ဘ၀ဆိုတာ အချိုးအကွေ့ပေါင်းများစွာ၊ ဖြတ်သန်းမှုပေါင်းများစွာ ရုန်းကန်လှုပ်ရှားမှုပေါင်းများစွာကို ရင်ဆိုင် ကျော်လွှား ရတာကို ဆိုလိုတယ် လို့ နားလည်သဘောပေါက်တယ်။
သာမန် လူသားတွေက ဖြစ်စဉ်ပေါင်းများစွာရှိခဲ့သလို ဂုဏ်ထူးဝိသေသ ထူးရှိတဲ့ သူတွေထဲက အနတဂ္ဂမ များစွာထဲက များစွာဟာလည်း သူ့နည်း၊ သူ့ဟန်၊ သူ့ဝန်းကျင်နဲ့သူ၊ တွေ့ထိကြ၊ ရင်ဆိုင်ကြ၊ တိုက်ခိုက်ကြ နဲ့ ဘ၀ကပို တည်တံ့အောင် ကြိုးပမ်းနေကြတာပါပဲ။
ဒီလို ကြိုးပမ်းရင်း ကြိုးပမ်းရင်းနဲ့ တဖြည်းဖြည်း လက်ပန်းကျလို တက်ကြစမြဲပါ။ သန်တုံးမြန်တုံး သွက်လက်တုံး မှာ အတ္တမာန်မာနတရားတွေနဲ့ ရောပြွမ်းတဲ့ အထင်၊ အမြင်၊ အတွေးတွေ နဲ့ ဟန်တလုံး၊ ပန်တလုံး၊ မောက်မာတတ်ကြပေတဲ့ ပတ်ဝန်းကျင်အ၀န်းအ၀ိုင်း၊ အိုမင်းရင့်ရော်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ အယူအဆ အတွေးအခေါ် ဖောက်ပြန်မှုတွေကရေလည်မှာ လက်ပန်းကျသလိုမျိုး ဖြစ်တတ်တာကို သတိသမ္ပဇဉ် တရားနဲ့ ရှေးရှုသွားကြဖို့ လိုမယ်ထင်တယ်။
ဒီမှာ အခါအခွင့်သင့်လို့ ဖြစ်စဉ်နှစ်ခုကို ယှဉ်တွဲဖော်ပြလိုပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သမိုင်းမှာ ဖြစ်ရပ်မှန်ဆိုတာ အတော်နည်းပါတယ်။ ဆရာကြီး "တော်စတွိုင်း" ရဲ့ စကား နဲ့ ပြောရရင်
" သမိုင်းဖြစ်ရပ်မှန်ဆိုတာ မရှိသလောက် နည်းပါးပါတယ်။ သမိုင်းကို ရေးကြ ပြောကြတဲ့နေရာမှာ သူ့ဘက် ကိုယ့်ဘက် တစ်နည်းမဟုတ် တစ်နည်းနဲ့ ဘက်လိုက် နေကြတာပဲ။
ပြီးခဲ့တဲ့ ပြင်သစ်-ရုရှားစစ်ပွဲမှာ ပြင်သစ်ကလည်း ပြင်သစ်ဘက်ကမှန်ကြောင်း၊ နပိုလိယံရဲ့ တန်ခိုးပါဝါ အာဏာတော်ကြောင့် ပြင်သစ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စည်ပင်အောင် ဘယ်နည်းဘယ်ပုံ ကြိုးပမ်း အားထုတ်ကြ ရကြောင်း ပြင်သစ် သမိုင်းဆရာတွေက ရေးကြတာပဲ။
ရုရှားကလည်း ရုရှားတွေရဲ့ စစ်ဟာ ခုခံစစ်ဖြစ်တယ်။ ရုရှားပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်။ ကျူးကျော်စစ် ကို ခုခံစစ်နဲ့ တွန်းလှန်တာသာ ဖြစ်တယ်။
စတဲ့ အရေးအသားမျိုးတွေ နဲ့ ကိုယ့်ဘက်ကိုယ်ယက် ရေးခဲ့ကြတာပဲ။
ဒါကြောင့် သမိုင်းဆိုတာဟာ ဘက်လိုက်မှုရှိနေတယ်လို့ ဆိုခဲ့တာပေါ့။ တကယ်တော့ သမိုင်းမှန် ဆိုတာဟာ မြေရှင်ပဒေသရာဇ်တွေ၊ ဓနရှင်တွေ၊ အရင်းရှင်တွေ၊ နယ်ချဲ့သမားတွေ၊ ဖက်ဆစ်တွေ အတွက် ရှေ့နေလိုက်ပေးနေတဲ့ လျှောက်လျဲက်မဟုတ်ပါဘူး။ တကယ့် ဆင်းရဲသား၊ ကျေးတော်မျိုး၊ ကျွန်တော်မျိုး တို့ ရဲ့ စနစ်တစ်ခုအတွင်း၊ စစ်တစ်ခုအတွင်း၊ ခေတ်တစ်ခုအတွင်းက ခါးသီးတဲ့ အတွေ့အကြုံ ကို ထင်ဟပ်ပေးတဲ့ မီးမောင်းထိုးပေးလိုက်တဲ့ ပြကွက်တစ်ခုလို့ ဆိုချင်ပါတယ်။
နောက်တစ်ခု က သမိုင်းခေတ် တစ်ခေတ်အတွင်း နိုင်ငံရေးအရ၊ စစ်ရေးအရ အောင်နိုင်သူ၊ ရှုံးနိမ့်သူ ဆိုတာ ရှိတတ်စမြဲပါ။ ဒီလိုလူတွေဟာလည်း သမိုင်းဇာတ်ရုပ်တွေထဲက အဓိကဇာတ်ကောင်တွေ၊ ဇာတ်ရုပ်တွေ ပါ။ တကယ်တော့ သူတို့ဟာ စင်တင်ဇာတ်ကောင်တွေ၊ ဇာတ်ရုပ်တွေနဲ့ စရိုက်ဓလေ့ ကို ဖော်ကျူးခဲ့တဲ့ ဇာတ်ရုပ် တွေမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ကပြခဲ့ကြတဲ့ တကယ့်ဘ၀ထဲက ဇာတ်ရုပ်တွေဖြစ် ပါတယ်။
ဒီဇာတ်ရုပ်တွေထဲက သမိုင်းဇာတ်ဆောင်တချို့ကို ရေးပြချင်ပါတယ်။ သူတို့ဟာ သမိုင်းပြကွက် တစ်ကွက် မှာ အဓိက ဇာတ်ဆောင်အဖြစ် ကပြခဲ့ကြသူတွေပါ။
သာမန် လူသားတွေက ဖြစ်စဉ်ပေါင်းများစွာရှိခဲ့သလို ဂုဏ်ထူးဝိသေသ ထူးရှိတဲ့ သူတွေထဲက အနတဂ္ဂမ များစွာထဲက များစွာဟာလည်း သူ့နည်း၊ သူ့ဟန်၊ သူ့ဝန်းကျင်နဲ့သူ၊ တွေ့ထိကြ၊ ရင်ဆိုင်ကြ၊ တိုက်ခိုက်ကြ နဲ့ ဘ၀ကပို တည်တံ့အောင် ကြိုးပမ်းနေကြတာပါပဲ။
ဒီလို ကြိုးပမ်းရင်း ကြိုးပမ်းရင်းနဲ့ တဖြည်းဖြည်း လက်ပန်းကျလို တက်ကြစမြဲပါ။ သန်တုံးမြန်တုံး သွက်လက်တုံး မှာ အတ္တမာန်မာနတရားတွေနဲ့ ရောပြွမ်းတဲ့ အထင်၊ အမြင်၊ အတွေးတွေ နဲ့ ဟန်တလုံး၊ ပန်တလုံး၊ မောက်မာတတ်ကြပေတဲ့ ပတ်ဝန်းကျင်အ၀န်းအ၀ိုင်း၊ အိုမင်းရင့်ရော်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ အယူအဆ အတွေးအခေါ် ဖောက်ပြန်မှုတွေကရေလည်မှာ လက်ပန်းကျသလိုမျိုး ဖြစ်တတ်တာကို သတိသမ္ပဇဉ် တရားနဲ့ ရှေးရှုသွားကြဖို့ လိုမယ်ထင်တယ်။
ဒီမှာ အခါအခွင့်သင့်လို့ ဖြစ်စဉ်နှစ်ခုကို ယှဉ်တွဲဖော်ပြလိုပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သမိုင်းမှာ ဖြစ်ရပ်မှန်ဆိုတာ အတော်နည်းပါတယ်။ ဆရာကြီး "တော်စတွိုင်း" ရဲ့ စကား နဲ့ ပြောရရင်
" သမိုင်းဖြစ်ရပ်မှန်ဆိုတာ မရှိသလောက် နည်းပါးပါတယ်။ သမိုင်းကို ရေးကြ ပြောကြတဲ့နေရာမှာ သူ့ဘက် ကိုယ့်ဘက် တစ်နည်းမဟုတ် တစ်နည်းနဲ့ ဘက်လိုက် နေကြတာပဲ။
ပြီးခဲ့တဲ့ ပြင်သစ်-ရုရှားစစ်ပွဲမှာ ပြင်သစ်ကလည်း ပြင်သစ်ဘက်ကမှန်ကြောင်း၊ နပိုလိယံရဲ့ တန်ခိုးပါဝါ အာဏာတော်ကြောင့် ပြင်သစ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စည်ပင်အောင် ဘယ်နည်းဘယ်ပုံ ကြိုးပမ်း အားထုတ်ကြ ရကြောင်း ပြင်သစ် သမိုင်းဆရာတွေက ရေးကြတာပဲ။
ရုရှားကလည်း ရုရှားတွေရဲ့ စစ်ဟာ ခုခံစစ်ဖြစ်တယ်။ ရုရှားပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်။ ကျူးကျော်စစ် ကို ခုခံစစ်နဲ့ တွန်းလှန်တာသာ ဖြစ်တယ်။
စတဲ့ အရေးအသားမျိုးတွေ နဲ့ ကိုယ့်ဘက်ကိုယ်ယက် ရေးခဲ့ကြတာပဲ။
ဒါကြောင့် သမိုင်းဆိုတာဟာ ဘက်လိုက်မှုရှိနေတယ်လို့ ဆိုခဲ့တာပေါ့။ တကယ်တော့ သမိုင်းမှန် ဆိုတာဟာ မြေရှင်ပဒေသရာဇ်တွေ၊ ဓနရှင်တွေ၊ အရင်းရှင်တွေ၊ နယ်ချဲ့သမားတွေ၊ ဖက်ဆစ်တွေ အတွက် ရှေ့နေလိုက်ပေးနေတဲ့ လျှောက်လျဲက်မဟုတ်ပါဘူး။ တကယ့် ဆင်းရဲသား၊ ကျေးတော်မျိုး၊ ကျွန်တော်မျိုး တို့ ရဲ့ စနစ်တစ်ခုအတွင်း၊ စစ်တစ်ခုအတွင်း၊ ခေတ်တစ်ခုအတွင်းက ခါးသီးတဲ့ အတွေ့အကြုံ ကို ထင်ဟပ်ပေးတဲ့ မီးမောင်းထိုးပေးလိုက်တဲ့ ပြကွက်တစ်ခုလို့ ဆိုချင်ပါတယ်။
နောက်တစ်ခု က သမိုင်းခေတ် တစ်ခေတ်အတွင်း နိုင်ငံရေးအရ၊ စစ်ရေးအရ အောင်နိုင်သူ၊ ရှုံးနိမ့်သူ ဆိုတာ ရှိတတ်စမြဲပါ။ ဒီလိုလူတွေဟာလည်း သမိုင်းဇာတ်ရုပ်တွေထဲက အဓိကဇာတ်ကောင်တွေ၊ ဇာတ်ရုပ်တွေ ပါ။ တကယ်တော့ သူတို့ဟာ စင်တင်ဇာတ်ကောင်တွေ၊ ဇာတ်ရုပ်တွေနဲ့ စရိုက်ဓလေ့ ကို ဖော်ကျူးခဲ့တဲ့ ဇာတ်ရုပ် တွေမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ကပြခဲ့ကြတဲ့ တကယ့်ဘ၀ထဲက ဇာတ်ရုပ်တွေဖြစ် ပါတယ်။
ဒီဇာတ်ရုပ်တွေထဲက သမိုင်းဇာတ်ဆောင်တချို့ကို ရေးပြချင်ပါတယ်။ သူတို့ဟာ သမိုင်းပြကွက် တစ်ကွက် မှာ အဓိက ဇာတ်ဆောင်အဖြစ် ကပြခဲ့ကြသူတွေပါ။
အဓိပတိကြီး …
၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ခေတ်လို့ ဆိုပါစို့။
တစ်သွေး၊ တစ်သံ၊ တစ်မိန့် တဲ့။
ဒါဟာ အဓိပတိကြီး ရဲ့ ကြွေးကြော်သံ။
" ကမ္ဘာမှာလည်း အာဏာရှင်၊ ဗမာမှာလည်း အာဏာရှင် "လို့ သီချင်းတောင်ရေးစပ်ဂုဏ်ပြုရတဲ့ အာဏာရှင်။
ဒီအာဏာရှင်ကြီးအကြောင်း ပြောတော့မယ်ဆိုရင် ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိ တယ်။ ဒါပေမဲ့ သူ့ခေတ်သူ့အခါ သူ့နေရာမှာ ကိုယ်ရောက်နေရင် ဘာလုပ်မလဲ။ ဒါဟာ စဉ်းစားစရာပါ။
ထားတော့ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဖြစ်ပြီးခဲ့တဲ့ အမှုကိစ္စဖြစ်လေတော့ ကောင်းရင်လည်း သမိုင်းမှာ နာမည်ကောင်းနဲ့ရှင်သန်နေမှာပါ။ ဆိုးနေတယ်ဆိုရင်လည်း သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြား လာမှာပါ။ ဒါဟာ သူ့ကိစ္စ၊ သူ့ပါဝင် ကပြခဲ့တဲ့ ဇာတ်ဝင်ခန်းထဲက ပေးလိုက်မည့်သင်ခန်းစာလို့ပဲ ဆိုရ မလား။
ထားတော့ …
ဂျပန်ခေတ်ကာလအချိန်မျိုး၊ အဓိကပတိကြီးရဲ့ ဖြစ်စဉ်အတွင်းမှာ … သာမန် လူသားတစ်ယောက်အဖို့ ဒီလို အိမ်မျိုး အထဲရောက်ဖို့ မပြောနဲ့ အိမ်ရှေ့က မယောင်မလည်ကြည့်ရင်တောင် အဖမ်းခံရနိုင်တဲ့ အနေအထား လေ။ အိမ်ဝင်းထဲဝင်ဖို့ဆိုတာ ဝေလာဝေး။
ဒါပေမဲ့ ကာလက ကြာခဲ့ပြီ။ ဂျပန် ဖက်ဆစ်တွေ လက်နက်ချခဲ့ပြီးပြီ၊ နယ်ချဲ့တွေလည်း ကာယကံမြောက် မြန်မာ့မြေပေါ် မှာ မရှိတော့။ မြန်မာတစ်နိုင်ငံလုံးလွတ်လပ်ရေးရခဲ့ပြီ၊ ကြာတောင် ကြာ လှပေါ့။ အဓိပတိကြီး လည်း သလွန်ညောင်စောင်းထက်မှာ မလဲလျောင်းနိုင်တော့၊ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတာတွေ လည်း ဘယ်ဆီရောက်ကုန်မှန်းမသိ၊ အာဏာမရှိတော့၊ ပါဝါမရှိတော့၊ သူ့နေရာမှာ ဗိုလ်ချုပ်ကြီး နေ၀င်းရောက်နေပြီ။ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့ အဓိပတိကြီးကြားမှာ အစိုးရ အဖွဲ့ ၄ ဖွဲ့ခြားခဲ့ပြီ၊ အစိုးရအဖွဲ့တွေ ဖြစ်တဲ့ ဖဆပလ၊ သန့်ရှင်း၊ အိမ်စောင့်၊ ပထစစတဲ့ အစိုးရအဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြိုပျက် ခဲ့ပြီ၊ အခု တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ဗိုလ်ချုပ်နေ၀င်း က တည်ထောင်ဖွဲ့စည်းအုပ်ချုပ်နေခဲ့ပြီ။
ဂျပန်ခေတ် အဓိပတိ ကြီးကား ဗိုလ်နေ၀င်း အာဏာစက်အောက်မှာ ဇရာရဲ့ ဖိစီးမှုကို ခံနေရာရှာပါပြီ။
၁၉၆၉ ခုနှစ် ဦးပိုင်းလောက် က ထင်ပါတယ်။
စာရေးသူရယ်၊ ဆရာ ဦးညိုမြရယ်၊ အိုးဝေဓာတ်ပုံသတင်းထောက်ကိုကျော်ဆန်းရယ် သုံးယောက်သား အဓိပတိကြီး နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သတင်းမေးသွားကြပါတယ်။ အဓိပတိကြီး နေထိုင်မကောင်းဖြစ်တယ်ကြားလို့ပါ။ အငှားကားလေးပေါ်က ကျွန်တော်တို့ ဆင်းပြီး ကုန်းပေါ်မျှော်ကြည့် လိုက်တဲ့အခါ သစ်ပင်တချို့ အုပ်အုပ်မိုးမိုး ရှိနေတာတွေ့ရပါတယ်။
တက္ကသိုလ် ရိပ်သာလမ်းက အဓိကပတိကြီးအိမ်ဟာ အဲဒီတောင်ကုန်းလေးပေါ်မှာပါ။ တောင်ကုန်းပေါ်က အိမ် ကို သွားတဲ့လမ်းဟာ အတက်လမ်းဖြစ်ပါတယ်။ ဟိုတုန်းကတော့ ကွန်ကရစ်လမ်းဖြစ်ဟန် တူပါတယ်။ အခုတော့ အုတ်ကျိုးအုတ်ပဲ့၊ ကွန်ကရစ်အကျိုးအပဲ့၊ ဂ၀ံကျောက်နဲ့ အုတ်ခဲကျိုး တချို့ကြားထဲ မှာ မြက်တွေက တောထနေတယ်။ မသွားတာကြာလို့ထင်ရဲ့။ မြက်တွေက မင်းမူနေတာကလား။
ဂိတ်တံခါးလေး ကလည်း ပိုင်ရှင်နဲ့ အတူ အိုမင်းရင့်ရော်နေပြီကော၊ ကြာမြင့်လှပြီဖြစ်တဲ့ အဖြူရောင် ဆေးသား က မပီပြင်တော့၊ နေဒဏ်မိုးဒဏ် ဘယ်လောက်ခံထားရပြီလဲ၊ မခန့်မှန်းတတ်၊ အတော်တော့ ကြာပြီထင်ရဲ့၊ ညိုညစ်ညစ် သစ်သားရောင် က ပြောက်တိပြောက် ကျား ဆေးဖြူရောင် အောက်က လွတ်မြောက်လို လွတ်မြောက်ငြား ကုန်းရုန်း ထနေလေ သည်။ တံခါးလေး က ခနော်နီခနော် နဲ့၊ ပြုတ်ကျလုတဲတဲ၊ ပြင်ဆင်မည့် သူ ကို စောင့်နေပုံ ရတယ်။
မဟတဟ တံခါးလေး ကို အသာမ ဖွင့်ပြီး မြက်တွေအောထနေတဲ့ လမ်းကလေးအတိုင်း ကုန်းပေါ် တက်သွားတဲ့ အခါ တစ်ထပ်တိုက်ကလေးတစ်လုံး၊ အိမ်ရှေ့မှာ ကားလေးတစ်စီး၊ ဖို့ဒ် လား၊ အော်စတင်လား၊ ဟမ်းဘားလားမသိ၊ ဘီးတွေ က ပြားလို့။ လေမရှိ၊ ဆေးရောင်က အနက်ကလေး လို့ ထင်ရပေမည့် ကားတစ်စီးလုံး၊ ဘောနက်ပေါ်၊ အမိုးပေါ်၊ ဘေးဘီဝဲယာအားလုံးမှာ ငှက်ချေးတွေ၊ ဖုန်တွေ၊ သစ်ရွက်ခြောက်တွေ နဲ့ ခြယ်သထားလေတော့၊ နဂိုဆေးရောင်ကိုပင် ကွဲကွဲပြားပြား မခွဲခြားနိုင်၊ အနက်ရောင် လို့တော့ မှန်းဆမိပါတယ်။ ပိုင်ရှင်ကိုယ်တိုင်က မစီးဖြစ်တာ ကြာလှရော့မယ်။
အိမ်ရှေ့ က အတော်ကြာကြာ အသံပြုလိုက်တော့ မိန်းကလေးတစ်ဦးထွက်လာပါတယ်။
" ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်တဲ့ " ရည်ရည်မွန်မွန်ပါ။
" အဓိပတိကြီး နဲ့ တွေ့ချင်လို့ပါ"
" ရှင် "
" သြော် … ဒေါက်တာဦးဘမော် နဲ့ တွေ့ချင်လို့ပါ "
" ဘဘကြီး အိပ်ရာထဲမှာ မှိန်းနေပါတယ် "
" ဒါဖြင့် ဆရာမ ဒေါ်တင်ဇာမော်နဲ့ တွေ့ချင်ပါတယ် "
" ခဏစောင့်ပါ" ဆိုပြီး အထဲပြန်ဝင်သွားတယ်။ အတော်လေးကြာတော့မှ ဒေါ်တင်ဇာမော်နိုင် ထွက်လာ ပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့ အိမ်ထဲရောက်ပြီး ဒေါက်တာကြီး (အဓိပတိကြီး)ရဲ့ ကျန်းမာရေး အခြေအနေ ကို မေးမြန်းရင်း ပဋိသန္တာရစကားတွေ ပြောဖြစ်ခဲ့ကြတယ်။ ဒီမှာ သိခဲ့ရတာက အဓိပတိကြီး ဟာ ဇရာရဲ့ ဖိစိးမှုအပြင် အခြားဝေဒနာတချို့ပါ ခံစားနေရတယ်ဆိုတာပါပဲ။
အဲဒီမျာ စိတ်ထဲစွဲလမ်း အသိအမှတ်ပြုမိတာက အနန္တသူရိယအမတ်ကြီးရေးတဲ့ သူတည်း တစ်ယောက် ကောင်းဖို့ ရောက်မှု ဆိုတဲ့ကဗျာပါပဲ။
" ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
နောက် ဇာတ်ဆောင်တစ်ဦးက ဒေါ်ဒေါ် ဒေါ်ခင်ကြည်ပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင်ပါ။
ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဗမာ့နိုင်ငံရေးလောကကို ဦးဆောင်ဦးရွက် ပြုနေကြတဲ့သူတွေထဲက တစ်ဦး၊ နောက်တော့ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ရဲ့ဖခင်၊ အမျိုးသားခေါင်းဆောင်စတဲ့ ဂုဏ်ပုဒ်တွေ နဲ့ လျှမ်းလျှမ်းတောက် ထင်ပေါ်ကျော်ကြားခဲ့သူပါ။ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ချစ်ဇနီးပါ။
ဒေါ်ဒေါ် ကို စတင်မြင်ဖူးတာ သားလတ် ကိုအောင်ဆန်းလင်း ရေနစ် ကွယ်လွန်ချိန် ကပေါ့။ နေ့ရက် အတိအကျ မမှတ်မိတော့ပါဘူး။ ၁၉၅၄-၅၅ လောက်လို့ ထင်ပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်တာ ဘာမှ မကြာသေး၊ ကွယ်လွန်သူအတွက် မျက်ရည်မှ မစဲသေးခင် မှာ ရင်နှစ် သည်းခြာ ရတနာ တစ်ဦးထပ်မံဆုံးရှုံးလိုက်ရတဲ့ ဒေါ်ဒေါ်ပဋာမြေလူးဖြစ်စဉ်လေ။
ဗိုလ်ချုပ်ပေါ် မေတ္တာထားကြတဲ့ ပြည်သူတွေဟာ ခုလို ဗိုလ်ချုပ်ရင်သွေး တစ်ဦးဆုံးရှုံးပြန်တာ သိကြတော့ အတော့်ကို စိတ်မကောင်းဖြစ်ကြတာကလား။ ဝေးသူတွေက စိတ်မကောင်းဖြစ်ကြသလို ရန်ကုန်မြို့တွင်း နီးသူတွေ က အပြေးအလွှား သွားရောက်သတင်းမေးကြတာကိုး။ စာရေးသူလည်း ဒီတုန်းက မှ ဒေါ်ဒေါ် ဒေါ်ခင်ကြည် ကို လူကိုယ်တိုင် မြင်ဖူးတာပါ။
ဒေါ်ဒေါ်နဲ့ သေသေချာချာ သိရတာက ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကာလ အိုးဝေဦးညိုမြရဲ့ ကျေးဇူးပါ။
အိုးဝေဦးညိုမြက ဆရာရင်လေး အိုးဝေသတင်းစာ၊ ဂျာနယ်တွေမှာ နှစ်အတော်ကြာကြာ လုပ်ခဲ့ဖူးတော့ အတော့် ကို ရင်းနှီးတာကိုး၊ ဆရာက ကျွန်တော့်ကို သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ ပြောပြဖူးပေမဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ခိုင်းလေ့မရှိဘူး၊ စာပေကိစ္စ၊ နိုင်ငံရေးကိစ္စတွေမှာ သဘောတရား အယူအဆ မတူပေမဲ့ ခိုင်းတတ်ပါတယ်။ ကိုယ်ကလည်း မငြင်း မဆန်လုပ်ပေးတတ်ပါတယ်။ အထူးသဖြင့် စာပေကိစ္စတွေမှာ ဆရာစာရေးတဲ့အခါ လိုအပ်တဲ့အကြောင်း အရာအချက်အလက်တချို့ ကူညီ ရှာဖွေ ပေးရပါတယ်။ တက္ကသိုလ်စာကြည့်တိုက်၊ ဘားနက် စာကြည့်တိုက်၊ ၀န်ကြီးချုပ်ရုံး စာကြည့်တိုက် နောင် အမျိုးသားစာကြည့်တိုက်တွေက အချက်အလက်အချို့ ရှာပေးရပါတယ်။
၁၉၆၀ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အိမ်စောင့်အစိုးရက ရွေးကောက်ပွဲကျင်းပပေးပါတယ်။ ဒီရွေးကောက်ပွဲ မှာ အဓိက ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီကြီးတွေကတော့ ဖဆပလ၊ ပထစ (ပြည်ထောင်စုပါတီ)၊ ပမညတ တို့ဖြစ်ပါတယ်။ ပါတီလေးတချို့နဲ့ တစ်သီးပုဂ္ဂလတွေလည်း ၀င်ရွေးခံကြပါတယ်။ နိုင်ငံနဲ့ အ၀ှမ်း ကျင်းပ တဲ့ ရွေးကောက်ပွဲကြီးပါ။
ဒီရွေးကောက်ပွဲကြီူး မှာ ညောင်လေးပင်အရှေ့မြို့နယ် (ပဲခူးခရိုင်)မဲဆန္ဒနယ်မှ ပမညတ အမတ်ပေါင်း လူထု ဦးတင်မောင် (လူထုသတင်းစာ ရန်ကုန် တိုက်ခွဲ တာဝန်ခံ) ၀င်ရောက် အရွေးခံပါတယ်။ စာရေးသူ က ဦးတင်မောင်ရဲ့ အမတ်ပေါင်းကိုယ်စားလှယ် ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ယူ လုပ်နေချိန်ပေါ့။ ညောင်လေးပင်အရှေ့ မဲဆန္ဒနယ်မှာ ပြိုင်ဘက်တွေက ဖဆပလက ဦးကျော်ငြိမ်း (ညောင်လေးပင်)၊ ပထစ က ရှေ့နေ ဦးမောင်တင်(တချို့က မဆလာမောင်တင်လို့လည်းခေါ်တယ်) သူက ပဲခူးသား၊ ပဲခူးကပါ အရွေးခံတယ်။ ညောင်လေးပင်မှာ သူ့ကို မသိတဲ့လူမရှိ၊ ညောင်လေးပင်မှာ လူသိများ ထင်ရှားပြီး သြဇာရှိတဲ့ ဦးထွန်းလှိုင်တို့ရှိတယ်။ သူတို့ကို မရွေးဘဲ ပထစက ဦးမောင်တင်ကို အရွေးခံ ခိုင်းတာ။ ပမညတ က လူထုဦးတင်မောင်။
တစ်နေ့ ဦးနု၊ ဒေါ်ခင်ကြည်တို့ ညောင်လေးပင်ရောက်လာကြတယ်။ အဲဒီအချိန် မှာ ညောင်လေးပင် အချုပ်ထောင်ထဲ က ဦးညိုမြထွက်လာပါတယ်။
ဦးညိုမြ က စာရေးသူကိုတွေ့ချင်တယ်ဆိုလို့သွားတော့ ဦးညိုမြရယ်၊ ဒေါ်ခင်ကြည်ရယ်၊ ဦးနုရယ် တွေ့တယ်။ ဦးညိုမြ က စာရေးသူနဲ့ ဦးနု၊ ဒေါ်ခင်ကြည်တို့နဲ့ မိတ်ဆက်ပေးပါတယ်။ အကြောင်း ရင်းတော့ ရွေးကောက်ပွဲကိစ္စပါ။ အာလာပ သလ္လာပ စကားခဏပြော ပြီး ရွေးကောက်ပွဲ ကိစ္စ ဆွေးနွေးကြပါတယ်။ ပထမဆုံး ဒေါ်ဒေါ်က နယ်မြေ အနေအထား နဲ့ ပြည်သူလူထုတွေရဲ့ အခြေအနေတွေကို မေးပါတယ်။ ပြီးတော့ စာရေးသူရဲ့ သဘောထားမေးပါတယ်။
" ဒေါ်ဒေါ် အခုရွေးကောက်ပွဲမှာ ဦးတင်မောင်အနိုင်ရရေး လိုက်လုပ်နေတာဟာ ရာထူး၊ ပါဝါ၊ အာဏာ ရရေး မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးအတွက်လုပ်နေတာပါ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိဘဲနဲ့ တိုင်းပြည်ပြန်လည် ထူ ထောင်ရေးလုပ်တာဟာ လုံးဝ အဓိပ္ပာယ်မရှိပါဘူး၊ "သမင်မွေးရင်း ကျားစားရင်း " ဆိုသလို ဖြစ်မှာပဲ။ နောက်တစ်ခုက "စစ်" ကျရောက်ဒေသက ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်နဲ့ အတိ ဒုက္ခရောက်ကြရတယ်။ ဒဏ်ရာအနာတရ ရကြတယ်။ နောက် အသက်သေကြရရှာတယ်။ မိကွဲ၊ ဖကွဲ၊ မိသားစုကွဲဖြစ်ရတယ်။ အိုးအိမ်၊ စည်းစိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးကြရတယ်။ စစ်နဲ့ဝေးသူတွေလည်း မသက်သာ ပါဘူး။ အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ဘဏ္ဍာတွေဟာ ဆေးရုံ၊ စာသင်ကျောင်း စတာတွေ အတွက် သုံးရမည့်အစား ကျည်ဆန်ဖိုး၊ လက်နက်ခဲယမ်းတွေဝယ်ယူရာမှာ အသုံးပြု ခံနေရတယ်။ ဒါကြောင့် ၀န်ကြီးချုပ်က ပထစအစိုးရဖြစ်ရင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မယ်လို့ အတိအလင်း ကြေညာထားတာပဲ။ ဒီတော့ ဒီရွေးကောက်ပွဲမျာ ပထစ အနိုင်ရမှဖြစ်မယ်။ ဖဆပလ သာ အနိုင်ရ သွားရင် တိုင်းပြည်တော့ သံဃာစင်ပါ မှောက်မှာ။
ဒါကိုလည်း ပမညတကလူကြီးတွေ သိတယ်။ ဒါကြောင့် ပမညတ ခေါင်းဆောင်တွေက ပထစ ခေါင်းဆောင်တွေနဲ့ ထိပ်တိုက်အရွေးမခံရေး ကြွေးကြော်ခဲ့ကြတာပေါ့။ ဒေါ်ဒေါ် တို့စိုးရိမ်တာက "မဲ" တွေပြန့်ပြီး ကွဲသွားမျာစိုးရိမ်တယ်။ ဒါကြောင့် ပမညတ နိုင်နိုင် ခြေရှိရင် နိုင်အောင်လုပ်ပါ။ တကယ် လို့ နိုင် နိုင်ခြေမရှိဘူးဆိုရင်တော့ ဖဆပလထဲ မဲရောက်သွားမှာ စိုးရိမ်တယ်။ ဦးမောင်တင် ဆိုတာ ကလည်း ဒီဒေသနဲ့ စိမ်းနေတယ်။ ဒါကြောင့် ဒီဒေသကမဲတွေ လူထုဦးတင်မောင်ရရင်ရ၊ မရရင် ဦးမောင်တင် ကို ၀ိုင်းဝန်းကူညီပါလို့ တိုက်တွန်းချင်တယ်။ ဖဆပလထဲတော့ လုံးဝ ထည့်လို့ မဖြစ်ဘူး မို့လား "။
ဒုတိယ အကြိမ် ဒေါ်ဒေါ်နဲ့ ဆုံဖြစ်တာက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရာထူးက ဖယ်ရှားခံရပြီး တဲ့ အချိန်။ ၁၉၆၉ ၀န်းကျင်ဆိုပါစို့။ "အိုးဝေ ဂျာနယ် " ထုတ်နေချိန်ပေါ့။
နိုင်ငံရေး ခေါင်းဆောင်ဟောင်းကြီးတွေ သက်ကြီးရွယ်အို ပညာရှင်ဟောင်းကြီးတွေနဲ့ လိုက်လံတွေ့ဆုံဖို့ ဦးညိုမြ က တိုက်တွန်းပါတယ်။ သူကိုယ်တိုင်လိုက်မိတ်ဆက်ပေးပါတယ်။ သူကိုယ်တိုင် လိုက် မိတ်ဆက်ပေး ပါတယ်။ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဒေါက်တာ ဘမော်၊ သခင်ဝတင်၊ သခင်တင်၊ သခင်ချစ်မောင်၊ ဗိုလ်မြသွေးစတဲ့ လက်ဝဲလက်ယာ ခေါင်းဆောင် တော်တော်များနဲ့ တွေ့ပေး ပါတယ်။
ဒီလို တွေ့ပေးတာက သူတို့ဆီက စာမူတွေရအောင် တောင်းပါ။ စာမူတောင်းလို့မရရင် သူတို့စကားပြော လာအောင် ဆွပေးပါ။ သူတို့ပြောတဲ့အထဲမှာ တန်ဖိုးရှိတဲ့၊ သမိုင်းတန်ဖိုးရှိတဲ့အထဲမှာ တန်ဖိုးရှိတဲ့၊ သမိုင်းတန်ဖိုး ရှိတဲ့ စကားတွေ ပါလာပါလိမ့်မယ်။ အဲဒါကို သေသေချာချာ မှတ်သားပါ။ အဲဒီ မှတ်သား ထား တာတွေဟာ မင်းအတွက် စာတွေဖြစ်လာလိမ့်မယ်လို့ ဆရာဦးညိုမြက သွန်သင်ပါတယ်။ ဒီသွန်သင်ချက် က ခေါင်းဆောင်ကြိးတေါနဲ့ တွေ့ဖြစ်တာပါ။ ဒေါ်ဒေါ် ဒေါ်ခင်ကြည်နဲ့ တွေ့ဖြစ်တာလည်း ဒါကြောင့်ပါပဲ။
သားသေလင်ဆုံး ဘ၀မှာ သံအမတ်ကြီးဘ၀ကလည်း ပြုတ်ကျခံရတဲ့ဘ၀၊ ဒီကြားထဲရှိတဲ့သား၊ သမီးနှစ်ဖြာ ကလည်း နိုင်ငံရပ်ခြားမှာ အင်မတန် စိတ်ဓာတ်ကျပြီး ညှိုးချုံးနေမှာပဲလို့ တွေးထင်ရင်း တက္ကသိုလ် ရိပ်သာလမ်းက အခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့အိမ်ရှေ့ ရောက်ခဲ့ပါတယ်။ ခြံဝ မှာ သစ်သားတံခါးလေးက ကာဆိးထားပါတယ်။ တခြားဘယ်လို အစောင့်အရှောက် အတားအဆီးမှ မရှိပါ။ စစ်ဆေးမေးမြန်းမည့်သူလည်းမရှိ၊ ဟန့်တားနှောင့်ယှက်မည့်သူလည်းမရှိ။
" သြော် … အတော်အထီးကျန်ဆန်လှပါလားလို့ တွေးမိတယ် "
သစ်သားတံခါးလေး ကို အသာဟပြီး အထဲဝင်လိုက်တယ်ဆိုရင်ပဲ သင်းပျံ့မွှေးကြိုင်တဲ့ ပန်းရနံ့ ကလေးနှာဝ ကို ကလူကျီစယ်လိုက်တယ်။ အင်းလျားရေပြင်ကို ရှပ်တိုက်လိုက်တယ်။ အင်းလျားရေပြင် ကို ရှပ်တိုက်ပြေးလွှား လာတဲ့ လေပြေနုက လန်းဆန်းစေတယ်။ ခြံတွင်းမှာ သန့်ပြန့်ရှင်းလင်းနေတယ်။
ခြံကျယ်ကြီးရဲ့ အနောက်ဘက်မှာ အဖြူရောင် ဆင်ဝင်နဲ့ နှစ်ထပ်တိုက်ကြီးတစ်လုံး၊ အရှေ့မြောက်ဘက် အင်းလျားကန်စပ်မှာ အရှေ့ဘက်လမ်းမကြီးနဲ့ ကပ်လျက်မှာ သစ်သားအိမ်လေးတစ်လုံးစီ၊ အလယ်မြေလုပ်ထားတယ်။ အဲ့ဒီပေါင်ပေါ်မှာ လစ်လီပန်းပင်တွေ အပြည့်စိုက်ထားတဲ့ ပန်းခင်းကြီး၊ ခြံရဲ့ တခြား ကျန်နေရာတွေမှာလည်း တခြားအပင်တွေစိုက်ထားတယ်၊ တစ်ခြံလုံး စိမ်းလန်း စိုပြေလှပနေ တယ်။ အဖြူရောင်လစ်လီ ပန်းပွင့်ကြီးတွေက ဆွဲဆောင်မှုအကောင်းဆုံး။
ညှိုးငယ်ပန်းလျနေမယ် လို့ ထင်ထားထားခဲ့တဲ့အထင် ပါစင်အောင်လွဲပါပေါ့။ ခြံထဲက အပြင်အဆင် အမွမ်းအမံ တွေက စိတ်ဓာတ်မကျတဲ့အပြင် လန်းဆန်းတက်ကြွလာစေတယ်။
ဒါဟာ ဒေါ်ဒေါ်ံရဲ့ စဟိတ်ဓာတ်ကို ခန့်မှန်းနိုင်တယ်။ သားကွဲလင်ကွဲဘ၀၊ အိမ်နိမ့်စံဘ၀မှာတောင် စိတ်ဓာတ် မကျ ဘဲ သဘာဝပတ်ဝန်းကျင်ကို လန်းဆန်းတက်ကြွလာအောင် ဖန်တီးနိုင်စွမ်းရှိသလို သူ့ကိုယ်သူ လည်း စိတ်ဓာတ်ခိုင်ခိုင်ထားနိုင်တယ်ဆိုတာ တွေ့ရတယ်။
အိုးဝေဂျာနယ် ကနှစ်ပတ်တစ်ကြိမ် စနေနေ့မှာ ထုတ်ဝေလေ့ရှိတယ်၊ ဂျာနယ်ထွက်တဲ့ စနေနေ့တိုင်း မှာ ဒေါ် ဒေါ့်အိမ်ရောက်လေ့ရှိတယ်။ ရောက်တဲ့နေ့တိုင်း လိုလို ဆင်ဝင်ဆောင်အောက် မှာ ဒေါ်ဒေါ့် ကိုတွေ့ရလေ့ ရှိ တယ်။ ဒေါ်ဒေါ့်ပုံသဏ္ဍာန်က သူ ပြောတာတွေကို နားထောင်ပေးမည့်သူကို ငံ့လင့်နေ ဟန် တူတယ်။ ကျွန်တော်က ဆယ့်ငါးရက် စနေနေ့နေ့တိုင်းလို ဒေါ်ဒေါ် ပြောတာတွေကို နားထောင် မှတ်သားလေ့ ရှိတာ ကိုး။
ကျွန်တော် မရောက်ခင် မနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းလောင်းတယ်၊ ဆင်ဝင်ဆောင်အောက်ထပ် က စားပွဲလေးပေါ် မှာ ကြွေရေသုတ် ဆွမ်းချိုင့်လေး တင်ထားပြီး လောင်းလေ့ရှိ တယ်။ ကျွန်တော့်အတွက် လက်ဖက်ရည်၊ မုန့်၊ ရေနွေးကြမ်း တို့ ဒေါ်ဒေါ့်ဝေ ယျာဝစ္စလုပ်ပေးနေတဲ့ ကုလား မလေး က လာချပေးတယ်။
ဒေါ်ဒေါ် က သူ့ခင်ပွန်းသည် အကြောင်း တမ်းတမ်းတတ ပြောလေ့ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်တချို့ အကြောင်း လည်းပါတယ်။ သူ့ခင်ပွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ပြောပြခဲ့တဲ့ ဂျပန် နဲ့ ပေါင်းရတဲ့ အကြောင်း၊ ဂျပန်သွားခရီးအကြောင်း၊ ဂျပန်တော်လှန်ရေး အကြောင်းတွေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သူမ ကိုယ်တွေ့တွေကို ပြောပြလေ့ရှိတယ်။ အဲဒီထဲကမှ မှတ်မှတ်သားသား လူငါးဦး အကြောင်း ပြောပြခဲ့ ပါ တယ်။ အဲဒါလေး ပြန်လည်တင်ပြချင်ပါတယ်။
" ဒီနေ့တော့ လူငါးယောက် အကြောင်း ပြောပြမယ်။ ပထမ ပြောပြ မှာက ဒေါ်ဒေါ့် ယောက်ျားအကြောင်းပဲ၊ ဒေါ်ဒေါ့်ယောက်ျားဟာ စောစောစီးစီး ငယ်ငယ်ရွယ်ရွယ် နဲ့ သေသွားတာကောင်း တယ်။ တကယ်လို့ စောစော မသေဘဲ ဟိုဟာတွေနဲ့ ပေါင်းမိသွားရင် နာမည်ပျက်နဲ့ သေရမှာ။
" အဲဒါနည်းနည်း ရှင်းပြမယ်။ နောက်လူတွေအတွက် သင်ခန်းစာ ယူစရာလည်းကောင်း တယ်။ နိုင်ငံရေးမှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ တော်တည့်၊ ဖြောင့်၊ မှန်တဲ့ အ၀န်းအ၀ိုင်း လိုတယ်။ သူ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ ကိုဗဟိန်းတို့လို လူတွေက ၀ိုင်းရံ ပေးကြတယ်။ သခင်ခေါင်းဆောင်ဖြစ်ချိန်မှာ သခင် ဗဟိန်းတို့ သခင်သန်းထွန်းတို့က ၀ိုင်းရံပေးကြတယ်၊ လက်တွဲလုပ်ခဲ့ ကြတယ်၊ သခင်မြ၊ သခင်ချစ်၊ သခင်စိုးတို့ သခင်လေးမောင်တို့လည်း ပါ တာပေါ့၊ အထူးသဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်မြ တို့က အနိးကပ် ထိန်းပေးကြ တယ်။ တပ်ထဲရောက်တော့လည်း ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဗထူးတို့လို သူတွေက ၀ိုင်းရံထားကြတယ်။ ဒါကြောင့် ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ဆန်းလို့ တစ်ရှိန်ထိုးနာမည် ရလာတာပဲ။
ဒါဟာ ဘာလဲဆိုရင် ပညာတတ်တာ၊ လူစွမ်းလူစ ရှိတာလောက်နဲ့ မလုံလောက်ဘူး၊ ရိုးသားဖြောင့်မတ် ရမယ်၊ ကိုယ်ကျင့်သိက္ခာလည်း ရှိရမယ်၊ နိုင်ငံရေးယုံကြည်ချက်ရှိရမယ်၊ ခိုင်မာ ရမယ်၊ နိုင်ငံတကာနဲ့ ပြည်တွင်းနိုင်ငံရေးမှာ အမြောအမြင်ရှိရမယ်၊ အရှည်မြင်တတ် ရမယ်၊ ပြည်သူလူထု အကျိုး အတွက် မိမိကိုယ်ကျိုးကိုမငဲ့တဲ့ ပိုင်းဖြတ်မှုရှိရမယ်၊ ရန်သူနဲ့တွေ့ရင် ဖယောင်း၊ ပြည်သူနဲ့တွေ့ရင် သံချောင်း ဆိုသလို မကျင့်သုံးရဘူး။ ရန်သူနဲ့တွေ့ရင် သံချောင်း၊ ပြည်သူနဲ့တွေ့ရင် ဖယောင်းလို ကျင့် ရမယ်၊ နာယကဂုဏ် နဲ့ ပြည့်စုံရမယ်။ အဲဒီလို နိုင်ငံရေးသမားတွေနဲ့ ပေါင်းမိလို့ ငါ့ယောက်ျားနားမည် သတင်းကောင်း ခဲ့တာ။
တိုင်းပြည်လွတ်လပ်ရေး လုပ်ရင်း အယူအဆတွေကွဲလာတယ်။ စိတ်ဝမ်းကွဲလာတယ်။ လက်ဝဲ အင်အားစုဖြစ်တဲ့ ကွန်မြူနစ်တွေကို ဖဆပလထဲက ကန်ထုတ်ခဲ့တယ်။ တစ်ဖက်ကို ယုံလွန်းရာက လက်ဝဲ၊ လက်ျာ ကွဲခဲ့တယ်။ လူငယ်တွေကွဲခဲ့တယ်။ ဒါဟာ အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲတာပဲ။ လက်ျာသမား တချို့ရဲ့ ပယောဂလည်းပါတယ်။ အထူးသဖြင့်တော့ နယ်ချဲ့သမားက ထိုးနှက် တိုက်ခိုက်ခံ လိုက်ရတာ၊ ဒါကို သဘောပေါက်လို့ လက်ဝဲညီညွတ်ရေး ပြန်တည်ထောင်ဖို့ ကိုအောင်ဆန်း နဲ့ သခင်သန်းထါန်းတို့ ကြိုးပမ်းခဲ့ကြိုးပမ်းဆဲကာလမှာ လုပ်ကြံခံလိုက်ရတာပဲ။
တကယ်တော့ ဒါဟာ နယ်ချဲ့သမားရဲ့ လက်ချက်ပဲ။ နယ်ချဲ့သမားဟာ လက်ဝဲညီညွတ်ရေး ရသွားမှာစိုး တယ်။ သခင်သန်းထွန်းတို့နဲ့ ဗိုလ်အောင်ဆန်းပေါင်းမိသွားရင် နယ်ချဲ့သမားတွေ လုပ်ချင်တိုင်း လုပ်လို့ ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဖဆပလထဲက နိုင်ငံရေးသမားကြီးတွေ၊ လက်ျာအုပ်စုဝင်တွေကို သိမ်းသွင်းပြီး လက်ဝဲအုပ်စုကို ခွဲထုတ်လိုက်တယ်။ တစ်ဆက်တည်းမှာပဲ လက်ဝဲညီညွတ်ရေးအတွက် ကြိုးပမ်းနေ တဲ့ ငါ့ယောက်ျားကို လုပ်ကြံလိုက်ကြတာပဲ။ လုပ်ကြံမခံရလို့ လက်ဝဲညီညွတ်ရေး မအောင်မြင် ဘဲ လက်ျာအချောင်သမားတွေနဲ့ ဆက်လက်ပေါင်းမိသွားရင် နာမည်ဆိုး၊ နာမည်ပျက်နဲ့ သေရမှာ။ မင်းတို့ သိတဲ့အတိုင်းပဲလေ။ လက်ျာအုပ်စုတွေဟာ ဆိုရှယ်လစ်အုပ်စုထဲက ဆိုရှယ်နီတွေ ကန်ထုတ်နောက်ဆုံး ဖဆပလကြီးပြိုကွဲအောင်လုပ်ခဲ့ပြီး တည်မြဲ၊ သန့်ရှင်းစသဖြင့် တစစီကွဲထွက်ခဲ့တယ် မဟုတ်လား။ အခုတော့ အဲဒီ ဆိုရှယ်ဒီမိုကရက်အုပ်စုဟာ နာမည်ဆိုးနဲ့ နိဂုံးချုပ်ခဲ့တာ။
နောက်တစ်ယောက်က နာမည်ကြီးခေါင်းဆောင်ဟောင်းကြီး တစ်ဦးဝန်ကြီးချုပ် တစ်ဦးအဖြစ် လွတ်လပ်ရေး ရ ခဲ့တဲ့ ၁၉၄၈ က ၁၉၆၂ အထိ ဆောင်ရွက်ခဲ့တဲ့ ဦးနုပါ။
နောက်ကွန်မြူနစ်တွေ ကို တောထဲ မောင်းချလိုက်တာ၊ ဆက်တိုက်ဆိုသလို ပြည်တွင်းစစ်ကြီး ကျယ်ပြန့်ကြီးမားလာတာ၊ ပြည်တွင်းစစ်ကို အကြောင်းပြပြီး ဗိုလ်နေ၀င်းက စစ်တပ်တိုးချဲ့တာ၊ စစ်အုပ်စု ကို အားကောင်းအောင်လုပ်လာတဲ့ထိပဲ။
၁၉၅၈ ခုနှစ်မှာ ဗိုလ်နေ၀င်းကို ဦးနုက နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ပြီး အိမ်စောင့်အစိုးရအဖြစ် အုပ်ချုပ်စေ တာ။
အဲဒီထဲမှာ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ နှစ်ဖက်တန်းတူရည်တူ ဆွေးနွေး၊ သင်ပုန်းခြေ စတဲ့ နည်းတွေသုံးရမည့်အစား တစ်ဖက်လက်နက်ကိုင် အင်အားစုတွေ လက်နက်ချ၊ အညံ့ခံဖို့ ကိုသာ တစ်လျှောက်လုံး တောင်းဆိုခဲ့တာဖြစ်တယ်။ ဒီလိုလုပ်တာဟာ ဗိုလ်နေ၀င်း စစ်တပ်နဲ့ ဆိုရှယ်လစ် ဒီမိုကရက်တွေအကြိုက် လုပ်တာပဲ။
တကယ် ဒီလိုဖြစ်လာတာဟာ ဦးနုမှာ တာဝန်ရှိတယ်။ ဦးနုဟာ သူတစ်ပါး ပြောတာကို ယုံလွယ်တယ်။ တစ်ရှူးထိုး လုပ်တတ်တယ်။ ဒါဟာ သူ့ရဲ့အားနည်းချက်ပဲ၊ ဒီအားနည်းချက်ဟာ သူ့အတွက် အန္တရာယ်ဖြစ် လာတာပဲလေ။
နောက်တစ်ယောက်က ဗိုလ်ချုပ်ကြီးနေ၀င်း။
မင်းကို နောက်တစ်ယောက် အကြောင်းပြောပြဦးမယ်။ အဲ သူကလည်း တို့မြန်မာ့သမိုင်းမှာ တစ်ခန်း တစ်ကဏ္ဍ တော့အရှိသား။
၁၉၆၀ ခုနှစ် ရွေးကောက်ပွဲပြီးစမှာ "ကိုကြီးနုရွေးကောက်ပွဲ မှာ ခြိမ်းခြောက်မဲထည့်ခိုင်းတဲ့ကိစ္စတွေမှာ ကျွန်တော် နဲ့ လုံးဝမသက်ဆိုင်ပါ။ ဗိုလ်အောင်ရွှေ တို့ အုပ်စုလုပ်တာသာဖြစ်တယ်၊ ကိုကြီးနု သိတဲ့ အတိုင်း လွတ်လွတ်လပ်လပ် မဲပေးကြဖို့ ရေဒီယိုက ပြောခဲ့တာပါ။" လို့ သတင်းပို့သတဲ့။ ဒါဟာလည်း ဗိုလ်နေ၀င်း ကို ဦးနု ယုံကြည်စရာအချက်ပေါ့။
တစ်နည်း အားဖြင့် ဗိုလ်နေ၀င်းက ဦးနု ကို အယုံသွင်းလိုက်တာ။
နောက်တစ်နည်းပြောရရင် အစက သူ့ကို ဗုံမြှောက်ပေးခဲ့တဲ့ သူ့ကိုခေါင်းဆောင်အဖြစ်မွေးခဲ့တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုကို တန်ပြန်ထိုးနှက်ဖို့ အင်အားစုလိုက်တာပဲ။ ဒါကိုလည်း ဦးနုက ယုံပေးလိုက် တဲ့ အခါ သူ့ကို ပခုံးပေါ် ထမ်းတင်ပေးလိုက်တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေစတဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို ဖြုတ်လိုက်တာကိုး။ ဒီလို လုပ်လိုက်တာဟာ ဆိုရှယ်လစ် ခေါင်းဆောင်ကြီးတွေဖြစ် တဲ့ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့သာမက ဆိုရှယ်လစ် စစ်ဗိုလ် အုပ်စု တစ်ခု လုံး အထိတ်တလန့် ဖြစ်ကြရသတဲ့။
ဒီမှာ အလျင်းသင့် လို့ ဆိုရှယ်လစ် အုပ်စုဖြစ်လာမယ့် အုပ်စုနဲ့ ဗိုလ်နေ၀င်း ဘယ်လို ပတ်သက်ခဲ့တယ် ဆိုတာ မင်း တို့ လူငယ်တွေသိအောင် ပြောပြမယ်။
၁၉၄၂ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်)ကို ဖျက် ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော် ကို ပြင်ဆင်ဖွဲ့စည်းတယ်။ အဲဒီမှာ မင်းတို့ ဗိုလ်ချုပ်က ကာနယ် (ဗိုလ်မှူးကြီး) စစ်သေနာပတိ။ ဗိုလ်စကြာ၊ ဗိုလ်လကျာ်တို့က (ဒုတိယ ဗိုလ်မှူးကြီး) စစ်ဦးစီး မှူးတွေဖြစ်တယ်။ ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်တို့က ဗိုလ်မှူး(မေဂျာ) တွေဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်နေ၀င်း ဟာ စစ်ဦးစီးမှူး ဗိုလ်လကျာ်ပေးတဲ့ အမိန့်နဲ့ တာဝန်ကို ဘာမှမလုပ်ဘဲ တစ်လျှောက်လုံး ငြင်းဆန် ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် သူသာ ဒုတိယ အကြီးအကဲဖြစ်ရမယ် ဆိုတဲ့စိတ် နဲ့ ဆန့်ကျင်တာပဲ။
၁၉၄၃ ခုနှစ်၊ သြဂုတ်လ (၁)ရက်၊ ဂျပန်ကလွတ်လပ်ရေးပေးပြီး မြန်မာစစ်တပ်ပြန်ဖွဲ့တဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းက စစ်ဝန်ကြီး၊ ဗိုလ်နေ၀င်းက ဗိုလ်မှူးကြီး စစ်ဦးစီးချုပ် (သေနာပတိ)ခန့် ထား ခဲ့တယ်။ ဒီလိုခန့်တာ သူ့အရည်အချင်းကြောင့် မဟုတ်၊ နှစ်ပါတီညီညွတ်ရေးကြောင့် ပေးတာပဲ။ သခင်ဗစိန်၊ သခင်ထွန်းအုပ် တို့ကုဗိုလ်နေ၀င်း ကို သေနာပတိပေး ဖို့ တောင်းဆိုတာကြောင့်ပဲ။
" ဗိုလ်အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်က ဘာမှ အသုံးမကျဘူး၊ အလုပ်လည်းမလုပ်ဘူး"ဘို့ ဗိုလ်နေ၀င်း ခေါင်းဆောင် တဲ့ ဗိုလ်အောင်ကြီးတို့ အုပ်စုကပြောဆိုပြီး လူငယ်တွေကိုစည်းရုံးခဲ့တယ်။
ဒီမှာ "သူတော်ချင်းချင်း သတင်းလွင့်လွင့် ပေါင်းဖက်တွေ့ " ဆိုတဲ့ စကားအတိုင်း ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီး စတဲ့ ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စု (အဲဒီတုန်းက ဗိုလ်အောင်ကြီးပင် ဗိုလ်ကြီးအဆင့် ရှိသေးတယ်) ဟာ ဆာရာမွေးချင်သူနဲ့ တပည့်မွေးချင်သူ ဆုံမိကြတာကိုး။ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်အောင်ရွှေတို့က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျာတို့ကို အံတု - ဖက်ပြိုင် ချင်ကြတယ်။ ဒါပေမဲ့ ဒီလိုဖ်ပြိုင်နိုင်ဖို့ ဂုဏ်တူ ဒြပ်တူလိုတယ်လေ၊ အနိမ့်ဆုံး အရည်အချင်း မမီရင် တောင် ရာထူးအဆင့်အတန်းတော့ ရှိဖို့လိုတယ်။
ဗိုလ်နေ၀င်း ကလည်း ဗိုလ်လက်ျာ ဗိုလ်အောင်ဆန်းကို တိုက်ဖို့ နောက်လိုက်နောက်ပါလိုတယ်၊ ရှာတယ်၊ ဒီမှာတင် ဗိုလ်အောင်ကြီးအုပ်စုနဲ့ ဗိုလ်နေ၀င်းတပည့်မွေး၊ ဆရာမွေးစနစ်နဲ့ ပေါင်းဖက်မိကြတယ်။
ဗိုလ်နေ၀င်း တို့ဟာ ဗိုလ်လကျာ်ကို သာမကတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုပါ ဝေဖန် တိုက်ခိုက်လာကြကလားကွဲ့။ မင်းတို့ ဗိုလ်ချုပ်နဲ့ ကိုသန်းထွန်း တို့က သိပေမဲ့ ညီညွတ်ရေး ပျက်မှာ စိုးလို့ နုတ်ပိတ်ရေငုံနေခဲ့ကြတယ်။
ဒါပေမဲ့ ဂျပန်တော်လှန်ရေးပြီးဖြစ်ဖို့ လအနည်းငယ်အလို ၁၉၄၅ ခုနှစ်လောက်ထဲမှာ အရေးမယူလို့ မဖြစ် တဲ့ အခြေရောက်လာ လို့ ဗိုလ်နေ၀င်းကို စစ်သေနာပတိအဖြစ်က စစ်ဦးစီးချုပ်ရာထူး ချလိုက်တယ်။ ဒါ ပထမအဆင့် ပဲ၊ ဒုတိယအဆင့်က စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းကို ရိက္ခာထောက်ပံ့ရေးမှူးအထိ အရာချ လိုက်တယ်။
ဒီလိုချရတဲ့ အကြောင်းက ၁၉၄၃ ဒီဇင်ဘာမှ အောင်လံ စစ်သေနာပတိရုံးမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင် တို့က လာတွေ့ပြီး" စစ်ဝန်ကြီးဗိုလ်ချုပ် အောင်ဆန်းက သူသွားရာနေရာတိုင်း ဂျပန် အကြံ ပေး အရာရှိချုပ်ုဗိုလ်ချုပ်ဆာဝါ မိုတိုက တကောက်ကောက်လိုက်နေတယ်။ ဗိုလ်ကြီးက ၀ါရှီမာ ကလည်း အလစ် မပေးဘူး၊ ဒါကြောင့် ငါ့ကိုယ်စား မင်းတို့ အစည်းအဝေးမှာ ဗိုလ်နေ၀င်း ကို ခေါင်းဆောင်ခိုင်း၊ မင်းတို့ အစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်း ဂျပန်တော်လှန်ရေးစမယ်" လို့ ပြော သတဲ့။ ဗိုလ်နေ၀င်း ကလည်း သဘောတူပြီး သဘာပတိလုပ်သတဲ့၊ အဲဒီအစည်းအဝေးက ၁၉၄၄ ဇူလိုင် ၂၂ ရက်နေ့ မှာ တော်လှန်ရေးစဖို့ ဆုံးဖြတ်ခဲ့ဆိုကိုး။
အစည်းအဝေးတက်ခဲ့တဲ့ ဗိုလ်ရန်အောင်၊ သခင်သာညှင်းတို့က ရန်ကုန်မှာ သခင်သန်းထွန်းနဲ့တွေ့ပြီး အစည်းအဝေး အကြောင်းပြောတော့ သခင်သန်းထွန်းအတော်အံ့သြပြီး ဗိုလ်အောင်ဆန်းကို အကြောင်းကြား တာ ကိုး၊ ဗိုလ်အောင်ဆန်းဟာ သိသိချင်း ဗိုလ်နေ၀င်းကိုခေါ်ပြီး "ခင်ဗျား သေနာပတိ မလုပ်နဲ့ တော့၊ စစ်ဦးစီးပဲလုပ်" ဆိုပြီး ရာထူးချလိုက်တယ်" တဲ့။
ဖက်ဆစ်တော်လှန်ရေးပြီး စမှာ တပ်ကထုတ်ဖို့အထိ ဆုံးဖြတ်ခဲ့တယ်၊ သခင်သန်းထွန်းက ညီညွတ်ရေး ပြိုကွဲ လို့ မဖြစ်ဘူးဆိုပြီး အတင်းတားတာနဲ့ မထုတ်ဖြစ်ခဲ့ဘူးတဲ့၊ ဗိုလ်နေ၀င်းဟာ ဗိုလ်အောင်ဆန်းကိုပါ အံတု လာတာတွေ၊ ပြိုင်လာတာတွေနဲ့ တခြားအကြောင်းတွေလည်း ရှိသေးသတဲ့။
ပြီးတော့ သခင်သန်းထွန်း၊ သခင်သန်းထွန်းရဲ့ ယုံကြည်ချက်၊ နိုင်ငံရေးလမ်းစဉ်ကိုတော့ မကြိုက်ဘူး၊ ဒေါ်ဒေါ်က ကွန်မြူနစ်လည်းမဟုတ်ဘူး၊ ဒါပေမဲ့ သခင်သန်းထွန်း ကို ပုဂ္ဂိုလ် အရ လေးစား တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ ရိုးသားတယ်၊ မျှမျှတတ စဉ်းစားတတ်တယ်၊ မဟုတ်တာ မလုပ်ဘူး၊ သူ့ကိုယ်ကျိုးစီးပွား အတွက် ဘာမှမလုပ်ဘူး၊ ဖျောင်းဖျောင်းဖျဖျ ပြောတတ်တယ်။ သူနဲ့ မင်းတို့ ဗိုလ်ချုပ် တွဲခဲ့တဲ့ အချိန်က လုပ်ငန်းတိုင်း လိုအောင်မြင်တယ်၊ မင်းတို့ ဗိုလ်ချုပ်က စိတ်မြန်တယ်၊ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တယ်၊ သခင်သန်းထွန်း က အေးဆေးတယ်၊ တည်ငြိမ် တယ်၊ ခေါင်းအေးအေးထား စဉ်းစား တတ်တယ်၊ ငါ့ယောက်ျား ကို ၀ိုင်းရံပေးတာ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်း ပဲ။ ဒီးဒုတ်ဦးဘချိုတို့ သခင်မြ တို့ သခင်ချစ်တို့ ဗိုလ်လကျာ်တို့လည်း ပါတာပေါ့။ ကိုသန်းထွန်း နဲ့ ကိုဗဟိန်းကတော့ အနီးကပ်ကိုး။
ဒီတစ်ယောက်ကတော့ အစက အလံနီ၊ နောက်တော့ ဗကပ၊ ဟော … ခုတော့ မဆလ ဗိုလ်နေ၀င်းနဲ့ သူနဲ့ ဥာဏ်ရည်ပြိုင်တဲ့ပွဲပဲ။ ဘယ်သူနိုင်မလဲ စောင့်ကြည့်ရမှာပေါ့၊ နှစ်ယောက်စလုံးကတော့ ဥာဏ်နီ ဥာဏ်နက်တွေ ချည်းပဲ၊ သူက ဗိုလ်နေ၀င်း အကြိုက်တွေရေးပြီး "ရွှေနားတော်သွင်း ဧချင်း" လုပ်နေတယ်၊ သမိုင်းကို လိမ်ပေးနေတယ်၊ နေရာတကာ သူသိသူတတ်လုပ်နေတယ်။ တချို့နေရာတွေ မှာ သူပါတာမှန်ပေမဲ့ နေရာအများမှာ သူမပါဘူး၊ သူမသိဘဲနဲ့ ရမ်းတုတ်နေတာ တွေများတယ်၊ သူက ကိုသိန်းဖေ စာအုပ်တွေထဲက ခိုးချနေတာပဲ။ အဲဒီလို ရေးပေးလို့လည်း ဗိုလ်နေ၀င်းက ဆုတွေ လာဘ်တွေချ၊ သစ်တောတွေတောင်းပေးဆုလားပဲ။ အေးမှတ်ထားဘယ်နေ့ ဗိုလ်နေ၀င်းကန်ထုတ် ခံရမလဲဆိုတာပဲ။
အဲသလို လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ အကြောင်း သူတွေ့ထိ သိမြင်ရ သလောက် ပြောပြလေ့ ရှိတယ်။ ကောင်းရင် ကောင်းသလို ချီးကျူး ပြောဆိုတတ်ပြီး သူမကြိုက်တာ ကိုလည်း မကြိုက် သလို ပြောပြတတ် တယ်။ တစ်ခါတစ်ရံမှာ ဂျပန်တော်လှန်ရေး ကာလ အတွေ့အကြုံတွေ၊ ဂျပန်ခေတ် ဆေးရုံကြီးအကြောင်းတွေ မှတ်မိသမျှ ပြောပြတတ်တယ်၊ တစ်ခါတစ်ရံမှာတော့ ပန်းတွေ အကြောင်း၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ "လစ်လီ" ပန်းမျိုးတွေ အိန္ဒိယက ယူလာခဲ့တဲ့ အကြောင်းတွေ ပြော တတ်တယ်။
စိတ်အားငယ်စရာ စိတ်ပျက်စရာ စကားတွေ ပြောသံမကြားရပါဘူး။ မုဆိုးမဘ၀ သက်တမ်း တစ်လျှောက် လုံး၊ သံအမတ်ကြီးရာထူးကို စွန့်ခဲ့ရပြီး အထီးကျန် ဆန်ဆန်နေခဲ့ရတဲ့ ကာလ တစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်ခဲ့တယ်။ အိမ်နိမ့်စံဘ၀၊ မုဆိုးမဘ၀နဲ့ သိမ်ငယ်နေရမယ့် အစား ပန်းပင်တွေ နဲ့ စကားပြောရင်း သူ့ဘ၀ကို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်ခဲ့တယ်။
တစ်ချိန် က ဗမာပြည်မှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော်ဟာ ဗိုလ်ချုပ်နဲ့ သေကွဲ ကွဲခဲ့ရတယ်၊ မုဆိုးမဘ၀နဲ့ ကြိုးစားရပ်တည်နေတုန်း သားလတ်ဖြစ်သူ "အောင်ဆန်းလင်း" က သေမင်းနောက် ကောက်ကောက်ပါအောင် လိုက်သွားပြန်တယ်။ ကျန်တဲ့သား နဲ့ သမီး က ရေမြေခြားနေခဲ့တယ်။ ဒီတော့ ပန်းပင်တွေကြားမှာ အလုပ်များနေ ခဲ့တဲ့ ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့ မြောင်းမြမှာ မွေးခဲ့သတဲ့၊ ဦးဘိုးညှင်း၊ ဒေါ်ဖွားစုတို့ရဲ့ သားသမီး (၁၀)ဦးရှိတဲ့ အနက် သူမ က အဋ္ဌမမြောက်သမီးလေး။
ရန်ကုန် ကြည့်မြင်တိုင် အေဘီအမ်အမျိုးသမီးကျောင်း၊ မော်လမြိုင် မော်တင်လိန်း ဆရာ အတတ်သင် ကျောင်းတွေမှာ ပညာသင်ယူခဲ့တယ်။ မြောင်းမြအမျိုးသမီးကျောင်းမှာ ဆရာမ လုပ် ခဲ့တယ်။ နောက်ဝါသနာပါတဲ့ သူနာပြု အလုပ်လုပ်နိုင်ရန် ရန်ကုန် ဆေးရုံကြီးနဲ့ ဒပ်ဖရင်ဆေးရုံကြီးတွေမှာ သူနာပြုအတတ် ကို သင်ယူခဲ့သတဲ့။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာစဉ်မှာ ရန်ကုန်ဆေးရုံကြီးမှာ သူနာပြု လုပ်နေခဲ့တယ်။ ဗြိတိသျှတို့ အိန္ဒိယကို ဆုတ်ခွာတဲ့ အချိန်မှာ ရန်ကုန်ဆေးရုံကြီးက လူမမာတချို့ကို ကာလကတ္တားဆေးရုံကို ပြောင်းရွှေ့ပေးပြီး အိန္ဒိယ က မြန်မာပြည် ကို နောက်ဆုံးသင်္ဘော နဲ့ ပြန်ခဲ့ ရပါသတဲ့။
ဂျပန်ခေတ် ၁၉၄၂ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်တဲ့အခါ အဖွဲ့ဝင်သူနာပြုတစ်ဦးအဖြစ် တာဝန် ယူနေ စဉ် ဆေးရုံတက်နေတဲ့လူနာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မေတ္တာမျှပြီး အဲဒီနှစ် စက်တင်ဘာ (၆) ရက်နေ့မှာ လက်ထပ် ခဲ့ဆိုကိုး။ ၁၉၆၀ ခုနှစ်မှာ အိန္ဒိယနဲ့ နီပေါနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးနု ပထစအစိုးရ က တာဝန်ပေး ခဲ့တယ်။ ၁၉၆၇ ခုနျစ် ဗိုလ်နေ၀င်း ရဲ့ တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ အြိမ်းစားပေးခံခဲ့ ရတယ်။
ဒေါ်ခင်ကြည် ဟာ ပထမဦးဆုံး မြန်မာဗိုလ်ချုပ်ကြီး၊ စစ်သေနာပတိ၊ စစ်ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီးဖြစ်တယ်။ မြန်မာသမိုင်းထဲက အထွတ်အထိပ်ရောက်ခဲ့ကြတဲ့ သမ္မတကြီး စ၀်ရွှေသိုက်၊ ၀န်ကြီးချုပ်ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေ၀င်း၊ သခင်သန်းထွန်းတို့နဲ့ လက်ရေ တစ်ပြင်တည်း နေခဲ့ကြတယ်။ မောင့်ဘက်တန်၊ ဂျဝါဟလာနေရူး၊ အင်ဒီရာဂန္ဒီ၊ သီရိလင်္ကာဝန်ကြီးချုပ် မစ္စက်ဘန္ဒရာနာယကေးတို့လို နိုင်ငံခြားတိုင်းပြည်တွေ ခေါင်းဆောင်တချို့နဲ့ တရင်းတနှီး ဆက်ဆံနေထိုင် ခဲ့ရတယ်။
၁၉၆၇ သံအမတ်ကြီး ရာထူးက အငြိမ်းစားယူလိုက်ရချိန်ကစပြီး သူ့ခြံထဲက ဥယျာဉ်သေးသေးလေးထဲမှာ ပန်းပင် ကလေးတွေ သစ်ပင်ကလေးတွေ နဲ့ စကားပြောရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကား လက်ဆုံ ကျရင်း သူ့ဘ၀ကို သူကိုယ်တိုင် ပြုစုပျိုးထောင်ရင်း လောကဓံ ကို ကြံ့ကြံ့ခံနေထိုင်ခဲ့တယ်။
တကယ်တော့ ဗိုလ်ချုပ်ကတော်၊ တပ်မတော်ရဲ့ ဖခင်ကြီး၊ မိခင်ကြီးဘ၀က အရာကျ၊ အိမ်နိမ့်စံ၊ နှစ်ဘ၀ ရောက်ခဲ့ပေမဲ့ အနိုင်မခံ၊ အရှုံးမပေးဘဲ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးနဲ့ ရပ်တည်ရင်း ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ မဟာသုဓမ္မဒေါ်ခင်ကြည်က ဘ၀တစ်ပါး ပြောင်းရွှေ့ သွားရှာပါတော့ တယ်။
ဒေါ်ဒေါ် ကောင်းရာသုဂတိလားပါစေ
လှကွန့်
မြန်မာသစ် ၂ဝ၁၂၊ ဧပြီလ
.
.
3 comments:
သွားလေသူ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် နာမည်အလွဲသုံးစားအလုပ်ခံရတယ်မြင်လို့ ဖြေရှင်းပါရစေ။
ဒေါ်ခင်ကြည်ကို ကောင်းကောင်းကြီး ကျွမ်းဝင်ရင်းနှီးခဲ့တဲ့သူတွေ သက်ရှိထင်ရှား ရှိပါသေးတယ်။ ဒီဆောင်းပါးထဲက ဒေါ်ခင်ကြည်ပြောတဲ့ဆိုတဲ့ စကားတွေကို ဒီလူကြီးတွေဆီ သွားပြီး ဖတ်ပြကြည့်ပါ။ ဒါ ဒေါ်ခင်ကြည့်လေ မဟုတ်ဘူး။ ဒေါ်ခင်ကြည် သုံးတဲ့ အသုံးအနှုန်းတွေ၊ ဒေါ်ခင်ကြည်ပြောတဲ့ စကားတွေ မဟုတ်ဘူးလို့ အားလုံးက ငြင်းလိမ့်မယ်။
ကိုယ်ပြောချင်တဲ့ စကားလုံးတွေကို ''ကျုပ်ကတော့ ဒီလိုမြင်တယ်'' လို့ သတ္တိရှိရှိ မပြောဘဲ ဒေါ်ခင်ကြည်က ပြောပါတယ်လို့ သွားလေသူ ဗိုလ်ချုပ်ကတော်အမည်ကို အလွဲသုံးစား လုပ်လိုက်တာကတော့ မလုပ်သင့်ဘူး။
ဦးနေ၀င်းက ဘယ်လောက်တောင်ယုတ်မာသလဲဆို့ ..ဗိုလ်ချုပ်ကတော် မြန်မာပြည်ပြန်ေ၇ာက်တော့ စီးစ၇ာကား၁ စီးတောင် မစီစဉ်ပေးခဲ့ဘူးးးးဒေါ်ခင်ကြည်က သွားစ၇ာကိစ္စ၇ှိ၇င် BUS စီးသွား၇မဲ့အခြေနေ ၊ မသင့်တော်လို မောင်မိုးသူ (ယခု NLD )လေးဘီးကားကို ငှားစီး၇ပါတယ်
မမရွှေစင် ဖတ်သွားပါတယ်... FB မှာ မတွေ့တာကြာပြီနော် မမအလုပ်တွေ ရှုပ်နေတာလား မမတို့ တမိသားစုလုံးနေကောင်းကျန်းမာကြပါစေ
ချစ်ညီမ
ပူးတေ
Post a Comment