Sunday, January 20, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄ဝ)

"ဒီလိုဆို ကျိန်းကျေသွားပြီပေါ့"
"မကျေပါဘူးဗျာ အဲဒီကြက်၊ ကျုပ်ပဲ အပေါင်းအသင်းတွေနဲ့ ခိုးချက်စားပစ်လိုက်တယ် ဟီးဟီး"
"မြလှိုင်ဆိုတဲ့ ကောင်ကတော့ စံတင်လောက်ပါပေ့ကွာ။ လာဒေါ်ကြူကြီးဆီ သွားစို့"
မမလေးကိုဗျာ ဒီမောင်ခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်.. သီချင်းတစ်ပုဒ်လုံး ဤမျှလောက်သာ ဆို တတ်သည်။ ကျွန်တော် တစ်ယောက် မိန်မခိုးရေးစီမံကိန်းကြီး ဆွဲ၍ ချောမောပြေပြစ် စွာ ဆောင်ရွက်ပြီးသော အခါ စိတ်လက် ရွင်လန်းစွာဖြင့် အိမ်သို့ ပြန်ခဲ့သည်။ သို့သော် အိမ်သို့ ပြန်ရောက်သော အခါ မိခင်ကြီး၏ မျက် နှာသည် ရွာတော့မည့် မိုးပမာ အုံ့ဆိုင်းလျက် ရှိပါသည်။ မိခင်ကြီး မျက်နှာကို မြင်ရသောအခါ အကြောင်း တစ်ခုခု ဆိုက်နေပြီဟု ပင် ကျွန်တော် နားလည် လိုက်မိပါသည်။ မှန်ပါသည်။ မိခင်ကြီးသာမက အိမ်သူ အိမ်သား အားလုံး၏ မျက်နှာများ သည် ကျွန်တော့်အား မလိုတမာ အကြည့်များဖြင့်ြုကည့်လျက် ရှိကုန် သည်။ သို့ဖြစ်၍ ကျွန်တာ် ၏ မြူးတူး တက်ကြွသော  စိတ်အရှိန်ကို လျှော့၍ အိမ်နောက်ဖေးသို့ ဝင်လိုက်မိ သည်။
ကို ဆက်ဖတ်ရန် ...

"မမတင် ထမင်းစားတော့မယ်"
"မအားသေးဘူး"
ကျွန်တော့်အား အသံပြတ်ဖြင့် ပြောလိုက်သော အစ်မကြီး၏ အသံမဆုံးခင် ကျွန်တော် အိမ်ရှေ့ သို့ ပြန်ထွက် လာခဲ့မိပါသည်။ မူလက ကျွန်တော်မိန်းမခိုးရေး အစီအစဉ်များတွင် လူကြီးများထံတွင် လွယ်လွယ် ကူကူ ပိုက်ဆံတောင်း ၍ မရသော်ငြားလည်း အစ်မနှစ်ဦးထံသို့ မျက်ရည်ခံထိုး၍ ပိုက်ဆံတောင်းလျှင် ရနိုင် မည်ဟု ယုံကြည် ထားခဲ့ပါသည်။ ထို့နောက် လက်တလော သုံးရန်ထားသော ငွေများထားသည့်ထံမှ အလစ် သုတ်မည် ဟု မျှော်လင့်ချက်လည်း ရှိခဲ့သည်။ ယခုမူ အစ်မများ၏ အသံက မာလွန်းနေသည်။ ဧကန်မုချ တစ်ခုခုဖြစ်မည်ဟု ကျွန်တော် နားလည်ခဲ့ပါသည်။ သို့သော် ကျွန်တော် လျှို့ဝက်ကြံစည်သော မိန်းမခိုးရေး ကိစ္စနှင့် ကျုံးဝင် ပတ်သက် လိမ့်မည် ဟုကား မထင်မိပါချေ။

