ဒူးဝါးဇောင် စားပွဲပေါ်မှ ဂျာနယ်ကိုပြန်၍ ယူကြည့်နေမိသည်။ ဖြစ်ပေါ်လာမည့် သမ္မတသစ်နှင့် အစိုးရ သစ်အဖွဲ့ဝင် များကို ဆက်၍ လေ့လာရဦးမည်ဟု တွေးတောနေမိတော့သည်။ ကို ဆက်ဖတ်ရန်.........
အခန်း (၁၁)
ကန်ပိုင်တီးဒေသသည် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဌာနများအနက် ၂၀၀၉ ခုနှစ် တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော ဒေသဖြစ်သည်။ တခြား နယ်စပ်ကုန်သွယ်ရေးဌာန သုံခုရှိသည်။ မူဆယ် ၁၀၅မိုင်၊ လိုင်တာနှင့် လွယ်ဂျယ်တို့ ဖြစ်သည်။
(၂၀၀၂) ခုနှစ် တစ်ကြိမ်ဖွင့်ပြီး လမ်းပန်းဆက်သွယ်ရေးကြောင့် ကန်ပိုင်တီး ကုန်သွယ်ရေးဌာန ကို ပြန်ပိတ်ထားခဲ့သည် ၂၀၀၄ ခုနှစ်တွင် ၁၆၈ ကီလိုမီတာ ရှည်လျားသော မြစ်ကြီးနား-ကန်ပိုင်တီး- တရုတ် နယ်စပ်လမ်းကြောင်း ကို ဖောက်လုပ်ခဲ့သည်။
၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် လမ်းဖွင့်ပွဲ ကျင်းပခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးဌာန ဖွင့်လှစ်ခဲ့ခြင်းကြောင့် ကန်ပိုင်တီးဒေသမှာ စည်ကားဖွံ့ဖြိုးလာခဲ့သည်။ ကုန်သည်မျိုးစုံ၊ အရောင်းအဝယ် သမားမျိုးစုံ၊ သွင်းကုန်ထုတ်ကုန် သယ်ယူပို့ဆောင်ရေးမျိုးစုံဖြင့် လှုပ် ရှားတက်ကြွနေ၏။
နယ်မြေက ငြိမ်းချမ်းရေး ယူထားသော နယ်မြေ။ ကုန်သည်များက လမ်းပိုင်ခရီး ပို၍ တိုတောင်းသဖြင့် သဘောကျ ကြသည်။ ဗန်းမော်ဘက်မှ လာကြသည့် အရောင်းအဝယ်သများများရှိသည်။ မြစ်ကြီးနားမှ ကုန်သည် များ ရှိသည်။ ရေထွက်ကုန်များ ဖြစ်သည့် ငါးရှဥ့်၊ ဂဏန်းများ ကားကြီးကားငယ်တို့ ဆိုက်ရောက် လာကြသည်။ ကန်ပိုင်တီးမှာ ရေလဲရေဖြည့် လုပ်ပေးသော ပွဲရုံများ ရှိလာသည်။
ကျောက်လုပ်ငန်း သမားများလည်း ကန်ပိုင်တီးဘက်သို့ ရောက်လာကြသည်။ ရွှေကုန်သည်များလည်း ဝင်ထွက် လာကြသည်။ မြန်မာပြည်အရပ်ရပ်မှ ကောက်ပဲသီးနှံ၊ ရေထွက်ကုန်ပစ္စည်းမျိုးစုံ၊ သယံဇာတ မျိုးစုံတို့ တရုတ်ပြည် သို့ ရောင်းချသည်။ တရုတ်ပြည်ဘက်မှ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အထည်အလိပ်၊ ပလတ်စတစ် ကုန်မာပစ္စည်း များ သွင်းယူလာကြသည်။
မုဆိုးကိုစိုင်သင် ဆိုသကဲ့သို့ ဒေသခံများလည်း အရောင်းအဝယ် နားလည်လာကြသည် နား မျက်စိ ပွင့် လာကြသည်။
ကန်ပိုင်တီးသည် အခွန်ငွေများစွာကို ဖြည့်ဆည်းပေးသော ဒေသတစ်ခု အဖြစ် အချိန်တိုတို ကာလအ တွင်း အရေးပါလာ ခဲ့သည်။ ထို့အတူ နယ်စပ်ဒေသ ကုန်သွယ်ရေးဌာနတို့၏ သဘောသဘာဝ အတိုင်း ပြဿနာ များလည်း ရှိနေစမြဲပင်။
