Sunday, October 21, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၂)

နောက်နေ့များတွင် ဂင်ရန်လီသည် တာဝန်ပြန်လည် ထမ်းဆောင်နေရ၍ အနားနှင့် မဆက်သွယ် မိတော့။ တစ်ခါတစ်ရံ အနားသည် အ၀တ်အစား သန့်ပြန့်စွာ ၀တ်စားဖြီးလိမ်းပြီး ရဲသားတို့အဖွဲ့နှင့် သွားလာနေ သည် ကို တွေ့ရ၏။ ဖက်ဖူးရောင် ထဘီ၊ အင်္ကျီဖြူနှင့် အနားသည် ခရီးသွားဖော်နှင့်မတူ။ ဆရာမ တစ်ဦး၊ စာရေးမတစ်ဦးနှင့်ပင် တူနေတော့သည်။ ကို ဆက်ဖတ်ရန်

ဂင်ရန်လီ သည် အနားအပေး သံယောဇဉ်မကုန်သေးရကား သူ့အား တမင်သက်သက် လမ်းသလားပြနေ သည်ဟု မဆီမဆိုင် တွေးတော ခံစားနေ၏။ အနားနှင့် ထပ်မံတွေ့ရန်ကား မကြိုးစားတော့။ သို့သော် အပြန် ခရီး အတွက် ရိက္ခာကိုကား အခြားသူတစ်ဦးမှ တစ်ဆင့် ပေးလိုက်၏။
နောက်ပိုင်းတွင် အနားအား မတွေ့ရတော့။ သတင်းစကားပင် မကြားမိ။ ရဲသားအား မကြာခဏ တွေ့ သော် လည်း မမေးဖြစ်။ ဂင်ရန်လီသည် ထိုလမ်းခရီးအား ခေါက်တုံ့ခေါက်ပြန် ကြိမ်ဖန်များစွာ လျှောက်ခဲ၏။ ထိုအခါ မျိုးတွင် အနား အား သတိရမိတတ်၏။ အထူးသဖြင့် အနားနှင့် ပျော်ရွှင်စွာ လျှောက်ခဲ့သည့် နေရာ များ၊ ခေတ္တရပ်နား စကားပြောဆို အပြုံးချင်း ဖလှယ်သည့် နေရာများ။
အို ... အနား၊ သင် ဘယ်မှာ ရောက်နေသနည်း။ သင် ပြောခြ့သော တရုတ်ပြည်၊ ကုလားပြည် များ ရောက် နေပြီလောဟု တစ်ကိုယ်တည်း လမ်းလျှောက်ရင်း တွေးနေတတ်၏။

ထိုမှ ဆယ်စုနှစ်တစ်ခု ကျော်သောအခါ ဂင်ရန်လီသည် တနိုင်းမြို့သို့ ရောက်ရှိလာ၏။ တနိုင်းမြို့နှင့် လေးမိုင် အကွာလီဒို လမ်းမပေါ်တွင် မလုန်ရွာခေါ် ရွာတစ်ရွာရှိ၏။ လီဆူအများစု နေထိုင်ကြ၏။ တစ်နေ့ သောအခါ ဂင်ရန်လီသည် တာဝန်တစ်ခုဖြင့် လမုန်ကျေးရွာသို့ သွားလေသည်။ အိမ်တစ်အိမ်နားသို့ ရောက် သောအခါ အိမ်ထဲမှ -
" ဂင်ရန်လီ ... ပြန်လာခဲ့စမ်း၊ ငါ ပြောတာ မကြားဘူးလား၊ လာခဲ့စမ်းမြန်မြန် "
မိန်းမကြီးတစ်ဦး၏ အသံကို ကြားရ၏။ ဂင်ရန်လီ ခြေလှမ်းပင် တွန့်သွား၏။
" ဟိုက် ... ငါ့ကို မြန်မြန်လာဖို့ အမိန့်ပေးနေပါလား။ ဒီရွာမှာ ငါ့ကို ဒီလို အမိန့်ပေးနိုင်တာ ဘယ်သူပါလိမ့်" ဟု စိတ်ထဲ တွင် ရေရွတ်လိုက်၏။

ခဏအကြာတွင် ၈ နှစ်သား ကလေးတစ်ယောက် တစ်ဖက်အိမ်မှ ပြေးထွက်လာပြီး အသံလာရာ အိမ်သို့ ၀င်သွားလေ၏။ ဂင်ရန်လီများစွာ စိတ်ဝင်စားသွားလေ၏။ ထို့ကြောင့် ထိုအိမ်သို့ ၀င်သွားလေသည်။ ဂင်ရန် လီ ၀င်လာသံ ကြား၍ နောက်ကျောပေးရပ်နေသော မိန်းမကြီးသည် သမင်လည်ပြန် ကြည့်ပြီးမှ ကိုယ်ကို လှည့်ကာ ဂင်ရန်လီအား မျက်နှာချင်းဆိုင်လိုက်၏။ နှစ်ဦးစလုံး အံ့အားသင့်စွာ ကြောင်၍ ကြည့်နေကြ၏။ ဂင်ရန်လီက -
" မင်း ... မင်း ... အနားမဟုတ်ဘူးလား "
" ဟုတ်ပါတယ် ဆရာ၊ ဆရာ့ကို ကျွန်မ ကောင်းကောင်းမှတ်မိပါတယ် "
" ဒါနဲ့ မင်း ငါ့ကို တွေ့လိုက်လို့ ခေါ်တာလား "
" မဟုတ်ဘူး ဆရာ၊ ကျွန်မ သားလေးကို ခေါ်တာပါ "

" နေပါဦး၊ ငါက ဂင်ရန်လီ မြန်မြန်လာလို့ ကြားလိုက်တယ် "
" ဟုတ်တယ်ဆရာ၊ သူ့နာမည်က ဂင်ရန်လီပါ"
" ဟုတ်လား၊ ဒါနဲ့ သူ့နာမည် ဂင်ရန်လီ ခေါ်ရအောင် မင်းနဲ့ငါ "
" ဒီလိုပါ ဆရာ၊ ကျွန်မ ဆရာ့ကို အမြဲသတိရနေပါတယ်။ ဒါကြောင့် ဆရာ့နာမည်ကို ယူပြီး မှည့်လိုက်တာပါ။ ခွင့်လွှတ်ပါ ဆရာ "
" ဒါနဲ့ သူ့အဖေက "
" ဒါလား ဆရာ၊ သူ့အဖေက ကျွန်မပြောတဲ့ တရုတ် လီဆူးလည်း မဟုတ်ဘူး။ သူနဲ့ ကျွန်မ ဆရာနဲ့ မတွေ့ခင် ကတည်း က ပြတ်စဲပြီးသားပါ။ ရဲသားလည်း မဟုတ်ဘူး။ အမှန်တော့ ဟို ဆရာနဲ့ ခရီးသွားတုန်းက မိန်းကလေး သုံးယောက် အနက် ဖြူဖြူ၀၀ဟာ ရဲသားရဲ့ ရည်းစားပါ။ သူတို့ ယူကြပြီ။ နောက်ပိုင်း ကျွန်မ ဘ၀ကို မမေးပါနဲ့ ဆရာ။ ကျွန်မ သားလေး ဆရာ့နာမည်မှည့်လို့ စိတ်မဆိုးပါနဲ့လို့ တောင်း ပန်ပါတယ် ဆရာ" ဟု ညှိုးငယ်သော မျက်လုံးအစုံဖြင့် ဂင်ရန်လီကို လှမ်းကြည့်ရင်း တောင်းပန်ပြောဆို၏။

" စိတ်မဆိုးပါဘူး အနားရယ်၊ လောကမှာ နာမည်တူတွေ အများကြီးပါ။ ငါ့နာမည်ကို လက်ဝါးကြီး အုပ်မထား ပါဘူး။ ဒါနဲ့ မင်း မမေးနဲ့ဆိုလည်း တစ်ခုတော့ သိပါရစေ။ ခု မင်း ဘယ်မှာနေပြီး ဘာလုပ်နေသလဲ အနား "
" လောကကြီးဟာ အကျယ်ကြီးပဲ ဆရာ။ ကျွန်မ ခု အိန္ဒိယဘက် အဖော်တွေနဲ့ သွားမလို့ "
" ဘာတွေ လုပ်မလို့လဲ အနား "
" ကြုံရာပေါ့ ဆရာ။ ကျွန်မဟာ ဆရာနဲ့ တွေ့ပြီး နောက်ပိုင်း တရုတ်ပြည်လည်း ရောက်ခဲ့တယ်။ မိုင်းရှူး သွားရင်း ယိုးဒယားတောင် ရောက်သွားသေးတယ် ဆရာ။ ကမ္ဘာမြေပြင် တစ်ခုလုံးဟာ ကျွန်မ နေရာတွေ ပေါ့။ ခဏ ထိုင်ပါဦး ဆရာ၊ ဂရိတ်ဖရုသီး စားရအောင် "
အနားသည် ထိုနေရာမှ ထသွား၏။ ယခုဆိုလျှင် အသက်သုံးဆယ် ပတ်ဝန်းကျင်ရှိပြီ။ မျက်နှာပေါ်တွင် ပျိုမျစ် မှုမတွေ့ရတော့သော်လည်း လှပဆဲ ဟု ဂင်ရန်လီ ထင်မိ၏။ ခဏအကြာတွင် အနားသည် ဂရိတ် ဖရုသီးနှင့် လိမ္မောသီး ယူလာ၏။

" ကျေးဇူးပါပဲ အနား၊ ခု ငါ တနိုင်းမြို့မှာ တာဝန်ကျတယ်။ လိုတာရှိရင် ပြောပါ "
" ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်မ ဆရာ့အပေါ် ပြုမူဆက်ဆံခဲ့တာတွေကို နောင်တရမိပါတယ်။ ဆရာဟာ ကျွန်မ ထင်ထားသလို မဟုတ်ခဲ့ပါဘူး။ ကျွန်မ ငယ်သေးတော့ သိပ်အလေးအနက် မထားတတ်ခဲ့ဘူး။
ရဲသားနဲ့ ဆက်ဆံတာ တမင် ဆရာ့ကို အရွဲ့တိုက်တာပါ။ ဒါပေမဲ့ ဆရာဟာ ကျွန်မကို တစ်ချိန်လုံး လွှမ်းမိုးခဲ့ ပါတယ်။ နောက်ပိုင်း မှာလည်း အချိန်အတော်ကြာ ကျွန်မကို လွှမ်းမိုးနေပါတယ်။ အမြဲလည်း သတိရနေမိပါ တယ် ဆရာ " ဟု မျက်နှာကို လွှဲ၍ နောက်ဆုံးစကား ပြောဆိုနေ၏။ ဂင်ရန်လီသည် အနား၏ ဘ၀ ဇာတ် ကြောင်း နောက်ဆက်တွဲကို သိလိုလှသော်လည်း မမေးနှင့် ဆိုသဖြင့် မမေးခဲ့။ ဂရိတ်ဖရုနှင့် လိမ္မောသီး တစ်ဝ တစ်ပြဲ စားပြီး အနားကို နှုတ်ဆက်ကာ ထိုအိမ်မှ ထွက်ခွာလာခဲ့၏။ စိတ်ထဲတွင်ကား -
အို ... အနား၊ မင်းရဲ့ ကမ္ဘာဟာ ငါ့ရဲ့ ကမ္ဘာထက် ကျယ်ပြောလှပါတယ်။ မင်းရဲ့ ဘ၀ဟာ ငါ့ရဲ့ ဘ၀ထက် ကြီးကျယ်လှပါပေတယ် " ဟု ရေရွတ်လိုက်လေသည်။

မြောက်ဖျားဒေသမှ ဂိုးလ်ရပ်များအကြောင်း

လွန်ခဲ့သည့် ၁၉ ရာစုနှောင်းပိုင်းကာလများတွင် အမေရိကန်ပြည်ထောင်စု အနောက်ဘက်ဒေသနှင့် ကနေဒါ နိုင်ငံ အနောက်ပိုင်းဒေသတို့တွင်  ရွှေအလုအယက်ရှာဖွေသူ Gold Rush များအောကာင်း စာနယ် ဇင်းများ ၏ ရေးသားကြ၍ ကမ္ဘာနှင့်တစ်ဝှမ်းသိကြသည်။ ကချင်ပြည်နယ် မြန်မာမြောက်ဖျားဒေသတွင် Gold Rush အကြီးအကျယ် ဖြစ်နေသည်မှာ ရာစုနှစ်တစ်ခုတော့ရှိမည်။ သို့သော် လူသိနည်းလှသည်။

ဟိုယခင် ဦးဝိ ငယ်ငယ်ရွယ်တုန်းက ကချင်ဒေသတွင် ရွှေအများဆုံး ထုတ်လုပ်သူများမှာ လီဆူများသာ ဖြစ် ကြသည်။ မောင်ဝိတို့ရွာသည် မလိခမြစ်နှင့် မနီးမဝေးတွင်ရှိရာ လိဆူကြီးငယ်များသည် မိသားစု အလိုက် သစ်သား အင်ဝိုင်းကိုယ်စီနှင့် ရွှေရှာထွက်သည်ကို နှစ်စဉ်တွေ့ရသည်။ သူတို့နှင့်အတူ ၀က်မကြီးများပင် ပါ လာတတ် သည်။
ထိုအစဉ်အလာ သည် ယခု နှစ်ပေါင်း ၅၀ ကျော်ကြာသည့်ကာလတိုင် ပျောက်ကွယ်မသွားဘဲ အသွင်တစ်မျိုး ဖြင့် ရှင်သန်နေသည်ကို အံ့သြဖွယ်ရာတွေ့ရသည်။
ဦးဝိ သည် ဆွမ်ပရာဘွမ်မြို့မှ ပူတာအိုသို့ ခရီးထွက်ရာ မိုင် ၈၀ကျော် ခရီးတစ်လျှောက်တွင် ဆွမ်ပရာဘွမ် မြို့နယ် ဘက်ဆီသို့ ဦးတည်ချီတက်လေသည့် လူတန်းရှည်ကြီးများကို မဆုံးနိုင်အောင် တွေ့ခဲ့ရသည်။ တချို့ အုပ်စုလိုက်၊ တချို့လေးငါးယောက်အတွဲ၊ တချို့ လင်မယားစုံတွဲများ။

ထိုလူတန်းကြီးမှာ မိုးကာလကို ကြိုတင်မျှော်မှန်း၍ လုံခြုံဘေးကင်းရာသို့ အသိုက်ပြောင်းနေသည့် ပုရွက်ဆိတ် များနှင့်သာတူတော့သည်။ သို့သော် သူတို့ချီတက်လာသော ကာလသည် မိုးကြိုကာလမဟုတ် ပွင့်လင်းရာသီ စပါးရိတ်သိမ်းပြိး ဆောင်းဦးပိုင်းဖြစ်သည်။
ဂိုးလ်ရပ် များသည် ခရီးစဉ်တစ်လျှောက် ဟိုရွာ၊ ဒီရွာ၊ ဟိုအိမ်၊ ဒီအိမ်၊ ဒီဗိုလ်တဲဟူ၍ ရှာမနေပါ။ သူတို့ သည် ရောက်ရာအရပ်၊ အဆင်ပြေသည့်နေရာတွင် ညအိပ်ကြသည်။ ချောင်းဘေး သို့မဟုတ် ရေချောင်း နီး၍ ကျော ချရန် အခြေအနေပေးသည့် နေရာကား သူတို့၏ တည်းခိုးခန်း။ ဟိုတယ် ဖြစ်သတည်း။ မိုးရွာလည်း မပူ ရပါ။ ပလတ်စတစ် ချုံထည်ပါသည်။ အနီးအနားတွင် ငှက်ပျောရွက်ရှိသည်။ ဆာ လျှင် ထမင်းချက် စားမည်။ ခြေ ညောင်း လျှင် နားမည်။ မိုးချုပ်လျှင် ညအိပ်ရပ်နားမည်၊ နံနက်မိုးလင်းလျှင် ခရီးဆက်မည်။ မည်သူ တစ်ဦး တစ်ယောက် ၏ ထိန်းချုပ်အမိန့်ပေးသံနာခံရန်မလို။
မိမိမှာကား ထိုသို့မဟုတ်။ သွားဆိုလျှင် သွားရသည်။ လာဟုဆိုလျှင်လာရသည်။ " မည်သည့် အချိန်ေ၇ာက်ရမည်။ နောက်မကျရ" က ပါသေးသည်။ ယခုပင်လျှင် အချိန်မှီ ရောက်ရှိရေး တက်သုတ် ရိုက်နေရပြီ။ သူတို့တတွေကား အကယ်ပင် လွတ်လပ်ကြပါ၏။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ကြပါသည်။

သူတို့၏ ပကတိဘ၀သည် ဆင်းရဲကောင်း ဆင်းရဲမည်။ ပင်ပန်းကောင်း ပင်ပန်းမည်။ သို့သော် သူတို့သည် လွတ်လပ်ခြင်း တည်းဟူသော ဘ၀အရသာကို သိလျက်ပ် ဖြစ်စေ၊ မသိမမြင်ဘဲနှင့်ဖြစ်စေ တကယ်ပင် ခံစား နေကြသည်ဟု ဦးဝိသည် ဘ၀၏ အဓိပ္ပာယ်ကို ရင်ထဲတွင် လေးနက်စွာ ဖွင့်ဆိုနေမိသည်။ အနှောင် အဖွဲ့ နှင့် နေထိုင်ခြင်း။ လွတ်လပ်စွာ ရှင်သန်ခြင်း။
ဂိုးလ်ရပ်များ ချီတက်လာမည်ကို ကြိုတင်သိထားသော ဆွမ်ပရာဘွမ်မြို့မှ ဈေးဆိုင်ရှင်များသည် ရွှေကျင်ရာ တွင် အသုံးတဲ့သည့်၊ တူရွှင်း၊ ဂေါ်ပြား။ စားနပ်ရိက္ခာများ မြစ်ကြီးနားဆင်း၍ စုဆောင်းထားနှင့် ကြပြီး ဂိုးလ်ရပ် များအား ဈေးရောင်းရသည်မှာ သူတို့အတွက် ပျော်ရွှင်ဘွယ်ကောင်းလှသည်။ တစ်နည်းအား ဖြင့် တွက်ခြေ ကိုက်ကြသည်။

ဥိးဝိသည် ယခင်ငယ်ရွယ်စဉ်က ရွှေကျင်ဖူးသည်။ သူ့ရွာနှင့် မိုင်အနီးငယ်ဝေးသော မလိခမြစ်ကမ်းဘေး တွင်ဖြစ်သည်။ မလိခမြစ်သည်မိုးကာလ၌ ကမ်းဘေးလျှိုမြောင်များကိုပင် လွှမ်းမိုးထား သည်။ ဆောင်းနှင့်နွေ ကာလ တွင် ကားထိုနေရာများတွင် လချေးမှုန်များ ပေါင်းစပ်နေသည့် ငွေေ၇ာင်လက် လက် သဲသောင် များနှင့် လှပလုံးဝိုင်းသော ရောင်စုံကျောက်စရစ်များ စုပုံချန်ထားလေ့ရှိသည်။ ထိုသဲသောင်၊ ကျောက်စရစ် များအောက် တွင် ရွှေမှုန်ရွှေစများ ပုန်းခိုနေကြပါသည်။
မောင်ဝိ သည် ရွှေကျင်ရန် ငယ်ရွယ်လွန်းရကား လူကြီးများက မပေါင်းချင်ကြ။ သို့နှင့် သူသည် ရွယ်တူဖြစ် သည့် မောင်လထွယ်နှင့် ပေါင်းလေ၏။ သူတို့သည် ရွှေပါနိုင်လောက်သည်ဟု ထင်ရသည့် သဲနှင့် ကျောက် များကို နိုင်သလောက် အင်ဝိုင်းထဲထည့်၊ ပြီးလျှင် ကမ်းစပ်တွင် ဆောင့်ကြောင့်ထိုင်၍ အင်ဝိုင်းကို လက်နှစ် ဖက်နှင့်ကိုင်၊ ပြီးလျှင် ရေမျက်နှာပြင်ပေါ်တင်၍ စကောဖြင့် စပါးလုံးရွေးသကဲ့သို့ ၀ိုင်း၍ကျင်ကြသည်။

ထိုသို့ အင်ဝိုင်းအား ရေမျက်နှာပြင်ပေါ်တင်၍ ၀ိုင်းရာတွင် ဘယ်လက်ကိုမြင့်၊ ညာလက်ကိုနှိမ့်၊ ညာလက်ကို မြင့် ဘယ်လက် ကိုနှိမ့် တစ်လှည့်စီလုပ်ပြီး သဲနှင့်ကျောက်များကို ဖြည်းဖြည်းချင်း ရေထဲသို့ပစ်ရ၏။ ထိုသို့ ကြိမ်ဖန် များစွာလုပ်လျှင် အင်၏ဗဟိုချက်မ၌ သံရောင်မည်းမည်းသဲများသာကျန်တော့သည်။
ထိုအဆင့် တွင် နေမင်းအလင်းေ၇ာင် ရရာဘက်သို့ မျက်နှာလှည့်ပြီး အင်ဝိုင်းကို ဘယ်လက်ဖြင့် အနည်းငယ် စောင်းအောင် ကိုင်ပြီး ညာလက်ခုပ်ဖြင့် ရေကို ကော်ကာ သံရောင်မည်းမည်းသဲပေါ်သို့ အစက်စက် ချရာ ရွှေပွင့်ကလေး များသည် နေရောင်ဖြင့် ၀င်းဝင်းလက်လက် ထွက်ပေါ်လာ၏။ ထိုချိန်ခါသမယတွင် မော်ဝိ တို့လို ရွှေကျင်သမား များ၏ ခါးနာ၊ မောပန်း၊ ဝေဒနာအစုစုတို့ လွင့်စင်သွားပါတော့သည်။

မောင်ဝိသည် ရေမကူးတတ်၍ တဝေါဝေါစီးဆင်းနေသည့် မြစ်ရေပြင်ကို ကြောက်၏။ ထို့ကြောင့် ကျောက် ဆောင်ခွ ကျဉ်းကျဉ်း ဆီသို့ တိုးဝင်နေသည့် ရေအိုင်ကလေးကိုရွေး၍ ခွထိုင် ကာ ရွှေကျင် ၏။ ကျောက်ဆောင် ခွ သည် ကျဉ်းမြောင်းလှရာ အင်ဝိုင်းဆံ့ရုံသာကျယ်၏။ ထို့ကြောင့် အထက် တွင် ဖော်ပြ သည့် နည်းအတိုင်း ရွှေကျင်ရာအင်ဝိုင်းအနားသည် ကျောက်နံရံနှင့် မကြာခဏ တိုက်မိ၏။ ကြိမ်ဖန်များ လာသောအခါ အင်ဝိုင်း သည် အလယ်တည့်တည့် ထက်ခြမ်းကွဲသွား၏။ ဤတွင် မောင်ဝိ၏ ဂိုးလ်ရပ် ဘ၀ သည်လည်း နိဂုံးချုပ်သွား ပါတော့သည်။

ထိုစဉ်က ရွှေချိန်ရာတွင် ရွေးအစား တယောတံဆိပ်၊ မီးခ၏ခြစ်ဆံကို သုံး၏။ မီးခြင်းဆံတစ်ချောင်းသည် တစ်ရွေးနှင့် ညီမျှသည်ဟု သတ်မှတ်ကြ၏။ မောင်ဝိတို့သည် မီးခြစ်ဆံတစ်ဆယ့်ရှစ်ချောင်းရ၏။ ရောင်းသော် ငွေ ၁၈ ကျပ် (တစ်ဆယ့်ရှစ်ကျပ်) ရသည်။ ရွှေတစ်ကျပ်သားသည် ရွေး၁၀၀သို့မဟုတ် မီးခြစ် ဆံ အချောင်း ၁၀၀ သတ်မှတ် ရာ ရွှေတစ်ကျပ်သား ၏ တန်ဖိုးသည် ငွေကျပ်တစ်ရာရှိသတည်း။
နောင်နှစ်ပေါင်း ၄၀ ကျော်ကြာ မောင်ဝိမှ ဦးဝိဖြစ်လာသောအခါ ဂိုးလ်ရပ်များနှင့် တစ်နည်းတဖုံ ပတ်သက်လာ ၇၏။ ယခု ဦးဝိပတ်သက်နေသော ဂိုးလ်ရပ်များသည် သစ်သားအင်ဝိုင်းနှင့် မဟုတ်ကြ။ သံမဏိ လှေကြီးတွေနှင့် ဖြစ်၏။ သံမဏိလှေကြီးကို အထိုင်ချကာ၊ သဲကော်။ ကျောက်စရစ်စုပ် ကိရိယာတတ် ဆင်ပြီး နေ့ရော ညပါ တဂျုံးဂျုံးနှင့် ရှိသမျှ ရွှေမှုန်ရွှေစ မကျန်အောင် သိမ်းကြုံး ယူငင်ကြ၏။ေ၇နေသတ္တ၀ါများ သည် လောပန်းကြီးများ ရွှေရရှိရေးအတွက် မိမိအသိုက်မှ အသက်လု ထွက်ပြေးပေးရ သည်။

ဦးဝိတို့ဒေသသည် မြစ်ကျဉ်းသည်၊ ရေစီးကြမ်းသည်။ ထို့ကြောင့် သံမဏိဖောင်ကြီးများကို ရေကြောင်းခရီး ဖြင့် ပို၍ မရ။ ဒီတော့ ကုန်းလမ်းမှ ပို့ရမည်။ ဆွမ်ပရာဘွမ်မြို့မှ ရွှေကျင်မည့်နေရာအထိ (၁၆)မိုင်ကို ကားလမ်းဖောက် ရမည်။
ထိုလမ်းကို ကုမ္ပဏီတစ်ခုမှ တာဝန်ယူဖောက်လုပ်ကြ၏ ငွေသိန်းတစ်ထောင်ကုန်သည်ဟုဆို၏။ သိန်း တစ် ထောင် ကုန်ကျ လည်းအရေးမကြီး ရွှေ ၁၀ ပိဿာရလျှင် အရင်းကြေပြီ။
လမ်းဖောက်ပြီးသည့် အခါ ဦးဝိနှင့် လောပန်းကြီးများ ရွှေမှော်ဖွင့်ပွဲ လုပ်ကြသည်။ သူတို့ဒေသတွင် ရွှေထွက် လျှင် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူရနိုင်သည်။ ပြီးလျှင် ... ဟု ဦးဝိကြည်နူးဘွယ်ရာ ရွှေအိမ် မက် မက်နေလေ ၏။ သို့သော် အကြောင်းကြောင်းတွေကြောင့် ရွှေမှော်သို့မသွားဖြစ်။ ရွှေလောပန်းနှင့်လည်း မဆုံဖြစ်။

တစ်နေ့သောအခါ ဦးဝိသည် မြစ်ကြီးနားမြို့ ရွှေလောပန်း၏ ကုမ္ပကြီးရုံး သို့ ရောက်ရှိ သွားရာ လောပန်းကြီး နှင့် တွေ့လေ၏။ အဆင်ပြေပါက အလှူခံရန် ဖြစ်သည်။ လောပန်းကြီးသည် ဥိးဝိအား လက်ဖက်ရည်ဖြင့် ဧည့်ခံ ၏။ သို့သော် သူ့မျက်နှာမှာ ရွှင်ပြမှုမရှိ။ ရွှေမှော်မှ အပြီးအပိုင်ပြန်လာသည်ဟုဆို၏။
" ကျွန်တော် တို့ ညီအစ်ကိုတွေတော့ သွားပြီ၊ ကုန်ပြီ။ ကျွန်တော်တို့ လုပ်သမျှ အရှုံးကြီးပဲ၊ လွန်ခဲ့တဲ့နှစ် တနိုင်းမြို့ နယ်ဘက် မှာလည်း ရှုံးခဲ့သဗျာ၊ မလိခမြစ်ကြီး ဒီလောက်တောင်နာမည်ကြီးပြီး ရွှေမထွက်တာအံ့ တယ်ဗျာ "ဟု ရွတ် ဆို၏။ မျက်လုံးအစုံမှာ ညှိုးနွမ်းနေသည်။ ဦးဝိသည် လောပန်းကြီးအား ဂရုဏာသက်စွာ စိုက်ကြည့်ပြီး အားပေး စကားအနည်းငယ် ပြောကြားကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။ ဤတွင် သူ၏ ရွှေအိမ်မက် တစ်ခု လည်း ပျက်ပြယ်သွားလေသည်။

ဦးယုံခ၏ တောင်ယာလည်း လောပန်းကြီး ဖောက်လုပ်ထားသော ရွှေမှော်လမ်းအနီးတွင်ရှိ၏။ တစ်နေ့ သော အခါ ဦးဝိ သည် စံကွက်ရိတ်ရန် ထိုတောင်ယာခင်းသို့ ရောက်သွား၏။ လယ်မရှိသောအရပ်၌ ထိုတောင်ယာခင်း သို့ ရောက်သွား၏ လယ်မရှိသောအရပ်၌ တောင်ယာခင်းစပါးကိုပင် စံကွက်ရိတ်ရသည်။
ဦးဝိ သည် တောင်ယာတဲ၏ စင်္ကြတွင်ထိုင်၍ ဘေးပတ်ဝန်းကျင်ကိုမျက်စိ ကစားနေသည်။ စပါး များ ကောင်းမွန်စွာ ဖြစ်ထွန်းပြီး ယခု ရင့်မည့်နေပြိ။ တောင်ယာခင်းကို ၄ ပိုင်းပိုင်း၍ လမ်းဖောက်ထားရာ လမ်းဘေး ၀ဲယာ သီးနှံစုံ စိုက်ထားသည်။ တိုင်ထောင်ပဲ၊ ပြောင်း။ ပိလောပီနံ၊ ပိန်း၊ ငရုတ်၊ ခရမ်းစသည်ဖြင့် ကြည်နူး ဖွယ်ရာ တွေ့မြင်ရသည်။

တောင်ယာခင်း၏ မြောက်ဘက် ဟိုအဝေးဆီ လှမ်းကြည့်ရာ မလိယန်ဒေသကို မြင်ရသည်။ မလိခမြစ် သည် ပြာလဲ့လဲ့အရောင်ဖြင့် မလိယန်လွင်ပြင်ကလေးပေး ကွေ့ကွေကကောက်ကောက် လဲလျောင်းနေသည်။ ထို နရာ ကား လောပန်းကြီးများ၏ ရွှေလုပ်ကွက်နေရာတည်း။ ယခုတော့ လောပန်းကြီး အောင်မြင်စွာ စုတ်ခွာ သွားပြီ။

ဦးဝိ၏အာရုံသည် ထိုအချိန်မှစ၍ တောင်ယာခင်းနှင့် ဘေးပတ်ဝန်းကျင်၏ ကြည်နူးဖွယ်ရာရှုခင်းဆီမှ ရွှေဆို သည့် သတ္တုဝါ၀ါဆိ ပြောင်းရွှေ့သွားပါတော့သည်။ တစ်ချိန်တည်းတွင် ဤဒေသသို့သွားခါနီးတွင် ကလေး တို့ အမေအား  " ငါ ခုသွားရမယ့်ဒေသက ရွှေအများကြီးထွက်တယ်လို့ ကြားတယ်၊ ငါပြန်လာရင် မင်း အဖို့ ရွှေ အများကြီး ယူခဲ့မယ်။ ရွှေဆွဲကြိုးကြီး၊ ရွှေလက်ကောက်ကြီး ၀တ်ဖို့သာပြင်ထား " ဟု ပြောခဲ့သည်။ ယခု ထို ကတိစကား၏ ပဲ့တင်သံသည် သူ့နှလုံးအိမ်ဆီမှ လျှံထွက်လာသည်။ ထိုစကား ဖောက်ဖျက်၍ မဖြစ်။ ဒီတော့ ရွှေရရှိရေး တစ်နည်း ကြံဖန်ရဦးမည်သူသည် ယာခင်းရှင် ဦးယုံခအား "ဒီမှာ ဦးယုံခ၊ ခင်ဗျား ရွှေထွက် တဲ့ ချောင်းမြောင်းများ မသိဘူးလား၊ မကြားမိဘူးလား " ဟု မေးလေ၏။ ဦးယု့ခက " ဒီကနေ ၂ မိုင်လောက် ဝေးတဲ့ ချောင်း ထဲမှာတော့ ရွှေအများကြီးထွက်တယ်လို့ ကြားဖူးတယ်။ ဘယ်လောက်တောင် ရွှေ ထွက်သလဲ ဆိုရင်၊ အဲဒီအချိန်က ရွှေကျင်တဲ့လီဆူတွေဟာ ရွှေကို ဟန်းကောဖုံးနဲ့ ချိန်စက် ခွဲဝေ ယူကြသတဲ့ "ဟုပြောပြလေသည်။

ဆက်ရန်
.

No comments: