Thursday, December 22, 2011

ချစ်ဖေဖေ ရဲ့ နှလုံးသား ဝေဒနာ နိဂုံး

 ခွဲစိတ်ပြီး ၁ဝ ရက်အကြာ

ခွဲစိတ်ပြီး ၁၄ရက် အကြာ
(အသက်ရှု လေ့ကျင့်ခန်း ယူနေတဲ့ 
အချိန်ဖြစ်လို့ ရွှေစင်ဦး က မိန့်မိန့်ကြီး ခဏ ဝင်ထိုင်ခြင်းသာ ဖြစ်ပါတယ်)

ချစ်ဖေဖေ ရဲ့ နှလုံးသားဝေဒနာ ကို ပြင်သစ် သမားတော်ကြီး နဲ့ 1.12.2011 မှာ အောင်မြင် စွာ ခွဲစိတ် ကုသ ခဲ့ပြီး 17.12.2011 မှာ ဆေးရုံက ဆင်းခွင့် ရခဲ့တဲ့ အတွက် မန္တလေး ကို ဖေဖေ ကျန်းမာစွာ ပြန်လာ နိုင်ခဲ့ ပါပြီ... ရွှေစင်ဦး နဲ့ချစ်ညီမ ကတော့ အောင်ပွဲခံ တဲ့ အနေနဲ့ (အကြောင်းပြချက် တရပ်လို့ မယူဆ စေချင်ပါ) ကျိုက်ထီးရိုးမှ စလို့ စက်စဲ အဆုံး လျှောက်လည် ခဲ့ကြပါတယ်... (နောက်မှ ခရီးစဉ် အသေးစိတ် ကို ဖော်ပြပေးပါမယ်..)

ဖေဖေ ရဲ့ ဝေဒနာ အစ ကနေပြီး အခု ဝေဒနာ ပျောက်ကင်းတဲ့ အထိ ကျနော့် ရဲ့ ဘလော့ဂ် မှာ ဖေဖေ ရဲ့ ရောဂါ အခြေအနေ ကို တင်ပေးခဲ့ ပါတယ်.... မိတ်ဆွေ များပေးတဲ့ အကြံဥာဏ် များ ဗဟုသုတ များ အားပေးစကား များဟာ ကျနော် အတွက် တကယ် ကို အကျိုး ရှိ ခဲ့ပါတယ်...

ဆေးရုံတက် တဲ့ အချိန်မှာ လည်း စာဖတ်သူ မိတ်ဆွေ များ နဲ့ ဘလော့ဂ်ဂါ မိတ်ဆွေ များရဲ့ အကူအညီ များကို အများကြီး ရခဲ့ပါတယ်... အထူး ကျေးဇူးတင်ပါတယ်.... လို့ ဒီနေရာ ကနေ မှတ်တမ်းတင် ပါတယ်....

ချစ်ဖေဖေ ရဲ့ နှလုံးကို  Bypass surgery - သွေးကြော ၃ခုစလုံး မှာ ၄နေရာ လုပ်ရပါတယ်... တိုးတက် နေတဲ့ ဆေးပညာ တွေ ပစ္စည်းကရိယာ တွေ နဲ့  ဆရာဝန်ကြီး တွေ ရဲ့ ကျွမ်းကျင်မှု့ နဲ့ စေတနာ ကြောင့် ခွဲစိတ် ကုသမှု့ အောင်မြင် ခဲ့ပေမဲ့ တကယ်ကို မလွယ်တဲ့ အလုပ်ကြီးပါ... အသေးစိတ် သိရလေ  ကြောက်စရာ ကောင်းလေပါဘဲ... 
(ဆေးရုံ ပေါ်မှာ ကြောက်စရာတွေ အများကြီး ရှိပါတယ်...  ကြောက်စရာ အကောင်းဆုံး လေးတွေ ကိုလည်း ဆက်လက် ဖော်ပြ ပေးပါအုန်းမယ်....)

ရွှေစင်ဦး ရဲ့ ဖေဖေ ကို ခွဲစိတ် ပေးခဲ့တဲ့ ပြင်သစ်သမားတော်ကြီး ... မေ့ဆေးဆရာဝန်ကြီး နဲ့ အခြား ခွဲစိတ်ဆရာဝန်ကြီး များ အပြင် မခွဲစိတ်ခင် နဲ့ ... ခွဲစိတ်ပြီး နောက်ပိုင်း မှာ ပြုစုစောင့်ရှောက်မှု့ ပေးခဲ့ကြတဲ့ ဝန်ထမ်းများ အားလုံး နဲ့ အတူ ချစ်ဖေဖေ ကို စိတ်ဓါတ် ခွန်အား အပြည့် ပေးခဲ့တဲ့ ချစ်မေမေ (ဒီဆေးကတော့ အင်အားအကြီးဆုံး နေမှာပါ) .... နဲ့ ဖခင်ကြီး အပေါ်မှာ သားသမီး ဝတ္တရား ကျေပွန်စွာ နဲ့ လိုလေသေးမရှိ ကြည့်ရှု့ စောင့်ရှောက် ခဲ့ကြတဲ့ ချစ်သော မောင်နှမ အားလုံး  နဲ့ ဆွေမျိုး .. မိတ်ဆွေ များ ကို ချစ်ဖေဖေ နဲ့ အတူ ရွှေစင်ဦး က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း လည်း မှတ်တမ်း တင် ပါတယ် ဗျာ...

နောက်ဆုံး အနေနဲ့ ကျေးဇူးအတင်ဆုံးကတော့ (ဘက်လိုက် တယ်လို့ မယူဆစေချင်ပါ) ချစ်ဖေဖေ အတွက် လိုအပ်သမျှ အားလုံး ကို တိုင်ပင်စရာ မလိုဘဲ လုပ်ချင်တာလုပ်ပါလို့ ခွင့်ပေးခဲ့တဲ့ ချစ်ချစ်ကြီး နဲ့ ရွှေစင်ဦး လိုအပ်သမျှကို surpport လုပ်ပေးခဲ့တဲ့ ချစ်ညီမ တို့ပါဘဲလို့ မှတ်တမ်းတင်ရင်း ကျေးဇူး တင်လွှာ ကို နိဂုံးချုပ် လိုက်ပါပြီ....

ကျေးဇူးတင်လွှာ အပြီး မှာတော့ ဆေးရုံပေါ် မှာ ရွှေစင်ဦး ဆက်ခံ ခဲ့တဲ့ အမွေ များ အပြင် တခြား ဇာတ်လမ်းလေး တွေ ကိုလည်း အချိန်ရရင် ရသလို တင်ဆက်ပေးပါမယ် လို့ ကြိုတင် အစီရင် ခံလိုက်ပါတယ်....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

29 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အမရွှေစင်..
အခုလို သတင်းကောင်းလေး ကြားရတော့ ၀မ်းသာပါတယ်။ အရာအားလုံးထက် ကျန်းမာရေးက အဓိက မဟုတ်လား။

အမရွှေစင်တို့ မိသားစု ကျန်းမာချမ်းသာ ပျော်ရွှင် အသက်ရှည်ကြာပြီး ကောင်းတဲ့လိုရာမှန်သမျှ ပြည့်စုံပါစေ။

အဖြူရောင်နတ်သမီး said...

သတင်းကောင်းလေးပါပဲ.. ချစ်မရေ..

ညီလင်းသစ် said...

တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပါပဲ အမရွှေစင်ဦးရေ..၊ အမတို့နဲ့အတူ ထပ်တူပဲ ဝမ်းမြောက်မိပါတယ်၊ အောင်ပွဲခံတဲ့ အနေနဲ့လည်း လျှောက်လည်သင့်တဲ့ ကိစ္စပါပဲ၊း) အဲဒီ လည်ပတ်ခဲ့တဲ့ ခရီး အတွေ့အကြုံတွေနဲ့ ဆေးရုံပေါ်က ဇတ်လမ်းတွေ ကိုလည်း မျှော်နေမယ်ဗျို့....။ ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ် အားလပ်ရက်နဲ့ နှစ်သစ်ကူး ဖြစ်ပါစေဗျား...။

စံပယ်ချို said...

မိသားစု ကျန်းမာချမ်းသာ ပျော်ရွှင်ပြီးနေထိုင်ရဖို့အဓိက
ပါပဲ ကျန်းမာရေး ကလဲ ဘ၀မှာအရေးကြီးတာပဲနော်
ဒီလိုသတင်းကောင်းလေးကြားရတော့ဝမ်းသာမိပါတယ်
ကိုယ်ချင်းလဲစာမိတယ် မေမေကိုလဲဂျက်လွမ်းနေမိတယ်
အမရွှေစင်မိသားစုအားလုံး
နှစ်သစ်မှနောင်နှစ်ပေါင်းများစွာ
အေးချမ်းသာယာပြီး
ပျော်ရွှင်ပါစေလို့
ဆေးရုံအကြောင်းလေးတွေကိုဖတ်ဖို့စောင့်နေပါတယ်ရှင်

သဒ္ဓါလှိုင်း said...

ဝမ်းသာလိုက်တာ မမရေ။ မမတို့ မိသားစုအားလုံးလိုပဲ သဒ္ဓါလည်း အရမ်းဝမ်းသာပါတယ်။ အတွေ့အကြုံလေးတွေ ဖတ်ရမှာပေါ့မမ။
ချစ်တဲ့
သဒ္ဓါ

မိုးယံ said...

ဝမ်းသာ စရာသတင်းကောင်းပဲ....

မိသားစုဘ၀လေး ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

ဝေ(စီးပွားရေးတက္ကသိုလ်) said...

မိဘကို အနီးကပ်ပြုစုခွင့်ဟာ သားသမီးတိုင်းတောင် ရနိုင်တာမဟုတ်ပါဘူး။ ညီမလေးကံကောင်းတာပေါ့။
ကုသိုလ်တွေအများကြီးရသွားပြီ။
ညီမဖေဖေကိုလည်း လန်းလန်းဆန်းဆန်းတွေ့ရလို့
ဝမ်းသာပါတယ် ညီမရေ...။

ahphyulay said...

အင်း...
မမရွှေစင်ရေ၊
တောင်တစ်တောင်ကိုတော့  ကျော်နိုင်ခဲ့ ပြီ
ပေါ့ နော်၊ အစ်မတို့  မိသားစု ဒိထက်မက
ပျော်ရွှင်ချမ်းမြေ့ စွာ နေနိုင်ကြပါစေဗျား..။

Thandar Lwin said...

အမရွှေစင် ဆတ်ပြီးတော့ဝမ်းသာလိုက်တာဗျာ။
အမရွှေစင် နှင့် စစတို့ မိသားစုကြီး ကျန်းမာပျော်၇ွှင်ပါစေလို့ ။
ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေဗျာ။

ယောနက်သန် said...

ဝမ်းသာစရာ သတင်းကောင်းကြားရလို့ဝမ်းသာပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ...

သတိုး said...

ထပ်တူ ၀မ်းသာပျော်ရွှင်ရပါတယ် မရွှေစင်ရေ...။
စိတ်အေးလက်အေး ရှိသွားရင်တော့ အတွေ့အကြုံလေးတွေ မျှဝေပါဦး။ စောင့်ဖတ်နေပါမယ်..။
ခင်မင်သော.....
သတိုး

sosegado said...

သတင်းကြားရ၍ ဝမ်းသာပါသည်။

ညီရဲ said...

ကြားရတဲ့ သတင်းစကားအတွက် ဝမ်းသာကြည်နူးရပါတယ် အစ်မ...
ဘုရားဖူး အတွေ့ အကြုံလေးတွေကိုလဲ မျှော်နေပါမယ် အစ်မ...

ကိုဇော် said...

သတင်းကောင်းပါပဲ အစ်မရေ။
ပျော်ရွှင်သော မိသားစု အသိုင်းအဝိုင်းလေး အဖြစ် ဆက်လက် ပျော်ရွှင်စွာ ရပ်တည်သွားနိုင်ပါစေ။

Anonymous said...

မရွှေစင်ရဲ့ဖေဖေ ကျန်းမာပျော်ရွှင်နေတာမြင်ရတာ ဝမ်းသာပါတယ်..အမရေ


စင်စင်

မောင်မောင် said...

မရွှေစင် ရဲ့  ဖခင်ကြီး ကျန်းမာကြောင်းသိရလို့ များစွာ
ဝမ်းမြောက်ဝမ်းသာရှိကြောင်းပါဗျာ။

kiki said...

2011 ရဲ့  မင်္ဂလာသတင်းကောင်းတွေထဲမှာ ဒီသတင်း လည်း ပါ ပါတယ် မရွှေစင်ရေ ...
တဦးကစေတနာ တဦးကမေတ္တာ ဆိုသလို စေတနာ အကျိုးပေးလို့  ခုလို အမြန်ဆုံး သက်သာကျန်းမာလာတယ်လို့  ထင်ပါတယ်..
စိတ်လှုပ်ရှားဘွယ် အတွေ့ အကြုံတွေလည်း စောင့်မျှော်နေပါတယ်..

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ရွှင်လန်းပါစေ..

ကိကိ

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
သတိရနေတာ
ခုလို သတင်းကောင်းလေး ကြားရတာ တကယ်ဝမ်းသာမိတယ်..
ပုံတွေကြည့်င်္ပြီး စိတ်လည်း ချမ်းသာသွားတယ်..
သွားခဲ့တဲ့ ခရီးတွေအကြောင်းလည်း ဖတ်ချင်ပါသေးတယ်..
အစ်မတို့ မိသားစု နှစ်သစ်မှာ စိတ်သစ်လူသစ် ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ အစစ အဆင်ပြေကြပါစေလို့နော်.

ကိုအောင်(ပျူနိုင်ငံ) said...

အမတို့ ဖေဖေ ... ကျန်းမာပျော်ရွှင်နေတာတွေ့လို့ အရမ်းဝမ်းသာတယ် အမရေ၊ ခုရက်ပိုင်း အလုပ်ကိစ္စ ရှုပ်နေလို့ ခုမှ ရောက်ဖြစ်တာ ခွင့်လွှတ်ပါ ...

TZH1985 said...

အခုကျမှ အမအဖေနဲ့ ပက်သက်ပြီး သေချာဖတ်ဖြစ်တော့တယ် စဖြစ်တုန်း အလုပ်တွေ ရှုပ်နေတာနဲ့ သံဝေဂပဲနော်... ကိုယ့်အလုပ်ရှုပ်ရင်...
ဘာပဲဖြစ်ဖြစ် အခုလိုကြားသိရတာ ၀မ်းသာပါတယ်။
ဆက်လက်ပြီး အန်ကယ်လည်း ဒီထက် အများကြီး ကျန်းမာပါစေ ခင်ဗျာ...

Anonymous said...

Congratulation!
The whole family won a battle.It's like you got a great present at year end.
Gyidaw

Anonymous said...

အရမ်းဝမ်းသာပါတယ် အမရေ...

ခင်လျက်

mstint said...

အစစအရာရာအဆင်ပြေချောမွေ့သွားတာမို့
ဝမ်းသာပါတယ် ညီမရေ။
ညီမဖေဖေက စိတ်မြန်ကိုယ်မြန်ဆိုတော့ အမြဲတန်း
စောင့်ကြည့်ပြီး သတိတော့ပေးနေရမယ်ထင်တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

မကြီးရေ မနက်စောစောမှာ ဒီသတင်းလေးဖတ်ခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်
နှစ်သစ်မှာကံကောင်းခြင်းတွေလာပါစေ
ချစ်မကြီးတို့မိသားစုတွေလဲ စုစုစည်းစည်းနဲ့ပျော်ရွှင်ကြပါစေ ..
မမဖေဖေလဲ အသက်ရာကျော်ရှည်ပါစေ ..

ချစ်တဲ့

မဒိုးကန်

An Asian Tour Operator said...

သတင်းကောင်းကြားရတဲ့ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း။

အင်ကြင်းသန့် said...

မင်္ဂလာသတင်းကောင်းပါ မမရွှေစင်ရေ....
မမရွှေစင်တို့မိသားစုဝင်ကို အားကျမိတယ်....
အခုလိုပဲ မိသားစုတွေ အသက်ရှည်ရှည် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရာသက်ပန်ချစ်ခင်စွာနေထိုင်သွားနိုင်ကြပါစေ....

(ရီစရာတွေ ရှိတယ်လို့ မမလေးက ပြောထားတယ်နော်....အဲဒါတွေ ရေးပေးဦး....)

ချစ်ညီမလေး

Anonymous said...

သတင်းကောင်းအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရခြင်း
နှင့် အတူ အတွေ့ အကြုံဆန်းများလည်း အမြန်ဆုံး
ဖတ်ရှုရပါလို၏...
ကျွန်တော်တော့ မည်မည်ရရအကြောင်းမပြနိုင်တဲ့ ဆင်
ခြေဆင်လက်တွေနဲ့ ပို့ စ်တွေပုံမှန်မတင်ဖြစ်ဘူး...
ရွှင်လန်းချမ်းမြေ့ ပါစေ အစ်မကြီးခင်ဗျာ...

မြသွေးနီ said...

ဝမ်းသာစရာသတင်းပါပဲ အစ်မရွှေစင်ရေ....။
ဖေဖေလည်း နေပြန်ကောင်း၊ အစ်မလည်း ကုန်ကြမ်းတွေ တပုံကြီးရလာဆိုတော့... ဟေ..ဟေ့.. ကိုယ်တွေ့လေးတွေ သိပ်မကြာခင် ဖတ်ရတော့မယ်ပေါ့....။ ပို့စ်အသစ်တွေ မျှော်နေပါ့မယ်... အစ်မရေ။

သင်း said...

အမ ရွှေစင်ရေ

အမတို့မိသားစုနဲ့ထပ်တူဝမ်းသာမိပါတယ်...
အမ ဖေဖေရောမေမေရော..
အမတို့မောင်နှမတွေအားလုံးနဲ့တူတူ...သိုက်သိုက်ဝန်းဝန်းနဲ့.
.ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝ နောင်နှစ်ပေါင်းများစွာတိုင်...
ပိုင်ဆိုင်ပါစေလို့ဆုတောင်းပါတယ်