အညာဟင်း လေး တွေ အညာ ဟင်း လေး တွေ နဲ့ မကောင်းတကောင်း ဟင်းလေးတွေကို ရေရှည် မှ စားနိုင်ပါ့ မလားလို့ စိုးရိမ်မိတယ်ဗျာ.. ပြောရရင် ကျနော် တို့ အညာ ဆိုတာ ပူပြင်းခြောက်သွေ့ပြီး အစာ ရေစာ လည်း ရှားပါးပါတယ်...၊ အောက်အရပ် ဒေသများဆိုရင် မြစ်ချောင်း အင်း အိုင်တွေ ပေါများ တဲ့ အတွက် ဆင်းပင် ဆင်းရဲသော်လည်း ငါးလေး ပုဇွန်လေး စားနိုင်ကြပါလိမ့်မယ်...။
ကျနော် တို့ အညာ အရပ် မှာ တော့ အဲဒီလိုမျိုး လည်း မစားနိုင်ပါဘူး... တချို့ တော်တော် ဆင်းရဲ တဲ့ ဒေသ များ ဆိုရင် ကျနော် အရင် ပို့စ် တွေ ထဲမှာ ရေးခဲ့ သလို ငရုပ်သီး ဟင်း လုပ်စားရပါတယ်.. နှမ်းဘတ်ချဉ် ကို ဟင်း လုပ် စားရပါတယ်..(...ကိုကြီးကျောက် ပြောတာ တကယ်ပါ ဟင်းဝတ်ခွက် တွေမှာ နှမ်းဘတ်ချဉ် တို့ ပဲ တို့ ကြီး ပါဘဲ...)...။
ကျနော့် မောင် အလတ် တယောက် စစ်ကိုင်းချောင်မှာ သင်္ကန်း သွားဝတ်ဘူး ပါတယ်..၊ တော်တော် ကြာ ပါတယ်..၊ စစ်ကိုင်းချောင် နဲ့ နီး တဲ့ ရွာတွေ မှာ ဆွမ်းခံ ရ ပါတယ်...၊ မောင်လေး ဦးဇင်း ထွက်လာတော့ ပြောပြ ပါတယ်...၊ ဆွမ်း ခွက်တွေ ထဲမှာ တခါလာလည်း နှမ်းဘတ်ချဉ် ၊ ပဲချက် ၊ ဟင်းရွက် တွေ နဲ့ ငရုပ်သီး ဘဲ ရတယ်တဲ့...၊ တပတ် ကို တရက် ဘုံ ဆွမ်း လောင်းတဲ့ ရက်မျိုး ဆိုရင် သိပ်ပျော် တယ်လို့ ပြောပြ ပါတယ်...။
အဲဒီ အချိန်ကြမှ ဝက်သား ဟင်း စားရလို့ပါတဲ့...၊ ဘုံ ဆွမ်းခံရမဲ့ မနက် များဆို ဆွမ်းခံ ကြွရတာ တအား တက်ကြွ နေတယ်လို့ ပြောတာဘဲ... မျက်စေ့ ထဲ ၀က်သား တုံးကြီး မြင်မြင် နေလို့ ပေါ့ လို့ ပြောပါတယ်.၊ အိမ်နဲ့ လည်း ဝေးနေတော့ ကျနော် တို့ ကလည်း သိပ် မပို့နိုင်ဘူး ဆိုတော့ သူ့ခမျာ အဲဒီဘုန်းကြီး ဝတ်တဲ့ အချိန်တွေ မှာ အစား တော်တော် ဆင်းရဲ ပါတယ် ..၊ ဒါတောင် ကျနော် တို့ မြန်မာတွေ ထုံးစံ အရ စားဦး စားဖျား ကောင်းရာ မွန်ရာ လေး ကို ဘုန်းကြီး ကို လှူတာ ဆိုတော့ ရွာသူ ရွာသားတွေ ဘယ်လိုများ စားနေ သလည်း ဆိုတာ စဉ်းစားသာ ကြည့်ပါ တော့ဗျာ...။
ဒီနေ့ချက်မဲ့ အညာဟင်း လေးတွေကတော့ ပဲကြားလှော် နဲ့ မြေပဲ ကို ရောကြော်ထားပါတယ် ... မွှေးအောင်လို့ ဂျင်း လေး ကြက်သွန်ဖြူလေး ကို ထောင်း ပြီး ကျွတ်အောင် ကြော်ထားပါတယ်... မွှေးစိမ့် နေပါတယ်.. ရေနွေး လေး နဲ့ အမြီး လုပ်ရင် ပိုကောင်းပါလိမ့်မယ်... ကြိုက်တတ် သူများ ကတော့ နှမ်းဘတ်ချဉ် တောင် ဘီအီး နဲ့ မြီးတယ် ဆိုတော့ ဒီပဲကြော် ဆိုရင် ပိုမြီး လို့ ကောင်း ပါတယ်... ကြိုက် သလောက် မြီးပါဗျာ. ဖြစ်နိုင်ရင် ကိုယ်တောင် ဝိုင်း ထဲ ပါချင်သေး... (ရေနွေး ကြမ်းဝိုင်းပါ..)။
နောက်တခွက် ကတော့ ငံပြာရည် ချက်ပါ.. ဗမာ့ ပါးစပ်များ အငံ နဲ့ အစပ် မပါရင် ထမင်း စားမဝင်တော့ အငံချက် ကလေး ပေါ့ဗျာ... ပုဇွန်ခြောက်.. ကြက်သွန်ဖြူ နီ နဲ့ ဆီသပ် ပြီး သေချာ ချက်ထားပါတယ်.. စားကောင်း ပါတယ်ဗျာ...။
နောက်တခွက် ကတော့ ဟင်းရွက်လှော် ပါဘဲ... ဟင်းရွက် တွေ ကို သင် ပြီး ရေစင်အောင် ဆေးပြီး စစ် ထားပါ တယ်... ခဏနေ မှ ကြက်သွန်နီ ဖြူ ဂျင်း နဲနဲ နဲ့ ဆီသတ်ပါတယ်.. ငါးပိ ဒါမှ မဟုတ်ရင် ငံပြာရည် နဲနဲ ထည့် ပြီး ကြက်သွန် နဲနဲ လေး နွမ်း သွားပြီး အနံလေး မွှေးသွားရင် ခုနက ဟင်းရွက် တွေ ထဲ့ပါတယ်.. ဟင်းရွက် နဲနဲ နွမ်းသွားရင် အချိုမှုံ သင့် ရုံ ၊ ဆား နဲနဲ နဲ့ ရေဖျော်ထားတဲ့ ဆန်မှုံ ရေ ကို လောင်းထည့် လိုက်ပါတယ်... ၊ ဆန်မှုံ ရေ ခန်း ပြီး နဲနဲ ခဲသွားရင် စားလို့ ရပါပြီ...၊ ကဲ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ဟင်းရွက်လှော် က တခွက်ပါ...။
နောက်တခွက် ကတော့ မျှစ်ချဉ်နဲ့ ငါးခေါင်း ပါဘဲ...၊ လက်ဆောင်ရတဲ့ မျှစ်ချဉ် ကိုချက်ထားပါတယ်.. အမှန်တော့ ဝက်သား နဲ့ ချက်ရင် ပို ကောင်းပါတယ်.. ဒါပေမဲ့ အိမ်မှာက ဝက်သား မစားတဲ့ သူတွေ များနေ တဲ့ အတွက် ငါးခေါင်း နဲ့ ချက်ရတာပါ... ဘာနဲ့ ဘဲ ချက်ချက် မျှစ်ချဉ် နုနုလေး တွေ ဆိုတော့ ကောင်းပြီး သားပါ...။
ကဲ.. ဒီနေ့ ဟင်း သိပ်မကောင်း လို့ သရက်သီး လေးနဲ့ အစာပိတ် လိုက်ရအောင်နော်.. စိန်တလုံး ပင်မှဲ့ လေးပါ တော် တော် ချိုပါတယ်... ကျနော် တို့ ငယ်ငယ် ကတော့ သရက်သီး ဆိုရင် အညာမှာ အကောင်း ဆုံးက အောင်ဒင် ဘဲ ခုတော့ စိန်တလုံး တဲ့ ဗျာ....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
29 comments:
ငါးခေါင်းက လွဲလို့ ကိုဧရာ့ အကြိုက်ချည်းပါပဲဗျာ...
