ထရေစီ ၏ ရင်ထဲ၌ တရားရုံးကြီးချာချာလည်ပြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလိုပင် ခံစားလိုက် ရသည်။ တရားသူကြီး သည် သူ့အပိုင်းကိုသူ ဟန်ပါပါ သရုပ်ဆောင်သွားသော်လည်း သူဖတ်သွား သော စီရင်ချက် မှာ လုံးဝမှားနေပြီဟု ထရေစီသိသည်။ ထရေစီက ရှင်းပြရန် သူ့ရှေ့နေ ပါရီပုတ် ဘက်သို့ မျက်နှာလွှဲ ထားသည်။
ပါရီပုတ်သည် လက်ဆွဲဆိတ်ထဲသို့ စာရွက်စာတမ်းများကို ထိုးထည့်နေသည်။ ထရေစီသည် ပါရီပုတ် အားပထမဆုံးအကြိမ် သံသယ၀င်လာသည်။ တရားသူကြီး လောရင့်စ်သည် ထိုင်ရာမှ ထလိုက်ပြီး သူ့ရှေ့ စားပွဲပေါ် ရှိ စာရွက်များ နှင့် မှတ်စုများကို ကောက်ယူသိမ်းဆည်းနေသည်။
ထရေစီသည် ကယောင်ချောက်ချားဖြင့် ထိုင်ရာမှ ထလိုက်သည်။ မိမိကိစ္စ၌ မည်သို့မည်ပုံ ဖြစ်နေသည် ကိုပင် နားမလည်နိုင်အောင် ဖြစ်နေသည်။
ဘိလစ်စာရေးကြီး က ထရေစီဘေးသို့ ရောက်လာပြီး သူမ၏ လက်ကိုဆုပ်ကိုင်လိုက် သည်။
"လာ...သွားမယ်" ဘိလစ် က ထရေစီကို ပြောလိုက်သည်။
"အို....မဟုတ်ဘူး၊ မဟုတ်ဘူး၊ နေကြပါဦး"
ထရေစီ က ကသောကမျော အော်ပြောလိုက်သည်။
ထို့နောက် တရားသူကြီးကို မော်ကြည့်လိုက် ပြီးအလန့်တကြား ပြောလိုက်သည်။
"တရားလွန် တရားမင်းကြီး မှားနေပါပြီ တရားသူကြီးမင်၊ ကျွန်မ....."
ဘီလစ်စာရေးကြီးက သူမလက်ကို ကိုင်ထားရာမှ ခပ်တင်းတင်း ဖျစ်ညှစ်လိုက်သည်။ ထိုစဉ်မှာ ပင် သူဖြစ်ပျက် နေသော အဖြစ်အပျက်များသည် မှားယွင်းခြင်း မဟုတ်ဘဲ တကယ်ဖြစ်နေမှန်း သဘောပေါက် သွားသည်။
မိမိ အလှည့်စား ခံလိုက်ရပြီ။ တစ်ပတ်ရိုက် ခံလိုက်ရပြီ။ အုပ်နှင့်ကျင်း နှင့် အနိုင်ကျင့်ခံလိုက် ရပြီ။
မိမိ မိခင်၏ ဘ၀ကို သူတို့ဖျက်ဆီးလိုက် သကဲ့သို့ပင် မိမိ၏ဘ၀ကိုလည်း သူတို့ဖျက်ဆီးလိုက် ကြချေပြီ တကား။
ပါရီပုတ်သည် လက်ဆွဲဆိတ်ထဲသို့ စာရွက်စာတမ်းများကို ထိုးထည့်နေသည်။ ထရေစီသည် ပါရီပုတ် အားပထမဆုံးအကြိမ် သံသယ၀င်လာသည်။ တရားသူကြီး လောရင့်စ်သည် ထိုင်ရာမှ ထလိုက်ပြီး သူ့ရှေ့ စားပွဲပေါ် ရှိ စာရွက်များ နှင့် မှတ်စုများကို ကောက်ယူသိမ်းဆည်းနေသည်။
ထရေစီသည် ကယောင်ချောက်ချားဖြင့် ထိုင်ရာမှ ထလိုက်သည်။ မိမိကိစ္စ၌ မည်သို့မည်ပုံ ဖြစ်နေသည် ကိုပင် နားမလည်နိုင်အောင် ဖြစ်နေသည်။
ဘိလစ်စာရေးကြီး က ထရေစီဘေးသို့ ရောက်လာပြီး သူမ၏ လက်ကိုဆုပ်ကိုင်လိုက် သည်။
"လာ...သွားမယ်" ဘိလစ် က ထရေစီကို ပြောလိုက်သည်။
"အို....မဟုတ်ဘူး၊ မဟုတ်ဘူး၊ နေကြပါဦး"
ထရေစီ က ကသောကမျော အော်ပြောလိုက်သည်။
ထို့နောက် တရားသူကြီးကို မော်ကြည့်လိုက် ပြီးအလန့်တကြား ပြောလိုက်သည်။
"တရားလွန် တရားမင်းကြီး မှားနေပါပြီ တရားသူကြီးမင်၊ ကျွန်မ....."
ဘီလစ်စာရေးကြီးက သူမလက်ကို ကိုင်ထားရာမှ ခပ်တင်းတင်း ဖျစ်ညှစ်လိုက်သည်။ ထိုစဉ်မှာ ပင် သူဖြစ်ပျက် နေသော အဖြစ်အပျက်များသည် မှားယွင်းခြင်း မဟုတ်ဘဲ တကယ်ဖြစ်နေမှန်း သဘောပေါက် သွားသည်။
မိမိ အလှည့်စား ခံလိုက်ရပြီ။ တစ်ပတ်ရိုက် ခံလိုက်ရပြီ။ အုပ်နှင့်ကျင်း နှင့် အနိုင်ကျင့်ခံလိုက် ရပြီ။
မိမိ မိခင်၏ ဘ၀ကို သူတို့ဖျက်ဆီးလိုက် သကဲ့သို့ပင် မိမိ၏ဘ၀ကိုလည်း သူတို့ဖျက်ဆီးလိုက် ကြချေပြီ တကား။
(၄)
ထရေစီဝှစ်တနေ ၏ အမှုတွင်စီရင်ချက် ချမှတ်လိုက်သော သတင်းသည် နယူးအော်လင်း ကုရီယာ သတင်းစာ မျက်နှာဖုံး ၌ ဖော်ပြပါရှိလာသည်။ ရဲစခန်းမှ ရရှိသော သူမ၏ဓာတ်ပုံကိုလည်း သတင်းစာ ၌ သတင်း နှင့် အတူ ပူးတွဲဖော်ပြထားသည်။
ကြေးနန်းသတင်းဌာနများက သတင်းစာတွင်ပါရှိသော ထိုသတင်းကို အမေရိကန် တစ်နိုင်ငံလုံးရှိ သတင်းစာ များသို့ လက်ဆင့်ကမ်း ပေးပို့လိုက်ပြန်သည်။ ထရေီအား တရားရုံးမှနေ၍ တောင်သို့ ပို့ရန် ခေါ်ထုတ် လာသော အခါ ရုပ်မြင်သံကြား သတင်းထောက်များနှင့် ထရေစီ ရင်ဆိုင်တွေ့ကြုံရ တော့သည်။ ထရေစီ သည် ရှက်လွန်း လှသဖြင့် သူမမျက်နှာကို အမျိုးမျိုး ကွယ်ဝှက်ဖုံးအုပ်ရန် ကြိုးစားခဲ့သည်။ သို့သော် ကျွမ်းကျင် လက်မြောက်လှသော သတင်းထောက်များ ကင်မရာ ရိုက်ချက်ကို လွတ်အောင် မရှောင်နိုင် ရှာပါချေ။
ဂျိုးရိုမာနို နှင့် ပတ်သက်သော သတင်းသည် သတင်းကြီးပင်ဖြစ်သည်။ ဂျိုးရိုမာနို၏ အသက်ကို လုပ်ကြံရန် ကြိုးစားသော ချောမောလှပသည့် အမျိုးသမီး ဖောက်ထွင်းခိုးယူသူ တစ်ဦး၏ သတင်း သည် ရိုမာနို သတင်း ထက်ပင် ပိုကြီးသွားပေသည်။
ထရေစီ အဖို့ မိမိတွင် ရန်သူများ ၀ိုင်းဝိုင်းလည်နေပြီဟု ထင်မြင်လာသည်။ မိမိအား ဤဒုက္ခ ၀ဲသြဃထဲမှ ချစ်သူ ချားလ် က ဆွဲထုတ်ပေးလိမ့်မည်ဟု စိတ်ထဲတွင် ထပ်တလဲလဲ ပြောနေမိသည်။ အို...အဖ ဘုရားသခင် ကျေးဇူးပြု၍ ချားလ်က မိမိအား ဤဒုက္ခ၀ဲသြဃမှ ဆွဲထုတ်ခွင့် ပေးသနား တော်မူပါ။ ထောင်ထဲ တွင် တော့ ကလေး မျက်နှာမမြင်ပါရစေ နှင့် ဟုလည်း ပြောနေမိသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် မှ ထရေစီသည် တယ်လီဖုန်း ဆက်ခွင့်ရသည်။ ထရေစီက ချားလ်၏ ရုံးသို့ တယ်လီဖုန်း လှမ်းဆက်ရာ အတွင်းရေးမှူး ဟာရီပတ်က ဖြေသည်။
"မစ္စတာစတန်ဟုပ် ရုံးကပါ"
"ဟာရီပတ် ကျွန်မ ထရေစီဝှက်တနေပါ၊ ကျွန်မ မစ္စတာစန်ဟုပ်နဲ့ စကားပြောချလို့ပါ"
ခဏ စောင့်ပါဦး မစ္စတာဝှစ်တနေ၊ ကျွန်မ မစ္စတာစတန်ဟပ်၊ ရှိမရှိ ကြည့်လိုက်ပါဦးမယ်။
အတွင်းရေးမှူး ၏ အသံမှာတုံ့ဆိုင်းဆိုင်း ဖြစ်နေသည်ကို ထရေစီ သတိထားမိသည်။ တယ်လီဖုန်း ကို ကိုင်ပြီး အတော်ကြာအောင် စောင့်နေပြီးမှ နောက်ဆုံး ချားလ်၏ အသံကို ထရေစီ ကြားလိုက် ရသည်။ ထရေစီ အသံ မှာ ၀မ်းနည်းဝမ်းသာဖြင့် ငိုသံပါနေသည်။
"ထရေစီ၊ အခုစားပြောနေတာ မင်းလား ထရေစီ"
"ဟုတ်ပါတယ်၊ မောင်၊ အိုး.....ချားလ်ရယ် ကျွန်မမောင်နဲ့ စကားပြောရဖို့ ကြိုးစားနေတာ ကြာပါပြီ"
"အေး...မောင် လဲ ဒီမှာ ရူးမတတ်ဖြစ်နေပြီ၊ ဒီကသတင်းစာတွေမှာလဲ မင်းရဲ့သတင်းဆိုးတွေ နဲ့ ပလူပျံ နေပြီး သတင်းစာတွေက ဖော်ပြထားတွေကို မောင်တော့မယုံကြည်နိုင်အောင် ဖြစ်နေပြီ"
"သတင်းစာ တွေမှာပါတာ တစ်ခုမှ မမှန်ဘူးမောင် တစ်ခုမှ မဟုတ်ဘူး၊ ကျွန်မ....."
"ဘာဖြစ် လို့ မင်း မောင့်ဆီမဆက်သွယ်တာလဲ"
ကျွန်မကြိုးစား ပါတယ်၊ ဒါပေမယ့် ဆက်လို့ကို မရဘူး မောင်ရယ်
"အခု မင်းဘယ်ရောက်နေသလဲ"
"ကျွန်မ....ကျွန်မ နယူးအော်လင်းက ထောင်ထဲမှာ ရောက်နေတယ်၊ ဒီမှာချားလ်၊ ကျွန်မဘာပြစ် မှုမှ မကျူးလွန် ခဲ့ဘဲနဲ့ ကျွန်မ ကို ထောင်ထဲကို ပို့ကြတော့မယ်"
ထရေစီ သည် ကြောက်လန့် စိတ်ဖြင့် ငိုကြွေးတော့ သည်။
"ဒီမှာ ထရေစီ၊ တယ်လီဖုန်း ဆက်ကိုင်ထားဦး၊ မင်း ပြောတာ ခဏနားထောင်၊ မင်းလူတစ်ယောက် ကို သေနတ်နဲ့ ပစ်ခဲ့တယ်လို့ သတင်းစာတွေက ရေးထားတယ်၊ အဲဒါ မဟုတ်ဘူးလား"
"ကျွန်မ သူ့ကို ပစ်ခဲ့မိပါတယ်၊ ဒါပေမယ့်...."
"ဒါဖြင့် သေနတ် နဲ့ ပစ်တယ်ဆိုတာ မှန်တယ်ပေါ့"
"သေနတ်နဲ့ပစ်တယ်ဆိုတာ ဟုတ်ပေမယ့် သူ့တို့ပြောသလို၊ သတင်းစာတွေက ရေးသလို မဟုတ် ဘူး၊ ကျွန်မ မောင့် ကို အစအဆုံးရှင်းပြနိုင်ပါတယ်၊ ကျွန်မ...."
"ထရေစီ....လူသတ်ဖို့နဲ့ ပန်းချီကားခိုးယူဖို့ ကြိုးစားခဲ့တာကြောင့် မင်းမှာ အပြစ်ရှိပါတယ်လို့ မင်း ၀န်ခံ ခဲ့တယ် မဟုတ်လား"
"ဟုတ်ပါတယ် ချားလ်၊ ဒါကလဲအကြောင်းရင်းက....."
"အလိုဘုရားရေ၊ မင်းမှာ ငွေဒီလောက်လိုနေတယ်ဆိုရင် မင်းငါ့ကိုပြောရော့ပေါ့ကွာ၊ အခုတော့ လူ တစ်ယောက် ကို သတ်ဖို့အထိ ကြိုးစားတယ်ဆိုတော့....ငါ့အဖို့ မယုံကြည်နိုင်အောင် ဖြစ်နေပြီ၊ ငါတင် မဟုတ်ဘူး၊ ငါ့မိဘတွေလဲ မယုံကြည်နိုင်အောင် ဖြစ်နေပြီ၊ တို့ ဖီလဒယ်ဖီးယားမြို့ရဲ့ ဒေလီးနယူးရဲ့ သတင်းစာ မှာဆိုရင် မင်းသတင်းဟာ ရှေ့မျက်နှာဖုံး မှာ ထိပ်ဆုံးက ခေါင်းစီးအမည်းကြီးနဲ့ ဖော်ပြရတဲ့ သတင်းဖြစ်နေပြီ၊ တို့ရဲ့စတန်ဟုပ် မိသားစု ကို အရှုပ်တော်ပုံတစ်ခု ရိုက်ခတ်လာတာ အခုမင်းကိစ္စဟာ ပထမ ဆုံးပဲ "
ချာ်းလ်အသံမှာ အတော်ပင် ထိန်းချုပ် ပြောနေမှန်း ထရေစီသိလာရသည်။ ချားလ်၏ တကယ်ခံစား ချက်မှာ ထို့ထက် အဆပေါင်းများစွာ နက်ရှိုင်းနေသည်ကို ထရေစီနားလည်လာသည်။ ထရေစီ သည်ချားလ်အား ဘာပဲ ဖြစ်ဖြစ် သူ့ဘက်က ရပ်တည်လိမ့်မည်ဟု တွက်ဆထားသည်။
"မောင်....ကျွန်မအတွက် မောင်သိပ်လိုအပ်နေပြီ..... ဒီကို မြန်မြန်လာခဲ့စမ်းပါ၊ အဲဒီပြဿနာတွေကို မောင် ဖြေရှင်း ပေးနိုင်မှာပါ"
တစ်ဘက် မှ အသံ ပေါ်မလာဘဲ အချိန်အတော်ကြာသွားသည်။ ထို့နောက်မှ ချားလ်အသံ ပေါ်လာသည်။
"မောင်ဖြေရှင်း ပေးနိုင်မယ့် ပြဿနာရယ်လို့ ရှိတော့မယ်မထင်ပါဘူး၊ မင်းက အပြစ်ကျူးလွန် ကြောင်း ဝန်မခံခဲ့ရင် တော့ တစ်မျိုးပေါ့လေ၊ မင်းရဲ့ အခုလို ပြဿနာမျိုးမှာ တို့မိသားစုနဲ့ ပတ်သက်လို့ မဖြစ်ဘူး၊ ဒါတော့ မင်း သဘောပေါက်မှာပါ။ မင်းကိစ္စက တို့မိသားစု အားလုံးကို တုန်လှုပ်ချောက်ချား သွားစေတယ်၊ ရှင်းရှင်း ပြောရရင်တော့ မင်းကို ငါဘယ်လိုမှ နားမလည်နိုင် တော့ဘူး"
ချားလ်၏ စကားလုံးတိုင်းသည် ထရေစီအသည်းကို ဓားဦးချွန်ကလေးနှင့် တဆက်ဆက် ထိုးနေဘိ သကဲ့သို့ ရှိသည်။ ထရေစီကိုယ်ပေါ်သို့ မိုးကောင်းကင်ကြီးပြိုကျလာ ဘိသကဲ့သို့ရှိသည်။ သူမ ဘ၀တွင် အထီးကျန် အဖြစ်မျိုး ကို ယခင်အခါများကထက် ပိုပြီးခံစားနေရသည်။ မိမိဘက်မှ ရပ်တည်မည့်သူ တစ်ယောက် မျှ မရှိတော့ ပါချေ။
"ဒါ....ဒါဖြင့် ကလေးကိစ္စကော"
"မင်း ကလေးအတွက် အကောင်းဆုံးဖြစ်မယ် ထင်တာကိုသာ မင်းလုပ်ပေတော့...၊ ငါဝမ်းနည်းပါတယ် ထရေစီ"
တယ်လီဖုန်းလိုင်း ပြတ်သွားသည်။
ထရေစီ သည် တစ်ဘက်မှ တယ်လီဖုန်းလိုင်း ပြတ်သွားသော စကားပြောခွက်ကိုကိုင်ရင်း ငူငူကြီး ရပ်လျက် ကျန်နေသည်။
သူ့နောက် မှ ရပ်စောင့်နေသော အကျဉ်းသား အမျိုးသမီး တစ်ယောက်က ပြောလာသည်။
"ရှင် တယ်လီဖုန်းဆက်ပြီးရင် ကျွန်မဆက်ပါရစေ၊ ကျွန်မ ရှေ့နေ နဲ့ ပြောစရာရှိလို့ပါ"
ထရေစီ သည် ထိုအမျိုးသမီးအား တယ်လီဖုန်းပေး ခဲ့ပြီးနောက် သူမ၏အချုပ်ခန်းသို့ ပြန်ရောက် လာ သည်။
"မနက်ကျ ဒီကနေပြီးတော့ ထောင်ကိုပြောင်းဖို့ အသင့် ပြင်ထားပေတော့၊မနက်၅နာရီမှာ လာခေါ်မယ်"
အမျိုးသမီး ရဲမေ က ထရေစီကို လာပြောသည်။
ထရေစီ ထံ သို့ ဧည့်သည် တစ်ယောက်ရောက်လာသည်။ ထိုသူမှာ ထရေစီတို့ မိသားစု၏ မိတ်ဆွေ ဟောင်း ကြီး အော်တိုရှမစ် ပင် ဖြစ်သည်။ အော်တိုရှမစ် အား ထရေစီ မကြာသေးခင်ကပင် အိမ်၌ တွေ့ခဲ့ သေးသည်။ ယခုပြန်တွေ့ရသောအခါ အော်တိုသည် အချိန်ပိုင်းအတွင်း မယုံကြည် နိုင်လောက်အောင် အိုစာ သွားပုံရသည်။ ထရေစီ၏ ဖြစ်ရပ်များအတွက် သူအလွန်ပင် စိတ်ထိခိုက်သွား ပုံရသည်။
"ငါနဲ့ငါ့မိန်းမဟာ ဘယ်လောက် စိတ်မကောင်းဖြစ်ရတယ်ဆိုတာ ပြောဖို့လာတာပါ ထရေစီ၊ အဖြစ်အပျက် အားလုံး မှာ မင်းရဲ့အပြစ် မပါဘူး၊ မင်းမမှား ဘူးဆိုတာ ငါတို့သိပါတယ်"
အော်တိုက ၀မ်းနည်းသံဖြင့်ုပြောသည်၊ ချားလ်ကများ ဤသို့ပြောလျှင် ဘယ်လောက် ၀မ်းသာစရာ ကောင်းလိမ့် မည်နည်း ဟု ထရေစီတွေးမိသည်။
"မနက်ဖြန် ကျရင် မင်းအမေဒေါရစ် ရဲ့ ဈပန ကို ငါတို့လင်မယားနှစ်ယောက် သွားလိုက်ပါမယ်"
"ကျေးဇူးပဲ အော်တိုရယ်"
သြော်...မနက်ဖြန်ဆိုလျှင် မိမိ မိခင်၏ ရုပ်ကလာပ်ကို မြှပ်နှံသဂြိုလ်ကြလေတော့မည်။ တကယ်တော့ မိမိ တို့ သားအမိ နှစ်ယောက်စလုံး၏ ဘ၀ ကို သူတို့မြှုပ်နှံ သဂြိုလ်လိုက်ကြခြင်းပင် မဟုတ်ပါ လား။
ထိုညက ထရေစီ လုံးဝအိပ်မပျော်ခဲ့ပါ၊ အချုပ်ခန်းထဲမှ အိပ်စင် ကျဉ်းကျဉ်းကလေးပေါ်တွင် ပက်လက် လှန်ရင်း မျက်နှာကြက်ကို မော်ကြည့်နေမိသည်။ ချားလ်နှင့်အချီအချ ပြောကြားခဲ့သော စကားများက သူ့စိတ်ထဲ တွင် အထပ်ထပ် ပြန်ပေါ်လာသည်။ ချားလ်သည် မိမိအား ရေရေလည် လည်ရှင်းပြခွင့်ပင် မပေးခဲ့ ပါတကား။
ထရေစီသည် သူမဗိုက်ထဲမှ သန္ဓေတည်ခါစ ကလေးဆီသို့ စိတ်ရောက်သွားသည်။ ကလေးအ ကြောင်း တွေးမိ လာသည်။ ထောင်ထဲတွင် ကလေးမွေးခဲ့ကြရသော မိန်းမများအကြောင်း စားထဲတွင် ဖတ်ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ယင်းအဖြစ်အပျက် အကြောင်းအရာများ သည်သူမဘ၀နှင့် အတော်ပင်ကွာလှမ်း လှသည်။ ပြဒါးတစ်လမ်း သံတစ်လမ်းလို ဖြစ်ခဲ့ရသည်။ အခြားဂြိုလ်မှ မိန်းမ များအကြောင်း ဖတ်ရှူ့ ရဘိ သကဲ့သို့ပင် ရှိခဲ့သည်။
ယခုတော့ ဤဖြစ်ရပ်မျိုး မိမိကိုယ်တိုင် လာကြုံရချေပြီ။ "မင်း ကလေးနဲ့ပတ်သက်လို့ မင်းကောင်း မယ် ထင်တာသာ လုပ်ပေတော့"ဟု ချားလ် ယတိပြတ်ပြော လိုက်ချေပြီ။ မိမိကလေးကို မိမိမွေး မည်။ သို့သော် သူတို့က မိမိလက်ထဲတွင် ကလေးကိုထားလိမ့်မည်မဟုတ်ဟု ထရေစီတွေးမိလာ သည်။ ထောင်ထဲတွင် မိမိ(၁၅)နှစ် လုံးလုံး နေရမည်ဖြစ်ရာ မိမိကလေး ကို သူတို့မိမိလက်မှ ယူသွား ကြပေလိမ့်မည်။ ထောင်ကျ နေသော မိခင်အကြောင်း လုံးဝ မသိရခြင်းသည် ကလေးအတွက် ပိုကောင်းပါလိမ့်မည်။
ထရေစီ ချုံးပွဲချငိုတော့သည်။
မိမိဘ၀ တွင် ပန်းခင်းသော လမ်းလည်း ပျောက်သွားချေပြီ၊ ပန်းမွေ့ရာရွှေကော်ဇော တို့လည်း ဘယ်ရောက် ကုန်ပြီမသိနိုင်တော့။ ဆူးပြွမ်းသောလမ်းနှင့် ခရောင်းတောကိုသာ ဖြတ်သန်းရပေ တော့မည်။
မနက်(၅)နာရီ တွင် အမျိုးသား ရဲအစောင့်တစ်ဦးနှင့် လူဆိုးထိန်း အမျိုးသီးကြီးတို့ ထရေစီ၏ အခန်းထဲ သို့ ၀င်လာသည်။
"ထရေစီဝှစ်တနေ မဟုတ်လား"
"ဟုတ်ပါတယ်"
မင်းကို လူဝစ်စီယားနား တောင်ပိုင်းက အမျိုးသမီး စာရိတ္တပြုပြင်ရေးထောင်ကို လွှဲပြောင်းပေးရ မယ်၊ ကဲလာ သွားစို့
စင်္ကြံလမ်းအတိုင်း သူတို့လျှောက်လာ ကြသည်။ တဘက်တချက်ရှိ အချုပ်ခန်း ကျဉ်းကလေးများ ထဲမှ အမျိုးသမီး အချုပ်သားများက ထရေစီကိုလှမ်းပြီး အော်ဟစ်နောက်ပြောင်ကြသည်။
"မင်းရဲ့ခရီးစဉ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကွာ"
"ဟေး...ထရေစီ ပန်းချီကားကြီး ဘယ်မှာထားခဲ့တယ်ဆိုတာ ငါ့ကို ပြောခဲ့လေ၊ မင်းနဲ့ငါနဲ့ ပိုက်ဆံ တစ်ဝက် ဆီ ခွဲယူတာပေါ့"
"မင်း ထောင်ကြီးကိုရောက်ရင် အာနက်စတိုင်လစ် ကို မေးမြန်းဆက်သွယ်ဟေ့၊ သူမင်းကို ကူညီ စောင့် ရှောက် ပါလိမ့်မယ်"
ထရေစီသည် မနေ့က ချားလ်ထံ ဆက်သွယ်ခဲ့သော တယ်လီဖုန်းအနားမှ ဖြတ်လျှောက်လာခဲ့ သည်။ ထို တယ်လီဖုန်း ကို တစ်ချက်လှမ်းကြည့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။
"နှုတ်ဆက်ခဲ့ပါတယ် ချားလ်ရယ်..."
