(ဆရာခိုင်)
သန့်ရှင်းနှင့်တည်မြဲကွဲပြီးနောက် ဦးနုသည် ရွေးကောက်ပွဲတွင် အနိုင်ရကာ ဒုတိယအကြိမ် ၀န်ကြီးချုပ် ဖြစ် လာ၏။ သူသည် ၀င်ဒါမီယာတွင်မနေ ကျမတို့ခြံနှင့်ကပ်လျက် ဂွတ္ထလစ်ပြည်ထောင်စုလမ်းသွယ်ရှိ အိမ်သို့ ပြောင်း လာသည်။
တနံနက်တွင် သူ့သက်တော်စောင့် ဗိုလ်လှမြင့် မော်တော်ကားနှင့်ရောက်လာသည်။
“ဘဘကြီးကော ဘဘကြီး ဘယ်သွားလဲ...” သူသည် ဖေဖေ့ကို မေးရင်းမှ အိမ်ထဲသို့ ၀င်လာ၏။
“ဘာလုပ်မလို့လဲ ဗိုလ်လှမြင့်...”
“ဘဘကြီးရဲ့ ခြေထောက်တဖက်နဲနဲဆွဲနေတာ ဆရာခိုင် နဲ့ ပြဘို့ လာခေါ်တာ...”
ကျမ ကတော့ ချက်ခြင်းတွေးလိုက်မိပြန်သည်။ ဖေဖေတယောက် ခြေထောက်တဖက် ဆွဲနေသည်ကို ဦးနု အားသွား၍ အပူကပ်ပြန်သည် ထင်သည်၊ ဒါမှမဟုတ် ကိုကိုကြီး ကဘဲ ဖေဖေ၏ခြေထောက်တဖက် ဆိုင်းတွတွ ဖြစ်နေသည် ကို မြင်၍ဘဲလား၊ ဆရာခိုင်နှင့်ကုရန် စီမံကြပြန်သည်၊ ကျမကတော့ ကိုယ့်အဖေ ဓာတ် ကို ကိုယ်ကောင်းကောင်းသိထားသည်မို့ ဖေဖေ့ခြေထောက်သည် ဆရာခိုင်နှင့်ကု၍ မပျောက်ဆို သည် မှာ တတ်အပ် သိထားပါသည်။
သမားတော်ကြီး နေလ၀ိဇ္ဇာ ဆရာခိုင် အစွမ်းမထက်၍ကား မဟုတ်ပါ၊ ဆရာခိုင်၏သတင်းကို ကြား လည်း ကြားဘူး ပါ၏။ မြန်မာဆေးပညာ၏ အစွမ်းကိုလည်း မလေးစား၍မဟုတ်ပါ၊ ဆရာခိုင်၏ ဆရာကြီး ဆရာလှိုင် ၏ တပည့်ရင်း ဂျာနယ်ကျော် ဒေါ်မမလေး နှင့် ကျမအမဖြစ်သူ မတင်ဦး အား လေးလလုံးလုံး ကုဘူးပါသည်။ သို့သော် ဖေဖေ့ရောဂါသည် ဆရာခိုင်နှင့်ကုမရဆိုသည်ကိုတော့ ကျမသိ၏။ အဘယ့် ကြောင့်ဆိုသော်....
ကုသပေးလိုသူ ဦးနုကလည်း စေတနာနှင့် အခေါ်လွှတ်သည်ဆိုတော့ ကျမမှာ စာရေးရပြန်ပါသည်။ ကို ကိုကြီး က အခေါ်လွှတ်လိုက်၍ ဗိုလ်လှမြင့် အခေါ်ရောက်လာပါကြောင်း... အစချီပြီး အကျိုးအကြောင်း ဖေါ်ပြရ၏။ နုနုကိုလည်း ဆရာခိုင် နှင့် စကားပြောစဉ် ဘာသာပြန်ရအောင် ထည့်လိုက်ရပါသည်။
“နုနုရေ... ကိုကိုကြီး စိတ်ကြေနပ်အောင်သာ ထည့်လိုက်ရတယ် ဖေဖေ့စိတ် နဲ့ ဒီဆရာခိုင် ကုလို့ရောဂါ က မပျောက်ပါဘူးဟယ်...”