မသီတာ
အစားဆင်းရဲ သဒဲ့လား .. ဟင့်
ကောင်းလေစွ...ညီမလေးက ငံပြာရည်ချက်နဲ့ မျှစ်ချဉ်ဟင်းကို အ၀ဆွဲသွားပါတယ်...မျှစ်ချဉ်ကို အရမ်း အရမ်းကို ကြိုက်ပါတယ်...ဒီမှာကျတော့ အနံ့ကြောင့် သိပ်ချက်မစားဖြစ်ဘူး...ဒီမှာ မျှစ်ချဉ်နဲ့ဝက်သားနဲ့ ချက်စားတဲ့ အိမ်တစ်အိမ်ကို ပတ်ဝန်းကျင်က အနံ့မခံနိုင်လို့ ရဲတိုင်ဘူးတယ်တဲ့ ...မန်းလေးလာခဲ့မယ်...မျှစ်ချဉ်အ၀ ချက်ကျွေးနော်... :)))
ချစ်ညီမလေး
မျှစ်ချဉ်ကတော့ ကြိုက်ပြီးသား.. သရက်သီးကလည်း ကြိုက်မှကြိုက်.. ဟင်းရွက်ပေါင်းတော့ မစားဖူးဘူး..
အစာပိတ်တစ်ခုပဲ စိတ်နဲ့တွေ့တယ်ဗျာ။
ငါးခေါင်းနဲ့မျှစ်ချဉ်ဆိုတော့ မရွှေစင်အိမ်မှာဘဲ နေပြီး အပြတ်တီးလိုက်ရရင်မိုက်မယ်လို့ စဉ်းစားနေမိတာ
အရမ်းကြိုက်တာမို့လို့လေ..
ငံပြာရည်ချက်ကလေးကလဲ မိုက်မှမိုက်..
ဗိုက်ဆာလာပြီ ယောက္ခမကြီးရေ..
အိမ်ပြန်ပြီးငရုပ်သီးထောင်းနဲ့ဘဲ ထမင်းစားတော့မယ်
ဟင်းတွေရော.. ပဲကြော်ရော.. သရက်သီးရော အကုန်စားကောင်းတယ် ဒကာမကြီး မရွှေစင်ရေ...
ဒါပေမယ့် ဘုံဆွမ်းလောင်းရက်လေးကိုတော့ လွမ်းမိသေးတယ်...
းဝ)
Sar chin tal
အညာဟင်းတွေ အားရပါးရ လာစားသွားတယ်နော်။
မမရွှေစင်ဦးလေးက အညာဟင်းတွေ ချက်ကျွေးထားတာ ညီမလေး ကျာပိုးအိတ်က အားရပါးရ (တကယ်လဲမစားရဘူး) စားသွားတယ်။
အကုန်ကြိုက်တယ်။ သရက်သီးမှည့်တော့ နည်းနည်းဘဲစားတယ်နော်။ သိပ်မကြိုက်ဘူး။ တာမီးက သရက်သီးကို အစိမ်း ပိုကြိုက်တယ်။ ငံပြာရည်ရယ် ငရုတ်သီးမှုန့် ရယ်နဲ့ နယ်ထားတာ စားချင်တယ်မမ။
း)
ငံပြာရည်ချက်တွေ၊ငိပိရည်တွေ ကြိုက်မှကြိုက်.. ဟင်းရွက်ပေါင်းလဲ ကြိုက်တယ်.. မျှစ်ချဉ်နဲ့  ငါး......
အို့ 
ကီးဘုတ်ပေါ်တောင် သွားရည်ကျသွားတယ်။
ငတ်လိုက်တာနော်
အဟိ
Wooo...! I will eat all. Some more rice please.
But you should put less cooking oil. I don't like too much oil. It is not good for health.
Any way, one pack to go please.
အမရေ..
ဟင်းရွက်ပေါင်းမှာက ဘယ်လိုဟင်းရွက်တွေကို သုံးရမှာလဲ..
လုပ်စားမလို့ပါ..။
ပဲကြားနေရာမှာ တခြား ပဲ အစားထိုးပြီး လုပ်စားလို့ ရမယ်ထင်ပါသလား..။
ကျေးဇူးပါ.. အညာဟင်းလေး တွေအကြောင်း သိရလို့..
မဗေဒါက ဟင်းထမင်းကို အနုပညာမြောက် မချက်တက်တော့ တော်ရုံရှင်းပြရင် မသိဘူး.. ယူကျု့လည်းမရဘူး.. ကယ်ပါဦးပေါ့.. ဟဲ ..
မဗေဒါ
ခု စိန်တလုံး ဘယ် ဈေး ဖြစ် နေပြီ လဲ ဟင် ..( သရက်သီး ဈေး မေးတာ ပါ ။ တလွဲ မတွေး နဲ့ ဦး..)
သရက်သီး မွှေးအီအီလေး စားချင်တယ် .. မျှစ်ချဉ် ကို ၃ ထပ်သား နဲ့ ချက်ရင် လဲ စားကောင်းတယ် .. ကျောက်မဲ က အဖွားတို့ အဲ့ လို အမြဲ ချက်တာ လွမ်းလိုက်တာ .. ပြီး အညာ ငြုပ်သီးထောင်း လေး နဲ့ နယ်စား .. ဟိုင်း ရှားလဘတ်စ် ..
ဟင့်.....မြန်မာစားစရာတွေ လွမ်းနေတာဗျ ခဏခဏ မြင်နေရပြီး စားလည်းစားရဘူး ဒီကလည်း အချက်အပြုတ်ဆို ဘဲဥလောက်ပဲ ပြုတ်တတ်တာဗျ :)
ငံပြာရည်ချက်လေးနဲ့ ဟင်းရွက်ပေါင်းနဲ့ အိုကေပီ။
သရက်သီးကတော့ ကျောက်ဆည်သီး ဘယ်လောက်ကောင်းကောင်း ရင်ကွဲလောက်ဆို တော်ပါပီ။:)))
မအယ်
ဟာာာ ဂလုဂလု ဂလု
တကယ် သွားရည်ကျတယ်ဗျို့ အခုဘယ်မှာလဲအစ်မရေ
ပြန်သွားပြီလားဗျ
ရှုပ်တယ်ကွာ . . .
အကုန်ချားမယ်. . . .ဘယ်တူမှ မကပ်နဲ့ကွ. .
မဆိုင်တူ မကပ်နဲ့ တိတ်ကုန်တယ်. . :P
အကုန်စားသွားတယ်ဗျာ. . .
ပလပ်. . .ပလပ်. . .အေ့ . . ( ဆော်တီး )
အညာစာ ပဲကြားလေးကို အညာက ထန်းရည် လေးနဲ့ မြည်းလိုက်ရရင်တော့လား
ဟင်း ဟင်း(ကြိတ်မနိင်ခဲမရသံ)
သရက်သီး ရေတံခွန်တောင် သွားတဲ့ဘက်က သရက်သီးတွေ သတိရ၊ မျှစ်ချဉ်နဲ့ ငါးခေါင်း စိတ်သွားတိုင်း သွားစားလိုက်ရင်တော့….
အမ ပဲကြောက်ကလွဲလို့ ကျန်တာအကုန်ကြိုက်တယ်။
ဒါတောင်သရက်သီးကအမှဲ့ထက်အစိမ်းကိုပိုကြိုက်တယ်။
မြတ်နိုး
မရောက်တာကြာလို့ လာတာ မမရေ.... ဟင်းတွေနဲ့တိုးပြီး ဂလုဖြစ်သွားတယ်...ပျော်ရွှင်ပါစေနော် ...
မရွှေစင်ရေ..ငံပြာရည်ချက်နည်းလေး အသေးစိတ်နဲ့ ဟင်းရွက်က ဘာဟင်းဆိုတာလေး ရေးပေးပါလား...သွားရည်ကျတာ မလုံလောက်လို့ ကိုယ်တိုင် လုပ်စားတော့မလို့ ...
အော် မေ့လို့ မျှစ်ချဉ်နဲ့ ငါးခေါင်းချက်နည်းပါ ရေးပေးနော်..တစ်ယောက်နဲ့ တစ်ယောက် ချက်တာ မတူလို့ သိချင်လို့ ...ငတ်ကြီးကျတယ် မထင်စေချင်ပါ... :P
မဗေဒါ ၊ ကာရံဆူး ရေ
ပဲကြားနေရာမှာ ကြိုက်တဲ့ ပဲ အစားထိုးလို့ ရပါတယ်.. ပဲကြားကတော့ ပိုကောင်းပါတယ်..
ဟင်းရွက်လှော် ကတော့ ဘယ်ဟင်းရွက်မဆို စားရသမျှ ထဲ့ လို့ ရပါတယ်..
ဟင်းရွက်စုံလေ ကောင်းလေပေါ့
နောက်ပြီး ငံပြာရည်ချက်ရင် ကြက်သွန်ဖြူ နီ ပုဇွန်ခြောက် ကို အရင်ထောင်း ထားပါ ပြီးတော့ ဆီသတ်ပြီး မွှေးလာရင် ငရုပ်သီး လေး ထဲ့ပါ နောက် ငံပြာရည်ထဲ့ ပါ.. ကောင်းစ်
မြှစ်ချဉ် ကို အတုံးသေးလေး တွေ သုံးပြီး ငါးပိ ဆား အချိုမှုံ အရောင်တင် နဲ့ သင့်ရုံ နဲ့ အရင် ပြုတ်ထားရ ပါတယ် မျှစ်နူးပြီ ဆိုမှ ဂျင်းကြက်သွန်ဖြူနဲ့ နယ်ထားတဲ့ ငါးခေါင်း ကို ထဲ ပြီး နောက်တခါ မြှစ်ချဉ် အိုးကျအောင် ပြန်တည် ရပါတယ်ဗျာ
ဝက်သား ဆိုရင် တော့ မျှစ်ချဉ်နဲ့ တခါထဲ ရောပြီး နူးနေအောင် ပြုတ်လို့ ရပါတယ်...
မြန်မာဟင်း ကောင်းလေး တွေ ချက်စားနိုင်ကြပါစေ
ခင်တဲ့
ရွှေစင်
မကိ ရေ
စိန်တလုံး က အခု တလုံးကို ၁၀၀၊ ၁၅၀၊ ၂၀၀ ပါတဲ့ အလကား လိုချင်ရင်တော့ သရက်ခြံသွားပြီး တောင်းရင် စားဘို့တော့ ပေးပါတယ်တဲ့
ခင်တဲ့ မကိ အတွက် ပို့လိုက်မယ်နော်
ခင်တဲ့
ရွှေစင်
မြင်ရတာ စားချင်စရာပဲ...
အညာစာတွေနဲ့ သိပ်မနီးစပ်လို့ လောလောဆယ်တော့ သရက်သီးပန်းကန်ပဲ မ သွားပါတယ်...
အညာသူ ဆန်ချင်တော့ ဗျာ များနေတယ်..အိုဗာတင်းတွေ ဖျော်နေသလို ခံစားမိပါကြောင်း
ဗျာ ကို လျော့ပြီး ဟင်းရွက်ကို အညာလို ကြော်တတ်ပါစေ..
အစားဆင်းရဲချင်လိုက်တာ
:)
အိုဗာတင်းတွေ ဖျော်သလို ခံစားနေရတယ်ဆိုရင်လဲ သောက်လိုက်ဗျာ မန်းမှာတော့ စာရေးရေး စကားပြောပြော ဗျာထည့်ပြောတာ များတယ် ဗျာများနေတယ် ပြောမနေနဲ့ global ခေတ်မှာ အထက်အစားအစာ အညာအစားအစာ အောက်ပိုင်းအစားအစာ သိပ်မခွဲဖြစ်တော့ဘူး ဟင်းရွက်လှော်တာ အထက်ပိုင်းမှာ အစားများ လေ့ရှိတာ ဟုတ်ပါတယ် အမကြီးရွှေစင်က သူ့အိမ်မှာချက်တာ သူပြောတဲ့ဟာကိုဗျာ အလကား ဗျာ များနေတယ် ဗျာ
ခင်မင်ရင်းနှီးစွာဖြင့် ဗျာ
seesein
ရွှေစင်ရေ..
ကိုကြီးကျောက်အလည်ကောင်းတာ ခရီးပမ်းပြီးနေမကောင်းလို့..ခုမှလာစားရတယ်..
ခုတခါ ငါ့နှမကြွေးတာ စားသွားပါတယ်နော်( အရင်တခါလို ရန်ထောင်ခံရမှာကြောက်လို့)
မရွှေစင်..
ဟင်းပွဲတွေမြင်ပြီး သွားရည်ကျတယ်..။ စကားမစပ်လေ.. ညီမလည်း မန္တလေးမှာနေတယ် သိလား (စက်မှုဇုံဘက်မှာ)။ ကျောင်ပြီးလို့ မြန်မာပြည်ပြန်ရောက်ရင် အစ်မအိမ် လာလည်မယ်နော်။ အခုလို အမြည်းနဲ့ ရေနွေးကြမ်းတော့ တိုယ်မယ်မိုလား :D
အခု ချက်ထားတဲ့ ဟင်းတွေအားလုံးက အိမ်ကအိမ်သားအားလုံး ကြိုက်တဲ့ဟင်းတွေလေ..။ အိမ်က ထမင်းစားပွဲကို လွမ်းသွားတယ်။ အခုလည်း ဧါတ်ပုံထဲက ဟင်းလေးတွေကို အမြင်နဲ့ တ၀စားပြီး ပြန်ပြီနော်..။
Post a Comment