မီဂန် အံ့သြနေသည်။ အော်လီဗာ့ကို သဘောလည်း ကျနေ၏။ ဘာ့ကြောင့်များ သူ့မိန်းမက သူ့ကို ထားသွားပါ လိမ့်နော်။ မီဂန်တို့ကတော့ တစ်လထက်ပိုပြီး အတွဲနှင့် ခွဲမနေနိုင် ဘူးလေ။ နောက်ဆုံး ချစ်သူနှင့် လမ်းခွဲလိုက်ကြသည်မှာ သုံးပတ်ရှိခဲ့ ပြီ။ ခြောက်လလုံးလုံး ပျော် ခဲ့ကြ၏။ မိမိ၏ တိုက်ခန်း မှာရော၊ ပဉ္စမ ရိပ်သာလမ်းရှိ သူ့အိမ်မှာ ပါ မိုးမမြင်လေ မမြင် ပျော်ခဲ့ကြခြင်း မျိုး။ ကို ဆက်ဖတ်ရန်.........
သူ့ရှေ့ရေးက ချစ်သူများနှင့် ပျော်ခဲ့ရတာပါပဲ။ သို့သော် ဘ၀တစ်ကွေ့မှာ ခဏတွေ့သည့် ဇာတ်လမ်းမျိုး များ သာဖြစ်ပါ၏။ အော်လီဗာနှင့်ကျတော့ တစ်မျိုး။ သူ့ကို စိတ်ဝင်စားမိသည်။ ယောက်ျားပီသသည့် ရုပ်ဆင်း ရူပကာကြောင့်ဖြစ်သည်။ ပြီးတော့ သူ့ကြည့်ရတာ အထီးကျန်ဘ၀ရှင်မှန်း သိသာလှသည်။
" အစ်ကို တကယ်ပြောတာလားဟင် "
မူးယစ်ဆေးနှင့် နဘန်းပွဲကို ၀ါသနာပါသော မိန်းကလေးကို သွားသတိရလိုက်သည်၊ တစ်ယောက်တည်း ရယ်လိုက်မိသည်။
" ကိုယ်သာပြောတာ၊ လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ကောင်မလေးတစ်ယောက် နဲ့ အပြင် ထွက်ဖူး တယ်၊ ကံကောင်း လို့ပေါ့ကွာ၊ ကိုယ်ပါ ဆေးသမားဖြစ်တော့မလို့ "
" သြော် … အစ်ကိုရယ်၊ ဒါဆို အစ်ကိုက လူပျိုကြီးလို ပြန်ဖြစ်နေမှာပေါ့နော် "
ဂျင်နှင့် ကောနှစ်လက်ကျန်ကို မော့ရင်း မီဂန် ရယ်ရယ်မောမောပြောသည်။
" အင်း … မင်းပြောသလိုများ ဖြစ်နေမလားမသိဘူး "
အော်လီဗာကလည်း ပြောရင်း လိုက်ရယ်သည်။ ဖြစ်ပါ့မလားဟုလည်း စိတ်ထဲ ဇဝေဇ၀ါဖြစ်နေ၏။ ဆာရာနှင့် မှ လွဲ၍ ဘယ်မိန်းကလေးနှင့်မှ မချစ်ဖူးခဲ့။ နှစ်ပေါင်း နှစ်ဆယ်အတွင်း ချစ်သောဆာရာအပေါ် လုံးဝ ချစ်သစ္စာ မသွေဖီခဲ့။
ခုတော့ ယောက်ျားတကာ ကို ခေါင်းခေါက်ပြီး ရယူနိုင်သည့် မိန်းကလေး ၏ ရှေ့မှောက် တွင် ရောက်နေပြီ။ ချာတိတ်ကကေး တစ်ယောက်လို ထွက်ပြေးရမည်လား။ အိမ်ထဲပြန်ဝင်ကြပြီး စားစရာတွေပြင်သည်။
" မီဂန်ပြောပြီးသားနော် အစ်ကို၊ သိပ်မချက်တတ်ဘူးလို့ တရုတ်စာရော၊ အီတာလျှံစာရော စိတ်ကူးပေါက် ရာလျှောက်လုပ် ထားတာ "
" အဲဒါတွေအားလုံး ကိုယ်ကြိုက်တယ်လေ "
မိန်းကလေး ကို လန့်နေသည့်ကြားမှ အော်လီဗာ မြိန်ရေ ယှက်ရေစားသည်။ စားရင်းသောက်ရင်း မီဂန်က သူ့ စာအုပ်တိုက်အကြောင်း အော်လီဗာက သူ့ကလေးတွေအကြောင်းပြောပြသည်။ တဖြည်းဖြည်း နေ သား ကျ သလိုဖြစ်လာ၏။ အကြောက်ပြသလိုဖြစ်လာ၏။
" သူ့အမေ ထွက်သွားစကတော့ တော်တော့ကို အခြေအနေ ဆိုးတယ်၊ ခုတော့ အားလုံး နေသားကျ သွားပါ ပြီ "
" အစ်ကိုကရော နေသားကျသွားပြီလား၊ ခု ဘယ်လိုခံစားနေရလဲ "
မီဂန် သည် ပြင်သစ်ဝိုင်ဖြူ အကောင်းစားကို သောက်ပြီး ပို၍ တည်ငြိမ်လာသလို ပုံစံဖြင့် အတည်ပေါက် မေးသည်။ အော်လီဗာ့အတွက်လည်း စကားပြော၍ ပိုကောင်းလာသည်။
" ကိုယ်သေသေ ချာချာ မသိဘူးမိဂန်၊ အဲဒီအကြောင်း သိပ်မစဉ်းမိအောင် ကိုယ့်ကိုကိုယ် အလုပ်တွေနဲ့ ဖိ ထားတယ်၊ ကိုယ့်ဘာသာကိုယ် ဘယ်လိုခံစားနေရတယ်ဆိုတာ တစ်ခါမှ တွေးမကြည့်မိဘူး၊ အဲဒါပဲ ခပ်ကောင်းကောင်းလေ "
" သူ့ကို အစ်ကို အောက်မေ့ နေတုန်းလားဟင် "
" အောက်မေ့ တာပေါ့ကွာ၊ နှစ်နှစ်ဆယ်နီးပါးပေါင်းလာတဲ့မိန်းမပဲ၊ သူ့ကို သိပ်မုန်းချင်တာပေါ့၊ လက်မထပ် ခင် လေးနှစ်လောက် ရည်းစားဘ၀နဲ့ နေခဲ့သေးစတာလေ၊ ဘ၀သက်တမ်းရဲ့ တစ်ဝက် ဆိုပါတော့ "
" အစ်ကို က လေးဆယ့်လေးနော် "
မီဂန် က ပြုံးပြုံးကလေးမေးသည်။ အော်လီဗာခေါင်းညိတ်၏။
" မီဂန်က အစ်ကိုသုံးဆယ့်ကိုးလောက်ထင်နေတာ "
" ကိုယ်ကလဲ မင်းကို အစိတ်လောက်အောက်မေ့တာ "
" မီဂန် က သုံးဆယ်ရှင့်
နှစ်ယောက်သား ရယ်ကြသည်။
" သုံးဆယ်အရွယ်မှာ မင်း ဘယ်လို ခံစားရသလဲ၊ သိပ်စိတ်ဓာတ်ကျစရာကောင်းတဲ့ အရွယ်ဆို၊ ကိုယ့် မိန်းမ ဆာရာကတော့ နုပျိုခြင်းတွေနောက်မှာ ကျန်ခဲ့တဲ့ အရွယ်တဲ့၊ ဒါပေမယ့် သုံးဆယ့်ကိုး … လေးဆယ် … ပြီး တော့ လေးဆယ့်တစ်အရွယ်ကျတော့ ပိုပိုဆိုးတော့တာပေါ့၊ နောက်ဆုံး ထွက်ပြေးတဲ့ အထိပဲလေ၊ ခက်တာက သူလုပ်ပေးခဲ့တာတွေအများကြီး၊ ကိုယ့်အထင်ပေါ့လေ၊ ဒါပေမယ့် အဲဒါ အားလုံး သူက အသိအမှတ်မပြုဘူး "
" မီဂန်က အဲဒါတွေ သိပ်အလေးအနက်မထားဘူး၊ ဒါကြောင့်လည်း လက်မထပ်ဖြစ်တာ ထင်ပါရဲ့။ ကလေးတွေ နဲ့ အိမ်ထောင်တာဝန်နဲ့ ပိတ်မိမခံနိုင်ဘူးလေ၊ ဘ၀တစ်လျှောက်လုံး ကိုယ်လုပ်ချင်တာ လုပ်ရ အောင်နေ မယ်၊ အစ်ကိုကတော့ မီဂန့်ကို ပျက်စီးနေတယ်လို့ တင်မှာပဲနော် "
သူက ပြုံးစစနှင့်ပြောသည်။
အဖိုးတန် ပစ္စည်းများနှင့် မွမ်းမံထားသော တိုက်ခန်းကြီးကို အော်လီဗာ ဝေ့ကြည့်လိုက်ပြီး
" မင်း အတွက် အဓိက က ဘာလဲဟင် … ဆိုလိုတာက ဘာကို မင်း အရေးထားဆုံးလဲ "
ကိုယ့် ကိုကိုယ် အတွက်ပေါ့ဟု ပြောမည်ပြုပြီးမှ
" အလုပ် က အဓိကပေါ့၊ ပြီးတော့ ကိုယ့်လွတ်လပ်ခွင့်ဘ၀ကို ကိုယ်ကြိုက်သလိုနေ မယ်၊ နေချင်သလို နေ မယ်၊ မီဂန် က သူများတွေနဲ့ မျှဝေမခံစားတတ်ဘူး၊ ဒါကြောင့်သူများတွေနဲ့ သိပ် မပတ်သက်ချင်ဘူး။ လူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေကြတာပဲ၊ မီဂန်တော့ ခုအတိုင်းနေ ရတာ ကျေနပ်တယ်၊ ဘာ့ကြောင့် များ လက်ထပ်ကြ၊ ကလေးတွေ မွေးကြနဲ့ လူများလမ်းကြောင်း လိုက်လျှောက်တယ် ဆိုတာ မီဂန်တော့ နား မလည်ဘူး၊ ကိုယ့်လမ်း ကိုယ်တွင်လျှောက်မယ်၊ အဲဒါ မီဂန်လောက နီတိပဲ "
ကိုယ့်ကိုကိုယ်အတွက်ပေါ့ဟု ပြောမည်ပြုပြီးမှ
" အလုပ်က အဓိကပေါ့၊ ပြီးတော့ ကိုယ့်လွတ်လပ်ခွင့်ဘ၀ကို ကိုယ်ကြိုက်သလိုနေမယ်၊ နေချင်သလို နေ မယ်၊ မီဂန်က သူများတွေနဲ့ မျှဝေမခံစားတတ်ဘူး၊ ဒါကြောင့် သူများတွေနဲ့ သိပ်မပတ်သက်ချင်ဘူး။ လူတွေ ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေကြတာပဲ၊ မီဂန်တော့ ခုအတိုင်းနေရတာ ကျေနပ်တယ်၊ ဘာ့ကြောင့်များ လက်ထပ်ကြ၊ ကလေးတွေ မွေးကြနဲ့
ဒါဆိုရင်တော့ မင်းဟာ ပျက်စီးနေတာပဲ "
အမှတ်မထင် ပြောလိုက်သော်လည်း မီဂန်ဆိုသည့် မိန်းကလေးသည် သည်လို မိန်းကလေးပါလားဟု သိ လိုက်ရသည့်အတွက် စိတ်မကောင်းတော့မဖြစ်။
" အမေက ခဏခဏ ဆုံးမတယ်၊ လူများလျှောက်တဲ့လမ်းကို ဘယ်တော့မှ နောက်ကလိုက်မလျှောက်နဲ့တဲ့၊ မီဂန် ဘယ်တော့မှ သူများနောက်လိုက်မဖြစ်ခဲ့ဘူး၊ အဲဒီကိစ္စမီဂန် သေသေချာချာ စဉ်းစားဖူးတယ်၊ တစ်ခါ တစ်ခါ ခွန်အားလို့ ခံစားရတယ်၊ တစ်ခါတစ်ခါလည်း အားနည်းချက်တစ်မျိုးလို့ နားလည်တယ်။ တစ်ခါတစ်ခါ ကျတော့ သူများတွေလို ဘာမှ ပြဿနာမရှုပ်တော့ အားလုံးထက် ကိုယ်ကသာတယ်လို့ ထင်တယ်၊ အရေး ကြီးတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ပဲ မဟုတ်လား "
" မင်းလမ်း မင်းလျှောက်တာတော့ ဟုတ်ပါပြီ၊ အဲဒီလို သွားရင်းလာရင်း သူများတွေကို ထိခိုက်မယ်ဆိုရင် ကော "
တဖြည်းဖြည်းနှင့် အလွန်သိမ်မွေ့နုနယ်သည့် အကြောင်းအရာပေါ်ကို ရောက်လာကြောင်း မီဂန်သဘော ပေါက်လိုက်၏။
" အဲဒီအခါကျရင်လဲ တစ်စုံတစ်ခု ပေးဆပ်ရမှာပေါ့လေ၊ အဲဒီအတွက် တာဝန်လဲ ယူရမှာပေါ့၊ ဒါပေမယ့် ကိုယ့်ဘ၀ကိုယ် နေဖို့က ပိုအဓိကကျတယ်လေ "
" အင်း … ဒါကြောင့် ဆာရာထွက်သွားတာ ထင်ပါရဲ့၊ ကိုယ်တော့ အဲဒီလောကအမြင်ကို သဘောမတူဘူး၊ လူဆိုတာ တစ်ခါတစ်လေ ကိုယ့်ကိစ္စထက် သူများအရေးကို ပိုပြီး ဦးစားပေးရမယ့် အခါမျိုးတွေရှိတယ်။ ပေးဆပ်ရတဲ့အခါ တွေရှိတယ်၊ ဘယ်လောက် နာနာအနာခံပြီး သူတစ်ပါးအတွက် လုပ်ပေးရတဲ့ကိစ္စမျိုးတွေ ရှိတယ် "
အော်လီဗာတို့ လင်မယားသဘောကွဲလွဲမှု၏ အခြေခံအယူအဆဖြစ်၏။ မီဂန်နှင့်လည်း အလားတူပင် ဖြစ် နေမည်လား။
" မီဂန့်အတွက် အရေးကြီးဆုံး ဦးစားပေး စဉ်းစားရမယ့် ကိစ္စကတော့ မီဂန့်အတွက်ပဲ။ ခုနေနေတဲ့ အတိုင်းပဲ လေ၊ ဒါကြောင့် သုံးဆယ်ပြည့်တဲ့ထိ အိမ်ထောင်မပြုတာ၊ ကလေးမယူတာပေါ့၊ အစ်ကိုနဲ့ မီဂန် သိပ်မဝေး ဘူးထင်ပါတယ်၊ ဟုတ်တယ်လေ၊ ကလေးမရှိတော့ ဘာတာဝန်မှ မရှိဘူး၊ သူတို့ ကလေးတွေရှိလာရင် တာဝန်ဆိုတာ ရှိလာမှာပေါ့၊ ဒါကြောင့် တာဝန်အပို မယူချင်လို့ကလေး မယူချင်ဘူး၊ ဒါကြောင့် လင်မယူဘူး၊ ဒါပေမယ့် အစ်ကို့ရဲ့ မိန်းမက ကလေးယူတယ်၊ အဲဒါဟာ ပထမအမှားပဲ၊ ယောက်ျားယူလို့ ကလေးရတာ ဆိုတော့ ယောက်ျားယူတာကိုက အမှားလို့ ပြောနိုင်တယ် "
ဆာရာတွေးခေါ်ပုံနှင့် တစ်ထပ်တည်း ဖြစ်နေကြောင်း အံ့သြဖွယ်ရာတွေ့ရသည်။
ကိုယ့်အပြစ်လို့ ပြောရမလားမသိဘူး၊ ကိုယ့်ကြောင့် သူကလေးတွေ မွေးရတာလေ၊ အင်း … နှစ်ပေါင်း နှစ် ဆယ်ကြာမှ သူက ကိုယ်နဲ့ တွေ့စက ပုံစံကို ပြန်ရောက်သွားပြီး … အဲ … လစ်တော့တာပဲ "
" အစ်ကို တစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ပါဘူး၊ သူ့တာဝန်လဲပါတာပဲ၊ အစ်ကိုက သူ့ကို သေနတ်နဲ့ ချိန်ပြီး အတင်း လက်ထပ်ခိုင်းတာမှ မဟုတ်ဘဲ၊ ကိုယ်ယုံကြည်ရာကိုယ် လုပ်တဲ့ နေရာမှာ တခြားလူတွေ ရဲ့ အမှန် အမှားအတွက် တာဝန်မယူနိုင်ဘူးလေ "
အင်း … သူတွေးပုံက လွတ်လပ်လွန်းလှသည်။ ဘာမှ အနှောင်အဖွဲ့မရှိ။ ဘယ်သူနှင့်မှ မငြိတွယ်။ သည် အကြောင်းကို ရိုးသားပွင့်လင်းစွာ ဖော်ထုတ်ရဲ၏။
" မင်း အဲဒီလိုနေနေတာ မင်းမိသားစုက ဘာမှ မပြောဘူးလား "
သည်မိန်းကလေးအကြောင်း ပို၍ပို၍ သိချင်လာ၏။ မီဂန် ခဏတွေသွားသည်။
" အို … ဘယ်ကြိုက်ပါ့မလဲ၊ ခုတော့ ဘာမှ မပြောကြတော့ဘူး၊ လက်လျှော့ထားလိုက်ကြပြီ၊ အဖေက မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ယူတယ်၊ ကလေးတွေမွေးတယ်၊ အမေနဲ့က နှစ်ယောက်၊ ဒုတိယ အိမ်ထောင် နဲ့က လေးယောက်၊ အခု မွေးတာလေးက နံပါတ် ခုနစ်လေ၊ အမေ က နောက်အိမ်ထောင်ပြုသွား ပြီး ကလေးမရလို့ တော်သေးတယ်၊ အမေက ကလေးမချစ်တတ်ဘူး အစ်ကို၊ မီဂန် တို့ ညီအစ်မဟာ ခုနစ်နှစ် သမီးကတည်းက နာမည်ကျော် ကျောင်းတွေ မှာ ကျောင်းအိပ် ကျောင်းစားနေခဲ့ ရတာ၊ အဲဒီထက် စောပို့လို့ မရလို့၊ ရရင် မွေးမွေး ချင်း ပိုမလားမသိဘူး "
" ဒါတော့ လွန်တာပေါ့ "
အော်လီဗာ မယုံနိုင်အောင် ဖြစ်သွားသည်။ ကလေးတွေနှင့် ရင်အုပ်မကွာ နေလိုသည့် မိမိအဖို့ မိဂန်ဘ၀ သည် အံ့သြ ထိတ်လန့်စရာအထိဖြစ်နေ၏။ ခုနစ်နှစ်သား အရွယ်တွင် ဆမ်ကလေးသည် ပိဘိ ကလေးလေး သာရှိသေးသည်မဟုတ်ပါလား။
" အဲဒါတွေ မင်းခေါင်းထဲမှာ စွဲနေသလား "
မေးစရာ မလိုသည့် မေးခွန်းဖြစ်သည်။ မလွဲမသွေ ငယ်ဘ၀၏အရိပ်များ လွှမ်းမိုးနေမည်ပေါ့၊ ဒါတွေကြောင့် သည် ကလေးမ ဥတစ်လုံးကလေးဖြစ်နေခြင်းမဟုတ်လား။
" ထင်တာပဲ၊ မီဂန် က ထာဝရစွဲလမ်းမှု ဆိုတာမျိုးကို မယုံဘူး။ ဘ၀ဆိုတာ တည်မြဲတာမှမဟုတ်ဘဲ၊ အမြဲ ပြောင်းလဲနေ တာပဲ၊ တစ်ယောက်ဆင်း တစ်ယောက်တက် ခရီးမျိုးပဲ၊ မီဂန့်ဘ၀က အဲဒီအတိုင်းပဲ၊ ဒီဘ၀မျိုး မှာ နေသားကျနေပြီလေ၊ ခြွင်းချက်ကလေး တချို့တော့ ရှိတာပေါ့လေ "
ချက်ချင်း သူ့မျက်နှာကလေးတွင် ဆွေးရိပ်ငွေ့ငွေ့ဖြတ်သန်းသွားသည်။ စားပွဲပေါ်မှ ပန်းကန် ခွက်ယောက် တွေထရှင်းသည်။
" မင်းတို့ညီအစ်မရော ရင်းရင်းနှီးနှီး မရှိကြဘူးလား "
ဖျတ်ခနဲ လှည့်ကြည့်ပြီး …
" သိပ်ချစ်ကြတာပေါ့၊ မီဂန့်မှာ ချစ်စရာဆိုလို့ သူ တစ်ယောက်ရှိတာပဲ၊ မီဂန်တို့ ညီအစ်မနှစ်ယောက်ဟာ အမြွာ လိုပဲ၊ စဉ်းစားကြည့်လေ၊ ဒါကြောင့် နှစ်ဆလောက်ခံစားရတာပေါ့၊ သူက မီဂန်နဲ့ပြောင်းပြန်၊ မီဂန် မှာ မရှိတာတွေ သူ့မှာအကုန်ရျိတယ်၊ ရိုးသားတယ်၊ ကြင်နာတတ်တယ်၊ လူချစ်လူခင်ပေါတယ်၊ ဗိုင်းကောင်း ကျောက်ဖိနေ တယ်၊ သူများပြောသမျှယုံတယ်၊ နှစ်ဆယ့်တစ်နှစ်မှာ အိမ်ထောင် ရှိတဲ့ယောက်ျားတစ်ယောက် နဲ့ ချစ်မိသတဲ့လေ၊ အဲဒီလူက သူ့မိန်းမကို ထားခဲ့ပြီး သူနဲ့ လက်မထပ်လို့တဲ့ … ကိုယ့်ကိုကိုယ် သတ်သေသွားတယ်လေ "
ထိုမှစ၍ မီဂန့်ဘ၀ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း အော်လီဗာနားလည်လိုက်၏။ ဇာတ်လမ်း ကို ပြောပြနေ စဉ် သူ့မျက်လုံးများတွင် သည်အတိုင်း ထင်ဟပ်နေ၏။
" စိတ်မကောင်းစရာပါပဲ မီဂန်ရယ် "
" ဒါပေါ့၊ မီဂန့်မှာ ဘာနဲ့မှ အစားထိုးလို့ မရတော့ဘူးလေ၊ မီဂန်ဘ၀ တစ်ခြမ်းဆုံးရှုံးသွားသလိုပဲ၊ အဲဒီ တစ် ခြမ်း က ပိုပြီး အဓိပ္ပာယ်ရှိတဲ့ တစ်ခြမ်း၊ သူ့မှာအပြစ်ရှာမရဘူး၊ သိပ်မွန်မြတ်၊ သိပ်ဖြူစင် တဲ့ ကောင်မလေး "
" မင်း ဘယ်လောက်ခံစားရတယ်ဆိုတာ ကိုယ် နားလည်ပါတယ် မီဂန် "
စိတ်ထိခိုက် သည့် လေသံဖြင့် အော်လီဗာ ခပ်တိုးတိုးပြောလိုက်ခြင်းက မီဂန့်ဝေဒနာဟောင်းကို ဆွပေးလိုက် သလိုဖြစ်သွားသည်။
" ခံစား ရတာထက် ဒေါသဖြစ်တာကပိုများတယ်၊ သူ့နေရာမှ မီဂန်သာဆို အဲဒီခွေးသားကို ဖြစ်ဖြစ်၊ သူ့မိန်းမ ကိုဖြစ်ဖြစ် ပစ်သတ်လိုက်မှာပဲ "
မီဂန့်မျက်နှာ လှလှကလေးမှာ ဒေါသကြောင့် ညှိုမှိုင်းနေသည်။
" အလောင်း ကို ခွဲစိတ်ကြည့်တော့၊ ဗိုက်ထဲမှာ ကလေးကလေးလရှိနေပြီတဲ့၊ မီဂန့်ကို လုံးဝမပြောဘူး၊ မီဂန် က ဒီမှာ ကျောင်းတက်နေတုန်းလေ၊ သူကအမေနဲ့ လန်ဒန်မှာနေတာ၊ ကော်ဖီသောက်မလား ဟင် …"
" အင်း … ကောင်းတာပေါ့ "
အံ့သြ ထိတ်လန့်စရာ ဇာတ်လမ်းကို အော်လီဗာစဉ်းစားနေသည်။ ကြေကွဲစရာ ဖြစ်ရပ်တွေ၊ နာကျည်းစရာ ခံစားချက်တွေ၊ အံ့သြထိတ်လန့်စရာ အဖြစ်ဆိုးတွေက လူတစ်ယောက်၏ ဘ၀ ကို ပြောင်းလဲပစ်နိုင်ပါကလား။ သူ့အစ်မ မသေခင်က မီဂန့်ဘ၀ကို တွေးကြည့်မိသည်။ ပုံဖော်၍မရ။
မီးဖိုခန်း ထဲမှ နှစ်ယောက်သား ထွက်လာကြသည်။ နွေးထွေးသော အပြုံးဖြင့် မီဂန်က အော်လီဗာကို မော် ကြည့်သည်။
" အစ်ကိုက လူရိုးလူကောင်းပါနော်၊ မီဂန်ဘ၀ အကြောင်း ပြောပြ ခဲ့တယ်၊ ပြောဖြစ်ရင် လဲ တွေတွေ့ခြင်း ပြော ဖူးတဲ့လူဟာ အစ်ကိုတစ်ယောက်ပဲထင်တယ် "
" အဲဒီအတွက် ကိုယ် ဂုဏ်ယူပါတယ် မီဂန် "
လေသာဆောင်တွင် ပြန်ထိုင်ကြပြီး ကော်ဖီဆက်သောက်ကြသည်။ သည်တစ်ခါ မီဂန်က အော်လီဗာနှင့် ပူးပူးကပ်ကပ်ထိုင်ပြီး မြို့ရှုခင်းကို ငေးကြည့်နေသည်။
အော်လီဗာ စိတ်ထဲတွင် တစ်မျိုးခံစားနေရသည်။ သည်မိန်းကလေး မိမိထံမှ တစ်စုံတစ်ရာ လိုချင်နေပြီ။ ထိုအရာ ကို မိမိပေးနိုင်ပါမည်လား။ ပေးဖို့အဆင်သင့် ဖြစ်ပါ့မလား။ သိပ်မြန်လွန်းနေမလား။ ဆာရာမှ အပ ဖြစ်သော အခြားမိန်းကလေးတစ်ယောက်၏ ရင်ခွင်ထဲဝင်ဖို့ အော်လီဗာ ကြောက်နေသည်။
" ဒီအပတ် ထဲမှာ နေ့လယ်စာ ထွက်စားကြရအောင်လား "
မီဂန်က ပြုံးလျက် သဘောတူသည်။
" သိပ်ကောင်းပေါ့ "
ခုလိုကျပြန်တော့လည်း သူ့မျက်နှာကလေးက၊ ကလေးတစ်ယောက်လို ရိုးသားဖြူစင်နေပြန်သည်။ မီဂန်က လည်း အော်လီဗာဝတ်ဆင်ကို သေသေချာချာ အကဲခတ်လိုက်၏။ မိမိတွင်မရှိသည့်၊ မိမိကြောက်ရွံ့နေ ခဲ့ သည့် အရာအားလုံး၊ သူ့ဆီမှာ ရှိနေတာပါလား။
" အစ်ကို ဒီည မီဂန်နဲ့ တူတူ အိပ်ပါလားဟင် "
လက်ထဲက ခွက်ကို စားပွဲပေါ်တင်ရင်း အော်လီဗာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တဲ့တိုးကြီး ၀င်လာ သည့်မေးခွန်း။ ပြီးမှ ပြုံးလိုက်သည်။ ထိုအခါ ပို၍ နုပျိုသွားပြီး၊ ပို၍ ချစ်စရာကောင်းလာသည်ဟု မီဂန် ထင် လိုက်၏။
" ကိုယ် ခေါင်းခါလိုက်ရင် ညင်းပယ်တာ မဟုတ်ဘူးဆိုတာ မင်းနားလည်မှာပါ၊ ကိုယ်ဘာပဲလုပ်လုပ် အလောတကြီး လုပ်တတ်ဘူး မီဂန်၊ ဒါထက်ပိုပြီး ထိုက်ထိုက်တန်တန် ဖြစ်စေချင်တယ်၊ တို့နှစ်ယောက် စလုံး ဒီထက်ပိုပြီး ရသင့်ရထိုက်တယ်ထင်တယ်"
" မီဂန် ကတော့ ဒါလောက်ပဲ ရချင်တယ်၊ ဒါထက်ပိုပြီး မလိုချင်ဘူး "
မီဂန် အရိုးသားဆုံးပြောလိုက်ခြင်းဖြစ်သည်။
" ကိုယ်က လ်ုချင်တယ်မီဂန်၊ မင်းလဲ လိုချင်ရမယ်၊ ညအတူတူအိပ်၊ အတူတူပျော်ပြီးတော့ အတူတူလည် ကြပတ်ကြ၊ ဘယ်လောက် ပိုထူးလာမှာလဲ၊ တစ်ည အတူတူ အိပ်သည့် တိုင်အောင် ဒါထက်ပိုပြီး အဓိပ္ပာယ် ရှိစေရမယ် "
" ဒါလောက် ပုံကြီးချဲ့မနေပါနဲ့ အစ်ကိုရာ "
" ကိုယ့်ဘက်က အဆင်သင့် မဖြစ်သေးလို့ ပြောရင် ပိုရှင်းမလားမသိဘူး၊ အဲဒီလို ပြောလို့ ကိုယ်အရှုံးသမား ဖြစ်သွားမလား "
" ကောင်းပြီလေ၊ ဒါပေမယ့် အစ်ကိုက အစ်ကို့နည်းနဲ့ဆက်လုပ်၊ မီဂန်ကလည်း မီဂန့်ဝါဒအတိုင်း ဆက်လုပ် မှာပဲ။ အပြင်ထွက်ပြီး နေ့လည်စာ စားတဲ့နေ့မှာ မီဂန်ပိုက်ဆံ ရှင်းမယ်၊ ဟုတ်ပြီလား "
အော်လီဗာ ရယ်နေသည်။ ပို၍ နေသာထိုင်သာရှိသွားသလို ခံစားရ၏။ ခုလိုကြတော့လည်း သည် မိန်းကလေး သည် ညှိနှိုင်းလို့ရနေပြန်သည်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်ပင်။ သည်တော့မှ ပို၍ဆွဲဆောင်မှု ရှိနေသလို ထင်ရ၏။ ဆီနှင့် ၀င်းဝင်းမို့ ဆုံးဖြတ်ချက်များ မှားလေပြီလားဟူသော သံသယဖြင့် ကိုယ့် ကိုကိုယ် ပါးပိတ်ရိုက်ချင်စိတ် ပေါက်မိပြန်၏။
" ကိုယ် မနက်ဖြန် မီဂန့်ဆီ ဖုန်းဆက်မယ် "
အော်လီဗာ ထရပ်ပြီး ပြန်ဖို့ပြင်သည်။ ဆက်ထိုင်နေလျှင် တစ်ခုခုလုပ်မိတော့မည်။ နောင်တရမည့်ကိစ္စမျိုး မလုပ်မိစေ ရန် မြန်မြန်ပြန်မှ ဖြစ်မည်။
" သိပ်စားလို့ကောင်းတဲ့ ညစာအတွက် ကျေးဇူးပါမီဂန် "
" အချိန်မရွေး လာစားပါအစ်ကို "
တံခါးဝ လိုက်ပို့ရင်း မီဂန်က သေသေချာချာ အကဲခတ်သည်။ ယောက်ျားများစွာနှင့် အတူ အိပ်ဖူးသော် လည်း မီဂန့်ကို နားလည်သည့် ယောက်ျားမရှိသလောက်ပင်။
" ကျေးဇူးတင်ပါတယ်အစ်ကို၊ အားလုံးအတွက် ကျေးဇူးတင်တာပါ "
" ဟင် … မင်းကျွေးတာတွေ စားသောက်ပြီး စကားတွေ ထိုင်ပြောတာကလွဲလို့ ကိုယ်ဘာမှ လုပ် မပေးရ သေးပါလား၊ ဘာအတွက်များ ကျေးဇူးတင်ရတာလဲဗျာ "
" အစ်ကို ဟာ အကိုဖြစ်နေတဲ့အတွက် ကျေးဇူးတင်တာလေ၊ မီဂန်ဆီနောက်မလာလဲ မီဂန်အစ်ကို ကို ကျေးဇူး တင်နေမှာပါပဲ "
မီဂန့် ဘ၀တွင် တွေ့ကြုံဆုံကွဲ ကိစ္စများမှာ ရိုးနေပြီ၊ သို့သော် အော်လီဗာဝတ်ဆင် နောက်ပေါ် မလာလျှင် တော့ အောက်မေ့နေမည်ထင်၏။
" ကိုယ် ဖုန်းဆက်ပါ့မယ် မီဂန် "
ပြောပြော ဆိုဆို သူ့ကိုယ်ကလေးကို ရင်ခွင်ထဲ ဆွဲယူပြီး နမ်းလိုက်သည်။ ဆူဖြိုးသန်မာပြီး ဆွဲဆောင်မှုပေါင်း မျိုးစုံရှိနေသည့် ခန္ဓာကိုယ်ကလေးဖြစ်၏။ စိတ်ကို လွှတ်မပစ်လိုက်မိအောင် မနည်း သတိ ထားလိုက်ရသည်။ သို့သော် အလောသုံးဆယ်လုပ်ရမယ့် ကိစ္စမျိုး မဟုတ်၊ သေသေချာချာ ပြန်စဉ်းစားရဦးမည်။ ပြီးတော့ ပေါ့ပေါ့တန်တန် စဉ်းစားသင့်သည့် မိန်းကလေး မျိုး လည်းမဟုတ်။
ဓာတ်လှေကားဝ အထိ လိုက်ပို့ပြီး မီဂန်နှုတ်ဆက်သည်။
" မင်္ဂလာ ညပါ အစ်ကို "
ဓာတ်လှေကား တံခါးမပိတ်မီ သူကလေး၏ မျက်လုံးများကို ပြုံးပြီးစိုက်ကြည့်နေမိ၏။
မြင်ကွင်း ထဲမှ သူပျောက်ကွယ်သွားပြီးနောက် မီဂန်အကြာကြီးတွေရပ်နေသည်။ ပြီးမှ ခပ်ဖြည်းဖြည်းချင်း လျှောက်ပြန် လာခဲ့သည်။ တံခါးကို အသာကလေး ပိတ်လိုက်သည်။ သူနှင့်အတူ ထိုင်ခဲ့ သည့် လေသာဆောင်တွင် ပြန်ထိုင်သည်။ သူ့အကြောင်းရော၊ သွားလေသူ အစ်မအကြောင်းကိုပါ စဉ်းစားနေမိ၏။ ပြီးတော့ ဘာကြောင့်မှန်းမသိဘဲ ခပ်တိုးတိုးကလေး ရှိုက်ကာ ငိုနေမိသည်။
အခန်း (၁၅)
နောက်တစ်နေ့ မနက်တွင် ကတိပေးထားသည့်အတိုင်း အော်လီဗာ ဖုန်းဆက်သည်။ ထိုနေ့ပင် "လေးရာသီ" ပျော်ပွဲစားရုံတွင် နေ့လည်စာစားဖို့ ဖိတ်လိုက်သည်။ ညက တော်တော်နှင့် အိပ်မပျော်။ မီဂန့် အကြောင်း တွေးရင်း ဘာကြောင့် ညက သူ့ဖိတ်ကြားချက်ကို လက်မခံခဲ့မိတာပါလိမ့်၊ ကိုယ့်ကို ကိုယ် ဒေါသဖြစ်နေ၏။
ပျော်ပွဲစားရုံ တွင် နေ့လည်ပိုင်းမှာ ဆုံကြသည်။ မီဂန်က အနီရောင်ပိုးဝတ်စုံကို ၀တ် လာသည်။ တွေ့ဖူးသမျှ မိန်းကလေးများထဲတွင် ဆွဲဆောင်မှုအရှိဆုံးဟု ထင်လိုက်၏။ ထိုအခါ လွန်ခဲ့သည့် ညက မိုက်မှားမှုအကြောင်း တွေးမိပြန်၏။ သည်အကြောင်း သူ့ကို ပြောပြလိုက်၏။
အခန်း ၏ အလယ်မှာရေပန်းတစ်ခုရှိသည်။ ချစ်စရာ ရေမှုန်ကလေးများပျံတက်နေ၏။ အော်လီဗာရုံးမှ လူတွေရော၊ မီဂန်အလုပ်တိုက်မှ လူတွေနှင့်ပါ တိုးနေသည်။ သို့သော် လျှို့ဝှက်စရာ ကိစ္စမဟုတ်သဖြင့် ခပ်တည်တည် နေရာယူလိုက်ကြသည်။
သူ စိတ်ဝင်စားသည့် ရိုက်လက်စ စာအုပ်တစ်အုပ်အကြောင်း မီဂန်ကပြောသည်။ အလားတူ အော်လီဗာ ကလည်း သူ့လုပ်ငန်းခွင်အကြောင်းများကို ပြောပြ၏။ သုံးနာရီထိုးတော့မှ စားသောက်ခန်းထဲတွင် မိမိတို့ နှစ်ယောက်တည်း ကျန်တော့ကြောင်း သတိထားမိကြသည်။ မီဂန်ရယ်တော့ အော်လီဗာ အနေရကျပ်သွား ၏။
" မနက်ဖြန် ကိုယ် ညစာကျွေးမယ်လေ "
အပြင်ထွက်လာရင်း အော်လီဗာက ဖိတ်လိုက်သည်။
" အစ်ကို က ချက်တတ် ပြုတ်တတ်လို့လား "
" အို … ကြိုက်တာပြော၊ အဖြစ်လောက်တော့ရတယ် "
မီဂန်ရယ်ပြန်သည်။
" မီဂန် အကြိုက်ဆုံးဆိုင်က စားစရာတွေ ၀င်ဝယ်လာမယ်လေ၊ ပြီးမှ နှစ်ယောက်ပေါင်းပြီး ထင်ရာလျှောက် လုပ်ကြတာပေါ့၊ မကောင်းဘူးလား "
" အဲဒါ အကောင်းဆုံးပဲ "
အော်လီဗာ ပျော်သွားသည်။ သူနှင့်ပြန်တွေ့ဖို့ သေချာသွားပြီ။
" အသား နဲ့ အရွက်ရောပြီး စဉ်းကောလုပ်တာ အစ်ကို ကြိုက်လား "
" သိပ်ကြိုက်ပေါ့ "
သို့သော် ဟင်းလျာ ထက် သူလာမည်ဆို၍ ပိုပျော်နေခြင်းဖြစ်၏။ တက်စီပေါ်မတက်မီ ပါးကိုမွှေးမွှေးပေး နှုတ် ဆက် လိုက်သည်။ သူ့ကားထွက်သွားမှ ရုံးဖက်သို့လျှောက်ပြန်လာခဲ့၏။
ဒက်ဖနီ က အလုပ်တွေယူလာပြီး အော်လီဗာ့ အခန်းထဲဝင်လာသည်။ လေးနာရီထိုးနေပြီ၊
" ကြော်ငြာထည့်မယ့် အမျိုးသမီးလား "
" ဘယ်သူလဲ "
" နေ့လယ်က လေးရာသီမှာလေ "
ဒက်ဖနီ က ချစ်စရာအပြုံးဖြင့် ပြောတော့ အော်လီဗာရှက်သွားသည်။ ထိုးပေးလာသည့် စာရွက်တွေကို စိတ်ဝင်စားချင် ဟန်ဆောင်ပြီး ဟိုလှန်သည်လှန်လုပ်ရင်း …
" ခင်ဗျားက ကျုပ်ကို နောက်ယောင်ခံ လိုက်နေတာလား "
" သြော် … ဒက်ဖနီ က အဲဒါမျိုး ၀ါသနာပါတာကိုး၊ ဟင်း … ခုထိ ရေမွှေးနံ့ရတုန်း "
" သွားစမ်းပါကွာ၊ မနက်က ပိုးဟပ်တစ်ကောင်တွေ့လို့ ဆေးဘူးနဲ့ဖြန်းလိုက်တာ အဲဒီကအနံ့ ဖြစ်မှာပေါ့ "
" ဟာဟ၊ ဒီအခန်း မှာ ပိုးဟပ်လာဖို့ဝေးလို့ ပလတ်စတစ်ပန်းတောင်သေတယ်၊ ကောင်မလေးက တောင့် တယ်နော်၊ အပျံစား ထဲကပဲ၊ ဘယ်သူလဲဟင် "
" ဟိုတစ်နေ့ က တွေ့တဲ့ကောင်မလေးပါကွာ "
" ဟန်ကျတာပေါ့၊ ဘယ်လိုလဲ တွဲနေပြီလား "
ခုတော့ ဒက်ဖနီသည် ညီမတစ်ယောက်လို ဖြစ်နေပြီ။
" မသေချာသေးပါဘူးကွာ၊ တွဲဖြစ်မယ်လဲ မထင်ပါဘူး မချောက ကိုယ့်မိန်းမလိုပဲ၊ ဘ၀ပဓာန၀ါဒီလေ၊ လွတ်လပ်မှုနဲ့ သူ့တိုးတက်မှုပဲ စိတ်ဝင်စားတယ်၊ ဘယ်သူနဲ့မှ မညိတွယ်ချင်ဘူးတဲ့ "
" အသည်းမကွဲခင် ပျော်ပျော်နေပစ်လိုက်ပေါ့၊ ကြည့်ရတာတော့ ပစ်ရက်စရာမရှိဘူး "
" အင်း … ကိုယ်လဲ အဲဒီလိုပဲထင်တယ် "
" ဂုဏ်ယူပါတယ် သူငယ်ချင်း "
" ကျေးဇူးတင်ပါတယ် ဒက်ဖနီ၊ ကဲ … ကိုယ်အလုပ်လုပ်တော့မှာလား၊ မင်းရဲ့ အချစ်သင်ခန်းစာတွေ ဆက်နားထောင်ရမှာလား "
" ကဲပါ … ရှက်ရမ်းရမ်းမနေပါနဲ့၊ အလုပ်ထဲမှာလဲ စိတ်မပါပဲနဲ့ "
ထိုညတွင် ဒက်ဖနီနှင့် မိုးချုပ်သည်အထိ အလုပ်လုပ်သည်။ အတူတူ ညစာစားသည်။ အိမ်ပြန် ရောက် ရောက် ချင်း မီဂန့်ဆီ ဖုန်းဆက်သည်။ မီဂန်အပြင်ထွက်နေသည်။
သို့သော် ဖုန်းလက်ခံသည့် ကက်ဆက်ကို ဖွင့်ထားခဲ့သည်။ ဘာမှအကြောင်းထူး မရှိကြောင်း၊ အိပ်ရာဝင်နှုတ်ဆက်ချင် လို့ ဆက်ခြင်းဖြစ်ကြောင်းနှင့် မနက်ဖြန် ဆက်ဆက်လာဖို့အကြောင်းများ သတင်းပေး ထားခဲ့သည်။
ချိန်းဆိုထားသည့်အတိုင်း ရှစ်နာရီတိတိတွင် ရောက်လာသည်။ လက်ထဲတွင် ဟင်းလျာတွေ၊ စည်သွတ် ဘူး တစ်ပွေ့တစ်ပိုက်နှင့် မီးဖိုခန်းထဲတွင် နှစ်ယောက်သား အထုပ်တွေဖြေကြသည်။
" အစ်ကို့ အခန်း က လှတယ်နော် "
ယဉ်ကျေးစွာ အလိုက်အထိုက် ပြောခြင်းဖြစ်သည်။ သူ့အခန်းနှင့်စာလျှင် အော်လီဗာ့အခန်းမှာ မှေးမှိန်နေ သည်။ ကလေးတွေနှင့် အက်နက်မရှိသဖြင့် ပန်းအိုးတွေထဲတွင် ပန်းပွင့်များမရှိ၊ ညက အိမ်ပြန်နောက်ကျ သဖြင့် ဒါတွေ လုပ်ဖို့ သတိရသော်လည်း အချိန်မရှိတော့၊
" ညစာ မစားခင် သောက်ဖို့ အကြိုယမကာအဖြစ် ၀ိုင်သောက်ကြသည်။
" ဒီနေ့ အားလုံး အဆင်ပြေရဲ့လား "
မေးတော့ မီဂန်က -
" ပြေပါတယ်အစ်ကို၊ အစ်ကိုကော "
မီဂန် ကြည့်ရသည်မှာ ပေါ့ပါးရွှင်လန်းနေသည်။ အဖြူရောင် ပိုးစကတ်နှင့် မိုးပြာရောင် ဘလောက်စ် ၀တ်ထား သဖြင့် ပြားရည်ရောင် အသားအရည်မှာ ပို၍ ညိုမောင်းနေသည်ထင်ရ၏။
အော်လီဗာက တစ်နေ့တာ အလုပ်ခွင်အကြောင်း ပြောပြသည်။ ပြီးတော့ မီးဖိုခန်းထဲက စားပွဲမှာတင် ညစာ စားကြသည်။ အင်း … ခုလို အဖောတ်စယောက်နှင့် စကားစမည်ပြောရခြင်းမှာ ကြည်နူးစရာပင်။
" ကလေးတွေမရှိတော့ ဒီအခန်းထဲမှာ အစ်ကိုတစ်ယောက်တည်း ခြောက်ကပ်ကပ်ကြီး နေမှာပေါ့နော် "
အော်လီဗာပြုံးသည်။ သည်အခန်းကို စိတ်တိုင်းမကျလို့ သူ့အခန်းကို သွားမည်ဟု ဆိုလိုခြင်းများ လားဟု အော်လီဗာတွေးနေသည်။
" ဒါပေါ့၊ သူတို့မရှိတော့ တိတ်ဆိတ်နေတာပေါ့၊ ဒါပေမယ့် ကိုယ်က အိမ်ပြန်နောက်ကျတော့ သိပ်မသိသာ လှပါဘူး "
ပြီးတော့ ဘာမှအရေးမပါသည့် ရောက်တတ်ရာရာ အကြောင်းများကို ဆက်ပြောကြ၏။ ပိုလိုပွဲ အကြောင်း ဘောလုံးပွဲကြောင်း၊ ပြီးတော့ သူ့မိဘ များအကြောင်း ရောက်သွားပြန်သည်။ အင်္ဂလိပ်တွေကို မီဂန် သဘောကျပုံမရ။ အစ်မလုပ်သူ၏ တစကိုဖျက်ဆီးခဲ့သည့် ချစ်သူမှာအင်္ဂလိပ်လူမျိုးဖြစ်၍ နာကျည်းနေ ဟန် တူ၏။
မီဂန် သည် အရာရာတိုင်းတွင် တစ်ဘက်စွန်း ရောက်နေသူဖြစ်၏။ စားသောက်ပြီးတော့ မီဂန်က ပန်းကန်ဆေးပေး သည်။
" မင်းလို မိန်းကလေးမျိုးနဲ့ ဆုံရလိမ့်မယ်လို့ ကိုယ် တစ်ခါမှ မမျှော်လင့်ခဲ့ဖူးဘူး မီဂန် "
" မီဂန်လဲ အစ်ကို့လို လူမျိုးနဲ့ တစ်ခါမှ မတွေ့ဖူးဘူး၊ မီဂန် အရမ်းပျော်တာပဲ "
ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မပြောဖူးသည့် စကားများကို မီဂန် အမှန်အတိုင်း ပြောလိုက်ခြင်းဖြစ်ပါ၏။
" ကလေးရှိမှာ မစိုးရိမ်ဘူးလားမီဂန် " လို့ အော်လီဗာမေးတော့ မီဂန် ခပ်ပေါ့ပေါ့ဖြေသည်။
" သေသေချာချာ ကာကွယ်ထားတာ ကြာလှပေါ့ "
အစ်မ လုပ်သူ ကိုယ်ဝန်လေးလနှင့် သေဆုံးပြီးကတည်းက သားကြောကို ပိတ်ပစ်လိုက်ခြင်းဖြစ်သည်။ သည် တုန်းက မီဂန် နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးသည်။
" ဘယ်တော့မှ ကလေးလိုချင်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ် သိနေတယ်လေ၊ ပြီးတော့ ဘယ် ခွေး သူတောင်းစားကြောင့် မှ အစ်မ ပရီယာဖြစ်သလို မဖြစ်တော့ဘူးပေါ့ "
" တစ်နေ့နေ့မှာ ကလေးယူချင်လာရင်ကော၊ မင်းနောင်တရနေမှာပေါ့ "
" မရပါဘူး၊ ယူချင်ရင် မွေးစားလိုက်မှာပေါ့၊ ဘယ်တော့မှ မွေးစားဖြစ်မှာလဲ မဟုတ်ပါဘူး၊ ခေါင်းရှုပ်မခံနိုင် ဘူးလေ၊ ဘာလဲ အစ်ကို က ကလေးထပ်လိုချင်သေးလို့လား "
" ကိုယ်က ရသလောက် ယူချင်တာလေ၊ ဆာရာက ဘယ်တော့မှ မယူချင်ဘူး၊ ဆမ်ကလေးမွေးပြီး သား ကြောဖြတ် လိုက်တော့ ကိုယ့်မှာ စိတ်မကောင်းဖြစ်လိုက်ရတာ "
" ခုထက်ထိ ကလေးလိုချင်တုန်းလား၊ ဟုတ်လား "
အံ့သြလွန်း စွာ မီဂန်မေးသည်၊ နားမလည်နိုင်အောင်လည်း ဖြစ်နေ၏။
" အင်း … သိပ်မသေချာပါဘူး၊ ကလေးထပ်ယူဖို့ အချိန်လွန်သွားပြီလား မသိဘူး၊ ဒါပေမယ့် ရမယ်ဆိုရင် ကိုယ်ဝမ်းသာ မှာပဲ "
" မီဂန် ကိုတော့ အဲ့ဒီစာရင်းထဲ မထည့်နဲ့နော် "
မီဂန်က ခေါင်းအုံးတွေပေါ်မှီရင်း ရယ်ရယ်မောမော ပြောသည်။ သည်မိန်းကလေးနှင့် နေရသည်မှာ လွတ် လပ်ပေါ့ပါး လွန်းပါကလား။ ဘာမှ လျှို့ဝှက်မထားချင်တော့။ ဘင်ဂျမင့်အကြောင်းနှင့် မကြာခင် မိမိ မြေးရ တော့မည့်အကြောင်းပါ ပြောပြနေမိ၏။
" နှစ်ယောက် စလုံး ကျောင်းထွက်လိုက်ရတယ်၊ သားတော်မောင်က ဟားဇတ်ကို သွားမယ့် ဆဲဆဲလေ၊ ခုတော့ စပယ်ယာ ဖြစ်နေလေရဲ့ "
အော်လီဗာ့ ကို ကြည့်ပြီး မီဂန် စိတ်မကောင်းဖြစ်သွားသည်။ သားအတွက် မည်မျှ ရတက်ပွားနေကြောင်း သူ့မျက်နှာ တွင် ပေါ်နေ၏။
" တစ်နေ့နေ့တော့ ဟားဘတ်ရောက်မှာပေါ့ အစ်ကိုရယ်၊ ကလေးကို သူတို့ မွေးမှာလားဟင် "
" မွေးမယ် တဲ့၊ ကိုယ်ဖျက်သေးတယ် မရဘူး၊ တော်ပါသေးရဲ့ တရားဝင် လက်မထပ်ကြလို့ "
" အခက်အခဲတွေထဲ ရောက်လာရင် ဘ၀အကြောင်းသူတို့ နားလည်လာမှာပါ၊ ကလေးတွေ ဟာ ကြော်ငြာ တွေထဲမှာသာ ချစ်ဖို့ကောင်းတာ၊ မီဂန်အတွက်တော့ ကလေးတွေဆိုတာ တစ္ဆေမှင်စာ ကလေးတွေပဲ "
" အမိက ကလေးဘယ်နှစ်ယောက်နဲ့များ ဆက်ဆံဖူးလို့လဲ "
" အမယ်လေး … မဆက်ဆံဖူးတာပဲ ကျေးဇူးတင်ပါတယ် ရှင့် "
မီဂန် က ပြောပြောဆိုဆို အော်လီဗာ့ကို သိုင်းဖက်လိုက်ပြီး -
" မီဂန် က အတွက် ကတော့ ကလေးတွေဟာ အလကားပဲ၊ ကလေးအဖေတွေပဲ အသုံးကြတယ် "
နှစ်ယောက်သား အချိန်နာရီတွေကို သညာမဲ့စွာဖြတ်သန်းနေကြပြန်၏။
အော်လီဗာ့ အတွက် တစ်သက်မေ့နိုင်တော့မည်မဟုတ်သည့် မိန်းကလေး။
ဆက်ရန်
.

No comments:
Post a Comment