ရွှေမှုန်ကြဲ
မောင်သင်းထုံ(ကျောက်မဲ)
မောင်သင်းထုံ(ကျောက်မဲ)
လက်တွင်ပေနေသော နွားချေးတွေက အတော်နဲ့ ဆေးလို့မပြောင်၊ အလုပ်ကြမ်းလုပ်ရည်လက်မို့ အရေး အကြောင်းတွေကလည်း ချောင်းကော၊ မြောင်းကောတွေအလား ထင်ရရဲ့။ အဲဒီအကြိုအကြား နွားချေး တွေက ၀င်ခိုနေလေတော့ စိုက်ခင်းတွေကြားက ခဲမြောင်းက ရေနှင့်ဆေးတာနှင့်ပင် မပြောင်ချင်။ ဒီတော့ "ဦးလေကြည်" ဘာလုပ်ရတယ်မှတ်လဲ။ ရေခြံခရမ်းချဉ်ခင်းက ခရမ်းချဉ်သီးမှည့် ရွှဲရွှဲနီကို အရင်ဆွတ်၊ နွားချေး ပေနေတဲ့ လက်နှင့်ပွတ်ချေ။ ခရမ်းချဉ်သီးနှစ်နှင့်မှ ချေးတွေကိုချွတ်၊ ကောက်ရိုးကြေ တွေနှင့် လက်ကိုပွတ်၊ ဒါတောင်မှ လူကြည့်ကောင်းရုံရှိသေး၊ ကောင်းကောင်းစင်တာမဟုတ်။ အေးလေ ဒီနွားချေး တိုက်ရ တဲ့ အလုပ်ကလည်း တစ်နေ့တစ်ရက်မှ မဟုတ်တာ။ ကြာကြာလှပေါ့။
" ဦးလေးကြည် မနက်ဖြန် နွားချေး ငါးစီးလောက် ပို့ပေးစမ်းပါ။ မွန်ဆွန်မျိုးတွေ အခင်းခွဲစိုက်ချင်လို့ "
အောင်မာ လှည့်ကြည့်လိုက်တော့ ဘယ်သူများမှတ်တယ်၊ ဦးလေးအောင် သားအကြီးကောင်ကိုး ဟုတ်ပေ့ဗျာ၊ အိမ်ထောင်ခွဲခါစဆိုတော့ ကြိုးစားရမှာပေါ့။ ဒီကောင်ငယ်ငယ် လူပျိုတုန်းကများ ဆိုးပေပါ့။ ဟောကြည့် အခု အိမ်ထောင်ကျသွားတော့လည်း သူ့ဟာနှင့်သူ ဟုတ်လို့။ အလုပ်ကြိုးစားလိုက်တာ။ ဦးလေး ကြည် ရဲ့အိမ်က သားကြီးလည်း ဒီလိုပဲ။ အားကိုးရတန်ကောင်းပါရဲ့လေ။
" နွားချေးမှာတာက ဟုတ်ပါပြီမောင်ရယ်။ ကုလားနွားချေးလား၊ အရပ်ထဲက နွာချေးလား"
" ဦးလေးကြည်တို့ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ ကျုပ်က အခုမှ စမှာဟာကိုး ကောင်းတဲ့ဟာပေါ့ဗျာ"
" ဒါဖြင့် ကုလားနွားချေး မနက်ဖြန်နော် "
စာဥတို့၊ နွားပြာကြီးတို့ကတော့ဗျာ တိရိစ္ဆာန်လို့မပြောရဘူး။ အိမ်အပြန်ဝန်ပေါ့မို့ ခြေသွက်လိုက်ကြတာ နှင်တံ တောင်တစ်ချက်မတို့ရဘူး။ ဟော အိမ်ရောက်ပြီ။ မြန်လိုက်ပုံများ တကတည်း ...
