၂။
မိုက်ကယ်၏ တပည့်ကျော်ဘစ် က လက်ထဲမှ သံလင်ပန်းကို အိပ်စင်ဘေးရှိ စားပွဲပေါ်သို့ တင်လိုက်သည်။ သံလင်ပန်းပေါ် မှ ပန်ကန်းခွက်ယောက်များ၏ မြည်သံကြောင့် မိုက်ကယ်အိပ်ရာမှ နှိုးလာသည်။
မိုက်ကယ်သည် အိမ်ချင်မူးတူးဖြင့် သမ်းဝေလိုက်ပြီး ခုတင်ပေါ်တွင် ထိုင်ရန် အားယူထလိုက်သည်။ သို့သော် ဒဏ်ရာ မှ နာကျင်မှုများကြောင့် ထမရဘဲ ပြန်လဲကျသွားသည်။
'ဘယ်အချိန်ရှိပြီလဲ ဘစ်'
'ခုနစ်နာရီခွဲပြီ ဆရာ၊ နွေဦးရာသီရဲ့ သာယာသော ချစ်စရာ နံနက်ခင်းကလေးပါ ဆရာ'
'အလိုဘုရားရေ၊ မင်းဘာ့ကြောင့် င့ါကိုမနှိုးတာလဲ၊ အရုဏ်ဦးတိုက်ကင်းထွင်ဖို့ လွတ်သွားပြီပေါ့'
ဒီနေ့ ဆရာ့ကို မြေပြင်မှာ အနားပေးထားပါတယ်'
'မြေပြင်မှာ..... '
'လော့ဒ်ကီလီဂါရင်ရဲ့ အမိန့်ပါ၊ နောက်ထပ်သူအမိန့် မပေးမချင်း မြေပြင်မှာပဲ နားနေဦးမယ်တဲ့၊ ဆရာကောင်းကင်မှာ တိုက်ပွဲဝင်ခဲ့တာ ဆက်တိုက် ၃၇ရက်ရှိပြီပဲ'
ဘင်က ကိုကိုးခွက်ထဲသို့ သကြားခတ်ထည့်ပြီး မွှေရင်း ပြောပြသည်။
'ဘစ် ငါဘာဖြစ်လို့ ထိုင်းမှိုင်းနေလဲမသိဘူး'
'ဆရာဟာ ကော့ညက်ပုလင်းတွေရဲ့ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲခံနေရတယ်လို့တော့ ကီလီဂါရင်က ပြောသွားပါတယ်'
'ပြီးတော့ကော'
'ပြီးတော့ လော့ဒ်ကီလီဂါရင်က ဆရာ့အတွက် အက်စ်ပရင်ခေါင်းကိုက်ပျောက်ဆေး လေးပြား လက်ဆောင် ပေးသွားပါတယ်'
'သူကော တိုက်ကင်း ထွက်သွားသလား' မိုက်ကယ်က အက်စပရင်းဆေးပြားများကို မျိုချရင်း မေးလိုက် သည်။
'သွားတယ်ဆရာ၊ သူတို့အရုဏ်တက်ချိန်မှာ ထွက်သွားကြတယ်'
'သူ့လက်ထောက် ဘယ်သူလိုက်သွားသလဲ'
မစ္စတာဘရန်နာ လိုက်သွားတယ်'
'သူက လူသစ်ပဲ'
'လော့ဒ်အင်ဒရူးအတွက် အားလုံး အဆင်ပြောမှာပါ ဆရာ၊ စိတ်မပူပါနဲ့'
'အင်းလေ အဆင်ပြေမှာပါ၊ ဟိုဟာက ဘာတုံး'
'လော့ဒ်ကီလီဂါရင်ရဲ့ မော်တော်ဆိုင်ကယ်သော့ ပါ ဆရာ၊ မြို့စားကြီး ကို ကျေးဇူးတင်ကြောင်း ပြောပေး ပါတဲ့၊ အမျိုးသမီးကလေးကိုတော့ ယုယကြင်နာတတ်မှုအတွက် ချီးကျူးကြောင်း စကားလက်ဆောင် ပါးပေးပါတဲ့'
'ကဲ ဘစ် ငါ့ရဲ့ အကောင်းဆုံးနံပါတ် (၁) စစ်ဝတ်စုံကို ထုတ်ကွာ၊ ကြယ်သီးတွေ ခါးပတ်ခေါင်းတွေ ပြောင်လက် အောင်တိုက်၊ ဖိနပ်ကိုလဲ ဖိတ်ဖိတ်တောက် အရောင်ထွက်အောင် အမောင် လက်စွမ်းပြ လိုက်စမ်း ကွာ၊ ငါသွားစရာရှိတယ်'
************
စင်တိန် အိပ်ရာမှနိုးပြီး မျက်စိနှစ်လုံးပွင့်သောအခါ အမှောင်ထုက စိုးမိုးနေဆဲရှိသည်။ တစ်ချိန်တည်းမှာပင် အမြောက်သံများ ကိုလည်း ကြားနေရသည်။
မနှစ်က နွေနှောင်းပိုင်းတွင် ဂျာမန်အမြောက်တပ်များ မိမိတို့နှင့် လက်တစ်ကမ်းအထိ ရောက်လာသည်ကို စင်တိန် ပြန်သတိရသည်။ ထိုအချိန်တွင်ပင် သူတို့စံအိမ်ကြီး၏ အပေါ်ထပ်မှ အောက်ထပ်သို့ ရွှေ့ပြောင်းခဲ့ ကြသည်။ အန်မှ တစ်ပါး အိမ်ဖော်အားလုံး ထွက်ပြေးခဲ့ကြသည်။ ယခုစင်တိန် အိပ်သော မြေတိုက်ဝန်း ကလေး သည် ယခင်ကအိမ်ဖော်တစ်ယောက် အိပ်သော အခန်းပင် ဖြစ်သည်။
စင်တိန်အိပ်ရာမှထပြီး မီးဖိုခန်းထဲ ၀င်လာသည်။ အဘွားကြီးအန် မီးဖို၌ မီးအားကောင်းအောင် ထင်းများ ထပ် ထည့်နေသည်။
'ငါတောင်ညည်းကို လာနှိုးတော့မလို့'
အဘွားကြီး က ဘ၀င်မကျသည့် လေသံဖြင့် ပြောသည်။
အဘွားကြီးကို စင်တိန်က ဖက်နမ်းလိုက်မှ အဘွားကြီူးပြုံးသွားသည်။ စင်တိန်က မီးဖိုရှေ့သွားပြီး မီးလှုံ နေသည်။
အဘွားကြီးက ကြေးစည်ပိုင်းပြတ်ကြီးထဲသို့ ရေနွေများ လောင်ထည့်ပြီး ရေအေးနှင့်ရောစပ်နေသည်။
'လာ၊ ရေချိုးရအောင်'
'အို အန်၊ ရေချိုးရဦးမယ်လား'
'လာစမ်းပါ ကလေးရယ်၊ ကြေးများ မနေစမ်းပါနဲ့'
စင်တိန် သည် မလုပ်ချင်လုပ်ချင်နှင့်ပင် ည၀တ်အကျီင်္ရှည်ကြီးကို ခေါင်းပေါ်မှ လှန်ပြီး ချွတ်လိုက်သည်။ သူမ၏ အသားဆိုင် နူးနူးညံ့ညံ့များပေါ်သို့ အအေးဓာတ်က ရစ်ပတ် တွေ့ထိလိုက်သောအခါ ကြက်သီးပင် ဖြုန်း သွားသည်။
'မြန်မြန် လုပ်နော်'
စတိန်က ကြေးစည်ပိုင်းထဲသို့ လှမ်းဝင်လိုက်ရင်း ပြောသည်။ အန်က လုပ်နေကျအတိုင်း စင်တိန်အား ဆပ်ပြာ တိုက်ပြီး ရေချိုးပေးသည်။ အန်လယ်များက စင်တိန် တစ်ကိုယ်လုံး အပေါ်တွင်ပြေးလွှား လှုပ်ရှား ကာ အလုမ်များနေသည်။
'ဒီနွေရာသီ ကျယင် ညည်းလက်ရှည်အကျီင်္ဝတ်ရမယ်၊ လက်အိတ် စွပ်ရမယ်၊ အသားညိုသွားယင် သိပ် အရုပ်ဆိုး တယ်' အန်က ဆပ်ပြာတိုက်ပေးရင်း ပြောသည်။
'မြန်မြန်လုပ်ပါအန်၊ ချမ်းတယ်၊
စင်တိန် က ပြောလိုက်သည်။ အန်က စင်တိန်တစ်ကိုယ်လုံးကို ဆပ်ပြာဖြင့် နေရာလပ်မကျန်အောင် ပွတ်တိုက် ပေးနေသည်။
'ဖြည်းဖြည်း လုပ်ပါ'
'ညည်း ရဲ့ကိုယ်လုံးကိုယ်ထည်နဲ့ အသားဆိုင်တွေက ကျစ်ကျစ်လျစ်လျစ်နဲ့ သန်သန်မာမာ သိပ်ရှိတာ၊ ဗိုက်သား ကလဲ ကြွက်သားတွေနဲ့ သန်မာတော့ ကိုယ်ဝန် ကောင်းကောင်းဆောင်နိုင်မှာ သေချာတယ်'
အန် က စင်တိန်တစ်ကိုယ်လုံးကို ဖလန်နယ်ကြီးဖြင့် လွှမ်းခြုံပေးလိုက်ပြီး ရေသုတ်ပေးနေသည်။
'တကယ်လို့ အမေက မျက်လုံးအညိုရောင်၊ အဖေက ချစ်စရာ မျက်လုံးအပြာရောင်ဆိုယင် မွေးလာမယ့် ကလေး ဟာ မျက်လုံး ဘာအရောင်ဖြစ်နိုင်မလဲအန်'
'တော်ပြီ.....တော်ပြီ...ဒီစကားရှေ့ မဆက်နဲ့တော့၊ ဒီစကားမျိုးပြောတာ ညည်းအဖေ ကြိုက်မှာမဟုတ်ဘူး'
အန်က ဖအေ နှင့် ကိုင်ပေါက်ပြီး ခြိမ်းခြောက် လိုက်သောစကားကို စင်တိန်က အလေးမထားဘဲ ဆက် ပြောသည်။
'လေသူရဲတွေဟာ သိပ်သတ္တိရှိတာပဲ မဟုတ်ဘူးလားအန်၊ သူတို့ဟာ ကမ္ဘာပေါ်မှာ သတ္တိအရှိဆုံး လူတွေ ဖြစ် ရမယ်'
'မြန်မြန်လုပ်ပါအန်၊ ကျွန်မရဲ့ကြက်ကလေးတွေကိုသွားပြီး ရေတွက်ရဦးမယ်'
စင်တိန်က စည်ပိုင်းထဲမှ လှမ်းထွက်လိုက်သည်။ အန်က မျက်နှာသုတ်ပ၀ါဖြင့် လှမ်းခြုံပေးသည်။ စင်တိန် က မီးဖိုရှေ့သွားပြီး မီးလှုံသည်။
'အန်အပြင်မှာ အလင်းရောင် ပျို့စပြုလာပြီ'
'ညည်းသိပ်မကြာနဲ့နော်၊ ချက်ချင်းပြန်လာခဲ့၊ ဒီနေ့တို့မှာ လုပ်စရာတွေ အများကြီးရှိတယ်၊ မနေ့က ညည်းအဖေ စေဒနာတွေ ရေစီးကမ်းပြိုလိုက်တာ တို့အဖို့ အစားအစာတွေ ကုန်လုနီးပါး ဖြစ်သွားတာပဲ'
'သတ္တိပြောင်တဲ့ လေသူရဲတွေကိုတော့ ကျွေးမွေးပြုစုရမှာပေါ့ အန်ရယ်'
စင်တိန် က အ၀တ်အစားများကို ကမန်းကဘန်းဝတ်ကာ ခွေးခြေပေါ်တွင် ထိုင်လိုက်ပြီး မြင်းစီးဖိနပ် ကို စီးနေသည်။
'သစ်တောတွေထဲ လျှောက်မသွားနဲ့နော်'
'အင်းပါ'
စင်တိန်က မီးဖိုထဲမှနေပြီး အိမ်အောက်သို့ဆင်းပြေးသည်။
'အိမ်ကိုတန်းပြီးပြန်လာနော်'
အန်က နောက်မှနေပြီး လှမ်းအော်ပြောလိုက်သည်။
အပြင်တွင် အမှောင်ထု ဖုံးနေဆဲရှိပြီး ခိုက်ခိုက်တုန်လုနီးအေးနေသည်။ စင်တိန်သည် သူမ၏စိုင်း သွားသည်။ တောင်ပူစာထိပ် ရောက်သောအခါ မြင်းကြီးကို ရပ်လိုက်သည်။ အရှေ့ဘက်မှ ရောင်နီလည်း ပျို့လာချေပြီ။ ဟိုအဝေးဆီမှ အမြောက်သံများ ကြိုးကြားကြိုးကြား ကြားနေရသည်။
မကြာခင်မှာငင် ခပ်လှမ်းလှမ်းမှလာနေသော လေယာဉ်စက်သံများကို ကြားရသည်။ ရောင်နီဖြာနေ သော လိမ္မော်ရောင်ကောင်းကင် တွင် လေယာဉ်များ တရွေ့ရွေ့ပျံသန်းလာနေသည်ကို တွေ့ရသည်။ ထို့ကြောင့် သူတို့အားနှုတ်ဆက်ရန် မြင်းပေါ်တွင် ထိုင်နေလျက်က ကိုယ်ကိုမတ်လိုက်သည်။
ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းလာသော လေယာဉ်မှာ အစိမ်းရောင်ဖြစ်ရာ စကော့လူမျိုး အင်ဒရူး လေယာဉ်မှန်း စင်တိန် သိလိုက်သည်။ လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက် ဝှေ့ယမ်းပြလိုက်သည်။
'ချောချောမောမောပြန်ရောက်ပါစေ၊ ဘုရားသခင်စောင်မတော်မူပ'၊ စင်တိန်က ခပ်တိုးတိုးဆုတောင်း လိုက်သည်။
လေယာဉ်များ သူမခေါင်းပေါ်မှအုပ်စု့ဖွဲ့ပျံသန်းသွားသည်ကို မော့ကြည့်ရင်းဝမ်းနည်းလာသည်။ လေယာဉ်များ မြင်ကွင်းမှ ပျောက်သွားသောအခါ စင်တိန်သည် မြင်းကိုအိမ်ဘက်သို့ပြန်လှည့်ပြီး ကဆုန် စိုင်း လာခဲ့သည်။
စင်တိန် အိမ်ပြန်ရောက်လာသောအခါ သူမဖခင်ကြီးအား မီးဖိုခန်းစားပွဲ၌ ထိုင်နေသည်ကို တွေ့ရသည်။ စင်တိန် က ထုံးစံအတိုင်း ဖခင်အားအနမ်းဖြင့်နှုတ်ဆက်လိုက်သည်။ စင်တိန်သည ဖခင်နှင့် မျက်နှာချင်း ဆိုင် တွင် ၀င်ထိုင်ပြီး ကော်ဖီသောက်ရင်း သူမခေါင်းထဲသို့ အတွေးတစ်ခုဝင်လာသည်။ ဖခင်ကြီးနှင့် အန်သည် မိမိကွယ်ရာတွင် ချစ်ကျွမ်းဝင်ကာ ချစ်ခင်ပေါင်းသင်းနေကြသည်လား သူတို့နှစ်ဦး၏ အမူအရာနှင့် နေပုံထိုင်ပုံများက စင်တိန့်အမြင်တွင် မသင်္ကာစရာ ဖြစ်နေသည်။ သို့သော်လည်း သူတို့နှစ်ဦး တကယ်ပင်ချစ်ခင် ပေါင်းသင်းနေကြပါက စင်တိန်အဖို့ အပြစ်ပြောစရာမမြင်ဘဲ ခွင့်လွှတ်စရာ ပင်ဖြစ်နေသည်။
ထိုအတွေးက စင်တိန့်ရင်ကို ဟာစေသည်။ အထီးကျန်ခံစားချက်ကို ၀င်လာစေသည်။ ရင်ထဲ၌ ခံစားချက်တို့ တနင့်တပိုးစိုးမိုးဖိသိပ်လာသည်။
'ကျွန်မအပြင်သွားဦးမယ်'
စင်တိန်က စားပွဲတွင် ထိုင်နေရာမှ ဖြုန်းခနဲထလိုက်ပြီး ပြောလိုက်သည်။
'အို မသွားနဲ့လေ၊ အိမ်မှာအစားအသောက်တွေ ကုန်နေပြီ၊ ထပ်လုပ်ရမယ်၊ အဲ့ဒါည်း ၀ိုင်းကူရလိမ့် မယ်၊ ညည်းအဖေစေတနာ ရေစီးကမ်းပြို လိုက်ခဲ့တာ အစားအသောက် ကုန်လုံနီးပါးဖြစ်နေပြီ'
အန်က စင်တိန်ရှေ့က ကာဆီးလိုက်ပြီး ပြောလိုက်သည်။ စင်တိန်က အန်လက်အောက်မှငုံ့ပြီးဖြတ် ကျော်ထွက်ကာ မီးဖိုခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။
တံခါးဝတွင် လူတစ်ယောက်ရပ်နေသည်။ ထိုသူသည် စင်တိန့်တစ်သက်တာ မြင်ဖူးသမျှတွင် အချောဆုံးအလှဆုံး လူပင်ဖြစ်သည်။
သူသည် ကာကီရောင်စစ်ဝတ်စုံကို ပုံကျပန်းကျဝတ်ဆင်ထားပြီး ပြောင်လက်နေသော ဖိနပ်ကိုစီး ထားသည်။ သိမ်ကျဉ်းသော ခါးတွင် သားရေခါးပတ်ပတ်ထားပြီး ကြေးကွင်းများ၊ ခါးပတ်ခေါင်း များ ကလည်း ပြောင်လက်ပြီး အရောင်ထွက်နေသည်။ ဘယ်ဘက်ရင်ဘတ်ပေါ်တွင် လေသူရဲတောင်ပံ တံဆိပ် နှင့် ရောင်စုံ ဆုတံဆိပ်ပြားများ တပ်ဆင်ထားသည်။
စင်တိန်နောက်တစ်လှမ်းဆုတ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။ သူကလည်း စင်တိန်အား မျက်လုံးပြာပြာကြီး များဖြင့် အပေါ်မှစီးမိုးကြည့်နေသည်။
'မဒမ်မိုဆယ်ဒီသီရီ'
ထိုသူက စစ်သံပါပါဖြင့်ခေါ်ကာ အလေးပြုရင်း နှုတ်ဆက်သည်။ အသံကစင်တိန် အဖို့ ယဉ်ပါးနေ သော အသံဖြစ်ပြီး မျက်လုံးပြာပြာ ကိုလည်း စင်တိန် ကောင်းကောင်းမှတ်မိနေသည်။
'မိုက်ကယ်၊ ဗိုလ်ကြီးကုတ်နေ'
စင်တိန် က ပြန်နှုတ်ဆက်သည်။ မိုက်ကယ်က ပြန်ပြုံးပြသည်။ ထိုအပြုံးသည် စင်တိန့်ရင်ကို လှိုက်ဖို နွေးထွေး သွားစေသည်။
'အထဲကိုဝင်ပါမွန်စီယာ'
စင်တိန်က နောက်ဆုတ်ပြီး လမ်းဖွင့်ပေးသည်။ မိုက်ကယ်က အထဲသို့လှမ်းဝင်လာသည်။ စင်တိန့် အဖေမြို့စားကြီး က စားပွဲမှထပြီး မိုက်ကယ့်ဆီသို့ ခပ်သုတ်သုတ်လျှောက်သွားသည်။
'ခင်ဗျား ဒဏ်ရာတွေ ဘယ့်နှယ်နေသေးသလဲ ဗိုလ်ကြီး’ အဘိုးကြီးက မိုက်ကယ်လက်ကို လှမ်းကိုင် ပြီး မေး လိုက်သည်။
'တော်တော်ကို ကောင်းသွားပါပြီခင်ဗျာ'
'ကော့ညက် နည်းနည်းလောက် ထပ်သောက်လိုက်ယင်ပိုကောင်း လာလိမ့်မယ်ထင်တယ်' အဘိုးကြီးက အကြံပေး စကားပြောလိုက်ပြီး သမီးဖြစ်သူကို ရှက်ကိုးရှက်ကန်းဖြင့် လှမ်းကြည့်လိုက်သည်။ မိုက်ကယ်က အခြေအနေ ကို ရိပ်စားမိသဖြင့် ခေါင်းခါပြီး ငြင်းလိုက်သည်။
'ဟင့်အင် . . . ကော့ညက်မလိုတော့ပါဘူး၊ ကဲ ကျွန်မတို့ဗိုလ်ကြီးဒဏ်ရာကို ဆေးလိမ်းပြီး ပတ်တီး စည်း ထားတာ ကို ကြည့်ကြရအောင် စင်တိန်ကလည်း ၀င်တားလိုက်သည်။
မိုက်ကယ်အား မီးဖိုရှေ့ရှိ ခွေးခြေဆီသို့ ခေါ်သွားပြီး ထိုင်ခိုင်းသည်။ အဘွားကြီးအန်က ရှေ့ဘက်မှ ရပ်ပြီး မိုက်ကယ့်ခါးပတ်ခေါင်း ကို ဖြတ်လိုက်သည်။ စင်တိန်က နောက်ဘက်မှနေပြီး မိုက်ကယ့် ကျူးနစ် အင်္ကျီ ကို ချွတ်ပေးလိုက်သည်။ အန်ကပတ်တီးကို ဖြေလိုက်သည်။ ဒဏ်ရာအတော် ကျက်နေပြီး ဖြစ်၍ အားရ ၀မ်းသာ ဖြစ်သွားသည်။
'ရေနွေးယူခဲ့ပါကလေးရယ်' အန်က စင်တိန်ကိုပြောလိုက်သည်။
ဒဏ်ရာကို ရေနွေးဖြင့် ဆေးကြောသန့်စင်ကာ လိမ်းဆေးထပ်လိမ်းပြီး ပိတ်စအသစ်တစ်စဖြင့် ပတ်တီး ပြန်စည်း ပေးလိုက်သည်။ ထို့နောက် စင်တိန်က မိုက်ကယ်အား အင်္ကျီများကူပြီး ချွတ်ပေးသည်။ မိုကယ်၏ နူးညံ့သော အသားဆိုင်များကို သူမ၏လက်နှင့် ထိတွေ့မိသောအခါ ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်း ဖြစ် သွားသည်။ စင်တိန်က မိုက်ကယ်ရှေ့ဘက်သို့ လာပြီး အင်္ကျီကြယ်သီးများကို ထပ်ပေးရင်း ပြောလိုက်သည်။
'ရှင့်အသားတွေက သိပ်နူးညံ့တာပဲ'
စင်တိန်က ခပ်တိုးတိုးလေး ပြောလိုက်သော်လည်း မိုက်ကယ့်မျက်နှာကို မကြည့်ရဲပေ။
'ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်စကားပြောဖို့ လာတာပါ၊ နောက်ထပ် အလုပ်ပေးဖို့ မဟုတ်ပါဘူး'
'အို ကိစ္စမရှိပါဘူး၊ ကျွန်မအတွက်အပန်းမကြီးပါဘူးရှင်' စင်တိန်က စကားဆက်ပြောနေသော်လည်း မိုက်ကယ် နှင့် မျက်လုံးချင်း ရင်မဆိုင်ရဲသေးပေ။
'ခင်ဗျားသာ အချိန်မီရောက်လာပြီး မကူညီခဲ့ယင် ကျွန်တော်မီးလောင်ပြီးသေမှာပဲ'
'အို မဖြစ်နိုင်ပါဘူးရှင်'
စင်တိန် က မိုက်ကယ့်မျက်နှာကို ကြည့်လိုက်သည်။ တိမ်သလ္လာကင်းစင်သော နွေရာသီ၏ ကောင်းကင်ပြာပြာ အလား မိုက်ကယ်၏ မျက်လုံးပြာပြာကြီးများကို မြင်လိုက်ရသောအခါ ရင်ဖိုလှိုက်မော သွား ပြန်သည်။
'စင်တိန်ရေ အလုပ်တွေ အများကြီးလုပ်စရာရှိသေးတယ်လေ'
အဘွားကြီးအန်က ဘ၀င်မကျသည့်လေသံဖြင့် လှမ်းပြောသည်။
'ကျွန်တော်ပါ ၀ိုင်းကူ လုပ်းပေးပါရစေခင်ဗျာ၊ ကျွန်တော်ဒီနေ့ လေယာဉ်မောင်းဖို့မလိုဘဲ အနားရထား ပါတယ်'
အန်က မိုက်ကယ် ကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။ သို့ရာတွင် မြို့စားအဘိုးကြီးက လိုလို လားလား ၀င်ပြောသည်။
'တို့အတွက် ကူညီမယ့် လက်နှစ်ဖက် တိုးလာတာပါ့ကွာ'
'ကျွန်တော်တတ်နိုင်သလောက် တုံ့ပြန် ကူညီပါရစေဗျာ'
'မင်း စစ်ဝတ်စုံ တွေ၊ ဖိနပ်တွေနဲ့ဖြစ်ပါ့မလား' အဘွားကြီးက ဆင်ခြေလဲလိုက်သည်။
'အပေါ်ကထပ်ဝတ်တဲ့ အင်္ကျီရှည် နဲ့ ရာဘာဖိနပ်အပို ကျွန်မတို့မှာရှိသားပဲ' စင်တိန်က၀င်ပြောလိုက်ရာ အဘွားကြီး လက်လျှော့ အရှုံးပေးလိုက်ရတော့သည်။
မိုက်ကယ်က အ၀တ်အစားလဲပြီး အဘိုးကြီးနှင့် တိရစ္ဆာန်များကို ၀ုင်းကူရန် မြေတိုက်ထဲသို့ လိုက်ဆင်းသွားသည်။ စင်တိန်နှင့်အန်က ဟင်းသီးဟင်းရွက်စိုက်ခင်းထဲ၌ တစ်မနက်လုံး လုပ်ကိုင်ကြသည်။ စင်တိန် သည် အကြောင်းတစ်ခုမဟုတ် တစ်ခု ရမည်ရှာပြီး မြေတိုက်ထဲသို့ မကြာခဏသွားသည်။ သွားတိုင်း လည်း မိုက်ကယ့်ဘေးတွင်ရပ်ကာ နှစ်ဦးသားစကားပြောကြရာ အန်လိုက်လာသည် အထိပင် ဖြစ်သည်။
နေ့လယ်စာ စားချိန်တွင် သူတို့လေးဦး မီးဖိုခန်းထဲ၌တစ်စားပွဲတည်း အတူထိုင်စားကြသည်။ စင်တိန် သည် ဖခင်အား အရက်ခန်းသော့ မပေးပဲ သူမကိုယ်တိုင် ၀ိုင်အနီတစ်ပုလင်း သွားယူခဲပ့သည်။
ဝိုင်အရက်ကြောင့် အခြေအနေက ပိုမိုညင်သာပျော့ပျောင်းသွားသည်။ အဘွားကြီးအန်ပင် ၀ိုင်တစ်ခွက် သောက်ပြီး စင်တိန်အားလည်း တစ်ခွက်သောက်ခွင့် ပြုလိုက်သည်။ စကားကိုလည်း ရောက်တတ် ရာရာ ပြောကြပြီး တစ်ခါတစ်ရံ အားရပါရရယ်ကြသည်။
'ဒီမှာဗိုလ်ကြီး၊ ခင်ဗျားနဲ့ ခင်ဗျားရဲ့မိသားစုက အာဖရိကမှာ ဘာလုပ်ကြသလဲ' အဘိုးကြီးက မိုက်ကယ် ဘက်သို့လှည့်ပြီးမေးလိုက်သည်။
'လယ်သမားပါ' မိုက်ကယ်ကဖြေသည်။
'သူများမြေကို ငှားလုပ်တာလား'
'မဟုတ်ပါဘူး'
'ဒါဖြင့်မြေပိုင်ရှင်ပေါ့၊ မိသားစုပိုင်မြေဘယ်လောက်ရှိသလဲ'
'အဲ တော်တော်လေးများပါတယ်၊ မိသားစုအနေနဲ့ ပိုင်တာပါ၊ ကျွန်တော့်အဖေ နဲ့ ကျွန်တော့် ဦးလေးပေါ့'
'ခဗျားဦးလေးက ဟို. . . ဗိုလ်ချုပ်ကြီးဆိုတဲ့လူလား'
'ဟုတ်ပါတယ်၊ ကျွန်တော့်ဦးလေး ရှောင်ကုတ်နေပါ'
'မိသားစုပိုင်မြေက ဟက်တာတစ်ရာလောက်ရှိသလား'
'အဲဒီထက်များပါတယ်'
'ဒါဖြင့်နှစ်ရာလောက်လား'
'စိုက်ခင်းတွေရယ်၊ မွေးမြူရေးခြံတွေရယ်၊ မြောက်ပိုင်းက ကျွန်တော်တို့ပိုင်တဲ့ မြေတစ်ချို့ရယ်ဆို ယင် အားလုံးပေါင်းလိုက်ယင် ဟက်တာ ၄၀၀၀ လောက်ရှိပါတယ်'
'ဟတ်တာ ၄၀၀၀ . . . ဟုတ်လား' အဘိုးကြီး မျက်လုံးပြူးသွားသည်။
'ဟုတ်ပါတယ်ခင်ဗျာ'
'ညီအစ်ကိုမောင်နှမ ကော အတော်များမှာပေါ့'
'မရှိပါဘူး၊ ကျွန်တော်က တစ်ဦးတည်းသားပါ'
အဘိုးကြီးခေါင်းထဲတွင် စိတ်ကူများဝင်လာသည်။ မိုက်ကယ်သည် မြေဟက်တာ ၄၀၀၀ ကို အမွေ ဆက်ခံရမည့် တစ်ဦးတည်းသော သားပါကလား။ ပြီးတော့ သူက အာဖရိကဖွား အသားဖြူ။ မိမိသမီးက ပြင်သစ်သူ။ နတ်ရေးတဲ့ရွှေဖူးစာများဖြစ်နေရောလားမသိ။ အဘိုးကြီးက ၀ိုင်တစ်ခွက် သောက်ပြီးပြောလိုက် သည်။
'စင်တိန်။ ဗိုလ်ကြီး ကို ပြောင်းတိုသေနတ်ပေးလိုက်ကွာ၊ ပြီးတော့ သူ့ကိုနေရာလိုက်ပြလိုက်၊ သူခိုးတွေ ပစ်ပေးလိမ့်မယ်၊ သမီး ကလဲ အင်ဥလိုက်ရှာချေ။ တို့တစ်တွေ ညနေစာအတူတူ စားကြတာပေါ့'
စင်တိန် က အားရ၀မ်းသာ လက်ခုပ်တီးလိုက်သည်။ အန် က အဘိုးကြီးအား မကျေမနပ် လှမ်းကြည့် လိုက်သည်။
'အန် လဲ သမီးရဲ့အထိန်းတော်ကြီးအဖြစ် လိုက်သွားလေ'
မီးဖိုခန်း နံရံမှစင်ပေါ်တွင် တင်ထားသော ပြောင်းတိုသေနတ်ကို စင်တိန်က လှမ်းယူလိုက်ပြီး မိုက်ကယ် အား ပေးလိုက်သည်။ မိုက်ကယ်က နှစ်လုံးပြူးသေနတ်ပြောင်းများနှင့် မောင်းခလုတ်များကို အသေအချာ စစ်ဆေးကြည်ရူပြီး ပခုံးတွင် သေနတ်ဒင်ကို ထောင်ကာချိန်ကြည့်ပြန်သည်။
'သေနတ်က သိပ်ကောင်းတယ်'
မိုက်ကယ် က မှတ်ချက်ချလိုက်သည်။ အဘွားကြီးအန် က ကျည်ဆန်များထည့်ထားသော ပတ္တူအိတ် တစ်လုံး ကို လှမ်းပေးသည်။
'ခိုပစ်ဖို့နေရာကောင်း ကျွန်မလိုက်ပြမယ်၊ ခုလိုနေ့ခင်းပိုင်းဆိုယင် ခိုတွေ သစ်တောဘက်ကို ပြန် လာကြတယ်'
စင်တိန်က ရှေ့မှဦးဆောင်ပြီး မိုက်ကယ်နှင့်အန်တို့အား သစ်တောအစပ်ဆီသို့ခေါ်သွားသည်။ လေယာဉ်မှူး တို့၏ အမှတ်အသားဖြစ်သော တီပုံသဏ္ဌာန် သစ်တောအစပ်ဆီသို့ ရောက်သွားသည်။
'ခိုတွေ ကွင်းပြင်ဘက်ကနေ ဒီတောထဲကို ပြန်လာလေ့ရှိတယ်၊ ဒီကပဲစောင့်ကြတာပေါ့' စင်တိန်က ပြော လိုက်သည်။
မြောက်ဘက်ကောင်းကင်သို့ သူတို့မျှော်ကြည့်လိုက်ကြသည်။ မိုသားတိမ်လိပ်များက တရွေ့ရွေ့ တက် လာနေရာ မကြာခင် မိုးရွာတော့မည့်ဟန်ပင် ဖြစ်သည်။ မိုးသားတိမ်လိပ်များနှင့်အတူ ခိုများပျံသန်း လာနေသော အညိုရောင် အစက်အပြာက် သေးသေးမှုန်မှုန်လေးများကို လေ့ကျင့်ထားသဖြင့် ကျင့်သားရ နေ သော မိုက်ကယ်မျက်စိ များက လှမ်းမြင်ရသည်။
'ဟိုမှာ ခိုတွေလာနေပြီ' မိုက်ကယ်က ပြောသည်။
'ကျွန်မတော့ မမြင်ဘူး၊ အဲ . . . တွေ့ပြီ တွေ့ပြီ၊ အခုမှတွေ့တယ်' စင်တိန်က ပြောသည်။
အုပ်စု့ဖွဲ ပျံသန်းလာကြသော ခိုများ၏ပျံသန်းနှုန်းက လျင်မြန်လှသည်။ သို့ရာတွင် တောစပ်သို့ ရောက်သော အခါ အောက်ဘက် သစ်ပင်အုပ်များဆီသို့ တဖြည်ဖြည်းချင်း နိမ့်ဆင်းလာကြသည်။ ထိုအနေ အထား သည် လက်ဖြောင့်လေသူရဲတစ်ဦးအဖို့ အလွန်ပင် ပစ်ခတ်ရလွယ်သော ပစ်မှတ်များဖြစ်သည်။
မိုက်ကယ်သည် ခိုအုပ်ဆီသို့ သေနတ်ပြောင်းဝကို လှမ်းချိန်လိုက်သည်။ ပျံသန်းလာနေသော ခိုများ အနက် ခိုနှစ်ကောင် တစ်ကောင်အပေါ် တစ်ကောင်ထပ်မိပြီး ပစ်မှတ်တစ်ခုတည်း ဖြစ်သွားချိန်တွင် နှလုံးပြူးမှ ပထမမောင်းခလုတ်ကို ဆွဲညှစ်လိုက်သည်။ ကျည်တစ်တောင့်တည်းဖြင့် ခိုနှစ်ကောင်ကိုမှန်ပြီး ကျလာသည်။ အခြားခိုများများက လန့်ဖျပ်ပြီး ဦးတည်ရာ ပျံသန်းချိန်တွင် မိုက်ကယ်က နောက်ထပ် တစ်ကောင် ကို ချိန်ပြီးကျန်ကျည်တစ်တောင့်ဖြင့် ပစ်လိုက်သည်။
သေနတ်မှန်ပြီးကျလာသော ခိုများကို ကောက်ယူရန် စင်တိန်နှင့်အန်က ကွင်းပြင်ထဲသို့ ပြေးထွက် သွားကြသည်။ ခိုများကို ကောက်ယူပြီး မိုက်ကယ်ဆီပြန်လာကြသည်။
'နှစ်ချက်ပစ်တာ သုံးကောင်တောင်ကျတယ်'
စင်တိန် က မိုက်ကယ်ဘေးတွင်ရပ်ကာ ခိုအသေကောင်လေးများကိုပြရင်း ပြောလိုက်သည်။
'ဒါကတော့ ကံစွပ်ပြီး မတောတဆ ထိတာပါအေ၊ ပျံနေတဲ့ အချိန်သာမဟုတ်ယင် တစ်ချက်တည်းနဲ့ နှစ်ကောင် ဘယ်လိုမှမရနိုင်ပါဘူး' အန်က အထင်မကြီးသည့်လေသံဖြင့် ပြောသည်။
နောက်ထပ်ခိုတစ်အုပ် ပျံသန်းလာပြန်သည်။ ပထမ ခိုအုပ်ထက်ပိုကြီးသည်။ မိုက်ကယ် ပထမ တစ်ချက် ပစ်လိုက်ရာ သုံးကောင်ကျလာသည်။ ဒုတိယတစ်ချက်တွင် တစ်ကောင်ကျသဖြင့် စုစုပေါင်း လေးကောင်ထပ်ရသည်။
'ဟော . . . နောက်ထပ် ကံစွပ်ပြန်ပြီ၊ ဒီနေ့တာ့ တို့ဗိုလ်ကြီးဘာကံကောင်းသလဲမမေးနဲ့ဆိုသလို ဖြစ်နေပြီ' စင်တိန် က ၀မ်းသာအားရ ပြောလိုက်သည်။
နောက်ထပ် နာရီဝက်အတွင် ခိုအုပ်နှစ်အုပ် ပျံသန်းလာကြပြန်သည်။ စင်တိန်က မိုက်ကယ်အား အလေး အနက် မေးလိုက်သည်။
'ရှင် ပစ်ယင်ဘယ်တော့မှမလွဲဘူးလား'
'ကောင်းကင်မှာ ပစ်တဲ့အခါ လွဲသွားယင်ကိုယ်သေမှာပေါ့၊ အခုအထိတော့ တစ်ခါမှမလွဲသေးဘူး၊ ဒါကြောင့် ခုအထိ အသက်ရှင်နေတာပဲလေ'
သေသည်ဟူသောစကားကြားလိုက်ရသဖြင့် စင်တိန်တုန်လှုပ်သွားသည်။ စစ်၏အနိဋ္ဌာန်ရုံဖြစ်သော သေခြင်းတရားက သူတို့ဘေးတွင် ၀ိုင်းဝိုင်းလည်နေရာ စင်တိန် အားငယ်မိသည်။ သူ မသေပါစေနဲ့ဟု မိုက်ကယ်အတွက် စိတ်ထဲက ကျိတ်ဆုတောင်မိသည်။
ထိုအချိန်တွင် မိုးဖွဲလေး စရွာလာသည်။
'လာ ဟိုစပါးကျီအရောက်ပြေးကြစို့'
စင်တိန်က ပြေပြောဆိုဆိုနှင့် ခိုသေကောင်များကို ဆွဲပြီးရှေ့မှစပြေးသည်။ မိုက်ကယ်နှင့်အန်က နောက်မှလိုက်ကြသည်။ သူတို့ပြေးနေခိုက်တွင်ပင် မိုးက ပိုသည်းလာသည်။ စင်တိန်က ကျီသို့ အလျင်ဆုံး ရောက်သွားပြီး မိုက်ကယ် က မရှေးမနှောင်းရောက်သွားသည်။ အန်ကနောက်မှ ကျန်နေခဲ့သည်။
မိုးရေစိုသွားသဖြင့် စင်တိန့် ဘလောက်စ်အင်္ကျီက အသားတွင် ကပ်သွားရာ သူမ၏လုံးကျင်ပြည့် ၀န်းသော ကိုယ်ခန္ဓာအပေါ်ပိုင်း အလှကို မိုက်ကယ်မြင်လိုက်ရသဖြင့် ရင်ဖိုသွားသည်။ အသက်ရှူမှားမတ် ဖြစ်သွားသည်။ စင်တိန်က စကတ်ပေါ်မှ မိုးစက်များကို ခါချရင်း မိုက်ကယ်အား ကြည့်ပြီးရယ်နေသည်။ မိုက်ယ်၏ငေားကည့်နေသော မျက်လုံးအစုံမှ လွှဲဖယ်ရန် မကြိုးစားပါချေ။
စပါးကျီ မှာ အုတ်များဖြင့်ကာရံပြီး သက်ငယ်မိုးထားသည်။ ကျီတစ်ဝက်ခန့်တွင် ကောက်ရိုးတုံးများ က အမိုးနား အထိအပြည့်အသိပ်ထည့်ထားသည်။
'တို့တော့ ဒီမှာပဲစောင်နေရဦးတော့မှာပဲ'
နောက်မှ ရောက်လာသော အန်က မိုးရေစက်များကို ခါချရင်း ပြောလိုက်သည်။
'လာအန်၊ ခိုတွေအမွေးနှုတ်လိုက်ရအောင်'
ကောက်ရိုးတုံးများပေါ်တွင် သူတို့ ထိုင်လိုက်ကြပြီး ခိုများကို အမွေးနှုတ်ကြသည်။ စင်တိန်နှင့်မိုက် ကယ် က ပခုံးချင်းထိလုနီးပါး အထိနီးနီးကပ်ကျပ် ရှိနေကြသည်။
'ကျွန်မ ကို အာဖရိကတိုက်အကြောင်း ပြောပြစမ်းပါဦး၊ အဲဒီမှာ တကယ်ပဲ မှောင်အတိဖုံးနေတာပဲ လားဟင်' စင်တိန်ကပေးသည်။
' အာဖရိကတိုက် ဟာ ကမ္ဘာပေါ်မှာနေရောင်အတောက်ဆုံးမြေပါ၊ နေရောင်သိပ်ရတဲ့နေရာပါ' မိုက်ကယ် ကပြောသည်။
' ကျွန်မ နေေ၇ာင်ခြည်ကိုချစ်တယ်၊ အအေးဓာတ်နဲ့ စိုစွတ်ထိုင်းမှိုင်းတာကို မုန်းတယ်၊ ကျွန်မအဖို့ ဘယ်တုန်း ကမှ နေရောင်ခြည်ကို များများမရခဲ့ပါဘူးရှင်'
မိုက်ကယ်က စင်တိန်အား လုံးဝမိုးမရွာသည့် သဲကန္တာရများအကြောင်း ပြောပြသည်။
'အာဖရိကမှာ ကပ္ပလီ အသားမည်း လူရိုင်းတွေပဲ ရှိမယ်လို့ကျွန်မကထင်တာ'
'မဟုတ်ပါဘူး၊ အသားဖြူ လူရမ်းကားတွေ အများအပြားရှိသလို လူမည်းလူကြီးလူကောင်းတွေလဲ အများကြီး ရှိပါတယ်၊ အိုင်တန် သစ်တောတွေထဲမှာဆိုယင် အသားဝါ ပစ်ဂမီလူတွေလေ တွေရှိတယ်၊ သူတို့ အရပ်က ကျွန်တော်တိုကခါးလောက်ပဲရှိတယ်၊ ၀မ်တူစီဆိုတဲ့ လူထွားကြီးတွေလဲ ရှိသေးတယ်၊ အရပ် ခြောက်ပေလောက်ရှိတဲ့ လူဆိုယင် သူတို့က လူပုတွေလို့ သဘောထားတာ၊ အဲဒီမြင့်မြတ်တဲ့ ဇူးလူး စစ်သည်တော် တွေက သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံ၏သားသမီးများလို့ခေါ်ကြတယ်'
'ဟုတ်တယ်၊ ဇူးလူးတချို့ကို ကျွန်တော်ချစ်တယ်၊ ဥပမာအမ်ဘီဂျိန်းဗျာ'
'အမ်ဘီဂျိန်း . . .ဟုတ်လား'
'ဟုတ်တယ်၊ သူကဇူးလူအမျိုးသားလေ၊ ကျွန်တော့်ဦးလေးရှောင်နဲ့ငယ်ငယ်တည်းက အတူတွဲလာ ကြတာ'
'ကျွန်မကို တိရစ္ဆာန်တွေအကြောင်း ပြောပြစမ်းပါဦး။ ခြင်္သေ့တွေ ကျားတွေအကြောင်းပေါ့'
စင်တိန်က မိုက်ကယ့်အသံကို အဆက်မပြတ် ကြားနေချင်သဖြင့် ထပ်မေးလိုက်သည်။
'ကျာတော့မရှိဘူး၊ ဒါပေမယ့် ခြင်္သေ့တွေတော့အများကြီးရှိတယ်'
မိုက်ကယ်က သူနှင့်သူ့ဦးလေးတို့ တောပစ်ထွက်၍ ညဘက်စခန်းချချိန်တွင် ခြင်္သေ့များဝိုင်းလာပုံ ကို ပြောပြသည်။ ငှက်မွှေးနှုတ်ရင် အလုပ်များနေသော အန်ပင် စိတ်ဝင်တစားနားထောင်နေသည်။
'ဆင်တွေအကြောင်းပြောပြစမ်းပါဦးရှင်'
မိုက်ကယ်က ဆင်တို့၏ သဘောသဘာဝနှင့် အာဖရိကမှ ဆင်အုပ်များအကြောင်းကို ပြောပြသည်။
'ကဲ မိုစဲသွာပြီ'
အန်ကပြေလိုက်ပြီး အမွေနှုတ်ထားသောခိုများကို ကောက်ယူနေသည်။ စင်တိန်ကမူ မိုက်ကယ်အား သူမ၏တောက်ပသော မဟူရာမျက်ဝန်းအစုံဖြင့် ရွှန်းရွှန်း စားစားကြီးကြည့်နေသည်။
'တစ်နေ့ကျယင် ကျွန်မအာဖရိကကိုသွားမယ်'
စင်တိန်က တိုးတိုးညင်းညင်လေးပြောသည်။ မိုက်ကယ်က သူမကိုပြန်လည်စိုက်ကြည့်ပြီး ခေါင်းညိတ်ပြ လိုက်သည်။
'ဟုတ်တယ်၊ တစ်နေကျယင်ပေါ့' မိုက်ကယ်ကပြန်ပြောသည်။ သူတို့နှစ်ဦး ရင်ထဲကအသိချင်း ဖလှယ် ကာ ကတိပြုလိုက်ကြသည့်အလားပင် ဖြစ်သည်။ သူတို့ရင်ထဲတွင် နားလည်မှုများ အခိုင်အမာ စွဲငြိ သွားကြသည်။ ထိုအချိန်တွင်ပင် စင်တိန်သည် မိုက်ကယ်၏ချစ်သူဖြစ်သွားသလို မိုက်ကယ်သည်လည်း စင်တိန် ၏ ချစ်သူဖြစ်သွားသည်။
'လာကြ . . . လာကြ၊ နောက်ထပ်မိုးမရွာခင်သွားကြရအောင်' အန်ကပြောပြောဆိုဆိုနှင့် ရှေ့မှထွက် သွားသည်။
မိုက်ကယ်နှင့် စင်တိန်က နေရာမှ မထချင်ထချင်ဖြင့် ထပြီးနောက်မှ လိုက်သွားသည်။ မနက်က ထွက်သွားသော လေယာဉ်များ ပြန်လာနေကြပြီကို သူတို့ခေါင်းပေါ်တွင်တွေ့ရသည်။ ရှေ့ဆုံးမှ လေယာဉ် မှာ အင်ဒရူး၏ အစိမ်းရောင်လေယာဉ်ဖြစ်သည်။ သူ့နောက်မှ လေယာဉ်ငါးစင်းပါလာသည်။ ပစ်ခတ် ခံထားရသော ဒဏ်ရာဒဏ်ချက်များ လေယာဉ် များတွင်မွနေသည်။
'ဒီနေ့တိုက်ပွဲပြင်းထန်တဲ့ပုံပဲ' မိုက်ကယ်ကပြောသည်။
'ဒီနေ့ လေယာဉ်တချို့ တိုက်ပွဲမှာကျခဲ့တယ်ထင်တယ်'
စင်တိန် က တိုးတိုးမေးလိုက်သည်။ မိုက်ကယ်ကမဖြေ။
'ရှင် နက်ဖြန်သူတို့နဲ့တိုက်ပွဲဝင်ရမယ်လား'
'နက်ဖြန်တော့ မသွားရသေးပါဘူး'
'ဒါဖြင့် နောက်တစ်နေ၊ ဒါမှမဟုတ်နောက်တစ်ရက်ရက်တော့ ရှင်တိုက်ပွဲထွက်ရမှာပဲမဟုတ်လား'
မိုက်ကယ် က ဘာမှပြန်မဖြေဘဲနေလိုက်ပြန်သည်။
'မိုက်ကယ် . .. မိုက်ကယ်၊ ရှင်နဲ့ကျွန်မ နှစ်ယောက်တည်းတွေ့မှဖြစ်မယ်၊ ကျွန်မတို့အတွက် နောက်ထပ် အခွင့်အလမ်း ပေးလာစရာ မရှိနိုင်တော့ဘူး။ ကျွန်မတို့ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့အချိန်ပိုင်းကလေး မှာ နောက်ဆုံး အနေနဲ့ အတူတူနေသွားကြရအောင်နော်'
စင်တိန်က တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်သော စကားများမှာ မိုက်ကယ်နှလုံးသားကို ဆုပ်ကိုင် ခြေမွ လိုက်ဘိ သကဲ့သို့ ရှိသည်။ မိုက်ကယ် ဘာမျှပြန်မပြောနိုင်။ စင်တိန်က ခပ်တိုးတိုးပြောလာသည်။
'စပါးကျီထဲကိုလာခဲ့'
'ဘယ်တော့လဲ'
'ဒီညပဲ၊ သန်းခေါင်မတိုင်ခင်လာခဲ့၊ ကျွန်မ လူကြီးတွေလစ်တာနဲ့ ထွက်လာခဲ့မယ်၊ သိပ်အေးလိမ့်မယ်။ စောင်တစ်ထည်ယူခဲ့'
စင်တိန်က မိုက်ကယ်ကို စိုက်ကြည့်ပြီးပြောလိုက်သည်။ ထို့နောက် ရှေ့မှအန်ကို မီအောင် အပြေး လိုက်သွားသည်။ မိုက်ကယ်က မယုံကြည်နိုင်သည့် အကြည့်ဖြင့် လှမ်းကြည့်ရင်း နောက်မှလိုက် သွားသည်။
ထိုနေ့ညနေပိုင်းတွင် မြို့စားကြီးမိသားစုက မိုက်ကယ်အား ခိုသားဟင်းဖြင့် ညစာတည်ခင်းကျွေး မွေးသည်။ ညစာစားပြီး အမှောင်ပျိုစချိန်တွင် မိုက်ကယ်သည် သူ့တပ်စခန်းသို့ ပြန်လာခဲ့သည်။
စင်တိန် သည် သူတို့၏ ကျေးလက်စံအိမ်အိုကြီးမှ သူမ၏အိပ်ခန်းထဲ၌ ညအမှောင်ထုထဲတွင် လဲလျောင်း နေရင်း အသံဗလံများကို နားစွင့်သည်။
စင်တိန်အဖိုက အပ်ချင်ပြီးသမ်းဝေလာသော်လည်း အိပ်ပျော်မသွားရအောင် မျက်စိကိုအတင်းပြူး မြဲထားရသည်။ မော့ဟုမ်းဘုရားရှိခိုးကျောင်းမှ နာရီထိုးသံ ဆယ်ချက်ကို ကြားလိုက်ရသည်။ စင်တိန်သည် မိမိဘေးဘက် အခန်းထဲမှ အဘွားကြီးအန် အိပ်ပျော်သည်အထိ စောင့်ခဲ့ရသည်။ ယခုတော့ အန်အိပ်ပျော် သွားချေပြီ။
စင်တိန်သည် အိပ်ရာပေါ်မှ အသာလျှောဆင်းလိုက်ပြီး အတွင်းခံကို ကောက်ဝတ်လိုက်သည်။ ထို့နောက် မြင်းစီးစကတ်အထူနှင့် ဂျာကင်ကို ထပ်ဝတ်လိုက်ပြီး အနက်ရောင်ရှောစောင်တစ်ထည်ကို ခေါင်းပေါ်မှ အုပ်ပြီး လည်ပင်းတွင်ပတ်လိုက်သည်။ ထို့နောက် ဖိနပ်ကို လက်ကကိုင်ပြီး အခန်းထဲမှ ခြေဖွနင်းပြီး ထွက်သွားသည်။ အန့်အခန်ရှေ့ရောက်သောအခါ အသာရပ်ပြီး နားစွင့်လိုက်သည်။ အဘွားကြီး ၏ ဟောက်သံသဲ့သဲ့ကိုကြားလိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။
မီးဖိုခန်းထဲသို့ စင်တိန်ဆင်းလာသည်။ ခွေးခြေပေါ်တွင်ထိုင်လိုက်ပြီး မြင်းစီးဖိနပ်ကို စီးလိုက်သည်။ ထို့နောက် မီးဖိုမှ မီးတောက်ဖြင့် လက်ဆွဲမှန်အိမ်ကို ထွန်းလိုက်သည်။ မီးဖိုခန်းတံခါးကို ဖွင့်ပြီးအပြင်သို့ ထွက်လိုက်သည်။ လကွေးကွေးလေးက ကောင်းကင်၌တွဲခိုနေသည်။ တရိပ်ရိပ်ပြေးလွှားနေသော မိုးတိမ်များ ကြားမှနေ၍ လရောင်ကဖြာဆင်းနေသည်။
စင်တိန်သည် လက်ဆွဲမီးအိမ်ကို မီးဇာမမြှင့်ဘဲ မှိန်ထားသည်။ လရောင်ပျပျကို အားကိုးပြီး ခြေသံလုံ စေရန် အတွက်လည်း မြက်ခင်းပေါ်မှရွေးပြီး လျှောက်သွားသည်။ ထိုစဉ်မှာပင် မြောက်ဘက် တောတန်း အစပ်မှ ၀င်းခနဲ လက်သွားသော မီးရောင်ကို လှမ်းမြင်လိုက်ရပြီး ပေါက်ကွဲသံကို လည်း ခပ်သဲ့သဲ ကြား လိုက်ရသည်။ သွားနေရာမှ ခေတ္တ၇ပ်ပြီး အရိပ်အခြည်ကို အကဲခတ်လိုက်သည်။ ပတ်ဝန်းကျင်၌ ပကတိ တိတ်ဆိတ်ငြိမ်သက် နေသဖြင့် ရှေ့ဆက်လှမ်းလိုက်သည်။
နောက်ဆုံးတွင် သူမရှေ့တည့်တည့်၌ စပါးကျီကြီးက ဘွားခနဲပေါ်လာသည်။ အထဲတွင် မီးရောင်လုံးဝမရှိ၊ မော်တော်ဆိုင်ကယ်ကိုလည်း အရပ်အယောင်မှမတွေ့ရပေ။
'သူမလာဘူးထင်တယ်'
စင်တိန်စိတ်ထဲမှ တွေးလိုက်သည်။ မိုက်ကယ်နာမည်ကို အော်ခေါ်လိုက်ချင်သည်။ သို့သော် မျိုသိပ် လိုက်ပြီး စပါးကျီ၏ အ၀င်အ၀အထိ သွားလိုက်သည်။
'မိုက်ကယ် . . . မိုက်ကယ်'
စပ်တိန် မအောင့်နိုင်တော့ဘဲ ခပ်တိုးတိုး အော်ခေါ်လိုက်သည်။ မီးအိမ်မှ မီးဇာကိုလည်း မြှင့်လိုက် သည်။
စပါးကျီထဲရှိ အမှောင်ရိပ်ထဲမှ နေ၍ သူထွက်လာပြီး စင်တိန်ဆီသို့ လျှောက်လာသည်။ အရပ်ရှည်ရှည်၊ ပခုံးကျယ်ကျယ် နှင့် ဖြူရော်ရော် မျက်နှာတို့မှာ စင်တိန် ၏ လက်ဆွဲမီးရောင်ဖြင့် ထင်ဟပ် သွားသည်။
'ရှင်မလာတော့ဘူးလိုက ကျွန်မထင်နေတာ'
'သိကြာမင်းဆင်းတားတောင်မရဘူး၊ လာမှာပဲ'
သူတို့မျက်နှာချင်းဆိုင်ရင်ပြီး တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ ရှေ့ဆက်ဘာ လုပ်ရမည်မှန်း မသိနိုင်ကြဘဲဖြစ်နေသည်။ တစ်ဦးနှင့်တစ်ဦး လက်မ အနည်းငယ်မျှသာ ကွာဝေးတော့သော် လည်းမည်သို့ဆက်စပ်ပေါင်းကူးရမှန်းမသိဘဲ ရှိနေသည်။
'မင်းဒီကိုလာတာ ဘယ်သူမှမမြင်ဘူးလား'
မိုက်ကယ်ကမေးသည်။
'မမြင်ဘူးလို့ထင်တာပဲ'
'ကောင်းတယ်'
'မိုက်ကယ်. . . '
'ဘာလဲဟင် စင်တိန်'
'ကျွန်မ မလာသင့်ဘူးထင်တယ်၊ ပြန်ယင်ကောင်းမလားလို့'
မိုက်ကယ်ကရှေ့ တိုးလာပြီး စင်တိန်၏ လက်မောင်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်သည်။
'ဟင့်အင်း . . . ဟင့်အင်း၊ မင်းမသွားရဘူး၊ မင်းကို ငါ့အနားက တစ်ဖ၀ါးမှ မခွာစေချင်ဘူး'
စင်တိန်က ခစ်ခနဲရယ်လိုက်သည်။ မိုက်ကယ်က သူမအား ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ပြီး နမ်းလိုက် သည်။ မိုက်ကယ် အဖို့ ပန်းသီးမှည့်မှည့်ကလေး စားလိုက်ရသလို ချိုမြိန်သွားသည်။ စင်တိန့်ခေါင်းပေါ်တွင် ပတ် ထားသော သိုးမွေး ရှောစောင်လေးက သူတို့နှစ်ဦးစလုံး၏မျက်နှာပေါ်သို့ကျလာပြီး အသက်ရှူ ကျပ် သွား စေသဖြင့် လူချင်းခွာလိုက်သည်။ ထို့နောက်နှစ်ဦးသား ရယ်လိုက်ကြသည်။
'မောင့်ကြယ်သီးတွေကလေ သူများကို သိပ်နာတာပဲ၊ ပြီးတော့. . . သူများချမ်းလာပြီ' စင်တိန်က ခမ်တိုးတိုး ပြောလိုက်သည်။
'မောင်သတိလစ်သွားတယ်၊ တောင်းပန်ပါတယ်ကွာ'
မိုက်ကယ်က စင်တိန့်လက်ထဲမှ မီးအိမ်ကို လှမ်းယူလိုက်ပြီး စပါးကျီနောက်ပိုင်းသို့ ခေါ်သွားသည်။ ထိုနေရာတွင်ကောက်ရိုးထုံးများအပေါ်၌ ပြန့်ပြူး ညီညာအောင်လုပ်ထားသော ကောက်ရိုးအခင်းပေါ်သို့ တက်လိုက်သည်။ ဘေးဘက်တွင်လည်း ကောက်ရိုးထုံးများကာထားပြီး အပေါ်မှ စစ်စောင်များဖြင့် ထပ်မံ ကာရံ ထားသည်ကို မီးရောင်ဖြင့် စင်တိန်မြင်ရသည်။ မိုက်ကယ်သည် ကောက်ရိုးခင်း၊ ကောက်ရိုးကား ဖြင့် တူနှစ်ကိုယ် ကောက်ရိုးပေါ်မှာနေရ၊ ချစ်တာချစ်တာပဓာနဆိုသည့်အတိုင်း စီစဉ်ထားသဖြင့် စင်တိန်ပြုံး မိသည်။
'တပ်စခန်းတစ်ခေါက်ပြန်ပြီး စောင်တွေသွားယူခဲ့တာ' မိုက်ကယ်က မီးအိမ်ကိုအောက်သို့ ဂရုတစိုက် ချရင်း ရှင်းပြသည်။ ထိုကနောက်စင်တိန်ဘက်လှည့်ကြည့်လိုက်သည်။
မိုက်ကယ်က သူ့ခါးတွင်ပတ်ထားသော ဆမ်ဘရောင်းခါးပတ်ကိုချွတ်ပြီး ဘေးသို့လွှင့်ပစ်လိုက် သည်။ ထို့နောက် စင်တိန်အားလှမ်းဖက်လိုက်ပြီး နမ်းပြန်သည်။
စင်တိန်က မိုက်ကယ်ကိုနမ်းလိုက်ပြီး သူ့မျက်နှာနှင့်ဆံပင်များကို သူမလက်ဖြင့် ပွတ်သပ်ဆော့ ကစား လိုက်သည်။
မီးလင်းနေတယ်
မိုက်ကယ် က မိးအိပ်ဆီသို့လက်ကို လှမ်းလိုက်ရင်းပြောသည်။ နေပါစေ မောင့်မျက်နှာကို ဒီက အမြဲတမ်း မြင်နေချင်တာ စင်တိန်က မိုက်ကယ့်လက်ကို လှမ်းဆွဲရင်းပြောလိုက်သည်။ မိုက်ကယ်နှင့်စင်တိန်တို့ ချစ်သူနှစ်ဦး အဖို့ ချစ်ကမ္ဘာလေးကို တမေ့တမော ဆက်လက်တည်ဆောက်ကြသည်။ အချစ်ကမ္ဘာ၏ အမြင့်ဆုံး အထွက်အထိပ်အဆင့်သို့ နှစ်ဦးသား စိတ်တူကိုယ်တူ ကြည်ကြည်ဖြူဖြူ တက်လှမ်း ရောက်ရှိ သွား ခဲ့ကြသည်။
မိုက်ကယ် ကျွန်မကိုချစ်သေးရဲ့လာဟင် ချစ်တယ်လို့ပြောစမ်းပါဦး'
စင်တိန် က မောဟိုက်နွမ်းလျသံကလေးဖြင့် မေးလိုက်သည်။ 'မောင့်အသက်ထက်တောင် မင်းကိုပိုချစ်သေး တယ်ကွယ်' မိုက်ကယ်အဖို့ မောမောနှင့် အိပ်ပျော်တော့မလို့ ဖြစ်သွားရာ စင်တိန်က ကမန်းကတန်းနှိုး လိုက်ပြန်သည်။
'ထစမ်းပါ မိုက်ကယ်၊ ထ . . . ထ . . . မောင်မအိပ်ရဘူး၊ ကျွန်မကို စကားတွေပြောစမ်းပါ'
စင်တိန်က မိုက်ကယ်ကို ညင်ညင်သာသာလှုပ်နှိုးလိုက်သည်။
'ဘာအကြောင်းပြောရမှာလဲ'
'ဘာပဲဖြစ်ဖြစ်ပေါ့၊ အာဖရိကအကြောင်း ပြောစမ်းပါဦး၊ ကျွန်မတို့နှစ်ယောက် အာဖရိကကို ဘယ်လိုသွား မယ်ဆိုတာပေါ့လေ'
'မောင် ပြောပြထားပြီးသားပဲ'
'ထပ်ပြောစမ်းပါဦး၊ ကျွန်မထပ်ပြီး ကြားချင်သေးတယ်'
စင်တိန်သည် မိုက်ကယ့်ရင်ခွင်ထဲ၌မှေးမှီပြီး မိုက်ကယ်ပြောပြသမျှကို စိတ်ဝင်တစားနားထောင်နေသည်။ မရှင်းသည့်နေရာများတွင် မေးခွန်းများမေးလိုက်သေးသည်။
'မောင့်အဖေအကြောင်း ပြောပြစမ်းပါဦး၊ သူ့ပုံပန်းသဏ္ဌာန် ဘယ်လိုရှိတယ်ဆိုတာ ကျွန်မ မသိရ သေးပါဘူး'
ချစ်သူနှစ်ဦး ချစ်ရည်လူးကာ မိုးမဆုံးမြေမဆုံးစကားများပြောနေကြသဖြင့် အချိန်များကုန်မှန်းမသိ ကုန်ဆုံး သွားသည်။ အမြောက်သံ၊ စိန်ပြေင်းသံများ ထပ်မံပေါ်လာပြီး နေ့သစ်တစ်နေ့အတွက် တိုက်ပွဲကို တာစူ နေကြ ပြန်သည်။
'အို . . . မိုက်ကယ်၊ မောင့်အနားက တစ်ဖ၀ါးမှ မခွာချင်တော့ဘူးကွယ်'
စင်တိန်က ပြောလိုက်သည်။ သို့သော် မဖြစ်နိုင်ပါသေးချေ။ မိုက်ကယ့်ရင်ခွင်ထဲမှခွာလိုက်ပြီး ထိုင် လိုက်သည်။ အ၀တ်အစားများကို ကောက်ဝတ်လိုက်ပြီး ကြယ်သီးများ တပ်လိုက်သည်။
'မောင့်တစ်သက်တာမှာ အထူးခြားအပျော်ရွှင်ဆုံး အချိန်ပါပဲအချစ်ရယ် . . .'
မိမိအား စိုက်ကြည့်နေသော စင်တိန်ကို မိုက်ကယ်ကပြောလိုက်သည်။ စင်တိန်က မဟူရာမျက်လုံးရွဲ့ကြီးမှ မျက်တောင် များ ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးလိုက်ပြန်သည်။
'ကျွန်မ တို့ အာဖရိကသွားမယ်နော၊ သွားမယ်မဟုတ်လားမိုက်ကယ်. . . .'
'တကယ်ကိုသွားမယ်ဆိုတာ မောင်ကတိပေးပါတယ်'
'ရှင့်ရဲ့ကလေးကို အာဖရိကရဲ့ နေရောင်ခြည်အောက်မှာ ကျွန်မမွေးမယ်၊ ပြီးတော့ နတ်သမီး ပုံပြင်တွေထဲက လိုပဲ အဲဒီမှာကျွန်မတို့ ပျော်ရွှင်စွာနေကြမယ် မဟုတ်လား'
မီးအိမ်ကလေးကိုဆွဲပြီး သူတို့နှစ်ယောက် စပါးကျီမှပြန်လာကြသည်။ မြင်းဇောင်းထောင့်ချိုးကွေ့သို့ ရောက်သော အခါ နှုတ်ဆက်အနမ်းနမ်းကြသည်။ ထို့နောက်စင်တိန်က ချာခနဲလှည့်ပြီး အိမ်ဘက်သို့ ပြေး တော့သည်။
'ဘယ်အချိန်ရှိပြီလဲ ဘစ်. . . '
မိုက်ကယ် သည် အိပ်ရာပေါ်တွင် လူးလဲ ထထိုင်လိုက်ရင်မေးလိုက်သည်။
'အတော် နေမြင့်နေပြီ နေတောင်တော်တော်ထွက်နေပြီ ဒါပေမယ့် ဒီနေ့လဲ တိုက်ပွဲဝင်လေယာဉ်မောင်း ထွက်ဖို့ မလိုဘူး မြေပြင်မှာပဲ နားနေရဦးမယ်'
'ကောင်းတယ် ဘစ်၊ ကျွန်တော်လဲ ကောင်းကောင်းနေကောင်းလာပြီ'
'၀မ်းသာတယ် ဆရာ၊ လက်ကဒဏ်ရာရော ဘယ်လိုနေသေးသလဲ'
'လက်လဲ ကောင်းသွားပြီ သိပ်ကိုကောင်းသွားပြီ ပကတိအတိုင်းပဲ'
'ကျွန်တော် ဆရာအိပ်နေတာကို မနှိုးချင်ပါဘူး ပျော်သလောက်ဆက်အိပ်စေချင်ပါတယ် ဒါပေမယ့် ဗိုလ်မှုး က ဆရာ့ကို ခေါ်ခိုင်းလို့ လာနှိုးရတာ၊ ဆရာ့ကို အရေးတကြီးပြစရာရှိလို့တဲ့'
'ဘာများလဲ ဘစ်'
'ဘာကိစ္စဆိုတာ ထုတ်မပြောရဘူးလို့ လော့ဒ်ကီလီဂါရင်က ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ညွှန်ကြား လိုက်ပါတယ်'
'ကဲ ဒါဖြင့်သွားမယ်'
မိုက်ကယ်သည် သူ့ရွက်ထည်တဲထဲမှ ထွက်လာခဲ့ပြီး စားရိပ်သာထဲသို့ ရောက်သွားသည်။ စားရိပ်သာထဲ တွင် လူတစ်ဦးတစ်ယောက်မှ မတွေ့ရသဖြင့် စိတ်ပျက်သွားသည်။ နံနက်စာ စားပြီးသားပန်းကန်များက စားပွဲ ပေါ်တွင် ပြန့်ကျဲနေသည်။ မဂ္ဂဇင်းများ သတင်းစာများကလည်း ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲကျကျန်ခဲ့ သည်။ သူတို့အလျင်စလို ကသောကမျောထွက်သွားကြပုံရသည်။
ထိုအချိန်တွင် ပြတင်းပေါက်မှဝင်လာသော အသံများကို မိုက်ကယ်ကြားလိုက်ရသည်။
ထို့ကြောင့် အသံများ လာရာ သစ်သီးခြံအစပ်ရှိ သစ်ပင်အုပ်များဆီသို့ မိုက်ကယ် ခပ်သုတ်သုတ် ထွက် သွားသည်။
သူတို့၏ လေယာဉ်အုပ်စုတွင် ဖွဲ့စည်းပုံ အင်အားအပြည့်မှာ လေသူရဲ ၂၄ ဦးရှိသည်။ သို့သော် မကြာခင် ကပင် တဖြည်းဖြည်း တိုပွဲ၌ကျဆုံးခဲ့သဖြင့် ယခုအခါ အင်ဒရူးနှင့်မိုက်ကယ်အပါအ၀င် ၁၆ ဦးသာ ကျန်တော့ သည်။သူတို့အပြင် စက်ပြင်ဆရာများ၊ မြေပြင်အမှုထမ်းများ၊ လေယာဉ်ကွင်းကို အကာအကွယ် ပေးနေသည့် လေယာဉ်ပစ် အမြောက်ကိုင်တပ်သားများ၊ စားရိပ်သာမှဝန်ထမ်းများနှင့်အတူ ရဲဘော်များ စသည့် စခန်း တစ်ခုလုံးမှ လူအားလုံး ရောက်နေကြသည်။
သစ်သီးခြံထပ်ရှိ နံပါ (၁) နေရာ၌ ရပ်ထားသောလေယာဉ်တစ်စင်းကို သူတို့ဝိုင်းပတ်ကြည့်ရှု ပြောဆိုနေ ကြသည်။ ရပ်နေသူများ၏ ခေါင်းပေါ်မှနေ၍ လေယာဉ်အပေါ်ပိုင်းကို မိုက်ကယ်လှမ်းပြင်ရသည်။ ဤ လေယာဉ်မျိုး ယခင်က သူမမြင်တွေ့ဖူးချေ။ လေယာဉ်နှုတ်သီးက ရှည်လျားနေသဖြင့် ပိုမိုအားကောင်း မည့် အသွင်လက္ခဏာ ပင် ဖြစ်သည်။ တောင်ပံနှစ်ဖက်၏ ပုံသဏ္ဌာန်ကလည်း လေယာဉ်ကို အလွယ်တကူ ထိန်းသိမ်း မောင်းနှင်ပြီး လိုအပ်သလို လှုပ်ရှားလှည့်ပြောင်းနိုင်မည့် ပုံစံမျိုးဖြစ်သည်။
လေယာဉ်ပတ်လည်တွင် ၀ိုင်းအုံဆူညံ ပြောဆိုနေကြသောလူအုပ်ထဲမှနေ၍ အင်ဒရူးတိုးထွက်လာပြီး မိုက်ကယ်ဆီသို့လျှောက်လာသည်။
'ဟေး . . . ကာလနဂါးကြီး နိုးလာပြီကွ' အင်ဒရူးကအော်ပြောလိုက်သည်။
'အင်ဒရူးဒါအက်စစ်အီး ၅အေတိုက်လေယာဉ်မဟုတ်လား၊ နောက်ဆုံးတော့ တို့လက်ထဲရောက်လာပြီပေါ့ အော်ဟစ် ဆူညံသံ များကို ဖုံးသွားအောင် မိုက်ကယ်က အော်ပြောလိုက်သည်။ အင်ဒရူးက မိုက်ကယ် လက်ကိုဆွဲပြီး လူအုပ်ဆီသို့ခေါ်သွားသည်။ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ရာ မိုက်ကယ် လေယာဉ်အနီးရောက်သွားသည်။ တစ်ချက်လှမ်းအကဲခတ် လိုက်သည်နှင့်ပင် ဤလေယာဉ်သည် ဂျာမန် တို့၏ ဘယ်လိုဘာထရော့စ်ဒီသရီးအက်စ် လေယာဉ်ထက်ပိုကြီး၊ ပိုးလေးပြီး၊ ပိုအကြမ်းခံမည့်ပုံမှန်း ရိပ်စား မိသည်။ အင်ဂျင်ကလည်း ကြီးမားသည်။
'မြင်းအကောင် ၂၀၀ ရှိတယ်' အင်ဒရူးက လေယာသ်စက်ကိုပုတ်ပြရင်း ပြောလိုက်သည်။
'မြင်းကောင်ရေအား ၂၀၀အား ဟုတ်လား၊ ဂျာမန်မာစီးဒီးစက်ထက် ပိုကြီးတာပေါ့' မိုက်ကယ်က ပြန်ပြောရင်း ရှေ့သို့တိုးသွားသည်။ လေယာဉ်ကို မောကြည့်လိုက်ရာ စက်သေနတ် နှစ်လက် တပ်ထားသည် ကို တွေ့ရ သည်။ တိုက်ပွဲဝင်ရန် လုံလောက်သော အားကောင်းသည့် အင်ဂျင်နှင့် သေနတ်နှစ်လက် ပါသည် လေယာဉ် ကို နောက်ဆုံး မိမိတို့ရရှိကြပြီဟု စိတ်ထဲကစွဲမှတ်လိုက်သည်။
အင်ဒရူးက အရက်ထည့်ထားသော သတ္တုဘူးအပြားကလေးကိုအဖုံးဖွင့်လိုက်ပြီး ၀ီစကီ လေးငါးဆယ် စက် ကို အဖုံးဖွင့်လိုက်ပြီး ၀ီစကီ လေးငါးဆယ်စက်ကို လေယာသ်အင်ဂျင်စက်ဖုံးပေါ်သို့ လောင်းချလိုက်သည်။
'အဲဒီ လေယာဉ် နဲ့လေယာဉ်ကိုမောင်းသူအား လုံးကံကောင်းပါစေ'
အင်ဒရူး က ဆုတောင်းလိုက်သည်။ ထို့နောက် အရက်ဘူးကို နှုတ်ခမ်း၌တေ့ပြီးမော့ကာ တစ်ငုံ ငုံ လိုက်သည် သူငုံပြီးသောအခါ မိုက်ကယ်အား လှမ်းပေးလိုက်သည်။
'ခင်ဗျား ဒီလေယာဉ်ကို မောင်ယူလာတာလား'
မိုက်ကယ် က အင်ဒရူးကို မေးလိုက်သည်။ သတ္တုဘူးထဲမှ ၀ီစကီကို တစ်ငုံငုံလိုက်ပြီး အနီးဆုံးရှိ အရာရှိ တစ်ယောက် ကို လှမ်းပေးလိုက်သည်။
'အေရက်စ်ကနေ ဒီကို ငါကိုယ်တိုင်မောင်းမလာလို့။ ဘယ်သူကများမောင်းလာဦးမှာလဲ' အင်ဒရူးက ပြန် ပြောသည်။
'မောင်းရတာ ဘယ်လိုနေသလဲ'
'အဘာဒင်မှာ ငါတွေ့ခဲ့တဲ့ ကောင်မလေးတစ်ယောက်လိုပဲ၊ အတက်မြန်တယ်၊ အဆင်းမြန်တယ်၊ နူးညံ့ သိမ်မွေ့ တယ်၊ မောင်းလို့ကောင်းတယ်၊ ချစ်ဖို့ကောင်းတယ်'
အင်ဒရူးစကားကြောင့် အားလုံးက၀ိုင်းရယ်ကြပြီး အော်ဟစ်နောင်ပြောင်နေကြသည်။
'ကျွန်တော်တို့ ဘယ်တော့မောင်းခွင့်ရမှာလဲ' တစ်ယောက်က လှမ်းအော်မေးလိုက်သည်။
'၀ါကြီးစဉ်ငယ်အလိုက် မောင်းသွားရမယ်၊ ဗိုလ်ကြီးမိုက်ကယ် ကုတ်နေလေယာဉ်မောင်းနိုင်ပြီလား' အင်ဒရူး က အမေးကိုဖြေရင် မိုက်ကယ်အား တစ်ဆက်တည်းမေးလိုက်သည်။
'ဘစ် . . . ကျွန်တော်ရဲ့ လေယာဉ်မောင်းဝတ်စုံ ဘယ်မှာလဲ' မိုက်ကယ်က သူ၏အကူရဲဘော်အား အော်ပြီး မေးလိုက်သည်။ ဆရာ့အတွက် လိုလိမ့်မည်ထင်လို့ ကျွန်တော်အသင့်ယူလာပါတယ်' ဘစ်ကအင်္ကျီကို ထုတ်ပြီး သူ့ဆရာမိုက်ကယ်အား ၀တ်ပေးလိုက်သည်။
မိုက်ကယ်သည် လေယာဉ်ပေါ်တက်ပြီး ရွံ့ထူသော ပြေးလမ်းအတိုင်း မောင်နှင်ကာ ကောင်းကင်သို့ ထောင်တက် သွားသည်။ ပေ ၅၀၀၀ အမြင့်ရောက်သောအခါ ဂျာမန်စစ်ကြောင်း ဘယ်သို့ တစ်ပြေးညီ မောင်းနှင် သွားပြီး အားရပါးရ အော်လိုက်သည်။
'ဟေ့ကောင်တွေ. . . ဒီမှာလာကြည့်ကြစမ်း။ မင်းတို့ကိုတိုက်ဖိုတို့မှာ ဘာရနေပြီဆိုတာ လာကြည့်ကြစမ်း ပါကွ'
မိုက်ကယ် စမ်းသပ်မောင်းနှင်ပြီး ပြန်ဆင်းလာသောအခါ အခြားလေယာဉ်မှုးများက အတွေ့အကြုံများကို ၀ိုင်း မေးကြသည်။
ထိုနေ့နေ့လယ်ပိုင်းတွင် သူတို့အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ တပ်မဌာနချုပ်မှတစ်ဆင့် ဓာတ်ပုံဆရာ တစ်ယောက်ကို အင်ဒရူးက လှမ်းခေါ်ထားသည်။ နောက်ထပ်ရရှိလာသော လယာသ်အသစ်ကို နောက်ခံ ထားပြီး လေယာဉ်ရှေ့တွင် လေသူရဲများရပ်နေကြသည်။ ဘောလုံးအသင်း ဓာတ်ပုံရိုက်ခံသည့် ပုံစံမျိုးပင်ဖြစ်သည်။
ဓာတ်ပုံဆရာက သစ်သားသုံးချောင်း ထောက်ပေါ်တွင် သစ်သားအိမ်ဖြင့် ပြုလုပ်ထားသော လေးထောင့် ကမရာကြီး ကို တပ်ဆင်လိုက်သည်။ ကင်မရာပေါ်မှ အ၀တ် အနက်စကြီးကို အုပ်လိုက်သည်။ ထို့နောက် ဓာတ်ပုံဆရာ က ကင်မရာနောက်သို့ ၀င်ကာ အ၀တ်နက်ကို ကင်မရာပေါ်နှင့် မိခေါင်းပေါ်သို့ ပါခြုံကာ ကင်မရာမှန်ဘီလူးကို ချိန်သားကိုက်နေသည်။ သူ့လက်ထောက်က ဖလင်ထည့်ထားလော သစ်သားပြားကို ကိုင်ကာ ဘေးမှအသင့်ရပ်စောင့်နေသည်။
ဓာတ်ပုံ ရိုက်ခံရန် တန်းစီနေသူများထဲတွင် မပါသူ တစ်ယောက်ရှိနေသည်။ ထိုလေသူရဲမှာ ဟန်ဂျွန်ဆင် ဖြစ်သည်။ အင်ဒရူးဦးစီးသော ဤလေယာဉ်အုပ်စုမှ စကော့များ၊ အိုင်းရစ်များနှင့် ဗြိတိသျှကိုလိုနီနယ် မြေသား လေယာဉ်မှူးများ အနက် ဟန်က တစ်ဦးတည်းသော အမေရိကန်သား၊ တက္ကဆပ်နယ်သား ဖြစ်သည်။ ဤဖာယက်လေယာဉ်အုပ်စုတွင် ပါဝင်အမှုထမ်းနိုင်ရန် ကိုယ်ပိုင်စရိတ်ဖြင့် အတ္တလန္တိတ် သမုဒ္ဒရာ ကို ဖြတ်ကျော်လာခဲ့သူဖြစ်သည်။ အသက်မှာ ၂၀ ပင်မပြည့်သေး။
သူက ဓာတ်ပုံဆရာနောက် တွင် ရပ်ပြီး အပြောင်အပြက်များပြောနေသည်။
'ဟေ့ . . . . ဟန် လာလေကွာ။ မင်းပုံပါမှ တို့ဓာတ်ပုံက ပိုပြီးအဆင့်မြင့်လာမှာ' မိုက်ကယ်ကပြောလိုက် သည်။
'ကိုယ့်ဓာတ်ပုံ ကိုယ်ကြည့်ခွင့် မရလိုက်အောင် ကံဆိုးသွားရှာတတ်ဆိုတာ ခင်ဗျားတို့မကြားဖူးလူးလားဗျ' ဟန် က ပြန်ပြောသည်။
ကျန်လူများက သူ့ကို အော်ဟစ်ပြောဆိုပြီး အတင်းလှမ်းခေါ်ကြသည်။
ဆက်ရန်
.
1 comment:
အပိုင်း ၁နဲ့ ၂ကို ပေါင်းပြီးလာဖတ်တယ် အစ်မ
ရင်တထိတ်ထိတ်ဘဲ..
မိုက်ကယ်လေယာဉ်ကျည်ဆန်မှန်တုံးက အသက်တောင် မရှူနိုင်ဘူး လေယာဉ်ပြေးလမ်း ပြန်မှရောက်ပါ့မလားလို့ ..
စင်တိန်လေးနဲ့ ချစ်ခရီးလမ်းဖြောင့်ဖြူးစေချင်ပါတယ်။
နောက်အပိုင်းတွေကိုလည်း ရင်တဖိုဖိုနဲ့ ဆက်ဖတ်ရဦးမယ်ထင်ပါတယ်။
Post a Comment