" ကိုဝင်းငြိမ်း ဒီမေးခွန်းကို ကျွန်တော့မိန်းမရှေ့မှာ မမေးတာ တော်တော် ကံကောင်းတယ်၊ နို့မို့ရင် ဘယ်သူ တုံး၊ ဘယ်ဝါတုံးနဲ့ ရှုပ်ကုန်နိုင်တယ်။ ဒါက အရှင်းလေးပါဗျာ။ ယောက်ျားလေး ကိုးဆယ် ရာခိုင်နှုန်း လောက်ဟာ လူပျိုပေါက်အရွယ်မှာ သူတို့ထက် အသက်ကြီးတဲ့ အမျိုးသမီးများ ကတော့ ဒီကောင်လေး တွေကို ဟဲ့ကောင်လေး ဘာညာနဲ့ ပြီးသွားကြတယ်။ ချာတိတ်တွေက စိတ်လှုပ်ရှား သွားကြတယ်။ ဒါလောက်နဲ့ ပြီးသွားတာပဲ
ကျွန်တော်တို့ကျတော့ စာတွေရေးရတယ်။ ရုပ်ရှင်ရိုက်ရတယ်ဆိုတော့ ငယ်ငယ်က စွဲလမ်းခဲ့တဲ့ ကိစ္စ အရောင်ပြန်ဟပ်တာ ဖြစ်ပါလိမ့်မယ်။ ဒါကေတော့ လူတိုင်မှာ ရှိပါတယ်။ ယောက်ျားလေးတိုင်း မှာ ရှိတယ်။ မိန်ကလေးတွေမှာလည်း ရှိကောင်းရှိမှာပေါ့ဗျာ။ ကိုယ့်ထက် အသက်ကြီးတဲ့ ခန့်ခန့် ချောချော ငနဲကြီး တွေကို ကြိုက်တာ ရှိချင်ရှိမှာပဲ။ ဒါကတော့ မိန်ကလေးတွေဘက်ကမိုက ကျွန်တော် မသိဘူးလေ။ ယောက်ျားလေး တွေဘက်ကတော့ သေချာတယ်။ ဥပမာ ကျွန်တော်တိုက ငယ်ငယ်က အယ်လိဇဘတ် တေလာ ဆိုတဲ့ ဘိုင်စကုပ်မင်းသမီး လျှမ်းလျှမ်းတော် ကျော်ကြားနေ တော့ လူပျိုပေါက်အရွယ်မှာ လှိမ့်ကြိုက် တာပဲ။
အဲဒီလို ရောင်ပြန်ဟပ်တာလေးတွေကို အရွယ်လွန်မှာ ရေးတဲ့အချိန်မှာ အဲဒီလို အမျိုးသမီးကြီး တစ်ယောက် ကို တွေ့ဖူးတယ်ဗျ။ ကျွန်တော်နဲ့ မတိမ်မယိမ်းပါပဲ။ သိပ်အသက်ကြီးတာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးကြီးကို ကြည့်တော့ ကျွန်တော် ၁၅နှစ်၊ ၁၆ နှစ်သား အရွယ်ဆိုပါစို့ဗျာ။ လူပျိုပေါက် အရွယ်ပေါ့။ ရှင်းရှင်းပြောရရင်တော့ ကြိုက်တာပေါဗျာ။ သူ့ကိုတွေ့တော့ ငယ်ငယ်တုန်းက အမျိုးသမီးကြီး များ ဒီလို ဘဝမျိုး ပြောင်းလာခဲ့ရင် ဆိုတဲ့အတွေးနဲ့ အရွယ်လွန်ကို ရေးခဲ့တာပါ။
ခင်ဗျားမေးလို့တော့ ဖြေလိုက်ပြီ၊ အဲဒါကို ကျွန်တော့လေဒီ ပြန်ဖတ်မိရင် စိတ်မဆိုးအောင်တော့ ထိန်းထိန်း သိမ်းသိမ်း ကလေး ရေးပါဗျာ"
