Monday, September 28, 2009

ငယ်ဘဝများ(၇)နှင့်မတရားတဲ့အမိန့်အာဏာမှန်သမျှဆန့်ကျင်ကြ (၂)

ကျနော်ရဲ့ငယ်ဘ၀များ(၇)ရဲ့Title နဲ့ကျနော်ရေးထားတဲ့ အကြောင်းအရာတွေကို conflict ဖြစ်တယ် လို့ထင်တဲ့ သူတွေအတွက် ကျနော်ပြန်လည်ဖြေရှင်းပြပရစေ၊ comment ထဲကပြောရင် အားလုံး မဖတ်မိ မှာစိုးလို့ post တခုအနေနဲ့တင်ပေးလိုက်ပါတယ်။

ကျနော် ဖေဖေ အမိန့်ကို မဆန့်ကျင်ရဲပါဘူး၊ ကျနော်လို ဘာမဟုတ်တဲ့ သူငယ်နှပ်စား ၁၀ နှစ်၁၁နှစ် အရွယ် ကလေး တယောက်ဟာ အိမ်ရဲ့အာဏာရှင် အဲလေ ယောင်လို့ အိမ်ထောင်ဦးစီး တယောက်၊ အဖေ တယောက်ကို တိုက်ရိုက်တော့ ဘယ်ဆန့်ကျင် ရဲပါ့မလဲ။

ဆန့်ကျင်ခဲ့ရင် အနဲဆုံး အဆူတော့ခံရမယ်၊ (အရိုက်တော့ ခံချင်မှခံရမယ်) အဖေဖြစ်နေလို့လေ၊ ပထွေး ဆိုရင်တော့ သေနိုင်တယ်ဗျာ၊ မေမေ ကန်တော့နော်၊ ပထွေးဆိုတော့ နည်းမျိုးစုံနဲ့ နှိုတ်စက်တော့မှာဘဲ၊ ကျနော်တို့ လူမျိုးတွေက မျိုးချစ်စိတ် အပြည့် ရှိတယ် မဟုတ်လား၊ သူ့ရဲ့သမီးအရင်းမဟုတ်တဲ့ ကျနော့်ကို သူ့အမိန်နာခံအောင် လုပ်တော့မှာဘဲ၊ ခုနလိုမျိုး ရှုအိုးအိမ်ပေါ်က မှောက်ကြတာမျိုး (တမင်ဘဲဖြစ်ဖြစ်၊ မတော် တစ ဘဲဖြစ်ဖြစ်) များဖြစ်ခဲ့ရင် အသေသတ်တော့ မှာပေါ့။

အဲဒီတော့ ကျနော်တို့လည်းစဉ်းစားရမှာပေါ့၊ အဖေလားပထွေးလား၊ ပထွေး ဆိုရင်တော့၊ အဖေ ကိုလုပ်တဲ့ နည်း နဲ့တော့ ဘယ်ရတော့မလဲ၊ ကျနော်တို့မှာ ပထွေးကို ရင်ဆိုင်နိုင်တဲ့ စွမ်းအားတွေရှိပြီလား၊ ပထွေးကို ဆန့်ကျင့်နိုင်တဲ့ အင်အားတွေရှိရင်တော့ ရပါပြီ၊ ခင်ဗျားတို့ မတရားဘူးထင်တဲ့ အမိန့်အာဏာမှန်သမျှ ဆန့်ကျင် လို့ ရသွားပါပြီ။

အခုကျနော် ရင်ဆိုင်ရတာက အဖေ အရင်းဆိုတော့ ဒီလောက်တော့ လုပ်လို့ရတာပေါ့၊ ဖေဖေက ကျနော် မလုပ်ချင်တဲ့ အလုပ်၊ ကျနော် မတရားဘူးထင်တဲ့ အလုပ်တွေကို ခိုင်းခဲ့ရင် တတ်နိုင်သမျှတော့ အနဲဆုံး ကျနော်တော့ မလုပ်ရအောင် ကျနော်တတ်နိုင် သလောက်အစွမ်းနဲ့ လုပ်ဆောင်ခဲ့ပါတယ်ဆိုတာ ပြောပြတာပါ (အဖေ အရင်းအပေါ် ကိုပြောတာပါ) ။

ပထွေးဆိုရင်တော့ အခုနေ အသက်တောင် ရှင်ချင် မှရှင် မယ်နော်၊ နှိုတ်စက်ခံရတာတွေများလွန်းလို့ သေရင်တောင်သေသွားနိုင်တယ်။ ခင်ဗျားတို့လည်း သဘော ပေါက်ပေါ့ဗျာ၊ မတရားတဲ့ အမိန့်အာဏာ မှန်သမျှဆန့်ကျင်ကြ ဆိုပေမဲ့လည်း အဖေလား ပထွေး လား ဆိုတာကိုတော့ နားလည်ကြပေါ့။ ဒါပါဘဲဗျာ.....

အားလုံးကို ကျေးဇူးတင်ပါတယ်..
.
>>>ဆက်ဖတ်ရန်>>> >>

ငယ်ဘဝများ(၇)နှင့်မတရားတဲ့ အမိန့်အာဏာမှန်သမျှဆန့်ကျင်ကြ


ဟဲ ဟဲ ကျနော်ဂျောက်ပေါက်ကြအောင်တော့ လျှောက်ပြီးအတွေးမချော်ကြပါနဲ့နော်၊ ကျနော်က ကျနော်ငယ်ငယ် က ကျနော့်ဖေဖေ ရဲ့မတရားဘူးထင်တဲ့ အမိန့်တွေကို ဆန့်ကျင့်ခဲ့တာတွေ ပြောပြမလို့၊ ရိုးရိုးလေးပါနော်။

ကျနော် တို့အဖေနဲ့အမေက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတာဆိုတော့ ကျနော်တို့ သားသမီးတွေကို ပြုစုပျိုးထောင်ပုံ တွေဟာ တမျိုးဖြစ်နေသလားမသိဘူးလို့ထင်မိတယ်၊ ကျနော်ကအကြီးဆုံး ဖြစ်နေတော့ ပြောရရင် စံပြပေါ့ဗျာ၊ ဖေဖေ လက်တည့်စမ်း တာတွေကိုခံခဲ့ရတာပေါ့၊ ကျနော် ပြောပြခဲ့သလိုပါဘဲ ကျနော်ကတော့ စာမတတ်ခင် ကထဲက စာတွေဖတ်ခဲ့တယ်၊ စာဖတ်တတ်တော့လည်း စာတွေဖတ်ခဲ့တယ်။

ကျနော် ဖေဖေ ကတော့ ကျနော်သိတတ်စ ကထဲက စာဖတ်တာဆိုရင် ကျောင်းစာတွေရယ်၊ အရင်တုန်းက လစဉ်ယူတဲ့ Times တို့ News Week တို့နဲ့ နောက်ပိုင်း Reader digest တွေကို ဖတ်တာဘဲ တွေ့ဖူးတယ်၊ ခင်ဗျားတို့သိတဲ့ အတိုင်းဘဲ ဒါတွေက သတင်းတွေရယ် ဆောင်းပါးတွေရယ်ဘဲမဟုတ်လား၊ ဝထ္ထူ ဆိုရင်လည်းအတိုချုပ် တွေဘဲဆိုတော့ ကျနော် ကတော့ ဖေဖေဟာ အနုပညာ ကိုခံစား တတ်တယ် လို့မထင်ဘူး။

မြန်မာ စာအုပ်ဆိုရင်ဖတ်တာ မတွေ့ဘူးပါဘူးဗျာ၊ ကျနော်တို့ နဲနဲကြီးလာမှ ဝတ္ထုတို အကောင်းလေးတွေ ဖေဖေကို ဖတ်ကြည့်ခိုင်းမှ ဖတ်တာပါ၊ ဆရာဦးဝင်းဖေရဲ့ ရေသန့် တို့၊ နောက် ဆရာဖေမြင့် ရဲ့ ချက်ကြီးအတွက် အရက်တခွက်တို့ နေဝင်းမြင့် ရဲ့ နက်စကဖီး တို့ ဆိုတာလေးတွေ ဖတ်ဘူးတာပါ၊ ဖေဖေက ကမ္ဘာကျော် စာရေးဆရာတွေရယ် စာအုပ်တွေရယ် ကိုသိပါတယ်၊ နံမယ်တွေလေ ဟား ဟား ဟား ကျနော့် ဘေးမှာရှိတယ်၊ သူ့အကြောင်း အသင်းတုတ် နေတာသိရင် ထရိုက်တော့မှာဘဲ။

ကျနော် ပြောခဲ့သလိုပါဘဲ ကျနော်တို့ငယ်ငယ်က ဖေဖေရဲ့မိသားစုနဲ့အတူနေခဲ့ရပါတယ်၊ အိမ်မှာ မေမေကို အလုပ်ကူပေးတဲ့ ကျနော်တို့ရဲ့စာတော်ဖတ် တယောက်မဟုတ်တယောက်တော့ ရှိနေတာပါဘဲ၊ အဲဒီကြားထဲက ကျနော် ၄တန်း၅တန်း လောက်မှာထင်တယ်၊ ဖေဖေက မေမေပင်ပန်းတယ်တဲ့ အလုပ် တွေကို အားလုံး ဝိုင်းကူလုပ်ကြရမယ်ပေါ့၊ ကျနော့် ဖေဖေက အမိန့်ထုတ်ပြန်တယ်၊ ကျနော့် တာဝန်က ရှုးအိုးသွန် တဲ့ နောက်ပြီး ဆက်တီတွေဖုန်သုတ်တဲ့၊ ကျနော်က ဖုန်တော့သုတ်ပါတယ်၊ ရှုအိုးတော့ မသွန် ချင်ဘူး၊ တအိမ်လုံးပေါက်ထားတဲ့ ရှုးအိုးကလည်း မနက်မနက်ဆို အပြည့်အလျှံဘဲ၊ နောက်ပြီး အိမ်ပေါ် ကနေ အောက်ချရတာဆိုတော့ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး၊ ကျနော်ကလည်း ငယ်ငယ်လေး၊ ရှုးအိုးကြီးကလည်း အပြည့်ကြီးဘဲ၊ နောက်ပြီး ကျနော်တို့ လှေကားကလည်း မတ်မတ်အမြင့်ကြီး ဆိုတော့ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ကြပါအုန်း။

ဒါပေမဲ့ ဖေဖေက မနက်ဆို ဖုန်သုတ်မသုတ်၊ ရှုအိုးသွန်မသွန် အမြဲတန်း စစ်တယ်၊ ကျနော်လည်း တတ်နိုင်သလောက်တော့ လုပ်ပါတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျနော့်ရဲ့ တာဝန်ဟာ တပတ်လောက်နဲ့ ဇာတ်သိမ်းခန်း ရောက်သွားပါတယ်၊ တအိမ်လုံးလည်း ရှုးရှုးနံတွေ ထောင်းထောင်းထလို့ပေါ့ ဟဲ ဟဲ အပေါ်ဆုံးလှေကားထစ်ကနေ အောက်ဆုံးထပ်ထိ ရှုးအိုးလေးဟာ ဒလိမ့်ခေါက်ခွေးပေါ့၊ ကျနော် အတွက်တော့ စိတ်မပူကြပါနဲ့ လူမပါ ပါဘူး၊ အိုးကြီးပါဘဲ ခင်ဗျား။

နောက်တခါတော့ နွားနို့ သွားယူခိုင်းတာပေါ့ ကျနော်တို့ လမ်းထိပ်မှာ နွားမွေးတဲ့ အိမ်တွေရှိတယ်၊ ကျနော်တို့ အိမ်က နွားနို့ ယူတော့အမြဲတန်းလာပို့ပါတယ်၊ အဲဒီနေ့ကတော့ ဘာဖြစ်လို့လည်းမသိဘူး လာမပို့ဘူး၊ အဲတာ ကျနော်ကိုသွားယူခိုင်းတယ်၊ ကျနော်က မယူချင်ဘူး ပထမတချက်က သွားတဲ့လမ်းမှာ ကိုက်တဲ့ခွေးတွေရှိတယ်၊ ကျနော်နဲ့ မတည်တဲ့ ခွေးတွေပေါ့၊ (ခွေးနဲ့တောင်မတည့်ဘူးနော်) ဒုတိယ တချက်က ဂျိုင့်ဆွဲ ပြီး မသွားချင်တာ။

ဒါပေမဲ့ အမိန့်နဲ့ဆိုတော့ သွားရတာပေါ့၊ ကံကောင်းစွာဘဲ အိမ်ကိုရောက်လာပါတယ်၊ ဒါပေမဲ့ ကံမကောင်း စွာဘဲ ဖေဖေ ရှေ့တည့်တည့်မှာ တစက်မှ မကျန်အောင် မှောက်သွားပါတယ်၊ ဟဲ ဟဲ နောက်တော့ ကျနော် မလုပ် ချင်ဘူးဆိုတဲ့ အလုပ်တွေကို ခိုင်းတာ တော်တော် ရော့သွားပါတယ်၊ သဘော ပေါက်ကြပေါ့နော်၊ ကျနော် အမှန်အတိုင်း ၀န်ခံရရင် တကယ် ဆန့်ကျင်တာ တော့မဟုတ်ဘူး သူ့အလိုလို ဖြစ်သွားတာပါ၊ တကယ်ပါ၊ နောက်ဆုံးတော့ အာဏာနဲ့ခိုင်းတဲ့ အလုပ်တွေ၊ မနိုင်ဝန် တွေကို ထမ်းခိုင်း တာတွေဟာ ဘယ်လိုမှ မအောင်မြင် နိုင်ပါဘူးဆိုတာပါဘဲ။

ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 26, 2009

ကျနော်သိတဲ့ မန္တလေး (၁) နှင့် အညာစာ ဟင်းလေးများ

ကျနော်တို့ မန္တလေးသားတွေဟာ တခြားမြို့သူမြို့သားတွေထက်စာရင် ကိုယ့်မြို့ကိုယ် အစွဲအလန်း တော်တော်ကြီး ကြတာတွေ့ရတယ်။

နောက်ပြီး မန္တလေးသား ဖြစ်ရတဲ့အတွက် ဂုဏ်ယူကြတယ်၊ ဘယ်ရောက်ရောက် မန္တလေးသား ဆိုတာကို မမေ့ကြဘူး၊ ကျနော်လည်း မန္တလေးသားဖြစ်တဲ့အတွက် အရင်တုန်းကတော့ ဂုဏ်ယူဘူးတယ်၊ နောက်တော့ လူမျိုးစွဲ၊ ဒေသစွဲ တွေကြောင့် ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ၊ ပတိပက္ခတွေကို ကြည့်ပြီးတော့ လူမျိုးစွဲ၊ ဒေသစွဲတွေကို တတ်နိုင်သလောက် ဖျောက်ပြစ်ရမယ်ဆိုပြီး ကျနော် မန္တလေးသား ဖြစ်တာကို မေ့ထားတာတောင် အတော်ကြာခဲ့ပြီ။ ကျနော်တို့ မြန်မာပြည်မှာ မန္တလေးဟာ အရင်တုန်းကထိတော့ ဒုတိယမြို့တော် အခုတော့မသိတော့ဘူးဗျာ၊ ဘာမြို့တော် လည်းဆိုတာ၊ ဟား ဟား ခင်ဗျားတို့သိရင်တော့ ပြောကြအုန်းပေါ့။


တကယ်တန်း မန္တလေးဆိုတာ မြန်မာပြည်အလယ်ပိုင်းမှာ ရှိတဲ့ အညာရွာကြီးတရွာပါဘဲ၊ နိုင်ငံခြား မပြောနဲ့ ရန်ကုန်နဲ့ယှဉ်ရင်တောင် အဘက်ဘက်က တော်တော်ခေတ်နောက်ကြပြီး ကျန်ခဲ့တယ်ပြောရမှာဘဲ၊ ကျနော်တို့ ရန်ကုန်သွားတဲ့အခါဆိုရင် အမြဲတန်း မျက်စေ့လည်တယ်၊ ကျနော် အ တာလည်းပါတာပေါ့၊။

ဘတ်စကားမစီးတတ်၊ မသွားတတ်မလာတတ်နဲ့ အမြဲတမ်းအဟားခံရတယ်၊ နောက်ပြီး ကျနော်တို့ ဘာသာ ကျနော်တို့ ရွှေမန္တလေး သားလေး ဘာလေး လုပ်မနေနဲ့ ရန်ကုန်မှာတော့ အညာသားပဲစား ဘဲ၊ ဟဲ ဟဲ ပဲစားဆိုလို့ ပြောရ အုန်းမယ်၊ အညာသားတွေက ပဲတော့ တကယ်ကြိုက်ကြတယ်၊။

ပဲတမျိုးမျိုးကတော့ ထမင်းဝိုင်းမှာ အမြဲလိုလို ပါကြတယ်၊ နွေရာသီ ဆိုရင် ပဲကြီးဟင်းလေးပြစ်ပြစ်ချက်၊ မကျီးရွက်သုပ်ကလေးကို ပဲဟင်းရေလေးဆမ်း၊ ကြက်သွန်ဥ ပါးပါးလေး အကွင်းအကွင်းလှီးထည့်ပြီး သုပ်စားရင်ထမင်းဝိုင်းမှာ ခေါင်းတောင်မဖော်ဘူး၊ နောက်ပြီး ဆောင်းတွင်းဆိုရင်လည်း ပဲစိမ်းလို့ခေါ်တဲ့ ထောပတ်ပဲလေး ကို ဆီပြန်ချက်၊ ဒါမှမဟုတ် ရေလည်ဆီလည် လေးချက်၊ ခရမ်းချဉ်သီး ပန်ထွေဖျော်၊ ပန်းမုံလာနဲ့ ဘဲဥလေးနဲ့ ကြော်ဆိုရင်လည်း မြိန်မှမြိန်။

နေ့တိုင်း စားနေကြ ပဲတွေကတော့ ပဲနီလေးနဲ့ ကြာဇံ ဟင်းရေသောက်၊ ကုလားပဲနဲ့ ဆိတ်ရိုးချက်၊ ပခုက္ကူ ဘက်၊ နယ်ဘက် ကအမျိုး တွေပေးထားတဲ့ မောင်မခေါ်ပဲလေးများ ဆီပြန်ချက်စားလိုက်ရရင် အိမ်က လင်တော်မောင်တွေစိတ်ဆိုး သွားကြလိမ့်မယ်နော်။ မောင် လို့ မခေါ်နိုင်အောင် စားကောင်းလွန်းလို့၊ နောက်ပြီး ပဲကုလားဟင်းရေလေး များချက်ရင်ရော စားကောင်းလွန်းလို့ ထမင်းတောင်ထည့် မလောက်ဘူး၊ ကျနော်တို့ အိမ်မှာ ဆိုရင် မေမေက ငါးခြောက်ချက်ရင် အရိုးတွေချန်ထားတယ်၊ အရိုးတွေ နဲနဲများလာရင် ပဲကုလားဟင်းရည်ချက်တယ်၊ ငါးခြောက်ရိုးရယ်၊ ခရမ်းသီး၊ မုံလာထုပ်၊ ပဲသီး ဒန့်ဒလွန်သီး နဲ့ ကုလားပဲကိုရောချက်တယ်၊ မန်းကျီးမှည့် ရည်လေးနဲ့ ပေါ့၊ ကောင်းမှကောင်းပေါ့။

မနက်စာထမင်းဝိုင်း မှာတော့ အမြဲတန်း ပဲပြုပ် ကတော့ပါတာဘဲ၊ ကြက်သွန်နီ နဲ့သုတ် ဒါမှာမဟုတ် ကြက်သွန်နီ လေးဆီသတ်ပြီး ကြော်လိုက်ရင်လည်း ဟင်းတခွက်တန်းတော့ ဝင်တာပေါ့၊ နောက်ပြီး ပုန်းရေကြီး နဲ့ ၀က်သားနဲ့ချက်လေ၊ ကျနော်တို့ အညာသားတွေကတော့ ပုန်းရေကိုကြိုက်မှကြိုက်၊ ကျနော်တို့ အိမ်မှာမေမေချက်တဲ့ ပုန်းရေကြီးဝက်သားချက်လေးကို ကျနော်စာထဲမှာ ချက်ပြမယ်နော်၊ ခင်းဗျား တို့တော့သိသလားမသိဘူး လက်ပံပွင်ချိန် ခွေးရူးချိန် ဆိုတာလေ၊ အဲဒီလက်ပံပွင့်ချိန် ရောက်ရင် ဈေးထဲမှာ လက်ပံပွင် တွေအမြဲတန်းရောင်းတယ်။

အဲဒီအချိန်ဆိုရင် မေမေက ၀ယ်ထားပြီး ခြောက်နေအောင်လှမ်းပြီး တနှစ်စာ ဒါမှမဟုတ် တော်တော်များများသိမ်းထားတယ်၊ နောက်ပြီး ဆောင်းတွင်း ခရမ်းသီးတွေ လှိုင်နေအောင်ပေါ်တဲ့ အချိန်ဆိုရင်လည်း ခရမ်းသီးတွေ နေ့တိုင်းနိုင်သလောက်ဝယ်လာပြီး ပါးပါးလှီးပြီး နေပူပူမှာ ခြောက်နေအောင်၊ လိပ်နေအောင် လှမ်းပြီး မှ သိမ်းသိမ်းထားတယ်၊ ဈေးထဲမှာ ပုန်းရေကြီး လပ်လပ်ဆပ်ဆပ်တွေ့လို့ ဒါမှမဟုတ် အညာကပုန်းရေကြီးလက်ဆောင် ရပြီ ဆိုရင်တော့ စိတ်မပူနဲ့တော့ ဟဲ ဟဲ ၀က်သားပုန်းရေ ချက်ပြီလေ၊ ပထမဆုံး ၀က်သားသုံးထပ်သား အဆီအသားတွဲရက် ကိုဝယ်ပြီးတော့ နူးနေအောင်ပြုတ်ထားတယ်။

ပြီးတော့ လက်ပံပွင့်ခြောက်ကိုလည်း နဲနဲလေးတော့ နုးအောင် တရေလောက် ပြုတ်လိုက်သေးတယ်၊ ဝက်သား တော်တော်နူးတော့မှ ခုနက လက်ပံခေါင်းရယ် ခရမ်းသီး ခြောက်ရယ် ခရမ်းသီး အစို ၂လုံးလောက်ရယ်ရောပြီးချက်၊ နဲနဲလေးကြာမှ ပုန်းရေကြီး အရေဖျော်ပြီးထည့်လိုက် ရင် ထွက်လာတဲ့ ဝက်သားပုန်းရေအနံက သားရေတောင်မနဲထိန်း ရမှာ၊ ဝက်သားပုန်းရေနဲ့တွဲတဲ့ အညာငရုပ်သီး ထောင်းလေးကတော့ ငရုပ်သီးအခြောက်တောင့် ကိုကြက်သွန်နဲ့ဆားနဲ့ ရောထောင်းပြီး ဆီရွဲရွဲ လေးများ ဆမ်းစား လိုက်ရရင်တော့ တကယ်ကို တစ်ဆွေလုံးတစ်မျိုးလုံးမေ့လောက်ပါရဲ့ဗျာ။

သြ ခုနက ပုန်းရေ ဆိုတာလည်း ပဲနဲ့လုပ်ထားတာလေ၊ ဒီဟင်းလေးတွေက ကျနော်တို့ အညာမှာ (မန္တလေးမှာ) ချက်လေ့ချက်ထ ရှိတဲ့ ဟင်းလေးတွေပေါ့ ဗျာ။ ဒီအညာဟင်းတွေ အကြောင်းပြော နေရတာက ထမင်းစားမကောင်းလို့ အဲ ယောင်လို့ ပြောစရာလေးတခု ရှိလို့ intro ဝင်နေရတာလေ။


ဒီနေ့ ကျနော်ဆိုင်မှာထိုင်နေတုန်း vinyl ဆိုင်က အလုပ် (vinyl အပ်ထည်)လာယူတယ်၊ ဆိုင်က မနက်လာယူတယ်၊ ညနေလာပို့ရင်းနဲ့ ငွေပါရှင်းလိုက်ရတာပေါ့၊ ဒီနေ့ က ကျနော်တို့ ကအရေးကြီးနေလို့ မနေ့ညနေက သူတို့လည်း မလာတော့ ဒီနေ့ မနက်စောစော ပိုက်ဆံမရှင်းဘဲနဲ့ vinyl ချပ်တွေဘဲယူလာတယ်၊ သိပ်တော့ မများပါဘူး ကျနော်လည်း သွားတဲ့ကလေးကို ပိုက်ဆံပေးဘို့ မေ့သွားတယ်။

ဒါနဲ့  ကလေးမလေး လာတော့ ပိုက်ဆံ ရှင်းပေးမယ် လုပ်တော့ ငွေမခံသေးပါဘူးတဲ့၊ မနက်စောသေးလို့တဲ့၊ အဲဒီတော့ ညီမလုပ်တဲ့သူက အလုပ်ရှုတ်ပါတယ်၊ အမတို့မှာ ထုံးစံမရှိဘူး၊ ဘယ်အချိန်ဘဲဖြစ်ဖြစ် ပိုက်ဆံပေးလို့ လည်းရတယ်၊ အမတို့ ရစရာရှိရင်လည်း ဘယ်အချိန်ဘဲဖြစ်ဖြစ် တောင်းမှာဘဲတဲ့၊ အဲဒီလို့ ပြောတော့ ကျနော်လည်း နဲနဲ အတွေးပေါ်သွားတယ်၊ ညီမ လုပ်တဲ့သူကိုလည်း မပြောဘို့ပြောလိုက်တယ်။

ဒါဟာ မန္တလေး ဒါမှမဟုတ် မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့ထုံးစံလေးတခုပေါ့၊ ကျနော်တို့ဆိုင်မှာ စက္ကူ လာပို့ရင်လည်း အဲဒီအတိုင်းဘဲ စောသေးရင် ဘယ်တော့မှ ငွေမခံဘူး၊ နောက်တခေါက် ဒုက္ခခံပြီးတော့ မှ ညနေဘက်မှ ပြန်လာတောင်းတယ်။ ဒါဟာ လူသားခြင်း၊ ဒါမှမဟုတ် အရောင်းအဝယ်လုပ်သူခြင်း ကိုယ်ခြင်းစာနာတတ်တဲ့ အကျင့်ကောင်းလေး တခုမဟုတ်လား၊ အလုပ်ခွင် စစခြင်း ငွေမရတတ်ကြ သေးတော့ ညနေဘက် ရောင်းဝယ်ပြီးမှ ငွေခံကြတဲ့ ဓလေ့ထုံးစံလေးတခုပေါ့။

လူသားခြင်းစာနာတတ်တဲ့ အကျင့်ကောင်းလေးတခုကို ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းသင့်တယ် မဟုတ်လား၊ အဓိပ္ပါယ် မရှိဘူး ထုံးစံမရှိဘူး အယူမရှိဘူး အလုပ်ရှုတ်ပါတယ်၊ တခါထဲသာ ငွေယူသွားပါဆိုပြီး ကိုယ်ကငွေ ရှင်းရှင်း ပေးလိုက်ရင် တခြားမပြေလည်သူတွေ ဒါမှမဟုတ် မနက်စောစော ငွေမထွက်ချင်သေးတဲ့ သူတွေအတွက် အဆင်မပြေတော့ဘူးပေါ့၊ နောက်ပြီး လူသားခြင်း စာနာတတ်တဲ့ အကျင့်ကောင်းလေး တခုရှင်သန်နေတာ ကောင်းပါတယ်နော်။


ကျနော် ကတော့ ကမ္ဘာကြီးရဲ့ စစ်ပွဲတွေ ရက်စက်မှု့တွေကို ကြည့်ပြီးတော့ လူမျိုးစွဲ၊ ဒေသစွဲ ၊ပုဂ္ဂိုလ်စွဲ တွေနဲ့ ယောက်ကျားမိန်းမ ခွဲခြားမှု့တွေကို သိပ်မုန်းတာဘဲ၊ ဒါကြောင့် ဘယ်လို လူမျိုးဘဲဖြစ်ဖြစ်၊ ဘယ်ဒေသ ကဘဲဖြစ်ဖြစ်၊ လူတယောက်အနေနဲ့ လူပီသတဲ့ လုပ်ရပ်တွေရှိရင် ကျနော်တို့က လက်ခံ ရမှာပါဘဲ၊ ဘယ်လိုလူမျိုးဖြစ်လို့ မိန်းမဖြစ်နေလို့ ယောက်ကျားဖြစ်နေလို့ ဆိုပြီး ဘယ်တော့မှ ကျနော် မခွဲခြား ဘူးဆိုပြီး ဆုံးဖြတ်ထားတယ်လေ။

ဒါကြောင့် ကျနော့်ဆိုင်မှာ အလုပ်လုပ်တဲ့ ကျနော့်သမီးတွေ ချက်ကြွေးတဲ့ ဒေသစုံ ကဟင်းချက်နည်း မျိုးစုံတွေကို ကြိတ်မှိတ်စား နေရတာဘဲ၊ ကျနော့်တို့ အညာဟင်းတွေကိုမှ ကြိုက်တယ်ဆိုရင် ကျနော့်ကိုယ်ကျနော် ဒေသစွဲများ ရှိနေသလားဆိုပြီးတော့ ရဲရဲ ချက်မကြွေးခိုင်းရဲဘူးလေ။ အခုတော့ ကျနော့်ရဲ့ အစွန်းရောက်ချင်တဲ့ အတွေးအခေါ်တွေကို ပြင်ဆင်မှ ဖြစ်တော့ မယ်ဆိုပြီး ဒီဆောင်းပါးလေး ကိုရေးလိုက်တာလေ၊ ဟဲ ဟဲ သမီးတွေ သတိသာထားကြတော့။

ထုံးတမ်းစဉ်လာကောင်း လေးတွေကိုဆက်လက် ရှင်သန်အောင် ထိမ်းသိမ်းဘို့ တာဝန်ဟာ လူတိုင်းမှာတာဝန် ရှိပါတယ်၊ ဒေသဆိုင်ရာ အစွဲအလန်းလေး တွေ၊ ဓလေ့စရိုက်လေးတွေ ဟာ လူကျင့်ဝတ် တွေကို မထိပါးဘူးဆိုရင် ဆက်လက်ထိန်းသိမ်း ကောင်းပါတယ်။

အခုတော့ ကျနော်လည်း အမြင်မှန်တွေ ရပြီးတော့ ဝက်သားပုန်းရေ၊ အညာငရုပ်သီးထောင်း၊ ပဲကြီးဟင်းရည် ကျဲကျဲထဲကို ဆူးပုတ်ရွက်လေးခတ်ထားတဲ့ ဟင်းရည်လေးနဲ့ ထမင်းစား လိုက်ပါရစေ အုန်းဗျာ၊ ကြွားတာပါဗျို့၊ ကျနော်လည်း ခင်ဗျားတို့လို စိတ်ကူးထဲမှာဘဲ စားနိုင်တာပါ။

.

>>>ဆက်ဖတ်ရန်>>> >>

Thursday, September 24, 2009

Sunday, September 20, 2009

Nokia

*3370# Activate Enhanced Full Rate Codec (EFR) - Your phone uses the best sound quality but talk time is reduced my approx. 5%

#3370# Deactivate Enhanced Full Rate Codec (EFR)

*4720# Activate Half Rate Codec - Your phone uses a lower quality sound but you should gain approx 30% more Talk Time.
#4720# Deactivate Half Rate Codec.

*#0000# Displays your phones software version, 1st Line : Software Version, 2nd Line : Software Release Date, 3rd Line : Compression Type.

*#9999# Phones software version if *#0000# does not work.

*#06# For checking the International Mobile Equipment Identity (IMEI Number).

#pw+1234567890+1# Provider Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

#pw+1234567890+2# Network Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

#pw+1234567890+3# Country Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

#pw+1234567890+4# SIM Card Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

*#147# (vodafone) this lets you know who called you last.

*#1471# Last call (Only vodofone).

*#21# Allows you to check the number that "All Calls" are diverted to.

*#2640# Displays security code in use.

*#30# Lets you see the private number.

*#43# Allows you to check the "Call Waiting" status of your phone.

*#61# Allows you to check the number that "On No Reply" calls are diverted to.

*#62# Allows you to check the number that "Divert If Unreachable (no service)" calls are diverted to.

*#67# Allows you to check the number that "On Busy Calls" are diverted to.

*#67705646# Removes operator logo on 3310 & 3330.

*#73# Reset phone timers and game scores.

*#746025625# Displays the SIM Clock status, if your phone supports this power saving feature "SIM Clock Stop Allowed", it means you will get the best standby time possible.

*#7760# Manufactures code.

*#7780# Restore factory settings.

*#8110# Software version for the nokia 8110.

*#92702689# Displays - 1.Serial Number, 2.Date Made, 3.Purchase Date, 4.Date of last repair (0000 for no repairs), 5.Transfer User Data. To exit this mode you need to switch your phone off then on again.

*#94870345123456789# Deactivate the PWM-Mem.

**21*number# Turn on "All Calls" diverting to the phone number entered.

**61*number# Turn on "No Reply" diverting to the phone number entered.

**67*number# Turn on "On Busy" diverting to the phone number entered.

12345 This is the default security code.

press and hold # Lets you switch between lines

mannu ?March 14, 2007 ?05:32 - Did You Know
On the main screen type
*#06# for checking the IMEI (International Mobile Equipment Identity).
*#7780# reset to factory settings.
*#67705646# This will clear the LCD display(operator logo).
*#0000# To view software version.
*#2820# Bluetooth device address.
*#746025625# Sim clock allowed status.
#pw+1234567890+1# Shows if sim have restrictions.
*#92702689# - takes you to a secret menu where you may find some of the information below:
1. Displays Serial Number.
2. Displays the Month and Year of Manufacture
3. Displays (if there) the date where the phone was purchased (MMYY)
4. Displays the date of the last repair - if found (0000)
5. Shows life timer of phone (time passes since last start)
*#3370# - Enhanced Full Rate Codec (EFR) activation. Increase signal strength, better signal reception. It also help if u want to use GPRS and the service is not responding or too slow. Phone battery will drain faster though.
*#3370* - (EFR) deactivation. Phone will automatically restart. Increase battery life by 30% because phone receives less signal from network.
*#4720# - Half Rate Codec activation.
*#4720* - Half Rate Codec deactivation. The phone will automatically restart
If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#
Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345
Press *#3925538# to delete the contents and code of wallet.
Unlock service provider: Insert sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin# \
*#7328748263373738# resets security code.
Default security code is 12345
Change closed caller group (settings >security settings>user groups) to 00000 and ure phone will sound the message tone when you are near a radar speed trap. Setting it to 500 will cause your phone 2 set off security alarms at shop exits, gr8 for practical jokes! (works with some of the Nokia phones.) Press and hold "0" on the main screen to open wap browser.
>>>ဆက်ဖတ်ရန်>>> >>

ဆရာ မောင်သိက္ခာရဲ့ `ရေဆူလို့ပွက်ကရော့ ` စာမြည်း

ဆရာကြယ်နီ ရဲ့ ကိုတံငါ ဝထ္ထု ကိုတော့ ခင်ဗျားတို့ဖတ်ဘူး ကြမှာပါ၊ အခု လည်း ကိုတံငါ လို ဝထ္ထု အမျိုးအစားဘဲ၊ ဖတ်လို့ တော်တော်ကောင်းတယ်၊ ဆရာ မောင်သိက္ခာ ရဲ့ `ရေဆူလို့ပွက်ကရော ` ဆိုတဲ့ စာအုပ် ကလေးပါဘဲ၊
ကျနော်တို့ခင်ဗျားတို့ ငယ်ငယ် က မြန်မာပြည်မှာ ဆိုရှယ်လစ်စနစ် ထွန်းကားစဉ် (ယခုကဲ့သို့ မြန်မာနည်း မြန်မာဟန် ဒီမိုကရေစီ မထွန်းကားခင်)က သမဝါယမ ဆိုင်ဆိုတာ ရှိတယ်လေ၊ အဲဒီမှာ ကျနော်တို့ လိုချင်တဲ့ပစ္စည်းတွေကို မလိုချင်တဲ့ ပစ္စည်းတွေနဲ့ တွဲယူရတယ်၊ အခုလည်း အဲဒီလိုမျိုးပေါ့၊ ကျနော် ဘလော့ ထဲမှာ ကျနော် မဟုတ်ကဟုတ်က ရေးတာတွေကို ခင်ဗျား တို့ဖတ်ဖြစ်အောင် တွဲတွဲ တင်ပေးတာလို့ မယူဆ ပါနဲ့ မှားသွားမယ်နော် ဟား..ဟား...ဟား....
သူငယ်ချင်းတွေကို စာအုပ်ကောင်းလေးတွေဖတ်ချင်တဲ့ စေတနာပါဗျာ။ ebook ထဲမှာလည်းမတွေ့၊ ကောင်းလည်းကောင်းတဲ့ စာအုပ်ကလေးတွေကို ကျနော်ဆက်လက်တင် ပေးပါမယ်၊ ကျနော် အိပ်ရေးပျက်တဲ့ အတွက် မုံကောင်းကောင်းလေးတွေတော့ ဝယ်ကျွေးကြပါဗျာ.....
အခြေအနေအရ မူရင်းစာရေးဆရာ များစီမှာ ခွင့်တောင်းတာတွေ ဘာတွေလည်း မလုပ်နိုင်တော့ ရော်ကြေးတောင်း ရင်တော့ စုပေးကြပါဗျို့ ....
ခင်ဗျားတို့ ဖတ်ချင်တဲ့ စာအုပ်လေးတွေရှိရင်လည်း ကျနော်ကိုပြောပါ၊ အတတ်နိုင်ဆုံး ကျိုးစားပြီး တင်ပေးပါမယ်၊

စာဖတ်သူများကိုအထူးကျေးဇူးတင်လျှက်

နွေဖား(ရှုမဝ ရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၃ အမှတ် ၃၈၇)မောင်သိက္ခာ
အခန်း(၁)
အဘဥာဏ် ယခုလို နွေရာသီမှာမှ ဖားသားအလွန် စားချင်နေသည်။ တလောကလည်း ရေခန်းနေပြီ ဖြစ်သော ရေတွင်းပျက်ကြီး အတွင်းမှ ဖားမျိုးစုံ အတော်ကလေး ရလိုက်သေးသည်၊။ ကျော်စံကေး ဖာ:ကလေး များမှသည် စားဖားဝါ၀ါ ကြီးများအထိ ဖားမျိုးစုံပါဝင်၏၊
တပေါင်းတန်ခူး အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ ရေကန်၊ ရေတွင်းများ အတော်များများ နေပူရှိန်ကြောင့် ရေခန်းကုန် ကြသည်။ အဘဥာဏ်နှင့် မြေးဖြစ်သူ ကြွက်နီတို့ မောင်နှမ၏ ပြိုပျက်စပြုနေသော အိမ်နောက်ဖေး မီးဖိုဆောင်ကလေးကို မိုးမကြမှီ ပြင်ဆင်ရန်လိုနေသည်။ သူတို့နေထိုင်ရာ ဇလွန်ဘက်တန်း ရွာနှင့် မဝေးလှသော စာဖြူစု ရွာမှ အသိအိမ် တအိမ်သို့ သွားကာ ၀ါးနက်ဝါးတလုံးကို ခုတ်ယူလာ၏။ စာဖြူစု ရွာမှ ဇလွန်ဘက်တန်း အထိ လာရမည့်ခရီးက လယ်ကွင်းပြင်၊ အရိပ်ခိုစရာ နေရာမရှိ ၊ ရိုးပြတ်များ အကြားမှ မြေသည် ပပ်ကြားများပင် အက်နေ၏၊ သို့သော် တစ်ခုတော့ရှိသည်၊ စာဖြူစု ရွာမှလွန်ရွေ့ ခရီးလမ်းအကြားတွင် ရေနက်မြှေားင်းကလေး တခုရှိသည်။
မိုးတွင်းအခါ ရေရှိ ရွေ့ ချောင်းကလေးတမျှ သာသာယာယာ ရှိခဲ့သော ရေနုပ်မြောင်းကလေးမှာ ယခုတော့ ရေခန်းနေပြီ။
မြောင်းနဖူးတစ်နေရာတွင် ဆီးပင်အုပ်ကလေးများ၊ ဆေးရိုးပင်ကလေးများ နှင့်ဝိုင်းရံထားသော ရေတွင်းပျက်တစ်လုံးအနီးတွင် သူတို့မြေအဘိုး နှစ်ယောက် ခေတ္တ နားရွေ့ အပန်းဖြေသည်။
အီတွင် အဘဥာဏ် စိတ်ကူးတစ်ခုရလာ၏။ ပတ်ဝန်းကျင်တစ်ခုလုံးအပူရှိန်ကြောင့် ခိုကိုးစရာ နေရာမရှိ။ ရေတွင်းပျက်အတွင်းတော့ အပူရှိန် ရုတ်တရက် ထိုးဖောက်နိုင်သေးဟန်မတူ။
မကြာသေးသော အချိန်ကမှ ရေခန်းသွားသော တွင်းပျက်ကြီး၏ အောက်ခြေပေါင်(ဘောင်) အောက်တွင် အအေးဓါတ်က ကျန်နေသေးသည်။ မြေမှာလည်းခပ်ပျော့ပျော့သာ ရှိသေးသည်။
ရေတွင်းထဲမျာဆိုတော့ အလင်းရောင်နည်းပါးပြီး လူသွားလူလာလည်း လုပ်လို့ရသော နေရာမဟုတ်သမို့ ဖားများခိုဝင်နေနိုင်၏။

ဟဲ..ဟဲ စာမြည်းပါဗျာ pdf file လုပ်ပြီးမှဘဲ တဝကြီး ဖတ်လိုက်ကြရအောင်

>>>ဆက်ဖတ်ရန်>>> >>

Friday, September 18, 2009

U Win Tin Queed Ch 26-32

အားလုံးပြီးစီးပါပြီဗျာ၊ ကျေးဇူးအထူးတင်ရှိပါတယ်။


The End





>>>ဆက်ဖတ်ရန်>>> >>

U Win Tin Queed Ch 19-25

ဖတ်နိုင်ရင်လည်းဆက်တိုက်ဖတ်တော့ဗျာ


နှိုပ်ပါ



>>>ဆက်ဖတ်ရန်>>> >>

U Win Tin Queed Ch 15-18

လိုင်းကောင်းတုန်း ဆက်တင်လိုက်အုန်းမယ်၊

နှိုပ်ပါ
>>>ဆက်ဖတ်ရန်>>> >>

U Win Tin Queed Ch 9-14

ဒီနေ့တော့ အခန်းတွေကို ရသလောက်တင်သွားပေးပါမယ်၊ မနက်စောစော ထစရာမလိုဘူးလေဗျာ၊

နှိုပ်ပါ



>>>ဆက်ဖတ်ရန်>>> >>

ကျနော်ရယ် ၂ လသား blog လေးရယ် သူကလေးရယ်

ကျနော် အင်တာနက် သုံးတာ သိပ်မကြာသေးပါဘူး၊ အချိန်ပေးပြီး မသွားနိုင်တာလည်း ပါတာပေါ့၊ ပျင်းနေတာ ကတော့ အဓိကပေါ့၊ အခုကိုယ်နဲ့ နီးနီးကပ်ကပ် အင်တာနက်သုံးဖို့ အချိန်ရသွားတော့၊ ကျနော်လည်းတအားသဘောကြ သွားမိတယ်၊ အင်တာနက် အနားကမခွာနိုင်အောင်ပါဘဲ၊ အဲဒီမှာ ဘလော့တွေဖတ်ရင်း နဲ့ ကျနော်လည်း ကိုယ်ပိုင်ဘလော့လေး တခုလောက် လိုခြင်တဲ့ စိတ်တွေ ပေါ်လာပြီးတော့ ၄ရက် ၈လ ၂၀၀၉ မှာ ဘလော့ အသစ်လေးနဲ့ သဘောတွေ့လို့ပေါ့ဗျာ။

ကျနော်က စာရေးအရမ်းပျင်းတယ်၊ ဒါပေမဲ့ စာရေးဆရာ တယောက်ဖြစ်ချင် တာကတော့တပိုင်းသေလို့၊ ကျနော် ကျောင်းတက်နေတုန်းကတော့ အိမ်က မောင်လေးတွေက စာတွေဖတ်ပြီး စာမရေးလို့ မရေးတတ်ဘူး ဘာဘူး နဲ့ လျှောက်စတာနဲ့ ကျနော် က မရေးချင်လို့ အခုရေးရင်အခုရတယ်ဆိုပြီး ဖြစ်ဖြစ်ညှစ်ညှစ်နဲ့ တပတ်လောက် မအိပ်မနား ရေးလိုက်တာ ထ္ထုတို ၂ပုဒ် ဖြစ်လာပါတယ်၊ မြှားနတ်မောင် မဂ္ဂဇင်းမှာ ၂ လဆက်တိုက် ပါလာ ပြီးတဲ့နောက်တော့ ကျနော်ဟာ ဘဝင်တွေထိပ်ရောက်ပြီး တရားဝင် အပျင်းထူခွင့်၊ အကြွားသန် ခွင့်ရသွားပါတယ်။

အဲဒီအချိန်ကရေးလိုက်တဲ့ ဝထ္ထူတို ၂ ပုဒ်ဟာ ကျနော်အတွက် အနှစ် ၂၀ စာလောက် ဖူလုံသွားပြီး အခု အင်တာနက် မှာ ကိုယ်ပိုင် ဘလော့လေးရလာမှ ကိုယ် မရေးရင် ဗလာဘလော့ ဖြစ်တော့ မှာမို့ ကျိုးစားအားထုတ်ပြီးရေးနေရပါတယ်၊ ကျိုးစားသီးခံပြီးတော့ဖတ်ကြပါ ခင်ဗျား၊ ခင်ဗျားတို့ သီးခံရတဲ့ အကျိုးကျေးဇူးအတွက် ကျနော်က အကောင်းဆုံးဝထ္ထု လေးတွေနဲ့ တင်ဆက်ပါမယ်၊ စိတ်ပျက်သွားပြီလား ဟဲ..ဟဲ၊ ကျနော့် ဝထ္ထု မဟုတ်ပါဘူး၊ ကျနော်အကြိုက်ဆုံး ဝထ္ထု တိုလေးတွေကို ရွေးချယ် ပြီးတော့ ဘလော့မှာတင်ပေးပါမယ်နော်။

နောက် ပြီး ခင်ဗျားတို့ ကို ကျနော့်ရဲ့သူကလေးအကြောင်းလည်း ပြောရအုန်းမယ် သူက ကျနော်နဲ့အတူ ဘလော့တွေ ဖတ်ဖော် ဖတ်ဖက်တွေပေါ့ဗျာ၊ သူက ဘလော့ တွေဖတ်ရင် cbox နဲ့ comment တွေကိုအရမ်း စိတ်ဝင်စားတယ်၊ သူကိုယ်တိုင်လည်း ဝင်ရေးတယ်၊ သူများတွေ အခြေအတင် ပြောထားတာတွေကို လည်းဝင်ရောက် ငြင်းခုံဆွေးနွေးတယ်၊ အခု ကျနော် ဘလော့အသစ်လုပ်မယ်ဆိုတော့ သူကလေးက သိတ်စိတ်ဝင်စားတယ်၊ ကျနော်ရေးမဲ့ စာတွေကိုမဟုတ်ဘူးနော်၊ ကျနော်ရဲ့ cbox ထဲမှာဝင်ရေးမဲ့ အကြောင်းတွေနဲ့ comment တွေကိုပေါ့၊ ကျနော်ကဘာမှ မဟုတ်တော့ သူခမျာလည်း သနားစရာပါ၊ တနေ့တနေ့ ဘာ comment ဘာ cbox ထဲ ဘာမှ တွေ့မလာတော့ တဖြေးဖြေးနဲ့ ငြိမ်သက်လာပါတယ်။