"ငမောင် လာဦး"
"မေမေ"
"ဒီမယ်၊ နင်မိန်းမ ခိုးမလို့ဆို"
"မ... ဟုတ်ပါဘူး မေမေ"
"ဘာ မဟုတ်ပါဘူးလဲ အမေမသိန်တင် အခုပဲ လာပြောသွားတယ် နင်ကိုယ်နင် ဟုတ်လှပြီဆိုပြီး လုပ်တာ။ ဘာလဲ လုံလှပြီပေါ့လေ ဟုတ်လား"
ကျွန်တော် တစ်ယောက် ခိုးထုပ်ခိုးထည်ဖြင့် မိပါလေပြီ မလူးသာ မလွန့်သာ မလှုပ်သာဘဲ ကြက်ကြီးကို လည်လိမ် ထားသည့်နှယ် ရှိပါတော့သည် ကျွန်တော် မမအေးတို့ အိမ်သွားရောက် တိုင်ပင်စဉ်က ကျွန်တော် ပြောသော စကားကို ခရေစေ့တွင်းကျ နားထောင်ထားသော မမအေ၏ မိခင်ကြီးသည် ယခု မိခင်ကြီး အား သတင်းပို့လိုက်လေပြီတကား။
"နင်က မိန်းမယူရအောင် နင့်မှာ ဘာအလုပ်များ မည်မည်ရရရှိတုန်း"
"နင်မိန်းမ ယူပြီးရင် တို့အိမ်ရိပ်နင်း ဖို့ လက်ဖြန့်တောင်းဖို့ စိတ်ကူးထားသလား"

ရန်သူ့လေယာဉ် စစ်သေနတ်သံကဲ့သို့ အဒေါ်၊ အစ်မ ပါးစမ်မှ ပစ်လွှတ်လိုက်သော ကျည်ဆန်သည် တဖွဲဖွဲ ကျရောက်နေ ပါသည်။ ကျွန်တော်သည် သူတို့ပြောသမျှ ငုံ့ခံနေရန်မှတစ်ပါး အခြားမရှိပြီ။ သို့ကြောင့် ကျွန်တော် ဆိတ်ဆိတ်နေ လိုက်သညါ။ ထိုထက် သန်းသန်းအား နောက်တစ်နေ့ နံနက်တွင် ခိုးယူရန် ချိန်း ပြီး ဖြစ်နေခြင်း များက ကျွန်တော့ရင်ကို ဗလောင်ဆူစေသည်။ မည်သို့ပင်ဆိုစေ ကျွန်တော် သန်းသန်းကို မည်သည့်နည်ဖြင့်မဆို ခိုးယူရပေမည်။

ထိုနေ့က ကျွန်တော်အရိပ်အခြည်ကို စောင့်ကြည့်နေသော အိမ်သားများသည် တိုက်ရှေ့တံခါးကို ပတ်၍ အလှည့်ကျ ကင်းစောင့်နေကြပါသည်။ ညနေဘက်သို့ ရောက်သောအခါ ကိုအုန်းအောင်တစ်ယောက် ကျွန်တော့် တစ်နေ့ လုံး ပျောက်ချက်သား ကောင်းလှသဖြင့် အခြေအနေသိရန် ပေါက်လာပါသည်။ ကိုအုန်းမောင် ကို မြင်သောအခါ ကျွန်တော့အတွက် ကြံဖန်ထွက်ပေါက်တစ်ခု ရရှိနိုင်ကြောင်း စဉ်းစားမိပါ သည်။ ကျွန်တော့ အစ်မ များသည်ကိုအုန်းမောင်နှင့် ကျောင်းနေဘက်များလည်း ဖြစ်သည်တစ်ကြောင်း၊ ကိုအုန်းမောင်၏ ရိုးသားမှု စိတ်ထားကောင်းမွန်မှု များကြောင့် ကျွန်တော်နှင့် စကားပြောဆိုခြင်းများကို ကြည် ကြည်ဖြူဖြူ ခွင့်ပြုကြပါသည်။ ဤသည်ကပင် ကျွန်တော့်အတွက် အခွင့်အရေး တစ်ရပ် ဖြစ်ခဲ့ပါသည်။

"ဟေ့ကောင် ဘယ်မှမထွက်ဘူးလား ငါကတော့ တစောင့်စောင့်နဲ့ မင်းလုပ်လိုက်ရင် ဒါမျိုးကြီးပဲ"
"ဟေ့လူ... ဘာမှမသိဘဲနဲ့ ဇွတ်ပြီးဟောက်နေတာပဲ..."
"ဘာသိရမှာလဲ .. မင်းပိုက်ဆံအလစ်သုတ်ဖို့ အိမ်တွင်းအောင်းနေတာ မဟုတ်လား...."
"ခွီး....  ဘယ်ဟုတ်မလဲ သန်းကို ခိုးမယ့်ကိစ္စ သိသွားပြီ။ ဟင်း..ဟင်း..."
"ဟိုက်... သောက်ဂွတော့ ဖြစ်ကုန်ပြီပေါ့"
"အေးလေ.. ချိန်းလည်း ချိန်းပြီးပြီ၊ ဒီတစ်ခါ မင်းမခိုးရင် သန်းသန်း ကျွန်တော့်ကို ဘယ်တော့မှ ယုံတော့မှာ မဟုတ်ဘူးဗျ"
"ငါ ပြန်မယ်"
"အင်း... ဒါနဲ့ ပိုက်ဆံရှာထားဦး၊ ကျုပ်မှာ ဒေါ်လာအစိတ်ပဲရှိတယ်"

"ခွေးမသား... လုပ်လိုက်ရင် ဒါမျိုးချည်းပဲ"
"ညကို ဖြစ်အောင် ထွက်ခဲ့မယ်"
"ကိုဝက်ကြီးအိမ်မှာ ငါစောင့်နေမယ် ဒါပဲ...."
ကိုအုန်းမောင်သည် ကျွန်တော်နှင့် စကားပြောပြီးနောက် မိခင်ကြီးအား ဝင်နှုတ်ဆက်ပါသည်။ မိခင်ကြီးကမူ ကျွန်တော်တစ်ယောက် မိဘအစီအမံကို မခံလိုဘဲ မိမိသဘောဖြင့် မိန်းမယူရန် ကြံစည်ပုံများ၊ မိန်းမယူရန် ငယ်သောကြောင့်၊ ယခု မော်လမြိုင်က ပြန်လာပြီး အိမ်တွင် အေးချမ်းစွာ နေထိုင်ခြင်းမပြုပဲ ရန်ကုန်သို့ပြန်၍ တပ်မတော် အတွင်း ပြန်ဝင်ရန် စီစဉ်နေကြောင်းများကို မဆုံးနိုင်အောင် ညည်းညူနေပါသည်။ ကျွန်တော်က မူ အသက် ၂၀ ကျော်ခဲ့ပြီဖြစ်၍ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ကိုသာ သတ်သတ်မှတ်မှတ် အကောင်အထည် ဖော်ရန် သန္နိဋ္ဌာန် ကိုချပြီး ဖြစ်ပါသည်။ အမှန်က သန်းသန်းကို လောလောဆယ်ခိုးယူရန် မူလက ရည်ရွယ် ချက် မရှိခဲ့သော် လည်း သန်းသန်း၏ မိဘများသည် ကျွန်တော်ဖျာပုံ ပြန်ရောက်သည်ကို မြင်တွေ့ပြီး နောက် သူတို့သမီး အား ကျွန်တော်နှင့် မတွေ့နိုင်ရန် ပိတ်ပင်ခြင်းကို မခံချင်သောကြောင့်သာ ယင်းကဲ့သို့ ခိုးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ မူလရည်ရွယ်ချက်မှာ မော်လမြိုင်အပြန် မိခင်နှင့် မောင်နှမ များကို တွေ့ဆုံ၍ သန်းသန်းကို နှုတ်ဆက်ပြီး တပ်မတော် အတွင်း သို့ ပြန်လည်ဝင်ရောက်ရန်ပင် ဖြစ်ပါသည်။

အချိန်မှာကား ကုန်ခဲ့ဘိခြင်း။
တစ်နေ့တာ အချိန်များကို အိပ်ရာပေါ်တွင် လူးလွန့်ရင်း ကုန်လွန်ခဲ့ပါသည်။ ထို့ပြင် လူလစ်သော အခွင့် အရေးကလေး များရတိုင်း အိပ်ရှေ့လသာဆောင်မှတစ်ဆင့် တမာပင်ပေါ်သို့ ဆင်းနိုင်မည့် နည်းလမ်းများကို ရှာကြည့် ထားပါသည်။ ကျွန်တော်၏ အစီအစဉ်မှာ သန်းခေါင်ကျော်လာသောအခါ ကျွန်တော်အိပ်စက်သော အိမ်ရှေ့ခန်း မှ လသာဆောင်သို့ သွားသော တံခါးကို ဖွင့်ကာထိုမှတစ်ဆင့် တမာပင်ပေါ်သို့ ခုန်ချပြီး ချိန်း ဆို သော ကိုဝက်ကြီးအိမ်သို့ အရောက်သွားရန်ပင် ဖြစ်ပါသည်။

အကြံသမား ကျွန်တော်သည် မခုတ်တတ်သော ကြောင်တစ်ကောင်ကဲ့သို့ တစ်နေ့တာ အချိန်ကို ငြိမ်သက် စွာ နေ လိုက်သည်။ အိမအောက်တွင် ထမင်းစား၊ လက်ဖက်ရည်သောက် တပိုတပါးသွားသည့်ကိစ္စမှလွဲ၍ မဆင်းပဲ နေပြလိုက်သည်။ ကျွန်တော်သည် သံစုံတီးသော နာရီသံကို နားစွင့်လျက် ရှိသည်။ နာရီသံသည် တစ်နာရီ ပြီး တစ်နာရီ ဖြတ်သန်းလာခဲ့သည်။ ထို့နောက် တစ်ဆယ့်တစ်နာရီသံ ကြားလိုက်ရသည်။ ကျွန်တော့ ရင်များ တဒိတ်ဒိတ် တုန်ယင်စပြုပါသည်။ ကျွန်တော်၏ အစီအစဉ်သည် ၁၂ နာရီ ထိုးသောအခါ..

၁၁ နာရီနှင့် ၁၂ နာရီကြားအချိန်များသည် ကြာညောင်းလွန်းလှပါသည်။ သို့ဖြစ်၍ ကျွန်တော် 12 နာရီ ထိ စောင့်ဆိုင်းခြင်း မပြုတော့ဘဲ ချွတ်နင်း၍ လသာဆောင်တံခါးသို့ တရွေ့ရွေ့ လာခဲ့သည်။
တစ်လှမ်း... နှစ်လှမ်း... ဆယ်လှမ်းမျှအတွင်း လသာဆောင်တံခါးဆီသို့ ကျွန်တော်ရောက်ခဲ့သည်။ ကျွန်တော့်ရင် များ တလှပ်လှပ် တုန်နေသဖြင့် ခေတ္တရပ်လိုက်မိပါသည်။ ထိုအခိုက် ကျွန်တော့နောက်ပါးမှ အသက်ရှူသံကို ကြားလိုက်မိသဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ ကျွန်တော်၏ အစ်ကိုဖြစ်သူ ဒေါက်တာလှရွှေသည် ကျွန်တော့် အား ပြုံး၍ ကြည့်နေသည်ကို အံ့သြထိတ်လန့်စွာ တွေ့လိုက်ရသည်။ သို့ သော် ကိုလှရွှေသည် သူ၏ နှုတ်ခမ်းပေါ် သို့ လက်ညိုးဖြင့် ပိတ်၍ တိတ်တိတ်နေရန် အချက်ပြပြီး သူကိုယ် တိုင်ပင် လသာဆောင် တံခါးကို ဖွင့်ပေးလိုက်ပါသည်။ ထို့နောက် ကျွန်တော် တမာပင်ပေါ်သို့ ကူး၍ ခုန်ချ ပျောက်ကွယ်သွား သည်အထိ စောင့်ကြည့်နေသည်ကို တွေ့လိုက်ရပါတော့သည်။

"ကိုဝက်ကြီး... ကိုဝက်ကြီး"
"ဟိတ်.. ဘယ်က ထဘီရုပ်တဲ့ ဘိန်းစားလဲကွ သူများအိပ်ကောင်းတုန်း လာနှောက်ယှက်ရတာလဲ"
"ဟေ့လူ.. ကျုပ်ပါဗျ"
"ဘယ်ကကျုပ်လဲ ကျုပ်ဆိုတာ ဘိန်းခန်းမှာပဲရှိတယ် ဟား... ဟာ... ကိုင်း မှတ်ပလား။ မင်းလာနေတာ ငါမြင်သား ပဲ ဒီနားရောက်မှ ငါအိပ်ချင်ဟန်ဆောင်နေတာ ဒါနဲ့ မိန်းမရတော့မယ် ဟုတ်လား"
"နောက်မနေစမ်းပါနဲ့ ကိုဝက်ကြီးရာ ဒါနဲ့ ကိုအုန်းမောင်ကြီးရောဗျ"
"မိန်းမယူတာ သိပ်ကောင်းတယ်နော် မယုံရင် ခွေးမ မေးကြည့် ဟီး.. ဟီး..."
"ဟေ့လူ.. ကိုအုန်းမောင်ရောဗျ"
"ကမ်းနာက ဦးရှမ်းဖြူဆိုင်မှာ မင်းလာရင် အသင့်သောက်ဖို့ လက်ဖက်ရည် သွားဝယ်တယ်"

