Sunday, May 27, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၁၉)

" အင်း … မနက်ဖြန်မနက် အစောကြီးထဖို့ မပူရဘဲ အေးအေးဆေးဆေး အိပ်ရမှာ သိပ်လွတ်လပ် တာပဲနော်၊ အနုပညာသည်ဘ၀က လူမှုဆက်ဆံရေးလောကကိုပါ ထိခိုက်တာပဲ၊ ညညဆို ဘယ်မှ မသွားချင်လောက်အောင် ခြေကုန်လက်ပမ်းကျနေတာများတယ်။ ရေမိုးချိုး၊ အိပ်ယာထဲ ပစ်လှဲပြီး နောက်နေ့ ကရမယ့် ဇာတ်ညွှန်းကို ဖတ်ရသေးတယ်လေ။ ကို ဆက်ဖတ်ရန်...

 ညကိုးနာရီ ဆို မီးပိတ်ပြီး အိပ်လိုက်ရော "
" နာမည်ကျော် ဟောလိဝုဒ် ဧည့်ခံပွဲတွေ မသွားဘူးလား "
" အဲဒါ အရူးတွေလုပ်တဲ့ အလုပ်ပါ။ ဒီလို ညမျိုးကတော့ မလာလို့မဖြစ်ဘူး။ တာဝန်အရ လာရတာလေ၊ ဒီပွဲမျိုး မလာရင် နာရောသာမှတ်ပေတော့၊ ဒီလောကမှာကျင်လည်လာတာကြာတော့ သူတို့ အမျက်တော် မရှအောင် နေတတ်ပါတယ် "
" အင်း … ဟောဝုဒ်အကြောင်း ကြားတော့ ကြားဖူးတယ်၊ ဒါလောက်ပဲ ဆိုးသလားဟင် "
" ဆိုးတာပေါ့၊ ကိုယ့် အရည်အသွေး မှေးမှိန်လာရင် ပိုဆိုးသေးတယ်၊ သိပ်စိတ်ပျက်စရာကောင်း တဲ့ လောကပဲ " တစ်ချက်ရယ်ပြီး ဆက်ပြောသည်။

" ဒါပေမယ့် ဒီလောကမှာပဲ ပျော်နေတယ်၊ ခက်ခက် ခဲခဲ လုပ်ရတာ၊ သူများမလုပ်နိုင်တဲ့ အခန်းတွေမှာ သရုပ်ဆောင် ရတာမျိုးကို သိပ်သဘောကျတာပဲ၊ လုပ်ချင်တာတွေ အများကြီးကျန်သေးတယ်၊ ဒါပေမယ့် အတွေ့အကြုံတွေ အများကြီးလိုနေသေးတယ်လေ " " ဘယ်လိုဟာမျိုးတွေ လုပ်ချင်တာလဲ "
စိတ်ဝင်စားစရာ မေးခွန်းဖြစ်၍ ခံတွင်းတွေ့သွားသည်။

" ပညာရပ်ပိုင်းဆိုင်ရာ အနေနဲ့ ပြောရရင်တော့ ရှိတ်စပီးယားပေါ့၊ ရှိတ်စပီးယားပြဇာတ်တွေကို အများကြီး ကချင်တြယ်၊ ကောလိပ်မှာတုန်းကလဲ ဇာတ်လမ်းတွေ၊ တေးသရုပ်ဖော်တွေ အများကြီး ကခဲ့ဖူး တယ်၊ ကဇာတ် ကို ပိုသဘောကျတယ်၊ ပိုအားရှိတယ်ထင်တယ်၊ တစ်ညပြီး တစ်ည ပြောရမယ့် စကားလုံး တွေ ကျက်ရတာ လဲ ပင်ပမ်းတယ်မထင်ဘူး၊ ဇာတ်ခွင်က ရုပ်ရှင်လိုမဟုတ်ဘူး။ အမှားမခံဘူး၊ ပြင်ရိုက်လို့ မရဘူး၊ တစ်နေ့နေ့မှာတော့ ဘရော့ဒ်ဝေး" စင်မြင့်ကို ရောက်နိုင်ရမယ်လို့ ရည်မှန်းထားတယ် "
အော်လီဗာ ခေါင်းညိတ်သည်။ သူ့အရည်အသွေးနှင့်ဆိုလျှင် ဖြစ်နိုင်မည်ဟုလည်း ထင်လိုက်၏ ဘရော့ဒ်ဝေး စင်မြင့် သည် အမေရိကန်ပြဇာတ်လောက၏ တောင်ထိတ်ဖြစ်သည်။ သည်တောင်ထိတ်ကို အရောက် တက်ဖို့က လွယ်သည့်ကိစ္စတော့မဟုတ်ပေ။ သည်လောက အကြောင်း သည်လောက်တော့ အော်လီဗာ သိ သည်။

" ရုပ်ရှင်ရိုက်ဖူးသေးလား "
တခစ်ခစ်ရယ်ပြီး ဖြေသည်။
" ရိုက်ဖူးတာပေါ့၊ တစ်ကား။ ချာတူးလန်လိုက်တာမှ ကမ်းကုန်ရော၊ အဲဒီကားကို အကောင်းပြောတဲ့ လူတစ်ယောက် ရှိတယ်၊ နီဘရာစကာ က အဘွားလေ "
နှစ်ယောက်သား ရယ်ကြသည်။ ညစာဝိုင်းအတွက် ဟင်းများအစုံအလင် ရောက်လာပြီ၊ စားရင်းသောက် ရင်း စကားဆက်ပြောကြသည်။ လုပ်ငန်းခွင်အကြောင်း။ ကလေးအကြောင်း၊ စသည် စသည်။
အင်း … ကြော်ငြာလုပ်ငန်းကလဲ အရှုပ်သားနော်၊ တစ်ယောက်နဲ့ အဆင်မပြေ လို့ ဖောက်သည် တစ်ယောက်လျှော့သွား ရင် ကွဲရော။ ရှားလော့ က ကြားဖူးသည့် အဖြစ်အပျက်များကို သတိရပြီးပြော လိုက်သည်။

အနုပညာ လောက နဲ့ သိပ်မထူးပါဘူး အမှားကို စောင့်နေကြတာလေ
လယ်လိုဟာမျိုးတွေ ပါလိမ့်
ရှားလော့ ဒိုးဒိုးဒေါက်ဒေါက် ဖြေသည်။
ချစ်တဲ့သူ နဲ့ ပေါင်းဖက်နေထိုင်ဖို့တို့ သားသမီး ပွားစည်း ဖို့ တို့ ကိုယ်နဲ့ အပြန်အလှန် ချစ်ခင်လေးစား မည့် ပတ်ဝန်းကျင်မျိုးရှိဖို့ တို့ပေါ့ ၊ ပြီးတော့ တစ်ခြားအသက်မွေး ဝမ်းကြောငိးတစ်ခုခု နဲ့ ရံထားဖို့ တို့ ဘာလို့ လဲဆိုတော့ အနုပညာ လောက ဆိုတာ ဘာမှ အာမခံချက် ရှိတာ မဟုတ်ဘူး အော်တို ရေးခိုင်း မည့်သူ တစ်သက်လုံး ရှိနေမှာ မဟုတ်လဘူး လက်ခုပ်တီးမယ့် ပရိသတ် လဲ ထိုနည်း လည်းကောင်း ပဲ..
သူ့ဘဝ ကို သူ ရှုမြင်ပုံ က ယုတ္တိ ဗေဒကျပါပေသည်။

စိတ်ထဲမှ ကျိတ်ပြီး ချီးကျူးလိုက်၏။ သို့သော် တစ်စုံ တစ်ခုကို ထိန်ချန်ထားသည်ဟု စိတ်ထဲတွင် သံသယ ဖြစ်လာ၏။
ကိုယ့် ကို မပြောဘဲ ချန်ထားတာများ ရှိသလား မစ္စဆင်မဆင် အမျိုးသားက တံခါးဝမှာစောင့်ပြီး မျက်နှာ ကို စွတ်ထိုးလို့ နှာခေါင်းရိုးကျိုးနေပါဦးမယ်ဗျာ.. ရှားလော့ ရယ်သည်။ ပြီးတော့ ခေါင်းယမ်းသည်။

ခေါက်ဆွဲပြုတ်ပန်းကန်ထဲသို့ ဇွန်းနှစ်ရင်း... အဲဒီလိုတော့ မဖြစ်လောက်ပါဘူး တစ်ခါပဲ လက်ထပ်တယ်လေ... ကျောင်းထွက်ပြီးပြီးချင်း အသက်နှစ်ဆယ်တုန်း က လက်ထပ်လိုက်တာ ဆယ်မိနစ် ပဲ ကြာလိုက်တယ် မုဆိုးမ ဖြစ်သွားတယ်လေ.. ဟင်ဘယ်လိုဖြစ်တာလဲ... ရိုးရိုးကလေးပါ သူက ရုပ်ရှင်မင်းသားလေ ရုတ်တရက်သေသွားတာ  အဲဒီက စပြီး ခုထက်ထိ လက်ထပ်ရမယ့် သူ တယောက် မှ မတွေ့တော့ဘူး.. ဒီလောကထဲမှာသာ သက်ထက်ဆုံး လက်တွဲသွားရမယ့် ဘဝကြင်ဖော် မျိုးတွေ့ ဖို့ မလွယ်ပါဘူး...
ရုပ်ရှင်ကုမ္မဏီကြီးတခု မှ ထုတ်လုပ်သူ တစ်ယောက် နှင့် နှစ်ရှည်လများတွဲခဲ့ဖူးပါသည်။ သို့သော် လက်ထပ်ဖြစ်လောက်အောင် မလေးနက် ခဲ့ပါ။ သည့်နောက် ဘယ်ယောက်ကျားနှင့် မှ မတွဲတော့ ဘဲ နေခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီလေ။

ဇီဇာကြောင်လွန်းတာ ဖြစ်ချင်ဖြစ်မှာပေါ့လေ မေမေ ကတော့ သတိပေးတယ် မကြာခင် နင့် အရွယ်ကျ သွားတော့ မယ်တဲ့... ရယ်ကျဲကျဲ မျက်လုံးများဖြင့် အော်လိဗာ ကို စိုက်ကြည့်ပြီး စကားဆက်သည်။
နောက်လဆို သုံးဆယ့်လေးနှစ် ပြည့်တော့ မယ်လေ လက်ထပ်ဖို့ အရွယ်ကိုတောင် နည်းနည်းကျော် လာပြီ ထင်ပါရဲ့...
အော်လီဗာရယ်သည် သူ့ကြည့်ရသည်မျာ နှဏ်ဆယ်လောက်ပဲ ထင်ရ၏။ ကိုယ်တော့ မထင်ပါဘူး.. ဒီအရပ် က လူတွေ တော့ မသိဘူးလေ.. ဟောလိဝုဒ်မှာ အစိတ်ကျော်လာပြီဆိုရင် အလှပျက်သွားပြီလိုက ထင်ကြတယ် သုံးဆယ် ပြည့်တာနဲ့ မျက်နှာ အလှပြင် ဆရာဝန် လက်ကို အပ်ကြ ရတယ် သုံးဆယ် ပြည့်တာနဲ့ မျက်ရစ်တစ်ခါတော့ ဖော်ရတာပဲ... တနှစ်တခါထပ် လုပ်ကြတယ်.. လေးဆယ်လဲ ပြည့်ရော ဘာမှ ဆက်မလုပ်ကြတော့ဘူး အဘွားကြီးစာရင်း ဝင် သွားပြီလေ ... သိတယ်နော် ဒါကြောင့် ဘ၀မှာ တစ်ခြား အဓိက ကျတဲ့ အရာတွေ ရှိသင့်တယ် လို့ ပြောတာ..  အလေးအနက် ပြောနေကြောင်းသိသာ၏။

ယောက်ကျား မယူဘူး ကလေးတွေ မမွေးဘူး ဆိုရင်တော့ စိတ်ကို အမြဲတမ်း လွမ်းမိုး ထားမဲ့ အလုပ် တခု လိုတာပေါ့.. ဒါကြောင့် အားတဲ့ အချိန်မှာ စေတနာ့ဝန်ထမ်း အလုပ်တွေ လိုက်လုပ်တယ်လေ.. ဥာဏ်ရည် မမှီ တဲ့ ကလေးတွေ ကိစ္စကို ဦးစားပေးတယ်... ဒါပေမဲ့ နောက်ပိုင်း တော့ အားတယ် သိပ်မရှိတော့ ပါဘူး...
ကိုယ့် အချိန်တွေ ယူသုံးလေ.. ကလေးတွေ အကြောင်းပြောပါဦး... ကလေးတွေအကြောင်း စိတ်ဝင်တစားမေးတော့ အော်လီဗာ ကြည်နူးသွားသည်။. သူ့ကို ကြည့်ရသည်မှာ နာမည်ကျော် မင်းသမီးတစ်လက်နှင့် လုံးဝမတူ သာမန်အရပ်သူ မိန်းကလေး တယောက်နျင့် သာတူနေသည်။ ဒါကိုအောင်လီဗာ သဘောကျနေ၏.။ သည်မိန်းကလေးနှင့် ပတ်သက်သည့် အရည်အသွေး အားလုံးကို သဘောကျ နေခြင်း ဖြစ်သည်။

တဖြည်းဖြည်း နှင့် သူ့ အလှအပကို သတိမထားမိတော့ဘဲ သူ့ အတွင်းသ၇ုပ် ကို ကြည့်မြင်မြတ်နိုး လာခြင်းမျိုး...
ရုပ်ဆင်းရူပကာရော အဗ္ဇုတ္တ အတွင်းစိတ်ပါ လှပသည့် မိန်းကလေးပါလား..အော်လီဗျာ ပို၍ ပို၍ သဘောကျ လာသည်။ စိတ်ကူး ပုံချပ် တွေ တဖျပ်ဖျပ် လှုပ်ရှားနေရင်း သူ့အမေးကို ဖြေရသည်။ မယ်လီဆာက ထက်လဲထက်တယ် တာဝန်လဲ သိတယ် အဖြစ်ချင်ဆုံးကတော့ ရုပ်ရှင်မင်းသမီးလုပ်ဖို့ပဲ.. ခုချိန်ထိပေါ့လေ နောက်တော့ မသိဘူး ကောလိပ်ရောက်ရင်လဲ အနုပညာကို အဓိက ယူမယ်တဲ့ အ၇ပ်မြင့်တယ် ချောလဲ ချောတယ်.. မင်းတွေ့ရငက် သဘောကျမှာပါ...
သူတို့ ဆု့ဖြစ်ကြလိမ့်မည် ဟူ၍လည်း ယုံကြည်နေ၏။ သိပ်များမျှော်လင့်လွန်းရာရောက်နေမည်လား.. သို့သော် ရှားလော့ က အာရုံစိုက်ပြီး နားထောင်နေသည်။ ဆမ်ကလေး ကလဲ သိပ်ချစ်ဖို့ကောင်းတာ သူ့ကိုတွေ့ရင် မချစ်ဘဲ မနေနိုင်ဘူး..  တဆက်တည်း ဘင်ဂျမင် နှင့် ဆန္ဒရာ အကြောင်း ပါ ပြောပြလိုက်သည်။

သူတို့ နှစ်ောက် ရုန်းကန်ရမည့် ဘဝက မလွယ်ဘူးနော်... ဟုတ်တယ် သူက အမှန်တရားဘက်က ရပ်ချင် တယ်လေ အဲဒါကြောင့် သူဒုက္ခ ရောက်နေတာ.. မိန်းကလေးကိုတော့ စိတ်ကုန်နေပုံပဲါ..ဒါပေမဲ့ ကလေး ကို သူမခွဲနိုင် ဖြစ်နေတယ်.. ဒါဆို အော်လီဗာ က အဘိုး ဖြစ်နေပြီပေါ့နော်
ကျီစယ် သည့် မျက်လုံး အရောင်ချင်းတူနေသည်ကို ဘယ်သူမှ သတိ မထားမိကြ...... အဲဒါကို စောစောက ဘာလို့ ထည့်မပြောတာလဲ... သူပြောပုံကို သဘောကျပြီး အော်လီဗာ က အဖိုးဖြစ်နေပြီပေါ့နော်.. ကျီစယ်သည့် မျက်လုံး အရောင်ချင်း တူနေသည်ကို ဘယ်သူမှ သတိမထားမိကြ... အဲဒါကို စောစောက ဘာလို့ ထည့် မပြောတာလဲ .. သူပြောပုံကို သဘောကျပြီး အော်လီဗာ ရယ်နေသည်။ အဲဒါ သိပ်အရေးကြီး လို့လားဟင်.. ကြီးတာပေါ့ မြေးရနေတဲ့ အဖိုး တယောက်နဲ့ တွဲပြီး ညစာ ထွက်စားတယ်ဆိုတာ မိဘတွေသိရင် သူတို့ မျက်လုံးပြူး ကုန်ကြ မှာပေါ့...
မိဘနှင့် အဆက်အသွယ် ပြတ်ပုံမရ.. ဒါကိုလည်း အော်လီဗာ သဘောကျသည်။ သည်တော့လည်း အဖေနှင့် မာဂရက် အကြောင်းပါ ပြောပြလိုက်သည်။

ဇန်နဝါရီ လ ဆို ကလေးတွေနဲ့ တွေ့ဖို့ သူတို့ လာလိမ့်မယ်.. ပထမတော့ ကိုယ့်စိတ်ထဲမှာ တမျိုးကြီးပေါ့ လေ.. မာဂရက် ဟာ အဖေ့အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ မိန်းမ တယောက် ဆိုတာ နောက်မှ သဘောပေါက်လာတယ်... အမေဆုံးပြီး မကြာခင် လက်ထပ်မယ် ဆိုတော့ ကိုယ်ဒေါပွ တာပေါ့... ရယ်စရာတော့ ကောင်းတယ်နော်... သားသမီးတွေ ဘယ်အရွယ်ရောက်ရောက် မိဘတွေ အတွက် ကလေးလေး လို သဘောထားတယ်... ဟုတ်တယ် မဟုတ်လားဟင်... ဟုတ်တာပေါ့ ပထမတော့ အဲဒီအဘွားကြီးကို လုံးဝ သဘောမကျဘူး.. အဖေမှာ သိပ်များများ မကျန်တော့ တဲ့ အချိန်ပိုင်း ကလေး အတွက် ပျော်သလို နေပိုင်ခွင့် ရှိသင့်တယ် ဆိုတာ နောက်မှ သဘောပေါက် လာတယ်လေ..

သူအသက်ရှည်မှာပါ.. ကိုယ်လဲ အဲဒီလိုပဲ ထင်ပါတယ်လေ.. သူတို့ ရောက်လရင် တွေ့ချင်ပါတယ်..
ညစာစားပြီးတော့ ကော်ဖီဆက်သောက်ကြသည်။ ဝိုင်းသိမ်းပြီး စားသောက်ဆိုင်ထဲမှ အထွက်တွင် လူနှစ်ယောက် အပေါက်ဝမှ ရပ်စောင့်နေကြသည်။ သူတို့ လက်ထဲတွင် အောက်တိုစာအုပ်ကိုယ်စီဖြင့်။
ရှားလော့က စိတ်အနှောက်အယှက်ဖြစ်ဟန် လု့းဝမပြဘဲ ပြုံးပြုံးကလေး လက်မှတ်ထိုးပေး သည်။ ကျေးဇူးတင် ကြောင်းပင်ပြောလိုက်သေး၏။ ကားဆီသို့ လျှောက်သွားရင်း ဘာလို့ ကျေးဇူးတင်ရတာလဲ ဟု မေးကြည့်တော့ ရှားလော့က သူ့ကို မျက်လုံးစိမ်းများဖြင့် တအံတသြ ပြန်ကြည့်သည်။

ဒီလောကမှာ အဲဒါကို ဘယ်တော့မှ မမေ့ဘူး.. သူတို့လို လူတွေရှိနေလို့ မင်းသားမင်းသမီးတွေ ရှိနေတာ သူတို့ မရှိရင် ဘယ်အနုပညာသည်မှ ရပ်တည် မနေနိုင်ဘူး.. အဲဒါကို မမေ့အောင် အမြဲသတိထားရမယ်.. ဒါတွေကြောင့် ရှားလော့ ဆင်မဆင် တယောက် အလှပေါ် အယဉ် ဆင့်နေခြင်းဖြစ်လိမ့်မည်။
ကိုယ် နဲ့ ခုလို ညစာလိုက်စားတဲ့ အတွက် ကျေးဇူးတင်ပါတယ် ရှားလော့..
ရှားလော့ လဲ ပျော်ပါတယ် အောင်လိဗာရယ်...
ရိုးရိုး ကလေး နှင့် အမှန်အတိုင်း ပြောခြင်းဖြစ်ကြောင်း သူ့ အမူအယာက ပြနေသည်။

ရှားလော့ က အော်လီဗျာ ကို အိမ်အရောက် ပြန်ပို့ပေးသည်။ အိမ်ရောက်တော့ အော်လီဗျာ ချီတုံ ချတုံ ဖြစ်နေ၏။ အိမ်ထဲ ခဏ ဝင်ပါလို့ ဖိတ်ရင် ကောင်းပါ့မလား နောက်ဆုံး ဇွတ်ပြောချလိုက်သည်။ ရှားလော့ က သိပ်ပင်ပန်း နေပြီ ဖြစ်လို့ မဝင်ပါရစေနှင့် ဟု ညင်းပြီး တစ်ခုကို တတိရဟန်ဖြင့်.. ကလေးတွေ မရှိ ဘဲ ပွဲတော်ရက်မှာ ဘယ်လို အချိန်ဖြုန်း မှာလဲ..
ဘာမှ အစီအစဉ် မရှိပါဘူး.. ရုံးမှာပဲ အလုပ်လုပ်နေမှ ဖြစ်မယ်ထင်တယ်.. ဒါ ပထမဆုံး တယောက်ထဲ နေရမယ့် ခရစ္စမတ်ပဲ.. ရှားလော့ က နှစ်တိုင်း အိမ်ပြန်ပါတယ် ... ဒီနှစ်တော့ မပြန်နိုင်တော့ ဘူး.. နောက်အပတ်ထဲမှာ ကြော်ငြာကား တကား ရိုက်ဖို့ ရှိတယ်..ပြီးတော့ နောက် ပြဇာတ်တပုဒ် အတွက်လဲ စာကျက်ရဦးမယ်လေ.. တနင်္ဂနွေ နေ့ ဆုံကြ မလား...တနင်္ဂနွေနေ့မှာ ခရစ္စမတ် အဖိတ်နေ့ ဖြစ်သည်။ သိပ်ကောင်းတာပေါ့ အိမ်မှာ ညစာ စား မလား... အက်နက်အားကိုးဖြင့် ဖိတ်လိုက်ခြင်းဖြစ်၏။ ရှားလော့ က တမျိုး အကြံပေးသည်။

ရှားလော့ ကြက်ဆင်သား ကောင်းကောင်းပေါင်းတတ်တယ် အော်လီဗာ ကြိုက်လားဟင် ချက်ကျွေးမယ်လေ ...သိပ်ကြိုက်ပေါ့...
စားပြီးမှ ဘုရားကျောင်း သွားကြတာပေါ့ ခရစ္စမတ် နေ့မှာ သွားလည် နေကျ မိတ်ဆွေ နည်းနည်းပါးပါး ရှိတယ်.. လိုက်ခဲ့ပါလားဟင်...
သိပ်လိုက်ချင်ပါတယ်..ဒါပေမယ့် ဖြစ်ပါ့မလား ရှားလော့ရယ် ဆေးရိုးသည် လို ဖြစ်နေပါဦးမယ်.. ကို့် အတွက် ဘာမှ မပူပါနဲ့.. မပူပါနဲ့ ဟု ပြောရသော်လည်း ဘယ်လောက် ပျင်းချောက်ချောက် ဖြစ်နေမည် ကို သိနေ၏။

အို... ဘာလို့ မဖြစ်ရမှာလည်း သူမလိုက်ရင်သာ ရှားလော့ စိတ်မကောင်း ဖြစ်ရမှာ ခရစ္စမတ်ပွဲတော်ဟာ ရှားလော့ အတွက် သိပ်အရေးကြီးတယ်လေ... တကယ်ခင်တဲ့ မိတ်ဆွေ တွေနဲ့ ပဲ အချိန်ကုန်ချင်တယ် ပကာသန ခရစ္စမတ်သစ်ပင်မှာ ရွှေမှုန်ကြဲ အလှတွေ ဆွဲပြီး နောက်ဆုံး အမှိုက်ပုံထဲ ပစ်လိုက်ရတဲ့ အလုပ်တွေ မလုပ် ချင်ဘူး..
ဒါဖြင့်လဲ ကောင်းပါပြီဗျာ လာခဲ့ပါ့မယ်.. ဘယ်အချိန်လဲ.. ညနေ ငါးနာရီ လာလေ ခုနှစ်နာရီမှာ ညစာ စားကြ တာပေါ့ သန်းခေါင်မှာ ဘုရားကျောင်းသွားမယ်.. လိပ်စာကို စာရွက်ကလေး တစ်ရွက် တွင် ကောက်ရေးပေးသည်။ အော်လီဗာ ကားပေါ်မှ ဆင်း လိုက်၏။ ကျေးဇူး တင် ကြောင်း နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ ရင်ထဲတွင် ပူလောင်လျက် ရှားလော့ က ကားထွက် သွားရင်း လက်ပြသည်။ 
ကားအနီ ကလေး တောင်ကုန်းအဆင်း လမ်းအတိုင်း ကွေ့ပတ်ဆင်းသွားသည့် မြင်ကွင်းကို မျက်စိ တဆုံး အော်လီဗာ ငေးကြည့်ကျန်ရစ်သည်။

တကယ့် အဖြစ်တွေလား။ အိပ်မက် လေလားဟု ဝေခဲမရခင်ျစရာ ဖြစ်နေ၏။ ခရစ္စမတ်ပွဲတော် ကို သူကလေးနှင့် နွဲပျော်ရမည့် အဖြစ်က ပို၍ အိပ်မက် နေ၏။ အိမ်ကို ပြင်ဆင်ထားပုံက ကျက်သရေ ရှိလှသည်။ ရျားလော့ ၏ အိမ်မှာ ဟောလိဝုဒ် နောင်ကုန်းဒေသတွင် ရှိပြီး ဝက်သစ်ချ လမ်းတွင် တည်ရှိ သည်။ နွေးနွေးထွေးထွေး ရှိသည့် ယာတောအိမ်ကြီးတစ်ဆောင်နှင့် တူနေ၏။
အိမ်အကြောင်း ၇ယ်ရယ်မောမော ပြောသည်။ ကြမ်းခင်းက တမင် ယာတောအိမ်နျင့် တူအောင် သစ်သား ခပ်ကြမ်းကြမ်း ခင်းထားသည်။ မျက်နှာကျက်ကို တန်းထားသည့် ရက်မကြီးတွေက ထုကြီးထည်ကြီးတွေ ဧည့်ခန်းကြီး ၏ တစ်ဘက်စီ တွင် ဧရာမ မီးဖိုကြီးနျစ်ခုက အခံ့အညား။

ဧည့်ခန်းထဲတွင် ဆိုဖာတွေ သူ့နေရာနျင့် သူ အပြည့် မီးဖိုဆောင်က ဧည့်ခန်းနျင့်အဲပိုင် သီးသန့် မီးလင်းဖိုနှင့် နှစ်ယောက်စာ ပြင်ထားသည့် ထမင်းစား စားပွဲ တစ်လုံး အသင့် ပြင်ထားသည်။
ဧည့်ခနုးဆောင် တနေရာမှ ခရစ္စမတ်သစ်ပင် က ရောင်စုံ မီးလုံးကလေးများ တလက်လက်နင့် အပေါ်ထပ် တွင် ရင်ခုန်ချင်စရာကောင်းသည့် အိပ်ခန်း နှစ်ခန်းရှိသည်။ တစ်ခန်းမှာ ရှားလော့ ၏ အခန်းဖြစ်ဟန် တူ၏။ ပန်းနုရောင် နှင့် ပွင့်ရိုက်ချည်ထည်ခန်းဆီး များ တပ်ဆင်ထားသည်.။ ဧည့်သည် အတွက် အိပ်ခန်းက အဝါရောင် ကဲထားသည်။.မိဘ တွေ လာလျှင် အိပ်သည့် အခန်း ဖြစ်ကြောင်းရှားလော့ ကပြောပြသည်။ ခမ်းနား ထည်ဝါမှုတွင် နယူးယောက်မှ မီဂန် အခန်း၏ ဆယ်ပုံ တစ်ပုံ မျှ ပင် မရှိနိုင်ပါ။ သို့သော် နွေးထွေးမှု့ က ဆယ်ဆ ပိုမည် ထင်ပါသည်။ အော်လီဗာ သဘော အကျကြီး ကျနေသည်။

အော်လီဗာ့ အတွက် ရှားလော့ က ဝိုင်ဖြူတပုလင်း အအေးခံထားသည်။ ဒယ်အိုးထဲမှ ကြက်ဆင် သားပေါင်းနံ မှာ မွှေးပျံ့ သင်းကြိုင်နေ၏.။ ပူရီနှင့် အားလူးမွှေလည်း လုပ်ထားသည်။ ပြီးတော့ အသီးအနှံ မျိုးစုံ ၊ သားညှပ်ပေါင်မုန့် နှင့် ပျင်းခြောက်ခြောက် ပြီးရမည့် ခရစ္စမတ်တွင် မထင်ပဲ မုတ်ဆိတ်ပျားစွဲပြီး ပွဲကြီးပွဲကောင်းနှင့် တိုးခြင်း...မမျှော်လင်ဘဲ ကြုံရသည့် ပွဲ။ ရှားလော့ ဆင်မဆင် လို မိန်းကလေး၏ ခရစ္စမတ် ဧည့်သည်ဖြစ်ခွှု့် ရလိမ့်မည်ဟု မျှော်လင့်စရာလည်း အကြောင်းမရှိဘူးလေ.. ဘုရားသခင်က သူ့ရင်ခွင်ထဲ သို့ လက်ဆောင်မွန်တစ်ခု ထည့်ပေးလိုက်သည့်အလား..။
စားပွဲတွင် ထိုင်ရင်း လက်ဆောင် အထုပ်ကလေားကို အိတ်ထဲ မှ ထုတ်ပေးလိုက်သည်။ ရှားလော့ ဆင်မဆင် လို မိန်းကလေး က တလေးတစား ဖိတ်သည့် အတွက် အော်လီဗာ ဂုဏ် ယူမဆုံး ဖြစ်နေ၏။ ထို့ကြောင့် အမှတ်ထင်ထင် လက်ဆောင် ကလေး တခု ပေးဖို့ စိတ်ကူးရခြင်းဖြစ်သည်။

အကောင်းဆုံး ရွှေအမျိုးအစားဖြင့် လုပ်ထားသည့် ကြိုးလက်ကောက်ကလေး ကို ကြည့်ပြီး ရှားလော့၏ ရင်ထဲတွင် လှုပ်လှုပှ်ရှားရှား ဖြစ်သွားသည်။ အနေအထိုင် လည်း ခက်သွားသည်။ သူ့အတွက် ဘာမှ ဝယ် မထားမိ ဘူးလေ။
သိပ်ပြီးပုံပြင်ဆန် လှတဲ့ ခရစ္စမတ်ညမှာ ကိုယ့်ရဲ့ လက်ဆောင်ပါ မိန်းကလေး...
ရှားလော့ အရမ်းပျော်သွားသည်။ သူ့ကြည့်ရတာ တကယ့် အလေးအနက်ထားမှန်း သိသာနေလို့လေ။ ရယ်ကာမောကာ ဖြင့် စကားတွေ ဖောင်ဖွဲ့ ကြသည်။ ညစာ စားပြီးတော့ အော်လိဗျာက ကလေးတွေ ကို နှုတ်ဆက်ဖို့ ဆာရာ့ ဆီ ဖုန်း ဆက်သည်။

သူတို့တတွေ မော်ရွှင်ဆူညံနေကြသည်။ တစ်ယောက်ချင်း နှုတ်ဆက်ပြီး ဆာရာနှင့် စကားပြောသည်။ ခါတိုင်းလို လှုပ်လှုပ်ရှားရှား သိပ်မဖြစ်တော့။ အဖေ့ဆီကို လှမ်းခေါ်သည်။ အဖေတို့ စုံတွဲလည်း ပျော်ပျော်ရွှင်ရွင် ပင်။
သူ့ကို အောက်မေ့ နေတုန်းလားဟင် အော်လီဗာ.. စားသောက်ပြီးတော့ အပြင်ရှုခင်း ကို ငေးရင်း ရှားလော့ က မေးလိုက်ခြင်းဖြစ်သည်။
ခုတော့ နေသားကျသွားပြီ သူနဲ့ လက်ထပ်ခဲ့ဖူးတယ် ဆိုတာ ပြန်တွေးမိရင်တောင် တကယ်လိုလို အိပ်မက် လိုလို ဖြစ်နေပြီ ခုတော့ တစ်န်းတွေလို ပါဘဲ သူ ထွက်သွားစ က အလူးအလဲ ခံရတယ်.. လောကကြီးထဲမှာ နေချင်စိတ်ပျောက်သွားတဲ့ အထိပဲ။ ကလေးတွေ ရှိလို့ပေါ့ နို့ မဟုတ်ရင် ကိုယ် လေလွင့်သွားမလားဘဲ... ရှားလော့ နားလည်စွာ ခေါင်းညိတ်သည်။ ကိုယ်တို့ နှစ်ယောက်ဟာ အမြင် ချင်း လုံးဝမတူကြဘူး.. ဒါပေမယ့် အိမ်ထောင်ရက်သား ကျလာမျတော့ ဒါတွေ ညှိလို့ ၇မယ်လို့ ကိုယ် ထင်ခဲ့တယ်.. နှစ်ပေါင်း များစွာ ထင်ခဲ့တယ် ဒါပေမယ့် မဟုတ်ဘူး ဆာရာက လုံးဝအညှိမခံဘူး ကိုယ် က ထားခဲ့ပြီး သွားချင်တဲ့ လမ်းကို တစ်ယောက်တည်း လျှောက်သွားတယ်...
ရယ်စရာတော့ ကောင်းတယ်နော် တယောက်အတွက် မွန်မြတ်စင်ကြယ်မှု့ ဟာ နောက်တယောက် အတွက် ဒုစရိုက် ဖြစ်နေတတ်တယ်...

သူ့ဘက်က ကိုယ်ဝင်ကြည့်ပါတယ်..လက်ထပ်ခဲ့တာကိုက သူ့အတွက် မဟာအမှားကြီးဘဲ ဒါပေမယ့် ကိုယ်ကတော့ ဝမ်းသာတယ်.. မဟုတ်ရင် ကိုယ့်မှာ ကလေးတွေ ဘယ်ရမလဲ... 
ကလေးတွေ ဟာ အော်လီဗာ အတွက် အဓိကဘဲနော်.. ဟုတ်တယ် သူတို့ အတွက် ကိုယ် အသက်ရှင်နေ သလိုပဲ တစ်နှစ် လုံး ကိုယ့် အတွက်ရယ်လို့ မယ်မယ်ရရ ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး..
မီဂန့် အကြောင်း ထည့် မပြောတော့ပါ.. ပြောပလောက်အောင် မလေးနက်ဘူးလို့ ထင်တယ်လေ.. တလတာမျှ ရင်ခုန်ရသည့် သွေးသားကိစ္စ သက်သက် မဟုတ်လား..
ခုတော့ အောင်လီဗာ စဉ်းစား ဖို့ ပြောတာ.. အင်း အဲဒါ.. စဉ်းစားဖူးပါတယ် ၊ အြေ ဖ တိတိကျကျ မရသေး ပါဘူး.. ခုလောလော ဆယ် အဲဒီအဖြေ ရှိဖို့လဲ မလိုသေးပါဘူးလေ..
သူ့ကို ပြုံးပြလိုက်မိ၏။ ရှားလော့က ကော်ဖီငှဲ့ ပေးသည်။ အော်လီဗာ ရင်ထဲတွင် ဗလောင် ဆူချင်နေပြီ.. သြော်..ခရစ္စမတ် ညစာ ဆိုတာ ဒါမျိုးမှ ပြည့်စုံတာပါလားဟုလည်း ဆင်ချင်မိ၏။ ရင်ထဲ တွင် တသိမ့်သိမ့် ကြည်နူးနေ၏။ သည်မိန်းကလေး နှင့် နီးနီးကပ်ကပ် နေရသည့် အတွက်ပျော်နေ ၏။

ဆက်ရန်
.

No comments: