Wednesday, June 9, 2010

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၄)

 (၈ရက်နေ့ညပိုင်း ကထဲက ဘလော့ထဲ ဝင်မရတော့တာပါ.. အခုမှ မိုးကောင်းကင် ဘလော့ဂ် မှ ကိုဇော်သိင်္ခ အကူအညီကြောင့် ပိုစ့် အသစ် တင်နိုင်တဲ့ အတွက် ကျေးဇူးတင်ကြောင်း အမှတ်တရ ပြောပါ တယ်ဗျာ )

အင်း… ဒီနေ့တော့ ချစ်ခရီး ၁၁နှစ် သက်တမ်း ထဲမှာ ရွှေစင်ဦး လေး မေ့နေတဲ့ ဇာတ်လမ်းလေး တပုဒ် ကို ပြန်တင် ပေးပါမယ်…

ချစ်စ ခင်စ ကြင်နာစ တုန်းကပေါ့ ဗျာ… ကျနော် တို့  နှစ်ယောက် လျှောက်  လည်ကြပါတယ်..  စက်ဘီးလေး နဲ့ပါ… ယောက်ကျားစီး စက်ဘီးလေးပေါ့ ..နောက်မှာ ကယ်ရီယာ ခုံ မပါ ပါဘူး… ရှေ့မှာ ဘဲ ထိုင်စီး ရတာပါ…. စိုင်းထီးဆိုင် သီချင်းထဲ က လို ဘီးကလေး ကို စီး အချစ် ကလေး ကို တင်ပြီး … ဆိုတာမျိုးပါ…..။

ဘယ်တွေ လျှောက်လည် လည်း ဆိုတော့ နန်းတွင်း ထဲ တဲ့ဗျာ…. အဟား.. လည်စရာ နေရာ ကလည်း ရှား ရှားလွန်း… ၊ နန်းတွင်းထဲက  ဘယ်နေရာ တွေလည်း ဆိုတော့ ဘုတ်တလုပ် ကန်ပါ.. ခင်ဗျား တို့ လည်း စာဆိုတော် ဖတ်ပြီး ကြပြီ ဆိုတော့ နဲနဲ တော့ သိရော့ပေါ့.. အဲဒီ ဘုတ်တလုပ်ကန် မှာ မင်းသား မင်းသမီး တွေ ရှေးတုန်း က ရေကစား ကြတဲ့ နေရာပေါ့….။

ထူးထူး ဆန်းဆန်း လား … ဘာမှ မရှိပါဘူး.. ၊ ကန်ကလည်း ကောနေပါပြီ… ကြည့်စရာ တခုတော့ ရှိတယ်ဗျ.. လေယာဉ် ပျံ အပျက်တစီး.. မန္တလေး က လူတွေ အလုပ် မရှိ အလုပ်ရှာ.. အဲဒီလေယဉ် အပျက်လေး လာကြည့် .. အားအား ယားယား တက်လိုက် ဆင်းလိုက် လုပ်ပေါ့ ….. အဲဒီအထဲမှာ ရွှေစင်ဦး လေး ပါသွားတာပေါ့…။

လေယဉ် အပျက်ကလည်း သိပ်မကြီး ပါဘူး.. ဒါကိုဒါ လေယဉ် လားမသိပါဘူး… ဒါပေမဲ့ အဲဒီခေတ် ကလည်း လေယဉ် ဆိုတာ စီးဘို့ နေနေသာသာ အဲဒီ လေယဉ် အပျက်လေး ကြည့်ဘူးရင် ကိုခေတ်က မှီလှပြီပေါ့.. ကျနော် ကတော့ ကြည့်ရုံနဲ့ အားမရသေး ပါဘူး .. လေယဉ် လေး ပေါ် တက်ဘူး တယ်ဆိုတာ လည်း ဖြစ်ချင်တာဆိုတော့ လေယဉ်ပေါ် တက်လိုက်ဆင်းလိုက် ပြတင်းပေါက်ကနေ ချစ်ချစ်ကြီး လက်ပြလိုက် နဲ့ မျောက်အုန်းသီး ရသလို ပျော်နေတာလေ…။

ဒီလောက် အိနြေ္ဒ မရဘဲ ရီးစားငုတ်တုတ်ထားပြီး ဆော့လွန်း တဲ့ ရွှေစင်ဦး ဟာ လေယဉ် လှေကား ပေါ်က ပြုတ်ကြပါလေရော….၊ တော်ရုံတန်ရုံ ပွန်းပဲ သွားရုံလည်း မဟုတ် လှေကားက သံပြားစောင်းနဲ ခြစ်မိလို့ ဒါး နဲ့ ဟက်တက် ခွဲသလို ဖြစ်ပြီး ခြေသလုံးပေါ် မှာ သွေးတွေ ကို ရွဲ နေအောင် ထွက်ပါလေရောဗျာ….။

နာလည်း တော်တော် နာသွားပါတယ်… ဒါပေမဲ့ သိတယ် မဟုတ်လား ပေကပ်ကပ် ဆိုတော့ သွေးတွေ ကြည့်ပြီး အမယ်လေး သွေးတွေ အများကြီး ဆိုပြီး အော်လိုက်တယ်…၊ ဒါပေမဲ့ ချစ်ချစ်ကြီး ကတော့ သွေးတွေ နဲ့ ဒဏ်ရာ ကို ကြည့်ပြီးတော့ တော်တော်ကြီး ကို လန့်သွား ပါတယ်..။

ကဲ… တက်တက် ဆိုပြီး စက်ဘီးပေါ် တင်ပြီး အတင်း နင်းပြေးပါတော့ တယ်ဗျာ… နန်းတွင်း ထဲ တ၀က်လောက် မှာ ဘုတ်တလုပ်ကန် ကရှိတာပါ… အဲဒီကနေ ၇၃လမ်း အတိုင်းထွက် သွားလို့ လမ်း၃၀ ရောက်သွားရင် အနောက်ထဲပြန်ချိုးလိုက်ရင် ဆေးရုံကြီးရှိပါတယ်.. ကျနော် လည်း အဲဒီ သွားတယ် ထင်တာပေါ့ .. ဟုတ်ဘူးဗျ.. အဲဒီ ၇၃လမ်း အတိုင်း တောက် လျှောက်သွား ပြီး မန်းလေး တက္ကသိုလ် ထဲထိ ရောက်သွားတယ်… အဲဒီက မှ တဆင့် ရွှေပြည်အေး အဆောင်နဲ့ မျက်စောင်းထိုး မှာ ရှိတဲ့ ဆရာဝန်မကြီး စီသွားတာ… သူမှာလည်း ဟောဟဲ လိုက်နေပြီ… ဟောဟဲ မလိုက်ချင်မှ နေရော… လူတယောက်တင် ပြီး နင်းလိုက်ရတဲ့ ခရီး လည်း ကြည့်လိုက်အုန်း … ပြီးတော့ အေးဆေး လည်း မဟုတ်ဘူး… ဒဏ်ရာ ကြီး နဲ့ ဆိုတော့ … အတင်းအမြန်နင်း ရတာကိုး… ပြီးတော့ အားပေးစကား ကလည်း ပြောရသေး … နာလား … ဘယ်လိုနေလည်း… ရောက်တော့မှာနော်.. ဆိုပြီး ပြောရသေးတာ ဆိုတော့ ဆေးခန်း လည်း ရောက်သွားရော ချစ်ချစ်ကြီးဟာ တော်တော် အမော စို့နေပါပြီ… ။

ကံက ဆိုးချင်တော့ ဆေးခန်းရောက်တော့     ဆရာမကြီး ရှိလားဆိုတော့ ဆေးရုံပိတ်ရက် မလို့တဲ့ အပြင်ခဏ သွားလိုက်တယ်…၊ စောင့်ပါအုန်းတဲ့ .. ဘယ်စောင့်နိုင်မလည်း… ဒါဆို ဟိုဘက်အိမ် မှာတော့ ဆရာမလေး ရှိတယ်ထင်တယ်.. သွားကြည့် လိုက်ပါလား လို့ တယောက် က ပြောလာတယ်… အဲဒါနဲ့ တခါ အဲဒီဘက် သွားရပြန်ရော…၊ အဲဒီ အချိန်မှာ ချစ်ချစ်ကြီး အခြေအနေ ပြောရရင် တော်တော်ကို ဆိုးနေပြါ့ပီ.. မောလွန်းလို့ ဟောဟဲလိုက် ပြီး စကားတောင် ကောင်းကောင်း မပြောနိုင်တဲ့ အခြေရောက်နေပြီ … ချွေးတွေ ကလည်း ရွဲလို့.. တကယ်ကို သူကမှ လူမမာ ရုပ်ပေါက်နေပါတယ်… ကျနော် အခြေအနေကတော့ နေပူလို့ သွေးထွက်များသွား ပေမဲ့ ဒီလောက်တော့ မနာတော့ဘူး.. ဆိုတော့ .. ဟန်မပျက် ပေါ့ဗျာ…။

အဲဒါနဲ့ အဲဒီဆရာမလေး စီရောက်လာပါရော.. ဆေးခန်း ထဲလည်း ရောက်ရော ကဲ ရှင်က ဒီပေါ်ထိုင်တဲ့ ဘာဖြစ်တာလည်း… ဆိုတော့ ချစ်ချစ်ကြီး က ကုတင်ပေါ် တက်ထိုင် လိုက်ပြီးတော့ ဟောဟဲလိုက် နေတဲ့ ကြားထဲ က လူ…..လူ…လူနာ က ကျ … ကျနော်… ကျနော်.. မဟုတ်ပါဘူး… သူ..သူ ဆရာမ တဲ့ .. ဆရာမ လည်း ပေကပ်ကပ် ထိုင်နေ တဲ့ ကျနော့်ကို တချက်လှမ်းကြည့် ပြီး သူက ဘာဖြစ်လို့လည်း … လူနာ နဲ့လည်း တစက်မှ မတူဘူးတဲ့… အဲဒီတော့ မှ ချစ်ချစ်ကြီး က ဟို…ဟို… ဟိုလို နေမကောင်းတာ မဟုတ် ပါဘူးတဲ့ … လေ.. လေ…လေယဉ်ပေါ် ကလိမ့်ကျလို့ပါ တဲ့.. ဆရာဝန်မလေး က နဂိုက မှ လူနာ ရုပ်ပေါက် မနေတဲ့ ကျနော်ကို တချက်လှမ်းကြည့် ပြီး .. ရှင်ဘာတွေ လာပြော နေတာလည်းတဲ့……။

အဲဒီတော့ မှ ကျနော်လည်း မနေသာတော့ ဘဲ ဆရာမ ကျနော်ရှင်းပြပါမယ်.. တကယ့် လေယဉ် အစစ် တော့ မဟုတ်ပါဘူး .. အဲဒီလေယဉ်ပေါ်က ကျနော် လိမ့်ကျလို့ပါ… ဆိုတော့ နေပါအုန်း ရှင်က လေယဉ် အစစ် မဟုတ်ဘဲ ဘယ်စက္ကူ လေယဉ် ပေါ်က များလိမ့်ကြ တာလည်း ဟုဟ်မှလည်း ပြောပါတဲ့….။

အဲဒါနဲ့ ကျနော်လည်း မဖြစ်ချေဘူး ဆိုပြီး  အမြန် လုံချီလေး လှန်ပြလိုက်တော့မှ… အင်း ရှင့် ဒဏ်ရာ တွေ့ လို့သာ ယုံလိုက်ရတယ်.. ဘယ်လို လေယဉ် အတုပေါ် က လိမ့်ကျတာလည်း… ဘယ်သွား… ဘာလုပ် လာမှန်း မသိတဲ့… ။

ကျနော်လည်း အဲဒီတော့မှ .. သြ ဆရာမ  ကျနော် တို့ နန်းတွင်း ထဲက ဘုတ်တလုပ်ကန် က လေယဉ်ပျံ အပျက်ပေါ် တက်ရင်းနဲ့ ခြေချော်ကြတာပါလို့ ရေလည်အောင် ရှင်းပြလိုက်မှ ဆရာမလည်း သဘော ပေါက် သွားတယ်..။

အင်း… ဘာရယ်မဟုတ်ပါဘူး ခြေသလုံးက အမာရွတ်မြင်လိုက်လို့ ရေးလိုက်တာပါ….၊ သူငယ်ချင်း တွေ ကတော့ ရွှေစင်ဦး လေယဉ်ပေါ် က လိမ့်ကျတယ် ဆိုတာ ရှက်လို့ လျှောက် ပြောတာ မဟုတ်လား .. တကယ် က နင်တို့ ရန်ဖြစ်ရင်း နဲ့ ချစ်ချစ်ကြီးက ဓါးမတို နဲ့ ခုတ်လိုက်တာ မဟုတ်လားတဲ့ ဗျ….။

(နောက်တခါ သဘောင်္ပေါ်က ဆင်းခဲ့ ရခြင်း က ရှိသေး ကြုံတော့ ပြောကြတာပေါ့….)

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

24 comments:

အိအိချောကလျာ said...

အင်းပေါ့လေ .... မရွှေဇင်ဦးတောင် အချစ်ခရီး၁၁ နှစ်ပြည့်ပြီကိုး .... ကျမတို့ကျတော့ အဝေးကြီးလိုပါ သေးတယ်လေ။ အခုမှ အချစ်ခရီးက ၃ နှစ်ပဲရှိသေး တယ်၊ နုသေးတာပေါ့ အဟဲ ...။ အသက်ရှင်နေသရွေ့ ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀ကိုထူထောင်နိုင်ကြပါစေနော် ။။။

မောင် လေး said...

အစ်မရေ....အစ်မရဲ့ ချစ်ချစ် ကြီးခမျာ သနားစရာပါလားဗျာ
ရီလည်းရီရပါရဲ့။လေယဉ်ပေါ်ကပြုတ်ကျပေမယ့် ခြေသလုံး
လေးရှရုံရှတဲ့သူ ဒီကမ္ဘာမှာ အစ်မတစ်ယောက်ပဲရှိမယ်ထင်ပ။

Anonymous said...

Ohhhhh!!!!

Amazing couple.

Ha ha ha.

Please continue about the rest experiences.


Ray

သူကြီးမင်း (တုံးဖလား) said...

အဟဲ.. မမရွှေစင်တို့ကတော့ ဖြစ်တတ်ပါ့။ အခုထက်ထိ အမာရွတ်ရှိသေးတယ်ဆိုတော့ တော်တော်တော့ အီသွားခဲ့မယ်ထင်တယ်နော် အမ။

ကျန်းမာပျော်ရွှင်ပြီး စာများများရေးနိုင်ပါစေ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကံကြီးပေလို့ လေယာဉ်ပေါ်က ပြုတ်ကြတာ ခြေသလုံးလေးပဲ ကွဲသွားလို့...

နန်းတွင်းကနေ မန်းလေး တက္ကသိုလ် ဘက်ထိ စက်ဘီးကို တအားနင်းသွားတာ...နည်းတဲ့ ခရီးမဟုတ်ဘူးဗျ....

မောတော့မောတာပေါ့... ဒါပေမယ့် မမောဘူး...

ဒီပုံစံလေးတွေကို တခန်းရပ်ပြဇတ်လေး ကပြရင်တော့... ဟိုဘက်အိမ်က ဆရာမလေးနဲ့ တွေ့တဲ့အခန်း.. အသကုန် ရီရမယ်...

ဟုတ်ပ... ချစ်လိုက်တာ လွန်ပါရော..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

စိန်ဗေဒါ (ရဲရဲတောက်) said...

အဟမ်း အဟမ်း အမာရွတ်နဲ့ မရွေစင် ..

အားအားယားယားတော့ ဟုတ်ဘူး.. မအားတဲ့ကြားက လာဖတ်တာ..နော်.. အားပေးချင်လွန်းလို့.. ။

အင်း ခေတ်မှီတာလည်း မှီတာပေါ့.. နောင်ဆို သတိထားပေါ့.. မတော်တရော်တွေ ဖြစ်မှာစိုးလို့..မဗေဒါက စိတ်ပူတက်တယ်..

အမ နက်မကောင်းတဲ့ကြားက စာလာဖတ်တာ သိုင်စ် ပါ.. လျှာတော့ ယားသွားတယ်..ပြောချင်လွန်းလို့ပါ ။

တခုပြောချင်ပါတယ်.. စာကို ကောင်းကောင်းရေးပါ.. ဟိုလိုလို ဒီလိုလိုတွေ မရေးရ.. ဆင်ဆာရှိတယ် .. သိပါရဲ့လား..။

ချစ်သက်တမ်းမှာ ပျော်ရွင်ချမ်းမြှေ့ပါစေ အမ..

မဗေဒါ

ကိုဇော် said...

လေယာဉ်ပေါ်တတ်ပြီး ဘာတွားလုပ်တာရဲ. . ဟင်. .။
တစ်ထုထုတော့ တစ်ထုထုပဲနော်. .

( ထမင်းစားချိန်လေး ပြေးလာတာဗျာ။ အလုပ်တွေ များ ကွန်တိန်နာ ၇ လုံးနဲ့ ပိနေတယ် အမရာ။ လူက အပြင်တွေချည်းပဲ ထွက်နေရတယ်။ )

စိတ်၏ဖြေရာ said...

ဒဏ်ရာရသွားတဲ့အမရွှေစင်ထက်အမရဲံ့ချစ်ချစ်ကြီး
ကိုပိုပြီးသနားမိပါတယ်။အဟက်..အဟက်။

ရွှေရတုမှတ်တမ်း said...

လေထီးမပွင့်လို့ပါ ဆိုပြီး ထီးတချောင်းထုတ်ပြပြီး ဆရာမကို ကြပ်လိုက်ရရင်..
ဪ...ချစ်ချစ်ကြီးလဲ ငါ့နှမ ရွှေစင် ရဲ့နှိပ်စက်တာ အတော်ခံရတာပဲ..ဂုဏ်ပြုပါတယ်ဗျာ...

Anonymous said...

မန္တလေးနန်းတွင်းကို ခဏခဏရောက်တယ်။ ဘုတ်တလုတ်ကန်က တကယ်ကောနေတာ.. နော်..

အမ.. ချစ်ချစ်က ငါ့အမကို ရေလည်ချစ်တယ်နော်..။

နောက်ဆက်တွဲရေးပါ။ ကြုံမှမရေးပါနဲ့အေ့။

မြတ်နိုး

သော်ဇင်စိုး said...

မရွှေစင်က ချစ်ချစ်ကြီးကို ဂလိုလည်း ဒုက္ခပေးသကိုး ...

ဆောင်း said...

ဘုတ်တလုပ်ကန်မှာ ခေါင်းလျော်ပေးတဲ့ အကြောင်းရေးတယ် ထင်လို့  ဖတ်နေတာ

sosegado said...

သတိရလိုက်တာ၊ အဲဒီလေယဉ်ပေါ်မှာ ကျနော်လဲ ကစားဘူးတယ်၊ ဒါနဲ့ ဆရာမက မာလှချီလား၊ဆေးလာကုတာကို၊..

SHWE ZIN U said...

ကိုဆိုဆီ ရေ

ဆရာမ က မာသလား မမေးနဲ့ ကြည့်ရတာ အတွဲတွေကို ကြည့်မရဘူးထင်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကျော်နှင်းဆီလွင် said...


ဆယ့်တစ်နှစ်တိုင်ပြီ ...ဂုဏ်ယူစရာ
ခစ်...ချိန်းတွေ့တုန်းဖြစ်ရတယ်လို့..
မန္တလေးတော့ ညီမလည်းသိပ်ကြိုက်တာ...
သူနဲ့အတူခြေရာတွေလည်းရှိတယ်..
:)
ဒီတခါလာရင် လာရှုပ်မှာနော်..
မရဲ့အညာဟင်းလေးတွေ..

သဒ္ဓါလှိုင်း said...

မမရွှေစင်ကိုပြေးပြီးမြင်ယောင်ကြည့်လိုက်မိတယ်..။
မမရဲ့ချစ်ချစ်ကိုလည်းမြင်ယောင်ကြည့်မိတယ်..။
အော်....အမှတ်တရလေးတွေပေါ့....

ခင်တဲ့
ညီမသဒ္ဓါ

Vista said...

ချစ်ချစ်ကြီး ချစ်သူ မရွှေစင်= ခြစ်ခြစ်ကြီး .. ဟိ

လသာည said...

ဲဒါကတော့ ချစ်ချစ်ကြီးနဲ့ မမရွှေစင်ရဲ့ ချစ်အမှတ်တရများပေါ့နော်..။ (ညီမတော့ လေယာဉ်နားရောက်ပေမယ့် လေယာဉ်မစီးခဲ့ဘူး။ လေယာဉ်ဘေးကနေ ချောင်းကြည့်ပြီး ပြန်ခဲ့တာ..။ ချောင်းတာကြည့်မိရင် မမရွှေစင်တို့ရဲ့ ချစ်ပုံပြင်အမှတ်တရ ခြေရာလေးတွေ ရှိချင်ရှိအုန်းမှာနော်း))

မမရွှေစင်မှာ ချစ်အမှတ်တရတွေ အများကြီး..ပဲ။
ဟိ.. ပျော်ချရာကြီး..ပေါ့း))

နောက်ထပ်လည်း ရေးပါဦး....

Anonymous said...

မကြီးရွှေစင်တို့ပွေလီချက်တော့ လေယဉ်ပေါ်ကတောင် လိမ့်ကျတယ်ဆိုတော့..... ဘလော့ဂါသားသမီးလေးတွေ ဂျူဂျူတို့ ဆော့တာလောက်တော့ ပျင်းတယ်တဲ့ တီတီဆွိရေ


ခင်တဲ့
seesein

မြစ်ကျိုးအင်း said...

ပြောချင်တာ အဲဒါပဲ ။ တကယ့်တကယ် ဖြစ်ပြီဆို ယောကျာ်းလေးတွေက ပူပန်ပင်ပန်ရတာပါပဲး)
လေယာဉ်ပေါ်ကနေ ပဲ ပေးပြီး ဆင်းလာလို့နဲ့ တူတယ် ချော်လဲတာကလေ ဟဲဟဲ

ကိုအောင် said...

၁၁ နှစ်မှသည် နှစ်တစ်ရာကျော် တိုင်ပါစေ မရွှေစင်ဦးနဲ့အကိုတို့ရေ ...
မန်းတလေးရောက်ရင် ပိုက်ပိုက်လာချေးမယ်နော်၊
မာလာဟင်းကို “ရွှေခိုင်”တို့ “ကောင်းကောင်း”
တို့မှာ နေ့တိုင်း လိုက်ကျွေးပါ၊ “Friend“တို့
“ယူနီစံ”တို့မှာ လဖက်ရည် လိုက်တိုက်ပါ၊
“ကိန်ကြည်”မှာ ခေါက်ဆွဲကျော် လိုက်ကျွေးပါ၊
...း)

အမဘလော့ကို ကျနော့်ထက် ကျနော့်အမျိုးသမီးက
ပိုပြီး စာဖတ်တယ် ... သူလည်း မန်းတလေးက။

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျရပါ၏..
လာလာပြီးအားကျရတာလဲ ခနခနပါဘဲ..
ညီမလဲ အိမ်ကလေးပျောက်သွားလို့ ယောင်ချာချာဖြစ်နေတာ ကြာပေါ့
ခုတော့ သူငယ်ချင်းမိတ်ဆွေတွေကောင်းမှုနဲ့
အိမ်အသစ်ကလေး ပြီးစီးပါကြောင်းး...

အင်ကြင်းသန့် said...

မမရွှေစင်ရေ....ညီမလေး ဒီနေ့ဖျားနေလို့ ဘယ်မှ မလည်ဖြစ်ဘူး။ အခုနည်းနည်းသက်သာတာနဲ့ စာဖတ်မယ်ဆိုပြီး မမအိမ်ကို အရင်ဆုံးလာလိုက်တာ။ ရီလိုက်ရတာဆိုတာ ချွေးတွေထွက်ပြီး လူတောင် အဖျားပျောက်သွားသလိုပဲ အဟီးးးးးးးးးး။
ညီမလေးလည်း ငယ်ငယ်တုန်းက မန်းလေးကို အလည်လာတုန်းက အဲဒီလေယာဉ်ပျံပေါ်တက်ဘူးတယ်။ ဓါတ်ပုံတောင် ရိုက်ခဲ့သေးတယ် :)))

ချစ်ညီမလေး

ချိုကျ said...

ဟောဟဲ ဟောဟဲ မောလိုက်တာအစ်မရယ် ချစ်ချစ်ကြီး ဘက်က ဝင်ပြီးမောပေးသွားပါတယ် ဟီး
ခင်တဲ့(ချိုကျ)