Thursday, October 27, 2011

ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် (angiogram ပုံများ ပါဝင်ပါသည်)

ချစ်မိတ်ဆွေ စာဖတ်သူ များနဲ့ ချစ်မိတ်ဆွေ ဘလော့ဂါ များသို့


(ဖေဖေ မှာ သွေးတိုး ဆီချို ကျောက်ကပ် မည်သည့် ရောဂါ မရှိပါ)
မကောင်းတဲ့ ကိုလက်စ်ထရော LDL ဟာ သာမန်ထက်တောင် နဲနေပါသေးတယ်
အခုလည်း မောလည်း မမော ရင်ဘတ်လည်း မနာပါ ဆေးရုံတက်ရက် များအတွင်း မှာ အတင်း ထ ထ နေလို့ မနဲတားနေရပါတယ်

မရှင်း လင်းတဲ့ ပုံများ ရှိရင် ပြန်တင်ပေးပါမယ်

အကြံပေးကြတဲ့ မိတ်ဆွေ အားလုံးအား အထူးကျေးဇူးတင်ပါတယ်... ရွှေစင်ဦး အတွက် အများကြီး အကျိုးရှိပါတယ် စဉ်းစားစရာတွေ အများကြီး ရပါတယ် ဆက်လက်ပြီး တတ်နိုင်သလောက် ပြောပြကြပါအုန်း အခုညနေ မှာတော့ ဖေဖေ ကို stent ထဲ့ဘို့ အဆင်မပြေ တဲ့ နေရာမှာ ပိတ်နေတဲ့ အတွက် မထဲ့ဖြစ်သေးဘူးလို့ ပြောထားပါတယ် နောက်နေ့ မှ ဆရာဝန်ကြီး ကအသေးစိတ် ရှင်းပြမယ် လို့ ပြောထားပါတယ်

ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ ဟာ   နှလုံးသွေးကြောပိတ်သွား တဲ့ အတွက် ဒီနေ့ မနက် မန္တလေး ဆေးရုံကြီးမှာ angiogram ရိုက်ပြီး ဆေးကုသမှု့ ခံယူပါတယ်.. ဒါပေမဲ့ သွေးကြောအားလုံး ပိတ်နေပြီး သွေးကြောတခု ထဲသာ အနည်းငယ် ပွင့်နေ ပါတယ် ဒါကြောင့် stent ဆိုတဲ့ ဇကာပြွန် ကရိယာ လေး လည်း ထဲ့ လို့ မရ တော့ပါ.. ဆေးရုံက သမားတော်ကြီး က ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ မှာ သွားကုဖို့ လွှဲစာရေးပေးပါတယ်... by pass လုပ်ရပါတော့ မယ်... သွေးကြော လေးနေရာ ကို ဖြတ်ဆက်ရပါမယ်..

ဖေဖေ ဟာ အသက် ၇၁ နှစ်ရှိပါပြီ....  အခု stent လေးထဲ့ဖို့တောင် တော်တော် ရှင်းပြရပါတယ် .... by pass လုပ်ဖို့ မပြောရသေးပါဘူး... ရွှေစင်ဦး တို့ မောင်နှမ အားလုံးဟာ ချစ်ဖေဖေ ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ကြာကြာ နေနိုင်အောင် ... အသက်ရှင် အောင် ကုသ ပေးချင်ပါတယ်.... အဲဒီအတွက် ဖေဖေ ကုသ ချင်တဲ့ နေရာမှာ ကုသနိုင်ဖို့ အတွက် မင်္ဂလာဒုံ စစ်ဆေးရုံ .. ပန်းလှိုင် ဆေးရုံကြီး... စင်ကာပူ ဆေးရုံ ... ထိုင်း ဆေးရုံ  တနေရာရာ မှာ ကုသ ပေးချင်ပါတယ်... မနက်ဖြန် သဘက်ခါ လောက်ဆိုရင် ဖေဖေ ကို ဖွင့်ပြောပြီး ဖေဖေ ကုမယ် ဆိုရင် ကြိုက်တဲ့ နေရာမှာ ကုသမှု့ ခံယူဖို့ အချက်အလက် တွေ စု နေပါတယ်... 

ရွှေစင်ဦး လည်း ကုန်ကျစရိတ်တွေ နဲ့ လုပ်နည်းလုပ်ဟန် တွေ အားလုံး ကို သိချင်ပါတယ်.... စာဖတ်သူ မိတ်ဆွေများ သိသမျှ အချက်အလက် များကို ရွှေစင်ဦး ကိုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်.... ချစ်မိတ်ဆွေ ဘလော့ဂါ မကိ ကလည်း ဖေ့စ်ဘွတ်မှာ data collect လုပ်နေပါတယ်

အခုလောလောဆယ်ဆယ် အလုပ်ရှုတ်နေတဲ့ အတွက် စာဖတ်သူများသည်းခံပေးကြဖို့ နဲ့ ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် မေတ္တာပို့ပေးကြဖို့ ဒီပိုစ့် လေး ကိုရေးပါတယ်.....

angiogram ရိုက်တဲ့ ဓါတ်မှန်များကိုလည်း ညကြရင် တင်ထားပေးပါမယ်... အားလုံး ဆီက သိသမျှ အကြံဥာဏ် များလိုချင် ပါတယ် ... ကူညီကြပါ...

လေးစားစွာဖြင့်
ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, October 25, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း(၈)

ယမကာညနေခင်း (၈)

ပင်။    ။အလို ဘယ်လိုဖြစ်နေတာပါလိမ့်၊ ကျုပ်ဖြင့် လူကိုတောင် မမှတ်မိပါသလဲ။ မနည်းကြည့်ယူရ တယ်။ ဘာစိတ်ကူးရလို့များ ခေါင်းတုံးရိတ်လိုက်တာလဲ။

အယ်။    ။အမယ် ဒီလူ သင်္ကြန်တွင်းတုန်းက ဒုလ္လဘရဟန်းခံလိုက်သေးသလား။ ကျုပ်တို့တောင် မသိ ရပါလား။ သာဓုဗျာ၊ သာဓု...

သော်။    ။ဟိုး ဆရာ ဟိုး၊ ခင်ဗျား သာဓုကို ချန်ထားဦး၊ ဘယ်ကလာ ဒုလ္လဘရဟန်းခံရမှာလည်း စိတ် ညစ် လို့ ဆန္ဒပြတဲ့အနေနဲ့ ခေါင်းတုံးရိတ်ထားတာဗျ။

ပင်။    ။အမယ် ခင်ဗျားက ဘာများစိတ်ညစ်ရပြန်တာတုန်း။ ဘယ်တုန်းကမှ စိတ်မညစ်တတ်တဲ့လူ စိတ်ညစ် တယ်ဆိုတော့ ဆန်းသားကလား။ ဆိုစမ်းပါဦး။

သော်။    ။အရက်ကို လွယ်လင့်တကူ ဝယ်သောက်ချင်တောမရလို့၊ ကျက်သရေရှိရှိ သောက်ချင်တာ မသောက် ရလို့ စိတ်ညစ်တဲ့အထိမ်းအမှတ်ပါ။

အယ်။    ။ဒါနဲ့များ စိတ်ညစ်ခံပြီး ခေါင်းတုံးရိတ်မနေပါနဲ့ဗျာ။ ခင်ဗျားလိုသာ စိတ်ညစ်လို့ ခေါင်းတိုးရိတ် ဆန္ဒ ပြရရင် တိုင်းပြည်မှာ ခေါင်းတုံးတွေ မှိုလိုပေါက်ကုန်မှာပေါ့။

ပင်။    ။နေပါဦး၊ ခင်ဗျားဟာက စိတ်ညစ်တယ်လည်းပြောရဲ့ မျက်နှာကလည်း ပြုံးဖြဲဖြဲကြီးပါလား။ ဘာတွေများ ကြိတ်ပြီး ဝမ်းသာနေရပြန်တာတုန်း။

သော်။    ။ဝမ်းသာတာ သက်သက်တော့မဟုတ်ပါဘူး။ ဝမ်းနည်းဝမ်းသာစရာကြီးလို့ ဆိုကြပါစို့။

အယ်။    ။ငို၍ရယ်၍မရသော မျက်နှာပေါ့ဗျာ၊ ဆိုစမ်းပါဦး၊ ဘာဖြစ်လို့လဲ။

သော်။    ။အိမ်မှာ တယ်လီဖုန်းရလို့။

ပင်။    ။ဟာ တကယ်၊ တယ်ဟုတ်ပါလား။ ဘယ်လောက်များပေးလိုက်ရသလဲ။

သော်။    ။တစ်ပြားတစ်ချပ်မှာ မပေးရပါဘူးဗျာ။ နိုင်ငံတော်ကို ပေးသွင်းရတဲ့ ငွေ ၁၂၀၀ိ ပဲ ကုန်ကျပါ တယ်။ ခင်ဗျား တို့ တယ်ခက်တဲ့ လူတွေပါလား။ ငွေပေးရင် တယ်လီဖုန်းရတယ်ဆိုတဲ့ ကော လာဟလတွေ ဘယ်ကများ ကြားကြသလဲ။ မဟုတ်လည်း မဟုတ်ဘဲနဲ့၊ သားပုပ်လေလွှင့် လျှောက်မပြောကြပါနဲ့ဗျာ။

အယ်။    ။ကဲ ထားပါတော့။ မပေးရလည်း ဝမ်းသာပါတယ်။ အဲဒီလို မပေးရဘဲနဲ့ တယ်လီဖုန်းရတာ များ ခင်ဗျားက ဘာကြောင့် လွတ်လွတ်ကင်းကင်း ဝမ်းမသာနိုင်တာတုန်း မျက်နှာကြီးက လည်း ရှုံ့လို့။

သော်။    ။အခြေအနေအရပေါ့ဗျာ။ လောကမှာ ဝမ်းသာမှုဆိုတာ အများနဲ့မျှတခံစားရမှ တကယ်ဝမ်း သာစရာကောင်းတာ၊ ဆင်းရဲမှုကို တစ်ယောက်တည်း ကြိတ်မှိတ်ခံလို့ရတယ်။ ပမာပြောရ ရင်ဗျာ။ ခင်ဗျားအိမ်က နေ့စဉ် ဒံပေါက်ထင်းချက်စားနိုင်တယ် ဆိုပါစို့။ နံဘေးအိမ်တွေက လည်း အနည်းဆုံးတော့ ထောပတ်ထမင်းလေး အုန်းထမင်းလေးတော့ ချက်စားနိုင်မှ ခင် ဗျား ဒံပေါက်ကို မျိုကျမှာပေါ့။ ခင်ဗျား ကတော့ ဒံပေါက်ထမင်းချက်၊ အိမ်နီးပတ်ဝန်းကျင်က ထမင်းရည်လျက်နေရရင် ခင်ဗျားဒံပေါက်ဟာ အရသာ ရှိပါ့မလား။ လူစိတ်ရှိရင်တော့ ခင် ဗျား ဘယ်နည်းနဲ့မှ မျိုမကျနိုင်ပါဘူး။ အဲ... လူစိတ် ရှိပြန်ရင်လည်း ခင်ဗျား ခံရပြီသာမှတ်ပေ တော့။

ပင်။    ။အင်း အကျယ် ကို လင်းစမ်းပါဦး ဆရာကြီးရယ်။

သော်။    ။ဒီမှာ ခင်ဗျားတို့ ကျွန်တော်တို့ နေကြရတာက လူလတ်တန်းစားဝန်းကျင်မှာလို့ ဆိုကြပါစို့ အိမ်တိုင်း မှာ တယ်လီဖုန်းမရှိနိုင်ဘူး။ ဟိုဘက်ခန်း ဒီဘက်ခန်း အပေါ်ထပ် အောက်ထပ်က ခင်ဗျားအိမ်မှာ တယ်လီဖုန်း ရှိမှန်းသိတာနဲ့ ကိစ္စရှိလို့ပါလို့ လာလိမ့်မယ်။ နေ့ညအချိန်မရွေး လာလိမ့မယ်။ လူမှုရေးအရ ခင်ဗျား ငြင်းဆန်ရင် ကောင်းမလား၊ ကြီးကျယ်တယ်အပြောခံရ မယ်။

ပင်။    ။ဒါတော့ ဘယ်ကောင်းမလဲဗျာ။ မကောင်းတဲ့အတူ တစ်ခါဆက် တစ်ကျပ် နှစ်ကျပ်ယူပေါ့ဗျာ အဝေး မဆက်ရလို့လည်း ပြောထားဦး။

သော်။    ။ခင်ဗျားဟာလေ ပင်စင်ယူကတည်းက ထစ်ခနဲဆို ရသမျှအခွင့်အရေးလေးနဲ့ စီးပွားရှာဖို့ ချည်း စိတ်ကူးနေတော့တာပဲ။ မော်တော်ကား အသစ်လျှောက်ရောင်းစား။ အဟောင်းဝယ် တက္ကစီဆွဲ ဓာတ်ဆီ ထုတ်ရောင်းစား၊ ဒီအကြံမျိုးလောက်ပဲ ခင်ဗျားတို့ ပင်စင်နာတွေမှာ ရှိ တော့သလား။ ရရင် ဘနဖူး သိုက်တူးဖို့ ချည်း ကြံစည်နေကြတော့တာပဲ။ ကျုပ် အဲဒီအလုပ် မျိုး ဘယ်တော့မှ မလုပ်ဘူး။ တယ်လီဖုန်းဆက်ခယူပြီး စီးပွားရှာစားရတယ်လို့ဗျာ။

အယ်။    ။ခင်ဗျား အဲဒီလိုတော့ အရမ်းမပြောနဲ့ဗျာ။ ဒီလူတွေရှိနေလို့ မြို့ထဲမှာ အရေးအကြောင်းရှိ တယ်လီဖုန်း သုံးရတာ လွယ်နေသေးတာ၊ သူတို့သာမရှိရင် ဒုက္ခပဲဗျ။ ဘယ်သွားဆက်ရမှာ တုန်း။

သော်။    ။ခင်ဗျားပြောတာလည်း ဟုတ်သလောက် ဟုတ်ပါတယ်။ နောက်တော့ ကျုပ် သီးသန့်ဆွေး နွေးပါ့မယ်။ ခုပြောတာက လူမှုရေးအရ မငြင်းပယ်နိုင်တာကို ပထမပြောတာပါ။ နောက်တစ် ခါ သူတို့က တစ်ဆင့် ခင်ဗျားနံပါတ်ကို ပေးထားကြပြန်ရော၊ လာပါလိမ့်မယ်။ ဟိုဘက်ခန်းက ဟဘယ်သူ့ကိုခေါ်ပေးပါ။ အပေါ်ထပ် က ဘယ်ဝှာကို ပြောပေးပါဆိုတဲ့ အားမနာ ရှာမကျိုး နိုင်တာမျိုးတွေ၊ ကိုယ့်တယ်လီဖုန်းနဲ့ကိုယ် အနှိပ်စက်ခံ အညှင်းပန်းခံဖြစ်ရတာမျိုးတွေ။

အယ်။    ။ဟုတ်ပါ့ဗျာ။ ကျုပ်လည်း ဒီအဖြစ်မျိုး ခံနေရတာပါပဲ။

သော်။    ။နောက်ပြီး ကိုယ့်အိမ်သားထဲကပဲ ထားပါတော့။ လူတွေက တယ်လီဖုန်းယဉ်ကျေးမှု (Telephoen Etiquette)မရှိဘူးဗျ။ တယ်လီဖုန်းဆိုတာ အရေးကြီးမှအရေးကြီးသလို အသုံး ချရတာ လိုရင်း တိုရှင်းသာပဲပြော၊ ပြောပြီးပြန်ချလိုက် ခုတော့ ဟုတ်ပေါင်ဘူးဗျာ။ တစ်ခါ ပြောရင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်လောက် လေကြောရှည်ပြီး ဆွဲပြောနေတယ်။ ဘာမှအရေးမကြီးတာတွေနဲ့ စကားကြောရှည်နေတတ်ကြတယ်။ သိပ်နားကြားပြင်းကတ်ဖို့ ကောင်းတာပဲ။ အဲဒီအချိန်မှာ ကိုယ့်အိမ်ကို အခြားလူက အရေးတကြီး ဆက်ချင်နေရင် တော့ သေပေတော့။ စောင့်ပေဦးတော့၊ အင်ဂေ့ခ်ျ- အင်ဂေ့ခ်ျ- အင်ဂေ့ခ်ျ ကြီးပဲဗျာ။

ပင်။    ။ဟုတ်တယ်။ မိန်းမတွေကို လေရှည်ကြတယ်။ ကျုပ်အိမ်က မိန်းမလည်း ဖြစ်ကြောင်းရယ်တဲ့ ကုန်စဉ်ကို နတ်သံနှောလို့ ဖုန်းပေါ်ကပြောတာ။ ကျုပ်တောင် တစ်ရေးအိပ်လို့ရတယ်။

သော်။    ။ဒါကြောင့် တယ်လီဖုန်းဆိုသည်မှာ သိပ်သောက်မြင်ကတ်လောက်သည့် အဆင်ပြေမှုနှင့် သိပ် အဆင်ပြသော သောက်မြင်ကတ်စရာပစ္စည်းတစ်ခုသာ (A Telephone is most convenient nuisance and most nuisance convenience) လို့ ဆိုတာပေါ့။

အယ်။    ။အဲဒီတာ့ အဲဒီလို ကိုယ့်အိမ်ပေါ် ကိုယ်ပင့်ခေါ်လာတဲ့ပြဿနာကို ဘယ်လိုများဖြေရှင်းကြရင် ကောင်း မလဲ။

သော်။    ။အလွယ်ဆုံးနဲ့ အခက်ဆုံးကတော့ အများပြည်သူသုံး တယ်လီဖုန်းသေတ္တာ( Public Telephone Booth) ပဲ၊ အဲဒါတွေကို စနစ်တကျနဲ့ နှံ့နှံ့စပ်စပ်ထားနိုင်ရန် ဆက်သွယ်ရေး ပြဿာပြေလည်ပြီဆိုရမှာပေါ့။ ဒါပေမဲ့ အဲဒါဟာ အခက်ခဲဆုံးပြဿနာပဲ။

ပင်။    ။ဘာဖြစ်လို့လဲဗျာ။

သော်။    ။အများပြည်သူတွေဟာ ပြည်သူများအတွက် ထားပေးတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ရိုသေရ ကောင်းမှန်း မသိသေးဘူး။ ပြည်သူ့ကျင့်ဝတ်၊ ပြည်သူ့နီတိကို လိုက်နာရကောင်းမှန်း မသိ သေးဘူး။ တစ်နည်း အားဖြင့်ဆိုလျှင် တိုင်းကြီးပြည်ကြီးကား အဆင့်အတန်းမရှိသေးဘူး။ ယဉ်ကျေးတဲ့လူမျိုး မပီသ သေးဘူး။ ဒါကြောင့် အများပြည်သူအကျိုးအတွက် နိုင်ငံတော် အစိုးရက လုပ်ဆောင်ပေးသမျှဟာ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်ရတယ်။

အယ်။    ။ခင်ဗျားဟာက တွယ်လှချည်လား။ ဖိလှနှိပ်လှချည်လား။

သော်။    ။ဖိမှ နှိပ်မှ ချိုးမှ ဖဲ့မှနာတတ်မယ်။ ဒီလူတွေအတွက်ကတော့ ဒီစကားမျိုးနဲ့ပဲ တန်တယ်။ အိမ်သာတောင်မှ မစင်မကပ်အောင် မယိုတတ်တဲ့လူမျိုး၊ ဖင်ထိုင်အိမ်သာတောင်မှ ဖင်ချ မထိုင်တတ်ဘဲ ဆောင့်ကြောင့် ထိုင်ရမှ သွားတတ်တဲ့လူမျိုး။ တွေ့ကရာကို တုတ်ခနောင်ချိုး ပြီး အီးအီးကုန်း တတ်တဲ့ လူမျိုးကို ဘာအထင်ကြီးစရာရှိသလဲ။

ပင်။    ။နေပါဦး၊ ခင်ဗျားဟာက တယ်လီဖုန်းကနေ ဘယ့်နှယ့်လုပ် အိမ်သာကိစ္စရောက်သွားတာလဲ၊ အိမ်သာ ကို မောင်သစ် စပယ်ရှယ်လစ်လုပ်ပြီး ရေးနေပါတယ်။ အိမ်သာဒေဝလုပ်နေတာ မောင်သစ်ပေါ့။ သူရေးဖို့ ထားပါဦး။

သော်။    ။အဲဒီအိမ်သာကအစ ပြောမှ အရင်းအမြစ်ကနေ လှန်ပြောတာဗျ။ အိမ်သာကအစ ပန်းခြံတို့၊ အများပြည်သူ သုံးတယ်လီဖုန်းရုံတို့၊ အိုဗျာ အလှအပမှန်သမျှ၊ သောဘဏအလှမှန်သမျှ၊ ပြည်သူ့အကျိုးပြု ပစ္စည်း မှန်သမျှ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့လူတွေပါ။

ပင်။    ။ဘာတွေများ ဖျက်ဆီးနေကြတာကို ခင်ဗျားက နာကျည်းနေရတာလဲ။

သော်။    ။ခုနကပြောတဲ့ အများသုံးတယ်လီဖုန်းတွေပေါ့ဗျာ။ တစ်ချိန်သောအခါက ခင်ဗျားမှတ်မိပါ လိမ့်မယ်။ လမ်းထောင့်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ၊ ဈေးတွေမှာ၊ ပန်းခြံထဲမှာ၊ ဆေးရုံတွေမှာ အများသုံး တယ်လီဖုန်း အနီလေးတွေလေ။ ပိုက်ဆံတစ်မတ် အကြွေထည့်ရင် ပြောလို့ရတာ လေးတွေ နိုင်ငံတော် အစိုးရက ထားပေးဖူးတယ်။ မှတ်မိသေးသလား။

အယ်။    ။ဟုတ်ပြီ၊ မှတ်မိတယ်။ အခုတော့ မတွေ့သလောက် ပျောက်နေပါပြီ။

သော်။    ။ဘယ်မှာတွေ့တော့မလဲဗျာ။ လူတွေက တစ်ခြားလူတွေကို အခွင့်အရေးမပေးဘဲ ရုံထဲက မထွက်တမ်း စကားပြောတယ်။ ပိုက်ဆံအကြွေတစ်မတ်ထည့်ရမယ့်အစား မဟုတ်တာတွေ ထည့်တယ်။ တုတ်နဲ့ ထိုးတယ်။ ပိုက်ဆံအကြွေ နှိုက်ယူတယ်။ လုံလုံခြုံခြုံဆိုရင် အတွင်းမှာ အီးအီးပါတယ်။ ရှူရှူပေါက်တယ်။ စကားပြောကိရိယာကိုဖြတ်ပြီး ခိုးယူသွားတယ်။ ဒီလို အကျင့်တန်တဲ့ လူတစ်ချို့ကို နိုင်ငံတော် က ဘယ်လောက်ကြာရှည် သည်းခံနိုင်ပါ့မလဲ။ အဆုံးမှာတော့ဗျာ။ အများပြည်သူဟာ ပြည်သူ့ နီတိကို မသိနားမည်တာမှာ ဘာစီမံကိန်းမှ မအောင်မြင်တာရဲ့အခြေခံပဲ။
ပင်။    ။နေပါဦး။ ခင်ဗျား အခုမှ တယ်လီဖုန်းရသလား။ အရင်က တယ်လီဖုန်းမရှိခဲ့ဘူးလား။ အောက် လှချည်လား။

သော်။    ။ရှိခဲ့ပါဗျာ။ မလိုချင်တာနဲ့ လွင့်ပစ်ခဲ့တာ။ ခုနက ပြောသလို တယ်လီဖုန်းကို အသုံးပြုမှားခြင်း အလွှဲသုံးစားပြုခြင်းကြောင့် ဖြတ်ပစ်လိုက်တာဆိုပါတော့။ အိမ်ကသမီးတွေ အပျိုဖြစ်လာပြီး ကတည်းက ဖြုတ် ပစ်ခဲ့တာ။ ဘယ့်နှယ်ဗျာ တယ်လီဖုန်းကို ကိုယ်အသုံးပြုရတယ်မရှိဘူ။ ရည်းစားစကားပြောတာနဲ့၊ ကျောင်းက သူငယ်ချင်းကို စာမေးတာနဲ့၊ စာကူးတာနဲ့၊ ရုပ်ရှင် ဇာတ်လမ်းကို အစအဆုံးပြောတာနဲ့ ဒါနဲ့ သောက်မြင် ကတ်ပြီး ဖြုတ်ပစ်လိုက်တာ။

အယ်။    ။အခုတော့ကောဗျာ။

သော်။    ။ခုတော့ လင်ရလို့ ကျုပ်မှာမြေးတောင်ရနေပြီ။ လင်ကတော့ တယ်လီဖုန်းမရှိလည်း ရမှာပါပဲ။ အဲ... သူတို့ လင်ရသွားလို့ အိမ်ထောင်ကျသွားတော့မှ တယ်လီဖုန်း ပြန်လိုချင်တော့ မလွယ်ဘူးဗျ။ ကိုယ် ကလည်း အသက်ကြီးလာပြီလေ၊ အရင်ကလို ပေါ့ပေါ့ပါးပါး သွားနိုင် တော့တာမှ မဟုတ်ဘဲ။ အဲဒီတော့ တယ်လီဖုန်းနဲ့ ပြီးတန်တဲ့ကိစ္စ လူကိုယ်တိုင်မသွားရ အောင် တပ်ဆင်ရတာပေါ့။

ပင်။    ။ဝမ်းသာပါတယ်ဗျာ၊ ဒါထက် နံပါတ်က ဘယ်လောက်လဲ။

သော်။    ။ဘာလို့ပြောရမှာလဲဗျ။

ပင်။    ။အလို ဘာဖြစ်လို့များလဲ ခင်ဗျာ။

သော်။    ။ကျုပ် တယ်လီဖုန်းက ကျုပ်ပြောချင်ရင်သာ ပြောလို့ရအောင်ထားတာ။ ခင်ဗျားတို့ အားအား ရှိ လှမ်းဆက်တိုင်း အလုပ်ပျက်ခံ၊ အိပ်ရေးပျက်ခံ ပြောဖို့ တပ်ထားတာမဟုတ်ဘူး။
အယ်။    ။အလိုလေးဗျာ။ ဒါဖြင့် တယ်လီဖုန်းလမ်းညွှန် (Directory)ထဲမှာ ဘယ်လိုဖော်ပြမလဲ။

သော်။    ။ဒါရိုက်ထရီမှာလည်း ပါမှာမဟုတ်ဘူး။ ဒါက စာရင်းမတင်တဲ့ တယ်လီဖုန်းပဲ။ အရေးကြီး ပုဂ္ဂိုလ်မှန်သမျှ ဒီလိုချည်းပဲဟာ၊ ကျုပ်လည်း ကျုပ်ဟာ ကျုပ်တော့ ဗွီအိုင်ပီနေတာပဲဟာ။ မတော် မဂ္ဂဇင်းအယ်ဒီတာများက စာမူကို တယ်လီဖုန်းနဲ့တောင်းခံတာတို့၊ ဆောင်းပါးမ ကောင်းလို့ စာဖတ်သူက လှမ်းဆက် ဆဲတာ တို့ကို ကာကွယ်ဖို့ လျှိုဝှက်ထားရလိမ့်မယ်။

ပင်။    ။ခင်ဗျားလိုသာ တယ်လီဖုန်းကို စနစ်တကျအသုံးပြုရင် လိုင်းတွေ အတော်ရှင်းသွားလိမ့်မယ် ထင်တယ်။ ကျုပ်အိမ်တော့ တဂွမ်ဂွမ်လာနေတာပဲ၊ သူ့ကိုဖြေဖို့ လူတစ်ယောက်သက်သက် ထားရ မလိုဖြစ်နေတယ်။

သော်။    ။တစ်ခုတော့ရှိတယ်ဗျ။ မြန်မာပြည်ရဲ့ထူးခြားချက်လို့ ဆိုရမှာပေါ့။ မြန်မာပြည်တွင် အရေး ကြီးသည့်အခါ ခေါ်လျက်မရ၊ လိုင်းများပျက်နေသည့်ပစ္စည်းကို တယ်လီဖုန်းဟု ခေါ်သည်လို့ ဆိုရမှာလား မသိပါဘူးဗျာ။ ဟိုတစ်လောဆီက အရေးကြီးတဲ့ကိစ္စ လေးငါးရက်ပေါ်မှ တယ် လီဖုန်းတွေက ဘယ်မှ ခေါ်လို့ မရတော့ဘူးဗျာ။ မိုးမရွာခင်မှာ ထီးပေးထားပြီး မိုးရွာမှ ထီး မဆောင်းစေလိုလို့ ထီး ပြန်တောင်း တာတော့ မကောင်းပါဘူးဗျာ။

ပန်၊ ဇွန်၊ ၁၉၈၈
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၁၂)

