Wednesday, January 9, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၃၁)

“ဗိုလ်မှူးကြီး လကျာက မန္တလောမှာ ကြာဦးမှာဗျ။ ဒါပေမယ့် ရောက်တဲ့အတူတူ ဒီမှာပဲနေပေါ့ဗျာ”
ကျွန်တော်သည် ကိုဘနီတို့ လူသိုက်နှင့်အတူ နေထိုင်ရန် ဆုံးဖြတ်လိုက်မိပါသည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ်လက်ျာ၏အိမ်၌ ကျွန်တော်တို့ ဖျာပုံမှရဲဘော်များ နေ့စဉ်လိုလို စုရုံးရောက်ရှိကြသည့်ပြင် တပ်မတော်နှင့် ပတ်သက်သော တိုက်ပွဲသတင်းစုံများကို ကြားသိနေရခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်။
ကို ဆက်ဖတ်ရန် .....

ထို့ပြင် ဗိုလ်လက်ျာ၏အိမ်နှင့် တစ်အိမ်ကျော်တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ နေထိုင်လျက်ရှိရာ ဆရာကြီးနှင့် အတူ ကျွန်တော်၏ ဆရာရင်းဖြစ်သူ သခင်ချစ် (ဆရာချစ်)လည်း နေထိုင်လျက်ရှိသည်ကို အခန့်သင့် စွာ တွေ့ရှိရန်ြသည်။ ကျွန်တော်သည် ဆရာချစ်ထံ နနက်တိုင်းလိုလို အချိန်မှန်မှန် သွားရောက် တွေ့ဆုံ ၍ ဆရာချစ်သည် ကျွန်တော့်အား ခေါ်ယူကာ ရွှေတောင်ကြားလမ်းအတိုင်း လမ်းလျှောက် လျက် ဂျပန်တို့၏ စစ်ဖိနပ်အောက်သို့ သွတ်သွင်းခဲ့ပုံများကို ပုံပြင်သဖွယ် ပြောပြလျက်ရှိပါသည်။
“ဆရာ ... ကျွန်တော် ဘာဆက်လုပ်ရမှာလဲ”
“ကိုမြလှိုင် ... နောင်တော်ကို စောင့်ပြီးမှ ဆုံးဖြတ်ရမှာလေ။ သူကလည်း အကြောင်းရှိလို့ မှာတာနေမှာပေါ့”

ကျွန်တော်တို့ဖျာပုံ မှ ရဲဘော်များ နေ့စဉ်လိုလို စုရုံးရောက်ရှိကြသည့်အပြင် တပ်မတော်နှင့် ပတ်သက် ခြင်းဖြစ်သည်။ ထို့ပြင် ဗိုလ်လက်ျာ၏ အိမ်နှင့် တစ်အိမ်ကျော်တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တို့ နေထိုင်လျက် ရှိရာ ဆရာကြီးနှင့်အတူ ကျွန်တော်၏ ဆရာရင်းဖြစ်သူ သခင်ချစ် (ဆရာချစ်) လည်း နေထိုင်လျက်ရှိသည်ကို အခန့် သင့်စွာ တွေ့ရှိရပြန်သည်။ ကျွန်တော်သည် ဆရာချစ်ထံ နံနက်တိုင်း လိုလို အချိန်ချိန် မှန်မှန် သွားရောက်တွေ့ဆုံ၍ ဆရာချစ်သည် ကျွန်တော်အား ခေါ်ယူကာ ရွှေတောင် ကြားလမ်း အတိုင်း လမ်းလျောက်လျက် ဂျပန်တို့၏ လွတ်လပ်ရေး အတုအယောင်နှင့် မြန်မာနိုင်ငံတစ် ခုလုံး ၎င်းတို့၏ စစ်ဖိနပ်အောက် သို့ သွတ်သွင်းခဲ့ပုံများကို ပုံပြင်သဖွယ် ပြောပြလျက် ရှိပါသည်။
''ဆရာ...ကျွန်တော်ဘာဆက်လုပ်ရမှာလဲ''
''ကိုမြလှိုင် ...နောင်တော်ကို စောင့်ပြီးမှ ဆုံးဖြတ်ရမှာလေ။ သူကလည်း အကြောင်းရှိလို့ မှာတာနေ မှာ ပေါ့''
''ကျွန်တော် ကို ဖျာပုံက ရဲဘော်တွေက ဖျာပုံပြန်လာပြီး ဖက်ဆစ်တော်လှန်ရေး လုပ်ဖို့ ပြောနေကြတယ် ဆရာ''

''ဒီမယ် ကိုမြလှိုင် နယ်ချဲ့တော်လှန်ရေးပဲ ဖြစ်ဖြစ် ဖက်ဆစ်တော်လှန်ရေးပဲ ဖြစ်ဖြစ် ဖျာပုံမှာ လုပ်မှ ရန် ကုန်မှာ လုပ်မှရယ် လို့ မသတ်မှတ်ပါနဲ့ ဗျာ၊ ကျရာနေရာမှာ ကျရာတာဝန်ကို လုပ်ဖို့ပဲ လိုပါတယ်၊ ဟုတ်ဘူးလား''
မှန်ပါသည်။ ဆရာချစ်ပြောသော စကားရပ်သည် ကျွန်တော်အား မိမိဆောင်ရွက်ရမည့် တာဝန်များနှင့် ပတ်သက် ၍ နေရာဒေသ အဆင့် ရွေးရန် မလိုကြောင်းကို ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်ပါသည်။ တကယ် ကလည်း ကျွန်တော် တို့ တစ်တွေအဖို့ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံအား အင်္ဂလိပ် လက်မှ လွတ်မြောက်၍ အချုပ်အခြာအာဏာ ပိုင်စိုးသော လွတ်လပ်ရေးတိုက်ပွဲကို ဆင်နွှဲရာတွင် နယ် ချဲ့စနစ်ကို ဖြစ်စေ၊ ဖက်ဆစ်စနစ် ကို ဖြစ်စေ၊ မည်သည့် ချုပ်ချယ်လွှမ်းမိုး၊ ချယ်လှယ်သည့် စနစ်ကို ဖြစ်စေ မည်သည့် နေရာဒေသတွင် မဆို လုပ်ကိုင်ဝံ့ရဲ ရမည်ပင် ဖြစ်ပါချေသည်။ ကျွန်တော်သည် ဆရာ ချစ်ထံမှ ပြန်လာသောအခါ စိတ်ပေါ့ပါး သွက်လက် လျက် ရှိပါသည်။

အဘယ်ကြောင့် ဆိုသော် ကျွန် တော်၏ စိတ်ထဲ၌ ဗိုလ်လက်ျာနှင့် တွေ့ဆုံ၍ ၎င်းက ကျွန်တော်ကို တပ်ထဲသို့ ဝင်ရောက်ခွင့်ပြုလျှင် တပ် တွင်းသို့ ဝင်ရောက်ခြင်း မပြုစေဘဲ အခြား သင့်တော် မည့် နေရာ တစ်ခုခုတွင် နေရာချထားခဲ့သော် ယင်း နေရာချထားမှုကို ငြင်းပယ်၍ ဖျာပံမြို့သို့ပင် ပြန်၍ ကိုအုန်းမောင် တို့နှင့်အတူ နေထိုင်လျက် လုပ်ကိုင်သွား ရန်ပင် ဖြစ်ပါသည် ယခုမူ ဆရာချစ်သည် ကျွန်တော်အား ပုဂ္ဂုလ်စွဲ များ ဒေသစွဲများ မထားဘဲနိုင်ငံ လွတ်လပ်ရေး အတွက် ကျရာတာဝန်ကို ကျရာနေရာ၌ ထမ်းရွက်ရန် တိုက်တွန်း  လိုက်ခြင်းဖြင့် ဒေသစွဲကြီးသော ကျွန်တော် တစ်ယောက် အလင်းရောင်တန်း ရရှိခဲ့ပါတော့သည်။

''ရော့... မြလှိုင် ...ဖျာပုံကစာ''
ကိုမြမောင် ၏ မျက်နှာက မချိုမချဉ်ဖြင့် သူ့ လက်ဝယ်မှ စာကို ကျွန်တော့်အား ကမ်းလင့်ပါသည်။ ကျွန် တော်က ထူးထူးခြားခြား အငမ်းမရ ဖြစ်သောအခါ ၎င်းက ကျွန်တော်အား ပေးမည့် ဆဲဆဲစာကို မပေးသေးဘဲ စူးစမ်းမှုပြု ပါသည်။
''အဆက်ဆီက စာကွ''
''ခင်ဗျား ဘယ်လိုလုပ်သိလဲ''
''တို့ ဖွင့်ဖတ်ပြီးပြီ ၊ ဟင်း-ဟင်း-အင့်''
ကိုမြမောင် ၏ စကားအဆုံတွင် ကျွန်တော်၏ လက်သီးသည် ၎င်း၏ ဝမ်းဗိုက်ဆီသို့ တစ်ချက်တည်း ရောက် သွားပါတော့ သည်။ အမှတ်မထင် ထိုးလိုက်သော ကျွန်တော့် လက်သီးဒဏ်ကို ခံလိုက်ရသော ကိုမြမောင်သည် ဗိုက်ကိုနှိပ် ၍ ခွေကျသွားသည်။ ကျွန်တော်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် ၍ တစ်ချက်အော်သည်။

''လူများစာကို ခိုးဖတ်တာ ဂျပိုးကျင့် ဂျပိုးကြံဗျ''
ကျွန်တော်အသံ ကို ကြားသောအခါ အစ်ကိုဝမ်းကွဲတော်သူ ကိုမြသန်း သည် အိမ်အတွင်းမှ အပြေးထွက် လာပြီး ကိုမြမောင် ကို ဆွဲထူ လိုက်ပါသည်။ ကိုမြမောင်ကမူ ကျွန်တော်အား စိတ်ဆိုးဟန် မမြဘဲ ပြုံး၍ ရှိ ပါသည်။
''ဟေ့ကောင်-မောင်မောင်၊ မင်းက သောက်ရမ်းကြီးပါပဲကွ... ''
''ဘာသောက်ရမ်း လဲဗျ၊ သူတကာ စာကို ခိုးဖတ်တာ ငုံ့ခံရမလား''
''ဟေ့ကောင်...တို့က စ တာပါကွာ၊ မင်းစာကို ဘယ်သူက ဖတ်ပါ့မလဲ''
''ဟင်...ဟင်း ငါကလဲ ငါပါပဲကွာ။ အနောက်နည်းနည်း လွန်သွားတယ်''

တစ်မြို့တစ်ရွာ တစ်နယ်ထဲသားချင်း ဖြစ်ကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် လွယ်ကူစွာပင် ခွင့် လွှတ်ကြ ပါသည်။ ကျွန်တော်သည် ကိုမြမောင်အား တောင်းပန်ပြီးနောက် မိမိအိပ်ခန်းရှိရာသို့ ပြန်လာခဲ့ ပြီး သန်းသန်းထံ မှ စာကို ဖတ်ကြည့်ပါသည်။ ကျွန်တော် ရန်ကုန်သို့ ထွက်ခွာလာခဲ့သည်ကို အသိပေးခဲ့ ခြင်းကြောင့် အပြစ် တင်သော ရေးသားချက်ကို တွေ့ရှိရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သန်းသန်း၏ ထွက်ခွာ သွားရသည့် အတွက် စိတ်ပူမှု ဖြစ်ရကြောင်း ကျန်းမာရေး ကောင်းမွန်ပြည့်စုမူ မရှိ သေးဘဲ တပ်ထဲ သို့ ပြန်လည် ဝင်ရောက်ခြင်းမပြုသင့်ကြောင်းများ ပါရှိပါသည်။ ကျွန်တော်သည် သန် သန်း၏ စာကို ဖတ်ပြီးသော အခါ စိတ်ပေါ့ပါး သွားပါသည်။
''ဟေ့ ကောင် မြလှိုင်...၊ ဘာစားမြုံ့ပြန်နေတာလဲကွ.... ''

အသံပြုလာသူအား ကြည့်လိုက်မိသည်။ စစ်ဝတ်စုံအပြည့်နှင့် အခန်းဝတွင် ရပ်နေသော ကိုသောင်းအိ ကို တွေ့လိုက်ရသဖြင့် ထ၍ ခုန်မိမလောက် ဝမ်းသာသွားမိပါသည်။ ကိုသောင်အိနှင့် ကျွန်တော်တို့ မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ ဖျာပုံမှ ဗမာ့ကာကွယ်ရေး တပ်မတော်ျထဲသို့ ဝင်ရောက်ရန် ရန်ကုန်သို့ လာခဲ့ကြရာ တွင် လမ်းတစ်လျှေက်လုံး ပျော်ပျော်ပါးပါး ကျွန်တော့်အား စိတ်ဓါတ် အားသွင်း ပေးခဲ့သူလည်း ဖြစ်ပါသည်။ ယခုအခါ သူက တပ်မတော်သား ဘဝဖြင့် စစ်ဝတ်စုံကို ကျကျနန ဝတ်ဆင်နိုင်သော အခြေအနေသို့ ရောက်ရှိလာချိန်၌ ကျွန်တော် တစ်ယောက် အဖို့မူ ''ငါ ဘာကောင် ပါလိမ့်'' ဟု ပြန်လည်စူးစမ်းရမည်ကဲ့သို့ ရေရာသေချာမှု တစ်စုံတစ်ရာ မရှိသော ဘဝတွင် ရပ်တည်နေရ ဆဲပင် ဖြစ်ပါချေသည်။

''ဟာ... ကိုသောင်အိ ဘယ်တုန်က ရောက်လာသလဲဗျ''
''ခု မနက်ပဲ ရောက်တယ်။ ဗိုလ်လေး ဘနီနဲ့တွေ့လို့ မင်း ရန်ကုန်ပြန် ရောက်နေတယ် ဆိုတာနဲ့ ထမင်း စားချိန် ထွက် လာတာ။ ကိုင်း... ထကွာ။ ငါ့ကို လင့်ခ် ဟိုတယ်မှာ ထမင်းလိုက်ကျွေး ခွေးမသားလေး... ''ကောင်းသာပဲ ...၊ ကျွန်တော်လည်း ထမင်းမစားရသေးဘူး... ''
''ဟေ့ ...နှစ်ယောက်ထဲ ကျိတ်စားမလို့ခားကွ။ ငါတို့လည်း လိုက်မယ်''
ကိုမြမောင်က တစ်ဖတ်ခန်းမှ လှမ်း၍ အော်လိုက်ပြီး အဝတ်အစားများကို ဘိုသီဘတ်သီ ဝတ်လျက် ပြေးထွက်လာသည်။ အလားတူပင် ကိုမြသန်းလည်း လှေကားထိပ်မှ အသင့်စောင့်နေ သည်ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့ လေးယောက် ရွှေတောင်ကြား လမ်းတိုင်း လျှောက်လာကြသည်။ ထိုမှ လောင်းဝစ္စလမ်း မှတစ်ဆင့် ဘောင်ဒရီလမ်းသို့ ရောက်သောအခါ စစ်အတွင်း ၏ မြင်ကွင်း အသစ်များကို မြင်ရပါတော့သည်။

စစ်အတွင်း မြင်ကွင်းအသစ် ဟူသည်မှာ စစ်မဖြစဟ်မီကာလက ရန်ကုန်မြို့လယ် ဖြစ်သော တရုတ်တန်းမှသည် ပန်းဆိုးတန်းအတွင်း ရောင်ဝယ်ဖောက်ကားမှုများ အလွန်စည်ကား ရှုပ် ထွေးသည်ကို တွေ့ရပါသည်။ ယခု စစ်ကာလ အတွင်း၌ မူ ရန်ကုန်မြို့ လယ်သည် တစပြင်ကဲ့သို့ ခြေက် သွေ့လျက်ရှိပြီး ထိုဒေသ တွင် နေကြသူများမှာလည်း နေ့တထိတ်၊ ညတထိတ်ထိတ် နေကြရရှာပြီး ရန် ကုန်မြို့၏ ဆင်ခြေဖုံးများတွင် စုဝေး စည်ကားလျက် ရှိနေပါတော့သည်။ သို့ဖြစ်ရာ ကျွန်တော်တို့ လမ်း လျှောက် လာသော ဘောင်ဒရီ လမ်းတစ်လျှောက်၊ လင့်ခ်လမ်းတစ်လျှောက် ရေတာရှည် လမ်းတစ်လျှောက် ဗဟန်း ကန်တော်ကြီး တစ်လျှောက် နေရာအနှံ့ အပြားတို့၌ ဈေးတန်းကြီးများဖြင့် ပြည့်နှက်နေပါသည်။ အများအားဖြင့် စစ်ပစ္စည်း အဟောင်းရောင်း ဆိုင်များ၊ စားသောက်ဆိုင်များကို တွေ့ရပါသည်။ ၎င်းတို့အထဲမှ ကျွန်တော်မှတ်မိ၍ မကြာခဏ ရောက်သောနေရာ မှာ လင့်ခ်ဟိုတယ်နှင့် ဗဟန်း ဒေါ်ကြည်မြိုင် မကြာမီပင် လင်ခ်ဟိုတယ် သို့ ရောက်ရှိလာခဲ့ကြပါသည်။

''မြလှိုင်...မင်းမှာ ပိုက်ဆံများများ ပါရဲ့လား''
''ဘာဖြစ်လို့လဲဗျ... ''
''ထမင်းစားကောင်းရုံ နည်းနည်းလောက် ချလိုက်ချင်တယ်ကွာ''
''ဒီမယ်... ကျုပ် ထမင်းပဲ ကျွေးနိုင်မယ် ကဇော်တော့ မတိုက်ဘူး ဒါပဲ''
''ထပသရီး ...ဘယ်က ကဇော်ရမှာလဲကွ၊ သူငယ်ချင်းရဲ့ ကဇော်ဆိုတာ ဂေါ်ရင်ဂျီကုလားစုပ်တာပဲ၊ ငါပြောတာက ဘရန်ဒီ...ဘရန်ဒီ ..ဟင်..ဟင်း''
''မတိုက်ဘူးဗျာ၊ အရက်သောက်ပြီး ခင်ဗျားက သွေးဆိုးတယ်။ တော်တော်ကြာ အရက်ကလေးလဲ ဝင် ရော  ရန်စကားပြော ဒီတစ်ျခါ ဂျပန်နဲ့ ရန်ဖြစ်ရရင် အကုန်လုံး ဒုက္ခရောက်လိမ့်မယ်''
''မြလှိုင် .. မင်း မတိုက်ရင်နေ ငါ့ပိုက်ဆံနဲ့ ငါသောက်မယ်... ''

ကိုသောင်အိသည် ပြောပြောဆိုဆိုပင် စားပွဲထိုးလုပ်သူအား အရက်လည်း စားသောက် သူများဖြင့် ပြည့်နေသည်ကို တွေ့ရပါသည်။ စားပွဲတိုင်းလိုလို၌ပင် အရက်ဝိုင်းကလေးများ ရှိနေကြသဖြင့် လင်ခ်ဟို တယ်သည် စားသောက်မှုနှင့် အရက်ကို တွဲဖက်ရောင်းချသည့်အတွက် ပိုမို လူစည်ကားခြင်း ဖြစ်ကြောင်း လွယ်ကူစွာ အကဲခတ်နိုင်ပါသည်။ စားပွဲထိုးလူငယ်သည် အရက်ဖန်ခွက်များကို လူစေ့ချ လိုက်ပြီး အရက်ပုလင်း ကိုလည်း ဖွင့်၍ ဖန်ခွက်များအတွင်းသို့ လက်နှစ်လုံးခန့် ထည့်ပေးပါသည်။ ကျွန်တော် အလှည့်တွင်မူ ကျွန်တော်က ဖန်ခွက်ကို လက်ဖြင့် ပိတ်၍ ခေါင်းခါပြလိုက်ပါသည်။
''ဟေ့ကောင်... ပြန်လည်တွေ့ဆုံခြင်း အထိမ်းအမှတ်အနေနဲ့ နည်းနည်း တော့ချကွာ''
''ကျုပ်... အရက်မကြိုက်ဘူး''
''အရက်သောက်ပြီးရင် မင်းကြိုက်တဲ့ဆီ သွားမယ်။ ဟင်း...ဟင်း''
''ကျုပ် ဘာမှမကြိုက်ဘူး ဒါပဲ''
''ဟေ့ကောင်.. မင်းက ဘိန်းစားချင်း တစ်လုံးပိုမရှူနဲ့။ မင်းတို့ထက် ပွေတဲ့ကောင်ျပဲကွ... ''
''ဘာပွေလို့လဲ.. ''
''မြာပွေတယ်ကွာ၊ မင်း ဘာပြောမလဲ ဟွန်း''

ကျွန်တော် အရှိုက်အထိုးခံလိုက်ပြီ ဖြစ်သဖြင့် စကားဆက်မပြောနိုင်ဘဲ ငြိမ်နေလိုက်ရပါတော့သည်။ ထိုထက်ပြော၍လည်းမဖြစ်။ ကိုသောင်အိသည် အရက်ကို ရေသောက်သကဲ့သို့ တဂွတ်ဂွတ် မျိုချလျက် ရှိနေပါသည်။ အရက်ကလေး နှစ်ခွက်မျှ ဝင်သောသူ အနေဖြင့် စကားပြောလည်း သွက်လာသည်။ ထိုအခါ ကျွန်တော့် အား အမျိုးမျိုး ပြောလာပေတော့သည်။ ယခုကပင် ငြိမ်နေလိုက်ခြင်းဖြင့် ကျွန်တော်၏ ငယ်ကျိုး ငယ်နာများမပေါ်နိုင်ဟု ယူဆခြင်းကြောင့် လျှော့ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။
“မြလှိုင် မင်း ငါ့ကို ချစ်ရင် နည်းနည်းတော့ သောက်ကွာ”
ကိုသောင်းအိသည် သူ သောက်လက်စ ဖန်ခွက်ကို ကိုင်၍ ကျွန်တော့်ဘေးသို့ထလာပါသည်။ ကျွန်တော် ကိုသောင်းအိလက်မှ ဖန်ခွက်ကို ယူ၍ တစ်ကြိမ်တည်း မော့ချလိုက်ပါသည်။ လည်ချောင်းအတွင်းသို့ အရက် များသည် ချောမောစွာ ရောက်ရှိခြင်းမဟုတ်ဘဲ၊ အလွန်ပူလောင်၍ အ၀င်ဆိုးလှစွာ ရောက်ရှိသွားခြင်းသာ လျှင်ဖြစ်ပါသည်။ ထို့နောက် နားကြောများ၊ မျက်လုံးများ တင်းလာပါသည်။
“ဒါမှပေါ့ သူငယ်ချင်း၊ ယောက်ျားဆိုတာ အသောက်အစားနဲ့ ဟိုဟာဒီဟာလေး ရှိရတယ်ကါ”

“တော်စမ်းပါ”
“ဟဲ-ဟဲ-ဟဲ မင်းနှစ်ခါလောက် သောက်ပြီးရင် အရက်လည်း ကြိုက်သွားမယ်၊ ကျန်တတွေလည်း ကြိုက်သွား မယ်၊ အေး ... တစ်ခုတော့ ရှိတယ် အရက်သမားကို မယားက မချစ်ဘူးကွ”
“ဘာဖြစ်လို့လဲ”
“ဟ-အရက်က မိန်းမထက် မက်စရာဆိုတော့ အရက်သမားက မန်းကိုပတ်ချွဲနှပ်ချွဲ မလုပ်ဘဲ အရက်ကိုပဲ ပတ်ချွဲနှပ်ချွဲလုပ်တာကိုး။ ဟင်း-ဟင်း ခုနေသောင်းအိ။ မင်းအရက်နဲ့ မိန်းမဘယ်ဟာ ယူမလဲ မေးကြည့်ပါလား”
“အရက်ယူမှာပေါ့ ဟုတ်လား”
“ဟီးဟီး နှစ်ခုစလုံး ယူမှာပါကွာ။ ဟင်းဟင်း”

ထိုနေ့က ကျွန်တော်တို့ အပျော်လွန်ခဲ့ကြသဖြင့် လင့်ခ် ဟိုတယ်မှာပင် တစ်နေ့တာ အချိန် ကုန်လွန်ခဲ့ကြပါ သည်။ ကျွန်တော်တို့ လူသိုက်အား လင့်ခ်ဟိုတယ်မှပင် မြင်းလှည်းတစ်စီးငှား၍ ဗိုလ်လက်ျာအိမ်သို့ ပို့ပေး ခဲ့လေသည်။ ဗိုလ်လက်ျာအိမ်ရှေ့ သို့ မြင်းလှည်းဆိုက်သောအခါ နေ၀င်လျက် ရှိနေပါပြီ။ ကင်းမှ ရဲဘော်များက ကျွန်တော်တို့ လူသိုက် သည် ဂျပန်များနှင့် ရန်ဖြစ်ပြီး ဒဏ်ရာအသီးသီး ရလာခဲ့ကြသည်ဟု ထင်မှတ်လျက် ထိတ်ထိတ် ပျာပျာဖြစ်ခဲ့ကြပါသည်။ သို့သော် ယင်းအသောက်လန် အပျော်လွန်သောကိစ္စကို ဗိုလ်လက်ျာမသိစေရန် အားလုံး ကပင် ဖုံးဖိထားလိုက်ကြပါသည်။
ဗိုလ်လက်ျာ မန္တလေးက ပြန်ရောက်လာသော်လည်း တပ်မတော်နှင့် ပတ်သက်သော ကိစ္စများနှင့် အစည်း အဝေးများ ဆက်တိုက်လုပ်ကိုင်နေရသဖြင့် ကျွန်တော်ကိုပင် လှည့်မကြည့်နိုင်ပေ။

ဆက်ရန်
.

No comments: