Saturday, February 9, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၅ဝ)

 ကျွန်တော်သည် ဆွေးမြည့်နာကြည်းစိတ်များဖြင့် ရင်၌ ပြည့်လျှံလာသောအခါ အနာဟောင်းများကို စဉ်းစားရင်း မိမိဦးတည်ဆောင်ရွက်လျက်ရှိသော ဖက်ဆစ်တော်လှန်ရေးဟူသော ဦးတည်ချက်နှင့် အတူ မြစ်ဝကျွန်းပေါ် ရှိ ကျွန်မြူနစ် ပါတီ ကိုလည်းကောင်း၊ ကွန်မြူနစ်ပါတီ၏ လက်အောက် ခံ ပြောက်ကျား ရဲဘော် များကို လည်းကောင်း၊ နိုင်ငံရေးမှူးဆိုသူများကိုလည်းကောင်း ရန်သူ အဖြစ် မြင်လာခဲ့ ပါ သည်။ ထို့ထက် အခါအခွင့်သင့် လျှင် ရဲဘော်သောင်းအိ ကိုယ်စား လက်စားချေ မည် ဟူသော သန္နိဋ္ဌာန်ချထားလိုက်ပါသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ် ဆန့်ကျင်ရေး သမား မြလှိုင် အဖြစ် ဘ၀ကူးပြောင်း ရောက်ခဲ့ရပါသတည်း။ ကို ဆက်ဖတ်ရန် ....

တူးမြောင်းရွာတွင် တစ်ပတ်ခန့် ရင်မှအနာကို ကုစားနေရပါသည်။ ထိုအချိန်တွင် ဗိုလ်ဘစိန်တပ်နှင့် ဆက်သွယ်သတင်းပို့၍ ဖျာပုံအနောက်ဘက် တိုက်ခိုက်ရေး တာဝန်ကို ဗိုလ်ဘစိန်ထံမှ ညွှန်ကြားရရှိပါသည်။ ကျွန်တော်တို့ တပ်စုသည် ကိုသိန်းဖေ၏ဌာနေ ပြောက်ကျားများနှင့်ပူးပေါင်း၍ ဖျာပုံ ဆင်ခြေဖုံးတစ်ဝိုက် ဖက်ဆစ် အလိုတော်ရိ များကို လိုက်လံသုတ်သင်ကြပြီး၊ အခြားကြီးချောင်းဝတွင် ဂျပန် အ၀ယ်တော်တပ်နှင့် တိုက်ခိုက်ခဲ့ရာ ရဲဘော်ဟန်ရင်ဆိုသူ ဒဏ်ရာရရှိခဲ့ပြီး ဖက်ဆစ်များဘက်မှ ၃ ဦး လက်ရ ဖမ်ီးးသုတ်သင်နိုင်ခဲ့ ကြပါသည်။

ဖက်ဆစ်တ်ာလှန်ရေး၏ အရှိန်အဟုန်မှာ မြစ်ဝကျွန်းပေါ်တစ်ခုလုံး မြင့်မားစွာ လှုပ်ရှားပေါ်ပေါက်လျက်ရှိပါ သည်။ ကျွန်တော် တို့ တစ်တွေမှာ ခြေလျင်ခရီး၊ လှေသမ္ဗန်စသည်တို့ဖြင့်သာ သွားလာနေခြင်းကြောင့် အချို့ နေရာများ သို့ လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်းမရှိဘဲ ရန်သူအများအပြားကို လွတ်မြောက်စေခဲ့ပါသည်။ ထို့ပြင် ရန်သူများ သည် ယခုအခါ လူနည်းစု သွားလာခြင်းမပြုတော့ဘဲ တပ်စုလိုက်၊ တပ်ခွဲလိုက် စုပေါင်း၍ စနစ်တကျ လှည့်လည် သွားလာခြင်းပြုကြကုန်သည်။ ကျွန်တော့် တပ်စုသည် တူးမြောင်းရွာကို အခြေစိုက်စခန်းထားရှိပြီး ထိုမှတစ်ဆင့် လှည့်လည်တိုက်ခိုက်ကြပါသည်။ ထိုအချိန်တွင် ဖျာပုံမြို့၏ အခြေအနေသည် လှုပ်လှုပ်သာရှိနေပါသည်။

ဖက်ဆစ်များသည် ကျွန်တော်တို့ တပ်မတော်နှင့် တိုက်ခိုက် ရာတွင် အထိနာခဲ့ရသည်များကို အကြောင်းပြု၍ ဖျာပုံမြို့အား ကြွက်မနိုင် ကျီမီးနဲ့ရှို့သည့်ပမာ တစ်မြို့လုံး မြေလှန်သွားဖျက်ဆီးမည်ကို အထူးစိုးရိမ်လျက် ရှိပါ သည်။ ဖျာပုံမြို့ပေါ်တွင် ကျန်ရှိနေသော ကျွန်တော်တို့၏ အထောက်တော်များထံမှ ဖျာပုံမြို့ကို အမြန် သိမ်းပိုက်ရန် တိုက်တွန်းသည့် အကြောင်းကြား စာများကိုလည်း မကြာခဏ ရရှိပါသည်။ သို့ကြောင့်ပင် ကျွန်တော်တို့ အားလုံး ဖျာပုံမြို့သိမ်းရေး အစီအစဉ် များကို တမော့ဝစခန်းတွင်ရှိသော ဗိုလ်လက်ျာထံ သတင်းပို့ ရန် ကျွန်တော့်ကိုပင် တာဝန်ပေးလိုက်ပါသည်။
မကြည့်ချင် မြင်ချင်လျက်သားဆိုသည့် စကားပုံကဲ့သို့ ကျွန်တ်ာသည် တမော့ဝစခန်းသို့ သွားရောက်ရခြင်း ကိုမနှစ်မြို့သော် လည်း မိမိအထက်အရာရှိဖြစ်သူ ဗိုလ်ဘစိန်၏ စှာင့် ရေးသားစေလွှတ်သော အမိန့်ဖြစ်၍ မသွား၍ မဖြစ်ပေ။

သို့ဖြစ်ခြင်းကြောင့် ကျွန်တော်နှင့်အတူ ကိုသိန်းဖေ (အောင်ပင်လယ်သိန်ဖေ)၊ ရဲဘော် ဟန်ရင်၊ ရဲဘော် စံယျတို့ ကို ခေါ်၍ တမော့ဝစခန်းသို့ ခြေလျင်ခရီးဖြင့် ထွက်ခွာလာခဲ့ပါသည်။ ကျွန်တော်တို့ တွင် နံနက်စာအဖြစ် တူးမြောင်းရွာ မှ မစောမြင့်တို့ ပေးလိုက်သည့် ကောက်ညှင်းထုပ်တစ်တွဲစီ ပါခဲ့ကြပါ သည်။ ကျွန်တော်တို့ ထွက်လာသော အချိန်မှာ နံနက်လင်းစ အချိန်ဖြစ်၍ နှင်းရိပ်များ ပိတ်ဆီးနေသဖြင့် သွားလာရေးအတွက် လုံခြုံပါ သည်။ ရှေးဦးစွာ တူးမြောင်းမှ ကျုံးကူးရွာ အနောက်ဘက်မှတစ်ဆင့် အကြီးဝ ရွာသို့လည်းကောင်း ထိုမှတစ်ဆင့် သလိပ်ကြီးရွာ မှ ဌာနပြောက်ကျားခေါင်းဆောင် သခင်မှင်ထံသို့လည်း ကောင်း ရောက်ရှိခဲ့ပါသည်။ သခင်မှင်ထံသို့ ရောက်သောအခါ ဗိုလ်ဟန်သိမ်းတို့တပ်စု ဗိုလ်ဘစိန်ထံသို့ ထွက်ခွာသွားကြောင်း သတင်းရပါသည်။ သခင်မှင်တို့အဖွဲ့သည် ကျွန်တော်တို့အား ဘောက်တူတစ်စင်းဖြင့် တမော့ဝရွာသို့ ပို့ဆောင်ပေးပါသည်။ တမော့ဝရွာသို့ ရောက်သောအခါ ညနေ ၄ နရီခန့်ပင် ရှိချေပါပြီ။

ယခုတစ်ခေါက်တွင် တမော့ဝရွာ၌ ဗိုလ်မြတ်ကျော် မရှိတော့ပေ။ ကျွန်တော်သည် ရွာခံပြောက်ကျားခေါင်း ဆောင် ရဲဘော်စိန် အား ကျွန်တော့်အား ဗိုလ်ဘစိန်တို့၏ ခိုင်းစေချက်အရ ဗိုလ်လက်ျာနှင့် တွေ့ရှိရန် ရောကှ်ိနေကြောင်း သတင်းပို့ခိုင်း လိုက်ပါသည်။ မကြာမီ ဗိုလ်တင်အေး (အမ်-တင်အေး) လိုက်လာပြီး ဗိုလ်လက်ျာနှင့် တွေ့ဆုံ ရန် ခေါ်ယူသွားပါသည်။
“ဆိုစမ်း မြလှိုင်၊ ဘာထူးလဲ”

“ဖျာပုံမြို့ အခြေအနေဟာ စိုးရိမ်စရာဖြစ်နေတယ်။ ဖက်ဆစ်ရန်သူများက မြေလှန့်မီးရှို့မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ဖျာပုံ ကို ကျွန်တော်တို့တပ်မတော်က ၀င်သိမ်းထားချင်တယ်။ ဒါကို ဗိုလ်ဘစိန်က သတင်းပို့ပြီး ညွှန်ကြားချက် ကို တောင်းခိုင်းလိုက်ပါတယ်”
“ဘယ်ဖြစ်မလဲကွ”
“ဗိုလ်လက်ျာ၏ အသံမဟုတ်ဘဲ အခြားအသံတစ်ခု ဖြစ်ခြင်းကြောင့် ကျွန်တော် မော်ကြည့်လိုက်သည်။ ဖက်လက်စ စာအုပ်တစ်အုပ်ကို လက်ညှိုးခြား၍ ကိုင်ရင်း၊ စကားဝိုင်းသို့ ၀င်လာသော ဆရာကြီး သခင်စိုး ကို တွေ့လိုက်ရပါသည်။ ကျွန်တော်သည် သခင်စိုးအား ကောင်းသည်ဆိုးသည်ဟု ဆက်၍ မပြောဘဲ ဗိုလ်လက်ျာ ကို စူးစိုက်ကြည့်နေလိုက်ပါသည်။ ထိုအခါ သခင်စိုးက ဆက်၍ ပြောပြန်သည်။
“ဖျာပုံမြို့ ကို ၀င်သိမ်းလို့ လက်ဝယ်ရပြီပဲ ထားပါတော့။ ရန်သူက နောက်တစ်ခါ အလုံးအရင်းနဲ့ ၀င်ပြီးချလို့ ဆုတ်ပေးရမယ်ဆိုရင် ဖျာပုံတစ်မြို့လုံး ပြာပုံဖြစ်သွားမယ် မဟုတ်လား သခင်လှဖေ”
ဗိုလ်လက်ျာက စကားပြန်မပေး။ ကျွန်တော့်ကိုလည်း မကြည့်ဘဲ သူကြီး ဦးညွှန့်အိမ်တွင် ရှိနေသော မေဂျာဗွိုက်တို့နှင့် ကိုသောင်းတို့အား သွားရောက်ခေါ်ယူခဲ့ရန် ဗိုလ်တင်အေး (အမ်-တင်အေး)အား စေလွှတ် လိုက်ပါသည်။

“မြလှိုင်၊ မင်း ဒီတစ်ည ဒီမှာ နေဦးကွ။ တို့တိုင်ပင်ပြီး အဖြေပေးမယ်မဟုတ်လား”
မကြာမီ ဗိုလ်တင်အေး (အမ်-တင်အေး) နှင့်အတူ၊ မေဂျာဗွိုက်တို့ ၀ိုင်ယာလက် အော်ပရေတာ ချာလီ၊ လေထီးဆင်း ကိုဘသောင်း (ဦးဘသောင်း၊မြန်မာ့ထုတ်ကုန်သွင်းကုန် ကော်ပိုရေးရှင်း) တို့ ရောက်ရှိ လာပါ သည်။ ၎င်းတို့အား ဗိုလ်လက်ျာက ဖျာပုံမြို့ အခြေအနေ၊ ရန်သူအင်အား၊ ဖျာပုံမြို့ပတ်ပတ်လည်၌ရှိသော ဗမာ့ တပ်မတော်အင်အား၊ ကွန်မြူနစ်ပြောက်ကျားအင်အား စခန်းများကို ရှင်းပြပြီးနောက်၊ ဖျာပုံမြို့ သိမ်းပိုက်ရေးကို တိုင်ပင်ပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်များကို နားထောင်၍ မေဂျာဗွိုက်တို့နှင့် ကိုဘသောင်း တို့က ဖျာပုံမြို့ကို တပ်မတော်မှ ၀င်ရောက်သိမ်းခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ၀င်ရောက် သိမ်းယူရမည် ဖြစ်၍ (၁)နှစ်ဘက် အကျအဆုံး ရှိနိုင်ကြောင်း၊ (၂) ရန်သူက ဆုတ်ခွာရာတွင် မြို့အား မီးရှို့ ဆုတ်ခွာနိုင်ခြင်း၊ (၃) ထိုသို့ အချိန်မရသည့်တိုင်အောင် တိုက်ပွဲ၌ မြို့သူမြို့သားများ ထိခိုက်နိုင်ခြင်း စသည် တို့ကြောင့် တိုက်ခိုက်သိမ်းယူခြင်း မပြုသင့်ကြောင်း ပြောကြားပါသည်။

“အကောင်းဆုံး အကြံဥာဏ်ပေးနိုင်ပါသလား”
“ဖြစ်နိုင်ရင် ရန်သူ့စခန်းတွေ ဘယ်မှာရှိတယ်၊ အင်အား ဘယ်လောက်ရှိတယ်၊ ဘယ်နှစ်နေရာရှိတယ်ဆိုတာ တိတိကျကျ မြေပုံနဲ့တကွရရင် ကျွန်တော်တို့ ဗုံးကြဲပေးမယ်။ ဒါဆို ရန်သူ့စခန်းပဲ ပျက်စီးမယ်”
“မြလှိုင် ကြားလာ။ မင်း ရန်သူ့စခန်းတွေကို တိတိကျကျညွှန်းတဲ့ မြေပုံ ရနိုင်မလား”
“ရနိုင်ပါတယ်။ ကျွန်တော် ခုပြန်ပြီး ရရချင်း လာပို့ပေးပါမယ်”
“ဗိုလ်ဘစိန်တို့ကို ဖျာပုံသိမ်းရေး ခဏဆိုင်းထားဦးလို့ ပြောလိုက်ကွာ”
ဗိုလ်လက်ျာဆီမှ ပြန်လာသောအခါ ရဲဘော်ဟန်ရင်အား ဗိုလ်ဘစိန်ထံသို့လည်းကောင်း၊ ရဲဘော်စံယျအား ဖျာပုံ ၇ လမ်းမှ ဦးလေး ဦးအုန်းစိန်ထံသို့ လည်းကောင်း သတင်းပို့ခြင်း၊ မြေပုံရရှိရေးတို့ကို ဆောင်ရွက်ပါသည်။

ဦးလေးဦးအုန်းစိန်သည် အခွန်ဝန်ရုံးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်၍ မြေပုံရရှိရေးမှာ မခက်ခဲသော်လည်း ဖက်ဆစ်များ၏ စခန်းများ အတိအကျရရှိရန် လွယ်ကူမည်ဟု မထင်ခဲ့ပေ။ သို့သော် ဦးအုန်းစိန် သည် အောက်ကွင်းရွာဘက်သို့လည်းကောင်း၊ ဖျာပုံမြို့ပတ်လမ်းဘက်သို လည်းကောင်း လှည့်လည်ကြည့်ရှုပြီး ရန်သူစခန်း များကို မြေပုံကြမ်း ဆွဲပေးရုံသာမက ဖျာပုံမြို့ စည်ပင်သာယာအဖွဲ့မှ ရရှိသော မြေပုံပေါ်တွင် မင်နီသား၍ ရန်သူစခန်းများကို ဖော်ပြပေးလိုက်ပါသည်။ ဦးအုန်းစိန် ထံမှ မြေပုံ ရလျှင်ရချင်း ကျွန်တော်သည် တမော့ဝစခန်းသို့ ခရီးပြင်းပြန်လာခဲ့ပြီး မြေပုံများကို အပ်နှံလိုက်ပါသည်။ မြေပုံများ ရရှိပြီးနောက် မကြာမီ ရန်သူစခန်းများအား မဟာမိတ်တို့မှ သွားရောက် ဗုံးကြဲခဲ့သော်လည်း မှန်းခြေမကိုက်ဘဲ ရန်သူစခန်း တစ်ခုမှလွဲ၍ ဖျာပုံမြို့တွင်းသို့ ဗုံးအချို့ကျခဲ့သဖြင့် ရပ်သူ ရပ်သားအချို့ သေဆုံးခဲ့ကြရပါသည်။ ယင်းကိစ္စတွင် ကျွန်တော် တရားခံဖြစ်နေမည်လားပင်မသိဟု စိတ်ထဲတွင် ခံစားခဲ့ရပါသည်။

ကဇောင်းတိုက်ပွဲ

ဤတိုက်ပွဲား မြစ်ဝကျွန်းပေါ် ဖက်ဆစ်တော်လှန်ရေးတွင် သမိုင်းတွင်ရစ်သည့် တိုက်ပွဲကြီးတစ်ခုဖြစ်ပါ သည်။ ဖက်ဆစ်တပ် များသည် အရူးမီးဝိုင်းဟိုမှသည်မှ တိုက်ခိုက်ခြင်းခံရသောကြောင့် ၎င်းတို့၏ စစ်ဆင်ရေး နည်းဗျူဟာ ကို ပြောင်းလဲသုံးစွဲလာပါသည်။ ၎င်းတို့သည် တပ်မတော်သားများ ရှိမည်ထင်သော ရွာသို့ အလုံး အရင်းနှင့် ချီတက်၍ ရွာသူရွာသားများရှိမည်ထင်သောရွာသို့ အလုံးအရင်းနှင့် ချီတက်၍ ရွာသူ ရွာသားများကို ဖမ်းဆီး စစ်မေးခြင်း၊ မီးရှို့ခြင်းများကို ပြုပါသည်။ ကြာသော် ရွာသူရွာသားများသည် တပ်မတော်သားများကို လက်ခံ ရန် အလွန်ကြောက်ရွံ့ကြကုန်သည်။ ယခုအခါ အင်အားကြီးမားစွာ တပ်စွဲ ထားသော နေရာ ၂ ခုသာရှိ ပါသည်။ ယင်း ၂ ခုမှာ (၁) ကျွန်တော့်တပ်စုနှင့် အင်အား ၃၀၀ ခန့်ရှိသော ပြည့်သူ့ အရေးတော်ပုံပါတီ မှ ပြောက်ကျား များ၏ တူးမြောင်းစခန်း၊ (၂) ဗမာ့တပ်မတော် ဗိုလ်ဘစိန် ဦးစီးသောတပ်နှင့် ကွန်မြူနစ်ပြောက်ကျား ၂၀၀ ခန့် ရှိသော ကဇောင်းရွာစခန်းတို့ ဖြစ်ကြပါသည်။
ထိုနေ့ ကား သင်္ကြန်အကြိုနေ့ဖြစ်သည်။

တူးမြောင်းရွာသို့ ဆက်သားရောက်လာသည်။ ဖျာပုံတွင် ဖက်ဆစ်တပ်နှင့် ရဲအဖွဲ့ ဘေိုထိုင်အဖွဲ့များ စုဝေး၍ နယ်သို့ ဆင်းကြမည်ဟူသော သတင်းဖြစ်သည်။ ယင်းသတင်းအရ ကျွန်တော်တို့သည် ရန်သူများ ချီတက်လာနိုင်သည့် ရေလမ်း၊ ကုန်းလမ်းများမှ ဆီးကြိုတိုက်ခိုက်နိုင်ရေးကို စီစဉ်ကြပါသည်။ သို့သော် ထိုနေ့တစ်နေကုန် သည်အထိ ရန်သူများ ချီတက်တိုက်ခိုက်ခြင်းမရှိသဖြင့် အခြေအနေကို မစဉ်းစား တတ် အောင် ဖြစ်မိပါသည်။ ထိုနေ့ည ၈ နာရီခန့်တွင် ဓနုံးချောင်းရွာမှ ရဲဘော်လှဦးဆိုသူ အရေးတကြီး ရောက်ရှိ လာပြီး ယခုညနေဘက် က ရဲသား ၃၀ ခန့်၊ ကေဘိုထိုင် ၂၅ ခန့်၊ ဟေးဟိုး ၁၀ ခန့်နှင့်ဖက်ဆစ်တပ်မှ စစ်သား ၁၅၀ ခန့်ဖျာပုံမြို့ ၏ တောင်ဘက်သို့ ဆင်းသွားကြသည်။ ၎င်းတို့ ချီတက်သည်မှာ ဗမာ့တပ်မတော် အား တိုက်ခိုက် ရန် ဖြစ်သော်လည်း မည်သည့်ဒေသသို့ သွားရောက်ကြသည်ကို တပ်အပ်မပြောနိုင်ကြပေ။ ကျွန်တော် သည် ကိုလှဦး၏ စကားဆုံးသောအခါ ဖက်ဆစ်ရန်သူများ အနေဖြင့် ကျွန်တော့်စခန်းအား တိုက်ခိုက်ခြင်း မပြုလျှင် မုချမသွေ ကဇောင်းတွင် တပ်စွဲထားသော ဗိုလ်ဘစိန်တပ်သို့ တက်ရောက် တိုက်ခိုက်ခြင်းဖြစ်မည်ကို သဘောပေါက်မိပါသည်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ဖြစ်၍ ကဇောင်းရွာဖျားမှ အိုးစည်သံကလေးသည် လေဟုန်စီး၍ လွင့်ပါး လာသည်။ ရွာသူရွာသားများဖြစ်ကြသော သက်ကြီးရွယ်အိုများမှာ သီလဆောက်တည်ရန် ရွာဦးကျောင်းသို့ လှူဖွယ်ဝတ္ထုတို့ဖြင့် ရောက်ရှိကြကုန်သည်။ ဗိုလ်ဘစိန်သည် ဆေးမှူး ဆရာတင်အောင်နှင့်အတူ ကင်းများ စစ်ဆေးပြီး ကဇောင်းအနောက် ရွာသူကြီးနှင့် သူကြီးကတော်တို့ ဘုန်းကြီးကျောင်း သွားရန် ပြင်ဆင်နေ ၍ နှုတ်ဆက်စကားပြောဆိုပြီး သူကြီးအိမ်ရှေ့ကြမ်းပေါ်၌ အိပ်ပျော်နေသော ဗိုလ်ကျော်စိုးအား နှိုး၍ အကျိုး အကြောင်းမေးမြန်းကြည့်ရာ ဗိုလ်အောင်စိန်တို့ ကျုံကဒွန်းဂါတ်ကိုစီး၍ သိမ်းယူခ့သော လက်နက်များ လှေနှင့် အပြည့် ပါလာကြောင်း ပြောကြားသဖြင့် တပ်မတော်အတွက် လုံလောက်သော လက်နက် ခဲယမ်းမီး ကျောက်များ ဖြည့်ဆည်းရရှိသဖြင့် ဗိုလ်ဘစိန် ၀မ်းသာမိသည်။ ဗိုလ်ကျော်စိုးအား ချီးကျူးစကားပြော ဆို၍ ကဇောင်းအရှေ့ရွာတွင် ဗိုလ်ဟန်သိမ်းတပ်နှင့်အဆင်သင့်တွေ့၍ ဗိုလ်ဟန်သိမ်းတပ် ခရီးထွက်ရေးကို စီစဉ် ညွှန်ကြား လျက်ရှိပါသည်။ ထိုအခိုက် ကရင်အဘိုးအို တစ်ယောက် မောပန်းကြီးစွာဖြင့် ရောက်ရှိလာပြီး ဖက်ဆစ်တပ်ကြီး ချီတက်လာပြီဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ပုလိပ်အဖွဲ့ ကေဘိုထိုင်နှင့် ဟယ်ရီသိန်းဆိုသူ လည်းပါကြောင်း ပြောပြပါသည်။

“ဖထီး၊ ဖက်ဆစ်တပ်က ချီတက်လာတာ သေချာရဲ့လား”
“ဝေး ... ငါဘာလုပ် မုသားပြောရမှာလဲ စစ်ဗိုလ်ကြီးရယ်။ သင်းတို့နဲ့ ငါနဲ့တွေ့ခဲ့တာပဲ။ သူတို့က ငါ့ကို မှာတယ်။ ဗမာတွေ ကို မပစ်ပါနဲ့တဲ့။ သူတို့လည်း ဗမာစစ်သားတွေကို မပစ်ပါဘူးတဲ့။ သေနတ်သံကြားရင် မြေမှ ၀ပ်နေပါမယ် တဲ့”
“ကျေးဇူးတင်တယ် ဖထီး၊ ကျွန်တော်တို့ ခုပဲ စီစဉ်ပါမယ်”
ကရင်အဘိုးကြီး ထွက်သွားသောအခါ ဗိုလ်ဟန်သိမ်းခရီးထွက်ရေးကို ဖျက်သိမ်းလိုက်ပြီး၊ ရန်သူများအား အဆင်သင့် ဆီးကြိုတိုက်ခိုက်နိုင်ရန် စဉ်းစားရပါသည်။ ထိုအချိန်မှာပင် သပေကန်ရွာသားတစ်ယောက် အပြေး အလွှားရောက်ရှိ လာပြန်ပြီး။ ဖက်ဆစ်တပ်ကြီး တက်လာနေပြီဖြစ်ကြောင်း ပြောလာပြန်ပါသည်။ ယင်းသို့ဆိုလျှင် ရန်သူများ အင်အားကြီးမားစွာဖြင့် တိုက်ခိုက်တော့မည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။ ဗိုလ်ဘစိန်သည် ဆရာတင်အောင် ၏ လက်ကို တင်းတင်းဆုပ်၍ စကားဆိုသည်။

“ပွဲကြီးပွဲကောင်းတော့ တွေ့ရပြီပေါ့။ အရာတင်အောင်ရေ”
ဖက်ဆစ်တပ်မှ တပ်ခွဲတစ်ခွဲ ၁၅၀ နှင့် ရဲအဖွဲ့ဝင်များ၊ ကေဘိုထိုင်များ၊ ဟေးဟိုးများ စုစုပေါင်း အင်အား ၂၀၀ ကျော်ခန့်တို့သည် ဧပြီလ ၁၃ ရက်နေ့ညနေတွင် ဖျာပုံမြို့မှ စတင်ထွက်ခွာလာကြပြီး ဖျာပုံတမံရွာတွင် စခန်းချ ပါသည်။ ထိုမှတစ်ဆင့် မရောင်းရကျော်အတိုင်း ချီတက်လာခြင်းဖြစ်ပါသည်။ ရန်သူများသည် စက်သေနတ်ကြီး၊ စက်သေနတ်ကလေးများ အပါအ၀င် လက်နက်မျိုးစုံ ပါဝင်ပီး မြန်မာများကို ရှေ့မှတင်၍ ချီတက် လာခြင်းဖြစ်သည်။ မြန်မာများအနေဖြင့် နီးရာဓားကို ကြောက်၍ သူ့ဆန်စား ရဲရသော်လည်း တကယ်တမ်း အသက်ဖြင့် ရင်း၍ တိုက်ရတော့မည်ကို သသောအခါ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ကြ ကုန်သည်။

ထို့ပြင် ဗမာ့တပ်မတော်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအသီးသီးတွင်လည်း ဖက်ဆစ်များ အရေးနိမ့် လျက်ရှိကောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ ထိုထက် မကြာသေးမီက မဟာမိတ်တို့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခြင်းသည် ဖက်ဆစ်တော်လှန်ရေးတွင် တပ်မတော်နှင့် မဟာမိတ်တို့ ပူးပေါင်းမိခြင်းဖြစ်ကြောင်း သတင်းကြားပြီး လည်း ဖြစ်ပါသည်။
ကျွန်တော့် မိဘ ညီအစ်ကို မောင်နှမများနှင့် ဇနီးဖြစ်သူ သန်းသန်းတို့သည် ဖက်ဆစ်များ အလုံးအရင်းနှင့် ဗမာ့တပ်မတော် အား တိုက်ခိုက်ရန် ဆင်းသွားပြီဟူသော သတင်းကို ကြားသိလိုက်သည်နှင့် တစ်ပြိုင်နက်၊ စိုးရိမ် ပူပန်စိတ် များ အထွတ်အထိပ်သို့ ရောက်ခဲ့ကြလေသည်။ မည်မျှပင် ကျွမ်းကျင်သည် ဆိုလင့်စကား လက်နက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရသော အလုပ်သည် အသက်ခန္ဓာကိုယ် အရင်းတည်ရသောအလုပ် မဟုတ် ပါလား။ သန်းသန်းသည် ဘုရားစင်ရှေ့တွင် တစ်နေကုန်ထိုင်နေသည်။ မိခင်နှင့် အဒေါ်များသည် ကမ~မဋ္ဌာန်းကျောင်း ၌ မေတ္တညကမ~မဋ္ဌာန်းကို ထိုင်၍ မေတ္တာပို့လျက် ရှိကြကုန်သည်။ ထိုအချိန် ကျွန်တော် သည် လက်နက်ခဲယမ်းမီးကျောက်များကို စစ်ဆေးလျက်ရှိနေပါသည်။

ဗိုလ်ဘစိန်သည် သပြေကန်ရွာမှ ဆက်သားဖြစ်သူအား ကဇောင်းရွာအတွင်း အသိအိမ် တွင် နေထိုင် ရန်၊ လောလောဆယ် ရွာသို့ မပြန်ရန် တိုက်တွန်းရင်း ဗိုလ်ဟန်သိမ်းအား အသင့်ပြင်ရန် ပြောပါသည်။
“ဗိုလ်ဟန်သိမ်း၊ ခင်ဗျားတပ်ဖွဲ့ အဆင်သင့်ဖြစ်ရင် ကန်ဘောင်ကိုသွားနှင့်ပါ။ ဟိုမှာ စက်သေနတ်ကြီး တပ်ခွဲက ဗိုလ်ချစ်စု သူ့တပ်နဲ့ ရှိနေတယ်။ ဗိုလ်ချစ်စုကိုလဲ ပြောလိုက်ပါ။ ရန်သူအင်အား ၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ အသင့်ရှိနေပါလို့။ နောက်ပြီး ကျုပ် လိုက်လာမယ်”
ဗိုလ်ဘစိန်စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဗိုလ်ဟန်သိမ်း၏ တပ်သည် လက်နက်ကိုယ်စီဖြင့် ကန်ဘောင် ဆီသို့ အပြေး ချီတက် သွားသည်။ ထိုအခိုက် ဗိုလ်ဘစိန် ခေါင်းထဲသို့ အသိတစ်ခု တိုးဝင်လာသည်။ ယခု ရန်သူများ ချီတက် လာကြောင်း သတင်းပေးသူများမှာ ရွာသားများသာဖြစ်သည်။ ၎င်းတို့သည် ရန်သူအင်အား၊ လက်နက် အင်အားနှင့် မည်သည့်လမ်းက ချီတက်လာသည်ကို တိတိကျကျ မပြောနိုင်ပေ။ အကောင်းဆုံးမှာ မိမိတပ်မှ ရဲဘော်ကို ရုပ်ဖျက်စေလွှတ်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် -
“ဟေ့ ... ရဲဘော် မောင်သန်း၊ အကူရဲဘော်တစ်ယောက်ကိုပါ ခေါ်သွား၊ ငါးဆောင်းတို့၊ ငါးတို့ ကွန်တို့ ယူပြီး ရန်သူအင်အားကို သွားထောက်ချေပါ။ အင်အား၊ လက်နက်၊ ဘယ်ပုံစံနဲ့ ချီလာတယ်ဆိုတာ မှတ်ခဲ့။ ကိုင်း ... သွားတော့ဒါပဲ”

ရဲဘော်မောင်သန်းနှင့်အတူ ရဲဘော် ညိုမှိုင်းတို့ ထွက်သွားကြသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကျုံကဒွန်းရွာမှ သိမ်းဆည်းလာသော လက်နက်များအနက် ရိုင်ဖယ်များကို ရဲဘော်များအား ပေးဝေစေပြီး နှစ်လုံးပြူး၊ ၀င်ချက်စတာ သေနတ်များကို ရွာမှ ပြောက်ကျားများအား ဝေငှပေးထားရန် မှာ ကြားရပါသည်။ ဗိုလ်ဘစိန်သည် မိမိအဖြစ်ကို စဉ်းစားရင်း ပြုံးမိသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ သင်္ကြန်အကျနေ့တွင် မိမိတပ်နှင့် ရွာခံများ စုပေါင်း၍ ရိုးရာအတာပွဲကလေး လုပ်၍ ရဲဘော်များအား အပန်းဖြေစေမည်ဟု မျှော်လင့်ထားခ်ျကလေး ပျောက်ဆုံးသွားခြင်းပင် ဖြစ်ပါသည်။ မိမိ၏အပြုံးကလေး မပျက်ပြယ်မီပင် ဆက်သားတစ်ဦး အပြေးအလွှား ရောက်လာပြန်သည်။

“ဆိုစမ်း ... ရဲဘော်၊ ဖြည်းဖြည်းပြော၊ အမောလည်းဖြေဦး။ ဟေး ... ရဲဘော်တစ်ယောက် ရေတစ်ခွက်ယူခဲ့ စမ်းဟေ့”
“ဖက်ဆစ်တပ်ကြီး၊ ဖိုးရှမ်းပေါစုဘက် ရောက်လာပြီ”
“ဘယ်လောက်များသလဲ ရဲဘော်”
“အိုး ... အများကြီးပဲ ဗိုလ်ကြီး။ အများကြီးပဲ။ လူ ၄ ယောက် ထမ်းတာကြီးတွေလည်း ပါတယ်ဗျ”
“အင်း ... စက်သေနတ်ကြီး ပါလာတာကိုး”
ဗိုလ်ဘစိန်သည် ဆက်သားရဲဘော်အား မေးမြန်းပြီးသောအခါ ဗိုလ်ကျော်စိုးနှင့် ရုံးအဖွဲ့အား ရုံးပစ္စည်းများ သိမ်းဆည်း၍ ပြောင်းရွှေ့ထားရန် မှာကြားပြီး၊ ဗိုလ်မျိုးချစ်နှင့် ရဲဘော်သစ်များအား ရွာအနောက်ဘက် စည်းရိုးသို့ သွားရောက်၍ ရန်သူများ ရွာအတွင်း ၀င်ရောက်ခြင်း မပြုရန် ဟန့်တားတိုက်ခိုက်ရန် မှာကြား လိုက်ပါသည်။ ဗိုလ်မျိုးချစ်တို့ လူသိုက် ထွက်ခွာသွားသော အခါ ဗိုလ်ဘစိန်သည် လက်နက်အပြည့်အစုံကို ယူ၍ ရဲဘော် ဘတင့်၊ ရဲဘော်ထွန်းကြည်တို့နှင့်အတူ ဖျာပုံကွန်မြူနစ်ပါတီ မြို့နယ်ခေါင်းဆောင် ကိုမြင့်အောင် (ခ) ကျော်သိန်း၊ ကိုဘဥာဏ်၊ ကိုတင်အေးတို့အားခေါ်၍ ဗိုလ်ချစ်စု၊ ဗိုလ်ဟန်သိမ်းတို့ရှိရာ ကန်ဘောင်ဆီသို့ ထွက်လာခဲ့ပါသည်။ လမ်းတွင် ကင်းထောက်လွှတ်လိုက်သော ရဲဘော်မောင်သန်းနှင့်တွေ့၍ မောင်သန်းအား အကျိုး အကြောင်း မေးရပါသည်။

“ရဲဘော်မောင်သန်း၊ အခြေအနေ ဘယ်လိုလဲ”
“ဟော ... ဟိုမှာ လာနေပြီ ဗိုလ်ကြီး၊ မ်ြငတ်ယ မဟုတ်လား”
ရဲဘော်မောင်သန်းညွှန်ရာသို့ ကြည့်လိုက်သောအခါ ရန်သူများသည် ရွာဆီသို့ လူတန်း ၂ တန်းခွဲ၍ ခပ်ကျကျဲ ချီတ်လာသည်ကို တွေ့ရပါသည်။ ယခုတက်လာသော အင်အားမှာ ၄၀-၅၀ ခန့်သာဖြစ်သည်။
“ဒါပဲလား၊ မောင်သန်း”
“မဟုတ်ဘူး၊ ဖိုးရှမ်းပေါစု ဘက်ကလည်း တချို့ ချီတက်လာနေတယ်”
“ဘယ်လောက်များလဲကွ”
“ဒါထက် များတယ်။ ဖက်ဆစ်တပ်က ၁၀၀ လောက်၊ အရန်တပ်နဲ့ဆို ၂၀၀ ကျော်ကျော် ရှိတယ်ထင်တယ်၊ ဗိုလ်ကြီး”
“ကိုင်း ... မောင်သန်း၊ မင်းတပ်ကို အမြန်သွားတော့”

ရဲဘော်မောင်သန်း ထွက်ခွာပြီးနောက်၊ ဗိုလ်ဘစိန်သည် ကန်ဘောင်ရိုးပေါ်မှ ချီတက်လာသော ရန်သူတပ် များအား ကိုယ်ရောင်ပြ၍ ရပ်နေလိုက်သည်။ ရန်သူတပ်များသည် ၂ တန်း ချီတက်လာရာမှ ၄ တန်း ခွဲလိုက် သည်။ ကန်ဘောင်အတွင်းမှ စက်သေနတ်ကြီး ရဲဘော်မောင်ပေါသည် ရန်သူများအား စက်သေနတ်ကြီးဖြင့် လိုက်ချိန်ရင်း မရိုးအရွ ဖြစ်နေသည်။ ၎င်း၏ လက်ချောင်းကလေးများသည် တပ်ခွဲမှူး၏ “ပစ်”ဟူသော အမိန့်ကို စောင့်ရင်း ခလုတ်ပေါ်တွင် အသာတင်ထားလိုက်သည်။ ရဲဘော်သာထိုက်မှာ စက်သေနတ်ကြီး ဘေးမှ ယမ်းဗုံးကြီးကို ဖွင့်ကာ ယမ်းကတ်များ တစ်ကတ်ပြီးတစ်ကတ် ထိုးပေးရန် အသင့်စောင့်နေပါသည်။

ထို့အတူ ဗိုလ်ဟန်သိမ်း ၏ တပ်မှာလည်း ကန်ဘောင်တွင် ၀ပ်၍ အသင့်ချိန်ထားကြသည်။ စက်သေနတ်ကီး တပ်ခွဲမှူး ဗိုလ်ချစ်စု၊ တပ်ခွဲ (၂) တပ်ခွဲမှူး ဗိုလ်ဟန်သိမ်းတို့သည် ရန်သူ့ အခြေအနေကိုကြည့်၍ တာဝန်များကို ခွဲဝေလျက်ရှိကြသည်။ ရဲဘော်မောင်ပေါသည် သူ့တပ်ခွဲမှူး ဗိုလ်ချစ်စုအား ပစ်ရတော့မလား၊ ပစ်ရတော့မလားဟု တမေးထဲ မေးနေပါသည်။ ဗိုလ်ချစ်စုသည် ရန်သူများကို နောက်ဆုံးလူမှ စ၍ ပစ်ပြီး ရှေ့ကို ဆွဲ၍ ပစ်ရမည်ဟု ပြော၍ “ပစ်” ဟူသော အမိန့်ကို ပေးလိုက်ပါသည်။ အမိန့်သံဆုံးသည်နှင့်တစ်ပြိုင် နက်၊ စက်ကြီးသံ၊ ဘရင်းဂန်းသံ၊ ရိုင်ဖယ်သံများသည် ဘ၀ဂ်သို့တိုင် ဆူယံသွားပါတော့သည်။ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်နေကြသည်မှာ အ၀ီစိပွက်မျှ ဖြစ်ပါသည်။ နံနက် ၇ နာရီခန့်မှ စတင်တိုက်ခဲ့ကြ သည်မှာ ၈ နာရီ ကျော်သည့်အထိ တိုက်ပွဲကား ပြင်းထန်ဆဲဖြစ်သည်။ ရန်သူများသည် တိုက်ကွက်များပြောင်းလာသည်။

ကဇောင်းရွာ နောက်ကျောမှ ပန်း၍တက်ကာ ရွာကို သိမ်းမိရန် ကြိုးစား ကြပြန်သည်။ အနောက်ဘက်တွင် ဗိုလ်မျိုးချစ်နှင့် ဗိုလ်မိုးနက်တို့ရှိကြသည်။ ၎င်းတို့သည် ရဲဘော်သစ်များ ကို ဦးဆောင်၍ ရှိသမျှအင်အားဖြင့် ခုခံလျက်ရှိကြပါသည်။ ရွာသူရွာသားများကလည်း ရန်သူများ ကြောက် လန့်စေရန် ညာသံပေး၍ ပါးစပ်သေနတ်များ ပစ်ပေးကြပါသည်။ ရန်သူများသည် ထိုအခါတွင်မှ လူစုလူဝေး ရှိနေသော နေရာကို ခန့်မှန်းသိရှိကာ စိန်ပြောင်းနှင့် ပစ်ပါတော့သည်။ စိန်ပြောင်းကျည်ဆန် သင့်၍ ရွာသား ရဲဘော်တစ်ယောက် ကျဆုံးသွားပါသည်။ ထိုအချိန်တွင် ဗိုလ်မျိုးချစ်၊ ဗိုလ်မိုးနက်၊ ဗိုလ်ကျော်စိုးတို့ လူသိုက်မှာ ရန်သူများ၏ လက်ချက်ဖြင့် ဗိုလ်ဘစိန်နှင့်တကွ ဗိုလ်ချစ်စု၊ ဗိုလ်ဟန်သိမ်းနှင့် ရဲဘော်အားလုံး ကျဆုံးကုန်ပြီဟု ယူဆကာ ၀ဲကြီးရွာဆီသို့ ဆုတ်ခွာသွားကြပါတော့သည်။
စက်ကြီးနှင့် တရစပ်ပစ်နေသည့်ကြားမှ ရန်သူများသည် တွား၍ တက်လာကြသည်။

ယင်းကား ဖက်ဆစ် များ၏ မဆုတ်မနစ်သော အသေခံတိုက်သည့် ချီးကျူးဖွယ် စိတ်ဓာတ်ပင်ဖြစ်ပါသည်။ ဗိုလ်ဘစိန်သည် ရန်သူ များနောက်ကျောမှ တ်၍ ရွာကိုသိမ်းပြီး မီးရှို့မည်ကို စိုးရိမ်ပူပန်လာသည်။ ထို့ကြောင့် ဗိုလ်ဟန်သိမ်း အား ရွာနောက်သို့ ၀င်ရောက်သိမ်းရန် ကြိုးစားနေသော ရန်သူ၏ နောက်ကျောမှ ၀င်တိုက်ရန် ညွှန်ကြားရ သည်။ သို့သော် သေနတ်သံများ ဆူညံနေသဖြင့် ဗိုလ်ဟန်သိမ်းအား အော်ပြော၍ မကြားသဖြင့် ရဲဘော် ဘတင်သည် မြေပြင်ပေါ်၌ တရွှီရွှီ ဖြတ်သန်းနေသော ကျည်ဆန်များကြောင့် ချောင်းဘေးမှ ကပ်ကာ ဗိုလ်ဟန်သိမ်းထံသို့ လာခဲ့သည်။ ထိုအချိန်တွင် ချောင်း၏ လက်ယာဘေးတွင် ကပ်၍ ခိုနေသော ဖက်ဆစ် တပ်ကို တွေ့ည်။ ပထမသော် မိမိတို့ ဗမာ့တပ်တော်မှဟု ထင်၍ “ဆက်သားလာတယ်ဟေ့” ဟု အော်၍ ပြောလိုက်သည်။ ထို့နောက် တဖြည်းဖြည်း နီးလာသောအခါ ငွေရောင်သွားများကို တအားဖြဲ၍ “ရာပါ၊ ရာပါ” ဟု ခေါ်နေသော ဖက်ဆစ်တပ်သားတစ်ဦးကိုတွေ့ပြီး လန့်ဖျပ်ကာ ချောင်းထဲသို့ လှိမ့်ချလိုက်လေ သည်။ ရဲဘော် ဘတင် တစ်ယောက် သေကံမရောက်၍သာ အသက်ရှင်ခဲ့ရပါသည်။

ရဲဘော် ဘတင်၊ ဗုလ်ဟန်သိမ်းထံသို့ မရောက်ဘဲ ဗိုလ်ဘစိန်ထံ ပြန်လာနိုင်ခဲ့ခြင်းသည် အမှန်စင်စစ် ကံ ကောင်းသည်ဟု ဆိုရချေမည်။ အဘယ်ကြောင့်ဆိုသော် မီတာ ၁၀၀ ခန့်အထိ ရန်သူများ ရှိနေခြင်းနှင့် စက် သေနတ်ကြီးအဖွဲ့ဖြစ်ကြောင်း သိလိုက်ရခြင်းကြောင့်ပင်။

“အဘ ... ရွာကျတော့မယ်။ ရွာကျရင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးသား ဖြစ်သွားမယ်။ အချိန်ရှိတုန်း ရွာထဲ ၀င်ရအောင်”
ဗိုလ်ဘစိန် သည် ဗိုလ်ဟန်သိမ်း၏ အထက်ပါစကားကို ကြားလိုက်ရာတွင် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်မိသည်။ ရန်သူများ ညှပ်ပူးညှပ်ပိတ် တက်လာသည့်အချိန်တွင် တစ်ဘက် ရန်သူကို အပြတ်နိုင်အောင် တိုက်ပြီးမှသာ ကျန်ရစ်သူကို ဖြိုရလွယ်ကူမည်ဖြစ်သည်။
“ဗိုလ်ဟန်သိမ်းရေ၊ ဒီကန်ဘေးက ရန်သူကို အရင်နိုင်အောင် တိုက်ရမယ်။ ပြီးရင် ကျုပ်တို့အားလုံး ကန်ထဲမှ စုပြီး ရွာကို ချီလာတဲ့ ရန်သူကို ပြန်တိုက်ရမယ်”
“ကောင်းတယ်”

ဗိုလ်ဘစိန်သည် ကန်ဘေးမှကပ်၍ တက်လာသော ရန်သူအား စက်ကြီးဖြင့် တရစပ် ပစ်ခိုင်းသည်။ ထိုအချိန်တွင် ဗုံးကြဲလေယာဉ်နှစ်စင်းသည် တိုက်ပွဲဖြစ်နေသည့်ပေါ်မှ တည့်တည့်ပျံသွားပါသည်။ ရန်သူများ သည် ဗမာ့ တပ်မတော်နှင့် မဟာမိတ်တို့ အဆက်အသွယ်ရရှိသည်ဟု ထင်မှတ်ဟန် တူပါသည်။ ရုတ်တရက် ပစ်ခတ်မှုများ ရပ်ဆိုင်းသွားသည် ကို တွေ့လိုက်ရလေသည်။ ယင်းအခွင့်ကောင်းကိုယူ၍ ရဲဘော်များနှင့် အတူ ချောင်းကို ဖြတ်ကူးလိုက်ကြသည်။ ဗိုလ်ဟန်သိမ်းသည် ခြောက်လုံးပြူးကိုင်၍ ရှေ့မှ တက်နေသဖြင့် အကာအကွယ် ယူရန် ဗိုလ်ဘစိန် မကြာခဏ သတိပေးရပါသည်။ ယခုကဲ့သို့ ချီတက်နေ သည်ကို ရဲဘော်များ မှား၍ မပစ်မိရန်လည်း “တို့ ဒီက တက်နေတယ်ဟေ့” ဟု ၃ ကြိမ်မျှ အသံပေးသော အခါတွင်မှ သစ်ပင်ပေါ်တွင် ကင်းစောင့်နေသော ရဲဘော်က ကြားကြောင်း အသံပြန်ပေးသည်။ ရန်သူအား ဗိုလ်ဘစိန် အော်သံကို ကြားကောင်း ကြားလိမ့်မည် ထင်သည်။ သို့သော် မတတ်နိုင်ပြီ။

ထိုအချိန်ွင် ကျုံကဒွန်းရွာကို စီး၍ လက်နက်များ သိမ်းဆည်း၍ ပြန်လာသော ဗိုလ်အောင်စိန်၏ တပ်ခွဲ ၃ သည် ၀ဲကြီး လယ်ကွင်းထဲ၌ စခန်းချလျက် အိပ်စက်နားနေကြပြီး၊ နံနက်ဝေလီဝေလင်းအချိန်အတွင်း ၀ဲကြီးရွာထဲသို့ ၀င်ခဲ့ကြသည်။ ရဲဘော်များကို အနားပေးပြီး စားရေးသောက်ရေးအတွက် စီစဉ်နေစဉ် ကဇောင်းရွာဘက်မှ စက်သေနတ်ကြီး ပစ်သံ၊ စိန်ပြောင်းပစ်သံများကြားရသဖြင့် ချက်ချင်းအစီအစဉ်ပြောင်း လျက် ကဇောင်းရွာသို့ အပြင်း ချီတက်ခဲ့ကြလေသည်။ နံနက် ၈ နာရီခွဲခန့်တွင် ပိန်းချောင်းသို့ ရောက်ခဲ့ကြ သည်။ ကဇောင်းရွာ ၏ မြောက်ဘက်ယွန်းယွန်း မီတာ ၈၀၀ ခန့်ဝေးသော ဥယျာဉ်စုရွာကလေးတစ်ရွာဖြစ် သည်။ ဗိုလ်အောင်စိန် သည် ကဇောင်းရွာမှ ပြေးလာသော ရွာသားအချို့ကို မေးသည်။ တိုက်ပွဲဖြစ်နေ သည်ဟုသာ ပြော၍ မည်မည်ရရ မည်သူမျှ မပြောနိုင်ဘဲ ရှိပါသည်။ ရှေ့သို့ ဆက်ရန်လည်း ရန်သူများ မည်သည့် အရပ်တွင် ရှိနေသည်ကို မသိရခြင်းကြောင့် ဆက်၍ မတက်ရဲအောင် ဖြစ်ရသည်။ ထိုအချိန်တွင် ပိန်းချောင်းရွာထဲ၌ ဗိုလ်ရဲဥိးကို အခန့်သင့်တွေ့လိုက်ရသဖြင့် ဗိုလ်ဘစန်တို့ ဘယ်မှာရှိသည်ကို မေးမြန်းရ သည်။ ဗိုလ်ရဲဦး၏ ပြောပြချက်အရ ဗိုလ်ဘစိန်နှင့် ဗိုလ်ဟန်သိမ်းတို့ တပ်များ ဖိုးရှမ်းပေါ်စု ရွာနားက ကန်ထဲတွင် ရှိနေကြောင်း သိရသည်။

ဗိုလ်အောင်စိန် ရောက်သောအချိန်သည် စစ်ပွဲအရှုံးအနိုင်အတွက် အဆုံးအဖြတ်ပေးမည့် အခြေအနေတွင် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရန်သူများသည် ကဇောင်းရွာနှင့် မီတာ ၁၀၀၊ ၁၅၀ အတွင်းသို့ ချဉ်းနင်း ၀င်ရောက်လာကြ၍ အနီးကပ်တိုက်ပွဲအတွက် လှံစွပ်များပင် တပ်ဆင်ထားသည်ကို တွေ့မြင်ရပါသည်။ ဗိုလ်အောင်စိန် သည် လွှတ်လိုက်သောဆက်သား ပြန်ရောက်သည်အထိ မစောင့်တော့ဘဲ ဤသေရေး ရှင် ရေးအချိန်တွင် ရန်သူအား ရှာ၍ တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ကာ ကဇောင်း ရွာနှင့် မီတာ၁၀၀၊ ၂၀၀ တွင် လှုပ်လှုပ်လှုပ်လှုပ် ရွေ့လျားနေသော မြင်ကွင်းဆီသို့ ဘရင်းကိုင်ရဲဘော်အား အချက်တိုနှစ်ဆင့်မျှ ဆွဲရန် အမိန့်ပေးလိုက်ပါသည်။ ဘရင်းကိုင် ရဲော် အောင်မြကြည်သည် ကန်သင်းပေါ် တွင် ဘရင်းကိုတင်၍ ၆ ချက်စု၊ ၅ ချက်စုမျှ ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် ရန်သူများထံမှ ပြန်လှန်ပစ်ခတ် သော ကျည်ဆံများသည် မိုးသီးမိုးပေါက်ပမာ ရောက်ရှိလာပါတော့သည်။

ကံကောင်းထောက်မသည်ဟု ဆိုရဖွယ်ပင်။ ရန်သူများသည် ကဇောင်းရွာသို့ လွတ်လွတ်ကင်းကင်း ၀င် ရောက်စီးနင်းချိန်တွင် မမျှော်လင့်ဘဲ ဗိုလ်အောင်စိန်၏ တပ်မှ ဘေးဘက်ဝင်ရောက် ထိုးဖောက် တိုက်ခိုက် ခြင်းဖြင့် ရန်သူများ ကဇောင်းရွာသို့ မ၀င်နိုင်တော့ဘဲ ဗိုလ်အောင်စိန် တပ်ရှိရာသို့ မြားဦး လှည့်၍ တိုက်ရပါ တော့သည်။
မွန်းတည့်နေ သည် ခြစ်ခြစ်တောက် ပူလှသည်။ သို့သော် တိုက်ပွဲကား အရှိန်ကောင်းတုန်း၊ တစ်ဖက်နှင့် တစ်ဖက် သဲကြီးမဲကြီး ပစ်ခတ်နေတုန်းပင်။ ရန်သူများသည် မူလက ဗမာ့တပ်မတော်ကို ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ သာသာဖြင့် ဖမ်းယူနိုင်မည်ဟု တွက်ခဲ့ရာတွင် ယခုမှန်းချက်နှင့် နှမ်းထွက် လုံးဝ မကိုက် ဖြစ်ခဲ့ချေပြီတကား ...။

ထိုအချိန်တွင် ဗိုလ်ဘစိန်၏ နားထဲသို့ အသံတစ်သံ တိုးဝင်လာသည်။ ယင်းကား “ဗိုလ်အောင်စိန်တပ် ရောက် လာပြီ” ဟူ၍ဖြစ်သည်။ ဗိုလ်ဘစိန်သည် တစ်ဖက်တွင် သဲသဲမဲမဲ ပစ်နေသော ဗိုလ်ဟန်သိမ်း အား ဗိုလ်အောင်စိန်၏ တပ်ရောက်လာညပီဖြစ်ကြေင်း အသိပေးလိုသည်။ သို့သော် အသံကကွဲအက်နေလေပြီ။ သို့ကြောင့် ရဲဘော်ခင်မောင်ကို သံကုန်ဟစ်၍ “ဗိုလ်အောင်စိန်တပ်ရောက်လာပြီ”ဟု ၃ ကြိမ် အော်ခိုင်းသည်။ ခင်မောင်၏ အော်သံကြောင့် ဗိုလ်ဟန်သိမ်းကြားအောင် ပြန်အော်သည်။ ရန်သူနှင့်စာလင် လက်နက်အင်အား လူအင်အား ချို့တဲ့သော်လည်း စိတ်ဓာတ်အင်အားမှာ ပြည့်ဝသဖြင့် ဤတိုက်ပွဲသည် မုချမသွေနိုင်မည်ဟု ဗိုလ်ဘစိန် သန္နိဋ္ဌာန်ချထားခဲ့ပါသည်။ အရေးကြီးသည်မှာ စစ်ပွဲဆိုသည်မှာ လက်နက် အင်အား လူ အင်အား ကောင်းရုံမျှဖြင့် အောင်ပွဲခံနိုင်သည် မဟုတ်ရကား ...။

ဆက်ရန်
.

1 comment:

မင်းအရိပ် said...

အစ်မကြီး
မြလှိုင်၏ဘ၀နေ၀င်ချိန်က အပိုင်း(၅၀)ထိပဲ ရှိတာလား အဆုံးမသတ်ရသေးဘူးနော်
ဟုတ်လားမသိဘူး