" စတိုဖဲဘိုသာဘယ်မှာလဲ၊ သူဘာဖြစ်လို့ အလုပ်မလာတာလဲ "
စက်ရုံမှ နေ့လယ် ထမင်းစား ဥသြဆွဲချိန်တွင် ရှာဆာက သတ္တုကြိတ်ခွဲစက်မှ ကြီးကြပ်ရေးမှူး အားမေးလိုက် သည်။
" ဘယ်သူမှ သူဘယ်မှာဆိုတာ မသိကြပါဘူး၊ သူအလုပ်မဆင်း ဘူးဆိုတဲ့ အကြောင်းကြား စာလေး တစ်ရွက်ပဲ ရုံးချုပ်က ကျွန်တော့်ဆီပို့လိုက်ပါတယ်၊ ဘာ့ကြောင့် အလုပ်မဆင်းဘူး ဆိုတာတော့ မပါဘူး၊ သူ့ကိုအလုပ်ဖြုတ်လိုက်တာဖြစ်ကောင်းဖြစ်နိုင်တယ်၊ ကျွန်တော်လဲမသိဘူး" ကြီးကြပ်ရေးမှူး က သူ သိသမျှ ထင်မြင်သမျှကိုဖြေသည်။

မွန်းလွဲပိုင်း အလုပ်ချိန်တွင် ရှာဆာသည် အလုပ်ထဲ၌ စိတ်ကိုမြှုပ်ပြီး ထိုအကြောင်း မစဉ်းစားဖြစ်အောင် နေရသည်။ ညနေအလုပ်ဆင်းချိန်တွင် ရှာဆာသည်မြင်းစီးပြီးအနာလီဆာတို့ မိသားစုနေသော အိမ်ကလေး များဆီသို့ ထွက်လာသည်။ တကယ်တော့ သူ့မိခင်အမိန့်ကို အံတုပြီး လာခဲ့ရခြင်းဖြစ်သည်။ မိမိကြောင့် သူတို့မိသားစု မည်မျှထိခိုက်နစ်နာ ဒုက္ခရောက်ကြရသည်ကို သိလို၍ လာခြင်းဖြစ်သည်။
သူစက်ရုံ ဂိတ်ဝသို့ ရောက်သောအခါ မိုးဇက်ပေါ်လာပြီး မြင်းအနားကပ်လာကာ နှုတ်ဆက်သည်။

" ကျွန်တော် ခင်ဗျားကို မြင်ပါတယ် ရေကောင်း ရေသန့် "
" ဟေ့ မိုးဇက်၊ ငါ မင်းဆီအခုလာ လည်တော့မလို့ကွ "
" ကျွန်တော် ခငှ်ားစာအုပ်ယူလာခဲ့ပါတယ် "
အိုဘန်ဘိုလူမည်းကလေး မိုးဇက်က " အင်္ဂလန်သမိုင်း" စာအုပ်ထူကြီးကို လှမ်းပေးရင်း ပြောလိုက်သည်။

" မင်း ဒီစာအုပ်ကို ဒီလောက်မြန်မြန်နဲ့ ဘယ်ဖတ်လို့ ပြီးနိုင်မှာလဲကွ၊  ငါဖတ်တာတောင် လချီကြာတာ"
" ကျွန်တော် ဘယ်တော့မှ ဖတ်နိုင်တော့မှာမဟုတ်ပါဘူး ရေကောင်းရေသန့်၊ ကျွန်တော် ဒီဟာနီ သတ္တုတွင်း ကနေ ထွက်ခွာသွားရတော့မယ်၊ နက်ဖြန် မနက်ကျရင် ထရပ်ကားတွေနဲ့ ၀င်းဟုပ်မြို့ကို ကျွန်တော်တို့ သွားကြရတော့မယ် "

" ဘာဖြစ်လို့ မင်းက သွားချင်ရတာလဲမိုးဇက် "
" သွားချင်တယ် မသွားချင်ဘူးဆိုတာက ကျွန်တော်ရဲ့ဆန္ဒ မဟုတ်ပါဘူး၊ နက်ဖြန်မနက်ကျရင် လူတော် တော်များများ ထရပ်ကားတွေနဲ့ ဒီကနေသွားကြရလိမ့်မယ်၊ သွားရမယ့်လူတွေကိုတော့ ဒေါက်တာဂျုန်း ကရွေးတာပဲ၊  ဘာ့ကြောင့် အလုပ်က ထွက်ရမယ်ဆိုတဲ့ အကြောင်းပြချက်တွေကိုတော့ ခင်ဗျားအမေက ရှင်း ပြတယ်၊ ကျွန်တော် လို လူတစ်ယောက်အဖို့တော့ ပြန်လှန်မေးမြန်းနိုင်တဲ့ အဆင့်မရှိပါ ဘူး၊ ကျွန်တော် တို့ကို လုပ်ခတစ်လစာပေးလိုက်တယ်လေ၊ ဒီမှာခင်ဗျားစာအုပ် "
သူက စာအုပ်ကို လှမ်းပေးရင်း ရှင်းပြသည်။ သူ့မျက်နှာက ပြုံးနေသော်လည်း ခါးသီးသောအပြုံးမျိုး။

" မင်းပဲ ယူထားပါ၊ ငါ့ရဲ့လက်ဆောင်ပေါ့ "
ရှာဆာက သူ့လက်ကိုတွန်းဖယ်ရင်း ပြောလိုက်သည်။
" ကောင်းပါပြီဗျာ၊ ကျွန်တော် ယူထားပါမနယ်၊ ခင်ဗျားကို  အမှတ်တရပေါ့၊ ခင်ဗျားဘ၀ငြိမ်းချမ်းပါစေဗျာ "
သူက တစ်ဘက်သို့ လှည့်ထွက်သွားသည်။ ရှာဆာက "မိုးဇက်" ဟု လှမ်းခေါ်လိုက်သဖြင့်  ပြန်လှည့်လာ သည်။ သို့သော် ရှာဆာတွင် ပြောစရာစကား ရှာမရပါချေ။ ထို့ကြောင့် လက်ကမ်းပေးလိုက်သည်။ မိုးဇက် က နောက်သို့ဇတ်ခနဲ တစ်လှမ်းဆုတ်လိုက်မိသည်။

လူဖြူနှင့် လူမည်းတို့ လက်ဆွဲနှုတ်ဆက်ရိုးမရှိ။
" မင်းဘ၀လဲ ငြိမ်းချမ်းပါစေ "ရှာဆာက ဆုတောင်းလိုက်သည်။
မိုးဇက်က ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်ပြီးမှ ရှာဆာ့လက်ကိုလှမ်းပြီး ဆုပ်ကိုင်လိုက်သည်။ မိုးဇက် အသားက အေးစက်နေရာ လူမည်းအားလုံး ဒီလိုပဲလားဟု ရှာဆာ တွေးမိသည်။
" ကျွန်တော်တို့ မိတ်ဆွေတွေပဲဗျ၊ မဟုတ်ဘူးလား "
ရှာဆာက ပြောလိုက်သည်။

" ကျွန်တော်တော့ မသိဘူး "
မိုးဇက်က ပြန်ဖြေသည်။
" ခင်ဗျား ဘာဆိုလိုတာလဲ "
" ကျွန်တော်တို့နှစ်ယောက် တကယ့်မိတ်ဆွေ ဖြစ်နိုင်ပါ့မလားဆိုတာကို ကျွန်တော်မသိတာပါ "
မိုးဇက် က ရှာဆာလက်ကို ညင်သာစွာဖြေလျှော့လိုက်ပြီး တစ်ဘက်သို့ လှည့်ထွက်သွားသည်။ သူ နောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ပါချေ။

*********
ထရပ်ကားယာဉ်တန်းသည် လွင်ပြင်ကို ဖြတ်မောင်းနေသည်။ တစ်စီး၏ဖုန်များကို တစ်စီးမမိရန် ခပ်လှမ်းလှမ်းခွာပြီး မောင်းလာနေသည်။ ရှေ့ဆုံးမှထရပ်ကားကို ဂါဟတ်ဖိုရီက မောင်းနေသည်။ အိုက် သဖြင့် အင်္ကျီရင်ဘတ် ကြယ်သီးများကို ဖွင့်ထားသည်။ နောက်ကြည့်မှန်ထဲမှနေ၍ ကားနောက်ပိုင်းသို့ မကြာ ခဏ လှမ်းကြည့်နေသည်။

ထရပ်ကားနောက်ပိုင်း ကုန်တင်အခန်းတွင် သတ္တုတွင်းမှ အလုပ်ထုတ်ခံရသော လူဖြူနှင့် လူမည်း အလုပ် သမားမိသားစုများ၏ ၀န်ချီစလည်များ၊ ပရိဘောဂများ တင်ထားသည်။ ထိုပစ္စည်းများပေါ်တွင် ကံဆိုး ရှာသူ အလုပ်သမားစုများပါလာသည်။ အမျိုးသမီးများက ဆံပင်ထဲဖုန် မ၀င်စေရန် ပ၀ါများ ခေါင်း၌ စည်းထား သည်။ မညီညာသောလမ်းတွင် ကားက ဘယ်လူးညာယိမ်းဖြင့် ခုန်ပေါက်နေသဖြင့် သားသည် မိခင် များ က ကလေးများကို မြဲမြဲ ပိုက်ထားကြရသည်။ ကလေးကြီးများကမူ ၀န်ချီစလည် များကြားတွင် နေရာယူကာ လိုက်ပါလာကြသည်။

ဖိုရီသည် သူ့ရှေ့မှန်ကို လက်ဖြင့်ကိုင်ပြီး နေရာပြင်ကာ နောက်ခန်းမှ ကောင်မကလေးအား ကောင်းကောင်း မြင်အောင်လုပ်လိုက်သည်။ ကောင်မလေးသည် အိပ်ရာလိပ်တစ်ခုပေါ်တွင် ထိုင်ပြီး သေတ္တာ တစ်လုံးကို မှီ ထားသည်။ စောင်တစ်ထည်ကို ခေါက်ပြီး ခေါင်းအောက်၌ခုကာ ငိုက်မျဉ်းမှေးစက် လာသည်။ ကားလှုပ် သည်နှင့်အမျှ သူ့ခေါင်းကလိုက်လှုပ်နေသည်။ ကောင်မလေး၏ ကပိုကရိုနှင့် လက်လွတ် စပယ် ငိုက်မျဉ်း နေပုံကို ကြည့်ပြီး ဖိုရီသက်ပြင်းအခါခါချနေမိသည်။ သူနှင့် ကောင်မကလေး တို့၏ အတွေ့အကြုံဟောင်းကို ပြန်ပြောင်း သတိရကာ အတွေ့အကြုံသစ်ထပ်တွေ့နေချင်သည်။
မည်သည့် စွန့်စားမှု ပေးဆပ်မှုပင်လုပ်ရပါစေ၊ သူ့ဘက်ကတော့ ပေးဆပ်စွန့်လွှတ်ရန် အသင့်ရှိနေသည်။

ရှေ့ခပ်လှမ်းလှမ်း၌ သစ်ပင်အုပ်တစ်အုပ်ကို ဖိုရီလှမ်းမြင်ရသည်။ ဤလမ်းကို စတင်ဖောက်စကပင်စပြီး ဖိုရီ အခေါက်ခေါက်အခါခါ သွားခဲ့ပြီးဖြစ်၍ လမ်းအကြောင်း နောကျေနေသည်။ ဖိုရီ နာရီကို ကြည့်လိုက်သည်။ ရောက်ရမည့် အချိန်ထက် မိနစ် ၂၀ ခန့်နောက်ကျနေသည်။
ဖိုရီသည် ကားကိုလမ်းဘေးသို့ချလိုက်ပြီး ရပ်လိုက်သည်။ ကားပေါ်မှခုန်ဆင်းပြီးနောက် ကားနောက်ခန်း ထဲမှ လူများအား အော်ပြောလိုက်သည်။
" အားလုံးခဏဆင်းနိုင်တယ်၊ ပေါက်တော ... ပေါက်တော အမျိုးသမီးတွေက လမ်းဘယ်ဘက်ကို သွားကြ၊ အမျိုးသားတွေက လမ်းညာဘက်ကိုသွားကြ၊ ဆယ်မိနစ်အတွင်းကားကို ပြန်မရောက်တဲ့လူ ကျန်နေရစ်ပြီ သာမှတ် "

ဖိုရီသည် ဆီးမြန်မြန်သွားပြီး ကားသို့ ပထမဆုံးပြန်ရောက်လာသည်။ ထို့နောက် ဘယ်ဘက်နောက်ဘီးကို ကြည့်ရှုနေသည်။ တကယ်တော့ ဘီးကို စစ်ဆေးနေဟန်ဖြင့် ကောင်မကလေးကို စောင့်နေခြင်းသာဖြစ် သည်။
ကောင်မကလေးသည် စကတ်ကို ပြန့်အောင်အပေါ်မှသပ်ရပ်ရင်း သစ်ပင်အုပ်ထဲမှ ထွက်လာသည်။ အပူဒဏ် ဖုန်ဒဏ်ကြောင့် ပင်ပန်းနွမ်း ယိနေပုံပေါ်သည်။  သို့သော် ဖိုရီက မိမိအား စိုက်ကြည့်နေသည်ကို မြင်သော အခါ ခေါင်းကို မော့လိုက်ပြီး တင်ကလေးဟန်ပါပါ မသိမသာလှုပ်ရမ်းရင်း ဖိုရီအား မမြင်သလို လုပ် ကာဆက်လျှောက်သွားသည်။
ကားပေါ်သို့ တက်ရန် ကောင်မကလေးက ခြေလှမ်းလိုက်ချိန်တွင် ဖိုရီက ခပ်တိုးတိုးလေးခေါ်လိုက်သည်။

" အနာလီဆာ "
" အမေ့ ... ဂါဟတ်ဖိုရီပါလား၊ ရှင် ကျွန်မအနား မကပ်နဲ့နော်၊ အဖေ့ကို တိုင်လိုက်မယ် "
ခါတိုင်းဆိုလျှင် အနာလီဆာသည် ဖိုရီအား လိုလိုလားလား မျက်နှာသာပေးသည်။ ယခုတော့ သူမကျော နှင့် တင်ပါး ၌ အရှိုးချင်းထပ်အောင် အရိုက်ခံထားရသဖြင့် ယောက်ျားမြင်လျှင် လန့်နေသည်။ စိတ်မဆာရဲ အောင်ဖြစ်နေသည်။

" မင်းကို ငါ ပြောစရာရှိလို့ပါကွာ "
" ပြောစရာရှိလို့ ... ဟုတ်လား၊ ရှင် ဘာလိုချင်တယ်ဆိုတာ ကျွန်မသိပါတယ် "
" ညကျရင် စခန်းအပြင်ဘက်မှာေ တွ့ကြရအောင်ကွာ " ဖိုရီက တောင်းပန်တိုးလျှိုးသည့်လေသံဖြင့် ပြော လိုက်သည်။
" ဟင့်အင်း ... ကြောက်တယ်၊ မတွေ့ရဲဘူး "
အနာလီဆာက ကားပေါ်သို့ လွှားခနဲ ကျော်တက်လိုက်ရာ သူမ၏ သလုံးသားနှင့်ပေါင်တံတို့ကို ဖိုရီရင်မော ဖွယ်မြင်လိုက်ရသည်။
" အနာလီ ဆာ ... ငါမင်းကို ပိုက်ဆံပေးပါမယ် "
ဖိုရီအဖို့ အောင့်အည်းမျိုသိပ်မရနိုင်အောင် ဖြစ်နေသည်။

အနာလီဆာသည် ကားအောက်မှ ဖိုရီအား ငုံ့ကြည့်ပြီး တွေးလိုက်မိသည်။ ပိုက်ဆံပေးမည်ဆို၍ စိတ်ဝင်စား သွားသည်။ မိမိဝါသနာပါသော၊ စိတ်သန်သောကိစ္စကို ယောက်ျားသားများက ငွေပေးဖို့ ၀န်မလေး ပါလားဟု အသိအမြင်သစ်ရလာသည်။
" ဘယ်လောက်လဲ "
သူမက စိတ်ဝင်စားစွာမေးလိုက်သည်။
" တစ်ပေါင်ပေးမယ် "
တစ်ပေါင်ဆိုသည့်ငွေမှာ နည်းနည်းနောနော မဟုတ်။ ထိုမျှလောက် သူမတစ်ခါမှ မပိုင်ဆိုင်ဖူးပါချေ။ သို့သော် သူမ၏ ကြေးစားစိတ်က အလိုလို နိုးထလာကာ ဘယ်လောက်အထိ ရနိုင်မည်ကို စမ်းသပ်လိုစိတ် ပေါ်လာသည်။ ထို့ကြောင့် ဟန်ပါပါဖြင့် တစ်ဘက်သို့ ငေးကြည့်လိုက်သည်။

" နှစ်ပေါင်းပေးမယ်လေ "
ဖိုရီက ကမန်းကတန်းတိုးပေးလိုက်သည်။ အနာလီဆာအဖို့ ရလေလိုလေ အိုတစ္ဆေဖြစ်လာပြီး ကျောမှ အနာ များပင် ပျောက်သလိုရှိသွားသည်။ ထို့ကြောင့် ခပ်တိုးတိုးနှင့် ရဲရဲဝံ့ဝံ့ပင် ဈေးဆိုလိုက်သည်။
" ငါးပေါင်းပေးမှရမယ် "
ထိုပိုက်ဆံသည် သူ့ဖခင်၏ တနင်္ဂနွေတစ်ပတ်စာ လုပ်ခနီးပါးရှိသည်။ ဖိုရီကလည်း ဈေးဆစ်သည်။
" သုံးပေါင်ထားပါကွာ "
" မရဘူး၊ ရှင်က နံစော်နေတဲ့အဘိုးကြီး "
အနာလီဆာက တစ်ဘက်သို့လှည့်လိုက်သည်။

" ကောင်းပြီ ... ကောင်းပြီ၊ ငါးပေါင်ပေးမယ် "
အနာလီဆာက အောင်နိုင်သောအပြုံးကို ပြုံးလိုက်သည်။ ဆုံးစမမြင်သော ချမ်းသာမှုနှင့် ပျော်ရွှင်မှုကမ္ဘာ သစ်ကို သူမလှမ်းမြင်လိုက်ရပြီး၊ ထိုကမ္ဘာထဲသို့ ၀င်တော့မည်ဖြစ်သည်။
ထို့နောက် အနာလီဆာသည် သူ့နှုတ်ခမ်းကို လက်ညိုးဖြင့် ထိပြပြီး ပြောလိုက်ပြန်သည်။
" ရှင်ဒီနှုတ်ခမ်လေးကို လိုချင်ရင်လဲ နောက်ထပ်တစ်ပေါင်ပေးရဦးမယ်နော် "
************
လပြည့်ပြီးနောက် သုံးလေးရက်သာ ရှိသေးသဖြင့် သဲကန္တာရတွင် လရောင်ဆမ်းနေသည်။ တောင်ကြားလျှို မြောင်ထဲတွင်မူ လရောင်ကွယ်ကာ အမှောင်ရိပ်များ ဖြစ်နေသည်။ တစ်ညတာ ရဂပ်နား စခန်း ချသောနေရာမှ အသံဗလံများက လျှို့မြောင်ထဲသို့ ခပ်သဲ့သဲ့ ၀င်လာသည်။
ထင်းခုတ်သံ၊ သံပုံးသံခွက်များအသံနှင့်အမျိုးသမီးများ၏ ချက်ပြုတ်နေသံများက အဝေးမှကြားနေရသော ငှက်သံများနှင့်တူလှသည်။

ဖိုရီသည် တောင်ခါးပန်းနံရံကို ကျောမှီလိုက်ကာ စီးကရက်ကို မီးညှိလိုက်သည်။ မောင်ကလေးလာမည့် လျှိုမြောင်လမ်းတစ်လျှောက်ကို ငေးမျှော်စောင့်ကြည့်နေသည်။ ကောင်မလေးလာနေသောအရိပ်ကို မြင် သောအခါ ဖိုရီထိုင်ရာမှထလိုက်ပြီး စီးကရက်ကို ခြေပစ်လိုက်သည်။ ကောင်မလေးသူနှင့် နီးလာသောအခါ လှမ်းခေါ်လိုက်သည်။
" အနာလီဆာ "
သူ့အသံက တိုးပြီးတုန်နေသည်။ ကောင်မလေးက သူ့ရှေ့တည့်တည့် သူနှင့် လက်တစ်ကမ်း ကျော် အကွာတွင် ရပ်လိုက်သည်။ သူကလှမ်းဆွဲလိုက်သောအခါ ကောင်မေ လးက တိမ်းရှောင်လိုက်ပြီး လှောင်ရယ် ကလေးရယ်လိုက်သည်။

" ငါးပေါင်လေ "
ကောင်မလေးက သတိပေးလိုက်သည်။ ဖိုရီက ဘောင်းဘီနောက်အိတ်ထဲမှ ငွေစက္ကူများနှိုက်ထုတ်လိုက်မှ အနာလီဆာ က ရှေ့တိုးလာသည်။ သူမက ငွေစက္ကူများလှမ်းယူပြီး လရောင်၌ ထောင်ကြည့်လိုက်သည်။ ကျေနပ် သွားမှ အင်္ကျီအိတ်ထဲထိုးထည့်လိုက်သည်။
ဖိုရီက ရှေ့တိုးလာသည်။ ကောင်မလေးကို ခါးမှနေ၍ သိုင်းဖက်ကာ  နှုတ်ခမ်းဂဟေဆက်လိုက်သည်။  လောကကြီးကို မေ့စပြုလာကြသည်။
ထိုစဉ် တွင် မာကျောသောအရာဝတ္ထုတစ်ခုက ဖိုရီနံရိုးပြားသို့ သူ့နောက်ကျောဘက်မှနေ၍လာထောက် သည်။  သူ့နောက်ဘက်မှနေပြီး နားရွက်နားကပ်၍ တိုးတိုးပြောလိုက်သော အသံတစ်သံလည်း ပေါ်လာ သည်။

" ကောင်မလေးကို မောင်းထုတ်လိုက်စမ်း "
အသံမှာ ဖိုရီနားယဉ်နေသော အသံဖြစ်ပြီး ကြောက်စရာကောင်းသော အသံမျိုးလည်းဖြစ်သည်။ ဖိုရီနောက်မှ လူကို ကောင်မလေးလည်း မြင်သွားပြီး စခန်းဆီသို့ တစ်ချိုးတည်းထွက်ပြေးတော့သည်။
ဖိုရီ သည် သူ့ဝမ်းဗိုက်အား မော်ဇာရိုင်ဖယ်ဖြင့် ချိန်ထားသော သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
" လိုသာဒီလာရေး "
ဖိုရီက အလန့်တကြားပြောလိုက်သည်။
" ခင်ဗျားက တခြားတစ်ယောက်များတွေ့ဖို့မျှော်နေသေးလို့လားဗျ "
" မ ... မဟုတ်ပါဘူး၊ ခင်ဗျားနဲ့ပြန်တွေ့ရတာ မြန်နေလို့ပါ "

ဖိုရီသည် လိုသာဒီလာရေးနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံပြီးနောက် လိုသာ၏ အကြံအစည်နှင့် ရရှမည့် အကျိုးစီးပွားကို အထပ်ထပ်အခါခါ စဉ်းစားကြည့်သည်။ သို့သော်လည်း အကြိတ်အနယ်အပြန်ပြန်အလှန် လှန်စဉ်းစားပြီးသည့်နောက်တွင် လောဘကိုကြောက်စိတ်နှင့်သရဲဘောကြောင်မှုက အနိုင်ရသွားသည်။
ဖိုရီသည် လိုသာအားမေ့မေ့ပျောက်ပျောက်ထားလိုက်သည်။ လိုသာအသံကိုလည်း ဒီတစ်သက်ပြန်ကြားရ တော့မည် ဟုမထင်ခဲ့ပေ။ ယခုတော့ လိုသာကမိမိရှေ့တွင် မားမားကြီးရပ်နေချေပြီ။ သူ့နဖူးက လရောင် တွင် ပြောင်လတ်နေပြီး ကျားသစ်မျက်လုံးနှင့်တူသော သူ့မျက်ဝန်းအစုံကလည်း အရောင် တဖျပ်ဖျပ် တောက်နေ သည်။

" မြန်တယ် ... ဟုတ်လား၊ ပြန်တွေ့ရတာမြန်တယ်လား၊ ခင်ဗျားနဲ့ကျွန်တော် နောက်ဆုံးတွေ့ခဲ့တာ အခုဆို ရင်ရက်သတ္တပတ်အတော်ကြာနေပြီဗျ၊ ကျွန်တော့်အကြံအစည် အကောင်အထည်ဖော်ဖို့ ခင်ဗျား စီစဉ် စိုင်း ပြင်းနေရတာ ကျွန်တော်ထင်တာထက်ပိုကြာနေပါလား၊ ကဲ ... အခု ခင်ဗျားနဲ့အတူတူ မြို့ကို ပို့ဖို့ စိန်တွေပါ သလား "
" ဟင့်အင်း ... မပါဘူး၊ အခုက လူတွသွားပို့မှာ "
" ဒါဖြင့် စိန်တွေဘယ်တော့ ပို့မလဲ "

လိုသာက မော်ဇာရိုင်ဖယ်ပြောင်းကို ဖိုရီမေးအောက်မှထောက်ကာ ဖိုရီမျက်နှာကို လရောင်တွင် ပေါ်လာ အောင်ပင့်တင်လိုက်ရင်း မေးလိုက်သည်။
" သူတို့ စိန်တွေပို့ဖို့ အချိန်ဆွဲနေသေးတယ်၊ ဘယ်လောက်ကြာဦးမယ်တော့ ကျွန်တော်လဲ မသိဘူး၊ ကျွန်တော် ကောလာဟလတစ်ခုတော့ ကြားထားတယ်၊ ဒီတစ်ခါ စိန်တွေပို့ရင် အများကြီးအစုလိုက်အပုံ လိုက်ပို့မယ်လို့ ကြားထားရတယ် ဖိုရီက ဖြေသည်။
" ဘာဖြစ်လို့လဲ "
လိုသာ က ဖိုရီအား မယုံသဖြင့် ထပ်မေးလိုက်သည်။

" အများကြီးပို့မယ်လို့သာသိရတယ် ဘာကြောင့်ဆိုတာတော့ မသိရဘူး "
" ခင်ဗျားကို ကျွန်တော် အစောကြီးကတည်းက ကြိုသတိပေးထားသလိုပေါ့၊ သူတို့က သတ္တုတွင်းကို ပိတ်ဖို့ စီစဉ်နေတာဗျ၊ ခင်ဗျားပြောတဲ့အခေါက်ဟာ နောက်ဆုံးပိတ်ပို့မယ့် အခေါက်ဖြစ်ရမယ်၊ အဲ ဒီတစ်ခေါက် ပို့ပြီး ရင် ခင်ဗျားလဲ အလုပ်ပြုတ်လိမ့်မယ်၊ အခု ခင်ဗျားကားတွေနဲ့ တင်ခေါ်လာတဲ့ သနားစရာ သတ္တ၀ါတွေလိုပဲ ပေါ့ဗျာ "
" ဟုတ်ပါတယ်၊ အခု ကျွန်တော် ခေါ်လာတဲ့လူတွေဟာ အလုပ်ထုတ်ခံရတဲ့လူတွေပါ "

" နောက်တစ်လှည့် ခင်ဗျားအလှည့်ပေါ့ မိတ်ဆွေ၊ ခင်ဗျားမှာ မိသားစုအများကြီးရှိတယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား၊ ပြီးတော့ ခင်ဗျားဇနီးနဲ့ သားသမီးတွေကိုလဲ ခင်ဗျားသိပ်ချစ်တယ်ဆို "
" ဟုတ်ပါတယ် ... လိုသာ "
" ဒါဆိုရင် ရှေ့အဖို့ ခင်ဗျားကလေးတွေကို ကျွေးမွှေးစရာ၊ အ၀တ်ဆင်ရင်စရာပိုက်ဆံရဖို့ လမ်းမရှိတော့ပါ ဘူး၊ ခင်ဗျားခုနက ကြည့်နေတဲ့ ကောင်ကလေးတွေမျိုးလဲ နာက်ထပ်ရဖို့ ငွေရှိတော့မှာမဟုတ်ဘူး "
" ဒီလို မပြောပါနဲ့ဗျာ ... မကောင်းဘူး "

" ဒီမှာ ခင်ဗျားနဲ့ကျွန်တော် သဘောတူထားတဲ့အတိုင်း လုပ်ရင် ခင်ဗျားပိုက်ဆံတွေ အများကြီးရမယ်၊ ခုနက ကောင်မလေးမျိုး တစ်ဒါဇင်မကရနိုင်တယ် "
" ဒီအကြောင်းမပြောနဲ့ဗျာ၊ ကျုပ်ရှက်တယ် "
" ခင်ဗျားနဲ့ကျွန်တော် စီစသ်ထားတဲ့အစီအစဉ်ကို ခင်ဗျားကောင်းကောင်းသိပါတယ်၊ စိန်တွေဘယ်တော့ ပို့မယ် ဆိုတာ သူတို့က ခင်ဗျားကို ပြောတာနဲ့ ဘာ လုပ်ရမယ်ဆိုတာ ခင်ဗှားသိပြီးသားပါ "
ဖိုရီက ခေါင်းညိတ်ပြလိုက်သည်။
သို့သော် လိုသာက ပိုသေချာအောင် ထပ်မံ စစ်ဆေးလိုက်သည်။
" ကဲ ... အစီအစဉ်ကို ထပ်ရွတ်ပြပါဦး "
ဖိုရီက လုပ်ရိုင်ရမည့် အစီအစဉ်ကို အသေးစိတ်ရေရွတ်ပြသည်။ လိုအပ်သည့်နေရာတွင် လိုသာက ဖြည့်စွက် ပေးသည်။ နောက်ဆုံး ကျေနပ်အားရစွာဖြင့် လိုသာပြုံးပြလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၃၉)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရခိုင်ခရီး
(၁)

ရခိုင်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပထမဦးဆုံး တွေ့ဆုံရင်းနှီးခွင့်ရသူဟာ ဦးဘစံဖြစ်မယ် လို့ ယူဆရပါသည်။ ဦးဘစံဟာ ဗိုလ်ချုပ်ရဲ့ စည်းရုံးမှုနဲ့ နိုင်ငံရေးလောကထဲ ရောက်လာပြီး အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဂျပန်တော်လှန်ရေး တွေမှာခေါင်းဆောင် အဖြစ်နဲ့ ပါဝင်ခဲ့ ပါတယ်။ ဦးဘစံဟာ ''ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု'' (သဟာယစာပေ၊ ၁၉၉၆၊ မတ်) စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါသည်။ ဒီစာအုပ်ထဲမှာ ''ကျွန်တော် သိသော ကိုအောင်ဆန်း" ဆိုတဲ့ အခန်းတစ်ခန်း ပါရှိပါသည်။

၁၉၄၃မှာ ဦးဘစံနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရန်ကုန်တက္ကသိုလ်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ဦးဘစံက အိုင်အေအထက်တန်း၊ ဗိုလ်ချုပ်က ဘီအေအောက်တန်း ဖြစ်ပါတယ်။ ဦးဘစံနဲ့ ဗိုလ်ချုပ် တို့ ပဲခူး ကျောင်းဆောင် မှာ အတူနေကြတယ် ဆိုပေမယ့် ဗိုလ်ချုပ်က ကျောင်းဆောင်အပေါ်ထပ် ဦးဘစံက အောက်ထပ် နေကြတာပါ။ ဒါပေမယ့် အကြောင်းဆံချင်တော့ နှစ်ယောက်စလုံး သက်သက်လွတ် စားသူတွေ ဖြစ်နေကြလို့ ဗဟိုထမင်းစားခန်းမကြီးထဲက ထမင်းစားပွဲတစ်ခုတည်း မှာ စတင် ဆုံမိကြပါတယ်။

နောက်တော့ ပဲခူးကျောင်းဆောင်အပေါ်ထပ်မှာ အခန်းချင်းကပ်နေလာကြရလို့ နေ့တိုင်တွေ့ဆုံကြ စကားပြောကြနဲ့ ပိုပြီးရင်းနှီးခင်မင်လာခဲ့ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ စရိုက်နဲ့ပတ်သက်ပြီး ဦးဘစံက ဒီလို ရေးထားပါတယ်။
ထိုအခါ တက္ကသိုလ်ကျောင်းသားများသည် ပြည်သူ့ မျက်ရှုသဖွယ် ဖြစ်ကြပါသည်။ သွားလေရာရာ မျက်နှာ ပွင့်ပြီး လူအများ၏ ဂရုပြုခြင်း၊ အခွင့်ထူးပေးခြင်းများကို ခံယူကြရသူများ ဖြစ်ကြသည်။ အ၀တ်အစား ဆိုလျှင် ပြောစရာမရှိ။ ခေတ်ဖက်ရှင်များ ပင်ဖြစ်သည် ဟုဆိုရပေမည်။ တက္ကသိုလ်ဆို လျှင် ကျောင်းသား တို့အဖို့ ဂုဏ်တက်စရာ၊ ကြွားဝါစရာ၊ ပျော်စရာအတိပြီးသော ဒေသတစ်ခုဟု အများက ယူဆကြသည်။

သို့သော် ကိုအောင်ဆန်းမှာ တက္ကသိုလ်ကျောင်းသားဘ၀ဖြင့် ပျော်ပိုက်ပုံမရသည်မှာ ထူးခြားချက် တစ်ခုဖြစ်နေပါသည်။ သူသည် တစ်စုံတစ်ရာကို မကျေနပ်သူဖြစ်ကြောင်း သူ၏အမူအရာက သက်သေပြလျက်ရှိသည်။ ကိုအောင်ဆန်းသည် ထိုစဉ်က တက္ကသိုလ်ကျောင်းသားများ၏ အ၀တ် အစား၊ အနေအထိုင်၊ အလေ့အထ၊ အတွေးအခေါ်၊ အပြောအဆိုတို့နှင့် တိုက်ရိုက်ဆန့်ကျင်နေသူ တစ်ဦးအဖြစ် တွေ့နေ ရသဖြင့် အချို့အချို့သော ကျောင်းသားများက ကိုအောင်ဆန်းကို ပြောင် လှောင် သရော် ချင်ကြသည်ကိုပင် တွေ့ရသည်။ သူကား အခြားကျောင်းသားများကဲ့သို့ လက်ရှိ အခြေအနေဘ၀ကို ကျေနပ် လက်ခံနေသူ မဟုတ်ကြောင်း ထင်ရှားလှပေသည်။ ...လို့ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ အိပ်ရာက စောစောထလေ့မရှိတာ ဦးဘစံတွေ့ရတော့ အကြောင်းကို စူးစမ်း မိပါတယ်။
ညတိုင်းပင် ညဥ့်နက်လှအောင် စာဖတ်လေ့ရှိသည်ဟု သိရပါသည်။ သူ့အခန်း ကြည့်လိုက်လျှင် စာအုပ် များမှာ ခေါင်းရင်း၌ တစ်အုပ်၊ ခြေရင်၌တစ်အုပ်၊ ခုတင်အောက်၌တစ်အုပ် ဆိုသလို တစ်ခန်း လုံး ပြန့်ကြဲ ရှုပ်ပွလျက် ရှိသည်ကိုသာ တွေ့ရသည်။ သူ၏ စာအုပ်များကို ကြည့်လျှင် များသော အားဖြင့် ဗြိတိသျှ လက်ဝဲ စာအုပ်ကလပ်မှ ထုတ်ဝေသော နိုင်ငံရေးစာအုပ်များ၊ အိုင်အယ်ပီမှ ထုတ်ဝေသော စာအုပ်များနှင့် ကမ္ဘာ့ကျောင်းသားများ လှုရှားမှု စာအုပ်စာတမ်းများကို တွေ့ရှိရ သည်။ သို့ရာတွင် ကျောင်းအတန်း စာအုပ်များကိုလည်း ထူးထူးဆန်းဆန်း အော်ကျယ်အော်ကျယ် ဖတ်လေ့ရှိပြန်ပါသည်။ နိုင်ငံရေး စာအုပ်များကို ဖတ်သလောက် အတန်းစာကိုလည်း ပစ်မထားသူ ဖြစ်သည်။...... လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ်နေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အိုးဝေညိုမြရဲ့ အင်္ဂလိပ်ဘာသာနဲ့ ''Hell-Hound At Large'' (ငရဲခွေးကြီးလွတ်နေပြီ) ဆောင်းပါးပါလာတယ်။ ဆောင်းပါးမှာ လက်တစ်ဝါးစာ မျှပဲ ရှိပေမယ့် တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိတွေကို ထိထိမိမိ ပယ်ပယ်နယ်နယ် ဝေဖန်ထားပါတယ်၊ ဒီတော့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ဆောင်းပါးရှင်ကို ဖော်ထုတ်ပေးဖို့ အယ်ဒီတာကို တောင်းဆို ပါတယ်။ ဗိုလ်ချုပ်တို့က အယ်ဒီတာရဲ့ ကျင့်ဝတ်အတိုင်း ငြင်းဆိုခဲ့ကြပါ တယ်။ အဲဒါနဲ့ ဗိုလ်ချုပ် နဲ့ ဦးနုတို့ကို ကျောင်းထုတ်ပယ်လိုက်ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ မခံမရပ်နိုင်ဖြစ်ကြပြီး သပိတ်မှောက် လိုက်ကြပါတယ်။

အဲဒီ ၁၉၃၆ တက္ကသိုလ်ကျောင်းသား သပိတ်မှာ ဗိုလ်ချုပ်ရဲ့စည်းရုံးမှုနဲ့ ဦးဘစံက သပိတ်ခေါင်း ဆောင် တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဦးဘစံက ဗိုလ်ချုပ်ရဲ့ စရိုက်တချို့နဲ့ အနာဂတ်နိုင်ငံရေး ရည်ရွယ် ချက်ကို ဒီလိုဖော်ပြထားပါတယ်။
ကိုအောင်ဆန်း သည် အလွန်ပင် ရိုးသားဖြောင့်မတ်ပြီး စကားကို တဲ့တိုးပြောတတ်သူဖြစ်သဖြင့် သူ့ ကို ကျွန်တော် အလွန် သဘောကျမိခဲ့လေသည်။ တစ်ခါတစ်ရံ ဘုမှုတ်သဖြင့် အတော်ခံရခက်ပါ သည်။ သို့ရာတွင် သူ၏ ရိုးဖြောင့်မှုက သက်သာရာရစေပါသည်။ သူလည်း ကျွန်တော့်ကို အတော် ပင် ခင်မင် ခဲ့ပါသည်။ ကိုအောင်ဆန်းသည် ကိုလိုနီ ပညာရေးစနစ်ကို ဖြိုဖျက်ရန်မှာ နိုင်ငံလွတ်လပ် ရေးကြိုးပမ်း မှုဖြင့်သာ အောင်မြင်နိုင်မည်ဟု ယုံကြည်နေသူတစ်ဦး ဖြစ်ကြောင်းတွေ့ခဲ့ရပါသည်။

''ကျောင်းကထွက်ရင် နိုင်ငံရေးနယ်ထဲ ခြေစုံပစ်ဝင်မှဖြစ်မှာပဲ။ ဒီလိုမလုပ်ရင် ရမှာမဟုတ်ပါဘူး''ဟု ကျွန်တော့် ကို အကြိမ်ကြိမ်အခါခါ ပြောပါသည်။ ကိုအောင်ဆန်းကား မျိုးချစ်စိတ် အလွန်ထက်သန် ပြီး မဟုတ်မခံ တတ်သူတစ်ဦး ဖြစ်ကြောင်း အမြဲတမ်း တွေ့နေရပေသည်။ ... လို့ ဖြစ်ပါတယ်။

၁၉၃၉-၄၀ ပြည့်နှစ်က အိုးဝေမဂ္ဂဇင်းမှာ ဦးဘစံက အင်္ဂလိပ်စာ အယ်ဒီတာ လုပ်နေချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း က အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ ''The Burmese National Movement'' ဆောင်း ပါးကို ပေးပြီး ဦးဘစံရဲ့ နာမည်အတိုကောက်ဖြစ်တဲ့ (B.S)နဲ့ အိုးဝေမဂ္ဂဇင်းမှာ ထည့်ခိုင်းခဲ့ပါတယ်။ အဲဒီတော့ ဆောင်းပါး ကို ၁၉၄၁ ဖေဖော်ဝါရီ ထုတ် အိုးဝေမဂ္ဂဇင်းအတွဲ ၈၊ အမှတ်၁ မှာ အင်္ဂလိပ် စာကဏ္ဍ စာမျက်နှာ ၆ မှာ ဖော်ပြခဲ့ပါတယ်။ ထို့ပြင် ဦးဘစံက ဖြောင့်ချက်ပေးထားပါတယ်။ ဒီဆောင်းပါးဟာ သမိုင်းဝင် ဆောင်းပါးတစ်ပုဒ်ဖြစ်လို့ နောင်အငြင်းမပွားရအောင် ဦးဘစံက ဖြောင့် ချက်ပေးလိုက်တာ ဖြစ်မယ် ထင်ပါတယ်။
(၂)

ဖက်ဆစ်ဂျပန် တော်လှန်ရေးကို ရခိုင်က ၁၉၄၄ ၊ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့မှာ စတင်ခဲ့ပါတယ်။ ဗိုလ်မှူးဗထူး က ၁၉၄၅ မတ်လမှာ တော်လှန်ပါတယ်။ ၁၉၄၅ မတ် ၂၇ မှာ မြန်မာတစ်ပြည်လုံး အတိုင်းအတာ နဲ့ တော်လှန်ခဲ့ကြပါတယ်။
၁၉၄၅ မေ ၁မမှာ အရှေ့တောင်အာရှတောင်ပိုင်း စစ်ဌာနချုပ်က မြန်မာပြည်ကို C.A.S (B) Cicil Affairs Service (Burma)ခေါ် မြို့ပြအုပ်ချုပ်ရေး ကြေညာပြီး အုပ်ချုပ်ခဲ့ပါတယ်။ ဒီကတ်စဘီ အုပ်ချုပ်ရေးကို ၁၉၄၅၊ အောက်တိုဘာလ ၁၅မှာ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

အိန္ဒိယပြည် ဆင်းမလားမှာ စစ်ပြေးအဖြစ် ရောက်ရှိနေတဲ့ ဘုရင်ခံ ဆာရယ်ဂျီနယ်ဒေါ်မန်စမစ် အစိုးရအဖွဲ့ဟာ အောက်တိုဘာ ၁၆မှာ ရန်ကုန်မြို့ကို ပြန်ရောက်လာပါတယ်။ ဒီအစိုးရအဖွဲ့နဲ့အတူ ''စက္ကူဖြူ စာတမ်းစီမံကိန်း'' ပါလာခဲ့ပါတယ်။
ဒီစီမံကိန်းကို ၁၉၄၅ မေ ၁၇ ကတည်းက ဘုရင်ခံဒေါ်မန်စမစ်က ထုန်ပြန်ထားပြီးဖြစ်ပါတယ်။ ဗြိတိသျှပါလီမန်က အတည်မပြုသေးလို့ ဒီစီမံကိန်းဟာ မရေမရာ ဖြစ်နေခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဖတပလ တစ်ဖြစ်လဲ ဖဆပလ အဖွဲ့ကြီးက ၁၉၄၅ သြဂုတ် ၁၉မှာ နေသူရိန်ညီလာခံကြီး ကျင်းပပြီး ဆုံးဖြတ်ချက် တွေ ချခဲ့ပါတယ်။

ဆုံးဖြတ်ချက်ထဲမှာ မျိုးချစ်ဗမာ့တပ်မတော်နဲ့ တိုင်းရင်းသား ပြောက်ကျားတပ်ဖွဲ့တွေ ဗြိတိသျှလက် အောက်ခ့ မြန်မ်ာတိုင်းရင်းသား တပ်တွေကို သိမ်းသွင်းပြီး တပ်မတော်သစ် ဖွဲ့စည်းပေးဖို့။ မိမိတို့ ကံကြမ္မာ ကို မိမိတို့ ဘာသာစီမံပိုင်ခွင့် ရှိသည့်မူအတိုင်း မြန်မာ့လွတ်လပ်ရေးကို ရှေ့ရှုပြီး (တိုင်းပြု ပြည်ပြုလ အတ်တော်မခေါ်မီ) ယာယီအစိုးရ ဖွဲ့စည်းဖို့ ၊ လွတ်လပ်ရေးနဲ့ ပြန်ညလည်ထူထောင်ရေး အတွက် ခေါင်းဆောင်တွေရော၊ ပြည်သူတွေပါ စိတ်ဝမ်းမကွဲ တစ်ညီတစ်ညွှတ်တည်း ဆောင်ရွက် ကြဖို့ တို့ဖြစ်ပါတယ်။

အခု ဗြိတိသျှကိုလိုနီအစိုးရက မြန်မာပြည်ကို ပြန်ပြီး ကျွန်ဇာတ်သွင်းမယ့် စက္ကူဖြူစီမံကိန်းကို တရားဝင်ကြေညာလိုက်တော့ အစိုးရနဲ့ ပြည်သူတို့ ထိပ်တိုက်တိုးလာခဲ့ရပါတော့တယ်။ ဒီလိုနဲ့ ဘုရင်ခံ ဒေါ်မန်စမစ် နဲ့ ဖဆပလတို့ စေ့စပ်ညှိနှိုင်းလို့ မရအောင်ဖြစ်လာခဲ့ကြပါတယ်။

၁၉၄၅ နိုဝင်ဘာ ၁ မှာ ဘုရင်ခံက ဆာပေါ်ထွန်း၊ ၀တ်လုံဦးပုတို့ ပါဝင်တဲ့ ဘုရင်ခံအမှုဆောင်အဖွဲ့ (တစ်နည်း ၀န်ကြီးအဖွဲ့)ကို ဖွဲ့စည်းပေးလိုက်ပါတယ်။ ဒီအမှုဆောင်အဖွဲ့ထဲမှာ သဘာပတိက ဘုရင်ခံ ဖြစ်ပြီး လုပ်ပိုင်ခွင်အာဏာ အကုန်လုံးကို ချုပ်ကိုင်ထားပါတယ်။ တစ်ခါခပ်ပြီး ဘုရင်ခံက အဖွဲ့ဝင် ၃၄ ဦး ပါဝင်တဲ့ ''အတိုင်ပင်ခံ ဥပဒေပြုကောင်စီ'' ကိုလည်း ဖွဲ့စည်းပေးလိုက်ပါတယ်။ ဘုရင်ခံက ဒီအဖွဲ့ တွေအတွက် ဖဆပလကို အမြဲတံခါးဖွင့်ထားပါတယ်ဆိုပြီး အသံကောင်းဟစ်ခဲ့ ပါတယ်။

ဒီတော့ဖဆပလက ၁၉၄၅ နိုဝင်ဘာ ၁၈ မှာ ရွှေတိဂုံအလယ်မစ္စယံမှာ လူထုညီလာခံကြီး ကျင်းပပြီး ''လုံးဝလွတ်လပ်ရေးကို ဦးတည်ဖို့'' ဆုံးဖြတ်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ဖဆပလ ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။
(၃)

အမျိုးသားခေါင်းဆောင်လည်းဖြစ်၊ ဖဆပလအဖွဲ့ချုပ်ကြီး ဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နယ်လှည့်ပြီး စည်းရုံးရေးဆင်းပါတယ်။
ဗိုလ်ချုပ်နဲ့အဖွဲ့ဟာ ရခိုင်ရိုးမကို ဖြတ်ကျော်ပြီး တောင်ကုတ်မြို့ကို ၁၉၄၆ မတ် ၆ မှာ ရောက်ကြပါ တယ်။ ဗိုလ်ချုပ်နဲ့ အတူ ဟသာင်္တဦးမြ၊ သခင်မြ၊ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) နဲ့ရဲဘော်အချို့ ပါလာ ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ပထမဦးဆုံး ရခိုင်ခရီးစဉ်ပါပဲ။

နောက်နေ့ မတ် ၇ မှာ နတ်မော်ကျေးရွာနဲ့ သလိန်ပြင်ကျေးရွာတွေမှာ လူထုအစည်းအဝေး ကျင်းပ ပါတယ်။
မေ ၈ မှာ တောင်ကုတ်ကနေ မီးသဘောင်္နဲ့ စစ်တွေမြို့ကို ထွက်ခွာလာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ပြေးတိမ်းရှောင်နေခဲ့ကြတဲ့ စစ်တွေမြို့လူခုကို မဟာမိတ်တပ်တွေက မြို့လုံခြုံရေး မရှိသေးဘူးဆိုပြီး မြို့တွင်းမှာ ၀င်ရောက်နေထိုင်ခွင့်ကို တားမြတ်ထားပါတယ်။ ဒါကြောင့် လူ တွေဟာ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ၇ မိုင်အကွာမှာ ရှိတဲ့ အရိကန်နဲ့ ကြက်ကိုင်းတန်ရွာ တွေမှာ နေထိုင်ကြရလို့ ယာယီစစ်တွေမြို့ ဖြစ်နေပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးတရားပွဲအတွက် ရခိုင်တိုင်း ဖဆပလအဖွဲ့က ကြက်ကိုင်းတန်ကျေး ရွာမှာ စီစဉ် ပေးပါတယ်။ သဘာပတိက ရခိုင်တိုင်း ဖဆပလအဖွဲ့ဥက္ကဌ ဦးပညာသီလဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ သခင်မြတို့ ဟောပြောကြပါတယ်။

ဗိုလ်ချုပ်ဟောပြောချက်တွေထဲမှာ နိုင်ငံတကာရေးရာ၊ လွတ်လပ်ရေးအတွက် ဗြိတိသျှကို အနုနည်း (နိုင်ငံရေးနည်းနဲ့)နဲ့ ညှိနှိုင်းပြီးရယူဖို့၊ လိုအပ်လာရင် လက်နက်ကိုင် တော်လှန်ကြဖို့ ဘုရာင်ခံ ဒေါ်မန်စမစ် ရဲ့ အမှုဆောင် (၀န်ကြီး)အဖွဲ့ထဲမှာ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဆာပေါ်ထွန်နဲ့ ဆာထွန်းအောင်ကျော် တို့မှာ ရခိုင်အမျိုးသားတွေ ဖြစ်ကြကြောင်း၊ လွတ်လပ်ရေးအတွက် တိုင်းရင် သား လူမျိုးပေါင်းစုံ စည်းလုံးညီညွှတ်ရေးကို အခြေခံထားကြဖို့လိုကြောင်း၊ လွတ်လပ်ရေးရပြီးရင် လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးကို ချယ်လှယ်ခွင့် မရှိတော့ဘဲ ဗမာတစ်ကျပ်၊ ရခိုင်တစ်ကျပ် ဖြစ်စေ ရမယ်ဖြစ်ကြောင်းတို့ ပါဝင်ကြပါတယ်။

ဗိုလ်ချုပ်နဲ့အဖွဲ့ဟာ မတ် ၁၃ မှာ ကျောက်တော်မြို့၊ မတ် ၁၅ မှာ မနက်ပိုင်း မြောက်ဦးမြို့မှာ ဟော ပြောကြ ပါတယ်။ နေ့လယ်ပိုင်းမှာ မြောင်းဘွေမှာ အစီအစဉ်ရှိပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး တက္ကသိုလ်နေ၀င်းက ''ရှေးဖြစ်နောက်ဟောင်းဗိုလ်ချုပ်အောင်ဆန်းအကြောင်း'' (လုံမလေးမဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၈၇) မှာ ရေးထားပါတယ်။

မြောက်ဦးရဲ့မြောင်းတွေ ၁၀ မိုင်ခရီးရှိပါတယ်။ ဘာကား၊ ဘာယာဉ်မှမရှိတော့ ခြေကျင်လျှောက်ရမ လိုဖြစ်နေပါတယ်။ ဒီတော့ရခိုင် ဖဆပလခေါင်းဆောင်တွေက စက်ဘီးတွေ စီစဉ်ပေးပါတယ်။ သခင်မြ၊ ဟသာင်္တဦးမြ၊ ဦးအောင်ဇံဝေနဲ့ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) တို့က စက်ဘီးစီး တတ်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းပဲ စက်ဘီးမစီးတတ် ဖြစ်နေပါတယ်။
ဒီတော့ ဗိုလ်ချုပ်က ဗိုလ်ထွန်းလှကို လှမ်းခေါ်လိုက်ပြီး ''ဟေ့..... ငါက စက်ဘီမစီတတ်ကာ ဘယ်နယ်လုပ်မလဲ''ဆိုပြီး စိတ်ပျက်ဟန်နဲ့ ညည်းပါတယ်။ ဗိုလ်ထွန်းလှက သူ့ရဲ့စက်ဘီးနောက်ခုံ ပေါ် ထိုင်လိုက် ခဲ့ပါလို့ ပြောပါတယ်။ ဗိုလ်ချုပ်ကဗိုလ်ထွန်းလှကို ပင်ပန်းမှာစိုးလို့ အားနာနေပါတယ်။ ဒီတော့ ဗိုလ်ချုပ် က သခင်မြနားကို သွားပြီး ''သခင်မြ၊ ကျွန်တော် စက်ဘီးမစီးတတ်ဘူးဗျ။ ခွကျတာ ပဲ'' လို့ ပြောလိုက်ပါတယ်။

သခင်မြက ရယ်ကာမောကာနဲ့ ''ကိစ္စမရှိပါဘူး၊ ဗိုလ်ချုပ်တပည့် ကိုနေ၀င်းက ဗလကောင်းသာပဲ။ သူ့စက်ဘီနောက်ကသာ ထိုင်လိုက်သွားပါ။ ဆရာလုပ်တဲ့သူက ကိုယ့်တပည့် စက်ဘီးနောက်က ထိုင်လိုက်တာ ဘာဖြစ်သေး လဲ။ နောက်ပြီး စက်ဘီးမစီးတတ်တာကို လူတကာလျှောက်ပြောဖို့ မလိုပါဘူး'' လို့ ပြောတော့မှ ဗိုလ်ထွန်းလှရဲ့ စက်ဘီးနောက်က ဗိုလ်ချုပ်ထိုင်ပြီး လိုက်လာခဲ့ပါတော့ တယ်။
နေ့လယ်မှာ မြောင်းဘွေမှာ ဟောပြောကြပါတယ်။ နောက်နေ့ မတ် ၁၆ မှာ မင်းပြားမြို့ကို သွားရမှာ ဖြစ် ပါတယ်။

မင်းပြားမြို့မှာ ဗိုလ်ချုပ်တို့အတွက် အစီအစဉ်တွေ လုပ်ပေးဖို့ ရခိုင်တိုင်း ဖဆပလ ဥက္ကဌ ဦးပညာ သီလက ဦးကျော်လှဦးတို့ကိုကြိုပြီး မင်းပြားကို စေလွှတ်ထားပါတယ်။ ဦးကျော်လှဦးရဲ့ ''ဦးပညာ သီဟ ဘာတွေ လုပ်ခဲ့သလဲ''စာတမ်း (ရခိုင်ပြည်နယ်ယဉ်ကျေမှုပြတိုက်စစ်တွေ) ထဲမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မင်းပြားခရီးစဉ်နဲ့ ပတ်သက်ပြီးထူးဆန်းအံ့ဖွယ်ရာ အချက်နှစ်ချက်ကို ဖော်ပြထား ပါတယ်။
မတ်၁၆ မနက် ၈ နာရီမှာ မင်းပြားမြို့ တောင်ကျောင်းမှာ လူထုအစည်းအဝေးပွဲကြီးအတွက် စီစဉ် ထား ပါတယ်။ မင်းပြားမြို့ပေါ်နဲ့ ကျေးရွာအားလုံးကို နှိုးဆော်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ၉ နာရီ ခွဲလောက် ထိ ဗိုလ်ချုပ်တို့လည်း ရောက်မလာ၊ လူထုအစည်းအဝေးပွဲမှာလည်း မင်းပြားမြို့ပေါ်က လူငါးဆယ်လောက်ပဲ ရောက်ရှိနေကြပြီး ကျေးရွာကလူတွေ ရောက်မလာဖြစ်နေပါတယ်။

မကြာခင်မှာပဲ ဗိုလ်ချုပ်တို့ မီးသဘောင်္နဲ့ရောက်လာကြပါတယ်၊ ဗိုလ်ချု့်တို့နဲ့အတူ လျှောက်လာတဲ့ ဦးကျော်လှဦး အနားကို သခင်ဘိုးအောင် ရောက်လာပြီး ''ဗိုလ်ချုပ်ဘယ်မှာလဲ။ ခဏပြပါ။ နယ်ကလူ တွေ မြင်ချင်နေကြလို့'' ဆိုပြီးပြောပါတယ်။ ဦးကျော်လှဦးက ဗိုလ်ချုပ်ကို လက်ညိုးညွှန်ပြရင်း  ''အဲဒါ ဗိုလ်ချုပ်ပဲ''လို့ ပြောလိုက်ပါတယ်။

သခင်ဘိုးအောင်က ခမ်းခမ်းနားနား မဟုတ်ဘဲ ရိုးရိုးသာမန် ၀တ်ဆင်ထားတဲ့ ဗိုလ်ချုပ်ကိုကြည့်ပြီး လူမှားပြတယ် အထင်နဲ့ ''ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်းကို မသိဘူးထင်တယ်'' ဆိုပြီးပြန်လှည့် ထွက် သွားပါတယ်။ ၀ိုင်းကြည့်နေကြတဲ့ လူအုပ်ကြီးဟာလည်း သခင်ဘိုးအောင်နောက်ကို လိုက် သွားကြပါတယ်။

ဒီတော့ ဗိုလ်ချုပ်က ဦးကျော်လှဦးကို ''ဘာလဲ''လို့ မေးလိုက်ပါတယ်။ ဦးကျော်လှဦးက ပြောပြလိုက် ပါတယ်။ ဒီတော့ ဗိုလ်ချုပ်က ''ဒီလိုဆိုရင် ကျုပ်တောင် ဒီမှာပဲ ချက်ချင်းတရားဟောမယ်။ တရားပွဲ စီစဉ်ပါ'' လို့ ပြောလိုက်ပါတယ်။ ဦးကျော်လှဦးက ချက်ချင်းကြေညာလိုက်ပါတယ်။ လူအုပ်ကြီး အပြေး အလွှား ရောက်လာကြပြီး ကွင်းတစ်ကွင်းလုံး ပြည့်လျှံသွားပါတယ်။
ဗိုလ်ချုပ်က လယ်ကန်ပေါင်ရိုးပေါ်တက်ပြီး တရားဟောပါတော့တယ်။ ဗိုလ်ချုပ်ရော လူထုကြီးပါ နေပူကြီးထဲမှာ နှစ်နာရီလောက်ကြာပါတယ်။ ဒါက ထူးဆန်းအံ့ဖွယ်ရာ ပထမအချက်ဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီလိုဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ မင်းပြားက ပြန်မယ့်နေ့ မနက် အရုဏ်တက်လုလု လေးမှာ ဗိုလ်ထွန်းလှ(တက္ကသိုလ်နေ၀င်း) ဗိုက်အောင့်ပြီး အခြေအနေ ပိုဆိုးလာပါတယ်။ ဦးကျော် လှဦးက ဆရာဝန် ခေါ်ပေးရပါတယ်။ ဆရာဝန် ဗိုလ်ကြီးကျော်လှ လိုက်လာပါတယ်။ ဗိုလ်ထွန်းလှကို ဆေးထိုး ပေးပါတယ်။ ဗိုလ်ထွန်းလှ ဝေဒနာ သက်သာသွားပါတယ်။

ဗိုလ်ချုပ်က ဆရာဝန်ကို လက်ဖက်ရည်နဲ့ ဂုဏ်ပြုချင်တယ်။ လက်ခံမလားဆိုပြီး ဦးကျော်လှဦးကို မေးခိုင်းပါတယ်။ ဦးကျော်လှဦး သွားပြောတော့ ဆရာဝန်က လက်ခံပါတယ်။ ဒီတော့ အိမ်ဧည့်ခန်း မှာ စားပွဲဝိုင်းကလေးတစ်လုံး ချက်ချင်းချပြီး လက်ဖက်ရည်နှစ်ခွက်နဲ့ မင်းပြားမုန့်ဆီကြော် တစ်ပန်း ကန် အပြည့် အမောက် တည်ခင်းပေးလိုက်ကြပါတယ်။ ဗိုလ်ချုပ်နဲ့ ဆရာဝန်ကျော်လှတို့ စားပွဲဝိုင်း လေး တစ်ဖက်တစ်ချက် ကနေ မျက်နှာချင်းဆိုင်ထိုင်လိုက် ကြပါတယ်။

ဗိုလ်ချုပ်က ''ဟာ..... ကောင်းလိုက်တာ'' ဆိုပြီး ပန်းကန်ထဲက မုန့်ဆီကြော် တစ်ဝက်လောက်ကို စားပစ် လိုက်ပါတယ်။ ဒီလိုစားပြီး သောက်ပြီးကြတဲ့အခါ ဆရာဝန်ကထပြန်သွားပါတယ်။ ဦးကျော်လှဦးက ဆေးအိတ် ကို လက်ဆွဲပြီး ဆရာဝန်နောက်ကလိုက်သွားပါတယ်။
ဒီလိုလိုက်လာကြရင်း ဦးကျော်လှဦးက ထူးဆန်းအံ့ဖွယ်ရာ လက်ဖက်ရည်ဝိုင်းကလေး အကြောင်း ကို တွေးပြီး အဖြေရှာကြည့်နေပါတယ်။ သူတို့နှစ်ယောက်တည်း စားပွဲဝိုင်းကလေးမှာ မျက်နှာချင်း ဆိုင်ထိုင်ကြ တယ်။ အတူမုန့်စား၊ အတူလက်ဖက်ရည်သောက်ကြတယ်။ ဒါပေမယ့် ဂုဏ်ပြုသူ ဗိုလ်ချုပ်က ဂုဏ်ပြုခံ ဆရာဝန်ကို နှုတ်ဆက်စကားလည်းမဆို၊ လောက၀တ်လည်း မပြုခဲ့ဘူး။ ဆရာဝန်ကလည်း စား သောက်ပြီး ဘာစကားတစ်ခွန်းမှ မပြောမဆိုဘဲ ထပြန်လာခဲ့တယ်။

ဦးကျော်လှဦးက ဆရာဝန်ကို မမေးသင့်ထင်လို့ မမေးခဲ့တာလားမသိဘူး။ နောက် နှစ်တော်တ်ာကြာ ပြီးမှ ဆရာဝန် နဲ့ ဦးကျော်လှဦးတို့ ပြန်ဆုံမိကြတဲ့အခါ ဦးကျော်လှဦးက မေးကြည့်ပါတယ်။ ဆရာဝန် က ''စကား မပြောကြတာ အမှန်ပါပဲ'' ဆိုပြီး တစ်ခွန်းတည်းသာ စကားကိုပဲ ပြောခဲ့ပါတယ်။

မတ် ၁၇မှာ ကျောက်ဖြူမြို့၊ မတ် ၁၈ နဲ့ ၁၉ တို့မှာ ရမ်းဗြဲမြို့တွေမှာ ဟောပြောပြီး မတ် ၂၀ မှာ သံတွဲကို သွားဖို့ စီစဉ်ကြပါတယ်။ သဘောင်္၊ မော်တော်မရှိလို့ လှေနဲ့သွားဖို့ စီစဉ်ကြပါတယ်။ သံတွဲ ချောင်းကို မ၀င်မီ ဘင်္ဂလား ပင်လယ်အော် တစ်စိတ်တစ်ပိုင်းကို ဖြတ်ရမည်ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး တက္ကသိုလ် နေ၀င်းက အထက်က ကျွန်တော်ဖော်ပြခဲ့တဲ့ ဆောင်းပါးမှ ဒီလိုဖော်ပြ ထားပါတယ်။
ယင်း အစီအစဉ် ကို သိရသောအခါ ဗိုလ်ချုပ်အောင်ဆန်းသသည် ကျွန်တော့်အားခေါ်၍ ပြောပြန် လေသည်။ ပင်လယ်ကို ဖြတ်ရမည်ကိုကား သူမသိချေ။

''ဟေ့ကောင်  လှေနဲ့သွားလို့ ဖြစ်ပါ့မလားကွ၊ ငါက ရေမကူးတတ်ဘူး''
''ရေမကူးတတ်လည်း အရေးမကြီးပါဘူး။ လှေက စိတ်ချရပါတယ်။ နောက်ပြီး ကျွန်တော်တို့လည်း ပါသားပဲ''
''ဒါဖြင့်လည်း ပြီးရောကွာ။ ငါက ရေမကူးတတ်တော့ ရေလမ်းသွားရတာ ခပ်ကြောက်ကြောက်ပဲ''
''ကိစ္စ မရှိပါဘူး လှေပေါ်မှာ ဗိုလ်ချုပ်က အိပ်လိုက်ရုံပေါ့ မနက်ကျတော့ သံတွဲရောက်သွားမှာပါ''   

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, October 24, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၇)

ယမကာညနေခင်းည (၇)

လွန်ခဲ့သည် ဧပြီလက မောင်သော်က အသက် ၆၀ ပြည့်ခဲ့ပြီးဖြစ်သည်။ အသက် ၆၀ ပြည့်သည် တွင် မောင်သော်က သည် အလှူကြီးတစ်ခုပြုလုပ်ရန် ရည်စူးထားသည်။ အလှူမှာ အရက်ကို လှူခြင်း ပေတည်း။ ဤသို့လျှင် အံ့ဖွယ်သူရဲ ထူးကဲသော အလှူကြီးကိုပြုရန် ရည်သန်ထားစဉ်တွင် အလှူကို အထ မမြောက်စေရန် အတွက် စေတန်မာရ်နတ်က စေလွှတ်လိုက်လေသည်လား မသိ၊ ကျွန်ုပ်၏ သောက်ဖော် ပင်စင်နာကြီး နှင့် အယ်ဒီတာကြီးတို့သည် ယမကာပုလင်းကို ပိုက်လျက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ လေ တော့သည်။

သော်။    ။လာကြပြီ၊ စေတန်မာရ်နတ်တွေ၊ ခင်ဗျားတို့ သိကြားမင်းနဲ့အတူ တာဝတိံသာ ပြန်မသွား ကြ ဘူးလား။ သူများမှာ အရက်ဖြတ်တော့မယ်လို့ စိတ်ကူးကြံစည်ထားကာမှ အဖျက် အဆီး ရောက်လာ ပြန်တယ်။

ပင်။    ။အံမယ် ကြီးကြီးကျယ်ကျယ် ခင်ဗျားက သည်အသက်အရွယ်ရောက်ကာမှ အရက်ကို သစ္စာ ဖောက်မယ် ကြံတာပေါ့လေ၊ ဟုတ်လား။

အယ်။    ။အရက်ကို ပစ်ခွာပြီး အသစ်ရှာမယ်လို့ စိတ်ကူးတာလား၊ ဒီလောက် ချစ်စရာကောင်းတဲ့ ယမကာ ကို ဘာကြောင့်များ ကွာရှင်းချင်ရတာလဲဗျာ။ သူသာမရှိရင် လူ့ပြည်မှာ ကျုပ်တို့ ဘယ်ပုံ နေရမှာလဲဆိုတာ စဉ်းစားကြည့်ပါဦး ကိုယ်တော်ကြီးရယ်။

သော်။    ။ဟုတ်ပါတယ်။ ကျုပ်ကလည်း ယမကာကို ချစ်ပါတယ်။ ယမကာ ဆားဗစ်စ်နှစ်ပေါင်း ၄၀ မှာ မသောက်ဖူးတဲ့ အရက်လည်း မရှိတော့ပါဘူး။ သောက်ရတာလည်း ဝပါပြီ။ ပျင်း လည်းလာပြီ၊ ကျေနပ် လောက် ပါပြီဗျာ။ ဒါပေမဲ့ ဒီကိစ္စမှာ ကျုပ်က ယမကာကိုပစ်ခွာတာ မဟုတ်ပါဘူး။ ယမကာက ကျုပ်ကို ဖြတ်စာ ပေးသွားတာ ဖြစ်ပါတယ်။ ကျုပ်က သူ့ကို ချစ်မဲ့သူက ကြာလေ ကြာလေ အနေမြင့်တဲ့ဘဝ ရောက်သွားပြီဗျ။ ကျုပ် လက်လှမ်းမမီ နိုင်တဲ့ဘဝ ရောက်သွားပြီဗျ။  မန္တလေးရမ်ရဲ့ဈေးက တစ်ပုလင်းကို ၁၅၀၊ အာမီရမ်က ၁၀၀ ဆိုတော့ ဟင်း... ချစ်လျက်နဲ့ ဝေးနေရတာပေါ့ဗျာ။

ပင်။    ။အို ဒါများပူစရာလိုက်လို့ဗျာ။ ကော်နီရှိသားပဲ၊ ကော်နီနဲ့ပျော်သည် ပျော်သည် တို့ပျော် သည် ပေါ့ဗျာ။

အယ်။    ။ခင်ဗျားဟာ မဟုတ်သေးပါဘူး။ ချက်အရက်ကို ငယ်ချစ်၊ ဒါမှမဟုတ် ချက်ကြီးလို့ပဲခေါ်ပါ မြတ်လေးက ဆိုတယ်မလား၊ ဘာတဲ့... ခေတ်ကြီးနဲ့ဖက်ပြီး မပျက်စီးဘူးကွယ်... ပစ္စည်း မဲ့ချက်ကြီး ချက်ကြီး မူးတယ်... ဆိုတာ မကြားဖူးဘူးလား။ ချက်ကြီးသာလျှင် ကျုပ်တို့ ပစ္စည်းမဲ့လူတန်းစာရဲ့ အားထားရာ အစစ်ဖြစ်ပါတယ်။

သော်။    ။မလုပ်ပါနဲ့ဗျာ၊ ကျုပ်က ချက်ကြီးနဲ့ ဘယ်တုန်းကမှ မရင်းနှီးခဲ့တော့ အသက်ကြီးမှ မပျက် စီး ပါရစေနဲ့၊ ဒါကြောင့် အရက်ကို ဖြတ်တော့မယ် စိတ်ကူးထားတာ။ ခင်ဗျားတို့ မတား ကြပါနဲ့တော့။
ပင်။    ။ဘာလဲ ခင်ဗျားက အရက်ကို စိတ်နာလို့လား။

သော်။    ။စိတ်မနာပါဘူးဗျာ၊ ဒါပေမဲ့ ဂုဏ်သရေရှိစွာနဲ့ မသောက်နိုင်တော့လို့ စွန့်ခွာတာပါ။ ဂုဏ် သရေရှိစွာနဲ့ သောက်နိုင်သေးတဲ့ လူများတော့ ဆက်သောက်နိုင်ကြပါစေ၊ သေတစ်ပန်း သက်တစ်ဆုံး သောက်နိုင်ကြပါစေ၊ ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းပါ တယ်။

အယ်။    ။ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။ နေပါဦးဗျာ။ ခင်ဗျားက ဘယ်လိုဂုဏ်သရေရှိရှိနဲ့များ သောက် ချင်ရတာလဲ။ အရက်ပဲဗျာ။ သောက်ရပြီးရော မဟုတ်လား။

သော်။    ။ခင်ဗျားတို့ အဲဒါ ခက်တာပဲဗျာ။ အရက်သောက်တယ်ဆိုတာ ဂုဏ်သရေမရှိတဲ့အလုပ်၊ ကျက်သရေမရှိတဲ့ အလုပ်မဟုတ်လား။ မသောက်ကြသူတိုင်း၊ ဘာသာရေးသမားတိုင်း က အထင်သေးတဲ့ အလုပ်မဟုတ်လား။ အဲဒီအလုပ်ကို စကတည်းက ဂုဏ်သရေရှိရှိ စ ထားမှ တော်ကာကျတယ်။ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုသလိုပေါ့။ ခင်ဗျားတို့ ခု ခေတ်မှာ သောက်နေကြသေးတဲ့ လူတွေဟာ အန်ကျက်သရေဝစ်သောက် သောက်ရှက် (Un ကျက်သရေ Without သောက်ရှက်) လူတွေသာ များပါတယ်။ ကျုပ် အဲဒီအထဲ မပါချင်တော့ဘူးဗျာ။ ကျွန်တော်တစ်ယောက်အနေနဲ့ကတော့ သက်ဆိုင်ရာ လူကြီးများ က ကြည့်ရှုမစကြလို့ အခွင့်ထူးခံ လူတန်းစားအနေနဲ့ ပုံမှန်လိုရပါတယ်။ ကျေးဇူးတင်ပါ တယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကိုလည်း တဖြည်းဖြည်းနဲ့ ကျွန်တော် မနှစ်မြို့တော့ဘူး။ မ လိုချင်တော့ဘူး။ ဆက် မယူချင်တော့ဘူးဗျာ။

အယ်။    ။လင်းစမ်းပါဦး ဆရာကြီးရဲ့၊ ကျွန်တော်တို့က ဂုဏ်သရေရှိရှိနဲ့ သောက်တဲ့ခေတ်ကို ဝိုးတ ဝါးပဲ မီလိုက်သူ တွေမို့ပါ။

သော်။    ။ခင်ဗျားတို့ ကျွန်တော်တို့က "မင်တိုမစ်ရှင်"နဲ့ "ဆဗွိုင်း"တို့ကိုတော့ မီလိုက်တဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ "ဘုံဘေဟော်တယ်"တို့ "ဂရင်းဟော်တယ်"တို့ "ဆန်းရှိုင်း"တို့ "ဆန်းကဖီး"တို့ကို မီလိုက်တဲ့သူတွေပါ။ နေရာထိုင်ခင်း၊ လက်သုတ်ပဝါ၊ ဖန်ခွက်၊ ပန်း ကန်ပြား၊ ဇွန်း၊ ခက်ရင်းကအစ အကောင်းစား တွေ သန့်သန့်ပြန့်ပြန့် ဖွေးဖွေးစင်စင်နဲ့ စိတ်ချမ်းသာ လက်ချမ်းသာ နားအေးပါးအေး အပန်း ဖြေရင်း သောက်ခဲ့ကြရပါသေး တယ်။

ပင်။    ။ခင်ဗျားပြောမှ လွမ်းတောင်လာပြီဗျာ။

သော်။    ။လွမ်းစရာပြောနေတာ မဟုတ်ပါဘူး။ လူတွေအဆင့်အတန်း နိမ့်လာတာနဲ့ တဖြည်းဖြည်း အောက်တန်း ကျလာတာဟာ အရက်ဆိုင်တွေမှာ အသိသာဆုံးပြနေပါတယ်။ ဘာ အဆင့်အတန်း ဘာကလပ်စ် မှ မရှိတော့ဘူးဗျ။ သောက်ချင်တဲ့ သောက်ကလပ်စ်ပဲ ရှိတော့ တယ်။

ပင်။    ။ခင်ဗျားကလည်း နှိမ်စရာမရှိ အသောက်သမားအချင်းချင်း နှိမ်လိုက်တာဗျာ။

သော်။    ။နှိမ်တာ မဟုတ်ဘူးဗျ။ ကျုပ်တို့ရဲ့အဖြစ်မှန် လက်ရှိရန်တည်ချက်ကို ပြောတာ။ ဟိုတုန်း က ဘွိုင်ကုလားများ ခေါ်လိုက်ရင် သပ်သပ်ရပ်ရပ်နဲ့ ရိုရိုသေသေဗျ။ ဖန်ခွက်လာချရင် လည်း အကောင်းစား ရှက်ဒလီဂလတ်စ် (Shedle Glass)တွေကို လက်ရာမထင်စေဘဲ ပြောင်လက်အောင် ပွတ်တိုက်ပြီးမှ လင်ပန်း ပေါ်မှာ လက်သုတ်ပဝါခင်းပြီးမှ သယ်မယူ လာတာဗျ။ အခုတော့ အရောင်မထွက်တဲ့ ဖား ဖန်ခွက် ကို လက်သည်း ရှည်ရှည်ကြီး တွေ၊ လက်တွေ အကွက်အကွက်နဲ့ သူငယ်က လေးငါးခွက် သူ့လက်နဲ့ ပြွတ်ကိုင် ယူလာ ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ လာချတာဗျ။ ဒါတောင် ဖန်ခွက်မလောက်လို့ စောင့်ရတာ တို့ ဖန်ခွက် ပိုက်ဆံပေးငှားတာတို့က ရှိသေးတယ်။

အယ်။    ။သပ်သပ်ရပ်ရပ် လိပ်ပြာတောင် နတ်ကတိုင်စားပွဲထိုးတဲ့ ဆိုင်တွေလည်း ရှိပါသေးတယ်။

သော်။    ။ရှိပါတယ်။ အင်း... ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျတော့မှာပဲ။ အဲဒီဆိုင်တွေ က အရက် ရောင်းပုံက ရောင်းချခြင်း (Sale) မဟုတ်။ စားသုံးသူကို အတင်းလည်ပင်း ညှစ်ပြီး အိတ်ထဲ ပါလာတဲ့ ငွေကို လုမယူရုံတမယ် နှိုက်ထုတ် အိတ်တော့ရှင်း (Extortion) စံနစ်နဲ့ ရောင်းချတာပဲ။

အယ်။    ။ဘာပြုလို့လဲဗျာ။ ခင်ဗျားဟာက ရင့်လှချည်လား။ ခင်ဗျားပြောပုံကဖြင့် နေ့ခင်ကြောင် တောင် ဓားပြတိုက်တဲ့ Day Light Robbery ကျနေတာပဲ။ စားသုံးသူဟာ...

သော်။    ။အလျင် ကျွန်တော် ရေးခဲ့ပါကကော၊ လင်ပန်းစနစ်ဆိုတာ အရက်နှစ်ခွက်သောက်ရင် အမြည်းပါထည့်မှာရတယ်။ ခင်ဗျား စားချင်စား၊ မစားချင်လို့ မမှာဘဲတော့ မနေရဘူး။ ဇွတ်အတင်းပဲ အမှာခိုင်းတယ်။ အမြည်းက အနည်းဆုံး ငါးကျပ်လောက်ကျမယ်။ ကြက် ပေါင်ကြော်တစ်ခုဆို ၂၀ိ ပေးရမယ်။ နောက်ထပ် နှစ်ခွက်လိုချင်ရင် နောက်ထပ်အမြည်း နဲ့ တွဲမှာမှရမယ်။ စိတ်မချမ်းသာရတဲ့အထဲ နား ကလည်း မချမ်းသာဘူးဗျ။

ပင်။    ။နားက ဘယ်လို မချမ်းသာတာလဲ။ အရက်သမားတွေ မူးကြဆူကြလို့လား။

သော်။    ။မူးကြ ဆူကြတာမှ တော်သေးတာပေါ့ဗျာ။ အရက်ဝိုင်းပဲ၊ ဓမ္မာရုံမှ မဟုတ်ဘဲ။ မူးကြဆူကြတဲ့ လူလည်း ရှိပေမပေါ့။ ဒါထက်ဆိုးတာက ဘယ်သူမှနားမထောင်ဘဲနဲ့ မြန်မာတူရိယာတီးဝိုင်း ကြီးကို အရက်ဆိုင်တွင်းမှာ အတီးခိုင်းခြင်းပါပဲ။

အယ်။    ။ခြောက်လုံးပတ်နဲ့ ပတ်မကြီးနဲ့ ဝါးပတ္တလားနဲ့ နှဲနဲ့၊ ကြေးနောင်နဲ့၊ မြိုင်မြိုင်ဆိုင်ဆိုင်ပဲလား။

သော်။    ။ဟုတ်ပါ့ဗျာ။ မြန်မာဂီတဝိုင်းကိုလည်း နှိမ့်ချစော်ကားရာ ရောက်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့က တပင်တပန်း တီးနေကြတာကို ဘယ်သူမှ လေးလေးစားစား နားမထောင် ကြဘဲကိုး။ နောက်ပြီ စိတ်အေးလက်အေး၊ နားအေးပါးအေး အပန်းဖြေသောက်သုံးလိုသူ တွေလည်း နှောင့်ယှက်ရာကျတယ်။

ပင်။    ။အေးဗျာ၊ အသံချဲ့စက်နဲ့ ကက်ဆက်လောက်နဲ့ဆို တော်ရောပေါ့။

သော်။    ။သူတို့အတွေးအခေါ်က မြန်မာတီးဝိုင်းသမားတွေ ထမင်းငတ်နေပြီ။ ဒါကြောင့် အရက်ဆိုင် မှာ ဟိုကဒီက လက်ပစ်ကြေးကလေးစီပြီး ဝမ်းစိုပါစေလို့ စေတနာထားဟန်တူပါသဗျ။ ကျုပ် ကတော့ လက်ပစ်ကြေးယူပြီး နဂါးနီသီချင်းချည်း တီးနေတာ ကြားရတာပါပဲ။ သိပ်ကို ခွက် ဆန်တာပါပဲ။

အယ်။    ။ဟုတ်တယ်ဗျာ။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်တွေမှာ ကက်ဆက်ဖွင့်တာကို စိတ်တို နေတာကြာပြီ။ ဘယ်အေးအေးဆေးဆေး စကားပြောဆွေးနွေးစရာရှိလို့ လက်ဖက်ရည်သွား သောက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အော်ကြီးဟစ်ကျယ်နဲ့ မျက်နှာချင်းဆိုင် ပြော တာတောင် မကြားရလောက် ကက်ဆက်ကို အင်ပလီဖိုင်ယာနဲ့ ဆောင်းဘောက် (Sound box)ကြီးနဲ့ နှံနေတော့ မနည်း သည်းခံပြီး ထပြန်လာရတယ်။

သော်။    ။ကျုပ်ကတော့ လက်ဖက်ရည် ဘယ်လောက်ကောင်းတယ်ဆိုစေတော့ ကက်ဆက်ဖွင့်တဲ့ ဆိုင်ခန်း သောက်ကို မသောက်ဘူးဗျာ။ အနောက်နိုင်ငံများမှာ (The customers deserve the right not to be entertained) "အဖျော်ဖြေ မခံလိုလျှင် မခံရန်အတွက် စားသုံးသူ တွင် အခွင့်အရေးရှိသည်"လို့ ဆို ထားတယ်။

ပင်။    ။ဒါဖြင့် နားထောင်ချင်တဲ့လူတွေ၊ အထူးသဖြင့် လူငယ်တွေက ရှိသေးတာပဲဗျ။ သူတို့က နား ထောင်ချင်တော့ ဘယ်လိုလုပ်မလဲ။

သော်။    ။သူတို့နားထောင်ချင်သပဆိုရင် အများပြည်သူဆိုင်မှာ နားထောင်စရာမလိုပါဘူး။ သူတို့အိမ် မှာ သူတို့ နားထောင်ပစေပေါ့။ နားကျပ်နဲ့ နားထောင်ဗျာ။ သူတို့ခံနိုင်ရန် သူတို့နားကွဲရုံမက လို့ ဖင်ပါ ကွဲအောင် သူတို့အိမ်မှာ နားထောင်။ သူ့အခွင့်အရေး အပြည့်ရှိပါတယ်။ အများ ပြည်သူကိုတော့ အသံ ဆူညံ စေခြင်းဖြင့် အနှောင့်အယှက်မပြုသင့်ဘူး။

ပင်။    ။ခင်ဗျားက ဂီတကိုမကြိုက်လို့ ဖြစ်ပါလိမ့်မယ်။

သော်။    ။ကြိုက်ပြီလားဗျာ။ သိပ်ကြိုက်တာပေါ့။ မြန်မာသီချင်းကြီးကအစ ကာလပေါ်စတီရီယိုတေး အချို့ ကိုပါ ကြိုက်ပါတယ်။ အနောက်တိုင်း တေးဂီတဆိုရင် ချိုက်ကော့စကီး၊ လစ်ဟိုပန်း၊ ဘေတိုဗင် ကအစ မော်ဒန်ပေါ့ပ်မြူးဇစ်အထိ ကြိုက်တာတွေလည်း ရှိပါတယ်။ ကျုပ်အိမ်မှာ ကျုပ်ကြိုက်သလို နားထောင်တယ်။ အများပြည်သူတွေ ထိုင်တဲ့ဆိုင် ဘုံဆိုင်ဆိုတာ တေးဂီ တကို ငြိမ့်ငြိမ်းညောင်းညောင်းနဲ့ မသိစိတ် (Sub conscious mind)မှာ ထင်သာကြားသာရုံ မျှလောက် ညင်ညင်သာသာ တိုးတိုးကလေး ဖွင့်ပေးထားရင် သိပ်ကောင်းတာပေါ့။ မြူးဇစ်က နောက်ခံတေးအဖြစ် ဘက်ဂရောင်းလောက်ပဲ ရှိနေ ရတယ်။ ခုတော နားပင်း၊ နားထိုင်း၊ နား ကန်းတွေက နတ်ကနားပေးသလို တီးပေးမှကြိုက်ကြတယ်။ မယဉ်ကျေး တဲ့ လူရိုင်းတွေရဲ့ ဗီဇ မပျောက်သေးတဲ့ သဘောပါ။

အယ်။    ။အဲဒါ အလျင်တုန်းက ကုလားလက်ဖက်ရည်ဆိုင်တွေရဲ့ အကျင့်ဆိုးပါလာတာနဲ့တူတယ်ဗျ။ ကုလားလက်ဖက်ရည်ဆိုင်လည်း ဆူညံနေတာပဲ။ ဘာကို အော်မှာလို့မှ ဘယ်သူကမှ လာမ ချဘူး။ သူတို့ ဘာသာ ဆူညံနေကြတာပဲဗျ။ ညစ်ပတ်တာလည်း အဲဒီက ကူးစက်လာတာလို့ ထင်တာပဲ။ လူမျိုး တစ်မျိုးဆီက ကောင်းတဲ့အကျင့်ကိုတော့ မယူကြဘဲနဲ့ မကောင်းတဲ့ အကျင့်ကို အမိအရယူနိုင်တဲ့နေရာမှာ ကျွန်တော် တို့ မြန်မာတွေတော့ စံနမူနာပါပဲ။

သော်။    ။ဟုတ်တယ်လေ၊ အရက်သောက်တဲ့နေရာမှာလည်း ဒီအတိုင်းပဲဗျ။ အင်္ဂလိပ်တွေက စည်းနဲ့ ကမ်းနဲ့ အရက်သောက်တယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း မခိုမကပ် အလုပ်လုပ်တယ်။ အဲဒီမှာ ကျွန်တော် တို့ ကိုယ်ရွှေမြန်မာများက အလုပ်လုပ်တာတော့ အတုမခိုးဘဲနဲ့ အရက် သောက်တာကြတော့ လွန်လွန် ကဲကဲ အတုခိုးကြတယ်။ လက်ဖက်ရည်ဆိုင် ဆူညံနေမှ ကြိုက်တာကတော့ ခင်ဗျားပြောသလို ကုလား ဆီကရတဲ့ အကျင့်ဆိုးနဲ့တူပါတယ်။

လက်ဖက်ရည်ဆိုင်မှာ ကက်ဆက်ခွေအလုအယက်ဖွင့်တာ အသေးအမွှားကိစ္စမဟုတ်ဘူး နော်။ စန္ဒာဝင်း လက်ဖက်ရည် ဆိုင်က စတဲ့မီးဖွားဟာ အတော်တောက်လောင် ကျယ်ပြန့် သွားတာကိုသာကြည့်တော့။ ဒါကြောင့် လက်ဖက်ရည်ရောင်းပါ။ ကက်ဆက်သံနှင့် လူငယ် တွေကို မြူဆွယ်၊ ရပ်ကွက်ကို အပူမီး တိုက်တဲ့ လက်ဖက်ရည်ဆိုင်မျိုးမဖြစ်ဖို့ သက်ဆိုင်ရာ က တားမြစ်သင့်တယ်။

ပင်။    ။ခင်ဗျား အကဲဖြတ်ချက်အရ အရက်ဆိုင်တွေဟာ လူတွေ တဖြည်းဖြည်း အဆင့်အတန်းနိမ့် ကျသွားတာကို ဖော်ပြနေတယ်ဆိုရင် ဒီကနေ့ မှိုလိုပေါက်နေတဲ့ လက်ဖက်ရည်ဆိုင်တွေက ဘာကို ဖော်ပြနေသလဲ။

သော်။    ။လူတွေ စူးစိုက် စိတ်ဝင်စားစရာမရှိတာ။ လူတွေ စိတ်လေလွင့်နေတာ၊ လူတွေ အကြံအဖန် လုပ်ပြီး ဖြတ်လမ်းလိုက်နေကြတာကို ဖော်ပြနေတယ်။ လက်ဖက်ရည်ဆိုင်မှာ မေ့နေအောင် ထိုင်တဲ့ လူတွေဟာ အလုပ်မရှိတဲ့လူ၊ စိတ်လေလွင့်တဲ့လူနဲ့ အပေါက်ကောင်းချောင်းနေတဲ့လူ ဖြတ်လမ်း သမားတွေသာများတယ်။ လက်ဖက်ရည်ဆိုင်တွေများလာ အလုပ်လက်မဲ့ဦးရေ ပေါလေဆိုတာ သတ်မှတ် နိုင်တယ်။

အယ်။    ။အဲဒါတော့ ခင်ဗျားရဲ့သီဝရီမှားပြီထင်တယ်။ ကျွန်တော် ဂျပန်ပြည်ရောက်ခဲ့တယ်။ ပေါလိုက် တဲ့ တီးဟောက်စ်တွေ၊ များလိုက်တဲ့ ဘားတွေ၊ သောက်သောက်လဲ နိုက်ကလပ်တွေ၊ ကဲ... ဒါတော့ ခင်ဗျား ဘယ်လို ပြောမလဲ။ စီးပွားရေးမကောင်းလို့လား။

သော်။    ။ခင်ဗျားပြောတာမှန်တယ်။ အဲဒါ (Inverse ratio) အချိုးကျ ပြောင်းပြန်ဖြစ်ခြင်းလက္ခဏာလို့ ခေါ်တယ်။ စီးပွားရေးကောင်းလွန်းပြန်တဲ့အခါမျိုးမှာလည်း ငွေတွေပိုလျှံနေလို့၊ အချိန်တွေ ပိုလျှံနေလို့ အပျော်အပါးအနေနဲ့ ဒီလက္ခဏာမျိုးတွေ ထပ်ပေါ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီ မှာလည်း ငွေတွေ ပိုလျှံ နေလို့ မဟုတ်တောင် အချိန်တွေပိုလျှံနေလို့ဖြစ်မှာပါ။

ပင်။    ။အင်း... ခင်ဗျားပြောတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခေတ်မီတိုးတက်တဲ့ နိုင်ငံများမှာ အရှားပါးဆုံးသော ပစ္စည်းဟာ "အချိန်"ပဲဗျ။ သူတို့ဆီမှာ အချိန်ကို လုအလုပ် လုပ်နေရတယ်။ အပြိုင်အဆိုင် အလုပ်လုပ်နေရတယ်။ ဒီ့ပြင်ဟာတွေ အားလုံးရှိပေမဲ့ "အချိန်"က မရှိဘူးဗျ။

သော်။    ။ဒါဖြင့် ကျွန်တော်ကမြန်မာပြည်ကိုချစ်တာပေါ့။ ကမ္ဘာမှာ အရှားပါးဆုံးပစ္စည်းဖြစ်တဲ့ "အချိန်" ဆိုတာ ကျွန်တော်တို့မှာ အပေါဆုံးဖြစ်နေတယ်။ ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ၊ ဘယ်လောက် ချစ်စရာကောင်းတဲ့ တိုင်းပြည်လဲ၊ ဒါနဲ့များတောင် ကိုယ့်တိုင်းပြည်မှာ ကိုယ်မ နေကြဘဲ နိုင်ငံခြား ထွက် အလုပ်လုပ်တဲ့လူတွေကို သိပ်အံ့သြမိတယ်။ ဟိုမှာ အပြေးအလွှား အမောတကောလုပ်နိုင်မှ လူတန်းစေ့နေရ၊ ထိုင်ရ၊ စားရတာ၊ ကျုပ်တို့ဆီမှာ ဘယ်လှည့် ညာလှည့်နဲ့ ဖြီးဖြန်းပြီး လက်ကျော တင်းအောင် မလုပ်ဘဲနဲ့ စားနိုင်သောက်နိုင်ရှိကြတယ်။ အနည်းဆုံးခေတ်ကြီးနဲ့ မပျက်စီးတဲ့ ပစ္စည်းမဲ့ ချက်ကြီးတို့ တွယ်နိုင်ကြသေးတယ်။

အယ်။    ။ဟုတ်ပေါ့ဗျာ၊ ကောင်းသမှ သိပ်ကောင်း။ ဒါနဲ့ နိုင်ငံခြားတိုင်းပြည်များမှာ အပြေးအလွှားရှာ ဖွေရ၊ အချိန်လုပြီး အလုအယက်လုပ်ကြရလို့ နှလုံးရောဂါနဲ့သေတဲ့ လူတွေက ရာခိုင်နှုန်း သိပ်များတယ်ဆို။

သော်။    ။ဟုတ်တယ်။ သိပ်ကိုများတယ်။ (Rat Race) လို့ခေါ်တာပေါ့ဗျာ။ မြန်မာလိုကတော့ ကြက် ယက် သလို အလုအယက် ရှာစားနေရတာမို့ နှလုံးရောဂါနဲ့သေတာများတာပေါ့။

ပင်။    ။ဒီလိုဆို ကျွန်တော်တို့ဆီမှာတော့ နှလုံးရောဂါနဲ့ သိပ်အသေအပျောက် မများနိုင်ဘူးပေါ့နော်။

သော်။    ။ဟုတ်တယ် နှလုံးရောဂါနဲ့ မသေနိုင်ပေမဲ့ သုံးလုံးရောဂါနဲ့တော့ သေနိုင်သေးတယ်။

အယ်။    ။ဗျာ သုံးလုံးရောဂါ၊ ဘယ်လိုရောဂါလဲဗျ။

သော်။    ။ချဲလေဗျာ၊ ချဲထီဂဏန်း သုံးလုံးပေါ့။ အလုပ်မရှိ အကြံအစည်မရှိတော့ ချဲထီဖိထိုးပြီး ချဲမ ပေါက်တာနဲ့ မွဲပြီး ဂဏန်းသုံးလုံးရောဂါနဲ့ သေမှာကတော့ သေချာပေါက်ပဲဗျို့။

ပင်။    ။ခင်ဗျားက သူများကျတော့ သုံးလုံးရောဂါနဲ့ သေမလေး ဘာလေးနဲ့ ခင်ဗျားကျတော့ လေးလုံး ရောဂါနဲ့ သေမယ်ထင်တယ်။

သော်။    ။ဘယ်လိုလေးလုံးရောဂါလဲဗျ။

ပင်။    ။ခင်ဗျားပဲ ပြောတယ်မဟုတ်လား။ တစ်ပတ်ကို ရမ်တစ်လုံးကျနဲ့ တစ်လမှ ရမ်လေးလုံး၊ အဲ- ဒီရမ်လေးလုံးကိုပဲ အလျင်မီအောင် မရနိုင်လို့ ခင်ဗျားလည်း လေးလုံးရောဂါနဲ့ ကြွလိမ့်မယ် လို့ ကျုပ်ထင်တယ်။

သော်။    ။အဲဒါကြောင့် ပြောတာပေါ့။ လေးလုံးရောဂါနဲ့ မကြွချင်လို့ အချိန်မီ အရက်ဖြတ်တော့မယ် ပြောတာ။ ခင်ဗျားတို့လာပြီး မာရ်နတ်လုပ်တာနဲ့ မအောင်မြင်သေးတာ။ နောက်ကို ခင်ဗျား တို့လာတာ မြင်ရင်တော့ "အို အချင်းစေတန်၊ နောက်သို့ဆုတ်လော့၊ ငါ့နောက်သို့ မလိုက် လေနှင့်"လို့ ပြောရမှာပဲ ထင်တယ်။

ပင်။    ။ခင်ဗျား တကယ်အရက်ဖြတ်တော့မှာလား။

သော်။    ။ခင်ဗျား ယုံသလား။ အသက် ၆၀ အထိ ယမကာကို တတ်နိုင်သမျှ ဘေးကင်းစွာ၊ အသက် ရှည်စွာ သောက်သုံးလာတဲ့ လူတစ်ယောက် ဒီလောက်လွယ်လွယ်နဲ့ ဖြတ်လို့ရပါ့မလား။ ကျွန်တော် သောက်ချင်စိတ် ကုန်တာက သောက်ရတာ ကျက်သရေမဲ့လွန်းလို့သာ ပြောရ တာပေါ့။ ကျွန်တော့် ဆရာသမား အသက် ၈၀ ကျော် ယမကာဆရာ ဇရာအိုကြီးက ဆိုမိန့် ဖူးတယ်။

ပင်။    ။ဘယ်လိုများပါတဲ့လဲ။

သော်။    ။ဟိုတစ်လောဆီက သူနဲ့တွေ့တော့ မေးတယ်။ ဟေ့ ဗိုလ်သော် မောင်ရင်အရက်သောက် တုန်းပဲလားတဲ့။ ကျွန်တော်သောက်တယ်လို့ ပြောလိုက်တော့၊ သူက ဘယ်လောက်သောက် သလဲတဲ့။
ပင်။    ။သူကလည်း စနစ်တကျ ပက်ချိန်သမားလား။

သော်။    ။စနစ်တကျ ဘယ်ကမလဲ။ အရက်ပါရမီရှင်လိုခေါ်လောက်တယ်။ အသက်ရှစ်ဆယ်ထိ သောက်ရတာ သာကြည့်တော့။ အဲ-ကျွန်တော်က တစ်နေ့ကို နှစ်ပက်၊ တစ်ပက်မှာ ငါးရက် သောက်တယ် လို့ ပြောလိုက်တယ်။

အယ်။    ။အဲဒီတော့ သူက ဘာပြောသလဲ။

သော်။    ။အေး ကောင်းတယ်။ မင်း ယောင်လို့မှားလို့များ သူတစ်ပါးစကား နားယောင်ပြီး သွားမဖြတ် လိုက် နဲ့နော်။ ဟိုရောဂါ ဒီရောဂါတွေဝင်ပြီး ဆရာဝန်ဆီ အလီလီသွားနေရတာနဲ့ ဆေးဖိုးနဲ့ မွဲလိမ့်မယ်၊ ဆေး တွေက အရက်ထက်ပိုပြီး ဈေးကြီးသေးတယ်။ မောင်ရင်ရဲ့တဲ့။

ပင်။    ။ဟုတ်ပေါ့ဗျာ။ ဆေးဈေးကြီးတာဖြင့် မပြောပါနဲ့တော့။

သော်။    ။မင်း အသက် ၆၀ မှာ နေ့စဉ်  နှစ်ပက်သောက်။ အရက်ကောင်းကောင်းကိုပဲသောက်။ ချက်ကြီးကို မကိုင်လေနဲ့၊ အသက် ၇၀ မှာ နေ့စဉ် တစ်ပက်ပဲသောက်၊ ငါ့လို အသက် ၈၀ ရောက်တော့ ပက်ချိန် တစ်ဝက် (Half Peg)ပဲသောက်၊ အေး အသက် ၉၀ ပိုင်းရောက်လာ ရင်တော့...

အယ်။    ။ဖြတ်လိုက်တော့တဲ့လား။

သော်။    ။ဘယ်က ဖြတ်ရမှာလဲ။ အသက် ၉၀ ကျော်မှတော့ မထူးတော့ဘူးကွာ တစ်နေ့တစ်လုံးပဲ သောက်တော့။ ဘယ် အသက် ၉၀ ကျော်လို့ ဘာရောဂါနဲ့မှ မသေတဲ့အတူတော့ သောက် ပြီး သေတာပဲ ကောင်းပါတယ်တဲ့။ ကျွန်တော်လည်း ကျွန်တော့်ဆရာ ယမကာဇရာအိုကြီးရဲ့ အဆုံးအမမှာပဲ တည် ပါတော့တယ်။

အယ်/ပင်။       ။သာဓု... သာဓု... သာဓု။
ပန်၊ မေ၊ ၁၉၈၈

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သန်လျက်ခုံ, အပိုင်း (၂၈) (ဇာတ်သိမ်းပိုင်း)

မကြည်သာ မရွှင်ပျ စိတ်ဒုက္ခဝေဒနာရှင်

ဘ၀အကျိုးပေးသန်၍ သာမန် မင်းမှုထမ်းတစ်ဦး၏ သမီးပင် ဖြစ်ငြားလည်း အနောက် မိဖုရားကြီးဘ၀နှင့် ရွှေအိမ် ရွှေနန်း ရွှေကြငှန်းတွင် ပျော်ရွှင်ခံစားခဲ့ရသူ၊ စာပေဂီတအရာ၌ ကျော်ကြားသော အနုပညာရှင် တစ်ဦး လည်း ဖြစ်ခဲ့ရသူ မမြကလေး၏ ဘ၀နိဂုံးချုပ်ရခြင်းကား ကြေကွဲဝမ်းနည်းဖွယ်ရာအတိ ရှိခဲ့ လေသည်။

ရာဇ၀တ်အပြစ်အလျောက် ခံရသည်ပင်ထားဦး၊ သူတစ်ထူးထက်ပို၍ လေးနက်စွာသော အပြစ်ဒဏ်ကို ခံရ ရှာသည်။ လက်မရွံ့အာဏာသားများလက်တွင် အသက်ပေး၍ စတေးခံရချက်ကလည်း မသေမချင်း ဆင် နှင့် နင်းသတ်ခံရသည်အထိ မချိမဆန့် ဖြစ်ရရှာသည်။ အသားနှင့်အရိုး စိစိကြေ၍ သချိုင်းမြေကို သွေး အတိ ပြည့်စေသည်မှာ အလောင်းပင် ရှာမရအောင် ဖြစ်ခဲ့ရသည်။ သူသတ်လက်မရွံ့တို့သည် သူတို့ကိစ္စ တာဝန်ပြီး သွားသောအခါ ဖျာကိုလှန်၍ သွေးအလိမ်းလိမ်းရှိနေသော မြေကြီးများကို တူရွင်းပြားနှင့် မြေလှန် သွားသည်မှ တစ်ပါး ဘာမျှ ထူးထူးခြားခြား မပြုခဲ့။ သူတို့၌ ပြုရန်တာဝန်လည်းမရှိ ဖြစ်သည်။

သေသူ၏ ဆွေမျိုးသားချင်းများက အလောင်းကောက်၍ သင်္ဂြိုဟ်မှုကိုလည်း မပြုဝံ့ကြသည်မှာ ရာဇ၀တ် အပြစ်ဒဏ် နှင့် သေဆုံးရသူတို့၏ ကြုံရမြဲဓမ္မတာပင်ဖြစ်သည်။
မိဖုရားမြကလေး အဖို့မှာ မိဘနှစ်ပါးနှင့် ဆွေမျိုးသားချင်း အသင်းအပင်း များစွာရှိစေကာမူ မည်သူမျှ လာ ရောက် အလောင်းမကောက်နိုင်ကြရှာပေ။ သူတို့သည်လည်း မမြကလေးနှင့်အတူ ရာဇ၀တ်အပြစ်ဒဏ်နှင့် အသတ်ခံ ရကြရသူများဖြစ်ပါသည်။ ကျန်ရစ်သော ဆွေဖျားမျိုးစပ်တော်သူများလည်း ရာဇ၀တ် အဖျား ခတ် လာမည့်ဘေးမှ သေပြေးရှင်ပြေး တိမ်းရှောင် ထွက်ပြေးကုန်ကြသည်။
ဤသို့သော အကြောင်းကြောင်းများကြောင့် မိဖုရား မမြကလေး၏ အသွေးအသား၊ အရိုးအရေတို့ စိစိကြေ နေသောအလောင်းမှာ သရက်တစ်ပင် သချိုင်းမြေပြင်၌ မြေကြီးသြဇာဖြစ်သွားရရှာသည်။ မြေပုံ အမှတ် လက္ခဏာကလေး ပင် မကျန်ရစ်နိုင်အောင် အကြောင်းဆိုးခဲ့ရရှာပါသည်။

သို့ရာတွင် သရက်အိုတစ်ပင်နှင့် ဥနှဲနှစ်ပင် ဖိုခနောက်ဆိုင် နေရာကလေး၏ အလယ်ရှိ မြေနေရာကလေး သည် မမြကလေး အား ဆင်နှင့် နင်းသတ်သွားရာ နေရာကလေးဟုတော့ ဟိုစဉ်က မျက်မြင်ကိုယ်တွေ့ လူ တစ်စု၏ မှတ်သားပြောပြချက်အရ နောင်လာနောက်သား နီးစပ်သူများက အသိအမှတ် ပြုခဲ့ကြ ရပါသည်။
ထိုသရက်တစ်ပင် သချိုင်းသည် အမရပူရမြို့ရိုး၏ အပြင်ဘက် အနောက်မြောက် ရာဟုထောင့်တွင် တည် ရှိသည်။

၎င်းသင်္ချိုင်းနေရာနှင့် တစ်ဆက်တည်းမှာ တက်သေးအင်း ရေစပ်နှင့် ဆက်စပ်လျက်ရှိပါသည်။ တက်သေး အင်း သည် ဧရာဝတိ မြစ်ရေကြီးသော အချိန်များတွင် ရေအလွန်ပြည့်လာပြီး သရက်တစ်ပင် သင်္ချိုင်း နေရာ နှင့်တကွ ရွှေကြက်ယက်၊ ရွှေခဲရွာ စသည့် ရွာတို့ပါ ရေမြုပ်လေ့ရှိပါသည်။ နောင်သောအခါ မင်းတုန်းမင်း က ရတနာပုံမြို့ နန်းအသစ် တည်ထောင်လိုက်ပြီး မြို့ပြောင်းရွှေ့သွားသောကြောင့် သင်္ချိုင်း ကို အသုံးမပြုကြ တော့ဘဲ တိမ်ကောပျက်စီးလာခဲ့ရာ ယနေ့အဖို့ ထိုနေရာတစ်ဝိုက်သည် လယ်ကွက်များ၊ ကိုင်းခင်းယာခင်း များအဖြစ်သာ တည်ရှိတွေ့မြင်နေရပါသည်။ သရက်ပင်အိုငုတ်တိုနှင့် ဥနှဲပင်ကတော့ အသက်ပြင်း လျက် ရှိ နေကြပါသေးသည်။

ရွှေဘိုမင်းသည် မိဖုရား မမြကလေးကို အပြစ်ပေးပြီးသည့်နောက် အချိန်များတွင် ဝေဒနာတိုးလာပြန်ပါ သည်။ ပြည်ရေးပြည်ရာများကို မျက်နှာလွှဲနေသည်ကများပါသည်။ ဇောင်းကလောကန်ဦးရှိ သူ၏ ကောင်းမှု တော်ဖြစ်သော လောကမဏိစေတီတော်ကို မကြာခဏ ဖူးမြော်သည်။ စေတီတော်ကို ဖူးမြော် ရသောအခါ တိုင်းလည်း အပြစ်ပေးခဲ့ပြီးသူ မမြကလေးအား များစွာ သတိရစေသည်။ သတိရ လိုက် တိုင်းလည်း စိတ်လက် မကြည်မသာရှိရရှာသည်။

ပစ်လိုက်ရသည် ကလည်း အဆီနှင့်ရွှဲရွှဲ၊ စားရမှာကလည်း သဲနှင့်ရှပ်ရှပ် ဆိုသော စကားကဲ့သို့ ဖြစ်ရတော့ သည်။ ချစ်ခင်ကြင်နာမြတ်နိုးဖွယ်ရာသော မြကလေး၏ ရုပ်လက္ခဏာနှင့် ကဗျာဂီတ၊ စာပေအနုပညာ ရသ တို့နှင့် ပြည့်စုံကြွယ်ဝသော ဂုဏ်ဝိသေသ ဥာဏစွမ်းအားကိုလည်း လေးစားချစ်ခင်ဖွယ်ရာ ထင်မြင် လာခဲ့ သည်။ သူ၏လက်ရာ တေးဂီတ စီကုံးခဲ့သမျှ အနှုန်းအဖွဲ့များကလည်း တရေးရေး ထင်မြင် လာ စေသည်။

ထိုမှတစ်ဖန် မျက်မာန်တော်ပွားစေရာသော သူ၏အပြုအမူများက သည်းခံခြင်းငှာ မစွမ်းသာအောင် ဖြစ်ခဲ့ရ သည်များကလည်း ဘုရင်မင်း၏ စိတ်တော်၌ သတိရတိုင်း မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက်ကဲ့သို့ ပူချည် အေးချည် မကြည်မသာ ဖြစ်လာစေပြန်သည်။
သို့သော် ဖြစ်ခဲ့သမျှ အကြောင်းတို့က ပြုပြင်၍ မရနိုင်အောင် ဆုံးခန်းသို့တိုင် ရောက်ခဲ့လေပြီ။

မကြည်မလင် စိတ်မရွှင်နိုင်သော အခါများတွင် ကုသိုလ်တော်လောကမဏိ စူဠာစေတီတော်သို့ ထွက် တော်မူလာသည်။ အမရပူရရွှေမြို့တော် အရှေ့ဘက် ဇောင်းကလောကန်ဦးရှိရာ လောကမဏိ ဟူဠာ စေတီတော်ကြီးသည် ဇောင်းကလောကန် ရေပြင်၌ အရိပ်ထင်လျက် သပ္ပာယ်ကြည်ညိုဖွယ်ရာ ဖူးတွေ့ ရသည်။ ကြာမျိုးငါးပါးနှင့် ပြည့်ကြွယ်တင့်တယ်သော ရေပြင်နှင့် အရှေ့ဘက် ရှမ်းကုန်းမြေမြင့် တောင်တန်းကြီးကို နောက်ခံပြုလျက် ကောင်းကင်သို့ ချွန်တက်နေသော ရွှေရောင်တ၀င်းဝင်းနှင့် တည်ထား ပြီးခါစ စေတီတော် ကြီးမှာ ကြည်ညိုဖွယ်ရာ အာရုံညွှတ်ပြို၊ သဒ္ဓါပိုစေဖွယ်ရာ တွေ့မြင် ရှုစားရလျှင် ဖရဏာပီတီ ဂွမ်းဆီထိသို့ တအိအိ စေတနာတော် ပွားခဲ့ရသည်။

လောကမဏိ စေတီတော်ကြီးသည် မဟာရံ တံတိုင်းကြီး နှစ်ထပ်၏ အလယ်တွင် တင့်တယ်စွာ စံမ္ပာယ် လျက် ရှိလေသည်။ ပထမ မဟာရံအုတ်တံတိုင်းကြီး၏ အတွင်းရှိ အရပ်လေးမျက်နှာ ထောင့်လေး ထောင့်တွင် စေတီရံကြီး လေးဆူမှာလည်း ထီးထီးမားမားနှင့် အလှူရှင် ဒါယကာမများ၏ အမည်ကို ကြွေး ကြော်တင်ပြနေသကဲ့သို့ တွေ့မြင်ရပေမည်။
၎င်းစေတီရံ လေးဆူကို ဖူးတွေ့ရသောအခါတိုင်း စေတီတော်၏ ဒါယိကာမများကို တစ်ပါတည်း သတိရလာ သည်။ သတိရလာသည့်အခါတိုင်း အနောက်မြောက် ရာဟုထောင့်က စေတီတော်၏ ဒါယိကာမ မိဖုရား မြကလေး၏ မျက်နှာက ကွက်ခနဲ ပေါ်လာရမြဲဖြစ်သည်။ မြကလေးကို သတိတော် မရချင်၍ မနေရအောင် အကြောင်းဖန်လာသည်။

ကောင်းမှုတော် လောကမဏိ စူဠာစေတီတော်ကြီးမျာ ထီးချယားသီးကစ၍ ဖိနပ်တော်မြေအထိ လုံးတော် ပြည့် ရွှေသင်္ကန်းများ ချကပ်လှူဒါန်းထားပြီး၊ အလျှံညီးညီး ဖူးမြင်ရသည်နှင့်အမျှ မဟာရံတံတိုင်း ၄ ထောင့် မှ အရံစေတီတော်ကြီး ၄ ဆူ ကလည်း ကြည်ညို၍ မဆုံးနိုင်အောင် ကုသိုလ်ရေးကို အထောက် အကူ ပြုလျက် ရှိလေသည်။

အရှေ့တောင်ထောင့်ရှိ စေတီတော်ကြီး၏ ဘွဲ့တော်မှာ (မဟာတိလောက) စေတီဖြစ်၍ အလှူရှင်မှာ မိဖုရား ခေါင်ကြီးဖြစ်ပါသည်။
အရှေ့မြောက်ထောင့်ရှိ စေတီကြီး၏ ဘွဲ့တော်မှာ (လောကပရမေ) စေတီတော်ဖြစ်၍ အလှူရှင်မှာ မိဖုရား ခေါင်ကြီး ၏ သမီးတော် သီရိပ၀ရ တိလောက ရတနာ မင်္ဂလာဒေ၀ီ (နောင် မင်းတုန်းမင်းကြီး၏ စကြာဒေ၀ီ မိဖုရားကြီး) ဖြစ်ပါသည်။

အနောက်မြောက်ထောင့်ရှိ စေတီတော်ကြီး၏ ဘွဲ့တော်မှာ (ရတနာလောက) ဖြစ်၍ အလှူရှင် ဒါယိကာမ မှာ အနောက်နန်းမိဖုရားသီရိမဟာ သုတရတနာ ဒန္ဒာဒေ၀ီ (မြကလေး)ဖြစ်ပါသည်။
အနောက်တောင်ထောင့်ရှိ စေတီတော်ကြီး၏ ဘွဲ့တော်မှာ (သုံးလူ့ထိပ်ပန်း) ဟူ၍ တွင်လျက် အလှူရှင် ဒါယိကာမ မှာ ဗန်းမော်မြို့စားမိဖုရား သီရိအတုလ မဟာရတနာဒေ၀ီဖြစ်ပါသည်။

ထိုစေတီရံကြီး ၄ ဆူ၏ ဒါယိကာမများအနက်မှ အနောက်မြောက်ထောင့်ရှိ ရတနာလောက စေတီတော်ကြီး ၏ ဒါယိကာမ အနောက်နန်းမိဖုရား မြကလေးမှာ အသက်ထင်ရှား မရှိတော့ပြီဟု သတိရမိ ခြင်း၊ မြကလေး မရှိတော့သည်မှာ မိမိကိုယ်တော်တိုင် ရာဇ၀တ်အပြစ်ဒဏ် ပေးသနားလိုက်ရခြင်း စသည် များက မြစ်ဖျားခံ၍ ပေါ်လာပြန်သည်။ မချစ်ပြင်ပြင် မကြင်စိမ်းကား၍ သနား မဖက် ရက်စက်လိုက်ရခြင်းတော့ မဟုတ်ပေ။ သွားလေသူ၏ အမှုအပြစ်ကလည်း သားတော် ပြည်မင်းသားကြီး၏ ဘက်မှ ရပ်တည် ပေါင်းစည်းခဲ့သော အပြစ်၊ ဘုရင့်ရန်သူကို အထောက်အကူ ပြုခဲ့လေသော အပြစ်ကြောင့် ရာဇ၀တ်အပြစ်ဒဏ်ခတ်ရခြင်းသာဟု ဆိုဖွယ်ရာရှိသည်။ အကြောင်းမဲ့ သက်သက် ရက်စက်ရခြင်းမျိုးကား မဟုတ်ပါပေ။

ဒါတွေကို စဉ်းစားမိလျှင် ကရွတ်ကင်းလျှောက်အမြီးက ခေါင်းရောက်၊ ခေါင်းက အမြီးရောက် နှင့် ဒေါသ ဇော ဖောက်သည့်အခါ ဖောက်၍ ကရုဏာ သက်ရောက်သောအခါ သက်ရောက်၍ နောက်တစ် လှည့်၊ ကြည်တစ်ခါ ဖြစ်စေခြင်းသာ အရာထင်တော့သည်။
သက်ဦးဆံပိုင် ဘုရင်ဧကရာဇ်တို့ခေတ် ဤကိစ္စမျုးတွေမှာ ဆန်းကြယ်လှသည်တော့ မဟုတ်ပါ။ အသက် တစ်ရာ မနေရသော်လည်း အမှုပေါင်း တစ်သောင်းမက တွေ့ကြုံရမြဲဖြစ်သော လူ့ဓမ္မတာမျိုးတွင် ဘုရင်ဧကရာဇ် လူတန်းစားမျိုးမှာ သာ၍ တွေ့ကြုံရလေမြဲ၊ သာ၍ စိတ်ဓာတ်ကြံ့ခိုင်ရလေမြဲဖြစ်ပါသည်။

သို့ရာတွင် ရွှေဘိုမင်းတရားကြီးကဲ့သို့ စိတ္တဇဝေဒနာ ဖိစီးနေသူ ပုဂ္ဂိုလ်မျိုးမှာ စိတ်၏ဒဏ်ရာ အနာတရကို ကြံ့ကြံ့ခံနိုင်သော စွမ်းရည်အပြည့်အ၀ ရှိရှာမည် မဟုတ်ပေ။
ရွှေဘိုမင်းမှာ ဘုရင်ဧကရာဇ်တစ်ဦးအဖြစ်နှင့် တွေ့လေကြုံလေ ရင်ဆိုင်လေခဲ့ရသော သုခ ဒုက္ခ အ၀၀ တို့က စိတ်ဝေဒနာ၏ ရင့်သန်ရာ ရင့်သန်ကြောင်းကိုသာလျှင် မြေသြဇာ ပေါင်းထည့်ပေးနေဘိသကဲ့သို့ ရှိချေမည်။

ဤနည်းအတိုင်း မကြည်မသာ မရွှင်မပျနှင့် စိတ်က မကြာခဏ အရောင်အသွေး ပြောင်းလွှဲ နေတတ် ရာတွင် တစ်ခါတစ်ခါ အေးချမ်းတည်ငြိမ်ရာ ကောင်းသော ကောင်းမှုတော် လောကမဏိစူဠာစေတီတော် ရှိရာ စိတ် ရောက်၍ မျှော်မှန်းလျက် ငြိမ်ငြိမ်သက်သက် လက်ယှက်ပူးတင်၍ ဖူးမြင်ရှိခိုးရခိုက်၌ နှလုံး စိတ်ဝမ်း အေးချမ်း ကြည်လင်လာသည်။

ရွှေနန်းတော် မျှော်စဉ်မှ ရှုစားမိသောအခါများတွင် ရွှေမြို့တော်ကြီး၏ အရှေ့ဘက် မျက်နှာစာတစ်ဝှန်းကို စိမ်းပြာ ညိုမှောင်သော ရှမ်းမြေမြင့် တောင်တန်းကြီးများက တံတိုင်းသဖွယ်၊ အနားကပ်သဖွယ် နောက်ခံပြုပြီး၊ မှန်သားအသွင် ကြည်လင်သော ဇောင်းကလောအင်း ရေပြင်ကြီး၏ ကန်ပေါင်ရိုး အစွန်းမှာ လောကမဏိ စူဠာ စေတီတော်ကြီးကို အလယ်ထား၍ စေတီရံ ၄ ဆူ၊ တံတိုင်းမီးကား မဟာရံအုတ်ရိုးကြီး ၂ ထပ်နှင့် ပြာသာဒ်မုခ်ဦးတို့ဖြင့် အထူးထူးစီမံ ဖန်တီးထားသော ဗိသုကာ မြောက်လှသည့် သာသနာ့ အဆောက်အဦး များ၏ ရှုခင်းတွင် နစ်မြော၍ ပီတိဇော ငြိမ့်ငြိမ့်နှင့် တသိမ့်သိမ့် ကြည်နူးခဲ့သည်။

ယင်း ကြည်နူးစိတ်ကလေး မကုန်ဆုံးမီ အနောက်မြောက်ထောင့်က ရတနာလောက စေတီတော်က မြင်ကွင်း တို့၏ အတွင်းမှ သီးသန့် ပေါ်လာလေလျှင် အနောက်နန်းမိဖုရားမြကလေး၏ သနားဖွယ် မျက်နှာ က ဘွားခနဲ ကွင်းကွင်းကွက်ကွက် ပေါ်လာလေသည်။

" ရက်စက်လိုက်ပါဘိတော့တယ် ဘုရား " ဟု ညှိုးငယ်စွာ သံတော်ဦးတင်သယောင်ယောင် …
ပထမအကြိမ် အမျက်တော်ရှိစဉ်က ကြေးတုက်တော်၌ ချထားစေခိုက်မှာ အသနားခံလွှာ တင်သွင်းခဲ့သော သီချင်း တစ်ပုဒ်ဖြစ်သည့် "ချစ်သမျှကို ပတ်ပျိုး" ထဲမှ အဓိပ္ပာယ် စာသားများကို ပြန်လည် စဉ်းစားမိသည်။ သူ့၌ အပြစ်မရှိကြောင်း တတွတ်တွတ် အယူခံ လျှောက်တင်နေသည်ဟုလည်း မှတ်ထင်နေမိသည်။ ထိုအခါ …
" မြကလေး … မြကလေး "
ဟု … ခပ်တိုးတိုးရေရွတ်ရင်း သက်ပြင်းချတော်မူလိုက်ပြန်သည်။
*
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၃၈)

တကယ်ပဲ အသက်နဲ့လဲလို့
ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်

လွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်တွင်မှ လူ့အဖြစ်ကိုရောက်ရှိခဲ့သော ကျွန်တော်သည် ကိုလိုနီခေတ် သူ့ကျွန်ဘ၀ အတွေ့အကြုံများကို ရင်ဆိုင်ကြုံတွေ့ခွင့်မရရှိခဲ့ပါ။ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း တွင် တပ်ဦးမှပါဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင် သခင်လူငယ်များ၏ အကြောင်းကို စာတွေ့ ဖြင့်သာ သိရှိမှတ်သား ခဲ့ရပါသည်။ ကျွန်တော့်ကို ပြည်တွင်းစစ်မီးများ ဟုန်းဟုန်းတောက်ချိန်မှာ ပြေးရင်းလွှားရင်း တောင်ခြေ တောတန်းလေးတစ်ခုမှာ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖခင်တို့ ပြော ပြ၍ သိရှိရပါသည်။ ကျွန်တော် လူမှန်းသိစအရွယ်တွင် ဖဆပလ၊ ပမညတ၊ သန့်ရှင်းတည်မြဲစေ သော နိုင်ငံရေး ဆိုင်ရာ ဝေါဟာရ များကို စတင်ကြားဖူးခဲ့သည်။

ကျွန်တော် အလယ်တန်းကျောင်းသားဘ၀တွင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည် နေ့၊ အမျိုးသား အောင်ပွဲနေ့ စသော ကျောင်းပိတ်ရက်များကို နေ့ထူးနေ့မြတ်များဟု စတင်သိရှိရပါ သည်။ အမျိုးသား အောင်ပွဲနေ့၊ လွတ်လပ်ရေးနေ့နှင့် အာဇာနည်နေ့များတွင် အာဇာနည်ခေါင်း ဆောင်ကြီးများ အကြောင်း ကို ပြောဆိုဖို့ အတန်းလိုက်လူရွေးချယ်ရာတွင် ခေါင်းဆောင်ကြီးတစ်ဦး ဦးအကျောင်းကို ပြောဆို ဖို့ နှစ်စဉ်လိုလို ကျွန်တော်အရွေးချယ်ခံရပါသည်။ ဆရာပေးသည့် ထိုခေါင်းဆောင်ကြီး များအကြောင်းပါရှိသော စာအုပ်များကိုဖတ်ပြီး ကိုယ်ကျရာ ခေါင်းစဉ်အ ကြောင်းကို ကိုယ့်ဘာသာ ရေးသား ကျက်မှတ်ပြောဆိုရပါသည်။

ထိုအချိန်မှ စတင်ကာ မြန်မာအင်္ဂလိပ်စစ်ပွဲများ၊ မန္တလေးနန်းတွင်းအရေးတော်ပုံ၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော မျိုးချစ်ခေါင်းဆောင်များ အကြောင်းကို တစ်စတစ်စ လေ့လာ သိရှိခွင့် ရရှိခဲ့ပါသည်။ ထိုသို့သော လွတ်လပ်ရေး ကြိုးပမ်းမှုခရီးရှည်ကြီး တစ်လျှောက်မှာ ကျွန်တော် အထူးစိတ်ဝင်စားသည်က သခင်လူငယ်ခေါင်းဆောင်များ၏ ရဲဘော် သုံးကျိပ်ဘ၀စွန့်လွှတ် စွန့်စား သူများ ဖြစ်ပါသည်။ ရဲဘော်သုံးကျိပ်ဝင်များကို ဖတ်ရသည့်အခါ သခင်အောင်ဆန်းကိုယ်တိုင် ရေးသား ထားသော ကိုယ်တွေ့မှတ်တမ်းစာအုပ်များကို ဖတ်ရသည့် အခါ သခင်အောင်ဆန်းအမှူးပြုသည့် မျိုးချစ်သခင် လူငယ်များကို ကျွန်တော် အလွန်လေးစားမိပါ သည်။

ရဲဘော်သုံးကျိပ်ဝင် သခင်လူငယ်များသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မော်ကွန်း တင် ကမ္ဗည်းထိုး ခံရသူများဖြစ်ပါသည်။ မြန်မာ့တပ်မတော်ကို ပုံဖော်သွန်းလောင်းခဲ့သူများ ဖြစ်သည်။ နယ်ချဲ့တော်လှန်ရေး တိုက်ပွဲများတွင် ဦးထမ်းပဲ့ထမ်း ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် လည်း သမိုးပြောင်ခဲသော ရဲဘော်သုံးကျိပ်ဝင် သခင်လူငယ်များ၏ အခန်းကဏ္ဍကို ပြည်သူလူထု က တိုင်းပြည် လွတ်လပ်ရေးနှင့်အတူ မြတ်နိုးလေးစား တန်ဖိုးထားခဲ့ကြခြင်း ဖြစ်ပါသည်။
(၂)

၅၊ ၁၂၊ ၀၆ နေ့က မြန်မာစာရေးဆရာတစ်ဦးနှင့် ပြည်ပမှ အင်တာဗျူးဆရာတို့ အမေးအဖြေ ပြုလုပ် မှု တစ်ခု ကို ကျွန်တော်ကြားလိုက်ရပါသည်။ ထိုအင်တာဗျူးမှ စာရေးဆရာ၏ အဖြေစကားကို ကျွန်တော် ဘ၀င်မကျနိုင်သဖြင့် ယနေ့တိုင် မှတ်မှတ်ရရရှိနေခဲ့ပါသည်။ မေးသူက ကိုလိုနီခေတ်က လူငယ်တွေနှင့် ယနေ့ခေတ်လူငယ်များ ဗဟုသုတ၊ အသိပညာ ဘယ်လိုကွားခြားပါသလဲ ဟု မေး ပါသည်။ ၎င်းအမေးကို စာရေးဆရာ က ''ယနေ့ခေတ်လူငယ်တွေမှာ ဗဟုသုတရှာမှီးစရာ၊ အတတ် ပညာဆည်းပူးစရာ ပို များကြောင်း ကိုလိုနီခေတ်ကလူငယ်တွေမှာ အသိအမြင် အတွေးအခေါ် အားနည်းလှကြောင်း၊ ယနေ့ခေတ် လူငယ်များကို ဘင်လာဒင်နှင့် ပေါင်းမလား၊ ဘယ်လ်ကေဒါနှင့် ပေါင်းမလားဟု မေးလျှင် မည်သူကမျှ ပေါင်းမည်ဟု ပြောမှာမဟုတ်ကြောင်း'' ဖြေကြားလိုက်ပါ သည်။

ဖြေဆိုသူ စာရေးဆရာအနေနှင့် သာမန်အရေးကိစ္စတစ်ခုလို သဘောထားပြီး သူ့ထင်မြင်ယူဆချက် ကို ခပ်လွယ်လွယ် ပြောချလိုက်ပုံရပါသည်။ ယခု သူပြောလိုက်သည့် ကိစ္စက သာမန်ကိစ္စမဟုတ်၊ မြန်မာပြည်သူ တွေ သွေးနှင့်ရေးခဲ့ရသည့်  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါလှသော ရဲဘော်သုံးကျိပ် ၏ အခန်းကဏ္ဍဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းတိုက်ပွဲ ၀င်ခဲ့ကြ သည့် သခင်လူငယ်များ၏ သမိုင်းဝင်လုပ်ရပ်တစ်ခုကို ဝေဖန်ခြင်းဖြစ်သည်။ သူ့အမြင်သ ဘောထား၏  အနှစ်ချုပ်ကို ကြည့်လျှင် သခင်လူငယ်များသည် ''အသိဥာဏ်ပညာ အားနည်း၍သာ ဂျပန်နှင့် သွားပေါင်း မိသောအမှားကို ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်'' ဟူ၍ဖြစ်သည်။

သမိုင်းဝင်ကိစ္စတစ်ရပ်ကို ချဉ်းကပ်သုံးသပ်မည်ဆိုလျှင် မိမိတည်ရှိရာနေရာ ကွက်ကွက်လေးမှနေ ပြီး အသိတိမ်တိမ်ဖြင့် သုံးသပ်၍ မဖြစ်နိုင်ပါ။ မျက်စိတစ်ဆုံး၊ မြင်ကွင်းတစ်ပြန့်ဖြန့်ကြက်ကြည့်မြင် တတ်ဖို့ လိုပါလိမ့်မည်။ မိမိအမြင် သဘောထားကိုလည်း လူအများ၏ အမြင်သဘောထားနှင့် ချိန် ထိုးညှိ နှိုင်းကြည့်ရပါဦးမည်။ ဂျပန်နိုင်ငံမှ လက်နက်အကူအညီရရေးနှင့် စစ်ပညာသင်ကြားရေးအ တွက် သခင် လူငယ်များ သွားရောက်ခဲ့ခြင်းသည် တစ်ဦးကောင်းးတစ်ယောက်ကောင်း ငါတကော ကော၍ စီစဉ်ခဲ့ခြင်း ဖြစ်ပါ သလား၊ တိုင်ပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေက ထိုလမ်းကြောင်း ပေါ်သို့ တွန်းပို့ခဲ့ခြင်းလာ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ အကြိမ်ကြိမ်ညှိနှိုင်းတိုင်ပင်ပြီး ထိုအစီအစဉ် ကို အကောင် အထည် ဖော်ခဲကြခြင်း လား၊ စသည့် မေးခွန်းများအတွက် ရင်းမြစ်အကြောင်း တရားများကို ရှာဖွေကြည့်ဖို့ လိုအပ် လာပါသည်။

အနှစ် ၇၀ ခန့်သော ကြာညောင်းမှုသည် သမိုင်းခြေရာပျေက်သွား ရလောက်အောင် ကွာလှမ်း သော အချိန်ကာလ မဟုတ်ပါ။
(၃)

ယခု ကျွန်တော်ဆက်လက်ရေးသားရာတွင် အကိုးအားပြုမှုများကို ကျွန်တော့်အာဘော်ဖြင့် အကျဉ်း ရုံး ပြောင်းလဲရေးသားခြင်းမပြုဘဲ မူရင်းရေးသားသူ၏ စာအတိုင်းကူယူ ဖော်ပြပါမည်။ ပိုပြီးလေး နက် ခိုင်မာ စေလို၍ ဖြစ်ပါသည်။ သတ်ပုံကိုလည်း မူရင်းအတိုင်းဖော်ပြရေးသားခြင်း ဖြစ်သဖြင့် တစ် ဦးနှင့် တစ်ဦး ကွဲလွဲမှုတချို့ ရှိပါမည်။

''၁၃၀၀ပြည့်နှစ် အရေးတော်ပုံကြီး၏ နောက်ပိုင်းတွင် ကျောင်းသားများနှင့် ပြည်သူတို့၏ နိုင်ငံရေး နိုးကြားမှုအထွဋ်ထိပ်သို့ ရောက်ခဲ့ကြသည်။ တိုင်းပြည်၏ လွတ်လပ်ရေးကို အနုနည်းနှင့် တောင်းဆို ရန် လွယ်ကူမည်မဟုတ်၊ လက်နက်ကို တော်လှန်ရေးသာလျှင် တစ်ခုတည်းသော ထွက်ရပ်လမ်း ဖြစ်သည်ဟု ဒို့ဗမာ အစည်းအရုံးသို့ ရောက်နေသော သခင်အောင်ဆန်း၊ သခင်မြ အစရှိသော မျိုးချစ် ခေါင်းဆောင်တို့သည် ယုံကြည်လာကြသည်။ လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်ကြသည်။ ဒို့ဗမာ အစည်းအရုံးဝင် သခင်ခေါင်းဆောင်များသည် နိုင်ငံခြားတိုင်းပြည်တစ်ခုခု ၏ အကူအညီကိုယူရန် ဆုံးဖြတ် ကြသည်။ နယ်ချဲ့ ဆန့်ကျင်ရေးလုပ်ငန်းကို နိုင်ငံအနှံ့လုပ်ကြရင်း တိုင်းပြည်တစ်ပြည်မှ စစ်ရေး စစ်ရာ အကူအညီရှာဖွေရန် ပိုင်းဖြတ်ခဲ့ကြလေသည်။

''ဒီဒုတ်ဦးဘချို၏ အကူအညီဖြင့် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် တရုတ်ပြည်သွား ဟိုင်လီ သဘောင်္ တွင် တရုတ်ဝတ်စုံများ ၀တ်ဆင်ကာ မျှော်လင့်ချက် ယုံကြည်ချက် အပြည့်ဖြင့် ၁၉၄၀ ခု၊ သြဂုတ် ၈ ရက် နေ့တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာခဲ့ကြသည်။''
[ဗိုလ်မင်းခေါင် (ရွှေတူ)၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် စာ ၆-၇]

''သခင်ကိုယ်တော်မှိုင်း၊ သခင်မြဦးဆောင်သော တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များသည် ဥပဒေ ဘောင် အတွင်းမှ ဗြိတိသျှအစိုးရအား အရေးဆိုရန် ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့စည်း ခဲ့သကဲ့သို့ ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးကို အနုနည်းဖြင့်မရပါက လက်နက်ကိုင်တော်လှန်ရန် အတွက် ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြေအောက်လျှို့ဝှက်အဖွဲ့ (Under Ground Unit) ကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ အကူအညီရနိုင်ရန် ပြည်တွင်းတွင် ဆောင်ရွက်၍ မဖြစ်နိုင်သောကြောင့် နိုင်ငံခြားတိုင်းပြည် တစ်ခုခုသို့ သွားရောက်ဆောင်ရွက်ရန် သဘောတူကြသည်။ ဆွေးနွေးကြရာ၌ တရုတ်၊ ယိုးဒယားနှင့် ဂျပန် တစ်နိုင်နိုင်ငံသို့ သွားရောက်ရန် ဆွေးနွေးခဲ့ကြသည်။

''ဗမာ့ ထွက်ရပ်ဂိုဏ်းခေါင်းဆောင် ဒေါက်တာဘမော်နှင့် ဒေါက်တာသိန်းမောင်တို့က သခင်အောင် ဆန်းအား ဂျပန်၏ အကူအညီကို အလိုရှိကရနိုင်ကြောင်း ပြောကြားထားသဖြင့် ဂျပန်၏ အကူအညီ ယူသင့် မယူသင့် ပြဿနာကို သခင်ကိုယ်တော်မှိုင်း၊ သခင်မြ တို့ဗမာစည်းအရုံးဝင် သခင်ခေါင်း ဆောင်တို့ ဆွေးနွေးကြသည်။ ထိုပြဿနာကို ဆွေးနွေးကြရာ အစည်းအရုံးအတွင်းရှိ လက်ဝဲ၀ါဒီ အချို့က ဖက်ဆစ်ဝါဒ ၏ သဘောသရုပ်ကို သိရှိထားကြပြီး လက်တွေ့တွင်လည်း ဖက်ဆစ်ဂျပန် သည် တရုတ်နိုင်ငံကို ကျူးကျော် တိုက်ခိုက်နေသောကြောင့် ဂျပန်၏အကူအညီကို မယူလိုကြပေ။

ထို့ကြောင့် တရုတ်နှင့် ယိုးဒယား တစ်နိုင်နိုင်ငံသို့ သွားရောက်ရန် စဉ်းစားဆုံးဖြတ်ကြရာ တရုတ်နိုင် ငံနှင့် မူလက အဆက်ရှိထားသောကြောင့် တရုတ်နိုင်ငံသို့သွားရန် ရွေးချယ်ခဲ့ကြသည်။''
''တရုတ်နိုင်ငံသို့ စွန့်လွှတ်စွန့်စားသွားရောက်မည့်သူ ရွေးချယ်ရာ၌လည်း ဗြိတိသျှအစိုးရက ဖမ်းဝ ရမ်းထုတ်ထားသဖြင့် မြေအောက်လျှိုးနေသော သခင်အောင်ဆန်းကို ရွေးချယ်ခဲ့သည်။ သခင် အောင်ဆန်း ကိုယ်တိုင်ကလည်း အမျိုးနှင့် နိုင်ငံလွတ်လပ်ရေးအတွက် မိမိအသက်ကိုစွန့်လှူပြီး ဗမာရော်ဂျာကေးမင်း အဖြစ် ခံယူရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ထိုသို့ရွေးချယ်ခြင်းကို လက်ခံခဲ့သည်။
(ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ်၊ -စာ- ၂-၃)

အထက်၌ ဖော်ပြခဲ့သည်မှာ သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တရုတ်ပြည်သို့ ထွက်ခွာသွားသည် အထိ လေ့လာတွေ့ရှိချက်များ ဖြစ်ပါသည်။ ထိုရေးသားချက်တွင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန်အတွက် နိုင်ငံခြား အကူအညီ မယူမဖြစ် ယူရမည့် အခြေအနေကို တွေ့ရှိရပါသည်။ နိုင်ငံ ခြားအကူအညီယူရန် ကိစ္စ ကို တို့ဗမားအစည်အရုံးခေါင်းဆောင်များ၊ သခင်လူငယ်များ ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သွားရောက်မည့်နိုင်ငံကို ရွေးချယ်ရာမျာလည်း အများဆန္ဒ နှင့်အညီ တရုတ်နိုင်ငံကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသည်။

(၄)

သို့နှင့် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် တရုတ်ပြည်တောင်ဘက် အမွိုင်မြို့သို့ရောက် ပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် ရောက်သွားခဲ့ကြသည်။ အမွိုင်မြို့သို့ရောက်ပြီး တရုတ်ကွန်မြူနစ် ပါတီနှင့် အဆက်အသွယ် ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ အမွိုင်မှာ နှစ်လခန့်သောင် တင်နေခဲ့သည်။ ထိုသို့ ရှိနေခဲ့ရာမှာ မူလဦးတည်ချက်လမ်းကြောင်းကို ပြောင်းသွားစေခဲ့သော အခြေအနေအရပ်ရပ်ကို ဆက်လက် လေ့လာကြည့်ရာတွင် ယခုကဲ့သို့ တွေ့ရှိရပါသည်။

''သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် ဒို့ဗမာအစည်းအရုံး၊ ဗမာနိုင်ငံလုံး၏ ကျောင်းသားသမဂ္ဂနှင့် ဒေါက်တာဘမော် ဦးစီးသည့် ဆင်းရဲသားအဖွဲ့တို့သည် ပူးပေါင်း၍ ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအနေနှင့် လွတ်လပ်ရေး အတွက် တက်တက်ကြွကြွ လုပ်ဆောင်လှုပ်ရှားနေသကဲ့သို့ သခင်ဗစိန်၊ သခင်ထွန်း အုပ်တို့ ကြီးမှုးသည့် ဒို့ဗမာအစည်းအရုံးဝင် သခင်အဖွဲ့များသည်လည်း နယ်ချဲ့အား ဆန့်ကျင်နိုင် ရန်ကြိုးစား နေချိန် ဖြစ်သည်။

''ကာနယ်ဆုဇူကီးသည် သတင်းထောက်အဖြစ်နှင့် ရန်ကုန်မြေသို့ နင်းမိသောအခါ ရန်ကုန်မြို့တွင် ဂျပန် အစိုးရ၏ အထောက်တော်သူလျှိုဖြစ်သော သွားဘက်ဆိုင်ရာဆရာဝန်ကြီး ''ကိုကိုဘူ''နှင့် ဆက်သွယ်၍ ဗမာပြည်၏ နိုင်ငံရေး အခြေအနေအရပ်ရပ်ကို လေ့လာပြီး သည့် နောက်ပိုင်း၌ ဗမာ့ ထွက်ရပ်ဂိုဏ်းနှင့် သီးခြား နိုင်ငံရေး အဖွဲ့အသီးသီးများသို့ ၀င်ရောက်ကာ တိုင်းပြည်လွတ်လပ်ရေး ကိစ္စများအတွက် ဆွေးနွေးခြင်း များကို ပြုလုပ်သည်။

ထိုဆွေးနွေးပွဲများ၌ သခင်မြအမှူးရှိသည့် ကိုယ်တော်မှိုင်း ဒို့ဗမာအစည်းအရုံးမှ ခေါင်းဆောင်တချို့သည် သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့ ပြင်ပအကူအညီရယူရန် အမွိုင်မြို့တွင် ကာနယ်ဆူဇူကီး သိရှိ သွားပြီးနောက် ထွက်ရပ်ဂိုဏ်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ဒေါက်တာဦးသိန်းမောင် (သံအမတ်ဟောင်း) ထံမှ တဆင့် သွားဘက် ဆိုင်ရာ ဂျပန်ဆရာဝန်ကြီးကိုကိုဘူထံသို့ သခင်အောင်ဆန်းဓါတ်ပုံ ပေးလိုက်သည်။ ကိုကိုဘူသည် ၎င်းထံရရှိသော သခင်အောင်ဆန်း၏ ဓါတ်ပုံကို 'ကာနယ်ဆူဇူကီး'လက်သို့ ပေးအပ် လိုက်သည်။ ထို့နောက် ဂျပန်တာဝန်ရှိသူများ အကူအညီဖြင့် ၁၉၄၀ ခုနှစ်၊ နိုဝင်ဘာ ၁၂ရက် နေ့တွင် သခင် အောင်ဆန်းနှင့် သခင်လှမြိုင်တို့ ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိသည်။''

[ဗိုလ်မင်းခေါင်(ရွှေတူ) - စာ-၈]

''တရုတ်မြန်မာလမ်းမကြီး ဖြတ်တောက်နိုင်ရေး အတွက် နည်းလမ်းများရှာဖွေရန် မြန်မာနိုင်ငံသို့ ရောက် လာသော ဗိုလ်မှူးကြီး ဆူဇူကီးသည် ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာလွတ်လပ် ရေးလှုပ်ရှားမှုကို ခေါင်းဆောင်နေသော သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ တို့ဗမာအစည်းအရုံးဝင် များနှင့် လျှို့ဝှက် တွေ့ဆုံနိုင်ခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဆူဇူကီးက မြန်မာ့လွတ်လပ်ရေး အတွက်  ဂျပန်က အကူအညီ ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ထိုသို့ ကတိပေးပြီးနောက် ဗိုလ်မှူးကြီးဆူဇူကီးသည် ဒေါက်တာသိန်းမောင်ထံမှ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့၏ ဓါတ်ပုံများနှင့် လိပ်စာကိုရယူကာ ၎င်းတို့နှစ်ဦးအား ဂျပန်နိုင်ငံသို့ ခေါ်ယူရန်စီစဉ်ဆောင်ရွက်ခဲ့ သည်။ အမွိုင်ရှိ ဂျပန်ကင်ပေတိုင်တပ်မှူး ဗိုလ်မှူးခန်းဒ (Major Kanda)သည် သခင်အောင်ဆန်း တို့အား အမွိုင်မှတိုင်ပေရှိ ဂျပန်စစ်ဌာနချုပ်သို့ ပေးခဲ့သည်။ ထိုမျတစ်ဆင့် ၁၉၄၀ ပြည့်နှစ်၊ နိုဝင် ဘာလ ၁၂ ရက်နေ့တွင် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။

(ကျော်ငြိမ်း စာ ၄-၅)

ယခုကျွန်တော် ကောက်နုတ်ဖော်ပြခဲ့သည်မှာ သခင်ကိုယ်တော်မှိုင်း၊ သခင်မြတို့၏ တို့ဗမာအစည်း အရုံးမှ သခင်အောင်ဆန်းအမှူးပြုသည့် သခင်လူငယ်များ ဂျပန်သို့ စစ်ပညာသင် သွားရောက်ရ သည့် အကြောင်း အရင်း သချို့ ဖြစ်ပါသည်။

(၅)

သခင်ကိုယ်တော်မှိုင်း သခင်မြတို့၏ တို့ဗမာအစည်းအရုံးမှ နိုင်ငံခြားအကူအညီယူရေး ကြိုးပမ်း သကဲ့သို့ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ တို့ဗမာအစည်းအရုံကလည်း နိုင်ငံခြား (ဂျပန်) အကူ အညီရယူရန် သီးခြားဆောင်ရွက်ခဲ့မှုများ ရှိခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် 'သခင် ဗစိန်၊ သခင်ထွန်းအုပ်' တို့ဗမာအစည်းအရုံး၏ နိုင်ငံလုံးဆိုင်ရာ အမှုဆောင် အစည်းအဝေးကို ရန်ကုန်မြို့၊ ချော်တွင်းကုန်းရှိ ဘုန်းတော်ကြီးကျောင်းတွင် သုံးရက်ကျင်းပသည်။

ထိုအစည်းအဝေး တွင် 'ဗမာ့လွတ်လပ်ရေးရရှိရန် အင်္ဂလိပ်ကို လက်နက်ကိုင်၍ တော်လှန်တိုက်ခိုက် ရမည်'ဟု ဆုံး ဖြတ်ကြပါသည်။ ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် သခင်ဗစိန်၊ သခင် ထွန်းအုပ်၊ သခင်အေး၊ သခင်ချစ်တင်၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်အောင်ဆန်း (ဗိုလ်စကြာ)၊ သခင်ခင်မောင်၊ သခင်ပု၊ သခင်ဦးမြင့်တို့ ၉ ဦးကို ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ ၎င်းတို့သည် ဂျပန် နိုင်ငံရှိ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လျှို့ဝှက်စွာ ဆက်သွယ်ပြီး လက်နက်အကူအညီရရှိရေး ကြိုးပမ်း ဆောင်ရွက် ကြရန်ဖြစ်ပါသည်။ (တို့ဗမာအစည်းအရုံး နှစ်ဂိုဏ်းကွဲသည့်ကိစ္စကို စာရှည်မည်စိုသဖြင့် ဤတွင် မဖော်ပြ တော့ပါ။)

၁၉၄၀ ပြည့်နှစ် ဧပြီလ ၁၆ ရက်နေ့တွင် 'သခင်ဗစိန်၊ သခင်ထွန်းအုပ်' တို့ဗမာအစည်းအရုံး ပဉ္စမအ ကြိမ်ညီလာခံကို ဖျာပုံမြို့မှာ ကျင်းပသည်။ ထိုညီလာခံသည် ချော်တွင်းကုန်း ဆုံးဖြတ်ချက်ကို မြန်မာ တစ်ပြည်လုံး ကိုယ်စားလှယ်များ အတိုင်းအတာဖြင့် ထပ်မံအတည်ပြုချက်ရယူသည့် ညီလာ ခံဖြစ်ပါသည်။ ထိုအချိန်က ဂျပန်၏ 'အရှေ့အာရှတိုက်သားများ၏ သာတူညီမျှကောင်းစားရေးဝါဒ' ဆိုသော ကြေညာချက် ကို သခင်ဗစိန်တို့ အာရုံညွှတ်လျက် ရှိကြသည်။ ထို့ကြောင့် ဂျပန်မှ အကူအညီရရှိရေးကို ဦးတည်ပြီး စီစဉ်ဆောင်ရွက်ကြသည်။ ထိုစဉ်က ရန်ကုန်မှာ ရောက်ရှိနေသော ဂျပန်အဖွဲ့တစ်ဖွဲ့က သခင်ဗစိန် ကို အကြံပေးသည်မှာ တိတ်တဆိတ် ယိုးဒယားနယ်စပ်ကို ဖြတ်ကူး ပြီး ဘန်ကောက်မှ တစ်ဆင့် ဂျပန်သို့ လေယာဉ်ဖြင့် သွားရန်ဖြစ်သည်။

ထိုနှစ် စက်တင်ဘာလတွင် ရန်ကုန်သို့ ရောက်လာသော ယိုးဒယားမှ မင်းသားကြီး ဒီမာရော့စ် ခေါင်းဆောင် သည့် မိတ်ဆက်အဖွဲ့ကို သခင်ဗစိန် တိတ်တဆိတ်သွားရောက် တွေ့ဆုံပြီး သူ၏ ဂျပန် ခရီးစဉ် ကို ကူညီရန်ဆွေးနွေးသည်။ မင်းသားကြီးကလည်း လက်ခံခဲ့သည်။ ထို့နောက် သခင် ဗစိန်သည် စီစဉ် ထားသည့်အတိုင်း ယိုးဒယားနိုင်ငံသို့ လျှို့ဝှက်ထွက်ခွာခဲ့ရာ နယ်စပ်တစ်နေရာ တွင် အဖမ်းခံ လိုက် ရသဖြင့် မော်လမြိုင် အကျဉ်းထောင်ထဲ ရောက်သွားခဲ့ရပါတော့သည်။ ယခု ကျွန်တော် အကျဉ်းရုံး ရေးသားဖော်ပြခဲ့သည့်မှာ 'သခင်ဗစိန် သခင်ထွန်းအုပ်' တို့ဗမာအစည်းအရုံး ၏ ဂျပန်အကူအညီရယူရေး ဆောင်ရွက်ချက် တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ သခင်ဗစိန်၏ ပြည်ပထွက်ရန်ကြိုးပမ်းမှု ပြတ်တောက် သွားသော်လည်း တို့ဗမာအစည်းအရုံး ဂိုဏ်းကွဲနှစ်ခုမှ သခင်လူငယ်များကတော့ ပေါင်းသည်း မိသွားခဲ့ကြပါသည်။

တိုကျိုတွင် သခင်အောင်ဆန်းနှင့် ဗိုလ်မှူးကြီး ဆူဇူကီးတို့သည် မြန်မာ့နယချဲု့ဆန့်ကျင်ရေးနှင့် တော်လှန်ရေး လုပ်ငန်းများတွင် ဂျပန်က ပါဝင်ကူညီနိုင်မည့် ကိစ္စများကို ဆွေးနွေးညှိနှိုင်းကြသည်။ သခင်အောင်ဆန်း ကိုလည်း ဂျပန်စစ်ဘက်အရာရှိကြီးများနှင့် မကြာခဏ တွေ့ဆုံပေးသည်။ အကျေအလည် ဆွေးနွေးပြီးသောအခါ မျိုးချစ်မြန်မာလူငယ သုံးဆယ်ခန့်အား မည်ကဲ့သို့သော စစ်ပညာ မျိုးလေ့ကျင့်သင်ကြား ပေးသင့်ကြောင်း၊ ထိုမျိုးချစ်လူငယ်သုံးဆယ်ခန့်က ဦးဆောင်ကာ ဗမာ့ တပ်မတော် ကို မည်သည့်အသွင်သဏ္ဍာန်ဖြင့် မည်ကဲ့သို့ တည်ဆောက်သင့်ကြောင်း၊ ဗမာ့ တပ်မတော်သည် မြန်မာနိုင်ငံ အတွင်းသို့ မည်ကဲ့သို့ ၀င်ရောက်တိုက်ခိုက်သင့်ကြောင်း စသည်တို့ နှင့် ပတ်သက်၍ ဂျပန်အရာရှိကြီးများက သခင်အောင်ဆန်းကို 'ဗမာ့လွတ်လပ်ရေးစီမံကိန်း'တစ်ခု ရေးဆွဲခိုင်းခဲ့သည်။ သခင်အောင်ဆန်း ကလည်း အားတက်သရောနှင့် ပြည့်စုံးစွားရေးဆွဲ ပေးလိုက် သည်။

ထိုစီမံကိန်းကို ဂျပန်စစ်ဦးစီးဌာနချုပ်က ပြင်ဆင်ချက် အနည်းအကျဉ်းဖြင့် ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက် နေ့တွင် အတည်ပြုပေးခဲ့သည်။ ၎င်းနောက် 'မီနာနီလိုင်ကန်'ခေါ် တောင်ပိုင်းဒေသဆိုင် ရာ အဖွဲ့တစ်ဖွဲ့ ကိုလည်း ဖွဲ့စည်းပေးလိုက်သည်။ ကာနယ်ဆူဇူကီးနှင့် သခင်အောင်ဆန်းတို့ကို လည်း မြန်မာနိုင်ငံရှေ့ရေးအတွက် သခင်အောင်ဆန်းရေးဆွဲသည့် စိမံကိန်းအတိုင်း သင့်တော် သလို ဆက်လက် ဆောင်ရွက်ကြရန် လွှဲအပ်လိုက်ကြသည်။ ငွေအား၊ လူအား၊ လက်နက်အားဖြင့် အကူအညီ ပေးမည် ဟူ၍ လည်း ကတိပြုလိုက်သည်။
(၆)

သခင်အောင်ဆန်းသည် ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရွှန်းတင့်မာရူးသဘောင်္ဖြင့် ဂျပန်နိုင်ငံ မှ ထွက်ခွာလာရာ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။ ရောက်လျှင် ရောက်ချင်း ပင် ပြည်သူ့အရေးတော်ပုံပါတီဝင်းများနှင့် မြန်မာ့လွတ်လပ်ရေး လုပ်ငန်းစဉ်များ ဂျပန် နိုင်ငံ တွင် စစ်ပညာသင်ကြားရန် မျိုးချစ်လူငယ်များ စေလွှတ်ရေးကိစ္စများကို ဆွေးနွေးကြသည်။ ထို သို့ ဆွေးနွေး ရာတွင် 'သခင်ကိုယ်တော်မှိုင်း၊ သခင်မြ' တို့ဗမာနှစ်ဂိုဏ်လုံးမှ လူငယ်မျးပါဝင်ရေးကို သဘောတူ လက်ခံခဲ့ကြသည်။ ထိုအချိန်တွင် စစ်ကြောင့် အရေးတကြီး ပေါ်ပေါက်လာသော ကာကွယ်ရေး ဥပဒေအရ နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုမှာ အပြင်းထန်ဆုံးအခါဖြစ်သည်။

သခင်အောင် ဆန်း လုံးဝပျောက်နေသည့်ကိစ္စကြောင့် ပုလိပ်စုံထောက်များ အထူးအလုပ်ရှုပ်နေကြသည့် အချိန် လည်းဖြစ်သည်။ ထိုအကျပ်အတည်းများကြားမှပင် ရဲဘော်သုံးကျိပ်လောင်းလျာများ စုစည်းမိပြီး ဂျပန်ကုန်တင်သဘောင်္များဖြင့် ဂျပန်နိုင်ငံသို ပ အသုတ်လိုက်ခွဲပြီး လိုက်ပါသွားကြသည်။

သူတို့သည် ဘ၀ချင်မတူသော ကျောင်းသားများ၊ စားရေးစာချီ အလုပ်သမား၊ လယ်သမားများ၊ တို့ဗမာအစည်းအရုံး၏ ကွဲနေသော အဖွဲ့နှစ်ဖွဲ့မှ လူငယ်များ ဖြစ်ကြသည်။ သို့ရာတွင် မည်သို့ပင် ဘ၀မတူ ဂိုဏ်မတူ စေကာမူ မျိုးချစ်စိတ်ဖြင့် စွန့်စားလိုသူများ၊ ကိုယ့်နိုင်ငံ လွတ်မြောက်ရေးအတွက် ရလဒ်ကောင်း များကို ဖော်ဆောင်နိုင်ခဲ့သူများဖြစ်သည်။

ယခုဆိုလျှင် လွတ်လပ်ရေးရရှိခဲ့သည်ပင် အနှစ် ၆၀ ကျော်ခဲ့ပေပြီ။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ က သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ သည်ပင် အိုးမင်း မစွမ်းဖြစ်နေသူ အနည်းငယ်မျှသာ ကျန်ရှိပြီး အများစုမှာ ကွယ်လွန်သေဆုံးကုန်ခဲ့ ကြပြီ ဖြစ်ပါသည်။ တကယ်တော့ သူတို့၏ တန်ဖိုးရှိလှသော ပစ္စက္ခဘ၀များ၊ အသက်များကို တိုင်း ပြည်နှင့် လူမျိုး အတွက် ပေးဆပ်ခဲ့ကြ၍သာ ကျွန်တို့သည် အချုပ်အခြာပိုင် မိမိနိုင်ငံ၏ အလံတော် အောက်မှာ လွတ်လပ် သော လူမျိုးများအဖြစ် သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိနေထိုင်နိုင်ကြခြင်း ဖြစ်ပါသည်။

တစ်ချိန်က တို့ဗမာအစည်းအရုံးဝင် သခင်လူငယ်များသည် လွတ်လပ်ရေး ရရှိဖို့ဆိုတာ ဦးတည် ချက် တစ်ခုတည်းကို ကိုင်စွဲပြီး နိုင်ငံရေးနည်း၊ လူထုနည်း၊ စစ်ရေးနည်း။ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ခဲ့ကြသည်။ ထိုကြိုးပမ်းဆောင်ရွက်မှုတိုင်းသည် အကျိုးသင့် အကြောင်းသင့် ရှိပြီး လုပ်သင့် လုပ်ထိုက်ရာ ကို လုပ်ခဲ့ကြခြင်းသာဖြစ်ကြောင်း ရရှိခဲ့သော လွတ်လပ်ရေးနှင့် ပြည်သူလူထုက အသိ အမှတ်ပြု ရေးထိုးထားသော သမိုင်းမော်ကွန်းများက သက်သေခံလျက် ရှိပါသေးသည်။

လေးလွင်လတ် ။
ဝန်ခံချက် ။    ။ ဆောင်းပါး ခေါင်းစဉ် မှာ သဟာယဆရာတင် ရေးသားခဲ့သော 'ဗမာ့လွတ်လပ်ရေး တေးသီချင်း မှ စာသားဖြစ်ပါသည်။

စာကိုး
၁။ ဗိုလ်မင်းခေါင်- ရွှေတူ (ရဲဘော်သုံးကျိပ်ဝင်)၊ 'ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်'။
၂။ ကျော်ငြိမ်း (သမိုးင်းသုတေသနအရာရှိ)၊ 'ရဲဘော်သုံးဂျိပ်'
၃။ ဗိုလ်မှူးဘသောင်း(မောင်သုတ)၊ 'ဗမာ့တော်လှန်ရေးသမိုင်း'
၎။ တက္ကသိုလ်စိန်တင်၊ 'မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့် သခင်ဗစိန်'

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၁၁)

ရှာဆာ နှင့် မျက်မှန်းတန်းမိနေသော ကောင်းမလေးမှာ " အနာလီဆာ "ဆိုသူဖြစ်သည်။ သူ့အစ်ကိုမှာ စတိုဖဲ ဆိုသူ ဖြစ်သည်။ ရှာဆာလွန်ခဲ့သောနှစ်က ဤသတ္တုတွင်းသို့လာစဉ်ကပင် သူတို့မောင်နှမနှင့် သိကျွမ်း ခင်မင် ခဲ့ သည်။

ယခု စတိုဖဲသည် ရှာဆာလေ့လာနေသော သတ္တုကြိတ်ခွဲသန့်စင်စက်၌ အလုပ်သင်အဖြစ် အမှုထမ်း နေသည်။ စတိုဖဲ ကပင် ရှာဆာအား စက်အတွင်းလှည့်လည်ပြသကာရှင်းလင်းပြောကြာပေးသည်။
အလုပ်သမား များ နေ့လယ်ထမင်းစားရန်နားသည့်ဥသြဆွဲသံပေါ်လာသည်။ စတိုဖဲက ရှာဆာအား စက်ရုံ ဘေးရှိ အရိပ်အာဝါသကောင်းသည့်နေရာသို့ ခေါ်သွားသည်။ သူတို့နေရာတကျထိုင်လိုက်ကြသည်။ ရှာဆာ က သူ့ဘန်ဂလိုမှ ထမင်းချက်ကြီး အသင့်ထည့်ပေးလိုက်သော နေ့လယ်စာဘူးကို ဖွင့်ကြည့်ပြီး ပြော လိုက်သည်။

" ကြက်သားညှပ်ပေါင်မုန့်ပါတယ်၊ စားပါဦးလား စတိုဖဲ"
" နေပါစေဗျာ၊ ကျွန်တော့်ညီမလေးလဲ ကျွန်တော့်အတွက်နေ့လယ်စာ လာပို့နေပါပြီ "
စတိုဖဲ မေးငေါ့ပြသည့် နေရာသို့ ရှာဆာ လှမ်းကြည့်လိုက်သည်။ အနာလီဆာသည် သူတို့ဆီသို့ လမ်း ကလေး အတိုင်းစက်ဘီးစီးပြီးလာနေသည်။ စက်ဘီးလက်ကိုင်၌ အိတ်ကလေးတစ်လုံးဆွဲကာ အိတ်ထြ၌ နေ့လယ်စာ ဘူး ပါလာသည်။

ရှာဆာသည် အနာလီဆာအား ရေဘုံဘိုင်၌ တွေ့ခဲ့ရပြီးနောက် ယခုပထမဆုံးအကြိမ် ပြန်တွေ့ခြင်း ဖြစ်သည်။ သူမ၏ ဖွံ့ထွားဖြိုးခိုင်သော ကိုယ်ခန္ဒာအပေါ်ပိုင်းရပ်ဝန်းက စက်ဘီးခုန်လှုပ်မှုနှင့်အညီ စည်းချက် ကျကျ တုန်ခါလှုပ်ရှားနေသည်ကို တွေ့ရသည်။ ရှာဆာက နှစ်လိုမက် မောသောအကြည့်ဖြင့် ကြည့် နေသည်။ အနာလီဆာကလည်းသိသည်။ သူမက စက်ဘီးပေါ်မှဆင်းပြီး သူ့ အစ်ကို စတိုဖဲဘေး၌ ၀င်ထိုင်သည်။

နေ့လယ်စာ ငါ့ဖို့ဘာပါသလဲ လီဆာ"
စတိုဖဲ က မေးလိုက်သည်။
" ထုံးစံအတိုင်း ၀က်အူချောင်းနဲ့ ဟင်းရည်ပဲပေါ့ "
စတိုဖကြ ဘ၀င်မကျသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
" နောက်တစ်ခါကျရင် အသားကြော် နဲ့ မှိုဟင်းချက်ပါလို့ အမေ့ကိုပြောလိုက်မယ်အစ်ကို "
ရှာဆာက အနာလီဆာအား စိုက်ကြည့်နေမိသည်။ သူမက ဟနေသော အင်္ကျီလည်ဟိုက်စကို မသိမသာ လေး ဆွဲဖုံးလိုက်သည်။

" ကဲ ... မင်းပြန်နိုင်ပြီ "
စတိုဖဲက သူ့ညီမကို အမိန့်ပေးလိုက်သည်။ သို့သော် ကောင်မကလေးက မသိကျိုးကျွန်ပြုကာ မသွားသေး ဘဲ နေသေးသည်။
" ကျွန်တော့်မှာ အသားညှပ်မုန့်တွေများပါတယ်၊ ရော့ပါယူပါ "
ရှာဆာက လှမ်းပေးလိုက်သည်။
" ကျွန်တော့်ဆီကလဲ ဟင်းရည်ယူသောက်ပါဗျာ "
စတိုဖဲ ကလည်း ပြန်ပြီး ဧည့်ဝတ်ပြုသည်။

ရှာဆာက စတိုဖဲ  နေ့လယ်စာဘူးထဲက ဟင်းရည်ကို လှမ်းကြည့်လိုက်သည်။ ဟင်းရည်ပစ်ချွဲချွဲထဲ၌ အာလူး ဖတ်ကလေးများ ပေါလောမျောနေသည်။ ရှာဆာက အနာလီအား ပထမဆုံးအကြိမ် လှမ်းပြီး စကားပြော လိုက်သည်။
" ကျွန်တော် မဆာလို့၊ ကျွန်တော့် ဆီကအသားညှပ်မုန့်ယူစားပါလားဗျာ "
မတ်တတ်ရပ်နေသော အနာလီဆာက သူမ တင်ပါးပေါ်မှ စကတ်ကို ပြန့်ပြူးအောင် သပ်ချနေရင်းက ရှာဆာအား တည့်တည့်လှမ်းကြည့်လိုက်သည်။ ထို့နောက် လျှို့ဝှက်သောအပြုံးမျိုးဖြင့် ပြုံးပြပြီး ပြန်ပြောသည်။

" ဒီမှာ ရှာဆာကုတ်နေ၊ ကျွန်မ ရှင့်ဆီက တစ်ခုခု လိုချင်ရင် လေချွန်ပြမယ် "
အနာလီဆာက သူမ နှုတ်ခမ်းကလေးကို လေးကိုင်းလေးသဖွယ် လှလှလေး စုစုပုံ့ပုံ့လေးလုပ်ကာ လေချွန်ပြ သည်။ တစ်ချိန်တည်းမှာပင် လက်ညိုးကလေးကို မသိမသာထောင်ပြီး အမှတ်လက္ခဏာ လေး တစ်ခုပြလိုက် သည်။

ထို့နောက် အနာလီဆာက စက်ဘီးဆီသို့ သွားကာခုန်တက်ပြီး နင်းသွားသည်။ သူတို့ကိုကျောခိုင်းပြီး စက်ဘီးနင်းသွားသော အနာလီဆာ၏ စည်းချက်ကျကျ လှုပ်ယမ်းနေသော တင်ပဆုံများကို မျက်စိတဆုံး အထိ ရှာဆာ ကြည့်နေရင်းက သက်ပြင်းမောကြီးချလိုက်မိသည်။

ထိုနေ့ညနေပိုင်းတွင် ရှာဆာ ထုံးစံအတိုင်း မြင်းစီးထွက်သည်။ သူ့မြင်းကလေး ပရက်စတာဂျွန်ကို ကဆုန် စိုင်းနေရာမှ ရေဘုံဘိုင်အနားရောက်လာသောအခါ အရှိန်လျှော့ပြီး အသားကျကလေး စီးလိုက်သည်။ ရေဘုံဘိုင်နှင့် ခပ်လှမ်းလှမ်းတွင် ရှာဆာက မြင်းကိုရပ်လိုက်သည်။ ရေဘုံဘိုင်နား၌ တစ်ယောက်တည်းရပ် နေသော အနာလီဆာက သူ့မြင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
လီဆာသည် မြင်းကလေးဦးခေါင်းကိုသာ တစ်သမတ်တည်းကြည့်ပြီး အနားသို့ တိုးကပ်လာသည်။ မြင်းပေါ်ကရှာဆာကိုမူ မော့မကြည့်ပါချေ။ လီဆာသည် မြင်းပါးချပ်ကြိုးကို လှမ်းကိုင်ကာ မြင်းကလေး အား ပြောလိုက်သည်။

" လှလိုက်တဲ့ ကောင်ကလေး၊ ချစ်စရာကောင်းပြီး နူးညံ့လိုက်တဲ့ နှာခေါင်းကလေး "
လီဆာက မြင်းနှာခေါင်းကလေးကို တယုတယ ပွတ်ရင်းပြောလိုက်သည်။
" အနမ်းမခံချင်ဘူးလား ကောင်ကလေးရယ် "
လီဆာက မြင်းကလေးကို ထပ်ပြောပြန်သည်။ ထို့နောက် ရှာဆာအား တစ်ချက်မော့ကြည့်လိုက်ပြီးနောက် မြင်းကလေးလည်ပင်းကို လက်တစ်ဖက်ဖြင့်ဖက်ကာ မြင်းနှာခေါင်းကို သူမနှာခေါင်းဖြင့် ဖွဖွကလေးနမ်းနေ သည်။ ထို့နောက် မြင်းပါးနှင့် သူမပါးကို ကပ်ထားလိုက်သည်။ ထိုသို့ ကပ်ထားရင်းက လီဆာသည် ပါးစပ် မှ တဟင်းဟင်းမြည်ကာ တင်ပါးနှစ်ဘက်ကို အချက်ကျကျ ငြိမ့်ငြိမ့်ကလေး လှုပ်ယမ်းနေသည်။ ထို့နောက် ရှာဆာ အား မော့ကြည့်ကာ မချိုမချဉ်ပြုံးပြလိုက်သည်။

ရှာဆာစိတ်ထဲ၌ မရိုးမရွ လှုပ်ရှားနေပြီး တစ်စုံတစ်ရာပြောရန် စကားလုံးရှာမရဘဲဖြစ်နေသည်။
ထိုစဉ်မှာပင် လီဆာ့ပါးက မြင်းဇက်သို့ပြောင်းရွှေ့ပွတ်သပ်လာသည်။ လီဆာလက်ကလည်း မြင်းဇက်မှ တစ် ဆင့် မြင်းလက်ပြင်နှင့် နံဘေးတစ်လျှောက်ပွတ်သပ်ဆင်းလာသည်။
" သိပ်သန်မာတာပဲနော် "
လီဆာ့ ပါးစပ်က ရေရွတ်လိုက်သည်။ မြင်းပုခုံးသားကို ပွတ်နေသော သူမလက်က ရှာဆာ၏ပေါင်ကို မသိ မသာထိသွားသည်။ နောက်တစ်ကြိမ်တွင်မူ သိသိသာသာပင် ပွတ်သပ်ထိတွေ့သွားပြန်သည်။ ရှာဆာအဖို့ အနေရ အတော်ခတ်သွားသည်။ လီဆာက ရုတ်တရက်ကိုယ်ကို မတ်လိုက်ကာ ခိုးခိုးခစ်ခစ်ရယ်ပြီး ခါးကို နွဲ့နွဲ့ လေး ထောက်လိုက်သည်။

ထို့နောက် ရှာဆာအား မော့ကြည့်ပြီး မေးလိုက်သည်။
" ကျွန်မ အစ်ကိုက ကျွန်မအကြောင်းကို ရှင့်ကိုဘာတွေပြောထားသလဲ "
" ဘာမှမပြောပါဘူး "
ရှာဆာက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

" သူ ဘာပြောပြောမယုံနဲ့နော်၊ သူက ကျွန်မအကြောင်းဆို မကောင်းပြောချင်တာက များနေတာ၊ ယဉ်မောင်း ဖိုရီ အကြောင်းကော ပြောဖူးသလား "
ခရစ္စမတ်နေ့ညဧည့်ခံပွဲအပြီးတွင် ဖိုရီနှင့် အနာလီဆာတိုနှစ်ဦးအား ထရပ်ကားနောက်ခန်းထဲ၌ ဖိုရီမိန်းမက လက်ပူးလက်ကြပ်မိခဲ့သည်ကို သတ္တုတွင်းမှလူတိုင်းလိုလိုကသိနေသည်။ ဖိုရီမိန်းမသည် အနာလီဆာထက် အသက်ကြီးသည်။ သို့သော် ထိုညက အနာလီဆာအားမျက်ကွင်းများညိုမည်းသွားအောင် ဆော် ထည့်လိုက်ပြီး အနာလီဆာ၏ တစ်စုံတည်းသော ၀တ်စုံအကောင်းကို အစုတ်စုတ်အပြတ်ပြတ်ဖြစ်အောင် လုပ်ထည့် လိုက်သည်။

" မင်းအစ်ကိုက ငါ့ကို ဘာမှမပြောပါဘူး၊ ဘာဖြစ်လို့လဲ "
ရှာဆာက စိတ်ဝင်တစား မေးလိုက်သည်။
" ဘာမှမဖြစ်ပါဘူး၊ သူ ပြောရင်လဲ မဟုတ်တာတွေပဲပြောမှာ၊ ကျွန်မ ရှင့်ကို တစ်ခုခုပြရင် ရှင် မကြည့်ချင် ဘူးလား"
"ကြည့်ချင်တာပေါ့ ... ပြလေ "
" ဒါဖြင့် ကျွန်မဆီလက်ကမ်းလိုက် "
ရှာဆာက လက်ကမ်းလိုက်ရာ အနာလီဆာကလက်မြှောက်ပြီး လှမ်းဆွဲလိုက်သည်။ ရှာဆာက အနာလီဆာ ကို ဆွဲတင်လိုက်သည်။ သူမကိုယ်ခန္ဓာလေးက ပေါ့ပါးသော်လည်း သန်မာသည်။ လီဆာက မြင်း ပေါ်တွင် ရှာဆာ၏ နောက်ဘက်မှနေပြီး ခွထိုင်လိုက်သည်။ သူမလက်နှစ်ဘက်ဖြင့် ရှာဆာ့ခါးကို ဖက် ထား လိုက်သည်။

" ဘယ်ဘက်ကလမ်းအတိုင်း သွားပေတော့ "
သူမပြောသည့်လမ်းအတိုင်း ရှာဆာက မြင်းကို ပုံမှန်စီးသွားရာ ဆယ်မိနစ်ခန့်ကြာလာသည်။
" ရှင့်အသက် ဘယ်လောက်ရှိပြီလဲ "
သူမက ငြိမ်သက်ခြင်းကို ဖြိုခွင်းလိုက်သည်။

" ၁၅ နှစ်ပြည့်တော့မယ် "
" ကျွန်မက နောက်နှစ်လကို ၁၆ နှစ်ပြည့်ပြီရှင့် "
အနာလီဆာက မြင်းပေါ်မှ မကျစေရန်အသွင်ဖြင့် ရှာဆာ့ခါးကို ပိပြီးတင်းကျပ်စွာဖက်ကာ သူမကိုယ်ကို ရှာဆာ့ကျောနှင့်ပိုပြီး ဖိကပ်လိုက်သည်။ ရှာဆာအဖို့ ကျောမှတစ်ဆင့် တစ်ကိုယ်လုံးသို့ လျှပ်စစ်ဓာတ်များ စီးဖြတ် သွားသလို ခံစားလိုက်ရသည်။
" အခု ဘယ်ကိုသွားနေတာလဲ "
ဘန်ဂလိုကို ဖြတ်ကျော်လာပြီးနောက် အတော်ကြာသောအခါ ရှာဆာက မေးလိုက်သည်။

" ရောက်တော့ပြမှာပေါ့ "
လမ်းမှာတဖြည်းဖြည်းကျဉ်းလာပြီး ပိုကြမ်းလာသည်၊ လူသွားလူလာရှိမည့်ပုံပင်မရ။ တောတိရစ္ဆာန် ငယ် များ ဖြတ်သန်းသွားလာသော လမ်းဖြစ်ပုံရသည်။ နောက်ဆုံးတွင် သတ္တုတွင်းကို ပြန်လှည့်ကြည့်၍ မမြင်ရတော့ ဘဲ၊ ကျောက်ဆောင်အငူစွန်းတစ်ခု၏ ခြေရင်းသို့ ရောက်သွားသည်။
အနာလီဆာ က မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး ရှာဆာအား ပြောလိုက်သည်။

" ရှင့်မြင်းကို ဒီမှာထားခဲ့ "
ရှာဆာသည် မြင်းကိုတစ်နေရာတွင် ချည်နှောင်ထားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာလိုက် သည်။ ဤမျှ ဝေးသောနေရာသို့ သူတစ်ခါမှမရောက်ဖူးခဲ့။ သူနေသော ဘန်ဂလိုမှ အနည်းဆုံးသုံးမိုင်ခန့် ဝေးမည့် နေရာဖြစ်သည်။
သူတို့အောက်ဘက်တွင် မတ်စောက်သောအဆင်းလမ်းရှိသည်။ ခြုံနွယ်ပိတ်ပေါင်းများ၊ လျှိုမြောင်းများဖြင့် အတိပြီးနေသည်။
" လာ ... အချိန်သိပ်မရှိတော့ဘူး၊ မကြာခင်မိုးချုပ်လိမ့်မယ် "
လီဆာက အမိန့်ပေးလိုက်ပြီး သစ်ကိုင်းတစ်ကိုင်းအောက်မှ ခေါင်းလျှိုကာ အောက်ဘက်သို့ စတင် ဆင်းသွားသည်။

" ဟေး ... အောက်ဘက်မဆင်းနဲ့လေ၊  လဲပြိုပြီး ဒဏ်ရာအနာတရဖြစ်နေလိမ့်မယ် "
ရှာဆာ က အနာလီဆာအား လှမ်းသတိပေးလိုက်သည်။
" ရှင်ကြောက်လို့လား " လီဆာကနောက်ပြောင်လိုက်သည်။
" မကြောက်ပါဘူး "
ကျောက်တုံးကျောက်ခဲများပေါ်မှ ဖြတ်ကျော်ပြီး သူတို့ဆင်းလာကြသည်။ တစ်နေရာတွင် အနာလီဆာက ခေတ္တ ရပ်ပြီး ပန်းပွင့်အ၀ါကလေးများကို ဆွတ်ခူးသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် ဖေးကူ တွဲပြီး အောက်ဘက်သို့ ဆက်ဆင်းလာကြသည်။ သစ်ကိုင်းများအောက်မှငုံ့ဝင်လိုက်၊ ကျောက်တုံးများပေါ် ခုန်ကျော်လိုက်၊ စမ်းချောင်းလေးများကို ဖြတ်ကျော်လိုက်ဖြင့် ဆင်းလာကြသည်။  လျှို မြောင် အောက်ခြေ သို့ ရောက်သောအခါ ရပ်နားလိုက်ပြီး အသက်၀၀ရှူလိုက်သည်။

ရှာဆာသည် ခါးထောက်ပြီးရင်ကော့ကာ အပေါ်မှစီးမိုးနေသော ကျောက်ဆောင်စွန်းနံရံကြီးကို မော်ကြည့် လိုက် သည်။
ခံတပ်နံရံကြီးနှင့်တူလှသည်။ အနာလီဆာက သူ့ လက်တစ်ဖက်လှမ်းဆွဲပြီး သူမဘက်လှည့်စေကာ ပြော လိုက်သည်။
" ဒါ လျှို့ဝှက်နေရာ၊ ဒီနေရာအကြောင်း ဘယ်သူ့ကိုမှမပြောပါဘူး၊ အထူးသဖြင့် ကျွန်မ အစ်ကိုကို မပြောပါ ဘူးလို့ ကျိန်ရမယ် "
" အေးပါ၊ ငါကျိန်ပါတယ် "

" ဟင့်အင်း ... သူပုံစံတကျလုပ်၊ ညာဘက်လက်ကို မှောက်ပြီး ဘယ်ဘက်လက်ကို ခေါင်းပေါ်မှာတင်ထား၊ ပြီးတော့ ဒူးထောက်ပြီးကျိန် "
သူမပြောသည့်အတိုင်း ရှာဆာကလိုက်လုပ်သည်။ လီဆာသည် ကျောက်နံရံရှေ့မှ ကွယ်နေသော သစ်ကိုင်းလေး ကိုဆွဲဖယ်လိုက်ရာ၊ နံရံထဲ၌ လိုဏ်ခေါင်းအသေးလေးရှိနေသည်ကို တွေ့ရသည်။
ထိုလိုဏ်ခေါင်းလေး သည် နတ်စင်လေးနှင့်တူလှသည်။ ရှာဆာက ဒူးထောက်ထိုင်ကျိန်ပြီးနောက်ထလိုက် သည်။
နတ်စင်ကလေးထဲတွင် မြေပန်းအိုးများတွေ့ရသည်၊ ပန်းများက ခြောက်နေသည်။ ပန်းအိုးများ နောက် ဘက် တွင်အဖြူရောင်အရိုးစုများကို တောင်ပူစာကလေးသဖွယ် ပုံထားသည်။ အရိုးပုံပေါ်တွင် လူဦးခေါင်းခွံ အရိုး ကိုတင်ထားသည်။ သွားများက ၀ါနေပြီး မျက်လုံးဟောက်ပက်ဖြစ်နေသည်။

" အဲဒါဘယ်သူလဲ ... "
ရှာဆာ က အံ့အားသင့်သံဖြင့် ခပ်တိုးတိုးမေးလိုက်သည်။
" တောင်စောင့်မယ်တော်လေ၊ ကျွန်မ သူ့အရိုးတွေကို အောက်ဘက်မှာတွေ့လို့၊ ဒီနတ်ကျွန်းလေးလုပ်ပြီး အခုလို ပူဇော်ထားတာပေါ့ "
" အဲဒါမင်းဘယ်လိုလုပ်သိသလဲ "
" သူက ကျွန်မကို အဲဒီလိုပဲပြောတာ "
ရှာဆာက ဘ၀င်မကျသော်လည်း ဆက်မေးတော့။ ပန်းအိုးထဲမှ ပန်းအခြောက်များကို လမ်းမမှခူးလာသော ပန်းအ၀ါ များနှင့် ပန်းအိုးလဲနေသည့် အနာလီဆာအား အသာစောင့်ကြည့်နေသည်။ ပန်းအိုးလဲပြီးနောက် လီဆာ က ဆောင့်ကြောင့်ထိုင်ကာ ရှာဆာ၏ လက်ကိုလှမ်းဆွဲလိုက်ပြန်သည်။

" မယ်တော် က ရှင့်ရဲ့လိုအင်ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိမ့်မယ် "
လီဆာ က တိုးတိုးလေးပြောလိုက်ရာ ရှာဆာက ဘာလိုချင်ပါလိမ့်ဟုတွေးလိုက်သည်။
" ရှင်ဘာလိုချင်သလဲ "
" ဘာမဆို ငါလိုချင်တာဖြစ်နိုင်မလား "
ရှာဆာက သေချာအောင်ထပ်မေးလိုက်သည်။

" ရတယ်၊ ဘာမဆိုရှင်လိုချင်တာ ဆုတောင်းလို့ရတယ် "
အနာလီဆာက ရှာဆာဘေးသို့ တိုးကပ်ပြီး ကိုယ်ချင်းထိထားလိုက်သည်။ သူမ အသားဆိုင်များ၏ ပျော့ ပျောင်းနွေးထွေး သောအတွေ့အထိနှင့်အတူ သူမထံမှ ကိုယ်သင်းချွေးနံ့လေးများက ရှာဆာ နှာခေါင်းထဲ ပြေး ၀င်လာသည်။
ရှာဆာ က ကိုယ်ကို ရှေ့သို့ကိုင်းလိုက်ပြီး ခေါင်းခွံ၏နဖူးရိုးဖြူဖြူကို သူ့လက်ချောင်း များနှင့်တို့ထိလိုက်သည်။ နွေးထွေးမှုနှင့် ရင်းနှီးမှုကို ပိုခံစားလိုက်ရသလိုရှိသည်။ ချစ်ခင်သော၊ သံယောဇဉ် တွယ်တာ သောခံစားမှုမျိုး ဖြစ်သည်။

ရှာဆာက ခပ်တိုးတိုးလေးဆုတောင်းလိုက်သည်။
" ကျွန်တော် အလွန်ကြီးမားသောအာဏာကို ရလိုပါတယ်ခင်ဗျာ "
သူ့လက်ချောင်းများတါင် လျှပ်စစ်ဓာတ်လိုက်သလို ခံစားလိုက်ရသဖြင့် လက်ကိုဇက်ခနဲရုပ်ပစ်လိုက်သည်။ အနာလီဆာကလည်း သူနှင့်ကိုယ်ချင်းခွာလိုက်သည်။
" ရှင့်ဟာက မိုက်မဲတဲ့ဆန္ဒ၊ အဓိပ္ပာယ်မရှိတဲ့ဆန္ဒမျိုးပဲ၊ အဲဒီလိုအဓိပ္ပါယ်မရှိတဲ့  ဆုတောင်းမျိုးကို မယ်တော် ကဘယ်တော့မှမပေးဘူး "
အနာလီဆာက ထိုင်ရာမှထလိုက်သည်။ စောစောက သစ်ကိုင်းများကို ပြန်ဆွဲပြီး နတ်ကွန်းကိုပြန်ပြီး ကွယ် ထားလိုက်သည်။

" နောက်ကျနေပြီ၊ ကျွန်မတို့ပြန်ကြမှဖြစ်မယ် "
ရှာဆာသည် ဤနေရာမှ မခွာလိုသေးသဖြင့် ဖင့်နှေးနေသည်။ လီဆာက အပေါ်ဘက်သို့ သုံးလေးလှမ်း တက်သွားပြီး လှမ်းခေါ်သည်။
" လာ သွားကြစို့ ... နောက်တစ်နာရီလောက်ဆို မှောင်သွားလိမ့်မယ် "
လီဆာကရှေ့မှသွားရာ ရှာဆာကနောက်မှ တက်လိုက်သွားသည်။ အပေါ်သို့ ပြန်ရောက်သွားသောအခါ အနာလီဆာ က ကျောက်နံရံကိုမှီပြီး ထိုင်နေသည်ကိုတွေ့ရသည်။
" ကျွန်မ သစ်ကိုင်းတွေနဲ့ခြစ်မိပြီး ဒဏ်ရာရလာတယ် "
" အို ... စိတ်မကောင်းစရာပဲ၊ ဘယ်မှာဘ၏ဏ်ရာရတာလဲ "

ခြေထောက်နှစ်ချောင်း တွဲလောင်းချပြီး ကားထိုင်နေသောအနာလီဆာက သူမစကတ်ကို ပေါင်လယ်ကျော် ကျော်အထိ မတင်ပြီး ပြလိုက်သည်။ ဖြူဖွေးနုအိသော သူမ၏ပေါင်တစ်ဖက်၏ သွေးစက်ကလေးများက အနည်းငယ်စို့ထွက်နေရာ ဂွမ်းပုံပေါ်တွင် ပတ္တမြားလုံးလေးများ စီတန်းထားသကဲ့သို့ရှိသည်။
ရှာဆာက ငေးကြည့်နေမိသည်။ လီဆာက ကိုယ်ကိုအောက်သို့ မသိမသာလျှောပြီး ဒူးနှစ်ချောင်း ထောင် ကာ ဘေးသို့ ပိုကားလိုက်သည်။

" ကျွန်မ သွေးစက်တွေကို သုတ်မပေးတော့ဘူးလား "
ရှာဆာက ဒူးထောက်ထိုင်လိုက်ပြီး သွေးစက်များကို တယုတယသုတ်ပေးနေစဉ် လီဆာက သူ့ကိုဖက်လိုက် သည်။
လီဆာ ဆင်ထားသော ထောင်ချောက်ထဲသို့ ရှာဆာ ကားခနကျသွားပါချေပြီ။
အတွေ့အကြုံလုံးဝမရှိသေးသော ရှာဆာအဖို့ ဤထောင်ခြောက်မျိုးမှ ပသို့များရုန်းထွက်နိုင်ပါမည်နည်း။
******

(၁၂)

ရှာဆာ ရုတ်တရက် လန့်နိုးလာသည်။ မိမိဘယ်ရောက်နေသည်ကို ချက်ချင်းတွေးမရဘဲဖြစ်နေသည်။ သူ့ ကျောအောက်မှမြေကြီးက မာနေသည်။ သူ့ရင်ဘတ်ပေါ်၌ တစ်စုံတစ်ခုကဖိထားသဖြင့် အသက်ရှူ ကျပ်နေ သည်။ ပတ်ဝန်းကျင်၌မှောင်နေပြီး အအေးဓာတ်လွှမ်းနေသည်။ ကောင်းကင်၌ ကြယ်များ ထွက် နေသည်။ မြင်းကလေးပရက်စတာဂျွန်ကို မလှမ်းမကမ်း၌ မှုန်ဝါးဝါးလှမ်းမြင်ရသည်။
ရှာဆာ ရုတ်တရက်သတိရလာသည်။ အနာလီဆာက သူ့ကို ခြေ တစ်ဖက်ဖြင့်ခွပြီး လက်တစ်ဖက်က ရင်ဘတ်ပေါ်မှ သိုင်းဖက်ထားသည်။ သူမမျက်နှာက သူ့လည်ပင်းမှာအပ်ထားသည်။ ရှာဆာက အနာလီဆာ ကို တွန်းဖယ်လိုက်ရာ၊ သူမလန့်နိုးလာပြီး ထအော်လိုက်သည်။

" မိုးချုပ်နေပြီး၊ အခုလောက်ဆိုရင် ငါတို့ကိုလိုက်ရှာနေကြကုန်ရောပေါ့ " ရှာဆာကပြောလိုက်သည်။
ရှာဆာ ကုန်းထလိုက်ပြီး ဘောင်းဘီကို အပေါ်သို့ဆွဲတင်ဝတ်လိုက်သည်။
အနာလီဆာ က သူ့ဘေးတွင်ရပ်ကာ အတွင်းခံဘောင်းဘီကို ကုန်းဝတ်နေသည်။ ရှာဆာက ကောင်းကင်မှ ကြယ် များကို ကြည့်လိုက်ပြီး အချိန်ကိုခန့်မှန်းလိုက်သည်။

" ညကိုးနာရီတောင် ကျော်နေလောက်ပြီ "
" ရှင်မအိပ်ဘဲနေဖို့ကောင်းတာ၊ ကျွန်မ အဖေကတော့ ကျွန်မကို လုပ်တော့မှာပဲ။  နာက်တစ်ခါထပ်ဖြစ်ရင် တော့ အသတ်ပဲ လို့ အဖေကြိမ်းထားတာ "
လီဆာက ရှာဆာပခုံးကိုလှမ်းလိုက်ရာ၊ သူကဖယ်ချပစ်လိုက်သည်။ သူမနှင့်ဝေးရာသို့ သူထွက်သွားချင် သည်။ သို့သော် မဖြစ်နိုင်၍ ခက်နေသည်။
" ဒါ ရှင့်အပြစ်ပဲ၊ ရှင့်ကြောင့် ဖြစ်ရတာလို့ အဖေ့ကိုပြောမှာပဲ၊ အဖေက ကျွန်မကိုကျောပွတ်နဲ့ရိုက်ပြီး အရေ ဆုတ်ပစ်လိမ့်မယ် "

ရှာဆာက မြင်းကို သစ်ကိုင်း၌ချီထားသောကြိုးကို ဖြေလိုက်သည်။ သူ့လက်များကတုန်နေသည်။ ရှာဆာ သည် အိပ်ချင်မူးထူးဖြစ်နေဆဲရှိပြီး ခေါင်းကမကြည်လင်သေး၊ ပြတ်ပြတ်သားသား မတွေးနိုင်သေး။
" မင်းအဖေ က မင်းကိုမရိုက်စေရဘူး၊ သူ မရိုက်အောင် ငါလုပ်မယ် " ရှာဆာကပြောလိုက်သည်။
" ရှင်ဘာလုပ်နိုင်မှာလဲ၊ ရှင်က ကလေးပဲရှိသေးတာ "
အနာလီဆာက ပြောလိုက်သည်။ သူ့စကားလုံးများက သူ့ခေါင်းထဲသို့ အကြံတစ်ခုဝင်လာစေသည်။

" ရှင့်ကြောင့် ကျွန်မမှာကလေးရှိလာရင် ဘယ့်နှယ်လုပ်မလဲ၊ လင်ကောင်မပေါ်တဲ့ကလေး ဖြစ်လာမှာပေါ့၊ ရှင် စောစောတုန်းက အဲဒါကိုကော တွေးမိရဲ့လား "
" မင်း တစ်ဖက်သတ် မပြောနဲ့၊ မင်းက အလိုတူအလိုပါ နည်းပေးလမ်းပြ လုပ်ခဲ့တာမဟုတ်လား "
" ကျွန်မတို့ လုပ်လို့ရတာရှိပါတယ်၊ ကျွန်မတို့နှစ်ယောက် ခိုးရာလိုက်ပြေးကြရင် မကောင်းဘူးလား "
လီဆာက လေသံပျော့လေးဖြင့် တောင်းပန်လိုက်သည်။ သို့သော်ရှာဆာကစိတ်လုံးဝမပါ။

" ကဲ ... လာ သွားမယ် "
ရှာဆာကလီဆာကို မြင်းကျောပေါ်သို့ တွန်းတင်ပေးလိုက်သည်။ သူလည်းလီဆာနောက်မှနေ၍ မြင်းကျော ပေါ်သို့တက်ပြီး ခွထိုင်လိုက်သည်။
မြင်းစီးထွက်လာရာ တောင်ကျောတစ်ခုကို ကွေ့လိုက်ည်နှင့်တစ်ပြိုင်နက် အောက်ဘက်လွင်ပြင်၌ သူတို့ အား လိုက်ရှာနေသူများ၏ မီးတုတ်များကို လှမ်းမြင်ရသည်။ လမ်းပေါ်တွင်လည်း တဖြည်းဖြည်း ရွေ့လျားလာနေသော မီးမောင်းအရောင်ကို မြင်ကြရသည်။ သူတို့အားလိုက်ရှာနေသူများ၏ အော်ခေါ်သံ သဲ့သဲ့ကိုလည်း ကြားရသည်။
" ဒီတစ်ကြိမ်တော့ ကျွန်မအဖေက ကျွန်မကိုသက်ပစ်လိမ့်မယ်၊ ကျွန်မတို့ ဘာလုပ်ခဲ့ကြတယ်ဆိုတာ သူတို့ သိမှာပဲ " လီဆာက တသိမ့်သိမ့်ရှိုက်ရင်း ပြောလိုက်သည်။

" မင်းအဖေက ဘယ်လိုလုပ်သိမှာလဲ၊ သူက ဒီမှာမှမရှိတာ"
" ကျွန်မဒီလိုလုပ်တာ ရှင်ပထမဆုံးလို့မထင်နဲ့၊ တခြားလူတော်တော်များများနဲ့လဲ ကျွန်မဒီလိုဖြစ်ဖူးတယ်၊ အဖေ က ကျွန်မကိုမိသွားတာ နှစ်ခါရှိပြီ၊ ဘာဖြစ်ခဲ့တယ်ဆိုတာ အဖေကောင်းကောင်းသိမှာပါ "
လီဆာက ရှာဆာစိတ်ကုန်သွားအောင် ထုတ်ပြောလိုက်သည်။ ပထမတော့ ရှာဆာမနာလိုစိတ် ၀င် လာသည်။ နောက်တော့ ဆင်ခြင်စဉ်းစားမှုဖြင့် စိတ်ပြန်အေးသွားသည်။

" တခြားလူတွေနဲ့ အခုလိုဖြစ်ခဲ့တာကိုလဲ မင်းအဖေသိထားတယ်ဆိုရင် မင်းငါ့အပေါ် အပြစ်ပုံချပြီး တန်ဆာခံ ရှာလို့ဘယ်ရမလဲ သူငယ်မ"
အနာလီဆာ မှာ သူ့စကားနှင့်သူချောင်ပိတ်မိသွားရသည်။ ထို့ကြောင့် အင့်ခနဲ တစ်ချက်ရှိုက် လိုက်ပြန် သည်။ ကုန်းကြောင်း လာနေကြသော ရှာဖွေရေးအဖွဲ့နှင့် သူတို့တွေ့ချိန်အထိ အနာလီဆာက သရုပ်ဆောင် မင်းသမီး နှယ် တသိမ့်သိမ့်ရှိုက်ကာငိုကာအမူအရာပိုနေဆဲရှိသည်။
*************
ရှာဆာတို့နေသော ဘန်ဂလို၏ ဧည့်ခန်းပွဲတွင် ရှာဆာနှင့်အနာလီဆာတို့ မျက်နှာချင်း ဆိုင် ထိုင်နေ ကြသည်။ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ဝေးဝေးနေကြသည်။ ဒိန်မလာကားကြီး ဘန်ဂလိုရှေ့၌ ထိုးရပ် လိုက်သံ ကြးရသောအခါ အနာလီဆာက တဟင့်ဟင့်ရှိုက်ကာ စငိုတော့သည်။ မျက်ရည်ကျ စေရန် လည်း မျက်လုံး အစုံကို လက်ဖြင့်ပွတ်သပ်သည်။
ဝရန်တာမှ ဖြတ်လာနေသော စင်တိန်နှင့်တွမ်းတီးမင်းဂျုန်းတို့၏ ခြေသံများကို သူတို့ကြားရသည်။

စင်တိန်အခန်းတံခါးဝသို့ ရောက်လာပြီး ရပ်လိုက်ချိန်တွင် ရှာဆာသည် ထိုင်ရာမှထပြီး လက်ပိုက်နေလိုက် သည်။ စင်တိန် သည် မြင်းစီးဘောင်းဘီ၊ မြင်းစီးအင်္ကျီနှင့် ဖိနပ်ရှည်တို့ကို ၀တ်ထားပြီး လည်ပင်းတွင် အ၀ါ ရောင် ပိုးလည်စည်းတစ်စကိုချည်နှောင်ထားသည်။ သူမမျက်နှာတွင် ဒေါသရောင် လွှမ်းနေသည်။
အနာလီဆာ သည် စင်တိန်ကို တွေ့လိုက်သောအခါ အမူအရာပိုပိုဖြင့် တဟင့်ဟင့်ရှိုက်ငင်လိုက်သည်။

" နင့်ပါးစပ်ပိတ်ထားစမ်း ကောင်မလေး "
စင်တိန် က အနာလီဆာအား ဟောက်လိုက်သည်။ ထို့နောက် ရှာဆာဘက်လှည့်ပြီးမးလိုက်သည်။
" မင်းတို့ နှစ်ယောက် ထိခိုက်အနာတရများဖြစ်ခဲ့သေးလား "
" မဖြစ်ပါဘူး မေမေ "
" မြင်းကလေး ပရက်စတာဂျွန်ကော "
" ဘာမှမဖြစ်ပါဘူး "

" ဒီလို ဆိုရင် ... ဒေါက်တာ တွမ်တီးမင်းဂျုန်း၊ ဒီကောင်မကလေးကို သူ့အဖေဆီပို့ပေးလိုက်ပါ၊ သူ့သမီးသူ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သူသိပါလိမ့်မယ် "
စင်တိန်သည် ကောင်မလေးအဖေနှင့်  လွန်ခဲ့သောတစ်နာရီလောက်ကပင် စကားပြောခဲ့သေးသည်။ ဗိုက်ရွဲ ရွဲ နဖူးပြောင်ပြောင်နှင့် အရက်မူးနေသော ဖခင်ကြီးက သူ့သမီးကို ဆုံးမပါမည်ဟု ပြောကြားလိုက်သည်။
ဒေါက်တာတွမ်တီးမင်းဂျုန်းက အနာလီဆာအား လက်ကောက်ဝတ်မှဆုပ်ကိုင်ပြီး အခန်းထဲမှ ခေါ် သွားသည်။
စင်တိန် အမူအရာ က ပြန်လည်ခက်ထန်လာပြီး ရှာဆာဘက်လှည့်ကာ ပြောလိုက်ပြန်သည်။

" မင်းဟာ ငါ့စကားကို နားမထောင်တဲ့ကလေးပဲ၊ ဒီ ဆတ်စလူးမလေးနဲ့ ဝေးဝေးနေပါလို့ ငါသတိပေးထား တယ် မဟုတ်လား "
" ဟုတ်ပါတယ် မေမေ "
" ဒီကောင်မလေးဟာ ဒီသတ္တုတွင်းက လူတစ်ဝက်လောက်နဲ့ ဒီလိုပဲဖြစ်ခဲ့တာကွ၊ ငါတို့  ၀င်းဟုပ်မြို့ပြန် ရောက်ရင် မင်းကို ဆရာဝန်ဆီခေါ်သွားပြီး ဆေးစစ်ရမယ် "
သူမစကား ကြောင့် ရှာဆာသည် သူ့ကိုယ် သူ အလိုအလျောက် ပြန်ငုံ့ကြည့်မိလျက်သားဖြစ်သွားသည်။

" မနာခံဘူးဆိုတာ တကယ်မကောင်းတဲ့ကိစ္စ၊ အခု မင်းက ငါ့စကားကို လက်တွေ့မနာခံပြလိုက်တာပေါ့၊ ဟုတ်လား "
ရှာဆာက ဘာမှမပြောဘဲ ပေရပ်နေသည်။
" မင်းဟာ တကယ့်မိုက်မဲ့တဲ့ကောင်းလေးပဲ၊ အဆိုးဆုံးအပြစ်ကို ကျူးလွန်ခဲ့တာပဲ၊ ဒီသတ္တုတွင်းကလူတိုင်း ကမင်းကို ဟားစရာသတ္တ၀ါဖြစ်အောင် မင်းလုပ်ခဲ့တာပဲ၊ မင်းကိုယ်မင်း အခုလိုအပေါစားဖြစ်အောင် လုပ် လိုက်တော့ သူတို့ကိုမင်းက ဘယ်လိုလုပ်အုပ်ချုပ်မလဲ "

" ကျွန်တော် ဒါတွေမတွေးခဲ့မိဘူးမေမေ၊ ဒီလောက် ကြီးကြီးမားမားမတွေးခဲ့မိဘူး၊ သာမန်ကိစ္စတွေလို ဖြစ်ရိုး ဖြစ်စဉ်ဖြစ်သွားတာပဲ "
" ကောင်းပြီလေ၊ အခုတော့ မင်းဒါတွေ တွေးရတော့မယ်၊ မင်းရေနွေးနဲ့အကြာကြီးရေစိမ်ချိုးလိုက်၊ ပိုးသတ် ဆေးပုလင်းတစ်ဝက်လောက်ထည့်ချိုး၊ ရေချိုးပြီး ရင်အိပ်တော့၊ နက်နက်နဲနဲတွေးတော့"
" ကျွန်တော် ၀မ်းနည်းပါတယ်မေမေ၊ မေမေအရှက်ရအောင် လုပ်မိတဲ့အတွက်လဲ ကျွန်တော် စိတ် မကောင်း ပါဘူး၊ ကောင်းသောညပါမေမေ"
ရှာဆာ က နှုတ်ဆက်ပြီး အခန်းထဲမှထွက်သွားသည်။
********

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>