ကန်ပိုင်တီးဒေသ သို့ ယခုရောက်ရှိသော မျက်နှာစိမ်းအုပ်စုများက သူ့အစုနှင့် သူ ရှိနေကြသည်။ မည်သူ တွေ မှန်း သဲသဲကွဲကွဲ မသိနိုင်သေး။
ပထမတစ်ခုက တောင်ပေါ်ဒေသသုံး ဂျစ်ကားသုံးစီးဖြင့် ရောက်လာကြသည်။ လုံခြုံရေး တာဝန်ခံ များ နှင့် တွေ့ဆုံခိုက်တွင် ငါးရှဥ့်ဈေးနှုန်းများ လေ့လာရန် ဟု အကြောင်းပြချက်ပေးသည်။
ထိုအုပ်စုနှင့် မရှေးမနှောင်းမှာကပင် တရုတ်နယ်စပ်ဘက်မှ အရာရှိ(၂)ဦး ရောက်လာဥည်။ သူတို့ လက်ထဲတွင် အလို ရှိသော တရားခံပြေး တစ်ယောက်၏ ဓာတ်ပုံတစ်ပုံ ပါလာသည်။ သူတို့ပြောစကား အရ ထိုတရားခံပြေး သည် ကန်ပိုင်တီးကို ဖြတ်၍ ဝိုင်းမော်ဘက်သို့သွားမည်ဟု သတင်းရထားကြောင်း ပြောလာသည်။ ထိုတရားခံပြေးက လတ်တလေတွင် တရုတ်-မြန်မာနယ်စပ် တစ်နေရာတွင် ပုန်းခိုနေ ကြောင်း သတင်း ရထားသည် ဟု ဆိုသည်။
သူတို့အုပ်စု ထွက်သွားပြီးနောက် ကန်ပိုင်တီးရှိ ဒေသခံ လုံခြုံရေးမှူးဆီသို့ ဖုန်းသတင်းတစ်ခု ဝင်လာ သည်။ ဒူးဝါးဇောင် ထံမှ ရောက်ရှိလာမည့် ဦးကောင်းမြတ်တို့အဖွဲ့ကို အပြည့်အဝ အကူအညီပေးရန် ဖြစ်သည်။ တနေ့က ပင် ထိုကိစ္စအတွက် ရှာဖွေရေးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့၍ ကန်ပိုင်တီးနယ်စပ် တစ်လျှောက် သို့ စေလွှတ်ထားပြီးပြီ။ လက်နက်ကိုင်အဖွဲတစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းထောက် အမျိုးသမီးတစ်ဦး ကို ကယ်ဆယ်ရန်ပင်။
တရုတ်အရာရှိမှ အလိုရှိနေသော တရားခံပြေးနှင့် ဦးကောင်းမြတ်၏ မြေးမသတင်းထောက် စုမြတ်ကို ဖမ်းဆီး ထားသူမှာ တစ်ဦးတည်းဖြစ်သည်။ လောဟိုကို အမိအရ ဖမ်းချင်နေကြသည်။ ထိုနှစ်ဖွဲ့ ပူးပေါင်း မိစေရန် လုံခြုံရေးအရာရှိ က စီစဉ်ပေးထားသည်။ လောဟို၏ ပြစ်မှုများက မသေးလှ။ လူသတ်မှု၊ ဘိန်း မှောင်ခိုမှု၊ တံတား ဖျက်ဆီးမှု၊ ပြန်ပေးဆွဲမှု၊ နယ်စပ်ဖြတ်ကော်မှုများ အပြင် လက်နက်မှောင်ခိုများနှင့် ဆက်စပ်နေသည်။
တောနင်းကာ ရှာဖွေနေသော တပ်ဖွဲ့ဝင်များထံမှ သတင်းကို စောင့်စားရင်း နားနေဆောင်တွင် ဦးကောင်းမြတ်နှင့် တရုတ်အရာရှိတို့ စကားပြန်နှင့်အတူ စကားလက်ဆုံကျနေသည်။ အစိုးရသစ် လက်ထက် တွင် နယ်စပ် ရောင်းဝယ်ဖောက်ကားမှုများ ပို၍ ဖွံ့ဖြိုးတိုးတက်လာသည်မို့ နှစ်ဖက်အမြင် များကို ဆွေးနွေးမိကြခြင်းပင်။
