Monday, March 19, 2012

သာဓု ၏ အတာ, အပိုင်း (၁၁)

("နောက်တစ်ခါ စာမေးပွဲစစ်ရင်တော့ ခဲတံကို သုံးချောင်းလောက်ဝယ်ပြီး ချွန်ထားမယ်"
အတာသည် ကိုယ်တွေ့ကြုံလိုက်ရသော အခက်အခဲတစ်ရပ်ကို အသည်းစွဲအောင် မှတ်ရင်းသို့ လျှင်ပင် ရေရွတ်လိုက်ချေပေး၏။
) ကို ဆက်ဖတ်ရန်..........

သို့စိတ်ကူးရသည့်အတိုင်းပင် အတာသည် ယခုစစ်လတ္တံ့သော ခြောက်လပတ်စာပေးပွဲ၌ ခဲတံသုံး ချောင်း လောက် ၀ယ်ချင်၏။ ဂျပန်လုပ်ခဲတံမှာ ဈေးပေါ၍ နှစ်ပြားသာပေးရသော်လည်း မကြာခဏ ကျိုးတတ်၏။ ရေး၍လည်း မကောင်းလှ၊ အခြားသော အချိန်တွင်မှု ထိုခဲတံမျိုးကိုသုံး၍ အရေးမကြီး လှသော်လည်း စားပေးပွဲ အချိန်၌ တထောက်ထောက်ကျိုးနေမည်ကို စိုးရိမ်သည့်အတိုင်း ဂျာမဏီ လုပ်ငန်းတံဆိပ် အကောင်းစား ခဲတံ ကို အတာဝယ်ချင်၏။ အနည်းဆုံး သုံးချောင်းလောက် အသင့် ၀ယ်၍ ချွန်ထားချင်၏။ တစ်ချောင်းတစ်ပဲ ပေးရမည်ဖြစ်၍ ဈေးမသက်သာလှ၊ သူ့အဖို့ ခဲတံဖိုး သုံးပဲအပြင် အဖြေစာရွက်ဖိုး ကလည်း ကုန်စရာရှိနေသေးသည်ဖြစ်ရာ စုစုပေါင်း သုံးမှုးလောက် ကုန်ုမည်ဟု အတာခန့်မှန်းထား၏။

ခါတိုင်းအချိန်ဆိုလျှင် ထိုသုံးမှုးကို သူမနှမြောဘဲ ရက်ရက်ရောရောပင် သုံးမည်ဖြစ်၏။ ယခုသော် စားပေးပွဲ ပြီး၍ ကျောင်းပိတ်လျှင် သီးတင်းကျွန် ပွဲတော်ဖြစ်မည်။ ထိုပွဲတော်ရောက်လျှင် သူ့မမသက် တို့က ဘုရားသို့ခေါ်သွားပြီး တိရစ္ဆာန်ရုံဝင်၍ ပျော်ပွဲစားကြမည်ဟု အတာအား ပြော ထားသဖြင့် သူ အလွန် ၀မ်းသာနေ၏။ တိရစ္ဆာန်ရုံကို သူတစ်ခေါက်တလေမျှ မရောက်ဖူးသော ကြောင့်လည်း အလွန့် အလွန် ပျော်နေ၏။
ဤလို တပျော်တပါး သွားကြရသောအချိန်၌ အိမ်ရှင်ပွဲကတော်ကြီး၏ သားနှင့် သမီးများလည်း ပါတတ် လျက် လှလှပပ၀တ်စားထားသော ပွဲကတော် ကြီး၏ သားက "ဟေ့ ကောင်းလေးတစ်ယောက် ရှက်ပါတယ်၊ ပိုလုံချည်လဲမရှိဘူး"ဟု ယခင်နည်းတူ အနောက် အပြောင်ခံခဲ့ရသဖြင့် "သီတင်းကျွတ် ပွဲတော်ကျရင်တော့ ငါပိုးလုံချည်တစ်ထည်း ၀ယ်ဝတ်ပြလိုက်မယ်၊ ကြည့်"ဟု စိတ်ထဲမှ ကြိတ်၍ ကြုံးဝါး ခဲ့၏။ လုံချည်ဈေးကိုလည်း မေးထားပြီးဖြစ်၏။ သူကြိုက်သော အဆင်နှင့် အသားမှုာ မန္တလေးပိုးဖြစ်လျက် အရပ်အမောင်း ကောင်းသော အတာအတွက် ၃၆လက်မ အနံမှသာ လုံလုံလောက်လောက် ရှိမည်ဖြစ်၏ အဖိုး မှာ သုံးကျပ်မတ်တင်းဟု ဆို၏။

ယခုအတာကလေးသည် ငါးလအတွင်း ငါးကျပ်နှင့်တစ်မတ် စုမိပြီဖြစ်၍ လုံချည်ဝယ်ရန် လုံ လောက် သည်ထက် ပို၍ပင်နေသော်လည်း ပွဲကတော်ကြီးသားကဲ့သို့ ပေါ်ပလင် တိုက်ပုံကလေး လည်းချုပ်ချင်၏။
သူ့တစ်သက်တာ၌ ကိုထွန်းအောင်ဝယ်ပေးသော ကင်းဘတ်ဖိနပ်နှင့် သူ့စုငွေဖြင့် သူဝယ်ဝတ်သော ဘုံဘိုင်ရေ ဖိနပ်သာ စီးဖူး၏။ ထိုခေတ်ကဆိုလျှင် ယခုကဲ့သို့ လေယာဉ်ပျံ ငြိမ်း ချမ်းရေးစသော ဖိနပ်များ မပေါ်သေး၊ ကျိုက်ထိုဖိနပ်ခေါ် ယခုခေတ် လေယာဉ်ပျံဖိနပ်ပုံစံနှင့် ခပ်ဆင်ဆင်တူသော သစ်သား အောက်ခံ ခုံတွင် ကတ္တီပါ သဲကြိုးတပ်ထားသော ဖိနပ်မျိုးဖြစ်၏။ ဘုံဘိုင်ရေဖိနပ်မှာမူ ဘုန်းတော်ကြီးစီး ဖိနပ်မျိုး ပင်ဖြစ်လျက် ကတ္တီပါသဲကြိုးတပ်ထားသည်သာ ခြားနား၏။ ကျိုက်ထိုဖိနပ်ကိုလည်း တစ်ရန်သုံးပဲ နှင့် သူ့ဘာသာသူ ၀ယ်စီးဖူး၏။

ယခုသီးတင်းကျွန် ပွဲတော်တွင်မူ သူတစ်ကြိမ်မျှ မစီးဖူးသေးသော သားရေးကွင်းထိုးဖိနပ်ကို သူစီးချင်၏။ ထို ခေတ်က သားရေကွင်းထိုးဖိနပ်သည် ယခုခေတ် လေယာဉ်ပျံဖိနပ်ကဲ့သို့ပင် ပွတိုး သည် ဖြစ် သောကြောင့် ၎င်းဖိနပ်မျိုးတစ်ရယ် ၀ယ်ဝတ်ရန်လည်း အတာရည်ရွယ်ထားသည်ဖြစ်ရာ သူ့တွင်ရှိသော ပိုက်ဆံ နှင့် ဆိုလျှင် သူဝယ်ချင်သော ပစ္စည်းနှင့် လောက်ရုံသာ ရှိမည်ဖြစ်၏။
ထို့ကြောင့်လည်း စာမေးပွဲစစ်ရာတွင် ကုန်ကျမည့် ငါးမူးမျှသော ပိုက်ဆံအတွက် သူစိတ်ပျက်နေ ရှာ၏။ စိတ်ပင် ပျက်သော်လည်း နောက်ဆုံး၌ မတတ်နိုင်။ သူ့ပိုက်ဆံနှင့်ပင် စားပေးပွဲစရိတ်ကို သုံးတော့်မည်ဟု ဆုံးဖြတ် ရင်း မည်သို့မည်ပုံ ချွေတာက ပိုက်ဆံအကုန်သက်သာမည်ကိုလည်း တစ်ဖက်က နည်းလမ်း ရှာနေ သေး၏။

