Tuesday, June 14, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၁၃)

လူသတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ဆေးပင်ရိရာကို ညွှန်ထားတဲ့ ပေစာဆိုပါတော့၊ ကိုစော စိတ်ကလဲ ထူးထူး ဆန်း ဆန်းကိစ္စမှာ စွန့်စားလိုတဲ့ ၀ါသနာရှိတတ်တာလဲ ခင်သိပါတယ်၊ ဒီဆေးပင်ရှိရာကို မရောက် ရောက်အောင် သွားပြီး ဆေးပင်ကို ရအောင်ယူမယ်လို့ ကိုစောစိတ်ကို ဆုံးဖြတ်ပြီးနေပါပြီ။ ဒါကြောင့် ခင်နဲ့ ကိုစောတို့ လက်ထပ်ရေးကိစ္စကို ရက်အကန့်အသတ်မရှိ ဆိုင်းပါဦးလို့ ကိုစော အနူးအညွတ် ခွင့် တောင်းပါတယ် ခင် ...

ခင်ကလွဲလို့ ဘယ်သူ့ကိုမှ ကိုစော မဖောက်ပြားပါဘူးဆိုတာလဲ ခင် ယုံကြည်ပါ၊ ဒီကိစ္စဆောင်ရွက်ဖို့သွား ရာမှာ ယုံကြည်စိတ်ချရတဲ့ အဖော်အဖြစ်နဲ့ သူငယ်ချင်း ကိုဘဆွေကို ခေါ်သွားပါမယ်။ ကိုဘဆွေကတော့ ကိုစော ကို ညီအစ်ကိုအရင်းလို ခင်မင်နေတာ ခင်သိပြီးပြီပဲ၊ နက်ဖြန်ပဲ ခရီးထွက်တော့မှာမို့ ဘူတှာူ ဆင်းရင် ခင် တို့ အိမ်ရှေ့က လာခဲ့ပါ့မယ်။ ခရီးထွက်မယ့် ဆဲဆဲမှာ ခင့်မျက်နှာလေးကို ကြည့်သွားပါရစေ၊ အိမ်ရှေ့ ၀၇န်တာက ခင်စောင့်နေပါနော် -
ကိုစော ဆောင်ရွက်မယ့်ကိစ္စ အောင်မြင်ပါစေလို့ ခင်က ကူညီဆုတောင်းပါနော် ...
အစဉ်အမြဲ ကြင်နာချစ်ခင်သော
                            ခင့်
                                ကိုစောခိုင်
ကိုမျိုးခိုင်သည် စာကိုဖတ်ပြီး အံကို တင်းတင်းခဲထားမိ၏။

" ကိုစောခိုင် ... ကိုစောခိုင် "
ကိုမျိုးခိုင်သည် အံခဲထားရာမှ စာနှင့် ဓာတ်ပုံတွင်ပါသော ကိုစောခိုင်၏ နာမည်ကို နှစ်ခွန်းဆင့်ပြီး ရေရွတ် လိုက်သည်။ ဖခင် ဦးဘဆွေ ရူးပြီး အိမ်မှထွက်ခွာ ပျောက်ဆုံးသွားမည့် နေ့က မိခင်နှင့် ဖခင် စကား များသည့်အခါ ဤ ကိုစောခိုင်ဟူသော နာမည်ကို ထည့်သွင်းပြောခဲ့သည်။ ကိုစောခိုင်ဆိုသူက အကြောင်းစုံ လာရောက်ပြောသွား၍ မိခင်နှင့် ဖိင်တို့၏ အေးချမ်းသာယာသော အိမ်ထောင်ရေး ပြိုကွဲခဲ့ရသည့် အကြောင်း များကို ကိုမျိုးခိုင် ပြန်လည် စဉ်းစားလိုက်မိ၏။

" ငါ့အဖေနဲ့ အမေ ပျောက်သွားရတာ၊ ငါ့အမေ သေမှန်းမသိ၊ ရှင်မှန်းမသိ ပျောက်သွားရတာ၊ ငါ့အမေ စိတ် ဆင်းရဲပြီး သေရတာတွေဟာ ဒီ ကိုစောခိုင်ဆိုသူရဲ့ စနက်ဘဲ "
ကိုမျိုးခိုင်သည် အံကြိတ်ပြောကာ ဓာတ်ပုံကို ကောက်ယူပြီး စေ့စေ့ကြည့်လိုက်ပြန်၏။

" ခင်ဗျား လူ့လောကမှာ အသက်ရှင်ရက် ရှိသေးသလားဟင်၊ အေး ... မြန်မာတစ်ပြည်လုံး ကျုပ်တတ်နိုင် သလောက် တွေ့အောင်ရှာမယ်၊ ခင်ဗျား အသက်ရှင်လျက် ရှိနေသေးရင်တော့ ကျုပ်မိဘတွေ စိတ်ဆင်းရဲခဲ့ ရတာနဲ့ အမျှ၊ ကျုပ် စိတ်ဆင်းရဲခဲ့ရတာနဲ့အမျှ ခင်ဗျားကို ကောင်းကောင်းကြီး အကြွေးကျေအောင် ဆပ်ခိုင်းရ မှာပေါ့မှာ "
ကိုမျိုးခိုင်သည် သက်မဲ့ ဓာတ်ပုံကို သက်ရှိ လူတစ်ယောက်သဖွယ် စေ့စေ့ကြည့်ကာ နာကြည်းစွာ ပြော လိုက်လေသည်။

" အစားအသောက်ကလေးလဲ မှန်မှန်မှီဝဲပါဦး လူလေးရယ် "
သွားတဲ့လူကတော့သွားပြီ၊ ကျန်ရစ်သူက တမှိုင်မှိုင်တဆွေးဆွေးနေလို့လဲ အကြောင်း မထူးတော့ပါဘူး။ အာဟာရပြတ်ရင် လူကလေးလဲသွားလိမ့်မယ်။ ဒီမနက်စာတော့ လူလေးထမင်းမြိန်အောင် ဒေါ်မှုံအစွမ်းကုန် ကောင်းကောင်း ချက်ထားပါတယ် လူလေး ... "
ကိုမျိုးခိုင်သည် ငိုင်တွေ ငေးမောနေရာမှ ယုယုယယ ပြောနေသော ဒေါ်မှုံကို ကြည့်လိုက်၏။ သူ့အား ယုယ စွာ ချော့မော့ ပြောနေစေကာမူ ဒေါ်မှုံကိုယ်တိုင်ကလည်း ငိုထားဟန်တူသည်။ မျက်နှာမှာ နီနေ၏။ ဟုတ်ပါ သည်။

ငယ်စဉ်တောင်ကျေး ကလေးဘ၀မှစ၍ ဘဘ၊ မယ်မယ်တို့ကကော ယူကျွေးမွေးလာခဲ့၍ သွားလေသူ ဒေါ်ခင်မျိုး နှင့် ဥမကွဲသိုက်မပျက် နေလာခ့သော ဒေါ်မှုံအဖို့ ရှေးဟောင်းနှောင်းဖြစ်ကိုတွေးကာ ဆွေးရသော စိတ်သောက သည် ကိုမျိုးခိုင်ထက် မလျော့ရှာပေ။
" စားမယ် ဒေါ်မှုံ၊ ထမင်းပွဲ ပြင်ပြီးပြီလား "
ရှောရှော ရှုရှု ပြောလိုက်သော ကိုမျိုးခိုင်၏ ပြန်ကြားချက်ကြောင့် ဒေါ်မှုံမှာ အတိုင်းမသိ ၀မ်းသာသွားရှာ သည်။ ဒေါ်ခင်မျိုး ကွယ်လွန်ခဲ့ပြီး၍ ယခုသုံးလတာမျှ ကြာသော အချိန်အတွင်းဝယ်၊ ကိုမျိုးခိုင်သည် ထမင်း၊ ဟင်း၊ လက်ဖက်ရည် ကို မှန်အောင်မစားသောက်ခဲ့ပေ။ တမှိုင်မှိုင် တငေးငေးဖြစ်နေသော ကိုမျိုးခိုင်၏ အခြေ အနေကို ဒေါ်မှုံ ရင်လေးစွာ စောင့်ကြည့်ခဲ့ရရှာ၏။

ဒေါ်ခင်မျိုးမရှိသည့်နောက် မှီခို တွယ်တာ အားပြုစရာ ကိုမျိုးခိုင်တစ်ယောက်သာလျှင်ရှိသော အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့် ဒေါ်မှုံအဖို့ လူကလေးမရှိရင် ငါ ဘယ်လို နေရမလဲဟု နေ့စဉ်တွေးတော ပူပန်ခဲ့ရရှာသည်။
" ပြင်ပြီးပြီ လူကလေး အဆင်သင့်ပဲ လာ ... လာ "
ဒေါ်မှုံက သွက်လက် ရွှင်လန်းစွာပြောပြီး ကိုမျိုးခိုင်ကို ထမင်းစားခန်းသို့ ခေါ်လာခဲ့၏။
" ဒေါ်မှုံရော မစားသေးဘူးလား၊ တစ်ခါထဲ ကျွန်တော်နဲ့ ရောစားလိုက်ပါလား ဒေါ်မှုံ "
" ရှိပါစေ လူလေး၊ နောက်မှ အေးအေး ဆေးဆေး စားပါမယ် "

ဒေါ်မှုံက ပြန်ပြောကာ ကိုမျိုးခိုင် ထမင်းစားနည်းမည် များမည်ကို စောင့်ကြည့်နေသည်။ ကိုမျိုးခိုင်သည် ဒေါ်မှုံအား ထပ်မံတိုက်တွန်းခြင်းမပြုတော့ဘဲ ထမင်းကို အားရပါးရစားနေသည်။ ဒေါ်ခင်မျိုး ကွယ်လွန်ပြီးမှ နှစ်ခြိုက်မြိန်ရှက်စွာ ထမင်းစားနေသည်ကို ဤတစ်ခါသာ မြင်ရသော ဒေါ်မှုံသည် ချက်ရကျိုးနပ်ပေပြီဟု ၀မ်းမြောက် စွာ ထမင်းစားပွဲနှင့် ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေ၏။ ကိုမျိုးခိုင် ထမင်းစားပြီး၍ လက်ဆေးသော အခါ ဒေါ်မှုံ က ထမင်းစားခန်းထောင့်ရှိ ကြောင်အိမ်ထဲမှ အဆင်သင့် ခွဲစိတ်ထည့်ထားသော သင်္ဘောသီးမှည့် ပန်းကန် ကိုယူပြီး ...

" ရော့ ... ရော့ လူလေး သင်္ဘောသီးပင်မှည့်လေး ချိုက ချိုပါဘိသနဲ့ လူလေးဖို့ ဒေါ်မှုံ ၀ယ်လာတာ၊ စား လိုက် ဦး"
မိခင်က သားအား ယုယသလို ဒေါ်မှုံက ယုယကြင်နာစွာပြောပြီး ကိုမျိုးခိုင်ရှေ့ စားပွဲပေါ်သို့ တင်ပေးလိုက်၏။ ကိုမျိုးခိုင် က သင်္ဘောသီးမှည့်ကို အားရပါးရစားလိုက်ပြန်သည်။ ဒေါ်မှုံ၏ ၀မ်းမြောက်မှုကား ဆိုဖွယ်ရာ မရှိ တော့ပြီ။

အဲဒီလိုမှပေါ့ လူလေးရယ်၊ ယောက်ျားပဲ၊ ဘာ အားငယ်စရာရှိသလဲ။ ပညာလဲ ပြည့်စုံပြီးသား၊ ပစ္စည်းလဲ အသင့် အတင့် လုံလောက်တယ်၊ ချက်ပြုတ် ကျွေးမွေးဖွပ်လျှော် ပေးမယ့် ဒေါ်မှုံလဲရှိတယ်၊ ယုယအားပေးမယ့် ခင်ခင်လေး တို့ သားအဖလဲ ရှိနေတယ်။ လူလေးအဖို့ ဘာပူပင် စိတ်ငယ်စရာရှိလဲကွယ့်"
စားပြီးသား ပန်းကန်များကို သိမ်းနေရင်းက ဒေါ်မှုံက တတွတ်တွတ်အားပေးနေသည်။ ကိုမျိုးခိုင်က စိတ်လို လက်ရ ပြုံးလိုက်၏။ မိခင်ကွယ်လွန်ပြီးမှ ကိုမျိုးခိုင် ပြုံးရယ်သည်ကို တစ်ခါမှ မမြင်ဘူးသော ဒေါ်မှုံအံ့အား သင့် သွား၏။

" ဘ်ာဖြစ်လို့ပြုံးတာလဲ လူလေးရဲ့ "
ဒေါ်မှုံက မေးလိုက်၏။
" သြော် ... ဒီကနေ့ ကျွန်တော့်စိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်တဲ့နေ့မို့ စိတ်တည်ငြိမ်သွားပြီ ဒေါ်မှုံ၊ ဒါကြောင့် ဒေါ်မှုံ စကားကို သဘောကျပြီး ပြုံးတာပါ။ ဒါထက် ဒီအိမ်မှာ ကျွန်တော်မရှိရင် ဒေါ်မှုံ တစ်ယောက်ထဲ နေရဲ ပါ့မလား "
ကိုမျိုးခိုင် က မျက်နှာပေါ်မှ အပြုံးကို ဖျောက်ပြီး တည်ငြိမ်အေးမြသောလေသံဖြင့် မေးလိုက်သည်။

" အို ... လူကလေးကလဲ ကိုယ့်အမေ ခေါင်းချသွားတဲ့ အိမ်ကို ဘာဖြစ်လို့ ခွာချင်ရတာလဲ ခင်ခင်လေးနဲ့ လက်ထပ်ပြီးရင် ဒီအိမ်ကို ခေါ်ယူပေါ့၊ သူတို့အိမ် လိုက်နေရင် ယောက္ခမကြီး ရှိနေတော့ စိတ်ကျဉ်းကြပ်မှာ၊ ဒေါ်မှုံ ကတော့ အရေးမကြီးဘူး၊ အပျိုကြီးပေမယ် အလိုက်သိတယ်၊ မီးဖိုချောင်ထဲမှာချည်း နေပါ့မယ် "
ဒေါ်မှုံ က ကိုမျိုးခိုင်အမေးကို မဖြေဘဲ သူ့စိတ်ထဲရှိတာ စွပ်ပြောနေသည်။

" မဟုတ်ပါဘူး ဒေါ်မှုံရဲ့ ကျွန်တော် လက်မထပ်သေးပါဘူး၊ ကျွန်တော် မေးတာ ဖြေစမ်းပါဦး "
" နေရဲပါတယ် လူလေး၊ လူလေးက ဘယ်သွားမှာလဲ "
ဒေါ်မှုံက ကိုမျိုးခိုင်ကို မေးလိုက်သည်။

"ကျွန်တော် ခရီးရှည်ထွက်စရာရှိတယ် ဒေါ်မှုံ၊ ဘယ်ရယ်လို့ အတိအကျ မပြောနိုင်သေးဘူး၊ ရက်အကန့် အသတ် မရှိ ဆိုပါတော့လေ"
ကိုမျိုးခိုင်က တွေးတွေးဆဆ ပြောနေစဉ်မှာ ဒေါ်မှုံသည် မျက်လုံးတွင် မျက်ရည်ရစ်ဝိုင်းကာ မျက်နှာငယ် လေးဖြင့် ကိုမျိုးခိုင်အား ကြည့်နေသည်။
"မသွားလို့ မဖြစ်ဘူးလား လူလေးရယ်"
ဒေါ်မှုံက သနားစဖွယ် တောင်းပန်လိုက်၏။

"မဖြစ်ဘူး ဒေါ်မှုံ၊ ကျွန်တော့်တစ်သက်မှာ ရင်ထဲရှိတဲ့ အစိုင်အခဲကြီးက ဒီလူကို မတွေ့မချင်း ကျေမှာ မဟုတ်ဘူး"
ကိုမျိုးခိုင်က အကြိတ်အခဲကြီးသောအသံဖြင့် ပြောလိုက်သည်။
"ဘယ်သူလဲ လူလေး"
ကိုမျိုးခိုင်က ဒေါ်မှုံ၏ အမေးကို မဖြေဘဲ အတန်ကြာ တွေးနေပြီးမှ...
"ဒေါ်မှုံလဲ တစ်သက်လုံး မေမေတို့နဲ့ အတူနေလာတာ၊ မေမေငယ်စဉ်က အဖြစ်ဟောင်းကို နည်းနည်းပါးပါး မသိ ဘူးလား"
ဟု မေးလိုက်၏။

"မသိပါဘူး လူလေးရယ်၊ မမလေးတို့က မပြောတော့လဲ ဒေါ်မှုံ ဘယ်မေးရဲလိမ့်မလဲ၊ ဒေါ်မှုံဘယ်မေးရဲလိမ့် မှာလဲ
    ကိုမျိုးခိုင်၏ ဘဲဥကြီးက အစပျောက်သွားပြန်လေပြီ ဒေါ်မှုံ၏- စကားမှာ ရေပိတ်စပါးဖြစ်၍ ထွက်ပေါက်အစအနမရှိချေ။
    ကိုမျိုးခိုင်က ငေးနေတွေးနေပြန်သည်။ ဒေါ်မှုံသည် ကိုမျိုးခိုင်စာပြီးသော ထမင်းပွဲကိုပင် မသိမ်းနိုင် ဘဲ စားပွဲနား မှာပင်ရပ်ကာ စိတ်မကောင်းသော မျက်နှာဖြင့်ကိုမျိုးခိုင်အား ငေးကြည့်နေရှာသည်။

    'ကိုစောခိုင်ဆိုတဲ့လူကို ဒေါ်မှုံမသိဘူးလား၊ မေမေငယ်စဉ်မန္တလေးမှာ နေတုန်းက မေမေနဲ့ တော်တော် ခင် တယ် လို့ ကျွန်တော်ကြားဖူးတယ်'
    ဒေါ်မှုံအားဝေ့လည်ကြောင်ပတ်မေးနေ၍ အကြောင်းမထူးတော့ပြီဟု ယူဆသော ကိုမျိုးခိုင်က နာမည်ဖော်ကာ တဲ့တဲ့ပင်မေးလိုက်သည်။
    ကိုစောခိုင် နေပါဦး ဒေါ်မှုံ ဒီနာမည်ကို ကြားဖူးတယ်ထင်တယ်'
    ဒေါ်မှုံကစဉ်းစဉ်းစားစားဖြင့် တစ်လုံးချင်းပြောနေသည်ကို ကြားရသော ကိုမျိုးခိုင်သည် အနည်းငယ် အားတက် လာသည်။
    'စဉ်းစားပါဦး ဒေါ်မှိုံ၊ ဒီလူ မန္တလေးကပဲ မဟုတ်လား'

    မိခင်ငယ်စဉ်က မန္တလေးမှာ နေခဲ့ဖူးကြောင်း သိထားသော ကိုမျိုးခိုင်က ဟုတ်လို့ဟုတ်ငြား စကားကြောင်း ပေးလိုက်၏။ ဒေါ်မှုံက အတန်ငယ်တွေးပြီး စဉ်းစားနေရာမှာ...
    'အဲသတိရပြီ၊ မမလေး ကျောင်းနေစဉ်က တစ်နေ့ ဘဘမွေးနေ့အတွက် အိမ်မှာ အလှူလုပ်တော့ ကျောင်းက မမလေးသူငယ်ချင်းတွေကို ဖိတ်လို့ ကျောင်းသူ ကျောင်းသားတွေ လာကြတယ်၊ အဲဒီထဲမှာ ကိုစောခိုင်ဆိုတဲလူပါတယ်၊ ဟုတ်ပြီ၊ ဒေါ်မှုံသတိရပြီ၊ ဘာကြောင့်လဲဆိုတော့ ဒီလူ နေပုံထိုင်ပုံကလည်း သိမ်မွေ့ယဉ်ကျေးတယ်၊ ရုပ်ရည်ကလဲ ခံ့ချောကြီးကွယ့်၊ ကျောင်းသားတွေ အားလုံးထဲမှာ သူ့ကိုကြည့်ရတာ ကြက်သရေ ရှိလွန်းလို့ မမလေးကို မေးကြည့်တော့ အရှေ့ပြင်ရပ်က ဦးစောအေးသား ကိုစောခိုင်လို့ မမလေး က ပြောခဲ့တယ်၊ အဲဒီုတုန်းကလေ မမလေးတောင် ဒေါ်မှုံကို ကျီစယ်လိုက်သေးတယ်၊ ဒီလူကို မှုံမှုံ က ဘာဖြစ်လို့ မေးတာလဲတဲ့' မမလေးမျက်နှာပြုံးပြုံးကလေးထားပြီး မေးတာ ဒေါ်မှုံ မြင်ယောင်သေးတော့တယ်၊ သြော်...မမလေး...မမလေး'

    ဒေါ်မှုံကပြောရင်းအတူတကွ နေလာခဲ့သော ဒေါ်ခင်မျိုးအား လွမ်းဆွတ်စွာတမ်းတပြီး မျက်ရည်ကျ လာသည်။
    ကိုမျိုးခိုင်၏ မျက်နှာမှာ ပိုပြီးတည်ငြိမ်ကာ မသိမသာပင် တင်းမာလာသည်။
    'ဒီလူအကြောင်း ဒေါ်မှုံ ဒါပဲသိသလား'
    ကိုမျိုးခိုင်၏ လေသံမှာ ခပ်ပြတ်ပြတ်၊ ခပ်တင်းတင်းဖြစ်၍ ဒေါ်မှုံမှာ ငါစကားပြော မှားသွားလေပြီဟု ထိတ်လန့်စွာတွေးပြီး...
    'ဒါပဲသိပါတယ် လူလေးရယ်၊ဒေါ်မှုံလဲ မေ့မေ့ပျောက်ပျောက် နေခဲ့တာ၊အခုလူလေးက အစဖော် ပေးလို့ အတော်ချည်းစဉ်းစားယူရတာပါ' ဟုအမှန်အတိုင်းတိုတို တုတ်တုတ် အစီရင်ခံပြီးထမင်းပွဲကို ဆက်လက် သိမ်းဆည်း နေသည်။

    ''ကျွန်တော်မရှိတဲ့အခိုက် ဒီအိမ်နဲ့ ဒီပစ္စည်းတွေကို ဒေါ်မှုံကောင်းကောင်းစောင့်ရှောက်ပါနော်၊ တစ်နှစ်စာ အတွက် ငွေလုံလောက်အောင် ဒေါ်မှုံစားသောက်ဖို့ကျွန်တော်ပေးခဲ့မယ်၊ တစ်နှစ်တစ်ခါတော့ ကျွန်တော အိမ်ကို ပြန်ဖြစ်အောင်ပြန်လာခဲ့မယ်၊ တကယ်လို့ ကျွန်တော့်ကိစ္စမြန်မြန်ပြီးရင်လဲ တစ်နှစ်မ ပြည့်ခင်ပြန် လာနိုင်မှာပေါ့။ ကြားမလား၊ မြန်မလားတော့ ကျွန်တော်အတိအကျမပြောနိုင်ဘူး။ အထူးသဖြင့် မေမေ နဲ့ဖေဖေ ဓာတ်ပုံကိုတော့ မပျက်စီးအောင် ဂရုစိုက်ထိန်းသိမ်းနော် ဒေါ်မှုံ'
    ကိုမျိုးခိုင်မှာကြားနေသည်။

    'လူလေးက ဘယ်တော့သွားမှာလဲကွယ်'
    ဒေါ်မှုံကကိုမျိုးခိုင်မျက်နှာကို ၀မ်းနည်းစွာကြည့်ပြီးမေးလိုက်သည်။
    'မနက်ဖြန်သွားဖို့ ဆုံးဖြတ်ပြီးပြီ ဒေါ်မှုံ၊ ကျွန်တော် ပစ္စည်းများများမယူဘူး၊ ကျွန်တော့ သားရေ သေတ္တာအငယ်တစ်လုံးပဲ ယူမယ်၊ အဲ့ဒီအထဲမှာ အကြမ်းခံ အကျလုံချည်လေးစုံ၊အနွေးထည်တစ်ထည်နဲ့ စောင်တစ်ထည် ပဲ ထည့်ထား' ပြင်ထားပေးနော် ဒေါ်မှုံ၊ ကျွန်တော်ခင်ခင်လေးတို့ သားအဖကို သွားနှုတ် ဆက် လိုက်ဦးမယ်'
    တားမြစ်အကြောင်းမထူးတော့သော ဒေါ်မှုံက တားလည်းမတားဝံ့သည်အလျောက်-
    'အေးအေး ... လူလေး စိတ်တိုင်းကျအောင် ပြင်ပေးပါ မယ်ကွယ်'

    ဟု ငိုသံပါကြီးဖြင့် ပြောကာ ထမင်းပွဲကို လက်စသပ်သိမ်းပြီးမီးဖိုချောင်သို့ဝင်သွားလေသည်။ ကိုမျိုးခိုင် သည် ထမင်းစားပွဲမှမထဘဲ အတန်ကြာ စဉ်းစားတွေတောနေ၏ ။ဒေါ်မှုံထံမှဤမျှလောက် သဲလွန်စ ရလျှင် လိုက်ရန် မခဲယဉ်းတော့ဟု ယူဆလိုက်၏။
    'စောင့်ပေရော့ ကိုစောခိုင်၊ ခင်ဗျားရှိရာာကို ကျုပ်လာခဲ့မယ်' မန္တလေးမှာ ခင်ဗျား အသက်ထင်ရှား ရှိပါစေလို့ မျှော်လင့်တယ်၊ ကျုပ်အဖေနဲ့အမေ စိတ်ဆင်းရဲမှုဖြစ်သလို ခင်ဗျားတို့လဲ စိတ်ဆင်းရဲရစေမှာ ပေါ့၊ ဒါ့ထက် မကဆိုးအောင်ကျုပ်ကြံစည်ပြမယ် ကိုစောခိုင်ရေ'

    ဟု ကိုမျိုးခိုင်သည် အံကြိတ်ခါ စိတ်တွင်းမှ အားရပါးရ ကြိမ်းဝါးနေစဉ်...
    'ဟဲ့...အိမ်ကြီးကတိတ်လို့၊ ဘယ်သူမှ မရှိဘူးလား'
    ဟူသော ယောက္ခမလောင်း ဦးထွန်းသစ်၏ အသံကိုအိမ်ရှေ့ဘက်မှကြားရသောကြောင့် ကိုမျိုးခိုင် သည် မျက်နှာ ကို ပြင်ကာ ဧည့်ခန်းသို့ထွက်လာခဲ့လေသည်။ ဦးထွန်းသစ်နှင့် ခင်ခင်လေးတို့ ဧည့်ခန်းထဲ ရောက် နေသည် ကို တွေ့ရသည်။

ဆက်ရန်
.

1 comment:

မအိမ်သူ said...

ဖတ်သွားပြီ မရွှေစင်ရေ.. ဇာတ်လမ်းက အတော်ဆွဲဆောင်နေပြီ ဘာဆက်ဖြစ်အုံးမလဲမသိ..