ဦးဖုန်ရမ်နှင့် ငွေထုပ်ပုံပြင်
မချမ်းဘောနှင့် နောင်မွန်မြို့သည် မြန်မာပြည်မြောက်ဖျားတွင် တည်ရှိ၏။ ထိုနှစ်မြို့ကြား ခြေလျင်ခရီး (၃) ရက်သွား ရ၏။ ၀န်ပေါ့၍ ခရီးပြင်းနှင်က နှစ်ရက်နှင့်လည်း ရောက်၏။ သို့သော် တောင်ပေါ် ခရီးဆိုသည် မှာ ၀န်ပေါ့ ၍ မရ။ စားစရာရိက္ခာ၊ အိပ်စရာ အိပ်ရာလည်း ပင်ရိုးပုဝင်၍ ပုခုံးသား ချိုင့်ခွက်နေအောင် ထမ်းပိုးရမည်။
ထန်းဂါး၊ အလန်းဂါး ရွာဘက်မှ ကွေ့ပတ်၍ ကားလမ်းဖောက်ထားသော်လည်း အသုံးနည်းလှ၏။ ခရီးသွား ပြည်သူ များသည် ခြေလျင်လမ်းဖြစ်သည့် မချမ်းဘော၊ နမ်ခမ်း၊ နမ်ထီ၊ ဂွမ်ရှန်၊ နောင်မွန်လမ်း များဖြင့်သာ သွားလာကြသည်။
ဦးဂင်ရန်လိ သည် ၀န်ထမ်းတစ်ဦးဖြစ်သည်နှင့်အညီ တာဝန်ကျရာဒေသသို့ အထမ်းသမားငှား၍ မချမ်းဘောမှ နာင်မွန်းမြို့သို့ ခြေလျင်လမ်းမှ ချီတက်ခဲ့၏။ မချမ်းဘောမှ နမ်ခန်းရွာသို့ မွန်းလွဲပိုင်းတွင် ရောက်သော်လည်း ထိုရွာ တွင် ညအိပ်၏။ နောက်နေ့ ခရီးစဉ်အတွက် အားမွေးခြင်းဖြစ်သည်။ နောက်နေ့မှ စ၍ တောင်တက်ရမည်။ စခန်း မရောက်မချင်း တောင်ပေါ်သို့ တက်ရင်း ဆက်တက်ရမည်။
နမ်ခမ်းရွာ၌ မြန်မာပြည်တွင် ရှားပါး ၍ တန်ဖိုးကြီးလှသည့် ၀ါရှင်တန်၊ ဂရိဖရု၊ ရူဘီ၊ ရူဘီဘလပ်၊ ဆမ်ဆွန်၊ ကိန်း၊ ဗလင်ချာ၊ လိမ္မော် စသည့်အသီးများဖြင့် ဝေဆာနေ၏။ ဤအသီးများကို သာသနာပြုများ စိုက်ပေးခဲ့၍ ဘုရားသခင်ပေး အသီး ဟုပင် ဒေသခံများ တင်စားခေါ်ဝေါ်ကြ၏။
နောက်နေ့ နံနက်စောစော ခရီးဆက်ကြရာ နမ်ထီဆောက်လုပ်ရေးဗိုလ်တဲသို့ ရောက်၏။ လူတိုင်း တစ် ထောက်နားသည့်နေရာဖြစ်သည်။ ဂင်ရန်လီသည်လည်း အနားယူရန် ဗိုလ်တဲပေါ်သို့တက်ရန် ခြေလှမ်းစဉ် ဗိုလ်တဲတံစက်မြိတ်တွင် ထမ်းစင်တစ်ခုတွေ့လိုက်၏။ ထမ်းစင်ပေါ်တွင် လူတစ်ယောက် ပက်လက်အနေ အထားဖြင့် မလှုပ်မယှက် လဲလျောင်းနေသည်။ ထမ်းစင်ဘေးတွင်ကား မည်သူမျှမရှိ။ ဗိုလ်တဲပေါ်တွင်တော့ လူအသံဗလံ များဖြင့် ဆူညံနေ၏။ လူနာလား အလောင်းလား သိလို၍ ထမ်းစင်ရှိရာသို့ သွားကြည့်ရာ မျက်လုံး ဟောက်ပက်နှင့် ပိန်လှီလှသည့် ယောက်ျားတစ်ဦး၏ မျက်နှာကိုမြင်ရ၏။ မျက်စိ အစုံ မှိတ်ထား သော်လည်း ရင်ဘတ်ပေါ်မှစောင့်နိမ့်ချီမြင့်ချီဖြစ်နေကြောင်းတွေကရ၍ လူသေအလောင်း မဟုတ်ကြောင်း သေချာ သွားသည်။
ဦးဂင်ရန်လီသည် ဗိုလ်တဲပေါ်သို့ ခပ်သွက်သွက်တက်သွားရာ မနက်က မချမ်းဘောမှ အတူထွက်လာ သည်။ ဦးအဒီး အားတွေ့လိုက်၏။ သူသည် မီးဖိုဘေးတွင်ထိုင်၍ သွေးဝ၍ လုံးတစ်နေသော ကျွတ်တစ် ကောင် ကို ပြာပူဖြင့် ဖုံးနေ၏။ ကျွတ်မှာ ပါးစပ်မှ သွေးအန်ထုတ်ပြီး တွန့်လိန်နေသည်။ ဂင်ရန်လီက "ဦးအဒီး ဟိုတဲအောက် က လူနာက ဘယ်သူလဲဗျ၊ ဘာဖြစ်သတဲ့လဲ " ဟု သိချင်ဇောနှင့် တံခါးဝတွင် ရပ်လျက် အနေ အထားဖြင့် မေး လိုက်၏။
" အထက် ဗိုလ်တဲက ဦးဖုန်ရမ်တဲ့ဗျ၊ ၀မ်းလျှောပြီး အားပြတ်သွားတယ်တဲ့" ဟု ဖြေလေသည်။ ၀မ်းလျှော ရင် ဆေးမြန်မြန်တိုက်မှပေါ့၊ အချိန်လွန်ရင် သေသွားနိုင်တယ်" ဟု မိမိဘာသာ စိုးရိမ်တကြီး ရေရွတ်ပြီး ကျွတ် ဒက်ပင်မဖြုတ်ဘဲ တဲအောက်ဆင်းလိုက်၏။ သူသည် သူ့အတွက် အမြဲဆောင်ထားသော ၀မ်းပိတ် ဆေးကို လူနာအား တိုက်ချလိုက်သည်။ လူနာသည် စကားတစ်ခွန်းမှ မပြောနိုင်သော်လည်း မျက်စိကို အားယူဖွင့်ကာ ဆေးကိုဂင်ရန်လီ လောင်းချပေးသော ရေဖြင့် ကြိုးစားမျိုချရှာ၏။ ဂင်ရန်လီသည် မကြာခဏ ၀မ်းလျှောတတ်သူဖြစ်၍ ၀မ်းနှင့်ပတ်သက်သော ဆေးများအမြဲ ဆောင်ထားသည်။ ယခု သူကဲ့သို့ ၀မ်းလျှော တတ်သော လူနာတွေ့ပြီမှတ်ကာ လူတတ်လုပ်ပြီး သူသောက်နေကျ ဒိုးစ်အတိုင်း၊ တိုက်ချလိုက်ခြင်းဖြစ် သည်။
ခဏအကြာ လူနာအား နမ်ခမ်းဘက်သို့ သယ်သွားကြသည်။ ဂင်ရန်လီသည်လည်း တဲပေါ်တက်၍ အနား ယူလေ သည်။ လူတိုင်းပင်ပန်းလာသည်ဖြစ်၍ လှဲသူလှဲ၊ ထိုင်၍ နံရံကိုမှိကာ မှိန်းသူမှိန်း နေ့လည်စာ စားသူ ကစား ကျွတ်ဒက်သတ်သူကသတ်နှင့် မိမိကိစ္စ မိမိလုပ်ဆောင်နေကြ၏။ လူနာအကြောင်းကိုကား မည်သူမဆ မမေးမပြောကြ။
ဤခရီးသည် အစုလိုက် အဖွဲ့လိုက် သွားရသော်လည်း နေ့ဘက်တွင် ကိုယ့်အင်ကိုယ့်အား ကိုယ်တတ်နိုင် သည့် ခြေလှမ်းဖြင့် သွားကြ၏။ ညအိပ်ရန် သတ်မှတ်ထားသော ဗိုလ်တဲတွင် ဆုံကြရန်သာ အရေးကြီးသည်။
ဂင်၇န်လီသည် စစ်သုံးလွယ်အိတ် အဟောင်းတစ်ခု။ ပြင်ဦးလွင်မြို့ရိုက် ဓားမြှောင်တစ်လက်၊ ရေဒီယို တစ်လုံးသာ ပါ၍ မည်သည့်ဝန်မျှမထမ်း။ ဤလမ်းသည် မိုးလေမရှိသည့် နေ့များတွင် မည်သည့်အရာကိုမျှ စိုး၇ိမ်ရန်မရှိ။ သူခိုးဓားပြကင်းပြီး သားရဲတိရစ္စာန်လည်းရှင်းသည်။
သူသည် ရံဖန်ရံခါ တစ်ကိုယ်တည်း တွေးချင်ရာတွေးပြီး စိတ်ကိုလွှတ် ၍ လျှောက်နေတတ် သည်။ မောပန်း ခြင်း ကို သဘာဝအလှတရားရှာဖွေ၍ ကုစားခြင်းဖြစ်သည်။ ရှောင်ကွင်း၍ မလွတ်နိုင်သည့် အသေးစား ရန်သူ ကျွတ်ဒက် သုတ်သင်ခြင်းလည်း အချိန်အတော်ပေးရသည်။
ညအိပ် မည့် ဗိုလ်တဲမှာ ၂ မိုင်မျှသာ ဝေးတော့၍ သူသည် တစ်ယောက်တည်း အေးအေးလူလူ ထွက်လာ၏။ တစ်မိုင် ခန့် လျှောက်မိသောအခါ ယခင် ဗိုလ်တဲဟောင်းနေရာ ရောက်၏။ တဲပျက်များနှင့် ယခုတိုင် လူနေ ဟန်ရှိ သည့် တဲနှစ်လုံးတွေ့ရ၏။ လမ်းနှင့်ကပ်၍ ဆောက်ထားသော တဲအိမ်မှ မီးခိုးတလူလူထွက်နေပြီး စကားပြောသံ လည်း ကြားရ၍ ဂင်ရန်လီ ခေတ္တ၀င်နားရန် ဆုံးဖြတ်လိုက်၏။
တဲအိမ်ထဝြင်လိုက်သည့်အခါ အသက်အရွယ်ကြီးရင့်သည့် လူကြီးလေးဦး။ ကြိမ်ဖြင့် တောင်းရက်၊ နှီးဖျာနေ သည် ကိုတွေ့ရသည်။ အိမ်ရှင်ဖြစ်ဟန်တူသူက လာထိုင်၍ အမောဖြေရန် ဖိတ်ခေါ်ပြီး ၀ါးခွက်ထဲ ရေနွေး ကြမ်းထည့် ၍ ဧည့်ခံလေ၏။
အချင်းချင်း လက်ဆွဲနှုတ်ဆက်၊ မိတ်ဖွဲ့ကြရာ အိမ်ရှင်၏ အမည်မှာ ဦးဇ်ာခွမ်ဖြစ်ပြီး ရဲဘော်ဟောင်း တစ်ဦး ဖြစ်ကြောင်း။ ဤနေရာ သို့ လာေ၇ာက်နေထိုင်သည်မှာ ခုနစ်နှစ်မျှ ရှိပြီဖြစ်ကြောင်း၊ မကြာမီ ပူတာအိုမြို့ သို့ အပြီးပြောင်းရွှေ့တော့မည်ဖြစ်ကြောင်းသိရ၏။
" ဒါနဲ့ ခင်ဗျား ဒီမှာလာနေတဲ့ ရည်ရွယ်ချက်က "
" ဒီလိုပါ ဒီနေရာဟာ ယခင်က ဆောက်လုပ်ရေး ဗိုလ်တဲနေရာလေ။ ခုတော့ ခင်ဗျားတို့ ဖြတ်ကျော်ခဲ့တဲ့ တံတားထိပ် မှာ ဗိုလ်တဲနေရာအဖြစ် ပြောင်းလိုက်ကြတယ် "
" ဟုတ်ကဲ့၊ အဲဒီနေရာမှာ ပဲ ကျွန်တော်တို့ နေ့လည်စာစားခဲ့ကြသေးတယ် "
" ဟိုတုန်းက ဗိုလ်တဲက ဒီနေရာမှာပါ။ နမ်ခမ်းဘက်က တက်လာတဲ့ခရီးသည်၊ နောင်မွန်းဘက်ကဆင်းလာ တဲ့ ခရီးသည်တွေ ဒီမှာပဲ ဆုံ ဒီမှာပဲအိပ်ကြတယ်" လူပြတ်တယ်မရှိဘူး၊ ပြီးတော့ နမ်ထီချောင်းမှာ ရွှေကျင် တဲ့အဖွဲ့ လည်း ဒီမှာ အခြေပြုကြတယ်။ ကျွန်တော်က အစားအသောက် ရောင်းတယ်၊ ပြီးတော့ ရွှေလည်း အနည်းအကျဉ်း ၀ယ်တယ်လေ "
" ဟုတ်ကဲ့ ခုတော့ ခင်ဗျားတို့ပဲ ကျန်တာပေါ့နော် "
" ဟုတ်တယ် ခရီးသည်တွေက ညမအိပ်ကြတော့ဘူး၊ နောင်မွန်းဘက်ကလည်း ခုည ခင်ဗျားတို့ အိပ်မည့် နေရာကို ဗိုလ်တဲဆောက်လိုက်ကြတယ်၊ အဲဒီနေရာဟာ မချမ်းဘောနဲ့ နောင်မွန်းမြို့နယ် နယ်စပ်ပဲ၊ ခုတော့ ရွာကလေးတောင် ဖြစ်နေပါပြီ။ ကျွန်တော်တော့ ပူတာအိုမြို့မှာ အိမ်ဝယ်ထားပြီး ကျွန်တော့် မိသားစု ပြောင်း နှင့်နေကြပြီ။ ဒီနွေနေပြီးရင်တော့ ကျွန်တ်ာလည်း ဒီတဲကို စွန့်တော့မယ် "
" အေးဗျာ ဒီမှာ ခင်ဗျားတို့ရှိတော့ ကျွန်တော်တို့ ခရီးသွားတွေအတွက် အများကြီး အဆင်ပြေတယ်။ နားလို့ ရတယ်။ ဒါနဲ့ ခုနက အောက်ဗိုလ်တဲမှာ ထမ်းစင်နဲ့လူနာတစ်ယောက် တွေ့ခဲ့တယ်။ ၀မ်းလျှော တယ်ဆိုလို့ ကျွန်တော်တောင် ဆေးတိုက် လိုက်သေးတယ် "
" ၀မ်းလျှောတာမဟုတ်ပါဘူး၊ အစာပြတ်လို့ ခုလို မထနိုင်၊ မလာနိုင်ဖြစ်တာ၊ ရတဲ့ သစ်ဥသစ်ဖုစားတော့ ၀မ်းပျက်တာ လည်း ပါမှာပေါ့လေ "
" ဟင် ဘယ်လို၊ အစာပြတ်တာလဲ၊ သူက ဘယ်ကလဲ " ဟု ဂင်ရန်လီက ဆက်တိုက်မေး၏။ ဦးဇော်ခွမ်က သူတဲမှ လွဲ၍ မပြိုသေးသည့် တဲကလေး ကို လက်ညှိုးထိုးပြ၏။
" သူတစ်ယောက်တည်းနေတာ၊ ခုတော့ ဒီရွာမှာ ကျွန်တော်တို့နှစ်ယောက်တည်းပဲ ဆိုပါတော့။ ကျွန်တော် ပူတာအိုမှာ ရှိတဲ့ မိသားစုဆီ ခဏသွားတာ ငါးရက်ကာသွားတယ်။ ခုမနက် ဒီပြန်ရောက်တော့ သူ့ကို ဆေးရုံ ပို့ဖို့ ထမ်းစင် လုပ်နေတာ တွေ့ရတယ်။ ခရီးသည်တွေသတင်းပို့လို့ နမ်ခမ်းရွာက လာကြသတဲ့၊ ကျွန်တော် က ခုမနက် မှ ပူတာအို က ပြန်ရောက်တယ်ဆိုတော့ မလိုက်တော့ဘူး "
" သနားစရာပဲဗျာ၊ သူ့ခမျာ တစ်ရွာလုံးမှ တစ်ယောက်တည်းနေတာ။ ကံကောင်းလို့ မသေတာ "
" သွားတော့ မသနားလိုက်နဲ့ဦး "
" ဗျာ၊ ဘာဖြစ်လို့လဲ "
" ရေနွေးသောက်ပါဦး၊ ကျွန်တော် ပြောပြပါမယ် "
ဦးဖုန်ရမ်သည် ယခင်က ခေါ်ဘူဒဲမြို့နယ်တွင် နေထိုင်ခဲ့ကြောင်း၊ တရုတ်ပြည်နှင့် ပူတာအိုဘက် ကုန်ကူး၍ ပစ္စည်း များ အတော်အတန် ပိုင်ဆိုင်ခဲ့ဖူးကြောင်း၊ နွားနောက်များ၊ လားများ၊ မြင်းများနှင့် လှေကားထစ်လယ် ယာများ ပိုင်ဆိုင်ကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်ခန့်က သူပိုင်ပစ္စည်းအားလုံးရောင်းချ၍ မိသားစု တစ်ခုလုံး ပူတာအိုမြို့ သို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း။ လွန်ခဲ့သည့်နှစ်မှစ၍ ဦးဖုန်ရမ်တစ်ယောက်တည်း ကျွန်တော့် တဲအနီး တဲထိုး ၍ လာရောက်နေထိုင်ခဲ့ကြောင်း ပြောပြလေသည်။ ဆက်လက်၍ တဲကလေးကို လက်ညှိုး ညွှန်ကာ ခုသူနေတဲ့ တဲဆောက်ဖို့ ကျွန်တော်ပဲ သစ်ဝါးခုတ်ကူခဲ့တာ၊ ဆောက်ထားတာက သူတစ်ယောက် တည်းတောင် မဆန့်ချင်ဘူး။ " တဲကြီးရင် ဧည့်တည်းသတဲ့လေ "၊ ဟု ပြောပြလေသည်။ ဤလမ်းမှ ခရီး သည်များ သည် တစ်နည်းအားဖြင့် ဒုက္ခသည်ဆိုလည်း မမှားပါ။ လူသူကင်းမဲ့၍ ပတ်ဝန်းကျင်ရွာ မရှိသော တောကြီးမျက်မည်းထဲတွင် ဆောက်လုပ်ရေး ဗိုလ်တဲကိုသာ အားထားရသည်။ ဗိုလ်တဲဆိုသည်မှာ လည်း အမှန်တော့ ၀ါးတန်းလျားမျှသာ။ ခရီးသည်များ ချက်ပြုတ်စားသောက်ရန် အိုးခွက်ပန်းကန်များကိုတော့ ထားပေးသည်။ ထိုပစ္စည်းများကို ဆောက်လုပ်ရေး ဗိုလ်တဲစောင့်က ထိန်းသိမ်းရသည်။
အသွားအပြန် ညအိပ်ဆုံသည့် ဗိုလ်တဲမှ ဒရ၀မ်များမှာ ထင်းတစ်မျိုးတည်း ရောင်းရငွေနှင့်ပင် စုဆောင်းမိကြ ၏။ ပတ်ဝန်းကျင်တွင် တောင်ယာခုတ်၍ ဖရုံသခွားစိုက်၍လည်း ၀င်ငွေရှာကြ၏။
ဗိုလ်တဲ တစ်ခုနှင့်တစ်ခု အကွာအဝေးကား မတူပေ။ ခရီးကြမ်းသည့် နေရာတွင် တစ်နေ့တာအတွက် ခြောက်မိုင်၊ ၇ မိုင်မျှသာ သတ်မှတ်သော်လည်း ခရီးလမ်းသာသည့်နေရာမျိုးတွင် ၁၀ မိုင်မှ ၁၄ မိုင်အထိ ရှိ ကြ၏။ အသွားအပြန် ညအိပ်ဆုံသည့် ဗိုလ်တဲနေရာမျိုးတွင် အကြောင်းအမျိုးမျိုးကြောင့် လာရောက် နေထိုင်သူ များကြောင့် ရွာကလေးပင် ဖြစ်လာပါသည်။ တူညီသော ရည်ရွယ်ချက်မှာ ခရီးသည်များ အား ဈေး ရောင်း၇န်ဖြစ် ၏။ ဈေးရောင်းသည်ဆိုရာတွင် အစားအသောက်များသာဖြစ်၏။ ခေါက်ဆွဲ၊ အရက်၊ ကဇော်အစ ရရာကို ရောင်းကြ၏။ သို့သော် လမ်းပန်းဆက်သွယ်ေ၇း ခက်ခဲရကား တသမတ် တည်း ရောင်း နိုင်သူ မရှိ၊ ပြတ်တောင်းပြတ်တောင်း သာ ရောင်းချနိုင်ကြ၏။ အမြဲအရောင်းသွက်၍ ကုန်ကြမ်းမပြတ်ရနိုင် သော ကုန်ပစ္စည်းမှာ ထင်းသာတည်း။
ဗိုလ်တဲကို အကြောင်းပြု၍ လာနေသည်ဖြစ်၍ ဧည့်သည်ကို မုန်း၍မရပေ။ ရံဖန်ရံခါ ခရီးသည် ရာနှင့်ချီ၍ ဆုံတတ်ကြ ရာ ဗိုလ်တဲတစ်ခုတည်းနှင့် နေရာမလုံလောက်တော့။ ရှိရှိသမျှ အိမ်များ တဲများတွင် ကိုယ့်အဖွဲ့ နှင့် ကိုယ်တည်းခိုကြရ၏။
" သူက ဘာလုပ်တယ် ထင်သလဲ။ ဘယ်တော့မှ ထင်းခွေမထားဘူး၊ ရေခပ်တဲ့ ၀ါးကျည်တောက်ကလည်း တစ်ခုတည်းထားတယ်။ ဒါတောင် နှစ်ပုလင်းသာသာဝင်တဲ့ ၀ါးဆစ်တစ်ဆစ်တည်းနဲ့ လုပ်ထားတယ်။ ဧည့် သည် သောက်မှာ စိုးလို့တဲ့။ ကုန်ကုန်ပြောရရင်ဗျာ၊ တဲပေါ်တက်ဖို့ လှေကားတောင် တပ်မထားဘူး၊ သူက ၀ါးလုံးထောင်ပြီး တက်၊ သူတက်ပြီးရင် တစ်ခါတည်း ၀ါးလုံးဖြုတ်သိမ်းတော့တာ "
" ဟင် - တော်တော် စ်ကိုယ်ကောင်းဆန်တဲ့လူပဲဗျနော် "
" သူက ကျွန်တော်ကလွဲရင် ဘယ်သူနဲ့မှ မဆက်ဆံဘူး၊ မိသားစုလည်း အဆက်အသွယ် မလုပ်ဘူး၊ ဘယ် သူ့ကိုမှ မယုံဘူး၊ တစ်နေ့တော့ဗျာ၊ သူ ကျွန်တော့်ဆီ ပေါက်လာတယ်။ အထုပ်တစ်ထုပ်လည်း ပါလာ တယ်။ ကျွန်တော့်ဆီ အဲဒီ အထုပ်ကမ်းပြီး၊ ယောက်ဖဇော်ခွမ်၊ အဲဒါ ငွေထုပ်ဗျ၊ ရေတွက်ပေးစမ်းပါလို့ ပြောတယ်။ အဲဒီအချိန် တို့နှစ်ယောက်တည်း ရှိတယ်။ လမ်းသွားလမ်းလာ မရှိဘူး၊ ကျွန်တော်လည်း တစ်ရွက် ချင်းေ၇တွက်ပေး တယ်။ ကျွန်တော် ရေတွက်နေတုန်း၊ သူက အလန့်တကြားနဲ့ ယောက်ဖ၊ ယောက်ဖ၊ လူ လူသံကြားတယ်" ဆိုပြီး ကျွန်တော့်ဆီက ငွေအားလုံးသိမ်းကြုံးပြီး သူထိုင်နေတဲ့ ဖျာအာက်ကို ကမန်းကတမ်း ဆွဲထည့်ပြီး ထိုင်နေလိုက်တာ၊ ခရီးသည်တွေ မကုန်မချင်း တုတ်တုတ် မလှုပ်ဘူး ဗျို့။ ရေမ သောက်၊ သေးမပေါက်၊ ဖင်ထိုင်ချနေလိုက်တာ တကယ့် ကျောက်ရုပ်လိုပဲ ငြိမ်လို့ "
" အင်း တယ်အံ့သြစရာကာင်းတာပဲနော် "
" ခရီးသည် တစ်ယောက်မျှမရှိတော့မှ ငွေအားလုံးကို သိမ်းကြုံးပြီး သူ့တဲပြန်သွားတာ နောက်ပိုင်း ဘယ် တော့မှ လာ မပြတော့ဘူး၊ လာလည်း မရေတွက်ခိုင်းတော့ဘူး "
" တစ်နေရာရာ ဖွက်ထားမှာပေါ့နော် "
" အင်း၊ ပြောရဦးမယ် သူ့ငွေဖွက်ထားပုံကလေး "
" ပြောပြပါဦး စိတ်ဝင်စားစရာပဲနော် "
" အဲလိုတဲ့ဗျ၊ သူပူတာအိုမှာ နေတုန်းကပေါ့။ သူက အဲဒီငွေထုပ် သူနဲ့ အမြဲထားတယ်၊ သွားလေရာ ယူသွား တယ်၊ ဒါပေမဲ့တစ်ခု ထူးဆန်းတာက ဘုရားရှိခိုးကျောင်းကိုတော့ ဘယ်တော့မှ မယူသွားဘူးတဲ့၊ တနင်္ဂနွေ နေ့ ဘုရားရှိခိုးကျောင်း သွားတော့ သူတစ်ယောက်တည်းကျန်နေပြီးတော့ သူ့အပြင် တစ်စုံတစ်ယောက်များ ကျန်လေ မလားဆိုပြီး အိမ်နီးနားချင်းနဲ့ ပတ်ဝန်းကျင် အကုန်လိုက်ကြည့်။ တစ်ယောက်မှ မတွေ့မှ နွားတင်း ကုတ် က နောက်ချေးပုံတို့၊ ကောက်ရိုးပုံတို့ကြားမှာ လျှပ်တစ်ပြက် ထိုးဖွက်ပြီး သွားလေ့ရှိသတဲ့။ ဘုရားရှိခိုး ကျောင်းတက် ရင်လည်း မပြီးတပြီးမှာ သူများတကာထက် ဦးအောင် ထပြန်ပြီး ဖွက်ထားတဲ့ငွေထုပ် ကို ယူ လေ့ရှိသတဲ့။ ဘုရားရှိခိုးကျောင်းကို ဘာလို့ ငွေထုပ်မယူသွားလဲဆိုတော့ ဓမ္မဆရာတွေကဘုရားကို ၁၀ ဖို့ ၁ ဖို့ လှူဒါန်းဖို့ ဟောတယ်လေ၊ အဲဒါ သူငွေထုတ်ထိချင်တာ မဟုတ်ဘူး။"
" ဆန်းပါ့ဗျာ "
" သူ့ငွေ ဖွက်ထားတာ တစ်ယောက်မဟုတ် တစ်ယောက်တော့ တွေ့တာပေါ့၊ ဒါပေမဲ့ တစ်ရွာလုံး ဆွေမျိုးတွေပဲ။ ဘယ်သူမှလည်း မယူပါဘူး၊ သူက ပြောသေးတယ်၊ အဲဒီ ငွေတွေကို ဘယ်သူ့မှလည်း မပေး ဘူးတဲ့၊ သူလည်း မသုံးဘူးတဲ့၊ သူအသက်ထွက်ခါနီးကျတော့ မီးဖိုထဲ ပစ်ထည့်မီးရှို့ပစ်လိုက်မယ်တဲ့ဗျ"
" ဟ သူ အသက် ထွက်ခါနီးကျတော့ သူငွေထုပ်ကို မီးဖိုထဲ ပစ်ထည့်နိုင်မှာတဲ့လားဗျာ "
" မပြောနိုင်ဘူးလေ သူက အဲဒါတစ်ခုတည်းအာရုံစူစိုက်နေတော့ လုပ်ချင်လုပ်နိုင်မှာပေါ့ဗျာ၊ ပြီးတော့ ငွေထုပ် မီးဖိုထဲ မထည့်ခင် အသက်ထွက်သွား၇င်လည်း သေရွာက ခဏပြန်လာပြီး ထည့်ရင်ထည့်သွားမှာ ပေါ့ဟားဟား"
ဦးဇော်ခွမ် သည် သူ့စကားကို သူသဘောကျပြီး တဟားဟားရယ်နေသည်။
" အင်း ဒီလူ့အကြောင်းကြားရတာ ခင်ဗျားပြောလို့သာယုံတယ်ဗျို့၊ ဒါနဲ့ သူ့ဇနီးမယား သားသမီးတွေကော"
" အဲဒါ ပြောဖိုပကျန်နေတယ်၊ ဒီလိုဗျ၊ ခုနက ကျွန်တော် ပြောခဲ့သလိုပဲ၊ ရှိတဲ့ပစ္စည်းအားလုံးရောင်းပြီး ခေါ် ဘူဒကြနေ ပူတာအိုညမို့ကို မိသားစုနဲ့ ပြောင်းလာတယ်၊ ပစ္စည်းတချို့ကို အဲဒီဒေသထွက်ရွှေနဲ့ လဲတယ်ပေါ့ဗျာ၊ ပူတာအိုရောက်ပြီး ထုခွဲရောင်းချလိုက်တော့ ကျွန်တော်တို့ ပြောနေတဲ့ ငွေထုပ်ကြီးဖြစ်လာ တာပေါ့၊ ပြောင်းခါစတော့ ကောင်းကောင်း မွန်မွန် ပုံမှန်နေပါတယ်၊ နောက်တော့ ဘယ်လိုဖြစ်သွားသလဲ မသိဘူး၊ လူတိုင်းကို မယုံသင်္ကာစိတ် ၀င်လာတယ်။ သူ့မိသားစုကိုလည်း အမြဲမသင်္ကာစိတ်နဲ့ပဲ ကြည့်နေ တော့ တယ်။ နောက်တော့ သူစိမ်းဆန်ဆန် ဆက်ဆံလာတယ်။ ရက်စက်လာတယ်။
" ဘယ်လို ရက်စက်တာလဲ "
" ဒီလိုဗျာ၊ သားသမီးတချို့က ကျောင်းနေဆဲရှိတယ်။ သူ့မှာ ငွေရှိပေမယ့် စာအုပ်ခဲတံဖိုးတောင်မပေးဘူး၊ ကုန်ကုန်ပြော၇င်ဗျာ အားလုံးဝိုင်းလုပ်လို့ရတဲ့ စပါးကိုတောင် သူပေးမှ စားရတယ်။ စပါးကျီကို အမြဲသော့ ခတ်တယ် "
" ဟင် ဒီလောက်တောင်ပဲလား "
" စပါးကျီသော့ ကို အမြဲကိုင်ထားတယ်၊ ခရီးထွက်တော့မယ်ဆိုရင် စပါးကျီသော့ခတ်ပြီး ထွက်သွားလေ့ရှိ တယ်"
" ဒါဆို သူ့မိသားစု ဘယ်လို စားသောက်နေကြသလဲ "
" ဆွေမျိုးအိမ်နီးချင်းတွေ ဆီက ချေးငှားစားရတာပေါ့ဗျာ၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်ပါပဲဗျာ "
" ကိုယ့်စပါး ပဲဗျာ၊ သော့ခတ်လည်း သော့ဖျက်ပြီး ယူစားပေါ့ဗျ"
" ဒီလိုလုပ်လို့လည်း သူ့မိန်းမ သေခဲ့ရပြီလေ "
" ဘယ်လို ဘယ်လို စပါးကျီသော့ဖျက်လို့ သူ့မိန်းမကို သတ်ပစ်ရောလား "
" ဒီလိုဗျာ၊ သူကထုံးစံအတိုင်း စပါးကျီသော့ခတ်ပြီး ခရီးရှည် ထွက်သွားတယ်၊ တစ်နေ့တော့ သူ့သမီးအငယ် ဆုံး မခေါဇီ က သူ့အမေကို ဗလာစာအုပ်နဲ့ ခံတံဝယ်ပေးဖို့ ပူဆာတယ်၊ သူ့အမကလည်း ဘယ်မှာမှ ချေးငှား မရ၊ မကြံတတ်တာ နဲ့ ဖြစ်ချင်ရာဖြစ် စပါးကျီသော့ဖျက်ပြီး စပါးတစ်ပုံး (တစ်ခွဲ)ထုတ်ရောင်းလိုက်သတဲ့ဗျ "
" အဲဒါ သူ သိသွားတယ်ဆိုပါတော့ "
" ဟုတ်တယ် သူပြန်ရောက်ပြီး စပါးရောင်းတာလည်း သိရော သူ့မိန်းမကို စပါးစို့ထိုးစိုက်တဲ့ သစ်သားတုတ်နဲ့ သုံးချက် ဆင့်ရိုက်တာ ဆေးရုံောက်သွားတယ်။ ချက်ချင်းမသေပေမယ့် အဲဒီဒဏ်နဲ့ နလန်မထူနိုင်တော့ ဘဲ နောက်တစ်နှစ်မှာ သေသွားရှာတယ် "
" ဟင် တော်တော် ရက်စက်ပြီး၊ လူစိတ်မရှိတဲ့လူပါလား "
ဂင်ရန်လီသည် ထိုအဖိုးကြီးအား ဆေးတိုက်မိသည်ကို နောင်တရမိသည်။ ယုတ်မာရက်စက်သူကို ဆေးတိုက် မိ၍ ဆေး ကို နှမျောတသနောင်တရမိခြင်းမဟုတ်၊ ရောဂါအသေအချာမသိရဘဲ မဆင်မချင် ဆေးပြင်းတိုက်မိ၍ မိမိ ပယောဂကြောင့် လမ်းခရီးတွင် သေမည်စိုးရိမ်၍ နောင်တရမိခြင်းသာဖြစ်၏။
" ကျုပ်ဆေးကြောင့် ငွေထုပ်မီးဖိုထဲမပစ်ထည်ညလိုက်ရဘဲ လမ်းမှာ ကိစ္စချောသွားပြီးလားမသိဘူး၊ အင်း နေတောင် အတော်စောင်းသွားပြီး၊ အထက်ဗိုလ်တဲ နေမ၀င်ခင်ရောက်နိုင်ပါ့မလား"
" ရောက်ပါတယ်၊ တစ်မိုင်သာသာပဲရှိပါတယ်၊ အလွန်ဆုံး တစ်နာရီခရီးပေါ့၊ ခင်ဗျား ကိုယ်လွတ်ပဲ "
" ကျေးဇူးပဲ ဦးဇော်ခွမ် နောက်တစ်ခေါက်ဆင်းလာရင် ခင်ဗျားဆီ ၀င်ခဲ့ဦးမယ် "
" ဟုတ်ကဲ့ ၀င်ခဲ့ပါ။ ကျွန်တော်ရှိရင် ရေနွေးကြမ်းတော့ အမြဲရှိပါတယ် "
ဂင်ရန်လီသ ည် ဦးဇော်ခွမ်နှင့် အဖွဲ့အား နှုတ်ဆက်ပြီး ခရီးဆက်သွားတော့၏။ သူသည် လမ်းတစ်လျှောက်လုံး ဖုန်ရမ်ဆိုသည့် ထူးဆန်းသည့် အဘိုးကြီးအကြောင်းကိုသာ တွေးနေမိ၏။ ဦးဖုန်ရမ် ယခုလို ဖြစ်သွားသည်မှာ သူ့ငွေထုပ်ကြောင့် ဟုဂင်ရန်လီ သုံးသပ်မိ၏။ သူသည် တစ်သက်လုံး ရုန်းကန်လှုပ် ရှား၍ ရရှိလာသော ငွေထုပ်ကို တစ်စုံတစ်ယောက် လုယက်ခိုးယူမည် ကို ကြောင့်ကြနေပေလိမ့် မည်။ လျော့ပါး သွားမည်စိုးရိမ်လိမ့်မည်။ သူ့မိသားစုကို စိတ်မချရာမှ လူတကာကို မယုံ သင်္ကာသံသယ စိတ်ဝင် သွားခြင်းဖြစ်လေ မည်။ သူသည် သူ့ငွေထုပ် လုံခြုံရေးအတွက် လူအများနှင့် ဆက်ဆံ ခြင်းမပြုတော့ဘဲ တစ်ကိုတည်း ငွေထုပ်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပေလိမ့်မည်။
နောက်ပိုင်း ကာလအတန်ကြာသည်အထိ ဂင်ရန်လီ ဦးဇော်ခွမ်ကို မတွေ့ဖြစ်တော့။ ဦးဇော်ခွမ်၏ တဲရှိ သည့်ဗိုလ်တဲရွာဟောင်းကို နှစ်ကြိမ်မျှ ဖြတ်သွားသော်လည်း တံခါးပိတ်ပြီး လူသူမရှိသည့်တဲကိုသာ တွေ့ရ ၏။ ဦးဇော်ခွမ် အပြီးအပိုင် ပြောင်းသွားဟန်ရှိ၏။ ပူတာအိုမြို့ကို မကြာခဏ ဖြတ်သန်းသွားသော်လည်း ဦးဇော်ခွမ် ၏ နေရပ်မမေးထားမိ၍မသွားဖြစ်။ ထိုမြို့တွင် တာဝန်လည်းမရှိပြန်ရာ လေယာသ်နေရာမရရှိ သောရက်များ၊ အထမ်းသမား အဆင်မပြေသည့် အခေါက်များတွင်သာ နှစ်ရက် သုံးရက် ကြာတတ်၏။ သို့မဟုတ် ပါက ဖြတ်သွားဖြတ်လာမျှသာဖြစ်၍ မိတ်ဆွေသင်္ဂဟအိမ်လိုက်လည်ရန် အချိန်မရပေ။
ကံအားလျော်စွာ တစ်နေ့သောအခါ ပူတာအိုလေယာဉ်ကွင်းရွာ ဈေးတွင် ဦးဇော်ခွမ်နှင့် ဆုံမိ၏။ လက်ဖက် ရည် ဆိုင်တစ်ဆိုင်သို့သွားပြီး ရောက်တတ်ရာရာ စကားလက်ဆုံကျရာမှ ဦးဖုန်ရမ်အကြောင်း ရောက်သွား ၏။
" ကျွန်တော် ခင်ဗျားတို့ တဲဟောင်းနေရာရောက်တိုင်း ခင်ဗျားနဲ့ ခင်ဗျားပြောပြတဲ့ ဦးဖုန်ရမ်ပုံပြင်ကို သတိရ တယ်ဗျာ၊ ဒါနဲ့ ဦးဖုန်ရမ် ခုဘယ်မှာလဲ "
" သူ ဆုံးသွားရှာပါပြီ၊ ခင်ဗျားတို့နဲ့တွေ့ပြီး နောက်တစ်နေ့မှာပဲ ပူတာအိုဆေးရုံတင်လိုက်တော့ တဖြည်းဖြည်း နဲ့ ထူထူထောင်ထောင် ဖြစ်လာတယ်။ ဆေးရုံတက်နေစဉ် သူ့သားသမီးတွေ က ကောင်း ကောင်းမွန်မွန် ပြုစုကြ တယ်။ ဒီတော့ သူ သားသမီးတွေအပေါ် ရက်စက်ခဲ့တာတွေ ကို နောင်တရသွားပါ တယ်"
" သူ အင်မတန်မြတ်နိုး ခဲ့တဲ့ ငွေထုပ်ကရောဗျာ "
" အဲဒါ ပြောမလို့ ပဲဗျ။ သူ ဆန္ဒပြည့်သွားတယ်ဆိုရမှာပေါ့လေ "
" သူ တကယ်ပဲ မသေခင် မီးရှို့သွားလို့လား "
" ဒီလိုတော့ မဟုတ်ပါဘူး သူ ထူထူထောင်ထောင် ဖြစ်လာတယ်ဆိုဦးတော့၊ အသက်အရွယ်ကလည်းကြီး၊ ရက် အတော်ကြာကြာ အစာပြတ်ခဲ့လို့ အားအင်ကလည်း ဆုတ်ယုတ်သွားတယ်ဆိုတော့ နမ်ထီလို ကြမ်း တမ်းတဲ့နေရာ မသွားနိုင်တော့ဘူး၊ သူ့သားသမီးတွေနဲ့ပဲ လူနာတစ်ပိုင်းဘ၀နဲ့နေခဲ့တယ်။ ကျွန်တော် သူ့ဆီ သွားလည်တော့ မိသားစုအပေါ် ရက်စက်ခဲ့တဲ့အကြောင်းပြောပြီး မျက်ရည်ကျရှာတယ်။ သူ့မိန်းမက သူ့ပယောဂကြောင့် သေသွားတာဖြစ်လို့ နောင်တရမဆုံးဖြစ်ခဲ့တယ်။ သူ့မှာရှိတဲ့ငွေနဲ့ သူ့မိန်းမအတွက် သတိ ရဆုတောင်းပွဲလုပ်ပြီး အုတ်ဂူတည်းပေးဖို့ ပြောရှာတယ်။ ဒါပေမဲ့ ငွေထုပ်က သူ့ဆီမှာ မရှိဘူး၊ သူ့ နောက်ဆုံးနေ သွားတဲ့ နာမ်ထီ ဗိုလ်တဲရွာဟောင်းမှာပဲ ၀ှက်ထားခဲ့တယ်။ သူဝှက်ထားပုံကလည်း ဆန်းပါ တယ်။
ငွေထုပ်ကို သူ့တဲမှာမ၀ှက်ပဲ ကျွန်တော့်တဲအောက်မှာ ၀ှက်ထားခဲ့တယ်။ သူများ မရိပ်မိအောင်ပေါ့ဗျာ၊ ဒါပေမဲ့ သူက နာမ်ထီရွာကို ပြန်မသွားနိုင်တော့ ကျွန်တော်ဟာ စိတ်အချရဆုံးလူပေါ့။ ကျွန်တော် နမ်ထီတဲစွန့်ပြီး ပူတာအိုပြောင်းလာတာ သူ မသိရှာဘူး၊ ကျွန်တော်လည်း မပြောမိဘူး သူခိုင်းတဲ့ အတိုင်း ကျွန်တော်လည်း သူ့သားအဒီး ကို အဖော်ခေါ်ပြီး နမ်ထီဗိုလ်တဲဟောင်းရွာကို သွားပါတယ်။ နာမ်ထီ ဗိုလ်တဲဟောင်းဟာ မချမ်းဘော ကို မ၀င်ဘဲ ဖြတ်လမ်းနဲ့ နမ်ခမ်ရွာဖြတ်ပြီးသွားရင် တစ်ရက်တည်းနဲ့လည်း ရောက်ပါတယ်။ ဒါပေမဲ့ နမ်ခမ်းရွာရောက်တော့ ဆွေမျိုးတစ်ဦးရဲ့ နာရေးနဲ့တိုးတာနဲ့ နှစ်ညအိပ်လိုက်ရတယ်။ နောက်ရက် စောစောထပြီး နာမ်ထီရွာဟောင်းကို သွားကြပါတယ်။
ရွာဟောင်း ရောက်တော့ လားလား ကျွန်တော့် တဲအိမ် မရှိတော့ဘူး၊ မီးလောင်ပြာကျသွားတာ တွေ့ရတယ်။ တိုင်တွေ မှာ မီးတောင်ရှိသေးတယ်။ စွန့်ပစ်ထားတဲ့ တဲအိမ်ဆိုပေမယ့် တည်းလို့ နားလို့ ရသေး တယ်။ နေ့လည်နေ့ ခင်း ခစတျဖြုတ်၊ ချက်ပြုတ်စားကြတဲ့ ခရီးသည်တွေရဲ့ မီးကြွင်းမီးကျန်တွေကြောင့် ဖြစ်မှာပါ။ ကျွန်တော် တို့ လည်းမီးခဲပြာပုံများကို ဖယ်ရှားပြီး သူညွှန်တဲ့နေရာတ၀ိုက် တူးဆွကြည့်တယ်။ ဘာမှ မတွေ့ရတော့ဘူး။ အနီးတ၀ိုက်မှာ တွေ့ရတဲ့ တွန့်လိမ်နေတဲ့ ပလတ်စတစ်နဲ့ စက္ကူပြာမှုန့်များကို သာတွေ့ရတော့တယ်။ သူက ခဏသာ ရည်ရွယ်ပြီး သေချာမမြှုပ်တော့ မြေကြွက်တို့လို တိရစ္ဆာန် တစ်ကောင်ကောင်က ယက်ထုတ်တူးဆွ လိုက်တာ ဖြစ်မှာပါ။
ငွေထုပ်မရှိတော့လို့ သူ့ကို ဘယ်လို ရင်ဆိုင်ပြောဆိုရမည်ကို မသိတော့ဘူး။ တော်ပါ သေးရဲ့ သူ့သား ပါလာလို့။ သို့မဟုတ်ရင် သူကျွန်တော့်အပေါ် သူ တစ်သက်လုံး သံသယကင်းတော့မှာ မဟ်ုတ်ဘူး။ ကျွန်တော် တို့ ပြန်ရောက်လာပြီး သူ့ငွေထုပ်မရှိတော့တာ သိသွားရင် သူ ဘယ်လိုဖြစ်သွားမယ် ဆိုတာ တွေးတောင် မကြည့်ဝံ့တော့ဘူး။ ဒါပေမဲ့ ဘာမှမတတ်နိုင်တဲ့ အဆုံး ကျွန်တော်တို့နှစ်ယောက် စိတ် ပျက်လက်ပျက်နဲ့ ပူတာအိုမြို့ ကို ပြန်ကြပါတယ်။ နမ်ခမ်းရွာရောက်တော့ ကျွန်တော်တို့ကို လာခေါ်တဲ့လူနဲ့ ဆုံမိတယ်။ ဦးဖုန်ရမ်ရုတ်တရက် သေဆုံးသွားလို့တဲ့။ အဖြစ်အပျက်တွေဟာ မယုံနိုင်စရာတွေပဲ။ ဦးဖုန်ရမ် ဟာ မှိုဟင်းစားမှားပြီး သေဆုံးသွားတာတဲ့။ သူသေတဲ့အချိန်နဲ့ သူ့ငွေထုပ် မီးလောင်သွားတာဟာ တစ်ချိန် တည်းလို ပါပဲ။ ဒါကြောင့် ခုနက သူ့ဆန္ဒ ပြည့်သွားတယ်လို့ ကျွန်တော် ပြောမိတာပါ " ဟု ဦးဖုန်ရမ်၏ ငွေထုပ် အကြောင်း၊ ဖြစ်ကြောင်းကုန်စင် ပြောပြလေသည်။ ဂင်ရန်လီသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး၊ " အင်း ခင်ဗျား ပြေပြတဲ့ ဦးဖုန်ရမ်ရဲ့ နောက်ဆက်တွဲ ပုံပြင်ဟာ ပိုပြီး ထူးဆန်းစိတ်ဝင်စားဖွယ် ကောင်းပါတယ် "
ဝမ်းနည်းကြေကွဲဖို့လည်း ကောင်းပါတယ်ဟု မှတ်ချက်ချ ပြောဆိုလေသည်။ ဦးဇော်ခွမ်က -
" ဒါနဲ့ အထမ်းသမားကော အဆင်ပြေရဲ့လား " ဟု စကားစဆိုလေသည်။
" ဒီတစ်ခေါက် အထမ်းသမားလိုက်ရှာတာ သုံးရက်တောင် ကြာသွားတယ်၊ ခေါ်ဘူဒဲအထိဆိုတော့ ခရီး ကလည်းကြမ်း၊ မိုးတွင်းကလည်း ဖြစ်ပြန်ဆိုတော့ သိပ်မလိုက်ချင်ကြဘူး။ ကြိုတင်ငွေပေးပြီး နှစ်ယောက် ခေါ် ထားတယ်။ ဒီမှာ ကြာနေတာကလည်း ကံကောင်းခြင်းတစ်မျိုးပေါ့။ ခင်ဗျားနဲ့ ပြန်ဆုံမိပြီလေ" ဟု တကယ်ပင် ဦးဇော်ခွမ်နှင့် ပြန်ဆုံမိသည်ကို စိတ်ထဲရှိသည့်အတိုင်း ၀မ်းသာအားရ ပြောချလိုက်လေသည်။
" အေးဗျာ ကျွန်တော်လည်း ၀မ်းသာမိပါတယ်။ ကျွန်တော်က နမ်ထီဗိုလ်တဲမှာ ခုနစ်နှစ်လုံးလုံး နေလာခဲ့ တယ် ဆိုတော့ ခင်ဗျားတို့ရဲ့ ဒုကခတွေကို ကောင်းကောင်း သဘောပေါက်ပါတယ်။ ပိုက်ဆံ ဘယ်လောက် ပေးရပေးရ၊ အထမ်းသမားရတယ် ဆိုရင် တော်သေးတာပေါ့။ တချို့ဝန်ထမ်းများဆိုရင် အထမ်းမရလို့ ကိုယ် တိုင် ထမ်းကြရတယ်" ဟု ဦးဇော်ခွမ်က စကားဆက်ဆိုလေသည်။ ပြီးမှ စကားရပ်ပြီး သူ၏ လက်ပတ်နာရီ ကိုငုံ့ကြည့် လိုက်သည်။
" အင်း သုံးနာရီတောင်ထိုးပြီပဲ၊ ကျွန်တော် ဒုတ္ထန်ရွာဘက်ကို သွားစရာရှိလို့ ခွင့်ပြုပါဦး" ဟု နှုတ်ဆက်စကား ဆိုလေ သည်။
ဦးဇော်ခွမ် သည် ပြောပြောဆိုဆို၊ ဒုတ္ထန်ရွာဘက်သို့ ထွက်ခွာသွားရာ ဂင်ရန်လီသည်လည်း လက်ဖက်ရည်ဖိုး ရှင်းပြီး မနက်ဖြန် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် ထိုနေရာမှ ထွက်ခွာသွားပါတော့သည်။
ဆက်ရန်
.

No comments:
Post a Comment