Tuesday, March 15, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၁၃)

အခန်း၁၁
ကမ္ဘာပေါ်တွင် အပျော်ဆုံးနေရာ

ကျွန်တော်ရှစ်နှစ်သားအရွယ် ၁၉၆၉ခုနှစ်တွင် ကျွန်တော်တို့ မိသားစုသည် ဒစ္စနေလန်းကို ကြည့် ရန် နိုင်ငံအနှံ့ခြေဆန့်သည့် ခရီးထွက်လာခဲ့ကြသည်။ ထိုခရီးကား အပျော်ခရီးသက်သက်ပင်။ ထို နေရာဌာန သို့ ကျွန်တော်တို့ရောက် လာလိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော့်မှာ ရင်သပ်ရှုမော မအံ့သြဘဲ မနေနိုင်။ ကျွန်တော် ရောက်ခဲ့ဖူးသော နေရာဌာနတို့တွင် အကောင်းဆုံးနေရာဌာနဖြစ် ပေသည်။
ကျွန်တော် သည် အခြားကလေးငယ်များနှင့်အတူ တန်းစီ၍ရပ်နေရင်းစဉ်းစားမိသည်ကား ဒီလိုဟာ မျိုးကို ခုတောင် လုပ်လိုက်ချင်စမ်းဘိ ဟူ၍ဖြစ်ပါသည်။

နောင်အနှစ်20အကြာတွင် ကျွန်တော် ကာနက်ဂီ မယ်လွန်တက္ကသိုလ်မှ ကွန်ပျူတာပညာရပ်ဖြင့် ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ရသည့်အခါ ငါတော့ကိုယ်လုပ်ချင်ရာကို လုပ်နိုင်သည့် အရည် အချင်းအပြည့်အ၀ရှိလာပြီဟု ကျွန်တော်တွေးမိသည်။ ထို့ကြောင့်ကျွန်တော်သည် ဝေါဒစ္စနေ အပျောစီစက်ယန္တရား တီထွင်ခြင်းဌာနသို့ လျှောက်လွှာ ကို အကြိမ်ကြိမ်အထပ်ထပ် သုံးသပ်ကြည့် ကြပါသတဲ့။ လူကြီးမင်း၏ ပညာအရည်အချင်းမျိုးကို လိုအပ်သည့် အလုပ်မျိုးဟူ၍ ကျွန်ပ်တို့ထံ တွင်မရှိပါကြောင်းဟု သူတို့ကဆိုကြပါသည်။

လမ်းမများပေါ်တွင် တံမြက်စည်းလှည်းဖို့ပင် လူများ ရာထောင်ငှားရမ်း ခန့်ထားရသည့် ဤမျှ ထင်ရှား ကျော်စော လှသော ဤသို့သော ကုမ္ပဏီကြီးတွင် ဘာအလုပ်မှမရှိဘူးတဲ့လား။ ကျွန်တော့် အတွက် ဘာအလုပ် မှ မရှိဘူးတဲ့လား။ တံမြက်စည်းတစ်ချောင်းတောင် မပေးနိုင်တော့ဘူးတဲ့လား။

ထို့ကြောင့် ကျွန်တော့်မှ စိတ်ပျက်စရာနှင့် ကြုံရသည်။ သို့ရာတွင် ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော် သည် ရွတ်နေကျ မန္တန်ရွတ်သည်။ အုတ်တံတိုင်းကာထားသည်မှာ အကြောင်းတစ်ခု တည်းသာရှိသည်၊ လူတွေကို အပြင်မှာပဲရှိနေစေရန်အတွက် ထားရှိခြင်းမဟုတ်၊ လူတစ်ယောက် သူလိုချင်သည့်အရာကို ဘယ်မျှ လိုချင်နေကြောင်းပြဖို့ အခွင့်အလမ်းပေးရန်အတွက် အုတ်တံတိုင်း မှာရှိနေရခြင်းဖြစ်သည်။

ရှေ့သို့အမြန်သွားလိုက်ကြပါစို့။ ၁၉၉၅ခုနှစ် ရောက်ပြီ။ ကျွတော်သည် ကာနက်ဂီမယ်လွန်တက္က သိုလ်တွင်ပါမောက္ခတစ်ဦး ဖြစ်လာခဲ့ပြီ။ ကျွန်တော်သည် တစ်နေ့ငါးဒေါ်လာနှင့် ကြည့်ရသော ဗာချူယယ် ရီယယ်လတီ ဟူသော စနစ်တစ်ခုကို တည်ဆောက်နိုင်အောင် ကူညီပံ့ပိုးလာခဲ့သည်။ ဤစနစ်ကို တည်ဆောက်ချိန် ၌ ဗာချူယယ်ရီယယ်လတီ ပညာရှင်များက တစ်ခုခု လုပ်မည်ဆိုလျှင် ဒေါ်လာသန်းဝက် လောက် ကုန်ည်ဟုပြောနေချိန် ဖြစ်သည်။ ကျွန်တော့်လုပ်ဖော် ကိုင်ဖက်များ နှင့်ကျွန်တော်တို့သည် အကုန်အကျသက်သက်သာသာနှင့် ပြီးနိုင်သော ဟျူလက် ပက်ကတ်လို ပုံစံမျိုးဗာချူယယ်ရီယယ်လတီ စနစ်တစ်ခု ကို ၀ိုင်းဝန်း၍ သတင်းအချက်အလက်တွေ တိတ် တဆိတ် ရအောင် ရှာဖွေပြီး ကြိုးပမ်း တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ကွန်ပျူတာပညာလောကမှ လူများ က တယ်ဟုတ်ပါကလားဟု ထင်မြင် ခဲ့ကြသည်။

နောက်များမကြာမီမှာပင် ဒစ္စနေးအပျော်စီးစက်ယန္တရားတီထွင်မှုဌာနသည် ဗာချူယယ်ရီ ယယ်လတီ စီမံကိန်း တစ်ရပ် ကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း ကျွန်တော်သိရှိရသည်။ ထိပ် တန်း လျှို့ဝှက်ချက် အဖြစ် သတ်မှတ်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ လူတေါကော်ဇောပေါ် စီးနင်း လိုက်နိုင်မည့်အစီအစဉ်မျိုး ဖြစ်၍ အာလာဒင်နှင့် မီးခွက်ဆန်းပုံပြင်ထဲက အာလာဒင်နှယ်ဖြစ်နိုင်သည့် ဆွဲဆောင်မှုမျိုးကို ပေးနိုင်မည့် အစီအစဉ် ဖြစ်ပေသည်။

ဒစ္စနေးသို့ကျွန်တော်တယ်လီဖုန်း လှမ်းဆက်သည်။ ကျွန်တော်သည် ထိုအစီအစဉ်နှင့်ပတ်သတ်၍ သတင်း အချက်အလက် များကို ရှာဖွေလျက်ရှိသော ဗာချူယယ်ရီယယ်လတီ သုတေသနပညာရှင် တစ်ဦးဖြစ်ကြောင်း ရှင်းပြသည်။ ကျွန်တော်သည် ကိုယ်လိုချင်ရာကို မရမချင်းတုံးပေကတ်သတ်နိုင်ပုံမှာ ရယ်စရာ တောင် ကောင်းသည်။ တစ်ယောက်ဆီးလှမ်းပြောတော့ နောက်တစ်ယောက်ဆီ ဆက်လွှဲ၊ နောက်တစ်ယောက် က အခြားတစ်ယောက်ထ့လွှဲနှင့် နောက်ဆုံးတော့ ဂျွန်စနော့ဒီဆိုသူနှင့် ဆက်သွယ် မိသည်။ သူသည် ထိုအပျော်စီစက်ယန္တရားတီထွင်သည့် အဖွဲ့ကိုခေါင်းဆောင်နေသောသူ ဖြစ်နေသည်။ လူတော် တီထွင်သူတစ်ဦးပင်။ ကျွန်တော်သည် အိမ်ဖြူတော်သို့ဖုန်းဆက်ရာ သမ္မတထံချိတ်ပေးခြင်း ခံလိုက် ရဘိသကဲ့သို့ ရှိတော့သည်။

ကျွန်တော်တို့ချင်း စကားခဏတာမျှ ပြောဆိုကြပြီးနောက် ကျွန်တော်က ကယ်လီဖိုးနီးယား သို့လာခဲ့ပါမည်ဟု ဂျွန်အား ပြောလိုက်ပါသည်။ ကျွန်တော်တို့ချင်းတွေ့လို့ရမယ် မဟုတ်လားဟု လည်း မေးလိုက်သည်။ (အမှန်ကတော့သူက"ဟုတ်ကဲ့ပါ"ဟု ပြောသည်ဆိုလျှင် ကျွန်တော် သူ့ဆီ သို့ ရောက်လာမည့် အကြောင်းမှာ သူ့ကိုတွေ့ရုံသက်သက်မျှသာ ဖြစ်ပေလိမ့်မည်။ သူ့ကိုတွေ့ဖို့ အတွက် ကျွန်တော်သည် နက်ပ်ကျူးန် သို့ သွားရဖို့ရှိပေသည်။) သူကလာခဲ့ပါဟုပြောသည်။ ကျွန်တော် လာနိုင်မည် ဆိုလျှင်တော့လည်း နေ့လယ်စာတော့ စားနိုင်ကြတာ ပေါ့ဟု ပြောပါသည်။

သူ့ဆီမသွားမီ ကျွန်တော်သည် နာရီ၈၀ မျှ အိမ်စာလုပ်ရသည်။ ကျွန်တော်သည် ကျွန်တော်သိသမျှ ဗာချူယယ် ရီယယ်လတီ သမားကြီး တွေထံ သွားတွေ့၍ သူတို့သိသမျှ ပြောကြပါ။ ဒစ္စနေး စီမံကိန်းနှင့် ပတ်သက်သည့် မေးစရာ မေးခွန်းများကိုလည်း ပြောကြပါဟု ချဉ်းကပ်ပြောဆိုရသည်။ ထို့ကြောင့်လည်း ကျွန်တော် သည် ဂျွန်နှင့်တွေ့သည့်အခါ ဂျွန်သည် ကျွန်တော်ဘယ်မျှပြင်ဆင်ခဲ့ ပါကလားဟု သိပြီး အံ့သြ သွားပါသည်။ (လူတော်တစ်ယောက်ကိုကျက်မှတ်ထားတွေကို ရွတ်ပြ ပြောဆိုသည့်အခါ ကိုယ့်ကို လူတော်ဟု ထင်လာစေခြင်းမှာ မခက်လှပါ။) သည်လိုနှင့် နေ့လယ်စာ စားပြီးသည့်အခါ ကျွန်တော်သည် သူ့အား မေးမြန်းသမှုပြုပါတော့ သည်။

"ကျွန်တော် ဆဗ္ဗာတီကယ် အားရက်နဲ့လာစရာ ရှိသေးတယ်ခင်ဗျ"ဟု ကျွန်တော်က ပြောသည်။
"ဘာလဲဗျ၊ ဆဗ္ဗာတီကယ်ဆိုတာ"ဟု သူကမေးလေသည်။ ကျွန်တော်ရင်ဆိုင်သွားရမည့် ပညာရှင်လောက ယဉ်ကျေးမှု နှင့် ဖျော်ဖြေရေးလောက ယဉ်ကျေးမှုတို့၏ ဆန့်ကျင်ပက္ခ ၏ ပထမ ဦးဆုံးတွေ့လိုက်ရသည့် အရိပ်လက္ခဏာ ပါတည်း။

 ဆဗ္ဗာတီကယ်ဆိုသည်မှာ တက္ကသိုလ်ဆရာများ တစ်ခုခုကို လေ့လာရန်အတွက် ဖြစ်စေ၊ ခရီးသွားရန် အတွက် ဖြစ်စေခွင့်ပြုထားသော ကာလကိုဆိုလိုကြောင်း သူ့အားရှင်းပြလိုက် သည့်အခါ သို့ဖြစ်လျှင် ကျွန်တော်သည် သူ၏အဖွဲ့နှင့်အတူ လာရောက်၍ ထိုအချိန်ကာလကို ကုန်ဆုံးစေနိုင်မည်ဖြစ်သည်။ အလွန်ကောင်းသော စိတ်ကူးဖြစ်သည်ဟု သူတွေးလေသည်။ သို့ဖြင့် သူနှင့်သဘောတူလိုက်သည်ကား ကျွန်တော့်အား ခြောက်လကြာမျှလာပြီး စီမံကိန်းတစ်ခု မှာအလုပ်လုပ်မည်။ ထိုအကြောင်းကိုလည်း စာတမ်း တစ်စောင် ရေးသားထုတ်ဝေမည်ဟူ၍ ဖြစ်သည်။ ကျွန်တော်သည် အလွန်တရာပင် ပျော်ရွှင် စိတ်လှုပ်ရှား သွားသည်။ ကျွန်တော်ကဲ့သို့ သောပညာရှင်တစ်ဦးအား သူတို့လျှို့ဝှက်လုပ်ကိုင်နေသော အတွင်းစည်း ထဲအထိ သို့ ဖိတ်ခေါ် သည်ဆိုသည်မှာ အပျော်စီးစက်ယန္တရား တီထွင်ခြင်းဌာနအဖို့ ယခင်က မကြားဖူး သလောက်ပင် ဖြစ်ပါ၏။

ပြဿာတစ်ခုသာ ရှိတော့သည်။ ကျွန်တော်အထက်လူကြီးများထံမှ ဆဗ္ဗာတီကယ် ခေါ်လေ့လာရေးခွင့်မျိုး ယူခွင့်ပြုရန် ဖြစ်ပါသည်။
ဒစ္စနေးဇာတ်လမ်းတိုင်း၌ လူကြမ်းမင်းသားတစ်ယောက် ပါမြဲဖြစ်သကဲ့သို့ပင် ကျွန်တော့် ကိစ္စတွင် လူကြမ်း က ဗာဂျင်နယားတက္ကသိုလ် ကျောင်းသားရေးရာ ဌာနကြီးမှုးတစ်ဦး ဖြစ်နေသည်။ (ကျွန်တော့်ဇနီး ဂျေးက Animal House ရုပ်ရှင်ကို လေးစာအရှိအသေပြုသည့် အဖြေင့် ပေးထား သောနာမည်အရ) ဒီးန်ဝမ်းမာက ဒစ္စနေးသည် အမှန်တကယ်ပိုင်ခွင့်ရှိသည့်အတိုင်း သူတို့ တက္ကသိုလ်ကပိုင်သော ကျွန်တော့်ခေါင်းထဲမှာ ရှိသည့် အသိညဏ်ဆိုင်ရာ ပစ္စည်းအားလုံးကို စုပ် ထုတ်ယူသွားမည်ကို စိုးရိမ်လေသည်။ ထို့ကြောင့် သူက ကျွန်တော် ဤအလုပ်ကို မလုပ်ထိုက်ဟု အကြောင်းပြသည်။ ကျွန်တော့်က သူ့အား" ဒီစိတ်ကူးဟာ လုံးဝ ကောင်းတဲ့ စိတ်ကူးလို့ ထင်ပါသလား"ဟု မေးပါသည်။ "ဒီဟာဟာစိတ်ကူးကောင်းတစ်ခု ဖြစ်တယ်ဆိုတာ ကျုပ် တွေးမရ ဘူး"ဟုဖြေပါသည်။  တစ်ခါတစ်ရံမှာ ၀င်၍မရနိုင်ဆုံး အုတ်တံတိုင်းများကို သွေးနှင့်သားနှင့် လုပ်ထားသည် ဟူသော   အဆိုအမိန့်မှန်ကန်ကြောင်းကို သူကသက်သေပြတတ်လေသည်။

ကျွန်တော်သည် သူနှင့်တော့ဘယ်ကိုမှရောက်နိုင်မည် မဟုတ်တော့သောကြောင့် ကျွန်တော်ကိစ္စကို အထောက်ပံ့ခံသုတေသနလုပ်ငန်း ဌာန၏ဌာနကြီးမှူးထံသို့ တင်ပြလိုက်ပါ သည်။ "ကျွန်တော် ဒီလုပ်ငန်းကို လုပ်မယ် ဆိုတဲ့ စိတ်ကူးဟာ စိတ်ကူးကောင်းရယ်လို့ ထင်ပါသလား ခင်ဗျာ"ဟုလည်း မေးလိုက်ပါသည်။ "ယတိပြတ်ပြောလောက်အောင် ကျွန်တော့်မှာ သတင်းအချက်အလက်တော့ ပြည့်ပြည့်စုံစုံ ရမထား သေးဘူး၊ ဒါပေမဲ့ကျွန်တော်တို့ဌာန ရဲ့ ထင်ပေါ် ကျော်ကြားတဲ့အဖွဲက၀င်တွေထဲက တစ်ဦးဟာ ကျွန်တော့် ရုံးခန်း ထဲမှာလည်း ရောက်နေပြီးသူဟာ သိပ်လည်း စိတ်ထက်သန်လှုပ်ရှားနေတယ်ဆိုတော့ ကျွန်တော့်ကို သည့်ထက် ပြည့်စုံအောင် ပြောပါဦးလေ"ဟု ပြောပါသည်။

စီမံခန့်ခွဲသူများနှင့် အုပ်ချုပ်သူများအတွက် သင်ခန်းစာတစ်ခုကို ယခုတွေ့လိုက်ကြပါ လိမ့်မည်။ ဌာနကြီးမှူးနှစ်ဦးစလုံးသည် တစ်ခုသောကိစ္စကိုပင် အတူတူပြောခဲ့ကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက် စလုံး သည် ဤလေ့လာရေးခွင့်တောင်းခြင်းသည် စိတ်ကူးကောင်း ဟုတ်မဟုတ် ကို မသိကြသူချည်း ဖြစ်သည်။ သို့ရာတွင်ထိုကိစ္စအတွက် တစ်ဦးနှင့်တစ်ဦး ပြောပုံချင်းဘယ်မျှ ခြားနားကြောင်း တွေးကြည့် ပါလေ။

ဇာတ်လမ်းချုပ်လိုက်တော့ ကျွန်တော့်အား လေ့လာရေးနှင့် ဆဗ္ဗာတီကယ်ပေးလိုက် ပါ၏။ ဤ ခွင့်ပြုချက် ရလိုက် ခြင်းမှာလည်း စိတ်ကူးသက်သက်က တကယ်ဖြစ်လာခြင်းပါပင်။ အမှန်ပြောရ လျှင်ကျွန်တော့်မျှာ ၀န်ခံဖြောင့်ချက် ပေးစရာ ရှိနေသည်။ ကျွန်တော်ကွန်ပျူတာ တွင် ဘယ်မျှစိတ်ဝင် စားသည်ကို ကျွန်တော် လုပ်ပုံကိုင်ပုံ ကိုကြည့်လျှင် တွေ့ရပါလိမ့်မည်။ ကျွန်တော်သည် ကျွန်တော်၏ အမိုးတပ်နိုင်ဖြုတ်နိုင်သည့် ကားပေါ်သို့ လွှားကနဲ ခုန်တက်ကာ ဒစ္စနေးအပျော်စီး စက်ယန္တရားများ တီထွင်သည့် ဌာနချုပ်ရုံးသို့ မောင်း လာခဲ့သည်။ ထိုညမှာ ပူပြင်းသော နွေညတစ်ညဖြစ်သည်။ ကျွန်တော်သည် ကားပေါ်မှစတီရီယိုတွင် ဒစ္စနေး ၏ The Lion King ကိုဖွင့်လာခဲ့သည်။ ဒစ္စနေး အပျော်စီးစက်ယန္တရားများ တီထွင်သည့် ဌာနချုပ်ရုံး အဆောက်အုံကြီးကို ဖြတ်ကျော်မောင်းစဉ် ကျွန်တော်မျက်နှာပေါ်တွင် တကယ်ပင် မျက်ရည်တွေ စီးကျနေ၏။ ဒစ္စနေးလန်းကို မျက်လုံးပြုးလျက် တအံ့တသြဖြစ်ခဲ့သော ရှစ်နှစ်သားကလေးသည် လူကြီး အသွင်ဖြင့် ယခုရောက်ရှိခဲ့ရပေပြီ။ နောက်ဆုံးတော့ ကလေးဘ၀က ရောက်ချင်ခဲ့လှသော နေရာဌာနသို့ ကျွန်တော်ရောက်ရှိခဲ့ပေပြီ။ ကျွန်တော်သည်အပျော်စီးစက် ယန္တရားများကိုတီထွင်သည့်သူ (imaginer) တစ်ဦးဖြစ်ခဲ့ပေပြီ တည်း။

အခန်း (၁၂) ဆက်ရန်
.

4 comments:

Anonymous said...

Thanks.

Ray

Anonymous said...

မဖြစ်ဖြစ်အောင် ကြိုးစားတတ်တဲ့ သူ့ရဲ့စရိုက်လေးကို အတုယူသင့်တတယ်နော်။ အနော်

Angelhlaing(May everybody be happy and healthy! said...

ဇတ်လမ်းရဲ့ဇတ်အိမ်တော်တော်ရှည်တယ်နော်မမ။
ဖတ်လို့လဲကောင်း စိတ်ဝင်စားဖို့လည်းကောင်း
အားပေးစောင့်မျှော်လျှက်ပါမမ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Emotional said...

မရွှေစင်ဦး ရေ
စာလာဖတ်ဖြစ်ပါတယ်ခင်ဗျာ။

ခင်တဲ့
မောင်မောင်