ဦးလေးကြည်အလုပ်က နွားချေးတိုက်စားရတဲ့အလုပ်။ အရပ်ထဲ၊ ဒါမှမဟုတ် ကုလားနွားမခြံတွေထဲက နွား ချေးတွေဝယ်၊ မှိုင်းငေါ့ရွာသစ်တို့၊ မုန်လာခြံတို့မှာရှိတဲ့ ခံခြံ၊ ရေခြံတွေထဲ အစီးလိုက် ပြန်ရောင်း၊ နွားချေးချ။ လှည်းခ၊ ဘာခတော့လား စားရတာပေါ့ဗျာ။ နွားချေးအပုံ ပြတ်ဝယ်လို့ မြတ်တဲ့အခါလည်းမြတ်၊ ရှုံးတဲ့အခါ လည်းရှုံးပေါ့၊ ဟုတ်ဖူးလား။ ဒီလိုပဲ လုပ်စားရတာပဲ။ လူသားပေတော့ ပေတာပေါ့။
လူငယ်ဆိုတော့ဗျာ ကျုပ်လုပ်တဲ့ ဒီနွားချေးလှည်းတိုက်စားရတဲ့အလုပ်ကြီးကို ဂုဏ်ငယ်တယ်ထင်တာပေါ့။ လုပ်မစား ချင်ဘူးရယ်။ အိမ်က သားကြီးကို ပြောပါတယ်။ ဟုတ်တယ် ကျုပ်ကလည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် ပိုးထွာကောင်များလိုပေါ့ဗျာ။ ရှေ့လှမ်းစရာမမြင်သေးလို့သာပ။ နို့ဖြင့်လားဝေးပါ့။
ကျုပ်လား၊ တောင်သူကြီးမျိုးရိုးထဲက ပါဗျာ။ ဘယ်ကလာ ကူလီလုပ်ဖူးရမှာလဲ။ အခုထိတောင် ရွာမှာ ထန်းတွေ၊ တောင်သူတွေ နွားမခြံတွေရှိသေးပ။ အငျားမလိုက်ရတဲ့ပြင် ကိုယ့်ယာအတွက်တောင် ကူလီဆေးဝါး ဆယ်ယောက် တစ်ကျိပ်ငှားနေကျပါ။
တောကလား၊ ပန်းစွာရါာက ကိုဘသက်ဗျ။ ရွာအလှူလာရင်း ငကြည် ငါနှင့် ရှမ်းပြည်နယ် ဘက် လိုက်မလား၊ ငွေရှာရလွယ်တယ်မောင်တဲ့။ ဟုတ်တယ်၊ အဲဒီတော့ ရွာမှာကို သားတွေ၊ သမီးတွေ မွေးပြီး နေပြီ ကျုပ်စဉ်းစားတာက ရွာမှာဆို မိုးမျှော်ရတာ စိတ်ပျက်တယ်။ နောက်မြွေပါး၊ ကင်းပါးကြောက်ရတာ။ နောက် ကလေးတွေရဲ့ ပညာရေး ...။
ဇာတ်စုံခင်း နေရရင် ကြာပါတယ်ဗျာ။ ဒီလိုနဲ့ ရှမ်းပြည်နယ်ရောက်။ ပထမလက်တွန်းလှည်းတွန်း၊ နောက်တော့ ဆိုက်ကားနင်း။ အဲဒီကမှ နွားလှည်းထောင်၊ ထင်းခုတ်စား၊ အဲဒီကနေမှတစ်ခါ နွားချေးလှည်း တိုက်စား ရတဲ့ဘ၀ရောက်။
ကုလားနွားချေး နှင့် ရပ်ကွက်ထဲက နွားချေးက ကွာတယ်။ အပုံကြီးဧရာမထဲက ကျုံးလာရတဲ့နွားချေးက မည်းနေတာ။ ခဲ၊ သဲ၊ အမှိုက်လည်း ပါတာမဟ်ုတ်ဘူး။ ပလပ်စတစ်၊ ပုလင်းကွဲဆိုတာ ဝေလာဝေးရယ်။ ဒီ တော့ ကုလားနွားမခြံက နွားချေးဆိုရင် ရှိသလောက်သာတိုက်ခဲ့။ ခြံတွေက ယူတာပဲ။ ငြင်းဘူးရယ်။
ရပ်ကွက် ထဲက နွားချေးကျတော့ဗျာ၊ နွားသုံးလေးကောင်က ပါတဲ့ချေးဥစ္စာ၊ နောက်ပြီး တချို့အိမ် တွေကျတော့ ကလေးတွေကလည်း မုန့်ဖိုးရချင်တာနှင့် လျှောက်လည်ကောက်စုထားကြတာ ကလား၊ ၀ါဝါ ခြောက်ခြောက်မို့ နွားချေးလှည်းတိုက်ရတာ "ပေါ့ " တာပဲရှိတယ်။ ကျောက်ခဲတွေ ပါတတ် တယ်။ ကျောက်ခဲ ပါရင် ခြံသမားတွေက လွှတ်ကြောက်တာကလား။ ခြံသမားတွေ ရဲ့ ပေါက်ပြားဆိုတာ မြိနေ၊ ထက်နေ ကြတဲ့ ဟာကိုး။ ပဲ့မှာပြုမှာ စိုးတာပေါ့။ ဟုတ်တယ်။