နောက်တော့ တက်တက်ကြွကြွ နဲ့ ကျနော်ရဲ့ cbox ထဲကစာတွေအကြောင်း လာပြောတယ်၊ ကျနော်လည်း အင်း အင်းပေါ့၊ ဒီနေ့တော့ စပ်ဖြီးဖြီးနဲ့ ကျနော်အနားလာပြီး ကျနော် လောကြီးသွားတယ်တဲ့၊ ဘာလည်းဆိုတော့ ကျနော် ရဲ့ cbox ထဲမှာ သူတယောက်ထဲနဲ့ နှစ်ယောက် သုံးယောက် လောက်ငြင်းခုံ နေတဲ့ ပုံစံ နဲ့ ရေးထားတာ အခုတော့ သူဘာသာသူ send လုပ်တဲ့ အချိန်တွေကို သတိထားမိသွားလို့ တော်တော်စိတ်ပျက် သွားတာ သနားစရာပါဗျာ၊ ပြီးတော့ ပြောသေးတယ် ကျနော် စိတ်ဓါတ်ကျမှာ စိုးလို့ သူက ကူညီတာပါတဲ့၊ ဟဲ..ဟဲ၊ သိပ်ချစ်စရာကောင်း သူကလေးပါဘဲ၊
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 17, 2009

U Win Tin Queed Ch 5-8

လိုင်းကောင်းတုန်းတင်ထားပေးလိုက်တယ်ဗျို့
ဆက်ဖတ်ပါအုန်း


နှိုပ်ပါ




>>>ဆက်ဖတ်ရန်>>> >>

U Win Tin Queed Ch 3-4

ကဲမပျင်းရင် ဆက်ဖတ်လိုက်ကြရအောင် Ch 3-4



>>>ဆက်ဖတ်ရန်>>> >>

U Win Tin Queed Ch 1-2

ဒီနေ့ အခန်း ၁ ကနေ ၂ ထိပေါ့၊
ကွိ Chapter 1-2




>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 16, 2009

U Win Tin Queed

ဦးဝင်းတင် ရဲ့ ကွိ ဘာသာပြန်၊ ဖြည်းဖြည်းခြင်း ဘဲတင်ပေးပရစေ၊ connection လည်း မကောင်းလို့ ၊သိပ်လည်း မတတ်လို့ ပါ၊ ဟဲ..ဟဲ

Queed Preface Pdf


>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 15, 2009

ဗန်းမော်တင်အောင် (သော်တာဆွေ)

ထိုနေ့ နေ့လယ်ခင်းဝယ် ကျွန်တော်သည် ရှူမဝတိုက်မှ ပြန်ခဲ့၍ ဗိုလ်ချူပ်ဈေးကို ဖြတ်ခဲ့ပြီး အနော်ရထာလမ်း ရောက်သည်၌ အမှတ် (၁၂) ဘတ်စ်ကားမှတ်တိုင်တွင် အခြား ကားစောင့်ခရီးသည်တွေ တပုံတပင်ကြီးထဲမှာ ဗန်းမော်တင်အောင်အား တွေ့ရသဖြင့် ကျွန်တော်သူ့ဆီ လျှောက်သွားကာ …
ဟေ့လူကြီး … ခင်ဗျား ဘုန်းမောင်တကောင်ထဲလား။ ဘယ်သွားမလို့လဲ
သူသည် ကျွန်တော့်အသံကြားမှ ကျွန်တော့်ကိုမြင်၍ ကျွန်တော့်လက်ကိုဆွဲကိုင်ကာ …
ဟာ… ကိုဆွေ၊ ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာလိုက်တာဗျာ၊ နေကောင်းတယ်နော်
ကျွန်တော်ကတော့ နေကောင်းပါတယ်ဗျ။ ခင်ဗျားသာ ဆေးရုံနဲ့ ကူးသန်းနေတဲ့ လူ၊ အခု ဆေးရုံက ဆင်းလာတာ ဘယ်လောက်ကြာပြီလ္ဒဲ
အရက် ၂၀ လောက်ရှိသွားပြီဗျ။ ကျွန်တော် ဆေးရုံတက်နေတုန်းက ခင်ဗျား ငွေ ၅၀ လာပေးတာ သိပ် ကျေးဇူးတင်ပါတယ်ဗျ္ဒာ
ခင်ဗျားကို လာပေးတာ မဟုတ်ဘူးဗျို့၊ အော် ဒီလူကြီး ဆေးရုံတက်နေရတာလဲ ကြာပြီ။ စာလဲ မရေး နိုင်တော့ ဘိုင်ကျမှာဘဲဆိုပြီး အိတ်ထဲငွေလေး ၁၅၀ ပါခဲ့တာက ခင်ဗျားကို ၅၀ ပေးခဲ့တာ၊ တယ်ပြီး ပေးချင်လှ လို့ မဟုတ်ဘူးဗျို့၊ ခုတောင် တွေးတွေးပြီး ပြန်နှမြောနေသေးတယ်ဗျ
သူသည် တဟီးဟီးရယ်မောလျက် …
ကောင်းတယ်ဗျာ၊ ခင်ဗျားနဲ့တွေ့ရတာ ရီရတယ်္ဒအြော် … ဒါ ရီစရာပြောတာမဟုတ်ဘူး။ တကယ်ပြောနေတာ၊ နောက်ကို ခင်ဗျား ဆေးရုံလဲ မတက် ပါနဲ့၊ ကျုပ် ငွေလဲ လာမပေးပါရစေနဲ့၊ ကျန်းကျန်းမာမာသာ နေစမ်းပါ သိလား။ ခင်ဗျားကို သတိထားမိတယ်၊ ခင်ဗျားဟာ ထောင်ထဲမှာ နေရင်နေမယ်၊ ဒါမှမဟုတ် ဆေးရုံမှာနေမယ်ဆိုတဲ့လူ၊ အိမ်မှာကို နေတယ်မရှိဘူး။ ဘာလဲ ခင်ဗျား သားမယားနဲ့ အဆင်မပြေလို့လား္ဒ
သူသည် တဟီးဟီး ရယ်မောပြန်လျက် …
ဟုတ်တယ်ဗျာ၊ ကျူပ်ကလဲ ခင်ဗျားပြောမယ်ဆို ပြောစရာဘ္ဒဲ
ထိုစဉ်က သူသည် (လပိုင်းမျှ လိုတော့သည်) နောက်တကြိမ် ဆေးရုံသွားပြီး ဘဝဇာတ်သိမ်းတော့ မည်ကို ကျွန်တော် ပသို့ တွေးထင်နိုင်ပါအံ့နည်း။ ကျွန်တော့် ဝါသနာအလျောက် ကိုယ်နှင့်ခင်မင်သူကို ကလိတိတိ ပြော၍ ရယ်မောစေခြင်းသာ ဖြစ်ပါသည်။
ကြိုယ့် အခုလက်ရှိအိမ်ထောင် အဆင်မပြေလဲ ကျွန်တော့်လိုဘဲ နောက်တမယားယူပေါ့ဗျာ၊ ဘာလို့ ထောင်ထဲသွားလိုက် ဆေးရုံတက်လိုက် လုပ်နေရမှာလ္ဒဲ
ယင်းသို့ ပြောနေစဉ်မှာပင် ဘတ်စ်ကားရောက်လာ၍ လူပြွတ်သိပ်ခဲထဲမှာ သူကားပေါ်တက်ဘို့ ကြိုးစား သည်။ သို့သော် သူမရပါ။ သူ၏ ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေမှာလည်း အခြားလူများကဲ့သို့ လက်တဖဝါး ခြေတဖဝါးမျှနှင့် ဘတ်စ်ကားကို တွယ်လိုက်သွားနိုင်လောက်အောင် အင်အားမရှိရှာပါ။
မောင်းမယ် အကိုရေ့၊ ကျန်တဲ့လူတွေ နောက်ကားလိုက်္ဒ
ဟူသော စပယ်ယာ၏ အသံနှင့်အတူ ဘတ်စ်ကားထွက်သွားသောအခါ သူသည် သက်ပြင်းကြီး ချလိုက်ပြီး အားနည်းသော မျက်နှာလေးနှင့် ကျွန်တော့်ကို ကြည့်၏။ ဒီတော့ ကျွန်တော်က သူ့ကို ပြန်၍ ရွှင်လန်းစေရန် …
ဒီမှာ ကိုတင်အောင်၊ ခုနှယ် ဘတ်စ်ကားစီးရတာက ခင်ဗျား ထောင်ထဲသွားရတာလို၊ ဆေးရုံတက်ရ တာလို လွယ်တာ မဟုတ်ဘူးဗျ။ ကဲ … ခင်ဗျား ဘယ်သွားမလို့လဲဆိုတာကို ကျွန်တော့်မပြောသေးဘူး္ဒ
ဟံသာဝတီလမ်းကိုဗျ
ဟာ … ဟံသာဝတီဆို … ကြံတောရောက်ရင် ရောက်တာပေါ့ဗျ
ကြံတော ဆိုသည်မှာ ရန်ကုန်မြို့တော်၏ သင်္ချိုင်းဖြစ်နေ၍
ခင်ဗျားကလဲ ပြောရော့မယ်
အော်… အဲဒါ ခင်ဗျားကို အကောင်းပြောတာ ကြံတောသုသာန်နဲ့ ဟံသာဝတီလမ်းဟာ ကပ်နေတယ် မဟုတ်လား၊ လာ… လာ… ခင်ဗျား အဲဒီကို လွယ်ကူစွာရောက်အောင် ကျွန်တော်ပို့ပေးမယ်။ သက်တောင့် သက်သာ ကားစီးရမယ်။ အဆင်သင့်ရင် မှန်ကားအကောင်းစားကို စီးရမယ်
ဆိုပြီး ကျွန်တော် သူ့အား သိမ်ကြီးဈေးဘက်သို့ လက်ဆွဲ၍ ခေါ်ခဲ့တော့သည်။ သူ မလိုက်ချင် လိုက်ချင် နှင့် ပါလာလျက်။
ဟုတ်မှလဲ လုပ်စမ်းပါဗျ
အို… ခင်ဗျား ဒုက္ခိတကို ကျုပ်ကူညီမလို့ပါ။ ခင်ဗျား ခန္ဓာကိုယ်ဟာ ခုနှယ်မှာ ဘတ်စ်ကားစီးဘို့ကို မကောင်းဘူး
ထိုအချိန်တွင် အမှန်ပဲ ဗန်းမော်တင်အောင်၏ ကျန်းမာရေးမှာ မကောင်းတော့ပါ။ လူမှာ ပိန်ညှော်လျက်။ မျက်တွင်းဟောက်ပက်နှင့် နားထင်နားရင်းချိုင့်၍ နေချေသည်။ သူ၏ နဂိုမူလရုပ်နှင့် များစွာကွာခြားလျက် ရှိလေပြီ။
စင်စစ် ဗန်းမော်တင်အောင်သည် လူချောလူခန့် တယောက်ဖြစ်၏။ အရပ်အမောင်း ကောင်းသည်။ မျက်လုံး မျက်ဖန်၊ နှာတံ၊ နှုတ်ခမ်း လှပသူဖြစ်သည်။ သူ့ကို ဆရာသုခက ရုပ်ရှင်မင်းသားလုပ်ဘို့ ပြောခဲ့ဘူး သည်။ ရွှေလင်းယုန်၏ သူ ဝတ္ထုကို ဗန်းမော်တင်အောင်နှင့် ရိုက်ရန် ဆရာသုခ ကြံစည်ခဲ့သည်။ သို့သော် ဗန်းမော်ကြီးက သူရုပ်ရှင်မင်းသား မလုပ်ချင်ပါဘူးဟု ငြင်းခဲ့၍ ထိုဇတ်ကားကို မောင်သင်နှင့် ဆရာသုခ ရိုက်ခဲ့ ခြင်းဖြစ်၏။ ကျွန်တော်က ဗန်းမော်တင်အောင်အား …
ခင်ဗျားက ဘာဖြစ်လို့ ရုပ်ရှင်မင်းသား မလုပ်ချင်ရတာလ္ဒဲ
မေးတော့ သူက ရီကျဲကျဲနှင့်
ကျွန်တော်က ရှက်တတ်တယ်ဗျ
ဒါကို ကျွန်တော်က မကျေနပ်၊ သူ့အား စာရေးဆရာ ရုပ်ရှင်မင်းသားဖြစ်စေချင်သော စေတနာရှိ၍…
“ရှက်တယ်ဆိုတာ အကြောင်းမဟုတ်သေးပါဘူးဗျာ၊ ဘာမဆို ကိုယ်မလုပ်ဖူးတဲ့အလုပ်ကို အစမှာ တော့ ရှက်သလို ရှိကြတာချည်းပါဘဲ။ သို့သော် ဒါကို ငါမဖြစ်မနေလုပ်တော့မဟေ့လို့ အားမာန်တင်းလိုက်တယ် ဆိုရင် ဒီအပရိက ဖြစ်တတ်တဲ့အရှက်ဟာ သူ့အလိုလို ပျောက်သွားတော့တာပါဘဲ”
ကျနော်အလေးအနက်ပြောမှန်းသိတော့ သူ့မျက်နှာ တည်သွားကာ …
“ကိုဆွေပြောတာ ဟုတ်ပါတယ်၊ သို့သော် ကျွန်တော်က ဒီရုပ်ရှင်အလုပ်ကို ဝါသနာ မပါဘူးဗျ”
“အေး၊ ဒါတော့ ဟုတ်ပြီ၊ လူဆိုတာ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို ဘယ်လိုမှ မလုပ်ချင်ကြဘူး”
စင်စစ် ဗန်းမော်တင်အောင် ဝါသနာပြင်းသည်က စာပေနှင့် နိုင်ငံရေး။ သည်နှစ်ခုတွင် သူ့ဘဝကို အပ်နှင်းမြုပ်နှံထားသူ ဖြစ်သည်။ ဗန်းမော်တင်အောင်၏ နိုင်ငံရေးအမြင်၊ နိုင်ငံရေးအယူအဆ ဘယ်လိုနေ သနည်း။ ကျွန်တော်လုံးဝ မသိ။ ကျွန်တော်က သူ့လို နိုင်ငံရေးဝါသနာပါသူ မဟုတ်သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ဖြင့် တခါမှ စကားမစပ်မိခဲ့ကြ။ အေး … သူ့စာပေ လက်ရာတော့ ကျွန်တော်အများကြီး သတိထား ခဲ့ဘူးသည်။
ဗန်းမော်တင်အောင်သည် လူ့အသက်အားဖြင့် ကျွန်တော့်ထက် တနှစ်ထက်ငယ်သော်လည်း စာပေသက်တွင် သူက ကျွန်တော့်ထက် တနှစ်လောက်ကြီးသည်။ သူ၏ ပထမဦးဆုံးသော လုံးချင်းဝတ္တု “ဘုန်းမောင်တယောက်ထဲရယ်” ရွှန်းရွှန်းဝေနေချိန်မှာ ကျွန်တော်သည် မန္တလေးမြို့ ဆရာကြီး ရွှေဥဒေါင်းအိမ် တွင် ကလောင်ကိုင်စ တာစူရုံမျှရှိသေးသည်။
ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်ထဲရယ်၊ ထိုစဉ် ၁၉၄၇ ခုနှစ်က နာမည်အကြီးဆုံး လူပြောအများဆုံးဖြစ်နေ၍ ဆရာကြီး ရွှေဥဒေါင်းက ကျွန်တော့်အား
“ဟေ့ကောင် မင်းမှာ အဲဒီစာအုပ်ရှိလား၊ ငါ့ဖတ်ပြစမ်းကွာ”
ဆိုသဖြင့် ကျွန်တော်က ဖတ်ပြလိုက်ရသည်။
ထိုစာအုပ်ထဲတွင် ဗန်းမော်တင်အောင်၏ အရေးအသားမှာ အခြားဘယ်စာအုပ်ထဲတွင်မှ ကျွန်တော်တို့ မတွေ့ခဲ့ဘူးသေးသော “တော့ကာသာဖြင့်ရယ်ဘဲ” တွေ ထပ်တလဲလဲ တွေ့ရသည်။ “ဘဲ”နှင့် “အား” စာလုံးတွေ ကို အများကြီးသုံးသည်။ “ကို”ဆိုတာ သူမသုံးတတ်သလောက်။ ဥပမာ - အထက်၌ အမဲစာလုံးဖြင့် ကျွန်တော် ပြထားသည်ကို ကြည့်ပါ။ သူသာဆိုလျင် (“ဘဲ”နှင့် “အား” စာလုံးတွေအား အများကြီးသုံးသည်) ဟု ရေးပေ လိမ့်မည်။ သူစာတွေသည် ဝက်နင်းတွေများလှသည်။ ထောင့်ထောင့်အောင့်အောင့် ရှိလှသည်။ ထို့ကြောင့် ဤစာအုပ်ကို ဆရာကြီးအား ကျွန်တော်ကြာကြာပင် ဖတ်မပြလိုက်ရပါ။ ဆယ့်လေးငါးမျက်နှာလောက်ဖြင့် ဆရာကြီးမှာ သည်းမခံနိုင်တော့ဘဲ
“ဟေ့ကောင် တော်တော့ကွာ၊ တော်တော့ နားကလောလှတယ်”
ဟု ကျွန်တော့်ကို အော်ငေါက်ပါတော့သည်။
သို့သော် ထိုခေတ် ထိုအခါက ဘုန်းမောင်တယောက်ထဲရယ် သည် လူငယ်တို့၏ အသဲစွဲ။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဂျပန်ခေတ်၌ ကျွန်တော်တို့ မြန်မာပြည်တွင် စာပေအလျှင်ပြတ်နေရာမှ စစ်ကြီးအပြီး ဝေါကနဲ ပေါ်လာသော ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်ထဲရယ်သည် ထိုစဉ်က ဝတ္ထုဖတ်ရမှန်း သိစ လူငယ်ပိုင်းနှင့် တန်းတိုးခြင်းဖြစ်ပေတော့သည်။
ထိုအချိန်က ဗန်းမော်တင်အောင်၏ စာပေသြဇာ မည်မျှသက်ရောက်သွားပါသနည်း။ ဤ ဘုန်းမောင် တယောက်ထဲရယ် ဝတ္ထုထဲက ဇတ်လိုက်သည် “ဘုန်းနိုင်” ဖြစ်လေရာ၊ ဟော .. ယခု နာမည်ကြီး စာရေးဆရာ “တက္ကသိုလ်ဘုန်းနိုင်” သည် ဤနာမည်ယူကြောင်း ဝန်ခံပေသည်။
သို့သော် ထိုစဉ်က ဗန်းမော်တင်အောင်၏ အရေးအသားကို ကျွန်တော်တို့အရွယ် စာဖတ်သက် တော်တော်ရင့်နေသူများ အနေနှင့်ကား မကြိုက်၊ မနှစ်သက်ကြပါ။ ဆရာကြီးပြောသလို “နားကလော” လှပါ သည်။ ထို့ကြောင့် ဗန်းမော်တင်အောင်လည်း နာမည်ကြီးစာရေးဆရာ၊ သော်တာဆွေလည်း နာမည်ရ စာရေးဆရာ၊ နှစ်ယောက်သား ရင်ဘောင်တန်းမိကြသောအခါ ကျွန်တော်သည သူ့အရေးအသာကို သရော် သော စာတွေ ကျွန်တော့်ဝတ္ထုတွေများထဲ၌ တော်တော်များများ ရေးခဲ့ဘူးပါသည်။ သူ့စာအရေးအသားတွင် “ဘဲ” တွေ “အား” တွေ များလွန်းအားကြီး၍ သူ့ကို “ဘဲကျီးကန်းကြီး” ဟု ကျွန်တော်က ကင်ပွန်းတပ်ခဲ့ဘူး သည်။
ဤသို့ ကျွန်တော်ရေးသားရာတွင် ကျွန်တော်က မုန်းတီးစိတ်၊ မလိုတမာစိတ် လုံးဝမရှိခဲ့ပါ။ ကျွန်တော် ကလည်း သူ့ကို မနာကြည်းစေရန် ဟာသဖြင့် သရော်ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျွန်တော်၏ “ဖြူဝါပူစီ” ဝတ္ထုတွင် အပျိုကလေးနှစ်ယောက် အိမ်ပေါ်တွင် စာဖတ်နေကြစဉ် အိမ်အောက်က အောင်နက်က ဆောင့်ကြောင့်ထိုင်ကာ ပါးစပ်ကြီးပြဲ၍ သွားရည် တမြားမြားကျနေသည်။ ထိုစဉ် ဂုတ်ကျားရောက်လာလျက် …
“ဟေ့ အောင်နက်ရ၊ မင်းက သွားရည်တမြားမြားနဲ့ ဘာတွေ သဘောကျနေတာလဲကွ”
မေးတော့၊ အောင်နက်က …
“ရှီး … နားထောင်စမ်း၊ ကျီးကန်းသံတွေလို တအားအားနဲ့ ဘဲတွေ အများကြီး ကြားရတယ်ကွ၊ ဧကန္တ ငါ့အိမ်သားတွေဟာ နက်ဖန်ခါ ဘဲသားဟင်း ဝယ်ချက်တော့မယ် ထင်တယ်ကွ။ ဒီတော့ ငါဘဲသား အရိုးအရင်း စားရတော့မယ်ကွ”
ဟုပြောသဖြင့် ဂုတ်ကြားက ခေတ္တမျှနားစွင့်၍ထောင်ပြီးနောက် ရယ်မောလျက်။
“ဘယ်ကလာပြီး ကျီးကန်းသံနဲ့ ဘဲသားဝယ်ချက်မှာ ဟုတ်မလဲကွ၊ အဲဒါ နှုတ်ခမ်းနီ ပါးနီလေးတွေရဲ့ အသဲစွဲ ဗန်းမော်တင်အောင်ရဲ့ ဝတ္ထုကို ကောင်မလေးတွေက တယောက် တယောက် ဖတ်ပြနေတာကွ”
ကျွန်တော်ရေးတာက ဒါမျိုးတွေဘဲ ဖြစ်သည်။ စင်စစ် ဗန်းမော်တင်အောင်သည် လူပုဂ္ဂိုလ်အနေ အားဖြင့် အင်မတန် သဘောသကာယကောင်းမွန်သူဖြစ်ရကား သူ့ကို ကျွန်တော် ဘယ်လိုပင်ရေးရေး၊ ဘယ်တော့မှ စိတ်ဆိုးသူမဟုတ်သည့်ပြင် ဖဆပလခေတ်၌ သူသည် သူ့ထုံးစံအတိုင်း ထောင်ထဲသို့ နှစ်ပေါင်း များစွာ သွားရောက်နေထိုင်ခဲ့ပြီး ပြန်ထွက်လာသောအခါ ကျွန်တော်အား ပြောဘူး၏။
“ကိုဆွေ … ခင်ဗျား ကျွန်တော့်ကို သရော်စာတွေရေးခဲ့တာ မှန်တယ်ဗျ။ ကျွန်တော် အခု ထောင်ထဲ ရောက်သွားတော့မှ မြန်မာစာတွေကို တော်တော်များများ ဖတ်ရှုလေ့လာခွင့် ရခဲ့တယ်။ ဟုတ်တယ်ဗျ။ ကျွန်တော့စာ အရေးအသားတွေဟာ အများကြီး ညံ့ဖျင်းခဲ့တယ်။ အခု ကျွန်တော် ပြင်တော့မယ်”
ဟုတ်ပါသည်။ နောက်ပိုင်း၌ သူ့အရေးအသားသည် အတော်ကောင်းမွန်လာပါသည်။
ကျွန်တော်၏ စိတ်သဘောမှာလည်း တစုံတယောက်အကြောင်းကို ရေးလျှင် ထိုသူကို ချစ်ခင်လို့သာ ဖြစ်၏။ ဗန်းမော်တင်အောင်၏ အရေးအသားနောက်လိုက်၍ ဝါကျတွေ ချို့ယွင်းနေခဲ့သော တက္ကသိုလ်ဘုန်းနိုင် ကိုလည်း မြဝတီမဂ္ဂဇင်းတွင် ဆောင်းပါးတပုဒ်ဖြင့် သူ့ဝတ္ထုတွေ ကျွန်တော်ဝေဖန်ခဲ့ဘူးသည်။ ဘုန်းနိုင်လည်း နှစ်သက်လက်ခံ၍ ဝီစကီတပုလင်းဖြင့်ပင် လာ၍ ကန်တော့ခဲ့ပါ၏။ ထိုနောက် သူ၏ ဝါကျတွေလည်း လှပ၍ လာခဲ့ပေတော့သည်။
စင်စစ် စာပေအနုပညာ၌ အဘယ်မှာလျှင် “ပြီးပြည့်စုံပြီ” ရှိပါအံ့နည်း။ တစုံတယောက်သည် တခုခု၌ ချို့ယွင်းချက်ရှိမည်သာ။ ကျွန်တော့်မှာလည်း ရှိပါလိမ့်မည်။ ကျွန်တော်၏ ချို့ယွင်းချက်ကို ပြသပြုပြင်ပေးမည် ဆိုပါက ကျွန်တော်သည် ဝမ်းသာအားရ လက်ခံဘို့ အသင့်ပင်။
ဗန်းမော်တင်အောင်သည် စာပေအရာ၌လည်းကောင်း၊ သူယုံကြည်သော နိုင်ငံရေးရာ၌လည်းကောင်း၊ မည်သို့ပင် ရှိလင့်ကစား လူပုဂ္ဂိုလ်အနေအားဖြင့်ကား အင်မတန်ချစ်စရာကောင်းသူဖြစ်၏။ စိတ်နှလုံး သိမ်မွေ့ နူးညံ့၏။ မည်သူနှင့်မဆို ပြုံးရွှင်ဖော်ရွှေစွာ နေတတ်သူဖြစ်၏။
သူသည် သေရည်သေရက် သောက်စားခြင်း၊ လောင်းကစားခြင်းနှင့် အခြားအပျော်အပါးတွင် လုံးဝ ကင်းရှင်းသူဖြစ်၏။ ဖော်ပြခဲ့သည့်အတိုင်း သူ၏ဘဝကို စာပေနှင့် နိုင်ငံရေးတွင်သာ မြုပ်နှံထားသူ ဖြစ်၏။ သို့နှင့် သူ အသက် ၅၀ ကျော်သည့်အပိုင်း ရောက်သည်၌ ကျန်းမာရေး ချို့ယွင်းလာခဲ့သည်။ ကုသရန် ခဲယဉ်းသော ကင်ဆာရောဂါ စွဲကပ်ခဲ့သည်။
ကျွန်တော်၏ ယခု စာအစ၌ ဖော်ပြခဲ့သောအချိန်မှာ သူ့ကျန်းမာရေးသည် လွန်စွာ ချို့ယွင်းခဲ့၍ ဘတ်စ်ကားတွင် တိုးလျှိုးတွယ်ကပ်စီးနိုင်သော အခြေပင် မရှိတော့ပါ။ ထို့ကြောင့် သူသွားလိုသည့် ဟံသာဝတီ လမ်းသို့ လွယ်ကူစွာ သွားရောက်နိုင်သော နည်းလမ်းကို ကျွန်တော် စဉ်းစားမိသဖြင့် သူ့အား ၁၂ ကားမှတ်တိုင် မှ အနော်ရထာ လမ်းတလျှောက် အရှေ့ဘက်သို့ ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။
လေဟာပြင်ဈေးထောင့် ရောက်သည်၌ ရွှေတိဂုံဘုရားလမ်းကို ဖြတ်၍ ဆေးရုံကြီးဝင်းထဲ သူ့ကို ခေါ်ခဲ့သည်၌ သူက …
“ဟေ့လူ ကျွန်တော်တို့ အခု ဘယ်သွားမလို့လဲ”
“ခင်ဗျား သွားချင်တဲ့ ဟံသာဝတီလမ်းကို ရောက်အောင်လဗျာ၊ ဟောဒီမှာ ကြည့်လိုက်စမ်း၊ အဲဒီ ကားကြီးကားငယ်အသွယ်သွယ်တွေဟာ ကြံတော သုဿန်ကို မသာပို့သွားကြမှာချည်းဘဲ၊ ခင်ဗျား ကြိုက်တဲ့ ကား တက်စီးသွား”
ရုတ်တရက် သူ့မျက်နှာ ကြောင်အမ်းအမ်းဖြစ်လျက် …
“ဟာ … ဖြစ်ပါ့မလားဗျ”
“ဘာဖြစ်လို့ မဖြစ်ရမှာလဲ၊ ဒီမသာ တို့ချည်းပို့မယ်၊ မင်းမပို့ရဘူးလို့ ဘယ်သူကမှ မတားဘူး။ ဘာမှ မစိုးရိမ်နဲ့၊ ကျွန်တော်လဲ ခင်ဗျားနဲ့အတူ လိုက်ခဲ့မှာဘဲ။ အစဦးတော့ နံပါတ် ၉ စီး အိမ်ပြန်တော့မလို့ဘဲ။ ခုတော့ ခင်ဗျားနဲ့ ကြုံတာနဲ့ ကျွန်တော်လဲ ကြံတောလိုက်ပြီး နောက်နာနတ်တောဖြတ်ပြီး ပြည်လမ်းရိပ်သာက အမကြီးခင်မျိုးချစ် အိမ် သွားမယ်။ ခင်ဗျားကတော့ ဟံသာဝတီလမ်း သွားပေရော့”
ဒီတော့မှ သူ့မျက်နှာ ပြုံးရွှင်လာကာ..
“ဟုတ်ဗျာ”
“ဒါနဲ့ ခဏနေအုံး၊ ဒီကားအုပ်စု ကြံတော မဟုတ်ဘဲ တာမွေသုဿန်ဖြစ်နေမှာလဲ စိုးရသေးတယ်၊ ကျွန်တော်သွားစုံစမ်းလိုက်အုံးမယ်”
ဆိုပြီး ဘတ်စ်ကားဒရိုင်ဘာတယောက်ထံ သွားမေးလိုက်ရသည်။
“ဟုတ်တယ်ဗျို့၊ ကြံတောဘဲ၊ လာ … လာ၊ လူချောင်တဲ့ကား တက်စီးရုံဘဲ၊ အား.. အား နေအုံးဗျို့၊ အလောင်းက အသုဘယာဉ်ပေါ်တင်သေးတာ မဟုတ်ဘူး။ အချိန်ရှိသေးတယ်။ ပရိုက်ဗိတ်ဆလွန်းကား စီးရ အောင် ကျွန်တော့်အသိကားများ လာမလားကြည့်လိုက်အုံးမယ်”
ဆိုပြီး ကျွန်တော်မျက်စိကစားလိုက်တော့ အဆင်သင့်ပင် ကျွန်တော်မိတ်ဆွေ ဆရာဝန်လင်မယား သူတို့ ချက်ပလက်ကား ကြီးကြီးရှည်ရှည်ကြီး လင်မယားနှစ်ယောက်ထဲ ရှေ့ခန်းထိုင်လာတာ မြင်တော့ ကျွန်တော် ဗန်းမော်တင်အောင်အား လက်ဆွဲခေါ်သွားလျက်…
“ဟဲလို ဒေါက်တာ၊ ခင်ဗျားတို့ ဒီဒေါ်မြဇင်မသာ ပို့ရအောင်ဘဲလား”
ဘတ်စ်ကားနံရံပေါ်မှာ ဒေါ်မြဇင် အသက်(၇၅)နှစ် ဆိုသည်ကို ကျွန်တော်က ဖတ်ပြီးသား။ ဆရာဝန် ကလည်း…
“ဟုတ်တယ်ဆရာ၊ ဆရာတို့ကော”
“ဒီအဖွားကြီး ကျွန်တော်တို့နဲ့ အင်မတန် ခင်တာ ခင်ဗျာ”
“ဆရာတို့ ကားပါလား”
“မပါဘူး၊ ကြုံရာကားနဲ့ လိုက်မလို့ဘဲ”
“ဒါဖြင့် လာဆရာ၊ ကျွန်တော်တို့က နှစ်ယောက်ထဲရှိတာဘဲ”
ဟု ဆိုပြီး သူ့ကားနောက်တံခါးဖွင့်ပေးလေတော့ ကျွန်တော်တို့မှာ အကြီးအကျယ်ငြိမ်ကျသွား လေသတည်း။ ချက်ပလက် ဘဲလ်အဲယား ကားကြီးဗျ။
ထိုဆရာဝန်အား ကျွန်တော်က ဗန်းမော်တင်အောင်ကို မိတ်ဆက်ပေးလိုက်တော့ ဆရာဝန်ကလည်း စာဖတ်သမားဖြစ်လေရာ..
“ဟာ … ကျွန်တော်တို့ ငယ်ငယ်က ဆရာရဲ့ “ဘုန်းမောင်တယောက်ထဲရယ်” ကို အသဲစွဲပေါ့ဆရာ”
ဤဆရာဝန်လည်း ယခု တက္ကသိုလ်ကျောင်းဆရာကြီးဖြစ်နေသော တက္ကသိုလ်ဘုန်းနိုင်၏ အရွယ် ပေတည်း။ စင်စစ် ဗန်းမော်တင်အောင်၏ စာဖတ်ပရိသတ်ဖြစ်လျှင် ဘုန်းမောင်တယောက်ထဲကို ရှေ့ ဦးစွာ သတိရရမည်။ နောက် ကွန်ဗင့်ကျောင်းသူ ဂါဝန်ပြာမလေးဆီက မုန့်ဘိုးတောင်းစားသော ပါမောက္ခ။ သူအင်္ဂလိပ်စာ သင်ပေးသော ကျောင်းသားလေးတွေထံမှ “ပေါ့ကက်မန်းနီး” တောင်းလေ့ရှိသော ဒေါက်တာ အုန်းကျော်၊ တော၏ သမီးပျို၊ ဆန့်ကျင်ဘက်၏ သမီးပျို၊ “ကျွန်တော်ကဘာတတ်နိုင်တော့ဦးမည်နည်း” ဟူသော ဗန်းမော်တင်အောင်ဝတ္ထုထဲက ဇတ်လိုက်၏ ညည်းညူသံ။
ကျွန်တော်တို့ ချက်ပလက်ကားကြီးပေါ်ရောက်ပြီး မကြာမီမှာပင် ဒေါ်မြဇင်၏ အသုဘယာဉ်သည် ဆေးရုံကြီးဝင်းထဲမှ ထွက်ပြီဖြစ်၍ ကားတွေ တသီတသန်းကြီး လိုက်ကြလေရာ ကျွန်တော်တို့ကားလည်း ငြိမ့်ညောင်းစွာပင် များစွာသော ကားယာဉ်ကြော၌ မျောလေပြီ။
ဤကားကြီးက ကိုယ်ထည်ရှည်လျားလှသဖြင့် ဆရာဝန်လင်မယားနှင့် ကျွန်တော်တို့သည် တော်တော် လှမ်းနေ၏။ သည်လို ကားမောင်းနေစဉ်မှာ စကားခပ်တိုးတိုး ပြောလျှင် ရှေ့နှင့်နောက် မကြားနိုင်။ ထို့ကြောင့် ကျွန်တော်က ဗန်းမော်တင်အောင်အား ပညာပေး၏။
“နောက်မှတ်ထား၊ တာမွေသွားချင်တယ်ဆိုရင် နေ့လယ် (၁၂)နာရီကျော် မသာချချိန်တွေမှာ ဒီဆေးရုံ ဝင်းထဲကိုသာ လာခဲ့၊ အသုဘပို့တဲ့ ကားတွေဟာ မပြတ်ရှိနေတာဘဲ။ ကားလဲ မကြပ်ဘူး၊ ပိုက်ဆံလဲ တပြားမှ မပေးရဘူး”
သူသည် ကျွန်တော့်လက်ကို ဖျစ်ညှစ်လျက်…
“ခင်ဗျား ပြောတာ ဟုတ်တယ်ဗျာ”
“ဒါတင် မကသေးဘူး။ ဒီမသာ ဘယ်နေ့ရက်လည်ဆွမ်းသွပ်မလဲဆိုတာ မေးထားပြီး သွားလဲ စားနိုင်သေးတယ်ဗျ။ ဒီလို ပရိုက်ဗိတ်ကားများများနဲ့ လူချမ်းသာပုံပေါ်တဲ့ မသာကို သတိထား၊ ဒန်ပေါက်နဲ့ အိုက်စ်ကရင်တောင် စားရတတ်တယ်ဗျ”
ဗန်းမော်တင်အောင်သည် ရယ်မောလျက် …
“နှိပ်လိုက်လေဗျာ … ခင်ဗျားအကြံ”
“အဲဒါ ခင်ဗျားအတွက် ပြောနေတာ၊ အခု ခင်ဗျားဆေးရုံက ဆင်းစ၊ နာလန်ထမှာ အစားကောင်း အသောက်ကောင်း လိုနေတယ်မဟုတ်လား။ ဒါကို ဘိုင်ကျလို့ “ကျွန်တော်က ဘာတတ်နိုင်တော့ဦးမည်နည်း” တွေ ဘာတွေ ညည်းမနေနဲ့၊ အဲဒီမသာမျိုးတွေသာ ရှာကြံစား၊ နေ့တိုင်း မနက်စာတနပ်တော့ အိုကေဘဲ၊ နေ့စဉ် သတင်းစာတွေမှာ နာရေး ကြော်ငြာတွေ ဖတ်ဗျာ၊ ဘယ်မသာ ဘယ်လောက်ချမ်းသာတယ်၊ ဘယ်နေ့ ရက်လည် ဆွမ်းသွပ်မယ် ဆိုတာ သိနိုင်တာဘဲ။ ဖိတ်စာနဲ့တကွ ကြွပါဆိုတာ ဘယ်မသာမှ မရှိဘူး။ ကျုပ်တို့ စာရေးဆရာတွေ စာပေ ဆုပေးပွဲမှာသာ ရှိတာဗျ”
ဗန်းမော်တင်အောင်သည် သဘောကျစွာ ရယ်မောလျက်ရှိ၏။ ကိုတင်အောင်၏ ပင်ကိုယ်စရိုက်မှာ သည်လို ရယ်စရာ မောစရာမျိုးတွင် သူများနှင့် စကားပြိုင်ပြောလေ့မရှိ။ ဆိတ်ငြိမ်စွာသာ နားထောင် နေတတ် သူဖြစ်သည်။ ကျွန်တော် စကားပြောနေစဉ် ပြုံးရွှင်လျက်ရှိ၍ ကျွန်တော်စကားပြတ်လျှင် သူ့မျက်နှာညှိုးငယ် သွားတတ်သည်ကို ကျွန်တော်သတိထားမိသည်။ ထိုစဉ်မှာ သူ၏ ကျန်းမာရေးသည်လည်းကောင်း၊ စာရေးဆရာ မကျန်းမာတော့ ငွေရေးကြေးရေးသည်လည်းကောင်း ချို့တဲ့လျက်ရှိမည်ကို အထူးစဉ်းစားပြီး မျက်နှာ မရွှင်လမ်း နိုင်ဖြင်းဖြစ်ပေသည်။ ဒါကို ကျွန်တော်က တွေးတောမိလေတော့ ကျွန်တော့ သူငယ်ချင်းအတွက် ရယ်မောစရာ ဖြစ်အောင် ကြိုးစားရပါသည်။
ကျွန်တော်တို့ မသာပို့ကားများသည် ဘုရားလမ်းမှ ဦးဝိစာရလမ်းချိုး၊ နဝရတ်ရိပ်သာရောက်တော့ ကျွန်တော် ခေတ္တစကားပြတ်ခဲ့ပြီးနောက် ဟံသာဝတီအဝိုင်းနားရောက်တော့မှ ကျွန်တော်ပြောစရာ တွေ့ပြန်ပါ သည်။ ကြံတောသုဿန်နှင့် ပတ်သက်သော ကာရန်တွေ စဉ်းစားမိ၍ ..
“ဒီမှာဗျ ကိုတင်အောင်”
သူ့မျက်နှာသည် အမှုမဲ့ အမှတ်မဲ့ ငေးကြောင် ကြောင်နေရာမှ …
“အမှန်ပြောရမှာဖြင့် ကြံတောက သုဿန်ဗျ”
သူက ကျွန်တော် ဘာရည်ရွယ်သည်ကို မသိသေးပဲ…
“ဟုတ်တာပေါ့ဗျ”
“မြုပ်နှံတာက လူသေများဗျ။ အပူတွေ ပွားတာက မသာ့ရှင်၊ ကျမလင် ဆိုတာက သူ့မယား”
ဒီတော့မှ ကျွန်တော်ရယ်စရာ ပြောပြီကို သူသိလာ၍ သူ့မျက်နှာ ပြုံးရွှင်လာပါသည်။ ကျွန်တော်က ဆက်လက်၍
“ကျမလင်ဆိုတာက သူ့မယား၊ မုသားဆိုတာက မဟုတ်တာအပြော၊ သမုဒ္ဒရာမျောတာက ဆင်သေနဲ့ ကျီးကန်း၊ ဟင်… လင်သေလို့ မပြီးစတမ်းဆိုရင်ဖြင့် မုဆိုးမချည်းပေါ့ဗျ။ ကျုပ်တို့ဂိုးရမယ့် ခရီးလမ်းကလဲ ဒါဘဲ။ အနှေးနဲ့ အမြန်ဆိုတော့ အတွေးနဲ့ ကြံလိုက်ရင် ဒီမှာ ကိုတင်အောင်ရေ.. ခင်ဗျားတို့ သျှင်ဥက္ကဋ္ဌ က လူသေရင် ဘာဖြစ်သတဲ့ဗျ”
ဒီတော့မှ သူရွှင်ပြီး စကားတလုံးထွက်လာ၏။
“လူသေ လူဖြစ်သတဲ့ဗျာ”
“အဲဒါ မသေချာဘူး၊ ပြာဖြစ်တာကတော့ မသာအစစ်ပဲဗျို့၊ အခုကြည့်ပါလား ဒေါ်မြဇင် မသာ မီးသင်္ဂြိုလ် တဲ့ စက်ရှေ့မှာရပ်ပြီး”
မှန်ပါသည်။ ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ မိတ်ဆွေကြီး ဗန်းမော်တင်အောင်လည်း ၁၉၇၈ ခု အောက်တိုဘာလ (၂၃) ရက်နေ့တွင် သေဆုံး၍၊ ထိုလ (၂၇) ရက်နေ့၌ ဤကြံတောသုဿန်မှာပဲ ပြာဖြစ်သွား ပါပြီတည်း။

ဆရာသော်တာဆွေ ဆောင်းပါးလေးကို မဖတ်ရသေးသူများအတွက်
ကိုသက်ဦး Blog မှ ကူးယူတင်ပြပါသည်။

>>>ဆက်ဖတ်ရန်>>> >>

Monday, September 7, 2009

ဝါးဖြူတောင်သွား ကင်မရာကစား



ဒီရွာကလေးကို ဒီလိုသွားရင်ဒီလို ဆိုင်းပုဒ် ကလေးတွေကြည့်ပြီး သွားကြနော် တော်တော်ကြာ တောဆင်ရိုင်းကြီးတွေ နဲ့ တွေ့နေရင်
(စိတ်မပူပါနဲ့ သူတို့တွေလမ်းမမှတ်မိလို့ မလာကြတာ အနှစ် ၂၀ နီးပါပြီတဲ့ ခင်ဗျားတို့ဆန္ဒရှိရင်တော့ လမ်းမှန်ရောက်အောင်ပို့ပေးလိုက်လေ၊ ကိုယ့်လမ်းကိုယ် ရွေးတတ်အောင် ဟဲ ဟဲ တော်တော်တော့ခက်မယ်နော် ..တောဆင်ရိုင်းကြီးတွေတဲ့ ..ကြောက်ကြောက်)














ဒီလို အိမ်လေးတွေကိုတော့ သူတို့မဆောက်တတ်ကြဘူး ဒါပေမဲ့ ဒါမျိုးအိမ်လေးတွေကိုတော့ ဆောက်တတ် ကြပါတယ်။ သိပ်မထူးပါဘူးနော်၊ အားလုံး ကတော့ နေစရာတွေဘဲမဟုတ်လား


















ဒီလို ရေကျော်လေးတွေတော့လမ်းပေါ်မှာ အများကြီးတွေ့ခဲ့တယ် ဟဲ..ဟဲ















ဒီလမ်းလေးလောက်တော့မလှပေမဲ့ နဲနဲတော့လှပါသေးတယ်

















ဘာပင်တွေမှန်းတော့ မသိဘူး၊ ကျွန်တော်တို့ အပင်တွေကတော့ ကျွန်းစစ်စစ်တွေပါဗျာ၊ ဟဲ ဟဲ ဥပဒေလည်းထုတ်ထားတယ်နော်၊ သစ်တပင်ခုတ် ထောင် ၃ နှစ်တဲ့၊
ခင်ဗျားတို့ အခုမြင်ရတဲ့ သစ်ပုံကြီး တွေကြည့် ပြီးတော့ စိတ်ညစ်မသွားနဲအုန်း၊ အဲဒါနိုင်ငံခြား ငွေရဘို့အတွက် ရောင်းရမှာပါဗျာ။ ဒီလိုဒီလိုလည်း ပြန်စိုက်ထားပါတယ်၊








>>>ဆက်ဖတ်ရန်>>> >>

ဆောင်းခိုငှက်


မာနနှင့်ဒေါသ ပေါင်းစပ်ထားတဲ့ အကြင်နာမဲ့တဲ့နှုတ်ခမ်းများ၊ ညစ်ညမ်းတဲ့ စကားသံများသာ ထွက်ကျလေ့ရှိတဲ့ ရက်စက်တဲ့ နှုတ်ခမ်းတစ်စုံကရော၊ အားလုံးထဲမှာ ကျမ ရှာဖွေနေတဲ့ နှုတ်ခမ်းတစ်စုံ ကတော့ ခပ်ဖျော့ဖျော့တောင် တွေ့မလာပါဘူး၊ ကျမ မုန်းတီးတဲ့နှုတ်ခမ်းများကသာ ကျမ ခန္ဓာကိုယ်အနှံအပြားမှာ....၊ ကြောက်ရွံခြင်း၊ နာကြင်ခြင်းတွေနဲ့ ကျမ သေဆုံးသွားခဲ့ပြီလား...၊ မသတီစရာကောင်းလှတဲ့ နှုတ်ခမ်းတွေ ကျမ နှုတ်ခမ်းပေါ် ပြိုကျလာချိန်မှာတော့ မွန်းကျပ်ခြင်း၊ နာကြင်ခြင်းနဲ့ ရွံရှာခြင်းတွေ ပေါင်းစပ်ပြီး ပြို့တက်လာတဲ့ အန်ပစ်လိုက်ချင်တဲ့စိတ်တွေကို ထိမ်းလို့ မရတော့ဘူး၊ ကျမ အားရပါးရ အန်ပစ်လိုက်တယ်၊ ရွံရှာခြင်းများ၊ ကြောက်ရွံခြင်းများ၊ အားလုံး..........အားလုံး ပါသွားကြစမ်းပါ၊

အန်ဖတ်တွေထဲမှာ ကျမ ဝိုးတဝါးတွေ့လိုက်တာက ချစ်တတ်တဲ့နှလုံးသားတစုံနဲ့ ကလီစာများ၊ ဒါတွေမရှိမှ ကျမ အသက်ရှင်နိုင်တာ သူတို့သိကြရဲ့လား၊ တကယ်တော့ နှလုံးသားမပါဘဲ အသက်ရှင်နေတာ ကျမ တစ်ယောက်ထဲမှမဟုတ်တာ၊ တစ်ချိန်တုန်းက ကျမ ရဲ့...မောင်..၊ ကျမ အတွက်တော့ အခုလည်း ကျမ ရဲ့...မောင်.... ပါဘဲ၊ ............မောင်.......ရော နှလုံးသားမပါဘဲ အသက်ရှင်နေသလား၊ ကျမ ဘာမှမသိ၊ ကျမ သိရမှာကတော့ အန်ဖတ်တွေ ကြားထဲက ကျမ ပြန်လည်ရှင်သန်နိုးထလာဖို့ တစ်ခုတည်း ပါဘဲ၊ အနည်းဆုံး ကျမ ရဲ့ ရှင်သန်ခြင်းဟာ ကျမရဲ့ မိသားစုအတွက်တော့ တန်ဖိုးတခု ရှိမှာပါ၊ ကျမ အတွက်တော့...၊

အန်ဖတ်တွေကြားထဲက ပြန်လည်ရှင်သန်ဖို့ ကျမ အလိုချင်ဆုံး သန့်ရှင်းစင်ကြယ်တဲ့ အေးစက်သင်းပျံ့တဲ့ ရေစက်ရေပေါက်တွေ ဘယ်မှာလည်း၊ ကျမ တကိုယ်လုံး စင်ကြယ်သွားအောင် ဆေးကြောပြစ်လိုက်စမ်းပါ၊ မင်းတို့ အနည်းဆုံး ဒို့အရေပြား တွေကိုတော့ သန့်စင်စေမှာပါနော်၊ ဒို့စိတ်တွေသန့်စင်စေဖို့ရော ဘာတွေနဲ့ ဆေးကြောရမှာလည်း၊ အခုအချိန်မှာတော့ ကျမ ခန္ဓာကိုယ်ကြီး သန့်စင်သွားဖို့ကသာ အရေးကြီးဆုံးပါ၊

ကျမ မှာ နှလုံးသား မရှိတာတောင်မသိတဲ့ လူတွေ ကျမ စိတ်တွေမသန့်စင်တာ သူတို့ဘယ်လို သိနိုင်မှာလည်း လူကွယ်ရာမှာ အန်ဖတ်တွေနဲ့ လူးလိမ့်နေတဲ့ ကျမ၊ အန်ဖတ်တွေကြားထဲက ရုန်းထွက်ဖို့ နှလုံးသွေးတွေနဲ့အမြဲတမ်း ဆေးကြောနေရတဲ့ နှလုံးသား မရှိဘဲအသက်ရှင်နေတဲ့ ကျမ၊ သူတို့အားလုံး အတွက်တော့ ဒါတွေဟာ အရေးမကြီးတဲ့ ကိစ္စတွေပေါ့၊ အထူးသဖြင့် ကျမ ယောကျာ်းဆိုတဲ့ လူကြီးလူကောင်း အရေခြုံမြေခွေးကြီး အတွက်တော့ ကျမ ခန္ဓာကိုယ်ကြီး သန့်စင်နေရမယ်၊ မွေးပျံ့ နေရမယ်၊ သူ့အတွက်တော့ ဒါတွေဟာအရေးကြီးဆုံးပေါ့၊ ကျမ အတွက်တော့ ရှင်ဟာအညစ်ပတ် ဆုံး၊ ရှင့်ရဲ့အပြာရောင်လွှမ်းတဲ့ နှုတ်ခမ်းအစုံက ရွံစရာအကောင်းဆုံး၊ မုန်းလိုက်တာ၊ ကျမ အရမ်းမုန်းတယ်၊ ပြို့တက်လာတဲ့ အမုန်းတရားတွေနဲ့ မသတီစရာကောင်းတဲ့ စက်ဆုတ်စရာ အားလုံးကို အန်ပစ်လိုက်စမ်းပါ၊ အဲ့ဒီ နှုတ်ခမ်းတွေကြားထဲကို အန်ပစ်လိုက်စမ်းပါ၊ အားလုံးပါသွားအောင် အန်ပစ်လိုက်စမ်းပါ။


အဖြူရောင်နဲ့ ပန်းနုရောင်တွေရောယှက်နေတဲ့ အေးမြသန့်စင်တဲ့ ရေချိုးခန်းလေးရေ၊ မင်းဘယ်မှာ လည်းကွယ်၊ မင်းကို ငါ ချစ်တယ်၊ အားလုံးနဲ့ ဝေးကွာစေတဲ့၊ ငါ့အန်ဖတ်တွေကိုဆေးကြော ပေးတဲ့ မင်းကို ငါ ချစ်တာနော်၊ မင်းရဲ့ ငွေကြေးနဲ့တိုင်းတာတဲ့ တန်ဖိုးတွေ ငါတကယ်မသိဘူး၊ အန်ဖတ်တွေကြားထဲမှာ မြောနေတဲ့ ငါ့ကို မင်းဆေးကြောပေးနေကြပဲမဟုတ်လား၊ မင်းတစ်ယောက်တော့ ငါဘာကိုချစ်တာလည်း ဆိုတာ နားလည်နိုင်လည်နိုင်မှာပါနော်၊ လူတွေသတ်မှတ်ကြတဲ့ မင်းရဲ့တန်ဖိုးကို ငါချစ်တာမဟုတ်ဘူး ဆိုတာ မင်းတယောက်လောက်တော့ ထောက်ခံလိုက်စမ်းပါ၊ ဒို့ရဲ့အသဲနှလုံး စမ်းချောင်းကလေး ထဲမှာလည်း မင်းနဲ့ဘဝတူ အေးမြသန့်စင်တဲ့ရေတွေ စီးမြောနေတာရော မင်းသိရဲ့လား၊ ဆိတ်ငြိမ်ခြင်း၊ လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ရောစပ်ပေါင်းဖက်နေတဲ့ ဒို့ရင်ထဲက စမ်းချောင်းကလေးရေ မင်းရော ဘယ်မှာလည်းကွယ်၊ မင်းရဲ့ အရိပ်မှာခိုနေကြတဲ့ ပန်းရိုင်းလေးတွေရော...၊ မင်းအရိပ်ခိုနေရတဲ့ ဒို့တတွေရဲ့ ဆော့ကစားဘက် အပင်ကြီးတွေရော ...၊

ဒို့တွေကို သတိမှရသေးရဲ့လားလို့၊ ဒို့တွေ မင်းရင်ခွင်မှာ မခိုလှုံရတာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ၊ ဆောင်းခိုငှက်ကလေးတွေတော့ သိတတ်ကောင်းပါရဲ့၊ သူတို့ လာတဲ့အချိန် သူတို့ ပြန်တဲ့အချိန်တွေဟာ ပြက္ခဒိန် မလိုအောင် တိကျပြီးသား မဟုတ်လား၊ ငှက်ကလေးတွေရေ မင်းတို့ရဲ့ ဇာတိမြေက ရက်စက်ကြမ်းတမ်း လွန်းတဲ့ရာသီဥတုဒဏ်ကို မင်းတို့ မခံနိုင်လွန်းလို့ ချောင်းကလေးရဲ့ ထွေးပိုက်ခြင်းကို နွေးထွေးစွာခံယူ ရပေမဲ့.....၊ ငွေခိုခဲ့တဲ့ ကျီးမိုက်တစ်ကောင် ကတော့...........၊ ငှက်ကလေးတွေရေ မင်းတို့ရဲ့ ပြန်ရက် ကသတ်မှတ်ပြီးသားနော်၊ ချောင်းကလေးသိချင်ရင်တော့ မေးလို့ရမှာပါ၊ ဒို့အတွက်တော့ ပြန်ရက်မရှိတဲ့ ထောင်ချောက် တခုထဲမှာ၊ နာရီတွေလည်းမရှိတော့ဘူး၊ ပြက္ခဒိန်တွေလည်း ပျောက်ဆုံးသွားပြီ၊ အချိန်မသိ၊ နှလုံးသားမရှိဘဲ ဒို့တွေအသက်ရှင်နေတာရော ချောင်းကလေး သိရဲ့လား၊ ဒို့ကလွဲရင် မင်းအပါးမှာ ခိုနားခွင့်ရကြတဲ့ သူတွေအားလုံးအတွက် အချိန်တစ်ခုထိတော့ ဒို့တွေရှင်သန် နေအုံးမှာပါ၊ ဒို့အတွက် သူတို့အားလုံးစိတ် မညစ်ကြပါစေနဲ့၊ သူတို့ကိုသာ ဒို့တွေကိုယ်စား ပျော်ရွှင်ခွင့်ပေးလိုက်ပါတော့ ချောင်းကလေးရေ။


ဒို့တွေ ငယ်ငယ်တုန်းက ဘယ်လောက်ထိ ပျော်ခဲ့ကြတယ်ဆိုတာ ချောင်းကလေးလည်း သိတယ်၊ သစ်ပင်ကြီးနဲ့ ပန်းကလေးတွေလည်း သိတယ်၊ ငှက်ကလေးတွေလည်း မမေ့တတ်ရင် မှတ်မိမှာပါ၊ နွေနံနက်ခင်းတွေမှာ ဒို့မောင်နှမတွေ နဲ့ ]မောင်... ချောင်းကလေးရဲ့ ရင်ခွင်မှာ လွတ်လပ်ခြင်းတွေကို ထွေးပွေ့ရင်း ပျော်ရွှင်ခြင်းတွေနဲ့ ဆော့ကစားခဲ့ကြတာ ဟာ အိမ်မက်တွေမဟုတ်ခဲ့တာတော့ သေချာပါတယ်၊ စမ်းချောင်းကလေးရဲ့ဘေးမှာ မောင်တို့တတွေ ဖမ်းမိလာတဲ့ ငါးတွေနဲ့ မီးပုံပွဲလုပ်ခဲ့ကြပြီး တောပန်းကလေး တွေရဲ့ရင်ခွင်ကြားမှာ မူးရစ်ရီဝေရင်း အရိုင်းဆန်တဲ့ မောင့်ရဲ့ဂစ်တာသံတွေနဲ့အတူ ဒို့တွေစားခဲ့ရတဲ့ချိုမြိန်ခြင်း အရသာတွေကိုရော ဘယ်လိုမေ့နိုင်မှာလည်း၊ ဒို့တွေ စားခဲ့တာတွေဟာ တကယ့်ကိုဘဲ ပျော်ရွှင်ခြင်း၊ လွပ်လပ်ခြင်း၊ ကြည်နူးခြင်းတွေပါ ဆိုတာတော့ မင်းတို့အားလုံး ယုံကြည်လိုက်စမ်းပါ။


ကြမ်းတမ်းရိုင်းစိုင်းတဲ့ မုန်းတိုင်းတခုရဲ့ ခြေဆင်းဟာ သိပ်ကိုနူးညံသိမ်မွေ့တဲ့ လေပြေညှင်းလေး ပါဆိုတာ တခါတခါတော့ ကျမတို့မေ့သွားတတ်ကြတယ်နော်၊ ကျမဘဝရဲ့ မုန်းတိုင်းခေါ်သံ ၁၀တန်းအောင်စာရင်း တေးသံသာ ကလေးကလည်း ချိုသာအေးမြလွန်းတော့ ကျမရဲ့ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဥာဏ် တွေလည်း ကျမနဲ့ အဝေးဆုံးမှာ...၊ လူသားအားလုံးအတွက် ရယူပိုင်ဆိုင်ဘို့ အခွင့်အရေးတွေကို သဘာဝတရားကြီးက ကန့်သတ် ပေးထားပြီးသားလို့ပြောခဲ့ရင် ဘယ်သူတွေများ ငြင်းချက်ထုတ်ကြ အုံးမှာလဲ၊ ကိုယ်ရသင့်တာထက်ပိုပြီး ရချင်ရင်တော့ လောကကြီးရဲ့ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မယ်၊ ရယူသင့်တာနဲ့ ရယူချင်တာ သိပ်ကိုကွာခြားလွန်းတဲ့ ကျမကတော့ ရယူချင်တာတခုထဲကိုကြည့်ပြီး ဒေါင်းယောင်ဆောင်တဲ့ ခေတ်သစ်ကျီးမိုက် တကောင်အဖြစ် အယောင်ဆောင်မြို့ပြမှာစီးမြော လိုက်ပါရင်း မြို့ပြယဉ်ကျေးမှု့တွေနဲ့ အကျွမ်းတဝင်ဖြစ်နေလေရဲ့။


ရိုးသားဖြူစင်ကြတဲ့ အပြစ်မရှိတဲ့မိသားစုဝင် ၅ယောက်ရဲ့ အသွေးအသား တွေကိုစုတ်ယူရ လောက်အောင် ဒီအင်ဂျင်နီယာဘွဲ့ဟာ အဖိုးထိုက်တန်ပါရဲ့လားဆိုတာတောင် ကောင်းကောင်းမစဉ်းစား ခဲ့တဲ့ ခေတ်သစ် ကျီးမိုက်တကောင် တကယ်ရှိခဲ့ဘူးတယ်ဆိုတာ မန္တလေးနည်းပညာတက္ကသိုလ်၊ မန်းချယ်ရီဆောင်ရဲ့ ၁၀ပေ ၁၂ပေ ကျယ်တဲ့ ၂ယောက်ခန်းလေး ကလည်း ထောက်ခံလိမ့်မယ်၊ အခန်းဝရံတာလေး ကနေ အတားအဆီး မရှိ မြင်နေရတဲ့ အပြာရောင်လိမ်းကျံ ထားတဲ့ရှမ်းရိုးမ တောင်တန်းကြီးကလည်း သက်သေလိုက်လိမ့်မယ်၊ ဟန်ဆောင်မှု့တွေနဲ့ ပိတ်ဆို့နေတဲ့ မြို့ပြလူမှု့ ဆက်ဆံရေး အောက်မှာ ဒို့တွေ ပိတ်လှောင် မွန်းကျပ်နေတုန်းက တောင်တန်းပြာကြီးက ဒို့အတွက် အကောင်းဆုံး အဖော်မွန်ဘဲလေ၊ သူ အားလုံး သိပါတယ်။


အခြေခံမတူတဲ့ လူတန်းစားတွေကြားထဲမှာ ဟန်ဆောင်မှု့တွေနဲ့မိတ်ဆွေဖွဲ့ရင်း မြို့ပြပညာသင်စနစ်ရဲ့ အဆောင်စရိတ်၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ မဆုံးနိုင်တဲ့ စရိတ်တွေကြားမှာ မိသားစုကို စတေးခဲ့တဲ့ ဒို့အတွက် ပေးဆပ်ရခြင်းက အနံ့ဆိုးတဲ့ အပြာရောင် နှုတ်ခမ်းတစုံ၊ ငွေကလွဲရင် ဘာမှမသိတဲ့ ဦးနှောက်တလုံး၊ ရက်စက်ကြမ်းတမ်းတဲ့ နှစ်လုံးသားတစ်စုံ၊ ဘာတွေဘဲဖြစ်ဖြစ်လေ ဒို့တွေနဲ့ ထိုက်တန်ပါတယ်၊ အမှန်တရားနဲ့ ၅နှစ်လောက်ကင်းကွာခဲ့တဲ့ ဒို့အတွက် အမှားတွေနဲ့ တသက်လုံး ရင်ဆိုင်ခဲ့ရရင် လည်း မောင်ရေ အဲ့ဒါ တရားတယ်နော်။


အကြင်နာကြီးမားတဲ့မိသားစု၊ အချစ်တွေအပြည့်အဝပေးနေတဲ့ ]မောင်}၊ နောက်ပြီး သိပ်ကိုတန်ဘိုးရှိ တယ်လို့ ကျမ ထင်ထားခဲ့တဲ့ အင်ဂျင်နီယာဘွဲ့၊ ကျမ မှာရှိတာ ဒါအကုန်ဘဲ၊ ဘယ်မှာလည်း အားလုံးအတွက် လိုအပ်နေတဲ့ငွေ၊ ကျမမောင်လေး ၂ ယောက်အတွက် ကျောင်းစရိတ်ရော၊ နောက်ကျမှ ရခဲ့တဲ့နောင်တ တွေနဲ့ မြို့ပြပညာရေးစနစ်အကြောင်း ကျမရှင်းပြခဲ့ရင်တော့ ကျမကိုချစ်တဲ့၊ လေးစားတဲ့၊ ဥာဏ်ပညာ မသေးတဲ့ မောင်လေးတွေ နားလည်ကြမှာပါ။ ဒါပေ့မဲ့ ဒါဟာ တရားမျှတမှု့ရော ရှိပါသလား၊ ကိုယ်ပျော်ရွှင်စွာ ပြီးဆုံးစွာ လျှောက်ခဲ့တဲ့ လမ်းကြောင်းတခုကို မောင်လေးတွေကို ပေးမလျှောက်စေတာ ဟာငွေတခုထဲအတွက်တင် မဟုတ်ဘူး ဆိုတာကိုရော မောင်လေးတွေ ကောင်းကောင်း နားလည်ကြ ပါ့မလား၊ ဘာပဲဖြစ်ဖြစ်လေ ငွေရှိရင်တော့အားလုံး ပြေလည်သွားမှာပါ၊ အဲ့ဒီ ငွေကို ကျမဘယ်လို ရှာရမှာလဲ၊ ပညာနဲ့ငွေနဲ့ လဲရင် ပေးရမဲ့ ကိုယ့်ကျင့်တရား၊ ဂုဏ်သိက္ခာ တွေကို ကျမပေးရဲသလား၊ ကျမ မပေးရဲခဲ့ဘူးနော်။


မောင် ရော ဆင်းရဲသား လူနာတွေဆီက ကြေမွတွန့်လိတ်နေတဲ့ ပိုက်ဆံတွေကို အေးစက်တဲ့နှလုံး သားတွေနဲ့ယူရက်သလား၊ ကိုယ့်နဲ့ပတ်သက်သူတွေ အတွက် နည်းမျိုးစုံနဲ့ရှာဖွေပြီး ကုသပေးနေကြတဲ့ မိသားစုဝင်တွေဆီက ရလာတဲ့ပိုက်ဆံတွေနဲ့ လိပ်ပြာသန့်စွာနဲ့ ကားဝယ်စီးနိုင်ရဲသလား၊ တိုက်ဆောက်နိုင် သလား၊ ကျမ မထင်ပါဘူး၊ နှလုံးသားလှတဲ့ မောင် ပညာနဲ့ငွေနဲ့ မလဲပါဘူး ကျမနဲ့လည်း မောင် မလဲဘူးမဟုတ်လား၊ ဆရာဝန် တယောက်ဖြစ်ဘို့ ပေးဆပ်ရတဲ့ တန်ဘိုးတွေကို ဆရာဝန်တယောက် ဖြစ်လာတဲ့ မောင် သိမှာပါ၊ ဒါပေ့မဲ့ မောင်ရေ ကျမတို့ နိုင်ငံမှာ ဆင်းရဲတဲ့ လူတွေသိပ်များနေသေးတယ်၊ ထိုက်တန်တဲ့ရင်းနှီးမှု့အတွက် ထိုက်တန်တဲ့ ရယူမှု့ကို မောင်မရနိုင်သေးဘူး၊ ဒါတွေ မောင်သိပါတယ်နော်၊ မောင်အတွက် ကျမ ကျေနပ်နေပါတယ်။


ကျမ တခုခုကို ရွေးချယ်ရတော့မယ်နော်၊ မောင်ရယ်၊ ဂုဏ်သိက္ခာရယ်၊ ငွေရယ်၊ ကျမ ဘာကို ရွေးချယ်ခဲ့သလဲဆိုတာ မောင်သိခဲ့ပြီးသားဘဲ၊ သစ္စာမရှိတဲ့ ကျမကို ဘယ်တော့မှ ခွင့်မလွှတ်နဲ့လို့ ပြောခဲ့ရင် လည်း မောင် ခွင့်လွှတ်မှာ ကျမသိပါတယ်။ ကျမအတွက် ပင်ပန်းဆင်းရဲခဲ့ကြတဲ့ မိသားစုကို ပြစ်မထားနိုင်ဘူး၊ ကျမ ရချင်တဲ့ ငွေတခုအတွက် တတ်နိုင်သမျှ အားလုံးပေးဆပ်နိုင်ရမယ်လေ၊ ကျမကို မယူမနေရ ဆိုပြီး ဘယ်သူမှ မပေးစားခဲ့ဘူးနော်၊ ကျမ ကိုယ်တိုင်ကျေကျေနပ်နပ် လက်ထပ်ခဲ့တဲ့ ယောက်ကျားတယောက်၊ သူ လိုချင်တာနဲ့ ကျမ ရချင်တာကို အပေးအယူလုပ်ခဲ့တဲ့ လက်ထပ်ပွဲကြီးတစ်ခုကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာ ကျမ ကိုယ်တိုင်တဲ့ မောင်ရေ။


သိပ်ကိုလွယ်တဲ့ ခပ်ညံညံမိန်းမ တယောက်ရဲ့ ဈေးကွက်ရှာဖွေရေး လက်ထပ်ပွဲကြီးတခုပေါ့၊ ကိုယ့်ကို ကိုယ့် အမြဲတန်း အထင်ကြီးပြီး အမှားတွေကို တချိန်လုံး ကျူးလွန်ခဲ့တဲ့မိန်းမ တယောက် တသက်လုံးအတွက် အမှားကြီးမှားခဲ့ပြီ မောင်ရေ၊ လူသားစားကျားတကောင်ရဲ့ မာယာတွေကို မုဆိုးမဟုတ်တဲ့ သာမန်လူ တယောက် ဘယ်လိုနားလည်နိုင်မှာလည်း၊ အင်မတန်ကောက်ကျစ်စင်းလဲပြီး ပါးနပ်တဲ့ စိတ္တဇ လူသားတယောက်ရဲ့ ထောင်ချောက်ကိုရော၊ ရှေးဦးလူသားတွေရဲ့ အရောင်းအဝယ် စနစ်တခုကို ၂၁ရာစုထိ အသုံးပြုနေဆဲ ဖြစ်တဲ့ ကျမလို ခပ်ခပ်ညံညံ မိန်းမတယောက်ကရော ဘယ်လိုစဉ်းစားတွေးခေါ်ပြီး သိနိုင်မှာလဲ၊ ကိုယ်မှားခဲ့တဲ့ အမှားတခုအတွက် ဘယ်လိုဘဲ ပေးဆပ်ရ ပေးဆပ်ရ၊ ပေးဆပ်မယ် ဆိုတဲ့ မိန်းမ တယောက် သိတာက မချစ်မနှစ်သက်တဲ့သူနဲ့ အတူနေရခြင်း ချစ်ခင်နှစ်သက်တဲ့သူနဲ့ ခွဲခွာနေရခြင်း ဆိုတဲ့ ခပ်ရိုးရိုး အဆိုအမိန့်တခုထဲဘဲ၊ အခုတော့ ကျမ ရင်ဆိုင်နေရတာက လောကငရဲ၊ ပူလောင်ခြင်း ရက်စက်ခြင်း နာကြင်ခြင်း ဆိုတဲ့ ငရဲနဲ့ တူတဲ့ တနေရာမှာ ကျမ ရှိနေတယ် မောင်--။


လောကကြီးရဲ့ မျက်နှာစာမှာတော့ လှပတင့်တယ်တဲ့ မျက်နှာဖုံးစွတ်ထားတဲ့ မိန်းမတယောက်၊ လောကကြီးရဲ့ နောက်ကွယ်မှာတော့ အံဖတ် တွေကြားမှာလူးလိမ့်ရင်း ရက်စက်ရိုင်းစိုင်းလှတဲ့ လူယုတ်မာတယောက်ရဲ့ ခြေရင်းမှာ လည်းစင်းခံ နေရတယ်ဆိုတာ လမင်းကြီး သက်သေရှိတယ်၊ နေမင်းကြီးလည်း ထောက်ခံ ပေးလိမ့်မယ်။


]မောင်} ရေ ...လူတစ်ယောက် ဒါမှမဟုတ် သတ္တဝါတမျိုးမျိုးကို ညှင်းပန်းနှိတ်စက်ရတာကို ကြိုက်နှစ်သက်တဲ့၊ အဲ့ဒီသတ္တဝါ နာကြင်ခြင်းဝေဒနာ ခံစားရတာကို အရသာခံပြီး စိတ်ကျေနပ်မူ့ဖြစ်စေတဲ့၊ ဒါမှမဟုတ် သူကိုယ်တိုင် နှိတ်စက်ခံရမှ စိတ်ကျေနပ်မူ့ ရတှဲ့ေိသျာေသခ့ငျာ လို့ခေါ်တဲ့ စိတ်တ္တဇရောဂါ တမျိုးအကြောင်း ကျမ တို့ ဆွေးနွေးခဲ့ကြတာကို မှတ်မိသေးရဲ့လား၊ ဆရာဝန် တယောက်ဖြစ်တဲ့ မောင် ကတော့ အသေးစိတ် ပိုသိတာပေါ့နော်၊ အဲ့ဒီတုန်းက မောင့်ဆရာ ရဲ့ ဆေးခန်းကိုရောက်လာတဲ့ မိန်းမတယောက်ရဲ့ခန္ဒာကိုယ် အတွင်းပိုင်း က ဒဏ်ရာတွေကို ဆေးကုပေးရင်း၊ မိန်းမတယောက်ကို ဒီလောက်လူမဆန်စွာနှိတ်စက်ထားတာ ရူးနေလို့ ဖြစ်ကြောင်း၊ အဲ့ဒီ ယောက်ကျားကို ရဲစခန်းတိုင်မယ်၊ အရူးထောင်ပို့မယ်လို့ပြောတော့ အဲ့ဒီမိန်းမက မောင့်ဆရာ ကို အမူ့မဖွင့်ဘို့ အကြောင်း တောင်းပန်ပြီး၊ မောင့်ဆရာရဲ့ဆေးခန်းကို ဘယ်တော့မှမလာတော့တဲ့ အကြောင်း မောင့်ဆရာ ပြောပြတာကို မောင်ပြန်ပြောပြီး အဲ့ဒီရောဂါအကြောင်း ကျမကို မောင် ရှင်းပြတယ်လေ။


ကျမက မတောက်တခေါက် အသိဥာဏ်လေးနဲ့ အဲ့ဒီမိန်းမကလည်း ညှင်းပန်းနှိတ်စက်ခံရတာကို ကြိုက်တဲ့ အဲဒီရောဂါရှင် ဘဲဖြစ်လို့ နေမှာပေါ့လို့မညှာမတာ ဝေဖန်ခဲ့တဲ့ ကျမတယောက် ဝဋ္ဌ်လည်နေပြီလို့ပြောရင် မောင်သိပ်စိတ်မကောင်း ဖြစ်မှာလား.......၊ ကျမကို အမြန်ဆုံး ဒီယောက်ကျားနဲ့ ကွာရှင်းခိုင်းမှာဘဲနော်၊ ငွေရှိတဲ့ယောက်ကျား တယောက်နဲ့ ခန်းနားကြီးကျယ်စွာ လက်ထပ်၊ ကိုယ်လိုချင်တာတွေရယူခဲ့ပြီးမှ သိတ်မကြာခင်မှာဘဲ ဇာတ်သိမ်းခန်းကို အလွယ်တကူ ကပြရလောက်အောင် ကျမ သတ္တိ မရှိသေးဘူးမောင်၊


နောက်ပြီး အခုမှအေးချမ်းခါစရှိသေးတဲ့ အရှက်အကြောက် ကြီးပြီး ရိုးသားအေးဆေးလှတဲ့ မိသားစုကို ကျမအတွက် မပူလောင်စေချင်တော့ဘူး မောင်ရေ၊ ကျမအလှည့်တုန်းကတော့ မိသားစုဝင်အားလုံး နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြတယ်၊ အခု ကျမ အလှည့်လေ၊ ကျမသိတ်ပျော်နေတယ်လို့၊ အားလုံးသိကြပါစေ၊ ဒါမှသူတို့ အားလုံးလည်း ပျော်ကြမယ် မဟုတ်လား။


ပြန်လမ်းမရှိတဲ့ ထွက်ပေါက်ပိတ်နေတဲ့ ကောက်ကျစ်စဉ်းလဲလှတဲ့ မြေခွေးတကောင်ရဲ့ ထောင်ချောက် ထဲက သားကောင်ငယ် တကောင်ရဲ့ ထိတ်လန့်တုံလှုပ်ခြင်း တွယ်ရာမဲ့ခြင်းကို မောင်တို့အားလုံး မသိကြပါစေနဲ့၊ စမ်းချောင်းလေးလည်း မသိနဲ့၊ ပန်းပွင့်လေးတွေလည်း မသိကြနဲ့။


လမင်းကြီးရေ မင်းကို ငါ သိပ်ချစ်တယ်၊ နာကြင်ခြင်း ရက်စက်ခြင်းတွေနဲ့ဝေးတဲ့ အချိန်လေးမှာ မင်းတယောက်သာ ငါ့ရဲ့အဖော်မွန်ဘဲ မဟုတ်လား၊ ငါ့မျက်ရေတွေကို မင်းသုတ်ပေးခဲ့တယ်နော်၊ ငါ့ဒဏ်ရာတွေကိုလဲ မင်းဘဲဆေးကုပေးခဲ့တယ်လေ၊ မင်းနဲ့လွဲရမှာကြောက်လွန်းလို့ ဒို့တွေမအိပ်ခဲ့တဲ့ ညပေါင်းများစွာ အကြောင်း ကိုလည်း မင်းအသိဆုံးပါ၊ လမင်းကြီးရေ မင်းရင်ထဲကဒို့ အကြောင်းတွေကို မင်းနဲ့အတူ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို သယ်သွားလိုက်နော်၊ လမင်းကြီးရယ် ကြယ်ကလေးတွေရယ် နေမင်းကြီးရယ် မင်းတို့အားလုံး သိပ်ကောင်းကြတယ်နော်၊ မင်းတို့အားလုံးပေးခဲ့တဲ့ ကြင်နာမှု့တွေနဲ့ ဒို့တွေတချိန်ချိန်ထိတော့ ရှင်သန်နေအုန်းမှာပါ။


နေမင်းကြီးကလည်း နွေးထွေးမှု့အပြည့်နဲ့ ကျမကိုနှုတ်ဆက်နေတယ်.......သနားစရာမိန်းခလေးရေ မင်းပျော်နေသလားတဲ့....... ပန်းပွင့်ကလေးတွေကလည်း မွှေးရနံ့တွေ အပြည့်နဲ့ ကြိုဆိုနေလေရဲ့၊ အလှပဆုံး ပန်းကလေးတွေရေ မင်းတို့ဘယ်မှာလည်း.......၊ သေဆုံးသွားတဲ့မြေခွေးတကောင်ရဲ့ အသုဘ အခမ်းအနားကို ဒို့တွေနဲ့ အတူတူသွားကြမယ်နော်၊ မင်းတို့အားလုံး အဝင့်ြွကားဆုံးပွင့်လိုက်ကြစမ်းပါ၊ ကမ္ဘာပေါ်မှာရှိတဲ့ အတော်ဆုံး ပန်းချီဆရာတွေနဲ့ အလှဆုံးဆေးရောင်တွေ ချယ်လိုက်စမ်းပါ၊ အမွှေးဆုံး ရနံ့တွေကိုလည်း ပက်ဖျန်းလိုက်ကြအုန်းနော်၊ ဒို့အတွက် လွတ်လပ်မှု့ လေပြေညှင်းလေးဟာ ညစ်ပတ်နံဟောင်နေတဲ့ မြေခွေးတကောင်ရဲ့ အသုဘ အခမ်းအနားမှာ တသုန်သုန် တိုက်ခတ်နေလေရဲ့၊


ပန်းကလေးတွေရေ မင်းတို့မျှော်ရတာမောနေပြီလားဟင်၊ သူတို့လာခေါ်ကြတော့မှာပါ၊ မင်းတို့ယုံလိုက် ကြနော်၊ ဒို့တတွေမပါဘဲ သူတို့ဘယ်လို အခမ်းအနား လုပ်ကြမှာလည်း၊ အသုဘအခမ်းအနားတခုဟာ ဒီလောက်ထိ လှပကြည်နူးမှု့တွေနဲ့ ပြည့်စုံနိုင်သလား လွတ်လပ်မှု့ လေပြေညှင်းတွေ ဒီလောက်တောင် တိုက်ခတ်နိုင်သလား၊

သေဆုံးသွားတဲ့မြေခွေးတကောင်ဆီက လွတ်လပ်မှု့တခုအတွက် အပြုံးတပွင့် .......၊ ရက်စက်မှု့တွေနဲ့ ပြည့်နှက် နေတဲ့အပြာရောင် နှုတ်ခမ်းတစုံ၊ သူတကယ်ဘဲ သေဆုံးသွားပြီလား၊ သေချာမှု့ တခုအတွက် နောက်ဆုံးအပြုံး တပွင့် ........။


>>>ဆက်ဖတ်ရန်>>> >>