ကိုဝက်ကြီး စကကားမဆုံးမီပင် ကိုအုန်းမောင်သည် နို့ဆီနှစ်ခွက်ဖြင့် လက်ဖက်ရည် ဝယ်လာသည် ကို တွေ့ရပါသည်။ ကျွန်တော်တို့ သုံးယောက် စကားဝိုင်းဖွဲ့၍ လက်ဖက်ရည်သောက်ရင်း သန်းသန်းနှင့် ချိန်း ထားသော အချိန်ကို စောင့်ဆိုင်းလျက် ရှိပါသည်။ ကိုဝက်ကြီး ကိုအုန်းမောင်တို့ နှစ်ယောက်မှာမူ ကျွန်တော် ၏ ကိစ္စကို ကူညီရခြင်းအတွက် စိတ်ပျော်ရွှင်လျက် ရှိကြသော်လည်း ကျွန်တော့်လက်ဝယ်တွင် လောလော ဆယ် ငွေကြေးမရှိခြင်း၊ သန်းသန်းနှင့် ချိန်းချက်မှု၊ အောင်မြင်မှု ရှိပါမည်လောဟု ပူပင်ရခြင်း များကြောင့် ဇောချွေး များ စို့လျက် ရှိသော စကားကောင်းစွာ မပြောနိုင်ဘဲ ရှိနေပါသည်။
"ဒီမယ်... မြလှိုင်လေး ဘာငိုင်နေတာလဲ"
"ပိုက်ဆံမရှိဘူးဗျ"

"ခွေးမသား... စောစောက ကျွန်တော်ပြောတော့ သူ့ဟာသူ ဖြစ်လာမယ်တဲ့ ခုတော့ ထိုင်မှိုင်နေတယ် ဟင်း.. ဟင်း ဒီကောင့် ကို ဖနောင့်နဲ့ ထပေါက်စမ်းဗျာ"
"မလုပ်ပါနဲ့ အုန်းမောင် ရယ်... မိန်းမရတဲ့ အရသာလေး မခံစားလိုက်ရဘဲ နတ်ရွာစံသွားပါဦးမယ် ဒီမယ် မြလှိုင် မပူနဲ့ သန်းသန်း မှာ ထဘီတွေအများကြီးပါလာမှာကွ"
"ဘာဆိုင်လို့တုန်းဗျ"
"ဟ... တော်တော်တုံးတဲ့ကောင်ပဲ ဂျပန်ခေတ် မိန်းမထဘီတွေ ဈေးကောင်းတယ်နော်။ ဒီမယ် မင်း... မရောင်းချင် ရင် ငါရောင်းပေးမယ် ဟား... ဟား.."
ရွာလယ်ကျောင်း မှ အရုဏ်တက် အုန်းမောင်းခေါက်သံ ကြားရပါသည်။ ကျွန်တော်တို့သုံးယောက် ထိုင်နေ ရာမှ ထလိုက်ကြ သည်။ ကိုဝက်ကြီးသည် လုံချည်ဟောင်းတစ်ထည်ကို ကိုယ်ပေါ်မှ ရစ်သိုင်းလိုက်ပြီး ကျွန် တော် တို့ကို မေးတစ်ချက်ထိုး၍ အချက်ပြလိုက်သည်။ ကိုအုန်းမောင်ကမူ ပျင်းရိစွာ ကျောဆန့်လိုက်ပြီး ကျွန်တော့်လက် ကို ဆုပ်ကိုင်၍ စိမ်းစမ်းကြည့်နေပါသည်။
"ကိုဝက်ကြီး ... တံခါးပိတ်ဦးဗျ"

"ဘာတံခါးလဲကွ..."
"အိမ်တံခါးပေါ့ဗျ..."
"ဟွတ်ဟွတ်.. ခွေးမသားတွေ နောက်စရာမရှိ နောက်နေတယ် ငါ့အိမ်မှာ ရှေ့တံခါး နောက်တံခါး မရှိဘူးကွ ဒါကြောင့် ငါ့မိန်းမ ခွေးမ ကို မိုးမလင်းခင် အိပ်ရာထ ထခိုင်းရတယ် ဟင်း.. ဟင်း.."
"ဘာဖြစ်လို့လဲ"
"ထဘီ လည်ပင်းစွပ်နေတာ လူတွေ တွေ့မှာစိုးလို့လေ..ဟား.........ဟား....ဟား"
"ခင်ဗျား တော်တော် မဟုတ်မဟတ်ပြောတဲ့ လူပဲ ဟီး ဟီး"
"လာ.. သွားစို့ တော်ကြာ မင်းအဆက် မိလ္လာသိမ်းတဲ့ ကုလားနဲ့ မှားပြီး ပါသွားဦးမယ်"

နံနက်  အရုဏ်ဦး၏ လေပြည်သည် အေးမြစွာ တိုက်ခိုက်လျက် ရှိသည်။ ကျွန်တော့်ရင်ထဲတွင် ခံစားမှုကြောင့် တင်းကျပ်နေပါ သည်။ ချစ်သူနှင့်ပတ်သတ်သော လေထဲ၌ တည်ဆောက်ခဲ့သည့် တိုက်အိမ်ကြီးသည် ယခုလက်တွေ့ တွင် အလိုလိုပြိုပျက်သွားခြင်းကြောင့် ပို၍စိတ်ဆင်းရဲခြင်း ဖြစ်မိသည်။ ကျွန်တော်မူလ ဖျာပုံသို့ပြန် လာခဲ့သော ရည်ရွယ်ချက်မှာ သန်းသန်းအား ယခုကဲ့သို့ ခိုးယူရန်မဟုတ်ဘဲ ဗမာ့ကာကွယ်ရေး တပ်မတော် သို့ ပြန်လည်ဝင်ရောက်မည်ဟု ပြောကြားနှုတ်ဆက် ရန်ပင်ဖြစ်ပါသည်။ သို့သော် အခြေအနေက မပေးလာသောအခါ ပေါက်သည့်နဖူး မထူးဟု ဆုံးဖြတ်လျက် သန်းသန်းအား ခိုးယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဟေ့ မြလှိုင် မင်းဒီနားမှာ နေခဲ့ဦး။ တို့နှစ်ယောက် အခြေအနေ သွားကြည့်လိုက်ဦးမယ် ကိုအုန်းမောင်သည် ကျွန်တော့် အား ဦးဘိုဆောင် ဘိလိယက်ခုံရှေ့တွင် ခေတ္တနေစေခဲ့ပြီး ကိုဝက်ကြီးနှင့်အတူ အခြေအနေ အကဲခတ်ရန် သော့သော့ပင်ထွက်ခွာသွားပါသည်။ ကျွန်တော်သည် ဦးဘိုဆောင်၏ အိမ်ဖိနပ်ချွတ်သို့ တက်လိုက် ပြီး ထင်းရှုးသေတ္တာ လွတ်ပေါ်တွင် ထိုင်ကာ ကိုအုန်းမောင်တို့ ထွက်ခွာသွားရာဆီသို့ မျှော်ကြည့်ရင်း ရင်များ တဒိတ်ဒိတ်ခုန်မိပါသည်။ ကျွန်တော့်စိတ်ထဲတွင် ယခုကိစ္စ ချောမောပြေပြစ်စွာ အောင်မြင်ပါစေဟုလည်း ဆုတောင်း မိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တစ်ယောက် အိမ်သို့ပြန်ရန် မဖြစ်နိုင်သော အခြေအနေသို့ ရောက်ရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ထိုအခိုက် ကိုဝက်ကြီး၏ အသံဝါကြီးဖြင့် ဟစ်လိုက်သော သီချင်းသံသည်။ မိုးခြိမ်းသည့်နှယ် ထွက်ပေါ်လာ သည်ကို ကြားလိုက်မိသည်။ ကိုအုန်းမောင်သည် မူလကပင် အလွန်အေးဆေး တည်ငြိမ်သူ တစ်ယောက် ဖြစ်ခြင်းကြောင့် ၎င်း၏အသံကိုကား ကြားရမည်မဟုတ်ပေ။ ကိုဝက်ကြီး၏အသံမှာ တဖြည်းဖြည်း ကျွန်တော် ရှိရာသို့ နီးလာပါသည်။ ထိုအခါ ကျွန်တော့်ရင်များသည် ပို၍ခုန်လာပါသည်။ သို့ဖြစ်၍ ကိုဝက်ကြီး သည် လျှောက်လာရာဆီသို့ ကျွန်တော်ထွက်လာခဲ့ပါသည်။ ကိုဝက်ကြီးသည် ကျွန်တော့်ကို မြင်သောအခါ ကျွန်တော့်လက် ကို အားရပါးရ ဆုပ်ကိုင်ရင်း စကားဆိုသည်။
မြလှိုင်ကြီး မိန်းမရတော့မယ်နော ဟီး...ဟီး ဒါတွေထားစမ်းပါ အခြေအနေဘယ်လိုလဲ ကိုအုန်းမောင်ကြီးရော

ဆက်ရန်
.

No comments: