်တာမတ်စ်ခ် ထူထောင်ခဲ့တဲ့ကျောင်း။ အဲဒီမှာ ကျွန်တော် သုံးတန်း၊ လေးတန်း၊ ငါးတန်း နေခဲ့ရတြယ်။ အဖေက အဲဒီမှာ ၂ နှစ်လောက်ပဲ နေရပြီး ရန်ကုန် ပြောင်းတယ်။ ကျွန်တော်တို့ မိသားစု မန္တလေးမှာ ကျန်ခဲ့တယ်။ တစ်ခါ ... ၁၉၆၅ ခုမှာ ရန်ကုန် ပြောင်းရတယ်။ အဲဒီကနေ ရန်ကုန် မှာ နေဖြစ်ခဲ့တာ အခုထိပဲ။ ရန်ကုန်မှာ ၁၉၆၅၊ ကျောင်းတွေ ပြည်သူပိုင် သိမ်းတဲ့နှစ် ဆိုတော့ အ.ထ.က (၆)ဗိုလ်တထောင်၊ စိန့်ပေါလ်မှာ ကျွန်တော် ကျောင်းနေတယ်။ အဲဒီကနေ ပြီးတော့ ဆယ်တန်းအထိနေပြီး ဆယ်တန်းအောင်တော့ ၁၉၇၄။ အောင်ပြီးတော့ ရန်ကုန်မှာ ပထမဆုံး၊ ဖွင့်ခဲ့တဲ့၊ တစ်ကြိမ် ပဲ ဖွင့်ခဲ့တဲ့ "သဘာဝသိပ္ပံ တက္ကသိုလ်"။
အဲဒီမှာ ပထမနှစ် ကျွန်တော် တက်တယ်။ အဲဒီ ကျောင်းက မြန်မာပြည်မှာ တစ်ကြိမ်ပဲ ဖွင့်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်နဲ့ အတူ တက္ကသိုလ်အေးမြင့် (ဓာတ်ပုံ)၊ နောက် သူ့အမျိုးသမီး၊ မိတ်ကပ်နုနုယဉ်၊ ဓာတ်ပုံ စိုင်းဘုဏ်းထူး နဲ့ သူ့ဇနီး ဖြူဖြူညွန့်တို့နဲ့ ကျောင်းနေခဲ့ကြ တယ်။
ဆယ်တန်း အောင်ပြီးတော့ ကျွန်တော် အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျတဲ့အတွက် ဗိုလ်တထောင် လုပ်သားများကောလိပ်မှာ ပြောင်းတတ်တယ်။ ကောလိပ်မှာ ကျွန်တော် ရှုပဗေဒ အဓိက။ ဘွဲ့ရတာ ၁၉၇၉ မှာ ဘွဲ့ရတယ်။ ဘွဲ့ရဖို့ ၅ နှစ် တက်ရတယ်။ B.Sc(Physics)နဲ့ ကျွန်တော် ဘွဲ့ရခဲ့တယ်။
အဲဒီလုပ်သားကောလိပ်မှာ တက်နေတဲ့ ကာလမှာပဲ ၁၉၇၇-၇၈ လောက်မှာ စစ်ပြန်မဂ္ဂဇင်းက စပြီး ထူထောင်တယ်။ ကျွန်တော့်ဆရာ ဦးမြလှိုင်၊ ဗိုလ်မှူးကြီး စောမြင့်၊ သူတို့ ဦးစီးပြီး ထူထောင်တာပေါ့။ အဲဒီမှာ ကျွန်တော့်ကို အလုပ်သင်အယ်ဒီတာအဖြစ် ဆရာဦးမြလှိုင် က ခေါ်ထားတာ။ အဲဒီမှာ စပြီးတော့ ဒီပုံနှိပ်လောက နဲ့ မဂ္ဂဇင်းလောကထဲကို ထဲထဲဝင်ဝင် ရောက်တယ်။ အဲဒီမှာတော့ အကုန်ပေါ့ဗျာ။ အလုပ်သင် အယ်ဒီတာ ဆိုပေမယ့် တောက်တိုမည်ရတွေပါ အကုန်လုပ်ရပါတယ်။ ကျွန်တော်နဲ့အတူ ကိုသုခပေါ့။ အခု ပြည်သူ့ခေတ်ဂျာနယ်မှာ တိုက်အုပ် လုပ်နေတဲ့သူ။ သူနဲ့ ကျွန်တော် အလုပ်သင်အဖြစ် အတူတူ လုပ် ရပါတယ်။ ကျွန်တော်တို့ အထက်မှာ ဆရာ ဦးခင်မောင်မြင့်၊ မဟေသီ ဦးခင်မောင်မြင့်ပါ။ အခုတော့ ဆုံးသွားပါပြီ။ နောက် ... ဆရာ ဦးအောင်မြင့်(ဖျာပုံနီလုံဦး)ပေါ့။
နောက် ... တခြား အလုပ်သင် အယ်ဒီတာတွေလည်းရှိတယ်။ ဒီထဲမှာ စွဲစွဲမြဲမြဲ ကျန်ခဲ့တာက ဦးခင်မောင်မြင့်၊ ကိုသုခ၊ ကိုအောင်မြင့်၊ ကျွန်တော်ပဲ ကျန်ခဲ့တာ။ ဦးမြလှိုင် လက်ထွက်တွေပေါ့။ ဒီလေးယောက်ကတော့ တစ်လျှောက်လုံး မဂ္ဂဇင်း အယ်ဒီတာတွေအဖြစ်ပဲ ရှိနေခဲ့ကြပါတယ်။ အခုချိန်အထိ ကျွန်တော်နဲ့ ကိုသုခ က မဂ္ဂဇင်း အယ်ဒီတာတွေ အဖြစ် ရှိနေသေးတယ်။ ဦးခင်မောင်မြင့်က ဆုံးသွားပြီး။ ကိုအောင်မြင့် ကတော့ နိုင်ငံရေးနယ်မှာရှိနေတယ်။ စစ်ပြန်မဂ္ဂဇင်းက အဲဒီတုန်းက အခါအားလျော်စွာ ထုတ်တဲ့ မဂ္ဂဇင်းပဲ ရှိသေးတယ်။ တင်ထုတ်မဂ္ဂဇင်းပေါ့။ မဂ္ဂဇင်းကို မထုတ်ခင်မှာတင်၊ တင်ပြီး ခွင့်ပြုချက်ရမှ ပုံနှိပ်ပြီး ထုတ်တဲ့ မဂ္ဂဇင်း။ အဲဒီကာလကရှိတဲ့ မဂ္ဂဇင်း တွေပေါ့။
စစ်ပြန် စစ်မှုထမ်းဟောင်းများအဖွဲ့က အဲဒီကာလကစပြီး ဖွဲ့တဲ့အချိန်၊ စစ်ပြန် စစ်မှုထမ်းဟောင်း များအဖွဲ့က မဂ္ဂဇင်း ထုတ်မယ် ဆိုပြီးတော့ စစ်မှုထမ်းစာရေးဆရာကြီးတွေက ဦးဆောင်ပြီး လုပ်တဲ့ မဂ္ဂဇင်း၊ ဗိုလ်မှူးကြီး ဟောမြင့် ပါတယ်။ ဦးမြလှိုင် ပါတယ်။ အဓိက လုပ်ရတဲ့ နာယက အယ်ဒီတာချုပ်တွေပေါ့။ ကျွန် တော်တို့က အလုပ်သင်အယ်ဒီတာအဖြစ်နဲ့ သွားရတယ်။ အဲဒါ ပထမဆုံး မဂ္ဂဇင်း အယ်ဒီတာအဖြစ် လုပ်ရတဲ့ အလုပ်ပါ။
စာတည်း။  ။ ဆရာ့ဖေဖေ ကျားဘညိမ်းနဲ့ ဆရာ လက်ဝှေ့နယ်မှာ ၀င်ဖူးတယ်လို့လည်း ဖတ်ရတယ်။ အဲဒီလက်ဝှေ့လောက အတွေ့အကြုံလေးတွေ မှတ်မိသလောက် ပြောပြပေးပါဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ ကျွန်တော်တို့ ညီအစ်ကိုတွေက ငယ်ငယ်ကတည်းက လက်ဝှေ့လောကနဲ့ မဝေးဘူးပေါ့။ လက်ဝှေ့ကြိုးဝိုင်းဘေးမှာ မွေးပြီး ကြိုးဝိုင်းဘေးမှာ နေခဲ့ရတယ်။ တကယ်လည်း လက်ဝှေ့ ကြိုးဝိုင်းဘေး မှာနေခဲ့ရပါတယ်။ လက်ဝှေ့ကြိုးဝိုင်းဘေးမှာပဲ စား၊ အိပ်၊ ကျွန်တော်တို့ နေခဲ့ရဖူးတယ်။ အဖေက ရန်ကုန်မှာ ခဏတစ်ဖြုတ် နေရတဲ့ ကာလတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါက ၁၉၅၈ ... ၅၉ လောက်ဖြစ် မယ်။ သိပ်တော့ မမှတ်မိပေမယ့် တကယ်ကို လက်ဝှေ့ကြိုးဝိုင်းနံဘေးမှာ နေခဲ့ရဖူးပါတယ်။ လက်ဝှေ့ဆို တာကျွန်တော် တို့အတွက် သိပ်မစိမ်းဘူး။ ငယ်ငယ်ကတည်းက ယဉ်ပါးခဲ့ဖူးတော့ ထိုးတယ်၊ ကြိတ်တယ်ဆို တာ ကျွန်တော်တို့အတွက် သိပ်မထူးဆန်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင်ဖူးနေတာ။ ကျွန်တော်တို့ အဖေက ကျွန်တော်တို့နဲ့ ကစားတယ်ဆိုရင် အိမ်မှာ လက်ဝှေ့ထိုးပြီးပဲကစားတယ်။
လက်အိတ်စွပ်ပြီး သူ့ကို ထိုးခိုင်း၊ သူကရှောင်တိမ်းပြီး တစ်ချက်နှစ်ချက် ပါးတွေ ထိပ်တွေ ပုတ်လိုက်၊ ခေါင်းပုတ်လိုက်ပေါ့။ ကြောင် ကဝကက်ကို ကစားသလိုမျိုး ကစားတာ။ ကျွန်တော်တို့ ညီအစ်ကိုတွေရော၊ ညီမတွေရော လက်ဝှေ့ကောင်းကောင်းကစားတာ သိပ်တော်တယ်။ အဲဒီလိုပဲ ကျွန်တော် တို့ နေကြတဲ့အခါကျတော့ ကျွန်တော်တို့အတွက် ဘာမှ မဆန်းဘူး။ ငယ်ငယ်ကတည်းက ကျွန်တော် တို့ ညီအစ်ကိုတွေအားလုံး ဘောလုံးမကန်ဘူး၊ ဂျင်မပေါက်ဘူး၊ စွန် မလွှတ်တတ်ဘူး၊ ဂေါ်လီ မပစ်တတ်ဘူး။ သားရေကွင်း မပစ်တတ် ဘူး။ ကျွန်တော်တို့ ကစားစရာက လက်ဝှေ့ပဲရှိတယ်။
ဘာကြောင့် လည်း ဆိုတော့ အဖေက အဲဒီအချိန်က စာလည်း ရေးနေတဲ့ ကာလဖြစ်တော့ အိမ်မှာက စာအုပ်တွေ လည်း တအားများတယ်။ ငွေတာရီတို့၊ ရှုမ၀တို့ ရှိတယ်။ ၁၉၆၀ ၀န်းကျင်ကာလပေါ့။ စာအုပ်တွေ တော်တော်များများ ရှိတယ် ဆိုတော့ အိမ်မှာ စာဖတ်ရင် ဖတ်၊ ကျောင်းစာဖတ်၊ မဂ္ဂဇင်းဖတ်ရင် ဖတ်၊ အိမ်မှာ အဓိကစာဖတ်တာပေါ့။ အဖေကလည်း အားပေးတယ်။ အမေကလည်း စာဖတ်တယ်။ အမြဲ စာဖတ်တယ်။ အိမ်မှာ ကျွန်တော်တို့ ထောင့်တစ်ထောင့်စီမှာ တစ်ယောက်မဟုတ် တစ်ယောက် စာဖတ်နေ ကြတာချည်းပဲ။ အပြင်ထွက်ပြီး ဆော့တာ၊ ကစားတာ သိပ်မရှိဘူး။
ကျွန်တော်တို့ ၁၁၀ လမ်းမှာ နေကြတုန်းက ကျွန်တော် မှတ်မိတယ်။ အဲဒီတုန်းက ကျွန်တော် သုံးတန်းကျောင်းသားပဲရှိလိမ့်ဦးမယ်။ ကိုးနှစ်၊ ဆယ်နှစ်သားလောက်ဖြစ်မယ်။ အဲဒီတုန်းက ကစားလို့ရှိရင် ကျွန်တော် တို့က လက်ဝှေ့အိတ်ကိုင်ပြီးတော့ အိမ်ပေါ်က ဆင်းသွားပြီး ရွယ်တူတွေနဲ့ လက်ဝှေ့အိတ်စွပ်ပြီး ထိုးကြတာပဲ။ ပထမတော့ ရပ်ကွက်ထဲက အထူးအဆန်းဖြစ်ပြီး သူတို့သားတွေ လက်ဝှေ့ထိုးကြတယ် ဆိုပြီး သဘောကျကြတာပေါ့။ နောက် ကြာလာတဲ့အခါကျတော့ ဒီကလေးတွေက ကျွန်တော်တို့ ထိုးတဲ့ဒဏ် မခံ နိုင်တော့တဲ့ အခါ ကျွန်တော်တို့ လက်ဝှေ့အိတ်ကိုင်ပြီး ဆင်းလာတာနဲ့ သူတို့ မိဘတွေက ဖိုးထောင်ရေ ... လာ အိမ် လာခဲ့၊ စာကျက်၊ ဘာ ညာနဲ့ပေါ့ဗျာ။ ဟေ့ ... သံချောင်းရေ ပြန်လာခဲ့တော့ ... ဆိုတာမျိုး။ ကျွန်တော် တို့မှာ ကစားဖော်မရှိတော့ဘူး။ ကျွန်တော်တို့ လက်ဝှေ့အိတ်ကိုင်ပြီး ဆင်းလာတာနဲ့ လမ်းထဲက ကလေးတွေ က ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်ရော။
သူတို့ မိဘတွေက သူတို့ ကလေးတွေ နာမှာ စိုးတော့ ပေးမထိုးတော့ဘူး။ ကလေးတွေကတော့ ထိုးချင်တယ်။ ကျွန်တော် နာမည်တွေ မှတ်မိသေးတယ်။ ဖိုးထောင်တို့၊ သံချောင်းတို့။ လူတွေတော့ မမှတ်မိတော့ဘူး။ သူတို့ မရှိတော့ဘူး။ လူစုလို့မရတော့ဘူး ဆိုရင် ကျွန်တော်တို့ ညီအစ်ကိုချင်း ထိုးတယ်။ ကျွန်တော့် အထက် ကိုရဲနဲ့ ကျွန်တော် ဘက်ရှိတယ်။ ကျွန်တော့်ညီမ နှစ်ယောက်လည်း ဘက်ရှိတယ်။ ကျွန်တော့်ညီ အငယ်ဆုံး နှစ်ယောက်က ငယ်သေးတော့ မပါသေးဘူး။ ကျွန်တော် တို့ မောင်နှမ လေးယောက်ပေါ့။ ကိုဝင်းငြိမ်းနဲ့ ကိုဆန်နီက မန္တလေးမှာ နေကြတော့ မပါဘူး။ နောက်ပိုင်း ကျတော့မှ ကိုဆန်နီက ရန်ကုန် ရောက်လာတာ။
ကျွန်တော်တို့ အဲဒီလို ကစားကြတာ ဆိုတော့ အဲဒီလို နေရာကနေ မန္တလေးကို ပြန်ပြောင်းရတယ်။ ကျွန်တော်တို့ နေရာနဲ့ ဆွေမျိုးတွေ နေတဲ့ နေရာက နည်းနည်းဝေးတယ်။ ညီအစ်ကို မောင်နှမ ၀မ်းကွဲတွေ ရှိတဲ့နေရာက အခုအခေါ်ချမ်းအေးသာစံပေါ့။ ၈၃ လမ်းနားမှာ နေတာ။ ကျွန်တော်တို့ ဦးလေးနဲ့ ညီအစ်ကို ၀မ်းကွဲတွေနေတယ်။ အဲဒီမှာ သွားသွားကစားရတာ။ ကျွန်တော်တို့ နေတာက "မြို့ဂုဏ်ရောင်" ရုပ်ရှင်ရုံနား မှာ နေတာ။ မြို့ဂုဏ်ရောင်ကနေ အဲဒီကို တစ်မိုင်လောက် လမ်းလျှောက်ရတယ်။ ကလေးဘ၀က ကစားချင်တာ တစ်မိုင်လောက် လမ်းလျှောက်သွားရတယ်။ သူတို့က လက်ဝှေ့ကို ၀ါသနာမပါဘူး။ ကြက် တောင်ရိုက်တယ်။ ဘောလုံးကန်တယ်။ ခြံဝင်းနဲ့ဆိုတော့ စက်ဘီးစီးတယ်။ ဂီတာတီးတယ်။ စန္ဒရားတီးတယ်။ အဲဒီလိုမျိုးဆိုတော့ သူတို့က အနုပညာရှင်တွေ ဖြစ်နေတယ်။ ညီအစ်ကို တွေပါပဲ။ အစ်မ ရှိတယ်။ အစ်ကိုရှိတယ်။
အစ်မက စန္ဒရားတီးတယ်။ အစ်ကိုက အကော်ဒီယံတီးတယ်။ ညီနှစ်ယောက်က တစ်ယောက်က ဂီတာတီးတယ်၊ တစ်ယောက်က စန္ဒရား တီးတယ်။ ကျွန်တော်တို့နဲ့ သိပ်လိုက်လျောညီ ထွေမဖြစ်ဘူး။ သူတို့က အနုပညာသမားတွေ။ နေတာ ထိုင်တာက ကြော့ ကော့နေတယ်။ ကျွန်တော်တို့က ငတေပုံစံမျိုးတွေ။ အဲဒီတော့ ... ဟိုမှာ သိပ်ဆော့စရာမရှိဘူးပေါ့။ သူတို့နဲ့ ဆော့ရင်လည်း ဆော့ပေါ့။ မဆော့ရင် ကျွန်တော့် ဦးလေးက အဲဒီမှာ ပုံနှိပ်တိုက်ရှိတယ်။ ချစ်ညိုပုံနှိပ်တိုက်ဆိုတာ ဟိုတုန်းကတော့ နာမည်ကြီးပေါ့။ အဲဒီတုန်းက မန္တလေးမှာ လူထုနဲ့ ချစ်ညို ပုံနှိပ်တိုက်ကြီး နှစ်တိုက်ပဲရှိတယ်။ လူထုလောက် တော့ မကြီးဘူးပေါ့။ အဲဒီကာလက မြန်မာပြည်မှာ အကြီးဆုံး ပုံနှိပ်တိုက်ကြီးတွေပါ။ Pain Chain လို့ ခေါ်တဲ့ စက်တွေ။ လူထုတိုက်နဲ့ ကျွန်တော့် ဦးလေး တိုက်မှာပဲရှိတယ်။ ဆိုက်ကြီးတွေ ရိုက်တာ။ Double Crown တွေရိုက်တဲ့ စက်တွေပါ။
အဲဒီစက်ကြီးတွေ ထားတဲ့ ခြံဝင်းထဲမှာ စက်ကြီးက အကြီးကြီးရှိတဲ့အပြင် နောက်ထပ် စက်အသေးက ငါးလုံးလောက် ရှိတယ်။ နောက် ဓားစက်တွေရှိတယ်။ စာအုပ်ချုပ်တဲ့ နေရာရှိတယ်။ တစ်မိုး တည်းအောက်မှာပဲ အပြီးလုပ်တဲ့ နေရာတွေပေါ့။ ကျွန်တော်တို့ ရောက်သွားတဲ့အခါ စောစောက ဓားစက် ဖြတ်တဲ့ဘေးမှာ စက္ကူပုံတွေရှိတယ်။ စက္ကူဖြတ်စတွေထဲမှာ နပန်းလုံးတယ်။ တူတူပုန်းတယ် စသဖြင့်ပေါ့။ ကစားနည်းမျိုးစုံ ကစားကြတယ်။ အဲဒီကနေပြီးတော့ ဘာကို ကျွန်တော်သွားပြီး စိတ်ဝင်စား သလဲဆိုတော့ စာစီနေတဲ့သူတွေ၊ ခဲစာလုံးစာစီတာကို ကြည့်ပြီး ကျွန်တော်တို့က စာကို ဖတ်တတ်ခါစ ဆိုတော့ ဒီစာကို ပြောင်းပြန်စီတာကို ကြည့်ပြီး သဘောကျတယ်။ စိတ်ဝင်စားတယ်။ သူ ပြောင်းပြန်စီတာက ပုံနှိပ်စက်ထဲရောက်ရင် အတည့်ဖြစ်သွားတာကိုး။ သူတို့ စာပြောင်းပြန် ဘယ်လို ဖတ်သလဲဆိုတာ ကျွန်တော် စိတ်ဝင်စားသွားတယ်။ သူတို့ စာစီနေတဲ့ဘေးမှာ ရပ်ပြီး ကျွန်တော် ငေးကြည့်နေတယ်။ သူတို့ကို မေးလို့လည်း မဖြစ်ဘူး။ သူတို့ အလုပ်လုပ်နေတာမို့ မေးလည်း တစ်ခွန်းစ၊ နှစ်ခွန်းစပဲ ဖြေတယ်။ စိတ်ရှည် လက်ရှည် ရှင်းမပြဘူး။ ဒါကို ဘယ်လို လုပ်တာလဲဆိုတာ ကျွန်တော် နားလည်အောင် ဆိုပြီး အဲဒီကတည်း က စိတ်ဝင်စားခဲ့တယ်။
စာတည်း။  ။ သူတို့မှာ လင်္ကာရှိတယ် မဟုတ်လား ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ လင်္ကာတော့ မဟုတ်ဘူး။ သူတို့မှာ စာစီခွက်ရဲ့၊ အခုခေတ်လို ပြောရရင် လက်ကွက် ပေါ့။ ခ၊ ခုံ၊ ခု၊ ခံ ... ကျွန်တော် သိပ်တော့ မမှတ်မိဘူး။ အဲဒီလို အစဉ်လိုက်၊ အစဉ်လိုက် ဇယား ကွက်တွေ ရှိတယ်။ အခုတော့ ကျွန်တော် မေ့နေပြီ။ အရင်တုန်းက ကျွန်တ်ေလည်း ကျက်ခဲ့ဖူးတယ်။
ဆိုတော့ ... အဲဒါလေးတွေကို သူတို့က ရနေတော့ ဘယ်နား လှမ်းနှိုက်လိုက်၊ နှိုက်လိုက် လိုချင်တဲ့ စာလုံး ပါလာတယ်။ ကွမ်းတ၀ါးဝါး၊ စကားတပြောပြောနဲ့ စာစီနေတာ ကျွန်တော် သိပ်သဘောကျတယ်။ သူတို့ လစ်တာ နဲ့ သူတို့ ထမင်းစားချိန်၊ လက်ဖက်ရည်သောက်ချိန်မှာ ခဲစာလုံးတချို့ ကျွန်တော် ရအောင်ယူ ထားတယ်။ ယူပြီးတော့ ကိုယ့်ဟာကိုယ် လုပ်ကြည့်တယ်။ ကိုယ့်နာမည် ရအောင်စီကြည့်တယ်။ မရဘူး။ ကျွန်တော် လုပ်တာ အလွဲလွဲအချော်ချော် ဖြစ်ကုန်တယ်။ ဥပမာ ... ခခွေးနဲ့ ယပင့်က သီးခြားရှိတယ်။ ခခွေးနဲ့ နသတ် က သီးခြားရှိတယ်။ စာလုံးစီပုံစီနည်းတွေ ကျွန်တော်မှ မသိဘဲ။ ကျွန်တော် စီလို့မရဘူး။ စီလို့ရအောင် ကြိုးစားရင်း ကြိုးစားရင်းနဲ့ နောက်တော့ သဘောပေါက်လာတယ်။ စီလို့ရအောင် ကြိုးစားရင်း ကြိုးစားရင်း နဲ့ နောက်တော့ သဘောပေါက်လာတယ်။ ဒီစာစီတာ ဘယ်လိုလဲဆိုတာပေါ့။ သိလာတဲ့အခါ ကိုယ့် နာမည်ကို ပထမဆုံး ရအောင်စီကြည့်။
ကိုယ့်အတန်းနာမည်၊ ကိုယ့်ကျောင်းနာမည်ကို စီပြီး အဲဒါကို သားရေကွင်းနဲ့ချည်ပြီး၊ ရာဘာစီး သဘောမျိုး ကျွန်တော့်ကျောင်းစာအုပ် မှာ အဲဒါကို တံဆိပ်ရိုက်တယ်။ ကျွန်တော့် ကျောင်းစာအုပ်တွေဆိုရင် ခဲစာလုံးနဲ့ စီထား တဲ့ ကျွန်တော့်နာမည်၊ အတန်းနာမည်၊ ကျောင်း နာမည်တွေချည်းပဲ။
အဲဒီမှာ ကျွန်တော် ပုံနှိပ်တာကို စိတ်ဝင်စားလာတာ။ ပြီးတော့ စက္ကူလက်ထိုးစက် ဆိုတာလည်း ရှိ သေးတယ်။ အခုခေတ်လို အော်တိုမက်တစ် လေနဲ့စုပ်ပြီးတော့ စက်ထဲ ထိုးထည့်တဲ့ စက်မျိုးမဟုတ်ဘူး။ ဘယ်ဘက် လက် က စက်ထဲက စက္ကူကို ဆွဲထုတ်ပြီးလို့ရှိင် ညာဘက်လက်က စက္ကူကို စက်ထဲကို ထည့်ရ တယ်။ လက်နှစ်ဖက် က အဲဒီလိုမျိုး၊ ဒီဘက်က ထုတ်ရင် ဟိုဘက်ကထည့်၊ အဲဒီလို သွားနေရတယ်။ အဲဒါ ကျွန်တော် သဘောကျတယ်။ ကိုယ်ကလည်း စက်ဘီးနင်းတတ်ခါစကိုး။ ဒီတော့ စက်ရဲ့ သဘောတရားကို ကျွန်တော် နားလည်သွားတယ်။ ကိုယ်တိုင်တော့ ၀င်လုပ်ခွင့်မရပါဘူး။
နောက်တစ်ခု ကျွန်တော် မှတ်မိနေတာက ဒီခဲစာလုံးတွေ ချစ်တာကိုပါ။ ကျွန်တော်တို့ ငယ်ငယ် တုန်းက အခုခေတ်လို လေယာဉ်ပျံတို့၊ ဘာတို့ပေါ့လေ။ ဓာတ်ခဲနဲ့ လေယာဉ်ပျံတို့၊ ရီမုဒ်နဲ့ လေယာဉ်တို့ ကျွန်တော်တို့ ခေတ်တုန်းက မရှိဘူး။ ရေခဲခြစ်တုတ်လေးရဲ့ ထိပ်မှာ ကတ်ပြားနှစ်ခုနဲ့ ညှပ်ပြီးတော့ ရှေ့မှာ အလေးလေးတစ်ခု ထည့်ရတယ်ဗျ။ အဲဒီအလေးလေးက ကျွန်တော့်ဦးလေ ပုံနှိပ်တိုက်က နှိုက်နှိုက်လာတဲ့ ခဲစာလုံးလေးတွေဆို အရမ်းကို တန်ဖိုးရှိတယ်။ အဲဒီခဲစာလုံးတွေနဲ့ဆို အများကြီး အလုပ်ဖြစ်တယ်။ ကျွန်တော် အဲဒီခဲစာလုံးလေးတွေကို အခုထိ မှတ်မိနေသေးတယ်။ ခဲစာလုံးလေးတွေ မြင်တိုင်း သြော် ... ငါ ငယ်ငယ်တုန်း က ဦးလေးပုံနှိပ်တိုက်က ခဲစာလုံးလေးတွေ နှိုက်နှိုက်ပြီး လေယာဉ်ပျံ လုပ်ခဲ့ဖူးပါလားဆိုပြီး သွား သွား သတိရတယ်။ ခဲစာလုံးတွေကို အဲဒီလို ချစ်တယ်။ အဲဒီကတည်းက နေပြီးတော့ ပုံနှိပ်လုပ်ငန်းကို စိတ်ဝင်စား တယ်။
တကယ်ကို ထဲထဲဝင်ဝင် လေ့လာတယ်။ အဲဒီလို လေ့လာရင်းကနေ ကြုံရင်ံကြုံသလို လေ့လာရင်းနဲ့ အခု နောက်ဆုံးကျတော့ စာအုပ်တစ်အုပ်လုံးကို ကျွန်တော် Operate လုပ်နိုင်လာတယ်။ ပုံနှိပ်လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်လာတယ်။ ကျွမ်းကျင်သွားတဲ့ သဘော။ ဒီဟာကို ကျွန်တော် အရမ်း စိတ်ဝင်စားတာ ကိုး။ ပုံနှိပ်ထုတ်လုပ်ရေးလုပ်ငန်းကို စိတ်ဝင်စားတယ်။ အဲဒီလိုပဲ Art Work ကို စိတ် ၀င် စားတယ်။ ပိုပြီးတော့ လေ့လာတယ်။ ပြန်ကြည့်လို့ရှိရင် တွေ့မှာပါ။ ကျွန်တော် စစ်ပြန်၊ ပေဖူးလွှာ။ နောက် ... ရွှေအမြုတေတို့၊ teen တို့မှာ Art Work တွေက ကျွန်တော် လုပ်တာပါ။ ဒီ Art Work တွေကို ကျွန်တော် ကိုယ်တိုင်ပဲ Layout လုပ်တယ်။ ကွန်ပျူတာခေတ်မှာလည်း ကျွန်တော့် Assistant တွေကို သင် ပေးထားတယ်။ ကျွန်တော် Pass မလုပ်ဘဲနဲ့ ဒီဇိုင်းတွေကို ထုတ်လို့မရဘူး။ ဒါက ငယ်ဘ၀ကစလို့ ရခဲ့တဲ့ အတွေ့အကြုံတွေပေါ့။
ငယ်ဘ၀မှာ နောက်ထပ် ဘာတစ်ခု သွားသတိရသလဲဆိုတော့ စာဖတ်တာပေါ့။ အမေက အရမ်းစာ ဖတ်တယ်။ အဖေလည်း ဖတ်တယ်။ အမေက မြန်မာစာဖတ်ပြီး အဖေက အင်္ဂလိပ်စာဖတ်တယ်။ အဖေ့စာအုပ်ပုံကလည်း အဲဒီတုန်းက စာအုပ်ဗီရိုတွေ ဘာတွေ မရှိပါဘူး။ အိမ်မှာက ဗီရိုတို့၊ ဘာတို့နဲ့ စာအုပ် မထားနိုင်ဘူး။ စာအုပ်တွေကို ထင်းရှူးသေတ္တာပုံးတွေနဲ့ ထည့်ပြီး အဲဒါတွေ က နို့ဆီသေတ္တာ၊ နို့မှုန့်သေတ္တာ တွေ၊ ထင်းရှူးပုံးတွေပေါ့။ အဲဒါတွေနဲ့ စာအုပ်ထည့်ပြီး ထင်းရှူးပုံးတွေကို ဆင့် ထားတယ်။ အများကြီး ဆင့်ားရတယ်။ ကျွန်တော် မှတ်မိသလောက် သေတ္တာတွေ သုံးလေးဆယ်လောက် အနည်းဆုံး ရှိတယ်ဗျ။ ဒါက သေတ္တာနဲ့ ထည့်ထားတာတွေ။ သေတ္တာထဲ မထည့်ဘဲ အထပ်လိုက် ပုံထားတာတွေလည်း ရှိတယ်။ အဲဒီလိုပဲ အများကြီးပဲ။ ကျွန်တော့်အဖေက စာရေးတဲ့အခါကျလို့ရှိရင် သူက များသော အားဖြင့် လက်ဝှေ့ အကြောင်းတွေ ရေးတာ။ အဲဒီခေတ်က မြ၀တီတို့၊ ရှုမ၀တို့မှာ လက်ဝှေ့ဆောင်းပါးတွေ ရေးတယ်။ ဂျာနယ် တွေမှာလည်း ရေးတယ်။
သူက ရေးလို့ရှိရင် reference တွေ ရှာရတာဆိုတော့ ကျွန်ော့်ကို ရှာခိုင်းတယ်။ မင်းကွာ ... သေတ္တာထဲက ဘယ်စာအုပ်ထဲ မှာ ရှာစမ်းဆိုပြီးတော့ သူက မျက်နှာဖုံးပုံပဲ ပြောလိုက်တာ။ ''ရော့ဘီမာစီယာနိုး''၊ ဒါမှမဟုတ် ''ဖလွိုက်ပက်တာဆန်''၊ ဒါမှမဟုတ် ''မိုဟာမက်အလီ''။ ဘယ်သူနဲ့ ဘယ်သူနဲ့ ထိုးနေတဲ့ပုံကွာဆိုရင် ကျွန်တော် ရှာပေးရတယ်။ အဲဒါကို နှစ်တန်းကျောင်းသားလောက်ကတည်း ကလုပ်ပေးရတာမို့ ကျွန်တော် မှတ်မိနေတယ်။ နောက်တစ်ခု ကျွန်တော့် အဖေက စာရေးလို့ရှိရင် နည်းနည်း ခမ်းနားတယ်။ ခမ်းနားတယ် ဆိုတာ စားပွဲ၊ ကုလားထိုင်နဲ့ရေးတာကို ပြောတာ မဟုတ်ဘူး။
သူ့ရဲ့ Works ကို တော်တော်ကြီး ဂရုစိုက်လုပ်တယ်။ အဲဒီတုန်းက စာရေးစားပွဲတွေ ဘာတွေ ကျွန်တော်တို့ အိမ် မှာ မရှိဘူး။ ထမင်းစား စားပွဲကို ခင်းပြီးလို့ရှိရင် အဲဒီဘေးမှာ သူ လိုချင်တဲ့ စာအုပ်တွေ ကို ဖြန့်ချ ထားလိုက်တယ်။ ခေါက် ထား၊ မှောက်ထားပြီးလို့ရှိရင် ကျွန်တော် ဘေးမှာ စောင့်ကြည့်နေတာမို့ သိတယ်။ သူက စာရေးပြီဆိုရင် စာအရင်မရေးဘူး။ Illustration အရင်ရေးတာ။ ကျွန်တော့်အဖေက ပန်းချီလည်း ဆွဲတယ်လေ။ အဲဒီအခါ ကျတော့ ဆောင်းပါး သရုပ်ဖော်ပေါ့။ ဥပမာ - ဖလွိုက်ပက်တာဆန်အကြောင်းဆိုရင် ဖလွိုက်ပက်တာဆန်ပုံ ကိုအရင်ရေးတယ်။ အဲဒါကို သူက တရုတ်မင်တောင့်၊ တရုတ်ဆေးတောင့် နဲ့ ကျောက်ပြားမှာ သွေးပြီး ရေး ရတာ။ အဲဒါကို ရေးပြီးလို့ရှိရင် ကွန်ပါနဲ့ဝိုင်းမယ်၊ စာလုံးဝိုင်းမယ်။ ဖလွိုက်ပက်တာဆန် ပုံရေးမယ်။ ရေးပြီးလို့ ရှိရင် မှောက်ကြည့်လိုက်၊ လှန်ကြည့်လိုက်၊ ထောင်ကြည့်လိုက် ကြည့်တာ။ အဲဒီ Mood ကိုအရင်သွားတာ။ ပြီးတော့မှ ရေးတာ။
ကျွန်တော်က အဲဒီအချိန်မှာလည်း လက်ဝှေ့ကို စိတ်ဝင်စားနေပြီ။ ကစားချင်နေပြီ။ စာဖတ်တာကို လည်း စိတ်ဝင်စားတော့ အဖေ ရေးတာကို တစ်ရွတ်ပြီးတစ်ရွက် ယူဖတ်တယ်။ ကျွန်တော့်အဖေ လက်ရေးက ဆိုးတယ်။ တော်တော့်ကို ဆိုးတယ်။ ကျွန်တော့်ဦးလေးက ပြောတယ်။ ရှေးခေတ် မြေတိုင်း စာရေး လက်ရေးလိုပဲတဲ့။ ဒါပေမဲ့ ကျွန်တော့်အဖေ လက်ရေးကို တစ်လုံးမကျန် ကျွန်တော် ဖတ်တတ်တယ်။ နောက်ပိုင်း ကျွန်တော့်အဖေ စာအုပ်တွေ ပုံနှိပ်ထုတ်ဝေတဲ့အခါ ကျွန်တော့်အဖေ လက်ရေး ကို ကျွန်တော် ပရုဖ် သွားသွားဖတ်ပေးရတယ်။ ရေကျော်ထဲက ''စာအုပ်လုပ်ငန်း'' ပုံနှိပ်တိုက်မှာ ကျွန်တော် သွားဖတ်ပေးရတယ်။ ဆိုတော့ ... ကျွန်တော် နှစ်တန်း ကျောင်းသားလောက်မှာကတည်းက အဖေ စာရေး တာကို ကြည့်ပြီး စာရေးတာကို ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ်။ အဖေ့အပေါ်မှာ စိတ်ဝင်စားမှု ရှိတဲ့အတွက် အဖေ့ရဲ့လွှမ်းမိုးမှု ကျွန်တော့်အပေါ်ရှိတယ်။ အဖေ့အပေါ် အထင်ကြီးတယ်။ အဖေ လုပ်တာကို စိတ်ဝင်စားတယ်။ အဖေလုပ်တာ လိုက်လုပ်ချင်တယ်။ အဖေ ဖြစ်စေချင်တ ကျွန်တော် လုပ်တယ်။ အဖေ ဖြစ်စေချင်တာဖြစ်အောင် ကျွန်တော် အမြဲကြိုးစားလေ့ရှိပါတယ်။
ဆိုပါတော့ ... ကျွန်တော့်ကို လက်ဝှေ့သမားအဖြစ်နဲ့ သူ မျှော်လင့်ထားတာရှိတယ်။ ငယ်ငယ်လေး ကတည်း က ကျွန်တော့်ကို လက်ဝှေ့သမား ဖြစ်စေချင်တယ်။ လက်ဝှေ့ထိုးစေချင်တယ်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမထဲမှာ သူက ကျွန်တော့်ကို လက်ဝှေ့နဲ့ ပတ်သက်ရင် အားအထားဆုံးပါ။ ကျွန်တော် မှတ် မိနေတာ၊ သုံးတန်း ကျောင်းသားတုန်းကပါ။ Body Weight က ပေါင် ၆၀ ရှိတယ်။ ကျွန်တော် ထင်တာ အဲဒီတုန်းက ကျွန်တော့်အသက် ဆယ်နှစ်ဖြစ်မယ်။ သုံးတန်း ကျောင်းသားမှာ ၀င်ထိုးရတာ။ မန္တလေးက မြို့တော်ခန်းမ မှာ ထိုးရတာ။ ပထမဦးဆုံးပွဲပဲ။ ကျွန်တော် ထိုးမယ်ဆိုတဲ့အခါကျတော့ ကျွန်တော့် အဖေရဲ့အဖေ ကလည်း အဲဒီပွဲကို လာကြည့်တယ်။ ကျွန်တော့်အဖေရဲ့ညီတွေလည်း လာကြည့်တယ်။ ကျွန် တော့်ဦးလေးတွေ... ကျွန်တော့်အဖေရဲ့လက်ဝှေ့မျိုးဆက် ပေါ်ပြီဆိုပြီး ကျွန်တော့်အဖေ ကို မြေတောင် မြှောက်ပေးကြတဲ့လူတွေအားလုံး လာကြည့်ကြတယ်။ စင်ပေါ်မှာ ပထမဦးဆုံး ထိုးတဲ့ပွဲ။ ကျွန်တော့် အဖေ အဝန်းအဝိုင်းက လူတွေအများကြီး လာကြည့်တယ်။ ကျားဘညိမ်း နောက်ထပ် မျိုးဆက်တစ်ဆက် ပေါ်ပြီ ဆိုပြီးတော့ပေါ့။ ကျွန်တော် အဲဒီတစ်ပွဲ ထိုးခဲ့ဖူးတယ်။
စစ်ကိုင်း က ကောင်လေးနဲ့ထိုးတာ။ သူက ဘုန်းကြီး ကျောင်းသားလေးပါ။ အဲဒီမှာ ကျွန်တော် နိုင်တယ်။ သုံးချီပွဲ။ အနောက်တိုင်း လက်ဝှေ့ပွဲပါ။ နိုင်တော့ အဖေ က အဲဒီညမှာ ငါ တိုင်းပြည်အပေါ်မှာ တင်ကျန်နေ တဲ့ ကြွေးတော့ ငါ့သားက ဆပ်လိမ့်မယ်ဆိုပြီး လက်ခ မောင်းခတ်တယ်။ မိသားစုကြားမှာလည်း ပြောတယ်။ ကျွန်တော့်အမေကိုလည်း သူ ပြောတယ်။ သူ ၁၉၅၂ ခုနှစ် ဟဲလ်ဆင်ကီး အိုလံပစ်ပွဲမှာ သွားထိုးတုန်းက ရှုံးသွားခဲ့တယ်။ အဲဒီတုန်းက မြန်မာပြည်မှာ အနောက် တိုင်းလက်ဝှေ့နဲ့ပတ်သက်ပြီးတော့ အထောက်အကူပြု ပစ္စည်းက သိပ်မရှိဘူး။ စတန်းဘော (Stand Ball) လိုဟာမျိုး၊ လက်ဝှေ့ထိုးတဲ့အခါ Speed တွေ ကို လေ့ကျင့်တဲ့ကိရိယာတွေ၊ အလေးတွေမရှိဘူး။ ကျွန်တော် တို့အဖေ ထိုးခဲ့တဲ့ဟာ သဲအိတ်ကြီး ကို ထိုးရတာပဲရှိတယ်။ လူလူချင်း ထိုးရတယ်။ ပင်ကို ပါရမီရှိတဲ့သူတွေ မို့ ကမ္ဘာ့စင်မြင့် အထိအောင် ရောက်သွားတာ။ တကယ်တမ်းကျတော့ ခေတ်မီနည်းပညာတွေ မရှိခဲ့ဘူး။ သူ့ဆရာ "ဘော်ဘီဖစ်ရှား" ဆိုတာ နိုင်ငံခြားဆရာပါပဲ။ သူတို့က စီစဉ်ပေးလို့ သင်ခဲ့ရတဲ့ပညာပဲရှိတယ်။ အဲဒီ လူတွေကလည်း ခေတ်ဟောင်း လက်ဝှေ့သမားကြီးတွေ။
အင်မတန် သိပ္ပံနည်းကျတဲ့ စနစ်တွေနဲ့ သင်ပေးခဲ့ တာမဟုတ်ဘူး။ နောက်ပြီးတော့ ဒီမှာလည်း အဲဒီကာလက သင်ထောက်ကူပစ္စည်းတွေက မရှိဘူး။ ဟိုမှာ ကမ္ဘာနဲ့သွားယှဉ်တဲ့အခါ ကိုယ့်ရဲ့သတ္တိနဲ့ ပင်ကိုပါရမီအရ သွားယှဉ် ခဲ့ရတာဆိုတော့ သူ လိုချင်တဲ့ အိုလံပစ် ရွှေတံဆိပ်ဆိုတာ မရဘူးပေါ့။ သူ့ခေတ်တုန်း က မြန်မာပြည်မှာ ပြိုင်ဘက်မရှိဘူး။ မရှိတော့ အိန္ဒိယ၊ သီဟိုဠ်က... အဲဒီလို နေရာတွေက လက်ဝှေ့ သမားတွေခေါ်ပြီးတော့ ကျွန်တော့်အဖေအတွက် ပြိုင်ပွဲတွေ လုပ်ပေးခဲ့ရတယ်။ အဖေ့ကို Promote လုပ်ပေးခဲ့ကြတယ်။ လက်ဝှေ့သမားက ပွဲမထိုးရရင် လက်ကျသွား တယ်။ လက်မကျသွားအောင် နိုင်ငံခြားက လက်ဝှေ့သမားတွေခေါ်ပြီး ထိုးခိုင်းခဲ့တယ် ကျွန်တော့်အဖေက အဲဒီလောက်အထိ ထိုးခဲ့တာပါ။ ဒီတော့ သူ့ကိုယ်သူလည်း အရမ်းမျှော်လင့်ထားတယ်။ မျှော်လင့်ထားပြီး တော့ အိုလံပစ်ကို သွားထိုးတဲ့အခါ ကွာတားဖိုင်နယ် မှာ ရှုံးတယ်။ ဒါဟာ သူ့အတွက် တိုင်းပြည်အပေါ် တင် ကျန်တဲ့အကြွေးပဲ။ အဲဒီအကြွေးကို သူ့သားက ပြန်ဆပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော်က မဆပ်နိုင်ပါဘူး။ တကယ်တမ်း ကျတော့ ကျွန်တော်က လက်ဝှေ့သမားကောင်းတစ်ယောက် မဖြစ်သွားဘူး။ ကျွန်တော် လက်ဝှေ့ ကစားပါတယ်။ ကစားပြီးတော့ ၇၄ ခုနှစ်မှာ အိမ်ထောင်ကျတော့ ကျွန်တော် နားလိုက် ပါတယ်။
စာတည်း။ ။ဆရာ... ဆရာ ငယ်ငယ်တုန်းက ဆရာ့မေမေနဲ့ မန္တလေးကို ဆားကုန်ကူးရင်းနဲ့ လိုက်ခဲ့ဖူးတယ် လို့ ဆရာဝင်းငြိမ်းနဲ့ အင်တာဗျူးတုန်းက သိခဲ့ရပါတယ်။ အဲဒီအကြောင်းလေး နည်းနည်းပြောပြပေးပါဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။အဲဒါက အဲဒီကာလတုန်းက အဖေက အစိုးရဝန်ထမ်းဆိုတော့ ဝင်ငွေသိပ်မရှိဘူး။ လစာ နည်းတယ်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာကြပြီ။ အရွယ် ရောက်လာပြီးတော့ အားလုံးကလည်း စားနိုင် သောက်နိုင်တဲ့သူတွေ၊ သန်မာထွားကျိုင်းကြတာ ဆိုတော့။ စားနိုင် သောက်နိုင်တဲ့ အရွယ်တွေ အပြိုင်းပြိုင်းဖြစ်လာတဲ့အခါကျတော့ အိမ်မှာ သိပ်မလုံလောက် ဘူးပေါ့။ မလုံလောက်တဲ့အခါကျတော့ အမေက သူ စီးပွားရေးလုပ်မယ်ဆိုပြီး သူကိုယ်တိုင် ဝင်လုပ်တယ်။ နဂိုတုန်း ကလည်း အမေက အိမ်မှာအလုပ်လုပ်ပါတယ်။ စက်ပန်းထိုးတာ၊ ဇာပန်းထိုးတာပါ။ အဲဒါ ကျွန်တော်တို့အမေ ငယ်ငယ်လေးကတည်းက လုပ်တာ။ ကျွန်တော်တို့ မှတ်မိတဲ့အရွယ်၊ နားလည်တဲ့အရွယ် အထိ အမေ က စက်ချုပ်၊ ဇာပန်းထိုးပါတယ်။
နောက်ပိုင်းကျတော့ ရန်ကုန် ရောက်တဲ့အခါ အမေ သိပ်မလုပ်တော့ဘူး။ ဒီမှာ လည်း အဲဒါက နည်းနည်းကော သွားတော့ မလုပ်ဖြစ်တော့ဘူး။ တဖြည်းဖြည်း စီးပွားရေးကျပ်တည်းလာတဲ့ အခါ အမေက သူလုပ်မယ် ဆိုပြီး အဖေ့ကို ခွင့်တောင်းပြီးလုပ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့် အမေ မှောင်ခိုပေါ့။ မှောင်ခို လုပ်ဖူးတယ်။ ပစ္စည်းတွေ သွားသယ်လာပြီးတော့ ပြန်ရောင်းတာ။ အဲဒါနဲ့ပတ် သက်ပြီး သူ စိတ်မကောင်းတာတစ်ခုပေါ်လာတယ်။ သူနဲ့ပတ်သက်ပြီးတော့ သူ့မိတ်ဆွေအမျိုးသမီးလေး တစ်ယောက် အဖမ်းခံရတော့ ဒီအလုပ်ကို သူ မလုပ်တော့ဘူးဆိုပြီး စွန့်လွှတ်လိုက်တယ်။
တခြားအလုပ် ကို ကျွန်တော့်အဖေက လိုက်ပြောပေးတာပေါ့။ ရေးဘက်မှာ ရှိတဲ့ ပလိုင်ကီးက ဆားလုပ်ငန်းရှင်၊ သူ့နာမည်က ဦးဟန်တင်လား... ကျွန်တော် သိပ်မမှတ်မိဘူး။ အဲဒီပုဂ္ဂိုလ်ကြီးကို သွားပြောပေးတာ။ အဲဒီပုဂ္ဂိုလ်ကြီးက ဆားတွေကို အကြွေးရောင်းပေးတယ်။ အဲဒါတွေ မန္တလေးကို တင်ပို့ ရတယ်။ တစ်ပိဿာကို "ဆယ်ပြား" လောက် မြတ်တယ်။ တစ်ခေါက် တစ်ခေါက်သွားရင် ပိဿာ သောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ကို မီးရထားနဲ့ တင်ပို့တာရှိတယ်။ ကားနဲ့တင်ပို့တာရှိတယ်။ အမေ့ ကို အကူအညီပေးခဲ့ဖူးတယ်။ နောက်ပိုင်းကျ တော့လည်း မလုပ်ဖြစ်တော့ဘူး။ ဘာကြောင့်မှန်းတော့ ကျွန်တော်လည်း မမှတ်မိတော့ဘူးဗျ။ သိပ်အလုပ် မဖြစ်တော့လို့ နေတယ်။ အမေနဲ့တော့ အဲဒါ လုပ်ဖူးပါတယ်။
ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-65375732939783734372013-11-19T22:37:00.002-06:002015-09-10T05:06:57.569-05:00မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၅)
ဒီမေးခွန်း မေးတဲ့အခါ ဆရာမ မြစိမ်းက ကျွန်မဟာ ကိုယ်တိုင် ကိုယ်ကျ လိုက်မေးမြန်းပြီး၊ လေ့လာပြီး ရေးတဲ့ စာရေးဆရာမပါ။ တပည့်တပန်းတွေ လွှတ်၊ မေးမြန်းပြီး ရေး တဲ့ စာရေးဆရာမ မဟုတ် ဘူး။ အဲဒီလို ပြောတယ်။ ဒီအဖြေနဲ့ ပတ်သက်ပြီး မန္တလေး ရောက်တဲ့အခါ အမေမာ ကို ဂါရ၀ပြုတယ်။ သူက ဘာပြောသလဲဆိုတော့ မင်း စာရေးဆရာတွေကို အင်တာဗျူး မေးတဲ့အခါ စာရေးဆရာချင်း ရန်တိုက်ပြီး မေးတယ်။ မင်း မေးခွန်းတွေကို ငါ မကြိုက်ဘူး။
ကျွန်တော် က ရှင်းပြတယ်။ မဟုတ်ဘူး အမေ … ကျွန်တော်က အမှန်ကို သိချင်လို့ပါ၊ တိုက်ပြီး မေးတာ မဟုတ်ပါဘူး ဆိုတော့ အမေက ဘာပဲဖြစ်ဖြစ် သူ ဖြေတဲ့အဖြေက အဲဒီလိုမျိုး ဖြစ်နေတယ်။ နောက် အဲဒီလို မမေးပါနဲ့လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်က အမေမာ တို့နဲ့ ပတ်သက်ပြီး သူတို့ မကြိုက်တ့ဟာတွေကို ရှောင်တယ်။ ကျန်တဲ့ သူတွေတော့ မေးဖြစ်တယ်။
နောက် အထောက်တော်လှအောင်ကို မေးမြန်းတယ်။ ကျွန်တော် မေးတာက ''သတင်းစာ များ သည် သမိုင်းကို ပြောနေကြသည်လို့ လူထုဦးလှက ရေးပါတယ်။ ဆရာကလည်း သတင်းစာဆရာ ဆိုတော့ သတင်းစာများက သမိုင်းကို ပြောနေကြတယ် ဆိုတာကို ဆရာ ယုံပါသလား''။ အဲဒီလို မေးတော့ ဆရာ မဖြေဘူး။ မဖြေဘဲ သူက ပြန်မေးတယ်။ သတင်းစာများက သမိုင်းကို ပြောနေကြသည် ဆိုတာကို မင်းကော ယုံသလားတဲ့။ ကျွန်တော်က မဖြေဘဲ ရယ်နေလိုက်တယ်။ အဲဒီတော့ သူက မင်း ရယ်နေတာ ငါ့ အဖြေပဲတဲ့။ မင်း ငါ့ကို မမေးနဲ့တဲ့၊ အဲဒါ ငါ့အဖြေပဲတဲ့။ ကို ဆက်ဖတ်ရန် ..............
စာတည်း။  ဆရာ ရုပ်ရှင်အမြုတေမှာ ဝေလင်းဟန် ကလောင် နဲ့ ဂီတလောက ဖြစ်ရပ်တွေ ရေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။ နောက်ပိုင်းမှာ ရုပ်ရှင်အမြုတေမဂ္ဂဇင်းနဲ့ လုံးဝမပတ်သက်တော့ ပါ ကြောင်း၊ ဝေလင်းဟန်၊ ၀သုနြေ္ဒ တို့က ကြေညာခဲ့တာလေး ဖတ်ရလို့ပါ။
ဆရာဝင်းငြိမ်း။  အဲဒါက ဒီလိုဗျ။ ကျွန်တော် ပေဖူးလွှာ ကို ရေးနေတဲ့ အချိန်မှာ ကိုအေးကြူလေးက စာအုပ်တစ်အုပ် လုပ်ကြရအောင်ဆိုပြီး လာတိုင်ပင်တယ်။ ကျွန်တော်က လုပ်ရအောင် ကတ်ပြားမှ မရှိဘဲ လို့ ပြောတော့ သူက ရတယ်၊ တက္ကသိုလ်ယဉ်ယဉ်လဲ့ဆီမှာ ကတ်ပြားရှိတယ်။ ကတ်ပြား ရှိရင် လုပ်လေဆိုပြီး ကျွန်တော် ရယ် … ကို အေးကြူလေးရယ်၊ နောက် မောင်ဗေဒါပါ လုပ်မယ်ဆိုပြီး သုံးယောက် စီစဉ်ကြပါ တယ်။ ဒါပေမဲ့ တကယ့်တကယ် စကြတော့ ကိုဗေဒါ မပါဖြစ်ဘူး။ ကိုအေးကြူလေးနဲ့ ကျွန်တော် နှစ်ယောက်တည်း လုပ်ဖြစ်တယ်။ လုပ်နေရင်းနဲ့ ရုပ်ရှင်အမြုတေ က အောင်မြင် လာတယ်။ အောင်မြင်လာ ချိန်မှာ ကျွန်တော့်စိတ်ထဲ ဘာဖြစ်လာသလဲဆိုတော့ ကတ်ပြားငှားပြီး လုပ်နေရ တာ မွေးစားသားတစ်ယောက်ကို ချစ်နေသလိုပဲလို့ ထင်ရတယ်။ အဲဒီအချိန်က ရွှေအမြုတေကို မလုပ်သေးဘူး။
ကိုယ်မပိုင်တဲ့ ကိစ္စတစ်ခုကို လုပ်နေရသလိုမျိုးပါ။ လုပ်တဲ့အခါ အားစိုက်ပြီး အောင်မြင်အောင် လုပ် တယ်။ အောင်မြင်လာတဲ့အခါ ပိုင်ရှင်က ပြန်သိမ်းသွားတာမျိုး ရှိတတ်တော့ လုပ်ရတာ မဖြောင့်ဘူ။ ပိုင်ရှင် က ပြန်သိမ်းသွားရင် ပက်လက်လန်ပြီး ကျန်ခဲ့မယ်။ အဲဒီအတွက် ကျွန်တော်က ရွှေအမြုတေကို ပျိုးထောင် ပါတယ်။ ဒီတော့ ရုပ်ရှင်အမြုတေရယ်၊ ရွှေအမြုတေရယ် နှစ်ခုရှိလာတယ်။ အဲဒီမှာ ယဉ်ယဉ်လဲ့က ဘပြောသလဲ ဆိုတော့ ကိုဝင်းငြိမ်းက ရွှေအမြုတေကိုပဲ အားစိုက်တယ်။ ရုပ်ရှင်အမြုတေကို သိပ် အားမစိုက်တော့ဘူး ဆိုပြီး မြင်လာတယ်။ မြင်လာတော့ ကျွန်တော်က ရုပ်ရှင်အမြုတေကို မလုပ်တော့ဘူး ဗျာ ဆိုပြီး ပြန်ပေးလိုက်တယ်။
အဲဒီလိုနဲ့ သတ်သတ်စီ ဖြစ်သွားပြီဆိုတော့ ကျွန်တော့်ကလောင်တွေကိုရုပ်ရှင်အမြုတေ မှာ မရေးတော့ ဘဲ ရွှေမှာပဲ ရေးတော့တယ်။ ၀သုနြေ္ဒ က ကိုမြတ်ခိုင် ကလောင်ခွဲပါ။ သူကလည်း ရုပ်ရှင် အမြုတေမှာ မရေးတော့ဘဲ ရွှေအမြုတေမှာပဲ ပြောင်းရေးတော့တဲ့အတွက် အဲဒီကြော်ငြာကို ထုတ်ဖြစ်လိုက် တာပါ။
စာတည်း။  ဆရာ့ရဲ့ ရွှေချစ်သူမှ ရွှေချစ်သူသို့ဆိုတဲ့ ပေးစာကဏ္ဍထဲမှာ အဲဒီခေတ်ကာက မဂ္ဂဇင်းထုတ်ဖို့ ဆိုရင် ကုန်သွယ်ရေး စက္ကူဝယ်ခွင့်မရဘူး။ ပုံမှန်မဂ္ဂဇင်း မဟုတ်တဲ့အတွက် ၀ယ်လို့မရတာပါ ဆိုတဲ့အကြောင်းလေး ဖတ်ရပါတယ်။ ကျွန်တော်လည်း အသက်လေးဆယ်မို့ ကုန်သွယ်ရေးလောကကို နားလည်ပါတယ်။ ဒါပေမဲ့ ဆရာ့အကြောင်းကို လေ့လာမယ့် နောင်လာနောက်သားတွေအနေနဲ့ ကုန်သွယ် ရေးခေတ် မှာ မဂ္ဂဇင်း ထုတ်တဲ့အခါ စက္ကူကို လျှောက်လွှာတင်ပြီး ၀ယ်ရတယ်ဆိုတာ သိချင်မှ သိပါမယ်။ ဆရာ ကြုံတွေ့ခဲ့ရတဲ့ စက္ကူအခက်အခဲတွေ၊ ကုန်သွယ်ရေးကာလ မဂ္ဂဇင်းတစ်အုပ် ဖြစ်အောင် ကြိုးစားရတာ တွေ ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ အဲဒီတုန်းက စက္ကူက အပြင်မှာမရှိဘူး။ ဗမာစက္ကူမထွက်သေးဘူး။ ထုတ်ဝေသူ ကတ်ပြားရှိတဲ့ သူတွေကို ကုန်သွယ်ရေး အမှတ်(၉)မှာ လျှောက်လွှာတင်ပြီး ၀ယ်ရတယ်။ ကတ်ပြားရှိတဲ့ သူ တွေကို ကုန်သွယ်ရေးအမှတ်(၉)မှာ လျှောက်လွှာတင်ပြီး ၀ယ်ရတယ်။ ကတ်ပြားရှိတဲ့သူတွေက စက္ကူကို ၀ယ်။ ပုံနှိပ်ပြီးတော့ ကားပေါ်မှာ ထွက်သမျှ စာအုပ်တွေကိုတင်၊ တင်ပြီးတော့ ကုန်သွယ်ရေး ဂိုဒေါင်မှာ မဂ္ဂဇင်းတွေ အစည်းလိုက် စည်းပြီး သွားအစစ်ခံရတယ်။ သူ့မှာ စောင်ရေ ၁၀၀၀ ထုတ်တယ်ဆိုရင် ၁၀၀၀ လုံး ကားပေါ်တင်ပြီး သွားပြရတယ်။ အဲဒီက ကုန်သွယ်ရေးဝန်ထမ်းက ကားပေါ်တက်ပြီး တစ်စည်းကို ဘယ်နှအုပ် စည်း ထားလဲ စစ်တယ်။
စစ်ပြီးလို့ သူက လက်မှတ်ထိုးပေးလိုက်တော့မှ ဒီစာအုပ်ကို ဖြန့်ချိခွင့် ရတြယ်။ ကျွန်တော်တို့ ရွှေအမြုတေကို တင်ထုတ်လုပ်တဲ့ ကာလမှာတုန်းကကျတော့ စက္ကူမရဘူး။ တင်ထုတ်ဖြစ်တဲ့အတွက် စက္ကူမရဘူး။ စက္ကူမရတော့ စက္ကူက အရမ်းအခက်အခဲဖြစ်တယ်။ စက္ကူက ပြတ် သွားပြီး ဗမာစက္ကူက မထွက်သေးတော့ အရမ်းအခက်အခဲ ဖြစ်တယ်။ မဂ္ဂဇင်းတင်ထုတ်ဆိုတာ ဒီဇိုင်းတွေ အကုန်လုံးလုပ်ရတယ်။ တစ်အုပ် လုံးပြီးအောင် လုပ် ရတယ်။ ဓာတ်ပုံတွေပါ ရုံးကိုတင်။ တင်ပြီးတော့မှ လွတ် တဲ့ဟာတွေကို ရိုက်ရတာပါ။
စာတည်း။  ရွှေ အမှတ်(၁၅)။ ၁၉၉၀၊ ဒီဇင်ဘာလထုတ်မှာ ဆရာ ဆေးရုံတက်ခဲ့ရတ်ဆိုတဲ့ သတင်းတိုလေး ဖတ်ခဲ့ရပါတယ်။ ဦးနှောက်သွေးကြောမျှင်ငယ်တစ်ခု ပိတ်သွားလို့ ၂၇ ရက်လုံးလုံး ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဝေဒနာ စဖြစ်လာခဲ့ပုံလေး ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  အဲဒါ ဖိအားတွေ များတယ်လို့ပဲ ပြောရမှာပဲ။ နံပါတ်တစ်က ကျွန်တော့်ညီ မျိုးမြင့်ညိမ်း အဖမ်းခံ ရတယ်။ နံပါတ်နှစ်က အန်ကယ်ဦးမြလှိုင် ဆုံးသွားတယ်။ တစ်လတည်းမှာ ဆက်တိုက်ဖြစ် တာဆို တော့ အဲဒီမှာ ကျွန်တော် Stroke ရတယ်။ အန်ကယ် ဦးမြလှိုင် ရက်လည်ပြီး တစ်ရက်၊ နှစ်ရက်မှာ ညပိုင်း မှာ ဇက်ထိုးတယ်။ အသက် ၄၄ နှစ်ပေါ့။ ၁၉၉၀ အောက်တုဘာ ၂၀ ရက်ညမှာ ဇက်ထိုးတယ်။ ထုံးစံ အတိုင်း အက်စပရင် ဆေးသောက်ပြီး အိပ်လိုက်တယ်။ မနက် အိပ်ရာထတော့ ထုံးစံအတိုင်း အမေက မနက်စာ စားဖို့ ကြက်ဥကြော်ပေးတယ်။ စားပြီးတော့ ကျွန်တော် အရမ်းအိပ်ချင်တယ်ဆိုပြီး ပြန်အိပ်တယ်။ အိပ်နေတုန်း ကျွန်တော့်ညီက အစ်ကို့ ဖုန်း လာတယ်ဆိုတော့ ဖုန်းထပြောတယ်။ မင်းသား ကျော်သူဆီက ဖုန်း ဆက်လာတာပါ။ ပြီးတော့ ကျွန်တော် ပြန်အိပ်နေတယ်။
အမှန်တော့ အဲဒါ သွေးတိုးနေတာ။ သွေးတိုး ရှိမှန်းလည်း မသိတော့ အိပ်ချင်တယ်ဆိုပြီး အိပ်နေတာ။ နောက်တစ်ခါ ဖုန်းလာတော့ ကျွန်တော့်ညီအငယ် ဆုံးက လာနှိုးပြန်တယ်။ သူက ရေချိုးခန်းထဲ ၀င်တော့ မှာမို့လို့ သဘက်လေး ပခုံးပေါ် တင်ရင်း လာနှိုးတာပါ။ ကျွန်တော် ထလိုက်တော့ ဘယ်ဘက် ခြေထောက် ကို ခုတင်ပေါ်က ချလိုက်ချိန်မှာ ဒုန်းဆို ကျသွားတယ်။ ညာဘက် ခြေထောက်ကို ချပြီး လမ်းလျှောက်တော့ လူက လေးနေတယ်။ ဒါလည်း မသိသေးဘူး။ အမှန် ဆိုရင် ဖုန်းကိုင်ရင် ညာဘက်လက် က ကိုင်နေကျ။ အဲဒီနေ့ကမှ ဘာဖြစ်မှန်း မသိဘူး။ ဘယ်ဘက်လက်က ကိုင် မိရက်သားဖြစ်သွားတယ်။ သွားကိုင်လိုက်တဲ့အခါမှာ တယ်လီဖုန်းက ပြုတ်ကျသွားပြီး ဘယ်ဘက်လက်က တန်းလန်းကြီးဖြစ်သွားတယ်။ ကျွန်တော် သိလိုက်တယ်။ ကမန်းကတန်း တယ်လီဖုန်း တင်ထားတဲ့စင်ကို ကိုင်ထား မိတယ်။ လဲသွားမှာစိုးလို့။ ကျွန်တော့်ညီက ကျွန်တော့်ကို သံသယဖြစ်နေတဲ့ အတွက် ရေချိုးခန်းထဲ မ၀င်သေး ဘဲ စောင့်ကြည့် နေတယ်။ ကျွန်တော် ခေါင်းခါပြတော့ သူက ချက်ချင်း ပြေးလာပြီး ကျွန်တော့် ကို ပွေ့တော့ သူ့ကို မှီလိုက်ရတယ်။ အဲဒီတော့မှ လေဖြတ်သွားပြီဆိုတာ သိလိုက် တာ။
အမေက သူ့မှာ ဘာ Sense ရှိထားမန်းမသိဘူး။ သူ့များ လေဖြတ်ရင် သုံးဖို့ဆိုပြီး လိမ်းရတယ် ဆိုတဲ့ လေးညင်း တို့ ဘာတို့နဲ့ လုပ်ထားတဲ့ ဆေးပုလင်းသူ့မှာ ရှိနေတယ်။ သူ့ဟာသူ လုပ်ထားတာ။ သူက ပုလင်းကြီး ဆွဲလာပြီး လက်တွေ၊ ခြေတွေ လိမ်း၊ သင်္ဃန်းကျွန်းက အနှိပ်ဆရာ ခေါ်စမ်း ဘာညာဆိုပြီး လုပ် နေတုန်း ကျွန်တော်က မဟုတ်ဘူး၊ ကျွန်တော့်ကို ဆေးရုံပို့၊ ဆေးရုံပို့ပေးပါပေါ့။ ကျွန်တော် လေဖြတ်တာ က ပါးစပ် ပါမသွားဘး။ စကားပြောနိုင်တယ်။ ခြေထောက်နဲ့ လက်နဲ့ အဓိက ဖြတ်သွားတာမို့ စကားပြောနိုင် တယ်။ ကျွန်တော်က ဆေးရုံပို့ပါပဲ။
အဲဒီတုန်းက ကျွန်တော် လခစား လုပ်နေချိန်၊ စာအုပ်လုပ်ငန်းလည်း လုပ်နေချိန် ဒါပေမဲ့ ၂၁ ရက်နေ့ဆိုတော့ စာအုပ်ကလည်း ပိုက်ဆံမပေါ်သေးဘူး။ အဲဒီအချိန်က လက်ထဲမှာ ပိုက်ဆံ ၉၀ ပဲရှိတယ်။ တော်တော်ကြီး တုန်လှုပ်ချောက်ချား သွားတယ်။ ဒီပိုက်ဆံ ၉၀ နဲ့ ဒီဝေဒနာကို ကုဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမဲ့ အဲဒီအချိန်က Private ဆေးရုံ မရှိသေးတော့ အရှေ့ပိုင်းဆေးရုံပဲ ပို့ပေးတယ်။ အဲဒီကဆရာမကြီးက Round လှည့်ရင်း လေဖြတ်တာဆိုတော့ ဦးနှောက်နဲ့ အာရုံကြောဆေးရုံ သွားပါဆိုတော့ ဦးနှောက်နဲ့ အာရုံ ကြောဆေးရုံ ကို ပြောင်းတက်ခဲ့ရတယ်။ အဲဒီမှာ တစ်လနီးပါး ကုသခဲ့ရတယ်။ ခြေထောက်က ဆွဲနိုင် သွားနိုင်ပေမယ့် လက်ကတော့ မရဘူး။ ပခုံးက ဟသွားတယ်။ တန်းလန်းကြီး ဖြစ်ဖြစ်နေတယ်။
ကျွန်တော် ဇက်ထိုးတုန်းက ညာဘက်က ထိုးတာ။ ဦးနှောက်သဘောက ညာထိုးရင် ဘယ်ဖြစ် တာကိုး။ ကျွန်တော့်လိုပဲ အလားတူ ဖြစ်ခဲ့တာက မိုးမိုး(အင်းလျား)ပါ။ သူလည်း ညဘက် ဇက်ထိုးတယ်ဆိုပြီး အက်စပရင် ဆေးသောက်ပြီး အိပ်ခဲ့တယ်။ နောက် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတယ်။
စာတည်း။  ဟုတ်ကဲ့ပါ။ ဆရာ ဆေးရုံတက်နေစဉ် ကာလတုန်းက ပန်းလေးတွေ တဖြုတ်ဖြုတ် ကြွေ သ လို လူ့လောကထဲက ထွက်ခွာသွားသူတွေကို ကြည့်ပြီး နောက်နောင် အပုပ်ချစာပေမျိုးတွေ မဖော်ပြတော့ဘူး ဆိုတဲ့ အတွေးဝင်လာပြီး ဆရာ့အယ်ဒီတာ့အာဘော်ထဲ မှာ ထည့်ကြော်ငြာခဲ့ပါတယ်။ ဆရာက မဂ္ဂဇင်းလော ကမှာလည်း ကျင်လည်နေတယ်။ ဂီတ ရုပ်ရှင်အသိုင်းအ၀ိုင်းမှာလည်း ကျင်လည်နေတယ်ဆိုတော့ အဲဒါတွေ နေ့တိုင်း ကြားနေရတဲ့ လောက ထဲကနေ ဘယ်လိုလုပ် ခွဲထုတ်မလဲ။ တကယ့် အနှစ်သာရရှိတဲ့ သတင်းမျိုး ကို ချည်းဖြစ်အောင် ဘယ်လိုလုပ် ပြင်ဆင်မှာလဲဆရာ။
ဆရာဝင်းငြိမ်း။  ဒီစာနယ်ဇင်းလောကမှာ စောစောက ခင်ဗျား ပြောခဲ့သလို မဟာဗန္ဓုလထုံး နှလုံးမူခဲ့တဲ့ စာနယ်ဇင်း သမားတွေ အများကြီးရှိခဲ့တယ်။ ဒါတွေကတော့ ပါစင်နယ်ကိစ္စတွေ၊ မင်းသမီးတစ်ယောက်ရဲ့ အတွင်းရေး၊ မင်းသားတစ်ယောက် ရဲ့ အတွင်းရေး၊ ဒါမျိုးတွေကို ဘယ်သူဘယ်ဝါမှန်းသိအောင် နာမည် ကတော့ သုံးလုံး၊ ဗုဒ္ဓဟူးနံနဲ့ စတဲ့ …။ ဒီလိုမျိုး ရေးတာတွေက ပရိသတ်က စိတ်ဝင်စားတာတော့ မှန်ပါတယ်။ တစ်ဖက်က ကာယကံရှင်ဘက်က ကြည့်တော့ တော်တော်လေး နစ်နာတာတွေ့ရတယ်။ အရင် ကတော့ အဲဒါမျိုးတွေ ကျွန်တော် ကြိုက်ပါတယ်။ နောက်ကျတော့ ဆေးရုံမှာ ကျင်လည်ရင်း ကျွန်တော် စဉ်း စားမိတော့ ဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ တကယ် မဆိုင်ဘူး။ သရုပ်ဆောင်တစ်ယောက်ကို ကြည့် မယ်ဆိုရင် ပိတ်ကားပေါ်က သူ့ရဲ့ သရုပ်ဆောင်မှု၊ ဖန်သားပြင်ပေါ်က သရုပ်ဆောင်မှုသာ ကျွန်တော်တို့နဲ့ ဆိုင်တယ်။
နောက်ကွယ်ကိစ္စ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ သူလည်း ပုထုဇဉ်လူသား တစ်ယောက်ပဲ ဖြစ်တဲ့ အတွက် ဖောက်ပြန်တာ ရှိချင်ရှိမယ်၊ ကောင်းတာ ရှိချင်ရှိမယ်၊ ဆိုးတာ ရှိချင်ရှိမယ်၊ အရက်သောက် ချင် သောက်မယ်၊ ဘိန်းရှူချင် ရှူမယ်၊ ရှိနိုင်တယ်။ ဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ စာပေသမားနဲ့ မဆိုင် ဘူးလို့ ကျွန်တော် ထင်တယ်။ အစပိုင်းမှာ ဒါတွေ ကောင်းတယ်လို့ထင်တယ်။ နောက်တော့ မကောင်းဘူး၊ မရေးသင့်ဘူးလို့ မြင်လာတယ်။ ဒီနည်းနဲ့ နာမည်မကြီးချင်ဘူး။ ရွှေအမြုတေကို ဒီနည်းနဲ့ မအောင်မြင်စေ ချင်ဘူး။ အဲဒါတွေ ကျွန်တော် မထည့်တော့ဘဲ ရိုးရိုးရသစာပေဘက် ကို သွားတယ်။ ပေါ့ပ်ဆိုရင်လည်း ပေါ့ပ် နဲ့ပတ်သက် တဲ့ ရုပ်ရှင်ကားတွေအကြောင်းရေးတယ်။ ကောင်းခြင်း၊ မကောင်းခြင်းက ကျွန်တော်တို့နဲ့ မဆိုင် ဘူး။ ကျွန်တော်တို့က တင်ပြဖို့ပဲရှိတယ်။ ဂီတလည်း ထို့အတူပဲ။ ဗီဒီယိုလည်း ထို့အတူပဲ။ ကျွန်တော် ရေးပေးခဲ့တယ်။ အခုထိ အဲဒီလိုပဲ ကျွန်တော် ခံယူပါတယ်။ သိပ်ကြိုက်တဲ့ကားဆိုရင်တော့ ကြိုက်တဲ့ အကြောင်း ရေးတယ်။ သိပ်မကြိုက်တဲ့ကားဆိုရင်တော့ သင့်သလိုပဲ။
ကျွန်တော်တို့ဆီမှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ ရေးနေတဲ့သူတွေမှာ မကွဲပြားတာ ရှိတယ်။ ပရီဗျူးနဲ့ ရီဗျူး၊ ပရီဗျူးဆိုတာက ကျွန်တော်တို့ကို ဦးဦးဖျားဖျား ကြည့်စေချင် လို့ ပြတာ။ အဲဒါ ပရီဗျူး၊ ရီဗျူး ဆိုတာက ခံစားသုံးသပ်စေချင် လို့ ပြတာ။ ပရီဗျူးပြတာကို ကြည့်ပြီး ဝေဖန်လိုက်မယ်၊ အားနည်းချက်တွေ ကို ထောက်ပြလိုက်မယ်ဆိုရင် သူ့မှာ စီးပွားရေးအရ ထိခိုက်မယ်။ ပရီဗျူးမှာ နိုင်ငံတကာ ရုပ်ရှင် အကြောင်း ရေးသူတွေလည်းပဲ ဘယ်တော့မှ ထိခိုက်အောင် မရေးဘူး။ ကောင်းတာ၊ မကောင်းတာကို မဝေဖန်ဘူး။ ကြိုက်ရင်တော့ ကောင်းတယ် ပြောတယ်။ ရီဗျူး ဆိုတာတော့ ရုံတင်နေပြီဖြစ်တဲ့ အတွက် ကောင်းတာ၊ ကောင်းတာ ထောက်လို့ရတယ်။ အခုဟာက ပရီဗျူးနဲ့ ရီဗျူး ရောနေကြပြီးတော့ ကိုယ့်ကို ဦးဦးဖျားဖျား ပြတာ ကို အခွင့်ကောင်းယူပြီး အားနည်းချက်တွေ ထောက်တာရှိတယ်။ ကျွန်တော် ကတော့ အဲဒါ မဖြစ်သင့် ဘူးလို့ ထင်ပါတယ်။ ဒါက ကျွန်တော့် ခံယူချက်ကို ပြောတာပါ။ ကျန်တဲ့သူတွေတော့ မပြောတတ်ဘူး။
များသောအားဖြင့် ပရီဗျူး ပြတာ ကြုံရပါတယ်။ ''မိုးညအိပ်မက်မြူ'' ဆိုရင် တစ်ရုံလုံးမှာ ကျွန်တော် နဲ့ ကိုလင်းနိုင်ဦး နှစ်ယောက်တည်း။ တစ်နေ့ကပဲ ''ကျောက်စက်ရေ'' ပြတုန်းက ဆိုရင် ကျွန်တော်နဲ့ ကိုလင်း ရှိတယ်။ ပရိုဂျူဆာ ရှိတယ်။ ဒါရိုက်တာ ရှိတယ်။ လေးယောက်ပဲ။ ဒါရိုက်တာက ဆင်ဆာ လုပ်ထားတာတွေ စင်လား၊ မစင်လား လာကြည့်တာဆိုတော့ မင်းသား၊ မင်းသမီးသော် လည်းကောင်း၊ ရုပ်ရှင်ပရိုဂျူဆာသော် လည်းကောင်း ကျွန်တော်နဲ့ အဆင်ပြေတယ်။ တစ်ခါ ဆက်ဆံပြီးရင် နောက်ထပ် မိတ်ပျက်သွားတာမျိုးမဟုတ်ဘဲ ရေရှည်ဆက်ဆံလို့ရတယ် ဆိုတာ အဲဒါပဲလေ။ ပရီဗျူးကို ရီဗျူး မလုပ်ဘူး။
ပရီဗျူးကို ပရီဗျူးပဲ ထားတယ်။ မင်းသား၊ မင်းသမီးနဲ့ ပတ်သက်လို့လည်း နောက်ကွယ်က သတင်းတွေကို မရေးတဲ့အတွက် ပရိသတ်အပေါ် သစ္စာဖောက်တယ်လို့ ကျွန်တော် မမြင်ဘူး။ ကျွန်တော်နဲ့ မဆိုင်တဲ့အတွက် ကျွန်တော် မရေးတာ။ အဲဒီတော့ ဘာဖြစ်လာသလဲဆိုတော့ မင်းသား၊ မင်းသမီးတွေ၊ သူတို့အတွင်းရေးတွေ ကျွန်တော့်ကို ပြောရဲတယ်။
စာတည်း။  ဟုတ်ကဲ့ဆရာ၊ ကျွန်တော် တွေ့တယ်။ ဆရာ အမေရိကရောက်နေတုန်းက ကိုကိုင်ဇာနဲ့ မမေခလာတို့ အကြောင်းကို ဆရာမပြောချင်တဲ့အတွက် ကိုကိုင်ဇာကို ''ညီလေး မင်း ပြောကွာ ''ဆိုပြီး အင်တာဗျူး ကတည်းက ကျွန်တော် ရိပ်တော့ ရိပ်မိခဲ့ပါတယ်။ သူကိုယ်တိုင် ပြောတာ ပိုထိရောက်မယ် လို့ မြင်တာပဲလို့ပါ။
ဆရာဝင်းငြိမ်း။  ဟုတ်တယ်၊ ကျွန်တော် မပြောဘူး။ သူတို့အတွင်းရေးတွေကို မပြောဘူးဆိုတဲ့အတွက် မင်းသား၊ မင်းသမီးတွေ ကျွန်တော့်ကို အိတ်သွန်ဖာမှောက် ပြောဖို့ ၀န်မလေးဘူး။ တချို့ကိစ္စတွေဆိုရင် သူတို့မိဘတွေကို မပြောရဲတဲ့ ကိစ္စကိုတောင် ကျွန်တော့်ကို ပြောရဲတယ်။ တချို့သရုပ်ဆောင်တွေဆိုရင် ညရှုတင်တွေ ပြီးလို့ ည ဆယ့်နှစ်နာရီ၊ တစ်ချက်မှန်းမသိ သူတို့ပြောစရာရှိတဲ့ ကိစ္စတွေ ထည့်ပြောတဲ့အတွက် ကျွန်တော်က နာမည်တွေ ထည့်မပြောနဲ့၊ ဖုန်းဆိုတာ လိုင်းပူးတတ်တယ်ဆိုပြီး ကလေးတွေကို တားရတယ်။ အဲဒီတော့ သူများ မသိတဲ့ အတွင်းရေးတွေကို ကျွန်တော် သိတယ်။ သို့သော် မရေးတဲ့အတွက် သူတို့ရဲ့ ဘယ်လို ပြောမလဲ၊ တိုးတိုးဖော်ပေါ့၊ တိုင်ပင်လို့ရတဲ့သဘော။
ဒါကြောင့် မင်းသား၊ မင်းသမီး အများစုက ညီ၊ ညီမတွေလို၊ တူ တူမတွေလို၊ သားသမီးတွေလို များသောအားဖြင့် ဖြစ်သွားကြတယ်။ ပြီးတော့ စာရေးဆရာ၊ ဆရာမတွေလည်း အဲဒီလိုပဲ။ ကျွန်တော် အင်တာဗျူးလုပ်ပြီးတဲ့ဆရာ၊ ဆရာမတွေဟာ ကျွန်တော်နဲ့ မောင်နှမတွေလို၊ ညီအစ်ကိုတွေလို၊ သားအဖ တွေလို ဖြစ်သွားကြတယ်။ သူတို့ ခိုင်းစရာရှိရင် ခိုင်းတယ်။ ပြောစရာရှိရင် ပြောတယ်။ အကူအညီတောင်း စရာရှိရင် တောင်းတယ်။ ကျွန်တော် အကူအညီ တောင်းရင်လည်း ပေးတယ်။ ဒါပေမဲ့ ရွှေအမြုတေအတွက် မူတစ်ခုထားတာက ရွှေအမြုတေနဲ့ ပတ်သက်တဲ့ မူဟာ ဒီကနေ့အထိ အဲဒီစာရေးဆရာ၊ ဆရာမတွေဆီ စာမူ ပေးပါလို့ မတောင်းဘူး။ ဘာကြောင့်လဲဆိုတော့ တောင်းစာမူဆိုရင် ကျွန်တော် Commit ဖြစ်ပြီးသားဆိုတော့ ကျွန်တော် ထည့်ရမယ်။ ကြိုက်ချင်လည်း ကြိုက်မယ်။ မကြိုက်ချင်လည်း ထည့်ရမယ်။ မကြိုက်ဘဲ ထည့်ရမှာစိုးလို့ ကျွန်တော် မတောင်းဘူး။
နောက်တစ်ခုက ရွှေအမြုတေကနေပြီးတော့ နာမည်ကြီးသွားတဲ့ စာရေးဆရာမတစ်ယောက် ကျွန်တော့်ကို ရန်တွေ့ဖူးတယ်။ ၃၃ လမ်းမှာ ရုံးခန်းရှိတုန်းကပါ။ "ရှင်က ကျွန်မဆီက ဘာလို့ စာမူမတောင်းတာလဲ"တဲ့။ ကျွန်တော် က ပြောတယ်။ "ခင်ဗျားဟာ ခင်ဗျား လုံးချင်းဆယ်အုပ်မကလို့ အုတ် တစ်ရာပဲ ရေးရေး၊ ဘာကြီး ပဲဖြစ်နေနေ၊ ကျွန်တော် ဂရုမစိုက်ဘူး၊ ကျွန်တော် ရွှေအမြုတေ လုပ်နေတယ်၊ ခင်ဗျား ရေးချင်တဲ့ဆန္ဓရှိရင် စာမူပေး၊ ကျွန်တော် ဖတ်ကြည့်မယ်၊ ကြိုက်ရင် သုံးမယ်၊ မကြိုက်ရင် ပြန်ပေး မယ်"ဆိုတော့ "ရှင်က အဲဒီလိုလား" တဲ့။ "အဲဒီလိုပဲ"လို့ ကျွန်တော် ပြောလိုက်တယ်။
သူနောက်နေ့ကျတော့ စာမူတစ်ပုဒ်ပေးတယ်။ ကျွန်တော် မကြိုက်ဘူး။ ပြန်ပေးလိုက်တယ်။
စာတည်း။  ဟုတ်ကဲ့ပါဆရာ။ အဲဒီဆရာမကို ဆရာတို့ ရွှေအမြုတေ စခဲ့တုန်းက ဆရာနဲ့ နာမည်ဆင်နေ လို့ မောင်နှမ လားတောင် အမေးခံခဲ့ရတာ ကျွန်တော် ဖတ်လိုက်ရပါသေး တယ်။ နောက်ထပ် မေးချင်တာ တစ်ခု က ဆရာတို့ ရွှေအမြုတေ စခဲ့တုန်းက ထုတ်ဝေသူ အဆင့်ဆင့် ပြောင်းခဲ့တာ တွေ့ရါတယ်။ ဦးမြတ်ကျော်၊ ဒေါ်ခင်ခင်စိန်၊ ဦးတင်အုန်း စသဖြင့် နောက်ဆုံး ဦးဥာဏ်လှိုင် နဲ့ကျမှ ဆက်တိုက် ထုတ်ဖြစ် သွား တယ်။ အဲဒီမှာ ပြင်းထန်တဲ့ လှိုင်းဂယက်တစ်ခု ရှိခဲ့တယ်လို့လည်း ကြားရပါတယ်။ အဲဒါလေး ပြောပြပေး ပါ ဦးဆရာ။
ဆရာဝင်းငြိမ်း။  ရွှေအမြုတေ ထုတ်ဝေသူက ပထမဆုံး ကျွန်တော် "၀င်းငြိမ်း" နဲ့ ထုတ်တာပါ။ ဟိုအစ ပထမ မှာ ကျွန်တော် ပြောခဲ့သလိုပေါ့။ တိုင်တဲ့လူ ရှိတဲ့အတွက် ကျွန်တော် အဲဒီတုန်းက ညွှန်ကြားရေးမှူး လုပ်နေတဲ့ ဦးကြည်ထူး ကို သွားပြောတဲ့အခါ မင်းအမေ နာမည်နဲ့ ပြောင်းလိုက်ကွာဆိုတော့ အမေ့နာမည် နဲ့ ပြောင်းလိုက်တယ်။
အဲဒီတော့ အမေ့နာမည်နဲ့ ယာယီကတ်ပြား ထွက်လာတယ်။ "မြဲ" ရဖို့ ဆိုရင် အဲဒီတုန်းက SB က ခေါ်စစ်တယ်။ အမေ့ကို SB က ခေါ်စစ်တော့ မောင်သ်ာက နဲ့ အမျိုးတော်နေတယ် ဆိုပြီးတော့ မပေးနိုင်ပြန် ပါဘူး တဲ့။ အဲဒါကြောင့် ထုတ်ဝေသူ တစ်ခါ ပြောင်းရပြန်ရော။ ဦးကြည်ထူး ကို သွားပြောတော့ သူက ဒီလောက်တောင် ရှုပ်လှတာကွာ၊ မင်းနဲ့ ဘာမှ မပတ်သက်တဲ့သူကိုသာ ပေးလိုက်တော့တဲ့။ အဲဒီတော့ ကျွန်တော် က ရွှေအမြုတေကို ထုတ်မယ်လို့ ပြောတဲ့အချိန်မှာ ဒီစာအုပ်ဟာ ဘယ်လိုပုံစံမှန်း မသိသေးဘဲနဲ့ သူ ထုတ်ဝေမယ်၊ သူ ဖြန့်ချိမယ်ဆိုတဲ့ ဦးဥာဏ်လှိုင်ကို ကျွန်တော် ပေးလိုက်ပါတယ်။ ခင်ဗျားပဲ ယူလိုက် တော့ ဆိုပြီး။
ဒီနေရာမှာတော့ ကျွန်တော် မခြွင်းမချန် ပြောရပါတော့မယ်။ ပေးလိုက်တဲ့အခါ ဦးဥာဏ်လှိုင် က ကျွန်တော့်ကို သူ့ ၃၇လမ်းအိမ် မှာ ခေါ်ပြီးတော့ ရှေ့နေနဲ့ စာချုပ် ချုပ်တယ်။ ဒီရွှေအမြုတေကို သူ့ရဲ့ သားစဉ် မြေးဆက် ပိုင်ဆိုင်ကြောင်း လက်မှတ်ထိုးခိုင်းတော့ ကျွန်တော် ထိုးပေး လိုက်ပါတယ်။ ရှေ့နေပြန်သွားတော့ ဦးဥာဏ်လှိုင် ကို ကျွန်တော် မေးတယ်။ ဦးဥာဏ်လှိုင်၊ ခင်ဗျား လိုချင်တာ ရွှေအမြုတေလား လို့။ ဟုတ်တယ် တဲ့။ ရွှေအမြုတေ ကို ကျွန်တော်ပေးလိုက်ပြီပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ ရှေ့နေကို ခင်ဗျား ပြန်မေးကြည့်။ အဲဒီတုန်း က ကျွန်တော်လည်း ရှေ့နေသင်တန်း တက်ထားပြီးသား ဆိုတော့ ကျွန်တော် သိတယ်လေ။ ခင်ဗျား ရှေ့နေကို ပြန်မေးကြည့်လိုက်။ ခင်ဗျား ကျွန်တော့် ကို ရွှေအမြုတေ အတွက် ပိုက်ဆံ ဘယ်လောက် ပေးထားပြီးပြီလဲဆိုတာလို့။ ပဋိညာဉ်မြောက်တယ် ဆိုတာ ပစ္စည်းတစ်စုံတစ်ရာအတွက်ကို အဖိုးစားနား တစ်စုံတစ်ရာ ပေး ရတယ်။ ပေး မှ ပိုင်ဆိုင်မှု ရမယ်။ ပေးမှ ပဋိညာဉ်မြောက်တယ်။ သူနဲ့ ကျွန်တော်နဲ့ကြားမှာ ကျွန်တော် ဘာမှ မယူတဲ့ အတွက် ခင်ဗျားရှေ့နေ ပြန်မေးကြည့်လိုက်ပါ ဆိုတော့။
ခင်ဗျား ရွှေအမြုတေ လိုချင်ရင် ရွှေအမြုတေ ယူလိုက်၊ ကျွန်တော်က နောက်ထပ် ပလက်တီနံအမြု တေတို့၊ စိန်အမြုတေတို့ ထပ်လုပ်လို့ ရတယ်။ အရေးကြီးတာက ခေါင်းပါဗျာလို့။ ဒါတွေက အရေးမကြိးပါဘူး လို့။ သူက မဟုတ်ပါဘူး တဲ့။ ကျွန်တော်ကလည်း ခင်ဗျားကို စတာပါ။ စာချုပ်စာတမ်းကြီးနဲ့ ယူလို့ ပြောပြတာ ပါဆိုတော့ သူက ရှင်းပြပါတယ်။ အခုအချိန်အထိလည်း ပြောပါတယ်။ ရွှေအမြုတေကို ဦးဝင်းငြိမ်းက မလုပ် တော့ဘူးဆိုရင် ကျွန်တော်တို့ ဆက်မထုတ်ပါဘူး၊ ကတ်ပြားကို ဘောင်သွင်းပြီး ချိတ်ထားမှာ ပါတဲ့၊ ပြောပါ တယ်။
စာတည်း။  ဆရာ … ဆရာတို့ ရွှေအမြုတေ အာဘော်တွေကို လေ့လာတဲ့အခါမှာ ဝေဖန်ရေးကို အထူးတလည် ဖွင့်ပြီး ကြိုဆိုထားတာ တွေ့ရပါတယ်။ ဒါဟာ အတိုက်အခံများတဲ့ သူတွေရဲ့ ဓလေ့စရိုက်လို့ လည်း ကောက်ချက်ချမိပါတယ်။ ကျွန်တော် သိချင်တာက ဆရာ့ ရဲ့ ရွှေအမြုတေ ဟာ ဝေဖန်ရေး ပေးစာတွေ ကြောင့် ပရိသတ်ကြားမှာ ပိုပြီး ထိရောက်မှု ရှိ၊ မရှိ ဆိုတာရယ်၊ လူတွေ ဟာ ဝေဖန်ပါဆိုရင် သူတစ်ပါးကို ဝေဖန်တာမှာ လက်မတွန့်ကြပေမယ့် ကိုယ့်ကို ဝေဖန်ပါလို့ ဖွင့်ပေးတဲ့ကိစ္စဟာ တော်တော်လေးကို မလွယ် လှပါဘူး။ ဒီဖိတ်ခေါ်သံတွေဟာ ဆရာ့မဂ္ဂဇင်းကို အများကြီး အထောက်အကူ ပြုခဲ့သလားဆိုတာ သိချင်ပါ တယ် ဆရာ။
ဆရာဝင်းငြိမ်း။  အဲဒီ ကာလတုန်းက သပြေမဂ္ဂဇင်းမှာ ဦးသပြေ ရဲ့ အမေးအဖြေကဏ္ဍတွေပါတယ်။ ဒါပေမဲ့ အဲဒါတွေက ဆရာ ဦးတည်ငြိမ်က ဟာသအဖြစ်နဲ့၊ စတိုင်ယာအဖြစ်နဲ့ ရေးခဲ့တာတွေ ပါတယ်။ ကျွန်တော့် ရှေ့မှာ တခြားပေးစာကဏ္ဍတွေ မရှိဘူးလို့ ထင်တယ်။ သပြေမှာက မေးခွန်းတွေက ကာရန် ထပ်ပြီး မေးတာ မျိုးတွေ၊ နှစ်ကြောင်းလောက်နဲ့၊ တစ်ကြောင်းလောက် နဲ့ မေးတာ၊ ပြန်ဖြေတာ မျိုးတွေပါတယ်။
ကျွန်တော် ဖိတ်ခေါ်လိုက်တဲ့ ပေးစာကဏ္ဍက တိုင်းမဂ္ဂဇင်းမျာ ပါတဲ့ Letter for editor ဆိုတဲ့ပုံမျိုး။ တိုင်းမှာ ပါတဲ့ ဘယ်အပတ်ထုတ် မဂ္ဂဇင်းက ဆောင်းပါးက ဘာဖြစ်တယ်ဆိုတဲ့ ဥပမာမျိုး။ ပရိသတ်ရဲ့ အမြင်တွေ၊ Commit တွေဖော်ပြတာကို ကျွန်တော်က သဘောကျတယ်။ ကျွန်တော့်ရဲ့ ရွှေအမြုတေမှာ ဘယ်လထုတ်က ပါတဲ့ ဘယ်ဝတ္ထု၊ ဘယ်သူ ရေးတာက ကောင်းတယ်။ ဘယ်လို ဆိုတာတွေ ကျွန်တော် က ထောက်စေချင် တယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ပရိသတ်က အဲဒီလို မဟုတ်ဘူးဗျ။ သူတို့နာမည် လေးတွေ ပါစေချင်၊ ဖော်ပြခံချင် တာ ဖြစ်သွားတယ်။
အခုထွက်မယ့်လမှာဆိုရင် လူတစ်ယောက် ရေးလိုက် တာ တော်တော်ဆိုးတယ်ဗျ။ သူ ဘာရေးထားသလဲ ဆိုရင် ဆရာမ ခင်ခင်ထူးရေးတဲ့ ''ကြိုးတန်း'' ၀တ္ထုကို ရုပ်ရှင်ရိုက်ရင် သိပ်ကောင်းမှာပဲ။ ဒါရိုက်တာ ၀ိုင်းကို ရိုက်ခိုင်း ရင် ကောင်းမှာပဲတဲ့။ နောက်တစ်ခါ ရွှေအမြုတေ ပြန်လည်တူးဖော်ခြင်းမှာ ဖော်ပြထားတဲ့ မဟူရာ (လွိုင်ကော်) ရဲ့ ''မေတ္တာလေညင်းသင်းစေ သား''၀တ္ထုကို ရုပ်ရှင်ရိုက်ဖို့ တိုက်တွန်းပေးပါတဲ့။ ကျွန်တော် ပြန်ပြောတဲ့ အခါ နာမည်ပါရုံတာ့ မကြိုးစားပါနဲ့၊ ''ကြိုးတန်း'' ၀တ္ထုကို ဒါရိုက်တာ မီးပွားက ရိုက်ပြီး ကျော်ဟိန်း၊ ကျော်ရဲအောင်၊ ထွန်းအိန္ဒြာဗို၊ စိုးမြတ်သူဇာ တို့နဲ့ ရိုက်ပြီး လို့ မြန်မာတစ်ပြည်လုံး ပြပြီးပါပြီ။ အဲဒီလိုပဲ မဟူရာ (လွိုင်ကော်)ရဲ့ ''မေတ္တာလေညင်းသင်းစေ သား'' ၀တ္ထုဟာ လည်း ဗီဒီယိုခေတ်ဥိးမှာ ဒါရိုက်တာမောင်နန္ဒနဲ့ ဗီဒီယို နှစ်ကားတွဲ ရိုက်ထားပြီးသား။ အဲဒီ တော့ နာမည် ပါရုံတော့ မကြိုးစားပါနဲ့၊ မလုပ်ပါနဲ့ဗျာလို့ ကျွန်တော ပြန်ဖြေထားတယ်။
ကျွန်တော် အပြင်မှာ ပြောတာတွေ ပြန်ကြားရတာတွေ ရှိပါတယ်။ အဲဒီပေးစာတွေနဲ့ ပတ်သက်လို့ ကျွန်တော် ပြန်ကြားမိတာတွေ တော်တော် ရှိပါတယ်။ ကျွန်တော့်တူမ ဖြစ်တဲ့ ကိုမျိုးရဲ့သမီး အခု အမေရိက ရောက်နေတဲ့သမီး ပါ။ သူ ဂျပန်မှာ နေတုန်းက သူငယ်ချင်းတွေက ပြောတယ်။ နင့် ဦးလေး ဖြေတာတွေက သိပ်ရင့်တာပဲတဲ့။ စကားပြောတာ မာတယ်ပေါ့ဗျာ။ ကျွန်တော့် သမီး ကလည်း ပြန်ပြော လိုက်တယ်။ အေး … အဲဒီမာတာကိုပဲ နင်တို့ ဖတ်နေကြတာမို့လားတဲ့။
ဒါကလည်း ခုနက ဟာမျိုးပေါ့ဗျာ။ ကြိုးတန်း ကို ရုပ်ရှင်ရိုက်ပါဆိုတာမျိုးကို ကျွန်တော် အဲဒီလို ပြန် မပြောရင် ဘယ်လိုလုပ် ပြန်ပြောမလဲ။ စာဖတ်တယ် ဆိုတာကလည်း ကျွန်တော့်အဖေ ခဏခဏ ပြောလေ့ ရှိပါတယ်။ ဘာလဲ ဆိုလို့ရှိရင် မန္တလေးသားတစ်ယောက်တဲ့။ စာမတတ်တဲ့ မန္တလေးသား တစ်ယောက်ပေါ့ဗျ။ ကိုတင်မောင် ဆိုတဲ့လူ ရန်ကုန် ရောက်လာတယ်တဲ့။ အဖေက မန္တလေးသားဆိုပေမယ့် မန္တလေးသား တွေကို ပြောရင် သိပ်နှိမ်တာပဲလို့ မန္တလေးက လူတွေက ပြန်ပြောလေ့ရှိတယ်ဗျ။ အဲဒီ ကိုတင်မောင် က မိန်းမနဲ့ စိတ်ဆိုးပြီး ရန်ကုန် ရောက်လာတယ်တဲ့။ တစ်လလောက် နေတော့ မိန်းမဆီက စာရောက်လာ တယ်။ သူက စာမဖတ်တတ်တော့ မိတ်ဆွေတစ်ယောက်ဆီ သွားတယ်။ ဖြစ်ချင်တော့ အဲဒီမိတ်ဆွေ ကလည်း သူ မရောက်ခင်လေးမှာ မိန်းမနဲ့ ရန်ဖြစ်ထားတယ်။ သွေးဆူနေတဲ့ အချိန်။ သူ ရောက်လာပြီး သူငယ်ချင်း ဒီစာလေး ဖတ်ပြစမ်းပါကွာ ဆိုတော့၊ ပေး ဆိုပြီး ဖတ်ပြတယ်။ စာထဲမှာ ဖတ်ပြ တာ လေသံတင်းတင်း နဲ့ဆိုတော့ ''ကိုတင်မောင်၊ ရှင် ရန်ကုန်ထွက်သွားတာ တစ်လရှိပြီ၊ ကျွန်မ ကလေးတွေ နဲ့ ဒုက္ခရောက်နေပြီ၊ ရှင် ပြန်ခဲ့၊ ဒါပဲ''။
အဲဒီတော့ သူက ''ကောင်မ … လေသံက မာနေတာပဲ၊ မသွားဘူးကွာ'' ဆိုပြီး စာပြန်ယူသွား တယ်။ နောက်တစ်လလောက် နေတော့ သူ လွမ်းလာတယ်၊ လွမ်းတော့ ပထမ ဖတ်ခိုင်းတဲ့လူ မဟုတ်ဘဲ နောက် တစ်ယောက် ကို သွားဖတ်ခိုင်းတယ်၊ ဖတ်ခိုင်းတော့ သူငယ်ချင်းက -
''ကိုတင်မောင် … ရှင်လည်း ရန်ကုန်သွားတာ တစ်လရှိပြီ၊ ကျွန်မလည်း ကလေးတွေနဲ့ ဒုက္ခရောက် နေပြီ၊ ရှင် ပြန်ခဲ့ ပါ။ ဒါပဲ'' ဆိုတော့ ''ကောင်မ အခုမှ လေသံပြောင်းသွားတယ်'' ဆိုပြီး ပြန်သွားတယ်ဗျ။
ကျွန်တော် ပြောချင်တာ စာဖတ်တယ်ဆိုတာက ဖတ်တဲ့သူရဲ့ စိတ်ခံယူချက်ပေါ်မှာ မူတည်တယ်။ ဒေါသ သင့်တဲ့လူ ဖတ်ကြည့်မယ်ဆိုရင် ဒေါသသံပါနေမယ်။ ချိုသာတဲ့သူ ဖတ်ကြည့်မယ်ဆိုရင် ချိုသာမှု ပါနေမယ်။ ခုနနင့်ဦးလေးက သိပ်လေသံမာတာပဲဆိုတာ သူတို့ ခံယူချက်ကိုက မာနေတာကိုး၊ ကျွန်တော် တော့ ရိုးရိုးစာရေးတာပဲ၊ ဒီထဲမှ အသံမှ မပါဘဲဟာ။
စာတည်း။  ဆရာ … အဲဒီပေးစာကဏ္ဍကို ပြောရရင် အောင်မြင်တယ်လို့ ပြောရမှာပဲ။ မငှားဖြစ်တောင်မှ ဆိုင်မှာ မဂ္ဂဇင်းကို လှန်ကြည့်လိုက်ရင် အဲဒီပေးစာကဏ္ဍကို လှန်ကြည့်ဖြစ်တာ တွေ့ရပါတယ်။ ဒါဟာ မဂ္ဂဇင်း အတွက် အများကြီး ထိရောက်တယ်လို့ ပြောရမှာပဲ ဆရာ။
ဆရာဝင်းငြိမ်း။  ဟုတ်တယ်၊ တချို့က အဲဒီကဏ္ဍကို ဦးစားပေးပြီး သီးသန့်လုပ်နေတာ။ တကယ့်တကယ် ဒီကဏ္ဍကို စလုပ်ဖြစ်တာက တိုင်းမဂ္ဂဇင်းကလိုမျိုး ဖြစ်စေချင်လို့ လုပ်တာပါ။ ဒါပေမဲ့ အများစုက ဖြစ်လာတာ က ဘယ်သူ့ကို ပြောပြပေးပါ။ အရမ်းကြိုက်တာပဲ။ နေတိုးက ဘာဖြစ်တယ်၊ ကျော်ကျော်ဗိုက ဘာဖြစ်တယ်၊ အဲဒီလိုမျိုးတွေပေါ့ဗျာ။ အဲဒီလို ဖြစ်လာတော့ ကျွန်တော် အရမ်းစိတ်ညစ်တယ်။ ရှေ့မှာတော့ ဦးဝင်းငြိမ်း ကျန်းမာရေး ဂရုစိုက်ပါ၊ ဘာညာ ဆိုတာ ကျွန်တော့်ကို ဂရုစိုက်တာရတယ်၊ အိုကေ။ ပြီးတော့ ဒါကို မပယ် လိုက်ပါနဲ့နော် ဆိုတာက ပါလာတယ်။ ရှည်လို့ပယ်တာလား၊ ဒါမျိုးတွေ။ တချို့စာတွေက အရမ်းရှည်တယ်။ ကျွန်တော်က ကလေးတွေ စာစီပြီးတဲ့အခါ၊ ကျွန်တော် စာပြန်ရမယ်ဆိုတဲ့အခါ ဖြုတ် ဖြုတ် ဖြုတ်ဆိုပြီး တချို့ဟာတွေ ဖြုတ်ခိုင်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြုတ်ရတာက ပရိသတ် သိဖို့ မလိုတဲ့ အကြောင်း အရာမျိုးတွေ ဖြုတ်ပစ်လိုက်တယ်။
အတတ်နိုင်ဆုံးကတော့ ပေးစာနဲ့ ပတ်သက်ပြီး ထားတဲ့မူက ပေးစာ တော်တော်များများဟာ မင်းသား၊ မင်းသမီးရဲ့ လိပ်စာ သိချင်လို့ မေးကြတာများတယ်။ ကျွန်တော် လုံးဝ မပေးဘူး၊ လုံးဝမဖော်ပြဘူး။ ကျွန်တော် တစ်ခါလုပ်ပေးတယ်။ လိပ်စာစာအုပ် တစ်အုပ် သတ်သတ်လုပ်ပေး လိုက်တယ်။ လိပ်စာနဲ့ ဖုန်းနံပါတ် ကို မဖြေတဲ့အတွက် သူတို့လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို စာအုပ်တစ်အုပ် သီးသန့် စီစဉ်ပြီး မေတ္တာလက်ဆောင် ထည့်ပေးတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ဖြန့်ချိတဲ့အခါ ရွှေအမြုတေက သတ်သတ်၊ လိပ်စာစာအုပ် က သတ်သတ်ဖြစ်ပြီး ရောင်းစားကြတယ်။ ဖြစ်သွားတာ ကြာပါပြီ။
စာတည်း။  ဆရာ ရွှေအမြုတေမဂ္ဂဇင်းဟာ ဖျော်ဖြေရေးမဂ္ဂဇင်းအနေနဲ့ ရသနယ်ပယ်မှာပါ ပူးတွဲပြီး ရပ် တည်နေတာကို ပရိသတ် နှစ်မျိုးလုံးကို လက်ခံလာတာ ကြာပါပြီ။ အဲဒီလို ရပ်တည်နိုင်တာ ရွှေပေးစာကဏ္ဍ တေါကြောင့်လား။ ခေတ်ကို နားလည်လို့လား၊ ကံတရားကြောင့်လား၊ ဆရာ ဘယ်လိုမျိုး ခွဲခြားပြီး ဖြေမလဲ ဆရာ။ ပထမ ဆရာဖျော်ဖြေရေးသက်သက် လုပ်တယ်။ နောက် ရသနယ်ကို ၀င်တော့လည်း နှစ်ခုလုံး အောင်မြင်တယ်။ အဲဒါရဲ့ အဓိက သော့ချက်က ဘာဖြစ်မလဲ ဆိုတာ ပောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ဒီ Quality မဂ္ဂဇင်းတွေဆိုတာ အဓိကအားဖြင့် ကြော်ငြာလုပ်တဲ့ မဂ္ဂဇင်းတွေပါ။ သူတို့ မဂ္ဂဇင်းတွေမှာ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကြော်ငြာက ပါတဲ့ article တွေရဲ့ အဆပေါင်းများစွပိုတယ်။ ကျွန်တော် မဂ္ဂဇင်းတစ်အုပ် ကို မှတ်မှတ်ရရ ကြော်ငြာရေးခိုင်းကြည့်တယ်။ ကြော်ငြာက စာမျက်နှာ ၂၀၀ ကျော် ပါတယ်။ ဖတ်စရာဆောင်းပါးက ၄၆ မျက်နှာပဲ ပါတယ်။ ဒါဟာ သူတို့ စီးပွားရေးအရ သူတို့ အောင်မြင်တာကို ကျွန်တော် ဘာမှ မနာလိုမဖြစ်ပါဘူး။ သူတို့ လုပ်တတ်သလို လုပ်တယ်။ သူတို့ လုပ်စား တတ်သလို လုပ်စားထားတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ လုပ်တတ်သလို ရသဘက်က လုပ်တယ်။ ကြော်ငြာ ကျွန်တော်တို့မှာမရဘူး။ အင်မတန်နည်းပါတယ်။ ဒါပေမဲ့ Circulation ကျတော့ သူတို့ထက် အများကြိးများတယ်။
အဲဒီတော့ ကြော်ငြာအများကြီး ပါတဲ့ မဂ္ဂဇင်းရဲ့ Circulation က ကျွန်တော်တို့လောက်တော့ မများဘူး။ ကြော်ငြာရှင်တွေ အတွက် အဓိကလုပ်တာ ဖြစ်တဲ့အတွက် market မှာ ကျွန်တော်တို့လောက် မများဘူး။ ရသမဂ္ဂဇင်းတွေတောင် သူတို့ထက် များပါတယ်။ လေးပါတယ်ဆိုတဲ့ မဂ္ဂဇင်းတွေတောင် သူတို့ထက် များ ပါတယ်။ ကျွန်တော်ကတော့ မလုပ်တတ်တာထက် မလုပ်ချင်တာ။ ရသ စာပေမဂ္ဂဇင်းတွေ ဖရိုဖရဲ ဖြစ်ရတာ အဓိကကတော့ ခေတ်ရေစီးောကာင်းကိုလည်း နားလည်နေရမယ်။ အယ်ဒီတာတွေက နားလည်ရမယ်။ ခေတ်က ဘာတွေကို တောင်းဆိုနေသလဲ။ မဂ္ဂဇင်းမျက်နှာဖုံး ရွေးတာက အစပေါ့။ တစ်လ တစ်လကို တော်တော် ချင့်ချိန်နေရတယ်။ ဘာတွေ ဖြစ်နေပြီလဲ။ မျက်ခြည် ပြတ်လို့မရဘူး။
ကျွန်တော် ဒီလ နိုဝင်ဘာ အထူးထုတ် ၂၀၁၀ ပြည့်နှစ်၊ ၂၁ နှစ်ပြည့်အတွက် ထုတ်မယ်ဆိုတော့ ဘယ်သူတွေ ဘယ်သူတွေကို ပရိသတ် အာရုံစိုက်နေသလဲ လေ့လာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို သွားတွေ့တယ်။ လူတွေ စိတ်ဝင်စားနေတယ်။ သာမန် တွဲရိုက်ထားတဲ့ ပုံတွေကတော့ ရှိတယ်။ မသုံးချင် ဘူး။ ဇာတ်ကားတွေထဲက ပုံတွေနဲ့ မဖော်ပြချင်ဘူး။ အဲဒီလို မပြချင်တဲ့အတွက် ပြင်ဦးလွင်အထိ လိုက် သွားပြီးရိုက်တယ်။ မင်္ဂလာဝတ်စုံနဲ့ ရိုက်တယ်။ အနိုင်ကျင့်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ့်တကယ်တော့ သူတိုတတွေက မင်္ဂလာဝတ်စုံနဲ့ မရိုက်ချင်ဘူး။ ဝေးသေးတယ်။
သူတို့ မင်္ဂလာဆောင် တဲ့ ကာလနဲ့ ဝေးသေး တဲ့အတွက် မရိုက်ချင်ဘူး။ တကယ်လို့ ဓာတ်ပုံအဖွဲ့နဲ့ လင်းနိုင်ဦး တို့ကိုချည်း လွှတ်လိုက်မယ်ဆိုရင် သူတို့ ငြင်းလွှတ်လိုက်လို့ ရတယ်။ ကျွန်တော်ကိုယ်တိုင် လိုက်သွားတဲ့ အခါကျတော့ ကျွန်တော် မန္တလေး-တံတားဦး လေဆိပ် ရောက်တဲ့အခါ လင်းနိုင်ဦးဆီက ဖုန်း ၀င်လာတယ်။ ''အစ်ကို၊ အိန္ဒြာကျော်ဇင်က မင်္ဂလာ ၀တ်စုံနဲ့ မရိုက်ချင်ဘူး'' လို့ ပြောနေတယ်တဲ့။ ''အဲဒါဆို အူဝဲ ကို ဖုန်းပေးလိုက်၊ ငါ ပြောမယ်'' ဆိုပြီး ဖုန်းပေး ခိုင်းလိုက်တယ်။ ကျွန်တော်က ''အူဝဲ၊ သမီး မရိုက်ချင်ဘူးလား'' ဆိုတော့ ''မရိုက်ချင်ဘူး''့။ ခင်စန်းဝင်း ကို ပြောထားတာက Evening Gown ထည့်ပေးပါဆိုတာ ကို မင်္ဂလာဝတ်စုံနဲ့ ဖြစ်နေတယ်။ သမီး မရိုက်ချင်ဘူး တဲ့။ ''ဟုတ်ပြီ မရိုက်ချင်ရင် ငါပြင်ဦးလွင် ကို လာစရာအကြောင်း မရှိတော့ဘူး၊ ဒီညနေ ဖလိုက်နဲ့ ရန်ကုန် ပြန်တော့မယ်'' ဆိုတော့၊ ''မဟုတ်ပါဘူး ဦးရယ်၊ ပြင်ဦးလွင် မှာ လာနားလိုက်ပါလား'' တဲ့။ '' ငါ နားဖို့လာတာ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ လာတာ၊ အဲဒီအတွက် ကို သမီး မရိုက်ဘူးဆိုရင် ဦး ပြန်မယ်'' ဆိုတော့၊ ''မဟုတ်ပါ ဘူး ဦးရယ်၊ သမီး က တခြားမဂ္ဂဇင်းတွေကိုလည်း ငြင်းထားလို့ပါ'' တဲ့။ ''အိုကေ၊ ရွှေအမြုတေကို တခြားမဂ္ဂဇင်းတွေနဲ့ တန်းတူ စဉ်းစားတယ် ဆိုရင် ပြန်မယ်''ဆိုတော့ လက်လျှော့သွားပြီး ''ရိုက်ပါ့မယ်'' ဖြစ်သွားတယ်။
ရိုက်ပေးတယ်။ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရိုက်တာက၊ ကျွန်တော် ကမနက် ၈ နာရီခွဲ မှာ တံတားဦးလေဆိပ်ကို ရောက်တယ်။ မန္တလေး က ကျွန်တော်တို့ သတင်းထောက်ကို မှာထားပြီးတော့ ဟိုတယ်မှာ အထုပ်ချပြီးတာနဲ့ တောက်လျှောက် သူ စီစဉ်ပေးတဲ့ ကားနဲ့ ပြင်ဦးလွင်ကို တက်တယ်။ ကျွန်တော် ဟိုရောက်တော့ မင်္ဂလာဝတ်စုံနဲ့ ရိုက်တောင် ရိုက်ပြီးနေပြီ။ ဒုတိယ၀တ်စုံ ပြောင်း နေတုန်း ကျွန်တော် ရောက်တာ။ ကိုဥာဏတို့၊ ကိုလင်းတို့ ရိုက်ပြီးနေကြပြီ။ ရိုက်ရင်းရိုက်ရင်း နဲ့ ညနေ ၃ နာရီ ထိုးသွားတယ်။ တကယ်တော့ သူတို့ကို ဗီဒီယို အဖွဲ့တွေ က စောင့်နေရတာ။ တခြားသရုပ်ဆောင်တွေ ကရိုက်နှင့်နေကြပြီ။ သူတို့ကိုတော့ စောင့်နေကြ တာပေါ့။ ကျော်ဇောလင်း တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားကို ထုတ်လုပ်တဲ့ ကိုဝင်းကြည် တို့ကိုရော ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ တန်ဖိုး ရှိတဲ့ နယ်မှာ ထွက်ရိုက်ရတဲ့ အချိန်တွေ ကို ဖဲ့ပေးပြီး စောင့်နေကြတဲ့အတွက်ပါ။ သူတို့ စောင့်နေပေးတဲ့ အချိန်တွေကို ကျွန်တော် လေးပုံ သုံးပုံလောက် ယူလိုက်တာပါ။
အဲဒါ ရိုက်ပြီးတဲ့အချိန်မှာ (ရိုက်ရင်းတန်းလန်းနဲ့) ''အင်တာဗျူးအတွက် ငါ့ကို နာရီဝက် အချိန်ပေး ဦး နော်''ဆိုတော့ သူတို့ တွန့်သွားကြတယ်။ ဘယ်အချိန်က စကြိုက်တာပဲ၊ ဘာလဲ မမေးနဲ့နော် တဲ့။ မေးမှာဆို တော့ ''ဟာ ဦးကလည်း၊ မဖြေချင်ဘူး''ဖြစ်ရော။ ''မဖြေချင်လည်းရတယ်၊ ငါ့ဟာငါ ကြည့်ရေးလိုက်မယ်'' ဆို တော့ နည်းနည်းအီလည်လည် ဖြစ်သွားကြတယ်။ ဒါပေမဲ့ ထိုင်လိုက်တဲ့ အခါကျတော့ အားလုံး ပြောပါတယ်။ ဒါက ရွှေအမြုတေမှာ ပထမဦးဆုံးပါမယ့် သူတို့ရဲ့ အထူးသတင်းပါ။
စာတည်း။  ။ ဆရာ ... အလင်းတန်းဂျာနယ်ကို ဆရာ စတင်ကိုင်တွယ်ခဲ့တဲ့ပုံကို ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ ။  ဂျာနယ်ခေတ် ဖြစ်လာတယ်ပေါ့ဗျာ။ ကျွန်တော် ဂျာနယ် မလုပ်ချင်ဘူး။ ပင်ပန်းတယ်။ တစ်ပတ် တစ်ပတ် အချိန်မီဖို့ရာ မနည်းလုပ်ရမှာဖြစ်တယ်။ ပြီးတော့ တစ်ဖက်မှာလည်း ရွှေအမြုတေက ရှိ နေတယ်။ သိပ်အပင်ပန်းမခံချင်ဘူး။ ဒါကြောင့် လာပြောသမျှ လူတွေကျွန်တော် ငြင်းတယ်။ တစ်ရက်ကျတော့ ရာမ ရောက်လာတယ်။ သူက ''အစ်ကို ဂျာနယ်လုပ်မယ်၊ ဂျာနယ် လုပ်ရမယ်''တဲ့။ ကတ် ပြားငှားပြီးပြီ။ အစ်ကို့နာမည်နဲ့ ငှားလိုက်တယ်။ ဟင်္သာတမြင့်ငွေဆီက ငှားလိုက်ပြီတဲ့။
အစ်ကို ပင်ပန်းမယ်ဆိုရင် ကိုဦးဆွေ ကို ခေါ်လိုက်မယ်။ နှစ်ယောက်လုပ်ပေါ့တဲ့။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော့်မှာက လင်းနိုင်ဦး တစ်ယောက်ပဲရှိတာလေ။ ကိုဦးဆွေ ရမယ်ဆိုရင်တော့ သူ့ကို လိုချင်တာ လေးပြောပြီးလုပ်ကြတာပေါ့ဆိုပြီး လုပ်ဖြစ်တယ်။ ဒါပေမဲ့ ရာမ လုပ်တဲ့အချိန်မှာ အလင်းတန်း ဂျာနယ်က ရှုံးတယ်။ ရာမကလည်း အင်မတန် အလုပ်များတဲ့သူဆိုတော့ စီးရီးတွေလုပ်တာရှိတယ်၊ ရုပ်ပြတွေ လုပ်တာ ရှိတယ်။ ဒါရိုက်တာလည်း ဖြစ်ချင်သေးတယ်။ အဲဒီလို သူ့မှာ အလုပ်တွေက သိပ်များတော့ ချာပလတ်လည်နေပြီး ဒီအလင်းတန်းဂျာနယ် ကို ရှုံးရှုံးရှုံးဖြစ်နေတယ်။
အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်း ဗိုလ်မှူးကြီးဇော်သန်းက သူ့ရဲ့ ယဉ်ကျေးမှုဌာနက ၀န်ထမ်းဆွေ သက်သာချောင်ချိရေးအတွက် ဆိုပြီး ထုတ်ဝေခွင့်ကတ်ပြားလျှောက်တာ နှစ်ခုရတယ်။ တစ်ခုက ကုမုဒြာ။ တစ်ခုက ပျိုးခင်း။ သူကတစ်ခုယူပေးတဲ့။ အဲဒီအချိန်မှာပဲ နောက်တစ်ယောက်က ဂျာနယ်လုပ်ချင်တယ်လို့ လာပြောနေသူ ရှိနေပြန်တယ်။ ကိုဇော်ထူးအောင်ပေါ့။ ကဲ ... အဲဒါဆို ကုမုဒြာယူမယ်ဆိုပြီး ယူလိုက်တယ်။ ပျိုးခင်းကို မြတ်ခိုင် က သူ ယူမယ်ဆိုပြီး ပျိုးခင်းကို ယူလိုက်တယ်။ အဲဒီလိုနဲ့ အလင်းတန်းနဲ့တွဲပြီး ကုမုဒြာကို ထုတ်ကြ တယ်။ အဲဒီတုန်းက အလင်းတန်းက အမှတ် ၇၀ ကျော်၊ ၈၀ လောက်သွားနေပြီ။ ရာမလည်း သိန်းတစ်ရာ လောက်ရှုံးနေပြီ။ ကျွန်တော်က ရာမကို ပြောတယ်။ ရှုံးနေရင် ရပ်လိုက်။ ရှုံးနေပြီလို့ သူ ပြောရတာက ပုံနှိပ် စက်ရိုက်တဲ့သူက ဘိုင်းနင်း (binding) ကိုယူသွားပြီး သူ့ဟာသူ ဖြန့်တယ်။
ရှုံးနေပြီဆိုပြီး ပိုက်ဆံတောင်းတဲ့ အခါ ရာမက ထုတ်ပေးတယ်။ ကျွန်တော်လည်း ရာမ ရပ်လိုက်တော့ ဆိုတော့ သူက ''အစ်ကို့နာမည်ကြီးနဲပမို့ မရပ်ချင်ဘူး''တဲ့။ ''မဟုတ်ပါဘူး၊ ငါ့နာမည် သိန်းတစ်ရာ မတန်ဘူး၊ ရှုံးနေရင် ရပ် လိုက်လို့'' ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်တဲ့ အလုပ် ရှုံးနေတာကို ကျွန်တော် မခံချင်ဘူး။ အဲဒီခေတ်က သိန်းတစ်ရာဆိုတာ နည်းတဲ့ငွေကြေးမှ မဟုတ်ဘဲ။ ရပ်လိုက်ပါဆိုတာ သူက မရပ်ဘူး။ ဆက် လုပ်တယ်။ အဲဒီအချိန်မှာ ကုမုဒြာကို ထုတ်တယ်။ ကုမုဒြာကလည်း ရှုံးတယ်။ ရှုံးတယ် ဆိုတော့ ကျွန်တော် လည်းမလုပ်တတ်တော့ဘူး။ ကျွန်တော်က ကိုယ် လုပ်တဲ့ အလုပ် အောင်မြင်ချင် တယ်။ နောက်တော့ ရာမ က အမှတ် ၉၀ လောက် မှာ မနိုင်တော့ဘူး။ အစ်ကို ကျွန်တော် လက်လျှော့ပြီ တဲ့။ ကိစ္စမရှိဘူး၊ နေ နေ ဆိုပြီး ကုမုဒြာထုတ် တဲ့ ကိုဇော်ထူးအောင်ကို ပြောတယ်။ ကိုဇော်ထူးအောင် ကုမုဒြာ ကို ဆက်မထုတ်နဲ့၊ အလင်းတန်းကို ပြောတယ်။
ကိုဇော်ထူးအောင် ကုမုဒြာကို ဆက်မထုတ်နဲ့၊ အလင်းတန်းကို လက်လွှဲယူလိုက်၊ အလင်းတန်း မရှုံးဘူးဆိုတာ ကျွန်တော် သိနေတယ်၊ စိတ်က ထင်နေတယ်ဆိုတော့ ကိုဇော်ထူးအောင်က ကုမုဒြာ ကို ပြန်လွှဲပေးလိုက်တော့ တစ်ယောက်က လက်လွှဲယူသွားတယ်။ ကုမုဒြာက တခြားလူ ဆက်လုပ်ပြီး အလင်းတန်း ကို ကိုဇော်ထူးအောင် ဆက်လုပ်တယ်။ ကိုဇော်ထူးအောင် လက်ထဲ ရောက်လာပြီးချိန်မှာ ပထမအပတ် မှာ ပဲ အဖြေပေါ်တယ်။ အလင်းတန်း ကို ပုံနှိပ်တော့ တစ်နေရာ။ အဖုံးကို တစ်နေရာ၊ အတွင်း ကို တခြား၊ ဖြန့်ချိတော့ တခြား လုပ်လိုက်တော့ အဖြေက ပထမအပတ် မှာတင် ဘွားခနဲ ပေါ်လာတယ်။ တခြားမှာ မဟုတ်ဘူး။
ကျွန်တော့် ရုံးခန်းဘေးက ဂျာနယ်ရောင်းတဲ့ အဒေါ်ကြီး ဆိုင်မှာတင် ပေါ်လာတယ်။ ပထမ ပေးထားတဲ့ စာရင်း အတိုင်း အဲဒီဆိုင်မှာ စောင်ရေ ၅၀ သွားချတော့ အဒေါ်ကြီးက ဘာလုပ်တာတုံးတဲ့၊ ဟ - အရင်စာရင်းမှာ စောင်ရေ ၅၀ ဆိုလို့ ၅၀ ချတာလေ ဆိုတော့၊ ဘာလဲ ... ကျွန်မက စောင်ရေ ၁၅၀ တဲ့။
အဲဒီတစ်ဆိုင် မှာ စသိတာပဲ။ တစ်ပြည်လုံးကို ဖြန့်ချိရေးက ဦးတင်စိုးတို့။ ဒီဆိုင်မှာတင် ဒီလောက် ကွာ သွားပြီဆိုရင် တစ်ပြည်လုံးဆိုတော့ တွက်လို့ရသွားပြီ။ အဲဒီမှာ စောင်ရေအမှန် ရောက်သွားပြီး ဒုတိယအပတ်၊ တတိယအပတ်ကစပြီး ဆက်လုပ်ဖြစ်သွားတာပါပဲ။
စာတည်း။  ။ ဆရာတို့ လက်ရှိရုံးခန်း ကို ၃၃ လမ်းက ရွှေ့လာတာ ဘယ်တုံးကလဲ ဆရာ။
ဆရာဝင်းငြိမ်း။  ။ ၂၀၀၀ ပြည့်နှစ် မေလပါ။
စာတည်း။ ။ ဟုတ်ကဲ့ပါဆရာ။ ဆရာ ... ကျွန်တော်တို့ဆီမှာ အဓိကအားနည်းတဲ့ အချက်က ထိန်းသိမ်းတဲ့ အချက်၊ ထိန်းသိမ်း တဲ့ ဓလေ့စရိုက်ပေါ့နော်။ ရှေ့ကလုပ်တဲ့လူတွေက လုပ်သွားတယ်။ လုပ်ငန်းကို အကောင်အထည်ဖော်သွားတယ်။ နောက်က လူတွေက အဲဒီလုပ်ငန်းကိုရော၊ ထိန်းသိမ်းတဲ့ အတတ်ပညာရော အရမ်း ကို အလေ့အထ နည်းပါးတယ်၊ အဲဒီတော့ ဒီစာပေမဂ္ဂဇင်းလုပ်ငန်းတွေကိုပဲကြည့် ကြည့်၊ တခြား စာပေတိုက်တွေကိုပဲ ကြည့်ကြည့် မအောင်မြင်ကြဘူးဆိုတာ တွေ့ရတယ်။ ဆရာ့အနေ နဲ့ ရွှေအမြုတေ တို့၊ အလင်းတန်းတို့ကို နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့နေအောင် ဘယ်လို အစီအစဉ် ချထားတာများ ရှိပါသလဲ ဆရာ။
ဆရာဝင်းငြိမ်း။  ။ အလင်းတန်းကတော့ အရင်တုန်းက သတင်းအများစုကို ကျွန်တော် ရေးတယ်။ နောက် ပိုင်းတော့ သတင်းထောက်လေးတွေ ခန့်ထားပါတယ်။ သတင်းထောက်လေးတွေကို ဂိုက်လိုင်းချပေးတယ်။ ဘယ်လို သတင်းတွေ လိုချင်တယ်။ ဘယ်သူ့ဆီသွား၊ ငါ့နာမည်ပြော။ အဲဒီလိုတွေ လုပ်တဲ့အခါမှာ သူတို့ ကျွန်တော် ပြောသလို လုပ်တာတွေရှိပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့် စိတ်တိုင်းကျရသလားဆိုတော့ ရာနှုန်း ပြည့်စိတ်တိုင်းကျမရဘူး။ အဲဒီတော့ ကိုယ်ကိုယ်တိုင်ကတော့ ၆၅ နှစ်လောက် ရှိလာပြီဆိုတော့ စိတ်ရှိ သ လောက်ကိုယ်သွားဖို့ မနိုင်နိုင်တော့ဘူး။ သိပ်အပင်ပန်းမခံနိုင်တော့ဘူး။ အထူးသဖြင့် နှလုံးရောဂါ ရလာတဲ့ အခါ သိပ်အပင်ပန်းမခံနိုင်တော့တဲ့အတွက် သူတို့ရတဲ့ သတင်းလေးတွေကိုပဲ ကိုယ်က မချစ်သော် လည်း အာင့်ကာနမ်း သဘော လက်သင့်ခံလိုက်ရတာပေါ့။ ရေရှည်ဆက်ပြီး တည်တံ့ဖို့ဆိုတာတော့ မဂ္ဂဇင်းကတော့ ကိုမျိုးလည်း ရှိနေတာမို့ သိပ်စိတ်မပူဘူး။
အလင်းတန်း ကတော့ ပေါ်ပင်လုပ်ငန်းလည်း ဖြစ်တယ်၊ ဂျာနယ်ခေတ်တစ်ခေတ်လည်း ဖြစ်တယ် ဆိုတော့ ကျွန်တော်တို့ ရထားတဲ့ဟာကလည်း အနုပညာလိုင်းဖြစ်နေတယ်။ အနုပညာလိုင်းဆိုတော့ အကန့် အသတ်ရှိတယ်။ အနုပညာဆိုတာကို ဘယ်လောက် ရေရှည်မှာ လူတွေက စိတ်ဝင်စားမလဲဆိုတာရယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ စားဝတ်နေရေးက အဓိကဖြစ်နေတယ်။ အနုပညာဂျာနယ် တစ်စောင် ဖတ်ဖို့ ဆိုတာက လူတွေမှာ သူတို့အားမှ၊ အပျင်းပြေဖတ်တဲ့ဟာမျိုး ဖြစ်နေတာဆိုတော့ အလင်းတန်းကို ကျွန်တော့်နောက်မျိုးဆက်တွေအထိ တည်တံ့ဖို့ကို သိပ်တော့ မမျှော်လင့်ဘူး။
ရွှေအမြုတေကတော့ အရှိန်လည်း ရှိတယ်။ ကိုမျိုးက ဟိုးကတည်းက လုပ်နေတာဆိုတော့ အခု ကျွန်တော် က စာမူ ရွေးပေးရုံလောက်ပဲ ရှိတယ်။ အခု ဒီဘက်ပိုင်း တစ်လ၊ နှစ်လပိုင်းမှာ မျက်စိ က တော် တော်လေးမကောင်းတဲ့အတွက် စာမူတွေ သိပ်မဖတ်နိုင်တော့ဘူး။ တချို့စာမူတွေဆိုရင် စကင်ဖတ်၊ စာလုံးပွိင့် ကို ကြီးခိုင်းပြီး ဖတ်ရတယ်။ မနေ့က စာမူတစ်ပုဒ်ဆိုရင် ပို့လာတဲ့သူက နာမည်ကြီးပဲ။ ၀တ္ထုတို လို့ ရေးထားတယ်။ ကျွန်တော် ဖတ်ကြည့်တဲ့အခါ တကယ်လို့ ၀တ္ထုတိုဆိုရင်လည်း ကျွန်တော် တို့ ရွှေအမြုတေရဲ့ စံမဟုတ်ဘူး။ ၀တ္ထုတိုဖတ်ပြီး ကျွန်တော် ဘာမှ မှတ်ချက်မပေးသေးဘဲနဲ့ ကိုမျိုး၊ မင်း ဖတ် ကြည့်စမ်းပါ ဆိုပြီး ပေးဖတ်လိုက်တယ်။ သူ့ဆီက ဘာထွက်လာမလဲ နားထောင်ချင်လို့၊ ဘာဖြစ်လို့လဲ အစ် ကိုတဲ့။ ဖတ်လိုက်ပါကွာ ဆိုတော့ သူ ဖတ်တယ်။ ဖတ်ပြီးတော့ သူက ဘာမှလည်း မပါဘူး။ မဟုတ်ဘူးတဲ့။ သူ့ဟာက ၀တ္ထုလည်းမဟုတ်ဘူး၊ ဆောင်းပါးလည်း မဟုတ်ဘူး၊ အက်ဆေးလည်း မဟုတ်ဘူး။ ဘာမှန်းကို မသိတာ။ ဒါက နာမည်ရ စာရေးဆရာ တစ်ယောက် ရေးထားတာ။ အဲဒီတော့ ငါတို့က ပယ်လိုက်တယ် ဆိုရင် မိုက်ရိုင်းရာ ကျဦးမယ်။ ဒီတော့ ရွှေအမြုတေနဲ့ အံမ၀င်လို့ပါလို့ ပြန်ပေးလိုက်။ ဒါမျိုး နှစ်ခါ သုံးခါ ကြုံဖူး ပါတယ်။
စာတည်း။ ။ ဟုတ်ကဲ့ပါ ဆရာ၊ ဆရာ အသက် ၄၄ နှစ်တုန်းက လေဖြတ်ဝေဒနာကြောင့် ဆေးရုံတွေမှာ တစ်နှစ်ကျော် ကျင်လည်ခဲ့ရတယ်။ အသက် ၆၄ နှစ်တုန်းကလည်း နှလုံးရောဂါကြောင့် အရေးပေါ် ကုသမှု ခံယူလိုက်ရတယ်။ ဘာပဲပြောပြော၊ အခုအချိန်မှာ ဆရာဟာ ကျန်းမာရေးကို အထူးဂရုစိုက်ရတော့မယ့် ကာလ ကို ရောက်နေတယ်။ ဒီအချိန်မှာ ဆရာ စာအုပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုစာအုပ်မျိုးတွေ ရေးချင် သလဲ ဆရာ့စာပေအနုပညာနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ချင်တယ်ဆိုတာလေး ပြောပြပေးပါ ဆရာ။
ဆရာဝင်းငြိမ်း။ ။ အခု အမေရိက သွားတယ်။ သွားပြီး ပြန်လာတဲ့အချိန်မှာ လုပ်ချင် တာတွေ တော်တော်လေး များပါတယ်။ စာအုပ်တွေကို ဖတ်ခဲ့ရပါတယ်။ ၀ယ်တော့ ၀ယ်ချင်ပေမ့် သိပ် မ၀ယ်ဖြစ်ခဲ့ဘူး။ အရမ်းလို ချင်နေတဲ့ စာအုပ် ၃ အုပ်ပဲ မဖြစ်မနေ ၀ယ်ဖြစ်ခဲ့ပါတယ်။ ဈေးကြောင့် မဟုတ်ဘူး။ သယ်ရ တဲ့ စရိတ်ကြောင့် ကျွန်တော် မယူနိုင်တာ။ သုံးအုပ်စလုံးကို ကျွန်တော် ဘာသာပြန်ချင်တယ်။ မိုက်ကယ်ဂျက်ဆင်စာအုပ်ကို Idea မှာ ဘာသာပြန်ပေးနေတယ။ အင်ဂျလီနာဂျိုလီကိုရွှေမှာ ဘာသာပြန်နေ တယ်။ နောက်ရေးချင်တာ တစ်ပုဒ် ကျန်သေးတယ်။ ရစ်ချတ်ဘာတန်နဲ့ လိစ်ဇ်တေလာတို့ရဲ့ အချစ် ဇာတ်လမ်း စာအုပ်ကလည်း ကောင်းတယ်။
နှစ်အုပ်ကတော့ ရေးနေပြီ။ ရစ်ချက်ဘာတန်နဲ့ လဇ်တေလာအကြောင်းကို ရွှေမှာရေးဖို့ဟာ ကိုမျိုးက အစ်ကို့ ရစ်ချက်ဘာတန်တို့၊ လဇ်တေလာတို့က အစ်ကိုတို့သာ စိတ်ဝင်စားတာ၊ ကလေးတွေ စိတ်မ၀င်စားဘူး။ အင်ဂျလီနာဂျိုလီပဲရေးပါ၊ ဟော့ဖြစ်နေတယ်ဆိုလို့ ဂျိုလီ့အကြောင်း ရေးနေတာ။ ဂျိုလီတောင်မှ One Chapter ပြီးဖို့ကို ၂ လ ရေးရတယ်။ သူက chapter ၁၆ ခု ရှိတယ်။ Chapter တစ်ခုကို ၂ လဆိုတော့ ၃၂လရေး ရမှာ။ ဒါကို ကျွန်တော် ရေးနိုင်ပါ့မလားလို့ ကျွန်တော့် ကျန်းမာရေးကို စိတ်မချဘူး ဖြစ်နေပါတယ်။ ပြီးတော့ ခြေထောက်က ရောင်နေတယ်။
အဲဒီအတွက် ဒီဇင်ဘာလမှာ Medical Check Up သွားရဦးမယ်။ နိုဝင်ဘာအစမှာ ဂျိုလီကို စရေးနေပါတယ်။ ဆုံးအောင် ရေးနိုင်ပါ့မလားလို့ သံသယရှိနေပါ တယ်။ ကျွန်တော် ဟိုဟာကိုလည်း ရေးချင်သေးတယ်။ ရစ်ချက်တေလာတို့ကို ရေးချင်သေးတယ်။ ရစ်ချက် တေလာတို့ကို ရေးချင်သေးတယ်။ ပြီးတော့ နှစ်ကြောင်းရေး၊ တစ်ကြောင်းခြစ် ဆိုတာလည်း ရေးနေတယ်။ ရေးစရာဆောင်းပါးတွေက အများကြီး ပဲ။ စာရေးတာ ၀ါသနာပါတဲ့ လူငယ်တွေအတွက် ရေးချင်တယ် အများ ကီးပဲ။ ရေးဖို့ ရှိတယ်။ ကောင်းတာတွေကလည်း အများကြီး။ ဒါပေမဲ့လို့ ဘယ်လို ပြောရမလဲ၊ မပျံ့နှံ့တဲ့ နေရာမှာလည်း မရေးချင် ဘူး။ ဒါကြောင့် တောင်းတိုင်းလည်း မပေးဖြစ်တာတွေရှိတယ်။ အဲဒီအတွက် ရွှေ မှာပဲ ရေးနေပါတယ်။ အဲဒါလေးတွေ ပြီးအောင် ရေးချင်တယ်ဗျာ။
စာတည်း။  ။ ဟုတ်ကဲ့ပါ၊ ဆရာ ပြီးအောင် ရေးနိုင်မှာပါ ဆရာ။ ဆရာတို့ရဲ့ ရွှေအမြုတေ ဆုပေးပွဲ ဟာ နိုင်ငံတကာက မြန်မာစာဖတ်ပရိသတ်တွေကြားကို ရောက်တဲ့အထိ ပျံ့နှံ့တယ်၊ အောင်မြင်တယ်ဆရာ။ အဲဒီဆုပေးပွဲနဲ့ ပတ်သက်ပြီး ဆုပေးပွဲတစ်ပွဲ ဖြစ်ဖို့ ဘက်ပေါင်းစုံက စဉ်းစားရတယ်၊ စီစဉ်ရတယ်။ ဆရာတို့ အဲဒီလို စီစဉ်တဲ့ အခါ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ။ ဒီဆုပေးပွဲ လုပ်ဖြစ်တာက တကယ့်တကယ်ကျတော့ ကျွန်တော်က စာနယ်ဇင်းတွေနဲ့ စုပေါင်းပြီးတော့ လုပ်တဲ့ပွဲမျိုး ဖြစ်ချင်တာ။ ပုဂ္ဂလိက စာနယ်ဇင်းတွေက စုပေါင်းပြီးတော့ ဒီပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့ ဆုပေးပွဲမျိုး ကျွန်တော် လုပ်ချင်တာ။ အားလုံးပါပြီးတော့ လုပ်စေချင်တာပါ။ အဲဒါကို ကျွန်တော့် ပွဲမစမီ ၂၀၀၄ ခုနှစ်ကတည်းက ခေါင်းထဲမှာရှိတယ်။
ရှိတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ မြတ်ခိုင်ကို ပြောတယ်။ မြတ်ခိုင်၊ အခု စာနယ်ဇင်းသမားတွေ လုပ်တဲ့ ကာရာအိုကေပြိုင်ပွဲတို့၊ မော်ဒယ်ပြိုင်ပွဲတို့၊ ဒါမျိုးတွေ လုပ်မယ့် အစား စာပေဆုပေးပွဲ လုပ်သင့်တယ်။ သူ့ကို လေး ငါး ခြောက်ကြိမ်မက ပြောဖူးတယ်။ ပြောတော့ သူက ''အစ်ကို၊ အဲဒါ မလွယ်ဘူး''တဲ့။ ''မလွယ်လည်း နေကွာ'' ဆိုပြီး တစ်ယောက်တည်း လုပ်မယ်ဆိုပြီးတော့ ကျွန်တော် ပထမဆုံး စ တိုင်ပင်ဖြစ်တာက ဆရာထက်မြက်ပါ။ ဒါက မဖြစ်နိုင်ဘူး၊ တစ်ယောက်တည်း ဆိုတော့ ကျွန်တော့်မှာ တခြားအလုပ်တွေကလည်း ရှိသေးတယ်။ ဒီတော့ ဆရာထက်မြက်နဲ့ တိုင်ပင်တယ်။ သူက စာလည်းရေးတယ်၊ ဇာတ်ညွှန်းတွေလည်း ရေးနေတယ် ဆိုတော့ သူ့ကို ခေါ်တယ်။ ဆရာ တခြားလူ တွေလည်း ခေါ်ပေးပါဆိုတော့ ဇတ်ညွှန်းသမားတွေ ခေါ်လာပြီး ကျွန်တော်တို့ တိုင်ပင်ကြပြီး ဒါကို စလုပ်တယ်။ ပထမနှစ် လုပ်တယ်။ ဒုတိယနှစ်လည်း ပြဿနာမရှိသေးဘူး။
တတိယနှစ်မှာ ပြဿနာစလာပြီ။ ဒုတိယနှစ်လည်း ပြဿနာမရှိသေးဘူး။ တတိယနှစ်မှာ ပြဿနာစလာပြီ။ စာပေဆုပေး ပွဲတွေ မလုပ်ရတော့ဘူးလို့ အသံထွက်လာတော့ ကျွန်တော် တို့ကိုတော့ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ရွှေအမြုတေစာပေဆုပေးပွဲတော့ ခွင့်ပေးလိုက်လို့ ပြောတဲ့အတွက် ပြဿနာမရှိဘူး။ ရတယ်။ ကျွန်တော် လုပ်တာကလည်း နိုင်ငံတော်က ချီးမြှင့်နေတဲ့ စာပေဆုတွေနဲ့အပြိုင် မဟုတ်ဘူး။ အမျိုးသား စာပေဆု ရှိမယ်။ စာပေဗိမာန်စာတည်းစာပေဆု ရှိမယ်။ ဒါတွေက နိုင်ငံတော်က ပေးတဲ့ စာပေဆုတွေ။
ဆီမီးဂါးဗားမန့်လို့ ပြောလို့ရတာက ပခုက္ကူဦးအုန်းဖေ စာပေဆုရှိမယ်။ ထွန်းဖောင်ဒေးရှင်းရှိမယ်။ သုတစွယ်စုံရှိမယ်။ ဆရာဝန်တင်ရွှေရှိမယ်။ ဒီလေးခုက စာပေနဲ့ စာနယ်ဇင်းက တာဝန်ယူပြီး လုပ်တာ။ သူတို့ရွေးပေးတာ ကျွန်တော် အမှန်မမှားဘူးဆိုရင် အလှူရှင်က ၂၀ ရာခိုင်နှုန်းပါပြီး သူတို့က ၈၀ ရာခိုင်နှုန်း ပါတယ်။ အဲဒီလို ရွေးကြတာပါ။ ပြီးတော့ သူတို့ ရွေးတာက လုံးချင်းတွေ၊ ပေါင်းချုပ်တွေကို ရွေးတာပါ။
ကျွန်တော်တို့ မဂ္ဂဇင်းလိုင်းမှာ မရှိဘူး။ ကျွန်တော်က မဂ္ဂဇင်းသမားဖြစ်တဲ့အတွက် ဒါကို လုပ်ချင် တယ်။ ကျွန်တော် ပထမဦးဆုံး တိုင်ပင်ဖြစ်တဲ့သူတော့ရှိပါတယ်။ ဆရာဦးမျိုးသန့်(မောင်ဆုရှင်)ကို လူချင်း ရင်းနှီးတဲ့အတွက် သွားတိုင်ပင်တော့ သူက ခဏလေးစောင့်လိုက်တဲ့။ နောက် သုတစွယ်စုံပထမဆုံး စာပေ ဆုပေးပွဲလုပ်တယ်။ Science နဲ့ ပတ်သက်တဲ့ စာပေတွေကို ဆုပေးတဲ့ပွဲ၊ ထရိတ်ဒါးမှာ လုပ်တယ်။ လုပ်တော့ ပြန်ကြားရေးဝန်ကြီးရဲ့ Speech ထဲမှာ ဘာပါလာသလဲဆိုတော့ ဒီလို စာပေဆုပေးပွဲတွေ ထွန်းကားသင့်တယ်ဆိုတာ ပါလာတယ်။ ပါလာတော့ ချက်ချင်းပဲ ၀န်ကြီး မိန့်ခွန်းပြောနေတာ မဆုံးသေးခင် ကျွန်တော် ထသွားပြီးတော့ ဆရာဦးမျိုးသန့်ကို ''ဆရာဟိုမှာ ပြောနေပြီ'' ဆိုတော့ သူက ''လုပ်တော့ လုပ် တော့''တဲ့။ ဒါကြောင့် လုပ်ဖြစ်ခဲ့တာမို့ ဆရာဦးမျိုးသန့် ကျေးဇူးတွေလည်းပါပါတယ်။
နောက်ပြီးတော့ တခြားပုဂ္ဂလိကစာပေဆုတွေ တားမြစ်ပေမယ့် ရွှေအမြုတေစာပေဆုကိုတော့ ၀န်ကြီးကိုယ်တိုင်က ''မင်းတို့ Watch လုပ်ပြီးပေးလိုက်''လို့ ပြောတဲ့အတွက် တတိယနှစ်မှာ ကျွန်တော် သူတို့ဆီ သွားတွေ့ပါတယ်။ သွားတွေ့တဲ့အခါကျတော့ သူတို့ ဆယ်ယောက် တက်မယ်။ ဆုကို စာရင်းကြိုသိချင်တယ်လို့ပြောပါတယ်။ ဆုရစာရင်း ကြိုပေးထားရပါတယ်။
စတုတ္ထအကြိမ် ဆုပေးပွဲမှာတုန်းက ဘာဖြစ်လာလဲဆိုတော့ ဆုရွေးချယ်ရေးအဖွဲ့ကို သူတို့ဘာသာ ဖွဲ့မယ်၊ ကျွန်တော် က member တစ်ယောက်အနေနဲ့ပါလို့ရတယ်။ ဆုကို သူတို့ရွေးမယ်ဆိုပြီး ဖြစ်လာပါ တယ်။ ဒါကြောင့် စတုတ္ထအကြိမ် ဆုပေးပွဲတုန်းက ကျွန်တော် ပြောခဲ့ပါတယ်။ ပဉ္စမအကြိမ် ကတော့ ဖြစ်ချင်မှဖြစ်တော့မယ်ဆိုပြီး ပြောခဲ့တာပါ။ သူတို့ရှေ့မှာပဲ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ပဉ္စမအကြိမ် လုပ်တော့မယ်လို့ ကျွန်တော် စာတင်လိုက်တဲ့အခါ ဥက္ကဋ္ဌက အစည်းအဝေးတောင် မခေါ်ဘဲ ကျွန်တော့် ဘာသာ ဆက်လုပ်ပါလို့ ခွင့်ပြုလာတဲ့အတွက် ဆက်လုပ်ဖြစ်ခဲ့တာပါ။
စာတည်း။  ။ ဟုတ်ပါပြီ ဆရာ။ ဆရာ Teen မဂ္ဂဇင်းနဲ့ ပတ်သက်ပြီး အားမလို အားမရ ဖြစ်တာလေးတွေ ရှိရင်လည်း ပြောပြပေးပါဦးဆရာ။
ဆရာဝင်းငြိမ်း။  ။ Teen မဂ္ဂဇင်းကို မူလ ရည်ရွယ်တုန်းကတော့ ရွှေအမြုတေလိုပဲဗျ။ ပေါ့ပ်အတွက် ရည် ရွယ်တယ်။ ကလေးတွေကို ပေါ့ပ်န့ ပတ်သက်တာတွေပါမယ်။ ၀က်ဆိုက်တွေအကြောင်းပါမယ်။ ဖက်ရှင်တွေအကြောင်းပါမယ်။ ဒါမျိုးတွေ လုပ်ချင်တယ်။ ကိုမျိုးတို့ကကျတော့ စိတ်ကူးစိတ်သန်းတွေက ဘယ်လိုပြောရမလဲ။ နည်းနည်းအမြင့်ပေါ့။ အမြင့်ကို လိုချင်တယ်။ ကျွန်တော်က အနိမ့်နဲ့ ကလေးတွေကို ဆွဲချင်တယ်။ ရပြီဆိုတော့မှ ပေးချင်တဲ့ ဒဿနကို ကလေးတွေကို ပေးချင်တယ်။ ကျွန်တော်က အဲဒီအပေါ်မှာ သိပ်တော့ ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးပေါ့လေ။
စာတည်း။  ။ ဟုတ်ကဲ့၊ နောက်ဆုံးမေးခွန်းပါ ဆရာ။ ဆရာကဆရာ့မိသားစုနဲ့ ပတ်သက်လာရင် သံယောဇဉ်ကြီးလွန်းတာ မကြာခဏ တွေ့ရပါတယ်။ ဆရာလိုလားတဲ့ မိသားစုပုံစံလေးရှိရင်ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ။ မိသားစုတစ်စု ဆိုတာတော့ဗျာ၊ ဇာတ်အဖွဲ့တစ်ဖွဲ့လိုပေါ့။ သူက ဦးစီးဦးဆောင် လိုတယ်။ ဇာတ်ဆရာ လိုတယ်။ ဇာတ်ဆရာမရှိတော့ဘူးဆိုရင် ဇာတ်ခေါင်းကွဲသွားမယ်။ လူရွှင်တော်လည်း တခြား အဖွဲ့ရောက်သွားမယ်။ မင်းသမီးလည်း တခြားအဖွဲ့ရောက်သွားမယ်။ မင်းသား လည်းရောက်သွား မယ်။ မင်းသမီး လည်း တခြားအဖွဲ့ရောက်သွားမယ်။ မင်းသားလည်း ရောက်သွားမယ်။ ကျွန်တော်က အဲဒီလို မဖြစ်ချင်ဘူး။ မိဘဆိုတဲ့ ဇာတ်စီး တဲ့လူ နေရာက မိဘနှစ်ပါး မရှိတော့ဘူးဆိုတဲ့အခါ ကျွန်တော်က စုစုစည်းစည်း နဲ့ တိုင်တိုင်ပင်ပင် တစ်ဦး မိသားစုကိစ္စ တစ်ဦးက ဖြေရှင်းရင်းနဲ့ အဲဒီလို အုံအုံ ကျင်းကျင်းဖြစ်စေ ချင်တယ်။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့ ဖြစ်လာတ့အခါကျတော့ ကျွန်တော် ကပဲ လောဘကြီးနေတာလားမသိပါဘူး။
ကိုယ့်လမ်း ကိုယ်လျှောက်ကြရတယ်။ ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့် လမ်းကိုယ် လျှောက်ကြတော့ ညီအစ်ကို မောင်နှမ ဆိုတာ ကလည်း အိမ်ထောင်တွေ ရှိလာကြတော့ သူတို့ မိသားစုဟာ သူတို့ ဘ၀ ဖြစ်လာတယ်။ အဲဒီလို သူတို့ ကမ္ဘာလေးတွေ သူတို့ကမ္ဘာလေးတွေ ကိုယ်စီ ရှိလာကြတယ်။ ကျွန်တော် က အိမ်ထောင်မရှိတော့ ညီအစ်ကို မောင်နှမပေါ်မှာ သံယောဇဉ်ကြီးတယ်။ တကယ်လို့ ကျွန်တော့်မှာသာ မိသားစု ရှိတယ် ဆိုလို့ရှိရင် သူတို့လိုဖြစ်ချင်ဖြစ်သွားမယ်။ ဒါပေမဲ့ ကျွန်တော်က အခုထက်ထိ အိမ်ထောင် မရှိသေးဘဲ နဲ့ နေတဲ့အခါကျတော့ တစ်မျိုးပေါ့။
အဲဒီလိုပေါ့ဗျာ။ ကိုယ့်လမ်း ကိုယ် လျှောက်ကြရတာတော့ ဟုတ်ပါပြီ။ မိဘနေရာကို ကိုယ် ရောက် နေပြီးတော့ အဖေ လို တစ်မျိုး၊ အမေလို တစ်မျိုး ကိုယ်က အဆိုး အကောင်း အားလုံးကို ကိုယ် သိ ချင်နေပြီး တော့ သူတို့ကို မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်ရလေအောင် ဆုံးမပေးတယ်။ ဒါပေမဲ့ တကယ် စဉ်းစား ကြည့်တဲ့အခါကျတော့လည်း ကိုယ်နဲ့က သိပ်မဆိုင်တော့ဘူးလို့သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ မိသားစုနဲ့ "Affair" ဖြစ်သွားပြီး ကိုယ်ကသာ ပူနေတာ၊ တကယ့်တကယ်တော့ ကိုယ်က "Out of Bound" ဖြစ်သွားပြီး တကယ်တမ်းမှာ ကိုမျိုး ရဲ့ သားကို ကျွန်တော် ပြောရင်တောင် မဆိုင်ဘူးလေ။ သူ့အဖေ စကား ပဲ သူ နားထောင်မှာပေါ့။ အဲဒီလိုပေါ့ဗျာ။ ကိုမျိုး သား အကြီးဆိုရင် ကိုမျိုး မိန်းမ ဘားလမ်း ဆေးရုံ မှာမွေးပြီး ၃ ရက်သား ကတည်းက ကျွန်တော် ခေါ်သွားတာ။
သူ့မိန်းမ နေမကောင်းတဲ့ အတွက် ဆေးရုံမှာ နေခဲ့ရတယ်။ ခေါ်သွားပြီးချိန်မှာ ကျွန်တော့်အဖေ က မြေးဦးဆိုတော့ သူတို့နဲ့ သိပ်မယ်ဆိုပြီး ခေါ် သိပ်တယ်။ မနက်ကျတော့ အဖေက မင်းကလေး မင်းထိန်း တဲ့၊ ငါတို့ မအိပ်တတ်ဘူး။ ပြန်ခေါ်သွား၊ ပြန်ခေါ် သွားဆိုတော့ နောက်နေ့ကစပြီး ကျွန်တော်နဲ့သိပ်တယ်။ အိပ်တဲ့ အခါ သူ့ရင်ဘတ်ပေါ် လက်တင်ပြီးတော့ အိပ်တယ်။ အင့်ခနဲ ဖြစ်သွားရင် ကျွန်တော် ချက်ချင်း နိုးအောင် လို့။ သေးပေါက်ရင် ကျွန်တော် အနှီးလဲပေး၊ နို့ဘူးဖျော်နို့ဘူးတိုက် ကျွန်တော် အဲဒီလို လုပ်ခဲ့ရတယ်။ လုပ်ခဲ့ရတာ။ အဲဒီအချိန်က သူ့အဖေကလည်း မရှိနဲ့။ ဒီကောင် အသက် ၃၀ အထိ ကျွန်တော် သားအရင်း လို ချစ်ခဲ့တာပါ။ ကျွန်တော်က ကိုယ့်သား ကိုယ့် သားနဲ့ ဖြစ်သလို သူကလည်း အဖေအရင်း တစ်ယောက်လို ချစ်ခဲ့ပါတယ်။ သူ့မိန်းမ ကို ပြောရင် ငါ့မှာ အဖေ နှစ်ယောက်ရှိတယ်။ ဒါလည်း ငါ့အဖေ လို့ ပြောပါတယ်။
တကယ့်တကယ် ကျတော့ သူတို့သားသမီး က သူတို့ သားသမီးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ နာရေးဖြစ်သွားတဲ့ အခါကျတော့ (ကျွန်တော့်မှာ ဘယ်လောက်တောင် အပူအပင်များလိုက်သလဲဆိုတော့ ၂၀၀၅ ခုနှစ် သြဂုတ်လ ၁၉ ရက် ဆိုတော့ ၉ လနဲ့ ၉ရက်ပဲကွာတယ်။ တကယ့်အချစ်ဆုံး နှစ်ယောက်ကို ၉လနဲ့ ၉ရက်မှာ ကျွန်တော် ပစ်လိုက် ရတယ်။ ကျွန်တော် မဆည်နိုင် မဖြေနိုင် ဖြစ်နေတဲ့အချိန်) နာရေးကြော်ငြာကို သတိရ လို့ ပြန်ကြည့်လိုက်တဲ့အခါ ကိုမျိုးရဲ့ ကြော်ငြာ က သူနဲ့ သူ့မိန်းမရဲ့ နာမည်ပဲပါတယ်။ ကျွန်တော့် နာမည် မပါဘူး။ သူကလည်း ကျွန်တော့်ရှေ့မှာ ငိုရင် ကျွန်တော် စိတ်ထိခိုက်မှာစိုးလို့။ သူ့သောက နဲ့သူ ဖြစ်နေရှာတယ်။ တကယ် တွက် ကြည့်ရင်တော့ ကျွန်တော်ကသာ ပူနေတာ။ သူက တကယ့် အဖေအရင်း ပဲ။ ကိုယ်တောင် ကြေကွဲသေးတာပဲ။ သူက သူ့သားဆိုတော့ ပိုကြေကွဲမှာပေါ့။ ကျွန်တော်က သတင်းစာ ကို ကြည့်ပြီး " မင်းက ငါ့သားလေး ဆုံးတာ၊ ငါ့နာမည်တောင် မထည့်ဘူး" ဆိုတော့ သူက "အစ်ကို က အဲဒီတုန်းက ပြောမှ မပြောတာ" တဲ့။ ဒါ တကယ်စဉ်းစားကြည့်တော့လည်း ကိုယ်က ဘာမှမဆိုင်ဘူး။ ကိုယ်က လောဘတွေ ကြီးနေတာ၊ တစ်စုတစ်စည်းတည်းဖြစ်ချင်တာ။ တကယ်တော့ နိယာမတရားအရပဲ။
စာတည်း။  ။ ဆရာ ... ရွှေအသစ်တွေနဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေရှိရင် ဆရာ ပြောပြေးပါဦး။
ဆရာဝင်းငြိမ်း။  ။ ရွှေအသစ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာက ဟိုတစ်နေ့ကပဲ လူ တစ်ယောက် စာရေးလာတယ်။ စာမူတစ်ပုဒ် ကို တစ်နှစ်ခွဲလောက် စောင့်ရတာ၊ အဆုံးအဖြတ် ရဖို့ စောင့် ရတာ ဟာ သူတို့အတွက် fair မဖြစ်ဘူးတဲ့။ ကျွန်တော် သိတယ်။ fair မဖြစ်ဘူးဆိုတာ ကျွန်တော် သိတယ်။ သို့သော် စာမူဝင် တဲ့ အားက တစ်လကို အပုဒ် ၁၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ ဖတ်တာက အပုဒ် ၁၀၀လုံး ရတယ်။ အဲဒီအထဲက ၁ ပုဒ်ကို ရွေးလို့ရတယ်။ သို့သော် ၁၀၀ ထဲက ရွေးလို့ရှိရင် အတန်အသင့် ကောင်းတဲ့ ၀တ္ထုတွေက ကျန်ခဲ့မယ်။ အကောင်းဆုံး ၃ပုဒ်ကို ၁၀၀ ထဲက ရေးရင် ရွေးလို့ ရတယ်။ အဲဒီအခါ အတန်အသင့် ကောင်းတာတွေက ကျန်ခဲ့မယ်။ ဒါကြောင့် တစ်လကို ၆၀ ပဲ ဖတ်တယ်။ ဒါကြောင့် အတန် အသင့်ကောင်း တဲ့ ၀တ္ထုတွေအတွက် အခွင့်အရေးရှိလာတယ်။ ကျွန်တော်တို့ တစ်လကို ၆၀ ပဲ ဖတ်တဲ့ အတွက် ၄၀ လောက် က ဝေးသွားတယ်။
အဲဒီလို တင်ရင်းတင်ရင်း အပုဒ်က ထောင်နဲ့ချီဖြစ်သွား တယ်။ အခု ဒီဇင်ဘာ ၂၀၁၀ မှာ ရွေးတဲ့ဝတ္ထုဆိုရင် တစ်နှစ်ခွဲ ကြာသွားတယ်။ ကျွန်တော် စိတ်မကောင်း ဘူး။ သို့သော် ကျွန်တော် မတတ်နိုင်ဘူး။ ကျွန်တော့်ဘက် က reason က အဲဒါပါ။ ကျွန်တော် ဘယ်လိုမှ မတတ်နိုင်ဘူး။ ကျွန်တော့်ဘက်က reason က အဲဒါပါ။ ကျွန်တော် ဘယ်လိုမှ မတတ်နိုင်ဘူး။ ၁၀၀ ထဲက ၁ ပုဒ်၊ ၂ ပုဒ်ကို ရွေးမလား။ ၆၀ ထဲက ၁ ပုဒ်၊ ၂ ပုဒ် ကို ရွေးမလား။ တချို့ကလည်း အပုဒ်ရေများများ ရေးကြ တယ်။ တစ်ယောက်တည်း ၅ ပုဒ်၊ ၆ ပုဒ်လောက် ရှိတယ်။ အံ့သြစရာကောင်းအောင် ရေးကြတယ်။ ၅ ပုဒ်၊ ၆ ပုဒ်က အရည်အချင်း ရှိလားဆိုတော့ ၁ ပုဒ်မှ မရှိဘူး။ ကျွန်တော် ဖြစ်စေချင်တာက ၁ ပုဒ်ကောင်းကို ရေး၊ သေသေချာချာ ပြန်ဖတ်၊ သူများကို ဖတ်ခိုင်း။ ကိုယ့်အနီးအနား စာဖတ်ဝါသနာပါတဲ့ သူတွေကို ဖတ်ခိုင်း၊ ထပ်ခါတလဲလဲပြင်၊ အဲဒီလိုမျိုး ဆိုရင် ရောက်လာတဲ့အခါ ကျွန်တော့်ဆီမှာ မဆိုးတဲ့ အဆင့်လောက် ဖြစ် သွားမယ်။ နောက်တစ်ခုက စကားပြောနဲ့ စကားပြော မခွဲခြားတတ်ကြဘူး။ စကားပြောနဲ့ စကားပြေ ရောနေ တာ ကို ဘယ်လိုမှ လက်သင့် ခံ လို့ မရဘူး။
ဒီဇင်ဘာလ ပေးစာထဲမှာဆိုရင် ကျွန်တော့်ကို မေးတယ်။ ဆရာ က စကားပြောနဲ့ စကားပြေ ရောတာကို မကြိုက် လို့ ပြောနေတယ်။ စာရေးဆရာအချို့က စကားပြောနဲ့ စကား ပြေရောပြီး ရေးနေကြတယ်။ သူတို့ ရေးခွင့်ရပြီး ကျွန်တော်တို့ ရေးခွင့်မရဘူးလားတဲ့။ ကျွန်တော်ကတော့ ရွှေအမြုတေမှာ စကားပြောနဲ့ စကားပြေ မရောတာ ကိုရွေးတယ်။ ရောလာရင်လည်း ပြင်ပစ်တယ်။ ကျွန်တော် ပြန်လည် တူးဖော်ခြင်းအတွက်ကို ပေဖူးလွှာ အဟောင်းထဲက စာရေးဆရာမ တစ်ယောက်ရဲ့ ၀တ္ထုကို သုံးမလို့ ဖတ်ကြည့်လိုက်တဲ့အခါ စကားပြော၊ စကားပြေရောနေတယ်။ အဲဒီအတွက် ဆရာမကို ကျွန်တော် မေးတယ်။ စကားပြော၊ စကားပြေ ရောနေတယ်၊ ကျွန်တော် ပြင်လိုက်ရမလား ဆိုတော့ သူက "ဟာ မပြင်ပါနဲ့၊ အဲဒါ စတိုင် လုပ်ထားတာ" တဲ့။ တကယ့်တကယ်တော့ အဲဒါ စတိုင်လုပ်ထားတာ မဟုတ် ဘူး၊ မှားရေးတာ။ အဲဒီတော့ ကျွန်တော် လည်း အဲဒီအပုဒ်ကို မသုံးတော့ဘဲ ပယ်လိုက်ပြီး တခြားအပုဒ်ကိုပဲ ရွေးသုံးတယ်။ ကျွန်တော် တို့ဆီမှာ စကားပြောနဲ့ စကားပြေ ရောတာကိုတော့ လက်မခံဘူး။ အားနည်းချက် က ရွှေအသစ်တွေ မှာ စကားပြော၊ စကားပြေ ရောတာ၊ စာမျက်နှာ နှစ်ဖက်ရေးတာ၊ လက်ရေးလက်သား ညစ်ပတ်နေတာ အများကြီး ပါတယ်။ ကျွန်တော်တို့ကလည်း သြော် ... သူတို့ ကြိုးစားထားတာဆိုပြီး ဂရု စိုက်ဖတ်တယ်။ မရ ရအောင် ဖတ်ရတာ မျက်စိ တော်တော် ဒုက္ခရောက်တယ်။
ကျွန်တော် တို့က အဲဒီလိုမျိုး ဆန်ခါစိပ်စိပ်နဲ့ တိုက်တဲ့အတွက် ရွှေအသစ်လို့ တင်ပေးလိုက်တဲ့ ကလောင်သစ်က ဒေါင်ဒေါင်မြည်တာတော့ အမှန်ပဲ။ ကျွန်တော်တို့ တင်ပေးလိုက်တဲ့ ရွှေအသစ် တော်တော် များများ တခြားမဂ္ဂဇင်းတွေမှာ ၀င်ရေးနေတာ။ နေရာရနေတာ တွေ့ရတဲ့အတွက် ၀မ်းသာတယ်။ ကိုယ့်သား သမီးတွေလိုပဲ။ သို့သော် ကျွန်တော် တင်ပေးလိုက်တဲ့ တချို့ ကလောင်သစ်တွေက တခြားမဂ္ဂဇင်းက ဖွင့် ထားတဲ့ အသစ်ကဏ္ဍမှာ ၀င်ရေးတာတော့ ကျွန်တော်မကြိုက်ဘူး။ ရွှေမှာ အသစ်အဖြစ် ၂ ခါ ပါပြီး ရိုးရိုး ၀တ္ထုတွေမှာ ၀င်ရေးနေပြီး တခြားမှာ အသစ်အဖြစ် ၀င်ရေးနေတာတော့ ကျွန်တော် မကြိုက်ဘူး။
စာတည်း။ ။ ဟုတ်ကဲ့၊ ဆရာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-68481152080944007322013-11-17T20:18:00.000-06:002015-09-10T05:08:25.333-05:00မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၄)
ဒီနှစ်မှာတော့ စောင့်ကြည့်စရာ ဖြစ်လာညပီ။ ''မိုးညအိပ်မက်မြူ'' ပါတယ်၊
''အတိတ်၏ အရိပ်'' ပါတယ်၊ ''ကြိုးကြာတောင်ပံခတ်သံ'' ပါတယ်၊ ''ကျောက်စက်ရေ''
ပါတယ်။ ဒီလေးကားက တကယ့် ဒရာမာ လေးကားပါ။ ကျန်တဲ့ ဆယ့်နှစ်ကားက ဟာသကားတွေ။
အဲဒီကားတွေထဲက ကျွန်တော်တို့ ဘယ်လို မှ မထင်မှတ်တဲ့ ''အတိတ်၏ အရိပ်'' ကားက
တရုတ်မှာ ကျင်းပတဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ''အောင်သူရ'' က
အကောင်းဆုံး သရုပ်ဆောင်ဆု ရထားတယ်။ အဲဒီတော့ ကျွန်တော် တို့ မြန်မာအကယ်ဒမီ
ရွေးချယ်ရေး အဖွဲ့ ဘယ်လိုလုပ်ကြမလဲ။ တော်တော် ကြည့်လို့ ကောင်းမယ့်
ပွဲပဲလေ။ သိပ်ကြည့်ကောင်းမယ့်ပွဲပါပဲ။ ကို ဆက်ဖတ်ရန်...
စာတည်း။  ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့ မြန်မာ အကဲဖြတ်အဖွဲ့တွေ ဘယ်လိုလုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ပရိသတ် အကဲဖြတ်တာလည်း စောင့်ကြည့်ရပါဦးမယ်။
ဆရာ ... ဆရာနဲ့ ဆရာငြိမ်းကျော်တို့ တွေ့ဆုံအင်တာဗျူးတဲ့ မေ၊ ၉၂ ပေဖူးလွှာထဲမှာ ဆရာက မေးခွန်းထုတ်ခဲ့ပါတယ်။ '' အခုနောက်ပိုင်းမှာ စာပေဘက်မှာရော၊ ရုပ်ရှင်ဘက်မှာရော ဂီတဘက်မှာပါ ဝေဖန်ရေးတွေ တော်တော်ခေတ်စားလာတယ် ဆရာ့အမြင်မှာ ဝေဖန်ရေးကို ဘယ်လို မြင် ပါသလဲ'' လို့ ဆရာက မေးခွန်းထုတ်ခဲ့ပါတယ်။
ကျွန်တော် သိချင်တာက အဲဒီ ၁၉၈၂ ကာလက စာပေဝေဖန်ရေးတွေကို ပရိသတ်က လက်ခံတဲ့ အတိုင်းအတာ၊ စာတစ်စောင်ကို ဝေဖန်လိုက်တယ်၊ ရုပ်ရှင်တစ်ကားကို ဝေဖန်လိုက်တယ်ဆိုရင် ပရိသတ်က အဲဒီအပေါ်မှာ လက်ခံခဲ့တဲ့ အတိုင်းအတာ၊ အဲဒီဝေဖန်ရေး အရမ်းအားကောင်းလာအောင် ပရိသတ်ဘက် က ဘယ်လိုမျိုး ပံ့ပိုးမှုတွေ လုပ်ခဲ့သလဲဆိုတာ သိချင်ပါတယ် ဆရာ။
ဆရာဝင်းငြိမ်း။  အဲဒီကာလတုန်းက စာဖတ်ပရိသတ်ဟာ ဝေဖန်ရေးကို အရမ်းကြိုဆိုတယ်။ ဝေဖန်ရေး ဆရာတွေကလည်းဝေဖန်ရေးမှာ ဘက်မလိုက်ခဲ့ကြဘူး။ ဆရာစိန်ခင်မောင်ရီဆိုရင် ရုပ်ရှင်ကြည့် ရင်တောင် မေတ္တာလက်မှတ်နဲ့ မကြည့်ဘူး။ ရုပ်ရှင်လက်မှတ် ၀ယ်ကြည့် တယ်။ မေတ္တာလက်မှတ် နဲ့ဆိုရင် ဝေဖန်တဲ့ အခါ အားနာနေမိမှာစိုးလို့ပါ။ စာပေဝေဖန်ရေးမှာလည်း ဆရာအောင်သင်းတို့က လက်သံပြောင်နေ တဲ့ အချိန်၊ ဝေဖန်ရေးကို ပရိသတ်အားလုံးက လက်ခံတယ်၊ ကြိုဆိုတယ်။ ဆရာတွေ ကလည်း လက်မတွန့်ဘဲ ဝေဖန်ကြတယ်။ အဲဒီတော့ ရုပ်ရှင်ရိုက်တဲ့သူတွေက သတိထားလာကြသလို၊ စာရေးတဲ့ သူတွေကလည်း သတိထားပြီး ရေးကြတယ်။ ဝေဖန်ရေးဟာ ရှိသင့်တဲ့ ကိစ္စလို့ အားလုံးက လက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့ ခု သွားမေးရင် ဂီတပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စာပေပဲဖြစ်ဖြစ် ဝေဖန်ရေး ရှိရင် ကောင်းတာ ပေါ့လို့ ပြောကြလိမ့်မယ်။ သို့သော် ဝေဖန်လိုက်ရင် တရားစွဲမယ် ဘာဖြစ်မယ် ဖြစ်နေတာ အများကြီးပဲ။ ရုပ်ရှင်မှာရော၊ စာပေမှာရော ရှိနေတယ်။ အခုမနက် အိမ်က ထွက်လာတုန်းကပဲ ဧည့်ခံပွဲ ကျင်းပတဲ့ လူတွေက ဂျာနယ်တစ်စောင်ကို တရားစွဲမယ်ဆိုပြီး ဖုန်းဆက်လာတယ်။ သူတို့ မကျေနပ်ဘူးတဲ့။ ကျွန်တော်က အဲဒီဂျာနယ်ကို သိတယ်။ ဒါကြောင့် နေပါဦး၊ တရားစွဲတယ်ဆိုတာ ပြဿနာတွေ များပါတယ်။ ကျွန်တော်ညှိနှိုင်းပေးပါဦးမယ် လို့ ပြန်ပြောခဲ့ရတယ်။ ရေးတဲ့သူ ကို ပြန်ဖြေရှင်းခိုင်းပါ့ မယ်၊ ကျေလည်အောင် ဖြေရှင်း ခိုင်းပါ့မယ် ဆိုတာမျိုး ပြောခဲ့ရပါသေးတယ်။ ဘာလုပ်မှာလဲ။ ဒါတွေဟာ သံသရာ ရှည်ပါတယ်လို့ ပြောပြခ့ပါတယ်။ ဒါကြောင့် ဝေဖန်ရေးကို ကြိုဆိုပါတယ်ဆိုတဲ့ ဒီခေတ် လူတွေဟာ အရမ်းကို Sensitive ဖြစ်တာ တွေ့နေရတယ်။
စာတည်း။  ဆရာ ... ဆရာ ပေဖူးလွှာမှာ စာရေးဆရာ၊ ဆရာမတွေနဲ့ အင်တာဗျူး မလုပ်ခင်မှာ အဲဒီ စာရေးဆရာ၊ ဆရာမရဲ့ ၀တ္ထုတွေဖတ်တယ်။ ဖတ်ပြီးမှ အင်တာဗျူးလုပ်တယ်လို့ သိရပါတယ်။ အဲဒီကာလ တုန်းက ဆရာဟာ ၀န်ထမ်းတာဝန်တွေက တစ်ဖက်၊ မဂ္ဂဇင်းတွေမှာ ပေါ့ပ်ကဏ္ဍကတစ်ဖက်။ ပြီးတော့ စာပေအင်တာဗျူးတွေက တစ်ဖက်ဆိုတော့ ဆရာ့ရဲ့ တစ်နေ့တာ အချိန်ဇယားကို ဘယ်လို စီစဉ်ခဲ့ပါသလဲဆရာ။ ဆရာ အလုပ်လုပ်တဲ့အခါ အချိန်ဇယားချပြီး လုပ်တတ်ပါသလားဆရာ။
ဆရာဝင်းငြိမ်း။  အဲဒီလို ကျွန်တော် မလုပ်ပါဘူး။ ကျွန်တော့် ကိုယ် ကျွန်တော် ဘောင်မခတ်ထားချင်တဲ့ အတွက် အဲဒီလိုမလုပ်ပါဘူး။ ရုံးအလုပ်တော့ ကျွန်တော် လုပ်ရပါတယ်။ ပြောရရင် အဲဒီအချိန်က ကျွန်တော့် ရာထူးက အလယ် ရောက်နေတာဆိုတော့ အောက်က တင်ပေးလိုက်တဲ့ အလုပ်တစ်ခုကို ကျွန်တော် သုံးစပ်ပြီးတော့ အပေါ်ကို တင်ပေးတယ်။ အပေါ်က ချပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို သုံးသပ်ပြီးတော့ အောက်ကို ချပေးလိုက်တယ်။ အဲဒီလိုပေါ့လေ။ ကျွန်တော့်မှာ အားလပ် ချိန် တော်တော်များများရှိတယ်။ ရှိတော့ စာရေးဆရာ အင်တာဗျူး လုပ်ရမယ်ဆိုတဲ့အခါ ဖတ်ရမယ့် စာအုပ်တွေ ကို ရုံးမှာပဲ ကျွန်တော် ဖတ်ပါတယ်။ အားတဲ့အချိန်တွေ ဖတ်တာပါ။ နုတ်စ်ဒေါင်း လုပ်တယ်။ နောက် သီချင်း နားထောင်ရင်တော့ အိမ်မှာ နာ်းထောင်ပါတယ်။ ရုပ်ရှင်ကြည့်ရင်တော့ သွားကြည့် ပါတယ်။ အချိန်ဇယားနဲ့ ဘောင်ခတ်မထားပါ ဘူး။
အခုအချိန်အထိ လည်း ဘောင်ခတ်မထားသေးဘူး။ ပြောရရင်တော့ ဘောင်ခတ်သင့်တဲ့ အချိန် ကို ရောက်နေပါပြီ။ ဒါပေမဲ့ အင်တာနက်မှာ ထိုင်လိုက်လို့ လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အခါ ကျွန်တော့် အကျင့်က ဂိမ်းကစားလေ့ရှိတယ်။ ဂိမ်းကို ကျွန်တော် တစ်ခါတလေကျရင် ည ၁၂ နာရီ၊ ၁ ချက် ရောက်တဲ့ အထိ ကစားတတ်တယ်ဗျ။ အဲဒါ မကောင်းတဲ့ အကျင့်ပါ။ တစ်ခါတလေကျရင်တော့ ကျွန်တော့်ဟာ ကျွန်တော် ဘရိတ်အုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် မှာ နှလုံးရောဂါ နဲ့ဆိုတော့ နောက်အကျဆုံး အိပ်ချိန် က ၁၀ နာရီဖြစ်သင့်တယ်။ ကျွန်တော့် အကျင့်က မနက်ဆိုရင် ၆ နာရီ မှာ နိုးတယ်။ ဘယ်အချိန်ပဲ အိပ်အိပ်ပါ။ ၁၂ နာရီမှာပဲ အိပ်အိပ်၊ ၃ နာရီပဲ အိပ်အိပ် မနက် ၆ နာရီ မှာ နိုးတယ်ဆိုတော့ ညဥ့်နက်တာ မကောင်းဘူး။ ဆိုတော့ ကျွန်တော် ဘောင်တော့ ခတ်မထားဘူး။ ကြုံသလို ပဲ လုပ်သွားတယ်။ မကောင်းတဲ့ အကျင့်တွေလည်း အများကြီးရှိပါတယ်။
စာတည်း။  ကျေးဇူးတင်ပါတယ် ဆရာ။ စာပေဝေဖန်ရေးနဲ့ ပတ်သက်ပြီးတော့ မေးခွန်းလေး တစ်ခု မေးပါ ရစေဆရာ။ ဆရာနဲ့ စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းတို့ အင်တာဗျူးကြတုန်းက ဆရာက ပြောခဲ့ ပါတယ်။ ''ဇာတ်သမား တော်တော်များများဟာဝေဖန်ရေးကို အော့ကြောလန်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ဝေဖန်မှု မရှိကြဘူး'' လို့ ဆရာက ပြောခဲ့ပါတယ်။ ဆရာ့မှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မျိုး၊ ပြင်ပမှာ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာတဲ့အခါမျိုးမှာ ဆရာ့ကိုယ်ဆရာ ပြန်ဝေဖန်ဆန်းစစ် တဲ့အလေ့အထ ရှိပါသလားဆရာ။
ဆရာဝင်းငြိမ်း။ ရှိပါတယ်။ ကျွန်တော့်ကို တစ်စုံတစ်ယောက်ကနေပြီးတော့ ''မင်း ရေးတာ အစွန်းရောက် တယ်၊ ဘာညာ'' ပြောရင် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ဝေဖန်သုံးသပ်တယ်။ အထူးသဖြင့် ကျွန်တော် အစွန်းရောက်တတ်တာ၊ ''ဝေလင်းဟန်'' ကလောင်နဲ့ ဂီတဝေဖန်ရေးတွေ ရေးတုန်းက အစွန်းရောက်တတ် ပါတယ်။ ဝေလင်းဟန်နဲ့ စီးရီးဝေဖန်ရေး ရေးခဲ့စဉ်ကပါ။ တစ်ခါတော့ မေဆွိနဲ့ မင်းယျာ နှစ်ယောက်တွဲ စီစဉ်တဲ့ စီးရီးတစ်ခုပါ။ နာမည်တော့ ကျွန်တော် မမှန်မိတော့ဘူး။ မောင်ကြေးမုံရေးပြီး စီစဉ်တဲ့ စီးရီးပါ။ မင်းယျာရဲ့ အသံ က မကောင်းဘူး။ ကျွန်တော် ''ဒီအခွေကို ဖနောင့်နဲ့တောင် ပေါက်ပစ်လိုက်ချင်တယ်'' လို့ ရေးခဲ့တယ်။ အဲဒါကို ဘယ်သူက ပွင့်ပွင့်လင်းလင်း ပြောသလဲဆိုရင် မေဆွိရဲ့ အဖေ ဦးခင်မောင်ညွန့် က ပြောတယ်။ မင်း ရေးတာ ကြမ်းတယ်။ ဟုတ်တယ်၊ ကျွန်တော် ရေးတာ ကြမ်းသွားတယ်။ အဲဒီလို ကိုယ့် ကိုယ်ကိုယ် ပြန်ကွန်ထရိုး လုပ်ခဲ့တာ ရှိပါတယ်။
လူတစ်ယောက်က ကိုယ့်ကို ပြောလို့ရှိရင် လူဆိုတာတော့ အကောင်းပြောရင် သာယာ တာပေါ့။ ရေးတာ ကောင်းတယ်၊ အင်တာဗျူးတာ ကောင်းတယ်ဆိုရင် ကျေနပ် တာပေါ့။ သို့သော် ဝေဖန်လိုက်တဲ့အခါကျတော့ နည်းနည်းတော့ တွန့်တာ အမှန်ပဲ။ တွန့်တော့ ပြန် Analyses လုပ်ကြည့်ရတယ်။ များသွားတယ်၊ မှားသွားတယ် ဒါတွေ ပြန်သိတယ်။ ဒါဟာ လုပ်လည်း လုပ်သင့်တဲ့ ကိစ္စ ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဟာ အပြစ်ပြောလာပြီဆိုရင် ဘာကြောင့် အပြစ်ပြောလာ သလဲဆိုတာ ကိုယ်ပြန်သုံးသပ်မှသာ မှားနေရင် အချိန်မီ ပြန်ပြင်နိုင်တာကိုး။ မသုံးသပ်ဘူးဆိုရင် ဘယ်လို မှ ပြန်မတည့်နိုင်ဘဲ ကိုယ်ထင်ရာ ကိုယ်စိုင်းဖြစ်သွားမယ်။ လေ့လာသုံးသပ်မှုဆိုတာ ရှိကို ရှိသင့်ပါတယ်။ ကိုယ့်ကိုပြောရင် အပြောခံရလောက်အောင် ချို့ယွင်းချက်တစ်ခုရှိမယ်။ မရှိဘးဆိုရင်တော့ တမင်အပြစ်ရှာ တာလားဆိုတာ တွေ့မယ်။ ပြောလာပြီဆိုကတည်းက သူ ပြောတာ ဘာကြောင့်လဲဆိုပြီး ပြန်သုံးသပ်ဖို့ လိုပါတယ်။
စာတည်း။  ဆရာ ... ၁၉၈၀-၉၀ တစ်ဝိုက်က မြန်မာပြည်မှာ ရသစာပေ အကြီးအကျယ် တိုးတက်ခဲ့ပါ တယ်။ တချို့ ဆိုလည်း ၀တ္ထုတိုရွှေခေတ်လို့တောင် ပြောကြပါတယ်။ အဲဒီအချိန်တုန်း က မြန်မာရသ ၀တ္ထုတွေနဲ့အတူ နိုင်ငံတကာ ရသစာပေ၊ ဘာသာပြန်စာပေတွေ အရမ်းထွန်းကားနေ တာ တွေ့ရ ပါတယ်။ ကျွန်တော် သိချင်တာက မြန်မာရသစာပေ တိုးတက်မှု ရေစီးဟာ နိုင်ငံတကာ ရသစာပေ၊ ဘာသာ ပြန်စာပေတွေ အရှိန်အဟုန် ကောင်းတာကြောင့်လို့ အကျိုးသက်ရောက်မှု ရှိသလား၊ မရှိသလား ဆိုတာ ဆရာ့အမြင်လေး ပြောပြပေးပါဦးဆရာ။
ဆရာဝင်းငြိမ်း။ အဲဒီအချိန်တုန်းက နိုင်ငံတကာရသစာပေတွေ အရှိန်အဟုန် ကောင်းသလို မြန်မာရသ စာပေလည်း အရှိန်အဟုန်ကောင်းပါတယ်။ မဆိုင်တော့ မဆိုင်ဘူးဗျ။ ကိုယ့်ရေစီးနဲ့ကိုယ် သွားနေကြတာ ပါပဲ။ အဲဒီအချိန်တုန်းက စာဖတ်ပရိသတ်ရဲ့ စီးပွားရေး အခြေအနေကောင်းတယ်။ စာအုပ် တစ်အုပ်ကို တစ်ဆယ်လည်း ၀ယ်နိုင်တယ်။ ဆယ့်ငါးကျပ်လည်း ၀ယ်နိုင်တယ်။ အစိတ်ဆိုလည်း ၀ယ်နိုင် တယ်။ ဆရာ အထောက်တော်လှအောင်၊ ဆရာလင်းယုန်မောင်မောင်တို့ လုံးချင်းတွေ၊ ဘာသာပြန်တွေ ဆိုလည်း အနည်းဆုံး ဆယ့်ငါးကျပ်၊ နှစ်ဆယ်ပေးရတဲ့ စာအုပ်တွေပဲ။ ၀ယ်ဖတ်ကြတယ်။ အငှားဆိုင်လုပ် ငန်းသိပ်မထွန်းကားသေးဘူး။ ကိုယ်ပိုင်ဝယ်ပြီး စုကြတယ်။ အထောက်တော်လှအောင်ဆိုရင် သူ့စီးရီးလိုက် ၀ယ်ကြတယ်။ ကျွန်တော်ဆိုရင် တက္ကသိုလ်ဘုန်းနိုင် စီးရီးလိုက် ရှိတယ်။ မောင်သိန်းဆိုင် စီးရီးလိုက် ရှိ တယ်။ ၀င်းဦး စီးရီးလိုက် ရှိတယ်။ ကျွန်တော် ကြိုက်တဲ့ စာရေးဆရာဆိုရင် ၀ယ်စုထားတယ်။ ရုံးက Library လုပ်မယ်ဆိုတော့ စာအုပ်တွေ အကုန်လုံးလှူလိုက်တယ်။
စာတည်း။  ဆရာ ... ရသစာပေ ဖန်တီးရာမှာ ဒီကနေ့ထိ ပြောနေကြတာက စိတ်ကူးစိတ်သန်းနဲ့ အတတ် ပညာ။ အဲဒီအပေါ်မှာ အမြဲတမ်း ပြောကြပါတယ်။ ဘယ်ဟာ ပိုသာတယ်၊ ဘယ်ဟာပိုရှေ့တန်းရောက်တယ် စသဖြင့် ပြောကြပါတယ်။ နှစ်ခုစလုံးကတော့ အကျိုးရှိတာပါပဲ။ အဲဒီအပေါ်မှာ ဆရာ မြင်တာလေး ပြောပြ ပေးပါဦး ဆရာ။ ဆရာ ကိုယ်တိုင်ကလည်း ရသစာပေနဲ့ ပတ်သက်ပြီး စာအုပ်တွေ အများကြီး ကိုင်တွယ်လာ ခဲ့သူမို့ မေးကြည့်တာပါ။ ဗဟုသုတရဖို့ ပြောပြပေးပါ ဆရာ။
ဆရာဝင်းငြိမ်း။ စိတ်ကူးစိတ်သန်း ကောင်းသလို၊ အတတ်ပညာလည်း ကောင်းမှ၊ နှစ်ခု ဆုံမှ ရမှာပါ။ စိတ် ကူးကတော့ ကောင်းပြီး Presentation မကောင်းရင် မလှပတဲ့ ၀တ္ထုဖြစ်သွားမှာပါ။ အတတ်ပညာကတော့ တတ်ပါရဲ့၊ စိတ်ကူးက မကောင်းပြန်ရင်လည်း အဆင်မပြေနိုင်ပါဘူး။ အဲဒီတော့ စိတ်ကူးလည်း ကောင်းရ မယ်။ Presentation လည်းလှရမယ်။ ဒါမျိုးမှ ဖြစ်မှာပါ။ ဥပမာ-ဆရာမ ခင်ခင်ထူး ရေးတဲ့ ''မအိမ်ကံ''ကို ဖတ်ကြည့်မယ်ဆိုရင် ''မအိမ်ကံ''ကို ဘာကြောင့် ပရိသတ်စွဲသွားသလဲဆိုတော့၊ ဘာကြောင့် တစ်လပြီး တစ်လ ပရိသတ် စောင့်ဖတ်ရသလဲဆိုတော့ ဇာတ်က ဘာမှ မဟုတ်ဘူး။ သူ့ Presentation ကောင်းလို့ပါ။ နောက်လမှာ ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားအောင် အဆုံးကျ ရင် ဖြတ်ပစ် ခဲ့တယ်။ အဲဒါကြောင့်လည်း ပရိသတ်က ၃၆လလုံး စောင့်ဖတ်တဲ့အထိ ဖြစ်ခဲ့တာပါ။ အဲဒီလို ဖြစ်တာ ကို သာမန်စာဖတ်ပရိသတ်က နား မလည်နိုင်ဘူး။ စာရေးဖို့ သင်ယူနေတဲ့ ကလေးတွေကို ကျွန်တော် အမြဲပြော တယ်။ ခင်ခင်ထူး ရေးတာကို ကြည့်။ သူ ဘာကြောင့် အောင်မြင်သလဲ။ သူက အဆုံးသတ်မှာ နောက်လ ဘာဖြစ် မလဲဆိုတာ စိတ်ဝင် စားအောင် ဖြတ်ပစ်နိုင်တယ်။
စာတည်း။  ဆရာ ... အဲဒါက သူ့ဟာသူ ပေးကတည်းက တစ်လစာ ဖြတ်ပေးတာလား။ ဆရာတို့ အယ်ဒီတာ အဖွဲ့က တည်းဖြတ်တာလား ဆရာ။
ဆရာဝင်းငြိမ်း။  လုံးဝ ၀င်မပါပါဘူး။ သူ့ဟာသူ တစ်လချင်း ဖြတ်ပေးတာပါ။ ဖြတ်ပြီးလို့ရှိရင် ကျွန်တော့်ဆီကို ပိုပြီးတဲ့အခါ နောက်လအတွက် ချိတ်ပြီး ဖြတ်ပေးလိုက်တာ။ ဒီဘက်က အပိတ်နဲ့ ဟိုဘက်က အဖွင့်နဲ့ ချိတ်မိအောင် လုပ်ထားပြီးသား။ အဲဒါဟာ သူ မတတ်ဘူးဆိုရင် ဘယ်လိုမှ လုပ်လို့ မရဘူး။ ကျွန်တော့်ကို အခု ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာဝင်းစည်သူ ရဲ့ ပုံမနှိပ်ရသေးတဲ့ ၀တ္ထုရှည် သုံးပုဒ်ကို သူ့သားသမီးတွေ က ကျွန်တော့်ဆီ ပို့ပေးတယ်။ ကျွန်တော်လည်း ဆရာဝင်းစည်သူကို လေးစားတဲ့ စိတ်နဲ့ အခန်းဆက် ထည့်ပေးဖို့ အစအဆုံး ဖတ်ကြည့်တယ်။ ဖတ်ကြည့်တဲ့အခါကျတော့ အခန်းခွဲ လို့ ရအောင် ဖြတ်လို့မရဘူး။ သူကလည်း ရေးခဲ့တာ အခန်းဆက်အတွက် မဟုတ်ဘဲ လုံးချင်း အဖြစ် ရေးခဲ့တာကိုး။ လုံးချင်းထုတ်မှပဲ ကောင်းမယ်။ အခန်းဆက်အတွက် အဆင်မပြေဘူး။ အဲဒီလိုမျိုးလည်း ရှိပါ တယ်။
စာတည်း။  ဒါကတော့ ကျွန်တော့်ရဲ့ အမြင်ကို ပြောပြချင်တာပါ။
ရသစာပေ ရေးတဲ့အခါမျာ တချို့ကလည်း နိုင်ငံတကာ စာပေကို လေ့လာမှု အားကောင်းတယ်။ တချို့ကျတော့လည်း ပြည်တွင်းစာပေကို အားစိုက်လေ့လာတယ်။ သမိုင်းတစ်လျှောက် ယှဉ်ကြည့်လိုက်တဲ့ အခါမှာ နိုင်ငံတကာ ရသစာပေကို လေ့လာမှုအားကောင်းတဲ့ စာရေးဆရာ၊ ဆရာမအမည်တွေဟာ ပိုပြီး တွင်ကျန်နေတာ တွေ့ရပါတယ်။ အဲဒီမှာ ကြည့်ရင် နိုင်ငံတကာ စာပေလေ့လာမှု အားကောင်းတဲ့ ဆရာ၊ ဆရာမတွေက သမိုင်းမှာ ပိုတင်ကျန်တာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဆရာ့အမြင်လေး ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ဟုတ်ပါတယ်။ ကျွန်တော်တို့မှာက စာရေးနည်း အတတ်ပညာကို သင်ပေး တဲ့ ကျောင်းတွေ မရှိဘူး။ သူတို့မှာက စာရေးနည်းဖြစ်ဖြစ်၊ ဘယ်အတတ်ပညာပဲဖြစ်ဖြစ် စနစ်တကျ သင်ပေး တယ်။ တက္ကသိုလ်တွေမှာ သင်ပေးတယ်။ အပြင်မှာလည်း သီးခြားအသက်မွေးမှုဖြစ်အောင် သင် ပေးကြတယ်။ သူတို့မှာက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဘာမှ မသင်ထားတဲ့ ကျွန်တော်တို့နဲ့စာရင် သူတို့မှာ က နည်းစနစ် ပိုပြီး ပြည့်ဝတယ်။ စိတ်ကူးစိတ်သန်းကတော့ ကျွန်တော်တို့မှာလည်း ရှိတာပါပဲ။ သို့သော် ကျွန်တော် တို့မှာ နည်းစနစ် မရှိဘူး။ သူတို့မှာ နည်းစနစ်ရှိတယ်။ အဲဒီတော့ နည်းစနစ် ပိုကျတဲ့သူ က အောင်မြင်တဲ့သဘောပါ။ ကျွန်တော်တို့မှာ သင်တန်းကျောင်းမရှိတော့ သူတို့စာတွေ ဖတ်ပြီး လေ့လာ ရတယ်။ လေ့လာတော့ နည်းစနစ်တွေ သိလာတယ်။ အဲဒီနည်းစနစ်အတိုင်း ရေးတော့ အောင်မြင် လာတာပေါ့။
စာတည်း။  စာရေးဆရာ၊ ဆရာမတွေဟာ မူအားဖြင့် အဆင့် ၄ ဆင့်ကို ဖြတ်သန်းကြတယ်လို့ ကျွန်တော် မှတ်သားမိပါတယ်။ ပထမအဆင့်က စာပေကို ၀ါသနာပါဖို့ စတင်လေ့လာအားထုတ်တဲ့ကာလ၊ ဒုတိယ အဆင့်က စာရေးဆရာ၊ ဆရာမ ဖြစ်အောင် ကြိုးစားတဲ့အဆင့်၊ တတိယအဆင့်က စာရေးဆရာ၊ ဆရာမ ဖြစ်ပြီး စာတွေရေးတဲ့ အဆင့်နဲ့ စတုတ္ထအဆင့်က စာကောင်းပေကောင်းတွေ တွင်ကျန်အောင် အားစိုက်ရေး သားတဲ့အဆင့်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဆရာ ... တကယ့်လက်တွေမှာကျတော့ စာရေးဆရာ။ ဆရာမ တော်တော်များများဟာ စတုတ္ထအဆင့်ထိ ရောက်မလာဖြစ်ကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည် အနေနဲ့ အဲဒီကိစ္စကို ဆရာ ဘယ်လို မြင်ပါသလဲ ဆရာ။
ဆရာဝင်းငြိမ်း။  စာဖတ်တယ်၊ စာရေးတယ်၊ စာရေးဆရာ ဖြစ်တယ်၊ စာရေးဆရာ ဖြစ်တယ်ဆိုရင် စာတွေတော့ ရေးကြတာပဲ။ စာကောင်းပေကောင်းတွင်ကျန်ရစ်အောင် ဖြစ်မလာဘူး ဆိုတာက ၀မ်းစာနဲ့ လည်းဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရေးရင်း ရေးရင်း ကုန်သွားတာနဲ့ဆိုင်တယ်။ ကုန်သွား တယ်ဆိုတာ ကို အစက ကျွန်တော် လက်မခံဘူး။ စာဖတ်တာ နည်းသွားတဲ့ သဘော။ ဘက်ထရီကို အားမသွင်း ဘဲ ဆက်သုံးရင် ကုန်သွားတဲ့သဘော။ Recharge လုပ်နေရမယ်။ အမြဲဖတ်ရမယ်။ ဒါမှ စိတ်ကူး စိတ်သန်းတွေ အမြဲ ရလာမယ်။ စာတစ်ပုဒ်ကို ဖတ်လိုက်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ဆင့်ပွားအတွေးရ လာမယ်။ စာတစ်ပုဒ်ကို ဖတ်လိုက်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ဆင့်ပွားအတွေးရလာမယ်။ ပွားလို့ရမယ်။ အဲဒီလို မဖတ်တဲ့စာရေးဆရာဟာ ကုန်သွားတာပဲ။ ကုန်သွားတယ်ဆိုတာ အစက ကျွန်တော်လက်မခံဘူး။ မဖြစ်နိင်ဘူး ထင်တာ။ စာမဖတ်ဘဲ တစ်နှစ်လောက် ... နှစ်နှစ်လောက် ရေးကြည့်၊ ကုန်သွားလိမ့်မယ်။ စာရေးဆရာကြီးတွေနဲ့ စာတွေမတွေ့ရတော့ဘူးဆိုတာ အဲဒါပါပဲ။ နာမည်ကြီးပါတယ်။ ဒါပေမ့ မရှိတော့ဘူး ကုန်သွားတယ်။
စောစောက နိုင်ငံစာပေ ဖတ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်ခု ထပ်ဖြည့်ပြောချင်ပါတယ်။ ရုပ်ရှင်သမားလည်း ထိုနည်းလည်းကောင်း စာဖတ်ဖို့ လိုတယ်။ နိုင်ငံခြားစာပေ လေ့လာဖို့ လိုပါတယ်။ နိုင်ငံခြားကားတွေ လေ့လာနေရမယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ အင်္ဂလိပ်စာဖတ်လို့၊ အင်္ဂလိပ်စာ လေ့လာလို့ရသွားတဲ့ ရုပ်ရှင်သမားတစ်ယောက်အကြောင်း ပြောပြမယ်။ ဆရာစိန်ခင်မောင်ရီနဲ့ အင်တာဗျူး တုန်းက သူက ကျွန်တော့်အိမ် လာခဲ့မယ်ဆိုပြီး အိမ်မှာ ထိုင်စကားပြောကြတယ်ဗျာ။ စကားပြောပြီးတော့ ကျွန်တော်က စာအုပ်စင်ပေါ်က စာအုပ်လေး တစ်အုပ်သူ့ကို ပြပြီး ဆရာ ဒါလေးတစ်ပုဒ် ဖတ်ကြည့် ပါဆိုပြီး ပေးဖတ်တယ်။ ဟစ်ခ်ျကော့ရဲ့ လက်ရွေးစင်ဝတ္ထုတိုတွေပါ။ ဆယ်ပုဒ်လား မသိဘူး ပါတယ်။ ကျွန်တော် ပြတဲ့ ၀တ္ထုကို သူ ဖတ်တယ်။ Death is a Dream ၀တ္ထုကို ဖတ်တယ်။ ဖတ်ရင်း တစ်မျက်နှာကျော်တော့ သူက ''ဒါ ဆောင်းအိပ်မက်ပဲကွ''တဲ့။ ဒါ ဆောင်းအိပ်မက် ... တဲ့။ ဆရာအစအဆုံး ဖတ်ကြည့်ပါ ဆိုတော့ ဖတ်တယ်။ အစအဆုံးတူတယ်။ အေးအေးသင်း အလောင်းကို ၀င်းဦးက ထမ်းပြီး အိမ်ပေါ်က ဆင်းလာ တယ်။ သုံးဘီးကားတစ်စီး လာနေတယ်။
ဖိုးပါကြီးက သုံးဘီးကား မောင်းလာတယ်။ ရပ်ပြီးတော့ သုံးဘီးကား သမားက ပြောတယ်။ ဒေါင်းသွားပြီ ထင်တယ် ဆရာတဲ့။ ဟုတ်တယ်ဗျာ ... ကျွန်တော့် မိန်းမ နည်းနည်းများသွားလို့ပါတဲ့။ ဘယ်သွားမလဲဆိုတော့ ကြံတောကိုတဲ့။ ဟာ ... ခင်ဗျား မနောက်ပါနဲ့ဆိုတော့၊ ဟုတ်တယ် ... ကျွန်တော် ဒီအလောင်းကို ကြံတောသွားမြှုပ်မလို့ ဆိုတော့ ဖိုးပါကြီး မောင်းပြေးရော။ အဲဒီ ဟာက အစ ပါတယ်။ မပါတာက ဘာလဲဆိုတော့ လက်ထပ်ပြီး အိမ်ကို ခေါ်လာတုန်းက တစ်နေရာမှာ ရပ်ပြီးတော့ မပြီးသေးသော ပန်းချီကား သီချင်း ဆိုတယ်။ ဒီတစ်ကွက်ပဲ။ ကျန်တာက အားလုံး တူတယ်။ သေတ္တာကြီးကို မ ပြီး သေတ္တာထဲက လက်ထွက်လာတာက အစ တူတယ်။
အဲဒီတော့ ဒါ ဘာအကျိုးကျေးဇူးလည်း ဆိုတော့ ၀င်းဦးသည် နိုင်ငံခြားစာဖတ်ခဲ့တဲ့ အကျိုးကျေးဇူးပဲ။ ရုပ်ရှင်ကား တစ်ကား သူ ရသွားတယ်။ ဒီတော့ ဆောင်းအိပ်မက် ဟာ နိုင်ငံခြားဇာတ် လို့ ပြောမလား၊ မြန်မာဇာတ် လို့ ပြောမလား၊ နိုင်ငံခြားကားလို့ပဲ ကျွန်တော် ပြောမယ်။ ဒါပေမဲ့ သူ အကယ်ဒမီတွေ ဘာတွေ ရသွားတယ်။ ဘာပြောမလဲ။
စာတည်း။  ဆရာ ... ဆရာ့စာအုပ်တွေ အမျိုးသားစာကြည့်တိုက်မှာ လေ့လာကြည့်တော့ ဆရာ မြသန်းတင့် အင်တာဗျူး (၁၉၉၂)၊ စာပေလူကြမ်းမင်းသား အောင်သင်းနှင့် တွေ့ဆုံခြင်း (၁၉၉၅)၊ ၀င်းငြိမ်းနှင့် စာရေးဆရာများ (၁)၊ (၂)၊ (၂၀၀၀) နှစ်ကြောင်းရေး တစ်ကြောင်းခြစ် (၂၀၀၂)၊ အထီးကျန်ည (၂၀၀၄)၊ အကယ်ဒမီဖက်ရှင် (၂၀၀၇)၊ အနှစ် (၂၀၀၇) (၂၀၀၈) (၂၀၀၉)၊ မင်းမှုထမ်း (၂၀၀၉) ဆိုပြီး တွေ့ ရပါတယ်။ ''အချစ်နဲ့ စစ်'' ဘာသာပြန် လုံးချင်းဝတ္ထုအပြင် တခြား ဘာစာအုပ်တွေ ဆရာထုတ်ခဲ့ပါသေးလဲ ဆရာ။
ဆရာဝင်းငြိမ်း။  ရှိပါတယ်။ ၀င်းငြိမ်းနှင့် စာရေးဆရာများက (၁)၊ (၂) (၃) အထိ လုပ်ခဲ့ပါတယ်။ အကယ်ဒမီ ဖက်ရှင်က တည်းဖြတ်တာပါ။
စာတည်း။  ဘာသာပြန်စာပေနဲ့ ပတ်သက်ပြီး ဆရာနဲ့ ဆရာနတ်နွယ် အင်တာဗျူးတုန်းက ဆရာက မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ ''ဘာသာပြန်တဲ့ နေရာမှာ မူရင်းစာရေးဆရာရဲ့ အာဘော်ကို တိတိကျကျ ပြန် ပါသလား၊ ဒါမှမဟုတ် ဆရာ့အာဘော်ကို ထည့်လေ့ရှိပါသလား။ ခြုံငုံပြီး ပြန်ပါသလား'' ဆိုတဲ့ မေးခွန်းဖြစ်ပါ တယ်။ ကျွန်တော် မေးချင်တာလည်း ဒီသဘောပါပဲ ဆရာ။ ဆရာ့ရဲ့အချစ်နဲ့စစ်၊ အထီးကျန် ည၊ မင်းမှုထမ်း ဆိုတဲ့ ဘာသပြန်ဝတ္ထုတွေကို ဘယ်လိုမူနဲ့ ဘာသာပြန်သလဲ ဆိုတာ ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ကျွန်တော် ဘာသာပြန်တဲ့အခါမှာ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီး နားလည်အောင် စဉ်းစား တယ်၊ မြန်မာအငွေ့အသက်ဖြစ်အောင် ပြန်တယ်။ မူရင်းစာရေးဆရာရဲ့ အာဘော် မလွတ်စေရဘူး။ အင်္ဂလိပ်စာလုံး တစ်လုံးမှာ ''I'' ဆိုတဲ့စာလုံးတစ်လုံးဟာ မြန်မာလို တည့်တည့်ပြန်ရင် ''ကျွန်ုပ်''ပဲ။ ကျွန်ုပ် ဆိုတဲ့ နာမ်စား ဟာ ယောက်ျားအတွက်လည်းဖြစ်နိုင်တယ်။ မိန်းမအတွက်လည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ကျွန်တော် ဘာသာပြန်တဲ့အခါမှာ ''ကျွန်ုပ်'' ဆိုရင် စာဖတ်သူတွေအတွက် ထောက်နေမယ်၊ အဆင်မပြေ ဘူး။ ဒါကြောင့် ကျွန်တော်က မိန်းမဆိုရင် ''ကျွန်မ'' လို့ သုံးတယ်၊ ယောက်ျားဆိုရင် ''ကျွန်တော်''လို့ သုံး လိုက်တယ်။ ပြီးတော့ you'' ဆိုတဲ့ စာလုံးဟာ ''သင်''။ ဒီ သင်ဟာ ယောက်ျားလည်း ဖြစ်နိုင်တယ်၊ မိန်းမ လည်းဖြစ်နိုင် တယ်။ အလွှာစုံကို ''you'' ပဲသုံးတယ်။
အချစ်နဲ့စစ်ကို ဘာသာပြန်တုန်းက ဒိုင်ယာနာ ပြောတဲ့ နေရာမှာ ''ကျွန်မ'' လို့သုံးလိုက်တယ်။ သူ့ရည်းစား ဗိုလ်မှူးနဲ့ စကားပြောတဲ့ နေရာတွေမှာ အဆင်ပြေတဲ့ အသုံးအနှုန်းနဲ့ ကျွန်တော် သုံးလိုက်ပါတယ်။ အဲဒီလို ဘာသာပြန် တဲ့နေရာမှာ ဆရာဆူဒိုနင်က ကျွန်တော့်ကို ပြောဖူးပါတယ်။ ကျွန်တော့် Translation တွေ ကောင်းတယ်။ ဒါပေမဲ့ ဘာသာပြန်တဲ့လူရဲ့ ခံစားချက် ပါနေ တယ်တဲ့။ အဲဒီပွိုင့် တစ်ခု တွေ့တယ်ပေါ့။ ကျွန်တော်က ဘာသာပြန်တဲ့နေရာမှာ ထောင့်မနေအောင်၊ ဖတ်တဲ့ လူ အဆင်ပြေအောင် ပြန်တယ်။ ဒါမှလည်း ဘာသာပြန် ဖတ်တဲ့လူ ဖတ်ပျော်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က သူ့မူရင်း အာဘော်လည်း မပျက်အောင် ပြန်ပါတယ်။ ကျွန်တော့် အာဘော်တော့ မပါဘူး။ သို့သော် အသုံးအနှုန်း ဝေါဟာရကိုတော့ ချောမွေ့အောင် ဖလှယ်ပြီး ပြန်ပါတယ်။ ဆိုကြပါစို့။ ဆရာနေ၀င်းမြင့် ဘာသာပြန်တဲ့ ''ရေကန်သာ ကြာတိုင်းအေး''မှာဆိုရင် ဘာသာပြန်သူရဲ့ အရိပ်အငွေ့တွေ အများကြီး ပါတယ်။ သူက ရသသမား ဆိုတော့ ရသပိုင်းပိုပြီး ထိရောက်အောင် ဖွဲ့တဲ့သဘောပါ။
စာတည်း။  ဆရာ ... ဆရာ့ကို ပဟေဠိဆန်တဲ့ မေးခွန်းလေးတစ်ခုမေးပါရစေ ဆရာ။ ၀တ္ထုတစ်ပုဒ်ဟာ မဂ္ဂဇင်းရဲ့မူ၊ မဂ္ဂဇင်းရဲ့အာဘော်၊ မဂ္ဂဇင်းရဲ့ ပရိသတ်လှိုင်းရိပ်တွေနဲ့ ဒီမဂ္ဂဇင်းမှာ အဲဒီဝတ္ထုဟာ အဆင် မပြေဘူး။ အဲဒီဝတ္ထုဟာ တခြားမဂ္ဂဇင်းမှာ ဖော်ပြတဲ့အခါ ပရိသတ် ပြောစမှတ်ပြုသွားလောက်တဲ့ ၀တ္ထုဖြစ် သွားရတာမျိုး အယ်ဒီတာလောကမှာ ကျွန်တော် ကြားခဲ့ဖူးပါတယ်။ ဆရာ။ ဆရာကော ... အဲဒီလို ၀တ္ထုမျိုး ကြုံဘူးပါသလား ဆရာ။
ဆရာဝင်းငြိမ်း။ ကြုံဖူးပါတယ်။ ဆိုပါစို့။ ရွှေအမြုတေမှာ ၀တ္ထုတွေက သူ့လိုင်း နဲ့သူ ရှိပြီးသား။ အဲဒီကြား ထဲမှာ ဂမ္ဘီရ ၀တ္ထုလိုမျိုး ရောက်လာရင် ကျွန်တော် မသုံးနိုင်ဘူး။ ကျွန်တော်နဲ့ အဆင်မပြေဘူး။ ဒီဝတ္ထုမျိုး တခြား မဂ္ဂဇင်းမှာ ပါရင် ပရိသတ်အတွက် အဆင်ပြေသွားနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ မဂ္ဂဇင်း မှာတုန်း က ဖော်ပြခွင့်မရဘူး။ တခြားမဂ္ဂဇင်းမှာ ဖော်ပြခွင့်ရသွားတယ်။ ဒီလိုလည်း ရှိပါတယ်။
စာတည်း။  ဆရာ ... ပေဖူးလွှာမဂ္ဂဇင်းကို စာတည်းချုပ်အဖြစ် ကိုင်တွယ်ခဲ့တဲ့ ၁၉၉၁ သြဂုတ်လထုတ် အမှတ် ၁၁၈ မဂ္ဂဇင်းဟာ နောက်ဆုံးကာလအဖြစ် တွေ့ရပါတယ်။ အဲဒီကာလက အချိန်ပိုင်းလေးတွေ ဆရာ မှတ်မိသလောက် ပြောပြပေးပါဦး။
ဆရာဝင်းငြိမ်း။  အဲဒီကာလက ၁၉၉၁ သြဂုတ်လ ဆိုတော့ ကျွန်တော် အမေရိက က ပြန်ရောက် ခါစ ပေဖူးလွှာမဂ္ဂဇင်းကလည်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေပြီ။ အန်ကယ်ဦးမြလှိုင်ကလည်း အိပ်ရာထဲ လဲနေပြီ။ မျိုးမြင့်ညိမ်း ကလည်း မရှိဘူး။ ဒီမဂ္ဂဇင်းကို ဆက်လုပ်ဖို့ ဆရာမ မြနှောင်းညိုနဲ့ တိုင်ပင်ပြီး သူလည်း အိတ်ထဲကစိုက်၊ ကျွန်တော် လည်း စိုက်ပြီး ပေဖူးလွှာမဂ္ဂဇင်းကို ဆက်ရပ်တည်ကြပါတယ်။ တကယ့်တကယ် ကျတော့ အားမရှိ ဘဲ ရပ်လိုက်ရတယ်။ အဲဒါပါ။ ကျွန်တော်တို့ မနိုင်တော့တဲ့အတွက် ရပ်လိုက်ကြတာပါ။
စာတည်း။  ဆရာ့ရဲ့ ''၀င်းငြိမ်း စီစဉ် တည်းဖြတ် ထုတ်ဝေသည်'' ဆိုတဲ့ ရွှေအမြုတေ အတွဲ(၁)၊ အမှတ်(၁)၊ ၁၉၈၉၊ ဇူလိုင်လထုတ် မဂ္ဂဇင်းထဲမှာ အယ်ဒီတာအာဘော်ကို ဖတ်ခဲ့ရပါတယ်။ ဆရာ့ရဲ့ အာဘော်ထဲမှာ ''မဂ္ဂဇင်းအားလုံးနီးပါး တစ်ပုံစံတည်း ထွက်နေကြချိန်မှာ ကိုယ့်မဂ္ဂဇင်းကို ဘယ်လို ထုတ်မလဲလို့ စဉ်းစားကြည့်ပါတယ်။ အဖုံးကအစ ဘယ်သူနဲ့မှ မတူဘဲ မူကွဲချင်တယ်။ ဒါကြောင့် မြန်မာမဂ္ဂဇင်းလောကမှာ ဘယ်သူမှ မလုပ်သေးတဲ့ အဖုံးပုံစံနဲ့ စမ်းကြည့်လိုက်ပါတယ်'' လို့ ဖော်ပြထားပါ တယ်။ ကာတွန်းနဲ့ ကဗျာကဏ္ဍ ကို ချန်လှပ်ခဲ့တဲ့အတွက် ဝေဖန်ခံရတာမျိုး တွေ့ကြုံခဲ့ပါလား ဆရာ။
ဆရာဝင်းငြိမ်း။  ကြုံရပါတယ်။ ကိုယ်ပိုင်မဂ္ဂဇင်း လုပ်တော့မယ်ဆိုတဲ့ အခါကျတော့ အဲဒီတုန်းက မျိုးမြင့် ရှိတယ်။ သူလည်းပါတယ်။ အဲဒီကာလက မဂ္ဂဇင်းလုပ်မယ်ဆိုရင် တစ်ခါတည်း Print လုပ်ပြီး တင်ရတယ်။ တင်ပြီးလို့ရှိရင် စာပေစိစစ်ရေးက ဖြုတ်ပါဆိုတဲ့အခါ ဖြုတ်ရမယ့် စာမျက်နှာတွေကို ကဗျာပဲဖြစ်ဖြစ်၊ ကာတွန်းပဲဖြစ်ဖြစ် ဆုတ်ရမယ့် မျက်နှာကို ဆုတ်ပေးလိုက်ရတယ်။ နောက်ကျတော့ ဆုတ်တာက စာမျက်နှာတွေ လျော့တယ်ဆိုပြီး ငွေမင်ပိတ်တဲ့စနစ် ဖြစ်လာပါတယ်။ နောက်ပိုင်း ငွေမင်ပိတ်တာကလည်း ဖတ်လို့ရတယ်ဆိုတော့ မိတ္တူကော်ပီတင်ခိုင်းပြီး ဖြုတ်စရာရှိတာ ဖြုတ်တဲ့စနစ် ဖြစ်လာတယ်။ ကျွန်တော်တို့ မဂ္ဂဇင်းက တင်ထုတ်လုပ်တာဆိုတော့ ဒီဇိုင်းတွေ အကုန်လုံး အပြီးအစီး လုပ်ရတယ်။ အကုန်လုပ်ပြီးမှ ရုံးတင်ရတယ်။ စာပေစိစစ်ရေး ကို တင်ပြီးမှ ပုံနှိပ်ရတယ်။
အဲဒီတော့ ကျွန်တော်တို့ လုပ်ချင်တဲ့ဟာက ကာတွန်းဆိုရင်လည်း သာမန်ကာတွန်းမျိုး မဟုတ်တာမျိုး၊ ကဗျာ ဆိုရင်လည်း သာမန်ကဗျာမျိုး မဟုတ်တာ မျိုးကိုမှ လုပ်ချင်တယ်။ ထိထိရှရှ၊ ခပ်စပ်စပ်မျိုးကို လုပ်ချင်တယ်။ ကာတွန်းဆိုတာ စတိုင်ယာ လိုမျိုး လိုချင် တာ။ သာမန် ရယ်ရတာမျိုး မဟုတ်ဘဲ တွေးပြီးမှ ရယ်ရတာမျိုးကို လိုချင်တာ။ ဒါပေမဲ့ အဲဒီဟာတွေ ဖြုတ်ပါ လို့ရှိရင် ဇာတ်က တော်တော်ရှုပ်တယ်။ ကဗျာဆိုရင်လည်း ကိုယ် ကြိုက်တဲ့ဟာမျိုးက မလွတ်နိုင်တာတွေ ဖြစ်နေတယ်။ အဲဒီတော့ ကဗျာ၊ ကာတွန်း၊ မထည့်ဘဲနဲ့ ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ ညီအစ်ကိုက စလုပ်ခဲ့ကြတာပါ။ ကဗျာ၊ ကာတွန်းပါမှ မဂ္ဂဇင်းဖြစ်ရမလားဆိုပြီး လုပ်ခဲ့ကြတာပါ။
အဲဒီမှာ မဂ္ဂဇင်းလုပ်ပြီး တော့ ကဗျာမပါဘူး၊ ကာတွန်း မပါဘူးဆိုပြီး ၀ိုင်းပြောကြပါတယ်။ မဂ္ဂဇင်းဆိုတာ ကဗျာပါရမယ်၊ ကာတွန်း ပါရမယ်၊ ၀တ္ထုတိုပါရမယ်၊ ၀တ္ထုရှည်ပါရမယ်၊ ဆောင်းပါး ပါရမယ်ဆိုပြီး ကန့်သတ်ထားလို့မရဘူး။ ကိုယ် ကြိုက်တဲ့ ပုံစံနဲ့ လုပ်မှာပဲလေ။ ထုတ်ဝေသူက ကိုယ်ကြိုက်တဲ့ပုံစံနဲ့ လုပ်မှာပဲ။ အဲဒီအတွက် ကျွန်တော်တို့ ညီအစ်ကို အပြင်းအထန် တိုက်ခိုက်ခံရတယ်။ ထိုးနှက်ခံရတယ်။ အခုအချိန်အထိ လည်း ထိုးနှက်ခံရတုန်းပဲ။ ကျွန်တော် ပထမဆုံးလုပ်တဲ့ ၂၀၀၆ ခုနှစ် ရွှေအမြုတေ စာပေဆုပေးပွဲတုန်းကဆိုရင် ကဗျာဆုရတဲ့ ကဗျာဆရာက ''ကဗျာမထည့်တဲ့ မဂ္ဂဇင်းက ကဗျာဆုရတဲ့ အတွက် အများကြီး ၀မ်းသာမိပါတယ်''ဆိုပြီး ပြော သွားပါတယ်။ ကဗျာကို ကျွန်တော် ကျွန်တော် မထည့်ပေမယ့် ကဗျာကို ကျွန်တော် Appreciate ဖြစ်တယ်။ ကာတွန်းကို Appreciate ဖြစ်တယ်။ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော် မထည့်တာပါ။
စာတည်း။  ဆရာ့ရဲ့ ရွှေပေးစာကဏ္ဍတွေဟာ ဝေဖန်ဖို့၊ ရင်ဖွင့်ဖို့သာ ဖြစ်တယ်လို့ ရွှေအမြုတေ အစပိုင်း ကာလတွေကတည်းက ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ ပြီးတော့ဆရာ့မဂ္ဂဇင်းဟာ ပေါ့ ကဏ္ဍတွေ အတွက် ဦးစားပေးပြီး လုပ်ခဲ့တာလည်း တွေ့ရပါတယ်။ ဆရာဟာ အဲဒီကာလတုန်းက ပေဖူးလွှာ မျာလည်း ပင်တိုင်ဆောင်းပါးတွေ ရေးနေရတယ်။ အယ်ဒီတာအလုပ်လည်း လုပ်နေရတယ်။ ရွှေကိုလည်း တစ်ဦး တည်း မွမ်းမံတည်းဖြတ်နေတယ်ဆိုတော့ ဆရာ့အတွက် တစ်လ၊ တစ်လမနည်း ရုန်းကန် လှုပ်ရှား နေရမှာ တွေးမိပါတယ်။ အဲဒီကာလတွေမှာ ဆရာ့ကို ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ မိတ်ဆွေတွေ အကြောင်း ပြောပြ ပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ကျွန်တော် အဲဒီတုန်းက ၀န်ထမ်းလုပ်နေပါတယ်။
ရွှေအမြုတေနဲ့ ပတ်သက်ပြီးတော့ ကိုမျိုး (မျိုးမြင့်ညိမ်း)က အဲဒီအချိန်မှာ ပေဖူးလွှာမှာ မလုပ်တော့ ဘဲ ရွှေအမြုတေကို ဇောက်ချလုပ်နေတယ်ဆိုတော့ ရွှေအမြုတေကို ကျွန်တော် သိပ်လှည့်ကြည့စရာ မလိုဘူး။ ကျွန်တော် ကြိုက်တဲ့ဝတ္ထုကို ရွေးပေးလိုက်ရုံပဲ။ ပေါ့ပ်ကတော့ အဲဒီအချိန်မှာ ကျွန်တော် တစ်ယောက်တည်း ရေးတာပါ။ ပေါ့ပ်ကတော့ အဲဒီအချိန်မှာ ကျွန်တော် တစ်ယောက်တည်း ရေး တာပါ။ ရွှေအမြုတေမှာ ရေးတယ်။ အပြင်လူမပါသလောက်ဘဲ။ ရွှေအမြုတေကို ထုတ်ဝေခွင့်ရတာ ၁၉၈၉ ဇူလိုင်လမှာ ရပါတယ်။ ရွှေအမြုတေ စထုတ်ပြီးတော့ ၁၉၉၀ အောက်တိုဘာလမှာ ကိုမျိုးက အထိန်းသိမ်းခံ တယ်။
အောက်တိုဘာမှာပဲ ကျွန်တော် လေဖြတ်တယ်။ အဲဒီအောက်တိုဘာမှာပဲ ပေဖူးလွှာ ဦးမြလှိုင်ဆုံးတယ်။ အဲဒီလိုဖြစ်သွားပြီး တဲ့အချိန် ၁၉၉၁ ဧပြီမှာ ကျွန်တော့်ရုံးက ကျွန်တော့်ကို အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့မှာ သင်တန်းတက်ဖို့ လွှတ်ပါတယ်။ နောက်မှာ ကျန်ရစ်ခဲ့တာက ရွှေအမြုတေ ကျန်ရစ်ခဲ့ ပါတယ်။ ပေဖူးလွှာမှာလည်း ကျွန်တော် မရေးဖြစ်တော့ဘူး။ ကျန်ရစ်ခဲ့တာက ကိုမျိုးလည်းမရှိဘူး။ ကျွန်တော် ကလည်း ခရီးသွားတော့ ကိုလင်းနိုင်ဦး တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ မဂ္ဂဇင်းမှာ ဘာလုပ် ဆိုပြီးမှာထားလို့ရပေမယ့် ကိုလင်းနိုင်ဥိးက စာမရေးသေးဘူးဆိုတော့ ကိုမင်းစိုးအောင်ဆိုတဲ့ သူက အများကြီး အကူအညီပေးပါတယ်။ သူ ၀ိုင်းလုပ်ပေးလို့ မဂ္ဂဇင်းပုံမှန် ထွက်ခဲ့ပါတယ်။ နောက်တစ်ယောက်က ဒီဇိုင်း မြင့်မောင်ကျော်ပါ။ သူလည်း ၀ိုင်းကူပြီးတော့ တစ်အုပ်လုံး ဒီဇိုင်းလုပ်ပေးပါတယ်။ ကျွန်တော် မရှိဘူး၏၊ ကိုမျိုး မရှိဘူး။ ဒါပေမဲ့ မဂ္ဂဇင်းက ရပ်မသွားဘဲ ကျန်တဲ့လူတွေက ဆက်လုပ်သွားပါတယ်။
စာတည်း။  ဆရာ့ရဲ့ စာပေဖြတ်သန်းမှုတစ်လျှောက်မှာ အစောပိုင်းကာလတွေကဆိုရင် ''၀င်းငြိမ်း ဆိုရင် ပြဿနာကို မီးထွန်းရှာတတ်တဲ့ ကောင်လို့ သတ်မှတ်သူတွေက သတ်မှတ်ကြတယ်''ဆိုပြီး ဆရာ ကိုယ်တိုင် မချင့်မရဲဖြစ်ရင်း ထအော်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ရွှေအမှတ် (၅)မှာပါတဲ့ ''ပြဿနာများနဲ့ ကျွန်တော်'' ဆိုတဲ့ ဆောင်းပါးမှာ ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့ စာပေအနုပညာသမားတွေ မှာ မောင်ရစ် သီအိုရီ ဆိုတာ ရှိပါတယ်။ မဟာဗန္ဓုလစစ်သူကြီးဟာ သူ့ရဲ့ မထင်မရှားရဲမက်ဘ၀လေးကနေ သူ့ကို မင်းပရိသတ် သိအောင် နန်းရင်ပြင် မှာ တံတောင်နဲ့ ထထောင်းခဲ့တဲ့ ဖြစ်ရပ်ရှိပါတယ်။ ကျွန်တော် သိချင်တာ က ဆရာ့ကို ''၀င်းငြိမ်း'' ရယ်လို့ ပရိသတ် မှတ်မှတ်ရရ ဖြစ်စေခဲ့တဲ့ စာပေပုံရိပ်မျိုး ဆရာ မှတ်မိသမျှ ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  မဟုတ်ဘူးဗျ။ ကျွန်တော့်ကို ၀င်းငြိမ်းလို့ သိစေခဲ့တာက စာပေအင်တာဗျူးတွေပါပဲ။ ဒါပေမဲ့ ဝေလင်းဟန် ဆိုပြီး ရုပ်ရှင်အောင်လံမှာ ဂီတဆောင်းပါးတွေ ရေးခဲ့တဲ့ ကလောင်က ပိုပြီး လူသိများ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးရီးများခဲ့ပါတယ်။ ဝေလင်းဟန်ကို ကျွန်တော်မှန်း မသိကြဘူး။ ကျွန်တော် နဲ့ အနီးကပ်နေ တဲ့ လူတွေလည်း မသိဘူး။ ပလေးဘွိုင်းသန်းနိုင်တောင်မှ ဝေလင်းဟန်ဟာ ကျွန်တော်မှန်း မသိဘူး။ အဲဒီလိုပဲ၊ အယ်လ်ခွန်းရီတို့၊ ပုလဲတို့လည်း မသိဘူး။ အဲဒီတော့ ရုပ်ရှင်အောင်လံ မှာတုန်းက ဝေလင်းဟန်ဆိုပြီး ၀င်းငြိမ်းနဲ့ အောင်မြင်တယ်။ ပေဖူးလွှာမှာတော့ စာရေးဆရာ များနှင့်တွေ့ဆုံခြင်းဆိုပြီး ၀င်းငြိမ်းနဲ့ အောင်မြင်တယ်။ ပြဿနာရှာတယ် ဆိုတာက မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ လူကြီးတွေနဲ့ တွေ့တဲ့အခါ ကျွန်တော်က မေးရတယ်။ မေးတဲ့ မေးခွန်းတွေအပေါ်မှာ ကျွန်တော်က ပြဿနာ ဖြစ်ရတယ်လို့ ပြောကြတယ်။
ဥပမာဆိုရင်-အဲဒီတုန်းက ပြောရရင် ကျွန်တော့်မှာ ဘုရားသခင်ပေးတဲ့ Sense တစ်ခု ရှိတယ်လို့ ပြောရမြယ်။ အကြောင်းအရာတစ်ခုကို ကျွန်တော် ဖတ်ထားပြီးရင် ကျွန်တော်က မှတ်မိ နေတတ်တယ်။ အဲဒီ မှတ်မိနေတာက သူနဲ့ အကြောင်းတိုက်ဆိုင်ရင် ဖျတ်ခနဲ ပေါ်လာတတ်တယ်။ ဆိုကြပါ စို့။ အခုတော့ နှစ်ယောက်စလုး ကွယ်လွန်သွားကြပါပြီ။ စာရေးဆရာမ တက္ကသိုလ် မြစိမ်းကို အင်တာဗျူး လုပ်ရမယ် ဆိုတော့ ကျွန်တော် သွားပြီး အင်တာဗျူး လုပ်ပါတယ်။ လုပ်တဲ့အခါ ဆရာမရေးတဲ့ ''နောက်တိုး'' ဆိုတဲ့ ၀တ္ထုတစ်ပုဒ်အကြောင်း ပါလာတယ်။ နောက်တိုးက ဆိုင်းဆရာတွေ အကြောင်း ရေးတာပါ။ အဲဒီမှာ စိန်ဗေဒါအကြောင်း ရေးထားတယ်။ စိန်ဗေဒါကြီးရဲ့ဇာတိ ဘယ်မှာ မွေးဖွားတယ် ဆိုတာ တွေ ပါလာတယ်။ သူ ရေးတဲ့ စိန်ဗေဒါဇာတိကို ဖတ်ရတဲ့အခါ လူထုဒေါ်အမာ ရေးတဲ့ စိန်ဗေဒါ ရဲ့ ဇာတိနဲ့ ကွဲပြားနေတာကို ကျွန်တော် ဖျတ်ခနဲ သတိရမိတယ်။
ကျွန်တော် သံသယဖြစ်သွားပြီးတော့ ဘယ်ဟာ အမှန်ဆိုတာ မခွဲခြားနိုင်ဘူး ဖြစ်နေတယ်။ အဲဒါနဲ့ လူထုဒေါ်အမာရဲ့ စိန်ဗေဒါအကြောင်းကို ပြန်ရှာပြီး တိုက် ကြည့်တဲ့အခါ ဇာတိ ကွဲပြားနေတာ သေချာ သွားပါတယ်။ ဆရာမမြစိမ်းနဲ့ အင်တာဗျူးတဲ့အခါ ''နောက်တိုး'' ထဲမှာ ဆရာမ ရေးထားတဲ့ စိန်ဗေဒါရဲ့ ဇာတိနဲ့ လူထုဒေါ်အမာ ရေးတဲ့ စိန်ဗေဒါရဲ့ ဇာတိကိုကွဲပြားနေတဲ့ အကြောင်း ကျွန်တော် မေးမိတယ်။ ဒါ မေးသင့်တယ် ထင်လို့ ကျွန်တော် မေးမိတယ်။ ဒါ မေးသင့်တယ် ထင်လို့ ကျွန်တော် မေးတာပဲ။ ဆရာမ တစ်ယောက်က တစ်မျိုး ရေးတယ်။ နောက်တစ်ယောက်က တစ်မျိုး ရေးတယ်။ ဒါကို ကျွန်တော်တို့ ထက် နောက်ကျတဲ့ လူငယ်တွေ ဖတ်တဲ့အခါ ဘယ်ဟာ အမှန်ဆိုတာ ဝေခွဲ မရဖြစ်လိမ့်မယ်။ ဒီမေးခွန်းမေး တဲ့ အခါ ဆရာမ မြစိမ်းက ကျွန်မဟာ ကိုယ်တိုင်ကိုယ်ကျ လိုက်မေးမြန်းပြီး၊ လေ့လာပြီး ရေးတဲ့ စာရေးဆရာမ ပါ။
တပည့်တပန်းတွေ လွှတ်၊ မေးမြန်းပြီး ရေးတဲ့ စာရေးဆရာမ မဟုတ် ဘူး။ အဲဒီလို ပြောတယ်။ ဒီအဖြေနဲ့ ပတ်သက်ပြီး မန္တလေး ရောက်တဲ့အခါ အမေမာ ကို ဂါရ၀ပြုတယ်။ သူက ဘာပြောသလဲဆိုတော့ မင်း စာရေးဆရာတွေ ကို အင်တာဗျူး မေးတဲ့အခါ စာရေးဆရာချင်း ရန်တိုက်ပြီး မေးတယ်။ မင်း မေးခွန်းတွေကို ငါ မကြိုက်ဘူး။ ကျွန်တော်က ရှင်းပြတယ်။ မဟုတ်ဘူး အမေ … ကျွန်တော်က အမှန်ကို သိချင်လို့ပါ၊ တိုက်ပြီး မေးတာ မဟုတ်ပါဘူး ဆိုတော့ အမေက ဘာပဲဖြစ်ဖြစ် သူ ဖြေတဲ့အဖြေက အဲဒီလို မျိုး ဖြစ်နေတယ်။ နောက် အဲဒီလို မမေးပါနဲ့လို့ ပြောပါတယ်။
အဲဒီတော့ ကျွန်တော်က အမေမာ တို့နဲ့ ပတ်သက်ပြီး သူတို့ မကြိုက်တ့ဟာတွေကို ရှောင်တယ်။ ကျန်တဲ့ သူတွေတော့ မေးဖြစ်တယ်။ နောက် အထောက်တော်လှအောင်ကို မေးမြန်းတယ်။ ကျွန်တော် မေးတာက ''သတင်းစာ များသည် သမိုင်းကို ပြောနေကြသည်လို့ လူထုဦးလှက ရေးပါတယ်။ ဆရာကလည်း သတင်းစာဆရာ ဆို တော့ သတင်းစာများက သမိုင်းကို ပြောနေကြတယ် ဆိုတာကို ဆရာ ယုံပါသလား''။ အဲဒီလို မေးတော့ ဆရာ မဖြေဘူး။ မဖြေဘဲ သူက ပြန်မေးတယ်။ သတင်းစာများက သမိုင်း ကို ပြောနေကြသည် ဆိုတာကို မင်းကော ယုံသလားတဲ့။ ကျွန်တော်က မဖြေဘဲ ရယ်နေလိုက်တယ်။ အဲဒီတော့ သူက မင်း ရယ်နေတာ ငါ့ အဖြေပဲတဲ့။ မင်း ငါ့ကို မမေးနဲ့တဲ့၊ အဲဒါ ငါ့အဖြေပဲတဲ့။
ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com1tag:blogger.com,1999:blog-3747304422565905705.post-87078035109914333142013-11-09T05:44:00.001-06:002015-09-10T05:09:16.657-05:00မာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း အပိုင်း (၃)
ဒေါက်တာတင်ထွန်းဦး က ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦး။ သူက သုတစွယ်စုံ
ဆိုတဲ့ စာအုပ်တိုက် လုပ်ထား တယ်။ မောင်သာချိုက တက္ကသိုလ်က နည်းပြတစ်ဦး။ သူက
အိပ်မက်ဖူးဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခွင့် ကတ်ပြား ရထားတယ်။ သူတို့ကို
ကျွန်တော် တိုင်မယ်။ ကျန်တဲ့သူတွေကို ရှာပြီးတိုင်မယ် ဆိုတော့ မလုပ်ပါနဲ့၊
မတိုင်ပါနဲ့တဲ့။ တကယ်တော့ ကျွန်တော် လည်း မတိုင်ဖြစ်ပါဘူး။ အဲဒီ
စစ်ဆေးမှုကြောင့် တကယ်ပရိုမိုးရှင်းပေးမယ်ဆိုတော့ ခြောက်လ ထပ်နောက် ဆုတ်သွား
ပါတယ်။ ခြောက်လ ပြည့်ပြီးတော့ မှ ကျွန်တော် တစ်ယောက်တည်းကို သက်သက်
ပရိုမိုးရှင်း အော်ဒါ ထွက်ပေး ပါတယ်။ ကို ဆက်ဖတ်ရန် ..
စာတည်း။  ဆရာ ၁၉၈၁ ဇွန်လမှာ ပေဖူးလွှာမဂ္ဂဇင်း ပြန်ထုတ်တာ တွေ့ရတယ်။ စာတည်းက ဆရာ ခင်မောင်မြင့်၊ အမှုဆောင် စာတည်း သုံးယောက်က ဆရာမောင်သုခ၊ ဆရာအောင်မြင့်၊ ဆရာမျိုးမြင့်ညိမ်း၊ အုပ်ချုပ်ရေးမှူးက ဦးဝင်းနိုင်ဆိုပြီး တွေ့ရပါတယ်။ အဲဒီမှာ ဆရာက ''ပေလွှာဖူးသစ်'' ဆိုတဲ့ ကဏ္ဍကနေ ''ရင်ခုန်သံသီချင်းသည်'' ဆိုတဲ့ ခေါင်းစဉ်နဲ့ တေးထုတ်လုပ်သူတွေ နဲ့ တေးရေးဆရာတွေကြား မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာ အဲဒီပြဿနာတွေ ဆရာက ဖော်ထုတ်ပြီးရေး လိုက်တယ်။ အဲဒီကဏ္ဍလေး ဖြစ်ပေါ်လာပုံကို ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  အဲဒါက ပေါ့ပ်အနေနဲ့ ကျွန်တော် လုပ်တာပါ။ အဲဒီတုန်းက ဘာတွေ ဖြစ်နေသလဲ ဆိုတော့ မိုးကြိုးငှက်ငယ်ဆိုတဲ့ အဖွဲ့က အရမ်းနာမည်ကြီးနေပါတယ်။ တစ်နှစ်ကို ၃၆၅ ရက်ရှိတာ၊ သူတို့ ပွဲခွင်က ၄၅၀ လောက် ရှိနေပါတယ်။ နေ့တိုင်း ကရတယ်။ နှစ်ပွဲ၊ သုံးပွဲ ကနေရတယ်။ သူတို့က စတီရီယိုသီချင်းတွေ နဲ့ကကြတယ်။
အဲဒီမှာ တေးရေးဆရာတွေက သူတို့ ခွင့်ပြုချက်မယူဘဲ ဒီမိုးကြိုးငှက်ငယ်လေးများအဖွဲ့က သူတို့သီချင်းတွေ သုံးပြီး စီးပွားရေးလုပ်စားနေပါတယ်။ သီချင်းရေးဆရာ လေး ငါး ခြောက်ယောက်ကနေ ပြီးတော့ ပုဏ္ဏက ပါတယ်၊ သုခမိန်လှိုင်ပါတယ်၊ ဦးကျော့မှူး ပါတယ်။ အဲဒီလူတွေ စုပြီး ကျွန်တော့်ကို ပြောတာ။ ပန်းဆိုးတန်းရဲ့ မောင်ချစ်ဆိုင်နားက အခန်းတစ်ခန်း မှာ ပြောကြတာကို ကျွန်တော် ရေးဖြစ်တာပါ။ ဒါပေမဲ့ သူတို့ ရင်ဖွင့်တာကို ရေးပေမယ့် ဘာမှ effect မဖြစ်ဘူး။ ကတဲ့အဖွဲ့က ကမြဲ ကနေ တပါပဲ။
စာတည်း။  ဆရာ ပေဖူးလွှာမှာပဲ ''သူတို့ချစ်တဲ့ အနုပညာကမ္ဘာ'' ဆိုပြီးတော့ အဆိုတော်တွေနဲ့ တွေ့ပြီးေ တာ့ သူတို့ တေးသီချင်းမူရင်းတွေ ကို ဖော်ပြ တယ်။ တေးရေးသူတွေ နဲ့ တေးဆိုသူတွေတွေ့ပြီးတော့ သူတို့ သီချင်း ခံစားချက်ကို ဖော်ပြတယ်။ ဆရာ အဲဒီဂီတလောကကို ၀ါသနာပါခဲ့ပုံ အစလေး ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ ဂီတလောကနဲ့ ပတ်သက်တာကတော့ ကျွန်တော် ဘွဲ့ရပြီးတဲ့နောက်ပိုင်း ၁၉၆၇ နောက်ပိုင်းမှာ မျိုးမြင့်တို့က လူငယ်တွေအနေနဲ့ ရပ်ကွက်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင် တို့မှာ စတိတ် ရှိုးလုပ်မယ်ပေါ့။ အဲဒီတော့ လုပ်ချင်လုပ် ဆိုတော့ အစ်ကို ပါပေးမှ၊ လူကြီးတစ်ယောက် အနေနဲ့ ရပ်ပေးမှလို့ ပြောတယ်။ လုပ်ပေါ့ ဆိုတော့ သူတို့က ဘယ်သူ့ကို ခေါ်လာသလဲဆိုတော့ အဲဒီတုန်းက နာမည်လုံးဝမရှိ သေးပေမယ့် မြန်မာ့အသံမှာ Local Talent အနေနဲ့ သီချင်းဆိုနေပြီဖြစ်တဲ့ ဘိုဘိုဟန်ကို ခေါ်လာတယ်။ ဘိုဘိုဟန်က ပင်တိုင်ပေါ့။
တစ်ညလုံးအနေနဲ့ ကျွန်တော်တို့က အရက်ဖြူတိုက်ပြီး ဆိုခိုင်းပါတယ်။ ဘာရယ် တော့ မဟုတ်ဘဲ အပျော်သဘောနဲ့ ရပ်ကွက်ထဲမှာ လုပ်ကြပါတယ်။ ၃ ရက် လုပ်ကြတာပါ။ ကျွန်တော်တို့က ဘယ်သူနဲ့ ရင်းနှီးသလဲဆိုတော့ အဲဒီတုန်းက အပြင်မှာ အရမ်းနာမည်ကြီးနေတဲ့ မင်းမင်းလတ်နဲ့ ရင်းနှီးပါ တယ်။ ဆိုတော့ ကိုလတ်ကြီး တည်ညလောက် လာဆိုပေးပါလို့ ပြောတော့ သူက လာဆိုပေးပါတယ်။ ဘယ်လောက်ထိ သင်္ခါရသဘောနိုင်သလဲဆိုရင် ဘိုဘိုဟန် ဆိုနေတုန်းမှာ မင်းမင်းလတ် ရောက်လာရင် ကျွန်တော်တို့က ခင်ဗျား ခဏရပ်လိုက်၊ မင်းမင်းလတ် ဆိုပါစေလို့ တားလိုက်တယ်။ အဲဒီမှာ ဘိုဘိုဟန်ကြီး က ရပ်ပေးရရှာတယ်။ မင်းမင်းလတ်ကဆိုတယ်။ နောက်တော့ ဘိုဘိုဟန်က တအားအောင် မြင်သွားတယ်။ မင်းမင်းလတ်က သီချင်းမဆိုတော့ဘူး။
အဲဒီလိုနဲ့ ဂီတနဲ့ ဆက်နွှယ်သွားပြီးတော့ ကျွန်တော် ၁၉၇၇ မှာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတော့ ရန်ကုန်မြို့ထဲမှာ သူ့နေရာနဲ့သူ မြို့နယ်အလိုက် ဇာတ်ရုံတွေရှိတယ်။ ဗဟန်းမှာ သူ့ဇာတ်ရုံနဲ့ သူ ရှိတယ်။ မင်္ဂလာတောင်ညွန့်မှာရှိတယ်။ ကျွန်တော်တို့ ကျီတော်မှာလည်း ရှိတယ်။ စသဖြင့် သူ့ဇာတ်ရုံနဲ့ သူရှိတော့ ဇာတ်တွေက လှည့်ပြီး ကကြတယ်။ ဇာတ်ရုံတွေက Permanent ရှိကြတယ်။ သိမ်ဖြူကွင်းထဲမှာ လည်း ဇာတ်ရုံတစ်ရုံရှိတယ်။ ဇာတ်တွေ ၀င်တယ်။ ကျွန်တော်တို့က ... ဒါလည်း မျိုးမြင့်ပဲ သယ်လာတဲ့ အလုပ်ဗျ။ သူ့သူငယ်ချင်း ကိုကျော်လှိုင် ဆိုတဲ့ လူတစ်ယောက် ရှိတယ်။ အစ်ကို က အဖေနဲ့ လက်ဝှေ့ပွဲ လုပ်ဖူးတဲ့ အတွေ့အကြုံရှိတယ် ဆိုပြီး သူပဲခေါ်လာတာ။ ပွဲလုပ်ကြ မယ်ပေါ့။
ဒါပေမဲ့ ငွေရင်းက များမယ်။ တစ်ယောက်ကို ငါးထောင်လောက် ရင်းရမယ်။ နောက် တစ်ယောက်တော့ ခေါ်ဦးမှဆိုပြီး ခေါ်တော့ ရုပ်ရှင် မင်းသမီး ဒေါ်မေရှင်ရဲ့တူ၊ ကိုအောင်မြင့် ကို ခေါ်လိုက်တယ်။ အဲဒီတော့ ကိုကျော်လှိုင်ရယ်၊ ကိုအောင်မြင့် ရယ်၊ ကျွန်တော်ရယ် တစ်ယောက် ငါးထောင်စီ ထည့်ကြပြီးတော့ သိမ်ဖြူကွင်းရုံမှာ ပလေးဘွိုင်း သွင်းမယ် ဆိုပြီး ကိုသန်းနိုင်တို့ ပလေးဘွိုင်းကို စသွင်းဖြစ်တာပါ။ အဲဒီကနေ တောက်လျှောက် ပျဉ်းမနားတို့၊ မန္တလေး တို့၊ ပြည် တို့မှာ ပလေးဘွိုင်း၊ စတိတ်ရှိုးတွေ သွင်းဖြစ်သွားပါတယ်။ ဒါက စတိတ်ရှိုးကန်ထရိုက်ပေါ့။
စာတည်း။  သူတို့ကို စတိတ်ရှိုး သွင်းတုန်းက ၁၉၇၇ သိမ်ဖြူကွင်းမှာ ပလေးဘွိုင်းသန်းနိုင်နဲ့ ပထမဆုံးအကြိမ် ဆရာစခဲ့တဲ့ စတိတ်ရှိုးသွင်းတာကို ဖတ်ခဲ့ရပါတယ်။ အဲဒီတုန်းက သူတို့ရဲ့ စတိတ်ရှိုးကြေး က လေးထောင်လို့ ဖတ်ရပါတယ်။ ရယ်စရာလေး ပြောရရင် စတိတ်ရှိုးမှာ လူစုံချင်တဲ့ အတွက် ချိုပြုံးကို ထည့် မယ်လို့ ပလေးဘွိုင်းသန်းနိုင်က ဆရာ့ကို ပြောတယ်။ အဲဒီမှာ ဆရာရယ်၊ ဆရာ့ညီ ဆန်နီညိမ်း ရယ်၊ သူ့ သူငယ်ချင်းမင်းသား ကိုသုမောင်ရယ် ချိုပြုံးဆီ သွားခဲ့ကြတယ်။ ဟိုရောက်တော့ အဲဒီအချိန်က ချိုပြုံးက အရမ်းဟော့ ဖြစ်နေတာကြောင့် အဆိုတော်ကြေး ၁၂၀၀ တောင်းလိုက်တယ်။ ဆရာက အဆိုတော်ကြေး တော့မယူပါနဲ့၊ မိတ်ကပ်ဖိုးပဲ ယူပါဆိုပြီး ဈေးဆစ် တဲ့အတွက် ချိုပြုံးက ထအော်တယ် ဆိုတာလေး ဖတ်မိပါ တယ်။ အဲဒါလေး ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ဟုတ်တယ်ဗျ၊ အဲဒီကတည်းက သူနဲ့ခင်မင်ရင်းနှီးသွားတာ အခုထိပါပဲ။ မောင်နှမလို ပါပဲ။ သူက အဲဒီတန်းက အဆစ်တောင်းသေးတာဗျ။ သူ့ညီမ ရွှင်ပြုံးက မင်္ဂလာဆောင်မှာဆိုတော့ ရွှင်ပြုံး ကိုလည်း ခေါ်ပါဆိုပြီး။ ဟ ... ကျွန်တော်က ချိုပြုံးကို လာငှားတာဘယ့်နှယ် ရွှင်ပြုံးပါလာရတာလဲ ပေါ့။ သူက လုပ်ပါ။ ရှင်ကလည်း ခေါ်ပါဆိုပြီးတော့ သူ့ကို ၅၀၀ နဲ့ တည့်တဲ့အချိန်မှာ သူက ရွှင်ပြုံးကလည်း ၁၅၀ နဲ့တောင်းပေးတာ။ ပြီးတော့ ကျွန်တော်တို့က သူ့အမျိုးသား ဒေါက်တာမြင့်ဆွေကို အကူအညီတောင်း တာဆိုတော့ ဟိုက ဆိုပေးလိုက်ပါပေါ့။ ချိုပြုံးက ရှင်တို့က ၀န်ကြီးချုပ်ကို ကိုင်ပြီး ပြော မှတော့ ဆိုပေးရမှာပေါ့ဆိုပြီး လက်ခံလိုက်တာပါ။
စာတည်း။ ဆရာ ... ၁၉၈၃ ဇွန်လထုတ် ပေဖူးလွှာမဂ္ဂဇင်းမှာ ဆရာက သီချင်းတစ်ပုဒ် ချင်း ဖော်ပြ နေရာ ကနေ ''ထွက်ပြီး၊ ထွက်ဆဲ၊ ထွက်တော့မယ့် စီးရီး''တွေကို ပရိသတ်နဲ့ မိတ်ဆက်ပေး တဲ့ အစီအစဉ်ကို ပြောင်းခဲ့တာ တွေ့ရပါတယ်။ ''ဒီလ စီးရီးအညွှန်း''လို့ ခေါင်းစဉ်တပ်ထားပါတယ်။ အဲဒီကာလတုန်းက ဆရာတို့နဲ့ခေတ်ပြိုင် တခြားမဂ္ဂဇင်းတွေမှာ အဲဒီလို ကဏ္ဍမျိုး ရှိခဲ့ပါသလား ဆရာ။
ဆရာဝင်းငြိမ်း။  မရှိဘူး။
စာတည်း။  အဲဒီအကြောင်းလေး ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  အဲဒီတုန်းက စီးရီးအညွှန်းဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ''၀င်းကိုကို'' ကလောင်နဲ့ လုပ်ခဲ့တာပါ။ ပထမပိုင်းတုန်းက သီချင်းတစ်ပုဒ်ချင်း၊ ကလေးတွေကြားမှာ ဟော့ဖြစ်တဲ့၊ ရေပန်းစားတဲ့ သီချင်းတွေကို မိတ်ဆက်ပေးတဲ့ကဏ္ဍ လုပ်ခဲ့ပါတယ်။ အဲဒီကာလက ကိုနေ၀င်းရဲ့ ''မိုးရဲရင် ဆောင်းရဲရမယ်'' သီချင်း။ ဆရာ စိုင်းခမ်းလိတ်ရဲ့ ''ဘီးကလေး''စသဖြင့် အဲဒီလို သီချင်းတွေကို လုပ်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော် တစ်လကို တစ်ယောက်ချင်း ရေးရတာကို စိတ်ထဲမှာ အားမရတဲ့ အတွက် ထွက်ပြီးသား စီးရီးတွေ၊ ထွက်တော့မယ့် စီးရီးတွေကို ခံစားသုံးသပ်ချက်တွေ နဲ့ ရေးခဲ့ပါတယ်။
စာတည်း။ ဟုတ်ကဲ့ပါ၊ ဆရာ အဲဒီကာလတုန်းက ပေဖူးလွှာ မဂ္ဂဇင်းရဲ့ တန်ဖိုးက ၇ ကျပ် ၅၀ ပြား။ စောင်ရေက တစ်သောင်းလို့ တွေ့ရပါတယ်။ ကျွန်တော် သိချင်တာက အဲဒီကာလတုန်းက ဆရာတို့ ရတဲ့ စာမူ ဥာဏ်ပူဇော်ခလေးကို ဆရာ မှတ်မိရင် ပြောပြပေးပါဦး။
ဆရာဝင်းငြိမ်း။  မှတ်မိတာပေါ့၊ မှတ်မိပါတယ်။ အဲဒီတုန်းက စာရေးဆရာ အင်တာဗျူးအတွက် တစ်ပုဒ်ကို ၅၀ ကျပ် ရပါတယ်။ ကျန်တာတွေလည်း ၅၀ ကျပ်ပါပဲ။ စီးရီးအညွှန်းအတွက်က ၂၅ ကျပ် ရတယ်။
စာတည်း။  အဲဒါက မဂ္ဂဇင်းရဲ့ အခြေအနေနဲ့ ပေးတာလား ဆရာ။ ဘယ်လို သတ်မှတ်ပြီးပေးတာပါပလဲ ဆရာ။
ဆရာဝင်းငြိမ်း။  ကိုယ့်ဟာကိုယ် အဆင်ပြေသလို ပေးကြတာပါ။ ယနေ့အထိ စာမူဟောင်းလို့၊ စာမူပေး လိုက်တယ် ဆိုပါတော့။ ကျွန်တော် ရေးနိုင်တဲ့ မာဂ္ဂဇင်းကို စာမူပေးပြီးရင် စာမူခကို မေးလည်း မမေးဘူး။ တောင်းလည်း မတောင်းဘူး။ ကျွန်တော်ကတော့ စာမူခ ဘယ်ရွေ့ဘယ်မျှရမှ ရေးတယ် ဆိုတာမျိုးမရှိပါ ဘူး။ ရေးပေးလိုက်တယ်။ ပေးသမျှကိုပဲ ကျွန်တော် လက်ခံပါတယ်။ စာမူခ ဆိုတာ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် စာပေတိုက်တွေကသူ့စောင်ရေနဲ့ အဆင်ပြေသလို ပေးကြတာပဲ။
ကျွန်တော်က အဲလို တွက်တဲ့အတွက် ကိုယ် ရေးချင်ရေးမယ်၊ ကိုယ်မရေးချင်ရင် နောက် မရေးဘူး။ အခု အချိန်ထိကို အယ်ဒီတာတွေက စာမူ တောင်းသွားတယ်။ ဆက်တိုက် ဆက်တိုက် တောင်းတယ်။ စာမူသာ ပါသွားတယ်။ စာမူခ လာမပေးတဲ့ တိုက်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ အပြင်မှာ ရေးလည်း ရေးခဲပါတယ်။ ရေးသည့်တိုင်အောင်လည်း စာမူခကို မျှော်ကိုးတာမျိုး မဟုတ်ပါဘူး။ တခြားသူတွေကတော့ မျှော်ကိုးတယ် ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ပါဘူး။ စာရေးဆရာဆိုတာ စာမူခ ရသင့်တာချည်းပါပဲ။
စာတည်း။  ဆရာ ... ဆရာတို့ ပေလွှာဖူးသစ် ကဏ္ဍမှာတုန်းက အသစ် အသစ်တွေအတွက် စခဲ့တာ လို့ ဆောင်ပုဒ်မှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီကဏ္ဍတွေ စခဲ့တဲ့ စိတ်ကူးဖြစ်ပေါ်လာ ပုံလေး ပြောပြပါဦးဆရာ။
ဆရာဝင်းငြိမ်း။ အဲဒီ အချိန်တုန်းက တကယ် ပြောကြမယ်ဆိုရင် စာရေးဆရာကြီးတွေက အားကောင်း ကောင်းနဲ့ ရေးနေကြတုန်းရှိသေးတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့က နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက် ရည်ရွယ်ပြီးတော့ ပေလွှာဖူးသစ်ဆိုပြီးတော့ ကဏ္ဍလေး ဖွင့်ခဲ့တာပါ။
စာတည်း။ ဆရာက ဂီတလောကကိုလည်း စိတ်ဝင်စားတယ်။ မန္တလေးဇာတိဖွား လည်း ဖြစ်တယ်ဆိုတော့ ''မန်းတောင်ရိပ်ခို'' သီချင်းနဲ့ပတ်သက်ပြီး မေးခွန်းလေးတစ်ခု မေးပါရစေ ဆရာ။ ဆရာနဲ့ ဆရာမြို့မကိုပေါနဲ့ အင်တာဗျူးတုန်းက မြို့မကိုပေါ ပြောသွားတဲ့အထဲမှာ ဒီကနေ့ ကျွန်တော်တို့ သိထားတဲ့ မန်းတောင်ရိပ်ခို၊ မြနန္ဒာ သီချင်းဟာ မြို့မငြိမ်းရေးတဲ့ သီချင်းအဖြစ် သိထားပါတယ်။ ဒါပေမဲ့ မြို့မကိုပေါ ပြောပြတာက တကယ့်အဖြစ်မှာ အဲဒီလို မဟုတ်ဘူး။ အဆိုကျော် ကိုအံ့ကြီးတို့က မြို့မငြိမ်းရဲ့ တေးသီချင်း သုံးလေးပိုဒ်က သံပြိုင်ပုဒ်တွေယူပြီးတော့ သူတို့ဘာသာ ဖန်တီးစပ်ဆိုလိုက်တယ်လို့ သိရပါတယ်။
ကျွန်တော် သိချင်တာက ကိုအံ့ကြီးတို့ ''မန်းတောင်ရိပ်ခို'' ဆိုတဲ့ အဲဒီသီချင်းကို အခုတော့ ''မြနန္ဒာ'' ဆိုပြီး ဂန္ထ၀င်ဖြစ်နေပါပြီ။ သီဆိုစဉ်က ဆရာမမြို့မငြိမ်း ရှိနေသေးလား ဆိုတာရယ်၊ ဘာတစ်ခုမှ မပြောခဲ့ ဘူးလား ဆိုတာရယ် သိချင်ပါတယ် ဆရာ။
ဆရာဝင်းငြိမ်း။  ဆရာမြိုကမငြိမ်း ရှိနေပါသေးတယ်။ ဆရာကိုပေါ ပြောတဲ့ဟာကတော့ ဆရာမြို့မငြိမ်း ဆုံးပြီး နှစ်ပေါင်း တော်တော်လေး ကြာတဲ့အခါ နောက်ပိုင်းမှာ သီချင်းနဲ့ ပတ်သက်ပြီး လေးနက်တဲ့ ပြဿနာ တွေရှိလာခဲ့ပါတယ်။ ဒီသီချင်းဟာ မြို့မငြိမ်းတစ်ယောက် တည်း ရေးခဲ့တာ မဟုတ်ဘူး။ နန်းတော်ရှေ့ ဆရာတင်လည်း ပါတယ်။ ပြီးတော့ ... သုံးယောက်ပဲဗျ။ အခုတော့ သုံးယောက် ရေးတာလို့ လက်ခံထားတယ်။
စာတည်း။  ဒါဆို ဆရာ။ သူဲ့ သံပြိုင်ပိုဒ်တွေကနေ ယူပြီး စပ်ဆိုခဲ့တာ မဟုတ်ဘးဆိုတဲ့ သဘောလား။
ဆရာဝင်းငြိမ်း။ အဲဒီလိုတော့ ကျွန်တော် အတိအကျ မပြောတတ်ဘူး။ အဆိုတော် ဦးအံ့ကြီး ကိုလည်း ရွှေအမြုတေ ဒီဘက်ခေတ်မှာ သူ နိုင်ငံခြားက ပြန်ရောက်လာချိန်မှာ မေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူက အဲဒီ အကြောင်းတွေ မပြောချင်ဘူး ဆိုလို့ ဆက်မမေးဖြစ်ခဲ့ပါဘူး။
စာတည်း။  ဆရာ့ကို နောက်တစ်ခုလောက် မေးပါရစေဦးဆရာ။ တေးသီချင်းနဲ့ ပတ်သက်လို့ ရသမြောက်ခြင်း၊ မမြောက်ခြင်းနဲ့ ပတ်သက်ပြီး မေးချင်လို့ပါ။ ဆရာ ဆရာမြို့မကိုပေါကို အင်တာဗျူးတုန်းက ဆရာမြို့မကိုပေါက ပြောဖူးပါတယ်။ ဆရာမြို့မငြိမ်းဟာ တေးသီချင်းတွေ စပ်ဆိုတဲ့ အခါ ''ငါက တစ်သက်စာ စပ်တာကွ''လို့ သူက ပြောသွားပါတယ်။ ဆရာကိုယ်တိုင်မျာတော့ သီချင်းတွေ ကို ခံစားတဲ့အခါ ဘယ်သီချင်းက ရသမြောက်တယ်၊ ရသမမြောက်ဘူး ဆိုတာ ဆရ့ရဲ့ စိတ်ကြိုက် ခံစားချက်လေးတွေနဲ့ ဘယ်လို ဆုံးဖြတ်သလဲ သိပါရစေ ဆရာ။
ဆရာဝင်းငြိမ်း။  ဆရာမြို့မငြိမ်းပြောတဲ့ ''တစ်သက်စာအတွက် ရေးတာကွ'' ဆိုတာ ဒီလိုလေ။ ဥပမာ- လူချွန်လူကောင်းသီချင်းက အခု ဖွင့်ရင်လည်း အခုထိ ရသမြောက်နေတုန်းပဲ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ''ပြိုင်ပွဲခေါ်'' တဲ့အခါကျတော့ သူတို့လည်း ၀င်ပြိုင်တယ်။ ဆုတွေ ဘာတွေ ရခဲ့ ကြတယ်။ အဲဒီအချိန်တုန်းက ဆရာမြို့မငြိမ်းက လူချွန်လူကောင်း သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့တယ်။ အဲဒီတော့ အခု ကျတော့ သူတို့ ပြန်ပြီးတော့ ရှက်သွားတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆုရခဲ့တဲ့ သီချင်းတွေကို ဘယ်သူမှ မသိတော့ဘူး။ ခေတ်ကာလနဲ့လည်း အံမ၀င်တော့ဘူး။ ဒါပေမဲ့ ဆုမရခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ ''လူချွန်လူကောင်း'' သီချင်းကျတော့ ခုအချိန်ထိ ခေတ်မီနေတုန်းပဲတဲ့။
သီချင်းတစ်ပုဒ်ရဲ့ ရသမြောက်မှု ဆိုတာ ဒါပါပဲ။ ခေတ်တိုင်း ခေတ်တိုင်း အံဝင်နေရမယ်။ ရသမြောက်ရမယ်။ ဒါပပါပဲ။ ဆိုကြပါစို့ဗျာ။ မိသားစု သီချင်းလေး တစ်ပုဒ်ရှိတယ်။ တိရစ္ဆာန်ရုံကို သွားကြတဲ့ သီချင်းလေး။ အဲဒီထဲမှာ သုံးဘီးကားတို့၊ အကြွေပေးလိုက်ပါလို့ ဆိုတဲ့ စာသားမျိုးတွေ ပါတယ်။ အဲဒါကျတော့ ဒီခေတ်မှာ အံမ၀င်ပါဘူး။ ဒါကို ဆိုလိုတာပါ။ ဆရာမြို့မငြိမ်း ရေးခဲ့တဲ့ သီချင်းတွေကျတော့ ခေတ်ကာလ ပြောင်းပေမယ့် အံဝင်နေသေးတယ်။
ဒီတော့ တေးသီချင်းတွေဟာ ကာလဘယ်လိုပဲ ပြောင်း ပြောင်း၊ ခေတ်နဲ့ အံဝင်နေသေးတယ်ဆိုရင် ဂန္ထ၀င်လို့ တင်စား သတ်မှတ်တယ်။ ကာလတွေ ဘယ်လိုပဲ ပြောင်းပြောင်း ရသမြောက်နေတယ်။ ဂန္ထ၀င်၊ ဂန္ထ၀င်နဲ့ အရမ်း အရမ်းပြောကြတယ်။ ဂန္ထ၀င်ဆိုတာ ဘာလဲ။ Definition မပဲါ၊ မသိဘဲ မပြောစေချင်ပါဘူး။ ဂန္ထ၀င်ဆိုတာ ခေတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေရမယ်။ အဲဒီလိုပဲ ကာလတွေ ဘယ်လိုပဲ ပြောင်းပြောင်း ခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတဲ့ ၀တ္ထု၊ ပရိသတ် လက်ခံနေတဲ့ ၀တ္ထုကို ဂန္ထ၀င်ဝတ္ထုလို့ ပြောလို့ရပါတယ်။ အရမ်းကာရော ဂန္ထ၀င်ဆိုတဲ့ စကားကို ပြောလို့ မရပါဘူး။ သွတ်သွင်းလို့ မရပါဘူး။
စာတည်း။ ဆရာ ... ဆရာနဲ့ အဆိုတော် ကိုအံ့ကြီးတို့ အင်တာဗျူးတဲ့အထဲမှာ ဆရာ မေးတဲ့ မေးခွန်းလေး တစ်ခုကို ကိုအံ့ကြီးက ဖြေသွားပါတယ်။ ၁၉၆၃ ခုနှစ်တုန်းက သူ့ရဲ့ညီ ဦးဘသိန်း နိုင်ငံခြားက ၀ယ်လာတဲ့ Ampex ဆိုတဲ့ အသံဖမ်းစက်နဲ့ အသံသွင်းယူခဲ့တဲ့ နန်းတော်ရှေ့ဆရာတင် ရေးတဲ့ ''ကျေးရွာဝါဒ'' သီချင်းဟာ စတီရီယိုခေတ်ရဲ့ အစလို့ ပြောသွားတာကို ဆရာ ကိုယ်တိုင် ကလည်း မှတ်ချက် ပေးခဲ့ပါတယ်။ အသံဖမ်းတဲ့ စနစ်ကို မူတည်ပြီး ပြောသွားတာလို့ သိရပါတယ်။ ဓာတ်ပြားခေတ်ရဲ့ အသံသွင်းစနစ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်နားမလည်လို့ ရှင်းပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ဒီလိုဗျ ... လူတွေက ပြောကြတယ်။ စတီရီယိုသီချင်း၊ မိုနိုသီချင်းဆိုပြီး ပြောကြတယ်။ တကယ်မှာက စတီရီယို၊ မိုနိုဆိုတာက အသံသွင်းတဲ့ စနစ်ကို ပြောတာ။ မိုနိုဆိုတာ သီချင်း ဖွင့်လိုက်လို့ရှိရင် သူက စပီကာဘယ်နှလုံးနဲ့ပဲ ဖွင့်ဖွင့်၊ သူက သီချင်းထဲက နေပြီးတော့ ဂီတသံရော၊ သီချင်းရော၊ ဥပမာ ... ဆိုင်းပါမယ်၊ တယောပါမယ်၊ နှဲပါမယ်၊ စသဖြင့် အားလုံးက Channel တစ်ခုတည်း က သွားတာ။ အဲဒါ မိုနို.
စတီရီယို ဆိုတာက တစ်ဖက်မှာက သီချင်းသံနဲ့၊ စန္ဒရားသံ ထွက်မယ်၊ တစ်ဖက်မှာက ဂီတသံ ထွက်မယ် စသဖြင့် တခြား Instrument အသံတွေ ထွက်မယ်။ အဲဒီလို ခွဲထွက်သွားခြင်းက စတီရီယို။
အဲဒီတော့ ''ကျေးရွာဝါဒ'' သီချင်းကို အဲဒီလို စတီရီယိုတိုက်နဲ့ ဖြစ်အောင် Ampex အသံဖမ်းစက်နဲ့ ဖမ်းခဲ့လို့ ပြောတပြါ။ အခု ပြောနေကြတာက စတီရီယိုသီချင်း စတီရီယိုသီချင်းနဲ့ ပြောနေကြတယ်။ အမှန်တော့ စတီရီယို သီချင်းဆိုတာ မဟုတ်ဘူး။ ပုံသဏ္ဍာန် အားဖြင့်လည်း မတူတော့ မတူတာ အမှန်ပါ။ သို့သော် နာမည်တပ်တာ မှားတယ်ဗျ။ စတီရီယို၊ မိုနိုဆိုတာ အသံထွက်စနစ်ကို မဟုတ်ဘူး။ သို့သော် ကလေးတွေ တော်တော်များများ နားလည်နေတာက စတီရီယိုနဲ့ မိုနိုပဲ နားလည်ကြတယ်။ သံစဉ်က မြန်မာသံစဉ်နဲ့ နိုင်ငံခြားကော်ပီသံစဉ်ရှိတယ်။ မြန်မာသံစဉ်ဆိုရင် မိုနိုဆိုပြီး ပြောကြတယ်။ မဟုတ်ဘူးဗျ။ အသံစုံထွက်တာနဲ့ အသံတစ်ခုပဲ ထွက်တာနဲ့ ကြည့်ပြီး စတီရီယို၊ မိုနို ခွဲရတာ။ သီချင်းနဲ့ မဆိုင်ဘူး။
ဆိုင်းတွေ ဘာတွေလည်း စတီရီယိုစနစ်နဲ့ အသံဖမ်းထားတာဆိုရင် အိမ်မှာ Sound Box တွေ ဘာတွေနဲ့ နားထောင်ကြည့်ရင် သိပ်နားထောင်လို့ ကောင်းပါတယ်။ တစ်ဖက်ကနေပြီးတော့ ပတ်မ၀ိုင်းက အသံ၊ တစ်ဖက်က နေပြီးတော့ တခြား Instrument တွေရဲ့ အသံကြားရမယ်။ သိပ်ကို နားထောင်လို့ ကောင်းတယ်ဗျ။ အထူးသဖြင့် အသံပတ်လည်ပြေးတဲ့ Sound Box စနစ်ဆိုရင် ပိုပြီး အရသာရှိပါတယ်။ ဆိုင်းဝိုင်းထဲမှာ ထိုင်နားထောင်နေရသလိုကို အရသာရှိပါတယ်။
ကလေးတွေ စတီရီယို၊ စတီရီယို ပြောရင်းနဲ့ စတီရီယို အဆိုတော်လို့ ပြောတဲ့ ကလေးတွေကိုယ်တိုင်က စတူဒီယိုနဲ့ မကွဲကြတာဗျ။ တစ်နေ့က ပွဲတစ်ပွဲမှာ Presenter လုပ်တဲ့ အဆိုတော် တစ်ယောက်က စတူဒီယို၊ စတူဒီယိုနဲ့ ပြောသွားတာ ကြားခဲ့ရသေးတယ်။ အမှန်တော့ Studio ဆိုတာ အသံဖမ်းတဲ့ အခန်းကို ပြောတာဗျ။ စတီရီယိုကမှ အမှန်။
စာတည်း။  ဆရာ ... ဆရာနဲ့ ဆရာစိန်ခင်မောင်ရီတို့ အင်တာဗျူးတဲ့အထဲမှာ ဆရာစိန်ခင်မောင်ရီ ပြော သွားတာလေးတွေ့ ရပါတယ်။ သူဟာ ရုပ်ရှင်ဝေဖန်ရေးတွေ အရေးပြောင်မြောက်တဲ့အတွက် ဒါရိုက်တာ တစ်ယောက် စာပေတိုက်မှာ လာစိန်ခေါ်တာခံရတယ် ဆိုတာတွေ၊ ထမင်း ဖိတ်ကျွေးပါရစေဆိုပြီး ၀ိုင်းရိုက်ဖို့ ကြံစည်ခံရတာတွေ ပြန်ပြောင်းပြောသွားတာ တွေ့ရပါတယ်။ ဒါတောင် ဒီကနေ့ခေတ် ရုပ်ရှင် ကားတွေကိုသာ ဆရာစိန်ခင်မောင်ရီ ဝေဖန်ရရင် ဘယ်လိုများ နေမလဲ မပြောတတ်ပါဘူး။ ဆရာ့အနေနဲ့ကော ဒီကနေ့ခေတ် မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုကားတွေကို ဘယ်လို မြင်ပါသလဲဆရာ။ ဆရာ့ကိုတော့ ချောင်းရိုက်ရဲတဲ့လူ ရှိမယ် မထင်ပါဘူး။ အဲဒါလေး ပြောပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ဒီကနေ့ခေတ်မှာလည်း ကားကောင်းတွေ ရှိပါတယ်။ ပရိသတ် အလိုလိုက်ရင်း လိုက်ရင်းနဲ့ မြန်မာ့ရုပ်ရှင်တွေဟာ အဆင့်အတန်း၊ အရည်အချင်း ကျဆင်းလာရတာပါ။ မင်းသား၊ မင်းသမီးအများကြီး သုံးရတယ်။ ဇာတ်တွေက ပေါချာချာဇာတ်တွေပါ။ ဟိုတုန်းကတော့ ကားတစ်ကား ကြည့်မယ်ဆိုရင် တကယ့်အနှစ်သာရ ရှိတဲ့ကားတွေ ကြည့်ရတယ်။ မင်းသားဆိုလည်း တစ်ယောက်ပဲ သုံးတယ်။ မင်းသမီးဆိုလည်း တစ်ယောက်ပဲ သုံးတယ်။ ဒါကြောင့်မို့ ခေတ်တစ်ခေတ်ကို မင်းသားခေတ်၊ မင်းသမီးခေတ် သုံးကြတယ်။ ကြည့်မယ်ဆိုရင် ရွှေဘပေါ့။ ရွှေဘခေတ်၊ တင်ညွန့် ခေတ်ပေါ့။ နောက် ဇေယျခေတ်၊ မင်းသမီးဆိုရင်လည်း ကြည်ကြည်ဌေးဆို ကြည်ကြည်ဌေးပေါ့လေ။ သို့သော် ဘယ်ကားပဲ ကြည့်ကြည့်၊ ဇေယျ၊ ကြည်ကြည်ဌေးက အတွဲများတယ်။ အခုကျတော့ အဲဒီလို မဟုတ်ဘူး။
ခန့်စည်သူရယ်၊ ပြေတီဦးရယ်၊ သူထူးစံရယ် ... ဘာညာပေါ့ဗျာ။ မင်းသားကလည်း လေး ငါး ခြောက်လက်၊ မင်းသမီး လည်း လေး ငါး ခြောက်လက်နဲ့ ရိုက်နေကြရတယ်။ ရိုက်တော့ လည်း ပေါချာချာဇာတ်တွေချည်းပဲ။ ဟိုတစ်နေ့ကပဲ ကျွန်တော် စဉ်းစားမိနေတယ်။ ဇာတ်ကား နာမည်တွေ က ဟော့ရှော့၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ လာထား အာဘွား ... တဲ့။ အဲဒီတော့ နာမည်တွေ က အစ ခပ်ချာချာ၊ ခပ်ပေါပေါ့ နာမည်တွေနဲ့ ဖြစ်ကုန်ပြီ။ ဟိုတုန်းက နာမည်မျိုးတွေ မဟုတ် တော့ဘူး။ ဒါဟာ ကျွန်တော် အသက်ကြီးသွား လို့၊ ခြောက်ဆယ်ကျော်သွား လို့ ခေတ်နောက်ကျ တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ နာမည်တွေကအစ သဘောမကျဘူး။
စာတည်း။  ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ဖတ်ဖူးတာပါ။ လူနာမည်တော့ မမှတ်မိတော့ပါဘူး။ ဒါရိုက်တာ ကြီးတစ်ဦးနဲ့ အင်တာဗျူးထားတာကို ဖတ်ထူးတာပါ။ အဲဒီမှာ အင်တာဗျူးတဲ့လူက ဒီကနေ့ ခေတ်မှာ ၀ါသနာ သရုပ်ဆောင်နဲ့ အသပြာသရုပ်ဆောင် နှိုင်းယှဉ်မယ်ဆိုရင် အသပြာ သရုပ်ဆောင်က ပိုများနေတာ တွေ့ရတယ်လို့ ဗျူးသွားပါတယ်။ သူ ဆိုလိုတဲ့ ၀ါသနာ သရုပ်ဆောင်ဆိုတာ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်မျိုး၊ အနေအထားမျိုးမှ ရိုက်တယ်ဆိုတဲ့ သရုပ်ဆောင်မျိုးကို ပြောတာပါ။
ဒီကနေ့ ခေတ်မှာတော့ အခြေအနေကို မူတည်ပြီး ရိုက်နေကြတဲ့ သရုပ်ဆောင်တွေက ပိုများတယ် ဆိုတာကို ဗျူးသွားတာ တွေ့ရပါတယ်။ နောက် တစ်ယောက်ရဲ့ အင်တာဗျူးကတော့ ဒါရိုက်တာ ချိုတူးဇော်ရဲ့ အင်တာဗျူးပါ။ သူ့ကို မြန်မာပရိသတ်အတွက် ဘာများ ပြောချင်သလဲလို့ မေးတော့ သူ ပြောသွားတာလေးကို ကျွန်တော် တော်တော်အံ့သြတုန်လှုပ်မိပါ တယ်။ မြန်မာ ဗီဒီယိုကားတွေ မကြည့်ပါနဲ့တဲ့။ ဒီကနေ့ခေတ် ရုပ်ရှင် အခြေအနေကတော့ သူတို့ဟာ သူတို့ပဲ သိနေပြီလို့ ပြောရမှာပါပဲ။ ဒီကိစ္စကို သိပ်လည်း မပြောတော့ပါဘူး ဆရာ။
ဆရာဝင်းငြိမ်း။  အဲဒါလေး ကျွန်တော် ပြောချင်တယ်ဗျ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ''မိုးညအိပ်မက်မြူ'' ၀တ္ထုကို ရိုက်ထားတဲ့ ရုပ်ရှင် ရုံတင်နေပါတယ်။ အဲဒီ ''မိုးညအိပ်မက်မြူ''ကို Version သုံးမျိုးစလုံး ကျွန်တော် ကြည့်ဖူးတယ်ဗျ။ ပထမဆုံး ရိုက်တာက ညွှန့်ဝင်း၊ ဒုတိယရိုက်တာက မန္တလေးသိန်းဇော်၊ အခု တတိယရိုက်တာက နေတိုး။ အဲဒီ ''မိုးညအိပ်မက်မြူ'' ဇာတ်မျိုးကို ဒီကနေ့ခေတ်မှာ ရှုံးမယ်ဆိုတာ သိရက် သားနဲ့ ထုတ်ရဲတဲ့သူက ထုတ်သလို ရိုက်ရဲတဲ့သူကလည်း ရိုက်သွားတယ်။ မနေ့ညက Facebook ထဲမှာ တစ်ယောက်က ဆိုးဆိုးဝါးဝါးကို ဝေဖန်ပါတယ်။
သူက မန္တလေးသိန်းဇော် ရိုက်တဲ့ကားကို ကြည့်ဖူးထားတယ်။ အခုကားမှာ မင်းသားကို ဝေဖန်တာပါ။ ညံ့တယ်၊ ဘာညာပေါ့ဗျာ။ ကျွန်တော်ကတော့ အခုကားကို ချီးကျူးထားတယ်။ ဟာသဇာတ်ရုပ်တွေ ခပ်များများ သရုပ်ဆောင်နေတဲ့ နေတိုးဟာ ဒီကားမှာ character သုံးမျိုး သရုပ်ဆောင်ရတယ်။ ဇာတ်ရုပ်သုံးမျိုးနဲ့ သရုပ်ဆောင်ရတယ်။ စိတ်ဝေဒနာသည်အဖြစ် တစ်မျိုး၊ တက္ကသိုလ်ကျောင်းသားအဖြစ် တစ်မျိုး၊ လူရွှင်တော်အဖြစ် တစ်မျိုး၊ အဲဒီလို သုံးမျိုး သရုပ်ဆောင် ရတယ်။ သူ ဟာသကားတွေထက် အများကြီး သရုပ်ဆောင်ပိုင်းမှာ အားစိုက်ခဲ့ရတယ်။ ကိုင်တွယ်နိုင်တယ်။ အဲဒီကားကို ကျွန်တော်နဲ့ ကိုလင်းနိုင်ဦး သွားကြည့်တော့ ဒေါ်ခင်လေးသိမ့်လည်း ရှိတယ်။
သီးသန့်ခေါ်ပြ တာပါ။ အဲဒီမှာ မသက်ရီ ၀တ်တဲ့ အ၀တ်အစားပိုင်းမှာ မိုးဟေကို၊ ကိုပြောတာ။ သူ ၀တ်တာက ကျွန်တော်တို့ အဘွားတွေခေတ်က ၀တ်တဲ့ မှန်နိုင်လွန်မျိုး ၀တ်တယ်။ အိပ်ရာက ထတာတွေမှာ သိပ်သေသပ်လွန်းနေတာ ရှိတယ်။ မှန်နိုင်လွန်နဲ့ အိပ်ရာထတာမျိုးမှာ ပြောစရာပေါ့လေ။ ဒါပေမဲ့ ကားက ခြုံငုံကြည့်မယ်ဆိုရင် ကားကောင်းတစ်ကားပါ။ ခက်တာက ပိုက်ဆံမရဘူး။ ကျွန်တော် ကြည့်ပြီးတာနဲ့ ပြောပြဖြစ်ပါတယ်။ ကားကောင်းတယ်။ ပိုက်ဆံတော့ မရနိုင်ဘူး။ လူတွေက ဟာသကားမှ ဟာသကား ဖြစ်နေတယ်။
ပိုက်ဆံတော့တိုင်း ပိုက်ဆံရသလားဆိုတော့ ဟာသကားတိုင်းလည်း မရဘူး။ တချို့ကားတွေ ကွဲတယ်။ အဲဒီတော့ ပရိသတ်က နိမ့်သွားသလား။ ဒီလိုလည်း ယတိပြတ်ပြောလို့မရဘူး။ ပရိသတ်က ဟာသတွေပဲ လိုက်နေလို့ ရိုက်နေသလား။ ၂၀၀၈ ခုနှစ်က အကယ်ဒမီပေးတော့ ဘယ်လိုမှ မမျှော်လင့်ဘဲနဲ့ ''အများနဲ့ မသက်ဆိုင်သောသူ''ဆိုတဲ့ ဟာသကားက ခန့်စည်သူ အကယ်ဒမီ ရသွားတယ်။ ခင်မို့မို့အေးလည်း ရတယ်။
ဒီနှစ်မှာတော့ စောင့်ကြည့်စရာ ဖြစ်လာညပီ။ ''မိုးညအိပ်မက်မြူ'' ပါတယ်၊ ''အတိတ်၏ အရိပ်'' ပါတယ်၊ ''ကြိုးကြာတောင်ပံခတ်သံ'' ပါတယ်၊ ''ကျောက်စက်ရေ'' ပါတယ်။ ဒီလေးကားက တကယ့် ဒရာမာ လေးကားပါ။ ကျန်တဲ့ ဆယ့်နှစ်ကားက ဟာသကားတွေ။ အဲဒီကားတွေထဲက ကျွန်တော်တို့ ဘယ်လို မှ မထင်မှတ်တဲ့ ''အတိတ်၏ အရိပ်'' ကားက တရုတ်မှာ ကျင်းပတဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ''အောင်သူရ'' က အကောင်းဆုံး သရုပ်ဆောင်ဆု ရထားတယ်။ အဲဒီတော့ ကျွန်တော် တို့ မြန်မာအကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ ဘယ်လိုလုပ်ကြမလဲ။ တော်တော် ကြည့်လို့ ကောင်းမယ့် ပွဲပဲလေ။ သိပ်ကြည့်ကောင်းမယ့်ပွဲပါပဲ။
ဆက်ဖတ်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com5tag:blogger.com,1999:blog-3747304422565905705.post-32397905565003617192013-11-08T03:16:00.000-06:002015-09-10T05:10:03.415-05:00ဆရာမာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင်မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း, အပိုင်း (၂)
ကျွန်တော် မန္တလေးမှာ အဘိုး၊ အဘွားတွေနဲ့ နေလာစဉ်ကတော့ နွေကျောင်းပိတ်ရက်ဆိုရင် မိဘ တွေရှိတဲ့ ရန်ကုန်ကို လာပါတယ်။ ကျောင်းပိတ်ရက်တွေ ရန်ကုန်ရောက်တဲ့အခါ ကျွန်တော့်အဖေက မဂ္ဂဇင်း မှာ အားကစားဆောင်းပါးတွေ ရေးနေတော့ မဂ္ဂဇင်းစာအုပ်တွေ လက်ဆောင် ရပါတယ်။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ သွေးသောက် အဲဒါတွေ ရပါတယ်။ အမေက စာဖက်တာ အရမ်းဝါသနာပါတယ်ဗျ။ ညီတွေက ငယ် သေးတော့ စာမဖတ်ကြသေးဘူး။ အိမ်မှာ ဆိုရင် အမေရယ်၊ အဖေရယ်က စာဖတ် ၀ါသနာပါတယ်။ အမေက သူ ဖတ်ပြီးရင် စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ထင်းရှူးသေတ္တာနဲ့ သေသေချာချာ သိမ်းထားပေးတယ်။ လစဉ် ရသမျှ မဂ္ဂဇင်းတွေ၊ တခြား လုံးချင်းတွေဆိုရင် စနစ်တကျ ဗီရိုနဲ့ ထည့်သိမ်းထားပါတယ်။ ကျွန်တော် နွေရာသီ ကျောင်း ပိတ်တဲ့ ၂ လမှာ လာပြီဆိုရင် အဲဒါတွေ ဖတ်တော့တာပဲ။ ဒါက စာဖတ် ၀ါသနာ အစ ပါ။ ကို ဆက်ဖတ်ရန် ...
စာတည်း။  ဆရာတို့ မိသားစုထဲမှာ မန္တလေးမှာ မွေးတဲ့သူတွေနဲ့၊ ရန်ကုန်မှာ မွေးတဲ့သူတွေ ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။ ကျွန်တော်တို့ မန္တလေးမှာ မွေးတာက ကျွန်တော်ရယ်၊ ဆန်နီညိမ်းရယ်၊ ရဲမြင့်ညိမ်းရယ်၊ မျိုးမြင့်ညိမ်းရယ် ... လေးယောက်ပါ။ ရန်ကုန်မှာ မွေးတာက ကျွန်တော့်ညီ . ညီမ . မာလာညိမ်း၊ စန္ဒာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းဆိုပြီး လေးယောက်က ရန်ကုန်မှာ မွေးပါတယ်။ မောင်နှမ ၈ ယောက် မှာ ကျွန်တော့်ညီမ စန္ဒာညိမ်းက ၁၉၇၆ ခုနှစ်၊ မေလ ၁၂ ရက်က မိသားစု လက်ခုပ်ကုန်းကို ပျော်ပွဲစားထွက် ကြရင်းရေနစ်ပြီး ဆုံးသွားပါတယ်။ ကျွန်တော် စာဖတ်ဝါသနာပါလာပြီးတဲ့နောက် ခုနစ်တန်း ကျောင်းသား ဘ၀မှာ ရန်ကုန် အလည်လာရင်း ၁၉၆၀ မှာ ကျွန်တော့်အဖေက Parade ဆိုတဲ့ စာစောင်ဝယ်ဖတ်တယ်။ အဲဒီထဲမှာ ၀တ္ထုတွေလည်း ပါတယ်။ ၂ ပုဒ်စီ ပါတယ်။ ကျွန်တော် အဲဒါတွေ ယူဖတ်ရင်း ၀တ္ထုရေးချင် လာတယ်။ ဖေဖေကလည်း ရေးကြည့်ပါလားလို့ တိုက်တွန်းပါတယ်။ ကျွန်တော်ရေးကြည့်မိ တယ်။ Adapt လုပ်ပြီး ရေးကြည့်တာပါ။
အဖေက မပြင်ဘူး။ မပြင်ဘဲနဲ့ စုံထောက်မဂ္ဂဇင်းကိုင်တဲ့ ဆရာ မိုးဝေဆိ ခေါ်သွားပါတယ်။ နေရာကတော့ ကမ်းနားလမ်း လို့ ထင်တယ်။ ကျွန်တော် မမှတ်မိဘူး၊ တိုက် အဟောင်းကြီးတစ်ခုပဲ၊ အဖေက ခေါ်သွားပြီးတော့ '' ဒါ ကျွန်တော့်သား'' ဆိုပြီး ဆရာမိုးဝေဆီ ဆိုတော့ ဟာ ... ကျွန်တော် အရမ်းပျော် သွားတယ်။ ဒီလို မမျှော်လင့်ဘဲ လွယ်လွယ်ကူကူနဲ့၊ အဖေ့ ကျေးဇူးလည်း ပါတာပေါ့လေ၊ ဖော်ပြ ခံရမှာဆိုတော့ အရမ်းဝမ်းသာသွားတယ်။ ကျွန်တော်က ကလောင်နာမည်တွေ ဘာ တွေမပေးတတ်တော့ အဖေကဘဲ ''ဂျူနီယာဘညိမ်း'' ဆိုပြီး ကလောင်နာမည် တပ်ပေးလိုက်တယ်။ အဲဒီ ၀တ္ထုလေးကို တစ်နေ့က ဆရာလေး ကိုတင် ကူးလာပေးလို့ ပြန်ရခဲ့သေးတယ်။
စာတည်း။  ဆရာ ၁၉၇၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ဆရာ့ ဖေဖေ ဆုံးသွားခဲ့ပါတယ်။ ဆရာ့ဖေဖေ ကျားဘညိမ်း မကွယ်လွန်မီ ဖြစ်ရပ်လေးတွေနဲ့၊ ဆရာ့ ဖေဖေအကြောင်း ဆရာ မှတ်မိသမျှ ပုံရိပ်လေးတွေ ပြောပြပေးပါဦး ဆရာ။
ဆရာဝင်းငြိမ်း။  ကျွန်တော့်အဖေက ၁၃ နှစ်သားကတည်းက လက်ဝှေ့စထိုးတာပါ။ ဖေဖေက ကျွန်တော် တက်ခဲ့ တဲ့ သံတဲကျောင်းမှာပဲ ကျောင်းတက်ခဲ့ပါတယ်။ နောက်တော့ ''၀ယ်စလီယန်''ကျောင်းကို ပြောင်းပြီး တက်တယ်။ နောက် အမျိုးသားကျောင်းကို ပြောင်းတယ်။ အမျိုးသားကျောင်း ဆိုတာက အမျိုးသားခေါင်းဆာင် ကြီး ဦးရာဇတ်ရဲ့ ကျောင်းပါ။ အဲဒီမှာ လူထုဒေါ်အမာတို့လည်း တက် တယ်။ ဒေါ်ပတ္တမြားခင် နဲ့ ကျတော့ သံတဲကျောင်းမှာ အတူတက်ခဲ့တယ်။ အမျိုးသားကျောင်းမှာ တက်နေတုန်း က ဆရာကြီး ဦးရာဇတ် က ယောက်ျားလေးတွေ လက်ဝှေ့၊ ကိုယ်ခံ ပညာသင်ရမယ် ဆိုပြီး နိုင်ငံခြားသား လက်ဝှေ့နည်းပြ တစ်ယောက် ငှားပေးတယ်။ ''ဘီလ်ဖစ်ရှား''လို့ခေါ်တယ်။ ငှားပြီးတော့ ယောက်ျားလေးတွေ အားလုံး ကို ဘောက်ဆင် သင်ခိုင်းတယ်။
အဲဒီတုန်းက ဒေါ်အမာက ပြောတယ်။ သူ ရေးတောင် ရေးဖူးသေးတယ်။ သူက ဆရာကြီးဆီ သွားပြောတယ်။ ယောက်ျားတွေကျတော့ ဘောက်ဆင် သင်ပေးတယ်။ နိုင်ငံခြားက လက်ဝှေ့နည်းပြတောင် ခေါ်ပြီး သင်ပေးတယ်။ သူတို့ကျတော့ ဘာမှ မလုပ်ပေးဘူးဆိုပြီး ဆရာကြီးဆီ သွားပြော တာဗျ။ ဆရာကြီးက ဆေးပြင်းလိပ်ကြီးခဲပြီး အမြဲနေတတ်ပါတယ်။ ဒေါ်အမာက အဲဒါ သွားပြောတော့ ဆရာကြီးက ''ရတယ်၊ ငါ လုပ်ပေးမယ်''ဆိုပြီး သောက်ရေအိုးကို ရိုက်ခွဲလိုက်တယ်တဲ့။ ခွဲပြီးတော့ အစိတ်စိတ်အမြွာမြွာ ကွဲသွားတဲ့ အိုးခြမ်းတွေ ကောက်ပြီး ''ရော့ ... ရှပ်ဒိုးပစ်'' ဆိုပြီး ပေးလိုက်တာတဲ့။ ရှပ်ဒိုး ဆိုတာ အကွက် တွေဆွဲပြီး ကစားတာ။ ရန်ကုန်မှာတော့ ကုလားမစည်းနင်း ကစားနည်းပေါ့။ အဲဒါ လုပ်ပေးလိုက်ပါတယ်။ ကစားကြဖို့ ပြောတော့ ဒေါ်အမာတို့ တပ်ခေါက် ပြန်လာကြတယ်လို့ ပြောပြတယ်ဗျ။
အဖေက အဲဒီမှာ လက်ဝှေ့ထိုးသင်ခဲ့တယ်။ တစ်လျှောက်လုံး ထိုးခဲ့တယ်။ စစ်ပြေးတဲ့ ကာလတုန်း ကအဖေ တို့ ဘုံးအိုးဆိုတဲ့ ရွာလေးတစ်ရွာဘက်ကို ပြေးကြတယ်။ အခုဆိုရင် မန္တလေး ချမ်းမြသာစည် နားလို့ ပြော၇မှာပဲ။ ဘုံးအိုးဆိုတာ ဘုံးအိုး(ဗုံးအိုး)ပါ။ အရင်ခေတ်က နန်းတော်ကို အိုးတွေလုပ်ပြီး ဆက် သကြတော့ ဗုံလို ပုံစံ အိုးတွေ ဆက်ရင်း ဗုံးအိုးလို့ခေါ်တား။ နောက်တော့ ဗုံးအိုး (ဘုံးအိုးရွာ)ဖြစ် လာတာ နေမယ်။ အဲဒီ ရွာထဲကို အဖေတို့ စစ်ပြေးကြတယ်။ ကျွန်တော့်အဘိုး အဘွားတွေရော၊ ဆွေမျိုးသားချင်းတွေရော ပါတာ ပေါ့ဗျာ။ နောက် ... အင်္ဂလိပ်တွေ ရောက်လာတဲ့အခါ ရွာထဲ ကို အင်္ဂလိပ်စစ်သားတစ်ယောက် ရောက်လာပြီး လက်ဝှေ့အိတ်တွေကိုင်ပြီး လက်ဝှေ့ထိုးတတ်တဲ့သူ လိုက်ရှာတာ။ လိုက်ရှာတော့ ရွာထဲက လူတွေက ပထမ မပြောကြဘူးဗျ။ နောက်တော့ တစ်ယောက်က ရှိတယ်၊ ရွာထဲမှာ လက်ဝှေ့ထိုးတတ်တဲ့သူ ရှိတယ်၊ ဘယ်သူလဲ ပြဆိုတော့ ... ဘညိမ်းပေါ့လေ။ သူက တွေ့တော့ '' ရော့ လက်ဝှေ့အိတ် ယူ၊ ထိုးရမယ်'' ဆိုပြီး ထိုးခိုင်းရောဗျ။ ထိုးခိုင်းတော့ ... ကျွန်တော့် အဖေ လည်း ထိုးတာပေါ့။ ကျွန်တော့်အဖေ လက်ဝှေ့ထိုးတဲ့ ပုံစံက မရပ်မနားတရစပ်ထိုးတဲ့ပုံစံဗျ။ အဲဒါ ထိုးကြရင်းနဲ့ စစ်သားဟာ ဗုံးခိုကျင်းထဲ ကျသွားတယ်။
သူကပဲ ကွန်ဂရက်ကျူးလေးရှင်းလုပ်ပြီး တံဆိပ်လေးတစ်ခု ပေးသွားတယ်။
မြန်မာပြည်မှာ လုပ်တဲ့ ချစ်ကြည်ရေးပွဲတွေမှာလည်း အမြဲအနိုင်ရခဲ့ပါတယ်။ တစ်ခါတုန်းက အိန္ဒိယ လက်ဝှေ့ချစ်ကြည်ရေးအဖွဲ့ တစ်ဖွဲ့လာပါတယ်။ အဲဒီမှာ ပြိုင်ကြတော့ မြန်မာပြည် ကိုယ်စားပြုတဲ့ လက်ဝှေ့ သမားအားလုံးရှုံးပြီး ကျွန်တော့်အဖေ တစ်ယောက်ပဲ နိုင်ပါတယ်။ နိုင်တော့ မန္တလေး လူထုသတင်းစာက ဘယ်လို ရေးသလဲဆိုရင် ''ကျားကလေးကြောင့်သာ မြန်မာတွေ ခေါင်းဖော်နိုင်တော့လည်း''လို့ ခေါင်းစဉ် တပ်ပြီး ရေးခဲ့ပါတယ်။
ကျွန်တော့်အဖေ မန္တလေးမှာ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ အလုပ်က မည်မည်ရရ မရှိဘူး။ ကျားထိုးတာ တော်တော်ဝါသနာပါတယ်။ ပန်းချီဆွဲတာလည်း ဆိုင်းဘုတ်တွေရေးတာ လက်ခံတယ်။ လာ အပ်လို့ရှိရင် အမေ ပြောပြတာက ''မင်းအဖေက ဆိုင်းဘုတ် လာအပ်တဲ့အခါ စာရင်းရေးပြီး တစ်ခါတည်း တွက်ပြတာ၊ သံပြားဖိုးက ဘယ်လောက် ... ဆေးဖိုးက ဘယ်လောက် ... လက်ခက ဘယ်လောက် တစ်ခါ တည်းချတွက်ပြတာ။ တွက်ပြတော့ အပ်တဲ့သူက ဟာဗျာ လက်ခတော့ လျှော့လိုက်ပါဆိုရင် မင်းအဖေက လက်ခကို လျှော့ပြီး အရင်းအတိုင်း လုပ်ပေးလိုက်တာချည်းပဲ''။
အဲဒီတုန်းက အဖေတို့နဲ့အတူ ရွှေဘိုက လာနေတဲ့ ကျွန်တော့်အဖေရဲ့ first cousin တစ်ယောက် ရှိတယ်ဗျ။ နောင်မှာ '' မောင်သော်က'' ဆိုတဲ့ စာရေးဆရာ ဖြစ်လာတဲ့ ဗိုလ်မှူးဘသော်ပါ။ သူက အတူလာနေရင်း အဖေ ပန်းချီဆိုင်းဘုတ်တွေ အဆင်သင့် ဆွဲနိုင်အောင်လို့ အမေနဲ့ ဦးသော်က က သံပြားမှာ အောက်ခံ သင်္ဘောဆေးတွေသုတ်ထား ပေးတယ်။ အဲဒီသင်္ဘောဆေးမှာ အနံ့တစ်မျိုးပါတယ်ဗျ။ အဲဒီအနံ့ကြောင့် ဖြုတ်ကောင်လေးတွေ လာလာ နားတယ်။ လာနားတော့ သင်္ဘောဆေးနဲ့ ကပ်ပြီးခွာလို့မရဘဲသေကုန်တယ်။ အဖေက သူ ရေးတော့မယ်ဆိုရင် အဲဒီဖြုတ်ကောင်အသေတွေ တွေ့ရင် မရေးတော့ပြန်ဘူး။ စုတ်တံကို လွှင့်ပစ်ရော။ အဲဒီတော့ အောက်ခံဆေးတွေ ပြန်သုတ်ပေးရတယ်။
ကျွန်တော် ငယ်ငယ်ကနေ အသက် သုံးဆယ်လောက်အထိ မန္တလေးမှာ သူ ရေးခဲ့တဲ့ ဆိုင်းဘုတ် တွေ တွရရသေးတယ်။ သူ လက်ဝှေ့ထိုးနိုင်ဖို့ တကယ်ပံ့ပိုးပေးတာက မန္တလေးမှာရှိတဲ့ ၀င်းလိုက်ရုပ်ရှင်ရုံနဲ့ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံပိုင် တဲ့၊ ရန်ကုန်မှာ ဂလုပ်ရုပ်ရှင်ရုံ ပိုင်တဲ့ ဦးကျော်ဝင်း၊ ဦးကျော်မင်း ဆိုတဲ့ အမြွှာ ညီအစ်ကိုနှစ်ယောက် က ပံ့ပိုးပေးတယ်။ သူတို့ အစ်ကိုတစ်ယောက်လည်း ရှိသေးတယ်ဗျာ။ သူတို့ ညီအစ်ကို နှစ်ယောက်က ဘယ်လို ပံ့ပိုးပေးသလဲဆိုတော့ ဒီခေတ်မှာ အားကစားသမားတွေကို ဌာနဆိုင်ရာ တွေက ပံ့ပိုးပေးသလိုမျိုးပေါ့။ သူတို့က ရုပ်ရှင်ရုံတွေ ပိုင်တဲ့အတွက် အလုပ်ပေးနိုင်တယ်လေ။ အဖေ့ကို ရုပ်ရှင်ရုံစောင့်အဖြစ် ခန့်ပြီး တစ်နေ့ကို ၃ ကျပ်ပေးပါတယ်။ အဲဒီခေတ်က ၃ ကျပ်ဆိုတာ မနည်းဘူး။ ၃ ကျပ် ပေးထားပြီးတော့ အဖေတို့က မြို့ရုဏ်ရောင် ရုပ်ရှင်ရုံနားမှာ နေတော့ ကျံးပတ်လည် ပြေးတယ်။ ထရိန်နင်ပေါ့။ သူတို့လည်း လိုက်ပြေးတယ်။ အဲဒီညီအစ်ကို နှစ်ယောက်က ဦးကျော်မင်း ဆိုရင် ရန်ကုန်မှာ ဆုံးတယ်။ ဦးကျော်မင်း က အခု ယုဇနလက်ဖက်လုပ်ငန်းရှင်ရဲ့ အဖေပေါ့။ ဦးကျော်ဝင်း က မန္တလေးမှာပဲဆုံးတယ်။
အမေက အဲဒီတုန်းက စက်ပန်းထိုးပါတယ်။ စက်ပန်းထိုးတဲ့အခါ တပည့်တွေနဲ့ခေါ်ပြီး ထိုးပါတယ်။ အဲဒီတုန်းက အမျိုးသမီးဝတ် ဘော်လီတွေမှာ ကျောဘက်တွေက ပန်းတွေထိုးလေ့ရှိတယ်ဗျ။ အမေက ပန်းတွေ၊ ဒေါင်းရုပ်တွေကောက်ကြောင်းရေး၊ အဲဒါကို စက်နဲ့ပေါက်ပြီး ပုံဖော်ကြတာပေါ့။ အမေက အဲဒီနည်း နဲ့ မိသားစုအတွက် ဖြည့်ဆည်းပေးပါတယ်။ နောက်တစ်ခါ ဦးကျော်ဝင်းနဲ့ ဦးကျော်မင်းတို့က အာရဘီသိပ္ပံ ကျောင်း၊ နောက်တော့ အမှတ်(၃) ကျောင်းလို့ခေါ်တဲ့ ကျောင်းမှာ လက်ဝှေ့ကလပ် ဖွင့်ပေးတယ် ဗျ။ ''ရွှေကျား'' လက်ဝှေ့ကလပ်ဆိုပြီး ဖွင့်ပေးတယ်။ အဖေက အဲဒီကလပ်မှာ လက်ဝှေ့ ၀ါသနာပါတဲ့ ကလေးတွေကို စုပြီး တော့ အခမဲ့ လက်ဝှေ့သင်ပေးပါတယ်။ အဲဒီကလပ်ကနေ လက်ဝှေ့ကျော်တွေ အများကြီး ပေါ်ခဲ့ပါတယ်။ ရဲတင့်တို့၊ တိုကျိုအိုလံပစ်မှာ ၀င်ပြိုင်ခဲ့တဲ့ ရဲချစ် တို့၊ ကျော်မြင့်၊ ရွှေကျေးတို့၊ ဌေးမောင်တို့၊ စိန်အောင်မင်း စသည်ဖြင့် အများကြီး ပေါ်ခဲ့ပါတယ်။
နောက် ရန်ကုန်မှာ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီမှာ တာဝန်ယူခဲ့တုန်းက အောင်ဆန်း ကွင်းပွဲကြည့်စင်အောက်မှာ အခန်းပေးတယ်။ အဖေက အဲဒီမှာ မနေဘဲနဲ့ ၁၁၀ လမ်းမှာ မိသားစုနဲ့နေပြီး အဲဒီအခန်းကို ''ဒဂုံကျား'' လက်ဝှေ့ကလပ်အဖြစ် ဖွင့်ပါတယ်။ အဲဒီမှာ တစ်ခါ အာရှလက်ဝှေ့ချန်ပီယံ ရခဲ့တဲ့ တင်ထွန်း၊ ၀င်းမောင်၊ လှရွှေ စသဖြင့် လက်ဝှေ့သမား အများကြီး ထွက်လာခဲ့ပါတယ်။
သူကိုယ်တိုင်ကတော့ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယက လာတဲ့ ''အာလူး'' စစ်ကွဲရား ''ဆိုတဲ့ လက်ဝှေ့ သမားနဲ့ အောင်ဆန်းကွင်းမှာ ပြိုင်ခဲ့တာ နောက်ဆုံးအနိုင်ရတဲ့ ပွဲပါပဲ။ ဒါ နောက်ဆုံးထိုးခဲ့တဲ့ ပွဲပါပဲ။ အသက် ၃၆ နှစ် ရှိနေပါပြီ။ အဖေက တစ်ဖက်က ဘောက်ဆင်အလုပ် လုပ်နေသလို၊ တစ်ဖက်ကလည်း ရိုးရာ လက်ဝှေ့သမားတွေ သွားခေါ်ပြီး ရန်ကုန်မှာ ပွဲကျင်းပပေးပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာ တစ်နှစ်ကို အစိုးရရုံးပိတ်ရက်ကြီး ၄ ရက်ရှိတယ်။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ ပြီးတော့ အလုပ်သမားနေ့ ဆိုတာရှိတယ်။ အဲဒီနေ့တွေမှာ စင်ထိုးပြီး လက်ဝှေ့ပွဲ လုပ်ပေးတယ်။ အဲဒီတုန်း ကကျိုက္ကဆံကွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ ဂီတပဒေသာပွဲ၊ ပြဇာတ်၊ ပြီးတော့ ... ရိုးရာလက်ဝှေ့ပွဲ တွေရှိတယ်။ ပြီးတော့ အခမဲ့ ဘောလီဘောပြိုင်ပွဲတို့၊ ဘက်စကက်ဘောပြိုင်ပွဲတို့လည်း ရှိတယ်။ အဲဒီမှာ လက်ဝှေ့ပွဲတွေက ရတဲ့ ၀င်ငွေနဲ့ပဲ အခမဲ့ပွဲတွေအတွက် ကော်မတီက ၀င်ငွေကို သုံးစွဲပေးတယ်။ အဲဒါတွေ လုပ်ခဲ့ပါတယ်။
ကျွန်တော် မှတ်မိသလောက် အဖေက မန်းရာပြည့်မတိုင်မီမှာကတည်းက မလွန်ကွင်းမှာဖြစ်မယ် ထင်တယ်။ လက်ဝှေ့ပွဲကို စစ်မဆောက်ဘဲ မြေစိုက်ကြိုးဝိုင်းနဲ့ ရိုးရာ Traditional ပုံစံမျိုး ကျင်းပပေးတယ် ကျွန်တော် မှတ်မိနေတယ်။ အောက်မှာ ဖွဲတွေ ခင်းပြီး လုပ်ခဲ့တာ။ မန်းရာပြည့်ပွဲမှာလည်း လက်ဝှေ့ အကြီး အကျယ်လုပ်ခဲ့တယ်။ အဖေက သားအငယ်ဆုံး မွေးတာနဲ့ တိုက်ဆိုင်လို့ ရာပြည့်လို့ ပေးထားပါတယ်။ အခုတော့ အဲဒီသားတောင် ငါးဆယ် ကျော်နေပြီ။ အဲဒီလိုတွေ လုပ်ခဲ့ပါတယ်။
ရိုးရာလက်ဝှေ့ပွဲတွေ လုပ်တော့ အဖေတို့ကို အဓိက အားပေးခဲ့တဲ့ သူက တော်လှန်ရေးကောင်စီ လက်ထက်တုန်းက ဗိုလ်မှူးချုပ်တင်ဖေ ဆိုတဲ့ ကုန်သွယ်ရေးဝန်ကြး တာဝန်ယူခဲ့သူပါ။ သူ အားပေးတာက တကယ့်ကို အားပေးတာဗျ။ လာလည်းကြည့်တယ်။ ညတိုင်း လာကြည့်ပါတယ်။ လက်ဝှေ့ပွဲပြီးသွားပြီ ဆိုတဲ့ အခါ လက်ဝှေ့သမားတွေကို ''ဒင်နာ'' ပေးတယ်။ သူ ''ဒင်နာ'' ပေးတယ်ဆိုတာ ပုံပြီး ထည့်ကျွေးတာမျိုး မဟုတ်ဘူးဗျ။ တကယ့်ကို ''ဒင်နာ'' အဖြစ်နဲ့ စနစ်တကျ ကျွေးတာ။ ပြီးရင် ပွဲတွေ၊ အငြိမ့်တွေ နဲ့ ဖျော်ဖြေ ပေးတယ်။
လက်ဝှေ့သမားတွေဟာ မြို့နဲ့ ဘယ်လောက်ထိ ကင်းကွာသလဲဆိုရင် ခြင်ထောင်နဲ့ အိပ်ရမယ်၊ ဒီမှာ က ခြင်ကိုက်တယ် ဆိုပြီး ဗိုလ်ချုပ်က ခြင်ထောင်တွေ ထုတ်ပေးတယ်။ အားလုံး အသစ်တွေ ချည်းပဲ။ တပ်ကနေ ထုတ်ပေးတဲ့ ခြင်ထောင်၊ စောင်၊ Ground Sheet အဲဒါတွေ ထုတ်ပေးတယ်။ ပြီးရင်တော့ အရေ အတွက်နဲ့ တပ်ကို ပြန်အပရပါတယ်။ ပထမတော့ သူတို့က ခြင်ထောင်နဲ့ အိပ်လေ့အိပ်ထ မရှိတဲ့အတွက် မွန်းတယ်ဆိုပြိးတော့ အပေါက်တွေ ဖောက်တယ်၊ မျက်နှာကို အပြင်ထုတ်ပြီး အိပ်ကြတယ် ဗျ။ နောက်ပိုင်း ကျတော့ နည်းနည်းလူရည်လည်လာပြီး ခြင်ထောင်အဟောင်းနဲ့ လဲယူသွားတာတို့၊ ဘာတို့ ဖြစ် လာတော့ တာပဲ။
၁၉၇၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ကျွန်တော့်အဖေ ဆုံးပါတယ်။ အဖေ မဆုံးခင်မှာ မတ်လ လောက်က မန္တလေးက ရဟန်းပျိုအဖွဲ့ချုပ်ရဲ့ ဥက္ကဌဆရာတော် ပျံလွန်တော်မူသွားတယ်ဗျ။ ဥက္ကဌနေရာကို ဆက်ခံတဲ့ ဆရာတော် ဦးကုသလက ဆေးရုံမှာ လာတွေ့တယ်။ ဘုန်းကြီးပျံမှာ လက်ဝှေ့ပွဲ သွင်းမလို့ပါ။ အဖေကလည်း တော်တော်လုပ်ပေးချင်တယ်။ ထောင်ဆု ပေးမယ်ပေါ့။ ၁၉၇၉ ခုနှစ်က တစ်ထောင်ဆိုတာ အရမ်းတန်ဖိုးရှိတာကိုးဗျ။ အဖေက ဘယ်လို စာချိုးသွားသလဲဆိုတော့ ''မန်းတောင်ရိပ်မှာ၊ ဗြောင်းဆန် အောင် နှိပ်မယ်၊ တစ်ထောင်တန် ဒေါင်းအလံနဲ့ ဟိတ် '' ဆိုပြီး စာချိုးသွားသေးတယ်။ အဖေက တော်တော် စိတ်စွဲနေတော့ ကျွန်တော်က ဖျောင်းဖျတယ်။ '' ပါပါ ... အဲဒါကို စိတ်မပူပါနဲ့၊ ပါပါ မသွားနိုင်ရင် ကျွန်တော် သွားလုပ်ပေးပါ့မယ်'' ဆိုပြီး ဖျောင်းဖျပါတယ်။ ဖေဖေ ဆုံးပြီး နိုဝင်ဘာလမှ အဲဒီပွဲလုပ်တော့ ကျွန်တော် သွားလုပ်ပေးဖြစ်ပါတယ်။ ပွဲလုပ်တာကိုတော့ ကျွန်တော် ဆယ့်ခြောက်နှစ်သားလောက်ကတည်းက ကန်တော်ကြီး တင့်ကားတွေ ထားတဲ့နားမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တော့ အဲဒီမှာလည်း လက်ဝှေ့ပွဲ ပါတယ်။ အဲဒီကတည်းက အဖေ့ကို ကူလုပ်ပေးခဲ့တာဆိုတော့ ပွဲလုပ်တဲ့ အတွေ့အကြုံရှိနေပြီးသားဖြစ်နေပါပြီ။
စာတည်း။  ဆရာ့မေမေက ၂၀၀၄ ခုနှစ်မှာ ဆုံးသွားခဲ့ပါတယ်။ အသက် ၈၁ နှစ်မှာ ဆုံးသွားခဲ့တာလို့ သိရပါတယ်။ ဆရာ့မေမေ မဆုံးခင်က ဖြစ်ရပ်လေးတွေနဲ့ ဆရာ့မေမေအကြောင်း ဆရာမှတ်မိသမျှ ပြောပြ ပေးပါဦးဆရာ။
ဆရာဝင်းငြိမ်း။  ကျွန်တော့်မေမေဟာ ဖေဖေ့ကို အင်မတန်မှ ချစ်တယ်။ သည်းခံတယ်။ ဖေဖေက ပြောရ ရင် မိန်းမပွေတယ်ဗျ။ အဖေ့ လက်သုံးစကား က '' ငါက ငါ့ဟာငါ နေတာ၊ မိန်းမတွေက ငါ့ လိုက်ကြိုက်တာကိုး'' ဆိုပြီး ပြောလေ့ရှိတယ်ဗျ။ အမေက ဘယ်လောက်အထိ သည်းခံသလဲဆိုရင် အဖေနောက် မိန်းမယူလာပြီး အိမ်မှာ လာနေတဲ့အခါ အမေက အတူနေပေးတယ်။ အဖေတို့ အိပ်တဲ့နေရာ အထိ လာပြီး ချက်ပြီး ပြုတ်ပြီးသား ကို ဗန်းနဲ့ ပို့ပေးတယ်။ အဲဒီမိန်းမ ချိုးဖို့ ရေကအစ တွင်းကနေ ခပ်ပြီး ရေစည် ထဲ ကိုထည့်ပေးတယ်။ အဖေက သူ ဆယ့်နှစ်ကောင်ကျား ထိုးနေရမယ်ဆိုရင်ပြီးပြီ။
အဖေ ရတဲ့ငွေနဲ့ မလောက် တဲ့အခါ အမေက သူ့ဘာသာ အလုပ်လုပ်တယ်။ ကျွန်တော့်အမေက အများကြီး အလုပ် လုပ်ကျွေးခဲ့တယ်။ မ.ဆ.လ ခေတ်မှာ ကားပစ္စည်းတွေ ရှားတဲ့အတွက် ယိုးဒယားဘက်က ၀င်တာတွေကို မော်လမြိုင်ဘက် မှာ အမေက မှောင်ခိုသွားသယ်တယ်။ မန္တလေးမှာ သွင်းတယ်။ အဲဒီတုန်းက မှောင်ခိုပစ္စည်းမိရင် ထောင်ချ တယ်။ နောက် ဆားတွေ အရမ်းရှားတဲ့အချိန် တစ်ချိန် ပေါ်ဖူးသေးတယ်။ ဆားက ရှားတာမှ တစ်ပိဿာကို ပြားနှစ်ဆယ်ကနေ တစ်ကျပ်လောက် အထိ ဖြစ်အောင် ရှားသေးတယ်။ ဆားက ဘယ်မှာပေါသလဲဆိုရင် အောက်ဘက်ဖြစ်တဲ့ မွန်ပြည်နယ် ပငတို့၊ ဘာတို့ဘက်မှာ ထွက်ပါတယ်။ နေလှန်းဆားတို့၊ ချက်ဆားတို့ အဲဒီမှာ သွားဝယ်။ ရထားနဲ့တင်၊ မန္တလေးကို ပို့တယ်။ နောက်ပြီးတော့ ရန်ကုန်မှာ ဆားလုပ်ငန်းပိုင်ရှင် ဦးဝင်းလို့ ခေါ်တဲ့လူ ရှိတယ်ဗျ။
သူက ဘယ်မှာ နေသလဲဆိုတော့ အခု ဗဟိုစည်အိမ်ရာလို့ခေါ်တဲ့ နေရာမှာ နေပါတယ်။ သူက ဆားလုပ်ငန်းရုံးမှာ ထိုင်ပြီးတော့ ဆားပါမစ်တွေ ကောက်တယ်။ ဦးဝင်းက ဆားပါမစ်တွေ ကောက်ပြီးတော့ ကျွန်တော်တို့အမေက သူ့ဆီက ပြန်ဝယ်။ ပြီးတော့ ဆားသွားထုတ်ပြီး ရထားနဲ့ မန္တလေးကို တင်တယ်။ မန္တလေးမှာ ငံပြာရည်လုပ်တဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူ့ဆီကို ရောင်းတယ်။ ဒီမှာ ၃၅ ပြားလောက် ကောက်ရင် မန္တလေးမှာ ပြား ၅၀ လောက် ရတယ်။ အဲဒီ ၁၅ ပြားလောက် မြတ်တာက အမေ ပြန်လာတဲ့အခါ စုလိုက်ရင် သောင်းဂဏန်းလောက် ရပါတယ်။
အမေဟာ အဲဒီကာလတွေတုန်းက အိမ်မှာ နေရတာ နည်းပါတယ်။ တစ်လမှာ ဆယ်ရက်လောက် ပဲ နေဖြစ်ပါတယ်။ အမေ သွားတိုင်း မျိုးမြင့် လိုက်ရင် လိုက်၊ ကျွန်တော့်ညီ တစ်ယောက်ယောက် လိုက်ရပါတယ်။ အမေက အဲဒီနည်းတွေနဲ့ လုပ်ကျွေးခဲ့တယ်။ ကားပစ္စည်းမှောင်ခိုသယ်ရင်း လုပ်ကျွေး ခဲ့ကြတယ်။ အမေက အဲဒီနည်းနဲ့ သားသမီး ရှစ်ယောက် ကို ပညာသင်ပေး ခဲ့တယ်။ မချို့မတဲ့ရအောင် ရှာဖွေ လုပ်ကိုင်ကျွေးခဲ့ပါတယ်။ အဖေ့ ကျေးဇူးမပါဘူးလား ဆိုတော့ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေ့ လက်ထဲမှာ မှောင်ခိုဖမ်းဆီးရေးတွေက သိချင်လည်း သိမယ်၊ မသိချင်လည်း မသိဘူး။ လာရှာရင် လည်း အမေက ပါတိတ်ထဘီတွေ အပေါ်က တင်ထားပြီး ပြလိုက်တာမို့ ဒီလိုပဲ ပြီးသွား တာတွေ ရှိပါတယ်။ အဖေ့ မျက်နှာလည်း ပါပါတယ်။
အမေက ကျွန်တော့်ကို ဘွဲ့ရတဲ့အထိ ကျောင်းထားပေးတယ်။ ၁၉၆၇မှာ ကျွန်တော် အလုပ်ရတော့ အမေ့ ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ အမေ ဆုံးတော့ ၂၀၀၄ ခုနှစ်မှာ။ ကျွန်တော် လက်ထောက်ညွှန်မှူးကနေ အငြိမ်းစား ယူပြီး စာအုပ်လုပ်ငန်း လုပ်နေပါပြီ။
စာတည်း။  ဆရာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှာ လက်ထောက် ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ရင်း နိုင်ငံခြား ကို ပညာတော်သင် သွားခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီ အကြောင်းလေး ပြောပြပေးပါ ဦး ဆရာ။
ဆရာဝင်းငြိမ်း။  ကျွန်တော်က ၁၉၆၇ မှာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှာ အလုပ်ဝင်တယ်။ အလုပ် ၀င်နေရင်းနဲ့ တစ်ဖက်မှာ စာပေစိစစ်ရေးရုံးက ဦးမြလှိုင်ဆိုတဲ့ ဖေဖေ့မိတ်ဆွေတစ်ယောက် ရှိတယ်။
ရှိတော့ ဒီနေရာမှာ ကြားဖြတ် ပြောရရင် ကျွန်တော် မိုးဝေမှာ ရေးပြီးတဲ့နောက်ပိုင်း ၀တ္ထုရေးတာ အဆက် ပြတ်သွားတယ်။ လေး ငါး ခြောက်ပုဒ်ပါပြီး အဆက်ပြတ်သွားပါတယ်။ ပထမဆုံး ၀တ္ထု ကိုတော့ ခေါင်းစဉ် မှတ်မိတယ်။ ''တုံ့လှည့်ဝဋ်ကြွေးဆိုတာ'' ဆိုတဲ့ ၀တ္ထု။ နောက် ဟာတွေတော့ ကောင်းကောင်း မမှတ်မိတော့ ဘူး။ အဲဒီမှာ အဘိုး က စာရေးတာကို မကြိုက်ဘူး။ ကျွန်တော် ခုနစ်တန်း အောင်ပြီး ရှစ်တန်း ဖြစ်လာပြီဆို တော့ ပညာရေး ထိခိုက်မှာစိုးလို့ပါ။ မကြိုက်တော့ ကျွန်တော် စာရေးတာ အဆက်ပြတ်သွားပါတယ်။ ကျောင်းပိတ်ရက် ရန်ကုန်လာတဲ့အခါကျမှ အဖေ့ဆီက စာအုပ်တွေ ဖတ်ရင်း နိုင်ငံခြားရုပ်ရှင်တွေပါတဲ့ မဂ္ဂဇင်းတွေ ဖတ်မိပါတယ်။ ဖတ်မိတော့ ရေးချင် စိတ် ပေါက်လာပြီး ပြန်ရေးဖြစ်ပါတယ်။ အဖေက ကျွန်တော် ရေးပြီးတော့ ဘယ်ခေါ်သွားသလဲဆိုရင် တာမွေ ဘက်က ဦးဖိုးဟန် ပုံနှိပ်စက်ဆိုတာရှိတယ်။ အဲဒီပုံနှိပ်စက် မှာ ဆရာရန်ကုန်ဘဆွေက ရုပ်ရှင်ချစ်သူဆိုတဲ့ ရုပ်ရှင် မဂ္ဂဇင်းတစ်စောင်ထုတ်တယ်။ ကျွန်တော့်ကို အဲဒီကို ပို့ပေးတဲ့အခါ ဆရာ ရန်ကုန်ဘဆွေက သုံးပေးပါတယ်။
အန်ကယ်ဦးမြလှိုင်က စာပေစိစစ်ရေးမှာရှိတယ်။ ကျွန်တော့်အဖေနဲ့ ခင်တယ်။ အန်ကယ်ဦးမြလှိုင်ကို ကျွန်တော့်အမေက ပြောတယ်။ ကျွန်မ သားလေးက စာရေးတာ ၀ါသနာပါတယ်။ အဲဒါ ဆရာ ထည့်လို့ရရင် ထည့်ပေးပါ ဆိုတော့ အန်ကယ်ဦးမြလှိုင်က ရယ်ပါတယ်။ ကျွန်တော်က အမေ့ကို အဲဒီလို ဘာလို့ ပြောရတာလဲ၊ အားနာစရာကြီးလို့ ပြောတော့ အမေက ဘာအားနာစရာရှိလဲ၊ သူ လုပ်နိုင်ရင် လုပ်ပေး မှာပေါ့၊ အရည်အချင်းကြည့်ပြီး လုပ်လို့ရရင် လုပ်ပေးမှာပေါ့တဲ့။
ကျွန်တော် ၁၉၇၈ ခုနှစ်လောက်ကျတော့ ကိုစိုးမြင့်အောင် (ပျော်ဘွယ်စိုးမြင့်အောင်) မဂ္ဂဇင်း တစ် စောင်လုပ်ပါတယ်။ ရုပ်ရှင်အောင်လံမဂ္ဂဇင်းပါ။ ကျွန်တော်က အဲဒီတုန်းက ဘယ်မှာ ရေးနေလဲဆိုတော့ ချင်းတွင်း စာပေတိုက်က ထုတ်တဲ့ ရုပ်ရှင်ဂျာနယ်မှာ ရေးနေပါတယ်။ အယ်ဒီတာက လင်းယုန်မောင်မောင် ပါ။ အဲဒီလိုပဲ၊ ကျွန်တော့်အဖေက "Stars and Stripes" ဆိုတဲ့ နိုင်ငံခြား ဂျာနယ်တွေ ၀ယ်ပြီး ရေးနေတယ်။ ဘယ်မှာ ၀ယ်လဲဆိုတော့ မောင်ထော်လေးလမ်းမှာရှိတဲ့ သိင်္ဂီမော်စာအုပ်တိုက်က ၀ယ်တာပါ။ သူက သူ လိုချင်တာ ဖြတ်ပြီးလို့ ရှိရင် ဂျာနယ်ကို ဆရာလင်းယုန်မောင်မောင်ကို ပေးလိုက်တယ်။ အဲဒီထဲမှာ ရုပ်ရှင် အကြောင်းတွေ ပါတယ်။ သူ လုပ်နေတာလည်း ရုပ်ရှင်ဂျာနယ်ဖြစ်တော့ ဆရာလင်းယုန်မောင်မောင်တို့ အတွက် အဆင်ပြေ တာပေါ့။
ကျွန်တော်က အဲဒီလို ပေးတာ နှမြောနေတယ်။ ကျွန်တော် ရေးလို့ရတဲ့ ရုပ်ရှင် အကြောင်းတွေ ဖြစ်ရက်သားနဲ့ သူများကို ပေးနေတော့ နှမြောတာပေါ့။ ပါပါ ဘာဖြစ်လို့ ပေးပစ်တာလဲ ဆိုတော့ မင်း ရေးမှမရေးဘဲနဲ့ ပေးလိုက်တာပေါ့တဲ့။ ဟာ ... အဲဒါဆို ရေးမယ်ဆိုပြီး မခံချင်စိတ်နဲ့၊ တကယ် တော့ နှမြောတာပါ။ ကိုယ် ရေးနိုင်ရက်သားနဲ့ ကိုယ့်လက်ထဲကနေ လွတ်ပြီး သူများဆီ ရောက်ရတယ်ဆိုပြီး ရေးဖြစ်ပါတယ်။ ရေးဖြစ်တော့ ချင်းတွင်းစာပေတိုက်က ဆရာလင်းယုန်မောင်မောင်တို့ကလည်း သုံးပေးပါ တယ်။ အဲဒီတုန်းက တစ်ပုဒ်ကို အစိတ် (၂၅ ကျပ်)ရတယ်။ တစ်ခါတလေကျရင် တစ်ပတ်တည်းနဲ့ ၂ ပုဒ်၊ ၃ ပုဒ်လောက် ပါလာတယ်။
ကျွန်တော် အဲဒီမှာ ရေးဖြစ်နေတုန်း ကိုစိုးမြင့်အောင်တို့က စာမူလာတောင်းတယ်။ စာမူ လာတောင်းတော့ ကျွန်တော် ရေးဖြစ်သွားတယ်။ နောက်ကျတော့ ၁၉၇၉ ဇူလိုင် ၈ ရက်နေ့မှာ ကျွန်တော့် အဖေ ဆုံးသွားတယ်။ ၁၉၈၁ မှာ အန်ကယ်ဦးမြလှိုင်က သူ လုပ်ခဲ့တဲ့ ပေဖူးလွှာမဂ္ဂဇင်း ကို ပြန်ရတယ်။ ပြန်ထုတ်တဲ့ အခါကျတော့ ကျွန်တော့်ကို ပေဖူးလွှာမှာ ရေးပါတဲ့။ ကျွန်တော်ပေဖူးလွှာ မှာ ရေးဖြစ်လာ ပါ တယ်။ ကျွန်တော် ရေးနေတာတွေက ရုပ်ရှင်အောင်လံမှာ မင်းသား၊ မင်းသမီး အကြောင်းတွေ ရေး တယ်။ အဆိုတော်တွေကို အင်တာဗျူးလုပ်တယ်။
ဆိုတော့ စတီရီယို အင်တာဗျူး ကို ပေဖူးလွှာမှာ ရေးဖို့ စိတ်ကူး တယ်။ ပထမဆုံး ရေးဖြစ်တာက အဆိုတော် ကိုခင်မောင်တိုး အင်တာဗျူး ရေးဖြစ်သွားပါတယ်။ အဲဒီမှာ ပေဖူးလွှာက စထွက်ခါစ၊ ဒီဘက်မှာ အရှိန်ကောင်းနေတာက သပြေမဂ္ဂဇင်း အရှိန်ကောင်းနေတယ်။ ဆရာ မောင်တည်ငြိမ်ရဲ့ အင်တာဗျူးတွေနဲ့ အရှိန်ကောင်းနေ ပါတယ်။ ပေဖူးလွှာမှာ ကျွန်တော်က အဆိုကျော် တွေနဲ့ အင်တာဗျူးလုပ်တဲ့အခါကျတော့ အခြေအနေက လုပြီး လုပ်ရသလို ဖြစ်နေတယ်။ အန်ကယ် ဦးမြ လှိုင်က ဘာပြောသလဲဆိုတော့ ''ခင်ဗျား သူများနဲ့ လုပြီး လုပ်ရတဲ့ အလုပ် မလုပ်နဲ့ ကိုဝင်းငြိမ်း'' တဲ့။ စာရေးဆရာ အင်တာဗျူး လုပ်ဗျာတဲ့။ အဲဒီတော့ ကျွန်တော် ဘယ်သူ့ ကို စလုပ်ရမလဲဆိုတော့ ''စမ်းစမ်းနွဲ့(သာယာ ၀တီ) ''က စလုပ်တဲ့။ ဒါကြောင့် ဆရာမ စာတွေ အများကြီး ဖတ်ပြီး သူနဲ့ စလုပ်ခဲ့ပါတယ်။
စာတည်း။  ဆရာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနကနေ နိုင်ငံခြားသွားဖြစ်ခဲ့ပုံလေး ပြောပြပေးပါဦး။
ဆရာဝင်းငြိမ်း။  ဟုတ်ပြီ။ ကျွန်တော် စာတွေ ရေးနေတယ်။ ရုံးတစ်ဖက်နဲ့ စာတွေ ရေးနေတဲ့အခါ ကျတော့ ရုံးမှာ အဲဒီခေတ်က တွဲဖက်အတွင်းဝန်တို့၊ အတွင်းဝန်တို့ဆိုတာ ရှိတယ်။ သူတို့က သိပ်မကြည်ဘူးဗျ။ ကျွန်တော့်စိတ်ဓာတ်က တစ်မျိုး။ လုပ်စရာရှိတာ ပြီးအောင်လုပ်မယ်။ ပြီးရင် ကျွန်တော် လုပ်ချင်တာ လုပ်မယ်။ အိုဗာတိုင်ကို ကျွန်တော် မမက်ဘူး။ ကျွန်တော့်အတွက်က အိမ်မှာပိုပြီး free ဖြစ် တယ်။ ရုံးမှာထိုင်ပြီး ကျဉ်းကျပ်စွာနဲ့ ၀တ္ထုဖတ်ပြီးတော့ အဲဒီခေတ်မှာ ရမယ့် အိုဗာတိုင်ကြေး ၂ ကျပ်ကို ကျွန်တော် မမက်ဘူး။ အိမ်မှာ ဇိမ်နဲ့ နေရတာကို မက်တယ်။ အဲဒီအတွက်ကို သူတို့ မြင်တာက ကျွန်တော်က အိုဗာတိုင် မလုပ်ဘူးပေါ့။ အလုပ်မပြီးရင်တော့ ကျွန်တော့်တာဝန်ပေါ့။ အလုပ်မရှိဘဲနဲ့ ကျွန်တော် မလုပ်ချင် ဘူး။ သူတို့က တည့်တည့်လည်း မပြောဘဲ ကောက်တယ်ပေါ့ဗျာ။
နောက်ကျတော့ အခု ပထမမြန်မာပုဂ္ဂလိကဘဏ် တည်ထောင်တဲ့ ဒေါက်တာစိန်မောင် ဆိုတာရှိတယ်။ သူက ကျွန်တော်တို့ ဆီမှာ အတွင်းဝန် ဖြစ်လာတဲ့အခါ ကျွန်တော်နဲ့ ခင်တယ်။ ချစ်တယ်။ တပည့် တစ်ယောက်လိုပဲ ခိုင်းစရာ ရှိရင် ကျွန်တော့်ကို ခိုင်းတယ်။ သူက မေးတယ်။ မင်းကို ဘာဖြစ်လို့ ပရိုမိုးရှင်း မပေးတာလဲတဲ့။ မသိဘူး ဆရာ။ ကျွန်တော် အိုဗာတိုင် မထိုင်လို့ ဖြစ်မှာပေါ့လို့ ဖြေတော့ '' အေး မင်းရဲ့ remark မှာ အိုဗာတိုင် မထိုင်ဘူးလို့ တွေ့ရတယ်'' တဲ့။ ဟုတ်တယ်။ အိုဗာတိုင် ကျွန်တော် မထိုင်ဘူး။ မထိုင်ဘူး ဆိုတာ အလုပ်ရှိ ရင် ကျွန်တော် ထိုင်မယ်။ မိုးလင်းတဲ့အထိ ၂ ရက်၊ ၂ ရက် လုပ်ရင် လုပ်ရပါစေ၊ ကျွန်တော် ထိုင်မယ်။ အလုပ်မရှိဘဲ ကျွန်တော် မထိုင်ချင်ဘူးလေ။ ကျွန်တော်က ၂ ကျပ်ကို ညာ မယူချင်ဘူးဆိုတော့ ဆရာက ''မင်း အဲဒါ ခက်တယ်၊ လုပ်ရတယ်ကွ''တဲ့။ မဟုတ်ဘူးဆရာ၊ ကျွန်တော် ညာ မယူချင်ဘူးလို့ ပြောလိုက်တယ်။ သူလည်း ကျွန်တော့်ကို ဘောင်ထဲကနေ လုပ်ပေးရမှာ ဆိုတော့ဗျာ။
ကျွန်တော် အိုဗာတိုင် မထိုင်တာက အပြင်မှာ ကျွန်တော် စာရေးနေပြီ။ ကျွန်တော် ရုံးမှာ တာဝန် ကျေအောင်တော့ လုပ်တယ်။ မညာချင်ဘူး။ အဲဒီမှာ သူ World Bank ကို ရောက်သွားသေးတယ်ဗျ။ အဲဒီ မှာအွန်ဂျူတီနဲ့ လေး ငါးနှစ်လောက် သွားလိုက်ရတယ်။ သူ သွားနေတုန်းမှာ ရုံးမှာ ကျွန်တော့် "Same Match"တွေ လေး ငါး ခြောက်ယောက်က ပိုရိုမိုးရှင်းတွေ ရပြီး လက်ထောက်ညွှန်မှူးတွေ ဖြစ်သွားကြတယ်။ ကျွန်တော်က မဖြစ်ဘူး။ သူတို့ နိုင်ငံခြားတွေ ဘာတွေ သွားရတယ်။ ကျွန်တော် မသွားရဘူး။ ကျွန်တော့်ကို ချန်ကိုထားတာဗျ။
ကျွန်တော်လည်း နေပလေ့စေပဲ။ တစ်ခုက ကျွန်တော်က ကျွန်တော့်အထက်က လူကြီးအိမ်ကို လည်း အ၀င်အထွက် မလုပ်ဘူး။ လူကြီးရဲ့ မိန်းမရှိတဲ့ရုံးကို ကျွန်တော် သွားပြီး ''မမ ဘူး''။ သဘောက ရုံးတို့ အိမ်တို့ကို အ၀င်အထွက် လုပ်ရမယ်၊ သူ့မိန်းမကို မ ရမယ်။
တချို့ ကားမောင်းတတ်တဲ့သူက ကားသွားမောင်းတယ်။ ဒါတွေက ကျွန်တော့်အတွက် မလိုဘူး။ ဆိုတော့၊ ကျန်တဲ့လူတွေ ရာထူးတက်တယ်၊ ကျွန်တော် မတက်ဘူး။ ပြဿနာမရှိပါဘူး။ အဲဒီအချိန်မှာ ဒေါက်တာစိန်မောင် World Bank က ပြန်ရောက်လာတယ်။ လက်ထောက်ညွှန်မှူးတွေ အစည်းအဝေး ခေါ်တိုင်း သူက ကျွန်တော့်ကို ထည့်ခေါ်တယ်။ ရုံးခန်းမှာ လုပ်တဲ့ အစည်းအဝေးလောက်ကိုတော့ သူ တမင် ခေါ်တာပဲလေဆိုပြီး ကျွန်တော် မပြောသေးဘူး။ တကယ်တော့ သူ မသိသေးတာ။ သူက ကျွန်တော့်ကို လက်ထောက်ညွှန်မှူးပဲ အောက်မေ့နေတာ။ နောက် သူနဲ့ ကျွန်တော် အလုပ်လုပ်နေရင်း နှစ် ယောက်တည်း ရှိတဲ့အခါ ကျွန်တော်က ဆရာ့ကို ကျွန်တော်ပြောစရာ ရှိတယ် ဆိုတော့ သူက ပြောတဲ့။ ကျွန်တော် လက်ထောက်ညွှန်မှူး မဟုတ်ဘူး ဆရာ ဆိုတော့ ... ''ဟင် မဟုတ်ဘူးလား'' တဲ့။ မဟုတ်ဘူး ဆရာပေါ့။ သူက အံ့အားသင့်ပြီး မင်းကို ဘာလို့ မပေးသေးတာလဲတဲ့။ မသိဘူး ဆရာ ဆိုတော့။ သူက ပြန် ကြည့်တယ်။ အဲဒီမှာ အိုဗာတိုင်ကိစ္စသွားတွေ့တာပဲ။
အိုဗာတိုင် ကိစ္စက ရုံးက ၄ နာရီ ဆင်းတယ်။ ကျွန်တော်က ပေဖူးလွှာ မဂ္ဂဇင်းတိုက်ကို အရောက် သွားရတာဆိုတော့ အိုဗာတိုင်ကို ကျွန်တော် မမက်တော့ဘူး။ ၂ ကျပ်ကို မမက်တာထက် အလုပ်မရှိလို့ ကျွန်တော် မလုပ်တာပါ။ အဲဒီတော့ ဒေါက်တာ စိန်မောင်က ငါ ကြည့်လုပ်ပေးပါ့မယ် ကွာ တဲ့။ နောက်ကျ တော့ရုံးကို ဘယ်သူ ရောက်လာသလဲဆိုတော့ ကျွန်တော် စီးပွားရေးတက္ကသိုလ် တက်တုန်းက စာသင်ပေး တဲ့ ဒေါက်တာဒေါ်ခင်အုန်းသန့်ဆိုတာ ရှိတယ်။ သူကလည်း ကျွန်တော့်ကို တက္ကသိုလ်မှာကတည်းက မှတ် မိနေပုံရတယ်။ သူကလည်း ''မင်းက ဘာကြောင့်မရတာလဲ''တဲ့။ ''ဆရာမရယ် ... ကျွန်တော် ဘယ်သိမလဲ၊ မပေးလို့ မရတာပေါ့'' လို့ ပြောပြပါတယ်။
တစ်ခါကျတော့ အမေရိကမှာ ရှိတဲ့ IMF ကို သင်တန်းသွားတက်ဖို့ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ ၃ လ သင်တန်း သွားတက်ဖို့ အတွက် ကျွန်တော်တို့ အဆင့်တူတာတွေ စာမေးပွဲ ဖြေရတယ်။ ဖြေတဲ့အခါမှာ ဆရာမနဲ့ ဆရာ ဦးဘသန်း ဆိုတဲ့ ဆရာတစ်ယောက်တို့က ကျွန်တော့်ကို ထောက်ခံပေးတဲ့အတွက် ကျွန်တော် သင်တန်း သွားတက်ရပါတယ်။
တစ်ယောက်တည်းပဲ သွားတက်ရပါတယ်။ အဲဒီတုန်းက ၁၉၉၁ မှာ သွားရတာ။ ၁၉၉၀ အောက်တို ဘာမှာတုန်းက ကျွန်တော် ဘာဖြစ်သွားလဲဆိုတော့ လေဖြတ်သွားပါတယ်။ လေဖြတ်သွားပြီး ဆေးရုံတက်နေ တဲ့ အချိန်မှာပဲ ဟိုက အကြောင်းကြားလာတယ်။ ကျွန်တော့်ကို လက်ခံတယ်။ သင်တန်း လာတက် ရမယ်ဆိုပြီး အကြောင်းပြန်လာတယ်။ အဲဒီတော့ ရုံးကို ကျွန်တော်ပြောတယ်။ ကျွန်တော်တော့ ဘယ်လိုမှ သွားနိုင်မယ်မထင်ဘူး၊ လေဖြတ်ထားတယ်၊ လူလဲရင် လဲလိုက်ပါ ဆိုပြီး။ ရုံးက ပြောတယ်၊ လဲလို့ မရဘူး၊ Accept လုပ်ပြီးပြီ၊ မင်း မသွားနိုင်ရင်လည်း ဒီနှစ် ဒီ chance ကို အဆုံးရှုံးခံလိုက်ရုံပဲ ရှိတယ်ပဲ။ သွားနိုင်အောင် ကြိုးစားပါတဲ့။
ကျွန်တော်က အောက်တိုဘာ ၂၃ မှာ လေဖြတ်တယ်။ တကယ်သွားရမှာက ၁၉၉၁ ဧပြီလ last week မှာ သွားရမှာပါ။ နိုဝင်ဘာမှာ ဆေးရုံက ဆင်းလာပေမယ့် ခြေထောက်က လမ်းသွားနိုင်တယ်။ လက်က မကောင်းဘူး။ လက်အတွက် Physical Exercise ထပ်လုပ်ရတယ်။ အိမ်မှာ နေရင်းနဲ့ ညီ၊ ညီမ တွေက လုပ်ပေးတဲ့အတွက် အဆင်ပြေပါတယ်။ ကျွန်တော် ဆေးရုံတက်နေတဲ့ အတောအတွင်းမှာပဲ မျိုးမြင့်က အဖမ်းခံရတယ်။ အဖမ်းခံရပြီး သူ ရုံးထုတ်တဲ့အချိန်မှာ ကျွန်တော် မသွားနိုင်ဘူး။ မသွားနိုင်တော့ သူကလည်း ကျွန်တော် သေပြီပေါ့။ အဲဒီလို အောက်မေ့တယ်။
ကျွန်တော် ဆေးရုံက ဆင်းတဲ့အခါမှာ အသိ တစ်ယောက်က အိမ်မှာ လာမေးရင်း အမေက စပ်မိစပ်ရာ ပြောနေရာက အမေ့ပါးစပ်က မျိုးမြင့်လည်း ခုနစ် နှစ်ဆိုပြီး ... သူက ကျွန်တော့်ကို ဖျတ်ခနဲ ကြည့်ပြီး ရပ်လိုက်တယ်။ ကျွန်တော်က သူတို့ ပြောတာ နား ထောင်နေတာဆိုတော့ လက်က အောက်ကို ဆန့်ထားရင်း လက်ကို မ လိုက်ရာက အမေ့စကား ရပ်တာ သတိထားမိလိုက်တယ်။ ခုနစ်နှစ် ... ဆိုပြီး ရပ်သွားတာ ဘာတုံး ... နောက်တော့ မေးရတာပေါ့။ အမေက မဟုတ်ပါဘူး၊ ဘာညာပေါ့ဗျာ။ ကျွန်တော်က ပြောပါ ဆိုတော့ '' မင်း စိတ်ခိုင်ခိုင်ထားတဲ့၊ မင်းညီ မျိုးမြင့် ထောင်ခုနစ်နှစ် ကျတယ်'' တဲ့။ ကျွန်တော်လည်း ထိုင်ငိုမိတယ်ဗျာ။ နောက် ထောင်ဝင်စာ သွားတွေ့ပါတယ်။ အဲဒီတော့မှ သူကလည်း ကျွန်တော် မသေဘူး သိတာ။ ညီတွေက သူ့ကို ပြောပြတယ်။ ကျွန်တော် လေဖြတ်ထားတယ်ဆိုတာ သူက မယုံဘူး။ အဲဒီတော့မှ သွားတွေ့ရတာ။
အဲဒီလိုနဲ့ ၁၉၉၁ မှာ ၀ါရှင်တန်ဒီစီကို သွားရတယ်။ သင်တန်းတက်ရတယ်။ သင်တန်းတက်တော့ ဒီမှာတုန်း က မလုပ်ရတာတွေ ဟိုမှာ တစ်ယောက်တည်းဆိုတော့ ကိုယ့်ဟာကိုယ် လုပ်ရတာ။ အခန်းက တစ်ယောက်တည်းအခန်း။ ခုနစ်ထပ် ရှိတဲ့ "Concadia" ဆိုတဲ့ အဆောက်အအုံမှာ။ အခုတစ်ခေါက် ပြန် သွားရှာတော့ အဲဒီ Concadia အဆောက်အအု မတွေ့တော့ဘူးဗျ။ ကျွန်တော်ပဲ မျက်စိလည်နေသလား မသိဘူး။ အဲဒီအဆောက်အအုံကနေ ဘယ်လောက်ဝေးတဲ့ နေရာလဲဆိုတော့ ဒီန့ ရွှေပုဇွန်ဆိုင် (မဟာဗန္ဓုလ ပန်းခြံလမ်းမှ လမ်းသစ်လမ်း)လောက်ရှိတဲ့ သင်တန်းနေရာကို နေ့တိုင်း လမ်းလျှောက်ရတယ်။
နောက်တစ်ခါ အဆောင်မှာ တစ်ယောက်ခန်းဆိုတော့ လမ်းလျှောက်ရတယ်။ နောက်တစ်ခါ အဆောင်မှာ တစ်ယောက်ခန်းဆိုတော့ ကိုယ့်ဟာကိုယ် အားလုံး လုပ်ရတယ်။ ချက်ရတယ်။ မီးဖိုချောင်နဲ့ ပတ်သက် တဲ့ ရေခဲသေတ္တာ၊ ဂက်စ် ... အကုန်ရှိတယ်။ ရေချိုးခန်းက bathtub ဆိုတော့ ရေချိုးခန်းမှာ ရေချိုးပြီး ပြန်ထွက် တဲ့အခါတိုင်း ကျွန်တော် ချွေးဒီးဒီးကျရတယ်။ ဘာဖြစ်လို့လဆိုတော့ ကျွန်တော့် ရေချိုးခန်းရဲ့ bathtub က ဘယ်ဘက်မှာ ကပ်ထားတာဆိုတော့ ဆင်းရင် ညာဘက်ကို ဆင်းရမှာ။ အဲဒီတော့ ဆင်းခါနီးတိုင်း ကျွန်တော် ရေချိုးပြီးရင် ချွေးပြန်ပြီ။ လဲလိုက်ရင် တစ်ယောက်တည်းလေ။
အဲဒီလိုမျိုးပေါ့ဗျာ။ ဒီကနေ ရွှေပုဇွန်လောက်ကို နေ့တိုင်း လမ်းလျှောက်ရတဲ့ အကျိုးကျေးဇူးက exercise ဖြစ်သွားပါတယ်။ ရောက်စက မိုးအုံ့သလို ရှိပေမယ့် သူတို့ဆီက ရာသီဥတုက တော်တော် ထူးဆန်းပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေး မကောင်းတဲ့အတွက် အနွေးထည် မချွတ်ဘဲ အမြဲဝတ် ထားဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာသင်ခန်းထဲမှာလည်း အဲယားကွန်းက အမြဲဖွင့်ထားတာပါ။ အဲဒီမှာ ကျွန်တော် ရယ်၊ မလေးကရယ် ... ဘူတန်ကရယ် ... တရုတ်ရယ် ... ဖီဂျီကရယ် ... အပူပိုင်းက လာကြတာ ဆိုတော့ အအေးမခံနိုင်ကြဘူး။ ကျွန်တော်တို့က အအေးကို သွားလျှော့လိုက်။ တခြားလူတွေက ပြန်တိုး လိုက်နဲ့။ သုံးလလုံး အဲဒါ နေ့တိုင်း လုပ်နေကြတာ။ အအေးမခံနိုင်ဘူးလေ။ သူတို့က ဖွင့်၊ ကျွန်တော်တို့က ပိတ်နဲ့။
ကျွန်တော့် ပရိုမိုးရှင်းနဲ့ ပတ်သက်ပြီး နောက်တစ်ခါ အခက်အခဲကြုံတာက ကျွန်တော့်ကို ပရိုမိုးရှင်း ပေးတော့မယ့် အချိန်၊ စာမေးပွဲ စစ်ပြီးချိန်မှာပေါ့။ SB က ကျွန်တော့်ကို ခေါ်တယ်။ ဘာလုပ်မှာမှန်း ကျွန်တော် က မသိဘူး။ ကျွန်တော်က ဌာနက ဖြစ်တဲ့အတွက် ဌာနကို အကြောင်းကြားပြီး ခေါ်တယ်။ သွား လိုက်ပါဆိုတော့ ကျွန်တော် သွားတယ်။ အဲဒီတုန်းက ၀င်းငြိမ်း နာမည်နဲ့ စာပေစိစစ်ရေးက ထုတ်ဝေခွင့်ကတ်ပြား လျှောက်ဖို့ ထုတ်ဝေခွင့်ပုံစံ သွားတောင်းထားတယ်။
ကျွန်တော့်ကို စစ်တော့ ကျွန်တော့် ရာထူးက ပြန်တမ်းဝင်အရာရှိ ဖြစ်နေတဲ့အတွက် သုံးပွင့်က စစ်ရပြီး တစ်ပွင့်က လိုက်ရေးပါတယ်။ စစ်တော့ စားပွဲနဲ့ဗျ။ သူက စာရွက်ကို ဟိုဘက်မှာ ချထားတယ်။ ကျွန်တော်က ဒီဘက်မှာ ထိုင်တယ်။ စာရွက်မှာ တိုင်ကြားသူများ ဆိုပြီးတော့ အောက်က မျဉ်းပိတ်ပြီးတော့ ကျွန်တော့်ကို တိုင်ထား တာ တွေ့တယ်။ သူက စာရွက်တစ်ရွက်နဲ့ အပေါ်က လူစာရင်းကို ပိတ်ထား တယ်။ မေးရင်း၊ ရေးရင်းနဲ့ ရွှေ့သွားတယ်။ ရွေ့သွားတော့ သူ ထသွားတုန်း တွေ့လားလို့ တစ်ယောက် က မေးတယ်ဗျ။
တိုင်တဲ့သူတွေက ပေဖူးလွှာ ဦးမြလှိုင်ရယ်၊ ပေဖူးလွှာကို ရိုက်ပေးနေတဲ့ ဦးမြတ်ကျော်ရယ်၊ ဦးမြ လှိုင်ရဲ့တူ ကိုဝင်းနိုင်ရယ်က တိုင်တာ။ ကျွန်တော်ဟာ ၀န်ထမ်းတစ်ယောက် ဖြစ်ပါရက်နဲ့ ထုတ်ဝေခွင့်ကို လိမ်ပြီး လျှောက်ပါတယ်လို့ တိုင်တာ။ ၀န်ထမ်းတစ်ယောက်က၊ တိုင်းပြည်ရဲ့ လစာကို စားနေတဲ့ ၀န်ထမ်း တစ်ယောက်ဟာ နောက်ထပ် အလုပ်တစ်ခုကို လုပ်ခွင့်မရှိဘူးဆိုတဲ့အတွက် ကျွန်တော့်ကို အရေးယူမယ်ဆို တ့ သဘောပေါ့လေ။
သူ မေးတဲ့အခါကျတော့ ကျွန်တော်က ''ခင်ဗျား ထုတ်ဝေခွင့်လျှောက်လွှာ မြင်ဖူးလား'' လို့ မေး တယ်။ သူက မမြင်ဖူးဘူး တဲ့။ ''ရော့'' ဆိုပြီး ကျွန်တော် အိတ်ထဲက ထုတ်ပေးလိုက်တယ်။
သူက ဖတ်ကြည့် တယ်။ ကျွန်တော်က အဲဒီမှာ လက်ရှိအလုပ်အကိုင် ဆိုတာ ပါလားပေါ့။ မပါဘူး။ အခုလည်း မပါဘူး။ အဲဒီ တော့ မပါတဲ့ မေးခွန်းတစ်ခုကို ကျွန်တော်က ဖြေရမလား။ မပါတာကို ကျွန်တော် ဘယ်လိုသွားဖြေရမလဲ။ ဒီတော့ ကျွန်တော့်ကို ဘာကြောင့် ခေါ်မေးရတာလဲပေါ့။ တိုင်တဲ့လူ ရှိလို့တဲ့။ အဲဒီလိုဆို ကျွန်တော်လည်း တိုင်မယ်၊ စာရွက်ပေးဆိုတော့၊ ဘယ်သူ့တိုင်မှာလဲတဲ့။
ဒေါက်တာတင်ထွန်းဦး က ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦး။ သူက သုတစွယ်စုံ ဆိုတဲ့ စာအုပ်တိုက် လုပ်ထား တယ်။ မောင်သာချိုက တက္ကသိုလ်က နည်းပြတစ်ဦး။ သူက အိပ်မက်ဖူးဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခွင့် ကတ်ပြား ရထားတယ်။ သူတို့ကို ကျွန်တော် တိုင်မယ်။ ကျန်တဲ့သူတွေကို ရှာပြီးတိုင်မယ် ဆိုတော့ မလုပ်ပါနဲ့၊ မတိုင်ပါနဲ့တဲ့။ တကယ်တော့ ကျွန်တော် လည်း မတိုင်ဖြစ်ပါဘူး။ အဲဒီ စစ်ဆေးမှုကြောင့် တကယ်ပရိုမိုးရှင်းပေးမယ်ဆိုတော့ ခြောက်လ ထပ်နောက် ဆုတ်သွား ပါတယ်။ ခြောက်လ ပြည့်ပြီးတော့ မှ ကျွန်တော် တစ်ယောက်တည်းကို သက်သက် ပရိုမိုးရှင်း အော်ဒါထွက်ပေးပါတယ်။
ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-43894500896885717272013-11-07T00:08:00.000-06:002015-09-10T05:11:22.274-05:00ဆရာမာန် (တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာ များနှင့် တွေ့ဆုံခြင်း အပိုင်း (၁)
ချစ်သောစာချစ်သူ မိတ်ဆွေများ အား စာကောင်းလေးများ ဖတ်စေချင်သော စေတနာ ဖြင့် ဘလောဂ်လေး တည်ဆောက်ထားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ ... စာကောင်းလေး များလည်း တင်ပေးခွင့်ရသလောက် တင်ပေးခဲ့ပါပြီ ...
ယခုအခါ ခေတ်ပြောင်းသွားသည့် အတွက် ( .. ခစ် .. ခစ် .. ) အရင် က ပိတ်ပင် ထားခဲ့သော Blogspot လို လိုင်း များလည်း ပွင့်လာခဲ့ပါပြီ .. ရှားပါး စာအုပ်များလည်း ပြန်လည်၍ ထုတ်ဝေ လာကြပါပြီ .. သို့ဖြစ်ပါ၍ စာရေးဆရာများ ၏ အကျိုးစီးပွား .. ထုတ်ဝေသူများ ၏ အကျိုးစီးပွား ကို ကြည့်၍ စာများ မတင်ဖြစ်ခဲ့တော့ ပါ ...
သို့ပေမဲ့ ဟင်းကောင်းလေးများချက်ရင် ကိုယ်ချစ်တဲ့ သူများ ကို စားစေချင်တဲ့ စေတနာ မျိုးရှိတဲ့ .. မြန်မာ ဓလေ့ထုံးစံလေး များအတိုင်း စာကောင်းလေးများ ဖတ်ရရင် ပေးဝေချင် တဲ့ စိတ် မကုန်တဲ့ ရွှေစင်ဦးလေး မှာ ရွစိ ရွစိ နဲ့ အနေရ ခက်လှပါသည် ...
ခင်မင်ကြတဲ့ စာချစ်သူများ အထူးသဖြင့် အမမကြာညို ၏ တိုက်တွန်းချက်များ အရ ... စာတချို့ ကို ပြန်တင် ပေးပါတော့မယ် ... အခုတင်မဲ့ မာန်(တောင်လုံးပြန်) ရဲ့ စာအုပ်ကတော့ ဖတ်သင့်တဲ့ စာမျိုးလို့ ကျနော် ယူဆတဲ့အပြင် စာရေးဆရာ ကိုမာန် ကလည်း ခွင့်ပေးပြီးသားဖြစ်တဲ့ အတွက် ဒီနေ့ က စပြီး ကော်နက်ရှင် အဆင်ပြေသမျှ ရက်တွေမှာ စာအုပ်ပြီးဆုံးတဲ့ အထိ ဆက်လက်တင်ပေးပါမယ် .. စာချစ်သူ များ သာဓု ခေါ်ကြ ... အဲ .... ဖတ်ကြ ကုန်လော ...ဖတ်ရင်းနဲ့ မစောင့်နိုင်ကြလျှင်လည်း နီးစပ်ရာ စာအုပ်ဆိုင် များတွင် ၀ယ်ကြ ကုန်လော ... ကောင်းလေစွ ကောင်းလေစွ ... ကောင်းလေစွ
ရွှေစင်ဦး (ဖဘ တွင် နေထိုင်သည့် အချိန် ပိုများပါသည်)
ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာ များနှင့် တွေ့ဆုံခြင်း
ဆရာဝင်းငြိမ်း
(၂၀၁၀)ခုနှစ်
ကျွန်တော့်အတွက် ပထမဆုံး ကြည်နူးဝမ်းသာစေတဲ့ ဖြစ်ရပ်လေးက ဆရာဟာ ဘယ်သူနဲ့မှ ဒီလို ဘ၀ပုံရိပ်တွေ အင်တာဗျူး မလုပ်ဘဲ ကျွန်တော်မို့လို့ လုပ်ဖြစ်တာဆိုတဲ့ စကားလေးပါပဲ။ ဆရာ့ရဲ့ ချီးမြှင့်မှုလို့ ကျွန်တော် ကြည်နူးဝမ်းမြောက်စွာ ခံယူမိပါတယ်။
ဆရာဟာ ကျွန်တော်နဲ့တကွ ''ရွှေ''က ထွက်တဲ့ ကလောင်ရှင်တွေအပေါ် အစဉ်အမြဲ ခိုင်မာတဲ့ မေတ္တာ၊ စေတနာနဲ့ ပံ့ပိုးကူညီခဲ့တာ ကြိမ်ဖန်များစွာပါ။ ဆရာ့ရဲ့ ဘ၀ပုံရိပ်တွေကို စာအုပ်ရေးဖို့ ကျွန်တော့်ကို ခွင့်ပြုခဲ့တဲ့အတွက် ကျွန်တော့်ဘက်ကလည်း ဆရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လနဲ့ချီပြီး လေ့လာခဲ့ရပါ တယ်။ ပြီးတော့မှ ဆရာ့ရဲ့ ပုခက်တွင်းကနေ စခဲ့တဲ့ ငယ်ဘ၀ပုံရိပ်အချို့ကို နမူနာမေးခွန်း ပြလိုက်တော့ ဆရာ ကျေနပ်သွားပါတယ်။ ဝေေ၀၀ါးဝါး လုပ်နေတာ မဟုတ်မှန်း ဆရာ လက်ခံသွားပြီဆိုမှ မေးခွင့်ရခဲ့တာ ပါ။ ဆရာ့ရဲ့ ဘ၀ဖြတ်သန်းမှုတွေ သိရဖို့အတွက် ဆရာ ၀န်ထမ်း လုပ်ခဲ့ဖူးတဲ့ ရသုံးမှန်းခြေငွေစာရင်းဌာန၊ နေပြည်တော်က မိတ်ဆွေတွေဆီ ဖုန်းဆက်။ ဆရာနဲ့ တွဲဖက် တာဝန်ယူခဲ့ကြတဲ့ လူဟောင်းတွေကို စုံစမ်း၊ မှတ်သင့်တာမှတ်၊ အမျိုးသားစာကြည့်တိုက် ကိုသွား။ ပေဖူးလွှာ၊ ရွှေအမြုတေ နဲ့ ဆရာ့စာအုပ်တွေ လေ့လာ၊ မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။
ဆရာနဲ့ အင်တာဗျူးချိန်မှာတောင် အချိန်ကို ပိုင်းဖြတ်ပြီး ၃ ကြိမ်ခွဲပြီး တွေ့ခဲ့ပါတယ်။ တစ်ကြိမ်တည်းမေး လိုက်ရင် အလောတကြီးဖြစ်ပြီး မစုံမလင်ဖြစ်သွားမှာစိုးလို့ပါ၊ ဖြစ်ချင်တော့ ပထမအကြိမ် တွေ့ဆုံနေချိန် မှာပဲ အစ်မ၀ိုင်းရဲ့ ယောက္ခကြီးဖြစ်သူ၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇနီး ကြီးကြီး ဒေါ်နီနီခင် နေအိမ်မှာ အနုကြမ်းစီး ခံရလို့ ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော)အရေးပေါ်ဌာနကို တက်ခဲ့ရ ပါတယ်။ ကျွန်တော် လည်း မနက်ပိုင်း လူနာစောင့် ၀င်လုပ်ပေးခဲ့ပါတယ်။ ဆေးရုံမှာ ၁၀ ရက်ကုသမှု ခံယူခဲ့ ရပါတယ်။ ဆရာနဲ့ တတိယ အကြိမ် တွေ့ဆုံချိန်မှာတော့ အစ်မ၀ိုင်းလည်း နည်းနည်းစိတ်အေးလက်အေး ဖြစ်နေပါပြီ။
ကျွန်တော့်အပေါ် အစဉ်အမြဲ စေတနာ၊ မေတ္တာထားခဲ့တဲ့ ဆရာ့ရဲ့ဂုဏ်ကျေးဇူးများကို မှတ်မှတ် ရရ ကျေးဇူးတင်နေမိပါတော့တယ်။
စာတည်း။ ။ ဆရာ့ကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်ပါရစေ ဆရာ။
ကျွန်တော် ဆရာ့ကို ငယ်ဘ၀ပုံရိပ်တွေ အရင်ဆုံးမေးခွင့်ပြုပါဆရာ။ ဆရာ ငယ်ငယ်ကတည်းက အမေ့ ဆီမှာ နို့စို့ပြီး အဘိုးက ချီချီသွားတယ် ဆိုတာတွေ၊ နောက်ပြီးတော့ နည်းနည်းကြီးလာတဲ့ အချိန်မှာ ဆရာ့မိဘတွေ ရန်ကုန် ပြောင်းသွားတဲ့အတွက် ကျောင်းပိတ်ရက် ရောက်မှ မိဘတွေရှိတဲ့ ရန်ကုန်ကို လိုက်လာခွင့် ရတာ တွေ၊ ဆရာ့မိသားစုအကြောင်းတွေ နည်းနည်းပြောပြပေးပါဦး။
ဆရာဝင်းငြိမ်း။ ။ ကျွန်တော့် အဘိုး အဘွားမှာ သား လေးယောက်ရှိပါတယ်။ ကျွန်တော့်အဖေက ကျားဘညိမ်းပါ။ အဖေ ဦးဘညိမ်းရယ်၊ ဦးဘသိန်းရယ်၊ ဦးဘစိမ်းနဲ့ ဦးဘဟိန်း ဆိုပြီး ရှိပါတယ်။ ဦးဘသိန်း ဆိုတာ '' ချစ်ညို'' ကလောင်နဲ့ စာလည်း ရေးတယ်။ လူထုသတင်းစာမှာ အယ်ဒီတာလည်း လုပ်ခဲ့ပါတယ်။ ဦးဘစိမ်းနဲ့ ဦးဘဟိန်းတို့က သူတို့ရဲ့ မိဘရိုးရာအလုပ်ဖြစ်တဲ့ ဆေးဆိုးပန်းရိုက်လ်ုငန်း လုပ်ပါတယ်။ အခုအချိန်အထိလည်း မန္တလေးမှာ ဆေးဆိုးပန်းရိုက်လုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ သားအကြီးဆုံးက မွေးတဲ့ ကျွန်တော့်ကို အမေက ဘယ်မှာ မေးသလဲဆိုတော့ မန္တလေးမြို့မှာ။
မန္တလေးက ကာတစ်တိုက် (surtis) လို့အမည်ရတဲ့ ဆေးတိုက်မှာ မွေးပါတယ်။ သားဖွားခန်းရှိပါတယ်။ သူ့ရဲ့ အထိမ်းအမှတ် က ခုခေတ် လို ဘာဆေး၊ ဘာဆေးသောက်ဆိုပီး ဆရာဝန်က ညွှန်းတာမျိုး မဟုတ်ဘဲ ဆေးစပ်သမား (ကွန်ပေါင်ဒါ)ရှိ တယ်။ အဲဒီဆေးစပ်တဲ့လူက ဆရာဝန်ပြော တဲ့ ဆေးညွှန်းအတိုင်း ဆေးလုံးတွေကို ဆေးထောင်းတဲ့ ဆုံမှာ ဆေးထောင်း ပါတယ်။ ထောင်းပြီးတဲ့ အခါကျလို့ရှိရင် ရေနဲ့ဖျော် mix လုပ်၊ ပုလင်းထဲကို ထည့်ပါတယ်။ ပုလင်းမှာက အမှတ်အသား လုပ်ထားတယ်။ တစ်မှတ်ကို တစ်ခွက်ပေါ့လေ။
အဲဒီဆေးထောင်းတဲ့ဆုံကို အထိမ်းအမှတ်ပြုပြီး ဆေးထောင်း တဲ့ ဆုံပုံ ချိတ်ဆွဲထားပါတယ်။ အခုထိ ရှိသေးတယ်ဗျ။ ၂၈ လမ်းနဲ့ ၈၃ လမ်းဆုံတဲ့ထောင့်မှာရှိပါတယ်။ အဲဒီ ကာတစ် ဆိုတဲ့ ဆုံကို အကြောင်းပြုပြီးတော့ မန္တလေးမှာ ပြောစမှတ် တွင်လာတာရှိပါတယ်။ ဆုံ ဆိုတာက အပေါ်မှာ ကားတယ်၊ အလယ်မှာ စုတယ်၊ အောက်မှာ ကားတယ် မဟုတ်လား။ ဒါကြောင့် အမျိုးသမီးတွေကို ပြောရင် ဟာ ... ကာတစ်ကတော့ ကွာ ... ဆိုပြီး ဒီလိုတောင် ပြောစမှတ်တွင်ခဲ့ပါတယ်။ ကာတစ် ကတော့ ကောင်းတယ်၊ ဘာညာပေါ့ဗျာ၊ ဆုံကို ပြောတာပါ။ ကျွန်တော့်ကို အဲဒီမှာ မွေးတယ်။
ကျွန်တော်က မြေးဦးတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဖေရဲ့ညီ ဦးဘသိန်းက အရင် အိမ်ထောင်ကျတာပါ။ သူက မိန်းမအိမ်မှာ လိုက်နေတာဆိုတော့ မြေးဦးက ကျွန်တော့်အဘိုး အဘွား ဘက်ရောက် မလာဘဲ ဟိုဘက် အဘိုး အဘွားလက်ထဲ ရောက်နေတာပေါ့။ ဒီဘက်မှာ မြေးမရှိဘူး။ ကျွန်တော် မွေးလာတော့ မြေးဦးလိုဖြစ်ပြီး အဘိုးက တအားချစ်တဲ့အတွက် တစ်ခါတည်း ခေါ်ထားပါတယ်။ အဘိုး က နေ့လယ်နေ့ခင်း အိပ်လေ့ရှိပြီး သူ အိပ်ရင်တောင် သူ့လက် မှာ ကြိုးလေးချည်ထားပြီး ကျွန်တော့် ပုခက် ကို တွှဲရင်း အိပ်ပါတယ်။ နို့တိုက်ချိန်ရောက်ရင် ကျွန်တော့် မိဘတွေက မြို့ဏ်ရောင် ရုပ်ရှင်ရုံနားက ၀င်းတစ်ခုထဲမှာ နေတယ်။ အဲဒီအိမ်ကို ပို့ပေးပါတယ်။ စက်ဘီးနဲ့ ခေါ်သွားတယ်။ နို့တိုက်ပြီးရင် ပြန်ခေါ် သွားတယ်။
ကျွန်တော် သိတတ်တဲ့ လေး ငါးနှစ်အရွယ် ... နို့မစို့ရတော့တဲ့အရွယ်မှာ အဘိုးအိမ်မှာ ပဲ တောက်လျှောက်နေ ရတယ်။ ကျွန်တော့်အဖေနဲ့ ဦးလေးတစ်ယောက်က အိမ်ထောင်ကျပြီး ကျန်တ့ ဦးလေး နှစ်ယောက် က လူပျိုပဲရှိသေးတယ်။ ကျွန်တော် နေတဲ့အိမ်မှာ အဘိုးရယ်၊ အဘွားရယ်၊ ဦးလေး လူပျိုနှစ်ယောက် ရယ် ရှိပါတယ်။ သူတို့နဲ့ အတူနေတဲ့ တူ အနေနဲ့ ဦးလေးတွေက ချစ်ပါတယ်။ ဦးလေး တစ်ယောက် က ရုပ်ရှင်အရမ်းဝါသနာပါတယ်။
သူက အဲဒီတုန်းက ရွှေဘတို့၊ တင်ညွန့်တို့ဆို သိပ်ကြိုက်တယ်။ ရုပ်ရှင်တွေက ဘယ်မှာ ပြသလဲဆို တော့ ဆိုင်းတန်း ရုပ်ရှင်ရုံလို့ ခေါ်တဲ့ ရုံမှာပြတာ များတယ်။ တောကြိုက်လိုဟာမျိုးပေါ့။
ဦးလေးက ရုပ်ရှင်သွားကြည့်ရင်း စက်ဘီးလေးနဲ့ တင်ခေါ်သွားတာပဲ။ ကျွန်တော့် ဦးလေး ရုပ်ရှင် ၀ါသနာ ပါတာက ဟိုတုန်းက မန္တလေးမှာ နယ်လိုပဲဆိုတော့ ရုပ်ရှင်ကားတွေ လှည့်ရင် handbill တွေဝေတယ်ဗျ။ အဲဒီ handbill ဆိုတာတွေ ပါတယ်။ အဲဒါတွေ ဝေတော့ ဦးလေးက စုထားတာ။ သူ့ဗီရိထဲ မှာ သေသေချာချာ စုထားတာ။ ရုပ်ရှင်ကို အဲဒီမှာ ကျွန်တော် ၀ါသနာပါလာတာပါ။ ကျွန်တော့်ညီ အစ်ကို ၀မ်းကွဲ မောင်မောင့် ကိုလည်း ခေါ်တတ်တယ်။ သူ တစ်လှည့်၊ ကျွန်တော် တစ်လှည့် စက်ဘီးနဲ့ ခေါ် ခေါ်သွားတယ်။ တစ်ခါတလေ လည်း နှစ်ယောက်စလုံး ကြည့်ရတယ်။
အဲဒီလိုကနေ ကျွန်တော် ကျောင်းတက်တဲ့အရွယ် ရောက်တော့ မန္တလေးမှာ သာသနာပြုကျောင်း ဖြစ်တဲ့ ဟိုခေတ်က သီပေါမင်းတို့၊ ဘာတို့ ကျောင်းတက်ခဲ့တဲ့ ကျောင်းဖြစ်ပြီး၊ မင်းတုန်းမင်းကြီး လှူဒါန်း ထားတဲ့ကျောင်း မှာ တက်ရပါတယ်။ သာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာမတ်ခ်ကို လှူဒါန်းထား တဲ့ ကျောင်းပါ။ သူက မင်းတုန်းမင်းကြီးရဲ့ သားတော်တွေကို စာသင်ပေးခဲ့တဲ့သူပါ။ (သံတဲ) သံတမန်တွေ တည်း ဖို့အတွက် ဆောက်ပေးထားတဲ့ ''သံတဲ''နားမှာ ကျောင်းလုပ်ထားတာပါ။ အဲဒီထဲမှာ ထူးခြားတဲ့ အချက်က သူတို့ ခရစ်ယာန် နှစ်ခြင်းခံမယ့်ခွက်၊ အဲဒီခွက်က ကျောက်စိမ်းနဲ့ လုပ်ထားတာ။
အသားကျောက်နဲ့ လုပ်ထားတာပါ။ ကျွန်တော် မန္တလေးရောက်ခဲ့တုန်းက ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း တစ်ရာကျော်နေပြီကိုး။ အထဲမှာ အရင်ကကျွန်းတိုင်ကြီးတွေဆိုတာ ကျွန်တော် မှတ်မိနေတယ်။ အခုတော့ သံကူကွန်ကရစ်တွေနဲ့ ပြင်နေပါပြီ။ ကျွန်တော်တို့ တက်ခဲ့တုန်းက ကျောင်းမှာ ဆင်ချည်တိုင်၊ မြင်းချည်တိုင် တွေတောင် ရှိပါသေးတယ်။ မင်းညီမင်းသားတွေစီးလာတဲ့ ဆင်တွေ၊ မြင်းတွေ ချည်ဖို့ တိုင်တွေပေါ့။ သူက ဟိုးတုန်းကဆိုရင် မြို့ထဲကနေ အသုဘတွေ ဘာတွေ ထုတ်တဲ့ တံတားဆိုတာ ရှိပါတယ်။ စီလမ်း ၂၂ လမ်းလို့ ခေါ်နေပြီ။ အဲဒီလမ်းတည့်တည့်သွားရင် ''ရွှေတချောင်း'' ရဲ့ဘေးမှာ တံတား တစ်ခုရှိပါတယ်။ နာမည်ရင်းက ဘာလဲတော့ မမှတ်မိတော့ဘူး။ မန္တလေးမြိုခံတွေကတော့ အသုဘတွေ ထုတ်တဲ့အတွက် ''မသာတံတား'' လို့ခေါ်တယ်။ အဲဒီတံတားကနေ ဖြတ်ပြီးတော့ ကျောင်းတက်ရပါတယ်။ အဲဒီမှာ ၁၀ တန်း အောင်တဲ့အထိ ကျွန်တော် ကျောင်းတက်ခဲ့ပါတယ်။
နောက် မန္တလေးတက္ကသိုလ်မှာ ၁၉၆၃ ၀န်းကျင်လောက်မှာ တက္ကသိုလ်တက်ရင်း ကျောင်းတွေ ပိတ် တယ်။ အရေးအခင်းတစ်ခုဖြစ်တယ်။ ကျောင်းပြန်ဖွင့်တဲ့အခါ ပညာရေးစနစ်တွေ ပြောင်းသွားတယ်။ အသက်မွေး ၀မ်းကျောင်းတက္ကသိုလ်တွေ ဖွင့်လာတယ်။ စီးပွားရေးတက္ကသိုလ်တို့၊ ပညာရေးတက္ကသိုလ်တို့ ... ခွဲပြီး ပေါ်လာတယ်။ ၁၉၆၄ မှာ ကျွန်တော် ရန်ကုန်ကို ရောက်လာပြီး စီးပွးရေးတက္ကသိုလ် တက်ဖြစ်ပါ တယ်။ ဖြစ်ချင်တော့ ကျွန်တော့် မိဘတွေက ရန်ကုန်မှာ ရှိနေရာကနေ မန္တလေးကို ''ထရန်စဖာ'' သွားရ တယ်။ ကျွန်တော်က ရန်ကုန် ရောက်လာပြီး အဆောင်နေခဲ့ရပါတယ်။ တစ်နှစ် နေခဲ့ရပြီးနောက်နှစ်မှာ အဖေက ရန်ကုန်ကို ထရန်စဖာနဲ့ ပြန်ရွေ့လာပါတယ်။ ၁၉၆၇ ခုနှစ် နိုဝင်ဘာလမှာ ကျွန်တော် ''၀ါဏိဇ္ဇဗေဒ''ဘွဲ့ရပါတယ်။ စီးပွားရေးတက္ကသိုလ်က ရခဲ့တာပါ။ အောင်စာရင်းမထွက်ခင်မှာ ဘဏ္ဍာရေး ၀န်ကြီးဌာန ကို ပို့ပေးတယ်။
ကျောင်းသား တစ်ရာ့အစိတ်လောက် ရှိလိမ့်မယ်။ Grading နဲ့ခွဲပြီး ဒီဂရီမြင့်တဲ့ သူတွေကို ပို့ပေး လိုက်တာပါ။ အောင်စာရင်း မထွက်ခင် အလုပ်သင်အရာရှိအဖြစ်နဲ့ လုပ်ရပါတယ်။ အောင် စာရင်း ထွက်တော့မှ ကျတဲ့သူတွေက ကျောင်းပြန်၊ အောင်တဲ့သူတွေက အလုပ်ဆက်လုပ်။ ရတဲ့ လခက ၁၂၅ကျပ်ပါ။ အိုဗာတိုင်လည်း လုပ်ရပါတယ်။ အိုဗာတိုင်လုပ်တဲ့အတွက် ညနေအထိ လုပ်ရတဲ့နေ့ဆိုရင် လက်ဖက်ရည်တစ်ခွက်၊ မုန့်တစ်ချပ် ကျွေးပါတယ်။
ရုံးနေရာက ၀န်ကြီးများရုံး အဆောက်အအုံမျာ ရှိတာ ပါ။ အိုဗာတိုင်မှာ လက်ဖက်ရည်နဲ့ မုန့်မစားရင် ပြား ၇၀ ရပါတယ်။ တကယ်လို့ ည ၁၂ နာရီ၊ ၁ ချက်အထိ လုပ်ရတဲ့နေ့ဆိုရင် ၂ ကျပ်ရပါတယ်။ အဲဒီတုန်းက အဲဒီလစာနဲ့ လောက်တယ်။ ကျွန်တော် ရတဲ့လစာကို အမေ့ကို အကုန်ပေးပြီးတော့ တစ်နေ့မှ တစ်ကျပ်ပဲ ကျွန်တော့်အသုံးစရိတ်ရှိတယ်။ ကျွန်တော် အလုပ် လာတဲ့အခါ ကျွန်တော်တို့နေတဲ့ ပုဇွန်တောင်နဲ့ စိန်ပေါလ်ကျောင်း ကားမှတ်တိုင်ဆိုရင် ကားခ ၅ ပြားပဲပေး ရတာပါ။ ကျွန်တော် ယူလာတဲ့ တစ်ကျပ်နဲ့ နေ့လယ်မှာ ထမင်းမစားဘဲ လက်ဖက်ရည်သောက်မယ်၊ မုန့် စားမယ်၊ တခြားသူငယ်ချင်းတွေတောင် ကျွေးလို့ရပါသေးတယ်။
အဲဒီလို နေလာရင်းနဲ့ ကျွန်တော် တခြားသင်တန်းတွေ တက်ဖြစ်တယ်။ R.A သင်တန်း တက်တယ်။ Registered Accountant လို့ ခေါ်တဲ့ စာရင်းကိုင်သင်တန်းပါ။ အဲဒါက လုပ်သားကောလိပ်မှာ မနက်ပိုင်း တက်ဖြစ်တဲ့ အပိုင်း။ အဲဒီ ဒီပလိုမာရတယ်။ နောက်တစ်ခုက R.L လို့ခေါ်တဲ့ ရှေ့နေသင်တန်းပါ။ အဲဒီမှာပဲ တက်ရပါတယ်။ ကျွန်တော် အောင်ခဲ့ပါတယ်။ နောက် Diploma In Management And Accounting သင်တန်းလည်း တက်ဖြစ်ခဲ့ပါတယ်။ နောက် နိုင်ငံခြားဘာသာ တက်ချင်တဲ့အတွက် IFL မှာ ညနေပိုင်း အချိန်ပိုင်း သွားတက်ပါသေးတယ်။
ပြင်သစ်ဘာသာ တက်ပါတယ်။ ၁၉၇၉ ခုနှစ်ပါ။ အဲဒီမှာ ကျွန်တော့်အဖေ အသည်းအသန်ဖြစ်ပြီးတော့ ရန်ကုန်အရှေ့ပိုင်း ဆေးရုံတင်ခဲ့ချိန်ကြုံရပါသည်။ တင်တဲ့ အချိန်မှာ ကျွန်တော် ကျောင်းပျက် သွားပါတယ်။ ကျောင်းမှာ သင်တဲ့စနစ်က ရုပ်ပြထားပြီး အသံဖွင့်ပေး ထားတာကို နားထောင်၊ ပြီးတော့ ပြန်ပြောရ တဲ့ သင်ကြားမှုပါ။ လိုက်မရေးရဘူး။ လိုက်ရေးရင် ပရော်ဖက် ဆာက လက် ကို ခေါက်တယ်။ စာသင်သား လက်ထဲမှာ စာရွက်မပါရဘူး၊ ဘောပင် မပါရဘူး။ ကြည့်၊ နားထောင်၊ ဘာပြောတယ် အဓိပ္ပာယ်ပေါက်အောင် စဉ်းစား၊ အဲဒီအသံထွက်အတိုင်း လိုက်ပြောရတယ်။ အဲဒီနည်းနဲ့ သင်တာ ဆိုတော့ လေး ငါးရက်လောက် ကျောင်းပျက်သွားပြီဆိုရင် လိုက်လို့ မမီတော့ဘူး။ ကျွန်တော် အဲဒီသင်တန်း မပြီးခဲ့ဘူး။
ကျွန်တော် မန္တလေးမှာ အဘိုး၊ အဘွားတွေနဲ့ နေလာစဉ်ကတော့ နွေကျောင်းပိတ်ရက်ဆိုရင် မိဘ တွေရှိတဲ့ ရန်ကုန် ကို လာပါတယ်။ ကျောင်းပိတ်ရက်တွေ ရန်ကုန်ရောက်တဲ့အခါ ကျွန်တော့်အဖေက မဂ္ဂဇင်း မှာ အားကစားဆောင်းပါးတွေ ရေးနေတော့ မဂ္ဂဇင်းစာအုပ်တွေ လက်ဆောင်ရပါတယ်။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ သွေးသောက် အဲဒါတွေ ရပါတယ်။ အမေကစာဖက်တာ အရမ်းဝါသနာပါတယ်ဗျ။ ညီတွေ က ငယ် သေးတော့ စာမဖတ်ကြသေးဘူး။ အိမ်မှာဆိုရင် အမေရယ်၊ အဖေရယ်က စာဖတ် ၀ါသနာ ပါတယ်။ အမေက သူ ဖတ်ပြီးရင် စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ထင်းရှူးသေတ္တာနဲ့ သေသေချာချာ သိမ်းထားပေး တယ်။ လစဉ် ရသမျှ မဂ္ဂဇင်းတွေ၊ တခြား လုံးချင်းတွေဆိုရင် စနစ်တကျ ဗီရိုနဲ့ ထည့်သိမ်းထားပါတယ်။ ကျွန်တော် နွေရာသီ ကျောင်းပိတ်တဲ့ ၂ လမှာ လာပြီဆိုရင် အဲဒါတွေ ဖတ်တော့တာပဲ။ ဒါက စာဖတ်ဝါသနာ အစပါ။
ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-85545292471870781582013-10-24T11:30:00.000-05:002015-09-10T04:50:47.304-05:00ထမင်းမဝ တဲ့ ရွှေစင်ဦး နဲ့ ကျန်းမာရေးပညာပေး ညီမ မဒမ်ကိုး က အစားအသောက်တွေ နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပေး ပိုစ့်
လေး ဘလော့ဂ် မှာ ရေးခိုင်းပါတယ် ... ကျနော့် အရင်ရေး တဲ့ ဘလောဂါ
တွေရှိပါတယ် ... အင်မတန် အကျိုးရှိပါတယ် ... အတော်ပြည့်စုံပါတယ် ....
ကျနော် မှာတော့ ပညာဗဟုသုတ ကလည်း နည်း ... ရှာဖွေ တူးဖော်ဖို့ ဝိရိယ ကလည်း
မရှိတော့ ... ကျနော် နဲ့နီးစပ်ရာ ကို အစားအသောက် နဲ့ ကျန်းမာရေး ပညာလေး
ပေးကြည့်တဲ့ အတွေ့အကြုံလေးဘဲ ရေးမယ် စိတ်ကူးပါတယ် ....
ဆိုင်မှာ
ကလေးတွေ ဟင်းချက်ပါတယ် ... ဆီလျှော့သုံးဖို့ ပညာပေးပါတယ် ... တလ နေတော့
စာရင်းချုပ် ကြည့်ပါတယ် ... ထူးမခြားနား ပါဘဲ ဒီဆီ ဒီဆီ ကုန်တာပါဘဲ ..
ဆက်ပြောရင်လည်း ကပ်စီးအိုး ဖြစ်ရတော့မယ် ဆိုတော့ မပြောတော့ပါဘူး ...
ဆိုင်သုံးဖို့ သကြားဝယ်ခိုင်းပါတယ် ... အကောင်းဆုံးလို့ သူတို့ ယူဆတဲ့
အဖြူဆုံး သကြား ကို ဝယ်လာပါတယ် ... ချွတ်ဆေးမသုံးတဲ့ သကြားအညို တွေ
ဝယ်ဖို့ ပြောပါတယ် ... သူတို့ နားမလည်ပါဘူး .. ဈေးချိုတဲ့ သကြားဆိုတော့
မကောင်းဘူးလို့ ဘဲထင်ပါတယ် ... ဆရာမ ဂျီးများတယ်ပေါ့ ...
ဟင်းသီးဟင်းရွက်
ချက်ရင် ဓါတုဆေးဝါး ဒဏ်တွေ နဲနဲ ခံသာအောင် ... ဆားရည်နဲ့ တနာရီလောက်
စိမ်ပြီးမှ ကြော်ဖို့ ချက်ဖို့ ပြောတယ် ... ပြောရင်တော့ ဟုတ်ကဲ့ ပြောတာဘဲ
... လုပ်မလုပ် မသေချာ ပါဘူး .. ဆိုင်မှာ အသီးအရွက် မစားတဲ့ ကလေးတွေ
ရှိပါတယ် ... လုံးဝ မစားတာပါ ... ဟင်း အနှစ်နဲ့ ချက်ရင်တောင် အသား ကို
ရေဆေးပြီး .. ထမင်း ကို ဆီဆမ်းဆားဖြူး ပြီး အသား သက်သက် နဲ့ စားပါတယ် ...
ဟင်းသီးဟင်းရွက် မစားရင် ဖြစ်လာမဲ့ ရောဂါ တွေ ကို အာပေါက် မတတ်ပြောပြပါတယ်
... ကျနော့် ရှေ့တော့ ဟုတ်ကဲ့ ပြောပြီး ထမင်းပန်းကန်ထဲ ထည့်တယ် .. ခဏနေ
သွားကြည့်ရင် ဟင်းပန်းကန် ထဲ ပြန်ထည့် တယ်... အမှိုက်တောင်း ထဲ ပစ်ထည့် တယ်
... ကျနော် မမြင်ချင်ယောင် ဘဲ ဆောင်ပါတော့တယ် ...
အိမ်က
တူလေးတွေ (https://www.facebook.com/htetmyatayechan.maymyo,
https://www.facebook.com/minluaye.chan.7
,https://www.facebook.com/phyothant.kyaw.18 , နဲ့ တူမချောလေး
https://www.facebook.com/sunyeinnyeinchan.mdy ) ဟာ အိတ်ခွံလှလှလေး တွေ
နဲ့ ထဲ့ထားတဲ့ Junk food မုန့်တွေ ကို အများကြီး စားပါတယ် .. တခါကများ
တူငယ်လေး https://www.facebook.com/minluaye.chan.7 က ကြက်ပေါင်လား ..
ကြက်ခြေထောက်လား မသိဘူး ... အိတ်လှလှလေး နဲ့ ထဲ့ထား တဲ့ မုန့် က
သိပ်ကောင်းတယ် အစစ်နဲ့ သိပ်တူလို့စားပါလို့ လာကျွေးတယ်... အန်တီ မစားဘူး
... သားလဲ မစားရဘူး ... မကောင်းဘူး .. ရေရှည်ခံအောင် လုပ်ထားတဲ့ အတွက်
အန္တာရာယ် များတယ် ... ငှက်ပျောသီး .... ကန်စွန်းဥ.. ပိန်းဥ.. အာတလွတ်ဥ ...
ပြောင်းဖူး ..ပဲမြစ် .. မြေပဲပြုတ် ... ထန်းပင်မြစ် စတဲ့ ရာသီပေါ်လေး တွေ
ဘဲ စားဖို့ ပြောပြပါတယ် .. လုပ်ပေးပါတယ် ... သူ တို့ မစားပါဘူး .....
ဒါတွေ မှ မကြိုက်ရင် မုန့်ပြစ်သလက်လေး ... မုန့်ပေါင်းလေး .... စားပေါ့
လို့ ပြောတော့ ... အန်တီရွှေစင်ဦး စိတ်မှန်ရဲ့ လားလို့ အကြည့်ခံရပါတယ်...
ချစ်ချစ်ကြီး
https://www.facebook.com/thein.soekywe ညီမအလတ်
https://www.facebook.com/paukpauk.estateagent နဲ့ ချစ်ညီမ
https://www.facebook.com/seesein.shin တို့ ဟာ အအေးဗူး လှလှလေး တွေ ကို
ရေခဲသေတ္တာ ထဲက ထုတ်ပြီး တဗူးပြီး တဗူး အားရပါးရ သောက်ကြပါတယ် ...
မနေနိုင်တဲ့ ရွှေစင်ဦး က သံပရာသီးလေး ညှစ်ပြီး သကြားလေး ဆားလေး နဲ့
သံပရာရေ လေး ဖျော်သောက်ကြပါလား ပိုကောင်းပါတယ် ... သံပရာ ရေ မကြိုက်ရင်လည်း
မန်ကျီးရည် သောက် ... ဟို ဗွီဗွီ ဆိုတာ ကို မသောက်ဘဲနဲ့ (ဝိုင်တပုလင်း
နဲ့ မည်သို့ မှ မပတ်သက်ပါ) မီးဖိုချောင်ထဲက ပုလင်းထဲ မှာ အိမ်က မန်ကျီးပင်
ကြီး က ရတဲ့ မန်ကျီးသီးမှည့် လေးတွေ ကို အခွံချွတ်ပြီး
ဆားနဲ့လုံးထားပါတယ်... အဲဒါလေး ထန်းလျှက်လေး နဲ့ ဖျော်သောက်ပါလား လို့
ပြောပြန်တော့ ကိုယ်ဘဲ တခြားကမ္ဘာက လူသား ... ကိုယ် ဘဲ လူ့ ဂွစာ..
ဖြစ်ရပြန်ပါတယ် ...
အိမ်က ယောင်းမလေး
https://www.facebook.com/chan.daughter နဲ့ မောင်အငယ်ဆုံးလေး
https://www.facebook.com/nyein.chan.104 တို့ မိသားစု ဟာ မနက်အစောစာ အဖြစ်
ရှမ်းခေါက်ဆွဲ .. ဆန်ပြား .. ဖက်ထုတ် .. လိုမျိုး ဆိုင်က အစာ တွေ ကို
နေ့တိုင်းစားပါတယ် ... ပိုက်ဆံလည်း ကုန်တယ် .. ရေရှည် ဆိုရင် ဆိုင်အစားအစာ
ဆိုတော့ ကျန်းမာရေး အတွက်မကောင်းဘူး ... မနက် အစောထပြီး ထမင်းအိုးလေး တည်
ထမင်းပူလေး နဲ့ ပဲပြုတ်လေး .. အကြော်လေး နဲ့ စားကြပါလား ... လို့
ပြောဖို့ ကြံရွယ်ပါတယ် ... မနက်မိုးလင်း က မိုးချုပ် စာသင်ရတဲ့ ယောင်းမလေး
မျက်နှာပြန်မြင်ပြီး ပြောချင်တာတွေ မြို့ချထားရပါတယ် ...
နောက်ဆုံးတော့
ကျနော့် ဖေဖေ မကွေးပြောင်းတုန်း က ကြုံရတာလေးတွေ ပြန်သတိရမိတယ် ..
လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ က ကျနော်ရဲ့ ဖေဖေ မကွေးတက္ကသိုလ်
ကိုပြောင်းရတယ် ... အဲဒီအချိန်က တက္ကသိုလ် ဖြစ်ပြီလား မဖြစ်သေးဘူးလားတော့
မမှတ်မိတော့ပါ..
ထမင်းစားချိန်ရောက်ရင် ကျောင်းသား
တချို့ ရဲ့ ခါးမှာ ပုလင်းလေးတွေ အသီးသီး ထိုး လို့ ... တချို့
ကျောင်းသားတွေ ကတော့ ပုလင်းလေးတွေ ကိုင်လို့ ထမင်းစားဆောင် Dining room
ကို သွားကြတယ် ... အစောပိုင်းကတော့ ဘာရယ်မသိတတ်ဘူး ... နောက်တော့မှ
ဆီပုလင်းလေး တွေ ဆိုတာသိလာတယ် ... အညာသားတွေ ဆီကြိုက်ပုံ က ဘာဟင်းချက်ချက်
ဆီမဆမ်း ဘဲ မစားတတ်ကြဘူး .... အိမ်က မောင်အကြီးဆုံး
https://www.facebook.com/zaw.maymyo ကလည်း ဆီသိပ်ကြိုက်တယ်..
ဘာဟင်းချက်ချက် ဆီဆမ်းလိုက် ရမှ ဆားဖြူး လိုက်ရမှ ကျေနပ်တယ် .....
ဒီခေတ်လိုမျိုး ဆီမသန့် တာတွေ... ဆီကြောင့် ဖြစ်တဲ့ ရောဂါတွေများ ရကြရင်
အညာသားတွေ ဒုက္ခရောက်ပြီပေါ့ ....
အဲဒီခေတ် ကတော့ ကိုယ့်
ပဲခင်းထဲက ရတဲ့ ပဲနဲ့ ကိုယ့်ကြိတ်ဆုံ နဲ့ ကိုယ်ဘာသာ ကြိတ်တဲ့ ဆီ ဆိုတော့
ပြဿနာ သိပ်မရှိဘူးထင်ပါရဲ့ ... အခု ပုံအတိုင်းသာ အဲလို ဆီ ဆက် စား
နေရင်တော့ အသက်တိုမှာ သေချာပေါက်ပါဘဲ ... များသောအားဖြင့် တော့
တချို့တလေကလွဲ လို့ နေပုံထိုင်ပုံ စားသောက်ပုံ တွေ သိပ်မပြောင်းကြပါဘူး ..
မကွေးတက္ကသိုလ်
မှာ အလုပ်လုပ်နေတဲ့ ကျနော့် ဖေဖေ https://www.facebook.com/hla.myint1 က
မိသားစု မပါတော့ ထမင်း ဟင်း ချက်မစားပါဘူး .. ဆိုင်တွေမှာ ကြုံသလို ဘဲ
စားပါတယ်... တနေ့တော့ ထမင်းဆိုင် တဆိုင် မှာ ထမင်းစားပါတယ် .. ဆိုင်မှာ
ယင်ကောင်တွေ သိပ်များနေတော့ ထမင်းစားတဲ့ ဖေဖေ လည်း ထမင်းစားလိုက်
ယင်မောင်း လိုက်နဲ့ အလုပ် ရှုပ်နေတာပေါ့ ... နောက်တော့ ဖေဖေ ဒုက္ခ ကို
မကြည့်ရက်တဲ့ ဆိုင်ရှင် အဒေါ်ကြီးက ...
ဆရာ ရယ် ထမင်းစားရတာ
ဒုက္ခများလိုက်တာကွယ် ... ယင် စားတာ သိပ်မကုန်ပါဘူး ... ဒေါ်ကြီး ပြန် ထဲ့
ပေးပါမယ် ... ထမင်း သာ အေးအေး စားပါလို့ ပြောတယ်တဲ့ ... ဖေဖေ ခမျာလည်း ယင်
မမောင်းဘဲ ထမင်းဆက် စားရရင်လည်း အခက် ... ယင်မောင်းပြန်ရင်လည်း
ယင်စားတာလေး တောင် မသဒ္ဒါ တဲ့ လူ့ကပ်စီးအိုးကြီး ဖြစ်ရတော့ မယ် ...
ဆိုပြီး ထမင်းမဝ ဘဲနဲ့ ထ လာခဲ့ရသတဲ့ ... (တကယ်တော့ ညစ်ပတ်တဲ့ ဆိုင်တွေကို
ဟာသလုပ်ထားတဲ့ ပုံပြင်လေး တပုဒ်လည်း ဖြစ်နိုင်ပါတယ်)
ကျနော်လည်း
အခုတော့ ကျနော့် ဖေဖေ လို ထမင်းမဝ ဘဲ ထ ရမဲ့ ဘဝရောက်နေပါပြီ ....
အားလုံးဘဲ ကျန်းမာရေး အသိ ကြွယ်စွာ နဲ့ စားသောက် နေထိုင်ပြီး ...အသက်
ရာကျော် ရှည်ပါစေဗျာ ....
(ညီမ မဒိုးကန် လည်း ကျေနပ်ပါနော်)
မနက်ဖြန်
25 - 10 - 2013 သောက်ကြာနေ့ ကျနော်မွေးနေ့ပါ ... ဝက်သားအိုးကြီးချက် နဲ့
ဆွမ်းလောင်းပါမယ် (နေ့တိုင်းတော့ အရောအနှောလေးပေါ့) ...
ရှစ်ဆယ့်ရှစ်
အရေးတော်ပုံပြီးတော့ ကျနော့် မောင်အလတ်လေး
https://www.facebook.com/ko.win.1840 စစ်ကိုင်းချောင် တခုမှာ ကိုရင်ကြီး
သွားဝတ်ပါတယ် ... သုံးလလောက်ကြာပါတယ် ... ကျနော် တို့အိမ်ကလည်း အစားအသောက်
သိပ်မပို့နိုင် ... ချောင်ကလည်း သိပ်ခေါင်တော့ သူခမျာ အစားအသောက် ရှားပါး
ပါတယ် ... လူထွက် လာတော့ အိမ်မှာ ကိုရင်ကြီး အတွေ့အကြုံတွေ အမြဲပြောပြပါတယ်
တပတ်မှာ တရက် ရွာတရွာက ဘုံဆွမ်းကို
ဝက်သားအိုးကြီးချက်နဲ့ လောင်းပါတယ် တဲ့ ... အဲဒီဘုံဆွမ်းလောင်း မဲ့
ရက်များဆို စောစောစီးစီး ထပြီးဆွမ်းခံရတာ တက်ကြွနေတယ်လို့ ပြောပါတယ် ...
မောင်လေး က ဝက်သားသိပ်ကြိုက်တယ်လေ .. ဘာဘဲဖြစ်ဖြစ် အာသဝေါ
တရားမကုန်ကြသေးတော့ အမြဲတမ်း အမှတ်နဲ့ မစားနိုင်ကြဘူးပေါ့ ...
အနည်းဆုံးတော့ ဆွမ်းခံကြွတဲ့ စာသင်သားကိုရင်လေးများ ၀က်သားအိုးကြီးချက် နဲ့
ဆွမ်းစားရင်း သာသနာ တည်မြဲရေးအတွက် တရားစာပေများ ကျက်မှတ်နိုင်ကြ ပါစေ
လို့ ဆုတောင်းပြီး မွေးနေ့ ဆွမ်းဟင်းလေး လောင်းပါတယ်ဗျာ ....
ချစ်သော
စာဖတ်သူ များ နဲ့ ဘလောဂါ များအားလုံး ... မြန်မာပြည်အတွင်းမှာ... ကမ္ဘာအရပ်ရပ်
မှာ နေထိုင်ကြတဲ့ လူမျိုးမရွေး ဘာသာမရွေး လူသား အားလုံး
ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော် ရှည်စေဖို့ မွေးနေ့ ဆုမွန်လေး တောင်းပေး
လိုက်ပါတယ်....
(ချစ်သော ဖေဖေ နဲ့ မေမေ ကိုလည်း ဒီစာလေး
နဲ့ မွေးနေ့ မှာ ကန်တော့ပါတယ် .. ချစ်သော မောင်နှမ များအားလုံး ချစ်သော တူ
တူမ များအားလုံး ကို လည်း ထည့်သုံး ထားတဲ့ အတွက် ဟုတ်သော်ရှိ ...
ဟုတ်သော်ရှိ ... ခွင့်လွှတ်ကြပါလို့ ပြောရင်း အမကြီး အတွက်
မွေးနေ့လက်ဆောင် ကောင်းကောင်းလေး များပေးကြ ပါ လို့ တောင်းဆိုပါတယ် )
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
အစားအသောက်နဲ့
ပတ်သက်လို့ ပညာပေးရေးကြတဲ့ ပို့စ်လေးတွေ ဖတ်ကြည့် လို့ ရအောင် ထပ်မံ
ရှယ်လိုက်ပါတယ် .. တကယ်ဖတ်သင့်တဲ့ ပိုစ့် လေး တွေ ပါဘဲ ...
ညီမဒိုးကန် ရဲ့ ကျန်းမာဘေးကင်းရောဂါရှင်း (သို့ ) ကြိုတင်ကာကွယ် ကင်ဆာအန္တာရာယ်
http://madankoo.blogspot.com/2013/09/blog-post_12.html
ကိုညီလင်းသစ် ရဲ့ ယူရီးယား (သို့) ရင်းနှီးနေသော တစိမ်း
http://nyilinnthit.blogspot.com/2013/09/blog-post_24.html
ညီမ မိုးငွေ့ ရဲ့ အစားအသောက်နှင့် ကင်ဆာ
http://coralnyo.blogspot.com/2013/10/blog-post_8.html
တီတီဆွီ ရဲ့ အာဂျီနိုမိုတို (သို့) အချိုမှုန့် (သို့) MSG (သို့) ၆၂၁ ရှာပုံတော်
http://auntysweet.blogspot.com/2012/07/msg-621_23.html
.SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com3tag:blogger.com,1999:blog-3747304422565905705.post-66691011250146819552013-09-02T03:32:00.001-05:002013-09-02T03:32:15.560-05:00ဘလော့ဂ်ဒေး အမှတ်တရ မှောက်ပြတဲ့ စာလေး
အင်တာနက် သုံးရင်း 31-8-2013 ဟာ ဘလော့ဂါဒေး ဆိုတာ အမှတ်ရတယ်... စာရေးချင်စိတ်ပေါ်လာလို့ စာရေး ကြည့်တယ်... ဘလောဂါမသက်ဝေ က အိတ်သွန်ဖာမှောက် ဆိုလို့ ရွှေစင်ဦး လည်း မှောက်ဖို့ စဉ်းစား လိုက်တော့ မှောက်စရာ အိတ် က မရှိ ... ရှိတဲ့ အိတ်ကို ချွတ် မှောက် ရင်လည်း မြန်မာ အလင်းဆောင်မဲ့ ခင်ဝင့်ဝါ လေး ငိုသွားမှာစိုးလို့ မမှောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ... ရွှေစင်ဦး မှာ ဘာအိတ် မှ မရှိပါဘူး.. အသုံးလိုသမျှကို အင်္ကျီအိတ် ထဲမှာဘဲ ထည့်ထားတဲ့ အတွက် ဒီတက်ဂ်ပိုစ့် လေး ကို အကျီ ချွတ် မခါနိုင်တဲ့ အတွက်ရေးလို့ မဖြစ်ပါဘူး ... ဒါကြောင့် ရောက်တတ်ရာရာ အခုတလော စဉ်းစားဖြစ်ခဲ့တဲ့ အိတ်သွန်ဖာမှောက် ဇာတ်လမ်းကြောင်းလေး တွေဘဲ ရေးပါမယ်.....
အင်တာနက် ပေါ်မှာ အထူးသဖြင့် ဖေစ်ဘွတ်ပေါ်မှာ လူမျိုးရေးခွဲခြားမှု့ တွေ အများဆုံး တွေ့နေပါတယ် ... နိုင်ငံ အရေးနဲ့ ပါတ်သက်လို့လည်း ဘာသာရေး လူမျိုးရေး ခွဲခြားမှု့ကြောင့် ဖြစ်တဲ့ ပြဿနာတွေ အများဆုံး တွေ့နေပါတယ်... မန္တလေး သူ တယောက်အနေ နဲ့ လူမျိုးရေး ဘာသာရေး ခွဲခြားမှု့ သဘောထား ခံယူချက်တွေ အတွက် ကိုယ့်ကို ကိုယ် ပြန်စမ်းစစ် မိပါတယ် ... ငယ်ငယ်လေး ကထဲက လူမျိုးရေး ခွဲခြားခဲ့လား .. ခွဲခြားရမှန်း မသိပါဘူး.. ဘာသာရေး ခွဲခြားခဲ့လား .. ဒါတော့ ခွဲတယ် ... ဘယ်သာသာဝင် တွေရဲ့ ဘယ်နေ့ဆို ဘယ်လို အစားတွေ စားရမယ် ဆိုတာဘဲ ခွဲခြားခဲ့ပါတယ် ... ခရစ်စမတ် နီးရင် ပျော်တယ် ... ခရစ်ယာန် သူငယ်ချင်း တွေနဲ့ ပျော်ကြမယ် ... မုန့်စားမယ် ...
တရုတ်နှစ်သစ်ကူး နီးရင် သူငယ်ချင်းတရုတ်မလေး အိမ်က ၀က်ခြံ ကို စေ့စေ့ မကြည့်တော့ပါဘူး ... နှစ်ကူးရက် ရောက်မှဘဲ ပါးစပ်ထဲ ထည့်ပါတယ် .... တနှစ်ကို ဝက်တကောင် သတ်ပြီးတော့ ဝက်နဲ့ ပတ်သက်တဲ့ ဟင်းမျိုးစုံ ချက်ပြီး နှစ်ကူးစားသောက်ပွဲ မှာ ပျော်ပျော်ကြီး ဆင်နွဲလေ့ ရှိတဲ့ အကျင့် သူငယ်ချင်း အိမ်မှာ ရှိပါတယ်.....
အစ်နေ့ လည်း အတူတူပါဘဲ ... ငယ်သူငယ်ချင်း တယောက် ရဲ့ မေမေ က အစ် နီးရင် ကျနော်တို့စားချင် တဲ့ အစာတွေ မေးနေကြပါ... အုန်းထမင်း ချက်ရမလား ... ဒန်ပေါက် ချက်ရမလား ... ဒန်ပေါက် ဆိုရင်လည်း အမဲသား မစားမှန်းသိတော့ ကြက်သား.. ဆိတ်သား နဲ့ ချက်ကျွေး ပါတယ် ... ဟိန္ဒူ မီးထွန်းပွဲ ဆိုလည်း မုန့်အချိုတွေ မလိုင်မုန့်တွေ အဝတီးကြပါတယ် ... ကိုယ်နဲ့ ဘာသာမတူသူတွေ နဲ့ သူတို့ ရဲ့ နေ့ထူးနေ့မြတ်မှာ ပျော်ရွှင်ခဲ့တာတွေ ပါ ... ကျန်တဲ့ အပိုင်းတွေ ကတော့ သူငယ်ချင်း တွေ ထုံးစံ အတိုင်းဘဲ ... ပျော်စရာရှိပျော်ကြ စိတ်ကောက်စရာရှိကောက်ကြ ပါဘဲ...
သူက ကုလား ဖြစ်လို့ ... တရုတ် ဖြစ်လို့ ... ဆိုပြီး မစဉ်းစားမိပါဘူး ... ကျန်တဲ့ သူငယ်ချင်းတွေ လည်း ဒီလိုပါဘဲဗျာ ... အခုကြမှ ဘယ်နဲ့ ဖြစ်ပြီး ဒီလောက် မုန်းတီးနေကြတာလည်း ...ငယ်စဉ်ဘဝ ကနေ အရွယ်ရောက်တဲ့ အထိ ဘယ်တရုတ် .. ကုလား ကမှ နှောက်ယှက်တာ မပြောနဲ့ ရီးစား စာပေးတာတောင် မခံရဘူးပါဘူး ... အခုအချိန်မှာ မျိုးချစ်ပုဂ္ဂိုလ် များက မျိုးစောင့်ဥပဒေ ဆိုတာ တွင်တွင်ပြောနေကြတော့ ... အရပ်ထဲမှာ လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်တာ တာတွေ ကိုပြန် စဉ်းစား မိပါတယ်...
ကျနော် တို့ ငယ်ငယ်သမဝါယမ ခေတ် ... ပါတီကောင်စီခေတ် က ပါတီကောင်စီ လူကြီး .. ရပ်ကွက်လူကြီး လုပ်တဲ့ ဦး....... ဆိုတာရှိတယ် ... သူက ဗုဒ္ဓဘာသာ ... သူ့မိန်းမ က အစ္စလမ်ဘာသာဝင် ... ကလေး တွေ မွေးထားတာ အများကြီးဘဲ .. ကျနော်တို့ မောင်နှမ တွေ နဲ့ အစဉ်အဆက် သူငယ်ချင်း တွေဘဲ .. သူ့သားသမီး တွေ လည်း အတိအကျတော့ မသိပေမဲ့ ဗုဒ္ဓဘာသာ ယူတာများတယ် ထင်ပါတယ် ... သူတို့ လင်မယား လည်း ချစ်ချစ်ခင်ခင်ပါဘဲ ... အခု သူ့သားသမီး တွေတောင် အင်တာနက် သုံးပြီး ကျနော် ရေးတဲ့ စာကို ဖတ်ချင်ဖတ်နိုင်ပါတယ် ... သူတို့လင်မယားလည်း အိုအောင်မင်းအောင် အခု အချိန်ထိ ပေါင်းသင်း နေကြ ပါတယ် ...
ကျနော် တို့ ငယ်ငယ်က ကျနော် တို့အိမ်နဲ့ မျက်နှာချင်းဆိုင် မှာ ကိုကုလား လို့ ကျနော်တို့ ကခေါ်တဲ့ ကျနော်တို့ ထက် အသက်ရော အတန်းရော အများကြီးကြီး တဲ့ အိမ်နီးခြင်း တယောက် အကြောင်း ကို လည်း စဉ်းစားမိပါတယ် ... သူတို့ မိသားစုက အဖေ တယောက်လုပ်စာနဲ့ စားနေရတဲ့ အတွက် အဆင်မပြေကြ ပါဘူး .. မောင်နှမ တွေလည်း အများကြီးရှိပါတယ် ... ကိုကုလား က အကြီးဆုံး... ဗမာ ဗုဒ္ဓဘာသာပေမဲ့ အသားမဲတာ ကို အကြောင်းပြုပြီး ကိုကုလား နံမည်တွင်တာပါ ... သူ ဆယ်တန်းအောင် တော့ သူ့အဖေ အလုပ် လုပ်တဲ့ဌာန မှာ အလုပ်သွင်းပေးတယ် .. မိသားစု အဆင်ပြေခါစ ရှိသေးတယ် ... မိန်းမ ယူသွားပါတယ်..
မိန်းကလေးက အစ္စလာမ် ဘာသာဝင်ပါ ... သူ့ အမေကြီး အော်အော် ငိုတာ အခုထိကြားယောင်မိတယ် ... ကုလားလို့ ငါနာမည် မှည့်မိလို့များ တကယ် ကုလား ဖြစ်သွားတာလား ကုလား ရဲ့ ဆိုပြီးတော့ပါ ... ကိုကုလား က အဲဒီဘာသာကိုပါ ပြောင်းလိုက်ရတာကိုး ... ဟိုတလောက သူ့အဒေါ်နဲ့ တွေ့လို အမှတ်တရ ကိုကုလား အကြောင်းမေးလိုက်ပါတယ် ... သူ့ မိသားစု နဲ့ အဆင်ပြေပြေ ပါဘဲတဲ့ ... ဒါပေမဲ့ ဒီဘက်က ဆွေမျိုး မိတ်ဆွေ များနဲ့တော့ အဆက်အသွယ် မရှိပါဘူး လို့ ပြောပါတယ် ......
နောက်တယောက် ကတော့ ကျနော် ကျောင်းပြီး မှ သိခဲ့ရတဲ့ သူငယ်ချင်းမလေး သူက လည်း အစ္စလာမ် ဘာသာဝင် ပါ ... သူ့ရီးစားက မြန်မာ ဗုဒ္ဓဘာသာ .. ငယ်ချစ်တွေ နှစ်ပေါင်းများစွာ ချစ်ခဲ့ကြတော့.. အချိန်တန် တော့ ယူချင်ကြတယ် .. ဒါပေမဲ့ သူငယ်ချင်း အစ္စလမ်မလေးက ဘာသာပြောင်း မှ လက်ထပ် မယ်လို့ ပြောလိုက်တယ်တဲ့ ... သူ့ရီးစား ဗုဒ္ဓဘာသာ ကလည်း ပြောင်းမယ်တဲ့ ... ကောင်လေး ရဲ့ မိဘ တွေ ညီအစ်ကို မောင်နှမတွေ ကတော့ ဘယ်သဘောတူကြမလည်း ... ကျနော့် စိတ်ထဲလည်း မကျေမနပ် ဖြစ်သွားတယ် .. ဘာလို့ ပြောင်းရမှာလည်း ကိုယ်ဘာသာ ကို ဘာလို့ စွန့်ရမှာလည်း ဆိုပြီး သူငယ်ချင်း ကို တောင်ပြောမိပါသေးတယ် .. သူငယ်ချင်း ကတော့ သူတို့ ဘာသာက ဘာသာမတူရင် လက်ထပ်လို့ မရတဲ့ အတွက်ပါတဲ့ .. ဒါကြောင့် သူ့ချစ်သူ ဘာသာမပြောင်းချင်ရင်လည်း လက်မထပ်ဘဲ အခုလိုဘဲ တသက်လုံးနေသွားတော့မယ် လို့ ပြောပါတယ် ...
ယောက်ကျားလေး ဘက် ကလည်း ဘာသာမပြောင်းဖြစ်ပါဘူး ... နောက်တော့ အဲဒီ အစ္စလာမ် သူငယ်ချင်းကောင်မလေး က သူ့ရီးစား ဗုဒ္ဓဘာသာ ကောင်လေး နောက်ကို ခိုးရာ လိုက်ပြေးသွားပါတယ် ... မင်္ဂလာတော့ မဆောင်ကြတော့ဘူး ... အခုတော့ ကလေးနှစ်ယောက် ရနေကြပြီ.. ကောင်မလေး ဘက် နဲ့လည်း အဝင်အထွက် ပြန်ရှိသွားပြီ .. ကောင်လေးနဲ့ လည်း ဘာသာ မပြောင်းကြဘဲ .. ပေါင်းနေကြ ပါတယ် ... ချစ်ချစ်ခင်ခင် ပါဘဲ ... အခု ကျနော်တို့ အိမ်နား မှာဘဲ နေကြပါတယ် .........
နောက်ဆုံး တယောက်ကတော့ ကျနော် ရဲ့ အသိ ထဲကပါဘဲ ... မလေးရှား မှာ ဆယ်တန်းအောင် ကထဲက အလုပ်သွားလုပ်ပြီး မိဘ ကိုရှာကျွေးနေတာပါ ... မလေးသူလေး နဲ့ ရီးစားဖြစ်တယ် ... နှစ်ပေါင်း ကြာလာတော့ လက်ထပ်ကြတယ် ... ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အဲဒီ ယောက်ကျားလေး က အစ္စလာမ် ဘာသာ ကို အရင်ပြောင်းရပါတယ် ... သူ့ရဲ့ ဘာသာပြောင်းပွဲ ပုံတွေ ဖေစ်ဘွတ်ပေါ် မှာတင်ပါတယ် ... ပြီးရင် လက်ထပ် တဲ့ ပုံတွေ ပါတင်ပါတယ် ... လက်မထပ် ခင်က မြန်မာပြည် ပြန်လာပါသေးတယ် .. အမေနဲ့ ညီမ က ဘာသာ မပြောင်း ဖို့ မြန်မာပြည်မှာဘဲ ရှိတာလေး နဲ့ လုပ်စားဖို့ ငိုယိုပြီး တောင်းပန်ပါတယ် ...ဒါပေမဲ့လုံးဝ လက်မခံဘဲ မလေးရှား သူနဲ့ ယူသွားပါတယ် ... သူ ကြိုက်မကြိုက် မသိလို့ ဖေ့စ်ဘွတ် လင့်ခ် ကို တော့ တင်မပေးတော့ ပါဘူး...
မြန်မာမလေး များ ကုလားနဲ့ယူတာတော့ ကျနော့် မျက်မြင် မှတ်မှတ်ထင်ထင် ဖြစ်ရတဲ့ အတွေ့အကြုံမျိုး မရှိတဲ့ အတွက် မဖော်ပြနိုင်ပါဘူး ... အခု အင်တာနက် ပေါ် မှာ ဖေ့စ်ဘွတ်ခ် သုံးမှဘဲ ဘယ် မြန်မာမလေး က ဘယ်ကုလား ကို ယူလို့ ဘာဖြစ်သွားတယ် .. ဘယ်လို အနှိပ်စက်ခံရတယ် ဆိုတာ ကြားပါတယ် ... ဒါကြောင့် ချစ်ညီမ ကိုတောင် ခဏ ခဏ ပြောဖြစ်တယ် ... ငါ့ကို က ဒီလောက် ဟိုးလေးတကျော် အနှိပ်စက်ခံ ဇာတ်လမ်းတွေ ကို ဖေ့စ်ဘွတ် သုံးမှ ဘဲ တွေ့ဘူး မြင်ဘူးတာ ဆိုတော့ တော်တော် ဗဟုသုတ နည်းတယ် .. လို့ ပြောမိပါတယ် ... ဒါတောင် ဒီဘက်ခေတ်ရောက် မှ ဒီလောက် များများတွေ့ဘူးတာပါ ... ကျနော် စသုံး တုန်းက ဒါတွေ မရှိပါဘူး .. အခုမှဘဲ ဒီမိုကရေစီ ကို လျှောက်လှမ်းတော့မှဘဲ ဒါတွေ အတွေ့များလာတာပါ ...
တပည့်တော် ယုံပါတယ်ဘုရား ... နောက်ပြီး ဗုဒ္ဓဘာသာဝင် ယောက်ကျားက ဗုဒ္ဓဘာသာဝင်မိန်းမ ကို နှိပ်စက် တဲ့ ဇာတ်လမ်းလေး တွေ လည်း တပည့်တော် ပြောပြပါမယ် ဆိုတော့ ဦးဇင်း ငြိမ်သွားပါတယ် ... လူ အခြင်းခြင်း နှိပ်စက် ညှင်းပန်းတာ ကို တပည့်တော် လက်မခံပါဘူး .. ဘယ်ဘာသာဝင်ဆိုတာ မကြည့်ပါဘူး လို့ ပြောလိုက်ပါတယ် ... ဒါပေမဲ့ ဦးဇင်း က ဇွဲမလျှော့ ပါဘူး နောက်နေ့ မှာ မျိုးစောင့် ဥပဒေ ဆိုတဲ့ အခွေလေး လာပို့သွားပါတယ် ... ဒကာမကြီး နားထောင်ဖြစ်အောင် ထောင်ပါလို့ လည်း ပြော သွားပါတယ် ... ကျနော် ယူထားလိုက်ပါတယ် .. ဦးဇင်း စိတ်ချမ်းသာပါစေတော့ .. သူတို့ မေတ္တာရှိတဲ့ ဒကာမကြီး အမြင်မှန်ရအောင် ကျိုးစားကြတာပါ ... တကယ့် အရိုးခံ ဘာပရောဂ မှ မပါဘူးဆိုတာ ယုံကြည်ပါတယ် ...
ကျနော် တို့ မန္တလေး ဆိုတာ မီးလောင်လည်း ဘုန်းကြီးတွေ က ရှေ့ဆုံးက နေပြီး.. ဒကာ၊ ဒကာမ တွေ ကို အမြဲတမ်း အကာကွယ်ပေးနေကြ ... ၈၈၈၈ အရေးတော်ပုံကြီး တုန်းကလည်း တမြို့ လုံး အေးချမ်းအောင် ...... စောင့်ရှောက် ပေးခဲ့တယ် ... ပြည်သူ နဲ့ လက်တွဲလို့ စစ်အစိုးရ ကို ဖြုတ်ချဖို့ ကျိုးစား ပါဝင်ခဲ့တယ် .. ၂၀၀၇ သံဃာအရေးအခင်း တုန်းကလည်း အသေခံ..... အဖမ်းခံပြီး အာဏာရှင် တွေကို ဖြုတ်ချဖို့ ကျိုးစားခဲ့ တယ် ..မသင့်တော်တာ ရှိရင်လည်း ဘုန်းဘုန်းတွေ က ဆုံးမပဲ့ပြင်ခဲ့တယ် .. ဘာသာရေး အသိကြွယ်အောင် ဆိုဆုံးမ ခဲ့တယ် ... အချစ်ဆုံး အဖိုးက လည်း ဘုန်းကြီး ၀တ်နဲ့ တချိန်လုံး ဘုရားစာသင် တရားထိုင်သင် ဆိုတော့ ဘုန်းဘုန်းတွေ ကို ကြည်ညိုပြီးသား ... လေးစားပြီးသားပါ.. ထောင်ထဲမှာ မန္တလေး က ဂဠုန်နီဘုန်းဘုန်း.. ငြိမ်းချမ်းရေးကိုယ်တော်.. နဲ့ တခြားဘုန်းဘုန်း များ အနှိပ်စက်ခံရတယ် ကြားရတုန်းက မျက်ရေ ကျလောက်အောင် စိတ်ထိခိုက်ရပါတယ် ...
မြန်မာပြည် မှာ အထူးသဖြင့် နယ်ဘက်မှာက သားယောက်ကျားလေးများကို အလှူအတန်း လုပ်ပြီးတဲ့ အခါ သာသနာ့ဘောင်မှာ ပျော်မွေ့သွားရင် သိပ်ဝမ်းသာကြပါတယ် .. ကျောင်းထိုင်ဘုန်းဘုန်းများ ကလည်း ဥာဏ်ကောင်းတဲ့ ကိုရင်များကို လူပြန်မထွက်စေချင်တော့ပါဘူး ... အဲဒီတော့ မြန်မာပြည်က လူတော်များ (နယ်ဘက်က အများစုပေါ့) ဟာ ငယ်ဖြူ ကိုယ်တော်များ ဖြစ်နေကြပါတယ် ...
လူလောက သဘာဝတွေ .. နိုင်ငံရေးပရိယာယ် တွေ နဲ့ အာဏာရှင် တွေ ရဲ့ ညစ်ပတ် စုတ်ပြတ်ပုံ ယုတ်မာ ကောက်ကျစ်ပုံ ကို အလုံးစုံ နားမလည်နိုင်အောင် ရိုးသားကြပါတယ် .. ဒါကြောင့် ဘုန်းဘုန်း များလည်း အခုအချိန်မှာ မျိုးစောင့်ဥပဒေ လို သဘောထား ကွဲပြားစေတဲ့ အရာတွေ ကို ခဏ ထားလိုက်ပါအုန်း ... လို့ တောင်းပန်ချင်ပါတယ် .... မျိုးစောင့်ဥပဒေ ကနေ အမုန်းမီးပွားများ ပေါက်ဖွား လာပြီး တိုင်းပြည်မအေးချမ်း တဲ့ အတွက် ကယ်တင်ရှင်များက တိုင်းပြည် ကို ဂျောက်ထဲ မကြအောင် ကယ်တင်ကြ ပါလိမ့်မယ် ဘုရား ..... တပည့်တော် တို့ ပြည်သူများ နောက်တကြိမ် အကယ် မခံနိုင်တော့ ပါဘူး ...
အခု တပည့်တော်တို့ မြန်မာပြည်မှာ အာဏာရှင်လက်အောက် က လွတ်မြောက်ဖို့ လမ်းစလေး ရေးရေးပေါ်နေပါတယ် . ဒါပေမဲ့ အာဏာ လက် မလွှတ်ချင် တဲ့ သူတွေ ... အာဏာရူး တွေ ရှိနေပါတယ် ... အာဏာ လက်မလွှတ်ရအောင် ဘက်ပေါင်းစုံကနေ ပြည်သူများ.. သံဃာများ.. ဘာသာကွဲများ.. နိုင်ငံရေးသမားများ.. တိုင်းရင်းသားများ ကို စည်းရုံးရေး ပျက်ပြားအောင် အကြီးအကျယ် လုပ်ဆောင်နေကြတယ် လို့ တပည်တော်ထင်တဲ့ အတွက် အခုအချိန်မှာ လမ်းစလေးရေးရေး ကို မပျောက်အောင် ထိမ်းသိမ်းဖို့ ကလွဲပြီး မျိုးစောင့်ဥပဒေ အပါအဝင် ညီညွတ်ရေး ပျက်ပြားစေတဲ့ အရာအားလုံး ကို စိတ်မ၀င်စားပါဘူး လို့ ပြောချင်ပါတယ် ဘုရား ...
နောက်ဆက်တွဲ အနေနဲ့ ပြောရရင် ကျနော် နဲ့ သိကျွမ်းတဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ ရှိပါတယ် ... တနေ့က ဆရာမ က ဗုဒ္ဓဘာသာလား လို့ မေးပါတယ် .. ဟုတ်တယ်လို့ ပြောတော့ စီဒီခွေလေး ထုတ်ပေးပါတယ် ... ၉၆၉ မှာ ဈေးဝယ်ဖို့ ဆိုတဲ့အခွေလေးပါ .. ကျနော်ဖွင့်မကြည့်မိပါဘူး ... တော်တော်လည်း စိတ်ပျက် သွားပါတယ် .. M.Res လုပ်နေတဲ့ ကလေးတွေပါ ... ဒီလို ပညာတတ် ကလေး တွေ ရဲ့ ဦးနှောက်ထဲ မှာ ဒီလို အတွေးအခေါ်တွေ ၀င်ရောက်နေ တာ ဟာ တိုင်းပြည် အတွက် မကောင်းတဲ့ အလားအလာ တွေပါ ...
ကျနော် တို့ မြန်မာပြည်ကြီး တိုးတက်ဖွင့်ဖြိုးရေးအတွက် နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု့ တွေ လိုအပ်နေတဲ့ အချိန်မှာ အမြင်ကျဉ်းမြှောင်းတဲ့ ၉၆၉ မှာ ဈေးဝယ်ပါ ဆိုတဲ့ ဆောင်ပုဒ် ကို လည်း လက်မခံနိုင်ပါဘူး .. ဒီအတိုင်းသာ ဆက်သွားနေရင် ၉၆၉ မှာ ဈေးဝယ်ရရုံတင် မကဘူး.. နောက်ဆိုရင် အပ်ချီလုံး တလုံးနဲ့ ဓါတ်ခဲ တလုံး ... ဆန်တပြည် ကို တနေကုန် တန်းစီပြီ ထုတ်ရတဲ့ သမ၀ါယမ ခေတ်ကို ပြန်ရောက်ပြီး ... အာဏာရှင် တွေ လက်အောက် မှာ ပြန်လည် ဒူးထောက်ရလိမ့်မယ် ... လို့ ကျနော် ထင်ပါတယ်..
ဘလော့ဂါတဦး အနေနဲ့ ရေးသင့်တယ် ထင်တဲ့ ပိုစ့်လေးကို ဘလော့ဂ်ဒေး အမှတ်တရလေး
ရေး လိုက် ပါတယ် ... ဧရာဝတီအရေး ကဲ့ သို့ အရေးကြီးတဲ့ နောက်ထပ်...
နှစ်ပေါင်းများစွာ အာဏာရှင် များ လက်ထဲ ဆက်လက် နေရမဲ့ အရေးလို့ လည်း ကျနော်
ထင်ပါတယ် ... ဒါကြောင့် ဒီပိုစ့် လေး ကို ရေးပါတယ်
ကျနော့် ဘလော့ဂ်လေးမှာ လေးနှစ်ကျော် ဖတ်ရှု့ အားပေးခဲ့ကြတဲ့ စာဖတ်သူ မိတ်ဆွေ များကိုလည်း အထူးကျေးဇူး တင်ပါတယ် ... အခုတလော အလုပ်နည်းနည်း များတဲ့အတွက် ... ဘလော့ဂ်လိပ်စာလည်း အပြောင်းအလဲ ဖြစ်သွားတဲ့ အတွက် ... စာတင်တာ နည်းနည်း အဆက်ပြတ်သွားပါတယ် ... အားလုံး ကို တောင်းပန်ပါတယ် ... ဘလော့ဂါ မိတ်ဆွေများလည်း လင့်ခ် လေးပြောင်းချိတ်ပေးကြပါ... ကျနော်လည်း ဆက်လက်ပြီး စာကောင်းလေးများ တင်ပေးနိုင်ဖို့ ကျိုးစားပါမယ် ....
ကျနော့် ဘလော့ဂ်လေး မှာ တင်ထားတဲ့ ဆောင်ပုဒ်လေး ရှိပါတယ် ... အောက်မှာထပ်ဖော်ပြ ထားပါတယ် ... အဲဒီအတိုင်းဘဲ ကျနော် ကျင့်သုံး မှာပါ ...
“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”
“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
အားလုံးကိုလေးစားလျှက်
ရွှေစင်ဦး
http://www.shwezinu.blogspot.com
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com21tag:blogger.com,1999:blog-3747304422565905705.post-60839942550745638492013-08-05T22:31:00.001-05:002013-08-05T22:31:40.169-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, (ပြီးပါပြီ)
သကြားမှန်ကူ အုန်းမှန်ကူ
အလုပ်က ငါးသည်
စာကကောင်းကောင်းမတတ်။
ငါးသည်ဆိုတော့ ၀တ်တာစားတာကရော စုတ်ပြတ်နေတာ။
လင်စိတ်သားစိတ်ဆိုတာ သူကကြိုက်တယ်လို့ပြောမှပဲ
ဖျတ်ခနဲပေါ်လာတော့တာပါတော်။ မိုးကြိုးပစ်ကျိန်ရဲပါရဲ့။
ကိုမြရှင်နဲ့ပတ်သက်ရင် ကျုပ်တော့ နားမလည်တာ များပါတယ်။
ကျုပ်ကို ကြိုက်ပါတယ်လို့ စပြောခဲ့ကတည်းက စပြီး နားမလည်ခဲ့တာပေါတော်။ တော်တို့ပဲ စဉ်းစား ကြည့်လေ။ ကျုပ်က ငါးသည် (ငါးသယ်)၊ ဗျပ်ကလေးနဲ့ ပျံကျဈေးလမ်းဘေးမှာ ကြုံသလိုချရောင်းရတဲ့ ငါး သည် ... သူက ကျောင်းဆရာ။ တကယ်ဆို သူကြိုက်စရာရှားသမို့လား။ အရပ်သူချောချော ကလေးတွေ၊ ကျောင်းသူလေးတွေ သူလိုထဲက ဆရာမလှလှကလေးတွေ ပြည့်လို့။
ကျုပ်ကို ကြိုက်ပါတယ်လို့လာပြောတော့ ကျုပ်က နားမလည်နိုင်လွန်းလို့ ဘာ့ကြောင့် ကြိုက်ရတာလဲ လို့ မေးပါတယ်။ သူဖြေပုံကျတော့လည်း လွယ်လိုက်တာ။
"နဖူးစာလေ" တဲ့။
ကဲ ... ကျုပ်ကလည်း အဲဒီနဖူးစာဆိုတာကြီးကို နားမလည်တော့တာ။ ကျုပ်က ဒီတန်းက သူ့ကို ပြန်ကြိုက်တာ မကြိုက်တာ အသာထားလို့၊ စိတ်ကရှုပ်နေတာ၊ ဒါနဲ့ လွယ်လွယ်ပဲ ပြောလိုက်တယ်။
" တော်က ကျောင်းဆရာမဟုတ်ဘဲ ကျုပ်တို့လို တံငါသည်ဆိုလည်း ကောင်းသား" လို့။
အဲဒီတော့ ကိုမြရှင်ရယ်လေ ဘာမှတောင် မစဉ်းစားဘူး။
" ဒါဆိုရင်တော့ သိပ်လွယ်သွားပြီ။ ကျုပ် ကျောင်းဆရာမလုပ်တော့ဘူး၊ တံငါသည်ပဲ လုပ်တော့မယ်" တဲ့။
ကျုပ်ကတော့ နောက်နေတယ်ပဲထင်တာ။ မဟုတ်ဘူး တော်ရေ ... တကယ်ပြောနေတာတဲ့။
" ဒီမှယ ခွေးမ၊ နင့်အကြောင်း ငါ ကောင်းကောင်းသိပြီးသား။ နင့်မှာ အမေလည်းမရှိတော့ဘူး။ အဖေ တံငါသည်အဘိုးကြီးနဲ့ နေရတာ။ သူ့ကို နင် မခွဲနိုင်သလို သူကလည်း နင့်ကို မခွဲနိုင်ဘူး။ သူကလည်း သူ့တံငါအလုပ်ကို မစွန့်နိုင်ဘူး။ ဒီတော့ ရှင်းရှင်းလေးရယ်၊ နင်သာ ငါ့ကိုယူမယ်ဆိုရင် ငါ နင်တို့နဲ့ လာနေမယ်။ ငါလည်း တံငါပဲလုပ်တော့မယ်။ ငါ နင့်ကို သိပ်ချစ်တယ်" တဲ့။
ကျုပ်ကို သိပ်ချစ်ရအောင် ကျုပ်က အရုပ်ဆိုးအကျည်းတန်မဟုတ်ပေမယ့် လှမှမလှတာကြီးကို။ ပြီးတော့ လူမပြောနဲ့ နာမည်တောင် မလှဘူး။ "ခွေးမ"တဲ့။ အလုပ်က ငါးသည်။ စာက ကောင်းကောင်းမတတ်။ ငါးသည် ဆိုတော့ ၀တ်တာ စားတာကရော စုတ်ပြတ်နေတာ။ လင်စိတ်သားစိတ် ဆိုတာသူက ကြိုက်ပါတယ် လို့လာပြောတော့မှပဲ ဖျတ်ခနဲ ပေါ်လာတော့တာပါတော်။ မိုးကြိုးပစ် ကျန်ရဲပါရဲ့။ ဒီတုန်းက သူ တံငါသည်လုပ်တော့မယ်ဆိုတော့ ဘယ်ယုံလိမ့်မှာတုံး။ ဒါနဲ့ ပြီးစလွယ်ပြောလိုက်တ်။
" တော်က တံငါသည်လုပ်မယ်ဆိုလို့မှ ကျုပ်က တော့်ကို ပြန်မကြိုက်ရင် ကျုပ် အဆိုးဖြစ်တော့မပေါ့ တော်" လို့ ပြန်ပြောလိုက်တယ်။
အဲဒီနေ့လယ်က ကျုပ်ငါးတွေရောင်းလို့ကုန်တော့ ကျုပ်တို့ အိမ်ရှိတဲ့ကျွန်းထဲကို လှေကြုံနဲ့ပြန်ခဲ့ တယ်။ ကျုပ်တို့နေတဲ့ ကျွန်းဆိုတာက မန္တလေးအနောက်ဘက် ဧရာဝတီမြစ်ကြီးထဲက နန်းတော်ကျွန်းတို့၊ သမင်ခြံပတ်ဝဲ တို့ဆိုတဲ့ ကျွန်းကြီးတွေရဲ့နောက်ဘက်ကို ကျသေးတာ။ နောက်ပေါ်တဲ့ ကျွန်းပေါက်စကလေး ပါ။ တော်တော်ကို ခေါင်တာပါလို့ဆို။ အဲ ... အိမ်ထဲလည်းဝင်လိုက်ရော အဖေနဲ့ ထိုင်စကားပြောနေတဲ့ သူ့ကို တွေ့တော့တာပဲ။ အံ့ရော ... ကျုပ်တေ့ နားကိုမလည်တော့ဘူး။
သူက အဖေ့ကို ဇာတ်စုံရှင်းပြီးသားဖြစ်နေပြီ။ အဖေက ကျုပ်ကို တန်းမေးတာပဲ။
" ခွေးမ ... သူက တံငါလုပ်မယ်ဆိုရင် နင် သူ့ကိုယူပါ့မယ်လို့ ပြောလိုက်တယ်ဆို " တဲ့။ ဒီတော့ -
" ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ... " ပဲပြောရသေးတယ်။
" ဒါပေမယ့် တွေဘာတွေ လုပ်မနေနဲ့။ ဒီကောင် ငါ့လိုပဲ ဒိုးတူပေါင်ဖက် တံငါလုပ်မယ်ဆိုလို့ကတော့ ငါလည်း သဘောတူတယ်။ သူ့မိဘတွေပြီးရင် ပြီးပြီ" တဲ့။
အဲဒီမှာ ကိစ္စကပြတ်တော့တာပဲ။ သူ့မျာက မိဘတွေမှ မရှိတော့တာ။ သူက တစ်ကောင်ကြွက်ဥစ္စာ။
ကျောင်းဆရာအလုပ် ဆိုတာ တံငါသည်အလုပ်နဲ့ အကွာကြီးပါတော်။ သူက မူလတန်းကျောင်း ဆရာဆိုပေမယ့် ၀င်ငွေက ငါးဖမ်းစားတာထက်တော့ ပုံမှန်ဝင်သေးတာပဲ။ ဘယ်နည်းနဲ့မှ ရေရှည်ခံနိုင်မှာ မဟုတ်ဘူး လို့ ကျုပ်ကတော့ သေချာပေါက် တွက်ထားလိုက်တယ်။ ကျုပ်အဖေနဲ့လိုက်ပြီးတော့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ကို တံငါအတတ်ကို သင်ယူရတာပါတော်။
ကျုပ်လည်း ကျုပ်စကားနဲ့ကျုပ် သူနဲ့ညားတော့တာပါပဲ။ ညားလည်းပြီးရော ဒေါ်ကျုပ်ကြီး ပြော သလိုပါပဲ ကျုပ်လည်း သူ့ကို သိပ်ချစ်သွားတော့တာပါပဲ။ သူလည်း ကျုပ်ကို တကယ်ချစ်ရှာတာပါ။ ကျုပ် က ပြောပါသေးတယ်။
" တံငါသည်မလုပ်ပါနဲ့တော့။ ကျောင်းဆရာပဲ ပြန်လုပ်ပါ။ အဖေ့ကို ပြောပေးပါ့မယ်" ပေါ့။ ကိုယ်က ချစ်လာပြီကိုး။ မရပါဘူးတော်။
" အဖေ စိတ်ညစ်သွားလိမ့်မယ်" တဲ့။ ပြီးတော့ " တံငါသည်နဲ့ ငါးသည်နဲ့ညားတာပဲ။ သဘာဝကျပါ တယ်" တဲ့။ ပြီးတော့ အဖေနဲ့သူနဲ့က လိုက်လည်းလိုက်တယ်။
" ဒီကောင် တကယ်ကြိုးစားတဲ့ကောင်၊ ငါ့လိုမဟုတ်ဘူး။ တံငါဆိုပေမယ့် ကြီးပွားမယ့်ကောင်။ ခွေးမ ... နင် ကြည့်နေ၊ ဒီမြရှင်ဆိုတဲ့ကောင်ဟာ တစ်နေ့ကျရင် တံငါတော့တံငါပဲ။ ဒါပေမယ့် အင်းသူကြီး တွေဘာတွေ တက်ဖြစ်မယ့်ကောင်ကွ" တဲ့။
ကိုမြရှင်ကလည်း ကြိုးစားလိုက်တာမှ အချိန်မရွေးကို လုပ်တော့တာ။ တံငါသည်ပီသလိုက်တာမှ။ ငါးကြီး၊ ငါးကလေး ငါးမရွေး၊ အလုပ်အကြီးအသေး၊ ရာသီအဆိုးအကောင်း ဘာမှကြည့်နေတာမဟုတ်ဘူ။ အဖေက "မရှင်ရေ ... "လို့ ခေါ်လိုက်ရင် သူက လှေပေါ်ရောက်နှင့်နေပြီ။ အဖေ အရက်သောက်ရင် သူလည်းသောက်၊ ကြက်တိုက် ရင် သူလည်းတိုက်ပဲ။ ကျုပ်တို့ အသိုင်းအ၀ိုင်း တံငါသည်တွေက ပထမ သူ့ကို ကျောင်းဆရာ လူထွက်ဆိုပြီး အာနာတာနဲ့ အတော်ကလေး ခပ်တန်းတန်းနဲ့ ပေါင်းကြတာ။ သူက ဘယ်ဟုတ် လိမ့်မှာလဲ။ တစ်ခါတည်း ရောပစ်လိုက်တာ တစ်လတောင် မကြာလိုက်ပါဘူး။ ကိုမြရှင်ဟာ တစ်သက်လုံး ဒီကျွန်းရွာကလေးပေါ် ကြီးလာပြီး တစ်သက်လုံး ငါးဖမ်းစားလာတဲ့လူကျနေတာပဲ။
သူလည်း တံငါအတတ်ကောင်းကောင်းတတ်လို့ ၆ လလောက်လည်းကြာရော အဖေ လေဖြတ်ပါ လေရော။ ညာလက်နဲ့ ဘယ်ခြေထောက် ဒေါင့်တန်းဆွဲ၊ အကြောတွေ သေ သွားပါရောလား။ တစ်သက်လုံး တံငါအလုပ် မလုပ်နိုင်တော့ပါဘူး။ ဒါန့ ကျုပ်က ကိုမြရှင် ကို ပြောပါသေး တယ်။
" အဖေလည်း တံငါမလုပ်နိုင်တော့ဘူး။ တော်လည်း တံငါမလုပ်ရင် ဘာမှပြောတော့မှာ မဟုတ်ဘူး။ ကျောင်းဆရာပြန်လုပ်ချင်လုပ်လေ" လို့။
ဒီတော့ သူက အဖေစိတ်မကောင်းဖြစ်မှာ သေချာတယ်တဲ့။ ခုလို ဒုက္ခတဖြစ်နေတဲ့အချိန်မှာ သူ စိတ်ချမ်းသာအောင်ထားဖို့ပိုလိုတယ်တဲ့။ သူက စာတတ်တယ်မဟုတ်လား။ သူက ပိုသိတာပေါ့။
ခက်တာက ကိုမြရှင်နဲ့ ရွာခံတွေနဲ့ သိပ်ရင်းနှီးလာတော့ ရွာခံတွေက သူ့ကို မနာလိုတတ်လာကြပြီ လေ။ သူက စာတတ်ပေတတ်မဟုတ်လား။ ဘာလေးပဲပြောပြော ကျန်တဲ့လူတွေက သူ့ကိုမီအောင် ပြောနိုင် ကြတာ မှ မဟုတ်ဘဲ။ ကြာလာလေ ကိုမြရှင် ဘာပြောပြော၊ ကြွားတယ် လူတတ်လုပ်တယ်လို့ ထင်လာကြ လေပဲ။
တစ်နေ့တော့ အကြီးဆုံးပြဿနာပေါ်တော့တာပဲ။ ကျုပ်တို့ အိမ်မှာ စုပြီးအရက်သောက်ကြတဲ့ တစ်ည။
အရက်ဝိုင်းဆိုတော့ ရောက်တတ်ရာရာ သီချင်းတွေ ဘာတွေဆိုကြတာပေါ့။ တွံတေးသိန်းတန် သီချင်းတွေပဲ များတာပါပဲ။ နောက်တော့ တစ်ယောက်က မာမာအေးသီချင်းဆိုတယ်။ အစအဆုံး မဟုတ်ပါ ဘူး။ ရသလောက်ပါပဲ။ အဲဒါကလေးကိုပဲ အားလုံးသိပ်ကြိုက်ကြပြီးတော့ မာမာအေး ချီးမွမ်းခန်းဖွင့်ကြတော့ တာပေါ့။ အဲဒီမှာ ကိုမြရှင်က ဘာဝင်ပြောလိုက်သလဲဆိုတော့ သူကိုယ်တိုင် မာမာအေးနဲ့တွေ့ဖူးတယ်တဲ့။ ဒီမှာတင် အားလုံးက ၀ိုင်းဟားကြတော့တာပဲ။ ကိုမြရှင်ကလည်း မလျှော့ဘူး။ တွေ့ရုံတင်မဟုတ်ဘူးတဲ့။ သူဆိုတဲ့သီချင်းကို မာမာအေးကလိုချင်ပါတယ်ဆိုလို့ သူက သင်ပေးလိုက်ရတဲ့အကြောင်း၊ အဲဒီမှာတော့ တစ်ဝိုင်းလုံးဗြောင်းဆန်ကုန်တော့တာပဲ။ လှောင်ကြပြောင်ကြ၊ ရိကြကလိကြနဲ့ ၀ိုင်းဟားကြတာ။ ဖြီးတာ လည်းဖြီး၊ ကြွားတာတော့ကြွားပေါ့။ ဒါပေမယ့် အလွန်အကျွံတော့မလုပ်ဖို့။ တံငါသည်တွေ၊ တောသားတွေ ဆိုပြီး ထင်တိုင်းလှိမ့်လို့ရလိမ့်မယ်တော့ မထင်ဖို့ ဘာညာပေါ့။ ဆူညံနေတာပါပဲ။
ကျုပ်ကတောင် ၀င်ပြောမိသေးတယ်။ "ကိုမြရှင်ရယ် ဟုတ်ကောဟုတ်ရဲ့လားလို့"။ ဒီတော့ "ဒုက္ခ ပါပဲ ခွေးမရယ်၊ ငါ့စကားကို ငါ့မယားတောင် မယုံတော့ပါလား" တဲ့။
ဟုတ်တယ်၊ ကျွန်မလည်း မယုံတာတော့ အမှန်ပဲ။ ကိုမြရှင်က မန္တလေးသား၊ မြို့ပေါ်ကဆိုပေမယ့် မိုးကြိုးပစ်ဘုရားဟူးရယ်ပါ။ မန္တလေးမြို့ရဲ့ အနောက်မြောက်ထောင့် ရွှေပြည်၊ မင်းတဲ၊ အီကင်းကျော်ပြီး ထီးတန်ဆောင်းဘုရားမြောက်ဘက်အရပ်က သူ့ဇာတိလေ။
ကျောင်းဆရာလုပ်တော့လည်း ရပ်ကွက်မူလတန်းကျောင်းဆရာလေးပါ။ မာမာအေးနဲ့ ဘယ်လိုနီး စပ်မှာလဲ။ နောက်ပြီးတော့ သူ့ဟာက မြင်ဖူးပါတယ်ဆိုတာလောက်ဆို တော်သေး။ ခုတော့ လူ ကိုယ်တိုင် တွေ့ဖူးရုံတင်မကဘဲ သူကတောင် သီချင်းတက်ပေးလိုက်ရသေးတယ်ဆိုတော့ ကျုပ်လည်း ဘယ်ယုံလိမ့် မှာလဲ။
အဲဒီတစ်ညလုံးကတော့ ကိုမြရှင်ကို နောက်ကြပြောင်ကြတော့တာပါပဲ။ မာမာအေးကို သီချင်းသင် ပေးတုန်းက ရိုက်ရသေးလား၊ ဒဏ်ပေးရုံပဲလား ဘာညာနဲ့ တ၀ါးဝါးပါပဲ။ ကျုပ်ကတော့ ကိုယ့်ယောက်ျားကို ဒါလောက်တောင် ၀ိုင်းလှောင်နေကြတာကိုတော့ မကြိုက်ပါဘူး။ ကိုမြရှင်ကတော့ "မယုံလည်း နေကြပေါ" တဲ့။ သူ ဘာမှဆက်မရှင်းတော့ဘူးတဲ့။ ဘဒွေးကြီး ဖိုးထူးကတော့ -
" နေကြစမ်းပါဦးကွာ ... သူ မာမာအေးကို ဘယ်မှာ ဘယ်လိုတွေ့လို့ ဘာ့ကြောင့် ဘာသီချင်းကို ဘယ်လို တက်ပေးရတယ်ဆိုတာလည်း မေးဦးမှပေါ့ကွ" လို့ ၀င်ပြီး ပြောရှာပါတယ်။
ဒါပေမယ့် ကိုဝက်က မူးမူးနဲ့ဝင်ပြီး -
" တွေ့တာက အိပ်မက်ထဲမှာ။ တက်ပေးတဲ့သီချင်းက ချိုမိုင်မိုင်ဗျာ " လို့နောက်လိုက်တော့ တစ်ဝိုင်းလုံး တ၀ါးဝါးတဟားဟားနဲ့။ ကျုပ်လင်ကတော့ မချိပြုံးကလေးနဲ့ပဲ " ဟုတ်ပါတယ် ... ဟုတ်ပါတယ်" နဲ့ နေလိုက်ရရှာတာပေါ့ရှင်။
ကျုပ်ကတော့် ကိုယ့်လင်ကို မယုံတာကတစ်ပိုင်းပဲ။ ဒါလောက်တောင် ၀ိုင်းပြီး လှောင်နေကြတာကို မခံနိုင်တော့ဘူး။ တဲနောက်ဖေးသွားပြီး ငိုကိုပစ်လိုက်ရတယ်။ အမြည်းကုန်သွားရင် ထပ်ဖြည့်ဖို့ ငါးသလဲထိုး တွေ ကြော်ထားတာလည်း စေတနာပျက်သွားလို့ ချမပေးတော့ဘူး။ မှတ်ကရော။ တဲရှေ့ လည်း ပြန်မထွက် တော့ဘူး။ တစ်ခါတည်း အိပ်ရာထဲသွားနေလိုက်တယ်။ အိပ်လို့တော့ မရပါဘူး။ တော်တော်ကြီးကို မိုးချုပ်မှ ၀ိုင်းသိမ်းကြတာလေ။ အကုန်ပြန်သွားကြတော့ လမ်းမှာ အော်ကြီး ဟစ်ကျယ် နဲ့။
ကိုမြရှင်နဲ့မာမာအေး စုံတွဲသီချင်းဆိုထားတာကိုပဲ ရေဒီယိုက လာတော့မှာလိုလို ဘာလိုလိုတွေ တဟားဟားနဲ့ ပြောသွားကြလေရဲ့။ ဟိုသေချင်းဆိုး ငပြူးဆိုတဲ့ကောင်ကလည်း ကိုမြရှင်တစ်ယောက် မာမာအေးနောက် ပါသွားရင် ခွေးမတော့ မလွယ်ဘူး၊ ဘာညာနဲ့ မီးလောင်ရာလေပင့်သေးတာ၊ ကာလနာတွေ။
အားလုံးပြန်ကုန်ပေမယ့် ကိုမြရှင် အိပ်ရာထဲဝင်မလာသေးလို့ ထွက်ကြည့်တော့ မြစ်ကမ်းစပ်ဘက် ထွက် သွားတာမြင်လို့ သူ့နောက်ထွက်လိုက်ခဲ့တယ်။ သဲသောင်ပေါ်ကို ထိုင်မိကြတော့
" ခွေးမ ... မာမာအေးနဲ့ ငါ တွေ့ခဲ့ဖူးတယ်ဆိုတာကို နင်လည်း ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် နင်ကတော့ ငါ့မယားမို့ ပြောပြမယ်" တဲ့။
ကျုပ်တို့ မညားခင် တစ်နှစ်ကတဲ့။ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ရန်ကုန်ကို လိုက်သွားတာတဲ့။ တည်းခိုတဲ့အိမ်မှာ လွတ်လွတ်လပ်လပ်ရှိတာနဲ့ သူငယ်ငယ်က သူ့အဖေဆီကရလိုက်တဲ့ သီချင်းတစ်ပုဒ်ကို စိတ်လိုလက်ရဆိုမိသတဲ့။ အဲဒီသီချင်းက "သကြားမှန်ကူ အုန်းမှန်ကူ" ဆိုတဲ့ မန္တလေးသီချင်း၊ နောက်ပြောင် စပ်ထားတဲ့ သီချင်းပါ။ မန္တလေးမှာရနိုင်တ့ အစားအစာတွေကို စာရင်းလုပ်ပြီး သီချင်းစပ်ထားတာ။
အဲဒီအချိန်မှာ တစ်ဖက်အိမ်ကို အလည်ရောက်နေတဲ့ အဆိုတော်မာမာအေးက ကြားသွားတော့ ဒီဘက်အိမ်ကူးလာပြီး သူ့ကိုယ်သူမိတ်ဆက်ရင်း စာသားကို တောင်းပါသတဲ့။ စာသားပေးလိုက်တော့ အလိုက်ကလေး ပြန်ဆိုပြပါဦးဆိုလို့ ဆိုပြရတာတဲ့။ မာမာအေးကတော့ တကယ့် ပါရမီရှင်ဆိုတော့ ခဏ ကလေးနဲ့ အလိုက်ကိုလည်း ရသွားတာပါပဲတဲ့။
ဒီလိုဆိုတော့ သိပ်ဖြစ်နိုင်တာပေါ့။ ကျုပ်က "တော် အဟုတ်ပြောတာလား" လို့ဆိုတော့ "အဟုတ် ပြောတာပါကွာ" တဲ့။ ဒါနဲ့ "ဟိုလူတွေကို ဘာလို့ပြောမပြလိုက်တာလဲ" လို့ဆိုတော့ "အစကတည်းက ငါက မှားပြီး ပြောလိုက်မိတာပါကွာ။ သူတို့ကို ရှင်းပြနေစရာလည်း မလိုပါဘူး" တဲ့။ သူလည်း နောက်ထပ် ရှင်းနေ တော့မှာ မဟုတ်ဘူးတဲ့။ ကျုပ်ကိုလည်း ဘယ်တော့မှ ပြန်မပြောရဘူးလို့ အကျိန်ခိုင်း လို့ ကျိန်လိုက်ရသေး တယ်။
ကျုပ် မခံနိုင်ဆုံးကတော့ ကိုဝက်တို့၊ ငမြူးတို့ပဲ။ သူတို့အုပ်စုက ကိုမြရှင်နဲ့ မာမာအေးကိစ္စကို မပြီး နိုင်တော့ဘူး။
ဟိုနေရာတွေ့လည်း ဒါပဲ။ ဒီနေရာလည်း ဒါပဲ။ ကိုမြရှင်ကတော့ မချိပြုံးကလေးနဲ့ ဘာကိုမှ မပြောတော့တာ။ ကျုပ်ကလည်း ကျိန်ထားရတာမှုတ်လား။ ကျုပ်သိတာကိုလည်း ပြန်မပြောပါဘူး။ ပြော လည်း အလကားပဲလေ။ ဘယ်မှာလဲ သက်သေ။ မာမာအေး သွားမေးရမို ဖြစ်နေတာ။ ကျုပ် ရင်ထဲမှာတော့ မခံချင်တဲ့စိတ်တွေနဲ့ တင်းကျပ်နေတာပဲ။
တစ်နေ့တော့ မင်းကွန်းမရောက်ခင် မြစ်လယ်မှာ အသစ်ပေါ်တဲ့ သောင်ထိပ်က သရက်မှော်ကလေး ကို ကျုပ်တို့လင်မယား လှေကလေးဆိုက်ပြီး ကွေ့လေးထဲ မန်ကျည်းကိုင်းတွေများ ချရကောင်းမလားလို့ ကြည့်နေကြ တုန်း မော်တော်ကြီးတစ်စင်း မြစ်လယ်မှာ စက်ရပ်သွားလို့ ကျုပ်တို့လှေနဲ့ မနီးမဝေးမှာ လာ ဆိုက်တယ်။ စက်ကို နည်းနည်းပြင်ရဦးမှာဆိုတော့ မော်တော်ပေါ်မှာ ပါလာတဲ့ ခရီးသည် နည်းနည်း သောင် ပေါ်ကို အညောင်းပြေ အညာပြေ ဆင်းလာကြတယ်။ အဲ... အဲဒီအုပ်စုထဲက အမျိုးသမီး တစ်ယောက်ဟာ ကိုမြရှင်ကိုလည်းမြင်ရော ဝမ်းသာအားရ ပြေးလားပြီး "ရှင်... ရှင် ကိုမြရှင်မဟုတ်လား" တဲ့။ ဝမ်းပန်းတသာ နှုတ်ဆက်ရှာတာလေ။ ဘယ်သူရှိရဦးမှာလဲ။ အဆိုောတ် မာမာအေးပေါ့ရှင်။
ကျုပ်ယောက်ျား ကိုမြရှင် ပြောတာတွေ အားလုံးအမှန်တွေပဲတော့။ ဒေါ်မာမာအေးက ရန်ကုန်မှာ တုန်းက ကိုမြရှင်ကို ဘာလက်ဆောင်မှ မပေးလိုက်ရလို့တဲ့ ငွေ ၅၀၀ ပေးတယ်။ နောက် သူတို့မှာပါလာတဲ့ ဘာကင်မရာကြီးမှန်း မသိပါဘူး။ ဓာတ်ပုံရိုက်လိုက်ရင် ချက်ချင်း အရုပ်တွေပေါ်လာပြီး ကြည့်လို့ရတယ်။ အဲဒါကြီးနဲ့ ကျုပ်တို့လင်မယားနှစ်ယောက်ပုံတွေလည်း ရိုက်ပေးတယ်။ သူနဲ့လည်း တွဲပြီးတော့ ရိုက်တယ်။ ပြီးတော့ အဲဒီဓာတ်ပုံတွေ ကျုပ်တို့ကို ပေးခဲ့တာလေ။ ဓာတ်ပုံတွေမှာ အားလုံး ၈ ပုံတောင် ပဲ။ ရောင်စုံတွေ တော့ လှမှလှ။ ဒေါ်မာမာအေးက သိပ်သဘောကောင်းတာ။ ကျုပ်ကိုလည်း ညီမလေး... ညီမလေး နဲ့။ ကိုမြရှင်ကိုလည်း ကျေးဇူးတင်လွန်းလို့ပါတဲ့ဆို။
ကိုမြရှင်ဆီက ရတဲ့သီချင်းက ရှေးရုပ်သေးမင်းသမီးကြီး အမေပုဆိုတာရဲ့ ရှားရှားပါးပါး သီချင်းတစ် ပုဒ်ပါတဲ့လေ။ သူဆိုပြတဲ့ နေရာတိုင်းမှာ သိပ်ကြိုက်ကြတာတဲ့။
သီချင်းက ရယ်စရာ ရွှင်စရာကလေး မဟုတ် လား။ အမလေး... ပြန်တောင် ဆိုပြသွားသေး တာ။ ဒေါ်မာမာအေး ကို လိုက်ပို့ကြတဲ့ မန္တလေးက အမျိုးသမီး ကြီးတွေဆို ကြိုက်ကြလွန်းလို့ သူတို့ မန္တလေး မှာ မွေးပေမယ့် တစ်ခါမှ မကြားဖူးပါဘူးတဲ့။
ဒေါ်မာမာအေးကတော့ သူ ကိုမြရှင်ဆီက ဘယ်လိုတက်ယူလိုက်ရတာဖြစ်ကြောင်း အားရပါးရကြီး ကို ပြောပြနေတာပါတော်။ ကျုပ်ကတော့ ခုလိုချိန်များ ကိုဝက်တို့၊ ငပြူးတို့အုပ်စု ရောက်လာရင် ဘယ် လောက်ကောင်းမလဲလို့ တွေးပြီး အူကိုယားနေတာပဲ။
မော်တော်ကြီး စက်ပြင်တာပြီးလို့ ဒေါ်မာမာအေးတို့အုပ်စုကြီးလည်း ခရီးဆက်ထွက်သွားကြရော။ ကျုပ်က ပြောတော့တာပေါ့။ ဒီကနေ့ ဘာမှဆက်မလုပ်တော့ဘဲ ရွာကိုပြန်ပြီး ဟိုသေချင်းဆိုးတွေကို ဓာတ်ပုံ တွေပြလိုက်မယ်ပေါ့။ ကျုပ်က အားရပါးရပြောလိုက်ပေမယ့် ကိုမြရှင်က ကျုပ်ကို မျက်နှာတည်ကြီးနဲ့ ကြည့် နေတယ်။ ပြီးတော့မှ "ဒီဓာတ်ပုံတွေကို လုံးဝမပြရဘူး။ ဒီအဖြစ်အပျက်တွေကိုလည်း ဘယ်တော့ မှ ပြန်မ ပြောရဘူး" တဲ့။ "သူ မှန်တယ်ဆိုတာကို သူက သက်သေပြနေစရာ ဘာမှမလိုဘူး" တဲ့။ ကျုပ်ကိုလည်း ကျိန်ခိုင်းပြန်တယ်။ ကျုပ်မျာ အကျိန်ခက်လိုက်တာလေ။ ဒါပေမယ့် သူ့မျက်နှာတည်ကြီး ကို ကြောက်တော့ ကျိန်လိုက်ရတာပါပဲ။
အဲဒီဓာတ်ပုံတွေကို သူကိုယ်တိုင် သိမ်းထားတယ်တော့။ သူ့ထင်းရှူးသေတ္တာလေးထဲမှာ ရှိတယ်။ ဟိုလူတွေကို မပြဘူး။ ဟိုလူတွေကလည်း သူ့ကို ဆက်ပြီးလှောင်နေကြတာပဲ။ ကိုမြရှင်ကတော့ ကျုပ် မျက်နှာကိုတောင် လှမ်းမကြည့်ဘူး။ ပြုံးပြုံးပဲ။ အခုတော့ သူ့အပြုံးဟာ မချိပြုံးမဟုတ်ဘူးဆိုတာ ကျုပ် သဘောပေါက်ပါပြီ။
ဒါပေမယ့် ကျုပ် သူ့ကို နားကိုမလည်သေးပါဘူးတော်။
(မှတ်ချက်- ကိုမြရှင်က မာမာအေးကို ပေးလိုက်သည်ဆိုသော ရှေးရုပ်သေးမင်းသမီးကြီး အမေပု လက်တန်းစပ်ဆိုခဲ့သည်ဆိုသည့် သီချင်းကို ကြိုးစားရှာဖွေ ဖော်ပြပေးလိုက်ပါသည်)
"သကြားမှန်ကူ၊ အုန်းမှန်ကူ၊ ဖရုံယိုနဲ့ ထတ္တရာဆိုင်၊ ကပ်ခါဆိုင်၊ ကာဖီဆိုင် မလိုင်နံပြား၊ ထိုင်နားပါ လို့၊ တပါးပျို့၊ စားစို့၊ နွားနို့နဲ့ ဖာလူဒါ၊ ကြက်ဥနဲ့ ထောပတ်ပါ၊ သည်မှာ နံသပုတစ်လုံး၊ ယခု သုံးစရာ၊ နှုန်းပြည့်ပါတဲ့၊ ဘင်္ဂလားကွမ်းယာ၊ ကုလားကြီး ထိုင်၊ အရီးရှမ်း ဆိုင်၊ ငါးဖောင်ရိုးကြော်၊ အမူစု က ကောင်းတဲ့ မောင်စိန်ခို၊ နံပြားချို၊ လမုန့်ပေါက်စီ၊ ဦးကြွယ်မုန့်တီ၊ တပါးခင်ကညာ စားချင်စရာ၊ ပဲ၊ သကြား ပလာတာ"
စသဖြင့် ဖြစ်ပါသည်။ အဆုံးထိ ရှာ၍မရပါ။ စာသားအပြည့်ရသူရှိပါက ပို့ပေးစေလိုပါသည်။
ဂျပန်အလံ
ဂျပန်တပ်ကြပ်ရဲ့ပါးကို ဘယ်ပြန်ညာပြန်
သုံးလေးခေါက်လောက်ရိုက်ပစ်လိုက်တယ်။
ပြီးတာနဲ့ တပ်ကြပ်ကြီးရဲ့လက်ထဲက ပန်းချီပုံတွေကို
ဖျပ်ခနဲ ...။
မြို့ထဲထွက်တော့မလို့ပြင်နေတုန်း ဦးလေးဦးကျော်မြက ကျွန်တော့်ကို ဖုန်းဆက်ခေါ်ပါတယ်။ ဦးလေးဦးကျော်မြကို ကျွန်တော်တို့ညီအစ်ကိုတစ်တွေက ကျော်ကျော်မြလို့ ခေါ်ကြရပါတယ်။ နှုတ်ကျိုးနေ ကြပါပြီ။ ဘယ်က ဘယ်လိုစပြီး အဲဒီလိုခေါ်ကြမှန်း မမှတ်မိတော့ပါ။ ကျော်ကျော်မြဟာ အလွန်ပျော်တတ်ပါ တယ်။ သတ္တိ လည်း သိပ်ကောင်းတယ်။ ကာယဗလလည်း လိုက်စားတော့ သန်မာထွားကြိုင်းတယ်။
အခု ကျွန်တော့်ကို ဖုန်းဆက်ပြီးခေါ်ရတဲ့အကြောင်းကိုလည်း ကျော်ကျော်မြက ကျွန်တော့်ကိုတစ်ခါ တည်း ပြောပြ ပါတယ်။ လပိုင်းအတွင်း သူ သေရတော့မယ်တဲ့။ နေရလှရင် လွန်ရော ကျွံရော ခြောက်လ လောက်ပဲတဲ့။ ကင်ဆာပါပဲတဲ့။ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးပဲ ပြောပြပါတယ်။
ကျွန်တော့်အိမ်က စပီကာဖုန်းနဲ့ နားထောင်မိတာမို့ ဘေးလူတွေလည်း ကြားနေရတော့ ဧည့်ခန်းထဲ မှာ ရောက်နေတဲ့ ဆွမ်းခံဦးပဉ္ဇင်းက-
"ဒကာကြီး ဦးလေးက အတော်နောက်တတ်တာပဲ။ ရယ်စရာဆိုပေမယ့် အတော်ကြမ်းတယ်" လို့ မိန့်တော်မူ ပါတယ်။
ကျော်ကျော်မြ နောက်တတ်တာမှန်ပါတယ်။ ဒါပေမယ့် အခုကိစ္စမှာတော့ နောက်နေတာမဟုတ် ကြောင်း၊ သူ တကယ်သေတော့မှာဖြစ်ကြောင်း ကျွန်တော်က ဦးပဉ္ဇင်းကို ပြန်ရှင်းပြတော့ ဦးပဉ္ဇင်းဟာ အတော်ကြီးကို နားမလည်နိုင်အောင်ဖြစ်သွားပုံရတယ်။ ကျွန်တော်လည်း ဆက်ရှင်းမနေတော့ ပါဘူး။ ကျော်ကျော်မြ တို့နေတဲ့ အင်းစိန် ကို ခပ်သုတ်သုတ်ပဲ ထွက်ခဲ့တယ်။
ကျော်ကျော်မြ သေတော့မယ်ဆိုမှ သူ့ကို အရေးတကြီး မေးမြန်းထားလိုက်ဖို့ ကိစ္စကလေးတစ်ခုကို အပူတပြင်း သတိရ လာတယ်။ ဒီလိုပါ။ ဟိုး... နှစ်ပေါင်း ၅၀ ကျော်လောက်က အဖြစ်အပျက်ကလေးနဲ့ ပတ် သက်ပါတယ်။
အရင်က ဘာပြုလို့ မေးမထားမိတာလဲဆိုတော့ မေးမယ် မေးမယ်ဆိုပြီး အကြောင်းအမျိုးမျိုး ကြောင့် မမေးဖြစ်ခဲ့ဘူးလို့ပဲ ဖြေရပါတော့မယ်။
ဟိုး... နှစ်ပေါင်း ၅၀ ကျော် ဒုတိယကမ္ဘာစစ်ကြီးစဖြစ်တော့ မန္တလေးက မိသားစုအမြောက်အမြား ဟာ အနောက်ဘက်က ဧရာဝတီမြစ်ကြီးကို ဖြတ်ကူးပြီး စစ်ကိုင်းတောင်ပေါ်က ဘုန်းကြီးကျောင်းတွေ၊ သီလရှင် ဇရပ်တွေ ဘုရားပုထိုးတန်ဆောင်းတွေမှာ စစ်ပြေးတိမ်းရှောင်ခိုလှုံကြရတယ်။
ကျွန်တော်တို့မိသားစုက ပထမ မင်းကွန်းဘက်၊ နောက်တော့ စစ်ကိုင်း ခေမေကချောင်၊ နောက် တော့ မြောက်ဘက်ထပ်ရွှေ့ပြီး မြန်အောင်ချောင်ရောက်သွားကြပါတယ်။ အဲဒီတုန်း က ကျွန်တော့်အသက် ၈ နှစ်လောက်ပေါ့။ ကျွန်တော်တို့ကလေးတွေကို ဘုန်းကြီးကျောင်းတွေက သင့်တင့်သလို စာသင်ပေးပါ တယ်။ ကျွန်တော်တို့ကို စာသင်ပေးတာ က မြန်အောင် ဆရာတော်ကြီး ရဲ့တပည့်လက်ရုံးတွေ ထဲက ဦးပဉ္ဇင်း တစ်ပါးဖြစ်တဲ့ ဦးပဉ္ဇင်းဃော တဲ့။ ဘွဲ့နာမည်အပြည့်အစုံကိုတော့ ကျွန်တော် မေ့သွားပြီ။ သိပ်တော့ အရေး မကြီးပါဘူး။
ကျွန်တော်တို့ သင်ကြရတာကတော့ ထုံးစံအတိုင်း ပရိတ်ကြီးတို့၊ မင်္ဂလာ့သုတ်တို့ ဆိုတာတွေပါပဲ။
ကျွန်တော့်တို့ ဆရာဦးပဉ္ဇင်းမှာက ထူးခြားတဲ့အကျင့်စရိုက်တစ်ခုရှိတယ်။ သူက ပိုးဆိုးဆေးရောင် စုံတွေကို ရေနဲ့ဖျော်ပြီး ပန်းချီရေးတာ ဝါသနာပါတယ်။ ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက ပန်းချီရေး တာ သိပ်ဝါသနာပါလေတော့ ဦးပဉ္ဇင်းဃောကတည်း သူ့တပည့်၊ သူ့ကျောင်းသားတွေထဲမှာ ပန်းချီဝါသနာပါ တဲ့ ကျွန်တော့်ကို အချစ်ဆုံးပါပဲ။
ဦးပဉ္ဇင်းဃော ပန်းချီရေးတာကို မြန်အောင်ဆရာတော်ကြီး ရဟန်းအနေနဲ့ ပစိပစပ် မများစေချင်လို့ ဆက်မလုပ်ဖို့ အရိပ်အမြွက် တားမြစ်တော်မူဖူးသတဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းဃောကလည်း သူ့ဆန္ဒနဲ့ သူ့ဝသီကို မစွန့်နိုင်လို့ ဆရာတော်ကြီး မမြင်လောက်တဲ့အကွယ်မှာသွားပြီး ပန်းချီရေးတာပါပဲ။
ဦးပဉ္ဇင်းဃောရဲ့ ပန်းချီရေးချင်တဲ့စိတ်ကလည်း တော်တော်ဆန်းပါတယ်။ သူ့ဟာက ပန်းချီရေး တယ်လို့သာပြောရတာ။ သူများလို ရှုမျှော်ခင်းပုံတွေ၊ လူပုံတွ၊ အဆောက်အဦးတွေ ဘာညာ အဲဒါမျိုးတွေ ရေးတာဆွဲတာ မဟုတ်ဘူး။ ဦးပဉ္ဇင်းဃောက အလံတွေကိုဆွဲတာ၊ သူ့ဆီမှာ ကမ္ဘာ့နိုင်ငံ အသီးသီး က သူ့ဟာ သူရနိုင်သမျှစုထားတဲ့ အလံပုံတွေ အများကြီးရှိတယ်။ အဲဒါတွေကို သူက ရေနဲ့ဖျော်ထား တဲ့ ပိုးဆိုးဆေးရောင်စုံတွေနဲ့ သပ်သပ်ရ်ရပ် စိတ်ရှည်လက်ရှည် ပြန်ပြီးတော့ဆွဲတယ်။ အရောင်ခြယ် တယ်။ နောက် သူကိုယ်တိုင်ထွင်ပြီး ရေးဆွဲထားတဲ့ အလံတွေလည်း ရှိတယ်။
အဲဒီလို ကိုယ်ပိုင်အလံဒီဇိုင်းအများစုမှာတော့ တိရစ္ဆာန်ပုံတွေကို သုံးထားတယ်။ အမျိုးမျိုးပဲ၊ သိပ်လှတယ်။ ကျွန်တော် ကတော့ အဲဒီတုန်းက ကလေးပဲ။
ဦးပဉ္ဇင်းဃောရေးတဲ့အလံတွေ ကူးရေးထားတဲ့ အလံတွေအားလုံးကို သိပ်ကြိုက်တာပဲ။ ဦးပဉ္ဇင်းဃောကိုလည်း လွှတ်အထင်ကြီးတာ။
တစ်ခုတော့ ရှိတယ်။ ဦးပဉ္ဇင်းဃောကို အလံတွေတင်မဟုတ်ဘဲ တခြားရှုမျှော်ခင်းပုံတွ၊ လူပုံတွေ၊ ကာတွန်း ရုပ်တွေ၊ ဆင်၊ မြင်း၊ ကျား၊ ခြင်္သေ့ဆိုတာတွေလည်း ဆွဲစေချင်တာပေါ့။ ကြောက်ကြောက်နဲ့ ဦးပဉ္ဇင်းကို တစ်ခါလျှောက်ကြည့်တော့ ဦးပဉ္ဇင်းက တိုတိုပဲဖြေတယ်။ မဆွဲချင်ဘူးတဲ့။ ကျွန်တော် လည်း နောက်ဆက်ပြီး မလျှောက်ရဲတော့ပါဘူး။
ဦးပဉ္ဇင်းဃောက သူ့ဆီလာတဲ့လူကြီးတွေကိုလည်း သူကူးဆွဲထားတဲ့ နိုင်ငံစုံကအလံတွေကို ထုတ် ထုတ်ပြတတ်တယ်။ ဘယ်အလံတွေက ဘယ်လိုကောင်းပြီး ဘယ်အလံတွေကတော့ ဘယ်လိုညံ့တယ်၊ ဘာ ညာဆိုတာတွေ ကိုလည်း ရှင်းပြတတ်တယ်။ ဘာ့ကြောင့်ကောင်းတယ်၊ ဘာ့ကြောင့် ညံ့တယ် ဆိုတာမျိုးတွေ ပေါ့။ သူ့ကိုယ်တိုင် ဒီဇိုင်းအလံတွေမှာက ကျွန်တော် စောစောကပြောခဲ့တဲ့အတိုင်းပဲ တိရစ္ဆာန်တွေ ကို အမျိုးမျိုးသုံးထားတာ သိပ်လှတာပဲ။ သိတယ်မဟုတ်လား။ ပိုးဆိုးဆေးတွေ ကို ရေနဲ့ဖျော်ပြီးရေးတာဆိုတော့ အရောင်တွေက သိပ်တောက်ပြီး သိပ်ကြည့်လို့ကောင်းတယ်။ သိပ် လှတယ်။
အဲ ... နောက်တစ်ခုရှိတာက နိုင်ငံတကာက အလံတွေကို ကူးဆွဲတဲ့အခါမှာ နဂိုရှိတဲ့အရောင်တွေ အတိုင်းဆွဲတဲ့အပြင် မူလအရောင်တွေကို သူကြိုက်တဲ့အရောင်တွေနဲ့ ပြောင်းပြောင်းပြီး ဆွဲလိုက်တာတွေ လည်းရှိတယ်။ ဥပမာ အင်္ဂလိပ်ဗြိတိသျှယူနီယံ ဂျက်အလံမှာ အနီရောင်ရယ်၊ အပြာရောင်ရယ်၊ အဖြူရယ်၊ ကက်ခြေခတ် ဒီဇိုင်းဆိုပေမယ့် ဦးပဉ္ဇင်းကြီးက မူလဒီဇိုင်းကို မပြောင်းဘဲ အရောင်တွေကို ပြောင်းပစ်လိုက် တာမျိုးတွေရှိတယ်။ ယူနီယံဂျက်အလံက အနီနေရာမှာအစိမ်း၊ အပြာနေရာမှာ အ၀ါန့ အဖြူနေရာမှာ အနက် လုပ်ပစ်လိုက်တယ်။ တစ်မျိုးပြောင်းသွားပြီး တစ်မျိုးကြည့်လို့ကောင်းတာပဲ။
ဦးပဉ္ဇင်းကြီး အကြိုက်ဆုံးအလံဒီဇိုင်းတွေကတော့ ယူနီယံဂျက် အင်္ဂလိပ်အလံနဲ့ ဂျပန်အလံပဲ။ အလံ ဆိုတာ ဒေါင်လိုက်ရော၊ အလျားလိုက်ရော၊ တစောင်းရော လိုအပ်သလို ချိန်နိုင်ဖို့ လိုတယ်တဲ့။ ယူနီယံဂျက် အလံနဲ့ ဂျပန်အလံတွေကို ဘယ်လိုချိတ်ချိတ် ဘယ်တော့မှ ပြောင်းပြန်ဖြစ်မသွားနိုင်ဘူးတဲ့။ ဘယ်တော့မှ မမှားနိုင်ဘူးတဲ့။ အမေရိကန်အလံဆိုရင် ကြယ်တွေအများကြီးနဲ့ အစင်းအစင်းတွေများနေလို့ ရဲတယ်၊ နုတ် တယ်တဲ့။ ပြီးတော့ ဂရုစိုက်ပြီး မချိတ်ရင် ပြောင်းပြန်လည်းဖြစ်၊ ဇောက်ထိုးလည်းဖြစ်။ အမျိုးမျိုးမှားနိုင်တယ် တဲ့။ ဒီဇိုင်းထုတ်တဲ့လူ ညံ့တယ်လို့ ဝေဖန်တတ်ပါတယ်။
အင်္ဂလိပ်အလံနဲ့ ဂျပန်အလံတွေကိုတော့ ဦးပဉ္ဇင်းကြီးက သူ့နဂိုအရောင်တွေအတိုင်းလည်း ကူးကူး ဆွဲတယ်။ နောက် သူကြိုက်တဲ့ အရောင်တွေနဲ့လည်း ပြောင်းပြောင်းဆွဲပြီး ကျေနပ်အားရနေတတ်တယ်။
အဲ ... တစ်ခုပြောရဦးမယ်။ ဒုတိယကမ္ဘာစစ်ကြီးစဖြစ်တာနဲ့ ဂျပန်တွေက တစ်နိုင်ငံပြီးတစ်နိုင်ငံ သိမ်းလာလိုက်တာ ဘာကြာလိုက်လို့လဲ။ ဗမာပြည်ထဲရောက်လာတယ်။ ရောက်တယ်ဆိုတာနဲ့ ဂျပန်စာနဲ့ ဂျပန်စကားသင်တဲ့ကျောင်းတွေ အမြန်ဆုံးဖွင့်၊ ဗမာတွေကို တက်သုတ်ရိုက်စသင်တော့တာပဲ။
ကျွန်တော်တို့ကလေးတစ်သိုက်လည်း ဂျပန်စာနဲ့ ဂျပန်စကားကို ခေမေသကချောင်သွားပြီး တက်ကြသင်ကြရတယ်။ ကျွန်တော်တို့ကို သင်ပေးတဲ့ဂျပန်ဆရာကို ကျွန်တော် မှတ်မိသလိုပြောရရင် ခဲ့မုဆာဝါတဲ့။ လူကြီးတွေပြောကြတာကတော့ ဆရာခဲ့မုဆာဝါဟာ အရပ်သားကျောင်းဆရာတဲ့။ တခြား ကျောင်းတွေ မှာဆိုရင် ဂျပန်စစ်သားတွေထဲကထွက်ပြီး စာသင်ပေးတာ တဲ့။ မောက်မာ တယ်။ ဒေါသကြီးတယ်၊ ရိုင်းစိုင်းတယ်တဲ့။ မထင်ရင် မထင်သလို နားအုံကျင်းတာတို့၊ ပါးရိုက်တာတို့ သိပ်လုပ်တာပဲတဲ့။ စစ်တပ်ကဆိုတော့ ပညာလည်း သိပ်မတတ်ကြဘူးလို့ဆိုတယ်။
ဆရာခဲ့ မုဆာဝါကတော့ အဲဒါမျိုးတွေ မရှိပါဘူး။ အတော်ကြီးကို ယဉ်ယဉ်ကျေးကျေးရှိပါတယ်။
နေရာတော်တော်များများမှာ ဗမာတွေ ယဉ်ကျေးသိမ်မွေ့လှပါတယ်ဆိုတာထက်တောင် ဆရာခဲ့မုဆာဝါက ယဉ်ကျေးပါသေးတယ်။ ကျွန်တော်တို့ ကလေးတစ်အုပ်စုလုံးက ဂျပန်ဆရာခဲ့မုဆာဝါကို ချစ်ကြပါတယ်။ ကျွန်တော်တို့နဲ့ တွေ့ရအောင်ဆိုပြီး ဆရာခဲ့မုဆာဝါက ဦးပဉ္ဇင်းဃောကျောင်းကိုတောင် မကြာမကြာလာတတ် တယ်။ ဦးပဉ္ဇင်းကြီးရေးတဲ့ အလံတွေကိုလည်း သိပ်ကြိုက်တာ။
အဲဒီတုန်းက ဦးလေးကျော်ကျော်မြတို့က လူပျိုပေါက်တွေပေါ့။ ဂျပန်ကျောင်းကိုလည်း ကျွန်တော်တို့ထက် အများကြီး စောပြီး တက်ကျရတယ်။ ဦးလေးကျော်ကျော်မြက ဥာဏ်ကောင်းတော့ ဂျပန်စာနဲ့ ဂျပန်စကား ကို တော်တော်ကြီးကိုတတ်သွားတာ။ နောက်ပိုင်းကျတော့ ဂျပန်စကားပြန်တောင် လုပ်နိုင်လာတယ်။
ကျွန်တော်တို့ ဂျပန်စာသင်လို့ နှစ်လလောက် ရှိသေးတယ်၊ တစ်နေ့တော့ ဂျပန်တပ်စုတစ်စု ဦးပဉ္ဇင်းဃောကျောင်းဝင်းထဲကို ရောက်လာကြပါလေရော။ တော်တော်ရိုင်းတဲ့တပ်ကြပ်ကြီး တစ်ယောက် ဦးဆောင်တဲ့ အုပ်စုလေးတစ်ခုပါ။ စစ်သားလေးငါးဆယ်ယောက်လော်ပဲ ရှိမယ်ထင်ပါရဲ့။ ဆရာတော်ကြီးဆီ မှာလည်း ခွင့်မတောင်းဘူး။ ဦးပဉ္ဇင်းကြီးကိုလည်း အသိမပေးဘူး။ ဂရုမစိုက်ဘူး။ ကျောင်းဝင်းထောင့်က သန်းပင်ရိပ်မှာ သူတို့ပါလာတဲ့ပစ္စည်းတွေကိုချ၊ မီးဖိုတစ်ခုစပြီးဖို၊ ဘာညာပေါ့လေ။ စားဖို့သောက်ဖို့ ပြင်ဆင် ကြတာနဲ့တူပါတယ်။
သူတို့နဲ့ပါလာတဲ့ ကြက်မကလေးတစ်ကောင်ကိုလည်း ခြေထောက်မှာ ကြိုးတစ်ချောင်းနဲ့ စစ်အိပ်ကြီးတစ်ခုက ခါးပတ်နဲ့ ချီထားတယ်။
ကျွန်တော်တို့ကလေးတစ်သိုက်ကတော့ ပထမခပ်ဝေးဝေးက လှမ်းပြီးကြည့်နေကြတယ်။ နောက်ပိုင်း အတင့်ရဲ လာတော့ သူတို့ ကြိုးချီထားတဲ့ ကြက်မကလေးကို အစာကျွေးကြ၊ ရေတိုက်ကြပေါ့လေ။ ဦးပဉ္ဇင်းဃော ကတော့ ပထမ ခဏထွက်ကြည့်ပြီး ချက်ချင်းဆိုသလို ပါပဲ ပြဿနာ ကိုရှောင်တဲ့ အနေနဲ့ ကျောင်းထပြန်ဝင်သွားတယ်။ နောက် ... ခဏနေတော့ အဲဒီဂျပန် တပ်ကြပ်ကြီးလည်း ဦးပဉ္ဇင်းကြီး ရဲ့ ကျောင်းကလေး ထဲကိုစစ်ဖိနပ်ကြီးမ မချွတ်ဘဲဝင်သွားတယ်။
ဂျပန်တပ်ကြပ်ကြီး ဘာသွားလုပ်ပါလိမ့်ဆိုပြီး ကျွန်တော်တို့ကလေးတစ်သိုက်လည်း အဲဒီ ကို ပြေးသွားကြည့်ကြတယ်။ အတွင်းကို မ၀င်ရဲပါဘူး။ ကျောင်းပြင်ကနေ အထဲကို ချောင်းကြည့်ကြရတာပါ။ ဂျပန်တပ်ကြပ်ကြီး က ဘာတွေပြောလို့ ဦးပဉ္ဇင်းကြီးက ဘာတွေပြန်ပြောနေမှန်းမသိဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှ နားလည်ကြဟန်မူတပါဘူး။ ဘယ်နားလည်ကြမှာလဲ၊ တစ်ယောက်က ဂျပန်လိုပြောပြီး တစ်ယောက် က ဗမာလိုပဲ ပြောနေတဲ့ဥစ္စာ။ နောက်တော့ ဂျပန်တပ်ကြပ်ကြီးက ဘာမှဆက်ပြောမနေတော့ ဘဲ ဦးပဉ္ဇင်းကြီး ပန်းချီကားတွေထည့်ထားတဲ့ဗီရိုကို ဆွဲဖွင့်တယ်။
အဲဒီဗီရိုထဲမှာ ဦးပဉ္ဇင်းကြီးရဲ့ ပန်းချီကားတွေ အကုန်ရှိတယ်လေ။ တစ်ထပ်ကြီးပဲ။ အဲဒါတွေကို တွေ့တော့ ဂျပန်တပ်ကြပ်ကြီးဟာ တော်တော်စိတ်ဝင်စားသွားပုံရတယ်။ ပုံတွေကို အထပ်လိုက် ထုတ်ယူလာပြီး ကြမ်းပေါ်မှာချ၊ တစ်ခုပြီးတစ်ခု ကြည့်တော့တာပဲ။ ဦးပဉ္ဇင်းကြီးကတော့ တော်တော်စိတ်ရှုပ် နေတဲ့ပုံပဲ။ အဲဒီအချိန်ကြက်မလေးရဲ့ ဂျပန်စစ်သားတစ်ယောက်က သတ် လိုက်ပြီလေ။ ခြေထောက်နှစ်ချောင်း စုကိုင်ပြီး မြေကြီးပေါ် ကို သုံးချက်လောက် ဆင့်ရိုက်လိုက်တာပါပဲ။
အဲဒီအချိန်ပဲ ဦးပဉ္ဇင်းကြီးကျောင်းပေါ်က "ခူးရား၊ ဘတ်ကဲရိုး" ဆိုတဲ့အသံကြိးကို ကြားကြရတာပါပဲ။
ချက်ချင်းဆိုသလိုပဲ ဂျပန်တပ်ကြပ်ကြီးက အလံပုံပန်းချီကားတွေက တစ်ဖက်၊ နောက်တစ်ဖက်နဲ့ ဦးပဉ္ဇင်းကြီး ရဲ့ လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲပြီး ကျောင်းပြင်ခေါ် ထုတ်လာတယ်။ ကျောင်းရှေ့ က မြေကွက်လပ်ပေါ်ကိုရောက်တော့ ဂျပန်တပ်ကြပ်ကြီးက ဒေါသတကြီးနဲ့ ဦးပဉ္ဇင်းကြီး ကို တွန်းပစ်လိုက်လို့ ဦးပဉ္ဇင်းကြီးဟာ မြေကြီးပေါ်ကို လဲကျသွားတယ်။
ဒီတော့မှ ဂျပန်တပ်ကြပ်ကြီးက သူယူလာတဲ့ အလံပုံပန်းချီကားတွေနဲ့ ဦးပဉ္ဇင်းကြီးကို ပစ်ပေါက် လိုက်တယ်။ စက္ကူပန်းချီကားသုံးလေးဆယ်လောက်ဟာ ဖွာလန်ကျဲသွားတယ်။ ဂျပန်တပ်ကြပ်ကြီးဟာ ပါးစပ် က ရုတ်ရင်းကြမ်းတမ်းတာတွေကို ဆဲရေးတိုင်းထွာရင်း ကုန်းထလာတဲ့ ဦးပဉ္ဇင်းကြီးကို ပခုံးကနေကိုင် ပြီး သုံးလေးချက် ဆွဲဆောင့်တယ်။ နောက် ... ဦးပဉ္ဇင်းကြီးကို ပါးရိုက်ဖို့ လက်ပြန်ရွယ်လိုက်တဲ့အချိန်မှာ ဘယ်အချိန်က ဘယ်လိုရောက်လာမှန်းမသိလိုက်ရတဲ့ ဆရာခဲ့မုဆ၀ါရဲ့ ဟန့်တားလိုက်တဲ့အော်သံကို ကြား ကြရတာပဲ။ ဦးလေးကျော်ကျော်မြတို့ လူငယ်တစ်သိုက်လည်း ရောက်လာကြတယ်။
ဆရာခဲ့မုဆ၀ါက ချက်ချင်းပဲ ဂျပန်တပ်ကြပ်ကြီးလက်က ဦးပဉ္ဇင်းကြီးလက်ကို လွှတ်ခိုင်းလိုက်ပြီး " ဘာဖြစ်နေကြတာလဲ" လို့လည်း မေးပုံရတယ်။ ဂျပန်တပ်ကြပ်ကြီးက အလံပုံပန်းချီကား တချို့ ကို မြေကြီး ပေါ်ကကုန်းကောက်ပြီး ဆရာခဲ့မုဆာဝါကိုပြရင်း ဘာတွေမှန်းတော့ မသိဘူး။ ဒေါသ တကြီး အော်ဟစ်ပြော ဆို တယ်။
ဆရာခဲ့မုဆာဝါက တပ်ကြပ်ကြီးပြတဲ့ ပန်းချီကားတွေကို တစ်ချက်ပဲ ကြည့်လိုက်ပြီး မြန်လိုက်တဲ့ ဖြစ်ချင်း။
ဂျပန်တပ်ကြပ်ရဲ့ပါးကို ဘယ်ပြန်ညာပြန် သုံးလေးခါလောက် ရိုက်ပစ်လိုက်တယ်။ ပြီးတာနဲ့ တပ်ကြပ်ကြီးရဲကလက်ထဲက ပန်းချီပုံတွေကို ဖျတ်ခနဲယူလိုက်ပြီး လက်ညှိုးနဲ့ ထောက်ထောက်ပြရင်း ဘာတွေမှန်း မသိဘူး ရှင်းပြတယ်။ ကျန်တဲ့စစ်သားတွေ အပါအ၀င် ဂျပန်တပ်ကြပ်ကြီးဟာ တ "ဟိုက်" " ဟိုက်" နဲ့ ဟုတ်ကဲ့ချင်းထပ်အောင် ပြောရင်း ခါးတွေကိုလည်း အကြိမ်ကြိမ်ကိုင်းပြီး အလေးပြုရင်း အရိုအသေပေးနေကြရတ်။ ပြီးတာနဲ့ ဆရာခဲ့မုဆာဝါက ဂျပန်တပ်စုကလေးကို အဲဒီနေရာက ချက်ချင်းထွက် သွားကြဖို့ နှင်ထုတ်လိုက်တယ်။
အဲဒါပါပဲ။ အဲဒီတုန်းက ကျွန်တော်တို့က ငယ်သေးတယ်လေ။ ဂျပန်စာကလည်း သင်ခါစ၊ ဘာမှလည်း မတတ်သေး။ ဘာတွေဖြစ်ကုန်တယ်ဆိုတာလည်း မသိလိုက်ပါဘူး။ အဲဒီတုန်းက ဦးပဉ္ဇင်းကြီးဟာ ရှက်လည်း ရှက်၊ စိတ်လည်းအတော်ထိခိုက်ပုံရတယ်။ သူ့ဇာတိရွာရှိတဲ့ ရေမျက်ကြီးအင်း ဘက်ကို ပြန်ကြွသွားလို့ ကျွန်တော် တို့တောင် တစ်လလောက် ဦးပဉ္ဇင်းကြီးကျောင်း ပျက်ကြရသေးတယ်။ အင်းစိန်ရောက် လို့ ကျော်ကျော်မြ နဲ့တွေ့ရင် ဒီတုန်းက ဘာမှန်းမသိလိုက်တာတွေကို မေးရမယ်။ ဂျပန်တပ် ကြပ်ကြီးက ဦးပဉ္ဇင်းကြီး ကို ဘာပြုလို့ရန်ရှာရတာလဲ။ ဆရာခဲ့မုဆာဝါက ဂျပန်တပ်ကြပ်ကြီးကို ပါးရိုက်ပြီး ဘာတွေ ရှင်းပြတာလဲဆိုတာ အဲဒါတွေ သိချင်တယ်ဗျာ။
အင်းစိန်က ကျော်ကျော်မြတို့အိမ်ကို ရောက်တော့ အလွန်ကာယဗလတောင့်တင်း သန်မာ တဲ့ ကျော်ကျော်မြ ဟာ ၆ လလောက်အတွင်း သုံးပုံတစ်ပုံလောက် ဆွဲချလိုက်သလို ကျသွားတာ ကိုတွေ့ ရတယ်။ ကျွန်တော် သူနဲ့မတွေ့ရတာလည်း ၆ လလောက်ရှိပြီလေ။
" ဖုန်းထဲကပြောတုန်းက မင်း စိတ်မချမ်းသာမှာစိုးလို့ သုံးလေးလလောက်ပဲနေရတော့မယ်လို့ ပြော လိုက်တာကွ။
တကယ်တမ်းက နောက်ထပ်အရက်နှစ်ဆယ်ထက် မကျော်နိုင်တော့ဘူးလို့ စန်းလေးက အသေအချာ ကို ပြောလိုက်ပြီကွ" လို့ ကျော်ကျော်မြက ပြုံးပြုံးရယ်ရယ်နဲပပဲ ပြောပါတယ်။ စန်းလေးဆိုတာ ကသူ့ငယ်သူငယ်ချင်း ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာစန်းတင့်ကို ပြောတာပါ။
ဦးလေးကျော်ကျော်မြဟာ သူ့အနေနဲ့ ဒီဘ၀မျာ ရက်ပေါင်းနှစ်ဆယ်လောက်ပဲ နေရတော့မယ်။ မုချ သေရတော့မယ်ဆိုတဲ့ကိစ္စကို ပြောပြနေပုံက လွယ်လိုက်တာ။ နောက်ရက်ပေါင်း နှစ်လလောက်အတွင်း မန္တလေး ခဏသွားလိုက်ဦးမယ်ကွာ။ ဘာမှာဦးမလဲလို့ ပြောနေသလိုပါပဲ။
အဲ ... ကျွန်တော်ကလည်း ကျွန်တော်ပဲ။ စိတ်ဆိုတာ ဖြစ်တတ်ပုံကို ပြောပါတယ်။ ကျွန်တော် တစ်လမ်းလုံး စဉ်းစားလာ တဲ့ အတိတ်ကအကြောင်းတွေနဲ့ မေးချင်တဲ့စိတ်ကလောကြီးနေတယ်။ ဒါနဲ့ လိုရင်း ကို မေးပစ်လိုက်တာပါပဲ။
ဟိုး ... လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော်က ဦးပဉ္ဇင်းဃောကျောင်းရှေ့မှာ ဂျပန်တပ်ကြပ်ကို ဂျပန် စာသင်ဆရာခဲ့မုဆာဝါက ဘယ်ပြန်ညာပြန် ပါးရိုက်ပြီး ငေါက်ငမ်းရှင်းပြနှင်ထုတ် လိုက်တဲ့ အချိန် က ကျော်ကျော်မြတို့လည်း ရောက်လာတယ်ဆိုတော့ ဘာတွေရှင်းပြလိုက်တာလဲ မှတ်မိသေးသလားလို့ မေး လိုက်တယ်။
" သိပ်မှတ်မိတာပေါ့ကွာ" လို့ဆိုပြီးတော့ ကျော်ကျော်မြက စိတ်ပါလက်ပါ ရှင်းပြပါတယ်။ ဂျပန်တပ် ကြပ်ကြီး က ဦးပဉ္ဇင်းကြီး ကျောင်းပေါ်တက်ပြီး ဗီရိုထဲက အလံပုံပန်းချီကားတွေကို ထုတ်ကြည့်တဲ့အခါ အင်္ဂလိပ် အလံပုံတွေကိုတွေ့တော့ ဒေါသထွက်သတဲ့။ နောက် ... ဂျပန်အလံပုံတွေကို တွေ့ပြန်တော့ သဘောကျ သွားသတဲ့။ ဒါပေမ့် ဂျပန်အလံက နေလုံးနီကြီးကို အစိမ်းရောင်၊ နေလုံးကြီးအဖြစ် အရောင်ပြောင်းဆွဲ တရောင်ခြည်တန်းနဲ့ နေလုံးနီတွေကို အစိမ်းရောင်ပြောင်းဆွဲထားတာတွေတွေ့တော့ အလါန်ဒေါသ ထွက်သတဲ့။ ဒါဟာ ဂျပန်အင်ပါရာကို တိုက်ရိုက်စော်ကားတာပဲဆိုပြီး ရိုက်ဖို့နှက်ဖို့ လုပ်တော့ တာပဲတဲ့။
ဆရာခမုဆာဝါကကျတော့ တစ်အချက်က ဂျပန်တပ်ကြပ်ကြီးအနေနဲ့ ဘုန်းကြီးတစ်ပါးကို မလေး မစားနဲ့ ကိုယ်ထိ လက်ရောက် စော်ကားတာကို မကြိုက်တာ။ နောက် ... ဘုန်းကြီးကျောင်းထဲလာပြီး ကြက် သတ်၊ ငှက်သတ် လုပ်နေကြတာလဲမကြိုက်။ နောက် ... ဂျပန်အလံက နေလုံးနီနီကို အစိမ်းရောင်ပြောင်းဆွဲ တာနဲ့ပတ်သက် လို့ ဒါဟာ ဂျပန်နိုင်ငံတော်ကို စော်ကားတာမဟုတ်ကြောင်း၊ တပ်ကြပ်ကြီးဟာ အနုပညာ ဗဟုသုတ နည်းကြောင်း၊ အနီကို အစိမ်းပြောင်းဆွဲဖို့ အနုပညာသည်မှာ အခွင့်အရေးရှိကြောင်း၊ လွတ်လပ် ခွင့် ရှိကြောင်း၊ ပြောင်းလဲစဉ်းစားတတ်တဲ့ တီထွင်ဥာဏ်ဖြစ်ကြောင်း၊ ဒီပုံတွေကို မိမိအစ ကတည်း က မြင်ဖူး ကြောင်း ... စသဖြင့် ဖြစ်တယ်လို့ ကျော်ကျော်မြက အသေးစိတ်ရှင်းပြပါတယ်။
ထူးခြားတာက ကျော်ကျော်မြဟာ သူ့ကို လူနာလာမေးကြတဲ့ မိတ်ဆွေတွေကိုလည်း ဒီအကြောင်း တွေကိုပဲ ပြန်ပြန်ပြောနေတဲ့ကိစ္စပါပဲ။ သူ့ရောဂါအကြောင်းကို မပြောတော့ဘူးတဲ့။
အထူးခြားဆုံးကတော့ ကျော်ကျော်မြဟာ နေရလှရင် ရက်နှစ်ဆယ်ပါပဲဆိုပေမယ့် ရက်ပေါင်းနှစ် ဆယ်ကျော်လာလို့လည်း မသေတဲ့အပြင် ကင်ဆာရောဂါဟာ ထူးထူးဆန်းဆန်းသက်သာပျောက်ကင်းသွား လို့နောက်ထပ် ငါးနှစ်ကျော်လောက်တောင် နေသွားပါတယ်။
ဝင်းဖေ
အားလုံးပြီးပါပြီ
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-26667216304827239182013-08-04T05:43:00.002-05:002013-08-04T05:43:28.416-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၈)
သူတော်စင်နဲ့မုဆိုး
အိမ်ကိုလည်းတန်းပြန်မှာဟုတ်ဘူး
သူကြီးအိမ်ကိုသွားမယ်။
တစ်ရွာလုံးငလန်းဟာ
ဘယ်လိုမုဆိုးမျိုးလဲဆိုတာ
ကောင်းကောင်းသိစေရမယ်။
နံနက်မိုးလင်းစ ကောင်းကင်ဟာ ငြိမ်သက်ကြည်လင်နေတယ်။ တောင်ခြေတောစပ် တလျှောက် အေးမြ လန်းဆန်းနေ တယ်။ တောငှက်တွေရဲ့ ကျီကျီကျာကျာ အသံကလေးတွေဟာ တစ်တောလုံး တည်ငြိမ်နေတာ ကို အနှောင့်အယှက်မဖြစ်စေတဲ့အပြင် အေးချမ်းနေတာကို ပိုပြီး ပေါ်လွင်စေပါတယ်။
ကျွန်းပင်ကြီးတွေအောက် တောင်ကမူစွန်းကလေးမှာ သူတော်စင်ကြီးရဲ့ သစ်ခက်သစ်ရွက်တဲကလေး ရှိပါတယ်။ သူတော်စင်ကြီး အဘဖုန်းဟာ တဲငယ်ကလေးရဲ့ရှေ့ ၀ါးကွပ်ပျစ်လေးပေါ်မှာ ပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းမှု နဲ့ အတူ နံနက်စောစော တရားဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းနေပါတယ်။
ဒီအချိန်မှာပဲ တောင်ခြေခင်တန်းကလေးဆီက သစ်ရွက်သစ်ခက်တွေ ကျိုးသံ၊ ချိုးသံတွေ တဖြောင်း ဖြောင်း ကြားရပါတယ်။ မနက်စောစောစီးစီး မုဆိုးငလန်း အလောသုံးဆယ်တောတိုးလာတာ ဖြစ် ပါတယ်။ လက်ထဲမှာ လင်းကင်းဓားတစ်ဖက်၊ တူမီးသေနတ်တစ်ဖက် ကိုင်စွဲထားပြီး ခြုံနွယ်အတားအဆီး တွေကို အင်နဲ့အားနဲ့ ခုတ်ထွင်ဖယ်ရှားပြီး သူတော်စင်ကြီး အဘဖုန်းရဲ့ တဲကလေးဆီသို့ ချဉ်းကပ်လာပါ တယ်။
အဘဖုန်းက မော့ကြည့်လိုက်တော့ မနက်စောစော ချွေးတွေရွှဲနေတဲ့ မုဆိုးငလန်းကို တွေ့ရတယ်။
" အဘဖုန်း ... မနေ့ညက ၀က်ဝံတစ်ကောင် ရွာထိပ်က သန်းညွန့်တို့ ယာတဲအထိရောက်လာပြီး ကြက်ခြံကို ၀င်မွှေသွားတယ်။ ကြက် ၆ ကောင်သေတယ်။ သန်းညွန့်ခယ်မ မိထူးကို ကုတ်သွားလို့ ရင်ညွန့် စုတ်သွား တယ်။ ဒီကောင် ဒီလမ်းကနေ ပြန်တက်သွားတာဗျ။ အဘ ညက သတိများထားလိုက်မိသလားလို့ "
အဘဖုန်းက ရေတစ်ခွက်ကို ကမ်းပေးရင်း -
" မင်းမလဲ စောစောစီးစီး ချွေးတွေသံတွေနဲ့၊ ရော့ ... ရေသောက်လိုက်ဦး၊ ကျောက်စက်ရေကွဲ့"
မုဆိုးငလန်းက ရေကို ကမန်းကတမ်းသောက်ရင်း -
" အချိန်သိပ်မရဘူး အဘရ၊ ဒီကောင့်ကိုသတ်ဖို့ ကျုပ်မီနိုင်သေးတယ်"
ငလန်းဆီက ရေခွက်ကို ပြန်ယူရင်း အဘဖုန်းက -
" မနေ့ညက မိုးလေးတဖြိုက် ရွာသွားတယ်ကွဲ့"
အဘဖုန်းရဲ့ စကားအတိုကလေးမဆုံးခင်မှာပဲ မုဆိုးငလန်းလှည့်ထွက်သွားလိုက်တာ တောထဲကို ချက်ချင်း ဆိုသလို ၀င်ရောက်ပျောက်ကွယ်သွားတယ်။ အဘဖုန်းဟာ ခဏချင်းမှာပဲ တရားဘာဝနာ ကမ္မဋ္ဌာန်း မှာ ပြန်လည်တည်ငြိမ်သွားပါတယ်။
ဒေါသတကြီး လောဘတကြီး တောတိုးလာနေတဲ့ ငလန်းဟာ ပါးစပ်ကလည်း ၀က်ဝံကို အမျိုးမျိုး ကျိန်ဆဲနေတယ်။ ဒီရွာမှာ သူလိုမုဆိုးကျော်တစ်ယောက်ရှိနေပါလျက်နဲ့ ဒီလိုတောကောင် ၀င်ရမ်းတယ်ဆို တာ ငလန်း အတွက်ကတော့ ဒေါသဖြစ်တယ် ဆိုတာထက် ဒါ ငါ့အကွက်ပဲဆိုပြီးတော့ တက်ကြွနေတာက ပိုပါတယ်။
ဒီဝက်ဝံကို လျှော့တွက်လို့ မရဘူး။ လူကို ရန်ပြဖူးနေပြီ။ မိထူးရဲ့ရင်ညွန့်ကို ဆွဲဖြဲထားဖူးပြီ။ သူက လူကို နိုင်ဖူးထားပြီးပြီ။ သိပ်သတိထားမှဖြစ်တော့မယ်။ ငလန်းက ၀က်ဝံနဲ့ သူနဲ့ သိပ်နီးကပ်နေပြီဆိုတာ သိလာ တယ်။ ဆဲနေတာတွေကိုရပ်၊ တတ်နိုင်သမျှ ခြေသံလုံအောင်သွား၊ ဒါပေမယ့် တောကျပ်တဲ့။ ချုံထူ တဲ့ နေရာတွေကို ကျော်လာပြီး အောက်ခြေတော်တော်ရှင်းတဲ့ တောတွင်းကွက်လပ်ကိုရောက်လာတော့မှ ရှား ရှားပါးပါး ချုံပုတ်ကလေးတစ်ခုနောက်က ၀က်ဝံ ခုန်ထွက်လာတယ်။ မျှော်လင့်မထားတဲ့နေရာ၊ လုံးဝ ထင်မထားတဲ့နေရာကထွက်လာပြီး ငလန်းကို ဇွတ်ဝင်ကုတ်တယ်။ ငလန်းလက်ထဲက တူမီးသေနတ်ဟာ ဘာမှ အသုံးမကျတော့သလို လင်းကင်းဓားကို မြှောက်ဖို့တောင် အချိန်မရလိုက်ဘူး။
သူတော်စင်ကြီးအဘဖုန်း ကမ္မဋ္ဌာန်းက ထလိုက်ပြီး ခန္ဓာဝန်ထမ်းဖို့၊ အာဟာရမှီဝဲဖို့ ပြင်ဆင်နေချိန် မှာ သူ့တဲကလေးရှိရာကို ငလန်း ပြန်ရောက်လာတယ်။ သွေးသံရဲရဲ၊ ခွေးတွေတစ်ကိုယ်လုံးရွှဲ၊ သွေးစိမ်းရွှင်ရွှင် ဖြတ်ယူလာတဲ့ ပခုံးပေါ် က ၀က်ဝံခေါင်းကြီးကို အဘဖုန်း တဲရှေ့ကွက်လပ်မှာ အုံးခနမြည် အောင် ပစ်ချလိုက်တယ်။
အဘဖုန်းက ငလန်းတစ်ကိုယ်လုံးကိုကြည့်ပြီး ပြောတယ်။
" မဖြစ်ဘူး ... မဖြစ်ဘူး၊ မင်းတစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်လို့ပါလား။ သွေးတွေ သိပ်ထွက်နေ တယ်။ ပထမဆုံး ကျီးဝိုင်းရွက်တွေနဲ့ သုတ်ပစ်ပြီး အမြန်ဆုံး သွေးတိတ်အောင် လုပ်ရမယ်"
ငလန်းက ကွပ်ပျစ်ကလေးပေါ် ထိုင်ချလိုက်ရင်း -
သိပ်ဆိုးတဲ့ကောင်ကြီးဗျာ၊ ကျုပ်တော့ သေပြီကို အောက်မေ့တော့တာ။ ဒါပေမယ့် အဘရယ်၊ ကျုပ် ကလည်း ငလန်း ဗျ။ ပထမ တစ်ချက်နှစ်ချက်ပဲ အလစ်မို့ ခံလိုက်ရတာပါ။ သတိရတာနဲ့ ကျုပ်က အပူးကို မခံတော့ တာ။ ခွာပြီး လင်းကင်းနဲ့ ဆီးခုတ်တာပေါ့။ ဘာရမလဲ"
ကျီးဝိုင်းရွက်တွေ က အဆင်သင့်။ တဲကလေးရဲ့ဘေးမှာ တင်ရှိတာဆိုတော့ အဘဖုန်းက မြန်မြန်ခူး ပြီး ငလန်း ကိုယ်ပေါ်ကို အရည်ညှစ်ချပေးတယ်။ အလွန်အရည်ရွှန်းတဲ့အမျိုးပဲ။ တော်တော်လည်း အေး တယ်။ နောက် ဘာဓာတ်ပါသလဲ မပြောတတ်ဘူး သွေးတိတ် သိပ်မြန်တယ်။
" ကျုပ် ဒီကောင်ကြီးရဲ့နှာနုကို ၂ ချက်မိလိုက်တာ ကံကောင်းတာပဲ။ အဲဒီလိုလည်းထိပြီးရော ဒီကောင်ကြီး မူးပြီး ပြာ သွားပြီလေ။
ကျုပ်လည်း လည်ပင်းကိုချည်း ဖိခုတ်တော့တာ။ ဟား .. ဟား .. ဟား"
အဘဖုန်းက အချိန်ကို မဖြုန်းဘူး။ ကျီးဝိုင်းရွက်ရည်တွေကြောင့် ငလန်းရဲ့ဒဏ်ရာ သွေးတိတ်တာနဲ့ ဂဋ္ဌုန်လက်သည်းရွက်တွေခူးပြီး ငလန်းရဲ့ဒဏ်ရာတွေပေါ်ကို အရည်တွေ ညှစ်ပြန်တယ်။ ဒါက ၀က်ဝံ ကုတ်ထားတဲ့ ဒဏ်ရာတွေကို မရင်းအောင်လုပ်တာလေ။ ပြီးတော့မှ တဲကလေးထဲကို ၀င်သွားပြန်တယ်။ အနာတွေပြင်းတဲ့အရှိန်နဲ့ အဖျားဝင်မလာအောင် ဆောင်ထားတဲ့ ငန်းဆေးလေးတော့ တိုက်လိုက်ဦးမှ။ ရွာကိုပြန်ရောက်ဖို့ ဆိုတာ နောက်ထပ် အတော်လျှောက်ရဦးမှာ။ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ မလွယ် လိုက်တာ။ အဘဖုန်းက အပိုတွေမပြော။ လုပ်စရာရှိတာတွေကိုသာ ဇယ် ဆက်သလို တောက်လျှောက်လုပ်တယ်။
ငလန်းကတော့ ဒဏ်ရာတွေဆေးထည့်လို့နာတဲ့ကြားက ပြောနေတာပဲ။
" သိပ်ကောက်ကျစ်တဲ့ အကောင်ကြီး အဘရ။ ကျုပ်ကို စောင့်ပြီး ခုန်အုပ်တာတောင် ကျုပ် ဘယ်လိုမှ မမျှော်လင့် တဲ့နေရာကပုန်းပြီး ထွက်ကုတ်တာဗျ။ ကျုပ် ခု ... ရထားတဲ့ဒဏ်ရာတွေဟာ ဒီကောင်ကြီးရဲ့ ၂ ချက်ပုတ် ပဲ ရှိတယ်။ ၃ ချက်ဆိုရင် ကျုပ် အသေပဲ။ ကျုပ် မလွယ်တော့ဘူး။ ကျုပ်ကလည်း ဒင်းနှာနုကို မိလိုက်တာ နဲ့ တစ်ချက်ကလေးမှကို မညှာတော့တာ။ နောက်ဆုံး သူ့ခေါင်းပြတ် ထွက်သွားတဲ့အထိ ဆက်တိုက် ခုတ်တာလေ။ နို့မို့ မလွယ်ဘူးဗျာ၊ နော ... "
အဘဖုန်းက ရေတစ်ခွက်ခပ်လာပြီး မန်းဆေးကို တိုက်တယ်။
" ဒီဒဏ်ရာတွေအရှိန်နဲ့ဆိုရင် မင်း ရွာပြန်မရောက်ခင်ကို အဖျားဝင်လာနိုင်တယ် လူလေးရဲ့။ သေက် ... သောက်လိုက်။ ရေတွေကို အကုန်သောက်လိုက်။ ရော့ ... ထပ်သောက်လိုက်ဦး။ ရေကလည်း ဆေးပဲကွ"
ရေတွေ တော်တော်များများ သောက်ဖို့လိုမှန်း ငလန်းလည်း သိတယ်။ သူ သိပ်ပင်ပန်း လာတယ်။ ချွေးထွက် သိပ်များနေတယ်။ သွေးထွက်လည်း လွန်နေတယ်။
မောတာကတော့ မပြောနဲ့တော့။ ဒါပေမယ့် ၀က်ဝံကို သေအောင် သတ်နိုင်ခဲ့ပြီး အောင်သေအောင်သား စားရ လို့ ၀မ်းသာလုံးဆို့နေလို့ခံသာတာ။
" ကျုပ်က ဒင်းခြေရာကို ကောက်မိပြီဆိုကတည်းက သိတယ်။ ဒင်း ဘယ်လောက် ထိ ကောက်ကျစ် နိုင်တယ်ဆိုတာ၊ ဒေါသ ဘယ်လောက်ကြီးတယ်ဆိုတာ၊ လက်သည်းတွေ ဘယ်လောက် ထက်တယ် ဆိုတာ၊ အကိုက်ကလည်း သိပ်သန်တယ်၊ လက်ညှိုးလောက်ရှိတဲ့ သစ်တိုကိုင်းကိုများ ဒေါသနဲ့ ကိုက်ထားတာ တိခနဲ ပြတ်နေတယ်။ ပြောလို့သာပြောတာပါ။ ကျုပ်က လည်းအလွန်ဒေါသကြီးတဲ့ကောင်ပါပဲ အဘရာ ... ဒီနှစ် ကောင်တွေ့ကြတော့ ပွဲကကြမ်းတော့တာပေါ့"
အဘဖုန်းက ဗူးတောင်နဲ့ထည့်ထားတဲ့ရေကိုပါ လမ်းမှာသောက်ဖို့ ထည့်ပေးရင်း -
" ကဲ ... ဖိုးလန်း၊ မင်း သွားတော့။ ဟောဒီမှာ လမ်းမှာသောက်ဖို့ရေ၊ တောက်လျှောက်လည်း မသွားနဲ့။ မကြာမကြာ နားပေး။ ဆက်တိုက်သွားရင် သိပ်ပန်းသွားမယ်။ နားနားနေနေ သွား၊ ရေသောက် လည်းမပျင်းနဲ့။ မကြာမကြာ သောက်သောက်ပေး။ ဒစ်ရာတွေကလည်း ပြန်ပြီးသွေးထွက်မလာစေနဲ့။ ကြား လား ... ကဲ ... သွားတော့၊ ပြန်တော့"
ငလန်းဟာ မုဆိုးတစ်ယောက်ပီပီ ကြမ်းတမ်းခက်ထန်တယ်။ ဒါလောက်တောင် ဒဏ်ရာတွေနဲ့ စုတ်ပြတ်ပြီး ပင်ပန်းနေတဲ့ကြားက အောင်သေအောင်သား ၀က်ဝံခေါင်းပြတ်ကြီးကို ဆက်ထမ်းသွားတယ်။ သူ့စိတ်ကူး ထဲမှာ အဘဖုန်းက ဘယ်လိုပဲ နားဖို့ ပြောပြော ရွာကို ရောက်ရင် နားဖို့မရှိဘူး။ သူကြီးအိမ်ကို တန်းသွားမယ်၊ ရွာကိုဝင်ရင် မြောက်ဖျားက ၀င်ရမယ်။ သူကြီးအိမ်က တောင်ဖျားမှာ။ ရွာတစ်နံတစ်လျားကို ၀က်ဝံခေါင်းပြတ်ကြီးထမ်းရင်း ဖြတ်ရမယ်။ တစ်ရွာလုံး ကြည့်လိုက်ကြမစမ်း။ မေးလိုက်ကြမယ့် မေးခွန်းတွေ။ ဘယ်ကောင် ကိုမှ မဖြေဘူး။
သူကြီးအိမ်ကျတော့မှ အားလုံးကို တစ်ချိန်တည်း ပြောပြ ရမယ်။ ဒွေးလေးလုံးတင် တို့အိမ်ရှေ့ကဖြတ်ရင် သိန်းနွဲ့ ထွက်ကြည့်နေ မှာတော့ သေချာတယ်။ သူကြီး အိမ်မှာ ၀က်ဝံခေါင်းပြတ်ကြီးကို ချပြရမယ်။ တစ်ရွာလုံးကြည့်ကြစမ်း။ ငလန်း တူမီးနဲ့ပစ်လာတာ မဟုတ်ဘူး။ လင်းကင်းဓားနဲ့ အပြတ် ဘယ်လို ခုတ်လာတယ်ဆိုတာကို ရှင်းပြရမယ်။ တစ်ကိုယ်လုံး ဒဏ်ရာတွေကို ကြည့် လိုက်ကြစမ်း။ ငလန်းမဟုတ်ရင် ရွာထဲက ဘယ်ကောင်ကိုပဲဖြစ်ဖြစ် ကပ်နဲ့ထမ်းသယ်မှ တောထဲကနေ ရွာ ပြန်ရောက်နိုင်ကြမယ်။ အဘဖုန်း က ရွာကို နားနားနေနေပြန်ဖို့ ရောက်တာနဲ့ ချက်ချင်း အနားယူဖို့ ဘယ်လိုပဲ မှာလိုက်ပေမယ့် ငလန်း မြန်မြန် သွားတယ်။ အိမ်ကိုလည်း တန်းပြန်မှာ မဟုတ်ဘူး။ သူကြီးအိမ်ကို သွားမယ်။ တစ်ရွာလုံး ငလန်းဟာ ဘယ်လိုမုဆိုးမျိုးလဲဆိုတာ ကောင်းကောင်းသိစေရမယ်။
အဘဖုန်း ရဲ့ သစ်ခက်တဲကလေးက ငလန်း ထွက်ခ့လို့ ခြေလှမ်း ၁၀ လှမ်းမပြည့်ခင်မှာပဲ သူတော်စင်ကြီး ဟာ နံနက် စာကလေးစားဖို့ကိုတောင် ဆက်မကြိုးပမ်းတော့ဘဲ ကွပ်ပျစ်ပေါ်မှာ ပြန်ထိုင်ပြီး တခြား အာရုံကြမ်းတွေ မ၀င်နိုင်အောင် ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းနေလိုက်တယ်...။
("မှန်" ၀တ္ထုကြီးထဲက စ-လယ်-ဆုံး ပြည့်စုံတဲ့ သီးခြားဝတ္ထုငယ်တစ်ပုဒ်ဖြစ်ပါတယ်။)
နိုဝင်ဘာ ၂၈၊ ၂၀၀၆
သီးခြားတပုဒ်ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com1tag:blogger.com,1999:blog-3747304422565905705.post-38485515955927174212013-08-04T05:26:00.000-05:002013-08-04T05:26:33.259-05:00ဆရာကိုပိုက် ရဲ့ နပွေးနီ - ပလုံတွီ နဲ့ ရွှေစင်ဦး ရဲ့ ခံစားချက်
အခုတလော ဖတ်ဖြစ်တဲ့ စာအုပ်တွေ ထဲမှာ ဆရာကိုပိုက် ရဲ့ နပွေးနီ - ပလုံတွီ
ဆိုတဲ့ စာအုပ်ကလေး ပါလာပါတယ် .. နပွေးနီ ဆိုတာ ချင်းလို ကျေးဇူးတင်ပါတယ်
ဆိုတဲ့ နှုတ်ဆက်စကား ဖြစ်ပြီး ပလုံတွီ ဆိုတာ ကတော့ တောင်ပို့ရေ လို့
အဓိပ္ပါယ် ရပါတယ် ... ယောနယ် ရဲ့ မြောက်အဖျားဆုံး မှာ ရှိတဲ့ အင်မတန်ခေါင်
တဲ့ ချင်းလူမျိုးများသာ အများဆုံး နေထိုင်ကြတဲ့ ရွာလေး ဖြစ်ပါတယ် ... ဆရာ
ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ များကို ရေးသားထားပါတယ် ...
ရွာလေး
ဟာ အိမ်ခြေအနည်းငယ်သာရှိပြီး ... သွားရေးလာရေး ခက်ခဲလှတဲ့အတွက် ....
ခေတ်နောက် ကျနေပြီး ရိုးရာ ယဉ်ကျေးမှု့များ အတိုင်းနေထိုင်
စားသောက်ဆဲဖြစ်ပါတယ် ... ဘာသာတရား ကိုးကွယ် မှု့ အနေ နဲ့ ခရစ်စယာန် ..
ဗုဒ္ဓသာသာ ကိုးကွယ်မှု့များ မျှမျှတတ ရှိပေမဲ့ ... အဓိက ကိုးကွယ်မှု့ ကတော့
နတ်ကိုးကွယ်မှု့ ဘဲဖြစ်ပါတယ် ...
ဆရာတို့ ရွာလေး ကို
ရောက်သွားတော့ တအိမ်တနပ် ထမင်းဖိတ်ကျွေးကြပါတယ်တဲ့ ... ထမင်းမစားခင်
ဧည့်သည် နဲ့ အိမ်ရှင် အပြန်အလှန် ခေါင်ရည် တိုက်ကျွေးရပုံများကို ဖတ်ရတဲ့
အခါ တံတွေး မြို့ချ မိသလို့ ရွှေစင်ဦး ဖေဖေ နဲ့ (ဖေဖေတပုလင်း ..
ရွှေစင်ဦး တပုလင်း) သောက်ခဲ့ရတဲ့ ကချင်ပြည်နယ် က ခေါင်ရည်လေး ကို
လွမ်းမိသွားတယ်.... ထမင်းစားတဲ့ အချိန်မှာတော့ အိမ်ရှင် နယ်ထားတဲ့
ထမင်းနဲ့ ဟင်း ကို လက်နဲ့ ခွံကျွေးတာ ကို စားပြီးမှ ကိုယ်ဘာသာ
ဆက်စားရပါသတဲ့ ...
ဟင်းချက်ပုံကတော့ ဆီမပါ အမွှေးအကြိုင်
မပါတဲ့ .. နွားနောက်သား .. တောဝက်သား ပြုတ်များ ကို ချင်းရိုးရာ အတိုင်း
စေတနာ အပြည့်နဲ့ ချက်ကျွေးပါသတဲ့... ကျောင်းထိုင် ဘုန်းကြီးလေး ကတော့
ဒကာကြီးတို့ မစားနိုင်ကြရင် လည်း ကျွေးတဲ့ သူတွေ ကျေနပ်အောင်
နည်းနည်းစားခဲ့ကြ... ကျောင်းမှာ ကပ္ပိယကြီး (ရွာကျောင်းဆရာလေး) ကို
ပိုချက်ခိုင်းထားမယ် ... ကျောင်းရောက် မှ သာ အ၀ စားကြ လို့ ပြောတဲ့ အတွက်
ဆရာကိုပိုက် တို့ သက်သာရာ ရသွားပုံ ဖတ်ရပါတယ် ....
ကျောင်းဆရာလေး
ဆိုတာကလည်း စာသင်တန်းတခန်းမှာ လေး .. ငါး .. ဆယ်ယောက်သာ ရှိတဲ့ မူလ
တန်းကျောင်းလေး က နှစ်ဦးတည်းသော ဆရာထဲက တဦးသာဖြစ်ပါတယ် .. ကျောင်းသား က
နဲ ရတဲ့ အထဲ ကျောင်းထွက် ချင်နေကြတဲ့ ကလေး များကို ခက်ခက်ခဲခဲ စာသင်ပေးနေရ
ပါတယ် ... ဆရာလေး ကတော့ စာမဖတ် တဲ့ အတွက် ဗဟုသုတ မရှိ ... ဗဟုသုတ
မရှိတဲ့ အတွက် တိုးတက်မှု့ မရှာနှိုင် ဆိုပြီး ဒီရွာလေး မှာ စာကြည့်တိုက်လေး
တခု ဖွင့်ဖို့ ကျိုးစားနေရှာပြီး ... စာကြည်တိုက် မရှိခင်ကြားထဲမှာ
သူတတ်နိုင် သလောက် ကလေးများ အကျိုးရှိအောင်... သဘောပေါက်လွယ်အောင်
စာတမ်းငယ်များရေး သား ပြီး.. ကျိုးစား သင်ကြားနေတဲ့ အကြောင်း ဖတ်ရတော့
စိတ်မကောင်းဖြစ်မိပါတယ် ...
ကျောင်းထိုင် ဘုန်းကြီးလေး
မှာလည်း အနေအစား ဆင်းရဲ လှပါတယ် .... သာသနာ ပြုရာမှာလည်း ရွာသား များ ဟာ
နတ်ကိုသာ အဓိက ကိုးကွယ်နေကြတဲ့ အတွက် ဗုဒ္ဓဘာသာများ ရှိပေမဲ့
အတော်ခဲယဉ်းမဲ့ ပုံရှိပါတယ် ... ရွာသားတချို့ ရဲ့ ခံယူချက်တချို့
ကိုဖော်ပြရရင် ... ပလုံတွီ ရွာလေး ရဲ့ သူကြီး ဟာ ချင်းလူမျိုး ဗုဒ္ဓဘာသာ
ဖြစ်ပါတယ် ... ဒါပေမဲ့ တောလိုက်ခါနီးမှာ သူပြောသွားတဲ့ စကားအရ
ဘုရားကိုးကွယ်နေလို့ ဘုရား က သားကောင်ရအောင် မပေးဘူး နတ်ကမှ
ထမင်းစားဖို့သားကောင် ရအောင် ပေးတာ လို့ ပြောတဲ့ အတွက် သူတို့ သဘောထားကို
မှန်းဆ နိုင်ပါတယ် ... ရွာသားများ အားလုံးနီးပါး တောင်ယာ စိုက်ပျိုးပြီး
... မုဆိုး အလုပ်နဲ့ အသက်မွေးကြပါတယ် ... အိမ်တိုင်းစေ့ တူမီးသေနပ်ကိုယ်စီ
ရှိကြပါတယ် ... တနေ့တခြား တောများလည်း ပြုန်းလာတဲ့ အတွက် တောကောင်လည်း
ရှားသွားတဲ့ အတွက် ရွာသားများ ရဲ့ အသက်မွေး မှု့ ဟာ ပိုပြီး ခက်ခဲလာကြပါတယ်
ဘာအရေးကိစ္စဘဲ ရှိရှိ နတ်ဆရာများကိုသာ
မေးမြန်းဆောင်ရွက်ကြပြီး နတ်ဆရာခိုင်းတဲ့ အတိုင်း နွားနောက် .. ကြက်များ
နဲ့ ယာဇ် ပူဇော် ပသမှု့များလုပ်ကြပါတယ် ... ဆရာကိုပိုက် တို့ လေ့လာ ခဲ့တဲ့
နတ်ဆရာ ဟောတဲ့ ကြက်ဥ ဗေဒင် ရဲ့ တိုက်တိုက်ဆိုင်ဆိုင် မှန်ကန်ပုံများ
ကိုလည်း စိတ်ဝင်စားစရာ ဖတ်ရပါတယ် ... ဒီလို နတ်ဆရာမျိုး နဲ့
ငွေကြေးတောင့်တင်း ချမ်းသာတဲ့ သာသနာပြု ခရစ်စယာန် ဘုန်းကြီးများ ကြားထဲမှာ
ကျောင်းထိုင်လုပ်နေတဲ့ ရွှေစင်ဦး တို့ ရဲ့ ဗုဒ္ဒဘာသာ
သာသနာပြုဘုန်းဘုန်းလေး ဘယ်လိုများနေပါလိမ့်လို့ စဉ်းစားမိတယ် ..
သူတတ်နိုင်တဲ့ဘက်က
ဆေးဝါးများ အစားအစာများ နဲ့ ပေးကျွေးပြီးတော့ ... တရားတော် များ ကို
နားဝင် သလောက် ဟောကြားနေပြီး .. ကျောင်းကလေး မှာ ခွင့်ယူထားတဲ့ ဆရာတယောက်
ရှိရင် သူ့ကိုယ်စား ကလေး များကို စာသင်ပေးနေရင်း .... တတ်နိုင်သလောက်
သာသနာပြုနေကြောင်း ဖတ်ရပါတယ် ... အသက်သုံးဆယ် သာ ရှိတဲ့ ဘုန်းဘုန်း က
မန္တလေးသာသနာ့ တက္ကသိုလ် က ကျောင်းပြီးခဲ့တဲ့ ဦးကောသလ္လ ခေါ် ဦးဓနု B.A
(ဗုဒ္ဓ) ဖြစ်ပြီး ... ရွှေစင်ဦး တို့နဲ့ သိကျွမ်းတဲ့ ဘုန်းဘုန်း
ဖြစ်နေကြောင်း သိလိုက်ရ တဲ့ အတွက် အလွန်ဝမ်းသာသွားပါတယ် .... ဘုန်းဘုန်း
ဖုန်းနံပါတ် လည်း ရှိတဲ့ အတွက် စာအုပ်ဖတ်ပြီးပြီးခြင်း ဖုန်းလှမ်းဆက် ပါတယ်
... ဘုန်းဘုန်း နဲ့ စကားပြောခွင့် ရပါတယ် ...
သူတော်ကောင်းပီပီ
သူ့အတွက် ဘာမှ မပြော - ဒကာမကြီး တို့ နေထိုင်ကောင်းကြလားလို့ သာ မေးမြန်း
ပါတယ် .... ဘာလိုလည်း ဆိုတာကို မေးမရခဲ့ပါဘူး ... ဒါနဲ့ စာအုပ်ထဲဖတ်ရတဲ့
အတိုင်း ဆေးတွေ ဘာတွေတော့ လိုမယ်ထင်တယ်လို့ ပြောမှ ....
ဝမ်းကိုက်ပျောက်ဆေး နဲ့ ငှက်ဖျားဆေး တော့ လိုတယ်တဲ့ ... မိုး က အဆက်မပြတ်
ရွာနေတော့ ရွာက လူတွေ ၀မ်းကိုက် ပြီး ငှက်ဖျား ဖြစ်တာ များနေကြသတဲ့ ...
ဒါနဲ့
ရွှေစင်ဦး လည်း ပခုက္ကူမှာ ရှိနေတဲ့ ညီမအငယ် (ဆန်ဆိုင်) က တဆင့်
ကားလမ်းပေါက်တဲ့ ထီးလင်း ထိ ယောထိပ်တန်း ကားနဲ့ .... ဆန်နဲ့ ဆေးဝါး များ
ကို ပေးပို့လှူဒါန်း ခဲ့ပါတယ် ... ဒီနေ့ ဖုန်းဆက်တော့ ဘုန်းဘုန်း စီကို
ရောက်ပါပြီတဲ့ ... တရွာလုံး မှာ ဆိုင်ကယ်ငါးစီး သာ ရှိပါတယ် ... မိုးပါး
တဲ့ နေ့ကြမှ ကားဂိတ် ရှိတဲ့ မြို့လေး ကို ဆိုင်ကယ် နဲ့ သွားပြီး
ယူရပါတယ်တဲ့ ... ကားလမ်း က အခုမှ ဖောက်ဆဲ ဘဲ ဖြစ်ပါတယ် ... ဆရာကိုပိုက်
တို့ သွားတဲ့ အချိန် ကတော့ ချောက်ကမ်းပါး ဘေးမှာ ရှိတဲ့ ဆိုင်ကယ်လမ်း
ကျဉ်းကျဉ်းလေး က တဆင့် ခက်ခက်ခဲခဲ သွားခဲ့ ရ တယ် လို့ ဖတ်ရပါတယ် ...
အမှန်တော့
ဒီစာလေး ကို ရေးဖို့ အစီအစဉ် မရှိပါဘူး ... ဖေစ်ဘွတ်ခ် ထဲမှာ ရှိတဲ့  သော့ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းလေး ကို ဖတ်ရတော့ မှ ရေးချင်စိတ်ပေါ်လာတာ
နဲ့ ရေးဖြစ်သွားပါတယ်
သာသနာ
အရှည်တည်တန့် ရေး အတွက် မထင်ရှားတဲ့ နေရာလေး မှာ လူသူမသိ .. ဆင်းရဲ
ဒုက္ခရောက်စွာ သာသနာပြုနေကြတဲ့ ... ပြုခဲ့ကြတဲ့ အရှင်ဘုရား များ အား
ရိုသေစွာ ရှစ်ခိုးပူဇော် ပါ၏ ...
လေးစားစွာဖြင့်
ရွှေစင်ဦး
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-59047833654833205392013-08-03T23:10:00.000-05:002013-08-03T23:10:04.483-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၇)
ပတ္တမြားလက်စွပ်
ကိုယ်ကမိန်းမချောရဲ့ မျက်နှာကိုမကြည့်ဖြစ်ပေမယ့်
သူ့ဘယ်ဘက်လက်ကိုတော့ ခါးဆီ ပေါင်ဆီမှာမို့
အမှတ်မဲ့ ငဲ့စောင်းကြည့်မိတယ်။
စိတ်ထဲမှာ ထိတ်ခနဲဖြစ်သွားတယ်။
အချိန်ကိုကြည့်လိုက်တော့ ရှစ်နာရီဆယ့်ငါးမိနစ်ပဲ ရှိသေးတယ်။ ကိစ္စမရှိဘူး။
ဗာဒံပင်လေးအောက်က အုတ်ခုံမှာထိုင်ရင်း စာင့်ရတော့မှာပဲ။
န၀ရတ်တိုက်ကြီးရဲ့ အောက်ထပ်တံခါးတွေကလည်း ပိတ်ထားတုန်းပဲရှိသေးတယ်။ ကား ကို ပြန်လွှတ် လိုက်မယ်။ ကလေးတွေ ကျောင်းပို့ပြီးမှ တစ်ခါတည်း ၀င်ကြိုတော့လို့မှာလိုက်ရတယ်။
ဗာဒံပင်ကလေးဆီကို လျှောက်လာတော့ အဲဒီဗာဒံပင် ကလေးအောက်မှာပဲ ဆလုံးကားလှလှလေး တစ်စီး ညင်ညင် သာသာ ထိုးရပ်လိုက်တာကို တွေ့ရတယ်။ ကားပေါ်က မိန်းမချောတစ်ယောက် ဆင်းလာ တယ်။
အသက်ကတော့ သုံးဆယ်ဝန်းကျင်လောက်ရှိပြီထင်ရတယ်။ ဆလွန်းကားကလေး ထွက်သွားတော့ အဲဒီမိန်းမချော က ဗာဒံပင်အောက်မှာရပ်ရင်း တောင်မြောက်ဝဲယာကို ကြည့်ရင်း အကဲခတ်ရင်း ကျန်ရစ် တယ်။
အောက်ဆုံးထပ် တံခါးမဖွင့်သေးတဲ့ န၀ရတ်တိုက်ကြီးကိုလည်း ကြည့်တယ်။
သြော် ... တိုက်တိုက်ဆိုင်ဆိုင်ပါပဲလား။ သူလည်း ဒီန၀ရတ်တိုက်ကိုလာတာပဲ။ စောနေသေးလို့ ကားကို ပြန်လွှတ် လိုက်ပြီး ဒီဗာဒံပင်အောက်က ရပ်စောင့်ဖို့ စဉ်းစားပုံချင်းလည်း တူနေပုံရတယ်။
သူက ဗာဒံပင်ရဲ့ မြောက်ဘက်မှာ ရပ်နေတယ်။ အဲဒီတော့ ကိုယ်ကလည်း ဗာဒံပင်ရဲ့ တောင်ဘက် အုတ်ခုံစွန်းမှာ ၀င်ထိုင်လိုက်ရတယ်။ အင်း ... သူကလည်း ကိုယ့်ကို လှမ်းကြည့်ပြီး အကဲခတ်ရင်း ကိုယ့် လိုပဲ တွေးမိပုံရတယ်။ ထားပါ။ ကျောင်းဆရာမတစ်ယောက်နဲ့တူပါတယ်။
ကိုယ်လိုပဲ အိမ်ထောင်ရှိသလား၊ မရှိသလားဆိုတာတော့ မသေချာဘူး။
အမှတ်တမဲ့ ကြည့်ရတာတော့ အပျိုကြီးဖြစ်ဖို့များတယ်။ ကဲ..ကဲ..ကဲ..ဘာပဲဖြစ်ဖြစ် သိပ်ကြည့် လို့ တော့ မကောင်းဘူး။ သူ အနေအထိုင်ခက်နေလိမ့်မယ်။ ဘာသိဘာသာပဲ နေလိုက်တာ ကောင်းပါတယ်။
သူ့ကိုမကြည့်ဘဲနေလိုက်ပေမယ့် သူ့အကြောင်းတော့ နည်းနည်းဆက်တွေးနေမိသေးတယ်။ ဒီတိုက်ကို လာတယ် ဆိုတော့ ဘာကိစ္စများပါလိမ့်။
ဒီတိုက်အောက်ထပ်မှာက တော်တော် ကျယ်တယ်။ တစ်ပိုင်းမှာ နိုင်ငံခြားလေယာဉ်ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ် ရုံးခန်းရှိတယ်။
ပြီးတော့ ဆေးခန်းတစ်ခုလည်းရှိတယ်။ အရေပြားနဲ့ ပတ်သက် တဲ့ ရောဂါပါရဂူ ဆရာဝန်ကြီးတစ် ယောက်ထိုင်တယ်။ နောက်ပိုင်းမှာတော့ အိမ်ရှင်နေတဲ့ အခန်းကျယ်ကြီးတွေ လည်း ရှိသေးတယ်။
အဲဒီအိမ်ရှင်တွေကပဲ သတင်းစာမှာ ကြော်ငြာထည့်ပြီး စန္ဒရားဆရာအလိုရှိတဲ့အကြောင်း ကြေညာ ထားတယ်လေ။
နေဦး။ ကိုယ်က ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီး သူ့ကို(မိန်းမချော) မကြည့်ဘဲနေပေမယ့် သူကများ ကိုယ့်ကိုကြည့်နေလေမလား၊ အကဲခတ်နေလေမလားလို့လည်း တွေးမိသေးတယ်။ ကိုယ့်ဟာကိုယ်တောင် အမှတ်တမဲ့ ပြုံးလိုက်မိသေးတယ်။
ဘေးလူတွေ မြင်သွားရင်တော့ ဘာထင်ကြမလဲပဲ။ တစ်ယောက်တည်း ပြုံးနေတယ်ဆိုတော့ ၀မ်းတွင်းရူး လို့ ထင်သွားကြမလားပဲ။ ဒါပေမယ့် လမ်းပေါ်မှာ လူအသွားအလာက တော်တော်နည်းနေသေး လို့တော်သေး တယ်။
လိုအပ်တာထက်ပိုပြီး ဆူဆူညံညံ ဒုံးဒုံးဒိုင်းဒိုင်းနဲ့ ဘတ်စ်ကားကြီးတစ်စင်း လမ်းတစ်ဖက်ကမှတ်တိုင်မှာ ထိုးဆိုက်လာတယ်။ ပုံကြည့်ရတာ ခရီးသည်တော်တော်များများ ဝေါခနဲ ဆင်းလာကြမယ့်ပုံပဲ။
ဒါပေမယ့် ဘတ်စ်ကား ချက်ချင်းဆိုသလို ပြန်ထွက်သွားတော့ ခရီးသည်တစ်ယောက်ဲ ဆင်းတာ ကို တွေ့ရတယ်။
တော်တော် သတိဝီရိယလွန်ကဲတဲ့လူ ဖြစ်ပုံရတယ်။ အတော်ကြီးကို အသွားအလာ ကျဲတဲ့ လမ်းကို ဖြတ်မကူးခင် ဘယ်ကြည့်ညာကြည့်၊ ဘယ်ပြန်ကြည့်ဆိုတာတွေဘာတွ လုပ်လိုက်သေးတယ်။
ပြီးတော့မှ ခပ်သုတ်သုတ် လမ်းကို ဖြတ်ကူးလိုက်တယ်။ ဒီဘက်ရောက်လာတော့မှ ခြေလှမ်းတုံ့ သွားတယ်။ န၀ရတ်တိုက်ကြီး အောက်ထပ်တံခါးတွေ မဖွင့်သေးတာကို သတိထားမိသွားပုံရတယ်။ အင်း ... သူလည်း ဒီတိုက်အောက်ထပ်မှာ ကိစ္စရှိလို့လာတဲ့လူပဲကိုး။
သူကတော့ ဗာဒံပင်အောက်ကိုမလာဘဲ ပလက်ဖောင်းထိပ်မှာပဲရပ်ပြီး နာရီကြည့်လိုက်၊ တိုက်ကို ကြည့်လိုက် နဲ့ လုပ်နေတယ်။ သူ့လိုလူနှစ်ယောက် ဗာဒံပင်အောက်မှာ ရှိနေတယ်ဆိုတာ သိပုံမရဘူး။ စဉ်းစားမိပုံ လည်းမရဘူး။ သူ့ကိစ္စသူ စိတ်ဝင်စားတတ်တဲ့အကျင့်ရှိပုံရတယ်။
အဲဒီအချိန် မှာ သတိမေ့ပြီး ဟိုမိန်းမချောကို ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသေးတယ်။ တော်သေးတာ ပေါ့။ သူက ကိုယ်ကို ကြည့်မနေလို့။
သူကလည်း ကြည့်နေတယ်ဆိုရင် သိတယ်မဟုတ်လား။ အကြည့်ချင်းဆုံသွားတာတို့၊ မျက်လုံးချင်း ဆုံသွားတာတို့ဆိုတာမျိုးတွေ ရှုပ်ကုန်နိုင်တယ်။ ကိုယ်က အဲလိုမျိုးမှမဟုတ်ဘဲ။
ဟောဗျာ ... ဒုက္ခပဲ။ မိုးဖွဲ့လေးကျလာပြီ။ ဘယ်လိုလုပ်ကြမလဲ။ ဗာဒံပင်အောက်ဆိုပေမယ့် လုံလုံ လဲ လဲတော့ မဟုတ်ဘူး။ အပင်က သေးတယ်။ အကိုင်းကျဲတယ်။
သုံးယောက်သား ညှိစရာ၊ တိုင်ပင်စရာတောင် မလိုဘူး။ န၀ရတ်တိုက်ရှေ့က ဆင်ဝင်ပေါက် ကလေးအောက်ကို ပြေးဝင်ကြရတယ်။ နေရာက သိပ်ကျယ်ကျယ်ဝန်းဝန်း ရှိလှတာမဟုတ်ဘူး။
သုံးယောက်သား တစ်ယောက်နဲ့တစ်ယောက် နှစ်ပေစီလောက်ခြားပြီး ရပ်မိကြတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် မိတ်ဆက်စကား မေးလားမြန်းလား မလုပ်မိကြဘူး။ ဒီလိုပဲ။
မိုးရေမိုးပေါက်တွေ ကျလာတာကို အကဲခတ်လိုက်၊ ခေါင်းပေါ်၊ ပါးပေါ်၊ အ၀တ်ပေါ် က ရေစက်ရေ ပျောက်တွေကို ခါလိုက်၊ ပွတ်သပ်ချလိုက်ဆိုတာမျိုးတွေပဲ လုပ်နေမိကြတယ်။
မိန်းမချောက အလယ်မှာ နေရာယူမိလျက်သားဖြစ်နေတယ်။ သူကလည်း ဘယ်သူ့မျက်နှာကိုမှ မကြည့် မိအောင် ပြေပြေပြစ်ပြစ်နဲ့ ဟန်လုပ်နေနိုင်ပါတယ်။ ဟိုလူလည်း လမ်းဘက်ကိုပဲ အကြည့်များတယ်။
ကိုယ်ကတော့ မိန်းမချောရဲ့မျက်နှာကို မကြည့်ဖြစ်ပေမယ့် သူ့ဘယ်ဘက်လက်ကိုတော့ ခါးဆီ၊ ပေါင်ဆီ မှာမို့ အမှတ်မဲ့ ငဲ့စောင်းကြည့်မိတယ်။ စိတ်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။
မိန်းမချောရဲ့ ဘယ်ဘက်လက် လက်သူကြွယ်မှာ ပတ္တမြားလက်စွပ်လှလှကလေးတစ်ကွင်း ၀တ် ထားတာ ကို တွေ့ရတယ်။
ပတ္တမြားလှလှကလေးတစ်ပွင့်ကို စိန်တွေဘာတွေ ဘာမှမရံဘဲ သူ့ချည်းသပ်သပ် တစ်ပွင့်တည်း ကွင်းထားတဲ့ လက်စွပ်ကလေးပဲ။
ကျွန်တော့်ရင်တွေ သိသိသာသာ ခုန်လာတယ်။ တစ်ချိန်တည်းမှာပဲ မိန်းမချောကိုကျော်ပြီး ဟိုဘက်ကလူရဲ့ လက်တွေကိုလည်း ကြည့်မိသွားတယ်။
အဲလို ကြည့်လိုက်မိတော့ စိတ်တွေပိုပြီး လှုပ်ရှားစရာဖြစ်ကုန်ပြန်တယ်။ အဲဒီလူက သူ့ရဲ့ညာဘက် လက်နဲ့ သူ့ အင်္ကျီအိတ် ထဲမှရှိတဲ့ မီးခြစ်ကို ထုတ်ယူတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်။
သူ့ညာဘက်လက်မှာ လက်သူကြွယ်ကလေးတစ်ချောင်းပြတ်နေတာပဲ။ သူ့ဘယ်ဘက်လက်က တော့ အကောင်း ပကတိပါပဲ။ သူ့လက်ချောင်းတွေဟာ သွယ်ပျောင်းရှည်လျားပြီး တော်တော်သပ်သပ်ရပ်ရပ် နဲ့ ကြည့်လို့ကောင်းတဲ့လက်ချောင်းတွေပါပဲ။ သူ့ညာဘက်လက်က လက်သူကြွယ်ကလေးပြတ်နေတာ တစ်ခု ဟာ တော်တော်ကြီး စိတ်မကျေနပ်စရာကြေကွဲစရာကောင်းပါတယ်။
ကိုယ့်အဖို့ ကတော့ မိန်းမချောရဲ့ ဘယ်ဘက်လက်၊ လက်သူကြွယ်က ပတ္တမြားလက်စွပ်ရယ် ထိုလူရဲ့ ညာဘက်လက်မှာ လက်သူကြွယ်ပြတ်နေတယ်ဆိုတဲ့အကြောင်းတွေဟာ အလွန် စိတ်လှုပ်ရှား စရာ ကောင်းတဲ့ တိုက်ဆိုင်မှုတွေပါပဲ။
ဘာပြုလို့လဲဆိုတော့ ကျုပ်ရဲ့ ဘယ်ဘက်လက်ရဲ့ လက်သူကြွယ်ပေါ် လက်စွပ်ဝတ်ရမယ့်နေရာမှာ နီရဲနေ တဲ့ အနာတစ်ခုရှိနေတယ်လေ။ သာမညရိုးရိုးအနာ မဟုတ်ဘူး။ ကိုယ့်ဘ၀မှာ တော်တော်ကြီးကို စိတ် အနှောင့်အယှက်ပေးခဲ့တဲ့အနာဖြစ်နေတယ်။ ဖြစ်နေတာမှ တော်တော်ကို ကြာခဲ့ပြီ။
ကျုပ် ခပ်ငယ်ငယ်လူပျိုပေါက်အရွယ်က ထူးထူးခြားခြား အိပ်မက်တစ်ခုကို လေးငါးဆယ်ခါ ဆက် တိုက်မက်ဖူးတယ်။
အိပ်မက်ထဲမှာ နေရာတွေ၊ ဒေသတွေ၊ အချိန်တွေသာ အပြောင်းအလဲရှိတယ်။ အကြောင်းအရာ တစ်ခု ကတော့ ထပ်ပြန်တလဲလဲ ပါလာတတ်တယ်။
အဲဒါက ဘာလဲဆိုတော့ ကျုပ်ရဲ့ ဘယ်ဘက်လက် လက်သူကြွယ်ပေါ်မှာ ပတ္တမြားလက်စွပ်ကလေး မျက်စိထဲ မှာ သိပ်လှနေတယ်။ သိပ်ကို စွဲစွဲလမ်းလမ်း ဖြစ်ခဲ့တယ်။
အိပ်ပျော်နေရာက နိုးလို့ အိပ်မက်မှန်းသိရတဲ့အခါ ကျုပ်ရင်ထဲမှာ အကြီးအကျယ် ဟာပြီး ကျန်ရစ် တတ်တယ်။
သာမန်အားဖြင့် ကျုပ် ငယ်ငယ်က လက်စွပ်ဝတ်ဖို့ လံးဝ ၀ါသနာမပါပါဘူး။ တကယ်ဆို ကျုပ်မိဘ များက အတော်အသင့်တော့ တတ်နိုင်ကြပါတယ်။ ဒါပေမယ့် ကျုပ်က ၀ါသနာမပါတော့ ဘာလက်စွပ်မှ ၀ယ် မပေးကြပါဘူး။ ခက်တာက ကျုပ် အိပ်မက်ထဲက ပတ္တမြားလက်စွပ်ကလေးမျိုးလည်း အပြင်မှာ ရှိမယ် လို့ ကျုပ် လုံးဝမထင်မိဘူး။
ဟိုနေရာ ဒီနေရာဆိုသလို ကြုံရင် ကြုံသလို ရှာဖွေကြည့်မိပါတယ်။ ကျုပ် အိပ်မက်ထဲမှာတွေ့တဲ့ ပတ္တမြားလက်စွပ်ကလေးကို လှတဲ့ပစ္စည်းမတွေ့မိတာတော့လည်း အမှန်ပဲ။
ဒီတုန်းက ကျုပ်မိဘများကိုလည်း တကူးတက နားပူနားဆာ မလုပ်မိပါဘူး။ ဘာပြုလို့လဲတော့ မပြော တတ်ဘူး။ အဲဒီလို ပူဆာလို့ရမယ့် ပတ္တမြားလက်စွပ်မျိုးကိုလည်း ကျုပ်မလိုချင်ပါဘူး။
ဒါပေမယ့် သိပ်ခက်နေတာက ခဏခဏ မက်မက်နေတဲ့ ပတ္တမြားလက်စွပ်အိပ်မက်တွေပဲ၊ ကျုပ် ပြောခဲ့သလိုပဲ နေရာဒေသတွေ၊ အချိန်ကာလတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ အကြောင်း အရာတွေသာ ပြောင်းပြောင်းသွားတယ်။
ကျုပ် ဘယ်ဘက်လက် လက်သူကြွယ်မှာတော့ ပတ္တမြားလက်စွပ်ကလေးက ရှိရှိနေတယ်။ အဲဒီ အိပ်မက် ကို မက်တိုင်း မက်တိုင်းလည်း ကျုပ်မှာ အဲဒီပတ္တမြားလက်စွပ်ကလေးကို မက်မက်စက်စက်ကြည့် မိ၊ စွဲလမ်း မိတာကတော့ အမြဲပဲ။
အိပ်မက်က နိုးနိုးလာတိုင်း မကျေမနပ်ဖြစ်ရတဲ့အဖြစ်က ပိုဆိုးဆိုးလာတယ်။
ဒါပေမယ့် အဲဒီအိပ်မက် တကယ်တမ်းအကောင်အထည်ပေါ်လာတဲ့နေ့မှာတော့ ပထမ ကျုပ် မပြုံးဘဲ ၀ါးလုံးကွဲရယ်လိုက်ချင်တယ်ဆိုတာလို ဖြစ်မိတယ်။ တစ်ညမှာ ပတ္တမြားလက်စွပ်အိပ်မက်ကို ခါတိုင်း ထက် အချိန်ကြာကြာမက်တယ်။ နောက် အိပ်ရာကနိုးလာတယ်။ မနက်မိုးစင်စင်လင်းနေပြီ။
ခါတိုင်းလိုပဲ ကျုပ်ရဲ့ ဘယ်ဘက်လက် လက်သူကြွယ်မှာ ကြည့်လိုက်တော့ နီရဲနေတဲ့ အနာကလေး တစ်လုံးပေါက်နေတာ တွေ့ရတယ။ ကဲ ကျုပ်ပြောသလို ရယ်စရာမကောင်းဘူးလား။
အဲဒါရယ်စရာမဟုတ်ဘူးခင်ဗျ။ အဲဒီအနားကလေးက ပေါက်ခါစမှာသာ နီနီရဲရဲကလေးနဲ့ ပတ္တမြား လက်စွပ် ကလေးကို ရသေ့စိတ်ဖြေ ကျေနပ်စရာဖြစ်ပေမယ့် နောက်ပိင်းကျတော့ အကြီးအက်ျ ယားယံလာ တယ်။
ပွတ်လို့မရ၊ ကုတ်လို့မရနဲ့ အခြေအနေက သိပ်ခံပြင်းစရာကောင်းတယ်။ အယားပျောက်အောင် စိတ်ရှိ လက်ရှိ ကုတ်ပစ်လိုက်ပြန်ရင်လည်း အနာပဲ့ထွက်သွားပြီး ပြဿနပိုကြီးလာမှာလည်း ကြောက်ရသေး တယ်။
အဲဒီအနီဖုကလေးရဲ့ ဘေးပတ်လယ်ကပတ်ပြီး အသာအယာ ပွတ်သပ်ကုတ်ပြန်တော့လည်း ယားတဲ့ယံတဲ့ဝေဒနာက မသက်သာဘူး ဖြစ်နေတယ်။
ပိုဆိုးတာက နောက်တစ်နေ့လည်းရောက်ရော ယားယံတဲ့အဆင့်ကကျော်ပြီး နာလာကိုက်လာ တယ်။ နောက်တော့ အကြီးအကျယ် နာတော့ကိုက်တော့တာပဲ။
အဲဒီကတည်းက ပြဿနာစလာလိုက်တာ ခုဆို တစ်နှစ်တောင် ကျော်လာပြီ။ ဆရာဝန်တွေလည်း စုံပြီ။ တိုင်းရင်းဆေးဆရာတွေလည်း များလှပြီ။ ဗေဒင်ယတြာကိစ္စရော၊ စုန်းတင်၊ နတ်တင်ဆိုတဲ့ကိစ္စရော အများကြီး ... အများကြီး လုပ်ခဲ့ပြီးပြီ။
ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကုရင် ပိုဆိုးလာတတ်တယ်။ မကုဘဲထားရင် ပျောက်တော့မပျောက်ဘူး။ ဒါပေမယ့် ကြီးမလာ၊ ကျယ်မလာဘူး။
အဲ ... ဟိုပတ္တမြားလက်စွပ်က ပတ္တမြားလေးအရွယ်လောက်မှာ တန့်ခံနေတတ်တယ်။
ဒီလိုနဲ့ပဲ ခုနောက်ပိုင်းမှာတော့ ကျုပ် ကုလည်းမကုရဲတော့ဘူး။ အလွန်ဆုံး ၀မ်းနုတ်ဆေးလေး ဘာ လေးစားပြီး တတ်နိုင်သမျှ သက်သာအောင်သာနေရတော့တာပဲ။
အဲလိုဆိုရင် အနာကလေးက ပတ္တမြားလက်စွပ်ကလေးဝတ်ထားသလိုပဲ နီရဲနေတယ်။ ကျုပ်မှာ အဲဒီပြဿနာနဲ့ ငိုရမလို ရယ်ရမလို ဖြစ်နေတာ ကြာပါပြီ။
အဲဒီတော့ မိန်းမချောရဲ့လက်က ပတ္တမြားလက်စွပ်ကိုမြင်မိတော့ ကျုပ်စိတ်ထဲမှာ ထိတ်ခနဲဖစ်သွား တာလွန်သလားဗျာ။
ကျုပ်က အဓိကအားဖြင့် လက်မှုပညာသည်တစ်ယောက်ပါ။ ကျုပ်လက်နှစ်ဖက်စလုံးရဲ့ သန်စွမ်း ကျန်းမာမှု၊ ကြံ့ခိုင်တည်ငြိမ်မှုဟာ အလွန်အရေးကြီးတယ်။ ကျုပ်လက်သူကြွယ်ပေါ်က အနာကြောင့် ကျုပ် အလုပ်အကိုင်မှာ အများကြီး အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ဘာလေးလုပ်လိုက်လုပ်လိုက် ဒီအနာက တစ်မှောင့်ဖြစ်နေ တယ်။
ဒီအနာကလေးရှိနေတဲ့အတွက် ကျုပ် လက်မှုပညာဟာ အထွတ်အထိပ်ရောက်နိုင်ဖို့ လုံးဝမဖြစ်နိုင် တော့တာဟာ ၀မ်းနည်းစရာပဲ။ ခဏခဏ တွေးတွေးပြီး ကြေကွဲဝမ်းနည်းရတဲ့အတွက် စိတ်ကူး စိတ်သန်း သိပ်ပျက်တယ်။ အကြံအစည်တွေလည်း ပျက်ပေါင်းများပြီ။ ကျုပ်ပြောသလို နည်းအမျိုးမျိုးနဲ့ ကု လာလည်း မပျောက်၊ ပိုတောင်ဆိုးလာတတ်သေးတယ်။
ဒီအတိုင်းထားလို့ကလည်း ပိုသာဆိုးမလာတယ်။ ပျောက်သါားသက်သာသွားတာကတော့လည်း မဟုတ်ပြန်။
ပတ်တီးတို့၊ ပလတ်စတာတို့၊ ဂွမ်းစတို့ စည်းထားပတ်ထားမရှိတဲ့အခါ ပတ္တမြားလက်စွပ်ကလေး ၀တ်ထားသလိုဖြစ်နေတဲ့ကိစ္စက ကျုပ် ဘ၀ကြီးတစ်ခုလုံးကို မထီတထီနဲ့ လှောင်ပြောင်နေတာလို ခံစားရ တယ်။
ဘာလိုလိုနဲ့ မိုးတောင်ပြန်တိတ်သွားပြီ။ ကားအသွားအလာ၊ လူသူအသွားအလာ လည်း တော် တော် စည်ကားလာပြီ။
ဟိုဘက်အစွန်ကလူ ဘာစိတ်ကူးရဲပန်သလဲမသိဘူး။ ကပျာကယာနဲ့ အင်္ကျီအိတ်ထဲက လက်ကိုင်ပ၀ါကို ဆွဲထုတ်လိုက်တယ်။
အဆင်မသင့်ချင်တော့ အိတ်ထဲက တခြားစာရွက်တို စာရွက်စတွေရော၊ ပိုက်ဆံတွေရော၊ တိုလီ မုတ်စတွေရော ဝေါခနဲ အားလုံး ထွက်ကျကုန်တယ်။ ပလက်ဖောင်းပေါ်ကတစ်ဆင့် လမ်းပေါ် ကျကုန်ပြန် တော့လည်း အကုန်ပြန့်ကျဲလွင့်စဉ်ကုန်တယ်။
ကျုပ်လည်း ဘယ်လို ဘယ်လို ရောက်သွားသလဲမသိဘူး။ သူ့ပစ္စည်းလေးတွေကို ကူညီကောက်ပေး ဖို့ လုပ်မိတယ်။ အဲဒီအချိန်မှာ မိန်းမချောက ရုတ်တရက် လမ်းတစ်ဖက်ကို ကပျာ ကယာ ကူးသွားတယ်။
ဟိုလူရဲ့ ပစ္စည်းလေးတွေကို တတ်နိုင်သမျှကောက်ပေးရင်း လှမ်းကြည့်လိုက်တော့ သူ့ကို လာကြို တဲ့ ကားရောက်နေတာတွေ့ရတယ်။ မစောင့်နိုင်တော့လို့ ပြန်တော့မယ်ထင်တယ်။
အဲဒီအချိန်မှာပဲ ကျုပ်တို့ရှိတဲ့ပလက်ဖောင်းဘက်ကို ဆလွန်းကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ထိုး ဆိုက်လာတယ်။ တစ်စီးက အရေပြားရောဂါပါရဂူကြီးရဲ့ကားပဲ။ ဆရာကြီး ဣနြေ္ဒရရနဲ့ ဆင်းလာတယ်။
နောက်တစ်စီးမှာကတော့ လေယာဉ်ကိုယ်စားလှယ်ရုံးက တာဝန်ခံ အမျိုးသမီးရယ်။ စာရေးမလေး ရယ်၊ တောက်တိုမယ်ရလျှောက်လုပ်ရတဲ့ အသားဖြူဖြူနဲ့ လူတစ်ယောက်ရယ် ခပ်သွက်သွက်ဆင်းလာကြ တယ်။
အဲဗျ ... အချိန်ကိုက်နေတာပဲ။ န၀ရတ်တိုက်ကြီးရဲ့ ဥပစာတံခါးမကြီးကလည်း အထဲကဖွင့်လိုက်လို့ ပွင့်လာတယ်။
ဆရာဝန်ကြီးလည်း ၀င်မယ်လုပ်ရော သူ့အကူနှစ်ယောက်ဖြစ်တဲ့ အမျိုးသမီး နပ်စ်နဲ့ ကွန်ပေါင်ဒါလို လူလ်း ဘယ်ကဘယ်လိုမှန်းမသိဘူး ရောက်လာတယ်။
ကျုပ်က မရွှေချောရှိရာကို လှမ်ားကည့်မိတယ်။ သူလည်း အခြေအနေအားလုံးကို မြင်တဲ့သဘော ပါပဲ။ ဒီဘက်လမ်း ကို ပြန်ပြီးကူးလာတယ်။
လက်သူကြွယ်ကလေးတစ်ချောင်းမရှိတဲ့ ဆရာကလည်း ကျုပ်ကို ကျေးဇူးတင်တဲ့အကြောင်းပြော ရင်း သူ့ပစ္စည်း တိုလီမုတ်စတွေကို စစ်ရင်းဆေးရင်း အိတ်ထောင်ထဲကို ပြန်ထည့်နေတယ်။
အထကို ၀င်သွားတဲ့လူတွေ အလုပ်ခန်းအသီးသီးမှာ နေသားတကျဖြစ်ပါစေဦးဆိုတဲ့စိတ်နဲ့ ကျုပ်တို့ အထဲ ကို မ၀င်ကြသေးဘဲ ခဏလောက် စောင့်နေကြသေးတယ်။ သင့်လောက်ပြီဆိုတဲ့ အချိန်ကျမှ ကျုပ်က မရွှေချောကို လှမ်းကြည့်လိုက်တယ်။ မိန်းမသားကို ဦးစားပေးတဲ့သဘော၊ မရွှေချောကလည်း ကျုပ်ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အပြုံးနဲ့ ရှေ့ဆုံးက ၀င်သွားတယ်။
ဟိုလူကလည်း ကျုပ်ကို ဦးစားပေးတဲ့အနေနဲ့ ကြည့်တယ်။
ကျုပ်ကလည်း သူ့လက်သူကြွယ်လေး မရှိတာကို ညှာတာတဲ့အနေနဲ့ သူပဲဝင်ပါဆိုတဲ့သဘော လက်ပြပြီး ဦးစားပေးလိုက်တယ်။ ဒီလိုနဲ့ပဲ ကျုပ်တို့ သုံးယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အထဲကို ၀င်ခဲ့ကြတယ်။
အမှန်ကတော့ ကျုပ်တို့သုံးယောက်စလုံးမှာ တစ်ယောက်ကိုတစ်ယောက် ဦးစားပေးငဲ့ညှာစရာ အကြောင်း ဘာမှ မရှိပါဘူး။
ဘပြုလို့လဲဆိုတော့ တိုက်ကြီးထဲရောက်ကြတဲ့အခါမှာ မရွှေချောက အရေပြား အထူးကုဆရာကြီးရဲ့ ဆေးခန်းထဲ ၀င်သွားပါတယ်။ ကျုပ်က နိုင်ငံခြားလေယာဉ်ခရီးစဉ် ကိုယ်စားလှယ်ရဲ့ ရုံးခန်းထဲ ကို ၀င်ခဲ့ပါတယ်။
ဟိုလူကတော့ စန္ဒရားဆရာအလိုရှိတယ်လို့ သတင်းစာထဲမှာ ကြောငြာထည့်ထားတဲ့ အိမ်ရှင်ဆီကို အလုပ် လာလျှောက်တာ ဖြစ်ပါတယ်။
လက်ချောင်းဆယ်ချောင်းနဲ့ တီးရတဲ့စန္ဒရားကို ညာဘက်လက် လက်သူကြွယ်ကလေး တစ်ချောင်း ပြတ်ေ နေ တဲ့ စန္ဒရားဆရာဟာ ဘယ်လိုများလုပ်မှာပါလိမ့်။ သူ အလုပ်မှရပါ့မလား။
ချက်ချင်းချမ်းသာနည်း
"မင်းကိုတစ်ခုမေးမယ် မင်းနဲ့ဆင်နဲ့ ဘယ်သူကြီးလဲ"
"အသက်ကိုပြောတာလား"
"မင့်မေဂလိန်း အသက်ပါလား
အရွယ်အစားပြောတာကွ"
အဲဒီကျောက်စိန်ဆိုတဲ့ကောင်အကြောင်း တွေးမိရင် ကျုပ်က လွှတ်ရယ်ချင်တယ်။
ကျုပ် အမျိုးအရင်းခေါက်ကြီးကြီး ဖြစ်နေပြန်တော့ ပစ်ပစ်ခါခါ လုပ်ဖို့ကလည်း ခက်နေတယ်။
ဒီကောင်က လျင်သလားဆိုတော့လည်း လျင်တာမဟုတ်ဘူး။ တုံးတယ်လို့ ပြောဖို့ကလည်း ခက်နေတယ်။
သူ့ကို တော်တော်တုံးတယ်လို့ ထင်နေတုန်း သူက လျင်သလိုလို ဖြစ်နေတတ်တယ်။ အဲလိုပဲ သူ့ကို လျင်မှာပဲ လို့ တွက်ထားတုန်း သူက အတုံးစားကြီး ဖြစ်ချင်ဖြစ်နေတာ။
ခက်တာက ဦးနှောက်မရှိတဲ့ကောင်တော့လည်း မဟုတ်ပြန်ဘူး။ ဦးနှောက်ရှိပါလျက်နဲ့ မှန်မှန်ကန် ကန် မတွေးတတ်တာမျိုးလို့ ထင်တာပဲ။
ဒီကောင် ခပ်ငယ်ငယ်က ဌေးဌေးဆိုတဲ့ ကောင်မလေးတစ်ယောက်ကို အတော်ကြီး မျက်စိကျဖူး တယ်။ ဆိုကြပါစို့။ ဟိုလိုပိုး၊ ဒီလိုပန်းနဲ့ လုပ်တာပေါ့လေ။
ဒါပေမယ့် တိုတိုပဲ ပြောကြပါစို့။ မစွံဘူး။ အဲဒီမှာတင် ဇွတ်ကားတင်ပြေးဖို့ ကြိုးစားတော့တာပဲ။ ဒီကောင်က အဲလိုကျတော့ မိုက်ကန်းကန်းခင်ဗျ။
ထားပါတော့။ ခပ်မှောင်မှောင်ညတစ်ညမှာ ဌေးဌေးအိမ်နားက သွားစောင့်ပြီး ထွက်လာတယ်ဆိုတာနဲ့ ဇွတ်ရော အဓမ္မရော၊ ပါးစပ်ပိတ်၊ စောင်နဲ့အုပ်၊ ခြေတွေလက်တွေချုပ်၊ တစ်ခါတည်း သုတ်ပြေးတာပဲ။
ကျုပ်တို့ မြို့ကလေးနဲ့ ၁၇ မိုင်လောက် ဝေးတဲ့နေရာက လယ်တောထဲမှာ ကြိုပြီး စီစဉ်ထားတယ်။ ဒါပေမယ့် လယ်တောထဲရောက်လို့ အုပ်လာတဲ့စောင်ဖွင့်ကြည့်လိုက်တော့ ဌေးဌေးမဟုတ်ဘဲ ဌေးဌေးအဒေါ် ကြီးဖြစ်နေတယ်။ သေရော။
လွဲမယ်ဆိုလည်း လွဲတော့လွဲနိုင်တယ်။ ဌေးဌေးအဒေါ်ကြီးဆိုပေမယ့် ဌေးဌေးကိုယ်လုံးကိုယ်ပေါက် မျိုးပဲ။ ရုပ်ကျတော့ ဌေးဌေးထက်တောင် သာသေးတယ်။ အသက်က သိပ်ကွာကြတာမှမဟုတ်ဘဲ။
အဲဒီတော့ ဘယ်လို လုပ်ကြမလဲ။ ဌေးဌေး အဒေါ်ကြီးကလည်း ဌေးဌေးထက် ၁၀ နှစ်လောက်ကြီး ပေမယ့် အပျိုကြီး ပဲ။ လွတ်လွတ်လပ်လပ်ပါပဲ။
ကျော်စိန့်သူငယ်ချင်း ကြံရာပါတွေက အားလုံးဝိုင်းပြီး တိုက်တွန်းကြတယ်။ လုပ်မိတဲ့တူတူ မထူးဘူး ပေါ့။ ချော်လဲရောထိုင် ဌေးဌေးအဒေါ်ကြီးကိုပဲဆက်ပြီး ပေါင်းလိုက်ဖို့ ပြောကြတယ်။
အဲဒီကျတော့လည်း ကျော်စိန်ဆိုတဲ့ကောင်က သစ္စာရှင်ခင်ဗျ။ လုံးဝ လက်မခံဘူး။ လုံးဝ အဓိပ္ပာယ် မရှိဘူး တဲ့။ မှားလာရင် ပြန်ပို့ရမှာပဲတဲ့။
ဌေးဌေးအဒေါ် အပျိုကြီးမအေးဆင့်ကလည်း ငိုလို့။ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမယ့် ခုလိုကြီး ခြေလွတ်လက်လွန်လုပ်လာခဲ့ကြပြီးမှတော့ ပြန်မပို့စေချင်ဘူး။ တစ်ရှက် က နှစ်ရှက် မကွဲချင်တော့ဘူးဆိုတဲ့ သဘောပေါ့။
ကျော်စိန်ဆိုတဲ့ ကောင်ကလည်း လုံးဝမရဘူး။ နောက်တစ်နေ့မနက် မအေးဆင့်ကို ဇွတ်ပြန်ပို့လိုက် တယ်။
ဘာပြောကောင်းမလဲ။ မအေးဆင့်တို့၊ ဌေးဌေးတို့အမျိုးတွေဆိုတာက တောင်ပိုင်းမှာ အများကြီး မဟုတ်လား။ ကျော်စိန်ကို အသေသတ်ချင်ကြတဲ့သူတွေချည်း ဖြစ်ကုန်တော့တာ။
သွားရော။ ကျော်စိန် တောင်ပိုင်းကို လုံးဝ ခြေဦးမလှည့်ရဲဘူး။ ဌေးဌေးတို့အမျိုးတွေသာ မဟုတ်ပါ ဘူး။ တောင်ပိုင်း တစ်ပိုင်းလုံးက သူတို့အရပ်ကို စော်ကားတယ်ဆိုပြီး ကျေမှမကျေကြဘဲ။ လစ်ရင် လစ်သလို ကျော်စိန်ကို တွေ့တဲ့နေရာမှာ ဆော်ကြမှာပဲ။
အဲဒါက ဌေးဌေးကိစ္စ။ အနောက်ပိုင်းသားတွေနဲ့ကျတော့ ဘောလုံးကန်ရင်းဖြစ်ကြရတာလေ။ ကျော်စိန်က ကျုပ်တို့မြောက်ပိုင်း က ဘောလုံးသင်းမှာပါတယ်။
ဒီကောင်က ဘောကန်ကောင်းလှလို့မဟုတ်ပါဘူး။ သူက ပိုက်ဆံထုတ်ပြီး ကျွေးထားမွေးထားတော့ စားထားသောက်ထားတဲ့ကောင်တွေက သူ့ကို အသင်းထဲထည့်ထားကြရတော့တာပေါ့။ နောက်တန်းက ကစားရတယ်။ သူက မိုက်ကန်းကန်းကောင် မဟုတ်လား။ တုံးတိုက်တိုက် တိုက်တိုက်တိုက်ဆိုတဲ့ ကောင်မျိုးလေ။
သူ့နည်းက လူရော ဘောရော အကုန်ကျုံးထည့်လိုက်မှာပဲ။ တစ်ဖက်သင်း ရှေ့တန်းကတော်တဲ့ ကောင်၊ ဂိုးသွင်း မယ့်ကောင်ဆိုရင် ကျော်စိန်က ကြည့်ထားပြီ။ အကွက်ဝင်လာတာနဲ့ ချိုးပစ်ဖို့၊ "သမ"ပစ်ဖို့ ကြိုးစားတော့ တာပဲ။
အဲ .. အဲ .. အဲ .. အဲလိုတော့ အားကိုးရတယ်။ အားကိုးရတယ်ပြောတာနော်။ ကျုပ်တို့အရပ်သင်းက သူ့ကို အဲလို မကစားဖို့တော့ ပြောကြတာပါပဲ။
ဒါပေမယ့် သူကလည်း သူတတ်တာ ဒါပဲရှိတာဆိုတော့ "ဟုတ်ကဲ့၊ ဟုတ်ကဲ့" ဆိုတဲ့ကြားက လုပ် လုပ်နေတာပါပဲ။
အဲဒီတော့ စဉ်းစားကြည့်ပေါ။ ဘောပွဲတစ်ပွဲမှာ ကျုပ်တို့ မြောက်ပိုင်းနဲ့အနောက်ပိုင်း ဖိုင်နယ် မှာ တွေ့ကြတယ်။ အကြိတ်အနယ် ကစားကြရတယ်။ ကျုပ်တို့မြောက်ပိုင်းက အတတ်နိုင်ဆုံး သန့်သန့် ရှင်းရှင်း ကစားနေတဲ့ကြားက ကျော်စိန် ဖောက်လာတယ်။
လိုရင်းပဲ ပြောကြပါစို့။
အနောက်ပိုင်းက ရှေ့တန်းဘောလုံးသမား နီတွတ်ဆိုတာရှိတယ်။ ဒီကောင်က လွှတ်တော်တာ။ အလွန်လူချစ်လူခင်ပေါတဲ့ကောင်။ သူကလည်း အဲဒီနေ့ သိပ်ခြေတွေ့နေတာ။ ဂိုးသွင်းတာလည်း သူချည်းပဲ။ ကျုပ်တို့ ဂိုးသမား ကောင်းလွန်းလို့သာကိုး။
အဲဒါ တစ်ချီမှာတော့ ကျော်စိန်က ဇွတ်ဝင်ဇွတ်ဖျက်ရင်း နီတွတ်ညို့သကျည်းကို အသားလွတ်ကန် ထည့်လိုက်ရောဗျာ။ ခွပ်ခနဲနေတာပဲ။ နီတွတ်နေရာတွင်ပုံလဲတာပဲ။ လဲတာမှ ပစ်စလက်ခတ်ပဲ။ နီတွတ် ဘယ်ခြေသလုံးသွင်သွင်ကျိုးသွားတယ်လေ။
အဲဒီမှာတင် ပွဲပျက်တော့တာပဲ။ ကျော်စိန် ပြေးပေါ့။ တစ်ကွင်းလုံးကကို မကျေနပ်ကြ တာ။ ပြေးတာမှ ရေရေလည်လည်ကို ပြေးရတာပဲ။ ဘယ်လွတ်လိမ့်မှာလဲ။ ရွာလယ်မှာ သွားမိတာ။ သူ ကလည်း မထူးတော့ဘူးဆိုပြီး သူ့နားကပ်တဲ့သူမှန်သမျှကို အကုန်ဆီးရိုက်တော့တာပဲ။
ဒါပေမယ့် အများနဲ့ တစ်ယောက်မဟုတ်လား။ ကျော်စိန် စုတ်ပြတ်သွားတယ်။ အဲဒီတုန်းက ရွာလူ ကြီးတွေကောင်းလို့ပေါ့။ ကျော်စိန် နှစ်လလောက် ဆေးရုံတက်ယူရတယ်။ သူရိုက်လို့ ခံလိုက်ကြရတဲ့ လူတွေ လည်း မသက်သာဘူး။ အတော်လေးကို ကုယူကြရတယ်။
အဲဒီမှာ ကျော်စိန် အနောက်ပိုင်းကို သွားလို့မဖြစ်ပြန်ဘူးဗျာ။ လာရဲလာကြည့်လေ၊ ဟိုကကောင်တွေက သတ်မှာပဲ။
ရွာ့အရှေ့ပိုင်းမှာကတော့ ဘုရားပုထိုးနဲ့ ဘုန်းကြီးကျောင်း၊ သီလရင်ဇရပ်တွေပဲ ရှိတာလေ။
ကျော်စိန်ဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက ငှက်ပစ်၊ ကြက်ပစ်န့ ကြီးလာတာ။ ကြီးတော့ အကြီးစားမုဆိုးလေ။ ဆရာတော်ကြီးက အတော့်ကို စိတ်မချမ်းမသာဖြစ်ရှာတာ။ ကျော်စိန်ကို ခဏခဏ ခေါ်ဆုံးမတာပဲ။ မရဘူး။
ဒီတော့ အရှေ့ပိုင်းနဲ့ကျော်စိန်နဲ့လည်း ဘယ်ကီးကိုက်တော့မှာလဲ။
ကျုပ်တို့နေတဲ့ မြောက်ပိုင်းကတော့ မြစ်ကမ်းနဖူးရောက်နေပြီလေ။ မြောက်ပိုင်းမှာလည်း ကျော်စိန်ကို သိပ်မျက်နှာကြောတည့်ကြတာမဟုတ်ပါဘူး။
ဒါပေမယ့် ကျုပ်ပြောတယ်မဟုတ်လား။ မြောက်ပိုင်းမှာကတော့ သူ့အမျိုးတွေပဲဖြစ်နေတယ်။ အဲတော့ ပစ်ပစ်ခါခါ လုပ်လို့တော့ မဖြစ်ဘူးပေါ့။ မယုတ်မလွန် ဆက်ဆံနေကြ တာလေ။ မေး ထူးခေါ်ပြော လောက်ပေါ့။
တစ်နေ့တော့ ဒီကောင် ကျုပ်ဆီကို ပေါက်ချလာတယ်။ သိတယ်မဟုတ်လား။ ကျုပ်မှာလည်း မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။
"ဘဒွေးလေး ... ကျွန်တော်တော့ အတော်ပြဿနာတက်နေပြီ"
" ဟ ... ဘာဖြစ်လာပြန်တာလဲ "
" ဘာမှ မဖြစ်ပါဘူး။ ခုမှ ကျွန်တော် သေသေချာချာ စဉ်းစားကြည့်မိလာတယ်။ တစ်ရွာလုံးနဲ့ ကျွန်တော်နဲ့ မတည့်ဘူး လိုဖြစ်နေတယ်"
" အဲဒီတော့ မင်း ဘာလုပ်မလဲ "
" ကျွန်တော် အစွမ်းပြမှဖြစ်တော့မယ် ဘဒွေးလေးရာ"
"ဘာလုပ်မှာလဲ "
"တစ်ခုခုပေါ့။ ကိုယ့်ထူးကိုယ်ချွန်ပေါ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုငတဲ့ အလုပ်တစ်ခုခုပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့"
" အင်း ... မဆိုးပါဘူး "
" ဒါပေမယ့် ကျွန်တော် ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် "
တွေ့တယ်မဟုတ်လား။ ဒီကောင် နိမ့်တော့မှာလိုလိုနဲ့ တုံးသွားပြန်ပြီ။
" ကျွန်တော် ဘာလုပ်ရမလဲ ဘဒွေးလေး"
"ဟ ... မင်း လုပ်တတ်တာ မင်း လုပ်ရမှာပေါ့။ မင်း မလုပ်တတ်တာကို လုပ်ချင်လို့ရမလား"
" ကျွန်တော် ဘာလုပ်တတ်တာလဲ "
" ဟေ "
ဒီကောင့်ကိုကြည့်ပြီး ကျုပ် တော်တော်သောက်မြင်ကတ်လာတယ်။
" ဒီမယ် ... မင်းက မိုက်ကန်းကန်းလုပ်တတ်တယ်"
" ဟာ ... ဘဒွေးလေးကလဲ "
" ပြီးတော့ ညစ်ကတ်ကတ်လည်း လုပ်တတ်တယ် "
" ဘဒွေးလေး ... မနောက်နဲ့ဗျာ "
" နောက်နေတာမဟုတ်ဘူး ဟေ့ကောင်။ ငါ အပီစဉ်းစားပြီး အလေးအနက် ပြောနေတာ။ မင်းဟာ တစ်ရွာလုံးနဲ့မတည့်ဘူး။ အဲဒီတော့ မင်းအတွက် အကောင်းဆုံးအလုပ်က ... "
" ပြောပါ ဘဒွေးလေး "
" မင်း ဈေးဆိုင်ကလေးတစ်ခုဖွင့်ကွာ။ မင်း ကြီးပွားမှာသေချာတယ်"
ကျုပ် ခပ်ချဉ်ချဉ်နဲ့ အတည်ပေါက်ပြောပစ်လိုက်တယ်။ ကျုပ် အရွဲ့တိုက်ပြီး ပြောလိုက်တာကိုလည်း သူ ချက်ချင်းသိမှာပဲလို့ ထင်တယ်လေ။ မဟုတ်ဘူးခင်ဗျ။ ဒီကောင်က တကယ်တုံးတဲ့ကောင်ပဲ။
" ဘဒွေးလေး တကယ်ပြောတာလား "
သွားရော။ ဘယ်လိုလုပ်ကြမလဲ။ ဒါလောက်တောင် တုံးနေမှတော့ မထူးတော့ဘူး။
" ဟ ... တကယ်အတည်ပြောတာပေါ့။ မင်း ကြီးပွားချင်တယ်မဟုတ်လား။ ကြီးပွားချင်ရင် စီးပွားရေး လုပ် ရမှာပေါ့။ ဘာမှ စဉ်းစားမနေနဲ့။ ဈေးဆိုင်လေးသာ ဖွင့်လိုက်"
ကျုပ်လည်း အမြင်ကတ်ကတ်နဲ့ ပြောချလိုက်ပြီး ဗိုက်နာတာနဲ့ အိမ်သာပြေးတက်လိုက်ရတယ်။ အိမ်သာ ကပြန်လာတော့ အိမ်ရှေ့မှာ ကျော်စိန် မရှိတော့ဘူး။ ပြန်သွားပြီ။
နောက်နေ့မှာ ကျုပ် ကိစ္စတစ်ခုခုနဲ့ ရန်ကုန်တက်သွားရတယ်။ ရန်ကုန်မှာ သုံးလေးပတ်လောက် ကြာ သွားတယ်။ အားလုံးတစ်လနီးနီး ကြာသွားတာပေါ့။
ကျုပ် ရန်ကုန်ကပြန်လာတော့ ကျော်စိန်ဆိုတဲ့ကောင်က တကယ်လုပ်တာပဲ။ ဈေးဆိုင်လေး ဖွင့် ထားပြီ ဗျာ။ သူ့မှာ ရှိစုမဲ့စု အကုန်ရင်းနှီးထားပုံရတယ်။ ကုန်တော်တော်များသား။
တစ်လ၊ နှစ်လ၊ သုံးလေးလ ဘာမှမကြာလိုက်ဘူး။ ကျော်စိန် ဆိုင်ပြုတ်။
မပြုတ် ခံနိုင်ရိုးလား။ ၀ယ်မယ့်လူမှမရှိဘဲ။ ဒါပေမယ့် သူပြောတဲ့စကား သူဆွဲတဲ့ကောက်ချက်ကို ခင်ဗျား တို့ကြားရရင် ဖျားသွားမယ်။
"ဘဒွေးလေးရာ ... ကံက မလိုက်ဘူးဗျာ" တဲ့။
တော်သေးတာပေါ့။ တစ်ရွာလုံးကို ကလော်မတုတ်လို့။ ပြီးတော့ ကျုပ်ကိုလည်း အပြစ်မမြင်ဘူးဗျ။ အဲလိုကောင်။
ဒါပေမယ့် ဒီကောင် တကယ်ကံမဆိုးသေးဘူးဗျ။ လဆန်းပိုင်းလောက်မှာ ကျုပ်ဆီ ပေါက်ချလာပြန် တယ်။
"ဆိုစမ်း ကျော်စိန်။ မင်း ဘယ်သူနဲ့ ပြဿနာတက်လာပြန်တာလဲ"
" ဟာ ... ဘဒွေးလေးကလဲ။ ကျွန်တော့်ကိုဆိုရင် အကောင်းကို မမြင်တော့ဘူး"
"မင်းကလည်း ကောင်းမှမကောင်းဘဲ"
"ထားပါ။ ဒါပေမယ့် ဒါလေးတော့ ကြည့်စမ်းပါဦး"
ထီလက်မှတ်နဲ့ ထီပေါက်စဉ်။
သေသေချာချာ ယူကြည့်လိုက်တယ်။
နှစ်၊ လ၊ အပတ်စဉ်၊ အကုန်မှန်တယ်။
ဒါ ပေါက်နေတဲ့ ထီလက်မှတ်ပဲ။
"တစ်သိန်းဆု"
" ဒါ မင်းလက်မှတ်လား"
" ဘာလဲ၊ ဘဒွေးလေး က ကျွန်တော် လုလာတယ်ထင်လို့လား"
"မသိဘူးလေကွာ။ မင်းက ပြဿနာကောင်ဆိုတော့"
"ငွေတစ်သိန်းဆိုတာ ဘယ်လောက်မှရှိသေးတာမဟုတ်ပါဘူး ဘဒွေးလေးရာ"
"အေး ... အဲဒါတော့ ဟုတ်တယ်။ ခု မင်း ဘာလုပ်မလဲ "
" ကျွန်တော် ချမ်းသာချင်တယ် ဘဒွေးလေးရာ။ ခုလို ကံလေးကျန်နေသေးလို့ သိန်းထီလေးပေါက် တုန်း အကြံကောင်းဥာဏ်ကောင်းလေး ပေးစမ်းပါဦး"
ဒီကောင် အမှတ်ကိုမရှိဘူး။ တွေ့တယ်မဟုတ်လား။ ကျုပ်ကို အားကိုးနေပြန်ပြီ။
" မင်းက ဘယ်လိုဖြစ်ချင်တာလဲ "
" ကျွန်တော် လူများထက် ချမ်းသာချင်တယ်ဗျာ။ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ချင်တယ်"
တော်တော် ကြည်ညိုစရာကောင်းတဲ့ကောင်ပဲ။ ငွေလေးတစ်သိန်းနဲ့ သူများထက် ချမ်းသာ တဲ့ကောင် ဖြစ်ချင်သေးတာတဲ့။ တော်တော်တရားရဖို့ကောင်းတဲ့ကောင်။ ဒါလောက်တောင်ရှိလှတာ၊ လုပ်ပေး လိုက်ဦးမှပဲ။
" မင်း သိပ်ကံကောင်းတယ် ကျော်စိန်။ ငါ မနေ့ကမှ စဉ်းစားထားတာ။ မင်းကို အမြန်ဆုံး သူများ ထက်ချမ်းသာတဲ့လူဖြစ်လာအောင် ငါ လုပ်ပေးနိုင်ပါတယ်ကွ"
" အားကိုးပါတယ် ဘဒွေးလေးရာ။ ကျွန်တော့်ကို အဲဒီနည်းလေးသာပြောပေးပါ။ ဘဒွေးလေးကျေးဇူး ကျွန်တော် တစ်သက်မမေ့ပါဘူး"
" ရပါတယ်ကွာ။ မင်း သေသေချာချာ နားထောင်။ ငါ ခုပြောမယ့်ကိစ္စက အတွေးအခေါ်ပိုင်းကွ။ ကြီး ကျယ်တယ်"
" ဟုတ်ကဲ့ ဘဒွေးလေး၊ ပြောပါ"
" မင်း ဒဿနဆိုတာ ကြားဖူးတယ်မဟုတ်လား"
" ဘုန်းကြီးနာမည်မဟုတ်လား"
" ဟာ ... သေတော့မှာပဲ။ ဒဿနတို့၊ အဘိဓမ္မာတို့၊ အတွေးအခေါ်တို့၊ ခံယူချက်တို့ဆိုတာ တွေလေကွာ"
" သြော် ... သြော် ... ဟုတ်ပြီ။ အဲဒီတော့ ... "
" ခု ငါပြောမယ့်ကိစ္စက လေးနက်တဲ့ဒဿနတစ်ခုပဲကွ"
" ဟုတ်ကဲ့ "
" မင်းကို ငါ တစ်ခုမေးမယ်။ မင်းနဲ့ ဆင်နဲ့ ဘယ်သူက ကြီးသလဲ"
" အသက်ပြောတာလား "
" မင့်မေဂလိန်း အသက်ပါလား။ အရွယ်အစားပြောတာကွ။ မင်းခန္ဓာကိုယ်နဲ့ ဆင်ရဲ့ခန္ဓာကိုယ် ဘယ်ဟာ ကကြီးသလဲ"
" ဆင်က ကြီးပါတယ် "
" ဟုတ်ပြီ၊ မင်းနဲ့ပုရွက်ဆိတ်နဲ့ဆိုရင်ကောကွာ"
" ကျွန်တော်က ကြီးပါတယ် "
" ဟုတ်ပြီ၊ အဲဒီတော့ ဆင်နဲပတိုင်းရင် မင်းက ငယ်တယ်။ ဆင်းကကြီးတယ်။ ပုရွက်ဆိတ်နဲ့တိုင်းရင် မင်း ကကြီးတယ်။ ပုရွက်ဆိတ်က ငယ်တယ်။ ရှင်းပလား "
" ဟုတ်ကဲ့၊ ရှင်းပါတယ် "
" အေး ... ရှင်းရင် ပြန်တော့ "
" ခင်ဗျာ "
" သြော် ... တော်တော်တုံးတဲ့ကောင်ပဲ။ မင်းကိုယ်မင်း ကြီးချင်သလား၊ ပုရွက်ဆိတ်တွေနားသွား၊ ဆင်တွေ နားသွားလို့ကတော့ မင်း ပုနေမှာပဲ။ ရှင်းတယ်နော် "
" ဟုတ်ကဲ့၊ ဒါပေမယ့် ... "
" ဒီမယ် ကျော်စိန်၊ မင်းမှာ ခုထီပေါက်လို့ တစ်သိန်းရှိတယ်။ အဲဒါနည်းသလား၊ များသလား "
" ကျွန်တော် ... ကျွန်တော် မပြောတတ်ဘူး "
" အေး ... မသေမချင်း မှတ်ထား။ တစ်ထောင်နဲ့စာရင် တစ်သိန်းဆိုတာ များတယ်ကွ။ တစ်သန်း၊ တစ်ကုဋေ နဲ့စာရင် တစ်သိန်းဆိုတာ နည်းတယ်။ မင်းနဲ့ ပဲပြုတ်ရောင်းတဲ့ မကျော့တို့ လင်မယားနဲ့စာရင် မင်းက သူတို့ထက် ပိုချမ်းသာတယ်။ မင်းနဲ့ အင်းသူကြီးကိုစံမြနဲ့စာရင် တစ်သိန်းက အလကားဟာသပဲ။ သူက သိန်းလေးငါးဆယ်လောက် ချမ်းသာတယ် "
" အဲဒီတော့ .. "
" ဒီရွာမှာ ကိုစံမြလို ချမ်းသာတဲ့လူတွေက အများကြီးကွ။ ခြံပိုင်၊ အိမ်ပိုင်နဲ့ လူတွေကလည်း အများ ကြီး၊ အဲဒီတော့ မင်းတစ်သိန်း က အလကားပဲ။ ဘာမှမဟုတ်ဘူး"
" အဲဒါတော့ ကျွန်တော်လည်း သိပါတယ် "
" အေး ... မင်း မသိတာကို ငါ ပြောပြမယ်။ တစ်အိမ်တစ်အိမ်မှာ တစ်သိန်းမပြောနဲ့၊ တစ်သောင်း နှစ်သောင်းတောင်မရှိတဲ့ ရွာကလေးတွေရှိတယ်။ အများကြီးပဲ"
" ဟုတ်တယ်၊ ဟုတ်တယ်၊ ကျောက်စရစ်ကုန်းရွာတွေဆို အားလုံး ငမွဲချည်းပဲ"
" အေး ... အဲဒါပဲ။ မင်း အဲလို ရွာတစ်ရွာကို ပြောင်းပြီးနေလိုက်၊ အဲဒီရွာမှာ မင်းဟာ ချက်ချင်းကို အချမ်းသာဆုံးလူတစ်ယောက် ဖြစ်သွားမယ်။ ဘာမှတောင်လုပ်စရာမလိုပါဘူးကွာ။ ချက်ချင်းကို အချမ်းသာ ဆုံးဖြစ် သွားမယ်။ ဒါပဲ"
ဒါလောက်ဆိုရင် ကျော်စိန် ရိပ်မိလောက်ပြီလို့ ကျုပ်ထင်တယ်။
" ဟာ ... ဘဒွေးလေးကလဲ။ ကျွန်တော်က အဟုတ်မှတ်လို့ နားထောင်နေတာ "
အဲဒါမျိုးဖြစ်သင့်ပြီ။
မဟုတ်ဘူးဗျာ။
ဒီကောင်ကျော်စိန် ဘာမှမပြောဘဲ ငြိမ်ပြီးစဉ်းစားနေတယ်။ ကျုပ်လည်း မအောင်မြင်တဲ့ပြတ်လုံးကို ထုတ်မိ တဲ့လူပြက်လို ဖြစ်နေတယ်။
"ဘဒွေးလေးရဲ့ သုမနက မဆိုးဘူးဗျ"
"ဒဿနပါကွာ"
"ဟုတ်ကဲ့၊ ဒဿနပေါ့၊ ထားပါလေ၊ ချက်ချင်းအချမ်းသာဆုံးလူဖြစ်သွားမယ်ဆိုတဲ့အချက်က သိပ် ကောင်းတယ်ဗျ"
"မင်း ကြိုက်တယ်မဟုတ်လား"
"ကျွန်တော်တော့် အတော့်ကို သဘောကျသွားပြီ"
ကျောက်စရစ်ကုန်းမှာ ကြပ်ကုန်းဆိုတဲ့ရွာကလေးတစ်ရွာရှိသေးတယ်။ အိမ်ခြေက ဘာရှိမှာလဲ။ ရှိလှရင် နှစ်ဆယ်အစိတ်ပေါ့။ တစ်ရွာလုံး ထင်းခုတ်စားကြတာ။
အဲဒီမှာ ကိုသံဒုတ်ဆိုတာ ရှိတယ်။ သူ့မှာတော့ လှည်းနှစ်စီးရှိတယ်။ ဒါပဲ။
အဲဒီရွာမှာ သူ အချမ်းသာဆုံးပဲ။ ဘာပဲပြောပြော သူချမ်းသာသမျှကို ငွေလိုကြေးလို တွက်ကြည့်ရင် ရှိလှလေးငါးသောင်းပေါ့။ ဒါပါပဲ။
အဲဒီကြပ်ကုန်း ကို ကျော်စိန်တို့မိသားစု ပြောင်းသွားကြတယ်။
ထီဆုကြေးထုတ်တာ လည်း ကျုပ် မသိလိုက်ပါဘူး။ ကြပ်ကုန်းပြောင်းကြမယ်ဆိုတုန်းကလည်း ကျုပ် မသိ လိုက်ပါဘူး။ ပြောင်းပြီးမှ သိတာပါ။
ကျုပ်လည်း အံ့ကိုသြရော။
တစ်ခုတော့ရှိတယ်။ ကြပ်ကုန်းရွာမှာ ကျော်စိန်တို့ဟာ ချက်ချင်း အချမ်းသာဆုံးမိသားစု ဖြစ်သွား တာတော့ သေချာတယ်။
ကျော်စိန်မယား မိညှက်နဲ့ ကလေးခုနစ်ယောက်အတွက် ပူမိတယ်ဗျာ။
တခြားတပုဒ်ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com1tag:blogger.com,1999:blog-3747304422565905705.post-35498290087501628672013-06-26T09:09:00.000-05:002013-06-26T09:09:04.727-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၆)
မြေလတ်တစ်နေရာ
ခွေးပုဟာ ရွှေဘိုဒီပဲယင်းသားဖြစ်တယ်။
သတ္တိရှိတယ်ပဲပြောပြော မိုက်တယ်ပဲပြောပြော
ရွှေဘိုဒီပဲယင်းသားတွေနဲ့ သာယာဝတီပေါင်းတည်သားတွေဟာ
မြန်မာပြည်မှာ နာမည်ကြီးတယ်။
မိမိစိန်က တတိယအကြိမ် အရက်ငှဲ့ပေးဖို့ ကြိုးစားတော့ ကိုဘရင်က သူ့ဖန်ခွက်ကို လက်နဲ့ ပိတ်ထား လိုက်ပြီး "တော်ပြီ" လို့ ပြောလိုက်တယ်။
ကိုဘရင် အရက်သောက်ရင် နှစ်ပက်ပဲလေ။ လစ်မစ်နဲ့ သောက်တာပဲ။
အဲဒါပြီးတော့ ကိုဘရင် ထမင်းစားတယ်။ မိမိစိန်က ထမင်းတွေထည့်ပေး၊ ဟင်းတွေထည့်ပေးနဲ့ လုပ်နေ တယ်။
ကိုဘရင်ဆိုတဲ့လူက အဲလိုလုပ်ပေးတာကို ကြိုက်တဲ့လူမှ မဟုတ်ဘဲ။ သူ့စိတ်ကူးနဲ့သူ၊ ထမင်းဟင်း ကို သူ့ဟာသူ စိတ်ကြိုက်ထည့်စားတတ်တယ်။
ဒါပေမယ့် မိမိစိန်ကို ဘာမှမပြောပါဘူး။ ဟင်းတွေ ကောင်းတဲ့အကြောင်းတောင် ခပ်ထွေထွေ နဲ့ ပြောနေသေးတယ်။ မိမိစိန်ကတော့ ဆေးဖို့ကြောဖို့ ဟင်းအိုးနှစ်လုံး ကို ယူပြီး နောက်ဖေးရေစင် ရှိရာကို ထွက်သွား လိုက်တယ်။ ကြက်ဟင်းခါး သီးဟင်းထည့်မယ်ဆိုတော့ ကိုဘရင် က မိမိစိန်ကို မနည်းအော်ခေါ် ယူရတယ်။ မိမိစိန်ကို ကိုဘရင်က နားများလေးသွားသလား၊ ကန်းသွား သလား လို့ မေးသေးတယ်။ မိမိစိန် က ကြက်ဟင်းခါးသီးကုန်ပြီလို့ ပြောလိုက်တယ်။
ကိုဘရင်က ဇိုးဇိုးဇက်ဇက်နဲ့ ထပြီး ကြောင်အိမ်ပေါ်က ဟင်းပန်းကန်ကို ကြည့်လိုက်တယ်။
" ဒါတွေက ဘာတွေလဲ "
" အဲဒါက ကျွန်မ စားဖို့ "
" မင်း ဘာပြုလို့ ကုန်ပြီလို့ ပြောရတာလဲ။ မင်း ပြောချင်ရင် ကျွန်မမစားဖို့ပဲ ကျန်တော့တယ် လို့ ပြော ရမှာပေါ့"
" ကျွန်မ အဲလို မပြောတတ်လို့ပေါ့ "
" ပြီးတော့ ဒီဟင်းတွေက အများကြီးပဲကွ။ မင်းတစ်ယောက်အတွက်မကပါဘူး။ မိမိစိန် ... မင်း ဘာဖြစ်နေ တာလဲ။ နားလေးရုံတင်မကဘူး၊ မျက်စိလည်း မှုန်သွားပြီထင်တယ်။ ဒီမှာကြည့်စမ်း"
မိမိစိန်က အိမ်နောက်ဖေးဘက်ထွက်သွားတယ်။ ကိုဘရင်က သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကြက် ဟင်းခါးသီး ဟင်းပန်းကန်နဲ့ လှမ်းထုလိုက်တယ်။
ပန်းကန်ဟာ တံခါးစောင်းကို တည့်တည့်မှန်ပြီး အစိတ်စိတ်အမြွာမြွာ ကွဲသွားတယ်။ ထမင်းစားခန်း ထဲမှာ ကိုဘရင်ကြမ်းတော့ ရမ်းတော့မလို ဖြစ်သွားသေးတယ်။ ဒါပေမယ့် ဘာမှ မလုပ်ဖြစ်ဘဲ ကုလား ထိုင် နောက်မှီ တစ်ခုကိုထိုင်ရင်း အချိန်ခပ်ကြာကြာ ရပ်နေတယ်။
မိမိစိန် အိုးတွေခွက်တွေ ဆေးကြောနေတဲ့ အသံတွေကို ခပ်ပြင်းပြင်း၊ ခပ်ကြမ်းကြမ်းကြားနေရ တယ်။
ကိုဘရင် အိပ်ခန်းထဲကို ၀င်သွားပြီး ဂျပန်ငွေစက္ကူရှစ်သောင်းကျော်ယူပြီး အိမ်ပေါ်ကဆင်းသွား တယ်။
သူ ခြံဝလောက်အရောက်မှာ မိမိစိန် အိပ်ခန်းထဲ ရောက်သွားတယ်။ ဗီရိုအံဆွဲကို ဖွင့်လိုက်ကတည်းက သိတယ်။ ဂျပန်ငွေစက္ကူ ရှစ်သောင်းကျော် မရှိတော့ဘူးဆိုတာ။ ကိုဘရင် ယူသွားပြီ။ ဒါဆို သေချာသွားပြီ။ ဒီနေ့ည ကိုဘရင် အိမ်ပြန်လာမှာ မဟုတ်တော့ဘူး။ ဖဲဝိုင်းမှာ မိုးလင်းတော့မှာပဲ။
ညရှစ်နာရီခွဲလောက်မှာ မိမိစိန် စောစောစီးစီး အိပ်ရာဝင်ဖို့ ပြင်ဆင်တယ်။ ရေမိုးချိုးပြီး သနပ်ခါး ကို ခြေဆုံးခေါင်းဆုံး လိမ်းလိုက်တယ်။ ပြီးတော့မှ အိပ်ရာခင်းကို အတတ်နိုင်ဆုံး သပ်ရပ်သန့်ရှင်းအောင် ပြင် လိုက်ဆင် လိုက်တယ်။ အိမ်ရှေ့တံခါးတွေ၊ ပြတင်းတွေအားလုံး သေသေချာချာ စေ့စေ့စပ်စပ် ပိတ် လိုက်တယ်။ နောက်ဖေးဘက်က မီးဖိုချောင်တံခါးချက်ကို အပြင်က ဆွဲလိုက်ရင် ဒေါက်ခနဲပြုတ်ကျ အောင် ချက်ထိပ်က အကောက်ကလေးကို မတွန်းဘဲ တည့်တည့် အတိုင်းထားခဲ့တယ်။ ပြီးတော့ အိပ်ရာ ထဲ ၀င်ခဲ့တယ်။ မီးအိမ်မီးကတော့ မှိန်မှိန်ကလေးချန်ထားလိုက်တယ်။
အဲဒီညက ကိုသာဌေး မိမိစိန်နဲ့လာအိပ်တယ်။ မနက်လေးနာရီလောက်မှာ ကိုသာဌေး ထပြန် ဖို့ ပြင်ဆင်တယ်။
"ကိုဌေးအတွက် မိစိန် စိတ်မကောင်းပါဘူး ကိုဌေးရယ်"
"ဘာအတွက်လဲ "
" သြော် .. မိစိန်က မလွတ်မလပ်ကြီးမဟုတ်လားလို့"
"ဒီမယ် .. သာဌေးဆိုတဲ့ကောင်က အဲဒါမျိုးတွေ လက်ခံတဲ့ကောင်မဟုတ်ဘူး"
" ဘာပဲဖြစ်ဖြစ် နောက် .. မိစိန်ဆီမလာပါနဲ့တော့ ကိုဌေးရယ်နော်။ ကိုဌေး ဒုက္ခရောက်မှာ စိုးရိမ် လို့ ပြောတာပါ"
" ဘာလဲ၊ မင်းက ဘရင်ရန်ကြောက်လို့ ပြောနေတာလား "
" ကြောက်ရတာပေါ့၊ သူသာသိသွားလို့တော့ မလွယ်ဘူး။ နှစ်ယောက်စလုံးကို သတ်မှာသိလား"
" လွယ်ပါတယ်ကွာ၊ သူက ကိုယ့်ကိုမသတ်ခင် ကိုယ်က သူ့ကို ဦးအောင်ဖျောင်လိုက်ရင်ပြီး နေတာပဲ "
ခွေးပုဟာ ရွှေဘို၊ ဒီပဲယင်းသားဖြစ်တယ်။ သတ္တိရှိတယ်ပဲပြောပြော၊ မိုက်တယ်ပဲပြောပြော၊ ရွှေဘို ဒီပဲယင်းသားတွေ နဲ့ သာယာဝတီပေါင်းတည်သားတွေဟာ မြန်မာပြည်မှာ နာမည်ကြီးတယ်။ ဒီမြေလတ်ပိုင်း ကို ခွေးပု စစ်ကြောင်းနဲ့ ရောက်လာတာပဲ။ စစ်ကြောင်းဆိုပေမယ့် လျှို့ဝှက်ဂျပန်တော်လှန်ရေး စစ်ကြောင်း ဆိုတော့ သိပ်သိပ် သည်းသည်းနဲ့ လှုပ်ရှားကြရတယ်။
ကိုသာဌေးတို့၊ သခင်သန်းကြွယ်တို့ဆိုတာတွေက ဒီမြေလတ်ပိုင်းက နယ်ခံ၊ လူခံတွေလေ။ လောလောဆယ် စစ်ရေး တစ်ခုရှိတယ်။ အရေးပေါ်အစည်းအဝေးမှာ လူကိုးယောက်ပဲ တက် တယ်။ သခင်သန်းကြွယ် က ဦးဆောင်ဆွေးနွေးတယ်။ ခေါင်းဆောင်မှုအပြည့်ပေးတယ်။ ပြတ်သားတဲ့ ညွှန်ကြား ချက်တွေ လည်းပေး တယ်။ အရေးတကြီး စွန့်စားရမယ့် တာဝန်တွေကိုလည်း သူကိုယ်တိုင် စွန့်စား မှဖြစ်မယ် လို့ဆုံးဖြတ် လိုက်တယ်။
ကိုသာဌေးက ဒီကိစ္စမှာ ဒုတိယခေါင်းဆောင်ပါ။ သခင်သန်းကြွယ်က တကယ့်အန္တရာယ်များတဲ့ တာဝန်တွေ ကို သူကိုယ်တိုင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တော့ ကိုသာဌေးနဲ့အားလုံးက ၀ိုင်းပြီးကန့်ကွက်ကြ ပါသေးတယ်။ ဒါပေမယ့် သခင်သန်းကြွယ်က ဒီကိစ္စမှာ သူဟာ သူရဲကောင်းဝင်လုပ်တာမဟုတ်ကြောင်း၊ ဒီကိစ္စမှာ အခြေခံအသိဥာဏ်ဗဟုသုတလိုကြောင်း၊ မိမိမှာသာ အဲဒီလိုအပ်ချက်တွေရှိနေတာမို့ မိမိကိုယ်တိုင် ပဲ စွန့်စားရတော့မှာဖြစ်ကြောင်း အကြေအလည် တုံ့ပြန်ဆွေးနွေးပါတယ်။
ခွေးပုဟာ ငယ်သားနောက်လိုက် တစ်ယောက်သက်သက်သာ ဖြစ်ပါတယ်။
သူ့အနေနဲ့ကတော့ သတ္တိရှိတယ်။ သွေးအေးတယ်၊ လုပ်ရဲကိုင်ရဲ စွန့်စားရဲတယ်။ ခြေလုံတယ်၊ နှုတ်လုံတယ်၊ ဒါပဲ။ ကျရာတာဝန် ကို သူကျေအောင် လုပ်ဆောင်သွားမှာပဲ။ သူ့ကို အမိန့်ပေးပါ။ သူ အမြန်ဆုံး အထိရောက် ဆုံး အသေသပ်ဆုံးဖြစ်အောင် လုပ်မယ်။ ဒါပဲ။
ခွေးပုဟာ သခင်သန်းကြွယ်နဲ့ ကိုသာဌေးတို့ အချေအတင် ဆွေးနွေးနေကြတာကို ငြိမ်ပြီး နားထောင် နေတယ်။ မျက်တောင်တောင်မခတ်ဘူး။ ဒီလူတွေဟာ အလွန်ကြီးကျယ် တက်ကြွ တဲ့ တော်လှန်ရေး သူရဲ ကောင်းတွေပဲ။
အစည်းအဝေးပြီးသွားတော့ ကိုသန်းကြွယ်နဲ့ လူ(၆)ယောက် ခရီးထွက်သွားကြတယ်။ ကိုသာဌေး နဲ့ ခေါးပုက နေရစ်ကြရတယ်။ ခွေးပုဟာ ကိုသာဌေးရဲ့ညွှန်ကြားချက်ကို ဆောင်ရွက်ရမှာဖြစ်တယ်။
ညနေဘက်ကျတော့ ခွေးပု၊ မကြီးရွှေ့ရဲ့ အကြော်ဆိုင်မှာ ထိုင်နေတုန်း လက်ဖျစ်သံနှစ်ချက် ကြားရ တယ်။ ခွေးပု အကြော်စားနေရင်းက မသိမသာ တုံ့သွားတယ်။ ဘယ်သူမှ မရိမိနိုင်လောက်တဲ့ အတိုင်း အတာပါ။ ဒါပေမယ့် ခွေးပုကတော့ သူ့ကိုယ်သူ အဲဒီလောက်တောင် ချို့ယွင်းစေချင်တာမဟုတ်ဘူး။ သူ ဆက်ပြီး နားစွင့်နေတုန်း လက်ဖျစ်သုံးချက် ကြားရပြန်တယ်။ ဒီတစ်ခါတော့ ခွေးပု လုံးဝ ဣနြေ္ဒမပျက် အကြော်စားနေ လိုက်နိုင်တယ်။ ခဏလည်းနေရော လက်ဖျစ်သံတစ်ချက် ကြားရပြန် တယ်။ သေချာ သွားပြီ။ နှစ်သုံးတစ်၊ နှစ်သုံးတစ်။ ခွေးပုက သူ့ညာဘက်လက်ဖျစ်သံ ထွက်လာတဲ့ဘက်ကို လှမ်းကြည့် လိုက်တယ်။ သူ့ကို ကျောပေးရင်း ခွေးတစ်ကောင်ကို လက်ဖျစ်တီးခေါ်နေတဲ့ ကိုသာထွေးကို တွေ့ရတယ်။
ခွေးပု အကြော်ဖိုးပေးပြီးချိန်မှာ ကိုသာဌေး ရွာအရှေ့ဘက် စထွက်နေပြီ။ ခွေးပု က ခြေလှမ်းနှစ်ဆယ် လောက် ခွာပြီး လိုက်သွားတယ်။ အရှေ့ရွာစွန်မှာ လက်ပံပင်ကြီးသုံးပင်ရှိတယ်။
အဲဒီ လက်ပံပင်ကြီးတွေ ဖိုခုံလောက်ဆိုင်ရှိနေတဲ့အကြားမှာ စေတီပျက်ကြီးတစ်ခုနဲ့ အုတ်ဇရပ်ပျက် ကြီး တစ်ခု လည်း ရှိတယ်။ တစ်ချိန်က စိတ်မနှံ့တဲ့ကုလားမကြီးတစ်ယောက် နေခဲ့ဖူးလို့ ကုလားမစေတီလို့ လည်း ခေါ်ကြတယ်။
ကိုသာဌေးနဲ့ ခွေးပုတို့က အဲဒီစေတီထဲမှာ ဆုံကြတာလေ။ ခွေးပုစိတ်ထဲမှာ ကြိတ်ပြီးပျော်နေတယ်။ တက်ကြွနေ တယ်။ ဒီလိုအချက်ပေးနည်းမျိုးနဲ့ အချိန်းအချက်လုပ်ပြီဆိုရင် အလွန်အရေးကြီးတဲ့ တာဝန် ကို ပေးတော့မှာသေချာတယ်။ နေရာကလည်း ကြည့်ဦး။ ကုလားမစေတီပျက်က အုတ်ဇရပ်ထဲမှာ ချိန်းတာ။ သိပ်သေချာတာပေါ့။ ဂျပန်အလိုတော်ရိ၊ သစ္စာဖောက်လောက်ကောင် တစ်ကောင် ကို ဖျောင်ပစ်ရမယ်တဲ့။ ကိုသာဌေးက သူ့ကို ညွှန်ကြားချက်တွေပေးတယ်။
သူ သတ်ရမယ့်လူက ကိုဘရင်။ သစ္စာဖောက်လောက်ကောင်လို့ဆိုတယ်။ ဟုတ်သလားမဟုတ်လား ခွေးပု မသိ။ တစ်နေ့မနေ့ ကမှ ရွှေဘို ကရောက်လာတဲ့ ခွေးပု။ ဒါက သူ့အတွက် အရေးမကြိး၊ ကိုသာထွေးကို သူ ယုံတယ်။ တိုင်းပြည်အတွက် လုပ်နေတဲ့လူတွေ။
ကိုဘရင် လို ဖဲသမားတစ်ယောက်ကို ကိုသာဌေးလို နိုင်ငံရေးသမားတစ်ယောက်က အရေးတကြီး တွေ့ချင် ပါတယ် ဆိုတော့ ကိုဘရင် တော်တော်ဖြုံသွားတယ်။ ကိုရွှေညွှန့်တို့ လင်မယားဖွင့်ထားတဲ့ ထနောင်းရွက် သုတ် ဆိုင်ကလေးကနေပြီး ထလိုက်သွားလိုက်တာ အရီးမြတို့အိမ်နောက်ဖေး စပါးကျီဘေး က ဇောင်းချမ်း ပင်တွေအောက် မှာ စကားပြောကြရတယ်။
ကိုသာဌေး ကို ကိုဘရင်က ဘာမှန်းမသိဘဲ အထင်ကြီးနေခဲ့တဲ့ အပိုင်း ရှိတယ်။ နိုင်ငံရေး လုပ်လို့၊ နိုင်ငံရေးတွေ သိတယ် ဆိုလို့။ နောက်ပြီး ဘာမသိညာမသိနဲ့လည်း အမြင်ကတ်နေခဲ့ဖူးတယ်။ အဲဒါ ကလည်း နိုင်ငံရေးလုပ်လို့ပဲ။ သူကတော့ ဖဲသမား။ သာဌေးတို့က နိုင်ငံရေးသမားတဲ့။ ဘာကောင်တွေ လဲ။ အမြင် သာကတ်နေတာ။ အထင်ကတော့ ကြီးနေမိတာအမှန်ပဲ။
လောလောဆယ် ပိုအရေးကြီးတယ်။ ဖက်ဆစ်ဂျပန်တွေကို ပြန်ချနေတဲ့ အချိန်မဟုတ်လား။ ဘယ်လို ဘယ်လိုချနေကြတယ်တော့ ကိုဘရင် ဘယ်သိမလဲ။ ရိုးတိုးရိုးတိတ်တော့ သိတာပေါ့။ အဲဒီမှာ ကြိတ်ပြီး အထင်ကြီးတဲ့အပိုင်းရှိတယ်။ နောက်ပြီး သာဌေးတို့ အသိုင်းအ၀ိုင်းက ကိုယ့်ကို အထင်သေး အမြင် သေးနေတဲ့ကိစ္စကလည်း အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ မကောင်းဘူးလေ။
တကယ်တမ်းကျတော့ ကိုဘရင်လည်း သိပ်တော့ မခေပါဘူး။ ထန်းလျက်ကုန်သည် တစ်ယောက် ပါပဲ။ ဒါပေမယ့် သူ့တစ်သက်မှာ အင်္ဂလိပ်ရော ဂျပန်ကိုရော ဆပ်ပလိုင်းမလုပ်ခဲ့ဘူး။ ဆပ်ပလိုင်းဝင်လုပ်ရင် အကြီးကျယ်ပွမယ်ဆိုတာ သူများတကာ သိသလို ဘရင်လည်း သိတာပေါ့။ ဒါပေမယ့် ဘရင် မလုပ်ခဲ့ဘူး။ ဘရင်မှာ ပြောစရာဆိုလို့ ချို့ယွင်းချက်နှစ်ချက်ပဲ ရှိတယ်။ ဖဲသမားဖြစ်နေတာရယ်၊ အကျင့်မကောင်းတဲ့ မိန်းမတစ်ယောက်ရထားတာရယ်၊ အဲဒါပဲ။
နောက်တစခု သူညံ့တာက သူ့မိန်းမဖောက်ပြန်နေတာကို မသိတာ၊ မရိပ်မိတာပဲ။
ကိုသာဌေး က ကိုဘရင်ကို လျှို့ဝှက်တဲ့တာဝန်တစ်ခုလုပ်ဆောင်ပေးပါလို့ အကူအညီတောင်းတယ်။ ကိုဘရင် တကယ်ပဲ လိုလိုလားလား လက်ခံလိုက်တယ်။ တာဝန်က တော်လှန်ရေးသမားတွေကို အကူငွေ ထည့်ဝင်မယ့် ပုဂ္ဂိုလ်တစ်ယောက်က ငွေလာပေးမယ့်ကိစ္စပဲ။ လက်လွှဲပေးအပ်တာကို လက်ခံယူလာခဲ့ဖို့ ကိစ္စပဲ။ သတ်မှတ်ထားတဲ့နေရာမှာ ည (၁၂)နာရီနဲ့ (၁)ချက်အကြား သွားစောင့်ယူဖို့ပဲ။ ဘာကြောင့် အဲဒီလို လုပ်ရတယ် ဆိုတာ မမေးနဲ့။ သူ့ဟာနဲ့သူ အဓိပ္ပာယ်ရှိတယ်တဲ့။
ဘာပဲဖြစ်ဖြစ် ကိုဘရင် သူ့ကိုယ်သူ အတော်ကျေနပ်သွားတယ်။ တိုင်းပြည်တာဝန်ကို တစ်ဖက် တစ်လမ်းက ထမ်းခွင့်ရတာ နည်းမှတ်လို့။
ည၁၁ နာရီထိုးပြီ။ ကိုဘရင်အိမ်ရှေ့ပေါက်က ဣနြေ္ဒရရပဲ ဆင်းပြီးတော့ ဘူတာကလေးရှိတဲ့ မြို့ တောင်ဘက် ကို ထွက်ခဲ့တယ်။ ဖျင်ကြမ်းတိုက်ပုံအင်္ကျီကို ဘယ်ဘက်လက်တစ်ဖက် သိသိသာသာ ခေါက် တင်ပြီး ၀တ်ခဲ့ရတယ်။ ဒါက အချိန်းချက် အမှတ်အသားတစ်ခု။ ပြီးတော့ ချိန်းထား တဲ့နေရာ ရောက်ရင် ကွမ်းသီးဖက်လိပ်ကို မီးညှိသောက်ရမယ်။ ညာလက်နဲ့မြှောက်ပြီး ကိုင်သောက်ရမယ်။ ဒါလည်း မေ့လို့ မဖြစ်ဘူး။
နည်းနည်းစောနေပေမယ့် ကိစ္စမရှိဘူး။ ကိုယ်ကစောနေလည်း စောင့်လိုက်မယ်။ (၁၂)နာရီနဲ့ (၁)နာရီ အကြားမှာ ဟိုလူလာမယ်။ ငွေတွေနဲ့ ရွှေငွေလက်ဝတ်လက်စားအားလုံး ကာလတန်ကြေး သိန်း (၈၀)ဖိုးလောက် ရှိမယ်တဲ့။ အဲဒါတွေကို လက်ခံယူရမယ်။ လက်ခံယူရာမှာ လျှို့ဝှက်အချက်ပေးစနစ်နဲ့ သင်္ကေတတွေ ရှိတယ်။
အဲဒါတွေလည်း သေသေချာချာ မှတ်မိတယ်။ ပြီးရင် အဲဒီပစ္စည်းတွေကို လက်ပံကုန်းကိုသွားပို့ရမှာ ဖြစ်တယ်။ အင်း ... လက်ခံပြီးမပို့ဘဲ လစ်ပြေးရင် ဘာဖြစ်မလဲ။ မိရင်မသက်သာဘူး။ မမိရင် အကြီးအကျယ် ပွမယ်။ ငွေတွေကထားတော့။ လက်ဝတ်ရတနာတွေပါတယ်လို့ ပြောတယ်။ အဲဒါတွေကတော့ ဘယ်တော့ မဆို တန်ဖိုး ရှိနေမှာပဲ။ ဒီအခွင့်အရေးမျိုးက တစ်သက်မှာ တစ်ခါပေါ်ချင်မှ ပေါ်တတ်တာမျိုး။ ကိုဘရင်ရဲ့ စိတ်တွေ ဖောက်ပြန်လာတယ်။ ကိုဘရင် ဘာလုပ်မလဲ။ ဟာ ... ရှုပ်ပါတယ်။ လုပ်မယ်မလုပ်ဘူး ဘာမှ တွေး မနေနဲ့။ ပထမဆုံး ပစ္စည်းလက်ခံလိုက်။ နောက် ပစ္စည်းအခြေအနေကို ကြည့်ပြီး လစ်တန်လစ်ပေါ့။
ဘူတာလေး ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတယ်။ တစ်ခါတစ်ခါမှာသာ ပိုးကောင်ကလေး တွရဲ့ အသံဗလံလေးတွေ နည်းနည်းပါးပါး၊ နောက်ပြီး ဟိုးအဝေးကြီး ရွာထိပ်ဆီက ခွေးဟောင်သံ။
ဘူတာလေးရဲ့ မြောက်ဘက်ခြမ်းတစ်ခုလုံးဟာ ကုက္ကိုပင်ကြီးတွေ အုပ်နေလို့ ပိုပြီး မှောင်ရိပ်ကျနေ တယ်။ ခွေးပု က အဲဒီဘူတာရဲ့ မြောက်ဘက် မှောင်ရိပ်ကို ချီလိုက်ပြီး တဖြည်းဖြည်း ချဉ်းကပ်သွားတယ်။
ဘူတာနဲ့ အနီးဆုံး ကုက္ကိုပင်ကြီးကိုလည်း ကျော်လိုက်ရော ဘူတာတောင်ဘက်စွန်း ပလက် ဖောင်း ထိပ်မှာ ၀ပ်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ ဟုတ်ပြီ .. ဖျင်ကြမ်းအင်္ကျီဝတ်ထားတယ်။ ဒါလည်း ဟုတ်နေပြီ။ ဘယ်ဘက်လက်တစ်ဖက်ကို သိသိသာသာ ခေါက်တင်ထားတယ်။ ဒါလည်း ဟုတ်ပြီ။ ညာဘက်လက်မှာ ကွမ်းသီးဖက်ဆေးလိပ် ရှိရမယ်။ သိသိသာသာ မြှောက်မြှောက်ကိုင်တတ်တယ်တဲ့။ ဟုတ်တယ်။ သေချာပြီ။
ခွေးပု ပတ်ဝန်းကျင်တစ်ခုလုံးကို နောက်ဆုံးတစ်ကြိမ် ထပ်ပြီး သေသေချာချာ လေ့လာလိုက်တယ်။ တခြား လူသူအရိပ်အရောင် လုံးဝမရှိ။ အဲဒီညက ကိုဘရင် ကို ခွေးပုက လွယ်လွယ်ကလေးနဲ့ အသေသတ် လိုက်နိုင်ပါတယ်။
ဘူတာကနေ ခွေးပုထွက်လာပြီး မိနစ်နှစ်ဆယ်လောက် အကြာမှာ အုံးအုံးအုံးအုံးနဲ့ ဗုံးကျဲ တဲ့ လေယာဉ်ပျံတွေ လာသံကို ကြားလာရတယ်။ ခဏနေတော့ မြို့အထက်ကောင်းကင်တစ်ပြင်လုံး မီးကျည် တွေထိန်နေအောင် ကျလာတယ်။ အဲဒီမီးကျည်တွေနောက်ကမှ ဗုံးတွေ တဝေါဝေါ ကျလာတယ်။ မြို့ ဘူတာလေး တစ်ခုလုံး ကျေမွသွားတယ်။ မြို့ထဲမှာလည်း ဗုံးတွေအများကြီးကျတယ်။ ကိုဘရင်ရဲ့ အိမ် လည်း ဗုံး တိုက်ရိုက်ထိမှန်ခံရလို့ စေ့စေ့ညက်ညက်ကြေပြီး တစ်စစီ ဖြစ်သွားတယ်။ တခြားအိမ်တွေ လည်း တော်တော်ပျက်စီးကုန်တယ်။ ခွေးပုလည်း ဗုံးဆံမှန်လို့ ပေါင်တစ်ဖက်ပြတ်သွားတယ်။
မနက်မိုးလင်းတော့ အားလုံး ဆယ့်ခုနစ်ယောက်သေတယ်။ သုံးဆယ့်နှစ်ယောက် ဒဏ်ရာရတယ်။ အိမ် ၁၂ လုံး နဲ့ ဇရပ်နှစ်ဆောင်၊ ဘူတာရုံကလေး ပြင်းပြင်းထန်ထန် ကျေမွပျက်စီးသွားတယ်။
မီးလောင်ဗုံးကျတဲ့ ကိုဘရင် တို့အိမ်ထဲက မီးကျွမ်းနေတဲ့ အလောင်းနှစ်လောင်းတွေ့ရတယ်။ ကိုဘရင်နဲ့ မိမိစိန်ပဲပေါ့။ တစ်ရွာလုံးက ဒီလိုပဲ နားလည်လိုက်ကြတယ်။ ဘူတာရုံမှာ မီးကျွမ်းနေတာက တစ်လောင်း၊ အဲဒါ ကတော့ ဘယ်သူဘယ်ဝါ ဆိုတာ မပြောတတ်ကြဘူး။ ကိုသာဌေး ပျောက်နေတာကို သတိထား မိကြတော့ အဲဒီအလောင်းဟာ ကိုသာဌေးပဲဖြစ်မယ်လို့ ရွာသားတွေက ယူဆလိုက်ကြတယ်။ အဲဒီဘူတက အလောင်း ဟာ ကိုသာဌေးမဟုတ်ဘူးဆိုတာ သိတဲ့လူတစ်ယောက်တည်းပဲရှိတယ်။ အဲဒါ ခွေးပုပဲ။
ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ ခွေးပုဟာ နောက်ထပ် နှစ်ပေါင်း သုံးဆယ်ကျော် နေသွားသေး တယ်။ ရွှေဘို၊ ဒီပဲယင်းဘက်မှာပဲ ပြန်ပြီး နှီးရက်၊ တောင်းရက်ဆိုသလိုပါပဲ။ မရှိမရှားဘ၀နဲ့ သိပ်မဆိုးပါဘူး။
သူဟာ လုပ်စရာရှိရင်လုပ်ပစ်လိုက်၊ နောက်ပြန်ပြန်တွေးမနေနဲ့။ စဉ်းစားလည်းမနေနဲ့။ ပြန်ပြောဖို့ ဆိုတာတော့ ဝေးရောဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။
ပြီးပါပြီ
နောက်တပုဒ်အသစ်ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-88771127304835384882013-06-25T07:34:00.003-05:002013-06-25T07:34:57.078-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၅)
ဖွားဖက်တော်
ဖွားဖက်တော်ပင်ကြီးတစ်ပင်လုံး
ဖွေးဖွေးလှုပ်နေအောင် ပွင့်နေပါပေါ့လား
ငှက်ကလေးတွေလည်း ကျီကျီကျာကျာနဲ့ လာကြပါပေါ့လား
ဖွားဖက်တော်ပင်ကြီး ပွင့်နေမှာကို သတိရကြပြီး
သူတို့နှစ်ယောက် ပြန်လာကြတန်ကောင်းပါရဲ့။
မန္တလေးလေယာဉ်ကွင်း၊ ဧည့်ခန်းမှာ သူတို့နှစ်ယောက် ပထမဆုံးကြိမ် ဆုံကြတုန်းက မြင်ရတဲ့ သူတွေ အားလုံး ကြည်ကြည်နူးနူး ဖြစ်ကြရတာအမှန်ပဲ။
ဒီတုန်းက မောင်အောင်ရော ဝေလွင်ရော ဘွဲ့ရပြီးခါစ၊ အားနဲ့မာန်နဲ့ နုပျိုခြင်း၊ တက်ကြွ ဖျတ်လတ် ခြင်းဆိုတာတွေနဲ့ ကျက်သရေရှိနေခဲ့ကြတာကိုး။
မောင်အောင်ကလည်း ရန်ကုန်သွားပြီး အလုပ်အင်တာဗျူးတစ်ခု ထိုင်ရမှာ။ ဝေလွင်ကလည်း အပြင် လုပ်ငန်းတစ်ခုမှာ အလုပ်ဝင်ဖို့သွားရမှာ။
လေယာဉ်ကွင်းဧည့်ခန်းထဲမှာ ဆုံမိကြတော့ မိတ်ဆက်ဖြစ်ကြတာပေါ့။ သူတို့နှစ်ယောက်စလုံးရဲ့ အကြောင်းတရားတွေကလည်း တိုက်ဆိုင်လိုက်ကြတာ။ နှစ်ယောက်စလုံး မိဘများမရှိကြတော့ဘူးတဲ့။ မိဘအမွေ ကလေးတွေ နည်းနည်းပါးပါးစီ ရလိုက်ကြတာချင်းလည်း တူနေတယ်။ အဒေါ်တွေ၊ ဦးလေးတွေ ဆီမှာ တက္ကသိုလ်ပညာရေးမပြီးမချင်း မှီခိုနေထိုင်ခဲ့ကြတာချင်းလည်း တူနေပြန်ရော။ တစ်ခုပဲ ရှိတယ်။ ဝေလွင်က မန္တလေးတက္ကသိုလ်၊ မောင်အောင်က ရန်ကုန်တက္ကသိုလ်၊ ဒါပဲကွာတယ်။ ဒါတောင် မောင်အောင့် အမျိုးတွေကျတော့ မန္တလေးကကုန်သည်တွေပဲလေ။
အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ရင်း စကားပြောမိကြတော့ ရယ်စရာ မဟုတ်ဘဲနဲ့ နှစ်ယောက်သား ကြည်ကြည်နူးနူး နှစ်နှစ်ကာကာ ရယ်မိကြတယ်။ ကိုယ့်အကြောင်း သူ့အကြောင်း ဆိုတာတွေက ခပ်ဆင်ဆင်တွေဖြစ်နေတာမဟုတ်လား။
အထူးခြားဆုံးက ဘာလဲဆိုတော့ သူတို့နှစ်ယောက်စလုံး ရောက်တတ်ရာရာ ပြောကြရင်းနဲ့ ဂျပန် ရုပ်ရှင်တစ်ခု ကို ကြည့်မိ၊ ကြိုက်မိတာချင်းလည်း တူနေပြန်တယ်။ တစ်ခါ အံ့သြစရာ အကောင်းဆုံးက အဲဒီရုပ်ရှင်ကား ထဲက အကြိုက်ဆုံးအခန်းလည်း လာတူနေပြန်တယ်။
အဲဒီအခန်းမှာ မင်းသမီးနဲ့ မင်းသား လက်ထပ်ပြီးတော့ အိမ်ကလေးတစ်လုံးမှာ ပျားရည်ဆမ်းခရီး ထွက်ရင်း တည်းခိုကြတယ်။
မင်္ဂလာဦးညလွန်မြောက်လို့ နောက်တစ်နေ့ မိုးလည်းလင်းရော သူတို့နှစ်ယောက် အတူ ပြတင်းပေါက် ကလေး ကို ဖွင့်လိုက်တဲ့အခါမှာ အိမ်နဲ့ကပ်လျက်နီးပါးရှိနေတဲ့ ချယ်ရီ ပန်းအကိုင်း အခက်တွေ၊ ချယ်ရီပန်းတွေ ပွင့်နေလိုက်တာ၊ ဝေနေတာပဲ။ အဲဒီချစ်သူနှစ်ယောက်မှာလည်း သိပ်ကို ကြည်နူး သွားကြ တာပေါ့။ အဲဒီအခန်းလေးကို ရိုက်ထားတာ သိပ်လှတာပဲဆိုပြီး နှစ်ယောက်စလုံး အကြိုက် တူနေကြတယ်။ ဘယ်လိုလှတာ၊ ဘယ်လိုကြည်နူးစရာကောင်းတာဆိုပြီး နှစ်ယောက်သား အလုအယက်ပြော မိကြတာပေါ့။
သူတို့စီးရမယ့် လေယဥာ်ရောက်လာတော့မှ စကားစပြတ် သွားကြ တယ်။ လေယာဉ်ပေါ် တက်ကြ ရ တော့ နှစ်ယောက်သား အဖော်လုပ်ပြီး အတူထိုင်ကြဖို့ ကြိုးစားကြပါသေးတယ်။ ဒါပေမယ့် အဆင်မပြေ ဖြစ်သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုံးလေးခုံလောက်တောင် ခြားသွားတယ်။
ရန်ကုန်ရောက်တော့လည်း ဝေလွင်ကို သူ့သူငယ်ချင်းတွေက လာကြိုတယ်။ မောင်အောင်ကတော့ တက္ကစီ ငှားရတာပေါ့။
မောင်အောင်အရာရှိငယ်ဖြစ်ဖို့ အင်တာဗျူးထိုင်တော့ အစစအရာရာ အဆင်ပြေပါတယ်။ ဒါပေမယ့် အလုပ် ၀င်ကြရဖို့က ရက်တော်တော်စောင့်ရမလိုဖြစ်နေတယ်။
တည်းခိုကြတော့ မောင်အောင်က ရန်ကုန်မြို့ထဲမှာ။ ဝေလွင်က တောင်ဥက္ကလာမှာ။ ဒါပေမယ့် ဝေလွင့်ဆီကို မောင်အောင် ခဏခဏ ရောက်ပါ တယ်။ ဝေလွင့်သူငယ်ချင်းတွေ ကလည်း ဝေလွင့် ကို ထုံးစံ အတိုင်း ၀ိုင်းစကြတာပေါ့။
အဲဒီမှာ အားလုံးဟာ ပိုပြီး အဆင်ပြေကုန်တော့တာပဲ။ သူတို့ချင်းကလည်း ခပ်ငြိငြိ၊ ဘေးကလည်း ၀ိုင်းဝိုင်းပြီး ခဏခဏစကြတော့ မစွမ်းရင်ကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိပြီပေါ့။
မောင်အောင်နဲ့ဝေလွင်က သိပ်ကို ရှေ့သွားနောက်လိုက် ညီကြတာ။ နှစ်ယောက်စလုံးက အလှကြီး အချောကြီးတွေ မဟုတ်ကြပေမယ့် ငယ်ဂုဏ်၊ နုပျိုဂုဏ်ကလေးတွေ ကိုယ်စီနဲ့ ဆိုတော့ ကြည့်ရမြင်ရတာ တယ်ကျက်သရေရှိတာပဲ။
ဟုတ်ပါပြီ။ အပ်ကျမတ်ကျရယ်လို့ မဟုတ်ပေမယ့် သူတို့ နှစ်ယောက်စလုံး သိပ်ကြိုက်ကြတဲ့ ဂျပန် ရုပ်ရှင်ကားလေးထဲက အတိုင်းပဲ။ သူတို့နှစ်ယောက် တွေ့ကြဆုံကြပုံရော မိတ်ဆွေဖြစ်ကြ ပုံရော၊ နောက်ပြီး နှစ်ဦးသဘောတူ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်ဖြစ်မိကြပုံ၊ ချစ်မိကြပုံတွေက သိပ်ကို ဆင်တာ။
ကဲ ... ဒါဆို ဘာစဉ်းစားနေစရာလိုတော့လို့လဲ။ နှစ်ယောက်စလုံးမှာက ပညာတွေလည်းစုံကြပြီ။ အလုပ် အကိုင် ဆိုတာတွေကလည်း လက်တစ်ကမ်း လက်တစ်လှမ်းမှာရှိနေပြီ။ နှစ်ယောက်စလုံးမှာ မိဘတွေ ကလည်း ရှိကြတော့တာမဟုတ်။ ဦးလေးတွေ၊ အဒေါ်တွေဆိုတာကလည်း မည်ကာမတ္တမှီခိုရုံရယ်။ ပြီးတော့ သူတို့လေးရဲ့ အနေအထိုင်အကျင့်စရိုက်၊ ကြိုးစားပုံ၊ တယ်ငြိမ်ပုံက စတွေ့နေကြရတာဆိုတေ့ ကန့်ကွက်မယ့် သူမရှိ၊ ကြာကြာစဉ်းစားနေစရာမလိုဘဲ လက်ထပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။
အလုပ်အကိုင် အခြေအနေ၊ နေဖို့ထိုင်ဖို့ ကိစ္စတွေအားလုံး ပြင်ဆင်ပြီးကြတာနဲ့ လက်ထပ်လိုက် ကြရုံပဲ။
အင်တာဗျူးအခြေအတိအကျ မထွက်ခင်မှာ မောင်အောင်နဲ့ဝေလွင် တတွဲတွဲပေါ့။ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ။ သောက်လိုက်ကြနဲ့ ပျော်လိုက်ကြတာ။ ဘေးကလူတွေတောင် အားကျမိကြတဲ့ ထိပဲ။
မှတ်မှတ်ရရ ရန်ကုန်ရောက်၊ အင်တာဗျူးထိုင်ပြီး လို့ နှစ်ဆယ့်ရှစ်ရက် တိတိကြာတဲ့အခါ မှာ မောင်အောင့် အတွက် အဖြေထွက်လာတယ်။ အလုပ်ကရမယ်၊ သေချာတယ်။ အလုပ်ဝင်တဲ့နေ့က စခန့် တယ်။ ဒါပေမယ့် မြေလတ်ပိုင်းက မြို့လေးတစ်မြို့မှာတဲ့။
ပြဿနာကစပြီ။ ဝေလွင်ရဲ့အလုပ်က ရန်ကုန်မှာ လုပ်ရမှာ။ မောင်အောင်က မြေလတ်က မြို့နယ် လေးတစ်မြို့မှာ။ ဒီကိစ္စဝေလွင့်ကို ဖွင့်ပြောရမှာ မောင်အောင် အခက်တွေ့နေတယ်။ ဒါပေမယ့် ဝေလွင်က သူ့ဟာသူ သိသွားတယ်။ ပြဿနာ မကြီးပါဘူး။ သျှောင်နောက်ဆံထုံး ပါဆိုတာလို မောင်အောင် အလုပ်ရတဲ့ မြို့လေးကိုပဲ ဝေလွင် လိုက်ရမှာပေါ့တဲ့။ ရန်ကုန်က အလုပ်ကိုတော့ စိတ်လျှော့်လိုက်တော့ပေါ့။
တကယ်တမ်းကျတော့ လက်ထပ်ပြီးကြရင် ဝေလွင်အိမ်ရှင်မ ပီပီပြင်ပြင် လုပ်ပြီး မောင်အောင့် ကို ကောင်းကောင်းကြီး ပြုစုချင်သေးတယ်လေ။ မောင်အောင်က အလုပ်သွားနေ တုန်း ဝေလွင်က အိမ်မှာ အိမ်မှုကိစ္စတွေလုပ်၊ မောင်အောင်ပြန်လာတော့ အဆင်သင့်ကျွေးလို့မွေးလို့ ပြုစုလို့ တစ်ယောက်ကို တစ် ယောက်ကြင်နာတာတွေ၊ ယုယတာတွေ ရှိရမှာပေါ့။
ဝေလွင် တစ်ဖက်တစ်လမ်းက အလုပ်လုပ်ချင်တယ်ဆိုရင်တော့ နောက်များမှ ဖြည်းဖြည်းမှပဲ စဉ်း စားတော့ မယ်။ မောင်အောင်ရောက်လေရာ တာဝန်ကျလေရာအရပ်မှာပဲ ဝေလွင်လည်း ကျောင်းဆရာမ၊ ကျူရှင်ဆရာမလေးဘာလေး လုပ်မယ်ပေါ့။
အင်း .. အဲလိုဆိုတော့လည်း ဟန်ကိုကျလို့။ မောင်အောင်နဲ့ဝေလွင်တို့ အကျဉ်းရုံးပြီး လက်ထပ် လိုက်ကြ တယ်။
တာဝန်ကျတဲ့ မြို့ကလေးကို ပူပူနွေးနွေးဇနီးမောင်နှံ ထွက်ခဲ့ကြတယ်။ ပထမ တည်းခိုခန်းမှာ တည်းကြ တယ်။ ဟန်းနီးမွန်း ထွက်ကြမယ်။ နောက် အိမ်ခန်းငှားဖို့ရှာကြမယ်။ အဆင်သင့်လို့ ဌာနဆိုင်ရာ က နေဖို့ကွာတားပေးမယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။
မြို့နယ်ကလေးက တည်းခိုရိပ်သာကလေးကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ အတော် သာယာတဲ့နေရာ ကလေးပါပဲ။ မောင်အောင်တို့ ဇနီးမောင်နှံအဖို့ကတော့ မိုးမမြင်လေမမြင် ပဲပေါ့။ ပျော်တပြုံး ပြုံး မော်မဆုံးပဲပေါ့။
"ကိုအောင်"
"ဗျာ"
"လွင်တို့အိမ်ငှားရင် နှစ်ထပ်အိမ်ကလေးရရင် ကောင်းမှာနော်"
" ဘာပြုလို့လဲ"
" သြော် .. ကိုအောင်ကလည်း၊ ဟိုဂျပန်ရုပ်ရှင်ထဲကလို လေ .. အထပ်ထပ် အိပ်ခန်းပြတင်းပေါက် ကလေး ကို ဖွင့်လိုက်ရင် ချယ်ရီတွေ ဝေနေအောင်ပွင့်နေတဲ့ အကိုင်းတွေ၊ အခက်တွေနဲ့ ငှက်ကလေးတွေ ကို မြင်ရအောင်လေ"
"လွင်ကလဲကွာ .. ကလေးကျနေတာပဲ။ စိတ်ကူးကလည်း ယဉ်လိုက်တာ။ နှစ်ထပ်အိမ်ကလေးရဖို့ ဆိုတာက မခက်ဘူးကွ။ ရနိုင်တယ်။ ဒါပေမယ့် အထပ်ထပ် အိပ်ခန်းပြတင်းကို ဖွင့်လိုက်တဲ့ ချယ်ရီပန်းတွေ မြင်ရဖို့ဆိုတာကတော့ ဒါက ဗမာပြည်လေ ဝေလွင်ရဲ့။ ပြီးတော့ ရှမ်းပြည်ဘက်မှာဆိုလည်း ဟုတ်သေး။ ဘယ်ကလာ ချယ်ရီပန်းတွေဝေနိုင်မှာလဲ"
ဝေလွင် သက်ပြင်းမချပါ။ သူ့မှာ သူ့ဟာနဲ့သူ စိတ်ကူးက ရှိပြီးသား။
"ကိုအောင်"
"ဗျာ ... "
"ကိုအောင် ဖွားဘက်တော်ပင်ဆိုတာ သိတယ်မဟုတ်လား"
" ဟင့်အင်း၊ သိချင်လည်းသိမှာပေါ့။ ကြားတော့ ကြားဖူးသလိုပဲ။ မြင်ချင်လည်း မြင်ဖူးမှာပေါ့။ သတိ မထား မိဘူး။ ဘာပြုလို့လဲ"
"ဖွားဘက်တော်ပင်ဆိုတာ ပွင့်ချိန်တန်လို့ အပွင့်တွေပွင့်ပြီဆိုရင် ချယ်ရီပင်လိုပဲ ကိုအောင်ရဲ့။ နီးနီး စပ်စပ် မဟုတ်ပေမယ့် ပွင့်ပုံချင်းက တော်တော်ဆင်တယ်။ အကိုင်းတွေမှာ ကပ်ပီး ဝေနေအောင် ပွင့်တတ် တယ်လေ။ အရောင်ကလည်း ပန်းနုရောင်ပဲ"
" သြော် ... အင်း၊ ဟုတ်ပြီ ... ဟုတ်ပြီ။ ကိုအောင်လည်း မြင်ဖူးတယ်။ ဟုတ်တာပေါ့။ အဲလိုအပင်မျိုး ကတော့ ဒီလိုမြေလတ်ပိုင်းတွေမှာလည်း ရှိတတ်တယ်"
" ဝေလွင်တို့ နှစ်ထပ်အိမ်ကလေးတစ်လုံးရှာငှားပြီးရင် အိပ်ခန်းပြတင်းဘက်မှာ ဖွားဘက်တော်ပင် စိုက် ရအောင်နော်"
" အင်း .. ကောင်းတယ်။ တစ်ခုတော့ရှိတယ်။ အဲဒီဖါားဘက်တော်ပင်လည်း ကြီးလာရော၊ အထပ် ထပ်ပြတင်း ကိုလည်း ကိုင်းတွေရောက်ရော၊ တို့လည်း ထရန်စဖာလုပ်ရရော ဆိုရင်တော့ ပြဿနာပဲ"
" ဟုတ်တယ်နော်၊ ကိုအောင် ဒီမှာ ဘယ်လောက်ကြာကြာနေရမှာလဲဟင်"
" အဲဒါတော့ ကိုယ်လည်းမပြောတတ်ဘူး"
"ဘယ်လိုပဲဖြစ်ဖြစ် ဝေလွင်တော့ ဖွားဘက်တော်ပင် စိုက်မှာပဲ"
တကယ်တမ်း ကျတော့ သူတို့ ဖွားဘက်တော်ပင်စိုက်စရာမလိုပါ။ မြို့ကလေးရဲ့ တောင်ဘက်ခြမ်းမှာ ခြံငယ်ကလေး နဲ့နှစ်ထပ်အိမ်ကလေးတစ်လုံး တွေ့ကြပါတယ်။ ပိုင်ရှင်က ဒေါ်အုန်းတဲ့။ တစ်ကိုယ်ရည် တစ်ကာယနေတာ။ ခြံနောက်ပိုင်းမှာ တစ်ထပ်မြေစိုက်အိမ်ကလေးတစ်လုံး ရှိသေးတယ်။ အဲဒီမှာ နေမှာတဲ့။
အဲဒီအိမ်ကလေးကို သွားကြည့်ကြတော့ အပေါ်ထပ်မှာ အိပ်ခန်းကလေးလည်းရှိတယ်။ အကျယ် အ၀န်း၊ အနေအထားကလည်း ကောင်းတယ်။ ဂျပန်ရုပ်ရှင်ကားထဲကနဲ့ ခပ်ဆင်ဆင်ပဲ။ ဆိုကြပါစို့။ အဲဒီအိပ် ခန်းရဲ့ ပြတင်းကိုလည်း ဖွင့်လိုက်ရော ပြတင်းနဲ့ နှစ်ပေသုံးပေလောက်ပဲ လှမ်းမယ်။ သစ်ကိုင်းသစ်ခက် သစ်ရွက်စိမ်း သစ်ရွက်ဝါနုလေးတွေကို လှလှပပ မြင်ကြရတယ်။
ကိုအောင်ရော ဝေလွင်ရော ရုတ်တရက် အံ့သြ၀မ်းသာသွားကြတယ်။ ဒါနဲ့ ဒေါ်အုန်းကို မေးမိကြ တယ်။ ဘာပင်လဲပေါ့။
ဖွားဘက်တော်ပင်တဲ့။
" ကဲ .. "
" အဟုတ် .. "
" အဟုတ်ပြောတာပေါ့ တူမလေးရယ်။ အဲဒါဖွားဘက်တော်ပင်ပေါ့ "
မောင်အောင်နဲ့ဝေလွင် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်။ အကြောင်းတရားများ တိုက်ဆိုင် လိုက်တာ။ ကြည့်စမ်း ..။ ဒါနည်းနည်းနောနော တိုက်ဆိုင်မှုမဟုတ်ဘူးနော်။ သိပ်ကို အံ့သြစရာ ကောင်းလောက်အောင် တိုက်ဆုင်နေတယ်လို့ဆိုရမယ်။
သူတို့အိမ်ငှားဖို့ စပြီးစုံစမ်းကြတော့ ဒီခြံကလေးကို စတွေ့တာမဟုတ်ပါဘူး။ တခြား နှစ်ထပ်အိမ် ကလေးတွေ၊ သုံးလေးလုံးကြည့်ပြီးပါပြီ။ အနေအထားလေးတွေက သိပ်ပြီး စိတ်တိုင်းမကျကြဘူး။ အတော် အသင့်ကောင်းတာလေးတွေ တွေ့ပြန်တော့လည်း အိမ်ငှားခလခက ညှိမရဖြစ်နေတယ်။
ခု ဒီခြံလေးနဲ့ အိမ်ကလေးကလည်း တောင်းတဲ့ဈေးကတော့ နည်းနည်းများနေတယ်။ ဒါပေမယ့် ဆစ်လို့ရမယ် မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်အုန်းရှေ့မှာ မောင်အောင်ရော ဝေလွင်ပါ ဣနြေ္ဒပျက် အောင်အောင် ၀မ်းသာအံ့သြနှစ်ခြိုက်မှုကို ပြမိလျက်သားဖြစ်သွားပြီ။
ကဲ .. မတတ်နိုင်တော့ဘူး။ ဒေါ်အုန်းတောင်းတဲ့ဈေးကို ပေးပြီး ချက်ချင်းပဲ ငှားလိုက်ကြတယ်။ စိတ် ထဲမှာ အားမလို အားမရဖြစ်စရာဆိုလို့ အကြောင်းတစ်ခုပဲရှိတယ်။ ဖွားဘက်တော်ပင်တွေက ဒီလ ဒီရာသီမှာ မပွင့်သေးဘူးတဲ့။ ဘယ်လ ဘယ်ရောက်မှပွင့်မှာလဲ။
" ဒီမှာတော့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီလလောက်မှာ ပွင့်တတ်တာပဲ"
" ဟင် .. ခုမှ ဇွန်လရှိသေးတယ်"
" ဝေလွင်ကလည်းကွာ၊ အစက အပင်တောင်စိုက်ပြီး စောင့်ကြည့်ဖို့ စဉ်းစားခဲ့ကြတာပဲဟာကို။ ခု ဘယ်လောက်အဆင်ပြေလဲ။ ခုဇွန်ဆိုတော့ နောက် (၆)လ၊ (၇)လဆိုရင် ပွင့်ပြီပေါ့"
" ဟုတ်တယ်၊ ဒီအပင်က ပွင့်ပြီဆိုရင်လေ သိပ်လှတာ။ ဝေနေအောင် ပွင့်တတ်တာ။ မသိတဲ့လူဆို ရင်ချယ်ရီပင်လား အောက်မေ့ရတာ "
" ဟုတ်လား "
" ဟုတ်ပတော် .. အမယ်လေး အဲဒီအချိန်ဆိုရင် ငှက်ကလေးတွေကလည်း အဲဒီအတိုင်းတွေပေါ်၊ အရွက်တွေကြား၊ အပွင့်တွေနားမှာ နားကြ၊ ခိုကြ၊ လာကြ၊ သွားကြနဲ့ သိပ်ကြည့်လို့ကောင်းတာကွဲ့"
မောင်အောင် က ဝေလွင့်မျက်နှာလေးကို ကြည့်မိပြန်တယ်။ ဝေလွင့်မျက်နှာလေးတစ်ခုလုံးဟာ ကြည်ပြီး ၀င်းနေတာပဲ။ မောင်အောင်ကိုယ်တိုင်လည်း ဒီလိုပါပဲ။
သိပ်ကို ဟန်ကျသွားတယ်။ ခြံကလေးနဲ့ နှစ်ထပ်အိမ်ကလေးမှာ ဇနီးမောင်နှံ အသစ် စက်စက်စုံတွဲ လေးဟာ တက်ညီ လက်ညီနဲ့ သိပ်ပြီးပျော်စရာကောင်းခဲ့ကြတာပေါ့။
မောင်အောင်က ရုံးတက်ရုံးဆင်း သိပ်မှန်တယ်။ အလုပ်သွားရင်လည်း သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညား ရှိတယ်။ ဒီတော့ ဝေလွင်ကလည်း အားကျမခံပေါ့။ မနက်မိုးလင်းတာနဲ့ မောင်အောင်ထက် ဦးအောင်အိပ်ရာကထတယ်။ ဇနီးကောင်းတို့ ၀တ္တရားမိုးလား။ မောင်အောင် နိုးလာရင် မနက်ခင်းအတွက် အားလုံး အဆင်သင့်စီကာစဉ်ကာ လုပ်ပြီးသား။ သူ့ကိုယ်သူလည်း ဝေပြီးလွင်နေအောင် သနပ်ခါး ရည်ကျဲ လေးနဲ့၊ ကိုယ်နံ့ကလေး တသင်းသင်းဖြစ်အောင် ပြင်ထားဆင် ထားတတ် တယ်။ နေ့လယ်နေ့ခင်း လျှော်ဖို့ ဖွတ်ဖို့၊ သိမ်းဖို့ဆည်းဖို့ အကုန်တာဝန်ကျေတယ်။ ညနေဘက်၊ ညဘက် ဘာမှငြိုငြင်စရာ မရှိအောင် နှစ်ယောက်စလုံးက နေတတ်ကြတာ။
အဲ .. တစ်ခုတော့ရှိတယ်။ လင်မယားနှစ်ယောက်စလုံး မကြာခဏဆိုသလို အိပ်ခန်းပြတင်းပေါက် ကိုဖွင့်ဖွင့်ပြီး ဖွားဘက်တော်ပင်ကို ကြည့်ရတာအမော။ ဖူးများဖူးနေပြီလား၊ ပွင့်များပွင့်တော့မှာလားရယ် လိုပေါ့။ အရူးထကြတာလေ။
အိမ်ရှင်ဒေါ်အုန်းကြီးကတော့ ဒီလင်မယားနှစ်ယောက် ဖွားဘက်တော်ပွင့်ချိန်ကို စောင့်ရင်း အရူး ထနေကြတာ ကိုတအံ့တသြ ဖြစ်နေတာပေါ့။ ကြာတော့ သူကိုယ်တိုင်တောင် ဒီနှစ်ဖွားဘက်တော်ပင် က စောပြီးများ ပွင့်လာလေမလားလို့ ထင်မိမျှော်မိရှာတဲ့ထိပဲ။
ဘာကြာလိုက်လို့လဲ။ သူတို့ အဲဒီအိမ်ရောက်လို့ နှစ်ယောက်လည်းရှိရော ရုံးချိန်၊ နေ့လယ်ကြီး အိမ် မှာဝေလွင်တစ်ယောက်တည်းရှိနေတုန်း စာတွေတပုံကြီး အထုပ်လိုက် ရောက်လာတယ်။
မောင်အောင်ရဲ့ ရည်းစားဟောင်းဆီက ပို့လိုက်တာလေ။ တစ်ချိန်က မောင်အောင် သည်းခဲ့ကဲခဲ့တဲ့ စာတွေပေါ့။ ဝေလွင်သတိလက်လွတ်မဖြစ်ရအောင် ထိန်းပါတယ်။ စာတွေအားလုံးစေ့အောင် တည်တည် ငြိမ်ငြိမ် နဲ့ ဖတ်နိုင်အောင် ကြိုးစားပါတယ်။ မဆိုးပါဘူး။ စာတွေအားလုံးပြီးအာင် နှစ်နာရီလောက် မရပ်မနား တစ်စောင်ပြီး တစ်စောင် ပြီးအောင်ဖတ်နိုင်ပါတယ်။
ဒါပေမယ့် မျက်ရည်တွေကတော့ တားမရဆီးမရ စီးစီးကျလာတာတော့ မတတ်နိုင်ဘူးပေါ့။ စာတွေ ရဲ့အဓိပ္ပာယ်တွေ က ရှင်းပါတယ်။ မောင်အောင်က အဲဒီထွေးဆိုတဲ့ မိန်းမကို အသေအလဲ ခယခဲ့တာ ပဲ။ နောက်တော့ စွံရောဆိုကြပါစို့။ အဲဒီအချိန်မှာ မောင်အောင် ချွဲချွဲပျစ်ပျစ်တွေ ရေးထားတာကတော့ တစ်ဆိတ် လွန်လွန်းတယ်။ နောက်ပိုင်း စာတွေကျတော့ "ထွေး" က မောင်အောင့်ကို ခါထုတ် လို့ မောင် အောင်ကြွေတဲ့စာတွေ၊ ၀ပ်တွားခယတောင်းပန်ရတာတွေ၊ ဒူးထောက်ဦးညွတ်ရတာတွေပါပဲ။
ဘာဖြစ်လဲ ..။ တစ်ချိန်က ကိုအောင့်မှာ ချစ်သူရှိခဲ့ဖူးတာပဲ။ ခု မရှိတော့ဘူး။ ပြတ်သွားပြီ။ ဒါ အရေး အကြီးဆုံး ပဲမဟုတ်လား။ ခုကိုအောင် "ထွေး" ဆိုတာကို မေ့လိုက်ပြီမဟုတ်လား။ ဒါဆိုရင်လည်း ပြီးရော ပေါ့။ ဝေလွင် ဖြေကြည့်ပါတယ်။ ရပါတယ်။ ဒါပေမယ့် စီးစီးကျလာတဲ့မျက်ရည်တွေက ခက်တယ်။
ပြီးတော့ ဒီစာတွေကို ဘာလုပ်ရမှာလဲ။ ကိုအောင့်ကို ပေးပြရမှာလား။ ပြရင် ပြဿနာတွေ ပိုရှုပ်ကုန် နိုင် သလား။ မပြရင်လည်း ကိုယ်က သတ္တိနည်းရာကျနေတာလား။ မရိုးသားရာကျနေသလား။
ဘာပဲဖြစ်ဖြစ် အဲဒီနေ့ညနေ ကိုအောင်ပြန်လာတော့ အဲဒီစာတွေအားလုံး ပေးပြလိုက်ပါတယ်။
မောင်အောင်က ခဏပဲ ဣနြေ္ဒပျက်တာပါ။ ချက်ချင်းဆိုသလိုပါပဲ စာတွေအားလုံးကို ခြံထဲဆင်းပြီး မီးရှို့ပစ် လိုက်တယ်။
ဒီလိုအတိတ်မျိုးဟာ ဒီလိုပဲ မီးရှို့ပစ်ရမှာပဲ။ ပြီးတာပဲပေါ့။
ဘယ်ပြီးလိမ့်မှာလဲ။ အဲဒီနေ့ကစပြီး ဝေလွင်နဲ့ မောင်အောင်ရဲ့ ဆက်ဆံရေးမှာ ဖျောက်ဖျက်လို့မရ တဲ့အမာရွတ် တစ်ခု။ ဒါမှ မဟ်ုတ် မကြာခဏ မျက်ခနဲ မျက်ခနဲ ဖြစ်တတ်တဲ့ ဒဏ်ရာဒဏ်ချက်တစ်ခု ရှိသွား ပြီပေါ့။
ကိုအောင် နဲ့ အတတ်နိုင်ဆုံး ပုံမှန်နေနိုင်အောင် ဝေလွင်ကြိုးစားပါတယ်။ ဒါပေမယ့် နဂိုမူလကရှိခဲ့တဲ့ အခြေအနေ ကို ပြန်မရောက်တော့ဘူးဆိုတာ နှစ်ယောက်စလုံး သိနေကြတာခက်တယ်။
ဝေလွင် ဖြေနိုင်ဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေလွင်ကိုယ်တိုင်လည်း အသည်းခိုက် အောင် ချစ်ရသူ ရှိခဲ့ဖူးတာပဲ မဟုတ်လား။
အဲဒီအကြောင်းကိုကော ကိုအောင် သိသလား။ ကိုအောင်ကလည်း မမေးဖူးဘူး။ ဝေလွင်ကလည်း မပြော ဖူးဘူး။
တကယ်တမ်းကျတော့ ကိုအောင်ကလည်း ဝေလွင်ရဲ့ အတိတ်ကို ဘယ်ကဘယ်လိုမှန်း မသိရပေ မယ့် အရှိ ကိုတော့ အရှိအတိုင်း သိလာခဲ့ပြန်တယ်။
" ကိုထွန်းမြင့်ကလည်း ဝေလွင်ရဲ့ စာတွေကို လှမ်းပို့ဘူးလို့ မပြောနိုင်ဘူးနော်" တဲ့။
သေပြီ။
ကိုအောင် ဘယ်လိုလုပ် သိသွားရတာတဲ့လဲ။
"ဝေလွင် သူ့ဆီကို စာသုံးစောင်ပဲ ရေးဖူးတာပါ "
" အင်း .. ဟုတ်မှာပါ။ ဒါပေမယ့် အချစ်ဦးမို့ ရူးရတယ်ကွယ်ဆိုတဲ့စာကြောင်းလေးကတော့.. "
" ဟင် .. ဒီစာကြောင်းကို သူ သိနေတယ်။ ဘယ်လိုလုပ်သိနေတာလဲ "
ဝေလွင် ထုတ် မမေးရဲပါဘူး။ ကိုအောင်ကလည်း ဆက်မပြောပါဘူး။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့ပြီဖြစ်တဲ့ အတိတ်နဲ့ပတ်သက်ပြီး သေးသိမ်တဲ့စကားနာထိုးတာတို့၊ အထအနကောက်တာတို့ မလုပ်မိ အောင် ပြင်းပြင်း ထန်ထန် ကြိုးစားကြပါတယ်။
ဒါပေမယ့် ကြိုးစားနေကြရတာကိုတော့ အချင်းချင်းသိနေကြတာခက်တယ်။
ကိုအောင် အသွားအလာ ဖောက်စပြုလာတယ်။
ဝေလွင် ကြိတ်ကြိတ်ပြီး ငိုမိတဲ့အကြိမ်များ များလာတယ်။
ကိုအောင့်မှာ အပေါင်းအသင်းနဲ့ အသောက်အစား များလာတယ်။
ဝေလွင်လည်း အပေါင်းအသင်းရှာစပြုလာတယ်။ ရုပ်ရှင်တွေ။ ပွဲတွေ ထွက်ကြည့်တတ်လာတယ်။
အိမ်ထဲမှာ အတူနေကြရင်း တစ်ယောက်ကို တစ်ယောက် ဟန်ဆောင်ပြီး တာဝန်ကျေပြနေကြတာတွေဟာ ပါးစပ်က ထုတ်ပြီး ဆဲရေးပြစ်တင်နေတာတွေလို ခံစားလာကြရတယ်။
ကြာလာတာ့လည်း ဟန်မဆောင်နိုင်ကြတော့ဘူး။ တကျက်ကျက်နဲ့ ကြိတ်ပြီး ရန်ဖြစ်စပြုလာကြ တယ်။
အိမ်ရှင်ဒေါ်အုန်းခမျာလည်း လင်မယားနှစ်ယောက်အကြား ၀င်ရှာပါတယ်။
ဒါပေမယ့် နောက်ပိုင်းပွဲတွေကျတော့ ၀ုန်းဒိုင်းကျဲကုန်ကြတယ်။ ဒေါ်အုန်းလည်း ကြောက်လို့မ၀င်ရဲ တော့ဘူး။
မှတ်မှတ်ရရ ဇန်န၀ါရီလ (၆)ရက်နေ့ကတော့ အပြင်းထန်ဆုံးပေါက်ကွဲကြတယ်။
ဝေလွင်က သူ့ပစ္စည်းလေးတွေယူပြီး ဆိုက်ကားနဲ့ သင်္ဘောဆိပ်ကို အပြီးဆင်းသွားတယ်။
မူးနေတဲ့ မောင်အောင်က ပစ္စည်းတွေ တော်တော်များများကို ပေါက်ခွဲဖျက်ဆီးပစ်တယ်။
နောက်တော့ ဒေါ်အုန်းကိုခေါ်ပြီး နောက်ဆုံးကျန်တဲ့အိမ်လခကို ပေးချေတယ်။ မူးမူးရူးရူးနဲ့ ကန်တော့ တယ်။ ပြီးတော့မှ အိမ်ကဆင်းသွားတဲ့ ဝေလွင်ကို ကျိန်ဆဲရင်း သူလည်း အိမ်ပေါ်ကဆင်းသွား တယ်။
ဝေလွင်မီလိုက်တဲ့သင်္ဘောက ညနေသင်္ဘော။
မောင်အောင် လိုက်သွားတဲ့သင်္ဘောက နောက်နေ့မနက် စောစောထွက်တဲ့သင်္ဘော။
သိသာပါတယ်။ နှစ်ယောက်စလုံး ပြတ်ကြပြီ။ နံနက် ၆ နာရီဆိုတော့ မိုးကလည်း စင်စင်လင်းပြီ။
အိမ်ရှင်ဒေါ်အုန်း က အိမ်ကို ရှင်းရလင်းရဦးမယ်။ အထက်ထပ် အိပ်ခန်းပြတင်းကို တွန်းဖွင့်လိုက် တော့ -
ဖွားဘက်တော်ပင်ကြီးတစ်ပင်လုံး ဖွေးဖွေးလှုပ်နေအောင် ပွင့်နေပါပေါ့လား။ ငှက်ကလေးတွေလည်း ကျီကျီကျာကျာနဲ့လာကြပါပေါ့လား။
ဖွားဘက်တော်ပင်ကြီး ပွင့်နေမှာကို သတိရကြပြီး သူတို့ နှစ်ယောက် ပြန်လာကြတန်ကောင်းပါရဲ့။
ပြီးပါပြီ
နောက်တပုဒ်ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-43551548459242815582013-06-24T05:55:00.005-05:002013-06-24T05:55:43.782-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၄)
ခရီးဆောင်ကြက်တူရွေး
မွေးတုန်းကမွေးထားပြီး အစာကြွေးဖို့
ရေတိုက်ဖို့ကျတော့ မေ့နေကြတယ်။ ...
လူတွေဟာတယ်ခက်တာပဲ
နိုင်လိုမင်းထက်သိပ်လုပ်တတ်ကြတယ်။
သူတို့လက်ထဲက ရေဆိုပြီး
ထင်သလိုလျှောက်လုပ်နေတာပဲ။
ခရီးဆောင်အိတ်ကိုဆွဲ၊ ရင်ကော့ပြီး ဆင်းခဲ့တယ်။
ရင်ကော့ပြီးတက်လို့မရဘူး။
သင်္ဘောဆိပ်က နိမ့်တယ်၊ တာရိုးကမြင့်တယ်။
အဲဒီတော့ ရင်ကော့ပြီး ဆင်းခဲ့ရတာပေါ့။ စိတ်ထဲမျာပဲ ရင်ကိုကော့ထားတာလေ။ ခါးကတော့ ဘယ်ကော့ ထားလို့ဖြစ်မလဲ။ အဆင်းဆိုတော့ ခါးကို ကိုင်းထားရတာပေါ့။
ဘာပြုလို့ ရင်ကော့ပြီး ဆင်းခဲ့ရတာလဲ။
အကြောင်းက ရိုးရိုးလေးပါ။
ကျုပ်သင်္ဘော အထက်တန်းခန်းက လက်မှတ်ဝယ်ထားတယ်လေ။ အထက်တန်းခန်းက စတိုင်နဲ့ သွားမယ့်ကောင် မဟုတ်လား။ သင်္ဘောစထွက်ခါစမှာ ကျွန်တော့် အခန်းရဲ့ ရှေ့က ကုန်းပတ်ပေါ်ထွက်၊ လက်ယမ်း ကိုမှီပြီးရပ်၊ ဂိုက်ပေး၊ လေကောင်းလေသန့်ရှူရှိုက်၊ ပတ်ဝန်းကျင်ရှူမျှော်ခင်းကိုကြည့်၊ ခဏနေရင် စတိုင်နဲ့ ထမင်းမှာစား၊ ထမင်းက ပထမတန်းအခန်းထဲ အရောက်လာပို့တာလေ။ စတိုင်နဲ့မလိုင်နဲ့စားရုံပဲ။ ပြီစရင် စာလေးဘာလေးဖတ်၊ နောက်ကျတော့ အိပ်ချင်ရင်အိပ်၊ အလွန်ဇိမ်ကျမယ့်ကိစ္စပဲ။
ဒါပေမယ့် သင်္ဘောပေါ်လည်းရောက်ရော ရင်ဘတ်ကို ဆီးကန်ခံရသလိုပါပဲ။ ကျွန်တော့်ထက် အများကြီး အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ခရီးသွားမှာမို့တဲ့။ ကျွန်တော့်အခန်းကို ပေးလိုက်ရပြီတဲ့။
ကြည့်လိုက်တော့လည်း ဟုတ်တယ်ဗျာ။ မိန်းမတွေရော၊ ကလေးတွေရော တစ်ပြုံတစ်မကြီးပဲ။ သင်္ဘော အထက်တန်း အခန်းလေးခန်းစလုံး အပြည့်ပဲ။ ၀င်လိုက်ထွက်လိုက်နဲ့။ ကလေးတွေကလည်း ပြေးလိုက် လွှားလိုက်နဲ့။ မြင်ရုံနဲ့ သိသာပါတယ်။ ကျွန်တော့်ထက် အများကြီး အရေးကြီးတဲ့ပုဂ္ဂိုလ်တွေပဲ။
ခရီးကလည်း မသွားလို့မဖြစ်။
ကုန်းပတ်ကပဲ လိုက်ရုံရှိတော့တာပေါ့။ ကုန်းပတ်ပေါ်မှာက ခရီးသည်တွေ တင်းကြမ်းပြည့်နေ ပြီ။ နေရာလွတ် မရှိသဘောက်ပဲ။
တတ်နိုင်ပါဘူး၊ သူများချထားတဲ့ ပစ္စည်းထုပ်ကလေးတွေကို နည်းနည်းစီတိုး၊ နည်းနည်းစီဖယ်ပြီး ဖင် တစ်နေရာစာ၊ တစ်ထိုင်စာရအောင် လုပ်ယူရတော့တာပေါ့။
ကိုယ့်နောက် မှာ ပစ္စည်းထုပ်တွေ၊ ဘေးမှာလည်း လူရော ပစ္စည်းတွေရော။
ကိုယ့်ရှေ့မှာက လူသွားလမ်း။
သွားလိုက်ကြတဲ့လူတွေ၊ ဘာတွေလုပ်နေကြတာလဲ မသိဘူး။
ကျွန်တော့် မှာ ရင်ကိုကော့ထားရတယ်။
သူတို့နဲ့ မတိုက်မိအောင်လေ။
စိတ်ကတော့ ကိုင်းနေရပါပြီပေါ့ဗျာ။
" ကီ .. ကီ .. ကီ .. ကီ"
" ဟာ ... လန့်လိုက်တာ၊ ဘာလဲဗျ"
ကျွန်တော့်ဘေးက လူတွေ ပြုံးပြီး လုံချည်ဟောင်းနဲ့ အုပ်ထားတဲ့ ငှက်ပျောလှောင်အိမ်ကို ဖွင့်ပြတယ်။
အထဲမှာ ကြက်တူရွေးသုံးကောင် ရှိတယ်။
တစ်ကောင်က ခပ်ငယ်ငယ်၊ နှစ်ကောင်က ခပ်ကြီးကြီး။
ခပ်ကြီးကြီးနှစ်ကောင်က ကုပ်ပြီး ငြိမ်နေကြတယ်။
ခပ်ငယ်ငယ်ကောင်ကတော့ ဟိုကြည့်ဒီကြည့်လုပ်ရင်း နှုတ်သီးကလည်း တလှုပ်လှုပ်နဲ့။
" ကရစ် ... ကရစ် ... ဂရစ် ... ဂရစ် "လုပ်နေတယ်။
"ဒီမယ် သိပ်ကြည့်မနေနဲ့။ ကျုပ်တို့က အဖမ်းခံထားရလို့ စိတ်ညစ်နေတာ နားလည်လား။ ဟိုကောင် ကြီးတွေက ကြောက်လို့ငြိမ်နေပေမယ့် ကျုပ်ကတော့ ငြိမ်မနေနိုင်ဘူး။ ဘယ့်နှယ်ဗျာ ဒီလောက်ကျပ်တဲ့၊ ဆူညံနေတဲ့နေရာ မှာ ပူလိုက်အိုက်လိုက်တာလည်း လွန်ရော၊ ဒီထဲ လှောင်အိမ်ကို လုံချည်ဟောင်းနဲ့ အုပ် ထားတော့ အထဲ မှာ လှောင်ပိတ်ပြီး နံစော်နေတာပဲ"
အဲဒီကြက်တူရွေးအငယ်ကောင်ဟာ တလှုပ်လှုပ်နဲ့ သူ့ခေါင်းကို ခါလိုက်လှုပ်လိုက်၊ စောင်းလိုက်ငဲ့ လိုက် နဲ့ နှုတ်သီးကလည်း တဂစ်ဂစ်လုပ်နေတယ်။ ဒီတော့ သူတို့ကို ဖမ်းလာတဲ့လူကလည်း -
" ငါ မေ့သွားလို့ပါကွာ။ ဟုတ်တာပေါ့၊ ဒီလုံချည်စုတ်ကြီးနဲ့ စွတ်ထားအုပ်ထားတော့ မင်းတို့ ဘယ် သက်သာ မလဲ။ ကဲ .. ကဲ .. ကဲ ဖယ်လိုက်မယ်၊ ဟုတ်လား"
ကြည့်စမ်း၊ ဟိုကြက်တူရွေးက တဂစ်ဂစ်လုပ်နေတဲ့ကိစ္စမှာ ကျွန်တော်က ဒီ အဓိပ္ပာယ်တော့ ဖြစ်တန် ကောင်းရဲ့လို့ မှန်းကြည့်တာ။ ခု သူတို့သခင်က ပြန်ပောတဲ့စကားနဲ့ ဆက်မိ မနေဘူးလား။
ကြက်တူရွေးလေးကလည်း တဂစ်ဂစ် ဆက်လုပ်နေတယ်။
"ဒီလိုမှပေါ့၊ ကျေးဇူးပဲဗျာ"
ကျွန်တော် သိပ်ကြိုးစားနေစရာမလိုဘဲ ကြက်တူရွေးစကားကို နားလည်နေသလိုပဲ။
ဒီကြက်တူရွေးလှောင်အိမ်နားမှာ ရောက်နေရတာ ကျွန်တော့်အတွက်တော့ ကံဆိုးကံကောင်းပဲ။
စဥ့်ကူးထုံးကြီးကိုရောက်အောင် တစ်မနက်ခင်းလုံးသွားရမှာလေ။ အခေါက်ခေါက်အခါခါ သွားဖူး နေတဲ့ခရီးဆိုတော့ ဘေးပတ်ဝန်းကျင်ကိုလည်း စိတ်မ၀င်စားတော့ပါဘူး။ အလွန် ပျင်းစရာကောင်း တယ်။
ခုတော့ ဒီကြက်တူရွေးနဲ့ နည်းနည်းတော့ ဟန်ကျနေသလိုပဲ။ သူကလည်း ကရစ်ကရစ်နဲ့လုပ်လိုက်၊ ကိခနဲ ထအော်လိုက်၊ ဂစ် .. ဂစ် .. ဂစ် .. ဂစ်လုပ်လိုက်နဲ့၊ တစ်ချိန်လုံးလုပ်နေတယ်။ ကျွန်တော်ကလည်း အဲဒါကိုပဲ အာရုံစိုက်နေမိတယ်။ သူ့ဟာက ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာနဲ့ အံကိုက်ဖြစ်ဖြစ်နေတယ်။
ဥပမာဆိုကြပါစို့၊ တောဈေးသည် မိန်းမနှစ်ယောက် လှောင်ချိုင့်နားမှာလာရပ်ပြီး စကားပြောနေကြ တုန်း ကရစ် ကရစ်နဲ့ လုပ်နေပုံဟာ -
" သြော် ... ဒီမိန်းမနှစ်ယောက်ကလည်း ဒုက္ခပါပဲ။ ဒါလူသွားလမ်းဗျ။ ခင်ဗျားတို့ကို ရပ်ပြောနေကြ တော့ သူများလမ်းသွားစရာနေရာ မရှိတော့ဘူး။ ဒီတော့ ကျုပ်တို့လှောင်အိမ်ပေါ် ခွတက်ရော၊ သေကုန် တော့ မှာပါပဲ၊ ဒုက္ခပဲ၊ ပြောနေတာလည်း မကြားဘူး"
အဲဒီလို အဓိပ္ပာယ်ထွက်နေတယ်။
ကျွန်တော်က တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတယ်။ သူ့ကိုပဲ သေသေချာချာ ကြည့်နေမိတယ်။ ဒီတော့ သူက ကျွန်တော့်ကို ပြန်ကြည့်ပြီး ကရစ် .. ကရစ်နဲ့ လုပ်ပြန်တယ်။
" ခင်ဗျားလည်း အလကားပါပဲ။ ခင်ဗျားမလာခင်က ကျုပ်တို့မှာ နည်းနည်းပါးပါး ချောင်ချောင် လည်လည် ကျယ်ကျယ် ၀န်းဝန်းရှိသေးတယ်။ ခင်ဗျားလာမှ ပိုဆိုးသွားတာ"
ကျွန်တော် တော်တော်ရယ်ချင်သွားတယ်။ ဟုတ်တော့ ဟုတ်ပါတယ်။ ဘေးက လေပေါက်တွေ ပိတ် ကုန်သလိုဖြစ်သွားတာကိုး။ ဒါနဲ့ ကျွန်တော်ကလည်း တစ်ဖက်ကို ပိုတိုးပေးရပါတယ်။ သူတို့လှောင်အိမ်နဲ့ ကပ်ပိတ် ထားသလိုဖြစ်နေတဲ့ခရီး ဆောင်အိတ်ငယ်ကိုလည်း နည်းနည်းခွာပေးရတယ်။ ဒီတော့ သူက ကရစ် .. ကရစ် လုပ်ပြန်တယ်။
" အဲလို သိတတ်တော့ ကောင်းတာပေါ့ဗျာ" တဲ့။
" ဟေ့ကောင် .. ဟေ့ကောင်၊ အဲဒီလို မင်းပြောဖို့ မလိုပါဘူးကွ"
ကျွန်တော့် ပါးစပ်က လွှတ်ခနဲ ထွက်သွားမိတယ်။
ကြက်တူရွေးရှင် က ကျွန်တော့်ကို လှည့်ကြည့်တယ်။ ကျွန်တော်လည်း ကပျာကယာ တခြားကို စိတ်ဝင်စား ချင်ယောင်ဆောင်နေလိုက်ရတယ်။ သူ ကျွန်တော့်ကို အတော်ကြာကြာ ကြည့်နေသေးတယ်။ ကျွန်တော် သိသားပဲ။ ခဏနေတော့မှ သူ့ဟာသူ တခြားပြန်လှည့်သွားတယ်။
မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီကြက်တူရွေးကို မကြည့်တာပဲ ကောင်းတယ်။ ကြည့်နေရင် သူကလည်း ကရစ် .. ကရစ်နဲ့ ဗှစ်တောက်ဗျစ်တောက် ပြောနေမှာပဲ။ ကျွန်တော်ကလည်း သူဘာပြောနေတယ်ဆိုတာ နားလည် သလိုဖြစ်နေတော့ တစ်ခွန်းမဟုတ်တစ်ခွန်း ပြန်ပြောမိမှာပဲ။ အဲဒီမှာ ကျွန်တော် ငကြောင်ဖြစ်ရ တော့မှာပဲ။
တွေ့ဖူးကြမှာပေါ့။
တချို့လူတွေ တိရစ္ဆာန်မွေးထားကြပြီး အဲဒီတိရစ္ဆာန်တွေနဲ့ စကားပြောတတ်ကြ တာလေ။ တော်တော် ကြောင် တယ်နော်။
ဒီကြက်တူရွေးက ကျွန်တော် မွေးထားတာလည်းမဟုတ်ပါဘူး။ သူနဲ့ စကားပြောဖို့ ကျွန်တော့်မှာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ခုကိစ္စမှာက သူ လျှောက်လျှောက်ပြောနေတာကို ကျွန်တော်က အဓိပ္ပာယ် နားလည် သလိုဖြစ်နေတယ်။ အဲဒီတော့ သတိလက်လွတ်နဲ့ ပြန်ပြောမိသွားတာပေါ့။ အဲဒါက ပိုကြောင် တယ်ဗျ။ သိတယ်မှုတ်လား။
ကျွန်တော် ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိပြီး ကုန်းပတ်ပေါ်မှာရှိတဲ့ခရီးသည်တွေကို တစ်ယောက် ချင်း၊ တစ်ဖွဲ့ချင်း လိုက်ကြည့်နေလိုက်တယ်။ အာရုံလွှဲလိုက်တာပဲ။
ဘာကြာလိုက်လဲ။ ကီခနဲ မြည်တဲ့အသံ ကြားရတာပဲ။
ကျွန်တော် သူ့ကို လှည့်ကည့်စရာမလိုဘူး။ တစ်ခါတည်း တန်းသိတယ်။ ကျွန်တော့် လုံချည် ဆေးလိပ်မီးလောင်ပေါက်နေပြီဆိုတာ သိပ်သေချာတာပေါ့။ သွားပါပြီ။ အင်ဒီယားပလေကပ်၊ သုံးရေပဲ ချရ သေးတာ။ မီးလောင်ပေါက်တဲ့နေရာကိုလက်နဲ့ ကပျာကယာ ပွတ်ချေငြိမ်းသတ်ပြီးမှ ကြက်တူရွေး ကို လှမ်း ကြည့်မိတယ်။ သူက ထုံးစံအတိုင်း ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ကရစ် .. ကရစ်၊ ကရု .. ကရု လုပ်နေ တယ်။
" ဟင် .. ဆေးပေါ့လိပ်သောက်ပြီး မီးပွားလွင့်မယ်၊ မီးလောင်ပေါက်မယ်ဆိုတာ သိဖို့ကောင်းတာ ပေါ့။ မပြောများ မပြောရင် သင်္ဘောတောင်မီးစွဲနိုင်တယ်။ တစ်ကတည်း.. "
သူပြောတာမှန်ပေမယ့် ကျွန်တော် ဒီကောင့်ကို တော်တော် ချဉ်သွားတယ်။ တော်တော် လူပါးဝတဲ့ ကောင်ပဲ။ ကျုပ်ဟာကျုပ် ဘာပဲဖြစ်နေဖြစ်နေ သူနဲ့ဘာဆိုင်လဲ။ သူက ဘာကောင်မို့လဲ။
အဲဒီနောက်ပိုင်းကျတော့ သင်္ဘောပဲ့ပိုင်းက မိတ်ဆွေတစ်ယောက်က လာခေါ်သွားလို့ အဲဒီနးက အပြီးပြောင်းခဲ့တယ်။ အဲဒီမိတ်ဆွေနဲ့ စကားပြောရင်း ကြက်တူရွေးကို သတိရနေသေးတယ်။ ဂရစ်..ဂရစ်၊ ကရစ်..ကရစ်နဲ့ စကားပြောတတ်တဲ့ ကြက်တူရွေးအကြောင်း ကျွန်တော့်မိတ်ဆွေကို ပြောပြတော့ သူက ရယ် လိုက်တာ။ ကျုပ်ဟာကျုပ် အဓိပ္ပာယ်တွေထုတ်တာကို ရယ်တာပါ။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ သူ ထင်သလောက် ပေါ့ပေါ့တန်တန် မဟုတ်ဘူးဗျ။
အချိန်အခါ၊ အခြေအနေနဲ့ တိုက်ဆိုင်ပြီး ဖြစ်လာတဲ့ ကြက်တူရွေးရဲ့ လှုပ်ရှားမှု၊ အမူအရာ၊ အသံ၊ အတိုးအကျယ် အဲဒါတွေဟာ အဓိပ္ပာယ်တွေဖြစ်ဖြစ်လာတယ်။ ဒါဟာ အဆန်းလားဗျာ။ တစ်ခါတလေ မလိုသူကို စောင်းမြောင်းပြီးဆောင့်ကြ၊ အောင့်ကြတာတွေ တွေ့ဖူးတယ်မဟုတ်လား။ မကျေမနပ် နဲ့ မြည်တွန်တောက်တီးတဲ့စကားတွေ၊ ဆဲရေးတဲ့ ရှုတ်ချတဲ့စကားတွေ ထွက်လာတာပဲ။
ကျွန်တော်က ကျွန်တော့် မိတ်ဆွေကို ကြက်တူရွေးလိုက်ကြည့်ဖို့တောင် ပြောသေးတယ်။ သူက ရယ်နေတယ်။
" တော်ပါပြီဗျာ။ ခင်ဗျားဟာ ဘာမဟုတ်ညာမဟုတ်" တဲ့။
သူပြောပုံကို ကျွန်တော် နည်းနည်းတော့ မကျေမနပ်ဖြစ်သွားတာအမှန်ပဲ။
အဲလိုနေတုန်း ထုံးကြီးကို ရောက်တော့မယ်တဲ့ အသံတွေ ထွက်လာတယ်။ မြစ်ရေက သိပ်ကျနေ တယ်။ သင်္ဘော ကပ်ရမယ့်နေရာမှာ အကြီးအကျယ် သောင်ထွန်းနေတယ်။ ရေတိမ်ပိုင်းလည်းဖြစ်နေတယ်။ အဲဒါကြောင့် မြစ်လယ်မှာပဲ သင်္ဘောကို ရပ်ပြီး ကမ်းကိုရောက်ဖို့ လှေတွေနဲ့ ကဲ့သယ်ယူရတယ်။
ခရီးသည်တွေ လည်း အတော်ကို ဒုက္ခရောက်ကြတယ်။ သင်္ဘောပေါ်ကနေပြီး လှေပေါ်ဆင်းရတာ သိပ်လွယ်တဲ့ ကိစ္စမှ မဟုတ်ဘဲ။
သင်္ဘောကုန်းပတ်ကမြင့်နေပြီး လှေကားက နိမ့်နေတော့ ကြိုးလှေကားလေးနဲ့ ဆင်း ရတယ်။ တော် တော်ကသိကအောက်နိုင်တယ်။ ပစ္စည်းကလည်း တိုးလိုးတွဲလောင်းပါသေးတယ် မဟုတ်လား။ ကျွန်တော် ဆင်းတဲ့အလှည့်မှာ လှေပေါ်ကိုမှန်းပြီး ခြေချမယ်အလုပ် ကီခနဲကြားလို့ လန့်ပြီး ခြေကို ရုပ်လိုက်ရတယ်။ လား .. လား၊ တော်သေးတာပေါ့။ လှေက သင်္ဘောနဲ့ကွာသွားတာကိုး။ ကျွန်တော်သာ စိတ်ချ လက်ချ ခြေထောက်ချနင်းလိုက် ရင် ရေထဲကျမှာ သေချာ တယ်။ နောက်မှ လှေက ပြန်ကပ်ပေးလို့ ကျွန်တော် လှေပေါ်ရောက်လာတယ်။ ဒီတော့မှ လှေပေါ် ကို ရောက်နှင့်နေတဲ့ ကြက်တူရွေးက ကရစ် .. ကရစ်၊ ကရက် .. ကရက်နဲ့ ပြောတော့တာကိုး။
" ခင်ဗျားကြည့်ရတာ တော်တော်လပေါ်သရေနိုင်တာပဲ။ ကျုပ် အော်လို့သာပေါ့။ ကျုပ်များမအော် ရင် အနည်းဆုံးတော့ အရှက်ကွဲဦးမှာ သေချာတယ်" တဲ့။
ကျွန်တော် ထိုင်တဲ့နေရာနဲ့ ကပ်လျက်ကျနေပြန်ပြီ။ လှေပေါ်ကို လူတွေ တော်တော်များများ ဆင်း လာကြတယ်။ ကျွန်တော်က ကြက်တူရွေးကို မသိချင်၊ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ လှေထဲကို လူတွေကလည်း ဆင်းလာနေတုန်းပဲ။ လွန်ရော ကျွန်ရော ဆယ့်ငါးယောက်လောက်ပဲ စီးနိုင်တဲ့လှေပေါ်မှာ လူနှစ်ဆယ်လောက်ရှိနေပြီ။ ဒုက္ခပဲ။ လှေနှုတ်ခမ်းနဲ့ ရေမျက်နှာပြင်နဲ့ကလည်း သုံးလေးလက်မမပဲ လွတ်တော့တယ်။ အဲဒီအချိန်မှာ ကြက်တူရွေးဆီက ကရစ် .. ကရစ်နဲ့ အသံထွက်လာပြန်တယ်။
" ဟေ့ကောင်တွေ .. ဟေ့ကောင်တွေ၊ အလကားနေရင်း ငိုက်မနေကြနဲ့။ လှေပေါ်ကို လူတွေ အဆက်မတန် တင်နေကြပြီ။ အချိန်မရွေး နစ်သွားနိုင်တယ်။ နားလည်လား။ နစ်ပြီဆိုတာနဲ့ တို့ကသေ မှာ။ လှောင်အိမ်ထဲမှာဆိုတော့ ဘယ်လိုလုပ်လို့မှ မလွယ်ဘူး။ ကယ်တော်မူကြပါလို့ နင်းကန်အော်ရုံပဲ ရှိတယ်။ နားလည်လား .. ထ .. ထ"
ကြက်တူရွေးလေးကို မကြည့်ဘဲ အသံသာ ကြားနေရတယ်။ အဓိပ္ပာယ်ကလည်း အဲလိုထွက်နေ တယ်။ ဒါနဲ့ ကျွန်တော် လှောင်ချိုင့်ကို လှမ်းကြည့်လိုက်တယ်။
အံမယ် .. ဟုတ်တယ်ဗျ။ ဟိုငိုက်နေတဲ့ကောင်နှစ်ကောင်လည်း နိုးနိုးကြားကြား ဖြစ်နေကြတယ်ဗျ။ သူတို့လည်း ခုမှ ဂစ် .. ဂစ် .. ဂစ် .. ဂစ်နဲ့ လုပ်လာကြတယ်။
" အေးပါကွာ .. မင်း ပြောတာမှန်ပါတယ်။ ငါတို့လည်း မငိုက်ဝံ့တော့ပါဘူး" ဆိုတဲ့ သဘော။
အဲဒီတုန်းက အသည်းတထိတ်ထိတ်နဲ့ ကမ်းကိုရောက်ခဲ့ကြရတယ်။ ကျွန်တော့်လာကြိုတဲ့လူက ခပ်သွက်သွက် ထဲကပဲ။ မောင်ပြုံးတဲ့။
အရပ် ရှည်ရှည်၊ အသားမည်းမည်း။ ကျွန်တော်လည်း သူ ဆွဲခေါ်ရာကို ဒရွတ်တိုက်ပါသွားသလို ပါသွား တယ်။ ကြက်တူရွေးကြီးလည်း ဘယ်မှာဘယ်လိုဖြစ်ပြီး ကျန်ခဲ့တယ်ဆိုတာ မသိတော့ဘူး။
ဒါပေမယ့် ကျွန်တော် ထုံးကြီးမှာ ကိစ္စပြီးလို့ စားကျက်ရွာကို ရောက်တော့ အဲဒီကြက်တူရွေးကြီး ကို တွေ့သေးတယ်။ သူတို့သခင်က ကြံရည်ဆိုင်မှာ ခဏ၀င်နားရင်း လှောင်အိမ်ကို ဆိုင်တံစက်မြိတ်မှာ ချိတ် ထားတာ။ ကျွန်တော်က ကိုနေ၀င်း ရဲ့ စက်ဘီးနဲ့ ဖြတ်အသွားမြင်လိုက်တာပါ။ ခဏလေးပဲ။ ဒါတောင် ကြက်တူရွေးလေး က -
" အံမယ် .. အံမယ်၊ ဘယ်သူများလဲ မှတ်တယ်။ ဘယ်လဲဗျ" တဲ့။
ကျုပ်လည်း ရပ်ပြုမနေတော့ပါဘူး။ စက်ဘီးကို ဆက်နင်းခဲ့တယ်။
ကျွန်းစီတို့၊ ရွေပြည်တို့ဘက်ရောက်တော့လည်း သူတို့ကို တွေ့ပြန်တယ်ဗျ။ သူ့သခင်က လက်ပံလှ ထိ သွားမှာတဲ့။ ဟိုမှာ ဒီကြက်တူရွေးတွေကို ရောင်းဖို့ဆိုပဲ။
အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ စိတ်ရူးတစ်ခု ပေါက်လာတယ်။ ဘာပဲဖြစ်ဖြစ် ဒီကြက်တူရွေး လေးကိုတော့ ၀ယ်သွားဦးမှပဲ။
ပိုင်ရှင် ကို မေးကြည့်တော့ တစ်ကောင်တည်း မရောင်းဘူးတဲ့။ သုံးကောင်စလုံးဝယ်မှ ရောင်းမှာ တဲ့။ လှောင်အိမ် ပါ ၀ယ်ရမှာဆိုပဲ။
ဒါန့ အားလုံး ဘယ်လောက်လဲလို့ မေးလိုက်တော့ ခြောက်ရာတဲ့။
ကြည့်စမ်း .. ကြက်တူရွေးဈေးကလည်း မသေးပါလား။
ဖျားနာနေသလို၊ ငြိမ်ကုပ်နေတဲ့ ကြက်တူရွေးနှစ်ကောင်ကို ကျွန်တော်က ဘာလုပ်ရမှာလဲ။ မရွှင် မလန်းနဲ့ ကျက်သရေ လည်းမရှိဘူး။
ကျွန်တော်က အင်တင်တင်နဲ့ စဉ်းစားနေတုန်းရှိသေးတယ်။ ကျွန်တော့်မိတ်ဆွေ အင်းသူကြီးကိုမြ က ငွေချေလိုက်ပြီ။ အဲလိုကြီးကတော့ ဘယ်ကောင်းမလဲ။
ကျွန်တော် ငွေခြောက်ရာ ကိုမြကို ပြန်ပေးလိုက်တယ်။ ပြုစုချင်ရင် အရက်တိုက်လို့လည်း ပြောရ တယ်။ ဒီတော့မှ ကိုမြက သူ့ငွေသူပြန်ယူတယ်။
ချက်ချင်း ဆိုသလိုပဲ ငေါင်တောင်တောင်ဖြစ်နေတဲ့ ကြက်တူရွေးနှစ်ကောင်ကို လှောင်အိမ်ထဲကထုတ်ပြီး လွှင့်ပစ်လိုက်တယ်။
အံမယ် .. အဲလိုကတော့လည်း ကော့လို့ဗျ။ ပျံသွားလိုက်ကြတာ။
အဲဒီမှာ ကျွန်တော့်ကောင်ကြီးဆီက ကရစ်..ကရစ် နဲ့ အသံထွက်လာပြန်တယ်။
" အင်း .. ငေးငေးငိုင်ငိုင်နဲ့ ကျက်သရေမရှိအောင်နေတဲ့ ကောင်နှစ်ကောင် ကြီးပွားသွားပြီ။ သြော် .. လောကကြီး မှာ ဒီလိုလည်းရှိသကိုး။ ဟင်း .. ဒီလိုမှန်း အစကတည်းကသိရင် ကောင်းသားကွာ"
အဲလို အဓိပ္ပာယ်ထွက်မယ်ထင်တာပဲ။ ဘာပဲပောပြော ဒီကောင်လေးကို ကျွန်တော် သဘောကျလာတာနဲ့ မန္တလေးထိ သယ်လာခဲ့တယ်။
ကျွန်တော့်အိမ်မှာက များသောအားဖြင့် ကျွန်တော် တစ်ယောက်တည်းနေတာလေ။ တစ်ခါတလေမှ ကျုပ်တူလေးတစ်ယောက်လာတတ်တာ။ အိမ်မှာ ကြက်တူရွေးတစ်ကောင် မွေးတယ်ဆိုတာ တကယ်တမ်း ကျတော့ အတော်မလွယ်တဲ့ကိစ္စပဲ။
သူ့ကို အချိန်မှန်အစာကျွေးဖို့၊ ရေတိုက်ဖို့၊ သူ့လှောင်အိမ်သန့်ရှင်းရေးလုပ်ပေးဖို့၊ သူ့လှောင်အိမ် ၀န်းကျင် ညစ်ပတ်ကုန်တဲ့ ကိစ္စတွေကို သန့်ရှင်းအောင်လုပ်ပေးဖို့ ဘာဘာညာညာပေါ့ဗျာ။ အတော်ပစိပစပ် များတာပဲ။
အရေးထဲမှာ ဒီကောင်က ဗျစ်တောက်ဗျစ်တောက်ပြောတတ်ပါဘိသနဲ့။
" မွေးတုန်းကတော့မွေးထားပြီး အစာကျွေးဖို့၊ ရေတိုက်ဖို့ကျတော့ မေ့မေ့နေကြတယ်။ ခင်ဗျားကြီး လုပ်ပုံက မဟုတ်သေးပါဘူး" ဆိုတာမျိုး။
" လူတွေဟာ တယ်ခက်တာပဲ။ နိုင်လိုမင်းထက် သိပ်လုပ်တတ်ကြတယ်။ သူတို့လက်ထဲက ရေဆိုပြီး ထင်သလို လျှောက်လုပ်နေတာပဲ"
သူ မကျေနပ်ရင်ပြောနေကျစကားတွေလေ။ ကျွန်တော် သတိထားမိသလောက်တော့ အကောင်း တစ်ခုမှ မပါသလောက်ပဲ။ တစ်ခုတော့ရှိတယ်။ ကျွန်တော်ကလည်း သူ့ကို ၀ယ်လို့သာ ၀ယ်ခဲ့တာ။ သိပ်တော့ တာဝန်ကျေလှတာမဟုတ်ဘူး။ အစာကျွေးဖို့၊ ရေတိုက်ဖို့ ခဏခဏ မေ့မေ့နေတတ်တယ်။ ကိုယ့် စီးပွားကိုယ့်အလုပ်နဲ့ကိုယ်မှ အနိုင်နိုင်မဟုတ်လား။
အဲလိုနေ့တွေမှာဆို ငနဲလေး ငတ်ပြတ်နေတယ်။ ဒေါသဖြစ်ဖြစ်နဲ့ လျှောက်အော်နေတတ်တယ်။ မကြားဝံ့မနာသာတွေလည်း ပါမယ်ထင်တာပဲ။
ကြာတော့ ကျုပ်လည်း စိတ်ပျက်လာတယ်။ ဟုတ်တယ်လေ။ ကျုပ်ဟာကျုပ်လည်း သိပ်အဓိပ္ပာယ် မရှိတာ သိလာတယ်။ သူ့အတွက်လည်း မကောင်း၊ ကိုယ့်အတွက်လည်းမကောင်း၊ ဘာလုပ်မှာလဲ။
အဲဒီတော့ ဘာလုပ်မလဲ။
ဘာလုပ်ရမှာလဲ။ ကြက်တူရွေးလေးကို လွှတ်ပစ်လိုက်ရုံရှိတော့တာပေါ့။
ဟုတ်တယ်။ အဲဒါအကောင်းဆုံး။
သိပ်ကြာကြာစဉ်းစားမနေပါဘူး။ လှောင်အိမ်ဖွင့်ပြီး ချက်ချင်းလွှတ်ပစ်လိုက်မယ်။
ကျွန်တော့် လက်ကလည်းလွတ်ရော တစ်ခါတည်း သုတ်ခြေတင်တာပဲဗျ။ ဖရူးခနဲ ပြန်ထွက်သွား လိုက်တာ။ စက္ကန့်ပိုင်းအတွင်း မြင်ကွင်းက ပျောက်သွားတယ်။
" ကျေးဇူးပဲဗျာ" ဆိုတဲ့ "ကီကီ" သံလေးတောင်ပေးမသွားဘူး။
ရပါတယ်။ သွားပေါ။
မကျေမနပ်သံတွေ ကြားမနေရရင် ပြီးတာပဲ။ သွားပေတော့။
ကျွန်တော် လက်ဆေးဖို့ နောက်ဖေးထွက်ခဲ့တယ်။ လက်ဆေးပြီးတော့ ခင်မောင်ကြွယ်ဆီ ဖုန်းဆက်ဖို့ သတိရတယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် ကြက်တူရွေးလေးကို လွှတ်ပစ်လိုက်ပါပြီ ဆိုတဲ့အကြောင်း ပြော လိုက်မယ်ပေါ့။
ဖုန်းကိုလည်း ကောက်ကိုင်လိုက်ရော "ကီ၊ ကီ၊ ကီ" ဆိုတဲ့အသံကြားရတယ်။ ကျွန်တော် အိမ်ရှေ့ ကို ပြေးထွက်ခဲ့တယ်။ လှောင်အိမ်ထဲမှာ ကြက်တူရွေးလေး ပြန်ရောက်နေတယ်။ လှောင်အိမ်တံခါး ကပွင့်နေတာကိုး။ ကျုပ်လည်း မြင်ရော ကရစ်ကရစ်နဲ့ လုပ်တော့တာပါပဲဗျာ။
" ခင်ဗျား ကျုပ်ကို လွှတ်လိုက်တော့ ကျုပ် ၀မ်းသာအားရနဲ့ ထွက်ပြေးမိတယ်ဗျာ။ နှုတ်တောင် မဆက်မိပါဘူး။ အတော်ရိုင်းသွားတယ်။ ခွင့်လွှတ်ပါ။ ဒါပေမယ့် အပြင်လောကမျာက လည်း ကျုပ်ထင်သလောက် မလွယ်ဘူးဗျ။ ဘယ်လိုကြီးမှန်းမသိဘူး။ ကျုပ် ကြောက်တယ်ဗျ။ တကယ် လန့်စရာ ကောင်း တာပဲ။ ဒါကြောင့် ကျုပ် ပြန်လာတာ"
" အဓိပ္ပာယ်မရှိဘူး ဟေ့ကောင်။
မင်းတညည်းညည်း တညူညူလုပ်နေလို့ ငါ လွှတ်ပေးလိုက်တာပဲ။ မင်းဟာ မင်းသွားချင်ရာသွားလို့ရတယ်။ မင်းဟာမင်း ကြံရဖန်ရမှာပေါ့။ မဟုတ်ဘူားး "
ကျွန်တော် ဒေါသဖြစ်ဖြစ်နဲ့ အဲဒီလောက်တော့ ပြန်ပြောမိတယ်။ သိပ်တော့မရိုင်းပါဘူးနော်။
အဲလိုပြောတော့ သူ ငြိမ်နေတယ်။ ဘာမှပြန်မပြောဘူး။ ကျွန်တော် ထည့်ကျွေးထားလို့ကျန်နေတဲ့ ခရမ်းချဉ်သီး ကို စားနေတယ်။ ရေလည်းသောက်တယ်။
ကျွန်တော် သူ့ကို ဇွတ်တော့နှင်မလွှတ်ပါဘူး။ ဒါပေမယ့် လှောင်အိမ်တံခါးကိုတော့ ဖွင့်လျက်ပဲထား လိုက်တယ်။ သူ့ဟာသူ ၀င်ချင်ဝင် ထွက်ချင်ထွက် မကောင်းဘူးလား။ အစာတို့ရေတို့လည်း ကျွန်တော် အားတဲ့အခါ မှာ အားသလိုပဲကြည့်လုပ်ပေးတော့တယ်။ မအားလို့လုပ်မပေးနိုင်ရင် သူ့ဟာသူ ထွက်ရှာစား လေ။ ဆာရင်ငတ်ရင် လုပ်ရမှာပေါ့။ ပြီးတော့ ပြန်လာချင်လည်း သူ့သဘော။ မပြန်ချင် လည်းပြီးရော။ ဟုတ် တယ်မဟုတ်လား။
အဲဒါပဲ။ အဲဒီနေ့ကစပြီး သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အတော်လေး ရှင်းသွားတယ်။ ပေါ့ပေါ့ ပါးပါးနဲ့ လွတ်လွတ် လပ်လပ်ဖြစ်သွားတယ်။
မကြာမာကာ သူ ထွက်သွားတတ်တယ်။ ဒါပေမယ့် သိပ်မကြာတတ်ဘူး။ သူ့လှောင်အိမ်ထဲ သူ ပြန်လာ တာပဲ။ ဒါပေယ့် ဗျစ်တောက်ဗျစ်တောက်နဲ့ကတော့ ပြောတုန်းပဲ။
ကျွန်တော် နေပုံထိုင်ပုံကို ကြည့်မရတဲ့အကြောင်း၊ အိမ်မှာ နေတာကလည်း ဇရပ်ပေါ် ခဏတက် တာနဲ့တူတဲ့အကြောင်း၊ မသပ်ရပ်ကြောင်း၊ ညစ်ပတ်ကြောင်း ဘာညာပေါ့ဗျာ။
ဒါနဲ့ တစ်နေ့တော့ ကျွန်တော် ခပ်ချဉ်ချဉ်တာနဲ့ သူ အပြင်ထွက်နေတုန်း လှောင်အိမ်ကို နောက်ဖေး မီးဖိုချောင် ထဲကစတိုခန်းထဲမှာထည့်ပြီး ၀ှက်ထားလိုက်တယ်။
သူပြန်လာရင် ဘယ်လို နေမလဲလို့ ကျွန်တော် စောင့်ာကည့်တယ်။ အံမယ် ... သူပြန်လာတော့ ဘာမှ မဖြစ်သလိုပဲ။ ဧည့်ခန်းထဲက ဗိရိုပေါင်ပေါ်ကို တက်နားလိုက်တယ်။ ထုံးစံအတိုင်းတော့ ပြောတာပဲ။
" ရပါတယ်။ တစ်နေ့ကျရင် ဒီလိုဖြစ်လာမယ်ဆိုတာ သိသားပဲ" တဲ့။
" အခြေအနေအားလုံးကို သုံးသပ်လိုက်ရင် တကယ်ကျတော့ လှောင်အိမ်လည်း မလိုမှမလိုတော့ပဲ"တဲ့။
ကြည့်။ ဘယ်လောက်လူပါးဝတဲ့ကောင်လဲ။
" အေး ... အဲဒါအမှန်ပဲ။ မင်းကို ငါ လွတ်လပ်ခွင့်အပြည့်အ၀ပေးပြီးသားပဲ။ ဒီတော့ မင့်အစာမင်း ရှာစား။ ရေဆာရင်လည်း မင့်ဟာမင်း ဖန်တီးတော့။ ဒါပဲ။ အေး ... ငါ့အိမ်ကို ပြန်လာချင်တယ်ဆိုတာကတော့ မင့် သဘော။ မင့်ဟာမင်း ကြည့်နေပေါ့။ မင်းသိတဲ့အတိုင်းပဲ ငါ့အိမ်ကို ကြောင်တစ်ကောင်လာတတ်တယ်။ အဲဒါ သတိထား။ အဲဒါပဲ"
ကျွန်တော်လည်း ခပ်ချဉ်ချဉ်နဲ့ ပြောလိုက်တယ်။ သူ ငြိမ်ခံနေတယ်။ ဘာမှမပြောဘူး။ အဲလိုဖြစ်ပြီး တော့ ကျွန်တော် မေမြို့ (ပြင်ဦးလွင်)ကို သုံးလေးရက်တက်သွားရသေးတယ်။ အရင်ကလိုတော့ ကြက်တူ ရွေးအတွက် မပူရတော့ဘူး။ ပြတင်းတစ်ခုအထက်က လေ၀င်ပေါက်တစ်ခုကို အသာဟ ထားပေး ခဲ့တယ်။ ထွက်ချင်ဝင်ချင်ရင် အဲဒီအပေါက်ကိုသုံး။ ဒါပဲ။
ကျွ်တော် ပြင်ဦးလွင်ကပြန်လာတော့ အိမ်မှာ ကြက်တူရွေး ဘ်လိုများနေရှာမလဲလို့ တွေးမိသေး တယ်။ ဒါနဲ့ ကားဆိပ်ကအိမ်ကို ခပ်သွက်သွက် လျှောက်ခဲ့တယ်။ အိမ်ရှေ့လည်းရောက်ရော ကျုပ် မျက်လုံး ပြူးရပြီ။
ကြက်တူရွေးဝင်ဖို့ထွက်ဖို့ သက်သက်ဟထားပေးခဲ့တဲ့ လေ၀င်ပေါက်ကနေပြီး ကြောင်ခုန်ထွက်သွား တာမြင်လိုက်ရတယ်။
အိမ်တံခါး ကို ကပျာကယာ သော့ဖွင့်နေတုန်း ကျွန်တော့် လက်တွေဟာ တုန်နေတယ်။
ဧည့်ခန်းထဲလည်းရောက်ရော ကြက်တူရွေးလေးကို တန်းတွေ့တာပဲ။
ဧည့်ခန်းက အလယ်စားပွဲပေါ်မှာ ပက်လက်ကလေးသေနေပြီ။
ကပျာကယာ ကောက်ယူကြည့်လိုက်တော့ စောစောက ထွက်သွားတဲ့ကြောင်နဲ့ ဘာမှ ပတ်သက်ဟန် မတူဘူး။ ကုတ်ရာခြစ်ရာ သွေးထွက်သံယိုကိစ္စ လုံးဝမရှိ။
အစာရေစာပြတ်လို့ သေတာများလား။
လုံးဝ မဖြစ်နိုင်၊ ပြည့်ပြည့်ဖြိုးဖြိုးပါပဲ။
ဘာပဲဖြစ်ဖြစ် ကြက်တူရွေးလေး သေရှာပြီ။
ကျွန်တော် သိပ်ကြာကြာ စဉ်းစားမနေပါဘူး။ ခြံထဲက သရက်ပင်အောက်မှာ ဖြစ်ကတတ်ဆန်း ကျင်းတစ်ခု တူးပြီး မြှုပ်လိုက်တယ်။
ပြီးတော့ လက်ဆေးတယ်။
ပြီးတော့ လက်သုတ်တယ်။
ပြီးတော့ ခင်မောင်ကြွယ့်ဆီ ဖုန်းဆက်လိုက်တယ်။
"သူငယ်ချင်း မင်းကို ငါ ၀မ်းသာစရာတစ်ခု ပြောစရာရှိလို့ကွ"
(သူငယ်ချင်း ခင်မောင်ကြွယ်ရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဇနီးကို ရည်စူးပါတယ်)။
ပြီးပါပြီ
နောက်အသစ်တပုဒ်ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com2tag:blogger.com,1999:blog-3747304422565905705.post-67841105261609129692013-06-23T06:35:00.000-05:002013-06-23T06:35:06.512-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၃)
ဖျန်တင်တောင်ကြား
ဆာလောက်မွတ်သိပ်ခြင်းဟာ
အကောင်းဆုံးဆော့(စ)ဖြစ်ဆယ်လို့အဆိုရှိတယ်။
ဆော့(စ)ဆိုတာ ဟင်းလျာတွေကို ပိုပြီးအရသာရှိလာအောင်
တွဲဖက်စားသောက်ဖို့ လုပ်ထားတဲ့ ငရုတ်ရည် ခရမ်းချည်ရည်
ဘာညာ အဲဒါမျိုးကို ခေါ်တာလေ။
ဖျန်တင်တောင်ကြားကို အပေါ်ကစီးပြီး မြင်နေရတယ်။
ဖျန်တင်လွင်ပြင်ဟာ မြေပြန့်မြေနိမ့်ရာဆိုပေမယ့် ပင်လယ်ရေမျက်နှာပြင်အထက် ပေကိုးထောင်မှာ ရှိတယ် လို့ဆိုတယ်။ ကျုပ်တို့ရောက်နေ တဲ့ တောင်စောင်း၊ တောင်ထွက်ဟာ ဖျန်တင်တောင်ကြား လွင်ပြင် ထက် ပေ လေးထောင်ကျော်မြင့်သေးတယ်။
မြောက်ဘက်က လေအေးတွေ တအားတိုက်နေတယ် နေမမြင်ရတာလည်း သုံးလေးရက်ရှိပြီ။ မီးဖြတ် အရက်သောက် ရတာ စောင်ခြုံဖို့ ကြိုးစားတာတစ်မျိုးလိုဖြစ်နေတယ်။ ဆန်စီးတွေကိုပြုတ်၊ ဆားနဲ့ နယ်ပြီး၊ အလုံးတွေ လုံးထားတယ်။ အဲဒါတွေကို အမဲခြောက်မီးဖုတ်နဲ့တွဲပြီးစားးရတယ်။ မီးဖြတ်အရက်ကို ဟင်းရည်သောက် လို သဘောထားကြရတယ်။
ဆာလောင်မွတ်သိပ်ခြင်းဟာ အကောင်းဆုံးဆော့(စ)ဖြစ်တယ်လို့ အဆိုရှိတယ်။ ဆော့(စ)ဆိုတာ ဟင်းလျာတွေ ကို ပိုပြီးအရသာရှိလာအောင် တွဲဖက်စားသောက်ဖို့ လုပ်ထားတဲ့ ငရုတ်ရည်၊ ခရမ်းရည် ဘာညာ အဲဒါမျိုးတွေကို ခေါ်တာလေ။
တကယ်တမ်းသာ ဆာလောင်မွတ်သိပ်နေပါစေ၊ အစာအာဟာရတွေကို ပိုပြီးအရသာရှိလာတယ်လို့ ထင်ရတာ သေချာ တယ်။
ထန်းထန်းမားကုန်းမြင့်ဟာ သိပ်မကြီးပါဘူး။ သိပ်လည်း ကျယ်လှတာတော့ မဟုတ်ပါဘူး။ လူနေ အိမ်ခြေလည်း နည်းပါတယ်။ အားလုံးမှ မိသားစုဆယ့်သုံးစု၊ ကလေးရော လူကြီးရော အားလုံးပေါင်းမှ တစ်ရာကျော်လောက်ပဲ ရှိတယ်။
အဲဒီထန်းထန်းမားရွာသူရွာသားတွေကို သန်းခေါင်စာရာင်းကောက်ဖို့ မှတ်ပုံတင်လုပ်ပေးဖို့ ပြင်ဆင်ရတာ ဘာကြာလိုက်လို့လဲ။ နှစ်ရက်ပဲ အားလုံးပြီး။ ဒီကို ရောက်အောင် လာရတာက တစ်လနီးပါး။ ရာသီဥတုသိပ်ဆိုးနေလို့ မပြန်နိုင်ဘဲ ဖြစ်နေတာက နှစ်ပတ်လောက်ရှိနေပြီ။
တာဝန်နဲ့လာရတာဆိုတော့ ပျင်းလှတယ်။ ပျော်လှတယ် ရယ်လည်း မဟုတ်ပါဘူး။
ထန်းထန်းမားမှာ စိုက်ပျိုးရေးလုံးဝမရှိဘူး။ မုဆိုးတွေချည်းပဲ။ ရောင်းလို့ဝယ်လို့ဆိုတာမျိုးကလည်း ထန်းထန်းမားမှာတော့ မရှိပါဘူး။ အဲဒီမှာ ပိုက်ဆံငွေကြေးကလည်း အလကားပါပဲ။ ၀ယ်စရာမရှိ၊ ရောင်းစရာ မဟုတ်လား။
သူတို့ရောင်းဖို့ဝယ်ဖို့က မြေပြန့်ကို ဆင်းကြရတာလေ။ အဲဒီမှာ သူတို့အမဲလိုက်ရာက ပိုလျှံပစ္စည်း တွေရောင်းကြ၊ လိုတာဝယ်ကြ ဒါမျိုးပေါ့။
ထန်းထန်းမားသူကြီးက ခတီးကျန်တဲ့။ မျက်နှာမှာ မျက်နှာဖုံးကြီး အမြဲတပ်ထားသလိုပဲ။ သူပြောပြီ ဆိုရင်လည်း ကွန်ပျူတာ ခပ်ညံ့ညံ့ကထွက်တဲ့ စက်လုပ်စကားပြောသံလိုပဲ။ အသံက အနိမ့်အမြင့်အတိုး အကျယ်မရှိသလောက် သူ့မျက်နှာဖုံး မျက်နှာကြီးကလည်း မရယ်မပြုံး မရှုံ့မမဲ့။
သူနဲ့စတွေ့ခါစက ကျုပ်တို့ ဦးခတီးကျန်နဲ့ စကားပြောရင်း ပြောမယ့်စကား ပျောက်ပျောက်သွား တယ်။ ဘယ်လိုဘယ်လို ဖြစ်တယ်ဆိုတာရှင်းပြဖို့ မလွယ်ဘူး။ ဦးခတီးကျန်နဲ့ လက်တွေ့ စကားပြောကြည့် မှသိမှာပါ။
ဦးခတီးကျန်ဟာ သူကြီးဆိုပေမယ့် လုပ်စရာသိပ်များများ ရှိတာမဟုတ်ပါဘူး။ ငြင်းကြခုံကြ၊ သတ်ကြ ပုတ်ကြ၊ လုကြယက်ကြဖြစ်လာတယ်ဆိုမှ သူက တရားသူကြီးလုပ်ပြီး စီရင်ဆုံးဖြတ်ရတာတဲ့။ အဲလိုကျတော့ လည်း သူတို့အားလုံးက ရိုသေလေးစားကြသတဲ့။ သူ ဆုံးဖြတ်သလို လိုက်နကြတာပါပဲတဲ့။
မနေ့ညက ခုံကျဆိုတဲ့ ဓားပြတစ်ယောက်ကို ဖမ်းထားတယ်။ အတော်ဆိုးတဲ့ ဓားပြလို့ပြောကြတယ်။ ဒီနေ့မှ တရားလိုတွေ ထန်းထန်းမားကို လာကြမှာဆိုတော့ ဦးခတီးကျန် အမှုစစ်တာကို မြင်ရဦးတော့မှာပေါ့။
ခုံကျဆိုတဲ့ကောင်က ချုပ်ထားတဲ့နေရာကို သွားကြည့်ကြတယ်။ အတော်ကို ကျက်သရေ မရှိတဲ့ ကောင်ပဲ။ ခြေတံရှည်တဲကြီးအောက်က ၀က်တွေမွေးထားတဲ့နေရာ၊ အိမ်တိုင်တစ်လုံးမှာ သူတို့ ကြိုးနဲ့ တုပ် ထားတယ်။ သူ့ပတ်လည်မှာတော့ ၀က်တွေပေါ့။ အားလုံး နံစော်နေတာပဲ။ ၀က်တွေဆိုတာ ကတော့ ပြောမနေနဲ့။ ဟိုအမှိုက်ပုံထိုး ဒီအမှိုက်ပုံဆွဆိုတာမျိုတွေ မဟုတ်လား။ ညစ်ပတ်စုတ်ပြတ်ပြီး စားလို့ ကောင်း သလောက် အလွန်ကျက်သရေယုတ်တဲ့ကောင်တွေပဲ။
အဲ ... ၀က်တွေထက် ကျက်သရေမရှိတာကတော့ ခုံကျဲပဲ။ ညစ်ပတ်စုတ်ပြတ်နေတာပဲ။
ခုံကျဲဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက ဆိုးတာဆိုပဲ။ နတ်ဆရာ ဆောင်းကျားဆိုတဲ့ အဘိုးကြီးရဲ့ အိပ်ရာထဲကို ခါချဉ်ကောင်၊ ပုရွက်ဆိတ်တွေ ထည့်ထားဖူးတယ်တဲ့။ အဲဒ နတ်ဆရာကို မကြောက်လို့လည်း မဟုတ်ဘူး။ ကြောက်လွန်းလို့လည်း မဟုတ်ဘူး။ ဘာပြုလို့သွားလုပ်တယ်ဆိုတာ နတ်ဆရာကြီး ဆောင်းကျားတောင် မပြောနိုင်ဘူးတဲ့။ နေ့လယ်ပိုင်းလောက်မှာ တရားလိုမဖလူးနာရဲ့ အမျိုး တွေရောက် လာကြတယ်။ နှင်းတွေ၊ မြူတွေ တအားကျလာတဲ့ အချိန်၊ နေရောင်ပျောက် သလောက်ဖြစ်ပြီး မည်းမှောင်မှိုင်းညိုသွားတဲ့အချိန် အရှေ့ဘက် က တောင်ကုန်းကလေး ကိုကျော်ပြီး ရွာထြဲကို ၀င်လာကြတယ်။
ရာသီဥတုကလည်း သိပ်အေးသိပ်ဆိုးနေလို့ အဲဒီနေ့က အမှုမစစ်ဖြစ်ဘူး။ ဒါပေမယ့် ခုံကျဲကိုတော့ ခတီးကျန် က သုံးလေးချက်လောက် ပိတ်ကန်တာမြင်ကြရတယ်။ ခုံကျဆိုတဲ့ကောင်က တစ်မှုတည်း မဟုတ်ဘူးဗျ။ သုံးလေးမှု ကျူးလွန်ထားတာ။
မုဆိုးမချောင်းတာရှံရဲ့အိမ်ကို ခုံကျဲက ချဆွဲလွဲပြီး ဖျက်ပစ်ဖူးတယ်။ ဒါပေမယ့် ချက်ချင်း ဆိုသလိုပဲ ပြန်ပြင်ပေးတယ်။ ပြင်တယ်ဆိုပေမယ့် နဂိုကလိုတော့ ဘယ်ကောင်းတော့မှာလဲ။ အခြေကျပြီးသားတွေက လည်း အကုန်ပျက်၊ မသပ်မရပ်တွေလည်း အကုန်ဖြစ်၊ ပုံပန်းကြည့်လိုက်ရင်ကို အသိသာ ကြီးပါ။ အကုန်ယိုင်ရွဲ့နေတော့တာပေါ့။
အိမ်ပြန်ပြင်ပေးပြီးတဲ့ ညနေဘက်ကျတော့ ခုံကျဲက မုဆိုးမချောင်းတာရှံဆီမှာ ၀က်ကလေးတစ်ကောင်နဲ့ အရက် တစ်အိုးတောင်းသတဲ့။ ချောင်းတာရှံက ဘယ်ပေးမှာလဲ။ ဒီတော့ ခုံကျဲက ချောင်းတာရှံဟာ ဧည့်ဝတ် မကျေဘူး။ ကျေးဇူးကန်းတယ် ဘာညာနဲ့ သူကြီးဆီ လာတိုင်သတဲ့။ အဲသည်တုန်းက ခုံကျဲက တရားလို၊ မုဆိုးမချောင်းတာရှံက တရားခံ၊ အမှုက ဧည့်ဝတ်မကျေမှု၊ နှမြောတွန့် တိုမှု၊ ကျေးဇူးကန်းမှု၊ အမှုအကြောင်း စုံစုံလင်လင်လည်းသိရော ခတီးကျန်က ခုံကျရဲ့မျက်နှာကို တံတွေးနဲ့ ထွေးလိုက်သတဲ့။ အဲဒါစီရင်ထုံးပဲ။
နောက်နေ့မှာလည်း ရာသီဥတုက သိပ်ဆိုးတာပဲ။ တရားလိုသုံးဦး ရောက်လာပေမယ့် သုံးယောက်စလုံး အပြင်းဖျား လာကြလို့ သူတို့အမှုကို လုံးဝ မစစ်နိုင်ပါဘူး။
ကျုပ်တို့အဖွဲ့မှာ ဆရာဝန်ပါတယ်။ အပြင်းဖျားနေတဲ့ တရားလိုသုံးယောက်ကို အတတ်နိုင်ဆုံး ပြုစု ကုသကြ ပါတယ်။ သူတို့သုံးယောက်စလုံး အလွန်ပြင်းထန်တ့ အအေးဒဏ်ကို ခံခဲ့ကြရတာကို တွေ့ရတယ်။
အစွမ်းကုန်ကုသကြပေမယ့် သုံးယောက်ရှိတဲ့ထဲက နှစ်ယောက် သေသွားတယ်။ တစ်ယောက်ပဲ ကျန်တယ်။ အဲဒီတစ်ယောက်ကလည်း သက်သာလာလို့ သတိရတာနဲ့တစ်ပြိုင်နက် ခုံကျဲကို နည်းအမျိုးမျိုးနဲ့ ကျိန်ဆဲတော့ တာပဲ။ ဘယ်လောက်ထိ ကျိန်ဆဲတယ်မှတ်သလဲ။ ပါးစပ်က အမြှုပ်တွေတက်လာပြီး အားယုတ် သတိမေ့ သွားတဲ့အထိ ကျိန်ဆဲတယ်။
သူ့ကို ဆေးကုတဲ့နေရာနဲ့ ခုံကျကို ချုပ်ထားတဲ့တဲကြီးအောက်က ၀က်ခြံနဲ့က အတော်ဝေးတယ်။ ဒါပေမယ့် ကျိန်ဆဲနေတဲ့ လူမမာရဲ့ စကားကို မိန်းမသုံးယောက်က အလှည့်ကျ ခုံကျဲ ဆီ ပြေးပြေးပြော တယ်။ ပြေးပြေးပြောရတာများလာတော့ အဲဒီမိန်းမသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် ခပ်လှမ်းလှမ်း မှာနေ ကြပြီး ကျိန်ဆဲတဲ့ စကားတွေကို လက်ဆင့်ကမ်းအော်ဟစ်ပြီး ခုံကျဲသိအောင် ပို့ပေးကြ တယ်။
ဒီတော့ တရားလိုလူနာရဲ့ မကြားဝံ့မနာသာ ဆဲသံဆိုသံ၊ ကျိန်ဆဲသံတွေက တစ်ရွာလုံး မကြားချင် အဆုံး ဆိုတာကို ဖြစ်နေတယ်။
ကျုပ်တို့အုပ်စုက စကားမပေါက်ကြတော့ ပထမ ဘာမှ နားမလည်ကြဘူး။ အဲဒီတော့ ကျုပ်တို့နဲ့ အတူပါလာတဲ့ စုလုဆိုတဲ့ သူနာပြုဆရာမလေးက ဘာသပြန်ပြတယ်။ နောက်ပိုင်းကျတော့ ဆဲတာတွေက အဓိပ္ပာယ်ပြန်ဖို့ မသင့်လောက်အောင် ကြမ်းတမ်းရိုင်းပျလာတယ်လို့ဆိုတယ်။ စုလုက ရှက်ပြီး ဘာသာပြန် မပေးတော့ဘူး။
ဒါနဲ့ အရက်သောက်ပြီး မူးပြီးပြန်လာတဲ့လား မောင်းတဲ့လားသမား ကျားမန်းက ဆက်ပြီး ဘာသာ ပြန်ပေးတယ်။ မကားဝံ့မနာသာတွေပါ။ ခုံကျလည်း သူ့ကို ဆဲလေ ဒေါ သဖြစ်လေဖြစ်လာ တယ်။ ခြေတံရှည် အိမ်အောက်က ၀က်ခြံထဲ မှာ တ၀ုန်းဝုန်းနဲ့ ခုန်နေတယ်။
အဘိုးကြီး ခတီးကျန်ကြားအောင်လည်း အော်အော်ပြီး တိုင်နေတယ်။
ကျုပ်တို့က ကျာမန်းကို ဘာသာပြန်ခိုင်းရပြန်တယ်။ သူကလည်း တစ်မျိုးဗျ။ သူ့ကို ကျေးဇူး မသိတတ်တဲ့ကောင်တွေ၊ ငရဲပြည်က စိုစွတ်တံ အိပ်ရာပေါ်မှာ ထမင်းသိုး၊ ဟင်းသိုးတွေနဲ့ အတူ အိပ်ကြရပါစေ လို့ ပြန်ပြီးကျိန်ဆဲတယ်။ သူ့စိတ်ရင်းစေတနာကို နားမလည်ကြဘူးဆိုပြး ခတီးကျန်ကြားအောင် လည်း အော်ပြီးတိုင်နေတယ်။
တစ်နေ့လုံး ကျုပ်တို့မှာ ခိုက်ခိုက်တုန်အောင် ချမ်းတာက တစ်မျိုး၊ မီးဖြတ်အရက်တွေသောက်ပြီး မူးတာက တစ်မျိုး၊ ခုံကျဲနဲ့ တရားလို လူနာအပြိုင်အဆိုင်ဆဲကြလို့ ရယ်ရတာကတစ်မျိုး၊ ညစ်တီးညစ်ပတ်တွေ ပါလာလို့ ကြက်သီးထ ရတာကတစ်မျိုးနဲ့ အချိန်တန်တော့ ဆားထမင်းလုံး နဲ့ အသား ခြောက်ကင်ဆီဆမ်းတွေဝါးပြီး အိပ်ပျော် သွားကြတယ်။
မနက်မိုးလင်းတော့ ခုံကျဲရဲ့ ၀က်လိုအော်နေတဲ့အသံနဲ့ မျက်နှာသစ်ကြရတယ်။
ဒီနေ့တော့ ရာသီဥတုအတော်ကောင်းနေတဲ့ပုံပဲ။ လေလည်းငြိမ်နေတယ်။ အလင်းရောင် လည်း တော်တော်ပေါက်တယ် လို့ ပြောရမယ်။
ကိုးနာရီလောက်ကျတော့ ၀ါးလုံးမောင်းခေါက်သံသုံးလေးချက် ကြားရတယ်။ အဲဒီနောက် လျှာကို လိပ်၊ ပါးစပ် အတွင်းသွားနဲ့သွားဖုံးအကြား လျှာကို ဖိကပ်ပြီး အသံကို ညှစ်ထုတ်လိုက်ရင် ထွက်လာတဲ့ပုစဉ်း ရင်ကွဲအော်တဲ့ အသံမျိုး တော်တော်များများကို ကြားကြရတယ်။
ဒါဆို သေချာပြီ။ ဒီနေ့ ခုံကျဲအမှုကို ဆလူးနာတို့နေတဲ့ တောင်ကုန်းကို ခုံကျဲရောက်လာတာ။ ဆလူးနာမှာ လုပ်စရာ ကိုင်စရာတွေများလွန်းလို့ မအားရတဲ့အထဲ ဒီဧည့်သည်ခုံကျဲက ရနန်စတဲ့လေ။ ဆလူးနာ ရဲ့အမျိုးတွေကလည်း ဖျားနေကြလို့ မလှုပ်နိုင်ကြတော့ ဒီတိုင်းပဲ ကြည့်နေကြားနေကြရတယ်။ ဒါက ဆလူးနာ ရဲ့ အမျိုးတွေက ခတီးကျန်ကို ရှင်းပြကြတဲ့အပိုင်း ရောက်လာပြီး။
အဲဒီနောက်မှာတော့ ခုံကျဲနဲ့ ဆလူးနာတို့ ဖက်ပြီးလုံးကြသတ်ကြတဲ့အခြေအနေထိ ရောက်သွားသတဲ့။ အဲဒီတော့ မှ ခုံကျဲရဲ့အကြံအစည်ကို သိကြရတော့တာကိုး။ ခုံကျဲက ဆလူးနာကို ရန်ဖြစ် ချင်လို့မှမဟုတ်ဘဲ။ ဖက်ပြီး နပမ်းလုံးချင် လို့ ညဏ်ဆင်တာပဲ။ ဒီတော့ ဆလူးနာကလည်း ဇွတ်ရုန်း၊ ခုံကျဲက လည်းဇွတ်ဖက်၊ ဆလူးနာ အမျိုးတွေကလည်း အကြောတွေဆွဲနေကြလို့ ဘာမှမတတ်နိုင်။ ကြိုးစားပြီး လဲလျောင်းနေရာက ထလာ တဲ့ ဆလူးနာရဲ့ အဒေါ်ကလည်း အရှေ့ကို လျှောက်ရင် နောက်ရောက်ဆိုတာလို လာလက်ချာ ရိုက်နေသတဲ့။ အဲလိုနဲ့ ရုန်းရင်းကန်ရင်း ဆလူးနာ ၀ါးချွန်စူးလို့ သေရတာတဲ့။
ဒီတော့မှ ခုံကျဲက ဆလူးနာကို တောထဲမှာ အလောင်းစင်လုပ်သင်္ဂြိုလ်၊ နောက်တော့ ကျင်းတူးမြှုပ်၊ အားလုံး လုပ်ရတာတဲ့။ အသုဘငှက်ပျောသီးတွေလည်း သူပဲ ရှာရတာတဲ့။ ဆလူးနာရဲ့ မိသားစုက ထမှ မထနိုင်ကြ တဲ့ ဟာကို။
ဆလူးနာ ရဲ့ မိသားစုက ခုံကျဲကြောင့် သူတို့သမီး သေရတာပါလို့ ၀ိုင်းငိုကြတယ်။
ခုံကျဲ ကကျတော့လည်း သူက ဆလူးနာကို ချစ်လို့လုပ်တာပါ တဲ့။ သေသွားတော့ လည်း ကောင်းကောင်း သင်္ဂြိုလ်ပေး တာပဲတဲ့။ အဲဒါကြောင့် ဆလူးနာရဲ့ အမျိုးတွေအားလုံးက သူ့ကို ၀က် သုံးကောင်လောက်ပေး ဖို့ ကောင်းတယ် တဲ့။
ဆလူးနာရဲ့မိသားစုကလည်း ဆလူးနာကို ခုံကျဲသင်္ဂြိုဟ်တဲ့အတွက် သူတို့သွေးထဲ မှာ လောက်ကောင်တွေ ဖြစ် လာလိမ့်မယ် လို့ဆိုတယ်။
ခတီးကျန်က မျက်နှာသေကြီးနဲ့ ဘာမှမပြောဘဲ ထူးလန်းတောင်ကမ်းပါးယံကို လှမ်းကြည့်နေတယ်။ ဘယ်လောက်ထိ များ တည်ငြိမ်နေသလဲဆိုရင် တရားခွင်မှာ ငြင်းခုံကြတဲ့ကိစ္စအားလုံးရပ်သွားတယ်။ အဘိုးကြီး ခတီးကျန်ကိုပဲ ကြည့်နေကြတော့တယ်။ နောက်တော့ ခတီးကျန်လှမ်းကြည့်နေတဲ့ ထူးလန်းတောင် ကမ်းပါးယံ ကိုပဲ လိုက်ကြည့်ကြတယ်။ အမှုစစ်တာကို လာကြည့်နေကြတဲ့လူတွေအားလုံးပဲ။ ကျုပ်တို့လည်း ပါတယ်။
ထူးလန်းတောင်ကမ်းပါးယံမှာ တောင်ဆိတ်တစ်ကောင် ကတ်ကတ်သတ်သတ် ရပ်နေတယ်။ သူ့ခြေထောက်လေးချောင်း စလုံးကို အလွန်သေးတဲ့ ကျောက်ကလပ်ကလေးတစ်ခုပေါ်မှာ စုပြီးရပ်ထား တယ်။ ပြီးတော့မှ ကျောက်ချပ်အကြားမှာ ပေါက်နေတဲ့ ခရမ်းတလန်းပင်က အညွန့်ကလေးကို မမီ့တမီနဲ့ စားဖို့ ကြိုးစားနေတယ်။ အားလုံး အဲဒါကိုပဲ ကြည့်နေကြတယ်။ ငြိမ်နေကြတယ်။
ကျောက်ဆောင်ကျောက်ထွက်တွေပေါ်မှာ အလွန်ခြေမြဲပါတယ်ဆိုတဲ့ တောင်ဆိတ်တစ်ကောင် ရုတ်တရက် ခြေချော်လိမ့်ကျသွားတာကိုများ မြင်ကြရတော့မလားလို့ ထင်ရတယ်။
ခရမ်းတလန်းပင်ကလေးက ရွက်နုတွော တဗျစ်ဗျစ်နဲ့ ကုန်သွားတယ်။ တောင်ဆိတ်ကတော့ အပိုင်ပဲ။
တစ်ခုတော့ရှိတယ်။ ခရမ်းတလန်းရွက်နုတွေလည်း ကုန်ရော တောင်ဆိတ်လည်း အောက်ပြန်ဆင်း ဖို့ သတိရလာဟန် တူတယ်။ အောက်ဘက်ကို ငုံ့ကြည့်ပြီး ချိန်ရဆရပြီ။ တက်တုန်းကတော့ ဖတ်ခနဲ ဖတ်ခနဲ ခုန်ခုန်ပြီး တက် တက်ကြတာပဲ။ တောင်ဆိတ်တွေ အမြင့်က ပြန်ဆင်းတော့မယ်ဆိုရင် ပြဿနာက အလွန် စိတ်ဝင်စား ဖို့ ကောင်းတယ်။
ထူးလန်းတောင်ကမ်းပါးယံကြီးက ပြားပြားကြီး၊ မတ်စောက်တယ်။ ကမ်းပါးယံ မှာ ကျောက်ထစ် ကျောက်ကလပ် ကလေးတွေတော့ရှိပါရဲ့။ ဒါပေမယ့် အလွန်ကတ်သီး ကတ်သတ် နိုင်ပုံ ရတယ်။ တကယ်တော့ တောင်ဆိတ်တွေဟာ အဆင်းမှာလည်း ဖတ်ခနဲ ဖတ်ခနဲ ဟိုခုန်ဒီခုန်နဲ့ ပြီး သွားတတ်ကြတာ ပါပဲ။ ဒါပေမယ့် ခုကိစ္စမှာ ပထမတစ်ချက်ခုန်ဖို့တောင် မလွယ်တဲ့အနေအထားပဲ။ ပြီးတော့ ပထမဆုံး လှမ်း ခုန်ရမယ့် ကျောက်ထွတ်ကလည်း သူ့နောက်ကျောဘက်မှာ ရောက်နေတယ်။ သူကလည်း အဲဒီဘက်ကို လှည့်ဖို့မလွယ်တော့ဘူး။ နောက်ပြန်ခုန်လို့မရတော့မသိဘူး။
ဒီကိစ္စကို တကယ်တော့ ဘာမှစဉ်းစားပူပင်နေဖို့ မကောင်းဘူး။ တောင်ဆိတ်ကလည်း လောလော ဆယ်ဆယ် ဘာမှ ပျာယာခတ်မနေဘူး။ ဘာမှလည်း ဆက်မကြိုးစားတော့ဘူး။ သူနောက်ဆုံးရပ်နေမိတဲ့ အတိုင်းပဲ ဆက်ရပ်နေတယ်။ ခရမ်းတလန်းရွက်နုလေးတွေကို စားမြုံ့ပြန်နေတယ်။ ဘယ်လို ဆင်းမှာလဲလို့ စောင့်ကြည့်နေဖို့က သိပ်အကျိုးရှိလှမယ်မထင်ဘူး။
အဲဒီအချိန်မှာ ကောက်ကလပ်ကလေးက ပဲ့ကျသွားတယ်။ တောင်ဆိတ်လည်း ဘာမှ မတတ်နိုင် လိုက်ဘူး။ ၀ရုန်းသုန်းကားနဲ့ ကျောက်ချပ်ကြားထဲကို ကျသွားတယ်။
နောက်တစ်မှု ဆက်စစ်ဖို့ နာရီဝက်လောက် နောက်ကျသွားတယ်။ မနေ့က တစ်နေ့လုံး ကျိန်ဆဲ လိုက်၊ မောပြီး အိပ်ပျော်သွားလိုက်နဲ့ဖြစ်နေတဲ့ တရားလိုလည်း ဒီနေ့တော့ တော်တော် သက်သာ သွားတာကို တွေ့ရတယ်။ သူက စကားပြောကောင်းတယ်။ ဖြည်းဖြည်းနဲ့ စီကာပတ်ကုံး ပြောတတ်ဟန်တူ တယ်။ ခုံကျတောင် သူပြောတာကို ဖြတ်မပြောဘူး။ ငြိမ်ပြီး နားထောင်နေတယ်။ စုလုက ဘာသာပြန်ပေး ရှာပါတယ်။
ဒီတရားလိုရဲ့နာမည်က လလွန်းပဲတဲ့။ သူတို့က ထောင်တရာတောင်တန်းတွေပေါ်မှာ ဆေးမြစ်သွား ရှာကြပြီး အပြန်လမ်းမှာ ဓားပြအတိုက်ခံကြရတာတဲ့။
အဲဒီဓားပြအဖွဲ့မှာ ခုံကျဲက ခေါင်းဆောင်ဓားပြဗိုလ်ပေါ့။
လလွန်းပဲတို့အုပ်စုမှာ လူခြောက်ယောင်ပါတယ်။ လေးယောက်က ဖျားနေကြပြီ။ အဓိကကတော့ အအေးမိ တာပါပဲ။ ဒါပေမယ့် ကြိုးစားပြီး ခရီးနှင်ကြရတယ်။ ပိုက်ဆံအတော်အသင့်ပါကြတယ်။ ရိက္ခာတချို့ ကျန်သေး တယ်။ အနွေးထည်တွေကတော့ ပြည့်ပြည့်စုံစုံကိုပါကြတယ်။ ရာသီဥတုက သိပ်ကြမ်းတယ် မဟုတ်လား။ နေ့စဉ်ရက်ဆက် နှင်းမုန်တိုင်းတွေ ကျနေတာလေ။ လလွန်းပဲတို့အုပ်စုမှာ ရိက္ခာနဲ့အရက် လုံလုံလောက်လောက်ရှိနေလို့ပေါ့။ နို့မို့မလွယ်ဘူး။
ထောင်ဆုံတောင်ကြားလည်းရောက်ရော ခုံကျဲတို့အုပ်စုနဲ့ တွေ့တော့တာပဲ။ ခုံကျဲ တို့က လေးယောက်တည်း။ ဒါပေမယ့် သေနတ်တွေပါတကိုး။ လလွန်းပဲတို့က သိပြီ။ ဒါဟာ ဓားပြတိုက်တာပဲ။ ဒါပေမယ့် ခုံကျဲ ကို သိပ်အံ့သြနေတယ်။ ခုံကျဲနဲ့ ပါလာတဲ့ကောင်သုံးကောင်က လူစိမ်းတွေ၊ ဘယ်ကကောင် တွေမှန်း ကိုမသိဘူး။ ဖျန်တင်လွင်ပြင်မှာတောင် မတွေ့ဖူးဘူး။ အဲဒီလူတွေကထားတော့။ ခုံကျဲ က ဘယ်လို ကောင်လဲ။ မျက်နှာသိချင်း ဓားပြတိုက်ကြတော့ ရှေ့ဆက်ပြီး ဒီကောင် ထန်းထန်မားက ထွက် သွားတော့မှာလား။ ဒါမှမဟုတ် သူတို့ကို သတ်ပစ်တော့မှာလား။
လလွန်းပဲ နဲ့ပါလာတဲ့လူတွေက ခုံကျဲတို့ကို တောင်းပန်နေကြသေးတယ်။
မလုပ်ပါနဲ့။ ချမ်းသာပေးပါ၊ ဘာညာပေါ့။ မရပါဘူး။ ဓားပြတိုက်ပါတယ်ဆိုနေမှ၊ မယူပါနဲ့။ မပေးပါရစေနဲ့ ဆိုလို့ရမလား။ အလကား အရိုက်ခံရတာပဲ အဖတ်တင်တယ်။ လလွန်းပဲကတော့ ဘာမှပြောမနေတော့ဘူး။ ပါလာ တဲ့ ပိုက်ဆံ၊ ရိက္ခာ၊ အရက်၊ ရှာဖွေလာတဲ့ဆေးမြစ်တွေ အကုန်ချပေးလိုက်တာပဲ။ နိုင်တုန်းတော့ လုပ်ကြဦးပေါ့ ကွာ။ ရွာပြန်ရောက်မှ ခတီးကျန်ကို တိုင်မယ်ပေါ့။ သူ့လူတွေလည်းပါတာ အကုန်ပေးကြရတော့တာပဲ။ ဒါပေမယ့် ခုံကျတို့က လလွန်းပဲတို့ပါလာတာ အကုန်ယူတဲ့အပြင် အနွေးထည်တွေပါ ချွတ်ပေးရမယ်လို့ ဆိုကြတယ်။
ဒါကတော့ မပြောလို့မဖြစ်တော့ဘူး။ လလွန်းပဲက ၀င်ပြောရပြီ။ ဒါလောက် ရာသီဥတု ဆိုးဝါးအေးစက်နေတဲ့ နေရာမှာ အအေးပိလို့ ဖျားနာနေတဲ့လူလည်း လေးယောက်ရှိနေကြောင်း၊ အနွေးထည်တွေ ကိုပါ ယူသွားကြမယ်ဆိုရင် မထူးတော့ကြောင်း၊ တစ်ခါတည်းသာ အသေသတ်သွားကြရန် ရှိတော့ကြောင်း ပြောတယ်။ ခုံကျဲက သတ်မယ်လို့ပြောတယ်။ သူ့လူတွေက ဓားပြတိုက် လူသတ် ဆိုတာ မကောင်းကြောင်း၊ လိုချင်တဲ့ပစ္စည်းရပြီမို့ သတ်ဖို့မလိုကြောင်း သူတို့ချင်း ငြင်းခုံရန်ဖြစ်ကြတယ်။ နောက်ဆုံး အဲလိုငြင်းခုံရင်း နဲ့ပဲ ထွက်သွားကြတယ်။ လလွန်းပဲတို့ အနွေးထည်တွေလည်း ဇွတ်ယူသွားကြတယ်။ လလွန်းပဲ တို့မှာ အေးလွန်းလို့ သွေးခဲမသွားအောင် တတ်သမျှ မှတ်သမျှ အကုန်လုပ်ပြီး အအေးဒဏ်ကို ကာကွယ်နေကြရတယ်။
နောက်နှစ်နာရီလောက်ကြာတော့ လလွန်းပဲတို့ဆီကို ခုံကျဲပြန်ရောက်လာတယ်။ ဖျားနေတဲ့ လူတွေ သောက်ဖို့ ဆေးတွေလာပေးတယ်။ အရက်အိတ်တွလည်း ပြန်ပေးတယ်။ အနွေးထည်တွေတော့ ပြန်မပေး တော့ဘူး။ ခုံကျဲက လလွန်းပဲတို့အုပ်စုအတွက် စိုးရိမ်လွန်းလို့ အဝေးကြီး က ပြန်လာပြီး ဆေးတွေနဲ့ အရက်တွေကိုပေးတာ ကျေးဇူးမတင်ဘူးလားလို့ မေးသေးတယ်။ လလွန်းပဲ တို့က ကျေးဇူးတင်ကြောင်း ပြောကြရတယ်။ ဒါပေမယ့် အနွေးထည်တွေမရှိမှတော့ ဒီရာသီ ဒီခရီးကို ဆက်ဖို့ ဘယ်လွယ်တော့ မှာလဲ။ အအေးဒဏ်လည်း သက်သာအောင်၊ ကိုယ့်ရပ်ကိုယ့်ရွာလည်း လမ်းခရီးမှာပဲ သုံးယောက် သေသွားတယ်။ သူတို့ရွာကို သုံးယောက်ပဲ ပြန်ရောက်လာကြတယ်။ အဲဒီ သုံးယောက်ကမှ ထန်းထန်းမား လည်းရောက်ရော နောက်ထပ် နှစ်ယောက် ကျုပ်တို့လက်ထဲမှာပဲ သေသွားကြရှာတယ်။
ခုံကျဲ ကတော့ သူ့ထုံးစံအတိုင်းပဲ သူ ဓားပြတိုက်တာမှန်ကြောင်း၊ ဒါပေမယ့် လလွန်းပဲတို့ကို ဆေးတွေနဲ့ အရက်တွေ ပြန်ပေးတဲ့အတွက် လလွန်းပဲတို့က သူ့ကို ကျေးဇူးတင်ကြရမှာဖြစ်ကြောင်းပဲ ဇွတ် ပြောတယ်။
အမှုစစ် တာကတော့ ပြီးသွားပြီ။ ခတီးကျန်လည်း မေးစရာမကျန်တော့ဘူး။ ခုံကျဲကို အပြစ်ပေးရမယ် လို့ပြော တယ်။ ဘာအပြစ်ပေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ကျုပ်တို့လည်း နောက်နေ့မှာ ရာသီဥတုကောင်းတာနဲ့ အိမ်ပြန်ခရီးနှင်ခဲ့ကြတယ်။
ပြီးပါပြီ
နောက်တပုဒ်အသစ်ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-39180486368894999792013-06-22T06:32:00.000-05:002013-06-22T06:32:34.589-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၂)
ရေကြည်ရေသန့်
ဘကြီးကျော်ရဲ့အောင်မြင်မှုကို ယုံကြည်ကြောင်း
အံ့သြပါကြောင်း ဒါပေမယ့် သောက်ကြည့်မြည်းကြည့်ဖို့တော့
လုံးဝမဖြစ်နိုင်ကြောင်း ငြင်းလိုက်ရှောင်လိုက်ကြတာ ဆူညံသွားတာပဲ။
ဘကြီးကျော်လိုလူကတော့ တကယ်ရှားတယ်။ သူက ကျော်မိသားစုမှာ အသက်အကြီးဆုံး။ ကျော် မိသားစုမှာ က ခင်မောင်ကျော်တဲ့၊ ထွန်းရွှေကျော်တဲ့၊ ထွန်းဝေကျော်တဲ့၊ မေသန္တာကျော် တဲ့၊ ဝေစန္ဒာကျော်၊ ကျော်ဦးကျော် တဲ့ အများကြီး ... အများကြီးပဲ။ ခုပြောခဲ့တဲ့ နာမည်တွေက ဘကြီးကျော် ရဲ့ သွေးရင်းသားရင်း မောင်နှမတွေပဲရှိသေးတာ။ အဲဒါတွေက တစ်ဆင့်ပွားထားတဲ့ သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေ ရှိသေးတယ်။ အဲဒါတွေအားလုံးလည်း "ကျော်"တွေပဲ။ မှည့်ချင်တဲ့ နာမည်မှည့်၊ "ကျော်" တော့တပ်ရမယ်။ ရှေ့မှာတပ်တပ်၊ နောက်မှာတပ်တပ်၊ တပ်ကိုတပ်ကြရမယ်။ ဒါပေမယ့် နောက်မှတပ်ကြတာများပါတယ်။ ဘကြီးကျော်ရဲ့နာမည်အပြည့်အစုံက ထွန်းအောင်ကျော်တဲ့။
တကယ်တမ်းကျတော့ ဘကြီးကျော်ဟာ ထွန်းလည်း မထွန်းဘူး။ အောင်လည်း မအောင်ဘူး။ ကျော်လည်း မကျော်ပါဘူး။
ဒါဖြင့် ဘာလို့ရှားတယ်လို့ ပြောရတာလဲ။
အဲ ... ရှားတာတော့ အမှန်ပဲဗျ။
အဲဒီရှားတဲ့အကြောင်းပဲ ပြောချင်တာပါ။
ဘကြီးကျော်ဟာ ကျော်မိသားစုမှာ အကြီးဆုံးဆိုတော့ အားလုံးကို ဆူနိုင်ခွင့်ပူနိုင်ခွင့် ဟိန်းခွင့်ဟောက်ခွင့် သူ့မှာ အပြည့် ရှိတယ်လေ။
တစ်ချိန်လုံး ဟိန်းဟောက်နေတာပဲ။ ဆူပူနေတာလဲ။
သူ ဘာအလုပ်လုပ်သလဲ၊ တကယ်တမ်းပြောရရင် ဘာအလုပ်မှမလုပ်ဘူး။ ၀င်ငွေရအောင်ဆိုတာ မျိုး ဘာအလုပ် မှ မလုပ်ဘူး။ သူ့မှာ အမွေရထားတာတွေရှိတယ်။ ကျော်မိသားစုနဲ့အတူနေတယ်။ အတူစား တယ်။ သတ်သတ်မှတ်မှတ် ဘာမှ စိုက်ထုတ်စရာမလိုဘူး။ အငယ်တွေ ကစားစရိတ်။ သောက်စရိတ် ဘာမှပြောနေကြတာ မဟုတ်ဘူး။ သူက အကြီးမဟုတ်လား။ အားလုံးဝိုင်းထည့်ကြတဲ့ ထဲက ကျွေး လိုက်ကြတာပါပဲ။
ဘာပဲပြောပြော ဘကြီးကျော်မှာ အလွန်ထူးခြားတဲ့အချက် တစ်ချက်တော့ ရှိတယ်။ အဲဒီအချက် အတွက်တော့ မိသားစုတစ်ခုလုံး သူ့ကျေးဇူးမကင်းကြဘူးလို့လည်း ဆိုရမယ်။ သူ့လောက်လည်း ဘယ်သူမှ ပါရမီ မရှိကြဘူး။ အဲဒီကိစ္စမှာတော့ သူ့လောက်လည်း စိတ်မ၀င်စားနိုင်ကြဘူး။ သူ့လောက်လည်း မတတ်ကြ၊ မသိကြ ဘူး။ ဒါကတော့ အမှန်ပဲ။ အဲဒီအချက်ကဘာလဲဆိုတော့ ဘကြီးကျော်ဟာ မိသားစုအသုံးပြုတဲ့ အိမ်သာတွေ ကို အလွန်စိတ်ဝင်စားတယ်။ ကျော်မိသားစုနေတဲ့ ခြံကျယ်ကြီးနဲ့တိုက်ကြီးမှာ အိမ်သာစုစုပေါင်း ငါးလုံး ရှိတယ်။ အိမ်မကြီးမှာ သုံးလုံး ရှိတယ်။ နောက်ဖေး အစေခံတန်းလျားအတွက် နှစ်လုံးရှိတယ်။ အဲဒီ အိမ်သာတွေ အားလုံးကို ဘကြီးကျော် အမြဲဂရုစိုက်တယ်။
အမြဲသန့်ရှင်းနေရမယ်။
အနံ့အသက်မရှိရဘူး။
ဆေးရကြောရမယ်။
ဆေးသုတ်ရမယ့်အချိန်မှာ ဆေးသုတ်ရမယ်။
ရေသုံး အိမ်သာတွေမှာ အမြဲတမ်း ရေပြည့်ပြည့်စုံစုံ ရှိရမယ်။
စက္ကူသုံးတဲ့ အိမ်သာတွေမှာလည်း ဒီလိုပဲ။ လိုအပ်တာ အကုန်အဆင်သင့် ရှိနေရမယ်။
အဲဒီအိမ်သာအားလုံးကို ကြုံရင်ကြုံသလို ဘကြီးကျော်သုံးတယ်။ စစ်ဆေးကြည့်ရှုတယ်။ လိုအပ်တာ တွေ ကို အကုန်ကြည့်ပြီး မသပ်မရပ် မသန့်မရှင်းဖြစ်နေရင် ထမင်းချက်၊ မာလီ၊ ဒရိုင်ဘာ၊ ကလေးထိန်း တွေ့ရာလူ ကို ဘာမှစကားများမနေနဲ့ ရှိတဲ့အလုပ်၊ လုပ်လက်စအလုပ် ချထားခဲ့၊ အိမ်သာ လာ လုပ်ကြ၊ ဒါပဲ။ အဲဒါပြီးမှ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြ။ ဒါပဲ။
ထိန်းသိမ်းပြုပြင်မှုနဲ့ ပတ်သက်လာရင်လည်း သူ အကုန်လိုက်ကြည့်တာပဲ။ ပြင်ရပြုရမယ်ဆိုရင် သူ ကိုယ်တိုင် တွက်ချက်တာပဲ။ ပြီးတော့မှ မိသားစုတစ်ခုလုံး အချိုးကျပေးကြ၊ ဒါပဲ။ လိုတဲ့ပစ္စည်း ၀ယ်ဟယ် ခြမ်းဟယ် ကိစ္စတွေကို အငယ်တွေလုပ်ကြ။ လက်သမား၊ ပန်းရံ အကောင်းဆုံး ခေါ်ရမယ်။ အဲဒါ လုပ်ကြ ပေတော့။ သူကတော့ သေသေချချာ စစ်ဆေးကြည့်ရှုမယ်။ သေသပ်မှကြိုက်တယ်။ တိကျ မှကြိုက်တယ်။ လက်ရာကတော့ ကောင်းမှ၊ ကောင်းမှ။
အဲဒါအတွက်တော့ ဘကြီးကျော်က ကောင်းကောင်းစစ်တယ်။ တကယ်တော့ ကျော်မိသားစုတစ်ခု လုံးမှာ အိမ်သာ ကို အများဆုံးသုံးတာလည်း သူပဲလေ။ တစ်နေ့တစ်နေ့ အနည်းဆုံး အိမ်သာထဲကို ဆယ့် လေးငါးခေါက်လောက် ၀င်တာကို တွေ့ကြရတယ်။
တစ်ခါတလေ ခရီးသွားရင်လည်း အိမ်သာအဆင်မပြေမှုနဲ့ မြန်မြန် ပြန်လာတတ်တယ်။
အိမ်သာ ကို ဂရုမစိုက်ကြဘူးဆိုရင် သူ အမုန်းဆုံး၊ ဒေါသအဖြစ်ဆုံးပဲ။ သူ့အဆိုအရ အိမ်သာဟာ လူ့လောက၊ လူ့ဘ၀ကြီးရဲ့ မဏ္ဍိုင်တစ်ခုတောင်ဖြစ်နေတယ်။
လူတစ်ယောက် ကျန်းမာဖို့၊ ချမ်းသာဖို့၊ ပညာရှိဖို့၊ အတွေးအခေါ်ရှိဖို့ အိမ်သာဟာ ထိပ်တန်း အဓိကနေရာ မှာ ရှိနေကြောင်း ခဏခဏ ပြောတတ်တယ်။
လူတွေရဲ့ အလွန်တန်ဖိုးရှိတ့ ပညာဥာဏ်တွေ၊ အတွေးအခေါ်တွေ၊ အကြံအစည်တွေဟာ အိမ်သာ တွေထဲက ရကြတာ ဖြစ်မယ်လို့ သူက ပြောတယ်။ လူတွေက ရှက်လို့ ထုတ်ပြီး ၀န်မခံကြတာပဲလို့ သူ ယုံသတဲ့။
သူကိုယ်တိုင်လည်း အလွန်တန်ဖိုးရှိတဲ့ အတွေးအမြင်တွေကို အိမ်သာတက်ရင်း စဉ်းစားပေါက် မြောက် ခဲ့တာလို့ ဆိုတယ်။ ဘာတွေ ပေါက်မြောက်တာလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ မေးလည်း မကြည့်ဝံ့ကြ ဘူး။
ရှေးသိပ္ပံဆရာကြီး အာခေမီးဒီး(စ)တောင် သူ့ရဲ့ ကမ္ဘာကျော်သိပ်သည်းဆနဲ့ ပတ်သက်တဲ့ သီဝရီကို အိမ်သာတက်ရင်း ရလိုက်တာပဲလို့ ဘကြီးကျော်က ပြောတယ်။ ကျောင်းတက်နေတ့တူ၊ တူမလေးတွေက အာခေမီးဒီး(စ)ဟာ အိမ်သာတက်ရင်း မဟုတ်ကြောင်း၊ ရေချိုးရင်း စဉ်းစားမိတာသာဖြစ်ကြောင်း ပြန်ပြော ကြတဲအခါမှာ ဘကြီးကျော် အကြီးအကျယ် ဒေါပွတယ်။
ရေအိမ်၊ ရေချိုးခန်းဆိုတာနဲ့ အိမ်သာဟာ အတူတူပဲဖြစ်တယ်လို့ ဇွတ်ပြောတယ်။ ပြောလို့မရတဲ့ အဆုံး မှာတော့ ကလေးတွေကို ထရိုက်တော့တာပါပဲ။
ဘာပဲပြောပြော ဘကြီးကျော်ဟာ အိမ်သာနဲ့ပတ်သက်လို့ မဟာအသိပညာရှင်၊ အတတ်ပညာရှင် တစ်ဆူ ဖြစ်လာတယ်ဆိုတာတော့ သေချာပါတယ်။ အိမ်သာဆေးတဲ့ပစ္စည်းအမျိုးပေါင်း များစွာကို သူ သိ တယ်။ ထုံးလိုပစ္စည်းကစပြီး အနောက်နိုင်ငံများမှာ နောက်ဆုံး ထုတ်လုပ်ကြော်ငြာနေကြတဲ့ နောက်ဆုံးပေါ် အိမ်သာဆေး တဲ့ ဆေးမှုန့်ဆေးရည်တွေထိ သူ သိတယ်။
ဆီးချိုဆေးတာနဲ့ ၀မ်းချိုးဆေးတာမှာတောင် မတူတဲ့အကြောင်း သူ ရှင်းပြနိုင်တယ်။
အိမ်သာသုံးစက္ကူ၊ တစ်ရှူးပေပါအမျိုးမျိုးကိုလည်း သူပြောနိုင်တာပဲ။ ၀ယ်ရမယ်ဆိုရင်သာ သူမျး ပိုက်ဆံနဲ့ ၀ယ်တာ။
နောက် အိမ်သာသုံးဆပ်ပြာတွေလည်း သိတာပဲ။
အိမ်သာသုံးပစ္စည်းတွေလည်း အများကြီးသိတယ်။
ဘာပဲပြောပြော ဘကြီးကျော်ဟာ စပယ်ရှယ်လစ်(စ)တစ်ယောက်တော့ ဖြစ်လာတာပဲ။
တိုက်သစ်အိမ်သစ်ဆောက်တဲ့ လူတွေဟာ သူ့ဆီမှာ အိမ်သာကိစ္စနဲ့ပတ်သက်ပြီး ကြိုတင် အကြံဥာဏ် တောင်းကြ ရတယ်။
တလောဆီကတော့ ကမ္ဘာ့ အိမ်သာများသမိုင်းကို သူ စတင်လေ့လာတဲ့အဆင့်အထိ ရောက်လာ တယ်။ ရိုးရာ အိမ်သာများကိုလည်း သီးခြားလေ့လာတယ်။
မြန်မာများရဲ့ စာပေ၊ ယဉ်ကျေးမှုကအစ အရာရာမျာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ် ပိုင်တီထွင်ကြံဆမှုများ အများအပြားရှိခဲ့တာမှန်ပေမယ့် ရိုးရာအိမ်သာတွေနဲ့ ပတ်သက်လို့ကတော့ များစွာ ချည်နဲ့ အားနည်းခဲ့ကြောင်း ဘကြီးကျော်က ကောက်ချက်ဆွဲတယ်။ သရေခေတ္တရာ၊ ပုဂံ အစရှိတဲ့ခေတ်တွေ က အိမ်သာစနစ်များနဲ့ ပတ်သက်ပြီး စာပေမှာရော၊ နံရံဆေးရေးတွေမှာရော၊ ပန်းပု၊ ပန်းတဉ်း အစရှိတဲ့ နေရာတွေမှာရော သဲလွန်စ အထောက်အထားရှာတယ်။ ခိုင်ခိုင်မာမာ မတွေ့ရဘူးလို့ဆိုတယ်။ သူ့ဟာသူ နှံ့စပ်အောင် မရှာနိုင်တာလည်း ဖြစ်နိုင်တယ်။
ပုဂံခေတ် အဂ္ဂိရတ်အကျော်အမော်ရှင် အဇ္ဇဂေါဏဟာသူ့ရဲ့ မအောင်မြင်တဲ့ ဓာတ်လုံးကို ဒေါသ ဖြစ်ဖြစ်နဲ့ အိမ်သာထဲ ပစ်ချ လိုက်တော့မှ မစင်ကျွေးဖို့လိုနေတာနဲ့ အံကျဖြစ်ပြီး ပေါက်မြောက်သွားယ်လို့ သိရတော့ ဘကြီးကျော် အလွန်စိတ်ပျက်သွားတယ်။ အဲဒီ အထောက်အထားအရဆိုရင် ပုဂံခေတ်က အိမ်သာစနစ်ဟာ အလွန်တရာမှ မတိုးတက်ကြောင်း ထင်ရှားတယ်လို့ ထောက်ပြတယ်။
ဘကြီးကျော် အလွန်သလောကျတာက တူရကီရေအိမ်နဲ့ အိမ်သာစနစ်များလို့ ဆိုတယ်။ တားကစ်(ရှ) ဘတ်(သ) လို့ ကမ္ဘာကျော် တဲ့ကိစ္စမှာ ရေချိုးဖို့သာမဟုတ်ဘဲ အိမ်သာစနစ်ပါဆိုလိုကြောင်း ထပ်လောင်း ရှင်းပြ တယ်။
ကျော်မိသားစု ဟာ အိမ်သာအကြောင်းနဲ့ ပတ်သက်ပြီး ဘကြီးကျော်ရဲကလက်ချာ၊ ဟောပြောပို့ချမှု ဒဏ် ကို ခဏခဏ ခံကြရတယ်။
သူပြောပြန်ရင်လည်း ဂရုတစိုက် နားထောင်မှကြိုက်တာ။ ဂရုမစိုက်ရင် အကြီးအကျယ် ဒေါပွတတ် တယ်။ အဲဒီလိုဂရုမစိုက်တဲ့ကောင်မျိုးဟာ အလွန်အောက်တန်းကျကြောင်း၊ လောကမှာ ကြီးပွားဖို့ အခွင့် အလမ်း မရှိတော့ကြောင်း၊ ဘ၀အဘိဓမ္မာများနဲ့ ဝေးတော့မှာသာဖြစ်ကြောင်း ဆိုင်ဆိုင်မဆိုင်ဆိုင် ဇွတ်တင် တော့ တာပဲ။
ကျော်မိသားစုဟာ ကြာတော့ ဘကြီးကျော်ရဲ့ ကျေးဇူးကြောင့် အိမသာဗဟုသုတများနဲ့ ကြွယ်ဝတဲ့ အသိပညာရှင် များဖြစ်လာကြတယ်။
အဲဒါဟာ ဘကြီးကျော်ရဲ့ထူးခြားချက်ပါပဲ။
ကျော်မိသားစုဟာ အလွန်သပ်ရပ်သန့်ရှင်းတဲ့ အိမ်သာများကို အသုံးပြုခွင့်ရကြတယ်။
အဲဒါလည်း ဘကြီးကျော်ရဲ့ မဟာကျေးဇူးတော်ကြောင့်ပါပဲ။
တလောဆီကတော့ တစ်ခါ တစ်ဆင့်တက်လာပြန်တယ်။ ခေတ်ပေါ်သိပ္ပံနည်းကျအိမ်သာများ၊ ကျန်းမာရေးအတွက် အထူးအန္တရာယ်ကင်းအောင် စီမံဆောင်ရွက်မှုများ၊ အိမ်သာဗိသုကာ ပညာများ ဆိုတာ တွေကို ဘကြီးကျော် အကြီးအကျယ် လေ့လာတယ်။
အိမ်သာများ ပုပ်ခြင်း၊ ပွခြင်း၊ အနံ့အသက်ဆိုးများထွက်ခြင်း၊ ပိုးမွှားအန္တရာယ်၊ ရောဂါပြန့်ပွား မငအန္တရာယ် ဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာတယ်။
ဆက်(ပ)တစ်တဲ့(န်)(က) လို့ခေါ်တဲ့ ရောဂါပြန့်ပွားမှု အန္တရာယ်မရှိအောင်လုပ်တဲ့ အိမ်သာ အောက်ခံ ရေကန် ဆောက်လုပ် တဲ့ စနစ်တွေကို အကြီးအကျယ် လေ့လာတယ်။
အဲဒီအိမ်သာအောက်ခံ၊ ရေစစ်ကန်တွေရဲ့ စနစ်တွေကို သူကိုယ်တိုင် ကြံဆတွက်ချက်တယ်။ အဲဒီ ကန်တွေ မှာ သုံးရမယ့် ဆေးတွေလည်း ကြံစည်တီထွင်တယ်။
နောက်ဆုံး အိမ်သာအောက်ခံရေကန် (၇)ဆင့်နဲ့ သူတီထွင်ထားတဲ့ ဆေးဝါးတွေကို သုံးမယ်ဆိုရင် နောက်ဆုံး ကန်မှာ ကျလာတဲ့ရေဟာ အလွန်သန့်ရှင်း၊ ရောဂါဘယကင်း၊ အနည်အမှုန် ကင်းတဲ့၊ အလွန် ကြည်လင်ကောင်းမွန်တဲ့ရေ ဖြစ်လာမယ်လို့ဆိုတယ်။ ချိုးလို့လည်း ရမယ်။ သောက်သုံး လို့လည်း ရမယ်လို့ ဆိုတယ်။
ကျော်မိသားစုတစ်လုံးဟာ အဲဒီအဆိုအမိန့်ကို နားထောင်ကြရတယ်။ စိတ်ဝင်စားချင်ယောင်ဆောင် ကြရတယ်။ မျက်လုံးလေးတွေကို ပေကလပ် ပေကလပ်လုပ်ရင်း ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံရာရောက်တယ် ဆိုတဲ့အနေနဲ့ မငြင်းဘဲနေကြတယ်။
အဲဒါကို ဘကြီးကျော် အတော်အားမလိုအားမရဖြစ်တယ်။ သူ ထုတ်ထားတဲ့ အိမ်သာ ဗိသုကာ ဒီဇိုင်းတွေ ကိုလည်း ဂရုတစိုက် ကြည့်စေချင်တယ်။ သူ့အာမခံချက်တွေကိုလည်း မျက်စိပေကလပ် ပေကလပ် လုပ်ရုံလောက် နဲ့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ထောက်ခံကြစေချင်တယ်။
အဲဒါကြောင့် ပါးစပ်ပောတာလောက်န့ မပြီးတော့ဘဲ အဲဒီဒီဇိုင်းကို လက်တွေ့အကောင်အထည်ပေါ် အောင် ဆောက်လုပ်ပြမယ်လို့ အတိအလင်း ထုတ်ပြောတယ်။
အဲဒီအိမ်သာကို ဆောက်ရင် ကုန်ကျစရိတ်ကိုက တစ်သိန်းခွဲလောက် ကျမှာဖြစ်နေတယ်။
အဲဒါကြောင့် ကျော်မိသားစုတစ်ခုလုံး စိတ်ညစ်ကုန်ကြတယ်။
ဒါပေမယ့် မရပါဘူး။ အားလုံးကို ခွဲတမ်းချပြီး ပိုက်ဆံအချိုးကျထည့်ကြရမယ်လို့ ဇွတ်ပြောလာ တယ်။
အားလုံးက အဲဒီအိမ်သာစနစ်ကြီးကို ယုံကြည်ပါကြောင်း၊ သဘောကျကြပါကြောင်း၊ အံ့သြကြပါ ကြောင်း ၀ိုင်းပြောကြတယ်။ ဒါပေမယ့် သူတို့မှာ အိမ်သာလုံလုံလောက်လောက် ရှိနေပြီမို့ နောက်ထပ် ထပ်ဆောက်ဖို့မလိုပါကြောင်းလည်း ၀ိုင်းပြောကြတယ်။
ဒီတော့ ဘကြီးကျော်က ဒီအိမ်သာကြီးဆောက်ဖို့ လိုအပ်တယ်ဆိုတဲ့နေရာမှာ အသုံးလိုလို့ဆိုတာ ထက် ပညာတစ်ရပ်၊ အတွေးအခေါ်တစ်ရပ်၊ အဘိဓမ္မာတစ်ရပ်ကို သက်သေပြဖို့ အဒိကဖြစ်နေကြောင်း၊ သည်တီထွင်မှုရဲ့ မှန်ကန်ထိရောက်မှုကို သက်သေပြနိုင်မယ်၊ လက်တွေ့ အကောင်အထည်ဖောိုင်မယ် ဆိုရင် ကြီးကျယ်တဲ့ အောင်မြင်ကျော်ကြားမှုတစ်ရပ် ဖြစ်လာမှာဖြစ်ကြောင်း၊ ဒီအောင်မြင်မှုဟာ မိမိတစ် ယောက်တည်းရဲ့ အောင်မြင်မှု၊ ကျော်ကြားမှုမဖြစ်သင့်ကြောင်း။ မိသားစုအောင်မြင်မှု သာဖြစ်သင့်ကြောင်း၊ ဒါကြောင့် အားလုံးအချိုးကျထည့်ဝင်ကျခံကြရမယ်လို့ ဇွတ်ပြောတယ်။
ဘာတတ်နိုင်မှာလဲ။
စကားနည်းရန်စဲ ထည့်လိုက်ကြပေါ့။
ကျော်မိသားစုခြံကြီးရဲ့ အနောက်တောင်ထောင့်မှာ ဘကြီးကျော်ရဲ့ အိမ်သာကြီးကို ပန်းရံအကျော် အမော်၊ လက်သမား အကျော်အမော်တွေနဲ့ စဆောက်ကြပါတယ်။
အပူတပြင်း ဆောက်လိုက်ကြတာ သုံးလ နဲ့ ဆယ့်ခုနစ်ရက်ပဲ ကြာလိုက်တယ်။ အားလုံး ပြီးစီးသွား တယ်။ အဲဒီမှာ အလုပ်က မပြီးသေးဘူး။ ဒုက္ခက ကျန်သေးတယ်။ ကျော်မိသားစု အားလုံး အိမ်မကြီးထဲမှာ အိမ်သာတွေ ရှိပါလျက် နဲ့ ဘကြီးကျော်ရဲ့ စမ်းသပ်ခံအိမ်သာအသစ်ကြီးကို သွားကြရတယ်။
ဒါမှ အိမ်သာကြီးက ပြည့်လာမှာကိုး။ အိမ်သာသုံးရေတွေလည်း အထပ်ထပ်စစ်လို့ပြုလို့ ရေစစ်ကန် အထပ်ထပ် ကို ဖြတ်ပြီး နောက်ဆုံး ကန်ထဲကိုရောက်မှာကိုး။
အဲဒီလို ဖြစ်သွားအောင် အလွန်တောင့်တဲ့ ကျော်မိသားစုတစ်ခုလုံး ကလေးလူကြီးမကျန် ကြိုးစားပမ်းစားနဲ့ အိမ်သာ အသစ်ကြီးကို ၀ိုင်းအားပေးလိုက်ကြတာ လေးလလောက်ကြာတဲ့အခါမှာ အိမ်သာကြီးရဲ့ အစိတ် အပိုင်းတွေ အားလုံး လည်ပတ်အသုံးဝင်လာတဲ့အဆင့်ကို ရောက်လာပါတယ်။ ဆိုလို တက နောက်ဆုံး ရေစစ်ကန် အထိ စစ်ရေရောက်လာတာကို ပြောတာပါ။
အဲဒီအချိန်တွေ အတွင်းမှာ ကိုကြီးကျော်တစ်ယောက် တကယ့်ကို မအိပ်နိုင်မစားနိုင်၊ အားမလို အားမရ နဲ့ နေမထိ ထိုင်မသာ စောင့်ရရှာတယ်။
အရေးကြီးလို့ဆိုပြီး ဒီပြင်တခြား အိမ်သာကရှိပြီးသား ပစ္စည်းတွေကိုလည်း မ လာလို့မဖြစ်ဘူးလေ။ ဒါက စမ်းသပ်မှု မှာ သူ့သဘာဝအတိုင်း ဖြစ်စေကြရမှာကိုး။
နောက်တစ်လလောက်လည်းနေရော ဘကြီးကျော်က နောက်ဆုံးရေစစ်ကန်က ရေကြည်ကိုခပ်ပြီး ဖန်ခွက်နဲ့ ထည့်ကြည့်တယ်။ အားလုံးကိုလည်း ပြတယ်။ တကယ်လည်း ကြည်နေပါတယ်။ အနည်တို့၊ အမှိုက် တို့လည်း ကင်းရှင်းပါတယ်။ ဒါပေမယ့် ဘယ်သူမှ ထိုင်ကြည့်ဖို့၊ နမ်းကြည့်ဖို့ မလုပ်ကြဘူး။ အဝေးကပဲ။
အားလုံး က တစ်သံတည်းပဲ ကောင်းပါတယ်၊ အောင်မြင်ပါတယ်" ပဲပေါ့။ ချိုးရေသုံးရေ လုပ် လို့ တောင်ရမှာပါပဲပေါ့။
ဒါပေမယ့် ချိုးလို့သုံးလို့ ရတဲ့တိုင်အောင် ဒီရေတွေကိုဘာလုပ်ရမှာလဲ။
ကျော်မိသားစုခြံကြီးထမြှာ အ၀ီစိတွင်းလည်းရှိတယ်။ ရိုးရိုးရေတွင်း လည်း ရှိတယ်။ ရေတွေ ကလည်း ရေချိုတွေချည်း။ ထွက်လိုက်ကြတာမှ ဗျင်းဗျင်းဗျင်းဗျင်းနဲ့ တောင်နေသေး။ ဘာလုပ်ဖို့ အိမ်သာရေ ကို ပြန် စစ်ပြန်သုံးဖို့လိုမှာလဲ။ အဲဒါကိုလည်း ဘယ်သူမှတော့ ထုတ်ပြောဝံ့ကြတာ မဟုတ်ပါဘူး။
ရပ်ကွက် ထဲမှာ ဒီသတင်းထွက်သွားပြီး တော်တော်ကို လှုပ်လှုပ်ရှားရှား ကျော်ကျော်ကြားကြား ဖြစ် သွားတာလည်း အမှန်ပါပဲ။
ဒါပေမယ့် ဘကြီးကျော် လုံးဝမကျေနပ်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အားလုံးက ကောင်းပါ တယ်။ အောင်မြင်ပါတယ် ဘာညာနဲ့သာပြောနေကြတာ၊ အနားတောင်ကပ်ကြတာမှ မဟုတ်တာ။
အဲဒီတော့ ဘကြီးကျော် ဘာလုပ်မလဲ။
တစ်နေ့ ...
တနင်္ဂနွေနေ့တစ်နေ့မှာ ကျော်မိသားစုအားလုံးကို ဘယ်မှ မသွားရ၊ ဘာမှမလုပ်ရ၊ အိမ်မှာ အားလုံးရှိ ကြရမယ် လို့ အမိန့်ထုတ်လိုက်တယ်။
ဟာ ... ဒါလုပ်ရမှာပေါ့၊ ဘကြီးကျော်က မိသားစုမှာ အကြီးဆုံးပဲဟာ။ အဲဒီတနင်္ဂနွေနေ့မှာ အားလုံး အိမ်မှာပဲစုပြီး နေကြရတယ်။
နံနက် ၉ နာရီလောက်မှာ ဘကြီးကျော်က သူ့ရဲ့ အထူးအစီအစဉ်နဲ့ ဘိုင်ဘိုကင်စထရီပါမ္ခော ဦးမောင်မောင်ဘကို ပင့်လာတယ်။ စမ်းသပ်ရာမှာ လိုအပ်မယ့် ပစ္စည်းတွေလည်း ပါလာတယ်။
မိသားစုနဲ့ပါမောက္ခကြီးကို မိတ်ဆက်ပေးတယ်။ နောက်ပြီးမှ သူ့အစီအစဉ်အားလုံးကို ရှင်းပြတယ်။ သူ့အိမ်သာကြီး ရဲ့ နောက်ဆုံးအဆင့်က ရေကြည်ကို ဘိုင်အိုကင်မစ်စထရီပါမောက္ခကြီးက ရောဂါပိုးမွှား ကင်း မကင်း၊ အမှိုက်သရိုက်ကင်းမကင်း၊ တခြားသတ္တုပါဝင်နှုန်းများများ၊ ကြည်လင်သန့်စင်တဲ့ ရေကြည် ရေ သန့် ဟုတ်မဟုတ် တိတိကျကျ စစ်ဆေးပြီး အားလုံးကို ပြောပြမှာဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းပြတယ်။
အဲဒီနောက် အများရှေ့မှာပဲ အိမ်သာကြီးရဲ့ နောက်ဆုံးကန်ကရေကို အလွန်သန့်ရှင်းတဲ့ ဖန်ပုလင်းနဲ့ ခပ်ယူ လိုက်တယ်။ ပြီးတော့ ပါမောက္ခကြီးလက်ကို အပ်လိုက်တယ်။
ပါမောက္ခကြီးဟာ မိသားစု အားလုံးရဲ့ ရှေ့မှောက်မှာပဲ အဲဒီရေကြည်ကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးပါ တယ်။ ပါမောက္ခကြီး ရဲ့ စစ်ဆေးချက်များဟာ အတော်ကို ရှုပ်ထွေးများပြားပါတယ်။ အလွန် တိကျသေချာမှာ ဖြစ်ကြောင်း လည်း သိသာထင်ရှားလှပါတယ်။
စမ်းသပ်ခွဲခြမ်းလေ့လာမှုဟာ အချိန်အားဖြင့် သုံးနာရီလောက်ကြာပါတယ်။
အဲဒီနောက်မှာတော့ ပါမောက္ခကြီးက အဲဒီအိမ်သာကြီးရဲ့ နောက်ဆုံးးရေစစ်ကန်က ထွက်လာ တဲ့ ရေကြည်ဟာ အလွန်သန့်ရှင်းကြည်လင်တဲ့ စံပြရေသန့်တစ်မျိုးအဆင့်မှာ ရှိကြောင်း ရဲရင့်ပြတ်သား စွာ ကြေညာလိုက်ပါတယ်။
အဲဒီရေဟာ သောက်လိုသောက်၊ ချိုးလိုချိုး ကြိုက်သလို သုံးနိုင်ကြောင်း ပြတ်သားစွာ ထောက်ခံ လိုက် ပါတယ်။
ဘကြီးကျော်ရဲ့ ပီတိဟာ အတိုင်းအဆမရှိ ထိုးတက်သွားပါတယ်။ ဘာစကားမှမပြောဘဲ ပြုံးပြုံးကြီး ဖြစ်နေ တယ်။ နောက်ပြီးမှ အဲဒီရေသန့်ဇန်ခွက်တစ်ခွက်ကိုကိုင်ပြီး ကျော်မိသားစုတစ်ခုလုံး နည်းနည်း စီ မြည်းကြည့်ကြဖို့ ပြောပါတော့တယ်။
အဲဒါကတော့ မလွယ်ဘူးဗျ။ အားလုံးဟာ ရုတ်ရုတ်သဲသဲ ဘကြီးကျော်ရဲ့ အောင်မြင်မှုကို ယုံကြည် ကြောင်း၊ အံ့သြပါကြောင်း၊ ချီးကျူးပါကြောင်း၊ ဒါပေမယ့် သောက်ကြည့် မည်းကြည့်ဖို့တော့ လုံးဝ မဖြစ်နိုင် ပါကြောင်း ငြင်းလိုက်ရှောင်လိုက်ကြတာဗျာ ဆူညံသွားတာပဲ။
ဘကြီးကျော် တော်တော်ကြီးကို ခွကျသွားတယ်။ ဘာဆက်လုပ်ရမှန်းမသိအောင် ဖြစ်သွားတယ်။
ဒါနဲ့ ပါမောက္ခကြီးဘက်လှည့်ပြီး သူ့မိသားစုဟာ ဆရာကြီးရဲ့ စကားကို ပါးစပ်နဲ့သာ ယုံကြည် ထောက်ခံနေကြောကာင်း၊ လက်တွေ့သုံးဆောင်ကြည့်နိုင်လောက်တဲ့အထိ မယုံကြည်ကြသေး တာ ထင်ရှား နေကြောင်း၊ ဒါကြောင့် ဒီကိစ္စမှာ သူ့မိသားစုတစ်စုလုံး လုံးဝဥဿုံ သံသယရှင်းသွားအောင် ပါမောက္ခကြီး ကိုယ်တိုင် သောက်ပြလိုက်ဖို့ မေတ္တာရပ်ခံတယ်။
ပါမောက္ခကြီးမျက်နှာ သိသိသာသာ ပျက်သွားတာပေါ့။
ချက်ချင်းပဲ ပျက်ပါတယ်။ ပါမောက္ခကြီးက သူပတာဝန်က ရေကို စစ်ဆေးပေးဖို့သာ ရှိကြောင်း၊ သောက် သုံးပြရန် နဂိုကနဦးကတည်းက သဘောတူခဲ့ခြင်းမရှိကြောင်းနဲ့ တစ်ချက်လွှတ် ပြတ်ပြတ် သားသား ငြင်းပစ် လိုက်ပါတယ်။
ဘကြီးကျော် အကြီးအကျယ် အကျပ်ရိုက်သွားတယ်။
အားလုံး ငြိမ်နေကြတယ်။
ဘာဆက်လုပ်ရမှာလဲ။
ဘကြီးကျော်လည်း သိတယ်။ သူ တစ်ခုခုပြောရမြယ်၊ လုပ်ရမယ်၊ ဆုံးဖြတ်ရမယ်၊ လုပ်ကိုလုပ်ရတော့မယ်။
ဘာလုပ်မလဲ။
ဘာလုပ်မလဲ။
ဘကြီးကျော် ဆုံးဖြတ်လိုက်တယ်။
အဲဒီရေကို သူကိုယ်တိုင် သောက်ပြမယ်တဲ့။
ဘကြီးကျော်ဟာ အိမ်သာရေကြည်အပြည့်ထည့်ထားတဲ့ ဖန်ခွက်ကို သောက်ဖို့ မြှောက်လိုက်တယ်။
မိသားစု တစ်ခုလုံး ဟာခနဲ ဖြစ်သွားတယ်။
ဘကြီးကျော်လည်း လန့်သွားတယ်။
လက်ထဲမှာ ဖန်ခွက်တန်းလန်းကြီးနဲ့ ...။
ပြီးပါပြီ
နောက်တပုဒ် အသစ် ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com0tag:blogger.com,1999:blog-3747304422565905705.post-57910456575088614602013-06-20T05:02:00.001-05:002013-06-20T05:02:01.737-05:00ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ အပိုင်း (၁)
တပည့်အိမ်
"ဒီမှာ သေချာမှတ်ထား၊ ဘယ်နေ့ဘယ်ရက်
စာသင်ရမယ်ဆိုတာ ကျုပ်ပြောမှာ။ ကျုပ်ဆုံးဖြတ်မယ်။
နားလည်လား" " ကျုပ်ကဆရာလုပ်ရမှာဆို" ------
" ဒါ ခြံနံပါတ်(၅) ဟုတ်ပါတယ်နော် "
" ဟုတ်ပါတယ် "
" ဒီခြံက ဟောဒီကြော်ငြာကလေး ... "
" အာ ဟုတ်ပါတယ် ... ဟုတ်ပါတယ်။ အဲဒါလာလျှောက်တာဆိုရင် အထဲလာပါ"
ပြောပြောဆိုဆိုန့ အထဲကို ပြန်ဝင်သွားလို့ သူ့နောက်ကို လိုက်ခဲ့ရတယ်။
ဝင်ဝင်ချင်းအခန်း ဧည့်ခန်းကိုဖြတ်ပြီး နောက်ထပ်အခန်းသုံးခန်းကို ဖြတ်သွားရသေးတယ်။ မှောင်လိုက် လင်းလိုက်၊ ကျဉ်းလိုက် ကျယ်လိုက်ဖြစ်ပြီးမှ အခန်းတစ်ခန်းထဲရောက်တယ်။ အခန်းဝန်းကျင်ကို ခပ်မြန်မြန်ပဲ ဝေ့ကြည့်လိုက်တယ်။
သိပ်မကျဉ်းသိပ်မကျယ် ...
ဧည့်ခန်းလည်းမဟုတ် ...
ရုံးခန်းလည်းမဟုတ် ...
စာကြည့်ခန်း၊ ထမင်းစားခန်းလည်း မဟုတ် ...။
အိပ်ခန်း၊ ပစ္စည်းထားခန်း အဲဒါမျိုးတွေလည်းမဟုတ် ...။
စားပွဲရှိတယ်။ ထိုင်ခုံသုံးခုံ ရှိတယ်။
ခပ်နိမ့်နိမ့် ထွန်းထားတဲ့ မီးစလောင်းတစ်ခု စားပွဲဝန်းကျင်ကို ခပ်အုပ်အုပ်လင်းနေတယ်။
ကျွန်တော်တို့နှစ်ယောက်စလုံး ထိုင်လိုက်ကြတယ်။
သူက ကျုပ်ကို ထိုင်ပါလို့ မပြောပါ။ သူလည်း မထိုင်ပါ။ ကျုပ်ဟာကျုပ် ထိုင်ပစ်လိုက်တယ်။
သူက ဘာမှ စမပြောပါ။
ခဏပဲစောင့်ပြီး ကျုပ်ကပဲ စပြောလိုက်တယ်။
အလုပ်ခေါ်တဲ့ကြော်ငြာကိုပြရင်း -
"ဒီကိစ္စအတွက်ပါပဲ"
"ဟုတ်ကဲ့"
"ဒီထဲမှာ ဘယ်လိုအလုပ်ဆိုတာမပါဘဲ ဆရာတစ်ယောက် လိုချင်တယ်၊ လခကောင်းကောင်း ပေးမယ် ပဲပါတယ်။ အဲဒါ ... "
" ခင်ဗျား ကောင်းကောင်းမရှင်းဘူးပေါ့ "
"ဟုတ်ပါတယ်"
"ဒါဖြင့် ဘာလို့လာတွေ့တာလဲ"
"မရှင်းပေမယ့် အလုပ်တော့ လိုချင်တယ်လေ"
"ဘာပြုလို့လဲ"
"အလုပ်မရှိဘူးလေ။ အလုပ်မရှိလို့ပေါ့"
"လခရော ကျေနပ်ရဲ့လား"
"ဒီထဲမှာ စစချင်းတစ်လ ၁၂၀၀ိ/- ပေးမယ်လို့ ပါပါတယ်။ အဲဒါကိုတော့ ကျေနပ်ပါတယ်"
"ခင်ဗျားကို အိမ်သားဆေးလိုင်းရင်လည်း အဲဒီလခနဲ့ လုပ်မှာပဲလား "
"ဟာ ... အဲလိုတော့ ဘယ်လုပ်နိုင်မလဲ။ ဒါကြောင့် ဘာအလုပ်လဲလို့ သိချင်နေတာပေါ့"
"ဆရာအလုပ်လေ"
"ဟုတ်ပြီဗျာ ... ဘာဆရာလဲ။ ဘယ်သူ့ကို သင်ပြပေးရမှာလဲ။ အဲဒါလေး"
"ခင်ဗျား သင်ပြပေးရမှာကတော့ ကျုပ်ပဲဗျ။ ကျုပ်နာမည် ရန်နိုင်ပါ"
ကျုပ်တို့နှစ်ယောက် ခပ်တည်တည်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။
" ဟုတ်ပြီဗျာ၊ ခင်ဗျားက ဘာသင်ချင်တာလဲ။ ခင်ဗျားကို ဘာသင်ပေးရမှာလဲ"
"ကျုပ်က အကုန်သင်ချင်တယ်"
"ဗျာ"
"ခင်ဗျား တော်တော်ကြောင်သွားမယ်ထင်တယ်။ ဘာတွေပဲဖြစ်ဖြစ် ကျုပ် သင်ချင်တယ်။ အိပ်နည်း၊ စားနည်း၊ လမ်းလျှောက်နည်း၊ စကားပြောနည်း၊ အိမ်ထောင်ပြုနည်း၊ ဘာဘာညာညာပေါ့ဗျာ။ အဲဒီထဲမှာ ဂီတတွေ၊ ပန်းချီ၊ ပန်းပု ဘာညာဆက်ဆံရေးတွေဘာတွေ အဲဒါတွေလည်း ပါမှာပေါ့"
"ခင်ဗျား အဲဒါတွေ အရင်က မတတ်ဘူးလား"
"အင်း ... ခု ကျုပ် အသက် (၅၀)နီးပါးဖြစ်နေပြီ။ ဒီလိုပဲ နေလာခဲ့တာ။ သေသေချာချာ စဉ်းစားကြည့်မှ ကျုပ် ဘာမှ ကောင်းကောင်းမတတ်ဘူးဖြစ်နေတယ်"
"ခင်ဗျား ကို ဘယ်သူကပြောလို့လဲ"
ဟင့်အင်း၊ ကျုပ်ဟာကျုပ်ကို သိလာတာပါ။ တကယ်တမ်းကျတော့ ကျုပ်က တော်တော် ချာတာပဲ"
"ကျုပ်လည်း အဲဒါတွေကို တတ်သလား၊ မတတ်ဘူးလား ကျုပ်ကိုယ်ကျုပ် မသေချာဘူး။ ခင်ဗျား ပြောတာ ဘယ်လိုလဲ ဆိုတာကိုလည်း ကျုပ် သိပ်သဘောမပေါက်ဘူး။ ဥပမာ ခု ခင်ဗျားစကားပြောနေတာ ဟုတ်နေသားပဲ"
"ဟုတ်ရဲ့လားဗျာ"
"ဟုတ်ပါတယ်၊ ကျုပ် နားလည်နေသားပဲ"
"ဒါပေမယ့် ခင်ဗျား စောစောလေးကတင်ပဲ ကသိကအောက် တော်တော် ဖြစ်နေတယ်မဟုတ်လား"
" သြော် ... ဟုတ်ပြီ၊ ဟုတ်တယ်၊ ခင်ဗျား ကြော်ငြာကို ဖတ်ကတည်းက ကိသကိအောက်ဖြစ်နေတာပဲ။ ဟုတ်တယ်၊ ခြံဝရောက်တော့လည်းဖြစ်တာပဲ။ ခင်ဗျားနဲ့ တွေ့တော့လည်း ဖြစ်တာပဲ။ ခင်ဗျားနဲ့ စကားပြော ရတာရော အိမ်ထဲဝင်ရလာရတာရော ခုလိုထိုင်ပြီး ပြောရတာရော အကုန် ကသိကအောက်တွေချည်းပဲ။ ဟုတ်တယ် ... ဟုတ်တယ်"
"အဲဒီလိုမဖြစ်အောင် ခင်ဗျား ကျုပ်ကို သင်မပေးနိုင်ဘးလား"
"အင်း ... အကုန်တော့ မပြောတတ်ဘူး။ ကျုပ်ထင်တယ်။ ခင်ဗျားထက်တော့ ကျုပ်က ပိုသိလိမ့်မယ် ထင် တယ်"
"ဖြစ်နိုင်ပါတယ်၊ ကျုပ်နဲ့ဆက်ဆံရင်း ကျုပ်ဟာ ဘယ်လိုနေရာတွေမှာ တစ်ဖက်သား ကို ကသိ ကအောက်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ ခင်ဗျား သိလာမှာပဲ။ သိလာရင် ခင်ဗျားကိုယ်တိုင် ကသိ ကအောက် ဖြစ်နေခံစားနေရတဲ့အတွက် ခင်ဗျား အဲလိုမဖြစ်သင့်ကြောင်း ကျုပ်ထက်ပိုပြီး သဘောပေါက် နားလည် မယ်။ အဲဒီအခါမှာ ခင်ဗျား ကျုပ်ကို သင်လို့ရမယ်။ ဟုတ်တယ် မဟုတ်လား"
"ဒါပေမယ့် ကျုပ် အဟုတ်ဆရာလုပ်ချင်တာက ဓာတုဗေဒဗျ"
"ဘယ်အဆင့်ထိသင်ဖူးလဲ"
"များများစားစားတော့ မဟုတ်ပါဘူး။ သိပ္ပံဘွဲ့ရရုံလောက်ပါပဲ။ နောက်ဘာသာတွေကတော့ ပါတာပေါ့ဗျ။ ရူပဗေဒတို့၊ သင်္ချာအခြေခံတို့၊ အင်္ဂလိပ်စာ နည်းနည်းပါးပါးတို့၊ မြန်မာစာနည်းနည်းပါးပါးတို့"
"ရတယ် ... ရတယ်။ ဒါလောက်ဆို အများကြီး အိုကေပါတယ်။ ခင်ဗျားမှာ ဆွေမျိုးသားချင်း ဘယ် လောက်လောက်ရှိလဲ။ တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲလောက်ထိ ထည့်တွက်ပေါ့ဗျာ"
"အင်း ... နေဦး၊ ဆိုတော့ အင်း ... လေးငါးခြောက်ဆယ်တော့ ရှိမှာပေါ့"
"ကောင်းတယ်ဗျာ၊ ဆွေမျိုးအင်အား လည်းမသေးပါဘူး။ ဒါဆို မိတ်ဆွေအပေါင်းအသင်းရော ဘယ် လောက်လောက် ရှိမယ် ထင်သလဲ။ အကြမ်းဖျင်းပေါ့ဗျာ ... ခန့်မှန်းခြေလောက်ပေါ့"
" အင်း ... အရင်းအနှီးဆုံး ညီလိုအစ်ကိုလိုပေါင်းတာထဲက သိပ်မရှိဘူး ဗျ။ လေးငါး ဆယ်ယောက် လောက်ပေါ့။ နောက် ၀မ်းကွဲညီအစ်ကို မောင်နှမလောက်ထိ ဆက်ဆံရေးရှိတာက သုံးလေး ဆယ်ပေါ့ဗျာ။ ကျန်တဲ့အသိတွေကတော့ တော်တော်များပါတယ်။ ဘာပြုလို့လဲဆိုတော့ ကျွန်တော် က ပျော်ပျော်နေတတ် တယ်ဗျ။ အနုပညာတွေဘာတွေလည် တ်ေတော်လိုက်စားတယ်။ အဲဒီတော့ လူသိများ တယ်"
"ကောင်းတယ်ဗျာ၊ ကျုပ်ကလည်း အဲဒီ အနုပညာဆိုတာ တွေလည်း သင်ချင်ပါတယ်"
"ဟုတ်ပြီ၊ ကျုပ်က ဘယ်တော့ စသင်ရမှာလဲ"
အဲဒီအချိန်မှာ သူ တစ်စုံတစ်ခုကို နားစွင့်ပါတယ်။
ကျုပ်လည်း နားစွင့်ပါတယ်။ ဘာမှမကြားရပါ။ ဒါပေမယ့် သူကတော့ နေရာကထပြီး ထွက်သွား ပါတယ်။
ကျုပ် ကို ခဏစောင့်ပါ၊ ဘယ်သူလာနေလို့၊ ဘာဖြစ်နေလို့ဘာညာ စသဖြင့် ပြောမသွားပါ။ ဒီအတိုင်းပဲ ထထွက် သွားတာဖြစ်ပါတယ်။ ခဏနော်ဆိုတဲ့သဘော လက်ဟန်ခြေဟန်နဲ့တောင် ပြောမသွားပါ။ တစ်ခုတည်း ရှိတဲ့တံခါးကိုဖွင့်ပြီး ထွက်သွားတာလည်း တော်တော်ကြမ်းတယ်။ ပြန်ပိတ်တော့ လည်း အသံအတော်မြည်သွားတယ်။ တံခါးအပိတ်လိုက်မှာ ကျုပ်လန့်ပြီး တုန်သွားသေးတယ်။ ပတ်ဝန်းကျင် အခန်းတွင်း မှာ ဘာပစ္စည်းမှ သိပ်မရှိလို့ အပျင်းပြေကြည့်စရာ သိပ်မရှိဘူး။
ကျုပ် နာရီကိုကြည့်လိုက်၊ အ၀တ်အစား မသေမသပ်ဖြစ်တာကို ပြင်လိုက်၊ မသက်မသာဖြစ်နေတဲ့ ကိုယ်နေ ကိုယ်ထားကို ပြင်လိုက်နဲ့ မိနစ်နှယ်ဆယ်လောက် ကုန်သွားတယ်။ အဲဒီ အတောအတွင်းမှာ ကျုပ် နှစ်ခါ သုံးခါလောက် ထပီး မတ်တတ်ရပ်ဖြစ်သေးတယ်လို့ ထင်တယ်။ လမ်းလည်း နည်းနည်းလျှောက်မိ တယ်။
အဲဒီဦးရန်နိုင် လည်း ပြန်ပေါ်မလာ၊ ဘာသံမှလည်း မကြားရ။
ကျုပ် အခန်းထောင့်က သပ်သပ်ရပ်ရပ် သေတ္တာတစ်လုံးကို မြင်မိလာတယ်။ ဘာရည်ရွယ်ချက်မှ မရှိဘဲ အဲဒီကို ရောက်သွားတယ်။ ဘာမှ ရေရေရာရာ ရည်ရွယ်ချက်မရှိဘဲ အဲဒီသေတ္တာအဖုံးကို ဖွင့်ကြည့် မိတယ်။ အဲဒီသေတ္တာအဖုံး က တစ်ဖက်မှာ လက်ယှက်ရှိတာမဟုတ်ဘူး။ အဖုံးစနစ်မှာလည်း "အံ"သဘော မပါဘူး။ သည်အတိုင်းတင်ပြီး ဖုံးထားတာပဲ။ ကျုပ် မ လိုက်တော့ ပေါ့ရွှတ်ရွှတ်နဲ့ မြောက်တတ်ပါလာလို့ ကျုပ် လန့်ပြီး လက်က လွတ်ကျသွားတယ်။ သေတ္တာအဖုံးဟာ သေတ္တာ နဲ့ နံရံအကြားက ကတ်သီးကတ် သတ် နေရာ ကျဉ်းလေးထဲကျသွားတယ်။ အသံလည်း အတော်မြည်သွားတယ်။
ကျုပ်လည်း တုန်သွားတယ်။ သေတ္တာဖုံးကို ပြန်ကောက်ဖို့ ကြိုးစားရင်း သေတ္တာထကို ကြည့်မိ တယ်။ ပိုးစ အပြာနုရောင် ခပ်ဟောင်းဟောင်း တစ်ခုကို သပ်သပ်ရပ်ရပ် မခေါက်ဘဲ ဒီအတိုင်း လုံးထွေးပြီး ပစ်ထည့်ထား တာပဲ။ သေတ္တဖုံးကို ချောင်ကားထဲက ဆွဲထုတ်ဖို့လုပ်တော့ ထင်သလောက်မလွယ်တာကို တွေ့ရတယ်။ ဒါနဲ့ မျက်လုံးက သေတ္တာထဲပြန်ရောက်သွားတယ်။ ပိုးစအပြာက လှုပ်လာတယ်။ ကျုပ် လန့်ပြီး ခုန်ထမိတယ်။ ဟုတ်တယ်။ ပိုးစ က သူ့အလိုလို လှုပ်လာတာအမှန်ပဲ။
ကျုပ် မျက်လုံးပြူးပြီး ကြည့်နေတုန်းမှာပဲ ပိုးစအပြာနုအောက်က မြွေတစ်ကောင်ရဲ့ခေါင်း ခပ်တုတ် တုတ်၊ ခပ်တိုတို ထွက်လာတယ်။ ကျုပ်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားတယ်။
ကယ်ပါ၊ ယူပါ၊ လာပါ အဲလိုမျိုးတော့ မအော်မိပါဘူး။
နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်မိတာတော့ အမှန်ပဲ။
မြွေကလည်း သေတ္တာထဲကထွက်လာတယ်။
မြွေဆိုတာ ကျားသစ်လို၊ ကြောင်လို၊ ကြွက်လို မြန်မြန် ထက်ထက် လှုပ်ရှားနိုင်တာမဟုတ်ပါဘူး။
ကျုပ် နားစွင့်တယ်။ ဦးရန်နိုင် ပြန်လာတဲ့အသံလည်း မကြားရပါဘူး။ ဒုက္ခပဲ၊ မြွေကလည်း ထွက် လာပြီ။ သိပ်တော့ ပြဿနာမရှိပါဘူး။ သူ လိုက်ကိုက်နိုင်တာမှ မဟုတ်ဘဲ။
ဒါပေမယ့် သိတယ်မဟုတ်လား။ မြွေဆိုတာကို ကျုပ်က ရွံကြောက်ကြီးဆိုတော့ ...။
ကျုပ် တံခါးဆီကိုသွားပြီး တံခါးဘုကို လှည့်လိုက်တယ်။ ဖွင့်မရ။ သော့ခတ်ထားတာပဲ။ ဒါမှမဟုတ် သောခတ် သလိုဖြစ်သွားတာပဲ။ ကျုပ် တံခါးကို တဒုန်းဒုန်း ထုကြည့်တယ်။ ဘယ်သူမှ ကြားဟန် မတူ။ အပြင်က ဘာသံမှမကြားရဘူး။ တံခါးပွင့်လာဖို့ဆိုတော့ဝေး။ ကျုပ် တံခါးကို သုံးလေးချက်လောက် ပိတ်ကန် ပစ်လိုက်တယ်။
လှည့်ကြည့်လိုက်တော့ မြွေက သေတ္တာအပြင်ဘက်ကို လုံးလုံးလျားလျား ရောက်နေပြီ။ ကျုပ် မြွေကို ကြည့်လိုက်၊ တံခါးကိုကြည့်လိုက် လုပ်နေသေးတယ်။
ပြီးတော့မှ စားပွဲခုံပေါ်တက်ပြီး မတ်တတ်ရပ်နေလိုက်တယ်။ မြွေကတော့ တံခါးဆီကို ဖြည်းဖြည်းပဲ သွားနေတယ်။
အဲဒီအချိန်မှာ တံခါးပွင့်လာပြီး ကိုရန်နိုင် ၀င်လာတယ်။ ကျုပ်ကို မော့ကြည့်တယ်။ ကျုပ်က မြွေကို ကြည့်လိုက်တယ်။ သူလည်း မြွေကို မြင်သွားတယ်။ ဘာမှမပြောဘဲ မြွေကို ကောက်ယူလိုက်တယ်။ မြွေက သူ့လက် ကို ဖျတ်ခနဲ လှည့်ကိုက်တယ်။ အဲဒီအချိန်မှာတော့ ကိုရန်နိုင်ဆိုတဲ့လူက သိပ်လျင်တယ်။ မြွေကို ဖျတ်ခနဲ လက်ပြောင်းကိုင်လိုက်တယ်။ ပြီးတော့မှ မြွေကို ဘယ်ပြန်ညာပြန် ပါးရိုက်ပစ်လိုက်တယ်။ မြွေဟာ တစ်ခါတည်း စိတ်ပျက်ပြီး ညှိုးကျသွားတယ်။ အဲဒီတော့မှ သေတ္တာထဲကို ပြန်ပြီး ပစ်သွင်းလိုက်တယ်။ မြွေ ဟာလျှောခနဲနေအောင် ပိုးစအပြာနုအောက်ကိုဝင်ပြီး ပျောက်သွားတယ်။
"ခင်ဗျား တော်တော်လန့်သွားတယ်ထင်တယ်"
"သိပ်မလန့်ပါဘူး။ ရွံကြောက်ကြီးမို့ ဒီပေါ်တက်ရပ်နေတာပါ"
ကျုပ် ပြန်ဆင်းလာတော့ သူက ပြုံးနေတယ်။
ကျုပ် ကုလားထိုင်ကို နေရာပြင်လိုက်တော့ အသံတော်တော်ပြင်းပြီး ကြမ်းသွားတယ်။
"အဲဒီတော့ ဘယ်လို ဆက်လုပ်ကြမလဲ"
"ဘာကိုလဲ"
"ကျုပ် ဆရာလုပ်ဖို့ကိစ္စလေ"
"ဘယ်လိုလဲ"
"ကျုပ်က ဓာတုဗေဒကို အဓိကထားပြီး ကျန်တဲ့ဘာသာရပ်တွေကို အခြေအနေကြည့်ပြီး ... "
"နေစမ်းပါဦး၊ ဘယ်တော့စသင်မှာလဲ"
"မနက်ဖြန်လေ၊ မနက်ဖြန်ပဲ စလိုက်ရအောင်လား "
"ဘုံး"၊ "ဒိုင်း"ဆိုတဲ့အသံကြီး ရုတ်တရက် ထွက်သွားတယ်။ ကိုရန်နိုင်က စားပွဲကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။
ကျုပ်လည်း တစ်လက်မလောက် မြောက်တက်သွားတယ်။ စိတ်ထဲမှာပေါ့လေ။
"ဘာမနက်ဖြန်လဲ"
"ဘာပြုလို့လဲ"
"ဒီမှာ သေသေချာချာ မှတ်ထား၊ ဘယ်နေ့ ဘယ်ရက်စသင်ရမယ်ဆိုတာ ကျုပ် ပြောမှာ။ ကျုပ် ဆုံးဖြတ် မယ်။ နားလည်လား "
"ကျုပ်က ဆရာလုပ်ရမှာဆို "
"ဘာဆရာလဲ၊ နွားဂွေးသင်းတဲ့ဆရာလား။ ဒီမှာ ခင်ဗျားဟာ ဆရာတော့ဆရာပဲ။ ဒါပေမယ့် ကျုပ်က လခပေး ရမှာ။ နားလည်လား"
"ဘာပဲပြောပြော ဓာတုဗေဒကို ခင်ဗျား သင်မယ်ဆိုရင်တော့ ကျုပ်က ... "
"ဒီမယ်၊ ဓာတုဗေဒကို ခင်ဗျား သင်ပေးရမှာပဲ။ မှန်တယ်။ ဒါပေမယ့် ဘာကစသင်ရမယ်ဆိုတာ ကျုပ် က ပြောမှာ။ ဘယ်လိုသင်ရမယ်ဆိုတာလည်း ကျုပ်က ပြောမယ်။ ဒါပဲ"
"ဒီပြင်ဘာသာတွေရော"
"ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲသင်သင် ကျုပ်ပြောမယ်။ ဘာကို သင်ရမယ်၊ ဘယ်လိုသင်ရ မယ် ဆိုတာ ကျုပ်ပဲ ပြောမယ်။ ဒါပဲ"
"ခင်ဗျားဟာ ဘာမှမတတ်ဘူးဆိုတာ အမှန်ပဲ"
"ဟာ ... ဒုက္ခပါပဲ၊ မတတ်ပါဘူးဆိုနေမှ"
"ခင်ဗျား ဘယ်လောက်ညံ့သလဲဆိုတော့ သင်လို့တောင်ရတော့မယ်မထင်ဘူး။ စိတ်တော့မရှိနဲ့နော်"
" ခင်ဗျား တော်တော်စိတ်ပျက်သွားပြီထင်တယ်။ မပျက်ပါနဲ့ဗျာ၊ ကျုပ်က စို့စို့ပို့ပို့ပေးမှာပါ"
"ဘယ်လောက်ထိပေးမှာလဲ"
"ဘယ်လောက်ထိ လိုချင်တာလဲ"
"တစ်လ တစ်သောင်းလောက်တော့ အနည်းဆုံးဖြစ်ရလိမ့်မယ်"
"နှစ်သောင်းပေးမယ်ဗျာ"
"ဒါဖြင့် ဘယ်တော့လောက်စပြီး အလုပ်ဆင်းရမှာလဲ"
"ပြောမယ်လေ၊ အဲဒါကိုတော့ ကျုပ် ပြောမှာပေါ့"
"ဘယ်တော့လောက်လဲ"
"ခင်ဗျား တော်တော်ခက်ပါလား။ ပြောပါမယ်လို့ဆိုနေမှ၊ မနက်ဖြန်လည်း တစ်ခေါက်လာခဲ့"
"အလုပ်စမယ့်ရက်ကို ပြောမှာလား "
"သေတော့မသေချာဘူး"
"ဟုတ်ပြီ၊ ကျုပ် သွားတော့မယ်"
လင်းလိုက် မှောင်လိုက်၊ လမ်းကြားကနေပတ်ပြီး ဘာခန်းတွေမှန်းမသိတဲ့ အခန်းသုံးလေးခန်းကို ဖြတ်၊ အိမ်ပြင်ထွက်ခဲ့တယ်။ ဒီအိမ်ကို နောက်ဘယ်တော့မှ ပြန်မလာဖို့ ဆုံးဖြတ်ပြီးသားပါ။
နောက်တပုဒ်ဆက်ရန်
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com1tag:blogger.com,1999:blog-3747304422565905705.post-87727229525644889982013-06-04T04:54:00.002-05:002013-06-04T04:54:30.575-05:00တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၁၁) (ဇာတ်သိမ်း)
ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ထဲသို့ နတ်နွယ်ရောက်ရှိလာရခြင်းမှာ အစက
အယ်ဒီတာအဖွဲ့ကို တိုးချဲ့ရန် ရည်ရွယ်ချက် မရှိခ့ပါ။
စုံထောက်မဂ္ဂဇင်းပိုင်ရှင် ဦးဆန်နီနှင့် မိုးဝေတို့ တိုင်ပင်ပြီး
တစ်ကျပ်တန် ရုပ်ရှင်ဝတ္ထုမဂ္ဂဇင်း ထုတ်ကြသည်။ ထိုမဂ္ဂဇင်းတွင်
နတ်နွယ်နှင့်ခင်ွယ်တင်တို့ အယ်ဒီတာ လုပ်ကြ၏။ ရုပ်ရှင် ၀တ္ထု
မဂ္ဂဇင်းရပ်တန့်သွားသည်တွင် ခင်နွယ်တင်မှာ ၀ါသနာ အလျောက် လုပ်ကိုင်သူဖြစ်၍
အရေးမကြီးသော် လည်း နတ်နွယ် ကိုကား ကျောင်းတက်နေ သူ
စာရေးဆရာ တစ်ယောက်ဖြစ်သောကြောင့် စုံထောက် သို့
ပြောင်းလဲ လုပ်ကိုင်စေ ခဲ့ခြင်းဖြစ်ပါ သည်။
ကျွန်တော်သည်
စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်နှင့် ၃ နှစ်ခန့်မျှ လုပ်မိသောအခါတွင်
စာပေလောကအကြောင်းကို ကောင်းကောင်းသိလာသည်။ စာရေးဆရာအပေါင်းအသင်းတွေ များလာ
သည်။ အင်္ဂလိပ်စာ မတတ်သဖြင့် သိမ်ငယ်နေစိတ်သည်လည်း တဖြည်းဖြည်း
ပျောက်ပြယ် လာသည်။ ကို ဆက်ဖတ်ရန် ...
စုံထောက်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့မှာ ပို၍ မြိုင်လာသည်။ နတ်နွယ်သာမက နေသွေးနီလည်း ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ထဲသို့ ရောက်လာသည်။ စုံထောက်မဂ္ဂဇင်းမှာလည်း စောင်ရေ အတော် တက်လာသည်။ ကျွန်တော် တို့ အယ်ဒီတာများ၏ နေ့စားခမှာ မိုးဝေ ၇ ကျပ်၊ ကျွန်တော် ၄ ကျပ်၊ နတ်နွယ် ၃ ကျပ်၊ နေသွေးနီ ၂ ကျပ်ဖြစ်သည်။ ကျွန်တော်တို့သည် ပိုက်ဆံအရနည်းသည် များသည်ကို ပဓာနမထားဘဲ စုစုဝေးဝေး စိတ်တူ ကိုယ်တူ လုပ်ကိုင်နေရခြင်းကြောင့် အလွန်ပျော်ကြပါသည်။
ကျွန်တော်တို့သည် ပျော်ပျော်ပါးပါးနှင့် အလုပ်လုပ်ကိုင်နေကြစဉ် ကျွန်တော့် သမီးငယ် စန်းစန်းတင့် သေဆုံး ပါသည်။ ကျွန်တော့်မှာ သမီးငယ် သေဆုံးခြင်းအတွက် အလွန်စိတ်ထိခိုက်ကာ မစားနိုင် မအိပ်နိုင် ရှိနေရပါသည်။ ကျွန်တော်သည် သမီးငယ်ကို အလွန်ချစ်၏။ မှန်ပါသည်။ ကျွန်တော့် သက်တမ်း တစ်လျှောက်တွင် ယခင် ခင်စန်းကြည်နှင့်တုန်းက သားနှစ်ယောက်၊ သမီးတစ်ယောက်ရခဲ့သော် လည်း သမီးဖြစ်သူသည် ကျွန်တော့်မျက်ကွယ်တွင် သေဆုံးခဲ့ရသဖြင့် ကြေကွဲခဲ့ရသည်။ ထို့ကြောင့် မခင်စိန်နှင့် ရသော သမီးငယ်စန်းစန်းတင့်မှာ ယခင်သမီးငယ်၏ ကိုယ်စားအဖြစ်နှင့် ကျွန်တော့်မှာ ချစ် မ၀ နိုင်အောင် ဖြစ်နေခဲ့ရခြင်းပင် ဖြစ်ပါလေသည်။
သမီးငယ်သေဆုံးပြီး ၆ လကျော်ခန့်အကြာတွင် ကျွန်တော်မှာ အအိပ်ပျက် အစားပျက်နှင့် အိပ်ရာပေါ်တွင် ဘုံးဘုံးလဲ ခဲ့ရပါတော့သည်။ ပြီးနောက် အဆုပ်နာဆေးရုံသို့ တက်ခဲ့ရသော အခြေသို့ ရောက်ရှိ ရ လေတော့၏။
အဆုပ်နာ ဆေးရုံ၌ တက်ရောက်ကုသနေရစဉ် ကျွန်တော့် ဇနီးသည် မခင်စိန်မှာ ကိုယ်ဝန် အရင့် အမာနှင့် ကျွန်တော့် အား ညနေတိုင်း ထမင်းလာရောက်ပို့ရသည်။ ကျွန်တော်သည် ဆေးရုံမှ အမြန်ဆင်း ချင်လှပါ၏။ ဇနီးသည်၏ ဒုက္ခကိုလည်း မကြည့်ချင်။ ပြီးနောက် အိမ်သူ အိမ်သားများ ၏ နေထိုင်စားသောက် ရေးအတွက်လည်း ပူပန်နေရသည်။ သို့သော် ကျွန်တော်၏ ဆန္ဒကား မပြည့်ဝခဲ့။ အဆုပ်နာ ကုဆေးရုံတွင် ၄ လ ကြာမျှ ကုသရပါသည်။
ကျွန်တော် ဆေးရုံမှ ဆင်းလာပြီးနောက် စုံထောက်မဂ္ဂဇင်းတိုက်သို့ အလုပ်ဆင်းခဲ့ပါသည်။
" အင်း ကျွန်တော် ပြောတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ပြောရဦးမယ် "
အယ်ဒီတာစားပွဲ၌ ကျွန်တော်ထိုင်နေစဉ် ဦးဆန်နီက ပြောပါသည်။ ကျွန်တော်ကတော့ နားဝေတိမ် တောင်နှင့် ဦးဆန်နီ အား ကြည့်နေမိသည်။
" အခုဆို အယ်ဒီတာအဖွဲ့ကို ကျွန်တော် ပိုက်ဆံ အများကြီး ပေးထားရတယ် "
" ဘယ်လောက်ပေးသလဲ "
" မိုးဝေကို တစ်နေ့ တစ်ဆယ်။ နယ်နွယ်ကို တစ်နေ့ ငါးကျပ်။ နေသွေးနီကို လေးကျပ် ပေးရတယ်။ ဒါကြောင့် ခင်ဗျား ကို အလုပ်ပြန်ခန့်ဖို့ ခက်နေတယ်"
" သြော် သြော်၊ ကျွန်တော် မဂ္ဂဇင်းမှာ မလုပ်ရတော့ဘူး ဆိုပါတော့ "
" ဟုတ်ပါတယ်။ ကျွန်တော်လဲ စိတ်မကောင်းပါဘူး။ မတတ်နိုင်လို့ ပြောရတာပါ "
ကျွန်တော်သည် အတော်ပင် စိတ်ထိခိုက်သွားမိ၏။ မကျန်းမာ၍ ဆေးရုံတက်ရချိန်တွင် အခြား လစာများ ကဲ့သို့ လခမရရှိရုံသာမက ဆေးရုံမှဆင်းလာပြန်သောအခါတွင် အလုပ်ပါပြုတ်၍ နေရပြန်လေပြီ။
ကျွန်တော် မှာ အလုပ်ကို မက်မောလှသည် မဟုတ်သော်လည်း ပျော်ပိုက်ခဲ့သည်။ မှန်ပါ၏။ ကိုယ်ဝါသနာ ပါသော အလုပ်ဖြစ်သည်သာမက ရေးဘော်မိတ်ဆွေများနှင့် ပျော်ပျော်ပါးပါး လုပ်ကိုင်ခဲ့ရ သဖြင့် ပျော်ပိုက် ရခြင်းဖြစ်ပါသည်။
" အင်းလေ ခင်ဗျားက မတတ်နိုင်ရင်တော့လည်း ကျွန်တော့်အနေနဲ့ ဘယ်လုပ်လိ့ ဖြစ်တော့မလဲ"
ကျွန်တော်သည် ဦးဆန်နီအား ဤသို့ ပြောပြီး ရဲဘော်များအား အကျိုးအကြောင်းပြောပြ၍ အိမ် ပြန် ရန် နှုတ်ဆက်သည်။ ရဲဘော် ၃ ယောက်လည်း စိတ်မကောင်း ဖြစ်သွားကြပါတော့သည်။
" ဒီမှာ ဦးဆန်နီ၊ ခင်ဗျား သူ့ကို အလုပ်မပေးနိုင်တော့ဘူးလား "
မိုးဝေက ဦးဆန်နီက သွား၍ မေးလေသည်။
" ဟုတ်တယ်။ ခင်ဗျားတို့ကို ပေးထားရတာများနေလို့ ကျွန်တော် မတတ်နိုင်တော့ဘူး "
" ဒီလိုဆိုရင် ကျွန်တော်တို့ အထဲ က တစ်ကျပ်စီနှုတ်ပြီး ကိုတင့်ဆန်းကို တစ်နေ့ သုံးကျပ် ပေးပေါ့"
" အဲဒီလိုဆိုရင် ဖြစ်နိုင်တာပေါ့ဗျာ "
" ကဲ ကိုတင့်ဆန်း။ ကျုပ်တို့ သုံးယောက်ဆီက တစ်ကျပ်စီ ယူဗျာ။ ခင်ဗျား ဆက်ပြီး အလုပ်ဆင်းပေါ့"
" ဟာ ကျွန်တော့်အတွက် ခင်ဗျားတို့ နစ်နာနေကြမှာပေါ့ဗျာ"
" ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်တို့ ရေးဘော်ချင်း အနစ်နာခံရမှာပေါ့"
နေသွေးနီက ပြောလေသည်။
" ဟုတ်ပါတယ်။ ပိုင်ရှင်ကမပေးနိုင်ရင် ကိုယ့်ရဲဘော်ချင်းပဲ ဝေသုံးတာပေါ့"
နတ်နွယ်ကလည်း ၀င်၍ပြောသည်။
" ကဲ ကဲ ဦးဆန်နီ၊ ကျုပ်တို့ကို တစ်ကျပ်စီလျော့ပေးပြီး ကိုတင့်ဆန်းကို တစ်နေ့ သုံးကျပ် ပေးလိုက်ဗျာ"
မိုးဝေက ဦးဆန်နီဆီသို့ လှမ်း၍ အော်ပြောလိုက်သည်။ ဦးဆန်နီကလည်း
" ပေးပါ့မယ်ဗျာ" ဟု ကတိပေးလေ၏။
ကျွန်တော်တို့ ၄ ယောက်သည် ယခင်ကအတိုင်းပင် ပျော်ပျော် ရွှင်ရွှင်နှင့် မဂ္ဂဇင်းကို ဆက်လက် လုပ်ကိုင်နေ ခဲ့ကြသည်။ သို့သော် ဦးဆန်နီမှာ ယခင် ကျွန်တော် ဆေးရုံမတက်ရမီကကဲ့သို့ ကျွန်တော် တို့၏ နေ့စားခ များကို မှန်မှန်မပေးနိုင်ဘဲ ရှိလာသည်။
၉ ကျပ်စား မိုးဝေမှာ ၃ ကျပ် ၄ ကျပ်ရသည့်အခါရ၍ ၃ ကျပ် ၄ ကျပ်စား ကျွန်တော်တို့မှာ ၂ ကျပ်၊ ၁ ကျပ် ရလို ရဖြစ်ကြသည်။ ကျွန်တော်တို့ သာမက စာစီ၊ စာရိုက် အလုပ်သမားများလည်း လုပ်ခမှန်မှန် မရကြ။ စာရေးဆရာနှင့် ပန်းချီဆရာများမှာလည်း အခမဲ့ ဖြစ်ကုန်ကြသည်။ နတ်နွယ်မှာ ကြာရှည် ဒဏ်မခံ နိုင်တော့ သဖြင့် စာရေးဆရာတင်စိုး ထုတ်ဝေသော ငြိမ်းစာပေထုတ်ဝေရေးသို့ ပြောင်းရွှေ့လုပ်ကိုင်လေတော့သည်။
အယ်ဒီတာအဖွဲ့၌ လူတစ်ယောက် လျော့သွားသော်လည်း ကျွန်တော်တို့မှာ နေ့စားခ တိုးမရရုံသာမက သတ်မှတ်ထားသော နေ့တွက်များကိုပင် မှန်မှန် မရကြပါ။
နတ်နွယ်ငြိမ်းစာပေသို့ ရောက်ရှိသွားပြီးနောက် ကျွန်တော်သည် "မမိုးဖြူ" အမည်ဖြင့် လုံးချင်း တစ်ပုဒ် ရေးကာ ငြိမ်းစာပေမှ ထုတ်ဝေခဲ့ပါသည်။ သို့သော် ထိုစာအုပ်မှာ မျက်နှာဖုံး ပျက်စီးသွား သဖြင့် ဈေးကွက် တွင် မစွံဘဲ ဖြစ်ခဲ့ရပါသည်။
နတ်နွယ်ထွက်သွားပြီး လေးငါးလအကြာ၌ နေသွေးနီလည်း ဇွဲမကောင်းနိုင်ဘဲ စုံထောက်မှ ထွက် သွားပြန် ပါသည်။ ထို့ကြောင့် စုံထောက် အယ်ဒီတာအဖွဲ့တွင် ယခင်မူလအတိုင်း မိုးဝေနှင့် ကျွန်တော်သာ ကျန်ရှိနေခဲ့ ပါသည်။ သို့တိုင်လည်း ကျွန်တော်တို့ နေ့တွက်များမှာ မပြေလည်သေးပါ။
နေ့တွက်က မပြေလည်သောအခါတွင် မိုးဝေရော ကျွန်တော်ပါ မဂ္ဂဇင်းကို သိပ်ပြီး ဂရုမစိုက်နိုင်ဘဲ အပြင်၌ ရေးကွက်ရှာကြရပါသည်။ ကျွန်တော်သည် မြ၀တီ၊ ရှုမ၀၊ သွေးသောက် စသော မဂ္ဂဇင်းများတွင် သာမက အခြားထွက်ပေါ်လာသော မဂ္ဂဇင်းများ၌လည်း ပါနိုင်အောင် ကြိုးစားရေးနေရသလို မိုးဝေမှာလည်း မဂ္ဂဇင်းများတွင်သာမက အခြားလုံးချင်းထုတ်သော တိုက်များကိုပါ ရေးပေးနေရလေသည်။ ထိုစဉ်၌ ကျွန်တော့်ဇနီးသည် မခင်စိန် သည် သမီးကလေးတစ်ယောက်ကို ထပ်မံမွေးဖွားပြန်ပါတော့၏။
ကျွန်တော်တို့ ၂ ယောက်က ဂရုမစိုက်နိုင်သည် တစ်ကြောင်း၊ အလုပ်မသားများကလည်း ငွေရေးကြေးရေး မပြေလည်၍ ဂရုမစိုက်သည် တစ်ကြောင်း၊ ပန်းချီဆရာကောင်း၊ စာရေးဆရာကောင်းများကို မသုံးနိုင်တော့ သည် တစ်ကြောင်း၊ အခြား မဂ္ဂဇင်းကြီးများက ထူးထူးခြားခြား ကောင်းမွန်နေသည် တစ်ကြောင်းတို့ကြောင့် စုံထောက်မဂ္ဂဇင်းမှာ စောင်ရေသိသိသာသာကြီး တိုး၍ ကျဆင်းလေတော့သည်။ မဂ္ဂဇင်းစောင်ရေကျခြင်း အတွက် မိုးဝေနှင့် ဦးဆန်နီတို့ကလည်း တကျက်ကျက်ရန်ဖြစ်ကြသည်။ နေ့ထွက်လည်း ပို၍ မမှန်ကန် ရှိရ တော့သည်။ ယင်းအချိန်၌ စောလင်းသည် ကျွန်တော်တို့ အယ်ဒီတာအဖွဲ့သို့ ရောက်ရှိလာခဲ့လေသည်။
စောလင်း သည် တစ်လခန့် အခမဲ့ လုပ်ကိုင်နေရလေသည်။ ကျွန်တော်မှာ နေ့စားခ မပြေလည်သဖြင့် အပြင် မှ ၀င်ငွေရအောင် ရှာရလေ မဂ္ဂဇင်းကို ဂရုမစိုက်နိုင်လေဖြစ်ကာ ပိုင်ရှင်ဦးဆန်နီနှင့် ကျွန်တော်ပို၍ အဆင်မပြေ ဖြစ်ရလေတော့သည်။
ကျွန်တော်မှာ ငွေရေးကြေးရေး မပြေလည်ရုံသာမက မဂ္ဂဇင်းကိုလည်း အားမရသဖြင့် စိတ်အပျက်ကြီး ပျက်နေခဲ့ သည်။ ပြီးနောက်ကိုယ့်ကိုကိုယ်လည်း ယုံကြည်လာသည်။ ဟုတ်ပါ၏။ ယခုလောက် အခြေခိုင် လာသောအခါ၌ စာရေး၍ ထမင်းစားတော့မည်ဟုလည်း ဆုံးဖြတ်လိုက်သည်။ ပြီးနောက် စုံထောက်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့မှ ကျွန်တော်ထွက်ခဲ့ပါတော့သည်။
စုံထောက်မဂ္ဂဇင်း မှ ထွက်ခဲ့ပြီးနောက် ကျွန်တော်သည် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများကို မှန်မှန်ရေးခဲ့သည်။ သို့သော် ၀င်ငွေ မှာ အမှန်မရှိလှ။ နည်းသည့်လနည်း၍ များများဝင်သည့်လလည်း ရှိသည်။ မည်သို့ပင် ဖြစ်စေ တာဝန်တစ်ခု ကို နှစ်သက်လှပါတော့သည်။
စာကိုများများ ရေးလာသည်နှင့်အမျှ ကျွန်တော့်ကလောင်ကို စာဖတ်ပရိသတ် တော်တော်များများ သိလာကြသည်။ စာရေးခြင်း တစ်ခုတည်းကိုသာ အမှီပြု၍ လုပ်ကိုင်စားသောက်ရသောအခါ၌ အခက်အခဲ တွေများစွာ တွေ့ရပါသည်။ ထိုအခက်အခဲများမှာ ကျွန်တော်သည် အင်္ဂလိပ်စာ မတတ်သဖြင့် နိုင်ငံခြား ၀တ္ထု များကိုမှီး၍ မရေးသားနိုင်သောကြောင့် ဇာတ်လမ်းရှာခြင်း၊ ထုတ်ဝေသူများ၊ အယ်ဒီတာ များက အင်္ဂလိပ်စာ မတတ်၍ အထင်သေးကာ စာမူခကို အင်္ဂလိပ်စာတတ်သော စာရေးဆရာ များလောက်မပေးခြင်း၊ စာမူကို ၀ယ်ယူထားလျက် မဂ္ဂဇင်းတွင် လပေါင်းကြာမြင့်စွာမထည့်ဘဲ ပစ်ထားခြင်း၊ စာမူခကို ချိန်းဆိုသည့်ရက်တွင် မပေးဘဲ အချိန်ခဏခဏရွှေ့၍ ချိန်းဆိုမှုကြောင့် ရမည့်ရက်တွင် မရ၍ ငွေပြတ်နေရခြင်းများ ဖြစ်ပါသည်။
မြန်မာပြည်မှာ စာရေးစားလို့ ဘယ်ထမင်းဝမှာလဲဗျာ။ တခြားအလုပ်တစ်ခုခု လုပ်ရင်းနဲ့ စာရေးမှပေါ့။
ကျွန်တော့်အပေါ် တွင် စေတနာထားသော မိတ်ဆွေများထံမှ ကရုဏာသက်စွာဖြင့် အကြံပေးကြသည်။ ကျွန်တော့်ဇနီး က အရောင်းအ၀ယ်ဘက်၌ အားသန်သူ ဖြစ်သောကြောင့် ငွေရေးကြေားရေး ကြပ်တည်းတိုင်း 'မောင့် စာရေးဆရာအလုပ်ကလည်း လမ်းဘေးမှာ ထမင်းကြော်ရောင်းစားတဲ့ ဘ၀လောက်တောင် မှ စိတ်မချမ်းသာရဘူး' ဟုညည်းတတ်ပါသည်။
တကယ့်တော့လည်း သူမပြောစရာဖြစ်နေပါသည်။ တစ်ချိန်က မခင်စိန်သည် ကျွန်တော်နှင့်အတူ ဦးဝိစာရလမ်းအလယ် ပလက်ဖောင်း၌ ထမင်းကြော်ရော င်းခဲ့ဖူးကြသည်။ ထိုစဉ်က ကျွန်တော်တို့မှာ လူပင်ပန်းသော်လည်း စိတ်မပင်ပန်းကြရပါ။ ကျွန်တော်တို့ ထမင်းကြော်ဆိုင်မှာ သန့်လည်း သန့်၊ ကောင်းလည်းကောင်းသောကြောင့် မစ္စနယ်လ်ဆင်ကျောင်းမှ ကျောင်းသားကလေးများက အလု အယက် ၀ယ်ယူစားသောက်ကြပါသည်။ ထို့ကြောင့် တစ်နံနက်ရောင်းလျှင် ၄ကျပ်၊ ၅ကျပ် အထိအမြတ်ငွေ ရရှိခဲ့ပါ သည်။
ကျွန်တော်မှာ အရောင်းအ၀ယ်အလုပ်ကို ၀ါသနာမပါသည်တစ်ကြောင်း၊ ထိုပလက်ဖောင်းဆိုင်မှာ စနေနေ့ တိုင်းမြူနီစပယ် မှ လာ၍ ဆိုင်ကို ဆွဲဖျက်တတ်သည် တစ်ကြောင်း စိတ်ပျက်ကာ ထိုဆိုင်ကို ဖြုတ်၍ ဦးဝိစာရလမ်း ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ၀င်၍ လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်တို့နှင့် အပြိုင်ရောင်းသော ထမင်းကြော် ဆိုင်ရှင် တို့မှာ ကျွန်တော်တို့ဆိုင်ပြုတ်၍ လေးငါးလကြာသောအခါ ကပ္ပလီ ကွက်သစ် ထဲတွင် အိမ်သစ်ကလေးဆောက်နိုင်သည်အထိ စီးပွားရေးအခြေအနေ တိုးတက်ခဲ့သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရပါသည်။
မည်သူက ဘာပဲပြောပြော ကျွန်တော့်အနေနှင့် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း၍ ရအောင်ကြိုးစား ချင်သည့် စိတ်ကသာပြင်းထန်နေသည်။
မြန်မာပြည်တွင် စာရေးခြင်းသည် အလုပ်တစ်လုမဟုတ်သလို ထင်မှတ်နေကြသည်။ တကယ့်တော့ စာရေးခြင်း သည်လည်း အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်ထိုက် ပါသည်။ စာရေးခြင်းဆိုသည်မှာ လွယ်လွယ် ကလေး ကောက်ရေး၍ ရသည်မဟုတ်ပါ။ တွေးရခေါ်ရ ဗဟုသုတရှာဖွေ ဆည်းပူး၍ စာ တစ်ပုဒ်ဖြစ် လာအောင် ကြိုးပမ်းရေးသားရပါသည်။ ထိုသို့ ကြိုးပမ်းရပါလျက် နှင့်ပင် အလုပ်မမည်သော အလုပ်မျိုး ကား ဤကမ္ဘာပေါ်၌ မရှိသင့်ချေ။
ထို့ကြောင့်လည်း ကျွန်တော်သည် စာရေးခြင်းသည် အလုပ်မည်ရမည်ဟူသော ဇွဲဖြင့် တခြားအလုပ်ကို လုပ်ဖို့ စိတ်မကူးဘဲ စာကိုသာ ဖိရေးနေခဲ့ပါသည်။ ယင်းသို့ရှိစဉ် တစ်နေ့၌ ကျွန်တော့်ဇနီးမှာ မကျန်းမမာ ဖြစ်လာပြန်သည်။ သွေးအားလေးအားနည်းကာ နှလုံး၊ ရင်မငြိမ်မသက်ရှိပြီး စိတ်လည်း ကယောင်ချောက်ချားဖြစ်လာသည်။ ကျွန်တော်မှာ ကလေးတစ်ဖက်နှင့် စာကိုကောင်းစွာမရေးနိုင်ဘဲ အခက်အခဲ ကြုံရပြန်ပါတော့၏။ စိတ်မအား လူမအားနှင့် ရှိသဖြင့် စာလည်းမရးနိုင်။ စာမရေးနိုင်၍ ၀င်ငွေ မရှိဖြစ်ကာ လူမမာက တစ်ဖက်နှင့် အတော်ပင်အကြပ်ကျ၍ နေတော့သည်။
ထိုစဉ် တစ်နေ့ ကျွန်တော် နော်ရထာမဂ္ဂဇင်းသို့ ရောက်ရှိသွားသည်တွင် နော်ရထာမဂ္ဂဇင်း အယ်ဒီတာ မောင်ဥာဏ်ဝန်က ''သိမ်း'' ဆိုသောအမည်နှင့် တစ်ကျပ်တန် မဂ္ဂဇင်း ထုတ်မည့် ပဗလစ်ရှာ တစ်ဦး ရှိကြောင်း၊ သို့သော် ထိုပဗလစ်ရှာတွင် မဂ္ဂဇင်းတစ်စောင် ဖြစ်မြောက်အောင် လုပ်တတ်သူမရှိသဖြင့် မဂ္ဂဇင်း လုပ်တတ်မည့် အယ်ဒီတာ ရှိနေကြောင်း ဆီး၍ သတင်းပေးပါသည်။
ကျွန်တော် မှာ လခလစားအလုပ်ကို မလုပ်လိုသော်လည်း အခြေအနေအရ ထိုမဂ္ဂဇင်းထုတ်မည့်သူများနှင့် သွားရောက်တွေ့ဆုံ ရပါသည်။ ပြီးနောက် တစ်လလျှင် လခနှစ်ရာဖြင့် အလုပ်ဝင်လုပ်ရန် သဘောတူ ခဲ့ရပါ တော့၏။
အစကတည်းက လခစားမလုပ်လိုသော ကျွန်တော်မှာ သိမ်းမဂ္ဂဇင်းတွင်ဝင်ရောက်လုပ်ကိုင်သောအခါ၌ စိတ်ပျက် စရာပေါင်းများစွာနှင့် တွေ့ဆုံရင်ဆိုင်နေရပြန်ပါတော့သည်။ သို့သော် ဇနီးလည်းကောင်းစွာ ကျန်းမာ လာသည်အထိ သည်းခံ၍ လုပ်မည်ဟုဆုံးဖြတ်ကာ ၆လကြာမျှ ထိုမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့ပြီး မခင်စိန် ကျန်းမာလာသည်နှင့် မဂ္ဂဇင်းမှထွက်၍ စာရေးခြင်း အလုပ်ကိုပင် ပြန်၍ လုပ်ခဲ့ပြန်ပါသည်။
ကျွန်တော် သည် လယ်ကွင်းပြင်များ၊ ဖားအော်သံများ၊ ခြင်များ၊ ရွှံဗွက်နှင့် ဖုံများ ထူတပ်သော ငမိုးရိပ်ကို စွန့်လွှတ် ခဲ့ပြီး ရန်ကုန် သို့ တက်နေခဲ့သည်။
အကယ်၍ ကျွန်တော်သည် စီးပွားရေးသမားအဖြစ်နှင့် စီးပွားရှာခဲ့လျှင်၎င်း၊ နိုင်ငံရေးလုပ်စားသူအဖြစ်နှင့် စီးပွားရှာခဲ့လျှင်၎င်း၊ ဂရံပိုင်အိမ်များကို ၀ယ်၍ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ နေနိုင်ပေမည်။
ကျွန်တော်သည် စာပေကို စွဲလမ်းခဲ့ရာမှ စာရေးချင်လာသည်။ စာရေး၍ အောင်မြင်လာသောအခါ၌ စီးပွားရေး ၌ စိတ်မ၀င်စားချင်။ မမှန်ကန်သော လုပ်ငန်းများကို မလုပ်ချင်။ စာရေးဆရာအဖြစ်နှင့်ဘ၀ကို ရင်ဆိုင် ချင်သည်။ ထို့ကြောင့် ကျွန်တော်သည် ကွက်သစ်ထဲငယ်၌ စွဲစွဲမြဲမြဲနေလာခဲ့ပြီးမှ ငမိုးရိပ် သို့ပင် ပြန်လည်ရောက်ရှိလာခဲ့ရသည် မဟုတ်ပါလား။
တစ်ခါတစ်ခါတွင် စာရေးစားရသောအလုပ်ကို စိတ်ပျက်ချင်လာသည်။ စာရေး၍ ရသောဝင်ငွေမှာ မဟုတ်ဘူး ဆိုတောင် တစ်လတစ်လတွင် အထက်တန်းစာရေးဝင်ငွေထက်တော့ များသည်။ ဒါပေမယ့် စားရေးလောက် စိတ်မချမ်းသာရ။ အထက်တန်းစာရေးသညာ် လဆန်း ၁ ရက်နေ့၌ လခရဖို့ သေချာသည်။ စာရေးဆရာ၌ ထိုသို့အာမခံချက်မရှိ။ အထက်တန်းစာရေးသည် ကျန်းမာနေလျှင် ရုံးချိန်တိုင်း သူ့အလုပ်ကို သူကောင်းစွာ လုပ်ကိုင်နိုင်သည်။ စာရေးဆရာမှာ စိတ်ကြည်လင်နေမှ၊ စိတ်ကူးပေါက်မှ စာရေး၍ရ၏။
အထက်တန်းစာရေးသည် မကျန်းမာလျှင် လစာအပြည့်နှင့် ခွင့်ရက်ရသည်။ စာရေးဆရာမှာ မကျန်းမာလျှင် ၀င်ငွေမရှိ အထက်တန်းစာရေးမှာ ရုံးအုပ်၊ ရုံးဝန်ထောက်၊ မင်းကြီးစသော သူများနှင့်သာ ဆက်ဆံရသည်။ စာရေးဆရာမှာ အယ်ဒီတာအမျိုးမျိုး၊ ပဗလစ်ရှာ အမျိုးမျိုးနှင့် ဆက်ဆံရသည်။ အချို့ပဗလစ်ရှာ၊ အယ်ဒီတာ တို့မှာ စာရေးဆရာ၏ နုပညာကို တန်ဖိုးထားတတ်သော်လည်း တချို့မှာဘာမျှနားလည်းမလည်၊ တန်ဖိုးလည်း မထားထတ်။ စာရေးဆရာ၏ စာမူ၌ အနုပညာပါသည်၊ မပါသည်မသိ။ သူတို့ အမြတ်ရရရေး အတွက် ကုန်ကြမ်းလောက်သာ သဘောထားတတ်ကြသည်။ ဆက်ဆံရေးတွင်လည်း ဟင်းရွက်သည်၊ အိုးတိုက်ဖွဲပြာသည် ဆက်ဆံနည်းမျိုး ဆက်ဆံတတ်သူများလည်းရှိသည်။ ချိန်းသောရက် ၌ ငွေမှန်မှန် မရ ခြင်းမှာ စာရေးဆရာအဖို့ ဒုက္ခအရောက်ဆုံး ဖြစ်လေသည်။
ကျွန်တော်သည် ဤအကြောင်းများကြောင့် တစ်ခါတစ်ခါ စာရေးခြင်းနှင့် အသက်မွေးရသော အလုပ်ကို စိတ်ပျက်မိ၏။
ကွယ်လွန်ခဲ့ပြီးသော စာရေးဆရာတို့၏ ဆင်းဆင်းရဲရဲနှင့် ကျန်နေကြရရှာသော သားသမီးများကို မြင်တွေ့ရ လျှင်လည်း သားငယ်၊ သမီးငယ်များ၏ နောင်ရေးအတွက် ရင်ထိတ်မိသည်။ ခင်စန်းကြည်နှင့်ရခဲ့သော သားနှစ်ယောက် မှာ အကြီးက ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း၍ အငယ်က ရုံးစာရေးလုပ် နေကြ သည်။ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်ပြီ။ မခင်စိန်နှင့် ရသော သားသမီးကလေးများက အလွန်သေးငယ် သည်။ အငယ်ဆုံးသားမှာ လသားမျှသာရှိသေး၏။ သမီးများကလည်း ကျောင်းပင်မထားလောက်သေး။ သူတို့ အတွက် စာရေးဆရာဘ၀နှင့် ရင်မနေရပြန်သည်။ အသက်သိမ်မကြီးသေးခင် စီးပွားရေးဘက် ကူးရကောင်းမည် လားဟု ကြံမိသည်။
သို့သော် စာရေးဆရာဘ၀သည် ဘိန်းကဲ့သို့ စွဲနေ၏။ ပူပင်သောကရောက်ရသည်ကိုပင် အရသာတစ်မျိုးလို့ ခံစားရပြန်သည်။ စိတ်မိုက်စိတ်ရိုင်းပေပဲလား မသိ။
'စာရေးခြင်း သက်သက် နဲ့ အသက်မွေးလို့ မရဘူးဆိုတဲ့ နိုင်ငံမှာ မရရအောင် နေပြမယ်' ဟုကြုံးဝါးကာ သူရဲကောင်းလုပ်ချင်စိတ်ကလည်း ပေါက်နေသေးသည်။
ကျွန်တော် သည် နောက်ကြောင်းများကိုပြန်၍ တွေးရင်းမှ ကိုယ်အဖြစ်ကိုယ် ရယ်ချင်လာသည်။ ကျွန်တော် ယခုရောက်ရှိနေသော မြောက်ဥက္ကလာပ နေအိမ်မှာ ငမိုးရိပ်ချောင်းနှင့် တစ်ဖာလုံခန့်သာ ကွာဝေးသည်။ ရွှံ့ဗွက်၊ ဖုံနှင့် ခြင်တွေပေါများလှသည်။ လယ်ကွင်းပြင်၌ နေရသည်။ ဖားအောင်သံများကို ကြားရသည်။
ထိုအရာအားလုံး ကို ရှောရှားကာ ငမိုးရိပ်မှ ထွက်ပြေးလာခဲ့သော ကျွန်တော်သည် ယခုလည်း ငမိုးရိပ် သို့ပင် ပြန်၍ရောက်ရှိနေရတော့သည် မဟုတ်ပါလား။
တစ်ခါတစ်ခါတွင် စာရေးစားရသောအလုပ်ကို စိတ်ပျက်ချင်လာသည်။ စာရေး၍ ရသောဝင်ငွေမှာ မဟုတ်ဘူး ဆိုတောင် တစ်လတစ်လတွင် အထက်တန်းစာရေးဝင်ငွေထက်တော့ များသည်။ ဒါပေမယ့် အထက်တန်း စားရေးလောက် စိတ်မချမ်းသာရ။ အထက်တန်းစားရေးသည် လဆန်း ၁ ရက်နေ့၌ လခရဖို့ သေချာသည်။ စာရေးဆရာ၌ ထိုသို့ အာမခံချက်မရှိ။ အထက်တန်းစားရေးသည် ကျန်းမာနေလျှင် ရုံးချိန်တိုင်း သူ့အလုပ် ကို သူကောင်းစွာ လုပ်ကိုင်နိုင်သည်။ စာရေးဆရာမှာ စိတ်ကြည်လင်နေမှ၊ စိတ်ကူး ပေါက် မှ စာရေး၍ရ၏။
အထက်တန်းစာရေးသည် မကျန်းမာလျှင် လစာအပြည့်နှင့် ခွင့်ရက်ရသည်။ စာရေးဆရာမှာ မကျန်းမာ လျှင် ၀င်ငွေမရှိက အထက်တန်းစာရေးမှာ ရုံးအုပ်၊ ရုံးဝန်ထောက်၊ မင်းကြီးစသော သူများနှင့်သာ ဆက်ဆံ ရသည်။ အချို့ ပဗလစ်ရှာ၊ အယ်ဒီတာတို့မှာ စာရေးဆရာ၏ အနုပညာကို တန်ဖိုးထားတတ်သော် လည်း တချို့မှာ ဘာမျှနားလည်းမလည်၊ တန်ဖိုးလည်း မထားတတ်။ စာရေးဆရာ၏ စာမူ၌ အနုပညာပါသည်၊ မပါသည်မသိ။ သူတို့ အမြတ်ရရရေးအတွက် ကုန်ကြမ်းလောက်သာ သဘောထား တတ်ကြသည်။ ဆက်ဆံရေးတွင် လည်း ဟင်းရွက်သည်၊ အိုးတိုက်ဖွဲပြာသည် ဆက်ဆံနည်းမျိုး ဆက်ဆံတတ် သူများလည်း ရှိသည်။ ချိန်းသောရက်၌ ငွေမှန်မှန်မရခြင်းမှာ စာရေးဆရာအဖို့ ဒုက္ခအရောက်ဆုံးဖြစ်လေသည်။
ကျွန်တော်သည် ဤအကြောင်းများကြောင့် တစ်ခါတစ်ခါ စာရေးခြင်းနှင့် အသက်မွေးရသောအလုပ် ကို စိတ်ပျက်မိ၏။
ကွယ်လွန်ခဲ့ပြီးသော စာရေးဆရာတို့၏ ဆင်းဆင်းရဲရဲနှင့် ကျန်နေကြရရှာသော သားသမီး များကို မြင်တွေ့ရလျှင်လည်း သားငယ်၊ သမီးငယ်များ၏ နောင်ရေးအတွက် ရင်ထိတ်မိသည်။ ခင်စန်းကြည်နှင့် ရခဲ့သော သားနှစ်ယောက်မှာ အကြီးက ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း၍ အငယ် က ရုံးစာရေးလုပ်နေကြသည်။ သူတို့သည် ကိုယ့်ဝမ်း ကိုယ်ကျောင်းနိုင်ကြပေပြီ။ ကိုယ့် အိမ်ထောင်နှင့်ကိုယ် ဖြစ်ပြီ။ မခင်စိန်နှင့် ရသော သားသမီးကလေးများက အလွန်သေးငယ်သည်။ အငယ်ဆုံးသား မှာ လသားမျှ သာရှိသေး၏။ သမီးများကလည်း ကျောင်းပင်မထားလောက်သေး။ သူတို့ အတွက် စာရေးဆရာဘ၀နှင့် ရင်မနေရပြန်သည်။ အသက်သိပ်မကြီးသေးခင် စီးပွားရေးဘက် ကူးရကောင်း မည်လားဟု ကြံမိသည်။
သို့သော် စာရေးဆရာဘ၀သည် ဘိန်းကဲ့သို့ စွဲနေ၏။ ပူပင်သောကရောက်ရသည်ကိုပင် အရသာ တစ်မျိုးလို ခံစားရပြန်သည်။ စိတ်မိုက်စိတ်ရိုင်းပေပဲလား မသိ။
''စာရေးခြင်းသက်သက်နဲ့ အသက်မွေးလို့ မရဘူးဆိုတဲ့ နိုင်ငံမှာ မရရအောင် နေပြမယ်'' ဟု ကြုံးဝါး ကာ သူရဲကောင်း လုပ်ချင်စိတ်ကလည်း ပေါက်နေသေးသည်။
ကျွန်တော်သည် နောက်ကြောင်းများကိုပြန်၍ တွေးရင်းမှ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်လာသည်။ ကျွန်တော် ယခုရောက်ရှိနေသော မြောက်ဥက္ကလာပ နေအိမ်မှာ ငမိုးရိပ်ချောင်းနှင့် တစ်ဖာလုံခန့်သာ ကွာ ဝေးသည်။ ရွှံ့ဗွက်၊ ဖုံနှင့် ခြင်တွေပေါများလှသည်။ လယ်ကွင်းပြင်၌ နေရသည်။ ဖားအော်သံများကို ကြားရ သည်။
ထိုအရာအားလုံးကို ရှောင်ရှားကာ ငမိုးရိပ်မှ ထွက်ပေးလာခဲ့သော ကျွန်တော်သည် ယခုလည်း ငမိုးရိပ် သို့ပင် ပြန်၍ ရောက်ရှိနေရတော့သည် မဟုတ်ပါလား။
တင့်ဆန်း
SHWE ZIN Uhttp://www.blogger.com/profile/03563456685127826441noreply@blogger.com2