Friday, November 18, 2011

စာရေးဆရာ ကိုအောင်ဆန်း, အပိုင်း (၅ဝ)

မြန်မာပြည်သူလူထု ကို တစ်ားတည်းပြုဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ဒီလွတ်လပ်ရေးကြိုးပမ်းမှု နှလုံး ရည် တိုက်ပွဲစဉ် မှာ သူ့ရဲ့ထက်မြက်ကျယ်ပြန့်တဲ့ အတွေးအမြင်တွေကို အခြေခံပြီး မှန်ကန်ရိုး သားတဲ့ စကား တွေကို လက်နက်ပြုကာ တစ်ပွဲပြီးတစ်ပွဲ၊ ပရိသတ် တစ်မျိုးပြီးတစ်မျိုးရဲ့အလယ်မှာ လူထု ရဲ့အသည်းစွဲ ဗိုလ်ချုပ်ဘဝ ကို လှမ်းတက်ခဲ့တယ်။ အသက်ငယ်ရွယ်ပေမယ့် နိုင်ငံရေးသုခမိန် ပမာ သူမြင်သမျှ သူ တွေးသမျှ သူ့ပြည်သူလူထုသိအောင် ရင်ထဲ ဦးနှောက်ထဲရောက်အောင် သိ အောင် မိန့်ခွန်းစကားတွေ ဟောပြောချက် တွေနဲ့ ဗိုလ်ချုပ် မနားမနေ ကြိုးပမ်းခဲ့ရတယ်။

ဖက်ဆစ်တော်လှန်ရေးအပြီး ဘုရင်ခံနဲ့အတူ ရန်ကုန်ပြန်ရောက်လာတဲ့ စစ်ပြေးဆင်းမလားအစိုးရ ဟာ သူ့ရဲ့ အမှုဆောင် ကောင်စီမှာ ဖတပလအဖွဲ့ချုပ် ခေါင်းဆောင်တွေပါဝင်ဖို့ ဖိတ်ခေါ်ပေမယ့် ဗိုလ်ချုပ် တို့က ဝင်မပါခဲ့ဘူး။ ဘုရင်ခံကတခြား မြန်မာနိုင်ငံရေးသမားကြီးတွေနဲ့ စက္ကူဖြူအစိုးရကို ဖွဲ့ ခဲ့တယ်။ ဖဆပလ ရဲ့အထက်မြန်မာပြည်စည်းရုံးရေးခရီးစဉ်က ပြန်အလာ ရွှေတိဂုံစေတီတော်အ လယ်ပစ္စယံ၌ ကျင်းပ တဲ့ ပြည်သူ့အစည်းအဝေးပွဲကြီးတွင် ဖဆပလဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းက “သတ္တိရှိလျှင် ရွေးကောက်ပွဲ လုပ်ကြရအောင်”လို့ စိန့်ခေါ်ခဲ့တယ်။

ထိုဘုရင်ခံ၏အလိုတော်ရိ ဗမာဝန်ကြီးသစ်များသည် ကျုပ်တို့တစ်ပြည်လုံးက အဖွဲ့စုံပါတီစုံပါတဲ့ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး ဆိုတာ သိပါလျက်နှင့် ပါတီတစ်ဖွဲ့တည်းသာရှိသော တိုင်းပြည် သည် ဖက်ဆစ် တိုင်းပြည် ဖြစ်သည်ဟု ပြောင်လိမ်သောစကား၊ ယောင်ဝါးသောနိုင်ငံရေးသဘောကို ပြောဆို လိုက်ရာ သူတို့ကတော့ ဘယ်လိုအကြောင်းတွေကြောင့် ဒီမိုကရေစီစနစ်ကို လိုက်တယ်လို့ ပြနိုင်ပါသလဲ။ ရာထူး လိုချင် လို့ ရာထူးပါတယ်ဆိုရင် တိုင်းပြည်ကို မလိမ်မကောက်ပဲ ပြောရာရောက် လို့ တိုင်းသူ ပြည်သား တွေကို ရိုသေလေးစားတဲ့သဘောဖြစ်နိုင်သေးတယ်။ ဒီမိုကရေစီကို ကာယံကံ မြောက် မလိုက်နာ နိုင်ပေမယ့် ဒီမိုကရေစီစိတ်ရှိသေးတယ်လို့ ခေါ်နိုင်သေးရဲ့။ အခုတော့ ဒီမိုကရေ စီစနစ်နဲ့လည်း ဘယ်လို လုပ်လို့မှ သူတို့လုပ်တာ ညီညွတ်တယ်လို့ မပြောနိုင်၊ တိုင်းပြည်ကိုလည်း ထပ်လှည့်စား ပြန် ဆိုတော့ ဒီလိုလူမျိုးတွေမှ ဖက်ဆစ်မဟုတ်ဘူးဆိုရင် ဘယ်သူ့ကိုဖက်ဆစ်ခေါ်ရ မှာလဲ။

ကျွန်ုပ်တို့ကလည်း အခြိမ်းအခြောက် အနှောင့်အယှက်အမျိုးမျိုးမှ ကင်းလွတ်သော ရွေးကောက်ပွဲ ကို အလို ရှိသည်ဖြစ်ရာ အင်္ဂလိပ်အစိုးရ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ကျွန်ုပ်တို့ပါ ရှင်းလင်းစွာ ဆောင်ရွက် နိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်းစုံအသင်းကြီးမှ ကိုယ်စားလှယ်အဖွဲ့ကြီးကို ဖိတ်ခေါ်၍ ကျွန်ုပ် တို့ ဗမာနိုင်ငံတွင် ရွေးကောက်ပွဲ ကို ကြည့်ကြပ်စီမံစေ က အားလုံးအဖို့ ကျေနပ်စရာဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ် တို့သည် ကမ္ဘာ၏ အစစ်အဆေးကို ခံရန် အသင့်ရှိသည့်အပြင် ထိုကမ္ဘာ့အစစ်အ ဆေးအရ လွတ်လပ် သော ရွေးကောက်ပွဲကို အမြန်ကျင်းပလော့ဟု ဗြိတိသျှအစိုးရအား အရေးဆို လိုက်ကြောင်း။

(ရွှေတိဂုံစေတီတော် အလယ်ပစ္စယံပြည်သူ့အစည်းအဝေးကြီး ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌမိန့်ခွန်း (၁၈-၄-၄၅)

အဲဒီနောက်ပိုင်း လည်း ရွှေတိဂုံစေတီတော် အလယ်ပစ္စယံကုန်းမြေမှာ ပြည်သူလူထုရှေ့မှောက် ထပ်ခါ ရောက်လာပြီး “မြန်မာ့လွတ်လပ်ရေး ပြဿနာများ”ကို လူထုနားဝင်အောင် ဗိုလ်ချုပ်ပြောနိုင် ခဲ့တယ်။ ပြည်ပ ရေးရာ အခြေအနေ၊ ပြည်တွင်းရေးရာပုထုဇဉ်တို့ရဲ့သိပ္ပံပညာရပ်ဖြစ်တဲ့ နိုင်ငံရေးအ ကြောင်း၊ ဗြိတိသျှ အစိုးရရဲ့ချေးခါးအူမတွေနဲ့လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထုအနေနဲ့ ဖဆပ လအဖွဲ့ကြီးရဲ့ အောက်မှာ ဘယ်လိုသွေးစည်းညီညွတ်စွာ လိုက်ပါသ့်ကြောင်းစသဖြင့် ဗိုလ်ချုပ်က ကျယ်ပြန့်ပွင့်လင်းစွာ ရှင်းပြ ခဲ့ပါတယ်။

ကိုယ့်အင်အားကို ကိုယ်သိ၍ ၎င်းအင်အားဖြင့် သမိုင်း၏ဘီး တို့ကို စနစ်တကျလည်ပတ်လေ အောင် ခိုင်မြဲစွာ ဆက်စပ်ပေးပြီးသော ကျွန်တော်တို့ပြည်သူတို့၏ ညီညွတ်သော ဆန္ဒနှင့် ဉာဏ်ပညာတို့ကို မည်သည့် မိုးမြေက ခုခံတားဆီးနိုင်စွမ်းရှိပါမည်နည်း။ ကျွန်တော်တို့မှာ စနစ်ကျသော တိုးတက်မှုအတွက် ဆောင်ရွက် နေကြပြီဖြစ်သည်။ ပြည်သူလူထု၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျွန်တော် တို့၏ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာနှင့် စော လျ၉င်စွာ ရယူမည်ဖြစ်သည်တဲ့။ မျိုးချစ်စိတ် ထက်သန် လှပေမယ့် ဒီနေ့အာဆီယံလိုအဖွဲ့အစည်းမျိုး သဘောသွားကို လူထုနားပေါက်အောင် ပြောကြား သွားခဲ့ ဖူး သေးတယ်။

ပြင်သစ် အင်ဒိုချိုင်းနားပြည်နယ်များ၊ ယိုးဒယားပြည် မာလာယုပြည်နယ်များ၊ အင်ဒိုနီးရှားပြည်နယ် များနှင့် ကျွန်ုပ်တို့မြန်မာပြည်တို့ကို မကြာမြင့်မီ ပူးပေါင်း၍ “အင်ဒိုချိုင်းနားပြည်ထောင်စု”ဟူသော အမည်နာမဖြင့် ပြည်ထောင်စုတစ်ခု တည်ထောင်ရန်လိုကောင်းလိုလာပေလိမ့်မည်။ ဤကဲ့သို့ ပြော ဆိုရာ၌ လေထဲတိုက်အိမ်ဆောင်ခြင်း သဘောမျိုးနှင့် ပြောသည်မဟုတ်။ ထိုတိုင်းပြည်များသည် ဘာသာရေး၊ လူမျိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကြီးပွားရေး အဖက်ဖက်တွင် ရာဇဝင်သဘောအရ အလွန် နီးကပ် ဆင်တူသော တိုင်းပြည်နိုင်ငံများဖြစ်ကြရာ ၎င်းတို့သည် ပြည်ထောင်စုတစ်ခုဖြစ်လာ နိုင်ပေသည်။

… သို့အတွက် မိမိ၏အမျိုးသားကိစ္စကိုသာမက လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နည်း လမ်းတကျ ပူးပေါင်းဆက်ဆံကြခြင်းကိုလည်း ကျွန်ုပ်တို့သတိမူရပေလိမ့်မည်။ ထိုသို့ ပူးပေါင်းဆက် ဆံ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့အသီးသီးတို့၏ အကျိုးယုတ်ဖို့ဝေးစွ၊ အမျိုးမျိုးသော အကျိုး ထူးများ၊ ခံစားရန်ပင်ရှိသည်ဟု ဆိုလိုပေသည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ပါလျှင် အလွန်မြင့်မြတ် သော ဝံသာနု ရက္ခိတ မိမိ၏အမျိုးကို မိမိစောင့်သည့်တရားနှင့် ကမ္ဘာသူကမ္ဘာသားတို့နှင့် အကျိုးရှိ အောင် နည်းလမ်း တကျ ဆက်သွယ်ပေါင်းသင်းရာလည်း ရောက်ပေသည်။ သို့မှသာလျှင် ကမ္ဘာ တစ်ဝှမ်းလုံးတွင် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ကြီးပွားမှုရှိနိုင်ပေလိမ့်မည်။

(အလယ်ပစ္စယံမိန့်ခွန်း၊ ၁၇-၁-၄၆ စတင်သော နိုင်ငံလုံးဆိုင်ရာညီလာခံ ဥက္ကဋ္ဌမိန့်ခွန်း (၂၀-၁-၄၆)

မြန်မာပြည်သူလူထုရဲ့ လွတ်လပ်ရေးအတွက် နိုးကြားစုစည်းတဲ့အင်အားကို မျက်ဝါးထင်ထင် တွေ့ နေရပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟာ ကိုယ့်အားကို ကိုယ်ယုံကိုးစွာနဲ့ အုပ်စိုးသူ ဗြိတိသျှတို့ကို ဒီလိုလည်း အသိပေးသံပြုခဲ့တယ်။ ကျွန်တော်တို့ရွေးကောက်ပွဲတော့ ကျင်းပပေးပြီး တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့မပေးလျှင် ဘယ်လိုလဲ။ ကျွန်တော့်အမြင်မှာ တိုင်းပြုပြည်ပြုလွှတ်တော်မှ မိုးပေါ်မှကျလာမည် မဟုတ်။ ဖြစ်ရပ်ဖြစ်စဉ်တို့အရ ပေါ်ထွက်ရမည်သာဖြစ်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတွင် အနိုင်ရ အောင်လုပ်ပြီး ဗြိတိသျှအစိုးရအား ကျွန်တော်တို့ လိုလားချက်များကိုပေးရန်၊ မပေးက မပေးသည့် အလျောက် ဖြစ်ပေါ်လာမည့် ဂီတသံကို နာခံရန် အကျပ်ကိုင်ရမည်။ ၂၃-၁-၄၆ မှာတော့ ဖဆပလ ပြည်လုံးကျွတ် ညီလာခံသဘင် ရဲ့ တက်ရောက်လာတဲ့ လူထုနှစ်သိန်းကျော် ရှေ့မှောက်မှာ အမျိုးသား ညီညွတ်ရေး အဆို ကို ဗိုလ်ချုပ် က တင်သွင်းခဲ့ပါတယ်။

ရှေးအခါက ကျွန်တော်တို့လိုချင်တာက အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်မျိုး၊ တစ်တိုင်းတစ် ပြည်လုံးက တင်မြှောက်လိုက်တဲ့ လွှတ်တော်။ အကုန်လုံးယောက်ျားတိုင်း မိန်းမတိုင်း အရွယ်ရောက် သူတိုင်း မှန်သမျှ မဲပေးနိုင်ပြီးတော့ အဲဒီလူတွေက လွတ်လပ်တဲ့နိုင်ငံသစ်ကြီးထူထောင်ဖို့ အာဏာ ပေးလိုက်တဲ့ အာဏာပိုင်တိုင်းပြုနိုင်ငံပြုလွှတ်တော်ရအောင် ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုရင် ညီညွတ် ရမယ်။ မညီညွတ်ရင် မရဘူးလားဆိုတော့ အင်မတန်ကြာမယ်။ ခရီးရှည်မယ်။ ဒီတော့ကာ ညီညွတ်ရေး ဟာ အင်္ဂလိပ်လိုပြောရမယ်ဆိုရင်တော့ (historical necessity) အချိန်အခါအလိုက် ဒီ တိုင်းပြည် ဒီလူမျိုးရဲ့အကျိုးကို အကြီးဆုံးဆောင်ရွက်နိုင်မယ့် လက်နက်ကြီးဖြစ်နေတယ်။ အဲဒီ တော့ ညီညွတ်ရေး မျိုး ရအောင် လုပ်ရမယ်။

… ယခုအခါ ဗြိတိသျှနယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေး၌ တူညီသောအကျိုး၊ တူညီ သော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များရှိသော အထက်ပါလူတန်းစားအစည်းအရုံးများ၊ တိုင်းရင်းသား လူစုအဖွဲ့များနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေးအင်အားစုပေါင်းစုံရာဖြစ် သော ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် တကယ့်အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင် တည်ဆောင်ကာ ဗမာပြည် လွတ်လပ်ရေး ကိုအရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း။

ဗိုလ်ချုပ်ဟာ ကမ္ဘာ့အခြေအနေကိုလည်း မျက်ခြည်မပြတ်တဲ့သူဖြစ်တယ်။ ဝါးလုံးခေါင်းထဲ လသာ နေခဲ့သူ မဟုတ်တော့ ကမ္ဘာ့အခြေအနေနဲ့ ယှဉ်ပြီး မြန်မာ့လွတ်လပ်ရေးကိုရအောင် ထိထိရောက် ရောက် ဘယ်လို လုပ်မလဲဆိုတာ ဖဆပလအဖွဲ့ချုပ်မှာ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးမှာ ၁၉၄၅ ခု ဩဂုတ်လ ထဲက တင်ပြခဲ့ပြီးဖြစ်ပါတယ်။ တစ်ခုတည်းသော အမျိုးသားရေးအင်အားစုကြီး မှာ စုစုစည်းစည်းရှိကြောင်း ပြသကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အခု ကမ္ဘာကြီးအခြေအနေဟာ သိပ် ကောင်းနေတယ်။ ကမ္ဘာကြီးဟာ အများပြည်သူတို့ဆန္ဒအရ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ကိုယ့် အရေးကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကို အရင်စစ်ကြီးပြီးစကထက် ပိုခရီးရောက်ရောက်နှင့် အသိ အမှတ်ပြုနေရတယ်။ အခု ကမ္ဘာစစ်ကြီးအတွင်းမှရော၊ အပြီးမှာရော ကမ္ဘာကြီးဟာ အင်မတန် ပြောင်းလွဲနေတယ်။ ဗမာပြည်မှာလည်း ပြောင်းလွဲနေတယ်။  ရှေးနည်းရှေးစနစ် အယူမျိုးတွေနှင့် လုပ်လို့ရမယ်လို့ ထင်တဲ့သူတွေဟာ ကမ္ဘာကြီးမှာလည်း ပပျောက်ကုန်ပြီ။ ဗမာပြည်မှာလည်း ပ ပျောက်မှာပဲ။ ကမ္ဘာတံတိုင်းကြီးမှာရှိတဲ့ ဒီသင်ခန်းစာတွေကို ကျွန်တော်တို့ အလေး ဂရုပြုပြီး တညီတ ညွတ်တည်း နိုင်ငံ၏လွတ်လပ်ရေးကို အမြန်ရအောင် ကြိုးစားကြပါ။ အဲဒီလို ထိထိ ရောက်ရောက် လုပ်နိုင်အောင် ပြည်သူ့လွတ်တော်ရေးအဖွဲ့ချုပ်ကြီးအတွင်းသို့ ဝင်ရောက်ကြပါဆိုတာကို နောက် ဆုံးထပ်လောင်း၍ တိုက်တွန်းပါတယ်။

လိုအပ်လာတဲ့အချိန်မှာတော့ ခြေမကောင်းခြေမ၊ ဂျပန့်လက်အောက်မှာကတည်းက ဗိုလ်ချုပ်ကိုယ် တိုင် ဖဆပလ ကို ကွန်မြူနစ်ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး စတင်သန္ဓေတည် ဖွဲ့စည်းခဲ့တာ (၁၉၄၄၊ ဩဂုတ်) ဖြစ်ပေမယ့်လည်း ဖဆပလအဖွဲ့ချုပ်ထဲကနေ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ခဲ့ရ တယ်။

အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ၊ မိန်းမရေးရာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖော်ကိုင်ဖက် တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ် အစစ်ဆေး ခံရန်အသင့်ရှိသည်။ ကွန်မြူနစ်ခေါင်းဆောင်တွေရော၊ တခြား ဖဆပလပြင် ဘက်က ခေါင်းဆောင် တွေရော အစစ်ခံဝံ့ရဲသလားလို့ ကျုပ်နောက်ဆုံးစကားဆိုလိုက်တယ်။
(ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်မှ အဘယ့်ကြောင့်ထုတ်ပစ်ရကြောင်း ရှင်းလင်းတင်ပြသော မိန့်ခွန်း ရွှေတိဂုံအနောက်မုခ် (၂၀-၁၀-၄၆)

အောင်ဆန်းအက်တလီစာချုပ် ချုပ်အပြီး လန်ဒန်ကနေပြန်လာတဲ့ ဗိုလ်ချုပ်ဟာ ကြားဖြတ်အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်ဆောင်ရွက်ရင်း တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် လုပ်ပေးမယ်လို့ မြန်မာ ပြည်သူ လူထုကို ရဲရဲရင့်ရင့် ကတိပေးခဲ့တယ်။ ဗိုလ်ချုပ်တို့ လန်ဒန်ပြန် ကိုယ်စားလှယ်အဖွဲ့ ကို ရန်ကုန်မြို့တော် မြူနီစပယ်အဖွဲ့ဝင် လူကြီးများနဲ့ မြို့မိမြို့ဖတွေက ၂၈-၂-၄၇ မှာ ဂုဏ်ပြုဧည့်ခံ ပွဲတစ်ရပ်ကျင်းပရာ ဧည့်ခံပွဲမှာ ဗိုလ်ချုပ်က “ကိုယ့်တိုင်းသူပြည်သားကိုလည်း မယုံဘူး။ ကျွန်တော် အဖို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကျွန်တော်ယုံတယ်၊ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ ဗမာ့ လွတ်လပ်ရေးလည်း ယုံကြည်တယ်။ ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်”လို့ မိန့်ကြားခဲ့တယ်။ ၁၇-၄-၄၇ ရက်နေ့ မြန်မာ့နှစ်ဆန်းမှာ ပြောကြားခဲ့တဲ့ နှစ် သစ်ကူးမိန့်ခွန်းမှာတော့ သူ့ပြည်သူလူထုထဲက အတိုက်အခံသမားတွေ၊ သတင်းစာတွေ၊ အမှုထမ်း တွေကို ဒီလိုပြောခဲ့ပါတယ်။

အတိုက်အခံသမားတွေကို ပြောချင်တယ်

အသရေပျက်မှုဖြစ်စေတဲ့ စကားမျိုးကလွဲလျှင် တရားဥပဒေအတွင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ဆဲ ချင်တာ ဆဲနိုင်တယ်။ ဝေဖန်ချင်တာ ဝေဖန်နိုင်တယ်။ အသရေပျက်မယ့် စကားမျိုးကို မခံနိုင်ဘူး။ ကျုပ်တို့ရထားတဲ့ အာဏာတွေကို ခင်ဗျားတို့လက်ထဲရောက်အောင် ဘာပရိယာယ်နှင့် သုံးသုံး သုံး နိုင်တယ်။ တိုင်းပြည်နှင့် လူထုကို ထိခိုက်မယ့် ပရိယာသုံးလျှင် ချရလိမ့်မယ်။ အတိုက်အခံသမား များကို ပြောချင်တယ်။ ညစ်ပတ်တဲ့ အကြံက လွဲလျှင် တရားသဖြင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အာဏာ ကိုလုဖို့တွေး၍ လုပ်နိုင်တယ်။ ဆူပူ နိုင်တယ်။ မတရားသဖြင့် ဆူပူလုပ်ကိုင်ခိုင်းလျှင် သည်းခံမယ် မဟုတ်ဘူး။
သတင်းစာ တွေကိုလည်း ပြောလိုက်မယ်။

သတင်းစာတွေကိုလည်း ပြောလိုက်မယ်။ ဒီအစိုးရလက်ထက်နှင့် အခြားအစိုးရလက်ထက် သေ သေချာချာ နှိုင်းယှဉ်ကြည့်စေချင်တယ်။ ကျုပ်တို့ ဘယ်လိုအစိုးရလဲဆိုတာ သိစေချင်တယ်။ ကျုပ် တို့ကို ထောက်ခံချင် ထောက်ခံ၊ အားပေးချင်လည်း အားပေး၊ အတိုက်အခံ ဝေဖန်ချင်တဲ့ သတင်း စာကလည်း ဝေဖန်၊ သဘောအတိုင်းပဲ။ ဆိတ်လစေ့ သတင်းစာလည်း လုပ်ချင်လုပ်ကြ။ သို့သော် အစိုးရအကြည်ညို ပျက်စေချင် တဲ့စကားမျိုး တိုင်းပြည်ဆူပူလှုပ်ရှားစေမယ့် စကားမျိုး၊ မဟုတ်မမှန် လိမ်လည်လှည့်ဖြား ရေးသားတဲ့ ဟာမျိုးတွေကို သည်းခံမယ်မဟုတ်ဘူး။
အမှုထမ်းတွေကိုလည်း ပြောချင်တယ်။

အစိုးရအမှုထမ်းတွေကိုလည်း ပြောပြလိုတယ်။ အစိုးရအမှုထမ်းတွေဟာ တိုင်းပြည်နှင့် လူထု အကျိုးကိုကြည့်၍ ကျုပ်တို့အစိုးရအဖွဲ့က ဆုံးဖြတ်ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာ ပါ။ အစိုးရအမှုထမ်းတွေက အခု ဖဆပလအစိုးရအဖွဲ့ဟာ ဟိုတုန်းက အစိုးရအဖွဲ့လိုမျိုး မဟုတ်ဘူး ဆိုတာ သတိပြုဖို့လိုတယ်။ ဖဆပလအစိုးရအဖွဲ့ဟာ လူထုအကျိုးကိုကြည့်၍ ဆုံးဖြတ်တဲ့လုပ်ငန်း စဉ်ကို တစ်သဝေမတိမ်း တာဝန်ကျေပွန်စွာလုပ်ကိုင်ဆောင်ရွက်လျှင် ဘယ်သူ့မှကြောက်စရာမလို ဘူး။ ဖဆပလ အဖွဲ့၊ ပြည်သူ့ရဲဘော်အဖွဲ့က လူတွေလည်း ကြောက်စရာမလိုဘူး။

ဖဆပလအစိုးရ ဖွဲ့ထားပေမယ့် ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်လုပ်။ ဖဆပလအစိုးရဆိုပြီး ပြည်သူ့ရဲ့ဘော်ကို လည်း အရမ်းကြောက်စရာမလိုဘူး။ ဖဆပလအဖွဲ့ဝင်တွေ ပြည်သူ့ရဲဘော် တွေ ကလည်း ငါတို့အဖွဲ့ အစိုးရဆိုပြီး အစိုးရအာဏာယူပြီးသုံးဖို့ အစိုးရကိုယ်စားလုပ်ဖို့လည်းမဟုတ်ဘူး။ အခွင့်အရေး လည်း မရှိဘူးဆိုတာ သတိပြုပါ။ သို့သော် ဖဆပလအဖွဲ့ဝင်နှင့် ပြည်သူ့ရဲဘော်တွေဟာ ဒီ့ပြင် လူတွေ ထက်တော့ အခွင့်အရေးပိုရမှာပဲ။ ပြည်သူ့ရဲဘော်တွေလည်း လုပ်ချင်တာ လုပ်လို့ မရဘူး ဆိုတာ သိ ဖို့အရေးကြီးတယ်။

၁၃-၆-၄၇ မြို့တော်ခန်းမကြီးမှာ ကျင်းပတဲ့ ပြည်သူ့အစည်းအဝေးကြီးမှာတော့ လက်ရှိတည်နေတဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ရဲ့ပုံသဏ္ဍာန်နဲ့ လွတ်လပ်ရေးကို တစ်နှစ်အတွင်းရစေရန် အာမခံကြောင်း စတာ တွေကို ပြောတဲ့ဗိုလ်ချုပ်ရဲ့မိန့်ခွန်းဟာ နောက်ဆုံးမိန့်ခွန်းပါပဲ။ ဗိုလ်ချုပ်ကို မသိမီလိုက်ရပေ မယ့် သူ့ရဲ့ အံ့မခန်း စွမ်းဆောင်မှု တွေကို ပုံပြင်သဖွယ် ကြားနာခဲ့ရာက အာဇာနည်နေ့တွေမှာ ကြားခဲ့ ရဖူးတဲ့ အဲဒီ အသံလွှင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ရဲ့ဝိဥာဉ်ကို ဖမ်းမိနိုင်ခဲ့တယ်။

လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင်မြေက မပေါက်နိုင်ဘူးဆိုတာကို ဗိုလ်ချုပ်က ရှင်းခဲ့တယ်။ ဗမာတိုင်း ဗမာတိုင်း အရွယ် ရောက်တဲ့ လူမှန်သမျှ ကျန်းမာတဲ့ လူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်း ဥပဒေ နဲ့ စစ်ထဲ ကို ထည့်ရလိမ့်မယ်။ အဲတာမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။ စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက် ရမယ်ဆို တာ ခင်ဗျားတို့ တိုက်ချင်တိုက်ချင် မတိုက်ချင်မတိုက်ချင် ဝင်တိုက်ရမှာပဲ။ အဲဒါကလည်း တာဝန်ပဲ။

ဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာဖြစ်ရမယ့် တာဝန်မျိုးပဲလို့ ဗိုလ်ချုပ်ကပြောခဲ့တယ်။  စကားခပ်ရိုင်း ရိုင်း ဆိုရင် အတော့်ကိုပြဲအောင် ကြိုးစားနိုင်မှ လုပ်နိုင်မှ အဲဒါအတော့်ကို ကုန်းလုပ်နိုင်မှ ရုန်းလုပ်နိုင် မှ အနှစ် ၂၀ လောက်ရှိတဲ့အခါမှာ တော်ကာကျမယ်။ ဗိုလ်ချုပ်က သတိပေးခဲ့တယ်။ ခင်ဗျားတို့ သောက်ကျင့် တွေ ကို ဖျောက်ရလိမ့်မယ်လို့ ဗိုလ်ချုပ်ကပြောခဲ့၊ ဗမာတွေ ထက်တယ်၊ ထက်တယ်နဲ့ တလွဲ ဆံပင်ကောင်း ကြတယ်လို့ ဗိုလ်ချုပ် က ဝေဖန်ခဲ့။

လှေပြိုင်ပွဲမှာ မနိုင်သေးဘူး။ ကျောရုံနဲ့ တက် ထောင်ပြီ။ ဘောလုံးပွဲမှာ လူချ၊ လမ်းပေါ်မှာ ဆေးရိုးလှမ်း၊ ဗိုလ်ချုပ် စိတ်ပျက်ခဲ့မှာ။ တခြားလွတ် လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်းလှမ်း လိုက်မှ အဲဒီလိုလိုက်နိုင်တဲ့ အခါကျမှ နောက် ၁၀ နှစ် အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလိုတန်းတူ ညီတူဖြစ်သွားမယ်။ တန်းတူညီတူမဖြစ်သမျှ ဟိုလူမြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထား စေချင်တယ်။

ဗိုလ်ချုပ် အဲဒီနောက်ဆုံးစကားတွေကိုပြောခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဆိုတာ ကျွန်တော်တို့ သတိထား ဖို့ လိုမယ်ထင်ပါတယ်။ နှစ်ပေါင်း ၆၀ ခရီးကို ကျွန်တော်တို့စုန်ဆင်းခဲ့သလား ဆန်တက်ခဲ့သလား။
စာရေးဆရာဖြစ်ချင်တဲ့ ဗိုလ်ချုပ် စာနဲ့မရေး၊ စကားနဲ့ရေးသွားတာတွေ ကျန်ကောင်းကျန်ရာ ကျန်ပါ သေးတယ်။ ဘာမားချဲလင်းရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (၁၇-၃-၄၅ မှ ၁၃-၇-၄၇) ရှိ တယ်။ “စစ်စစ် ဗိုလ်ချုပ်သည် နုပျိုသောအရွယ်၌ နိုင်ငံရေးကို ဆောင်ရွက်ခဲ့ရသော်လည်း သူ၏အ တွေးအခေါ် တို့မှာ ဝါရင့်သော နိုင်ငံရေးသုခမိန်တို့၏ အတွေးအခေါ်မျိုးဖြစ်ရကား ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင်ဆန်သော ဗိုလ်ချုပ်၏အတွေး အခေါ်များ ရင့်သန် လာခဲ့သည့်နည်းတူ လူထု၏စဉ်းစားဉာဏ်လည်း ရင့်သန်လာကြစေရန် လူထု တစ်ရပ်လုံး ကြိုးစား သင့် လှပေသည်”လို့ ဗမာ့နိုင်ငံရေး သုခမိန်မှာ ဆရာမောင်ထင်က ရေးခဲ့ပါ တယ်။

ဗိုလ်ချုပ်ရဲ့စကားတွေမှာ သူ့ရဲ့မျိုးချစ်စိတ် ဇာတိ၊ အမှန်တရားကို ချစ်မြတ်နိုးမှု ဇာတိ၊ စွဲမြဲ ဇွဲ သန်မှု ဇာတိ၊ အမြင်ကျယ်မှု ဇာတိ… စသည် စသည် ကောင်းမြတ်တဲ့စကားထဲက ဇာတိတွေကို ကျွန်တော် တို့ သတ္တိ အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဗိုလ်ချုပ်ရဲ့အလယ်ပစ္စယံမိန့်ခွန်းက စကားတစ် ခွန်းကို ကျွန်တော်တို့ အကိုးအကား ပြုနိုင်ပါလိမ့်မယ်။

“သတ္တိဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်း လူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိရှိသူများ ကိုသာ အားမကိုး မူ၍ လူတိုင်း လူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိဗျတ္တိရှိသော သူရဲကောင်းများဖြစ် အောင် စွန့်စား ရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေးအစစ်ကို ခံစားခွင့်ရ ကြလိမ့်မည်။ ဗျတ္တိ ရှိသော သူရဲကောင်းများအဖြစ် အောင်စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေး အစစ် ကို ခံစားခွင့်ရကြလိမ့်မည်။”

လွန်းရာ
.

No comments: