"ဗမာ့လွတ်လပ်ရေးအရေးတော်ပုံစာတမ်း"မှ ဗမာ့ခေတ်သတင်းစာ၊ (၁)သြဂုတ်လ ၁၉၄၃-ခုနှစ်။
၂/(က)
လူငယ်ကလေးတစ်ယောက်မျှသာဖြစ်သော သခင်လှမြိုင် (ဗိုလ်ရန်အောင်)သည် ဟိုင်လီသင်္ဘောကြီး ၏ ဝမ်းထဲ ၌ အုန်းသီးများထားသော အခန်းအတွင်း၌ သခင်အောင်ဆန်းကို တစ်စေ့တစ်စောင်း အကဲ ခတ် နေမိသည်။ ဘယ်ကိုသွားကြမည်ဆိုတာ သူမသိပါ။ သို့သော် သခင်အောင်ဆန်းကို သူ လေးစား ယုံကြည်ပြီး ဖြစ်သည်။ သူ့ရင်ထဲက ဖွင့်ဟမေးမြန်း စပ်စုချင်စိတ်တွေကို မျိုသိပ်ထားရသည်။ ကိုလိုနီသ မိုင်း မှ မြန်မာနိုင်ငံလွတ်မြောက်ရေး ရုန်းကန်လှုပ်ရှားမှု အရှိန်အဟုန်ကို သူ ထိတွေ့ခံစားရပြီးဖြစ်သည်။ ထိုလမ်းကြောင်း အတိုင်းပင် သူတို့သွားနေကြသည်။ ခရီးစဉ်၏အကျိုးသက်ရောက်လာမည့် အခြေအ နေ အရပ်ရပ် ကို သူ ဘာမျှကြိုတင်ခန့်မှန်းတွေးတောနိုင်ခြင်း မရှိသော်လည်း သူ ယုံကြည်စိတ်ချသော တော်လှန်ရေး ကြယ်ပွင်နှင့်အတူ ဤကဲ့သို့ လျှို့ဝှက်ခရီးထွက်ခွာခဲ့ရခြင်းကပင် သူ့အတွက် အထူးပင် ရင်ခုန်ကြွစေသည်။
သခင်အောင်ဆန်း၏အတွေးသမားဟန်ကတော့ မပျောက်။
ရေနံချောင်းမြို့ အမျိုးသားကျောင်း(နေရှင်နယ်စကူးလ်)တွင် နေခဲ့ရသော ၄ နှစ်ခန့် ကာလတွင်လည်း ကောင်း၊ ရန်ကုန်တက္ကသိုလ်ကြီးတွင် ၆ နှစ်ခွဲမျှ နေခဲ့စဉ်တွင်လည်းကောင်း၊ ဗမာ့လွတ်လပ်ရေးတပ်မ တော် စစ်ဝန်ကြီးနှင့် စစ်သေနာပတိဘဝတို့နှင့် ဖဆပလဥက္ကဋ္ဌဘဝတွင်လည်းကောင်း၊ သူ၏အတွေးသ မားဟန်မှာ မြန်မာတို့၏သမိုင်းအလွမ်းဖြစ်စဉ်ထဲက နိမိတ်ပုံစံတစ်ခုသဖွယ် ဖြစ်ခဲ့ရသည်။ သူ့ခေတ်ပြိုင် များက ပြန်လည်စဉ်းစားသတိရကြတိုင်း ထိုပုံရိပ်ကလေးသည် ဟိုနေရာက ပေါ်လာ၊ ထောင့်က ပေါ် လာဖြစ်ခဲ့ကြရသည်။ အတွေးနယ်ချဲ့သူတစ်ဦး၏ အသွင်၊ အဝတ်အစားဟန်ပန်ကို ဂရုမစိုက်၊ အမြဲတ စေ စဉ်းစားနေတတ်ဟန်၊ စကားပြောသည့်အခါ မလိမ်မညာ ဘွင်းဘွင်းရှင်းရှင်း။ သူ စာဖတ်ဝါသနာကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့သည်မှာတော့ ရေနံချောင်းမြို့ အမျိုးသားကျောင်း (နေရှင်နယ်စကူးလ်)တွင် နေစဉ် ကတည်းက ဖြစ်သည်။
(က) ဗိုလ်ချုပ်သည် ငယ်စဉ်ကပင် စာရေးခြင်း၌ ဝါသနာထံခဲ့၏။ တခြားကလေးများ ကစားနေသော် လည်း ၎င်းမှာ ဖတ်စာအုပ်များ ဖတ်ခြင်း၊ ကျောက်သင်ပုန်းပေါ်တွင် လက်ရေးကျင့်ခြင်းတို့ဖြင့် အနား ပေးချိန် ကုန်လွန်သည့်တိုင်အောင် အပျင်းဖြေလေ့ရှိ၏။