ရဲစခန်းရှေ့ရှိ ကွက်လပ်ထဲသို့ ထရေစီ ရောက်လာသည်။ ပြတင်းပေါက်တွင် သံတိုင်များ တပ်ထား သည့် အ၀ါရောင် အချုပ်ကားတစ်စီး စခန်းရှေ့၌ ရပ်ထားသည်။ စက်နှိုးထားသည်။ ကားပေါ်တွင် အမျိုးသမီး ခြောက်ဦးခန့် ထိုင်နေသည်။ လက်နက်ကိုင် အစောင့်နှစ်ယောက်က အသင့်စောင့် ကြည့်နေသည်။
ထရေစီ သည် ကားပေါ်တက်ထိုင်လိုက်ပြီး အခြားသူများ၏ မျက်နှာများကို လှမ်းကြည့်လိုက်သည်။ တစ်ဦး က ဘာမျှ ဂရုမစိုက်သည့် မျက်နှာပေးနှင့်၊ နောက်တစ်ဦးက ရဲဝင့်သည့်အသွင်မျိုး၊ ကျန် အမျိုးသမီး များကမူ စိတ်ပျက်အားငယ်နေပုံရသည်။ သူတို့သည်လည်း လက်ရှိဘ၀ကို နိဂုံးချုပ်ရ ပေတော့မည်။ ထောင်ထဲ တွင် အထီးကျန်နေရပေတော့မည်။ သူတို့ မည်သည့် ပြစ်မှုများ ကျူးလွန် လာခဲ့ကြပါလိမ့်။ သူတို့အထဲတွင် မိမိလိုပင် နှင့်လူဆိုမရှိဘဲ ထောင်ကျခံရသူများ ပါလာလေသ လား။ သို့ဝင်လာရာ သူတို့က မည်သို့ ထင်ကြမည်နည်း။
"မော်တော်ကား စတင် မောင်းထွက်လာသည်။ ကားထဲတွင် ပူအိုက်နံစော်နေသည်၊ အပြင်ဘက် ၀ဲယာ နှစ်ဘက် တွင် သစ်ပင်များ စိမ်းစိုနေသည်။ သို့သော် ထရေစီ၏ အသိစိတ်က ဤနေရာ ဤ ၀န်းကျင်၌ မရှိ တော့။
အတိတ် မှ ကမ္ဘာတစ်ခုဆီသို့ သူမစိတ်က ပြန်လည်ပြေးသွားနေသည်။
ထိုစဉ်က ထရေစီ ငယ်ငယ်လေးရှိသည်။ ဖေဖေ၊ မေမေနှင့် ထရေစီတို့ ပင်လယ်ကမ်းခြေ၌ အပန်း ဖြေ အနားယူကြသည်။ ဖေဖေက ထရေစီကို ပခုံးပေါ်တင်ပြီး ပင်လယ်ကမ်းစပ်တွင် အပြေးလေး လျှောက် သွားသည်။ တစ်ခါတစ်ခါ ထရေစီကို ဖေဖေက ရေထဲချပြီး ကလူကျီစယ်သည်။ ထိုစဉ်က ထရေစီ ကြောက် လန့် ပြီး အော်လိုက်သည့်ဖြစ်ခြင်း၊ သို့သော် ဖေဖေက ထရေစီကို ရေထဲမှ ကောက်ယူပြီး ပခုံးပေါ် ပြန် တင်လိုက် သည်။ ထိုအခါမှ ထရေစီ အကြောက်ပြေသွားတော့သည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးသောအခါ ထရေစီသည် အမှတ်ကောင်းသဖြင့် ဂုဏ်ပြုခြင်းခံရသည်။ ထိုဂုဏ် ပြုပွဲ သို့ ထရေစီ ၏ မိခင်လည်း တက်ရောက်ခဲ့သည်။ ထိုနေ့က ပျော်လိုက်သည့်ဖြစ်ခြင်း။
ထရေစီ သည် အတိတ်ကမ္ဘာထဲ၌ နစ်မြုပ်နေစဉ်မှာပင် ကျယ်လောင်စူးရှသော အသံတစ်သံပေါ်လာ သည်။ ထိုအသံ သည် သူမအား အတိတ်မှ ပစ္စုပ္ပန်သို့ တစ်မဟုတ်ချင်း ပြန်ခေါ်လိုက်သည်။
"မင်းကို ငါပြောနေတာ မင်း နားကန်းနေသလား။ ကဲ...လာ...သွားကြစို့"
ထရေစီ က မော့ကြည့်လိုက်သည်။ အချုပ်ကားထဲ၌ သူမရောက်နေကြောင်း ပြန်သတိရလာသည်။
"ကဲ...အားလုံးဆင်းတော့ ရောက်ပြီ"
အစောင့် ၏ အသံက မြည်ဟိန်းလာသည်။
ငရဲရောက်ပြီ ဟု ထရေစီ စိတ်ပိုင်းဖြတ်လိုက်သည်။
အရပ်ပုပု မျက်နှာပေါက်ဆိုးဆိုးနှင့် လူဆိုးထိန်းအမျိုးသမီးကြီးက ထောင်ထဲသို့ရောက်လာသော လူသစ် များအား သြ၀ါဒချွေတော့သည်။
"မင်းတို့ထဲက တချို့ဆိုရင် ဒီမှာ အတော်ကြာကြာ နေဖူးသွားကြပြီ၊ တချို့ဆိုလဲ ဒီထောင်ထဲ တစ်ခါမှ မရောက်ဖူး ကြဘူး၊ ကဲ-ဒီတော့ မင်းတို့ ရောက်ဖူးသည်ဖြစ်စေ မရောက်ဖူးသည်ဖြစ်စေ အခု လောလောဆယ် မှာတော့ ပြင်ပကမ္ဘာ ကို မေ့လိုက်ကြတော့၊ တို့ ဒီမှာ စည်းကမ်းဥပဒေတွေ ရှိတယ်၊ မင်း တို့ ဘယ်အချိန် အိပ်ရာက ထရမယ်၊ ဘယ်အချိန် အလုပ်လုပ်ရမယ်၊ ဘယ်အချိန် ထမင်းစားရမယ်၊ ဘယ်အချိန် အိမ်သာတက်ရမယ်ဆိုတာ တို့ပြောမယ်၊ အဲဒီစည်းကမ်းတွေကို မင်းတို့ဖောက်ရင်တော့ သေ ဖို့သာ ပြင်ထားပေတော့၊ ဒီမှာ အားလုံး အေးအေးချမ်းချမ်းဖြစ်ဖို့ တို့ လိုလားတယ်၊ ဂျစ်ကန်ကန် အကောင် တွေကို ဘယ်လိုကိုင်ရမယ်ဆိုတာလဲ တို့သိတယ်"
ထိုအမျိုးသမီးကြီး သည် သြ၀ါဒချွေနေရာမှ ထရေစီထံသို့ မျက်စိတ်စချက် ငဲ့ကြည့်လိုက်သည်။ ထို့ နောက် ဆက်ပြောသည်။
"မင်းတို့ကို အခုကျန်းမာရေး စစ်ဆေးဖို့ ခေါ်သွားမယ်၊ ဆေးစစ်ပြီးရင် ရေချိုးရမယ်၊ ပြီးရင် မင်းတို့ နေရ မယ့် အခန်းတွေကို ခွဲဝေသတ်မှတ်ပေးမယ်၊ မနက်ဖြန် မနက်ကျရင် မင်းတို့တာဝန်ကျတဲ့ အလုပ်ကို စလုပ် ရမယ်...ဒါပဲ"
အမျိုးသမီးကြီးသည် သြ၀ါဒချွေပြီးနောက် ထိုနေရာမှ ထွက်သွားရန် တစ်ဘက်သို့ လှည့်လိုက် သည်။
ထရေစီ ဘေးတွင်ရပ်နေသော မျက်နှာဖြူဖပ်ဖြူရော် နှင့် အမျိုးသမီးငယ်တစ်ဦးက လှမ်းမေးလိုက် သည်။
"ကျေးဇူးပြုပါ ရှင်...ကျွန်မ မေးချင်လို့ ပါ..."
အမျိုးသမီးကြီးက ချာခနဲ ပြန်လှည့်လိုက်သည်။ သူမမျက်နှာတွင် ဒေါသရောင်များ လွှမ်းနေသည်။
"နင့်ပါးစပ် ကို ပိတ်ထား၊ နင့်ကိုမေးမှပြော ပြောခိုင်းမှပြော၊ နားလည်လား၊ ညည်းတို့ ကျန်တဲ့ ကောင်မ တွေ အားလုံး လဲ မှတ်ထား"
ထရေစီ တုန်လှုပ်ချောက်ချား သွားသည်။ အမျိုးသမီးကြီးက အခန်းနောက်ဘက်တွင်ရှိသော အမျိုးသမီး အစောင့် နှစ်ဦး အား အချက်ပြပြီး ပြောလိုက်သည်။
"ဒီ...အသုံးမကျတဲ့ ကောင်မတွေကို ခေါ်သွားစမ်း"
ထရေစီနှင့်အတူ ယနေ့မှထောင်ထဲသို့ရောက်လာသော ထောင်ကျအမျိုးသမီးများအား ထောင် အ၀င်ဝရှိ ခန်းမကြီး ထဲမှနေ၍ စင်္ကြံလမ်းတစ်ခုအတိုင်း ခေါ်သွားသည်။ ကြွေနက်များ ကာထား သော အခန်း ကျယ်ကြီး ထဲသို့ သူတို့အား မောင်းသွင်းလိုက်သည်။ စားပွဲတစ်လုံးနောက်တွင် လူ လတ်ပိုင်းအရွယ်ရှိ ခပ်၀၀ လူတစ်ယောက် ထိုင်နေသည်။ ထိုသူသည် ကျန်းမာရေးစစ်ဆေးမည့် ဆရာဝန်မှန်း သိသာသည်။
"အားလုံး...တန်းစီ"
ဝါရင့်ထောင်ကျအမျိုးသမီးကြီးတစ်ဦးက အော်ဟစ်အမိန့်ပေးလိုက်သည်။ ထရေစီအပါအ၀င် ယနေ့မှ ရောက်လာ သော ထောင်ကျအမျိုးသမီးများက တန်းစီကြသည်။
"ကျွန်ုပ်ကတော့ ဒေါက်တာကလာစကိုပဲ မယ်မင်းကြီးမတို့၊ ကဲ-အားလုံး အ၀တ်အစားချွတ်"
တန်းစီ နေကြသော အမျိုးသမီးများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ရှက်ကိုး ရှက်ကန်း ဖြစ်သွားသည်။
သို့သော် သူတို့ မတတ်နိုင်ပါချေ။ ဆရာဝန်ပြောသည့်အတိုင်း အားလုံး လုပ်ပေးရသည်။ ဆရာဝန် စစ်ဆေး သမျှ အားလုံး ခံကြရသည်။ ဆရာဝန်ကလည်း ရောဂါသာ စစ်ဆေးရုံမကပါ။ အမျိုးသမီး များ၏ ကိုယ်အင်္ဂါထဲ ၌ မူးယစ်ဆေးဝါးများ ပါလာ မလာကို ပါ ပယ်ပယ်နယ်နယ် စစ်ဆေးသည်။
ထိုသို့ စစ်ဆေးပြီးသောအခါ အမျိုးသမီး များသည် အ၀တ်အစားများကို ကိုယ်စီကိုင်ပြီး ရေချိုးခန်း ဆီသို့ သွား ရသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ရေမြန်မြန်ချိုးရသည်။ ရေချိုးရာတွင် လည်း ခြေဆုံး ခေါင်းဆုံး ပွတ်တိုက်သန့်ရှင်းရပြီး ခေါင်းလျှော်ရည် ရှန်ပူနှင့်ပါ လျှော်ရသည်။
ရေချိုးပြီးသောအခါ အ၀တ်အစားများ ထုတ်ပေးသော အခန်းကျယ်ကြီးသို့ သွားရသည်။ ထိုအခန်း တွင် လက်တင် အမျိုးသမီး တာဝန်ကျထောင် သက်ရင့် အမျိုးသမီးတစ်ဦးက သူတို့အား ၀တ်စုံများ ထုတ် ပေးသည်။ တစ်ဦးလျှင် အညိုရောင် ထောင်ဝတ်စုံ နှစ်ထည်စီ၊ ဘောင်းဘီရှည်နှစ်ထည်စီ၊ ဘရာစီယာ နှစ်ထည်စီ၊ ဖိနပ်နှစ်ရံစီ၊ ည၀တ်အင်္ကျီနှစ်ထည်စီ၊ ဘီးတစ်ချောင်းစီနှင့် ပင်းမင်းပေးမည့် အ၀တ်အစား များ ထည့်သော အိတ်တစ်လုံးစီ တို့ကို ပေးလိုက်သည်။
အကျဉ်းသားများ က ထောင်ဝတ်ထောင်စားအ၀တ်များ ၀တ်နေကြသည်ကို ၀ါရင့်ထောင်ကျများက ရပ်ကြည့် နေသည်။ ထို့နောက် သူတို့အား အခန်းကျယ်ကြီးတစ်ခန်းသို့ ခေါ်သွားပြန်သည်။ ထို အခန်း ထဲတွင် သုံးချောင်းထောက်စင်ပေါ်၌ ကင်မရာတစ်လုံး တင်ထားသည်ကို တွေ့ရသည်။
ထရေစီ တို့ လူသစ်ထောင်ကျများအား တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံရိုက်ယူသည်။ ထို့ နောက် လက်ဗွေပုံစံ များ နှိပ်ယူသည်။ လက်ဗွေနှိပ်ပြီးသောအခါ အစောင့်တစ်ဦးက ထရေစီအား လာပြောသည်။
မင်း ၀ှစ်ထနေ မဟုတ်လား၊ ထောင်မှူးက မင်းနဲ့ တွေ့ချင်လို့တဲ့၊ လာ...ငါ့နောက်လိုက်ခဲ့"
ထရေစီ ရင်ထဲ၌ ဒိန်းခနဲ ခုန်တက်သွားသည်။ သူ့ချစ်သူချားလ်က တစ်စုံတစ်ခု လုပ်လိုက်လေပြီဟု ထင်လိုက်မိသည်။ ချားလ်က မိမိအား ပစ်ပယ်စွန့်လွှတ်ထားခြင်းရှိမည် မဟုတ်။ ပြေး၍တွေးမိ သည်။ မိမိ ကလည်း ချားလ်အား ချစ်နေဆဲ သံယောဇဉ်ရှိနေဆဲဖြစ်သည်။ ချားလ်သည် ထောင်မှူး အား မိမိအမှုကိစ္စ၌ ပြောင်းပြန်ကြီး မှားနေကြောင်း ရှင်းပြလိုက်၍ ထောင်မှူးက မိမိအား ခေါ်တွေ့ ခြင်းဖြစ်ရမည်။ မိမိထောင်မှ လွတ်တော့မည် ဟု ထင်ကာ ထရေစီ ၀မ်းသာသွားသည်။
အစောင့်နှစ်ယောက်က ထရေစီအား အခြားစင်္ကြံလမ်းတစ်ခုမှနေ၍ ထောင်မှူးအခန်းသို့ ခေါ်သွား သည်။ လမ်းတွင် တံခါးတစ်ခုကိုကွေ့ပြီး ၀င်လိုက်သောအခါ ထရေစီသည် ထောင်ကျအမျိုးသမီး ကြီးတစ်ဦးနှင့် ရင်ဆိုင် တိုးမိပြီး နောက်ပြန်လန်လဲကျသွားလုနီးပါး ဖြစ်သွားရသည်။ ထိုအမျိုးသမီး ကြီး၏ ခန္ဓာကိုယ်မှာ အလွန်ပင် ကြီးမားတုတ်ခိုင်သည်။ ထရေစီမြင်ဖူးသမျှ အမျိုးသမီးများထဲတွင် ကိုယ်ခန္ဓာ အကြီးမား ဆုံးပင်ဖြစ်သည်။ အရပ်ကခြောက်ပေကျော်သည်။ ကိုယ်အလေးချိန်မှာ ပေါင် ၂၅၀ကျော်ခန့်ရှိမည်။ မျက်နှာ ခပ်ပြားပြားတွင် ကျောက်ပေါက်မာများရှိပြီး မျက်လုံးကအ၀ါရောင် သမ်းနေသည်။
ထရေစီ နောက်ပြန်လန်လဲကျမသွားစေရန် ထိုလူ ဘီလူးမကြီးက လှမ်းဆွဲထားလိုက်သည်။ တစ် ချိန်တည်း မှာပင် သူ့လက်များက ထရေစီ၏ရင်သားဆီ သို့ ရောက်ရှိဆော့ကစားသွားသည်။
"ဟေး...တို့အတွက် ငါးတစ်ကောင် ထပ်ရောက်လာပြီပေါ့၊ သူ့ကို ငါ့အခန်းထဲ ပို့လိုက်ပါလား"
လူ့ဘီလူးမကြီးက ထရေစီ နှင့် ပါလာသော အစောင့်တစ်ယောက်ကို ပြောလိုက်သည်။ သူမလေသံ မှာ ဆွီဒင် လူမျိုး လေသံပါနေသည်။
"၀မ်းနည်းပါတယ်...သူနေရမယ့်အခန်းကို နေရာချထားပြီးပြီ...ဘာသာ"
အစောင့် က ပြန်ပြောလိုက်သည်။ လူ့ဘီလူးမကြီး၏ နာမည်မှာ ဘာသာဟုခေါ်ကြောင်း ထရေစီ သိ လိုက်ရသည်။
ထိုယောက်ျားလျာမကြီး က ထရေစီ၏ မျက်နှာကို ဆတ်ခနဲ လှမ်းရိုက်လိုက်သည်။ ထရေစီ ယိုင်ဆင်း သွားသည်။ ယောက်ျားလျာမကြီး က တဟဲဟဲရယ်ရင်း ပြောလိုက်သည်။
"နေရာ ချထားပြီးပြီဆိုရင်လဲ ရပါတယ်လေ...၊ ဟောဒီ ဘာသာကြီးက မင်းကလေးကို နောက် တော့ တွေ့ဦး မှာပေါ့၊ တို့အတွက် အချိန်တွေအများကြီးရှိပါသေးတယ်၊ မင်းဘယ်မှ ပြေးမလွတ်ပါ ဘူးကွာ"
ထရေစီ နှင့် အစောင့်နှစ်ဦးတို့ ထောင်မှူးရုံးခန်းသို့ ရောက်သွားသည်။ ထရေစီမှာမူ မျှော်လင့်ချက် များဖြင့် စိတ်စောနေသည်။ ချစ်သူချားလ်များ ရောက်နေမလား။ သို့မဟုတ် သူ့ရှေ့နေကိုများ လွှတ်လိုက် လေမလား။
ထောင်မှူး ၏ အတွင်းရေးမှူးက အစောင့်နှစ်ဦးကို ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။
"ထောင်မှူးကြီးက သူ့ကိုမျှော်နေတာကြာပြီ၊ ဒီမှာပဲ ခဏစောင့်နေ"
ထောင်မှူးကြီး ဂျော့ဘရန်နင်ဂန်သည် သူ၏အလုပ်စားပွဲကြီးတွင် ထိုင်ရင်း သူ့ရှေ့မှ စာရွက်စာ တမ်းအချို့ ကို ဖတ်ရှုလေ့လာနေသည်။ အသက်၄၅နှစ်ခန့်ရှိပြီး ပိန်ပိန်ပါးပါးနှင့် ထက်ထက်မြက် မြက်ရှိပုံ ပေါ်လွင် သည်။
ထောင်မှူးကြီး ဘရန်နင်ဂန် သည် ဤမိန်းမထောင်၌၊ တာဝန်ထမ်းဆောင်လာခဲ့သည်မှာ ငါးနှစ်ရှိပြီ။ သူသည် အတွေးအခေါ် အယူအဆ တိုးတက်သူတစ်ဦးဖြစ်ပြီး ဤထောင်ကို အောက်ခြေသိမ်း ပြုပြင် ပြောင်းလဲ ရန် သန္နိဋ္ဌာန်ချလာသူဖြစ်သည်။ သို့သော် သူ့အလျင်ထောင်မှူးကြီးများ လက် မြောက် အရှုံးပေး ခဲ့ ရသလို သူလည်း ယခု လက်မြှောက်အရှုံးပေးခဲ့ရသလို သူလည်း ယခု လက် မြှောက် အရှုံးပေး နေရသည်။
ဤအမျိုးသမီးဆောင် ကို မူလ စ ဆောက်စဉ်က အခန်းတစ်ခန်းတွင် ထောင်ကျအမျိုးသမီး နှစ်ယောက်စီ နေရန် စီစဉ် ထားသည်။ သို့သော် ယခုအခါ တစ်ခန်းတွင် ထောင်ကျလေးယောက်မှ ခြောက်ယောက်စီ အထိ ထားနေရသည်။ အခြားထောင်များတွင်လည်း ထိုသို့ပင် ဖြစ်နေသည်ကို ထောင်မှူးကြီးသိသည်။ တစ်နိုင်ငံလုံး ရှိ ထောင်များတွင် ထောင်ကျသူကများပြီး ထောင်ဝန်ထမ်းက နည်းနေသည်။
ထောင်မှူးကြီး ဘရန်နင်ဂန်သည် သူ့ရှေ့တွင်ရပ်နေသော အမျိုးသမီးထောင်ကျကို တစ်ချက်လှမ်း ကြည့် လိုက်သည်။ ထောင်အ၀တ်အစားများကို ၀တ်ထားပြီး စိတ်ပန်းလူနွမ်း ဖြစ်နေပုံရသော်လည်း ထရေစီဝှစ်တနေ က လှနေဆဲဖြစ်သည်။ ရိုးသား ပွင့်လင်းပုံရပြီး ချစ်စရာကောင်းသော ထရေစီ၏ အလှ သည် ဤထောင်ထဲ၌ မည်မျှကြာကြာ တည်ရှိနေနိုင်ပါဦးမည်နည်းဟု ထောင်မှူးကြီး တွေးမိ လာသည်။
ထောင်မှူးကြီး သည် ထရေစီ ဟူသော ဤထောင်ကျအမျိုးသမီးကိုမှ ထူးထူးခြားခြား စိတ်ဝင်စားနေ မိသည်။ ထိုသို့စိတ်ဝင်စားနေခြင်းမှာလည်း သူမအကြောင်းကို သတင်းစာများထဲတွင် ဖတ်ရှုခဲ့ရပြီး သူမနှင့် ဆိုင်သော မှတ်တမ်းစာရွက်စာတမ်းများကို လေ့လာသိရှိရသောကြောင့် ဖြစ်သည်။
ထရေစီ သည် ပထမအကြိမ် ပြစ်မှုကျူးလွန်သူဖြစ်သည်။ သို့သော် လူသတ်မှုမဖြစ်ခဲ့။ အသက်က လည်း ငယ် သေးသည်။ သူမအား ထောင်ဒဏ်(၁၅)နှစ် ပေးလိုက်ခြင်းမှာ များလွန်းနေသည်ဟု ထောင်မှူးကြီး သုံးသပ်မိသည်။ သို့သော် အပြစ်ပေးခြင်းသည် မိမိအလုပ်မဟုတ်။ အပြစ်ကျလာသူ များအား ထိန်းသိမ်း စောင့်ရှောက်ခြင်း သည်သာ မိမိတာဝန်ဖြစ်သည်။ သို့လင့်ကစား တရားလိုမှာ ဂျိုးဇက်ရိုမာနိုဖြစ်နေ၍ ထောင်မှူးကြီး ဘ၀င်မကျလှပါချေ။
"ကဲ...ထိုင်ပါဦး"
ထောင်မှူးကြီးက ပြောလိုက်သဖြင့် ထရေစီသည် ကုလားထိုင်၌ ၀င်ထိုင်လိုက်သည်။ သူမ ဒူးနှစ်လုံး မှာ လည်း တဆတ်ဆတ်တုန်နေပြီ။ ထိုင်ခိုင်းသဖြင့် ထရေစီ သိပ်ဝမ်းသာသွားသည်။ တဆက်တည်း မှာပင် ချားလ် အကြောင်း မေးရန်နှင့် မိမိအား လွှတ်တော့မည်လားဟု မေးလုနီးပါးဖြစ်သွားသည်။
မင်းရဲ့ မှတ်တမ်း တွေကို ငါ အခုဖတ်နေတာ ထောင်မှူးကြီးက ထရေစီကို ပြောလိုက်သည်။
ချားလ် က ပြောလိုက်သဖြင့် ပြန်ဖတ်နေတာ ဖြစ်မှာပါဟု ထရေစီ စိတ်ထဲက ထင်လိုက်သည်။
မင်း ငါတို့နဲ့ အတူတူ အတော်ကြာကြာနေရမှာပဲ၊ မင်းရဲ့ ပြစ်ဒဏ်က (၁၅)နှစ် ကျခံရမှာ ထောင်မှူး ကြီးက ပြောသည်။
ထရေစီ အထိတ်တလန့်ဖြစ်သွားသည်။
ရှင်...ရှင့်ကို ချားလ်က မပြောဘူးလား
ချားလ်...ဟုတ်လား၊ ဘယ်သူလဲ
ထောင်မှူးကြီး က လုံးဝမသိနားမလည်သည့် အသွင်ဖြင့် မေးလိုက်သည်။
ထရေစီ လည်း အခြေအနေမှန်ကို သိသွားပါပြီ။ ထို့ကြောင့် ဆို့နင့်ကြေကွဲသံကြီးဖြင့် ပြောလိုက် သည်။
ကျေး...ကျေးဇူးပြုပြီး ကျွန်မပြောတာ နားထောင်ပါရှင်၊ ကျွန်မမှာ ဘာအပြစ်မှမရှိပါဘူး၊ ကျွန်မကို ဒီနေရာ က လွှတ်ပေးပါ
ထောင်မှူးကြီးအဖို့ ဤစကားမျိုးကြားရသည်မှာ အကြိမ်ပေါင်းရာထောင်ချီရှိနေပေပြီ။
မင်းမှာ အပြစ်ရှိတယ်လို့ တရားရုံးက စီရင်လိုက်ပြီ၊ မင်းကို ငါ အကောင်းဆုံး အကြံပေးချင်တာက တော့ စိတ်လျှော့ပြီး နေလိုက်ပါတော့ကွာ၊ ကျခံရမယ့် အပြစ်ဒဏ်ကို မင်း ကြည်ကြည်သာသာ လက်ခံလိုက် တာနဲ့တစ်ပြိုင်နက် မင်းအဖို့ သင့်သောင့်သက်သာရှိသွားမှာ ထောင်မှာနာရီမရှိဘူး၊ ပြက္ခဒိန်ပဲရှိတယ်
ထောင်မှူးကြီး က ထရေစီ ကို ဖျောင်းဖျလိုက်သည်။
ထရေစီ အဖို့ ပါးစပ်မှ စကားလုံးများ ထွက်မလာသော်လည်း ရင်ထဲတွင်မူ ဗလောင်ဆူအောင်ပြော နေ သည်။
အို...ဒီမှာ (၁၅)နှစ်လုံးလုံး မနေနိုင်ဘူး၊ ကျွန်မသေချင်တယ်၊ ဘုရားသခင်ရယ် သမီးတော်သေပါရ စေ၊ အို သေလို့ မဖြစ်သေးဘူး၊ ဗိုက်ထဲက ကလေးလေးကို သတ်လိုက်သလိုဖြစ်သွားမယ်၊ ကျွန်မ ကလေးဟာ ရှင့် ကလေး ပါပဲ ချားလ်ရယ်၊ ရှင် ဘာကြောင့်များ ကျွန်မကို မျက်ကွယ်ပြုရတာလဲရှင် ရယ်
ထိုတစ်ခဏ မှာပင် ထရေစီသည် ချားလ် ကို မုန်းစိတ်စပွားမိလာသည်။
မင်းမှာ ထူးထူးထွေထွေ ပြဿနာရှိလာရင် အဲ-အကူအညီလိုရင်ပေါ့ကွာ၊ ငါ့ဆီ အချိန်မရွေးလာပြော ဟုတ်လား ထောင်မှူးကြီးအဖို့ ပြောသာပြောလိုက်ရသော်လည်း သူ့စကားမှာ အဓိပ္ပါယ်ရှိမည် မဟုတ်ကြောင်း၊ ထိရောက်မည်မဟုတ်ကြောင်း သူသိနေသည်။
ထရေစီ သည် ငယ်သည်။ ချောသည်။ လှသည်။ နုနယ်ပျိုမျစ်သည်။ သူမသည် ဤထောင်ထဲမှ နွား သိုးကြိုးပြတ် လူ့ဘီလူးကြီး များ၏ လူမဆန်သော ဒဏ် ကို မည်မျှကြာကြာ ခံနိုင်ပါမည်နည်း။ သူတို့ နှင့် လွတ် သော အခန်းဟူ၍ ဤထောင်မှာ မရှိပါချေ။ ဤထောင်မှ ကောလာဟလ သတင်းများ ကို ထောင်မှူးကြီး ကြားနေရသည်မှာ ကြာပြီဖြစ်သည်။ မကောင်းသတင်းသာဖြစ်သည်။
အေးလေ... မင်း အနေအထိုင် ကောင်းရင်တော့ (၁၂)နှစ်၊ (၁၃)နှစ်လောက်နဲ့ လွတ်မှာပဲ
အို... မဟုတ်ဘူး
ထရေစီ ကြောက်လန့်တကြား အော်လိုက်မိသည်။ ခဲလေသမျှ သဲရေကျ ဖြစ်သွားရပါပြီ။
အဆောင်(၈) တွင် ထောင်ကျအမျိုးသမီးပေါင်း (၆၀)ဦးရှိပြီး တစ်ခန်းလျှင် လေးဦးကျစီထားသည်။ အဆောင် ၏ အလယ်ကောင်တွင် လူသွားစင်္ကြံလမ်းရှိပြီး ဘေးနှစ်ဘက်တွင် အခန်းများစီတန်းနေ သည်။ ထရေစီ အား စင်္ကြံလမ်းအတိုင်း ခေါ်လာသောအခါ အခန်းအသီးသီးထဲရှိ ထောင်ကျအမျိုး သမီးများက ထရေစီ အား သံတိုင်များနောက်မှနေ၍ ချောင်းကြည့်ကြသည်။
ထောင်တာယာ အမျိုးသမီးကြီးက အခန်းတစ်ခန်းကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
"အထဲဝင်"
ထရေစီက အခန်းထဲသို့ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။ အခန်းထဲတွင် အမျိုးသမီးသုံးဦးရှိ နေပြီး မိမိ အား စောင့်ကြည့်နေကြသည်။
"၀င်လေ"
တာယာက ထပ် အမိန့်ပေးလိုက်သည်။ ထရေစီသည် ခပ်တုံ့ဆိုင်းဆိုင်း ဖြစ်နေပြီးမှ ဤအခန်းထဲ သို့ လှမ်း ၀င်လိုက် သည်။ ဤအခန်းသည်ပင် မိမိအိမ်ဖြစ်ရတော့မည် မဟုတ်ပါလား။
အခန်း ကျဉ်းကျဉ်းလေးထဲတွင် အိပ်စင်လေးခုရှိသည်။ စားပွဲတစ်လုံးပေါ်တွင် မှန်အကွဲတစ်ချပ်ရှိ သည်။ စားပွဲ ၌ ခပ်သေးသေးအံဆွဲလေးလုံးပါသည်။ အခန်း၏အနောက်ဘက် ထောင့်တစ်ထောင့်၌ ဖင်ထိုင်ခုံ ကြွေကမုတ် မပါသော အိမ်သာရှိသည်။ သို့သော် အကာအရံမရှိ။ ဗလာ။
ထရေစီ နှင့် အတူ နေရမည့် အခန်းဖော်သုံးဦးက သူမအား အကဲခတ် စိုက်ကြည့်နေကြသည်။
ပွာတိုရီ ဆိုသူ အမျိုးသမီးက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းပြီး စတင်ပြောလာသည်။
"တို့တောင် အခန်းသစ် ကို ရောက်သွားရသလိုပဲဟေ့"
သူမ အသံမှာ လည်ချောင်းသံပါနေသည်။ နားထင်မှ လည်ပင်းအထိ မျက်နှာပေါ်တွင် အမာရွတ် ကြီး ရှိ နေသည်။ သူမမျက်နှာပေါ် ၌ ထိုဓားခုတ်ရာ အမာရွတ်သာ မရှိလျှင် လှပသူတစ်ဦး ဖြစ်ပေ လိမ့်မည်။ အသက်(၁၄) နှစ် ပင် ပြည့်ပုံရပြီ ဟု မထင်ရပေ။
သက်လတ်ပိုင်းအရွယ်ရှိ အရပ်ခပ်ပုပု မက္ကဆီကို အမျိုးသမီးတစ်ဦးက ပြောပြန်သည်။
"တွေ့ရတာ ၀မ်းသာပါတယ်၊ မင်းဘာအမှု နဲ့ ရောက်လာတာလဲ။ ရန်ဖြစ်တဲ့ အမှုလား"
ထရေစီ အဖို့ အားအင်ကုန်ခန်းပြီး စကားမပြောချင်ဘဲ ဖြစ်နေသည်။
ကျန် တတိယအမျိုးသမီး မှာ အသားမည်း ကပ္ပလီမကြီးဖြစ်သည်။ အရပ်ခြောက်ပေနီးပါး မြင့်သည် မျက်ပေါက်ကျဉ်း သည်။ အေးစက်မာကျောသည့် လက္ခဏာ က မျက်လုံးအိမ်တွင် ထင်ဟပ်နေသည်။ မျက်နှာထား က တင်းသည်။ ခေါင်းတွင် ဆံပင်မရှိ။ ခေါင်းတုံးရိတ်ထားသည်။ အလင်းရောင် မှုန်မှုန် မွှားမွှား ထဲတွင် ခေါင်းတုံးအရောင် က တောက်နေသည်။
"ဟိုထောင့်မှာ မင်းအတွက် အိပ်စင်ရှိတယ်"
သူက ထိုမျှသာ ပြောသည်။ ထရေစီ က သူမေးငေါ့ပြလိုက်သော အိပ်စင်ဆီသို့လျှောက်သွားသည်၊ အိပ်စင် ပေါ်မှ မွှေ့ရာ မှာ အညစ်အကြေးများ စွန်းထင်းပေရေနေသည်။ ထိုမွေ့ရာပေါ်တွင် ထောင်ကျအမျိုးသမီး မည်ရွေ့ မည်မျှ နေသွားသည်ကို ဘုရားသခင်မှပင် သိပေလိမ့်မည်။ ထရေစီ သည် မွေ့ရာကို ထိပင် မထိ ချင်အောင် ဖြစ်သွားသည်။
"ကျွန်...ကျွန်မ ဒီမွေ့ရာပေါ်မှာ မအိပ်နိုင်ဘူး"
ထရေစီ က အလန့်တကြား ပြောလိုက်သည်။
"မင်း ဒိအပေါ်မှာ အိပ်ဖို့ မလိုပါဘူး ကလေးမ၊ ငါ့ကိုယ်ပေါ်မှာ တက်အိပ်လို့ရပါတယ်"
ပုပု၀၀ မက္ကဆီကို အမျိုးသမီးကြီးက ပြောသည်။ အခန်းထဲရှိ ကျန်အမျိုးသမီးသုံးဦး၏ အတွင်းစိတ် ထားကို ထရေစီ တစ်မုဟုတ်ချင်း သိလာသည်။ သူတို့စိတ်ထားများက မမှန်၊ သူတို့သုံးဦးက မိမိ အား စိုက်ကြည့် နေပုံ မှာ မရိုးသား၊ ထရေစီအဖို့ အနေရအထိုင်ရ ခက်လာသည်။
မွေ့ရာသန့်သန့် ရဖို့ ကျွန်...ကျွန်မ ဘယ် ဘယ်သူ့ကို သွားတွေ့ရမလဲဟင် ထရေစီက အားယူပြီး ပြော လိုက် သည်။
ဘုရားရေ...ညည်းပြောရမယ့်လူက ဒီအချိန် ထောင်မှာ မရှိတော့ဘူး ကပ္ပလီမကြီးက ၀င်ပြော သည်။
ထရေစီသည် သူမ အိပ်ရမည့် မွေ့ရာ ကို တစ်ချက်ပြန်ကြည့်လိုက်ပြန်သည်။ ပိုးကောင် သုံးလေး ကောင်က အိပ်ရာပေါ် မှ ဖြတ်သွားကြသည်။ မိမိဤနေရာတွင် နေနိုင်မည်မဟုတ်။ ဤနေရာတွင် ကြာကြာနေပါက ရူးသွား ပေလိမ့်မည် ဟု တွေးမိသည်။
သူမအတွေး ကို ကပ္ပလီမကြီးက ရိပ်မိသွားပုံရသည်။
ရောက်တဲ့အရပ် မှာ ပျော်အောင်နေပေါ့ကွာ ကပ္ပလီမကြီးက အားပေး ဖြေသိမ့်လိုက်သည်။
ထောင်မှူး ပြောလိုက်သော အသံကိုလည်း ထရေစီပြန်ကြားရသည်။ အကောင်းဆုံ အကြံပေးချင် တာ ကတော့ စိတ်အေးအေး နဲ့ အဆင်ပြေအောင် နေပေါ့ဟု ဆိုခဲ့လေသည်။
ကပ္ပလီမကြီး က ဆက်ပြောသည်။
"ငါ့နာမည် က အာနက်စတိုင်းလစ်တယ်ချက်၊ ဟို...အမာရွတ် နဲ့ က လိုလာ၊ သူက ပွာတိုရီကိုက၊ ၀၀ ပုပုက ပေါ်လီတာ၊ သူက မက္ကဆီကိုက၊ မင်းကကော ဘယ်သူလဲ"
ကျွန်...ကျွန်မက ထရေစီဝှစ်တနေ
မင်းက ဘယ်မှာနေလဲ၊ ဘယ်ကလာတာလဲ
ကျွန်မ နေမကောင်း လို့ စကားပြောချင်စိတ် မရှိအောင်ဖြစ်နေတယ် ထရေစီက တောင်းပန်လိုက် သည်။
ခြေထောက်များ မခိုင်တော့ဘဲ ယိုင်လဲသွားမလိုပင် ဖြစ်သွားသည်။ ထို့ကြောင့် ခုတင်စွန်းတွင် မှေး ထိုင် လိုက်ပြီး မျက်နှာပေါ်မှ ချွေးစေးချွေးပေါက်များကို စကပ်ဖြင့် သုတ်လိုက်သည်။ ဗိုက်ထဲမှ ကလေးကို သွား သတိရသည်။ မိမိတွင် ကိုယ်ဝန်ရှိနေကြောင်း အဆောင်မှူး အား ပြောပြလျှင် ယခု ထက် ပို သန့်ရှင်းသော အခန်း သို့ ပို့ပေးလိမ့်မည်ဟု တွေးမိလာသည်။
စင်္ကြံအတိုင်း လျှောက်လာသော ခြေသံကိုကြားရလည်း ထောင်ဘာယာတစ်ယောက်က ထရေစီ တို့ အခန်းရှေ့ မှ ဖြတ်လျှောက်သွားသည်။ ထရေစီသည် သံတိုင်တံခါးဝသို့ ကမန်းကတန်း ပြေး သွားသည်။
ကျွန်မ ထောင်မှူး နဲ့ တွေ့ပါရစေ၊ ကျွန်မ...
ထောင်ဘာယာ ကို လှည့်ပင်မကြည့်ဘဲ ဆက်လျှောက်သွားသည်။ ထရေစီသည် အိပ်စင်ဆီသို့ တစ်လှမ်းချင်း ပြန်လျှောက်လာသည်။ ထို့နောက် အိပ်စင်ပေါ်သို့ ဖြည်းဖြည်းချင်းလှဲချလိုက်သည်။
သူမ အဖို့ မျှော်လင့်ချက်ကင်းမဲ့ပြီး လက်မြှောက်အရှုံးပေးလိုက်ရပါချေပြီး မျက်စိအစုံကို မှိတ်လိုက် သည်။
ထရေစီ ဆယ်နှစ်သမီးအရွယ် က မိဘနှစ်ပါးက သူမ၏မွေးနေ့ပွဲ လုပ်ပေးသည်။ အ၀တ်အစားသစ် လှလှပပ ၀တ်ပေးထားသည်။ မွေးနေ့ကိတ်မုန့်ကြီးပေါ်တွင် ဖယောင်းတိုင်ဆယ်တိုင်ထွန်းထား သည်။ စားပွဲထိုး များက မွေးနေ့ဆုတောင်းသီချင်းကို စတင်ဆိုလိုက်သောအခါ ဧည့်သည်များက ကောင်းချီး သြဘာ ပေးပြီး လိုက်ဆိုသည်။
ထိုစဉ်က ထရေစီ၏စိတ်ထဲတွင် မင်းသမီးလေးလို ခံစားရသည်။ နယူးအော်လင်းမြို့မှ အကြီးဆုံး ဟိုတယ် ဖြစ်သော အင်ကွိုင်း ၌ ကျင်းပနေပုံကို ပြန်လည်သတိရအိပ်မက်နေသည်။
ထိုစဉ်မှာပင် လျှပ်စစ်ခေါင်းလောင်းထိုးသံ က ကျယ်လောင်စွာ ပေါ်လာသည်။
ဆက်ရန်
.
No comments:
Post a Comment