" အဖေရာ သားကြီးလာရင်တော့ အဖေလိုမျိုး နွားချေးလှည်းတိုက်ရတဲ့အလုပ်ကြီး လုပ်ချင်ပေါင် "
ဟုတ်ပြီ။ ဒါမှ ဖေ့သားကွ။ လှည်းသမားသား၊ လှည်းမောင်းရမတဲ့လား၊ စာရေးစာချီ ဖောင်တိန်ကိုင်သလိုမျိုး အရိပ်ထဲက အလုပ်ပဲ လုပ်ရမှာပေါ့။ ဟုတ်ပြီ၊ ဒီကောင်ကြီး ဒီစိတ်မျိုးရှိတာ ဟန်ကျတယ်။ ဒါမှ စာကြိုးစား မှာ။ ကြိုက်သဗျာ။
ကျုပ်မှတ်မိသေးတယ်။ ဒီကောင်ကြီး မီးဖွားတုန်းက သူ့ခေါင်းရှည်ရှည်ကြီးကို ကြည့်ပြီး ဦးလေးကြည် အဖေ က နိမိတ်ဖတ်တယ်။ ငကြည်ရေ ... ၀န်ခေါင်းကြီးကွ၊ ၀န်ခေါင်းကြီး ... ကြီးလာရင် ဒီကောင်အရာရှိ၊ အရာခံဖြစ်မှာတဲ့ ပြောဖူးတယ်။ ငါ့မြေးကြီး လခစားဖြစ်မှ ငါသေမယ်။ ငါ့မြေးကြီး လခစား ဖြစ်မှ ငါသေမယ် ဆိုတဲ့ အဖေကဖြင့် ဆုံးသွားတာ လေးငါးဆယ်နှစ် ရှိပါရောလား။
မုန်လာခြံထဲ နွားချေးချတဲ့အခါ များများပါမှ ခြံသမားတွေက သဘောကျကြတာ။ ကုလားခြံက စီးထိုးဝယ်တာဆိုတော့ လှည်းကျိုးလုနီးပါးပါပဲ။ လှည်းပေါ်မှာက နွားချေးငွေ့တွေက အပူရိုတော့ ဦးလေး ကြည်မျက်စိတွေ ဝေချင်လာပြီ။ ကပ်ကြမ်းပေါ်မှာ ကောက်ရိုးတစ်ထပ်ခင်းပြီး လှည်းကို မောင်းထွက် လာတော့ နွားနှစ်ကောင်လေ၊ ရုန်းနေလိုက်ကြတာဗျာကုန်းလို့။ အေးဗျ၊ အတော်လေးမှာရယ်၊ ဇောနှင့် လောဘ နှင့်မို့သာ တင်လာရတာရယ်။ အတော်ဝိတ်ပါမယ့်ပုံရယ်၊ ကြည့်ပါလား၊ ဟိုမှာ ကျန်ခဲ့တဲ့ လှည်းဘီးခြေရာ တွေဆိုတာ နစ်နစ်နည်းနည်းကြီးရယ်။
ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ မဆိုးပါဘူး။ အိမ်က သားကြီးက အတင်အချလိုက်ကူတယ်။ ကျန်တာက မိန်းကလေးတွေပါဗျာ။ အားမကိုးရပါဘူး။ အဟဲ ဒါပေမယ့် ဒီကောင်ကြီးက ရှက်ရှာသဗျ။ ဦးလေးကြည်နှင့် အတူ ဘယ်တော့မှ လှည်းမစီးဘူး။ သူ့သူငယ်ချင်းတွေ မြင်မှာစိုးထင်ပါရဲ့ဗျာ။ သူ့အဖေက နွားချေးလှည်း တိုက်စား နေရတယ်ဆိုတာ သိစေချင်ဟန်မတူပါဘူး။ ကျောင်းမှာ မိဘအလုပ်အကိုင်မေးတော့ ခြံစိုက်ပျိုးရေး လို့ ထည့်သတဲ့ဗျ။ အဟဲ ဒီကောင်ကြီးမဆိုးဘူး။ နီးစပ်အောင် ရေးတတ်သားပဲ။ ပညာရှိ ဖြစ်မယ့်ကောင်။
မုန့်ညှင်း၊ မုန်လာ၊ ခရမ်းချဉ်သီး၊ ပဲသီး၊ ပြောင်းဖူး၊ ရာသီချိန်လိုက်လို့ပေါ့ဗျာ။ ဟင်းသီး ဟင်းရွက်လား ၀ယ် စားရတယ် ရှိပါဘူး။ အိမ်က ထမင်းပွဲမှာလား အသားမပါရင်သာ ရှိမယ်။ ခြံသမားတွေက ပေးကြပြုကြတာ ပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အိမ်က သားကြီးက ရွံတတ်တယ်။ နွားချေးကျုံးတဲ့ ဦးလေးကြည်လက်က နွား ချေး မစင်တော့ ရွံတယ်ထင်ပါရဲ့ဗျာ။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ ဦးလေးကြည်နှင့် လက်ဆုံ စားဘူးရယ်။ အရင်စာရင်လည်းစား၊ နောက်ချန်စားရင်လည်းစား၊ သိတာပေါ့ဗျာ။ မွေးခဲ့တဲ့အဖေပဲ ဥစ္စာ။ အိမ်က သမီးတွေနှင့် ထမင်းစားရင်တောင်မှ သူတို့မသတီကြမှာစိုးလို့ ဇွန်းနှင့်စားတာပဲ။ အဟုတ်ရယ်။
သားကြီးပြောပါတယ်။ ဒီကောင်က တစ်မျိုး၊ သူ့ညီမတွေရဲ့ မစင်မြင်ရင်တောင် တံတွေးတစ်ပျစ်ပျစ်ရယ်၊ သူကြီးလာရင် အိမ်သာကို ကောင်းကောင်း လုံလုံဆောက်ပြီးမှ နေမယ်တဲ့။ ခွေးချေး၊ ကြောင်ချေး၊ ကြွက်ချေး၊ ချေးမှန်သမျှ ရွံမှရွံပဲ။
ဦးလေးကြည်လား သူလည်း ရွံတတ်တာပဲ၊ ဒါပေမယ့် သားကျွေးမှု၊ မယားကျွေးမှု မဟုတ်လား။ ဘယ်တတ် နိုင်ပါ့မလဲ။ ဦးလေးကြည် နွားလှည်းတိုက်၊ ဒီနွားချေးကျုံးအလုပ် လုပ်ဖြစ်ခဲ့တာလည်း ကြည့်ပါဦး။ အရင်နွား ချေးတိုက်တဲ့ လူကြီးနာမည်က ဦးကြီးစိုးတဲ့၊ တစ်နေ့ အိမ်လာပြီး ငကြည်ရယ်၊ ငါ့ကိုတစ်ခု ကူညီစမ်းပါကွာ။ ငါ ရဟန်းဝတ်ချင်လို့ပါ။ ငါ့ဖောက်သည်တွေ ပျက်မှာ စိုးတယ်။ အဲဒါ ငါရဟန်းမထွက်ခင်လေး နွားချေးတိုက် ပေးစမ်းပါ။ ဘယ့်နှယ်လဲတဲ့။ အဲဒီလိုနှင့် စခဲ့တာကလား။ ပြောပါ့မယ်။ ဒီအလုပ်ကို ခုထိ လုပ်ဖြစ်နေတာက အဲဒီ ဦးကြီးစိုးက ခုထိ ရဟန်းဘောင်က မထွက်သေးတာရယ်။ နောက်ပြီး ဒီအလုပ်က ထင်းခုတ်တဲ့အလုပ် ထက် တွက်ချေကိုက်နေတာကြောင့်ရယ်ပေါ့။ နို့ဖြင့်ရင်လား ...
သားကြီးရေ မင်းက ဘယ်လိုပဲ ရွံရွံ ဒီနွားချေးကျုံးတဲ့အလုပ်ကို အထင်သေးသေး၊ တခြားပြောင်းစရာအလုပ် ကမမြင်သေးတော့ ဗြုန်းဆိုပြောင်းရမှာ မလွယ်ဘူးကွယ်။ သားတို့၊ သမီးတို့ ပညာရေးက ရှိသေး မဟုတ်လား။ ဦးလေးကြည် ရင်ထဲက ပြောမိတာပေါ့။
ကုလားနွားမခြံ တွေမှာက အပုံပြတ်ရောင်းကြတာလည်းရှိ။ အစီထိုးမှ ရောင်းရတာလည်းရှိတယ်။ အပုံပြတ် ဆိုရင်လည်း နွားချေးပုံကြီးကို ကြည့်၊ အစီးရေ ဘယ်လောက်ထွက်မည်ဆိုတာ ဦးလေးကြည် စိတ်မှန်းနှင့် ခန့်မှန်း၊ နောက်မှ နွားမခြံရှင်ကုလားနှင့် ဈေးစကားပြော၊ လှည်းနှင့် တစ်စီးချင်းတိုက် ပြီးတော့ မုံလာခြံ တွေဆီ ပို့ပေါ့။ ကုန်းမို့မို့အောက်ခံ နွားချေးပုံကြီးကို ဈေးပိုပေးခဲ့မိလို့ ရှုံးတဲ့အခါလည်းရှိပါ့။
ဒီလိုပဲ ဒီအလုပ်ကို ဦးလေးကြည် လုပ်လာတော့ အလုပ်က အလိုလိုသင်လာတာပေါ့။ ပွဲနီးလာတဲ့ အခါများဆို နွားချေးပိုင်ရှင်တွေက တစ်ပြိုင်တည်းလိုလို ရောင်းချင်လာကြပြီလေ။ ရှန်ခိုက်ပွဲ၊ ဆန်ကပ်ပွဲ၊ လိုင်လိုပွဲ၊ သီတင်းကျွတ်ပွဲတွေ နီးလာရင် အဲဒီလိုပဲ။ ဦးလေးကြည်မှာလား နွားချေးပိုင်ရှင်တွေက တစ်ပြိုင်တည်း လိုလို ရောင်းချင်လာကြပြီလေ။ ရှန်ခိုက်ပွဲ၊ ဆန်ကပ်ပွဲ၊ လိုင်လိုပွဲ၊ သီတင်းကျွတ်ပွဲတွေ နီးလာ ရင် အဲဒီလိုပဲ။ ဦးလေးကြည်မှာလား နွားချေးတိုက်စားနေရတယ်ဆိုပါမှ ဘယ်ကလာ ဒီလောက် ပိုက်ဆံ တတ်နိုင်ပါ့မလဲ။ ဒီတော့ မုန်လာခြံပိုင်ရှင်တွေဆီကနေ ငွေကြိုတင် သိစေချင်ဟန် မတူပါဘူး။ ကျောင်း မှာ မိဘ အလုပ်အကိုင်မေးတော့ ခြံစိုက်ပျိုးရေးလို့ ထည့်သတဲ့ဗျာ။ အဟဲ ဒိကောင်ကြီး မဆိုးဘူး။ နီးစပ်အောင် ရေးတတ်သားပဲ။ ပညာရှိဖြစ်မယ့်ကောင်။
မုန့်ညှင်း၊ မုန်လာ၊ ခရမ်းချဉ်သီး၊ ပဲသီး၊ ပြောင်းဖူး၊ ရာသီချိန်လိုက်လို့ပေါ့ဗျာ။ ဟင်းသီး ဟင်းရွက်လား ၀ယ် စားရတယ်ရှိပါဘူး။ အိမ်က ထမင်းပွဲမှာလား အသားမပါရင်သာ ရှိမယ်၊ ခြံသမိားတွေက ပေးကြပြုကြတာ ပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အိမ်က သားကြီးက ရွံတတ်တယ်။ နွားချေးကျုံးတဲ့ ဦးလေးကြည်လက်က နွား ချေးမစင်တော့ ရွံတယ်ထင်ပါရဲ့ဗျာ။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ ဦးလေးကြည်နှင့် လက်ဆုံစား ဘူးရယ်။ အရင်စားရင်လည်းစား၊ နောက်ချန်စားရင်လည်းစား၊ သိတာပေါ့ဗျာ။ မွေးခဲ့တဲ့အဖေပဲဥစ္စာ။ အိမ်က သမီးတွေနှင့် ထမင်းစားရင်တောင်မှ သူတို့မသတီကြမှာစိုးလို့ ဇွန်းနှင့်စားတာပဲ။ အဟုတ်ရယ်။
သားကြီးပြောပါတယ်။ ဒီကောင်က တစ်မျိုး၊ သူ့ညီမတွေရဲ့ မစင်မြင်ရင်တောင် တံတွေးတစ်ပျစ်ပျစ်ရယ်၊ သူကြီးလာရင် အိမ်သာကို ကောင်းကောင်း လုံလုံဆောက်ပြီးမှ နေမယ်တဲ့။ ခွေးချေး၊ ကြောင်ချေး၊ ကြွက်ချေး၊ ချေးမှန်သမျှ ရွံမှရွံပဲ။
ဦးလေားကည်လား သူလည်း ရွံတတ်တာပဲ၊ ဒါပေမယ့် သားကျွေးမှု၊ မယားကျွေးမှု မဟုတ်လား။ ဘယ် တတ်နိုင်ပါ့မလာ။ ဦးလေးကြည် နွားလှည်းတိုက်၊ ဒီနွားချေးကျုံးအလုပ် လုပ်ဖြစ်ခဲ့တာလည်း ကြည့်ပါဦး။ အရင်နွားချေးတိုက်တဲ့ လူကြီးနာမည်က ဦးကြီးစိုးတဲ့၊ တစ်နေ့ အိမ်လာပြီး ငကြည်ရယ်၊ ငါ့ကိုတစ်ခု ကူညီ စမ်းပါကွာ။ ငါ ရဟန်းဝတ်ချင်လို့ပါ။ ငါ့ဖောက်သည်တွေပျက်မှာ စိုးတယ်။ အဲဒါ ငါရဟန်းမထွက်ခင်လေး နွားချေးတိုက်ပေးစမ်းပါ။ ဘယ့်နှယ့်လဲတဲ့။ အဲဒီလိုနှင့် စခဲ့တာကလား။ ပြောပါ့မယ်။ ဒီအလုပ်ကို ခုထိ လုပ် ဖြစ်နေတာက အဲဒီ ဦးကြီးစိုးက ခုထိ ရဟန်းဘောင်က မထွက်သေးတာရယ်။ နောက်ပြီး ဒီအလုပ်က ထင်း ခုတ်တဲ့အလုပ်ထက် တွက်ချေကိုက်နေတာကြောင့်ရယ်ပေါ့။ နို့ဖြင့်ရင်လား ...
သားကြီးရေ မင်းက ဘယ်လိုပဲ ရွံရွံ ဒီနွားချေးကျုံးတဲ့အလုပ်ကို အထင်သေးသေး၊ တခြားပြောင်းစရာ အလုပ်က မမြင်သေးတော့ ဗြုန်းဆိုပြောင်းရမှာ မလွယ်ဘူးကွယ်။ သားတို့၊ သမီးတို့ ပညာရေးက ရှိသေး မဟုတ်လား။ ဦးလေးကြည် ရင်ထဲက ပြောမိတာပေါ့။
ကုလားနွားမခြံတွေမှာက အပုံပြတ် ရောင်းကြတာလည်းရှိ၊ အစီးထိုးမှ ရောင်းရတာလည်းရှိတယ်။ အပုံ ပြတ်ဆိုရင်လည်း နွားချေးပုံကြီးကို ကြည့်၊ အစီးရေ ဘယ်လောက်ထွက်မည်ဆိုတာ ဦးလေးကြည် စိတ်မှန်း နှင့် ခန့်မှန်း၊ နောက်မှ နွားမခြံရှင်ကုလားနှင့် ဈေးစကားပြော၊ လှည်းနှင့် တစ်စီးချင်းတိုက် ပြီးတော့ မုံလာခြံ တွေဆီပို့ပေါ့။ ကုန်းမို့မို့အောက်ခံ နွားချေးပုံကြီးကို ဈေးပိုပေးခဲ့မိလို့ ရှုံးတဲ့အခါလည်း ရှိပါ့။
ဒီလိုပဲ ဒီအလုပ်ကို ဦးလေးကြည် လုပ်လာတော့ အလုပ်က အလိုလိုသင်လာတာပေါ့။ ပွဲနီးလာ တဲ့ အခါများဆို နွားချေးပိုင်ရှင်တွေက တစ်ပြိုင်တည်းလိုလို ရောင်းချင်လာကြပြီလေ။ ရှန်ခိုက်ပွဲ၊ ဆန် ကပ်ပွဲ၊ လိုင်လိုပွဲ၊ သီတင်းကျွတ်ပွဲတွေ နီးလာရင် အဲဒီလိုပဲ။ ဦးလေးကြည်မှာလား နွားချေး တိုက်စားနေရ တယ်ဆိုပါမှ ဘယ်ကလာ ဒီလောက်ပိုက်ဆံတတ်နိုင်ပါ့မလဲ။ ဒီတော့ မုန်လာခြံပိုင်ရှင်တွေဆီကနေ ငွေကြိုတင်ထုတ်၊ တစ်ခြံနည်းနည်းစီပေးသွား။ အဲဒီလိုနဲ့ မိတ်မပျက်အောင် လုပ်ရတာပေါ့။ မှုတ်ဖူးလား။
ဦးလေးကြည်နှင့်အပြိုင် နွားချေးဝယ်တဲ့သူတွေလား ရှိပါ့။ ဘယ်သူတွေရှိဦးမှာလည်း တရုတ်ခြံပိုင်ရှင်တွေ ပေါ့။ ခြံကြီးရှင်တွေလေ။ သူတို့မှာက နွားလှည်းလည်းရှိရဲ့။ ထွေလာဂျီလည်းရှိ။ ကုလားနွားခြံတွေဆီက စီး တိုက် ဆိုရင်လည်း ရှမ်းတရုတ်တွေက စီးတိုက်ပါပဲ။ ဒါပေမယ့် သူတို့တစ်စီးတိုက်ဆိုတာက လှည်းရံတိုင် အပေါ် ရိုင်ပတ်တင်ရုံမကဘူး ခြေနှင့်နင်းပြုတင်တတ်ကြတာကလား။ ကိုက်အောင် တင်ကြမှာပဲလေ။
ဦးလေးကြည်တို့ကလား မိဘ၀တ္တရားကျေပါ့ဗျာ။ သားသမီးတွေအားလုံး တန်းတူရည်တူ ကျောင်းထားပေး ခဲ့တာပါ။ သမိးတွေဆိုတာက ရှစ်တန်း၊ ကိုးတန်းကကို မတက်တော့ဘူး။ စာမေးပွဲ တဖုတ်ဖုတ်ကျ။ နောက် တော့ ကျောင်းထွက်ကြရရောပဲ။ ဘာမှ မထူးပါဘူး။
ထူးတာက ဦးလေးကြည် သားကြီးမှ။ ဆယ်တန်းအောင်၊ အလုပ်ဝင်၊ အဝေးသင်ဘွဲ့ရ။ အခုတော့ သူ့ရုံးမှာ သူက ဦးစီးမှူးဆိုလား၊ တခြားမြို့ကို ပြောင်းသွားခဲ့တာမို့ ဦးလေားကည်တော့လား သိပေါင်။ ဒါပြီးရင် နောက်တဆင့် ရာထူးတက်မျာက ဦးစီးအရာရှိတဲ့။ ဦးလေးကြည်တို့ရှေးအခေါ် "လယ်ဝန်ကြီး" ဆိုပါလား။ နိပ်ဟ ... ဒါဖြင့် သေသွားတဲ့အဖေ နိမိတ်ဖတ်သလို သူ့မြေး ၀န်ကြီးဖြစ်တော့မှာပေါ့နော်။ ဦးလေးကြည် ပင်ပန်းရကျိုးနပ်ပါ့ဗျာ။ ဒီကောင်ကြီး အခုထိ ချေးဆိုရွံတုန်းလားမှ မသိတာ။ သားကြီးရေ အဖေ့မတော့ကွာ သားရွံတဲ့ နွားချေးတိုက်တဲ့အလုပ်ကဖြင့် ခုထိ လုပ်နေရတုန်းပါကွာလို့၊ ဒီတစ်ခါ ဦးလေးကြည် သူ့သားဆီ စာရေးတဲ့အခါ ထည့်ရေးလိုက်ရကောင်းမလားဟင်။
မှတ်မိသေးရဲ့ ဟုတ်တယ်။ သားကြီး ဆယ်တန်းဖြေမည့်နှစ်ကလားပဲ၊ တစ်ညနေ နေ၀င်ရီတရောအချိန် လောက်မှာပေါ့။ ရှမ်းခမောက်ကြီးတစ်လုံးကို ခပ်စိုက်စိုက် ဆောင်းလို့ လူကြီးတစ်ယောက် အိမ်ကို လှည်း ငှားရောက်လာတယ်။ လှည်းတိုက်ရမှာက မြို့လယ်ကောင်မှာတဲ့ လာရမည့်အချိန်ကလည်း ကြည့်ဦး။ ည တစ်နာရီခွဲ၊ နှစ်နာရီတဲ့။ ဖြစ်ရလေ။
လှည်းငှားတဲ့လူပြန်သွားလို့ အိပ်ယာသာ ၀င်ခဲ့ရတယ်။ ဘယ်ကလာ ဦးလေးကြည် အိပ်ပျော်နိုင်ပါ့မလဲ။ ရေနံ ဆီ မီးခွက်ကလေးနှင့်စာကျက်နေတဲ့ သားကြီးအသံကလည်း ကြားနေရရဲ့။ ကြည့်ပါဦး လှည်းတိုက်ရမည့် အချိန်ကလည်း ကြံကြံဖန်ဖန် သန်းခေါင်းသလဲမှတဲ့။ ဘာတွေ တိုက်ပေးရမှာတဲ့လဲ။ မတော်ဥပဒေနှင့်မှ လွတ်ပါ့မလား။ ဘိန်းဖြူ၊ ဘိန်းမည်းတွေ အသယ်ခိုင်းလို့ ရဲကဖမ်းမိထောင်ကျနေမှ သားကြီး ပညာတပိုင်း တစနှင့် ခက်ရချေရဲ့လေ။ သားကြီးအမေနှင့် တိုင်ပင်ဦးမှပါ။ ဘယ်လို့လဲ ရှင်မရေ မင်းသဘောက ...
နာရီသံချောင်းခေါက်သံကြားတော့ မထူးပါဘူးကွာ။ အိမ်မှာဝင်ငွေက နည်းရတဲ့အထဲ သွားကြည့်မျပါ။ ဟို ကျမှ ရောက်ရားပေါ့။ ချိန်းတားတဲ့နေရာရောက်တော့ လက်နှိပ်ဓာတ်မီးရောင်တ၀င်းဝင်းနှင့် ခပ်အုပ်အုပ်အချက် ပြနေတာ မြင်ရတယ်။ အဲဒီကမှတစ်ခါ နောက်ဖေးလမ်းကြားလေးထဲ တိတ်တိတ်ဝင်၊ အိမ်ဝင်းတစ်ခုထဲ တံခါးဖွင့်ပြီး နွားလှည်းကိုမောင်းသွား ရောက်ပြီဆိုမှ နွားနှစ်ကောင်ရဲ့ ဆွဲကြိုးအသံမမြည် အောင် အသာဆွဲရပ် လှည်းပေါ်ကဆင်းရင်ကထိတ်လို့ပေါ့။
ထိုနေ့ညအချိန်က ဦးလေးကြည်လုပ်ခဲ့ရသော အလုပ်မှာ အိမ်သာကျင်းဟောင်းထဲမှ မစင်များကို နွားလှည်း နှင့် တိုက်ကာ ရေချောင်းထဲ သွားပစ်ပေးရသော အလုပ်ပေါ့။ လှည်းလေးငါးခေါက်တိုက်အပြီး မိုး လင်းခါနီးတော့ လှည်းကို အသောမောင်းပြီး အိမ်ပြန်ရတာပေါ့။ လှည်းခလား၊ ကောင်းကောင်းရပါ့။ ဒါပေမယ့် ဦးလေးကြည်ရင်မှာ တထိတ်ထိတ်နှင့်ဗျို့။ တော်ပါသေးရဲ့ အိမ်ရောက်တော့ သားသမီးတွေက မနိုးကြသေးလို့။ လှည်းသံကြားတော့ သားကြီးအမေက မီးခွက်ကလေးမြှောက်ပြီး ကြိုနေရှာရဲ့လေ။ သူ လည်း ဦးလေးကြည် လှည်းမောင်းထွက်သွားကတည်းက ရင်တထိတ်ထိတ်နှင့်ပေါ့။ ဘယ်ကလာ အိပ်ပျော် နိုင်ပါ့မလာ။ စိုးရိမ်ပြီလား။
လုပ် လုပ်ဦးလေးကြည်က သူ့ဇနီးကို လောဆော်တယ်။ လှည်းကိုလည်း မနက်မိုးမလင်းခင် ရေစင်အောင် ဆေးကြတယ်။ ဘယ်သူမှ မရိပ်မိအောင်လို့လေ။ တော်နေကြာ အိမ်နီးနားချင်းတွေ သိကုန်မှဒုက္ခ။ ဦးလေးကြည် စဉ်းစားမိတယ်။ ခိုးစားတာ မဟုတ်ဘူး။ သမ္မာအာဇီဝပါလို့ ပြောပေမယ့် ဦးလေးကြည် စဉ်းစား မိတယ်။ ခိုးစားတာ မဟုတ်ဘူး။ သမ္မာအာဇီဝပါလို့ ပြောပေမယ့် ဦးလေးကြည် ဒီအလုပ် လုပ်တာ သိရင်လေ ဘယ်ကောင်းပါ့မလဲ။ ဦးလေးကြည်တို့။ သူဇနီးဆိုတာက အိုပြီ။ သေရုံပဲ ရှိတော့တာ။ ဘာ အရေးဘဲ။ သား သမီးတွေ မျက်နှာက ရှိသေးရဲ့။ သားကြီးတို့ ရှေ့လျှောက်အများကြီး လူလုပ်ကြ ရဦးမှာ မဟုတ်လား။
တော်တော့လူဆိုရင်လား အခု ဒီလုပ်ခဲ့တဲ့ အလုပ်ကြီးကိုလေ လုပ်ခိုင်းဖို့ နေနေသာ လူ လူချင်းမို့ စကားနဲ့ တောင် ပြောထွက်ကြပါ့မလားဘဲ။ ဘယ်လောက်ပဲ ဆင်းရဲနိမ့်ကျနေပါစေ၊ လူ့သိက္ခာက ရှိသေး မဟုတ်လား။ ဒါပေမယ့် ဦးလေးကြည် အလုပ်နှင့်ကျတော့ ဆက်စပ်မှုရှိလို့ အရဲစွန့်ပြီး လှည်းငှား ကြည့် တာလား မှ မသိတာ၊ ခိုင်းတာပေါ့။
ဒါပေမယ့် ဒီဟာကြီးကိုတော့ ဒီတစ်သက် ဒီအလုပ်လုပ်ခဲ့ဖူးတာ သားကြီးသိလို့ မဖြစ်ဘူး၊ လုံးဝကို မဖြစ်ဘူး ဟူး ...။ ဦးလေးကြည်ရင်ထဲမှာ သန္နိဋ္ဌာန် မြဲမြဲကြီး ချထားလိုက်မှ နို့မို့ ဖြင့်ရင်လား ဒီကောင်က ...။
ကျေးဇူးရှင်အဖေသို့ ...။
မောင်သင်းထုံ (ကျောက်မဲ)
.
No comments:
Post a Comment