(ခ) ရေနံချောင်းမြို့ အမျိုးသားကျောင်း ၈ တန်းတွင် ပညာသင်ကြားနေသော ကိုအောင်ဆန်းကို ရှုဦး လော့-
ကိုအောင်ဆန်းမှာ ကျောင်းတွင် တစ်ယောက်ထီးထီး စဉ်းစားတွေးတောခြင်းဖြင့်လည်းကောင်း၊ စာအုပ်နှင့်မျက်နှာ အပ်လျက်သော်လည်းကောင်း အမြဲရှိတတ်လေသည်။ လမ်းသွားသောအခါ များတွင် မျက်စိ တစ်ဆုံး သို့လည်းကောင်း၊ ဘေးဘက်သို့လည်းကောင်း မည်သည့်အခါမျှ မကြည့် ဘဲ မြေကြီးကို စိုက်ကြည့်ကာ စဉ်းစား၍ သွားတတ်သည်။
တစ်ရံတစ်ခါ စာအုပ်ကို လမ်းလျှောက်ရင်း ဖတ်သွားတတ်၏။ မည်သူက လှမ်း၍ နောက်ပြောင် သည် ဖြစ်စေ၊ နှုတ်ဆက်ခေါ်ငင်သည်ဖြစ်စေ၊ ၎င်းမှာကား မကြားသကဲ့သို့သာ သွားမြဲ သွားလျက် ရှိခဲ့လေသည်။ အပျော်အပါး၊ ပွဲလမ်းသဘင်၊ ကစားခုန်စားခြင်းများကို ဝါသနာမစူးစိုက်ဘဲ စာပေ နှင့် အစားကိုသာ ဂရုစိုက်တတ်လေသည်။
အိမ်သို့ပြန်လာသောအခါတွင် သရေစာတစ်ခုခုကို ရှာစားပြီး လူရှင်းသော တစ်နေရာရာတွင် တင်ပျဉ် ချိတ်ကာ အချိန်များစွာပင် စာအုပ်ကို စွဲလမ်းစွာ ကြည့်ရှုတတ်လေသည်။ ကိုအောင်ဆန်း နှစ်သက်သော စာအုပ်များမှာ ဗမာရာဇဝင်များနှင့် ပျို့ကဗျာ၊ လင်္ကာစာအုပ်များဖြစ်လေသည်။ ပျို့ကဗျာ၊ လင်္ကာစာအုပ် များ ကို အာဂုံဆောင်နိုင်သည့်တိုင်အောင် ကြည့်ရှုတတ်၏။
တစ်ခါတစ်ရံ ၎င်းနှင့်အတူ နေထိုင်သော နတ်မောက်မြို့သားများဖြစ်ကြသည့် အမိန့်တော်ရ ရှေ့နေများ ဖြစ်ကြ သော ဦးဘသက်နှင့် ဦးဘဂျမ်းတို့အား စာအုပ်ပါအကြောင်းအရာများကို စိတ်ရှည်လက်ရှည်ပြန် ပြောနေ တတ် လေသည်။ သူများ နားမထောင်ချင်စေကာမူ ကိုအောင်ဆန်းမှာကား ကြမ်းပြင်ကို စူးစိုက်၍ လည်းကောင်း၊ မျက်နှာပြင်ကိုမော့်ကာ ဦးခေါင်းကို ကုလားထိုင်နောက်မှီတွင် တင်၍ လည်းကောင်း သူပြောချင်သမျှကို တန်းလျှောက်ပြောပြီးနောက် "ဒါပါပဲ"ဟုဆိုကာ ၎င်း၏အခန်းဆီသို့ မည်သူ့ကိုမျှ နှုတ်မဆက် ဘဲ ထသွားတတ်လေသေးသည်။