ကိုမြတ်မင်းက လက်နှစ်ဖက်မြောက်၍ မတ်တတ်ရပ်လိုက်သည်။ ကျည်တစ်ထောင့်က သူ့အနားမှ ဖြတ် သန်းကာ နောက်ဘက်ရှိ ကျောက်တုံး ကို လာမှန်၏။ ကိုမြတ်မင်း ဘုရားတ လိုက်ရင်း အော်ဟစ် လိုက် သည်။ ဇော်ဟိုး က ခပ်လှမ်းလှမ်းကျောက်တုံးများအကွယ်မှ အခြေအနေကို အကဲခတ်နေ၏။ ကို မြတ်မင်းက လက်မြောက် လျက် ရပ်နေရင်းကပင် ချောင်းထဲသို့ ကျောပိုးအိတ်ကို ခြေဖြင့် ထိုးကာထိုး ကာ ကန်ချနေသည်။
လောဟိုက ကိုမြတ်မင်း ကို သေနတ်ဖြင့် ချိန်ရွယ်ရင်း စုကို ကြိုးပြစ်ပေးရင်း အမိန့်ပေးနေသည်။
"အဲဒီကောင်ကို ကြိုးတုပ်ပြီး သွားခေါ်လာခဲ့၊ သွား"
စုက ပုန်းကွယ်နေရာမှ ထွက်ရပ်လိုက်သည်။ အကယ်၍ တစ်ဖက်မှ ပစ်ခက်လာပါက စုကိုသာ ကျည် သင့် လိမ့်မည်။ ဇော်ဟိုးက ချောင်းကြည့်နေရင်း ချောင်းထဲသို့ တရွှေ့ရွှေ့ တွားသွားကာ ဆင်းလိုက်၏ ကိုမြတ်မင်း ကန်ချသော ကျော်ပိုးအိတ်မှာ ရေစီးကြောင့် တစ်လှိမ့်ချင်း မျောပါလာသည်။
"ဇော်ဟိုး မင်း ထွက်ခဲ့မလား၊ မထွက်ဘူးလား"
လောဟို က လှမ်း၍ အော်ဟစ်လိုက်၏ စုက ကိုမြတ်မင်း ရပ်နေသော ကျောက်တုံးများဆီသို့ လျှောက် လာသည်။ သူတို့နှင့် မလှမ်းမကမ်း၌ လောဟို တပည့်များက စောင့်၍ ကြည့်နေသည်။ ဘယ်လိုမှ ပြေး၍ လွတ်နိုင်သော အခြေအနေမရှိ။
စုက ကိုမြတ်မင်း ကို နောက်ပစ်ခိုင်းပြီး လောဟို မှာကြားသည့်အတိုင်း ကြိုးတုပ်လိုက်သည်။ သူတို့ နှစ်ယောက် ကို လောဟို အာရုံစိုက်နေစဉ်မှာပင် ဇော်ဟိုးက ချောင်းရေစီးအတိုင်း မျှောချသွားတော့ သည်။ သို့သော် လောဟို က တပည့်တစ်ယောက်က ဇော်ဟိုးကို မြင်လိုက်ရသဖြင့် ချောင်းထဲသို့ လှမ်း၍ ပစ်ခတ်တော့သည်။ ရေစီးက သန် လှ၏။ ကျန်လူများလည်း ဇော်ဟိုးနောက်သို့ ကမ်းစပ်မှ လိုက်လံ ပစ်ခတ်ကြသည်။ ဇော်ဟိုး က ရေစီးနှင့် ပါလာသော ကျောပိုးအိတ်ကို ဖမ်းယူကာ ကျည် ဆန်များကို ကာကွယ်နေ၏။ ချောင်းရေစီးက ကျဉ်းမြောင်း လာပြီး ကျောက်တုံး ကျောက်ခဲများကြား သို့ရောက် လာသည်။ ချောင်းရေ မှာ ကျောက်တန်း များကြား သို့ ရောက်သွားပြီးမို့ လောဟို တပည့် များက ဆက်၍ မလိုက်နိုင်တော့။
စုနှင့် ကိုမြတ်မင်းတို့ ချောင်းစပ် ကျောက်တုံးများကြားမှ တက်လာသည်။ လောဟိုက ကိုမြတ်မင်း ကိုကြည့် ရင်း ခေါင်းညိတ်နေသည်။
"ခင်ဗျား တော်တော်သတ္တိကေင်းတာပဲ။ ဘယ်မှာလဲ မြေပုံ"
လောဟို စကားဆုံးသည်နှင့် ရိုင်ဖယ်သေနတ်ဒင်ဖြင့် တစ်ချက်ထုလိုက်သည်။ ကိုမြတ်မင်း ခွေခနဲ ပုံကျ သွားသည်။ လက်နှစ်ဖက်ကို ကြိုးချည်ထားသည်မို့ ပုံကျနေရာမှ ပြန်မထနိုင် သေး။
"ရွှေကြောမြေပုံ ဘယ်မှာလဲ"
"ထွီ"
ကိုမြတ်မင်း က ပါးစပ်ထဲမှ စီးလာသည့် သွေးများကို ထွေးထုတ်ရင်း လောဟိုအမေးကို ဖြေလိုက်သည်။ ကိုမြတ်မင်း အဖြေက လောဟို ဒေါသကို ပိုဆွပေးလိုက်သည်။
သေနတ်ဒင်ဖြင့် ကိုမြတ်မင်း ကျောကုန်းကို ထုလိုက်ပြန်၏။
"ရိုင်းဦးလေ၊ ခင်ဗျား ကျုပ်ကို ထမင်းဆိုင် စားပွဲထိုး ထင်နေတုန်းလား"
ကိုမြတ်မင်း မြေပြင်ပေါ်သို့ ပုံကျသွားပြန်သည်။
လောဟို က သူ့တပည့်နှစ်ယောက်ကို မန်ဒရင်းဘာသာစကားဖြင့် အမိန့်ပေးလိုက်၏။ သူ့တပည့်နှစ်ယောက် က ကိုမြတ်မင်းကို ပက်လက်လှန်လိုက်ပြီး ရှာဖွေပါတော့သည်။ မြေပုံ က မရှိပါချေ။
လောဟို သေနတ်ကို မောင်းတင်၍ ကိုမြတ်မင်း မျက်နှာကို ချိန်ရွယ်ကာ မေးခွန်းထုတ် လိုက်ပြန်သည်။ အဖြေကား မရ။ ကိုမြတ်မင်း ထပ်မံ၍ အနှိပ်စက်ခံရပြန်သည်။ မျက်နှာတစ် ခုလုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီ။ စုက လှမ်း၍ အော်ပြောလိုက်သည်။
"နင်တို့ သူ့ကို သတ်ရင် ဘာမြေပုံမှရမှာမဟုတ်ဘူး။ ရွှေကြောကို သိတာသူပဲရှိတယ်။ မှတ်ထားဟဲ့"
လောဟို က စုကိုဖြတ်၍ ရိုက်ချလိုက်၏။ လက်ပြန်ရိုက်ချက်ကြောင့် စုလည်ထွက်ရင်း ပါးပြင်မှ သွေးတို့ စီးကျလာ သည်။ လောဟို တပည့်တစ်ဦးက စုပြောသည်ကို ထောက်ခံ စကားပြောလာ သည်။ လောဟို က သွေးဒီးဒီးကျနေသည့် ကိုမြတ်မင်းကို ဆွဲထူရင်း-
"ခင်ဗျား ခေါင်းမာနေရင် ဒီနေရာမှာ သင်္ချိုင်းမြေပုံဖြစ်သွားမယ်၊ ကြားလား"
"ခုနှစ်ဆယ်ရာခိုင်နှုန်း" ကိုမြတ်မင်း စကားကြောင့် ဆွဲထူနေသော လောဟိုက မြေကြီးပေါ်သို့ ပြန်တွန်းလှဲလိုက် သည်။ သေနတ်ပြောင်းကို ကိုမြတ်မင်း နဖူးသို့ ချိန်ရွယ်လိုက်သည်။ ကိုမြတ်မင်းက သေနတ်ပြောင်းကို တည့်တည့် ရင်ဆိုင်ရင်း- "ခြောက်ဆယ့်ငါးရာခိုင်နှုန်း"
လောဟိုက သေနတ်မောင်းကို ဆ၍ဆ၍ ဒေါသကို ထိန်းနေသည်။ ကိုမြတ်မင်းက ချိန်ရွယ် ထားသောသေနတ်ပြောင်းကို ရှောင်လိုက်သည်။
"ခြောက်ဆယ်ရာခိုင်နှုန်း" လောဟိုက ခေါင်းခါသည်။
ကိုမြတ်မင်းက အရဲစွန့်ရင်း လောဟိုကို ထပ်၍ပြောသည်။ ကြိုးချည်ထားသောလတ်ကို ပြ၍ ကြိုးဖြေခိုင်းသည်။ လောဟိုက ကြိုးဖြေပေးလိုက်သည်။
"ငါးဆယ့်ငါးရာခိုင်နှုန်း"
ကိုမြတ်မင်း က ပြောရင်း လောဟိုခါးကြားမှ ရေဘူးကို ဆွဲဖြုတ်လိုက်သည်။ လောဟို မဟန့်တားဝံ့တော့။
"ခင်ဗျားကို အချိန်မရွေး သတ်လို့ရတယ်" လောဟိုက ခြိမ်းခြောက်လိုက်သည်။
"မင်းရွှေကုန်သည်တွေ ကို ဘယ်လို ပြန်ရှင်းပြမလဲ"
ကိုမြတ်မင်းက မေးခွန်းထုတ်လိုက်သည်။ ထို့နောက် စီးထားသော ဖိနပ်ကိုချွတ်၍ ခါချ လိုက်သည်။ ရွှေကျောက်ချပ်တစ်ချပ် က ထွက်ကျလာ၏။ "အဲဒါ ကွာလတီ အပြည့်ရှိတဲ့ သဘာဝရွှေနော်။ ကမ္ဘာ့ရွှေဈေးကွက် မှာ ပြိုင်ဘက်မရှိတဲ့ ကွာလတီရွှေမျိုး၊ ငါတောင်းတဲ့ ငါးဆယ့်ငါးရာခိုင်နှုန်းက မများဘူး။ မင်းတို့ ပိဿာနဲ့ချီပြီး ရမှာ" လောဟို က ထွက်ကျလာသော ရွှေကျောက်ချပ်ကို ကောက်ယူကြည့်လိုက်သည်။ ငါးဆယ့် ငါးရာခိုင်နှုန်း ဟု ပါးစပ်မှ သံယောင်လိုက်၍ပြောလိုက်ပြန်သည်။
သူတို့ အာရုံမစိုက်မိသည်က ချောင်းစပ်မှ ၀ပ်တွား၍တက်လာသော လူတစ်စုကိုဖြစ်သည်။ ထိုလူစုက ရှစ်ယောက်တိတိ။ အားလုံး မောင်းပြန်သေနတ်များကိုင်ဆောင်ထားကြသည်။ ချောင်းစပ်ဆီမှပင် လူစု ခွဲလိုက်ပြီး လောဟို တို့ကို ၀ိုင်းထားကြသည်။ အဖွဲ့ခေါင်းဆောင်က သူ့လူများ နေရာယူပြီး သည်အထိ စောင့်ကြည့်နေပြီးအချက်ပေးလိုက်၏။ ငှက်တစ်ကောင် ၏အော်မြည်သံ က ချောင်းစပ်မှ ထွက်ပေါ်လာသည်။
ထို ငှက်အော်သံမှာ တိုးတိုးလျလျမျှသာ။ လောဟိုက ချက်ချင်းပင် နောက်ဘက်သို့ဝပ်ချ လိုက်သည်။ သေနတ်သံများ ဆူညံစွာ မြည်ဟည်းလာ၏။ လောဟိုတပည့်များက ပြန်၍ပစ် ခတ်ချိန်မရလိုက်။ ခြေထောက်၊ လက်မောင်းများကို ထိမှန်ရင်းလဲကျကုန်တော့သည်။
လောဟို က မြေပြင်ပေါ်မှာပင် တွားသွားလျက် တောစပ်သို့ ပြေးဝင်သည်။ စုက ၀ပ်တွားနေရာ မှ လောဟို ကို ပြေးဖက်ကာ နပန်းလုံးသည်။ လောဟိုလက်ထဲမှ သေနတ်လည်း လွတ်ကျသွားလေပြီ။ စုက သိုင်းဖက်ထား ရာမှ လောဟို ၏ ရုန်းကန်မှု ကြောင့်လွင်ထွက်သွား၏။ သူတို့နှစ်ဦး လုံးထွေးနေသည်မို့ ပစ်ခတ်နေသူ များက ဆက်၍ မပစ်ဝံ့တော့။ လောဟိုက ကိုယ်တစ်ပတ်လှည့်င်း တောစပ်သို့ ပြေးဝင်သည်။ သူ့ကို မည်သူ မျှ မတားနိုင်တော့။ စုက သေနတ်ကိုကောက် ၍ လှမ်းပစ်ခတ်ပါသော်ငြား ကျည်ဆန်က မထွက်။ ကိုမြတ်မင်း က မြေပြင်တွင် ပြားပြားဝပ်နေသည်။
လောဟို တပည့်လေးဦးမှာ ဒဏ်ရာကြောင့် အော်ဟစ်ညည်းတွားနေကြ၏။ ချောင်းစပ်မှ တက်လာသူများက ကိုမြတ်မင်းနှင့်စုထံသို့ ရောက်လာသည်။ အဖွဲ့ခေါင်းဆောင်က လဲကျ နေသူများထံမှ သေနတ်များကို သိမ်းဆည်း ခိုင်းလိုက်သည်။
"ကျွန်တော်တို့က ဒူးဝါးဇောင်အဖွဲ့ကပါ။ ခင်ဗျားအဘိုးလည်း ကန်ပိုင်တီးမှာစောင့်နေ တယ်။ ခင်ဗျားကို ကယ်ဖို့ လိုက် လာတာလေ"
အဖွဲ့ခေါင်းဆောင်၏ စကားကြောင့် စုက လက်ထဲမှသေနတ်ကို ကမ်းပေးလိုက်သည်။ လူတစ်ယောက်က ကိုမြတ်မင်းကို ဆွဲထူပေးလိုက်၏။
အဖွဲ့ခေါင်းဆောင်က စကားပြောစက်ကို ဖွင့်၍ ကန်ပိုင်တီးမှ ဦးကောင်းမြတ်တို့ထံ ဆက်သွယ်လိုက်သည်။ သတင်းထောက် စုမြတ် ကို ပြန်၍ကယ်ဆယ်နိုင်ပြီမို့ ကန်ပိုင်တီး သို့ အမြန်ဆုံးပြန်လာရန် ညွှန်ကြားလာ၏။ အဖွဲ့ခေါင်းဆောင် က ဒဏ်ရာရနေသော လောဟို တပည့်များကို နောက်မှ လိုက်လာစေရန် သူ့တပည့်သုံးဦးကို တာဝန်ပေးလိုက် သည်။ တပည့်နှစ်ဦးကို လောဟို နောက်သို့ လိုက်စေသည်။ သူတို့အဖွဲ့က ကန်ပိုင်တီး သို့အမြန်ဆုံး ထွက်ခွာ လာကြတော့သည်။
ကိုမြတ်မင်းက လုံခြုံရေးအရာရှိ မေးမြန်နေသည်ကို ခွန်းတုံ့မပြန်။ ဦးကောင်းမြတ်နှင့် စုမြတ်က စားပွဲတစ်ဖက်မှာ ရပ်လျက် အကဲခတ်နေသည်။
"ခင်ဗျား မပြော လည်း အမှုက ဖွင့်ရမှာပဲ ကိုမြတ်မင်း။ ခင်ဗျားတို့ ကုမ္ပဏီကို လူပြန်ပေးဆွဲ မှုနဲ့ အရေးယူမှာပဲ။ ရန်ကုန် မှာလည်း အမှုဖွင့်ထားပြီးပြီ"
ကိုမြတ်မင်း က စုမြတ်နှင့် ဦးကောင်းမြတ်ကို လှမ်းကြည့်သည်။ နှုတ်က ဘာမှမပြော။ စုမြတ်က အဖြစ်အပျက် အားလုံး ကို သိထားပြီးပြီ။ နူးကိစ္စနှင့် ပတ်သက်၍ အမေ့ကိုရော၊ ဦးသိန်းဇော်ကိုပါ အယ်ဒီတာဦးစိုးအေးတို့က အမှုဖွင့်ထားပြီးဖြစ်သည်။ ယခုကိုမြတ်မင်း ကဘာတစ်ခုမှ ၀န်မခံသေး။
လုံခြုံရေးအရာရှိက ဦးကောင်းမြတ် တို့ စကားပြောခွင့်ရရန် အပြင်သို့ထွက်သွားသည်။ ဦးကောင်းမြတ်က ကိုမြတ်မင်း နံဘေးမှ စားပွဲတွင် ၀င်ထိုင်လိုက်၏။ စုက သူတို့နှစ်ဦကို ကြည့်နေသည်။
"မောင်ရင့် ကို ဦး တကယ်အံ့သြတယ်။ ဒီလောက် လက်ရဲဇက်ရဲနိုင်လိမ့်မယ်လို့ ထင်မ ထားဘူး။ ဘာလို့ ဒီလို လုပ် ရတာလဲကွာ။ ဒီနယ်မြေကို သွေးရောင်လွှမ်းအောင် မောင်ရင် လုပ်နေတာဆိုတာ သိရဲ့လား"
ကိုမြတ်မင်းက တစ်ချက် ရယ်လိုက်သည်။ သူ့မျက်နှာပေးနှင့် ရယ်သံမှာ ဒေါ်သီရိ ပါဝင်စွက် ဖက်နေသည်ကို သိထား၍ သရော်လိုက်ခြင်းပင်။ စုက ခံပြင်းစိတ်ဖြင့် ကိုမြတ်မင်း အနားသို့ အရောက်သွားကာ လက်ကို ရွယ်လိုက်၏။ "မလုပ်နဲ့ မြေး၊ မလုပ်နဲ့။ အဘိုးမကြိုတ်ဘူး" "ဟွန်း၊ အဲဒါ မင်းအမေကို မင်းပြောပါလား" "ရှင်" "တောတော့်မြေး၊ တော်တော့"
"ဘာလဲ ဦးကောင်းမြတ်၊ ခင်ဗျား အခုမှ သူတော်ကောင်းလုပ်မနေနဲ့၊ နူးကို ပြန်ပေးဆွဲတာ ခင်ဗျား မပါဘူးလို့ ငြင်း လို့ရချင်ရမယ်၊ ဒေါ်သီရိ လုပ်သမျှ ဘာမှမသိပါဘူးလို့ ခင်ဗျား မငြင်းနဲ့။ ခင်ဗျား မြစ်ဆုံ ကိုလိုက်လာတာ ရွှေကြောသစ်ကိစ္စဆိုတာ ၀န်ခံစမ်းပါ။ အခုမှ သူတော်ကောင်း လုပ်မနေပါနဲ့"
ဦးကောင်းမြတ် က ငေးကြည့်နေသည်။ ကိုမြတ်မင်း စကားများက သူ့ကို စော်ကားလွန်းနေ ပြီ။ သို့သော် သူက ဒေါသ ကို ထိန်းလိုက်သည်။
"မောင်ရင် တွေ့ခဲ့တဲ့ ရွှေကြောက ရေကြည်ချောင်း လက်တက်မှာမို့လား"
သူ့စကားကြောင့် ကိုမြတ်မင်း အံ့အားသင့်သွားသည်။
"ချောင်းရေ က ကြည်လင်နေတယ်။ ကျောက်တုံးကျောက်ခဲတွေက ရွှေရောင်တောက်နေ တယ်။ ရေက ဒူးဆစ်သာသာ စီးနေတယ်။ မျောလာ တဲ့ ရွှေမှုန်တွေကြောင့် ကျောက်ပြား ကျောက်ချပ်တွေ က ရွှေနဲ့ လုပ်ထားသလို ဖြစ်နေတယ်။ ချောင်းအထက်မှာ ကျောက် တောင်အမြင့်ကြီးရှိတယ်။ နောက်ထပ် မောင်ရင် ဘာတွေ့ခဲ့သေး လဲ။ တော်လဲသံတွေ၊ ရေကြီးတာတွေ၊ တောင်ပြိုတာတွေ ကြုံခဲ့သေးလား"
"ခင်ဗျား....ခင်ဗျား"
"မအံ့သြပါနဲ့ မောင်ရင်။ မောင်ရင် လူးလားမမြောက်ခင်ကတည်းက အဲဒီရေကြည်ချောင်း လက်တက် ကို ရောက်ဖူး ပါတယ်။ အဲဒါတွေ ကြုံဖူးပါတယ်။ မောင်ရင်သိထားဖို့က ကျုပ် လောဘသမား မဟုတ်ဘူး။ အဲဒီနေရာ ကို ဘယ်တော့မှ မဖော်ထုတ်ဘူး။ ဘာဖြစ်လို့လဲ သိလား။ အဲဒီနေရာက ကျိန်စာသင့်နေ တဲ့နေရာ ဖြစ်နေလို့လဲ။ ကျုပ်အဘိုး လည်း သေခဲ့ရ တယ်။ နောက်ထပ်လူပေါင်းစွာ အသက်တွေ စတေးခဲ့ကြရပြီးပြီ။ ကျုပ် ဘာကို သိထား တယ်ဆိုတာ မောင်ရင် နားလည်ဖို့ လိုမယ်"
ဦးကောင်းမြတ် စကား ကို စုပါ စူးစူးစိုက်စိုက် နားထောင်နေမိသည်။
"ဒါကြောင့် မောင်ရင် ကံဆိုးမိုးမှောင်မကျချင်ရင် ဒီအလုပ်ကို ရပ်တန်းက ရပ်လိုက်ဖို့ ပြော ချင်တယ်။ ဒီကချင်ပြည်နယ် မှာ ထပ်ပြီး သွေးရောင်လွှမ်းမှာမျိုး အဖြစ်မခံနိုင်ဘူး။ မောင်ရင့်နောက်ကို ရွှေမုဆိုးတွေ လိုက်နေပြီ။ ဟိုကောင်လေး လောဟို ကလည်း အလွတ် ပေးမှာမဟုတ်ဘူး။ ပြဿနာတွေ ဆက် မကြီးထွားခင် မောင်ရင် ကိုယ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို ၀န်ခံပြီး ဒီနယ်မြေက ထွက်သွားရင် ကောင်းမယ်"
ကိုမြတ်မင်း က မျက်နှာလွှဲသွားသည်။ သူ့အနေနဲ့ ဘာကိုမှ ၀န်မခံ၍မဖြစ်။ သူနှင့် လောဟို တို့ သဘောတူညီမှု ယူထားပြီးပြီ။ လောဟိုမှာ နောက်ခံရွှေကုန်သည်အဖွဲ့တွေ ရှိနေပြီး ပြီ။ ငွေ၊ လူအင်အား၊ လက်နက် ဘာမဆို ရနိုင် သည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ သူမ ကြောက်။ လောလောဆယ် သူ့ကို နူးတို့သားအမိ အား ပြန်ပေးဆွဲမှုဖြင့် ခေါင်းစဉ်တပ်၍ အရေးယူရန် ဘာအထောက်အထားမှ မရှိ။ နူးတို့ကို တန်ဖဲ မှ မြစ်ကြီးနားဆေးရုံသို့ ပို့ပေးခဲ့သည်။ သူ့ဘက်က စေတနာ ဗရပွဖြင့် ကူညီပေးခဲ့သည်ဟု အသံကောင်းလွင့် လို့ ရနေသည်။ သူ့ကို အပ်ကျမတ်ကျ တရားစွဲနိုင်မည့် တရားလြိုများ မည်သူမှ မရှိနေ။ သူ့အနေဖြင့် တားမြစ်နယ်မြေ သို့ သွားခဲ့သည့် ပြစ်မှုသာ ရှိသည်။ ဘာဥပဒေမှ ဖောက် ဖျက်ထားခြင်းမရှိ။ စုကတော့ ကိုမြတ်မင်း ကို စက်ဆုပ်ရွံရှာနေသည်။ ကိုမြတ်မင်းကြောင့် စု အမေကိုယ်တိုင် ရန်ကုန်မှာ တရားစွဲဆိုခံနေရပြီကော။ အဓိကတရားခံ ကိုမြတ်မင်း က ပြစ် မှုမကြောက်ဘဲ လွတ်နေခြင်းကို စု ခံပြင်း လှသည်။
သူတို့ ထိုင်နေသော အခန်းထဲသို့ နယ်မြေလုံခြုံရေးမှူး ၀င်လာသည်။ သူ့လက်ထဲမှာ လောဟို၏ ဓာတ်ပုံကို ကိုင်ထားသည်။ သူက ဦးကောင်းမြတ်ထံသို့ ဓာတ်ပုံကမ်းပေးလိုက် သည်။
"ကန်ပိုင်တီးမှာတော့ ပြဿနာတွေ စုပြုံနေပြီဗျ။ ဒီကောင့်ရဲ့ အဖွဲ့တွေ နဲ့ ကြေးစား အဖွဲ့ တွေကန်ပိုင်တီး မှာ ခြေရှုပ်နေပြီ။ ဒေသခံတွေလည်း ဘာဖြစ်မလဲလို့ တထိတ်ထိတ်ပဲ။ နယ်မြေလုံခြုံရေး ကလည်း သိပ် အင်အားကောင်းတာ မဟုတ် ဘူးဗျ။ အဓိကက ငြိမ်းချမ်း ရေးနယ်မြေ ကို ကြေညာ ထားတာ။ ပြဿနာတွေ ဖြစ်ရင် ကုန်သည်တွေ စိတ်ပျက်ကုန် မယ်"
"ဘယ်သူတွေ ခြေရှုပ်နေလို့လဲ" ဦးကောင်းမြတ်က မေးခွန်းထုတ်လိုက်သည်။
"ဒီလူ့နောက်ကို ရွှေကုန်သည်တွေငှားထားတဲ့ ကြေးစားလက်နက်ကိုင်တွ လိုက်နေတာ၊ အခုဒီမှာ ရှိနေတာ သိသွားပြီ။ ဒီလူ့ကို စောင့်နေတဲ့လူတွေ အများကြီးပဲ။ အားလုံးက လက်မရွံ့တွေချည်းပဲ။ ကျုပ်တို့ လည်း ခေါင်းကြိမ်းနေပြီ။ ကန်ပိုင်တီး မှာ ဘာပြဿနာမှ မဖြစ်ချင်ဘူး"
လုံခြုံရေးမှူး က ကိုမြတ်မင်းကို ကြည့်ပြီး ပြောလိုက်ခြင်းပင်။
ကိုမြတ်မင်း သည် အရေးကြီးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ။ ရွှေကြောသစ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သူအဖြစ် အားလုံး အလိုရှိနေကြပြီ။ ယခုပင် ကန်ပိုင်တီးနယ်မြေတွင် ရွှေကြော သစ်ပြဿနာက လူတိုင်းနီးပါး သိနေကြပြီ။
ဦးကောင်းမြတ် က စိတ်မသက်မသာ ဖြစ်ရင်းခေါင်းတညိတ်ညိတ်ဖြင့် ဆုံးဖြတ်ချက်တစ်ခု ကိုစဉ်းစားနေတော့ သည်။
လုံခြုံရေးမှူးက ဦးကောင်းမြတ် ပြောမည့်စကားကို ငံ့လင့်နေ၏။ "သူ့ကို လွှတ်ပေးလိုက်" "အဘိုး" စုက ဟန့်တားလိုက် သည်။ လုံခြုံရေးမှူး က သဘောတဲ့လေ။ သူ့ကို အမှုဖွင့်ထားတာဘဲ"
ဦးကောင်းမြတ် က စုကို ညင်သာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ လုံခြုံရေးမှူးက ကိုမြတ်မင်းကို ထိုင်ခုံမှ ဆွဲထစေပြီး အခန်းထဲမှ ခေါ်ဆောင်သွားတော့သည်။
ကိုမြတ်မင်း ထွက်ခွာသွားပြီးချိန်တွင် ရုံးခန်း၏အတွင်းဘက်မှ လူတစ်ယောက်ထွက်လာ၏။ အဘိုးက စုကိုကြည့်ရင်း- "အဲဒါ မောင်ဇော်ဟိုးပဲ" ဟု မိတ်ဆက်ပေးလိုက်၏။ ဇော်ဟိုးဟု သိလိုက်ရချိန်တွင် စု ၀မ်းသာ အားရဖြစ်သွားပါတော့သည်။
ဆက်ရန်
.

No comments:
Post a Comment