"ဆရာ ဟိုတစ်လောဆီက ရေးတဲ့ မလှတာ အပြစ်လားကွယ် လုံးချင်းဝတ္ထု အပ်းကလေး ထွက်လာတာ တွေ့ရတယ်။ ၁၂ ဖောင်လောက်ပဲ ရှိုမယ်ထင်တယ်။ အဲဒီ စာအုပ်က ဖောင်အရေအတွက်လည်း နည်းပြီး ရောင်းဈေး လည်း နည်းတဲ့အတွက် အရင်တုန်းကလို စာအုပ်ရောင်းဈေး ဖန်တီးထားတာလားလို့ တွေးမိတယ်"
"ရိုးရိုးပြောရရင်တော့ ပထမအစီအစဉ်က တခြား စာရေးဆရာတစ်ယောက်နဲ့တွဲထုတ်ဖို့ စာမူတောင်းလို့ ရေးပေးလိုက်တာပါ။ နောက်တော့ ထုတ်ဝေသူက စမ်းထုတ်ချင်တယ်တဲ့။ တကယ်လို့များ ခုနက ကိုဝင်းငြိမ်း ပြောသလို စာအုပ်ပါးပါးနဲ့ ဈေးပေါပေါ ရောင်းနိုင်လို့ရှိရင် စာရေးသူအတွက်ရော ထုတ်ဝေသူ အတွက် နစ်နာမှုလည်း မရှိဘူး။ စာဖတ်ပရိသတ်ကလည်း လက်ခံမယ်ဆိုရင် ဒါမျိုး ဆက်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ထုတ်လိုက်တာပါ"
"ဆရာ့ကို ဆရာ့အဖေ ဦးသာဓုက စာပေ၊ ရုပ်ရှင်နဲ့ ပတ်သက်ကြီး ကိုယ်တိုင် ကိုယ်ကြပ် သင်ကြားပို့ချ ပေးခဲ့ဖူးတာ များ ရှိဖူးသလား"
"မရှိဘူးဗျ၊ ကျွန်တော့်အဖေကိုယ်၌က လွတ်လွတ်လပ်လပ် သူ့စိတ်ကူးရှိတာ ရေးတဲ့လူဆိုတော့ ကျွန်တော် တို့ကို လွတ်လပ်ခွင့် ပေးတယ်။ စာပေရေးရာနဲ့ ပတ်သက်လို့ရော တခြားအယူအဆ တွေနဲ့ ပတ်သက် လို့ပါ သူ့အယူအဆကို လိုက်နာရမယ်လို့ မရှိဘူး။ ပညာရပ်တွေကိုလည်ူး သူက သင်ပေးခဲ့တာ မဟုတ်ဘူး။ ရုပ်ရှင်ရိုက်တာ ဆိုပါစို့။ ရုပ်ရှင်ရိုက်တာကို ကြည့်တော့ကြည့်ခိုင်းတယ်။ ဝါသနာ ပါသလား မေးတယ်။ ပါရင် အဲဒီက ရုပ်ရှင်ဆရာတွေနဲ့ တတ်အောင်သင်၊ တတ်တော့ လုပ်ချင်ရင် လုပ်လို့ ပြောပါတယ်။ လောင်းရိပ် မမိစေချင်တဲ့ သဘောလို့ထင်တာပဲ"
"ဆရာ ဝတ္ထုရေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ရိုက်ရာမှာပဲဖြစ်ဖြစ် ဘယ်လိုဝတ္ထုတွေ ရေးချင်၊ ရိုက်ချင် သလဲ"
"အဲဒါကတော့ ကျွန်တော့အသက်အရွယ် အတွေ့အကြုံအရ ပြောင်းပြောင်းသွားမှာပဲ ထင်တယ်။ အခုအချိန်မှာ ကျွန်တော့ စာဖတ်ပရိသတ်က ကျွန်တော့စာအုပ်မှာ ပါတဲ့ အယူအဆ၊ အကျင်စရိတ္တ ပိုင်းကို သဘောပေါက် မယ်။ ဒါတွေက ကျွန်တော့ဝတ္ထုထဲမှာ အရိပ်အငွေ့ ပါပါတယ်။ ဒီလိုပဲ နောက်တစ်နှစ် လောက်နေရင် ဒါမှ မဟုတ် နေင်တစ်လလောက်ကြာရင် ကျွန်တော့ အတွေ့အကြုံ အရ ပြောင်းသွားမှာပဲ။ ရုပ်ရှင်ဘက် မှာလည်း ဒီလိုပါပဲ။ ဒါကြောင့် ဒီမေးခွန်းနဲ့ပတ် သက်ပြီး တရားသေကြီး ဘဝသရုပ်ဖော် ရေးချင်ပါတယ်တို့။ အချစ်ဝတ္ထုတွေ ရေးမယ်လို့ မသတ်မှတ် ချင်ပါဘူး။
အချစ်အကြောင်းချည်းပဲ ရေးမယ်လို့လည်း မရှိပါဘူး။ ရုပ်ရှင်မှာလည်း ဒီသဘောပါပဲ။ ဘဝ အတွေ့အကြုံပေါ် မူတည် ပြောင်းလဲသွားပါလိမ့်မယ်။ ဘဝသရုပ်ဖော ဆိုတာကလည်း အချစ်ပဲရေးရေး၊ စုံထောက်ပဲရေးရေး၊ ဘာရေးရေး လူဘဝရဲ့သရုပ်ကို ပေါ်အောင် ရေးနိုင်ရင် ဘဝ သရုပ်ပဲပေါ့"
"ဆရာက ရုပ်ရှင်နဲ့ စာပေ၊ အနုပညာလောက နှစ်ခုမှာ ကျင်လည်နေတယ်ဆိုတော့ အနပညာ ပစ္စည်းတစ်ခုကို ဖန်တီးထုတ်လုပ်တဲ့နေရာမှာ ဘယ်အချက်ဟာ အရေးကြီးပါသလဲ"
"အဓိကကတော့ ရိုးသားမှုပါပဲ။ ကျွန်တော့စိတ်ထဲမှာ ကောင်းတယ်၊ မှန်တယ် ထင်တဲ့ ကိစ္စတွေကို ကျွန်တော် က စပြီး ယုံကြည်ရလိမ့်မယ်။ ကျွန်တော် တစ်ခုခုလုပ်တော့မယ်ဆိုရင် လုပ်မယ့် အလုပ်အပေါ် မှာ ယုံကြည်ရမယ်။ မှန်တယ်လို့ ယူဆထားတဲ့ အယူအဆပေါ်မှာလည်း တကယ်လို့ ကျွန်တော် ကိုယ်တိုင်က မယံကြည်ဘဲနဲ့ ငွေရရုံသက်သက်တော့ မလုပ်သင့်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ကိုယ်ပရိသတ် အပေါ်မှာ ရိုးသားရမယ်။
ပရိသတ်ကို မလိမ်နဲ့၊ မညာနဲ့။ ကိယ်မြင်တဲ့ အမြင် အတွေးကို ရုပ်ရှင်အတတ်ပညာနဲ့ တင်ပြတယ်။ ကျွန်တော့်အတွေး က မှန်တယ်၊ မှာတယ် ဆိုတာကတော့ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က ဆုံးဖြတ် ပါလိမ့်မယ်။ ကျွန်တော့် တာဝန်က တွေ့တာ၊ မြင်တာ၊ ကြားတာ၊ သိတာက်ု ရိုးရိုားးသား အတတ်ပညာ နဲ့ ပရိသတ်ကို တင်ပြဖို့ပဲ တာဝန်ရှိပါတယ်။ ကျွန်တော်က မရိုးသားတဲ့စိတ်နဲ့ ထုတ်လုပ်လိုက် တဲ့ အနုပညာပစ္စည်းဟာ မရိုးသားတဲ့ ပစ္စည်းဖြစ်သွားမှာပဲ။
ကျွန်တော်အတွေ့အကြုံအရ ရင်ထဲမှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် အတွေးတစ်ခု ဝင်လာရင် အဲဒီဝေဒနာ နဲ့ ပတ်သက်တဲ့အကြောင်းရိုးရိုးသားသား တင်ပြလိုက်ရရင် ကျွန်တော် တာဝန်ကျေ ပါတယ်"
"စေတနာ နဲ့ ပတ်သက်လို့ကော"
"အဲဒါနဲ့ ပတ်သက်လို့ကတော့ မိုးဝေမှာ ကျွန်တော် ဆောင်းပါးတစ်ပုဒါ ရေးဖူးပါတယ်။ "ဝေဒနာ" ဆိုတဲ့ ဆောင်းပါး ပါ။ အဲဒါလေးကို ပြန်ကိုးကားရရင် "အနုပညာ တစ်စုံတရာကို ဖန်ဆင်းထုတ်လုပ်ရာ၌ အရေးကြီး သော အချက်သည် အသက်သွင်းမှု ဖြစ်ပါသည်။ အသက်သွးမှုသည် အတတ်ပညာသည် အထောက်အကူ ပြုပေးရုံမျှသာဖြစ်ပါသည်။
အသက်သွင်း ခြင်း၏ မူလအကြောင်းတရားမှာ ရင်တွင်းက ဖြစ်ပေါ်လာသော စေ့ဆော်တိုက်တွန်းမှု စေတနာ ဖြစ်ပါသည်။ အနုပညာရှင်သည် သူ့၌ရှိသော ဝေဒနာကို သူ တတ်ကျွမ်းသော အတတ်ပညာဖြင့် ဖော်ပြ လှစ်ပြလိုက်ပါသည်။ အနုပညာခံစားသူသည် အနုပညာရှင်၏ ဝေဒနာကို ဝေမျှခံစားနိုင်ပါလိမ့် မည်။ ထိုသို့ ခံစားနိုင်စေရန်အတွက် အတတ်ပညာသည် တံတားကူးပေးပါသည်။ ဝေဒနာနှင့် စေတနာ မပါဘဲ ဖန်ဆင်းလိုက်သော အနုပညာပစ္စည်းသည် အသက်မဲ့ပါသည်။ ခံစားသူကို ကူးစက် ခြင်း မပေး နိုင်ပါ။ အတတ်ပညာသက်သက်ဖြင့် ဖန်ဆင်းသော အနုပညာသည် ပေါ့နေသည်ဟု ထင်ပါ သည် "
ကျွန်တော အဲဒီ ဆောင်းပါးရေးတဲ့ အချိန်မ ၁၉၇၄ ခုနှစ် မတ်လ။ အဲဒီအချိန်ကစပြီး ခုထိ ကျွန်တော် လုပ်လာတဲံ အလုပ်အားလုံးဟာ ဒီနည်းနဲ့ပဲ ဖန်တီးခဲ့တာပါ။ ရင်ထဲကဝေဒနာ ခံစား ချက်ကို မိတ်ဆွေ တစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ကို ပြောပြချင်တယ်၊ ပြောပြတဲ့အခါမှာ နားဝင်ချိုအောင်၊ နား ခံသာအောင် ပြောပြတတ်ခြင်းဟာ အနုပညာမှာ ရှိတဲ့ အတတ်ပညာပါပဲ။ ဒီနေရာမှာ စောစောက ပြောတဲ့ ရိုးသားမှုလိုအပ်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်က ညံ့ချင်ညံ့ မယ်။ ဒါပေမဲ့ ရိုးရိုးသားသား ညံ့တာပဲ ဖြစ်ရမယ်။ ဒါ ကျွန်တော့ ယုံကြည်ချက်ပါပဲ"
ဆက်ရန်
.

No comments:
Post a Comment