“ပျောက်ပျောက် မပျောက်ပျောက် ခေါ်တဲ့လူက ခေါ်ယင်ထည့်လိုက်၊ တနေ့ သူ့ဦးလေးအကြောင်း သူ သိလိမ့်မယ်” ကားပေါ်တက်ယင်း နုနုကပြောသွားကာ ဆရာခိုင်ထံသို့ ထွက်သွားကြပါသည်။
ပြန်လာလျှင် ထုံးစံအတိုင်း တဲ့သောအစာ မတဲ့သောအစာ စာရွက်နှစ်ရွက်ပါလာ၏။ စာရွက်များကို ထမင်းစားခန်း တွင် ကပ်ထား၏။ ထမင်းချက်သည့် ခလေးမကို ကျမစာရွက်များပြသထားလိုက်ပါသည်။ ခလေးမလေး သည် သင့်လျောသောဟင်းများကို အဆင်ပြေသလို စာရွက်ကိုကြည့်၍ ချက်ရန်ဖြစ်ပါ သည်။ ဖေဖေ့ကိုလည်း ဆရာခိုင်နှင့်ကုသလျှင် လိုက်နာရန်စည်းကမ်းများကို စာရေးပြ၏။
ကျမ ထင်သည့် အတိုင်းပင် တနေ့တွင် ကျမစာရေးနေသော စာဖတ်ခန်းသို့ ခလေးမလေး ပြေး၍လာပြန် ပါသည်။
“မမယု... ဘဘကြီးရယ် သူ့ဟင်းသူမစားဘူး၊ မမယု တို့ဘို့ ချက်ထားတဲ့ဟင်းကို စားတယ်”
ကျမစာရေးပြရန် စာရွက်စာတမ်း အစုံအလင်နှင့် ထမင်းစားခန်းသို့ ပြေးရပြန်သည်။ ရောက်ရောက်ခြင်း ပင် ဖေဖေ က ဦးအောင်တိုင်၏။
“ငါးခူဟင်းချင်း အတူတူ ဖေဖေ့အတွက်ကျတော့ ဒီကောင်မလေးက ခရမ်းချဉ်သီးထည့်မပေးဘူး”
ကျမ ကလည်း စာရေးပြရပြန်သည်။
“ဖေဖေ အစတည်းက ဆရာခိုင်စကား နားထောင်ပါမယ်ဆို၊ သူတို့နေလ၀ိဇ္ဇာဓာတ်က မတည့်ဘူးဆိုရင် အရှင်း မစားရဘူး၊ စားရင်အဆိပ် လို့ ဖေဖေ့ကို သမီးအစကတည်းက ပြောပြထားတယ်၊ အခုလဲ ငါးခူဆီ မွှေ က ဖေဖေနဲ့တဲ့တယ်၊ ခရမ်းချဉ်သီးက မတဲ့ဘူး၊ ဒါကြောင့် ဖေဖေစားတဲ့ဟင်းထဲ ခရမ်းချဉ်သီးထည့် မ ချက်တာ မကျွေးချင် လို့ မဟုတ်ဘူး”
ကျမက ရေးပြီးစာရွက်ကြမ်းလေးကို ထိုးပြလိုက်၏။
“အို... ငါခရမ်းချဉ်သီး ကြိုက်တာဘဲဟာ စားမှာဘဲ” သူသည် စာဖတ်ပြီး စာရွက်ကို ဆုတ်ချေပြစ်ယင်း အပြင် ထွက် သွားတော့သည်။
ထို့ကြောင့်ပင် ဆရာခိုင်ဆေးနှင့်ကုသ၍ ဖေဖေ့ရောဂါမပျောက်ပါဟု ကျမဆိုလိုခြင်းဖြစ်ပေသည်။ သို့သော် စိတ်ရှိသရွေ့တော့ လွှတ်ပေးထားလိုက်ပါဦးမည်။
ကျမသည် စာဖတ်ခန်းထဲမှာလဲ စာရေး၏။ ဘုရားဆောင်တွင်လည်း စာရေး၏။ များသောအားဖြင့် ဖေဖေ နှင့် ဝေးရာမှာ ရေး၏။ ခုတလော ဖေဖေက ဘုရားဆောင်တွင် အနေများ၍ စာဖတ်ခန်းတွင်သာ စာအရေး များပါသည်။ စာဖတ်ခန်းမှ ဘုရားဆောင်သို့သွားလျှင် တိုက်၏အပြင်ဘက်ထွက်ခါ လျှောက်၍ သွားရ၏။ သို့သော်... စာဖတ်ခန်းမှ ဘုရားဆောင်သို့ လှမ်းကြည့်လျှင် အတိုင်းသားမြင်နေရသည်။
ကျမ သည် တနံနက်တွင် ငုံ့၍စာရေးနေဆဲ ဘုရားခန်းဘက်မှ သစ်ကိုင်းကျိုးကျသလို ၀ုံးဒိုင်းနှင့် ပြင်း ထန်သော အသံတစ်ခု ကြားလိုက်ရပါသည်။ ခေါင်းမော်၍ ကြည့်လိုက်ပါလျှင် ပြတင်းမှနေ၍ ဖြစ်သမျှကို အားလုံး မြင်နေရမည်ဖြစ်၏။ သို့သော်... မကြည့်ပါ။ ကျမသည် စာရေးစားပွဲပေါ် မျက်နှာမှောက်ခါ ရင် ဖတ် ကို ဖိထားလိုက်၏။ လှမ်း၍မကြည့်ရဲ တဒိတ်ဒိတ်ခုံသော ရင်ကိုသာ ငြိမ်အောင်ဖိထားရ၏။ ကျမ၏ ရောဂါမှာ ထိုစဉ်ကတည်းက စလာပြီထင်ပါသည်။
“ဘဘကြီးရယ်...”
ဖေဖေ့ ခလေးမလေး သည် စာဖတ်ခန်းအ၀သို့ အပြေးရောက်လာကာ “ဘဘကြီးရယ်”ဟု ဆိုကာရှိသေး ကျမ ကလည်း ကိုယ့်ရင်ဘတ်ကိုယ်နှိပ်ခါ ခေါင်းမထောင်သေးဘဲ၊ လက်တဖက်နှင့်ကာပြရ၏။
“မသင်ရယ်... ဘဘကြီး တခုခုဖြစ်တယ်ဆိုတာ နင်မပြောဘဲနဲ့ ငါသိပြီးသားပါ၊ ဂလူးကို့(စ်)တခွက်သာ ငါ့ဖို့မြန်မြန် သွားဖျော်စမ်းပါ”
ကျမတို့ သားအဖနှစ်ယောက် ဇာတ်လမ်းကို ဦးဖေမောင်တင်ရေးသော စတုတ္ထတန်း မြန်မာကြည့်စာထဲ က ငပွကြီး ဇာတ်လမ်း အတိုင်းပါပင်တည်း။
“ငပွကြီးရယ် ဆိုတာရှိသေး ဘုန်းတော်ကြီးက “ငပွကြီးပါမှန်းတော့ ငါသိပြီးသားပါ၊ တခြားလူ ဘယ်သူ ပါသေးလဲ ဆိုတာ သိချင်လို့”ဟု ဘုန်းတော်ကြီးက အမိန့်ရှိလေ၏”ဟူသော စာပိုဒ်လိုပင်ဖြစ်၏။
ယခုလည်း ဖေဖေတခုခုဖြစ်ပြီဆိုသည်ကိုတော့ ကျမသိပြီးဖြစ်၏။ မမြင်ဝံ့မရှုဝံ့ တခုခုဖြစ်လျှင် ကြည့်ရဲ သော သတ္တိ တဖြည်းဖြည်းနည်းလာ၍ ကျမရင်ဘတ် ကျမဖိကာ စာရေးစားပွဲပေါ် အသာမှောက်နေရ သေး၏။ ကျမ ထင်သည့်အတိုင်းပင် ဂလူးကို့(စ်)မရောက်လာခင် မောင်ကံညွန့် ကျမအနား အပြေး ရောက်လာ၏။
“မမယု... ဘဘကြီးလေ ဒန်းစီးတာ သစ်ကိုင်းကြီး ကျိုးကျသွားလို့”
“အင်း...” ကျမလည်း အသက်ကိုမှန်မှန်ရှုရ၏။ “လူ ဘာဖြစ်သေးလဲ”ဟု ဖြေးဖြေးမေးရသည်။
“ဖြစ်တယ် မဖြစ်တယ်တော့ မသိရသေးဘူး၊ အနိမ့်ပိုင်းကို လိမ့်ကျသွားတယ်၊ သူ့အနားကို ဘယ်သူမှ မကပ်ရဘူးတဲ့၊ ဒါကြောင့် မမယုကို လာခေါ်တာ”
“အသက်တော့ရှိနေသေးတယ်မို့လား” ကျမရင်များမှာ ခုံနေဆဲပါပင်တည်း၊ မအေးသင်ယူလာသော ဂလူးကို့(စ်)ကိုသောက်၍ မောင်ကံညွှန်ကို ခေါ်ကာ ဘုရားဆောင်ဘက်သို့ ထွက်လာရပြန်သည်။ ထုံးစံ အတိုင်း တခုခုဖြစ်၍ ပုံလျက်လဲနေပါလျှင်လည်း ဘယ်သူမှအနားမကပ်ရ နာလွန်းလျှင်သာ “ငါ့လခွေးမှ ဘဲ နာလိုက်တာ ဘယ်သူမှမကိုင်နဲ့”ဟူ၍ ကုန်းအော်တတ်သည်။ ကျမတို့အိမ်ရှေ့ဘက်မှာ ကုန်းမြင့် လေးလို နိမ့်လျောဖြစ်နေ၍ ဒန်းကျိုးပြတ်ခါ အနိမ့်ပိုင်းသို့ ဒလိမ့်ခေါက်ကွေး ကျသွားဟန်ရှိပါသည်။ ဒန်း လွှဲပေးသော ခလေးတအုပ်မှာ လက်ပိုက်၍ကြည့်နေရ၏။
ဘယ်သူမှ သူ့အနားမကပ်ရ ကျမကိုမြင်သည့် တပြိုင်နက် သူ့ခန္ဓာကိုယ်ကြီးကို ကျိုးစား၍ သူ့ဖာသာ ထူနေသည့်ကြားက “ဖေဖေဘာမှမဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူး၊ သွား... သွား” ခုနှစ်သံနှင့် ကုန်းအော်ပြန်သည်။
ကျမ သည် မျက်နှာထားတင်းတင်း ပြင်လိုက်ရကာ မောင်ကံညွန်နှင့် ခလေးများကို ဇွတ်ခေါ်၍ သူ ပုံ ရက်လဲနေရာသို့ သွားရ၏။ ကြီးမားကြံ့ခိုင်သော ကိုယ်ကြီးကို ဆွဲထူရ၏။ ပြုတ်ကျသောအရှိန်နှင့် ဒဏ် မှာ အတော်ပြင်းထန်ပုံရပါသည်။ သို့သော် သူသည် ကျမခေါ်ရာ အိမ်မကြီးဆီသို့မလိုက်၊ ဘုရားဆောင် ပေါ် သို့သာ အတင်းတက်၏။ ခြေထောက်မှာ ထော့နင်းထော့နင်းဖြစ်နေသည်။ ဘုရားဆောင်ပေါ်သို့ ရောက်လျှင် ရောက်ခြင်း ကြေးစည်ကိုင် ၍ သူ့နားနားကပ်ခါ တအားထုပါတော့သည်။
ကြေးစည် ကို သာယာနာပျော်ဖွယ်ဖြစ်အောင် တီးခတ်နေခြင်းမဟုတ်၊ တအားထုနေသောကြောင့် ကျမ တို့ နားကောင်းသူ များမှာ သူ့အနားမနေနိုင်ဘဲ ဖိနပ်ချွတ်မှာ သွား၍နေရသည်။ ထိုစဉ်က ကျမခင်ပွန်း သည်၏ တော်လှန်ရေး ရဲဘော်ဟောင်းကြီး တယောက်မှာ ဘုရားဆောင်တွင် တည်းခိုလျက်ရှိ၏။ သူ သည် ကျမတို့ သားအဖ ဘယ်လိုဖြစ်နေကြသည်ကို သိလိုသော မျက်လုံးနှစ်လုံးဖြင့် ကျမကိုတလှည့်၊ ဖေဖေ့ကိုတလှည့် ကြည့်နေ၏။ အကယ်၍သာ ဤနေရာတွင် စာရေးဆရာကြပ်ကလေးသာ ဖြစ်ပါက ၀တ္ထုတပုဒ် တော့ ရပေမည်၊ ကြေးစည်သံဆုံးမှပင် ကျမသည် ဧည့်သည်ကို ရှင်းပြရ၏။
“ဦးဧရာရေ... ဖေဖေ့ရောဂါကို ဆရာခိုင်နဲ့ကုနေတယ်၊ နေလ၀ိဇ္ဇာ ဆရာခိုင်ဆိုတာ ကြားဘူးမှာပေါ့... သူတို့က အာရုံငါးပါးအစုံကုတယ်၊ ဓါတ်စာလဲပါတယ်၊ ဒန်းလဲစီးရမယ်ဆိုလို့ ခုန ဒန်းစီးတာလေ... ဖေဖေက ၀လွန်းတော့ ခုနသစ်ကိုင်းကျိုးကျတာ၊ ခုတခါ ကြေးစည်သံ နားထောင်ရမယ်ဆိုတော့ ကြေး စည် ထု တာလေ...”
ကျမစကားဆုံးတော့မှ ဦးဧရာသည် ပြုံးလိုက်ယင်း...
“အော်... ဒီလိုလား၊ အဲဒီလိုလဲ ရှင်းပြအုံးမှပေါ့ မယုရယ်... ကျွန်တော်ဖြင့် ခုန ဘာတွေများဖြစ်နေကြပါ လိမ့် လို့ တွေးနေတာ...”ဟုပြောကာ သူ့ဟာသူ ရယ်တော့သည်။
ကျမ ကတော့ ခလေးများနှင့် မောင်ကံညွန့်ဘက်သို့ လှည့်ကာပြောရပြန်သည်။
“နောက်တခါ ဒီဒန်းနွယ် လက်ဆက်ပင်မှာ ဒန်းဆင်ပေးပါအုံးလို့ ဘဘကြီးပြောယင် ဘယ်သူမှဆင်မပေး ရဘူးနော်... ငါ့ကိုသာလွှဲချ၊ မမယုက မဆင်ပေးရဘူးလို့ပြောတယ်လို့...”
ကျမ သည် ဖေဖေ့ ကို စိတ်ဆိုးသမျှ ခလေးတွေ ပုံချကာ လက်ညှိုးငေါက်ငေါက်ထိုးယင်း မျက်နှာထိ မျက် နှာထား နှင့် လူမိုက်ဂိုက်နှင့်ပြောရသည်။ ထိုကဲ့သို့ မျက်နှာထိ မျက်နှာထားနှင့်ပြောနေလျှင်တော့ သူ သည် ဘေးမှကြည့်ခါ ကျမစိတ်ဆိုးပြီကို ရိပ်မိသိရှိတတ်ပါသည်။
ညနေ နုနု ကျောင်းဆင်းလာသော အခါမှ ကျမဒေါသကို ဖွင့်ရ၏။
“မိနု... သွား နင့်ကိုကိုကြီး(ဦးနု)ကို သွားသံတော်ဦးတင်အုံး... ဖေဖေ့ကို ဆရာခိုင်နဲ့ မကုတော့ဘူးလို့၊ ဓာတ်စား လဲ တဲ့ဟာ ကို ရွေးမစားဘူး၊ သူကြိုက်တာဘဲ အတင်းစားတာဘဲ၊ ထမင်းချက်ရ၊ ထမင်းကြွေးရ တဲ့ မိအေးသင် လဲ ရူးတော့မယ်... မနက်ကလဲ ဒန်းစီးကောင်းလိုက်တာ သစ်ကိုင်းကျိုးကျလို့ မမြင်ဝံ့၊ မရှုဝံ့၊ ဆရာခိုင်ဆေး နဲ့ ကုလို့ ခြေထောက်ဆွဲတာ မပျောက်ခင် ဒန်းပေါ်ကလွင့်ကျတဲ့ ဒဏ်ရာနဲ့သေနေမှ လှမယ်၊ ဒါလောက် ၀ တဲ့ ခန္ဓာကိုယ်နဲ့ ခလေးတွေက ဖြေးဖြေးလွှဲပေးယင်လဲမကြိုက်၊ တအားလွှဲမှကြိုက် တာ၊ ကံကောင်း လို့ပေါ့၊
ဟိုဘက်စီးရိုး က အုတ်တံတိုင်းနဲ့ သံဆူးကြိုးပေါ်သာကျရင်ပြီးရော၊ ပြီးရော... နင်က ပြောအုံးမှာမို့လား၊ မမယုကလဲ ပူစရာမရှိပူ၊ ဆေးရုံကောက်တင်လိုက်ပြီးရောလို့... နင်တို့က ပါး စပ်နဲ့ ပြောတာလွယ်တယ်၊ ဆေးရုံတက်ရတော့ သွားရလာရနဲ့ ငါဘဲဒုက္ခရောက်တာ၊ ဒီဆေးရုံကို ငြီးစော် နံလို့ ကြည့်တောင် မကြည့်ချင်ဘူး၊ နင်တို့ကတော့ ကျောင်းအေးအေးတက်နေလို့ ဆေးရုံဒုက္ခကို မသိဘူး... ဖြစ်လိုက်ကြရင် လဲ သူများလို တပတ်နှစ်ပတ်နဲ့ ပြီးကြတဲ့ရောဂါတွေမဟုတ်ဘူး၊ အနည်းဆုံး တလ နှစ်လ ဖြစ်ကြရော...”
ကျမက မိုးမဆုံး လေမဆုံး ဖေဖေ့ကို ဒေါသဖြစ်သမျှ စုခဲ၍ နုနုကိုပြောချသာနေသည်။
မိရွှေနုကတော့ မှန်ပြတင်းမှ ဒန်းနွယ်လက်ဆက်ပင်ကြီးကို ကြည့်ခါ တဟားဟားရယ်တော့သည်။
“ဒီအကိုင်းတွေက ပွပွနဲ့ ဆတ်ဆတ်ရယ်... ဖေဖေ့ကိုယ်ကြီးနဲ့ ကျိုးကြမှာပေါ့၊ ဒန်းမဆင်ဖို့ပြောရောပေါ့”
“အောင်မယ်... နင့်ဖေဖေက တသက်လုံး က ပြောရခဲ့ဘူးတဲ့ အဖေကိုး၊ တသက်လုံး သူထင်တာ သူ လုပ်တာ၊ ခလေးတွေ လဲ တမနက်လုံး သူမနေရ ငါမနေရ၊ သူများက ခိုင်ခိုင်မာမာ ဆင်ပေးမယ်ဆိုလို့ ရတာလဲမဟုတ်၊ တမနက်လုံး မောင်ကံညွန့် ကို သူက အမိန့်ပေးနေတာ၊ ငါတော့မောလွန်းလို့ ၀င်မပြော တော့ဘူး၊ မပြောတာ နဲ့ တချက်ထဲ ကျိုးကြတာနဲ့ တချက်ထဲဘဲ... စာရေးရေးပြရတာလဲ လက်တိုတော့ မယ်၊ (ခင်နှင်းယု) အနေနဲ့ ကိုယ်ဝါသနာပါတာလေး၊ ကိုယ်စိတ်ဝင်စားတာလေး ရေးရတာတော်တော်၊ သူ့အဖေကို တနေ့ တနေ့ ရေးပြနေရတာက တကယ်ဘဲ သမုဒ္ဒရာကို မင်ရေဖျော်ရတော့မယ်... နင်က တော့ ရီ အားတာပေါ့...”
ကျမ စကားပြောယင်း မျက်ရည်များလည်လာမှ နုနုသည် အရယ်ရပ်လိုက်ပါသည်။
“မငိုပါနဲ့ မမယုရယ်... နုနု ကိုကိုကြီးကို သွားပြောပါ့မယ်”ဆိုကာ ထွက်သွားတော့သည်။
ကျမ ကတော့ တကယ်ဘဲငိုချင်ပါသည်။ အဖြစ်များက လူနာတယောက် ဆေးရုံတင်လျှင် ငွေကြေးဆေး ၀ါး က အစ ဆရာဝန်၊ ပြုစုသူ အလုံအလောက်လုပ်ပေး၍လည်း ကိစ္စကမပြီးပြတ်၊ လူနာများမှာ တလမှ သည် ခြောက်လ တနှစ်လောက် ကုသရသော ရောဂါမျိုးလည်းဖြစ်ပြန်၊ “မမယု ဒီညနေ လာမတွေ့လို့ လူနာက မျက်နှာ မကောင်းဘူး၊ ထမင်းမစားဘူး”ဆိုပြန်တော့ ကျမစိတ်ကမနေနိုင်၊ ဒီဆေးရုံကြီးကို အပြေးအလွှား ညနေတိုင်း ပြေးရ၏။ ကားနှင့်ဘာနှင့် စတိုင်နှင့် ဂိုက်နှင့်သွားရခြင်းမဟုတ်၊ တခါတလေ များ ဆေးရုံ ကပြန်ရောက်လျှင် အိမ်မှာ ဘာမှမလုပ်ချင်ဘဲ ခွေလျက်ပုံလဲနေတော့သည်၊
ကျမက မိုးမဆုံး လေမဆုံး ဖေဖေ့ကို ဒေါသဖြစ်သမျှ စုခဲ၍ နုနုကိုပြောချသာနေသည်။
မိရွှေနုကတော့ မှန်ပြတင်းမှ ဒန်းနွယ်လက်ဆက်ပင်ကြီးကို ကြည့်ခါ တဟားဟားရယ်တော့သည်။
“ဒီအကိုင်းတွေက ပွပွနဲ့ ဆတ်ဆတ်ရယ်... ဖေဖေ့ကိုယ်ကြီးနဲ့ ကျိုးကြမှာပေါ့၊ ဒန်းမဆင်ဖို့ပြောရောပေါ့”
“အောင်မယ်... နင့်ဖေဖေက တသက်လုံး က ပြောရခဲ့ဘူးတဲ့ အဖေကိုး၊ တသက်လုံး သူထင်တာ သူ လုပ်တာ၊ ခလေးတွေ လဲ တမနက်လုံး သူမနေရ ငါမနေရ၊ သူများက ခိုင်ခိုင်မာမာ ဆင်ပေးမယ်ဆိုလို့ ရတာလဲမဟုတ်၊ တမနက်လုံး မောင်ကံညွန့် ကို သူက အမိန့်ပေးနေတာ၊ ငါတော့မောလွန်းလို့ ၀င်မပြော တော့ဘူး၊ မပြောတာ နဲ့ တချက်ထဲ ကျိုးကြတာနဲ့ တချက်ထဲဘဲ... စာရေးရေးပြရတာလဲ လက်တိုတော့ မယ်၊ (ခင်နှင်းယု) အနေနဲ့ ကိုယ်ဝါသနာပါတာလေး၊ ကိုယ်စိတ်ဝင်စားတာလေး ရေးရတာတော်တော်၊ သူ့အဖေကို တနေ့ တနေ့ ရေးပြနေရတာက တကယ်ဘဲ သမုဒ္ဒရာကို မင်ရေဖျော်ရတော့မယ်... နင်က တော့ ရီ အားတာပေါ့...”
ကျမ စကားပြောယင်း မျက်ရည်များလည်လာမှ နုနုသည် အရယ်ရပ်လိုက်ပါသည်။
“မငိုပါနဲ့ မမယုရယ်... နုနု ကိုကိုကြီးကို သွားပြောပါ့မယ်”ဆိုကာ ထွက်သွားတော့သည်။
ကျမ ကတော့ တကယ်ဘဲငိုချင်ပါသည်။ အဖြစ်များက လူနာတယောက် ဆေးရုံတင်လျှင် ငွေကြေးဆေး ၀ါး က အစ ဆရာဝန်၊ ပြုစုသူ အလုံအလောက်လုပ်ပေး၍လည်း ကိစ္စကမပြီးပြတ်၊ လူနာများမှာ တလမှ သည် ခြောက်လ တနှစ်လောက် ကုသရသော ရောဂါမျိုးလည်းဖြစ်ပြန်၊ “မမယု ဒီညနေ လာမတွေ့လို့ လူနာက မျက်နှာ မကောင်းဘူး၊ ထမင်းမစားဘူး”ဆိုပြန်တော့ ကျမစိတ်ကမနေနိုင်၊ ဒီဆေးရုံကြီးကို အပြေးအလွှား ညနေတိုင်း ပြေးရ၏။ ကားနှင့်ဘာနှင့် စတိုင်နှင့် ဂိုက်နှင့်သွားရခြင်းမဟုတ်၊ တခါတလေ များ ဆေးရုံ ကပြန်ရောက်လျှင် အိမ်မှာ ဘာမှမလုပ်ချင်ဘဲ ခွေလျက်ပုံလဲနေတော့သည်၊
သို့သော် “ကိုယ့်မျက်နှာ ငွေလ ၀င်းပပ” ကို မြင်ရပါလျှင် ရောဂါသည်တို့မှာ စိတ်နှလုံး သက်သာသည် ဆိုတော့ ညနေတိုင်းသွားရ၏။ ပြုံးရ၏။ နှစ်သိမ့် ရ၏။ ကြာရှည်တော့လည်း ဤဒဏ်တွေကို မခံနိုင်တဲ့ ငယ်ငယ် ရွယ်ရွယ်နှင့် ကျမသည် အားအင် ကုန်ခန်း အာရုံကြောများ အားနည်းသော ရောဂါ စွဲကပ် လာလေသလား၊
ဆက်ရန်
.
ဆက်ရန်
.
1 comment:
အပြေးအလွှား လာဖတ်သွားတယ် မရွှေစင်ရေ ...
ဆရာခိုင်ကုထုံးနဲ့ ဒန်းစီးလို့ သစ်ကိုင်းကျိုးကျတာ ဖတ်ပြီး ရယ်ရအခက် ငိုရအခက် ...
Post a Comment