ရေကူးကန်
တော့တိုး-ချန် သည် ထိုနေ့ကို ဘယ်သောအခါမှ မေ့၍ရမည်မဟုတ်။ ထိုနေ့မှာ ရေကူးကန်ထဲတွင် ပထမဆုံး အကြိမ် ရေကူးရသော နေ့ဖြစ်သည်။
နံနက်စောစောအချိန်တွင် ဖြစ်သည်။ ဆရာကြီးက "ရာသီဥတု ပူလာပြီ ၊ ရေးကူးကန်ထဲကို ရေဖြည့်ဖို့ ဆရာကြီး စဉ်းစားထားတယ်" ဟု ပြောလိုက်သည်။
"ဝေး ဟေး ဟေး ..........."
ကျောင်းသားတိုင်း ပျော်ရွှင်သွာကြပြီး၊ ခုန်ပေါက်လိုက်ကြသည်။ တော့တိုး-ချန်နှင့် ပထမတန်းမှ ကျောင်းသား များမှာလည်း "ဝေး ဟေး ဟေး"ဟု အော်ရင်း ခုန်ပေါက်ကြသည်။ သူတို့ထက်အသက် ကြီးသော ကျောင်းသားများထက်ပင် ပိုပျော်ကြသည်။
တိုမိုကျောင်းမှ ရေးကူးကန်၏ ပုံသဏ္ဍန်မှာ အခြားရေကူးကန်များကဲ့သို့ စတုရန်းပုံသဏ္ဍန် မဟုတ်ချေ။ ၎င်း၏ ပုံသဏ္ဍန်မှာ လှေ၏ပုံသဏ္ဍန်နှင့်တူသည်။ လှလှပပရှိသည်။မြေကြီးအခြေအနေ ကို လိုက်၍ ဤကဲ့သို့ တူးထား ရ ခြင်းဖြစ်သည်။ သို့သော်လည်းရေကန်မှာ ကြီးမားပြီး ခန့်ညား လှပသော ကန်တစ်ကန်ဖြစ်သည်။ ၎င်းသည် စာသင်ခန်းများနှင့် စုဝေးခန်းမကြီးအကြာ၌ တည်ရှိလေသည်။
တော့တိုး-ချန်နှင့် အခြားကျောင်းသားများသည် မိမိတို့၏ စာသင်ခန်းများထဲ၌ စာအံနေရသည့် ကြားထဲက ပြတင်းပေါက်များမှနေ၍ ရေကူးကန်ကို မကြာမကြာကြည့်နေမိကြသည်။
နေ့လယ်စာစားချိန်သို့ရောက်လာလေပြီ။ ကလေးများအားလုံး ရေးကူးကန်၌ စုဝေးမိကြသောအခါ ဆရာကြီးက .......... "ငါတို့အားလုံး လေ့ကျင့်ခန်းနည်းနည်းလုပ်ကြမယ် ၊ ပြီးရင် ရေကူးကြမယ်" ဟုပြော လိုက်သည်။
" ရေကူးရင် ရေကူးဝတ်စုံမလိုဘူးလား " ဟု တော့တိုး-ချန်စဉ်းစားလိုက်သည်။ အမေ၊အဖေ တို့နှင့်အတူ ကာမာကူးရာသို့သွားစဉ်က သူမသည် ရေးကူးဝတ်စုံ၊ ရော်ဘာဗော စသည်တို့ကို ယူသွားခဲ့သည်။ ရေကူး ၀တ်စုံကိုယူခဲ့ ဆရာမက မှာမမှာသူမ ပြန်စဉ်းစားလိုက်သည်။ ထိုသို့ ပြန်စဉ်း စားနေခိုက်မှာပင် ဆရာကြီးက " ရေကူး ၀တ်စုံအတွက် စိတ်မပူကြနဲ့၊ စုဝေးခန်းမကြီးထဲမှာသွား ကြည့်ကြ" ဟုပြောလိုက်သည်။
တော့တိုး-ချန်နှင့် ပထမတန်းကျောင်းသားများ စုဝေးခန်းမကြီးထဲသို့ ရောက်ရှိလာချိန်တွင် သူတို့ထက် အသက် ကြီးသော ကလေးကြီးများသည် ပျော်ရွှင်မြူးထူးစွာ သူတို့ဝတ်ထားသော အ၀တ်များအားလုံးကို ချွတ်ပစ် နေကြလေပြီ။ ထို့နောက်သူတို့သည် ကိုယ်တုံးလုံးများဖြင့် ကျောင်းကစားကွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်သွားကြသည်။
တော့တိုး-ချန်နှင့် သူမ၏ သူငယ်ချင်းများမှာလည်း သူတို့၏ ပုံစံအတိုင်း သူတို့နောက်မှ ပြေးလိုက် သွားကြ သည်။ ပူနွေးသော လေထဲတွင် အ၀တ်လုံးဝမပါဘဲ နေရသည်မှာ တမျိုး အံ့သြစရာ ကောင်းလှ ပေသည်။ တော့တိုး-ချန်တို့ စုဝေးခန်းမကြီး၏ အပြင်ဘက်လှေကားထိပ်သို့ ရောက်ရှိ လာချိန်၌ အခြား ကျောင်း သားများမှာ သွေးပူလေ့ကျင့်ခင်းများကိုပင် ပြုလုပ်နေကြလေပြီ။ တော့တိုး-ချန် နှင့် သူမ၏ အတန်းသား များသည် ဖိနပ်များမပါဘဲ လှေကားထစ်အတိုင်း ပြေးဆင်း သွားကြ လေတော့ သည်။
ရေကူးနည်းပြဆရာမှာ ကျောင်းအုပ်ဆရာကြီး၏ သားမိရိုး-ချန်၏ အစ်ကိုကြီးဖြစ်သည်။ သူသည် ကာယ ပညာ၌ ကျွမ်းကျင်သူဖြစ်သည်။ သူသည်တိုမိုကျောင်းမှ ကျောင်းဆရာတစ်ယောက်တော့ မဟုတ်ပါ။ သို့သော် သူသည် တက္ကသိုလ်ကျောင်းတစ်ကျောင်းမှ ရေကူးအသင်းသားတစ်ယောက် ဖြစ်သည်။ သူ၏ နာမည်မှာ ကျောင်း၏အမည်အတိုင်း တိုမိုဖြစ်သည်။ တိုမို-စန်မှာမူ ရေကူးဝတ်စုံကို ၀တ်ထားသည်။
သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ပြီးသောအခါ ကလေးများပေါ်သို့ ရေအေးများကျလာသည်။ ကလေးများ ဆူဆူ ညံညံဖြစ်သွားကြပြီးနောက် ရေကန်ထဲသို့ ခုန်ချလိုက်ကြသည်။ တော့တိုး-ချန်သည် အခြား ကျောင်းသား များ၏ အခြေအနေကိုကြည့်ပြီးမှ ရေကန်ထဲသို့ ဆင်းလိုက်သည်။ ရေသည်မပူပါ။ သို့သော် ရေကူးကန်ထဲမှ ရေသည် အိမ်ရှိ ရေချိုးခွက်ထဲက ရေထက်ပိုများပြီး ရေပြင်မှာလည်း ပိုကျယ်သည်။ ခြေလက် များကို ဆန့်ချင်သလို ဆန့်နိုင်သည်။ လှုပ်ရှားချင်သလို လှုပ်ရှားနိုင်သည်။ ပတ်ဝန်းကျင် တစ်ခု လုံး၌ ရေများသာရှိသည်။