(ဂ) ကိုအောင်ဆန်းသည် ကျောင်းပိတ်ရက်များတွင်လည်း မိဘရှိရာအိမ်သို့ ပြန်လေ့မရှိပေ။ သီတင်း ကျွတ်ကျောင်းပိတ်ရက်များနှင့် နွေရာသီကျောင်းပိတ်ရက်များ အတွင်း၌လည်း ကိုအောင်ဆန်း မှာ အိပ်ကာ စားကာ လည်ကာပတ်ကာနှင့် ပေါ့ပေါ့တန်တန် နေထိုင်မှုမျိုးဖြင့် အချိန်ဖြုန်းခွင့်ကိုမရ ရှိခဲ့ပေ။ အစ်ကို ဖြစ်သူ ဦးဘဝင်းနှင့် ကိုအောင်သန်းတို့၏ကြပ်မတ်ထိန်းသိမ်းမှု သွန်သင်မှုများ ကြောင့် အင်္ဂလိပ်စာ အခြေခံ များ တိုးတက်လာလေ့ရှိသည်။ စာဖတ်ခြင်း၊ စာစီစာကုံးအရေးအသား လေ့ကျင့်ခြင်းဖြင့်သာ များသော အားဖြင့် အချိန်ကိုကုန်လွန်စေခဲ့ရကြောင်းနှင့် ပြောပြဖူးလေ သည်။
(ဃ) စာအလွန်ဖတ်သော ကိုအောင်ဆန်းသည် မိမိရရှိထားသော ဗဟုသုတနှင့် အသိဉာဏ်များကို အရင်းတည်ကာ အပြောအဟောဘက်သို့ ချင်းနင်းဝင်ရောက်လာလေပြီ။ အပြောအဟောသန်လှ သော တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်းအား ရှုဦးလော့-
"ရေငြိမ်လျှင် နက်တတ်သည်ဆိုသကဲ့သို့ သူသည်လည်း သူ့စိတ်ကူးနှင့်သူ လူတစ်ကိုယ်ထင် တစ်လုံးဆိုဘိသကဲ့သို့ သူ့လမ်းစဉ်အတိုင်း လေ့လာပြုကျင့်နေပုံရ၏။ သူ့အဖို့ မူမပြောင်း၊ ညနေ တိုင်း သူသည် သူ့ပတ်ဝန်းကျင်ဖြစ်သော သူ့အသိ သူငယ်ချင်းဟု အသိအမှတ်ပြုခံရသူ သုံးလေး ယောက်နှင့် သူ့အခန်းရှေ့ စင်္ကြံတွင် စကားပြောလေ့ရှိ၏။ သူပြောသမျှမှာ ကျောင်းစာနှင့်မဆိုင်၊ ကိုယ်ရေး ကိုယ်တာ မပါ။ မိန်းမပြဿနာအကြောင်း မစွက်၊ သက်သက်ပညာရေး၊ နိုင်ငံရေးတို့နှင့် သာ အခါကာလကို ကုန်လွန် စေသည်။
သူသည် တိုင်းပြည်အသီးသီးက ပညာရေးစနစ်ကို မည်မျှလေ့လာထားသည်မသိ။ တစ်ပြည်ပြီး တစ်ပြည် အကြောင်း ဓမ္မကထိကအလား၊ ပါဠိပါဠ်သားညှပ်၍ ဟောသည့်အလားအကိုးအကားပါ ရွတ်၍ ပြောနိုင်၏။ နားထောင်သူများ ပျင်းစရာကောင်းသလောက် သူ့အတွက် စိတ်ဝင်စားကာ ပျော်ရွှင်သော အမူအရာ တွေ့ရ၏။ တစ်ခါတစ်ရံ မှောင်မှန်းသတိမရ၊ မီးပွင့်လာမှ သိကြရ၏။"
(င) ကျောင်းဆောင်၌လည်းကောင်း၊ တ-က-သ၌လည်းကောင်း၊ တရားဟောပွဲ၊ စကားပြောပွဲများကို ကျင်းပလေ့ ရှိရာ စကားပြောပွဲမှန်သမျှကို ကိုအောင်ဆန်းမှာ လွတ်သည်မရှိ၊ မှန်မှန်တက်ရောက် နားထောင်လေ့ ရှိ၏။ တရားပွဲမှန်သမျှ သူမသွားသည်မရှိ။ တရားပွဲ၊ စကားပြောပွဲအပြီး ပရိသတ် ထဲမှ ပြောခွင့် ဆိုခွင့်ပြုသည်ဟု သဘာပတိလုပ်သူက ကြေညာသည်နှင့် တစ်ပြိုင်နက် ကိုအောင် ဆန်းသည် ဖျတ်ခနဲ တချောင်ချောင်မှထ၍ စကားပြောတတ်၏။ စကားပြောပွဲ၌မူ အကြောင်းမ ရွေး ဝင်၍ ပြောလေသည်။ ပြောစရာအကြောင်းများကို စိတ်ပါလက်ပါ နက်နက်နဲနဲ တွေး၍ျပြော ၏။
သူ၏ အတ္ထုပ္ပတ္တိမှ အထက်ပါကောက်နုတ်ချက်အကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် စာဖတ်ခြင်း၊ စာရေးခြင်း နှင့် ဟောပြောခြင်းတို့တွင် မည်မျှအပတ်တကုတ် အာရုံစူးစိုက်၍ ကြိုးစားအားထုတ်ခဲ့သည် ကို သိသာနိုင်လေသည်။
၁၇ နှစ်သားမှာ ရေနံချောင်းအမျိုးသားကျောင်း (နေရှင်နယ်စကူးလ်)မှ ၁၀ တန်းအောင်ပြီး ရန်ကုန်ယူနီ ဗာစီတီသို့ သူရောက်လာသည်။ ၁၉၃၂ ခုနှစ်ဖြစ်သည်။ ထိုမှစ၍ သူသည် အလွန်တရာဂုဏ်သိက္ခာကြီး ကျယ်လှသော ရန်ကုန်ယူနီဗာစီတီးကြီးတွင် ၆ နှစ်ခွဲကြာမြင့်ခဲ့သည်။ ဤလူငယ်တစ်ယောက်နှင့် သူ၏ ပရဝဏ်က မြေကောင်း ယာကောင်းနှင့် သစ်ပင်ပန်းမန်ကဲ့သို့လည်းကောင်း၊ ရာဇဝင်ခေတ်နှင့် သူရဲ ကောင်းကဲ့သို့လည်းကောင်း၊ ချစ်သူနှင့်အိမ်မက်ကဲ့သို့လည်းကောင်း၊ နွေဦးနှင့် ဥသြငှက်ကဲ့သို့လည်း ကောင်း အလိုအပ်ဆုံးအချိန်မှာ တစ်ခုနှင့်တစ်ခု မေ့မရအောင် အကြောင်းဆက်ပေါင်း ဖက်တွေ့ဆုံမိ ကြသည်။
သူသည် ကိုလိုနီကျွန်ခေတ် မြန်မာ့နိုင်ငံရေး ဂန္ထဝင်ထဲက ပုံရိပ်သစ်ဖြစ်သည်။
အဝတ်အစားကို ဂရုမစိုက်၊ သုန်မှုန်သောမျက်နှာထား၊ အတွေးတစ်ခုခုနှင့် သွားလာဟန်၊ တက္ကသီလာ ကံ့ကော်ရိပ် တွင် ရေစီးကြောင်းတစ်ခုလို သူလျှောက်လှမ်းသွားခဲ့တာကို စစ်ကြိုခေတ်၏နေရောင်များ အောက် တွင် သူ၏မိတ်ဆွေများက တွေ့လိုက်ခဲ့ကြရသည်။ ဒါတွေက နောင်အခါ သူတို့ပြန်တွေးကြ သော အခါ အမှတ်တရတွေ ဖြစ်ခဲ့ကြရသည်။
(ဟောဒါတွေက အထူးရင်ခုန်ဆွတ်ပျံ့ဖွယ်ကောင်းလှသည်။)
အဲဒီအသက် ၂၀ အရွယ် လူငယ်က ဂန္ထလောကမဂ္ဂဇင်းကြီးရဲ့အင်္ဂလိပ်မြန်မာဆောင်းပါးရှင် တစ်ဦး လည်း ဖြစ်ပေသည်။ သူသည် အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ သူ၏နာမည်ကျော် "နိုင်ငံရေး အမျိုးမျိုး"ဆောင်းပါးကို ဒဂုန်မဂ္ဂဇင်းကြီးတွင် ရေးသားသွားခဲ့သည်။
ကဗျာဆရာကြီး ဒဂုန်တာရာက သူတွေ့ခဲ့သော ကိုအောင်ဆန်းကို "သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈-၃၉ ခုနှစ်က သူသည် ဘီအယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင်နေသည်။ သူ၏အခန်း သည် သပ်ရပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များပြည့်နှက်၍နေ၏။ စာအုပ်များသည် စားပွဲပေါ်တ ချို့၊ ဘီဒိုပေါ် တချို့၊ ကြမ်းပြင်ပေါ်တွင်တချို့၊ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ်ဖြစ်၍နေကြ၏။ သူသည် အင်မတန် စာဖတ်သူတစ်ယောက်ဖြစ်၏။"
ရှည်မျောမျော အနားတစ်ဝိုက်မှာ အတွန့်ကလေးတွေပါသည့် ရေတမာရွတ်ခြောက်တွေ၊ မြေပေါ်ဆင်း သက်ချိန်မှာပင် ကနွဲ့ကလျဟန်ကလေးတွေပါနေသည့် ကံ့ကော်ရွက်ခြောက်တွေ၊ အရွက်ဖားဖား တောင်ပိန္နဲရွက်ခြောက်တွေက နွေဦးလေထဲမှာ လွင့်နေကြသည်။ ဆောင်းနှင်းနှင့်နွေအကူး။ ကိုအောင် ဆန်း၏ဆံပင်များသည် တစ်ခါတစ်ခါ ရှည်လာကြသည်။ ဆီမထည့်။ ဆံပင်မညှပ်ဖြစ်၊ ခြောက်သွေ့သွေ့ ပွယောင်းယောင်း။ ထိုဆံပင်အကြောင်း ပြောရလျှင် BIA ဗမာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့ပြီး ပြန်ဝင် လာတော့မှသာ သူ့ကို ဆံပင်တိုတိုနှင့် တောက်လျှောက်တွေ့ခဲ့ကြရခြင်းဖြစ်သည်။ သူ ဟိုင်လီသင်္ဘော ကြီးနှင့် ထွက်သွားပြီး မြန်မာပြည်တစ်ခေါက် တရုတ်တစ်ယောက်လို ဘောင်းဘီ၊ အင်္ကျီဝတ် သွားတု တပ် ရုပ်ပြောင်း ရုပ်လွှဲ လုပ်ပြီး ပြန်ဝင်လာသောအချိန်မှာပင် သပ်သပ်ရပ်ရပ် ညှပ်ထားသောဆံပင်က ဖီး သင်၍ ရအောင် အတော်အသင့်ရှည်သေးသည်။
၁၉၄၃ ခုနှစ် သူ လက်ထပ်ပြီး ဇနီးမောင်နှံနှစ်ဦး ယှဉ်တွဲထိုင်လျက် ရိုက်ကူးထားသော ဓာတ်ပုံတွင် သူ သည် ဆံပင်တိုတိုကလေးနှင့်ဖြစ်သွားသည်။ ထိုမှသည် သူကျဆုံးချိန် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ နောက်ဆုံး နေ့ရက် အထိဖြစ်သည်။
သူ ၂၂ နှစ်အရွယ်လောက်က ကုလားထိုင်တွင် ထိုင်ပြီး လက်နှစ်ဖက်က စားပွဲပေါ်တင်လျက် ရိုက်ကူး ထားသော ဓာတ်ပုံတွင် ဆံပင်ကကြည့်ကောင်းသော မတိုမရှည် အသင့်အတင့်ဟန်နှင့် ပြုံးခဲသည်ဟု ဆိုကြသော သူ၏မျက်နှာကလည်း အဲဒီပုံထဲမှာတော့ ပြုံးယောင်ယောင်ဖြစ်သည်။ ဆံပင်ကတော့ ဆီ ထည့်ပြီး ဖြီးထားခြင်းမဟုတ်။ ဓာတ်ပုံရိုက်မည်ဆို၍ ခြောက်သွေ့ပွယောင်းသော သူ့ဆံပင် ကို လက်နှင့် အသာ သပ်တင်ရုံ တင်ထားခဲ့လိုက်သလိုပင်။ သို့သော် သူ၏နိုးကြားထက်သန်သော လုလင်ပုံရိပ် က တော့ အထင်းသား ပေါ်လွင်လျက်ရှိသည်။ မျက်လုံးတွေက တောက်ပနေကြသည်။
သူ၏လွတ်လပ်ရေးအပေါ် အစွဲအလမ်းကြီးမှု၊ အာရုံစူးစိုက်မှုများကို သူ၏မိတ်ဆွေများက တစ်ညီတစ် ညွတ် တည်း ပြန်လည်ပြောကြ၊ မှတ်တမ်းတင်ခဲ့ကြသည်။
ကျွန်တော် တို့နှင့် တွေ့ဆုံတိုင်း တခြားစကားကို မပြော၊ လွတ်လပ်ရေးအကြောင်းကိုသာပြောသည်။ အချိန်နာရီရှိသမျှ လွတ်လပ်ရေးအတွက် အမြဲတမ်းအလုပ်လုပ်ဖို့သာ စိတ်စောနေသည်။ သူ့မှာ လွတ် လပ်ရေး အတွက် စိတ်စောလွန်း၍သာ အခြားသူများက ခေါ်လျှင် ကြားချင်မှကြားသည်။ သူများပြော လျှင် ဂရုတစိုက် နားထောင်ချင်မှ နားထောင်သည်။ သူ့ဘာသာစဉ်းစားနေသည်သာဖြစ်သည်။
တစ်ခါက သူနှင့် ကျွန်တော်အစည်းအရုံးမှ မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း)အတိုင်း ခြေကျင် လျှောက်လာကြသည်။
သွင်ရုံအနီးတွင် သူ့အား လူတစ်ယောက် နှုတ်ဆက်လိုက်သည်။ သူက မူ ပြန်၍နှုတ်ဆက်လိုက်သည်။ သူကမူ ပြန်၍နှုတ်မဆက်ဘဲ ခေါင်းငိုက်စိုက်ဖြင့်သာ "စောစောက ခင် ဗျားကို လူတစ်ယောက်က နှုတ်ဆက် သွားတယ်။ ခင်ဗျား မကြားဘူးလား"ဟုမေးရာ "ဟင်"ဟုသာ ကျွန်တော့်အား တစ်ခွန်းတည်း ပြောပြီး သွားမြဲဆက်သွားခဲ့သည်။ ဤသည်တို့ကြောင့်ပင် သူ့အကြောင်း ကို မသိသူများက လူတစ်မျိုးပဲ၊ ဆိုရှယ် မဖြစ်ဘူးဟူ၍ စွပ်စွဲကြသည်။
ဗိုလ်ချုပ်နှင့် ရင်းနှီးသူတွေဖြစ်ခဲ့ကြသည့် ဦးအုန်းမြင့်နှင့် သခင်တင်ဦး (ယခင်မြန်မာ့အသံ)တို့က ပြန် လည် မှတ်တမ်း ရေးသား ထားခဲ့ချက်များပင်။
ကဗျာဆရာကြီး ဒဂုန်တာရာက "သူ့တွင် ဝတ်ကောင်းစားလှဝတ်ကာ၊ စကားလုံးအလှများကို ရွေးချယ် ဟောပြောကာ၊ လူအကြိုက်လိုက်၊ လူများနှင့် သင့်မြတ်အောင်လုပ်ကာ မီးစင်ကြည့်ကသော ကျပန်း နိုင်ငံရေး သမား မျိုး နှင့် ကွာသည်။
သူ့တွင် နိုင်ငံရေးရည်ရွယ်ချက်ကလွဲ၍ အခြားကိုယ်ရေးကြီးပွားမှု၊ ကိုယ်ရေးအာသာဆန္ဒ၊ ကိလေသာ ရမ္မက်တို့နှင့် ရောထွေးကပ်ငြိခြင်းမရှိ"ဟူ၍ ဆရာဒဂုန်တာရာက သူ့ရဲ့ခံစားတွေ့ရှိချက်များကို ရိုးရိုး ရှင်းရှင်း နှင့် ထိထိမိမိ ဖော်ပြခဲ့ဖူးသည်။

ဆက်ရန်
.
1 comment:
မရောက်ဖြစ်တာ အတော်ကြာသွားတာ တောင်းပန်ပါတယ် မရွှေစင်ရေ...မရွှေစင်အဖေအခြေအနေ တိုးတက်ကောင်းမွန်ဖို့လည်း ဆုတောင်းပေးပါတယ်...ကိုယ်ကလည်း ဆေးပညာနဲ့ ဝေးနေတာ ကြာသွားပြီမို့ အကြံမပေးရဲတာလည်း တောင်းပန်ပါရဲ့...သူငယ်ချင်းပါရဂူကို ပြကြည့်မယ်လုပ်ပြန်တော့လည်း သူငယ်ချင်းက အပြောင်းအရွှေ့ထဲပါသွားတာမို့ အဆင်မပြေဘူးဖြစ်သွားတယ်...
အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
Post a Comment