ဆလိုကမ်
ဝါရှင်တန်
(သုံးရက်မြောက်နေ့)
လောလောဆယ် ဘာမှလုပ်စရာ မရှိတာနဲ့ ဖြစ်ကြောင်း ကုန်စင်ကို ကျုပ်ပြန်တွေးတယ်၊ အခန်းက ဆယ်ထပ် မှာဆိုတော့ သဲသဲမဲမဲ ရွာနေတဲ့မိုးကို ငေးကြည့်နေရုံပဲပေါ့၊ နှစ်ရက်ရှိပြီ ငုတ်တုတ်ထိုင်ပြီး တီဗွီပဲ ကြည့်နေရတာ။ အလကား အရည်မရ အဖတ်မရ ဇာတ်လမ်းတွေ၊ စတူဒီယိုတွေဆီ ပြေးသွားပြီး ထုတ်လုပ်သူတွေကို ကိုင်ပေါက်ပစ် ချင်တယ်။
ငြီးငွေ့စရာကောင်းလှတဲ့ အချိန်ပိုတွေကို သမ္မတနဲ့ တွေ့ခဲ့တဲ့နေ့က အတွေ့အကြုံနဲ့ ချေဖျက်ရ တယ်။ ကယ်ဆယ်ရေး စီမံချက် ချာတူးလန်ပုံ ကို ကျွန်တော် အကျဉ်းချုံး ပြောပြလိုက်တော့ သမ္မတ ဟာ အသက်မရှူဘဲ နားထောင်နေ တယ်။ တစ်မိနစ်ထက်တစ်မိနစ် ပိုပြီးစိတ်ဝင်စားနေဟန် ပြလာတယ်။
သူတို့ ဆွဲထားတဲ့ စစ်ဆင်ရေးကြီးက ရှုပ်ထွေးလွန်းတယ်။ အဆင့်များလွန်းတယ်။ စီမံချက်ထဲမှာ ပူးတွဲ တိုက်ခိုက် ရမယ့် အဆင့်ကြီးငါးဆင့်ပါတယ်။ လျှပ်တစ်ပြက်မြေပြင်စစ်ဆင်ရေး အထူး မုန်တိုင်း တပ်ဖွဲ့တွေ မြို့ရဲ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ကို တစ်ပြိုင်တည်း ဗုံးကြဲဖို့ လေယာဉ် တစ်စု၊ စန်ကာလိုစစ်တပ်ကို ချေမှုန်းဖို့ တစ်ပြိုင်တည်း ဗုံးကြဲလေယာဉ် အုပ်စု နောက်ဆုံး မှ သံရုံးဝင်း အတွင်း ချိန်ကိုက်ဆင်းဖို့ရဟတ်ယာဉ်အုပ်စု။
တစ်ပြိုင်တည်း တွင် လေတပ်နှင့် ရေတပ်က ကမ်းခြေတစ်လျှောက်တွင် အသင့်ရောက်နေရမည်။ သူတို့ဘက်ကို ဘယ်စစ်ကူ မှ အနားမသီနိုင်စေရ။
ကျွန်တော် က "တစ်ပြိုင်တည်း" ဆိုတဲ့ စာလုံးတွေကို မျဉ်းသားလိုက်တယ်။ တစ်ပြိုင်တည်း တစ်ချိန်တည်းဆိုတဲ့ စကားလုံးတွေ ဟာ စစ်ဆင်ရေးမှာ သိပ်တာစားတဲ့ စကားလုံးနှစ်လုံး။
တစ်ခုခုမှား လို့၊ ဒါမှမဟုတ် ကံမကောင်း အကြောင်းမလှလို့ တစ်ပြိုင်တည်း တစ်ချိန်တည်း ဖြစ်မလာရင်ကော။
သူတို့တွက်ကိန်းထဲ မှာ သံရုံးဝင်းထဲက တော်လှန်ရေး လူငယ်တို့ စက္ကန့်ခြောက်ဆယ်ထက် ပိုပြီး ပြင်ဆင်ချိန် မရ လို့ ပါတယ်။ တကယ်လို့ စစ်ကြောင်းငါးခုအနက် တစ်ခုခုက အချိန်မကိုက်ရင်၊ ဒါမှမဟုတ် အမှားအယွင်းရှိလို့ မိနစ်များ စွာ ကြာသွားရင် ဘယ့်နှယ်လုပ်မလဲ။
ဒါကြောင့် ကျွန်တော်က သည်စက္ကန့်ခြောက်ဆယ်ဆိုတဲ့ သောက်အဓိပ္ပာယ်မရှိ ခန့်မှန်းချိန်ကို အနည်း ဆုံး လေးနဲ့မြှောက်ရမယ်လို့ ပြောလိုက်တယ်။ ကျွန်တော့်စကား အသုံးအနှုန်း ရိုင်းသွားလို့ ထင်ပါရဲ့၊ ကွမ်လိုစီ က ချောင်းဆိုးတယ်။ သမ္မတက ဘာမှမသိသလိုနေပြီး နောက်ဆုံးမှ မှတ်ချက် ပေးတယ်။
"ဒု-စစ်ဦးစီးချုပ်တွေကတော့ မဟာစစ်ဆင်ရေးကြီးလို့ အလေးအနက် ပြောနေကြတယ်"
ကျွန်တော် သက်ပြင်းချပြီး ...
"မဟုတ်ပါဘူး ခင်ဗျား၊ မဟာစစ်ဆင်ရေးဆိုတာ ဒုတိယ ကမ္ဘာစစ် စစ်ပွဲမျိုးကို ခေါ်တာပါ၊ ခုဟာက ချောက် ချီးချောက်ချက် ပါ"
သူ့မျက်နှာ အမူအရာ ပြောင်းလဲသွားပုံကို ကျွန်တော် မြင်ယောင်နေပါသေးတယ်။ ချက်ချင်း ကျွန်တော် စကား ဆက် လိုက်တယ်။
"ကျွန်တော်တို့ ကယ်ရမယ့် လူဦးရေကို နှစ်ဆယ့်ခုနှစ်ယောက်၊ အဲဒီတိုင်းပြည်ရဲ့ ကမ်းခြေ ရဲ့ နှစ်ဆယ့်နှစ်မိုင် အကွာမှာ ကျွန်တော်တို့ရဲ့ နစ်မစ်ဇ် လေယာဉ်တင် သင်္ဘောကြီး ရှိနေတယ်။ ကျွန်တော်တို့ လူတွေ ကို စောင့်နေတာက တိုက်ရည်ခိုက်ရည် မရှိသေးတဲ့ မနူးမနပ် ချာတိတ်တွေ"
"ခင်ဗျား ပြောသလို ဆိုရင် ကြက်ကလေး ငှက်ကလေး သွားဖမ်းရမယ့် သဘောလား"
"အဲဒီအတိုင်းပါပဲ ခင်ဗျာ"
သူက ကွမ်လိုစီ ကို လှမ်းကြည့်ပြီး ...
"ကိုယ်တို့လူတွေ ကိုယ်မှာ ၀တ်ထားတဲ့ မိုင်းဗုံးဂျာကင်တွေကကော"
ကျွန်တော် အခိုင်အမာ ဖြေလိုက်တယ်။
"အဲဒီ ဂျာကင်တွေထဲ မှာ ဘာမှမရှိပါဘူး"
"ဟာ ..."
"သမ္မတကြီး ခင်ဗျား၊ အဲဒါ သက်သက် ခြောက်လှန့်လုံးပါ"
"ခင်ဗျား ဘယ်လိုလုပ်ပြီး ပြောနိုင်သလဲ ဗိုလ်မှူးကြီး"
"ကိုးဆယ်ရာခိုင်နှုန်း သေချာပါတယ် သမ္မတကြီးခင်ဗျား တောင်အမေရိက တိုက်သားတွေကို ကျွန်တော် နှစ်ပေါင်း များစွာ သင်တန်းပေးခဲ့ပါတယ်။ သူတို့တွေ အကြောင်း ကျွန်တော် အသေးစိတ် လေ့ လာပြီးသား ပါ၊ ပနားမား၊ ဖို့ဒ်ဘရက်မှာပါ သူတို့နဲ့ ဆုံခဲ့ပါတယ်၊ သူတို့တစ်တွေ တိုင်းပြည် အတွက် အသက် စွန့်လောက်အောင် နိုင်ငံရေး ယုံကြည်ချက် ပြင်းထန်သူတွေ မဟုတ်ကြပါဘူး၊ ကိုယ့်ကိုယ်တိုင်းပြည်အတွက် မိုင်းခွဲ သတ်သေဖို့ လူတစ်သောင်း မှာ ယောက် မရှိနိုင်ပါဘူး၊ နှစ်ဆယ့် ခုနစ်ယောက်ထဲမှာ ဆိုရင် တစ်ယောက် မှ တွေ့မှာ မဟုတ်ပါဘူး၊ တိုင်းပြည်အတွက် အသက်စွန့်ရင် ကောင်းကင်ဘုံ လားရမယ်၊ ယုံကြည်တဲ့အထဲမှာ သူတို့ မပါဘူး၊ ပြီးတော့ သူတို့တွေ့ရဲ့ ထုံထိုင်းထိုင်းတွေတော့ မဟုတ်ဘူး၊ လူနှစ်ဆယ့်ခုနစ်ယောက်ရဲ့ ခန္ဓာကိုယ် မှာ မိုင်းဗုံးတွေနဲ့ ချုပ်နှောင်ထားရင် မတော်တဆ ပေါက်ကွဲဖို့ အလားအလာ ဘယ်လောက်များ တယ်ဆိုတာ သူတို့ သိတယ်၊ ပေါက်ကွဲသံ တစ်ချက် ကြားတာ နစ်မစ်ဇ်က လေယာဉ်တွေ ဝေါခနဲ ပျံတက် လာမယ် ဆိုတာပဲ၊ သူတို့ သိတယ်၊ သူတို့ ဒါမျိုး ဘယ်စွန့်စားမလဲ၊ အဲဒီဂျာကင် အင်္ကျီတွေထဲမှာ ကျောက်ခဲ တွေပဲ ရှိမယ်"
"ဒါပေမယ့် ဘယ်အတိအကျ ပြောနိုင်မလဲ"
"ထားပါတော့၊ စစ်ဆင်ရေး က ကွက်တိဖြစ်တယ်ပဲ ထားပါတော့၊ စက္ကန့်ခြောက်ဆယ်ဆိုတဲ့ အချိန် ဟာ စက်သေနတ် နဲ့ ကျွန်တော်တို့ လူတွေအားလုံးကို ပစ်သတ်ဖို့ လုံလောက်တဲ့အချိန်ပဲ၊ ကျွန်တော်လုပ်ရင် သူတို့ အချိန် ဆယ်စက္ကန့်ပဲ ရမယ်၊ အဲဒီအချိန်က မနက်လေးနာရီ သူတို့အားလုံး အိပ်နေမယ့်အချိန်၊ သူတို့ပြင်ဆင်ချိန် စက္ကန့်နည်းနည်း ပဲရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုးတဲ့ အချိန်မှာ ကျွန်တော်တို့လူတွေ သံရုံးကို စီးမိထားပြီ၊ ဒါဆိုရင် အဲဒီသံရုံး တစ်ခုလုံးကို ကျွန်တော်တို့ မြင်းတပ်နဲ့ ၀င်စီးရင်တောင် ရတယ်"
ကွမ်လိုစီ အနေနဲ့ ဒီနေရာမှာ မှတ်ချက်ဝင်မပေးလို့ မဖြစ်တော့။
"ခင်ဗျား သံရုံးဝင်း ထဲကို ဘယ်လိုဝင်မလဲ ဗိုလ်မှူးကြီး"
သမ္မတဆီ က မျက်လုံးမခွာဘဲ ကျုပ်ပြန်ပြောလိုက်တယ်။
"ဘယ်သူမှ အသံမကြားအောင် တိတ်တိတ်ကလေး ဆင်းသွားရုံပဲလေ၊ လေတံခွန်တွေနဲ့ ဆင်းမှာပေါ့"
သမ္မတ က ကျုပ်ကို နားမလည်တဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး ...
"ဘာ ... လေတံခွန် ဟုတ်လား"
"ဟုတ်ကဲ့ပါ သမ္မတကြီး၊ စက်လေ လေတံခွန်ကြီးတွေကို ပြောတာပါ၊ နစ်မစ်ဇ်က နေပြီး ပေရှစ်ထောင် အမြင့်ကို ကျွန်တော် တို့ တက်သွားမယ်၊ အဲဒီရောက်မှ စက်ကိုပိတ်ပြီး လေတံခွန် အနေနဲ့ ဆင်းမယ်"
သမ္မတ နားရှင်းပုံမရ။
"နေပါဦး ဗိုလ်မှူးကြီး၊ အဲဒါတွေက ပိုက်လုံးတွေ၊ အ၀တ်တွေနဲ့ ချုပ်ပြီး အပ်ချုပ်စက် အင်ဂျင်နဲ့ လူတွေဆော့ တဲ့ လေတံခွန် မဟုတ်လား၊ တီဗွီမှာ ကျုပ် ခဏခဏ ကြည့်ဖူးတယ်လေ"
ကျုပ်ဘက်က သာရည်ရှိလာပြီဆိုတာ သိလိုက်တယ်"
"ဒီလိုပါ သမ္မတကြီး၊ လေထီး ဆိုတာ အ၀တ်နဲ့ ချုပ်တာပါ၊ ဝေဟင်စစ်ဆင်ရေးတွေမှာ လေထီးတွေ ကို အများဆုံး အသုံးပြုခဲ့ လို့ ဧရာမအောင်ပွဲတွေ အကြိမ်ကြိမ် ရခဲ့ပြီးပါပြီ၊ စက်တပ်လေတံခွန်တွေ၊ စက်မဲ့လေတံခွန်တွေကို စမ်းသပ်ပြီး ကျွန်တော် အကြာကြီး လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပြီးပါပြီ၊ ဘာမှ မဆန်းပါဘူး၊ ဒါပေမယ့် သိပ် ထိရောက်ပါတယ်၊ ပြီးတော့ အမှားအယွင်း မရှိသလောက်ပါပဲ"
သည်တော့မှ တွေးတွေးဆဆ သူခေါင်းညိတ်တယ်။
"ခင်ဗျား လူဘယ်လောက်လိုမလဲ"
"အများဆုံး နှစ်ဆယ် ပဲ"
"သံရုံးဝင်းထဲ မှာ သူတို့ အင်အားတစ်ရာကျော် ရှိတယ်ဆို"
"သမ္မတကြီး ခင်ဗျား၊ ကျွန်တော်တို့ တစ်ယောက်ဟာ သူတို့ဆယ်ယောက်နဲ့ ညီမျှပါတယ်၊ ချတွက် ကြည့်ရင် သူတို့ ထက်နှစ်ဆ ကျွန်တော်တို့ အင်အားများပါတယ်၊ ကျွန်တော် တကယ် အလုပ်လုပ် မှာက ဆယ်ယောက်နဲ့ပါ၊ ကျန်တဲ့ ဆယ်ယောက် က အရန်ပါ"
အခန်းထဲမှာ တိတ်ဆိတ်သွားတယ်၊ သမ္မတက အကြာကြီး စဉ်းစားပြီးမှ ...
"သူပြောသလိုဆိုတော့လဲ ရှင်းရှင်းလေးပဲ၊ အင်အားနှစ်ဆယ်ပဲလိုမယ်၊ ဟုတ်စ"
"သမ္မတကြီး ခင်ဗျား၊ ကျွန်တော်တို့ တစ်ယောက်ဟာ သူတို့်ဆယ်ယောက်နဲ့ ညီမျှပါတယ်၊ ချတွက်ကြည့်ရင် သူတို့ ထက်နှစ်ဆ ကျွန်တော်တို့ အင်အားများပါတယ်၊ ကျွန်တော်တကယ် အလုပ်လုပ်မှာက ဆယ်ယောက်နဲ့ပါ၊ ကျန်တဲ့ ဆယ်ယောက်က စဉ်းစားပြီးမှ ....
' သူပြောသလို ဆိုတော့လဲ ရှင်းရှင်းလေးပဲ၊ အင်အားနှစ်ဆယ်ပဲလိုမယ်၊ ဟုတ်စ'
'သမ္မတကြီး ခင်ဗျား၊ ရိုးရိုးရှင်းရှင်းရဲ့ ဆန့်ကျင်ဘက်က လေးနက်ရှုပ်ထွေးခြင်းဟာ အနိဌာရုံနဲ့ အဆုံးသတ်တာ များပါတယ်'
သမ္မတက နာရီကို ကြည့်တယ်။ ပြီးတော့ ကွမ်လိုစီကိုလှမ်းပြောတယ်။
'ကိုယ်တစ်ည လုံး စဉ်းစားမယ် မိုက်ခ်၊ မနက်ဖြန် လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်၊ ဗိုလ်မှူးကြီး ဆလိုကမ်ကို ပါ ခေါ်ထား၊ ကျန်တဲ့ကိစ္စတွေကို နောက်မှစဉ်းစားမယ်'
ကွမ်လိုစီက....
'သမ္မတကြီး ခင်ဗျား၊ သူ့ကို စစ်ခုံရုံးတင်ထားတဲ့ ကိစ္စကို ဘယ်လိုစဉ်းစားရမယ်ဆိုတာ အမိန့်ရှိပါခင် ဗျာ'
သမ္မတကြီးက ကျုပ်ဘက်လှည့်ပြီး အပြုံးမျက်နှာနဲ့.....
'အဲဒီကစ္စ ရက်ရွှေ့လိုက်ဗျာ၊ အိမ်ဖြူတော်ကလာတဲ့အမိန့်လို့ပြောလိုက်'
'ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျား'
ဒီိလိုနဲ့ စစ်တန်းလျားကနေ ဟိုတယ်ကို ကျုပ်ရောက်လာတာလေ၊ စန်ကာလိုမြေပုံရယ်၊ ဘော သင်ပုန်း အဖြူကြီးရယ် အခန်းထဲမှာ အဆင်သင့်။ ကျုပ်အတွက်က လွယ်လွယ်လေးပဲ။ မိနှစ် နှစ်ဆယ်အတွင်း အလုပ်ပြီး သွားတော့ ကျန်တဲ့နှစ်ရက်လုံးလုံး အလကားဖြစ်ပြီး အချိန်တွေ ပိုနေတာပေါ့၊ ဒါပေမယ့် ဘာမှ မတတ်နိုင် ဘူးလေ။ ကွမ်လိုစီက ကျုပ်အခန်းထဲကထွက်ရင်၊ ဒါမှ မဟုတ် အပြင်ကို တယ်လီဖုန်း ဆက်ရင် နိုင်ငံတော် သစ္စာဖောက်မှု နဲ့ အပြစ်ပေးခံရမယ်တဲ့။ သူက တစ်နေ့ တစ်ခါ ဖုန်းဆက်တယ်။ ကျုပ်အခန်းထဲမှာ ရှိမရှိ တခြားနည်းနဲ့ လဲ စုံစမ်းချင် စုံစမ်းနေမှာပေါ့ ကျုပ်မေးခဲ့ သမျှ မေးခွန်းတွေ ကိုတော့ စောင့်ပါဦး လို့ပဲ နှစ်သိမ့်ထား တယ်။
စောင့်ရတဲ့အလုပ်လောက် ကျုပ်မန်းတာမရှိဘူး။ ၀ါရှင်တန်မှာ ကျုပ်ကောင်မလေး တစ်ယောက်ရှိ တယ်။ ကျုပ်တပ်ရင်းကနေပြီး ပင်တဂွန်ကို ပြောင်းသွားတဲ့ ကောင်မလေး၊ သောက်ရမ်းတော်တယ်။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း ကလေး။ သူ့ကို လက်ထပ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ခုလိုအချိန်တွေ ပိုနေတုန်း သူကလေးနဲ့ အချိန်ဖြုန်း လိုက်ရရင် ဘယ်လောက်ကေင်းမလဲ။ ဒါပေမယ့် ကျုပ်မစဉ်းစားရဲဘူး၊ ကွမ်လိုစီ သိသွားရင် ကျုပ်ဘ၀ ခွေးကျ ကျမှာလေ။
ဝါရှင်တန်ပို့စ် ကို ကောက်ကိုင်လိုက်တယ်။ သည်သတင်းကို တတိယအကြိမ် ထပ်ဖတ်တယ်။ မျက်နှာဖုံးသတင်း၊ သတင်းစာတိုင်း ရဲ့ မျက်နှာဖုံးသတင်း၊ ကုလသမဂ္ဂရဲ့ အခိုင်အမာ ဆုံးဖြတ် ချက် တွေ၊ မော်စကို က ရေငုံနှုတ်ပိတ်နေတယ်။ ရုပ်မြင်သံကြားမှာ ကြည့်ပြီးသား ဇာတ်လမ်းမျိုးတွေ ချည်း။ နေရာဒေသ ပြောင်းသွား တာပဲ ကွာတယ်။ သတင်းစာကို ပစ်ချလိုက်တယ်။ ဖုန်းဆက်ပြီး ဟန်ဘာဂါမှာ ရကောင်းမလား၊ အကြော်အလှော်တစ်ခုခု မှာစားရကောင်းမလား။ အဲဒီအချိန်မှာ တံခါးခပ်ပြင်းပြင်း ခေါက်သံကြားလိုက်ရတယ်။ သွားဖွင့်တော့ တံခါးဝမှာ ရပ်နေသူက ကွမ်လိုစီ။ သူ့လက်ထဲမှာ စက္ကူအိတ်တစ်အိတ်ပိုက်လို့။ ကျုပ်က စပြီးနှုတ်ဆက်တယ်။
'ဟဲလို'
သူ ကျုပ်ကို တိုးဝှေ့ပြီး အခန်းထဲဝင်သွားတယ်။ အခန်းပတ်ပတ်လည်ကို ဟိုကြည့် သည်ကြည့် နဲ့ ရေချိုးခန်းထဲအထိတန်းဝင်သွားပြီးတော့ ဖန်ခွက်နှစ်ခွက်နဲ့ ပြန်ထွက်လာတယ်။ အိပ်ရာနံဘေးက စားပွဲပေါ်မှာ ဖန်ခွက်နှစ်လုံး တင်တယ်။ နောက်ကျုပ်ကို ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းပြီးသူက အိပ်ရာပေါ်မှာ ထိုင်တယ်။ ပြီးမှ စက္ကူအိတ် ထဲက ဂျော်နီလမ်းလျှောက် အနက်ပတ်ကို ထုတ်တယ်။ ပုလင်းအပြည့် မဟုတ်ဘူး။ ငါးပုံတစ်ပုံလောက် ပဲ ပါတယ်။ ကျုပ်က ထိုင်လိုက်ပြီး ဖန်ခွက် ကမ်းပေးပြီး သူ့ခွက်ကို မြှောက်တယ်။ သူက ကျုပ်တို့ အတွက် ဆုတောင်းတော့ ကျုပ်ကလည်းည သူ့အတိုင်း လိုက်ဆိုလိုက်တယ်။
အရက်ခွက်ကို မော့လိုက်ပြီးတော့ အထူးတလည် စိတ်ဝင်စားဟန် မပြဘဲ မေးလိုက်တယ်။
'ဘယ်လိုလဲ....ကျုပ်တို့ကိစ္စ ဖြစ်မှာလား'
ဝီစကီ ကို ရေမရောဘဲ မော့လိုက်လို့ထင်ပါရဲ့ သူ့မျက်နှာရှုံ့သွားတယ်။]
'မပြီးသေးဘူးဗျ၊ စစ်ဆင်ရေးနှစ်ခု သမ္မတဆီယှဉ်တက်သွားတယ်၊ သူကိုယ်တိုင် ရွေးလိမ့်မယ်'
'ဟုတ်လား၊ ကျုပ်က အခု ဘာဆက်လုပ်ရမလဲ'
သူက တစ်ခွက် ထပ်ငှဲ့ပြီး ပုလင်းကို ကျုပ်ဆီ တွန်းပေးတယ်။ ကျုပ် ခေါင်းယမ်းပြီးတော့ သူတစ် ကျိုက်မော့ပြီး ... 'ဒီည ခင်ဗျားတပ် ကို ပြန်အိမ်၊ ခင်ဗျားလူတွေ စုပြီးစလေ့ကျင့်တော့၊ ဗိုလ်ချုပ် အယ်လ်ဆိုင်မွန်ကို သတင်းပို့၊ ဟုတ်ပြီ လား' ကျုပ်ရင်ထဲ ခုမှ ပေါ့သွားတော့တယ်။
'တော့်ပါပေ့ဗျာ၊ ကျုပ်နဲ့သူနဲ့ က ပြေလည်ပါတယ်'
သူက ပြုံးပြီး ...
'အင်း ...ကျွန်တော် နားလည်ပါတယ်၊ သူခင်ဗျားကို အောက်ခြေသိမ်း အကူအညီ ပေးလိမ့်မယ်၊ သံရုံးဝင်း ပုံစံ အတိုင်း စခန်းတစ်ခု လဲ လေ့ကျင့် ဖို့ ဆောက်ပေးလိမ့်မယ်၊ တစ်ခုပဲ ရှိတယ်၊ ကမ်းခြေစောင့် တပ်တွေထဲက ဘယ်သူ မှ ခင်ဗျား မသုံးနိုင်ဘူး'
'ဟာ ...သေတော့မှာပဲ၊ အဲဒီအထဲမှာ လူတော်တွေရှိတယ်ဗျ'
သူက အခိုင်အမာ ထပ်ပြောတယ်။
'မရဘူး ...လုံးဝ သုံးခွင့် မရှိဘူး၊ သူတို့ကို တခြားတာဝန်ပေးထားတယ်၊ အဲဒီအတွက် ပြဿနာ ရှိနိုင်သလား'
ခဏစဉ်းစားပြီး ကျုပ် ခေါင်းယမ်းပြလိုက်တယ်။
'ရပါတယ်၊ ကျုပ်လူတွေ ရှိပါတယ်'
'ခင်ဗျား စစ်ဆင်ရေး ကို အသေးစိတ် ရေးပြီးပြီလား'
'ခဏ ...ထရပ်ပေးပါ' 'ဗျာ'
'တစ်ဆိတ် မတ်တတ်ရပ်ပေးပါ'
သူထရပ်တော့ မွေ့ရာလှန်ပြီး စက္ကူချပ်တစ်ချပ် ထုတ်ယူလိုက်တယ်၊ ပြီးတော့ မွေ့ရာပေါ် ပစ်ချ လိုက်တယ်။ သံရုံးဝင်း တစ်ခုလုံးရဲ့ပုံ။ ကြက်ခြေခတ်တွေ၊ မြားတွေရှုပ်ယှက်ကိုခတ်လို့။
'အဲဒါပဲလား'
'ဒါပဲလေ'
'ဟာ ... သေတော့မှာပဲ'
'ဘာဖြစ်လို့လဲဗျ'
သူက စိတ်ပျက်လက်ပျက် ခေါင်းယမ်းပြီး ...
'ကြက်ခြေခတ် ခြောက်ခု၊ မြားခြောက်စင်း'
'ဘာလဲ၊ ခင်ဗျား တို့က ကွန်ပျူတာနဲ့ ထုတ်ပေးမှ အဟုတ်ထင်တာလား၊ ထောက်လှမ်းရေး သတင်းတစ်ခု နည်းနည်းလေး မှားသွား ရင် ဘာဖြစ်သွားမလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ'
သူ ၀ီစကီကို ထပ်ထည့်ပြီး ...
'ကံပဲ အားကိုး ရမှာပေါ့ဗျာ၊ တစ်ရက် နှစ်ရက်အတွင်း သိရမှာပဲ၊ ဟိုမှာ ကျွန်တော်တို့ လူ တစ်ယောက်ယောက်တော့ ရှိ မှာပါ'
'သံရုံးဝင်း ထဲမှာ ဟုတ်လား'
သူ ခေါင်းညိတ်ပြတယ်။ ကျုပ် လေချွန်လိုက်တော့ သူ စကားဆက်တယ်။
'ဒါပေမယ့် သိပ်တော့ မသေချာသေးဘူး၊ ကျွန်တော် လာပြီး ခင်ဗျား တိုးတက်မှုကို ကြည့်မယ်၊ အဲဒီတော့မှ အသေးစိတ် ထပ်ပြောကြ တာပေါ့၊ ဘယ်တော့လောက် ခင်ဗျား အဆင်သင့် ဖြစ်မလဲ'
'သုံးနံပါတ် ဆို လုံလောက်ပါတယ်'
'ကောင်းတယ်၊ ဟိုတစ်ဖက် က ငါးပတ်ကနေ ခြောက်ပတ်လို့ ပြောနေတယ်'
'ဟိုတစ်ဖက်က တင်တဲ့ ကိစ္စဖြစ်မယ်လို့ ခင်ဗျား ထင်နေတုန်းပဲလား'
သူက စိတ်ပျက်လက်ပျက်ပုံစံနဲ့ မျက်နှာကြက်ကို မော့ကြည့်တယ်။
'ကျွန်တော် ဘယ်လိုလုပ် ပြောနိုင်မလဲဗျာ၊ အခြေအနေက အရမ်း ရှုပ်ထွေးနေတယ်၊ စဉ်းတောင် မစဉ်းစား ချင်အောင်ပဲ'
'ကျုပ် သိခွင့် မရှိဘူးလား'
'မရှိဘူး ... ဗိုလ်မှူးကြီး၊ စစ်တပ်နဲ့ မဆိုင်ဘူး၊ တစ်ခုတော့ ကျွန်တော် ပြောနိုင်တယ်၊ အဲဒါက ဘာလဲဆိုရင် လုံးဝပြော လို့ မကောင်းတဲ့ ကိစ္စဆိုတာပဲ၊ အားလုံးတော့ ခေါင်းမီးတောက်နေကြ တယ်၊ အစိုးရ တစ်ဖွဲ့လုံးရော၊ စီအိုင်အေရော၊ ကာကွယ်ရေး ၀န်ကြီးဌာနရောပဲ၊ ဒါထက် စကားမစပ် ဂရန့်စ် တစ်ယောက်တော့ ယမ်းပုံမီးကျ ဖြစ်နေလေ ရဲ့'
'ဟုတ်လား'
သူက ကျေနပ်နေပုံနဲ့ ပြုံးပြီး ၀ီစကီထပ်ငှဲ့တယ်။
'ဒီမယ် ... ဆလိုကမ်၊ သမ္မတကိုတော့ အဘက်ဘက်က ၀ိုင်းပြီး ဆွဲကြမှာပဲဗျ'
ကျုပ် စိုးရိမ်တကြီး မေးလိုက်တယ်။
'ဗိုလ်ချုပ်ကြီးတွေ ဘက်ကိုများ သူ ပါသွားမလား'
သူက ၀ီစကီ တစ်ကျိုက် မော့တယ်။
'မပြောနိုင်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ သမ္မတကို အညှာလွယ်တယ်လို့တော့ မထင်နဲ့နော်၊ သေသေချာချာ စဉ်းစားပြီး မှ ဆုံးဖြတ်ချက်ချတာ၊ ခေါင်းမာတဲ့ နေရာမှာလဲ နှစ်ယောက် မရှိဘူး'
ဖန်ခွက် ကို နောက်ဆုံးမော့ချပြီး နာရီ ကြည့်ပြီးတော့ ထရပ်တယ်။
'အရူးထောင်ကို ပြန်သွားရဦးမယ်၊ ခင်ဗျားကို ပါးစပ် ပိတ်ထားဖို့နဲ့ အန္တရာယ်စက်ကွင်းထဲ မ၀င်ဖို့ တော့ ပြောဖို့ မလိုပါဘူး ထင်တယ်၊ ဒါပေမယ့် ကျုပ်ကတော့ အာချောင်မိပြီ၊ ကားတစ်စီး လာခေါ် လိမ့်မယ်၊ အင်ဒရူးလေဆိပ် ကို ပို့ပေးလိမ့်မယ်၊ ဖို့ဒ်ဘရက်ကို ပြန်ဖို့ လေယာဉ် စီစဉ်ပေးထားပြီး သား'
ဖောင်းကြွလိပ်စာ ကတ်ပြားတစ်ခု ကျွန်တော့်ကို ကမ်းပေးရင်း ...
'ဆုမွန် ကို အာဏာကုန် လွှဲအပ်ထားတယ်၊ လိုသမျှ သူလုပ်ပေးလိမ့်မယ်၊ ပြဿနာရှိရင် ဒီနံပါတ်ကို ဖုန်းဆက်ပါ၊ တစ်ရက် နှစ်ရက်အတွင်း ခင်ဗျားဆီ လာတွေ့မယ်'
'ကောင်းပါပြီဗျာ၊ တစ်ခုပဲ ကျန်ပါတယ်'
ကျုပ်က စာရွက်တစ်ရွက် ထုတ်ပြီး စာပါ အကြောင်းအရာကို ပြောပြလိုက်တယ်။ နစ်မစ်ဇ်ရဲ့ နေရာ ယူရမယ့် အနေအထားပါ။
'မစ္စတာကွမ်လိုစီ ... ခင်ဗျား၊ နစ်မစ်ဇ်ဟာ အမေရိကန်ရဲ့ မဟာစစ်အင်အား ပြယုဂ်ပါပဲ၊ ဒါကြောင့် နစ်မစ်ဇ် သူတို့အနား မှာ နေရာယူထားပြီးတော့ တိုက်လေယာဉ်တွေ သူတို့အပေါ်က တ၀ီဝီပျံတက် နေတာဟာ သူတို့တစ်တွေ ကို အသင့်အနေအထားမှာ စောင့်နေခိုင်းသလို ဖြစ်နေပါတယ်'
သူက ခဏစဉ်းစားပြီး ...
'အဲဒါတော့ ကျွန်တော် သဘောတူတယ်၊ သမ္မတကို ကျွန်တော် ပြောပြပါ့မယ်'
သူက တံခါးဝထိ လိုက်ပို့တယ်။ ဓာတ်လှေကားဆီကို သူဆက်လျှောက်သွားမယ်။ ဓာတ်လှေကား ထဲ ၀င်ခါနီးမှ ကျုပ်ဘက်ကို ပြန်လှည့်ပြီး အလေးပြုတယ်။ ကျုပ်လည်း ရယ်ပြီး အခန်းထဲ ပြန်ဝင်ခဲ့ တယ်။ သူက ဗိုလ်ချုပ် ဖြစ်ချင် သလား မသိဘူး။
အခန်းထဲ ပြန်ရောက်တော့ နာရီကြည့်လိုက်တယ်။ ကားလာခေါ်ဖို့ တစ်နာရီကြီး များတောင် စောင့်ရဦး မှာပါလား။ ပြတင်းပေါက်ကို သွားပြီး အပြင်ကို ငေးတယ်။ မိုးတိတ်သွားပြီ။ ကျုပ်အောက် က ၀ါရှင်တန် မြို့လယ် ရပ်ကွက် ဟာ နိစွတ် တောက်ပနေတယ်။
ခေါင်းထဲမှာ နာမည်တွေကို လျှောက်စဉ်းစားတယ်။ တပ်စုမှူးလေးယောက် လိုမယ်။ သူတို့နာမည် တွေ ချက်ချင်း ခေါင်းထဲ ပေါ်လာတယ်။ ကျန်တဲ့လူတွေ မရွေးခင် သူတို့နဲ့ စကားပြောရမယ်။ စန်ကာလို အမေရိကန် သံရုံးအခြေအနေကို ကျုပ် ပြန်စဉ်းစားတယ်။
အသိမ်းခံ ရတာ တစ်ပတ်ရှိသွားပြီ။ အခြေအနေ ထူးခြားမှု မရှိဘဲ သည်အတိုင်း ဆက်အီနေရင် တော့ အစောင့်တွေ လျော့ရဲရဲ ဖြစ်လာလောက်ပြီ။ သုံးပတ်လောက်ဆိုရင် ပျင်းတာနဲ့ အရည်ထွက် ကုန်လောက်တယ်။
ကျုပ် သည်ကိစ္စ ကို ဖော့တွက်လွန်းနေသလားလို့ စဉ်းစားတယ်။ သုံ့ပန်းအမေရိကန်တွေဘက်က ကျွန်တော် ၀င် ခံစားကြည့်တယ်။ အမျိုးသားနှစ်ဆယ်၊ အမျိုးသမီးခုနှစ်ယောက်။ စိတ်ဓာတ်ရေး ရာအရ အုပ်စုနှစ်စု ကွဲနေ လိမ့်မယ်။ တစ်စုက လာကယ်မှာ ကို အထိတ်တလန့် ဖြစ်နေလိမ့်မယ်။
ကျုပ် တွက်ထားသလို ဂျာကင်တွေထဲ မှာ ဒိုင်းနမိုက်တွေ ဖြစ်နေပါစေလို့ ပဲ ဆုတောင်းရတော့မှာပဲ။
ဆက်ရန်
.

No comments:
Post a Comment