ပိန်သော ကလေးများ၊ ၀သောကလေးများ၊ ယောက်ျားလေးများ၊ မိန်းကလေးများ သူတို့ အားလုံးသည် မိမွေး ဖမွေးတိုင်း ရယ်ကာမောကာ အော်ကာဟစ်ကာနှင့် တစ်ယောက်နှင့် တစ် ယောက်ရေများဖြင့် ပတ်ဖျန်း ကြရင်း ပျော်ပျော်ပါးပါး ရေကူးနေကြ၏။
သိပ်ပျော်စရာကောင်းတာပဲ၊ ပျော်စရာ အတွေ့အကြုံတစ်မျိုးပါပဲ။ တော့တိုး- ချန်စဉ်းစားမိသည်။ ရော့ကီ သည် ကျောင်းသို့ လိုက်ပါခွင့်မရသည်ကို သူမစိတ်မကောင်းပေ။ ရေကူးဝတ်စုံမပါဘဲ ရေကူးခွင့် ရှိသည် ဆိုသည်ကို ရော့ကီသာသိလျှင် ၎င်းသည်လည်း ရေကူးကန်ထဲရောက်နေမည်မှာ သေချာသည်။
ကျောင်အုပ်ဆရာကြီးသည် သူ၏တပည့်များကို အ၀တ်မပါ ကိုယ်တုံးလုံးများဖြင့် ရေကူးခွင့် ပြုသည် ကို စဉ်းစား ကြည့်လျှင် အံ့သြမည်ဆိုက အံ့သြနိုင်လောက်ပေသည်။ ဤကိစ္စနှင့်ပတ်သက်၍ စည်းကမ်း သတ်မှတ်ချက် မရှိချေ။ ရေကူးဝတ်စုံဝတ်၍ ရေကူးမည်ဆိုက ကူးနိုင်သည်။ဤသို့မှ မဟုတ်လျှင်လည်း ယခု လို နေ့မျိုး ရုတ်တစ်ရက်စိတ်ကူးရပြီး ရေကူးဖို့ အကြောင်းဖြစ်ပေါ်လာပါက ရေကူးဝတ်စုံမပါဘဲ ရေကူး နိုင်ပေသည်။ဆရာကြီးသည် သူ၏တပည့်များကို ကိုယ်တုံးလုံးဖြင့် အဘယ့်ကြောင့် ရေကူးစေသနည်း။ သူ၏ စိတ်ကူး မှာ ယောက်ျားကလေးများနှင့် မိန်းကလေး များအားမိမိတို့၏ ခန္ဓာကိုယ်များသည် ကွဲပြား ခြားနားမှု ရှိလွန်းကြပါသည်ဟု တလွဲတွေး ပြီး အံ့သြခြင်းမဖြစ်စေလိုပေ။ သူ၏ စိတ်ကူးမှာ လူတွေအနေဖြင့် သူတို့၏ ခန္ဓာကိုယ်များကို အခြား သူများမမြင်အောင် အထူး ဂရုတစိုက် ဖုံးကွယ်မှု ပြုလွန်းခြင်းသည် သဘာဝ မကျသော အလုပ်ဖြစ် သည်ဟု သူကထင်သည်။
သူသည် ကလေးများအား ကိုယ်ခန္ဓာများအားလုံးသည် လှပကြပါသည်ဟု သင်ကြားပြသလိုသည်။ တိုမိုကျောင်း ရှိ သူ၏တပည့်များထဲတွင် ပိုလီယိုရောဂါကို ခံစားခဲ့ဖူးသူများပါဝင်သည်။ ဥပမာ ယာဆူအာကီ-ချန် ကဲ့သို့သော ကျောင်းသားမျိုး၊ အချို့မှာခန္ဓာကိုယ် ကြုံလှီလှသူများဖြစ်သည်။ အချို့မှာ ကိုယ်လက် အင်္ဂါချွတ်ယွင်းနေကြသည်။ ဆရာကြီး၏ စိတ်ကူးမှာ ကလေးများအားလုံးကို အ၀တ်အစား ကင်းမဲ့စွာဖြင့် အတူတူကစားစေခြင်းအားဖြင့် ရှက်စိတ်ကြောက်စိတ်နှင့် အားငယ်စိတ် များပျောက်သွား စေမည်ဖြစ်ပြီး မတူမတန်စိတ်များ မကပ်ငြိအောင် တားဆီးနိုင်မည်ဖြစ်သည်။ ဆရာကြီး ထင်မှတ်ခဲ့သည့် အတိုင်းပင် ကိုယ်အင်္ဂါချွတ်ယွင်းနေသော ကလေးများသည် အခြားက လေးများနှင့် အတူတူ ကစားခါစ၌ ရှက်သလိုလို ရွံ့သလိုလိုဖြစ်နေကြသည်။ သို့သော် များမကြာမီ သူတို့ပျော်သွားပြီး သူတို့၏ အားငယ်စိတ် များနှင့် ရှက်စိတ်များမှာ လုံးဝမရှိတော့ချေ။
အချို့ကျောင်းသားများ မိဘများသည် ကိုယ်တုံးလုံးဖြင့် ရေကူးခြင်းကို မလိုလားကြပေ။ ထို့ကြောင့် သူတို့၏ သားသမီး များအား ရေကူးဝတ်စုံဝတ်၍ ရေကူးကြရန် တိုက်တွန်းသည်။ သို့သော်လည်း သူတို့၏ သားငယ် သမီးငယ် များသည် ရေကူးဝတ်စုံကို အသုံးပြုမှု နည်းပါးကြသည်ဆိုသည်ကိုမူ သူတို့မသိကြချေ။
တော့တိုး-ချန် ကဲ့သို့သော အချို့ကလေးငယ်များသည် ရေစကူးကတည်းက ရေကူးဝတ်စုံမပါဘဲ ရေကူးခြင်း ကို နှစ်သက်ကြသည်။အချို့မှာမူ ရေကူးဝတ်စုံမယူခဲ့မိသဖြင့် ကိုယ်တုံးလုံးဖြင့်သာ ရေကူးလိုက်ကြရသည်။ ကျောင်းသားအများစုသည် ရေကူးဝတ်စုံမပါဘဲ ရေကန်ထဲ၌ ရေ ကူးကြသည်သာများသည်။
အချို့ကျောင်းသားငယ်များမှာမူ ရေကူဝတ်စုံကို ကျောင်းသို့ယူလာကြပြီး ရေကူးသောအခါ ၎င်း ၀တ်စုံကို မ၀တ် ဘဲ ရေကူးကြသည်။ ကျောင်းဆင်း၍ အိမ်သို့ပြန်သောအခါ ရေကူးဝတ်စုံကို ရေထဲနှစ်ပြီး ယူသွား လေသည်။ ဟိုမိုကျောင်းရှိ ကျောင်းသားများအားလုံးလိုလိုပင် ရေကူးကန်ထဲ၌ ရေကူးကြသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ အညိုရောင် သမ်းလျက်ရှိသည်။ သူတို့၏ အညိုရောင် သမ်းနေသော ကိုယ်ခန္ဓာကို အသေ အချာ ကြည့်မည်ဆိုပါက ရေကူးဝတ်စုံဝတ်ချိုးထားသည့် အရာ များကို တွေ့ရမည်မဟုတ်ချေ။

ပညာရည်တိုးတက်မှု့မှတ်တမ်း
တော့တိုး-ချန်သည် ဘေးဘယ်ညာကို လုံးဝမကြည့်ဘဲ ဘူတာရုံမှအိမ်သို့ တစ်လမ်းလုံးပြေးသွား သည်။ သူမ၏ ကျောပိုးအိတ်သည် သူမ၏ကျောကုန်းကို တဖတ်ဖတ်ရိုက်ခတ်လျက်ရှိသည်။ သူမကို မြင်တွေ့ လိုက်သူများက သူမတစ်ခုခုဖြစ်လာပြီစုထင်မှတ်မည်မှာမလွဲပေ။ သူမသည် ကျောင်းဝင်းတံခါးမှ စထွက် ကတည်း က ပြေးလာခဲ့ခြင်းဖြစ်သည်။
အိမ်ပြန်ရောက်သည်နှင့် သူမသည် အိမ်ရှေ့တံခါးကို ဖွင့်လိုက်ပြီးနောက် "ကျွန်မပြန်ရောက်ပြီ" ဟု အသံပြုလိုက်သည်။ ထို့နောက်သူမသည် ရော့ကီကို လိုက်ရှာသည်။ ရော့ကီသည် အိမ်ရှေ့ဝရံတာတွင် မှောက်လျက်ကလေးရှိနေသည်။ တော့တိုး-ချန်သည် စကားတစ်လုံးမျှမပြော ချေ။ သူမသည် ရော့ကီ ရှေ့တည့်တည့်တွင် ထိုင်ချလိုက်သည်။ ၎င်းနောက် သူမ၏ ကျောပိုးအိတ် ကို ဆွဲယူပြီး အိတ်ကိုဖွင့်၍ အိတ်ထဲမှ ပညာရည်တိုးတက်မှု မှတ်တမ်းကပ်ပြားကို ထုတ်ယူလိုက် သည်။ ကတ်ပြားထဲမှ အမှတ်များကို ရော့ကီ မြင်နိုင်ရန် သူမက ကတ်ပြားကို လှစ်ပြလိုက်သည်။ ၎င်းသည် သူမ၏ ပထမဆုံး ပညာရည် တိုးတက်မှု့ မှတ်တမ်းဖြစ်သည်။
"ကြည့်စမ်း"
သူမက လေသံခပ်မာမာဖြင့် ပြောလိုက်သည်။ ကတ်ပြားထဲ၌ 'အေ' 'ဘီ' နှင့်အခြား စာလုံးများ ရေးသား ထားသည်။ 'အေ' သည် 'ဘီ'ထက် သာသလား၊'ဘီ' က 'အေ'ထက်သာသလား ဆိုသည်ကို တော့တိုး-ချန် မသိချေ။ ထို့ကြောင့် ရော့ကီမှာလည်း ဘာဆိုဘာမျှ သိမည်မဟုတ်။ သို့သော်လည်း တော့တိုး-ချန်သည် သူမ၏ ပထမဦးဆုံး ပညာရည်တိုးတက်မှုမှတ်တမ်းကို အခြားမည်သူ့ကိုမျှ မပြရသေးမီ ရော့ကီကို ပြချင်သည်။ ရော့ကီ ၀မ်းမြောက်ဝမ်းသာဖြစ်လိမ့်မည်ဟု သူမယုံကြည်မိသည်။
ရော့ကီ သည် သူမ၏မျက်နှာစာရှေ့မှ စာရွက်ကို တွေ့သောအခါ အနံ့ခံကြည့်လိုက်သည်။ ၎င်းနောက် သူသည် တော့တိုး-ချန်ကို ငေးကြည့်နေမိသည်။
"နင်စိတ်ဝင်စားတယ် မဟုတ်လား၊ ဒါပေမဲ့ အထဲမှာ ရေးထားတာတွေဟာ သိပ်ခက်တဲ့ စာလုံးတွေ နင်ဖတ်လို့ရမှာ မဟုတ်ပါဘူး"
တော့တိုး-ချန်က ပြောလိုက်သည်။
ရော့ကီသည် သူ၏ဦးခေါင်းကို စောင်းငဲ့ကာ ကတ်ပြားကို ထပ်မံကြည့်လိုက်ပြန်သည်။ ထို့နောက် သူမ လျှာဖြင့် တော့တိုး-ချန်၏ လက်ကို လျက်လိုက်သည်။
"ကောင်းတယ်"
သူမသည် ကျေနပ်သော လေသံဖြင့် ပြောပြီး ထိုင်ရာမှ ထလိုက်သည်။
"အခု ငါအမေ့ကို သွားပြမယ်"
တော့တိုး-ချန် ထွက်သွားသောအခါ ရော့ကီသည်လည်း ထလိုက်ပြီး ပို၍ အေးသော နေရာ တစ်နေရာ ကိုရှာ၍ ဖြည်းညင်းစွာ သူ၏ကိုယ်ကို လှဲချလိုက်သည်။ မျက်စိများကိုလည်း မှိတ်ထားလိုက်သည်။ သူ၏ အခြေအနေကို တော့တိုး-ချန်တွေ့လိုက်လျှင် သူသည် သူမ၏ ပညာရည်တိုးတက်မှုမှတ်တမ်းကို စဉ်းစား နေသည် ဟု ပြောမည်မှာ မလွဲပါ။

နွေရာသီ ကျောင်းအားရက် စတင်ပြီ
"ကျွန်ုပ်တို့သည် မနက်ဖြန်တွင် စခန်းဝန်ဖို့ရှိသည်။ ကျေးဇူးပြု၍ မနက်ဖြန် ညနေပိုင်းတွင် စောင်များ၊ ည၀တ် အင်ကျီများနှင့်အတူ ကျောင်းသို့အရောက် ရောက်လာကြပါရန်"
ကျောင်းဆရာကြီး လက်မှတ်ရေးထိုးထားသော စာရွက်ကို တော့တိုး-ချန်သည်အိမ်သို့ယူဆောင် လာပြီး အမေ့ ကိုပြသည်။ နွေရာသီ ကျောင်းအားရက်သည်သန်ဘက်ခါ စတင်ပေတော့မည်။
"စခန်းဝင်တယ်ဆိုတာ ဘာပါလဲ"
တော့တိုး-ချန်က မေးလိုက်သည်။
အမေသည် စဉ်းစားနေမိသည်။ သို့သော်လည်းသူမက.........
"အဲဒီ အဓိပ္ပာယ်ကတော့ အဆောက်အအုံအပြင်ဘက်မှာ တဲတွေထိုးပြီး အဲဒီတဲထဲမှာဘဲ အိပ်တာကို ခေါ်တယ် လို့ ထင်တာပဲ၊ တဲထဲမှာအိပ်ရင် ကြယ်တွေနဲ့လကို မြင်ရတာပေါ့၊တဲကို ဘယ်နေရာမှာ ထိုးမယ် ဆိုတာကိုတော့ စဉ်းစားလို့ မရဘူး၊ ငွေကြေးကိစ္စကို လဲ မဖော်ပြထားတော့ ကျောင်းအနီး တစ်နေရာမှာ ဖြစ်လိမ့်မယ် ထင်တာပဲ" ဟု ပြောလိုက်သည်။
ထိုညက တောတိုး-ချန်သည် ရုတ်တရက် အိပ်မပျော်ဘဲ ဖြစ်နေသည်။ စခန်းဝန်ရမယ်ဆိုတော့ ကြီး ကျယ်တဲ့ စွန့်စားခြင်း တစ်မျိုးဖြစ်မှာဘဲ။သူမ၏ ရန်ခုန်သံသည် မြန်နေ၏။ နောက်တစ်နေ့နံနက် အိပ်ရာမှ နိုးသည်နှင့် တော့တိုး-ချန်သည် သူမယူသွားရမည့် ပစ္စည်းများကို ထုပ်ပိုးထားလိုက်သည်။ သို့သော်လည်း ညနေပိုင်း တွင် စောင်နှင့် ညအိပ်အကျ ထည့်ထားသော ကျောပိုးအိတ်ကိုပိုး၍ လူကြီးများကို နှုတ်ဆက်ပြီး ထွက်ခွာသော အခါ၌မူ သူမသည် စိတ်အားငယ်ကာ ကြောက် သလိုလို ရွံ့သလိုလိုဖြစ်နေမိသည်။
ကလေးများ အားလုံး စုံသောအခါ ဆရာကြီးက သူတို့ကို စုဝေးစေပြီး.........
“မင်းတို့ အားလုံး အခုချိန်ကစပြီး စုဝေးခန်းမကြီးထဲကို သွားကြ“ဟု ပြောလိုက်သည်။
ခန်းမကြီး ထဲသို့ ကျောင်းသားများအားလုံး ရောက်ရှိကြသောအခါ ဆရာကြီးသည် စင်မြင့်ငယ်ပေါ်သို့ အထုပ် တစ်ထုပ်ကို သယ်ယူ၍ တက်သွာသည်။ အစိမ်းရောင် တဲတစ်တဲ ဖြစ်သည်.
“တဲတစ်တဲ ကို ဘယ်လို ထိုးရတယ်ဆိုတာ ဆရာကြီးပြမယ်“
ထိုသို့ ပြောရင်း ဆရာကြီးသည် တဲကို ဖြန့်လိုက်သည်။
"သေသေချာချာ ကြည့်ကြနော်"
ဆရာကြီးသည် အခြားသူများ၏ အကူအညီမပါဘဲ တဲထိုးလိုက်ရာ ခဏအကြာတွင် လှပသော တဲတစ်တဲ ထိုးပြီး ဖြစ်သွားသည်။
"ကဲ မင်းတို့ အလှည့်ပဲ၊ ဒီခန်းမကြီးထဲမှာပဲ တဲတွေထိုးကြပေတော့"ဟု ဆရာကြီးက ပြော လိုက်သည်။
တဲများကို အဆောက်အအုံ၏ အပြင်ဘက်တွင် ထိုးလိမ့်မည်ဟု အခြားသူများတွေးသလို အမေကလည်း တွေးသည်။ သို့သော်လည်း ကျောင်းအုပ်ဆရာကြီး၏ စိတ်ကူးမှာ တစ်မျိုးဖြစ်သည်။ စုဝေး ခန်းမကြီး ထဲ၌ဆိုလျှင် ညဘက် မိုးရွာသည်ဖြစ်စေ၊ ရာသီဥတု အေးမြသည်ဖြစ်စေ ကလေးများအတွက် အဆင်ပြေ၏။
"ငါတို့ စခန်းချတော့မ ရွှင်မြူးစွာ အော်ဟစ်လိုက်ကြသည်။ သူတို့ကိုအစုများဖွဲ့ ပေးလိုက်သည်။ ထို့နောက် သူတို့သည် ဆရာများ၏ အကူအညီဖြင့် တဲများကို ထိုးကြသည်။ တဲတစ်တဲတွင် ကျောင်းသား သုံးယောက်အိပ်နိုင်လေသည်။ တော့တိုး-ချန်သည်သူမ၏ ည၀တ်အကျÐကို လျင်မြန်စွာဝတ်လိုက်သည်။ များမကြာမီ ကလေးများ အားလုံးသည် တဲများထဲသို့ ကုန်းကုန်းကွကွနှင့် ၀င်လိုက် ထွက်လိုက် ပြုလုပ် ကြသည်။ ထိုမတစ်ဖန် သူတို့သည် ဟိုတဲထဲဝင်လိုက် ၊ အဲဒီတဲမှထွက်လိုက်နှင့် သွားလာလှုပ်ရှားနေ တော့၏။
ကျောင်းသား များအားလုံး ညအိပ်အကျÐကို ၀တ်ပြီးကြသောအခါ ကျောင်းအုပ်ဆရာကြီး သည် သူ၏ တပည့်များ အားလုံးက သူ့ကိုမြင်နိုင်သည့် အလယ်ကောင်တွင် ထိုင်ချ လိုက်ကာ သူ၏ နိုင်ငံခြား ခရီးသွား ဗဟုသုတ အတွေ့အကြုံများကို ပြောပြလေတော့သည်။
အချို့ကလေးများသည် သူတို့၏ ဦးခေါင်းပိုင်းကို တဲ၏အပြင်သို့ထုတ်၍ လည်းကောင်း၊ အချို့မှာ သေအချာထိုင်၍ လည်းကောင်း၊ အချို့မှာ သူတို့ထက် အသက်ပိုကြီးသော ကျောင်းသားများ၏ ပေါင်ကို ခေါင်အုံး သဖွယ် အသုံးပြု၍ လည်းကောင်း၊ သူတို့မကြားဖူး မမြင်ဘူးသော ဒေသမှ အကြောင်းအရာများကို စိတ်ဝင်စားစွာ နာထောင်ကြသည်။ ဆရာကြီး ၏ ဇာတ်လမ်းများမှာ ဆွဲဆောင်မှုရှိသည်။ ဆရာကြီး၏ ဇာတ်လမ်းများကို နားထောင်ရင်း တစ်ခါတစ်လေ သူတို့၏ စိတ်ထဲများ၌ ရေခြားမြေခြားမှ အခြား ကလေး များကို သူတို့၏ မိတ်ဆွေများဟူ၍ အထင်ရောက်မိကြလေသည်။
သာမန်အားဖြင့်ဆိုလျှင် စုဝေးခန်းမကြီးထဲ၌ တဲထိုးပြီးအိပ်စက် ခြင်းသည် ဘာမျှ မထူးဆန်းပေ။ သို့သော် လည်း ကလေးသူငယ်များအဖို့ ဤရိုးရိုး နှင့် သာမန်အဖြစ်အပျက်သည် မမေ့နိုင်သော အဖြစ် အပျက် ဖြစ်သည်။ ပျော်စရာကောင်းပြီး တန်ဖိုးရှိသော အတွေ့အကြုံ ဖြစ်သည်။ ကျောင်းအုပ် ဆရာကြီး သည် သူ၏ တပည့်များ ပျော်ရွှင်အောင် မည်သို့ပြုလုပ်ရ မည်ကို သိရှိသူဖြစ်သည်။
ဆရာကြီး စကားပြောခြင်း ပြီးဆုံးသောအခါ စုဝေးခန်းမကြီးထဲမှ မီးရောင်များ ငြိမ်းသွား သည်။ ကလေးများ အားလုံး သူတို့ အတွက် သတ်မှတ်ထားသော တဲများထဲသို့ ၀င်ရောက်သွားကြလေပြီ။ အချို့တဲများမှ ရယ်မောသံ များ ထွက်ပေါ်လာ၏။ အချို့တဲများ တွင်းမှ တီးတိုးစကားများကို ကြားနိုင်ပါသည်။ ခန်းမကြီး၏ ထောင့်စွန်း တစ်နေရာရှိ တဲတစ် တဲအတွင်းမှ ထိုးကြကြိတ်ကြသော အသံများ ထွက်ပေါ်လာသည်။ သို့သော်လည်း တိတ်ဆိတ်ငြိမ်သက်ခြင်းသည် တဖြည်းဖြည်း လွှမ်းခြုံ၍ လာလေသည်။
ယခု စခန်းချခြင်းသည် ကြယ်များမပါ၊ လကိုမမြင်ရသော စခန်းချခြင်းတစ်မျိုးဖြစ်သည်။ သို့သော်လည်း ကလေးများ အားလုံး စိတ်ပျော်ရွှင်မှု အပြည့်အ၀ကို ခံစားခဲ့ကြရသည်။သူတို့ အဖို့ ထိုစုဝေး ခန်းမကြီးသည် စခန်း ချရာ တကယ့်မြေပြင်ကြီးသဖွယ် ဖြစ်နေသည်။ ထိုညက စခန်းချခဲ့ရသော အဖြစ်အပျက်သည် သူတို့၏ နှလုံးသားများကို ကြယ်ရောင်၊လရောင် သဖွယ်အမြဲ ထာဝရရစ်ပတ်၍ ရှိနေလေတော့၏။

စွန့်စားခန်းကြီးတစ်ခု
စုဝေးခန်းမကြီး၌ သူတို့စခန်းချပြီး နှစ်ရက်အကြာတွင် တော့တိုး-ချန်၏ စွန့်စားခန်းကြီး တစ်ခု ဆင်နွှဲရာနေ့ သို့ ရောက်လာ လေတော့သည်။ ထိုနေ့မှာ သူမနှင့် ယာဆူအာကီ-ချန်တို့ ချိန်းထားသော နေ့ ဖြစ်သည်။ သူတို့နှစ်ယောက် ချိန်ထားခြင်းကို အမေလည်းမသိ၊ အဖေလည်းမသိ၊ ယာဆူအာကီ-ချန်၏ မိဘများ လည်းမသိပေ။ သူမသည် ယာဆူအာကီ-ချန်ကို သူမ၏ သစ်ပင်သို့လာရန် ဖိတ်ခေါ် ထားခြင်း ဖြစ်သည်။
တိုမိုကျောင်းရှိ ကျောင်းသားတိုင်းတွင် ကျောင်းဝင်းအတွင်း၌ သူတို့ဖာသာသူတို့ သတ်မှတ် ထားကြသည့် သူတို့ တက်ရောက်ဆော့ကစားရာ သစ်ပင်တစ်ပင်စီရှိကြသည်။ တော့တိုး-ချန်၏ သစ်ပင်သည် ကူဟွန်း ဘက်စု သို့ သွားရာလမ်းကြား၏နံဘေး ခြံစည်ရိုးနှင့် ကပ်လျက် ရှိသော ကျောင်းဝင်း ထောင့်စွန်း တစ်နေရာ၌ ရှိလေသည်။ ၎င်းသည် အပင်ကြီးတစ်ပင်ဖြစ် သည်။ အပင်ပေါ်သို့တက်လျှင် ချောနိုင် လေသည်။ သို့သော်လည်း သစ်ပင်တက် ကျွမ်းကျင်ပါက မြေကြီးနှင့် ခြောက်ပေကွာအမြင့်၌ တည်ရှိသည့် သစ်ပင် ခွကြား သို့ ရောက်နိုင် လေသည်။
ကျောင်းအားလပ်ချိန်များနှင့် ကျောင်းဆင်းချိန်များ၌ တော့တိုး-ချန်သည် ထိုသစ်ပင်ပေါ်သို့ တက်၍ သစ်ပင် ခွကြား၌ ထိုင်ပြီး မလှမ်းမကမ်းရှိ မြင်းကွင်းများကိုလည်းကောင်း၊ သို့မဟုတ် မိုးကောင်းကင် ကို လည်းကောင်း၊ သို့မဟုတ် သစ်ပင်အောက်ရှိ လူများကိုလည်းကောင်း ကြည့်နေလေ့ရှိသည်။
ကလေး သူငယ်များသည် "သူတို့၏" သစ်ပင်များကို သူတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ် ထားကြသည်။ မိမိ၏ သစ်ပင်မဟုတ်ဘဲ အခြားသူ တစ်ယောက်ယောက်၏ သစ်ပင်ပေါ်သို့ တက်လိုလျှင် ပိုင်ရှင် ထံသွားပြီး ယဉ်ကျေးစွာဖြင့်"ကျွန်တော် ကျွန်မကို သစ်ပင်တက်ခွင့်ပြုပါ" ဟု ခွင့်ပန်ရလေသည်။
ယာဆူအာကီ-ချန်သည် ပိုလီယိုဝေဒနာသည် တစ်ယောက်ဖြစ်သောကြောင့် သစ်ပင် ပေါ်သို့ တစ်ခါဖူးမျှ မတက် ဖူးချေ။ ထိုကြောင့် သူတွင် ကိုယ်ပိုင်သစ်ပင်ဆို၍ တစ်ပင် မျှမရှိ။ သို့အတွက်ကြောင့် တော့တိုး-ချန်သည် သူမ၏သစ်ပင်သို့ သူ့ကို ဖိတ်ခေါ် ခြင်း ဖြစ်လေသည်။ ဤကိစ္စကို သူတို့လျှို့ဝှက်ထားကြသည်။ အဘယ့်ကြောင့်ဆို သော် အခြားသူများသိသွားပါက သူတို့ကို တားမြစ်မှာသေချာသည်။
အိမ်မှထွက်ခဲ့စဉ်က တော့တိုး-ချန်သည် အမေ့အား ဒီနန်ချိုဖူးရှိ ယာဆူအာကီ-ချန်တို့၏ အိမ်သို့အလည် သွားမည်ဟု ပြောခဲ့သည်။ သူမသည် လိမ်ညာပြောခြင်ဖြစ်သည့်အတွက် အမေ့မျက်နှာကို စေ့စေ့မကြည့်ဘဲ မျက်နှာကို အောက်စိုက်ပြီး သူမ၏ ဖိနပ်ကြိုးများကို ကြည့်၍ပြောသည်။ သို့သော်လည်း ရော့ကီသည် ဘူတာရုံအထိ သူမနောက်မှ လိုက် ခဲ့သည်။ ဘူတာရုံသို့ရောက်၍ သူတို့ခွဲခါနီးတွင် သူမသည် အမှန်ကို ပြောလိုက်သည်။
"ငါ့သစ်ပင်ပေါ် ယာဆူအာကီ-ချန်ကို တက်ခွင့်ပေးမလို့"
လည်ပင်း၌ ဆွဲထားသည့် တဖျပ်ဖျပ် လှုပ်ရှားနေသော မီးရထားစီးခွင့် ကဒ်ပြားနှင့်အတူ တော့တိုး-ချန် ကျောင်းသို့ ရောက်ရှိသောအခါ ယာဆူအာကီ-ချန်သည် သူမကိုတွေ့လိုက် ရသည်။ ယာဆူအာကီ-ချန်သည် နွေရာသီ ကျောင်းပိတ်ရက်ကြောင့် ကျောင်းများ၏ ဆူညံသံများ ကင်းမဲ့ကာ တိတ်ဆိတ် လျက်ရှိသည့် ကျောင်းဝင်းကွက်လပ်နံဘေးရှိ ပန်းခင်း များအနီးတွင် စောင့်နေခြင်းဖြစ်သည်။ သူသည် တော့တိုး-ချန် ထက် အသက်တစ်နှစ်သာ ပိုကြီးသော်လည်း သူသည်အရွယ်နှင့်မမျှအောင် စကားကြီး စကားကျယ် ပြောသူဖြစ်သည်။
ယာဆူအာကီ-ချန်သည် တော့တိုး-ချန်ကို တွေ့လိုက်သောအခါ သူမရှိရာသို့ ခပ်သုတ် သုတ်လာခဲ့သည်။ ခြေထောက်ကို တရွတ်တိုက်ဆွဲ၍ လမ်းလျှောက်ရာ၌ သူ၏ကိုယ်ခန္ဓာ ကို ထိန်းသည့်အနေဖြင့် သူ၏ လက်မောင်းကို ရှေ့သို့ တန်းထုတ်ပြီးလျှောက်သည် ။သူတို့ သည်လျှို့ဝှက်ကိစ္စတစ်ခုခုကို ပြုလုပ် ကြတော့မည်ဟု စဉ်းစားမိသဖြင့် တော့တိုး-ချန်သည် စိတ်လှုပ်လှုပ်ရှားရှာဖြစ်နေမိပြီး တခိခိ ရယ်လိုက်သည်။ ယာဆူအာကီ-ချန်ကလည်း သူမနည်းတူ လိုက်ရယ်သည်။
တော့တိုး-ချန်သည် ယာဆူအာကီ-ချန်ကို သူမ၏ သစ်ပင်ရှိရာသို့ ခေါ်သွားသည်။ ၎င်းနောက် သူမသည် ညကတည်းက သူမစဉ်းစားထားသည့်အတိုင်း ကျောင်းစောင့် ၏အခန်းသို့ပြေးသွား၍ လှေကားကို ဆွဲယူ လာခဲ့သည်။ လှေကားထိပ် သည် သစ်ပင်ခွ ကြားနှင့် ထိနေသည်ကို တွေ့ရသည်။ သူမသည် လှေကားမှ တဆင့် သစ်ပင်ပေါ် သို့ လျန်မြန်စွာတက်သွားပြီးနောက် လှေကာထိပ်ကို ကိုင်ထားရင်း .......
"ကောင်းပြီ ကြိုးစားတက်ခဲ့ပေတော့"ဟု အောက်သို့ငုံ့ကြည့်ပြီး ပြောလိုက်သည်။
ယာဆူအာကီ-ချန်၏ လက်မောင်းများနှင့် ခြေထောက်များမှာ ချည့်နဲ့လွန်းသောကြောင့် အကူ အညီ မပါဘဲနှင့် လှေကား၏ ပထမဆုံး အထစ်ပေါ်သို့တက်ရန်ပင် ခဲယဉ်းလှပေသည်။ ထို့ကြောင့် တော့တိုး-ချန်သည် ကသုတ်ကရက်နှင့် လှေကားမှ နောက်ပြန်ဆင်းသွားပြီး ယာဆူအာကီ-ချန်ကို နောက်ကျောမှ တွန်းတင်ပေးသည်။သို့သော်လည်း တော့တိုး-ချန် သည် ငယ်ကလည်းငယ်၊ပိန်ကလည်းပိန်သေးရာ၊ ယာဆူအာကီ-ချန်ကို တွန်းတင် ပေးရင်း လှေကားလဲကျမသွားအောင် ထိန်းပေးနေရသောကြောင့် ယာဆူအာကီ-ချန်လှေ ကားထစ်တစ်ထစ်ပေါ်သို့ ရောက်ရေးမှာ အလွန့်အလွန် နှေးကွေးလျက်ရှိသည်။
ယာဆူအာကီ-ချန်သည် သူ၏ခြေတစ်ဖက်ကို ပထမလှေကားထစ်ပေါ်မှ ရုပ်လိုက်ပြီး နောက် လှေကား နံဘေးတွင် ဦးခေါင်းငိုက်စိုက်ဖြင့် ရပ်နေသည်။ သူမ ပြုလုပ်ရမည့် အလုပ်သည် ထင်သလောက် မလွယ် ကူမှန်းကို တော့တိုး-ချန်သည် ပထမဆုံးအကြိမ်အဖြစ် နားလည်းလိုက်လေပြီ၊ သူမ ဘာလုပ် ရ မည်နည်း။
သူမ၏ သစ်ပင်ပေါ်သို့ ယာဆူအာကီ-ချန်ကို တက်ရောက်စေလိုသော သူမ၏ စိတ်ဆန္ဒမှာ အလွန် ပြင်းထန်လျက်ရှိသည်။ ယာဆူအာကီ-ချန်ကလည်း သစ်ပင်ပေါ်သို့သိပ် တက် ချင် သည်။ သူမသည် သူ၏ ရှေ့သို့ သွား၍ သူ့ကိုကြည့်လိုက်သည်။ သူသည် စိတ် ပျက် အားငယ်နေရ ပုံရသည်။သူမသည် သူ့ကို အားပေး စကားပြောရင်း"နေဦး ငါ စိတ်ကူး တစ်ခုရပြီ" ဟုပြောလိုက်ပြီးလျှင် ကျောင်းစောင့် ပစ္စည်းထားရာ အဖီသို့ပြေးသွား သည်။ ထိုနေရာရှိ ပစ္စည်းများထဲမှ သူမအတွက် အသုံးဝင်မည့် ပစ္စည်းရှိမရှိ မွှေနှောက်၍ ရှာသည်။ နောက်ဆုံး၌ ခေါက်လှေကားတစ်ခုကို သူမတွေ့ရှိသည်။ ထိုခေါက်လှေကားကို မနိုင့်တနိုင်နှင့် ဆွဲယူလာသည်။ လှေကားထိပ်သည် သူမ၏ သစ်ပင်ခွကြားနှင့် ထိလုနီးပါး ဖြစ်နေရာ သူမ အလွန် ၀မ်းသာ သွားသည်။
“အခုမစိုးရိမ်နဲ့တော့ ၊ ဒီလှေကားဟာ ယိမ်းထိုးပြီး လဲမကျနိုင်ဘူး" အစ်မကြီးတစ်ယောက်၏ လေသံမျိုးဖြင့် သူမက ပြောလိုက်သည်။
ယာဆူအာကီ-ချန်သည် စိတ်တထင့်ထင့်ဖြင့် ခေါက်လှေကားကို ကြည့်လိုက်သည်။ ထို့နောက် တော့တိုး-ချန်ကို ကြည့်လိုက်ပြန်သည်။ သူမတစ်ကိုယ်လုံးမှာ ချွေးများ ရွှဲရွှဲစိုနေ သည်။ သူ့မှာလည်း ချွေးတွေနှင့် ပင်။ သူသည်သစ်ပင်ကို မော့ကြည့်လိုက်သည်။ထို့နောက် သူသည်စိတ်တင်းပြီး သူ၏ခြေထောက်တစ်ဖက်ကို ပထမ လှေကား ထစ်ပေါ်သို့ တင်လိုက်သည်။
ခေါက်လှေကားထိပ်ပေါ်သို့ ယာဆူအာကီ-ချန်ရောက်သွားအောင်ကြိုးစားခဲ့ရသည့် အချိန် အတိုင်း အတာ့ကို တော့တိုး-ချန်သည်လည်းကောင်း၊ ကာရကံရှင်ဖြစ်သူ ယာဆူအာကီ-ချန် သည်လည်းကောင်း မှတ်သားထားနိုင်ခြင်းမရှိချေ။ နွေရာသီ၏ ပူပြင်း သောနေ ရောင်ခြည်သည် သူတို့အပေါ် ကျရောက် လျက်ရှိသည်။ သို့သော်လည်း သူတို့သည် ယာဆူအာကီ-ချန် ခေါက်လှေကာထိပ်ပေါ်သို့ ရောက်ရှိရေး ကိစ္စမှအပ အခြား မည်သည့်အကြောင်းကိစ္စကိုမျှ မစဉ်းစားနိုင်ချေ။ တော့တိုး-ချန်သည် သူ၏ ခြေထောက် ကို အောက်မှပင့်တင်ပေးရင်း သူမ၏ဦးခေါင်ဖြင့်လည်း သူ၏ခန္ဓာကိုယ်ကို ထိန်းထားပေးသည်။ ယာဆူ အာကီ-ချန် သည် ရှိသမျှခွန်အားကို ဖျစ်ညှစ်အသုံးပြုလေရာ နောက်ဆုံး၌ လှေကား အပေါ်ဆုံးနေရာသို့ ရောက်ရှိ သွားလေတော့သည်။
"ဟူး ရေး"
သို့သော် သူတို့ကြာရှည် ၀မ်းမသာနိုင်တော။ တော့တိုး-ချန်သည် သစ်ပင်ခွကြားပေါ်သို့ ခုန်တက် လိုက်သည်။ ထိုနေရာမှနေပြီး သူ့ကိုဆွဲတင်သည်။ သို့သော်လည်း သူမမည်သို့မျှ ပင် ကြိုးစားစေကာမူ ယာဆူအာကီ-ချန်ကို ခေါက်လှေကားထိပ်ပေါ်မှ သစ်ပင်ပေါ်ရောက်အောင် သူမ မတတ်နိုင်ချေ။ ယာဆူအာကီ-ချန်သည် ခေါက်လှေကားထိပ်ကို ဖက်တွယ် ထားရင်း တော့တိုး-ချန်ကို ကြည့်လိုက်သည်။
သူမငိုချင်စိတ်ပေါက်လာသည်။ သူမသည် ယာဆူအာကီ-ချန်ကို သူမသစ်ပင်ပေါ်သို့ ဖိတ် ခေါ်ပြီ သူ့ကို အမျိုးမျိုး ပြသရန် စိတ်ဆန္ဒ ပြင်းပြလွန်းခဲ့သည်။ သို့ရာတွင် သူမ မငိုချေ။ သူမ ငို လျှင် ယာဆူအာကီ-ချန်ပါ လိုက် ငိုမည်ဖြစ်သည်။
သူမ မငိုရန် စိတ်ထိန်းလိုက်ပြီး သူ၏လက်ကို ကိုင်လိုက်သည်။ ပိုလီယိုရောဂါကြောင့် သူ၏ လက်ချောင်း များမှာ တစ်ချောင်းနှင့်တစ်ချောင်း ပူကပ်လျက်ရှိသည်။ သူမသည် သူ၏လက် ကို အချိန် ကြာကြာ ကိုင်ထားလိုက်သည်။ ထို့နောက်သူမက "လှဲနေနော် ၊နင့်ကို ငါကြိုးစား ပြီးဆွဲတင်မယ်" ဟုပြောလိုက်သည်။
လှေကား ထိပ်ပေါ်ဝယ် မှောက်လျက် အနေအထားရှိနေသော ယာဆူအာကီ-ချန်ကို တော့ တိုး-ချန်က သစ်ပင် ခွကြား ပေါ်၌ မတ်တတ်ရပ်ပြီး ဆွဲတင်နေပုံကိုသာ လူကြီးများမြင် တွေ့ကြလျှင် သူတို့သည် ထိတ်လန့် တကြားနှင့် လှမ်းအော်ကြမည်မှာသေချာသည်။ မြင်ရ သည့် မြင်ကွင်းမှာ အသည်းယား ဖွယ်ရာနှင့် ထိတ်လန့်စရာကောင်းသော မြင်ကွင်း ဖြစ်သည်။
သို့သော်လည်း ယာဆူအာကီ-ချန်သည် တောတိုး-ချန်ကို အပြည်အ၀ယုံကြည်သည်။ တော့တိုး-ချန်သည် သူ့အတွက် အသက်စွန့်ပြီး ဆောင်ရွက်နေသည် မဟုတ်ပါလော။သူမ၏ သေးငယ်သောလက်များဖြင့် သူ၏ လက်များကို ဆုပ်ကိုင်ထားပြီး သူမခွန်အားရှိသရွေ့ ဆွဲတင်နေသည်။ ကြီးမားသောတိမ်တိုက်ကြီးသည် မကြာမကြာဆိုသလိုပင် သူတို့ကို ကရုဏာသက်စွာဖြင့် နေရောင်ခြည်၏ အပူဒဏ်ကို အကာအကွယ် ပေးလျက်ရှိသည်။
နောက်ဆုံး၌ သူတို့နှစ်ယောက်သားသည် သစ်ပင်ပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်မိကြလေ တော့သည်။
တော့တိုး-ချန်သည် စေးထန်းထန်းဖြစ်နေသော သူမ၏ ဆံပင်များကို လက်ဖြင့် နောက်သို့ ဖယ်လိုက်သည်။ ထို့နောက် သူမသည် ယဉ်ကျေးစွာဖြင့် ဦးခေါင်းကို ညွတ်၍ "ငါ့သစ်ပင်ပေါ် ကို အခုလိုလာလည်တာကို ကြိုဆိုပါတယ်" ဟုပြောလိုက်လေသည်။
ယာဆူအာကီ-ချန်သည် သစ်ပင်ကိုမှီလိုက်ပြီး ရှက်ပြုံးပြုံးလိုက်သည်။
" ကျွန်တော်လာလည်နိုင်မလား" ဟု သူမကို ပြောလိုက်သည်။
ယာဆူအာကီ-ချန်သည် သူ မတွေ့ဖူးသေးသော ရှုခင်းများ၊ မြင်ကွင်းများကို မြင်တွေ့နိုင် လေပြီ။
"သစ်ပင်ပေါ်တက်လို့ ရရှိတဲ့အကျိုးကျေးဇူးတွေပေါ့နော်"ဟု သူသည် ပျော်ရွှင်စွာပြော လိုက်သည်။
သူတို့ နှစ်ယောက်သည် သစ်ပင်ပေါ်တွင် အချိန်အတန်ကြာထိုင်ပြီး အကြောင်းအရာမျိုးစုံကို ပြောကြသည်။
"အမေရိကန်ပြည်မှာရှိနေတဲ့ ငါ့အစ်မကပြောတယ်။ သူတို့ဆီမှာ တယ်လီဗီးရှင်းဆိုတာ ရှိတယ်တဲ့။ အဲဒီ ပစ္စည်း က ဂျပန်ပြည်ကို ရောက်လာရင် ငါတို့ဟာအိမ်ထဲမှာ ထိုင်နေရင်းနဲ့ ဆူမိုနပန်းလုံးပွဲကို ကြည့်နိုင် မယ်တဲ့။ အစ်မကပြောသေးတယ် ၊ အဲဒီ တယ်လီဗီးရှင်းဟာ သေတ္တာနဲ့တူတယ်တဲ့"
ယာဆူအာကီ-ချန် က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
တော့တိုး-ချန် သည် ယာဆူအာကီ-ချန်ဆိုလိုသည့် အဓိပ္ပာယ်ကိုကောင်းကောင်း သဘောမ ပေါက်ပေ။ တခြား ကို မသွားရဘဲနဲ့၊ အိမ်ထဲမှာပဲ ထိုင်နေရင်းက အမျိုးမျိုးကို ကြည့်နိုင်တယ် ဆိုတာ ဘာများပါလိမ့်။
ဆူမိုနပန်းသမား များဟာ အိမ်ထဲမှာရှိတဲ့ သေတ္တာလို ပစ္စည်းထဲကို ဘယ်လိုလုပ်ဝင်မလဲဟု သူမ စဉ်းစား နေမိသည်။ ဆူမိုနပန်းသမားတွေဟာ ဧရာမလူကောင်ကြီးတွေပဲဟာ ၊ အံ့သြစရာတော့ အကောင်းသား၊ ထိုအချိန်အခါ က တယ်လီဗီးရှင်းအကြောင်းကို သိပ်မသိကြသေး ပေ။ ၎င်းအကြောင်းအရာနှင့်ပတ်သက်၍ တော့တိုး-ချန် ကို ပထမဆုံးပြောပြသူမှာ ယာဆူအာကီ-ချန်ဖြစ်သည်။
ပုရစ်သံ များသည် ဆူညံလျက်ရှိသည်။ ကလေးငယ် နှစ်ယောက်သည် အလွန် ပျော်နေကြ၏။ ယာဆ အာကီ-ချန်အဖို့ သစ်ပင်ပေါ်တက်ခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ်နှင့် နောက်ဆုံး အကြိမ် ပင်ဖြစ်တော့၏။

သတ္တိရှိမရှိ စမ်းသပ်ခံပွဲ မနက်ဖြန်
1 comment:
မမရေ...
ညီမလေးကတော့ တော့တိုး-ချန်လေးကို ပိုပိုသာချစ်လာတော့တာပဲ
အရမ်းလည်းသဘောကျတယ်
ချစ်ညီမလေး
Post a Comment