လိုလျှင်ကြံဆ နည်းလမ်းရ ဟူသော စကားအတိုင်းပင် ပိုက်ဆံအကုန်သက်သာမှု ကိုကြံဆစဉ်းစား ခဲ့သော အတာသည် ၀မ်းမြောက်ဝမ်းသာစွာပင် နည်းလမ်းရလာတော့၏။
မူလက သူသည် ခဲတံကို အနည်းဆုံး သုံးချောင်းလောက် ၀ယ်မည်ဟု ရည်ရွယ်ထားခဲ့ရာမှ ယခုမူ တစ်ချောင်းတည်းသာ ၀ယ်၏။ ထို့ကြောင့်သူ့တွင် ပိုက်ဆံတစ်မူးသက်သာသွား၏။ နောက်အတာ သည်ထိုခဲတံကိုအလယ်တည့်တည့်မှ တစ်ဝတ်ဖြတ်လိုက်သဖြင့် တစ်ချောင်းသည် နှစ်ချောင်း ဖြစ်သွား၏။ ဤသို့လျှင် သူ့ဥာဏ်ကလေးကို လိမ္မာပါးနပ်စွာသုံး၍ စားမေးပွဲဖြေခဲ့ရာ၌ ထက်ပိုင်း ဖြတ် ထားသော ထိုခဲတံ ကလေး နှစ်ချောင်းထဲနှင့်ပင် ချောချောမောမော ကိစ္စပြီးခဲ့၏။

စာမေးပွဲလည်း ပြီးဆုံးခဲ့လေပြီ။ ကျောင်းကိုလည်း သီးတင်ကျွတ်ပွဲတော်အတွက် ဆယ့်တစ်ရက်တိ တိ ပိတ်လိုက်လေပြီ။ ကျောင်းပိတ်လိုက်သည့် တတိယမြောက်နေ့မှာပင် အတာသည် သူရည်မှန်း မျက်စိ ကျခဲ့သည် ပိုးလုံချည်ကို သုံးကျပ်တစ်မတ်တင်းနှင့်ပင် ၀ယ်တော့မည်ဟု သိမ်ကြီးဈေးရှိ ပိုးထည်တန်း သို့သွားကာ ထိုခေတ်က နာမည်ကျော်ဖြစ်သော ဟုမ္မရူးဦးကြင် ပိုထည်းဆိုင်သို့ ၀င်လျက် အတိအကျ တွက်ယူလာသော မူးစေ့မတ်စေ့ကလေး သုံးကျပ်မတ်တင်းကို ဆိုင်ရှင်အား တရိုတသေ လှမ်းပေး လိုက်ရင်း
"ဟိုတစ်ခါ ကျွန်တော်မေးတဲ့ လုံချည်လေး ရှိသေးတယ်မဟုတ်လား ဘကြီးဟင်၊ အဲဒီလုံချည်လေး ကျွန်တော့် ကို ပေးပါ"ဟု ပြောလိုက်သောကြောင့်
"အေး အေး၊ မင်းလာမေးကတည်းက ဘယ့်သူ့မှ မရောင်းဘူး၊ ဘကြီးသိမ်းထားပါတယ်ကွာ"ဟု ဆိုင်ရှင်က ပြောရင်း အတာ အား သဘောကျသလို ပြုံးပြုံးကြီးကြည့်နေပြီးမှာ ပိုက်ဆံအကြွေများ ကို ရေတွက် ကြည့်ရှု နေ၏။

မသိန်းမေမှာ ဆိုင်ပိုင်နှင့် စတိုင်ကျကျ ရောင်းနိုင်သူမဟုတ်ဘဲ ထီး၊ ဘော်လီ၊ ကေကေလုံချည် စသော ပစ္စည်း များကို နံနက်တွင် အကြွေးယူ၍ ရောင်း၊ ညနေတွင် အရင်းရော ပစ္စည်းပါ ပြန်အပ်ရ ပြီး အမြတ်အစွန်း ကလေးမျှသာ စားရသော လမ်းဘေးဈေးသည်မျှသာ ဖြစ်၏။ မသိန်းမေဆိုလျှင် တစ်ဈေးလုံးက မသိသူမရှိ။ အဆိုပါ ဟုမ္မရူးဦးကြင် ဒေါ်ငွေမှင်နှင့် အခြာ်းဆိုင်နီးချင်းပိုးကုန်သည် ကြီး ဒေါ်ရင် ဆိုသူတို့မှာ မသိန်းမေအဖို့ အရင်းနှီးဆုံးသော အားကိုးရာသဖွယ် ဖြစ်ခဲ့သည့်အတိုင်း အတာ ကိုလည်း ရင်းရင်းချာချာသိနေကြ၏။

"ဟေ့ အတာ၊ ဒီပိုက်ဆံတွေက ဘာလဲ၊ မင်းစုထားတဲ့ ပိုက်ဆံတွေလား"
"ဟုတ်ကဲ့ ဘကြီး၊ ကျွန်တော်ရတဲ့ ကျောင်းမုန်းဖိုးထဲက"
"အမယ်၊ မင်းက တယ်လိမ္မာပါလားကွ ဟေ၊ သိန်းမေလာမှ ပြောပြရဦးမယ်"
ထို စကားကြောင့် အတာကလေး မျက်လုံးဝိုင်းသွားတော့၏။
"ဟင့်အင်းမပြောနဲ့ဘကြီး၊ မေမေ့ကိုကျွန်တော်လုံချည်လာဝယ်တာ မပြောပါနဲ့"ဟု ပျာပျာသလဲ တောင်းပန် နေသည်နှင့်
"ဘာပြု့လို့တုန်းကွ"
မေမေက သူမသိဘဲ ၀ယ်ရမလားဆိုပြီး ကျွန်တော့်ကိုရိုက်လိမ့်မယ်

ဆိုက်ရှင်လည်း အတာကလေး တုန်တုန်လှုပ်လှုပ်ဖြစ်နေသည်ကို သနားစဖွယ်နှင့် ရယ်စရာအသွင် သဘော ကို နှစ်မျိုးရောနေသည့် အမူအရာဖြင့် ကြည့်နေပြီးမှ
"ဒါဖြင့် သိန်းမေ ကို ၀ယ်ခိုင်းပါလားကွ၊ မင်းဟာမင်း ဘာလို့လာဝယ်ရသလဲ၊ အရိုက်ခံရမှာ ကြောက်ရင်"
"ဒီလိုဆိုတော့လဲ မေမေက ပိုက်ဆံယူထားပြီး ၀ယ်ပေးချင်မှ ပေးမှာဘကြီးရဲ့၊ ဟိုတစ်ခါ စပို့ရှပ် ၀ယ်ပေးပါ ဆိုပြီး ကျွန်တော်စုထားတဲ့ ပိုက်ဆံငါးမူးပေးလိုက်တာ် ခုထက်ထိ ၀ယ်မေပေးသေးဘူး ခင်ဗျ"
မသိန်းမေအကြောင်းကို သိတန်သလောက် သိနေဟန်တူသော ဆိုင်ရှင်နှင့် သူ့ဇနီးကပါ အတာ အား သနား ကြင်နာ သလို အတန်ကြာ ကြည့်နေမိရာမှ
"ဒါဖြင့် ဒီလုံချည်ဝယ်သွားလို့ မင့်အမေကမေးရယ် ဘယ်လိုပြောမလဲအတာ"ဟု ဆိုင်ရှင်အဒေါ် ကြီးက လှမ်းမေးလိုက်သည်ကို
"ဟို ဟိုက်ဘက်ရုံထဲက လိပ်ခွံဘီးတို့ ကြယ်ဘီးတို့ရောင်းတဲ့ မမခင်သက်"တို့ သိတယ်မဟုတ် လား၊ သူတို့ဝယ်ပေးတာလို့ ပြောမှာပေါ့
သို့ပြောလိုက်သည်နှင့် အဒေါ်ကြီးလည်း အတာ့ပါးကလေးကို အသာအယာ ဆွဲလိမ်တဲ့ပြီးမှ
"ကဲ ကိုကြင်၊ ကောင်းလေးကို တစ်မတ်ပြန်ပေးလိုက်ပါ"
အတာအား မြင်ရတွေ့ရ စကားပြောရလျှင် မချစ်သူဟူ၍မရှိ၊ တစ်မတ်တိတိပြန်ပေးလိုက်သော ကြောင့်အတာလည်းအူးမြူးဝမ်းမြောက်နှင့် မခင်သက်တို့ဆိုင်ရှိရာ ကဆုန်ပေါက်ပြေးသွားပြီး ဆွယ်တာကလေး ၀ယ်စဉ်ကကဲ့သို့ပင် ပိုးလုံချည်အိတ်ကို အရိပ်တကြည့်ကြည့်နှင့် အပ်ထားခဲ့၏။

"ဟို ဟိုဗီရိုထဲထည့်ထားပါ မမသက်နော်၊ ပြန်လာရင်လဲ ဆက်ဆက်ယူ"
"အေးပါ အတာရယ်၊ နင့်လုံချည် မပျောက်စေရပါဘူး၊ မမတစ်ခါချုပ်ယူလာခဲ့ပါ့မယ်"
မမသက် က လုံချည်ထုပ်ကို ဗီရိုဘေးတွင် ခေတ္တချထားသောကြောင့် စိတ်မချနိုင်သလို အတာက တတွက်တွက် မှာခဲ့သေး၏။
ထို့နေ့မှာ သီးတင်းကျွန်လပြည့် ဘုရားပွဲတော်နေ့ ဖြစ်သော်လည်း မိသိန်းမေတွင် ဘုရားဖူးသွား ရန်သော်လည်းကောင်း၊ ဥပုသ်သီလဆောက်တည်ရန်သော်လည်းကောင်း လုံးဝသတိမရ၊ ဈေးသည် ဖြစ်သည့်အတိုင်း ဤလိုဘုရားပွဲတော်ရက်များတွင် တောနယ်မှ ဘုရားဖူးလာကြမည်၊ လာလျှင်လည်း ဘုရားဖူးပြီး အပြန်အသုံးအဆောင် ပစ္စည်းကလေးများ ၀ယ်သွားတတ်ကြသည် ဖြစ်ရာ ထိုလိုနေ့သည် ဈေးသည်များ အဖို့ ရောင်းကောင်းသည့်နေ့ ဖြစ်သည့်အားလျော်စွာ မသိန်းမေသည် မိုးလင်းသည်နှင့် ဈေးရောင်း ရန် ထွက်သွား၏။

အတာလည်း မသိန်းမေးဆင်းသွားသည်နှင့် အသင့်ပြင်ထားသော ပိုးလုံချည်နှင့် နံ့သာရောင် ပေါ်ပလင် တိုက်ပုံအင်္ကျီလေးကို ပျားယီးပျာယာကောက်ဝတ်ရင်း တပြုံးပြုံးရွှငန်နေ၏။ ကိုထွန်းအောင် တွင်လည်း အတာ၏ လှုပ်ရှားကို ကြည့်ရင်း သဘောကျနေရာမှ
"အတာ၊ လာဦးဒီနာကို"ဟု ခေါ်လိုက်သဖြင့် ပိုးလုံချည်ကို ၀တ်နေမကျသေးသော အတာသည် ကိုးတိုး ကွတ နှင့် လျှောက်လာပြီး ကိုထွန်းအောင်၏ ပက်လက်ကုလားထိုင်အနီးတွင် ထိုက်လိုက် သည်နှင့်
"ထပါဦးကွ၊ မင့်အပေါ်အင်္ကျီဘယ်လောက်ပေးရသလဲ"ဟု ကိုထွန်းအောင်က အတာ့အပေါ်အင်္ကျီ လေးကို ကိုင်ကြည့်ရင်း မေးလိုက်သည်နှင့် "အားလုံး ချုပ်ခရော ဘာရော တစ်ကျပ်ခွဲနဲ့ တစ်ပဲ၊ လှတယ်နော်"

"အေး လှပါတယ်ကွာ၊ နို့ဒီအင်္ကျီဝယ်တာ့ မင့်အမေ သိပြီးပလား"
"ဟင့်အင်း ရိုက်မှာကြောက်လို့ ကျွန်တော် မပြောသေးဘူး၊ ဒီနေ့ဘုရားသွားပြီး ပြန်လာမှ မေမေ ကမြင်လို့မေးရင်လဲ မှန်းတဲ့အတိုင်းပြောလိုက်မယ်၊ ဒီနေ့ကျွန်တော်ဝတ်ရရင် တော်ပြီး၊ ရိုက်ချင်လဲ ရိုက်ပစေတော့" အတာ့အဖို့၌ ယနေ့ဘုရားသွားရာတွင် ပွဲကတော်ကြီး၏ သားနှင့်တန်းတူ မဟုတ်သည့် တိုင် အောင် "ငါ့မှာ ပိုးလုံးချည်လဲရှိတယ်၊ အပေါ်အင်္ကျီလဲရှိတယ်ကွ"ဟု ၀တ်ပြရလျှင် ကျေနပ်ပြီဖြစ်၏။ နောက်နေ့များတွင် အရိုက်ခံရသော်မှ ခံရစေ၊ ယနေ့သည်သာ သူ့အဖို့ အရေးအကြီးဆုံး ဖြစ်နေ၏။
"အင်း အတာ အတာ၊ မင့်အမေ သားသမီးအုပ်ထိန်းပုံ မဟုတ်လို့ မင်းလဲ ငယ်ငယ်ရွယ်ရွယ်လေး နဲ့ လိမ်တတ်ညာတတ် ဥာဏ်များတတ်နေပြီ" ထိုစကားကြောင့် အတာ့ရင်နုနုကလေးမှာ ဒုခနဲ တုန်သွား ရှာ၏။

"ကျွန်တော် လိမ်တတ်တယ် ညာတတ်တယ် ဟုတ်လား၊ ဘယ်တုန်းက ကျွန်တော်ညာလို့လဲ ဟင်"
အတာလည်း မျက်ဆန်ပြူးကြည့်ရင်း မေးလိုက်မိ၏။
"မခင်သက်တို့က ငါ့ကိုပြောပြီးပြီးကွ၊ အဲ့ဒီပိုးလုံချည်လဲ မင်းဝယ်တာပဲမဟုတ်လား၊ အဲဒါကို မခင်သက်က ၀ယ်ပေးတဲ့ အနေနဲ့ မင်းဥာဏ်များတာကို ငါသိပြီးပါပြီ ၊ ဆွယ်တာတုန်းကလဲ ဒီလိုပဲ လုပ်တယ် မဟုတ်လား၊ ဒါလိမ်တတ်ညာတတ်တယ် ခေါ်တာပေါ့ကွ"
အတာတွင် ဘာတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ မျက်ရည်ကလေးသာလျှင် တဝေေ၀၀ဲနေ၏။
"ဒါပေမဲ့ ငါမင်းအမေ ကို မပြောပါဘူး၊ ငါကလဲ မင်းကို မဆူပါဘူးကွ၊ အေးဟိုတုန်းကမင်း မလိမ်တတ်ဘူး၊ ခုတော့ မင့်အမေ မကောင်းလို့ လိမ်တတ်ညာတတ်နေပြီ"
"အဲဒါ အပြစ်ရှိသလားဟင်၊ ကျွန်တော်ငရဲကြီးမလား" အတာသည် ထိုကိစ္စကို အရေးတကြီး သဘော ထားကာ ပျာပျာသလဲ မေးလိုက်၏။

လိမ်တတ် ညာတတ်တယ်ဆိုတာကတော့ မကောင်းဘူးပေါ့ကွာ၊ ဒါပေမဲ့ ခုလို မင့်အမေ ဆိုးပုံမျိုး နဲ့ ဆိုရင်တော့ ဒီလိုပဲ လိမ်ရညာရမှာပေါ့၊ အပြစ်မရှိပါဘူး၊ မင်းကလိမ်တာမှမဟုတ်ဘဲ၊ မခင်သက်တို့က လိမ်တာ မဟုတ်လား၊ မင်းငရဲမကြီးပါဘူး
"ဒါဖြင့် မမသက် တို့ ငရဲကြီးမှာပေါ့နော်"
အတာသည် သူ့အတွက်နှင့် တစ်ဖက်သား ငရဲကြီးမည်ကိုလည်း တွေး၍ ပူလိုက်သေး၏။

"မခင်သက်တို့က ငရဲမကြီးနိုင်ဘူးပေါ့ကွာ၊ ဥပမာ လူဆိုးတစ်ယောက်က ငါ့ကိုသတ်ခင် လိုက်လာရှာ်တယ် ဆိုပါတော့၊ ငါကလဲကြောက်တာနဲ့ ဖျာလိပ်ထဲပုန်းနေတယ်၊ ဒီအခါမှာ လူဆိုးက မင်းအဖေ ဘယ်သွားသလဲ လို့ မင့်ကိုမေးရင် မင်းဘယ်လိုပြောမလဲ၊ ဖျာလိပ်ထဲမှာ ပုန်းနေတယ်လို့ ပြောမလား အတာ၊ ဟင်"
"ဟာ ဘယ်ပြောမလဲ၊ ပြောရင်လူဆိုးက သတ်သွားမှာပေါ့"
"နို့ အဲဒါ လိမ်ပြောပြတာပဲ မဟုတ်လား" ထိုအမေးကြောင့် အတာကလေး ငေးသွား၏။

"ဟုတ်ကဲ့၊ သတ်မှာစိုးလို့ လိမ်ပြောရတာပေါ့"
"ဘာပဲဖြစ်ဖြစ်လေ လိမ်တာဟာ လိမ်တာပဲ မဟုတ်လား"
အတာက ဆတ်ခနဲ ခေါင်းညိတ်လိုက်ပြီးမှ "အဲဒါကော အပြစ်ရှိတာပဲလား ဟင်"
"ရှိတာပေါ့၊ ဒါပေမဲ့ အဲသလို လိမ်ပြောလိုက်တဲ့အတွင် ငါအသတ်မခံရဘူးမဟုတ်လား၊ ဒါဟာ လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ်ရာရောက်လို့ အများကြီး ကုသိုလ်ရတယ်၊ အဲသလို ကုသိုလ်က များ တော့ လိမ်တဲ့အပြစ်ဟာ ပျောက်သွားတာပေါ့ကွ၊ ငရဲမကြီးဘူးပေါ့"
ဥပမာ လွယ်လွယ်ပေးကာ အတာနည်းလည်နိုင်မည့်နည်းဖြင့် ပြေပြလိုက်မှ အတာကလေး သဘောကျ သွားတော့၏။

"မမသက်ကို ကျွန်တော်မှာထားတယ်၊ မေမေတို့ကို မပြောပါနဲ့ဆိုတာ အလကားသွားပြောတယ်"
ကိုထွန်းအောင် အား မခင်သက်တို့က လုံချည်ကိစ္စ ပြောရကောင်းလားဟု အတာက သဘောမကျ သံကလေး ဖြင့် ပြောလိုက်သဖြင့်
"မင့်အမေ မသိပါဘူးကွ၊ ငါ့ကိုသာ ပြောတာပါ၊ အဲဒါမင်းဘယ်လောက် လိမ္မာတယ်ဆိုတာကို ငါသိအောင် လို့ သူတို့က ပြောပြတာလေ၊ ငါသိတော့ ၀မ်းသာရတာပေါ့"
ကိုထွန်းအောင်လည်း စကားကို ဤတွင် ရတ်တရက် ရပ်လိုက်ပြီးမှ ခေါင်းတယမ်းယမ်းခါတဲ့ကာ
"မင်း စာမေးပွဲအောင်ရင် ပါရှင်းလုံချည် ၀ယ်ပေးမယ်လို့ ငါကတိပေးထားဖူးတယ်နော်၊ ဒါပေမဲ့ ငါ ၀ယ်မပေးရသေးဘူး၊ အဲဒါဘာကြောင့်လဲ မင်းသိသလား"
"ကျွန်တော် ဘယ်သိမလဲ"

"မင့်အမေပေါ့ကွ၊ ရသမျှပိုက်ဆံ အကုန်သူယူတာပဲ၊ သူ့ကို အသိမပေးဘဲ ၀ယ်ပြန်ရင်လဲ ရန်ဖြစ်ဦးမယ်၊ ငါနားပူမခံနိုင်ဘူး အတာ၊ ငါပြောထားတဲ့အတိုင်းပဲ မင်းစာမေးပွဲအောင်တယ်ဆို တော့်လုံချည်ဝယ်ဖို့ မင့်အမေကို ပိုက်ဆံအပ်လိုက်တယ်၊ အဲ့ဒါလဲ သူသုံးပစ်တာပဲကွ၊ အေး မင်းကမှ ဥာဏ်ကောင်းသေးတယ်၊ မခင်သက် တို့ ၀ယ်ပေးတဲ့အနေမျိုး လုပ်လိုက်လို့ အဆူမခံ ရဘူး၊ ၀တ်ချင်တာလဲ ၀တ်ရတယ်"
သို့ပြောရင်း ခေါင်းတညိတ်ညိတ်နှင့် အတာအား စိုက်ကြည့်နေပြီးမှ
"ဒါနဲ့ လုံချည်တော့ မခင်သက်တို့ ၀ယ်ပေးတာလို့ ပြောခိုင်းပြီး အဲဒီအပေါ်အင်္ကျီကျတော့ မင့်ဟာမင်း ၀ယ်တာ လို့ မင်းအမေကို ပြောမလား အတာ၊ တော်ကြာရိုက်နေရင်"

"မဟုတ်ဘူး၊ အစတော့ မမသက်တို့ဝယ်ပေးတာလို့ ပြောပါဆိုပြီး ကျွန်တော် မမသက်ကိုပြော တော့ သူက ကိစ္စမရှိပါဘူး၊ ဒါလောက်တော့ နင့်ဟာနင်ဝယ်တာလို့ပဲပြောတဲ့၊ ဒီလို ကိုယ်ဟာ ကိုယ်ဖုန့်ဖိုး စုပြီး ၀ယ်တာနဲ့မှ ရိုက်မယ်ဆိုရင် တို့မခံနိုင်ဘူး၊ ၀ိုင်းပြောမယ်တဲ့"
အတာလည်း သို့လျှင် ရေရေလည်လည်ရှင်းပြလိုက်ပြီးမှ တဖန်ဆက်လက်၍
"နောက်ပြီး မမသက်က ပြောတယ်၊ မင်းပိုက်ဆံတွ ဘာတွေ စုတတ်တာကို မင့်အမေသိတယ်တဲ့၊ အဲဒီတော့ တစ်နေ့ကျလို့ စုထားတဲ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်သလဲလို့ မေးရင် မင်းဘယ်လို ဖြေမလဲ တဲ့၊ အဲဒီတော့ ဒီအင်္ကျီချုပ်လိုက်တယ်လို့ ပြောတဲ့၊ မမသက်က သင်ပေးတယ်"

အတာနှင့် မမသက်တို့ အကွက်စေ့စေ့ကလေး စီမံလိုက်ပုံ ပိရိသလောက် ကြားရသူ ကိုထွန်းအောင်လည်း အတော်ကြီး ၀မ်းမြောက်သွားတော့်၏။ "အတာရေ လာဟေ့ သွားကြစို့"
ရုတ်ရက် ခေါ်လိုက်သော မခင်သက်၏အသံကို ကြားလိုက်ရမှပင် အတာတို့သားအဖ စကားစ ပြတ်သွား တော့၏။
"ကျွန်တော် သွားတော့မယ်နော်"
"အေး သွား သွား"

မခင်သက်တို့ ညီအစ်မတစ်သိုက်နှင့်အတူ အတာသည် ရွှေတိဂုံ၊ ငါးထပ်ကြီးနှင့် တိရစ္ဆာန်ရုံအနှံ့ တစ်နေကုန် လည်ပတ်ခဲ့ရသည်ဖြစ်၍ ပျော်လိုက်သည်မှာ ပြောစရာပင်မရှိ၊ ယခုတစ်ခေါက်တွင် ပေါ်ပလင် တိုက်ပုံအင်္ကျီနှင့် မန္တလေးပိုးစစ်ကို အသစ်စက်စက်ကလေး ၀တ်သွားရသဖြင့် အတာမှာ ပို၍မြူးခဲ့ ၏။
မိမိရင်သွေးဖြစ်သော သားကလေး လူမမယ်သည် အရွယ်နှင့်မလိုက်အောင် လိမ္မာလှပါတကား။ မိဘကို အပူမတတ် ကိုယ့်မုန့်ဖိုးကိုယ်စု၍ ကိုယ့်အ၀တ်အစား ကိုယ်ဝတ်ရှာသည့် သားလိမ္မာ ကလေး ပါတကား။ အင်္ကျီလုံချည် သစ်သစ်လွင်လွင်ကလေးနှင့် ချစ်ချင်စရာ အသွင်ဆောင်နေ သောအဖိုးတန်ရတနာကလေး ပါတကား။

ဆက်ရန်
.

No comments: