Thursday, October 18, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၁၄) ဇာတ်သိမ်း

ပြည့်တန်ဆာအိမ်မှာ အသတ်ခံရသည့်သင်္ဘောသား

သင်္ဘောသားခေါင်းဆောင် (ဘိုဆင်)သည် မနေ့ညနေက အလုပ်ပြီးချိန်မှာ သင်္ဘောက ဆင်းသွားပြီး မြို့ထဲက နိုက်ကလပ်ကို သွားသည်။ နိုက်ကလပ်မှာ သူ့ကောင်မလေးနှင့် အတူထိုင်ပြီး အရက်သောက်နေ တာ ကို သင်္ဘောက သင်္ဘောသားတွေက တွေ့ခဲ့ကြသည်။
ညသန်းခေါင် နိုက်ကလပ်ပိတ်ချိန်မှာ သင်္ဘောသားတွေက သင်္ဘောကို ပြန်လာခဲ့ကြသော်လည်း ဘိုဆင်က ဒီညသူ့ကောင်မလေး၏ အိမ်မှာ အိပ်မည်။ မနက်ဖြန် မနက်စောစော သင်္ဘောကို အရောက်ပြန်ခဲ့မည် ဟု ပြောသည်။ သူ့ကောင်မလေးနှင့်အတူ နိုက်ကလပ်မှာ ကျန်နေခဲ့သည်။
ဒီနေ့ နံနက် အလုပ်ဝင်ချိန်မှာ ဘိုဆင်သင်္ဘောမှာ မရှိလို့ ကုန်းပတ်ပထမအရာရှိက တက်မကိုင်တွေနှင့် အလုပ်သင်တွေ ကို မေးသည်။

" ဘိုဆင် ဘယ်မှာလဲ "
" နိုက်ကလပ်က ပြန်မလာဘူး၊ ညက သူ့ကောင်မလေး အိမ်မှာ အိပ်တယ် "
ကုန်းပတ်ပထမအရာရှိသည် ဂရိလူမျိုးဖြစ်သည်။ အလုပ်ကို လွန်လေးစားသူဖြစ်သည်။ လက်က နာရီကို ကြည့် လိုက်သည်။ ၇ နာရီ ခွဲတော့မည်ဖြစ်လို့ အလုပ်ချိန် လွန်နေပြီဖြစ်သည်။ ဘိုဆင်ကို ထိရောက်ပြင်းထန် စွာ အရေးယူမည် လို့ စိတ်ကူးဟန်တူသည်။ သင်္ဘောသားတွေကို အလုပ်လုပ်ရန် ညွှန်ကြားသည်။ ဒီအချိန် မှာပဲ သင်္ဘောပေါ် ကို ဒေသခံရဲတွေ တက်လာသည်။
ရဲအရာရှိတစ်ယောက်နှင့် ရဲသားနှစ်ယောက်ပါသည်။ ဒီသင်္ဘောမှာ သင်္ဘောသား အစုံရှိသလားဟုမေးသည်။
" လူစုံရှိသလား "
" သင်္ဘောသားခေါင်းဆောင် မရှိဘူး၊ ညက နိုက်ကလပ်က ပြန်မလာဘူး "
" မှတ်မိပါတယ် "
ရဲအရာရှိက အမျိုးသမီး ပုံတစ်ပုံပြသည်။ ဟုတ်သည် ညက ဘိုဆင်နှင့် တွဲသည့် ကောင်မလေးဖြစ်သည်။ အဲဒီကောင်မလေး ၏အိမ်မှာ ညအိပ်မည်ဟုပြောသည်။ ဒီကောင်မလေး ဟုတ်မှန်ကြောင်း ပြောလိုက်သည်။ ဒီတော့မှ ကောင်မလေး ၏ အိပ်ခန်းထဲက ကုတင်ပေါ်မှာ ပက်လက်အနေအထားဖြင့် သေနေသော အလောင်း တစ်လောင်းကို ပြသည်။

" ဒါဟာ ဒီသင်္ဘောက ဘိုင်ဟုတ်ပါသလား "
" ဟာ ဟုတ်တာပေါ့၊ ဘာဖြစ်တာလဲဗျာ "
" သူ သေသွားပြီ၊ ဘာဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးရဦးမယ်၊ လောလောဆယ်တော့ အိမ်ရှင်ကောင် မလေးကို ဖမ်း ထားတယ် "
" အသတ်ခံရတာ ဖြစ်မယ် "
ရဲအရာရှိ က ပခုံးတွန့်ပြသည်။ ဖြစ်နိုင်တယ်။ ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူး၊ မပြောနိုင် ဘူးဆိုသည့် သဘောဖြစ်သည်။ သင်္ဘောက တာဝန်ရှိသူ တစ်ယောက်နှစ်ယောက်ယောက် ရဲစခန်းကို လိုက်ခဲ့ပါ ဆိုလို့ ကုန်းပတ်ပထမအရာရှိနှင့်အတူ လိုက်သွာားကသည်။
ရဲစခန်း ကို ရောက်သွားတော့ ကောင်မလေးကို ရဲစခန်း အချုပ်ထဲက ထုတ်လာသည်။ သင်္ဘောသားတွေရှေ့ မှာ စစ်ဆေး သည်။ ကောင်မလေးသည် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ မပြောတတ်သည့်အတွက် ဒေသ စကားဖြင့် ပြောခိုင်းရသည်။ ရဲအရာရှိက အင်္ဂလိပ်လို ဘာသာပြန်ပေးသည်။

" ညက ဘယ်အချိန်မှာ အိမ်ကို ပြန်ရောက်သလဲ "
" ၂ာ နာရီ "
" သူ တော်တော်မူးနေသလား "
" သိပ်ပြီး မမူးပါဘူး၊ နေ့တိုင်းလိုပါပဲ "
" မအိပ်ခင် သောက်သေးလား "
" မအသောက်ဘူး "
" မအိပ်ခင် ဘာမှမလုပ်ဘဲ အိပ်ကြတာလား "
" လုပ်ပါတယ် "
" ဘာလုပ်သလဲ "
" နေ့တိုင်းလိုပါပဲ "
အားလုံးက သဘောပေါက်ကြသည်။ ဒီကောင်မလေးသည် ဘိုဆင်ဆီက ညကြေးဒေါ်လာ ၂၀ နေ့တိုင်းရနေ သည်။ ဘိုဆင်သည် အသက် ၆၀ နီးနေပြီဖြစ်သည့် အဘိုးကြီးဖြစ်သည်။ လိင်ဆန္ဒသာ ရှိသော်လည်း သိပ်ပြီး မစွမ်းတော့ လို့ အတော်ကြိုးစားရမည်ဖြစ်သည်။ ဒီကောင်မလေး၏ အိပ်ခန်းထဲက ကုတင်ပေါ်မှာ ဘိုဆင်ကြီး သေတာတော့ ဟုတ်သည်။ ဒီကောင်မလေး သတ်တာလား၊ ဘာကြောင့်သတ်တာလဲ စဉ်းစား ကြရတော့ သည်။

ဒီအချိန်မှာ မှုခင်းဆရာဝန် ရောက်လာလို့ ကောင်မလေး၏ အခန်းထဲမှာရှိနေသည့် အလောင်းကို စစ်ဆေး ရန် ကောင်မလေး၏ အိမ်ကို သွားကြသည်။ ဘိုဆင်၏ အလောင်းသည် အုပ်ထားသည့်အ၀တ်ကို ဖယ်လိုက်သော အခါ ပက်လက်အနေအထားဖြင့် ကိုယ်လုံးတီးဖြစ်နေသည်။ အလောင်းမှာ သေနိုင်လောက် သည့် ဒဏ်ရာတစ်ခုမှ မရှိ၊ လည်ပင်းညှစ်ထားသည့်လက္ခဏာလည်း မတွေ့၊ လျှာကို ကြည့်တော့လည်း အဆိပ် ခပ်ထားသည့် လက္ခဏာ မတွေ့၊ ဆရာဝန်က မေးသည်။
" သူ ဘယ်အချိန်က သေသလဲ "
" မသိဘူး၊ သူသေနေတာကို မိုးလင်းမှ သိတယ် "
" အတူအိပ်တာ မဟုတ်ဘူးလား "
" သူ ဆန္ဒပြည့်သွားပေမဲ့ ကျွန်မ ဗိုက်ပေါ်က မဆင်းလို့ အသာတွန်းချပြီး ကုတင်ပေါ်မှာ ဒီပုံအတိုင်း ထားခဲ့ တယ်၊ ကျွန်မ သားလေး အိပ်တဲ့ အခန်းမှာ သွားအိပ်တယ်။ သူက နံနက် ၆ နာရီမှာ သူ့ကို နှိုးပါလို့ ပြောထား လို့ သွားနှိုးတော့ ကျွန်မ တွန်းချထားခဲ့တဲ့ ပုံစံ ဒီပုံစံအတိုင်းပဲ တွေ့ရတယ်၊ လှုပ်နှိုးကြည့်တော့ အသက်မရှိ တော့လို့ ရဲ ကို အကြောင်းကြားလိုက်တာပါ "

ဆရာဝန်က မေးကို ကိုင်ပြီး စဉ်းစားနေသည်။ လူသတ်မှုမဟုတ်၊ လူသေမှုသာဖြစ်သည်။ အိမ်ရှင်အမျိုးသမီး သည် နေ့စဉ် ဒေါ်လာ ၂၀ ပေးနေသည့် မိမိ၏ဖောက်သည်ကို သတ်ဖို့အကြောင်းမရှိ။ လုံခြုံသည့် အိပ်ခန်း ထဲကို တစ်စုံ တစ်ယောက်က လာသတ်တာလည်း မဟုတ်။ သေသူသည် သူ့ကိုယ်သူ သတ်သေသွားတာ ဖြစ်မည်ဟု မှတ်ချက်ပြုသည်။
" အသက်ခြောက်ဆယ် အဘိုးကြီး၊ အရက်သောက်တယ်၊ အပျော်အပါး လိုက်စားတယ်၊ သူ့မှာ နှလုံးရောဂါ ရှိနေတာ ဖြစ်ရမယ်၊ သူ့ဆန္ဒ ပြည့်သွားတဲ့ အချိန်မှာပဲ အမျိုးသမီးရဲ့ ဗိုက်ပေါ်မာ အသက်ထွက်သွားတာပါ "

လူသတ်မှုမဟုတ် ဘဲ လူသေမှုဖြစ်လို့ အိမ်ရှင်အမျိုးသမီးကို အရေးယူမလို့ အားခဲထားသူတွေ အားပျော့ သွား သည်။ ကိုယ့်လူရဲ့ အလောင်းကို ကိုယ်ထမ်းပြီး ပြန်ကြမလို့ လုပ်သည်။
" ပြန်ကြမလို့လား၊ သူ ကျွန်မကို ညကြေးမပေးရသေးဘူး "
အမျိုးသမီးကို အရေးမယူနိုင်သည့်အပြင် ညကြေးဒေါ်လာ ၂၀တောင် စိုက်ပေးခဲ့ရသေးသည်။ အသက်ကြီး မှ ပျော်ချင်သူတွေ သတိထားစရာဖြစ်သည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

သင်္ဘောပိုင် ပိုက်ဆံကို ခိုးသည့် ပြည့်တန်ဆာမ

    တောင်အမေရိကတိုက်ရှိ နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်ထားစဉ် ဖြစ်ခဲ့သည့် အမှုဖြစ်သည်။ ဒီနိုင်ငံ ၏ ဥပဒေအရ သင်္ဘောပေါ်ကို မသက်ဆိုင်သူတွေ တက်ရောက်ခွင့်မရှိသော နိုင်ငံဖြစ်သည်။ အဲဒီနိုင်ငံမှာ သင်္ဘောပေါ်ကို ရောက်နေသည့် အမျိုးသမီးက ကပ္ပတိန်၏ မီးခံသေတ္တာထဲက ပိုက်ဆံကို ခိုးယူဖို့ကြိုးစားသည့် အမှုဖြစ်သည်။
    ဆိပ်ကမ်းမှာကပ်ထားသည့် သင်္ဘောပေါ်ကို မသက်ဆိုင်သူ တက်ရောက်ခွင့်မရှိ ဆိုသော်လည်း တက်ရောက်ခွင့် ရှိသည့် နည်းတွေရှိသည်။ ဆိပ်ကမ်းဂိတ်ပေါက်ဝမှာ သင်္ဘောပေါ်ကို တက်ချင် လို့ ရောက်နေကြသည့် အမျိုးသမီးတွေက နည်းပေးလမ်းပြလုပ် သည်။ ရှင့်ရဲ့အမျိုးသမီးမိတ်ဆွေပါလို့ ဂိတ် မှာ ပြောပြီး ခေါ်သွင်းလို့ရတယ်။

    မိမိ၏အမျိုးသမီးမိတ်ဆွေပါလို့ ဂိတ်မှာပြောပြီး သင်္ဘောသားက တာဝန်ယူကာ ခေါ်သွင်းလို့ရသည်။ ဂိတ်မှာ နာမည်ပေးရသည်။ ဂိတ်စောင့်ကို လိုင်းကြေး ၂ဒေါ်လာ လောက်ပေးလိုက်လျှင် အမျိုးသမီးခေါ်သွင်းလို့ရသည်။ ဆိပ်ကမ်းဝင်း ထဲကို ရောက်ပြီဆိုလျှင် ပြီးပြီ။ ရက်ကြာချင်သလောက် ကြာပါစေ။ နေချင် သလောက်နေလို့ ရသည်။ သင်္ဘောမထွက် မချင်း နေလို့ရသည်။ အဲဒီလိုဖြင့် သင်္ဘောပေါ်မှာ သင်္ဘောသား တိုင်း၏ အမျိုးသမီး မိတ်ဆွေ တွေဖြင့် ပြည့်နေသည်။
    တစ်နေ့တော့ သင်္ဘောပေါ်ကို ရဲတွေရောက်လာပြီး အမျိုးသမီးတစ်ယောက်ကို သင်္ဘောပေါ်မှာပင် စစ်ဆေးသည်။ အမျိုးသမီးသည် ကပ္ပတိန်၏ အမျိုးသမီးဖြစ်နေသည်။ သင်္ဘောပေါ်ကို ဘယ်လိုရောက် လာ သလဲ။ ကပ္ပတိန်က တာဝန်ယူပြီး ဧည့်သည်အဖြစ်ခေါ်လာ တာ ဖြစ်ပါတယ်။

    သင်္ဘောသားအားလုံးသိနေသည့် အမျိုးသမီးကို ရဲကမသိလို့မေးနေတာဖြစ်သည်။ ကပ္ပတိန်ကိုမေးသည်။ ကပ္ပတိန် က ဟုတ်မှန်ကြောင်းဝန်ခံသည်။ ကပ္ပတိန်ကိုယ်တိုင် တာဝန် ယူပြီးသင်္ဘောပေါ်ကို ခေါ်တင်ထားသည့် အမျိုးသမီး က ကပ္ပတိန်၏ ပိုက်ဆံတွေကို ခိုးယူသည့် အပြစ်။ သင်္ဘောပိုင်ပိုက်ဆံတွေကို ခိုးဖို့ကြိုးစားတာကို မိလို့ ရဲကိုဖုန်းဆက်ပြီး တိုင်လိုက်တာ ဖြစ်သည်။ ရဲတွေကသင်္ဘောပေါ်ရောက်လာပြီး စစ်ဆေးနေတာဖြစ်သည်။
    ကပ္ပတိန် ကိုယ်တိုင်တာဝန်ယူပြီး သင်္ဘောပေါ်ခေါ်တင်ထားတဲ့ အမျိုးသမီးက တရားခံ ဖြစ်နေတော့ ဒီအမှုမှာ ကပ္ပတိန် မှာလည်း တာဝန်ရှိတယ်။

ရဲကပြောလိုက်တော့ ကပ္ပတိန်သတိရသွားပြီး အကြပ်ရိုက်သွားသည်။ အမှု ပိတ်ပြီး ကျေအေး လိုက် ရမလို ဖြစ်သွားသည်။ အခုမှ ကျေအေးချင်လို့ မရတော့ပါ။ အမှုကတိုင်ချက်ဖွင့် ထားပြီးဖြစ်သည်။ ဆိပ်ကမ်း အာဏာပိုင် ခွင့်ပြုချက်မရှိဘဲ မသက်ဆိုင်သူတွေ အမျိုးသမီးတစ် ယောက်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထား သည့် နိုင်ငံခြားသင်္ဘောပေါ်မှာ ရောက်နေသည်။ သင်္ဘောပေါ်မှာ ရောက်နေသော အမျိုးသမီး တစ်ယောက် တည်းမဟုတ်။ ဒီသင်္ဘောက သင်္ဘောသား အရေအတွက်နှင့်အညီ အမျိုးသမီးတွေ အိပ်ခန်းတွေထဲမှာ ရှိနေသည် ဆိုတာကို ရဲကလည်းသိနေသည်။ သင်္ဘောပေါ်မှာ ရောက်နေကြသော်လည်း ပြသာနာမဖြစ်လျှင် ဘာမှမဖြစ်။ အခုတော့ ပြသနာဖြစ်လို့ ရဲတွေရောက်လာရတာဖြစ်သည်။ သင်္ဘောသားတာဝန် ယူလျှင် မသက်ဆိုင်သူ ကို သင်္ဘောပေါ် ခေါ်ယူခွင့်ရှိသည်လို့ ဥပဒေမှာမရှိ။ ဆိပ်ကမ်းအာဏာ ပိုင် ခွင့်ပြုချက်မရှိဘဲ မသက်ဆိုင် သူများ ဆိပ်ကမ်းအတွင်းသို့ ဝင်ရောက်ခွင့်မရှိလို့သာ ဥပဒေမှာရှိသည်။ ဒီကိစ္စ မှာ အောက်ခြေမှာပြေလည်အောင် မဖြေရှင်းပါက ဂိတ်စောင့်လုံခြုံရေး ဝန်ထမ်းတွေကိုပါ အမှုပတ်လာနိုင်သည်။ ဂိတ်စောင့်တွေ က လိုင်းကြေးယူပြီး အမျိုးသမီးတွေ ကို သွင်းနေတာဖြစ်သည်။

ကပ္ပတိန်ရဲ့ ပိုက်ဆံကို ဒီအမျိုးသမီးခိုးပါတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ မီးခံသေတ္တာသော့ ဟာ သော့ပေါက် မှာ တန်းလန်းဖြစ်နေလို့ မသင်္ကာတာနဲ့ စစ်ဆေးကြည့် တော့ သင်္ဘောပိုင် ပိုက်ဆံတစ်ချို့ပျောက်နေတာ သိရ ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေမသိသည့် နောက်ခံအကြောင်းတွေရှိသည်။ ကပ္ပတိန်သည် ဆန္ဒရမ္မက်ကြီးသည့် ဂရိ လူမျိုးဖြစ်သည်။ သင်္ဘောပေါ် ကို တက်လာကြသည့် အမျိုးသမီး တွေက ဂရိလူမျိုးဆိုလျှင် သဘာဝ မဟုတ်သည့် နည်းဖြင့် လိင်ဆက်ဆံတတ်သူများ ဟု ထင်ပြီးမကြိုက်ကြပါ။ ဒီအမျိုးသမီးကတော့ ဂရိကပ္ပတိန်ကို လိုလို လားလား လက်ခံသည့် အတွက် ကပ္ပတိန်သဘောကျပြီး အလိုလိုက်ခဲ့သည်။ မီးခံသေတ္တာသော့ ထား သည့် နေရာ ကိုပင် ပြခဲ့မိသည်။
အမျိုးသမီး သည် ကပ္ပတိန်မူးပြီး အိပ်ပျော်နေစဉ်မှာ မီးခံသေတ္တာသော့ကို ယူသည်။ မီးခံသေတ္တာသော့နှင့် အတူတွေ့ ရသည့် ဒေါ်လာ၁၂၀၀ကို ယူသည်။ အားမရနိုင်သေးပဲ မီးခံသေတ္တာကိုဖွင့်ဖို့ကြိုးစားသည် မီးခံသေတ္တာထဲ မှာ သင်္ဘောပိုင် ပိုက်ဆံတွေ ဒေါ်လာ ငါးသောင်းကျော်ရှိနေသည်။

အမျိုးသမီးသည် မီးခံသေတ္တာသော့ကို မဖွင့်တတ်ဘဲ သော့ကိုထိုးသွင်းကာ လှည့်ဖွင့် လိုက်သည့် အတွက် သော့လှည့်လို့မရဘဲ တန်းလန်းဖြစ်နေသည်။ သော့ကိုပြန်ထုတ်လို့မရ တော့ဘဲ တန်းလန်းဖြစ်နေသည့် အတွက်ကြောက်ပြီး ကပ္ပတိန်၏ အခန်းထဲက ပြေးမလို့လုပ် စဉ်ကပ္ပတိန်နိုးလာတာဖြစ်သည်။
    မီးခံသေတ္တာ၏ ဂဏန်း(ဒစ်ဂျစ်တယ်)သော့ကို ဘယ်ညာလှည့်ပြီးမှသာ သော့ကိုထိုး သွင်းပြီး ဖွင့်ရ တာဖြစ်သည်။ ဒါကိုမသိသည့် အမျိုးသမီးက သော့ကို ထိုးသွင်းပြီး ကမန်းက တန်း လှည့်လိုက်ရာမှာ ဂျမ်းဖြစ်ပြီး သော့ပြန်နုတ်မရဖြစ်သွားသည်။ ကပ္ပတိန်နိုးလာသောအခါ သော့တန်းလန်းမြင်လို့လန့်သွားသည်။ သူ့အမျိုးသမီး ကလည်း အခန်းတွင်းမှာမရှိတော့လို့ အခန်းတွင်း စစ်ဆေးရာ ဒေါ်လာ တစ်ထောင်ကျော်ကျော် ပျောက်နေတာ သိလိုက်သည်။ ဆိပ်ကမ်းရဲကို ဖုန်းဆက်ခေါ်လိုက်သည်။ အမျိုးသမီးက မဆင်းနိုင် မီ ဖမ်းမိတာဖြစ်သည်။

    ကပ္ပတိန် ဘာလုပ်ချင်လဲ ပျောက်နေတဲ့ပိုက်ဆံတွေကို ပြန်လိုချင်ပါတယ်။ ရဲက အမျိုးသမီးပိုက်ထားသည့် ပိုက်ဆံ အိတ် ကို ဆွဲယူပြီး ဖွင့်ရှာသည်။ အမေရိကန်ဒေါ်လာ ၇၀၀တွေ့ရသည်။ ကပ္ပတိန်က ၁၂၀၀ပျောက်သည် ဟုပြောသည်။ ၅၀၀ လိုနေသေးသည်။ အမျိုးသမီးက အံဆွဲထဲမှာ ဒါပဲတွေ့လို့ ဒါပဲ ယူပါသည်ဟုပြောသည်။ အမျိုးသမီး ၏ တစ်ကိုယ်လုံးကို စမ်းသပ်ရှာဖွေသည် ဘာမှမတွေ့ရတော့လို့ ၇၀၀ ကိုပဲလက်ခံလိုက်ရသည်။ ၅၀၀ ဆုံးသွားသည်။ အမှုပြီးသွားသည်။ ကပ္ပတိန် က ဒီနိုင်ငံက အထာကိုသိနေလို့ ရဲတွေ ကို မုန့်ဖိုးပေးသည်။
    ကျေးဇူးတင်တယ် လက်ဖက်ရည်ဖိုးယူပါဦး ဒေါ်လာ၂၀၀ တိတိပေးသည်။ ရဲတွေက ဝမ်းသာစွာ လက်ခံ ယူသည်။ အမျိုးသမီး ကို ဥပဒေအရ ထိရောက်စွာ အရေးယူတော့မည်ဖြစ် သည်။ ရဲတွေကမေးသည်။
    "အပြစ်ရှိပါသလား"
    "ရှိပါတယ်"
    "ဘာပြောစရာရှိသလဲ"
    "ကပ္ပတိန်ဆီ က ညကြေးလိုချင်ပါတယ်"
    "ဘယ်လောက်လဲ"
    "ရိုးရိုးနည်း အပါအဝင် သဘာဝမဟုတ်တဲ့ နည်းတွေနဲ့ နေ့ရောညပါ ၅ရက် အသုံးတော်ခံရတဲ့ အတွက် ဒေါ်လာ ၅၀၀ လို ချင်ပါတယ်"
အမျိုးသမီး ရိုက်ချက် ကပြင်းသည်။ ဒေါ်လာ ၁၂၀၀အကုန်ဆုံးသွားသည့်အပြင် သဘာဝမဟုတ်သည့်နည်းဖြင့် လိင် ဆက်ဆံတတ်သူ အဖြစ် သိက္ခာပါ ကျလိုက်သေးသည်။ ရဲတွေနှင့် အမျိုးသမီးတို့ ခွဲဝေစားကြမည့် ပိုက်ဆံဖြစ် လို့ တောင်းသလောက် ပေးလိုက်ရတော့ သည်။
    မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ် မည်။

ပြီးပါပြီ
.

2 comments:

Anonymous said...

ကျေးဇူးတင်ပါတယ် မမရွှေစင်....

Anonymous said...

ကျေးဇူးတင်ပါတယ်..အမ...

ညီမ