Monday, October 3, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၉)

ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းသင့် မဖမ်းသင့်ပြဿနာ

၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်၍ မြန်မာတစ်မျိုးသားလုံး အုံကြွကာ ဖက်ဆစ်ဂျပန်တို့အား လက်နက်ဆွဲကိုင်တိုက်ခိုက်ခဲ့ကြပါသည်။ အင်္ဂလိပ်တပ်များ မြန်မာပြည် သို့ ပြန်ရောက်လာကြသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်း ၍ တိုင်းရင်းသား များ စည်းလုံးညီညွတ်အောင် ဆောင်ရွက်ပြီး ဗြိတိသျှလက်အောက်မှ မြန်မာနိုင်ငံလွတ် မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် မြန်မာပြည် ဘုရင်ခံ ဆာဒေါ်မန်စမစ် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘုရင်ခံလုပ်ခဲ့ဖူးသူဖြစ်သောကြောင့် ဂျပန်တပ် များ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာစဉ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်သည် ဂျပန်တပ် ဦးမှပါလာကြပြီး အင်္ဂလိပ်တပ်များကို မြန်မာပြည်မှမောင်းထုတ်ရာတွင် အရေးကြီးသောအခန်းမှ ပါဝင်ခဲ့ ကြသည်ကို သိသူဖြစ်သည်။ သူက ဘုရင်ခံ ဒေါက်တာဘမော်၊ ဦးပုနှင့် ဦးစောတို့က နန်းရင်းဝန်များအ ဖြစ် လုပ်ကိုင်နေစဉ် မြန်မာနိုင်ငံအရပ်ရပ်၌ အလုပ်သမားများ၊ လယ်သမားများ၊ ကျောင်းသားများကို သခင်အောင်ဆန်း နှင့်တကွ သခင်ခေါင်းဆောင်များက ဦးဆောင်၍ ၁၃၀၀ ပြည့်အရေးတော်ပုံတွင် နယ် ချဲ့ ဆန့်ကျင်ရေး လုပ်ခဲ့သည်ကိုလည်း ကြုံတွေ့ရင်ဆိုင်ခဲ့သူဖြစ်သည်။ သူကိုယ်တိုင် မြန်မာပြည်မှအိန္ဒိယ ပြည်သို့ ထွက်ပြေးခဲ့ရသဖြင့် သခင်ဆိုလျှင် အလွန်မျက်မုန်းကျိုးနေသူဖြစ်ပါသည်။

၁၉၄၅ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမှတ် ၁၄ တပ်မတော်ဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းတို့ တွေ့ဆုံစဉ်က ဗိုလ်ချုပ်ဆောင်ဆန်းအား လူသတ်မှုတစ်ခုနှင့် ပတ်သက်၍ အရေး ယူရန် သက်သေများရှိနေပြီဟု ဆာဝီလျံဆလင်းက ထုတ်ဖော်ပြောပြဖူးသည်။ ၁၉၄၂ ခုနှစ်ဦးက ဗိုလ် ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးဆောင်ချီတက်လာရာ၌ သထုံခရိုင်သို့ ရောက်ခဲ့သည်။ အင်္ဂလိပ်အစိုးရလက်ထက်၌ ရွာသူရွာသားများကို မျက်နှာလိုအားရ နှိပ်စက်ခဲ့သော ကု လားလူမျိုး သူကြီးတစ်ဦးအား ရွာသားများက ဖမ်းဆီးထားသည်။ ခေါင်းဆောင်များက သူကြီး၏ကျူး လွန်ခဲ့သော အပြစ်များကို ဗိုလ်ချုပ်တို့အား တင်ပြကြသည်။ ထိုအချိန်၌ ဥပဒေဘောင်အတွင်းမှ ဆောင် ရွက်ရန် တရားရုံးများရှိနေသည်မဟုတ်သောကြောင့် ဗိုလ်ချုပ်က တော်လှန်ရေးဥပဒေကို ကိုယ်စားပြု၍ သေဒဏ်ချမှတ်ခဲ့သည်။

ဘုရင်ခံ အလုပ်အမှုဆောင်ကောင်စီဝင်တစ်ဦးက မျက်နှာလိုအားရ ယင်းအမှုကို ဗိုလ်ချုပ်အောင်ဆန်း ကျူးလွန်ခဲ့စဉ်က ၎င်းကိုယ်တိုင်ရှိနေပါသည်ဟု အစဉ်းအဝေးတစ်ခု၌ ဖွင့်ဟပြောဆိုခဲ့သည်။ ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းသည် လူသတ်မှုကျူးလွန်ကြောင်း အမှန်ပင်ဖြစ်၍ ဖမ်းဆီးခွင့်ပေးပါရန် မြန်မာပြည် ဆိုင်ရာ အတွင်းဝန်နှင့် ဗြိတိသျှနန်းရင်းဝန်ထံ ကြေးနန်းရိုက်၍ အမိန့်တောင်းသည်။

အမိန့်တောင်းရသည်က အကြောင်းရှိပါသည်။ အရှေ့တောင်အာရှစစ်သေနာပတိ ဗိုလ်ချုပ်ကြီးလော့လူ ဝီမောင့်ဘက်တန်၊ အမှတ် ၁၄ တပ်မတော် ဗိုလ်ချုပ်ကြီးဆာဝီလျံဆလင်းနှင့် အမှတ် ၁၂ တပ်မတော် ဗိုလ်ချုပ်ကြီးစတော့ဖို့ဒ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ဆင်နွှဲခဲ့သည့် ဖက်ဆစ်ဂျပန်တော် လှန်ရေးသည် မဟာမိတ်တို့၏ဗမာပြည်စစ်ဆင်ရေးတွင် မည်မျှအရေးပါ အထောက်အကူပြုခဲ့သည်ကို လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ဖူးကြသဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ပွင့်လင်း ရိုးသားမှု၊ မျိုးချစ်စိတ်ရှိမှုတို့အပေါ်တွင်လည်းကောင်း အထင်ကြီးလေးစားနေကြသူများဖြစ်သည်။ ဗိုလ် ချုပ်အောင်ဆန်းအား ဖမ်းဆီးခဲ့သော် တစ်မျိုးသားလုံးအုံကြွမှုဖြစ်မည်။

အင်္ဂလိပ်တပ်အတွင်းတွင် ဖွဲ့ စည်းထားသော မြန်မာတပ်သားများအားလုံး တပ်ကိုစွန့်ခွာ၍ ဗိုလ်ချုပ်အောင်ဆန်း နောက် ပါသွားကြ မည်။ အမျိုးသားပုန်ကန်ထကြွမှုများပေါ်ပေါက်ခဲ့သော် နိုင်ငံခြား တပ်များ သုံးလိုခဲ့လျှင် သက်ဆိုင်ရာ အ စိုးရထံမှ ခွင့်ပြုမိန့်ရယူရန်လိုသည်။ သို့ဖြစ်၍ စစ်ဘက်ဆိုင်ရာ အရာရှိများက ဗြိတိသျှနန်းရင်းဝန်နှင့် မြန်မာပြည်ဆိုင်ရာအတွင်းဝန်ထံသို့ ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဆီးခြင်းမပြုရန် စာရေးကြသည်။

ဆာဒေါ်မန်စမစ်သည် မြန်မာနိုင်ငံ၌ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၉၄၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့အထိ ၈ လခန့် ဘုရင်ခံအဖြစ် ဆောင်ရွက်ခဲ့ရာတွင် ထိုအချိန် ထိုအခါက ဖဆပလနှင့်လူထု၊ လူထု နှင့် ဖဆပလ ခွဲမရသည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် လူထုကိုခွဲ၍မရသည်ကို လည်းကောင်း သိရှိသွားခြင်းမရှိခဲ့ပါ။ သူသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တော်လှန်ရေးခေါင်းဆောင်များ အား အာဃာတ ကိုအလေးပေး၍ သုံးသပ်ခဲ့သည်ဖြစ်သောကြောင့် အမြင်မှန်မရခဲ့ပေ။

၁၉၄၆ ခုနှစ်နှစ် ဦးက ယူဂန်ဒါနိုင်ငံမှပြန်လာသော ဦးစောကို သူက အလွန်အထင်ကြီးပါသည်။ ဦးစော သည် မျိုးချစ်ပါ တီ၏ခေါင်းဆောင်၊ စစ်ကြိုခေတ်က သူနှင့်အတူ လုပ်ကိုင်လာခဲ့သော နန်းရင်းဝန် ဖြစ်ရုံမက လုပ်ရည် ကိုင်ရည်နှင့် လုပ်ရဲကိုင်ရဲသူဖြစ်၍ ဦးစောသည် ဆာပေါ်ထွန်းနှင့်သာပေါင်းပြီး ဖဆပလ အား တိုက်ခိုက် ရလျှင် ဖဆပလပြိုကွဲနိုင်မည်ဟု ဆာဒေါ်မန်စမစ် ယုံကြည်ခဲ့သည်။ ထို့ကြောင့် ဦးစောအား အလုပ်အမှု ဆောင်ကောင်စီတွင်ခန့်ရန် ဘိလပ်သို့လှမ်း၍ ခွင့်တောင်းခဲ့သည်။

ဘိလပ်တွင်ရှိသော နန်းရင်းဝန်ကလီမင့်အက်တလီနှင့် မြန်မာပြည်ဆိုင်ရာ အတွင်းဝန် ဆာပက်သစ် လောရင်(စ)တို့က ဦးစော၏အတိတ်လုပ်ရပ်များကို မမေ့နိုင်ကြသေးပါ။ ဦးစောသည် ၁၉၄၁ ခုနှစ်က ဘိလပ် နန်းရင်းဝန် ချာချီထံသို့သွား၍ စစ်ကြီးပြီးသွားခဲ့သော် မြန်မာပြည်အား လွတ်လပ်ရေးပေးပါမည် လောဟု သွားရောက်မေးမြန်းခဲ့သည်။ မြန်မာပြည်သို့အပြန်လမ်းခရီး၌ ဂျပန်က အမေရိကန်နှင့်အင်္ဂလိပ် တို့အား စစ်ကြေညာခဲ့သည်။ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့သို့ရောက်နေချိန်တွင် ဂျပန်သံရုံးနှင့် ဆက် သွယ် ခဲ့သည်။ ဤတွင် ဗြိတိသျှအစိုးရက ဦးစောအားဖမ်းဆီးပြီး၊ ယူဂန်ဒါနိုင်ငံတွင် စစ်အတွင်းက အ ကျယ်ချုပ် ချုပ် ထားခဲ့သည်။ သို့ဖြစ်၍ လန်ဒန်တွင်ရှိနေကြသော နန်းရင်းဝန်နှင့် မြန်မာပြည်ဆိုင်ရာ အ တွင်းဝန် တို့က ဘုရင်ခံ၏အထက်ပါသဘောကို ကန့်ကွက်ခဲ့ခြင်းဖြစ်ပါသည်။

ဘုရင်ခံဆာဒေါ်မန်စမစ်သည် မတ်လအတွင်း၌ ပြင်ဦးလွင်သို့ သွားရောက်နေထိုင်ခဲ့သည်။ မတ်လ ၂၈ နေ့တွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိလာမည်ဖြစ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူရန်အတွက် အပြီးသတ်ဆုံးဖြတ်လိုသောကြောင့် မတ်လ ၂၇ ရက်နေ့၌ ဘုရင်ခံ၏လက်ထောက်အရာရှိကြီးများ၊ စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်များ၊ ရဲဘက်ဆိုင်ရာ ရဲမင်းကြီးပါဝင် သော အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ အင်္ဂလိပ်အရာရှိကြီးများသာ တက်ရောက်သော အ စည်းအဝေးဖြစ်သောကြောင့် ထိုအချိန်က "ထိပ်တန်းလျှို့ဝှက်"ဖြစ်ခဲ့ပါသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ ထိပ်တန်းလျှို့ဝှက်များကို ပြည်သူလူထုက သိလာခွင့်ရလာကြပါသည်။

ကျွန်ုပ်တို့၏ ခေါင်းဆောင် မြန်မာ့လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ အင်္ဂလိပ် အရာရှိ များက ယင်းအစည်းအဝေး၌ ၎င်းတို့၏ထင်မြင်ချက်အသီးသီးကို တင်ပြသွားခဲ့ကြသည်။ ထိုအကြောင်း ကို သိလိုကြသူ၊ စပ်စုလိုကြသူများ ဗဟုသုတရှာမှီးလိုကြသူများ လေ့လာဖတ်ရှုနိုင်ရန် ယင်း အစည်းအဝေး မှတ်တမ်းကို တင်ပြလိုက်ရပါသည်။

၁၉၄၆ ခုနှစ် မတ်လ ၂၇ ရက်နေ့၌ ရန်ကုန်မြို့အစိုးရ အိမ်တော်၌ ကျင်းပသော အစည်းအဝေးမှတ်တမ်း

အစည်းအဝေး သို့ တက်ရောက်ကြသူများ

၁။    ဆာဂျွန်ဝိုက်(စ) အစည်းအဝေးဥက္ကဌ
၂။    ဒုတိယဗိုလ်ချုပ်ကြီး၊ အိပ်(ချ)အာဘရစ်(ဂ်)
၃။    လေတပ်ဗိုလ်ချုပ် ဆာဟရုဆောင်းဒါး(စ)
၎။    ဗိုလ်ချုပ်သောမတ်(စ)
၅။    စီ၊ အယ်၊ ဘီ၊ ပီးယား(စ)
၆။    တီ၊ အာ၊ ဟရု(စ)
၇။    အမ်၊ အာ၊ ဘီ၊ ဒွန်နစ္စတန် (အတွင်းဝန်ချုပ်)
၈။    ဂျီ၊ ချက်တဲလ် ပုလိပ်မင်းကြီး
၉။    စဘီအော၊ ဒုတိယပုလိပ်မင်းကြီး
၁၀။    အေ၊ စီ၊ ကားတာ၊ ရန်ကုန်မြို့ ပုလိပ်ကော်မရှင်နာ
၁၁။    ဗိုလ်မှူးကြီး ကေ၊ အက်(စ)လိုင်း မြန်မာ့ရေတပ်
၁၂။    ဒုဗိုလ်မှူးကြီး ပါးဗစ်စမစ်၊ တိုင်းစစ်ဋ္ဌာနချုပ်
၁၃။    ဗိုလ်မှူးကြီး အယ်၊ ဂျီ၊ ဟန့်၊ လုံခြုံရေးအရာရှိ ကာကွယ်ရေးဌာန

ထိပ်တန်းလျှို့ဝှက်

ဆာဂျွန်ဝိုက်(စ)။    ။အောင်ဆန်းအား လူသတ်မှုနှင့်ပတ်သက်၍ စွပ်စွဲချက်များကို အရေးယူဆောင် ရွက်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤအမှုနှင့်ပတ်သက်၍ သိနေကြသည် မှာ ကာလ အတန်ကြာပြီဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ စုံစမ်းစစ်ဆေးမှုများကို မလုပ်ကြရသေးပါ။ သို့သော် ဤအမှုသည် အမှန်တကယ်ပေါ်ပေါက်ခဲ့ကြသည်ကို ယုံကြည်ရန်အကြောင်းအချက်များရှိနေ ပါသည်။

လူသတ်မှုကို ကျူးလွန်စဉ်က အချင်းဖြစ်ပွားသည့်နေရာတွင် ရှိနေကြသူများက သက်သေခံ ထွက်ချက်များ ပေးခဲ့ကြပါသည်။ ဒီဇင်ဘာအတွင်းက အရေးယူဆောင်ရွက်ရန်ဖြစ်သော မြန်မာပြည် ပုလိပ်အဖွဲ့က အကြောင်း အမျိုးမျိုးကြောင့် ပုံမှန်စစ်ဆေးမှုများကို ထိုအချိန်က မဆောင်ရွက်နိုင်ခဲ့ပါ။ ယ ခုအချိန်တွင် အမှု နှင့် ပတ်သက်၍ ပုံစံတစ်မျိုးပြောင်းသွားခဲ့ပါသည်။ ဘုရင်ခံ၏အလုပ်အမှုဆောင်ကောင် စီဝင်လူကြီး တစ်ဦး က အစည်းအဝေးတစ်ခု၌ လူသတ်မှုဖြစ်ပွားစဉ်က သူကိုယ်တိုင် မျက်မြင်သက်သေ တစ်ဦး ဖြစ်ခဲ့သဖြင့် သက်သေခံရန် အသင့်ရှိပါသည်ဟု ပြောကြားသွားခဲ့ပါသည်။

ပြည်သူလူထုရှေ့မှောက်တွင် စွပ်စွဲပြောဆိုသွားသည်ဖြစ်၍ ပြောင်းလဲသွားသော အခြေအနေများကို ဘုရင်ခံက မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံသို့တင်ပြ၍ အောင်ဆန်းကို ဖမ်းဆီးခွင့်တောင်းထားပါ သည်။ ယင်း ကိစ္စ ကို ယနေ့ မတ်လ ၂၇ ရက်နေ့အထိ ဆိုင်းငံ့ထားရသည်မှာ အောင်ဆန်းအားကြိုတင်၍ ဖမ်းဆီး ခဲ့ သော မတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးများတွင် စွပ်စွဲချက်များကို သူတို့၏ မိန့်ခွန်း၌ ထည့်သွင်း သွားနိုင်ကြမည်ဖြစ်၍ သူတို့ကို အခွင့်အရေးပေးသလို ဖြစ်သွားနိုင်ပါသည်။

ထိုအချိန်မှစ၍ မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံမှ ပြန်ကြားစာတစ်စောင်ရရှိခဲ့ပါသည်။ အောင်ဆန်း၏ အမှုကို အရေးမယူဘဲထားရန် အလွန်ခက်ခဲမည်ကို သူကိုယ်တိုင် သဘောတူပါကြောင်း၊ အမှုနှင့်ပတ် သက်၍ အားလုံးသောအချက်အလက်များ ပြည့်စုံသည်ဟု စိတ်ချယုံကြည်သည်အထိ ဆိုင်းငံ့ထားရန် အကြံပြု လာပါသည်။ ကျွန်ုပ်တို့အတွက် ခြေလှမ်းမမှားရန်နှင့် နိုင်ငံရေးအရ လက်စားချေသည်ဟူသော သဘောထား မျိုး၊ အထင်အမြင်မျိုး မပေါ်ပေါက်အောင် သေသေချာချာလုပ်ရန်လိုပါသည်။ အောင်ဆန်း ကို ပြည်သူလူထုရှေ့မှောက်၌ စွပ်စွဲခဲ့သောအလုပ်၊ အလုပ်အမှုဆောင်ကောင်စီဝင်၏ ပြုမူဆောင်ရွက် မှာ လည်း အလွန်ခက်ခဲသော မေးခွန်းတစ်ရပ်ဖြစ်လာခဲ့ပါသည်။

သူ၏အကြောင်းနှင့်ပတ်သက်၍ လန် ဒန်မြို့တွင် အုတ်အော်သောင်းနင်းဖြစ်လာရုံမကသေးဘဲ ပါလီမန် တွင်လည်း မေးခွန်းများထုတ်လာကြ သဖြင့် ကံဆိုးလှပါသည်။ နာမည်ကြီးသော ဂျာနယ်တစ်စောင်ကမူ သူ သည်လည်း အောင်ဆန်းကဲ့သို့ လူကောင်းတစ်ဦးမဟုတ်ဟု ရေးသားဖော်ပြခဲ့ပါသည်။ ယနေ့ညနေတွင် စစ်သေနာပတိချုပ် (ဗိုလ်ချုပ် ကြီးလော့(ဒ်)လူဝီမောင့်ဘက်တန် ဆိုလိုပါသည်-စာရေးသူ)ထံမှ သည်းထန် သော စကားအသုံးအနှုန်း များကို ရေးထားသည့် စာတစ်စောင်ကို ကျွန်ုပ်တို့ရရှိပါသည်။

ကျွန်ုပ်တို့ ယခုကဲ့သို့ အောင်ဆန်းအပေါ် တွင် အရေးယူမှုများ ပြုလုပ်နေသည်ကို သူက သဘောမတူကြောင်းဖြင့် မြန်မာပြည်ဆိုင်ရာအတွင်းဝန် ထံသို့ အကြောင်းကြားထားပါသည်။ ထို့ကြောင့် ယခု ကိစ္စ နှင့်ပတ်သက်၍ အဆုံးအဖြတ်တစ်စုံတစ်ရာ မချရသေးဘဲ တိုးလိုးတန်းလန်းဖြစ်နေပါသည်။

နက်ဖြန်မနက်အချိန်တွင် ဘုရင်ခံသည် ရန်ကုန်မြို့သို့ပြန်ရောက်လာမည်ဖြစ်ပါ၍ ဌာနဆိုင်ရာအကြီးအ ကဲများက ယင်းသို့အရေးယူဆောင်ရွက်ခဲ့သောဖြစ်ပေါ်လာမည့် တန်ပြန်လှုပ်ရှားမှုများကို မည်သို့ မည် ပုံ အောင်မြင်စွာ ကိုင်တွယ်ရမည်ဆိုသည့် ရှုထောင့်များ တင်ပြကြရန်လိုပါသည်။ ပုလိပ်အဖွဲ့မှ ပထမ ဆုံး တင်ပြရန် မှာ ရန်ကုန်မြို့နှင့် နယ်များတွင် ပေါ်ပေါက်လာမည့် တန်ပြန်လှုပ်ရှားမှုများကို မည်သို့ ထင်မြင် သည်ကို ထုတ်ဖော်ပြောပြစေလိုပါသည်။

မစ္စတာချက်တယ်။    ။အောင်ဆန်းကို ဖမ်းဆီးခဲ့သော် နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုများဖြစ် ပေါ်လာမည်မှာ သေချာလှပါသည်။ အချို့သော ခရိုင်များ၊ သရက်၊ တောင်ငူတောင်ပိုင်း၊ သထုံခရိုင် အနောက် မြောက်ပိုင်းတို့တွင် မြန်မာ့မျိုးချစ်တပ်မတော်ခေါင်းဆောင်၍ ဖွဲ့စည်းခဲ့သော လက်နက်ကိုင် တပ်ဖွဲ့ များ ရှိနေပါသည်။ အောင်ဆန်းအဖမ်းခံရသည်ကို အခွင့်ကောင်းယူ၍ သူတို့၏ဥပဒေမဲ့ဆောင် ရွက် မှုများကို တိုးချဲ့သွားလိမ့်မည်။ အခြေအနေသည် မည်မျှအထိ ကြီးမားသွားမည်ကို ကြိုတင်ပြောပြ ရန် ခက်ခဲ လှပါသည်။

ဗြိတိသျှအရာရှိအချို့ အသတ်ခံခဲ့ရသော ၁၉၃၀-၃၁ ခုနှစ် သူပုန်ထကြွမှုနှင့် အ လားတူ ဖြစ်လာ နိုင်ပါသည်။ နယ်များတွင် တစ်ပြိုင်တည်း လှုပ်ရှားမှုများ ပေါ်ပေါက်လာပါလိမ့်မည်။ လက်နက်ကြီးငယ် ပေါင်း တစ်သောင်းကျော်ကျော်သည် လူဆိုးများ၏လက်ထဲတွင်ရှိနေပါသည်။ ထိုအ ရေအတွက်သည် ပုန်ကန်ရန် အတွက် လုံလောက်ပါသည်။ သို့သော်လည်း သူတို့သည် စနစ်တကျ စည်းရုံးပြီး ရန်ကုန်သို့ ချီတက်လာကြသည်မဟုတ်ဘဲ နယ်များတွင်ရှိသော အုပ်ချုပ်ရေးကို ပုန်ကန်ကြ ဖွယ်ရှိပါသည်။

ဆာဂျွန်ဝိုက်(စ)။    ။မကြာသေးသောအချိန်ကစ၍ အခြေအနေတစ်နေ့တစ်ခြား ဆိုးရွားလာသည် ကို ထည့်သွင်းစဉ်းစားရပါသည်။ သူတို့ဟောပြောတဲ့အခါ သုံးနှုန်းသွားတဲ့စကားလုံးတွေဟာ ပိုမိုပြင်း ထန်လာပြီး တော်လှန်ရေးဆိုတဲ့ စကားလုံးတွေပါပါလာတာ တွေ့ရသည်။ အခုအချိန်ကစပြီး မိုးရာသီ ရောက်လာ တဲ့ အထိ ဒီကြားထဲမှာ ပေါ်ပေါက်လာမည့် ဒုက္ခမျိုးစုံကို ကြိုတင်စဉ်းစားထားကြစေလိုသည်။ သို့မှသာ အမှန်တကယ် အရေးကြုံခဲ့သော ယခုကတည်းက စီမံထားပြီး ဖြစ်ပါလိမ့်မည်။

မစ္စတာပီးယား(စ)။    ။ဆောင်ဆန်းရဲ့အတိုက်အခံထဲက အောင်ဆန်းကို နိုင်ငံရေးအရ စွပ်စွဲရဲသူများ ပေါ်ပေါက် နိုင်ဖွယ်ရှိသည် မရှိသည်ကို ပုလိပ်အဖွဲ့မှ သိပါသလား။

မစ္စတာချက်တလ်။    ။ဟုတ်ကဲ့ ရှိမည်ဟု ထင်ပါသည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ ကြိုတင် ဆောင်ရွက်ထားခြင်း မရှိပါ။

ဆာဂျွန်ဝိုက်(စ)။    ။တစ်ယောက်ယောက်ကတော့ ပုလိပ်ဌာနသို့သွား၍ တရားဝင်တိုင်ကြားလာ ဖွယ် ရှိ ပါသည်။ တရားဥပဒေအရ အရေးယူရမှာကတော့ အမှန်ပါပဲ။

မစ္စတာချက်တလ်။    ။အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ရန် စဉ်းစားနေပါလျှင် အောင်ဆန်း ၏အမှုကို ဆက်လက်ဆောင်ရွက်ရန် မသင့်ပါ။

ဗိုလ်ချုပ်ဘရစ်(ဂ်)။    ။အပြစ်ဒဏ်ကျအောင် ခင်ဗျားလုပ်နိုင်မလား။

မစ္စတာချက်တလ်။    ။အပြစ်ရမည်ဟု ထင်မြင်လာသည်။ ယခုအခြေအနေတွင် တစ်မှုကိုပြီးမြောက် အောင် မဆောင်ရွက်နိုင်သေးပါ။ အလွန်ခိုင်လုံသော အမှုဖြစ်မလာမချင်း အောင်ဆန်းကို ဖမ်း၍မဖြစ်ပါ။

ဆာဂျွန်ဝိုက်(စ)။    ။အောင်ဆန်းကိုမဖမ်းဘဲ ဒီအတိုင်းလွှတ်ထားလျှင် သက်သေခံအထောက်အ ထားများ ပြည့်စုံရန်ခက်ခဲပါလိမ့်မည်။ အောင်ဆန်းကို ဖမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သက်သေခံအ ထောက် အထားများ အတွက် လွယ်ကူသွားလိမ့်မည်။ သင့်အနေနှင့် အရင်ဆုံးလုပ်ရမည့် အလုပ်သည် အလုပ် အမှုဆောင် ကောင်စီဝင်လူကြီးကို စစ်ဆေးရပါမည်။

မစ္စတာချက်တလ်။    ။ဟုတ်ကဲ့ ပုလိပ်အရာရှိတစ်ဦးအနေဖြင့် တင်ပြရမည်ဆိုပါက သက်သေခံအ ထောက် အထားများ ပိုမိုရရှိမည်။ အမှုတွဲပြီး ပြည့်စုံသည်အထိ အောင်ဆန်းကို မဖမ်းသေးဘဲ ဆိုင်းငံ့ ထားရန် လိုအပ်ပါသည်။

ဗိုလ်ချုပ်သောမတ်(စ်)။    ။ဒီအမှုကို စကိုင်လိုက်သည်နှင့် အလားတူအခြားအမှုများကို ကိုင်တွယ် ရန် အချက်ပေးသလို ဖြစ်နေမလား။

မစ္စတာချက်တလ်။    ။လူသတ်မှု၊ ဓားပြမှုတွေလို အမှုကြီးတွေမှာပါ ဒီလိုအလားတူ အမှုတွေကို ကိုင် တွယ် စစ်ဆေး နေသည်မှာ ကြာပါပြီ။ အချို့အမှုများကို စီရင်ချက်ချပြီးပါပြီ။

ဆာဂျွန်ဝိုက်(စ)။    ။အလားတူအမှုမျိုးတွေထဲက လူသတ်မှု၊ တရားခံတချို့ကို ကြိုးဒဏ်ပေးပြီးပါပြီ။ ၁၉၄၂ ခုနှစ် က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေပါ။ အောင်ဆန်းကဲ့သို့ အဆင့်အတန်းရှိသူကို အပြစ်မပေးဘဲ လွှတ်ထား ရသဖြင့် စဉ်းစားလိုက်ရင် ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။

ဗိုလ်ချုပ်သောမတ်(စ)။    ။အောင်ဆန်းကို ဖမ်းလိုက်ပါလျှင် မြန်မာစစ်တပ်အတွင်း၌ အလွန်ပြင်း ထန် သော ဂယက်ရိုက်မှုဖြစ်လာလိမ့်မည်ဟု မြင်ပါသည်။ မြန်မာ့မျိုးချစ်တပ်မတော်သားဟောင်းများအ တွက် သူတို့၏ ခေါင်းဆောင် အပေါ် တွင် သစ္စာရှိမှု၊ ရှိမရှိဆိုသည်ကို ကြီးမားသော စမ်းသပ်မှုဖြစ်လာပါ လိမ့်မည်။ ကျွန်ုပ်၏သဘောထား အမှန်ကိုတင်ပြရပါလျှင် မြန်မာ့မျိုးချစ်တပ်မတော်သားဟောင်းများ သည် တပ်မှ စွန့်ခွာသွားမည်ဟု အလွန်သေချာပါသည်။ တကယ့်တကယ် အခက်အခဲတွေ့ကြမည့်သူ များမှာ အရာရှိ များဖြစ်ပါသည်။

ဗိုလ်ချုပ်ဘရစ်(ဂ်)။    ။စစ်ထောက်လှမ်းရေးဌာနက အောင်ဆန်းအပေါ် သုံးသပ်ထားချက်ကို ဖတ် ကြည့်ကြ စေလိုပါသည်။ ကျွန်ုပ်၏အယူအဆကိုတင်ပြရသော် "မြန်မာနိုင်ငံအား မိမိ၏ခြေထောက်ပေါ် တွင် ရပ်တည်လာသည်ကို ကြိုးစားကြရမည့်အစား နိုင်ငံရေးပြဿနာများပေါ်တွင် ရေးကြီးခွင်ကျယ် လုပ်နေကြသည်" ယူဆပါသည်။ မိုးရာသီရောက်လာပါက နိုင်ငံခြားမှ လူသုံးကုန်ပစ္စည်းများရောက်လာ မည်ဖြစ်၍ အခြေအနေတိုးတက်ကောင်းမွန်လာပါလိမ့်မည်။ မြန်မာနိုင်ငံတွင်ရှိနေသော အိန္ဒိယစစ်တပ် ကို အသုံးပြုရေး မှာလည်း အလွန်ရှုပ်ထွေးသော နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်လာမည်ကို စဉ်းစားသင့် ပါသည်။

ဆာဂျွန်ဝိုက်(စ)။    ။မြန်မာပြည်၏ လက်ရှိအခြေအနေသည် ယမ်းမှုန့်များအပြည့်ထည့်ထားသော သံစည်၏ အပေါ်တွင် တက်ထိုင်နေရသလို ဖြစ်ပါသည်။ ဗိုလ်ချုပ်ဘရစ်(ဂ်) တင်ပြသလို ဖြစ်လာမည်ကို သံသယ ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် အလျင်အမြန် ဆောင်ရွက်ရမည့် ပြဿနာများကို ကိုင်တွယ် နေရပါသည်။

ဗိုလ်ချုပ်ဘရစ်(ဂ်)။    ။ယမ်းမှုန့်များသည် မကြာမတင် စိုထိုင်းသွားပါလိမ့်မည်။

ဆာဂျွန်ဝိုက်(စ)။    ။ယခုကိစ္စနှင့်ပတ်သက်၍ အဆုံးအဖြတ်ကို အပြီးအပိုင်ဆောင်ရွက်ရန် ရည်ရွယ် ခဲ့ခြင်း မရှိပါ။ အမြင့်ဆုံးအဆင့်က မည်သို့ကိုင်တွယ်ဆောင်ရွက်သင့်သည်ကို စီမံချက်ချပေးပါလိမ့်မည်။ မနက်ဖြန် ဘုရင်ခံ ပြင်ဦးလွင်က ပြန်ရောက်လာပါက ဤအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသွား သည်များကို ပြန်လည်တင်ပြပါမည်။ အခြေအနေတစ်ရပ်လုံးကို ခြုံငုံမိကြသည်ဟု ကျွန်ုပ်က ထင်မြင်ပါ သည်။ ဘုရင်ခံထံ အစည်းအဝေးမှတ်တမ်းများကို ပြန်လည်တင်ပြပါမည်။

ဤတွင် အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။

မြင့်ဆွေ(ဖြူး)

စာအုပ်ကိုးကား
၁။ Bumma, The Struggle for Independence 1944-1948- edited by Hugh Thinker, 1983.

ဆက်ရန်
.

No comments: